အခန်း(၁)
မြန်မာနိုင်ငံ၌ နာမည် ဆိုးဖြင့် ကျော်ကြားခဲ့သည့် ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင်၊ တော် လှန်ရေး ကောင်စီဥက္ကဌ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ၊ နိုင်ငံတော် ကောင်စီဥက္ကနှင့် သမ္မတဟောင်း စစ်အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်ကြီးနေ၀င်းသည် သူ့ဘ၀တစ်လျှောက်တွင် တရားဝင် ထိမ်းမြားလက်ထပ်ခဲ့သည့် အိမ်ထောင်ပေါင်းမှာ ၇ဦး ရှိခဲ့သည်။ ပထမဆုံးအိမ်ထောင် အ ဖြစ် ဒေါ်သန်းညွန့်နှင့် သူ ရန်ကုန်တက္ကသိုလ် ဥပစာသိပ္ပံ (I.Sc) အထက်တန်းမှထွက်ခဲ့ရသည့် ၁၉၃၂ ခုနှစ် တွင် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ဒေါ်သန်းညွန့်သည် အပျိုမဟုတ်ပေ။ ပထမအိမ် ထောင်နှင့် သား တစ်ယောက် ပါခဲ့သူ ဖြစ်သည်။ ဒေါ်သန်းညွန့် ခေါ် မေရီနှင့် ၁၉၇၃ ခုနှစ် အထိ ပေါင်းသင်းနေထိုင်၍ ကိုသိန်း (တာတီး) ခေါ် ဦးကျော်သိန်းကို ထွန်းကားခဲ့သည်။ ဦးနေ၀င်း၏ သားကြီးဦးကျော်သိန်းသည် မြန်မာ့ရေနံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ပြည်မြို့နေ ဦးစိန်သီး၊ ဒေါ်ဆိုင် တို့၏ သမီး မကြည်ကြည်အေးနှင့် ထက်ထပ်ခဲ့သည်။ ဦးကျော်သိန်းသည် အသက် ၄၅ နှစ် အရွယ် ၁၉၈၇ ခုနှစ် ၊ နိုဝင်ဘာ ၃၀ တွင် ကွယ်လွန်ခဲ့သည်။ ၎င်း၏ ဇနီး ဒေါ်ကြည်ကြည်အေူသည် အသက် ၅၉ နှစ် အရွယ် ၁၉၉၇ ခုနှစ် ၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။
ထို့နောက် ဒေါ်တင်တင်နှင့် ၁၉၇၃ ခုနှစ် ၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ မောင်ဂိုမာ ရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်း အိမ်အမှတ် ၁၀၆ ၌ လက်ထပ်ခဲ့သည်။ လက်ထပ်မင်္ဂလာပွဲသို့ ဗိုလ်နေ၀င်း၏ ဖခင် ဦးဖိုးခကိုယ်တိုင် တက်ရောက်ခဲ့သည်။ သခင်ရှုမောင် (ဗိုလ်နေ၀င်း) နှင့် ရှုမောင် ဂျပန်ပြည် ဟိုင်နန်ကျွန်းသို့ စစ်ပညာသင်သွားရောက်စဉ်က မောင်ငွေစိုးမှာ ၂ နှစ် သား အရွယ်မျှသာ ရှိသေးသည်။ ငွေစိုးသည် နောက်ပိုင်းတွင် ယူဘီအေ (U.B.A) ခေါ် မြန်မာ့လေ ကြောင်းဌာနတွင် ဒါကိုတာလေယာဉ်မှူး ဖြစ်လာခဲ့သည်။ ဒုတိယသား အေးအောင်ဝင်း ခေါ် ကိုအောင်အောင်ကို ၁၉၄၉ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။
ယင်းနောက် ဒေါ်တင်တင်နှင့် တရားဝင်ကွာရှင်းခြင်းမရှိဘဲ ၁၉၅၂ ခုနှစ် ၊ မတ်လ ၁၀ရက် တနင်္လာနေ့တွင် ဒေါ်ခင်မေသန်း ခေါ် ကစ်တီဘသန်းနှင့် ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ ဆေး ကျောင်းအုပ်ကြီးနေအိမ်၌ လက်ထပ်ခဲ့ပြန်သည်။ ဒေါ်ခင်မေသန်းမှာ ခွဲစိတ်ဆရာဝန်ကြီးနှင့် ဆေး ကျောင်းအုပ်ကြီး ဒေါက်တာဘသန်းနှင့် ဒေါ်ခင်ကြည်တို့၏ မွေးချင်းသားသမီးသုံးဦးအနက် ဒုတိယ သမီး ဖြစ်သည်။ ဒေါ်ခင်မေသန်း၏ အစ်ကိုနှင့် ညီမများ မှာ ဂျော့ဘသန်းခေါ် ဒေါက်တာကျော်သိန်း (ဆီးအိမ်နှင့် ကျောက်ကပ်အထူးကုဆရာဝန်) နှင့် ခင်မအေး (သွားဘက်ဆိုင်ရာ ဆေးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာအောင်သန်းတို့၏ ဇနီး) တို့ ဖြစ်သည်။
