(၁)
ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတိ အမှားများ ရှင်းတမ်း
၂၀၁၄ ဖေဖော်ဝရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သလို မြန်မာနိုင်ငံကလေးများ နေ့လည်း ဖြစ်သည်။ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိခဲ့သော် ယခုနှစ်ဆိုလျှင် အသက် ၉၉ နှစ် ရှိပြီဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက်စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် စာအုပ်များ ကို ရေးသား၊ ပုံနှိပ်ထုတ်ဝေခွင့်ပြုလိုက်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စာအုပ်ပေင်း (၁၂၀) ကျော် နီးပါးခန့် ထုတ်ဝေဖြန့်ချိလာသည်ကို တွေ့ရသည်။ အဆိုပါစာအုပ်များ အနက်အများ စုမှာ ယခင်နှစ် ၅၀ အတွင်းက ထုတ်ဝေခဲ့ပြီးသော စာအုပ်များ ကို ပြန်လည်ထုတ်ဝေခဲ့သလို၊ ပြန်လည်ရေးသားထားသည့် စာအုပ်အသစ်များ ကိုလည်း တွေ့ရသည်။ အချို့စာအုပ်များ သည် တစ်ချိန်က ကလောင်စုံရေးသားခဲ့သည့် ဗိုလ်ချုပ်နှင့် ပတ်သက်သော ဆောင်းပါးများ ကို စုစည်းထားသလို ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတိ စာအုပ် ၄၊ ၅ အုပ်ကို မှီး၍ ပြန်လည်ရေးသားထားသည့် စာအုပ်များ လည်း ပါရှိသည်။
သို့ သော် ဗိုလ်ချုပ်စာအုပ်များ ကို လေ့လာဖတ်ရှုပါက အများ စုမှာ ရက်စွဲအမှတ်မှားမှု များ ၊ ဖြစ်ရပ်မှန် လွဲချော်မှု များ ၊ မခိုင်လုံသော ပါးစပ်ရာဇဝင်၊ ထင်မြင်သုံးသပ်ချက် စသည့်အမှားအများ အပြား တွေ့ရှိရသည်။
အဆိုပါအမှားများ အား မည်သှူကိုမျှနစ်နာစေလိုသော၊ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိဘဲ၊ မျိုးဆက်သစ်လူငယ်များ အား သမိုင်းဖြစ်ရပ်မှန်ကို ချိန်ထိုးလေ့လာဆည်းပူးနိုင်စေရန် ရည်ရွယ်၍ အမှန်ကိုထောက်ပြလိုက်ပါသည်။
မွေးသက္ကရာဇ်အမှား
မြန်မာ့တပ်မတော်ဖခင်ကြီးနှင့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို မကွေးတိုင်း၊ မြေလတ်ဒေသနတ်မောက်မြို့ကလေး၌ အဖတတိယတန်းရှေ့နေ၊ အဖ ဦးဖာ၊ အမိ ဒေစုတို့မှ မြန်မာသက္ကရာဇ်၁၂၇၆ ခု၊ တပေါင်းလဆန်း ၁ ရက် (ခရစ်နှစ် ၁၉၁၅ ခု၊ ဖေဖော်ဝရီ၁၃ ရက်) စနေနေ့တွင် နံနက် ၅ နာရီ ၃၅ မိနစ်၌ ဖွားမြင်ခဲ့သည်။
ဗိုလ်ချုပ်၏ မွေးသက္ကရာဇ်နှင့်ပတ်သက်၍ အင်္လကာကျော်စွာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း တည်းဖြတ်ပြီး၊ ဗိုလ်ချုပ်နှင့် ခေတ်ပြိုင်စာရေးဆရာ၊ ရဲဘော်၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ နှင့် ကျောင်းနေဖက် သူငယ်ချင်းများ စုပေငြ်းရေးသား၍ ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလတွင် အမျိုးသားပုံနိုပ်တိုက်မှ ထုပ်ဝေခဲ့သော " ဗိုလ်ချုပ်အောင်ဆန်းအတ္တုပ္ပတိ" စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးသားခဲ့သော သူ့အတ္တုပ္ပတိအကျဉ်း၌ -"ရက်အနည်းငယ်ခန့် ကြာသောအခါတစ်မိုင်လောက် ကွာဝေးသော အခြားရွာတစ်ရွာမှာ နေသည့် မိဘများ လက်သုံးဖြစ်သော ဗေဒင်ဆရာသည် ပေရွက်တွင် ရေးဖွဲ့၍ ရေနံချေးသုတ်ထားသော ရက်ချုပ်ဇာတာကို ကျွန်တော်တို့ အိမ်သို့ ယူဆောင်လာလေ၏ ။ ဇာတာအဆိုကားဇေယျတု သဗ္ဗမင်္ဂလံ။ သက္ကရာဇ် ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက်။စနေနေ့အဝင် ၄ ချက် မတီးမီ ၆ နာရီ၊ ၃ ပါဒ် ၊ ၁၃ ဗီဇနာ၊ ၄ ပြန်၊၂ ခရာ စက်နာရီ ၆ နာရီခန့်တွင် ကြည်လင်သဒ္ဒါမြတ်နိုးစွာ ဖြင့် ရတနာသုံးပါးဦးထိပ်ထားလျှက် ဘုန်း၊ တန်ခိုး၊ တေဇော၊ ညာဏ်ပညာနှင့် စုံစွာ ပြည့်ငြား သတိုးသားကို မာတာမိခင်ဖွားသန့်စင်သည် တွင်ညီသညာခေါ်စရာကားနာမရှိန်ဝင်း-မောင်ထိန်လင်း။ သံဒိဘုတ္တိဇာတာအာယု ၁၂၀ရှည်စေသော်" ဟူ၍ ဖော်ပြထားသည်။
သို့ သော် ၁၉၅၅ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ပြန်ကြားရေးဌာနမှဝေသော "ဗိုလ်ချုပ်အောင်ဆန်း" စာအုပ်၌ ၁၉၁၆ ဖေဖော်ဝရီ၁၃ စနေနေ့ မကွေးခရိုင်၊ နတ်မောက်မြို့၊ အဘအမိန့်တော်ရရှေ့နေဦးဖား၊ အမိဒေါ်စုတို့မှ ဖွားမြင်သည်ဟု ဖော်ပြထားပါသည်။ အဆိုပါစာအုပ်၌ ဗိုလ်ချုပ်၏ ဖခင်အမည် ဦးဖာကို ဦးဖားဟူ၍ ရေးသားထားခြင်း၊ ဗိုလ်ချုပ်၏ မွေးသက္ကရာဇ် ၁၉၁၆ ဖေဖော်ဝရီ ၁၃ ရက် စနေနေ့ဟူ၍ မှားယွင်းစွာ ဖော်ပြထားပါသည်။ ၁၉၁၆ ဖေဖော်ဝရီလ ၁၃ ရက်သည် စနေနေ့မဟုတ်ဘဲ တနင်္ဂနွေနေ့သာဖြစ်သည်။
ငယ်နာမည် အမှား
ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်နာမည်မှာ မောင်အောင်ဆန်းဖြစ်သည်။သို့ သော် အချို့စာအုပ်များ ၌ ဗိုလ်ချုပ်၏ ငယ်မည်ကို "မောင်ထိန်လင်း"ဟူ၍ ဖော်ပြထားကြသည်။ စင်စစ် "ထိန်လင်း" အမည်မှာ ဇာတာထဲ၌ ဗေဒင်ဆရာက နေ့နံအလိုက် မှည့်ခေါ်ထားသော နာမည်သာဖြစ်သည်။မည်သည့်အခါမှ မခေါ်တွင်ခဲ့ဟု ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို (နို့ညှာ)ဦးအောင်သန်း၏ "အောင်ဆန်း" စာအုပ် (၂၀၁၁ ဇွန်လ ပဉ္စမအကြိမ်တကောင်းစာပေတိုက်ထုတ်) စာမျက်နှာ ၁၅ ၌ အောက်ပါအတိုင်းရေးသားထားပါသည်။
"ကျွန်တော် ၃ နှစ် ၆ လ ၅ ရက်သားအရွယ် ရောက်သောအခါညီကလေးတစ်ယောက် ရပါသည်။ ညီလေးတစ်နှစ်ကျော်အရွယ် (၁၉၁၆)ရောက်သောအခါ နာမည်ပေးရန် စဉ်းစားကြပါသည်။ ကျွန်တော်က "ကျုပ်အောင်သန်းဆို သူကအောင်ဆန်းပေါ့ဗျာ" ဟု ပြောလိုက်ရာ အားလုံးကလက်ခံပါကြသည်။ စနေသားဖြစ်သည့်အတိုင်း ဇာတာထဲ၌ "ထိန်လင်း"ဟု နေ့နံအလိုက် မှည့်ထားသော်လည်း "အောင်ဆန်း" ဟုသာ တွင်နေပါတော့သည်။ ထိန်လင်းသည် ဇာတာဖွဲ့သူပေးသော နာမည်မျှသာ ဖြစ်သည်။ အချို့ထင်နေသကဲ့သို့ ငယ်နာမည်မဟုတ်ပါ။ မည်သည့်အခါမှ"ထိန်လင်း" ဟု မခေါ်ခြဲ့ကပါ"
မွေးချင်းစာရင်းအမှား
ဗိုလ်ချုပ်အောင်ဆန်းသည် ဦးဖာ၊ ဒေါ်စု၏ သားသမီးများ အနက်အထွေးဆုံးသားဖြစ်ပြီး မွေးချင်း (၉) ယောက်ရှိသည်။ ယင်းတို့မှာ -
(၁) အစ်မကြီး မခင်ညွန့် (လယ်ဝန်ကတော်၊ အသက် ၅၀ အရွယ်၊၁၉၄၆ တွင် ကွယ်လွန်သည်။)
(၂) အစ်မလတ် မဝက် (အပျိုကြီး၊ ၁၉၅၆ မေ ၂၂ တွင် ကွယ်လွန်သည်)
(၃) အစ်ကိုကြီး မောင်ဘဝင်း (B.A, B.Sc, ၁၉၀၁ ဇွန် ၁၁ ဖွားဖြစ်၍ ဗိုလ်ချုပ်တို့နှင့်အတူ ၁၉၄၇ ဇူလိုင် ၁၉ တွင် ကျဆုံးခဲ့သည်)
(၄) အစ်မ မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)
(၅) အစ်ကို မောင်နေအောင် (အမိန့်တော်ရ ရှေ့နေ၊ ၁၉၀၅ ခုနှစ်ဖွား။)
(၆) အစ်ကို မောင်ညိုမောင် (ငယ်စဉ်က ကွယ်လွန်)
(၇) အစ်ကို မောင်ထွန်းလင်း (ငယ်စဉ်က ကွယ်လွန်)
(၈) အစ်ကို မောင်အောင်သန်း (B.A ၊ ၁၉၁၁-၁၉၉၁)
(၉) မောင်အောင်ဆန်း (၁၉၁၅ ဖေဖော်ဝရြီ ၁၃ ဖွားမြင်၍ ၊ ၁၉၄၇ဇူလိုင် ၁၉ တွင် ကျဆုံးသည်) တို့ ဖြစ်ြကသည်။
သို့သော် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၉၄၇ ဒီဇင်ဘာလ ၁၁ရကေ် န့တင် ရေးသားခဲ့သော "အာဇာနည်ဗိမ္မာန်ဋီကာ" စာအုပ်၌် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးချင်းများ ကို ဤသို့ ဖော်ပြထားသည်။
(၁) မခင်ညွန့်
(၂) မဝက်
(၃) မောင်ဘဝင်း
(၄) မရွှေမှန်
(၅) မောင်နေအောင်
(၆) သား (၂) ယောက် (ပုခက်တွင်းကပင် ကွယ်လွန်)
(၇) မောင်အောင်သန်း
(၈) မောင်အောင်ဆန်းတို့ ဖြစ်ကြသည်။
ထိုနည်းတူစွာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ဖူဂျီယာမ စာအုပ်တိုက်မှ တတိယအကြိမ်မြောက် ထုတ်ဝေသော သတင်းစာဆရာ ဦးပုကလေး၏ "ငတြို့ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ "စာအုပ် စာ ၉၂ ၌ ယင်းအတိုင်းပင် ရေးသားဖော်ပြထားသည်။
၂၀၁၁ စက်တင်ဘာလ၌ တကောင်းစာပေတိုက်မှ စတုတ္တအကြိမ်မြောက် ထုတ်ဝေသော ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၏ "အောင်ဆန်းမိသားစု" စာအုပ် စာမျက်နှာ ၄၅ ၌ လည်း ဗိုလ်ချုပ်၏ မွေးချင်းမောင်နှမများ ကို-
(၁) မခင်ညွန့်
(၂) မဝက်
(၃) ကိုဘဝင်း
(၄) မရွှေမှန် (၁၃ နှစ်အရွယ်လောက်တွင် ဆုံးသည်။)
(၅) ကိုနေအောင်
(၆) ညိုမောင် (ကလေးအရွယ်တွင် ဆုံးသည်။)
(၇) အခြားယောကျာ်းကလေးတစ်ယောက် (ကလေးအရွယ်တွင် သေဆုံးသည်။)
(၈) အောင်သန်း
(၉) အောင်ဆန်း (၁၉၁၅ ဖေဖော်ဝရီလ ၁၃ တွင် ဖွား၍ ၁၉၄၇ဇူလိုင် ၁၉ တွင် ကျဆုံးသည်) ဟူ၍ ဖော်ပြထားသည်။
ဗိုလ်ချုပ်ဖခင် ကွယ်လွန်ရက်အမှား
ဗိုလ်ချုပ်၏ ဖခင် ဦးဖာကွယ်လွန်ရက်သည်လည်း ကွဲလွဲနေပြန်သည်။ ကွဲလွဲမှု များ အနက် ဗိုလ်ချုပ်၏ အစ်ကို ဦးအောင်သန်း၏ "အောင်ဆန်းမိသိသားစု" စာအုပ် စာမျက်နှာ ၁၈ ၌ -
"ငါးပါးသီလမြဲသူ၊ ကံယုံသူ လူရိုးလူကောင်းကြီး ဦးဖာသည်အသက် ၆၄ နှစ်အရွယ်တွင် နတ်မောက်မြို့၌ ပင် နှစ်လခန့် နာမကျန်းဖြစ်ပြီးနောက် ၁၉၃၁ ခု မေလ ၁၈ ရက်နေ့တွင် ကွယ်လွန်သွားလေသည်" ဟူ၍ ဖော်ပြထားသည်။
သို့ သော် ဗိုလ်ချုပ်နှင့်အတူ နတ်မောက်မြို့သို့ ၁၉၄၇ မတ် ၂၅တွင် လိုက်ပါခဲ့သော သတင်းစာဆရာ ဦးပုကလေး၏ "ငါတိုဗိုလ်ချုပ်"်(ပညာရွှေတောင် စာအုပ်တိုက်၊ တတိယအကြိမ် ၂၀၁၀ ဒီဇင်ဘာလထုတ်)စာမျက်နှာ ၄၈ နှင့် ၅၂ ၌ -
"(ဗိုလ်ချုပ်သည်) နတ်မောက်မြို့တွင် မွေးသမိခင်နှင့် ရင်းချာသောဆွေမျိုးညာတိတို့ရှိကြသော်လည်း ကိုးနှစ်ပြန်မရောက်ဘဲနေခဲ့ရာ ၁၉၄၇၊မတ်လ (၂၅) ရက် (တန်ခူးလဆန်း ၄ ရက်) နေ့ကမှ ပြန်လည်ရောက်ရှိသည်။ ဗိုလ်ချုပ်သည် နတ်မောက်မြို့သို့ မဝင်မီ
သတင်းစာဆရာဦးပုကလေးသည် ဗိုလ်ချုပ်၏ ဖခင်အုတ်ဂူ၌ ရေးထိုးထားသော သချိုင်းစာကိုမှတ်သား၍ ရေးသားထားခြင်းဖြစ်သည်ဟု ဆိုသည်။ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းသည် ဖခင်ကြီးကွယ်လွန်စဉ်က နတ်မောက်မြို့၌ မရှိဘဲ ရန်ကုန်တက္ကသိုလ်၌ ပညာသင်ြကားနေပြီး နတ်မောက်မြို့သို့ အသုဘရှုမပြန်ခဲ့ပေ။ ဗိုလ်ချုပ်နှင့် အစ်ကိုကြီး ဦးဘဝင်းတို့သည်သာရေနံချောင်းမြို့မှ နတ်မောက်မြို့သို့ အသုဘရှုမပြန်ခဲ့ပေ။ ဗိုလ်ချုပ်နှင့်အစ်ကိုကြီး ဦးဘဝင်းတို့သည်သာ ရေနံချောင်းမြို့မှ နတ်မောက်မြို့သို့ ပြန်၍ ဖခင်ကြီးနာရေးပြီးသည်အထိ၊ နတ်မောက်မြို့၌ နေထိုင်ခဲ့သည်။ထို့စဉ်က အောင်ဆန်းသည် ရေနံချောင်းမြို့တွင် အဠမတန်းကျောင်းသားအဖြစ် ပညာသင်ယူလျက်ရှိပြီး အစ်ကိုကြီးဦးဘဝင်းမှာ ၄င်းကျောင်းမှကျောင်းဆရာတစ်ဦးဖြစ်သည်"
ယင်းနှင့်ပတ်သက်၍ ဦးအောင်သန်း၏ "အောင်ဆန်း" စာအုပ်စာမျက်နှာ ၉၆ ၌ -
နွေရာသီကျောင်းပိတ်ရက်အတွင်း နတ်မောက်ပြန်ရောက်နေသောဦးဘဝင်းနှင့် အောင်ဆန်းတို့မှာ ဖခင်ဈာပနကိစ္စပြီးမှ ပြန်ရရာ ကျောင်းပြန်ရောက် နောက်ကျနေ၏ ။ မြန်မာစာဆရာကြီး ဦးဘသိန်းကမောင်အောင်ဆန်းအား "မင်းတို့ ဘာလို့နောက်ကျသလဲ" ဟု မေးရာ"အဖေ မမာလို့" ဟု ဖြေ၏ ။ "အခု မာသွားပလား" ဟု ဆရာကြီးကဆက်မေးရာ "သေပြီ" ဟု အောင်ဆန်းက ပြန်ဖြေ၏ ။ ထိုသို့ ဖြေပုံကိုဆရာကြီးက ပြန်ပြောရာ၊ ကျွန်တော်တို့ ရယ်ြကရ၏ ဟူ၍ ဖော်ပြထားသည်။
ထို့ကြောင့် ဖခင်ကြီးကွယ်လွန်စဉ် နတ်မောက်မြို့သို့ မပြန်ခဲ့ရုံမျှဲမက၊ ဖခင်ကြီးဂူသွင်းကို မြှုပ်နှံထားသည့် သချိုင်းသို့ လည်း မည်သည့်အခါမှမသွားရောက်ခဲ့သော ဦးအောင်သန်း၏ ဖခင်ကြီးကွယ်လွန်သည့် ရက်စွဲမှတ်တမ်းကို ပယ်ရမည် ဖြစ်သည်။
ဗမာ့ထွက်ရပ်ဂိုဏ်း တည်ထောင်သည့် နေ့စွဲအမှား
ဗမာ့ထွက်ရပ်ဂိုဏ်း တည်ထောင်သည့် နေ့စွဲအမှားဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၉ စက်တင်ဘာလ ၁ ရက်နေ့တွင်ဒေါက်တာဘမော်၏ အိမ်၌ အထူးအစည်းအဝေးတစ်ရပ် ကျင်းပကာသခင်ကိုယ်တော်မှိုင်းကြီးမှူးသော တို့ဗမာအစည်းအရုံး အဖွဲ့ဝင်များ ၊ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့ဝင်များ ၊ နေပြည်တော် အဖွဲ့ဝင်များ ၊ ငါးပွင့်ဆိုင် ဝံသာနုအဖွဲ့ဝင်များ ၊ အခြားအဖွဲ့အစည်းအချို့မှထင်ရှားသည့်ပုဂ္ဂိုလ်များ ဖြင့် ပူးပေါင်း၍ "ဗမာ့ထွက်ရပ်ဂိုဏ်း" (BurmaFreedom Bloc) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အဆိုပါအဖွဲ့၌ အဖွဲ့ခေါင်းဆောင်မှာ ဒေါက်တာဘမော်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ သခင်အောင်ဆန်းဖြစ်သည်။ သခင်သန်းထွန်း၊ သခင်လှဘော်၊ သခင်မြ၊သခင်နု၊ ဦးလှမင်း၊ ဒေါက်တာသိန်းမောင်၊ ဗန္စ္ဇုလဦးစိန်၊ ဦးဘဦး(မန္တလေး)တို့သည် အဖွဲ့ဝင်များ ဖြစ်ြကသည်။
