နိဒါန်း
ယခုခေတ် လူသားတိုင်း ကြောက်မက်ဖွယ် ကောင်းလှသော ပထမကမ္ဘာစစ် (၁၉၁၄-၁၈)နှင့် ဒုတိယကမ္ဘာစစ် (၁၉၃၉-၄၅)ကြီးနှစ် ခုကို သင်ခန်းစာယူကာ နျူကလီးယား လက်နက်များ ကို ကိုယ်စီကိုင်ထား သည့် နိုင်ငံကြီးများ ကိုကြည့်၍ တတိယကမ္ဘာစစ်ကြီး ဖြစ်လာမည် ကို စိုးရိမ် နေကြသည်။ မှန်၏ ။ ယခုအကြိမ် စစ်ကြီး ဖြစ်လျှင် လူသားမျိုးနွယ်များ ကွယ်ပျောက်လုမတတ် ဖြစ်သွားနိုင်သည့် နျူကလီးယား စစ်ပွဲကြီး ဖြစ်လာ မည် မှာ မလွဲဧကန်ပင် ဖြစ်သည်။ ထို့ကြောင့် တတိယကမ္ဘာစစ်ကြီး ရှောင်လွဲ နိုင်ရေး အတွက် ငြိမ်းချမ်းရေး တေးသံကို လူသားတိုင်းလိုပင် သီကျူးနေ ကြရပေသည်။
နိုင်ငံများ က လက်ခံထားသည်မှာ စစ်၏ အနိဋ္ဌာန်ရုံ အကြောင်းခံကို သိရှိနားလည်ထားလျှင် စစ်ကိုဟန့်တားနိုင်လိမ့်မည် ဟူ၍ ဖြစ်သည်။ ထို့ကြောင့်လည်း ငွေကြေးမြောက်မြားစွာ အကုန်အကျခံကာ စစ်၏ ခါးသီး သော ဆိုးကျိုးများ ကို လူသားတိုင်း သိရှိနားလည်ရေး အတွက် လှုံ့ဆော် စည်းရုံး ဆော်သြလျက်ရှိသည်။
စစ် ဖြစ်သည့်အကြောင်းရင်းများ ကို မလေ့လာမီ 'စစ်'ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို ဆန်းစစ်ကြည့်သင့်ပေသည်။ စစ်၏ အဓိပ္ပာယ်ကား ကျယ်ဝန်းလ၏ ။ ကမ္ဘာဦးတည်စမှ ယနေ့တိုင်အောင် စစ်ဘေးဒဏ်ကို ကြုံရဆဲ ဖြစ်သည်။ နောင်တွင် လည်း ကမ္ဘာတည်သရွှေ့ စစ်ဘေး၊ စစ်ဒဏ်ကို လူသားတို့ ကြုံရဦးမည် ကားမလွဲပေ။
စစ်၏ အဓိပ္ပာယ်
စစ်ပါရဂူကြီးများ က စစ်ကို အဓိပ္ပါယ်အမျိုမျိုးဖွင့်ဆိုကြလေသည်။ လူအများ နားလည်ကြသည်မှာ စစ်ဟူသည် လက်နက်စွဲကိုင်၍ တစ်နိုင်ငံ နှင့်တစ်နိုင်ငံ တိုက်ခိုက်ခြင်းဟူ၍ ဖြစ်သည်။ အဘိဓာန်ကျမ်းများ ၌ တိုင်းပြည် အချင်းချင်း လက်နက်အားကိုးဖြင့် တိုက်ခိုက်ခြင်း၊ ပဋိပက္ခ ဖြစ်ခြင်းဟူ၍ ဖွင့်ဆိုထားပေသည်။ အမှန်စင်စစ် စစ်၏ အဓိပ္ပါယ်မှာ ကျယ်ဝန်းလှပေ သည်။ စစ်ပါရဂူကြီးများ ၏ အဆိုကို အားလုံးခြုံ၍ ကောက်နုတ်ချက် ချမည် ဆိုပါက စစ်ဟူသည် အောက်ပါအချက်များ နှင့် ပြည့်စုံရမည် ဖြစ် ပေသည်။
(က) နိုင်ငံရေး ရည်ရွယ်ချက်အပေါ်၌ အခြေပြုသော ပဋိပက္ခ မျိုး ဖြစ်ခြင်း
(ခ) အဓမ္မအင်အား၊ စစ်လက်နက် အင်အားကို အသုံးချကာ တိုက်ခိုက်ကြသော ရန်ဘက်အုပ်စု၊ သို့ မဟုတ် ရန်ဘက်နိုင်ငံ များ ဖြစ်ခြင်း။
(ဂ) အရွယ်ပမာအားဖြင့်လည်း အများ က နိုင်ငံရေး အုပ်စု တစ်ခုဟု သတ်မှတ်နိုင်လောက်သည့် အုပ်စု သို့ မဟုတ် နိုင်ငံများ ၊ နိုင်ငံစု များ ရန်ဖက်များ အ ဖြစ် ပါဝင်ကြရခြင်း၊
(ဃ) ထိုပဋိပက္ခသည် အချိန်အားဖြင့် အတန်ကြာကြာ ဆက်လက် ဖြစ်ရခြင်း
(င) တိုက်ခိုက်သည့် ရည်ရွယ်ချက်အနေဖြင့် လည်း တစ်ဖက်ရန်သူ အုပ်စုအား အပြီးသတ်၌ ၄င်းရန် ဖြစ်ရခြင်းဟူ၍ ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီးမော်စီတုန်းကမူ-
'စစ်ဆိုသည်မှာ ပုဂ္ဂလိကပိုင် ဥစ္စာဓနများ နှင့် လူတန်းစားများ ပေါ် ပေါက်လာသည့် အချိန်ကတည်းက ဖြစ်ပွားလာခဲ့သည်။ စစ်ဆိုသည်မှာ လူတန်းစားအချင်းချင်း၊ အမျိုးသားအချင်းချင်း၊ နိုင်ငံအချင်းချင်း၊ နိုင်ငံရေး အုပ်စုအချင်းချင်း ဖြစ်ပွားကြသည့် ပဋိပက္ခများ အဆင့်တစ်ခုခုအထိ တိုးပွား လာသော အခါ ဖြေရှင်းသည့် အမြင့်ဆုံးတိုက်ပွဲသဏ္ဌန် ဖြစ်သည်'ဟူ၍ သူ၏ 'တရုတ်တော် လှန်ရေး ပြဿနာများ ' (၁၉၃၆-၁၂) အတွဲ ၁ ၌ ရေး သားထား လေသည်။
ထို့အပြင် ရေရှည်စစ် (၁၉၃၈-၅)အတွဲ ၂ ၌ ''စစ်ဆို တာ နိုင်ငံရေး ရဲ့ အသက် ဖြစ် တယ်'' ဒီ အဓိပ္ပာယ်အရဆိုရင် စစ်ဆိုတာ နိုင်ငံရေး ပဲ ဖြစ်တယ်။ ကိုယ်၌ က နိုင်ငံရေး အပြုအမူ ဖြစ် တယ်။ ရှေးခေတ်ကစပြီး နိုင်ငံရေး သဘော မပါတဲ့ စစ်ပွဲဆိုလို့ မရှိ ဖူးဘူး။
ဒါပေမယ့်၊ စစ်မှာ ကိုယ် ပိုင် ထူးခြားချက် ရှိတယ်။ ဒီ အဓိပ္ပာယ်အရဆိုရင် စစ်ဟာ ယေ ဘူယျ နိုင်ငံရေး မဟုတ်ဘူး စစ်ဆို တာ နိုင်ငံရေး ကို ထူးခြားတဲ့နည်းနဲ့ ဆက်လက်လုပ်ခြင်း ဖြစ်တယ်။ နိုင်ငံရေး ဟာ အဆင့်တစ်ခုခုအထိ တိုးပွားလာပြီး မူလနည်းနဲ့ ရှေ့ကို တိုးမသွားနိုင်တဲ့အခါ၊ နိုင်ငံရေး လမ်းပေါ်က အတားအဆီးတွေ ကို ဖယ်ရှားပစ်ဖို့အတွက် စစ် ဖြစ်ရ တော့တယ်။ ... အတားအဆီး၏ တွေ ကို ဖယ်ရှားပစ်ပြီး၊ နိုင်ငံရေး ရည်ရွယ်ချက် အထမြောက်တာနဲ့ စစ်လည်း အဆုံးသတ်သွားလိမ့်မယ်။ ဒါပေမယ့် အတားအဆီးတွေ ကို ကုန်စင်အောင် ဖယ်ရှားမပစ်ရသေး ရင်တော့၊ ရည်ရွယ်ချက် အထမြောက်တဲ့အထိ စစ်ကို ဆက်လက်ဆင်နွှဲနေရဦးမှာ ပဲ။ ... ဒါကြောင့် နိုင်ငံရေး ဟာ သွေးမထွက်တဲ့စစ် ဖြစ်တယ်။ စစ်ဟာ သွေးထွက်တဲ့ နိုင်ငံရေး ဖြစ်တယ်လို့ ဆိုနိုင်တယ်။
