Cover

မာတိကာ

အမျိုးသားခေါင်းဆောင်ကြီး

မြန်မာ့အောင်ဆန်း

Aung San of Myanmar

သန်းဝင်းလှိုင်

(စီစဉ်တည်းဖြတ်သည်)

မာတိကာ

- ကျေးဇူးတင်လွှာ ၇

၁။ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း .......သန်းဝင်းလှိုင် ....... ၉

၂။ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်.......သန်းဝင်းလှိုင် ....... ၂၁

၃။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ ဖြစ်စဉ်ရက်စွဲသမိုင်း .......သန်းဝင်းလှိုင် ....... ၂၈

၎။ နိုင်ငံရေး ဆိုတာဘာလဲ .......ဗိုလ်ချုပ်အောင်ဆန်း ....... ၁၄၆

၅။ ဗမာ့နိုင်ငံရေး သုခမိန် .......မောင်ထင် ....... ၁၅၁

၆။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အရိုင်းဝိသေသ .......ဒဂုန်တာရာ ....... ၁၆၃

၇။ အဲဒါအောင်ဆန်း .......နတ်မောက်ဘုန်းကျော် ....... ၁၇၄

၈။ သူ့စကား .......ဒဂုန်မောင်စံသူ ....... ၁၈၅

၉။ အောင်ဆန်းအသက်ငယ်သော်လည်းမောင်နွယ်ဆွေ ၁၉၀

၁၀။ ဗိုလ်ချုပ်အောင်ဆန်းသဘောထားကြီးလွန်းမိ၍ လား .......သာဂဒိုး ....... ၁၉၆

၁၁။ တိုက်ယူခဲ့ရသော လွတ်လပ်ရေး .......ရဲထွန်း ....... ၂၀၅

၁၂။ ဗိုလ်ချုပ်အောင်ဆန်း၏ သွန်သင်ချက်များ .......တက္ကသိုလ်နေ၀င်း ....... ၂၁၅

၁၃။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း .......မြင့်ဆွေ ....... ၂၂၀

၁၄။ ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားကာကွယ်ရေး အမြင် ......အောင်သန်း (မန္တလေး) ....... ၂၂၇

၁၅။ လွပ်လပ်ရေး တိုက်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်း .......တက္ကသိုလ် နန္ဒမိတ် ....... ၂၃၄

၁၆။ ဗိုလ်ချုပ် ဘာပြန်ပြောခဲ့သနည်း .......ဗမိုး .......၂၆၁

၁၇။ သခင်အောင်ဆန်း၏ လွတ်လပ်သော မြန်မာပြည် .......မောင်နေ၀င်း ....... ၂၆၅

၁၈။ ဗိုလ်ချုပ်အောင်ဆန်း မိသားစုနှင့် ကျွန်တော် ........ဦးဖေသိန်း (အောင်ဆန်းမြို့) .......၂၇၁

၁၉။ ဗိုလ်တေဇ၏ မေ့မရသော ပုံပြင်တစ်ပုဒ် .......တင်ရီမ (ညောင်ဦး) .......၂၈၁

၂၀။ တေးသီချင်းများ ထဲက ဗိုလ်ချုပ် .......မောင်ဧရာ ....... ၂၈၉

၂၁။ ဗိုလ်ချုပ်အောင်ဆန်းကို ဦးစော ဘာကြောင့် လုပ်ကြံရသနည်း .......အငြိမ်းစားဗိုလ်မှူးအေးငွေ ....... ၂၉၉

၂၂။ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းရန် ကြံရွယ်ခဲ့စဉ်က ........စိုးရှိန် ....... ၃၂၉

၂၃။ အောင်ဆန်း၏ ကြေညာချက် ........သာဂဒိုး ....... ၃၄၄

၂၄။ ဗိုလ်ချုပ်အောင်ဆန်း၏ အရိုင်းဘ၀ .......ထူးရယ် ....... ၃၅၅

၂၅။ ဗိုလ်ချုပ်၏ ဇာတိဂုဏ် ........ဆုမြိုင် ........ ၃၆၃

၂၆။ ပင်လုံပဲ့တင်သံ .........ရွှေတောင်ကိုကိုနိုင် ....... ၄၀၄

၂၇။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံမှတ်တမ်း ........ ၄၁၉

ကျေးဇူးတင်လွှာ

“အမျိုးသားခေါင်းဆောင်ကြီး မြန်မာ့အောင်ဆန်း” ခေါင်း စဉ်တပ်ထားသော စာအုပ်၌ စာရေး သူအပါအ၀င် နာမည် ကျော် စာရေး ဆရာကြီးငယ်တို့၏ ဆောင်းပါး ၂၆ ပုဒ်ကို စုစည်း၍ လာမည့်  ၂၀၁၅ ခုနှစ် ၌ ကျရောက်တော့မည့်  ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် စီစဉ် ထုတ်ဝေလိုက်ပါသည်။ စာအုပ်၌ ဖော်ပြထားသော စာရေး ဆရာကြီးများ ၏ ဆောင်းပါးများ ကို ထည့်သွင်းဖော်ပြခွင့်ရသည့်အတွက်အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တစ်စုံတစ်ရာ မှားယွင်းမှု များ ပါရှိခဲ့သော်စီစဉ်တည်းဖြတ်သူ၏ တာဝန်သာ ဖြစ်ပါကြောင်း အမှတ်တရ ဖော်ပြအပ်ပါသည်။ ဤစာအုပ်သည် အဓိကအားဖြင့် လူငယ်များ နိုင်ငံရေး ဗဟုသုတကြွယ်ဝစေရန်နှင့် အမျိုးသားခေါင်းဆောင်၏ ခေါင်းဆောင်မှု အရည်အသွေး၊နိုင်ငံနှင့် လူမျိုးအပေါ် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဆောင်ရွက်ခဲ့မှု အဖုံဖုံကိုလေ့လာဆည်းပူးနိုင်ရန် ရည်ရွယ်ပါသည်။

အားလုံးကို ကျေးဇူးတင်စွာ ဖြင့်

သန်းဝင်းလှိုင်

၂၀၁၄၊ ဇန်န၀ါရီ ၁ ရက်နေ့

(၁)

အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း

သန်းဝင်းလှိုင်

မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးနှင့် တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား မြန်မာနိုင်ငံ မကွေးတိုင်းရှိ မြေလတ်ဒေသ နတ်မောက်မြို့ကလေးတွင် မြန်မာသက္ကရာဇ် ၁၂၇၆၊ တပေါင်းလဆန်း ၁ ရက် (ခရစ်၁၉၁၅၊ ဖေဖော်ဝါရီလ ၁၃ ရက်) စနေနေ့၊ နံနက် ၅ နာရီ၊ ၃၅ မိနစ်တွင် ဦးဖာ (တတိယတန်းရှေ့နေ) ဒေါ်စုတို့မှ ဖွားမြင်ခဲ့သည်။ အဘိုး ဖြစ်သူမင်းကြီး ဦးမင်းရောင် မှာ မြို့လုလင်မြို့သူကြီး ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဇာတာအမည် မှာ မောင်ထိန်လင်း ဖြစ်သည်။သို့ ရာတွင် သူ့အား မည် သည့်အခါကမျှ ထိန်လင်းဟူ၍ မခေါ်ဟု ဆို၏ ။နောက်တွင် အစ်ကို အောင်သန်းနှင့် နာမည် လိုက်အောင် မောင်အောင်ဆန်းဟု ခေါ်တွင် လေသည်။ မိခင် ဒေါ်စု၏ သားသမီး ၉ ယောက် အနက်မောင်အောင်ဆန်းသည် အထွေးဆုံး ဖြစ်သည်။ ဗိုလ်ချုပ်၏ မွေးချင်းများ မှာ (၁) မခင်ညွန့် (လယ်ဝန်ကတော် )၊ (၂) မ၀က် (အိမ်ထောင်မပြု)၊ (၃)မောင်ဘ၀င်း (ဘီအေ၊ ဘီအက်စ်စီ၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ ကျဆုံးခဲ့ရသူ)၊ မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊ (၅) မောင်နေအောင် (အမိန့်တော် ရ ရှေ့နေ)၊ (၆) မောင်ညိုမောင် (ငယ်စဉ်က ကွယ်လွန်)၊ (၇) မောင်ထွန်းလင်း၊ (၈) မောင်အောင်သန်း (ဘီအေ)၊ (၉) မောင်အောင်ဆန်းတို့ ဖြစ်ကြသည်။

ကိုအောင်ဆန်းသည် ၈ နှစ် သားအရွယ်မှ ကျောင်းနေရသော်လည်းဉာဏ်ကောင်းသူ ဖြစ်သော ကြောင့် အသက် ၁၂ နှစ် အရွယ်တွင် မြန်မာလေးတန်းသို့ တက်ရောက်ခဲ့သည်။ ထိုစဉ်က အင်္ဂလိပ်-မြန်မာ စာသင်ကျောင်းတွင် စာသင်နေကြပြီ ဖြစ်သော အစ်ကိုများ ကို အားကျလာသော ကြောင့် ကိုအောင်ဆန်းအား အင်္ဂလိပ်-မြန်မာ စာသင်ကျောင်းသို့ ပို့ပေးရလေသည်။ ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် အထက်တန်းပြဆရာအ ဖြစ် အမှု ထမ်းနေသော အစ်ကို ဖြစ်သူ ဦးဘ၀င်းနှင့် အတူ လိုက်နေကာရေနံချောင်း အမျိုးသားကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ကိုအောင်ဆန်းသည် ပညာလိုလားသူ ဖြစ်သော ကြောင့် အတန်းတိုင်းတွင် ထူးချွန်သည်။ ၇ တန်း စာမေးပွဲတွင် အမှတ်အများ ဆုံးရသဖြင့် ဦးရွှေခိုရွှေတံဆိပ် ချီးမြှင့်ခြင်း ခံရလေသည်။ ထို့ပြင် တစ်လ ၁၀ ကျပ်ဖြင့် သုံးနှစ် တာကာလအတွက် စကောလားရှစ် ရသည်။

၁၉၃၂ တွင် ရေနံချောင်း အမျိုးသားကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်၍ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။တက္ကသိုလ်ကျောင်းတွင် ကိုအောင်ဆန်းသည် ကျောင်းစာသက်သက်ကိုသာလေ့လာကျက်မှတ်နေသူ မဟုတ်။ အပြင် ဗဟုသုတ အများ အပြားကိုလည်းလေ့လာဖတ်ရှုသူ ဖြစ်သည်။ အထူးသဖြင့် သူ့အခန်းထဲတွင် နိုင်ငံရေး နှင့် ပတ်သက်သော စာနယ်ဇင်းများ စွာ တွေ့ မြင်နိုင်လေသည်။ ကိုအောင်ဆန်းသည် တက္ကသိုလ်ရောက်သည့်နှစ် တွင် ရန်ကုန်တက္ကသိုလ်တွင် ရှိသော မကွေးအသင်းဝင် ဖြစ်ခဲ့သည်။ အသင်းဝင် ဖြစ်သော်လည်း မကွေးအသင်းမှ ကြီးမှူးကျင်းပသည့် မိတ်ဆက်ဧည့်ခံပွဲများ ကျင်းပခြင်း၊ အငြိမ့်ခံခြင်းများ ကို မကြိုက်နှစသက် ချေ။ ၁၉၃၂-၃၃ အတွက် မကွေးအသင်းဥက္ကဋ္ဌ ဖြစ်လာသော အခါအငြိမ့်ခံခြင်း ပကာသနဖက်သော မိတ်ဆက်ခံပွဲများ မပြုလုပ်သည်သာမကသူဥက္ကဋ္ဌ ဖြစ်သော နှစ် တွင် မကွေးအသင်းကိုပင် ဖျက်သိမ်းပစ်လိုက်သည်။

ကိုအောင်ဆန်းသည် ၁၉၃၄ တွင် ဥပစာဝိဇ္ဇာ ဒုတိယနှစ် စာမေးပွဲကို(ခုံအမှတ် ၂၃၁) ဖြင့် အောင်မြင်ပြီးနောက် ၀ိဇ္ဇာ ပထမနှစ် (ဘီအေ ဂျူနီယာ) တွင် တက်ရောက် သင်ယူသည်။ တက္ကသိုလ်ကျောင်းသား သမဂ္ဂ(တကသ) အမှု ဆောင် ရွေးကောက်ပွဲဝင်ရာတွင် ရှုံးနိမ့်ခဲ့သည်။ သို့ သော်၁၉၃၅-၃၆ တွင် တက္ကသိုလ်သမဂ္ဂ အမှု ဆောင်လူကြီးများ အတွက် ရွေးကောက်ပွဲ ကျင်းပရာ ကိုအောင်ဆန်းသည် အမှု ဆောင်အ ဖြစ် အရွေးခံရလေသည်။ ယင်းနောက် တက္ကသိုလ်သမဂ္ဂ၏ မဂဇ္ဂင်း ဖြစ်သော အိုးဝေမဂဇ္ဂင်းတွင် တာဝန်ခံအယ်ဒီတာအ ဖြစ် ဆောင်ရွက်ရလေသည်။ မဂ္ဂဇင်းအယ်ဒီတာဘ၀တွင် မိမိ အနှစ် နှစ် အလလက လေ့လာမှတ်သား ဖတ်ရှုခဲ့ရသော နိုင်ငံရေး ဗဟုသုတများ ကို ဆောင်းပါးအ ဖြစ် အိုးဝေမဂ္ဂဇင်းတွင် ရေး သားခဲ့သည်။

တာဝန်ခံအယ်ဒီတာအ ဖြစ် ကိုအောင်ဆန်းကိုယ်တိုင် တည်းဖြတ်ထုတ်ဝေနေသော အိုးဝေ မဂ္ဂဇင်း (အတွဲ -၅၊ အမှတ်-၁) တွင် အင်္ဂလိပ်ကဏ္ဍပိုင်း၌ ဦးညိုမြသည် ယမမင်း ကလောင်အမည် ဖြင့် The Hell Hound At Large(ငရဲခွေးကြီး လွတ်ပြေးနေသည်) အမည် ရှိ အယ်ဒီတာ့ထံ ပေးစာတိုလေးကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့စ် (D.J. Sloss)က ထိုပေးစာသည် တက္ကသိုလ် အာဏာပိုင်တစ်ဦးအား ထိပါး ပုတ်ခတ်သည်ဟု ယူဆသည်။ ထို့ကြောင့် ပေးစာရေး သူ အမည် ကို ဖော်ထုတ်ပေးရန်အယ်ဒီတာ ကိုအောင်ဆန်းအား တောင်းဆိုလိုက်သည်။ သို့ သော် အယ်ဒီတာကိုအောင်ဆန်းက အယ်ဒီတာ ကျင့်ဝတ် ၀တ္တရားအရ ကလောင်အမည် ကိုဖွင့်ဟထုတ်ဖော် ပြောဆိုရန် ငြင်းပယ်လိုက်သည်။ ထိုအခါ အယ်ဒီတာကိုအောင်ဆန်းအား ကျောင်းမှထုတ်ပစ်ရန် တက္ကသိုလ်အာဏာပိုင်များ ကြံရွယ်နေကြောင်း သတင်းထွက်ပေါ်လာသည်။

ဤ ဖြစ်ရပ်မတိုင်မီ တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုနုအား အမျိုးသားနေ့မိန့်ခွန်းနှင့် ပတ်သက်၍ ၁၉၃၆၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျောင်းမှထုတ်ပယ်ခဲ့ရသည်။ ဤသို့ သမဂ္ဂနှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာကို ကျောင်းမှ ထုတ်ပစ်လိုက်ခြင်းသည် ကျောင်းသားထုတစ်ရပ်လုံးကို စော်ကားခြင်းဟုသမဂ္ဂက ယူဆသည်။ ထို့ကြောင့် ၁၉၃၆ ခု၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဒုတိယအကြိမ် ကျောင်းသားသပိတ်ကို သမဂ္ဂက ဦးဆောင်၍ ကျောင်းသားများ တညီတညွတ်တည်း ဆင်နွှဲခဲ့ကြသည်။ သပိတ်တိုက်ပွဲပြီးသော အခါ တက္ကသိုလ် အာဏာပိုင်များ က ကိုအောင်ဆန်းကို ကျောင်းပြန်နေခွင့်ပေးရသည်။ ကိုအောင်ဆန်းသည် ၁၉၃၆-၃၇ တွင် ဘီအေ စီနီယာတန်းကို ပြန်တက်ရာ ပဲခူးဆောင် အခန်းအမှတ် ၁၁၃ တွင် ဆက်လက်နေထိုင်သည်။ ထိုနှစ် တွင် ပဲခူးဆောင် သဟာယအသင်းတွင် အောင်ဆန်းသည်အမှု ဆောင်အ ဖြစ် ပြိုင်ဘက်မရှိ အရွေးခံရသည်။ ယင်းနောက် ပဲခူး သဟာယအသင်းနှင့် စာဖတ်အသင်းတို့တွင် ကိုအောင်ဆန်းသည် ဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်သည်။ ထို့ပြင် ၁၉၃၆-၃၇ တက်္ကသိုလ်သမဂ္ဂတွင် ကိုအောင်ဆန်းသည်ဒုတိယဥက္ကဋ္ဌအ ဖြစ် အရွေးခံရသည်။ ၁၉၃၇ တွင် ကိုအောင်ဆန်းသည်အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေး သိပ်္ပံ ဘာသာရပ်များ ဖြင့် ၀ိဇ္ဇာတန်းကို ခုံအမှတ် ၅၆ ဖြင့် အောင်မြင်ခဲ့သည်။ ကိုအောင်ဆန်းသည် ထိုနှစ် မေလ ၉ မှ ၁၀ ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပသော ဒုတိယအကြိမ်ဗမာနိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။

ထို့နောက် ကိုအောင်ဆန်းသည် ၁၉၃၇-၃၈ တွင် ဥပဒေပညာကိုဆည်းပူးလိုသော ကြောင့် ဘီအယ်လ်တန်းကို တက်ရောက်သင်ကြားသည်။ထိုနှစ် တွင် ပင် တက္ကသိုလ်သမဂ္ဂတွင် အရန်အမှု ဆောင်အဖွဲ့ဝင်အ ဖြစ် လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတွင် ဥက္ကဋ္ဌအ ဖြစ်လည်းကောင်း အရွေးခံခဲ့ရသည်။

ကိုအောင်ဆန်းသည် ပုသိမ်၊ မော်တင်စွန်း၊ ဇီးချိုင်ရွာ ဘုန်းကြီးကျောင်းအလှူတွင် ကျောင်းသားများ နှင့် ကျေးရွာလူထုကို မြန်မာပြည် လွတ်လပ်ရေး ရရှိရန်အတွက်လည်း လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲမှသာ ရရှိမည် ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ရှင်းလင်း ပြောကြားခဲ့လေသည်။

ထို့နောက် ၁၉၃၈-၃၉ ခုနှစ် တွင် ကိုအောင်ဆန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက်္ကဋ္ဌနှင့် ရန်ကုန်တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌအ ဖြစ် အရွေးခံရသော်လည်း နှစ် ဆုံးအောင် ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ချေ။နိုင်ငံရေး ကို ဇောက်ချလုပ်ရန် ရည်သန်နေပြီ ဖြစ်ရကား တို့ဗမာအစည်းအရုံးသို့ ၁၉၃၈၊ အောက်တိုဘာလ ၁ ရက်တွင် ၀င်ရောက်ခဲ့သည်။ ထိုအချိန်မှစပြီး သခင်အောင်ဆန်း အမည် တွင် လာခဲ့သည်။ အစည်းအရုံးဝင်ပြီး များ မကြာမီမှာ ပင် အောက်တိုဘာလကုန်တွင် တို့ဗမာအစည်းအရုံး အမှု ဆောင်အဖွဲ့က ခန့်အပ်သော အထွေထွေအတွင်းရေး မှူး ဖြစ်လာသည်။

သခင်အောင်ဆန်းသည် ၁၉၃၈၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌအ ဖြစ်မှ လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂဥက္ကဋ္ဌအ ဖြစ်မှ လည်းကောင်း နုတ်ထွက်ခဲ့ပြီး သူ၏ တာဝန်များ ကို ကိုလှရွှေ၊ ကိုဗဟိန်း၊ ကိုဗဆွေတို့အား လွှဲအပ်ပေးခဲ့သည်။

သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံး ဌာနချုပ် အထွေထွေအတွင်းရေး မှူးအ ဖြစ် အမျိုးသားရေး လှုပ်ရှားမှု များ တွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့မှု ကြောင့် ဗြိတိသျှအစိုးရက ရန်ကုန် အရေး တကြီး လုံခြုံရေး အက်ဥပဒေအရ ၁၉၃၉ ခု၊ ဇန်န၀ါရီ ၂၃ ရက်နေ့တွင် အဖမ်းခံရကာထောင်ဒဏ် ၁၅ ရက် ကျခံခဲ့ရသည်။ ထို့နောက် ထောင်မှ ဖေဖော်ဝါရီ၈ ရက်နေ့တွင် လွတ်မြောက်ပြီးနောက် ဖေဖော်ဝါရီလ ၂၅၊ ညသန်းခေါင်ကျော် ၂ နာရီခွဲအချိန်တွင် မြို့မကျောင်းတွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားခေါင်းဆောင်များ (ကျောင်းသားသပိတ် အရေး နှင့် စပ်လျဉ်းပြီး) တွေ့ ဆုံ ဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ထိုနှစ် ဧပြီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပသော တို့ဗမာအစည်းအရုံး မော်လမြိုင်ညီလာခံတွင် အခမ်းအနားမှူးအ ဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၉၊ ဧပြီ ၃၀ မှ မေလ ၅ ရက်နေ့အထိ ကျင်းပသော တို့ဗမာအစည်းအရုံး၏ ဌာနချုပ် အလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေးတွင် အထွေထွေ အတွင်းရေး မှူးအ ဖြစ် ရွေးကောက်ခံရသည်။

ထိုနှစ် သြဂုတ် ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရေကျော်ရပ် တို့ဗမာအစည်းအရုံး တည်ရာနေရာတွင် သခင်အောင်ဆန်း၊ သခင်လှဖေ၊ ကိုဗဟိန်း၊ကိုသိန်းဖေ၊ မစ္စတာဂိုရှယ်၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံးအတွင်းတွင် ကွန်မြူနစ် (ကလာပ်စည်း) အဖွဲ့အစည်းကလေးတစ်ရပ်ကိုဖွဲ့စည်းခဲ့သည်။ သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့ စမ်းချောင်းရပ်မြေနုလမ်း အိမ်အမှတ် ၁၄ ကို ဗဟိန်းအိမ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီကိုလျှို့ဝှက်စွာ တည်ထောင်ပြီး သခင်အောင်ဆန်းသည် အထွေထွေ အတွင်းရေး မှူးအ ဖြစ် တာဝန်ယူခဲ့သည်။

၁၉၃၉၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဥရောပတွင် ဒုတိယကမ္ဘာစစ်ကြီး စတင် ဖြစ်ပွားခဲ့လေသည်။ ထိုစစ်ကြီး မ ဖြစ်မီ ၂ ရက်အလိုမှာ ပင်တို့ဗမာအစည်းအရုံးမှ ပြည်လုံးဆိုင်ရာ အလုပ်အမှု ဆောင်အဖွဲ့၏ အထူးအစည်းအဝေးတစ်ရပ်ကို ဒေါက်တာဘမော်၏ အိမ်တွင် ကျင်းပကာ တို့ဗမာအစည်းအရုံး အဖွဲ့ဝင်များ ၊ ဆင်းရဲသား ၀ံသာနုအဖွဲ့ဝင်များ ၊ နေပြည်တော် အဖွဲ့ဝင်များ ၊ ကရင် အမျိုးသားအဖွဲ့ဝင်များ ၊ ငါးပွင့်ဆိုင် အဖွဲ့ဝင်များ ပူးပေါင်းပြီး ဗမာ့ထွက်ရပ်ဂိုဏ်း (Burma Freedom Bloc) ကို စက်တင်ဘာလ၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့တွင် ဒေါက်တာဘမော်ကို အဖွဲ့ခေါင်းဆောင်အ ဖြစ်လည်းကောင်း၊ သခင်အောင်ဆန်းအား အထွေထွေ အတွင်းရေး မှူးအ ဖြစ် ဆောင်ရွက်ရန် တာဝန်ပေးကြသည်။

ဗမာ့ထွက်ရပ်ဂိုဏ်းကို တည်ထောင်လိုက်ပြီးနောက် နိုင်ငံရေး လှုပ်ရှားမှု များ အရှိန်အဟုန်ပြင်းစွာ ဖြင့် တစ်ခုပြီးတစ်ခု ဆင့်ကာဆင့်ကာ ပေါ်ထွက်လာကာ သပိတ်မှော က်မှု ၊ စီတန်းလမ်းလျှောက်ပြီး အင်အားပြမှု အစရှိသည့်တော် လှန်ရေး လှိုင်းထမ်းပိုးတို့ ပေါ်ပေါက်ခဲ့သည်။ ယင်းနိုင်ငံရေး လှုပ်ရှားမှု များ ကို နယ်ချဲ့အစိုးရသည် အမျိုးမျိုး နှိပ်ကွပ်ခဲ့သည်။ ကံကောင်းထောက်မသော ကြောင့် သာ အောင်ဆန်းသည် နယ်ချဲ့အစိုးရက ပစ်လိုက်သော ပိုက်ကွန်အတွင်းသို့ မသက်ဆင်းခဲ့ရပေ။

သခင်အောင်ဆန်းသည် မော်လမြိုင်မြို့တွင် ကျင်းပသော တို့ဗမာအစည်းအရုံး ညီလာခံတွင် ဒုတိယကမ္ဘာစစ်တွင် ဗြိတိသျှနယ်ချဲ့အား မြန်မာတို့ကအကူအညီ မပေးသင့်ကြောင်း တရားဟောခဲ့လေသည်။

ယင်းနောက် ၁၉၄၀၊ မတ်လ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံ၊ ရမ်းဂါးမြို့တွင် ကျင်းပမည့်  အိန္ဒိယအမျိုးသားကွန်ဂရက် ညီလာခံသို့ သခင်အောင်ဆန်းသည် သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင် (ပန်းတနော်)၊ကိုထွန်းရှိန်၊ သခင်ဗသွင်၊ ဆင်ဂုပ္ပတား၊ ကိုဗဟိန်း၊ သခင်အုန်းဖေ၊ သခင်အုန်းမြင့် (တိုးတက်ရေး ) တို့နှင့် အတူ တက်ရောက်ပြီး မေလ ၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၄၀၊ ဇွန် ၅ တွင် သခင်အောင်ဆန်းသည် ရန်ကုန်တက်္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့တွင် ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ကိုယ်စားလှယ်အ ဖြစ် ရွေးချယ် တင်မြှောက်ခံရသည်။သို့ နှင့် ၁၉၄၀၊ ဇွန် ၁၇ တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့တွင် ကျင်းပသော တို့ဗမာအစည်းအရုံး တရားပွဲတစ်ခုတွင် သခင်အောင်ဆန်းသည်ချင်းတောင်တန်းအကြောင်း ဟောပြောသော ကြောင့် သခင်အောင်ဆန်းနှင့် ကျုံမငေး သခင်တင်မောင်တို့အား ကာကွယ်ရေး ဥပဒေနှင့် ဖမ်းဆီးရန်ဟင်္သာတ ရာဇ၀တ်ဝန် မစ္စတာဇေဗီးယား (Mr. Xavier) က ၀ရမ်းထုတ်လိုက်သည်။ ကံအားလျော်စွာ ဗမာပုလိပ်အရာရှိတစ်ဦး ဦးလှတောနှင့် ဇနီး ဖြစ်သူ ဒေါ်ခင်ခင်ဦးတို့၏ အကူအညီဖြင့် ဟင်္သာတခရိုင်မှ လွတ်မြောက်ကာ ရန်ကုန်မြို့ ၅၃ လမ်းရှိ သခင်အောင်ဖေ၏ အမေကြီးအိမ်တွင် ပုန်းလျှိုးနိုင်ခဲ့သည်။ ထိုအတောအတွင်း နယ်ချဲ့အစိုးရ၏ အလိုတော် ရိ ဇေဗီးယားကပင် “သခင်အောင်ဆန်းအား ဖမ်းဆီးပေးနိုင်လျှင် ဆုငွေ ၅ ကျပ်ပေးမည် ”ဟု ကြေညာလိုက်သည်။ ယင်းဆုငွေ ၅ ကျပ် ထုတ်ပြန်သည့်သတင်းကိုဇူလိုင်လ ၂ ရက်နေ့ထုတ် သတင်းစာများ တွင် အသီးသီးပါရှိလာရာ သခင်အောင်ဆန်းကိုသာမက မြန်မာတစ်မျိုးသားလုံးကိုပင် စော်ကားလိုက်သော ကြောင့် တစ်ပြည်လုံးက ရှုတ်ချခဲ့သည်။ ထို့ကြောင့် ယင်းဆုငွေကို ၁၉၄၀၊သြဂုတ် ၂၀ တွင် ပြန်လည် ရုပ်သိမ်းပေးခဲ့ရသည်။

သခင်အောင်ဆန်းသည် ဗြိတိသျှအစိုးရ၏ အဖမ်းမခံလိုဘဲ ပြည်ပတွင် ထွက်ပြီး နိုင်ငံခြားအကူအညီရှာရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ရန် သခင်အောင်ဆန်းသည် ရွှေတောင်တန်းတိုက်မှ တရုတ်တန်း ၁၉ လမ်း ဦးကျော်ခင်အိမ်တွင် ပုန်းအောင်းပြီး ဦးကျော်ခင်၏ စီစဉ်မှု ဖြင့် တရုတ်သင်္ဘောသားယောင်ဆောင်ကာ တန်လွန်ရှောင်ဟူသော တရုတ်အမည် ခံယူ၍ လည်းကောင်း၊ သခင်လှမြိုင်သည် တန်ဆူတောင်ဟူသော တရုတ်အမည် ခံယူ၍ လည်းကောင်း ၁၉၄၀ ပြည့်နှစ် ၊ သြဂုတ် ၈ ရက်နေ့တွင် နော်ဝေးပိုင် “ဟိုင်လီ” (Hai Lee) သင်္ဘောဖြင့် ရန်ကုန်မှ ထွက်ခွာလာခဲ့ရာ ၁၉၄၀၊ သြဂုတ် ၂၄ တွင် အမွိုင်ရှိ ကူလန်စုကျွန်း (KulangsuIsland) သို့ ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်းတို့သည် အမွိုင်မြို့တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ် မရဘဲ သော င်တင်နေစဉ် မြန်မာနိုင်ငံရှိ ရဲဘော်များ ၏ ကြိုးပမ်းချက်အရ ဂျပန်နှင့် ဆက်သွယ်ရရှိခဲ့သည်။

ဗိုလ်မှူးကြီး စူဇူကီး (နောင် ဗိုလ်မိုးကြိုး)သည် သခင်အောင်ဆန်းတို့အား အမွိုင်မှ ဂျပန်သို့ ဆက်သွယ်ခေါ်ယူခဲ့ရာ ၁၉၄၀၊ နိုဝင်ဘာ ၁၂တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ သခင်အောင်ဆန်းသည် ဂျပန်နိုင်ငံတွင် မြန်မာ့လွတ်လပ်ရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ပြီးနောက် မြန်မာပြည်တွင်းရှိ ရဲဘော်ရဲဘက်များ နှင့် တိုင်ပင်ရန် မြန်မာနိုင်ငံသို့ ရွှန်းတင်းမားရူးသင်္ဘောဖြင့် ရောက်ရှိပြီး ပြည်သူ့အရေး တော် ပုံပါတီဝင်များ နှင့် မြန်မာ့လွတ်လပ်ရေး လုပ်ငန်းစဉ်များ ကို တိုင်ပင်ဆွေးနွေးခဲ့သည်။

သခင်အောင်ဆန်းသည် ၁၉၄၁၊ မတ် ၁၀ တွင် ရွှန်းတင်းမာရူးသင်္ဘောဖြင့် ဂျပန်နိုင်ငံသို့ အပြန်တွင် ရဲဘော်သုံးကျိပ် ပထမအသုတ် ဖြစ်သည့်သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်ဗဂျမ်း (ဗိုလ်လရောင် )၊ သခင်အေးမောင်(ဗိုလ်မိုး)၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို့ကို ခေါင်းဆောင်၍ ခေါ်ဆောင်သွားခဲ့ရာ ၁၉၄၁၊ မတ် ၂၇ တွင် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့်စစ်ပညာသင်ရန် ၁၉၄၁၊ ဧပြီတွင် ဟိုင်နန်ကျွန်းသို့ သွားရောက်ခဲ့သည်။ဟိုင်နန်ကျွန်းနှင့် ထိုင်ဝမ်ကျွန်းတွင် စစ်ပညာများ သင်ကြားခဲ့သည်။ ထို့နောက်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၁၉၄၁၊ ဒီဇင်ဘာ ၂၆ တွင် လက်မောင်းသွေးဖောက်ပြီး သစ္စာပြုကာ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို၁၉၄၁၊ ဒီဇင်ဘာ ၂၇ တွင် ဖွဲ့စည်းခဲ့သည်။

ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းတွင် ဒုတိယ စစ်သေနာပတိအ ဖြစ်ဖြင့် မြန်မာနိုင်ငံအတွင်း ချီတက်ကာဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။

၁၉၄၂၊ ဇူလိုင် ၂၇ တွင် ဂျပန်တို့က ဘီအိုင်အေကို ဖျက်သိမ်းပြီးဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းသော အခါ ဗိုလ်မှူးကြီးအဆင့်ဖြင့် ဘီဒီအေ၏ စစ်သေနာပတိအ ဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၃၊မတ်တွင် ဗိုလ်ချုပ်ရာထူး တိုးမြှင့်ပေးခြင်း ခံရသည်။

ဂျပန် အစိုးရ၏ ဖိတ်ကြားချက်အရ ၁၉၄၃၊ မတ် ၁၁ တွင် ဒေါက်တာဘမော်၊ ဒေါက်တာသိမ်းမောင်၊ သခင်မြတို့နှင့်အတူ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုနှစ် မတ် ၂၂ တွင် တိုကျိုမြို့တွင် ဂျပန်ဘုရင် ဟီရိုဟီတို၏ တက်နေ၀န်း တံဆိပ် (တတိယအဆင့်) နှင့် စလွယ်လတ် (ThirdClass Order of Rising Sun Wilt Middle Class) ကို ချီးမြှင့်ခံခဲ့ရလေသည်။ ၁၉၄၃၊ သြဂုတ် ၁ ဂျပန်ခေတ်တွင် မြန်မာနိုင်ငံ အစိုးရဖွဲ့စည်းသော အခါ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး (စစ်ဝန်ကြီး)အ ဖြစ် တာဝန်ယူခဲ့သည်။

ဖက်ဆစ်ဂျပန်တို့သည် မြန်မာပြည်သူတို့အား ဖိနှိပ် အုပ်ချုပ်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်တို့ကို တော် လှန်ရန် ပြင်ဆင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄၊ သြဂုတ် ၄ မှ ၇ရက်နေ့အထိ ပဲခူးမြို့၊ စံပြတပ်ရင်းတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့နှင့် တွေ့ ဆုံဆွေးနွေးကာဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ ဖွဲ့စည်းရေး အတွက် အစည်းအဝေး ခေါ်ယူခဲ့သည်။ ထိုစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းအား ၁၉၄၄၊ စက်တင်ဘာ ၄တွင် ရန်ကုန်မြို့တွင် ဂျပန်ဘုရင် ဟီရိုဟီတို၏ မွန်မြတ်သော ရတနာ(ပထမအဆင့်) ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်း ခံရသည်။

၁၉၄၅၊ မတ် ၁ မှ ၃ အထိ ရန်ကုန်မြို့မှ ကန်တော် ကြီး ပတ်လမ်းနှင့် ဦးထွန်းမြတ် လမ်းထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် ဖက်ဆစ်ဂျပန်တို့ကို တော် လှန်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။၁၉၄၅၊ မတ် ၂၇ တွင် ဖက်ဆစ်ဂျပန်တော် လှန်ရေး စတင်သော အခါရှေ့တန်းစစ်ဌာနချုပ်တွင် တာဝန်ယူကာ ဖက်ဆစ်ဂျပန်တို့ကို တော် လှန်တိုက်ခိုက်ခဲ့သည်။ ၁၉၄၅၊ မေ ၁၆ တွင် မိတ်္ထီလာမြို့တွင် ဗြိတိသျှဒုတိယဗိုလ်ချုပ်ကြီး ဆာဝီလျံစလင်း Lt.Gen. (William Joseph Slim) (နောင် ဖီးမာရှယ်)(၁၈၉၁-၁၉၇၀) နှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။

၁၉၄၅၊ မေ ၁၉ တွင် မိတ်္ထီလာမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ရောက်ရှိခဲ့သည်။ ၁၉၄၅၊ မေ ၁၉ တွင် ကျင်းပသော နေသူရိန်ညီလာခံတွင် သဘာပတိအ ဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနေ့မှာ ပင် ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌအ ဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ဗမာ့ တပ်မတော် အရေး နှင့် ပတ်သက်ပြီး ၁၉၄၅၊ စက်တင်ဘာ ၇တွင် ကန်္ဒီ သဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့သည်။ အရှေ့တောင်အာရှ မဟာမိတ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော် တွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် ဒုတိယ စစ်ဆေးရေး အရာရှိချုပ် (Deputy Inspector-General) အ ဖြစ် ခန့်အပ်မည် ဟုကမ်းလှမ်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော် သားဘ၀ကို လိုလားသော်လည်း သမိုင်းပေးတာဝန် ဖြစ်သည့် မပြီးဆုံးသေးသော မြန်မာ့လွတ်လပ်ရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် ၁၉၄၅၊ အောက်တိုဘာ၂၇ တွင် မျိုးချစ်ဗမာ့တပ်မတော် (Patriotic Burmese Forces) ၏ ဗိုလ်ချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေး နယ်ပယ်သို့ ပြန်လည် ၀င်ရောက်ခဲ့သည်။

မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်က ဖဆပလအား အမှု ဆောင်ကောင်စီ (၀န်ကြီးအဖွဲ့)တွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ အဖွဲ့ချုပ်က မိမိတို့ တောင်းဆိုချက်များ မရသော ကြောင့် အမှု ဆောင်ကောင်စီသို့ မ၀င်ခဲ့ပေ။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့သည် မြန်မာပြည်သူလူထု၏ အင်အားဖြင့် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲခဲ့သည်။ ၁၉၄၅၊ ဒီဇင်ဘာ ၁ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာပတိအ ဖြစ် တာဝန်ယူပြီး ပြည်သူ့ရဲဘော်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

၁၉၄၆၊ ဇန်န၀ါရီတွင် ကျင်းပသော ဖဆပလ ပထမဆုံးပြည်လုံးကျွတ်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ဥက္ကဋ္ဌအ ဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခံရသည်။

မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်၏ အုပ်ချုပ်ရေး ကာလတွင် မြန်မာပြည်သူတို့၏ မကျေနပ်မှု ပိုမိုကြီးထွားလာကာ နိုင်ငံရေး မငြိမ်မသက် ဖြစ်လာခဲ့သည်။ ထိုအခါ ဗြိတိသျှအစိုးရက ဆာဒေါ်မန်စမစ်ကို အင်္ဂလန်ပြည်သို့ ပြန်ခေါ်ကာ မြန်မာနိုင်ငံ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်ကို စေလွှတ်ခဲ့သည်။

ဆာဟူးဘတ်ရန့်စ်သည် အမှု ဆောင်ကောင်စီတွင် ပါဝင်ရန် ဖဆပလကိုဖိတ်ခေါ်ခဲ့သည်။ ၁၉၄၆၊ စက်တင်ဘာ ၂၆ တွင် ဗိုလ်ချုပ်အောင်ဆန်းသည်အမှု ဆောင်ကောင်စီတွင် ဒုတိယသဘာပတိ (၀န်ကြီးချုပ်) အ ဖြစ် ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေး ဌာနနှင့် နိုင်ငံခြားရေး ဌာနများ ကိုပါ တာဝန်ယူခဲ့သည်။ဖဆပလအဖွဲ့ချုပ်သည် အမှု ဆောင်ကောင်စီတွင် ပါဝင်လာပြီးနောက်၁၉၄၆၊ နိုဝင်ဘာ ၈ တွင် ဗြိတိသျှအစိုးရထံ မြန်မာနိုင်ငံကို တစ်နှစ် အတွင်းလွတ်လပ်ရေး ပေးရန် တောင်းဆိုခဲ့သည်။

ဖဆပလ၏ တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် အင်္ဂလိပ်နန်းရင်းဝန် မစ္စတာအက်တလီ (C.R. Attlee, P.C.., O.M.., C..H..) က ၁၉၄၆၊ဒီဇင်ဘာ ၂၀ တွင် ဗြိတိသျှပါလီမန် အောက်လွှတ်တော် တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့ ဖိတ်ခေါ်ဆွေးနွေးမည် ဟု ကြေညာခဲ့သည်။ ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်ပြည်သို့ သွားရောက်ပြီး ဗြိတိသျှအစိုးရ ကိုယ်စားလှယ်များ နှင့် တွေ့ ဆုံဆွေးနွေးကာ ၁၉၄၇၊ဇန်န၀ါရီ ၂၇ တွင် ဗြိတိသျှ နန်းရင်းဝန် အက်တလီနှင့် “အောင်ဆန်း-အက်တလီစာချုပ်”ကို ချုပ်ဆိုခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မနှင့် တောင်တန်းဒေသများ အပါအ၀င် ပေါင်းစည်းပြီး မြန်မာ့လွတ်လပ်ရေး ရယူနိုင်ရန် ၁၉၄၇၊ ဖေဖော်ဝါရီ ၁၂ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့၏ လမ်းဆုံရာ လဲချားစော်ဘွား၏ နယ်မြေအတွင်းရှိ ပင်လုံမြို့ကလေးတွင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့နှင့် အတူ သမိုင်းဝင် “ပင်လုံစာချုပ်”ကို ချုပ်ဆိုခဲ့ပေသည်။ ၁၉၄၇၊ ဧပြီ ၉ တွင် ကျင်းပသော တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် ဖဆပလ အမတ်လောင်းအ ဖြစ် ရန်ကုန်မြို့မ(လမ်းမတော် ) မဲဆန္ဒနယ်မြေမှ ၀င်ရောက်အရွေးခံပြီး လွှတ်တော် အမတ်အ ဖြစ်ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ထို့နောက် ၁၉၄၇၊ မေ ၁၉ မှ ၂၃ ထိ ကျင်းပသော ဖဆပလပဏာမ ပြင်ဆင်မှု ညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၄၇၊ ဇွန် ၁၆တွင် တိုင်းပြည်ပြု လွှတ်တော် ညီလာခံတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေး ဆွဲရာတွင် ပါဝင်ရမည့်  အခြေခံမူများ ကိုတင်သွင်းခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၂၊ စက်တင်ဘာ ၆ တွင် မြောင်းမြမြို့နေ ဦးဖိုးညှင်း၊ ဒေါ်ဖွားစုတို့၏ သားသမီး ၉ ဦးအနက် သတ္တမမြောက်သမီး ဖြစ်သူ သူနာပြုဆရာမ မခင်ကြည် (နောင် မဟာသီရိသုဓမ္မဘွဲ့ရ၊အိန်္ဒိယနိုင်ငံလုံးဆိုင်ရာနှင့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး) နှင့် ထိမ်းမြားလက်ထပ်ပြီး သား ၂ ဦး၊ သမီး ၂ ဦး၊ [အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်၊ သမီးထွေး (ငယ်စဉ်က ကွယ်လွန်)ထွန်းကားခဲ့သည်။

ထို့နောက် ၁၉၄၇၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၃၅ နာရီတွင် အတွင်းဝန်များ ရုံး (နောင် ၀န်ကြီးများ ရုံး) တွင် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် မျိုးချစ်ပါတီ ခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစော၏ နောက်လိုက် လူသတ်သမားတို့၏ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ကျဆုံးခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ကလာပ်ကို ၁၉၄၈၊ ဧပြီ ၁၁ တွင် အခြားဝန်ကြီးများ နှင့် အတူ ဂျူဗလီဟောမှ အာဇာနည်ကုန်းသို့ ပို့ဆောင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး ၁၁ နှစ် အကြာ ၁၉၅၉၊မတ် ၂၇ တွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ဆုံးကဏ္ဍအထိကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေး အတွက် သက်စွန့်ဆံဖျားကြိုးပမ်းဆောင်ရွက်ခဲ့မှု ကြောင့် နိုင်ငံတော် က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အ ဖြစ် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) (Star of the Revolution)တံဆိပ်များ ချီးမြှင့် ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

(၂)

ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဂုဏ်

သန်းဝင်းလှိုင်

ဗိုလ်ချုပ်အောင်ဆန်းသည် ရာထူးနှင့် အာဏာကို မမက်မောသလိုပကာသနကိုလည်း အလေးမထားပေ။ ဟိတ်ဟန်ကိုလည်း မလုပ်တတ်။ရိုးသားမှု ကို မြတ်နိုး၍ အမှန်တရားကို ဦးထိပ်ပန်သည်။ သူသည်တိုင်းပြည်နှင့် လူမျိုး သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေး ကိုသာ အလေးအနက် စိတ်ဝင်စားကာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတစ်လျှောက်တွင် ပြည်သူလူထုလေးစားယုံကြည် ထောက်ခံမှု အရဆုံးသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။

အိန်္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ်္တမဂန်္ဒီ၊ ဆိုဗီယက်ပြည်ထောင်စုမှ လီနင်၊ တရုတ်ပြည်မှ ဒေါက်တာဆွန်ယက်ဆင်၊ အမေရိကန် (၁၆)ဆက်မြောက် သမ္မတလင်ကွန်း၊ ဗီယက်နမ်မှ သမ္မတဟိုချီမင်း တို့ကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းသည် ရိုးသားဖြောင့်မတ်၍ ရိုးရိုးကုပ်ကုပ်သာ နေထိုင်ဝတ်စားဆင်ယင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကပင် အ၀တ်အစားနှင့် ပတ်သက်၍ ချေးမများ ခဲ့။ ဖြစ်သလို နေထိုင်စားသောက်ခဲ့သည်။ ဗိုလ်ချုပ်ကိုယ်တိုင်ရေး သားခဲ့သော အတ္ထုပ္ပတ်္တိတွင် ဤသို့ ရေး သားထားလေသည်။ကျွန်တော် ၏ အထက် အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော် မှာ အသက်၃ နှစ် ခွဲ ၄ နှစ် မျှ ကွာ၏ ။ သူနှင့် ကျွန်တော် ကား ငယ်ငယ်က ရန် ဖြစ်ဖက် ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျွန်တော် ကား အားကြီး၏ ။ အချိန်မဆလက်လွတ်စပယ် လုပ်တတ်၏ ။ သူကား နု၏ ။ မင်းသားကျချင်၏ ။ကျွန်တော် က ကြမ်း၏ ။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်၏ ။ အစားဆိုလည်း အစားတိုင်းမစား၊ စားသောက်နေသည့်အခါမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျွန်တော် ကားဖုတ်ဘက်ခါ၍ စားနိုင်လျှင် စား၏ ။ သူကား အ၀တ်များ ကို သပ်သပ်ရပ်ရပ်ဝတ်တတ်၏ ။ ကျွန်တော် ကား မ၀တ်တတ်။ မြန်မြန်ညစ်အောင် ၀တ်တတ်၏ ။ သူသည် မြေကြီး၊ ကြမ်းများ ပေါ်တွင် မည် သည့်အခါမှ တုံးလုံးမလှဲ။ကျွန်တော် က ကြိမ်ဖန်များ စွာ လှဲဖူး၏ ။ သူကား ပါး၏ ။ လျင်၏ ။ ကျွန်တော် ကား ထူ၏ ။ အေး၏ ”” ဤသို့ ပင် ဗိုလ်ချုပ်သည် သူ့ငယ်စဉ်က အနေအထိုင်၊အစားအသောက်၊ ၀တ်စားဆင်ယင်ခဲ့ပုံကို မကွယ်မ၀ှက် ရေး သားခဲ့၏ ။

ဗိုလ်ချုပ်သည် သူကိုယ်တိုင် ထိုကဲ့သို့ ရေး သားခဲ့သည်သာမက သူရေနံချောင်း အမျိုးသားကျောင်းဘ၀တွင် ၀တ်စားဆင်ယင်မှု နှင့် ပတ်သက်၍ အတော် ခွကျ၏ ။ ကျောင်းသားများ ကြားတွင် ဂိုက်ပေးခြင်း၊ ဆိုက်ပေးခြင်းမရှိဘဲ ရိုးရိုးကုပ်ကုပ် ဖြစ်သလို ၀တ်စားဆင်ယင်တတ်မှု ကြောင့် တစ်ကျောင်းလုံးက ရယ်စရာ မောစရာ ဖြစ်နေခဲ့သည်။

တစ်ဖန် ဗိုလ်ချုပ်သည် ရှစ်တန်းကျောင်းသားဘ၀တွင် မိခင်အမေစုထံမှ အနီရောင် ပိုးရောချည်လုံချည်များ ပို့ပေးလေ့ ရှိ၏ ။ ဗိုလ်ချုပ်သည်ထိုလုံချည်များ ကို ကြိုက်နှစသက် သဖြင့် ခုံခုံမင်မင် ၀တ်တော့၏ ။ အကယ်၍ ၀တ်နေစဉ် အောက်အနားက စုတ်ခဲ့သော် ထိုအစုတ်ကိုပင် ပြန်၍ ထုံးပြီးချည်နှောင်ဝတ်ဆင်ခဲ့၏ ။ ဗိုလ်ချုပ်ကား သူ့ဝတ်စားမှု နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ကို ဤသို့ ဂရုမစိုက်၊ ရှက်လည်း မရှက်ပေ။

ဗိုလ်ချုပ်အောင်ဆန်းသည် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ ၁၉၃၂ ခုနှစ် တွင် ဆယ်တန်းအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ခဲ့၏ ။

ထိုခေတ် ထိုအချိန်အခါက တက္ကသိုလ်ကျောင်းသားပိုင်းတွင် ၀တ်စားဆင်ယင်မှု က ပကာသန လွှမ်းမိုးလျက် ရှိ၏ ။ ကြော့ကြော့မော့မော့နှင့် ဆံပင်ကို ဖြီးလိမ်းပြီး ဟော်လံပင်မင်း ပြန်ပိုးသက်္ကလပ်အင်္ကျီ ကြွေပြောင်ပြောင်တိုက် ကော်လာနှင့် ၀တ်ဆင်ပြီး ရွှမ်းရွှမ်းမြည် နေသည့် ရွှေတောင်မန္တလေးပိုးလုံချည်ကို ဆင်မြန်းကာ မှန်ကဲ့သို့ ဖိတ်ဖိတ်တောက်နေသော ရူးဖိနပ်ကို စီး၍ စတိုင်ထုတ်နေကြချိန်လည်း ဖြစ်သည်။

မျက်နှာတွင် လည်း အကောင်းစားအလှရည်များ ကို လိမ်းပြီး အမျိုးမျိုးသော နံ့သာများ ကို အသုံးပြု၍ ခြယ်သကြသည်။

ထိုကဲ့သို့ သော တက္ကသိုလ်ကျောင်းသားများ ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကား ထူးခြားသော သူ တစ်ယောက် ဖြစ်နေသည်။ ဖားလျားကျနေသော ပင်နီအင်္ကျီနှင့် ကြေးနီရောင် ဘန်ကောက်လုံချည်တပတ်ရစ်ကို ၀တ်ကာအမြီးပြတ် ဘုံဘိုင်ရေညှပ်ဖိနပ်ကိုစီးလျက် အိမ်တော် ရာထီးတစ်ချောင်းကိုနေပူမိုးရွာမရှောင် အမြဲတမ်း ဆောင်းတတ်ပြီး ဆံပင်စုတ်ဖွားနှင့် ဖြစ်သလိုနေတတ်သော ဗိုလ်ချုပ်အောင်ဆန်းကို မြင်တွေ့ ရသော ကျောင်းသားကျောင်းသူတိုင်းက နှာခေါင်းရှုံ့ကြသည်။ ဘယ်လိုလူပါလိမ့်ဟူသော အကြည့်မျိုးဖြင့် လည်း စူးစမ်းကြသည်။

ထို့ကြောင့် လည်း ဗိုလ်ချုပ်အောင်ဆန်းကို တက္ကသိုလ်ကျောင်းသားတိုင်းက လူ့ခွစာ၊ လောက၀တ် ခေါင်းပါးသူ ဟူ၍ ကွယ်ရာ၌ အတင်းတုတ်ကြသည်။ ဗိုလ်ချုပ်ကား မည် သူ့ကိုမျှ အရေး မလုပ်၊ သူနေတတ်သလို၊ နေချင်သလို နေရရင်ပြီးရော ဟူသည့် လူစားမျိုး ဖြစ်သည်။

ပဲခူးကျောင်းဆောင်မှ စာသင်ခန်းသို့ သွားသော အခါ၌ လည်း အင်္ကျီဘိုသီဘတ်သီနှင့် ဖိနပ်ကပိုကရိုစီး၍ သွားတတ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ဒုတိယကျောင်းသားညီလာခံကို မန္တလေးမြို့၌ နွေရာသီအတွင်း ကျင်းပရာ ထိုနှစ် က အမ်အေရာရှစ်က ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်အောင်ဆန်းက အတွင်းရေး မှူး ဖြစ်သည်။ မန္တလေးညီလာခံသို့ အလာ ဗိုလ်ချုပ်သည် သူ့အစ်ကို ဦးအောင်သန်း မြို့အုပ်အိမ်သို့ ၀င်လည်သည်။ အပြန်တွင် အစ်ကိုအောင်သန်းအိမ်၌ သူ့တွင် ပါလာသော ပုဆိုးနှစ် ထည်အနက် တစ်ထည်မှာ ကျန်ခဲ့သည်။ ဤသည်ကို မသိဘဲ ထွက်လာရာ နောက်မှနေ၍ လိုက်ခေါ်ပေးသော်လည်း ခေါ်သံကိုပင် ဂရုမစိုက်နိုင်ခဲ့ချေ။ ကျောင်းသားညီလာခံနှင့် ပတ်သက်၍ မည် မျှ စိတ်စောနေ၍ လုံချည်ကျန်မှန်းပင် မသိသူ ဖြစ်သည်။ဤသို့ ဗိုလ်ချုပ်ကား အ၀တ်အစားနှင့် ပတ်သက်၍ အလေးမထားသူ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းမှထွက်၍ နိုင်ငံရေး လောကသို့ ခြေစုံပစ် ၀င်ရောက်လုပ်ကိုင်စဉ်ကာလတွင် ဗိုလ်ချုပ်နှင့် အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက် တစ်ဦး ဖြစ်သူ ဦးနုက ဤသို့ ပြောဆိုခဲ့သည်။

ပါတီဌာနချုပ်မှ သခင်အောင်ဆန်း၏ အခန်းက သန့်ရှင်းသပ်ရပ်မှု မရှိသည့် အတွက် ကျော်ကြားသည်။ မည် သည့်အခါမှ သိမ်းဆည်းခြင်းမပြုသော ၊ ကြမ်းတမ်းသော အိပ်ရာပေါ်တွင် သူအိပ်သည်။ ကြမ်းပိုးများ ကလာသမျှလူကို သူ့အိပ်ရာနှင့် သူ့အခန်းထဲမှ မောင်းထုတ်နေကြသည်။အောင်ဆန်း တစ်ဦးတည်းသာလျှင် အမှု မထားဘဲ သူ့အခန်းထဲ၌ နေနိုင်၊အိပ်နိုင်လေသည်။ တစ်ခါတွင် ခရိုင်မှ ဧည့်သည်များ ကျွန်တော် တို့ဆီရောက်လာကြသည်။ ဌာနချုပ်မှ သခင်အဖွဲ့ဝင်အချို့က ဧည့်သည်များ ကိုစင်္ကြံပေါ်တွင် မအိပ်စေချင်ကြသော ကြောင့် သခင်အောင်ဆန်း၏ အခန်းကို(ထိုစဉ်က သခင်အောင်ဆန်းသည် အထွေထွေ အတွင်းရေး မှူး ဖြစ်နေသည်)ဧည့်သည်များ အား နေရာချပေးသည်။ ဧည့်သည်များ က အတွင်းရေး မှူး၏ အခန်း၌ တည်းခွင့်ရှိသော ကြောင့် သဘောကျကြသည်။ သို့ သော် ကြမ်းပိုးများ ရှိနေကြောင်းကို သူတို့ စတင်မခံစားရမီအချိန်ကလေး၌ သာ ဖြစ်သည်။ညသန်းခေါင်ခန့် အချိန်သို့ ရောက်သော အခါ တပ်ချီနှိပ်စက်သော ကြမ်းပိုးဒဏ်ကို မခံနိုင်ြ ကတော့သော ဧည့်သည်များ က အိပ်ရာခင်း၊ စောင်များ ကိုသယ်ဆောင်လျက် အခန်းထဲမှ တစ်ယောက် မကျန် အကုန်ပြေးထွက်ကြကာစင်္ကြံထဲတွင် ပင် ဖြစ်သလို အိပ်စက်ခဲ့ကြသည်။

နိုင်ငံရေး သည် သခင်အောင်ဆန်း၏ ဘ၀ ဖြစ်သည်။ ဆာလောင်မွတ်သိပ်ခြင်းနှင့် ဆင်းရဲဒဏ်သည် သူ့အဖို့ အရေး မပါသော အရာများ ဖြစ်သည်။သခင်လှဖေ (ဗိုလ်လက်ျာ)က- “ကျွန်တော် တို့ အပါအ၀င် လုပ်ဖော်ကိုင်ဖက် အများ စုသည် အစားကောင်းကောင်းကို တစ်ခါတစ်ရံ တောင်းတကြသည်။ သခင်အောင်ဆန်းက ထိုကဲ့သို့ သော အရာများ ကို မည် သည့်အခါမျှ မတမ်းတချေ။ သူက ပျော့ပြောင်းသူ မဟုတ်ချေ။ သူ့ခန္ဓာကိုယ်ကိုသံမဏိဖြင့် တည်ဆောက်ထားသည့်အလား ထိုအင်အားဖြင့် သူတော် လှန်ရေး လုပ်ခဲ့သည်” ဟူ၍ ပြောပြခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သခင်သန်းထွန်းနှင့် အတူနေစဉ် သူ့တွင် ၀တ်စရာမရှိသော ကြောင့် သခင်သန်းထွန်း၏ လုံချည်နှင့် အင်္ကျီတို့ကို ယူ၍ ၀တ်သည်။ ထိုအချိန်က သခင်သန်းထွန်းသည် ကန်တော် ကလေးအရပ်၌ ကျောင်းဆရာလုပ်၍ ၀င်ငွေမှန်နေသဖြင့် အင်္ကျီအသစ်နှင့် လုံချည်အသစ်များ ၀ယ်၍ သေတ္တာထဲတွင် တရိုတသေ သိမ်းဆည်းထားသည်။ ဗိုလ်ချုပ်က ယူ၍ ၀တ်သဖြင့် မကျေနပ်သော်လည်း ဘာမှမပြောချေ။ လျစ်လျူရှုထားသည်။ ဗိုလ်ချုပ်ကလည်း ၀တ်ပြီး မဟောင်းမချင်း ဘယ်တော့မှမချွတ်ပေ။ ပြန်လည်း မပေးချေ။ ဟောင်းနွမ်းနံစော်နေသဖြင့် သခင်သန်းထွန်းကလည်း မတောင်းတော့ပေ။

ရဲဘော်သုံးကျိပ် စတင်ဖွဲ့စည်းပြီး ယိုးဒယား (ထိုင်း)နိုင်ငံတွင် ရှိစဉ်ကအစည်းအဝေးတစ်ခုတွင် စကားပြောစရာရှိသဖြင့် စစ်ယူနီဖောင်းကို ၀တ်ပြီးထွက်သွားရာ စီးသွားသော စစ်ဖိနပ်မှာ ကျပ်နေသဖြင့် ဗိုလ်မင်းခေါင်အားကြည့်ခိုင်းရာ ဘယ်နှင့် ညာ မှားစီးထားသဖြင့် နောက်ဆုံး အမှန်ပြန်၍ စီးခဲ့ရသည်။

ဗိုလ်ချုပ်မှာ ထိုသို့ ဖိနပ်စီးရာတွင် ပင် ဘယ်နှင့် ညာ မှားစီးခဲ့သည်အထိသူ၏ စိတ်တွင် မြန်မာပြည် လွတ်လပ်ရေး နှင့် ပတ်သက်၍ မည် မျှ စိတ်ရောက်နေသည်ကို ခန့်မှန်းနိုင်ပါသည်။ ဂျပန်ခေတ် (၁၉၄၂ ခုနှစ် မတ်လ ၈ရက်နေ့မှ ၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့အထိ) အတွင်း ဗိုလ်ချုပ်သည်ဗမာ့တပ်မတော် ၏ စစ်ဝန်ကြီးနှင့် စစ်သေနာပတိချုပ်ပင် ဖြစ်သော်လည်းအ၀တ်အစားနှင့် ပတ်သက်၍ စစ်အင်္ကျီနှစ် ထည်နှင့် စစ်ဘောင်းဘီနှစ် ထည်သာ ရှိသည်။ အောက်ခံစွပ်ကျယ် တစ်ထည်မျှပင် ကောင်းကောင်းမရှိချေ။ဇာပေါက်တွေ ကဲ့သို့ အပေါက်ဗရပွနှင့် စွပ်ကျယ်တစ်ထည်သာ တော် လှန်ရေး ပြီးသည်အထိ ၀တ်ခဲ့ရာ မည် မျှအထိ ခြိုးခြံချွေတာ တင်းတိမ်နိုင်သည်ကိုမှန်းဆနိုင်ပါသည်။ ထို့ကြောင့် လည်း ဆရာကြီး ဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာ စာအုပ်တွင် -

“သူ၏ မျက်နှာထားသည် သုန်မှု န်၏ ။ တစ်ခါတွေ့ ဖူးသော သူကို နောက်တစ်ခါတွေ့ လျှင် နှုတ်ဆက်ချင်မှ ဆက်၏ ။ သူ့ကို သိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏ ။ ဥက္က ဖြစ်သဖြင့် သူ့ကိုကားကျောင်းသားတိုင်းက သိကြ၏ ။ သူကလည်း အစဉ်လိုလို နိုင်ငံရေး ကိုသာတွေးနေဟန် တူ၏ ။ မြန်မာပြည် လွတ်လပ်ရေး အတွက် စိတ်ပူပုံရ၏ ။ထို့ကြောင့် သူသည် သုန်မှု န်လျက် ရှိနေသည်။