ဒေါ်ခင်မေသန်း (၂၅)နှစ် နှင့် လက်ထပ်စဉ်က ဦးနေ၀င်းသည် အသက် ၄၂နှစ် ရှိပြီး ဒုတိယ ဇနီး ဒေါ်တင်တင်နှင့် တရားဝင် မကွာရှင်းရသေးပေ။ ထို့ကြောင့် လက်ထပ်ရပြီး ၃ရက်အကြာတွင် မယား ဖြစ်သူ ဒေါ်တင်တင်က ၁၉၅၂ ခုနှစ် ၊ မတ်လ ၁၃ရက်နေ့ထုတ် "ဗမာ့ခေတ်" သတင်းစာမှစ၍ "ကျွန်မသာလျှင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ မယားကြီးပါ" ဟူ၍ ခေါင်းစဉ်တပ်ကာ ကြေညာခဲ့လေ သည်။
ဗမာ့ခေတ်သတင်းစာပါ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
သတို့သား ပြည်ထောင်စုမြန်မာနိုင်ငံတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေ၀င်းသည် မတ် လ ၁၀ရက်နေ့က သတို့သမီး ကစ်တီဘသန်းနှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး ဖြစ်သဖြင့် သတို့သား၏ မယားကြီး ဖြစ်သူ ဒေါ်တင်တင်က အောက်ဖော်ပြပါ ၁၉၅၂ မတ်လ ၁၃ရက်နေ့စွဲ ကြေညာချက်ဖြင့် တိုင်းပြည်အား တိုင်တည်လိုက်လေသည်။
်နိုင်ငံတော် သမ္မတကြီး အမှူးပြု၍ နိုင်ငံတော် ၀န်ကြီးချုပ် သခင်နုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များ ၊ နိုင်ငံရေး ခေါင်းဆောင်ကြီးများ ၊ ဗမာ့တပ်မတော် ရဲဘော်များ ၊ ရဲဘော်ဟောင်းများ နှင့် တကွ တိုင်းသူပြည်သားမြို့မိမြို့ဖအပေါင်းတို့အား စစ်သေနာပတိချုပ် သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်ကြီး နေ၀င်း၏ ဇနီး ဖြစ်သူ ကျွန်မ ဒေါ်တင်တင်နှင့် သားကိုငွေစိုး၊ ကိုအေးအောင်တို့က ရိုသေလေးမြတ် စွာ မေတ္တာရပ်တိုင်ကြားအစီရင်ခံပါသည်။
ကျွန်မ၏ ခင်ပွန်း ဖြစ်သူ ဗိုလ်ချုပ်နေ၀င်းသည် တပေါင်းလပြည့်နေ့က ရန်ကုန်ဆေးရုံကြီး ၀င်းအတွင်းရှိ ဆေးကျောင်းအုပ်ကြီး ဒေါက်တာဘသန်းနှင့် ဇနီးဒေါ်ခင်ကြည်တို့၏ နေအိမ်တွင် ဆေးကျောင်းအုပ်ကြီးဒေါက်တာဘသန်း၊ ဒေါ်ခင်ကြည်တို့၏ သမီးကြီး ကစ်တီဘသန်းနှင့် လက်ထပ်ခဲ့ပါသည်။
ကျွန်မနှင့် ဗိုလ်ချုပ်နေ၀င်းတို့မှာ လွန်ခဲ့သော ၁၄ နှစ် ခန့် မြန်မာသက္ကရာဇ် ၁၂၉၉ ခု ဒုတိယ ၀ါဆိုလဆန်း ၁၁ရက် (၁၉၇၃ ဇူလိုင်လ ၁၈ရက်) တနင်္ဂနွေနေ့တွင် မောင်ဂိုမာရီလမ်း အိမ်နံပါတ် ၁၀၆ ၌ ဗိုလ်ချုပ်နေ၀င်း၏ ဖခင်ဦးဖိုးခကိုယ်တိုင် နှစ် ဦးနှစ် ဖက်မိဘများ ရှေ့၌ အတိအလင်း လူသိ ရှင်ကြား ထိမ်းမြားမင်္ဂလာလက်ထပ်ပေးခဲ့ပါသည်။ ကျွန်မသည် ကျွန်မ၏ ခင်ပွန်း ယခုကဲ့သို့ ဗိုလ်ချုပ် ဖြစ်လာလိမ့်မည် ဟုလည်း မမျှော်မှန်းမထင်မြင်မိခဲ့ပါ။ အင်္ဂလိပ်ကို ခုခံတိုက်ခိုက်သော မျိုး ချစ်နိုင်ငံရေး ခေါင်းဆောင်ကြီးတစ်ဦးအ ဖြစ်ဖြင့် ကြည်ညိုလေးစားပြီးလျှင် ဆင်းရဲဒုက္ခအမျိုးမျိုးကို ပျော်ရွှင်စွာ ငုံ့ခံခဲ့ပါသည်။ ထိုခံခဲ့ရသော ဒုက္ခများ ကို ကျွန်မ မပြောလိုတော့ပါ။ အင်္ဂလိပ်လက်ထက် နိုင်ငံရေး သမားများ ၏ ဇနီးတိုင်း ကောင်းစွာ ခစားခဲ့ဖူးကြပါသည်။
ဗိုလ်နေ၀င်း ဂျပန်ပြည်သွားစဉ်အခါက ကျွန်မ၏ သားအကြီး ကိုငွေစိုးမှာ ၂ နှစ် သားမျှသာရှိ ပါသေးသည်။ ထို ၂ နှစ် သား ကိုငွေစိုးနှင့် ကျွန်မမှာ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံခဲ့ရပါသည်။
ဗိုလ်နေ၀င်း ဂျပန်ပြည်က ပြန်လာပြီးနောက် တာဝါလိန်းလမ်းနေအိမ် (ယခု ဗိုလ်ချုပ် ပြတိုက်ဖွင့်ထားသော အဆောက်အအုံ)တွင် ကျွန်မတို့မိသာစု ပျော်ရွှင်စွာ အတူနေထိုင်ကြပါ သည်။ ဂျပန်တော် လှန်ရေး တွင် ကျွန်မနှင့် သားကိုငွေစိုးတို့မှာ ဂျပန်ရန်ဘေးမှ ရတနာသုံးပါး ဂုဏ် ကျေးဇူးကြောင့် လက်မတင်ကလေး လွတ်မြောက်ခဲ့ကြရပါသည်။
မြန်မာပြည်ကြီး လွတ်လပ်ရေး ရပြီးနောက် ကျွန်မ၏ ခင်ပွန်းသည် ဗိုလ်ချုပ်ကြီး ဖြစ်လာပါ သည်။ ကျွန်မတို့မိသားစု ၀င်ဒါမီယာ အိမ်အမှတ် ၂၁ တွင် အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြပါ သည်။ ထိုအိမ်မှာ ပင် သက္ကရာဇ် ၁၃၁၀ ပြည့်နှစ် ၀ါဆိုလပြည့်ကျော် ၈ ရက် (၁၉၄၉ ဇူလိုင်လ ၁၇ ရက်) တနင်္ဂနွေနေ့တွင် ဒုတိယမြောက်သားငယ် ကိုအေးအောင်ကို မွေးဖွားခဲ့ပါသည်။
ယခု ကျွန်မ၏ ယောက်ျားသည် တပေါင်းလပြည့်နေ့ (မတ်လ ၁၀ ရက်) က ဒေါက်တာ ဘသန်း၏ သမီးကစ်တီဘသန်းနှင့် လက်ထပ်ကြပါသည်။ ကျွန်မ၏ ယောက်ျားသည် မည် သည့်မိန်း မကို လက်ထပ်စေကာမူ ကျွန်မ ဒေါ်တင်တင်သာလျှင် မယားကြီး ဖြစ်ကြောင်းကို နိုင်ငံတော် သမ္မတကြီးနှင့် တကွ နိုင်ငံတော် ၀န်ကြီးချုပ်သခင်နု အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ နိုင်ငံတော် ခေါင်းဆောင်များ ၊ ဗမာ့တပ်မတော် ရဲဘော်ကြီးများ ၊ ရဲဘော်ဟောင်းများ နှင့် တကွ မြို့မိမြို့ဖ တိုင်းသူ ပြည်သားတို့အား ကျွန်မဒေါ်တင်တင်နှင့် တကွ သားကြီးကိုငွေစိုး၊ သားငယ်ကိုအေးအောင်တို့က ရိုသေလေးမြတ်စွာ မေတ္တာရပ် တိုင်ကြားအပ်ပါသည်။
မြို့မိမြို့ဖများ ၏ မေတ္တာရိပ်ကို ခိုလှုံလျက်ရှိသော
(ပုံ) ဒေါ်တင်တင်
(ပုံ) ငွေစိုး (သားကြီး)
(ပုံ) အေးအောင် (သားငယ်)
ဦးနေ၀င်းနှင့် လက်ထပ်ခဲ့သော ဒေါ်ခင်မေသန်းသည် အပျိုမဟုတ်ပေ။ ၎င်း၏ ပထမအိမ် ထောင်မှာ ဒေါက်တာတောင်ကြီး (၀န်ကြီးချုပ်ဦးနု၏ သမီး ဒေါ်စန်းစန်းနု၏ ခင်ပွန်း ဗိုလ်မှူး သက်တင်တောင်ကြီးနှင့် သမီးလဲ့လဲ့ဝင်းနှင့် အမြွှာသမီးများ ဖြစ်ကြသော သီတာဝင်း (အင်ဂျင်နီယာ)၊ သော်တာဝင်း (ပါရဂူဘွဲ့ရ) တို့ ထွန်းကားခဲ့သည်။