သမိုင်းတစ်လျှောက်က စစ်ပွဲတွေ ကို နှစ် မျိုးနှစ် စားခွဲခြားနိုင်တယ်။ တစ်မျိုးကတရားတဲ့စစ်ပွဲ၊ နောက်တစ်မျိုးက မတရားတဲ့စစ်ပွဲ ဖြစ်တယ်။ တိုးတက်တဲ့ စစ်ပွဲမှန်သမျှဟာ တရားတဲ့စစ်ပွဲ ဖြစ်ပြီး၊ တိုးတက်မှု ကို တားဆီး နှောင့်ယှက်တဲ့ စစ်ပွဲမှန်သမျှဟာ မတရားတဲ့စစ်ပွဲ ဖြစ်တယ်။ ကျုပ်တို့ ကွန်မြူနစ်များ ဟာ တိုးတက်မှု ကို တားဆီးနှောင့်ယှက်တဲ့ မတရားတဲ့ စစ်ပွဲ မှန်သမျှကို ဆန့်ကျင်တယ်။ ဒါပေမယ့် တိုးတက်တဲ့တရားတဲ့ စစ်ပွဲများ ကို တော့ မဆန့်ကျင်ဘူး။ တရားတဲ့ စစ်ပွဲတွေ ကို ကျုပ်တို့ကွန်မြူနစ်များ က မဆန့်ကျင်ရုံမက၊ တက်တက်ကြွကြွတောင် ပါဝင်ဆင်နွှဲကြသေးတယ်။ မတရားတဲ့ စစ်ပွဲဆိုရင် ဥပမာ ပထမကမ္ဘာစစ်ကြီး ဆိုပါတော့ စစ်တိုက်ကြ တဲ့ နှစ် ဖက်စလုံးပဲ နယ်ချဲ့အကျိုးစီးပွားအတွက် တိုက်ကြတာ ဖြစ်လို့၊ ဒီစစ် ကြီးကို တစ်ကမ္ဘာလုံးရှိ ကွန်မြူနစ်များ က ပြတ်ပြတ်သားသား ဆန့်ကျင် ကြတယ်။ ဆန့်ကျင်တဲ့နည်းလမ်း ကတော့ စစ်မ ဖြစ်ခင်မှာ ဆိုရင် စစ်မ ဖြစ် အောင် အင်တိုက်အားတိုက် တားဆီးတယ်။ စစ် ဖြစ်လာတဲ့ နေရာဆိုရင် တတ်နိုင်ရင် စစ်ကိုစစ်နဲ့ ဆန့်ကျင်တယ်။ မတရားတဲ့ စစ်ကိုတရားတဲ့စစ် နဲ့ ဆန့်ကျင်တယ်။
ကျုပ်တို့ဟာ စစ်ကို သုတ်သင်ပစ်လိုသူများ ဖြစ်ကြတယ်။ ကျုပ်တို့ စစ်ကိုမလိုလားပါဘူး။ ဒါပေမယ့် စစ်တိုက်တဲ့ နည်းနဲ့ သူစစ်ကို သုတ်သင် ပစ်နိုင်တယ်။ သေနတ်ကို မလိုလားရင် သေနတ်ကိုပဲ စွဲကိုင်ရမယ်'ဟူ ၍ ရေး သားထားလေသည်။ ဘင်ဂျမင်ဖလန်ကလင်က 'မဆိုးတဲ့ စစ်နဲ့ မကောင်းတဲ့ ငြိမ်းချမ်းရေး ဆိုတာ မရှိပါဘူး'ဟူ၍ ဆိုခဲ့သည်။
ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီးက ဦးဆောင်ကျင်းပခဲ့သော 'စစ် ဖြစ်ပွားစေသော အကြောင်းရင်းများ ကို စူးစမ်းလေ့လာသည့် ကွန်ဖရင့်မှ ၁၉၂၅ ခုနှစ် တွင် ထုတ်ပြန်ကြေညာချက်အရ စစ်များ ဖြစ်ပွားသော အခြေခံ အကြောင်းရင်းမှာ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေး နှင့် လူတို့၏ ဗီဇများ ကြောင့် ဖြစ်ကြောင်းကို အသေးစိတ်အချက်အလက် ၂၅ဝကျော်ဖြင့် ဖော်ပြ ထားသည်။
ပါမောက္ခ ချားလ်ဟောဒ်ဂျစ်ကလည်း လူမှု ရေး ၊ စီးပွားရေး ၊ နိုင်ငံ ရေး ၊ မဟာဗျူဟာရေး စသည့်အကြောင်းရင်း (၂၁)ခုခန့်ကြောင့်သာ စစ် ဖြစ် ပွားခဲ့သည်ဟူ၍ သူ၏ 'အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး 'စာအုပ်တွင် ဖော် ပြထားသည်။
'တော် နာ' (Tell. A. Tuaner) ဆိုသူကမူ စီးပွားရေး ၊ ထီးနန်းရေး ၊ ဘာသာရေး ၊ လူတို့၏ တွေးခေါ်မှု စသော အကြောင်းရင်း ၄ဝ ကျော်တို့သည် စစ် ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်း ဖြစ်ကြောင်း၊ ယင်း၏ 'စစ် ဖြစ် ရသော အကြောင်းရင်း'ဟူသော စာအုပ်၌ ရေး သား ဖော်ပြထားလေသည်။
လောကဗျူဟာကျမ်း၌ စစ် ဖြစ်ရခြင်း အကြောင်းတရား (၁၃)ပါးကို အောက်ပါအတိုင်း ဖော်ပြထားသည်-
(က) နယ်ခြားသတ်မှတ်မှု ကြောင့်၊
(ခ) မြေအောက်မြေပေါ်ပစ္စည်းလိုချင်မှု ကြောင့်၊
(ဂ) ဆင်ကောင်း၊ မြင်းကောင်းလိုချင်မှု ကြောင့်၊
(ဃ) စစ်သုံးလက်နက် လိုချင်မှု ကြောင့်၊
(င) သမီးကညာလိုချင်မှု ကြောင့်၊
(စ) ကုန်းတိုက် ဥပါယ်ပြုမှု ကြောင့်၊
(ဆ) သစ္စာဖောက်ပြန်မှု ကြောင့်၊
(ဇ) စေပါးသော ရာဇသံစကားကို အနိမ့်အကျ မသိမှု ကြောင့်၊
(ဈ) မင်းအစိုးရတို့ တိုင်းပြည် မစောင့်ရှောက်မှု ကြောင့်၊
(ည) ဗိုလ်ပါ ရဲမတ်၊ သူရဲ၊ သူဆက်တို့မရှိ၊ နည်းပါးမှု ကြောင့်၊
(တ) ကုန်သည်တို့ လောဘကြီးမှု ကြောင့်၊
(ထ) ရန်ငြိုးဖွဲ့မှု ကြောင့် ၊
စသည်တို့ ဖြစ်သည်။
မက်ခီယာဗယ်လီ (Niccolodi Bermardo dei Machia Velli -1469-1577) ကမူ 'စစ်သည် နိုင်ငံရေး လိုအပ်ချက်အရ ဖြစ်သည်'ဟူ၍ ဆိုခဲ့သည်။
တစ်ဖန် ပရပ်ရှား စစ်ဗိုလ်ချုပ်ကြီးနှင့် စစ်ပါရဂူကလော် ဝစ်ဇ် (Karl von Clausewitz-1780-1831) က 'စစ်သည် နိုင်ငံရေး ဖြစ်စဉ်ကို သွေဖီ ခြင်းအလျဉ်းမရှိ၊ နိုင်ငံရေး လမ်းကြောင်းအတိုင်းသာ၊ လားရာအတိုင်းသာ စစ်သည် ဖြစ်ပွား၏ ။ စစ်ဆင်တိုက်ခိုက်မှု နည်းလမ်းသည် မည် သို့ပင် ဖြစ်စေ ကာမူ ရည်ရွယ်ချက်မှာ ကား နိုင်ငံရေး ဖြစ်စဉ်အတွင်း၌ သာ ဖြစ်သည်'ဟူ၍ ယင်း၏ 'စစ်သေနင်္ဂဗျူဟာ'(on wars) စာအုပ်၌ ရေး သားထားလေသည်။
ယင်းတို့၏ အယူအဆ အသီးသီးကိုခြုံ၍ လေ့လာပါက စစ် ဖြစ်ရ သည့်အကြောင်းရင်းများ ကို အောက်ပါအတိုင်း တွေ့ ရမည် ဖြစ်သည်။
အချို့ကမူ လူတို့၏ သန္ဓေဗီဇစိတ်ကြောင့် စစ် ဖြစ်ရသည်ဟုဆို၏ ။ ၄င်းတို့၏ တွေးခေါ်ပုံမှာ လူသတ္တဝါများ သည် မွေးစကပင် တိုက်ခိုက်လို စိတ်ရှိကြ၏ ။ ရုန်းကန်လိုစိတ်၊ အစွမ်းပြလိုစိတ်ရှိကြ၏ ။ ထို့ကြောင့် တိုင်း ပြည်နှင့် လူမျိုးချီ၍ ယင်းစိတ်ထားကို ထုတ်ဖော်သော အခါ စစ်များ ဖြစ်ကြ ရသည်ဟူ၏ ။
အချို့ကလည်း စစ်ဟူသည် လူတို့၏ မစ္ဆေရစိတ်ထားကြောင့် ဖြစ် သည်ဟု ဆိုကြသည်။ တစ်နည်းအားဖြင့် စစ်ဆိုသည်မှာ မကောင်းမှု ဖြစ် သော ကြောင့် မကောင်းသော သူများ ကသာ ကျူးလွန်ဆင်နွှဲတတ်ကြောင်း ဖော်ပြကြသည်။ ယင်းကို Movalistic Theory ခေါ်စိတ်မတည်တံ့သော သီဝရီ ဟုခေါ်ကြသည်။ ယင်းအဆိုသည်လည်း မှန်သည်ဟု မဆိုနိုင်ပေ။အကြောင်း မူစစ် ဖြစ်သည့် နိုင်ငံတိုင်းသည် မကောင်းမှု ဟူသမျှကို တစ်ဖက်ရန်သူအပေါ် သို့ သာ ပုံချတတ်၍ ဖြစ်သည်။
