နိဒါန်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကြောင်းကိုရေး သားရသည်မှာ မ လွယ်ကူ လှပေ။မြန်မာစာပေလောက ၌ သူ့ အကြောင်းတရားဝင် ရေး သား ထုတ်ဝေသော စာ အုပ်ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ သူနှင့် ပတ်သက်၍ The Irrawaddy အပတ်စဉ်ဂျာနယ် တည်ထောင်သူနှင့် အယ်ဒီတာချုပ် အောင်ဇော်ရေး သားခဲ့သော ”အာဏာရှင်များ နှင့် မြန်မာတပ်မတော် ” အခန်းဆက်ဆောင်ပါးတွင် သာ တစ်စွန်း တစ်စပါရှိသည်။
ထိုင်းနိုင်ငံရှိ Silkworm စာအုပ်တိုက်မှ ထုတ်ဝေသော စာရေး ဆရာ ဘင်နဒစ်ရော်ဂျာစ် (BendictRogers) ရေး သားခဲ့သည့် Than Shwe:Unmasking Burma’s Tyrant (ဦးသန်းရွှေ၊မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ် တစ်ဦးကိုမျက်နှာဖုံးခွာကြည့်ခြင်း) စာအုပ်၌ လည်း ဦးသန်းရွှေနှင့် ပတ်သက်သော အချက်အလက်အတော် များများ မှာ မှားယွင်းနေသည်ကို တွေ့ ရသည်။ ဘင်နဒစ်ရော်ဂျာစ်သည် ဗြိတိန်အခြေစိုက် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်ဘာသာဝင်များ သွေးစည်းညီ ညွတ်ရေး အဖွဲ့ (Chridt-ian Sdidarity Worldwride)၌ ဒုတိယဥက္ကဌအ ဖြစ် တာဝန်ယူနေသူ ဖြစ်ပြီး ထိုင်းမြန်မာ နယ်စပ်တစ်လျှောက်၌ တိုင်းရင်းသားလူမျိုးအရေး ကို ကာလရှည်ကြာစွာ ဆောင်ရွက်ခဲ့ သူ ဖြစ်သည်။ သူသည် နိုင်ငံတကာထုတ် စာနယ်ဇင်းများ ၌ မျက်မှော က်ခေတ် မြန်မာနိုင်ငံ၌ ဖြစ်ပေါ် နေသော နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေး အခြေအနေများ ကို အများ အပြားကို ရေး သားနေသူလည်း ဖြစ်သည်။
သူရေး သားခဲ့သော “ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (သို့မဟုတ်) မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ် တစ်ဦးကို မျက်နှာဖုံးခွာကြည့်ခြင်း” ဟု အမည် ပေးထားသော စာအုပ်၌ အခန်း (၁၅) ခန်းခွဲကာ သူ လက်လှမ်းမီသရွေ့မေးမြန်းစုံစမ်းရရှိခဲ့သော အချက်အလက်များ ကို အခြေခံ၍ ရေး သားထားသည်ဟု ဆိုသည်။ အဆိုပါ စာအုပ်တွင် အငြင်းပွားဖွယ် အချက်အလက်အများ အပြား ပါဝင်နေသည့်အပြင် အတည်ပြုရန်ခက်သော အချက်များ လည်း ပါရှိနေသည်။ ယင်းစာအုပ်ကို လွတ်လပ်သော အာရှ ရေဒီ ယို (RFA) မြန်မာနိုင်ငံအစီအစဉ် လေလှိုင်း စာအုပ်စင်၌ အောင်သူငြိမ်းက စာအုပ်ထွက်ပြီး မကြာမီမှာ ပင် အသံလွှင့်ဆောင်းပါးအ ဖြစ် ထုတ်လွှင့်ခဲ့ပြန်သည်။
အခန်း (၁)
နိဒါန်း
ရော်ဂျာစ်၏ စာအုပ်အဖွင့် နိဒါန်းတွင် အင်တာနက် ဂူးဂဲလ် အွန်လိုင်း စာမျက်နှာ၌ ကမ္ဘာတစ်ဝန်းမှ အာဏာရှင်များ အကြောင်း အလွယ်တကူ ရှာဖွေနိုင်သော်လည်း မြန်မာနိုင်ငံ၌ စစ်အာ ဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အကြောင်းအရာများ မှာ တော့ ပျောက်နေသည်ဟု ဆိုသည်။ ထို့ကြောင့် လစ်လပ်နေသော ဟာကွက်ကို ဖြည့်ဆည်းသည့်အနေဖြင့် ဤစာအုပ်ကို ရေး သားခဲ့ရကြောင်း ရေး သားဖော်ပြထားသည်။
အခန်း (၂)
စာပို့သမားဘ၀မှ အာဏာရှင် ဖြစ်လာခြင်း