သို့ သော် သူရိယသတင်းစာအတွဲ ၂၅၊ အမှတ် ၂၀၈ (အောက်တိုဘာ၁၁ ရက်၊ ၁၉၃၉) ထုတ်၌ ဗမာ့ထွက်ရပ်ဂိုဏ်း (ဗမာ့လွတ်လပ်ရေးဂိုဏ်း)ကို ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ဟူ၍ ဖော်ပြထားလေသည်။၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ စတုတ္တအကြိမ်အဖြစ် အားမာန်သစ်စာပေတိုက်မှ ထုပ်ဝေသော မြဟန်၏် "ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓါန် "စာမျက်နှာ ၂၇၉ ၌ လည်း ယင်းအတိုင်းပင် ဖော်ပြထားသည်။ ပညာရေးဝန်ကြီးဌာန အခြေခံပညာသင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာနှင့် ကျောင်းသုံး စာအုပ်ကော်မတီက ပြုစုသည့် အဠမတန်း သမိုင်းပြဌာန်းစာအုပ်၌ ၁၉၃၉ စက်တင်ဘာလ ၁ ရက်တွင် တို့ဗမာအစည်းအရုံး၏ အထူးအစည်းအဝေး ကျင်းပကာ ဂိုဏ်းဂဏပါတီမရွေး လွတ်လပ်ရေး မြတ်နိုးသူတိုင်းပါဝင်သော အဖွဲ့တစ်ခုကို တည်ထောင်ရန် ဆုံးဖြတ်ခြဲ့ကသည်။ ထိုဆုံးဖြတ်ချက်အရ ၁၉၃၉ အောက်တိုဘာ ၁ ရက်တွင် တို့ဗမာအစည်းအရုံး၊ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့တို့နှင့်ပူးပေါင်းပြီး ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းလိုက်သည်ဟူ၍ ဖော်ပြထားပြန်သည်။
မည်သို့ ဆိုစေ… ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၃ ခု သြဂုတ်လ၁ ရက်နေ့ထုပ် ဗမာခေ့တ် သတင်းစာတွင် "ဗမာလွပ်လပ်ရေး အရေးတော်ပုံ" အမည်ရှိ ဆောင်းပါးကို ရေးသားခဲ့ရာ၊ ယင်း၌ -
"ကျွန်ုပ်ထင်သကဲ့သို့ ပင် အမှန်ပင် စစ်ဖြစ်ရတော့၏ ။ ၁၉၃၉ ခု၊စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပစစ် စတင်တိုက်လေသည်။(ကျွန်ုပ်၏ အမှတ်အသား မမှားပါက) စစ်မကြေညာမီ ၂ ရက် (စက်တင်ဘာလ ၁ ရက်) ကပင် တို့ဗမာအစည်းအရုံးပည်လုံးဆိုင်ရာအလုပ်အမှု ဆောင်အဖွဲ့၏ အထူးအစည်းအဝေးပွဲကို ကျင်းပကာ ပါတီမရွေးဗမာ့လွတ်လပ်ရေးကို ချစ်သူအားလုံးပါဝင်၍ တို့ဗမာအစည်းအရုံးနှင့် ဒေါက်တာဘမော်၏ ဆင်းရဲသားအစည်းအရုံးကို အခြေခံထားလျက် ဗမာ့ထွက်ရပ်ဂိုဏ်းတစ်ခုကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြလေသည်။
အမှန်ပေါ်ပေါက်လာတော့မည်ဖြစ်သော ကမ္ဘာ့စစ်ကို ကြိုက်၍ ဆုံးဖြတ်ချက် ချမှတ်ကြခြင်းဖြစ်၏ ။ ဤဆုံးဖြတ်ချက်အတိုင်းပင် ဗမာ့ထွက်ရပ်ဂိုဏ်း ကြီးကိုလည်း ဖ္ဇဲစည်းမိလေသည်။" ဟူ၍ ရေးသားဖော်ပြထားလေသည်။
ထို့အတူပင် စာကြည့်တိုက်ပညာရှင်ဦးမောင်မောင် (စိုးရှိန်) ပြုစု၍ ၂၀၁၁ ဇွန်လတွင် နှစ်ကာလများ စာအုပ်တိုက်မှ ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့သော ဗိုလ်ချုပ်အောင်ဆန်းစာစုစရင်းစာအုပ်၊ "ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ် နေ့စွဲများ ကဏ္ဍ" စာမျက်နှာ (၁၁) ၌ -
"၁၉၃၉ စက်တင်ဘာလ ၁ ရက်၊ ဒေက်တာဘမော်အိမ်၌ ကျင်းပသော အစည်းအဝေးတွင် ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ်တင်မြှောက်ခြင်းခံရသည်" ဟူ၍ ပင် ဖော်ပြထားသည်။
ယင်းအထောက်အထားကို မကျေနပ်သေးလျှင် ဦးမြင့်ဝေ (တပ်မတော်မြင့်သန္တာ) ပြုစုသည့် "ဗမာ့တော်လှန်ရေးအဘိဓါန် (ခရစ် ၁၈၂၄မှ ၁၉၇၁ ခုနှစ် အထိ) စာအုပ် စာမျက်နှာ ၈၄-၈၅ ၌ -
ဗမာ့ထွက်ရပ်ဂိုဏ်းကို ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်သောကြာနေ့တွင် တည်ထောင်ဖွဲ့စည်းခဲ့သည်။
ဗဟိုအလုပ်အမှု ဆောင်အဖွဲ့မှာ -
(၁) ဒေါက်တာဘမော်အဖွဲ့ခေါင်းဆောင်
(၂) သခင်အောင်ဆန်း-အထွေထွေအတွင်းရေးမူး
(၃) သခင်သန်းထွန်း-အဖွဲ့ဝင်
(၄) သခင်လှဘော်-အဖွဲ့ဝင်
(၅) သခင်မြ-အဖွဲ့ဝင်
(၆) သခင်နုအဖွဲ့ဝင်
(၇) ဦးလှမင်း-အဖွဲ့ဝင်
(၈) ဒေက်တာသိန်းမောင်-အဖွဲ့ဝင်
(၉) ဗန္ဓုလဦးစိန်-အဖွဲ့ဝင်
(၁၀) ဦးထွန်းအောင်-အဖွဲ့ဝင်
(၁၁) စောဖေသာ-အဖွဲ့ဝင်
(၁၂) ဦးဘဦး (မန္တလေး) တို့ ဖြစ်သည်ဟူ၍ အတိအကျ ရေးသားထားလေသည်။
ရဲဘော်သုံးကျိပ်ဝင်များ သွေးဖောက်ပြီး သစ္စာပြုအမှား
မြန်မာမျိုးချစ်လူငယ်များ ဟိုင်နန်ကျွန်း စစ်သင်တန်းကျောင်းတွင်တက်ရောက်သင်ကြားနေသော စစ်ပညာများ သည် ၁၉၄၁ အောက်တိုဘာလဆန်းတွင် ပြီးဆုံးပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် စန်းယစစ်ပညာသင်တန်းကျောင်းကို ပိတ်၍ ထိုင်ဝမ်ကျွန်းရှိ တာမာဆာတိုမြို့(Tamasato) သို့ ပြောင်းရွှေ့ခဲ့သည်။
ယင်းနောက် အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့တွင် တာမာဆာတိုမြို့ ဗိုလ်သင်တန်းကျောင်းတွင် စစ်သေနဂဗျူဟာပညာနှင့် ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် နောက်ဆုံးပေါ်လက်နက်များ သုံးစွဲနည်း၊ ပြင်ဆင်နည်းများ ကို ဆက်လက်သင်ကြားခဲ့ကြသည်။
ယင်းနောက် ဂျပန်တို့သည် ၁၉၄၁ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ပစိဖိတ်သမုဒ္ဒရာအတွင်း ဟာဝိုင်ရီကျွန်း (Hawaii) ရှိ အမေရိကန်တို့၏ အာကြီးဆုံးရေတပ်စခန်းဖြစ်သည့် ပုလဲဆိပ်ကမ်းကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်၍ အရှေ့အာရှစစ်ပွဲကြီးကို စတင်မီးမွှေးလိုက်ရာ၊ မီနာမီအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဆူဇူးကီး (ဗိုလ်မိုးကြိုး) သည် ထိုင်ဝမ်ကျွန်းတာမာဆာတိုမြို့ရှိ ဗိုလ်သင်တန်း၌ ပို့ချနေမှု တို့ကို အမြန်ဆုံး အဆုံးသတ်ခဲ့သည်။ ထို့နောက် မီနာမီအဖွဲ့ကို တောင်ပိုင်းတပ်မတော်လက်အောက်မှဂျပန် အမှတ် ၁၅ တပ်မတော်၏ လက်အောက်သို့ လွှဲပြောင်းခဲ့သည်။မြန်မာမျိုးချစ်လူငယ်များ ကိုလည်း အသုတ်လိုက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စေလွှတ်ခဲ့သည်။ ထိုနေ့ နံနက် ၁၀ နာရီအချိန်မှာ ပင် ဂျပန်ဗုံးကြဲလေယာဉ်အစင်း ၆၀ နှင့် တိုက်လေယာဉ်အစင်း ၃၀ ပါသော ဂျပန်လေတပ်က ရန်ကုန်မြို့ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် သောကြာနေ့တွင် သခင်အောင်ဆန်း၊ သခင်စောလွင်၊ သခင်တင်အေး၊ သခင်ထွန်းရွှေ၊ ကိုရွှေနှင့်သခင်သန်းတင် (၂) တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီး ဘန်ကောက်မြို့ရှိ အင်္ဂလိပ်ပိုင် ဘော်နီယိုကုမ္မဏီဝင်းအတွင်းရှိမြန်မာလူမျိုး မျက်စိကုဆရာဝန် ဦးလွန်းဖေနေအိမ်တွင် ည ၁၀ နာရီကျော်ခန့်၌ သခင်အောင်ဆန်းနှင့် မြန်မာမျိုးချစ်လူငယ်များ သည် လက်မောင်းသွေးဖောက်သစ္စာ အဓိဌာန်ပြု၍ သွေးသောက်ပွဲ ပြုလုပ်ခဲ့ကြသည်။
သို့သော် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်အများ စုနှင့် မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၁) [၁၉၇၀] စာ ၂၀၅ ၌ သွေး ဖောက်သစ္စာ အဓိဌာန်ပြုသည့်နေ့ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်ဟု မှားယွင်းစွာ ဖော်ပြနေကြသည်။
အဆိုပကိစ္စနှင့်ပတ်သက်၍ ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူးရဲထွဋ်အား စာရေးသူမှ ၂၀ဝ၇ ဇူလိုင်လခန့်တွင် မေးမြန်းခဲ့ရာ၊ သွေးဖောက်သည့်နေ့မှာ ၁၉၄၁ ခုနှစ် ခရစ္စမတ် (X.Mas) နေ့အပြီး နောက်တစ်နေ့(ဒီဇင်ဘာလ ၂၆ ရက်) ဖြစ်သည်ဟု အတိအကျပြောကြားခဲ့သည်။ ထို့ပြင်
"၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် ဘန်ကောက်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်လျက်ရှိသော ဆသွန်းလမ်းရှိ ဖရန့်ဖီးလ် အဆောက်အအုံတွင် ရဲဘော်သုံးကျိပ်ဝင်အားလုံး တစ်ဦးကိုတစ်ဦး အသက်ပေးစောင့်ရှောက်၍ တိုင်းပြည်အတွက် အသက်စွန့်လှူပါမည်ဟု သစ္စာအဓိဌာန်ပြုကာ ဒုတိယအကြိမ် သွေးသောက်ပွဲ ကျင်းပသည်" ဟူ၍ ဆရာကျော်ငြိမ်း၏ ရဲဘော်သ်သုံးကျိပ် စာအုပ် စာမျက်နှာ ၁၄ ၌ သွေးဖောက်၍ သစ္စာအဓိဌာန်ပြုခဲ့သည်ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် ဓူဝံစာအုပ်တိုက်မှ ၂၀ဝ၇ ခုနှစ်ထုတ်ဝေပြီး၊ တရုတ်နိုင်ငံနေထိုင်လျက်ရှိသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ " ကိုယ်တိုင်ရေး အတ္ထုပ္ပတိပေါင်းချုပ်(ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့) စာမျက်နှာ ၄၇၊ ၄၈ "၁၉၄၁ ဒီဇင်ဘာလ ၂၆ရက်နေ့သည် နယ်ချဲ့အောက်တွင် မြန်မာ အမျိုးသားတို့၏ ပထမလက်နက်ကိုင် တပ်မတော်ကြီး (B.I.A) ကို စတင် ဖွဲ့စည်းသော နေ့ကြီးဖြစ်သည်။ကျွန်တော်တို့သည် ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် လက်မောင်းသွေးဖောက်၍ သစ္စာရေသောက်ခဲ့ကြသည်။ ကျွန်တော်တို့ လွတ်လပ်ရေးရသည်အထိ ဆုံးခန်းတိုင်တိုက်ပွဲဝင်မည်ဟု သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။
အထက်ပါ ဘီအိုင်အေတပ်မတော်ဖွဲ့စည်းခြင်းနှင့် ကျမ်းသစ္စာခံယူပွဲနေ့ကို ထိုစဉ်က ကျွန်တော်တို့ဆရာတစ်ယောက် 'အီဇုမိယ' ရေးသောမီနာမီကီကန်စာအုပ် မြန်မာပြန်စာမျက်နှာ ၉၅ နှင့် ၁၀၄ တွင် (၂၈-္ထ၁၂-၄၁) ဟု ဖော်ပြထားသည်။ တပ်မတော်သမိုင်းမှတ်တမ်း (၁) နိဒန်းတွင် (၂၇-၁၂-၄၁) ဟု ဆိုသည်။ ကျွန်တော်တို့ စွဲမှတ်နေသည့်နေ့သည်(၂၆-၁၂-၄၁) သာ ဖြစ်သည် ' ဟူ၍ ရေးသားဖော်ပြထားလေသည်။
ဘီအိုင်အေတည်ထောင်သည့်နေ့အမှား
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတိစာအုပ်အများ စု၌ အများ ဆုံးမှားယွင်းသော အမှားတစ်ခုမှာ ၁၉၄၁ ဒီဇင်ဘာလ ၂၆ တွင် ယိုးဒယား (ထိုင်း)နိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်ဟု ဖော်ပြမှု ပင်ဖြစ်သည်။
ဦးမြဟန်ပြုစု၍ အားမာန်သစ်စာပေတိုက်မှ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သော ကိုလိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန် စာအုပ်စာ ၂၉၉ ၌ "ဘီအိုင်အေကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်တို့က ဦးစီး၍ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ စဖွဲ့သည်။၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၃၁ ရက်အတွင်း ဘီအိုင်အေကိုအပြီးဖွဲ့စည်းခဲ့သည်" ဟူ၍ ဖော်ပြထားသလို ပြည်သူ့ခေတ် ဂျာနယ်အတွဲ ၁၊ အမှတ် ၁၂ (၂၀၁၀ စက်တင်ဘာ ၂၃) စာမျက်နှာ ၁၇ တွင်ဖိုးအောင်လေး၏ "အောင်ဆန်းဒိုင်ယာရီ" ဆောင်းပါး၌ "၁၉၄၁ ဒီဇင်ဘာ၃၁ တွင် ဘန်ကောက်မြို၌ ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ဖွဲ့စည်းကြောင်း ကြေညာ" ဟူ၍ ဖော်ပြထားသည်။
သို့သော် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင် ရေးသားပြုစုသော"ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်" စာအုပ် စာမျက်နှာ ၁၉၂နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသနဦးစီးဌာနမှ ထုတ်ဝေသောမြန်မ်မာ့ရက်စဉ်သမိုင်း (အကြိုသမိုင်းကာလမှ ၁၉၄၅ အထိ) ပထမတွဲစာမျက်နှာ ၃၁၂ ၌ "ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army) ကို ၁၉၄၁ ဒီဇင်ဘာ ၂၇တွင် ဖွဲ့စည်းခဲ့သည်" ဟူ၍ အတိအကျ ဖော်ပြထားသည်။
မကြာမီကမှ ကွယ်လွန်သွားသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးရဲထွဋ်ကလည်း သွေးဖောက်သစ္စာအဓိဋ္ဌာန်ပြုပြီး နောက်တစ်နေ့ (၁၉၄၁ဒီဇင်ဘာလ ၂၇ ရက်) တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့သည်ဟု ပြောပြပသည်။
ထို့ကြောင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) တည်ထောင်သောနေ့ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်ဟုသာ အမှန်ယူရမည်ဖြစ်သည်။
ရဲဘော်သုံးကျိပ်ဝင်များ ၏ ကိုယ်ရေးအချက်အလက်များ မှားယွင်းမှု
