Cover

စာရေး သူ၏ အမှာ စာ

ယခုအခါ “ ထောက်လှမ်းရေး ” နှင့် “ထောက်လှမ်းရေး သမား” ဟူသော ဝေါဟာရသည် မြန်မာလူထုကြား၌ စက်ဆုပ်ရွံ့ရှာစရာ သို့မဟုတ် အော့နှလုံးနာစရာ ဖြစ်နေပေသည်။ သို့သော် ကမ္ဘာ့ပေါ်တွင် အင်အားကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ထောက်လှမ်းရေး အဖွဲ့အစည်း၊ ထောက် လှမ်းရေး စွမ်းရည်ကောင်းမွန်သော နိုင်ငံတို့သည် ကမ္ဘာ့ထိပ်တန်းနိုင်ငံများ အ ဖြစ် ရပ်တည် နေကြောင်း တွေ့ ရသည်။ ယင်းနိုင်ငံများ ရှိ ထောက်လှမ်းရေး အဖွဲ့အစည်းများ သည် မြန်မာ့နိုင်ငံ ကဲ့သို့ မဟုတ်ဘဲ၊ မိမိနိုင်ငံနှင့် မိမိပြည်သူလူထု၏ လုံခြုံရေး နှင့် အမျိုးသားရေး အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ပေးနေသော ကြောင့် လူထုက ကန့်လန့်ကာ နောက်ကွယ်မှ အစိုးရ (Invisible Government ) ဟူ၍ ပင် တင်စားကာ ယုံကြည့်ကိုးစားနေကြသည်။

မည် သည့်ခေတ်၊ မည် သည့်ကာလမဆို ထောက်လှမ်းရေး သည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမ ဖြစ်သော အဖွဲ့အစည်း၊ မလုပ်မ ဖြစ်သော လုပ်ငန်းတာဝန် ဖြစ်ပေသည်။ နှစ် ပေါင်းထောင်ချီ၍ သမိုင်းစဉ်ရှည်လျားခဲ့သော မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ထောက်လှမ်းရေး အဖွဲ့များ ရှိခဲ့ကြသည်။ အထောက်ထောက် ၊ သူလျှို၊ စနည်းနာ၊ ဒလန်၊ မြင်းထောက်၊ လှေထောက်၊ ကင်း ထောက်၊ တမန်များ ဖြင့် ဖြစ်စေထောက်လှမ်းမှု များ ပြုလုပ်ခဲ့ပုံကို ရာဇ၀င်မှတ်တမ်း၊ သမိုင်းကျမ်း အစောင်စောင်၌ တွေ့ ရှိရပေသည်။ မြန်မာမင်းလက်ထက်တော် အခါက ဘုရင် ကိုယ်တိုင် ဖြစ်စေ၊ သူ၏ အထောက်တော် ၊ တမန် (သံတမန်) ကို ဖြစ်စေ စုံစမ်းထောက်လှမ်းမူ ကို ပြုခဲ့ကြသည်။

ပုဂံခေတ်တွင် ထောက်လှမ်းရေး ဟူသော စကားရပ်၊ အထောက်တော် နှင့် သူလျှိုဟူသော အသုံးအနှုန်းများ မတွေ့ ရသော်လည်း နန်းတွင်း အရှုပ်တော် ပုံများ ၊ နိုင်ထက်စီးနင်းလုပ်မှု များ တိုင်းတစ်ပါးသားတို့၏ ခြေရှုပ်မှု များ ကို စုံစမ်းစစ်ဆေးရသူတို့ကို “ပင်ဝှက်သည်”ဟု သုံးနှုန်းထား သည့် ဝေါဟာရများ ကျောက်စာများ ၌ တွေ့ ရှိရပေသည်။

ပထမအ၀ (အင်းဝ) ခေတ်မှစပြီး စနည်းနာသည်။ ထောက်လှမ်းသည်၊ သူလျှို၊ အထောက် တော် ၊ သံ၊ တမန်၊ မြင်းထောက်၊ လှေထောက်၊ နားခံ၊ ကမ်းစမ်းထိုး၊ ကင်းထောက်၊ ကင်းတို၊ ကင်းရှည်၊ စစ်လျင် စသည့်ထောက်လှမ်းရေး ဆိုင်ရာ ဝေါဟာရများ သုံးနှုန်းလာကြောင်း တွေ့ ရှိရသည်။

“စနည်းနာသည်” ဟူဟော ဝေါဟာရကို မြန်မာအဘိဓာန်၌ လူအများ အပြောသံဆိုသံကို ထောက်လှမ်းသည်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ သူလျှိုဟူသော ဝေါဟာရကိုလည်း “သတင်းကို လျှိုဝှက်ထောက်လှမ်းသူ” ဟူ၍ ပင် အနက်ဖွင့်ထားသည်။ ထို့အတူ “ဒလန်” ဟူသော အသုံးအနှုန်း သည် ဟိန္ဒီစကား “ဒလာလ်” မှ ဆင်းသက်လာ၍ တစ်စုံ တစ်ယောက် အကျိုးအတွက် အခြားသူကို လှည့်ဖြား၍ ဆောင်ရွက်ပေးရသူပင် ဖြစ်သည်။ မြင်းထောက်၊ လှေထောက်ဆိုသည်မှာ လည်း စုံထောက်လှမ်း၍ ရရှိသော သတင်းကို သက်ဆိုင်ရာသို့ မြင်းစီး၍ လည်းကောင်း၊ လှေဖြင့် လည်းကောင်း၊ သတင်းပေးပို့ရသူကိုပင် ခေါ်ဝေါ်ခြင်း ဖြစ်သည်။ နာခံဆိုသည်မှာ ထောက်လှမ်းရေး လုပ်ရသူများ ပင် ဖြစ်သည်။ ပထမအင်းဝခေတ်မှစ၍ မြို့ပြအုပ်ချုပ်ရေး ဘက် နာခံ၊ စစ်ဘက်နားခံ ဟူ၍ နှစ် မျိုးခွဲခြားထားသည်။ နှစ် မျိုးစလုံးမှာ ထောက်လှမ်းရေး တာဝန် ထမ်းရွက်ရသူများ ပင် ဖြစ်သည်။

ပုဂံဝန်ထောက်မင်း ဦးတင် (၁၈၆၁- ၁၉၃၃) ၏ “မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း” စတုတ္ထတွဲ ၌ မြို့ပြအုပ်ချုပ်ရေး နှင့် ပတ်သက်၍ ခန့်ထားသော နားခံမှာ မြို့ဝန်နှင့် စက်ကဲ့တို့ကို ကူညီဖို့ ၀န်နှင့် မြို့ဝန်၊ ရေ၀န်၊ အခွန်ဝန်၊ စစ်ကဲတို့၏ အမူအကျင့်ကို ထောက်လှမ်းပြီး နေပြည်တော် သို့ သတင်းပို့ ရသည်ဟု ဆိုသည်။ စစ်ကဲနှင့် နားခံတို့က တရားရာဇ၀တ်မှု များ ကိုလည်း ရုံးတက်ပြီး စီရင်ဆုံးဖြတ် ခွင့်ရှိသည်ဟု သိရ၏ ။ စစ်ကဲက ရာဇ၀တ်ဝန်နှင့် တူ၍ နားခံက စုံထောက်အရာရှိနှင့် တူကြောင်း ၊ မြို့ငယ်လျှင် နားခံတစ်ဦး၊ မြို့ကြီးလျှင် နားခံ (၂) ဦးခန့်ထားလေ့ရှိသည်ဟု ဖော်ပြထားသည်။

‘စစ်လျင်’ ကို မြန်မာအဘိဓာန်ကျမ်း၌ ရှေ့ဆုံးက ကင်းထောက်ချီတက်ရသော စစ်တပ်ဟု ယေဘုယျ ဖွင့်ဆိုထားသော်လည်း အမှန်စင်စစ် စစ်ပွဲ ဖြစ်ပွားနေချိန်၊ စစ်ချီနေသော အချိန်၊ စစ်စခန်းချနေသော အချိန် ရေတပ်များ လှည့်ပတ်သွားလာနေသော အချိန် သို့ မဟုတ် ကျောက်ချ နေသော အချိန်အတွင်း၌ ရန်သူ့သတင်းကို စုံစမ်းထောက်လှမ်း၍ သက်ဆိုင်ရာသို့ သတင်းပို့နေ ရသူများ ပင် ဖြစ်သည်။

ပုဂံခေတ် မတိုင်မီ ခရစ်နှစ် အစောပိုင်းကပင် မြန်မာနိုင်ငံ၌ ပျူ၊ မွန်၊ ရခိုင်တို့သည် ကုန်သည်ခရီးသွားများ မှတစ်ဆင့် အိန္ဒိယယဉ်ကျေးမှု များ နှင့် စတင်ထိတွေ့ ခဲ့ကြသည်။ ထေရ၀ါဒ၊ ဟိန္ဒူ ဗြဟ္မဏဘာသာ ယုံကြည်သက်ဝင်မှု များ ရောက်ရှိ လွှမ်းမိုးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မြန်မာ တို့သည် ပထမဦးဆုံးထောက်လှမ်းရေး သအသိပညာများ ကို ဗုဒ္ဓပိဋကတ်စာပေများ ၊ သက္ကတ စာပေကျမ်းဂန်တို့ ရရှိခဲ့သည်ဟု ဆိုရပေမည် ။

ပုဂံ၌ အနော်ရထာမင်းမတိုင်မီ ကတည်းကပင် ဗုဒ္ဓသာသနာရောက်ခဲ့ပြီး ဖြစ်သည်။ ဗုဒ္ဓသာ သနိက စေတီပုထိုးများ ရှိခဲ့ပြီး ဖြစ်သည်။ ငကျွဲနားဋောင်း၊ ဗူးဘုရား စသော ထူပါစေတီများ သည် အနော်ရထာမင်းမတိုင်မီ တည်ခဲ့သော ဘုရားများ ဖြစ်သည်ဟု သမိုင်းပညာရှင်များ က ဆိုကြသည်။ ပုဂံသီရိပစ္စယာအရပ်ရှိ ဖက်လိပ်ဘုရား၊ အနော်ရထာမင်း ကောင်းမှု တော် အာနန္ဒာဘုရား၊ လောက ထိပ်ပန်ဘုရား၌ တို့၌ ငါးရာ့ငါးဆယ်နိပါတ်တော် ဇာတ်ကွက်သရုပ်ဖော် စဥ့်ကွက်ပုံများ ၊ နံရံဆေးရေး ပန်းချီတို့ကို တွေ့ ရှိရပေသည်။ သို့ကလို ပုဂံခေတ်၌ ငါးရာ့ငါးဆယ် နိပါတ်တော် များ နှင့် အကျွမ်း တ၀င်ရှိနေပြီ ဖြစ်၍ ထိုဇာတ်တော် များ မှလည်း ထောက်လှမ်းရေး နှင့် သက်ဆိုင်သော အသိပညာ များ ရရှိနေပြီ ဖြစ်သည်။

