အမှာ စာ
ပင်လယ်ပြာပြာစာပေ၏ စတုတ္ထမြောက်စာအုပ် ဖြစ်ပါသည်။ ပထမဦးဆုံးထုတ်ဝေခဲ့သော သစ္စာနီ၏ ခေတ်(အက်ဆေးနှင့် ဆောင်းပါးများ )စာအုပ်သည်ရသစာပေလက်ရာအပ်ဆေးနှင့် အခြား ဆောင်းပါးများ ကို စုစည်းထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ယခု စတုတ္တမြောက်စာအုပ်သည် မြေလတ် မောင်မြင့်သူ၏ လူငယ်ရနံ့အက်ဆေးများ စုစည်းမှု စာအုပ်၊ ယနေ့ခေတ်လူငယ်များ နှင့် အတူ ယနေ့ခေတ် ရေစီးကြောင်းတွင် မျောပါစီးဝင်ရင်း ယနေ့မြန်မာနိုင်ငံတော် ၏ လမ်းသစ်သို့ လျှောက်လှမ်းရန် ထိတွေ့ ရရှိသော လူငယ်တို့အကြောင်း တစေ့တစောင်း ၊လူငယ်နှင့် သိမူပညာ၊ လူငယ် နှင့် အားကျစိတ်၊ လူငယ်နှင့် ပြည်သူ့နီတိမှသည် ကျွန်တော် နှင့် မင်းရဲကျော်စွာ ၊ ကြောက်ခြင်း မကြောက်ခြင်းနှင့် ဆိုချင်တဲ့သီချင်း၊ ညိုပြာညက် ကလေးနှင့် အလျား အမြှော က် အနံ အစရှိသော အက်ဆေး (သို့ မဟုတ်) ရသစာတန်းများ။
ပင်လယ်ပြာပြာစာပေသည် ခေတ်၊ စနစ်၊ လူ့သဘာဝ ၊ လူကြီးလူငယ်များ ကို လှမ်းကြည့် တွေ့ မြင်ရသော အက္ခရာစာလုံးများ ကို ကဗျာ ဖြစ်စေ၊ ဆောင်းပါး ဖြစ်စေ၊ အက်ဆေး ဖြစ်စေ၊ ကောင်းနိုးရာရာ စုစည်းထုတ်ဝေရခြင်းဖြင့် ရသစာပေ၏ ကြည်နူးပီတိစိတ်ကို စာဖတ်ပရိသတ်ထံ မျှဝေခံစားစေချင်ပါသည်။
ယခု မြေလတ်မောင်မြင့်သူ၏ အက်ဆေးများ သည် ရနံ့သစ်။ပေဖူးလွှာ၊ ကလျာ၊ အတွေးအမြင်၊ ပိတောက်ပွင့်သစ်၊ Potential Look မဂ္ဂဇင်းများ တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ စာဖတ်သူများ လည်း ဖတ်ရှုခဲ့ပြီးပြီ ဖြစ်သည်။ မြေလတ်မောင်မြင့်သူ၏ အက်ဆေးများ သည် ရွှေအမြုတေစာ ပေဆု (ရသစာတန်းဆု) နှင့် ၂၀၁၂ ခုနှစ် မတ္တရာမြို့ ရေနည်းငါးလေးများ ရွှေစာပေဆုများ ရရှိခဲ့ပါသည်။ စာဖတ်သူများ ထံ စုစည်းဖတ်ရှုရန် ပေးအပ်လိုက်ပါတော့သည်။
လူငယ်နှင့် သိမှု အနုပညာ
ဗြူတီမက်စ် မဂ္ဂဇင်းတွင် ကျွန်တော် ရေး ခဲ့သော ဂျင်းဘောင်းဘီကဗျာ ထဲက စာသားအချို့ ဖြစ်ပါသည်။ ဂျင်းဘောင်းဘီကို လူငယ်နိမိတ်ပုံအ ဖြစ် ရည်ရွယ်၍ ဤကဗျာကို ရေး ခဲ့သည်။ ဘာကြောင့်ရေး တာလဲ။ အထူးရှင်းပြစရာ လိုမည် မထင်ပါ။ လူငယ်တွေ ကို ချစ်လို့။ လူငယ်တွေ ကို မျှော်လင့်လို့။ လူငယ်တွေ ကို ရင်ခုန်လို့။
ပြီးတော့ ယနေ့ လူငယ်တွေ ကြိုးစားပမ်းစား ၊ ရေး သားနေကြသည့် ခေတ်ပေါ်ကဗျာတွေ ကိုလည်း ကျွန်တော် ကြိုက်သည်။ သူတို့အတွေး၊ သူတို့အရေး ထဲမှာ ကျွန်တော် တို့ မတွေးမိ မရေမိသေးသော အသစ်တွေ ပါသည်။ ထိုအသစ်တွေ ကိုလည်း ကျွန်တော့်ကို ဖမ်းစားသည်။
ကျွန်တော် နားလည်သည်မှာ သူတို့နှင့် ကျွန်တော် တို့ကြား ကွာခြားသော အသက် အရွယ် သည် အဓိကမဟုတ်။ အတွေးအခေါ် အယူအဆတူမျှသာ လိုရင်း ဖြစ်သည်။ ဒါ ကြောင့် ကျွန် တော် ၏ အတွေးကို ဂျင်းဘောင်းဘီဝတ်၍ ကျွန်တော် ၏ စိတ်ကူးကို ဦးထုပ်နောက် ပြန်ဆောင်း လိုက်ခြင်း ဖြစ်ပါသည်။ အရေး ကြီးတာက လူငယ်တို့၏ သစ်လွင်သော အတွေးနှင့် အတူ မျှော်လင့် သော ရစုသစ်ထဲသို့ အတူ ရောက်လို၍ ဖြစ်သည်။တစ်နည်းဆိုလျှင် အငယ်တွေ နှင့် အတူတူ နာမည် မရှိသေးတဲ့ ကြယ်တွေ ကို နာမည် ပေးချင်လို့ ဖြစ်ပါသည်။
ကျွန်တော် ငယ်စဉ်ကတည်းက စွဲမှတ်ခဲ့ရသော စာသား။ မှန်ပါသည်။ ယနေ့ခေတ် လူငယ်သည် သားထူးသားမြတ် ဖြစ်ဖို့လိုပ်ါသည်။ သို့ မှ လူငယ် ဖြစ်ရကြိုးနပ်မည် ။ကမ္ဘာ့သမိုင်းကို ပြန်ကြည့်လျှင် ထူးချွန်ထင်ရှားသော နိုင်ငံခေါင်းဆောင်ကြီးများ သည် လူငယ်ဘ၀ကို ကောင်းစွာ ဖြတ်သန်းခဲ့ကြသူများ ဖြစ်ပါသည်။ လူငယ်ဘ၀တွင် အများ အကျိုးအတွက် စွန့်စားလိုသော စိတ် ဇွဲ သတ္တိနှင့် လောကကို ဖြတ်သန်းခဲ့ကြလိုသော သမိုင်းက ပြောင်မြောက်သော ခေါင်းဆောင်အ ဖြစ် နေရာပေးခြင်း ဖြစ်သည်။
အနီးစပ်ဆုံး ဥပမာကိုတင်ပြချင်ပါသည်။ ကျွန်တောတို့၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်ဘ၀ကိုပါ။ ၁၉၃၅-၃၆ တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂအမှု ဆောင် အဖွဲ့ဝင်။ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ။ အသက် ၂၃နှစ် တွင် တို့ဗမာအစည်းအရုံး အထွေထွေ အတွင်းရေး မှူးအ ဖြစ် ဆောင်ရွက်နေပြီ။ ပြောချင်သည်မှာ ပျော်လို့ပါးလို့အကောင်းဆုံး ဖြစ်သည့် လူငယ်အရွယ်တွင် နိုင်ငံနှင့်လူမျိုးအတွက် တက်တက်ကြွကြွ ဆောင်ရွက်နေပြီဆိုတာကို လူငယ် တွေ သတိချပ်စေချင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် လူငယ်တွေ ကို အားကိုးသည်။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောင်ပွဲတွင် ဖဆပလအမတ်လောင်းများ ကို ရွေးချယ်ရာတွင် လူငယ်များ ကိုသာ ဦးစားပေး ရွေးချယ်ခဲ့သည်။ ယင်းကိစ္စနှင့် ပက်သတ်၍ ၁၉၄၇ ခု၊ မတ်လ ၁၃ ရက်နေ့ အသံလွှင့်ရုံမှ လွှင့်ခဲ့သော မိန့်ခွန်းတွင် ….