သူစကားပြောလျှင်လည်း နိုင်ငံရေး အကြောင်းကိုသာ ပြောသည်။သူပြောနေစဉ် ဘေးရှိလူများ က နားထောင်နေရသည်။ ဘေးကလူများ ၏ စကားကို သူမကြား။ သူပြောချင်တာတွေ ကိုသာ စွတ်၍ ပြောနေတတ်သည်။သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူ မမက်မော။ သူသည်ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေး တွင် ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊သဘင် စသော အနုပညာရပ်များ ကို မလိုက်စား၊ သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင် မလုပ်၊ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင်နေ၏ ။ သူ့တွင် နိုင်ငံရေး ၀ိညာဉ်ကား ပြင်းထန်လှချေ၏ ။ သူသည် နိုင်ငံရေး တစ်ခုတည်းကိုသာ လုပ်သော သူတစ်ဦး ဖြစ်၏ ။

သူသည် ရိုင်း၏ ။ ကြောင်၏ ။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်၊ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍ လုပ်သော နိုင်ငံရေး သတ္တ၀ါ ဖြစ်၏ ။ ထို့ကြောင့် ကိစ်္စမရှိ” ဟူ၍ ရေး သားခဲ့လေသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကို တပ်မတော် သားတိုင်းက ချစ်ခဲ့ကြသည်။ပြည်သူလူထုကလည်း ရိုသေခဲ့ကြသည်။ ရောက်လေရာ အရပ်တိုင်း၌ သူ့ကို ပြည်သူတို့နှုတ်ဖျားဝယ် “ဗိုလ်ချုပ်” “ဗိုလ်ချုပ်” ဟူ၍ တရွရွတဖွဖွ ရှိခဲ့ကြသည်။

တစ်ဖန် မြန်မာပြည်လွတ်လပ်ရေး အတွက် ဗြိတိသျှခေါင်းဆောင်များ နှင့် ဆွေးနွေး၍ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုပြီးနောက် ၁၉၄၇ခုနှစ် ၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်ရောက်လာရာလူထုအား “ကျုပ် ဘိလပ်က ပြန်လာတာ ဘာပါလဲလို့မေးရင် ယူနီဖောင်းတစ်စုံပဲ ပါလာတယ်” ဟု ပြောခဲ့ဖူးသည်။ ဗိုလ်ချုပ်ကား ထိုသို့ ဖြင့် စိန်၊ ရွှေ၊ မော်တော် ကား၊ အိမ်ဝေးစွ အ၀တ်အစားကိုပင် မက်ခဲ့သူမဟုတ်ပေ။ ရန်ကုန်မြို့ ဗဟန်းရပ်ကွက် နတ်မောက်လမ်း၊ အမှတ် (၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် လုပ်ထားသော ဗိုလ်ချုပ်အိမ်နှင့် ခြံသည် ဗိုလ်ချုပ်၏ အိမ်ခြံမဟုတ်ပေ။ နောင်တွင် မဆလပါတီ ဥက္ကဋ္ဌကြီး ဖြစ်လာသည့် ဗိုလ်နေ၀င်း၏ အိမ် သာ ဖြစ်ပြီး ဗိုလ်ချုပ်နေထိုင်ရန် ခေတ္တပေးခဲ့ခြင်းသာ ဖြစ်သည်။ဗိုလ်ချုပ်အိမ်ရှိ ပရိဘောဂမှအစ မော်တော် ကားအဆုံး ဗိုလ်ချုပ်ကိုယ်ပိုင်ဟူ၍ ဘာမျှမရှိပေ။ ရောင်းရင်းမိတ်ဆွေ သူငယ်ချင်းများ က ပေးလှူထားခြင်းသာ ဖြစ်သည်။

ဗိုလ်ချုပ် ဖတ်ရှုခဲ့သော စာအုပ်အများ စုမှာ ဗိုလ်ချုပ်အပိုင် မဟုတ်။ဂျာနယ်ကျော် ဦးချစ်မောင်နှင့် သခင်သန်းထွန်း၏ စာအုပ်များ သာ ဖြစ်ပြီးငှားရမ်းဖတ်ရှုခြင်းသာ ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နောက်ဆုံး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ကျဆုံးချိန်အထိ သူ့တွင် လုံချည် နှစ် ထည်၊ အင်္ကျီသုံးထည်၊ တိုက်ပုံတစ်ထည်နှင့် အိန်္ဒိယခေါင်းဆောင်ကြီး ပဏ္ဍစ်နေရူး ချုပ်ပေးခဲ့သော လောင်းကုတ်စစ်ဝတ်စုံ တစ်ထည်သာ ကျန်ရှိခဲ့သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ကြာသပတေးနေ့သည် ဗိုလ်ချုပ်၏ ၉၉ နှစ် မြောက် မွေးနေ့ ဖြစ်သလို ၅၈ နှစ် မြောက် မြန်မာနိုင်ငံကလေးများ နေ့လည်း ဖြစ်သည်။

ဗိုလ်ချုပ်တွင် ခေါင်းဆောင်မှု အရည်အသွေး ဂုဏ်အင်္ဂါ၊ ပွင့်ပွင့်လင်းလင်း ပြောတတ်သည့် ဂုဏ်အင်္ဂါ၊ လိမ်ညာမပြောတတ်သော ရိုးသားသည့် ဂုဏ်အင်္ဂါ၊ ရိုးရိုးသားသား ၀တ်စားဆင်ယင်၍ ခြိုးခြံချွေတာတတ်သည့်ဂုဏ်အင်္ဂါများ သည် ဗိုလ်ချုပ်၏ အရည်အချင်းများ ပင် ဖြစ်သည်။

မည် သို့ ဆိုစေကာမူ ဗိုလ်ချုပ်၏ ၀တ်စားဆင်ယင်မှု ၊ ရိုးသားပုံ၊ ရောင့် ရဲတင်းတိမ်နိုင်ပုံနှင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ကိုယ်ကျိုးစွန့်စား အနစ်နာခံခဲ့ပုံကို လေ့လာကာ ယခုခေတ် မြန်မာစစ်အာဏာရှင်များ တိုင်းပြည်ကိုလက်ညှိုးထိုး ရောင်းစားကာ စည်းစိမ်ယစ်မူးနေပုံကို ကြည့်ရင်း ဗိုလ်ချုပ်ကိုသာ လွမ်းဆွတ်တမ်းတနေမိပါတော့သည်။

(၃)

ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ ဖြစ်စဉ်ရက်စွဲများ

သန်းဝင်းလှိုင်

၁၉၁၅ ဖေဖော်ဝါရီ ၁၃၊ နတ်မောက်မြို့ တွင် အဖ ဦးဖာ၊အမိ ဒေါ်စုတို့ မှဖွားမြင်သည်။ မွေးချင်း (၉)ယောက် အနက် အငယ်ဆုံး။

၁၉၂၂-၂၈၊ နတ်မောက်မြို့ ဆရာတော် ဦးဇောတိက ကျောင်း၌ သူငယ်တန်းမှ ဆဋ္ဌမတန်း အောင်မြင်သည်အထိ ပညာသင်ယူသည်။

၁၉၂၈ ခု ဇွန်လ၊ ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်း၌ အလယ်တန်းကျောင်းတွင် စတုတ္ထတန်းမှ စတင် ပညာသင်ကြားခဲ့သည်။

နိုဝင်ဘာ၊ စတတုတ္ထန်းအောင်မြင်သည်။ တန်းကျော်တက်ခွင့်နှင့် ရ၍ ဆဋ္ဌမတန်းသို့ တက်ရောက်ပညာသင်သည်။

၁၉၂၉ ခု မတ်၊ ဆဋ္ဌမတန်းအောင်သည်။ဇွန်လ၊ သတ္တမတန်းတွင် ပညာသင်သည်။

၁၉၃၀ မတ်လ၊ သတ္တမတန်းတွင် စာမေးပွဲ ဖြေဆိုသည်။ အစိုးရပညာသင်ဆုနှင့် ဦးရွှေခိုဆုကို ရရှိအောင်မြင်သည်။

ဇွန်လ၊ အဋ္ဌမတန်း၌ ပညာသင်သည်။

၁၉၃၁ ခု မေ ၁၈၊ ဖခင် ဖြစ်သူ ဦးဖာ ကွယ်လွန်သည်။

၁၉၃၂ ခု မတ်၊ ၁၀ တန်း စာမေးပွဲကို ခုံအမှတ် ၁၂၈၈ ဖြင့် ဖြေဆိုအောင်မြင်သည်။ ပါဠိ-မြန်မာဘာသာ၌ ဂုဏ်ထူးဖြင့် အောင်မြင်သည်။

၁၉၃၄ ခု ဇွန်၊ ရန်ကုန်ယူုနီဗာစတီ ကောလိပ်တွင် ဥပစာ ၀ိဇ္ဇာ ပထမနှစ် တွင် ပါဠိ၊ ရာဇ၀င်နှင့် အပိုမြန်မာစာ ဘာသာတွဲ ဖြင့် တက်ရောက် သင်ယူသည်။

၁၉၃၅ ခု ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏် ၁၉၃၅-၃၆ အမှု ဆောင်အဖွဲ့တွင် အဖွဲ့ဝင်အ ဖြစ် အရွေးခံရသည်။ ပြန်ကြားရေး ဌာန တာဝန်ခံအ ဖြစ် ဆောင်ရွက်သည်။

၁၉၃၆ ဇန်န်န၀ါရီ ၃၀၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှကြီးမူးကျင်းပသော စကားရည်လုပွဲ၌ သဘာပတိ ကိုနု (တကသဥက္ကဋ္ဌ)က ကျောင်းအုပ်ကြီးသည် ကျောင်းသားများ ၏ ကိုယ်ရေး ကိုယ်တာကိစ္စများ ကို ၀င်ရောက် စွက်ဖက်နေကြောင်း၊ကျောင်းသားများ ကျွန်စိတ်မွေးမှု နှင့် ကြောက်စိတ်တွေ ကိုပယ်ပျောက်ပစ်သင့်ကြောင်း စသည်ဖြင့် တက္ကသိုလ်အုပ်ချုပ်ရေး အာဏာပိုင်များ အပြစ်နှင့် ချို့ယွင်းချက်များ ကို ဝေဖန်ပြောဆိုသည်။

ဖေဖော်ဝါရီလီလ၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂအသင်းမှ အိုးဝေ မဂ္ဂဇင်း အတွဲ ၅၊ အမှတ် ၁ (၁၉၃၆ ခု၊ဇန်န၀ါရီလ) ကို ထုတ်ဝေခဲ့သည်။

ယင်းမဂ္ဂဇင်းတွင် တက္ကသိုလ်အာဏာပိုင်များ ကို သရော်ထားသည့် ယမမင်း ကလောင်အမည် ဖြင့် (ညိုမြ) ရေး သားသော “ငရဲခွေးကြီး လွတ်နေပြီ” ဆောင်းပါး ပါရှိလာသဖြင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကို ဆောင်းပါးရေး သူကို ဖော်ထုတ်ပေးရန် တက္ကသိုလ်အာဏာပိုင်တို့က တောင်းဆိုခဲ့သည်။ ဖော်ထုတ်မပေးပါက ကျောင်းထုတ်ခံမည် ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၁၊ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာဒီဂျေစလော့စ်က ကိုနုအား ကျောင်းထုတ်လိုက်ကြောင်းအကြောင်းကြားစာ ပေးပို့ခဲ့သည်။

ဖေဖော်ဝါရီ ၂၃၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအမှု ဆောင် အစည်းအဝေးခေါ်၍ ကိုနုအား ကျောင်းထုတ်သည့်အတွက် သပိတ်မှော က်ရန် ဆုံးဖြတ်ခဲ့သည်။

၁၉၃၆ ဖေဖော်ဝ်၀ါရီ ၂၅၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားထု အစည်းအဝေး ကျင်းပကာ သပိတ်မှော က်ရန် အများ သဘောတူ ဆုံးဖြတ်ခဲ့သည်။ ကျောင်းသူ ကျောင်းသားပေါင်း ၇၀၀ ကျော်သပိတ်မှော က်ခဲ့ကြသည်။

ဖေဖော်ဝ်၀ါရီ ၂၆၊ ရန်ကုန်တက္ကသိုလ် သပိတ်မှော က် ကျောင်းသား ၃၀၀ ခန့်တို့သည် သပိတ်တားရန် ရွှေတိဂုံစေတီတော် မှရန်ကုန်တက္ကသိုလ်သို့ သွားရောက်ခဲ့သည်။

ဖေဖော်ဝ်၀ါရီ ၂၈၊ ရန်ကုန်တက္ကသိုလ် သပိတ်မှော က် ကောင်စီက သပိတ်မှော က်ရခြင်းအကြောင်း ရှင်းလင်းချက်စာတမ်းထုတ်ပြန်ခဲ့သည်။

သပိတ်မှော က်ကောင်စီက ကျောင်းသားတို့၏ တောင်းဆိုချက် (၁၀) ချက်ကို ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေး ရုံးသို့ ပေးပို့ခဲ့သည်။

မတ် ၁၊ သပိတ်မှော က် ကျောင်းသားအင်အား ၇၆၃ ဦး ရှိကြောင်း သပိတ်မှော က်ကောင်စီ ပြန်ကြားရေး ဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

မတ် ၂၊ ရန်ကုန်တက္ကသိုလ်ကောင်စီ အစည်းအဝေး ကျင်းပကာ တက္ကသိုလ် အဓိပတိအား သပိတ်စုံစမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပေးရန် မေတ္တာရပ်ခံခဲ့သည်။

မတ်၊ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေး ရုံးမှ ကိုအောင်ဆန်း အားရန်ကုန်တက္ကသိုလ်မှ သုံးနှစ် ထုတ်ပယ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မေ ၁၊ မြန်မာနိုင်ငံ အစိုးရသည် တရားရေး ၀န်ကြီး ဆာမြဘူးဥက္ကဋ္ဌအ ဖြစ် ပါဝင်သော စုံစမ်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။

မေ ၈ မှ ၉ ရက်အထိ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကို ဂျူဗလီခန်းမ၌ ကျင်းပသည်။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို စတင်ဖွဲ့သည်။

၁၉၃၆ မေ ၁၀၊ ရန်ကုန်တက္ကသိုလ် သပိတ်မှော က်ကောင်စီ မှ သပိတ်လှန်ခဲ့သည်။

ဇွန် ၁၈၊ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးအ ဖြစ် မြန်မာလူမျိုး ဦးဖေမောင်တင်အား ပထမဆုံး ခန့်အပ်ခဲ့သည်။

၁၉၃၆-၃၇၊ ဦးရာရှစ်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်ခဲ့သည်။ ကိုအောင်ဆန်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယဥက္ကဋ္ဌအ ဖြစ်ဆောင်ရွက်ခဲ့သည်။ ကိုအောင်ဆန်း ပဲခူးဆောင် အခန်းအမှတ်၁၁၃ တွင် နေထိုင်ခဲ့ပြီး ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၃၇ မေ၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေစုံစမ်းရေး မြဘူး ကော်မတီက အစီရင်ခံစာကို တင်သွင်းခဲ့သည်။

မေ ၉-၁၀၊ ကိုအောင်ဆန်း ၀ဇ္ဇာ(BA)စာမေးပွဲကို ခုံအမှတ်၅၆ ဖြင့် အောင်မြင်သည်။ မန္တလေးမြို့၌ ကျင်းပသော ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောသည်။ အိန်္ဒိယ နိုင်ငံရေး ခေါင်းဆောင် ပန်ဒစ်နေရူးနှင့် သမီး အင်ဒီရာတို့လည်း တက်ရောက်ခဲ့ကြသည်။

ဒီဇီဇင်ဘ်ဘာ ၅၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားထုက ဆာမြဘူးကော်မတီ၏ အစီရင်ခံစာကို ကန့်ကွက်ပွဲ ကျင်းပသည်။

ပုဂံဦးဘဂျမ်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်ခဲ့သည်။ ဥပဒေပထမနှစ် သို့ ကိုအောင်ဆန်း တက်ရောက်သင်ကြားသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အရန်အမှု ဆောင်အဖွဲ့ဝင်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်သည်။

၁၉၃၈ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအ ဖြစ်ဆောင်ရွက်သည်။

၁၉၃၈ ဧပြီ ၂၄-၂၅၊ ပုသိမ်မြို့တွင် ကျင်းပသော တတိယအကြိမ်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံသို့ ကိုအောင်ဆန်းတက်ရောက်၍ ဥက္ကဋ္ဌအ ဖြစ် မိန့်ခွန်းပြောသည်။ ဇီးချိုင်ရွာ၌ “လက်နက်ကိုင် သူပုန်ထကြွမှသာ လွတ်လပ်ရေး ရနိုင်”ဟု စတင်ပြောကြားသည်။

စက်တင်ဘ်ဘာ၊ မြန်မာလွတ်လပ်ရေး အတွက် အချိန်ပြည့်လှုပ်ရှားရန် ဆုံးဖြတ်ပြီး ဥပဒေဘွဲ့သင်တန်းကို ဆက်မတက်တော့ဘဲကျောင်းထွက်လိုက်သည်။

အောက်တိုဘာ၊ တို့ဗမာအစည်းအရုံးသို့ ကိုအောင်ဆန်း ၀င်ရောက်သည်။

အောက်တ်တ်တိုဘိုဘုဘာ ၂၆၊ တို့ဗမာအစည်းအရုံးက သခင်အောင်ဆန်းကို အထွေထွေ အတွင်းရေး မှူးအ ဖြစ် ခန့်သည်။

နိုဝင်ဘ်ဘာ ၇၊ တကသဥက္ကဋ္ဌ အ ဖြစ်မှ အောင်ဆန်းနုတ်ထွက်ကြောင်း တကသအမှု ဆောင်အဖွဲ့က ကြေညာသည်။

ဒီဇင်ဘာ ၁၁၊ မကွေး မြို့ မဲထီးကျောင်းတိုက်တွင် တရားဟောမှု နှင့် ပတ်သက်၍ ကိုဗဟိန်းနှင့် ကိုဗဆွေတို့ကို ဗြိတိသျှအစိုးရက ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာ ၁၃၊ ကိုဗဟိန်းနှင့် ကိုဗဆွေတို့ မကွေးမြို့တွင် တရားဟောမှု ဖြင့် ဖမ်းဆီးခြင်းကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအသင်းက ကန့်ကွက်ပွဲ ပြုလုပ်သည်။

ဒီဇင်ဘ်ဘာ ၁၄၊ ရန်ကုန်တက္ကသိုလ် အပါအ၀င် ရန်ကုန်ကျောင်းပေါင်းစုံ ကျောင်းသားထုကြီးက ရွှေတိဂုံစေတီတော် ရင်ပြင်တွင် ကန့်ကွက်ပွဲကြီး ကျင်းပသည်။

ဒီဇင်ဘ်ဘာ ၁၅၊ ရန်ကုန်တက္ကသိုလ် အပါအ၀င် ရန်ကုန်ကျောင်းပေါင်းစုံ ကျောင်းသားထုကြီးက ပုဒ်မ ၁၄၄ ကို ချိုးဖောက်သည့် အနေဖြင့် ရန်ကုန်မြို့တွင်း ချီတကဆန္ဒပြကာ အာဏာဖီဆန်ပွဲ ကျင်းပသည်။

ဒီဇင်ဘာ ၁၆၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂအသင်းတိုက်တွင် လျှို့ဝှက်တံခါးပိတ် အစည်းအဝေးကျင်းပပြီး အတွင်းဝန်ရုံးကို ၀ိုင်း၍ သပိတ်တား ဆန်္ဒပြရန် ဆုံးဖြတ်သည်။

၁၉၃၈ ဒီဇီဇင်ဘ်ဘာ ၂၀၊ ကျောင်းသားထုကြီးက အတွင်းဝန်ရုံးကိုဝိုင်း၍ သပိတ်တား ဆန္ဒပြခဲ့ရာ မြင်းစီးပုလိပ်များ ၏ လက်ချက်ဖြင့် ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုအောင်ကျော်အပါအ၀င်ကျောင်းသား ၄၀ ကျော် ဒဏ်ရာရခဲ့သည်။

ဒီဇင်ဘာ ၂၂၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအလုပ်အမှု ဆောင်အဖွဲ့မှ ကြီးမှူး၍ မြန်မာတစ်နိုင်ငံလုံးရှိအထွေထွေ ကျောင်းသားသပိတ်ကြီး စတင်မှော က်ခဲ့သည်။ရန်ကုန်ဆေးရုံကြီးတွင် ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုအောင်ကျော် ရရှိခဲ့သော ဒဏ်ရာများ ဖြင့် နေ့လယ် ၁ နာရီ၂၅ မိနစ်တွင် ကွယ်လွန်သည်။

ဒီဇင်ဘ်ဘာ ၂၆၊ အာဇာနည် ဗိုလ်အောင်ကျော်၏ ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ် သမဂ္ဂအသင်းတိုက်မှ ဦးစီး၍ အသင်းတိုက်မှ ကြံတောသင်္ချိုင်းသို့ ပို့ဆောင်ကာ ဂူသွင်းသဂြိုဟ်သည်။

၁၉၃၉ ဇန်န်န်န၀ါရီ ၂၃၊ ရန်ကုန် ရွှေတိဂုံစေတီတော် တွင် သခင်အောင်ဆန်း အဖမ်းခံရပြီး ထောင် ၁၅ ရက် ကျခဲ့သည်။

ဖေဖော်ဝါရီ ၈၊ သခင်အောင်ဆန်း ရန်ကုန်ထောင်ကြီးမှ လွတ်မြောက်သည်။

ဧပြီ ၇ မှ ၁၀ ရက်ထိ၊ မော်လမြိုင်မြို့တွင် ကျင်းပသော စတုတ္ထအကြိမ် တို့ဗမာအစည်းအရုံး ညီလာခံတွင် အခမ်းအနားမှူးအ ဖြစ် သခင်အောင်ဆန်း ဆောင်ရွက်သည်။

ဧပြီ ၃၀ မှ မေ ၅ ရက်ထိ၊ တို့ဗမာအစည်း အရုံး၏ ဌာနချုပ်အလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေး ကျင်းပသည်။ ထိုအစည်းအဝေးမှစ၍ သခင်အောင်ဆန်းသည် ရွေးကောက်ခံအထွေထွေအတွင်းရေး မှူး ဖြစ်လာသည်။

သြဂုတ် ၁၅၊ ရန်ကုန်မြို့၊ စမ်းချောင်းရပ် မြေနုလမ်း အမှတ်၁၄ တွင် ကွန်မြူနစ်ပါတီ ကလာပ်စည်းကို လျှို့ဝှက်စွာ စတင်တည်ထောင်သည်။ ကွန်မြူနစ်ပါတီ ကလာပ်စည်း၏ အမှု ဆောင်အဖွဲ့မှာ -

Cover

၁၉၃၉ စက်တင်ဘာ ၁၊ သော ကြာနေ့တွင် ဗမာ့ထွက်ရပ်ဂိုဏ်း(Burma Freedom Bloc) ကို တည်ထောင်ခဲ့သည်။ ဗဟိုအမှု ဆောင်အဖွဲ့မှာ -

Cover

နိုဝင်ဘာ ၁၈၊မြေအောက်လျှို့ဝှက်အဖွဲ့ (Under GroundUnit) ကို ဖွဲ့စည်းသည်။

Cover

၁၉၄၀ ဇန်န၀ါရီလ၊ နယ်ချဲ့ ဗြိတိသျှအစိုးရအား လက်နက်ကိုင်ပုန်ကန်ထကြွရေး စီမံချက်အကြောင်း သခင်အောင်ဆန်းက ဒေါက်တာဘမော်ကို ဖွင့်ဟပြောကြားသည်။

ဇန်န၀ါရီ ၂၆ မှ ဖေဖော်ဝါရီ ၁ ရက်အထိ၊ မန္တလေးမှဆင်းလာသော သံဃာ့ဂိုဏ်းပေါင်းစုံ ညီညွတ်ရေး အဖွဲ့ အစည်းအဝေးသို့ သခင်အောင်ဆန်း တက်ရောက်သည်။

ဖေဖော်ဝ်၀ါရီ ၂၅၊ ရန်ကုန်မြို့  ဗမာ့ထွက်ရပ်ဂိုဏ်း အင်အားပြပွဲသို့ သခင်အောင်ဆန်း တက်ရောက်၍ အဓိဋ္ဌာန်စာတမ်းကိုဖတ်ကြားသည်။

မတ် ၁၂၊ သခင်အောင်ဆန်းသည် သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မြ၊ သခင်ဆင်ဂိုပတား၊ ကိုထွန်းရှိန်(နောင် ဗိုလ်ရန်နိုင်)၊ ကိုဗဟိန်း (နောင် သခင်ဗဟိန်း)၊ သခင်အုန်းမြင့် (တိုးတက်ရေး )၊ သခင်အုန်းဖေ (၀ါးခယ်မ) တို့နှင့် အတူ ရမ်းဂါးညီလာခံသို့ တက်ရောက်ရန် အိန်္ဒိယသို့ သင်္ဘောဖြင့် စတင်ထွက်ခွာသည်။

မတ် ၂၉၊ အန္ဒိယနှင့် မြန်မာပူးပေါင်းဆောင်ရွက်ကြရန်အတွက်အိန်္ဒိယခေါင်းဆောင်များ နှင့် တွေ့ ဆုံရန် လာခဲ့ခြင်း ဖြစ်ကြောင်းဗာရာဏသီမြို့ ဟိန္ဒူတက္ကသိုလ်တွင် သခင်အောင်ဆန်း တရားဟောပြောသည်။

၁၉၄၀ ဧပြီ ၂၊ အိန်္ဒိယ လာဟိုးမြို့၌ ကွန်ဂရက်အသင်းက ကြီးမှူးကျင်းပသော တရားပွဲတွင် သခင်အောင်ဆန်းက လွတ်လပ်ရေး ကို သွေးဖြင့် ရင်းနှီးရမည် ဟု ဟောပြောခဲ့သည်။

မေ ၁၊သခင်အောင်ဆန်းနှင့် အဖွဲ့  ရမ်းဂါးညီလာခံမှ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိသည်။

ဇွန် ၁၊ ဟင်္သာတခရိုင် ဇလွန်မြို့ တရားပွဲတွင် သခင်အောင်ဆန်းက ဗြိတိသျှနယ်ချဲ့စနစ်ကြောင့် မြန်မာများ ဆင်းရဲငတ်ပြတ်ခြင်း ဖြစ်ကြောင်း ဗြိတိသျှတို့သည် မြန်မာ့ရန်သူအစစ် ဖြစ်ကြောင်း၊စစ်ကြီးတွင် ဂျာမနီနိုင်မည် ဖြစ်ကြောင်း၊ လသာခိုက် ဗိုင်းငင်ရန်အာဏာဖီဆန်ရန်အတွက် ရန်ပုံငွေစုနေခြင်း ဖြစ်ကြောင်း စသည်တို့ကို ဟောပြောသဖြင့် ဗြိတိသျှအစိုးရက ရာဇသတ်ပုဒ်မ၁၂၄ က၊ ခ အရ တရားစွဲဆိုရန် အမိန့်ပေးခဲ့သည်။

ဇွန်လ ၃၊ ဇလွန်မြို့  နယ်၌ နယ်ချဲ့ အစိုးရကတားမြစ်ထားသော ကန်ပက်လက် ချင်းအမျိုးသားတို့၏ နိုင်ငံရေး လှုပ်ရှားမှု အကြောင်းကို သခင်အောင်ဆန်း တရားဟောသည်။

ဇွန်လ ၅ ရက်၊ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ချုပ်ရေး အဖွဲ့ ဝင် လူကြီးအ ဖြစ် တကသအသင်း၏ ကိုယ်စား သခင်အောင်ဆန်း ရွေးချယ်ခြင်း ခံရသည်။

ဇွန်လ ၂၂ ရက်၊ ဟင်္သာတခရိုင် ဇလွန်မြို့တွင် တရားဟောပြောမှု အတွက် ဟင်္သာတ ရာဘက် ရာဇ၀တ်တရားသူကြီးကသခင်အောင်ဆန်းကို ဖမ်းရန် ၀ရမ်းထုတ်ပြန်သည်။ ထိုအချိန်မှစ၍ သခင်အောင်ဆန်းသည် မြေအောက်လျှိုး၍ ပျောက်ကွယ်သွားသည်။

ဇူလိုင်လ ၁၂ ဟင်္သာတစီရင်စု ရာဇ၀တ်ဝန် ဇေဗီးယား(D.W. Harrison Xavier) က သခင်အောင်ဆန်းကို ဖမ်းဆီးမိလျှင် ဆုငွေ ၅ ကျပ် ချီးမြှင့်မည် ဟု သတင်းစာများ တွင် ကြေညာသည်။

၁၉၄၀ သြဂုတုတ် ၈ ရက်၊ သခင်အောင်ဆန်းနှင့် သခင်မြိုင် (နောင်ဗိုလ်ရန်အောင်) တို့သည် တရုတ်လူမျိုးများ ကဲ့သို့ ရုပ်ဖျက်၍ နော်ဝေးအပိုင် ဟိုင်လီ (Hai-Lee) သင်္ဘောဖြင့် တရုတ်ပြည်သို့ ထွက်ခွာသွားသည်။ သခင်အောင်ဆန်း၏ တရုတ်အမည် မှာ “တန်ဆူတောင်” ဖြစ်သည်။

သြဂုတ် ၂၀၊ သခင်အောင်ဆန်းအား ဖမ်းဝရမ်းထုတ်ထားသည့်အမိန့်ကို အောက်လွှတ်တော် အစည်းအဝေးတွင် ဗြိတိသျှအစိုးရက ပြန်လည်ရုပ်သိမ်းသည်။ (ဖိုးအောင်လေး၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ် သမိုင်းစာအုပ် စာမျက်နှာ ၁၄၈တွင် ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၂၉ ရက်ဟု ဖော်ပြထားသည်။)

သြဂုတ် ၂၄၊ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည်တရုတ်ပြည် နန်ကင်းအစိုးရပိုင် အမွိုင်မြို့အနီးရှိ ကူလန်စုရပ်ကွက်သို့ ရောက်လာသည်။

အောက်တိုဘာ ၃၊ ဗိုလ်မှူးကြီး ဆူဇူကီးသည် သခင်အောင်ဆန်းတို့၏ ဓာတ်ပုံများ ကို ကိုင်ဆောင်ကာ ရန်ကုန်မှ ပြန်လည်ထွက်ခွာသွားသည်။

နိုဝင်ဘာ ၁၂၊ သခင်အောင်ဆန်းနှင့် သခင်မြိုင်တို့  အမွိုင်မြို့မှ တိုင်ဝမ်ကျွန်း၊ ထိုမှတစ်ဆင့် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိလာသည်။

နိုဝင်ဘာ ၂၆၊ သခင်အောင်ဆန်းက တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့မှ နုတ်ထွက်ကြောင်း ကြေညာချက် ထုတ်သည်။ (လျှို့ဝှက် လှုပ်ရှားရန်အတွက် ရက်စွဲကြိုတင်တပ်၍ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။) သတင်းစာတိုက်သို့ ပေးပို့သော ကြေညာချက်တွင် နိုင်ငံရေး အလုပ်များ ခြင်းကြောင့် နုတ်ထွက်သည်ဟုအကြောင်းပြထားသည်။

၁၉၄၁ ဒီဇင်ဘာ၊ ဂျပန်စစ်ဦးစီးချုပ်က မြန်မာပြည်စစ်ဆင်ရေး ကို စတင်လေ့လာသည်။

ဇန်န်န၀ါရီ ၂၇၊ ဗိုလ်မှူးကြီး ဆူဇူင်္ကီးက သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ နှစ် ဦးကို သွားတုများ တပ်ဆင်ပေးသည်။

ဖေဖော်ဝ်၀ါရီ ၁၊ ဂျပန်စစ်စီးချုပ်ရုံး၏ ကွပ်ကဲမှု ဖြင့် ဗိုလ်မှူးကြီး ဆူဇူကီး ဦးဆောင်သော မီနာမီကီကန်အဖွဲ့ (MinamiKikan) ကို တရားဝင်ဖွဲ့စည်းသည်။ မီနာမီကီကန်၏ အဓိပ္ပာယ်မှာ တောင်ဘက်ဒေသဆိုင်ရာ အဖွဲ့အစည်းဟူ၍ ဖြစ်သည်။အဖွဲ့၏ ရည်ရွယ်ချက်မှာ မြန်မာလူငယ်များ ကို စစ်ပညာသင်ကြားပေးရန်နှင့် မြန်မာပြည်လွတ်မြောက်ရေး ကို ကူညီရန် ဖြစ်သည်။

ဖေဖော်ဝ်၀ါရီ ၁၂၊ “ဗမာပြည်လွတ်လပ်ရေး စီမံကိန်း ”စာတမ်းကို သခင်အောင်ဆန်းကိုယ်တိုင် ရေး သား၍ ဂျပန်စစ်အာဏာပိုင်များ ထံ တင်ပြရာ အနည်းငယ်မျှသာ ပြင်ဆင်ပြီး အတည်ပြုလက်ခံသည်။

ဖေဖော်ဝါရီ ၁၄၊ မီနာမီအဖွဲ့အစည်း၏ အမိန့်အမှတ် (၁)ကို ထုတ်ပြန်သည်။

ထိုအမိန့်အရ မြန်မာလူငယ်များ ကို ဂျပန်ပြည်သို့ ခေါ်ဆောင်ကာ စစ်ပညာသင်ပေးရန်နှင့် မြန်မာ့လွတ်လပ်ရေး အတွက် သခင်အောင်ဆန်းကို အကူအညီပေးရန်တို့ ပါဝင်သည်။

ဖေဖော်ဝါရီ ၁၅၊ သခင်အောင်ဆန်းနှင့် မီနာမီ အဖွဲ့ ဝင် မစ္စတာစူဂီး (မစ္စတာ မီနာမီဝါကာ) တို့သည် တိုကျိုမြို့အနီး ကာဝါစတီးဆိပ်ကမ်းမှတစ်ဆင့် မြန်မာပြည်သို့ ရွှန်းတင်းမာရူး(Shuten Maru) သင်္ဘောဖြင့် ပြန်လည်ဝင်ရောက်ကြသည်။

မတ် ၃၊ သခင်အောင်ဆန်းသည် နိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်ကာ တရုတ်အမျိုးသားအ ဖြစ် ရုပ်ဖျက်၍ ရန်ကုန်မြို့သို့ ရထားဖြင့် ရောက်ရှိလာသည်။

၁၉၄၁ မတ် ၄ ရုပ်ဖျက်လာသည့် သခင်အောင်ဆန်းသည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ခြံတစ်ခြံ၌ ပြည်သူ့အရေး တော် ပုံပါတီမှ ခေါင်းဆောင်များ ဖြစ်ကြသော သခင်မြ၊ သခင်လှဖေ(နောင် ဗိုလ်လက်ျာ)၊ ကိုဗဟိန်း၊ ကိုလှမောင်၊ ကိုထွန်းရွှေ(နဂါးနီ)၊ သခင်ချစ်တို့နှင့် အတူ လျှို့ဝှက်စွာ တွေ့ ဆုံဆွေးနွေးသည်။

မတ် ၉၊ သခင်အောင်ဆန်းနှင့် မစ္စတာစူဂီးတို့သည် ဂျပန်သင်္ဘော ရွှန်းတင်းမာရူးဖြင့် ဂျပန်ပြည်သို့ ပြန်ကြသော အခါရဲဘော်သုံးကျိပ်၏ ပထမဆုံးအသုတ်အ ဖြစ် သခင်လှဖေ(ဗိုလ်လက်ျာ)၊ သခင်အေးမောင် (ဗိုလ်မိုး)၊ သခင်ဗဂျမ်း (ဗိုလ်လရောင် )၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) တို့ လေးယောက် လျှို့ဝှက်စွာ လိုက်ပါသွားကြသည်။

မတ် ၂၇၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပထမအသုတ် ရဲဘော်သုံးကျိပ်တို့သည် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိသည်။

ဧပြီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်အဖွဲ့ ဝင်တို့  တိုကျို မြို့မှတစ်ဆင့် ဖော်မိုဆာကျွန်း၊ ယင်းမှ ဟိုင်နန်ကျွန်း (Hainan)သို့ စစ်သင်တန်းတက်ရောက်ရန် လေယာဉ်ဖြင့် သွားရောက်ကြသည်။ ဟိုင်နန်ကျွန်းတောင်ဘက်အစွန်းရှိ စန်းယာ့စခန်း၌ ဂျပန်တို့က စစ်လေ့ကျင့်ရေး ကျောင်းကို ဖွင့်ထားသည်။

ဧပြီ ၁၃၊ ဒုတိယအသုတ် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တို့သည်မီနာမီအဖွဲ့အစည်းမှ မစ္စတာမစ်စုတာနီနှင့် အတူ ဂျပန်သင်္ဘောကိုင်ရိုမာရူး (Kaisho Maru) ဖြင့် မြန်မာပြည်မှ ဂျပန်ပြည်သို့ လျှို့ဝှက်စွာ ထွက်ခွာသွားသည်။

ဒုတိယအသုတ် ရဲဘော်သုံးကျိပ်ဝင် ၇ ဦးမှာ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ သခင်သန်းတင် ၂ (ဗိုလ်မြဒင်)၊ကိုရွှေ (ဗိုလ်ကျော်ဇော)၊ ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်)၊သခင်တင်အေး (ဗိုလ်ဖုန်းမြင့်)၊ သခင်ထွန်းရွှေ (ဗိုလ်လင်းယုန်)၊သခင်စိုး (ဗိုလ်မြင့်အောင်) တို့ ဖြစ်သည်။

၁၉၄၁ ဧပြီ ၂၅၊ ဂျပန်ပြည် ဟိုင်နန်ကျွန်းရှိ ဆန်းယ (Sanya) စစ်ပညာသင်တန်းကျောင်း စတင်ဖွင့်လှစ်ကာ မြန်မာမျိုးချစ်လူငယ်များ ကို စစ်ပညာ စတင်သင်ကြားပေးရန် ပြင်ဆင်ခဲ့သည်။

ဧပြီ ၂၈၊ ဒုတိယအသုတ် ရဲဘော်သုံးကျိပ်ဝင်တို့သည် ဂျပန်ပြည် အိုဆာကာမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် တိုကျိုမြို့နောက် ဖော်မိုဆာမှတစ်ဆင့် ဟိုင်နန်ကျွန်းသို့ စစ်ပညာသင်ရန်၁၉၄၁ ခုနှစ် ၊ မေလ ၁၀ ရက်နေ့တွင် ရောက်ရှိသည်။

မေ၊ တတိယအသုတ် ရဲဘော်သုံးကျိပ်ဝင်များ ဖြစ်ကြသည့်ကိုလှမောင် (ဗိုလ်ဇေယျ)၊ သခင်စံမြ (ဗိုလ်တောက်ထိန်)၊သခင် ခင်မောင်ဦး (ဗိုလ်တာရာ) တို့ သုံးဦးသည် မီနာမီအဖွဲ့အစည်းမှ မစ္စတာစူဂီး၏ စီစဉ်မှု ဖြင့် ကိုင်ရှိုမာရူး (KaishoMaru) သင်္ဘောဖြင့် မြန်မာပြည်မှ ဂျပန်ပြည်သို့ ရောက်ရှိသည်။

ဇူလိုင်၊ သခင်အောင်ဆန်းသည် ဆူဇူကီးနှင့် အတူ ဟိုင်နန်ကျွန်း၊စန်းယာ့စစ်ကျောင်းမှ ယိုးဒယားသို့ ရောက်ရှိသည်။

ဇူလိုင် ၈၊ ရဲဘော်သုံးကျိပ် စတုတ္ထအသုတ် ဖြစ်သော သခင်ထွန်းအုပ်၊ သခင်ရှုမောင် (ဗိုလ်နေ၀င်း)၊ သခင်ကျော်စိန် (ဗိုလ်မိုးညို)၊ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင်သန်းညွန့် (ဗိုလ်ဇင်ယော်)၊ သခင်မောင်မောင်(ဗိုလ်ဉဏ)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်လှ (ဗိုလ်မင်းရောင် ) နှင့် ၁၁ ဦးတို့သည် ကိုရိယုမာရူး (KoriyuMaru) သင်္ဘောဖြင့် ရန်ကုန်မြို့မှ ထွက်ခွာသည်။

ဇူလိုင် ၂၄၊ စတုတ္ထအသုတ် ရဲဘော်သုံးကျိပ်အဖွဲ့ ဝင်တို့  ဂျပန်နိုင်ငံ၊ ကျူရှုကျွန်း၊ ယိုကိုဆူက ရေတပ်စခန်းသို့ ရောက်ရှိခဲ့သည်။ ယင်းမှတစ်ဆင့် (မြန်မာမျိုးချစ်လူငယ် ၃၀ အနက်သခင်ထွန်းအုပ်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အုပ်ချုပ်ရေး ပညာ ဆည်းပူးနေ၍ လည်းကောင်း၊ ကိုဆောင်းသည် မီနာမီအဖွဲ့၏ တာဝန်ပေးချက်အရ ထိုင်း-မြန်မာနယ်စပ်ကို စောင့်ကြိုရန် တာဝန်ဖြင့် ဇင်းမယ် (Chiangmai) တွင် တာဝန်ထမ်းဆောင်နေ၍ လည်းကောင်း၊ သခင်သန်းတင် ၁ (မော်လမြိုင်) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ ဂျပန်နိုင်ငံသို့ သွားရောက်စဉ် အစာအိမ်နှင့် အဖျား ရောဂါ ဖြင့် တိုင်ပေမြို့တွင် ၁၉၄၁ စက်တင်ဘာလတွင် ကွယ်လွန်သွား၍ လည်းကောင်းစစ်သင်ကျောင်းတွင် ၂၇ ဦးသာ စစ်သင်တန်း တက်ခဲ့ကြသည။် သို့သော် မြဒေါင်းညို မူလအမည် ပေးခဲ့သော “ရဲေဲဘော်သုံးကျိပ်” ဟူသော အမည် သာလျှင် သမိုင်းတွင် ခဲ့သည်။

၁၉၄၁ သြဂုတ် ၁၅၊ သခင်အောင်ဆန်းသည် သခင်ထွန်းအုပ်နှင့် တွေ့ ဆုံရန်အတွက် ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာရပြန်သည်။

အောက်တိုဘာ ၆၊ နန်းရင်းဝန် ဂဠုန်ဦးစောသည် အတွင်းဝန်ဦးတင်ထွဋ်နှင့် အတူ မြန်မာပြည်လွတ်လပ်ရေး တောင်းဆိုရန်ဟု ဆိုကာ အင်္ဂလန်သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အောက်တ်တိုဘုဘာ ၂၃၊ ရဲဘော်သုံးကျိပ်အဖွဲ့ ဝင်အားလုံး ဖော်မို ဆာကျွန်း၊ တမာဇာတိုမြို့သို့ ရောက်ရှိသည်။

နိုဝင်ဘာ ၂၁၊ ဂျပန်တောင်ဘက်ဒေသ တပ်မတော် ဗိုလ်ချုပ်ကြီး တေရအူချီသည် မီနာမီအဖွဲ့၏ လှုပ်ရှားမှု ကို ရပ်ဆိုင်းထားရန်နှင့် မီနာမီအဖွဲ့အား အင်ဒိုချိုင်းနား ဆိုင်ဂုံရုံးသို့ ရွှေ့ပြောင်းရန် ညွှန်ကြားသည်။

နိုဝင်ဘာ ၂၅၊ သခင်အောင်ဆန်းသည် ဂျပန်စစ်ဘက်အကြီးအကဲများ နှင့် တွေ့ ဆုံဆွေးနွေးပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်။

ဒီဇင်ဘာ ၈၊ ဂျပန်တို့က ပုလဲဆိပ်ကမ်းကို လေကြောင်းဖြင့် အလစ်ဝင် တိုက်ခိုက်သည်။ ဂျပန်တို့သည် ယိုးဒယား (ထိုင်း)အစိုးရနှင့် စစ်မဟာမိတ် ချုပ်ဆိုသည်။

၁၉၄၁ ဒီဇင်ဘာ ၉၊ ဗြိတိသျှအစိုးရက တို့ဗမာအစည်းအရုံးကြီးကိုမတရားသင်းအ ဖြစ် ကြေညာကာ ဖျက်သိမ်းပစ်သည်။

ဒီဇင်ဘာ ၁၂၊ မီနာမီ အဖွဲ့ ချုပ်ကို ဘန်ကောက်မြို့ သို့ ပြောင်းရွေ့  ၍ အင်္ဂလိပ်ပိုင် ဘော်နီယိုကုမ္ပဏီ (Boreneo Company)၀င်းကြီး၌ ဖွင့်လှစ်ခဲ့သည်။ ဘန်ကောက်မြို့သို့ မီနာမီအဖွဲ့နှင့် မြန်မာမျိုးချစ်လူငယ်များ ရောက်ရှိလာပြီးနောက် ဗိုလ်မှူးကြီးဆူဇူကီးက ဗမာ့လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းရန်အတွက်စစ်သားများ စုဆောင်းရန် အမိန့်ပေးသည်။

ဒီဇင်ဘာ ၂၆၊ သခင်အောင်ဆန်းသည် ဆိုင်ဂုံမြို့ မှ ဘန်ကောက်မြို့သို့ ရောက်ရှိလာသည်။ ဘန်ကောက်မြို့တွင် မြန်မာလူမျိုးမျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းဖေနေအိမ်တွင် အစည်းအဝေးကျင်းပ၍ စစ်သားစုဆောင်းရန် စီစဉ်သည်။ ထိုနေ့တွင် အစည်းအဝေးသို့ မသွားမီ သခင်အောင်ဆန်းက ရဲဘော်သုံးကျိပ်ဝင်တို့ကို စုဝေးပြီး ယနေ့အစည်းအဝေးတွင် အစည်းအဝေးတက်ရောက်လာသူများ နှင့် မိတ်ဆက်သည့်အခါ မိမိတို့ ၀တ်ထားသည်မှာ ဂျပန်ဝတ်စုံ၊ အမည် ကလည်း ဂျပန်နာမည် ဖြစ်နေ၍ မိတ်ဆက်ရာတွင် အဆင်မပြေကြောင်း၊ မိမိတို့၏ နာမည် ရင်းများ ကို မိတ်ဆက်လျှင်လည်း မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သည့် မိဘဆွေမျိုးသားချင်းများ ဒုက္ခရောက်နိုင်ကြောင်း၊ဟိုင်နန်ကျွန်းတွင် ရှိစဉ်က ကိုလှမောင် (ဗိုလ်ဇေယျ) အကြံပေးသည့်အတိုင်း ဗမာဆန်ဆန် ဗိုလ်နာမည် များ ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သခင်အောင်ဆန်း၏ လမ်းညွှန်ချက်အရ ရဲဘော်သုံးကျိပ်တို့၏ ဗိုလ်ဘွဲ့အမည် အသီးသီးကို ဘော်နီယိုကုမ္ပဏီဝင်းအတွင်း အမိန့်ကြေညာချက် ထုတ်ပြန်သည်။ ဤသို့ ဖြင့် မြန်မာမျိုးချစ်လူငယ်များ ၏ ဗိုလ်အမည် ရင်း၊ ဂျပန်အမည် နှင့် ဗိုလ်အမည် များ မှာ -

Cover
Cover

တို့ ဖြစ်ကြသည်။ ဗိုလ်မှူးကြီး စူဇူကီး အမည် ကိုလည်းဗိုလ်မိုးကြိုးဟု ပြောင်းလဲ မှည့်ခေါ်သည်။

ထိုနေ့ ဘန်ကောက်မြို့ရှိ ဦးထွန်းဖေ နေအိမ်တွင် ကျင်းပသော အစည်းအဝေးသို့ ရဲဘော်သုံးကျိပ်ဝင်များ ၊ ထိုင်းနိုင်ငံရောက် ဗမာလူမျိုးများ ၊ ထိုင်း-မြန်မာ ကပြားများ အပါအ၀င်လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ဦးလွန်းဖေကဗိုလ်တေဇနှင့် ရဲဘော်သုံးကျိပ်များ အား တက်ရောက်လာသော ပရိသတ်များ နှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုအစည်းအဝေးတွင် ဗိုလ်တေဇ၏ မိမိတို့သည် မြန်မာ့လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရန် ဂျပန်နိုင်ငံတွင် စစ်ပညာ သင်ကြားခဲ့ကြသူများ ဖြစ်ကြောင်း၊ ယခု အစည်းအဝေး ခေါ်ရခြင်းမှာ မြန်မာနိုင်ငံကိုစိုးမိုး အုပ်ချုပ်နေသည့် နေမ၀င် ဗြိတိသျှအင်ပါယာကို ဖြိုဖျက်ရန် ဗမာ့လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းတည်ထောင်လို၍ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဝင်လိုသူများ အား ဗမာ့လွတ်လပ်ရေး တပ်မတော် အတွင်း ၀င်ရောက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။ဗိုလ်တေဇ မိန့်ခွန်းပြောကြားပြီးနောက် အစည်းအဝေး တက်ရောက်လာသူများ ထဲမှ ဗမာ့လွတ်လပ်ရေး တပ်မတော် အတွင်းဝင်ရောက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။ ဗိုလ်တေဇမိန့်ခွန်းပြောကြားပြီးနောက် အစည်းအဝေး တက်ရောက်လာသူများ ထဲမှ ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma IndependenceArmy-B.I.A) သို့ ၀င်ရောက်ရန် စာရင်းပေးကြရာ တပ်သားသစ် ၁၀၀ ကျော် ရရှိခဲ့သည်။ ထိုသို့ တပ်သားသစ်များ ရရှိခဲ့ပြီးနောက် ဗိုလ်တေဇသည် ရဲဘော်သုံးကျိပ်ဝင်များ အပါအ၀င် ဗမာ့လွတ်လပ်ရေး တပ်မတော် တပ်သားများ နှင့် အတူ လက်မောင်းသွေးဖောက်၍ မြန်မာ့လွတ်လပ်ရေး အတွက် အသက်ပေး၍ တိုက်ပွဲဝင်ပါမည် ဟု သစ္စာအဓိဋ္ဌာန်ပြုကာ သွေးသောက်ပွဲ ကျင်းပခဲ့သည်။

၁၉၄၁ ဒီဇင်ဘာ ၂၇၊ ဘီအိုင်အေကို စတင်ဖွဲ့စည်းသည်။ဒီဇင်ဘာ ၃၁၊ နံနက် ၈ နာရီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိအင်္ဂလိပ်ပိုင် ဘော်နီယိုကုမ္ပဏီ၏ ၀င်းကြီးအတွင်း၌ ဗမာ့လွတ်လပ်ရေး တပ်မတော် ၏ ပထမဆုံး စစ်ရေး ပြပွဲ ကျင်းပရာဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး)၊ သခင်အောင်ဆန်း (ဗိုလ်တေဇ) တို့က မိန့်ခွန်းပြောကြားခဲ့သည်။

-ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်ကို ဖွဲ့စည်းပြီးတာဝန်အသီးသီး ခွဲဝေခန့်ထားခဲ့သည်။

၁၉၄၂ ဇန်န်န၀ါရီ ၁၊ ဗြိတိသျှအစိုးရက ထုတ်ပြန်သည့် ဘားမားလစ်(Burma List)ခေါ် အစိုးရ၏ ရန်သူတော် စာရင်းတွင် အမှတ်စဉ် (၅) ၌ သခင်အောင်ဆန်း အမည် ပါရှိခဲ့သည်။ အမှတ်(၁)မှာ ဆရာကြီး သခင်ကိုယ်တော် မှိုင်း ဖြစ်သည်။

-ဗမာ့လွတ်လပ်ရေး တပ်မတော် အတွက် လက်နက်ခဲယမ်းမီးကျောက်များ ကို ဆိုင်ဂုံမြို့မှ တင်ပို့လိုက်ရာ ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့သည်။

ဇန်န်န်န၀ါရီ ၂၊ တပ်ဖွဲ့ အသီးသီးသို့  လက်နက်များ ဖြန့်ဝေခဲ့သည်ဘန်ကောက်ချီတပ်ဖွဲ့ ဘန်ကောက်မြို့မှ စတင်ထွက်ခွာခဲ့သည်။

ဇန်န၀ါရီ ၈၊ ထားဝယ်စစ်ကြောင်း ဘန်ကောက်မြို့မှ စတင်ထွက်ခွာခဲ့သည်။

ဇန်န၀ါရီ ၁၀၊ ဗိုလ်မိုးကြိုးနှင့် ဗိုလ်တေဇတို့ ဦးစီးသော ဗမာ့လွတ်လပ်ရေး တပ်မတော် ဌာနချုပ် စစ်ကြောင်းနှင့် မော်လမြိုင်စစ်ကြောင်းတို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှစစ်ဆင်ရေး အတွက် စတင်ထွက်ခွာခဲ့သည်။

ဇန်န၀ါရီ ၁၁၊ ဗိုလ်တေဇတို့အဖွဲ့ ရဟိုင်းသို့ ရောက်သည်။

၁၉၄၂ ဇန်န်န၀ါရီ ၁၄၊ အတွင်းသူပုန်အဖွဲ့ ဝင်များ နယ်စပ်ရဟိုင်း မှစတင်ထွက်ခွာသည်။

ဇန်န်န၀ါရီ ၁၅၊ ဘီအိုင်အေတပ်များ ကော့သော င်းမြို့ ကို သိမ်းပိုက်သည်။

ဇန်န၀ါရီ ၁၇၊ ဘီအိုင်အေတပ်များ မြိတ်မြို့ ကို သိမ်းပိုက်သည်။

ဇန်န်န၀ါရီ ၁၈၊ နန်းရင်းဝန် ဂဠုန်ဦးစော လန်ဒန်မြို့မှ အပြန်ပါလက်စတိုင်းဒေသ ဟိုင်ဖာမြို့လေဆိပ်တွင် ဂျပန်တို့နှင့် ဆက်သွယ်သည်ဟု ဆိုကာ ဗြိတိသျှတို့က ဖမ်းဆီးပြီး ဗြိတိသျှပိုင်ယူဂန်ဒါနယ်တွင် စစ်အတွင်း ၄ နှစ် ခန့် အကျဉ်းခံခဲ့ရသည်။

-၀ိတိုရိယရွာကို ဘီအိုင်အေတပ်များ သိမ်းပိုက်ခဲ့သည်။

ဇန်န၀ါရီ ၁၉၊ ဗိုလ်လက်ျာဦးစီးသော ဘီအိုင်အေတပ်ကထားဝယ်မြို့ကို သိမ်းပိုက်ခဲ့သည်။

ဇန်န၀ါရီ ၂၀၊ ဘီအိုင်အေတပ်များ ကော့ကရိတ်မြို့ကို သိမ်းပိုက်ခဲ့သည်။

ဇန်န၀ါရီ ၂၁၊ ဂျပန်ဝန်ကြီးချုပ် ဂျပန်လွတ်တော် ၌ မြန်မာတို့က ဂျပန်ကို ကူညီလျှင် ဂျပန်တပ်မတော် မြန်မာ့လွတ်လပ်ရေး အတွက် ကူမည် ဟု ထည့်ပြောသည်။

ဇန်န၀ါရီ ၂၂၊ ဂျပန်တပ်မတော် စစ်သေနာပတိ အက်စ်အီးဒါးက ကြေညာချက်တစ်ခု ထုတ်ပြန်သည်။ မြန်မာ့လွတ်လပ်ရေး ကို ကူရန်အတွက် ဂျပန်တပ်မတော် ကြီး ချီလာပြီဟု ဆိုသည်။

ဇန်န၀ါရီ ၂၈၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမှတ် ၁၅ဂျပန် တပ်မတော် စစ်ဦးစီးချုပ်ရုံးတွင် မြန်မာ အုပ်ချုပ်ရေး ဌာနကို ဖွဲ့စည်းပြီး စစ်အုပ်ချုပ်ရေး စတင်ရန် စီစဉ်ခဲ့သည်။

ဇန်န်န်န၀ါရီ ၃၁၊ ဂျပန်တပ်မ ၅၅ က မော်လမြိုင်မြို့ ကို သိမ်းပိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၂၊ အတွင်းသူပုန် အဖွဲ့ ခေါင်းဆောင် ဗိုလ်နေ၀င်းနှင့် အဖွဲ့ ရန်ကုန်မြို့သို့ လျှို့ဝှက် ရောက်ရှိခဲ့သည်။

- လားရှိုးမြို့၌ အင်္ဂလိပ်စစ်ဗိုလ်ချုပ် မစ္စတာဟတ်တန်နှင့် တရုတ်ပြည်မှ ရောက်ရှိလာသည့် ချန်ကေရှိတ်တို့ တွေ့ ဆုံ၍ ဂျပန်ရန်ကို ကာကွယ်ရေး ဆွေးနွေးခဲ့သည်။

၁၉၄၂ ဖေဖော်ဝ်၀ါရီ ၄၊ ဘီအိုင်အေတပ်များ ဘားအံ့မြို့ ကို သိမ်းပိုက်ခဲ့သည်။

ဖေဖော်ဝ်၀ါရီ ၉၊ ဗိုလ်တေဇနှင့် ဌာနချုပ် ဗဟိုစစ်ကြောင်းသည် ဗမာပြည်နယ်ခြား (ရှမ်းရွာ) သို့ ရောက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၀၊ ဗိုလ်တေဇနှင့် ဌာနချုပ် ဗဟိုစစ်ကြောင်းသည် ကူးဆိပ်ရွာသို့ ရောက်ခဲ့သည်။

ဖေဖော်ဝါရီ ၁၂၊ မော်လမြိုင်မြို့ သို့ ရောက်ရှိလာသော သခင်မြအား ဘီအိုင်အေတပ်က တပ်အလိုက် အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၃၊ ဘားအံမြို့ ၌ ဗိုလ်တေဇတပ်နှင့် ဗိုလ်ရန်နိုင်တပ်များ တွေ့ ဆုံနိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၄၊ ဂျပန်တပ်များ သထုံမြို့ ကို သိမ်းပိုက်ခဲ့သည်။

ဖေဖော်ဝ်၀ါရီ ၁၆၊ သံဖြူဇရပ်တွင် ဗိုလ်တေဇ ၊ ဗိုလ်ထွန်းအုပ်၊သခင်မြ၊ ဗိုလ်လက်ျာ၊ ကိုလှမောင်တို့ တွေ့ ဆုံဆွေးနွေးခဲ့သည်။

ဖေဖော်ဝါရီ ၁၉၊ ဘီအိုင်အေတပ်များ ဘီးလင်းမြို့ ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၂၀၊ အင်္ဂလိပ်စစ်တပ်က စစ်သားများ ရန်ကုန်မြို့ မှ ထွက်ခွာကြရန် အမိန့်ထုတ်ပြန်ပေးခဲ့သည်။

ဖေဖော်ဝါရီ ၂၁၊ ကျိုက်ထိုမြို့ကို သိမ်းပိုက်ခဲ့သည်။

ဖေဖော်ဝ်၀ါရီ ၂၂၊ ဘီအိုင်အေတပ်များ စစ်တောင်းမြို့ ကို သိမ်းပိုက်ခဲ့သည်။

-သခင်မြ၊ သခင်စံဝေ၊ သခင်သင်၊ သခင် သိန်းမောင်၊သခင်ဖေသိန်း၊ သခင်သာညွန့်၊ ကိုသိန်း၊ ကိုယုဆိုင်တို့ ကျိုက်ထိုမြို့၊ ရှမ်းစုရပ် အငြိမ်းစား ရဲဝန်ထောက် ဦးဘကျော့တိုက်တွင် ဗိုလ်တေဇ၊ သခင်ထွန်းအုပ်၊ ဗိုလ်မိုးကြိုးတို့နှင့် လာရောက်တွေ့ ဆုံခဲ့ကြသည်။

၁၉၄၂ ဖေဖော်ဝါရီ ၂၃၊ နနံက် ၅း၃၀ နာရီတွင် စစ်တောင်းတံတားကြီးကို အင်္ဂလိပ်စစ်တပ်က ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ဖေဖော်ဝါရီ ၂၆၊ ဘီအိုင်အေတပ်များ ရွှေကျင်မြို့ ကို သိမ်းပိုက်ခဲ့သည်။

- ရွှေကျင်တိုက်ပွဲတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောအောင်(၁၉၁၄-၁၉၄၂) နေ့လည် ၁၁ နာရီ ကျဆုံးခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်နှင့် မော်လမြိုင် စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင် ချီတက်ကာ နယ်ချဲ့ဗြိတိသျှတပ်များ ကို တိုက်ခိုက်ရာ၌ စစ်မြေပြင်တွင် အာဇာနည်သူရဲကောင်းပီသစွာ ပထမဆုံး ကျဆုံးသွားသော ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည်။ သို့ ကလို မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု နောက်ဆုံးကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေး အတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှု ကြောင့် နိုင်ငံတော် က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အ ဖြစ် ဗိုလ်စောအောင်အား ၁၉၅၉၊ မတ်လ ၂၇ ရက်နေ့တွင် လွတ်လပ်ရေး မော်ကွန်းဝင် (တတိယဆင့်) တံဆိပ်ချီးမြှင့် ဂုဏ်ပြုခဲ့လေသည်။

မတ်လ ၃၊ ဘီအိုင်အေတပ်များ ဘုရားကြီး၊ ဝေါ၊ ပျဉ်ပုံကြီးမြို့များ ကို သိမ်းပိုက်ခဲ့သည်။

မတ်လ်လ ၄၊ ဘီအိုင်အေတပ်များ ပြွန်တန်ဆာမြို့ ကို သိမ်းပိုက်ခဲ့သည်။

မတ်လ ၆၊ အင်္ဂလိပ်စစ်တပ်များ ရန်ကုန်မြို့ကို ဖျက်ဆီးပြီးတိုက်ပွဲဆင်၍ ဆုတ်ခွဲရမည် ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

- ဖျာပုံမြို့ကို ဗိုလ်တောက်ထိန် ဦးစီးသော ဘီအိုင်အေတပ်များ သိမ်းပိုက်ခဲ့သည်။

မတ် ၇၊ ဘီအိုင်အေတပ်များ ပဲခူးမြို့ ကို သိမ်းပိုက်နိုင်ခဲ့သည်။

- အထက်မြန်မာပြည်ကို ဆက်လက်ချီတက် သိမ်းပိုက်ရန်ဂျပန်တောင်ပိုင်း တပ်မတော် မှ စစ်သေနာပတိချုပ် ဖီးဖာရှယ်တေရာအူချီက အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မိုးကြိုးသည် အထက်မြန်မာပြည်ကို သိမ်းပိုက်ရန် ဘီအိုင်အေတပ်ကို အောက်ပါအတိုင်း ပြန်လည်ဖွဲ့စည်းခဲ့သည်။