ဗုဒ္ဓစာပေကျမ်းဂန်များ မှလည်း ထောက်လှမ်းရေး အသိပညာဗဟုသုတများ ရရှိခဲ့ကြသည်။ သာဓကအားဖြင့် လျှို့ဝှက်အပ်သည်များ ကို မတိုင်ပင်သင့်သည့်အရပ် (၈)ပါး (၁။ မညီညွတ်သော အရပ်၊ ၂။ ဘေးရန်ရှိသော အရပ်၊ ၃။ အလွန်လေထန်သော အရပ်၊ ၄။ နံရံစသည်ဖုံးကွယ်ရာ အရပ်၊၅။ နတ်စင်နတ်ကွန်းရပ်။ ၆။ ခရီးလမ်းမ။ ၇။ စစ်မြေပြင်အရပ်၊ ၈။ ရေဆိပ်တို့ ဖြစ်သည်) လျှို့ဝှက်တိုင်ပင်မှု ကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ် (၈) ဦး (၁။ ရာဂစရိုက်ရှိသူ၊ ၂။ ဒေါသစရိုက်ရှိ သူ၊၃။ မောဟစရိုက်ရှိသူ၊ ၄။ မာနစရိုက်ရှိသူ၊ ၅။ လာဘ်၌ လိုချင်တပ်မက်သူ၊ ၆။ ပျင်းရိသူ ၇။ အကြံတစ်ခုတည်းကိုသာ စူးစိုက်ကြံစည်တတ်သူ၊ ၈။ ငယ်ရွယ်မိုက်မဲသူ၊) တမန်အင်္ဂါ (၈)ပါး / (၁)။ နာလည်းထောင်တတ်ရမည် ။ ၂။ ပြည်လည်းပြောတတ်ရမည် ။ ၃။ သင်ယူလည်း သင်ယူတတ်ရ မည် ။ ၄။ ဆောင်လည်းဆောင်တတ်ရမည် ။ ၅။ သိလည်း သိတတ်ရမည် ။ ၆။ သိစေလည်း သိစေ တတ်ရမည် ။ ၇။ အကျိုးစီးပွားရှိ - မရှိ၌ လည်း လိမ္မာရမည် ။ ၈။ ငြင်းခုံခြင်းလည်း မပြုတတ်) စသည် တို့ ဖြစ်သည်။

အေဒီ ၁၂၇၉ ပုဂံနိုင်ငံတော် ကြီး ပျက်ပြီးနောက် ၁၈ နှစ် အကြာတွင် ပင်းပနှင့် စစ်ကိုင်းတို့ ခေတ်ပြိုင် ပဒေသရာဇ် နိုင်ငံငယ်များ အ ဖြစ် ပေါ်ထွန်းလာခဲ့သည်။ ပင်းယခေတ်တွင် သက္ကတဘာ သာမှ “ဟိတောပဒေသ” ကျမ်းကို မြန်မာဘာသာပြန်ဆိုပြီး ဖြစ်၍ ထိုကျမ်းမှ စစ်ရေး ၊ အုပ်ချုပ်ရေး ၊ နီတိများ ရရှိပြီး၊ ထောက်လှမ်းရေး နှင့် ပတ်သက်၍ လေ့လာသိရှိခဲ့ကြသည်။

“မြန်မာမင်းများ အရေး တော် ပုံ” ကျမ်း၌ လက်ဝဲနော်ရထာ (၁၇၂၃ - ၁၇၉၉) ရေး သားသည့် ဟံသာဝတီ ဆင်ဖြူများ ရှင် အရေး တော် ပုံ၌ ဟံသာဝတီဆင်ဖြူများ ရှင်က ယိုးဒယားကို တိုက်စဉ်က သူလျှိုထားရှိ သတင်းရသူပုံကို ဖော်ပြထားသည်။

ဒုတိယအင်းဝခေတ် သိုမဟုတ် ညောင်းရမ်းခေတ် အေဒီ ၁၆၃၈ ခုနှစ် ၌ သာလွန်မင်း တရား (၁၆၂၉ - ၁၆၄၈) ထုတ်ပြန်ခဲ့သည့် အမိန့်တော် ပြန်တမ်း၌ စစ်ချီတော် အမိန့်တော် ထဲတွင် တော် လှန်းရေး နှင့် ပတ်သက်၍ မည် သို့ ဆောင်ရွက်ရမည် ကို ဖောပြထားသည်။

“တပ်မှူးစစ်ကဲတို့က ခန့်ထားသည့်အတိုင်း စောင့်နေသည်။ မနေ့သည်ကို တပ်ပါစာရေး ကြီးတို့က မြင်းသည်တော် တို့ကို ကြည်ရှုစေ၊ ခန့်ထားသည့်အတိုင်းတည်၍ မစောင့်မနေသူ တို့ကို ဗိုလ်ပါစစ်ကဲတို့ကအပ်၍ ရာဇ၀တ်တော် ကို နောင်မ၀ံ့အောင် သူရဲသူခက်တို့ကို ကြည့်ရှုစေ၍ အဆုံးအရှုံး စီရင်ကွပ်ညှပ်ရမည် ”

ဟူ၍ စစ်ဘက်ထောက်လှမ်းရေး ထားရှိဆောင်ရွက်ခဲ့ပုံကို တွေ့ ရသည်။

ကုန်းဘောင်ခေတ်ဦးပိုင်း အလောင်းမင်းတရြား ၊ ဆင်ဖြူရှင်မင်း၊ ဗဒုံမင်း၊ စစ်ကိုင်းမင်းနှင့် ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံ မန္တလေးခေတ် မင်းတုန်းမင်း၊ သီပေါမင်းလက်ထက်တို့တွင် လည်း ထောက်လှန်းရေး ပတ်သက်သည့် လုပ်ဆောင်ချက်များ ကို တွေ့ ရှိရသည်။

ဤသို့ ရှေးမြန်မာမင်းတို့သည် ထောက်လှမ်းရေး နှင့် ပတ်သက်၍ သံတမန်၊ ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ပြီး ပြောင်ထောက်လှမ်းသော နည်း၊ သူလျှို၊ အထောက်တော် ၊ ဒလန်များ ဖြင့် လျှိုဝှက်ထောက်လှမ်းသော နည်းများ ဖြင့် ပြည်တွင်းပြည်ပထောက်လှန်းမှု များ ကို စနစ်တကျ လုပ်ခဲ့ကြသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ ၀င်း သည် စစ်တပ်အင်အားဖြင့် ပါလီမန်ဒီမိုကရေစီအစိုးရကို ဖြုတ်ကျ၍ အာဏာသိမ်းပိုက် ပြီးနောက် တပ်မတော် ကို တစ်လက်ကိုင်တပ်ဖွဲ့၍ ထောက်လှမ်းရေး ဌာနကိုလည်း စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေး အတွက် ပြည်သူလူထုအားနှိပ်ကွက်ရေး ယန္တရားသဖွယ် ကျင့်သုံးလာခဲ့သည်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေ၀င်း၏ တော် လှန်ရေး ကောင်စီအစိုးရကို ဆန့်ကျင်ခဲ့ကြသော နိုင်ငံရေး သမားများ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားများ ကို အဓိက ပစ်မှတ်ထား၍ အမျိုးမျိုး ဖမ်းဆီး၍ ဖိနှိပ်ညှဉ်းပန်းကာ သတ်ဖြတ်လာတော့သည်။ ထို့နောက် ၁၉၈၃ တွင် ပြည်သူ့လွှတ်တော် မှတစ်ဆင့် အမျိုးသားထောက်လှမ်းရေး အဖွဲ့ ဥပဒေ (ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁၀) ကို ပြဌာန်း၍ အမျိုးသားထောက်လှမ်းရေအဖွဲ့ကို ဖွဲ့စည်းကာ မဆလတစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်သူ မှန်သမျှကို ဖိနှိပ်တော့သည်။ ဗိုလ်နေ၀င်း၏ တော်လှန်ရေး ကောင် စီ အာဏာရှင်စနစ်ကို ဆန့်ကျင်သူ မှန်သမျှကို ဖိနှိပ်တော့သည်။ဗိုလ်နေ၀င်း၏ တော် လှန်ရေး ကောင်စီအာဏာရှင်ခေတ်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်စိုးသော န၀တ၊ နအဖ စစ်အာဏာရှင် အမှော င်ခေတ်တွင် လူထုအား နည်းမျိုးစုံဖြင့် လက်သံပြောင်စွာ နှိပ်ကွက်ရာ၌ နာမည် ဆိုးဖြင့် ကျော်ကြားခဲ့သူနှစ် ဦးမှာ ထောက်လှမ်းရေး မှူး ဗိုလ်မှူးချုပ်တင်ဦး (မျက်မှန်ကြီး) နှင့်

ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ပင် ဖြစ်ကြသည်။

ထို့ကြောင့် စစ်အာဏာရှင်ခေတ် အဆက်ဆက်တွင် လူထုအား ညှဉ်းပန်းနှိပ်စက်ခဲ့သော စစ်ထောက်လှမ်းရေး နှင့် အမျိုးသားထောက်လှမ်းရေး ဌာနမှ တာဝန်ပေးထားသူများ ကို လူထုက အော့နှလုံးနာကာ ဒေါသခံပြင်းခဲ့သည်။ ထောက်လှန်းရေး ခေတ် ကောင်းစဉ်က အကျဉ်းထောင် များ နှင့် စစ်ကြောရေး စခန်း၌ အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခဲ့ရသော သေဆုံးခဲ့ရသူ ပေါင်းများ မှာ မနည်းလှပေ။

ထို့နောက် ၂၀၀၄ အောက်တိုဘာလ (၁၈) ရက်နေ့တွင် ထောက်လှမ်းရေး ညွှန်ကြားရေး မှူး ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၂၀၁၄ အောက်တိုဘာ ၂၂ ရက်နေ့တွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ အများ ပြည်သူတို့၏ အကျိုးငှာလည်းကောင်း၊ လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကို ရှေးရှု၍ လည်းကောင်း၊ အမျိုးသားထောက်လှမ်းရေး အဖွဲ့ ဥပေဒကို ဆက်လာက်ကျင့်သုံးရန် မသင့်တော် ကြောင်း တွေ့ ရှိရသည်ဆိုကာ နအဖ စစ်အစိုးရ သည် အမျိုးသားထောက်လှမ်းရေး အဖွဲ့လည်း ဖျက်သိမ်းသည့် ဥပဒေအမှတ် ရ/ ၂၀၀၄ ကို ပြဌာန်း၍ အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ ထောက်လှမ်းရေး ထိပ်တန်း အကြီးအကဲပေါင်း ၃၀၀ ကျော်ကိုလည်း ဖမ်းဆီးထောင်ချလိုက်သည်။

ယခုအခါ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ထောက်လှန်းရေး ညွှန်ကြားရေး မှူး ဟောင်း ဦိးခင်ညွန့်နှင့် အပေါင်းအပါအချို့ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဦးခင်ညွန့်က သူ့တပည့်အပေါင်းအပါ (၂၁) ဦး ပြန်လွှတ်ပေးရန်နှင့် လုံခြုံရေး အခြေအနေအရ ထောက်လှမ်းရေး ပြန်လည်ဖွဲ့သင့်သည်ဟု သတင်းမီဒီယာများ မှ တစ်ဆင့်ပြော ဆိုခဲ့သည်။ ထို့အပြင် မြတ်ခိုင်၏ “ဦးခင်ညွန့်နှင့် အင်အာဗျူး” စာအုပ်မိတ်ဆက်ပွဲအ ခမ်းအနား၌ ပြည်သူလူထုအားနည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့မှု များ ကို တောင်းပန်ရန် အစီအစဉ် ရှိမရှိ သတင်းထောက်တစ်ဦး၏ အမေးကို ဦးခင်ညွန့်က “ ကျုပ်က ဘယ်သူ့ကို တောင်းပန်ရမှာ လဲဗျ” ဟူ၍ တင်းတင်းမာမာ ပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ ၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် ထောက်လှမ်းရေး အကြီးအကဲများ ဖြစ်ကြသော ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေ (လေ)၊ ဗိုလ်မှူးကြီးအောင်ဇော်၊ ဗိုလ်မှူးကြီးတင်လှ၊ ဗိုလ်မှူးကြီး မောင်မောင်သန်း ၊ ဗိုလ်မှူးကြီးမြင့်ဦး၊ ဗိုလ်မှူးကြီး မင်းသူ၊ ဗိုလ်မှူးဝင်းနိုင်၊ ဗိုလ်မှူးစန်းအောင်နှင့် ဦးခင်ညွန့်၏ ကိုယ်ရေး အရာရှိ ဗိုလ်မှူးနိုင်ဌေးတို့ကို ပြန်လည်လွှတ်ပေးခဲ့သည်။ ထောက်လှမ်းရေး အကြီးအကဲ (၁၆) ဦးကိုမူ ပြန်မလွှတ်သေးပေ။