“တိုင်းပြည်အတွက် တကယ်လုပ်ခဲ့တဲ့ လူငယ်များ ပါဝင်တဲ့ ဖဆပလ အမတ်လောင်းတွေ ကိုသာ ရွေးလိုက်တယ်ဆိုရင် ရှေ့လျှောက်ပြီး ရှေးကဗမာပြည်မှာ လူညွှန့်ခူးစားနေတဲ့ နိုင်ငံ ရေး ဖားဖားကြီးတွေ တစ်သက်လုံး မထနိုင်တော့ဘူးလို့ ဗေဒင်ဟောထားချင်တယ်” ဟု မိန့် ကြားခဲ့ပါသည်။
သို့ သော် လူငယ်တွေ အနေနှင့် လွတ်လပ်ပြီး ဗမာပြည်မှာ သိပ်မမိုက်ကြဘဲ တစ်ဦးနှင့်တစ် ဦး ညီညီညွတ်ညွတ်လုပ်ကြဖို့တော့ သတိပေး သွားပါသည်။
လူငယ်တွေ အပေါ်ထားသည့် ဗိုလ်ချုပ်၏ သဘောထား၊ လူငယ်တွေ အပေါ် အားကိုးသည့် ဗိုလ်ချုပ်၏ မျှော်လင့်ချက် ဖြစ်ပါသည်။
ထို့အတူ ၁၉၃၅ ခုနှစ် စာပေနိုဗယ် ဆုကို ဆွတ်ခူးခဲ့ပြီး။ ၂၀ရာစု၏ ခေါင်းဆောင်ကြီးဟု စာနယ်ဇင်းများ က ဖြော်ပခဲ့ကြသော ဗြိတိသျှဝန်ကြီးချုပ် ချာချီ၏ လူငယ်ဘ၀ စွန်ု့စားခန်းများ က လည်း အားကျဖို့ကောင်းပါသည်။ ချာချီ၏ လူငယ်ဘ၀စွန့်စားခန်းများ ကို ဖြတ်သန်းစဉ်က အသက်မှာ ၂၄နှစ် ၀န်းကျင်သာ ရှိသေးသည်။ အသက်၂၆ နှစ် တွင် ပါလီအမန်အမတ် ဖြစ်နေပေပြီ။
ဒါကြောင့် ချာချီသည် ဥရောပ၏ အငယ်ဆုံး လူငယ် တစ်ယောက် ဟု တင်စားခံရပြီး လူငယ် အများ စု၏ ရုပ်ပုံစုဆောင်းလျှင် သူ့ပုံမပါလျှင် ပြီးပြည့်စုံမည် မဟုတ်ဟု သူ၏ ငယ်ဘ၀ကို ဂုဏ်ပြု ချီးကျူးခြင်းခံခဲ့ရ၏ ။ ဒေလီမေ(လ်) သတင်းစာ၊ သတင်းထောက် Julian Ralph က ရေး သားခဲ့သည့် ချာချီလူငယ် ဘ၀ပုံရိပ်တင်စားချက်ကလည်း အတုယူစရာ ကောင်းလှပါသည်။
“၀င်စတန်လီယိုနတ်ချာချီဟာ ၂၆ နှစ် ပဲရှိပေမယ့် သူ့ထက်အသက်ကြီးသူများ ထက် ပိုရင့်ကျက်၍ သူ့ထက်ငယ်သူများ ထက်လည်း စိတ်အားတက်ကြွ သန်စွမ်းသူ ဖြစ်၏ ”
ဤနေရာတွင် ထူးထူးခြားခြား တိုက်ဆိုင်နေသည့် စကားတစ်ခွန်းကို သတိရ သွားမိ၏ ။ ၁၉၄၄ ခုနှစ် မတ်လ ၁၄ ရက်နေ့ မင်္ဂလာဒုံဗိုလ်သင်တန်းကျေုာင်းဆင်းပွဲတွင် ပြောခဲ့သော ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်း ဖြစ်သည်။
“လူကြီးဆိုတာ အသက်ကြီးတာကို ဆိုတာလား၊ မဟုတ်ဘူး၊ အသက်မ ကြီးပေမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ.”
ယနေ့ ဂလိုဘယ်ကမ္ဘာကြီးနှင့်အတူ တိုးတက်ထွန်းကားလာသော အိုင်တီ နည်းပညာ ခေတ်ကြီးတါင် လူငယ်တို့၏ အခန်းကဏ္ဍမှာ လည်း များ စွာ အရာရောက်လှပေသည်။ လူငယ်ဟူ သည် လူ့စွမ်းအားအရင်းအမြစ် ဖြစ်၏ ။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု အပေါ်တွင် အခြေတည် သည်။
လူငယ်ဟူသည် လွတ်လပ်လို၏ ။ ချုပ်ချယ်မှု ကို မကြိုက်။ ကျပ်တည်းမှု ကင်းသော တီထွင်ကြံဆလိုမှု နှင့် အတွေးအခေါ်တို့တွင် ရဲရင့်တက်ကြွသူများ ဖြစ်ကြ၏ ။ ထို့ကြောင့် လူငယ် တို့ စိုက်ထုတ်သည့် ဦးတည်ချက်မှန်ကန်ပါက တစ်ရှိန်ထိုး တိုးတက်နိုင်ပြီး မှားယွင်းပါကလည်း အစွန်းရောက်အောင်ပင် မှားယွင်းတတ်ပါသည်။
ထိုသို့ စွမ်းပကားထက်မြက်သော လူငယ်တို့၏ တွေးခေါ်ကြံဆပြုမူု ဆောင်ရွက် ချက် များ သည် အကောင်းဘက်မှ အကျိုးပြုရန် လူငယ်တို့တွင် မှန်ကန်သော သိမှု ရှိဖို့လိုပါသည်။ ထိုသိမှု က ပဲ့ကိုင်မှသာ ဦးတည်ရာသို့ ဖြောင့်ဖြောင့်ေ၇ာက်ရှိနိုင်မည် ဖြစ်ပါသည်။
သိမှု အနုပညာ ဆိုရာတွင် စာနာမှု ၊ ညှာတာမှု ။ နားလည်မှု ၊ ရိုးသားမှု ၊ သည်းခံမှု ၊ ခွင့်လွှတ်မှု ။ စည်းကမ်းရှိမှု ၊ ယဉ်ကျေးမှု ၊ တွေးခေါ်တတ်မှု တို့လည်း ပါဝင်ပါမည် ။ သိမှု ဖြင့်သာ လူ့တန်ဖိုးကို တိုင်းတာနိုင်သလို လူ့ဂုဏ်ရည်ကိုလည်း ထင်သာမြင်သာ စေပါသည်။ လူ့ဘ၀တွင် သိမှု နယ်ပယ် ကျယ်ပြန့်လေလေ အောင်မြင်မှု အ၀န်းအ၀ိုင်း ကြီးမားလေလေ ဖြစ်ပါ၏ ။ ထို့ကြောင့် သိမှု သည် မင်္ဂလာ၊ သိမှု သည် အနုပညာ။
လူငယ်ထုအတွင်း သိမှု အနုပညာ ကျယ်ပြန့်ဖို့အတွက် အဓိက လက်ဦးဆရာ သည် ပုဗ္ဗာစရိယ မိနှင့်ဖ ဖြစ်၏ ။ သားသမီးကို၊ မကြီးခင်က၊ မဆုံးမသော်၊ မိဘကလည်း ရန်သူမည် တတ် သည်မှာ လည်း မိဘကြောင့်ပင် ဖြစ်၏ ။
မိဘသွန်သင်ဆုံးမမှု ဖြင့် သိမှု ဖွံထွားသော လူငယ်တို့၏ တက်ကြွလှုပ်ရှား၊ ကြိုးစားသော ပုံရိပ်များ ကိုတွေ့ ရလျှင် ကျွန်တော့်၇င်မှာ ပီတိဖြာသလောက်၊ မိဘသွန်သင်မှု မဲ့၍ သိမှု နုံနဲ့ သော လူငယ်တို့၏ စိတ်ပျက်ဖွယ်ရာ များ ကို တွေ့ လျှင်လည်း ကျွန်တော့် စိတ် မကောင်း ဖြစ်နေတတ်ပါ သည်။ သူတို့အတွက် ရင်လေး နေမိပါသည်။
ယခုအထိ အများ သူငါ စီးနင်းလိုက်ပါနေကြရသည့် ကားပေါ်ရထားပေါ်မှာ ကိုယ့်အဖေ အရွယ်လောက် ရှိသူများ နှင့်ယှဉ်၍ နေရာထိုင်ခုံလုထိုင်သည့် လူငယ်များ ၊ ကိုယ့်အဘိုးအဘွား အရွယ်နှင့် ကိုယ်ဝန်သည်များ ။ ကလေးအမေများ ။ မတ်တပ်ရပ်လိုက်နေ၇တာကို မြင်ပါလျက် သမီးရည်းစား စကားအပြောမပျက်ဘဲ ၇ပြီးသား ထိုင်ခုံနေ၇ာလေး ထပေးရများ ကြောက်လို့ တွန့်တို နေသော လူငယ်များ ၊ ပြီင်္းတော့ ကြပ်ကြပ် တည်းတည်း စီးနေရသော ကားပေါ်မှာ ကိုယ့်အဖေ လောက်ရှိတဲ့ ဦးခေါင်းကိုမိမိ တံတောင်ဆစ်ဖြင့် အကြိမ်ကြိမ်အခါခါ ထိုးမိပါလျက် တောင်ပန်ရ ကောင်းမှန်းမသိကျိုးကျွန်ပြုတတ်သော လူငယ်များ …စသည် စသည်ဖြင့် အတော် များများ တွေ့ နေ ရဆဲ ဖြစ်ပါသည်။
ဤသည်တို့မှာ ကောင်းသော လက္ခဏာများ မဟုတ်ပါ။ ဤသို့ သိမှု အနုပညာ ဆင်းရဲပါးလျားသော လူငယ်တွေ များ နေသမျှ ကျွန်တော် တို့ လောက နိမ့်ကျနေဦးမည် သာ ဖြစ်ပါ သည်။
တချို့က ဤသို့ ဆင်ခြင်ပေးတတ်ကြသည်။