Cover

၁၉၄၂ မတ် ၈၊ ဂျပန်အမှတ် ၂၁၅ ခြေလျင်တပ်မကြီးနှင့် ဗိုလ်မှူးမြင့်အောင် ဦးစီးအောင် ဗမာ့လွတ်လပ်ရေး တပ်မတော် တို့ နံနက်၁၀ နာရီတွင် ရန်ကုန်မြို့ကို ၀င်ရောက်သိမ်းပိုက်သည်။

- တိုက်ကြီးမြို့၊ ဖူးကြီးရွာ၊ ဗိုလ်တဲတိုက်ပွဲတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုး (၁၉၁၈-၁၉၄၂) ကျဆုံးသည်။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲစစ်မြေပြင်တွင် ဒုတိယမြောက် ကျဆုံးသွားသော ရဲဘော်သုံးကျိပ်ပင် ဖြစ်သည်။ ဗိုလ်မိုးအား ၁၉၅၉ခု၊ မတ်လ ၂၇ ရက်နေ့တွင် တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေး အတွက် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်ခဲ့မှု ကြောင့် နိုင်ငံတော် က လွတ်လပ်ရေး မော်ကွန်းဝင် (တတိယအဆင့်)တံဆိပ် ချီးမြှင့်ခဲ့သည်။

မတ် ၁၂၊ ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) ဗိုလ်တေဇ(ဗိုလ်ချုပ်အောင်ဆန်း) တို့သည် ဗမာ့လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့အချို့ကို ဦးဆောင်၍ ရန်ကုန်မြို့သို့ ရောက်ရှိသည်။

ထို့နောက် ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်ရုံးကိုရန်ကုန်မြို့၊ အလံပြဘုရားလမ်း၌ ဖွင့်လှစ်ခဲ့သည်။

- ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ် အုပ်ချုပ်ရေး ဌာနချုပ်ရုံးကို အမှတ် ၈၊ ချာချီလမ်း၊ (ကိုယ့်မင်းကိုယ်ချင်းလမ်း) တွင် ဖွင့်လှစ်သည်။

မတ် ၁၅၊ ဂျပန်အမှတ် ၁၅ တပ်မတော် စစ်သေနာပတိဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက အမှတ် ၁၅ တပ်မတော် သိမ်းပိုက်ထားသော နယ်မြေအုပ်ချုပ်ရေး လုပ်ငန်း လမ်းညွှန်ချမှတ်သည်။

ထိုလမ်းညွှန်ချက်တွင် စစ်အုပ်ချုပ်ရေး တည်ရှိစေသည့်ရည်မှန်းချက်မှာ -

(၁) ပြည်သူငြိမ်းချမ်းရေး နှင့် စည်းကမ်းသေ၀ပ်ရေး ကို တည်ဆောက်ရန်၊

(၂) ဂျပန်တပ်မတော် အတွက် အထောက်အပံ့များ လုံလောက်စွာ ရရှိရန်၊

(၃) အရေး ကြီး သယံဇာတများ လျင်မြန်စွာ ထုတ်လုပ်သုံးစွဲရန်နှင့် ၊

(၄) အနာဂတ် စနစ်တကျ အုပ်ချုပ်ရေး အတွက် လိုအပ်သော ပြင်ဆင်မှု ပြုလုပ်ရန်အတွက် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအား ဗြိတိသျှ တံပိုးအောက်မှ လွတ်မြောက်စေပြီး ဂျပန်အင်ပါယာနှင့် စစ်ရေး စီးပွားရေး ကို ရင်းရင်းနှီးနှီး တည်ဆောက်ရန်၊ နောင်တွင် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးပြီး လွတ်လပ်သော အစိုးရ ဖွဲ့စည်းထူထောင်နိုင်အောင်ဆောင်ရွက်ပေးရန်၊ လိုအပ်သော်လည်း လောလောဆယ်တွင် မူမဟာအရှေ့အာရှ စစ်ပွဲအောင်မြင်မှု ရရှိပြီးမှ မြန်မာ့လွတ်လပ်ရေး အကောင်အထည် ပေါ်လိမ့်မည် ဟု မျှော်လင့်နေရသည့်အတွက် မြန်မာ့လွတ်လပ်ရေး ပြဿနာကို မထုတ်ဖော်ရန်၊ သို့ ရာတွင် မြန်မာတို့ လွတ်လပ်ရေး မျှော်လင့်ချက်များ မပျောက်ပျက်စေရအောင် ဂရုပြုရမည် ဟု ပါရှိသည်။

၁၉၄၂ မတ်လ ၂၅၊ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ရေး ပြ အခမ်းအနားကို ဘီအေအေ (Burma Atheletic Association)အားကစားကွင်း (ယခု အောင်ဆန်းအားကစားကွင်း) ၌ ကျင်းပရာ တပ်မတော် သား တစ်သော င်းခန့် ပါဝင်ချီတက်၍ ဗိုလ်မိုးကြိုး၊ ဗိုလ်တေဇ၊ သခင်ကိုယ်တော် မှိုင်းတို့က အလေးပြုခြင်း ခံခဲ့သည်။

- ဂျပန်တပ်မ ၃၃ က လက်ပံတန်းနှင့် ဟင်္သာတမြို့များ ကို သိမ်းပိုက်ခဲ့သည်။

မတ် ၂၈၊ ရန်ကုန်မြို့ ၊ရွှေဒဂုံအနောက်ဘက်မုဒ်တွင် နံနက် ၉ နာရီ၌ လွတ်လပ်ရေး တိုက်ပွဲတွင် ကျဆုံးသူအာဇာနည်များ ဖြစ်သည့်

(၁) အသျှင်ဦးဝိစာရ

(၂) သာယာဝတီ တောင်သူလယ်သမား အရေး တော် ပုံတွင် ကျဆုံးသွားသော ဆရာစံနှင့် တကွ အာဇာနည်ပုဂ်္ဂိုလ်များ ၊

(၃) ရေနံမြေသပိတ် အရေး တော် ပုံတွင် ကျဆုံးသွားသော အာဇာနည်ပုဂ်္ဂိုလ်များ ၊

(၄) ကျောင်းသားအရေး တော် ပုံ၌ ကျဆုံးသော ဗိုလ်အောင်ကျော်နှင့် အခြားအာဇာနည် ကျောင်းသားများ ၊

(၅) မန္တလေး အရေး တော် ပုံ၌ ကျဆုံးသွားသော အာဇာနည်များ ၊

(၆) မြန်မာပြည် လွတ်လပ်ရေး နှင့် ပတ်သက်၍ နယ်အသီးသီး၌ ကျဆုံးသွားသော အာဇာနည်များ ၊

(၇) ယခုတိုက်ပွဲတွင် ကျဆုံးသွားသော တပ်သားများ နှင့် တပ်ဗိုလ်များ ကို ချီးကျူးပွဲနှင့် ၎င်းင်းတို့ကို ရည်စူး၍ ဆွမ်းသွတ်အမျှဝေပွဲ ပြုလုပ်သည်။

၁၉၄၂ မတ် ၃၀၊ သမိုင်းဝင် ရွှေတောင်တိုက်ပွဲကို ဗိုလ်မှူးရန်နိုင်ကွပ်ကဲသော ဘီအိုင်အေတပ်နှင့် ဂျပန်တို့ ပူးပေါင်းဆင်နွှဲရာထိုတိုက်ပွဲတွင် အင်္ဂလိပ်တို့ သံချပ်ကာကား (၁၁) စီး၊ မော်တော် ယာဉ် အမြောက်အမြား ဆုံးရှုံးပြီး အင်္ဂလိပ်စစ်သည် ၃၅၀ကျော် ကျဆုံးခဲ့သည်။

-ဂျပန် အမှတ် ၅၅ တပ်မနှင့် ဘီအိုင်အေတပ်များ နံနက်ပိုင်းတွင် တောင်ငူမြို့ကို သိမ်းပိုက်နိုင်သည်။

ဧပြီ ၄၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဉဏ (၁၉၁၄-၁၉၄၂)ဖာပွန်တွင် ငြိမ်ဝပ်ပိပြားရေး တာဝန် ထမ်းရွက်စဉ် ကရင်လက်နက်ကိုင်တပ် ချုံခိုတိုက်ခိုက်ခံရ၍ ကျဆုံးခဲ့ပြီး ခေါင်းဖြတ်ယူသွားခြင်း ခံရသည်။ တတိယမြောက် ကျဆုံးသွားသော ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည်။

ဧပြီ ၄၊ ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးသော ဗမာ့လွတ်လပ်ရေး မြောက်ပိုင်းစစ်ဆင်ရေး တပ်မနှစ် ခုသည် အထက် မြန်မာပြည်ချီတက်တိုက်ခိုက်ရေး အတွက် စစ်ထွက်အခမ်းအနား ကျင်းပပြီး ပြည်လမ်းအတိုင်း မြောက်ဘက်သို့ ချီတက်သည်။

၁၉၄၂ ဧပြီ ၉၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ပြည်မြို့သို့ ရောက်သည်။

ဇွန် ၄၊ မေမြို့ (ပြင်ဦးလွင်)ရှိ မြန်မာပြည် ဂျပန်စစ်တပ်များ ၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးထံသို့ မြန်မာပြည်ဗဟိုအုပ်ချုပ်ရေး စီစဉ်မှု အဖွဲ့တွင် ပါဝင်မည့် ပုဂ္ဂိုလ်များ ဖြစ်သော ဒေါက်တာဘမော်၊ ဒေါက်တာသိမ်းမောင်၊ သခင်မြ၊ ဗန္ဓုလဦးစိန်၊ သခင်ထွန်းအုပ်၊ သခင်နု၊ ဓားမဦးဘသိန်း၊ ဦးလှဖေနှင့် သခင်ဗစိန်တို့က သွားရောက်တွေ့ ဆုံသည်။ ထိုတွေ့ ဆုံပွဲတွင် သခင်ကိုယ်တော် မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့နှင့် ဒေါ်ခင်မမ (ဒေါက်တာဘမော်၏ ဇနီး) တို့လည်း အထူးဧည့်သည်တော် အ ဖြစ် တက်ရောက်ခဲ့သည်။

- ထိုတွေ့ ဆုံပွဲတွင် အီးဒါးက စစ်အုပ်ချုပ်ရေး ဆောင်ရွက်နေချိန်တွင် ရန်သူအား အကျိုး ဖြစ်ထွန်းစေမည့်  လုပ်ငန်းနှင့် ဂျပန်ဆန့်ကျင်သော အပြုအမူဟူသမျှကို ကျူးလွန်ပါက အထူးကြီးလေးသော အပြစ်ဒဏ်ပေးမည် ။ စစ်ပွဲဆုံးခန်းတိုင် အောင်မြင်ရေး အတွက် လိုအပ်သည်ဟု ယူဆသော လုပ်ငန်းမျိုးကိုမူမည် သူမည် ဝါ နှောင့်ယှက်တားဆီးစေကာမူ မပျက်မကွက်လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အင်္ဂလိပ်မှာ အဓိကရန်သူနိုင်ငံ ဖြစ်သည့်အလျောက် အင်္ဂလိပ်အင်အားနှင့် အင်္ဂလိပ်အကျိုးစီးပွားတို့ကို အမြစ်ကပါမကျန် သုတ်သင်ရှင်းလင်းသွားရမည် ဖြစ်ကြောင်း၊ မြန်မာပြည်သူတို့ ဓလေ့ထုံးစံများ ကို ရိုသေလေးစားမည် ဖြစ်ကြောင်း၊ မြန်မာများ လက်သို့ အပ်နှင်း၍ လက်ရှိအခြေအနေနှင့် အံဝင်ခွင်ကျ ဖြစ်သော အုပ်ချုပ်ရေး လုပ်ငန်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သွားရာ၌ လူကြီးမင်းများ ထံမှ လိုအပ်သော အကူအညီများ ကို ရနိုင်လိမ့်မည် ဟု မျှော်လင့်လျက် ရှိပါကြောင်း၊မြန်မာပြည် လွတ်လပ်ရေး ပြဿနာနှင့် ပတ်သက်၍ ဂျပန်နန်းရင်းဝန် ဂျင်နရယ်တိုဂျို ထုတ်ပြန်ချက်တွင် ပါရှိသည့်အချက်အလက်ကို ထောက်ရှုလိုက်နာ ကျင့်သုံးရမည် ဖြစ်ကြောင်း၊ မြန်မာပြည်က လွတ်လပ်သော နိုင်ငံအ ဖြစ် အကျိုးခံစားခွင့် ရရှိလာမည့် နေ့ မြန်မြန်ရောက်လာစေရန် ကျွန်ုပ်တို့လည်း မျှော်လင့် တမ်းတလျက်ရှိပါကြောင်း၊ သို့ သော်လည်း

ယခု လောလောဆယ်တွင် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ရမှာ စစ်အောင်နိုင်ရေး ပင် ဖြစ်၍ မြန်မာတို့က ယခုစစ်ပွဲတွင် ဂျပန်နိုင်ငံ အောင်ပွဲရယူနိုင်ရန် နှလုံးရည် လက်ရုံးရည်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် မျှော်လင့်မိပါကြောင်း၊ယခု ချက်ချင်း ဖြေရှင်းရမည့်  ပြဿနာမှာ ဗဟိုအုပ်ချုပ်ရေး စက်ယန္တရား ပြန်လည်ပြုပြင် ထူထောင်ရေး ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး စက်ယန္တရား ပြန်လည်ထူထောင်ရေး အတွက် လူကြီးမင်းများ သည် စစ်ဘက်ဌာနများ နှင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

၁၉၄၂ ဇွန် ၅၊ ဗမာ့လွတ်လပ်ရေး တပ်မတော် အထက်မြန်မာပြည်ချီတက်တိုက်ခိုက်ရေး တပ်မတော် ဗိုလ်မှူးချုပ် ဗိုလ်တေဇ(ဗိုလ်ချုပ်အောင်ဆန်း)က တပ်မတော် သားများ ပါတီနိုင်ငံရေး နှင့် အုပ်ချုပ်ရေး ကိစ္စများ ပါဝင်စွက်ဖက်ခြင်း မပြုရန် အမိန့်ထုတ်သည်။

ဇွန် ၁ဝ၊ မီနာမီကီကန်(Minami Kikan)အဖွဲ့ ကိုဖျူက်သိမ်းသည်။

ဇွန် ၁၃၊ ဗန်း မော်မြို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ဇေယျထံ ဘီအိုင်အေတပ်များ မန္တလေးမြို့ ပြန်ဆင်းရန်ဂျပန်စစ်သေနာပတိက မြန်မာပြည် အုပ်ချုပ်ရေး စီစဉ်မှု ကော်မတီဝင်များ ခန့်ပြီးကြောင်း တပ်မတော် သားများ အုပ်ချုပ်ရေး ကိစ္စများ အလျဉ်းရှောင်ကြဉ်ရန် စာရေး သား ညွှန်ကြားသည်။

ဇူလိုင် ၂၇၊ ဗမာ့လွတ်လပ်ရေး တပ်မတော် ကို ဗမာ့ကာကွယ်ရေး တပ်မတော် (Burma Defence Army) ပြောင်းလဲဖွဲ့စည်းပြီး ဗိုလ်များ ကို ခန့်အပ်သည့်အမိန့် ထုတ်ပြန်သည်။

ဗမာ့ကာကွယ်ရေး တပ် စစ်ဗိုလ်များ ခန့်အပ်ခြင်း

ဗမာ့လွတ်လပ်ရေး တပ်အမည် ကို ဗမာ့ကာကွယ်ရေး တပ် ဟူ၍ ပြောင်းလဲခဲ့ပြီးနောက် ထိုတပ်သစ်ကို ဂျပန်စစ်ဗိုလ်ချုပ်ကြီးလက်အောက်တွင် ထားရှိစေပြီး ဖြစ်ရာ ဗမာ့ကာကွယ်ရေး တပ်၌ အောက်ပါအတိုင်း ဗိုလ်များ ကို ထပ်မံ ခန့်ထားလိုက်ပြီ ဖြစ်ကြောင်း။

အောင်ဆန်း - ကာနယ် (ဗိုလ်မှူးကြီး)

အောင်သန်း - လက်ဖတင်နင်ကာနယ်(ဒုဗိုလ်မှူးကြီး)

ရှုမောင်၊ ရန်နိုင်၊ လှမောင် (ဗိုလ်မှူး) မောင်ညွန့်၊ ဘဂျမ်း၊မောင်ကျော်၊ ဗလှ၊ မောင်ကလေး၊ စောနောင်၊ ကျော်ဇော၊မောင်အောင်၊ မင်းခေါင်၊ မင်းရ၊ စံမြ၊ ဗတူ၊ မြမောင်၊ ရန်အောင်၊ရဲထွဋ်၊ ဇင်ယော်၊ ခင်မောင်ဦး၊ ဖေသက်၊ ဘုန်းမြင့်၊ ခင်မောင်ကလေး၊ တင်ထွန်း၊ ထွန်းရွှေ၊ မောင်မောင်၊ ထွန်းခင် (စာရင်းဌာန)၊ ကပ္ပတိန် (ဗိုလ်ကြီး)။

မောင်မောင်၊ တင်အောင်၊ မောင်လွင် (ဆေးပညာ) ကပ္ပတိန်။ဘိုးကွန်း၊ တင်ဟန် (ဥပဒေဌာန)၊ ကပ္ပတိန် အေးကွယ်၊လှမောင်၊ တင်ရွှေ လက်ဖတင်နင် (ဗိုလ်) မျိုးအုံး၊ စန်းမောင်၊အုံးခိုင်၊ တူရင် (စက်မှု ဌာန) လက်ဖတင်နင်။

အောင်ကြီး၊ မောင်ရှိန်၊ မောင်ကြည်၊ ဗသိန်း (စာရင်းဌာန)၊လက်ဖတင်နင်။

ဗနှစ် (စာရင်းဌာန)၊ ဒုတိယလက်ဖတင်နင် (ဒုဗိုလ်)။

အုံးသွင် (စက်မှု ဌာန) ဒုတိယလက်ဖတင်နင်။

စစ်ဗိုလ်ချုပ်

မြန်မာပြည်နိပွန်စစ်တပ်

၁၉၄၂ ဇူလိုင် ၂၇၊ ဗမာ့ကာကွယ်ရေး တပ်မတော် ကာနယ်အောင်ဆန်းအား ဗမာပြည် စစ်တပ်ဗိုလ်ချုပ် (စစ်သေနာပတိချုပ်) အ ဖြစ်ခန့်အပ်သည်။

စက်တင်ဘာ ၆၊ ရန်ကုန် ဘီဒီအေ စစ်ဆေးရုံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ လက်ထပ်သည်။

နိုဝင်ဘာ ၁၊ ရန်ကုန်မြို့တော် ခန်းမ၌ ကျင်းပသော ကျောင်းဆရာများ ကျောင်းပိတ်ရက် ခေတ်သစ်ဆရာ ဖြစ် သင်တန်းတွင် ဗိုလ်မှူးကြီးအောင်ဆန်း က ''သေနင်္ဂဗျူဟာ၊ စစ်ပညာ''အကြောင်း ဟောပြောခဲ့သည်။

နိုဝင်ဘာ ၂၄၊ ဗမာ့ကာကွယ်ရေး တပ်မတော် (B.D.A)သေနာပတိ ဗိုလ်မှူးကြီးအောင်ဆန်းက တပ်မတော် သို့ ဝင်ရောက် စစ်မှု ထမ်းရန် ကိစ္စနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသည်။

နိုဝင်ဘာ ၂၇၊ ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်မှူးကြီးအောင်ဆန်းက ဗိုလ်မှူးကြီးအောင်ဆန်းက မြန်မာပြည်အသံလွှင့်ရုံမှ ဗမာ့ကာကွယ်ရေး တပ်မတော် အကြောင်း ဟောပြောသည်။

ဒီဇင်ဘာ ၂၊ ဗမာ့ကာကွယ်ရေး တပ်မတော် အစည်းအဝေးပွဲကြီးကို နေပြည်တော် ခန်းမကြီးတွင် ကျင်းပပြုလုပ်ရာပရိသတ် (၁ဝဝဝ)ခန့် တက်ရောက်ပြီး ဗိုလ်မှူးကြီးအောင်ဆန်းမိန့်ခွန်းပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၇၊ မြန်မာနိုင်ငံ ခေတ်သစ်အစိုးရ တွဲ ဖက်ဝန်ကြီးသခင်မြ (B.Sc.B.L) အား ပြည်ထဲရေး ဝန်ကြီးအ ဖြစ် ခန့်အပ်သည်။

၁၉၄၃ မတ် ၁၁၊ မြန်မာနိုင်ငံရှိ ဂျပန်တပ်များ ၏ စစ်သေနာပတိဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်မှူးကြီးအောင်ဆန်းအား ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခန့်အပ်သည်။

၁၉၄၃ မတ်လ ၁၈၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဒေါက်တာဘမော်၊ ပြည်ထဲရေး ဝန်ကြီး၊ သခင်မြ ဘဏ္ဍာရေး ဝန်ကြီး၊ ဒေါက်တာသိန်းမောင်၊ ဗမာ့ကာကွယ်ရေး တပ်မတော် သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းတို့ တိုကျိုမြို့သို့ ရောက်ရှိသည်။

မတ် ၂၂၊ ဂျပန်ဧကရာဇ် ဟီရိုဟီတို (Emperor Hirohito၁၉၁ဝ-၁၉၈၉) က ဒေါက်တာဘမော်အား တက်နေ ပထမတန်းဘွဲ့တံဆိပ်နှင့် စလွယ်ကြီး၊ ပြည်ထဲရေး ဝန်ကြီး သခင်မြနှင့် ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာသိမ်းမောင်တို့အား မွန်မြတ်သော တက်နေဒုတိယတန်း ဘွဲ့တံဆိပ်နှင့် ဗမာ့ကာကွယ်ရေး တပ်မတော် သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းအား တက်နေတတိယတန်း ဘွဲ့တံဆိပ်နှင့် စလွယ်လတ် (Third ClassOrder of Rising Sun with Condon) ချီးမြှင့်သည်။

မတ် ၂၃၊ ဂျပန်ဧကရာဇ် ဟီရိုဟီတို၏ ရှေ့မှော က်သို့ မြန်မာပြည်ဝန်ကြီးချုပ် ဒေါက်တာဘမော်၊ ပြည်ထဲရေး ဝန်ကြီး သခင်မြ၊ ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာသိမ်းမောင်နှင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းတို့ ဝင်ရောက်တွေ့ ဆုံသည်။

မတ် ၃၁၊ ပထမပတ် ဗိုလ်ချုပ်သင်တန်း ကျောင်းဆင်းပွဲပြုလုပ်ရာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားသည်။

မေ ၈၊ မြန်မာနိုင်ငံ လွတ်လပ်ရေး စီစဉ်မှု အဖွဲ့ (BurmaIndependence Preparatry Commission) ကို ဖွဲ့စည်းသည်။ ၄င်းအဖွဲ့သည် မြန်မာနိုင်ငံ အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေကို ရေး ဆွဲရန် ဖြစ်သည်။ အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘမော်က နံနက် ၉ နာရီတွင် အခမ်းအနားကို ဖွင့်လှစ်ပေးပြီး အဖွဲ့ဝင် ခန့်အပ်လွှာများ ပေးအပ်သည်။ အဖွဲ့၏ အတွင်းရေး မှူးမှာ အတွင်းဝန် ဦးကျော်ငြိမ်း ဖြစ်သည်။ အဖွဲ့ဝင် ပါဝင်မည့် ပုဂ္ဂိုလ်များ ကို ဂျပန်စစ်ဗိုလ်ချုပ်ကြီး၏ သဘောတူညီချက်အရဝန်ကြီးချုပ် ဒေါက်တာဘမော်က ရွေးချယ်သည်။ အဖွဲ့ဝင်များ မှာ ဝန်ကြီးချုပ်၊ ဝန်ကြီး ၉ ဦးနှင့် အခြားပုဂ္ဂိုလ် ၁၂ ဦးပါဝင်သည်။

Cover

၁၉၄၃ မေ ၉၊ နံနက် ၁၁ နာရီ ကန်သော်မိတ်တွင် ကျင်းပသော ဂျပန်ပြည် မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာပြည်ကုန်သည်ကြီးများ အသင်း အမှု ဆောင်လူကြီးများ က ဂုဏ်ပြုညစာ စားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက ''ခေါင်းဆောင်ကို အားပေးကြပါ'' ဟု မိန့်ကြားခဲ့သည်။

မေ ၁ဝ၊ ဒုတိယ ဗိုလ်သင်တန်းကျောင်း ဖွင့်ပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့သည်။

ဇွန် ၁၃၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ ၏ သားဦးအောင်ဆန်းဦးကို ဖွားမြင်သည်။

ဇူလိုင် ၃၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျပန်များ ၏ သေနာပတိကာဝါဘီက မြန်မာနိုင်ငံလွတ်လပ်ရေး စီစဉ်မှု အဖွဲ့ ဥက္ကဋ္ဌဒေါက်တာဘမော်ထံ ဂျပန်အစိုးရက မြန်မာနိုင်ငံကို (၁-၈-၄၃) တွင် လွတ်လပ်ရေး ပေးရန် ညွှန်ကြားချက် ရရှိပြီး ဖြစ်ကြောင်း အကြောင်းကြားသည်။

- မြန်မာနိုင်ငံရောက် အိန္ဒိယလွတ်လပ်ရေး အသင်းကြီး၏ ဥက္ကဋ္ဌ ဖြစ်သူ ဆူဘတ်ချန်ဒရာဘို့စ် (Subhas ChandraBoss) က မြန်မာတို့ လွတ်လပ်ရေး ရခြင်းသည် ကျွန်ုပ်တို့(အိန္ဒိယအမျိုးသား)၏ တိုက်ပွဲတွင် များ စွာ အကူအညီရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလွတ်လပ်ခြင်းကို ပြနိုင်သည့် တစ်ခဏတွင် ဂျပန်အပေါ် စွပ်စွဲချက်မမှန်ခြင်းကို ပြလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

သြဂုတ် ၁၊ ဂျပန် ဗဟိုစစ်ဌာနချုပ်တွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်စစ်တပ်၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး ကာဝါဘီက ယခုလက်ရှိ စစ်အုပ်ချုပ်ရေး ကို ဖျက်သိမ်းလိုက်ကြောင်း၊ထို့နောက် လက်ရှိအစိုးရအဖွဲ့ကိုလည်း ရုပ်သိမ်းလိုက်ကြောင်း၊ထို့ပြင် မြန်မာနိုင်ငံရှိ ဟေဘီကျော့ကု ခေါ် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်မှု ပြင်ဆင်ရေး ရုံးနှင့် ဗမာ့တပ်မတော် နည်းပေးလမ်းပြရုံး ဘီရုမာ ဂွန်စီဒိုဘိုးကိုလည်း ရုပ်သိမ်းလိုက်ကြောင်းစစ်အမိန့်များ ကို ထုတ်ပြန်သည်။ ထို့နောက် မြန်မာနိုင်ငံ လွတ်လပ်ရေး နေ့ မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံတော် သည်ဤအချိန် ဤကာလမှစ၍ လွတ်လပ်သော မြန်မာနိုင်ငံတော် ကြီး ဖြစ်၍ ရှေ့သို့ ဆက်လက်၍ မိမိတို့ အာရှတိုက် ကြီးပွားရာ ကြီးပွားကြောင်း ဆက်လက် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။

ရန်ကုန်မြို့ အစိုးရအိမ်တော် တွင် နံနက် ၈း၃ဝ နာရီ၌ မြန်မာ့လွတ်လပ်ရေး နေ့ သဘင်အခမ်းအနား ကျင်းပသည်။နံနက် ၉ နာရီတွင် မြန်မာနိုင်ငံတော် အုပ်ချုပ်ရေး စီမံမှု အဖွဲ့ဝင် ဗန္ဓုလဦးစိန်က ရွှေပုရပိုက်ကို ဖွင့်လှစ်၍ မြန်မာနိုင်ငံလွတ်လပ်ရေး ကြေညာစာတမ်းကို ဖတ်ကြားသည်။

ဒေါက်တာဘမော်အား အဓိပတိအ ဖြစ် တင်မြှောက်သည်။သခင်ကိုယ်တော် မှိုင်းက နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်အား သစ္စာဆိုတော် မူရန် ပန်ကြားရာ နိုင်ငံတော် အဓိပတိဒေါက်တာဘမော်က သစ္စာဆိုသည်။

နံနက် ၁၁ နာရီတွင် နိုင်ငံတော် အဓိပတိ၏ ခွင့်ပြုချက်အရ ဝန်ကြီးများ ၏ အမည် ကို ကြေညာသည်။ ဝန်ကြီးအဖွဲ့ဝင်များ မှာ -

Cover

တို့ ဖြစ်ပြီး ဝန်ကြီးများ တစ်ဦးစီ ကျမ်းသစ္စာဆိုကြသည်။မြန်မာနယ်မြေ တပ်မတော် စစ်သေနာပတိကြီး ကာဝါဘီကမွန်းလွဲ ၁း၃ဝ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းကို စစ်ရုံးချုပ်သို့ ဖိတ်ခေါ်၍ ''မြန်မာနယ်မြေ တပ်မတော် စစ်အမိန့်အမှတ် ၇''ကို ပေးအပ်သည်။ ထိုအမိန့်တွင် မြန်မာ့ကာကွယ်ရေး တပ်မတော် စစ်တက္ကသိုလ် (ဗိုလ်သင်တန်း)နှင့် (မူလတန်း)စစ်ပညာသင်တန်းကို မြန်မာအစိုးရ အုပ်ချုပ်ရေး အောက် ပြောင်းလဲထည့်သွင်းထားရှိကြောင်း ပါရှိသည်။

- ဂျပန်-မြန်မာ မဟာမိတ်စစ်စာချုပ် လက်မှတ်မထိုးမီ မြန်မာနိုင်ငံတော် လွတ်လပ်ရေး စီမံမှု အဖွဲ့က ၁း၄၅ မိနစ်တွင် ဗြိတိသျှနှင့် အမေရိကန်တို့အား စစ်ကြေညာသည်။

- ၁၄းဝဝ နာရီတွင် မြန်မာ-ဂျပန် မဟာမိတ်စာချုပ် ချုပ်ဆိုသည်။

- ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ စစ်ရေး သဘောတူညီချက်လျှို့ဝှက်စာချုပ် ချုပ်ဆိုသည်။

၁၉၄၃ သြဂုတုတ် ၁၁၊ သခင်ဗစိန်နှင့် သခင်ထွန်းအုပ်တို့ အား အကျယ်ချုပ်ဖြင့် စင်္ကာပူသို့ ပို့သည်။

၁၉၄၃ စက်တင်ဘာ ၁၆၊ ဗမာ့ကာကွယ်ရေး တပ်မတော် ကို ဗမာ့အမျိုးသားတပ်မတော် (Burma National Army) ဟု အမည် ပြောင်းသည်။

Cover

စက်တင်ဘာ ၂၇၊ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသော အာဇာနည်ဗိမာန်တည်ဆောက်ရေး အဖွဲ့က ရွှေတိဂုံစေတီမြောက်ဘက်ရှိ ကုန်းမြေမြင့်ပေါ်တွင် အာဇာနည်ဗိမာန် တည်ဆောက်ရန် အခမ်းအနားကျင်းပရာ အဓိက ဒေါက်တာဘမော်က အုတ်မြစ်ချသည်။

စက်တ်တင်ဘ်ဘာ ၂၈၊ ဆရာတော် ဦးဝိစာရ ကြေးရုပ်ဖွင့်လှစ်ရေး အတွက် အစည်းအဝေးကျင်းပရာ သာသနာရေး ၊ ကြီးပွားရေး နှင့် ဝါဒဖြန့်ချိရေး ဝန်ကြီး ဗန္ဓုလဦးစိန် ဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်သည်။

အောက်တိုဘာ ၂၊ အာဇာနည်အသျှင် ဦးဝိစာရ အထိမ်းအမှတ်ကျောက်တိုင်နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနား ကျင်းပရာ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်၍ အသက်စွန့်လှူသော အာဇာနည် ဦးဝိစာရ၏ အာဇာနည်စိတ်ဓာတ်ကို ချီးကျူးကာအာဇာနည်အမြုတေ စိတ်ဓာတ်များ ယနေ့ကစ၍ မွေးရန်ပြောကြားသည်။

ဒီဇင်ဘာ ၈၊ အရှေ့အာရှ စစ် (၂) ၄၆ ပြည့်မြောက် နှစ် ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ရွှေတိဂုံစေတီတော် ၌ ကျင်းပရာ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

၁၉၄၄ ဇန်နဝါရီ ၄ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက''ဗမာပြည်ကာကွယ်ရေး '' ခေါင်းစဉ်ဖြင့် အသံလွှင့်မိန့်ခွန်းပြောကြားသည်။

ဇန်နဝါရီ ၃ဝ၊ နေပြည်တော် စစ်ကျောင်း၌ ကျင်းပသည့် စစ်ခေါင်းဆောင် စစ်ကြပ်သင်တန်း ဘွဲ့နှင်းသဘင် အခမ်းအနားတွင် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ''တပ်မတော် သည်ကြေးစားမဟုတ်'' ဟူ၍ မိန့်ကြားခဲ့သည်။

မတ် ၁၃၊ ဒုတိယပတ် ဗိုလ်သင်တန်းကျောင်းဆင်း ဘွဲ့နှင်းသဘင်တွင် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ''တပ်မတော် ဆိုသည့် စကားသုံးလုံး'' ခေါင်းစီးဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ဧပြီ ၁၇၊ ဗမာ့တပ်မတော် စစ်ဌာနချုပ်ရုံးမှ စစ်ဆင်ရေး အမိန့် အမှတ် (၁)ကို ထုတ်ပြန်၍ စစ်တိုင်း (၃) တိုင်း ခွဲခြားသတ်မှတ်လိုက်ကြောင်း ကြေညာခဲ့သည်။

(၁) စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးကွပ်ကဲသည့်ရန်ကုန်တိုင်း စစ်ဌာနချုပ်

(၂) တပ်မှူးကြီး ဗိုလ်မှူးရန်အောင် ကွပ်ကဲသည့် အနောက်တိုင်း စစ်ဌာနချုပ်

(၃) တပ်မှူးကြီး ဗိုလ်မှူးဗထူး ကွပ်ကဲသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်

ဧပြီ ၁၈၊ ဂျပန်အာဏာပိုင်တို့က ဗိုလ်ချုပ်အောင်ဆန်းအားလက်ရှိ ကာကွယ်ရေး ဝန်ကြီးရာထူးအပြင် ဗိုလ်မှူးကြီးနေဝင်းဦးစီးကွပ်ကဲလျက်ရှိသော ဗမာ့တပ်မတော် စစ်သေနာပတိတာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်စေခဲ့သည်။

မေ ၁ဝ၊ ဗုဒ္ဓဟူးနေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ ဒုတိယသား အောင်ဆန်းလင်းကို ဖွားမြင်သည်။

ဇွန် ၃၊ ဂျပန်အကြံပေးအရာရှိ ဗိုလ်ချုပ်ဆာဝါမိုတိုသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း ဗဟိုစစ်ဌာနချုပ် ဦးစီးဗိုလ်ချုပ် ဗိုလ်မှူးကြီးနေဝင်းတို့နှင့် အတူ အထက်မြန်မာပြည်ရှိ တပ်ရင်းတပ်ဖွဲ့များ ကို လှည့်လည်စစ်ဆေးခဲ့သည်။

၁၉၄၄ သြဂုတ် ၁၊ ဂျပန်ပေးသော လွတ်လပ်ရေး ပထမနှစ် ပတ်လည်နေ့ အခမ်းအနားကို ဂျူဗလီခန်းမ၌ ကျင်းပရာ စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းက ''ဂျပန်ပေးသော ကာကွယ်ရေး သည်အမည် ခံ အတုအယောင် လွတ်လပ်ရေး သာ ဖြစ်ကြောင်း''အတိအလင်း ပြောကြားခဲ့သည်။

သြဂုတ် ၄၊ ပဲခူးမြို့ ဗမာ့တပ်မတော် စံပြတပ်ရင်းရှိ ဗိုလ်မှူးကျော်ဇော၏ နေအိမ်တွင် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များ ဖြစ်ကြသော သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့နှင့် ဗိုလ်ချုပ်အောင်ဆန်း လျှို့ဝှက်စွာ တွေ့ ဆုံဆွေးနွေးခဲ့ပြီး ''ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်'' (ဖတပ)(AntiFascist Organization, A.F.O) ကို ဖွဲ့စည်းထူထောင်ရန်ဆုံးဖြတ်သည်။

ဆွေးနွေးပွဲမှ ဖက်ဆစ်ဂျပန်တို့ကို တော် လှန်ရန် သဘောတူညီခဲ့ကြပြီး ဖတပ၏ ကြေညာစာတမ်းအမှတ် (၁) အ ဖြစ်ကြိုတင်ပြင်ဆင်ရေး သားထားသည့် ''နယ်ချဲ့ဖက်ဆစ်ဓားပြဂျပန်လူရိုင်းများ ကို မောင်းထုတ်'' ဟူသော ကြေညာချက်ကိုအားလုံးက လက်ခံသဘောတူခဲ့ကြသည်။

သြဂုတ် ၂၃၊ ရန်ကုန်မြို့ စံအိမ်တော် ဧည့်ခန်းမတွင် နံနက်၉ နာရီအချိန် ခေတ္တမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် မစ္စတာရှိမစ်ဇု (Mr. Chimizu) တို့က ဂျပန်ဧကရာဇ် ဘုရင်မင်းမြတ်ကိုယ်စား ဂျပန်ဧကရာဇ်က နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော်အား နှင်းအပ်ခဲ့သော (The Grand Corodon ofthe Imperial Order of the Rising Sun with thePoulownia Flower) ဘွဲ့တံဆိပ်ကို နိုင်ငံတော် အဓိပတိဒေါက်တာဘမော်အား အပ်နှင်း၍ ဂျပန်ဧကရာဇ်မင်းမြတ်၏ သဝဏ်လွှာကို ဆက်သသည်။

ရန်ကုန်မြို့ ကန်တော် ကြီးပတ်လမ်း (Park Road) (ယခုနတ်မောက်လမ်း) နှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ဗမာ့တပ်မတော် ပြည်သူ့အရေး တော် ပုံပါတီ၊ ကွန်မြူနစ်ပါတီခေါင်းဆောင်များ သည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် (A.F.O) ဖွဲ့စည်းရေး အစည်းအဝေးကျင်းပသည်။ အစည်းအဝေးသို့ ဗမာ့တပ်မတော် မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးလက်ျာ၊ ဗိုလ်မှူးကြီးဇေယျ၊ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးရန်အောင်၊ ဗိုလ်မှူးဗထူး၊ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်ခင်မောင်လေး၊ဗိုလ်စောကြာဒိုး၊ ဗိုလ်ဖိုးကွန်း၊ ပြည်သူ့အရေး တော် ပုံပါတီမှသခင်ချစ်၊ ဦးကျော်ငြိမ်း၊ ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း တို့တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဗဟိုဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဗဟို စစ်ကောင်စီ သဘာပတိအ ဖြစ် တင်မြှောက်သည်။

၁၉၄၄ စက်တင်ဘာ ၄၊ရန်ကုန်မြို့ ၌ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ဧကရာဇ် ဟီရိုဟီတို၏ မွန်မြတ်သော ရတနာ (ပထမဆင့်)(Order of the Sacred Treasure [First Class]) ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။

စက်တင်ဘာ ၅၊ ပုသိမ်မြို့သို့ စည်းရုံးရေး ခရီးစဉ်အ ဖြစ် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ထွက်ခွာသည်။

စက်တ်တင်ဘ်ဘာ ၆၊ ပုသိမ် မြို့၌ ပြုလုပ်သည့်အစည်းအဝေးတွင် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ''မဟာဗမာသွေးစည်းရန်''ပြောကြားခဲ့သည်။

စက်တင်ဘာ ၁ဝ၊ ဟင်္သာတမြို့၌ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း တရားပွဲပြုလုပ်ခဲ့သည်။

စက်တ်တ်တင်ဘ်ဘ်ဘာ (ဒုတိယပတ်) ၊ ဗိုလ်ချုပ်အောင်ဆန်းဆန္ဒအရ တပ်မတော် ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်မှူးကြီးနေဝင်း၊ဗိုလ်မှူးရဲထွဋ်၊ ပြည်သူ့အရေး တော် ပုံပါတီ ခေါင်းဆောင်များ ဖြစ်သော ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့သည် ဒေးဒရဲရှိ သခင်စိုးထံ လျှို့ဝှက်စွာ သွားရောက်၍ ဖွဲ့စည်းပြီး ဖြစ်သော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကို တိုးချဲ့ဖွဲ့စည်းရေး ၊ တပ်မတော် အတွင်းရှိ လက်ဝဲအင်အားစုများ ၊ ပြည်သူ့အရေး တော် ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တစ်ပါတီတည်းအ ဖြစ် ပူးပေါင်းဖွဲ့စည်းရေး နှင့် ဖက်ဆစ်ဂျပန်တော် လှန်ရေး အတွက် ပြင်ဆင်စည်းရုံးမှု လုပ်ငန်းများ ကို ဆွေးနွေးသည်။

၁၉၄၄ အောက်တိုဘာ ၇၊ စတုတ္ထပတ် ဗိုလ်သင်တန်းကျောင်း ဖွင့်လှစ်ရာ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့သည်။

အောက်တိုဘာ ၁၅၊ ရန်ကုန်မြို့ ကန်တော် ကြီး ရန်ကုန်ရုပ်ရှင်ရုံတွင် ဗမာ့တပ်မတော် နှင့် အစိုးရဝန်ကြီးများ ၊ လွှတ်တော် အမတ်များ ၊ မြို့မိမြို့ဖများ အသင်းအဖွဲ့ ကိုယ်စားလှယ်များ ၏ မြို့လုံးကျွတ် အစည်းအဝေး ကျင်းပသည်။ အစည်းအဝေးသို့ ဂျပန်စစ်သေနာပတိ ကီမူရာနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ တက်ရောက်သည်။ အစည်းအဝေးတွင် တပ်မတော် အားကူညီထောက်ပံ့ရန် ဟောပြောသည်။

အောက်တိုဘာ ၂၉၊ ဗမာ့တပ်မတော် မြို့လုံးကျွတ် အစည်းအဝေးပွဲကြီးကို ကန်တော် ကြီး အေးကျွန်းရိပ်သာဌာနတွင် ကျင်းပရာ စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းက ''အားမရှိလျှင်လူရာမဝင်၊ အခွင့်အရေး ရမည် မဟုတ်'' ဟူ၍ ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၉၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ အရှေ့အာရှတိုက်လူငယ်များ အစည်းအရုံးကြီး၌ စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၂၊ ဗမာ့တပ်မတော် အထူးအစည်းအဝေးပွဲတွင် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့သည်။

၁၉၄၅ ဇန်နဝါရီ ၃၁၊ စတုတ္ထပတ် ဗိုလ်သင်တန်းကျောင်း ဆင်းပွဲ တွင် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့သည်။

၁၉၄၅ ဖေဖော်ဝါရီ ၇၊ ဗမာ့တပ်မတော် စစ်ဦးစီးချုပ် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းက အုပ်ချုပ်မှု အမိန့်အမှတ် (၈) ထုတ်ပြန်ကာ အမျိုးသမီးဌာနကို (၁-၂-၄၅)ရက်နေ့မှ စတင်အတည်ပြုပြီး ¤င်းကို အမျိုးသမီးတပ် ခေါ်တွင် မည် ဖြစ်ကြောင်း အမိန့်ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၉၊ ကရင်အမျိုးသားညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်း သဝဏ်လွှာပို့သည်။

ဖေဖော်ဝါရီ ၂၈၊ ပထမပတ် မူလတန်း လူငယ်စစ်အတတ်သင်တန်းကျောင်းဆင်းပွဲတွင် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောကြားခဲ့သည်။

ဗိုလ်မှူးသော င်းကြည် ဦးစီးသော အမှတ် ၅ ခြေလျင်တပ်ရင်း (မိတ္ထီလာ)က ဝါးရွက်ရွာ လျှိုကြီးအတွင်း၌ စခန်းချနေခိုက် ဂျပန်စစ်ဘက်အကြံပေးအရာရှိ ဗိုလ်တိုးရီနှင့် တပ်ကြပ်ကြီး ၃ ဦးတို့ကို သုတ်သင်၍ တော် လှန်ရေး စတင်သည်။ထိုသို့ စတင်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာ့တပ်မတော် ကို မထိခိုက်စေလို၍ သာစည်အနီးတွင် မဟာမိတ်တို့နှင့် တိုက်ပွဲ ဖြစ်ပွားရာ အမှတ် ၅ ခြေလျင်တပ်ရင်း တပ်လုံးပြုတ် ကျဆုံးကြောင်း သတင်းလွှင့်ပြီး ရဲဘော်များ ကိုအရပ်ဝတ်ပြောင်းလဲ၍ ဂျပန်တို့အား ဆက်လက်တော် လှန်တိုက်ခိုက်သည်။

မတ် ၁ မှ ၃ ထိ၊ရန်ကုန်မြို့ ပတ်လမ်း (ယခု နတ်မောက်လမ်း) ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ဖက်ဆစ်တိုက်ဖျက်ရေး နှင့် ပြည်သူ့အဖွဲ့ချုပ်ခေါင်းဆောင်များ အစည်းအဝေး ကျင်းပသည်။ အစည်းအဝေးသို့ ဗမာ့တပ်မတော် မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးလက်ျာ၊ ဗိုလ်မှူးကြီးဇေယျ၊ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်မှူးကျော်ဇော၊ ဗိုလ်မှူးဗထူး၊ ဗိုလ်မှူးရန်အောင်၊ ဗိုလ်မှူးရဲထွဋ်၊ ဗိုလ်မှူးဘိုးကွန်း၊ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်စိန်မှန်၊ သခင်သန်းထွန်း၊ သခင်တင်မြ၊ ပြည်သူ့အရေး တော် ပုံပါတီမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးလှမောင်၊ သခင်ချစ်တို့တက်ရောက်သည်။ ယင်းအစည်းအဝေးတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် (ဖတပလ) ဟု ပြင်ဆင်သည်။ထို့နောက် အိန္ဒိယနိုင်ငံ မဟာမိတ် စစ်ဌာနချုပ်က ပေးစာနှင့် ဦးသိန်းဖေမြင့်တို့ထံမှ ပေးစာတို့အပေါ် မူတည်၍ ဆွေးနွေးကာ ဖက်ဆစ်ဂျပန်တော် လှန်ရေး နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ကို အားလုံးသဘောတူ ချမှတ်သည်။ ဖက်ဆစ်တော် လှန်ရေး ဆင်နွှဲရန် စစ်တိုင်းကြီးများ ခွဲခြင်း၊ စစ်နယ်မြေများ သတ်မှတ်ခြင်းနှင့် စစ်ရေး နှင့် နိုင်ငံရေး ခေါင်းဆောင်များ ရွေးချယ်ခြင်းတို့ကို ဆွေးနွေးဆုံးဖြတ်သည်။

Cover

ဖက်ဆစ်တော် လှန်ရေး ကို ဦးစီးရန်ဖွဲ့ စည်းသော

ဖတပလ၏ ဗဟိုစစ်ကောင်စီ

Cover

Cover

Cover

Cover

ရှေ့တန်းစစ်ဌာနချုပ် စစ်ကြောင်းမှူး ဗိုလ်မှူးကြီးဇေယျတော် လှန်ရေး ကာလအတွင်း တော် လှန်ရေး ခေါင်းဆောင်များ လျှို့ဝှက်နာမည် များ အသုံးပြုခဲ့ကြရာ-

- ဗိုလ်ချုပ်အောင်ဆန်း၏ လျှို့ဝှက်အမည် (ဦးနောင်ချို)

- ဗိုလ်မှူးကြီးနေဝင်း၏ လျှို့ဝှက်အမည် (ဦးစက်ဖေ)

- သခင်စိုး၏ လျှို့ဝှက်အမည် (ဦးထွန်းဝေ (သို့ ) ကိုဦး)

- သခင်သန်းထွန်း၏ လျှို့ဝှက်အမည် (ကိုဘမောင်)

ဗမာ့တပ်မတော် သည် ဖက်ဆစ်ဂျပန်ကို တော် လှန်ချိန်ကာလတွင် ''ပြည်သူ့ လွတ်လပ်ရေး တပ်မတော် '' ဟူသော အမည် ကို သုံးစွဲရန် ဆုံးဖြတ်ခဲ့သည်။

၁၉၄၅ မတ် ၅၊ မဟာမိတ်တပ်များ မိတ္ထီလာလမ်းမကြီးကို ဖြတ်တောက်နေသည်သာမက မတ္တရာမြို့အနီးသို့ ပင် စတင်ဝင်ရောက်တိုက်ခိုက်နေပြီး ဖြစ်သဖြင့် အထက်မြန်မာပြည် စစ်တိုင်းမှူး ဗိုလ်မှူးဗထူးသည် ဖက်ဆစ်ဂျပန်တို့အား တော် လှန်ရန်ရက်ကန့်သတ်၍ မြန်မာနိုင်ငံအစိုးရနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အား ဆန့်ကျင်သော ကြေညာစာတမ်းများ ကို ရိုက်နှိပ်သည်။တပ်များ ကိုလည်း သတိဝီရိယနှင့် နေရန် အမိန့်ပေးထားသည်။

မတ် ၆၊ ပဉ္စမပတ် ဗိုလ်သင်ကျောင်းဖွင့်ပွဲတွင် စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့သည်။

အထက်မြန်မာပြည် စစ်တိုင်းမှူးဗိုလ်မှူးဗထူးသည် မန္တလေးမြောက်ဘက် ဇာပိုင်သို့ မဟာမိတ်တပ်များ ထိုးဖောက်ဝင်ရောက်နေကြောင်း သတင်းရ၍ ညတွင်းချင်းပင် မိမိတပ်များ ကို ဖောက်ထွက်ကာ ဖက်ဆစ်တော် လှန်ရေး စတင်သည်။

မတ် ၁၁၊ဗိုလ်ချုပ်အောင်ဆန်း အိမ်တွင် ဗိုလ်ချုပ်အောင်ဆန်း၊သခင်သန်းထွန်း၊ ဦးဗဆွေ၊ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မှူးကြီးဇေယျ၊ သခင်ချစ်နှင့် အခြားတပ်မှူး ၃၊ ၄ ဦး ဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော် လှန်ရေး အတွက် ပြင်ဆင်မှု များ မှာ မတ်လ ၂၃၊ ၂၄ရက်လောက်တွင် ပြီးမည် ဟု ခန့်မှန်းရကြောင်း၊ ဗမာ့တပ်မတော် တပ်ဖွဲကများ သတ်မှတ်ရာ စစ်တိုင်းများ သို့ သွားလာရေး အခြေအနေကို တွက်ဆပြီး (၂၅-၃-၄၅) ရက်၊ ည ၇း၃ဝနာရီ (၁၉း၃ဝ) နာရီတိတိတွင် ဖက်ဆစ်ဂျပန်တို့ကို တစ်ပြိုင်နက်တည်း တော် လှန်တိုက်ခိုက်ကြရမည် ဟု သတ်မှတ်သည်။

၁၉၄၅ မတ် ၁၇၊နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် အနောက်ဘက် ဘောင်ဒရီလမ်း (ဓမ္မစေတီလမ်း) နှင့် ဦးဝိစာရ လမ်းထောင့်ရှိ ဂေါ့ဖ်ကစားကွင်း (ယခု တော် လှန်ရေး ပန်းခြံ) တွင် ဗမာ့တပ်မတော် စစ်ရေး ပြပွဲအခမ်းအနားကျင်းပရာ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်းမှာ -

''ရဲဘော်တို့၊ အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခုစစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲတွေ နဲ့ ရင်ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့သွေးကိုပြပါ။ အထက်ဗိုလ်များ ရဲ့ အမိန့်ကို နာခံကြပါ။ အထက်ဗိုလ်တွေ ကလည်းသာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတက်မယ်။ဗမာ့ရန်သူကို ချေမှု န်းကြ။ အနီးကပ်ဆုံးရန်သူကို တိုက်ကြ။ဒါပဲ''

(ဗိုလ်ချုပ်အောင်ဆန်း၏ တပ်ထွက်မိန့်ခွန်းမှာ ဤမျှ မတိုပါ။ ထို့ပြင် ''အနီးကပ်ရန်သူရှာတိုက်'' ဟူ၍ လည်း မပါပါ။ဗိုလ်ချုပ် မိန့်ခွန်းမူရင်းသည် ၁၉၄၅ ခု၊ မတ်လ (၂ဝ) ရက်နေ့ထုတ် Greater Asia အလယ်စာမျက်နှာတွင် ပါသည်။မိန့်ခွန်းမူရင်းမှာ -

“Our army will fright for the benifit of the country,and if needs will be we will ofter ourselves asthe very bulwarks against the attacks of the enemy.We will” fight the enemy with all the strengh in ourpossession. Uniless we can drive the enemy awayfrom our country, and unless we can beat him decisively,our freedom will be in jeopardy. Let us thereforeadvance so that the prosperity of our childrenwill be secused.”ဟူ၍ ဖြစ်သည်။

အထက်ပါမိန့်ခွန်းကို စာရေး ဆရာ ဗိုလ်ဥတ္တကျော် (နတ်မောက်ဘုန်းကျော်)က ဉာဏ်ကွန့်ပြီး ရေး ခဲ့ခြင်းသာ ဖြစ်သည်။

(စာရေး သူ)

၁၉၄၅ မတ် ၁၈၊ဖက်ဆစ်တော် လှန်ရေး အတွက်ဗိုလ်ချုပ်အောင်ဆန်းအိမ်၌ အစည်းအဝေး ထပ်မံပြုလုပ်သည်။ ပြောင်းလဲလာသော စစ်ရေး အခြေအနေအရ စတင်တော် လှန်ရမည့် နေ့ကို ၁၉၄၅ခု၊ ဧပြီလ ၂ ရက်နေ့ ဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်းဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်းအမှတ် (၆) စစ်ရေး ခေါင်းဆောင် ဗိုလ်ရဲထွဋ်ထံ စာရေး သားပေးပို့သည်။

မတ် ၂၂၊ ည ၇ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကိုယ်ရံတော် ဗိုလ်မှူးမင်းခေါင်၊ ဗိုလ်မှူးထွန်းအုံတို့နှင့် အတူ ရန်ကုန်မြို့မှ ပြည်မြို့သို့ ဖက်ဆစ်တော် လှန်ရေး အတွက် စတင်ထွက်ခွာခဲ့သည်။

မတ် ၂၃၊ နံနက် ၆း၃ဝ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ ကြို့ပင်ကောက်မြို့ အရှေ့ဘက် နှစ် မိုင်ခန့်ဝေးသည့်ရှမ်းစုရွာသို့ ရောက်ရှိပြီး ခေတ္တနားသည်။ ညနေ ၆း၃ဝနာရီတွင် ကြို့ပင်ကောက်မြို့မှ ပြန်လည်ထွက်ခွာသည်။

- ညနေတွင် ပဲခူးမြို့ရှိ တိုင်း (၄) တပ်မှူး ဗိုလ်မှူးကျော်ဇောက တပ်ကြပ်ကြီး တင်ဦး (မကွေး)ကိုခေါ်၍ ဗမာ့တပ်မတော် ၏ လှုပ်ရှားမှု ကို ဂျပန်တို့က သံသယရှိသဖြင့် ၄င်းတို့ ပတ်ဝန်းကျင်တွင် ဂျပန်တပ်များ ချထားကြောင်း၊ ထို့ကြောင့် ဖက်ဆစ်ဂျပန်တော် လှန်ရေး ကို မူလသတ်မှတ်ထားသည့် ဧပြီ ၂ အားမတ် ၂၇ နေ့ ပြုလုပ်ခွင့်ပြုပါရန် အမိန့်တောင်းခံခဲ့ကြောင်းပန်ကြားစာကို ဗိုလ်ချုပ်အောင်ဆန်းထံ ပေးပို့ခိုင်းသည်။ ညဦးပိုင်းတွင် တပ်ကြပ်တင်ဦးနှင့် စစ်ရဲတပ်သား ငွေသိန်းတို့အော်စတင်ကားဖြင့် ပဲခူးမြို့မှ ထွက်ခွာသည်။

- ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိ ဗိုလ်ခင်ညိုက အလုပ်သင်ဗိုလ်ကလေး ဗိုလ်ဘရွှေ ခေါင်းဆောင်သည့် အထူးဆက်သားအဖွဲ့ကို ဖက်ဆစ်ဂျပန်တော် လှန်မည့်  သတင်းများ ပေါက်ကြားနေ၍ ဖက်ဆစ်ဂျပန်တော် လှန်မည့် ရက်ကို ဧပြီ ၂ ရက်အားမတ်လ ၂၅ ရက်ထက် နောက်မကျဘဲ ရွှေ့ပြောင်းသတ်မှတ်နိုင်ရန် ပဲခူးမြို့ တိုင်း ၄၅၊ ဗိုလ်မှူးကျော်ဇောထံ သွားရောက်အကြောင်းကြားခိုင်းသည်။ အထူးဆက်သားအဖွဲ့သည် (၂၃-၃-၄၅) ညတွင် ပဲခူးမြို့၊ ဟင်္သာကုန်းရှိ ဗိုလ်မှူးကျော်ဇောတပ်သို့ ရောက်ရှိပြီး ဗိုလ်ခင်ညို၏ စာကို ဗိုလ်မှူးကျော်ဇောထံပေးအပ်သည်။

- ည ၁၂ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ ရွှေတောင်မြို့သို့ ရောက်ရှိသည်။

၁၉၄၅ မတ် ၂၃-၂၄၊ ညတွင် ပဲခူးမြို့ ၊တိုင်း ၄ ၌ ဗိုလ်မှူးကျော်ဇော၊သခင်ဗတင်၊ သခင်ချစ်တို့ အစည်းအဝေးကျင်းပသည်။ အစည်းအဝေးတွင် ဗိုလ်မှူးကျော်ဇောက တော် လှန်ရေး နေ့ကို ရက်ရွှေ့ပြောင်းရန် အကြောင်းပေါ်လာကြောင်း တင်ပြသည်။ (အစည်းအဝေး မကျင်းပမီကပင် ဗိုလ်မှူးကျော်ဇောသည် တော် လှန်ရေး နေ့ ရက်ရွှေ့မည့် အကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းထံ ပန်ကြားရန် ဆက်သား စေလွှတ်ပြီး ဖြစ်သည်။) ဗိုလ်ချုပ်ကျော်ဇောတင်ပြချက်နှင့် စပ်လျဉ်း၍ စဉ်းစားဆွေးနွေးကြပြီး (၂၄-၃-၄၅) ရက် နံနက် ၆ နာရီခန့်တွင် တော် လှန်ရေး နေ့ကိုဧပြီ ၂ ရက်အစား မတ် ၂၇ ရက် ပြောင်းရန်နှင့် ထိုသို့ ပြောင်းကြောင်း ဗိုလ်ချုပ်အောင်ဆန်းထံ ပန်ကြားရန် ဆုံးဖြတ်သည်။

မတ် ၂၄၊ နံနက် ၄ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သရက်ခရိုင်၊ ပြလို့ (တိုင်းအမှတ် ၇ ဌာနချုပ်) ရောက်သည်။ည ၇ နာရီတွင် ပြလို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ည ၁၁ နာရီတွင် ရွှေတောင်မြို့သို့ ရောက်ရှိသည်။

- ဗိုလ်ချုပ်အောင်ဆန်း ရွှေတောင်မြို့တွင် အိပ်ပျော်နေစဉ်ဖက်ဆစ်ဂျပန်တော် လှန်ရေး စစ်တိုင်းအမှတ် ၄ တိုင်းမှူး ဗိုလ်မှူးကျော်ဇော လွှတ်လိုက်သည့် ဆက်သားတပ်ကြပ်ကြီး တင်ဦး(မကွေး) ရောက်ရှိလာသည်။ ဗိုလ်ချုပ်အောင်ဆန်း အိပ်ရာမှနိုးလာလျှင် တပ်ကြပ်ကြီးတင်ဦးက ဗိုလ်မှူးကျော်ဇော၏ ပန်ကြားစာကို ပေးအပ်သည်။ ထိုစာတွင် ပဲခူးရှိ ဗမာ့တပ်မတော် ၏ လှုပ်ရှားမှု ကို ဂျပန်တို့က သံသယရှိသဖြင့် ၄င်းတို့ဝန်းကျင်တွင် ဂျပန်တပ်များ ချထားကြောင်း ထို့ကြောင့် ဖက်ဆစ်ဂျပန်တော် လှန်ရေး ကို မူလသတ်မှတ်ထားသည့် ဧပြီလ ၂ရက်နေ့အစား မတ်လ ၂၇ ရက်နေ့ ပြုလုပ်ခွင့်ပြုပါရန် ဗိုလ်မှူးကျော်ဇောက အမိန့်တောင်းခံကြောင်း ပါရှိသည်။ ထိုစာကိုဖတ်ရှုပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အခြေအနေများ ကိုသုံးသပ်ကာ ဖက်ဆစ်ဂျပန် တော် လှန်ရေး ကို မတ်လ ၂၇ရက်နေ့ ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း တိုင်းအသီးသီးသို့ ဆက်သားများ လွှတ်ကာ အကြောင်းကြားသည်။

၁၉၄၅ မတ် ၂၅၊ ဒုတိယဝန်ကြီးလိစ်က မောင့်ဘက်တန်အား ဗမာ့ကာကွယ်ရေး တပ်မတော် ၏ ဖက်ဆစ်ဂျပန် တော် လှန်ရေး စတင်တော့မည် ဖြစ်ကြောင်း အကြောင်းကြားသည်။

မတ် ၂၅-၂၆၊ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့  ရွှေတောင်မြို့ တွင် ရပ်နားသည်။ (၂၆-၃-၄၅) မွန်းလွဲ ၂ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ ရွှေတောင်မြို့မှ ထွက်ခွာလာပြီး ရွှေနတ်တောင်တွင် ခေတ္တနားသည်။ ည ၇ နာရီတွင် ရွှေနတ်တောင်မှ ပြလို့သို့ ထွက်ခွာသည်။