ဒေါ်ခင်မေသန်းသည် ၁၉၇၂ ခုနှစ် ၊ သြဂုတ်လ ၁၆ ရက် အင်္ဂါနေ့တွင် မန္တလေးမြို့၌ အဖ ခွဲစိတ်ဆရာဝန်ကြီးနှင့် ဆေးကျောင်အုပ်ကြီး ဒေါက်တာ ဘသန်းနှင့် အမိဒေါ်ခင်ကြည်တို့မှ ဖွားမြင် ခဲ့သည့် မွေးချင်းသုံးဦးအနက် ဒုတိယသမီး ဖြစ်သည်။ ငယ်စဉ်က ရန်ကုန်မြို့ စိန်ဂျွန်းကွန်ဗင့် အမျိုး သမီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ဂျပန်တော် လှန်ရေး ကာလတွင် ဖခင်စီမံအုပ်ချုပ်ခဲ့သော ရန်ကုန်ဆေးရုံကြီး၌ ၁၉၉၄ ခုနှစ် မှစ၍ သူနာပြုဆရာမ အ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်ပြီး ခေတ်တွင် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော် ရှိ ကက်သလစ် တက္ကသိုလ်တွင် လည်း ကောင်း၊ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ သူနာပြုတက္ကသိုလ်တွင် လည်းကောင်း သူနာပြု ပညာသင် ကြားရေး ဆရာမ အတတ်ပညာများ ကို အစိုးရပညာသင်အ ဖြစ် တက်ရောက်သင်ကြားခဲ့သည်။ ၁၉၆၇ ခုနှစ် မှ ကွယ်လွန်ချိန် ၁၉၇၂ ခုနှစ် အထိ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သူနာပြုအသင်းကြီး၏ နာယကအ ဖြစ် ထမ်းရွက်ခဲ့သည်။
ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဒေါ်ခင်မေသန်းနှင့် လက်ထပ်ခဲ့စဉ်က ဒေါ်ခင်မေသန်းသည် ပထမအိမ်ထောင်သည် ဒေါက်တာတောင်ကြီးနှင့် တရားဝင်ကွာရှင်းပြတ်စဲခဲ့ခြင်းမရှိသော ကြောင့် မယားခိုးမှု ဖြစ်ပွားခဲ့ရသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်းအား လင်ရှိမယားအား ပေါင်းသင်း လက်ထပ်မှု ကြောင့် တပ်မတော် အက်ဥပဒေဖြင့် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုက အရေး ယူရန် ပြင်ဆင်နေစဉ် ၀န်ကြီးချုပ်အား ၀ိဓူရသခင်ချစ်မောင်၊ ဗိုလ်ခင်မောင်၊ ကလေးအပါအ၀င် အခြား နိုင်ငံရေး ခေါင်းဆောင်များ ၀ိုင်းဝန်ဖျောင်းဖျတားမြစ်ခဲ့သဖြင့် တပ်မှ မဖြုတ်ပစ်ခဲ့ရပေ။ ဒေါ်ခင်မေ သန်းကိုသာ ဒေါက်တာတောင်ကြီးနှင့် တရားဝင် ကွာရှင်းပြတ်စဲရန် ပြုလုပ်စေခဲ့သည်။
ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဒေါ်ခင်မေသန်းနှင့် လက်ထပ်ပြီးနောက် သမီးစန္ဒာဝင်း၊ ကြေးမုံ ၀င်း နှင့် သားဖြိုးေ၀၀င်း (ယခု ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ၌ ရေနံလုပ်ငန်းလုပ်ကိုင်နေသူ) တို့ ထွန်းကားခဲ့သည်။ ဗိုလ်ချုပ်နေ၀င်းသည် ပထမအိမ်ထောင် နှစ် ဆက်နှင့် သားသုံးယောက် ထွန်း ကားခဲ့ပြီး ဒေါ်ခင်မေသန်း ပထမအိမ်ထောင်နှင့် သမီးသုံးဦး ထွန်းကားခဲ့သည်။ ၎င်းတို့နှစ် ဦးသည် သမီးနှစ် ယောက် ၊ သား တစ်ယောက် ထပ်မံထွန်းကားသော ကြောင့် ရင်းနှီးသူများ ကို ဒေါ်ခင်မေ သန်းက He three, Me three and We three ဟူ၍ နောက်ပြောပြောဆိုခဲ့လေသည်။