အချို့ပုဂ္ဂိုလ်များ က စစ် ဖြစ်ရသည်မှာ လူတို့၏ ကြောက်ရွံ့စိုးရိမ်စိတ် များ ကြောင့်ဟု ယူဆကြသည်။ အစိုးရတိုင်းလိုပင် မိမိလူမျိုး၊ မိမိနိုင်ငံ လုံခြုံရေး အတွက် စစ်အင်အား ခိုင်မာအောင် လက်နက်တပ်ဆင်ကြသည်။ စစ်ရေး အတွက် ကြိုတင်ပြင်ဆင်ထားကြသည်။ ထိုအခါ သာမညကိစ္စရပ် ကလေးတစ်ခုကြောင့် ထစ်ကနဲဆိုလျှင် စစ် ဖြစ်ရတော့လေသည်။ ယင်းအဆို မှာ လည်း ရာနှုန်းပြည့်မတိကျလှပေ။ အကြောင်းမူ ယခုအခါ နိုင်ငံတိုင်းလို လို မိမိတို့၏ နိုင်ငံတော် ဘဏ္ဍာငွေထဲမှ ရာခိုင်နှုန်းမြောက်မြားစွာ ကို နိုင်ငံ တော် ကာကွယ်ရေး အသုံးစရိတ်အတွက် ကျခံသုံးစွဲ၍ ၊ စစ်လက်နက်အပြိုင် အဆိုင် တပ်ဆင်လာသည်မှာ မှန်သော်လည်း၊ မိမိနိုင်ငံလုံခြုံရေး ကို ထိပါး မည် ထက် တတိယကမ္ဘာစစ်ကြီး ဖြစ်လာမည် ကို အကြောက်ပို၍ ဖြစ်သည်။
အချို့ကလည်း လူဦးရေများ ပြားလာပြီး အစာရေစာနှင့် နေစရာ မလောက်ငှ၍ စစ် ဖြစ်ပွားရသည်ဟု ယူဆကြပြန်သည်။ ယင်းတို့က ဒုတိယ ကမ္ဘာစစ်ကြီးသည်ပင်လျှင် ဟစ်တလာသည် ဂျာမနီနိုင်ငံ၏ ရိက္ခာပြဿ နာကိုဖြေရှင်းရန် ပိုလန်နယ်ကို မျက်စောင်းထိုးရာမှ ဖြစ်ခဲ့သည်ဟုဆိုကြ သည်။ တရုတ်ပြည်သည် လူဦးရေ အဆမတန်တိုးတက်များ ပြားလာသော ကြောင့် ပြည်ပနိုင်ငံများ ကို နယ်ချဲ့ရန် စစ်ရေး တိုးချဲ့လာမှု ကို ထောက်ပြ ကြသည်။ သို့ သော် ဤအဆိုဟာလည်း တိကျသည်ဟု မဆိုနိုင်ပေ။
အချို့ကမူ စစ် ဖြစ်ရခြင်းသည် အမှားကို အမှန်ပြင်ဆင်ရန်အတွက် ဟု ဆိုကြသည်။ ယင်းတို့ သာဓကပြသည်ကား ဂျာမန်တို့သည် ဗာဆိုင်း စာချုပ်ကြီး၏ အမှားကိုပြင်ရန် ဒုတိယကမ္ဘာစစ်မီးကို မွှေးခဲ့သည်ဟု ဆို သည်။ ဂျပန်တို့ စစ်ထဲဝင်လာခြင်းမှာ လည်း အင်္ဂလိပ်နှင့် အမေရိကန်တို့ က တစ်ဖက်သတ်စီးပွားရေး ပိတ်ဆို့ထားခြင်းကို လမ်းဖွင့်ရန်ဟူ၍ ထောက် ပြကြသည်။
ချားလ်ဒါဝင်၏ သီဝရီ ဖြစ်သော 'အတော် ဆုံးမှ အသက်ရှင်နေနိုင် ခြင်း'တစ်နည်း 'တော် သူနေ မတော် သူသေ'ဟူသော အချက်သည် စစ် ဖြစ် စေသော အကြောင်းတစ်ရပ် ဖြစ်သည်ဟု လက်ခံကြပြန်သည်။ လူသားမျိုး နွယ်များ သည် ကမ္ဘာဦးအစမှစ၍ ရုန်းခဲ့ကန်ခဲ့ တိုက်ခိုက်ခဲ့ရသည်။ သက်ရှိ သတ္တဝါများ သည် ထိုအချိန်မှစ၍ သဘာဝ ဘေးဒဏ်များ နှင့်သော်လည်း ကောင်း၊ သက်ရှိအချင်းချင်းသော်လည်းကောင်း စစ် ဖြစ်ကြရာ ထိုက်တန် သော သူများ က မျိုးဆက်တင်ကျန်ရစ်ခဲ့သည် ဆိုသည်။
သို့ သော် ယခင်က သုံးစွဲခဲ့သော လက်နက်များ သည် မြို့ကိုသာ ဖျက်နိုင်သော်လည်း ယခု တီထွင်ဆန်းသစ်ထားသော နျူကလီးယား လက်နက်၊ ဓာတုဗေဒလက်နက်များ ၊ ဇီဝလက်နက်များ သည် ကမ္ဘာကိုပါ ဖျက်ဆီးနိုင်သည်ကို သတိပြုသင့်လေသည်။
ယခုအခါ အများ စုတညီတညွတ်တည်း လက်ခံထားသည့် အယူ အဆတစ်ခုမှာ စစ် ဖြစ်ရသော အကြောင်းရင်းထဲမှတစ်ခုသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားရေး သည် အဓိက ဖြစ်သည်။ စီးပွားရေး နယ်မြေ ချဲ့ထွင်ရာမှ လည်းကောင်း၊ စီးပွားရေး ဝါဒချင်း မတူ၍ လည်းကောင်း၊ စီးပွားရေး ပြိုင်ဆိုင်ရာမှလည်းကောင်း စစ်ပွဲများ ဖြစ်လာခဲ့သည်ဟုဆိုသည်။ ဤကား ကမ္ဘာဦးမှစ၍ ယခုတိုင် ကြုံတွေ့ နေရဆဲ ဖြစ်သည်။
သမိုင်းဦး ဘုံမြေခေတ်၌ လူတို့သည် အစာရေစာ လူမှု အတွက်လည်း ကောင်း၊ ကျေးပိုင်၊ ကျွန်ပိုင်ခေတ်တွင် စီးပွားရေး လုပ်ငန်းများ ၌ အသုံးချ ရန် ကျေးကျွန်တို့၏ လုပ်အားအတွက် လည်းကောင်း၊ မြေရှင်ပဒေသရာဇ် ခေတ်တွင် ရေမြေ့အရှင် ဖြစ်သော ပဒေသရာဇ်မင်းများ သည် မိမိတို့၏ ရေမြေ ပိုင်နက် ချဲ့ထွင်သိမ်းပိုက်ရေး အတွက် လည်းကောင်း၊ အရင်းရှင်ခေတ်တွင် မိမိတို့၏ စီးပွားရေး ဈေးကွက် အပြိုင်အဆိုင် ချဲ့ထွင်မှု အတွက် လည်းကောင်း၊ စစ်ခင်းခဲ့ကြလေသည်။
စစ်သမိုင်းကို ပြန်၍ ဆန်းစစ်ပါက အမေရိကန် လွတ်မြောက်ရေး စစ်ပွဲ၏ အဓိကအကြောင်းရင်းသည် မိခင်အင်္ဂလန်ပြည်၏ စီးပွားရေး လွှမ်းမိုး မှု အောက်မှ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။
စစ် ဖြစ်ရသော အကြောင်းရင်း တစ်ရပ်ကိုတော့ လေ့လာကြည့်ပါက နိုင်ငံများ သည် မိမိတို့၏ အမျိုးသား အကျိုးစီးပွားရေး လိုအပ်ချက်ကို ဖြည့်တင်းကြသော အခါ အနုနည်းဖြင့်မရသော အခါ အကြမ်းနည်း ဖြစ်သော စစ်ရေး ကိုသာ အသုံးပြုကြ၍ ဖြစ်သည်ဟု ယေဘူယျ သတ်မှတ်နိုင်လေ သည်။ အမျိုးသားအကျိုးစီးပွား ဆိုရာ၌ မိမိနိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲလိုမှု ၊ နိုင်ငံတော် ၏ စီးပွားရေး ၊ လူမှု ရေး ၊ ဖွံ့ဖြိုးတိုးတက်လိုမှု စသည်တို့ကို ဆိုလိုသည်။ ဤလိုလားချက်များ ကို ဖြည့်တင်းရာ၌ လည်း ကောင်း၊ ထိန်းသိမ်းရာ၌ လည်းကောင်း၊ အခြားနိုင်ငံတစ်နိုင်ငံက ဝင်ရောက် နှောင့်ယှက်၍ သော်လည်းကောင်း၊ အကျိုးစီးပွားချင်း ထိပ်တိုက်ရင်ဆိုင် ခဲ့ရလျှင်လည်းကောင်း၊ နိုင်ငံရေး နည်းဖြင့် ဖြေရှင်း၍ မရသော အခါ စစ်ရေး ဖြင့်သာ ဖြေရှင်ြး ကတော့သည်။ ထို့ကြောင့်လည်း တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီး မော်စီတုန်း (၁၈၉၃-၁၉၇၆)က ''စစ်ဆိုတာ နိုင်ငံရေး ရဲ့ အသက် ဖြစ်တယ်''ဟူ၍ ပြောခဲ့သလို၊ ရုရှားခေါင်းဆောင်ကြီး လီနင်(၁၈၇ဝ- ၁၉၂၄)ကလည်း ''စစ်ပွဲအားလုံးတို့သည် ယင်းတို့ကို ဖြစ်ပွားစေသော နိုင်ငံရေး စနစ်များ နှင့် မကင်းကွာကြချေ''ဟူ၍ ပြောကြားခဲ့လေသည်။