မတ် ၂၇၊ နံနက် ၉ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ပြလို့မှ ဧရာဝတီမြစ်ကို ဖြတ်ကူး၍ အနောက်ဘက်ကမ်း ပြရီရွာမှ တစ်ညလုံး လှည်းဖြင့် ခရီးဆက်ခဲ့ပြီး သပွတ်ရွာကိုဖြတ်၍ ပုဏ္ဏားရွာသို့ ရောက်ရှိသည်။

- ည ၇ နာရီတွင် သရက်ခရိုင် ပုဏ္ဏားကျွန်းတွင် ဖွင့်လှစ်ထားသော ပြည်သူ့လွတ်လပ်ရေး တပ်မတော် ဌာနချုပ်မှ ဖက်ဆစ်ဂျပန်ကို တော် လှန်ကြောင်း ကြေညာသည်။ ဖတပလမှဦးဆောင်၍ မြန်မာတစ်ဝန်းလုံး ဖက်ဆစ်တော် လှန်ရေး ဆင်နွှဲသည်။

၁၉၄၅ ဧပြီ ၁၄၊ ည ၁ဝ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များ သည် သရက်ခရိုင် သရက်ချောင်းရွာကြီးသို့ ရောက်ရှိပြီးပြည်သူ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်ကို ဖက်ဆစ်ဂျပန်တော် လှန်ရေး ကာလ တစ်လျှောက်လုံးတွင် အမြဲတမ်းစစ်ဌာနချုပ်အ ဖြစ် ဖွင့်လှစ်ခဲ့သည်။

ဧပြီ ၂၃၊ ဂျပန်တပ်မတော် ဂျပန်ခေတ် မြန်မာအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် မိသားစုများ (ဒေါက်တာဘမော်၊ ဒေါက်တာဘဟန်၊ သခင်မြ၊ ဦးထွန်း၊ သခင်နု၊ သခင်လွန်းဘော်၊ ဦးလှဖေ၊ ဗန္ဓုလဦးစိန်) ည ၉း၃ဝ နာရီတွင် ရန်ကုန်မှ ထွက်ခွာသည်။ မြန်မာအစိုးရအဖွဲ့မှ ကိုယ်ရံတော် အ ဖြစ် ဗိုလ်ရန်နိုင်နှင့် ဗိုလ်လရောင် တို့ လိုက်ပါသည်။

ဧပြီ ၂၄၊ ဂျပန်ခေတ်မြန်မာအစိုးရ အဖွဲ့ ဝင် ၀န်ကြီးများ နံနက်၈ နာရီတွင် ပဲခူးမြို့ စစ်ရုံးသို့ ရောက်ရှိသည်။

- ဂျပန်ခေတ် မြန်မာအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် မိသားစုများ ပဲခူးမြို့မှ ည ၇ နာရီကျော်တွင် ဆက်လက်ထွက်ခွာသည်။

ဧပြီ ၂၅၊ ဂျပန်ခေတ် မြန်မာအစိုးရအဖွဲ့ ဝင် ၀န်ကြီးများ နံနက်ခင်းအားကြီး ၄း၃ဝ နာရီခန့်တွင် ဝေါမြို့သို့ ရောက်သည်။

- ညောင်ခါးရှည်တွင် စခန်းချနေသော ဒေါက်တာဘမော်သည် ညအချိန်တွင် ဂျပန်သံအမတ် အီတာရိုအိရှိနှင့် မြန်မာအစိုးရအဖွဲ့အတွက် အစစ တာဝန်ယူရသော ဗိုလ်မှူးကြီးအီရာအိုကာ ဂျွန်ဇို (Col. Hiraoka Junzo) တို့အား ၄င်းသည်မြန်မာအစိုးရအဖွဲ့ ဝန်ကြီးများ ၊ ¤င်း၏ မိသားစုများ နှင့် တကွဲတပြားစီ ဖြစ်နေကြောင်း၊ ၄င်းတို့ကို တွေ့ အောင်ရှာ၍ မိမိထံပို့ပေးရန် တာဝန်မခံနိုင်ပါက ဂျပန်တပ်မတော် ဆုတ်ခွဲရာသို့ ဆက်လက်လိုက်ပါတော့မည် မဟုတ်ကြောင်း ပြောကြားသည်။

၁၉၄၅ ဧပြီ ၂၆၊ ဂျပန်တပ်မတော် ၏ စစ်သေနာပတိချုပ်၊ ကီမရာကဌာနချုပ်ကို ရန်ကုန်မှ မော်လမြိုင်သို့ ပြောင်းရွှေ့သည်။

မေ ၁၊ ဗမာ့တော် လှန်ရေး တပ်မတော် ဗိုလ်စိန်တင်၊ ဦးကျော်ငြိမ်း (R.E.T) တို့ ဦးဆောင်၍ မျိုးချစ်တပ်မတော် သားများ နှင့် ပြောက်ကျားအင်အား ၁၅ဝ ခန့် ရန်ကုန်မြို့ကို ဝင်ရောက်သိမ်းပိုက်သည်။

- မြန်မာ့တော် လှန်ရေး တပ်မတော် ဗဟိုစစ်ဦးစီးအဖွဲ့ အမိန့်အမှတ် ၁ ကို ထုတ်ပြန်ကြေညာသည်။

- သက္ကရာဇ် ၁၃ဝ၇ ခု ကဆုန်လပြည့်ကျော် ၆ ရက်(၁-၅-၄၅) နေ့ နံနက် ၆ နာရီမှစ၍ ရန်ကုန်နေပြည်တော် ကိုဗမာ့တော် လှန်ရေး တပ်မတော် က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်းနေပြည်တော် တွင် အုပ်ချုပ်ရေး ၊ ငြိမ်းချမ်းရေး ၊ ပြည်သူတို့၏ အသက်ရှင်ရေး ၊ အိုးအိမ်တည်တံ့ရေး စသည်တို့ကို ဗမာ့တော် လှန်ရေး တပ်မတော် က တာဝန်ယူ၍ ကာကွယ်စောင့်ရှောက်မည် ဖြစ်ကြောင်း။

ဗမာ့တော် လှန်ရေး တပ်မတော် သည် ပြည်သူ့တပ်မတော် ဖြစ်သည်နှင့် အညီ ပြည်သူတို့၏ လွတ်လပ်မှု အတွက် တပ်ဦးမှ ပြည်သူ့ကိုယ်စားလှယ်အ ဖြစ် တိုက်ခိုင်နေခြင်း ဖြစ်၍ ပြည်သူအပေါင်းတို့က မိမိတို့၏ တပ်မတော် ကြီးကို အရာရာတွင် အစွမ်းကုန် ကူညီ၍ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဗမာ့တော် လှန်ရေး တပ်မတော် ကလည်း ပြည်သူ့ကိုယ်စားလှယ်တစ်ဦးပီပီ ဗမာ့လွတ်လပ်ရေး ၊ ပြည်သူ့လွတ်လပ်ရေး အတွက်အသက်ကို မငဲ့ကွက်ဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မည် ဖြစ်ကြောင်း။

ထို့ကြောင့် တပ်မတော် မှ အထူးခွင့်ပြုချက် မရှိဘဲ သိမ်းဆည်းထားသည့် လက်နက်ခဲယမ်း၊ မီးကျောက်တို့မှစ၍ စစ်နှင့် ပတ်သက်သည့် ပစ္စည်းအားလုံးတို့ကို ၁၃ဝ၇ ခု၊ ကဆုန်လပြည့်ကျော် ၈ ရက် (၃၊ ၅၊ ၄၅) ရက်နေ့ထက် နောက်မကျဘဲ တပ်မတော် လက်နက်ဌာနတွင် ဖြစ်စေ၊ အနီးဆုံးရဲဌာနတွင် ဖြစ်စေ ပေးအပ်ရမည် ဖြစ်ကြောင်း။

ဗမာ့တော် လှန်ရေး တပ်မတော် သတင်းထောက်လှမ်းရေး ဌာနက လက်နက်စစ်အသုံးအဆောင် စသည်တို့ လက်ခံထားရှိသူတို့၏ စာရင်းကို စုံလင်စွာ ပြုလုပ်ထားပြီး ဖြစ်ရာ အဆိုပါနေ့ရက်မှ ကျော်လွန်ပြီးနောက် ဗမာ့တော် လှန်ရေး တပ်မတော် မှ ခွင့်ပြုချက်မရှိ လက်နက်ကိုင်ဆောင်သူ၊ သိမ်းဆည်းထားသူတို့အား ရန်သူအ ဖြစ် ယူဆပြီးလျှင် အကြီးလေးဆုံးသော အပြစ်ပေးခြင်း ခံရမည် ဖြစ်ကြောင်း။

ထို့ပြင် ဗမာ့တော် လှန်ရေး တပ်မတော် က တာဝန်ယူ၍ သိမ်းပိုက်ထားသည့်အတွင်း အောက်ပါအချက်အလက်များ ကိုတစ်သွေမတိမ်း လိုက်နာကြရန်၊ လေးနက်ကြပ်တည်းစွာ ဆင့်ဆိုလိုက်ကြောင်း။

၁။ လူမျိုးရေး အဓိကရုဏ်းများ မရှိစေရ။

၂။ သတ်ဖြတ်မှု ခိုးမှု ၊ တိုက်ခိုက်မှု စသည့် ရာဇဝတ်မှု များ မရှိစေရ။

၃။ ရန်သူကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ မည် သည့် အကြောင်းကြောင့် မဆို အားပေးသည့် မည် သည့်လုပ်ငန်းကိုမျှ မပြုလုပ်ရ။

အထက်ပါ ဆင့်ဆိုချက်တို့ကို မလိုက်နာဘဲ ပျက်ကွက်သူတို့အား စစ်ဥပဒေအရ ကြီးလေးသော အပြစ်ပေးခြင်း ခံရမည် ဖြစ်ကြောင်း။

စစ္ဦၤးစီၤးအဖြဲ ့

ဗမာ့တော် လှန်ရေး တပ်မတော်

- ပြည်သူ့လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်မှူးဗထူး၊ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်၊ဗိုလ်ကြီး စိန်ဝင်း၊ ဗိုလ်ကြီးစိန်မှန်နှင့် ဗိုလ်ကြီးမင်းခေါင်တို့အားရာထူးတိုးမြှင့်သည့်အမိန့် ထုတ်ပြန်သည်။

၁၉၄၅ မေ ၇၊ ဖက်ဆစ်တော် လှန်ရေး တွင် ဗမာ့တပ်မတော် ၏် ဆောင်ရွက်ချက်နှင့် ရန်ကုန်မြို့ကို ဗမာ့တပ်မတော် က သိမ်းသည့်အကြောင်း ဗိုလ်နေဝင်း၏ ကြေညာချက်ကို မြန်မာဘာသာဖြင့် ဗိုလ်အောင်ကြီးက ကြေညာပြီး အင်္ဂလိပ်ဘာသာဖြင့် ရေး သားထားသော ကြေညာချက်ကို ကိုထွန်းချိန် (မိတ္ထီလာ)က ဖတ်ကြားခဲ့သည်။

မေ ၁ဝ၊ ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်းရှိ နိုင်ငံခြားရေး ရုံးတွင် နိုင်ငံခြားသတင်းထောက်များ ကို ဖိတ်၍ ဗိုလ်နေဝင်းနှင့် ဦးကျော်ငြိမ်းတို့က ဖတပလ၏ ရည်ရွယ်ချက်နှင့် ဗမာ့တပ်မတော် ၏ ဖက်ဆစ်တော် လှန်ရေး အကြောင်းကို ရှင်းလင်းပြောကြားသည်။

မေ ၁၆၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှူးကလေး လှအောင်နှင့် အတူ အာလံ (အောင်လံ) မြို့မှ အထူးလေယာဉ်ဖြင့် မိတ္ထီလာမြို့သို့ ရောက်ရှိလာပြီး ဗြိတိသျှအမှတ် ၁၄ တပ်မတော် တပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး ဆာဝီလီယံစလင်း (Lt.Gen. William Slim) နှင့် ပထမဆုံးအကြိမ် တွေ့ ဆုံဆွေးနွေးခဲ့သည်။

မေ ၁၇၊ ဗြိတိ သျှအစိုးရ၏ မြန်မာပြည်ဆိုင်ရာမူဝါဒ ဖြစ်သော ''စက္ကူဖြူစာတမ်း''ကို ထုတ်ပြန်ကြေညာခဲ့သည်။

မေ ၁၉၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ရန်ကုန်ပြန်ရောက်သည်။

ဇွနွန် ၂၊ ဖက်ဆစ်တော် လှန်ရေး အထက်မြန်မာပြည်တော် လှန်ရေး ခေါင်းဆောင် တိုင်းမှူးဗိုလ်မှူးကြီးဗထူးသည် ငှက်ဖျား ရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။

၁၉၄၅ ဇွန် ၄၊ ပထမအကြိမ်မြန်မာပြည်နိုင်ငံရေး ခေါင်းဆောင်များ အစည်းအဝေးကို ဖတပလဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။

ဇွန် ၁၅၊ အရှေ့ တောင်အာရှဒေသဆိုင်ရာ မဟာမိတ်တပ်များ ၏ စစ်သေနာပတိချုပ် လော့ဒ်လူဝီ မောင့်ဘက်တန်သည် မြန်မာခေါင်းဆောင်များ နှင့် ဆွေးနွေးရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။

ရန်ကုန်မြို့၊ ပြည်လမ်း ဂေါ့ဖ်ကွင်း၌ စစ်အောင်ပွဲ အထိမ်းအမှတ် စစ်ရေး ပြ အခမ်းအနား ကျင်းပရာ မောင့်ဘက်တန်တက်ရောက်ခဲ့သည်။

ဇွန် ၁၆၊ မောင့်ဘက်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော မြန်မာနိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသည့် သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ ဗိုလ်မှူးကြီးနေဝင်းတို့ ရန်ကုန်မြို့ဘုရင်ခံအိမ်တော် တွင် ဗမာ့တပ်မတော် နောင်ရေး နှင့် စပ်ဆိုင်သည့် အချက်များ ကို ဆွေးနွေးခဲ့သည်။

ညဘက်တွင် မောင့်ဘက်တန်ကို ဧည့်ခံသည့် ညစာစားပွဲတွင် မျိုးချစ်ဗမာ့တပ်မတော် ကိုယ်စား ဗိုလ်ချုပ်အောင်ဆန်းကမျိုးချစ်ဗမာ့တပ်မတော် သားများ သိမ်းဆည်းရရှိလိုက်သော ဂျပန်စစ်ဗိုလ်တစ်ဦး၏ ခါးရှည်ကြီးကို စစ်သေနာပတိချုပ်အားလက်ဆောင်အ ဖြစ် ပေးအပ်ခဲ့သည်။

ဇွန် ၁၈၊ ဒုတိယအကြိမ် မြန်မာပြည်နိုင်ငံရေး ခေါင်းဆောင်များ အစည်းအဝေးကို ဖတပလချုပ်တွင် ပြုလုပ်ခဲ့သည်။

ဇွန် ၁၉၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ ၏ တတိယမြောက် သမီးကလေး အောင်ဆန်းစုကြည်ကို ဖွားမြင်သည်။

ဇွန် ၂ဝ၊ဘုရင်ခံ ဆာဒေါ်မန်စမစ် (Sir Dorman Smith)သည် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ခေတ္တရောက်ရှိလာပြီးအင်္ဂလိပ် စစ်သင်္ဘော ကမ်ဘာလင်ပေါ်သို့ တက်ရောက်ကာသင်္ဘောပေါ်၌ အခြား နိုင်ငံရေး ခေါင်းဆောင်များ နှင့် အတူဗိုလ်ချုပ်အောင်ဆန်းကို တွေ့ ဆုံပြီး စက္ကူစာတမ်းပါ အချက်အလက်များ ကို မြန်မာတို့ လက်ခံလာအောင် စည်းရုံးပြောဆိုဆွေးနွေးခဲ့သည်။

- ဗိုလ်ချုပ်အောင်ဆန်းနှင့် မောင့်ဘက်တန်တို့ ထပ်မံတွေ့ ဆုံဆွေးနွေးခဲ့သည်။

၁၉၄၅ ဇူလိုင် ၅၊ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဗမာ့တပ်မတော် စစ်ဌာနချုပ် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည်။

ဇူလိုင် ၆၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ် စတော့ဖို့ဒ်တို့တွေ့ ဆုံ၍ ဗမာ့တပ်မတော် ကိစ္စနှင့် ဖက်ဆစ်ဂျပန်တိုက်ရေး ဆွေးနွေးသည်။

ဇူလိုင် ၉၊ မဟာမိတ် အမှတ် ၁၂ တပ်မတော် ဌာနချုပ်၌ ကျင်းပသည့် အစည်းအဝေးသို့ မဟာမိတ်တပ်ဘက်မှ ဗိုလ်ချုပ်ရန့်စ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဗမာ့တပ်မတော် ပြန်လည်ဖွဲ့စည်းရေး အတွက် ဆွေးနွေးခဲ့သည်။

ဇူလိုင် ၁၁၊ ဗိုလ်ချုပ်အောင်ဆန်းတို့ နှင့် မဟာမိတ်တို့ ဘက်မှတပ်မှူးများ ပဲခူး၌ တွေ့ ဆုံကြသည်။ ယင်းတွေ့ ဆုံပွဲ၌ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့တပ်မတော် ဖွဲ့စည်းရေး မူကို မောင့်ဘက်တန်ထံ တင်ပြသည်။

ဇူလိုင် ၂၃၊ ဗမာ့တပ်မတော် ကို မျိုးချစ်ဗမာ့တပ်မတော် Patriotic Burmese Force, PBF)ဟု ခေါ်ဝေါ်သုံးစွဲရန်တရားဝင် ပြောင်းလဲသတ်မှတ်သည်။

ဇူလိုင် ၂၇၊ ဘုရင်ခံအိမ်တွင် ဂျပန်လက်နက်ချ စာချုပ် လက်မှတ်ရေး ထိုးပွဲ ကျင်းပသည်။

သြဂုတ် ၁ဝ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ နှင့် မဟာမိတ်တို့ ဘက်မှတပ်မှူးများ ပဲခူးတိုင်း အမှတ် ၄ ဌာနချုပ်၌ တွေ့ ဆုံကြသည်။

သြဂုတ် ၁၂၊ ရန်ကုန်မြို့ တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း) နေ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ဗမာ့တပ်မတော် နောင်ရေး အတွက် အရေး ကြီးသော ဆုံးဖြတ်ချက်များ ကို ချမှတ်ခဲ့သည်။

သြဂုတ် ၁၆၊ စတုတ္ထအကြိမ် မြန်မာနိုင်ငံရေး ခေါင်းဆောင်များ အစည်းအဝေးပွဲကျင်းပရာ သဘာပတိအ ဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ပြုလုပ်၍ ''ဖက်ဆစ်တိုက်ဖျက်ရေး ၊ ပြည်သူ့လွတ်လပ်ရေး '' ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။သြဂုတ် ၁၉၊ ရန်ကုန်မြို့ ဗဟန်းရပ် ကန်တော် ကြီးစောင်းရှိနေသူရိန်က ဇာတ်ရုံကြီးတွင် ဖတပလအဖွဲ့ချုပ်မှ ကြီးမှူးပြုလုပ်သည့် လူထုအစည်းအဝေးပွဲကြီး ကျင်းပခဲ့သည်။

စည်းဝေးပွဲသို့ ဖတပလ ကိုယ်စားလှယ်များ နှင့် လူထုပရိသတ်တစ်သိန်းကျော် တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိအ ဖြစ် ဆောင်ရွက်ခဲ့သည်။ စည်းဝေးပွဲမှ ဗြိတိသျှအစိုးရ၏ စက္ကူဖြူစီမံကိန်းကိုကန့်ကွက်ကာ မြန်မာပြည်အား လွတ်လပ်ရေး ပေးရန် တောင်းဆို ကြေညာခဲ့သည်။

Cover

ဖတပလ အဖွဲ့ကြီးသည် နိုင်ငံရေး ဂိုဏ်းပေါင်းစုံ စုဝေးပါဝင်သော အဖွဲ့ချုပ်ကြီး ဖြစ်လာပြီး ဖတပလ၏ နေသူရိန်ညီလာခံကြီးသည်လည်း ဗြိတိသျှနယ်ချဲ့ အစိုးရအား များ စွာ တုန်လှုပ်ချောက်ချားစေခဲ့သည်။ သမိုင်းဝင် ညီလာခံ ဖြစ်ခဲ့သည်။

၁၉၄၅၊ သြဂုတုတ် ၂၇၊ ဖတပလအဖွဲ့ ချုပ်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ မှသီဟိုဠ်ကျွန်း (သီရိလင်္ကာ) ကန္ဒီမြို့တွင် အရှေ့တောင်အာရှဒေသဆိုင်ရာ မဟာမိတ်တပ်များ ၏ စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်နှင့် မဟာမိတ်တပ်များ ၏ စစ်သေနာပတိချုပ်လော့ဒ်မောင့်ဘက်တန်နှင့် မျိုးချစ်ဗမာ့တပ်မတော် ကိစ္စကို တွေ့ ဆုံဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေး ကို သဘောတူကြောင်း ဆုံးဖြတ်ပြီး အဖွဲ့ဝင် (၁၁) ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ ကို ရွေးချယ်ကြသည်။

သြဂုတုတုတ် ၂၉၊ မြို့တော် ခန်းမ၌ ကျင်းပသည့် အရှေ့ နှင့် အနောက်အသင်းအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

စက်တင်ဘာလ ၁၊ ဖတပလအဖွဲ့ချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကအဖွဲ့ချုပ်လုပ်ငန်းများ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

စက်တင်ဘာ ၂၊ ဂျပန်တို့ လက်နက်ချကြောင်း စာချုပ်ကိုအမေရိကန် စစ်သင်္ဘော ''မစ်ဆူရီ''အပေါ်၌ တရားဝင်လက်မှတ်ရေး ထိုးလိုက်သဖြင့် ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅) တရားဝင် ပြီးဆုံးသွားခဲ့လေသည်။

စက်တင်ဘာ ၄၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့်အဖွဲ့ဝင် (၁၁) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် လော့ဒ်မောင့်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက်တည်တံ့ရေး ဆွေးနွေးရန် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ကန္ဒီမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည်။

Cover

၁၉၄၅ စက်တင်ဘာ ၅၊ ကာလကတ္တားမြို့(ယခုကိုးကာတ)တွင် ညအိပ်ရပ်နားပြီးနောက် မြန်မာကိုယ်စားလှယ်အဖွဲ့ ကန္ဒီမြို့သို့ ဆိုက်ရောက်ခဲ့သည်။

စက်တင်ဘာ ၇၊ မျိုးချစ်ဗမာ့တပ်မတော် အမြဲတမ်းဗမာ့တပ်မတော် အ ဖြစ် ဖွဲ့စည်းနိုင်ရေး အတွက် သမိုင်းဝင် ''ကန္ဒီ''သဘောတူညီချက် စာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် မောင့်ဘက်တန်တို့ လက်မှတ်ရေး ထိုးခဲ့ကြသည်။

စက်တင်ဘာ ၈၊ ကန္ဒီမြို့တွင် မောင့်ဘက်တန်နှင့် ဘုရင်ခံဆာဒေါ်မန်စမစ်တို့ တွေ့ ဆုံဆွေးနွေးပြီး မြန်မာပြည်တွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းရန် သဘောတူခဲ့သည်။

စက်တင်ဘာ ၉၊ ကန္ဒီမြို့ မှ မြန်မာကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။

စက်တင်ဘာ ၁၆၊ မျိုးချစ်ဗမာ့တပ်မတော် နှင့် ဗြိတိသျှတို့ဘက်မှ နှစ် ဖက်ကိုယ်စားလှယ်များ ပါဝင်သည့် နှစ် ဦးစပ်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပသည်။

၁၉၄၅ စက်တင်ဘာ ၁၉၊ နှစ် ဦးစပ်အဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပခဲ့သည်။

စက်တင်ဘာ ၂၁၊ မြန်မာ ၊တရုပ်သွေးစည်းရုံးရေး နှင့် ရေး ကောင်းမွန်စေရန်အတွက် တရုတ်ပြည်မှ ရောက်လာသော မေဂျာလီအား မိတ်ဆက်ဧည့်ခံပွဲ ပြုလုပ်ရာသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားနိုင်ငံရေး ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

အောက်တိုဘာ ၁၊ ''စက္ကူဖြူစီမံကိန်း အလိုမရှိ'' ဟူ၍ ကြွေးကြော် ဆန္ဒပြခဲ့သော အလုပ်သမားထု အင်အားပြပွဲကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားသည်။

အောက်တိုဘာ ၁၅၊ ဗြိတိသျှအစိုးရက မြန်မာပြည် စစ်အုပ်ချုပ်ရေး ကို ရုပ်သိမ်းခဲ့သည်။

အောက်တိုဘာ ၁၆၊ မြန်မာပြည်ဘုရင်ခံ ဆာတော် မန်စမစ်သည်ကလီယိုပက်ထရာသင်္ဘောဖြင့် ရန်ကုန်မြို့သို့ ပြန်ရောက်ရှိလာခဲ့သည်။ ဘုရင်ခံနှင့် အတူ စစ်ပြေး ''ဆင်းမလား အစိုးရအဖွဲ့''လည်း ပါလာခဲ့သည်။

မြန်မာပြည်အုပ်ချုပ်ရေး ကို စစ်သေနာပတိချုပ် မောင့်ဘက်တန်မှ မြန်မာပြည်ဘုရင်ခံ ဒေါ်မန်စမစ်က လွှဲပြောင်းယူခဲ့သည်။

အောက်တိုဘာ ၁၉၊ ညနေတွင် ဘုရင်ခံ၏ အမှု ဆောင်ကောင်စီတွင် ဖတပလအဖွဲ့ချုပ်မှ ခေါင်းဆောင်များ ပါဝင်ကြရန် ဗိုလ်ချုပ်အောင်ဆန်းကို ဖိတ်ခေါ်ဆွေးနွေးသည်။

အောက်တ်တိုဘုဘာ ၂၃၊ မျိုးချစ်ဗမာ့တပ်မတော် နိုင်ငံရေး နှင့် မသက်ဆိုင်တော့သဖြင့် ဖတပလအဖွဲ့ချုပ်မှ နုတ်ထွက်ခဲ့သည်။

- ဖတပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက ကြေညာချက် ထုတ်ပြန်ကာ ဖတပလအဖွဲ့ချုပ် ရန်ပုံငွေအတွက် မြန်မာတစ်မျိုးသားလုံးက တတ်စွမ်းနိုင်သမျှ ကူညီထည့်ဝင်ကြရန်တိုက်တွန်းခဲ့သည်။

အောက်တိုဘာ ၁၇၊ အသစ်ဖွဲ့  စည်းထားသော ဗမာ့တပ်မတော် တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် လက်ထောက်စစ်ဆေးရေး အရာရှိချုပ် ရာထူး ကမ်းလှမ်းသည်ကို ငြင်းပယ်ကာ မျိုးချစ်ဗမာ့တပ်မတော် ၏ ဗိုလ်ချုပ်ရာထူးမှ ဗိုလ်ချုပ်အောင်ဆန်း နုတ်ထွက်ပြီး နိုင်ငံရေး နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။

နံနက်ပိုင်း ဖတပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံ၏ အမှု ဆောင်ကောင်စီတွင် ဖတပလ ခေါင်းဆောင်များ မပါဝင်ရတော့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

၁၉၄၅ အောက်တိုဘာ ၂၉၊ ညနေ ၄ နာရီခွဲတွင် ဖတပလဌာနချုပ်၌ သတင်းစာ ရှင်းလင်းပွဲ ထပ်မံပြုလုပ်ရာ ဗိုလ်ချုပ်အောင်ဆန်းက ရှင်းလင်းပြောကြားသည်။

အောက်တိုဘာ ၃ဝ၊ ဘုရင်ခံသည် စက္ကူဖြူအစိုးရအဖွဲ့ကိုစတင် ဖွဲ့စည်းသည်။

နိုဝင်ဘာ ၁၊ ဘုရင်ခံ စက္ကူဖြူအစိုးရ အမှု ဆောင်ဝန်ကြီးအဖွဲ့ များ မှာ အောက်ပါအတိုင်း ဖြစ်သည်။

Cover

အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အ ဖြစ် ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်မြို့မှ စတင်ခရီးထွက်ခွာခဲ့သည်။

၁၉၄၅ နိုဝင်ဘာ ၄၊ မန္တလေးမြို့ရှိ ဆရာတော် ၊ သံဃာတော် များ ၊နိုင်ငံရေး ခေါင်းဆောင်များ နှင့် ဗိုလ်ချုပ်အောင်ဆန်း ဆွေးနွေးတိုင်ပင်သည်။

နိုဝင်ဘာ ၅၊ မန္တလေးမြို့၊ နေသူရိန်ရုံကြီးတွင် ကျင်းပသည့်လူထုအစည်းအဝေးပွဲသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်မိန့်ခွန်းပြောကြားရာ လူထု ၅ဝဝဝ ကျော် တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၁၅၊ ဗိုလ်ချုပ်အောင်ဆန်း အထက်မြန်မာပြည်စည်းရုံးရေး ခရီးစဉ်မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

နိုဝင်ဘာ ၁၆၊ မြန်မာပြည်ဘုရင်ခံ ဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဘေတို့ကို အစိုးရအိမ်တော် သို့ ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။

နိုဝင်ဘာ ၁၈၊ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးပွဲကြီးတွင် ဖတပလဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက 'သတ္တိရှိလျှင် ရွေးကောက်ပွဲ လုပ်ကြရအောင်'ဟု မိန့်ကြားခဲ့သည်။

ဒီဇင်ဘာ ၁၊ ပြည်သူ့ ရဲဘော်တပ်ဖွဲ့ များ ကို စတင်ဖွဲ့ စည်း တည်ထောင်ခဲ့သည်။

ပြည်သူ့ရဲဘော်တပ်ဖွဲ့က ရည်မှန်းချက်များ နှင့် ပတ်သက်၍ ပြည်သူ့ရဲဘော်တပ်ဖွဲ့၏ ဖွဲ့စည်းပုံအုပ်ချုပ်ပုံဥပဒေ အခန်း ၁၊အပိုဒ် ၂ တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

(က) အကြောင်းအမျိုးမျိုးကြောင့် ဗမာ့တပ်မတော် တွင် ဆက်လက် တာဝန်ထမ်းဆောင်နိုင်စွမ်း မရှိကြသော မျိုးချစ် ဗမာ့တပ်မတော် သားဟောင်း စုစည်းရန်၊ ဆက်သွယ်ရန်၊ တရားဝင်သော နည်းလမ်းအားဖြင့် မြန်မာပြည် လုံးဝလွတ်လပ်ရေး ဟူသော အခြေခံရည်မှန်းချက်ကို မျက်ခြေမပြတ် အာရုံစိုက်ရန်။

(ခ) မျိုးချစ်ဗမာ့တပ်မတော် သားဟောင်းများ တတ်ကျွမ်းသော အခြေခံ စစ်ရေး လေ့ကျင့်ခန်းများ ကို လျစ်လျူရှုမထားဘဲ အာရုံစိုက်ရန်၊ စစ်ရေး လေ့ကျင့်ခန်းများ ကို သင်ယူရန် ဆန္ဒလည်းရှိ၊စိတ်လည်းဝင်စားသော တိုင်းရင်းသားများ အား သင်ကြားပေးရန်။

(ဂ) ယေဘုယျအားဖြင့် ပြည်တွင်း၌ ရာဇဝတ်မှု နှိပ်ကွပ်ရေး နှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး တွင် အစိုးရအာဏာပိုင်များ ၊အခြားအဖွဲ့အစည်းများ ပြည်သူများ နှင့် ဆောင်ရွက်ရန်။

(ဃ) ယေဘုယျအားဖြင့် လူမှု ဝန်ထမ်းလုပ်ငန်းများ ကို တစ်ဆင့်ပြီးတစ်ဆင့် ပြည်သူ့အကျိုးစီးပွားအတွက် ဆောင်ရွက်ရန်။

(င) လွတ်လပ်သော မြန်မာနိုင်ငံ ဖြစ်လာသော အခါ အခြေခံစစ်ပညာကျွမ်းကျင်ပြီးသော စစ်သားများ ရရှိရန် ဖွဲ့စည်းပြီးသော ဗမာ့တပ်မတော် ကို တဖြည်းဖြည်း တိုးချဲ့သည့်အခါ ဖြစ်စေ၊ နယ်မြေဒေသ လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းရာတွင် ဖြစ်စေ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အနေဖြင့် လိုအပ်သော စစ်သားများ ကို ဖြည့်ဆည်းပေးရန်။

(စ) အနာဂတ် မြန်မာနိုင်ငံကာကွယ်ရေး အတွက် အမြဲတမ်းတပ်မတော် တစ်ခုတည်းနှင့် လုံလောက်မည် မဟုတ်ပေ။ပြည်သူတို့၏ လူတန်းစားပေါင်းစုံ ပါဝင်သည့် တပ်မတော် တစ်ရပ် လိုအပ်ပေသည်။ ထို့ကြောင့် ယခုအချိန်မှစ၍ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူတန်းစားမရွေး ပါဝင်သည့် ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို စည်းရုံးဖွဲ့စည်းရန်။

(ဆ) ဗမာ့တပ်မတော် သစ်အတွက် စစ်သား စုဆောင်းရာတွင် မပါဝင်သော မျိုးချစ်ဗမာ့တပ်မတော် သားဟောင်းများ ကို စုစည်း၍ လိုအပ်သော အကူအညီပေးရန်။

(ဇ) ခရိုင်အသီးသီးရှိ ဆင်းရဲကျပ်တည်းနေသော ၊ ဒုက္ခရောက်နေသော ၊ ပင်ပန်းနေသော မျိုးချစ်ဗမာ့တပ်မတော် သားဟောင်းများ ကို ကာကွယ်စောင့်ရှောက်ရန်။

(ဈ) တိုက်ပွဲတွင် ကျဆုံးသွားသော (သို့ မဟုတ်) တိုက်ပွဲတွင် ဒဏ်ရာရ၍ မသန်မစွမ်း ဖြစ်နေသော မျိုးချစ်ဗမာ့တပ်မတော် သားတို့၏ အိမ်ထောင်စုများ နှင့် မှီခိုသူများ ကို ကာကွယ်စောင့်ရှောက်အကူအညီပေးရန်၊ သူတို့ရထိုက်သည့် အခွင့်အရေး အလုံးစုံကို ရရှိရေး အတွက် ကူညီရန်ဟူ၍ ဖြစ်သည်။

ပြည်သူ့ရဲဘော်တပ်ဖွဲ့၏ ကြွေးကြော်သံမှာ -

''တိုပြည်သည် ပြည်သူ့ ရဲဘော်တွေ မတွက် မ ဖြစ်စေရ၊ရဲဘော်သည်တိုင်းပြည်အတွက် ဖြစ်ရမည် '' ဟူ၍ူ ဖြစ်သည်။

Cover

၁၉၄၅ ဒီဇင်ဘာ ၂၆၊ ဖက်ဆစ်တိုက်ဖျက်ရေး ၊ ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်(ဖတပလ)ကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) (Anti-Fascist and People'sFreedom League-A.F.P.F.L) ဟု ပြောင်းလဲခေါ်ဝေါ်သုံးစွဲရန် ကြေညာချက် ထုတ်ပြန်သည်။

၁၉၄၅ ဒီဇင်ဘာ ၂၉၊ ဖဆပလ ဥက္ကဋ္ဌဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လန်ဒန်သို့ သွား၍ မြန်မာ့လွတ်လပ်ရေး အတွက် အရေး ဆိုမည့် ဖဆပလကိုယ်စားလှယ်အဖွဲ့ ရန်ပုံငွေအတွက် အလှူငွေကောက်ခံရန် ရန်ကုန်မြို့တွင်းသို့ လှည့်လည်ခဲ့သည်။

ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဖဆပလ ကိုယ်စားလှယ်အဖွဲ့လန်ဒန်သွားရောက်ပြီး ဆွေးနွေးမည့် ကိစ္စကို ပယ်ချခဲ့သည်။

၁၉၄၆ ဇန်န်နဝါရီ ၁၇၊ ဖဆပလအဖွဲ့ ကြီး ပထမဆုံးအကြိမ်ပြည်လုံးကျွတ် ညီလာခံကြီးကို ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပရာ ကိုယ်စားလှယ်ပေါင်း တစ်သိန်းကျော် တက်ရောက်ခဲ့သည်။

ညီလာခံတွင် သဘာပတိအ ဖြစ် ဗိုလ်ချုပ်အောင်ဆန်းကဆောင်ရွက်ခဲ့သည်။

ညီလာခံသို့ ပါတီအဖွဲ့အစည်းပေါင်းစုံ ၁၅ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အဖွဲ့ကြီးကို တပ်ပေါင်းစုကြီးအသွင် ဖွဲ့စည်းခဲ့ရာ တပ်ပေါင်းစုကြီးတွင် -

Cover

ညီလာခံမှ ဆုံးဖြတ်ချက် (၁၆) ချက် ချမှတ်ခဲ့ရာ စက္ကူဖြူစီမံကိန်းကို ဆန့်ကျင်ကြောင်း တိုင်းပြု ပြည်ပြု လွှတ်တော် ကို တောင်းဆိုခဲ့ကြောင်း၊ လွတ်လပ်ရေး မရမီ ကြားကာလယာယီအစိုးရ ဖွဲ့စည်းပေးရန် တောင်းဆိုကြောင်း၊ ပြည်နယ်ပြည်မ ပေါင်းစည်းပေးသင့်ကြောင်း စသည်တို့ ပါဝင်ခဲ့သည်။

- လွတ်လပ်ရေး တိုက်ပွဲနှင့် ဖက်ဆစ်တော် လှန်ရေး တိုက်ပွဲများ တွင် ကျဆုံးခဲ့ရရှာသော အာဇာနည်များ အထိမ်းအမှတ်ယာယီကျောက်တိုင်စိုက်ထူပွဲ အခမ်းအနားကို ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ ကုန်းမြေ၌ ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းတက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက-

''ယနေ့ကျင်းပသော ပွဲမှာ မြန်မာပြည် လွတ်လပ်ရေး အတွက် တိုက်ခိုက်ရာတွင် ကျဆုံးသော ရဲဘော်များ ကို ရည်စူး၍ ချီးကျူးသည့် အထိမ်းအမှတ်ပွဲ ဖြစ်ကြောင်း၊ ထိုရဲဘော်များ ကို တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်ကြသည်ကိုအများ သိပြီး ဖြစ်ကြောင်း၊ ဤနေရာတွင် စုရုံး၍ အရိုအသေပြုရုံမျှဖြင့် ကျဆုံးသော ရဲဘော်များ ကို ချီးကျူးရာ ရောက်မည် မဟုတ်ကြောင်း၊ တကယ် ချီးကျူးရာရောက်အောင် ¤င်းရဲဘော်များ သွေးနှင့် စိုက်ပျိုးထားခဲ့သည့် လွတ်လပ်ရေး ပန်းပင်ကိုကျွန်တော် တို့က အစဉ်တစ်စိုက် မြေတောင်မြှောက်ပေးပြီးပေါင်းသင်ပေးရန်လိုကြောင်း ဒီလို ဆက်လက်ပြီး ကြိုးပမ်းလုပ်ကိုင်ကျမှ တကယ်ချီးကျူးရာ ရောက်မည် ဖြစ်ကြောင်း၊ ကျဆုံးသူများ ကို အမြဲအမှတ်ရနေပြီး တိုင်းပြည်နှင့် လူမျိုး အကျိုးရှိမည့် အလုပ်ကို လုပ်ကြရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေး ကိုတညီတညွတ်တည်း ရှေးရှုလုပ်ကိုင်ကြရမည် ဖြစ်ကြောင်း၊ ဤကဲ့သို့ မလုပ်နိုင်ကြလျှင် ကျဆုံးသူရဲဘော်များ ကို သစ္စာဖောက်သည်သာမက တိုင်းပြည်ကိုပါ သစ္စာဖောက်ရာ ရောက်နေမည် ဖြစ်ကြောင်း၊ ဗိုလ်ဗထူး၏ လုပ်ရည်ကိုင်ရည်နှင့် သူရသတ္တိကို အတွင်းသိသူတိုင်း မချီးကျူးဘဲ မနေနိုင်ကြောင်း၊ ယခုသူသာရှိနေလျှင် ဗမာ့တပ်မတော် မှာ ပထမတန်း စစ်ခေါင်းဆောင် ဖြစ်နိုင်ကြောင်း၊ ဂျပန်များ ရှိစဉ်ကလည်း သူ၏ စွမ်းရည်သတ္တိကို ချီးကျူးကြရကြောင်း၊ တော် လှန်ရေး တိုက်ပွဲများ တွင် တွဲ ဖက်လုပ်ကိုင်ကြသော ဗြိတိသျှစစ်ဗိုလ်များ ကလည်း သူ့ကိုအထူးချီးကျူးကြရကြောင်း၊ ၁၄ နံပါတ် တပ်မတော် မှ ဗိုလ်ချုပ်ဆာဝီလျံစလင်းကိုယ်တိုင် ချီးကျူးသည်ကို ခံရကြောင်း၊ ကျဆုံးသွားသူများ တွင် သူနှင့် အလားတူသူ မည် မျှ ပါဝင်သည်ကိုမပြောနိုင်ကြောင်း၊ ဒါကြောင့် စစ် ဖြစ်ခြင်းသည် ကမ္ဘာ၏ အစို့ အညှောက် ဖြစ်သည့် လူငယ်များ စွာ သေကြေရကြောင်း၊စစ်ပြီး၍ ငြိမ်းချမ်းရေး အစစ်ကို ရအောင်မလုပ်နိုင်လျှင် သူရဲကောင်းများ ကို သစ္စာဖောက်ရာသာ ကျမည် ဖြစ်ကြောင်း''စသည်ဖြင့် မိန့်ကြားခဲ့သည်။

၁၉၄၆ ဇန်န်ဝါရီ ၁၉၊ ဘုရင်ခံ၏ ဖိတ်ကြားချက်အရ အစိုးရအိမ်တော် တွင် ဘုရင်ခံကို ဗိုလ်ချုပ်အောင်ဆန်း သွားရောက် တွေ့ ဆုံဆွေးနွေးခဲ့သည်။

ဇန်နဝါရီ ၂ဝ၊ ဖဆပလ အလယ်ပစ္စယံညီလာခံ စတုတ္ထနေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက-

''အမျိုးသားရေး ၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ဆက်သွယ်ရေး ၊စီးပွားရေး ၊ နိုင်ငံရေး ၊ ကြီးပွားရေး ၊ ယဉ်ကျေးရေး ၊ ဘာသာရေး ၊အကျင့်ကောင်းရေး စသော ထိုထိုသော အရေး တို့သည် စင်စစ်မှာ ဤရောထွေးယှက်သန်းလျက်ရှိသော ကမ္ဘာ့ပြဿနာကြီး၏ အစိတ်အပိုင်းများ သာ ဖြစ်သည့်အားလျော်စွာ ခေတ်ကာလနှင့် လိုက်၍ အစဉ်တစိုက် သဘောသဏ္ဌာန် ပြောင်းလဲလျက်ရှိကြပေမည် ။ သို့ ပြောင်းလဲလျက် ရှိသော ကြောင့် ကျွန်ုပ်တို့သည် ဤအရေး ဤကိစ္စများ ကို အသီးသီး အသသ တစ်ခုနှင့် တစ်ခု မဆိုင်ဘိသကဲ့သို့ စဉ်းစားခြင်းငှာ မ ဖြစ်နိုင်တော့ချေ။ဤအရေး ဤကိစ္စများ ကို ဥသုံ အလုံးစုံကို ဆင်ခြင်စဉ်းစားသော အခါ၌ လည်း ကျွန်ုပ်တို့သည် ခေတ်မမီသော အတွေးအဆ၊ ခေတ်နောက်ကျန်ရစ်ခဲ့သော ဥပဒေတို့ကို လှေနံဓားထစ်လိုက်နာခြင်းငှာ မ ဖြစ်နိုင်တော့ချေ။ ကျွန်ုပ်တို့နိုင်ငံတွင် ယခုအချိန်အခါ၌ ခေတ်ပြောင်းခေတ်လွဲရှိကြောင်း အငြင်းမထွက်ဘဲလျက် သဲသဲမည်းမည်း ရှေးက အတွေးအဆ ရှိသူများ ရှိကြသေး၏ ။ အချို့သော သူများ သည် ယခုထက်ထိပင် ယုတ်မာ ညစ်ထေး ရှေးက နိုင်ငံရေး မျိုးကို သိလျက်နှင့် ဖြစ်စေ၊မသိဘဲလျက်နှင့် ဖြစ်စေ လိုက်စားလျက် ရှိကြသေး၏ ။

နိုင်ငံရေး မည် သည် ယုတ်မာ ညစ်ထေးသည် ဆိုရမည် သော ။ စင်စစ်မှာ နိုင်ငံရေး သည် ယုတ်မာ ညစ်ထေးသည်မဟုတ်။ နိုင်ငံရေး ကို ညစ်ထေးအောင် လုပ်သူတို့သာလျှင်ယုတ်မာခြင်းသာ ဖြစ်ပေ၏ ။ နိုင်ငံရေး ဆိုတာ ဘာလဲဟု မေးဖွယ်ရာ ရှိပြန်၏ ။ ကျွန်ုပ်တို့သည် သာမန်ပုထုဇဉ်များ ဖြစ်သော ကြောင့် နိုင်ငံရေး ကို မလုပ်သင့်၊ နိုင်ငံရေး သည် အလွန်မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ လေးမြတ်စွာ မျှော်ရှုရန်သာလျှင် ရှိသည်ဟု ဆိုရမည် သော ။ သို့ တည်းမဟုတ်နိုင်ငံရေး ဆိုသည်မှာ အချို့သော လူညာလူလိမ်တို့က တောအုံကနား ကျေးတောသား လူရိုးလူအတို့အား အတိတ်၊ တပေါင်၊စနည်း၊ ဘဝေါတို့ကို တွင် တွင် ကြီး ဟောပြော၍ ထိုသူတို့၏ မနောအကြိုက်ကို လိုက်၍ အငိုက်ကို ဖမ်းပြီးနောက် စားပေါက်ထွင်ကြသည့်ကိစ္စဟု ဆိုရမည် လော။ သို့ တည်းမဟုတ် နိုင်ငံရေး သည် ကန္တာရခရီးပမာ ကြောက်မက်ဖွယ်သော အန္တရာယ်များ စွာ ရှိသော အရေး ကိစ္စ ဖြစ်သော ကြောင့် ကျွန်ုပ်တို့သည်တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည် သော ။ သို့ တည်းမဟုတ် နိုင်ငံရေး သည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း အမျိုး၊ ဘာသာ၊ သာသနာရေး ဟူ၍ ပင် ဆိုရဦးမည် သော ။

နိုင်ငံရေး သဘောအမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်း မဟုတ်၊ နိမ့်ကျလွန်းသည်လည်း မဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရတ်လည်း မဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တာရခရီးလည်း မဟုတ်။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့် လုပ်သော အရေး ကိစ္စလည်း မဟုတ်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက် ဖြစ်ပွားလျက်ရှိသော အခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည် ဖြစ်သော အရေး ကိစ္စသာလျှင် ဖြစ်ပေ၏ ။ တစ်နည်းအားဖြင့် ဆိုသော နိုင်ငံရေး ဆိုသည်မှာ လူ့ကိစ္စဟုဆိုရပေမည် ။ ကျွန်ုပ်တို့ စားမှု ၊ သောက်မှု ၊ နေမှု ၊ ထိုင်မှု ၊သွားမှု ၊ လာမှု အစုစုသည် နိုင်ငံရေး ပင် ဖြစ်၏ ။ ကျွန်ုပ်တို့သည်ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏ ။ ကျွန်ုပ်တို့သည်နိုင်ငံရေး ကို ရှောင်ရှားစေကာမူ နိုင်ငံရေး သည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက်လျက် ရှိ၏ ။ဤနေရာဌာနများ ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့် အမျှ နိုင်ငံရေး ကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏ ။ တောင်သူလယ်သမားသည် ဝမ်းစာအတွက် လယ်ယာလုပ်ရ၏ ။ စာရေး စာချီ အမှု ထမ်းသည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏ ။ ကုန်သည်ပွဲစားစသည်တို့သည် အသီးသီး ဝင်ငွေရရန် လုပ်ကြရ၏ ။ အချုပ်မှာ စားသောက်နေထိုင်ရေး အတွက်ပင် ဖြစ်၏ ။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်၍ ရပြီးလျှင် စားသာသောက်သာ အခြေအနေ ရလို၏ ။ တောင်သူလယ်သမားသည် မိမိ၏ လယ်မြေကို တိုးတက်ကောင်းမွန်စေ၍ သက်သာချောင်ချိလို၏ ။ စာရေး စာချီ အမှု ထမ်းတို့သည်လည်း ရုံး၌ တကုတ်ကုတ်လုပ်နေရသော ဘဝထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေအနေသို့ ရောက်လိုကြ၏ ။ ကုန်သည်ပွဲစားတို့လည်း လွယ်လွယ်ကူကူ တိုးချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ၏ ။ ဤကဲ့သို့ လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေး ကိုရယူလိုခြင်းသည် နိုင်ငံရေး ပင် ဖြစ်၏ ။

''ရာဇဝင်ကြောင်းကို ပြန်ပြောင်း၍ ကြည့်ရှုမှု ၊ အမျိုးဘာသာသာသနာတို့သည် တည်တံ့၍ မနေ၊ ရောနှောပျံ့နှံ့လျက်ရှိလေသည်။ ဘယ်နိုင်ငံတွင် မှ လူမျိုးတစ်မျိုးတည်း မရှိချေ။လူမျိုးတစ်မျိုးတွင် လည်း အမျိုးမျိုးသော ဘာသာတရားတို့ကိုအားထား ယုံကြည်မှု ရှိကြပြန်လေသည်။ ဥပမာအားဖြင့် အမေရိကန်နှင့် ဗြိတိသျှတို့သည် ဘာသာစကားတူ၏ ။ လူမျိုးတစ်စုတည်း မဟုတ်ချေ။ ဆိုဗီယက် ရုရှားမူကား လူမျိုးချင်းတူ။ ဘာသာစကားချင်းမတူကြချေ။ သို့ ဖြစ်ရကား လူမျိုးဆိုသည်မှာ သုခဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ် ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို အစုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေး ထားရမည် ဖြစ်သော်လည်း စင်စစ်မှာ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက် နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနုရက္ခိတ တရားသည် တည်နေပေ၏ ''

''အကျွန်ုပ်တို့၏ အချိန်ကို ရွေး၍ ကျွန်ုပ်တို့လူထု မကြိုးပမ်းသင့်သော နေရာတွင် မကြိုးပမ်းစေဘဲ ဖြောင့်ဖြောင့်တန်းတန်း လွတ်လပ်ရေး ပန်းတိုင်လမ်းသို့ ဆက်လက်ချီတက်မည် ။ကျွန်ုပ်တို့သည် လွတ်လပ်ရေး ရစေရန် ကြိုးစားရာတွင် ကျွန်ုပ်တို့သည် သတိပြုရမည် မှာ လွတ်လပ်ရေး သည် အကျိုးတရားမဟုတ်၊ လွတ်လပ်ရေး သည် ကျွန်ုပ်တို့၏ ဆန္ဒအတိုင်း ကျွန်ုပ်တို့ ကံကြမ္မာကို ဖန်တီးနိုင်သော အကြောင်းတရားသာ ဖြစ်ချေသည်။ ကျွန်ုပ်တို့၏ လွတ်လပ်ရေး ကို ဟန်ပြအနေနှင့် အလိုမရှိ။ ကျွန်ုပ်ကိုယ်တိုင် တန်ခိုးအာဏာ အခွင့်အရေး မရှိသော (ဝါ) အနှစ် မရှိ အကာအထိသာ ဖြစ်သော လွတ်လပ်ရေး ကိုကျွန်ုပ်ကိုယ်တိုင် ကြုံတွေ့ ဖူးသည် ဖြစ်၍ ၄င်းလွတ်လပ်ရေး အတုမျိုးအတွက် ကျွန်ုပ်တို့ ထပ်မံကြိုးပမ်းလိမ့်မည် မဟုတ်ချေ''

''ရဲဘော်တို့ အကျွန်ုပ်တို့၏ အဓိကရည်ရွယ်ချက်သည်ကျွန်ုပ်တို့ အမျိုးသားတို့၏ ကံကြမ္မာကို ကျွန်ုပ်တို့ကိုယ်တိုင်ဖန်တီးနိုင်သော အခွင့်အရေး ကို ရယူရန် ဖြစ်ပေသည်'' ဟူ၍ မိန့်ကြားသွားလေသည်။

- ဖဆပလ ညီလာခံကို ပြည်သူ့ထောက်ခံပွဲ လူထုအစည်းအဝေးပွဲများ ပြုလုပ်ရာ လူထု သိန်းနှင့် ချီ၍ တက်ရောက်စုဝေးခဲ့သည်။

၁၉၄၆ ဇန်နဝါရီ ၂၃၊ဖဆပလလူထု ညီလာခံကြီးတွင် ''အမျိုးသားညီညွတ်ရေး '' အဆိုကို ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းခဲ့သည်။

ဖေဖော်ဝ်ဝါရီ ၁၃၊ ရန်ကုန်မြို့  ကြည့်မြင်တိုင်ရပ်၊ဦးလူနီလမ်း၊အမှတ် (၂) ရှိ ကရင်ဗဟိုအဖွဲ့ချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင်များ နှင့် ကရင်ဗဟိုအဖွဲ့ချုပ် ခေါင်းဆောင်များ တွေ့ ဆုံဆွေးနွေးကြရာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့သည်။

မတ် ၄၊ ရခိုင်ပြည် စည်းရုံးရေး ခရီးစဉ်အတွက် ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်မြို့မှ စတင်ထွက်ခွာသွားခဲ့သည်။

မတ် ၂၁၊ ဘုရင်ခံ ဥပဒေပြုလွှတ်တော် စည်းဝေးပွဲတွင် သခင်ထွန်းအုပ်က မြန်မာပြည်ကို ဂျပန်အဝင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လူသတ်မှု ကျူးလွန်ကြောင်း စွပ်စွဲပြောကြားသည်။

၁၉၄၆ မတ် ၂၆၊ နံနက် ၉ နာရီခွဲတွင် သတင်းစာကွန်ဖရင့် ကျင်းပ၍ ရခိုင်ပြည် အခြေအနေကို ဗိုလ်ချုပ်အောင်ဆန်းက ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယပြည် ကွန်ဂရက်ပါတီခေါင်းဆောင်ကြီး ပဏ္ဍစ်နေရူးနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့စထရင်းဟိုတယ်၌ ၂ နာရီကြာ တွေ့ ဆုံဆွေးနွေးခဲ့သည်။

မတ် ၂၇၊ ဖက်ဆစ်တော် လှန်ရေး ပထမနှစ် ပတ်လည်နေ့အခမ်းအနားကို ကန်တော် မင်ပန်းခြံ (ယခု ကန်တော် မင်္ဂလာပန်းခြံ)၌ ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းက ''ငါတို့ သွေးအနီပြိုင်ခဲ့သော နေ့'' ဟူသော ခေါင်းစီးဖြင့် မိန့်ခွန်းပြောကြားသည်။

- အစိုးရအိမ်တော် ၌ ကျင်းပသော အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းအား လူသတ်မှု ဖြင့် ဖမ်းဆီးရန် ဆွေးနွေးခဲ့ကြသည်။

ဧပြီ ၆၊ ဗိုလ်ချုပ်အောင်ဆန်းက ''ကျွန်ုပ်၏ လိပ်ပြာမှာ အမြဲသန့်ရှင်းလျက်'' ဟူသော ခေါင်းစဉ်ဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ သူ့အပေါ် လူသတ်မှု ဖြင့် စွပ်စွဲချက်ပြန်လည် ချေပခဲ့သည်။

ဧပြီ ၈၊ ၁၉၄၂ ခု ဂျပန်အဝင်ကာလ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းရွာသူကြီးအား အင်္ဂလိပ်သူလျှိုလုပ်မှု ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက မုတ္တမမြို့၊ ဘောလုံးကွင်းမှာ လှံစွပ်ဖြင့် ထိုး၍ သတ်ခဲ့ကြောင်း ကျန်ရစ်သူဇနီး ဖြစ်သူ၏ ဗြိတိသျှအစိုးရထံ တိုင်ကြားစာ ထွက်ပေါ်လာခဲ့သည်။

ဧပြီ ၂၉၊ နံနက် ၁၁ နာရီခွဲတွင် ကန်တော် ကလေး မြူနီစပယ်ကျောင်းတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တက်၍ မိန့်ခွန်းပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းက-

''ဗမာပြည် ဗမာတိုင်း၏ အစည်းအဝေးတိုင်းတွင် အချိန်မမှန်ကြသည်ကို တွေ့ ရကြောင်း၊ ဤကဲ့သို့ ဖြစ်ရခြင်းမှာ လည်းကျွန်ုပ်နိုင်ငံ ဖြစ်နေသည့်အတွက် ပညာရေး စနစ် ညံ့ဖျင်းခဲ့ရာအချိန်နှင့် စည်းကမ်းကို ရိုသေရမည့် အလေ့အထများ ၊ အသိဉာဏ်များ မဝင်စားခဲ့ကြရကြောင်း၊ စည်းကမ်းစနစ်ကို လူတိုင်းသဘောပေါက်၍ လိုက်နာခြင်းသည် လွတ်လပ်သော တိုင်းပြည်နှင့် ကောင်းသော ပညာရေး စနစ်များ ထွန်းကားသည့်တိုင်းပြည်များ တွင် သာ ရှိကြောင်း၊ ဗမာပြည်မှာ တော့ အရင်းစစ်အမြစ်မြေက ဆိုသကဲ့သို့ ဗမာတစ်ပြည်လုံး ကျွန် ဖြစ်သည့်နေ့ကစ၍ ဗမာ့ပညာရေး ဆုတ်ယုတ်ခဲ့သလောက် စည်းကမ်းစနစ်သဘော နားလည်မှု များ လည်း ခေါင်းပါးခဲ့ရကြောင်း။

ဗမာရှင်ဘုရင်များ လက်ထက်က ဗမာတိုင်း ပညာရေး အထက်တန်းကျသဖြင့် စည်းကမ်းလည်း ရှိခဲ့ကြကြောင်း၊ ယခုပညာတတ်များ မဲ့၍ စည်းကမ်းများ လည်း မဲ့လာခဲ့ရာ၊ ဗမာပြည်မလွတ်လပ်၍ သာ မှတ်ယူရမည် ဖြစ်ကြောင်း ပညာရေး သည်နိုင်ငံရေး လွတ်လပ်အောင် ကြံဆောင်ကြရန် တိုက်တွန်းလိုက်ပါကြောင်း စသည်ဖြင့် မိန့်ကြားသွားသည်။

၁၉၄၆ မေ ၁၊ စစ်ပြီးခေတ် ပထမဆုံး မေဒေးနေ့ အခမ်းအနားကိုကန်တော် မင် ပန်းခြံအတွင်း၌ ကျင်းပရာ သဘာပတိအ ဖြစ်ဗိုလ်ချုပ်အောင်ဆန်းက ဆောင်ရွက်၍ ကမ္ဘာ့အလုပ်သမားနေ့မိန့်ခွန်းကို ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သဘာပတိ မိန့်ခွန်းမှာ -

''အလုပ်သမားတို့သည် သူတို့အခွင့်အရေး များ ကို တောင်းဆိုကြသော အခါ အရင်းရှင်ကြီးများ ကို တစ်နေ့လျှင် အလုပ်ချိန်ရှစ်နာရီကန့်သတ်ပေးဖို့ အလုပ်သမားများ လူတန်းစေ့နေနိုင်ဖို့ကို တောင်းဆိုကြသော အခါ အလုပ်ရှင်ကြီးများ က သူတို့ရဲ့ သွေးစုပ်ဝါဒကို ထိခိုက်တယ်ဆိုပြီး အစိုးရနှင့် ပူးပေါင်းကာအလုပ်သမားများ ကို နှိမ်နင်းခဲ့ကြကြောင်း၊ အရင်းရှင်ကြီးများ ၏ သွေးစုပ်ဝါဒမှာ သူတို့ ပြည်တွင်းမှာ လည်း သွေးစုပ်ကြတာပဲ။ ကမ္ဘာပေါ်ကိုလည်း ဖြန့်ပြီး နိုင်ငံတကာမှာ လည်းသွေးစုပ်နေကြတာပဲ။ ကမ္ဘာပေါ်မှာ လူအမျိုးမျိုး ရှိနေကြသော်လည်း ထိုလူမျိုးကို အတန်းအစား ခွဲလိုက်ရင် နှစ် မျိုးနှစ် စားသာ ရှိတယ်။ တစ်မျိုးက နှိပ်စက်ညှဉ်းပန်းခံနေတဲ့ အလုပ်သမား အတန်းအစားနဲ့ တစ်မျိုးက သွေးစုပ်နေကြတဲ့ အရင်းရှင်လူတန်းစားများ သာ ဖြစ်ကြတယ်''

''ဒါကြောင့် ဒီကနေ့ဟာ ကမ္ဘာတစ်ခုလုံး အလုပ်သမားတွေ သွေးစည်းဖို့ ကြွေးကြော်ကြတာပဲ။ အလုပ်သမားတွေ ဟာများ စွာ အဖိုးတန်တဲ့ လူတန်းစားတွေ ပဲ။ ကမ္ဘာပေါ်မှာ သွေးစုပ်ဝါဒတွေ ကြောင့် အရင်းရှင်ကြီးတွေ ဟာ ပေါင်းလို့ရတဲ့နေရာမှာ ပေါင်း၊ ပေါင်းလို့မရတဲ့နေရာကျတော့ စစ် ဖြစ်အောင် လှုံ့ဆော်ကြတာပဲ။ ကမ္ဘာ့သတင်းစာကြီးတွေ နဲ့ ဆက်သွယ်ပြီး ကမ္ဘာကိုစစ် ဖြစ်ဖို့ လှုံ့ဆော်တတ်ကြတယ်။ စစ် ဖြစ်တော့သာ သူတို့ရဲ့ လက်နက်တွေ ရောင်းကြရတယ်။ ဒီလိုအထဲကပဲ အင်မတန်ဆိုးဝါးတဲ့ ဖက်ဆစ်ဝါဒတွေ တစ်ခါပေါ်လာတယ်။ ကမ္ဘာ့အလုပ်သမားများ ကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေ က စစ်တိုက်ဖို့လုပ်ရင် စစ်မ ဖြစ်ရအောင် အလုပ်သမားတွေ ရဲ့ အင်အား ညီညီညွတ်ညွတ်နဲ့ တောင့်ထားလိုက်နိုင်တယ်။ အလုပ်သမားအားလုံး ကမ္ဘာတစ်ဝန်းလုံးမှာ ညီညွတ်သွားမှလည်း ကမ္ဘာကြီးတစ်ခုလုံး တကယ့်ငြိမ်းချမ်းရေး အစစ်ကို ရနိုင်မယ်'' ဟူ၍ မိန့်ကြားသွားသည်။