ဦးခင်ညွန့်၏ ဘ၀တစ်သက်တာ ဖြတ်သန်းမှု ကိုလေ့လာကြည့်ပါက ဖွတ်လျှာသဏ္ဍာန်နှစ် ခွ ဉာဏ်ဖြင့် ကလိန်စေ့ငြမ်းစင် အလိမ်အကောက် အညစ်အပတ် မုသားမာယာ၌ ဧတဒဂ်ဘွဲ့ရသည့် အလား ထူးချွန်ပြောင်မြောက်ခဲ့သူ ဖြစ်ရာ၊ တစ်ချိန်က သူ ထောက်လှမ်းရေး အကြီးအကဲ ဖြစ်ခဲ့သည် ကို မအံ့သြလှပေ။ သို့သော် မိမိလုပ်ခဲ့သမျှ အမိုက်ဇာတ်ကို မရှက်တတ်၊ မကြောက်တတ်၊ နောင်တတရားများ ယနေ့တိုင် မရသည်ကိုသာ ကြားသိရသည့်အတွက်ကြောင့် ပို၍ အံ့သြနေမိပါ သည်။ သူသည် ငါမဟုတ်သည် ငါရုပ်ဖြင့် ငါလုပ်ချင်တာ ၊ ငါမမှန်သည် ငါမာန်များ ဖုံးပိတ်မှော င်နေ သော ကြောင့် ပိုပို၍ အံ့သြနေမိပါသည်။ သူသည် ငါမဟုတ်သည့် ငါရုပ်ဖြင့် ငါလုပ်ချင်ကာ၊ ငါမမှန်သည့် ငါမာန်များ ဖုံးပိတ်မှော င်နေသော ကြောင့် ငါနှင့် ငါ့သာ နှိုင်းရာတုကင်း၍ ကြင်နာခြင်း၊ စာနာခြင်း၊ ညှာတာခြင်း ကင်းဝေးကာ လူ့နှလုံးသားနှင့် ကင်းဝေးနေသည့်အတွက် အတ္တအကျဉ်းသားအ ဖြစ် ဘ၀နွံနစ်ခဲ့ရလေသည်။ သူသည် ငါမဟုတ်သည် ငါရုပ်နှင့် ငါလုပ်ချင်၍ ငါမမှန်သည့် ငါမာန်များ ဖုံးပိတ်မှော င်ကာ ငါနှင့် ငါသာ နှိုင်းရာတုကင်း ထင်မြင်ယူဆကာ ကြင်နာမှု ၊ စာနာမှု ၊ ညှာတာမှု များ ကင်းဝေးနေသော ကြောင့် လူ့နှလုံးသားမှ ရှိပါလေစဟု မှတ်ယူရ ပါသည်။ သို့သော် လူနှင့် ပတ်ဝန်းကျင်သည် အသွင်အကြောင်းရပ် ပေါင်းစပ်မှီခိုနေသော ကြောင့် အများ တကာ၏ အကျိုးကို မသယ်ပိုးခဲ့သူသည် ဘ၀ဇာတ်သိမ်း မလှကြပေ။ အမျိုးတကာ၏ အကျိုးကို အစတစ်ရာ သယ်ပိုးသူ ဖြစ်မျ ဘ၀ဇာတ်သိမ်းလှပနိုင်ပေမည် ။ ထို့သို့ မဟုတ်ဘဲ ဘ၀တဏှာ လွန်ကဲကာ ငါနှင့် ငါ့ဆွေ ငါ့မျိုးကောင်းစားရေး အတွက် ဘယ်ယူသေသေ ငတေမာပြီး တော့ လုပ်ကိုင်ပါက တစ်ဘ၀စံ အတ္တအကျဉ်းသားအ ဖြစ် ဘ၀နွံ့ထဲနှစ် မည် ကို နှလုံးသွင်းသင့်ပေ သည်။

ဘ၀ဟူသည်မှာ မွေးဖွားခြင်းနှင့် စတင်၍ သေဆုံးခြင်းဖြင့် အဆုံးသတ်သည် မရှိချေ။ မည် သည့်ဝေနေယျသတ္တ၀ါမဆို ကိုယ်ဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ၊ စိတ်ဖြင့် ဖြစ်စေ၊ တစ်စုံတစ်ခု သော အပြုအမူ၊ အကျင့်အကြံကို ပြုမူကျင်ကြံတတ်သည်။ ယင်းပြုမူကျင့်ကြံချက်သည် မကောင်း လျှင်၊ အပြစ်ကင်းလျှင် ၊ အကုသိုလ်မျိုးစေ့ (အကုသိုလ်ကံ ) တည်၍ ကောင်းလျှင်၊ အပြစ်ကင်း လျှင်၊ ကုသိုလ်မျိုးစေ့ရှိနေသမျှ ကာလပတ်လုံး ထိုမျိုးစေ့၏ အစွမ်းတန်ခိုးဖြင့် ရုပ်နာမ် တည်းဟူ သော ခန္ဓာပင်ကြီးသည် အဆက်မပြတ်ဘဲတစ်သံသရာလည်နေမည် ဖြစ်သည်။ ထိုသံသရာဟူ သော ရုပ်နာမ်တရားတို့ဆက်ကာဆက်ကာ ဖြစ်ခြင်းဖြင့် ဘုံသုံးပါး၌ ပြေးလွှား ကျင်လည်နေကြ ရသည်။ ထို့ကြောင့် လောက၌ မည် သည့်အလုပ်ကို လုပ်သည် ဖြစ်စေ မှားယွင်းမှု အ၀ိဇ္ဇာနှင့် တပ်မက်မှု တဏှာမပါအောင် ဆောင်ရွက်နိုင်မှသာ ဘ၀၏ အဓိပ္ပာယ်သည် ပြည့်စုံ မည် ဖြစ်သည်။

ဓမ္မပဒ၌ လည်း -

တစ်စုံ တစ်ယောက် သော သူသည် ပြစ်မှားလိုသော (မကောင်းသော ) စိတ်ဖြင့် ပြောအံ့၊ ပြုအံ့၊ ကြံစည်အံ့၊ ထိုသို့ ပြစ်မှားလိုသော စိတ်ဖြင့် ပြောဆို၊ ပြုမူ၊ ကြံစည်မှု တို့ကြောင့် ထိုသူ၏ နောက်သို့ လှည်းဘီးသည် ၀န်ကိုဆောင်သော နွား၏ ခြေရာသို့ အစဉ်လိုက်သကဲ့သို့ ဆင်းရဲခြင်း သည် သံသရာတစ်လျှောက် လိုက်တတ်သည်ကို သူမသိလေရော့သလား၊ သူ့အစားကြားထဲက ၀င်သနားနေမိပါသည်။

မည် သို့ဆိုစေ စစ်အာဏာရှင်ခေတ်က တစ်ချိန်က ဘုန်းမီးနေလပမာတောက်ပ၍ အာဏာ ကို ယစ်မူးကာ ထင်တိုင်းကြဲခဲ့သော်လည်း ယခုအခါ ခရုဆံကျွတ်၊ အူနုကျွဲခတ်၊ ရွှေဥကြမ်းညှပ်ပမာ ဖြစ်ခဲ့ရပြီး ၊ အာဏာလက်လွတ်အမြင့်မှ ပြုတ်ကျသွားခဲ့ရသော်လည်း ယူနေ့တိုင် နောင်တတရား မရရှာသေးသည့် လက်မရွံ့ထောက်လှမ်းရေး မှူးဟောင်း ဦးခင်ညွန့်၏ ဘ၀ တစေ့တစောင်းနှင့် သူ့လုပ်ရပ်များ ကို လူငယ်များ သင်ခန်းစာရယူနိုင်ရန် ရည်သန်၍ ရေး သားတင်ပြလိုက်ရပါသည်။ ဤစာအုပ်၌ ရေး သားတင်ပြထားသမျှသည် ပုဂ္ဂိုလ်ရေး ဆန်နေမည် ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေး နှင့် နိုင်ငံအရေး ယှဉ်လာပါက နိုင်ငံရေး ကိုသာ ဦးစားပေးရမည် ဟူသော ထုံးကို နှလုံးမူကာ အရှိကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ရိုးသားစွာ တင်ပြလိုက်ရပါသည်။

သန်းဝင်းလှိုင်
၂၁၀၁၄၊ အောက်တိုဘာလ (၉) ရက်
ကြာသပတေးနေ့။

************

အခန်း(၁)
အရေး ယူခံလိုက်ရခြင်း

နိုင်ငံတော် ၀န်ကြီးချုပ်နှင့် စစ်ထောက်လှမ်းရေး ညွှန်ကြားရေး မှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန်၏ သြဇာအရှိန်အ၀ါ ကြီးထွားလာမှု ကြောင့် အစိုးရိမ်လွန်ကာ နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် ၂၀၁၄ ခုနှစ် ၊ အောက်တိုဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီးလိုက်ပြီးနောက် မရေး မနှောင်းမှာ ပင် ဗိုလ်ချုပ်ခင်ညွှန့်၏ တပည့် စစ်ထောက်လှမ်းရေး အကြီးအကဲများ ကို ဖမ်းဆီး ထိန်းသိမ်းလိုက်လေ သည်။

ထိုနောက် ၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲတပ်ထားသော နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၇/၂၀၀၄) ဖြင့် အမျိုးသား ထောက် လှမ်းရေး အဖွဲ့ကောင်စီ ဥပဒေ (၁၉၈၃ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁၀) ကို ရုပ်သိမ်း လိုက်ကြောင်း နိုင်ငံတော် အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ဥက္ကဌ ဗိုလ်ချုပ်မှူး ကြီး ဦးရွှေလက်မှတ်ဖြင့် ထုတ်ပြန်ကြေညာခဲ့လေသည်။

ဖျက်သိမ်းခဲ့ရသည့်အကြောင်းကိုလည်း အစိုးရထုတ် သတင်းစာများ နှင့် ရုပ်မြင်သံကြားတို့ ၌ ယခုအခါ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တော် အ ဖြစ် တည်ဆောက်လျက်ရှိရာ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ အများ ပြည်သူ တို့၏ အကျိုးငှာလည်းကောင်း၊ လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကို ရှေ့ရှု၍ လည်း ကောင်း၊ အမျိုးသားထောက်လှမ်းရေး အဖွဲ့ ဥပဒေကို ဆက်လက်ကျင့်သုံးရန် မသင့်တော် တော့ကြောင်း တွေ့ ရှိရသဖြင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီသည် အမျိုးသားထောက် လှမ်ရေး အဖွဲ့ဥပဒေကိုရုပ်သိမ်းသည့် ဥပဒေပြဋ္ဌာန်း၍ အမျိုးသားထောက်လှမ်းရေး အဖွဲ့ (N.T.B) ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာ ဖော်ပြခဲ့သည်။

နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖြုတ်ချလိုက်သည့် အကြောင်းကို အစိုးရ ထုတ် သတင်းမီဒီယာများ ၌ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ၎င်း၏ ကျန်းမာရေး အခြေအနေအရ ၂၀၀၄ ခုနှစ် ၊ အောက်တိုဘာလ၁၉ ရက်နေ့မှစပြီး တာဝန်မှ အနားယူခွင့်ပေးလိုက်ကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ်ရေး ထိုး ထုတ်ပြန်ခဲ့သည်ဟူ၍ ဖော်ပြထားရာ အဆိုပါသတင်းကို ကြားသိသူတို်င်း မှင်တင်အံ့သြ ထိတ်လန့် တုန်လှုပ်ခဲ့ရလေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် န၀တ လက်ထက်မှစပြီး အတွင်းရေး မှူး (၁) တာဝန်၊ နအဖအစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်တာဝန်အပြင် အမျိုးသားထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ အ ဖြစ်န၀တ၊ နအဖစစ်အစိုးရ လုပ်ငန်းတာဝန်များ ကို သူ့ခြေ၊ သူ့လက် လုပ်ကိုင်နေသူ ဖြစ်ပြီး ၎င်း၏ ထောက်လှမ်းရေး တပ်ဖွဲ့တစ်ဖွဲ့လုံး ဖယ်ရှားခံရသည့်အကြောင်းကို မြန်မာပြည်တစ်ဝန်းတွင် လူထုကြား၌ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှစပြီး တောမီးပမာ ပျံ့နှံ့သွားခဲ့လေသည်။