မည် သို့ ဆိုစေ... စစ်ဟူသည်မှာ သူ့အလိုအလျောက် ပေါ်ပေါက် လာသော အ ဖြစ်အပျက်မဟုတ်ချေ။ လူတို့ဖန်တီးပြုလုပ်၍ သာ ပေါ်ပေါက် လာခဲ့ရသော အ ဖြစ်အပျက်သာ ဖြစ်လေသည်။
လူသားတို့သည် လူ့ဘဝ စတင်ခါစမှပင် အုပ်စုချင်း စစ်ခင်းလာ ခဲ့ကြသည်။ ထိုမှတစ်ဖန် လူမျိုးအချင်းချင်း၊ တိုင်းပြည်အချင်းချင်းစသည် ဖြင့် တစ်စတစ်စ ကျယ်ပြန့်လာခဲ့ရာ နောက်ဆုံးကမ္ဘာစစ်သို့ ပင် တိုင်ခဲ့ လေသည်။ လူ့ဘောင်လောကကြီးသည် လွန်ခဲ့သော နှစ် ပေါင်း ၅၅ဝဝ အတွင်း စစ်ပွဲကြီး၊ ငယ် စုစုပေါင်း ၁၄ဝဝဝ ကျော် တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ ဖြစ်ပွားခဲ့သော စစ်ပွဲများ တွင် လည်း အမျိုးမျိုးရှိခဲ့သည်။ လူမျိုးရေး ၊ ဘာသာရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ ရေပြင်မြေပြင် နယ်နမိတ်အပိုင်း အခြား ပိုင်ဆိုင်မှု ပြဿနာ အစရှိသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် စစ် ဖြစ်လာ ခဲ့ကြသည်။
မည် သည့်အကြောင်းကြောင့် ဖြစ်ပွားခဲ့သည် ဖြစ်စေ၊ စစ်ဟူသည် လူသားတို့အား ကောင်းကျိုးပေးခြင်းမရှိဘဲ ဆိုးမွေကိုသာ ထားရစ်ခဲ့လေ သည်။ စစ်ကြောင့် လူသားတို့သည် (၁) သတ္ထန္တရကပ် ဓားလှံသေနတ် စသော လက်နက်ကားဖြင့် သေကြေပျက်စီးရခြင်း၊ (၂)ရောဂန္တရကပ်ခေါ် ရောဂါ အမျိုးမျိုးဖြင့် သေကြေပျက်စီးရခြင်း၊ (၃) ဒုဗ္ဘိက္ခန္တရကပ်ခေါ် အစား အစာ ငတ်မွတ်ခြင်းအားဖြင့် သေကြေပျက်စီးရခြင်းများ ဖြစ်ပွားခဲ့ရသည်။ ထို့ပြင် လူသားတို့၏ စည်းစိမ်ဥစ္စာရတနာတို့ပါ ပျက်စီးဆုံးရှုံးရသည် သာမက တစ်စစတိုးတက်လျက်ရှိသော လူု့ဘောင်လောကကြီးကိုလည်း တန့်သွားစေခဲ့ သည်။
ဒုတိယကမ္ဘာစစ် နောက်ခံသမိုင်း
၂ဝ ရာစု ပထမ နှစ် ငါးဆယ်အတွင်း ပြိုင်စံကင်းသော ပျက်စီး ပြုန်းတီးမှု အထိဖြင့် ကမ္ဘာစစ်ကြီးနှစ် ခု ဖြစ်ပွားခဲ့လေသည်။
၁၉၁၄ ခုနှစ် ဇူလိုင်လ ၂၈ရက်မှ ၁၉၁၈ ခုနှစ် ၊ နိုဝင်ဘာလ ၁၁ ရက် အထိ ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်ပွဲတွင် လူဦးရေသန်းပေါင်း ၁ဝဝဝ ပါဝင်သည့် နိုင်ငံပေါင်း ၃၆နိုင်ငံမှ လူပေါင်းသန်း ၇ဝ ပါဝင်ဆင်နွှဲ တိုက်ခိုက်ခဲ့ပြီး လူသန်းပေါင်း ၃ဝ ကျော် သေကြေပျက်စီးခဲ့ရသည်။ လူပေါင်းသန်း ၂ဝဝ မှာ ဒဏ်ရာ အနာတရ ရရှိခဲ့ကြသည်။
ဒုတိယ ကမ္ဘာစစ်တွင် မူ လူဦးရေ သန်းပေါင်း ၁၇ဝဝ တို့ ပါဝင်သည့် နိုင်ငံပေါင်း (၆၁) နိုင်ငံမှ လူသားပေါင်း ၁၁ဝ ပါဝင် ဆင်နွှဲတိုက်ခိုက်ခဲ့ရပြီး လူသန်း ပေါင်း ၅ဝ ကျော် သေကြေ၍ လူသန်းပေါင်း ၃ဝဝ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ဒုတိယကမ္ဘာစစ်သည် တစ်ကမ္ဘာလုံးရှိ နေရာအနှံ့အပြား သို့ ဂယက်ရိုက် ပျံ့နှံ့သွားသော တကယ့်ကမ္ဘာ့စစ် ဖြစ်သည်ဟု ဆို လေသည်။ ၁၉၁၄ မှ ၁၉၁၈ အထိ ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်မှာ နိုင်ငံအများ အပြား ပါဝင်သည့် စစ်ပွဲကြီးပင် ဖြစ်သော်လည်း ကမ္ဘာစစ်ဟူ၍ စင်စစ်ခေါ်နိုင် လောက်အောင် ကမ္ဘာတဝန်းရှိ နိုင်ငံတိုင်း၊ လူမျိုးတိုင်းကို ထိခိုက်ခြင်း မရှိခဲ့ချေ။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် စတင် ဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာစစ်ကြီးမှာ မူ ကမ္ဘာစစ်ဟူ၍ အမည် ပေးနိုင်လောက်အောင် နိုင်ငံ တကာသို့ ကူးစက်ပျံ့နှံ့သွားခဲ့လေသည်။
ဒုတိယ ကမ္ဘာစစ်၏ စစ်မျက်နှာသည် ဆော်လမွန်ကျွန်းမှ စတာ လင်ဂရက်အထိ လည်းကောင်း၊ အလာစကာ ပြည်နယ်မှလစ်ဗျားသဲကန္တာရ အထိလည်းကောင်း ကျယ်ပြန့်စွာ တည်ရှိခဲ့သည်။ကြည်း၊ ရေ၊ လေ တိုက်ပွဲ များ သည် ကမ္ဘာပေါ်ရှိ တိုက်ကြီး (၆) တိုက်နှင့် သမုဒ္ဒရာ (၇) စင်းတို့၌ သည်းသည်းမဲမဲ မစဲဘဲ ဖြစ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီး စတင် ဖြစ်ပွားသည့် နေ့ကို နာဇီဂျာမနီက ပိုလန်နိုင်ငံကို ၁၉၃၆ စက်တင်ဘာလ ၁ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက် ပြီးနောက်၊ ၂ ရက်အကြာတွင် ဗြိတိန်၊ ပြင်သစ်တို့က ဂျာမနီနိုင်ငံအား စတင်ကြေညာခဲ့သည်။ စက်တင်ဘာ ၃ရက်နေ့ကို စစ်ကြီးစတင် ဖြစ်ပွား ရာနေ့ဟု သမိုင်းဆရာတို့က မှတ်ယူကြသည်။
ဒုတိယကမ္ဘာစစ် ဖြစ်ပွားရသည့် အကြောင်းရင်းမှာ (၁) အရင်း ရှင်နိုင်ငံများ အချင်းချင်း ပဋိပက္ခ ဖြစ်ခြင်း၊ (၂) မဟာဗျူဟာ စစ်အုပ်စုများ အပြိုင်ဖွဲ့စည်းခြင်း၊ (၃) စစ်လက်နက်များ အပြိုင်အဆိုင် တပ်ဆင်ခြင်းနှင့် (၄) ဖက်ဆစ်တို့၏ ကျုးကျော်မှု တို့အကြောင့် ဖြစ်လေသည်။