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဦးလွန်းဖေနေအိမ်၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဖွဲ့စည်းပြီးနောက် သခင်အောင်ဆန်းက ရဲဘော်သုံးကျိပ်ဝင်တို့အားစုဝေးပြီး ယနေ့အစည်းအဝေးတွင် အစည်းအဝေးတက်ရောက်လာသူများ နှင့် မိတ်ဆက်သည့်အခါ မိမိတို့ဝတ်ထားသည်မှာ ဂျပန်ဝတ်စုံ၊ အမည်ကလည်း ဂျပန်နာမည်ဖြစ်နေ၍ မိတ်ဆက်ရာတွင် အဆင်မပြေလှကြောင်းမိမိတို့၏ နာမည်ရင်းများ နှင့် မိတ်ဆက်လျှင် မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သည့် မိဘဆွေမျိုးသားချင်းများ ဒုက္ခရောက်နိုင်ကြောင်း၊ ဟိုင်နန်ကျွန်း
တွင်ရှိစဉ်က ကိုလှမောင် (နောင်ဗိုလ်ဇေယျ) အကြံပေးသည့်အတိုင်း ဗမာဆန်ဆန် ဗိုလ်နာမည်များ ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့နောက် သခင်အောင်ဆန်း၏ လမ်းညွှန်ချက်အရ ရဲဘော်သုံးကျိပ်တို့၏ ဗိုလ်ဘွဲ့အမည်အသီးသီးကို ဘော်နီယိုကုမ္ပဏီဝင်းအတွင်း အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဤသို့ဖြင့် မြန်မာမျိုးချစ်လူငယ်များ ၏ ဗိုလ်အမည်များ တွင်လာခဲ့သည်။ ရဲဘော်သုံးကျိပ်တို့၏ အမည်ရင်း၊ ဂျပန်အမည်နှင့်ဗိုလ်အမည်များ မှာ -
၁။ သခင်အောင်ဆန်း Omoda Monji ဗိုလ်တေဇ
၂။ သခင်ရှုမောင် Takasugi Susumu ဗိုလ်နေဝင်း
၃။ သခင်ကျော်စိန် Takahashi ဗိုလ်မိုးညို
၎။ သခင်ခင်မောင်ဦး Monya Masaru ဗိုလ်တာရာ
၅။ သခင်ငွေ Katsura ဗိုလ်စောအောင်
၆။ သခင်စောလွင် Yamaoka Kiyoshi ဗိုလ်မင်းခေါင်
၇။ သခင်စံမြ Nakagawa Ichiro ဗိုလ်တောက်ထိန်
၈။ သခင်စံလှိုင်Omura Tadashi ဗိုလ်အောင်
၉။ သခင်စိုး Kono ဗိုလ်မြင့်အောင်
၁၀။ ကိုဆောင်း Monya Hiroshi ဗိုလ်ထိန်ဝင်း
၁၁။ သခင်တင်အေး Chinda Seiyi ဗိုလ်ဘုန်းမြင့်
၁၂။ သခင်ထွန်းခင် Nakamura Hitoshi ဗိုလ်မြင့်ဆွေ
၁၃။ ကိုထွန်းရှိန် Yamashita Teruo ဗိုလ်ရန်နိုင်
၁၄။ သခင်ထွန်းရွှေ Utsumi Susumu ဗိုလ်လင်းယုန်
၁၅။ သခင်ထွန်းလွင် Otani Hiroshi ဗိုလ်ဗလ
၁၆။ သခင်ထွန်းအုပ် Ichihara Ishiro ဗိုလ်ဘွဲ့မခံ
၁၇။ သခင်ဗဂျမ်း Baba Takeshi ဗိုလ်လရောင်
၁၈။ သခင်မောင်မောင် Tsuchiya ဗိုလ်öာဏ
၁၉။ ကိုရွှေ Taniguchi Shinichi ဗိုလ်ကျော်ဇော
၂၀။ သခင်လှ Ito Hitochi ဗိုလ်မင်းရောင်
၂၁။ သခင်လှဖေ Tani Kiyoshi ဗိုလ်လကျာ်
၂၂။ ကိုလှမောင် Kaga Masashi ဗိုလ်ဇေယျ
၂၃။ သခင်လှမြိုင် Itoda Tei-ichi ဗိုလ်ရန်အောင်
၂၄။ သခင်သစ် Osawa ဗိုလ်စောနောင်
၂၅။ သခင်သန်းညွန့် Okawa ဗိုလ်ဇင်ယော်
၂၆။ သခင်သန်းတင် (၁) (မော်လမြိုင်) (Yamada ဗိုလ်ဘွဲ့မခံယူမီအူအတက်ပေါက်ရောဂါဖြင့် တိုင်ပေဆေးရုံ (စက်တင်ဘာလ ၁၉၊၄၁) ၌ ကွယ်လွန်။)
၂၇။ သခင်သန်းတင် (၂) Tsubota ဗိုလ်မြဒင် (သာယာဝတီ)
၂၈။ သခင်အောင်သန်း Hirata Masao ဗိုလ်စကြာ
၂၉။ သခင်အေးမောင် Mizuno Saburo ဗိုလ်မိုး
၃၀။ ကိုအောင်သိန်း Hayashi ဗိုလ်ရဲထွဋ်တို့ ဖြစ်ကြသည်။
သို့သော် မြန်မာမျိုးချစ်လူငယ်သုံးဆယ်အနက် သခင်ထွန်းအုပ်သည်ဂျပန်နိုင်ငံတိုကျိုမြို့တွင် အုပ်ချုပ်ရေးပညာဆည်းပူးနေ၍ လည်းကောင်း၊ကိုဆောင်းသည် မီနာမီအဖွဲ့၏ တာဝန်ပေးချက်အရ ထိုင်းမြန်မာနယ်စပ်ကို လျို့ဝှက်စွာ ဖြတ်ကျော်ရောက်ရှိလာမည့် မြန်မာမျိုးချစ်လူငယ်များ ကိုစောင့်ကြိုရန် တာဝန်ဖြင့် ဇင်းမယ် ခေါ် ချင်းမိုင်(Chiangmai) တွင်တာဝန်ထမ်းဆောင်နေ၍ လည်းကောင်း၊ မော်လမြိုင်သားသခင်သန်းတင်(၁) သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ဂျပန်နိုင်ငံသို့ သွားရောက်စဉ်တိုင်ပေမြို့၌ အူအတက်ပေါက်ရောဂါဖြင့် ၁၉၄၁ စက်တင်ဘာလတွင်ကွယ်လွန်ခဲ့၍ လည်းကောင်း၊ ဟိုင်နန်စစ်သင်တန်းကျောင်းနှင့် ထိုင်ဝမ်စစ်သင်တန်းကျောင်းတွင် မြန်မာလူငယ် (၂၇) ဦးသာ စစ်သင်တန်းကျောင်းတက်ခဲ့ကြသည်။ သို့သော် စာရေးဆရာ မြဒေါင်းညိုအမည်ပေးခဲ့သည့်အတိုင်း မြန်မာမျိုးချစ်လူငယ် သုံးဆယ်ကို " ရဲဘော်သုံးကျိပ် "ဟူ၍ သာခေါ်တွင်ခဲ့ကြသည်။
သို့သော် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်နှင့် မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ စာမျက်နှာ ၂၀၃ ၌ ကိုအောင်သိန်းကို သခင်အောင်သိန်းဟူ၍ လည်းကောင်း၊ သခင်သန်းတင် (၁) ကို ဗိုလ်သန်းတင်ဟူ၍ လည်းကောင်း မှားယွင်းစွာ မှည့်ခေခဲ့ကြသည်။ ကိုအောင်သိန်း ခေါ် ဗိုလ်ရဲထွဋ်သည် တို့ဗမာအစည်းအရုံးသို့ မည်သည့်အခါမှ မဝင်ခဲ့ချေ။ ထို့ကြောင့်သခင်အောင်သိန်းဟု ခေါ်တွင်ပါက မှားယွင်းပေသည်။ ကိုအောင်သိန်းသည်၁၉၂၂ ခုနှစ် ဖေဖော်ဝရီ ၂၅ ရက် ရန်ကုန်မြို့ တာမွေကလေးရပ်၌ အဘ ဦးဘိုးလွင်၊ အမိဒေါ်စောရှင်တို့မှ ဖွားမြင်ခဲ့သူဖြစ်ပြီး ရန်ကုန်မြို့ကန်တော်ကလေးမြူနီစီပယ်ကျောင်းမှ ဒသမတန်း အောင်မြင်ခဲ့သည်။ထို့နောက် အထက်တန်းဆရာဖြစ် သင်တန်းတက်ရောက်အောင်မြင်ခဲ့ပြီး၁၉၃၆-၃၇ တွင် ဦးမောင်ကြီး (နောင်ဆာဘွဲ့ရ) ရဲတပ်တွင် ပဝင်ခဲ့သည်။ ၁၉၃၈ ကျောင်းသားသပိတ်တွင် မြူနီစီပယ်ကျောင်းမှ သပိတ်မှော က်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၉-၄၀ တွင် မြူနီစီပယ်ကျောင်း ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်သည်။ ဒုတိယအသုတ် မြန်မာမျိုးချစ်လူငယ်များ နှင့်အတူ ၁၉၄၁ ဧပြီ ၁၃ ရက်နေ့တွင် ကိုင်ရိုမာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့ ထွက်ခဲ့သူဖြစ်သည်။
၁၉၄၁ ဒီဇင်ဘာ ၂၆ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လက်မောင်းသွေးဖောက်၍ သစ္စာအဓိဋ္ဌာန်ပြုရာတွင် ပါဝင်ခဲ့သည်။
၁၉၄၂ ဧပြီတွင် ဘီအိုင်အေ တပ်မဟာ ဒုတပ်မှူးအဖြစ်လည်းကောင်း၊ ၁၉၄၂ ဇူလိုင်လ ၂၇ ရက်တွင် ဘီဒီအေတပ်ရင်း ၁ တပ်ရင်းမှူးအဖြစ် လည်းကောင်း၊ ၁၉၄၄-၄၅ ဘီဒီအေ တပ်ရင်း ၅ တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ စစ်ဦးစီးဌာနချုပ် အထွေထွေဌာနကြီးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းရွက်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးကာလတွင် တိုင်း ၆ (မိတ္ထီလာ၊ ပျဉ်းမနား၊တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည်နယ်) တိုင်းမှူးအဖြစ် တာဝန်ယူ၍ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သည်။
ထို့နောက် လွတ်လပ်ရေးရပြီးနောက် အမှတ် (၃) ဗမာ့သေနတ်ကိုင် တပ်ရင်းတွင် တပ်ခွဲမှူးနှင့် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ဗိုလ်ရဲထွဋ်သည် လက်ဝဲညီညွတ်ရေးကောင်စီ၏ အာဏာသိမ်းရေးလမ်းစဉ်ကို လက်ခံကာ ၁၉၄၈ သြဂုတ်လ ၁၀ တွင် ဗမာ့တပ်မတော်တပ်ရင်း ၃ ကို ဦးဆောင်၍ တောခိုခဲ့သည်။ ၁၉၄၉ မတ် ၂၄ တွင်ပြည်မြို့၌ ဗမာပြည်ကွန်မြူနစ်ပတီ၊ ပြည်သူ့ရဲဘော် (ဖြူ) နှင့် တော်လှန်သော ဗမာ့တပ်မတော်တို့ ပူးပေါင်း၍ ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစုဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။
၁၉၅၀ မတ်တွင် ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ပြိုကွဲသွားပြီးနောက်တော်လှန်သော ဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်ပြီး တောခိုတပ်များ နှင့်ဗမာပြည်ကွန်မြူနစ်ပတီ၏ လက်နက်ကိုင်တပ်များ ပူးပေါင်းခဲ့သည်။၁၉၅၁-၆၃ တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တော်လှန်ရေး စစ်ကောင်စီတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဗကပ ပြည်သူ့ တပ်မတော်စစ်ဦးစီးမှူးအဖြစ် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) တွင် ဗကပကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ဗကပ အရံဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၁၉၆၃ မေ ၂၁ တွင် တော်လှန်ရေးကောင်စီအစိုးရထံ၌ လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်။ ထို့နောက် ၁၉၆၄ မတ် ၂ မှ ၁၉၇၃အထိ တော်လှန်ရေးကောင်စီ၏ အကြံပေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ဗဟိုရေးရာဌာနကြီး၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ သမဝါယမစိုက်ပျိုးမွေးမြူရေးနှင့် သစ်တောရေးရာ ကော်မတီ အတွင်းရေးမှူးအဖြစ်လည်းကောင်း ထမ်းရွက်ခဲ့သည်။ ၁၉၇၃-၇၄ မဆလပါတီ သန့်စင်ရေးလုပ်ရာတွင် ပါသွားခဲ့ပြီး ပါတီပြင်ပသို့ ရောက်ရှိသွားခဲ့သည်။
၂၀ဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဖြစ်ရပ်မှန် ပြုစုရေး ကော်မတီ၏ နာယကအဖြစ် ဆောင်ရွက်ခဲ့ရှိသည်။
သခင်သန်းတင် (၁) ၁၉၂၀ သြဂုတ် ၂၇ တွင် မွန်ပြည်နယ်မော်လမြိုင်မြို့နယ် ညောင်ပင်ဆိပ်ရွာ၌ အဖဦးမောင်နှင့် အမိဒေါ်စိုးတို့မှဖွားမြင်ခဲ့ပြီး မြဝတီကျောင်းတွင် စတုတ္ထတန်းအထိသာ ပညာသင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ ဗိုလ်တထောင်စက်ရုံနှင့် ပန်းတနော်မြို့နယ် ဝဲဒေါင့်ရွာဆန်စက်၊ ရန်ကုန်မြို့ ကမာရွတ်ပန်းထိမ်အလုပ်ရုံတွင်အလုပ်လုပ်ခဲ့သည်။ ၁၉၄၀ တွင် ကမာရွတ်မြို့နယ်တို့ဗမာအစည်းအရုံးသို့ဝင်ရောက်ခဲ့ရာမှ သခင်သန်းတင်ဖြစ်လာသည်။ ဂျပန်နိုင်ငံသို့ စစ်ပညာသင်သွားရန် သခင်ထွန်းအုပ်၊ သခင်ဗစိန် တို့ဗမာအစည်းအရုံးမှ သခင်သန်းတင်အား ရွေးချယ်ခဲ့သော်လည်း မိဘနှစ်ပါးက သဘောမတူ၍ မလိုက်ခဲ့ရပေ။ နောက်ဆုံး အစာငတ်ခံဆန္ဒပြမှ ခွင့်ပြုချက် ရရှိခဲ့သည်။
သို့သော် ဂျပန်နိုင်ငံသို့ ၁၉၄၁ ဇူလိုင်လ ၈ တွင် ဂျပန်သို့စတုတ္ထအသုတ် ရဲဘော်များ ထွက်သွားပြီဖြစ်၍ မလိုက်ဖြစ်ခဲ့တော့ချေ။ ထိုသို့
သခင်သန်းတင် (၁) သည် စစ်ပညာမသင်ကြားခဲ့ရသလို၊ ဗိုလ်ဘွဲ့မခံယူမီကွယ်လွန်ခဲ့သဖြင့် ဗိုလ်ဘွဲ့မရခဲ့ပေ။ ထို့ကြောင့် သခင်သန်းတင် (၁)အား ဗိုလ်သန်းတင်ဟု သုံးနှုန်းပါက မှားယွင်းပါသည်။ သခင်သန်းတင်(၁) သည် လွတ်လပ်ရေး ကြိုးပမ်းမှု ဆောင်ရွက်နေစဉ် ပထမဆုံးကွယ်လွန်သွားသော ရဲဘော်သုံးကျိပ်ဝင်ဖြစ်သည့်အတွက် ၁၉၅၉ မတ်လ၂၇ (တပ်မတော်နေ့) တွင် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယ အဆင့်)တံဆိပ်ချီမြုင့်ခံရသည်။
ဘီဒီအေ ဖွဲ့စည်းသည့် နေ့စွဲအမှား
ဘီဒီအေဆိုသည်မှာ ဗမာ့ကာကွယ်ရေးတပ်မတော်ကို ခေါ်ဝေခြင်းဖြစ်သည်။ ဗမာ့ကာကွယ်ရေး တပ်မတော်ကို အင်္ဂလိပ်ဘာသာဖြင့် Burma Defence Army ဟု ခေါ်သောကြောင့် အတိုကောက်အားဖြင့် BDA(ဘီဒီအေ) ဟု ခေါ်နေကြခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်မတော်နှင့် ဘီအိုင်အေတို့က မြန်မာနိုင်ငံကို သိမ်းမိပြီးသောအခါမြန်မာနိုင်ငံတွင် အင်္ဂလိပ်တပ်များ ထွက်ခွာသွားပြီးဖြစ်၍ အင်္ဂလိပ်တပ်များ ပြန်ဝင်မလာနိုင်စေရန် ကာကွယ်ရန်သာလိုသည့်အတွက် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ)ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းသည့် ရက်စွဲမှာ ၁၉၄၂ခုနှစ်၊ ဇူလိုင် ၂၇ ရက်ဖြစ်သည်။
မြဒေါင်းညို ကလောင်အမည်ခံ ဒေါက်တာအောင်သိန်းပြုစုသည့်"ရဲဘော်သုံးကျိပ်" ပထမတွဲ စာအုပ် စာမျက်နှာ ၂၇ တွင် ယင်းအတိုင်း ပင်ဖော်ပြထားသည်။
ဗိုလ်မှူးဘသောင်း (မောင်သုတ) ပြုစုသည့် "ဗမာ့တော်လှန်ရေးသမိုင်း" စာအုပ် စာမျက်နှာ ၁၇၈ ၌ လည်း "၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့တွင် ဘီအိုင်အေကို ဖျက်သိမ်းလိုက်ကာ ဘီအိုင်အေတပ်သားပေါင်း ၃၀ဝ၀ လောက်နှင့်သာ ဘီဒီအေခေါ် ' ဗမာ့ကာကွယ်ရေး တပ်မတော် 'ကြီးကို ပြန်၍ ဖွဲ့စည်းလိုက်ကြသည်။ ထိုဘီဒီအေနှင့်အတူလည်း
တပ်မတော်မော်ကွန်းတိုက်ရှိ စာအုပ်စာတမ်း အစရှိသည်များ ကိုကာလအပိုင်းအခြားအလိုက် စာရင်းတင်ထားရာ၌ လည်း-
(က) ဘီအိုင်အေ (၁၉၄၁ ဒီဇင်ဘာ ၂၇ မှ ၁၉၄၂ ဇူလိုင် ၂၆)
(ခ) ဘီဒီအေ (၁၉၄၂ ဇူလိုင် ၂၇ မှ ၁၉၄၃ ဇူလိုင် ၃၁ အထိ)
(ဂ) ဗမာ့တပ်မတော် (၁၉၄၃ သြဂုတ် ၁ မှ ၁၉၄၅ မတ် ၂၆အထိ)
(ဃ) ဖက်ဆစ်တော်လှန်ရေး (၁၉၄၅ မတ် ၂၇ မှ သြဂုတ် ၁၄အထိ)
ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်းသုတေသနဦးစီးဌာနမှ ပြုစုခဲ့သောမြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ ) စာ ၃၄၁ ၌ လည်း "ဗမာလွလ်လပ်ရေးတပ်မတော်ကို ၁၉၄၂ ဇူလိုင်လ ၂၇ တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ဟုပြောင်းလဲဖွဲ့စည်းပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်မှူးကြီးခန့်အပ်သည့်အမိန့်ထုတ်ပြန်သည်။ အဆိုပါတပ်မတော်သစ်ကို ဂျပန်စစ်ဗိုလ်ချုပ်ကြီးလက်အောက်တွင်ထားရှိသည်" ဟူ၍ ဖော်ပြထားသလို ၁၉၄၂ ဇူလိုင်လ၃၁ ရက် နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ လည်း ယင်းအတိုင်းပင်ဖော်ပြထားပါသည်။
သို့သော် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂၃ ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ်(အတွဲ ၁၊ အမှတ် ၁၂) ၌ ဖိုးအောင်လေး၏ " အောင်ဆန်းဒိုင်ယာရီ " ဆောင်းပါး၌ "၁၉၄၂ ဇူလိုင် ၂၉ တွင် ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဘီဒီအေ ခေ ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့ကာကွယ်ရေး တပ်မတော်၏ စစ်သေနာပတိအဖြစ် ခန့်အပ်ခံရသည်" ဟူ၍ ဖော်ပြထားသည်။ ထို့အပြင် မစ္စတာအိုးတတက်ဆူနေဇိုရေးသား၍ မစ္စတာအိုးနိုးတိုးရု မြန်မာပြန်ထားသော " ဂျပန်အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ "စာအုပ်စာမျက်နှာ ၃၄၇ ၌ ' ဘီအိုင်အေတပ်ဖွဲ့ကို ၁၉၄၂ ခု၊ ဇူလိုင်လ၃၁ ရက်နေ့၌ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ပြုပြင် ဖွဲ့စည်းခဲ့သည် ' ဟူ၍ ဖော်ပြထားပါသည်။
လွတ်လပ်ရေးမော်ကွန်းဝင်အဖြစ် ချီးမြှင့်ရန် လျှောက်လွှာပုံစံ (က)စာမျက်နှာ ၃ တွင် ဘီအိုင်အေကာလကို ၁၉၄၂ ဇန်နဝါရီ ၈ မှ ၁၉၄၂ဇူလိုင် ၂၆ အထိလည်းကောင်း၊ ဘီဒီအေကာလကို ၁၉၄၂ ဇူလိုင် ၂၇ မှ၁၉၄၅ မတ် ၂၆ အထိ လည်းကောင်း၊ ပီဘီအက်ဖ်ကာလကို ၁၉၄၅မတ် ၂၇ မှ ၁၉၄၅ သြဂုတ်လ ၁၅ အထိ လည်းကောင်း သတ်မှတ်ထားသည်ကို တွေ့ရှိနိုင်ပသည်။
၎င်းအပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းစဉ်က တပ်ရင်း ၁၊ ၂၊ ၃ ကို ၁၉၄၂ဇူလိုင် ၂၇ နေ့တွင်လည်းကောင်း၊ တပ်ရင်း ၅ ကို ၁၉၄၃ မတ် ၁၆တွင်လည်းကောင်း၊ တပ်ရင်း ၆ ကို ၁၉၄၃ ဧပြီ ၁ တွင် လည်းကောင်းဖွဲ့စည်းခဲ့သည်ကို လွတ်လပ်ရေးမော်ကွန်းဝင် လျှောက်လွှာများ စိစစ်ရေးနိဿရည်းစာအုပ်တွင် အတိအလင်းဖော်ပြထားပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၁၉၄၃ သြဂုတ် ၁ နေ့ထုတ် ဗမာ့ခေတ် သတင်းစာတွင် ရေးသားခဲ့သော "ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ"အမည်ရှိ ဆောင်းပါး၌ "အမြဲတမ်းစစ်တပ်ကြီးတစ်ခု၏ အခြေမျိုးရောက်အောင် ၁၉၄၂ ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့
ကာကွယ်ရေးတပ်မတော်ဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်လေသည်။" ဟူ၍ ပါရှိရာ ဘီဒီအေဖွဲ့စည်းခဲ့သည့် ရက်စွဲအား ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ရက်ကိုသာ အတည်ယူရမည်ဖြစ်ပသည်။
ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့ လက်ထပ်မင်္ဂလာရက်စွဲအမှား
ဗိုလ်ချုပ်အောင်ဆန်းနှင့် မြောင်းမြမြို့နေ အဖဦးဖိုးညှင်း၊ ဒေါ်ဖွားစုတို့၏ သတ္တမမြောက်သမီး သူနာပြုချုပ် ဒေါ်ခင်ကြည်တို့သည် တွေ့ဆုံမေတ္တာမျှခဲ့ပြီးနောက် ၁၉၄၂ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂နာရီတွင် ဂျပန်ခေတ် ဘီဒီအေဆေးရုံကြီး (နောင် စစ်ရုံးချုပ်၊ ယခုနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) အရှေ့ဘက်အစွန်ဆုံးခန်းမဆောင်တွင်ထိမ်းမြားလက်ထပ်ခဲ့လေသည်။ ၁၉၆၇ ခုနှစ် ဟံသာဝတီပုံနှိပ်တိုက်မှထုတ်ဝေခဲ့သော ဒေါက်တာမြင့်ဆွေ၏ ' မှတ်မိသေးတယ် ' ' ဂျပန်ခေတ်ဆေးရုံကြီးဝယ် ' စာအုပ် စာမျက်နှာ ၈၄ တွင်လည်း ယင်းအတိုင်းပင်ဖော်ပြထားပါသည်။
သို့သော် ၁၉၅၅ ခုနှစ် သမာမိတ စာပေဖြန့်ချိရေးမှ ထုတ်ဝေသောဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) ၏ ' ဗိုလ်ချုပ်အောင်ဆန်း' စာအုပ်စာမျက်နှာ ၇၃ ၌ ၁၉၄၂ မေလဟု မှားယွင်း ဖော်ပြထားပါသည်။ထိုနည်းတူစွာ ၂၀၁၁ စိတ်ကူးချိုချိုစာပေမှ ဒုတိယအကြိမ်ထုတ်ဝေသောမဟာဆွေ၊ မြဒေါင်းညိုတို့၏ "အောင်ဆန်း ဘာလဲ" စာအုပ် စာမျက်နှာ၆၄ ၌ "၁၉၄၂ မေလတွင် ဒေါ်ခင်ကြည်နှင့်လက်ထပ်သည်။ ဇူလိုင်လတွင်ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ်ဆောင်ရွက်သည်" ဟူ၍ မှားယွင်းဖော်ပြထားသည်။
မြန်မာပြည် ဂျပန်စစ်တပ်ဗဟိုဌာန၌ ဘီဒီအေ ဗိုလ်မှူးကြီးအောင်ဆန်းအား မြန်မာပြည်စစ်တပ်များ ၏ သေနာပတိအဖြစ် ခန့်အပ်သည့်ရက်စွဲမှာ ၁၉၄၂ ဇူလိုင်လ ၂၉ ရက်ဖြစ်သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်၏ ဗိုလ်ချုပ်ရာထူးကို ၁၉၄၃ မတ်လ ၁၁ ရက်ကျမှသာပေးအပ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့သည် သားသမီး (၄) ဦး ထွန်းကားခဲ့ရာ သားကြီးမောင်အောင်ဆန်းဦးကို ၁၉၄၃ဇွန် ၁၃ ရက်နေ့တွင်လည်းကောင်း၊ သားလတ် မောင်အောင်ဆန်းလင်းကို ၁၉၄၄ မေ ၁၀ ရက်နေ့တွင်လည်းကောင်း၊ သမီးအောင်ဆန်းစုကြည်ကို ၁၉၄၅ ဇွန်လ ၁၉ ရက်တွင်လည်းကောင်း၊ အငယ်ဆုံးသမီးထွေးလေးအား ၁၉၄၆ စက်တင်ဘာလ ၂၁ တွင်လည်းကောင်း ဖွားမြင်ခဲ့သည်။သို့သော် သမီးထွေးလေးသည် ဖွားမြင်ပြီး ၅ ရက်အကြာ စက်တင်ဘာလ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သလို သားလတ် အောင်ဆန်းလင်းသည်၁၉၅၃ ဇန်နဝရီလ ၁၆ ရက်နေ့တွင် အမှတ် ၂၅၊ တာဝါလိန်းလမ်း(ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း) ရှိ နေအိမ်ဝင်းအတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးသွားခဲ့ရာ သားသမီး (၂) ဦးသာ အဖတ်တင်ခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်အများ စု၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့သည် သားသမီး (၃) ဦးသာ ထွန်းကားခဲ့သည် ဟူ၍ သာ ဖော်ပြခဲ့ကြသည်။
ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့သည့်ရက်စွဲအမှား
၁၉၄၄ သြဂုတ်လ (၄) ရက်မှ (၇) ရက်အတွင်း ပဲခူးမြို့ သနပ်ပင်အထွက် ရွှေအောင်ရိုးစခန်း၌ ဖွင့်လှစ်ထားသည့် "ဗမာ့တပ်မတော်" စံပြတပ်ရင်းရှိ ဗိုလ်ကျော်ဇောအိမ်တွင် တပ်မတော်ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ ကွန်မြူနစ်ပါတီကိုယ်စား သခင်စိုး၊ ဗမာပြည် ကွန်မြူနစ်ပါတီကိုယ်စား သခင်သန်းထွန်းတို့ (၃) ဦး လျှို့ဝှက် တွေ့ဆုံဆွေးနွေးပြီးဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရန်၊ တော်လှန်ရေးအတွက် လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ၊ နိုင်ငံရေးပါတီပေါင်းစုံနှင့် လူထုလူတန်းစား အလွှာအသီးသီးပါဝင်နိုင်သည့် ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစုကြီးတစ်ရပ်အဖြစ် ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းတည်ထောင်ရန်သဘောတူဆုံးဖြတ်ခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ ၁၉၇၄ ခုနှစ် နွယ်နီပုံနှိပ်တိုက်မှ တတိယအကြိမ်ထုတ်ဝေသော ဗိုလ်ချုပ်အောင်ဆန်း၏ "ဘာမားချဲ့လင့်ခ်ျ" စာအုပ် စာ ၅၂ နှင့် ၁၉၇၄ တစသက်တာစာပေတိုက်မှဒုတိယအကြိမ်ထုတ်ဝေသော သခင်တင်မြရေး " ဘုံဘ၀မှာ ဖြင့် " စာအုပ်စာမျက်နှာ ၅၉၄ နှင့် ၅၉၅ တို့၌ လည်း ရေးသားဖော်ပြထားသည်။ထို့အပြင် ဗိုလ်ချုပ်ကိုယ်တိုင်ရေး "ဖက်ဆစ်တော်လှန်ရေးသမိုင်း" ကိုတက္ကသိုလ်နေဝင်း မြန်မာပြန်ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း (တကောင်းစာပေ ၂၀ဝ၉ ဇန်နဝါရီလထုတ်)စာအုပ် စာ ၂၁၆ ၌ "၁၉၄၄ ခုနှစ် သြဂုတ် ၄ မှ ၇ ရက်အတွင်း ပဲခူးမြို့ရှိ မြန်မာ့တပ်မတော်စံပြတပ်ရင်းတွင် တပ်မခေါင်းဆောင်များ နှင့်နိုင်ငံရေးခေါင်းဆောင်များ ကို လျှို့ဝှက်စည်းဝေးကာ ဗိုလ်ချုပ်တင်ပြသောဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကို ဖွဲ့စည်းရန် အဆိုပြုချက်ကိုအားလုံးက လက်ခံအတည်ပြုလိုက်ကြသည်" ဟူ၍ တိကျစွာ ဖော်ပြထားပါသည်။
သို့သော်၂၀၁၁ မေလထုပ် "မြန်မာသစ်မဂ္ဂဇင်း" ၌ လှကွန့်၏ "စံပြတပ်ရင်း အခန်းကျဉ်းကျိတ်ဝိုင်းကလေးမှသည်" ဆောင်းပါး စာမျက်နှာ ၄၇ ၌ " "စံပြတပ်ရင်းတည်ရှိရာ ဗိုလ်ချုပ်ကျောဇောအိမ်တွင်၁၉၄၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်မှ ၆ ရက်နေ့အထိ ပြုလုပ်ခဲ့တာ ဖြစ်တယ်။ တက်ရောက်သူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်း (တပ်မတော်ကိုယ်စား)၊ သခင်စိုး (ကွန်မြူနစ်ပတီ)၊ သခင်သန်းထွန်း (ဗမာပြည်ကွန်မြူနစ်ပတီ) တို့ သုံးဦးသာဖြစ်ပါတယ်။ သူတို့သုံးဦးဆွေးနွေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ၁၉၄၅ မတ် ၁ မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့ပတ်လမ်း၊ ယခု နတ်မောက်လမ်း (ဗိုလ်ချုပ်အောင်ဆန်းပြတိုက်) ဗိုလ်ချုပ်အိမ်မှာ အစည်းအဝေးကျင်းပခဲ့တယ်" ဟူ၍ ရေးသားထားလေသည်။
အမှန်မှာ ပဲခူးစံပြတပ်ရင်း၌ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့သုံးဦး ဆွေးနွေးခဲ့သည်ကို အကောင်အထည်ဖော်သည့် အနေဖြင့် ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (Park Road) (ယခု နတ်မောက်လမ်း) နှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပတီ၊ ကွန်မြူနစ်ပတီခေါင်းဆောင်များ သည် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့အဖွဲ့ချုပ် (ဖတပ) (Anti - Fascist Organization-AFO) ဖွဲ့စည်းရေး အစည်းအဝေး ကျင်းပသည်။ ယင်းအချက်နှင့်ပတ်သက်၍ ၁၉၆၉ သီဟပုံနှိပ်တိုက်မှထုတ်ဝေသော 'သခင်လွင်' ၏ "ဂျပန်ခတ် ဗမာပြည်" စာအုပ် စာမျက်နှာ ၂၈၂ ၌ လည်း ဖြော်ပထားပါသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒအရ တပ်မတော်ခေါင်းဆောင်များ ဖြစ်သော ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မှူးရဲထွဋ်၊ ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်များ ဖြစ်သော ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့သည် ဒေးဒရဲရှိ သခင်စိုးထံ လျှို့ဝှက်စွာ သွားရောက်၍ ဖွဲ့စည်းပြီးဖြစ်သော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကို တိုးချဲ့ဖွဲ့စည်းရေး တပ်မတော်အတွင်းရှိ လက်ဝဲအင်အားစုများ ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပတီတို့ကို တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်စည်းရုံးမှု လုပ်ငန်းများ ကို ဆွေးနွေးခဲ့ကြသည်။
ယင်းနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖတပလအဖွဲ့ချုပ်ကအိန္ဒိယနိုင်ငံသို့ စစ်ပညာသင်ကြားရန် သခင်ဗိုလ် (ကာလကတား လေယာဉ်ကွင်းမှအတက် လေယာဉ်ပျက်ကျ၍ ကွယ်လွန်သူ)၊ ကိုဝင်းမောင် (နောင်မြန်မာနိုင်ငံသမ္မတကြီး မန်းဝင်မောင်)၊ ကိုကျော်ရင် (နောင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်)၊ သခင်အုန်း (ဖျာပုံ)၊ ကိုသန်း၊ အောင်ထွန်း(ဗိုလ်မှူးချစ်ကောင်း) တို့ ရန်ကုန်မှ မန္တလေးသို့ မော်တော်ကားဖြင့်ထွက်ခွာခဲ့ကြောင်း ၁၉၄၅ ခုနှစ်၌ အောင်ထွန်း (ဗိုလ်မှူးချစ်ကောင်း)ရေး "သိန်းဖေစခန်းမှ သန်းထွန်းစခန်းသို့" စာအုပ် စာမျက်နှာ ၇ ၌ ဖော်ပြထားသည်။
ထို့နောက် ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိရန်ကုန်မြို့ပတ်လမ်း (ယခု ဗိုလ်ချုပ်ပြတိုက်လမ်း) အမှတ် ၂၅ ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့အဖွဲ့ချုပ်ခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့ကြသည်။ ယင်းအစည်းအဝေး၌ အိန္ဒိယမဟာမိတ်စစ်ဌာနချုပ်မှ ပေးစာနှင့် သခင်သိန်းဖေ (သိန်းဖေမြင့်)ထံမှ ပေးစာတို့အပေါ်မူတည်၍ ဆွေးနွေးကာ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ကို သဘောတူချမှတ်ကြသည်။ထိုနေ့တွင်ပင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကိုလည်း ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) ဟု အမည်ပြောင်း၍ ဖတပလ ဦးစီးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