စစ်အစိုးရအတွင်း အာဏာလုပွဲ ဖြစ်ခဲ့ခြင်းလား၊ ဗိုလ်ချုပ်ခင်ညွန့် ဖယ်ရှားခံရသည့်အတွက် သူစခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အပစ်အခတ်ရပ်စဲရေး ရှေ့ဆက်မည် ကဲ့သို့ လုပ်ကြမည် လဲဆိုသည့် စိုးရိမ်မှု များ ဖြစ်ပွားခဲ့ရသည်။

နိုင်ငံရေး အကဲခတ် လေ့လာသူများ ကလည်း ဗိုလ်ချုပ်ကြီးခင်ညွန့်သည် “Don’t shine over your master” “ ဆရာထက်တပည့်က တစ်မူးပိုမရှူနဲ့’’ ဆိုသည့် ပါဝါ (အာဏာ) ဥပဒေကို လိုက်နာမှု မရှိဘဲ နံပါတ် (၁) နှင့် နံပါတ် (၂) တို့ကို ကျော်လွန်လုပ်ခဲ့သော ကြောင့် အာဏာမှ ဖယ်ရှားခံရသည်ဟု ဆိုကြသည်။

Cover

အချို့က စက်မှု (၁) ၀န်ကြီးဦးအောင်သော င်း (ယခုကြံ့ဖွံ့ပါတီ၊ ဗဟို အတိုင်ပင်ခံ) က ဗိုလ်ချုပ်ကြီးသန်းရွှေအား ဗိုလ်ချုပ်ခင်ညွန့်သည် အာဏာရယူဖို့ ကြိုးစားနေကြောင်းနှင့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ မြေးများ ကိစ္စ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထားပျော့ပျောင်းသည့် ကိစ္စများ အား သွေးထိုးပြောဆိုကာ နောက်ကျောကို ဓားနှင့်ါ ထိုးသလို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ရာထူးမှ ဖယ်ရှားခံရသည်ဟုလည်း ဆိုကြသည်။

ဤသို့ သို့ လော သို့လော သံသယများ ပျံ့နှံ့နေစဉ်အတွင်း ၂၀၀၄ ခုနှစ် ၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ ကုန်းမြင့်သာယာရှိဇေယျာသီရိ ဗိမာန်၌ နအဖအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ယခုပြည်ထောင်စုလွှတ်တော် နာယကနှင့် ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ) က သတင်းစာ ရှင်းလင်းပွဲ ပြလုပ်ခဲ့လေသည်။

ဗိုလ်ချုပ်ကြီးသူရွှေမန်းက နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ၂၀၀၄ ခုနှစ် ၊ အောက်တိုဘာလ ၁၉ ရက်နေ့က တာဝန်မှ အနားယူခွင့်ပေးလိုက်သည်ကို အားလုံးသိပြီး ဖြစ် ကြောင်း၊ ၀န်ကြီးချုပ်ဟောင်း၏ ဂုဏ်သိက္ခာ၊ မိသားစု၏ ဂုဏ်သိက္ခာကို ထောက်ထား ငဲ့ညှာသော အားဖြင့် ကျန်းမာရေး အခြေအနေအရဟု ဖော်ပြထားသော လည်း အခြားအကြောင်းများ လည်းရှိ ကြောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်အား တာဝန်မှအနားပေးပြီး နောက်ပိုင်းတွင် ပြည်သူများ အပိုင်းမှာ ရော နိုင်ငံတကာမှာ ပါ ပထမအချက်အနေဖြင့် မိမိတို့ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်နေ သော အမျိုးသားညီလာခံ အပါအ၀င် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်ကို ဆက်လက် အကောင်အထည်ဖော်မည့် အခြေအနေ၊ ဒုတိယအချက်အနေဖြင့် ဥပဒေဘောင် အတွင်း ရောက်ရှိပြီး ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပေါ် သဘောထား အခြေအနေ၊ တတိယအချက်အနေဖြင့် နိုင်ငံတော် ၏ နိုင်ငံခြားရေး မူဝါဒပြောင်းလဲမှု ရှိ၊ မရှိ အခြေအနေတို့ကို စိတ်ပါဝင်စားစွာ သို့ လော သို့ လော မေးမြန်းတွေးတော ပြောဆိုမှု များ ရှိနေသည် ကို တွေ့ ရကြောင်း။

ဥပဒေဘောင်အတွင်း ရောက်ရှိနေကြသော အဖွဲ့သားများ သည် နိုင်ငံတော် အစိုးရနှင့် တရားဝင် လက်မှတ်ရေး ထိုးထားသူများ မဟုတ်ဘဲ ၀န်ကြီးချုပ်ဟောင်းခင်ညွန့်နှင့် ဆက်သွယ်၊ ဆက်ဆံမှု များ ၊ ရင်းနှီးမှု မျာလည်း ရှိသည့်အတွက်ကြောင့် ၎င်းအဖွဲ့များ နှင့် ပတ်သက်၍ မည် ကဲ့သို့ သဘောထား ရှိမည် ကို သိလိုသော ဆန္ဒလည်း ရှိကြကြောင်း၊ ယင်းအချက်များ နှင့်စပ်လျဉ်း၍ အမျိုးသားညီလာခံကြီးအပါအ၀င် နိုင်ငံတော် ရှေ့ဆက်သွားမည့်  မူဝါဒ လမ်းစဉ် (၇) ရပ်ကို အောင်မြင်ပြီးမြောက်သည်အထိ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဟု အတိ အလင်း ပြောကြားလိုကြောင်း။

Cover

ဥပဒေဘောင်အတွင်း ရောက်ရှိပြီး ၊ နိုင်ငံတော် အစိုးရနှင့် လက်တွဲပူပေါင်းဆောင်ရွက်နေ သည့် တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် စပ်လျဉ်း၍ လည်း ယခင်ကပင် ကျင့်သုံးလိုက်နာဆောင် ရွက်လာခဲ့သည့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို အခြေခံသော နိုင်ငံတော် ၏ အမျိုးသားရေး မူဝါဒများ နှင့် အညီ တစ်စုံတစ်ရာ အပြောင်းအလဲမရှိ ၊ ဆက်လက်လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်း။

တတိယအချက် ဖြစ်သည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကိုလည်း အပြောင်းအလဲမရှိ၊ ဆက်လက်ကျင့်သုံးပြီး နိုင်ငံတကာဆက်ဆံရေး နယ်ပယ်၌ လည်း ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် ချစ်ကြည်ရင်းနှီးစွာ ယခင်အစဉ်အလာများ နှင့် အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ် ကြောင်း။

မိမိတို့ တပ်မတော် အနေဖြင့် နိုင်ငံတော် ၏ တာဝန်အရပ်ရပ်ကို ဆောင်ရွက်ရာတွင် တပ်မတော် ကိုယ်စား နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖွဲ့စည်းဆောင် ရွက်နေသကဲ့သို့ နိုင်ငံတော် ၏ အချုပ်အခြာအာဏာ သုံးရပ်ကို စွဲကိုင်ကျင့်သုံးနိုင်ရေး အတွက် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကော်စီအနေဖြင့် နိုင်ငံပတော် ၀န်ကြီးချုပ်နှင့် တကွ ၊ အစိုးရအဖွဲ့နှင့် ဗဟိုအာဏာပိုင်အဖွဲ့များ ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း။

အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အပါအ၀င် ၀န်ကြီးချုပ်တို့သည် ပြည်သူလူထုက ရွေးချယ်တင် မြှော က်ထားသည့် ကိုယ်စားလှယ်များ မဟုတ်ကြကြောင်း။

တစ်နည်းပြောရလျှင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် က ချမှတ်ထားသော မူဝါဒများ ၊ အမိန့်၊ ညွန်ကြားချက်များ ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့် မှန်ကန်ညီညွတ်စွာ နိုင်ငံတော် အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်နိုင်မည် ဟု ယူဆသော ပုဂ္ဂိုလ် များ ကို စိစစ်ရွေးချယ်ပြီး၊ နိုင်ငံတော် ၏ တာဝန်အသီးသီးကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ခန့်အပ် တာဝန်ပေးထားသည့် Selected Member များ ဖြစ်ကြောင်း။

Cover

ထို့ကြောင့် နိုင်ငံတော် ကပေးအပ်ထားသော တာဝန်များ ကို အကောင်အထည်ဖော်ဆောင် ရွက်ရာ၌ နိုင်ငံတော် ၏ မူဝါဒများ ၊ နိုင်ငံတော် ၏ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများ နှင့် ဆန့်ကျင်သွေ ဖည်မည် ဆိုလျှင် ထိုပုဂ္ဂိုလ်များ ကို တာဝန်ပေးအပ်ခြင်းမှ ရုပ်သိမ်းရမည် သာ ဖြစ်ကြောင်း၊ ကုန်းတွင်းထွက်ပေါက် ဖြစ်သည့် မူဆယ်ဒေသ၌ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ နှင့် စပ်လျဉ်း၍ စည်းကမ်းဥပဒေ လိုက်နာခြင်းမရှိဘဲ ကျပ်သန်းထောာ်ချီ၍ လာဘ်ပေးလာဘ်ယူပြုလုပ်ပြီး နိုင်ငံတော် ၏ အကျိုးစီးပွား၊ ကုန်သွယ်သူများ ၏ အကျိုးကိုများ စွာ ထိခိုက်နစ်နာအောင် ဆောင်ရွက် ခဲ့သော တာဝန်ရှိ ၀န်ထမ်းများ ကို မိမိတို့ ဖော်ထုတ်အရေး ယူ ဆောင်ရွက်ခဲ့သော တာဝန်ရှိ ၀န်ထမ်းများ ကို မိမိတို့ ဖော်ထုတ်အရေး ယူ ဆောင်ရွက်ခဲ့သော တာဝန်ရှိ ၀န်ထမ်းများ ကို မိမိတို့ ဖော်ထုတ်အရေး ယူ ဆောင်ရွက်ခဲ့ရကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ အနေဖြင့် ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲ ရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တည်းဟူသော အမျိုးသားရေး မူဝါဒများ ကို ထိခိုက် နစ်နာစေမည့်  အခြေအနေအချိန်အခါ တိုင်းတွင် နိုင်ငံတော် ၏ မျက်နှာသာကြည့်ပြီး လိုအပ်သည့် အရေး ယူဆောင်ရွက်မှု များ ကို ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့သည်သာ ဖြစ်ကြောင်း။

ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်အနေဖြင့် ယခုပြောခဲ့သည့်အချက်များ နှင့် ပ ငြိစွန်းပတ် သက်နေသည်ဟု ပြောရမှာ ဖြစ်ကြောင်း၊ ၎င်းအနေနှင့် နံပါတ် (၁) အမိန့်နာခံမှု မရှိကြောင်း။ မိမိတို့တပ်မတော် သားများ တွင် အမိန့်နာခံမှု မှာ အရေး ကြီးပါကြောင်း၊ အထက်မှပေးသည့် အမိန့်ကို နာခံပြီး တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နံပါတ် (၂) အဂတိလိုက်စားမှု ၊ လာဘ်ပေးလာဘ်ယူမှု များ နှင့် ပတ်သက်ဆက်စပ် တာဝန်ရှိနေကြောင်း၊ ဥပဒေနှင့် မညီသည့် အချို့ ကိစ္စများ လုပ်ဆောင်ခဲ့ကြောင်း၊ လာဘ်ယူမှု များ မှာ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ မိသာစုနှင့် ဆက်စပ်တာတွေ့ ရှိရကြောင်း။