ခေတ်ကြီးကိုက အဲဒီ လို ဖြစ်အောင် ဖန်တီးထားတာဗျ၊ အဖေတွေ အမေ တွေ မှာ မိုးလင်း ကမိုးချုပ် စားဖို့သောက်ဖို့ ရှာရတာ နဲ့ သားသမီးတို့ သွန်သင်ဖို့ အချိန်မှမရှိဘဲကိုး။
ကျွန်တော် လက်မခံချင်သော ဆင်ခြေမျိုး ဖြစ်ပါသည်။ ကျွန်တော့် အယူအဆအရတော့ အဲဒီ လို ခေတ်မျိုးက ဖန်တီးထားတဲ့အထဲမှာ င့ါတို့ အပါမခံဘူးကွ လို့ ရုန်း ထွက်စေချင်တာ ဖြစ်ပါ သည်။ ဖောက်ထွက်စေချင်တာ ဖြစ်ပါသည်။
သို့ မှ မဏိရတနာ ပုံကျမ်းမှာ မင်းကြီးခေါင်က အဘိုးရာဇာကို မေးသလို လူတို့တွင် မိကောင်းဖကောင်း သားသမီးကား ဖြစ်လွယ်၏ ။ သားကောင်းသမီးကောင်းတို့၏ မိဘမူကား အလွန်ပင် ဖြစ်ခဲသည် မဟုတ်တုံလော ဆိုတဲ့မေးခွန်းမျိုးတွေ နဲ့ ဝေးမှာ ဖြစ်ပါသည်။
ထိုမေးခွန်းမျိုးနှင့် ဆန့်ကျင်ဘက်လားရာကကို အဖြေရှာလျှင် ကျွန်တော် တို့ အားထား မျှော်လင့်သော လူငယ်တို့၏ နှလုံးသားတွင် သိမှု အနုပညာတွေ တလူလူလွင့်နိုင်ဖို့ ကျွန် တော် တို့ ၀ိုင်းဝန်းကြိုးစားကြရမှာ ဖြစ်ပါသည်။
ယနေ့ကာလသည် ခေတ်မီတိုးတက်သော ကာလ ဖြစ်၏ ။ ခေတ်မီတိုးတက်သော ကမ္ဘာကြီးနှင့် အပြိုင် ရုပ်ပိုင်းဆိုင်ရာ တို့ကလည်း အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်နေတာ တွေ့ ရသည်။ ဘာကြည့်ချင်သလဲ။ ဘာသိချင်လဲ။ အင်တာနက်မှာ အကုန်တွေ့ နိုင်သည်။ အကုန်မှတ်နိုင်သည်။
သို့သော် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးနေရုံနှင့် အဆင့်အတန်း မြင့်သည့် လူမျိုး ဖြစ်ပြီ ဟု ယူဆနိုင်ပါလား၊ စဉ်းစားဖို့ လိုပါပြီ။ သေချာပါသည်။ စိတ်ဓာတ်အဆင့်အတန်း မမြင့်ဘဲနှင့် ယဉ်ကျေးမှု အဆင့်အတန်း မမြင့်ဘဲနှင့် ဘယ်နည်းနှုင့်မျှ အဆင့်အတန်းမြင့်သည့်လူမျိုး ဖြစ်မလာ နိုင်ပါ။
ယနေ့ မြင်တွေ့ နေရသည့် လူငယ်အတော် များများ ကို အပြင်ပန်းအားဖြင့် လေ့လာကြည့် လျှင့် ဗမာနှင့် မတူသလောက် ဖြစ်နေကြပေပြီ။ လူငယ်တွေ ကလည်း နားပေါက်တွေ နှင့် နားကပ်တွေ ၀တ်လို့ ။ မိန်းကလေးကလည်း ဂျင်းဘောင်းဘီအကြပ်၊ အင်္ကျီအတိုတွေ နှင့် ။ ဘတ်စ် ကားကလက်ကိုင်တန်းကိုကိုင်တော့ ရေီ့ချက်ကပေါ်၊ လမ်းလေးဆိုင်လေးတွေ မှာ ထိုင်ပြန်တော့ နောက်ကမှီးညောင်ရိုးကပေါ်လို့ ဆံပင်တွေ ကျပြန်တော့လည်း အားလုံးကနီကြောင်ကြောင်နှင့်။
အမှန်တော့ ကိုးရီးယားရုပ်ရှင်တေကြည့်ပြီး အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာ တွင် ပြောင်းလဲနေကြ တာချည်း ဖြစ်မယ်။ ဒါပဲလား၊ ဒိလောက်ပဲလား။ စိတ်ပိုင်းဆိုင်ရာ တွေ ၊ယဉ်ကျေးမှု ဆိုင်ရာတွေ ကို အတုခိုးမိကြပါရဲကလား။ အပြင်က ပြန်လာလို့ အိမ်ရောက်တာနဲ့ မိဘကို အရိုအသေပေး နှုတ်ဆတ်တာတွေ ။ မိန်းကလေးပဲဆိုပြီး ဘတ်စ်ကားပေါ်မှာ နေရာလုမထိုင်ဘဲ ကိုယ့်အဖေအရွယ် ဦးလေးအရွယ် ယောက်ျားကြီးကို နေရာပေးတာတွေ ၊ူယုတ်စွအဆုံး လူကြီးက မျက်နှာမူ၍ မသောက်ဘဲ မျက်နှာကလေး ဘေးလြွဲ့ပီး အ၇က်ခွက်လေးကို လက်လေးနှင့် အသာကွယ်ပြှီးမှ သောက်တာတွေ ။ ပြောချင်တာက ယူတတ်လျှင် ရစရာတေ့အပုံ ဖြစ်ပါသည်။
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲနေရုံမျှနှင့် တော့ တိုးတက်လာတာ မ ဖြစ်နိုင်ပါ။ ပြောင်းလဲနေတာ သာ ဖြစ်ပါသည်။ ထိုအပြောင်းအလဲမှတစ်ဆင့် တိုးတက်ခြင်း ဖြစ်လာအောင် မိမိကိုယ်မိမိ မြှင့်တင် ယူတတ်ဖို့ လိုပါသည်။ ဘာတွေ မြှင့်ယူရမည် နည်း။ စိတ်ပိုင်းဆိုင်ရာ၊ နှလုံးပိုင်းဆိုင်ရာ သိမှု ပညာ၊သိမှု နည်းပညာဟူသမျှကိုမြှင့်ယူကြရမှာ ဖြစ်ပါသည်။
သို့ မှ တက်ကြွသော လွတ်လပ်သော ရဲရင့်သော တီထွင်ကြံဆသော စွန့်စား ထက်မြက် သော လူငယ်တွေ အ ဖြစ် ရှေ့တန်းရောက်လာမည် ဖြစ်ပါသည်။
ဤသည်မှာ ကျွန်တော် ယုံကြည်ချင်သော မျွှော်လင့်ချက် ဖြစ်သည်။ ကျွန်တော် ရေတွံက်ချင်သော နာမည် အသစ်နှင့် ကြယ်ပွင့်တွေ လည်း ဖြစ်ပါသည်။
ဤသို့လျှင် လူငယ်နှင့်ပက်သက်၍ ကျွန်တော့် စိတ်အစဉ်အမျှင်တန်းလေတိုင်း ရင်မှာ လှိုင်းကြွအောင် လှုပ်ခတ်နိုင်စွမ်းသည့် ကဗျာ တစ်ပုဒ်က အာရုံထဲ တိုးခွဲဝင်ရောက်လာမြဲ ဖြစ်ပါ သည်။
လူငယ်ကဗျာဆရာ မောင်ဖီလာရဲ့ ခေတ်ပေါ်ကဗျာတစ်ပုဒ်ထဲက စာသား။ ဘိုဟီး မီးယန်း များ ။
ရနံ့သစ် မဂ္ဂဇင်း
၂၀၀၉၊ အောက်တိုဘာလ။
လူငယ်….အယ်ဒီတာစိတ်နှင့် ယုံကြည်မှု သစ်ပင်
ကျွန်တော် သည် လူငယ်ကို ချစ်၏ ။ လူငယ်ကို စိတ်ဝင်စား၏ ။ လူငယ်နှင့် ပက်သက်၍ ကောင်းတာတော် တာတွေ ကြားရလျှင် ၀မ်းသာ၏ ။ ပီတိ ဖြစ်၏ ။ လူငယ်နှင့် ပက်သက်၍ မကောင်းတာ။. မတော် တာတွေ ကြားရလျှင် အားမလို အားမရ။ စိတ်မချမ်းသာ။ လူငယ်ကို ကြယ် လိုမြင်၍ အနာဂတ်ကို မျှော်လင့်သူထဲတွင် ကျွန်တော် လည်း ပါသည်။ ဒါ့ကြောင့် လူုငယ်နှင့် ပတ်သက်၍ အရာရာယုံကြည်သူလည်း ဖြစ်ချင်ပါသည်။
သို့ သော်……။
ကာလတစ်ခုမှာ ဖြစ်ပါသည်။ တိတိကျကျဆိုရလျှင် မဂ္ဂဇင်းတစ်ခု၌ တာဝန်ခံအယ်ဒီတာ အ ဖြစ် ဆောင်ရွက်ခဲ့စဉ်က ဖြစ်သည်။ ထိုမဂ္ဂဇင်းတွင် အယ်ဒီတာချုပ်နှင့် သက်တူရွယ်တူ ဆိုလို့ တစ်ဦးစနှစ် ဦးစ ပဲ ရှိပါ၏ ။ ကျန်တာ တွေ က လူငယ်တွေ ချည်း ဖြစ်သည်။
အောက်ခြေ၀န်ထမ်းမှသည် သတင်းယူသူ၊ ကြော်ငြာလိုက်သူ၊ စာစီစာရိုက်လေးအောက်ဒီ ဇိုင်း ဆင်သူ၊ မာကတ်တင်းဝန်ထမ်း စာပြင်သူ အယ်ဒီတာ အဆင့်ဆင့်စသည်ဖြင့် ဖြစ်ပါသည်။