စာအုပ်အခန်း (၂)၌ စာပို့သမားတစ်ဦးမှ အာဏာရှင် ဖြစ်လာခြင်း ခေါင်းစဉ်ငယ် တပ်ကာ ရေး သားထားသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကြောင်းအရာ အတ္တုပ္ပတ္ထိကို နိုင်ငံပိုင်သတင်းစာများ က တရားဝင် ဖော်ပြရေး သားထားမှု မှာ အနည်းအကျဉ်းသာရှိကြောင်း၊ သူ့ဘ၀ အကြောင်းနှင့် ပတ်သက်၍ သူကိုယ်တိုင် ရေး သားဖော်ထုတ်မှု ကလည်း မရှိသလောက် ဖြစ်ကြောင်း၊ သူနှင့် အတူ လုပ်ကိုင်ခဲ့သော ပုဂ္ဂိုလ်၊ တပည့်တပန်းများ လည်း သူ့အကြောင်း စာတစ်စောင် ပေတစ်ဖွဲ့ ရေး သားမှု မျိုး မရှိသည့် အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်က သိုသိုသိပ်သိပ် နေထိုင်တတ်သူ ဖြစ်ကြောင်း။
သူသည် ဗိုလ်ချုပ်မှူးကြီး ဖြစ်မလာခင် အစောပိုင်းကာလ၌ လူဆိုးလူမိုက်ကြီးတစ်ဦး မဟုတ်ခဲ့ ကြောင်း၊ လွန်မင်းစွာ ပပလွှားလွှား စည်းစိမ်ဥစ္စာ ဇိမ်ခံလိုသည့် လူစားမျိုးလည်း မဟုတ်ခဲ့ကြောင်း၊ လွန်ခဲ့သော နှစ် ပေါင်း ၃၀ က သိကျွမ်းခဲ့သော ပုဂ္ဂိုလ်များ ၏ ပြောဆိုချက်အရ သူ့ဘ၀သည် သာမန် လူများ နှင့် သိပ်မကွာလှဘဲ ရိုးရိုးရှင်းရှင်းနိုင်လှကြောင်း၊ ရိုးရိုးကုပ်ကုပ်သာ ကျိုးကျိုးနွံနွံ နေလေ့ရှိကြောင်း သူသည် ဇင်ဘာဘွေနိုင်ငံမှ အာဏာရှင်ကြီး မူဂါဘီနှင့် စရိုက်လက္ခဏာအတော် ဆင်ကြောင်း။
သူ အဘယ့်ကြောင့် အာဏာရှင် ဖြစ်သွားခဲ့သနည်း ဆိုသည့် မေးခွန်းကို ထုတ်ရင်း သူတွေးမိ သည်မှာ လော့ဒ်အက်တွန် (Lord Acton) ပြောကြားခဲ့သော “အာဏာသည် လူကို ပျက်စီးစေသည်၊ အကြွင်းမဲ့အာဏာသည် လူကို ပို၍ ဆိုးရွားစွာ ပျက်စီးစေသည်” ဟူသော နာမည် ကျော် စကားတစ်ခွန်း ကဲ့သို့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မျက်နှာဖုံးကိုခွာကြည့်ရန် ကြိုးစားကြည့်ရာမှ အဆိုပါ စာအုပ်ကို ရေး သားပြုစုရန် ဆန္ဒ ဖြစ်ပေါ်လာကြောင်း၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မြန်မာပြည်အထက်ပိုင်းက ကျောက်ဆည်သား ဖြစ်ပြီး ၁၉၃၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂ ရက် နေ့၌ ဖွားမြင်သည်ဟု ဆိုသည်။ သူ၏ ငယ်စဉ်ဘ၀အကြောင်းကလည်း သိသူ အလွန်နည်းလှသည်။ သူ့တွင် မွေးချင်း ဘယ်နှဦးရှိသည်ကိုပင် အတိအကျ မသိကြချေ။ အချို့ က သူ့ကို မြင်းစု ဟုခေါ်သော ရွာငယ်တစ်ရွာ၌ ဖွားမြင်သည်ဟုဆိုသော်လည်း ဗိုလ်ချုပ်သန်းရွှေနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကမူ သူ့ကို ညောင်ခြေထောက် ဟုခေါ်သော မြို့ငယ်တစ်ခု၌ မွေးဖွားခဲ့သည်ဟု ပြောပြခဲ့ကြောင်း၊ နောက်ပိုင်းတွင် ကျောက်ဆည်နယ်အတွင်း ပေါင်းစည်းလာသည့် မြို့ဟုလည်း ဆိုသည်။ ကျောက်ဆည်ဒေသသည် ပူပြင်းခြောက်သွေ့သည့် မြေပြန့်ဒေသ ဖြစ်သည်။ ဒေသခံတို့သည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက ထားကာ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ရန် ကုန် - မန္တလေး မီးရထား လမ်းပေါ်၌ တည်ရှိ၍ ရှမ်းပြည်နယ်မှ ဧရာဝတီမြစ်တွင်းသို့ စီးဝင်သော ဇော် ဂျီချောင်းမှ ရေကိုသာ မှီခိုအားထားနေရကြောင်း၊ ကျောက်ဆည်တွင် လူဝင်ပြီး ကရသည့် “ဆင်ရုပ်က ပွဲ” သည် အထူးပင် နာမည် ကျော်လှသည်ဟု ဆိုသည်။
