Cover

သခင်ဋီကာသစ်

နောက်ခံသမိုင်း

နယ်ချဲ့ဆန့်ကျင်ရေး ၊ အမျိုးသား လွတ်မြောက်ရေး နှင့် ဆိုရှယ်လစ်ရေး တို့တွင် ရှေ့တန်းမှ ပါဝင်ခဲ့သော တို့ဗမာအစည်းအရုံးကြီးကို ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၃၀ ပြည့်နှစ် သည် မြန်မာတိုင်းရင်းသားတို့၏ နယ်ချဲ့ဆန့်ကျင်ရေး တပ်ဦးသဖွယ် ဖြစ်သော ဂျီစီဘီအေ အသင်းကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲပားနေသော အချိန်၌ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအတွက် ထိထိရောက်ရောက် စွမ်းစွမ်းတမံ ဆောင်ရွက်မည့်  အဖွဲ့အစည်းမျိုးကို အခြေအနေက တောင်းဆိုနေချိန်လည်း ဖြစ်သည်။

ထိုအခြေအနေတွင် သခင်သသော င်း ဦးဆောင်သော မျိုးချစ်လူငယ်တစ်စုက မြန်မာတိုင်းရင်းသားတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို လှုံ့ဆော်ပေးပြီး တိကျပြတ်သားသော ၀ါဒလမ်းစဉ်ဖြင့် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်မည့်  အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန် ကြံစည်ကြသည်။ အကြံရသည့်အတိုင်း ဆွေးနွေးတိုင်ပင်မှု များ လည်း လုပ်ကြသည်။ ထိုစဉ်မှာ ပင် ၁၉၃၀ မေလအတွင်း၌ ကုလား၊ ဗမာအဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ ထိုအဓိကရုဏ်းကို အကြောင်းပြု၍ တိုင်းရင်းသားတို့ကို အမျိုးသားစိတ်ဓာတ် တက်ကြွအောင် တပ်လှန့်ပေးသည့် အရေး ပေါ်နှိုးဆော်ချက် နိုင်ငံပြုစာစု အမှတ်(၁)ကို သခင်ဘသော င်းက ရေး သား ထုတ်ဝေလိုက်သည်။ ထိုကြေညာချက်တစ်ခု ထုတ်ဝေသည့် အဖွဲ့အစည်းကို တို့ဗမာအစည်းအရုံးဟု ဖော်ပြထားသည်။ အစည်းအရုံး တည်နေရာဌာနမှာ ခြံအမှတ် ၃၃၊ ရေတာ ရှည်လမ်း၊ ဗဟန်းရပ်၊ ရန်ကုန်မြို့ဟု ရေး သားထားသည်။

ဤသို့ဖြင့် တို့ဗမာအစည်းအရုံးဟူသေ အမည် စတင်ပေါ်လာသည်။ ထိုသို့ အစည်းအရုံးဟု သုံးထားသော်လည်း စနစ်တကျ ဖွဲ့စည်းထားသည့် အမှု ဆောင်အဖွဲ့ဟု မရှိသေးပေ။ မျိုးချစ်လူငယ်တစ်စု၏ လှုပ်ရှားမှု လောက်သာ ဖြစ်သည်။ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူမှာ သခင်ဘသော င်း ဖြစ်သည်။ သခင်ဘသော င်းအား သခင်လှဘော်၊ ကိုအုံးခင် (ခြေလျင်) (နောင် မိုးကြိုး ဦးအုန်းခင်)၊ ကိုတင်စိန်၊ ကိုကျော်ထွန်း စသည့် လူငယ်တစ်စုက အစပထမတွင် ကူညီအားပေးကြသည်။ ထို့နောက် သခင်ဗစိန်၊ သခင်သိန်းမောင်၊ သခင်ထွန်းရွှေတို့ ပါလာကြ၏ ။ တို့ဗမာအစည်းအရုံးဝင်တို့သည် မိမိတို့ နာမည် ရှေ့၌ `သခင်´ အမည် ခံရသဖြင့် လူအများ က တို့ဗမာအစည်းအရုံးကို`သခင်ပါတီ´ ဟူ၍ လည်း ခေါ်ဆိုကြသည်။

တို့ဗမာအစည်းအရုံး ပေါ်စတွင် အစည်းအရုံးဝင်တို့အား သခင်တပ်၍ ခေါ်ရသည်ကို လူအများ က လွင့်လင့်တကူ တပ်၍ ခေါ်ဆိုခြင်း မပြုကြဘဲ သခင်ထည့်၍ ခေါ်ရသည်ကို ဦးလေးလျက် ရှိကြ၏ ။ တို့ဗမာအစည်းအရုံးဝင် အချင်းချင်းသာလျှင် တစ်ဦးကိုတစ်ဦး သခင်တပ်ကာ ခေါ်ဆိုကြလေသည်။ တိုင်းပြည်အ၀န်း၌ လည်း သခင်ဆိုသည်မှာ ဗမာတိုင်း သခင် ဖြစ်သည့်အကြောင်း၊ သူတစ်ပါးလက်အောက်တွင် ကျွန်သဘောက် ဖြစ်နေရသဖြင့် ကျွန်စိတ်ကျေးစိတ်များ ပပျောက်၍ သခင်စိတ် ပေါ်ပေါက်ကိန်းအောင်းလာရန် ဖြစ်သည့်အကြောင်းမှစ၍ ရာဇ၀င် ကိုးကားချက်များ နှင့် ဇာတိမာန် တက်ကြွအောင် ရှင်းလင်းဟောပြောခြင်းတို့ဖြင့် တစ်စတစ်စ သခင်အမည် ယဉ်ပါးလျက် သခင်အမည် တပ်ရဲအောင် အားထုတ်ခဲ့ရသည်။

ထို့ပြင် ၁၉၃၃ ဖေဖော်ဝါရီ ၂၅၊ စနေနေ့ထုတ် တို့ဗမာသတင်းစဉ်မှတ်တမ်း၌ တို့ဗမာအစည်းအရုံးက အောက်ပါအတိုင်း ကြေညာချက်တစ်ရပ် ထပ်မံ ထုတ်ပြန်ခဲ့သည်။

(၁) မြန်မာပြည်တွင် မြန်မာစာနှင့် မြန်မာစကားကိုသာ သုံးရမည် ။

(၂) ရုံးပြင်ကန္နား အစရှိသော အများ ပြည်သူတို့နှင့် ဆိုင်သည့် အဆောက်အဦများ တွင် ဒေါင်းလံကိုသာ ထူရမည် ။

(၃) အရှင် ဦးဝိစာရ အမှူးရှိသော တိုင်းပြည်၏ ဂုဏ်ကျက်သရေရှိ ပုဂ္ဂိုလ်များ ကို မမေ့မလျော့စေရန်အလို့ငှာ ကြေးရုပ်တုကြီးများ ထုလုပ်စိုက်ထူရမည် ။

(၄) အစိုးရဟူသော ပညတ်မှားကို မသုံးရ။ `ပြည့်အစေခံ´ ဟူသော ပညတ်မှန်ကို သုံးစွဲရမည် ။ အရေး ပိုင်မင်း၊ နယ်ပိုင်ဝန်ထောက်မင်း၊ ရာဇ၀တ်မင်း အစရှိသော ပညတ်မှားများ ကို `စီရင်စုအစေခံ´၊ `နယ်အစေခံ´၊ `မြို့အစေခံ´၊ `ရာဇ၀တ်အစေခံ´ အစရှိသည့် ပညတ်မှန်များ ဖြင့် သာ ခေါ်ဝေါ်သုံးစွဲကြရမည် ။

(၅) ထိုပြည့်အစေခံများ ကို ဘုရားထူးသူ၊ ဒူးတုပ်သူ အစရှိသော ကျွန်စိတ်ပေါက်နေသူတို့ကို စက်တိုင်တင်၍ သတ်ရမည် ။

ထိုခေတ်က ၀ံသာနုလူကြီးများ ၂၁ ဦးခေါ် ဒိုင်အာခီအုပ်ချုပ်ရေး ကို လိုလားသော ခေါင်းဆောင်ကြီးများ သည် တို့ဗမာအစည်းအရုံးက ရည်ရွယ်ချက်ထားသည့် လုံးဝလွတ်လပ်ရေး ဟူသော စကားကို နှုတ်အားဖြင့် လည်းကောင်း၊ စာအားဖြင့် လည်းကောင်း မရေး ၀ံ့၊ မသုံးဝံ့ကြချေ။ ယင်းသို့သော်အချိန်တွင် တို့ဗမာအစည်းအရုံးမှ သခင်တို့က လွတ်လပ်ရေး သည် ပထမ၊ လွတ်လပ်ရေး သည် ဒုတိယ၊ လွတ်လပ်ရေး သည် တတိယ။ လွတ်လပ်ရေး သည် အစစအရာရာ ဖြစ်သည်။ မြန်မာပြည်နှင့် မြန်မာလူမျိုးထက် အခြားအားကိုးစရာမရှိ၊ ကိုးကွယ်စရာ မရှိ။ မြန်မာပြည် မြန်မာလူမျိုးတို့၏ လွတ်လပ်ရေး မှတစ်ပါး အခြားကြီးကျယ်ခမ်းနားသော အရာကား မရှိဟု ကြွေးကြော်ခဲ့ကြသည်။

တို့ဗမာအစည်းအရုံးအတွက် စည်းရုံးလှုပ်ရှားနေကြသော မြန်မာလူမျိုးလူငယ်များ နှင့် ၀ိုင်အမ်ဘီဆရာတင်တို့ ဆက်သွယ်မိကာ `တို့ဗမာသီချင်း´ ကို သီကုံးစပ်ဆိုလာကြပြန်သည်။ တို့ဗမာသီချင်းမှာ တိုင်းရင်းသားတို့၏ ဇာတိသွေး ဇာတိမာန်ကို တက်ကြွစေသည့် သီချင်း ဖြစ်သည်။ ယင်းနောက် တို့ဗမာသီချင်းကို ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းတွင် ဖော်ပြရုံသာမက အစည်းအဝေးပွဲများ ၊ ဘုရားပွဲများ နှင့် ဘောလုံးပွဲများ တွင် သီဆိုကြရာမှ တို့ဗမာအစည်းအရုံးအကြောင်း လူသိများ လာသည်။ စိတ်ဝင်စားသူလည်းတိုးလာသည်။

၁၉၃၃ ခု ရောက်သော အခါ ဒိုင်အာခီ ဥပဒေပြုလွှတ်တော် အတွက် ရွှေဘိုအရှေ့ပိုင်း မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် လစ်လပ်၍ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ တို့ဗမာအစည်းအရုံးမှ သခင်ဘသော င်း ၀င်ရောက်ယှဉ်ပြိုင်သည်။ ရွေးကောက်ပွဲအတွက် ရွှေဘိုတွင် တရားဟောရာမှ တို့ဗမာအစည်းအရုံးကို ပို၍ လူသိများ လာသည်။ ရွေးကောက်ပွဲပြီးသော အခါ တို့ဗမာအစည်းအရုံးမှ သခင်လူငယ်များ ကို ရွှေဘိုမှ ၂၄ နာရီအတွင်း ထွက်သွားရမည် ဟု အာဏာပိုင်တို့က အမိန့်ထုတ်သည်။ အမိန့်ကို မနာခံ၍ သခင်လူငယ်များ ကို ဖမ်းသော အခါ တို့ဗမာအစည်းအရုံးမှာ ပို၍ ထင်ရှားလာသည်။ ဤသို့ဖြင့် ပထမစိတ်ကူး၊ ထို့နောက် ကြေညာစာတမ်း၊ သီချင်းတို့ဖြင့် စခဲ့ရသော တို့ဗမာအစည်းအရုံးသည် ၁၉၃၅ ရောက်သော အခါ ပထမအကြိမ်မြောက ပြည်လုံးကျွတ်ညီလာခံကို ရေနံချောင်းမြို့၌ ကျင်းပချိန်အထိ အောင်မြင်မှု ရလာသည်။ ၁၉၃၀ မှ ၁၉၃၅ အတွင်း တို့ဗမာအစည်းအရုံးကို ပြုစုပျိုးထောင်ပေးခဲ့သူမှာ သခင်ဘသော င်း၊ သခင်ကျော်ထွန်းစိန်၊ သခင်ညီ၊ သခင်တင်စိန်၊ သခင်တင် (၀ိုင်အမ်ဘီ)၊ သခင်ထွန်းအုပ်၊ သခင်ထွန်းရွှေ၊ သခင်ဗစိန်၊ သခင်ဗတင်၊ သခင်ဘရီ၊ သခင်ဘိုးနီ၊ သခင်မောင်မောင်တိုး၊ သခင်လေးမောင်၊ သခင်လှဘော်၊ သခင်သာဒိုး၊ သခင်သိန်းမောင်၊ သခင်သိန်းဟန်၊ သခင်ဟန်၊ သခင်အုန်းခင်၊ သခင်အုန်းဖေ စသူတို့ ဖြစ်ကြသည်။

တို့ဗမာအစည်းအရုံးရေး အမျိုးသားရေး ဆိုင်ရာ ကြွေးကြော်သံမှာ …

ဗမာပြည်သည် တို့ပြည်

ဗမာစာသည် တို့စာ

ဗမာစကားသည် တို့စကား

တို့စာကို ချီးမြှင့်ပါ

တို့စကားကို လေးစားပါ။

ဟူ၍ ဖြစ်ပြီး စီးပွားရေး ဆိုင်ရာ ကြွေးကြော်သံမှာ …

ဗမာဆိုင်များ တည်ကြကုန်လော့

ဗမာဆိုင်၌ ၀ယ်ကြကုန်လော့ဟူ၍ ဖြစ်သည်။

တို့ဗမာအစည်းအရုံး၏ ဆောင်ပုဒ်များ မှာ မူ…

လာမည့် ဘေး ပြေးတွေ့ 

ဘေးနဲ့ကြုံ ရဲဂုဏ်ပြ

သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး

ကြောက်လွဲ ရဲမင်း ဖြစ်

ကြောက်မွေးပါ ဇာဂနာနဲ့ နုတ်

ကျွန်ဘ၀ကို စက်ဆုပ်ကြ

ဒါတို့ပြည် ဒါတို့မြေ ဟူ၍ ဖြစ်သည်။

တို့ဗမာအစည်းအရုံးသည် အထက်ပါ ကြွေးကြောက်သံများ ဖြင့် လုပ်သားပြည်သူတို့၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွလာစေရန် လှုံ့ဆော်ပေးခဲ့သည်။

တို့ဗမာအစည်းအရုံး၏ အလံမှာ အ၀ါ၊ အစိမ်း၊ အနီ သုံးရောင် ခြယ်အလယ်တွင် တူတံစဉ်ပုံပါသည်။ အ၀ါရောင် သည် ဘာသာသာသနာနှင့် ပညာတိုးပွားအောင် ဖော်ဆောင်၍ အစိမ်းရောင် သည် ဆန်ရေစပါး ပေါကြွယ်စေရမည် ဟု အဓိပ္ပါယ်ဆောင်ကာ အနီရောင် သည် ရဲရင့်ခြင်းကို ရည်ညွှန်းသည်။

တို့ဗမာအစည်းအရုံး၏ အမှတ်အသားတံဆိပ်သည် တူနဲ့တံစဉ်ပုံ ဖြစ်သည်။ တူနှင့်တံစဉ်သည် အလုပ်သမား၊ လယ်သမားတို့အား ကိုယ်စားပြုထားခြင်း ဖြစ်သည်။ ထို့ပြင် တို့ဗမာအစည်းအရုံး၏ အခြားအမှတ်တံဆိပ်မှာ တို့ဗမာ မီးတုတ်ထမ်းသမားကြီး၏ မီးတုတ်ကြီးကို ကိုင်ထား၍ လှုပ်ရှားနေပုံ ဖြစ်သည်။ တို့ဗမာသတင်းစဉ် မှတ်တမ်းမျက်နှာဖုံးများ တွင် မူ တို့ဗမာအစည်းအရုံးက အမြတ်တနိုး ခံယူချက် ဖြစ်သည့် `လာမည့် ဘေး ပြေး၍ တွေ့ ´ ဆိုသည့် ဆောင်ပုဒ်ကို အစဉ်သဖြင့် ရိုက်နှိပ်ထားလေသည်။