ဒုတိယကမ္ဘာစစ်အကြောင်းကို ရေး သားရာ၌ ဂျာမနီ အာဏာရှင် တစ်ယောက် ၏ အကြောင်းကို ထည့် မရေး က ပြည့်စုံမည် မဟုတ်ချေ။
ဂျာမနီ အာဏာရှင် ဟစ်တလာ
ဟစ်တလာကို သြစကြီး ယားပြည်နှင့် ဆာဗေးရီးယားပြည် နယ်စပ်ရှိ အင်းမြစ်ပေါ်ရှိ ဘရော နှောမြို့ကလေး၌ ၁၈၈၉ ခုနှစ် ၊ ဧပြီလ ၂ဝ ရက်နေ့ ညနေ ၆ နာရီ၊ မိနစ် ၃ဝ တွင် ဖွားမြင် ခဲ့သည်။ ဟစ်တလာ၏ နှစ် ဖက် မိဘများ မှာ သြစတြီးယား ဗီယင်ရာမြို့၏ အနောက်မြောက်ဘက် မိုင် ၅ဝ မျှ ကွာဝေးသော ဝါးဗီယာ တဲလ်မြို့ ကလေးမှ အသက် အန္တရာယ်များ ဖြစ်ကြသည်။
သူတို့၏ မိသားစုနာမည် မှာ မူလက ဟိုက်ဒလာ (hiedler) ဟု ခေါ်ဝေါ်ကြ သည်။ နောင်နှစ် ပေါင်းအတန်ကြာမှ ဟစ်တလာ (hitler) ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်လာခြင်း ဖြစ်သည်။
ဟစ်တလာ၏ အဘိုး ဖြစ်သူ ဂျိုဟန်းဂျော့ ဟိုက်ဒလာမှာ မည် သည့်အခါမှ တစ်နေရာတွင် အတည်တကျနေသည်ဟူ၍ မရှိ။ ကျပန်းကုန် သည် တစ်ယောက် အ ဖြစ် လှည့်လည်သွားလာ နေထိုင်ခဲ့သူ ဖြစ်သည်။ ထိုသို့ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာ၍ ရောက်ရာအရပ်တွင် ဖြစ်သလို လုပ်ကိုင်စားသောက်နေရာမှ ၁၈၄၂ ခုနှစ် မေလတွင် စထရုံးအမည် ရှိ ရွာကလေး တစ်ရွာတွင် မာရီယာအန်နာ ဆိုသူ လယ်သူမ တစ်ယောက် နှင့် အကြောင်းပါခဲ့သည်။ မာရီယာအန်နာသည် အပျိုမဟုတ်ပေ။ ထိုအချိန်မတိုင် မီ လွန်ခဲ့သည့်ငါးနှစ် ခန့်က သူလင်ကောင်မပေါ်ဘဲ ကလေး တစ်ယောက် တိတ်တိတ်ပုန်းရခဲ့ဖူး၏ ။ ဂျော့ဟိုက်ဒလာသည် မာရီယာအန်နာနှင့် လက် ထပ်ပြီးအနောက် အဆိုပါ'ဒူးမနာသားလေး' အလွိုက်ကို မိမိ၏ အမွေစား အမွေခံသားအ ဖြစ် တရားဝင်အသိအမှတ် ပြုခဲ့ရ၏ ။ ဖအေမပေါ်ဘဲ တိတ် တိတ်ပုန်းမွေးလာခဲ့ရသော အလွိုက်စ်အား နောင်အခါ၌ အဖဂျာမနီ နိုင်ငံ တော် ၏ အဓိပတိ၊ ဖက်ဆစ်အာဏာရှင်ကြီး ဟစ်တလာ၏ ဖခင်ပေတည်း။
အလွိုက်ဟစ်တလာသည် အသက် ၁၃ နှစ် သားအရွယ်တွင် သူ့ဦး လေး၏ နေအိမ်မှ ထွက်လာခဲ့၍ ဗီယင်နာမြို့တွင် ဖိနပ်ချုပ်သမားထံ ဖိနပ် ချုပ်ပညာသင်ခဲ့သည်။ သို့ သော်လည်း ထိုအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းမပြုတော့ဘဲ အသက် ၁၈ နှစ် တွင် အကောက်ဌာန၌ ဝင်ရောက် လုပ်ကိုင်ခဲ့သည်။
အလွိုက်စ်ဟစ်တလာသည် ၁၈၆၄ ခုနှစ် တွင် အန်နာဂလာပ်ဆိုသူ နှင့် လက်ထပ်ခဲ့သည်။ ထို့နောက် အိမ်ထောင်ရေး အဆင်မပြေသဖြင့် နှစ် ဦး သဘောတူ ကွာရှင်းပြတ်စဲလိုက်သည်။ အလွိုက်စ်သည် ပထမ မယားကြီး ကွယ်လွန်ပြီး နောက်တစ်လအကြာတွင် ဖရန်စစ္စကာမက်ဇက်ဘာဂျာဆိုသူ နောက်အိမ်ထောင်ပြုခဲ့သည်။ အဆိုပါ ဇနီးသည်သည် သမီးကလေးမွေးပြီး၊ တစ်နှစ် မျှမကြာမီ အဆုတ် ရောဂါ ဖြင့် သေဆုံးသွားခဲ့ပြန်သည်။ ဒုတိယ ဇနီး သေဆုံးပြီး ၆ လခန့်အကြာတွင် တတိယအိမ်ထောင်ပြုခဲ့ပြန်သည်။ သူ၏ တတိယအိမ်ထောင်မှာ ကလာရာပေါလ်ဇဲလ်ဆိုသူ ဖြစ်သည်။ အလွိုက်စ် နှင့် ကလာရာတို့သည် ၁၈၈၅ ခုနှစ် ၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် လက်ထပ် ခဲ့သည်။ ကလာရွာသည် အလွိုက်နှင့် လက်ထပ်ချိန်က အသက် ၂၃ နှစ် သာရှိသေးသည်။ လက်ထပ်ခြင်း ၅ လအကြာ မေလ ၁၇ ရက်နေ့တွင် ပထမဆုံး ဂတ်စ်တပ်ဆိုသူ သားယောက်ျားလေး ဖွားမြင်သည်။ ထို့နောက် တစ်ဖန် အိုင်ဒါဆိုသူ မွေးခဲ့ပြန်သည်။ သို့သော် နှစ် ယောက် စလုံး အဖတ် မတင်ဘဲ ဖြစ်ခဲ့ရသည်။ ထို့နောက် ၁၈၈၉၊ ဧပြီလ ၂ဝ တွင် သားယောက်ျား လေး တစ်ယောက် မွေးခဲ့သည်။ ဤသို့ ဖြင့် ဟစ်တလာသည် အလွိုက်စ်လ် တတိယဇနီးမှ မွေးသော တတိယမြောက်သား ဖြစ်သည်။ အလွိုက်စ်သည်အဒေါ့ဖ်ဟစ်တလာအပြင် နောက်ထပ် သား တစ်ယောက် နှင့် သမီးတစ် ယောက် ထပ်မံရခဲ့သေးသည်။ သို့ သော် ဟစ်တလာ၏ ညီအက်ဒွပ်မှာ ၆ နှစ် သားအရွယ်တွင် သေဆုံးခဲ့ရာ ဟစ်တလာသည် အမိဝမ်းတွင်း တအူတုံ ဆင်းဟူ၍ 'ပေါ်လာ'အမည် ရှိ ညီမ တစ်ယောက် သာရှိသည်။
ဟစ်တလာသည် ငယ်စဉ်က သူ့ဖခင် ပြောင်းရွှေ့ရာသို့ တစ်မြို့ပြီး တစ်မြို့ လိုက်ပါနေထိုင်ခဲ့ရသည်။ သို့ သော် သူ့ဖခင်က သူ့ကို ပညာထူး ချွန်စေလိုသော ဆန္ဒဖြင့် ရောက်ရာအရပ်တွင် ကျောင်းထားပေးခဲ့သည်။
ဖခင်သေဆုံးပြီးနောက်၊ နောက်တစ်နှစ် ၁၉ဝ၄ ခုနှစ် တွင် ဟစ်တ လာသည် ရီးရဲလ်ကျောင်းတွင် ကျောင်းသင်ခန်းစာများ ကို ကောင်းစွာ မလိုက် နာနိုင်သဖြင့် ထိုကျောင်းမှ ထွက်ခဲ့ရပြီး စတီးယားကျောင်းသို့ ပြောင်းရွှေ့ သင်ကြားခဲ့ရသည်။ သူသည် အထက်ပါစတီးယားကျောင်းတွင် ပညာသင် ခဲ့ပြီးနောက် ၁၆ နှစ် အရွယ်တွင် ကျောင်းမှထွက်ခဲ့သည်။
ဟစ်တလာသည် ငယ်စဉ် က ပန်းချီအနုပညာတွင် ဝါသနာထုံခဲ့ သည်။ ပန်းချီဆရာအ ဖြစ် အသက် မွေးမည် ဟူ၍ လည်း စိတ်ကူးယဉ် ခဲ့သည်။ ယင်းနောက် ဗီယင်နာမြို့သို့ သွားရောက်၍ အနုပညာသိပ္ပံကျောင်း ကြီးသို့ ကျောင်းဝင်ခွင့် လျှောက်ထား ကာ လက်တွေ့ အစမ်းစာမေးပွဲ ဝင် ရောက်ဖြေဆိုရာ 'အရည်အချင်း ညံ့ သေးသည် အစမ်းရေး ဆွဲသော ပုံများ မှာ လည်း ကျေနပ်ဖွယ်ရာမရှိ'