၁၉၄၆ မေ ၂၊ (ကရင်နီ) ခေါင်းဆောင် ဦးစိန် ခေါင်းဆောင်သည့်ကယားအမျိုးသားခေါင်းဆောင်များ အား ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ ဆန်းကဖီးမုန့်တိုက်၌ ဖဆပလအဖွဲ့ချုပ်က ထမင်းစား ဖိတ်ကြား၍ ဧည့်ခံရာ ဗိုလ်ချုပ်အောင်ဆန်းက မိတ်ဆက်စကား ပြောကြားခဲ့သည်။

မေ ၉၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးကြီး၏ ပဉ္စမမြောက် နှစ် ပတ်လည်ညီလာခံကို ဟင်္သာတမြို့၌ ကျင်းပရာ သဘာပတိအ ဖြစ် သခင်မြက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ညီလာခံကို ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက သဝဏ်လွှာ ပေးပို့ခဲ့သည်-

ဗိုလ်ချုပ်အောင်ဆန်း၏ သဝဏ်လွှာ

ဗမာနိုင်ငံတွင် တောင်သူလယ်သမားများ သည် လူဦးရေအားဖြင့် အများ ဆုံး ဖြစ်သည်။ သူတို့၏ ကျေးဇူးသည် တစ်မျိုးလုံး၊ တစ်နိုင်ငံလုံးအပေါ် ရှိသည်။ သူတို့၏ ကောင်းမှု ကြောင့် ယခုအခါ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုးခြင်း ရင်ဆိုင်နေရသော ကမ္ဘာကြီးတွင် ကျွန်ုပ်တို့နိုင်ငံ သက်သာရာ ရပေတော့သည်။

ဗမာနိုင်ငံသည် ကျွန်ဘဝက မလွတ်မြောက်သေး။ သို့ သော် အနှေးနဲ့အမြန် ဗမာနိုင်ငံ လွတ်လပ်တော့မည် မှာ မလွဲနိုင်တော့ဟု ထင်သည်။ လွတ်လပ်သော နိုင်ငံတွင် လူဦးရေအများ ဆုံး ဖြစ်၍ တစ်တိုင်းလုံး၊ တစ်နိုင်ငံလုံး၏ ကျေးဇူးရှင်တောင်သူလယ်သမားများ ၏ အရေး သည် အဓိကအရေး ဖြစ်လာသည်။ ကြွေးမြီရှင်းလင်းရေး ၊ လယ်မြေရရေး ၊ စပါးဆန်ဈေးကောင်းမွန်ရေး ၊ အခွန်နှုန်း သီးစားနှုန်းနှင့် မျှတရေး စသော ပြဿနာများ သည် ဗမာနိုင်ငံ မလွတ်လပ်သမျှ လုံးဝပြေပျောက်ခြင်း မရှိနိုင်။ အနည်းအကျဉ်းမျှသာ ဖြေရှင်းနိုင်ရုံမျှ ရှိသေးသည်။

မြို့များ တွင် ရှိနေသော အလုပ်သမားများ သည် လူထုများ နှင့် ရင်ဘောင်တန်းကာ တညီတညွတ်တည်း ချီတက်လျက်ရှိသော အလုပ်သမား၊ လက်သမား လူထုကြီးအား ခေါင်းဆောင်ဆိုသူများ မည် မျှပင် ပြိုပြဲအောင် ကွဲနေစေကာမူ မည် သည့် လွတ်လပ်ရေး ရန်သူဟူသမျှသည် တားဆီးချုပ်ချယ်နိုင်ပါအံ့နည်း။ (ဝိရိယဝတော ကိံ နာမကမ္မံ နသိဇ္ဈာတိ)ငါတို့၏ လွတ်လပ်ရေး သည် အနှေးအမြန် ရစေရမည် ။ ငါတို့၏ အရေး သည် အောင်ရမည် ။ ညီလာခံသဘင်ကြီး အောင်မြင်ပါစေ။

(ပုံ)ဗိုလ်ချုပ်အောင်ဆန်း

ဥက္ကဋ္ဌ

ဖဆပလ

၁၉၄၆ မေ ၁၈၊ (၁၉၄၆ ခု၊ မေလ ၁၃ ရက်နှင့် ၁၄ ရက်များ )တွင် အင်းစိန်ခရိုင်၊ ထန်းတပင်မြို့မှ ပြည်သူ့ရဲဘော်များ သည် ပြည်သူ့လွတ်လပ်ခွင့် ချုပ်ချယ်မှု ဥပဒေများ ကို ကန့်ကွက်သည့်အနေဖြင့် ထန်းတပင်မြို့ ဘောလုံးကွင်း၌ စစ်ယူနီဖောင်းဝတ်စုံများ တူညီဝတ်ဆင်ကာ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ကြလေသည်။ထိုအခါ ထန်းတပင်မြို့ ပုလိပ်အင်စပက်တော် ဦးမောင်ကလေးသည် ပြည်သူ့ရဲဘော်ခေါင်းဆောင် ၄ ဦးတို့အား ကာကွယ်ရေး ပုဒ်မဖြင့် ဖမ်းဆီးလိုက်လေသည်။ မေလ ၁၅ ရက်နေ့တွင် ထပ်မံ၍ ပြည်သူ့ရဲဘော်တပ်ဖွဲ့ ၇ ဦးကို ဖမ်းဆီးမှု ကြောင့် မေလ ၁၈ ရက်နေ့တွင် ထန်းတပင်မြို့၌ လူထုဆန္ဒပြ ကန့်ကွက်စီတန်း လှည့်လည်ပွဲ ပြုလုပ်ရာ ပရိသတ်အင်အား ၁၅ဝဝ၊ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင် ၁ဝဝ ခန့်နှင့် အမျိုးသမီး ၁၅ဝခန့် ပါရှိသည်။ အဆိုပါ လူထုကြီးကို ပုလိပ်အင်စပက်တော် ဦးမောင်ကလေး ခေါင်းဆောင်သော ပုလိပ် ၁၈ ဦးတို့ကသေနတ်ဖြင့် ပစ်ခတ်ရာ လယ်သမား ၃ ဦး သေဆုံး၍ ၁၅ဦး ဒဏ်ရာရရှိခဲ့လေသည်။ သေဆုံးသွားသော လယ်သမားကြီး (၃) ဦးမှာ -

(၁) ဦးဖိုးခင် အသက် (၅၆) နှစ် ၊ ရေကျော်ရွာ၊ ထန်းတပင်မြို့နယ်။

(၂) ဦးဖိုးပိန် (၅၆) နှစ် ၊ ရေကျော်ရွာ၊ ထန်းတပင်မြို့နယ်။

(၃) ဦးစံအေး (၅ဝ) နှစ် ၊ သရက်ကုန်းရွာ၊ ထန်းတပင်တို့ ဖြစ်သည်။

၁၉၄၆ မေ ၂ဝ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ကိစ္စနှင့် ပတ်သက်၍ ဘုရင်ခံနှင့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ အဖွဲ့ချုပ် ခေါင်းဆောင်များ တွေ့ ဆုံဆွေးနွေးခဲ့သည်။

ဇွန် ၆၊ နံနက် ၁ဝ နာရီအချိန်တွင် ဖဆပလ အဖွဲ့ချုပ်မှဗိုလ်ချုပ်အောင်ဆန်း ဦးဘဘေ၊ သခင်မြ၊ ပျော်ဘွယ် ဦးမြနှင့် မန်းဘခိုင်တို့ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် မြန်မာပြည် အခြေအနေကို နောက်ဆုံး ဆွေးနွေးခဲ့သည်။

ဇွန် ၇၊ နံနက်ပိုင်းတွင် ဖဆပလအဖွဲ့ ကြီးမှ ကြှီးမှူးကျင်းပသော ပြည်သူ့လွတ်လပ်ခွင့်များ ချုပ်ချယ်မှု ကို ရှုတ်ချသော လူထုဆန္ဒပြအစည်းအဝေးကို ကန်တော် မင်ပန်းခြံ၌ ကျင်းပရာဗိုလ်ချုပ်အောင်ဆန်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ထန်းတပင် ဆန္ဒပြမှု ကို အကြမ်းဖက် နှိမ်နင်းခြင်းအပေါ်ရန်ကုန် မြို့လုံးကျွတ် ကန့်ကွက်ဆန္ဒပြပွဲ ကျင်းပရာ ရန်ကုန်၊အင်းစိန်မြို့နယ်သို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက်မိန့်ခွန်းပြောကြားခဲ့သည်။

ဇွန် ၁၄၊ နံနက် ၁ဝ နာရီတွင် တာဝါရိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း)၊ အမှတ် ၂၅ ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်းက ''ဗမာပြည်အာဏာရှင် ဘယ်သူလဲ'' ဟု ရှင်းလင်းပြောကြားခဲ့သည်။

- တာဝန်ပြီးဆုံး၍ ဘုရင်ခံ ဆာဒေါ်မန်စမစ် မြန်မာပြည်မှထွက်ခွာသွားခဲ့သည်။

ဇူလူလိုငုင် ၆၊ ဖဆပလ အထွေ ထွေအတွင်းရေး မှူးအ ဖြစ် မှ သခင်သန်းထွန်း နုတ်ထွက်သွားပြီး ၄င်းသည် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေး မှူးရာထူးကို ယူခဲ့သည်။

ဇူလိုင် ၈၊ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ ဒိုက်ဦးဇရပ်တွင် ဖဆပလ အဖွဲ့ချုပ်ကြီးအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီက ဦးဆောင်၍ အမျိုးသမီးညီလာခံတစ်ရပ် ကျင်းပကာ''ဗမာနိုင်ငံ အမျိုးသမီးကွန်ဂရက်'' ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Cover

၁၉၄၆ ဇူလိုင် ၁ဝ၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုးခေါင်းဆောင်သော ကွန်မြူနစ်ပါတီ (ဗမာပြည်) ခေါ် အလံနီကွန်မြူနစ်ခွဲထွက်၍ ''တိုက်ရဲတာ အလံနီ၊ သေရဲတာ အလံနီ'' ဆိုသည့် ကြွေးကြော်သံဖြင့် တောခိုခဲ့သည်။

၁၉၄၆ ဇူလိုင် ၁၃၊ ခေတ္တဘုရင်ခံ ဆာဟင်နရီနိုက် (Sar HanryKnight) က အလံနီကွန်မြူနစ်ပါတီကို မတရားသင်းအ ဖြစ်ပထမအကြိမ် ကြေညာခဲ့သည်။

ဇူလိုင် ၂၁၊ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယပြည်ကွန်ဂရက် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဆူရတ်ချန္ဒာဘို့စ်သည်ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။

ဇူလိုင် ၃၁၊ မြန်မာပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ်နေရာတွင် မေဂျာဂျင်နရယ်ဆာဟူးဘတ်ရန့်စ် (Sir Hubert Rance) အားခန့်အပ်ခဲ့သည်။

သြဂုတ် ၃၊ ဘုရင်ခံက ပုဒ်မ ၅၆ အရ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်များ စစ်ယူနီဖောင်းမဝတ်ရ၊ ပုဒ်မ ၅၈ အရ စစ်ရေး မပြရ၊ပုဒ်မ ၅၉ အရ တရားမဟောရဟူသော အမိန့်များ ကို ထုတ်ပြန်ခဲ့သည်။

သြဂုတုတ် ၂၄၊ ရန်ကုန်မြို့ ပေါ်ရှိ ရပ်ကွက်များ ၌ အသင်းပေါင်းစုံက ဦးဆောင်၍ ပြည်သူ့လွတ်လပ်ခွင့်များ ချုပ်ချယ်မှု ကန့်ကွက်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၊ ဘုရင်ခံသစ် ဆားဟူးဘက်ရန့် စ် ရန်ကုန်သို့ ဆိုက်ရောက်လာသည်။

စက်တင်ဘာ ၁၇၊ သပိတ်အရေး အခင်းများ ကို ဖြေရှင်းနိုင်စွမ်းမရှိ၍ ဘုရင်ခံ ဒေါ်မန်စမစ်အလိုကျ ဖွဲ့စည်းထားသော ဆာပေါ်ထွန်း ခေါင်းဆောင်သော အစိုးရ ပြုတ်ကျသွားခဲ့သည်။

စက်တင်ဘာ ၂၁၊ သခင်မြ သဘာပတိအ ဖြစ် ဆောင်ရွက်သည့် အလုပ်သမားထုကြီး စက္ကူဖြူစီမံကိန်း ကန့်ကွက်ပွဲကြီးကို ကန်တော် မင်ပန်းခြံ၌ ကျင်းပရာ လူထုပရိသတ် (၁၅ဝဝ)ကျော် တက်ရောက်ခဲ့သည်။

မြေနီကုန်း စိန့်ကွန်ဗင့်ကျောင်း (ယခု အထက (၂) စမ်းချောင်း) ရှေ့၌ ဘုရင်ခံနှင့် တွေ့ ဆုံအပြီး ပြန်လာသော ဂဠုန်ဦးစောသည် သေနတ်ပစ်ခံရပြီး ဒဏ်ရာ ရခဲ့သည်။

၁၉၄၆ စက်တင်ဘာ ၂၃၊ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့နေသူရိန် ရုံကြီး၌ အမှု ထမ်းနှစ် သော င်းကျော် တက်ရောက်သော အစည်းအဝေးပွဲကြီး ကျင်းပကာ အထွေထွေ သပိတ်ကြီးမှော က်ရန် ဆုံးဖြတ်သည်။

ဖဆပလဥက္ကဋ္ဌမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံတို့ သုံးကြိမ် တွေ့ ဆုံ၍ အမှု ဆောင်ကောင်စီ ဖွဲ့စည်းရေး ကို ဆွေးနွေးခဲ့ကြသည်။

ညနေ ၄ နာရီတွင် ဖဆပလဥက္ကဋ္ဌမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် သပိတ်ခေါင်းဆောင်များ တွေ့ ဆုံပြီး ဖဆပလအဖွဲ့ချုပ်ကသပိတ်ကြီးကို လုံးဝထောက်ခံကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၄၊ ညနေ ၄ နာရီခွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် သပိတ်ပေါင်းစုံ ခေါင်းဆောင်များ နှင့် တွေ့ ဆုံပြီးသပိတ် အသီးသီး၏ နစ်နာချက်၊ လိုလားချက်များ ကို စုံစမ်းဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၂၆၊ ဘုရင်ခံ၏ အမှု ဆောင်ကောင်စီ (အစိုးရဝန်ကြီးအဖွဲ့) ၌ ဒုတိယသဘာပတိအ ဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ရာထူးလက်ခံ၍ အစိုးရအဖွဲ့သစ် (အမျိုးသားယာယီအစိုးရ) ကို ဖွဲ့စည်းခဲ့သည်။

Cover

၁၉၄၆ စက်တင်ဘာ ၂၇၊ ဘုရင်ခံ၏ အမှု ဆောင် ကောင်စီဖွဲ့ စည်းခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နံနက် (၁ဝ) နာရီတွင် တာဝါလိန်းလမ်း၊ အမှတ် ၂၅ ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ပြုလုပ်ခဲ့သည်။

ညနေ ၅ နာရီတွင် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသနေသော မျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောကို ဗိုလ်ချုပ်အောင်ဆန်းအပါးတော် မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) နှင့် သခင်နုတို့ သွားရောက် ကြည့်ရှုသတင်းမေးမြန်းခဲ့သည်။

စက်တင်ဘာ ၂၈၊ အစိုးရအိမ်တော် ၌ အစိုးရအဖွဲ့သစ် အမှု ဆောင်ဝန်ကြီးများ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

စက်တင်ဘာ ၂၉၊ ဖဆပလအဖွဲ့ ချုပ်က ဦးဆောင်၍ ဆေးကုသနေသော အုပ်ချုပ်ရေး ကန့်ကွက်ဆန္ဒပြပွဲကို မူလအစီအစဉ်အတိုင်းကန်တော် မင်ပန်းခြံ၌ ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ပြီး ''လူထု တိုက်ပွဲနေ့'' ခေါင်းစီးဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ယင်းဆန္ဒပြ ကန့်ကွက်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

''ကျုပ်တို့တော့ ဝန်ကြီးတွေ ဖြစ်ကြပြန်ပြီ။ ဖြစ်သာ ဖြစ်ရတယ် ကျုပ်တော့ ရင်တထိတ်ထိတ်ပဲ။ ဂျပန်ခေတ်က ရှင်ကြီးဝမ်းလည်း ဝင်ခဲ့တယ်။ မဟန်လှဘူး။ အခု ဘာဝမ်းလည်းတော့ မသိဘူး ဝင်ရပြန်ပြီတစ်ခါ။ ဟန်ကျမလားလို့ ခင်ဗျားတို့က မေးချင်မေးလိမ့်မယ်။ ကျုပ်အဖြေ ကတော့ မပြောတတ်သေးဘူးလို့ ဖြေရမှာ ပဲ။ တကယ့်အမျိုးသားအစိုးရ၊ တကယ့်အာဏာပိုင်အစိုးရလို့ တစ်ထစ်ချ သိရရင်တော့ ဒီလောက်ရင်လေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့ ရာထူးယူလိုက်လို့ခင်ဗျားတို့ ကိစ္စတွေ အားလုံး အေးချမ်းသွားမယ် မဆိုနိုင်သေးဘူး။ မြန်မာ့အလင်း ခေါင်းကြီးပိုင်းမှာ တစ်နေ့က ရေး သလို'လူထုတွေ ဆက်ပြီး တောင့်ထားကြဦး' လို့ ပြောရမှာ ပဲ''

''အခုလောက် ရာထူးနှင့် အာဏာတွေ ရလာတာတောင်ခင်ဗျားတို့ အင်အားအရှိန်အဝါတန်ခိုးကြောင့် ဖြစ်လာရတာ ပဲ။ရှေ့ကို ဒီထက် ခင်ဗျားတို့ အားသွန်ကြိုးပမ်းနိုင်မယ်ဆိုရင်တစ်ဆင့်တက်ကြီး အစိုးရအခွင့်အာဏာတွေ တိုးပြီး ခင်ဗျားတို့အကျိုးတွေ ပိုလုပ်ပေးနိုင်မှာ ပဲ။ အခုတော့ စလုံးရေစခါစပဲရှိသေးတယ်။ ကျုပ်တို့ ရာထူးလက်ခံခဲ့ရတဲ့အကြောင်း ကတော့ဖဆပလ အလုပ်အမှု ဆောင်အဖွဲ့ ကြေညာစာတမ်းမှာ ပါတဲ့အတိုင်းပဲ ထပ်ပြောစရာ မလိုတော့ဘူး။ ကျုပ်တို့ ပထမဆုံးအလုပ် ကတော့ လက်ငင်း သပိတ်ပြဿနာတွေ နဲ့ ပြည်သူ့လွတ်လပ်ရေး ပြဿနာတွေ ကို ဖြေရှင်းဖို့ပဲ။ ဖြေရှင်းလို့ရမလားမရဘူးလားဆိုတာကို အခုမပြောလိုသေးဘူး။ ဖြေရှင်းရအောင်ကျုပ်တို့လုပ်မယ်။ လုပ်လို့မရရင် လုပ်လို့မရတဲ့အတိုင်း ကျုပ်တို့စခန်းသွားမှာ ပဲ။ လုပ်လို့ရရင်လည်း လုပ်ငန်းတစ်ဆင့်တက်ပြီး သွားရုံပဲ ရှိဦးမယ်။ ပြီးတော့ ကျုပ်တို့ ဖဆပလကစုပေါင်းတောင်းထားတဲ့ အချက်အလက်တွေ ရှိတယ်။ အဲဒီ အချက်တွေ ကတော့ အစုံပဲ အလုပ်သမား၊ လယ်သမား၊ ပညာရေး ၊ အစားအစာပြဿနာ၊ ငြိမ်ဝပ်ပိပြားရေး အစရှိတဲ့ ကိစ္စတွေ နဲ့ ဆိုင်တယ်။ ပြီးတော့ ကျုပ်တို့ ရည်မှန်းထားတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ကို ဆိုက်ရောက်အောင် ပို့နိုင်မယ့် နိုင်ငံရေး အခြေအနေတွေ ရအောင်စီမံပြီး ခြောက်လလောက်အတွင်းတရားမျှတ လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပဖို့လည်း လုပ်ရမယ်။ ဒါတွေ ဟာ ကျုပ်တို့လုပ်ရမယ့် လုပ်ငန်းစဉ်အကြမ်းပဲ''

''ကျုပ်သဘော ကတော့ ဗြိတိသျှနဲ့ အကြောင်းကြောင်းထောက်လို့ မိတ်ဆွေ ဖြစ်ချင်တယ်။ မိတ်ဆွေ ဖြစ်ချင်လို့ ဒီလမ်းလိုက်ခဲ့တာပဲ။ မိတ်ဆွေ ဖြစ်ချင်တယ် ဆိုပေမယ့် သူမေဓာရှိမှကိုယ့်မေဓာရှိနိုင်မယ် ဆိုတဲ့စကားလိုပဲ ကျုပ်တို့ဘက်ကချည်းမဟုတ်။ တစ်ဖက်ကလည်း ကျုပ်တို့တိုင်းပြည်ကြီး အကျိုးကိုဖြည့်စွမ်းပေးမှ ဖြစ်မယ်။ တစ်ဖက်စီးနင်း ဖြစ် ဖြစ်၊ တစ်ဖက်စောင်းနင်း ဖြစ် ဖြစ် လုပ်ကြမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး မိတ်ဆွေမ ဖြစ်နိုင်ဘူး။ တချို့ ကတော့ ဗြိတိသျှတွေ ဟာ အခုအခါ အားအင် အင်မတန်နည်းပြီးလျှင် ရှေးကျဆင်းဖို့ပဲ ရှိမယ်။ ဒါကြောင့် သူတို့ ပေါင်းလို့ ဘာအကျိုးရှိမှာ လည်း မေးမယ်။ကျုပ် ကတော့ ဒီလို မစဉ်းစားဘူး။ အားနည်းနေတဲ့အခါမို့ဗြိတိသျှနဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ ဒီလို ကျုပ်ပြောတာဟာလက်တွေ့ နိုင်ငံရေး သမား မဟုတ်ဘူး ဆိုချင်တဲ့လူတွေ ရှိချင်လည်းရှိမယ်။ ဘာပြောပြော ကျုပ်စဉ်းစားရသလောက် ကျုပ်သဘောထားဟာ ဒီအတိုင်းပဲ။ ဒီအတိုင်းလုပ်မှာ ပဲ။ လုပ်လို့မရရင် ကျုပ်တို့အပြစ် မဟုတ်ဘဲ ဗြိတိသျှတို့ရဲ့ အပြစ်သာ ဖြစ်မယ်ဆိုတာ အတိအလင်း ကျုပ်ပြောလိုတယ်''

''နောက်ဆုံး ကျုပ်အကြောင်းကို ခင်ဗျားတို့ကို နည်းနည်း ပြောချင်တယ်။ အခုအခါ ကျုပ်ဟာ (ပတ်ဗလစ်မှာ ပေါ်ပြူလာ ဖြစ်နေတဲ့လူပဲ)။ ဒါပေမဲ့ ကျုပ်ဟာ ဘုရားလည်းမဟုတ်။မှော်ဆရာ၊ မျက်လှည့်ဆရာလည်း မဟုတ်။ လူပဲ၊ နတ်လည်းမဟုတ်။ လူလောက်ပဲ အစွမ်းရှိမှာ ပဲ။ ကျုပ်အသက်ဟာ အင်မတန် ငယ်တယ်။ ကျုပ် အခုထမ်းရတဲ့ တာဝန်ဟာလည်းတစ်တိုင်းပြည်လုံးရဲ့ တာဝန်ကို ရှေ့ဆုံးက ထမ်းနေရတယ်။ကျုပ်ကိုယ်ကို ဒီတာဝန်တွေ ထမ်းနိုင်အောင် အရည်အချင်းပြည့်စုံတယ်လို့ မယူဆဘူး။ ပြီးတော့ ကျုပ်စိတ်တိုတတ်တယ်ဆိုတာကိုလည်း လူအများ သိကြတာပဲ။ ဒါ ကျုပ် နဂိုပဲ။အလုပ်ရှုပ်ပြီး အနှောင့်အယှက်များ ရင် စိတ်တိုတတ်တယ်။ဒါကို ပြုပြင်နိုင်သမျှ ပြုပြင်ဖို့ ကြိုးစားမယ်။ သို့ သော်လည်းခင်ဗျားတို့လည်း စိတ်ရှည်ရှည် ထားကြပါ။ ကျုပ်လည်းစိတ်ရှည်ရှည်ထားပြီး ကနေ့ပြတဲ့ အင်အားမျိုးထက် ဆတက်ထမ်းပိုးတိုးအောင်လုပ်ပြီး ကျုပ်တို့က ခင်ဗျားတို့အတွက် လုပ်တဲ့နေရာမှာ အားပေးမယ်ဆိုရင် ကျုပ်တို့လိုချင်တဲ့ လွတ်လပ်ရေး ၊ လူထုကောင်းစားရေး တွေ ကို ရအောင် ပိုလုပ်နိုင်မယ်။ပိုအကျိုးရှိမှာ ပဲ။ ဒါကြောင့် လူထုတွေ ကို ဆက်တောင့်ထားကြပါဦးလို့ ဆိုတာ ထပ်ပြောခဲ့ချင်တယ်'' ဟူ၍ ပြောကြားသွားသည်။

၁၉၄၆ စက်တင်ဘာ ၃ဝ၊ ဘုရင်ခံအမှု ဆောင်ကောင်စီ အဖွဲ့ သစ်သည် သပိတ်အဖွဲ့ခေါင်းဆောင်များ နှင့် စတင်တွေ့ ဆုံဆွေးနွေးခဲ့သည်။

အောက်တိုဘာ ၅၊ နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာခဲ့သည့်အထွေထွေသပိတ်ကြီး ပြီးဆုံးခဲ့သည်။

အောက်တိုဘာ ၁ဝ၊ ဖဆပလအဖွဲ့ချုပ် အလုပ်အမှု ဆောင်အစည်းအဝေးက ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ချုပ် ထုတ်ပယ်ခဲ့သည်။ ထုတ်ပယ်ရသည့်အကြောင်းမှာ ကွန်မြူပါတီသည် ဖဆပလ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးတွင် ပါဝင်သော ပါတီတစ်ခုသာလျှင် ဖြစ်သည်။ ဖဆပလအဖွဲ့ကြီး ဝါဒနှင့် လုပ်ငန်းများ ချမှတ်လုပ်ကိုင်ရန်သည် ကွန်မြူနစ်ပါတီ၏ တာဝန် ဖြစ်သည်။ သို့ သော် ကွန်မြူနစ်ပါတီသည်ဖဆပလအမျိုးသားတပ်ဦးတွင် ပါဝင်သော်လည်း ဖဆပလ၏ ဝါဒနှင့် လုပ်ငန်းစဉ်များ ကို စည်းကမ်းမဲ့စွာ ပုတ်ခတ်တိုက်ခိုက်လာသည်။ အယူအဆကွဲပြားလျှင် အဖွဲ့ချုပ်အတွင်း၌ ကျေညပ်သည်အထိ ဆွေးနွေးနိုင်ခွင့် ရှိပါလျက်နှင့် အဖွဲ့တွင်းတွင် မဆွေးနွေး၊ အပြင်မှနေ၍ ပါတီပိုင် သတင်းစာ ဂျာနယ်တို့မှပုတ်ခတ်ဝေဖန်လာသည်။ ကွန်မြူနစ်ကိုယ်စားလှယ်များ ပါဝင်သည့် ဖဆပလ ဗဟိုကော်မတီက တညီတညွတ်တည်း ချမှတ်ထားသော လုပ်ငန်းစဉ်များ ကို ချိုးဖောက်လေ့ရှိသည်။ အကြိမ်ကြိမ် ဆွေးနွေးသတိပေးသော်လည်း ကွန်မြူနစ်ပါတီသည်မပြုပြင်ခဲ့ချေ။ ထို့ကြောင့် နောက်ဆုံးတွင် ကွန်မြူနစ်ပါတီအားဖဆပလတပ်ဦးမှ ထုတ်ပယ်ပစ်လိုက်လေသည်။

၁၉၄၆ အောက်တိုဘာ ၂ဝ၊ ရွှေ့တိဂုံစေတီတော် အနောက်ဘက်မုခ်၌ ကျင်းပသော ဗမာကွန်မြူနစ်ပါတီအား ဖဆပလမှ ထုတ်ပယ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းတက်ရောက် ရှင်းလင်း မိန့်ခွန်းပြောကြားရာ လူထုပရိသတ်တစ်သိန်းကျော် တက်ရောက်ခဲ့သည်။

အောက်တိုဘာ ၂၂၊ ည ၇ နာရီ ၁၅ မိနစ်တွင် အသံလွှင့်ရုံမှဗမာပြည် ကွန်မြူနစ်ပါတီအား ဖဆပလမှ ထုတ်ပယ်ရခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက ''ကွန်မြူနစ်တွေ ''ခေါင်းစီးဖြင့် ရှင်းလင်းစွာ မိန့်ခွန်းကို ထပ်မံ အသံလွှင့်ပေးခဲ့သည်။

အောက်တိုဘာ ၂၈ ပြည်သူ့ရဲဘော်တပ်ဖွဲ့များ ကို ဗိုလ်ချုပ်အောင်ဆန်းက ''လွတ်လပ်ရေး ကို အလျင်လုပ်ရမည် '' ဟူ၍ မိန့်ခွန်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၊ ဖဆပလအဖွဲ့ချုပ် စတုတ္ထအကြိမ်မြောက် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် သဘာပတိ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၈၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဘုရင်ခံ၏ အမှု ဆောင်ကောင်စီဝန်ကြီးအဖွဲ့က မြန်မာပြည်အား အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံ တစ်နိုင်ငံအ ဖြစ် ထူထောင်မည့်  အခြေခံဥပဒေစည်းမျဉ်း ရေး ဆွဲရန် အစီအစဉ်ကိုမဆိုင်းမတွ ပြုလုပ်နေပြီ ဖြစ်ကြောင်း မြန်မာပြည်အား လွတ်လပ်ရေး ပေးရေး နှင့် ပတ်သက်၍ (၃၁-၁-၄၇) ရက်နေ့မတိုင်မီဗြိတိသျှအစိုးရအနေဖြင့် အဖြူအမည်း သဲသဲကွဲကွဲ အဖြေပေးရမည် ။ ဗြိတိသျှအစိုးရက မလိုက်လျောလျှင် (၃၁-၁-၄၇)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အစိုးရအဖွဲ့ နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့သည်။

၁၉၄၆ နိုဝင်ဘာ ၁၄၊ အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အ ဖြစ်ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်မြို့မှ ထွက်ခွာခဲ့သည်။

နိုဝင်ဘာ ၂၈၊ ဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေး ခရီးစဉ်အ ဖြစ် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာခဲ့သည်။

ဒီဇင်ဘာ ၈၊ ရန်ကုန်မြို့ တော် ခန်းမတွင် ကျင်းပသော အင်္ဂလိပ်ဘားမင်းကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းအင်္ဂလိပ်ဘာသာဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၈၊ မော်လမြိုင်၊သံဖြူဇရပ်၌ စစ်အတွင်းသေဆုံးသွားသော ရွေးတပ်သားများ အတွက် သရဏဂုံတင်ပွဲ အခမ်းအနား ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

ဒီဇီဇင်ဘ်ဘာ ၂ဝ၊ ဗြိတိသျှ အောက်လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးချုပ် မစ္စတာအက်တလီ (Clement Attle) (၁၈၈၃-၁၉၆၇)က မြန်မာပြည် ဘုရင်ခံ အမှု ဆောင်ကောင်စီမှ ကိုယ်စားလှယ်အဖွဲ့ကို ဗြိတိသျှအစိုးရအဖွဲ့နှင့် တွေ့ ဆုံဆွေးနွေးရန်လန်ဒန်သို့ ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဒီဇင်ဘာ ၂၃၊ ဗြတိသျှအစိုးရ၏ ဖိတ်ခေါ်မှု ကိုလက်ခံကြောင်းဖဆပလအဖွဲ့ချုပ်မှ ပြန်ကြားသည့် ကြေညာချက်ကို သတင်းစာရှင်းလင်းပွဲ၌ ဝေငှခဲ့သည်။

ဒီဇီဇီဇင်ဘ်ဘ်ဘာ ၂၄၊ နံနက်တွင် ကရင်နီ (ကယား) ခေါင်းဆောင်များ ၊ရှမ်းစော်ဘွားများ နှင့် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကပထမအကြိမ် တွေ့ ဆုံဆွေးနွေးခဲ့သည်။

၁၉၄၆ ဒီဇင်ဘာ ၂၅၊ တောင်ကြီးမြို့ လူထုအစည်းအဝေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၆၊ ညောင်ရွှေမြို့  လူထုအစည်းအဝေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၈၊ ရန်ကုန်မြို့ လုံးဆိုင်ရာ ဗမာ့တပ်မတော် နေ့ လူထုအစည်းအဝေး အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့သည်။

၁၉၄၇ ဇန်နဝါရီ ၁၊ ဖဆပလအဖွဲ့ချုပ်မှ လန်ဒန်မြို့သို့ သွားမည့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်များ အား ထောက်ခံသည့် လူထုအစည်းအဝေးပွဲကို ကန်တော် မင်ပန်းခြံ၌ ကျင်းပခဲ့သည်။

ည ၇း၎ဝ နာရီ အင်္ဂလန်ပြည်၊ လန်ဒန်မြို့သို့ သွားမည့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကတိုင်းပြည်သို့ အသံလွှင့်မိန့်ခွန်း ပြောကြားရာတွင် ''အားရှိမှအခွင့်အရေး ရမယ်'' ဟူ၍ ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၊ နံနက် ၇ နာရီတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ရန်ကုန်မြို့မှ လန်ဒန်မြို့သို့ လေကြောင်းခရီးဖြင့် စတင်ထွက်ခွာသွားခဲ့သည်။

Cover

တို့ ပါဝင်ကြပြီး လန်ဒန်သို့ လေးသုတ်ခွဲကာ သွားရောက်ခဲ့ကြသည်။

- ညနေ ၄း၎ဝ နာရီတွင် အိန္ဒိယပြည်၊ နယူးဒေလီလေယာဉ်ကွင်းသို့ ဆိုက်ရောက်လာရာ လေဆိပ်သို့ အိန္ဒိယခေါင်းဆောင်ကြီး ပဏ္ဍစ်ဂျဝါဟလာနေရူးက လာရောက်ကြိုဆိုပြီး ညဘက်တွင် နေရူး နေအိမ်၌ တည်းခိုနေထိုင်ကာ ခေါင်းဆောင်နှစ် ဦးတွေ့ ဆုံဆွေးနွေးခဲ့သည်။

၁၉၄၇ ဇန်န်န်နဝါရီ ၅၊ ညနေ ၅း၁ဝ နာရီတွင် အိန္ဒိယပြည်၊နယူးဒေလီ လေယာဉ်မှ ဗမာပြည်သို့ မှာ ကြားသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကိုအသံလွှင့်ခဲ့သည်။

ည ၈း၃ဝ နာရီတွင် ''အေးရှညီညွတ်ရေး '' ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို ဒေလီရေဒီယိုမှ အသံလွှင့်ခဲ့သည်။

ဇန်နဝါရီ ၇၊ ညနေ ၆ နာရီတွင် အိန္ဒိယပြည် ကရာချိမြို့၌ မူဆလင်လိဂ်ခေါင်းဆောင် မိုဟာမက်အလီဂျင်းနားနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ တွေ့ ဆုံဆွေးနွေးခဲ့သည်။

၁၉၄၇ ဇန်န်နဝါရီ ၉၊ မြန်မာကိုယ်စားလှယ်အဖွဲ့  လန်ဒန်မြို့ သို့ ဆိုက်ရောက်သည်။

ဇန်နဝါရီ ၁၃၊ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ အမှတ် (၁ဝ)ဒေါင်းနင်းလမ်းရှိ ဗြိတိသျှအစိုးရဝန်ကြီးချုပ်ဂေဟာတွင် ဆွေးနွေးပွဲ စတင်ခဲ့သည်။

ဇန်နဝါရီ ၁၅၊ ဖဆပလအဖွဲ့ ချုပ်တွင် အလုပ်သမားများ အဖွဲ့ အစည်းများ မှ ခေါင်းဆောင်များ တွေ့ ဆုံဆွေးနွေး၍ လန်ဒန်ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတွန်းအားပေးပေးသည့်အနေဖြင့် အလုပ်သမား အထွေထွေသပိတ်ကြီးမှော က်ရန် ဆုံးဖြတ်ခဲ့သည်။

ဇန်နဝါရီ ၁၆၊ ဖဆပလအဖွဲ့ ချုပ်မှ ကြီးမှူးသည့် လွတ်လပ်ရေး ဆန္ဒပြလူထုအစည်းအဝေးပွဲကြီးကို ဗန္ဓုလပန်းခြံ၌ ကျင်းပရာလူထုပရိသတ်တစ်သိန်းကျော် တက်ရောက်ခဲ့သည်။

ဇန်န်န်နဝါရီ ၂၇၊ မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဗြိတိသျှအစိုးရ နှင့် ကျေကျေလည်လည် ဆွေးနွေးကြပြီးနောက် သဘောတူညီချက် ရရှိကြသဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီတို့သည် အဓိကအချက်ကြီး (၉) ချက် ပါဝင်သော ''အောင်ဆန်းအက်တလီစာချုပ်'' ခေါ် ''မြန်မာဗြိတိသျှစာချုပ်''ကိုသဘောတူလက်မှတ် ရေး ထိုးခဲ့ကြသည်။

စာချုပ်ပါ အဓိကအချက်များ ၏ အချုပ်အချာအာဏာမှာ -

(၁) ဗိုလ်ချုပ်အောင်ဆန်း ဒုတိယဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်သော မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှု ဆောင်ကောင်စီသည်ကြားဖြတ်အစိုးရအ ဖြစ် အသိအမှတ်ပြုခံရသည်။ ထို့ကြောင့် ကြားဖြတ်အစိုးရအာဏာများ ရှိလာသည်။

(၂) ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာနများ ကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ်အစိုးရက အုပ်ချုပ်ခွင့်ရသည်။

(၃) ဗြိတိသျှလက်နက်ကိုင်တပ်များ မှအပ မြန်မာနိုင်ငံ ကာကွယ်ရေး ဆိုင်ရာ လက်နက်ကိုင်တပ်များ ကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ်အစိုးရက အုပ်ချုပ်ခွင့်ရသည်။

(၄) ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရသည်။

(၅) မြန်မာအစိုးရ ကိုယ်စားလှယ် မဟာမင်းကြီးတစ်ဦးလန်ဒန်မြို့၌ ထားခွင့်ရသည်။

(၆) မြန်မာပြည်မနှင့် တောင်တန်းဒေသများ ကို တပေါင်းတည်း လွတ်လပ်ရေး ပေးရန်အတွက် တောင်တန်းဒေသများ ၏ ဆန္ဒယူရန် သဘောတူကြသည်။

(၇) အရွယ်ရောက်သူတိုင်း မဲပေးနိုင်သော စနစ်ဖြင့် ရွေးကောက်သော တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ရမည် ။

(၈) တိုင်းပြုပြည်ပြုလွှတ်တော် က လွတ်လပ်လာမည့်  မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး နှင့် အနာဂတ်ပုံသဏ္ဌာန်ကို ဆုံးဖြတ်ရမည် ။

(၉) ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအဖွဲ့ဝင် ဖြစ်ရေး အတွက် ဗြိတိသျှအစိုးရက ထောက်ခံကူညီမည် ။

ဤစာချုပ် ချုပ်ဆိုနိုင်ခြင်းအားဖြင့် ဗြိတိသျှအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ စက္ကူဖြူစီမံကိန်းခေါ် စက္ကူဖြူ အုပ်ချုပ်ရေး သည်လုံးဝ ချုပ်ငြိမ်းသွားသည်။ သို့ သော် 'အောင်ဆန်းအက်တလီစာချုပ်'ကို မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့က ရေး ထိုးခြင်းမပြုဘဲ ကန့်ကွက်ခဲ့သည်။ သခင်ဗစိန်သည် အောင်ဆန်း အက်တလီထံသို့ သီးခြားစာလွှာတစ်စောင်ပေးအပ်၍ တင်ပြလေသည်။ ထိုစာနှင့် အတူ တစ်ပါတည်းပင်မိမိလုပ်ဖော်ကိုင်ဖက်များ ဆောင်ရွက်မှု ကို သဘောမတူနိုင်ပါ၍ ဝမ်းနည်းစွာ လမ်းခွဲရတော့မည် ဟုလည်း သခင်ဗစိန်က ဖော်ပြပြီး မြန်မာပြည်ဘုရင်ခံ၏ အတိုင်ပင်ခံ ကောင်စီဝန်ကြီးအ ဖြစ်မှနုတ်ထွက်ကြောင်းလည်း ကြေညာခဲ့လေသည်။ သခင်ဗစိန်ကသူ၏ စာတွင် ဤသို့ ဖော်ပြထားခဲ့လေ၏ ။

မြန်မာနိုင်ငံသည် တစ်နှစ် လုံး လုံးဝလွတ်လပ်ရေး ကြေညာရန် အချုပ်အခြာအာဏာပိုင်သော တိုင်းပြုပြည်ပြု လွှတ်တော် သည် အဓိက အရေး ကြီးဆုံး ဖြစ်သည်။ တိုင်းပြုပြည်ပြုလွှတ်တော် ၏ ဆုံးဖြတ်ချက်များ ကို နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှဝင်ရောက်စွက်ဖက်မှု မပါဘဲ အလိုအလျောက် အတည် ဖြစ်စေရမည် ။ ယခုချုပ်ဆိုသော အောင်ဆန်းအက်တလီစာချုပ်အရဗြိတိသျှတို့ သဘောတူညီသော တိုင်းပြုပြည်ပြုလွှတ်တော် သည် စက္ကူဖြူစာတမ်းပါ အုပ်ချုပ်ရေး စည်းမျဉ်း ဥပဒေများ ကိုလည်း ဗြိတိသျှ ပါလီမန်က အတည်ပြုပေးမှသာ အတည် ဖြစ်မည့် အခြေအနေတွင် ရှိသည်ဟု သခင်ဗစိန်က ယူဆသည်။သခင်ဗစိန်က တိုင်းပြုပြည်ပြု လွှတ်တော် သည် မြန်မာပြည်သူတို့ကို ကိုယ်စားပြုသော အာဏာပိုင် အဖွဲ့အစည်းတစ်ရပ် ဖြစ်သော ကြောင့် ထိုလွှတ်တော် မှ ဆုံးဖြတ်ချက်သည် တစ်ချက်လွှတ်အာဏာ တည်ရှိစေရမည် ဟု ခံယူလေသည်။

ကြားဖြတ်အစိုးရ၏ အာဏာမှာ လည်း မြန်မာကိုယ်စားလှယ်များ တောင်းဆိုသော အဆင့်သို့ မရောက်တော့ဘဲ ကာကွယ်ရေး ၊ နိုင်ငံခြားရေး ၊ ဘဏ္ဍာရေး တို့တွင် ၁၉၃၅ ခု အက်ဥပဒေနှင့် ၁၉၄၅ ခု ယာယီပြင်ဆင်ချက်ဥပဒေများ ၏ ဘောင်အတွင်း၌ သာ ရှိသည်ဟု သခင်ဗစိန်က ယူဆသည်။ ဤအချက်များ ကို ကြည့်သော် မြန်မာကိုယ်စားလှယ်များ နှင့် ယခုသဘောတူညီကြသော အချက်များ မှာ များ စွာ ကွာဟလျော့နည်းနေခြင်းကို သိမြင်ပါလျက်နှင့် ဤစာအုပ်ကို ကျွန်ုပ်တို့မည် သို့ မျှ လက်ခံသဘောတူ လက်မှတ်ထိုးခြင်း မပြုနိုင်ပါ။ကျွန်ုပ် ကန့်ကွက်တင်ပြချက်ကို အောင်ဆန်းအက်တလီစာချုပ်လက်မှတ်ထိုးရာတွင် ထည့်သွင်းမှတ်တမ်းတင်ပါရန် မေတ္တာရပ်ခံပါသည်။

၁၉၄၇ ဇန်နဝါရီ ၂၉၊ လန်ဒန်မြို့၊ ဒေါ်ချက်စတာဟိုတယ်အောက်ထပ်ရှိ ခန်းမဆောင်ကြီး၌ ဗိုလ်ချုပ်အောင်ဆန်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဇန်န်န်နဝါရီ ၃ဝ၊ မြန်မာကိုယ်စားလှယ်အဖွဲ့  လန်ဒန်ကို ပြန်လည်ထွက်ခွာခဲ့သည်။

ဖေဖော်ဝ်ဝါရီ ၂၊ မြန်မာကိုယ်စားလှယ်အဖွဲ့  ရန်ကုန်မင်္ဂလာဒုံလေယာဉ်ကွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဖေဖော်ဝါရီ ၃၊ လန်ဒန်မြို့မှ ပြန်လည်ရောက်ရှိလာခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကဖဆပလအဖွဲ့ချုပ်တွင် ''ဘိလပ်မြန်မာဆွေးနွေးပွဲ'' ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၄၊ ည ၇း၃ဝ နာရီတွင် အသံလွှင့်ရုံမှ လန်ဒန်ပြန် မိန့်ခွန်းကို ''ယူတက်မှရမယ်'' ခေါင်းစီးဖြင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့သည်။

ဖေဖော်ဝ်ဝါရီ ၅၊ တောင်သူလယ်သမား အစည်းအရုံး ညီလာခံပြုလုပ်ရာ ဗိုလ်ချုပ်အောင်ဆန်းက ''မြေစနစ်ကို ပြုပြင်ပြောင်းလဲချင်တယ်'' ခေါင်းစီးဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ဖေဖော်ဝ်ဝါရီ ၈၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒိုမီနီယန် (Dominioun)အတွင်းဝန်ကလေး မစ္စတာဘော့တွမ်လေ (Bottomely)တို့ တောင်တန်းဒေသဆိုင်ရာ ပင်လုံညီလာခံ တက်ရောက်ရန် ပင်လုံမြို့သို့ ရောက်ရှိလာခဲ့သည်။

နေ့လယ် ၁၁ နာရီခွဲတွင် ရှမ်းပြည်သမိုင်း၌ တစ်ခါမျှ မတွေ့ ကြုံဖူးသော ကချင်၊ ချင်း၊ ဗမာ၊ ရှမ်းခေါင်းဆောင်များ ဗြိတိသျှအရာရှိများ နှင့် ရှမ်းပြည်လူထုများ တက်ရောက်ကြသည်။

လူထုအစည်းအဝေးပွဲကြီး စတင်ကျင်းပရာ သဘာပတိအ ဖြစ်တောင်ပိုင်းစော်ဘွားကြီး စဝ်ခွန်ပန်းစိန်က ဆောင်ရွက်ရန် ဗိုလ်ချုပ်အောင်ဆန်းက ''မြန်မာများ က စိုးမိုးလို၍ မဟုတ်''ခေါင်းစီးဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီ ၉၊ ရှမ်းကျောင်းသားများ ဆန္ဒပြ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက ''သွေးခွဲမှု များ ကို မခံကြရန်''မေတ္တာရပ်ခံ မိန့်ခွန်းပြောကြားခဲ့သည်။

ပင်လုံညီလာခံ စည်းဝေးပွဲများ ဆက်လက်ကျင်းပရာဗိုလ်ချုပ်အောင်ဆန်း တက်ရောက်မိန့်ခွန်းပြောခဲ့သည်။

ဖေဖော်ဝါရီ ၁ဝ၊ ပင်လုံညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းတက်ရောက် မိန့်ခွန်းပြောကြားပြီး တိုင်းရင်းသားခေါင်းဆောင်များ နှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။

ဖေဖော်ဝ်ဝ်ဝါရီ ၁၁၊ စော်ဘွားများ ညစာစားပွဲသို့  တက်ရောက်လာသော ဗိုလ်ချုပ်အောင်ဆန်းက ''ညီညွတ်စေချင်တယ်'' ဟူ၍ မိန့်ခွန်းပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၂၊ နံနက် ၁ဝ နာရီ ရှမ်းပြည်မြောက်ပိုင်း၊တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့၏ လမ်းဆုံရာ လဲချားစော်ဘွား၏ နယ်အတွင်းရှိ ပင်လုံမြို့၌ တိုင်းရင်းသားကိုယ်စားလှယ်၂၃ ဦးတို့က လက်မှတ်ရေး ထိုးခဲ့ကြသည်။

ပင်လုံစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ကြသည့် တိုင်းရင်းသား ကိုယ်စားလှယ်တို့မှာ -

Cover

ကိုယ်စားလှယ်အားလုံး လက်မှတ်ရေး ထိုးပြီးလျှင် ညီလာခံအတွက် အထူးဖွင့်လှစ်ထားသော သံကြိုးရုံမှတစ်ဆင့် ပင်လုံစာချုပ်ကြီး အောင်မြင်စွာ ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သတင်းကို တိုင်းပြည်သို့ ကြေညာရန်အတွက် ပေးပို့ခဲ့လေသည်။

၁၉၄၇ ဖေဖော်ဝ်ဝါရီ ၁၅၊ ဖဆပလ ဗဟို ဦးစီးအဖွဲ့  အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက ''တောင်းတဲ့အတိုင်းရလို့ လက်ခံလာတယ်'' ဟု မိန့်ခွန်းပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၉၊ ''အောင်ဆန်းအက်တလီစာချုပ်''ကို လက်မှတ်မရေး ထိုးဘဲ ပြန်လာခဲ့ကြသော ဦးစောနှင့် သခင်ဗစိန်တို့ဖဆပလအစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

ဖေဖော်ဝ်ဝါရီ ၂၃၊ ''ကြားဖြတ်ယာယီအစိုးရအဖွဲ့  ''ကိုပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

Cover

မြို့တော် ခန်းမ၌ မြန်မာနိုင်ငံတော် ပထမပြန်စာမေးပွဲအောင်သည့် ရဟန်းသံဃာတော် များ အား ဆုနှင်းသဘင်ပွဲ အခမ်းအနားကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်၍ သာသနာရေး ဆိုင်ရာများ နှင့် ပတ်သက်ပြီး ရှင်းလင်းလျှောက်ထားခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီ ၂၄၊ ကမ္ဘာ့အရှေ့ဖျားရှိ မဟာမိတ်လေတပ်များ ၏ ဗိုလ်ချုပ်ကြီး ဆာဂျော့ပီးရီးသည် ဗမာ့လေတပ်မတော် ဖွဲ့စည်းရေး ကိစ္စကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆွေးနွေးရန် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။

၁၉၄၇ ဖေဖော်ဝ်ဝ်ဝါရီ ၂၈၊ လနဒ် န်ြပန်ကယို စ်ားလယှ အ် ဖွဲ့အား ရနက် န်ုမြို့တော် မြူနီစပယ်အဖွဲ့ဝင် လူကြီးများ နှင့် မြို့မိမြို့ဖများ ကဂုဏ်ပြုဧည့်ခံပွဲတစ်ရပ် ကျင်းပရာ ဧည့်ခံပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက ''တစ်နှစ် အတွင်း လွတ်လပ်ရေး ရအောင် လုပ်ပေးမယ်'' ဟု မိန့်ခွန်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက-

''ကျွန်တော် တို့ နိုင်ငံရေး လုပ်ကြတဲ့နေရာမယ် အထူးသဖြင့် ခေါင်းဆောင်လုပ်တဲ့သူဟာ နောက်လိုက်လူတွေ ထက် ပိုပြီးအမြင်ကျယ်ရမယ်။ စစ်တိုက်တဲ့နေရာမှာ စစ်သွားတွေ နေရာတကာ ပြုလုပ်ပေမယ့် စစ်ဗိုလ်က စစ်သားလုပ်တိုင်း လုပ်လို့မ ဖြစ်ဘူး။ ခေါင်းဆောင်ဟာ ဟိုလူပြောဟုတ်နိုး၊ ဒီလူပြောဟုတ်နိုးနိုး ယောင်ချာချာလုပ်ရင် ခေါင်းဆောင် မဟုတ်ဘူး။ခေါင်းဆောင်လုပ်တဲ့ လူတွေ ဟာ ကိုယ်ယုံကြည်တဲ့ကိစ္စကိုတိုင်းသူပြည်သားတွေ ကို ပြောရဲရမယ်၊ ရှင်းပြနိုင်ရမယ်၊အသက်စွန့်သင့်တဲ့ နေရာမယ် စွန့်ရဲရမယ်၊ ပရိယာယ်သုံးသင့်တဲ့နေရာမယ် သုံးရမယ်၊ အချိန်အခါလိုက်ပြီး လုပ်ရမယ်။ အများ ယောင်လို့ ယောင်ရတယ်၊ အမောင် တောင်မှန်း မြောက်မှန်းမသိဆိုရင် ခေါင်းဆောင်မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် မယုံတဲ့လူဟာ ဘယ်အခါမှ အခြားလူကို မယုံဘူး။ ကိုယ့်တိုင်းသူပြည်သားကိုလည်း မယုံဘူး။ ကျွန်တော် အဖို့ ကျွန်တော့် ကိုယ်ကို ကျွန်တော် ယုံတယ်။ ခင်ဗျားတို့ကိုလည်း ယုံကြည်တယ်။ဗမာ့လွတ်လပ်ရေး လည်း ယုံကြည်တယ်။ ဘယ်ကိစ္စမဆိုလုပ်ရင် မှားတယ် မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်''

''ကျွန်တော် လုပ်တာတွေ ကို ဖာထေးစရာ မလိုဘူး။ယခု ဘိလပ်ကပြန်လာတာ လွတ်လပ်ရေး ရသလား၊ မရဘူး။ဘာကြောင့် လဲ၊ တောင်းမှ မတောင်းဘဲ၊ လွတ်လပ်ရေး ဆိုတာတောင်းလို့ရတာ မဟုတ်ဘူး။ ဒါဖြင့် ဘိလပ်ကို ဘာလို့သွားတာလဲ။ ဘိလပ်ရောက်ချင်တာလည်း ပါတာပဲ''

''သွားကတည်းက လွတ်လပ်ရေး တောင်းရင် မရဘူးဆိုတာ မြင်ပြီးသား၊ ကျွန်တော် တို့က ကျွန်တော် တို့နည်းနဲ့ လွတ်လပ်ရေး ရအောင် သွားခြင်းပဲ။ ကျွန်တော် တို့ မြင်တဲ့အတိုင်းပြောရရင် အုပ်ချုပ်ရေး ဥပဒေကို တိုင်းပြုပြည်ပြု လွှတ်တော် ကသာ ရေး ဆွဲနိုင်တယ်။ ဆုံးဖြတ်နိုင်တယ်။ အင်္ဂလိပ်အစိုးရစီမံကိန်း ရှိတယ်။ တိုင်းပြည်အုပ်ချုပ်နေတယ်။ မငြင်းနိုင်ဘူး။အရမ်းအော်တိုင်း အင်္ဂလိပ်မရှိမှာ မဟုတ်ဘူး။ ရှိတဲ့အင်္ဂလိပ်ထွက် သွားပါဆိုရင် ဘယ်တော့မှ ထွက်မသွားဘူး။ ထွက်သွားအောင်လုပ်မှ ထွက်သွားမယ်''

''တိုင်းပြည်လူထုတွေ က မကြိုက်ရင် ထွက်ပေးမယ်။ဘုရင်ခံက ခန့်တာ တိုင်းပြည်က မဖြုတ်နိုင်ဘူးပြောတယ်။ဥပဒေအရ မှန်တယ်၊ တိုင်းပြည်က ကျွန်တော် တို့ကို မလိုတဲ့အကြောင်း ထင်ထင်ရှားရှားပြရင် ကျုပ်တို့ ထွက်ပေးဖို့အသင့်ပဲ''

''ဘိလပ်သွားတာ ဖဆပလ ညွှန်ကြားချက်နဲ့ ဝန်ကြီးအဖွဲ့ကိုယ်စားလှယ်အ ဖြစ်သွားတာ။ ကျွန်တော် တို့အထဲ လူနှစ် ယောက် (ဂဠုန်ဦးစောနှင့် သခင်ဗစိန်) ပါလာတယ်။ ထွက်သွားကတည်းက တစ်ယောက် ကျန်နေခဲ့တယ်။ တစ်ယောက် နေရာမရမှာ စိုး လိုက်လာတယ်။ ဘာပြောသလဲ ''ငါတို့နောက်ထပ်ဝန်ကြီး တစ်နေရာ လိုချင်တယ်''။ ဒါနဲ့ ကျုပ်ကသက်ညှာစွာ စဉ်းစားပေးပါမယ်လို့ ပြောလိုက်တယ်။ အစကတည်းက တစ်မူးဖိုး ပိုရှူဖို့လာပြီး တစ်မူးဖိုး ပိုရှူဖို့ နေရာတကာ လုပ်တယ်။ တိုတိုပြောရရင် နောက်ဆုံးအထိ ကျွန်တော် တို့တင်တဲ့ကိစ္စမှာ အကုန်လုံး ဆွေးနွေးပြီးလို့ လက်ခံပါပြီပြောမှ အဲဒီ တော့မှ ကျွန်တော် တို့ မပါပါဘူးလို့ ပြောကြတယ်။ကျွန်တော့် ကို ချောက်ချဖို့ပဲ။ ဒါပေမဲ့ မကြောက်ဘူး။

''ဒီလို လူတွေ သဘောတူအောင် မလုပ်နိုင်ဘူးလားလို့မေးကြတယ်။ အကြောင်းသိလျက်သားနဲ့ မေးကြသလားလို့ပြန်မေးချင်ပါတယ်။ ဒီလူတွေ သဘောကျအောင် လုပ်ရမယ်ဆိုလျှင် လာမယ့်ရွေးကောက်ပွဲမှာ ခင်ဗျားတို့လူတွေ ပါအောင်လုပ်ပေးမယ်ဆိုရင် သဘောကျမှာ ပဲ။ ဖြူရင် မည်းလိုတဲ့လူတွေ ကို နားလည်အောင်တော့ မပြောနိုင်ပါဘူး။ တိုင်းသူပြည်သားများ နားလည်အောင်တော့ ပြောနိုင်ပါတယ်''

''သွားတောင်းတာ ရသလားဆိုရင် တစ်ရာမှာ တစ်ရာတော့ မရဘူး။ လိုချင်သလောက် နီးနီးရပါတယ်။ ရှေ့ကိုလုပ်ချင်တဲ့ လုပ်ငန်းစဉ်အရ လွတ်လပ်ရေး စခန်းကို သွားမယ်နေရာမှာ လျင်မြန်အေးချမ်းစွာ သွားနိုင်မယ်လို့ ယူဆတယ်။များများ မစောင့်ရပါဘူး။ တစ်နှစ် လောက်ပဲ စောင့်ပါ။ လွတ်လပ်ရေး ကို သူတို့ မကြေညာနိုင်ပါဘူး။ ကျွန်တော် တို့ လွတ်လပ်ရေး ကို တိုင်းသူပြည်သားများ ကသာ လွတ်လပ်တဲ့နိုင်ငံလို့ ကြေညာနိုင်မယ်။ ဘယ်အပေါ်မှာ တည်တယ်။ တစ်နှစ် အတွင်း လွတ်လပ်ရေး ရမယ် မရဘူးဆိုတာ ကျွန်တော် တို့ဖဆပလအဖွဲ့ချုပ် လုပ်ငန်းစဉ်ကို ပြန်ချစစ်ဆေးကြည့်မယ်ဆိုရင်တစ်ဆင့်ထက်တစ်ဆင့် ဘယ်လို တက်လာသလဲ။ ဘယ်လိုဣနြေ္ဒရစွာ နဲ့ လုပ်ကိုင်နိုင်တယ်။ တော် လှန်ရေး မှာ လုပ်လာတဲ့လူတွေ ဆိုတာ သိတန်သလောက် သိကြတယ်။ အဲဒီ လို တစ်ဆင့်တက်၍ လုပ်ထားကြတယ်ဆိုရင် လူထုက ဘာပြောပြောနားမယောင်ကြဘဲ ဖဆပလ အဖွဲ့ချုပ် ညွှန်ကြားလမ်းပြရာသို့ တစ်သဝေမတိမ်း လိုက်နာရင် တစ်နှစ် အတွင်း လွတ်လပ်ရေး ရမယ်လို့ ကတိပေးခဲ့မယ်။ ဟုတ်တယ် မဟုတ်ဘူး စောင့်ကြည့်ကြပါ'' ဟူ၍ ပြောကြားသွားသည်။

၁၉၄၇ မတ် ၁၊ မြန်မာပြည် အင်္ဂလိပ်ကုန်သည်ကြီးများ အသင်း နှစ် ပတ်လည်အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက ''အရေး ကြီးသော စက်မှု လုပ်ငန်းများ ကို ပြည်သူပိုင် လုပ်မည် ''ဟု မိန့်ခွန်းပြောကြားခဲ့သည်။

- မြန်မာ့ရုပ်ရှင် ၂၅ နှစ် ပြည့် ငွေရတုသဘင်အ ဖြစ် ဗမာပြည်ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးက ကြီးမှူးကျင်းပသည့်ဗမာပြည် ပြပွဲကြီး ဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်တွင် ကျင်းပရာ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၊ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒီးဒုတ်ဦးဘချိုတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

၁၉၄၇ မတ် ၇၊ ည ၆း၃ဝ နာရီအချိန်တွင် အသံလွှင့်ရုံမှ ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား ''လူထုကို တစ်ပတ်မရိုက်'' ခေါင်းစီးဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် မေတ္တာရပ်ခံချက်စာတမ်းတစ်စောင်ကို ဖတ်ကြားအသံလွှင့်ခဲ့သည်။

မတ် ၁၃၊ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အသံလွှင့်ရုံမှ ဗိုလ်ချုပ်အောင်ဆန်းက ''နိုင်ငံရေး စားဖားကြီးတွေ '' ခေါင်းစီးဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