လူငယ်တွေ ပီပီ ညီညီညာညာ တက်တက်ကြွကြွ ရိုးရိုးသားသား ပွင်ပွင့်လင်းလင်း ချေချေငံငံ လိမ်လိမ်မာမာနှင့်ဆိုလျှင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲး။ တကယ် ပေါင်း ကြည့်တော့မှ ကျွန်တော် တို့လို ငါးဆယ်ကျော် ခြောက်ဆယ်ကျော်နားနီး လူကြီးတွေ နှင့် လိုက် ဖက်သည့်လူငယ်ကား ရှားပါးလှပါသည်။ အများ စုက သူတို့ကိုယ်သူတို့သာ ဘာမှန်းမသိ တယ် သာမန်အမြင်မှာ တော့ ထင် တစ်လုံးကိုယ်စီ နှင့်ရွက်လွှင့်နေသူချည်း ဖြစ်ပါသည်။ ]
ဒါ့ကြောင့် မဂ္ဂဇင်းတိုက်ဝင်ခါစက မိမိအပါအ၀င် မျက်နှာစုံညီအစည်းအဝေးတစ်ခုတွင် အမှန်အတိုင်းပြောရရင် င့ါဝမ်းပူဆာမနေသာလို့သာ ဒီအသက်အရွယ်အထိ ၀င်လုပ်နေတာပါ။ ဒီကနေ့ လူငယ်တွေ နဲ့ အတူတူတွဲ လုပ်ရမှာ ကိုတော့ ခပ်ကြောက်ကြောက်ပါ..။
ဘာ့ကြောင့်လဲဆို တော့ ကျွန်တောတို့ ငယ်ငယ်တုန်းက လူငယ်စိတ်နဲ့ ဒီ နေ့ လူငယ် စိတ်တွေ က အတော် ကြီး ကွာခြားနေလို့ပါပဲ…ဟု တုတ်ထိုးအိုးပေါက်ပြောခဲ့မိတာ မိမိမလွန်ကြောင်း မကြာခင်မှာ ပဲ ကောင်း ကောင်း သိလိုက်ရလို့ ဖြစ်ပါသည်။
မဂ္ဂဇင်းဖောင်ပိတ်ခါနီး တစ်လတွင် ဖြစ်ပါ၏ ။ နောက်ဆုံးစာမူတစ်ခုကို ဒီဇိုင်းဆင်နေသော လူငယ်ထံကျွန်တော် ၀င်ကြည့်တော့ ကျွန်တော် မျက်ခုးံတွန့် သွားပါသည်။ ဒီဇိုင်းဆင်ထားပုံက မဆိုးပါ။ သို့ သော် စာရေး ဆရာ၏ စာမူခေါင်းစဉ်တွင် အင်္ဂါမစုံပါ။ ဟာ…ခေါင်းစဉ်ရဲ့ နောက်ဆုံးစာကြောင်း က ဘာလို့ ပြုတ်နေရတာ တုန်း လို့ မေးလိုက်တော့ ခေါင်းစဉ်က ရှည်နေလို့ပါဆရာ…..။
အဲဒီ စာကြောင်းမပါလဲ ရပါတယ်……တဲ့။ မခက်ပါလား။ ကျွန်တော့် သားလောက် ရှိသော သူ့လူသက်ပင်လျှင် ကျွန်တော့် စာရေး သက် ကို မမီသေးသော ဒီဇိုင်နာ လေးရဲ့ စကားကြောင့် ကျွန်တော့် မှာ စိတ်ဆိုးရအခက်။ ထိပ်ထိုးရခက်၊ ရယ်မောရအခက်။ စိတ်ပျက်ရအခက်။
နောက်ဆုံးတော့ အလိုမကျစိတ်ကို မျိုချရင်း စာရေး ဆရာက သူ့စာမူရဲ့ ခေါင်းစဉ်ကို အဓိပ္ပာယ်မဲ့ ရှည်ထားတာမဟုတ်ကြောင်း၊ သူ့အဓိပ္ပာယ်နှင့် သူရှိလို့ တမင်ရှည်ထားတာ ဖြစ်၍ သူ့မူရင်း ခေါင်းစဉ်အတိုင်း အပြည့်ပြန်ထည့်ရန် ညွှန်ကြားခဲံ့သည်။
ပြီတော့ ထိုဒီဇိုင်နာလေးမှာ ကျွန်တော့် အယ်ဒီတာချုပ်၏ တူအရင်းခေါက်ခေါက်မို့ ပြန်မစစ် နေတော့ဘဲ ဒီအတိုင်း လွှတ်ထားတာမိလိုက်ပါသည်။
သူ့အပေါ် ယုံကြည်မှု တည်ဆောက် ကြည့်လိုက်တာလည်း ဖြစ်ပါသည်။
မဂ္ဂဇင်းထွက်လာသော အခါ ကျွန်တော့် ယုံကြည်မှု တက်တက်စင်အောင် လွဲ သွားပါတော့သည်။ ကျွန်တော် သေချာပြင်ခိုင်းသော စာမူခေါင်းစဉ်အရှည်ကို မူရင်းအတိုင်းမဟုတ်ဘဲ နောက်ဆုံး စာတစ်ကြောင်း ပြုတ်လျက်နှင့် တွေ့ လိုက်ရလို့ ဖြစ်ပါသည်။
ကျွန်တော် ဘ၀င်မကျသော ထိုကိစ္စသည် ဇာတ်ရည်လည်တော့မှပဲ အဖြေက ဘွားခနဲ ပေါ်လာ၏ ။ လက်စသတ်တော့ အဓိကလက်သည်မှာ ဒီဇိုင်နာလေးမဟုတ်။ ဒီဇိုင်နာလေးကို ကြိုးကိုင်သော ကျွန်တော့်  လက်အောက်က အဖွဲ့ဝင်အယ်ဒီတာလေး ဖြစ်သည်။
သူ့ကို ကျွန်တော် ခုမှသိတာမဟုတ်။ လွန်ခဲ့သည့် သုံးလေးနှစ် ကတည်းက သိခဲ့ဖူး တာ ဖြစ်သည်။ သူက အခြားလူငယ်တွေ နှင့် မတူ။ သူ့စတိုင်လ်က တစ်မျိုးလေး။ အင်္ကျီအဖြူလက် တို၊ လည်ကတုံးနှင့်။ တိုက်ပုံနှင့်။ ကချင်ပုဆိုးနှင့်။ ထီးကောက်နှင့်။ လွယ်အိတ်နှင့် ဖြစ်သည်။ ပီဘိ လူကြီးလေးပုံစံပါပဲ။
နောင်မှသိရသည့် သူ့အကြောင်းက စိတ်ဝင်စားစရာလား။ စိတ်ပျက်စရာလားမသိ။ ခေတ်ပြိုင်ထဲက လူငယ်အယ်ဒီတာ တစ်ယောက် ဖြစ်လျက်ခေတ်ပေါ်ကဗျာ၊ ခေတ်ပေါ်စာပေ၊ ကို ရှုတ်ချဆန့်ကျင်တတ်သလို ခေတ်ပေါ် စာပေရေး သူကိုလည်း အထင်မကြီးလို မလေးစားလိုခြင်းဘဲ ဖြစ်ပါသည်။
ဒါ့ကြောင့် ခေတ်ပေါ်စာပေအသိ၊ ခေတ်ပေါ်အနုပညာ ဘာမှမရှိသော သူ့အနေဖြင့် ယနေ့ ပြောင်းလဲလာသော ခေတ်ပြိုင်စာပေရနံ့ကိုလည်း သူအမီမလိုက်နိုင်ပါ သေချာပါသည်။ သည့်အ တွက် သူ့ကို အပြစ်မဆိုပါ။ ခေတ်ထဲမှာ ခေတ်နှုင့် လွဲချော်ခြင်းဟု သဘောထားလိုက်ရုံသာ။
သို့ သော် သူကျွမ်းကျင်တယ်ထင်သော ဘာသာရပ်တွင် သူ့ကိုယ်သူ ထင်တစ်လုံး ရှိနေသည် ထင်ရုံမျှ ဖြင့် အယ်ဒီတာအလုပ်တွင် ထင်ရာ လုပ်ခွင့်မရှိဟု ကျွန်တော် ထင်သည်။ အသက်အရွယ်၊ အဆင့် အတန်းနှင့် အလုပ်ဂုဏ်ကို တန်ဖိုးထားတတ်လျှင် မိမိအလုပ်ရပ်သည် ဂါရ၀လား၊ အဂါရ၀လား စဉ်းစားတတ်ဖို့ မလိုပေဘူးလား။ ပြီးတော့ သူ့အဆင့်က သာမန် အယ်ဒီတာလေးမျှသာ။
တကယ်တော့ ကျွန်တော့်အယ်ဒီတာချုပ်သည် ကျွန်တော့်ထက် လူသက်ရော၊ စာပေသက်ပါ ၁၀ နှစ် ကြီး၏ ။ အယ်ဒီတာ အတွေ့ အကြုံလည်း ပိုများ ၏ ။ စာပေဘိုးအေလောက်ရှိသော အယ်ဒီ တာချုပ်က နားလည်သဘောပေါက်လို့ ခွင့်ပြုထားသော စာမူခေါင်းစဉ်ကို စာပေမြေးလောက်သာရှိသော သူ့လိုလူက ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မူရင်းစာပေ၏ အနုပညာကို စော်ကားရာရောက် သလို၊ တာဝန်ခံအယ်ဒီတာ ကျွန်တော့်ဂုဏ်သက္ခာကိုပါ စော်ကားနေရာရောက်ကြောင်း သူ့ကိုယ် သူ သိပါလေရဲ့ လား မသိ။
လူ့လောကတွင် နေရာအလိုက်။ နယ်ပယ်အလိုက် ကျင့်သုံးလိုက်နာရမည့်  စည်ကမ်းတွေ ရှိသည်။ စည်းကမ်းသည် လူ့တန်ဖိုးဆိုတာ အလကားမဟုတ်ပေ။ ကျွန်တော့်မှာ သာ သူ့စည်းကိုယ့် စည်းနားမလည်ဘဲ ထင်ရာဇွတိုးလုပ်တတ်သည့် အစွန်းရောက် လူငယ့်ဥာဉ်ကိုသာ အားမလို အားမရ ဖြစ်နေမိပါသည်။
အဲဒီ လို အားမလိုအားမရ ခံစားရင်းက။ ဒီကနေ့ စာပေလောက်က။စာနယ်ဇင်းလောက၊ အယ်ဒီတာလောကတို့တွင် ကျင်လည်နေကြသော လူငယ်တွေ အတွက် အလွန်လှပသည့် အယ်ဒီ တာ စိတ်တစ်ခုအကြောင်း ပြောပြချင်ပါသည်။
ရှုမ၀တစ်ခေတ်က ဖြစ်ပါ၏ ။