ယခုလို ဖြစ်ရသည့် အခြေအနေကို အတိုချုပ်ရှင်းလင်းပြောကြားမှာ ဖြစ်ကြောင်း။ ၁၂-၉-၂၀၀၄ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးခင်ညွန့် စင်ကာပူနိုင်ငံသို့ ကျန်းမာရေး အတွက် ဆေးကုသရန် သွားရောက်ခဲ့ကြောင်း၊ ချစ်ကြည်ရေး ခရီး၊ ခေါင်းစဉ်တပ်ခဲ့ပါကြောင်း၊ ထိုကာလနှင့် တိုက်ဆိုင်စွာ မူဆယ် ၁၀၅ မိုင်၊ နမ့်ဖက်ကာ ဒေသတွင် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ တာဝန်သိ လုပ်သား ပြည်သူ တစ်ဦး၏ နိုင်ငံတော် ၀န်ကြီးချုပ်ထံ လိပ်မူတိုင်ကြားသတင်းပို့မှု ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက မိတ္တူစာအ ဖြစ် လက်ခံရရှိခဲ့ကြောင်း၊ တိုင်းမှူးက တိုင်ကြားမှု အချက် အလက်များ အပေါ် မှန်ကန်ရှိမရှိ စုံစမ်းစစ်ဆေးရန် ခုံအဖွဲ့ဖွဲ့၍ ဆောင်ရွက်ခဲ့ရာ၊ ပြစ်မှု ကျူး လွန်ကြောင်း ၊ စုံစမ်းတွေ့ ရှိမှု များ အရ အမှု မှာ ကျယ်ပြန့်သည့်အတွက် တိုင်းအဆင့်ဖြင့် ကိုင်တွယ် ဖြေရှင်း၍ မရနိုင်သဖြင့် အဆင့်မြင့်အဖွဲ့ စေလွှတ်ပေးမှသာ သင့်လျော်မည် ဖြစ်၍ ကာကွယ်ရေး ၀န်ကြီးဌာန၊ စစ်ဆေးရေး အရာရှိချုပ်ခေါင်းဆောင်သော အဖွဲ့ကို ထပ်မံစေလွှတ် လိုက်ရကြောင်း၊ အမှု အခြေအနေ တဖြည်းဖြည်း ပေါ်ပေါက်ချက်များ မှာ မည် သို့ မျှ မမျှော်မှန်းခဲ့ သော အတိုင်း အတာအထိ ဖြစ်လာကြောင်း၊ လွန်စွာ ကြီးမားသော ၊ ကြောက်မက်ဖွယ်ကောင်း သော လာဘ်ပေး လာဘ်ယူမှု ဖြစ်ပါကြောင်း၊ ထို့အပြင် အများ ပြည်သူနှင့် ကုန်သည်များ အပေါ် အနိုင် အထက်ပြု ကျင့်မှု ၊ ဥပဒေနှင့် မညီညွတ်သော ဆောင်ရွက်မှု များ ဖြစ်ကြောင်း၊ တချို့အမှု မှာ လူကို ရင်းနှီးပေးရ သည့် အမှု များ ရှိကြောင်း၊ တစ်ဖန်တစ်ဖက်မှ ထောက်လှမ်းရေး တပ်နှင့် တစ်ဖက်မှ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု တပ်၊ ၎င်းတပ်ဖွဲ့အချင်းချင်း သင့်မြတ်မှု မရှိ သည်ကို တွေ့ ရကြောင်း၊ ထိုသို့ သင့်မြတ်မှု မရှိသည့် အတွက် ယခုလို တိုင်ကြားသည်ဟု သုံးသပ် ဖော်ထုတ် ရပါကြောင်း။

Cover

ထို့အပြင် အခြားအ ဖြစ်အပျက်များ လည်း များ စွာ ရှိကြောင်း၊ စစ်ဆေးတွေ့ ရှိချက်များ အရ နောက်ဆုံးတွင် ဥပဒေနှင့် အညီ တပ်စည်းကမ်းနယ်ဘက် စည်းကမ်းများ အရ အရေး ယူရန် ပြင်ဆင်ထားပါကြောင်း။

ထောက်လှမ်းရေး တပ်ဖွဲ့နှင့် ပတ်သက်၍ အနည်းငယ် ထပ်မံရှင်းပြလိုပါကြောင်း၊ ကကလှမ်း သည်အခြားညွှန်ကြားရေး မှူးရုံးများ ၊ ဦးစီးရုံးများ နည်းတူ ကကကြည်း၏ ကွက်ကဲမှု အောက်တွင် ရှိ ကြောင်း၊ ကကလှမ်းအောက်တွင် ထောက်လှမ်းရေး တပ်များ နှင့် လူဝင်မှု စစ်ဆေးရေး အဖွဲ့ရှိပြီး မူဆယ်၊ မြ၀တီ၊ မောင်းတောနှင့် တာချီလိတ်တို့တွင် ရှိသည့်အဖွဲ့မျိုးတို့ ဖြစ်ကြောင်း၊ ၎င်းတိုအချင်း ချင်း မသင့်မမြတ် ဖြစ်သည့်အပြင် ပြည်သူများ ၊ ၀န်ထမ်းများ အပေါ်တွင် လည်း မောက်မောက်မာမာ ဆက်ဆံမှု များ ရှိခဲ့ရာမှ နောက်ဆုံးယခုကဲ့သို့ ဖြစ်လာသည်ဟု မိမိတို့သုံးသပ်ပါကြောင်း၊ ထိုတိုင် ကြားစာမှာ ထူးခြားသည်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို လိပ်မူတာ ဖြစ်ကြောင်း၊ မိတ္တူ ဖော်ပြမှု တွင် လူကြီးများ နှင့် မိမိအပါအ၀င် သက်ဆိုင်ရာ စစ်ဆေးရေး အထူး အဖွဲ့မှူးများ ပါ ပါကြောင်း၊ ဘာကြောင့် မရောက်သည်ကို မသိရှိကြောင်း၊ ရမခတိုင်းမှူးထံသို့မူ နီးသည့်အတွက် ရောက်သွားခြင်း ဖြစ်နိုင်ကြောင်း။

ဖြစ်စဉ်ကို ဆက်လက်ပြောရပါက စစ်ဆေးရေး အဖွဲ့များ က စစ်ဆေးသည့်အခါ ဌာန (၄) ခုနှင့် ဖွဲ့စည်းထားသည့် နစရ (နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု တပ်ရင်း)၊ကကလှမ်း၊ လ၀က၊ ပြည်ထဲရေး နှင့် ဘဏ္ဍာအခွန်က ၀န်ထမ်းများ ၊ ပါဝင်ဖွဲ့စည်းထားသည့်အတွက်ကြောင့် တရားစီရင်သည့်အခါ တပေါင်းတည်းတပြေးညီ စီရင်နိုင်ရန်အတွက် တပ်ပိုင်းတွင် တပ်က အားလုံး ထုတ်ပစ်လိုက်ပြီး နယ်ဘက်ဌာနက ၀န်ထမ်းများ ကိုလည်း ၀န်ထမ်းအ ဖြစ်မှ ထုတ်ပစ်လိုက် ကြောင်း၊ ထို့နောက် တစ်ပြေးညီစစ်ဆေးကြောင်း၊ စစ်ဆေးတွေ့ ရှိချက်များ ကို တရားသူကြီးများ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ က စွဲချက်တင်ပို့ခဲ့ရာ တရားရုံးက သက်သေခံပစ္စည်းတင်သွင်းရာ တွင် အနည်းဆုံးဈေးနှုန်းဖြင့် တန်ဖိုးသင့်တွက်ချက်ရာ ကျပ်သိန်းပေါင်း ငါးထောင်ခန့် တန်ဖိုး ဖြစ်၍ စုစုပေါင်း ကျပ်သိန်း သုံးသော င်းဟု တင်ပြထားကြောင်း သိရှိရပါကြောင်း။ ကျောက်စိမ်း ၄၂ တန်နှင့် ပုလဲအလုံးပေါင်း ၁၃၀၀ ၏ တန်းဖိုးမပါသေးကြောင်း။ ထို့ကြောင့် ပါဝင်ပတ်သက်သည့် တပ်ဌာမ(၃) ခုမှ ၀န်ထမ်း ၁၈၆ ယောက် သည် တရားဥပဒေအရ ပြစ်ဒဏ်များ ခံယူသွားပြီ ဖြစ်ကြောင်း။

ဗိုလ်ချုပ်ကြီးခင်ညွန့်သည် စင်ကာပူနိုင်ငံမှ ပြန်ရောက်သည့်အခါ ၎င်း၏ ထောက်လှမ်း ရေး တပ်ဖွဲ့များ မှ သတင်းပို့ချက်အရ ဖြစ်စဉ်ကို သိရှိရသည့်အခါ စိတ်မကောင်း ဖြစ် ခြင်း၊ ဒေါသ ဖြစ်ခြင်းများ ဖြစ်သည်ဟု မိမိတို့သိရကြောင်း၊ မိမိတို့တပ်မတော် သားများ တွင် တပ်၏ စည်းမျဉ်း ဥပဒေများ ကို လိုက်နာကြရကြောင်း၊ ဥပဒေကျူးလွန်းပြီဆိုပါက ဥပဒေအရ မည် သည့် တပ်မတော် သားကိုမဆို အပြစ်ပေးရမည် ဖြစ်ကြောင်း။

တပ်မတော် ၏ အစိတ်အပိုင်းအားလုံးသည် တပ်မတော် ၏ စည်းမျဉ်း၊ စည်းကမ်းများ ကို လိုက်နာကြရမည် သာ ဖြစ်ကြောင်း၊ မည် သူမျှ ဥပဒေ၏ အထက်တွင် ကင်းလွတ်စွာ မရှိကြောင်း၊ မည် သူမျှ ဥပဒေ၏ အထက်တွင် ကင်းလွတ်စွာ မရှိကြောင်း၊ ပြည်သူများ အပေါ် မောက်မာစွာ ဆက်ဆံခြင်း၊ အနိုင်အထက် ပြုခြင်းများ အပါအ၀င် ဥပဒေနှင့် မညီညွတ်သော ၊ ဥပဒေကို ဆန့်ကျင် ချိုးဖောက်သော ဖြစ်စဉ် ဖြစ်ရပ်များ ပေါ်ပေါက်သည့်အခါတိုင်း မိမိတို့ တိကျ ထိရောက်စွာ အရေး ယူ ဆောင်ရွက်ရသည်မှာ မိမိတို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ နှင့် ညှိနှိုင်းပြီ အကြံဥာဏ်များ ရယူ၍ မျှတ သော တရားဥပဒေ ဖြစ်စဉ်တွင် ဥပဒေအရ အရေး ယူရမည့် ကိစ္စ ဖြစ်၍ ဥပဒေနှင့် အညီ ဆောင်ရွက် ခြင်းသာ ဖြစ်ကြောင်း။