သိရှိသူများ ပြောဆိုချက်အရ ဗိုလ်ချုပ်သန်းရွှေ၏ မိဘများ သည် ဆန်စပါး စိုက်ပျိုးသော လယ်သမားများ ဖြစ်ပြီး ဆန်အပြင် နနွင်း၊ သရက်၊ ကြက်သွန်၊ ပြောင်းနှင့် ပဲအမျိုးမျိုးကိုလည်း စိုက်ပျိုး ကြသည်ဟု ဆိုသည်။ ဗိုလ်ချုပ်သန်းရွှေ မွေးဖွားကြီးပြင်းခဲ့သည့် လာကနှင့် မြန်မာ့သမိုင်း ဖြစ်စဉ်များ ကိုလည်း ပြန်ပြောင်းကြည့်ပါက သူ့မမွေးခင် ၂ နှစ် ခန့်၌ ၁၉၃၀ပြည့်နှစ် တွင် မြန်မာနိုင်ငံ၌ ကိုလိုနီနယ်ချဲ့ အုပ်ချုပ်ရေး ကို မခံမရပ်နိုင်သော ဆရာစံ ခေါင်းဆောင်သည့် တောင်သူလယ်သမား အရေး တော် ပုံကြီး ပေါ်ပေါက်ခဲ့ကြောင်း၊ အဆိုပါသမိုင်း ဖြစ်စဉ်များ သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် သြဇာလွှမ်းမိုးဖို့ မ ဖြစ်နိုင်ကြောင်း၊
ဗိုလ်ချုပ်သန်းရွှေ၏ ငယ်စဉ်ဘ၀ ပညာရေး ကလည်း သိပ်မကောင်းခဲ့ကြောင်း၊ သို့သော် စစ်အစိုးရ၏ တရားဝင် ထုတ်ပြန်ခဲ့သော အချက်အလက်များ အရ ဗိုလ်ချုပ်သန်းရွှေသည် ၁၉၄၂တွင် အခြေခံ မူလတန်းကျောင်းပြီး၍ ကျောက်ဆည် အထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားရင်း ၁၉၅၁ ခုနှစ် တွင် အထက်တန်း စာမေးပွဲအောင်မြင်ခဲ့သည်ဟု ဆိုသည်။ အချို့ကလည်း ဤမျှအထိ ပညာရေး အဆင့်ရှိချင်မှ ရှိမည် ဟု ဆိုကြသည်။ ထို့နောက် ကျောက်ဆည်မြို့ တောင်ဘက်မိုင် ၆၀ ကွာဝေးသော မြို့ကလေး (မိတ္ထီလာ)၌ စာတိုက်စာရေး အ ဖြစ် တစ်နှစ် ခန့်လုပ် ခဲ့သေးသည်ဟု ဆိုသည်။ စာတိုက်စာရေး ဖြစ်ရန် အနည်းဆုံး ပညာအရည်အချင်း ၁၀ တန်း အဆင့်လောက်ရှိမှ ဖြစ်နိုင် သည်မို့ သူ ၁၀ တန်းအောင်ခဲ့သည်ဟု ယူဆနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ မြန်မာပြည်တွင် စာတိုက် စာရေး လေး ဘ၀မှ အာဏာရှင်ကြီး ဖြစ်လာခဲ့သူမှာ သူတစ်ဦးလည်း မဟုတ်ချေ။ ယခင်အာဏာရှင်ကြီး ဦးနေ၀င်းသည်လည်း စာတိုက်စာရေး လေးအ ဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။
အခန်း (၃)
ငယ်စဉ်ဘ၀ စစ်ထဲဝင်ရောက်ခဲ့ပုံ
အခန်း (၃) ၌ ငယ်စဉ်ဘ၀ စစ်ထဲဝင်ရောက်ခဲ့ပုံကို ရေး သားထားလေသည်။ ကမ္ဘာ့သမိုင်းတစ် လျှောက် ထွန်းပြောင်ခဲ့သော နိုင်ငံများ ၊ အင်ပါယာများ အ ဖြစ် ရှိခဲ့ရာ ယင်းတို့၏ နေထွက်ချိန်၊ နေ၀င်ချိန်များ ရှိခဲ့ကြောင်း၊ ဘုန်းမီးနေလ တောက်စားခဲ့သော အင်ပါယာကြီးများ ၏ သမိုင်းကို လေ့လာ ကြည့်ပါက အဆိုပါသမိုင်း၌ လူစွမ်းကောင်း ယောက်ျား၊ မိန်းမများ ၏ အကြောင်းအခြင်းအရာများ လည်း ဆက်စပ်ပါဝင်နေပေသည်။ ယခုကဲ့သို့ စာအုပ်အ ဖြစ် မှတ်တမ်းတင်ခဲ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကြောင်းကို ပြန်ပြောင်းကြည့်လျှင် ရာဇ၀င်ထဲမှ လူစွမ်းကောင်းတစ်ဦး၏ မှတ်တမ်းကို ဖတ်ရသကဲ့သို့ မဟုတ်ကြောင်း။
သူငယ်စဉ်ကလေးဘ၀ ကျောက်ဆည်မြို့၌ နေထိုင်သည့်အချိန်အတွင်း ၁၉၄၂ ခုနှစ် တွင် ဒုတိ ယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေပေသည်။ ဗိုလ်ချုပ်သန်းရွှေ ၉ နှစ် သား အရွယ်တွင် ဂျပန်တို့မှာ ကျောက်ဆည်မြို့ကို သိမ်းပိုက်နေချိန် ဖြစ်သည်။