တို့ဗမာအစည်းအရုံး၏ ပထမရည်ရွယ်ချက်မှာ နယ်ချဲ့ဆန့်ကျင်ရေး နှင့် လုံးဝ လွတ်လပ်ရေး ဖြစ်သည်။ တို့ဗမာအစည်းအရုံး စတင်ထူထောင်စဉ်က အမျိုးသားရေး ကို အခြေခံခဲ့သော်လည်း ၁၉၃၆ ခုမှစ၍ ဆိုရှယ်လစ်ဝါဒကို လက်ခံခဲ့သည်။ ထို့ကြောင့် တို့ဗမာအစည်းအရုံးသည် အတိုးတက်ဆုံးနှင့် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ် အပြင်းထန်ဆုံး အစည်းအရုံးအ ဖြစ် ထင်ရှားခဲ့သည်။ ဆိုရှယ်လစ်ဝါဒကို လက်ခံလာသည်နှင့် အမျှ တောင်သူလယ်သမားနှင့် အလုပ်သမား လူတန်းစားတို့၏ အရေး ပါပုံကို လက်ခံ အသိအမှတ်ပြုပြီး ယင်းလူတန်းစားနှစ် ရပ်ကို ပထမဆုံး စနစ်တကျ စတင်စည်းရုံးခဲ့သည့် အစည်းအရုံးလည်း ဖြစ်သည်။ တို့ဗမာအစည်းအရုံးကြီးက ဦးဆောင်၍ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံးတို့ကို ထူထောင်ပေးခဲ့သည်။

အုပ်ချုပ်ရေး ပိုင်းတွင် သီးခြားအုပ်ချုပ်သည့် ဒေသအ ဖြစ် သတ်မှတ်ပြီး ပြည်မနှင့် ခွဲခြားအုပ်ချုပ်ခြင်းခံနေသော ရှမ်း၊ ကရင်နီနယ် (ကယား)၊ ကချင်၊ ချင်းတောင်တန်ဒေသများ ၏ အုပ်ချုပ်ရေး ကို ဖျက်သိမ်း၍ ပြည်မနှင့် တူညီသည့် အုပ်ချုပ်ရေး ရရှိရေး ၊ လူသားတို့၏ လွတ်လပ်ရေး နှင့် ငြိမ်းချမ်းရေး တို့အတွက် လှုပ်ရှားနေသော ကမ္ဘာ့အင်အားစု အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာ တရားဥပဒေများ ကိုလည်း ပြည်သူ့အကျိုး ရှေ့ရှု၍ ရေး ဆွဲပြဌာန်းရန် မျှော်မှန်းချက်များ ကို ချမှတ်ခဲ့သည်။

စီးပွားရေး တွင် မူ အလုပ်သမားများ ၏ အလုပ်ချိန်ကို တစ်နေ့ ၈ နာရီ သတ်မှတ်ရန် လုပ်ခအာမခံရန်၊ လူမှု ဖူလုံရေး ရန်ပုံငွေထားရှိရန် စသည့် အလုပ်သမားနှင့် သက်ဆိုင်သည့် လိုလားချက်များ ကို ရည်မှန်းထားသည်။ ထို့ပြင် လယ်သမားမြေယာ ခွဲဝေရေး နှင့် ပတ်သက်၍ အမှန်တကယ် လယ်လုပ်သူများ ကိုသာ လယ်ယာပိုင်ဆိုင်ခွင့်ပေးရန်၊ လယ်ယာများ ဝေငှရန်၊ လယ်လုပ်ကိရိယ၊ မျိုးစေ့နှင့် အမတော် ကြေးများ ထုတ်ချေးရန် စသည့် လယ်သမားဆိုင်ရာ လိုလားချက်များ ကို ထည့်သွင်းခဲ့သည်။ ခေတ်ပညာတတ် လူငယ်တို့က ခေါင်းဆောင်သော ကြောင့် အတက်ကြွဆုံးနှင့် အလှုပ်ရှားဆုံး ဖြစ်သည့်အလျောက် အင်္ဂလိပ်အစိုးရ၏ အငြိုငြင်ခံရဆုံး၊ အဖိနှိပ်ခံရဆုံး အစည်းအရုံးလည်း ဖြစ်ခဲ့သည်။

တို့ဗမာအစည်းအရုံး စတင်တည်ဆောက်ချိန်မှစ၍ ညီလာခံ ၅ ကြိမ် ပြုလုပ်ခဲ့သည်။ ၁၉၃၅ မတ် ၃၀ မှ ဧပြီ ၁ ရက်နေ့အထိ ရေနံချောင်းတွင် ပထမအကြိမ် ညီလာခံ၊ ၁၉၃၆ ဇွန် ၂၇ မှ ၂၉ ရက်နေ့အထိ မြင်းခြံမြို့တွင် ဒုတိယအကြိမ် ညီလာခံ၊ ၁၉၃၈ မတ်လ ၂၂ မှ ၂၄ ရက်နေ့အထိ ပြည်မြို့တွင် တတိယအကြိမ် ညီလာခံတို့ကို ပြုလုပ်ခဲ့ကြသည်။

တတိယအကြိမ် ညီလာခံတွင် သခင်အမတ်များ လခယူရေး ၊ မယူရေး နှင့် ဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်သစ်များ ရွေးချယ်ရမည့်  အရေး တို့ကိုပါ အကြိတ်အနယ် ဆွေးနွေးကြပြီးလျှင် သခင်အမတ်များ လစာငွေ မယူကြရန် ဆုံးဖြတ်ကြလေသည်။ ထို့နောက် ဥက္ကဋ္ဌသစ် ရွေးကြရာတွင် သခင်သိန်းမောင်နှင့် သခင်ညီတို့ ယှဉ်ပြိုင်အရွေးခံကြရာ သခင်သိန်းမောင် အနိုင်ရရှိသွား၏ ။ ထိုညီလာခံတွင် သဘောကွဲလွဲမှု များ ဖြစ်ပေါ်လျက် မကျေနပ်မှု များ လည်း ပေါ်ထွက်ခဲ့လေသည်။ သခင်သိန်းမောင်နှင့် သခင်ဗစိန်တို့ အချင်းချင်း မသင့်သော ကိစ္စလည်း ရှိ၏ ။ သို့သော် ကိစ္စအ၀၀ကို မျိုသိပ်ကာ ပြည်ဖုံးချလျက် ညီလာခံသဘင် အစည်းအဝေးကြီး ပြီးဆုံးသွားခဲ့လေသည်။

ထိုညီလာခံပြီးနောက် ဥက္ကဋ္ဌသစ်နှင့် အလုပ်အမှု ဆောင်သစ်တို့သည် ဌာနချုပ်လုပ်ငန်းများ ကို ချမှတ်ကြသည်။ တို့ဗမာအစည်းအရုံး ဌာနချုပ်လက်အောက်တွင် `ကိုယ့်မင်းကိုယ်ချင်းအဖွဲ့´ ဟူသော ဥပဒေပြုလွှတ်တော် နှင့် တကွ ဒေသန္တရအဖွဲ့ဝင် ပုဂ္ဂိုလ်များ ၏ အစုအဖွဲ့သည်လည်းကောင်း၊ `ဗမာ့လက်ရုံးတပ်´ ဟူသော တို့ဗမာတပ်ဖွဲ့ကိုလည်းကောင်း ဖွဲ့စည်းလိုက်ကြသည်။ တို့ဗမာလက်ရုံးတပ်တွင် ပင်ဖြူလှခေါ် သခင်လှဖေက ဗိုလ်ချုပ်ပြုလုပ်၍ လည်းကောင်း၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့တွင် သခင်မြက ခေါင်းဆောင်ပြုလုပ်၍ လည်းကောင်း ဆောင်ရွက်ကြရာ လက်ရုံးတပ်အင်အားလည်း တိုးတက်များ ပြားလာ၏ ။ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့ဝင်တို့သည် ဥပဒေပြုလွှတ်တော် စတင်စည်းဝေးသည့် နေ့မှာ ပင်လျှင် ဘုရင်ခံကြွရောက်လာသည်ကို ဥပဒေပြုအမတ်တို့ကဲ့သို့ မတ်တတ်ထကာ အရိုအသေ မပြုခြင်း၊ နှုတ်မဆက်ခြင်းတို့ကို ပြောင်အတိအလင်း လုပ်ပြလိုက်ကြသဖြင့် ဥပဒေပြုလွှတ်တော် ရာဇ၀င်တွင် မပေါ်ပေါက်ဖူးသေးသော အ ဖြစ်တို့ ပေါ်ပေါက်ကာ ကိုယ့်မင်းကိုယ့်ချင်း သခင်အမတ်တို့အပေါ်တွင် တိုင်းပြည်က အတော် ဂရုစိုက်လာကြလေသည်။

ဤသို့ တို့ဗမာအစည်းအရုံးကြီးအား တိုင်းပြည်နှင့် အ၀န်း အာရုံပြုစဉ်မှာ ပင် သခင်သိန်းမောင်၊ သခင်ဗစိန်တို့၏ မသင့်တင့်မှု သည် ရင့်မာကြီးထွားလာချေသည်။ နောက်ဆုံးတွင် သခင်သိန်းမောင်က သခင်ဗစိန်အား တို့ဗမာအစည်းအရုံးမှ ထုတ်ပစ်လေရာ ဥက္ကဋ္ဌ သခင်သိန်းမောင်သည် အလုပ်အမှု ဆောင်များ နှင့် မတိုင်ပင်ဘဲ ထုတ်ပစ်သဖြင့် ထိုဥက္ကဋ္ဌအမိန့်သည် တရားဝင်မ၀င် အလုပ်အမှု ဆောင်တွင် အငြင်းပွားကာ အုပ်စုနှစ် စု ကွဲကွာပြန်သည်။ ထိုမှတစ်ဖန် တစ်ပြည်လုံးရှိ တို့ဗမာအစည်းအရုံးဝင်တို့တွင် ဂယက်ရိုက်ကာ ဆူပွက်ကုန်ကြလေသည်။ ဤတွင် ဗမာပြည်လုံးဆိုင်ရာ အမှု ဆောင်များ က ဆရာကြီး သခင်ကိုယ်တော် မှိုင်းအား ဆုံးဖြတ်ပေးရန် အာဏာကုန် လွှဲအပ်ကြလေသည်။ နောက်ဆုံး ဆရာကြီး၏ အဆုံးအဖြတ်ကိုလည်း မနာယူကြသဖြင့် သခင်ဗစိန်တို့လူစုက သာယာဝတီသုံးဆယ် ပန်းဆွဲတွင် လည်းကောင်း၊ သခင်သိန်းမောင်တို့လူစုက ဆရာကြီး သခင်ကိုယ်တော် မှိုင်းကို နာယကတင်၍ မော်လမြိုင်မြို့တွင် စတုတ္ထအကြိမ် ညီလာခံကို ၁၉၃၉ ဧပြီ ၇ မှ ၁၀ ရက်နေ့အထိ တစ်ကွဲတစ်ပြားစီ ကျင်းပကြလေသည်။

သာယာဝတီ ပန်းဆွဲညီလာခံတွင် ပန်းဆွဲဆရာတော် ၊ ဆရာတော် ဦးကွာပိန္ဒဓိပတိ၊ ဆရာတော် ဦးဝါသ၀၊ ဦးဥတ္တမညီ ရှင်အရိယကြီး၊ သခင်ထွန်းအုပ်၊ သခင်ဗစိန်၊ သခင်အောင်သန်း (နောင် ဗိုလ်စကြာ)၊ သခင်အေး၊ သခင်ညီ၊ သခင်ခင်အောင်၊ သခင်လှဖေ၊ သခင်ခ၊ သခင်ကျော်ရင်၊ သခင်ထွန်းဆိုင်၊ သခင်စောကြီး၊ သခင်အောင်ကြီး စသည်တို့ ပါဝင်၍ မော်လမြိုင် ညီလာခံတွင် သခင်သိန်းမောင်၊ သခင်မြ၊ သခင်လေးမောင်၊ သခင်ထွန်းတင်၊ သခင်ထိပ်တင် ကိုယ်တော် ကြီး၊ သခင်အောင်ဆန်း၊ သခင်လှဘော်၊ သခင်ဗမောင်ကြီး၊ သခင်သန်းထွန်း၊ သခင်ထွန်းစိန်၊ သခင်ဗရင်၊ သခင်စံထွန်းလှ စသည်တို့ ပါဝင်ကြသည်။ ဆရာကြီး သခင်ကိုယ်တော် မှိုင်းအားလည်း ပင့်ဆောင်ကာ ဆက်လက် လုပ်ဆောင်ကြ၏ ။ ဤတွင် တို့ဗမာအစည်းအရုံးကြီးမှာ ၂ ခု ဖြစ်ကာ သခင်ကိုယ်တော် မှိုင်း တို့ဗမာအစည်းအရုံး၊ သခင်ဗစိန် တို့ဗမာအစည်းအရုံးဟူ၍ ဖြစ်ပေါ်လာပြီးလျှင် အနယ်နယ်အရပ်ရပ်တွင် မှ တို့ဗမာအစည်းအရုံးတို့လည်း နှစ် ပိုင်းကွဲပြားသွားလေသည်။

သို့ကလို တို့ဗမာအစည်းအရုံးကြီး နှစ် ခု ဖြစ်ကာ လုပ်ဆောင်လာကြရာ လုပ်ငန်းဝါဒတို့သဘောမှ ခြားနားခြင်းမရှိလှသဖြင့် ၁၃၀၀ ပြည့် ပေါ်ပေါက်လာသော ရေနံသပိတ်အရေး တော် ပုံ၊ ကျောင်းသားအရေး တော် ပုံ၊ တောင်သူလယ်သမား အရေး တော် ပုံတို့တွင် တို့ဗမာအစည်းအရုံးနှစ် ခုစလုံးကပင် ကူညီအားပေး ရွက်ဆောင်ကြလေသည်။

ဤသို့ လျှင် နိုင်ငံရေး ရာတို့ကို အကြောင်းအားလျော်စွာ ရွက်ဆောင်လာကြရင်းပင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားမည့်  အရိပ်အယောင်တို့လည် ထွက်ပေါ်လာလေသည်။ ထို့နောက် ပဉ္စမအကြိမ် တို့ဗမာအစည်းအရုံးညီလာခံကို သာယာဝတီမြို့တွင် သခင်ကိုယ်တော် မှိုင်း ဦးဆောင်ကာ ၁၉၄၀ ပြည့်နှစ် မေ ၁၁ မှ ၁၃ ရက်အထိ ကျင်းပခဲ့လေသည်။ တို့ဗမာအစည်းအရုံးကြီးသည်လည်း ဒုတိယကမ္ဘာစစ် ဖြစ်မည့် အရေး ကို မျှော်တွေးကာ အာရုံစိုက်လာကြသည့် အားလျော်စွာ ၁၉၄၁ တွင် ဂျပန်တို့ လျှို့ဝှက်ဆက်သွယ်ကြလေသည်။ ဤသို့ ဆက်သွယ်ရာတွင် အစည်းအရုံးကြီး ၂ ခုရှိရာ သခင်ကိုယ်တော် မှိုင်း အစည်းအရုံးသည် ဂျပန်ကြည်းတပ်နှင့် ၎င်းသခင် ဗစိန် တို့ဗမာအစည်းအရုံးကမူ ဂျပန်ရေတပ်မတော် နှင့် လည်းကောင်း အဆက်အသွယ်ပြုပြီးလျှင် ဂျပန်ပြည်သို့ တိတ်တဆိတ် လူငယ်များ စေလွှတ်ကြလေသည်။ ထိုစဉ်အတွင်း ဗမာပြည်ရှိ တို့ဗမာအစည်းအရုံးဝင် သခင်အမြောက်အမြားလည်း ကာကွယ်ရေး ဥပဒေနှင့် အဖမ်းအဆီးခံကြရလေသည်။ ၁၉၄၁ ခု ဒီဇင်ဘာ ၉ ရက်နေ့တွင် တို့ဗမာအစည်းအရုံးသည်လည်း အင်္ဂလိပ်အစိုးရ၏ မတရားသင်းအ ဖြစ် ကြေညာခံရလေသည်။