ထိုစဉ်က ရှုမ၀မဂ္ဂဇင်းသည် နာမည် ကျော်မဂ္ဂဇင်းကြီး ဖြစ်၏ ။ ရှုမ၀ဦးကျော်သည် အယ်ဒီတာချုပ် ဖြစ်သည်။ တာဝန်ခံစာတည်းမှာ မောင်ဆွေတင့်။ ရှုမ၀ ဦးကျော်က ရုပ်ရှင်ပညာတွေ နှင့် အလုပ်များ နေချိန်။ နိုင်ဝင်းဆွေ ပို့ထားသည့် ၀တ္ထုရှည်အ ဖြစ် မကြာမီစတင် ထည့်သွင်းမည့်အ ကြောင်း စာပြန်လိုက်သည်။
တကယ်တော့ ဦးကျော်သည် အယ်ဒီတာချုပ် ဖြစ်၏ ။ တာဝန်ခံအယ်ဒီတာ မောင်ဆွေတင့်၏ အဖေလည်း ဖြစ်ပါ၏ ။ သို့ သော ဦးကျော်သည် ငါအယ်ဒီတာချုပ်ပဲ၊ ငါအဖေပဲလို့ ငါစွဲနှင့် အပေါ်စီးက မတွေး။ သူ့နယ်ကိုယ့်နှယ်၊ သူ့စည်းကိုယ့်စည်း စည်းခြား၏ ။ နားလည်မှု ဖြင့် ဆင်ခြင်၏ ။ ထိုဆင်ခြင်သိကြောင့် လှပသွားသည့် အယ်ဒီတာစိတ် ကလေးအကြောင်းကို ဦးကျော်ကိုယ်တိုင်ရေး ခဲ့သည့် မဟူရာမေတ္တာဝတ္ထုအမှာ စာတွင် ဤသို့ တွေ့ လိုက်ရသည်။
“ဤသို့ စာပြန်မည့်သာပြန်သည် အမှန်မှာ ကျွန်တော် သည် ထိုအချိန်က ရုပ်ရှင်ကိစ္စဖြင့် တာဝန်ခံစာတည်းမဟုတ်။ အတိုင်ပင်ခံမျှသာ။ တာဝန်ခံစာတည်းသာလျှင် မဂ္ဂဇင်းတွင် ထည့်မည့်  စာမူ ကို ရွေးချယ်ခွင့်ရှိုသည်။ အတိုင်ပင်ခံစာတည်းကို တာဝန်ခံစာတည်းသည် တိုင်ပင်ချင်တိုင် ပင်သည်။ သို့ သော် စာမူရွေးချယ်ခြင်းကိုမူ တာဝန်ခံစာတည်း၏ အခွင့်အရေး သာလျှင် ဖြစ်သည်။ အတိုင်ပင်ခံစာတည်းက ဘယ့်ကလောက်ကြိုက်နေသော စာမူ ဖြစ်နေပါစေ။ တာဝန်ခံမကြိုက်လျှင် ငြင်းပယ်နိုင်သည်။
ဤအခွင့်အရေး ကား ရှုမ၀မဂ္ဂဇင်းစ၍ ထွက်သည့် ၁၉၄၇ ခု၊ ဇွန်လမှ ယခုထက်တိုင် မဖောက်ပြန်သော (ရှုမ၀၏ မူ) တစ်ရပ် ဖြစ်၏ ။ ထို့ကြောင့် ကျွန်တော် သည် သူ တစ် ပါး၏ အခွင့်အရေး ကို ကျူးကျော်ကာ နိုင်ဝင်းဆွေ၏ မဟူရာမေတ္တာရှုမ၀မှာ ပါမည် ဟု ရေး လိုက် မိသည်ကို ရှုမ၀၏ မူချိုးဖောက်ရာ မရောက်အောင် ( ရှုမ၀တာဝန်ခံ စာတည်းထံ မဟူရာ မေတ္တာ အမြန်ဖတ်ရှုရန် ပေးလိုက် သည်။
တာဝန်ခံစာတည်း မဟူရာမေတ္တာကို ဖတ်ရှုရသော အခါ၌ မူကား တစ်ခန်းပြီးတိုင်းပြီးတိုင်း ကျွန်တော့် အလုပ်ခန်းလာကာ အဘယ်ပုံကောင်းကြောင်း ၊ အဘယ်မျှ ကြိုက်နှစ်သက် ကြောင်းတို့ ကို ခဏခဏလာရောက်၍ အားရပါးရ ပြောကြားလွန်းလှသဖြင့် ကျွန်တော် ၏ အလုပ်ပျက်နေခြင်း ကြောင့် အဆုံးထိဖတ်ပြီးမှ ဆုံးဖြတ်ချက်ချရန် ပြောရင်းနှင်လွှတ်ရသည့် အခြေပင် ရောက်ခဲ့ပါသည်။”
သည်မျှဆိုလျှင် ရှုမ၀ဦးကျော်၏ အယ်ဒီတာစိတ်အလှတစ်စိပ်တစ်ပိုင်းကို ရိပ်စားမိလောက် ပြီ ထင်ပါသည်။ ဒါ့ကြောင့်လည်း မြန်မာစာပေလောက မဂ္ဂဇင်းသမိုင်းတွင် ရှုမ၀ဦးကျော်ဟု တစ် ခေတ် တစ်ယောက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်မှာ ယုံမှား စရာမရှိပါပေ။
မဂ္ဂဇင်း ဂျာနယ် မီဒီယာတွေ အမျိုးမျိုးပွယောင်းနေသော လောကကြီးတွင် ကျွန်တော့် မိတ်ဆွေ အယ်ဒီတာချုပ် တစ်ယောက် အ ဖြစ် ကတော့ တစ်မျိုးပါ။သူ့ဂျာနယ်မှာ သူက အသက်ကကြီးဆုံး ဖြစ်သလို စာပေ၀ါသမ္ဘာအရလည်း အကြီးဆုံး ဖြစ်၏ ။ သူ့လက်အောက်အယ်ဒီတာတွေ က အားလုံး လူငယ်တွေ ၊ စာပေအရလည်း အတွေ့ အကြုံမရှိသူတွေ ဖြစ်၏ ။ တစ်ခါတွင် တာဝန်ခံအယ်ဒီ တာ လေးသည် အယ်ဒီတာချုပ်ကို မတင်ပြဘဲ သူ့သဘောနှင့်သူ အယ်ဒီတာ့အာဘော်ကို ထည့်လိုက်၏ ။ တစ်လျှောက်လုံး အယ်ဒီတာချုပ်၏ တည်းဖြတ်မှု နှင့် မကင်းခဲ့ပါဘဲလျက် ဂျာနယ် ပိုင်ရှင်နှင့် ရင်းနှီးမှု ကို အခွင့်ကောင်းယူခဲ့ခြင်းကြောင့် ထိုလူငယ်နှင့် လက်တွဲ ဖြုတ်ကာ ဂျာနယ်ကိုပါ စွန့်ခဲ့သည်။
ဂျာနယ်မဂ္ဂဇင်းလောကတွင် တာဝန်ခံအယ်ဒီတာပီပီ လုပ်ပိုင်ခွင့်အပြည့်ရသလို ဖြစ်သမျှကို တာဝန်ယူရသည့် တာဝန်ခံတွေ လည်း ရှိပါ၏ ။ ထို့အတူ အယ်ဒီတာချုပ်ပီပီ၊ အားလုံးကိုပါ ၀င်စွက်ဖက်ကာ ချုပ်ကိုင်ထားသည့် အယ်ဒီတာချုပ်မျိုးတွေ လည်း ရှိပါ၏ ။ တကယ်တော့ အယ်ဒီတာချုပ်တို့ တာဝန်ခံအယ်ဒီတာတို့ ဆိုသည်မှာ ရာထူးနှင့်သာ ဆိုင်တာမဟုတ်ဘဲ ထိုသူ၏ စာပေသိက္ခာ၊ စာပေအစဉ်အလာနှင့် စာပေ၀မ်းစာတို့ကလည်း အရေး ကြီးသည် ထင်ပါသည်။
သည်အခါ မဂ္ဂဇင်းတစ်ခုတွင် အတူတူလုပ်ခဲ့ကြပြီး ကျွန်တော့ထက် အသက်ရော စာပေသ မ္ဘာစာပေ၀ါ တွင် မငယ်ပါဘဲလျက်၊ သူတို့ရေး သော အယ်ဒီတာအာဘော်ကို ကျွန်တော် တို့တာဝန် ခံအယ်ဒီတာအား တည်းဖြတ်ခွင့်ပေးခဲ့သော သူငယ်ချင်းအယ်ဒီတာချုပ် နောင်တော် အယ်ဒီတာ ချုပ်တို့၏ ကြီးမြတ်သော ရိုးသားပွင့်လင်းမှု က မေ့မရအောင် လေးစားစရာကောင်းနေပြန်ပါသည်။
စင်စစ် အယ.်ဒီင်္တာဆိုသည်မှာ ဥာဏ်ပညာကြီးဖို့ လိုသလိုနှလုံးကြီးဖို့လည်း လိုပါသည်။
ဥာဏ်ရည်နှလုံးရည် ကြီးမြတ်သော အယ်ဒီတာတို့အကြောင်း ဆက်စပ်လိုက်သော အခါ အယ်ဒီတာစာမျက်နှာတွင် ဘယ်နေရာမျိုးမှာ မှ မေ့ကျန်လို့ မ ဖြစ်သည့် အယ်ဒီတာ တစ်ယောက် အကြောင်းကို ခေါင်းထဲပေါ်လာပါသည်။ ရန်ကုန်တက္ကသိုလ်က အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းအကြောင်းပဲ ဖြစ်ပါသည်။ ငရဲခွေးကြီး လွတ်လာပြီဆောင်းပါးနှင့် ပတ်သတ်၍ ရေး သူကို ဖော်ထုတ်ခိုင်းရာ အယ်ဒီတာ ကိုအောင်ဆန်းက အယ်ဒီတာ့ကျင့်ဝတ်ကို သတ္တိရှိရှိ ကာကွယ်ကာ ငြင်းဆိုခဲ့သည်။ ဒါ့ကြောင့် တက္ကသိုလ် အာဏာပိုင်တို့က ကိုအောင်ဆန်းကို ကျောင်းထုတ်ခဲ့ကြ သည်။ ကျွန်တော် စဉ်းစားကြည့်ပါသည်။
အယ်ဒီတာကိုအောင်ဆန်း နေရာတွင် ကျွန်တော့် မိတ်ဆွေဂျာနယ် အယ်ဒီတာချုပ်၏ တာဝန်ခံအယ်ဒီတာကလေးဆိုလျှင် …။ ဒါမှမဟုတ် ကျွန်တော့် လက် အောင်တွင် အတူတွဲ လုပ်ခဲ့ဖူး သော အယ်ဒီတာလေးနှင့် ဒီဇိုင်းဆရာလေး ဆိုလျှင် ကော….။