၁၉၄၈ ခုနှစ် ၊ ဇန်န၀ါရီလ ၄ ရက်၌ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီး မကြာမီမှာ ပင် ပြည်တွင်း စစ်မီး အကြီးအကျယ် တောက်လောင်ခဲ့သည်။ ဖဆပလအစိုးရသည် ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ တိုင်း ရင်းသားအယူဝါဒပေါင်းစုံ လက်နက်ကိုင်တပ်ဖွဲ့များ ဆန့်ကျင်ပုန်ကန်တိုက်ခိုက်မှု ကို ရင်ဆိုင်ခဲ့ရသည်။ ကချင်စစ်ဗိုလ် နော်ဆိုင်းတပ်များ သည် ကျောက်ဆည်ကို ၁၉၄၉ ခုနှစ် တွင် သိမ်းပိုက် ထားစဉ်က ဗိုလ်ချုပ်သန်းရွှေသည် ၁၆ နှစ် သားခန့်သာ ရှိသေးသည်။ ထိုစဉ်ကာလ တိုင်း ပြည် မတည်မငြိမ် ဖြစ်ခဲ့သည့် ပြည်တွင်းစစ်ဒဏ် ကြုံတွေ့ ခဲ့မှု သည် ဗိုလ်ချုပ်သန်းရွှေအပေါ် မည် သို့ ရောင် ပြန်ဟပ်ခဲ့သည်ကိုတော့ အတိအကျ မပြောဆိုနိုင်ပေ။
ထို့နောက် ၅ နှစ် အကြာတွင် အထက်တန်းကျောင်း ပြီးသည့်နောက် စာတိုက်၌ စာရေး ကလေး အ ဖြစ် တစ်နှစ် ခန့် ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး မကြာမီမှာ ပင် သူသည်စစ်ထဲသို့ ၀င်ခဲ့ကြောင်း၊ ယင်းနောက် သူသည် O.T.S ခေါ် အလုပ်သင်ဗိုလ်လောင်းတက်ရောက်ရန် ရွေးချယ်ခံ ရပြီး မေမြို့ (ပြင်ဦးလွင်)၌ အလုပ်သင်ဗိုလ်လောင်း အပတ်စဉ် (၉)တွင် တက်ရောက်ခဲ့သည်။
အရာရှိလောင်း သင်တန်းများ ကို ဂျပန်တို့က မင်္ဂလာဒုံ၌ ၁၉၄၂ ခုနှစ် ကပင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာစစ်တပ်ကို ထိန်းချုပ်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည်။ သို့သော် O.T.S သင်တန်းများ သည် အမျိုးသားရေး စိတ်ဓာတ် နိုးကြားပေါက်ဖွားရာ ဂျပန်ဆန့်ကျင်ရေး အခြေခံသင်တန်းများ ဖြစ်ခဲ့သည်ဟု မြန်မာစစ်တပ်အကြောင်း လေ့လာနေသူ ပညာရှင် မေရီကယ်လာဟန်က ရေး သားခဲ့သည်။ နောက်ပိုင်းတွင် စစ်တပ်အရာရှိများ မွေးထုတ်ရန် ရည်ရွယ်၍ အနောက်နိုင်ငံ စစ်ကျောင်းများ ကဲ့သို့ လေ့ကျင့်သင်တန်းပေးသည်ံ D.S.A ခေါ် စစ်တက္ကသိုလ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဗိုလ်သန်းရွှေ O.T.S ၀င်ခွင့်ရစဉ်က ၁၉၅၃ တွင် ပြည်ပ ကျူးကျော်ရန် တရုတ်ဖြူအရေး ၊ ပြည်တွင်းစစ်သူပုန်များ ရှိနေသည့် ကာလ ဖြစ်ကြောင်း၊ ဗိုလ်သန်းရွှေသည် ပြန်တမ်းဝင် အဆင့် မဟုတ်သည့် အရာရှိ (N.C.O) အ ဖြစ်နှင့် သင်တန်းသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ ထိုစဉ်က အထက်တန်း အောင်သူ၊ ပညာအဆင့်အတန်း ကောင်းသူတို့ နည်းပါးနေချိန်သည် ဖြစ်ရာ စစ်တပ်ကို အလျင်အမြန် အင်အားဖြည့်တင်းနေရသည့် ကာလလည်း ဖြစ်သော ကြောင့် ဖြစ်ပေသည်။
အခန်း (၄)
စစ်တပ်အရာရှိငယ်ဘဝ
ဗိုလ်ချုပ်သန်းရွှေသည် ၁၉၅၃ ခုနှစ် ၌ မြန်မာ့တပ်မတော် ကို ၀င်ရောက်ပြီးနောက် များ မကြာမီမှာ ပင် အလုပ်သင် ဗိုလ်လောင်း (O.T.S) တက်ရန် ရွေးချယ်ခံရသည်။ သင်တန်းကာလ သည် တစ်နှစ် နီးပါး (၉)လ ခန့်သာ ကြာလိမ့်မည် ဟု ယူဆရသည်။ အဘယ့်ကြောင့် ဆိုသော် ထိုစဉ်က ပြည်တွင်းစစ်၊ တရုတ်ဖြူ ပြည်ပကျူးကျော်မှု တို့ကဲ့သို့ ခြိမ်းခြောက်မှု များ ကြောင့် စစ်တပ်ကို အလျင်အမြန် တိုးချဲ့နေရချိန် ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။