တပ်မတော်ကိုယ်စားလှယ်သုံးဦး
(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) ဗိုလ်မှူးကြီးလကျာ်
(၃) ဗိုလ်မှူးကြီးနေဝင်း
ပြည်သူ့အရေးတော်ပုံပါတီ ကိုယ်စားလှယ်သုံးဦး
(၁) ဦးဗဆွေ
(၂) ဦးကျော်ငြိမ်း
(၃) သခင်ချစ်
ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်သုံးဦး
(၁) သခင်စိုး
(၂) သခင်သန်းထွန်း
(၃) သခင်တင်မြ
တစ်ဖန် ၁၉၄၄ အောက်တိုဘာလ ၃ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကို ဦးစီးရန် ဖတပလ ဗဟိုစစ်ကောင်စီကိုလည်း အောက်ပါအတိုင်းဖွဲ့စည်းခဲ့သည်။ ယင်းတို့မှာ -
(၁) သခင်စိုး-နိုင်ငံရေးခေါင်းဆောင်
(၂) ဗိုလ်ချုပ်အောင်ဆန်း-စစ်ရေးခေါင်းဆောင်
(၃) သခင်သန်းထွန်း-ပြောက်ကျားနှင့် နိုင်ငံခြားဆက်သွယ်ရေး္ထခေင်းဆောင်
(၄) ဗိုလ်လကျာ်-အဖွဲ့ဝင်
(၅) ဗိုလ်နေဝင်း-အဖွဲ့ဝင်
(၆) ဦးကျော်ငြိမ်း-အဖွဲ့ဝင်
(၇) သခင်ချစ်- အဖွဲ့ဝင်
ထို့နောက် ဗမာ့ကာကွယ်ရေး တပ်မတော်ကိုလည်း "ပြည်သူ့လွပ်လပ်ရေးတပ်မတော် " (အတိုကောက်အားဖြင့် ပြည်သူ့တတ်မတော်)ဟု အမည်ပြောင်းလဲရန်နှင့် ဖက်ဆစ်ဂျပန်များ ကို လက်နက်ကိုင်တော်လှန်ရေး စတင်ရန် မြန်မာနိုင်ငံအနှံ့ရှိ တပ်မတော်တပ်ဖွဲ့များ နှင့် ဖတပလအဖွဲ့ခွဲများ သို့ "ပုန်ကန်ထကြွရေး ညွှန်ကြားချက်အမှတ် ၁" ထုတ်ပြန်ရန် သဘောတူခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲရန် စစ်တိုင်းကြီးများ ခွဲခြင်း၊ စစ်နယ်မြေများ သတ်မှတ်ခြင်းနှင့် စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ ရွေးချယ်ခြင်း စသည်တို့ကို ဆွေးနွေးဆုံးဖြတ်ကြသည်။
ဖက်ဆစ်တော်လှန်ရေးဆင်နွှဲရန် သတ်မှတ်လိုက်သည့် စစ်တိုင်းကြီးများ ၊ စစ်နယ်မြေများ နှင့် ဦးစီးခေါင်းဆောင်များ မှာ -
တိုင်းအမှတ် (၁) ပြည်၊ သာယာဝတီ၊ အင်းစိန်၊ ဟင်္သာတ (အရှေ့)
မင်းလှစည်သူတပ်ဖွဲ့
တိုင်းမှူး-ဗိုလ်မှူးမောင်မောင်
နိုင်ငံရေးခေါင်းဆောင်-သခင်ဗဟိန်း (သို့သော် နောက်ပိုင်းတွင်သခင်ဗဟိန်းအား တောင်ငူနယ်တွင်ပင် တာဝန်ပေးအပ်သည်။)
တိုင်းအမှတ် (၂) ဟံသာဝတီ၊ ဖျာပုံ၊ မအူပင် ကျော်ခေါင်ဗလတပ်ဖွဲ့
တိုင်းမှူး-ဗိုလ်မှူးကြီး နေဝင်း
နိုင်ငံရေးခေါင်းဆောင်-သခင်စိုး
တိုင်းအမှတ် (၃) ပုသိမ်၊ ဟင်္သာတ (အနောက်)၊ မြောင်းမြရဲကျော်သူရတပ်ဖွဲ့
တိုင်းမှူး-ဗိုလ်မှူးကြီး စောကြာဒိုး
နိုင်ငံရေးခေါင်းဆောင်-ဗိုလ်မှူးကြီးလကျာ်
တိုင်းအမှတ် (၄) ပဲခူး၊ ရွှေကျင်၊ သထုံ လကျာ်ကျော်ထင်တပ်ဖွဲ့
တိုင်းမှူး-ဗိုလ်မှူးကျော်ဇော
နိုင်ငံရေးခေါင်းဆောင်-သခင်ချစ် (နောင် ဗကပအတွင်းရေးမှူး၊တောတွင်းကျဆုံး)
တိုင်းအမှတ် (၅) မော်လမြိုင်၊ ထားဝယ်၊ မြိတ် ဇေယျကျော်သူတပ်ဖွဲ့
တိုင်းမှူး-ဗိုလ်မှူးတင်ထွန်း
နိုင်ငံရေးခေါင်းဆောင်-သခင်ဗသိန်းတင်
တိုင်းအမှတ် (၆) မိတ္ထိလာ၊ ပျဉ်းမနား၊ တောင်ငူ၊ တောင်ပိုင်းရှမ်းပြည်ဘယကျော်ထင်တပ်ဖွဲ့
တိုင်းမှူး-ဗိုလ်မှူးအောင်
နိုင်ငံရေးခေင်းဆောင်-သခင်တင်မြ
တိုင်းအမှတ် (၇) သရက်၊ အောင်လံ၊ မကွေး၊ မင်းဘူး သီရိကျော်ထင်တပ်ဖွဲ့
တိုင်းမှူး-ဗိုလ်မှူးအောင်
နိုင်ငံရေးခေါင်းဆောင်-သခင်တင်မြ
အထက်မြန်မာပြည်တိုင်း-မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ မော်လိုက်၊ မြောက်ပိုင်းရှမ်းပြည်
တိုင်းမှူး-ဗိုလ်မှူးဗထူး (နောင် ဗိုလ်မှူးကြီး)
နိုင်ငံရေးခေါင်းဆောင်-ရဲဘော်စံညွန့် (ကျဆုံး)
ရခိုင်တိုင်း
စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်-ကိုညိုထွန်း
ရန်ကုန်တိုင်း
တိုင်းမှူး-ဗိုလ်မှူး ခင်ညို
နိုင်ငံရေးခေင်းဆောင်-ဦးကျော်ငြိမ်း (အာအီးတီ)
ရန်ကုန်ခရိုင်တာဝန်ခံ-ဦးဗဆွေ
ရှေ့တန်းစစ်ဌာနချုပ် စစ်ကြောင်းမှူး-ဗိုလ်မှူးကြီးဇေယျ
ထို့နောက် ဖတပလ ဗဟိုဦးစီးအဖွဲ့ကို ၁၆ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ယင်းတို့မှာ -
(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) ဗိုလ်နေဝင်း
(၃) ဗိုလ်လကျာ်
(၄) သခင်စိုး
(၅) သခင်သန်းထွန်း
(၆) ကိုသိန်းဖေ
(၇) ကိုဗဟိန်း
(၈) ကိုကျော်ငြိမ်း
(၉) ကိုဗဆွေ
(၁၀) သခင်ချစ်
(၁၁) ဒီးဒုတ်ဦးဘချို
(၁၂) ဦးမြ (ဟင်္သာတ)
(၁၃) ဦးအောင်ဇံဝေ
(၁၄) စောဘဦးကြီး
(၁၅) ကိုချစ်မောင်
(၁၆) ဦးရဲညွန့်တို့ဖြစ်ကြသည်။
တစ်ဖန် ဖတပလဦးစီးအဖွဲ့ကို (၁၆) ဦးမှ (၃၆) ဦး ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ပြန်သည်။ တိုးချဲ့ဖွဲ့စည်းလိုက်သည့် အဖွဲ့ဝင်များ မှာ -
(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) ဗိုလ်လကျာ်
(၃) ဗိုလ်နေဝင်း
(၄) သခင်သန်းထွန်း
(၅) သခင်မြသွင်
(၆) သခင်ဗဟိန်း
(၇) ကိုသိန်းဖေ
(၈) ဦးဗဆွေ
(၉) ဦးကျော်ငြိမ်း
(၁၀) သခင်ချစ်
(၁၁) သခင်ဗတင် (လက်သီးပုန်း သခင်ဗတင်)
(၁၂) ဒီးဒုတ်ဦးဘချို
(၁၃) ဦးချစ်မောင်
(၁၄) ဦးမြ (ဟင်္သာတ)
(၁၅) ဦးဘအုန်း
(၁၆) ဦးအေး
(၁၇) ဦးအောင်ဇံဝေ
(၁၈) ဦးဘိုးမြ (ကသက)
(၁၉) ဦးကျော်ရင်
(၂၀) ဦးဗဂျမ်း
(၂၁) စောဘဦးကြီး
(၂၂) သရာသာထို
(၂၃) ဦးဘခိုင်
(၂၄) ဦးဘဘေ
(၂၅) ဦးသိမ်းမောင်
(၂၆) ဦးပု
(၂၇) ဦးဆက်
(၂၈) ဦးမြ (ပျော်ဘွယ်)
(၂၉) ဦးဘဝင်း
(၃၀) ဦးတင် (မြန်မာ့အလင်း)
(၃၁) သခင်လေးမောင်
(၃၂) သခင်ညီ
(၃၃) မစ္စတာရာမန်
(၃၄) ဦးကြင်မှိန်
(၃၅) ဦးမျိုးရှုတို့ဖြစ်ကြသည်။
ထို့နောက် ၁၉၄၅ မတ်လ ၁၁ ရက်နေ့တွင် ဗြိတိသျှတပ်များ မန္တလေးတောင်ကို သိမ်းပိုက်လိုက်သည့်နေ့မှာ ပင် ဗိုလ်ချုပ်အောင်ဆန်းအိမ်၌ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးဗဆွေ၊ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မှူးကြီးဇေယျ၊ သခင်ချစ်နှင့် အခြားတပ်မှူး ၃-၄ ဦးတို့ဆွေးနွေးခဲ့ကြပြီး ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်မှု များ မတ်လ၂၃-၂၅ လောက်တွင် ပြီးစီးမည်ဟု ခန့်မှန်း၍ ၁၉၄၅ ခုနှစ် မတ် ၂၅ရက် ည ၇ နာရီ ၃၀ မိနစ် (၁၉း၃၀) နာရီတိတိတွင် ဖက်ဆစ်ဂျပန်တို့ကို တစ်ပြိုင်တည်း တော်လှန်တိုက်ခိုက်ကြရမည်ဟု သတ်မှတ်လိုက်ကြသည်။
ယင်းနောက် ၁၉၄၅ မတ်လ ၁၇ တွင် ရန်ကုန်မြို့ ပြည်လမ်းဂေါ့ဖ်ကွင်း (ယခုတော်လှန်ရေးပန်းခြံ) တွင် ဗမာ့တပ်မတော် စစ်ရေးပြပွဲ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးစီးကျင်းပ၍ မိန့်ခွန်းပြောကြားခဲ့သည်။
သို့သော် အခြေအနေအရပ်ရပ်သုံးသပ်၍ ၁၉၄၅ မတ်လ ၁၈ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ကျင်းခဲ့သော အစည်းအဝေး တော်လှန်ရေးနေ့ကို ဧပြီ ၂ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြသည်။ထိုနေ့မှာ ပင် ဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်းအမှတ် ၆ စစ်ရေးခေင်းဆောင် ဗိုလ်ရဲထွဋ် ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၅ ဧပြီ ၂ သို့ပြောင်းလဲကြောင်း စာရေးသားပေးခဲ့သည်။
သို့သော် ၁၉၄၅ မတ် ၂၃ ရက် ညနေတွင် ပဲခူးမြို> တိုင်း (၄)တိုင်းမှူး ဗိုလ်မှူးကျော်ဇောက တပ်ကြပ်ကြီးတင်ဦး (မကွေး) ကို ခေ၍ ဗမာ့တပ်မတော်၏ လှုပ်ရှားမှု ကို ဂျပန်တို့က သံသယရှိသဖြင့် ၄င်းတို့ပတ်ဝန်းကျင်တွင် ဂျပန်တပ်များ ချထားကြောင်း၊ ထို့ကြောင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ကို မူလသတ်မှတ်ထားသည့် ဧပြီ ၂ အစား မတ်လ၂၇ ရက်နေ့ ပြုလုပ်ခွင့်ပြုပါရန် အမိန့်တောင်းခံသည်။ ပန်ကြားစာကိုဗိုလ်ချုပ်အောင်ဆန်းပေးပို့ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းထံသို့ တပ်ကြပ်ကြီးတင်ဦးက ဗိုလ်မှူးကျော်ဇော၏ ပန်ကြားစာကို ဖတ်ရှုပြီးနောက် အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို မတ်လ ၂၇ ရက်နေ့သို့ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ၁၉၄၅ မတ် ၂၄ ရက်နေ့တွင် တိုင်းအသီးသီးသို့ ဆက်သားများ ကို စေလွှတ်ကာ အကြောင်းကြားခဲ့သည်။
ဤသို့ဖြင့် ၁၉၄၅ မတ်လ ၂၇ ည ၇ နာရီတွင် သရက်ခရိုင်၊ပုဏ္ဍားကျွန်း၌ ဖွင့်လှစ်ထားသော ပြည်သူ့လွတ်လပ်ရေးတပ်မတော်ဌာနချုပ်မှ ဖတပလမှဦးဆောင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဖက်ဆစ်ဂျပန်များ ကိုတော်လှန်ပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်အမှား
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက် စနေနေ့တွင် ရန်ကုန်မြို့အတွင်းဝန်များ ရုံး (နောင်ဝန်ကြီးများ ရုံး) ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အစည်းအဝေးကျင်းပပြုလုပ်နေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစော၏ စေခိုင်းချက်အရလူသတ်သမားတို့၏ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ ဖြစ်ကြသော သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊
ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်မှာ ၁၉၄၇ ခုနှစ် ဇူလလိုင်လ ၁၉ရက် စနေနေ့နံနက် ၁၀း၃၅ နာရီဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဘုရင်ခံ၏ ခေတ္တ အတွင်းဝန် အာရ်ဒဗလျူဒီဖောင်လာ (R.W.D Fowler) ထံမှဆာဂီဘတ်လိတ်ဝိတ် (Sir Gilbert Laikwaite) ထံသို့ ပေးပို့ခဲ့သောကြေးနန်းစာ (I.O.R., M/ 4/2714) ၌ လည်း ဤသို့ အတိအကျ ဖော်ပြထားသည်။
အသေးစိတ်အချက်အလက်များ ကို ကျွန်တော် ယခုပေးနိုင်ပါပြီ။အမှု ဆောင်အဖွဲ့အစည်းအဝေးအတွင်း ယနေ့နံနက် ၁၀:၃၀ နာရီတွင်အမှတ် ၁၂ စစ်တပ်အမှတ်အသားများ ပါရှိသော စစ်ကားတစ်စီးသည်အဝင်တံခါးမကြီး၌ ထိုးရပ်လာခဲ့သည်။ ဂျစ်ကားထဲတွင် လူတစ်ယောက်ကျန်ရစ်ခဲ့သည်။ စတင်းဂန်းများ နှင့် ရိုင်ဖယ်သေနတ် (၂) လက်ကိုင်ဆောင်ထားသော လူ (၄) ဦးသည် အမှု ဆောင်အဖွဲ့အစည်းအဝေးခန်းမသို့ လှေကားမှ တက်သွားကြသည်။ ခန်းမတံခးဝအပြင်ဘက်၌ စောင့်ကြပ်နေသော လက်နက်ကိုင်ပြည်သူ့ရဲဘော်တစ်ဦးက သူတို့ကို တားဆီးရန်ကြိုးစားစဉ် သေနတ်ဖြင့် အပစ်ခံလိုက်ရသည်။ သူက လက်နက်ကိုင်ဆောင်လာသူများ ကို အမှတ် (၄) ဗမာ့ရိုင်ဖယ်တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သူသည် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့သည့်အတွက် အသေးစိတ်အချက်အလက်များ မပေးနိုင်ခဲ့ပါ။ စတင်းဂန်းသေနတ်နှင့် လူသုံးယောက်သည် အမှု ဆောင်ခန်းမအတွင်းသို့ ဝင်ရောက်ကြပြီး၊ သေနတ်နှင့် တရကြမ်းမွှေ့ရမ်းပစ်ခတ်မှု ကြောင့် ဦးအောင်ဆန်း၊ ဦးဘဝင်း၊ ဦးအဗဒူရာဇတ်၊မန်းဘခိုင်၊ သခင်မြနှင့် ဦးအုန်းမောင်တို့ သေဆုံးပြီး၊ ဒီးဒုတ်ဦးဘချို(စိုးရိမ်ရသော အခြေအနေတွင် ရှိသည်။) မိုင်းပွန်စော်ဘွား (အခြေအနေကောင်းသည်) နှင့် ကိုထွေး (ဦးအဗဒူရာဇတ်၏ သက်တော်စောင့်) တို့ဒဏ်ရာရရှိသည်။
ပျော်ဘွယ်ဦးမြ၊ ဦးဗဂျမ်း၊ ဦးအောင်ဇံဝေနှင့် ဦးရွှေဘော် (အမှု ဆောင်အဖွဲ့၏ အတွင်းဝန်) တို့မှာ ထိခိုက်မှု မရှိ။ စောစံဖိုးသင် ခရီးထွက်နေပြီး သခင်နုသည် အစည်းအဝေးတွင် ရှိမနေခဲ့။ ထိခိုက်သေဆုံးသူများ အား
နှောင့်နှေးခြင်းမရှိဘဲ ဆေးရုံကြီးသို့ ပို့ခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် အခြေအနေကို သွက်လက်ထက်မြက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပုံ ရပါသည်။