ကျွန်တော် မျှော်လင့်သည့် လူငယ်ဟူသည် အနာဂတ်သမိုင်းတန်ဖိုးကို ထမ်းပိုးမည့် မျိုးစေ့လေးမ ဖြစ်နိုင်သေးလျှင်တောင်မှ ကျွန်တော် တို့၏ ယုံကြည်မှု ကို အမြစ်မပုပ် ပိုးမထိုးသည့် သစ်ပင်မျိုးတော့ ဖြစ်စေချင်ပါသည်။
ပိတောက်ပွင့်သစ် မဂ္ဂဇင်း
၂၀၁၁၊ စက်တင်ဘာလ။
လူငယ် ရေကြည် ရေနောက် ပြဿနာနှင့်
စောင့်စားမှု အနုပညာ
(မောင်ပေါ်ထွန်း)
ဆရာမောင်ပေါ်ထွန်း၏ အယ်ဒီတာ့စားပွဲမှ မှတ်သားစရာစကားအချို့ ဖြစ်ပါသည်။ ဆရာ့စကားက သွေးထွက်အောင်မှန်လွန်းပါသည်။ ကိုယ်တွေ့ မို့ ဆိုရဲခြင်း ဖြစ်၏ ။ ခုလည်း ကျွန်တော့် မှာ ဤအယ်ဒီတာအလုပ်ကို တာဝန်ယူ ဖြစ်မှ မကြာခဏ ဆိုသလို စာသမားအချို့၏ အထင်လွဲမှားမှု တွေ ကို မကြုံချင်ဘဲ ကြုံနေရသည်။ မကြားချင်ဘဲကြားနေရသည်။
အခြားသော ရွယ်တူတန်းတူ တွေ ထံက ကြားရတတ်တာမျိုးထက်။ ကျွန်တော် လေးစားချင် သော ကျွန်တော် ယုံကြည်ချင်သော ကျွန်တော် မျှော်လင့်ချင်သော လူငယ်တွေ ထံကပါ ပို၍ ကြားနေ ရလို့ စိတ်မကောင်းနိုင်တာ ကတော့ အမှန်ပင် ဖြစ်ပါသည်။
အပင်မြင့်လို့ လေတိုက်ခံရတာ ပဲဟု ဖြေသိမ့်တတ်ရအောင်ကလည်း ကျွန်တော့်ကိုယ်ကျွန် တော် ဘယ်တုန်းကမှ မြင့်သည့်အပင်ဟု မထင်ခဲ့မိရိုးအမှန်ပါ။ ဒါကြောင့် ရင်းခြာသည့်မိတ်ဆွေများ ကို မကြာခဏ ပြောလေ့ရှိသော စကားကို အပ်သွားထက် လိုက်ချင်ပါသည်။ ကျွန်တော့် စေတနာ နှင့် ကျွန်တော့်သစ္စာကိုမူ အကြွင်းမဲ့ယုံကြည်ပါ၏ ။ ကျွန်တော် မယုံကြည်နိုင်သော အရာမှာ ကျွန် တော် ကံကြမ္မာပဲ ဖြစ်ပါသည်။
တကယ်တော့ ကျွန်တော့် အဖို့ အယ်ဒီတာအလုပ်ဆိုသည်မှာ ကိုယ်တိုင်က စုံမက်လှသည် မဟုတ်ဘဲ အမေပေးစားလို့ယူရသည့် မယားနှင့် တူပါသည်။ ပြီးတော့ အယ်ဒီတာဆိုတာ ဘာလဲ။ အယ်ဒီတာကောင်း တစ်ယောက် ၏ အရည်အချင်းတွေ က ဘာတွေ လဲဟု ရှေးရှေးက အယ်ဒီတာ ဆရာသမားကြီးတွေ ကို ရှေ့မှီနောက်မှီရှိခဲ့သော ကျွန်တော့် အဖို့ အယ်ဒီတာကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားရသည်မှာ မလွယ်ကူလှပါ။ အယ်ဒီတာ့တန်ဖိုးကို သိလျှင် ပို၍ ပင်ပန်းတတ် သော်လည်း လက်ရှိအခြေအနေကို အကောင်းဆုံး ဖြစ်အောင်သာ အားထုတ်ရပါတော့သည်။
ဒါကြောင့် စာတစ်ပုဒ် ကဗျာတစ်ပုဒ် ရွေးဖို့ဖတ် ဖြစ်တိုင်း ရွေးချယ်သူ ဦးနှောက်ထက် အရွေး ခံရင်ဘက်က အလိုလိုစာနာမိသည်ချည်း ဖြစ်နေတတ်ပါသည်။ အကြောင်းမှာ ကျွန်တော့်မဂ္ဂဇင်း တွင် သာ ကျွန်တော် က အယ်ဒီတာ ဖြစ်သော်လည်း သူများ မဂ္ဂဇင်းကျတော့ ကျွန်တော် ကိုယ်တိုင် အများ နည်းတူ စာမူပို့သူ စာရေး သူ။ ရင်ဘတ်တူလို့ ကိုယ်ချင်းစာမိတာ မဆန်းဟု ထင်ပါသည်။
သို့ သော် လောကကြီးက ပြောရခက်ပါသည်။ လူအမျိုးမျိုးမို့ စိတ်အထွေထွေလည်း ရှိပါလိမ့် မည် ။ သည်အထဲကမှ လူငယ်စာသမားအချို့က နားလည်မှု ပို၍ ပါးလျားသည်ဟု ထင်ပါသည်။ ယနေ့လူငယ်တွေ သည် ကျွန်တော် တို့ ငယ်ငယ်ကလိုမဟုတ်။ ဆန္ဒတွေ စောကြသည်။ ဖြစ်ချင် ဇောတွေ ကြီးကြသည်။ ပါချင်ဇောတွေ များ ကြသည်။ တစ်စုံတစ်ရာအချိန်ကာလ စောင့်ရသည်ကို စိတ်မရှည်ကြ။ သူတို့ကိုယ်သူတို့ အထင်ကြီးနေကြတာလည်း ဖြစ်နိုင်ပါသည်။ ဒီလပေးသော စာမူ ကို နောက်လပါချင်သည်။ တချို့များ ဆိုလျှင် နယ်ကပို့ပေးသည့် စာမူကမရောက်သေး။ ဘယ်လပါ မှာ လဲ လှမ်းမေးနေပြီ။ ယနေ့အထိ ကျွန်တော့်  စာမူကိုပင်လျှင် ပယ်တာမဟုတ်ဘဲနှင့် တစ်နှစ် ကျော်အောင်ထားပြီး မသုံးသေးသော မဂ္ဂဇင်းတွေ ရှိနေပါသေးသည်။ ဘယ်တတ်နိုင်မလဲ။
အခု ရေတွင်းတူး၍ အခုရေကြည်သောက်ချင်လို့ ရရိုးမရှိပါ။ ဇွတ်အဓမ္မ သောက်မည် ဆို လျှင်လည်း ရေကြည်တော့ မ ဖြစ်နိုင်ပါ။ ရေနောက်ပဲ ဖြစ်ပါလိမ့်မည် ။ ဦးနှောက်နှင့် နှလုံးကိုလော လောနယ်နယ် ပြုရသော အနုပညာအလုပ်မျိုး မဆိုထားနှင့်။ အခြားသေးဖွဲ့သော မည် သည့်လုပ် ငန်းမျိုးမှာ ဖြစ်စေ စောင့်ရမည့်  အချိန်ဆိုတာ ရှိစမြဲ ဖြစ်ပါသည်။ စောင့်ရမည့် အချိန်ကို နားမလည် ဘဲ သည်းမခံဘဲ ငါအစွဲတွေ စောလျှင် ငါဇောတွေ ကပါကာ ငါအမောတွေ ဘယ်တော့ အတော သတ်မလဲ။
ပြီးတော့ အလုပ်လုပ်ရာတွင် တပည့်မွေး။ဆရာမွေး ကိစ္စမျိုးတွေ ကို ၀ါသနာမပါသော ကျွန်တော့် လို အယ်ဒီတာကို တော် ရုံလူငယ်တို့ အမြင်မကြည်နိုင် ဖြစ်ကြမည် မှာ သဘာဝကျပါ သည်။ ဒါကြောင့် မဂ္ဂဇင်းမှာ ပါခွင့်ရသည့် စာမူရှင်ကသာ ကျေးဇူးမတင်လျှင် ရှိပါမည် ။ စာမူ ပို့ ထားပြီး မပါနိုင်သေးသော စာမူရှင်တွေ ကတော့ ဘယ်လိုရွှေမေတ္တာတွေ ပို့ကြ မည် မသိပါ။
တခြားသူစိမ်းတွေ မဆိုထားနှင့် ကျွန်တော် နှင့်ပက်သက်သူတွေ ရွယ်တူလည်း ဖြစ်၊ ခင်မင် ရင်းနှီးသူလည်း ဖြစ်သော ဘာသာပြန်စာရေး ဆရာတစ်ဦးသည် သူ့စာမူသေချာပေါက်ပါမည့်  ပြော ပြထားပြီးမှ ပါမလာသော အခါ မိတ်ဆွေမျက်နှာပင် မထောက်နိုင်တော့ဘဲ သိသိသာသာ မျက်နှာ ပျက်သွားရုံမက မဆိုင်တာတွေ ပါ ဆွဲရမ်း သွားပါသေးသည်။ စာပေလောကနှင့် နှစ် သုံးဆယ် လောက်ကွဲကွာနေပြီး ခုမှ စာပြန်ရေး သည့် ဆရာမ ကြီးတစ်ဦးဆိုလျှင် သူ့စာမူပို့ထား သည့် နှစ် လတာအတွင်း သုံးမသုံး ဖုန်းဆက်မေးတာက လေးငါးကြိမ်မကပါ။ ဘယ်တော့ဖတ်ပေး မှာ လဲဆိုတာက ပါသေး၏ ။
သည်အထဲ လူငယ်စာရေး ဆရာလေးတစ်ဦးကလည်း တစ်မှော က်။ ဘယ်သူက ဘယ်လို ချွန်လိုက်သည်မသိ။ သူ့စာမူဟူသမျှ ကျွန်တော် ကဘယ်တော့မှ မသုံးဘူးရယ်လို့ အထင်လွဲနေ သည့်ကိစ္စ ဖြစ်သည်။
ကျွန်တော် ထူးပြီး မအံ့သော်လည်း မလိုလျှင် မလိုသလို ကားတတ်သော စကားသည် အမှန်တရားမ ဖြစ်နိုင်ပါ။ သံသယကို အသက်သွင်း၍ သက်သေတူသော ယိုးစွပ်မှု သည် တစ်ဖက် သား နောက်ကျောကို ကိုယ်ထိလက်ရောက် ကျူးလွန်ပြီးမှ အနုတ်ရခက်သော ဓားတစ်ချောင်းနှင့်တူပါသည်။