ဦးနေ၀င်းနှင့် ဒေါ်ခင်မေသန်းတို့၏ သမီး ခင်စန္ဒာဝင်းသည် ငယ်စဉ်ကျောင်းနေစဉ်ကပင် အင်္ဂလိပ်စာ အလွန်ညံ့သော်လည်း အထက ၁ ဒဂုံကျောင်းမှ ၁၀ တန်း အောင်မြင်၍ ဆေးတက္က သိုလ် တက်ခွင့်ရခဲ့သည်။ ၁၉၇၆ ခုနှစ် တွင် ရန်ကုန်ဆေးတက္ကသိုလ် ၁ မှ M.B.B.S ဘွဲ့ရရှိခဲ့သည်။ ဆေးပညာဘွဲ့ရပြီးနောက် တပ်မတော် ဆေးရုံ (BMH-2) တွင် သားဖွားနှင့် မီးယပ်ဆရာဝန်အ ဖြစ် အမှု ထမ်းခဲ့ရာ ဗိုလ်မှူးအဆင့်သို့ တိုးမြှင့်ခံရသည်။ ယင်းနောက် ဒေါက်တာခင်စန္ဒာဝင်းသည် ၁၉၇၆ ခု၊ ဒီဇင်ဘာလတွင် ဗြိတိန်တော် ၀င်ဆေးသိပ္ပံကောလိပ်၌ ပညာသင်ကြားရန် (MRC-OG) မဟာဆေးသိပ္ပံစာမေးပွဲ ၀င်ရောက်ဖြေဆိုရာ ကျရှုံးခဲ့သည်။ သူနှင့် အတူ ဖြေဆိုသူပေါင်း ၁၄ ဦးရှိရာ ၁၁ဦး အောင်မြင်ခဲ့သည်။ သမီး ဖြစ်သူ အင်္ဂလိပ်စာညံ့ဖျင်းမှု ကြောင့် ဦးနေ၀င်းသည် ပညာရေး ၀န်ကြီးအား ခေါ်ယူ၍ အစိုးရကျောင်းများ အားလုံးတွင် သူငယ်တန်းမှစ၍ အင်္ဂလိပ်စာသင်ကြားရန် အမိန့်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုမြန်မာနိုင်ငံ တော် လှန်ရေး ကောင်စီဥက္ကဌနှင့် အစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးနေ၀င်း၏ ဒေါ်ခင်မေသန်းသည် ကျောက်ကပ်ဝေဒနာအခြေအနေဆိုးဝါးနေသော ကြောင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဖူလ်ဟင်ဆေးရုံသို့ ၁၉၇၂ ခုနှစ် ၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် တက် ရောက်ကုသခဲ့သည်။ သို့သော် ရောဂါ မှာ သက်သာမှု မရှိဘဲ စက်တင်ဘာလ ၃၀ ရက် လန်ဒန်စံ တော် ချိန် ညနေ ၄ နာရီ ၂၄ မိနစ် (မြန်မာစံတော် ချိန် ည ၁၀ နာရီ ၅၄ မိနစ်)တွင် ဦးနှောက်သွေး ကြောပြတ် ရောဂါ ဖြင့် ကွယ်လွန်ခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒေါ်ခင်မေသန်း၏ နံဘေး၌ ဗြိတိန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်မြိုင်နှင့် ဇနီး၊ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးသာထွန်း၊ သွားဖက်ဆိုင်ရာ ပညာသင် ဒေါက်တာသိန်းသိန်းဝင်းနှင့် ဗိုလ်ကြီးဒေါ်ရင်မြတို့ ရှိနေကြသည်။ ကြွင်းကျန်သော ရုပ်ကလပ်ကို ဦးနေ၀င်းသည် ပြန်လည်သယ်ယူလာရာ အောက်တိုဘာလ ၄ ရက် နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။ ကွယ်လွန်ချိန်၌ သမီး မလဲ့လဲ့ဝင်း၊ မသီတာဝင်း (ကိုထွန်းဦး)၊ မသော်တာဝင်း (ကိုစိုးလူကျော်)၊ မခင်စန္ဒာဝင်း၊ မောင်ဖြိုးေ၀၀င်း၊ မကြေးမုံဝင်းတို့ ကျန်ရစ်ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို ၁၉၇၂ အောက်တိုဘာလ ၆ ရက် သော ကြာနေ့ မွန်းလဲ ၁ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အေဒီလမ်း (ယခု မေခလမ်း အမှတ် ၂၆ နေအိမ်မှ ကြံတောသုဿာန်သို့ ပို့ဆောင်၍ ကွယ်လွန်သူဖခင်ကြီး ဒေါက်တာဘသန်းနှင့် မိခင်ဒေါ်ခင်ကြည် တို့၏ ဂူခြေရင်းတွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။