ဟူသော မှတ်ချက်ဖြင့် ပယ်ချခြင်းခံလိုက်သည်။ သို့ သော် ခေါင်းမာလှသော ဟစ်တလာသည် သူ့အကြံကို လက်မလျှောသေးဘဲ ဇွဲနပဲကြီးစွာ ဖြင့် ထပ်မံကြိုးစား ဖြစ်သည်။ သူ၏ ဇွဲနပဲ မည် မျှကြီးသနည်းဆိုသော် ထိုအခိုက် အတန့်တွင် လင့်ဇ်မြို့မှ သူ့မိခင်ကြီး ကင်ဆာ ရောဂါ ဖြင့် အသည်းအသန် ဖြစ်နေ သည်ကိုပင် ပြန်မကြည့်နိုင်ဘဲ လျစ်လျူရှုထားခဲ့သည်။ နောက်ဆုံး ၁၉ဝ၇ ဒီဇင်ဘာ ၂၁ရက်နေ့တွင် အဆိုပါ ကင်ဆာ ရောဂါ ဖြင့် မိခင်ကြီး ကွယ်လွန်အနိစ္စရောက်တော့မှသာ လင့်ဇ်မြို့သို့ ပြန်ခဲ့သည်။ သို့ သော် ကြာကြာမနေ။ မိခင်ကြီး၏ ဈာပနကိစ္စပြီးသည်နှင့် ဗီယင်နာမြို့သို့ ၁၉ဝ၈ ဖေဖော်ဝါရီလထဲတွင် ပြန်လာခဲ့သည်။
သူသည်ဗီယင်နာမြို့တွင် ဖြစ်သလို နေထိုင်စားသောက်ရင်း အနုပညာ သိပ္ပံကျောင်း ကြီးတွင် အနုပညာကျောင်းသား တစ်ယောက် အ ဖြစ် နေခွင့်ရအောင် နောက်တစ်ပတ် ကျောင်း ဝင်ခွင့်ခေါ်မည့် ရက်ကို လက်ချိုး၍ စောင့် နေခဲ့ သည်။ သို့ သော် အနုပညာသိပ္ပံကျောင်းကြီးတွင် အနုပညာကျောင်းသား တစ်ယောက် အ ဖြစ် သင် ကြားရန် အားခဲထားသော ဟစ်တလာ၏ မျှော် လင့်ချက်သည် ပြိုကျခဲ့ရပြန်သည်။ ကျောင်းအုပ် ချုပ်ရေး အဖွဲ့က ဟစ်တလာ အား ကျောင်းဝင်ခွင့်
စာမေးပွဲကိုပင် ဝင်ရောက်ဖြေဆိုခွင့်မပြုတော့ဘဲ သူ့လျှောက်လွှာကို တစ်ခါ တည်း ပယ်ချလိုက်လေသည်။
၁၉ဝ၉ ခုနှစ် မှ ၁၉၁၃ ခုနှစ် အထိ ထိုစဉ်က ဗီယင်နာမြို့တွင် နေထိုင်ခဲ့ရသော အ ဖြစ်သည် သူ့အတွက် အဆိုးဝါးဆုံးသော အချိန်အခါ ဖြစ်သည်ဟူ၍ နောင်အခါတွင် ဟစ်တလာက ဤသို့ ပြန်ပြောင်း ပြောဆိုခဲ့ သည်။
လောကဓံတရား၏ နှိပ်စက်ညှင်းဆဲမှု ကို အလူး အလဲခံရသော ဤကန္တာရနှစ် များ အတွင်းမှာ ပင် ဟစ်တ လာ ၏ တွေးခေါ်မြှော်မြင်မှု များ နှင့် ရည်မှန်းချက်များ ကို သူ၏ 'ကျွန်ုပ်၏ ကြိုးပမ်းမှု ' စာအုပ်၌ အောက်ပါအတိုင်း ရေး သားခဲ့တော့သည်။
'ဤ ငါးနှစ် တာကာလအတွင်း ကျွန်ုပ်သည်
ကျွန်ုပ်၏ နေ့စဉ်စား ရေး သောက်ရေး အတွက် ပထမတွင် ပခုံးထမ်း အလုပ်ကြမ်းသမား တစ်ယောက် အ ဖြစ်ဖြင့်လည်းကောင်း၊ ထို့နောက် အပေါစား ပန်းချီဆရာ တစ်ယောက် အ ဖြစ်ဖြင့်လည်းကောင်း ရှာဖွေလုပ်ကိုင် စားသောက်ခဲ့ရသည်။
ကျွန်ုပ်သည် ခြေသလုံးအိမ်တိုင်လုပ်ကာ ခြေဦးတည့်ရာ သွားလာ၍ အငတ်ငတ် အပြတ်ပြတ် နေခဲ့ရသည်။ ကျွန်ုပ်ပိုင်သမျှ၊ ဆိုင်သမျှ အဖိုးတန် ပစ္စည်းများ မှာ လည်း ပေါင်နှံရောင်းချခဲ့ရ၍ ဘာတစ်ခုမှ မကျန်တော့။ ကျွန်ုပ် ဝတ်ထားသော အဝတ်အစားမှာ လည်း တစ်နေ့တခြား အရောင် အဆင်း ညစ်လာရုံမက အစုတ်စုတ် အပြတ်ပြတ် ဖြစ်လာခဲ့ရာ တစ်နေ့ထက် တစ်နေ့ ပို၍ ဆင်းရဲမွဲတေလာသော လက္ခဏာအသွင်အပြင်ကြောင့် ကျွန်ုပ်၏ ဘဝမှာ လူ့အောက်တန်းလွှာ အ ဖြစ်သို့ ကျရောက်ခဲ့ရသည်'ဟူ၍ ရေး သားထားလေ သည်။
မှန်၏ ။ ထိုစဉ်က ဟစ်တလာဆင်းရဲပုံမှာ ကုန်းကောက်စရာ မရှိ အောင်ပင် ဖြစ်ခဲ့သည်။ လမ်းဘေးပလက်ဖောင်းများ ပေါ်တွင် လည်းကောင်း၊ ပန်းခြံများ တွင် လည်းကောင်း အိပ်ခဲ့ရ၍ ဆောင်းတွင်းတွင် ဗိုက်ဒလင် ဘူတာရုံ၏ နောက်ဘက်တွင် ညအိပ်ရန်အတွက် အိပ်စင်ကလေးများ ငှားစား သူ တစ်ဦးထံ ရှိစုမဲ့စုဖြင့် ညစဉ်အိပ်စင်ငှား၍ အိပ်စက်ခဲ့ရသည်။ ထို့နောက် ငွေရှင်၊ ကြေးရှင်ကြီးများ က ဆောက်လုပ်လှူဒါန်းထားသော ကုသိုလ် ဖြစ် ဟိုတယ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူသည် ၁၉၁ဝမှ ၁၉၁၃ထိ ထိုဟိုတယ်၌ ပင် နေထိုင်ခဲ့သည်။
ဤသို့ ကုသိုလ် ဖြစ် ဟိုတယ်တွင် နေထိုင်စဉ်အတွင်း ဟစ်တလာ သည် သူနှင့်ဘဝတူ လူ တစ်ယောက် နှင့် ရင်းနှီးခင်မင်လာခဲ့သည်။ ထိုသူမှာ ရိန်းနိုးလ်ဟန်းနစ် ဖြစ်သည်။ သူတို့နှစ် ယောက် သည် ငတ်ချည်တစ်ခါ၊ ပြတ် ချည်တစ်လှည့် ဆင်းရဲစွာ နေထိုင်လာခဲ့ကြရာမှ ငွေဝင်လမ်းဖြောင့်မည့်  နည်းလမ်းများ ကို ရှာဖွေကြံဆကြသည်။ ထိုအကြံမှာ လောလောဆယ် သူရေး ဆွဲထားသော ဆီဆေးပန်းချီကားချပ်များ ကို ရှေးဟောင်းပန်းချီကား များ အ ဖြစ်လိမ်၍ အစွံထုတ်ရန် ဖြစ်သည်။ လတ်တလော သူရေး ဆွဲထား သော ပန်းချီကားများ ကို ဟောင်းနွမ်းသည့်အသွင် ရောက်အောင်ပြုလုပ်၍ ရှေးဟောင်းပန်းချီကားအ ဖြစ် ရှေးဟောင်းအနုပညာ ပစ္စည်းများ စုဆောင်း သော လူကုံထံများ ထံ လိမ်လည်ရောင်းစားခဲ့သည်။ ဤနည်းဖြင့် အချိန်တော် ကြာ စားပေါက်ချောင်ခဲ့သည်။ ယင်းနောက် ပို့စကတ်များ ရေး ဆွဲ၍ နှစ် ယောက် သား ခွဲဝေစားသောက်ကြသည်။
စာပေဝါသနာထုံသော ဟစ်တလာ
ထို့နောက် ဟစ်တလာသည် ဗီယင်နာမြို့မှ မြူးနစ်သို့ ပြောင်းရွှေ့ နေထိုင်သည်။ မြူးနစ်တွင် ၊ ဗီယက်နာတွင် နေစဉ်က အချိုးအတိုင်း ဖြစ် သလိုနေ၍ ဖြစ်သလိုစားသည်။ အလုပ်ကိုနေ့စာ၊ ညစာအလျဉ်မီရုံလောက် သာလုပ်၍ စာကိုသာတကုပ်ကုပ်ဖတ်သည်။ အားလပ်ချိန်များ တွင် စား သောက်ဆိုင်များ မှ သတင်းစာများ ကိုသာမက မကြာခဏ ပြည်သူ့စာကြည့် တိုက်ရွာသို့ သွားရောက်ကာ တစ်နေကုန်၊ တစ်နေခန်းထိုင်၍ စာဖတ်သည်။ သူငှားနေသော အိမ်ရှင်ဖရော်ပေါ့ပ်ဆိုသူ အမျိုးသမီးကြီးကမူ သူ့အား စာဖတ် ရာတွင် 'အလွန်လောဘကြီးသည်'ဟူ၍ ပင် မှတ်ချက်ချဲခဲ့သည်။ ဟစ်တလာ သည် ဘဝတစ်သက်တာလုံးပင် စာကို အမြဲမပြတ် ဖတ်ခဲ့သူ ဖြစ်သည်။