ဗိုလ်သန်းရွှေသည် သင်တန်း၌ မည် သည့်ဘာသာရပ်များ သင်ကြားတတ်မြောက်ခဲ့သည်ကို အတိအကျ မသိရသော်လည်း စာရေး သူ ရော်ဂျာစ်က မြန်မာ့တပ်မတော် မှ အခြား (O.T.S) သင်တန်း ဆင်းအရာရှိများ ၏ ပြောကြားချက်အရ စစ်မြေပြင် တိုက်ပွဲများ အတွက် စစ်ရေး နည်းနာများ ၊ တပ်စိတ်၊ တပ်စုများ ကို ဦးဆောင်ကွပ်ကဲနိုင်ရန်အတွက် ခံ၊ ခွာ၊ ချီ၊ တက် စစ်ရေး များ ကို ပို့ချပေးလေ့ရှိသည်ဟု ဆိုသည်။ ထို့ပြင် ရန်သူသည် မည် သည့်နေရာ၌ ရှိသည်ကို သဲကွဲစွာ မသိနိုင်သည့်အခါ Scearching fire ဟု ခေါ်သည့် နေရာ ရှာဖွေ ပစ်ခတ်ခြင်းမျိုးကို ဗိုလ်သန်းရွှေ လေ့လာခွင့် ရခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်း သူ၏ နိုင်ငံရေး ဗျူဟာများ ၌ တစ်ခုခုကို မလုပ်ခင် ကြိုတင်ခန့်မှန်းနိုင်ရန် အစမ်း လှုပ်ရှား မှု မျိုးကို ပြုလုပ်ခဲ့သည်ကို တွေ့ ရကြောင်း ဖော်ပြထားသည်။
၁၉၅၃ ခုနှစ် ၊ ဇူလိုင်လတွင် ဗိုလ်သန်းရွှေ သင်တန်း ပြီးဆုံးပြီးနောက် တပ်စုမှူး ဒုဗိုလ်အ ဖြစ် တာဝန်ပေးခြင်း ခံရကြောင်း၊ ၁၉၉၁ ဖေဖော်ဝါရီလထုတ် လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်) သတင်းစား၌ တပ်မတော် ခေါင်းဆောင်များ အကြောင်း ကဏ္ဍ၌ ဗိုလ်သန်းရွှေသည် (O.T.S) ဗိုလ်သင် တန်းကျောင်းဆင်းပြီးနောက် ဗမာ့သေနတ်ကိုင်တပ်ရင်း (၁) (သနက -၁) ၌ တာဝန်ထမ်းဆောင်ခဲ့ သည်ဟု ဖော်ပြထားကြောင်း၊ မည် သည့်နေရာဒေသ၌ စစ်မှု ထမ်းခဲ့သည်ကို အတိအကျ ဖော်ပြမထား သော်လည်း ခန့်မှန်းချက်အရ ကရင်ပြည်နယ် ဘားအံမြို့ ပတ်ဝန်းကျင်၌ ကရင်လက်နက်ကိုင်အဖွဲ့ များ ကို တိုက်ခိုက်ရန် တာဝန်ယူနိုင်ဖွယ်ရှိကြောင်း၊
ထိုစဉ်က မြန်မာနိုင်ငံတွင် ဦးနု ခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီ အစိုးရ အုပ်ချုပ်နေသည့်လာလ ဖြစ်ပြီး ပြည်တွင်းရောင် စုံ သူပုန်ထမှု များ ပြန်လည်ကျဆင်း၍ အစိုးရက မြို့ရွာဒေသအများ အပြားကို ပြန်လည်ထိန်းချုပ်နိုင်သည့် ကာလ ဖြစ်ကြောင်း၊
ထိုစဉ်က တပ်စုမှူး ဗိုလ်သန်းရွှေသည် ကရင်ပြည်နယ်တွင် တာဝန်ကျခဲ့ကြောင်း၊ တာဝန်ကျရာ သနက-၁ တပ်ရင်း၌ ပင် ဒုဗိုလ်မှ ဗိုလ်အဆင့်သို့ တိုးမြှင့်ခံရကြောင်း၊ ထိုဒေသ၌ ပင် ဒေါ် ကြိုင်ကြိုင်နှင့် ဖူးစာဆုံတွေ့ ခဲ့ပြီး ၁၉၅၆ တွင် အိမ်ထောင်ကျခဲ့ကြောင်း၊ ဒေါ်ကြိုင်ကြိုင်သည် ပအို့ဝ်၊ တရုတ်ကပြား ဟု စာရေး သူ ဘင်နဒစ်ရော်ဂျာစ်က ဖော်ပြထားသည်။ ဒေါ်ကြိုင်ကြိုင်မှာ ဘားအံနှင့် သ ထုံကြားက ရွှေကုန်းဒေသသူ ဖြစ်သည်ဟုဆိုသည်။
အချို့သတင်းရပ်ကွက်များ ၏ အဆိုအရ ဒေါ်ကြိုင်ကြိုင်သည် မုဆိုးမဟုဆိုကြောင်း၊ ခင်ပွန်း ဟောင်းက တိုက်ပွဲကျသွားပြီးနောက် ဗိုလ်သန်းရွှေနှင့် အကြောင်းပါခဲ့ကြောင်း၊ အချို့သတင်းရင်းမြစ် များ အရ ဗိုလ်သန်းရွှေ၌ လည်း ဒေါ်ကြိုင်ကြိုင်နှင့် အိမ်ထောင်မကျခင်က အရင် အိမ်ထောင် ရှိခဲ့ဖူး ကြောင်း၊ သား တစ်ယောက် ပင် ထွန်းကားခဲ့သည်ဟု ဆိုသည်။ အဆိုပါသားကို ၂၀၀၀ ပြည့်နှစ် တွင် နအဖ အစိုးရ၏ အတွင်းရေး မှူး (၃) ဒု ဗိုလ်ချုပ်ကြီးဝင်းမြင့်က ပြန်လည် ရှာဖွေပေးပြီး မိသားစု ပြန် ပေါင်းထုပ်ခဲ့ကြောင်း၊ သို့သော် မည် သည့်အရာမှ တရားဝင် အတည်မပြုနိုင်ကြောင်း ရော်ဂျာ က ရေး သားထားသည်။