ယခု ဖြစ်စဉ်ကြောင့် မိမိတို့ စိတ်မကောင်း ဖြစ်ရကြောင်း၊ ဗိုလ်ချုပ်ကြီးခင်ညွန့်အနေနှင့် ၎င်း၏ တပည့်သားမြေးအပေါ် ညှာတာထောက်ထားမှု လွန်ကဲပြီး ဒေါသ ဖြစ်ခဲ့ရာမှ ယခုကိစ္စ အစပျိုး လာသည် ဖြစ်သည်ဟု သုံးသပ်ရပါကြောင်း၊ နိုင်ငံတော် အကြီးအကဲ ဒုတိယဥက္ကဌနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့သည် ကပ္ပတိန် (ဗိုလ်ကြီး) ၊ မေဂျာ (ဗိုလ်မှူး) အဆင့်လောက်မှစပြီး အတူ တာဝန် ထမ်းဆောင်လာသည်မှာ ယနေ့ထိပင် ဖြစ်ကြောင်း ၊ ၎င်းအနေနှင့် ထောက်လှမ်းရေး ၊ နစရ စသည့် ၎င်း၏ အရာရှိ ရဲဘော်များ ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ၊ မှန်ကန်မှု ရှိ/ မရှိ၊ နိုင်ငံတော် နှင့် တပည့်သားမြေးတို့တွင် မည် သည့်ဘက်က ရပ်တည်ရမည် စသည်တို့ကို သုံးသပ်ရမှာ ဖြစ်ကြောင်း၊ ယခုတွင် မူ ထိုသို့ သုံးသပ်၍ နိုင်ငံတော် နှင့် ဥပေဒဆင့်ကဲဆင့်ကဲ ဖြစ်လာခဲ့ကြောင်း၊ ထိုသို့ သုံးသပ်၍ နိုင်ငံတော် နှင့် ဥပဒေဘက်က ရပ်တည်နိုင်မှု မရှိခြင်းမှာ ထိုလာဘ်ပေးလာဘ်ယူကိစ္စများ ပတ်သက်နေခြင်းကြောင့် ဖြစ်သည်ဟု ယူဆနိုင်ကြောင်း။

၃၀- ၉ -၂၀၀၄ ရက်နေ့တွင် ၅ပတ် တစ်ကြိမ်ပြုလုပ်သည့် အစိုးရအဖွဲ့ စုံညီအစည်းအဝေး တွင် နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် တက်ရောက်ပြီး လမ်းညွှန်သြ၀ါဒပေးပြီး ဆုံးဖြတ်ပေးတာရှိ ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲက ၀န်ထမ်းအားလုံးကို ၂၀၀၃ ခုနှစ် ၊ ဒီဇင်ဘာလမှစ၍ ၀န်ထမ်းထောက်ပံ့ငွေ ၅၀၀၀ိ/ - လစဉ်ချီးမြှင့်ပေးပြီး ဖြစ်၍ ၀န်ကြီးဌာနများ အနေနှင့် ၀န်ထမ်း သက်သာချောင်ချိရေး ကို အကြောင်းပြုပြီး စီးပွားရေး လုပ်ဆောင်မှု များ မပြုလုပ်ရန် ထပ်မံ သတိ ပေး ညွှန်ကြားခဲ့ကြောင်း၊ ၂၀၀၃ခုနှစ် ၊ ဒီဇင်ဘာလတွင် ပင် တပ်ပို်င်းဆိုင်ရာကိုလည်း သီးခြား ညွှန်ကြားခဲ့ကြောင်း၊ မိမိတို့တပ်ပိုင်းကိုလည်း စိုက်ပျိုးရေး ၀င်ငွေ၊ မွေးမြူရေး ၀င်ငွေနှင့် သတ်မှတ် ထားသည့်တပ်ရင်း ရန်ပုံငွေနှင့် ပတ်သက်သည့် ၀င်ငွေမှလွဲ၍ ကျန်စီးပွားရေး လုပ်ငန်း များ အားလုံး ၃၁-၃-၂၀၁၄ ရက်နေ့မှစ၍ ရပ်စဲပြီး ဖြစ်ရမည် ။ အချို့လုပ်ငန်းများ ကို သက်ဆိုင်ရာ ၀န်ကြီးဌာန နှင့် အဖွဲ့အစည်းများ သို့ လုပ်ငန်းများ လွှဲပြောင်းပေးရမည် ။ လွှဲပြောင်းမရသည့် လုပ်ငန်း များ ရှိပါက ဖျက်သိမ်းရမည် ဟု ညွှန်ကြားခဲ့ပြီး ဖြစ်ပါကြောင်း။

ထိုသို့ ဆောင်ရွက်ပြီးပါက တိုင်းမှူး၊ တပ်မမှူး၊ ညွှန်ကြားရေး မှူးများ ၊ အရာရှိချုပ်များ ကိုတိုင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း ညွှန်ကြားရေး မှူးများ ၊ အရာရှိချုပ်များ ကိုယ်တိုင် ဆောင်ရွက်ပြီး ဖြစ် ကြောင်း၊ လက်မှတ်ရေး ထိုး တင်ပြကြရန်နှင့် စစ်ဆေးမှု များ ပြုလုပ်မှာ ဖြစ်ကြောင်း၊ ညွှန်ကြားခဲ့ပြီး ဖြစ်ကြောင်း၊ ညွှန်ကြားရေး ခဲ့ပြီး ဖြစ်ကြောင်း၊ ဒါ့ကြောင့် ယင်းညွှန်ကြာချက်များ ကို တိတိကျကျ လိုက်နာကြရန် အစိုးရအဖွဲ့စုံညီ အစည်းအဝေး၌ နိုင်ငံတော် အကြီးအကဲက ထပ်မံသတိပေးညွှန် ကြားခဲ့ကြောင်း။

ယင်းညွှန်ကြာချက်နှင့် အညီ ၁-၁၀- ၂၀၀၄ ရက်နေ့တွင် ကကကြည်းက ညွှန်ကြားစာ တစ်စောင် ထုတ်ပြန်၍ ဌာနဆိုင်ရာ ၀န်ထမ်းသက်သာချောင်ချိရေး အတွက် ဆောင်ရွက်လျက်ရှိ သည့် စီးပွားရေး လုပ်ငန်းများ နှင့် ပတ်သက်၍ ရှင်းလင်းဆောင်ရွက်ချက်များ ၁၄-၁၀-၂၀၀၄ ရက်နေ့အရောက် ပြန်လည်စိစစ်တင်ပြရန် ညွှန်ကြားခဲ့ကြောင်း။ ယင်း ၁-၁၀-၂၀၁၄ ရက်နေ့တွင် ပင် ဒုတိယစာတစ်စောင် ထုတ်ပြန်ပြီး ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်း၊ စည်းကမ်းနှင့် စနစ်တကျ ရှိမှု အားနည်းခြင်းတို့ကြောင့် မ ဖြစ်သင့် မ ဖြစ်ထိုက်သည်များ မ ဖြစ်ပေါ်စေရေး အတွက် စည်းကမ်း နှင့် စနစ်တကျရှိစေရေး အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ကြရန် ညွှန်ကြားခဲ့ ကြောင်း၊ ယင်းညွှန်ကြးချက်များ နှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်ကြီးခင်ညွှန့်အနေဖြင့် များ စွာ စိတ်ထိခိုက် ခံစားရ သည် သိရကြောင်း။

Cover

ထို့သို့ သိရသည့်အတွက် နိုင်ငံတော် အကြီးအကဲက ဗိုလ်ချုပ်ကြီးခင်ညွန့်အား ၄-၁၀-၂၀၀၄ တွင် ခေါ်ယူတွေ့ ဆုံပြီး နိုင်ငံတော် အကြီးအကဲအနေဖြင့် ဗိုလ်ချုပ်ကြီးခင်ညွန့်အား ထိုတာဝန်များ ပေးရန် မည် မျှအထိ ပြုစုပျိုးထောင်ခဲ့ရသည်ကိုလည်းကောင်း၊ ထောက်လှမ်းရေး မှူးချုပ်ရုံးတွင် မည် သို့မျှ ခန့်အပ်၍ မရနိုင်သည့် ဗိုလ်ချုပ်ကြီးရာထူးအဆင့်ပေးရန် ဥက္ကဌ၏ စစ်ဘက်အကြံပေး အရာရှိအဆင့်အထိ တိုးမြှင့်ခန့်ထားပေးသည်ကိုလည်းကောင်း၊ လုပ်ပိုင်ခွင့်အာဏာများ ၊ မည် မျှအထိ တိုးပေးသည်ကို လည်းကောင်း၊ ဖြည်းဖြည်းနှင့် အေးအေးဆေးဆေး နားဝင်အောင် ပြောကြားခဲ့ကြောင်း၊ ၎င်းနောက် ဗိုလ်ချုပ်ကြီးခင်ညွန့်အား ၀န်ကြီးချုပ်ရာထူးနှင့် တပ်မတော် ထောက်လှမ်းရေး မှူးချုပ် တာဝန်နှစ် ခုစလုံးကို တစ်ယောက် တည်းယူထားခြင်းအားဖြင့် နောင်တွင် မကောင်းနိုင်ကြောင်း၊ သို့ပါ၍ ထောက်လှမ်းရေး မှူးချုပ် အသစ်ခန့်ပြီး အမျိုးသားထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းမည် ။ ထို့နောက် နစက၊ နစရများ ကွပ်ကဲမှု များ ကို ပြောင်းပေးမည် ဟု အချက် (၃) ချက်ပြောလိုက်ကြောင်း။

နိုင်ငံတော် အကြီးအကဲက ထောက်လှမ်းရေး မှူးချုပ် အသစ်ခန့်ထားခြင်းဖြင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်အနေနှင့် လည်း ၀န်ကြီးချုပ်ရာထူးတွင် စိတ်လက်ပေါ့ပါးစွာ တာဝန်ကို ပိုမိုထိရောက်အောင် ထမ်းဆောင်သွားနိုင်မှာ ဖြစ်သည်ဟု အဖွဲ့နှင့် တိုင်ပင်ကာ စဉ်းစားသုံးသပ်ဆောင်ရွက်ထားခဲ့ ကြောင်း၊ သို့ ရာတွင် ၁၄-၁၀-၂၀၀၄ ရက်နေ့ နံနက်ပိုင်း၌ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ထောက်လှမ်း ရေး ဌာနချုပ်ရှိ ဌာနကြီးမှူးများ ဖြစ်သည့် ဗိုလ်မှူးချုပ်များ နှင့် ဗိုလ်မှူးကြီးတစ်ဦးတို့ကို ခေါ်၍ အစည်းအဝေးပြုလုပ်ပြီး ညွှန်ကြားချက်ပေးသည်ဟု သိရှိရကြောင်း၊ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်က “ မင်းတို့အချင်းချင်း မညီညွတ်၍ ယခုလို ဖြစ်ရတာ ” ဟု ပြောကြောင်း၊ ၎င်းစကားသည် ၁၀၅ မိုင်နမ့်ဖက်ကာကိစ္စနှင့် ပတ်သက်၍ ဖြစ်မည် ဟု မိမိတို့ခန့်မှန်းရကြောင်း၊ ထို့နောက် တိုင်းမှူး၊ တပ်မမှူးများ ၏ နောက်ကြောင်းများ လိုက်ရန် ၊ ၎င်းတို့နှင့် ပတ်သက်သည့် သတင်းများ စုံစမ်းပြီး သတင်းတည်ဆောက်ထားရန် ပြီးစီးပါက ဆက်စပ်သည့် ကိစ္စများ ကို အစိုးရ အဖွဲ့ (Chbinet) အစည်းအဝေးတွင် ပြောမည် ဟု ပြောကြောင်း၊ ထိုသို့ ဖြစ်လာမှု များ သည် နောက်ဆုံး၌ တပ်မတော် ပြိုကွဲမှု အန္တရာယ်ကြီးသည့် ပေါ်စေနိုင်သည့်အပြင် နိုင်ငံတော် အတွက်ပါ လွန်စွာ အန္တရာယ်ကြီးသည့် အခြေအနေသို့ ဦးတည်လျက်ရှိနေသဖြင့် ၁၉-၁၀-၂၀၀၄ ရက်နေ့၌ နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်အား တာဝန်မှ အနားပေးလိုက် ခြင်း ဖြစ်သည်။

ယနေ့ရှင်းလင်းပွဲကို တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များ မှာ အမြင်ကျယ်သော ၊ အတွေ့ အကြုံရင့်ကျက်သော ပြည်တွင်းပြည်ပ အသိအမြင် အတွေ့ အကြုံရှိသော ဓနအင်အားရှိ သော ပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် နိုင်ငံတော် ၌ ပြောင်းလဲ ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို အမှန်အတိုင်း ရှင်းလင်းသိမြင်ခြင်းအားဖြင့် နိုင်ငံတော် ၏ အကျိုးစီးပွား၊ ပြည်သူများ ၏ အကျိုးစီးပွားနှင့် ပုဂ္ဂလိက အကျိုးစီးပွားတို့ကို ယှဉ်တွဲ ဖြစ်ထွန်း စေရအောင် မှန်ကန်မျှတစွာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်မည် ဆိုသည့် သဘောထားခံယူချက်ဖြင့် ယခုကဲ့သို့ ရှင်းလင်း ပြောကြားရခြင်း ဖြစ်ကြောင်း။

ထိုသို့ ရှင်းလင်းရခြင်းအပေါ် မိမိတို့အနေဖြင့် ၀မ်းမြောက်ဝမ်းသာ မရှိသည့် အပြင် မလုပ် မ ဖြစ် လုပ်ရသည့်သဘောအနေအထား ဖြစ်ပါကြောင်း၊ ကိုယ့်ကြမ္မာကိုယ်ငင်ပြီး နိုင်ငံတော် နှင့် တပ်မတော် အတွက် အလွန်အန္တရာယ်ကြီးသည့်ကိစ္စ ဖြစ်ပါကြောင်း၊ မည် မျှအတိုင်းအတာ အထိ အန္တရာယ်ကြီးသည်ကို ပြောပြရန် အချိန်ကျရောက်ပါက၊ပြောသင့်ပါက မိမိထပ်မံ၍ ပြောပြ မည် ဖြစ်ကြောင်း။

မိမိတို့ ထုတ်ပြန်ထားသည့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီကြေညာ ချက်အမှတ် ( ၂/၂၀၀၄) ဗိုလ်ချုပ်ကြီးခင်ညွန့်အား တာဝန်မှရပ်စဲခြင်း၊ (၃/၂၀၀၄ ) ၊ အတွင်းရေး မှူး (၁) ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို နိုင်ငံတော် ၀န်ကြီးချုပ်အ ဖြစ် ခန့်အပ်ခြင်း၊ (၄/၂၀၀၄) ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်ကို အတွင်းရေး မှူး (၁)၊ ခန့်အပ်ခြင်း၊ အမိန့်များ ထုတ်ပြန်ခဲ့ ရာ အားလုံးအသိပင် ဖြစ်ကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ၏ ဦးဆောင်မှု ဖြင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေး ကောင်စီဥက္ကဋ္ဌ၏ ဦးဆောင်မှု ဖြင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်များ က နိုင်ငံတော် ၀န်ကြီးချုပ်တာဝန်ကို သင့်မြတ်သည့်သူကို ရွေးချယ်တာဝန်ပေးထားခြင်း ဖြစ်ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက တာဝန်ပေးခဲ့ကြောင်း၊ ဒုတိယဗိုလ်ချုပ် ကြီး စိုးဝင်းသည် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး၊ တိုင်းမှူး၊ အဆင့်ဆင့်ဖြင့် တပ်ပိုင်းဆိုင်ရာအတွေ့ အကြုံများ ၊ တိုင်းမှူး တာဝန်ဖြင့် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ အုပ်ချုပ်ရေး အပါအ၀င် အတွေ့ အကြုံပေါင်းများ စွာ ကို ဖြတ်သန်းခဲ့သူ ဖြစ်ကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ တက်ရောက်သည့်အခါတွင် လည်း နိုင်ငံ တော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေး မှူး (၁) အတွေ့ အကြုံများ ရှိသည် ဖြစ် ၍ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို အသင့်တော် ဆုံးဟု ဆုံးဖြတ်ပြီး ၀န်ကြီးချုပ် တာဝန်ထမ်းဆောင် ရန် တာဝန်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့ တပ်သဘာဝအရ အမြဲတမ်း (Training) ပေးထားသည့် အတွက် အလုပ်မ ဖြစ်ဆိုသည့်ကိစ္စမျိုး၊ လုပ်ငန်းများ ၊ ပျက်သွားမည် ဆိုသည့် ကိစ္စမျိုးမိမိတို့ တပ်တွင် မရှိကြောင်း၊ ဆင့်ကဲဆင့်ကဲ တာဝန်ယူသည့် နေရာတွင် နိုင်ငံတော် အေးချမ်းသာယာ ရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက တာဝန်ပေးခန့်အပ်သည့်နှင့် အညီ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင် အနေ ဖြင့် လည်း နိုင်ငံတော် အကျိုးနှင့် ပြည်သူများ အကျိုးကို နိုင်ငံတော် မှ ချမှတ်ထားသည့် မူဝါဒ လမ်းစဉ်များ နှင့် အညီ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ကြောင်းဖြင့် ရှင်းလင်းမှာ ကြားပါသည်။

ဤသို့ ဖြင့် န၀တ၊ နအဖခေတ်တစ်လျှောက်တွင် တန်ခိုးထွားခဲ့သော နိုင်ငံတော် ၀န်ကြီးချုပ် နှင့် စစ်ထောက်လှမ်းရေး ညွှန်ကြားရေး မှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ၂၀၀၄ ခုနှစ် ၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရာထူးမှ ဖယ်ရှားခြင်းခံရကာ နှစ် ရှည်ထောင်ဒဏ် ချမှတ်အပြစ် ပေးခံခဲ့ရသည်။ ပဋိစ္စပမုပ္ပါဒ် ဒေသနာတော် အရ လူ့ဘ၀၏ ဖြစ်စဉ်များ သည် မျဉ်းဖြောင့်ကဲ့သို့ သွားသည့်မဟုတ်၊ စက်ဝန်းကဲ့သို့ သွားလေသည်။ ယင်းကြောင့် အမြင့်ဆုံးသို့ ရောက်နေသူသည် တစ်နေ့တွင် အောက်ဆုံးသို့ ပြန်ရောက်နိုင်သည်။

အာဏာနှင့် လောကစည်းစိမ်ဟူသမျှကို ထာဝရ တည်မြဲလိမ့်မည် ဟု မှတ်ထင်ထားသော ဗိုလ်ခင်ညွန့်အဖို့ ယခုကဲ့သို့ အရေး ယူအပြစ်ပေးခံရသော အခါ ဒေါသပြင်း ဖြစ်နေမည် မှာ အမှန်ပင် ဖြစ်သည်။ စင်စစ်အာဏာနှင့် လောကစည်းစိမ်ဟူသမျှသည် ကြွေးယူ၍ ရထားသော ဥစ္စများ ၊သာ ဖြစ်၏ ။ ဥစ္စာ၊ အာဏာ၊ စည်းစိမ်များ လေလေ ကြွေပတ် လည်ဝိုင်းလေလေ ဖြစ်၏ ။ ယင်းကြွေးများ ကို ၀ိပါကကြွေး၊ ကမ္မကြွေး၊ ကိလေသာကြွေးဟူ၍ ဓမ္မပဒ၌ ဆိုထားသည်။ သူသည် စစ်ထောက်လှမ်း ရေး မှူးရာထူးရသည့်အချိန်မှစ၍ ပြည်သူလူထုအား နည်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်းပမ်းခဲ့ရာ၊ မိမိပြုထား မိသော အကုသိုလ်ကံကပင် မိမိဘ၀ကို ပျက်စီးအောင်ပြုခဲ့သည် မဟုတ်ပါလော။ သို့သော် ဗိုလ်ချုပ်ခင်ညွန့်သည် မိမိမိုက်ပြစ်ကို မမြင်ခဲ့ ပေ။ နောင်တလည်းရမည့် ပုံ မပေါ်ချေ။ ထို့ကြောင့် ဓမ္မပဒ၌ အကြင်လူမိုက်ကား မိမိ၏ အမှားကို မြင်သော်လည်း အမှားမှန်မသိ အမှန်ဟူ၍ ပင်သိ၏ ။ ထိုလူမိုက်ကို ထိုသို့သိခြင်းကြောင့် ပင် လူမိုက်စစ်စစ်၍ ဆိုခဲ့သည်။

Cover

ဖမ်းဆီးခံရ အ ဖြစ်အပျက်ကို သူ့ အင်တာဗျူး စာအုပ်၌ -

“့  ပထမတော့ ကျွန်တော် မန္တလေးကိုသွားမလို့၊ ရာသီဥတုက မကောင်းတဲ့အခါကျ တော့ တောင်ငူကို သွားပါတဲ့။ တောင်ငူမှာ မြန်မာ့လေ့ကြောင်းက ဆင်းပေးမယ့်တဲ့၊ ရဟတ်ယာဉ်နဲ့ တောင်ငူသွားတယ်၊ တောင်ငူမှာ မြန်မာ့လေကြောင်းက လေယာဉ်ပျံပေါ်တက်ပြီး လိုက်ခဲ့တယ်။ ကျွန်တော့် စိတ်ထဲတော့ ကျွန်တော် သံသယမရှိဘူး။ ကျွန်တော် လုံးဝသံသယကို မရှိဘူး။ လေဆိပ် ရောက်တဲ့အခါကျတော့သည် ကျွန်တော် က ပုံမှန်ပေါ့ဗျာ၊ အဲဒီ တုန်းက ကိုခင်အောင်ကြီး က လာကြိုတယ်လေ။ သိပ်များများ စားစားတော့ မဟုတ်ဘူးဗျ၊ သံသယလည်း မ ဖြစ်ဘူးဗျ။ ကျွန်တော် ရုံးခန်းဝင်ပြီးတော့ တင်ပြမယ့်ဟာတွေ အစီအစဉ်လုပ်တယ်။ အခု ခရီးစဉ်မှာ လုပ်ခဲ့တာတွေ ပေါ့၊ ဒါတွေ ကို တင်ပြမယ်ဆိုပြီးတော့ ပုံတွေ ပါ အစပေါ့ ဒါတွေ နဲ့ အကုန်ပြင်ဆင် တယ်။ အဲဒီ လိုပြင်ဆင် နေတုန်းမှာ ပဲ ဗိုလ်ချုပ်ကြီးမောင်အေးကနေ ဗိုလ်ချုပ်ခင်ညွန့်တဲ့ ကျွန်တော် မခန်းလာပါဦးဆိုတာ ဪ့  ကျွန်တော် ကတော့ သူတို့ သိချင်တာတွေ မေးမယ်လို့များ ပေါ့၊ ကျွန်တော် ကလာမယ် ဆိုပြီးတော့ ကျွန်တော် တင်ပြဖို့ ဟာတွေ ပါ ယူသွားတယ်။ သူ့အခန်းရောက်တော့ အဲဒီ မှာ ထူးဆန်းနေတယ်။ ကိုရွှေးမန်းရယ်၊ ကိုသိန်းစိုးရယ်၊ ဗိုလ်ချုပ်ကြီးမောင်အေးရယ် နောက်ပြီးတော့ ကိုစိုးဝင်းရယ် သူတို့တတွေ ၊ ရောက်နေတယ် ရောက်ရောက်ချင်း သိပ်တောင်မကြာလိုက်ဘူး၊ ဗိုလ်ချုပ်ခင်ညွန့့်  ခင်ဗျား အိပ်ပြန်ပါတော့တဲ့ ၊ ကျွန်တော် တို့ ခင်ဗျားနဲ့ ပတ်သက်ပြီးတော့ မေးမြန်းတာတွေ လုပ်နေပါတယ်။ အိမ်ပြန်ပါ၊ ဘယ်မှလည်း မ သွားပါနဲ့တဲ့။ တော် တော် ထူးဆန်း သွားတယ်။ ဘယ်လိုလဲပေါ့ ဪ့  ငါအရေး ယူမယ်ထင် တယ်ဆိုပြီး စိတ်ထဲကပေါ့။ ကျွန်တော့် သားကိုလည်း ခေါ်ထားတယ်တဲ့။ ကျွန်တော့် သားက တပ်ရင်းမှူး၊ ခင်ဗျားသားလည်း ကျွန်တော် တို့ခေါ်ထား ပါတယ်တဲ့၊ အဲဒါနဲ့ ကျွန်တော့့်  အေးပေါ့ဗျာလို့၊ ၀မ်းသာပါတယ်လို့၊ အဲဒီ လိုပဲ ကျွန်တော် ပြုံးပြုံးလေးနဲ့ ၀မ်းသားပါတယ်ဗျာလို့ ၊ အင်မတန်မှ ၀မ်းသာပါတယ်ဗျာလို့ ၊ ကျွန်တော် တော့ ကျွန်တော့အခန်း ခဏ၀င်မယ်လို့၊ ငါးမိနစ်လောက် ၀င်ပါတဲ့။ ကျွန်တော့အိတ်တွေ ဘာတွေ ပေါ့ဗျာ။ အကုန်သိမ်းကျုံး ထည့်တော့ပေါ့၊ စခန်းမှူးက ဗိုလ်မှူးချုပ်ပေါ့။ ကျွန်တော့် ဘေး ကပ်ပါလာတယ်။ ငါပစ္စည်းတွေ ငါသိမ်းမယ်လို့။ တခြားဘာမှ မယူပါဘူး၊ စားပွဲပေါ်မှာ ကျွန်တောသုံးစွဲနေတာလေးတွေ ပဲ ကောက်ထည့်ပြီး ကျွန်တော် အိမ်ကို ပြန်လာခဲ့တာ။ စခန်းမှူးက လည်း ကျွန်တော့် ဘေးကပ်ထိုင် လိုက်လာတာ။ အဲဒီ အချိန်မှာ တရားခံ ဖြစ်သွားတာပေါ့ဗျာ။