မတ် ၁၅၊ တနင်္သာရီနယ်၊ မြိတ်မြို့သို့ ဗိုလ်ချုပ်အောင်ဆန်းစည်းရုံးရေး ခရီးစဉ် ထွက်ခွာခဲ့သည်။

မတ် ၁၇၊ ညနေ ၄ နာရီအချိန်တွင် မော်လမြိုင်သို့ ၊ ဘုရင်မပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းက ''ဂျပန်ကို ချသလို ချမယ်''ခေါင်းစီးဖြင့် မိန့်ခွန်းပြောကြားသည်။

မတ် ၁၉၊ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် နိုင်ငံရေး ရှင်းလင်းပွဲကို ကန်တော် မင်ပန်းခြံ၌ ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ရှင်းလင်း ပြောကြားခဲ့သည်။

မတ် ၂ဝ၊ အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွက်ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်မြို့မှ စတင်ခရီးထွက်ခွာခဲ့သည်။မတ် ၂၁၊ မုံရွာမြို့တွင် ''စိတ်ချမယ့် အမတ်များ လိုတယ်''ဟု ဗိုလ်ချုပ်အောင်ဆန်းက ဟောပြောခဲ့သည်။

ည ၈း၃ဝ နာရီတွင် အသံလွှင့်ရုံမှ ''လွတ်လပ်ရေး မှတ်ကျောက်'' ခေါင်းစီးဖြင့် ဗိုလ်ချုပ်အောင်ဆန်း အသံလွှင့်မိန့်ခွန်း လွှင့်ထုတ်ခဲ့သည်။

၁၉၄၇ မတ် ၂၅၊ နတ်မောက်မြို့ ဒီပင်္ကရာကျောင်းတိုက်အတွင်းကျင်းပသော လူထုအစည်းအဝေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက''စိတ်ပြောင်းကြစမ်းပါ'' ဟု ဟောပြောခဲ့သည်။

မတ် ၂၆၊ တောင်တွင်းကြီးမြို့ ရွှေအင်းတောင်ဘုရားတွင် ''ညီညီညွတ်ညွတ်နဲ့ တောင်းခံပါ'' ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက ဟောပြောခဲ့သည်။

မတ် ၂၇၊ အာလံ (အောင်လံ) မြို့ နံနက်ခင်း၌ ကျင်းပသော တော် လှန်ရေး နေ့ အခမ်းအနားတွင် ''တော် လှန်ရေး နှစ် မျိုး''ခေါင်းစီးဖြင့် ဗိုလ်ချုပ်အောင်ဆန်းက ဟောပြောမိန့်ကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက-

''အဲဒီ နယ်ဟာ တော် လှန်ရေး စခဲ့တဲ့နယ် ဖြစ်တယ်။ တော် လှန်တယ်ဆိုတာ အဓိပ္ပာယ်ဘာလဲ၊ များ သော အားဖြင့် ယူဆနေကြတာက သွေးထွက်သံယို ဖြစ်တဲ့ တော် လှန်ရေး ကိုသာတော် လှန်ရေး လို့ ယူဆနေကြပါတယ်။ ဒါဟာ လုံးဝမမှန်ဘူး။တော် လှန်ရေး ဟာ သွေးထွက်သံယိုရှိတဲ့ တော် လှန်ရေး ၊ သွေးထွက်သံယိုမရှိတဲ့ တော် လှန်ရေး ရယ်လို့ နှစ် မျိုးရှိတယ်'' ဟူ၍ ပြောကြားခဲ့သည်။

ဧပြီ ၁၊ ရခိုင်ပြည်၊စစ်တွေ ၊မြေပုံမြို့ များ သို့ လေကြောင်းခရီးဖြင့် ဗိုလ်ချုပ်အောင်ဆန်း စည်းရုံးရေး ခရီး သွားခဲ့သည်။

ဧပြီ ၂၊ ရခိုင်ပြည် မြေပုံမြို့ ၌ ကျင်းပသော လူထုအစည်းအဝေးပွဲတွင် ''ဒါတွေ ဟာ လွတ်လပ်ရေး တိုက်ပွဲလား'' ခေါင်းစီးဖြင့် ဗိုလ်ချုပ်အောင်ဆန်းက ဟောပြောခဲ့သည်။

ဧပြီ ၅၊ ည ၆ နာရီခွဲတွင် အသံလွှင့်ရုံမှ တိုင်းပြည်သို့ အသံလွှင့် မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်အောင်ဆန်းက''လမ်းနှစ် ခွ'' ခေါင်းစီးဖြင့် မိန့်ကြားခဲ့သည်။

ဧပြီ ၆၊ ဗိုလ်ချုပ်အောင်ဆန်း မိတ္ထီလာမြို့မှ လေကြောင်းခရီးဖြင့် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ကသာမြို့များ သို့ စည်းရုံးရေး ခရီးစဉ် ထွက်ခွာသွားခဲ့သည်။

၁၉၄၇ ဧပြီ ၉၊ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ စတင်ကျင်းပခဲ့သည်။ တစ်ပြည်လုံး မဲဆန္ဒနယ် ၂၅၅ နယ်တွင် ဖဆပလအဖွဲ့ချုပ်မှ အမတ် ၂၄၈ ဦး ရရှိပြီး ၉၅ ဒသမ ၃ရာခိုင်နှုန်းဖြင့် မဲ အပြတ်အသတ် အနိုင်ရခဲ့သည်။

ဧပြီ ၁၇၊အသံလွှင့်ရုံမှ မြန်မာနှစ် သစ်ကူး မိန့်ခွန်းအ ဖြစ်''လုပ်ငန်းစဉ် ခြောက်ရပ်''ကို ဗိုလ်ချုပ်အောင်ဆန်းက အသံလွှင့် မိန့်ကြားခဲ့သည်။

မေ ၅၊ ပထမအကြိမ် ကာကွယ်ရေး တပ်ဖွဲ့ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေး ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အင်္ဂလိပ်တို့၏ မြန်မာပြည် ကွပ်ကဲမှု ဌာနချုပ်တပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီးဘရစ်တို့ တက်ရောက်ခဲ့သည်။

မေ ၁ဝ၊ ပထမအကြိမ် ကာကွယ်ရေး စီမံကိန်း ကော်မတီအစည်းအဝေးကျင်းပရာ သဘာပတိအ ဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ဆောင်ရွက်ခဲ့သည်။

မေ ၁၉၊ ဖဆပလ ပထမပြင်ဆင်မှု ညီလာခံကို ဂျူဗလီခန်းမ၌ ကျင်းပရာ သဘာပတိ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလအမတ်များ အတွက် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမိန့်ခွန်းကို ပြောကြားခဲ့သည်။

မေ ၂၅၊ ဗြိတိသျှရေတပ်မှ စစ်သင်္ဘောH.M.S Fale (စစ်ရေယာဉ်မေယု) ကို ဗိုလ်ချုပ်အောင်ဆန်းသို့ ရေတပ်လက်ထောက် ဗိုလ်ချုပ်မစ်ချယ်က လွှဲပြောင်းပေးအပ်ခဲ့သည်။

မေ ၃ဝ၊ နေ့လယ် (၂) နာရီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက ''မကျေနပ်ရင် ထွက်ပေးမယ်'' ဟု ရှင်းလင်းပြောကြားခဲ့သည်။

ဇွန် ၇၊ ရန်ကုန်မြို့ ဆိုရန်တိုဗီလာ (Sorrento Villa)အဆောက်အဦး၌ မြန်မာပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းကွန်ဖရင့် အစည်းအဝေးပွဲ၌ ဗိုလ်ချုပ်အောင်ဆန်း ''ပြန်လည်ထူထောင်ရေး '' မိန့်ခွန်းကို ပြောကြားခဲ့သည်။

၁၉၄၇ ဇွနွန် ၉၊ အတွင်းဝန်ရုံး (နောင်ဝန်ကြီးများ ရုံး)ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအတွင်း၌ ရှမ်းပြည်နှင့် ကရင်နီနယ်မှ ကိုယ်စားလှယ်များ တွေ့ ဆုံဆွေးနွေးခဲ့သည်။

ဇွန် ၁ဝ၊ နံနက် ၈ နာရီတွင် ဖဆပလမှ ကြီးမှူးကျင်းပသော လူထုဆန္ဒပြပွဲကြီးကို ဗန္ဓုလပန်းခြံတွင် ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းက ''အမြဲတမ်း အဆင်သင့်ရှိရမယ်'' ဟု မိန့်ခွန်းပြောကြားခဲ့သည်။

ဇွန် ၁၆၊ ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးပွဲတွင် အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ချက်အဆို (၇) ချက်ကို ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းခဲ့သည်။

ဇွန် ၁၇၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ပြဌာန်းချက်အဆိုကို လွှတ်တော် က အတည်ပြုခဲ့သည်။

ဇွန် ၁၈၊ တိုင်းပြုပြည်ပြုလွှတ်တော် ၌ လုံးဝလွတ်လပ်ရေး အဆိုကို ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းစဉ် ''ဘယ်သူ့လက်အောက်မှ မနေချင်ဘူး'' ခေါင်းစီးဖြင့် မိန့်ကြားသွားခဲ့သည်။အဖွဲ့ဝင် (၅၅) ဦးပါ အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေး ဆွဲရေး ကော်မတီများ ၏ အမည် စာရင်းကို လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

ဇွန် ၁၉၊ လွှတ်တော် ဥက္ကဋ္ဌ သခင်နုခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိသျှအစိုးရ တာဝန်ရှိသူများ နှင့် အချုပ်အခြာ အာဏာလွှဲပြောင်းရေး ကိစ္စများ ဆွေးနွေးရန်လန်ဒန်မြို့သို့ ထွက်ခွာသွားခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် သခင်နု၊ ဦးကျော်ငြိမ်း၊ ဦးတင်ထွတ်၊ ဦးကိုကိုကြီး၊ဗိုလ်ထွန်းလင်း၊ ဗိုလ်ခင်မောင်ကလေးတို့ လိုက်ပါသွားခဲ့သည်။

ဇွန် ၂၄၊ ဂဠုန်ဦးစောတပည့် ဘညွန့်နှင့် မောင်စိန်တို့သည်လက်မှတ်တုများ ဖြင့် ဗိုလ်တထောင် လက်နက်တိုက်မှ ဘရင်းသေနတ်အလက် ၂ဝဝ၊ ပြောင်းပို ၂ဝဝ၊ မဂ္ဂဇင်းကျည်းကပ်၈ဝဝ တို့ကို ထုတ်ယူသွားကာ မရမ်းကုန်း အေဒီလမ်း (ယခုမေခလမ်း) အမှတ် (၄) ရှိ ဦးစောအိမ်တွင် သိုဝှက်ထားခဲ့သည်။

၁၉၄၇ ဇူလိုင် ၇၊ မြန်မာပြည်ရှိ အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း (I.C.S)များ နှင့် ဗိုလ်ချုပ်အောင်ဆန်း တွေ့ ဆုံ ဆွေးနွေးခဲ့သည်။

ဇူလိုင် ၁ဝ၊ ဂဠုန်ဦးစော၏ တပည့် ဘညွန့်ခေါင်းဆောင်၍ ပွိုင့် ၃ဝ၃ ရိုင်ဖယ်ကျည်ဆန် ၁ သိန်း၊ စတင်းကျည်ဆန်၂၅၆ဝဝဝ နှင့် လက်ပစ်ဗုံး အလုံး ၂ဝဝ တို့ကို ဗိုလ်ကြီးဗီဗီယန်၏ စီစဉ်ပေးချက်အရ ၁၆ မိုင်ရှိ မင်္ဂလာဒုံ အခြေစိုက်လက်နက်တိုက်မှ ထုတ်ယူသွားခဲ့သည်။

ဇူလိုင် ၁၃၊ ဖဆပလမှ ကြီးမှူးကျင်းပသော မြန်မာပြည်နိုင်ငံရေး ရှင်းတမ်း လူထု စည်းဝေးပွဲကြီးကို ရန်ကုန်မြို့တော် ခန်းမရှေ့၌ ကျင်းပရာ မြို့တော် ခန်းမ လေသာဆောင်မှနေ၍ ''တိုင်းပြုပြည်ပြုလွှတ်တော် '' ခေါင်းစီးဖြင့် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားခဲ့သည်။

(ဤမိန့်ခွန်းသည် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော နောက်ဆုံး မိန့်ခွန်း ဖြစ်သည်။)

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော နောက်ဆုံးမိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

''ကျွန်တော် တို့ ဒီအစိုးရနဲ့ အရင်ကရှိတဲ့ အစိုးရတွေ နဲ့ယှဉ်ကြည့်လိုက်ရင် ကျုပ်ပြောရဲတယ်။ ယခုအစိုးရထဲမှာ လာဘ်စားတဲ့သူတွေ မရှိပါဘူးဆိုတာ ကျုပ်ပြောရဲတယ်။အရင်အစိုးရတွေ တုန်းက ကျုပ်အတိအလင်း ပြောတယ်။လာဘ်စားတဲ့လူတွေ ရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ၊အဲဒီ လူတွေ က ယခုအခါမယ် တိုင်းပြည်ကို မိမိတို့ပါတီ ပြန်အာဏာရအောင် ခြေထိုးကြတဲ့ကိစ္စမှာ ယောင်ယောင်မှားမှား ဖြစ်တဲ့လူတွေ ဟာ စေတနာပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေတိုင်းပြည်သစ္စာဖောက်တဲ့ကိစ္စမှာ ရန်သူနံပါတ် ၁ တွေ ဖြစ်တယ်။ အဲဒီ ရန်သူ နံပါတ် ၁ တွေ ကို ခင်ဗျားတို့ ထောက်ခံချင်တယ်ဆိုရင် ခင်ဗျားတို့ လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ကြတာပဲ။ ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင်အတင်းအဓမ္မ လုပ်လာလို့ အစိုးရ ဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှု နဲ့ ကျုပ်တို့ အစိုးရ ဖြစ်နေတာ။ တိုင်းပြည်က မကြည်ညိုဘူးဆိုတာ ကျုပ်တို့သိတဲ့တစ်နေ့မှာ ကျုပ်တို့လည်း မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာ ပါပဲ။ သို့ သော်လည်းပဲ တစ်နှစ် လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေ လည်း၊ ရာဇဝင်မှာ အရေး ခံမယ့်လူစားမျိုးတွေ လား၊ ရာဇဝင်မှာ အဆဲခံမယ့် လူစားမျိုးတွေ လားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်''

''ဒီတော့ ကာကွယ်ရေး ဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေး ဆိုတိုင်း ပဒေသာပင်မြေကမပေါက်နိုင်ဘူး ဆိုတာကို ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။ ဘာ ဖြစ်လို့လဲ ဆိုလို့ရှိရင် ခင်ဗျားတို့စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လိုစိတ်ကူးကြသလဲ ဆိုလို့ရှိရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်းပေါက်လြာ ကတော့မလို ခင်ဗျားတို့ ထင်ကြတဲ့လူတွေ များ ကြတယ်။ တချို့ကလည်းပဲ 'ဟာ လွတ်လပ်ရေး ရပြီ' ဆိုပြီးတော့ ဘာလုပ်ချင်သလဲဆိုတော့ ကျွန်တော် အရင်တစ်ခါကတွေ့ ခဲ့တယ်။ ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး ၊ ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး တုန်းက အဲဒီ တုန်းကဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော် တွေ့ ခဲ့တယ်။ ဘာတွေ့ သလဲဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ 'ဟာ လွတ်လပ်ရေး ရပြီကွ' ဆိုပြီးတော့ လူတကာသွားတဲ့လမ်းမပေါ်မှာ ထွက်ပြီး ဆေးလှန်းတယ်။ အဲဒီ တော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော် ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေး မဟုတ်ဘူး။ လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာကိုယ်တစ်ဦး တစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံးကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦး တစ်ယောက် ရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့၊ အခြားလူတွေ ရဲ့ အကျိုးကိုမထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှု အတွက်လုပ်နိုင်တာဟာ လွတ်လပ်ရေး ပဲ။ ဥပမာ ခင်ဗျား စီးပွားရေး ဖြစ်ထွန်းအောင် လုပ်တဲ့နေရာမှာ အနှောင့်အယှက် မရှိစေရဘူး။ အခြားလူတွေ ရဲ့ အကျိုးကို မထိခိုက်စေရဘူး။ ခင်ဗျားလွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့အခြေအနေ ရှိရမယ်။ လွတ်လပ်ရေး ဟာ သူတစ်ပါး လွတ်လပ်မှု ကို သွားနှောင့်ယှက်တဲ့လွတ်လပ်ရေး ဟာ လွတ်လပ်ရေး မဟုတ်ဘူး။ အဲဒါဘာလဲဆိုရင် (Licence) ခေါ်တယ်။ ဒါဟာ ရမ်းကားမှု ဖြစ်တယ်။

''ဒီတော့ လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပာယ်ဟာ စည်းမဲ့ကမ်းမဲ့သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေး ရတဲ့အခါမှာ လွတ်လပ်ရေး အခွင့်အရေး တွေ ရတယ်။ လွတ်လပ်ရေး ရတဲ့အခါမှာ ခင်ဗျားတို့ အခွင့်အရေး တွေ ပိုရတာ လည်းရှိတယ်။ အခွင့်အရေး တွေ ပိုရသလိုပဲ တာဝန်တွေ လည်း ပိုလာလိမ့်မယ်။ ဘယ်လိုတာဝန်တွေ ပိုလာမလဲ ဆိုလျှင် ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ်နေတုန်းက ဒီဗမာပြည်ကို ကာကွယ်ဖို့ တာဝန်ဟာ အင်္ဂလိပ်ရဲ့ တာဝန်သာ ဖြစ်တယ်။ သို့ သော်လည်း ဒီဗမာပြည်ကို ကျုပ်တို့ လွတ်လပ်ရေး ရတဲ့အခါမှာ ကျုပ်တို့ ဗမာတွေ ကသာလျှင် ဗမာပြည်ကို ကာကွယ်ရမယ့် တာဝန်ဟာ အဓိက ဖြစ်တယ်။ ဒီတော့ အရင်တုန်းကလို ခင်ဗျားတို့ အေးအေးဆေးဆေးနေလို့ မ ဖြစ်နိုင်တော့ဘူး ဖြစ်ချင်တာတွေ အပေးမှာ ပြီးတော့ ခင်ဗျားတို့ အလုပ်မလုပ်ဘဲနဲ့တော့ ဖြစ်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ပြောခဲ့ချင်တယ်''

''ကျွန်တော် တို့ တိုင်းပြည်ကို ပြန်လည်ထူထောင်ကြမယ်ဆိုလို့ရှိရင်လည်း National Planning ခေါ်တဲ့ အဲဒီ စီမံကိန်းမျိုးတွေ နဲ့ မလုပ်ဘဲနဲ့ ဘယ်နည်းနဲ့မှ ကျွန်တော် တို့တိုင်းပြည်ဟာ မကြီးပွားနိုင်ဘူး၊ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့သတိရှိစေချင်ပါတယ်။ အဲဒီ တော့ ပဒေသာပင်ဟာ မြေကပေါက်လာမှာ မဟုတ်ပါဘူး။ ပဒေသာပင် ပေါက်အောင်ဆိုရင်ကျွန်တော် တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။ အဲဒီ တော့ လွတ်လပ်ရေး ရပင်သော်ငြားလည်းလွတ်လပ်ရေး ရဲ့ တာဝန်တွေ ကို ကျွန်တော် တို့က မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေး ဟာ ဒီကနေ့ရပြီးမနက်ဖြန်ခါ တခြားလက် ဖြစ်ပါသွားမှာ ပဲ ဆိုတာ ခင်ဗျားတို့သိစေချင်တယ်။ ဒီတော့ အဲဒီ လွတ်လပ်ရေး ရတဲ့အခါမှာ ကျွန်တော် တို့ အခုတင်က စီမံကိန်းအမျိုးမျိုးနဲ့ လုပ်ဆောင်မှအနှစ် ၂ဝ လောက် ကျွန်တော် တို့ စကားခပ်ရိုင်းရိုင်းပြောရရင်စကားခပ်ရိုင်းရိုင်းပြောရတယ်ဆိုတာ စကားခပ်ရိုင်းရိုင်းပြောမှလူတွေ က မှတ်မိတယ်။ စကား ခပ်ရိုင်းရိုင်းဆိုရင် အတော့် ကိုပြဲအောင် ကြိုးစားနိုင်မှ၊ လုပ်နိုင်မှ အဲဒါအတော့် ကို ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ အနှစ် ၂ဝ လောက် ရှိတဲ့အခါမှာ တော် ကာကျမယ်။ အဲဒီ လို မဟုတ်ဘဲ ခင်ဗျားတို့ အလုပ်မလုပ်ဘဲ နေမယ်ဆိုလို့ရှိရင် ယိုးဒယားပြည်ရဲ့ အဆင့်အတန်းတောင်မီမှာ မဟုတ်ပါဘူး။

ယိုးဒယားပြည် ဆိုလို့ရှိရင် လွတ်လပ်တဲ့ နိုင်ငံထဲမှာ ညံ့ညံ့ပဲ။ ညံ့ညံ့ပင် ဖြစ်ပေမယ့် ကျွန်တော် တို့ ဗမာပြည်နဲ့စာလိုက်ရင်တော့ ကျွန်တော် တို့ဗမာပြည် လွတ်လပ်ရင် လွတ်လပ်ချင်းပဲယိုးဒယားပြည်က ကျွန်တော် တို့ထက် သာတာပဲ။ ဘယ်လိုသာမလဲဆိုရင် စစ်တပ်တွေ ဆိုလို့ရှိရင်လည်း ကောင်းကောင်းရှိတယ်။ ရေတပ်တွေ လည်း ရှိတယ်။ လေတပ်တွေ လည်းရှိတယ်။ အခြားစစ်တပ်တွေ လည်း အတော် များများ ရှိတယ်။ကျွန်တော် တို့မှာ အဲဒီ လို မရှိသေးပါဘူး''

''ဒီတော့ ကျွန်တော် တို့က တကယ်ပဲ သုညကစပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာ ဆိုတော့သို့ သော်လည်း အခြားနိုင်ငံတွေ က ခြေလှမ်းတစ်လှမ်း လှမ်းရင်၊တခြားလွတ်လပ်တဲ့ နိုင်ငံတွေ က ခြေတစ်လှမ်းလှမ်းရင် ကျွန်တော် တို့က ခြေလှမ်း ၄၊ ၅၊ ၁ဝ လှမ်း လှမ်းလိုက်နိုင်မှ၊အဲဒီ လို လိုက်နိုင်တဲ့အခါကျမှ နောက် ၁ဝ နှစ် ၊ အနှစ် ၂ဝတန်သည်အားဖြင့် အဲဒီ လို တန်းတူညီတူ ဖြစ်သွားမယ်။တန်းတူညီတူ မ ဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာလွတ်လပ်တယ်ဆိုပေမယ့် ဟိုလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ ဖာသယ်လိုနိုင်ငံမျိုး ဖြစ်နေမှာ ပဲဆိုတာ ခင်ဗျားတို့ အတိအလင်း နားလည်ထားစေချင်တယ်။ အားမှမရှိသေးတော့ အဲဒီ လို ဖြစ်နေမှာ ပဲ။အဲဒီ တော့ကာ အင်မတန်ကို ကျွန်တော် တို့ တစ်ခါတည်းကျွန်တော် တို့ တိုင်းပြည်မှာ ရှိတဲ့လူတွေ စည်းစည်းရုံးရုံးနဲ့ ရှိပါမှ ဖာသယ် သဘောမျိုး နိုင်ငံမျိုး မ ဖြစ်စေရမှာ ။ အဲဒီ တော့တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး ၊ တိုင်းရင်းသားလူထုညီညွတ်ရေး စားဖားသမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး ၊ တိုင်းသူပြည်သားလူထု ညီညွတ်ရေး ၊ အဲဒီ ညီညွတ်ရေး နှစ် ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရ လုပ်လုပ်ဖာသယ်တိုင်းပြည် ဖြစ်နေမှာ ပဲလို့ ကျွန်တော် ပြောချင်တယ်။အဲဒီ တော့က ဒီနှစ် ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေး ကြီးပါတယ်။

''ကျွန်တော် တို့ ဗမာတွေ မှာ စောက်ကျင့်တစ်ခု ရှိတယ်။ဘာစောက်ကျင့်တစ်ခု ရှိသလဲဆိုရင် ဒါကလည်းပဲ ကျွန်တော် တို့ ကျွန် ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင် ဖြစ်မယ်။ ဘာလဲဆိုတော့ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကိုသွားတဲ့အခါလှေပြိုင်ပွဲတစ်ခု ရှိတယ်။ လှေပြိုင်ပွဲ လုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ နိုင်တဲ့အစင်းက ပန်းတိုင်မရောက်သေးဘူးရှေ့ကို နည်းနည်း ရောက်တယ်ဆိုရင်ပဲ တက်ထောင်တယ်၊ကြွားတယ်။ တစ်ခါရှုံးတဲ့ နောက်ရေထဲက လှေကလည်းပဲပန်းတိုင်မရောက်သေးဘူး ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။မကြိုးစားချင်တော့ဘူး။ ရှုံးတော့မှာ ပါပဲကွာ ဆိုပြီး ခြေပစ်လက်ပစ်နဲ့ မကြိုးစားချင်တော့ဘူး။ ဒါဟာ ဘာလဲဆိုရင်တကယ့်တိုင်းပြည် ထူထောင်တဲ့နေရာမှာ လွတ်လပ်တဲ့လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်မျိုး မဟုတ်ဘူး။ အဲဒီ စိတ်ဓာတ်မျိုးဟာ ကျွန် ဖြစ်မယ့်စိတ်ဓာတ်မျိုး၊ ကျွန်ရဲ့ စိတ်ဓာတ်မျိုး ဖြစ်တယ်။

''ကျွန်တော် တို့ ဒီတိုင်းပြည် လွတ်လပ်တဲ့အခါမှာ လည်းယိုးဒယား (ထိုင်း) ပြည်လို ဖြစ်ချင်သလား။ တူရကီပြည်လို ဖြစ်ချင်သလား။ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား။ ယူနိုက်တက်စတိတ် အမေရိကန်လို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လို ဖြစ်ချင်သလား။ ဆိုဗီယက် ယူနီယံ (ယခု ရုရှားဖက်ဒရေး ရှင်းသမ္မတနိုင်ငံ) လို ဖြစ်ချင်သလား။ ဒီစိတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ ဗမာတွေ ကျွန် ဖြစ်နေမှာ ပဲ။ လွတ်လပ်ရေး ရရင်လည်း မြန်မြန် ပြန်ကျွန် ဖြစ်မှာ ပါပဲ။ နောက်ဆုံးတစ်နေ့မရှုံးတဲ့တိုင်အောင်၊ ကျွန် မ ဖြစ်တဲ့တိုင်အောင် ခုနလို ဖာသယ်လွတ်လပ်ရေး ဖြစ်နေမှာ ပဲ'' ဖြစ်ချင်တာတွေ အပေါ်မှာ ပြီးတော့ခင်ဗျားတို့ အလုပ်မလုပ်ဘဲနဲ့တော့ ဖြစ်မှာ မဟုတ်ဘူးဆိုတာကျွန်တော် ပြောခဲ့ချင်တယ်''

''ပြီးတော့ ဘောလုံးပွဲကိုကြည့်။ ကျွန်တော် တို့ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့အခါမှာ ဆိုရင် ကိုယ်က ပထမ စဂိုးသွင်းရတယ်ဆိုရင် အတော် အားတက်လာတယ်။ အားတက်လာတာနဲ့၊ ကန်တာနဲ့၊ ပြုတာနဲ့ နောက်တစ်ခါ အဲဒီ လို ဖြစ်တဲ့အခါမှာ တော် တော် လေး ဂိုးလေးများ လာတယ်ဆိုရင် လျော့လျော့ပေါ့ပေါ့ ကန်ချင်လာတယ်။ ငါနိုင်မှာ ပဲဆိုပြီး၊ အဲ့ဒါကနေပြီး တစ်ဖက်ကနေ နောက်ဆုံးအပြီးသတ်မှာ ကပ်ပြီး ပြန်ပြီးတော့ ဂိုးသွင်းသွားလို့ သရေ ဖြစ် ဖြစ်၊ ရှုံးတာ ဖြစ် ဖြစ် ဖြစ်သွားတာမျိုးလည်း ကျွန်တော် တို့ ဘောလုံးပွဲ ရာဇဝင်မှာ ခင်ဗျားတို့ ပြန်စဉ်းစားရင်တော့ တွေ့ မှာ ပဲ။ ဒါတင်မကသေးဘူး။ဒီရှုံးသွားတဲ့လူကလည်း ဘောလုံးကန်လို့ရှိရင် ပထမပိုင်းမှာ နာရီဝက်မှာ ရှုံးသွားရင်တော့ တော် သေးရဲ့ ။ ကျန်သေးတဲ့ဒုတိယနာရီဝက်မှာ ကန်လို့ ၁ဝ မိနစ်လောက်ြ ကတော့ ကိုယ့်ဘက်က ဂိုးမသွင်းနိုင်ဘူးဆိုရင် အဲဒီ အခါကျရင် လူကိုချတယ်။ဒါ ကျွန်တော် တို့ ဗမာဘောလုံးကန်တဲ့ ဘောလုံးပွဲအကျင့်ပဲ။အဲဒါSporting Spirit (အားကစားစိတ်ဓာတ်) မရှိဘူး။ဒါဘာလဲဆိုလို့ရှိရင် ဗမာတွေ စိတ်ထဲမှာ ဗမာတွေ ဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေ ပဲ။ဗမာတွေ စိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေ ကျတော့ အသုံးမချဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေး လုပ်တဲ့ နေရာမျိုးမှာ အသုံးမချတတ်ဘူး။ဗမာဗမာချင်းချဖို့မှာ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လည်းဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မ ဖြစ်နိုင်ဘူး''

''အဲဒီ တော့ ခင်ဗျားတို့ဟာ လွတ်လပ်ရေး ကို လိုချင်ရင်လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေး ကို လိုချင်လို့ရှိရင် လွတ်လပ်ရေး ကို ရနိုင်တဲ့ ညီညွတ်မှု ကို ထိန်းသိမ်းထားပါ၊ လွတ်လပ်ရေး ကို လိုချင်ရင် လွတ်လပ်ရေး ကို ရနိုင်တဲ့ထူထောင်မှု ကို လုပ်ကြပါ။ အဲဒီ လို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစား စံစားချင်တယ်ဆိုရင် အလုပ် လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ ၊ အကျင့်ဟောင်းတွေ ၊ စောက်ကျင့်တွေ ကို ပြင်ကြဖို့ လိုပြီဆိုတာကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်''

၁၉၄၇ ဇူလိုင် ၁၅၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပျော်ဘွယ်ဦးမြတို့  ဘုရင်ခံနှင့် သွားရောက်တွေ့ ဆုံခဲ့ပြီး စစ်လက်နက်ပစ္စည်းတပ်မှ လက်နက်များ ပျောက်ဆုံးသတင်းကို ဘုရင်ခံအား တင်ပြပြောဆိုခဲ့သည်။

ဇူလိုင် ၁၆၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နုတို့ ဘုရင်ခံနှင့် ထပ်မံတွေ့ ဆုံကာ လက်နက်များ ပျောက်ဆုံးနေမှု ဆွေးနွေးခဲ့ကြသည်။

ဇူလိုင် ၁၈၊ ဘုရင်ခံနှင့် သခင်နုတို့ တွေ့ ဆုံခဲ့ရာ ဘုရင်ခံကဦးစောအိမ်မှာ လက်နက်များ ဖော်ထုတ်ရန် ပြောကြားခဲ့သည်။

ဇူလိုင် ၁၉၊ နံနက် ၁ဝ နာရီ ၃၅ မိနစ် အချိန်တွင် အတွင်းဝန်များ ရုံး၏ အစည်းအဝေး ပြုလုပ်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကို ဂဠုန်ဦးစော နောက်လိုက်လူသတ်သမားတို့က လုပ်ကြံသတ်ဖြတ်၍ ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ရသည်။

Cover

ညနေ ၃ နာရီတွင် လုပ်ကြံမှု တရားခံ ဂဠုန်ဦးစောနှင့် အပေါင်းပါများ ကို လက်နက်များ နှင့် အတူ ဦးစော၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

- ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့၏ ရုပ်အလောင်းနှစ် ခုကိုဂျူဗလီခန်းမမှ တာမွေကင်းဘဲလ်လမ်းရှိ (ငါးထပ်ကြီးဘုရားလမ်း) ရှိ မူဆလင် သင်္ချိုင်းသို့ သယ်ဆောင်သွားပြီး မူဆလင်ဘာသာအရ မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။

အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီနှင့် ပဏ္ဍစ်ဂျဝါဟလာ နေရူး၊ ဗြိတိသျှပါလီမန် အထက်အောက် လွှတ်တော် အမတ်များ ၊ ဗြိတိသျှ နန်းရင်းဝန် ကလီမင့်အက်တလီတို့ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရခြင်းအတွက် ဝမ်းနည်းစကားများ ပြောကြားခဲ့သည်။

၁၉၄၇ ဇူလိုင် ၂၃၊ ဗြိတိန်ဆဋ္ဌမမြောက် ဂျော့ဘုရ်၊ ဗြိသျှနန်းရင်းဝန်၊ ဗြိတိသျှအစိုးရအဖွဲ့ဝင် ဂျဝါမာလာနေရူး၊ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လူဝီမောင့်ဘက်တန်၊ မဒရပ်နန်းရင်းဝန်၊ အမေရိကန်အစိုးရတို့ထံမှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ကို သခင်နုထံသို့ ပေးပို့ခဲ့ကြသည်။

၁၉၄၇ ဇူလိုင် ၂၄၊ ဗြိတိသျှအစိုးရနှင့် သခင်နုတို့ သဘောတူညီမှု အရ

(၁) ဗမာနိုင်ငံတော် ကြားဖြတ်အစိုးရအဖွဲ့သည် ''ဗမာပြည်ယာယီအစိုးရ'' ဖြစ်လာခဲ့သည်။

(၂) ဘုရင်ခံ၏ အမှု ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌသည် ''ယာယီအစိုးရဝန်ကြီးချုပ်'' ဖြစ်လာခဲ့သည်။

(၃) အခြားအမှု ဆောင်ဝန်ကြီးများ သည် ''ယာယီအစိုးရဝန်ကြီးများ '' ဖြစ်လာခဲ့သည်။

ဇူလူလိုငုင် ၂၆၊ ခေါင်းဆောင်ကြီးများ ကျဆုံးခြင်းအတွက် တစ်မျိုးသားလုံး ဝမ်းနည်းတသသော နေ့အ ဖြစ် မြန်မာတစ်ပြည်လုံးတွင် အလုပ်များ ရပ်စဲကာ အစိုးရရုံးအားလုံးနှင့် ပျော်ပွဲရွှင်ပွဲများ အား ပိတ်ထားပြီး အစိုးရအဆောက်အဦးအားလုံးနှင့် နေအိမ်များ တွင် အလံများ တိုင်တစ်ဝက် လွှင့်ထူထားခဲ့သည်။

ဇူလိုင် ၂၉၊ ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် ဒုတိယအစည်းအဝေးကို ကျင်းပရာ လွှတ်တော် ဥက္ကဋ္ဌအ ဖြစ် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကို ရွေးကောက်တင်မြှောက်ခဲ့သည်။

လွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံး၍ ကြေကွဲဝမ်းနည်းကြောင်း အဆိုကို သခင်နုက တင်သွင်း၍ ဦးကျော်ငြိမ်းက ထောက်ခံမိန့်ခွန်းများ ပြောကြားခဲ့သည်။

သြဂုတ် ၁၇၊ တိုင်းပြုပြည်ပြု လွှတ်တော် အမတ်များ သည်ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ၏ ရုပ်ကလာပ်များ ထားရှိရာ ဂျူဗလီခန်းမသို့ သွားရောက်၍ ဂါရဝပြုခဲ့သည်။

၁၉၄၇ သြဂုတ် ၂၉၊ ဗြိတိသျှအစိုးရ ကာကွယ်ရေး မစ်ရှင်ခေါင်းဆောင် ဂျွန်ဒဗလျူဖရီးမင်း (ဲသ့ညျွှ.င်္မနနာညေ) နှင့် မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဗိုလ်လက်ျာတို့ ကာကွယ်ရေး ဆိုင်ရာ သဘောတူညီမှု ဖြစ်သော ''လက်ျာဖရီးမင်းစာချုပ်''ကို ချုပ်ဆိုခဲ့သည်။

သြဂုတ် ၃ဝ၊ မြန်မာပြည်ဘုရင်ခံက နိုင်ငံတော် လုပ်ကြံမှု ကိုစစ်ဆေးစီရင်ရန် အထူးခုံရုံး ဖွဲ့စည်းသည့် ဥပဒေကို ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂ဝ၊ နိုင်ငံတော် လုပ်ကြံမှု ကြီးနှင့် ပတ်သက်၍ စစ်ဆေးရန် နိုင်ငံတော် အထူးခုံရုံးနာယကအ ဖြစ် တရားသူကြီးဦးကျော်မြင့်အားလည်းကောင်း၊ အဖွဲ့ဝင်များ အ ဖြစ် ဦးအောင်သာကျော် (ဒိစကြိတ်စက်ရှင် တရားသူကြီး)နှင့် ဦးစီးမှူး (ဒိစကြိတ်စက်ရှင် တရားသူကြီး) တို့အားလည်းကောင်း ဘုရင်ခံကခန့်အပ်ကြောင်း အစိုးရရှေ့နေချုပ်ကြီးက ဖတ်ကြားအစီရင်ခံ၍ ထုတ်ပြန်ကြေညာသည်။

စက်တင်ဘာ ၂၄၊ နိုင်ငံတော် အထူးခုံရုံး စတင်၍ ရုံးထိုင်ခဲ့သည်။ ထို့နောက် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့နံနက်အချိန်တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံးကြီး၌ တရားခံ(၁ဝ) ဦးမှာ -

(၁) ဦးစော

(၂) မောင်စိုး

(၃) သက်နှင်း

(၄) မောင်စိန်

(၅) ရန်ကြီးအောင်

(၆) သုခ

(၇) ခင်မောင်ရင်

(၈) မောင်နီ

(၉) မှု န်ကြီး

(၁ဝ) အညွှန့်

တို့၏ လုပ်ကြံမှု ကြောင့် -

(၁) ဝန်ကြီးချုပ် ဗိုလ်ချုပ်အောင်ဆန်း

(၂) ဝန်ကြီး ဦးဘချို

(၃) ဝန်ကြီး သခင်မြ

(၄) ဝန်ကြီး ဦးဘဝင်း

(၅) ဝန်ကြီး မန်းဘခိုင်

(၆) ဝန်ကြီး မစ္စတာ ရာဇတ်

(၇) မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း

(၈) အတွင်းဝန်ကလေး ဦးအုန်းမောင်

(၉) အပါးတော် မြဲ မောင်ထွေးတို့အား ပစ်ခတ် လုပ်ကြံသည့်အတွက် ဤရုံးတော် ၌ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၃ဝ၂-၃၄၊ ၃ဝ၂-၁၁၄၊ ၃ဝ၂-၁ဝ၊ ၃ဝ၂-၁၂ဝ (ခ) အရ ရုံးတော် က အရေး ယူ စစ်ဆေးလိုပါကြောင်း အစိုးရ ရှေ့နေချုပ်ကြီးက လျှောက်ထားသည်။

အထက်ပါ ညနေ ၃ နာရီအချိန်တွင် ရန်ကုန်မြို့ အေဒီလမ်း(ယခု မိုးမခလမ်း) အမှတ် (၄) ဦးစောနေအိမ်၌ တရားခံများ ကို ပုလိပ်များ နှင့် တက်ရောက်ဖမ်းဆီးရမိသည့်အတွက် ဖော်ပြပါ ပုဒ်မများ အရ အရေး ယူစစ်ဆေးရန် လျှောက်ထားသူအမှု တွဲ ကို တရားသူကြီးများ အား တင်ပြသည်။

၎င်းက ဆက်လက်၍ ဝန်ကြီးများ စည်းဝေးနေသည့်အချိန်တွင် ဖော်ပြပါတရားခံ မောင်စိုး၊ သက်နှင်း၊ မောင်စိန်၊ ရန်ကြီးအောင် တို့သည် ဝန်ကြီးချုပ် ဦးအောင်ဆန်းနှင့် အပေါင်းပါ၉ ဦးအား သေနတ်ဖြင့် ပစ်သတ်သည့်ပြင် ရန်ကြီးအောင်သည်မောင်ထွေးအား သေနတ်နှင့် အတွင်းဝန်ရုံးအပေါ်၌ ပစ်သတ်ခဲ့သူ ဖြစ်သည်ဟု လျှောက်ထား၏ ။

နာယကတရားသူကြီး ဦးကျော်မြင့်က အဆိုပါအမှု ကြီးမှာ ဝရမ်းအမှု ကြီး ဖြစ်သည့်ပြင် တရားလိုသက်သေပေါင်း ၁၂ဝခန့် တင်ပြစစ်ဆေးမည် ။ တရားခံများ ကို လုံခြုံသော နေရာတွင် စစ်ဆေးရန်၊ သမာဓိခုံရုံးကို ဗဟိုအင်းစိန်ထောင်ကြီးအတွင်း၌ စစ်ဆေးရန် စက်တင်ဘာလ ၂၆ ရက်နေ့တွင် တရားလိုပြသက်သေ ၁၂ဝ တို့၏ အမည် စာရင်းကို တင်ရန်နှင့် အောက်တိုဘာ ၈ ရက်နေ့ နံနက် ၁ဝ နာရီမှ နေ့လယ် ၁ နာရီ၊ ညနေ၁ နာရီခွဲမှ ၃ နာရီအထိ တရားရုံးတော် တွင် စစ်ဆေးမည် ဟုအချိန်ပါ ကန့်သတ်ဆုံးဖြတ်ပေးလိုက် သည်။

၁၉၄၇ အောက်တိုဘာ ၈၊ နိုင်ငံတော် လုပ်ကြံမှု ကြီးကို အင်းစိန်အကျဉ်းထောင်၌ ရုံးစတင်ထိုင်ပြီး အမှု စတင် စစ်ဆေးခဲ့သည်။

အောက်တိုဘာ ၁၇၊ ဗြိတိသျှနန်းရင်းဝန် မစ္စတာကလီပင့်ရချေတ် အက်တလီနှင့် မြန်မာပြည်ယာယီ အစိုးရဝန်ကြီးချုပ်သခင်နုတို့ သမိုင်းဝင် ''နုအက်တလီစာချုပ်'' ခေါ် မြန်မာ့လွတ်လပ်ရေး စာချုပ်ကို လက်မှတ်ရေး ထိုး ချုပ်ဆိုခဲ့သည်။

ဒီဇီဇင်ဘ်ဘာ ၁ဝ၊ ဗြိတိသျှပါလီမန်က မြန်မာပြည်လွတ်လပ်ရေး ဥပဒေကြမ်းကို ၂၂၈ မဲ ၁၁၄ မဲဖြင့် အတည်ပြုခဲ့သည်။

မြန်မာ့လွတ်လပ်ရေး ဥပဒေကြမ်းကို ဗြိတိသျှဘုရင် မင်းမြတ်က လက်မှတ်ရေး ထိုးခြင်း ပြုခဲ့သည်။

ဒီဇင်ဘာ ၂၃ နိုင်ငံတော် လုပ်ကြံမှု ကြီးကို စစ်ဆေးပြီးဆုံးခဲ့သည်။

ဒီဇင်ဘာ ၃၁ နိုင်ငံတော် အထူးခုံရုံးမှ နိုင်ငံတော် လုပ်ကြံမှု တရားခံများ ကို ပြစ်ဒဏ်အသီးသီး ချမှတ်စီရင်ခံသည်။

၁။ မောင်စိုးအား ဗိုလ်ချုပ်အောင်ဆန်းနှင့် မန်းဘခိုင်တို့ကိုသတ်သည့်အတွက် ပုဒ်မ ၃ဝ၂ (၁) (ခ) ၃၄ အရပြစ်မှု ၂ ခု ကျူးလွန်သူ ဖြစ်၍ လည်ပင်းကြိုးကွင်းတပ်၍ အသေသတ်စေ။

၂။ သက်နှင်းအားလည်း အထက်ပါအတိုင်း ပြစ်မှု ၂ ခုကျူးလွန်၍ လည်ပင်းကြိုးကွင်းတပ်၍ အသေသတ်စေ။

၃။ မောင်စိန်အား ဝန်ကြီး မန်းဘခိုင်ကို သေအောင် သတ်ခဲ့သူ ဖြစ်၍ လူသတ်မှု ပုဒ်မ ၃ဝ၂ (၁) (ခ) ၃၄ အရလည်ပင်းကြိုးတပ်၍ အသေသတ်စေ။

၎။ ရန်ကြီးအောင်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သက်တော် စောင့် ကိုထွေး နှစ် ယောက် ကို သတ်ဖြတ်မှု နှင့် ပုဒ်မ၃ဝ၂ (၁) (ခ) ၃၄ အရ လည်ပင်းကြိုးတပ်၍ အသေသတ်စေ။

ရန်ကြီးအောင် ဖခင်က သူ့သား ရန်ကြီးအောင်သည်အသက် ၁၆ နှစ် သာ ရှိသေး၍ အသက်ငယ်သည်ပြောကာ ဇာတာတင်ပြခဲ့သည်။ ၄င်းဇာတာမှာ ယခုအမှု အတွက် လုပ်လာကြောင်း ထင်ရှားနေသည်။ ၄င်းတို့အဆိုမှာ ၁၆ နှစ် မပြည့်ဟု ပြောကြသော်လည်း ဆရာဝန်၏ ထွက်ဆိုချက်မှာ ၁၈ နှစ် ရှိပြီ ဖြစ်သည်။ ရုံးတော် ကလက်ခံသဖြင့် တရားခံ ရန်ကြီးအောင်သည် ကြိုးဒဏ်ခံယူရသည်။

၅။ ပါဝင်ကူညီသူများ ဖြစ်သည့်-

(၅) ပထမတရားခံ ဦးစော နှင့် (၆) သုခ တို့သည်ဗိုလ်ချုပ်အောင်ဆန်းနှင့် မန်းဘခိုင်တို့ကို သတ်ရန် ပါဝင်ကူညီသူများ ဖြစ်၍ လူသတ်မှု ပုဒ်မ ၃ဝ၂ (၁) (ခ)၁ဝ၉ အရ ပြစ်မှု ကျူးလွန်သူများ အား ပေးသော အပြစ်ဒဏ်အတိုင်း လည်ပင်းကြိုးကွင်းတပ်၍ အသေသတ်စေဟု အင်္ဂလိပ်ဘာသာဖြင့် ဖတ်ပြ၍ စီရင်ချက်ချသည်။

ခုံအဖွဲ့ဝင် တရားသူကြီး ဦးအောင်သာကျော်ကတရားခံများ အား တစ်ဦးစီ ပေးအပ်သည့်ပြစ်ဒဏ်ကို ဗမာလိုပြောပြ၏ ။ အစိုးရသက်သေ ဘညွန့်အား အပြစ်မရှိသဖြင့် တရားရုံးမှ တရားရှင်လွှတ်လိုက်၏ ။

၁၉၄၈ ဇန်န်နဝါရီ ၁၊ဂျူဗလီခန်းမတွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ၏ ရုပ်အလောင်းများ ကို ပြည်သူလူထု သုံးသော င်းခန့် လာရောက် အလေးပြုခဲ့ကြသည်။ဇန်န်နဝါရီ ၃၊ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဇနီးတို့ ဂျူဗလီခန်းမသို့ သွားရောက်ကာ အာဇာနည်ခေါင်းဆောင်ကြီးများ ကိုပန်းခွေချ အလေးပြုခဲ့သည်။

နိုင်ငံတော် ခေါင်းဆောင်ကြီးများ ကို လုပ်ကြံမှု ဖြင့် သေဒဏ်ပေးခံထားရသော ဦးစောက တရားလွှတ်တော် သို့ အယူခံလွှာတင်သွင်းခဲ့သည်။

ဇန်န်န်နဝါရီ ၄၊ နယ်ချဲ့ အင်္ဂလိပ်အောက်၌ အောက်မြန်မာပြည်သည်၁၂၃ နှစ် ၊ အထက်မြန်မာပြည်သည် ၆၃ နှစ် အသီးသီး သူ့ကျွန်ဘဝ၌ နေထိုင်ခဲ့ပြီးနောက် နံနက် ၄ နာရီ ၃ဝ မိနစ်တွင် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အ ဖြစ် ကြေညာခဲ့သည်။

နံနက် ၄ နာရီ ၂ဝ မိနစ်အချိန်တွင် ရန်ကုန်မြစ်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ဘာမင်ဟမ်စစ်သင်္ဘောကြီးမှ အမြောက်များ ပစ်ဖောက်ပြီး အချက်ပေးရာ တိုင်းပြုပြည်ပြုလွှတ်တော် ရှေ့၌ ဗြိတိသျှယူနီယံဂျက်အလံကို ဖြုတ်ချပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံကို လွှတ်တင်သည်။

နံနက် ၄း၄၅ နာရီအချိန်တွင် လွှတ်တော် အစည်းအဝေးခန်းမ၌ နိုင်ငံတော် အာဏာလွှဲပြောင်းသည့် အခမ်းအနားများ ကိုဆက်လက်ပြုလုပ်ခဲ့သည်။

ဧပြီ ၁၁၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ၏ ရုပ်ကလာပ်ကို ဂျူဗလီဟော၌ ၁ဝ လကြာမျှ ထားခဲ့ပြီးနောက်နံနက် ၉ နာရီတွင် သရဏဂုံ တင်ခဲ့သည်။ ပင့်သံဃာအပေါင်း၁ဝဝ အား ဆွမ်းကပ်လှူ၍ အမျှအတန်းဝေသည်။

ညနေ ၄ နာရီ ၃၅ မိနစ်တွင် ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ၏ ရုပ်ကလာပ်ကို နိုင်ငံတော် ဈာပနအ ဖြစ်ခမ်းနားသိုက်မြိုက်စွာ ကျင်းပ၍ ဂူသွင်း သင်္ဂြိုဟ်ခဲ့လေသည်။

၁၉၄၈ ဧပြီ ၂၃၊လုပ်ကြံမှု ကြီး၏ (၁) တရားခံ ဦးစောနှင့် တကွတရားခံ မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင်၊ မှု န်ကြီးတို့၏ အယူခံလွှာ တင်ခွင့်ရလိုမှု ကို တရားလွှတ်တော် ချုပ်၊ တရားဝန်ကြီးချုပ် သာဘဦး၊ တရားဝန်ကြီး ဦးအေးမောင်၊ တရားလွှတ်တော် ဝန်ကြီးချုပ် ဦးသိန်းမောင်တို့ ကြားနာစစ်ဆေးသည်။

ဧပြီ ၂၇၊ တရားခံတို့ ၏ အယူခံလွှာများ ကို တရားလွှတ်တော် ချုပ်က ပယ်ချလိုက်သည်။

မေ ၄၊ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုအိမ်တွင် အထူးလျို့ ဝှက်၍်စည်းဝေးပြီးနောက် တရားခံစိန်ကြီးခေါ် မောင်စိန်၊ မောင်နီ၊သုခနှင့် ရန်ကြီးအောင်တို့အား ၄င်းတို့၏ အသနားခံလွှာများ ကိုပယ်ချလိုက်ပြီး ခင်မောင်ရင်အား သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ လွှဲပြောင်းပေးရန် အမိန့်ချမှတ်လိုက်သည်။

မေ ၆၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီးက နိုင်ငံတော် လုပ်ကြံမှု ကြီးတွင် သေဒဏ်အတည်ပြုပြီး ဖြစ်သော တရားခံ ၈ ဦးအနက်မှ သတ်ဖြတ်မှု တွင် ကိုယ်ထိလက်ရောက်မပါဝင်ခြင်း၊ ခေါင်းဆောင်မဟုတ်ဘဲ နောက်လိုက်ငယ်သား ဖြစ်လျက် အမှန်တရား၊ နောင်တတရားများ ကို ရရှိနေသော တရားခံနှစ် ဦး ဖြစ်သည့် သုခနှင့် မောင်နီ ခေါ်ဘိုနီ တို့အား နိုင်ငံတော် ဇီဝိတဒါနဖြင့် သေဒဏ်မှ တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလွှဲချမှတ်လိုက်သည်။ ကျန်တရားခံများ ကို မူလသတ်မှတ်ထားသည့် အပြစ်ဒဏ်အတိုင်း အတည်ပြုသည်။

မေ ၈၊ နံနက် ၅ နာရီ ၃၂ မိနစ်တွင် နိုင်ငံတော် လုပ်ကြံမှု တရားခံ ဂဠုန်ဦးစော၊ မှု န်ကြီး၊ မောင်စိုးနှင့် သက်နှင်းတို့အားရန်ကုန်မြို့ အင်းစိန်ဗဟိုစံပြ အကျဉ်းထောင်ကြီး၌ ကြိုးပေးလိုက်သည်။ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ထောင်ကြီး(ယခု သူနာပြုတက္ကသိုလ်ရှေ့ရှိ မြေကွက်လပ်) တွင် တရားခံစိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ကြိုးပေးသည်။ တရားခံရန်ကြီးအောင်သည် ကြိုးမပေးမီ အချိန်အတွင်း ကြိုးစင်ပေါ်၌ ''ကျွန်တော် တို့ တိုင်းပြည်အတွက် အသေခံရတာ ပါ''ဟု ပြောကြား၍ စိန်ကြီးက ''အသက်ရေ… နောက်ဘဝကျမှပဲ ပေါင်းကြစို့'' ဟု ၄င်းရည်းစားအား ရည်စူး၍ ပြောကြားသွားသည်။

သန်းဝင်းလှိုင်

(၄)

နိုင်ငံရေး ဆိုတာ ဘာလဲ

ဗိုလ်ချုပ်အောင်ဆန်း

နိုင်ငံရေး ဟူသည် ...xxx ရှေ့ဆောင်ရှေ့သွား ပုဂ်္ဂိုလ်များ က ကျွန်ုပ်တို့အား အလွန်ကြီးလေးသော တာဝန်ကို ဆက်လက်ဆောင်ရွက်ရန် ပေးအပ်ထားခဲ့သည် ဖြစ်ရာ၊ ကျွန်ုပ်တို့ကလည်း ဤတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ရပေလိမ့်မည် ။အဘယ်ကဲ့သို့ ထမ်းရွက်ကြမည် နည်းဟူ၍ ပြဿနာပေါ်လာပေ၏ ။ ဤပြဿနာကို မဖြေရှင်း ပြဿနာကို ဖြေရှင်းရာ ဖြေရှင်းကြောင်း သဲလွန်စအပေါင်းတို့ကို ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ ရှာဖွေသင့်သည်ဟူ၍ ယူဆရပေမည် ။ အဘယ်ကြောင့် ဆိုသော် ယခုခေတ် ယခုအခါ၌ ကမ်္ဘာသူ ကမ္ဘာသားတို့ ရင်ဆိုင်ကြုံတွေ့ နေရသော ပြဿနာအပေါင်းတို့သည် တစ်ခုနှင့်တစ်ခုရောထွေးယှက်စပ် ခွဲခြားခြင်းငှာ မတတ်စွမ်းနိုင်သော အခြေအနေသို့ ရောက်လျက် ရှိနေပေသည်။ တနည်းအားဖြင့်ဆိုသော် ကမ္ဘာကြီးတစ်ခုလုံးသည်ရုန်းရင်းဆန်ခတ်နေရာမလပ်အောင် လှုပ်ရှားပြောင်းလဲလျက် ရှိနေပေသည်။အမျိုးသားရေး လူမျိုးတစ်မျိုးနှင့် တစ်မျိုး ဆက်သွယ်ရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ ကြီးပွားရေး ၊ ယဉ်ကျေးရေး ၊ ဘာသာရေး ၊ အကျင့်ကောင်းရေး စသော ထိုထိုသော အရေး တို့သည် စင်စစ်မှာ ဤရောထွေးယှက်သန်းလျက်ရှိသော ကမ္ဘာ့ပြဿနာကြီး အစိတ်အပိုင်းများ သာ ဖြစ်သည့်အားလျော်စွာ ခေတ်ကာလနှင့်လိုက်၍ အစဉ်တစိုက် သဘောသဏ္ဌာန် ပြောင်းလဲလျက် ရှိကြပေသည်။ သို့ပြောင်းလဲလျက် ရှိသော ကြောင့် ကျွန်ုပ်တို့သည် ဤအရေး ဤကိစ္စများ ကို အသီးသီး အသက, အသက တစ်ခုနှင့်တစ်ခု မဆိုင်ဘိသကဲ့သို့ စဉ်းစားခြင်းငှာ မ ဖြစ်နိုင်တော့ချေ။ ဤအရေး ဤကိစ္စဥဿုံအလုံးစုံကို ဆင်ခြင်စဉ်းစားသော အခါ၌ လည်း ကျွန်ုပ်တို့သည် ခေတ်မမှီသော အတွေးအဆ ခေတ်နောက်ကျ ကျန်ရစ်ခဲ့သော ဥပဒေသတို့ကို လှေနံဓားထစ် လိုက်နာခြင်းငှာ မ ဖြစ်နိုင်တော့ချေ။မည် လော။

ကျွန်ုပ်တို့နိုင်ငံတွင် ယခုအချိန်အခါ၌ ခေတ်ပြောင်းခေတ်လွှဲရှိကြောင်းအငြင်းမထွက်ဘဲလျက် သဲသဲမဲမဲ ရှေးက အတွေးအဆရှိသသူများ ရှိကြပေသေး၏ ။ အချို့သော သူများ သည် ယခုထက်ထိပင် ယုတ်မာညစ်ထေးရှေးက နိုင်ငံရေး မျိုးကို သိလျက်နှင့် ဖြစ်စေ၊ မသိဘဲလျက်နှင့် ဖြစ်စေ လိုက်စားလျက်ရှိကြသေး၏ ။ နိုင်ငံရေး မည် သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည် လော။ စင်စစ်မှာ နိုင်ငံရေး သည် ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေး ကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်၏ ။

နိုင်ငံရေး ဆိုတာ ဘာလဲဟု မေးဖွယ်ရာ ရှိပြန်၏ ။

ကျွန်ုပ်တို့သည် သာမန်ပုထုဇဉ်များ ဖြစ်သော ကြောင့် နိုင်ငံရေး ကို မလုပ်သင့်။ နိုင်ငံရေး သည် အလွန်မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ၊ လေးမြတ်စွာ မျှော်ရှုရန်သာလျှင် ရှိသည်ဟူ၍ ဆိုရမည် လော။

သို့တည်းမဟုတ် နိုင်ငံရေး သည် အချို့သော လူညာလူလိမ်တို့သည်တောအုံကမ်းနား ကျေးတောသား လူရိုးလူအ တို့ကို အတိတ်၊ တဘောင်၊စနည်း၊ ဘဝေါတို့ကို တွင် တွင် ကြီး ဟောပြော၍ ထိုသူတို့၏ မနောအကြိုက်ကိုလိုက်၍ အငိုက်ကို ဖမ်းပြီးနောက် စားပေါက်ထွင်ကြသည့်ကိစ္စဟု ဆိုရမည် လော။

သို့တည်းမဟုတ် နိုင်ငံရေး သည် ကန္တာရခရီးပမာ ကြောက်မက်ဖွယ်သော အန္တရာယ်များ စွာ ရှိသော အရေး ကိစ္စ ဖြစ်သော ကြောင့် ကျွန်ုပ်တို့သည် တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည် လော။

သို့တည်းမဟုတ် နိုင်ငံရေး သည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း၊ အမျိုးဘာသာ သာသနာရေး ဟူ၍ ပင် ဆိုရဦးမည် လော။

နိုင်ငံရေး သဘောအမှန်မှာ ကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်းမဟုတ်၊ နိမ့်ကျလွန်းသည်လည်း မဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ်္ဂိရပ်လည်းမဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော ကန်္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေ ငတေမာ ပြီးရော စိတ်ဇောနှင့်လုပ်သော အရေး ကိစ္စလည်းမဟုတ်၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက် ဖြစ်ပွားလျက်ရှိသော အခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည် ဖြစ်သော အရေး ကိစ္စသာလျှင် ဖြစ်ပေ၏ ။

အတိုချုပ်ဆိုရလျှင် နိုင်ငံရေး ဆိုသည်မှာ ကျွန်ုတို့နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ ကြုံနေကြရသော ကိစ္စပင် ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ဆိုသော် နိုင်ငံရေး ဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည် ။ ကျွန်ုပ်တို့ စားမှု ၊သောက်မှု ၊ နေမှု ၊ ထိုင်မှု ၊ သွားမှု ၊ လာမှု အစုစုသည် နိုင်ငံရေး ပင် ဖြစ်၏ ။ကျွန်ုပ်တို့သည် နိုင်ငံရေး ကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေး သည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏ ။ ကျွန်ုပ်တို့သည် နိုင်ငံရေး ကို ရှောင်ရှားစေကာမူ နိုင်ငံရေး သည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့၌ ပေါ်ပေါက်လျက် ရှိ၏ ။ ဤဌာနများ ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေး ကိုပင် လုပ်နေကြရပေသည်။

အလုပ်သမားသည် အခကြေးငွေအတွက် အလုပ် လုပ်ရ၏ ။ တော် သူလယ်သမားသည် ၀မ်းစာအတွက် လယ်ယာလုပ်ရ၏ ။ စာရေး စာချီ အမှု ထမ်းသည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏ ။ ကုန်သည်ပွဲစားစသည်တို့သည် အသီးသီး ၀င်ငွေရရန် လုပ်ကြရ၏ ။ အချုပ်မှာ စားသောက်နေထိုင်ရေး အတွက်ပင် ဖြစ်၏ ။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်၍ ရပြီးလျှင် စားသာ သောက်သာသော အခြေအနေကို ရလို၏ ။တောင်သူလယ်သမားသည် မိမိ၏ လယ်မြေကို တိုးတက်ကောင်းမွန်စေ၍ သက်သာချောင်ချိလို၏ ။ စာရေး စာချီအမှု ထမ်းတို့သည်လည်း ရုံး၌ တကုတ်ကုတ်လုပ်နေရသော ဘ၀ထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေအနေသို့ ရောက်လိုကြ၏ ။ ကုန်သည်ပွဲစားတို့လည်းလွယ်လွယ်ကူကူ တိုးချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ၏ ။

ဤကဲ့သို့ လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေး ကို ရယူလိုခြင်းသည်နိုင်ငံရေး ပင် ဖြစ်၏ ။

သို့ ရာတွင် ကျွန်ုပ်တို့ နေ့စဉ်နှင့် အမျှ ကြုံတွေ့ နေရသော နေထိုင်စားသောက်မှု သည် ပြောင်းလဲလျက် ရှိသည့်အားလျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေး သည်လည်း ပြောင်းလဲလျက် ရှိ၏ ။ ကျွန်ုပ်တို့ အားလုံး သက်သက်သာသာ ချောင်ချောင်ချိချိ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေး များ ပိုမိုရရှိနိုင်အောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေး ကို တောင့်တကြပေသည်။ လွတ်လပ်ရေး ဆိုရာ၌ နေရေး ထိုင်ရေး လွတ်လပ်မှု ၊ လူတစ်ဦး တစ်ယောက် အနေနှင့်လည်းကောင်း၊ တစ်မျိုးသားလုံးအနေနှင့် လည်းကောင်း၊တိုးတက်ကြီးပွားအောင် စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု ၊ ကျွန်ုပ်တို့၏ ကာယ၊ ဉဏ၊ စိတ္တ၊ အဆင့်အတန်း တိုးမြင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှု တို့ စသည်တို့ကို ဆိုလိုပေသည်။ ဤလွတ်လပ်မှု ရယူလိုမှု သည်ပင်လျှင် နိုင်ငံရေး ဖြစ်၏ ။ သို့ ဖြစ်ရကား နိုင်ငံရေး သည် လူမှု လူရေး မျှသာ ဖြစ်၏ ။ နိုင်ငံရေး ကို ကျွန်ုပ်တို့ နားမလည်စရာ အကြောင်းမရှိချေ။သို့ ပါလျက်နှင့် အချို့သော သူများ သည် နိုင်ငံရေး သည် ယုတ်မာညစ်ထေးသည်ဟု ဆိုကြ၏ ။ အချို့ကလည်း နိုင်ငံရေး သည် ကိုးကွယ်ရာ ဘာသာတရားပင် ဖြစ်သကဲ့သို့ ဆိုကြပြန်၏ ။ ထိုသူတို့၏ အယူအဆတို့မှာ အလွဲလွဲအမှားမှား ကွဲကွဲပြားပြား ရှိကြပေ၏ ။ နိုင်ငံရေး ကို ဘာသာတရား ဖြစ်သကဲ့သို့ ပြောဆိုကြသော သူများ မှာ ယုတ်မာညစ်ထေးသော နိုင်ငံရေး သမားများ ပင်လျှင် ဖြစ်ပေ၏ ။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လည်ဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကို ရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင်လုပ်ခြင်းမျှသာ ဖြစ်ပေ၏ ။ အမှန်မှာ ထိုသူတို့ ပြုလုပ်မှု သည် နိုင်ငံရေး မဟုတ်။ မိမိတို့ အကောက်ဉဏ်ကို သုံး၍ မိမိတို့ ကြီးပွားရေး တစ်နပ်စားနိုင်ငံရေး ပင် ဖြစ်ပေ၏ ။ ကိုးကွယ်သည့်ဘာသာရေး မှာ လူအသီးသီးတို့၏ သက်ဝင်ယုံကြည်မှု ဖြစ်၏ ။ သိပ္ပံအတတ်အနေအားဖြင့် နိုင်ငံရေး သည်လူအသီးသီးတို့၏ အခွင့်အရေး ကို စောင့်ရှောက်ရပေလိမ့်မည် ။ အခွင့်အရေး များ တွင် လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှု လည်း ပါဝင်လေ၏ ။ ဤအခွင့်အရေး ပေးရာ၌ ပင် ကျွန်ုပ်တို့သည် နိုင်ငံရေး နှင့် ကိုးကွယ်သည့်ဘာသာရေး နှစ် ဌာနစပ်ကြားတွင် စည်းတားရပေလိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံရေး နှင့် ဘာသာရေး မှာ သဘောမတူ အမူကွဲပြား တခြားစီ ဖြစ်သော ကြောင့်တည်း။ ဘာသာရေး နှင့် နိုင်ငံရေး ကို ရောစပ်ပါမူ ဘာသာရေး ၏ သဘောတရားကို ဆန့်ကျင်ရာ ရောက်ပေ၏ ။ အကြောင်းမူကားဘာသာရေး သည် နောင်တမလွန်ဘ၀များ ကို (၀ါ) လောကုတ္တရာကို ရှေ့ရှုသည် ဖြစ်သော ကြောင့် လောကအရေး နှင့် များ စွာ မသက်ဆိုင်ချေ။ နိုင်ငံရေး မှာ မူကား လောကီရေး ရာသာ ဖြစ်ပေ၏ ။

လုပ်ငန်းသဘောမှာ လူမှု တိုးတက်ရေး နှင့် ဘာသာရေး တို့သည် အခြေခံသဘောအားဖြင့် ဆန့်ကျင်စရာ အကြောင်းမရှိဟု ယူဆမိပေသည်။ ဘာသာတရားက သစ္စာ၊ မေတ္တာနှင့် သမ္မာအာဇီဝ၊ သမ္မာကမ္မန္တ စသည်တို့ကိုဓမ္မအနေနှင့် ဟောကြားခဲ့ရာ လူမှု တွင် လည်း ဤဓမ္မတို့ကို လေးစားကြပေသည်။

စင်စစ်မှာ နိုင်ငံရေး တို့မည် သည် ပြီးဆုံးခြင်းရောက်ပြီဟူ၍ မရှိနိုင်ချေ။အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ သံသရာ၌ ပဋိစ္စသမုပ္ပါဒ်တရားတော် မြတ်အတိုင်း အကြောင်းနှင့်အကျိုး၊ အတိတ်ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့် အနာဂတ်၊ဆက်စပ်၍ မရပ်မနား၊ ရှည်လျားလှသော ခရီးကို တသွားတည်း သွားနေရပေပြီ။ ဤကဲ့သို့ အကြောင်းတရား၊ အကျိုးတရား၊ အမျိုးအစားကို လိုက်၍ ဖြစ်ပျက်နေခြင်းသည်ပင်လျှင် နိုင်ငံရေး ဖြစ်၏ ။

ဗိုလ်ချုပ်အောင်ဆန်း

(၅)

ဗမာ့နိုင်ငံရေး သုခမိန်

မောင်ထင်

ကျွန်ုပ်တို့နိုင်ငံတွင် နိုင်ငံရေး ကို သက်မွေးဝမ်းကျောင်းအလုပ်တစ်ခုပမာ ထင်မှတ်ကာ နိုင်ငံရေး လုပ်စားနေကြသော သူတို့ ပေါများ လှ၏ ။ထို့ကြောင့် သဘောတရားအားဖြင့် မပြည့်ဝဘဲ နောက်လိုက်စုနိုင်လျှင် လူထုအာဏာကို ရစမြဲ ဖြစ်သည်။ အာဏာရလာလျှင် ဘာမဆိုလုပ်၍ တင့်တယ်သည်ဟု ထင်မှတ်မှားနေကြ၏ ။ ဤထင်မှတ်များ ခြင်းသည် နိုင်ငံ၏ ကောင်းကျိုးကို ဖြစ်ထွန်းစေနိုင်သည်မဟုတ်။

ကျွန်ုပ်တို့သည် အနောက်နိုင်ငံ နယ်ချဲ့သမားတို့နှင့် စစ်မြေပြင်တွင် နဖူးတွေ့  ဒူးတွေ့  တွေ့ ခဲ့ရသော ၁၈၂၅ ခုနှစ် မှစ၍ ၁၉၄၇ ခုနှစ် တိုင်အောင်လွတ်လပ်ရေး ကို ကြိုးပမ်းခဲ့ကြရ၏ ။ နိုင်ငံတော် ကြီး ထင်းအစည်းပြေသကဲ့သို့ မ ဖြစ်ရအောင် ကြိုးပမ်းခဲ့ကြရ၏ ။ သို့ သော် ထိုမျှ ရှည်လျားသော ကာလ ပရိစ္ဆေဒအတွင်းတွင် နိုင်ငံနှင့် လူမျိုးတို့အတွက် နိုင်ငံရေး လမ်းစဉ်ကို ချမှတ်ပေးသော နိုင်ငံရေး သုခမိန် ဟူ၍ မြန်မာ့သမိုင်းတွင် များများ စားစား မပေါ်ထွန်းခဲ့ချေ။ ယောအတွင်းဝန် ဦးဘိုးလှိုင်ကဲ့သို့ သော ပုဂ္ဂိုလ်များ ထွန်းကားခဲ့ပါသည်ဟု လက်ညှိုးထိုး၍ ပြရန် ရှိပါ၏ ။ သို့ သော် ဦးဘိုးလှိုင်မှာ သူ၏ တော် လှန်ရေး ဆန်သော နိုင်ငံရေး အတွေးအခေါ်တို့ကြောင့် မကြာခဏ မင်းပြစ်မင်းဒဏ် သင့်လျက် ရှိရကား ရှေ့ဆောင်လမ်းပြပြုလုပ်နိုင်ခဲ့စေကာမူ လူထုစည်းရုံးမှု ကြီးကို မဆောင်ရွက်နိုင်ခဲ့ချေ။ ကင်းဝန်မင်းကြီးခေတ်၌ ဥရောပပြန် မြန်မာတို့သည် ဥရောပတိုက်၏ နိုင်ငံရေး အဆင့်အတန်းကို မြင်ခဲ့ပြီးလျှင် မြန်မာမင်း အုပ်ချုပ်ရေး စံနစ်ကို ပြုပြင်ပြောင်းလဲရန် ကြံစည်အားထုတ်ခဲ့ကြ၏ ။ သို့ သော် သီပေါမင်းခေတ်၌ ကင်းဝန်မင်းကြီး၏ မှန်းခြေသည် မပေါက်ခဲ့ချေ။

ဗြိတိသျှခေတ် ၁၉၂၀ ပြည့်နှစ် တစ်ဝိုက်လောက်၌ လူထုတစ်ရပ်လုံးနိုးကြားထကြွ၍ လူထုစည်းရုံးမှု ကြီး ပေါ်ပေါက်လာခဲ့ပါ၏ ။ ဂျီစီဘီအေန၀မကွန်ဖရင့်သည် ဗိုလ်ချုပ်အောင်ဆန်းခေတ်၌ ပေါ်ပေါက်လာသော ဖဆပလ၏ တိုင်းပြည်ပြုလွှတ်တော် ပဏာမ ညီလာခံအတွက် ရှေ့ပြေး ဖြစ်သည်ဟု ဆိုလောက်ပါ၏ ။ သို့ သော် ဂျီစီဘီအေ ခေတ်၌ လည်း နိုင်ငံရေး သုခမိန်ဟူ၍ မပေါ်ထွန်းနိုင်ဘဲ နိုင်ငံရေး ကို ဆက်ကြေးရရေး အတွက်လည်းကောင်း၊ ကုမ္ပဏီထောင်၍ လုပ်စားရေး အတွက်သော်လည်းကောင်း၊ ရာထူးရရေး အတွက်သော်လည်းကောင်း မဖွယ်မရာ အသုံးချ၍ နိုင်ငံရေး လုပ်စားခြင်းတို့သာ လွှမ်းမိုးလာခဲ့ပြန်သော ကြောင့် နိုင်ငံရေး သုခမိန်အရာ၌ တည်သင့်သော ပုဂ္ဂိုလ်တို့သည်ပင်လျှင် တိမ်ကော၍ သွားကြရပြန်သည်။ ထိုခေတ်က ပေါ်ပေါက်ခဲ့သော အစိုးရနှင့် မဆက်ဆံရေး ၀ါဒ၊ အာဏာဖီဆန်ရေး ၀ါဒ၊ အခွန်မပေးရေး ၀ါဒ၊ အုပ်ချုပ်ရေး တိုက်ဖျက်ရေး ၀ါဒတို့မှာ မြန်မာပြည်က အိန်္ဒိယပြည်မှ ကာဗွန်စက္ကူခံ၍ ပုံတူကူးချသော ၀ါဒများ သာလျှင် ဖြစ်ခဲ့၏ ။ မြန်မာ့အခြေအနေမှန်ကို သုံးသပ်၍ ထိုအခြေအနေမှန်အပေါ်၌ တည်ဆောက်သော သဘောတရားဟူ၍ မထွန်းကားခဲ့ချေရကား ဒိုင်အာခီအုပ်ချုပ်ရေး ၏ နည်းပရိယာတို့ကြောင့် ၀ံသာနု ဂျီစီဘီအေ ၂၁ ဦး၊ လှိုင်ပုကျော် ဂျီစီဘီအေ၊ ဦးစိုးသိမ်း ဂျီစီဘီအေ၊ ဦးစု ဂျီစီဘီအေ၊ သရာဇပါတီ၊ရွှေတောင်ကြားပါတီ၊ လှိုင်မြတ်ပေါ်ပါတီ၊ မော်မြင့်ဗြဲပါတီ၊ ပြည်သူ့ပါတီ၊မျိုးချစ်ပါတီ၊ ဆင်းရဲသား ၀ံသာနုပါတီ စသဖြင့် တဖြည်းဖြည်း အစိတ်စိတ် အမြွာမြွာ ကွဲကာ လူထုသည် ထင်းအစီးပြေသကဲ့သို့ ပြေလာခဲ့သည်။

နိုင်ငံရေး ခေါင်းဆောင်ရင့်မကြီးတို့ ယင်းကဲ့သို့ ကွဲကြ၊ ပြဲကြသော အခါ လူငယ်များ ကြီးမှူးသည့် တို့ဗမာအစည်းအရုံး ဟူ၍ ပေါ်လာခဲ့ပေသည်။ သို့ သော် လူငယ်များ လည်း လူကြီးတို့၏ ခြေရာကို နင်းကာအစိတ်စိတ် အမြွှာမြွှာ ဖြစ်လာပြန်သည်။

ဤအချိန်တွင် တက္ကသိုလ်သမဂ္ဂမှ မောင်အောင်ဆန်းသည် နိုင်ငံရေး စခန်း ထလေသည်။ တက္ကသိုလ်သမဂ္ဂမှ တို့ဗမာအစည်းအရုံးသို့ မောင်အောင်ဆန်း ကူးပြောင်းလာခဲ့ရာတွင် လူငယ်တို့၏ အင်အားစုသည် စည်းရုံး၍ လာခဲ့သည်။

ထိုအချိန်ကား ၁၉၃၈ ခု၊ အောက်တိုဘာလ ဖြစ်သည်။ မြန်မာတစ်မျိုးသားလုံးသည် ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရေး ကို နိုင်ငံရေး စနစ်ဖြင့် ကြိုးပမ်းခဲ့ကြသည်။ ယင်းသို့ ကြိုးပမ်းခဲ့ကြသည်မှာ ၅ဝဝဝိ စားရာထူးတွင် အဆုံးသတ်ကြလေသည်။

မောင်အောင်ဆန်းကား ယင်းကဲ့သို့ ၅ဝဝဝိ စား ရာထူးတွင် ခြေကုန်နေသော နိုင်ငံရေး ကို လွတ်လပ်ရေး ကြိုးပမ်းမှု ဟု မယူဆချေ။ နိုင်ငံရေး စနစ်အရ ကြိုးပမ်းမှု သည် ကျွန်ခေတ်၌ သံသရာရှည်ဖို့သာ ဖြစ်မည် ဟုအယူရှိခဲ့သည်။ ၁၉၃၈ ခုနှစ် အောက်တိုဘာလ၌ မောင်အောင်ဆန်းကတို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့သည်မှာ အခြားကြောင့် မဟုတ်၊ တို့ဗမာအစည်းအရုံးသည် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်ပြီးလျှင် လက်ရုံးရည်ကို အားကိုးကာ စစ်စိတ် စစ်မာန်ဝင်နေသော အစည်းအရုံး ဖြစ်သည်ဟုယူဆသော ကြောင့် ဖြစ်သည်။

ထိုခေတ်အမြင်နှင့် ကြည့်လျှင် လက်ရုံးရည် အားကိုးဖြင့် နိုင်ငံရေး ကြိုးပမ်းရမည် ဟူသည်မှာ စိတ်လိုက်မာန်ပါ ပြုကျင့်တတ်သော လူငယ်တို့၏ မိုက်ရူးရဲအလုပ်သာ ဖြစ်သည်ဟု ဆိုကြရပေမည် ။ စင်စစ် ထိုခေတ်က လူကြီးများ သာမက လူငယ်အများ ကပါ ဤကဲ့သို့ ဆိုခဲ့ကြ၏ ။ သို့ သော်နိုင်ငံရေး အတွေးအခေါ် အမြော်အမြင်ရှိသူ မောင်အောင်ဆန်း အဖို့ကားလက်ရုံးအားကိုးဖြင့် သိမ်းပိုက်ထားသော နိုင်ငံကို လက်ရုံးအားကိုးဖြင့် သာလွတ်လပ်အောင် ဆောင်ရွက်ရမည် ဟု ပိုင်းဖြတ်ထားသည်။ ဤခေတ်၌ ကား ဤသို့ မောင်အောင်ဆန်း ပိုင်းဖြတ်ထားသော အတွေးအခေါ်တို့သည်အခြေအနေနှင့် ဟပ်မိသည်ဟု ဝန်ခံကြရပေပြီ။

ဤမျှနှင့်ပင် မောင်အောင်ဆန်းအား နိုင်ငံရေး သုခမိန်ဟု ဘွဲ့ထူး တပ်ရမည် လော။

မဟုတ်ပါ။ နိုင်ငံရေး သုခမိန်အရာသို့ ရောက်စေသော အခြား အတွေးအခေါ်များ ရှိပါသေးသည်။

တို့ဗမာအစည်းအရုံး၌ တစ်နှစ် မျှ အလုပ်လုပ်ခဲ့သော အခါ သခင်အောင်ဆန်းသည် မြန်မာ့နိုင်ငံရေး သဘောတရားများ ကို ထပ်မံမြင်လာပြန်သည်။

ထိုခေတ်က မြန်မာနိုင်ငံရေး သမား လက်ဟောင်းကြီးတို့သည် မြန်မာအမျိုးသားကြီးပွားရေး မူရင်းကို ချခဲ့ကြသည်။

''မြန်မာပြည်သည် လယ်ယာကိုင်းကျွန်းကို အားထားရသော ပြည် ဖြစ်၍ မှီခိုအားထားရန် အရေး အကြီးဆုံးသော အချက်သည်ကောက်ပဲသီးနှံ ထွန်းကား၍ ဈေးကောင်းကောင်းနှင့် ရောင်းနိုင်ခြင်းပင် ဖြစ်၏ ။

လယ်သမားတို့၏ လက်၌ လယ်မြေ ယာမြေ မရှိသလောက် ဖြစ်၍ နိုင်ငံခြားသား ချစ်တီးများ နှင့် ဓနရှင်တို့ လက်ထဲသို့ လယ်မြေယာမြေ ရောက်ကုန်ပြီ။ ထိုဘေးမှ ကာကွယ်ရန် လိုနေသည်။

ယခု အုပ်ချုပ်ရေး အရ ပြည်သူတို့ တင်မြှောက်သော အမတ်တို့ကမြေသိမ်းဥပဒေလုပ်နိုင်သည်။''

ဤနိုင်ငံရေး အမြင်သည် ယခုခေတ် လယ်ယာမြေ ပြည်သူပိုင် ပြုလုပ်ရေး အတွက် လမ်းခင်းပေးသော အမြင်ဟု ဆိုနိုင်ပါ၏ ။ သို့ သော် လူမျိုးနှင့်နိုင်ငံလွတ်လပ်ရေး အတွက် ပြည့်စုံသော အမြင် မဟုတ်သေး။ တို့ဗမာအစည်းအရုံး အထွေထွေ အတွင်းရေး မှူး သခင်အောင်ဆန်းကား ...

ဆရာစံအရေး တော် ပုံဟူ၍ အဘယ့်ကြောင့် ပေါ်လာရပါသနည်း။

ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ပွားသော အကြောင်းရင်းကား အဘယ်နည်း။

မြန်မာတို့၏ အခြေခံလူ့ဘောင်အဖွဲ့အစည်းကား မည် သို့ ပါနည်း။

မြန်မာ့စီးပွားရေး သည် မည် သည်ကို အခြေခံပြုပါသနည်း။

အင်ပိုင်ယာ ဝါဒသမားတို့၏ ဗြူရိုကရေစီသည် မြန်မာတို့ အပေါ်၌ မည် သို့ ဖိစီးနေပါသနည်း။

တစ်မျိုးသားလုံးနှင့်ဆိုင်သော လူထုစည်းရုံးမှု ကို မည် သို့ လှုံ့ဆော်ရပါမည် နည်း။

ဆူးအက်တူးမြောင်း ဖွင့်သည်နှင့် ချစ်တီးများ ကို ဖိတ်ခေါ်သော မြေယာစံနစ်ကို မည် သို့ တော် လှန်မည် နည်း။

၁၉၃၉ ခုနှစ် တွင် တို့ဗမာအစည်းအရုံး အထွေထွေ အတွင်းရေး မှူးသခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံး၏ ပေါ်လစီဝါဒနှင့် လုပ်ငန်းစဉ်ကို ချမှတ်ခဲ့သည်။ ထိုပေါ်လစီဝါဒနှင့် လုပ်ငန်းစဉ် ညွှန်ကြားချက်တို့ကို ဖတ်ရှုကြည့်ခဲ့ပါလျှင် ထိုအချိန်က သခင်အောင်ဆန်း၏ အတွေးအခေါ်တို့တွင် အထက်ပါမေးခွန်းများ ပေါ်ပေါက်ခဲ့သည်။ ထိုပေါ်ပေါက်လာသော မေးခွန်းများ ၏ အဖြေကို ရှာဖွေ၍ တွေ့ ရှိခဲ့သည်ဟူသော အချက်တို့သည်ပေါ်လွင်လာပေလိမ့်မည် ။

သခင်အောင်ဆန်း၏ အမြင်သည် မည် သို့ ရှိခဲ့သနည်း။ ဤကိစ္စနှင့်စပ်လျဉ်း၍ ဤခေတ်၌ ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး အတွေးအခေါ်များ ကို လေ့လာရန် အလို့ငှာ ဗိုလ်ချုပ် ပြောဆိုခဲ့သော မိန့်ခွန်းများ ၊ ဗိုလ်ချုပ် ရေး သားခဲ့သော ကြေညာစာတမ်းများ ၊ အဆိုကြမ်းများ ၊လုပ်ငန်းစဉ်များ စသည်တို့ကို ရှာဖွေစုဆောင်းထားဖို့ လိုပေသည်။ ယခုကျွန်တော် တင်ပြရသည်မှာ များ သော အားဖြင့် စိတ်မှတ်နှင့်သာ ဖြစ်သည်။စနစ်တကျ လေ့လာဖို့ရာမှာ စနစ်တကျ သုတေသနပြုဖို့ လိုပေသည်။ယခု ဤဆောင်းပါးအဖို့ကား ကျွန်တော် မှတ်မိသော ၁၉၃၉ ခု၊ တို့ဗမာအစည်းအရုံးလုပ်ငန်းစဉ် ကြေညာစာတမ်း၊ ၁၉၄၅ ခု ဗိုလ်ချုပ်၏ ဟောပြောချက်များ ၊ ၁၉၄၆ ခု ဗိုလ်ချုပ်၏ ဖဆပလလုပ်ငန်းစဉ်များ နှင့် အခြားမိန့်ခွန်းများ ကို အခြေတည်၍ ပြောရပေလိမ့်မည် ။

မြန်မာ့လူ့ဘောင် အဖွဲ့အစည်းမှာ သက်ဦးဆံပိုင်ဘုရင်စံနစ်၌ အခြေတည်ခဲ့သည်။ ပဒေသရာဇ် ဧကရာဇ်စနစ် အရင်းတည်ခဲ့သည် ဟူသည်တို့ကို ဗိုလ်ချုပ်သည် အသိအမှတ်ပြုခဲ့၏ ။ သို့ သော် ဗိုလ်ချုပ်က ဤအခြေကိုသဘောပေါက်သည်မှာ နိုင်ငံခြားမှ အယူအဆတို့ကို အခြေခံခဲ့သည်မဟုတ်။မိမိနိုင်ငံ၏ အခြေကို မိမိလေ့လာပြီးမှ သဘောပေါက်ခြင်း ဖြစ်၏ ။ ထို့ကြောင့်၁၉၄၅ ခုနှစ် ဟောပြောပွဲတစ်ခုတွင် မြန်မာနိုင်ငံ၏ ကံကျွေးစံနစ်ဟူသည်မှာ အနောက်နိုင်ငံနှင့် မတူဘဲ လူတန်းစားတစ်ရပ်က အခြားလူတန်းစားတစ်ရပ်ကို စီးပွားရေး ချယ်လှယ်ခြင်း မရှိကြောင်း၊ ပဒေသရာဇ်ဧကရာဇ်ခေတ်၌ ပင် မျိုးရိုးကို မလိုက်ဘဲ ပညာအရည်အချင်းကို လိုက်၍ ရာထူးဌာနန္တရများ ကို ခန့်အပ်ကြောင်း၊ မြန်မာမိန်းမတို့၌ လွတ်လပ်မှု နှင့်တန်းတူအခွင့်အရေး ရှိကြောင်း၊ လူထုစီးပွားရေး မှာ သမဝါယမသဘောကို အခြေခံ၍ ပြည်တွင်းဖူလုံမှု အပေါ်၌ တည်ရှိခဲ့ကြောင်း စသည်ဖြင့် ပတ်ဝန်းကျင်အခြေအနေမှန်ကို နိုင်ငံရေး သုခမိန် ပီသစွာ သုံးသပ်ခဲ့လေသည်။

ဤအခြေမှန်ကို မြင်သော ကြောင့်သာလျှင် ၁၉၃၉ ခုနှစ် က တောင်သူလယ်သမား စည်းရုံးမှု ၊ အလုပ်သမား စည်းရုံးမှု တို့ကို လှုံ့ဆော်ရန် လိုအပ်ကြောင်းဖြင့် ဗိုလ်ချုပ်သဘောပေါက်ခဲ့ခြင်း ဖြစ်၏ ။ စည်းရုံးရာ၌ လည်း၉၁ ဌာနအုပ်ချုပ်ရေး ၏ အပြစ်တို့ကို လူထုနားလည်သဘောပေါက်စေ၏ ။၉၁ ဌာန၏ အပြစ်တို့ကို ကုစားရန် အလို့ငှာ တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းရန် တောင်းဆိုးခဲ့၏ ။ ထိုတိုင်းပြု ပြည်ပြုလွှတ်တော် ဖွဲ့စည်းပါမှပြည်သူလူထု၏ ဆန္ဒအလျောက် ဖြစ်ပေါ်လာသော အုပ်ချုပ်ရေး အခြေခံဥပဒေကို အတည်ပြုနိုင်မည် ဖြစ်သည်ကိုလည်း လူထုအား နားလည်သဘောပေါက်စေ၏ ။ ဤသို့ မှ တိုင်းပြုပြည်ပြု လွှတ်တော် ကို ဖွဲ့စည်းမပေးနိုင်ပါက ဗြိတိသျှအုပ်ချုပ်ရေး ကို အပြုတ်တိုက်ရန်၊ ကျောင်းသူ ကျောင်းသား၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူလတ်တန်းစားစသည့် လူထု၏ အစိတ်အပိုင်းအားလုံးက အကြီးအကျယ် သပိတ်မှော က်ကြဖို့ရာ တို့ဗမာအစည်းအရုံး အထွေထွေ အတွင်းရေး မှူး သခင်အောင်ဆန်းက လှုံ့ဆော်ခဲ့လေသည်။ သခင်အောင်ဆန်း အမြင်၌ ဗြိတိသျှအုပ်ချုပ်ရေး သည် အဆင့်သုံးဆင့် ရှိသည်။ ပထမအဆင့်မျာ ဗျူရိုကရေစီ၊ ဒုတိယအဆင့်မှာ ဒိုင်အာခီ၊ တတိယအဆင့်မှာ အမြင်ကောင်းအောင် ပိုမို မွမ်းမံခြယ်လှယ်ထားသော ဒိုင်အာခီ(၉၁ ဌာနအုပ်ချုပ်ရေး )ဟူ၍ မြင်လေသည်။ထိုအဆင့် သုံးဆင့်ကို ဖြိုရန် လူထုစည်းရုံးမှု သာလျှင် ရှိသည်ကို ၁၉၃၉ခုနှစ် တို့ဗမာအစည်းအရုံး ကြေညာစာတမ်း၌ အတိအလင်း ပြဆိုခဲ့ပေသည်။

မောင်အောင်ဆန်း၏ နိုင်ငံရေး သုံးသပ်ချက်တို့မှာ ဗြိတိသျှနယ်ချဲ့၏ အရှိုက်ကို ထိုးလိုက်ခြင်း ဖြစ်၏ ။ ဗြိတိသျှတို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး ကျားကွက်ကို တစေ့တစောင်း မြင်သဖြင့် များ စွာ တုန်လှုပ်ထိတ်လန့်ကြ၏ ။ အထူးသဖြင့် လွတ်လပ်ရေး ကို လိုလားကြသော နိုင်ငံရေး ပါတီအားလုံးတို့၏ ''လွတ်လပ်ရေး တပ်ဦး''၌ သခင်အောင်ဆန်းသည်ခြေသည်း လက်သည်း ဖြစ်လာသော အခါ ဗြိတိသျှတို့သည် သခင်အောင်ဆန်းအား တွေ့ ရာသင်္ချိုင်း ဓားမဆိုင်းဘဲ လိုက်လံဖမ်းဆီးလေသည်။

သို့ သော် သခင်အောင်ဆန်း၏ နိုင်ငံရေး အတွေးအခေါ်၌ လွတ်လပ်ရေး ကို ကျွန်ုပ်တို့ချည်း ပြည်တွင်းရေး တစ်ရပ်အနေနှင့် အတွင်းကျိတ် တိုက်၍ မရ၊ နိုင်ငံခြား၌ ဝါဒဖြန့်၍ နိုင်ငံခြားအကူအညီဖြင့် တိုက်ယူရမည် ။ ဂျပန်သည် မြန်မာနိုင်ငံကို ကျူးကျော်လာနိုင်သည်။ သို့ သော် ဂျပန်၏ ကျူးကျော်မှု ကို မိမိတို့က ဦးအောင် လွတ်လပ်ရေး ကြေညာခြင်းဖြင့် ခံတိုက်နိုင်ရမည် ဟူ၍ စဉ်းစားထားခဲ့သည်။ ဒေါက်တာဘမော်နှင့်ဒေါက်တာ သိန်းမောင်တို့က သခင်အောင်ဆန်းအား ဂျပန်အကူအညီကို ယူကြည့်ပါဟု ပြောသည်။သခင်အောင်ဆန်းကား တရုတ်သော ၊ ယိုးဒယား(ထိုင်း)သော ၊ ဂျပန်သော ရွေးချယ်ရန် အချိန်မရချေ။ ရရာအကူအညီကို ယူမည် ဟု သန္နိဋ္ဌာန်ချမှတ်ခဲ့သည်။ သို့သော် တရုတ်ပြည်ကို ခြေဦးလှည့်၍ တရုတ်ထံမှအကူအညီတောင်းရန် ပို၍ ရည်သန်ခဲ့သည်။ အခြေအနေအရ တရုတ်နှင့်ဖူးစာမဆုံရဘဲ ဂျပန်နှင့် ဖူးစာဆုံခဲ့၏ ။

ဂျပန်၏ အကူအညီကို ယူခဲ့ရစေကာမူ ဂျပန်၏ ကတိမတည်မှု ကြောင့် ကျွန်ုပ်တို့သည် ဂျပန်ကို ပြန်ချရမည် ဟူသော သဘောတရားကိုလည်းမောင်အောင်ဆန်းသည် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာသော အခါ တစ်နေ့ တခြား ပိုမို၍ မြင်လာခဲ့၏ ။ ဂျပန်ကို ခံချရာ၌ လည်း ဗိုလ်ချုပ်၏ စစ်ဥပါယ်မှာ နိုင်ငံရေး သုခမိန် ဆန်လှပေသည်။ ဂျပန်ကို ချကြရတော့မည် ဟု ပိုင်းဖြတ်လိုက်သည်နှင့်တပြိုင်နက် ဗိုလ်ချုပ်သည် ၁၃ ရာစုနှစ် ကကျွန်ုပ်တို့ မြန်မာအမျိုးသား လူထုတစ်ရပ်လုံး အုံကြွကာ ပြောက်ကျားတိုက်ခိုက်နည်းစနစ်ဖြင့် ကျူးကျော်သူ ကူဗလိုင်ခန်ကို မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့သည့် နည်းပရိယာယ်ကို တွေးမိလေသည်။ ထို့ပြင် ၁၇ ရာစုနှစ် ကအလောင်းဘုရားသည် မြန်မာနိုင်ငံတော် ၏ စည်းရုံးမှု ကို ရလေအောင်ရန်သူတို့အား ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရပုံကိုလည်း ဗိုလ်ချုပ်သတိရမိသည်။ နောက်ဆုံး၌ အခြေအနေမှန်ကို ကြည့်၍ တွေးတောတတ်သော အမြော်အမြင်ကြောင့် ဗိုလ်ချုပ်၏ တော် လှန်ရေး သည် အောင်မြင်ခဲ့လေသည်။

ဂျပန်တော် လှန်ရေး ကြီးကို အောင်မြင်ခဲ့ပြီးသော် မြန်မာနိုင်ငံတော် အက်ဥပဒေ ပုဒ်မ ၁၃၅ ကို တော် လှန်၍ လွတ်လပ်ရေး ကို ကြိုးပမ်းဖို့ရာအခြေအနေ ပေါ်လာခဲ့ပြန်သည်။ ထိုအခါ ဗိုလ်ချုပ်သည် ၁၉၃၉ ခုနှစ် ဒို့ဗမာအစည်းအရုံး၏ လုပ်ငန်းစဉ် ကြေညာချက်ကို အစဉ်အလာ မပျက်စေဘဲ ဆက်လက်သုံးစွဲခဲ့ပြန်သည်။ ဤသို့ ပြောရခြင်းမှာ အခြားကြောင့်မဟုတ်။ ၁၉၄၆ ခု၊ ဇန်နဝါရီလ ၁၂ ရက် နေ့စွဲနှင့် ဖဆပလ လုပ်ငန်းအစီအစဉ် ကြေညာချက်မှာ ဗိုလ်ချုပ်သည် သခင်အောင်ဆန်းဘဝကကြေညာခဲ့သော လုပ်ငန်းစဉ်များ နှင့် နှိုင်းယှဉ်ကြည့်လျှင် သဘောသွားခြင်းအလားတူ ဖြစ်သော ကြောင့်ပေတည်း။

အထက်ဖော်ပြခဲ့သော ဖဆပလ လုပ်ငန်းစဉ်၌ ဗိုလ်ချုပ်သည် သခင်အောင်ဆန်းဘဝက နိုင်ငံရေး အတွေးအခေါ်တို့ကို လက်တွေ့ အသုံးချသည်ဟုလည်း ဆိုနိုင်သည်။ လွတ်လပ်ရေး ကြိုးပမ်းရာ၌ ''လွတ်လပ်ရေး ကိုလိုလားနှစသက် သော လူမျိုးများ နှင့် ယဉ်ကျေးမှု တွင် လည်းကောင်း၊ နိုင်ငံရေး တွင် လည်းကောင်း၊ ပိုမိုရင်းနှီးစွာ ဆက်သွယ်နိုင်စေရန် စီစဉ်ရမည် ''ဟူ၍ လည်းကောင်း၊ ''အင်ဒိုနီးရှားနှင့် အင်ဒိုချိုင်းနား ပြည်များ ရှိ အမျိုးသားလွတ်လပ်မှု လုပ်ငန်းနှင့် ကမ္ဘာလုံးဆိုင်ရာ နှိမ်နင်းချုပ်ချယ် ကျွန်တမယ်မျှ ဖြစ်နေကြသော လူမျိုးအပေါင်းတို့၏ လွတ်လပ်မှု လုပ်ငန်းကြီးနှင့် ရင်းနှီးစွာ ဆက်သွယ်နိုင်အောင် စီစဉ်ရမည် '' ဟူ၍ လည်းကောင်း၊ ဖဆပလကကြေညာခဲ့သည်မှာ သခင်အောင်ဆန်းဘဝက ယူဆထားသော ''နိုင်ငံခြားအဆက်အသွယ်ယူ''သည့် သဘောတရား၏ အဆက် ဖြစ်ပေသည်။

ထိုမျှမကသေး လူထုတပ်ပေါင်းစု ဖြစ်စေရန်အလို့ငှာ ဖဆပလ၏ နိုင်ငံရေး လုပ်ငန်းများ ၌ ''မြန်မာနိုင်ငံ ပြည်လည်တည်ဆောက်ရေး နိုင်ငံသစ် စီမံဖန်တီးရေး ကိစ္စများ ကို ပါတီသဘော၊ နိုင်ငံရေး သဘော မသက်ရောက်သော အဖွဲ့များ က ဆောင်ရွက်ရမည် ။ သို့ မှသာလျှင် ဤကိစ္စများ တွင် တတ်ကျွမ်းနားလည်သူများ နှင့် အစိုးရအမှု ထမ်းများ လည်း ဤအမျိုးသားလုပ်ငန်းကြီးတွင် ပါဝင်ဆောင်ရွက်နိုင်ကြပေလိမ့်မည် ''ဟု ဖော်ပြထားသည်။ ဤစကားကို ကျွန်တော် အကျယ်ချဲ့၍ အဓိပ္ပာယ် ဖော်ပြနေစရာမလိုချေ။ နိုင်ငံရေး ၌ သဘောတရား မှန်ကန်မှု သည် အရေး ကြီးလေရာဗိုလ်ချုပ်၏ သဘောတရားတို့သည် မည် မျှမှန်ကန်နေသည်ကို ဤခေတ်လူထုသည် လက်တွေ့  သိရှိနေကြပြီး ဖြစ်လိမ့်မည် ဟု ကျွန်တော် ယုံကြည်ပေသည်။

ထို့ပြင် လွတ်လပ်ရေး ကြိုးပမ်းမှု ၌ ရခိုင်၊ မွန်၊ ကရင် စသော အမျိုးသားများ နှင့်တကွ တောင်တန်းသားအားလုံးတို့အပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းထားရှိသော စေတနာသည် သန့်ရှင်းမှန်ကန်သည်ကိုလည်းမည် သူမျှ စောဒက မတက်နိုင်ကြချေ။ ဖဆပလလုပ်ငန်းစဉ် ကြေညာချက်၌ အမျိုးသား လူနည်းစုများ သည် လူများ စုအခွင့်အရေး ကို ရထိုက်သည်ဟု ဖော်ပြထားသည်မှာ ဗိုလ်ချုပ်၏ အမြော်အမြင်ကြီးမှု ကို ထင်ရှားစေသည်။ လူနည်းစုတို့သည် လူများ တို့၏ အခွင့်အရေး ကို တန်းတူရနိုင်သည့်နောက် လူနည်းစုအခွင့်အရေး ဟု ပြောနေရန်အကြောင်း မရှိတော့ပြီ။ ဤမှန်ကန်သော စေတနာအကျိုးဆက်ကြောင့် ဗိုလ်ချုပ်က ''လွတ်လပ်ရေး တစ်နှစ် အတွင်း ရရမည် '' ဟု ကြုံးဝါးလိုက်သော အခါ မြေပြန့်သားရောတောင်တန်းသားပါ ဗိုလ်ချုပ်၏ နောက်တွင် မားမားမတ်မတ် ရပ်၍ တညီတညွတ်တည်း တည်ရှိခဲ့လေသည်။ မြန်မာနှင့် သွေးနီးသော အမျိုးသားတို့ကို မဆိုထားဘိဦး တစ်ခေတ်က ရန်သူ ဖြစ်ခဲ့ဖူးသော ဗြိတိသျှ အမျိုးအနွယ်တို့ကိုပင်လျှင် ဗိုလ်ချုပ်သည် တမြေတည်းနေ တရေတည်းသောက် ဟူသော စိတ်ဓာတ်ဖြင့် တိုင်းရင်းသားချင်း အမျိုးတော် စပ်သည်ဟူသော သဘောတရားကို ချမှတ်ပေးခဲ့လေသည်။

''ကျွန်တော့် ကို ခင်ဗျားတို့က လာပါဆိုလို့ ကျွန်တော် လာခဲ့ရတာပါပဲ။ အမျိုးဘာသာမရွေး ဒီတိုင်းပြည်က လူများ ရဲ့ ကြီးပွားချမ်းသာရေး ကို ဆောင်ရွက်ဖို့ တာဝန်ဆိုတာဟာ ကျွန်တော် ဆောင်ရွက်ရမယ့် တာဝန်ပါပဲ။ ကျွန်တော် ဘဝတစ်သက်တာမှာ ဒီတာဝန်ကို အစဉ်ဆောင်ရွက်သွားရဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စစ်အတွင်း မှော င်အတိ ကျနေသလို ဖြစ်နေတဲ့ အချိန်အခါမျိုးမှာ ခင်ဗျားတို့ (အင်္ဂလိပ်ကပြား) လူစုထဲက မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ လူတွေ ဟာ တစ်ခါမျှ မကြုံခဲ့ဘူးတဲ့ အတိဒုက္ခကိုကြုံခဲ့ရပါတယ်။ ခင်ဗျားတို့ ဒုက္ခ ဖြစ်ရတာ တွေ သိရတော့ ဝမ်းလည်းနည်းမိပါတယ်။ စိတ်လည်း နာကျည်းမိပါတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ဒုက္ခတွေ ပြေရာပြေကြောင်းကို ကျွန်တော့် ဘာသာ ကျွန်တော် တတ်နိုင်တဲ့နည်းနဲ့ ဟိတ်ဟန်မဟုတ်ဘဲ ဆောင်ရွက်ခဲ့ပါတယ်။ကျွန်တော် ဒီထက်ပို မလုပ်နိုင်ခဲ့တာကိုဘဲ ဝမ်းနည်းနေရပါတယ်။ကိုင်း … ယခု ခင်ဗျားတို့က ဒီကို လာပြီး မိန့်ခွန်းပေးပါဆိုတော့ကျွန်တော် မှန်တာတွေ ကို အမှန်အတိုင်း အစီရင် ခံခဲ့ပါပြီ။ ကျွန်တော် တို့ တိုင်းပြည်ဟာ လွတ်လပ်တော့မယ်။ ကမ္ဘာကြီးဟာ အကြီးအကျယ် ပြောင်းလဲနေပါတယ်။ xxx ဒီလို ပြောင်းလဲနေတဲ့ အခြေအနေမှာ ခင်ဗျားတို့ဟာ အသိတရား အသစ်တွေ ကို သိလာကြပြီးတန်ဖိုးအသစ်တွေ ကို နားလည်နိုးကြားလာဖို့ လိုပါတယ်။ လွတ်လပ်တဲ့ မြန်မာနိုင်ငံဟာ ရှေ့ကို အလားအလာ အများ ကြီး ရှိပါတယ်။ကျွန်တော် တို့ နိုင်ငံသားများ အတွက် မျှော်ကိုးစရာတွေ အများ ကြီးရှိပါတယ်။ xxx မြန်မာနိုင်ငံမှာ လူဦးရေရှိတာထက်ပိုပြီး အလုပ်အကိုင်တွေ က များ လာပါလိမ့်မယ်။ xxx ခင်ဗျားတို့အထဲမှာ ဒီကိစ္စနဲ့ အလားတူ အခြားကိစ္စများ မှာ စိုးရိမ်ကြောင့်ကြ ဖြစ်နေကြတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားတို့သာ ဒီတိုင်းပြည်မှာ ရှိတဲ့လူတွေ နဲ့ တစ်သွေးတည်း တစ်သားတည်း ဖြစ်ပါတယ်ဆိုတာကိုပြကြရင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ခင်ဗျားတို့ ဘာမျှ ကြောင့်ကြစရာရှိဖို့ မလိုဘူးဆိုတာကို ကျွန်တော် ယခု ပြောခဲ့ပါတယ်''

ဗိုလ်ချုပ်သည် အထက်ပါ စကားရပ်တို့ကို ၁၉၄၆ ခု၊ ဒီဇင်ဘာလတွင် အင်္ဂလိပ်-မြန်မာ အမျိုးသားကောင်စီ၏ အစည်းအဝေး၌ ပြောကြားခဲ့၏ ။ နိုင်ငံရေး သုခမိန် ပီသစွာ ဣနြေ္ဒရရဖြင့် စေတနာအရင်းခံ အမှန်တို့ကို စိတ်အားထက်သန်စွာ ပြောကြားခဲ့လေသည်။ ဗိုလ်ချုပ်သည် ကရင်၊ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကယား စသော အမျိုးသားများ ၏ အသည်းစွဲသာမက အင်္ဂလိပ်-မြန်မာ အမျိုးသားတို့၏ အသည်းစွဲလည်း ဖြစ်ခဲ့လေသည်။ ယနေ့တိုင် အင်္ဂလိပ်-မြန်မာအမျိုးသားတို့သည် ဗိုလ်ချုပ်၏ စကားကို နားထဲ၌ စွဲ၍ နေကြလေသည်။

လွတ်လပ်ရေး ရခဲ့ပြီဟုဆိုလျှင် ငြိမ်းချမ်းရေး ကို ရရတော့မည် ဟုဗိုလ်ချုပ်သည် မျှော်ကိုးခဲ့၏ ။ ဗိုလ်ချုပ်တောင့်တသော ငြိမ်းချမ်းရေး မှာ သင်္ချိုင်းထဲက ငြိမ်းချမ်းရေး မဟုတ် လွတ်လပ်ရေး ၊ တိုးတက်ရေး နှင့် ကြီးပွားရေး ၊ ချမ်းသာရေး ကို ဖန်တီးမည့်  ငြိမ်းချမ်းရေး သာလျှင် ဖြစ်ဘိ၏ ။

ဗိုလ်ချုပ် လွန်ခဲ့သည်မှာ ရှစ်နှစ် ရှိပြီ။ မြန်မာနိုင်ငံသားတို့အဖို့ကားဗိုလ်ချုပ်လွန်ခဲ့သည်မှာ မနေ့တစ်နေ့ကလိုလို ထင်မိကြ၏ ။ ဗိုလ်ချုပ်ကိုချစ်သည့်ဇောဖြင့် အများ ပင် တမ်းတကြ၏ ။ သို့ သော် ဗိုလ်ချုပ်၏ အတွေးအခေါ်တို့ကိုကား သတိရမှ ရကြပေလိမ့်မည် ။ စင်စစ် ဗိုလ်ချုပ်သည်နုပျိုသော အရွယ်၌ နိုင်ငံရေး ကို ဆောင်ရွက်ခဲ့သော်လည်း သူ၏ အတွေးအခေါ်တို့မှာ ဝါရင့်သော နိုင်ငံရေး သုခမိန်တို့၏ အတွေးအခေါ်မျိုး ဖြစ်ရကား ဗိုလ်ချုပ်အား တကယ်ချစ်ပါသည်၊ ခင်ပါသည်၊ သတိရပါသည်ဟုဆိုလျှင် ပညာရှင်ဆန်သော ဗိုလ်ချုပ်၏ အတွေးအခေါ်များ ရင့်သန်လာခဲ့သည့်နည်းတူ လူထု၏ စဉ်းစားဉာဏ်လည်း ရင့်သန်လာကြစေရန် လူထုတစ်ရပ်လုံး ကြိုးစားသင့်လှပေသည်။ နိုင်ငံရေး သမား ပေါသလောက်၊နိုင်ငံရေး သုခမိန် ရှားလှသော ဤနိုင်ငံတွင် နိုင်ငံရေး သုခမိန်များ ထွန်းပေါ်လာပါစေရန် ရည်သန်၍ ကျွန်တော် မှတ်မိသမျှ ဗိုလ်ချုပ်၏ ဟောပြောချက်၊ ကြေညာချက်၊ မိန့်ကြားချက်တို့ကို ယခုတင်ပြပါသည်။ ဗိုလ်ချုပ်ကို၂ဝ ရာစုနှစ် မြန်မာ့နိုင်ငံရေး သုခမိန်ဟု ကျွန်တော် ယူဆလျှင် ယုတ္တိတန်၏ ၊မတန်၏ ကို စာရှုသူတို့ ဂဏသေချာ ပိုင်းခြားဝေဖန်နိုင်ကြပါစေသတည်း။

မောင်ထင်

(၆)

ဗိုလ်ချုပ်အောင်ဆန်း နှင့် အရိုင်းဝိသေသ

ဒဂုံတာရာ

(က)

ရုပ်ပုံလွှာ အဖွဲ့အနွဲ့ စာပေမျိုးရေး ရန် ထိုစဉ်က ရည်ရွယ်ချက် မရှိပေ။ပညာရှင်နိုင်ငံရေး ခေါင်းဆောင်များ ၏ အတ္ထုပ္ပတ္တိများ ကို ကျွန်တော် စိတ်ဝင်စားသည် အထူးသဖြင့် ရသဟန်ဖြင့် ဖွဲ့နွဲ့သော စာဆိုလျှင် စွဲလမ်းသည်။ပထမတော့ ရေး ဖြစ်မည် လည်း မထင်။ တာရာမဂ္ဂဇင်း ထုတ်ဝေမည် ဆိုတော့မှ ရေး ဖြစ်ခြင်း ဖြစ်သည်။

အရေး ခံပုဂ္ဂိုလ် ရွေးချယ်ရာမှ ရုပ်ပုံလွှာ အဖွဲ့အနွဲ့ဟူသော စာပေပုံသဏ္ဌာန်တစ်ခု ဖြစ်လာခြင်း ဖြစ်သည်ဟု ဆိုချင်သည်။ လူရွေးရာတွင် အချိန်ကာလနှင့်လည်း ဆိုင်လိမ့်မည် ထင်သည်။ ကျွန်တော် ရေး သည့်အချိန်မှာ ၁၉၄၆ ခုနှစ် ကုန်ခါနီး ဖဆပလ အားကောင်းနေသော အချိန်။ဖဆပလ ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်အောင်ဆန်း။ လွတ်လပ်ရေး အတွက် ကြိုးပမ်းလှုပ်ရှားနေသော ဖဆပလအဖွဲ့ချုပ် ဗိုလ်ချုပ်အောင်ဆန်းကို တစ်တိုင်းတစ်ပြည်လုံးက မျှော်လင့်အားထားနေသော ၊ ကြည်ညိုနေသော ကာလ။လူထုက ဗိုလ်ချုပ်ဟု အဖျားဆွတ်ခေါ်နေသော အချိန်၊ ကျွန်တော် သူ့ကိုဗိုလ်ချုပ်ဟု မခေါ်ဖူးခဲ့။ သီပေါမင်း နန်းကျကတည်းက မြန်မာထဲ ဗိုလ်ချုပ်ဟု ခေါ်စရာ မရှိရာမှ ဂျပန်ခေတ်က စ၍ ဗမာ့တပ်မတော် သေနာပတိဗိုလ်ချုပ်ကို လူထုက ခေါ်ချင်ပုံရသည်။ ဗိုလ်ချုပ်နှင့် လွတ်လပ်ရေး အဓိပ္ပာယ်ဆက်စပ်နေပုံရသည်။

ကျောင်းသားဘဝက သူ့ကို ကျွန်တော် တို့က ကိုအောင်ဆန်း၊ ဖိုးအောင်ဆန်းဟု ခေါ်ကြသည်။ သူ တို့ဗမာအစည်းအရုံးဝင် ဖြစ်သွားသော အခါသူက သခင်အောင်ဆန်း အခေါ်ခံချင်သည်ကို ကျွန်တော် သိသည်။ တစ်ခါတစ်ရံသာ သခင်အောင်ဆန်းဟု ခေါ် ဖြစ်သည် ထင်သည်။ သူ့ထက်ဝါရင့်သော သခင်များ ကိုသာ သခင် တပ်ခေါ်သည်။ သခင်လေးမောင်၊သခင်တင်မောင်၊ သခင်စိုး၊ သခင်သန်းထွန်း။

ကျောင်းသားဘဝတုန်းက သူ့ကို ခေါင်းဆောင်ကြီး ဖြစ်လာလိမ့်မည် ဟု ကျွန်တော် မထင်ခဲ့။ စစ်ပြီးစ ရွှေတိဂုံအလယ်ပစ္စယံတွင် ကျင်းပသော ဖဆပလ ညီလာခံတွင် သူ့ကို တွေ့ တော့မှ သူ့ကို ကြိုက်သွားသည်။သူ့ကို အဝေးကပဲ မြင်သည်။ ရွှေတောင်ကြား လောင်းဝစ်လမ်းရှိ စခန်းတွင် သူ့ကို လှမ်းတွေ့ လိုက်ရသည်။ ယခု ဗိုလ်ချုပ်ဟူ၍ လူထုအသည်းစွဲအ ဖြစ် ထိတွေ့ ခံစားနေရသော အချိန်တွင် သူ့ကို ရေး မည် ဟု ဆုံးဖြတ်လိုက်သည်။ သူ့ကိုပဲ ရေး ချင်သော ခံစားမှု က ပြင်းပြလို့ လာသည် ထိုစဉ်က ဖဆပလ အထွေထွေ အတွင်းရေး မှူးမှာ သခင်သန်းထွန်း၊ ထိုစဉ်ကကျွန်တော် က သူ့အကြောင်း ရေး ချင်စိတ် မပေါ်ခဲ့။ (သူတောခိုမှ ရေး ဖြစ်သည်။)

သူ့ကို လူ တစ်ယောက် အ ဖြစ် ရေး မည် ဟု ကလောင်ကို ကိုင်လိုက်သော အခါ ''အောင်ဆန်း သို့ မဟုတ် အရိုင်း'' ဟု ခေါင်းတပ်လိုက်မိတော့သည်။ ဘာဘာညာညာ မစဉ်းစားတော့။

(ခ)

ကျွန်တော် က ဗိုလ်ချုပ်အောင်ဆန်းကို အရိုင်းဟု ရေး ရပါမည် လားဟုသူ့ကို ကြည်ညိုသော ပြည်သူ့ရဲဘော်အချို့က ဒေါပွကြောင်း သိရသည်။စာဖတ်ခိုင်း၍ ဖတ်ကြည့်မှ ကျေနပ်သွားကြောင်း ကြားသိရသည်။ ခေါင်းစဉ်ကို ဗိုလ်ချုပ်အောင်ဆန်း ဟု မတပ်ဘဲ အောင်ဆန်း ဟု တပ်ရပါမည် လော၊ ဖဆပလ ဆန့်ကျင်တာလား။ တပ်မတော် ဆန့်ကျင်တာလားဟုပြောသူပင် ရှိကြောင်း ကြားရသည်။ ရသစာပေ ပရိသတ်ထဲ ကတော့မဟုတ်။ တစ်ခါတစ်ရံမှ ဖတ်ပြီး နိုင်ငံရေး ကဲနေသူအချို့ ဖြစ်မည် ထင်သည်အတွေးခေါင်ခြင်း ဖြစ်နိုင်သည်။ ဘာကြောင့် ကျွန်တော် က ဖဆပလကိုဆန့်ကျင်ရမည် နည်း။ ကျွန်တော် သည် နိုင်ငံရေး သမားမဟုတ်။ ထိုအခါကဖဆပလသည် ဖက်ဆစ်တော် လှန်ရေး လှုပ်ရှားမှု တို့တွင် တပ်ဦးအ ဖြစ်ထမ်းဆောင်နေသော လူထုအဖွဲ့အစည်း ဖြစ်သည်။ ဘာကြောင့် ဆန့်ကျင်ရမည် နည်း ဖဆပလ စာစောင်ပင် ကျွန်တော် ကလောင်နာမည် တစ်ခုနှင့် ဆောင်းပါး ရေး ပေးခဲ့ဖူးသေးသည်။ ထိုအခါက စာစောင်အယ်ဒီတာမှာ ကိုထွန်းအုံ (မြူနီစပယ်မင်းကြီးဟောင်း) က တကျီကျီ လာတောင်းသည်။တတ်နိုင်သမျှ အကူအညီပေးခဲ့သည်။

''ခင်ဗျားနဲ့ တော် တယ် ဖဆပလပြန်ကြားရေး ဌာနမှာ လုပ်ပါလား''

ဟု တိုက်တွန်းသည်။ ဖဆပလတွင် သမဂ္ဂလုပ်ဖော်ကိုင်ဖက်များ ကရှိနေကြသည် မဟုတ်လား။ ထိုအခါက ဖဆပလအတွင်းတွင် ကွဲအက်စပြုနေပြီ။ သည်အခါမျိုးတွင် တဘက်ဘက်ကမှ မပါချင်။ ကိုဗဟိန်းကလည်း သူဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌလုပ်ရန် တိုက်တွန်းဖူးသည်။

သူက …

''ဒါမှ အလုပ်သမား လူတန်းစားနဲ့ ထိတွေ့ မှု ရှိပြီး ခင်ဗျား စာတွေ ပိုတောက်ပလာမှာ ''

ဟု ပြောသည်။ သူ့စေတနာကို ကျွန်တော် နားလည်သည်။ သို့ သော်ကျွန်တော် လက်မခံခဲ့ပေ။ သိသည့်အတိုင်း အလုပ်သမား သမဂ္ဂမှာ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု ခံယူသော အဖွဲ့အစည်း ဖြစ်သည်။ ကျွန်တော် က မည် သည့်သြဇာမှ မခံဘဲ လွတ်လွတ်လပ်လပ် တာရာစာပေမဂ္ဂဇင်းကိုထုတ်ဝေရန် စိတ်ကူးထားပြီး ဖြစ်သည်။ တပ်မတော် သည် ဖက်ဆစ်တော် လှန်ရေး တိုက်ပွဲတို့တွင် အရေး ပါသော အခန်းက ပါဝင်ထမ်းဆောင်သည်။ကျွန်တော် တို့ မြို့ကို ဗမာ့လွတ်လပ်ရေး တပ်မတော် သိမ်းသော အခါ တတ်နိုင်သမျှ ကူညီခဲ့သည်။ ရန်ကုန်သိမ်းစက ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ရုံးတွင် ဗိုလ်လက်ျာ၊ ဗိုလ်စကြာတို့၏ တာဝန်ပေးချက်အရ ဗိုလ်လောင်းသင်တန်း လျှောက်လွှာများ တို့ စစ်ဆေးပေးရသော အလုပ် လုပ်ရဖူးသည်။နောက်မှ ကိုယ်နှင့် မဆိုင်သော အလုပ်ဟု ယူဆကာ ထွက်ခဲ့သည်။ အထက်ပိုင်းရှိ ဗမာ့လွတ်လပ်ရေး တပ်မတော် မသိမ်းရသေးသော နယ်မြေများ ပေးသို့ ကြဲချပေါ်ရန် လေယာဉ်မှ ဝေငှသည့်…

''တို့ဗမာအပေါင်းတို့'' ခေါင်းတပ်ထားသည့် စာရွက်စာသားကိုကျွန်တော် ရေး ပေးရသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်လာလျှင်ပူးပေါင်းဖို့ရန် လှုံ့ဆော်ထားသည်။ ဖက်ဆစ်တော် လှန်ရေး လုပ်တော့မည့် အချိန်က ဗမာ့တပ်မတော် ၊ ဌာနသစ်တစ်ခုအတွက် စီမံကိန်း မူကြမ်းတစ်ခုရေး ဆွဲပေးခဲ့သည်။ ယင်းသို့ ကျွန်တော် တတ်နိုင်သမျှ ကူညီခဲ့သော တပ်မတော် ကို ဘာ့ကြောင့် ဆန့်ကျင်ရမည် နည်း။ တာရာမဂ္ဂဇင်း ထွက်စနှစ် များ က တပ်မတော် မှ လစဉ် တာရာမဂ္ဂဇင်းများ စောင်ရေ (၈ဝဝ)ခန့်ဝယ်သည်။ နယ်ရှိတပ်များ သို့ ဖြန့်ဝေရန် ဖြစ်သည်ဟု သိရသည်။ ကိုယ်စားလှယ်နှုန်း ပေးရသည်။ ကျွန်တော့်အကြောင်း ကောင်းစွာ မသိဘဲနှင့်အဝေးမှ ထင်မြင်ကြဟန် တူပါသည်။ စာဖတ်ကြည့်လိုက်သော အခါ စိတ်ပြေသွားကြသည်ဟု သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ကျွန်တော် ရေး သည် စာကို ဖတ်ပြီး…

''ဌေးမြိုင် ကတော့ ငါ့ကို အရိုင်းတဲ့ကွာ။ ငါက ဒီလောက်လဲ မရိုင်းသေးပါဘူး''

ဟု ပြောကြောင်း သူ့အပါးတော် မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)ကတစ်ဆင့် ပြန်ပြောပြ၍ သိရသည်။

ကျွန်တော် သည် ရုပ်ပုံလွှာ အဖွဲ့အနွဲ့စာများ ကို အရေး ခံပုဂ္ဂိုလ်တို့အသက်ထင်ရှားရှိနေစဉ် ရေး ဖွဲ့သည်က များ သည်။ သခင်တင်မောင်၊ ရဲထွတ်၊မဟာဆွေ၊ ကိုဗဟိန်း စသူတို့ကိုသာ ကွယ်လွန်ပြီးမှ ရေး ဖြစ်သည်။

'အောင်ဆန်း သို့မဟုတ် အရိုင်း' ရေး စဥက် ဖဆပလ အရနှိေ် ကာင်းနေစဉ် ၁၉၄၆၊ ဒီဇင်ဘာလထုတ် တာရာတွင် ဖော်ပြခဲ့သည်။ ၆၄ နှစ် နီးပါး ကြာခဲ့ပေပြီ။

(ဂ)

ကျွန်တော် ၏ စာအစတွင် ပထမဦးဆုံး သူ့ကို စတွေ့ သော ရုပ်ပုံအဖွဲ့ဖြင့် ဖွင့်လိုက်သည်။ ၁၉၃၆၊ ပထမဆုံးသော ပြည်လုံးကျွတ်၊ ကျောင်းသားညီလာခံတွင် တွေ့ ရသော သူ့ပုံပန်းကို ဖော်ပြသည်။ သူ့ပုံက ကျွန်တော့် ကို စွဲလမ်းစေသည်မဟုတ်၊ သာမန်ရုပ်မျိုးပင် ဖြစ်သည်။ ဂျူဗလီစင်မြင့်တွင် သူ စကားပြောသည်ကို ပထမဦးဆုံး ကြားရခြင်း ဖြစ်သည်။ သူ့စကားအပြောကလည်း ကျွန်တော့် ကို စွဲလမ်းစေသည် မဟုတ်။ ထိုအခါကကျွန်တော် သည် နယ်မှ တက်ရောက်လာသော ဆယ်တန်းကျောင်းသား၊ကျောင်းသားကိုယ်စားလှယ် ဖြစ်ရာ ရန်ကုန်တက္ကသိုလ်မှ သမဂ္ဂခေါင်းဆောင်များ ကိုကား စိတ်ဝင်စားနေသည်။ သူ့အပေါ် ကျွန်တော် ၏ ပထမအမြင်ကို''ရုပ်ကလည်း မဖြောင့် စကားပြောကလည်း မပြေပြစ်။ သို့ ဖြစ်၍ စိတ်ထဲက မကျေနပ်''ဟု ဖွဲ့နွဲ့ခဲ့သည်။ ကျွန်တော် မှာ စာပေဝါသနာပါသူ ဖြစ်ရာသူ့ကို အိုးဝေမဂ္ဂဇင်းအယ်ဒီတာဆို၍ စိတ်ဝင်စားနေခိုက် သူ့ပုံပန်းကကျွန်တော့် အကြိုက် စိတ်ကူးထဲက ရုပ်ပုံ မ ဖြစ်လာသဖြင့် မကျေနပ်ဟုခံစားသည့်အတိုင်း ရေး လိုက်ခြင်း ဖြစ်သည်။

သူ့ကို စကားပြောကလည်း မပြေပြစ်ဟု ရေး ခြင်းမှာ ထိုအခါကသူ့ကို စကားပြော မကောင်းဟု ထင်ထားသော ကြောင့် ဖြစ်သည်။ ထိုအခါက ကျွန်တော့် မှာ အတွေ့ အကြုံ ရှိလှသည် မဟုတ်။ လေယူလေသိမ်းကောင်းကောင်း၊ ဟန်ပန်အမူအရာကောင်းကောင်းနှင့် မထစ်မငေါ့ ပြောလျှင်စကားပြောကောင်းဟု ထင်မှတ်နေခဲ့သည်။ စကားလုံး၏ အဓိပ္ပာယ်ကို သိပ်နားမလည်သေး။

ကျွန်တော် ရန်ကုန်တက္ကသိုလ်ရောက်၍ ၁၉၃၈-၃၉၊ တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌအ ဖြစ် ကိုအောင်ဆန်း ကျမ်းကျိန်ပွဲတွင် ဥက္ကဋ္ဌ မိန့်ခွန်း ကြားရသော အခါ သူ့ကို ကြိုက်သွားသည်။ တက္ကသိုလ် သမဂ္ဂအသင်း ဥက္ကဋ္ဌဟောင်းက ဥက္ကဋ္ဌသစ်ကို လွှဲပေးရသော ကျမ်းကျိန်သည် အခမ်းအနား၌ ကိုအောင်ဆန်းပြောသော ဥက္ကဋ္ဌမိန့်ခွန်းတွင် HUMANISM လူသားဝါဒအကြောင်းအဓိကထား၍ ပြောသွားသည်။ မိန့်ခွန်းကို အင်္ဂလိပ်ဘာသာဖြင့် ပြောကြရသည်။ ယင်းအခမ်းအနားမျိုးတွင် ပြင်ပမှ နာမည် ကြီး နိုင်ငံရေး ခေါင်းဆောင်များ ကို စကားပြောရန် ဖိတ်ကြားလေ့ရှိရာ ထိုညက နန်းရင်းဝင်ဒေါက်တာဘမော်ကို ဖိတ်ထားသည်။ သူပြောပြီးလျှင် ဒေါက်တာဘမော်စကားပြောသည်။ ဒေါက်တာဘမော်ကလည်း စကားပြောရာတွင် နာမည် ကြီး။ သူ အင်္ဂလိပ်စကားပြောလျှင် အင်္ဂလိပ်များ ပင် ငေးနားထောင်ရသည်ဟူ၏ ။ ဒေါက်တာဘမော်က ကိုအောင်ဆန်း မိန့်ခွန်းကို ရည်ညွှန်းကာOUR HUMANIST PRESIDENT ကျွန်တော် တို့ လူသားဝါဒရှင်ဥက္ကဋ္ဌကြီးဟု ကိုးကားပြောဆိုသွားသည်။ ထိုညက ဥက္ကဋ္ဌ၏ မိန့်ခွန်းကိုကြိုက်သွားကြသည်။

အမှန်အားဖြင့် စကားပြောကောင်းဆိုသည်မှာ လေယူလေသိမ်း၊ ပြောပုံ၊ကိုယ်နေဟန်ပန်ကောင်းခြင်းက အဓိကမဟုတ်၊ ပြောခါစလောက်သာပရိသတ်ကို ဆွဲဆောင်နိုင်သည်။ ပြောသော စကား၏ စကားလုံးအသုံးအနှုန်းနှင့် အဓိပ္ပာယ်ကသာ အဓိကကျသည်ဟု နားလည်သိရှိလာသည်။ ကျွန်တော် ကိုအောင်ဆန်းကို စတွေ့ စက ကျွန်တော် က ၁၆ နှစ် ခန့် အရွယ်သာ ရှိသေးသည်။ သူကလည်း ၂ဝ ခန့်။ အတွေ့ အကြုံက နုကြသေးသည်။ လေယူလေသိမ်း၊ ပြောဟန်ဘယ်လောက်ကောင်းပါစေ။ ပြောသည့်စကားရပ်၏ အဓိပ္ပာယ်အနှစ် သာရက မကောင်းလျှင် ကျွန်တော် မကြိုက်။ စကားပြောကောင်းဟု မထင်မှတ်။ အဓိပ္ပာယ်ကောင်းလျှင် လူဟန်ပန်ကို သတိမရတော့။ ကျွန်တော့် မိတ်ဆွေ နိုင်ငံရေး သမားတစ်ဦး လွှတ်တော် ထဲတွင် စကားပြော နာမည် ကြီး။ လေယူလေသိမ်း၊ ဟန်ပန်ကောင်း၊ သို့ သော်စကားတန်းကရှည်၊ အသိုင်းအဝိုင်းအဖွဲ့က များ လွန်း။ ကျွန်တော် တို့ စာအုပ်ထဲ ဖတ်ထားသည့် အချက်တွေ သာ အန်ချနေပြီး ကိုယ်ပိုင် စကားလုံးမရှိ။ကိုယ်ပိုင်အတွေးအခေါ် မရှိ။ ကျွန်တော့် စိတ်ထဲတွင် စကားပြောကောင်းဟုမထင်မြင်မိပေ။

အချိန်ကာလ၊ နေရာ၊ လူပုဂ္ဂိုလ်တို့ ဆက်စပ်နေသော အခြေအနေကလည်း ဆိုင်သည်။ ကိုအောင်ဆန်း သမဂ္ဂဥက္ကဋ္ဌ ကုလားထိုင်က ပြောလိုက်ခြင်းသည် သူ၏ ရုပ်ပုံဥပဓိကို ထင်ရှားပေါ်လွင်စေသည်။ စကားရပ်ကလည်း လူသားဝါဒ၊ မေတ္တာဝါဒ။ ကိုးကားပုံမှာ ဂန္ထဝင်ဆန်သည်။နည်းနည်း စကားလုံးကြီးများ ပါသည်။ ကိစ္စမရှိ။ (တချို့က စကားလုံးကြီးကြီးများ ဖြင့် ဟန်ရေး ပြတတ်သည်။ ကျွန်တော် ကတော့ သည်နည်းကိုသိပ်မကြိုက်။) ပရိသတ်ကလည်း ၁၉၃၆ သပိတ်မှော က်အပြီး နိုးကြားနေသော ကျောင်းသားပရိသတ်။ ထိုည သူ့ကို စွဲသွားကြပြီ။ ဝါရင့်နိုင်ငံရေး သမားကြီး ဒေါက်တာဘမော်က သူ့ကို အထင်ကြီးသွားသည်။ လေးစားသွားသည်ဟု ကျွန်တော် ထင်သည်။ မကြာခင်ပင် နိုင်ငံရေး အဖွဲ့အစည်းများ စုပေါင်းပါဝင်သော မြန်မာ့ထွက်ရပ်ဂိုဏ်းကြီး (အင်္ဂလိပ် ကိုလိုနီဆန့်ကျင်ရေး အတွက်) ဖွဲ့ရာ သခင်အောင်ဆန်းမှာ အထွေထွေ အတွင်းရေး မှူး ဖြစ်လာခဲ့သည်။ ထိုနှစ် က သူသည် သမဂ္ဂ၊ ဥက္ကဋ္ဌအ ဖြစ်မှ နှုတ်ထွက်ကာ တို့ဗမာအစည်းအရုံးသို့ ဝင်လိုက်သည်။ သည်ကစ၍ နိုင်ငံရေး သမား တင်းပြည့် ဖြစ်လာသည်ဟု ထင်သည်။

နောက်ပိုင်းတော့ ကျွန်တော် သူ့မိန့်ခွန်းများ ကို ကြိုက်သွားသည်။သူ့စကားလုံးနှင့် သူပြောသည်။ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ပြောသည်။ခံစားမှု ဖြင့် ပြောသည်။ ရိုးရိုးရှင်းရှင်း ဘွင်းဘွင်း။ လူထုကလည်း ဒါကြောင့် ကြိုက်သည်ထင်သည်။

နောက်ပိုင်းတွင် (ကျွန်တော့် အမြင်အားဖြင့် အကဲဖြတ်ရလျှင်) စကားအပြောကောင်း ဖြစ်လာသည်။ သူသည် ခံစားမှု ဖြင့် ပြောသော ကြောင့် ဖြစ်သည်။ တိုင်းပြည်အခြေအနေကို သူခံစားသည့်အတိုင်း ဟန်မဆောင်ဘဲရှင်းရှင်းပြောသည်။

၁၉၄၃ ခု၊ သြဂုတ်လ ဂျပန်က ပေးသော လွတ်လပ်ရေး ကြေညာသည့်အခါတွင် ပြောသော မိန့်ခွန်းမှာ ခပ်ဘွင်းဘွင်း။ ခရမ်းနုရောင် လွန်းချိပ်ပုဆိုးဝတ်ထားသော အဓိပတိကြီးနှင့် ဂျပန်ဘုရင့်တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်ကြီးရှေ့တွင် ပြောခြင်း ဖြစ်သည်။ ကြားရသူပင် အသည်းယားယား။ ခံစားမှု ဖြင့် ရိုးရိုးပြောလိုက်ခြင်း ဖြစ်သည်။ စစ်ပြီးစ လွတ်လပ်ရေး ရခါနီး သူပြောသော စကားများ ကိုကား ကျွန်တော် ကိုးကားပြစရာလိုမည် မထင်ပါ။ တိုင်းပြည်က သိပြီး ဖြစ်သည်။ ကျွန်တော် က သူ့ကို''အရိုင်း''ဟု ဝိသေသပြုခြင်းမှာ ဟန်ဆောင်ခြင်းမရှိဘဲ သူ ခံစားသည့်အတိုင်း ရိုးရိုးဘွင်းဘွင်း ပြောတတ်သော သူ၏ စရိုက်သဘာဝ ကို ပေါ်လွင်ထင်ရှားစေလို၍ သာ ဖြစ်သည်။ ဖဆပလကို ဆန့်ကျင်၍ မဟုတ်။တပ်မတော် ကို ဆန့်ကျင်၍ မဟုတ်။

(ဃ)

သူ၏ ဟန်မဆောင်တတ်သော စရိုက်သဘာဝ ကို ပြသော မြင်ကွင်းတစ်ခုကို ကျွန်တော် ရွေးချယ်ပြသည်။

ဂျပန်ဝင်စကာလက ဝန်ကြီးသခင်ဗစိန်၏ ထမင်းစားပွဲတွင် ဖြစ်သည်။လူက သိပ်မများ ၊ လူရင်းလောက်နှင့် ဂျပန်ဗိုလ်ချုပ်များ သာ ပါသည်။ဧည့်ခန်းမှ ထမင်းစားခန်းသို့ အဝင် မည် သူမျှ မဝင်သေးဘဲ ဗိုလ်ချုပ်အောင်ဆန်း အဝင်ကို စောင့်နေကြသည်။ သူ့ကို နေရာထားသည့်သဘော၊ သူ့ကိုဝင်ပါဟု ပြောမှ အားလုံး၏ ရှေ့က သူ ဝင်သည်။ အားလုံး သူဝင်ပြီးမှလိုက်ဝင်ကြသည်။ သူက ဘာလုပ်သည်ထင်သနည်း။ စားပွဲထိပ်ပန်းကန်ထဲမှ ဗယာကြော်တစ်တုံးကို ကောက်ယူကာ စားလိုက်သည်။ စားပြီးပြုံးစိစိ လုပ်နေသည်။ ကျွန်တော် က ရယ်ချင်နေသည်။ သူက မထိုင်သဖြင့် ဘယ်သူမှ မထိုင်ကြဘဲ မတ်တပ်ရပ်နေကြသည်။ ဂျပန်ဗိုလ်ချုပ်ကလည်းပြုံးစိစိ၊ နောက် သူထိုင်၍ အားလုံး ထိုင်ကြသည်။ ရယ်မောသံများ ကြားရသည်။ မြင်ကွင်းကို ကျွန်တော် ခြယ်ရေး ပြခဲ့သည်။

သူ၏ စိတ်လက်မာန်ပါစိတ်၊ စိတ်လှုပ်ရှားမှု စိတ် (Emotionalism)ကို ဖော်ပြသော ပြကွက်နှစ် ကွက်ဖြင့် ခြယ်ရေး သည်။ သပိတ်မှော က်နှစ် ပတ်လည်နေ့ အစည်းအဝေးတွင် အိန္ဒိယကျောင်းသား မစ္စတာသော မတ်စ်က ဥက္ကဋ္ဌဟောင်း မစ္စတာ ရာရှစ်ကို တိုက်ခိုက်ရာ သူက ဥက္ကဋ္ဌ ကုလားထိုင်မှ နေ၍ တားသော်လည်း မရ၍ ''ရဲရင်ထွက်'' ဟု စိတ်လိုက်မာန်ပါ ပြောသော ပြကွက်တစ်ခု၊ တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေး မူကြမ်းကို သမဂ္ဂက ပယ်ချသည့် ကိစ္စနှင့်ပတ်သက်၍ ကိုညိုမြက စည်းမျဉ်းကိုညွှန်ပြကာ သမဂ္ဂအမှု ဆောင် အဖွဲ့ကို အယုံအကြည် မရှိ အဆိုတင်သွင်းရာ သူက ဒေါပွပြီး ဥက္ကဋ္ဌကုလားထိုင်မှ နေ၍ ညိုမြကို အတော် ပြောလိုက်သည်။ နောက် နှစ် ရက်ခန့်ကြာသော အခါ ထိုနေ့က သူ ပြောခဲ့သော စကားများ ရုတ်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်သည်။

အများ ကတော့ ''ကြောင်''သည်ဟု ခေါ်ကြသော သူ၏ စိတ်လှုပ်ရှားမှု ပြကွက်များ ခြယ်ရေး ထားသေးသည်။ ဂျပန်ခေတ် ရန်ကုန်သိမ်းစသခင်မြအိမ်တွင် ကျွန်တော် က …

''ချစ်မှာ လား၊ ကြင်မှာ လား'' အစချီသော သီချင်းကို စန္ဒရားတီးနေစဉ် သူသည် တစ်ဘက်ခန်းမှ စစ်ဝတ်စစ်စားဖြင့် ပေါက်လာကာ

''ဟေ့… ရပ်ကြ။ ခုနေအခါမှာ ရဲစိတ် ရဲမာန် တက်စေမယ့် ရဲတင်းသံကိုသာ တီးရမှာ ။ ချစ်မယ်၊ ကြင်မယ်ဆိုတာမျိုးက မဟန်ဘူး''

ဟု ပြောပြီး ထွက်သွားသည့်မြင်ကွင်း။ နောက် တစ်ပတ်ခန့်အကြာရွှေတောင်ကြားတွင် ကိုလှမောင် (သံအမတ်ဟောင်း)၏ လက်ထပ်ပွဲသို့ ရောက်သွားရာ သူက လူကြားထဲမှ ကျွန်တော့် ကို အတင်းလက်ဆွဲခေါ်ကာစန္ဒရားတီးခိုင်းသည်။ တီးနေသော စန္ဒရား ဆရာစိန်ဝေလျှံကို ရပ်စေကာကျွန်တော့် ကို ဇွတ်တီးခိုင်းခြင်း ဖြစ်သည်။ ပျော်ပျော်ပါးပါး ကခုန်နေကြသော သူများ ပင် ခဏရပ်သွားသည်။ လူရင်းများ ချည်း ဖြစ်၍ တော် တော့သည်။ နောက် သူက ကျွန်တော် တီးနေသော ကဉ္စန သီချင်းကို မရတရဖြင့် လိုက်ဆိုနေလိုက်သေးသည်။ နာမည် ကြီး စန္ဒရားဆရာ ဘယ်လိုနေမည် နည်း။

အမှန် ကတော့ သူသည် ထိုအခါ အသက် ၂ဝ ကျော်အရွယ်မျှသာရှိပါသေးသည်။ အစိတ်ပင် မပြည့်။ ကျွန်တော် က တာဝန်ရှိသော နေရာမှာ နေပြီး မထိန်းချုပ်နိုင်သော သူ၏ စိတ်လှုပ်ရှားမှု အပြုအမူကို မကြိုက်ပါ။သာမန်လူ တစ်ယောက် အနေဖြင့် ခွင့်လွှတ်နိုင်ပါသည်။ သူယူထားသော တာဝန်နေရာကြောင့်သာ ကျွန်တော် မကြိုက်ခြင်း ဖြစ်သည်။

ကျွန်တော် သူ့ရုပ်ပုံလွှာကို ခြယ်ရေး နေသော အခါ ကျွန်တော် သူ့အနားကပ်၍ မရှိပါ။ ဂျပန်ဝင်စက ကျွန်တော် သူနှင့်တစ်အိမ်တည်း တစ်လလောက် အတူနေခဲ့ဖူးသည်။ ရွှေတောင်ကြားရှိ အမြောက်နှင့် အိမ်ကြီးတွင် ဖြစ်သည်။ နေ့ခင်းတော့မဆုံ ညကျမှ ဆုံတတ်သည်။ သူ့ကို လူအ ဖြစ်ပိုသိလာရသည်။ နားလည်လာရသည်။ သို့ သော် သူ့ရုပ်လွှာကို ခြယ်စဉ်မှာ တော့ သူ့ပုံကို ခွာကြည့်၍ ရေး သည်။ သူက တိုင်းပြည်ခေါင်းဆောင် ဖြစ်နေပြီ။ ကျွန်တော် က အညတြ။ ပန်းချီရေး သည့်အခါ ကားချပ်မှ နောက်ဆုတ်၍ ခွာကြည့်ကာ အကဲဖြတ်ရသည့်သဘော။

ကျွန်တော် က အောက်ပါအတိုင်း အကဲဖြတ်ထားသည်။

''သူ့တွင် သိမ်မွေ့ခြင်းမရှိ။ အလှအပကို မမက်မော၊ သူသည်ကြမ်းတမ်းသည်။ ရိုင်းသည်၊ ဆက်ဆံပေါင်းသင်းရေး တွင် ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝဂရုမစိုက်။ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာများ ကို မလိုက်စား၊ သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်းခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲ နေ၏ ။

သူ့တွင် နိုင်ငံရေး ဝိညာဉ်ကား ပြင်းထန်လှချေ၏ ။ သူသည်နိုင်ငံရေး တစ်ခုတည်းကိုသာ လုပ်သော သူ ဖြစ်၏ ။ သူသည် ရိုင်း၏ ။ကြမ်း၏ ။ ကြောင်၏ ။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိလူကြီးလူကောင်းမဟုတ်၊ တစ်ခုတည်းသော ယုံကြည်ချက်နှင့်တစ်ခုတည်းကိုသာ မဲ၍ လုပ်သော နိုင်ငံရေး သတ္တဝါ ဖြစ်၏ ။ ကိစ္စမရှိ။ ။

ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ ခုနစ်လခန့်က ရေး ခဲ့သည်။ လွန်ခဲ့သော အနှစ် ၄ဝ နီးပါးက ဖြစ်သည်။ ယခု သည်စာကို ပြန်ဖတ်ကြည့်သည်။ ကျွန်တော် ၏ အမြင် မပြောင်းလဲပါ။

သူ ကျဆုံးသည့်နေ့က ကျွန်တော် သူနှင့် တွေ့ ရန် သူ့ရုံးခန်းတွင် ချိန်းထားသော နေ့ ဖြစ်သည်။ သူ့အပါးတော် မြဲ ဗိုလ်ထွန်းလှမှတဆင့် ချိန်းထားခြင်းသည် သူ့ထံ တာရာအတွက် ဆောင်းပါးတောင်းရန်နှင့် စကားစမြည်းပြောရန် ဖြစ်သည်။ ချိန်းသည့်အချိန်ကလည်း ရုံးတက်စ နံနက်ပိုင်း။မိုးက တစိမ့်စိမ့် အိမ်မှ ထွက်မည် ပြုသော အခါ အိမ်က…

''မိုးအေးတယ် ကော်ဖီသောက်သွားဦး''

ဟု ဆိုသည်၊ ထိုအခါ ကျွန်တော် မှာ ကျန်းမာရေး သိပ်မကောင်း၊နည်းနည်း ကြာသွားသည်။ ကော်ဖီက အဆင်သင့်ရှိသည်မဟုတ်။ ကျွန်တော့် ကို ပြောပြီးမှ ရေနွေးအိုးတည်ရသည်။ ကျွန်တော် အတွင်းဝန်ရုံးထဲ ရောက်သွားတော့ လုပ်ကြံခံရပြီးပြီ။ ကျွန်တော် လုံးဝမသိ။ သူ့ရုံးခန်းလှေကားသို့ တက်သွားမိသည်။ ဘယ်သူကမှ မတားကြ။ ဆေးရုံသို့ သယ်သွားစ ဖြစ်မည် ။ လူသူရှင်းပြီး တိတ်ဆိတ်နေ၍ ကျွန်တော် က ရုံးများ ဆင်းသွားကြပြီးလားဟု အတွေးခေါင်ကာ လှေကားထက်ဝက် တစ်ဆစ်ချိုးမှ ပြန်ဆင်းခဲ့သည်။ အောက်ထပ်ရောက်ပြီး အလယ်က ရုံးခန်းတစ်ခန်းရောက်မှရင်နင့်ဖွယ် အကြောင်းကို သိရသည်။ ကံသီပေလို့ အကယ်၍ သာ ထိုနေ့ကကျွန်တော် ကော်ဖီမသောက်ဘဲ တန်းလာမိလျှင် အကယ်၍ ဤရုံးလှေကားအတက် သို့ မဟုတ် ရုံးခန်းနားအရောက် လုပ်ကြံသူများ နှင့် ဆုံလျှင် မတွေးဝံ့စရာပင်။ လူသတ်သမားထဲတွင် ကျွန်တော် တို့ မြို့သား၊ ကျောင်းနေဘက်(ကျွန်တော့် ထက် ၇-၈ နှစ် ခန့် ကြီးမည် ။) ပါနေသော ကြောင့် ဖြစ်ပါသည်။ သူက မှတ်မိလျှင်။

ကျွန်တော် အင်မတန် လိုချင်သော သူထံမှ ဆောင်းပါး မရတော့ပါ။ဗိုလ်ထွန်းလှထံမှ တာရာအတွက် ရေး ပေးမည် ။ အလုပ်များ နေလို့ဟုပြောကြောင်း ကြားခဲ့ရသည်။ သူ စာရေး မညံ့၊ စာရေး ဆရာလည်း ဖြစ်ချင်သည်။ ကွယ်လွန်မည့် နှစ် က ထင်သည်။ သူ သတင်းစာဆရာများ နှင့်တွေ့ ဆုံပွဲတစ်ခုတွင် …

''လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေး က ထွက်ပြီး စာရေး မယ်။ သည်တော့မှ (အာဏာနိုင်ငံရေး ) Power Politics လုပ်ကြတာကြည့်ပြီး ဘေးက

ထိုင်ကြည့်ပြီး ရယ်မောနေမည် ''ဟု ပြောကြောင်း ဖတ်လိုက်ရသည်။

ကျောင်းသားဘဝက ကျွန်တော် သူ့ကို အထင်မကြီးခဲ့ပါ။ ဗမာ့တပ်မတော် စစ်သေနာပတိ ဖြစ်လာသော အခါ စိတ်ဝင်စားလာမိသည်။ ယခုပြန်ကြည့်သော အခါ သူ့ကို လေးစားလာသည်။ ''အရိုင်း'' ဟု ဖော်ပြသော တင်စားသည့် ဝိသေသမှာ ရှင်းလောက်ပါပြီ။

ဒဂုံတာရာ

(၇)

အဲဒါ အောင်ဆန်း

နတ်မောက်ဘုန်းကျော်

ဗိုလ်ချုပ်အောင်ဆန်းကို မမှီလိုက်၊ မသိလိုက်ကြရသော လူငယ်ကလေးများ က..."ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူလဲ၊ ဘယ်လိုလူလဲ..."ဟု မေးလာခဲ့သည် ဖြစ်အံ့။ "ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ အဲဒါပဲ" ဟု ဖြေရန်မှတပါး အခြားစကားမရှိ။ တိုင်းပြည်၏ အညွန့်အဖူး လူငယ်ကလေးများ သည် ဗိုလ်ချုပ်အောင်ဆန်း၏ အမွေကို ဆက်ခံနိုင်ကြပါစေ။ ။

(၁)

သြော်… ဘာလိုလိုနှင့် သူကွယ်လွန်သည်မှာ အနှစ် ၆၁ ပင်ပြည့်လေပြီ။ နှစ် တွေ ကြာသော်လည်း သူ့ကို အစဉ်သတိရမိသည်။ မေ့လို့ဖျောက်လို့မရ။ သူ ကွယ်လွန်သွားသော်လည်း သူသည် ကျွန်တော် တို့ကြားထဲဝယ် ရှိနေသေးသလို ထင်ယောင် မြင်ယောင် ဖြစ်ရသည်မှာ လည်းမကြာခဏပင်။

''သေသူကို ရှင်သူက တရပါလိမ့်'' ဟူသော မောင်းထောင်ဦးကျော်လှ၏ သံချိုသည် အခြားကိစ္စများ တွင် မည် သို့ အကျိုးပတ်သက် ဟပ်စပ်လေမည် ကိုမသိ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်လျှင်မူကား များ စွာ မှန်ကန်နေပါသည်။ နိုင်ငံရေး ကိစ္စကို ဆွေးနွေးကြသူတိုင်းသည် ''ဒီအချက်မျိုးမှာ ငမိုး(ဗိုလ်ချုပ်အောင်ဆန်း) သာရှိရင် ဘယ်လို ပြောမှာ ပဲ''ဟု တမ်းတကြရသည်ချည်း ဖြစ်ပါသည်။

သူ့ကို တမ်းတချင်၍ သာ တမ်းတကြသည်။ တမ်းတယူကြရလောက်အောင် သူသည် ရုပ်လည်း မချော၊ အပြောလည်း မချို၊ လောကွတ်လည်းမပို၊ အဝတ်အစား ကပိုကယိုနှင့် အလွန် ဂွကျသူတည်း။ လူယဉ်ကျေးဆိုသူတို့ သတ်မှတ်ထားအပ်ကုန်သော လောကတံထွာ ပကာသန ထုံးတမ်းစဉ်လာမှု များ ကိုလည်း အသိအမှတ် ပြုချင်မှ ပြုသူတည်း။ သို့ သော် မြန်မာပြည်သား ပြည်သူလူထုကြီးသည် သူ့ကို အလွန် ချစ်ခင်ကြ၏ ။ သူကဘာခိုင်းခိုင်း လိုက်နာလုပ်ကိုင်ရန် အသင့်ရှိနေကြ၏ ။ လူထုကြီးသည် ဘာ့ကြောင့် သူ့ကို တမ်းတမ်းစွဲ ချစ်ခင်ကြရသနည်း။ အပြောမချို၊ လောကွတ်မပိုသည့် ဂွကျကျသူ ဖြစ်သော်လည်း လူထုက ချစ်ခင်စရာ အကွက်ကလေးတော့ ရှိပါလိမ့်မည် ။ အဘယ့်ကြောင့် တမ်းတမ်းစွဲ ချစ်ခင်ကြရသည်ကို သူ့အကြောင်း အသင့်အတင့် ဖော်ပြမှသာ တစ်စွန်းတစ်စ ရိပ်မိနိုင်တန်၏ ။ သူသည် မည် သို့ သော သူနည်း။

ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၇ နှစ် တွင် ဆယ်တန်း အောင်ပြီးတက္ကသိုလ်ကျောင်းသို့ ရောက်ရှိလာ၏ ။ အသက် ၂ဝ တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ကြွေးကြော်သံ ဖြစ်သော ''အိုးဝေ'' မဂဇ္ဂင်း၏ တာဝန်ခံအယ်ဒီတာအ ဖြစ် ဆောင်ရွက်ရသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်ကြီး၌ သပိတ်မှော က်ခေါင်းဆောင်တစ်ဦးအ ဖြစ် ဗြိတိသျှအစိုးရကို ဥပဒေအတွင်းမှ စတင် ပုန်ကန်စဉ် သူ့အသက်မှာ ၂၁ နှစ် သာရှိသေး၏ ။ အသက် ၂၂ နှစ် တွင် မြန်မာနိုင်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအ ဖြစ် ရွေးချယ်တင်မြှောက်ခံရ၏ ။ အသက် ၂၃နှစ် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ(သခင်)အစည်းအရုံး၌ အထွေထွေအတွင်းရေး မှူးအ ဖြစ် ဆောင်ရွက်၏ ။ သာယာဝတီညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော် လှန်ပုန်ကန်ရန် အစီအစဉ် ရေး ဆွဲ ချမှတ်စဉ်က သူ၏ အသက်မှာ ၂၅ နှစ် မျှသာ ရှိသေး၏ ။ အသက် ၂၅ နှစ် နောက်ပိုင်းတွင် နိုင်ငံခြား အဆက်အသွယ် ရရှိရန် နိုင်ငံခြားသို့ ထွက်သွားသည်။ဗြိတိသျှတို့ကို တိုက်ခိုက်ရန် ဗမာ့လွတ်လပ်ရေး တပ်မတော် ၏ ဗိုလ်ချုပ်အ ဖြစ်နှင့် မြန်မာပြည်သို့ ချီတက်လာစဉ်က သူ့အသက် ၂၆ နှစ် ရှိပြီ။ဖက်ဆစ်ဂျပန်ကို သူ့တပ်မတော် နှင့် ပြန်၍ တော် လှန်တိုက်ခိုက်စဉ်က သူ့အသက် ၃ဝ ရှိပြီ။ ''တစ်နှစ် အတွင်း လုံးဝလွတ်လပ်ရေး ရရမယ်''ဟုကြုံးဝါးစဉ်က သူ့အသက် ၃၂ နှစ် ။ ပထမဆုံး တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ယူကျင်းပပြီးလျှင် သမ္မတနိုင်ငံ ထူထောင်ခဲ့စဉ်က သူ့အသက် ၃၂နှစ် သာ ရှိသေးသည်။ လွတ်လပ်ရေး ဗိမာန်ကြီးကို တည်ဆောက်ပေးပြီး၍ သူကျဆုံးသွားသော အခါ၌ သူ့အသက် ၃၃ နှစ် မျှသာ ရှိသေး၏ ။ ဤအသက်ပိုင်းမျှနှင့် သူလုပ်သွားခဲ့သော လုပ်ငန်းများ ကို ကြည့်ပါ။ သူ ဘယ်လိုလူ ဖြစ်ကြောင်း ရိပ်မိကောင်းပါသည်။

ဤမျှသော အသက်အရွယ် ငယ်ငယ်ဖြင့် ဤမျှကြီးလေးသော တာဝန်များ ကို ထမ်းဆောင်သွားနိုင်သည့် သူ၏ စွမ်းရည်များ ကား အဘယ်နည်း။

(၂)

ဗိုလ်ချုပ်အောင်ဆန်းတွင် ထူးခြားသော ဗီဇစွမ်းရည်များ ရှိပါသည်။ဆန်းစစ်ကြည့်လျှင် မြင်နိုင်ပါသည်။ သူ့စွမ်းရည်များ ဆိုသည်မှာ အဘယ်နည်း။ သူ့အပြော၊ သူ့စရိုက် သူ့ဓလေ့၊ သူ့စိတ်ထား၊ သူ့လုပ်ဟန်များ သည်သူ၏ စွမ်းရည်များ တည်း။

အချိန်မှာ ၁၉၄ဝ ပြည့်နှစ် အတွင်းဝယ်။

အောင်ဆန်းသည် ထိုအချိန်အခါ၌ တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး ဖြစ်၏ ။ တစ်နေ့ အုပ်ချုပ်ရေး အဖွဲ့အစည်းအဝေး အပြီးတွင် ဗြိတိသျှ စစ်တပ်မှ အရံဗိုလ်မှူးကလေးလည်း ဖြစ်၊ ထက်မြက်သော ပညာမင်းကြီးလည်း ဖြစ်သူ မေဂျာကင်းဘဲလ်သည် အောင်ဆန်းကို သူ၏ ကားပေါ်တွင် တင်ဆောင်ခဲ့ပြီး မြို့ထဲသို့ ပြန်လာကြ၏ ။ ဗြိတိသျှကိုလိုနီ ယန္တရားအတွင်း၌ ထက်မြတ်သူတစ်ဦး ဖြစ်သည့် ကင်းဘဲလ်နှင့် ဗြိတိသျှ ကိုလိုနီစနစ်ကြီး တစ်ခုလုံးကို အမြစ်မှ တူးဖြိုနေသော အောင်ဆန်းတို့ ကားတစ်စီးတည်းအတူ စီးလာကြခြင်းမှာ ဆန်းပေစွ။ မေဂျာ ကင်းဘဲလ်က ယခု ဖြစ်ပွားနေသော ကမ္ဘာစစ်ကြီးတွင် ဗြိတိသျှတို့အား အကူအညီပေးပါမည့် အကြောင်း သနားစဖွယ် တုန်ရီသော အသံဖြင့် အောင်ဆန်းထံ အကူအညီတောင်း၏ ။ တခြားသူတစ်ဦးသာ ဖြစ်ပါမူ သူ့မော်တော် ကားတွင် စီးလာမိသဖြင့် ကတိမပေးသည့်တိုင် ဝိနည်းရှောင်ပြီး အဖြေပေးပေလိမ့်မည် ။သို့ ရာတွင် စကားကို လိမ်လည်မပြော၊ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သော အောင်ဆန်းသည် မိမိမှာ ဗြိတိသျှကိုလိုနီစနစ်ကို ဖြိုဖျက်ရန် တာဝန်ရှိသူ ဖြစ်သော ကြောင့် မေဂျာ ကင်းဘဲလ် တောင်းပန်သကဲ့သို့ မကူညီနိုင်ခြင်းကို ဝမ်းနည်းကြောင်း ဗြောင်ဖွင့်ပြောလိုက်လေသည်။ ပြောင်ပါပေ့ ရှင်းပါပေ့။

တော် လှန်ရေး ကာလအတွင်းဝယ် အချို့အရာရှိများ အတွေးအခေါ် လွဲပြီးအင်္ဂလိပ်အုပ်ချုပ်ရေး ကို မျှော်နေကြသည်။ အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်များ နှင့်အခြားတော် လှန်ရေး အစဉ်အလာကို ထိန်းသိမ်းထားလိုသူ အရာရှိများ အချင်းချင်း ကြည့်၍ မရ ဖြစ်စပြုလာသည်။ အခြေအနေကို သိထားသော ဗိုလ်ချုပ်အောင်ဆန်းက ရှေ့တန်းစစ်မျက်နှာ သရက်ချောင်းရွာ စခန်း၌ အရာရှိများ ကို တန်းစီစေပြီးလျှင် အောက်ပါအတိုင်း စကားပြောလေတော့၏ ။

''xxx စောင့်ကြည့်ကြသေးတာပေါ့။ ရဲဘော်တို့ ထင်သလို အင်္ဂလိပ်ပြန်လာရင် ရာထူးပဲ တိုးကြမလား၊ သေနတ်မောင်းပဲ ထပ်ချိုးကြရမှာ လားဆိုတာ ဟိုတစ်ခါကျတော့ သိရပါလိမ့်မယ်။ အင်္ဂလိပ်အုပ်ချုပ်ရေး ကို မျှော်ပြီး အတွေးလွန် မနေကြနဲ့။ နားအလည် လွယ်ဆုံး ပြောလိုက်မယ်။ အခုဂျပန်က ကျုပ်တို့တတွေ နဲ့ တိုင်းရင်းသားအားလုံးကို ''ချ''သွားပေမယ့်ဆီဆွတ်လို့ တော် သေးတယ်။ အင်္ဂလိပ်ပြန်လာရင် ဆီမဆွတ်ဘဲ ''ချ''လိမ့်မယ်။ ဒါပဲ ကျုပ်ပြောခဲ့မယ်''

ဂျပန်ခေတ်အတွင်း မည် သူမျှ မလှုပ်ရဲသော အချိန်တွင်

''လွတ်လပ်ရေး ရပေမယ့် စာပေါ်က လွတ်လပ်ရေး ပဲ။ ခင်ဗျားတို့ကဒုက္ခရောက် လှတယ်ဆိုပြီး ညည်းတွားနေကြတယ်။ ဒါ အစရှိသေးတာပဲ။နောက် လာစရာ ဒုက္ခတွေ ရှိပါသေးတယ်''

ဟု ဖွင့်ပြောရဲသူမှာ အောင်ဆန်း ဖြစ်၏ ။ အောင်ဆန်းသည် လောကွတ်မနှော၊ ပြောစရာရှိလျှင် ဘွင်းဘွင်းရှင်းရှင်း ပြောတတ်၏ ။ လိမ်လည်ညာဝါး၍ မပြောတတ်။ ကွေ့လည်ချောင်းပတ် ပြောနေလေ့ မရှိ။ မှန်သည် ထင်လျှင် မည် သူ့မျက်နှာကိုမျှ မထောက် ဗြောင်ပြောတတ်၏ ။ ဤသည်တို့ကား အောင်ဆန်း၏ အပြော။

(၃)

ဂျပန်ခေတ် (၁၉၄၂-၄၅) အတွင်းက ဗမာ့တပ်မတော် ၏ စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ စစ်အင်္ကျီ နှစ် ထည်၊ဘောင်းဘီနှစ် ထည်သာ ရှိ၏ ။ သူ ဂျပန်က ယူလာသော ခပ်လတ်လတ်သက္ကလပ် အစိမ်းယူနီဖောင်းတစ်စုံကို ဤစာရေး သူ အားပေးပြီး၊ သူကမူအပေါက်အမြဲများ ဖာထားသေည့် စစ်ဝတ်စုံတစ်စုံကို ဖက်ဆစ်တော် လှန်ရေး ပြီးသည်အထိ ဝတ်ဆင်သွားခဲ့သည်။ သူ့တွင် အောက်ခံစွပ်ကျယ်အင်္ကျီတစ်ထည်မျှပင် ကောင်းကောင်းမရှိ။ ရှိသည့်စွပ်ကျယ်မှာ လည်း ဇာပေါက်ဖောက်ထားသလို အပေါက်တွေ ဗလပွနှင့်။ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်နေသော ၁၉၄၇ ခုနှစ် ၌ သူ့တွင် လုံချည်နှစ် ထည်၊ ရှပ်သုံးထည်၊အပေါ်အင်္ကျီ တစ်ထည်သာ ရှိလေသည်။

''ကျုပ် ဘိလပ်က ပြန်လာတာ ဘာပါသလဲမေးရင် ယူနီဖောင်းတစ်စုံပဲ ပါလာတယ်''

ဟု ပြောပြသေးသည်။ သူနှင့် နီးနီးကပ်ကပ် နေခဲ့ဖူးသူတိုင်း ဤကိစ္စများ ကို သိကြမည် ထင်သည်။ အောင်ဆန်းသည် ပလွှားကြွားဝါမှု မရှိ။ ဖြစ်သလိုဝတ်၊ ဖြစ်သလိုနေ၊ ကြုံသလို စား၏ ။ ဤကား အောင်ဆန်း၏ စရိုက်။

(၄)

အောင်ဆန်းသည် လိုလျှင်လိုသလို၊ မလိုလျှင် မလိုသလို ပြောလေ့လုပ်လေ့မရှိ။ ရှုသိုးသိုး ပုံသဏ္ဌာန်တွင် စကားနည်းသည်။ စကားမပြောသော်လည်း လူ့သဘောကို သိတတ်၏ ။ သူ့ကို ကပ်၍ သာပေါင်း ညာစားလုပ်မည့် သူများ ကို သူ လက်မခံ။ သတ္တိကြောင်သူ စိတ်သဘောထားသေးသိမ်သူများ သည် ဓမ္မတာအားဖြင့် ကိုယ်က အပေါ်စီးရသည့်အခါဆောင့်ကြွားကြွားနိုင်တတ်၏ ။

ဆောင့်ကြွားကြွား နိုင်တတ်သူတို့သည် မိမိတို့အရေး မလှသည့်အခါအမြီးကုပ်သွားလေ့ ရှိတတ်၏ ။ အာဃာတ တစ်ခွဲသားထားတတ်၏ ။အောင်ဆန်းသည် အာဏာမရှိသဖြင့် မည် သူ့ကိုမျှ မကြောက်၊ အာဏာရှိလာသော အခါတွင် လည်း မည် သူ့ကိုမျှ မတရားမလုပ်၊ အာဃာတလည်းမထားတတ်၊ အောင်ဆန်းက လက်စားချေသော ကြောင့် ထောင်ကျသူ၊ဒုက္ခရောက်ရသူတစ်ဦးမျှ မရှိ၊ ဤကား အောင်ဆန်း၏ စိတ်ထား။

(၅)

ဗိုလ်ချုပ်အောင်ဆန်းသည် စစ်အတွင်းက သူလျှိုတစ်ဦးကို သေဒဏ်ကိုယ်တိုင်ပေးဖူး၏ ။ လုပ်ဖော်ကိုင်ဖက် ရဲဘော်တစ်ဦးက အင်္ဂလိပ်ပြန်လာသော အခါ သတင်းပေး စွဲချက်တင်၏ ။ ထို့ကြောင့် သူ့ကို ဖမ်းရန် အင်္ဂလိပ်တို့က စီစဉ်နေသည်။ ဘုရင်ခံဆာဒေါ်မန်စမစ်က သူ့ကို ထိုအကြောင်းဟုတ်မဟုတ် နှစ် ကိုယ်ကြား မေးပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက အေးဆေးတည်ငြိမ်စွာ ဖြင့် ထိုကိစ္စမှန်ကြောင်း၊ အားလုံးအတွက် သူ တာဝန်ခံယူကြောင်း ပြောပြရာ ဆာဒေါ်မန်စမစ်ကိုယ်တိုင်ကပင်လျှင် သူ၏ နှလုံးရည်ကို ချီးကျူးလေးစားကြောင်း ဖွင့်ပြောခဲ့သည်။ ဂျပန်တို့နှင့် ပူးပေါင်းမိခြင်းအတွက် အမှားကို နောက်လိုက်များ အပေါ် လွှဲမချ။ ကိုယ်တိုင်မှားကြောင်းဝန်ခံ၏ ။ တာဝန်ယူ၏ ။ အနစ်နာခံစရာရှိလျှင် ခေါင်းဆောင်ပီပီ သူသာလျှင် တာဝန်ယူ၍ အနာခံသည်။ မှားလျှင် မှားကြောင်း ဝန်ခံသည်။အမှားကို ကိုယ်လွတ်ရုန်းပြီး နောက်လိုက်များ အပေါ် လွှဲမချ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပေါ် မည် သည့်အခါမျှ အကောက်မကြံ၊ ချောက်မတွန်း၊ ဤသည်တို့ကား အောင်ဆန်း၏ ဓလေ့နှင့် အောင်ဆန်း၏ ခေါင်းဆောင်မှု ။

၁၉၄၆ ခု၊ အောက်တိုဘာလအတွင်းက ပြုလုပ်သော လူထုရှင်းလင်းပွဲတစ်ခုကို အမှတ်ရမိပါသေးသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော (ဖဆပလ အဖွဲ့ချုပ်ကြီး)ကို ကွန်မြူနစ်များ က သွားပုပ်လေလွင့်ပြောနေလေသည်။ ကွန်မြူနစ်များ လွန်လာသော အခါ ဗိုလ်ချုပ်အောင်ဆန်းက ထပြီး ညောင်မြစ်တူးရှာရလေသည်။ သူ့ခမျာ မပြောချင်ပါဘဲလျက် ပြောခဲ့ရသည်။

''ကျုပ် ကတော့ ခင်ဗျားတို့ (လူထု)ကို မလိမ်ဘူး။ ရှေးကလည်းမလိမ်ခဲ့ဘူး။ ယခုလည်း မလိမ်ဘူး။ နောက်လည်း မလိမ်ဘူး။ သခင်စိုးတို့လို ဘုရားငဆောင်းကျင့်နည်း၊ သူများ သားပျို သမီးပျိုတွေ လည်း မဖျက်ဆီးဘူး။ ရွှေငွေစိန်ကျောက်တွေ လည်း ရအောင် ကျုပ်တို့ မလုပ်ဘူး။နိုင်ငံရေး နဲ့ စီးပွား မရှာဘူး။ လုပ်ဖော်လုပ်ဖက်အချင်းချင်းကိုလည်း ရန်သူ့လက် ဘယ်တော့မှ မအပ်ဘူး''

''ဂျပန်ခေတ် တစ်ခေတ်လုံးမှာ လည်း စစ်ဝန်ကြီးဆိုပေမယ့် ကျွန်တော့် မှာ အဝတ်နှစ် ထည် သုံးထည်က လွဲပြီး အပိုမရှိခဲ့ပါဘူး။ ယခုခေတ်ရောက်ပြန်တော့ ဒါတွေ ကို ဝတ်နေရတာ ပဲ။ အခု ဝတ်နေတဲ့ဘောင်းဘီနဲ့အင်္ကျီတောင် ယခု ဝန်ကြီးရာထူး ဝင်ယူပြီးမှ မိတ်ဆွေက ကြည့်မကောင်းလို့အတင်းအချုပ်ခိုင်း ဝတ်ပေးလို့ ဝတ်နေရတာ ပဲ''

(မှတ်ချက်။ ။ ''ဘုရားငဆောင်း'' ဆိုသူမှာ ဒုတိယကမ္ဘာစစ်ကြီးမ ဖြစ် မီက မြေလတ်တွင် ပေါ်ပေါက်ခဲ့ဖူးသည်။ ရင်ငွေ့လှုံ ဂိုဏ်းခေါင်းဆောင် ဖြစ်သည်။)

ဤစကားများ ကို ထောက်၍ အောင်ဆန်းအကြောင်း ပို၍ သိနိုင်ပါသည်။ အောင်ဆန်းသည် သူများ သားပျို သမီးပျိုကို မဖျက်ဆီး၊ ဘုရားငဆောင်းအကျင့်မျိုးမကျင့်၊ မိန်းမမှု မပွေ၊ နိုင်ငံရေး လုပ်ငန်းတွင် သန့်ရှင်း၏ ။ဆင်းရဲသား ပြည်သူလူထုကို သနားလှချည်ရဲ့ ဟု စင်မြင့်ပေါ်မှ လူသိနတ်ကြား အော်ဟစ်ပြီးနောက် နိုင်ငံခြားသို့ ဖွဲနုခိုးရောင်းစားသော နိုင်ငံရေး သမားမျိုး မဟုတ်ပါ။ အောင်ဆန်းသည် စိန်ရွှေမစု၊ အောင်ဆန်းသည်နိုင်ငံရေး ဖြင့် အမြတ်မထုတ်၊ သူသေသွားသော အခါ သူပိုင်ပစ္စည်းဆို၍ ပုဆိုးသုံးထည်၊ ရှပ်နှစ် ထည်၊ အပေါ်အင်္ကျီနှစ် ထည်သာ ကျန်ရစ်ခဲ့၏ ။ သူပိုင်မော်တော် ကား၊ တိုက်အိမ်၊ မြေယာ၊ ရွှေငွေပစ္စည်း ဘာမျှမကျန်ရှိ။ နတ္ထိ။ဤကား အောင်ဆန်း၏ ကိုယ်ကျင့်တရား၊ အောင်ဆန်း၏ ရိုးဖြောင့်မှု ။

(၇)

ဂျပန်များ ကို တော် လှန်နေစဉ် အချိန်အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗြိတိသျှ အမှတ် ၁၄ တပ်မတော် ၏ စစ်သေနာပတိ စစ်သူကြီးဆလင်းတို့တွေ့ ဆုံ၍ စကားပြောဆိုကြပါသည်။ တွေ့ ဆုံပုံနှင့် ဆွေးနွေးပုံများ ကိုစစ်သူကြီးဆလင်းက သူ၏ ''အရှုံးမှ အနိုင်သို့ '' စာအုပ်တွင် ပြည့်စုံစွာ ပြည့်စုံစွာ ဖော်ပြထားလေသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးဆလင်းက

''ကျွန်ုပ် အောင်ဆန်းကို စွဲမှတ်မိသည်။ သူသည် ကိုယ်ကျိုးရှာသမားမဟုတ် ကျွန်ုပ်ယူဆထားမိသကဲ့သို့ မယုံကြည် မလေးစားအပ်သည့် ပြောက်ကျားခေါင်းဆောင်မျိုးလည်း မဟုတ်၊ သူ့တွင် မျှော်မှန်းချက်တစ်ခုတော့ရှိသည်။ ယင်းမျှော်မှန်းချက်မှာ စစ်ပြီးမြန်မာပြည်ကို ကယ်တင်သူတစ်ဦး ဖြစ်လိုခြင်းပင် ဖြစ်သည်။ ကျွန်ုပ် အယူအားဖြင့် အောင်ဆန်းသည် တကယ့်မျိုးချစ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်ပြင် စိတ်ကူးယဉ်သမားမဟုတ်၊ အမှားအမှန်ကို ချင့်ချိန်နိုင်စွမ်းရှိသူ ဖြစ်သည်။ သူသည် အလွန်ရိုးသားဖြောင့်မတ်သည်။ကတိတစ်လုံးပေးမိလျှင် ယင်းကတိကို တည်ကြည်စွာ စောင့်ထိန်းသူ ဖြစ်သည်။ အောင်ဆန်းသည် ကတိတည်သည်။ ကျွန်ုပ် အောင်ဆန်းနှင့် အလုပ်လုပ် ဖြစ်နိုင်ပါသည်။ ကျွန်ုပ်သည် သူ့ကို မြန်မာပြည်၏ ဗိုလ်ချုပ်စမတ်အ ဖြစ် သဘောထားကာ လေးလေးစားစား ဆက်ဆံပါသည်''ဟု ထုတ်ဖော်ရေး သားသွားလေသည်။

အောင်ဆန်းသည် အပြောနှင့်အလုပ်တွင် ပြတ်သား၏ ။ ရှင်း၏ ။သူသည် ပြောသလိုလုပ်၍ လုပ်သလို ပြော၏ ။ သူ တာဝန်မယူနိုင်သည်ကိုဝါကြွား၍ လုပ်နိုင်သည်၊ လုပ်ပေးမည် ဟု မပြော။ စကားကို လိမ်၍ ညာ၍ မပြောသလို အလုပ်ကိုလည်း လိမ်၍ ညာ၍ မပြတ်မသား ဘယ်တော့မှ မလုပ်။ ''တစ်နှစ် အတွင်း လွတ်လပ်ရေး ရစေ့မယ်''ပြော၏ ။ပြောသလို တစ်နှစ် အတွင်း လွတ်လပ်ရေး ရအောင် လုပ်ပြသွား၏ ။ တိုင်းပြည်နှင့် လူမျိုးအတွက် အဆင်းရဲခံနိုင်လွန်း၏ ။ အငတ်ခံနိုင်၏ ။ မည် သည့်ဒုက္ခ အခက်အခဲတွေ့ တွေ့  မညည်းညူ။ အောင်ဆန်းသည် အလုပ်ရှိလျှင်အိပ်ရမှန်းမသိ၊ စားရမှန်းမသိ လုပ်လေ့ရှိ၏ ။ ဗိုလ်ချုပ်ကြီးဆလင်း ပြောသကဲ့သို့ အောင်ဆန်းသည် ကတိတစ်လုံးပေးပြီးလျှင် ထိုကတိကို ပြောသည့်အတိုင်း တည်အောင် စောင့်ထိန်း၏ ။ ဤကား အောင်ဆန်း၏ လုပ်ဟန်။

(၈)

အောင်ဆန်းသည် သဘောထားကြီးမား၏ ။ လူကြီးစိတ်ထား ရှိ၏ ။ဆရာမင်းသုဝဏ်က စာရေး သူအား ပြောပြဖူးသည်မှာ အောင်ဆန်းတက္ကသိုလ် ကောင်စီအဖွဲ့ဝင် ဖြစ်နေချိန်၌ ဦးတင်ထွဋ်က ဒုတိယ အဓိပတိ ဖြစ်နေသည်။ အောင်ဆန်း လုပ်သမျှ ဦးတင်ထွဋ်က အမြဲနှိမ်လေ့ရှိ၏ ။ဦးတင်ထွဋ် လုပ်သမျှ အောင်ဆန်းက အမြဲကန့်ကွက်လေ့ ရှိ၏ ။ တစ်ယောက် နှင့် တစ်ယောက် ဘယ်တော့မျှ တည့်ရှုသင့်မြတ်သည်မရှိ ဆေးချေးနှင့် တောက်တဲ့လို သူတို့နှစ် ဦးမှာ ပဏ္ဏာမစားကြ။ အောင်ဆန်းသည်အစိုးရအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ ဖြစ်နေချိန်၌ ဦးတင်ထွဋ်ကို ကလဲ့စားချေမည် ဆိုပါက ဦးတင်ထွဋ်ခမျာ ဒုက္ခရောက်ဖို့သာ ရှိ၏ ။ အောင်ဆန်းကလက်စားချေသလား။ ဝေးလေစွ။

''ဦးတင်ထွဋ်ဟာ လူတော် တစ်ယောက် ဗျ။ သူ့ကို ကျုပ်တို့အထဲရောက်အောင် ဆွဲယူပြီး သုံးရမယ်''

ဟု ပြော၏ ။ ပြောသည့်အတိုင်း သူ့ကို နှိမ်လေ့ရှိသော ဦးတင်ထွဋ်ကိုသူ့လူ ဖြစ်အောင် လုပ်သွား၏ ။ သင့်မြတ်လိုက်ကြတဲ့ ဖြစ်ခြင်း၊ သိကြသည့်အတိုင်းပင်။

နောက်တစ်ခု သူ့ကို လူသတ်မှု ဖြင့် အင်္ဂလိပ်တို့ထံ စွဲချက်တင်ခဲ့သော သူ၏ ရဲဘော်ရဲဘက်တစ်ဦးကို ဂလဲ့စားချေခဲ့သလော။ ဝေးစွ။ ''သူလည်းသူ့အကြောင်းနဲ့ သူမို့ ပြောရတာ ဖြစ်မှာ ပါကွာ'' ဟု ခွင့်လွှတ်သွား၏ ။သာမန်လူတစ်ဦးအဖို့ သည်းခံနိုင်စွမ်းမရှိနိုင်သည်ကို သည်းခံပြီးလျှင်ခွင့်လွှတ်လေ့ရှိ၏ ။ ဤကား လူပင်ငယ်သော်လည်း ရင့်ကျက်သော အောင်ဆန်း၏ သဘောထား။

(၉)

ဂျပန်နှင့် ဗြိတိသျှတို့သည် မိမိရန်သူ ဖြစ်ခဲ့သော အောင်ဆန်းကိုအစိမ်းလိုက် ဝါးစားချင်မည် မှာ ဗေဒင်မေးဖို့ မလို။ သို့ ရာတွင် သူတို့သည်အောင်ဆန်းကို တကယ်မုန်းခဲ့ကြသလား။ ပွင့်လင်းဖြောင့်မတ်၍ နိုင်ငံရေး ကို ယုံကြည်ချက် သန့်ရှင်းစွာ ဖြင့် လုပ်နေသော အောင်ဆန်း၏ ဖြောင့်မတ်မှု ကို သူတို့ အလွန်တန်ဖိုးထားကြ၏ ။ လေးစားကြ၏ ။ လန်ဒန်မြို့၊ အိန္ဒိယမဟာမင်းကြီးရုံးတွင် ကျင်းပသော အိန္ဒိယပြည် လွတ်လပ်ရေး နေ့ အခမ်းအနား၌ မြန်မာပြည်ဘုရင်ခံ ဆာဟူးသတ်ရန့်စ်က-

''ဒီလိုနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း မရှိတာ ဝမ်းနည်းမိတယ်။ သူသာရှိရင် ဘယ့်လောက် ဝမ်းသာမည် လဲ''

ဟု တမ်းတရှာ၏ ။ သူနှင့် နိုင်ငံရေး ကျားကစားဘက်တစ်ဦး ဖြစ်သူမြန်မာပြည်ဘုရင်ခံ(ဟောင်း) ဆာဒေါ်မန်စမစ်မှာ မကျန်းမာ၍ အင်္ဂလန်သို့ ပြန်သွားရလေသည်။ သူ မပြန်မီကလေးတွင် နောက်ဆက်ခံမည့်  ဘုရင်ခံအတွက် အခြေအနေမှတ်တမ်းကို ရေး ခဲ့၏ ။ ယင်းမှတ်တမ်း၌ ''အောင်ဆန်းသည် မြန်မာပြည်၏ ပေါ်လွင်သော အမျိုးသားခေါင်းဆောင် ဖြစ်သည်။ထို့ပြင် ဤတိုင်းပြည်ရှိ နိုင်ငံရေး ခေါင်းဆောင်တို့တွင် နောက်လိုက်အများ ဆုံး ရှိသူ ဖြစ်သည်ကို ယုံမှားသံသယ ရှိဖို့မလို။ ကျွန်ုပ်အမြင်ဖြင့် ပြောရလျှင် သူသည် အလွန်ရိုးသားဖြောင့်မတ်သူ ဖြစ်သည်။ သူ၏ အမျိုးသားတပ်ပေါင်းစုအဖွဲ့ကြီးသည် တစ်မျိုးသားလုံးကို ကျယ်ပြန့်စွာ စုစည်းထားသော အဖွဲ့ ဖြစ်သည်''

ဟု ရေး သားခဲ့ရှာသည်။ အသစ်ရောက်ရှိလာသော ဘုရင်ခံဆာဟူးဘတ်ရန့်စ်ကလည်း-

''အောင်ဆန်းသည် ထိပ်တန်းခေါင်းဆောင် ဖြစ်သည်။ မြန်မာပြည်ကို အခြေတကျ ဖြစ်အောင် လုပ်ရန် သူ၏ ပူးပေါင်းကူညီမှု မပါဘဲနှင့်လုပ်၍ မ ဖြစ်နိုင်''

ဟု ယုံကြည်ကြောင်း ဖွင့်ဟပြောဖူးသည်။ မြန်မာပြည် စစ်ကြောင်း၏ ပြည်သိမ်းတပ်မတော် ဂျပန်စစ်သေနာပတိ ဗိုလ်ချုပ်ကြီး အီးဒါးကလည်း ''အောင်ဆန်းသည် ငွေကိုလည်းမမက်၊ တစ်ကိုယ်ကောင်းလည်းမဆန်၊ ဒါ့ကြောင့် ဂျပန်တွေ က သူ့ကို လေးစားသည်''

ဟု ပြော၏ ။ ဤသည်ကို ကြည့်ပါ။ အောင်ဆန်းကို သူ၏ စစ်ပြိုင်ဘက်ရန်သူများ ကပင် တန်ဖိုးထားကြသည်။ လေးစားကြလေသည်။ဤကား အောင်ဆန်း၏ ဂုဏ်သိက္ခာ။

(၁၀)

အောင်ဆန်းသည် မိုးပေါ်က ကျလာသူမဟုတ်။ လူထုထဲက လူတစ်ဦး ဖြစ်သည်။ သူ့ကို ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု ပြုလို၍ ဤစာကို မရေး ။ လူထုထဲမှ လူတစ်ဦး ဖြစ်သည့် သူ၏ ကောင်းမွန်သော အမူအကျင့်၊ စရိုက်ဓလေ့၊စိတ်ထား စသည်တို့ကို အတုယူလိုသူတို အတုယူနိုင်စေခြင်းငှာသာ ရေး သားရခြင်း ဖြစ်ပါသည်။

သူ့ခေတ်က သူ မည် သို့ တိုင်းပြည်အတွက် အလုပ်လုပ်သည်၊ မည် သို့ စည်းရုံးသည်၊ မည် သို့ ခေါင်းဆောင်မှု ပေးသွားသည်တို့ကို သင်ခန်းစာယူ၍ ယခုခေတ်လူငယ်တွေ က အလုပ်လုပ်လျှင် တိုင်းပြည်အတွက် အကျိုးကျေးဇူးရှိမည် ဟုလည်း ယူမှတ်ပါသည်။

လူထုကြီးသည် သူ့အပြော၊ သူ့စရိုက်၊ သူ့စိတ်ထား၊ သူ့ဓလေ့၊ သူ့စာရိတ္တ၊ သူ့လုပ်ဟန်၊ သူ့သဘောထားများ ကြောင့် သူ့ကို ချစ်ကြ၊ မြတ်နိုးကြ၊ ခင်တွယ်ကြသည်။ လူထုကြီးနှင့် အောင်ဆန်း၊ အောင်ဆန်းနှင့် လူထုတစ်သားတည်း ကျနေလေသည်။ ခွဲ၍ မရ။

အောင်ဆန်းကို မသိလိုက်၊ မမီလိုက်ကြသူ လူငယ်များ က ''ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူလဲ၊ ဘယ်လိုလူလဲ''ဟု မေးခဲ့သည် ဖြစ်အံ့။''ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ အဲဒါပဲ'' ဟု ဖြေလိုက်ပါရစေ။ တိုင်းပြည်၏ အညွန့်အဖူး လူငယ်လူရွယ်ကလေးများ သည် ဗိုလ်ချုပ်အောင်ဆန်း၏ အမွေကို ဆက်ခံနိုင်ကြပါစေ။

နတ်မောက်ဘုန်းကျော်



ဝန်ဇင်းချစ်သူများ သန်းဝင်းလှိုင် ၏ “ အမျိုးသားခေါင်းဆောင်ကြီး မြန်မာ့အောင်ဆန်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဦးနုဘ၀နှင့် စာပေမှတ်တမ်း

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ

လူငယ် နှင့် ခေါင်းဆောင်မှူ