အဆိုပါ စာအုပ်၌ ပင် ရော်ဂျာက ပြည်ပရောက် မြန်မာ့သမိုင်း လေ့လာနေသူ ဦးအောင်စောဦး ၏ အဆိုအရက ဒေါ်ကြိုင်ကြိုင် အမည် သည် နောက်မှတွင် ခဲ့သည် ဖြစ်ပြီး အမည် ရင်းမှာ ခေတ်မဆန်လှသည့် ဒေါ်မကြိုင်ဟု ဆိုသည်။ ၄င်းက ဗိုလ်သန်းရွှေအာဏာမရခင် ၁၉၈၀ ပြည့်နှစ် များ ၌ ဘုရားတန်ဆောင်း အလှူမှတ်တမ်းများ ကို အခြေခံပြီးပြောဆိုခဲ့ကြောင်း၊ ဒေါ်ကြိုင်ကြိုင်သည် ပအို့ဝ်ကပြား လူမျိုး ဖြစ်သော်လည်း သူ တိုင်းရင်းသားအရေး အတွက် ထက်သန်လှသူ မဟုတ်ဟု ဆိုသည်။
အိမ်ထောင်ကျပြီး မကြာခင်မှာ ပင် စစ်အစိုးရ၏ တရားဝင် ထုတ်ပြန်သည့် ကိုယ်ရေး ရာဇ၀င် အကျဉ်းအရ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ၌ ဗိုလ်သန်းရွှေသည် ဗိုလ်ကြီးအဆင့် တိုးမြှင့်ခံရသည်။ ထို့ နောက် သံလွင်မြစ် အရှေ့ဘက်ခြမ်း ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့တွင် တာဝန်ထမ်းရွက်ခဲ့ရသည်။ ကရင်လက်နက်ကိုင်များ ၊ တရုတ်ဖြူများ နှင့် ရင်ဆိုင်တိုက်ပွဲများ ကို ကြုံတွေ့ ကောင်းကြုံတွေ့ နိုင်သော်လည်း ထိုစဉ် ကာလ ထမ်းရွက်ခဲ့သော တပ်မှူးများ ၏ ပြောဆိုချက် အရ ဗိုလ်သန်းရွှေသည် စစ်ရေး စစ်ရာတွင် ထူးချွန်ပြောင်မြောက်မှု မရှိဟုဆိုသည်။ သူသည် တပ်ရင်း၏ နောက်တန်း၌ သာ တာဝန်ကျခဲ့သည်ဟု ထင်စရာရှိကြောင်း၊ သူ့အထက်အရာရှိ တစ်ဦး ဖြစ်သူ တပ်မှူး၊ ဒုဗိုလ်မှူးကြီး တင်ထွန်းက ဗိုလ်သန်းရွှေအား “သူက နည်းနည်း ပျင်းတယ်” ဟု ဆို သည်။ ကွမ်းစွဲနေသည့် အတွက်ကြောင့် လည်း အစည်းအဝေး လာတက်လျှင် ပါးစပ်ဆေးပြီးမှ လာခဲ့ဟု ကြိမ်းမောင်းမှု တွေ ခံရကြောင်း စာရေး ဆရာဂျော်ဂျာအား ပြောပြခဲ့ပုံကို ရေး သားထားသည်။
အခန်း (၅)
အရာရှိငယ်ဘ၀ စိတ်ဓာတ်စစ်ဆင်ဆင်ရေး အရှာရှိအ ဖြစ်
စစ်တပ်နှင့် နိုင်ငံရေး ကြား ဖြတ်သန်းခဲ့ပုံ
ဗိုလ်ချုပ်သန်းရွှေသည် ၁၉၅၃ ခုနှစ် ၌ မြန်မာ့တပ်မတော် ထဲ ၀င်၍ အလုပ်သင် ဗိုလ်သင်တန်း ကျောင်း (O.T.S) တက်ရန် ရွေးချယ်ခံရသည့်အကြောင်း၊ ၁၉၅၇ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ဗိုလ်ကြီး တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း အထက်တွင် ဖော်ပြပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထိုစဉ်ကာလ၌ မြန်မာ နိုင်ငံတွင် ပါလီမန် ဒီမိုကရေစီအစိုးရ အုပ်ချုပ်နေသည့် ကာလ ဖြစ်သော်လည်း နိုင်ငံရေး ပါတီများ ၏ အကွဲအပြဲ မုန်တိုင်းများ ပြင်းထန်နေချိန် ဖြစ်ရာ စစ်တပ်သည် ပြည်တွင်းစစ်ကို အကြောင်းပြု၍ နိုင်ငံရေး ၌ သြဇာတိက္ကမ ကြီးထွားလာခဲ့သည်။ ဘီအီးဒီစီ ကုန်သွယ်မှု လုပ်ငန်း၊ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်း၊ မြ၀တီပုံနှိပ်တိုက် စသည့် စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ ထူထောင်ပြီး တဖြည်းဖြည်း ခြေ ကုပ်ယူလာချိန် ဖြစ်ကြောင်း၊ ဤသို့ ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်သော အိမ်စောင့်အစိုးရက ဦးနှအား အာဏာပြန်လည် အပ်နှင်း၍ မကြာမီမှာ ပင် ၁၉၆၂ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်သော တော် လှန်ရေး ကောင်စီ စစ်အစိုးရက အာဏာသိမ်းပိုက်ခဲ့ကြောင်း။