ဦးနေ၀င်းသည် တတိယဇနီးဒေါ်ခင်မေသန်း ကွယ်လွန်ပြီး ၅လ ၂၉ ရက်နေ့အကြာ ၁၉၇၃ ဧပြီလ ၄ ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သမိုင်းဌာန နည်းပြဆရာမ ဒေါ်နီနီ မြင့်နှင့် လက်ထပ်ခဲ့ပြန်သည်။
ဦးနေ၀င်းသည် ဒေါ်ခင်မေသန်း မကွယ်လွန်မီကပင် နာမည် ကြီး အကယ်ဒမီထူးချွန်ဆုရ ရုပ်ရှင်မင်းသမီးတစ်ဦးနှင့် နောက်ကွက်ဇာတ်လမ်းရှုပ်ခဲ့နေသည်။ သူ၏ လုပ်ဖော်ကိုင်ဖက် အပေါင်း အသင်း မိတ်သင်္ဂဟများ က အဆိုပါရုပ်ရှင်မင်းသမီးနှင့် လက်ထပ်ပေါင်းသင်းသွားမည် ကို သဘော မတူခဲ့ကြပေ။ ထို့ကြောင့် ဦးနေ၀င်းဇာတိမှ ရပ်ဆွေရပ်မျိုးမကင်းသော ရန်ကုန်တက္ကသိုလ် အင်္ဂလိပ် စာကတိကဆရာမ ဒေါ်သိန်းညွန့် (အင်းလျားအဆောင်မှူး) နှင့် ထက်ထပ်ပေးရန် ဆွေမျိုးများ အား အောင်သွယ်ခိုင်းသည်။ ဒေါ်သိန်းညွန့်က ဦးနေ၀င်း၏ မိန်းမရှုပ်တတ်သည့် ၀ါသနာအထုံကို သိထား ၍ ငြင်းပယ်ခဲ့သည်။ ဦးနေ၀င်းကလည်း ဦးနေ၀င်းပင်။ ဘူရိဒတ်ဇာတ်ပေါင်းပျို့လာ “ပမာခင်းမူ၊ ပုလင်းအိုးဝယ်၊ သေရက်လှယ်သော်၊ မပြယ်နံ့ဟောင်း၊ အငွေ့လှောင်းသို့၊ လှဲပြောင်း ခန္ဓာ၊ အ ဖြစ်မှာ လျှင်၊ မကွာစဉ်ဆိုက်၊ အမြဲလိုက်၍ ၊ ရှေး၌ လေ့လာ၊ ၀ါသနာဖြင့် ” ဆိုသလို “မ” နှင့် ပတ်သက်လာလျှင် ပျိုပျိုအိုအို၊ ကြီးကြီးငယ်ငယ် လုံးဝ အလွတ်မပေးချေ။ တဖန် ရောင်းရင်းများ က တပ်မတော် စစ်ဆေးရုံ၌ အမှု ထမ်းနေသော စစ်သူနာပြု အမျိုးသမီးတစ်ဦးနှင့် စေ့စပ်ခဲ့ပြန်သည်။ သို့သော် နွားအိုမြက်နုကြိုက်ဆိုသလို နုနုထွတ်ထွတ်လေးကိုမှ နှစ်သက် သော ဦးနေ၀င်းက “ငါစား ချင်တာက မျှစ်၊ ငါ့ကို ၀ါးတွေ လာကျွေးနေတယ်” ဟုဆိုကာ ဒေါသပုန်ထခဲ့သဖြင့် ၎င်းတို့ အစီ အစဉ်ပျက်ခဲ့ရလေသည်။
ထို့နောက် ဒေါ်ခင်မေသန်း၏ မိဘများ ပိုင်ဆိုင်သော တိုက်ကြီးရှိ လယ်ယာမြေများ ကို စီမံ ခန့်ခွဲပေးနေရသော အဒေါ်ကြီးခင်၏ တူမ နီနီမြင့်ကို ဆွေမျိုးများ က အတင်းစေ့စပ်ပေးရာမှ ဦးနေ၀င်းနှင့် လက်ထပ် ဖြစ်သွားခဲ့သည်။ သို့သော် ဒေါ်နီနီမြင့်သည် ထိုစဉ်က ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရ ဖလော့ရင့်မောင်စိန်နှင့် လူငယ်တို့ဘာသာဘာဝ ချစ်ကြိုက်နေပေသည်။ ဖလော့ ရင့်မောင်စိန်သည် တောင်ကြီးမှ ရွှေလိမ္မော်အရက်ချက်လုပ်ငန်း ပိုင်ရှင်၏ သား ဖြစ်သည်။ ဦးနေ၀င်း သည် ဒေါ်နီနီမြင့် မယူမိ ၎င်း၏ ငယ်ရည်းစား ဖလော့ရင့်မောင်စိန်ကို ထောက်လှမ်းရေး အဖွဲ့များ ကို မြေလှန်ရှာခိုင်းရာ သူဌေးသားသည် အင်းလေးကန်ထဲ၌ သွားပုန်းနေရသည်။ ထို့နောက် မိဘများ က စိုးရိမ်လာသဖြင့် သား ဖြစ်သူအား ထိုင်းနိုင်ငံမှတစ်ဆင့် ပြည်ပနိုင်ငံသို့ သွားရောက်နေထိုင်စေခဲ့ ကြောင်း၊ ဖလော့ရင့်မောင်စိန်၏ ငယ်သူငယ်ချင်း စိုင်းစောစံက စာရေး သူအား နောင်တွင် ပြန်ပြောင်းပြောပြခဲ့သည်။