ယခုအဖြစ်အပျက်သည် အထွေထွေအုံကြွမှု ကြီး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်မဖြစ် ပြသသည့် အရိပ်အယောင် တစ်စုံတစ်ရာ မရှိသေးပါ။အလံနီကွန်မြူနစ်များ က ဤတိုက်ခိုက်မှု အစီအစဉ်ကို သိနေခဲ့သည့် အရိပ်အယောင်များ ရှိသည်။ လက်ရှိအစိုးရက သူတို့အပေါ် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ရန် စဉ်းစားလိမ့်မည်ကို အခြားအတိုက်အခံပါတီများ က ကြောက်လန့်နေကြောင်း ယုံကြည်ရသည်။ ဤသည်က အတိုက်အခံပါတီအားလုံးက ယခုတိုက်ခိုက်မှု အစီအစဉ်ကို ထိန်ချန်လျှို့ဝှက်ထားခဲ့ပုံရကြောင်း ပြောဆိုလျက်ရှိသော်လည်း အထောက်အထား မရှိပါ။
ဘုရင်ခံအနေဖြင့် ဗိုလ်ချုပ်ဘရစ် (ဂ်)၊ ဗိုလ်ချုပ်သော်မတ်စ်၊ ရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ်အပြင် ပြည်တွင်းလုံးခြုံရေးနှင့် ပတ်သက်သော အခြားပုဂ္ဂိုလ်များ နှင့် ယနေ့နံနက် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။ မြန်မာ့ဌာနချုပ်အနေဖြင့် နောင်ဖြစ်လာသည့် ပြဿနာများ အတွက် ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်လျက်ရှိသည်။
ဘုရင်ခံအနေဖြင့် လောလောဆယ်တွင် သခင်နု၊ ဦးအောင်ဇံဝေ၊ပျော်ဘွယ်ဦးမြတို့နှင့် တိုင်ပင်ညှိနှိုင်းလျက်ရှိသည်။ အမှု ဆောင်အဖွဲ့သစ်ဖွဲ့စည်းရေး အဆိုပြုချက်သတင်းများ နှင့်အတူ နောက်ထပ်ကြေးနန်းစာကိုယင်းတိုင်ပင်ညှိနှိုင်းမှု ပြီးပြီးချင်း ထပ်မံပေးပို့ပါမည်" ဟူ၍ ဖော်ပြထားသည်။
ထို့အပြင် အာဇာနည်ကုန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ဂူဗိမာန်၌ လည်းဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်ကို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် (မြန်မာသက္ကရာဇ် ၁၃၀၉ ခု ဝခေါင်လဆန်း ၂ ရက်) စနေနေ့ နံနက် ၁၀း၃၅နာရီ ဟူ၍ ပင် ကမည်းရေးထိုးထားလေသည်။ ယင်းအချက်အလက်များ ကိုမခိုင်လုံဟုဆိုလျှင် ၁၉၄၇ ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဟံသာဝတီ၊ကွန်မြူနစ်နေ့စဉ်၊ မြန်မာ့အလင်း၊ သမာဓိ၊ ဗမာ့ရှေ့ဆောင် စသည့်နေ့စဉ်သတင်းစာများ နှင့် ရိုက်တာကြေးနန်းသတင်းများ ၌ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်ကို နံနက် ၁၀း၃၅ နာရီဟူ၍ သာ အတိအကျ တညီတညွတ်တည်း ဖော်ပြထားပေသည်။
သို့သော် ၁၉၇၂ အောက်တိုဘာလ၌ စပယ်ဦးစာပေမှ ထုတ်ဝေသော ဦးမြင့်ဝေ (တပ်မတော်မြင့်သန္တာ) ၏ ဗမာတော်လှန်ရေး အဘိဓါန်(၁၈၂၄ မှ ၁၉၇၁ အထိ) ၌ လည်းကောင်း၊ ၂၀၁၁ မေလ ဇေတဝန်စာအုပ်တိုက်ထုတ် သိန်းအေး၏ ' အောင်ဆန်းဇာနည် ' စာအုပ်၌ လည်းကောင်း၊ ၂၀၁၁ ဇူလိုင်လ ခေတ်ပြတိုက်စာပေမှ ထုတ်ဝေသော ကလောင်စုံ ရေးသားသည့် ' စာရေးဆရာ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စုဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားရေးဝါဒ ' စာအုပ်၌ လည်းကောင်း ၊ ၂၀၁၁ခုနှစ် ဇူလိုင်ခေတ်ပြတိုက် စာပေမှ ထုတ်ဝေသော ကလောင်စုံရေးသားသည့် ' ဗိုလ်ချုပ်အောင်ဆန်းနှင့် အမှတ်တရစာအုပ်များ ' စာအုပ်၌ လည်းကောင်း၊ ၂၀၁၁ နိုဝင်ဘာလ ပုဂံစာပေတိုက်မှ ထုတ်ဝေသည့် မောင်ကျော်ရင်၏ ' ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးကန္တ၀င် စာအုပ်၌ လည်းကောင်း ၊ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက်၁၀း၃၇ နာရီတွင် ဖော်ပြထားလေသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်ကို နံနက် ၁၀း၃၅ နာရီကိုသာ အတည်ပြုရပေမည်။
လုပ်ကြံခြင်းခံရသော အာဇာနည် (၉) ဦးအနက် ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုသည် ကျည်ဆံ ၅ ချက်ထိမှန်ကာ ၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက် နေ့မွန်းလွဲ ၁း၄၀ နာရီတွင်လည်းကောင်း၊ ပညာ
ကြွင်းကျန်သော အာဇာနည်များ ၏ ရုပ်ကလာပ်များ ကို မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ခြေရင်းရှိ အာဇာနည်ကုန်းတွင် နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပ၍ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ သို့သော် အစ္စလာမ် ဘာသာဝင်(၂) ဦးဖြစ်သည့် ဝန်ကြီးဦးရာဇတ်နှင့် ကိုထွေးတို့၏ ရုပ်အလောင်းများ ကိုရန်ကုန်မြို့ တာမွေမြို့နယ် မွတ်စလင်သချိုင်း၌ အတူယှဉ်၍ ဂူသွင်းသင်္ဂြိုဟ်ထားသည်။
အာဇာနည်စဝ်စံထွန်း၏ ရုပ်ကလာပ်ကိုမူ ရန်ကုန်မြို့မှ ရွှေညောင်မြို့သို့ ရထားဖြင့်လည်းကောင်း၊ ရွှေညောင်မှ (၄၄) မိုင် ကွာဝေးသောမိုင်းပွန်မြို့သို့ မော်တော်ယာဉ်ဖြင့်လည်းကောင်း အဆင့်ဆင့်သယ်ဆောင်၍ မိုင်းပွန်မြို့တွင် ရှမ်းရိုရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း မီးသင်္ဂြိုဟ်၍ ကြွင်းကျန်သည့် အရိုးပြာကို မိုင်းပွန်မြို့နှင့် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ အမှတ်တရ အုတ်ဂူတည်ထားသည်။
ထို့နောက် တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး (၈) နှစ်အကြာတွင် ရန်ကုန်မြို့နတ်မောက်လမ်းရှိ ကန်တော်ကြီးပန်းခြံ၌ စိုက်ထူထားသော အက်ဒဝပ်ဘုရင်၏ ကြေးရုပ်ထုကို ဖယ်ရှား၍ ၁၉၅၅ ဖေဖော်ဝရီ ၁၃ ရက်နေ့တွင်လန်ဒန်မြို့ ဆာဂျွန်ကက်စ် အနုပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးပန်းပုညာရှင် မစ္စတာကော့ပ်နောက် ထုလုပ်ခဲ့သည့် အမြင့် ၈ ပေ ၄လက်မရှိ ဗိုလ်ချပ်အောင်ဆန်းကြေးရုပ်တုကို စိုက်ထူ၍ နိုင်ငံတော်အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့လေသည်။ ကန်တော်ကြီးပတ်လမ်းကိုလည်း ဗိုလ်ချုပ်၏ မွေးဖွားရာဇာတိဖြစ်သော နတ်မောက်မြို့ကို ဂုဏ်ပြုသောအားဖြင့် နတ်
ထို့အပြင် ၁၉၅၆ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ကျရောက်သောဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို နောင်တစ်ခေတ်လူငယ်များ ဗိုလ်ချုပ်၏ ရဲရင့်မှု ၊ ရိုးသားဖြောင့်မတ်မှု ၊ ဇွဲလုံ့လရှိမှု ၊ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာရှိမှု ၊ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်မှု များ ကို အတုယူနိုင်ရန် ရည်ရွယ်၍ ' မြန်မာနိုင်ငံကလေးများ နေ့' အဖြစ်သတ်မှတ်ကာ ဗိုလ်ချုပ်အောင်ဆန်းပန်း ခြံတွင် စတင် ကျင်းပခဲ့လေသည်။
သို့သော် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် တော်လှန်ရေးကောင်စီတက်ရောက်လာပြီးနောက် မြန်မာနိုင်ငံကလေးများ နေ့ကို လည်းကောင်း၊ငွေစက္ကူများ ၌ လည်းကောင်း၊ အစိုးရရုံးဌာန၊ တပ်ဖွဲ့အသီးသီး၌ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ချိတ်ဆွဲခြင်းကိုလည်းကောင်း ဖျောက်ဖျက်ပစ်ကာတဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက်သွားစေရန် ယနေ့တိုင် ပြုလုပ်လျက်ရှိရာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်၍ အသက်ပေးကျဆုံးသွားခဲ့ရသော အမျိုးသား ခေင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးကို မျက်ကွယ်ပြုရာကျ နေသဖြင့် ဝမ်းနည်းဖွယ်ရာပင် ဖြစ်နေပါတော့သည်။
(၂)
ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်
ဗိုလ်ချုပ်အောင်ဆန်းသည် ရာထူးနှင့်အာဏာကို မမက်မောသလိုပကာသနကိုလည်း အလေးမထားပေ။ ဟိတ်ဟန်လည်း မလုပ်တတ်။ရိုးသားမှု ကို မြတ်နိုး၍ အမှန်တရားကို ဦးထိပ်ပန်သည်။ သူသည် တိုင်းပြည်နှင့်လူမျိုး သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးကိုသာ အလေးအနက် စိတ်ဝင်စားကာ မြန်မာ့လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သည်။ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်တွင် ပြည်သူလူထုလေးစားယုံကြည်ထောက်ခံမှု အရဆုံးသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။
အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၊ ဆိုဗီယက်ပြည်ထောင်စုမှ လီနင်၊ တရုတ်ပြည်မှ ဒေါက်တာဆွန်ယက်ဆင်၊ အမေရိကန်(၁၆) ဆက်မြောက် သမ္မတလင်ကွန်း၊ ဗီယက်နမ်မှ သမ္မတ ဟိုချီမင်းတို့ကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းသည် ရိုးသားဖြောင့်မတ်၍ ရိုးရိုးကုပ်ကုပ်သာနေထိုင်ဝတ်စားဆင်ယင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကပင် အဝတ်အစားနှင့် ပတ်သက်၍ ကြေးမများ ခဲ့။ ဖြစ်သလို နေထိုင်စားသောက်ခဲ့သည်။ ဗိုလ်ချုပ်ကိုယ်တိုင် ရေးသားခဲ့သော အတ္ထုပ္ပတ္တိတွင် ဤသို့ ရေးသားထားလေသည်။
ကျွန်တော်၏ အထက်အစ်ကို ကိုအောင်ဆန်းနှင့် ကျွန်တော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှ ကွာ၏ ။ သူနှင့်ကျွန်တော်ကား ငယ်ငယ်ကရန်ဖြစ်ဖက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျွန်တော်ကား အားကြီး၏ ။မချိန်မဆ လက်လွတ်စပယ်လုပ်တတ်၏ ။ သူကား နု၏ ။ မင်းသားကျချင်၏ ။ ကျွန်တော်က ကြမ်း၏ ။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်၏ ။ အစားဆိုလည်း အစားတိုင်းမစား၊ စားသောက်နေသည့်အခါမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျွန်တော်ကားဖုတ်ဘက်ခါ၍ စားနိုင်လျှင် စား၏ ။ သူကား အဝတ်များ ကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏ ။ ကျန်တော်ကား မဝတ်တတ်။ မြန်မြန်ညစ်အောင်ဝတ်တတ်၏ ။ သူသည် မြေကြီးကြမ်းများ ပေတွင် မည်သည့်အခါမှ တုံးလုံးမလှဲ။ ကျွန်တော်ကား ကြိမ်ဖန်များ စွာ လှဲဖူး၏ ။ သူကား ပါး၏ ။ လျှင်၏ ။ကျွန်တော်ကား ထူ၏ ။ အေး၏ "
ဤသို့ပင် ဗိုလ်ချုပ်သည် သူ့ငယ်စဉ်က အနေအထိုင် အစားအသောက် ဝတ်စားဆင်ယင်ခဲ့ပုံကို မကွယ်မဝှက် ရေးသားခဲ့၏ ။
ဗိုလ်ချုပ်သည် သူကိုယ်တိုင် ထိုကဲ့သို့ ရေးခဲ့သည်သာမက သူရေနံချောင်းအမျိုးသားကျောင်းဘဝတွင် ဝတ်စားဆင်ယင်မှု နှင့် ပတ်သက်၍ အတော်ဂွကျ၏ ။ ကျောင်းသားများ ကြားတွင် ဂိုက်ပေးခြင်း၊ ဆိုက်ပေးခြင်းမရှိဘဲ ရိုးရိုးကုပ်ကုပ်ဖြစ်သလို ဝတ်စားဆင်ယင်တတ်မှု ကြောင့် တစ်ကျောင်းလုံးက ရယ်စရာမောစရာ ဖြစ်နေခဲ့သည်။
တစ်ဖန် ဗိုလ်ချုပ် ရှစ်တန်းကျောင်းသားဘဝတွင် မိခင်အမေစုထံမှအနီရောင် ပိုးရောချည်လုံချည်များ ပို့ပေးလေ့ရှိ၏ ။ ဗိုလ်ချုပ်သည် ထိုလုံချည်များ ကို ကြိုက်နှစ်သက်သဖြင့် ခုံခုံမင်မင်ဝတ်တော့၏ ။ အကယ်၍ ဝတ်နေစဉ် အောက်အနားက စုတ်ခဲ့သော် ထိုအစုတ်ကိုပင် ပြန်၍ ထုံးပြီးချည်နှောင်ဝတ်ဆင်ခဲ့၏ ။ ဗိုလ်ချုပ်ကား သူ့ဝတ်စားမှု နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ကို ဤသို့ ဂရုမစိုက်၊ ရှက်လည်း မရှက်ပေ။
ဗိုလ်ချုပ်အောင်ဆန်းသည် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ ၁၉၃၂ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ခဲ့၏ ။
ထိုခေတ်ထိုအချိန်အခါက တက္ကသိုလ်ကျောင်းသားပိုင်းတွင် ဝတ်စားဆင်ယင်မှု က ပကာသန လွှမ်းမိုးလျက်ရှိ၏ ။ ကြော့ကြော့မော့မော့နှင့်ဆံပင်ကို ဖြီးလိမ်းပြီး ဟော်လံဒီယာပင်မင်းပြန်ပိုးသက္ကလပ်အကျကြွေပြောင်ပြောင်တိုက်ကော်လာနှင့် ဝတ်ဆင်ပြီး ရွှမ်းရွှမ်းမြည်နေသည့် ရွှေတောင် မန္တလေးပိုးလုံချည်ကို ဆင်မြန်းကာ မှန်ကဲ့သို့ ဖိတ်ဖိတ်တောက်နေသော ရှူးဖိနပ်ကို စီး၍ စတိုင်ထုတ်နေကြချိန်လည်း ဖြစ်သည်။
မျက်နှာတွင်လည်း အကောင်းစားအလှရည်များ ကို လိမ်းပြီး အမျိုးမျိုးသော နံ့သာများ ကို အသုံးပြု၍ ခြယ်သကြသည်။
ထိုကဲ့သို့သော တက္ကသိုလ်ကျောင်းသားများ ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကား ထူးခြားသော သူတစ်ယောက်ဖြစ်နေသည်။ ဖားလျားကျနေသော ပင်နီအကျနှင့် ကြေးနီရောင် ဘန်ကောက်လုံချည်တစ်ပတ်ရစ်ကို ဝတ်ကာ အမြီးပြတ် ဘုံဘိုင်ရေညှပ်ဖိနပ်ကို စီးလျက် အိမ်တော်ရာထီးတစ်ချောင်းကို နေပူမိုးရွာမရှောင် အမြဲတမ်းဆောင်းတတ်ပြီး ဆံပင်စုတ်ဖွားနှင့် ဖြစ်သလိုနေတတ်သော ဗိုလ်ချုပ်အောင်ဆန်းကို မြင်တွေ့ရသော ကျောင်းသားကျောင်းသူတိုင်းက နှာခေါင်းရှုံ့ကြသည်။ ဘယ်လိုလူပါလိမ့်ဟူသော အကြည့်မျိုးဖြင့်လည်း စူးစမ်းကြသည်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းကို တက္ကသိုလ်ကျောင်းသားတိုင်းက လူ့ဂွစာ၊ လောကဝတ်ခေါင်းပါးသူဟူ၍ ကွယ်ရာ၌ အတင်းတုတ်ကြသည်။ ဗိုလ်ချုပ်ကား မည်သူ့ကိုမျှ အရေးမလုပ်၊ သူနေတတ်သလို၊နေချင်သလို နေရရင်ပြီးရောဟူသည့် လူစားမျိုးဖြစ်သည်။