ထိုစဉ်ကာလအတွင်း ဗိုလ်ကြီးသန်းရွှေသည် မိတ္ထီလာစစ်တပ်ဌာနချုပ်၌ ၂လ၊ ၃လ ခန့် ထောက်လှမ်းရေး အရာရှိအ ဖြစ် တာဝန်ယူခဲ့သေးကြောင်း၊ သူ၏ အဓိကတာဝန်က စိတ်ဓာတ်စစ်ဆင် ရေး ဌာန၌ တာဝန်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ စိတ်ဓာတ်စစ်ဆင်ရေး ဌာနဆိုသည်မှာ ထိုစဉ်ကာလ တပ်မတော် က ရင်ဆိုင်နေရသည့် ကွန်မြူနစ်သူပုန်များ ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ကို တန်ပြန်ဝါဒဖြန့်နိုင်ရန် ဖြစ်ကြောင်း၊ စိတ်ဓာတ် စစ်ဆင်ရေး ဌာနကို ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဒုတိယဗိုလ်မှူးကြီးဘသန်း (ဘသန်း - ဓမ္မိက) တို့က ဦးဆောင်၍ ၁၉၅၂ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ ကြောင်း၊ နောက်ပိုင်းတွင် ယင်းဌာနသည် ဗိုလ်ချုပ်ကြီးနေ၀င်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပိုက်မှု ကို တရားဝင် မှန်ကန်မှု ဖြစ်ကြောင်း သက်သေ အချက်အလက်များ ကြံဖန်တင်ပြရန်နှင့် ၀ါဒဖြန့်ဌာန ဖြစ်ခဲ့ ကြောင်း၊ အဆိုပါဌာန၌ စစ်တပ်အရာရှိ ၃ဦးနှင့် အရပ်သားအရာရှိများ ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းအဖွဲ့သည် ဗိုလ်ချုပ်နေ၀င်း စစ်အစိုးရ၏ ဉာဏ်ကြီးရှင် (Think Tank) အဖွဲ့၊ အယူအဆရေး ရာ ကျောထောက်နောက်ခံ ပံ့ပိုးပေးရာအဖွဲ့လည်း ဖြစ်ခဲ့သည်။ ယင်းဌာနသည် မြန်မာ့ရိုးရာ ဓလေ့ထုံးစံ၊ ဆိုရှယ်လစ်ဝါဒ၊ မာ့စ်ဝါဒ၊ ဗုဒ္ဓဘာသာစသည်တို့ကို ရောသမမွှေထားသည့် သဘောတရားရေး ရာများ ကို ပြုစုထုတ်ဝေခဲ့ရသေးကြောင်း ဖော်ပြထားသည်။
စိတ်ဓာတ်စစ်ဆင်ရေး ဌာနကို ဒုတိယဗိုလ်မှူးကြီးဘသန်းက ဦးဆောင်ခဲ့သည်။ ယင်းဌာန၌ တာဝန်ယူခဲ့ရသူ အခြားတစ်ဦးမှာ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) ဖြစ်ပြီး သူ့အပြောအရသူက တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ ကို တန်ပြန်နိုင်ရန် ၀ါဒဖြန့်ဖို့ရန်နှင့် မာ့စ်ဝါဒနှင့် ဆိုဗီယက်ကွန်မြူနစ်ပါ တီ တည်ဆောက်ခဲ့ပုံကိုလေ့လာပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို အကောင်အထည် ဖော်ပေးခဲ့ရ သည်ဟု ဆိုသည်။ ကျန်တစ်ဦးက စီးပွားရေး ရာကိစ္စများ ကို ကိုင်တွယ်ခဲ့ရသည်။ ဌာန၏ အရာရှိအချို့ ကို အမေရိကန်သို့ စေလွှတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေး နည်းနာများ ကို လေ့လာ ဆည်းပူးစေခဲ့သည်။
၁၉၅၈ ခုနှစ် ၌ ဗိုလ်ချုပ်နေ၀င်းအား ၀န်ကြီးချုပ်ဦးနုက အိမ်စောင့်အစိုးရအ ဖြစ် အတင်းအကျပ် အာဏာ အပ်ခံရသည့် ကာလ၌ ဗိုလ်သန်းရွှေသည် ပညာရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေး မှူးရုံး၌ (၆)လ ခန့် တာဝန်ပေးအပ်ခံရကြောင်း၊ နောက်ပိုင်းတွင် ဗိုလ်သန်းရွှေသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရွှေ့ပြောင်းခံရကြောင်း။ ထိုစဉ်ကာလ မင်္ဂလာဒုံ၌ ဗိုလ်သန်းရွှေ ရှိနေစဉ် စိတ်ဓာတ်စစ် ဆင်ရေး ဌာန၌ သင်တန်းတတ်နေခြင်း သို့မဟုတ် ယင်းဌာန၌ တာဝန်အပ်နှင်းခံရခြင်း စသည်တို့ကို သဲကွဲစွာ မသိခဲ့ကြောင်း အချို့ကလည်း စိတ်ဓာတ်စစ်ဆင်ရေး ဌာန၌ တပ်ထောက်ဗိုလ်ကြီး အ ဖြစ်သာ တာဝန်ယူခြင်းသာ ဖြစ်ကြောင်း၊ နောက်ပိုင်းမှသာ စိတ်ဓာတ်စစ်ဆင်ရေး သင်တန်းများ ကို တက်ခဲ့သည် ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