ဟစ်တလာ ဖတ်ရှုခဲ့သည့် စာအုပ်များ အနက် အများ စုမှာ စစ်သမိုင်း နှင့် စစ်ဘုရင် အတ္ထုပ္ပတ္တိများ ဖြစ်ပြီး၊ အတ္ထုပ္ပတ္တိများ တွင် ဂျာမန်နှင့် ပရပ် ရှား သက်ဦးဆံပိုင် မင်းများ အကြောင်း ဖြစ်၍ ၊ စစ်သမိုင်းများ တွင် မူ နပိုလီယန် စစ်ပွဲများ နှင့် ပရပ်ရှားဘုရင်တို့၏ စစ်ပွဲမှန်သမျှ တစ်ခုမျှမကျန်ဟု ဆိုရ လောက်အောင် ဖတ်ခဲ့ကြောင်းသိရပေသည်။ ဟစ်တလာသည် နာမ်ဝိညာဉ် ပိုင်းဆိုင်ရာများ ကို စိတ်ဝင်စား၍ အတော် စွဲစွဲမြဲမြဲပင် ဖတ်ရှုခဲ့သည်။ ဟစ် တလာဖတ်ရှုခဲ့သည့် စာအုပ်စုထဲတွင် ဘာသာရေး ဆိုင်ရာ စာအုပ်စာတမ်း ၁၃ဝ ကျော်မျှရှိပြီး၊ ၄င်းတို့အထဲတွင် အနောက်တိုင်းဂမ္ဘီရ ပညာရပ်များ ၊ အရှေ့တိုင်း အဘိဓာန်ဝါဒ အယူအဆများ မှသည် ယေရှုခရစ်၏ သြဝါဒများ အထိပါဝင်သည်။
စာဖတ်ခြင်းဆိုင်ရာ ဟစ်တလာ၏ ကိုယ်ပိုင်အယူအဆကို သူ၏ Mein Kampt (ကျွန်ုပ်၏ ကြိုးပမ်းမှု များ ) စာအုပ်အခန်း (၂) တွင် 'စာဖတ် ခြင်း အတတ်ပညာ' (The Art of Reading) ခေါင်းစဉ်ဖြင့် ရေး သားချက်တစ်ခု ပါရှိသည်။ ၄င်းတွင် သူက စာပေဝါသနာအိုးများ နှင့် စပ်လျဉ်း၍ 'စာတွေ အတောမသတ် တရစပ်ဖတ်သူတွေ ၊ တစ်အုပ်ပြီး တစ်အုပ် ဘာတစ်ခုမှ မခြွင်းမချန် လုံးစေ့ပတ်စေ့ဖတ်နေကြသူတွေ ကျွန်တော် တွေ့ ဖူးပါသည်။ သူတို့မှာ ကျယ်ပြန့်သော ဗဟုသုတရှိတာမှန်သည်။ သို့ သော် မိမိစုဆောင်း ရရှိသည့် အရာများ ကို မည် သို့ ခွဲခြားသတ်မှတ်ထားရမည် ဟူသော အသိဉာဏ်မျိုး သူတို့မှာ မရှိ'ဟူ၍ မှတ်ချက်ချခဲ့သည်။ သူက 'စာဖတ်ခြင်း ဟူသည်၊ သူ့ချည်းသက်သက် အဓိပ္ပာယ်မရှိ။ အကျိုးရလဒ် တစ်စုံတစ်ရာ ရရှိရေး အတွက်သာ ဖြစ်ရမည် 'ဟုဆိုသည်။ 'စာဖတ်ခြင်း အတတ်ပညာကို ကျွမ်းကျင်တတ်မြောက်ထားသော သူ တစ်ယောက် သည် ကျမ်းကြီးကျမ်းခိုင် ဖြစ်စေ၊ မဂ္ဂဇင်း ဖြစ်စေ၊ စာအုပ်ငယ်များ ၊ လက်ကမ်းစာစောင်များ ဖြစ်စေ လှန်လှောဖတ်ရှုလိုက်သည်နှင့် တစ်ပြိုင်နက် ဤသည်ကား မိမိ၏ ရည်ရွယ် ချက်ကို အထောက်အကူပြုမည့်  အရာ၊ ဤသည်ကား သိထားလျှင် တန်ဖိုး ရှိ၍ စွဲမြဲမှတ်သားထားသင့်သည့် အရာ စသည်ဖြင့်မိမိနှင့် သင့်တော် ကိုက်ညီ သည်တို့ကို ချက်ချင်း လက်ငင်း ရွေးထုတ်ရယူတတ်စမြဲ ဖြစ်သည်'ဟု ရေး သားခဲ့လေသည်။
ထိုသို့ စာကို တစ်နေကုန် လောဘတကြီး ဖတ်ပြီးနောက် ညနေ စောင်းလျှင် ဘီယာဆိုင် တစ်ဆိုင်သို့ သွားကာ ဘီယာစုပ်ရင်း နိုင်ငံရေး စကားများ ကို ထုံးစံအတိုင်း အာပေါင်အာရင်းသန်သန်ဖြင့် ပြောလာတတ် သည်။
ဟစ်တလာ မြူးနစ်မြို့တွင် နေထိုင်စဉ်အတွင်း ၁၉၁၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ဂျာမန်တို့၏ ဟက်ပ်စ်ဘာ့ဂ် ထီးမွေနန်းမွေကို ဆက်ခံရ မည့်  ဘူလ်ဂေးရီးယားပြည့်ရှင် ဖရန့်ဖာဒီနန်မင်းသား (Archduke Frang Fendinand)၊ ၄င်း ကြင်ယာတော် တို့သည် တိုင်းခန်းလှည့်လည်ရင်း ဆာရာ ယေဗိုမြို့တွင် Black Hand ခေါ် ဆာဗီးယားလျို့ဝှက်အကြမ်းဖက်ဂိုဏ်းဝင် ဆာ့ဖ်အမျိုးသား ကျောင်းသားတစ်ဦးက အလစ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့ မှု ကြောင့် နတ်ရွာစံခဲ့ရသည့်သတင်းကို ကြားသိခဲ့ရသည်။
ထို့နောက် သြစတြီးယားက ဆားဗီးယားပြည်အား ဇူလိုင်လ ၂၃ရက် နေ့တွင် ပြင်းထန်သော ရာဇသံတစ်ရပ်ပို့ကာ ၄၈ နာရီအတွင်း အကြောင်း ပြန်ကြားရန် အပူတပြင်း တောင်းဆိုလိုက်၏ ။ ဆားဗီးယားက ရာဇသံကို လက်ခံတုန့်ပြန်သော်လည်း အချက်အလက်အားလုံးကိုမူ လက်မခံချေ။
ဤသည်ပင်လျှင် ပထမကမ္ဘာစစ်ကြီးကို စတင် ဖြစ်ပွားစေသော မီးပွားကလေး ဖြစ်တော့သည်။
သြစတြီးယားနှင့် ရုရှားတို့သည် မိမိတို့၏ စစ်တပ်များ ကို ပြင်ဆင် ရန် စုရုံးတော့သည်။ ဇူလိုင် ၂၈ ရက်နေ့တွင် သြစတြီးယားက ဆားဗီးယား ကို စစ်ကြေညာလေသည်။ သြဂုတ်လ ၁ ရက်နေ့တွင် ဂျာမနီက ရုရှားအား စစ်ကြေညာလိုက်၏ ။ သြဂုတ်လ ၃ ရက်နေ့တွင် ဂျာမနီက ပြင်သစ်ကိုလည်း စစ်ကြေညာပြန်၏ ။ ဂျာမန်စစ်တပ်များ သည် ဘယ်လ်ဂျီယန်ပြည်သို့ ချဉ်းနင်း ဝင်ရောက်သော သြဂုတ်လ ၄ ရက်တွင် ဘယ်လ်ဂျီယန်မဟာမိတ် ဖြစ်သော အင်္ဂလန်ပြည်က ဂျာမနီကို စစ်ကြေညာခဲ့ပြန်သည်။
စစ်သားဘဝ
ဟစ်တလာသည် စစ်ကြေငြာချက်များ ကို နားထောင်ပြီး စိတ်ဓာတ် တက်ကြွနေသော ဂျာမန်အမျိုးသား ထောင်ပေါင်းများ စွာ ကဲ့သို့ သြဂုတ်လ ၃ ရက်နေ့တွင် တတိယမြောက်လူးဝစ်ဘုရင်ထံ စစ်မှု ထမ်းရန် လျှောက်လွှာ တင်လိုက်သည်။ သူ့လျှောက်လွှာကို ဆိုင်ရာက ခွင့်ပြုကြောင်း ပြန်ကြား စာ မကြာမီမှာ ပင်ရရှိခဲ့သည်။ ဤအကြောင်းနှင့် ပတ်သက်၍ သူ၏ 'ကျွန်ုပ် ၏ ကြိုးပမ်းမှု ' စာအုပ်၌ ...