ပဲခူးကျောင်းဆောင်မှ စာသင်ခန်းသို့ သွားသောအခါ၌ လည်း အကျဖိုသီဖတ်သီနှင့် ဖိနပ်ကပိုကရိုစီး၍ သွားတတ်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ဒုတိယကျောင်းသားညီလာခံကို မန္တလေးမြို့၌ နွေရာသီအတွင်း ကျင်းပရာ ထိုနှစ်က အမ်အေရာရှစ်က ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်အောင်ဆန်းက အတွင်းရေးမှူးဖြစ်သည်။ မန္တလေးညီလာခံသို့အလာဗိုလ်ချုပ်သည် သူ့အစ်ကို ဦးအောင်သန်း မြို့အုပ်အိမ်သို့ ဝင်လည်သည်။အပြန်တွင် အစ်ကိုအောင်သန်းအိမ်၌ သူ့တွင်ပါလာသော ပုဆိုးနှစ်ထည်အနက် တစ်ထည်မှာ ကျန်ခဲ့သည်။ ဤသည်ကို မသိဘဲ ထွက်လာရာနောက်မှနေ၍ လိုက်ခေါ်ပေးသော်လည်း ခေါ်သံကိုပင် ဂရုမစိုက်နိုင်ခဲ့ချေ။ ကျောင်းသားညီလာခံနှင့် ပတ်သက်၍ မည်မျှစိတ်စောနေ၍ လုံချည်ကျန်မှန်းပင် မသိသူ ဖြစ်သည်။ ဤသို့ ဗိုလ်ချုပ်ကား အဝတ်အစားနှင့်ပတ်သက်၍ အလေးမထားသူဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းမှထွက်၍ နိုင်ငံရေးလောကသို့ခြေစုံပစ်ဝင်ရောက်လုပ်ကိုင်စဉ်ကာလတွင် ဗိုလ်ချုပ်နှင့် အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဦးနုက နိုင်ငံရေးကိစ္စမှလွဲ၍ မည်သည့်အရေးကိစ္စကိုမျှ ဗိုလ်ချုပ်စိတ်မဝင်စားပုံကို လွှတ်တော်အစည်းအဝေးတစ်ခု၌ ဤသို့ ပြောဆိုခဲ့သည်။
ပါတီဌာနချုပ်မှ သခင်အောင်ဆန်း၏ အခန်းမှာ သန့်ရှင်းသပ်ရပ်မှု မရှိသည့်အတွက် ကျော်ကြားသည်။ မည်သည့်အခါမှ သိမ်းဆည်းခြင်းမပြုသော ကြမ်းတမ်းသော အိပ်ရာပေါ်တွင် သူအိပ်သည်။ ကြမ်းပိုးများ ကလာသမျှ လူကို သူ့အိပ်ရာနှင့် သူ့အခန်းထဲမှ မောင်းထုတ်နေကြသည်။အောင်ဆန်းတစ်ဦးတည်းသာလျှင် အမှု မထားဘဲ သူ့အခန်:ထဲ၌ နေနိုင်၊အိပ်နိုင်လေသည်။ တစ်ခါတွင် ခရိုင်မှ ဧည့်သည်များ ကျွန်တော်တို့ဆီရောက်လာကြသည်။ ဌာနချုပ်မှ သခင်အဖွဲ့ဝင်အချို့က ဧည့်သည်များ ကိုစင်္ကြံပေါ်တွင် မအိပ်စေချင်ကြသောကြောင့် သခင်အောင်ဆန်း၏ အခန်းကို(ထိုစဉ်က သခင်အောင်ဆန်းသည် အထွေထွေအတွင်းရေးမှူး ဖြစ်နေသည်။) ဧည့်သည်များ အား နေရာချပေးသည်။ ဧည့်သည်များ က အတွင်းရေးမှူး၏ အခန်း၌ တည်းခွင့်ရရှိသောကြောင့် သဘောကျကြသည်။သို့သော် ကြမ်းပိုးများ ရှိနေကြောင်းကို သူတို့ စတင်မခံစားရမီအချိန်ကလေး၌ သာ ဖြစ်သည်။ ညသန်းခေါင်းခန့်အချိန်သို့ ရောက်လာအခါတပ်ချီနှိပ်စက်သော ကြမ်းပိုးဒဏ်ကို မခံနိုင်ကြတော့သော ဧည့်သည်များ ကအိပ်ရာခင်း စောင်များ ကို သယ်ဆောင်လျက် အခန်းထဲမှ တစ်ယောက်
နိုင်ငံရေးသည် သခင်အောင်ဆန်း၏ ဘဝဖြစ်သည်။ ဆာလောင်မွတ်သိပ်ခြင်းနှင့် ဆင်းရဲမှု ဒဏ်သည် သူ့အဖို့ အရေးမပါသော အရာများ ဖြစ်သည်။ သခင်လှဖေ (ဗိုလ်လကျာ်)၊ ကျန်တော်တို့အပါအဝင် လုပ်ဖော်ကိုင်ဖက် အများ စုသည် အစားကောင်းကောင်းကို တစ်ခါတစ်ရံ တောင့်တကြသည်။ သခင်အောင်ဆန်းသည်က ထိုကဲ့သို့သော အရာများ ကို မည်သည့်အခါမျှ မတမ်းတချေ။ သူက ပျော့ပြောင်းသူ မဟုတ်ချေ။ သူ့ခန္ဇာကိုယ်ကိုသံမဏိဖြင့် တည်ဆောက်ထားသည့်အလား ထိုအင်အားဖြင့် သူ တော်လှန်ရေး လုပ်ခဲ့သည်။"
ဗိုလ်ချုပ်အောင်ဆန်းသည် သခင်သန်းထွန်းနှင့် အတူနေစဉ်ကသူ့တွင် ဝတ်စရာမရှိသောကြောင့် သခင်သန်းထွန်း၏ လုံချည်နှင့် အကျတို့ကို ယူ၍ ဝတ်သည်။ ထိုအချိန်က သခင်သန်းထွန်းသည် ကန်တော်ကလေးအရပ်၌ ကျောင်းဆရာလုပ်၍ ဝင်ငွေမှန်နေသဖြင့် အကျအသစ်နှင့်လုံချည်အသစ်များ ဝယ်၍ သေတ္တာထဲတွင် တရိုတသေ သိမ်းဆည်းထားသည်။ ဗိုလ်ချုပ်က ယူ၍ ဝတ်သဖြင့် မကျေနပ်သော်လည်း ဘာမှမပြောချေ။ လျစ်လျူရှုထားသည်။ ဗိုလ်ချုပ်ကလည်း ဝတ်ပြီး မဟောင်းမချင်းဘယ်တော့မှ မချွတ်ပေ။ ပြန်လည်း မပေးချေ။ ဟောင်းနွမ်းနံစော်နေသဖြင့်သခင်သန်းထွန်းကလည်း မတောင်းတော့ပေ။
ရဲဘော်သုံးကျိပ်စတင် ဖွဲ့စည်းပြီး ယိုးဒယား (ထိုင်း) နိုင်ငံတွင်ရှိစဉ်က အစည်းအဝေးတစ်ခုတွင် စကားပြောစရာရှိသဖြင့် စစ်ယူနီဖောင်းကို ဝတ်ပြီး ထွက်သွားရာ စီးသွားသော စစ်ဖိနပ်မှာ ကျပ်နေသဖြင့်ဗိုလ်မင်းခေါင်အား ကြည့်ခိုင်းရာ ဘယ်နှင့်ညာမှားစီးထားသဖြင့် နောက်ဆုံးအမှန်ပြန်၍ စီးခဲ့ရသည်။
ဗိုလ်ချုပ်မှာ ထိုသို့ ဖိနပ်စီးရာတွင်ပင် ဘယ်နှင့်ညာမှားစီးခဲ့သည်အထိ သူ၏ စိတ်တွင် မြန်မာပြည် လွတ်လပ်ရေးနှင့် ပတ်သက်၍ မည်မျှစိတ်ရောက်နေသည်ကို ခန့်မှန်းနိုင်ပါသည်။ ဂျပန်ခေတ် (၁၉၄၂ ခုနှစ်မတ်လ ၈ ရက်နေ့မှ ၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့အထိ) အတွင်း
"သူ၏ မျက်နှာထားသည် သုန်မှု န်၏ ။ တစ်ခါ တွေ့ဖူးသောသူကို နောက်တစ်ခါ တွေ့လျှင် နှုတ်ဆက်ချင်မှ ဆက်၏ ။ သူ့ကို သိသူကပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏ ။ ဥက္ကဋ္ဌဖြစ်သဖြင့်သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏ ။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏ ။ မြန်မာပြည်လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏ ။ ထို့ကြောင့် သူသည် သုန်မှု န်လျက်ရှိနေသည်။
သူစကားပြောလျှင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။သူပြောနေစဉ် ဘေးရှိလူများ က နားထောင်နေရသည်။ ဘေးက လူများ ၏ စကားကို သူမကြား။ သူပြောချင်တာတွေကိုသာ စွတ်၍ ပြောနေတတ်သည်။
သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူမမက်မော။ သူသည်ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊သဘင် စသော အနုပညာရပ်များ ကို မလိုက်စား၊ သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင် မလုပ်၊ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင်နေ၏ ။ သူ့တွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှချေ၏ ။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာ လုပ်သောသူတစ်ဦးဖြစ်၏ ။
သူသည် ရိုင်း၏ ။ ကြောင်၏ ။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်၊ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍ လုပ်သော နိုင်ငံရေးသတ္တဝါဖြစ်၏ ။ထို့ကြောင့် ကိစ္စမရှိ" ဟူ၍ ရေးသားခဲ့လေသည်။
ထို့ကြောင့် ဗိုလ်ချုပ်ကို တပ်မတော်သားတိုင်းက ချစ်ခဲ့ကြသည်။ပြည်သူလူထုကလည်း ရိုသေခဲ့ကြသည်။ ရောက်လေရာ အရပ်တိုင်း၌ သူ့ကို ပြည်သူတို့ နှုတ်ဖျားဝယ် "ဗိုလ်ချုပ်" "ဗိုလ်ချုပ်" ဟူ၍ တရွရွတဖွဖွ ရှိခဲ့ကြသည်။
တစ်ဖန် မြန်မာပြည်လွတ်လပ်ရေးအတွက် ဗြိတိသျှခေါင်းဆောင်များ နှင့် ဆွေးနွေး၍ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုပြီးနောက်၁၉၄၇ ခုနှစ် ဖေဖော်ဝရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်ရောက်လာရာ လူထုအား "ကျုပ်ဘိလပ်က ပြန်လာတာ ဘာပါလဲလို့ မေးရင်ယူနီဖောင်းတစ်စုံပဲ ပါလာတယ်" ဟု ပြောခဲ့ဖူးသည်။ ဗိုလ်ချုပ်ကားထိုသို့ဖြင့် စိန်ရွှေ၊ မော်တော်ကား၊ အိမ် ဝေးစွ အဝတ်အစားကိုပင် မက်ခဲ့သူ မဟုတ်ပေ။ ရန်ကုန်မြို့ ဗဟန်းရပ် နတ်မောက်လမ်း အမှတ် ၂၅ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် လုပ်ထားသော ဗိုလ်ချုပ်အိမ်နှင့်ခြံသည်ဗိုလ်ချုပ်၏ အိမ်ခြံ မဟုတ်ပေ။ နောင်တွင် မဆလ ပါတီ ဥက္ကဋ္ဌကြီးဖြစ်လာသည့် ဗိုလ်နေဝင်း၏ အိမ်သာဖြစ်ပြီး၊ ဗိုလ်ချုပ်နေထိုင်ရန် ခေတ္တ ပေးခဲ့ခြင်းသာ ဖြစ်သည်။ ဗိုလ်ချုပ်အိမ်ရှိ ပရိဘောဂမှအစ မော်တော်ကားအဆုံး ဗိုလ်ချုပ်ကိုယ်ပိုင်ဟူ၍ ဘာမျှ မရှိပေ။ ရောင်းရင်းမိတ်ဆွေ သူငယ်ချင်းများ က ပေးလှူထားခြင်းသာ ဖြစ်သည်။
ဗိုလ်ချုပ် ဖတ်ရှုခဲ့သော စာအုပ်အများ စုမှာ ဗိုလ်ချုပ်အပိုင် မဟုတ်။ဂျာနယ်ကျော် ဦးချစ်မောင်နှင့် သခင်သန်းထွန်းတို့၏ စာအုပ်များ သာဖြစ်ပြီး၊ ငှားရမ်းဖတ်ရှုခြင်းသာ ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းသည် နောက်ဆုံး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကျဆုံးချိန်အထိ သူ့တွင် လုံချည်နှစ်ထည်၊ အကျသုံးထည်၊ တိုက်ပုံတစ်ထည်နှင့် အိန္ဒိယခေါင်းဆောင်ကြီး ပဏ္ဍစ်နေရူးချုပ်ပေးခဲ့သော လောင်းကုတ်စစ်ဝတ်စုံ တစ်ထည်သာ ကျန်ရှိခဲ့သည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝရီလ ၁၃ ရက် ဗုဒ္စဟူးနေ့သည် ဗိုလ်ချုပ်၏ ၉၈ နှစ်မြောက် မွေးနေ့ဖြစ်သလို ၅၇ နှစ်မြောက် မြန်မာနိုင်ငံကလေးများ နေ့လည်း ဖြစ်ပေသည်။
ဗိုလ်ချုပ်တွင် ခေါင်းဆောင်မှု အရည်အသွေး ဂုဏ်အင်္ဂါ၊ ပွင့်ပွင့်လင်းလင်း ပြောတတ်သည့် ဂုဏ်အင်္ဂါ၊ လိမ်ညာမပြောတတ်သော ရိုးသား
မည်သို့ဆိုစေကာမူ ဗိုလ်ချုပ်၏ ဝတ်စားဆင်ယင်မှု ၊ ရိုးသားပုံ၊ရောင့်ရဲတင်းတိမ်နိုင်ပုံနှင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ကိုယ်ကျိုးစွန့်စားအနစ်နာခံခဲ့ပုံကို လေ့လာကာ ယခုခေတ် မြန်မာစစ်အာဏာရှင်များ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားကာ စည်းစိမ်ယစ်မူးနေပုံကို ကြည့်ရင်းဗိုလ်ချုပ်ကိုသာ လွမ်းဆွတ်တမ်းတနေမိပါတော့သည်။
(၃)
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်များ အတွက် လမ်းညွှန်ချက်
ယခုနှစ် ၂၀၁၄ ခုနှစ် ဖေဖော်ဝရီ ၁၃ ရက် ကြာသပတေးနေ့သည်အမျိုးသားခေင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်မြောက်မွေးနေ့ဖြစ်သလို (၅၈) နှစ်မြောက် မြန်မာနိုင်ငံကလေးများ နေ့လည်းဖြစ်ပါသည်။ ဗိုလ်ချူပ်ကျဆုံးစဉ်က အသက် (၃၂) နှစ် ၅ လ ၆ ရက်သာ ရှိသေးသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်တိမ်းပါးခဲ့ရသော်လည်းမကွယ်လွန်မီ ဆောင်ရွက်ခဲ့သော လုပ်ငန်းတာဝန်များ ကား အံ့မခန်းလောက်ဖွယ် ကြီးမားလှပါသည်။
ဗိုလ်ချုပ်သည် နိုင်ငံအတွက် လွတ်လပ်ရေးဗိသုကာကြီးဖြစ်သလိုတပ်မတော်ဖခင်ကြီးလည်း ဖြစ်သည်။ လူငယ်များ အတွက် စံပြုအတုယူဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်၏ လူငယ်ဘဝနှင့် ပတ်သက်၍ ရေးသားမှတ်တမ်းတင်ထားသော စာပေများ ထဲတွင်တက်ကြွသော၊ ရဲရင့်သော ကြိုးစား၍ ရိုးသားသော အချက်များ ကို တွေ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဖက်တစ်ဦးဖြစ်သူ သခင်ကျော်စိန်က ' မှတ်မိသမျှ ကိုအောင်ဆန်း၏ ကျောင်းသားဘဝ ' ဆောင်းပါးကို ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင် အတွဲ ၄၊ အမှတ် ၂ တွင်ဖော်ပြခဲ့ရာ၌ -
ထိုခေတ်အခါက ပေါ်ပေါက်နေသော ပြဿနာများ ၊ အခြေအနေများ ကို မကြာခဏ ဆိုသလို ကိုအောင်ဆန်းနှင့် ဆွေးနွေးကြပါသည်။ကိုအောင်ဆန်းသည် အဖြီးအဖြန်းမပါဘဲ လိုရင်းအချက်ကို ပြတ်ပြတ်သားသား တစ်တစ်ခွခွ ဖော်ထုတ်ပြောဆိုလေ့ရှိပါသည်။ စာရေးရာတွင်လည်း အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့် ဖြစ်စေ ထိထိမိမိထင်ရှားပေါ်လွင်အောင် ရေးသားနိုင်ပါသည်။ နှစ်ဘာသာစလုံးကို ကောင်းကောင်းကြီး ကျမ်းကျမ်းကျင်ကျင် ရေးနိုင်သူများ နည်းပါးသော်လည်းကိုအောင်ဆန်းမှာ ထိုသို့ ရေးနိုင်သူတစ်ဦး ဖြစ်ပသည်" ဟူ၍ ရေးသားထားလေသည်။
ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းတွင် ကျောင်းသားလူငယ်တိုင်း လိုက်နာ အတုယူဖွယ်သော စရိုက်များ ရှိသည်။ သူသည် စည်းကမ်းရှိ၍ အတိုင်းအတာသိသူဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးရှိသည်။ အတ္တစိတ်ကင်းသည်။ ကတိတည်သည်။ စာပေကို မြတ်နိုးမှု ရှိသည်။ ဗိုလ်ချုပ်ကားငယ်စဉ်ကျောင်းသားဘဝကပင် စည်းကမ်းရှိသူပီပီ နေ့စဉ်အသုံးစားရိတ်ကိုစနစ်တကျ ရေးသားမှတ်သားတတ်သည့် အကြောင်းကို သူ့အသက် ၁၇နှစ်က ရေးသားထားသော ၁၉၃၂ ခုနှစ် ဒိုင်ယာရီလေးက ဗိုလ်ချုပ်၏ လူငယ်ဘဝကို ဖော်ပြနေပါသည်။ သူ့ဒိုင်ယာရီ၌ -