တို့ဗမာအစည်းအရုံးတို့မှ လျှို့ဝှက်စေလွှတ်လိုက်သော လူငယ်များ သည် ထိုင်ဝမ်ကျွန်းတွင် လေ့ကျင့်ခန်းများ သင်ကြားပြီးနောက် ဗိုလ်မိုးကြိုး ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ဟူသော အမည် ဖြင့် ဂျပန်တို့နှင့် အတူ ယိုးဒယား (ထိုင်း) နိုင်ငံမှတစ်ဆင့် မြန်မာပြည်သို့ ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ကြလေသည်။ မြန်မာပြည်တွင်းသို့ ရောက်သော အခါ ရဲဘော်သုံးကျိပ်တို့၏ စည်းရုံးမှု ကြောင့် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ)သို့ ၀င်ရောက်လာကြသူ လူငယ်အရေအတွက်မှာ အထူးများ ပြားလာသည် သာမက ရောက်လေရာ အရပ်တိုင်းကလည်း ဗမာ့တပ်မတော် အား အထူးကြိုဆိုကြလေသည်။

ရဲဘော်သုံးကျိပ်တို့မှာ သခင်ဗစိန် တို့ဗမာအစည်းအရုံးမှ သခင်ထွန်းအုပ်၊ ဗိုလ်စကြာ၊ ဗိုလ်နေ၀င်း၊ ဗိုလ်စောနောင်၊ ဗိုလ်မြင့်ဆွေ၊ ဗိုလ်ဘုန်းမြင့်၊ ဗိုလ်စောနောင်၊ သခင်သန်းတင် (ဖော်မိုဘာတွင် ကျဆုံးသူ) နှင့် ဗိုလ်မိုးညိုတို့ ဖြစ်သည်။

ဆရာကြီး သခင်ကိုယ်တော် မှိုင်း တို့ဗမာအစည်းအရုံးမှ ဗိုလ်တေဇ (အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း)၊ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်အောင် (ဗိုလ်မှူးအောင်)၊ ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျ၊ ဗိုလ်မိုး၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်လရောင် ၊ ဗိုလ်မင်းခေါင်၊ ဗိုလ်ဗလ၊ ဗိုလ်ဉာဏ၊ ဗိုလ်မြဒင်၊ ဗိုလ်မင်းရောင် ၊ ဗိုလ်မြင့်အောင်၊ ဗိုလ်လင်းယုန်၊ ဗိုလ်ဇင်ယော်၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တာရာ၊ ဗိုလ်ထိန်ဝင်း၊ ဗိုလ်တောက်ထိန်တို့ ဖြစ်သည်။

၁၉၄၂ မတ် ၈ ရက် တနင်္ဂနွေနေ့ နံနက် ၈ နာရီအချိန်တွင် မြန်မာပြည် ရန်ကုန်မြို့တော် ကို အင်္ဂလိပ်လက်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြလေသည်။ ၁၉၄၂ မေ ၁၄ ကြာသပတေးနေ့တွင် ပင် မြန်မာပြည်အထက်ပိုင်း မြစ်ကြီးနားမြို့ကို ဗမာ့လွတ်လပ်ရေး တပ်မတော် နှင့် ဂျပန်တပ်များ သိမ်းယူလိုက်ကြလေသည်။

ဂျပန်စစ်သေနာပတိ ဂျင်နရယ်အီးဒါးက ဒေါက်တာဘမော်ကို အုပ်ချုပ်မှု စီစဉ်ရန်အတွက် အစည်းအဝေးခေါ်ရန် ဖိတ်ကြားစေသော ကြောင့် ဒေါက်တာဘမော်သည် တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်များ နှင့် ပူးပေါင်း၍ ၁၉၄၂ မေ ၂၁ ကြာသပတေးနေ့၌ မေမြို့ (ပြင်ဦးလွင်မြို့)တွင် အစည်းအဝေး ကျင်းပခဲ့သည်။ (၁၉၄၂ ဇွန် ၄ ရက်နေ့တွင် ဂျပန်စစ်ဗိုလ်ချုပ်ကြီး အီးဒါးက ဒေါက်တာဘမော်ကို ခေါင်းဆောင်စေ၍ အုပ်ချုပ်မှု စီစဉ်ရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးလိုက်သည်။ ယင်းအဖွဲ့တွင် ဒေါက်တာဘမော်၊ ဦးဘဘေ၊ ဒေါက်တာသိန်းမောင်၊ သခင်သန်းထွန်း၊ သခင်မြ၊ သခင်နု၊ သခင်ထွန်းအုပ်၊ သခင်ဗစိန်၊ ဦးထွန်းအောင်၊ ဗန္ဓုလဦးစိန်၊ ဦးဘ၀င်း၊ ဓားမဦးဘသိန်း၊ ဦးလှဖေ တို့ ပါဝင်ခဲ့ကြသည်။

ယင်းနောက် ၁၉၄၂ ဇွန် ၁၅ တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် နှင့် ဂျပန်တပ်များ က မြန်မာပြည်တစ်ပြည်လုံး လက်ရသိမ်းပိုက် ရရှိလိုက်ကြောင်း ကြေညာခဲ့ကြလေသည်။

၁၉၄၂ ဇူလိုင် ၂၆ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် ကိုလည်း ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ)အ ဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး ၁၉၄၂ သြဂုတ် ၁ ရက်တွင် ဂျပန်စစ်ဗိုလ်ချုပ်ကြီး အီးဒါးက သူ၏ လက်အောက်၌ စစ်အုပ်ချုပ်ရေး ဖြစ် ဖြစ် အုပ်ချုပ်ရန် အစိုးရအဖွဲ့ ဖွဲ့စည်းစေခဲ့သော ကြောင့် ဂျပန်စစ်အုပ်ချုပ်ရေး အဖွဲ့ ပေါ်ပေါက်လာသည်။ ယင်း အုပ်ချုပ်ရေး အဖွဲ့မှာ -

(၁) ဒေါက်တာဘမော် - ၀န်ကြီးချုပ်

(၂) သခင်မြ - ဒုဝန်ကြီးချုပ်

(၃) ဒေါက်တာသိန်းအောင် - ဘဏ္ဍာရေး

(၄) ဦးထွန်းအောင် - တရားဌာန

(၅) ဦးဘ၀င်း - ပြည်ထဲရေး ဌာန

(၆) သခင်သန်းထွန်း - မြေနှင့် လယ်ယာစိုက်ပျိုးရေး

(၇) သခင်ထွန်းအုပ် - သစ်တောနှင့် သတ္ထုတွင်းဌာန

(၈) သခင်ဗစိန် - ဆည်မြောင်းနှင့် အလုပ်သမားဌာန

(၉) ဗန္ဓုလ ဦးစိန် - လမ်းလုပ်ငန်းအဆောက်အဦနှင့် ပြန်လည်ထူထောင်ရေး

(၁၀) ဦးလှဖေ - ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှု လက်မှု ဌာနတို့ ဖြစ်ကြသည်။

ထို့နောက် ၁၉၄၃ သြဂုတ် ၁ ရက်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ပင် မြန်မာပြည် လွတ်လပ်ရေး ကြေညာခွင့်ရရှိခဲ့သဖြင့် ကြေညာခဲ့ကြရလေသည်။ ဂျပန်ခေတ် လွတ်လပ်သေ အစိုးရအဖွဲ့သစ် ၀န်ကြီးများ မှာ -

(၁) ဒေါက်တာဘမော် - နိုင်ငံတော် အဓိပတိ

(၂) သခင်မြ - ဒုတိယ၀န်ကြီးချုပ်

(၃) ဒေါက်တာသိန်းမောင် - ဘဏ္ဍာရေး ၀န်ကြီး

(၄) ဦးထွန်းအောင် - ပူးပေါင်းဆောင်ရွက်ရေး ဌာန

(၅) ဦးဘ၀င်း - ပြည်ထဲရေး ဌာန

(၆) ဗန္ဓုလ ဦးစိန် - ကြီးပွားရေး ၀ါဒ ဖြန့်ချိရေး နှင့် သာသနာရေး

(၇) ဦးလှဖေ - သစ်တောနှင့် သတ္ထုတွင်းဌာန

(၈) သခင်သန်းထွန်း - မြေယာနှင့် လယ်ယာစိုက်ပျိုးရေး ဌာန

(၉) ဦးလှမင်း - ပညာရေး နှင့် စည်ပင်သာယာရေး ဌာန

(၁၁) ပျော်ဘယ်ဦးမြ - ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှု လက်မှု

(၁၂) ဦးအေး - အခွန်တော် ဌာန

(၁၃) သခင်နု - နိုင်ငံခြားရေး ဌာန

(၁၄) ဗိုလ်ချုပ်အောင်ဆန်း - ကာကွယ်ရေး ဌာန

(၁၅) သခင်လေးမောင် - လမ်းပန်းနှင့် ပြန်လည်ထူထောင်ရေး ဌာန

(၁၆) သခင်လွန်းဘော် - လမ်းပန်းအဆောက်အဦနှင့် ပြန်လည်ထူထောင်ရေး

(သခင်လွန်းဘော်ကို ၁၉၄၃ စက်တင်ဘာ ၁၆ ရက်မှ ဖြည့်စွက်ခန့်အပ်သည်) တို့ ဖြစ်သည်။

ထိုအစိုးရအဖွဲ့သစ်တွင် သခင်ထွန်းအုပ်နှင့် သခင်ဗစိန်တို့ မပါဘဲ ရှိသဖြင့် တို့ဗမာအစည်းအရုံးဝင်အချို့သည် မကျေမနပ် ရှိကြလေသည်။ နောက်ဆုံး ၁၉၄၃ သြဂုတ် ၁၁ ရက်တွင် ယင်းတို့နှစ် ယောက် ကို ဂျပန်တို့က ရှိုနန်ခေါ် စင်္ကာပူမြို့သို့ အကျယ်ချုပ်ဖြင့် ပို့လိုက်လေသည်။ လွတ်လပ်ရေး ကို ကမ္ဘာသိကြေညာ၍ ပေးအပ်စေကာမူ ဂျပန်တို့၏ ရက်စက်ကြမ်းကြုတ်သော ဖက်ဆစ်အပြုအမူတို့ကို ကြိတ်မှိတ်ခံနေရကြရသော မြန်မာတို့မှာ အချိန်ကောင်းကို စောင့်မျှော်လျက်ရှိကြ၏ ။ ၁၉၄၅ တွင် ဂျပန်တို့ စစ်ရေး နိမ့်ကာ မဟာမိတ်ပ်တို့သည် မြန်မာပြည်သို့ ပြန်လည်တိုက်ခိုက် ၀င်ရောက်လာကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ဗိုလ် စသည်တို့သည် မဟာမိတ်တပ်တို့နှင့် ဆက်သွယ်ကာ ဂျပန်တို့အား တော် လှန်၍ မြန်မာနိုင်ငံမှ မောင်းထုတ်ကြပြန်သည်။ ၁၉၄၅ ဧပြီလ ၂ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော် သည် ဖက်ဆစ်ဂျပန်များ ကို တော် လှန်ပုန်ကန်ကြပြီ ဖြစ်ကြောင်း ကမ္ဘာသိ အသံလွှင့်ကြေညာလိုက်လေသည်။ ၁၉၄၅ မေလ ၁ ရက်တွင် မြန်မာ့မျိုးချစ်တပ်မတော် သည် မြန်မာပြည် ရန်ကုန်မြို့ကို ဖက်ဆစ်ဂျပန်များ လက်မှ ပြန်လည်သိမ်းပိုက်လိုက်ကြသည်။ မြန်မာ့မျိုးချစ် တပ်မတော် သည် ရန်ကုန်မြို့ကို လက်ရသိမ်းပိုက်ပြီးနောက် ၂ ရက်ခန့်အကြာမှ အင်္ဂလိပ်တပ်များ နှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ၀င်ရောက်လာကြလေသည်။ ထိုနေ့ကျမှ သိမ်းယူရရှိပြီး ဖြစ်ကြောင်းကိုလည်း ကြေညာကြလေသည်။ ထို့နောက် မြန်မာနိုင်ငံကို ကက်စဘီ (C.A.S (B))ခေါ် မြန်မာပြည်မြို့ပြ အုပ်ချုပ်ရေး အဖွဲ့များ က အုပ်ချုပ်ခဲ့လေသည်။

ထိုအချိန်တွင် ၁၉၄၅ ၌ တို့ဗမာအစည်းအရုံးဝင် သခင်များ ဖြစ်ကြေသော သခင်လေးမောင်၊ သခင်အေး၊ သခင်သိန်းမောင်၊ သခင်ဘသော င်း၊ သခင်ညီ၊ သခင်ကျော်စိန်၊ သခင်မြင့်၊ သခင်ဗရန်၊ သခင်ဘရင်၊ သခင်ခင်မောင် စသည်တို့သည် သခင်ကိုယ်တော် မှိုင်းအား ဥက္ကဋ္ဌတင်ပြီးလျှင် တို့ဗမာအစည်းအရုံးဌာနချုပ်ကို ပြန်လည်ဖွင့်လှစ်ကာ ဆက်လက်ဆောင်ရွက်ကြသည်။ သခင်အောင်ဆန်း၊ သခင်မြ၊ သခင်သန်းထွန်းတို့က ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ (ဖတပလ)မှ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူလွတ်လပ်ရေး အဖွဲ့ (ဖဆပလ)အမည် သို့ ပြောင်းလဲကာ ပါတီအလိုက်ရော၊ တစ်ဦးချင်းပါ ပါဝင်နိုင်သော အဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်ကြသည်။ တို့ဗမာအစည်းအရုံးကလည်း ဖဆပလနှင့် ဆက်သွယ်လိုက်ကြသည်။ သို့သော် မကြာမီမှာ ပင် သဘောကွဲလွဲကာ ဖဆပလမှ နုတ်ထွက်လိုက်ကြသည်။

ဗြိတိသျှအစိုးရသည် ကက်စဘီအစိုးရကို ရုတ်သိမ်းပြီးနောက် ဘုရင်ခံဟောင်း ဖြစ်သူ ဆာဒေါ်မန်စမစ်အား ၁၉၃၅ မြန်မာပြည် အုပ်ချုပ်ရေး ဥပဒေအရ အုပ်ချုပ်စေသည်။ ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၉၄၅ နိုဝင်ဘာလတွင် ဗမာပြည်အား ဒိုမီနီယန်လွတ်လပ်ရေး ပေးအပ်ရန် လာပါသည်ဟုဆိုကာ ပြည်သူတို့အား ဖိတ်ခေါ်လေရာ တို့ဗမာအစည်းအရုံးသည် ထိုစက္ကူဖြူအစိုးရအဖွဲ့တွင် ပါဝင်ဆောင်ရွက်ကြလေသည်။ သခင်ရန်အောင်သည် ပညာရေး ၀န်ကြီးအ ဖြစ် လည်းကောင်း၊ သခင်ညီ၊ သခင်အေး၊ သခင်ကျော်စိန်၊ သခင်လူထွန်းတို့သည် ဥပဒေပြုအမတ်များ အ ဖြစ်နှင့် လည်းကောင်း ဆောင်ရွက်ကြ၏ ။ မကြာမီ သခင်ထွန်းအုပ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် လေယာဉ်ပျံဖြင့် ဗြိတိသျှစစ်တပ်က ပြန်ပို့လိုက်ရာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ ထို့နောက် ဘုရင်ခံ၏ အလုပ်အမှု ဆောင်ကောင်စီကို တိုးချဲ့ဖွဲ့စည်းရာ သခင်ထွန်းအုပ်သည် စီမံကိန်းဌာန၀န်ကြီးအ ဖြစ် ပြန်လည်ခန့်အပ်ခြင်း ခံရသည်။

ဤသို့ ဆာဒေါ်မန်စမစ် အုပ်ချုပ်ရေး လုပ်ကိုင်နေစဉ် မြန်မာနိုင်ငံ ပုလိပ်အဖွဲ့ကြီးနှင့် အမှု ထမ်းပေါင်းစုံ အဖွဲ့ကြီးတို့၏ သပိတ်အရေး တော် ပုံများ ပေါ်ပေါက်လာလေရာ ဗြိတိသျှအစိုးရသည် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ်အား ပြန်၍ ခေါ်ရလေတော့သည်။ ယင်းနေရာတွင် ဘုရင်ခံအ ဖြစ် ဆာဟင်နရီနိက် ခေတ္တရောက်ရှိလာပြီး မကြာမီပင်လျှင် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ရောက်လာလေသည်။

ဆာဟူးဘတ်ရန့်စ် ရောက်ရှိလာပြီး မကြာမီမှာ ပင် ဖဆပလအဖွဲ့နှင့် စေ့စပ်၍ ဗိုလ်ချုပ်အောင်ဆန်းအား အစိုးရအဖွဲ့ဖွဲ့ရန် လွှဲအပ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရဖွဲ့သော အခါ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အ ဖြစ် ဂျာမားမှ ပြန်လည်ရောက်ရှိလာသော သခင်ဗစိန်အား သယ်ယူပို့ဆောင်ရေး နှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးအ ဖြစ် ထည့်သွင်းခန့်ထားလေသည်။ ထိုအချိန်တွင် တို့ဗမာအစည်းအရုံးကြီး၏ အာဘော် ဖြစ်သော နေ့စဉ်ထုတ် သခင်သတင်းစာ ကို သခင်အေးနှင့် သခင်ထွန်းအုပ်တို့က တာဝန်ယူ ထုတ်ဝေကာ အရေး ကြီးသော နိုင်ငံရေး ကိစ္စအ၀၀တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ရေး သားလျက် ရှိသည်။

ယင်းနောက် ၁၉၄၇ ဇန်န၀ါရီ ဗမာ့လွတ်လပ်ရေး ကိစ္စအတွက် ဆွေးနွေးရန် ဗြိတိသျှအစိုးရ ဖိတ်ခေါ်လေရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အင်္ဂလန်ပြည်သို့ ထွက်ခွာလေသည်။ ထို့နောက် ၁၉၄၇ ဇန်န၀ါရီ ၁၃ ရက်နေ့မှစ၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရအဖွဲ့တို့ စတင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ၁၉၄၇ ဇန်န၀ါရီ ၂၇ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ နန်းရင်းဝန် အက်တလီတို့ `အောင်ဆန်း-အက်တလီစာချုပ်´ ကို လက်မှတ်ရေး ထိုးခဲ့ကြလေသည်။ အစိုးရစာချုပ်ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့က သဘောကွဲလွဲကာ လက်မှတ်ထိုးရန် ငြင်းပယ်ခဲ့ကြသည်။ သခင်ဗစိန်နှင့် ဂဠုန်ဦးစောတို့သည် ၁၉၄၇ ဖေဖော်ဝါရီလ ၁၉ ရပ်တွင် ၀န်ကြီးအဖွဲ့မှ နုတ်ထွက်သွားသော ကြောင့် ၁၉၄၇ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကြားဖြတ်ယာယီအစိုးရအ ဖြစ် အမည် ပေးကာ ပြန်လည်ဖွဲ့စည်းလိုက်ကြသည်။

၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်တွင် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို မြန်မာပြည် (၁၉၃၅) ရွေးကောက်ပွဲ အက်ဥပဒေအတိုင်း ကျင်းပပြုလုပ်ပေးလိုက် သည်။

ထို့နောက် ၁၉၄၇ ဇူလိုင်လ ၁၉ ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံး (နောက်ဝန်ကြီးများ ရုံး) အတိုင်ပင်ခံအဖွဲ့ အစည်းအဝေးပြုနေစဉ်အတွင်း ဂဠုန်ဦးစော၏ စေခိုင်းချက်အရ လူသတ်သမားတို့ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီး ၆ ဦး၊ အမှု ထမ်း ၂ ဦးတို့ ကျဆုံးခဲ့ရလေသည်။ ထိုနေ့ ညတွင်းချင်းပင် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က သခင်နုကို ခေါ်၍ ကြားဖြတ်ယာယီအစိုးရအဖွဲ့ ခန့်အပ်နှင်းလိုက်ရာ ဖော်ပြပါအတိုင်း ဖွဲ့စည်းလိုက်လေသည်။

* * * * *


ကြားဖြတ်ယာယီအစိုးရအဖွဲ့

(၁) သခင်နု - ဒုတိယသဘာပတိ

(၂) ဗိုလ်လက်ျာ - ကာကွယ်ရေး ဌာန၀န်ကြီး

(၃) ဗိုလ်မှူးဖိုးကွန်း - ပညာရေး ဌာန၀န်ကြီး

(၄) သခင်လွန်းဘော် - ပြန်ကြားရေး ဌာန၀န်ကြီး

(၅) သခင်တင် - လယ်ယာစိုက်ပျိုးရေး ဌာန၀န်ကြီး

(၆) ဟင်္သာတဦးမြ - စက်မှု လက်မှု နှင့် အလုပ်သမားဌာန ၀န်ကြီး

(၇) ပျော်ဘွယ်ဦးမြ - ဘဏ္ဍာရေး ဌာန၀န်ကြီး

(၈) ဦးအောင်ဇံဝေ - ပြည်သူ့ဝန်ထမ်းဌာန၀န်ကြီး

(၉) ဦးဘဂျမ်း - ပြန်လည်ထူထောင်ရေး ဌာန၀န်ကြီး

(၁၀) ဦးကျော်ငြိမ်း - ပြည်ထဲရေး နှင့် တရားရေး ဌာန၀န်ကြီး

(၁၁) စောစံဖိုးသင် - လမ်းပန်းဆက်သွယ်ရေး ဌာန၀န်ကြီး

(၁၂) ဦးဖေခင် - ဌာနလက်ကိုင်မရှိ

(၁၃) မန်းဝင်းမောင် - ဌာနလက်ကိုင်မရှိ

(၁၄) စ၀်ခွန်ချို - ဌာနလက်ကိုင်မရှိတို့ ဖြစ်သည်။

တိုင်းပြုပြည်ပြုလွှတ်တော် သုံးကြိမ်မြောက် ညီလာခံအစည်းအဝေးကို ၁၉၄၇ စက်တင်ဘာလ ၂၄ ရက်တွင် ပြန်လည်ကျင်းပရာ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တင်သွင်းဆွေးနေါးလက်ခံ အတည်ပြုပြဋ္ဌာန်းလိုက်ကြသည်။

ယင်းနောက် ၁၉၄၇ အောက်တိုဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော် ယာယီဝန်ကြီးချုပ် ဦးနုနှင့် ဗြိတိသျှ နန်းရင်းဝန် အက်တလီတို့ လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ်(၁၀)ရှိ ၀န်ကြီးချုပ်ရုံးခန်းတွင် သမိုင်းဝင် `နု - အက်တလီစာချုပ်´ ကို လက်မှတ်ရေး ထိုး ချုပ်ဆိုခဲ့ကြပြီး ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့တွင် နံနက် ၄း၂၀ နာရီတွင် ဗြိတိသျှတို့က နှစ် ပေါင်း ၁၀၀ ကျော်ခန့် စိုးမိုးအုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံအား လုံးဝ လွတ်လပ်ရေး ပေးကာ ကမ္ဘာသိ ထုတ်ပြန်ကြေညာ ပေးအပ်ခဲ့ရလေသည်။ လွတ်လပ်ရေး ရရှိသော အခါ တို့ဗမာအစည်းအရုံးသည် အတိုက်အခံ အစည်းအရုံးအ ဖြစ် ရပ်တည်ကာ နိုင်ငံရေး ဆက်လက်ဆောင်ရွက်ခဲ့လေသည်။

ထို့နောက် မြန်မာ့လွတ်လပ်ရေး အတွက် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး ထိပ်တန်းနိုင်ငံရေး နှင့် စစ်ရေး ခေါင်းဆောင်များ ကို မွေးထုတ်ပေးခဲ့သော တို့ဗမာအစည်းအရုံးသည် ၁၉၆၂ ခုနှစ် တွင် ဖျက်သိမ်းခံလိုက်ရလေသည်။ စတင်ဖွဲ့စည်းသည့် ၁၉၃၀ မှ ဖျက်သိမ်းခံရသည့် ၁၉၆၂ အထိ ၃၂ နှစ် သက်တမ်းတစ်လျှောက် မြန်မာ့လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သော တို့ဗမာအစည်းအရုံးသည် ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လေသည်။

သို့ကလို မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၌ ထင်ရှားခဲ့သော တို့ဗမာအစည်းအရုံးဝင် သခင်များ ၏ အတ္ထုပ္ပတ္တိကို စုစည်းဖော်ပြလိုက်ပါသည်။

* * * * *


သခင်ကိုယ်တော် မှိုင်း

Cover

လူထု၏ ချစ်ခင်လေးစားခြင်းကို ခံယူရရှိသော ဆရာကြီး သခင်ကိုယ်တော် မှိုင်းသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ရာစုခေတ်တစ်ခေတ်နီးပါးမျှ ကလောင်ဖြင့် တိုက်ပွဲဝင်ခဲ့သည်သာမက ကိုယ်တိုင်လည်း ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် `သခင်ကိုယ်တော် မှိုင်းဋီကာ´ စာအုပ်ကို ပြုစုခဲ့သော ဆရာဇော်ဂျီက ``အိန္ဒိယလွတ်လပ်ရေး ကို နေရူးသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏ ။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို `တဂိုး´က စည်းရုံးပေးနိုင်ခဲ့သော ကြောင့် ဖြစ်သည်။ တရုတ်ပြည်သစ် ထူထောင်ရေး ကို `မော်စီတုန်း´ သည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏ ။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို `လူရွှန်း´က စည်းရုံးပေးခဲ့သော ကြောင့် ဖြစ်၏ ။ ထိုနည်းတူစွာ မြန်မာလွတ်လပ်ရေး ကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ်ယူပေးခဲ့သည်မှာ မှန်၏ ။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို ဆရာကြီးသခင်ကိုယ်တော် မှိုင်းက စည်းရုံးပေးခဲ့သော ကြောင့် ဖြစ်သည်ဟု ယူဆပါသတည်း´´ ဟူ၍ ရေး သားဖော်ပြထားလေသည်။

ဤအထိ ဆရာကြီးသခင်ကိုယ်တော် မှိုင်း၏ စာပေတို့သည် အစွမ်းထက်ခဲ့သည်။ ကျေးဇူးကြီးမားခဲ့သည်။ မှန်ပေသည်။ လောကအမြင်အကြားတို့ဖြင့် ပြီးသော အနုပညာလက်ရာမှန်သမျှသည် နှစ်သက် ခြင်းပီတိနှင့်တကွ လောကအမြင်တို့ကိုပါ ပေးတတ်သည်ဟု ဆိုကြလေသည်။ ဆရာကြီး၏ စာများ ကို ဖတ်ရှုသူတိုင်းသည် နှစ်သက် ခြင်းပီတိကို ဖြစ်ခဲ့သည်သာမက ပတ်ဝန်းကျင် လောကကို မြင်တတ်၊ ကြားတတ်ချင်သော ဆန္ဒ တိုးလာသည်ကို သတိပြုမိသည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု တွင် ဆရာကြီး၏ စာများ သည် မြန်မာစာပေဘက်မှနေ၍ ကြီးစွာ သော အထောက်အပံ့ကို ပေးခဲ့သည်။ ဆရာကြီး၏ ဇာတိမာန်ကဗျာများ သည် များ သော အားဖြင့် လေးချိုးရှည်ကြီးများ ဖြစ်၍ ထိုကဗျာများ ကို ဆရာကြီး၏ မှာ တော် ပုံများ ၌ လည်းကောင်း၊ ဆောင်းပါးပေါင်းချုပ်၌ လည်းကောင်း၊ ဒေါင်းဋီကာ၊ မျောက်ဋီကာ၊ မျောက်ပဏ္ဍိ၊ ဘွိုင်းကောက်ဋီကာ၊ ခွေးဋီကာ၊ ခွေးကဏ္ဍိများ ၌ လည်းကောင်း ဖတ်ရှုနိုင်ပေဥည်။

ဆရာကြီး သခင်ကိုယ်တော် မှိုင်းသည် ထိုစဉ်က ထိုကဗျာများ မှတစ်ဆင့် မြန်မာရာဇ၀င်နှင့် မြန်မာစာပေယဉ်ကျေးမှု တို့ကို မေ့လုမတ် စည်းကမ်းပျက်နေကြသော မြန်မာတို့၏ စိတ်ဓာတ် အညံ့အဖျင်းများ ကို ပကတိ အဆင်းအရောင် နှင့် ပြည့်စုံလာစေရန် မြန်မာမင်းကောင်းမင်းမြတ်တို့၏ အကြောင်းကိုလည်းကောင်း၊ မြန်မာရာဇ၀င် အ ဖြစ်အပျက်များ ကို လည်းကောင်း၊ မြန်မာစာပေ ယဉ်ကျေးမှု အကြောင်းကို လည်းကောင်း၊ လွမ်းဆွတ်ဖွယ်၊ ကြည်ညိုဖွယ်၊ အားတက်ဖွယ် ဖြစ်အောင် မြန်မာလူထု နားလည်နိုင်သော နည်းပရိယာယ်ဖြင့် ကြံဆောင်နှိုးဆော်ပေးခဲ့သည်။ ဆရာကြီး၏ ကဗျာများ သည် ပညာဂုဏ်ကို ဖော်လို၍ ဟိတ်တစ်လုံး ဟန်တစ်လုံးနှင့်ဖွဲ့ဆိုသော ကဗျာမျိုးမဟုတ်။ ကြည်လင်သော စေတနာဖြင့် သက်သက်သာသာ နာစချင့်ဖွယ် ဖြစ်အောင် ဖွဲ့ဆိုသော ကဗျာမျိုး ဖြစ်သည်။

ဆရာကြီး၏ စာပေနှင့် ဘ၀ခရီးစဉ်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ၏ ခရီးစဉ်နှင့် တပြေးညီ ဖြစ်ခဲ့သည်။ သို့ကလို လူထုအား ၀ံသာနုစိတ်ဓာတ် မြင့်မားစေရေး အတွက် ရှေ့ဆောင်လမ်းပြခဲ့သော မျိုးချစ်စာဆိုတော် ကြီး ဆရာကြီး သခင်ကိုယ်တော် မှိုင်းကို ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ၀ါးလည်ရွာ၌ အမိ ဒေါ်အုန်း၊ အဖ ဦးစံဒွန်းတို့မှ ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းငါးယောက် အနက် ဒုတိယမြောက် ဖြစ်သည်။ အမည် ရင်းမှာ မောင်လွမ်းမောင် ဖြစ်သည်။ ငယ်စဉ်ကပင် ဉာဏ်ထက်မြတ်သည်ဟု ဆိုလေသည်။ ဆရာကြီး၏ ကံ့ကူလက်လှည့်ဆရာမှာ မြန်မာစာပေသမိုင်းတွင် နေလပမာ ထင်ရှားလှသော ရွှေတောင်ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး (မြန်မာသက္ကရာဇ် ၁၁၇၈-၁၂၅၆) ဖြစ်သည်။

ထို့နောက် သီပေါမင်းလက်ထက် မန္တလေးနေပြည်တော် မြတောင်ကျောင်းတိုက်၌ ပညာဆက်လက်သင်ယူသည်။ ဆရာကြီး၏ အသက် ၁၀ နှစ် ၊ ၁၈၈၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ထူးခြားလှသော အခြင်းအရာတစ်ခုကို တွေ့ မြင်ခဲ့ရလေသည်။ ထိုအခြင်းအရာကား အင်္ဂလိပ်လက်သို့ အရှင်နှစ် ပါး လိုက်ပါသွားရသည့် ပါတော် မူမြင်ကွင်းပင်တည်း။ ပါတော် မူမြင်ကွင်းကြောင့် ပြည်သူတစ်ရပ်လုံး ယူကျုံးမရ ဖြစ်ခဲ့ရသည်ကို တွေ့ မြင်မိကာ ထိတ်လန့်ပူပန်၍ မခံချင်စိတ်၊ ဇာတိမာန်စိတ်တို့ ဆရာကြီးရင်ထဲ၌ ဖြစ်ပေါ်လာခဲ့လေသည်။ ယင်းနှင့် ပတ်သက်၍ ဆရာသိန်းဖေမြင့်က ၁၉၃၇ ခုနှစ် က ရေး သားထုတ်ဝေသော သူ၏ `သခင်ကိုယ်တော် မှိုင်းအမည် ခံ ဆရာလွန်း၏ အတ္ထုပ္ပတ္တိ´ ၌

`မြတောင်တိုက်ကျောင်းကြီးတစ်ကျောင်းရှိ ကပြင်၏ လက်ရန်းပေါ်တွင် လူချောချော ဆယ်နှစ် သားအရွယ် တစ်ယောက် ထိုင်နေလေ၏ ။ သူသည် သျှေင်ပေစူးကလေးကို ကျစ်နေအောင် ထုံးလျက်ထား၏ ။ တရုတ်တိုက်ပုံအင်္ကျီ၊ တောင်ရှည်ပုဆိုးကလေး ၀တ်ထား၏ ။ ထိုသူကလေးသည် သီပေါမင်း ပါသွားသည်ကိုမြင်လျှင် ငိုရှာလေသည်။ ၀မ်းထဲ၌ လှိုက်လှိုက်နှင့် ပူနေတော့၏ ။ အဖိုးများ စွာ ထိုက်တန်သော အရာကလေးတစ်ခု ပျောက်သွားသည်ဟု ထင်ရှာလေ၏ ။ ထိုလူငယ်သည် အသက်ငယ်သေးသော်လည်း (အင်း ငါတို့တစ်မျိုးလုံး လူမျိုးခြား ကျွန် ဖြစ်ပြီ) ဟု သိကာ မချိမဆံ့ ဖြစ်နေလေ၏ ။ နောက် ဘုရင်သည် ဂေါဝန်ဆိပ် ဆင်းသော အခါ ကျောင်းဦးဘုရားသို့ ထိုသူငယ်သည် သွားလေ၏ ။ ဘုရားကို ရိုသေစွာ ကန်တော့ပြီး (တပည့်တော် ကား ကမ္ဘာပျက်ခါနီး မှ လူ ဖြစ်ရပါသည်။ ယခု တပည့်တော် တို့ လူမျိုးသည် ကျွန် ဖြစ်ခဲ့ပါပြီ၊ နောက် ဖြစ်လေရာဘ၀၌ ဘုရားတပည့်တော် သည် ကျွန်လူမျိုး၌ မ ဖြစ်ရပါစေနှင့် ဘုရား)ဟု ဆုတောင်းလေ၏ ´´ ဟု ဆိုခဲ့လေသည်။

မန္တလေးတွင် ထီးနန်းကွယ်ပျောက်သည့်အခါမှစ၍ ဆရာကြီးသည် မြတောင်ကျောင်း၌ အတည်တကျ မနေတော့ဘဲ ချောင်းဦး၊ အလုံ၊ မုံရွာ၊ ကြေးမုံ၊ ဘုတလင် စသော အရပ်များ သို့ ကိုရင်ဘ၀ဖြင့် လှည့်လည်၍ စာသင်ပြန်လေသည်။ ထိုအခါကပင် မေတ္တာစာ၊ မှတ်တမ်းတို့ကို ရေး စပြုသည်ဟု ဆိုလေသည်။ ဤသို့ အလုံ၊ မုံရွာ စသည်တို့၌ တစ်လှည့်၊ မန္တလေး၌ တစ်လှည့် စာသင်ရင်း ခရီးလှည့်လည်ရင်းပင် ဆရာကြီး အသက် ၁၉ နှစ် အရွယ်သို့ ရောက်လာရာ အဖ ဦးစံဒွန်းသည် ၁၈၉၄ ခုနှစ် တွင် ကွယ်လွန်ခဲ့လေသည်။

ဤတွင် ဆရာကြီးသည် ရန်ကုန်သို့ ခြေဦးလှည့်ရလေတော့သည်။ ဆရာကြီးသည် တစ်သက်လုံး ရဟန်းပြုနေထိုင်ရန် ရည်မှန်းထားသော်လည်း ခိုကိုးရာမဲ့ ဖြစ်သော မိခင်ကြီးကို လုပ်ကျွေးသမှု ပြုရန် လူထွက်ခဲ့လေသည်။ ထို့နောက် မော်လမြိုင်ဆင်း၍ အလုပ်ရှာခဲ့လေသည်။ ထိုအခါမှစ၍ အသက် ၁၉ နှစ် အရွယ်အထိ သင်ကြားခဲ့သော ပညာနှင့်တကွ မန္တလေး၊ အလုံ၊ မုံရွာတို့၌ ကြားမြင်တွေ့ ကြုံခဲ့သော သုတ၊ ဒိဋ္ဌ၊ မုတတို့ကို ပြန်လည်သုံးသပ်၍ ကလောင်ကိုင်ခဲ့လေသည်။ နောင် ရေး လတ္တံ့သော စာပေအစုစုသည် ဆရာကြီး အသက် ၁၉ နှစ် အရွယ်အထိ အညာဒေသ၌ စုဆောင်းသိမ်းဆည်းခဲ့သော ပညာနှင့်တကွ အကြားအမြင် ဗဟုသုတ၊ ကိုယ်တွေ့ မှတ်တမ်းတို့၏ ကြေးမုံပင် ဖြစ်လေသည်။ မော်လမြိုင်မြို့ရှိ `မြန်မာတိုင်း´ သတင်းစာတွင် ပဏ္ဍိတလေးအမည် ဖြင့် ကဗျာများ ၊ ဆောင်းပါးများ ရေး သားခဲ့သည်။

မော်လမြိုင်မှတစ်ဖန် ၁၉၀၀ ပြည့်နှစ် တွင် ရန်ကုန်မြို့သို့ ရောက်ခဲ့သည်။ ဆရာကြီးသည် ရှေးဦးစွာ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းအနီး ၃၁ လမ်းရှိ ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်၌ အလုပ်ရသည်။ အလုပ်မှာ ပထမ စာစီအလုပ် ဖြစ်သည်။ ထိုမှတစ်စတစ်စ စာပြင်အယ်ဒီတာ ဖြစ်လာသည်။ ဇမ္ဗူ့ကျက်သရေ၌ အလုပ်လုပ်နေစဉ် ဆရာကြီးသည် တစ်ဖက်မှ ကြိုးစား၍ ကလောင်စမ်းစပြုနေသည်ဟု ဆိုလေသည်။ ထိုခေတ်မှာ ဇာတ်ပွဲများ ခေတ်စားသော ခေတ် ဖြစ်သည်။ ဇာတ်ပွဲများ ကို အကြောင်းပြု၍ ဇာတ်ကရန် ပြဇာတ်များ ခေတ်စားနေသည်။ ၂ ပဲတန် ပြဇာတ်စာအုပ်များ ပလူပျံသကဲ့သို့ ပေါ်ထွက်နေ၏ ။ ပြဇာတ်များ ကိုလည်း ထုတ်ဝေသူတို့က သွက်လက်စွာ ရိုက်နှိပ်ရောင်းချနေသလို ပြဇာတ်ရေး ဆရာတို့လည်း ၀င်ငွေလမ်းဖြောင့်နေသည်။ ဉာဏ်ပူဇော်ခမှာ စာမျက်နှာ ၈၀ ကျော်သာရှိသည့် ပြဇာတ်တစ်ထုပ်အတွက် ၁၅ ကျပ်၊ ၂၀ ကျပ်သာ ဖြစ်သည်။ ဆရာကြီးသည် မောင်လွမ်းကလောင်းအမည် ဖြင့် ပြဇာတ်များ ရေး ခဲ့ရာ စုစုပေါင်းပုဒ်ရေ ၈၀ ကျော်ရှိသည်ဟု သိရသည်။ ဆရာကြီးအဖို့ ပြဇာတ်တစ်ထုပ်ကို နှစ် ညခန့်သာ ရေး ရသဖြင့် ပြဇာတ်အများ အပြား ရေး နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆရာကြီး၏ ပြဇာတ်များ ကို ရုပ်သေးဦးဖူးညို၊ ဇာတ်မင်းသားကြီး စိန်ကတုံး၊ ယောက်ျားမင်းသမီး မယ်အောင်ဗလ၊ ဂရိတ်ဦးဖိုးစိန်တို့က ခင်းကျင်းပြသကြသည်ဟု ဆိုသည်။ ဆရာကြီး ရေး ခဲ့သော ပြဇာတ်များ အနက် `ရွှေတိဂုံဘရား အမှူးကျားဖူးတက်သော ဇာတ်ဆန်း´ ပြဇာတ်သည် အရောင်းရဆုံး ဖြစ်သည်။ အမှန်တကယ်ပင် ၁၉၀၃ ခုနှစ် ၊ မတ်လ ၂ ရက်နေ့တွင် ရွှေတိဂုံစေတီတော် အင်္ဂါထောင့်သို့ ကျားတစ်ကောင် တက်ရောက်ခဲ့သဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရသည်။

သို့သော် ပြဇာတ်ရေး ရာတွင် ဆရာသမားများ ၏ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုး၍ နာမည် ရင်းဖြင့် မရေး ဘဲ `ရွှေတောင်မောင်လွမ်း´ ဟူသော အမည် ဖြင့် ရေး သားလေသည်။

ဦးမောင်မောင်စ၊ ဒေါ်မမလေးတို့ ပိုင် ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်၌ စာပြဆရာ လုပ်နေစဉ်မှာ ပင် တိုက်ရှင်များ က ၁၉၀၃ ခုနှစ် တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန်စပါးပွဲစား ဦးနု၊ ဒေါ်နှင်းတို့၏ သမီး ဒေါ်ရှင်နှင့် အိမ်ထောင်ချ၍ ပေးလေသည်။

ဇမ္ဗူ့ကျက်သရေ စာပုံနှိပ်တိုက်ကို အစုစပ်လီမိတက် သတင်းစာလုပ်လိုက်ပြီးနောက် မကြာကြီး ပုဏ္ဏားဦးဘဘေဆိုသူပိုင် ဖြစ်သွားလေသည်။ လုပ်ငန်းတိုးတက်မှု လည်း မရှိ၊ လခလည်း မမှန်၊ ဆရာရင်းများ လည်း မရှိတော့သဖြင့် ထိုတိုက်မှထွက်ကာ `ရန်ကုန်တိုင်း သတင်းစာ´ သို့ ပြောင်းရွှေလုပ်ကိုင်သည်။ ထိုတိုက်တွင် ဆရာလွန်းက မြန်မာစာ အယ်ဒီတာ လုပ်ရသည်။ ထိုစဉ်က ဆရာကြီးသည် စာတော် ပြန်အလုပ်ရသော်လည်း ငြင်းပယ်ခဲ့လေသည်။ ရန်ကုန်တိုင်း သတင်းစာလုပ်ငန်းလည်း အခြေအနေ မဟန် ဖြစ်လာသော အခါ မော်လမြိုင်သို့ ပြန်လည်ပြောင်းရွှေ့ကာ `မြန်မာတိုင်းသတင်းစာ´ အယ်ဒီတာလုပ်သည်။ တစ်ဖက်မှလည်း `ပဏ္ဍိတကလေး´၊ `မောင်သမာဓိ´ ကလောင်ခွဲများ ဖြင့် ဆောင်းပါးများ ရေး သည်။ ထိုအချိန်အထိ ဆရာကြီး၏ ကလောင်သည် နိုင်ငံရေး ဘက်သို့ မျက်နှာမမူသေးချေ။

မြန်မာတိုင်းသတင်းစာ အယ်ဒီတာအ ဖြစ် ဆောင်ရွက်နေရင်းမှ ၁၉၀၅ ခုနှစ် `မောင်လမြိုင် ရာဇ၀င်´ ၀တ္ထုကို ရွှေတောင်မောင်လွမ်း အမည် ဖြင့် ရေး သားထုတ်ဝေခဲ့လေသည်။ ၁၉၀၆ ခုနှစ် တွင် `ကဗျာသာရမဉ္ဇူကျမ်း´ နှင့် `ပရမတ္တသံခိပ်အဖြေကျမ်း´ ဒုတိယအတွဲ ကို ဆရာလွမ်းအမည် ဖြင့် ရေး သားသည်။ ၁၉၀၇ ခုနှစ် တွင် `မော်လမြိုင်နတ်လမ်းညွှန်´ ကို ထူးထူးခြားခြား မိန်းမနာမည် `မစောညွန့်´ ဟူသော ကလောင်အမည် ဖြင့် ရေး သားခဲ့သည်။ မြန်မာတိုင်း သတင်းစာ ရပ်နားသွားသော အခါ ဟင်္သာတမြို့ အမရ၀တီပုံနှိပ်တိုက်သို့ ပြောင်းရွှေ့၍ စာပြု၊ စာပြင်၊ အယ်ဒီတာအ ဖြစ် ခေတ္တ၀င်ရောက် လုပ်ကိုင်သည်။ ထို့နောက် ဇနီး မမာသဖြင့် ရွှေတောင်မြို့သို့ ခေတ္တပြန်နေသည်။

၁၉၁၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဦးဘဘေ၊ ဦးလှဖေ၊ ဦးဘကလေးတို့ သူရိယသတင်းစာကို စတင်တည်ထောင် ထုတ်ဝေကြရာ ဆရာကြီးကို ခေါ်ယူသဖြင့် ၀င်ရောက်လုပ်ကိုင်လေသည်။ ဆရာကြီးသည် သူရိယသတင်းစာတိုက်တွင် ၁၉၂၁ ခုနှစ် လောက်အထိ မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအ ဖြစ်ဖြင့် ဆောင်ရွက်ခဲ့သေးသည်။ ထိုအခါမှစ၍ ဆရာကြီး၏ ကိန်းအောင်းနေခဲ့သော ဇာတိမာန်များ ရှင်သန်ကြီးထွားလာကာ နယ်ချဲ့ဆန့်ကျင်ရေး ၀ံသာနုစာပေများ ရေး သားခဲ့လေသည်။ ထိုသို့ ရေး သားနေစဉ် နိုင်ငံရေး လောကသို့ ရောက်မှန်းမသိ ရောက်သွားလေသည်။ ဆရာကြီးသည် သူရိယမဂ္ဂဇင်းတွင် နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး အစရှိသည့် အရေး များ နှင့် စပ်လျဉ်း၍ နိုင်ငံရေး ရုပ်ပြောင် ဆုံးမခန်း၌ လေးချိုးများ ရေး လေသည်။ ဗြိတိသျှ အင်ပါယာအတွင်း `ဟုမ္မရူး´ (Home Rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး ရမှု ၌ စိတ်ဝင်စားလာ၍ မြန်မာပြည်အတွက် အလွန်ဝမ်းမြောက်ခဲ့လေသည်။ ဗြိတိသျှတို့သည် မြန်မာပြည်အား `ဟုမ္မရူး´ ပေးလိမ့်မည် ဟုလည်း ယုံကြည်ခဲ့လေသည်။ ပထမကမ္ဘာစစ်ကြီးအပြီးတွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ နိုင်ငံကိုယ်စားလှယ်အ ဖြစ် `ဟုမ္မရူး´ ရရေး မူအတွက် ဘိလပ်သို့ သွားကြသော အခါ ဆရာကြီးသည် ဒေါင်းဋီကာကို ၀မ်းသာအားရ အော်ကပါအတိုင်း ရေး ဖွဲ့ခဲ့လေသည်။

``သြော်…ပြေအမှု ပေမို့၊ ငွေခရုငယ်နှင့် ဇေယျတုပါကွဲ့၊ သပြေနုချိန်တင်ရန် ပန်းတွေ ကလည်း များ လိုက်ပါဘိသနှင့် ၊ ဖေ-ပု-ရှိန် အင်္ဂလန်နန်းမြေသွားတို့မှာ ဖြင့် အားမြောက်ဖွယ်၊ ကြံလွယ်ဖန်လွယ်နှင့် ၊ အန္တရာယ်ရန်စွယ်မောင်းတဲ့ပြင်၊ မြန်နယ်ကို ပြန်လွယ်ကြောင်းဘွေ၊ ဆုတောင်းကာ ပတ္တာနာဆင်တဲ့ပြင်´´ ဟူ၍ ရေး သားခဲ့လေသည်။

ထိုအခါက ဆရာကြီး၏ စိတ်တွင် ဇာတိမာန်များ လည်း တက်ကြွနေသည်။ ဗြိတိသျှအစိုးရကိုလည်း ကိုးစားလျက်ပင် ရှိသေးသည်။ သို့ရာတွင် ဗြိတိသျှတို့က မြန်မာပြည်အား ဟုမ္မရူး မပေးသေးဘဲ လက်လီစိတ်ကာ ဒိုင်အာခီအုပ်ချုပ်ရေး ကို ၁၉၂၃ တွင် အတင်းထိုးပေးလိုက်သော အခါ ဗြိတိသျှအစိုးရကို ဆရာကြီးသည် အကြည်ညိုပျက်ကာ ဇာတိမာန်လည်း ပြင်းထန်လာလေသည်။

ဆရာကြီး၏ စိတ်ထဲ၌ ဇာတိမာန်ပြင်းထန်လာခြင်း၏ အခြားအကြောင်းရင်းတစ်ခုမှာ လည်း ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ် ပထမသပိတ် ဖြစ်လေသည်။ ထိုနှစ် တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သာမက နယ်ရှိ အထက်တန်း၊ အလယ်တန်းကျောင်းသားများ ပါ ဗြိတိသျှအစိုးရ ရေး ဆွဲသော ယူနီဗာစီတီ အက်ဥပဒေကို တော် လှန်ကာ ကျောင်းသားများ က သပိတ်မှော က်ကြလေသည်။ ဆရာကြီးသည် ကျောင်းသားသပိတ်အား ယူနီဗာစီတီဘွိုင်းကောက် လေးချိုးကြီးဖြင့် ထောက်ခံအားပေးရေး သားခဲ့သည်။

ထို့နောက် အမျိုးသားပညာရေး ကောင်စီကို ဖွဲ့စည်းကာ ရန်ကုန် ဗဟန်းရပ်တွင် အစိုးရနှင့် စင်ပြိုင် နေရှင်နယ်အခေါ် အမျိုးသားကောလိပ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ အနယ်နယ်တွင် လည်း စင်ပြိုင်အမျိုးသားကျောင်းများ ကို ဖွင့်လှစ်ခဲ့လေသည်။ ကျောင်းသားများ စိတ်ဓာတ် တက်ကြွသည်ကို မြင်ရသော အခါ ဆရာကြီးသည် မြန်မာပြည်၏ နောင်ရေး အတွက် အားတက်၍ လူငယ်များ ၏ သတ္တိဗျတ္တိကို ယုံကြည်ကိုးစားလာလေသည်။

ထိုအခါ ဗြိတိသျှအစိုးရ၏ ကျောင်းများ ၌ မင်းတိုင်းကြေသာ သင်ကြားပေးသော မြန်မာစာပေနှင့် မြန်မာရာဇ၀င်တို့ကို နေရှင်နယ်ကောလိပ်နှင့် နေရှင်နယ်ကျောင်းများ တွင် ထိထိရောက်ရောက် သင်ပြစပြုလေသည်။ ၁၉၂၁ ခုနှစ် တွင် နေရှင်နယ်ကောလိပ်ကျောင်း၌ မြန်မာစာပေနှင့် မြန်မာရာဇ၀င်ကို ပို့ချပေးရန် ဆရာကြီးအား တောင်းပန်ခေါ်ပင့်သော အခါ ဆရာကြီးသည် လစာပုံမှန်ရနေသော သူရိယမှ အလုပ်ထွက်၍ ငွေကြေးအားဖြင့် မရေရာသော အမျိုးသားကောလိပ်ဆရာဘ၀သို့ လုပ်ကိုင်ရန် ကျောင်းသားများ နောက်သို့ ကောက်ကောက်ပါ လိုက်သွားလေသည်။ ဤသည်ကား ဆရာကြီး၏ အနစ်နာခံ ကိုယ်ကျိုးစွန့်မှု ပင် ဖြစ်သည်။

ထိုအချိန်တွင် ဆရာကြီးရေး သားခဲ့သော ကေသာသီရိနန်းတွင်း ဇာတ်တော် ကြီး၊ ဓမ္မစေတီမင်း ၀တ္ထု၊ ဒေါင်းဋီကာတို့သည် တစ်နိုင်ငံလုံး ပဲ့တင်ထပ်လာသည်။ ဆရာကြီး၏ အမည် သည်လည်း အကျော်ဇေယျ ဖြစ်လာလေသည်။

ဤတွင် နယ်ချဲ့အစိုးရက ဆရာကြီးအား ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာနည်းပြရာထူးကို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်။ ဆရာကြီးက ခေတ်ပျက်တွင် လူရာမ၀င်ချင်သဖြင့် နယ်ချဲ့၏ အစေအပါးအလုပ်ကို မလုပ်လိုဟုပြောကာ ငြင်းပယ်ခဲ့သည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့မှာ ထိုခေတ်က အလွန်ရနိုင်ခဲသော ဘွဲ့ ဖြစ်သည်။ သို့သော် ဆရာကြီးသည် နယ်ချဲ့ပေးသော ဘွဲ့ကို လက်မခံခဲ့ပေ။ `ပကာသနာတွေ ဆရာမ လိုချင်ပါဘူး၊ ကိုယ့်အရှင်ကိုယ့်ဘုရင် မဟုတ်ဘဲ နိုင်ငံခြားသားတွေ မြှောက်စားခြင်း၊ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းကို ဂုဏ်အစစ်လို့ သဘောမပိုက်ဘူး၊ ဆရာ ဒီလိုဂုဏ်မျိုး မလိုချင်ပါဘူးကွယ်´ ဟု ဖြေဆိုကာ ငြင်းဆန်ခဲ့ကြောင့် ဆရာသိန်းဖေမြင့်က သူ၏ `ဆရာလွန်း အတ္ထုပ္ပတ္တိ´ ၌ ရေး သားထားလေသည်။

ထို့ပြင် ၁၉၂၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဗြိတိသျှအိမ်ရှေ့စံ ဝေလမင်းသား (နောင် နန်းစွန့်ဘုရင် အဋ္ဌမမြောက် ဘက်ဒ၀ပ်ဘုရင် ဖြစ်လာသူ) မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာ မြန်မာအစိုးရအရာရှိ ဦးမေအောင်က ဝေလမင်းသားအား ချီးကျူးဂုဏ်ပြုသည့်ရတု ရေး ပေးပါက ဉာဏ်ပူဇော် ၁၀၀၀ ကျပ် ပေးမည့် အကြောင်း ပြောကြားရာ `မြန်မာနိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ်ဘုရင်မ၏ မြေးကို ချီးကျူးသည့်စား မရေး လို´ ဟုပြောကာ ငြင်းပယ်ခဲ့လေသည်။

၁၉၂၂ တွင် ပရော်ဖက်ဆာ ဆရာလွန်းအမည် ဖြင့် ရေး သားသော `မှန်နန်းရာဇ၀င်တော် ချုပ်´ နှင့် `မှန်နန်းရာဇ၀င်တော် သစ်´ ကို ရေး သားထုတ်ဝေလေသည်။

ဆရာကြီး သခင်ကိုယ်တော် မှိုင်းသည် တပည့်ရင်း ဒီးဒုတ်ဦးဘချိုနှင့် အတူ ဗဟန်းအမျိုးသားကောလိပ်ပျက်သည့် ၁၉၂၂ ခုနှစ် အထိ ဆင်းရဲချို့တဲ့စွာ ထမ်းရွက်ခဲ့လေသည်။ ထို့နောက် ဗဟန်းကောလိပ်ပျက်သော အခါ ဒဂုံမဂ္ဂဇင်း ဓူဝံမဂ္ဂဇင်းတို့တွင် အယ်ဒီတာအ ဖြစ် ဆောင်ရွက်သည်။ ဒိုင်အာခီအုပ်ချုပ်ရေး ခေတ် (၁၉၂၃-၃၇) တွင် ပြည်သူအများ စု၏ ဆန္ဒနှင့် ဆန့်ကျင်သော တပည့်မိတ်ဆွေရင်း ဦးဘဘေ ဦးဆောင်သည့် ၂၁ ဦး ပါတီဝင်မျာကို ရည်ရွယ်ကာ `ခွေးဋီကာ´ ဆောင်းပါးများ ကို ရေး သားခဲ့သည်။

ဆရာကြီး အသက် ၅၉ နှစ် အရွယ် ၁၉၃၄ ခုနှစ် တွင် ရေနံချောင်း၌ ကျင်းပသော ပထမဆုံး တို့ဗမာအစည်းအရုံး ညီလာခံသဘင်ကြီး ပေါ်ပေါက်လာသည်။ ထိုညီလာခံကြီးတွင် ရှေ့တန်းမှ မားမားမတ်မတ် ရပ်ကာ ကိုယ်ထိလက်ရောက် ပါဝင်ပါတော့သည်။ ထိုညီလာခံကြီးမှာ ပင် ဆရာကြီးသည် သခင်ကိုယ်တော် မှိုင်းဘွဲ့အမည် ခံကာ မြန်မာပြည်တစ်ဝှမ်း နိုင်ငံရေး တရား ဟောခဲ့သည်။ ယင်းသို့ လုပ်ဆောင်မှု ကြောင့် နယ်ချဲ့အစိုးရ ဆရာကြီးအား ရန်သူတော် နံပါတ်တစ်အ ဖြစ် သတ်မှတ်ခဲ့သည်။ နယ်ချဲ့အစိုးရ၏ ရန်သူတော် စာရင်းအရ နံပါတ်တစ်မှာ သခင်ဗဟိန်း၊ လေးမှာ သခင်ကျော်စိန်၊ ငါးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ကိုးမှာ သခင်စိုး၊ ၁၂ မှာ သခင်သန်းထွန်း၊ ၁၇ မှာ သခင်နု ဖြစ်သည်။

ဆရာကြီးသည် ယင်းသို့ စာပေရေး သားပြုစုရင်း တစ်ဖက်မှ နိုင်ငံရေး ကို ၀င်ရောက်ဆောင်ရွက်ခဲ့သည်မှာ ဒုတိယကမ္ဘာစစ်အထိ ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဂျပန်တို့က ဗြိတိသျှကို စစ်ကြေညာသော အခါ ဆရာကြီးသည် အညာသားအဘိုးအို လူမမာဟန်ဆောင်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုစဉ်က ဆရာကြီးအသက်မှာ ၆၆ နှစ် ရှိပြီ ဖြစ်သည်။ ဂျပန်ခေတ်တွင် ဆရာကြီးသည် တို့ဗမာအစည်းအရုံးခေါင်းဆောင်အ ဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြန်သည်။ ၁၉၄၅ ခုနှစ် မတ်လတွင် ဖက်ဆစ်ဂျပန်တော် လှန်ရေး ဖြစ်ပွားလာသော အခါ ဆရာကြီးအား ဂျပန်တို့က ဖမ်းဆီးမည် ပြုရာ အင်းစိန်မြို့ တစ်ဖက်ကမ်း ထိန်ကုန်းရွာသို့ သွားရောက်တိမ်းရှောင်ခဲ့ရသည်။

လွတ်လပ်ရေး ရခါနီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင်ကြီးများ ရေတိမ်နစ်ခဲ့ရာ ဆရာကြီးသည် ၀မ်းနည်းကြေကွဲစွာ `အာဇာနည်ဗိမာန်ဋီကာ´ ကိုရေး ၍ အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။

``သြော်… အဆောင်ဆောင်နန်းတွေ ကြငှာန်းတွေ နှင့်နှော၊

အခေါင်မပြန်ခင်၊

အောင်စာတမ်းချို့စေဘို့၊

အောင်ပန်းညှိုးရရှာတဲ့၊

တောင်သမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေ နှင့်

အောင်ဆန်း မသာမယာဟာ

၎င်းကံကြမ္မာအလုပ်ပေထင့်၊

သော င်းမြန်မရဏာ စမုတ်မှာ တော့၊

ချုပ်သနဲ့ယင်းအလိုတွင်

ဒေါင်းလံပ၀ါအုပ်ပါလို့ ကျုပ်ဖြင့် သဂြုင်္ိဟ်ချင်။

အာဇာနည်ဗိမာန် ပုထိုးကိုဖြင့် ၊

ပါရမီအဓိဋ္ဌာန် တစ်မျိုးရယ်နှင့် ၊

ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့ ၊

မြန်မာမတော့ ပူစရာဘို့၊

တဗျူဟာ အောင်ခမန်းတွင် မှ၊

လူမသမာအမှော င်သန်းချိန်မို့၊

သော င်ကမ်းမို့မို့ဆီက

ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော

ရေစုန်မျောလေရဲ့ ၊

သြော်… တောင်နန်းမြောက်နန်း

အဆောင်ဆောင် ကြငှာန်းနဲ့၊

အခေါင်မမြန်းရခင်က အောင်ပန်းညှိုးရရှာတဲ့

အောင်ဆန်တို့ သေပုံနှမြော။

နောက်ပိုင်းတွင် ဆရာကြီးသည် အသက်အရွယ် အိုမင်းမစွမ်း ဖြစ်လာ၍ လားမသိ၊ စာပေရေး သားမှု ၊ ကဗျာဖွဲ့မှု များ နည်းပါးလဲာ့သည်။ ၁၉၅၀ ပြည့်နှစ် သြဂုတ်လတွင် ရေး သားထုတ်ဝေသော `အိပ်မက်ဒိဋ္ဌုံဋီကာ´ သည် ဆရာကြီး၏ နောက်ဆုံးစာအုပ်ပင် ဖြစ်သည်။ သို့သော် ပြည်တွင်းငြိမ်းချမ်းရေး အတွက် လည်းကောင်း၊ ကမ္ဘာငြိမ်းချမ်းရေး အတွက် လည်းကောင်း အသက်အရွယ်နှင့်မမျှ အပင်ပန်းခံကာ ဆောင်ရွက်ခဲ့သည်။

၁၉၅၀ ပြည့်နှစ် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေး နေ့ နှစ် ပတ်လည်နေ့တွင် ဆရာကြီးအား နိုင်ငံတော် အစိုးရက အလင်္ကာကျော်စွာ ဘွဲ့ ချီးမြှင့်ခဲ့သည်။

၁၉၅၂ ခု မေလ ၁၀ မှ ၁၄ ရက်အထိ ဂျူဗလီဟော၌ ကျင်းပခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေ ကွန်ဂရက် (မြန်မာနိုင်ငံ)က ဆရာကြီးအား ကွန်ဂရက်ဥက္ကဋ္ဌအ ဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၅၃ ခုနှစ် တွင် တရုတ်၊ မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက်ယူနီယမ် နိုင်ငံများ သို့ ခရီးလှည့်လည်ခဲ့သည်။

၁၉၅၅ မတ်လ ၂၂ တွင် မြို့တော် ခန်းမရှေ့တွင် ကျင်းပခဲ့သော စတာလင်ငြိမ်းချမ်းရေး ဆုပေးပွဲသဘင်တွင် အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေး ကော်မတီဥက္ကဋ္ဌ နီကိုလေတီခိုနော့ဗ်က ဆရကြီးအား ငြိမ်းချမ်းရေး ဂုဏ်ပြုလက်မှတ်နှင့် ရွှေတံဆိပ်ဆုကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ငြိမ်းချမ်းရေး ဆုအတွက် ရုရှားရူဘယ်လ်ငွေတစ်သိန်း (မြန်မာငွေ တစ်သိန်းလေးသော င်းငါးထောင်ခန့်) လက်ခံရရှိသည်။ ယင်းငွေတို့အနက် ရှစ်သော င်းကျော်ကို အဖွဲ့အစည်း အသီးသီးသို့ ပြန်လည်လှူဒါန်းခဲ့သည်။

ဆရာကြီးအား ၁၉၆၀၊ သြဂုတ် ၁၀ တွင် အရှေ့ဂျာမနီနိုင်ငံ ဟမ်းဘို့တ် (Hunboldt) တက္ကသိုလ်က ဂုဏ်ထူးဆောင် ပညာရေး ပါရဂူဘွဲ့ (Ph.D) အပ်နှင်းခဲ့သည်။

မြန်မာနိုင်ငံတွင် စာပေပညာရှင်ကြီး ဟူ၍ လည်းကောင်း၊ ကဗျာဆရာကြီး ဟူ၍ လည်းကောင်း ရာဇ၀င် (သမိုင်း) ပညာရှင်ကြီးဟူ၍ လည်းကောင်း၊ နယ်ချဲ့ဆန့်ကျင်ရေး နှင့် လွတ်လပ်ရေး တိုက်ပွဲဝင် မျိုးချစ်စာရေး ဆရာကြီး ဟူ၍ လည်းကောင်း၊ ငြိမ်းချမ်းရေဗိသုကာကြီး ဟူ၍ လည်းကောင်း ထင်ရှားကျော်ဇောခဲ့၏ ။ ဆရာကြီး သခင်ကိုယ်တော် မှိုင်းသည် အသက် ၈၉ နှစ် အရွယ် ၁၉၆၄ ခု၊ ဇူလိုင် ၂၃ ရက်၊ ကြသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါ ဖြင့် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အမှတ် ၅ ချမ်းသာလမ်း နေအိမ်၌ ကွယ်လွန်သွားခဲ့လေသည်။

Cover

ထို့နောက် သြဂုတ်လ ၈ ရက်နေ့လယ်တွင် ဆရာကြီး ကြွင်းကျန်သော ရုပ်ကလာပ်ကို စမ်းချောင်းမဏ္ဍပ်မှ ရွှေတိဂုံဘုရားလမ်း၊ ကန်တော် မင်္ဂလာပန်းခြံသို့ ပို့ဆောင်ကာ ဂူသွင်းသဂြုင်္ိဟ်ခဲ့သည်။

ကွယ်လွန်ချိန်၌ သားသမီး ၄ ယောက် ၊ မြေး ၁၅ ယောက် ၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။

* * * * *


သခင်ဘသော င်း

Cover

ဆရာကြီး သခင်ဘသော င်းသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် မှန်ကန်စွာ ဦးဆောင်မှု ပေးနိုင်ခဲ့သည့် `တို့ဗမာအစည်းအရုံး´ ၏ ဖခင်ကြီး ဖြစ်သည်။ သခင်ဘွဲ့ကို စတင်ခံယူခဲ့သော ကြောင့် `သခင်အစ ဘသော င်းက´ ဟု ပြောစမှတ် ပြုခဲ့ကြသည်။

ဆရာကြီးသည် နိုင်ငံရေး ၌ မီးရှူးတန်ဆောင် ဖြစ်သလို စာပေရေး ရာ၌ လည်း စံပြုရမည့်  စာပေပညာရှင်တစ်ဦး ဖြစ်သည်။ ဆရာကြီးသည် ၁၉၂၅ ခု ဖေဖော်ဝါရီလတွင် စတင်ထုတ်ဝေခဲ့သော ဂန္တလောကမဂ္ဂဇင်း (The World of Books) ၏ ဘာသာပြန်ပြိုင်ပွဲအမှတ် (၁)မှစတင်၍ အမည် ရင်း ဘီတီ (B.T) (ဘသော င်း) ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၉၂၇ ခု၊ ဧပြီလထုတ် ဂန္တလောကမဂ္ဂဇင်း ဘာသာပြန်ပြိုင်ပွဲအမှတ် (၃-ခ) မှ ၁၉၂၇ ခုနှစ် ၊ ဇူလိုင်လထုတ် ဂန္တလောကမဂ္ဂဇင်း ဘာသာပြန် ပြိုင်ပွဲအမှတ် (၆-ခ) အထိ ငါးကြိမ်တိုင်တိုင် ပထမဆု ရခဲ့သည်။ ထို့ကြောင့် သူ့အား မဂ္ဂဇင်းအယ်ဒီတာအဖွဲ့က ၀င်ရောက်ယှဉ်ပြိုင်ခွင့် မပေးတော့ချေ။ သို့သော် ဂန္တလောကမဂ္ဂဇင်း တည်းဖြတ်ထုတ်ဝေသူများ က ဘာသာပြန် ထူးချွန်ဆုဆရာကြီအား ဂန္တလောက မဂ္ဂဇင်း မြန်မာပိုင်းအယ်ဒီတာအ ဖြစ် ၁၉၂၈ ခုနှစ် သြဂုတ်လမှစတင်၍ ခန့်အပ်လိုက်သည်။ ဆရာကြီးကို ဂန္တလောကမဂ္ဂဇင်း မြန်မာပိုင်းအယ်ဒီတာအ ဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ပတ်သက်၍ မဂ္ဂဇင်းတည်းဖြတ်ထုတ်ဝေသူ အိုင်တီအက်စ်(ခေါ်) အိန္ဒိယပဋိညာဉ်ခံ အုပ်ချုပ်ရေး ၀န်ထမ်း၊ ကြေးတိုင်းမင်းကြီးဟော်း ဂျေ၊ အက်စ်ဖာနီဗယ် (J.S Furnival 1878-1960)u -

``ထိုဘာသာပြန်ပြိုင်ပွဲများ တွင် ၀င်ရောက်ယှဉ်ပြိုင်သူ တစ်ယောက် သည် အခြားဝင်ရောက်ယှဉ်ပြိုင်သူများ မပါသည့်အလား သူ့ချည်းလေးခါ ငါးပါ ဆက်ကာဆက်ကာ ဆုကိုယူတော့သည်။ ကျွန်ုပ်တို့သည် လူ တစ်ယောက် တည်းကိုချည်း တစ်လပြီးတစ်လ ဆက်ကာ ဆုပေးနေမည် ဆိုလျှင် ကျွန်ုပ်တို့ ပြိုင်ပွဲမှာ ရယ်စရာ ဖြစ်နေဖို့ ရှိတော့သည်။ ထိုအခိုက်တွင် ကျွန်ုပ်တို့မှာ ဂန္တလောကမဂ္ဂဇင်း မြန်မာပိုင်းအတွက် တည်းဖြတ်သူလိုနေသဖြင့် ထိုသူကိုပင် တည်းဖြတ်သူ ခန့်ရမလို ဖြစ်နေသည်။ သူ့ကို တွေ့ ရဖို့အတွက် မလွယ်လှ။ သူက ရှက်တတ်သည်။ သို့ရာတွင် တစ်နေ့သော နံနက်ခင်းမှာ အသိဉာဏ်ထူးချွန်၍ စိတ်ဓာတ်ကြံ့ခိုင်သော လူငယ် တစ်ယောက် သည် ကျွန်ုပ်တို့၏ အလုပ်ခန်းသို့ ပေါက်လာပြီးလျှင် ဘာသာပြန်ပြိုင်ပွဲ၍ ဆုရသော မောင်ဘသော င်းမှာ သူပဲ ဖြစ်ပါသည်ဟု ပြောလသည်။ ကျွန်ုပ်က အတော် လေး နားချသဖြင့် သူ၏ လွတ်လပ်ခြင်းကို စွန့်လွှတ်ပြီးလျှင် ဂန္တလောကမဂ္ဂဇင်း၌ ၀င်၍ အလုပ်လုပ်ပါသည်။ ဂန္တလောကမဂ္ဂဇင်း မြန်မာပိုင်းလည်း မောင်ဘသော င်း၏ စိတ်အင်အားထက်သန်မှု ကြောင့် အတော် ကလေး ကျော်ကြားလာပြီးလျှင် မြန်မာလူငယ် စာရေး ဆရာကလေးများ အနက် နောင်အဖို့တွင် မြန်မာစာပေလောက၌ ကျော်ကြားလာသူ မနည်း´´ ဟု မှတ်တမ်းတင်ခဲ့ပါသည်။

ဆရာကြီး သခင်ဘသော င်းသည် `ဂန္တလောကမဂ္ဂဇင်း´ မြန်မာပိုင်းအယ်ဒီတာအ ဖြစ် ၁၉၂၈ ခု သြဂုတ်လမှ ၁၉၃၁ ခု ဇူလိုင်လအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာကြီးသည် ဂန္တလောက မြန်မာပိုင်းခေါင်းကြီးနှင့်တကွ၊ လစဉ်ဂရိပုံပြင်ဘာသာပြန်၊ ပုံပြောမယ်၊ ၀ိဇ္ဇာလမ်းညွှန်နှင့် စာအုပ်ဝေဖန်ရေး ကဏ္ဍများ ကို ကလောင်အမည် မခံဘဲ ရေး သားခဲ့သည်။ သူသည် အင်္ဂလိပ်-မြန်မာ နှစ် ဘာသာ စွယ်စုံထူးချွန်သူ ဖြစ်၍ ဂန္တလောကမဂ္ဂဇင်း အင်္ဂလိပ်ပိုင်းခေါင်းကြီးတစ်ချို့ကိုပင် ရေး သားခဲ့သည်။

ဆရာကြီး သခင်ဘသော င်းသည် ဂန္တလောကမဂ္ဂဇင်း မြန်မာပိုင်း အယ်ဒီတာအ ဖြစ် ဆောင်ရွက်နေစဉ် ပြင်သစ်ပြဇာတ် ဆရာမောလယဲ (Moliere) ၏ `ဆရာဝန်ပါပဲ´ ပြဇာတ် (Le Medecin Malgre Lui) ကို မြန်မာပြန်ဆိုခဲ့သည်။ မြန်မာစာပေတွင် ပထမဆုံးသော ခေတ်သစ်ပြဇာတ် ဖြစ်၍ မြန်မာပြည် စာအုပ်ကလပ်မှ ၁၉၂၈ ခုနှစ် တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့နောက် `ကမ္ဘာ့ရာဇ၀င်ချုပ်´ (The Outline of General History) ကိုမြန်မာပြန်သည့်အတွက် ၁၉၂၉-၃၀ တွင် ဝေလမင်းသား ဘာသာပြန်ဆု ငွေတစ်ထောင်ကျပ် ချီးမြှင့်ခံရသည်။

ဆရာကြီး၏ စာမှာ ရှင်းလင်းရုံမက ပြတ်သားလှသည်။ စကားလုံးများ က တောက်ပြောင်ရုံမက လေးနက်လှသည်။ ၀ါကျများ မှာ တိုရုံမက ထိမိသည်။ ဆရာကြီး၏ စကားပြော အရေး အသားသည် ထိုခေတ်ထိုအခါက အများ တကာ ရေး သားလေ့ရှိကြသည့် စကားပြေနှင့်မတူ။ သစ်လွင်သော စကားပြေ ဖြစ်၏ ။ ထို့ပြင် သူ မတူအောင် ထက်မြက်၏ ။ ဘာသာပြန်လက်ရာများ မှာ လည်း မြန်မာဆန်၍ ညက်ညက်ညောညောရှိသည်။ ထို့နောက် ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာန ဘာသာပြန်နည်းပြအ ဖြစ် ခန့်အပ်ခြင်း ခံရသည်။ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နည်းပြအ ဖြစ် ဆောင်ရွက်စဉ် တပည့်များ ကို ပညာသင်ပေးရင်း အမျိုးသားရေး ကိုလည်း ၀ါဒဖြန့်သည်။ တက္ကသိုလ်တွင် အမျိုးသားရေး ၀ါဒဖြန့်သော အလုပ်ကို မလုပ်ရဟု ပိတ်လိုက်သော အခါ ဆရာကြီးသည် အလုပ်မှ ထွက်လိုက်ရသည်။ ထိုစဉ်က တက္ကသိုလ်ကျောင်းအုပ်ကြီး မစ္စတာဒီဂျေစလော့ (Mr. D.J Sloss) က ``မိမိစိတ်က မှန်သည်ဟု ယုံကြည်သော အယူဝါဒကို မစွန့်ဘဲ မိမိအသက်မွေးမှု အလုပ်ကို စွန့်သော သူမှာ မောင်ဘသော င်း တစ်ယောက် ပဲ ရှိသည်´´ ဟု ချီးကျူးခဲ့သည်။

ထို့နောက် ဆရာကြီးသည် တို့ဗမာအစည်းအရုံးကို ၁၉၃၀ ပြည့်နှစ် မေလ ၃၀ တွင် ဆန္ဒတူလူငယ်တစ်စုနှင့် ပူးပေါင်း၍ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အစည်းအရုံး တည်နေရာကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရေတာ ရှည်လမ်း၊ ခြံအမှတ် ၃၃ (ယခု ၁၃၃) ၌ ဖွင့်လှစ်ထားသည်။ အမှန်စင်စစ် ထိုနေရာသည် ဆရာကြီး သခင်ဘသော င်းနှင့် ဇနီး ဒေါ်ကြည်တို့၏ နေထိုင်သော အိမ် ဖြစ်သည်။ တို့ဗမာအစည်းအရုံးအဖွဲ့ဝင်တိုင်း မိမိတို့၏ အမည် များ ရှေ့တွင် မောင်၊ ကို၊ ဦး အစား `သခင်´ တပ်၍ မှည့်ခေါ်ရသော ကြောင့် သခင်ဘသော င်းဟူ၍ မြန်မာ့နိုင်ငံရေး သမိုင်းစဉ်တွင် ထင်ရှားလာခဲ့သည်။ ဆရာကြီးသည် သခင်အမည် ကို ပထမဦးဆုံး ခံယူခဲ့သူ ဖြစ်သည်။

၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံလူထုသို့ မျိုးချစ်လှုံ့ဆော်ရေး စာတစ်စောင်ကို ဆရာကြီးသခင်ဘသော င်းက တာဝန်ခံထုတ်ဝေသည်။ စာတမ်းကို ရေး သားသူမှာ လည်း ဆရာကြီးပင် ဖြစ်သည်။ ထိုစာတမ်းမှာ မြန်မာသာမက ကမ္ဘာကိုပါ လွှမ်းခဲ့လေသည်။ ထိုစာတမ်းမှာ အောက်ပါအတိုင်း

တို့ဗမာစာတမ်း

ဗမာပြည်သည် တို့ပြည်

ဗမာစာသည် တို့စာ

ဗမာစကားသည် တို့စကား

ဗမာပြည်ကို ချစ်ပါ

ဗမာစာကို ချီးမြှင့်ပါ။

ဗမာစကားကို လေးစားပါ။

ထိုစာတမ်းကို ဆရာဇော်ဂျီက ဤသို့ ဝေဖန်အကဲဖြတ်သည်။

``သခင်ဘသော င်း၏ တို့ဗမာ နိုးကြားရေး စာတမ်းရှစ်ခု ထည့်ထားသည်။ ထိုစာတမ်းတွင် စာတမ်းရေး သူ၏ နိုင်ငံရေး စိတ်ဓာတ်နှင့် နိုင်ငံရေး ခံစားချက်တို့ ပါသည်။ တွေးရိုးတွေးစဉ် မဟုတ်သော အတွေးတို့ ပါသည်။ အရေး အသား ရှင်းလင်း၍ ရေး ဟန်တွင် တက်ကြွသော လေသံ၊ ဖျတ်လတ်သော လေသံတို့ ပါသည်။ ထိုစကားပြေတို့သည် လွတ်လပ်ရေး အတွက် လှုံ့ဆော်နိုင်စွမ်း ရှိသည်ဟု ဆိုချင်ပါသည်။´´

ဆရာကြီး သခင်ဘသော င်းနှင့် အတူ တို့ဗမာအစည်းအရုံးကို တည်ထောက်ခဲ့သော မျိုးချစ်လူငယ်တစ်စုမှာ သခင်လှဘော်၊ သခင်သိန်းမောင်၊ သခင်တင် (၀ိုင်အမ်ဘီ)၊ သခင်အုန်းဖေ၊ သခင်သာဒိုး၊ သခင်တင်စိန်၊ သခင်မောင်မောင်တိုး၊ သခင်ဘရီ၊ သခင်ကျော်ထွန်းစိန်၊ သခင်ဘိုးနီတို့ ဖြစ်သည်။

ဆရာကြီး သခင်ဘသော င်းက ရန်ပုံငွေပြည့်စုံအောင် ရှာဖွေစုဆောင်းပြီးမှ စည်းရုံးရေး ကို လုပ်ကိုင်လိုသည်။

သခင်သိန်းမောင်က ရန်ပုံငွေသည် စည်းရုံးရေး လုပ်ငန်းအပေါ်တွင် တည်နေ၏ ။ မိမိတို့ အဆင်းရဲအပင်ပန်းခံကာ စွန့်စွန့်စားစားနှင့် မှန်ကန်သော ၀ါဒ၊ ရည်ရွယ်ချက်အရ စည်းရုံးနိုင်လျှင် ငွေကြေးအကူအညီ အများ အပြား ရလာမည် ဖြစ်ကြောင်း၊ လောလောဆယ် ၀ါဒဖြန့်ရင်း စည်းရုံးရေး အပူတပြင်းလုပ်ရန အရေး ကြီးကြောင်း၊ ဤသို့ ဆက်လက်မစည်းရုံးနိုင်ပါက တို့ဗမာအစည်းအရုံးအရှိန် လျော့ကျသွားနိုင်စရာရှိကြောင်း၊ ထို့ကြောင့် ရန်ပုံငွေ နောက်ထားပြီး စည်းရုံးရေး ကို ဦးစားပေးလုပ်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဤသို့ဖြင့် နိုင်ငံရေး အဖွဲ့အစည်းတစ်ရပ်တွင် အဓိကပြဿနာ ဖြစ်သည့် ၀ါဒသဘောတရားအရ မဟုတ်ဘဲ သာမညပြဿနာ ဖြစ်သည့် စည်းရုံးရေး ၊ ရန်ပုံငွေရှာဖွေရေး ပြဿနာအပေါ် သဘောကွဲလွဲရာမှ အစပြုပြီး ဆရာကြီး သခင်ဘသော င်းသည် တို့ဗမာအစည်းအရုံး၏ လုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်ခြင်း မပြုတော့ဘဲ အေးအေးဆေးဆေးပင် ရပ်နားလိုက်တော့သည်။

ထိုအချိန်မှစ၍ တို့ဗမာအစည်းအရုံးကို အမှတ် ၃၃၊ ရေတာ ရှည်လမ်း၊ ဗဟန်းရပ်မှ ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ လင်းကွန်းကွက်သစ် နိဗ္ဗာန်လမ်းရှိ သခင်ဟန်၊ သခင်မ မစောစောတို့အိမ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ကာ စည်းရုံးရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။

ဤသို့ တို့ဗမာအစည်းအရုံးကို တည်ထောင်ခဲ့သော သခင်ဘသော င်းကို ၁၉၀၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ကြာသပတေးနေ့နှင့် နတ်မောက်မြို့၊ ဂွေးချိုဒိုင်ဖုန်းကုန်းရွာ၌ အဖ ဦးမြင့်၊ အမိ ဒေါ်လေးခင်တို့မှ ဖွားမြင်ခဲ့သည်။ ဖခင်မှာ သီပေါမင်းလက်ထက် နန်းတွင်းလက်ဖက်ရည်တော် ၊ တောင်တွင်းကြီးစစ်ကဲ၊ အင်္ဂလိပ်လက်ထက်တွင် မြို့သစ်၊ ပန်းထိန်း၊ ငဖဲ၊ တောင်တွင်း(သရက်) လယ်ဝေးတို့တွင် မြို့အုပ်အ ဖြစ် အမှု ထမ်းခဲ့သည်။ ဆရာကြီးသခင်ဘသော င်းသည် မွေးချင်းလေးယောက် အနက် ဒုတိယမြောက် ဖြစ်သည်။

ငယ်စဉ်က တောင်တွင်းကြီးမြို့ ဗိမာန်ကျောင်း၊ မြို့သစ်မြို့ ဆရာဦးစိုးမင်း၏ မူလတန်းကျောင်း၊ တောင်တွင်းကြီးမြို့ အစိုးရအလယ်တန်းကျောင်း၊ မန္တလေးမြို့ ဗုဒ္ဒသာသနာ့နုဂ္ဂဟ အထက်တန်းကျောင်းများ ၌ ပညာသင်ကြားခဲ့သည်။

အစိုးရစစ် လေးတန်းစာမေးပွဲကို မြို့သစ်မြို့တစ်နယ်လုံး၌ ပထမရခဲ့ရာ မြို့အုပ်ဦးတုတ်ကြီး (နောင် သရဇပါတီ တည်ထောင်သူ)၏ ရွှေတံဆိပ် ချီးမြှင့်ခံရသည်။ ၇ တန်းတွင် ပညာသင်ဆု (စကောလားရှစ်) ရသည်။ ဖခင်ကွယ်လွန်၍ ကျောင်းအုပ်ဆရာကြီး ဦးထွန်းရှိန် (ဖေ၊ ပု၊ ရှိန်) ၏ အထောက်အပံ့ဖြင့် ပညာဆက်သင်ခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်တွင် မန္တလေးကျောင်းသားခေါင်းဆောင်အ ဖြစ် ဆောင်ရွက်သည်။ သပိတ်ကိုယ်စားလှယ်အ ဖြစ် ရန်ကုန်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၁၀ တန်းစာမေးပွဲကို ရာသက်ပန်သပိတ်မှော က်၍ ၀ံသာနုနိုင်ငံရေး လောကထဲသို့ ခြေစုံပစ် ၀င်ရောက်ခဲ့သည်။

မန္တလေး၊ ရွှေဘို၊ ပုသိမ်မြို့များ ၌ အမျိုးသားကျောင်းဆရာအ ဖြစ် ဆောင်ရွက်သည်။ ၁၉၂၁ ခုနှစ် နိုဝင်ဘာလတွင် ဗြိတိသျှအိမ်ရှေ့စံ ဝေလမင်းသား မန္တလေးသို့အလာ ဦးဆောင်ဆန္ဒပြ၍ ထောင်ဒဏ်ချမှတ်ခံရသည်။ ၁၃၀၀ ပြည့် အရေး တော် ပုံတွင် လည်း အစအဆုံး ပါဝင်ခဲ့သည်။ ဆရာကြီးသည် ရန်ကုန် နယူးဘားမား အင်္ဂလိပ် သတင်းစာ လက်ထောက်အယ်ဒီတာ၊ ကင်းဝန်မင်းကြီး ပိဋကတ်တိုက် လက်ထောက်ပိဋကတ်တိုက်မှူး၊ ၁၉၂၈-၃၁ ဂန္တလောကမဂ္ဂဇင်း မြန်မာပိုင်းအယ်ဒီတာ၊ ၁၉၃၀-၃၁ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာန ဘာသာပြန်နည်းပြဆရာအ ဖြစ် ဆောင်ရွက်ခဲ့သည်။

တို့ဗမာအစည်းအရုံး တည်ထောင်ပြီးနောက် ရွှေဘို ဒိုင်အာခီကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ ရွေးကောက်ပွဲအပြီးတွင် ရွှေဘိုအရေး ပိုင်၏ ပုဒ်မ ၁၄၄ ကို ဖီဆန်၍ ထောင်ဒဏ် ၃ လ ကျခဲ့သည်။ ၁၉၃၆ တွင် ငွေတုလုပ်မှု ဖြင့် ထောင်ကျခဲ့သည်။ ထောင်မှလွတ်လာပြီးနောက် စာရေး ဆရာအ ဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ ဂျပန်ခေတ်တွင် သခင်ထွန်းအုပ် ဦးဆောင်သော ဘာသာပြန်ဌာနတွင် ခေတ္တတာဝန် ထမ်းရွက်ခဲ့ဖူးသည်။ ထို့နောက် ဂျာမန်ဟိုမိုပက်သီ (German Homoeopothy) ဆေးဆရာ၊ ရောင် ဒဘူး စာသောက်ဆိုင်ဖွင့်၍ အသက်မွေးသည်။ စစ်ပြီးနောက် တို့ဗမာအစည်းအရုံး ရန်ကုန်စီရင်စု ဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်သည်။ ၁၉၅၃ တွင် ကွန်မင်တေတာ အင်္ဂလိပ်သတင်းစာ အယ်ဒီတာ၊ ၁၉၅၉-၆၀ တွင် ကာကွယ်ရေး ၀န်ကြီးဌာန ပြည်သူ့ဆက်ဆံရေး တပ်မှ ထုတ်ဝေသော ``မြန်မာနှင့်ကမ္ဘာ´´ စာစောင်အယ်ဒီတာအ ဖြစ် တာဝန်ယူ၍ စာရေး ဆရာအ ဖြစ် အသက်မွေးသည်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နတ်မောက်အရှေ့ပိုင်း မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ အမတ်လောင်းအ ဖြစ် ယှဉ်ပြိုင်အရွေးခံရာ ရှုံးနိမ့်ခဲ့သည်။ ၁၉၆၂ တွင် ပြန်ကြားရေး ဌာန အသံလွှင့်ရုံ၌ လည်း အမှု ထမ်းခဲ့သည်။ ပြန်ကြားရေး ဌာနတွင် စာပေစိစစ်ရေး မှူးအ ဖြစ် ဆောင်ရွက်သည်။ ၁၉၆၄-၇၂ တွင် ပါတီစာပြုများ ကို ဘာသာပြန်နည်းပို့ချသည် နည်းပြဆရာအ ဖြစ် ဆောင်ရွက်သည်။

၁၉၅၉-၆၀ တွင် ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် (Round The World in Eighty by Jules Verne) ဖြင့် ယူနက်စကို ဘာသာပြန်ဆုကို ၁၉၆၀ ပြည့်နှစ် တွင် ရခဲ့သည်။ ဆရာကြီးသည် သခင်ဘသော င်း၊ မိုးကြိုး၊ ဒေါက်တာရုံမင်း စသည့် ကလောင်ကွဲများ ဖြင့် အင်္ဂလိပ်-မြန်မာ နှစ် ဘာသာဖြင့် စာပေများ ရေး သားခဲ့သည်။ ဆရာကြီးသည် ၁၉၅၆ တွင် ရုရှားစာရေး ဆရာကြီး မိခေါ်ဂူဇိန်၏ The Fall or Titan ကို`လောကနိဗ္ဗာန်´ အမည် ဖြင့် ဘာသာပြန်ခဲ့သေးသည်။ ရေး သားခဲ့သော လုံးချင်းစာအုပ် (၄၉) အနက် ထင်ရှားသည် စာအုပ်များ မှာ ဆရာဝန်ပါပဲ ပြဇာတ် (၁၉၂၈)၊ နိုးကြားရေး စာတမ်းရှစ်စောင် (၁၉၃၀)၊ ပန်းသာမစာဥ (၁၉၃၈)၊ အမေလး၊ ပြည်သူ့အာဏာ (ပတွဲ /ဒုတွဲ ) (၁၉၃၈)၊ ရေနံ (၁၉၄၀)၊ တိုင်းပြည်ရန်သူ (၁၉၄၁)၊ ဒေးဗစ်ကိုပါဖီး (၁၉၅၀)၊ ခြေလေးချောင်းတော် လှန်ရေး (၁၉၅၁)၊ ဒီမိုကရေစီဆိုရာ (၁၉၅၄)၊ မျက်မမြင်တိုင်းပြည် (၁၉၅၅)၊ တစ်ထောင့်တစ်ညပုံပြင်များ (၁၉၅၁)၊ ဗုဒ္ဒ၏ စကြ၀ဠာတရားများ (၁၉၅၇)၊ ဗိုလ်တင်းပုတ်ပြည်ဝင်တို့ ဖြစ်သည်။ ဖီလဒင်းဟော (H. Fielding) ၏ The Soul of a People စာအုပ်ကို `မြန်မာ့စိတ်သဏ္ဌာန်´ အမည် ဖြင့် ဘာသာပြန်ခဲ့သော်လည်း စာအုပ်အ ဖြစ် မပေါ်ထွက်လာခဲ့ချေ။

၁၉၆၉ ခုနှစ် တွင် စာပေဗိမာန်က ကျင်းပသော ဘာသာပြန်စာပေ နှီးနှောဖလှယ်ပွဲ၌ `ဘာသာပြန်သူတစ်ဦး အတွေ့ အကြုံနှင့် ထင်မြင်ချက်များ ´ စာတမ်းကို တင်သွင်းခဲ့သည်။

ဆရာကြီး သခင်ဘသော င်းသည် ၁၉၃၀ ပြည့်နှစ် တွင် ဒေါ်ကြည်နှင့် အိမ်ထောင်ကျသည်။ ပထမအိမ်ထောင် ပျက်ပြီးနောက် ဒေါ်သန်းကြည်နှင့် ထပ်မအိမ်ထောင်ကျ၍ သား တစ်ယောက် ၊ သမီး တစ်ယောက် ထွန်းကားခဲ့သည်။

၁၉၈၀ ပြည့်နှစ် တွင် နိုင်ငံတော် အစိုးရ၏ နိုင်ငံဂုဏ်ရည် (ပထမအဆင့်) ချီးမြှင့်ခံရသည်။ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်း အမှတ် (၂၂၂/၂၂၆)၊ အပေါ်ဆုံးလမ်း (ရှေ့ဆောင်ရုံဘေး) နေအိမ်၌ ဆင်းဆင်းရဲရဲဖြင့် ၁၉၈၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်သန်းကြည်နှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။ တို့ဗမာအစည်းအရုံး သုံးရောင် ခြယ်အလံ လွှမ်းခြုံထားသော ဆရာကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဧပြီ ၂၃ ရက်နေ့တွင် တပည့်တပန်းများ က ကြံတောသုသာန်၌ ဂူသွင်းသဂြုင်္ိဟ်ခဲ့ကြသည်။

* * * * *




ဝန်ဇင်းချစ်သူများ သန်းဝင်းလှိုင် ၏ “ သခင်ဋီကာသစ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဒုတိယ ကမ္ဘာစစ် မှတ်တမ်းများ

အသုံးချရူပသျှတ္တရပညာ

ဦးနုဘ၀နှင့် စာပေမှတ်တမ်း