Cover

နိဒါန်း

နမော တဿ ဘဂ၀တော အရဟတော
သမ္မာသမ္ဗုဒ္ဓဿ

နိဒါန်း

လူတစ်ဦးနှင့် တစ်ဦး အမှတ်မထင်တွေ့သည်နှင့် ၄င်းတို့ ၏ အကျင့်စရိုက် စိတ်နေသဘောထားတို့ကို သိရှိရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။ထို့ ကြောင့် စိန်ကဲ မြကဲ ပတ္တမြားကဲထက် လူကဲခတ် ခက်၏ ဟု ဆိုရိုးရှိသည် မဟုတ်လား။ သို့ ကလို “လူကဲခတ်” မလွယ်ပုံကို လူ့ ရွာလူသားလူ့ စကားမူ ကြား၍ နက်နဲ၊ သိနိုင်ခဲပေ။ ၀မ်းထဲ တစ်ပါး၊ ပြင် တခြားနှင့် စိတ်ကားတစ်မျိုး၊ နှုတ်တစ်မျိုးတည့်” ဟူ၍ မန်လည်ဆရာတော်ကြီးက“မဃဒေ၀လင်္ကာသစ်”တွင် မိန့်ဆိုထားခဲ့သည်။ လူသည် အလွန်ဟန်ဆောင်ကောင်းသော သတ္တ၀ါဖြစ်သည်။ အမူအရာဖြင့် လှည့်ဖြားတတ်သလို နှုတ်ဖြင့်(အပြောကောင်းကောင်းဖြင့်)လည်း လှည့်စားတတ်သည်။ သို့ သော်လူတစ်ယောက်၏ မျက်ခုံး၊ မျက်လုံး၊ နားရွက်၊ နှာတံ၊ ပါးစပ် စသည့် မျက်နှာသွင်ပြင်နှင့် လက်မ၊ လက်ချောင်းတို့၏ အထားအသို လှုပ်ရှားမှု ကိုမူတည်၍ အကဲခြင်းဖြင့် ၄င်း၏ စိတ်နေသဘောထားနှင့် အကျင့်စရိုက်တို့ ကို တစ်စိတ်တစ်ဒေသသိရှိနိုင်ပေသည်။

သို့ ကလို လူသားတစ်ဦး၏ ခံစားမှု ကို အတော်အသင့် အောင်မြင်စွာ အကဲခတ်နိုင်သည့်အတွက် တစ်ဆင့်တက်ပြီး ထိုသူ၏ အကျင့်စရိုက် စိတ်

Cover
နေစိတ်ထား စသည့်ကိုယ်ရည်ကိုယ်သွေး အင်္ဂါရပ်များ ၏ ဉာဏ်ကောင်းခြင်း၏ အမှတ်လက္ခဏာ၊ မဟာနဖူးရှိခြင်းသည် စဉ်းစားဆင်ခြင်သည် စဉ်းစားဆင်ခြင်မှု ကောင်းခြင်း၏ သင်္ကေတ စသည်ဖြင့် ကိုယ်ရည်ကိုယ်သွေးကိုခန့်မှန်းသည့် ပညာရပ်သည် မကြာသေးမီကမှ ပေါ်ပေါက်လာသည့်ပညာရပ်မဟုတ်ပေ။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများ စွာ ကတည်းကပင်တည်ရှိလာခဲ့သည်။ လွန်ခဲ့သည့် နှစ် ၄၀၀လောက်ကမူ အများ ကလေးစားသည့်“သိပ္ပံပညာ” တစ်ခုအဖြစ်သို့ ပင် ရောက်ရှိလာခဲ့သည်။ ယခုခေတ်အမြင်ဖြင့် ခေါ်ဆိုရပါက သိပ္ပံတု (Pseudo-Science) တစ်ခုသာ ဖြစ်ခဲ့သည့် ရူပသျှတ္တရ (၀ါ) အင်္ဂါရုပ် ဖတ်ပညာ (Physiognomy) သည်ဆီးရီးယန်းခေတ်ကပင် တည်ရှိနေခဲ့ကြောင်း သိရသည်။ အင်္ဂလိပ်အဘိဓာန်များ ၌ Physiognomy ၏ အဓိပ္ပာယ်ကို 'The Judging of character by the expression on the face; the expression of the face' ဟူ၍ ဖွင့်ဆိုထားပေသည်။

ခေတ်သစ်သိပ္ပံပညာအရ လေ့လာစီစစ်လိုက်သည့်အခါ လူတစ်ဦး၏ ကွဲပြားသော မျက်နှာသွင်ပြင် ထိုသူ၏ ကိုယ်ရည်ကိုယ်သွေးတို့ ဆက်နွယ်မှု ရှိကြောင်း တွေ့ကြရသည်။

ရူပသျှတ္တရ ပညာသည် ရှေးဟောင်းခေါမ (ဂရိ) နိုင်ငံတွင် စတင်၍ စနစ်တကျဖွံ့ဖြိုးလာခဲ့ပေ။ ထိုစဉ်က ဉာဏ်ပညာ ထက်မြက်ပြီး ဆင်ခြင်စဉ်းစားတတ်သည် ခေါမတိုင်းလိုလို ထိုပညာကို လက်ခံခဲ့ကြသည်။ယခုခေတ်အမြင်နှင့် ကြည့်ပါက အဓိပ္ပာယ်မရှိသယောင်၊ ရှေ့နောက် ညီညွတ်မှု မရှိသယောင် ထင်မှတ်ရသော်လည်း ထိုခေတ်တွင် ရှိနေသည့် အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားပါက နားလည်ရန် ထိုအခါက ဓာတ်ပုံပညာလည်းမပေါ်ပေါက်သေးပေ။ ထို့ပြင် လက်ဗွေဖြင့် မှတ်သားထားနိုင်ကြောင်းကိုလည်း မသိရှိကြသေးသဖြင့် ထိုသူ၏ ရုပ်သွင်ပြင်ကိုသာ အဓိကထားပြီးဖော်ပြကြရသည်။ သေတမ်းစာများ ၊ အရောင်းအ၀ယ် စာချုပ်စာတမ်းများ တွင်ဤသို့ ရုပ်သွင်ဖော်ပြသည့်နည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။

ထင်ရှားသော ခေါမတွေးခေါ်ရှင် Aristotle (ဘီစီ ၃၈၄-၃၂၂)ကဲ့သို့ သော ပုဂ်္ဂိုလ်ကြီးများ က ရူပသျှတ္တရပညာကို လက်ခံလိုက်ခြင်းကြောင့် ထိုပညာသည် အများ ၏ လေးစားမှု ကို ခံခဲ့ရပြန်သည်။ ရှေးဟောင်းပုံပြင်ကအယူအဆများ အရ ခြင်္သေ့တွင် သတ္တိကောင်းခြင်း၊ မြင့်မြတ်ခြင်း၊ ဇွဲ လုံ့လ ၀ီရိယခြင်း၊ စိတ်ထားမြင့်မြတ်ခြင်း စသည့် အရည်အသွေးများ ရှိနေသည် ဟူ၍ လည်းကောင်း၊ မြွေများ သည် ကောက်ကျစ်ခြင်း သ၀န်တိုတတ်သည် ဟူ၍ လည်းကောင်းယူဆခဲ့ကြသည်။ ထိုသတ္တ၀ါများ နှင့် ပုံပန်းသဏ္ဌာန်တူသောလူများ တွင်လည်း တူညီသော အကျင့်စရိုက်များ ရှိလိမ့်မည်ဟု ယူဆခဲ့ကြသည်။ ကြမ်းတမ်းသော ဆံပင်ရှိခြင်း၊ ကျယ်ပြန့်ပြီး ပြားချပ်သော ၀မ်းဗိုက်ရှိခြင်း၊ နဖူးပြင်တွင် အရေးအကြောင်းအတော်အသင့်ရှိခြင်း၊ ရင်ဘတ်သည် ကျယ်ပြန့်ပြီး အသားများ ခြင်းစသည့် လက္ခဏာများ သည် သတိ္တရှိခြင်းကို ပြသည့်လက္ခဏာများ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ထိုရုပ်သွင်ပြင်များ သည် ခြင်္သေ့များ အားကြည့်ရှုပြီးမှ ပေါ်ပေါက်လာသည့်လက္ခဏာများ ပင် ဖြစ်ကြသည်။

ရူပသျှတ္တရ ပညာရပ်ကို ဥရောပတိုက်တွင် သာမန်လူများ သာမက

Cover
အလယ်ခေတ် (အေဒီ ၅၀၀-၁၄၅၀)က ပေါ်ထွန်းခဲ့သော “ဂလင်” (Galen) (အေဒီ ၁၃၀-၂၀၀) ကဲ့သို့ သော ခေါမ သမားတော်များ သည်ပင်လျှင် အသုံးပြုခဲ့ကြသည်။ ဆေးကုသရာတွင် အင်္ဂါရုပ်ဖတ်ပြီး ကုသပါက ပိုမိုထိရောက်လိမ့်မည်ဟုယူဆခဲ့ကြသည်။

နောက်ပိုင်းတွင် သမားတော်များ သာမက ဗေဒင်ဆရာများ ၊ ရှေ့ဖတ်ဟောကြားသူများ ၊ မျက်လှည့်ဆရာများ ပါ ရူပသျှတ္တရပညာကို အသုံးပြုလာခဲ့ကြသည်။ ထိုပညာကို ရှေ့တွင်ဖြစ်ပျက်မည့် အခြေအနေကိုကြိုတင်ဟောကိန်းထုတ်ရန်အတွက်ပါ အသုံးပြုလာကြသည်။

ထီးနန်း ဆက်ခံမည့်သူကို သိရှိရန်အတွက် အင်္ဂါရုပ်ဖတ် ပညာရှင်တစ်ဦးအား ရောမဘုရင့်မိသားစုကို အသုံးပြုခဲ့ပုံကို ခရစ် ၁၂၀ ကပေါ်ပေါက်ခဲ့သော ရောမ အတ္ထုပ္ပတ္တိ ကျမ်းပြုဆရာ “ဆူတိုနိယပ်စ်” (Suetonius)ကမှတ်တမ်းတင်ခဲ့သည်။ ထီးနန်းဆက်ခံရမည့် ရောမ မင်းသား “ဘရစ်တန်နိ ကပ်စ်” (Britannicus) (အေဒီ ၄၂-၅၅)ရှေ့တော်တွင် ရူပသျှတ္တပညာရှင်တစ်ဦးအား သွင်းစေပြီး အင်္ဂါရုပ် ဖတ်စေခဲ့သည်။ ထိုပညာရှင်က ဘရစ်တန်းနိကပ်စ်၏ နဖူးပေါ်မှအမှတ်လက္ခဏာများ ကို ကြည့်ရှုပြီး၎င်းသည် ထီးနန်း ဆက်ခံရမည်မဟုတ်။ သူ၏ အပါးတွင် ရပ်နေသူ “တိုင်တပ်စ်” (Titus) (ခရစ် ၄၀-၈၀)ကသာ ထီးနန်းစိုးစံ ရလိမ့်မည်ဖြစ်ကြောင်း ဟောကိန်းထုတ်လိုက်သည်။ ထို့ကြောင့် များ မကြာမီမှာ ပင်ဘရစ်တန်းနိကပ်စ် ကို အဆိပ်ကျွေး သတ်လိုက်ကြပြီး တိုင်တပ်စ်အား ခရစ် ၇၈ ခုနှစ်တွင် နန်းတင်လိုက်ကြလေသည်။ တိုင်တပ်စ်သည် “ဗက်စပါဆီယမ်” (Vespasian) နှင့် “ကော်ရူလာ” (Coruler) တို့၏ သားတော်ဖြစ်ပြီး ရောမထီးနန်းကိုခရစ် ၇၈ ခုမှ ၈၁ ခုနှစ်အထိ စိုးစံခဲ့သည်။ ၄င်းသည် ဂျေရုစလင်မြို့ကို ဖျက်ဆီးသူအဖြစ် သမိုင်းတွင်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်ပေသည်။

ဤသို့ သော သဘာဝလွန် နည်းများ နှင့် ရှေ့ဖြစ်ကြိုတင်ပြောဆိုမှု များ သည် အလယ်ခေတ်နှောင်းပိုင်းတွင် အလွန်ပင်ခေတ်စားခဲ့သည်။ နောက်ဆုံးတွင် ရိုမန်ကက်သလစ် ဘုရားကျောင်းက တားမြစ်ရသည့် အခြေသို့ ပင်ရောက်ရှိလာတော့သည်။ ဘုရားကျောင်းက မည်သို့ ပင် တားမြစ်ထားစေကာမူ ရူပသျှတ္တရပညာမှာ လူကြိုက်များ ဆဲပင် ဖြစ်နေခဲ့၏ ။ မျက်လှည့်နှင့်ဝေဒ ပညာရှင် “ဂျီယိုဗင်နီဒယ်လာ ပေါ်တာ” (Giovannidella Porta) ပြုစုခဲ့သော“ရူပသျှတ္တရ” (Physiognomy) စာအုပ်မှာ အကြိမ်ပေါင်း ၂၁ ကြိမ်ပင် ရိုက်နှိပ်ခဲ့ရသည်ဟု ဆိုသည်။ သူ၏ စာအုပ်တွင် တိရစ္ဆာန်နှင့် လူဦးခေါင်းပုံများ ပါရှိပြီး ထိုခေါင်းများ မှ တူညီသည့်အင်္ဂါရပ်များ ကိုဖော်ပြထားခဲ့သည်။

သို့ သော်လည်း ရူပသျှတ္တရပညာရပ်သည် နှစ်ပေါင်း ၂၀၀၀ အတွင်း များ စွာ တိုးတက်မှု မရှိခဲ့ပေ။ ၁၇ ရာစုနှစ်တွင် ရေပန်းစားမှု လျော့နည်းလာခဲ့ပြန်သည်။ ရိုမန်ကက်သလစ် ဘာသာရေး ယုံကြည်မှု နှင့်ဆန့်ကျင်နေသည့် ရူပသျှတ္တရပညာအား အသုံးပြုမှု များ လျော့နည်းသွားခဲ့လေသည်။

သို့ သော်လည်း လူသားတို့၏ သဘောသဘာဝကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ထိုပညာသည် ပျောက်ကွယ်သွားနိုင်စရာ အကြောင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူသည်မိမိ၏ အကောင်းအဆိုးကို မသိချင်သူမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူသည်မိမိ၏ အကောင်းအဆိုးနှင့် အနာဂတ်ကို ကြိုတင် သိရှိလိုသလို တစ်ဆက်တည်းမှာ မိမိပေါင်းဖော်နေဆဲပုဂ်္ဂိုလ်နှင့် ပေါင်းဖက်မည့် မိတ်ဆွေသစ်၏ အကောင်းအဆိုး စရိုက်လက္ခဏာကို ကြိုတင်သိချင်သောကြောင့်ဖြစ်သည်။မိတ်ဆွေသူငယ်ချင်းများ နှင့် အမှတ်တရဓာတ်ပုံရိုက်ကူးထားသော ဓာတ်ပုံကိုကြည့်ရှုရာ၌ ပင် မိမိပုံကိုအရင်ဆုံး ကြည့်မိပေလိမ့်မည်။ ထို့ကြောင့် ခေတ္တခဏမျှသာ ငုပ်လျှိုးနေခြင်း ဖြစ်နိုင်ပေသည်။

၁၇၇၅ ခုနှစ်တွင် ဆွစ်လူမျိုး ဂျိုဟန် ကတ်စ်ပါ လဗက်တာ (Johan Kasper Lavater) (၁၇၄၁-၁၈၀၁)သည် ရူပသျှတ္တရပညာနှင့်ပတ်သက်ပြီး Physiognomy အမည်ရှိ စာအုပ်တစ်အုပ်ကို ရေးသားပြုစုခဲ့ပြန်သည်။အဆိုပါ စာအုပ်ကြောင့် သူသည် ထိုစဉ်က အထင်ရှားဆုံးပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူပြုစုသော စာအုပ်မှာ အတွဲ လေးတွဲ ပင်ရှိပြီး ပုံပေါင်း ၄၀၀ ခန့်ပင် ပါဝင်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူ့ပညာကိုလေ့လာလိုက်စားသူ များ ပြားလာခဲ့ပြီး၁၈ ရာစု အစပိုင်းနှစ်များ တွင် လူကြိုက်အများ ဆုံးပညာရပ် ဖြစ်လာခဲ့ရသည်။ ဥရောပတိုက် လူအမြောက်အမြား လေ့လာလိုက်စားကြလွန်းသောကြောင့် ဂျာမန် ဒဿနိကဗေဒပညာရှင်“ဂျော့ဝီဟမ် ဖရက်ဒရစ် ဟေဂယ်”(George Willhelm Friedrich Hegel)(၁၇၇၀-၁၈၃၁)က ၁၈၀၇ ခုနှစ်တွင် ထုတ်ဝေသောသူ၏ "Phenomenology of Mind" စာအုပ်တွင် ထိုပညာကို ဝေဖန်ရှုတ်ချထားသည့်အခန်းတစ်ခန်းပင် ထည့်သွင်းရေးသားဖူးလေသည်။

သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိထားသည့် ဦးနှောက်၏ လုပ်ငန်းများ ပေါ် အခြေခံပြီး “ခေါင်းဖုဖတ်ပညာ”ကို တီထွင်လာသည့်အတွက် အစဦးပိုင်းတွင် လူကြိုက်အတော်များ ခဲ့သည်။ ဦးနှောက်၏ ရှေ့ပိုင်းသည် အသိဉာဏ်နှင့်သက်ဆိုင်ခြင်းကြောင့် ထိုအပိုင်းကို ဖုံးအုပ်ထားသည့် ဦးခွံ(နဖူး)သည် ဖု ဖြစ်နေပါက ဉာဏ်ကောင်းမည်၊ မှတ်ဉာဏ်ကောင်းမည် စသည်ဖြင့် ခေါင်းဖုဖတ်ပညာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။ သို့ သော်လည်း ဤပညာသည်၁၉၀၀ ပြည့်နှစ်တစ်ဝိုက်တွင် ပျောက်ကွယ်စပြုသွားခဲ့ပြန်သည်။

ခေါင်းဖုဖတ်ပညာ မှေးမှိန်သွားသောအခါ ရူပသျှတ္တရပညာသည် စီးပွားရေးလုပ်ငန်းများ အကြား၌ ပြန်လည်ထွန်းကားလာခဲ့ပြန်တော့သည်။

ရူပသျှတ္တရပညာကို လူကြိုက်များ လာအောင် ခေါင်းဆောင်မှု ပေးခဲ့သူမှာ ဒေါက်တာ ဟုမ်းစ်ဝှစ် တီးယား မာတန် (Dr.Holmes Whittier Merton) ဆိုသူဖြစ်သည်။ သူသည် စက်ရုံ အလုပ်ရုံများ သို့သွားပြီး လုပ်ငန်းလုပ်ကိုင်မှု တွင်ဉာဏ်ရည်ထက်သူနှင့် ညံ့သူတို့၏ နှာခေါင်းပုံသဏ္ဌာန်၊ မေးစေ့၏ အရွယ်အစား၊ မျက်ခုံးပုံသဏ္ဌာန် စသည်တို့နှင့် လုပ်ငန်းကျွမ်းကျင်မှု တို့၏ ဆက်စပ်မှု ကို လေ့လာခဲ့သည်။ ၁၉၁၈ ခုတွင် နယူးယောက်မြို့၌ ရူပသျှတ္တရပညာပေါ်တွင်အခြေခံသည့်လုပ်ငန်းအကြံပေးကျောင်း (Merton Institute) ကို ဖွင့်လှစ်ခဲ့ပေသည်။

သူ၏ လုပ်ငန်းသည် အောင်မြင်မှု များ စွာ ရရှိခဲ့သည်။ လူအမြောက်အမြားသည် သူ၏ ကျောင်းသို့ လာကြပြီး သူတို့နှင့် သင့်လျော်မည့်အလုပ်ကို ရွေးချယ်ပေးရန် “မျက်နှာအဖတ်ခံ”လာကြလေသည်။ မာတန်လေကသူတို့၏ မျက်နှာပေါ်မှ နှာခေါင်း၊ မေးစေ့၊ မျက်ခုံး စသည့်အစိတ်အပိုင်းများ ၊ အရေးအကြောင်းများ ကို ကြည့်ရှုပြီး စက်ရုံ အလုပ်ရုံများ တွင် ၀င်ရောက်လုပ်ကိုင်သင့်သည်၊ စစ်မှု ထမ်းသင့်သည် စသည်ဖြင့် အကြံပေးလမ်းညွှန်ပေးခဲ့သည်။အချို့မှာ မူ ထိုကျောင်း၌ အင်္ဂါရုပ်ဖတ်ပညာ ဆရာဖြစ် သင်တန်းသို့ ပင် တက်ရောက်ခဲ့ကြလေသည်။

မာတန်၏ လုပ်ငန်းအောင်မြင်သဖြင့် အပြိုင်အဆိုင် အင်္ဂါရုပ်ဖတ်ပညာများ ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုပညာကို လူအမြောက်အမြားစိတ်ဝင်စားမှု အလွန်အားကောင်းလာသည့်အတွက် စိတ်ပညာရှင်တို့က ဝေဖန်သည့်စာပေများ ပင် ရေးသားလာခဲ့သည်။ မာတန် ကွယ်လွန်ပြီး ငါးနှစ်အကြာ ၁၉၅၃ ခုနှစ်တွင် “ကံကြမ္မာ”(Fortune) မဂ္ဂဇင်း၌ မာတန်၏ အကြောင်းကို ရေးသားဖော်ပြခဲ့သည်။ ၁၉၆၉ ခုနှစ်ထဲပင် သူ၏ တပည့်တစ်ဦးက မာတန်၏ အင်္ဂါရုပ်ဖတ်နည်းကိုရေးသားပြုစုခဲ့သည်။

ကျွန်ုပ်တို့သည် အခြားသူတို့၏ စိတ်ကို မမြင်တွေ့နိုင်ပေ။ ကျွန်ုတို့ ပေါ် ထားရှိသောသူတို့၏ ရည်ရွယ်ချက်ကိုလည်း မသိနိုင်ပေ။ သူတို့၏ အပြုအမူအရသာ သိရှိနိုင်လေသည်။ လူသားများ သည် တစ်ဦးနှင့်တစ်ဦးမိမိအကျိုးစီးပွားအတွက် “မချစ်သော်လည်း အောင့်ကာနမ်း”ဆိုသကဲ့သို့ ဟန်ဆောင် ပေါင်းသင်းတတ်ကြလေသည်။ သူတို့၏ စစ်မှန်သော ခံစားမှု များ နှင့် စိတ်ဆန္ဒများ ကို ကြောင်လက်သည်းဝှက်ထားသကဲ့သို့ ဖုံးကွယ်ထားတတ်ကြသည်။ တစ်ခါတစ်ရံသူ၏ အတွင်းကိစ္စများ ကို သူတို့ချစ်ခင်သော ညီအစ်ကို မောင်နှမ၊ မိတ်ဆွေများ ကိုပင် အမှန်အတိုင်း ဖွင့်ဟ မပြောပြတတ်ကြပေ။

ဤသို့ သော အခြေအနေတွင် မျက်နှာကို ကြည့်ရုံမျှဖြင့် မိမိနှင့်ဆက်ဆံနေရသူတို့၏ စိတ်ကို သိရှိနိုင်သည်ဟုဆိုသော ပညာကို လူအများ နှစ်သက်သဘောကျသည်မှာ မထူးဆန်းလှပေ။ ခန္ဓာကိုယ်ပေါ်တွင်ရှိသည့်အမှတ်အသားများ ကို အခြေခံရသဖြင့် လွဲမှားသွားမှု လည်း ရှိလာနိုင်လိမ့်မည်မဟုတ်ပေ။ ဤအတွက်ကြောင့် ရူပသျှတ္တရ (၀ါ) အင်္ဂါရုပ်ဖတ်ပညာကို လူကြိုက်များ ခဲ့ခြင်း ဖြစ်ပေသည်။

ယခုအခါ ၂၁ ရာစု၌ ရုပ်ပိုင်းဆိုင်ရာ သိပ္ပံနည်းပညာရပ်များ တိုးတက်ကြီးထွားလာပြီ ဖြစ်သဖြင့် ရူပသျှတ္တရ ပညာသည် လွန်ခဲ့သော ၁၀၀ လောက်ကကဲ့သို့ ထွန်းကားလာအံ့ မထင်ပေ။ သို့ သော်လည်း လူသားတို့၏ အတွင်းစိတ်ကို သိပ္ပံနည်းကျ အလွယ်တကူသိနိုင်သည့် နည်းလမ်းများ မပေါက်သေးသရွေ့ ရူပသျှတ္တရပညာသည် ပုံသဏ္ဌာန်တစ်မျိုးမျိုးဖြင့်ပြန်လည် ရှင်သန်ပေါ်ပေါက်နေမည်မှာ မလွဲဧကန်ပင် ဖြစ်လေသည်။ တစ်နည်းဆိုရသော် ရူပသျှတ္တရပညာကိုသိပ္ပံနည်းမကျဟု အချို့က မည်မျှပင် ဆိုနေစေကာမူ လူနှင့် လူချင်း ပေါင်းသင်းဆက်ဆံနေမှု ရှိသမျှ ကာလပတ်လုံး တစ်ဖက်သား၏ အကျင့်စရိုက်ကို သိလိုကြမည် ဖြစ်သောကြောင့် ရူပသျှတ္တရ ပညာသည် တစ်နည်းတစ်ဖုံ ရှိနေဦးမည်သာ ဖြစ်ပေသည်။

ဤစာအုပ်၌ အမှတ်မထင် ပြုမူတတ်သည့် လူ့စရိုက်လက္ခဏာနှင့် လူတစ်ဦးချင်းစီ၏ မျက်နှာသွင်ပြင်၊ ကိုယ်အင်္ဂါအမှတ်အသားနှင့် ဆက်စပ်နေသော စိတ်နေသဘောထားကို အသေးစိတ် စုစည်းတင်ပြထားပါသည်။

မှဲ့ဖြင့် လူကဲခတ်ခြင်း

ရူပသျှတ္တရပညာရပ်သည် လူတို့၏ သွင်ပြင်လက္ခဏာ အင်္ဂါရုပ်ကိုလေ့လာကြည့်ရှု၍ လူတစ်ဦး၏ စိတ်နေစိတ်ထား၊ အကျင့်စရိုက်ကို ပြောဟောသည့် အတတ်ပညာဖြစ်သည်။ သို့ ကလို ရူပလက္ခဏာကို အခြေတည်၍ ပြောဟောသည့် ရူပသျှတ္တရပညာရပ်၌ လူ့ခန္ဓာကိုယ်ပေါ်တွင် သဘာဝအလျောက် စွဲထင်နေသော “မှဲ့” များ နှင့်ပတ်သက်၍ ဟောပြောနိုင်သည့် “မှဲ့သျှတ္တရ” (Interpretation of Mole) ပညာရပ်သည် ရူပသျှတ္တရပညာရပ်၏ အစိတ်အပိုင်းတစ်ခုဟုဆိုသော်ရနိုင်ပေသည်။

“မှဲ့”နှင့် ပတ်သက်၍ “မြန်မာ့အဘိဓာန် အကျဉ်းချုပ်” အတွဲ ၃ ၌ “မှဲ့ ဟူသည်မှာ အသားအရေပေါ်တွင် သဘာဝအလျောက် စွဲထင်နေသော အနီ၊ အနက်၊ အစက်အပြောက် (၀ါ)အဖုံ လုံးငယ်” ဟူ၍ ဖော်ပြထားလေသည်။

မှဲ့အမျိုးမျိုး

လူ၏ ခန္ဓာကိုယ်ပေါ်တွင် စွဲထင်နေသော မှဲ့အမျိုးမျိုးမှာ (၁) မှဲ့ဖြူ၊ (၂) မှဲ့နီ၊ (၃) မှဲ့ညို၊ (၄) မှဲ့နက်၊ (၅) မှဲ့ဝါ၊ (၆) မှဲ့စိမ်း၊ (၇) မှဲ့ရှင် ဟူ၍ ကွဲပြားစွာ ရှိလေသည်။

မှဲ့အမျိုးမျိုးအဟော

(၁) မှဲ့ဖြူ။ အလွန်လည်း မကောင်း၊ အလွန်လည်း မဆိုး၊ အလယ်အလတ်သဘောရှိတတ်သည်။

Cover

(၂) မှဲ့နီ။ မကောင်းကျိုးပေးမည့် နေရာတွင် အနည်းငယ်မျှသာ ဖြစ်စေတတ်သည်။ ကောင်းကျိုးပေးရာတွင် ထူးထူးကဲကဲကောင်းကျိုးပေးတတ်သည်။ တစ်ခါတစ်ရံတွင် မှဲ့နီသည် မကောင်းကျိုးကိုထူးကဲစွာ ပေးတတ်သည်ကိုလည်း သတိပြုအပ်ပါသည်။

(၃) မှဲ့ညို။ လူတစ်ဘက်သားကို သနားကြင်နာတတ်သည်၊ သနားတတ်သော စိတ်ရှိ၊ သစ္စာသမာဓိရှိတတ်သည်။

(၄) မှဲ့နက်။ ကောင်းကျိုးပေးရာတွင် နည်းပါးတတ်သည်။ မကောင်းကျိုးကို များ စွာ ပေးတတ်သည်။

(၅) မှဲ့ဝါ။ စိတ်ကူးယဉ်တတ်သည်။ အနုပညာ ၀ါသနာပါတတ်သည်။ အထူးသဖြင့် သုခုမအနုပညာ ၀ါသနာပါတတ်သည်။

(၆) မှဲ့စိမ်း။ အမွန်မြတ်ဆုံးဖြစ်သည်။ အထူး ကောင်းကျိုးချမ်းသာပေးတတ်သည်။ ပုဂ်္ဂိုလ်ထူး၊ ပါရမီထူးသော သူများ ၌ သာပါရှိတတ်သည်။

(၇) မှဲ့ရှင်။ အရောင်အသွေး ခွဲခြားထားမှု အတိအကျ မရှိပေ။ အထက်တွင် ဖော်ပြထားသော မှဲ့အရောင် (၆)မျိုးမှ တစ်ခုခုဖြစ်နေတတ်သည်။ မှဲ့ရှင်၏ သဘောမှာ ကောင်းကျိုးပေးရာတွင်လည်း ထူးကဲစွာ ပေးတတ်သည်။မကောင်းကျိုးပေးရာတွင်

Cover
လည်း လွန်ကြူးစွာ ပေးတတ်လေသည်။ မှဲ့ရှင်သည် လူကောင်း သူတော်များ တွင်လည်း ရှိတတ်သည်။ လူဆိုးလူမိုက်ကြီးများ တွင်လည်း ပါရှိတတ်သည်။ အထက်လမ်း၊ သိဒ်္ဓိလမ်း လိုက်စား၍ ပေါက်မြောက်သောသူများ တွင်လည်းပါရှိတတ်သည်။မှဲ့ရှင်နှင့် ပတ်သက်၍ “မြန်မာ့အဘိဓာန် အကျဉ်းချုပ်” အတွဲ ၃ ၌ “ပေါ်လိုက်ပျောက်လိုက်၊ နေရာပြောင်းလိုက် ဖြစ်တတ်သောမှဲ့မျိုး”ဟူ၍ ဖော်ပြထားသည်။

မြန်မာတို့သည် မှဲ့ကိုစိတ်ဝင်စားကြသည်။ မြန်မာမှု ၌ မှဲ့ပေါက်ရောက်နေသော နေရာကိုလိုက်၍ ခွဲခြားဟောပြောတတ်သည်။ ဟောပြောရာ၌ လည်း မှဲ့သျှတ္တရနှင့်ပတ်သက်၍ အမျိုးသားအဟော၊ အမျိုးသမီးအဟောဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားပြန်လေသည်။

မြန်မာမှု ၌ အမျိုးသားတို့၏ မှဲ့သျှတ္တရ အဟောများ

၁။ နဖူးပြင် ဗဟိုတည့်တည့်တွင် မှဲ့ထင်ရှားစွာ ရှိလျှင် ငွေကြေးချမ်းသာသော သူဋ္ဌေးသူကြွယ် ဖြစ်တတ်သည်။

Cover

၂။ မျက်ခုံးနှစ်ခုကြားတွင် မှဲ့ရှိလျှင် ထင်ရှားကျော်စောသူ ဖြစ်တတ်သည်။ ရက်စက်ကြမ်းကြုတ်မှု လည်း ရှိတတ်သည်။

၃။ ညာဘက်နားထင်၊ မျက်ခုံး၏ အဆုံးနားတွင် မှဲ့ရှိလျှင် အကြီးအကဲဖြစ်တတ်သည်။

၎။ ညာဘက်နှာခေါင်းအနားတွင် မှဲ့ရှိလျှင် သားသမီး သေဆုံးတတ်သည်။

၅။ ဘယ်ဘက်နှာခေါင်းနားတွင် မှဲ့ရှိလျှင် “မျက်ရည်ခံ” ဟူ၍ ခေါ်သည်။ ဇနီးမယား ဘေးတွေ့တတ်သည်။

၆။ ညာဘက်ပါးပြင် ပါးစပ်၏ အစွန်းနားတွင် မှဲ့ရှိလျှင် အကျိုးမရှိသောစကားကိုသာ ပြောဆိုနေတတ်သည်။

၇။ ဘယ်ဘက်ပါးပြင် ပါးစပ်၏ အစွန်းနားတွင် မှဲ့ရှိလျှင် သူတစ်ပါး၏ အကြောင်းကိုသာ ပြောနေတတ်သည်။ ထင်ရှားကျော်ကြားတတ်သည်။

၈။ မေးစေ့အလယ်တည့်တည့်နှုတ်ခမ်းအောက်တွင်မှဲ့ ရှိလျှင် အိမ်ထောင်ဆက် များ တတ်သည်။ သို့ မဟုတ် မြာပွေတတ်သူဖြစ်သည်။ ရွှေမိုး” ဟူ၍ ခေါ်သည်။ ကြွယ်ဝချမ်းသာတတ်သည်။

၁၀။ လက်ယာဘက် ဝှေးစေ့၌ မှဲ့ရှိလျှင် မယားရပြီး မကြာခင်ကာလတွင် သေဆုံးတတ်သည်ဟူ၍ ဖြစ်လေသည်။

အမျိုးသမီးတို့၏ မှဲ့သျှတ္တရအဟော

၁။ နဖူးပြင်ညာဘက်၌ မှဲ့ရှိလျှင် ဘုန်းကံကြီးသော လင်ယောက်ျားကိုရတတ်သည်။ အသက်ရှည်တတ်သည်။ ချမ်းသာစွာ နေရတတ်သည်။

၂။ နဖူးပြင်အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် “ရတနာဆံကျစ်”ဟူ၍ ခေါ်ဆိုသည်။ လင်ကောင်းသားကောင်း ရတတ်သည်။ ဆိုးသွမ်းသော ယောက်ျားကို ရရှိစေကာမူ လင်ကောင်းဖြစ်သွားတတ်သည်။

၃။ နဖူးပြင်ဘယ်ဘက်တွင် မှဲ့ရှိလျှင် “ရတနာ ဆီမီးထွန်း”ဟူ၍ ခေါ်ဆိုသည်။ လင်ယောက်ျားကောင်းရရုံသာမက သားကောင်း၊ သမီးကောင်းများ စွာ ထွန်းကားတတ်သည်။

Cover

၎။ ညာဘက် အောက်မျက်ခမ်းနှင့် အထက်နှုတ်ခမ်းကြား မျက်ရည်စီးကျရာ လမ်းကြောင်းတွင် ထင်ရှားစွာ မှဲ့ရှိလျှင် “မျက်ရည်ခံကြီး” ဟူ၍ ခေါ်ဆိုသည်။ လင်ယောက်ျား သေဆုံးတတ်သည်။

၅။ ဘယ်ဘက် အောက်မျက်ခမ်းစပ်နှင့် အထက်နှုတ်ခမ်းကြား မျက်ရည်စီးကျရာ လမ်းကြောင်းတွင် ထင်ရှားစွာ မှဲ့ရှိလျှင် “မျက်ရည်ခံ”ဟူ၍ ခေါ်ဆိုသည်။ ငွေကြေးချမ်းသာသော်လည်း စိတ်ဆင်းရဲတတ်သည်။မိမိကိုယ်တိုင် အသေဆိုးဖြင့် သေဆုံးရတတ်သည်။

၆။ ညာဘက်ပါးပြင် ပါးစပ်နားတွင် မှဲ့ရှိလျှင် “ရွှေပိတုန်းစုပ်” ဟူ၍ ခေါ်ဆိုသည်။ ယောက်ျားကို လွန်စွာ ချစ်ခင် ကြင်နာတတ်သည်။ လင်ယောက်ျား၏ အကျိုးကျေးဇူးကိုလည်း ခံစားရတတ်သည်။

၇။ ဘယ်ဘက်ပါးပြင် ပါးစပ်နားတွင် မှဲ့ရှိလျှင် နှုတ်တဆိတ် ဟူ၍ ခေါ်ဆိုသည်။ နှုတ်အလွန်ချိုသာတတ်သည်။ စကားပြော ပြေပြစ်ချောမောတတ်သည်။ စကားပရိယာယ် အလွန်ကြွယ်တတ်သည်။

၈။ ဘယ်ဘက် သားမြတ်တွင် မှဲ့ရှိလျှင် သမီးကောင်း၏ အကျိုးကျေးဇူးကို ခံစားရတတ်သည်။

၉။ ညာဘက်ဗိုက်သားပြင်၌ မှဲ့ရှိလျှင် သားသမီး အဖတ်မတင်တတ်ပေ၊ လင်ယောက်ျားလည်း အနာအဖျားရောဂါရှိတတ်သည်။ မိမိကိုယ်တိုင်လည်း အမြင့်နေရာမှကျပြီး သေဆုံးတတ်သည်။

၁၀။ ချက်၏ အထက်နားတွင် မှဲ့ရှိလျှင် လင်ယောက်ျားရလျှင် နှစ်ပိုင်း၊ လပိုင်းအတွင်း မိမိ သေဆုံးရတတ်သည်။

၁၁။ ချက်အောက် ဗိုက်ခေါက်တွင် မှဲ့ရှိလျှင် လင်ယောက်ျားရသော် အမှု အခင်းတွေ့ရတတ်သည်။ ဒုက္ခအမျိုးမျိုး ကြုံတွေ့ရတတ်သည်။

၁၂။ မိန်းမယောနိညာဘက်အထက်နားတွင် မှဲ့ရှိလျှင် လင်ကို သေကြောင်းကြံတတ်သည်။

၁၃။ မိန်းမယောနိ ဘယ်ဘက်အထက်နားတွင် မှဲ့ရှိလျှင် မီးယပ်ရောဂါဖြင့်သေဆုံးတတ်သည်။

၁၄။ မိန်းမယောနိထိပ်တွင် မှဲ့ရှိလျှင် လင်ယောက်ျားယူလျှင် လင်သေဆုံးတတ်သည်။ လင် သုံးဦး သေဆုံးပြီးမှ ရပ်တန့်သည်။ ယူခဲ့သမျှသော လင်ယောက်ျားတို့၏ ချစ်ခင်စွဲလမ်းနှစ်သက်မြတ်နိုးခြင်းကို ခံရတတ်သည်။

၁၅။ ညာဘက်ပေါင်တွင် မှဲ့ရှိလျှင် လင်ယောက်ျားယူသော် သေဆုံးတတ်သည်။ ဒုတိယ ယူသော လင်ယောက်ျားနှင့် မြဲတတ်သည်။

၁၆။ ဘယ်ဘက်ပေါင်၌ မှဲ့ရှိလျှင် မူရာမာယာ များ တတ်သည်။ လင်ယောက်ျားချစ်အောင် အမျိုးမျိုး ပြုလုပ်တတ်သည်။ လင်ကြီးနှင့်ပေါင်းဖော်လျက်နှင့်ပင် လင်ငယ် နေတတ်သည်။ အညှာလွယ်သည့်သဘောရှိတတ်လေသည်။

အချို့ကျမ်းများ ၌

ယောက်ျားတစ်ဦး၏ မျက်နှာပြင်ပေါ်၌ ပေါက်ရောက်လျက်ရှိသော မှဲ့နေရာကိုလိုက်၍ အောက်ပါအတိုင်း ဟောပြောတတ်ပေသည်။ ဂဏန်းအမှတ်စဉ်မှာ မှဲ့တည်နေရာများ ဖြစ်သည်။

၁။ ဖခင်ဖြစ်သူအား ခိုက်တတ်၏ ။

၂။ ငွေကြေးအဆင်ပြေနိုင်သည်။

၃။ စိတ်သဘောထား အလွန်ညံ့တတ်၏ ။

၎၊ သြဇာအာဏာရှိပြီး ကြည်ညိုလေးစားခံရလိမ့်မည်။

၅။ ဖခင်ဖြစ်သူအား ခိုက်တတ်သည်။

၆။ စားဝတ်နေရေး ပြေလည်၏ ။

၇။ မိခင်ဖြစ်သူအား ခိုက်တတ်သည်။

၈။ အလွန် ချမ်းသာကြွယ်ဝသောသူဖြစ်လိမ့်မည်။

၉။ ပထမအရွယ်တွင် သေဆုံးတတ်သည်။

၁၀။ အလွန်ချမ်းသာကြွယ်ဝသော သူတစ်ယောက် ဖြစ်လိမ့်မည်။

၁၁။ အိုးအိမ်ပိုင်ဆိုင်သူ ဖြစ်လိမ့်မည်။

၁၂။ လူကြည်ညို လေးစားခံရသူဖြစ်၏ ။ အဆင့်အတန်း မြင့်မားစွာ နေထိုင်ရမည်။

၁၃။ စိတ်အေးချမ်းစွာ နေထိုင်ရလိမ့်မည်။

၁၄။ စိတ်အေးချမ်းသာစွာ နေထိုင်ရလိမ့်မည်။

၁၅။ အိုးအိမ်ပိုင်ဆိုင်သူဖြစ်လိမ့်မည်။

၁၆။ အဆင့်အတန်း မြင့်မားသော ရာထူးရာခံရတတ်သည်။

၁၇။ ချမ်းသာကြွယ်ဝနိုင်၏ ။

၁၈။ ခရီးဝေးသွားရင်းနှင့် သေဆုံးရတတ်၏ ။

၁၉။ စီးပွားရေး ကျဆုံးတတ်သည်။

၂၀။ အသက်တိုတတ်သည်။

၂၁။ အသက်တိုသူပင် ဖြစ်သည်။

၂၂။ မီးလောင်ခြင်း ခံရပြီး သေဆုံးရတတ်သည်။

၂၃။ အဆင့်အတန်း မြင့်မားစွာ နေထိုင်ရလိမ့်မည်။

၂၄။ ချမ်းသာစွာ နေထိုင်ရလိမ့်မည်။

၂၅။ အသက်တိုတတ်သည်။

၂၆။ ဇနီးသည်ဖြစ်သူကို ခိုက်တတ်သည်။

၂၇။ ရာထူးကြီး ရရှိလိမ့်မည်။

၂၈။ ရာထူးကြီး ရရှိလိမ့်မည်။

၂၉။ စီးပွားရေး အလွန်ကျပ်တည်းရတတ်သည်။

၃၀။ အသက်တိုတတ်သည်။

၃၁။ ဆင်းရဲဒုက္ခ ရောက်တတ်၏ ။

၃၂။ ငွေကြေး အဆင်ပြေလိမ့်မည်။

၃၃။ မီးဘေးနှင့် ရေဘေး သင့်လိမ့်မည်။ ထို့ပြင် သားဖြစ်သူအားလည်း ခိုက်တတ်သည်။

၃၄။ အိမ်ထောင်ပျက်တတ်သည်။

၃၅။ မိခင်နှင့် သားသမီးများ အား ခိုက်တတ်သည်။

၃၆။ ဇနီးသည်အား ခိုက်တတ်သည်။

၃၇။ ဖခင်ဖြစ်သူအား ခိုက်တတ်၏ ။

၃၈။ လူ့သက်တမ်းကုန်အောင် မနေထိုင်ရပါ။

၃၉။ ဇနီးဖြစ်သူ ကျန်းမာရေး ညံ့လိမ့်မည်။

၄၀။ အသက်တိုတတ်။

၄၁။ သားသမီးများ အား ခိုက်တတ်၏ ။

၄၂။ ဇနီးဖြစ်သူအား ခိုက်တတ်သည်။

Cover

ယောက်ျားတစ်ဦး၏ မျက်နှာပေါ်၌ ပေါက်ရောက်လျက်ရှိသော မှဲ့ နေရာများ ။

၄၃။ သားသမီးနည်း၍ ငွေကြေးကျပ်တည်းနိုင်သည်။

၄၄။ စီးပွားရေး အဆင်ပြေနိုင်သည်။

၄၅။ စိတ်သဘောထား နူးညံ့သိမ်မွေ့သူ ဖြစ်လိမ့်မည်။

၄၆။ ဌာနဆိုင်ရာ အရာရှိတစ်ယောက် ဖြစ်လိမ့်မည်။

၄၇။ စီးပွားရေးတိုးတက်လိမ့်မည်။

၄၈။ စိတ်ထားဖြူစင် သန့်ရှင်းသောသူ ဖြစ်လိမ့်မည်။

၄၉။ ထိခိုက်မိပြီး သေဆုံးတတ်၏ ။

၅၀။ စီးပွားရေး ကျဆုံးပြီး အိမ်ထောင်ရေးပါ ပြိုကွဲလိမ့်မည်။

၅၁။ အသက်ရှည်မည့်သူပင်ဖြစ်၏ ။

၅၂။ ရေဘေးနှင့် သေဆုံးရတတ်သည်။

၅၃။ စားဝတ်နေရေး ပြေလည်ရုံသာ နေထိုင်ရမည်။

၅၄။ စိတ်သဘောထားကောင်း၍ အသက်ရှည်မည်။

၅၅။ စားသောက်ရေး အဆင်ပြေလိမ့်မည်။

၅၆။ လိုချင်တပ်မက်စိတ်များ တတ်သည်။

၅၇။ အသက်ရှည်အံ့။

၅၈။ အသက်ရှည်သူပင် ဖြစ်လိမ့်မည်။

၅၉။ အဖျားအနာ များ တတ်၏ ။

၆၀။ မကြာခဏ စကားများ ပြီး ရန်ဖြစ်တတ်သည်။

၆၁။ စိတ်သဘောထား ကောင်းမွန်၍ အစိုးရအရာရှိတစ်ယောက် ဖြစ်လိမ့်မည်။

၆၂။ ဘေးရန်များ တတ်သည်။

၆၃။ လောဘကြီးသူဖြစ်သည်။

၆၄။ သူတစ်ပါး၏ သားသမီးကို မွေးစားလိမ့်မည်။

၆၅။ စားသောက်ရေး ပြေလည်သူ ဖြစ်မည်။

၆၆။ အရက်အလွန်အကျွံသောက်ပြီး ဒုက္ခရောက်တတ်သည်။

၆၇။ ကောင်းမွန်သော အစားအသောက်များ ကိုသာ စားသောက်ရ၏ ။

၆၈။ စိတ်ထားမြင့်မြတ်သူ ဖြစ်၏ ။

၆၉။ ငွေကြေးပြည့်စုံလိမ့်မည်။

၇၀။ သြဇာအာဏာရှိသူ ဖြစ်လိမ့်မည်။

၇၁။ သြဇာအာဏာရှိသူပင် ဖြစ်လိမ့်မည်။

၇၂။ ကျက်သရေ မင်္ဂလာရှိသူ ဖြစ်၏ ။

၇၃။ ချမ်းသာကြွယ်ဝသူ ဖြစ်၏ ။

အမျိုးသမီးတစ်ဦး၏ မျက်နှာပြင်မှ မှဲ့အဟော

Cover

အမျိုးသမီးတစ်ဦး၏ မျက်နှာပေါ်၌ ပေါက်ရောက်လျက်ရှိသော မှဲ့ နေရာများ ။

၁။ ယောက်ျား ကိုးယောက်ခန့်ကို တစ်ယောက်ပြီး တစ်ယောက်ပေါင်းသင်းရလိမ့်မည်။

၂။ မိဘခိုက်တတ်ပြီး ယောက္ခမ ပါ ခိုက်တတ်သည်။

၃။ သားသမီး အနည်းငယ်သာ မွေးဖွားလိမ့်မည်။

၎။ အသက်အရွယ်ကြီးခါမှ အိမ်ထောင်ကျတတ်သည်။

၅။ လင်ယောက်ျားဖြစ်သူအား ခိုက်တတ်သည်။

၆။ လင်ယောက်ျားဖြစ်သူအား ခိုက်တတ်သည်။

၇။ တဏှာရာဂ ကြီးတတ်သည်။

၈။ ခရီးသွားရင်း သေဆုံးတတ်သည်။

၉။ ခရီးသွားရင်းပင် သေဆုံးတတ်သည်။

၁၀။ အရာရှိကတော် ဖြစ်အံ့။

၁၁။ သူတစ်ပါးအိမ်တွင် မှီခိုနေထိုင်ရလိမ့်မည်။

၁၂။ အဆင့်အတန်းမြင့်မားစွာ နေထိုင်ရလိမ့်မည်။

၁၃။ စားဝတ်နေရေး အဆင်ပြေလည်ပြီး အလုပ်အကိုင်ပါ အဆင်ပြေနိုင်သည်။

၁၄။ စားဝတ်နေရေး အဆင်ပြေနိုင်သည်။

၁၅။ အရာရှိကတော် ဖြစ်အံ့။

၁၆။ သြဇာအာဏာရှိသောသူ၏ ဇနီးသည်ဖြစ်လိမ့်မည်။

၁၇။ စိတ်သဘောထား နူးညံ့သိမ်မွေ့သူဖြစ်မည်။

၁၈။ အသက်ရှည်မည်။

၁၉။ မိဘဆွေမျိုးများ အား ခိုက်တတ်သည်။

၂၀။ လင်ကောင်းသားကောင်း ရရှိလိမ့်မည်။

၂၁။ ကျန်းမာရေး အလွန်ကောင်းသူ ဖြစ်မည်။

၂၂။ အလွန်ကြွယ်ဝချမ်းသာမည်။

၂၃။ အိမ်ထောင်ရေး သာယာမည်။

၂၄။ ငွေကြေးအဆင်ပြေ၍ စိတ်ချမ်းသာလိမ့်မည်။

၂၅။ ရေနစ်သေဆုံးရတတ်။ သို့ မဟုတ် ယောက်ျားဖြစ်သူ သေဆုံးရလိမ့်မည်။

၂၆။ အိမ်ထောင်ရေး သာယာလိမ့်မည်။

၂၇။ သားကောင်းရတနာ မွေးဖွားလိမ့်မည်။

၂၈။ အများ ၏ ကြည်ညိုလေးစားခြင်းခံရမည်။

၂၉။ အရာရှိကတော် ဖြစ်လိမ့်မည်။

၃၀။ လင်ယောက်ျားဖြစ်သူအား ခိုက်တတ်သည်။

၃၁။ အသက်ရှည်လိမ့်မည်။

၃၂။ စိတ်သဘောထား ကောင်းမွန်သူဖြစ်မည်။

၃၃။ အသက်ရှည်နိုင်သည်။

၃၄။ အသက်ရှည်မည်။

၃၅။ မိန်းမကောင်း မဖြစ်နိုင်ပါ။

၃၆။ သားသမီးနည်းလိမ့်မည်။

၃၇။ အသေဆိုးနှင့် သေဆုံးလိမ့်မည်။

၃၈။ မိသားစုအားလုံးကို ခိုက်တတ်သည်။

၃၉။ သားသမီးအား ခိုက်တတ်သည်။

၄၀။ လင်ယောက်ျား သေဆုံးမည့်မှဲ့ပင် ဖြစ်၏ ။

၄၁။ ယောက်ျားများ လိမ့်မည်။

၄၂။ မိမိလင်ယောက်ျားဖြစ်သူ အပျော်အပါးလိုက်စားလိမ့်မည်။

၄၃။ အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်သည်။

၄၄။ အသက်ရှည်၏ ။

၄၅။ မိမိကိုယ်ကို သက်သေတတ်၏ ။

၄၆။ တစ်ကိုယ်တည်း နေထိုင်ရလိမ့်မည်။

၄၇။ မိဘများ ၏ မုန်းတီးစွန့်ပစ်ခြင်းကို ခံရလိမ့်မည်။

၄၈။ ရေဘေးအန္တရာယ်နှင့် သေဆုံးနိုင်၏ ။

၄၉။ အဆင့်အတန်းနိမ့်စွာ နေထိုင်ရလိမ့်မည်။

၅၀။ အသက်ရှည်နိုင်သည်။

၅၁။ သူတစ်ပါးအိမ်တွင် ဆင်းရဲစွာ လုပ်ကိုင်စားသောက်ရလိမ့်မည်။

၅၂။ သူတစ်ပါးအိမ်တွင် ဆင်းရဲစွာ နေထိုင်ရအံ့။

၅၃။ စရိုက်ကြမ်းတမ်းသူ ဖြစ်အံ့။

၅၄။ စကားအလွန်များ သူ ဖြစ်မည်။

၅၅။ အသက်ရှည်အံ့။

၅၆။ အသေဆိုးနှင့် သေဆုံးရတတ်။

၅၇။ သူများ သားသမီးမွေးစားရလိမ့်မည်။

၅၈။ မတော်လောဘကြီးသူ ဖြစ်နိုင်သည်။

၅၉။ ရုပ်ရည်ချောမောသူ ဖြစ်လိမ့်မည်။

၆၀။ လူတစ်ဖက်သားကို အမြဲတမ်း အကူအညီပေးလိမ့်မည်။

၆၁။ သူတစ်ပါး သားသမီး မွေးစားရမည်။

၆၂။ အလုပ်အကိုင် အကြံအစည် အောင်မြင်လိမ့်မည်။

၆၃။ ရည်းစားများ သူဖြစ်အံ့။

၆၄။ အလွန်ချမ်းသာမည်။

၆၅။ စားဝတ်နေရေး ပြေလည်မည်။

၆၆။ လိမ္မာယဉ်ကျေးသူပင်ဖြစ်မည်။

၆၇။ စီးပွားရေး အနည်းငယ်သာ အဆင်ပြေနိုင်သည်။

၆၈။ လောဘကြီးသူ ဖြစ်နိုင်သည်။

၆၉။ မိမိနေအိမ်မှ အိမ်ဖော်ဖြစ်သူအား ခိုက်တတ်၏ ။

၇၀။ လင်ယောက်ျားဖြစ်သူကိုပင် လုပ်ကြံတတ်သည်။

၇၁။ ရေဘေးအန္တရာယ်နှင့် တွေ့ကြုံရမည်။

၇၂။ ရေဘေးအန္တရာယ် တွေ့ကြုံရမည့်သူပင်ဖြစ်သည်။

၇၃။ ချမ်းသာကြွယ်ဝမည်။

၇၄။ ချမ်းသာမည်။

အချို့ကျမ်းများ ၌ ကျား/မ ကိုယ်ခန္ဓာပေါ်တွင် စွဲထင်လျက်ရှိသော မှဲ့နေရာကိုလိုက်၍ ဤသို့ မူကွဲ ဟောပြောမှု များ လည်း ရှိသည်။ ယင်းတို့မှာ -

Cover

ယောက်ျား၊ မိန်းမ ရှေ့ ပိုင်းပုံ။

၁။ အလွန်ဆင်းရဲ ဒုက္ခရောက်တတ်၏ ။

၂။ အလွန်ဆင်းရဲ ဒုက္ခရောက်တတ်၏ ။

၃။ အလွန်ချမ်းသာကြွယ်ဝနိုင်သည်။

၎။ အလွန်ချမ်းသာကြွယ်ဝနိုင်သည်။

၅။ စာပေပညာ တတ်မြောက်နိုင်သည်။

၆။ ချမ်းသာနိုင်သည်။

၇။ ချမ်းသာနိုင်သည်။

၈။ စာပေပညာ တတ်မြောက်၍ သုခမိန်ဖြစ်လိမ့်မည်။

၉။ ချမ်းသာသူဖြစ်အံ့။

၁၀။ အဆုတ်ရောဂါ ဖြစ်အံ့။

၁၁။ ကျောက်ကပ်ရောဂါ ဖြစ်အံ့။

၁၂။ ချမ်းသာသောသူ ဖြစ်လိမ့်မည်။

၁၃။ ချမ်းသာပြီး အရာရာတွင် ပြည့်စုံလိမ့်မည်။

၁၄။ သြဇာအာဏာ ရှိနိုင်သည်။

၁၅။ အရာရာတွင် အောင်မြင်မှု ရရှိနိုင်။

၁၆။ ချမ်းသာကြွယ်ဝအံ့။

၁၇။ အိမ်ထောင်ရေး အဆင်မပြေဖြစ်အံ့။

၁၈။ စာဝတ်နေရေး ပြေလည်အံ့။

၁၉။ ချမ်းသာလိမ့်မည်။

၂၀။ စိတ်သဘောထား ကောင်းသူဖြစ်မည်။

၂၁။ ချမ်းသာသောသူ ဖြစ်နိုင်သည်။

၂၂။ စိတ်သဘောထားကောင်းသူပင် ဖြစ်မည်။

၂၃။ ချမ်းသာသောသူ ဖြစ်နိုင်သည်။

၂၄။ ချမ်းသာပြီး ဘုန်းကံရှိနိုင်ပေသည်။

၂၅။ ချမ်းသာပြီး ဘုန်းကံရှိနိုင်ပေသည်။

၂၆။ စိတ်အားငယ်တတ်သူ ဖြစ်အံ့။

၂၇။ စိတ်အားငယ်တတ်သူ ဖြစ်လိမ့်မည်။

၂၈။ သားကောင်းရတနာ မွေးဖွားလိမ့်မည်။

၂၉။ ချမ်းသာကြွယ်ဝပြီး လူကြည်ညိုလေးစားခံရလိမ့်မည်။

၃၀။ မော်တော်ကားပိုင်ဆိုင်သူ ဖြစ်အံ့။

၃၁။ အလွန်ချမ်းသာအံ့။

၃၂။ အလွန်ချမ်းသာအံ့။

၃၃။ ချမ်းသာသော မိသားစုမှ ဖွားမြင်သူဖြစ်သော်လည်း ပညာရေးညံ့ဖျင်းသူ ဖြစ်အံ့။

၃၄။ ချမ်းသာသော မိသားစုမှ မွေးဖွားပြီး ပညာရေး ညံ့ဖျင်းသူဖြစ်အံ့။

၃၅။ ပစ္စည်းဥစ္စာ ပေါများ လိမ့်မည်။

၃၆။ ပစ္စည်းဥစ္စာ ပေါများ လိမ့်မည်။

ကျား/မ နောက်ကျောရှိ မှဲ့ အဟော

Cover

ကျာ/မ ကိုယ်ခန္ဓာနောက်ပိုင်းတွင် စွဲထင်လျက်ရှိသော မှဲ့ များ ။

၁။ အရာရှိတစ်ယောက်ဖြစ်နိုင်သည်။

၂။ ဉာဏ်ပညာထူးချွန်အံ့။

၃။ အရာရှိတစ်ယောက် ဖြစ်နိုင်သည်။

၎။ မိမိနေထိုင်ရာ ရပ်ကွက်တွင် အုပ်ချုပ်ရသောသူဖြစ်အံ့။

၅။ မိမိနေထိုင်ရာ ရပ်ကွက်တွင် အုပ်ချုပ်ရသောသူဖြစ်အံ့။

၆။ ချမ်းသာကြွယ်ဝ၍ ဥစ္စာပေါများ နိုင်သူဖြစ်မည်။

၇။ ချမ်းသာကြွယ်ဝ၍ ဥစ္စာပေါများ နိုင်သူဖြစ်မည်။

၈။ ချမ်းသာကြွယ်ဝ၍ ဥစ္စာပေါများ နိုင်သူဖြစ်မည်။

၉။ သြဇာအာဏာ ရှိနိုင်သည်။

၁၀။ ပစ္စည်းဥစ္စာ ပေါများ လိမ့်မည်။

၁၁။ ပစ္စည်းဥစ္စာ ပေါများ လိမ့်မည်။

၁၂။ အသက်တိုတတ်သည်။

၁၃။ အသက်ရှည်သည်။

၁၄။ ဆင်းရဲဒုက္ခ ရောက်တတ်ရ၏ ။

၁၅။ ပစ္စည်းဥစ္စာ ပေါများ နိုင်သည်။

၁၆။ လူတကာထက်ပို၍ စာပေထူးချွန်နိုင်သည်။

၁၇။ ချမ်းသာနိုင်သည်။

၁၈။ ချမ်းသာနိုင်သည်။

၁၉။ သြဇာအာဏာ ရှိနိုင်သည်။

၂၀။ သြဇာအာဏာ ရှိနိုင်သည်။

၂၁။ စားဝတ်နေရေး အဆင်ပြေလိမ့်မည်။

၂၂။ စားဝတ်နေရေး အဆင်ပြေလိမ့်မည်။

၂၃။ ပျော်ရွှင်ချမ်းမြေ့မှု ရရှိနိုင်လိမ့်မည်။

၂၄။ ပျော်ရွှင်ချမ်းမြေ့မှု ရရှိနိုင်လိမ့်မည်။

၂၅။ ငွေကြေးအဆင်ပြေနိုင်သည်။

၂၆။ ငွေကြေးအဆင်ပြေနိုင်သည်။

ကျား/မ ဘေးစောင်းပုံမှ မှဲ့အဟောများ

Cover

ကျား/မ ဘေးစောင်းပုံမှ မှဲ့ များ ။

၁။ စားဝတ်နေရေး အဆင်ပြေလိမ့်မည်။

၂။ ချမ်းသာကြွယ်ဝ၍ စိတ်ချမ်းသာမှု ရရှိနိုင်သည်။

၃။ ချမ်းသာ၍ အသက်ရှည်အံ့။

၎။ ချမ်းသာသူ ဖြစ်မည်။

၅။ မကြာခဏ ဖျားတတ်သည်။

၆။ စားဝတ်နေရေး ပြေလည်ပြီး အသက်ရှည်လိမ့်မည်။

၇။ ရွှေငွေရတနာ ပေါများ သူ ဖြစ်မည်။

၈။ ရွှေငွေရတနာ ပေါများ သူ ဖြစ်မည်။

၉။ မိန်းမဖြစ်လျှင် ယောက်ျားသုံးဆက်နှင့် အိမ်ထောင်ကျပြီး ယောက်ျားဖြစ်လျှင် မိန်းမသုံးဆက်နှင့် အိမ်ထောင်ပြုရတတ်သည်။

၁၀။ မိတ်ဆွေအပေါင်းအသင်းများ နှင့် ခင်မင်မှု ပျက်တတ်ပြီး မိသားစုပါ ထိခိုက်တတ်သည်။

၁၁။ အလွန်နက်သော ချောက်ထဲသို့ လိမ့်ကျရတတ်သည်။

အချို့ မှဲ့သျှတ္တရ ကျမ်းများ ၌ အမျိုးသား၏ ကိုယ်ခန္ဓာကိုယ်၌ စွဲထင်လျက်သော မှဲ့နှင့်ပတ်သက်၍ ဤသို့ မိန့်ဆိုသော မူကွဲများ လည်းရှိပေသည်။

၁။ ယာဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် ချမ်းသာတတ်သည်။ ပစ္စည်းဥစ္စာ ပြည့်စုံတတ်သည်။ လောကီချမ်းသာ အ၀,၀ ပြီးပြည့်စုံတတ်သည်ဟု ဆိုသည်။

၂။ ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား၊ ကြက်သမား၊ ဖွဲ၊ ဂျင်၊ ကစားသမား ဖြစ်တတ်သည်။ လောင်းကစားမှု ကို ဇနီးမယားထက် ပိုမို ခင်မင်တွယ်တာတတ်သည်။

၃။ နှာခေါင်းတည့်တည့်တွင် (နှာသီးထိပ်ဖျား) မှဲ့ ရှိလျှင် ထင်ရှားသော အနုပညာရှင်ဖြစ်တတ်သည်။

၎။ ညာဘက်မျက်ခမ်းအောက်တွင် မှဲ့ရှိလျှင် မျက်နှာပွင့်၍ လူချစ်လူခင်ပေါများ တတ်သည်။

၅။ ဘယ်ဘက်မျက်ခမ်းအောက်နားတွင် မှဲ့ရှိလျှင် လူမုန်းများ တတ်သည်။ အလုပ်အကိုင်လုပ်ရာတွင် အတိုက်အခံများ တွေ့ရတတ်သည်။ ငယ်စဉ်က ဆင်းရဲ၍ နှလုံးသားအချစ်ရေးနှင့်ပတ်သက်လာလျှင် စွန့်စားတတ်သည်။ဇနီးမယား၏ သြဇာလွှမ်းမိုးခြင်းကို ခံရတတ်သည်။

၆။ ညာဘက်ပါးမို့တွင် စံပယ်တင်မှဲ့ရှိလျှင် မျက်နှာပွင့်လန်းတတ်သည်။ ဓမ္မတရားဖြင့် လောကကြီးကို ရှုမြင်တတ်သည်။ တရားနှလုံး ရှိတတ်သည်။

၇။ ဘယ်ဘက် ပါးမို့တွင် စံပယ်တင် မှဲ့ရှိလျှင် မိန်းမချော (သို့မဟုတ်) ထင်ရှား ကျော်ကြားသော မိန်းမများ နှင့် အိမ်ထောင်ကျတတ်သည်။ အထူးသဖြင့် မိန်းမများ ၏ ချစ်ခင်စွဲလမ်းခြင်းကို ခံရတတ်သည်။

၈။ ညာဘက်ပါးပြင်အောက်နားတွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာလျှင် ခဏတာမျှသာ ဖြစ်တတ်သည်။ ဆင်းရဲပင်ပန်းတတ်သည်။

၉။ ဘယ်ဘက်ပါးပြင်အောက်နားတွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာတတ်သည်။

၁၀။ ယောက်ျားကိုယ်တန်ဆာထိပ်ဖူးနားတွင် မှဲ့ရှိလျှင် မိန်းမတို့၏ ချစ်ခင်စွဲလမ်းနှစ်သက်ခြင်းကို ခံရတတ်သည်။ အချို့အဆိုအရ မှဲ့များ လေ အစွမ်းထက်လေဟုဆိုသည်။ ထိပ်ဖူးနားတွင် မှဲ့နှစ်လုံးထက်ပိုလျှင်အိမ်ထောင်ဆက် များ ပြားတတ်၏ ။

၁၁။ ခြေသလုံးအလယ်တည့်တည့်တွင် မှဲ့ရှိလျှင် ခြေသလုံးအိမ်တိုင် ဘ၀ဖြင့် နေထိုင်သွားလာကာ ဘ၀ဆုံးပါးပျက်စီးရတတ်သည်။

၁၂။ ညာလက်မတွင် မှဲ့ရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှု အခင်းများ တတ်သည်။ ငွေကြေးစေးနှဲသူ ဖြစ်တတ်သည်။



ဝန်ဇင်းချစ်သူများ သန်းဝင်းလှိုင် ၏ “ အသုံးချရူပသျှတ္တရပညာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ

ဦးနုဘ၀နှင့် စာပေမှတ်တမ်း