အဲဒီ မှာ စပြီးတော့ ကျွန်တော့ဆီကလူတွေ လည်း ရုပ်လိုက်ပြီလေ။ ကျွန်တော့် လုံခြုံရေး က အဲဒီ မှာ တပ်စိတ်တစ်စိတ် ရှိတာကိုး၊ ကျွန်တော့ထောက်လှမ်းရေး ကလေ။ သူတို့ကိုလည်း ရုပ်လိုက်တယ်။ ရုပ်လိုက်ပြီးတော့ တပ်ထဲကိုထည့်လိုက်တယ်။ ကျွန်တော့် ကို ခေါ်တဲ့နေ့မှာ ပဲ ကျွန်တော့်လူတွေ မရှိတော့ဘူး။

ကျွန်တော့်ကို ဘာမှ မစစ်ဘူး၊ ဘာတစ်ခွန်းမှာ လည်း မမေးဘူး၊ ကျွန်တော့်ကိုခေါ်တယ်။ ဘယ်လောက်အကြာမှာ လဲဆိုတော့ တစ်နှစ် နီးပါးရှိပြီးပေါ့၊ တစ်နှစ် လောက်ကြာတယ်။ တပည့်တွေ ကို မေးမြန်းစစ်ကြောနေတာပေါ့။ တစ်နှစ် လောက်ကတပ်ကပဲ ကျွန်တော့် ကို လုံခြုံရေး ရံထားတာ။ ရဲမရောက်သေးဘူး၊ နောက်အင်းစိန်က ပြန်လာတဲ့အခါ တပ်မရှိတော့ဘူး၊ ရဲချတယ်။ တပ်နဲ့တုန်း က ကျွန်တော့် နဲ့ ဆက်ဆံဖို့အတွက် တပ်ကြပ်ကြီးဗျ၊ အရာရှိတောင် မထားဘူး၊ ပြောစရာရှိရင် တပ်ကြပ်ကြီးကို ခေါ်ပြောရတယ်။

စားရေး သောက်ရေး ကတော့ ကိုယ့်ဘာသာကို ကိုယ်ချက်ရ၊ စားရတာ ပေါ့၊ ဈေးသွားတော့ ၊သူတို့ဝယ်ပေးတယ်။ သူတို့ကို ပိုက်ဆံပေးလိုက် ရတယ်။ သူတို့က ရဲဘော် တစ်ယောက် ကို လွှတ်ပေးတယ်၊ မှာ ချင်တာလေး စာရွက်ကလေးနဲ့ မှာ လိုက်ရတောပေါ့၊ ဘာဝယ်ပေးပါ၊ ဘယ်လောက်ပါဆိုပြီး ပိုက်ဆံပေးလိုက်၊ အဲဒါပဲ သူက ၀ယ်လာတာပေါ့ဗျာ၊ ဒါ ထုံးအတိုင်းပေါ့ဗျာ။ အဲဒါက တစ်နှစ် လောက်။

Cover

ကိုရွှေမန်း ရှင်းတာက ဖြစ်စမှာ ရှင်းတာ။ ကျွန်တော် ဘယ်လောက်တောင်းဆိုတယ်ဆိုတာ တွေ ပေါ့ဗျာ၊ ကျွန်တော့်ထောက်လှမ်းရေး တာဝန်ကို လွှဲယူတာက ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်မြင့်ဆွေ (ယခု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်) ပေါ့။ သူက တိုင်းမှူး as well as ထောက်လှမ်းရေး ညွှန် ကြားမှူးဆိုပြီး တာဝန်ပေးတယ်။ ကျွန်တော် နှမြောတာက ကျွန်တော့ရုံးခန်းထဲမှာ ကျွန်တော် Own Library ရှိတယ်ဗျ၊ အဲဒီ မှာ ကျွန်တော့်ကို By name နဲ့ နိုင်ငံခြားက ပို့ထားတဲ့ စာအုပ်တွေ အများ ကြီးပဲ၊ ယခင် မျက်မှန်ကြီး၊ (ဗိုလ်မှူးချုပ်တင်ဦး) လက်ထက်တုန်းက ရထားတဲ့ သူ့စာအုပ် တွေ ကလည်း ရှိတယ်။ ကျွန်တော် အကုန်သိမ်းထားတယ်။ သူ့စာအုပ်ကော ကျွန်တော့် စာအုပ်တွေ ကော အဲဒါတွေ က ကျွန်တော် သိပ်နှမြောတယ်။။ ဘာမှ ကျွန်တော် ပြန်မရဘူး၊ ကျွန်တော့်အ၀တ် အစားတွေ ပဲ လာပြန်ပို့ပေးတယ်။ ဒိုင်ယာရီတွေ ဘာတွေ ကအစ အကုန်လုံးပဲ။ ဒိုင်ယာရီက အလုပ် သဘောရေး တာပါပဲ။ personal ဘာမှ မရှိဘူး၊ personal ရေး တဲ့ အလေ့အကျင့်လည်း မရှိဘူး၊ လုပ်ငန်းသဘောပဲ၊ အဲဒါတွေ အကုန်ထားခဲ့ရတယ်။ ကျွန်တောစာရေး ဖို့တောင် Raw (ကုန်ကြမ်း) က ဘာမှ မရှိတော့ဘူး။

ကျွန်တော့် ကို အင်းစိန်ခေါ်တဲ့ အချိန်က အိမ်မှာ တင် ကျွန်တော် မေးလိုက်တယ်။ ကျွန်တော့်ဇနီးကိုပါ အရေး ယူမှာ လားပေါ့။ မဟုတ်ပါဘူးတဲ့၊ အရေး မယူပါဘူးတဲ့။ မင်းအ၀တ်အစား တွေ ထည့်ကွာလို့၊ ကျွန်တော ကတော့ အစောကြီးကတည်းက အ၀တ်အစားတွေ ထည့်ထားပြီး သား။ ဘာ ဖြစ်လို့လဲဆိုတော့ ငါ့ကို တစ်ချိိန်ချိန်တော့ ခေါ်တော့မှာ ပဲလို့ ကျွန်တော် တွက်ထားပြီး သား။ ကျွန်တော် က အ၀တ်အစားတွေ အကုန်ထည့်ထားပြီးပြီ။ ဆေးဝါးတွေ အကုန်ထည့်ထား ပြီးပြီ။ ဖတ်မယ့်စာအုပ်တွေ အကုန်ထည့်ထားတယ်။ အကုန်အဆင့်သင့် လုပ်ထားတယ်၊ ဒါပေမဲ့ မိန်းမ ကတော့ မပါဘူးပေါ့ဗျာ၊ မိန်းမကိုတော့ ကမန်းကတန်းပဲ သွား။ မင်းအ၀တ်အစားတွေ လုပ်ပေါ့။ ဘ၀ပဲဗျာ ဘ၀ပဲ။

အင်းစိန်ကျတော့ Guest House မှာ ထားတယ်။ ကောင်းကောင်းမွန်မွန်ထားပါတယ်။ အဲဒီ မှာ ကောင်းကောင်းမွန်မွန်ပဲ သူတို့ပြုစုပါတယ်။ ဒေါ်စုကိုလည်း ထားဖူးတယ်။

တရားရုံးမှာ တရားသူကြီးက ဖတ်ပြပြီး ဗိုလ်ချုပ်ကြီးမှာ တာဝန်ရှိတယ် မဟုတ်လားတဲ့။ ကျွန်တောက ဟုတ်တယ်လို့။ ကျွန်တော် လူကြီးပဲလို့ဆိုတော့ တာဝန်ရှိတာပေါ့လို့၊ ကျွန်တော့် ကို ရှေ့နေငှားနိုင်လို့ တရားသူကြီးက ပြောတယ်။ ကျွန်တော် အဲဒီ က ပြန်လာပြီးတော့ Guest House ရောက်တော့ အဲဒီ မှာ ရဲချုပ်နဲ့ ညွှန်ချုပ်ကိုဇော်ဝင်းတို့ ပါလာတယ်။ ကျွန်တော် က မေးလိုက်တယ်။ ကိုခင်ရီ၊ ကိုဇော်ဝင်း တရားသူကြီး ကတော့ ကျွန်တော့် ကို ရှေ့နေငှားနိုင်တယ်လို့ ပြောတယ်။ ခင်ဗျားတို့ သဘောထားလေး သိချင်တယ်ဗျာလို့ဆိုတော့ ဗိုလ်ချုပ်ကြီးရယ်တဲ့၊ ရှေ့နေငှားလည်း ထူးမှာ မဟုတ်ပါဘူးတဲ့။ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာလေ။ အေးပေါ့ဗျာ။ အဲဒီ လိုဆို မငှားတော့ ဘူးလို့။ နို့မို့ဆို ပိုက်ဆံကုန်နေဦးမှာ လို့။ ကျွန်တော့် ကို အရေး ယူရင် ဘယ်လိုပဲ လျှောက်လဲ ချက်တွေ ပေးပေး။ အရေး ယူမှာ ပဲ။

ပြစ်ဒဏ်ချပြီးသားနဲ့ ပြည်ထဲရေး ၀န်ကြီးက ပေါက်ချလာတယ်။ အိမ်မှာ ပဲ နေခွင့်ပေးတယ်၊ လုံခြုံရေး အစောင့်အရှောက်နဲ့ အိမ်မှာ ပဲ နေခွင့်ပေါ့။ အကျယ်ချုပ်ပေါ့လေ။ အဲဒါနဲ့ အိမ်မှာ ပဲ နေခွင့်ပေးတော့ ကျွန်တော် လည်း ၀မ်းမြောက်ဝမ်းသာပေါ့လေ။ အဲဒါနဲ့ အိမ်မှာ ပဲနေခွင့်ပေးတော့ ကျွန်တော် လည်း ၀မ်းမြောက်ဝမ်းသာပေါ့ဗျာ။ မိန်းမက သီချင်းတွေ တောင်ဆိုသေးတယ်။ ၀မ်းသာလို့လေ ၊ ဟူ၍ ရေး သားဖော်ပြထားလေသည်။

************



ဝန်ဇင်းချစ်သူများ သန်းဝင်းလှိုင် ၏ “ ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိအမှားများရှင်းတမ်း နှင့် မိုးမခ လက်ရွေးစင်ဆောင်းပါးများ

လူငယ်နှင့်နိုင်ငံရေး

အမျိုးသားခေါင်းဆောင်ကြီး မြန်မာ့အောင်ဆန်း