'ကျွန်ုပ်သည် စစ်မှု ထမ်းခွင့်ပြုကြောင်း ဆိုင်ရာမှ ပြန်ကြား စာကို ဖောက်၍ ဖတ်ခဲ့ရစဉ်က ဝမ်းသာလွန်းလှသဖြင့် လက်များ ပင် တုန်နေသည်။ မည် မျှလောက် ဝမ်းသာအားရ ဖြစ်မိသည်ကို ပါးစပ်က ထုတ်ဖော်ပြောပြ ရန်စကားလုံးပင် ရှာမတွေ့ အောင် ဖြစ်ခဲ့ရသည်။ ရက်များ မကြာမီ ကျွန်ုပ်သည် စစ်ယူနီဖောင်းအပြည့်စုံ ဝတ်ဆင်ထားသော စစ်သား တစ်ယောက် ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ထိုစစ်ယူနီ ဖောင်းကို ၆နှစ် နီးပါးမျှ မချွတ်ဘဲ ဝတ်ခဲ့သည်'ဟူ၍ ရေး သားထား လေသည်။ သူသည် သြစတြီးယား အမျိုးအနွယ်ပင် ဖြစ်သော်လည်း ဆိုင်ရာမှ ခွင့်ပြုချက်အရ ဘာဗေးရီးယန်း အရန်ခြေလျင် တပ်မ ၁၆၊ တပ်စု ၁ တွင် ဝင်ရောက်အမှု ထမ်းခဲ့ရသည်။
ပထမတွင် မြူးနစ်မြို့မှာ ပင် အခြားစစ်သားများ နှင့် အတူ ရက် အနည်းငယ်မျှ စစ်ပညာသင်တန်းဆင်းရသည်။ ထို့နောက် လက်ခ်ျဖဲလ်မြို့ သို့ရောက်၍ အတန်ကြာ စစ်စခန်းချနေခဲ့ရပြီး၊ အော်တိုဘာလ ၂၁ ရက်နေ့ တွင် စစ်မြေပြင်သို့ ရောက်ရှိသွားခဲ့သည်။
ဟစ်တလာသည် စစ်မြေပြင်တွင် ဗြိတိသျှတပ်များ နှင့် ဖြစ်ပွားသော တိုက်ပွဲများ နှင့် ထူးချွန်စွာ ထမ်းရွက်ခဲ့သဖြင့် ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ၂ရက်နေ့တွင် သံမဏိကြက်ခြေခတ် (Iron Cross) ခေါ် တပ်သားကျော် ဆုတံဆိပ် (ဒုတိယအဆင့်) ရရှိခဲ့သည်။ ၁၉၁၅ တွင် ဟစ်တလာပါဝင် သော တပ်မသည် တိုးကွိုင်းဒေသတွင် ခေတ္တတပ်ခွဲပြီး၊ ထိုမှတစ်ဖန် ညုဗီးချက်ပဲလ်အရပ်တွင် ဗြိတိသျှတပ်များ နှင့် ရင်ဆိုင် တိုက်ခိုက်ရပြန်သည်။ ထိုတိုက်ပွဲပြီးသည့်နောက် ၁၉၁၆ ခု အောက်တိုဘာလထဲတွင် ဘာပေါ်မီ ဒေသသို့ ရောက်ရှိ၍ တိုက်ခိုက်ကြပြန်ရာ အောက်တိုဘာလ ၇ ရက်နေ့တွင် ဟစ်တလာသည် ခြေထောက်၌ သေနတ်မှန်၍ ဒဏ်ရာရရှိခဲ့သည်။ သူသည် ဘာလင်ဆေးရုံတွင် တက်ရောက်ကုသပြီးနောက် ၁၉၁၇ မတ်လထဲတွင် စစ်မြေပြင်သို့ တစ်ဖန်ပြန်ရောက်ခဲ့ပြန်သည်။ စစ်မြေပြင်တွင် ဟစ်တလာ သည် လူ တစ်ယောက် က ပြင်သစ်စစ်သား ၁၅ယောက် ကို အရှင်လက်ရ ဖမ်းဆီးခဲ့သော ကြောင့် ၁၉၁၈ ခုနှစ် ၊ နှစ် ဦးပိုင်းတွင် သာမန်စစ်သည်များ ရခဲလှသော သံမဏိကြက်ခြေခတ် ပထမဆင့် ရရှိခဲ့သည့်အပြင် တပ်ကြပ် အဆင့်သို့ တိုးမြှင့်ခံခဲ့ရသည်။
ယင်းနောက် ဟစ်တလာပါဝင်သော ဂျာမန်တပ်မသည် ၁၉၁၈ ခုနှစ် အောက်တိုဘာလထဲတွင် ယာပရက်စ် ဒေသ၏ တောင်ဘက် ဝါးဝခ် အရပ်သို့ တပ်ခွဲရောက်ရှိခဲ့ပြန်သည်။ အောက်တိုဘာလ ၁၄ရက်နေ့ ညတွင် ထိုဒေသမှ ဂျာမန်တပ်များ ကို ဗြိတိသျှတပ်များ က ဝင်ရောက်တိုက်ခိုက်ကြ သည်။ တိုက်ပွဲမှာ ပြင်းထန်၍ ဗြိတိသျှ တပ်များ က ဓာတ်ငွေ့များ သုံးစွဲ တိုက်ခိုက်မှု ကြောင့် ဟစ်တလာသည် ဓာတ်ငွေ့မိပြီး သတိလစ်သွားခဲ့သည်။ ချက်ချင်း ပင်သူ့ကို နောက်ပိုင်းစစ်ဆေးရုံသို့ သယ်သွားကြသည်။ နောက်တစ် နေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဟစ်တလာမှာ ကိုယ်တစ်ပိုင်းသေ ကာ မျက်လုံးများ မှာ လည်း ဓာတ်ငွေ့မိထားသဖြင့် ဘာမှမမြင်ရတော့ဘဲ 'ကန်း'သွားခဲ့သည်။ ဤတွင် မှ စစ်ဘက်ဆိုင်ရာဆရာဝန်ကြီးများ က သူ့ကို အရေး တကြီးမီးရတားဖြင့် တင်ဆောင်ကာ ပါစီဝေါ့ဒေသမှ စစ်ဆေးရုံသို့ အမြန်ပို့လိုက်ကြသည်။ တစ်လနီးပါး တက်ရောက်သွားပြီးမှ မျက်လုံး ပြန်ကောင်း၍ ကိုယ်တစ်ပိုင်းသေသော ရောဂါ လည်း ပျောက်သွားခဲ့သည်။
ဟစ်တလာဆေးရုံတွင် ဆေးကုသ ခံယူနေစဉ်အတွင်း ဂျာမန်တို့စစ် ရှုံး၍ လက်နက်ချသည့် သတင်းကြောင့် သူသည် မျက်ရည်ကျခဲ့ရသည်။
ဟစ်တလာသည် ဂျာမန်တို့လက်နက်ချသည့် ၁၉၁၈ ခုနှစ် နိုဝင်ဘာလ မကုန်မီမှာ ပင် ဆေးရုံမှဆင်း၍ မြို့နှစ် မြို့သို့ ပြန်လာခဲ့သည်။ သူသည် ယခုအချိန်အထိ စစ်တပ်မှ မထွက်ရသေးဘဲ ယူနီဖောင်းကို ဝတ်မြဲ ဝတ်လျက်ရှိနေခဲ့သည်။ စစ်တပ်မှ အစားအသောက်ရာရှင်နှင့် လစာကို ထုတ်မြဲထုတ်နေခဲ့သည်။ ၁၉၁၈ ဒီဇင်ဘာလတွင် မူ သူသည် သြစတြီးယား နယ်ပယ်မှ ထရောင် စတိန်မြို့တော် ရှိ စစ်သုံ့ပန်းစခန်းတွင် စခန်းစောင့်အ ဖြစ် စေတနာဝန်ထမ်း ဆောင်ရွက်ခဲ့သည်။ ၁၉၁၉ ဇန်နဝါရီလကုန်ကာလပတ် တွင် သုံ့ပန်းများ အားလုံးကို ပြန်လွှတ်ပြီး ထိုစခန်းကိုလည်း ပိတ်လိုက်မှ ဟစ်တလာသည် မြူးနစ်မြို့သို့ ပြန်လာခဲ့သည်။
များ မကြာမီအတွင်း ဟစ်တလာသည် မြူးနစ်မြို့ဆိုင်ရာ ခရိုင်စစ် ဌာနာချုပ်လက်အောက်ရှိ နိုင်ငံရေး ဌာနတွင် တာဝန်ပေးအပ်ခြင်း ခံရသည်။ ထိုဌာနတွင် ပုံနှိပ်လုပ်ငန်းနှင့် သတင်းဖြန့်ချိရေး ဘက်တွင် တာဝန်ကျခဲ့သည်။ ထိုမှတစ်ဆင့် သူသည် နိုင်ငံရေး နည်းပြ သင်တန်းကို တက်ခဲ့ပြီးနောက် နိုင်ငံရေး နည်းပြအရာရှိ တစ်ယောက် ဖြစ်လာခဲ့သည်။
ယခင်က ဗီယင်နာမြို့တွင် မိုးလင်းဆိုင်များ ၌ လည်းကောင်း၊ မြူးနစ် မြို့တွင် ဘီယာဆိုင်ရာများ ၌ လည်းကောင်း၊ နိုင်ငံရေး စကားများ ကို အာပေါင်အာရင်းသန်သန် ဒေါနှင့် မောနှင့် ပြောလာခဲ့သော ဟစ်တလာ သည် ယခုမှပင် မိမိ၏ အရည်အသွေးကို ကျပ်ပြည့်တင်းပြည့် ဖော်ထုတ် ပြသခွင့် ရလာခဲ့သည်။
သို့ နှင့်ပင် ဟစ်တလာ၏ တာဝန်ကျေပွန်မှု ကို အသိအမှတ်ပြုသော အားဖြင့် စက်တင်ဘာလတွင် နိုင်ငံရေး ဌာနချုပ်မှ သူ့အား မြူနစ်မြို့တွင် ရှိနေသော ဂျာမန်အလုပ်သမားပါတီနှင့် ပတ်သက်၍ ယင်းပါတီသည် စစ်တပ်အတွက် မည် သို့ မည် ပုံ အကျိုး ဖြစ်ထွန်းနိုင်မည် ကိုတော့ လေ့လာ စုံစမ်းရန် တာဝန်ပေးအပ်လိုက်သည်။
ဂျာမန်အလုပ်သမားပါတီမှာ မူလက 'လွတ်လပ်သော အလုပ်သမား ကော်မတီ' ဖြစ်သည်။ ဤကော်မတီကို စတင်ဖွဲ့စည်းခဲ့သူမှာ 'အင်တွန် ဒရက်စ်လာ'(Anton Drexler) လာဆိုသူ ဖြစ်၍ ၊ မြူးနစ်မြို့တွင် တစ်ချိန် က သော့ ပြင်ဆရာ တစ်ယောက် ဖြစ်သည်။
လွတ်လပ်သော အလုပ်သမားကော်မတီ
ဒရက်စ်လာသည် လွတ်လပ်သော အလုပ်သမားကော်မတီကို ၁၉၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်း၍ ထိုစဉ်က အဖွဲ့ဝင်ပေါင်း ၄ဝ ရှိသည်။ သူ၏ နိုင်ငံရေး အယူအဆမှာ လူလတ်တန်းစားများ ကို အခြေခံသော 'အဖနိုင်ငံတပ်ဦး'၏ လမ်းစဉ်ကို ပစ်ပယ်၍ အလုပ်သမား လူတန်းစားနှင့် အမျိုးသားရေး ဝါဒသမားများ ကို အခြေခံသော နိုင်ငံရေး ဝါဒ ဖြစ်သည်။
လူငယ် နှင့် ခေါင်းဆောင်မှူ | ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ | အမျိုးသားခေါင်းဆောင်ကြီး မြန်မာ့အောင်ဆန်း |