၉-၃-၃၂ (တပို့တွဲ လဆန်း ၃ ရက်) အင်္ဂါနေ့ ဘချမ်းအားပေးရန်အကြွေး ၉ ပဲ။
၁၀-၂-၃၂၊ ဘချမ်းအကြွေး ၉ ပြား။
၁၀-၂-၃၂ (တပို့တွဲ လဆန်း ၄ ရက်) ဘချမ်းအကြွေး ၃ ပဲ။
၁၂-၂-၂ (တပို့တွဲ လဆန်း ၆ ရက်) သောကြာနေ့ အကြွေး ၅ပြား။
၁၃-၂-၃၂ (တပို့တွဲ လဆန်း ၇ ရက်) စနေနေ့ ကြွေး ၃ ပဲ။
ဤကား ဗိုလ်ချုပ်၏ ကျောင်းသားဘဝ၊ စည်းကမ်းနှင့် ကတိကိုထင်ရှားစေသော အမှတ်အသားများ ဖြစ်ပသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်ဝင်ငွေထွက်ငွေနှင့် ပတ်သက်၍ လည်း မှတ်သားထားတတ်သည်။ပဲ။
၂၁-၂-၃၂ ယနေ့ငွေ ၁ိ/-အစ်ကိုကြီးထံမှ တောင်း ဂျော်နီနှင့်လက်ဖက်ရည်သောက်သွား၊ ၂ ယောက်တွက်ပေး ၃ ပဲ။
ပြီးတော့ ၂၂-၂-၃၂ တွင် မင်အိုးတစ်ဘူးဝယ်၊ ၅ ပဲ ပေးဝယ်၊မနေ့က လက်ဖက်ရည်နှင့် မုန့် ၂ ပဲ ပေင်း ၁၀ ပဲ ကုန်၊ ကျန် ၆
အောင်ဆန်း
(လက်မှတ်ထိုးထားသည်)
၂၆-၂-၃၂
လက်ရှိ ၁၁ ပဲ။ ၁ ပဲ ကောက်ရသည်။ ၁၂ ပဲ ဝင်ငွေ။ ၃ ပဲထွက်ငွေ။ ၉ ပဲ ကျန် ' ကိုက်၏ '
အောင်ဆန်း
(လက်မှတ်ထိုးထားသည်)
ဤသည်ကား ဝင်ငွေ၊ ထွက်ငွေနှင့် ပဲစ၊ မူးစကလေးများ ကိုပင်စနစ်တကျ ရေးမှတ်ထားတတ်သည့် ဗိုလ်ချုပ်၏ အတုယူထိုက်သောစရိုက်ကလေးများ ဖြစ်ပါသည်။ တစ်ဖန်ငွေရေးကြေးရေး အသုံးများ နှင့်ပတ်သက်၍ မိမိကိုယ်ကို မိမိ ဝေဖန်ထားပုံကလေးများ ကိုလည်း သူ့ဒိုင်ယာရီ၌ ရေးသားထားချက်အရ သိနိုင်ပါသည်။
၂၃-၂-၃၂ ရှစ်ပဲ-ရှစ်ပဲ။
သုံးစရာ မရှိတော့ဘူး။
ကျွန်ုပ်ဂရပ်စာအုပ် ၅၆ ပဲတန် ဝယ်စဉ်မှာ မှားသည်။ နောက်မှခရီးလမ်းတွင် သတိရလာသည်။ ယခုကျောင်း ၇ ရက်သာ တက်ရတော့သည်။ ၇ ရက်လုံး ဤ ၅၆ ပဲတန်ထဲထွက်လို့ ကုန်မှာ မဟုတ်။နောင်နှစ်အတွက်လည်း အသုံးမကျဖြစ်ချိမ့်မည်။ သို့ကြောင့် ကျွန်ုပ်ကိုယ်ကိုကျွန်ုပ် စဉ်းစားဉာဏ်နည်းသေး၏ တကားဟု အပြစ်တင်မိပါတော့သည်။
' ချွေတာကြပါ ' ဟု အမျိုးသားခေါင်းဆောင်ဘဝတွင် ဆိုဆုံးမခဲ့သောဗိုလ်ချုပ်သည် ကျောင်းသားလူငယ်ဘဝတွင်လည်း လက်တွေ့ချွေတာခဲ့သူဖြစ်သည်။ ၄င်းအပြင် ဗိုလ်ချုပ်သည် အတ္တမဖက် ရဲဘော်စိတ်အပြည့်အဝထားရှိတတ်ပုံကို ၂၅-၂-၃၂ တွင် မှတ်သားထားသည့် အပေါင်းအသင်းများ ၏ စာမေးပွဲခုံနံပတ်များ စာရင်းက သက်သေခံနေပါသည်။
၁။ ကိုကြည်စိန် ၁၂၈၃
၂။ ကိုကြည်ဝင်း ၁၂၈၄
၃။ ကိုမော်သန်း ၁၂၈၅
၎။ ကိုအေးသာ ၁၂၈၆
၅။ ကိုရီအေး ၁၂၈၇
၆။ ကိုအောင်ဆန်း ၁၂၈၈
၇။ ကိုမေအောင် ၁၂၈၉
၈။ ကိုမြဒင် ၁၂၉၀
ကျောင်းသားကိုအောင်ဆန်းဘဝတွင် ကျောင်းဆရာများ ကိုလည်းလေးစားဂရုစိုက်ကြည်ညိုတတ်ဟန်ကို သူ့စာတွင် တွေ့ရပါသည်။
၈-၂-၃၂ နေ့က စ၍ ကျောင်းသား ၁၀ တန်းသားတွေ တက်၊၇ ၊ ၄ ယောက်သာ တက်သည်။ ပျင်းစရာကောင်းလှ၏ ။ သို့ရာတွင်ဦးပုကား ပျင်းဟန် မတူ။ စိတ်ပါစွာ ပြပေ၏ ။ ချီးမွမ်းဖွယ်ပင်။
၎င်းအပြင် ဗိုလ်ချုပ်၏ ကျောင်းသားဘဝနိုင်ငံရေး မျိုးချစ်စိတ်ကိုတစ်စိတ်တစ်ဒေသ ဖွင့်လှစ်ပြသထားသည့် ရေးမှတ်ချက်ကလေးများ လည်းရှိပေသေးသည်။ ဖတ်ရှုပါ။
၁၅-၂-၃၂ မနေ့က ဘချမ်းဆိုင်တွင် ပုလိပ်စာသင် (ဆာဂျင်)တစ်ယောက်က သူကြီးတို့အရပ်ထဲမယ် ဘာပြုလို့ ကင်းစောင့်မထားလဲ၊ဘာလဲနှင့် ဘာမှမဆိုင်ဘဲနှင့် ငေါက်နေတာ မတရားဘူး။ သည်ကောင်ကဘာလုပ်တုန်း ညာလုပ်တုန်း စသည်ပြောသံကြားရ။ 'သြော်… ပုလိပ်များ က ကြောက်မှတ်လို့၊ ဖြဲခြောက်တာ…' 'ဘာရမလဲ'
ဗိုလ်ချုပ်သတ္တိကား ကြည်ညိုဖွယ်ရာပင်။ တဖန် စာပေစိတ်နှင့်အမျိုးသားမာန် သူ့ရေးဟန်ကို လေ့လာကြည့်ပါဦး။
၂၃-၂-၃၂ (၁၂၉၂ တပို့တွဲ လဆုတ်၊ ၂ ရက် အင်္ဂါနေ့) မနေ့ကကျွန်တော်တို့ ကျောင်းတွင် မှော်ဘီ ဆရာသိန်းကြီး လာရောက်တရားဟော၊ကောင်းပါပေ၏ ။ အမျိုးသားကျောင်းများ ကြောင့် မြန်မာစာပေထွန်းကားလာမည်ကို မျှော်လင့် ' ဟု ရေးမှတ်ထားသည်။
အထက်ပဖော်ပြပါ ဒိုင်ယာရီပါ ဗိုလ်ချုပ်စာများ မှာ ဗိုလ်ချုပ်၏ လူငယ်ဘဝ၊ ဗိုလ်ချုပ်အကြောင်းကို အရှင်းဆုံးပြောပြနေသော မှတ်တမ်းကလေးများ ပင် ဖြစ်သည်။
အလုပ်အကိုင်ဆောင်ရွက်ရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိ၊ ရည်မှန်းချက် ပန်းတိုင်သို့ အရောက်ကြိုးစားကြရာ၌ လည်း ဗိုလ်ချုပ်အောင်ဆန်းသည်စံပြဖြစ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်လုပ်ရမှာ ကို ဘယ်သောအခမျှကြောက်ရွံ့ခြင်းမရှိသူများ တွင် ကိုအောင်ဆန်းသည် ထိပ်ဆုံးက အမြဲရှိသည်။ဇွဲလည်းအလွန် ပြင်းထန်ပါသည်။ ဘာလုပ်လုပ် စိတ်ရောကိုယ်ပါ လုပ်တတ်၍ လည်း သူလုပ်ကိုင်သမျှမှာ ခရီးရောက်လေ့ရှိသည်။
ထို့ကြောင့်လည်း မဟာဇနကဇာတ်တော်၌ ရွက်သဘောကြီးပျက်ခါနီးမှာ ကုန်သည် ၇၀ဝ တို့သည် ဝီရိယကိုလျှော့၍ မိရိုးဖလာနတ်များ ကိုတိုင်ကြ၊ ပသကြသော်လည်း ကယ်ဆယ်သူကား ပေါ်မလာ၊ ငါးလိပ်တို့၏ အစာသာဖြစ်ကြရသည်။ ၁၆ နှစ်သားအရွယ်မျှသာ ရှိသေးသော အလောင်းတော်ကား မည်သည့်နတ်ကိုမျှ အားကိုးမနေဘဲ ရဲစိတ်ရဲသွေး ဝီရိယစိတ်ဖြင့်ပင်လယ်ရေပြင်ကို ခုနစ်ရက်တိုင်တိုင် လက်ပစ်ကူးခဲ့မှု ကြောင့် မေခလာနတ်သမီး၏ ကယ်မခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။
လူငယ်တိုင်း၏ ကျောင်းသားဘဝသည် အချိန်ကာလအားဖြင့်အများ ဆုံးပါဝင်နေကြောင်း တွေ့နိုင်လေသည်။ ကျောင်းသားဘဝတွင်ကျောင်းစာကိုသာ အပတ်တကုတ်အားထုတ်ကြိုးစား၍ ပြီးပြည့်စုံခြင်းမရှိသေး။ လူ့ဘဝ၊ လူ့ပတ်ဝန်းကျင်နှင့် ထိတွေ့နိုင်အောင် တစ်ပါတည်းကြိုးစားအားထုတ်သင့်သည်။ ဘွဲ့ရလျှင် ပညာတတ်ပြီဟု မဆိုသာ။ပညာ၏ နက်နဲကျယ်ပြောပုံကို ဗိုလ်ချုပ်အောင်ဆန်းက-
"ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှု ကို ပညာဟုမဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြောနက်နဲသည်။ကမ္ဘာပေါ်ရှိ အလုပ်သမားအားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်အတွင်းမှ မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြလေသည်။ထို့ကြောင့် ပညာသင်ကြားမှု သည် အမှန်စင်စစ်အားဖြင့် လူ၏ တစ်သက်တာတွင် ကုန်ဆုံးသည်ဟု မဆိုနိုင်" ဟု ဆုံးမပဲ့ပြင်လမ်းညွှန်မှု ပေးခဲ့သည်မဟုတ်လော။
မြန်မာနိုင်ငံတွင် မြို့ပြလူဦးရေထက် ကျေးလက်ဦးရေက ပိုများ သည်။ ထို့ကြောင့် မြန်မာပြည်တိုးတက်ဖွံ့ဖြိုးစေလိုလျှင် ကျေးလက်ဒေသများ ဖွံ့ဖြိုးမှ ဖြစ်မည်။ လူငယ်များ မြို့တက်ပြီး နေချင်စိတ်ဖျောက်ရမည်။ထိုအချက်ကို ကောင်းစွာ သဘောပေါက်ခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း လူငယ်များ အား လမ်းညွှန်ပေးခဲ့ပါသည်။
'လူငယ်တွေအတွက် ကျွန်တော် ပြောချင်တာက လူငယ်တွေဟာမြို့မှာ ချည်းမနေဘဲ တောကိုလည်းသွားပြီး အလုပ်လုပ်ကြပါ။ မြို့မှာ အလုပ်လုပ်ရင် ထင်ပေါ်တယ်။ လူသိပေါတယ်။ ဒါပေမယ့် တကယ်ထိရောက်မှာ က တောကို သွားမှ ထိရောက်မယ်။ စစ်ပြီး ဗမာပြည်မှာ ထူထောင်ရေးလုပ်ငန်ေးတွ အများ ကြီးရှိတယ်။ တကယ်လုပ်ရင် မြို့မှာ မနေပါနဲ့ ။ တောကို သွားကြပါ။ နာမည်ဖြစ်ရုံ၊ စတန့်ဖြစ်ရုံ လုပ်ချင်ရင်ခင်ဗျားတို့ အခုရှိနေတဲ့အခြေအနေအတိုင်း လုပ်ကြ၊ ဗမာပြည်တော့ကြီးပွားမှာ မဟုတ်ဘူး။'
ဟူ၍ ပြောခဲ့ပသည်။ လူငယ်တိုင်းသည် သတ္တိရှိရမည်။ သို့သော်တလွဲဆံပင်ကောင်းသော မိုက်ရူးရဲသတ္တိမျိုးကားမဟုတ်၊ သတင်းစာဆရာဦးပုကလေး ရေးသားထားသော ' ငါတို့ဗိုလ်ချုပ်ဘာလုပ်ခဲ့သလဲ'ဲစာအုပ်တွင် ဗိုလ်ချုပ်၏ သူရသတ္တိနှင့်ပတ်သက်သော ခံယူချက်ကိုအောက်ပါအတိုင်း ရေးသားထားသည်။
' တချို့လူတွေဟာ သွေးပူတုန်းသာ သေရဲကြတာ။ သွေးအေးတဲ့အခါကျတော့ မသေရဲကြဘူး။ ကျွန်တော်ကတော့ သွေးအေးတုန်းလည်းသေရဲတာပဲ။ '
အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းဘဝကလည်း 'ငရဲခွေးကြီးလွတ်နေသည်' ဟူသော ဆောင်းပါးရေးသူ၏ အမည်ကို ထုတ်ဖော်ရန်ဗိုလ်ချုပ်အား တက္ကသိုလ်အာဏာပိုင်တို့က ချော့ချည်တစ်ခါ၊ ခြောက်ချည်တစ်လှည့် ပြုလုပ်ခဲ့ကြသည်။ အသက် ၂၁ နှစ်သာ ရှိသေးသော အယ်ဒီတာ ကိုအောင်ဆန်းက ဘာမှ ဘာမှ မပြော။ ဗိုလ်ချုပ်၏ တကယ့်သတ္တိတကယ့်သံမဏိစိတ်ဓာတ်ကို ယနေ့လူငယ်များ အားကျအတုယူဖွယ်ပင်။
ဗိုလ်ချုပ်သည် လွတ်လပ်ရေးဗိသုကာကြီးကို တည်ဆောက်ပေးရုံမျှသာ ပေးခဲ့သည် မဟုတ်ချေ။ ထိုဗိမ္မာန်ကြီး အဓွန့်ရှည်စွာ တည်မြဲစေရန်အတွက် အနာဂတ်ကို မျှော်၍ လူမှု ရေး၊ စီးပွားရေးစနစ်တို့ကိုပါချမှတ်ပေးခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်သည် ယင်းသို့ အမြော်အမြင်ကြီးမားသည့်အလျောက် နိုင်ငံ့တာဝန်ကို ပခုံးလွှဲယူထမ်းဆောင်ကြရမည့် လူငယ်များ အခန်းကဏ္ဍကိုလည်း သိမြင်ထားသူဖြစ်သည်။
ဗိုလ်ချုပ်သည် ကျောင်းသားအရွယ်ကလည်းက မိမိကိုယ်တိုင်လူငယ်တစ်ယောက်အနေဖြင့် တာဝန်မည်မျှ ကြီးမားသည်ကို နားလည်သိရှိထားသူဖြစ်သည်။ ထိုစဉ်က နိုင်ငံတော်မှာ သူ့ကျွန်ဘဝ ကျရောက်နေချိန်ဖြစ်ရာ မိမိနှင့်တကွ လူငယ်တို့၏ တာဝန်သည် ပို၍ ကြီးမားနေသည်
"ကျွန်တော်တို့ ကျောင်းသားတွေဟာ စာကို ကုန်းဖတ်နေရုံနဲ့ တာဝန်ကျေပြီလို့ မဆိုနိုင်ဘူး။ ဗမာပြည်ကြီး သူများ လက်အောက်ခံ ကျွန်ဖြစ်နေတာကို ကျွန်ဘဝက လွတ်မြောက်အောင် ဘယ်လို ဖန်တီးကယ်တင်ရမယ်ဆိုတာ ခုနေက စဉ်းစားဖို့ တော်ပြီ။ ဒါတင်မကသေးဘူး။ အခုခင်ဗျားတို့ ကျွန်တော်တို့ ရာဇဝင်ဘာသာ သင်နေရတယ်။ ရာဇဝင်ကိုတတ်သိနားလည်နေလို့ မပြီးသေးဘူး။ ရာဇဝင်သစ်ကို ဖန်တီးနိုင်တဲ့လူတွေ ဖြစ်လာအောင် ကိုယ်တိုင်ကြိုးစားကြမှ ကိုယ်တိုင်ကြိုးစားကြမှတကယ့်လူတော်လူကောင်း လူရည်ချွန်တွေလို့ ဆိုနိုင်မယ်" ဟူ၍ ပြောခဲ့သည်။
မှန်ပေသည်။ သူပြောခဲ့သလိုပင် သူသည် ရာဇဝင်သစ်ကို ဖန်တီးခဲ့သူ ဖြစ်ခဲ့သည်။ သူပြောခဲ့သလို နိုင်ငံကို သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည်။
ဗိုလ်ချုပ်သည် လူငယ်များ လိုက်နာကျင့်သုံးအပ်သည့် လုပ်ငန်းစဉ်များ အရည်အချင်းများ ကို ချပြခဲ့သည်။
ဗိုလ်ချုပ်က-
- ကျောင်းသားလူငယ်များ ရိုးသားမှု ရှိရမည်။
- ရန်သူကို တိုက်ခိုက်ရဲသော စိတ်ဓာတ်ရှိရမည်။
- အနိုင်မခံ၊ အရှုံးမပေးသော ဇွဲနှင့်သတ္တိရှိရမည်။
- တိုင်းပြည်ကိုချစ်သောစိတ်နှင့် တာဝန်သိသော စိတ်များ ရှိရမည်။
- ပြည်သူ့ဝန်ကို ထမ်းရွက်ရာ၌ အနစ်နာခံလိုသော စိတ်ရှိရမည်။
- ကျောင်းသားလူငယ်များ သည် နိုင်ငံတကာ အရေးနှင့် မိမိပြည်တွင်းအရေးများ ကို သိရှိနားလည်နေအောင် လေ့လာခြင်းပြုရမည်။
- တောရပ်ဒေသများ သို့ သွားရောက်ပြီး တိုင်းရင်းသားလုပ်သားပြည်သူများ ကို တတ်နိုင်သည့် နေရာများ မှ ကူညီခြင်းပြုရမည်။
စသည်ဖြင့် လမ်းညွှန်ခဲ့သည်။
ဤမျှဆိုလျှင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်လမ်းညွှန်မှု များ ကို လေ့လာအကဲဖြတ်နိုင်ပြီဖြစ်ပါသည်။ ထိုလမ်းညွှန်ချက်အတိုင်း လူငယ်များ သည် လိုက်နာကျင့်သုံး၍ ပြည်သူတစ်ရပ်လုံး မျှော်မှန်းတောင့်တနေသော ဒီမိုကရေစီပန်းတိုင်သို့ ပြည်သူတစ်ရပ်လုံး အတူတက်ကြွစွာ ဆောင်ရွက်ကြပါစို့ဟု ဆန္ဒပြုလိုက်ရပါသည်။
စာကိုး
(၁) သခင်ကျော်စိန် "မှတ်မိသမျှ ကိုအောင်ဆန်း၏ ကျောင်းသားဘဝ"ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင် တွဲ ၄၊ အမှတ် ၂ (၁၉၆၀-္ထ၆၁)
(၂) နတ်မောက်လင်းရောင် "စနစ်တကျနေထိုင်လာသည့် ဗိုလ်ချုပ်အောင်ဆန်း" ဗိုလ်တထောင် သတင်းစာ (၁၇-၇-၁၉၇၉)
(၃) မောင်ဆွေဝင်း (ပဲခူး) "အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်လမ်းညွှန်မှု များ ကို အကောင်အထည်ဖော်ကြပါစို့" ကြေးမှုံသတင်းစာ (၁၃-၇-၁၉၇၉)
(၄) ယဉ်မောင် (ခရမ်း) "ဗိုလ်ချုပ်မျှော်မှန်းသော လူငယ်များ ၏ ပုံသဏ္ဍာန်" ရှေ့သို့ စာစောင် အတွဲ ၁၇၊ အမှတ် ၅။(၁-၈-၁)
ရတနာနတ်မယ် သို့မဟုတ် တခါတုန်းက သမ္မတကတော် | ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး | သခင်ဋီကာသစ် |