သို့ သော် စာမူပို့သူဘက် ကတော့ အယ်ဒီတာအဆင့်ဆင့်ကို ဖြတ်သန်းရာတွင် ရိုးသားဖို့နှင့် သတ္တိရှိဖို့တော့ လိုအပ်ပါသည်။ အဲသည်လိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ထင်တစ်လုံးနှင့် ဘ၀င်မြောက်ကာ ဘယ်အောက်ခြေအယ်ဒီတာရဲ့ အရွေးကိုမှ ခံစရာမလိုဘဲ မိုးကောင်းကင် စာမူ ပို့တတ်သည့် လူငယ်မျိုးတွေ လည်း ရှိနိုင်သည်ဆိုလျှင် သူ့သဘောသူဆောင်တာမို့ ဘာမှမတတ်နိုင်ပါ။
အနုပညာမွှေးနုပညာတောင် ပြောင်လက်ဖို့ဆိုသည်မှာ ကိုယ်ရည်ကိုယ်သွေး ရိုးသားဖို့ ကတော့ လိုပါသည်။ နောက်ဖေးပေါက်ကို ဖြတ်သန်းလာသော မည် သည့်အောင်မြင်မှု မျိုး မဆို လိပ်ပြာမလုံသော အစွန်းအထင်းတို့မကင်း ဖြစ်တတ်သည်မှာ ဆင်ခြင်စရာ ဖြစ်ပါသည်။
ကျွန်တော် စဉ်းစားကြည့်ပါသည်။ စာသမားချင်း ဘ၀တူရင်ဘတ် တစ်ခုအပေါ် ဘာကြောင့် ရိုးသားစွာ မယုံကြည်ရဲရမှာ လဲ။ ဘာကြောင့် ရိုးသားစွာ မဖြတ်သန်းရဲရမှာ လဲ။ ဘာကြောင့် စောင့်ရ မည့် အချိန်ကို ကျော်လွန်ကာ အဆောတလျင် ဆန္ဒစောရမှာ လဲ။
အနာဂတ် တံစက်မြိတ်မှာ ချိတ်တင်ထားသည့် အလင်းတန်းကို အမိအရ ဖမ်းဆွဲမည့်  လူငယ်အချို့၏ စိတ်ဘောင်ဘင်ကို ကျွန်တော် တွေးရင်း ကျွန်တော် အိမ်ပြတင်းပေါက်တွင် ဘယ်တော့မှ အငြိမ်မနေသော တိမ်တွေ ကို ငေးလျက်။တစ်ချက်ပြုံးလိုက်မိပါသည်။
“ကျွန်တော် ကတော့ တိုင်းပြည်ကိုချစ်လျှင် လူငယ်တွေ ကို ချစ်ရမည် ဟု ခံယူသူ ဖြစ်ပါ၏ ။ ကျွန်တော် တို့ မျိုးဆက်အပြီးတွင် သူတို့မျိုးဆက်သည် တိုင်းပြည်တာဝန်ကို ကျရာနေရာမှ ယူကြ မည့်  သူများ ဖြစ်သည်။”
ပြည်အရေး မှာ နီသွေးတကယ်ရဲစေကွဲ့ ဆောင်းပါးမှ ဆရာကျော်စောမင်း၏ လူငယ်တွေ အ ပေါ်ထားသော သဘောထား ဖြစ်ပါသည်။ မျှော်လင့်ချက်လည်း ဖြစ်ပါသည်။ ကျွန်တော် လည်း နှစ် လိုလက်ခံပါသည်။ လူကြီးက လူငယ်ကိုနှစ် လိုလက်ခံရာ၌ တစ်စုံတစ်ရာနေရာပေးလိုသော စေတ နာ သဘောဆောင်သည်ဆိုခြင်း အပေါ်မူ အငြင်းပွားစရာမလိုဟု ထင်ပါသည်။
လူငယ်ဟူသည် အမည် နာမမတပ်ရသေးသော ကြယ်ပွင့်များ သာ ဖြစ်ပါသည်။ ကောင်းမြတ်သော ထူးချွန်ထက်မြက်သော အမည် နာမတွေ တပ်ချင်သလောက်သာ တပ်ကြစမ်းပါ။ နေရာပေးဖို့ စောင့်နေသည့်ကောင်းကင်ကြီးက အကျယ်ကြီး ဖြစ်ပါသည်။
သို့ သော် ကြယ်ပွင့်တို့ အလှနှင့် ကောင်းကင်ရဲ့ ဣနြေ္ဒပြည့်ဝ ရွှန်းစိုမြဖို့အတွက်တော့ တိမ် တိုက်တို့ကင်းစင်ရန် လိုပါလိမ့်မည် ။ တိမ်တိုက်တွေ ကင်းစင်မည့် အချိန်တစ်ချိန်ကိုတော့ စောင့်တတ်ဖို့လိုလိမ့်မည် ထင်ပါသည်။
ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော ကြယ်ပွင့်တို့၏ လူငယ်ဘ၀တွင် တစ်စုံတစ်ရာ စောင့်စား ခဲ့ရသည့်ကာလများ မှာ အမှန်ပင်ရှိခဲ့ကြပါသည်။ ထိုစောင့်စားခဲ့ရသော ကာလများ သည်အောင် မြင် မှု အသီးအပွင့်တို့အတွက် အဖိုးတန်သော ကာလများ ဟု ယူသော်ရကောင်းမည် ထင်ပါသည်။
ကြောင်တစ်ကောင်လို အသက်ပြင်းသော ကျားတစ်ကောင်သို့ မဟုတ် ကမ္ဘာ့အသက်ငယ် ဆုံး ၀န်ကြီးချုပ်လို့ သမိုင်းတွင် ခဲ့သူမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန် ဖြစ်ပါသည်။
ကမ်ပုမ်နယ်သား။ ဘုန်းကြီးကျောင်းသား မောနီစစ်သား၊ စိတ်ကူးယဉ်ဖွယ် သူရဲကောင်း၊ လွတ်မြောက်ရေး လှုပ်ရှားသူ ။သံတမန်တစ်ဦး၊ သြဇာတိက္ကမရှိသူ စသည်ဖြင့် ဘ၀မျိုးစုံ ကျင်လည် ခဲ့သည်။
၁၈ နှစ် သားအရွယ်ကစပြီး သီဟာနု၏ ဦးဆောင်မှု အောက်၌ ဖွဲ့စည်းထားသော မောနီခေါင်းဆောင် မာကွီးစ်ဟု လူသိများ သည့် သမ္မတအစိုးရဆန့်ကျင်ရေး မြေအောက်လှုပ်ရှားအ ဖွဲ့သို့ စတင်ဝင်ရောက်ခဲ့၏ ။ တိုက်ပွဲကြီးများ ၌ ဒဏ်ရာ ၅ကြိမ် ရခဲ့၏ ။ ၉ကြိမ်ထက်မက သေဘေး ကြုံခဲ့ရ၏ ။ ဖနွမ်းပင်မြို့ သိမ်ပိုက်ပွဲတွင် ၀ဲဘက်မျက်လုံးစွန့်လွှတ်ခဲ့ရသည်။
ဘ၀မျိုးစုံ၊ ဒဏ်ရာ မျိုးစုံနှင့် ၁၅ နှစ် ကျော်ဖြတ်သန်းပြီးမှ အောင်မြင်မှု လမ်းပေါ်ရောက်ခဲ့ရ သည်။ အသက် ၂၇နှစ် တွင် နိုင်ငံခြားရေး ၀န်ကြီး။ ၃၃ နှစ် တွင် ၀န်ကြီးချုပ်ရာထူးကို ရရှိခဲ့သည်။ အောင်မြင်ကျော်ကြား လူသား တစ်ယောက် ၏ လူငယ်ဘ၀စွန့်စားမှု များ ကား အတုယူဖွယ် ကောင်း လှပါသည်။
အကြွင်းမဲ့ စွန်ု့လွှတ်စွန့်စားမှု တွေ နဲ့ တကယ့်စံပြကွန်မြူနစ်အ ဖြစ် သမိုင်းမော်ကွန်း အထိုး ခံရသူ ကတော့ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း ဖြစ်ပါသည်။ ဟိုချီမင်းရဲ့ ဘ၀ကို ကြည့် လျှင် တော် လှန်ရေး နယ်မြေမှာ မွေးခဲ့သူပီပီ ငယ်စဉ်ကတည်းက ဖခင်၏ နယ်ချဲ့ဆန့်ကျင်ရေး ကိစ္စများ တွင် ဆက်သားအ ဖြစ် ဆောင်ရွက်ပေးရသည်ကို ကျေနပ်သူ ဖြစ်၏ ။၏
၁၆ နှစ် သားကတည်းက တောရောမြို့ပါ ဆင်းရဲတွင်းနက်သည့် ဒုက္ခကိုသာ စိတ်ဝင်စားပြီး ပြင်ပစာပေကိုသာ လေ့လာခဲ့သည်။ သဘောင်္သား၊ ပန်းကန်ဆေးသမား၊ စားပွဲထိုး စသည့်ဖြင့် ကျင် လည်ခဲ့ရ၏ ။ အသက်၃၀ တွင် ပြင်သစ်ကွန်မြူနစ် ပါတီကို ထူထောင်ခဲ့သည်။ ထို့နောက် အင်ဒိုချိုင်း နား ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့သည်။ ဟောင်ကောင်တွင် ဗြိတိသျှတို့၏ ဖမ်းဆီးမှု ကို ခံခဲ့ရ သေး၏ ။ သည့်နောက်မှ ဗီယက်နမ်သို့ ပြန်ရောက်လာပြီး ဂျပန်ဆန့်ကျင်ရေး စစ်၊ ပြင်သစ်ဆန့်ကျင် ရေး စစ်၊ အမေရိကန် ဆန့်ကျင်ရေး တို့ကို နွှဲရင်း ဟိုချီမင်း ဖြစ်လာခဲ့သည်။ ၁၆ နှစ် သားအရွယ် ကတည်းက ဖြတ်သန်းစောင့်စားခဲ့ရသော ကာလများ ကား ရေတွက်ကြည့်ရုံနှင့် သိနိုင်လောက်ပါ သည်။