မြန်မာ့အရေး လေ့လာသုံးသပ်နေသော နိုင်ငံခြားသားတစ်ဦး၏ အဆိုအရ ဗိုလ်သန်းရွှေသည် ဦးချစ်လှိုင်၏ တပည့်အ ဖြစ် ထိုစဉ်ကသင်တန်းတက်ဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။ ထိုကာလ ၌ မဆလပါတီ ထိပ်ပိုင်းခေါင်းဆောင် အတော် များများ က ဦးချစ်လှိုင်၏ နိုင်ငံရေး ပို့ချချက်များ နှင့် ကင်းခဲ့ရသူ အတော် နည်းပါးကြောင်း၊ ဦးချစ်လှိုင်သည် လက်ဝဲအယူဝါဒ တိမ်းညွတ်သူ ဖြစ်ပြီး ဦးနေ၀င်း အာဏာသိမ်းပိုက်ပြီးနောက် လမ်းစဉ်ပါတီဝါဒ သဘာတရား ဖြစ်သော လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား စာတမ်းကို ရေး သားခဲ့သူလည်း ဖြစ်သည်။
ဗိုလ်သန်းရွှေ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ စိတ်ဓာတ်စစ်ဆင်ရေး ဌာန၌ တာဝန်ယူစဉ်က သူ့အထက်အရာရှိ တပ်မှူးမှာ နောင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် N.L.D ၏ ဥက္ကဌ ဗိုလ်မှူး ချုပ်အောင်ရွှေပင် ဖြစ်သည်။ ထို့နောက် ဗိုလ်မှူးချုပ်အောင်ရွှေနေရာသို့ ဗိုလ်မှူးချုပ်အောင်ရွှေပင် ဖြစ်သည်။ ထို့နောက် ဗိုလ်မှူးချုပ်အောင်ရွှေနေရာသို့ ဗိုလ်ချုပ်စန်းယုက ဆက်ခံခဲ့သည်။ ဗိုလ်သန်း ရွှေသည် ဗိုလ်စန်းယု လက်အောက်သို့ တာဝန်ထမ်းဆောင်၍ အမှတ် (၁) နယ်လှည့်စိတ်ဓာတ်စစ် ဆင်ရေး တပ် တပ်မှူး အ ဖြစ် မန္တလေး၌ တာဝန်ပေးအပ်ခံရသည်။ ၁၉၆၂ ခုနှစ် တော် လှန်ရေး ကောင်စီ အာဏာသိမ်းပိုက်စဉ်က ဗိုလ်သန်းရွှေသည် မန္တလေးမြို့၌ ပင် ရှိနေခဲ့သည်။
တော် လှန်ရေး ကောင်စီ စစ်အာဏာသိမ်းပြီးသည့်အခါ စိတ်ဓာတ်စစ်ဆင်ရေး ဌာနက အရပ်သားအရာရှိ ဦးစောဦးသည် ပြန်ကြားရေး ၀န်ကြီး (ဦးစောဦးသည် မည် သည့်အခါမှ ၀န်ကြီး မ ဖြစ် ခဲ့ချေ။ ပေါ်လစီညွှန်ကြားရေး ၀န်သာ ဖြစ်ခဲ့သည်။ စာရေး သူ ) ဖြစ်လာသည်။
ထို့နောက် ၁၉၆၃ ခုနှစ် တွင် မင်္ဂလာဒုံ၌ ဗဟိုနိုင်ငံရေး သိပ္ပံတက္ကသိုလ် ဖွင့်လှစ်သော အခါ ဗိုလ် သန်းရွှေသည် အဆိုပါကျောင်း၌ တာဝန်ချထားခြင်း ခံခဲ့ရပြီး စစ်သည်များ အား မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် ဆက်စပ်သော သမိုင်းဆိုင်ရာများ ကို သင်ကြားပို့ချခဲ့သည်။
ဤသို့ဖြင့် ဗိုလ်သန်းရွှေသည် စိတ်ဓာတ်စစ်ဆင်ရေး ဗျူဟာကို ကောင်းစွာ အသုံးချတတ်ခဲ့ လေသည်။ သူသည် ကောက်ကျစ်၍ လိမ္မာပါးနပ်ကာ သူ သင်ခဲ့သော မြန်မာ့သမိုင်းကို သူကိုယ်တိုင် ပြန်ယုံကြည်နေသူ ဖြစ်သည်။ သမိုင်းကို ရှုမြင်ပုံကအစ လွဲမှားသော မိမိဘာသာ အဓိပ္ပာယ်ဖွင့်ဆိုထား သည် ပုံဖျက်ထားသော သမိုင်းကို တစ်သက်လုံး စွဲမြဲယုံကြည်၍ ကြီးပြင်းလာခဲ့သည်ဟု ဆိုကြသည်။
အသုံးချရူပသျှတ္တရပညာ | သခင်ဋီကာသစ် | ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ |