Cover

(1)

လူငယ်နှင့် နိုင်ငံရေး

သန်းဝင်းလှိုင်

မာတိကာ

၁။ နိဒါန်း ....၁

၂။ နိုင်ငံရေး ဆိုတာ ....၃၆

၃။ လူသမိုင်းတစ်လျှောက်ပေါ်ထွန်းခဲ့သော ခေတ်များ .... ၅၅

၎။ လူ့သမိုင်းတစ်လျှောက်ပေါ်ပေါက်ခဲ့သော ၀ါဒများ ....၇၉

၅။ မင်းကျင့်တရား (၁၀) ပါး ....၁၁၃

၆။ နိုင်ငံရေး သမားဟူသည် ....၁၃၀

နိဒါန်း

လူငယ်တို့ရေ...

အစ်ကိုကြီးတို့ နိုင်ငံဟာ နှစ် ပေါင်းများ စွာ စစ်အာဏာရှင် စနစ်ဆိုးနဲ့ အုပ်ချုပ်ခဲ့တာကြောင့် နိုင်ငံရေး အကြောင်း၊ဒီမိုကရေစီအကြောင်းနဲ့ လူ့အခွင့်အရေး အကြောင်းတွေ ကိုဘယ်သူကမှ မပြောရဲ၊ မဆိုရဲ၊ မကြားရဲအောင် ထိတ်လန့်ခဲ့ကြတယ်။ တကယ်တော့ ဒါကလည်း သိပ်တော့ မဆန်းလှပါဘူး။ လက်နက်ကိုင်ထားပြီး ဥပဒေမဲ့ ထင်သလိုအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေ ကို လူတွေ ကြောက်တာ သဘာဝပါပဲ။ ခါးပိုက်ထဲမှာ မြွေပွေးတို့၊ မြွေဟောက်တို့ကို ခါးပိုက်ထဲ ပိုက်ထားကြရင်လည်း လူတွေ ကြောက်ကြမှာ အမှန်ပဲကွ။သို့ ပေမဲ့ အားမတန်လို့မာန်လျှော့၊ မချစ်သော်လည်း အောင့်ကာနမ်း မနမ်းသော်လည်း ပင့်သက်ရှူဆိုသလိုပေါ့ကွာ။အဲ့ဒီအချိန်တုန်းက အမြင်မတူသူ၊ မိမိယုံကြည်ချက်ကြောင့် နိုင်ငံရေး လှုပ်ရှားခဲ့သူတွေ ကို ပြင်းထန်စွာ ဖိနှိပ်၊ ဖမ်းဆီး၊ထောင်ချ၊ ညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် စစ်အာဏာရှင်တွေ နဲ့ သူတို့ရဲ့ လက်ကိုင်တုတ်တွေ ကို ကြောက်တာမို့ နိုင်ငံရေး ဆိုတဲ့စကားကို လူတွေ တော် တော် များများ ဝေးဝေးကရှောင်ခဲ့ကြတယ်။

ဒါပေမဲ့... အခုအခါမှာ တော့ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် တက်လှမ်းတာမို့ အရင်ကမပြောရဲ မဆိုရဲအောင် ဖြစ်ခဲ့တဲ့ နိုင်ငံရေး ၊ ဒီမိုကရေစီရေး ၊လူ့အခွင့်အရေး အကြောင်းတွေ ကို နေရာအနှံ့ လှိုင်လှိုင်ကြီးကြားနေရပြီကွဲ့။

တကယ်တော့ နိုင်ငံရေး ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်နေတာကွဲ့။ “လူဆိုတာ နိုင်ငံရေး သတ္တ၀ါ ဖြစ်တယ်” လို့ဂရိတွေးခေါ်ရှင် အရစ္စတိုတယ် (၃၈၄-၃၂၂ ဘီစီ) ကပြောခဲ့ဖူးတယ်။ နိုင်ငံရေး ရဲ့ အဓိပ္ပာယ်ကိုတော့ ဗိုလ်မှူးချစ်ကောင်းပြုစုတဲ့ “နိုင်ငံရေး အဘိဓာန်”မှာ တော့.....

“လူတန်းစားများ ၏ မိမိတို့ စီးပွားရေး ၊ အကျိုးစီးပွားတိုးတက်ရေး အတွက်နှင့် အနှစ် သာရအားဖြင့်အစိုးရအာဏာရရှိရေး အတွက် ဖြစ်သော သဘောတရားနှင့် ဆောင်ရွက်ချက်သည် နိုင်ငံရေး ဖြစ်သည်” လို့ဖွင့်ဆိုထားတယ်။

Cover

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကတော့....

“လူဆိုတာ အရစ္စတိုတယ် ပြောသလို နိုင်ငံရေး သတ္တ၀ါ ဖြစ်တယ်။ နိုင်ငံရေး ဆိုတာ ကျုပ်တို့ရဲ့ ဘ၀၊ကျုပ်တို့ရဲ့ အလုပ်ထဲမှာ ရှိနေတယ်။ လယ်သမားများ က သူ့မြေနဲ့ သူ့အခြေအနေကို တိုးတက်အောင် လုပ်ချင်တယ်။ စာရေး စာချီတွေ က သူတို့ရဲ့ ပင်ပန်းတဲ့ရုံးအလုပ်နဲ့ တင်းတိမ်မနေကြဘူး။ ချို့တဲ့ကြောင့်ကြနေရတဲ့ ဘ၀က လွတ်ချင်ကြတယ်။ ကုန်သည်ပွဲစားတွေ က ရောင်းရေး ၀ယ်ရေး အလုပ်အတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ကို လိုချင်ကြတယ်။ အဲ့ဒီလူတွေ အားလုံး သူတို့ရဲ့ ဘ၀တိုးတက်ဖို့အတွက် ကြိုးစားကြတာ၊ ချမ်းမြေ့သာယာရေး အတွက် ကြိုးစားကြတာတွေ ဟာ နိုင်ငံရေး ပဲ” လို့ ပြောဖူးတယ်ကွဲ့။

ဆရာမောင်ဝံသ ပြုစုတဲ့ ““ခေတ်မှီနိုင်ရေး ဝေါဟာရအဘိဓာန်”မှာ တော့  အောက်ပါအတိုင်း ဖွင့်ဆိုထားပြန်တယ်။“နိုင်ငံရေး ဟူသည် တိုင်ရေး ပြည်မှု လုပ်ငန်းဆောင်တာများ ကို ညွှန်ကြားခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ ၀ိဇ္ဇာ သို့ မဟုတ်သိပံ္ပအတတ်ကို လက်တွေ့  အကောင်အထည်ဖော်ခြင်းသည်လူမှု ဘ၀၏ မည် သည့်အစိတ်အပိုင်းကို နိုင်ငံရေး ဟု ခေါ်သနည်းဟု မေးခွန်းထုတ်လျှင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ စွာ ကွဲလွဲနိုင်သည်။ မည် သို့ ရှိစေ နိုင်ငံရေး သည် လူ့အဖွဲ့အစည်းအသီးသီးရှိ လူတိုင်းနှင့် သက်ဆိုင်သည်။ တိုင်းရေး ပြည်မှု ဆိုင်ရာ အဆုံးအဖြတ်များ ကို လူအများ က ပါဝင်ဆောင်ရွက်ခြင်း ဖြစ်စဉ်သည် နိုင်ငံရေး ပင် ဖြစ်သည်။ အင်္ဂလိပ်ဘာသာ"Politices" သည် ဂရိစကား "polis" မှ ဆင်းသက်လာခြင်း ဖြစ်သည်။ “မြို့” သို့ မဟုတ် “နိုင်ငံ” ဟု အဓိပ္ပာယ်ရသည်။ "Politicos" သည် နိုင်ငံ သို့ မဟုတ် မြို့ပြရေး ရာများ နှင့် ဆက်စပ်မှု ဟူသမျှကို သုံးနှုန်းသော စကားလုံး ဖြစ်သည်။ လက်တင်ဘာသာဖြင့် နိုင်ငံရေး ကို "Politicus"ဟုခေါ်ပြီး ပြင်သစ်ဘာသာတွင် "Politique" ဟု သုံးနှုန်းခဲ့သည်။ သို့ ဖြင့် အင်္ဂလိပ်စာလုံး"Politics" ဟူ၍ ဖြစ်တည်လာခဲ့သည်။ နိုင်ငံရေး သိပံ္ပပညာသည် နိုင်ငံရေး ၏ အဓိကအချင်းအရာနှစ် ဖြစ်သော အာဏာရရှိရေး နှင့် အာဏာကျင့်သုံးရေး တို့ကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေး အာဏာကိုအကြောင်းပြု၍ လက်ဝဲနိုင်ငံရေး နှင့် လက်ယာနိုင်ငံရေး ဟူ၍ ကွဲပြားလာခဲ့သည်။ ပြင်သစ်တော် လှန်ရေး အကြိုကာလတွင် အမျိုးသားလွှတ်တော် ခေါ်ယူသော အခါ ဘုရင်ကို ဆန့်ကျင်သူများ က လက်ဝဲဘက်တွင် ထိုင်ကြပြီး၊ ဘုရင်ကို လိုလားသူများ က လက်ယာဘက်တွင် ထိုင်ကြသည်ကို အစွဲပြုကာလက်ဝဲသမား၊ လက်ယာသမားဟူ၍ ခွဲခြားခေါ်ဝေါ်လာခြင်း ဖြစ်သည်။ ယေဘူယျလက်ခံထားသည်မှာ လက်ယာသမားများ သည် အစဉ်အလာကို တန်ဖိုးထားသည်။ အရင်းရှင်စနစ်ကို လက်ခံသည်။ လက်ဝဲသမားများ က အစဉ်အလာကို ပြုပြင်ပြောင်းလဲရန် ၀န်မလေးကြ။ သာတူညီမျှဝါဒ(Equalitariansim) ကို တန်ဖိုးထားသည်။ သို့ ဖြင့် လူမှု ဆိုင်ရာ မမျှတမှု များ ကို ပပျောက်အောင် ကြိုးပမ်းရမည် ဟုယုံကြည်သည်။ လက်ယာသမားများ ကမူ လူမှု မညီမှု များ သည် သဘာဝအတိုင်း ဖြစ်ရခြင်းဟု ယူဆသည်။ ပပျောက်အောင်လုပ်၍ မရနိုင်ဟု ဆိုသည်။ လူမှု မမျှတမှု များ ကိုအတင်းအဓမ္ဓ ပြုပြင်ပြောင်းလဲရန် ကြိုးစားခြင်းသည် စိတ်ကူးယဉ်ခြင်း သို့ မဟုတ် အမိန့်အာဏာသုံးခြင်းသာ ဖြစ်သည်ဟုဆိုသည်။

Cover

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇) ကလည်း အိုးဝေမဂ္ဂဇင်း၌ ရေး သားခဲ့သော “နိုင်ငံရေး ၏ သဘောသဘာဝ၊ နိုင်ငံရေး ၀ါဒအဖုံဖုံတို့ကိုအကျယ်တ၀င့် ရေး သားခဲ့တယ်။ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေး အမျိုးမျိုးကို လေ့လာကြည့်ကြပါစို့။

“နိုင်ငံရေး ဆိုသည်မှာ အင်္ဂလိပ်လိုအားဖြင့် 'politics'ဟုခေါ်သည်။ Politics (ပေါ်လစ်တစ်) ဆိုတဲ့စကားသည်အင်္ဂလိပ်စကားမဟုတ်။ ပေါ်လစ်တစ်ဆိုသော စကားမှာ ဥရောပတစ်တိုက်လုံး သိ၏ ။ ပေါ်လစ်တစ်ဆိုသော စကားမှာ ခေါမတိုင်းခေါ် ဂရိပြည်မှ စတင်ပေါ်ပေါက်လာပေသည်။ခေါမစကား Polity (ပိုလစ်တီ) ဆိုသော စကားမှ ဆင်းသက်လာပေသည်။ အဓိပ္ပာယ်ကား လူများ စုပေါင်းချုပ်မှု ပင် ဆိုပေသည်။ ထို့ကြောင့် နိုင်ငံရေး ဆိုသည်မှာ လူအ၀န်းနှင့် ပေါင်းသင်းအုပ်ချုပ်ရသော ကိစ္စပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး ကို Social Science (ဆိုရှယ်ဆိုင်းယင့်စ်) ပေါင်းသင်းဆက်ဆံမှု (လောကဓာတ်) ပညာဟု ယူဆရပေမည် ။ ထိုလူလူချင်း ပေါင်းသင်းဆက်ဆံမှု မှ ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်ကို အကြောင်းနှင့် အကျိုးတရားကို အမှီထား၍ ရှာဖွေစုံစမ်း၊ စစ်ဆေးမေးမြန်း၊ ဝေဖန်ခွဲခြား၊ စီမံအုပ်ချုပ်မှု ပင် ဖြစ်သည်။ ဤကိစ္စကို အကျဉ်းအားဖြင့် နိုင်ငံရေး ၀ါဒတိုင်း တစ်နိုင်ငံလုံးအရေး ဟု ယူဆကြ၏ ။ သို့ သော်ယခုအခါ နိုင်ငံရေး ၏ အဓိပ္ပာယ်မှာ တစ်နိုင်ငံ၊ တစ်တိုင်းပြည်လောက် ကိစ္စမဟုတ်တော့ တစ်ကမ္ဘာလုံးကိစ္စ ဖြစ်လာ၏ ။ နိုင်ငံရေး ပေါ်ကာစ ခေါမ၊ ရောမတိုင်း၊ ထိုအခါများ ၌ ကား နိုင်ငံရေး သည် City State (စီတီစတိတ်) ခေါ် မြို့ကြီးတစ်မြို့သာ ရှိ၏ ။ ထို့နောက် ကျယ်၍ ကျယ်၍ လာရာယခုအခါကား ကမ္ဘာနှင့် အ၀န်းအထိသို့ ပင် ဖြစ်လေပြီ။ထို့ကြောင့် နိုင်ငံရေး ဆို၍ မိမိနိုင်ငံကလေးတွင် ချည်း ထင်သလိုလုပ်၍ မ ဖြစ်နိုင်တော့ချေ။ ဥဒါဟဂုဏ်တွေ ၊ ပြယုဂ်တွေ ပြနေဖို့ မလိုပြီဟုယူဆ၏ ။

အထက်၌ ဖော်ပြခဲ့သော နိုင်ငံရေး ၏ သဘောကို အကျယ်ဋီကာဖွင့်ရလျှင် ကုန်နိုင်ဖွယ်မရှိ၊ သို့ရာတွင် ပိုမိုထင်မြင်သဘောပေါက်စေခြင်းငှာ သရုပ်ထပ်၍ ဆောင်ပြဦးအံ့။နိုင်ငံရေး သည် လူမှု ၊ သူမှု ကိစ္စ အားလုံးပင် ဖြစ်၏ ။

လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့်အခါမှစ၍ လူ၏ အတန်းအစားအလျောက် လူလိုနေ၊ လူလိုဝတ်၊ လူလိုစား၊ လူလိုသောက်၊ လူလိုလုပ်လာ၏ ။ လူလို လုပ်ချင်လာ၏ ။ လူလိုကြိုးစားလာ၏ ။ အထမြောက်လာ၏ ။ ပိုမို ကျယ်ပြောလာ၏ ။လူနှင့် တိရစ္စာန်ကွဲပြားမှု မှာ လူက လုပ်ငန်းဆောင်တာများ ကိုဆောင်ရွက်ကြရာ၌ ပိုမိုများ ပြား ရှုပ်ထွေးလာသော အခါနိုင်ငံရေး တည်းဟူသော လူ့ပင်မများ ပေါ်ပေါက်လာ၏ ။ဥပမာကား ဂဏန်းသင်္ချာတွင် အပေါင်း၊ အနုတ်၊ အမြှောက်၊အစားထက် အမြှောက်အစားက ဘုံးသုံးကိန်းလာ ဘုံညီကိန်းသို့ တစ်ဆင့်တက်၊ ဤသို့ တက်၍ တက်၍ သွားသည့်အခါရိုးရိုးဂဏန်းမှ ဆန်းဆန်း၊ ဆန်းဆန်းမှ ရုပ်ရှင် ဖြစ်လာသကဲ့သို့ ပင် ထိုအပေါင်းအက္ခရာသင်္ချာ အစရှိသဖြင့် ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သည်။ အမြှောက်အစားသည်

Cover
အပေါင်းအနုတ်မှ တစ်ဆင့်တက်ခြင်း ဖြစ်သကဲ့သို့ ဖြစ်သည်။အမြှောက်သည် အပေါင်းများ စွာ လုပ်ရသည်ကို အလွယ်နည်းပိုမိုကောင်းသော နည်း ဖြစ်သကဲ့သို့ အစားသည် အနုတ်များ စွာ လုပ်နေရသည့်ကိစ္စကို ပြုပြင်သကဲ့သို့ ၊ လူမှု ကိစ္စများ လည်းဗမာ့အယူအရ ပဒေသာပင်ခေတ်မှ သမ္မတ မင်းခေတ်(အစိုးရပေါ်သည့်ခေတ်) တည်းဟူသော နိုင်ငံရေး ဘ၀ရောက်လာ၏ ။ တခြားအရာတွေ အယူအဆမူကား လူရိုင်းမှလူယဉ်ခေတ်ရောက်လာသည့်အခါ နိုင်ငံရေး ပေါ်သည်ဟုဆို၏ ။ မည် သို့ ပင် ဖြစ်စေ တူသော အချက်ကား လူမှု ၊ သူမှု ကိစ္စများ ထွေပြားနက်နဲလာသည့်အခါ တစ်ဦးတည်း တစ်အိမ်ထောင်တည်း၊ တစ်မျိုးတည်း၊ တစ်ဘာသာတည်း၊ တစ်နိုင်ငံတည်းဆိုသည့် ကိစ္စမျိုးမရှိတော့ဘဲ တစ်ဆင့်ထက်တစ်ဆင့် တက်လာ၏ ။ ထိုလူ့အဆင့်အတန်းမှ နိုင်ငံရေး တည်းဟူသော ပင်မသည် ပေါ်လာ၏ ။

ပေါ်လာပုံကား လူတွေ ကများ လွန်း၍ ပြဿနာတွေ ကရှုပ်လွန်း၍ လူချင်းညှိလို့မရလွန်း၍ တစ်ယောက် ယောက် စည်းမဲ့ကမ်းမဲ့ ဖြစ်လာ၍ အစိုးရဟု ပေါ်ပေါက်လာ၏ ။ ထိုအစိုးရကား လူတွေ က အသီးသီး သူ့နေရာ သူတို့အားလုံးအကျိုးအတွက် တင်လိုက်၍ ဖြစ်ရ၏ ။ လူအများ က သူတို့အတွက် ဘေးရန်ကာကွယ်ပေးနိုင်ပါစေ။ အငြင်းအခုံများ ဖျန်ဖြေပေးနိုင်ပါစေ၊ အစားအသောက် အ၀တ်အနေ မှန်ပါစေဆို၍ အစိုးရကို ချီးမြှောက်ကြ၏ ။ အစိုးရစကားကို လိုက်နာကြ၏ ။ အစိုးရကလည်း ရသည့်အခွန်ကို တိုင်းသူပြည်သားများ အတွက် ပြန်သုံးရ၏ ။ တိုင်းသူပြည်သားများ ကောင်းကျိုးအတွက် အများ လိုက်နာရန် ဥပဒေတွေ ထုတ်၊ ဥပဒေမနာခံသူတွေ ကို အထိုက်အလျောက် စီရင်ပေးရ၏ ။ အမှန်စင်စစ်မှာ ပြည်သူ့ဆန္ဒအရ အုပ်ချုပ်မှု ဟုခေါ်သော ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေး ၏ အရင်းခံသဘောပင် ဖြစ်သည်။နိုင်ငံရေး ၏ မဖောက်မပြန် မှန်ကန်သော ပရမတ်ကျား ဖြစ်၏ ။ သို့ သော် နက်နက်နဲနဲ တွေးရှုသည့်အခါ အမှန်မှာ ဒီမိုကရေစီဟု မရှိလှသေး။

လူတွေ တရားမစောင့်နိုင်သည့် အကြောင်းအရင်းမှာ လည်း လောဘတရားကြောင့် ဖြစ်၏ ။ လောဘတရား ဖြစ်ခြင်းမှာ လည်း ပုဂ္ဂလိကပစ္စည်းပေါ်ပေါက်လာသဖြင့် ငါ့ဟာ၊ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော “သက္ကယဒိဌိ”အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့် ဖြစ်သော ဒေါသ၊ထိုလောဘ၊ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှု ဖြစ်လာ၏ ။

ထိုအခါ လူများ မှာ အကျိုးခြင်းမတူဘဲ ဖြစ်လာ၏ ။မတူသော အကျိုးများ ကြောင့် အချင်း ဖြစ်ရ၏ ။ သို့ ဖြစ်ရကားအကျိုးခံစားရသော သူတစ်စုသည် မိမိ ထိုအကျိုး မပျက်

Cover
မပျောက်စိမ့်သော ငှာ ““ကိုင်း............မင်းတို့ ငါတို့သည်လိုချည်းတစ်ဦးနှင့် တစ်ဦး တိုက်ခိုက်၊ သတ်ဖြတ်၊ ငြင်းခုံ၊ လုယက်နေလို့ မ ဖြစ်ဘူး။ နိုင်ငံရေး ထွင်ကြစို့၊ အစိုးရ ထောင်ကြစို့။သူက ငါတို့ကို အုပ်ချုပ်ပေတော့။ သူတို့ ငါတို့က ဘယ်လိုကူညီကြ”” ဆို၍ အကျိုးခံစားခွင့်ရှိသူများ က အကျိုးခံစားခွင့်မရှိသူများ ကို လှည့်စား၍ သူတို့ကိုယ်စား အစိုးရတွေ ၊ဘာတွေ နှင့် အေးအေးချမ်းချမ်း ပေါက်ထွင်ကြကုန်၏ ။

“လှည့်စားသည်” ဆိုသည်မှာ အကျိုးခံစားရသူများ ကိုယ်တိုင်က သိပြီး လှည့်စားခြင်း မဟုတ်။ သူတို့ လောဘစေတသိက်၏ မြှောက်ပင့်မှု ကြောင့် အမှန် ကတော့ လူတွေ အချင်းများ တာဟာ ငါတို့လောဘကြောင့် ငါတို့ သက္ကယဒိဋ္ဌိကြောင့် ဘုံပစ္စည်းကို ပုဂ္ဂလိကပစ္စည်းသို့ ပြောင်းလဲခြင်းကြောင့် ဟု မသိဘဲ မောဟများ နှင့် လောဘများ ကို အလိုလိုက်ခြင်းပင် ဖြစ်၏ ။ အကျိုးခံစားခွင့် နည်းသူများ သည်ထိုအခါ ဆိုးရွားသော အခြေအနေကို မရိပ်မိသေး၍ “အေး.... ကောင်းသားပဲ၊ နှစ် ဦးနှစ် ဖက်အကျိုးပဲ၊ ကောင်းတာလုပ်ကြကွာ၊ အစိုးရဆိုတာ ကောင်းသားပဲ။ မင်းတို့၊ငါတို့က တင်လိုက်တာပဲ။ သမာသမတ်နှင့် သူတို့က ကြားဖြန်လိမ့်မဟေ့” ဟု ယောင်ဝါးကုန်၏ ။

ဗမာစာတွင် ကား အစိုးရဟူ၍ သာ နိုင်ငံရေး စကား၏ “အစိုးရဆိုသည်မှာ ဆယ်အိမ်ခေါင်းကအစရှင်ဘုရင်အထိ

Cover
အုပ်ချုပ်သူများ ကို သိကြ၏ ။ “အစိုးရသည် ပြည်သူ၏ ကိုယ်စားလှယ်၊ ပြည်သူ၏ ဆန္ဒအရ ဖြစ်သည်ဆိုသော သဘောမှာ “ကြာလေပျောက်လေ” ဖြစ်လာ၏ ။ အစိုးရသည် ပြည်သူနှင့် အလှမ်းကွာနေ၏ ။ လူတို့စိတ်တွင် သူ့အရိုးနှင့် သူ့အမျိုးမှ ဖြစ်နိုင်သည်ဟု ထင်မှတ်ကြ၏ ။

အစိုးရတို့ အကျိုးခံစားရသော အတန်းအစားက မစားရသော အတန်းအစားကို သူမသိ၊ ငါမသိလှည့်ပတ်လိုက်သည့် အလိမ်မှာ သေသေချာချာကြည့်လျှင် ပေါ်ပေမည် ။သို့ သော်လည်း ကြီးမားလှသော မောဟတရား ဖုံးလွှမ်းနေသူတို့မှာ အကျိုးခံစားရသော အတန်းအစား၏ အလွန်သိမ်မွေ့ သော (၀ါ) ကိုယ်ကျိုးလှုံ့ဆော်၍ ၊ စေ့ဆော်၍ သူတို့ကိုယ်တိုင် လှည့်မှန်းမသိ လှည့်လာသော နည်းစနစ်ကြောင့် အလိမ်ခံရမှန်းမသိနိုင်တော့။

အကျိုးခံစားရသည့် မင်း၊ သူဌေး၊ သူကြွယ်တို့မှာ လည်း“ကုသိုလ်ကြောင့်” ဟု ပြောလာ၏ ။ အကျိုးမခံစားရသည့်သူများ ကလည်း “ခင်ဗျားတို့ကုသိုလ်ကြောင့် မဟုတ်ဘဲခင်ဗျားတို့ စီမံလာတဲ့ အဓမ္မစနစ်ကြောင့် ” ဟု မသိဘဲငါတို့ကံကြောင့် ဟု ထင်လာ၏ ။

ဗမာတွင် ကား အစိုးရဆိုသည့် နိုင်ငံရေး စကားသာရှိသဖြင့် အစိုးရမဟုတ်သည့် တိုင်းသူပြည်သားများ မှာ အကြောင်း သေချာစွာ မသိပင် မသိလင့်ကစား အစိုးရဆိုတာသူတို့မဟုတ်ဟုကား သိကြမည် ပင် ဖြစ်၏ ။

အင်္ဂလိပ်တွင် ကား ဟိုးရှေးက အရင်းခံသဘောကိုတကယ်ပဲ လက်စွဲရှိသေးသလို “စတိတ်” (State) ဟုခေါ်သော အစိုးရရော တိုင်းသူပြည်သားတွေ ပါ ဖြစ်သည်။တိုင်းဟူသော နိုင်ငံရေး စကားပင် ရှိ၏ ။ တခြား အကြီးအကျယ် စကားတွေ လည်း ရှိသေး၏ ။

သို့ သော်လည်း “စတိတ်” ဆိုတာဟာ နိုင်ငံရေး အဘိဓမ္မာ ဆရာကြီးအကြောင်းနှင့် အကျိုးယဉ်တဲ့ ဘုံဝါဒ ဆရာကြီး “ကားလ်မတ်ခ်” အလိုအရကား အုပ်ချုပ်ရသည့် အတန်းအစား၏ အမှု ဆောင်အဖွဲ့ပါပဲ။ မထူးခြားပေ။ ခွေးကိုအောင်နက်ကနေပြီး မောင်စိန်ဟု ပြောင်းခေါ်သလိုပင်။

ဤသို့ လျှင် လူတွေ ပေါ်လာပြီး လူကိစ္စတွေ ထွေလာတော့ နိုင်ငံရေး ဆိုတာ ဖြစ်လာ၏ ။ “စတိတ်” နိုင်ငံရေး အဆောက်အအုံကြီး ဖြစ်လာတော့ အမှန်မှာ တော့ တစ်တန်းစားက တစ်တန်းစားအထိ အုပ်စိုးချုပ်ချယ်ဖို့ စနစ်အရင်းခံပင် ဖြစ်လေသည်။ သို့ ပင် ဖြစ်လာသော်လည်း မောဟတွေ ဖုံးနေတဲ့

Cover
ဤလောကကြီးမှာ လူတွေ အများ ဟာ မမြင်နိုင်၊ မသိနိုင်လွန်းတော့ “စတိတ်” ဆိုတာကိုပဲ အကောင်းချည်း ထင်ကြသည်။ ထင်ြ ကတော့ ဒီစတိတ်ဆိုတဲ့ တန်ခိုးအာဏာကိရိယာကြီးကို သူ့အတန်းအစားလက်က ကိုယ့်အတန်းအစားလက်ရောက်အောင် ကိုယ့်အတန်းအစားအကျိုးအတွက်လုယူလာလိုက်တာ ယခုဆိုလျှင် လူတစ်ဦးက တစ်ဦး၊တစ်တန်းစားက တစ်တန်းစား နှိမ်ရုံတွင် မဟုတ်ဘဲ တစ်တိုင်းပြည်က တစ်တိုင်းပြည်ကို နှိမ်လာ၏ ။

ထို့ကြောင့် ဗမာပြည်များ ဆိုလျှင် အုပ်စိုးကြတဲ့ လူအများ ရဲ့ နိုင်ငံရေး က တစ်မျိုး၊ နယ်ချဲ့စနစ်ဆိုတာကို အမှီပြုနေ၏ ။အုပ်စိုးခံရသည့် ဗမာလူမျိုးတွေ ၏ နိုင်ငံရေး က တစ်မျိုးလွတ်လပ်ရေး အခြေခံထားလျှက်ရှိချေ၏ ။

လွတ်လပ်ရေး လိုချင်တယ်ဆိုတာမှာ လည်း ဗမာလူမျိုးတွေ ငတ်ငတ်ပြတ်ပြတ်နေရတာ က ၀၀လင်လင်စားချင်လို့ကုသိုလ်လုပ်ချင်လို့ပင် ဖြစ်လေသည်။

ထို့ကြောင့် နိုင်ငံရေး တွင် သူ့အကျိုး သူ့အမြတ်နှင့် ၀ါဒတွေ မိုးမွှန်နေခြင်းပင်။ တစ်ချို့ ကတော့ “၀ါဒ” ဆိုတာမလိုပါဘူး။ ဗမာပြည် ဗမာပြန်ရပြီး ဗမာ့အကျိုး ဆောင်ရွက်လျှင်ပြီးတာပဲဟု ပြောကြ၏ ။ ပြောကြတဲ့လူတွေ ကိုယ်တိုင်ကသူတို့အကျိုး သူတို့အမြတ်အရ ဖြစ်တဲ့ ၀ါဒကို ဟောနေမှန်း၊လုပ်နေမှန်းမသိကြပေ။ သိလျှင်လည်း လိမ်ခြင်းပင် ဖြစ်၏ ။ဝါဒအကြောင်း နောက်အခန်းများ တွင် ရေး ဦးမည် ။

ဤကား နိုင်ငံရေး ၏ သဘောကို အကြောင်းနှင့် အကျိုးယှဉ်၍ တွေးပုံပင် ဖြစ်၏ ။ ထို့ကြောင့် ပင် ဤနည်းအရ ဖြစ်သော နိုင်ငံရေး အစစ်မှာ တဘောင်၊ စနည်းတွေ ရွတ်ရသည့် နိုင်ငံရေး များ လို မလွယ်ပေ။

တိုင်းပြည်ကောင်းစားအောင် အပြောကား လွယ်၏ ။အလုပ်ကား ခက်၏ ။ ဥပမာ ဆင်းရဲသားတွေ လယ်မဲ့နေတယ်။ လယ်ရအောင် လုပ်ပေးမယ်ဆိုလျှင် ပထမ ဗမာပြည်မှာ ဘယ်နှစ် ယောက် လယ်မဲ့နေတာကို သိရမည် ။ ဒုတိယသိသလောက် လူတွေ ကို ပေးစရာမြေ ရှိ၊ မရှိ၊ ရှိပြန်လျှင်လည်း ဘယ်လိုလုပ်၍ ဘယ်လောက်စီဝေပေးရမည် ကို သိရမည် ။

သစ်တောထွင်၍ ပဲ မြေရအောင်လုပ်မလား။ ချစ်တီးတွေ လက်ထဲကပဲ အတင်းလုမလား။ လုပါပြီတဲ့၊ ချစ်တီးတွေ မရှိလို့ လယ်သမားတွေ လယ်စိုက်ပျိုး၊ ပျိုးနုတ်ဖို့၊ လယ်စရိတ်

Cover
တွေ မရှိလျှင် ဘယ်သူကပေးမလဲ၊ လယ်တွေ ဖွံ့ဖြိုးအောင်ခေတ်သစ်နည်းတွေ နဲ့လုပ်ဖို့ ၊ ဘယ်သူတွေ က ဘာသစ်ပေးမလဲ။ ဘယ်လိုကိရိယာမျိုး ဘယ်ကကူမလဲ၊ ၀ယ်ယူမလား၊နိုင်ငံခြားက လယ်ယာစိုက်ပျိုးရေး အတွက် ကျွမ်းကျင်တဲ့လူတွေ ခေါ်ယူမလား။

သည်လိုဆိုလျှင် ငွေတွေ တက်တက်စင်ကုန်မည် ။ကုန်လျှင် ဘယ်ကရမလဲ။ တိုင်းပြည်ကရတဲ့ အခွန်တွေ ကများ လွန်းလို့ မလောက်ဘူးတဲ့ ၊ ဘယ်ကချေးမလဲ၊ ဗမာတွေ ဆီကလား၊ နိုင်ငံခြားအစိုးရတွေ နှင့် မဟာမိတ်လုပ်ပြီး သူတို့ဆီက ချေးမလား၊ ချေးတယ်ဆိုရင်ပဲ အလကားရမှာ မဟုတ်။သည်တော့ သူတို့လိုချင်တဲ့ စီးပွားရေး ၊ နိုင်ငံရေး အချက်အလက်တွေ ပေးရလိမ့်မယ်။ ဤကဲ့သို့ တမျှော်တခေါ်ကြီးစဉ်းစားရ၏ ။ ငှက်ပျောသီးနွှာစားသလို မလွယ်။

ရုရှားပြည်မှာ သူပုန်ကြီးပြီးစက စက်မှု လက်မှု လုပ်ငန်းတွေ ကို ကိုယ်ပိုင်လုပ်ငန်းတွေ အ ဖြစ် မဟုတ်ဘဲ ဘုံလုပ်ငန်းအ ဖြစ် လုပ်ချင်သော်လည်း ချက်ချင်း လုပ်ရန် အရင်းအနှီးမရှိ၊အခြားအကြောင်းများ လည်းရှိသဖြင့် နိုင်ငံခြားမှ အရင်းအနှီးတွေ ခေါ်ပြီး လုပ်ကြရ၏ ။ ဤကား တကယ့်နိုင်ငံရေး ပင် ဖြစ်၏ ။

အကြောင်းနှင့် အကျိုးမှန်သည့် နိုင်ငံရေး ပင် ဖြစ်၏ ။နဖူးတွေ့  ဒူးတွေ့  အထည်ကိုယ်ဒြပ်နှင့် နိုင်ငံရေး ဖြစ်၏ ။

Cover
ဂါထာမန္တရားတွေ မန်းလို့ရတဲ့ နိုင်ငံရေး ကတော့ဖြင့် စာအုပ်ထဲတွင် သာ ဖတ်ရဖူး၏ ။

ယင်းသို့ လျှင် နိုင်ငံရေး သဘောတရားကို ဖော်ပြရာ၌ ဦးဘဘေကြီးပြောသလို “ ညစ်ပတ်တဲ့အလုပ်လား” ဆိုသည့်မေးခွန်းကိုလည်း ဖြေလို၏ ။ ဦသိန်းမောင်ကြီး ကတော့ ၀န်ခံသွားရှာပြီ။ ညစ်တတ်တယ်တဲ့၊ “သူ ကတော့ မလုပ်ချင်”ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ထင်၏ ။ ယခုတော့ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေး သည် လောကီရေး ပင် ဖြစ်၏ ။ နိုင်ငံရေး မှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့ သော်လည်း လောကီရှိမှ လောကုတ် ရှိနိုင်၏ ။ လောကုတ်ရှိမှလည်း လောကီရှိနိုင်၏ ။အူမတောင့်မှ သီလစောင့်နိုင်၏ ။

ထို့ကြောင့် နိုင်ငံရေး ကား ပင်မတည်း။ သူ့ကို လက်လွှတ်၍ မ ဖြစ် ။ အားလုံးနှင့် ဆိုင်၏ ။ လောကီရေး ဖြစ်သော်လည်း ညစ်ပတ်သည့် အလုပ်ဟု လုံးလုံးမဆိုသာ။ ပရဟိတအတွက်ဟူ၍ နိုင်ငံရေး တွင် ပြောဆိုသည့် စကားပင်လျှင်လူတို့၏ တိုးတက်လေသော မွန်မြတ်သည့် စိတ်ထားကိုပြခြင်းပင် ဖြစ်လေ၏ ။ လူ၏ ထူးခြားချက်မှာ လည်း မိမိတို့၏ အကျိုးစီးပွားကို တိုးတက်အောင် ကြံဆောင်တတ်သော အသိဉာဏ်ပင် ဖြစ်၏ ။ ထိုအသိဉာဏ်ရှိ၍ သာ ဘာသာတရားတွေ ဘာတွေ ပေါ်ပေါက်လာပြီး လူတွေ ရဲ့ စိတ်ချမ်းသာမှု ၊ကိုယ်ချင်းစာမှု ကို ရှာဖွေနေခြင်း မဟုတ်ပါလော။

လူတွေ သည် ပြုပြင်လို့ရ၏ ။ ပြုပြင်လို၏ ။ တိုးတက်လို၏ ။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေး မှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတစ်ရပ်ပင် ဖြစ်၏ ။ထိုတရားကား........လောကီနိဗ္ဗာန်ကို နောက်ဆုံး ရည်မှန်းပေ၏ ။ ထို့ကြောင့် အဘယ်မှာ ညစ်ပတ်ရမည် နည်း။

အထက်တွင် နိုင်ငံရေး ဟူသည့် (စကားသဘောအနက်အဓိပ္ပာယ်အကျယ်အ၀န်း) ကို တိုင်းထွာပြခဲ့ပြီ။ ထုတ်ဖော်ပြခဲ့ပြီ။ နိုင်ငံရေး အမျိုးမျိုးအကြောင်းကို ရာဇ၀င်နှင့် ချီ၍ မရေး ခင် နိုင်ငံရေး ဆို (ချို) နှင့် လားဟု ထင်သူမြင်သူမြင်နေကြသဖြင့် နိုင်ငံရေး ဆိုတာ ဟိုလိုမဟုတ် သည်လိုပါဟုအပြေးအလွှား ရေး သားခဲ့ရလေသည်။ သို့ မှသာ ကျွန်တော် လိုချင်သည့် သိသည့် မြင်သည့် နိုင်ငံရေး သို့ ရောက်ပေမည် ။အများ အားဖြင့် စင်မြင့်ပေါ်တက် အသံကျယ်ကျယ်အော်၊ဟိုဆဲသည်ဆဲဆိုလျှင် နိုင်ငံရေး ဟုထင်၏ ။ ဤအရာမျိုးကားနိုင်ငံရေး မဟုတ်။ လူပိန်းကြိုက်၊ လူပေါစားအလုပ်မျိုး ဖြစ်သည်။

အချို့ နိုင်ငံရေး သမားနှင့် လူငယ်များ သည် သည်လိုအပေါစားအလုပ်ကိုပင် တကယ့်တကယ်ကြီး ထင်ကာဟစ်တလာ ယောင်ယောင်၊ မူဆိုလီနီ ယောင်ယောင် ၀ါးကြသည်ကို တွေ့ ရလေ၏ ။ သည်လို ၀ါးကြသူများ မှာ ကြာ

Cover
ရှည်မခံတတ်။ အချိန်တန်လျှင် သူ့နဂိုပေါ်လာသဖြင့် လူအများ အထင်ကြီးသလောက်မဟုတ်၍ တိမ်မြှုပ်၍ သွားကြသည်သာ များ လေသည်။ အချို့ကလည်း စဉ်းစားသော ဤခေတ်တွင် ပေါ်လာသော ၀ါဒများ ကိုကြားရပြီး မဟုတ်တန်းလျား ပြောလိုပြော၊ ရေး လိုရေး ၊ သီချင်းစပ် တွေ့ ရပေသည်။ လောကီဓာတ်တွေ နှင့် မင်းလောင်းမျှော်လိုမျှော် စောင့်လိုစောင့် “လူမတန် ကံချဲ့” ဆိုသည့်စကားအတိုင်း ၊ ကံညံ့၍ စိတ်ကူးလွဲကြခြင်း ဖြစ်၏ ။ မင်းလောင်းမျှော်သည်ဆိုတော့စင်္ကြာမင်းကြီးတောင် အရပ်စူးစူးက ဘီလူးကြီးစီးပြီး လာတော့မလို ဘာလိုလို မဟုတ်မဟတ်သည့် စိတ်ကူးမျိုးကူးကြပြန်၏ ။

ဤလောကတွင် ကျွန်တော့် အယူအဆအရ ဤဓနနှင့် လောကတွင် အမှန်ကိုပြောလျှင် မခံချင်ကြ ။ ဘုရားတရားကြည်ညိုကြသည်ဆိုသော ဤဓနရှင် လောကသားတို့သည်စကားခြောက်ခွန်းအနက် စကားကြီးနှစ် ခွန်းကို နှုတ်ဖျားဖြင့် သာ တူကြ၏ ။ တကယ်ကြားရလျှင် မခံချင်သူက များ ၏ ။သည်ကောင် တယ်ဘုကျတာပဲ၊ သည်ကောင် တယ်စကားပြော မိုက်ရိုင်းတာပဲ၊ သည်အကောင် တယ်အာကြမ်းတာပဲ၊သည်ကောင်က ဘာလဲ မျက်နှာပေါက်ဆိုးဆိုး၊ အောက်သိုးသိုးနဲ့ သူ့ကိုယ်သူ ဟစ်တလာ ထင်နေလို့လား ဘာလားနှင့် မအိသံ မအဲသံများ ကြားရဖူး၏ ။ အဆိုးမို့  အဆိုးထင်ကြ

Cover
သည်ကား အရေး မကြီးလှ။ အကောင်းပြောသည်ကို အဆိုးထင်ကြသည်က များ ၏ ။ ပါးစပ်က ဘယ်လောက်အမှန်ကြားချင်တယ်ပြောပြော ဘယ်သူမှ ကိုယ်နှင့် ဆိုင်လျှင် အမှန်မကြားချင်ကြချေ။ ကျွန်တော် လည်း အပါအ၀င်ပင်။ကျွန်တော် မငြင်း၊ မကြားချင်၊ သို့ သော် ကြားရသည့်အချိန်တွင် ကြားရဲ၏ ။ ၀န်ခံသင့်သည်ထင်လျှင် ၀န်ခံရဲ၏ ။ ဦးမလေး၊ ထို့အတူ ပြောချိန်တန်လျှင် ပြောရဲ၏ ၊ လူမုန်းမှာ မကြောက်။

ဤကား... စကားချပ်။

ကမ္ဘာလောကဓာတ်ကို သူ့သဘာဝ၊ သူ့မူ၊ သူ့ကိန်းအလျောက် သိလျှင်မူ မည် သူမျှ အာဏာရှင်မင်းလောင်းတို့ကိုမျှော်နေမည် မဟုတ်။ ခေါင်းဆောင်ကောင်းတို့လည်း စောင့်စားနေမည် မဟုတ်။ မိမိဝတ္တရားအားအင်ကို သိလျှင် သိသည့်အလျောက် လူတိုင်းကြိုးစားကြမည် ။ မင်းလောင်း မျှော်နေစရာ မဟုတ်။ ဘယ်နေရာကမှ မင်းလောင်းပေါ်မည် မဟုတ်။ စင်္ကြာမင်းဆိုသော်လည်း မရှိ၊ လာမည် မဟုတ်။ပေါ်လျှင်လည်း သူလိုငါလိုထဲမှ ရာဇ၀င်ကိန်းခမ်းအလျောက် (၀ါ) အရေး ပေါ်သည့်အခါ၊ အခါအလျောက်ဆောင်ရွက်ရန် စွမ်းရည်သတ္တိရှိသူသည် မုချဆက်ဆက်တကယ့်ခေါင်းဆောင် ဖြစ်မည် ။ ထိုသူသည် သင်လည်း ဖြစ်နိုင်၏ ။ ငါလည်း ဖြစ်နိုင်၏ ။ ထို့ကြောင့် သင့်စိတ်ဝင်ကိန်းအောင်းနေသော လူညံ့စိတ်ကိုဖျောက်ပြီး နိုင်ငံရေး ကိုလိုက်စားစမ်းပါ။ “ယောက်ျားတံခွန်၊ လူရည်ချွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း မလွတ်စတမ်းရမြဲလမ်း”ဆိုထားတယ်မဟုတ်လား။

တချို့ကလည်း ဆင်းရဲသားဝါဒဆိုလျှင် လူတွေ အကုန်ဆင်းရဲသားဘ၀၊ ဆင်းရဲသားအနေမျိုး နေရမည် ဟု ကလေးတွေး တွေးပြီး ကျုပ်တို့ဝါဒက ဆင်းရဲသားဝါဒ မဟုတ်ဘူး။သူဌေးဝါဒ၊ ဘယ့်နှယ့် ဆင်းရဲသားဝါဒဆိုပြီး ပိုးလုံချည်နှင့် ပါလားဗျ။ သူဌေးဝါဒက လူတိုင်း သူဌေး ဖြစ်မယ်ဟုတကယ့် မနူးမနပ်များ အများ အပြားကို တွေ့ ရ၏ ။ ဤလူစားမျိုး အကျပ်ဆုံး ဖြစ်၏ ။ တကယ့် လူဂွအစစ် ဖြစ်၏ ။မိမိကို တတ်သည်ဟုလည်း ထင်၏ ။ အမှန်မှာ မတတ်။တကယ်တတ်၍ အထင်ကြီးသူကို ဆိုးမဆိုသာ။ တကယ်မတတ်ဘဲ အထင်ကြီးသည့် တတ်ယောင်ကားတို့ကိုကားမကြားချင်လည်း နားပိတ်ထားကြ။ ကျုပ်တော့ အလွန်စက်ဆုပ်၏ ။ အော့နှလုံးနာ၏ ။ ဆန်ကုန်မြေလေး တကယ့်အစစ် ဖြစ်၏ ။ သည်လို မနူးမနပ်တွေ အကြောင်း ရေး ရလျှင်ပုဂံရာဇ၀င် တုတ်ထမ်းပြောရသလို ပြောရမည် ဖြစ်၏ ။ ဒုနှင့် ဒေး နိုင်ငံရေး ဆို (ချို) နှင့် လားဟု တောရွာမှာ ရှိသည့်မသိနားမလည်သူတွေ နှင့် မတိမ်းမယိမ်းနိုင်။

နိုင်ငံရေး အကြောင်းတွေးလျှင် ၀ါဒ ပါစမြဲ ဖြစ်၏ ။ ၀ါဒမရှိသည့် နိုင်ငံရေး ဟူ၍ ဘယ်ကမ္ဘာတွင် မှာ မှ မရှိ။ ၀ါဒ

Cover
မလိုပါဘူး၊ ဗမာဆိုလျှင် ဗမာစိတ်ရှိတာပဲ၊ ဗမာကောင်းစားဖို့ဆိုလျှင် လူတိုင်းလိုချင်တာပဲ။ ၀ါဒ ဆိုတာပေါ့၊ ဘာဓနရှင်ဝါဒ ဘာဝါဒနှင့် စာချဲ့နေစရာလိုသလဲ စသည်ဖြင့် ပြောကြ၏ ။ တစ်ရံသော အခါ ပဲခူးမြို့တွင် ဓနရှင်ကြီး တစ်ယောက် ပြောသည်ကို မှတ်လိုက်ရဖူး၏ ။ အမှန်မှာ နိုင်ငံရေး နားမလည်၍ တစ်ကြောင်း သူ၏ အတန်းစားစိတ်အမြင်နှင့် ဆန့်ကျင်၍ တစ်ကြောင်း ၀ါဒမလိုဟု ပြောလိုက်ခြင်းပင် ဖြစ်၏ ။ဝါဒမရှိလျှင် ဘယ်လို နိုင်ငံရေး လုပ်နိုင်မလဲ၊ ယခုလက်ရှိဝန်ကြီးတွေ ၊ အုပ်ချုပ်ရေး မကောင်းသည်ကို အပထား၍ အုပ်ချုပ်ရေး အရ လုပ်နိုင်သမျှ ဖန်တီးသမျှကို ထိထိရောက်ရောက် လုပ်တတ်ခြင်းမရှိ။ ပညာရေး ၀န်ကြီးချုပ်ဆိုသူ တစ်ဦးနှင့် တွေ့ ဖူး၏ ။ ပညာရေး ဆိုတာ ဘာလဲလို့မေးတော့ ကျုပ်ခင်ဗျားနဲ့ ငြင်းနေဖို့မဟုတ်ဘူး။ ကျုပ် လွှတ်တော် ထဲမှာ ပဲငြင်းတယ်ဆိုလျှက် ရှောင်သွားဖူး၏ ။ မိမိကိုယ်ကို နာမည် ကြီးအောင် ကြွယ်ဝအောင်လုပ်တတ်မှ နိုင်ငံရေး ဖြစ်၏ ။ တိုင်းပြည်ရဲ့ အနာက ဘာလဲ။ သည်အနာမှာ လွတ်ရာလွတ်ကြောင်း ဖြစ်တဲ့ လောကနိဗ္ဗာန်လမ်းဟာ ဘယ်လိုရှိသလဲဟုစိတ်ကူးမှာ မကူးတတ်။ စိတ်ကူးတတ်ရန်မှာ ၀ါဒအရင်းခံ ဖြစ်လေသည်။

လောကမှာ ထွက်ရာထွက်ကြောင်းအရင်းခံ၍ ဘာသာအမျိုးမျိုးရှိ၏ ။ သူ့ဝါဒ သူ့အယူနှင့် ရှိ၏ ။ သည်ဝါဒသည်

Cover
အယူတွေ အနက် ဘယ်သင်းလိုက်မလဲ။ ဗုဒ္ဓဘာသာ ဗုဒ္ဓ၀ါဒကြိုက်သူ ဗုဒ္ဓဘာသာအလိုက်၊ မဟာဗေဒင် ၀ါဒကြိုက်သူမဟာဗေဒင် ၀င်လုပ်ကြ၏ ။ ဤအတိုင်း နိုင်ငံရေး တွင် ထပ်တူ ဖြစ်၏ ။ ၀ါဒတူကြလျှင် ဘာကြောင့် နိုင်ငံရေး ဂိုဏ်းတူတွေ ကွဲလွဲစရာလိုသလဲ၊ ၀ါဒမတူလို့သာ ကွဲသည်ဟုမှတ်။ယခုအခါ ညီညွတ်ရေး စကားကို တော် တော် ပြောကြ၏ ။ညီညွတ်လို့ ရနိုင်တဲ့ ညီညွတ်ရေး လား စဉ်းစားရမည် ။ပုဆိုးရှည်ကိုငဲ့ပြီး တိုင်းပြည်လွတ်လပ်ရေး စကား မထည့်လို။ထည့်လျှင်လည်း ညီညွတ်ရေး ပျက်ပြားမှု ဟု ယူဆ၍ လုပ်သော ညီညွတ်ရေး သည် ညီညွတ်ရေး အစစ်မဟုတ်၊ တိုင်းပြည်အတွက် လုံးဝမကောင်း၊ ဤညီညွတ်ရေး မျိုးကား ရှိသည်ထက် မရှိခြင်းက ကောင်း၏ ။ ဤကဲ့သို့ ရောင် ၀ါးဝါးလုပ်ကြခြင်းသည် ၀ါဒအခြေခံ မရှိသူများ ဖြစ်သော ကြောင့် ထင်ရှားစေ၏ ။ ထို့ကြောင့် နိုင်ငံရေး နှင့် ၀ါဒခွဲလို့မရ။ ၀ါဒရှိမှရမည် ။ ၀ါဒ ဆိုသည်မှာ လည်း မိုးပေါ်က ကျမလာ။ဘယ်ကျောက်စာ၊ ဘယ်သိုက်မှ တူးဖော်၍ ကြည့်စရာမလို။ထာဝရဘုရားသခင်ကလည်း ဖန်ဆင်းမပေး။ ၀ါဒ ဆိုသည်မှာ သူ့ခေတ်သူ့ဒေသ သူ့ကိန်းအလျောက် ပေါ်လာရ၏ ။ကမ္ဘာ့ရာဇ၀င်အစီအစဉ်တွင်း ရုပ်နှင့် နာမ် ပြောင်းလွဲဖောက်ပြန်မှု ကြောင့် ရုပ်နှင့် နာမ် အပြန်အလှန်ဆက်ဆံမှု ကြောင့် ၀ါဒဆိုသည့် စကားကြားရ၏ ။ ၀ါဒဆိုသည့်အကြံ လုပ်ရ၏ ။

ယခု ကမ္ဘာတစ်လွှားတွင် အထင်အရှားအားဖြင့် ၀ါဒကြီး သုံးမျိုးရှိ၏ ။ တမျိုးသားဓနရှင်ဝါဒ၊ တစ်မျိုးကားဘုံဝါဒ ခေါ် ဆိုရှယ်လစ်ကွန်မြူနစ်ဝါဒ၊ တစ်မျိုးကား ဖက်ဆစ်ဝါဒ သုံးမျိုးသုံးစား အထင်အရှားရှိ၏ ။ ကြားဝါဒများ လည်းရှိသေး၏ ။ ဤ၀ါဒသုံးမျိုး မိုးပေါ်မှကျမလာ။ သူ့အလိုအလျောက် အကြောင်းအထောက်အခံ ဘာမှမရှိဘဲ ပေါ်မလာ စေ့ဆော်သော အကြောင်းတရားများ ကြောင့် ဖြစ်၏ ။ထိုအကြောင်းတရားများ သည် လူ့ဇာတ် လူ့ရာဇ၀င်တွင်းရုပ်နာမ်အပြောင်းအလွဲကြောင့် ဖြစ်၏ ။ ဘယ်လို ပြောင်းလွဲမှု ကြောင့် ဘယ်လို ဖြစ်လာသလဲ ရာဇ၀င်ခင်းကြည့်ကြစို့။

ရာဇ၀င်ခင်းမည် ဆိုသော်လည်း သမားရိုးကျ ရာဇ၀င်ကြောင်းအတိုင်းခင်းလျှင် အမှန်ကိုသဘောမပေါက်နိုင်၊ ဤရာဇ၀င်ဆိုသော စကားကပင် အဓိပ္ပာယ်မပြည်စုံ။ ရာဇ၀င်ရာဇ၀ံသ ဤအဓိပ္ပာယ်စင်စစ်မှာ မင်းဆွေစိုးမျိုးဇာတ်ကြောင်းကို ခေါ်ခြင်းပင် ဖြစ်၏ ။ ဤကဲ့သို့ ဗမာစကားသာ ရှိသည်မှာ လည်း မထူးဆန်း၊ ဗမာဇာတ်ကြောင်းတစ်လျှောက်တွင် ရာဇ၀င်ကို (မင်း) သာ စီရင်၏ ။ နိုင်ငံရေး ကို (မင်း) သာပိုင်၏ ။ ဆင်းရဲသားများ မပိုင်ခဲ့။ သို့ ဖြစ်ရကား ရာဇ၀င်

Cover
ဆိုသည်မှာ လူ့ဇာတ် လူ့အတ္ထုပ္ပတ်္တိအကြောင်းစဉ်ဟု မပေါ်ခဲ့။ဗမာရာဇ၀င်များ ကို ကြည့်မည် ဆိုလျှင် ရှေးလူတွေ ဘယ်လိုနေသည်၊ ထိုင်သည်၊ ဘာလုပ်ကြသည်၊ ဘယ်လိုကြီးပွားလာကြသည်စသည်ဖြင့် ကျကျနနမတွေ့ ရ၊ ဘယ်မင်းလက်ထက်တိုင်းပြည် သာယာဝပြောသည်၊ ဘုန်းတန်ခိုး ဘယ်လောက်ကြီးသည်၊ ဘယ်နှစ် နှစ် နန်းစံသည်၊ အိမ်နိမ့်စံ ဘယ်နှစ် နှစ် သက်တော် ဘယ်လောက်မှာ ကံကုန်သည်၊ ကံတော် ကုန်သည့်အခါ ထန်းတောထိပ်တွင် ကျီးအာသည်၊ တော် လဲသည်စသည်ဖြင့် သာမညတို့ကိုသာ တွေ့ ရသည်သာများ သည်။တိုတိုနှင့် ရေး ၍ အဓိပ္ပာယ်ပေါ်မည် ကို ရှည်ရှည်ဝေးဝေးအထွန့်အတက်တွေ နှင့် ရေး စရာမရှိတိုင်း ချဲ့ထွင်ထားလေသည်။

(ရှေးလူကြီးတွေ အဆဲတော့ ခံရပြီဗျို့။ သို့ ပေမယ့်ကျွန်တော် ရေး ထားတာအမှန်တွေ ပဲ၊ မှန်တာဟာ မှန်တာပဲ)ကျွန်တော် သက်ဝင်ယုံကြည်သော ၀ါဒအရနည်းအရဆိုလျှင်ရာဇ၀င်ဆိုသည်မှာ လူ့ဇာတ် လူ့အတ္ထုပ္ပတ်္တိကြောင်းများ မဟုတ်။ ဤကား သာမညသာ ရှိသေး၏ ။ ယခုအများ ဖတ်ကြသော ခေတ်ရာဇ၀င်စာအုပ်ဖတ်ပြီး အထင်ကြီးကြသော ခေတ်ပညာတတ်များ သည် ရာဇ၀င်စာအုပ်ကြီးတွေ ကိုင်ပြီးရာဇ၀င်သဘောတရားကို အရိပ်အမြွက်မျှ သိကြသူ ရှာမှရှားသည်ကို တွေ့ ခဲ့ရလေသည်။ စာအုပ်ထဲပါသည့် အချက်အလက်တွေ ကိုကား သွက်သွက်ကြီး ပြောနိုင် ရေး နိုင်ကြပါ

Cover
ပေ၏ ။ သို့ သော်လည်း ရာဇ၀င်သင်ပြီး ရာဇ၀င်သဘောပေါက်ပြီးလျှင် ရာဇ၀င်စိတ်ကူး ကူးတတ်မှ အနာဂတ်ရာဇ၀င်ကို ဖန်တီးမည့်  ခေတ်လူတွေ (၀ါ) တက်လူတွေ ပီသပေမည် ။ မည် သည့်ကျမ်းဂန်စာပေမဆို ရာဇ၀င် ဖြစ်စေ တခြားစာပေပဲ ဖြစ်စေ ထိုစာပေကိုသင်အံလေ့လာရင်း အကြောင်းရင်းသည် (၀ါ) ပရမတ်တရားသည် ထိုစာပေ၏ အနက်အဓိပ္ပာယ်သဘောကို ပေါက်မြောက်ရန် ဖြစ်လေသည်။ သို့ မှသာ သင်အံလေ့လာရကျိုးနပ်လေသည်။ စာအုပ်တစ်အုပ်ကိုဖတ်လျှင် စာအုပ်ကို ကျော်လွှား၍ မြင်နိုင်ရမည် ။ သို့ မှသာပညာတည်းဟူသော အဆီအနှစ် ကို ရပေမည် ။ ထို့ကြောင့် ပညာအတတ်နှင့် စာဖတ်တာ တစ်ခြားစီဟူ ၍ူ ဗမာများ ပြောလေ့ပြောထရှိလေသည်။ ပိဋကတ်သုံးပုံကို နှုတ်ငုံ၍ ဘယ်လောက်တတ်ထားသော ပထမကျော်ဘိုးအေ ဖြစ်စေကာမူ သဘောမပေါက်လျှင် ပရမတ် ပညတ် မခွတတ်လျှင်ထွက်ရပ်လမ်းမမြင်။ ၀ိမုတ်္တိရသကိုလည်း မတွေ့ ၊ သံသရာကျင်လည်မြဲ ကျင်လည်သကဲ့သို့ ရာဇ၀င်စာအုပ်တွေ တပုံတစ်ခေါင်းကြီး လေ့လာထားသည့် ရာဇ၀င်ဝိဇ္ဇာ၊ ဇော်ဂျီ၊တပသီပင်လျှင် ဖြစ်လင့်ကစား သာမညရာဇ၀င်ပညတ်နှင့် ရာဇ၀င် ဖြစ်ကြောင်းတရား ဖြစ်တဲ့ ပရမတ်ကို ခွဲခြားမသိခဲ့လျှင်ရာဇ၀င်သင်ရကျိုးမနပ်။ ထိုသူသည် လောက၏ ပြဿနာများ ကို မဖြေရှင်းနိုင်။ ထိုသူသည် ရာဇ၀င် ဖြစ်အောင် မစီမံတတ်။ ရာဇ၀င်သည် အတိတ်က ဖြစ်ခဲ့သည့် အကြောင်းအရာများ ဖြစ်ရကား အတိတ်ရာဇ၀င် သိကာမျှနှင့် အကျိုးအလျဉ်းမရှိ။ အချိန်ကုန်လူပန်း ဖြစ်သည်။ ရာဇ၀င်သင်သည်မှာ အတိတ်အကြောင်း သိလောက်ရုံဆိုလျှင် မသင်ဘဲနေသည်ကား ကောင်းပေသည်။ အချိန်အချည်းအနှီး ဖြစ်ရုံမျှရှိ၏ ။လူတိုင်းလူတိုင်းမှာ ယနေ့နှင့် နက်ဖြန်ခါ ဘာ ဖြစ်မည် ၊ ဖြစ်လျှင်ဘာကြောင့် ဘယ်လိုကြောင့် ဖြစ်လျှင် ဘယ်လိုစီမံနိုင်ပါမလား၊ ကိုယ်လိုချင်တာကဘာလဲ၊ စီမံ၍ ရပါ့မလားဆိုသည့်အချက်များ နှင့် သာ အမှန်မှာ သက်ဆိုင်ပေသည်။ ထိုအချက်များ မှာ မဆိုင်၍ မ ဖြစ် မိမိ၏ အသက်မျှသာ ဖြစ်ပေသည်။သို့ သော် ဤအချက်များ သိရန် အတိတ်ကြောင်းလှန်၍ သုံးသပ်ရပေမည် ။ ထိုအတိတ်အကြောင်းအရ သိရသော ဉာဏ်အမြင်နှင့် ရှေ့အနာဂတ်လမ်းကို မှန်းဆတီထွင်ရပေမည် ။ဤသည်သာလျှင် ရာဇ၀င်သင်နည်း အစစ် ဖြစ်လေသည်။ဤနည်းကို “လောဂျစ်” (Logic) ခေါ် သာမညအတ္တဗေဒ အလိုအရဆိုလျှင် ဒီဒပ်တစ် အင်ဒပ်တစ် (၂)နည်းပေါင်းသော ဆိုက်ကိုလိုဂျီ (Psychology) နည်းဟုခေါ်လေသည်။ ဥပမာ မောင်ဘသည် လူ ဖြစ်၏ ။ လူသည်တစ်နေ့သေရမည် ။ ဤကား ဒီဒပ် တစ်နည်းဟူလို၊ မောင်ဘသည်သေ၏ ။ မောင်စသည် သေ၏ ။ အားလုံးသေ၏ ။ထို့ကြောင့် လူဆိုတာ ပဏ္ဍပါတ်သေမျိုးကို ဒါက အင်ဒပ်
Cover
တစ်နည်းဟူလို၊ သို့ ပေမယ့် သည်၎င်းက တစ်ကယ်စေ့စပ်မသေချာ၊ ရုပ်သဘော နာမ်သဘော ပရမတ်သဘောကောင်းကောင်းမပါ။ အခြေမခိုင်။ သာမညသမားရိုးကျ ဖြစ်၏ ။ တကယ့်ရာဇ၀င်သင်နည်းက ရုပ်လက္ခဏာ အခြေခံသည့် အနုပဋိလောမနည်းမှ မှန်လေသည်။ ဤကား နိုင်ငံရေး အဘိဓမ္မာဆရာကြီး ကားလ်မတ်၏ အယူတည်း။

နိုင်ငံရေး အဘိဓမ္မာဆရာကြီး ကားလ်မတ်သည် ဤရုပ်လက္ခဏာအခြေခံသော အနုပဋိလောကမတရားအရ ရာဇ၀င်ကို ကြည့်ရှုလိုသည့်အခါ အမျိုးလေးပါး (၀ါ) လူအတန်းအစားအချင်းချင်း ပဋိပက္ခ အချင်း ဖြစ်ပွားကြသည်ကို ရာဇ၀င်တစ်လျှောက် ထင်မြင်ရပေမည် ဟု ဆို၏ ။ ဤကဲ့သို့ လူ့အတန်းအစားအချင်းချင်း အပြန်အလှန်ပဋိပက္ခ ဖြစ်ခြင်းမှာ တစ်ဆင့်ထက်တစ်ဆင့် တစ်မျိုးပြီးတစ်မျိုး ပြောင်းလွဲလာပေသည်။ ဥပမာ....ပထမခေတ်တွင် မင်းမျိုး ကြီးစိုးလျှင်သူဌေးမျိုး၏ ကြီးစိုးမှု အရာ မခံနိုင်သော ဆင်းရဲသားအမျိုးသည် ထိုသူဌေးမျိုးကို ပြန်၍ ပဋိပက္ခပြု၍ (၀ါ) ပဋိပက္ခနိရောဓ ဖြစ်စေ၍ တတိယခေတ်တွင် ကြီးစိုးလာ၏ စသဖြင့် အသွင်အမျိုးအစားပြောင်းသော်လည်း အခြေခံသဘောမှာ ယခုလက်ရှိ လူ့စနစ်ကြီးတွင် မင်းနှင့် သူဌေး၊ သူဌေးနှင့် ဆင်းရဲသား အစရှိသဖြင့် အချင်းချင်းများ လာကြသည်ကိုသာ ရာဇ၀င်ကြောင်းတစ်လျှောက်ကို ကြည့်လျှင် တွေ့ ရပေသည်။

Cover
ထိုကဲ့သို့ ဖြစ်ရသည်မှာ အဘယ်ကြောင့် နည်း။ မူလတရားတည်းဟူသော စီးပွားရေး စနစ်အခြေခံကြောင့် ဖြစ်၏ ။ စီးပွား ဖြစ်သည့်နည်းပြောင်းလျှင် စီးပွားရေး စနစ်လည်း ပြောင်း၏ ။

စီးပွားရေး စနစ်ပြောင်းလျှင် လူမှု ဆက်ဆံရေး နိုင်ငံရေး ရာဇ၀င်အဆင့်အတန်းပါ ပြောင်းလာလေ၏ ။ ဤသို့ လျှင်တစ်ခုနှင့် တစ်ခု အညမညပစ္စည်း ဆက်သွယ်နေ၏ ။ ဤသို့ နိုင်ငံရေး အဘိဓမ္မာဆရာကြီး ကားလ်မတ် က မြင်၏ ထင်၏ ”

(2)

နိုင်ငံရေး ဆိုတာ

လူငယ်တို့ရေ...

နိုင်ငံရေး ဆိုတာ အင်မတန် ကျယ်ပြန့်နက်နဲတယ်ကွဲ့။နိုင်ငံရေး ရဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံရေး ယဉ်ကျေးမှု (PoliticalCulture) နိုင်ငံရေး ဘောဂဗေဒ (PoliticalEconomy) နိုင်ငံရေး ပထ၀ီဝင် (Political Geography)နိုင်ငံရေး ဒဿန (Political Philosophy) နိုင်ငံရေး သိပ္ပံ(Political Science) နိုင်ငံရေး ကျွမ်းဝင်မှု ခေါ် နိုင်ငံရေး လူမှု ဆက်ဆံမှု (Political Socialization) နိုင်ငံရေး လူမှု ဗေဒ (Political Sociology) နိုင်ငံရေး စနစ် (PoliticalSystem) နိုင်ငံရေး သဘောတရား (Political Theory)နိုင်ငံရေး ပေါင်းစည်းခြင်း (Political Union) နိုင်ငံရေး ခိုလှုံခွင့် (Political Asylum) စတဲ့ အကြောင်းအရာတွေ ရှိနေတာမို့ အဲဒါတွေ ကိုလည်း လေ့လာသိရှိထားသင့်တယ်ကွဲ့။

နိုင်ငံရေး ယဉ်ကျေးမှု

နိုင်ငံရေး ယဉ်ကျေးမှု ဆိုတာက နိုင်ငံရေး စနစ် လှုပ်ရှားလည်ပတ်မှု ကို ကျောထောက်နောက်ခံပြုသော လူ့အဖွဲ့အစည်းတစ်ခုရဲ့ သဘောထားများ ၊ သက်ဝင်ယုံကြည်မှု များ နဲ့တန်ဖိုးတွေ ပါပဲ။ နိုင်ငံတစ်ခုမှာ တည်ရှိနေတဲ့ နိုင်ငံရေး စနစ်လှုပ်ရှားလည်ပတ်တာနဲ့ပတ်သက်ပြီး လူအများ ဘယ်လောက်သိရှိသလဲ၊ နားလည်သဘောပေါက်သလဲ၊ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း ဘယ်လိုရှိသလဲစတဲ့ အဲဒီ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ယဉ်ကျေးမှု ကို ဖော်ပြမှု ပါပဲ။

Cover
Cover

အချုပ်အားဖြင့် နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသားတွေ အနေနဲ့နိုင်ငံရေး မှာ ဘယ်လိုပါဝင်ဆောင်ရွက်သလဲဆိုတဲ့ အချက်ကနိုင်ငံရေး ယဉ်ကျေးမှု ရဲ့ အဆင့်အတန်းကို ပြနေတာလို့ ဆိုကြပါတယ်။ တိုင်းသူပြည်သားတို့က အစိုးရအနေနဲ့ မည် သို့ မည် ပုံ လုပ်ဆောင်သင့်တယ်လို့ စဉ်းစားတွေးခေါ်ခြင်းဟာနိုင်ငံရေး ယဉ်ကျေးမှု မှာ အကျုံးဝင်နေပါတယ်။ ဒါပေမယ့်နိုင်ငံရေး ယဉ်ကျေးမှု ဟာ နိုင်ငံရေး သဘောတရား (Politicalideology) နဲ့ လုံးဝခြားနားတယ်ကွဲ့။ လူအများ ဟာ နိုင်ငံရေး သဘောတရားမှာ တစ်ဦးနဲ့တစ်ဦး မတူ ကွဲပြားခြားနားနိုင်တယ်။ နို့ပေမယ့် အများ ဆိုင် နိုင်ငံရေး ယဉ်ကျေးမှု ပိုင်းမှာ ရပ်တည်ပုံချင်း၊ ရှုမြင်ပုံချင်း တူညီနိုင်တယ်။ ဥပမာအချို့နိုင်ငံများ မှာ လူအများ ဟာ နိုင်ငံရေး ဆောင်ရွက်သူများ ကိုယုံကြည်မှု လျော့နည်းတယ်။ နိုင်ငံရေး သမားတွေ မှာ ကိုယ်ကျိုးရှာသူက များ တယ်လို့ ယူဆကြတယ်။ အဲဒီ လူတွေ ဟာရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိဘူး။ အချို့နိုင်ငံများ မှာ တော့လူအများ စုဟာ နိုင်ငံရေး ဆောင်ရွက်နေတဲ့ နိုင်ငံရေး သမားတွေ ကို မိမိတို့ကိုယ်စား အများ အကျိုးဆောင်ပေးနေသူများ လို့သဘောထားကြတယ်။ နိုင်ငံအတွက် ကောင်းမွန်သော မူဝါဒများ ၊ ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်မိမိတို့ (ပြည်သူများ ) ကလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးရမယ်လို့ ခံယူထားကြတယ်။ တိုင်းပြည်အကျိုးဆောင်ရွက်မယ့်လူတော် လူကောင်းတွေ ကို ရွေးချယ်ပေးရန် မိမိတို့မှာ တာဝန်ရှိတယ်လို့ ခံယူကာ ရွေးကောက်ပွဲတွေ မှာ လေးလေးစားစားပြည်သူ့ကိုယ်စားလှယ်လောင်းတွေ ကို မဲပေး ရွေးချယ်ကြတယ်။ အဲဒါတွေ ကတော့ နိုင်ငံရေး ယဉ်ကျေးမှု နမူနာလေးတွေ ပဲ ဖြစ်ပါတယ်။

နိုင်ငံရေး ဘောဂဗေဒ

တကယ်တော့ ကုန်ထုတ်လုပ်ခြင်း၊ ၀ယ်ခြင်း၊ ရောင်းခြင်းတို့နဲ့ တရားဥပဒေ၊ အကောက်ခွန်၊ အစိုးရတို့ ဆက်စပ်နေမှု ကို လေ့လာသော ပညာရပ်ပါပဲ။ နိုင်ငံများ ရဲ့ ဓန သဘောသဘာဝများ နဲ့ ဓန ဖြစ်ခြင်း အကြောင်းတရားများ ကိုလည်း နိုင်ငံရေး ဘောဂဗေဒက စူးစမ်းလေ့လာတယ်။နိုင်ငံရေး ဘောဂဗေဒဟာ ၁၈ ရာစုမှာ နိုင်ငံများ ရဲ့ စီးပွားရေး အခြေအနေများ နဲ့ နိုင်ငံရေး အနေအထားများ ကို ဆက်စပ်လေ့လာရာမှ ဖွံ့ဖြိုးလာတဲ့ ပညာရပ် ဖြစ်ပါတယ်။ နိုင်ငံရေး ဘောဂဗေဒ ဆိုတဲ့စကားလုံးကို ၁၆၁၅ ခုနှစ် မှာ ပြင်သစ်လူမျိုးအန်တွိုင်းဒေမွန်ခရီရှန် (Antoine de Montachretien)က ပြင်သစ်ဘာသာဖြင့် Economic Politique ဆိုပြီးစတင်သုံးနှုန်းခဲ့ပါတယ်။ နောက်ပိုင်းမှာ အဒမ်စမစ်၊ ဒေးဗစ်ရီကားဒိုး၊ ကားလ်မာ့ခ်စ် တို့ဟာ နိုင်ငံရေး ဘောဂဗေဒပညာရှင်တွေ ဖြစ်လာကြတယ်။ ၁၈၀၅ ခုနှစ် မှာ တော့ သော မတ်စ်မားလ်သပ်(Thomas Robert Malthus “၁၇၆၆”၁၈၃၄) ဟာ အင်္ဂလန်မှာ ပထမဆုံး နိုင်ငံရေး ဘောဂဗေဒပါမောက္ခ ဖြစ်လာခဲ့တယ်။ အမေရိကန်ပြည်ထောင်စုရှိ ၀ီလျံနှင့် မေရီကောလိပ်မှာ နိုင်ငံရေး ဘောဂဗေဒ ကို ပထမဆုံးသင်ကြားပေးခဲ့သည်။ စကော့လူမျိုး ဒဿနိကပညာရှင်နဲ့နိုင်ငံရေး ဘောဂဗေဒပညာရှင် အဒမ်စမစ် (Adam Smithဩ ၁၇၂၃ ဩ ၁၇၉၀) ကတော့ နိုင်ငံရေး သမားတွေ ၊ ဥပဒေပြုလွှတ်တော် အမတ်တွေ ဟာ နိုင်ငံရေး ဘောဂဗေဒကို နားလည်သဘောပေါက်အောင် လေ့လာထားကြဖို့ လိုအပ်တယ်လို့ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် မို့လည်း အိန်ဂျယ် (Frederik Engels၁၈၂၀ -၁၈၉၅) က နိုင်ငံရေး ဘောဂဗေဒဟာ အကျယ်အပြန့်ဆုံး အဓိပ္ပါယ်အရဆိုလျှင် လူ့အဖွဲ့အစည်းအတွင်းရှိ အသက်မွေးမှု ရုပ်ဝတ္တုပစ္စည်းစုများ ၊ ထုတ်လုပ်မှု နှင့် ဖလှယ်မှု တို့ကိုစိုးမိုးချုပ်ကိုင်နေသော ဥပဒေများ ဆိုင်ရာ သိပ္ပံပညာရပ် ဖြစ်သည်လို့ ဆိုခဲ့တယ်မဟုတ်လား။

နိုင်ငံရေး ပထ၀ီဝင်

နိုင်ငံရေး ပထ၀ီဝင်ဆိုတာက တိုင်းပြည်နိုင်ငံများ ၊ နိုင်ငံများ စုစည်းတည်ထောင်တဲ့ ဖက်ဒရေး ရှင်းပြည်ထောင်စုများ ရဲ့ ပထ၀ီဝင်အနေအထားနဲ့ နိုင်ငံရေး စနစ်များ ကို လေ့လာတဲ့ပညာရပ် ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရေး ပညာရှင် “မွန်တက်စ်ကျူ” (Montesquieu ၁၆၈၉ -၁၇၅၅) ကတိုင်းပြည်များ ရဲ့ ရာသီဥတုအမျိုးအစားနဲ့ နိုင်ငံရေး စနစ်(အစိုးရပုံစံ) အဆက်အစပ်ရှိကြောင်း တင်ပြခဲ့ဖူးတယ်။ ခေတ်သစ် နိုင်ငံရေး ပထ၀ီဝင်ဘာသာရပ်ရဲ့ ဖခင်ကြီးလို့ ထင်ရှားသူ ကတော့ အန်ဒရေဆစ်ဖရိုက် (၁၈၇၅ - ၁၉၅၉) ဖြစ်တယ်။သူက ပြင်သစ်နိုင်ငံမှာ လူအများ နေထိုင်သော နေရာဌာနများ ရဲ့ မြေဆီမြေသားအမျိုးအစားနဲ့ မဲဆန္ဒပေးသော အပြုအမူတို့ဆက်စပ်နေပုံကို လက်တွေ့ နမူနာများ နဲ့ တင်ပြခဲ့ဖူးတယ်။တကယ်တော့ နိုင်ငံရေး ပထ၀ီဝင်ဆိုတာ နေရာဌာနအလိုကနိုင်ငံရေး အနေအထား ဖြစ်ပေါ်ပုံ (Politics of Place) ကိုလေ့လာတဲ့ ဘာသာရပ်ပါပဲ။ ပထ၀ီနိုင်ငံရေး က နိုင်ငံများ ရဲ့ တည်နေရာအနေအထားက နိုင်ငံတကာ ဆက်ဆံရေး အပေါ်သြဇာလွှမ်းမိုးပုံကို လေ့လာတဲ့ ပညာပါ။ နိုင်ငံရေး ပထ၀ီဝင်ဘာသာရပ် ကတော့ နယ်နိမိတ်များ ၊ နိုင်ငံများ ၊ ပြည်ထောင်စုများ ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ သံခင်းတမန်ခင်း၊ ဖွံ့ဖြိုးရေး အခြေအနေများ နဲ့ မဲဆန္ဒပေးခြင်းများ စတဲ့ကိစ္စတွေ ကိုအဓိကထားလေ့လာတဲ့ ပညာရပ်မို့ နာမည် ကျော်တက္ကသိုလ်တွေ မှာ ပြဋ္ဌာန်းဘာသာရပ်အ ဖြစ် လေ့လာသင်ကြားပေးနေပါတယ်။

Cover

နိုင်ငံရေး ဒဿန

နိုင်ငံရေး ဒဿနဆိုတာက မြို့ပြ၊ အစိုးရ၊ တိုင်းရေး ပြည်မှု ၊ လွတ်လပ်မှု ၊ တရားမျှတမှု ၊ ပစ္စည်းဥစ္စာ၊ ပိုင်ခွင့်များ ၊တရားဥပဒေနှင့် အာဏာကျင့်သုံးမှု စတဲ့ အကြောင်းအရာတွေ ကို သရုပ်ခွဲကြည့်ရင် အစိုးရဆိုတာ ဘာလဲ၊ လွတ်လပ်ခွင့်ဆိုတာ ဘာလဲ၊ တရားမျှတခြင်းဆိုတာ ဘာလဲ၊ ပိုင်ခွင့်ဆိုတာ ဘာလဲ၊ ဥပဒေဆိုတာ ဘာလဲ စတဲ့ လောကအမြင်တွေ ကို လေ့လာတဲ့ ပညာပါပဲ။

ပြီးတော့ အဲဒီ ပညာရပ်တွေ ဟာ လောကကြီးအတွက်ဘာ ဖြစ်လို့ လိုအပ်သလဲ၊ အစိုးရတစ်ရပ်ရဲ့ တရားဝင် ဖြစ်မှု လိုအပ်ချက်တွေ ၊ တရားဝင်အစိုးရအပေါ် ပြည်သူလူထုကလိုက်နာစောင့်သိရမယ့် တာဝန်ဝတ္တရားတွေ စတဲ့ အကြောင်းအရာတွေ ကိုပါ လေ့လာကြတယ်ကွဲ့။

နိုင်ငံရေး ဒဿနပညာရပ်မှာ အဓိက လေ့လာရမယ့်အချက် ကတော့ သုံးချက်ရှိတယ်။ တစ်က နိုင်ငံရေး ဘောဂဗေဒ။ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နဲ့ အရင်းစုဆောင်းမှု တွေ ကိုလေ့လာရန် ဖြစ်တယ်။ နှစ် က တရားမျှတမှု ဆိုင်ရာ လေ့လာချက် ဖြစ်တယ်။ တရားမျှတရေး ကို ပြန့်ပွားစေရန်နဲ့ မတရားပြုသူများ ကို ပြစ်ဒဏ်ပေးရေး တို့ကို လေ့လာရန် ဖြစ်တယ်။် သုံး အချက် ကတော့ အမှန်တရား စိုးမိုးရေး (rules of truth) ဖြစ်တယ်။ တကယ်တော့ နိုင်ငံရေး ဒဿနပညာဟာ သိစိတ်နှစ် ခုကို ပေးစွမ်းနိုင်တယ်ကွဲ့။ ဘာလုပ်နေသလဲ (whatwe do)နဲ့ ဘာလုပ်သင့်သလဲ (what we ought to do)ပဲ ဖြစ်တယ်။

နိုင်ငံရေး သိပ္ပံ

နိုင်ငံ၊ အစိုးရနဲ့ အာဏာစတဲ့ အကြောင်းအချင်းအရာတွေ ကို လေ့လာတဲ့ပညာဟာ နိုင်ငံရေး သိပ်္ပံ (PoliticalScience) ပဲ ဖြစ်တယ်ကွဲ့။ သိပ္ပံနည်းကျ လေ့လာခြင်းကြောင့် နိုင်ငံရေး သိပ္ပံလို့ အမည် တပ်ခဲ့တာပါ။ နိုင်ငံရေး သိပ္ပံဟာ လူမှု ရေး သိပ္ပံနယ်ပယ်မှာ လည်း ပါဝင်နေပါတယ်။နိုင်ငံရေး သဘောတရားနဲ့ လက်တွေ့ ဆိုင်ရာတွေ ကို လေ့လာတဲ့ ပညာ ဖြစ်သလို၊ နိုင်ငံရေး စနစ်တွေ နဲ့ နိုင်ငံရေး အပြုအမူတွေ ကို ဆန်းစစ်သုံးသပ်တဲ့ ပညာရပ်လည်း ဖြစ်ပါတယ်။

နိုင်ငံရေး သဘောတရား၊ ပြည်သူ့ရေး ရာမူဝါဒ၊ အမျိုးသားနိုင်ငံရေး ၊ နှိုင်းယှဉ်နိုင်ငံရေး စတဲ့ ပညာရပ်တွေ ကိုနိုင်ငံရေး သိပ္ပံကျောင်းတွေ ပို့ချကြတယ်။ ဒါ့အပြင် နိုင်ငံရေး တရားများ နဲ့အတူ ဂန္တ၀င်နိုင်ငံရေး ဒဿနတွေ ကိုလည်း လေ့လာ ကြတယ်။့

နိုင်ငံရေး ကို ပညာရပ်တခုအနေနဲ့ လေ့လာခဲ့တဲ့ သမိုင်းကြောင်းက အတော် ရှည်ကြာခဲ့တယ်လို့ ဆိုရမှာ ပဲ။ ဆော့ခရေး တီးစ် (Socrates – B.C ၄၆၉ -၃၉၉) ပလေးတိုး(Plato- B.C ၄၂၈ - ၃၄၇) အာရစ္စတောထဲလ် (AristotleB.C ၃၈၄ ဩ ၃၂၂) တို့ ခေတ်ကတည်းက စတင်ခဲ့တယ်လို့လက်ခံထားကြတယ်။ ဘီစီ ၄ ရာစု မှာ ထွန်းကားခဲ့တဲ့အရစ္စတောထဲလ် က နိုင်ငံရေး ပညာဟာ “သိပ္ပံပညာတို့ရဲ့ ဘုရင်မ” (Queeb of Sciences) လို့ ဆိုခဲ့တယ်။ ဒါပေမယ့် သက်ဦးဆံပိုင် ဘုရင်စနစ် ထွန်းကားတဲ့ ခေတ်တွေ မှာ တော့ နိုင်ငံရေး ပညာအသုံးမတည့်တဲ့ ပညာရပ် ဖြစ်ခဲ့ရတယ်။

မက်စီယဗယ်လီ (၁၄၆၉-၁၅၇၇) ၏ “မင်းသား”(Prince) ကျမ်းဟာ အာဏာနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ပညာပေးကျမ်း ဖြစ်သော်လည်း သူရဲ့ အရှင်သခင်အား “ရွှေနားတော် သွင်း” တင်လျှောက်စာအ ဖြစ် ရေး ခဲ့ရတယ်ကွဲ့။ သူ့ရဲ့ ကျမ်းမှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ့်သူတွေ အတွက်နိုင်ငံရေး တက်လမ်းရှာနည်း၊ ရရှိပြီးတဲ့ နိုင်ငံရေး အာဏာကိုခိုင်မြဲအောင် လုပ်နည်းနဲ့ အတိုက်အခံများ အပေါ် ဘယ်လိုအောင်မြင်အောင်လုပ်မလဲ စတာတွေ ကို ဖော်ပြထားတယ်။

ပြီးတော့ နိုင်ငံရေး မှာ အခြေအနေကို လိုက်၍ သင့်တော် သလို လုပ်ဆောင်တတ်ခြင်းဟာ ကိုယ်ကျင့်တရား၊ကိုယ်ကျင့်သိက္ခာတွေ ထက် ပိုပြီး အရေး ကြီးတယ်လို့ ဆိုခဲ့တယ်။ ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေ မှန် မမှန်ကို နောက်ဆုံးအကျိုးသက်ရောက်မှု ကသာ ဆုံးဖြတ်တယ်လို့ ဆိုခဲ့တယ်။

Cover
ဥပမာ အာဏာသိမ်းတဲ့ကိစ္စ ဆိုပါစို့။ အောင်မြင်ရင် ဘာပြဿနာမှ မရှိဘူး။ ဒါပေမယ့် အာဏာသိမ်းလို့ မအောင်မြင်ရင်တော့ အာဏာသိမ်းတဲ့လူတွေ ဟာ နိုင်ငံတော် ပုန်ကန်မှု နဲ့အရေး ယူခံရမှာ ပဲ။ ဒါကြောင့် နောင်အခါမှာ သူရဲ့ နာမည် ကျော် သြ၀ါဒဟာ အာဏာပဓာနသမားတွေ ရဲ့ လက်သုံးစကားသဖွယ် ဖြစ်လာခဲ့ရတယ်။

၁၇၄၁ ခုနှစ် မှာ ဒေးဗစ်ဟျုမ်း (David Hume –၁၇၁၁ ဩ ၁၇၇၆) က နိုင်ငံရေး ကို သိပ္ပံပညာတရပ်အဆင့်သို့ လျှော့ချရန် လှုံ့ဆော်ရေး သားခဲ့တယ်။ ၁၉ ရာစု အကုန်လောက်မှာ အမေရိကန်နဲ့ ဂျာမန်တက္ကသိုလ်အများ အပြားမှာ နိုင်ငံရေး ဌာန သို့ မဟုတ် နိုင်ငံရေး သိပ္ပံဌာနတွေ ဖွင့်လှစ်ခဲ့တယ်။ နောက်မကြာမီမှာ ပဲ အင်္ဂလန်ကလည်း လန်ဒန်စီးပွားရေး နဲ့ နိုင်ငံရေး သိပံ္ပကျောင်းတွေ ကို ဖွင့်လှစ်ခဲ့တယ်။အဲဒီ ကျောင်းတွေ မှာ နိုင်ငံရေး သိပ္ပံနဲ့ ဆက်နွှယ်နေတဲ့ ဥပဒေ၊ဘောဂဗေဒ၊ သမိုင်း၊ ပထ၀ီဝင်နဲ့ ဒဿနဗေဒတို့ကိုပါသင်ကြားပေးခဲ့ကြတယ်။

နိုင်ငံရေး လူမှု ဗေဒ

တကယ်တော့ နိုင်ငံရေး လူမှု ဗေဒပညာဆိုတာက နိုင်ငံရေး သိပ္ပံဘာသာရပ်အောက်က ဘာသာရပ်ခွဲတစ်ခုပဲ ဖြစ်ပါတယ်။ လူမှု ဆက်ဆံရေး နဲ့ အာဏာအဆက်အစပ်ကို အဓိကထားလေ့လာတဲ့ ပညာရပ်ကွယ့်။ လူထုရဲ့ အပြုအမူ လူထုရဲ့ ယုံကြည်ချက်တွေ နဲ့ လူထုဖွဲ့စည်းမှု တို့ကို အာရုံစိုက်လေ့လာတယ်။ နိုင်ငံရေး လူမှု ဗေဒပညာရပ်ဟာ စစ်တမ်းကောက်သုတေသနပြုခြင်းနဲ့ စာရင်းဇယားကိန်းဂဏန်းတွေ ကို အဓိကထားတယ်။ အနောက် ဒီမိုကရေစီနိုင်ငံတွေ မှာ ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေး လူမှု ဆက်ဆံမှု ပညာရပ်နဲ့ လူထုသဘောထားကို လေ့လာဆန်းစစ် စစ်တမ်းထုတ်လေ့ရှိကြတယ်။

နိုင်ငံရေး လူမှု ဗေဒပညာရပ်ဟာ နယ်ပယ် လေးရပ်ကိုအဓိကထား သုတေသနပြုကြတယ်ကွယ့်။ အဲဒါတွေ ကတော(၁) ယနေ့ခေတ်တိုင်းပြည်များ ရဲ့ လူမှု နိုင်ငံရေး အဖွဲ့စည်းတည်ဆောက်မှု (၂) တိုင်းပြည်တွေ ကို ဘယ်သူတွေ ကအုပ်ချုပ်နေသလဲ၊ လူတန်းစား၊ လူမျိုးနွယ် ကျား/မ စတဲ့ကွဲပြားခြားနားတဲ့ အုပ်စုများ အကြား လူမှု မညီမျှမှု တွေ ကနိုင်ငံရေး အပေါ် ဘယ်လိုသြဇာသက်ရောက်နေသလဲ (၃)နိုင်ငံရေး အခွင့်အာဏာခွင်ပြင်ပရှိ လူအများ ကြားမှ ထင်ရှားသူများ ၊ လူမှု လှုပ်ရှားမှု များ နဲ့ ခေတ်ရေစီးကြောင်းများ ကနိုင်ငံအပေါ် ဘယ်လို ရိုက်ခတ်နေသလဲ (၄) မိသားစုဝင်တွေ လုပ်ငန်းဌာနတွေ ဗျူရိုကရေစီသမားတွေ နဲ့ မီဒီယာ အစရှိတဲ့လူမှု အုပ်စုများ အတွင်းနဲ့ ယင်းတို့အချင်းချင်းကြား အာဏာဆက်နွှယ်မှု တွေ ပဲ ဖြစ်တယ်။ နိုင်ငံရေး လူမှု ဗေဒပညာရပ်ကိုပညာရပ်တစ်ခုအ ဖြစ် ဖော်ထုတ်ခဲ့သူများ ကတော့ ဂျာမနီကမက်ဝီဘား (Mac Weber – ဩ၁၈၆၄ - ၁၉၂၀) နဲ့ ရုရှားကမွိုင်ဆီအော့စတြိုဂေါ့စကီးတို့ပဲ ဖြစ်ပါတယ်။

နိုင်ငံရေး ကျွမ်းဝင်မှု

နိုင်ငံရေး သဘောထားများ နဲ့ နိုင်ငံရေး တန်ဖိုးများ ကို လူအများ စိတ်ဝင်စား လေ့လာဆည်းပူးခြင်း ဖြစ်စဉ်ကို လေ့လာတဲ့ပညာရပ်ပါပဲ။ ကလေးဘ၀က ပုံပြင်စာအုပ်ထဲက ဘုရင်မများ မင်းသမီးများ ကို ချစ်ခင်စွဲလမ်းကြသော်လည်း ကြီးပြင်းလာတဲ့အခါမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတများ ၊၀န်ကြီးချုပ်များ ကို အားကျတတ်ပုံ၊ ထို့ထက် ရင့်ကျက်လာတဲ့အခါ ပုဂ္ဂိုလ်အစွဲအလမ်းထက် အဖွဲ့အစည်းနဲ့ သဘောတရားရေး ကို အလေးထားကြပုံ စတဲ့ နုရာမှ ရင့်ရာ အဆင့်ဆင့်ပြောင်းလဲတတ်ပုံကို လေ့လာတဲ့ပညာရပ်ပဲ ဖြစ်တယ်။ လူတို့ရဲ့ နိုင်ငံရေး ထင်မြင်ချက်ဟာ မိသားစု၊ မီဒီယာ၊ မိတ်ဆွေအပေါင်းအသင်း၊ သင်ဆရာ မြင်ဆရာ၊ ဘာသာရေး ၊လူမျိုးနွယ်၊ လိင်၊ အသက်အရွယ်၊ ပထ၀ီဝင်အနေအထားတို့ရဲ့ လွှမ်းမိုးပြုပြင်မှု ကြောင့် ဖြစ်တယ်လို့ ဆိုတယ်။ လူမျိုးတစ်မျိုး

Cover
ရဲ့ နိုင်ငံရေး ကျွမ်းဝင်မှု အတိမ်အနက်ဟာ မဲဆန္ဒပေးပွဲတွေ မှာ ဘယ်သူ့ကို မဲပေးခဲ့သလဲ အချက်နဲ့ တိုင်းတာတတ်ကြတယ်။

နိုင်ငံရေး စနစ်

နိုင်ငံရေး နဲ့ အစိုးရစနစ်ကို သုံးနှုန်းသော ဝေါဟာရ ဖြစ်တယ်။ နိုင်ငံရေး စနစ်မှာ ကွဲပြားခြားနားမှု တွေ ရှိတယ်ကွဲ့။လက်ဝဲစနစ်များ အ ဖြစ် ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊မင်းမဲ့စနစ်စတဲ့ စနစ်တွေ ရှိသလို လက်ယာဘက်မှာ ဖက်ဆစ်စနစ်၊ ကွန်ဆာဗေးတစ် စတဲ့ ၀ါဒတွေ ရှိတယ်ကွဲ့။ အရင်းရှင်စနစ်ကိုတော့ လက်ဝဲလက်ယာတို့ရဲ့ အလယ်မှာ ရှိတယ်လို့သတ်မှတ်ကြတယ်။

တကယ်တော့ နိုင်ငံရေး စနစ်ဆိုတာ အင်စတီကျူးရှင်းများ ခေါ် အထင်ကရ တည်ထောင်ဖွဲ့စည်းထားတဲ့ စီးပွားရေး ၊ လူမှု ရေး လုပ်ငန်းဌာနများ ၊ နိုင်ငံရေး အဖွဲ့အစည်းများ ၊နိုင်ငံရေး ပါတီများ ၊ အကျိုးစီးပွားအုပ်စုများ (အလုပ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ လော်ဘီအုပ်စုများ စတဲ့) ကိုခေါ်ခြင်းပါပဲကွာ။ အဲဒီ အင်စတီကျူးရှင်းများ နဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ ကို ချုပ်ကိုင်ထားသော နိုင်ငံရေး စံနှုန်းတွေ ၊ စည်းမျဉ်းစည်းကမ်းတွေ (ဖွဲ့စည်းပုံအခြေခံဥပဒေ၊ရွေးကောက်ပွဲဥပဒေ) အကြား ဆက်ဆံရေး ပုံစံကို နိုင်ငံရေး စနစ်လို့ သတ်မှတ်ကြတယ်။

နိုင်ငံရေး သဘောတရား

နိုင်ငံရေး လက်တွေ့ လုပ်ငန်းတွေ ကို အကောင်အထည်ဖော်ပေးရန် လမ်းညွှန်ပေးတဲ့မူတွေ ကို နိုင်ငံရေး သဘောတရားလို့ ခေါ်ကြတယ်။

ရုရှားနိုင်ငံက ကွန်မြူနစ်ခေါင်းဆောင်ကြီး ဂျိုးဇက်စတာလင် (J. Stalin –၁၈၇၉ ဩ ၁၉၅၃) က သဘောတရားမပါတဲ့ လက်တွေ့ ဟာ အကန်းနဲ့ တူတယ်။ လက်တွေ့ မပါတဲ့ သဘောတရားဟာ အမြုံနဲ့ တူတယ်လို့ ပြောဆိုခဲ့ဖူးတယ်။Ideology ကိုလည်း သဘောတရားလို့ပင် သုံးနှုန်းတတ်တာမို့ Theory နဲ့ ရောထွေးနေနိုင်တယ်ကွဲ့။Ideologyခေါ် အတွေးအမြင်စနစ် ဆိုတာက နိုင်ငံရေး ၊တရားဥပဒေရေး ၊ သိပ္ပံ၊ ဒဿန၊ ဘာသာရေး ၊ ကျင့်ဝတ်၊နဲ့ သုခုမ အနုပညာစိတ်ကူးစိတ်သန်းတွေ နဲ့ အမြင်တွေ ကိုခံယူကျင့်သုံးနေတဲ့ စနစ်ကို ခေါ်တာ ဖြစ်တယ်။Ideologyကို ဂျာမန်ဘာသာနဲ့ လောကအမြငWorld Viewကိုလည်း ဖွင့်ဆိုတတ်ကြတယ်။ Political Ideology ဟာနိုင်ငံရေး ယုံကြည်ချက် အယူဝါဒ ကိုင်းညွှတ်မှု ကို ခေါ်တာ ဖြစ်တယ်။

နိုင်ငံရေး သဘောတရား (Political Theory) ကလုပ်ငန်းလမ်းညွှန်မှု တွေ ကို ချပေးတယ်။ ဥပမာ autocracy

Cover
ဆိုတာ လူတစ်ဦးတည်း လက်ထဲမှာ အာဏာ အကန့်အသတ်မရှိ ပေးထားတဲ့ နိုင်ငံရေး သဘောတရား ဖြစ်တယ်။Collectivism ဟာ လူအများ က ကုန်ထုတ်ကိရိယာများ ကို ပိုင်ဆိုင်သင့်တယ်ဆိုတဲ့ သဘောတရား ဖြစ်တယ်။

ချုံ့ပြောရရင် Political Theory ခေါ် နိုင်ငံရေး သဘောတရားနဲ့ Political Ideology ခေါ် နိုင်ငံရေး အတွေးအမြင်ကို Political Philosophy ခေါ် နိုင်ငံဒဿနက ပုံသွင်းပေးတယ်ကွယ့်။Ideology က ဖြစ်သင့်တာတွေ ကို တွေးခေါ်မြော်မြင်ပြီးTheory က လုပ်ဆောင်သင့်တာတွေ ကို လမ်းညွှန်တယ်ဆိုတာကို သိထားဖို့ပါပဲကွာ။

နိုင်ငံရေး ပေါင်းစည်းခြင်း

ကမ္ဘာ့နိုင်ငံများ ဟာ စီးပွားရေး အကျိုးအလို့ငှာ အသင်းဝင်တွေ ဖွဲ့စည်းပေါင်းစုရာမှ နိုင်ငံရေး ပေါင်းစည်းမှု အထိတက်လှမ်းလာကြတယ်။ ၁၉၉၃ ကစပြီး ဥရောပသမဂ္ဂ(European Union) ဟာ စီးပွားရေး ပေါင်းစည်းမှု မှ နိုင်ငံရေး ပေါင်းစည်းမှု ကို ဦးတည်လျက်ရှိတယ်။ ဥရောပပါလီမန်၊၀န်ကြီးများ ကောင်စီ၊ ဥရောပငွေကြေးစနစ်၊ ဥရောပဗဟိုဘဏ်၊အစရှိတဲ့ အဖွဲ့တွေ ဟာ နိုင်ငံရေး ပေါင်းစည်းမှု အသွင်ကို ဦးတည်နေကြတယ်ကွဲ့။ တစ်နိုင်ငံချင်း သီးခြားလွတ်လပ်သော နိုင်ငံများ အ ဖြစ်ရပ်တည်ကာ ဥရောပဖက်ဒရယ် ပြည်ထောင်စုအ ဖြစ် ဖော်ထုတ်လိုသော အဆိုပြုချက်များ လည်း ရှိခဲ့တယ်။အဲဒီ နိုင်ငံတွေ ကတော့ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ် စတဲ့ နိုင်ငံတွေ ပဲ ဖြစ်တယ်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခါစ ၁၉၉၀ ပြည့်လွန်နှစ် များ မှာ C.I.S ခေါ် လွတ်လပ်သော နိုင်ငံများ ဓနသဟာယအဖွဲ့ (Commonwealth of Independent States)အမည် နဲ့ စီးပွားရေး ကို အခြေခံ၍ နိုင်ငံရေး ပေါင်းစည်းမှု အထိပြုလုပ်ရန် ဆိုဗီယက်နိုင်ငံဟောင်းအချို့က ကြိုးပမ်းခဲ့ကြသေးတယ်။

နိုင်ငံရေး ခိုလှုံခွင့်

Political Asylum ခေါ် နိုင်ငံရေး ခိုလှုံခွင့်ဆိုတာဖိစီးနှိပ်စက်မှု ရှိတဲ့ နေရာဒေသတစ်ခုမှ တိမ်းရှောင်လာသူအားဘေးအန္တရာယ်ကင်းစွာ နေထိုင်ခွင့်ပေးခြင်းပါပဲ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (၁၉၄၈) အပိုဒ်၁၄ မှာ “မည် သူမဆို ဖိစီးနှိပ်စက်မှု ရှိသည့်နေရာကို စွန့်ခွာ၍ အခြားနိုင်ငံများ တွင် ခိုလှုံနေထိုင်ရန် တောင်းဆိုပိုင်ခွင့်ရှိသည်” ဟု ဖော်ပြပါရှိတယ်။ ဒါ့အပြင် ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (၁၉၅၁) မှာ လည်း ပင်ရင်းနိုင်ငံရဲ့ အခြေအနေမဲ့ ဖြစ်ရသူများ အခွင့်အရေး နဲ့ ကေ၀ာင်းကျိုးချမ်းသာရေး ကို စောင့်ထိန်းရန် နိုင်ငံတိုင်းမှာ တာဝန်ရှိကြောင်း ဖော်ပြထားတယ်။ ဒါပေမယ့် နိုင်ငံရေး ခိုလှုံခွင့်ပေးရမယ့်ကိစ္စကို အချို့နိုင်ငံတွေ က လိုက်နာကျင့်သုံးမှု မရှိဘူး။ခိုလှုံခွင့်ပေးရမယ်လို့ ဘယ်သူကမှ ဖိအားမပေးနိုင်တော့နိုင်ငံရေး ခိုလှုံခွင့် ပေးခြင်း မပေးခြင်းကို တစ်နိုင်ငံချင်းအလိုက် ကြိုက်သလို ဆုံးဖြတ်နေကြတယ်။

ဒါဆိုရင် နိုင်ငံရေး ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆင့်ပွားလာတဲ့ ဘာသာရပ်တွေ ကို နားလည်သဘောပေါက်လောက်ပြီထင်တယ်။



ဝန်ဇင်းချစ်သူများ သန်းဝင်းလှိုင် ၏ “ လူငယ်နှင့်နိုင်ငံရေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး

နှစ်ဆယ်ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ

ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