လူဖြူကောင် တောင်အာဖရိက အစိုးရအတွက် ပြဿနာကောင်ဟု တင်စားခံရသည့် နယ်လ်ဆင်မင်ဒဲလား ကတော့ တောင်အာဖရိက Eastern Cape ဒေသရွာကလေးက ဖြစ်ပါသည်။ ၁၉ နှစ် သားတွင် BA ဘွဲ့အတွက် Fort Hare တက္ကသိုလ်တွင် ဥပဒေအစိုးရ ဆန့်ကျင်မှု တွင် တက်ကြွခဲ့လို့ ကျောင်းထွက်ခဲ့ရသည်။ နောက်မှ တောင်အာဖရိက တက္ကသိုလ်မှ စာပေးစာယူဖြင့် ဘွဲ့ရခဲ့၏ ။
အသားအရောင် ခွဲခြားသူ ဆန့်ကျင်ရေး ၊ ဒီမိုကရေစီရေး ၊ လွတ်လပ် လူ့ဘောင် ဖြစ်ရေး တို့ အတွက် ထောင်ထဲမှာ အချိန်တွေ ကုန်ခဲ့သူလည်း ဖြစ်သည်။ ၂၆ နှစ် သား အရွယ်မှာ အာဖရိက အ မျိုးသားကွန်ဂရက်လူငယ်အဖွဲ့ချုပ်ကို တည်ထောင်ခဲ့ပြီး သူ့အသက် ၄၄နှစ် တွင် စတင်အဖမ်းခံရပါ သည်။ တစ်ထောင်ပြီး တစ်ထောင်ပြောင်းကာ ထောင်နန်းစံ ၂၇နှစ် ကြာမှ လွတ်မြောက်ခဲ့ပြီး သမ္မတ ဖြစ်လာခဲ့သူ ဖြစ်သည်။ နိုင်ငံပေါင်း ၅၀ ထက် မနည်းဘဲ ဂုဏ်ထူးဆောင်ဘွဲ့တွေ ရဖို့ ငြိမ်း ချမ်းရေး နိုဘယ်ဆုရှင် ဖြစ်ဖို့ စောင့်စားခဲ့ရသော ကာလများ ကား ရှည်လျားလွန်ုးပေစွ။
“I have a dream” ဆိုတဲ့ ကမ္ဘာကျော် မိန့်ခွန်းဖြင့် အထင်ကရ ဖြစ်ခဲ့သူ “မာတင် လူသာကင်း” ကိုတော့ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာ ဒေသတွင် မွေးခဲ့သည်။
ကောလိပ်ကျောင်း စတက်တော့ သူ့အသက် ၁၅ နှစ် ။ ဘွဲ့ရတော့ ၁၉နှစ် ။ ဒေါက်တာဘွဲ့ရ တော့ ၂၆ နှစ် ။ မဟတ္တမဂန္နီကို အားကျပြီး အကြမ်းဖက် ဆန့်ကျင်မှု ကို စိတ်ဝင်စားသည်။ လေ့လာ သည်။ လူမျိုးရေး ခွဲခြားမှု နှင့် လူလူချင်း ဆန့်ကျင်ခွဲခြားမှု ကို ဆန့်ကျင်သည်။ ဤသို့ ဆန့်ကျင်ရာ တွင် အကြမ်းမဖက် ဆန့်ကျင်နည်းကို အားပေးပြီး ကိုယ်တိုင်လည်း ပါဝင်ခဲ့သည်။
ကမ္ဘာကျော် မိန့််ခွန်းကို ပြောခွင့်ရတော့ သူ့အသက် ၃၄ နှစ် ကျော်ပြီး သည်အထဲ ဆန္ဒပြပွဲ တွေ မှာ ဦးဆောင်ဦးရွက် လုပ်လို့ဘာမင်ဂံ ထောင်ထဲသို့ ရောက်ခဲ့ရပြန်သည်။ သည့်နောက်မှာ တော့ လူမည်းတို့၏ လူ့အခွင့်အရေး အတွက် တိုက်ပွဲဝင်ရင် ၁၉၄၆ ခုနှစ် တွင် စာတစ်အုပ်ရေး ခဲ့ သည်။ သမိုင်းဝင် စာတစ်အုပ် ဖြစ်သလို စာအုပ်အမည် က စိတ်ဝင်စား၍ ကောင်းသည်။ Why we can’t wait ဘာကြောင့်င့ါတို့ မစောင့်စားနိုင်ရမှာ လဲ ဖြစ်သည်။
ဟုတ်သည်။ ဘာကြောင့် မစောင့်နိုင်ရမှာ လဲ။ စောင့်ရမည် ။ သေချာပေါက် စောင့်ရမည် ။ ထို စောင့်စားခြင်းထဲတွင် တစ်စုံတစ်ရာ အဓိပ္ပါယ် တွေ ရှိမှာ သေချာသည်။ ဒါကြောင့် စောင့်စားခြင်း သည် အတတ်ပညာ၊ စောင့်စားခြင်းသည် အနုပညာ။
ကမ္ဘာကျော် စစ်နှင့်ငြိမ်းချမ်းရေး ၀တ္ထုကြီး ဤမျှအောင်မြင်ခဲ့ခြင်းမှာ စာရေး ဆရာကြီး လီယိတော် စတွိုင်း အကြိမ်ကြိမ်အခါခါ ပြုပြင်၍ ရေး သားခဲ့ခြင်းကြောင့်ဆိုတာ ငြင်းလို့မရနိုင်သော သာဓက တစ်ခု ဖြစ်ပါသည်။ အချိန်ကို တန်ဖိုးရှိအောင် စောင့်စား၍ အသုံးချတတ်မှု ပင် ဖြစ်ပါသည်။
တန်ဖိုးရှိသော အချိန်ကို စောင့်စားတတ်ခြင်းသည် အောင်မြင်မှု ၏ သော့ ချက်လည်း ဖြစ်ပါ သည်။ သို့ သော် လူတွေ က ခက်သည်။ မိုက်မဲသော အလိုလောဘကို တန်ဆာဆင်ကာ မြန်မြန်ရ လိုမှု ဖြင့် ပြီးမြောက်ချင် ကြလေသည်။ ထိုအခါ အမှားအမှန် ဝေဖန်မှု ဥာဏ်သည်လည်း ပါးလျား သွားသဖြင့် လူရယ်စရာမျိုးလည်း ဖြစ်သွားတတ်ပါသည်။
တစ်ခါက ဖြစ်ပါသည်။
ငွေတာရီမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးလေးမြိုင် က ခေါ်လို့ ကျွန်တော် သွားတွေ့ စဉ်က ဖြစ်ပါ သည်။ ကျွန်တော့်  စာမူတစ်ပုဒ် နှင့် ပက်သက်၍ ခေါ်ဆွေးနွေးတာ ဖြစ်သည်။ ထိုစဉ် ဖုန်းမြည် လာ သဖြင့် ဆရာက ဖုန်းရှိရာသွားပြီး စကားပြောပါသည်။ တစ်ဖက်က အသံကို မကြားရ သော် လည်း ဆရာ့လေသံကို ထောက်၍ စာမူပါရှိစေရေး ကိစ္စ ဖြစ်နေမှန်း သိသာသလို ထို ဖက်က ပုဂ္ဂိုလ် မှာ လည်း ခေသူမဟုတ်ထဲက ဖြစ်ပုံရပါသည်။
နောက်ဆုံး ဆရာပြန်ပြောလိုက်သော စကားတစ်ခွန်း ကတော့ တစ်သက်တာ မှတ်သားဖို့ ကောင်းသော စကား ဖြစ်ပါသည်။
ဆရာရယ် စာမူဆိုတာ စာမျက်နှာပေါ် လစဉ်ပါတိုင်းလည်း ကောင်းတာ မဟုတ်ပါဘူး။ ပါတဲ့အခါ ကောင်းဖို့ သာလိုရင်းပါ တဲ့။
ဖုန်းအချအပြီးတွင် ဆရာက ဆေးပြင်းလိပ် လက်နှစ် ဆစ်လောက်ကို ပါးစပ်မှာ မိန့်မိန့်ကြီး ခဲကာ ပြုံးပြုံးကြီး လုပ်နေပါသည်။ ပြီးမှ ဆေးပြင်းလိပ်တိုတို လက်ကြားပြောင်းညှပ်ကာ ဆိုရှာပါ သည်။
လစဉ်ပါချင်တဲ့ ရောဂါ ပေါ့။
ကျွန်တော် ကတော့ ဆရာ့စကားထက် ဆေးပြင်းလိပ် ခဲရင်း မိန့်မိန့်ကြီးပြုံး လိုက်သော အပြုံး ပို၍ အဓိပ္ပါယ်နက်ရှိုင်းသည်ဟု ထင်ပါသည်။ ကျွန်တော် တို့၏ မသိဆိုးဝါး လောဘ အမှား ကြောင့် ကွယ်ရာတွင် ပညာရှိအပြုံးခံရမှာ ကိုတော့ သေမလောက် ကြောက်မိပါ သည်။
ထို့အတူ။
စာဖတ်သူ အများ ပိုင်ဆိုင်သော မဂ္ဂဇင်းစာမျက်နှာကို င့ါဥစ္စာ င့ါဟာမှတ်ပြီး ငါပါချင်ဇော တွေ နှင့် ငါတစ္ဆေခြောက်နေသည့် ကလောင်အချို့ကို တွှေ့ရလေတိုင်း ဆရာဦးလေးမြိုင်စကားကို သာ ငှားပြီး ပြောပစ်လိုက်ချင်ပါသည်။
ပါတိုင်းကောင်းတာ မဟုတ်ပါဘူး လို့။
လူငယ်ရေကြည်ရေနောက် ပြဿနာနှင့် သမိုင်းကို ဖန်တီးသူများ
ရနံ့သစ်ဆောင်းပါး ပေါင်းချုပ် ၊ ၂၀၁၁ခု။
![]() တိမ်စင်လရဲ့ အလှဝိညာဉ်ကဗျာများ | ![]() အလှကိုယ်စီ ပန်းလိုသီ ကလေးကဗျာများ | ![]() ကြယ်ကလေးသို့ မျှော်ငေးသူဂစ်တာသံ |