ဒေါ်နီနီမြင့်သည် ဦးနေ၀င်းနှင့် လက်ထပ်စဉ်က အသက် ၃၂ နှစ် ရှိပြီး ဦးနေ၀င်းသည် အသက် ၆၃ နှစ် ရှိပြီ ဖြစ်သည်။
ဒေါ်နီနီမြင့်သည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်နေ အဖဦးလှဖေ၊ အမိဒေါ်အေးမြင့်တို့မှ ၁၉၄၁ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်က ဒေါ်ရိမ်အလွတ်ပညာသင် ကျောင်းတွင် ၁၉၄၅ ခုနှစ် မှ စတင်ကာ ပညာသင်ကြားခဲ့သည်။ ၁၉၅၄ တွင် ကမာရွတ် ကျားမူလ တန်းကျောင်း၊ ၁၉၅၁ တွင် ကျားအင်္ဂလိပ်အထက်တန်းကျောင်းတို့တွင် ပညာဆက်လက်သင်ကြား ခဲ့ပြီး ၁၉၅၆၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ ၁၉၆၅-၅၇ ပညာသင်နှစ် တွင် ရန်ကုန်တက္ကသိုလ်နှင့် ပေါင်းစည်းထားသည့် ထီးတန်းကောလိပ်သို့ တက်ရောက်ခဲ့သည်။ ထီးတန်း ကောလိပ်မှ ဥပစာပထမနှစ် အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့၍ ၁၉၆၁တွင် အနောက်တိုင်းသမိုင်း၊ ဒဿနဗေဒနှင့် နိုင်ငံရေး သိပ္ပံဘာသာရပ်များ ဖြင့် ၀ိဇ္ဇာဘွဲ့ ရရှိခဲ့ သည်။
ထို့နောက် မဟာဝိဇ္ဇာတန်း ဆက်လက်တက်ရောက်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း (၁၈၈၅-၁၈၉၅)ခေါင်းစဉ်ဖြင့် မဟာဝိဇ္ဇာ (သမိုင်း)ဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံဌာနတွင် နည်းပြအ ဖြစ် စတင်အမှု ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ် မှ ၁၉၇၈ ခုနှစ် အထိ ၁၇ နှစ် တာ ကာလအတွင်း ရန်ကုန်တက္ကသိုလ်၊ တောင်ကြီးကောလိပ်တို့ တွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိကအ ဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ ဧပြီလ ၄ရက်နေ့တွင် တော် လှန်ရေး ကောင်စီဥက္ကဌ ဦးနေ၀င်း (နောင်သမ္မတ)နှင့် လက်ထပ် ခဲ့သည်။ ဦးနေ၀င်းနှင့် သားသမီး မထွန်းကားခဲ့ပေ။
ယင်းနောက် ၁၉၇၈ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်သမိုင်းဌာန (သုတေသန) ညွှန်ကြားရေး မှူး၊ ၁၉၉၁ တွင် တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန (ညွှန်ကြားရေး မှူး)အ ဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၉တွင် တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌနကို အဆင့်မြှင့်ခဲ့၍ ညွှန်ကြားရေး မှူးချုပ် ဖြစ်လာခဲ့သည်။ ၁၉၉၉ တွင် စီမံထူးချွန် (ပထမဆင့်) ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များ ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် အရှေ့တောင်အာရှ ပညာရေး ၀န်ကြီးများ ၏ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန SEAMEO Regional Centre for History and Tradition (SEAMEO-CHAT) ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ ၂၀၀၂ ခုနှစ် ဧပြီလ ၇ရက်တွင် ညွှန်ကြားရေး မှူးချုပ်ရာထူးမှ အငြိမ်းစားယူပြီးနောက် မြန်မာ့သမိုင်း အချိန်ပြည့်အဖွဲ့ဝင်အ ဖြစ် ၂၀၀၂ ခုနှစ် မှ ၂၀၀၈ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ သည်။
ယင်းနောက် ဦးနေ၀င်းသည် ငယ်ချစ်ဦး အိမ်ရှေ့စံကနောင်မင်းသားကြီး (၁၈၂၀ ဇန်န၀ါရီ လ ၃၁-၁၈၆၆ သြဂုတ်လ ၂)၏ မြစ်၊ လင်းပင်မင်းသားကြီးနှင့် ရေနံ့သာခင်ခင်ကြီးတို့မြေး၊ လင်းပင် ထိပ်တင်မလတ်နှင့် ဟားဘတ်ဘယ်လာမီ (Mr. Herbet Bellamy) နှင့် လက်ထပ်ရန် အပြစ်မရှိ အပြစ်ရှာ၍ ဒေါ်နီနီမြင့်နှင့် ကွာရှင်းခဲ့သည်။ ဒေါ်နီနီမြင့်နှင့် ပြတ်စဲကြောင်းကို The Guardian အင်္ဂလိပ်သတင်းစာ၌ Ne Win divorced Ni Ni Myint ခေါင်းစဉ်ငယ်ဖြင့် ကြော်ငြာထည့်ခဲ့သည်။ အချို့ကလည်း ဒေါ်နီနီမြင့်၏ အစ်မ ဒေါ်ထားထားမြင့်သည် ကုန်သွယ်ရေး ကော်ပိုရေး ရှင်းမှ ဇင်ပိတ်များ ကို တရားမ၀င်ထုတ်ယူရောင်းချမှု ဖြင့် လင်မယားချင်း စကားများ ရမှာ ကွာရှင်းပြတ်စဲမှု ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
ရတနာနတ်မိမယ်၏ မိခင်မှာ လင်းပင်ထိပ်တင်မလတ် ဖြစ်ပြီး အိမ်ရှေ့စံကနောင်မင်းသား (ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ညီတော် ) နှင့် ကိုယ်လုပ်တော် ရ သခင်ကြီးခင်ဖော့ တို့၏ သားတော် လင်းပင်မင်းသားနှင့် ရေနံ့သာခင်ခင်ကြီးတို့၏ သမီးတော် ဖြစ်သည်။
အိမ်ရှေ့စံကနောင်မင်းသားကြီးသည် မင်းတုန်းမင်းတရားကြီး၏ ညီတော် ဖြစ်ပြီး အမည် ရင်း မှာ ဦးကောက် ဖြစ်သည်။ ကနောင်မင်းကို ၁၈၁၉ ခုနှစ် ၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ခမည်း တော် မိဘုရား (ကျောက်မော်ဓိဘုရား)တို့မှ ဖွားမြင်ခဲ့သည်။ ကနောင်မင်းသည် ဦးရီးတော် မက္ခရာ မင်းသားကြီးကဲ့သို့ မင်းဧကရာဇ်၏ ယုံကြည်မှု ၊ အားထားမှု ခံရသူ ဖြစ်ပြီး နိုင်ငံတော် ၏ တိုးတက်မှု အတွက် ထိရောက်စွာ စွမ်းဆောင်ခွင့်ရခဲ့သူ ဖြစ်သည်။
ကနောင်မင်းသည် အိမ်ရှေ့ဥပဇာ အပ်နှံခြင်းခံရပြီးနောက် သာယာဝတီမင်းနှင့် အနောက် နန်းမိဘုရား မမြကလေးတို့မှ ဖွားမြင်သော လှိုင်ထပ်ခေါင်တင်နှင့် စုံမက်ခဲ့သည်။ လှိုင်ထပ်ထားနှင့် ထန်းတပင်မင်းသားတို့ ထွန်းကားသည်။
ကနောင်မင်းသည် မင်းတုန်းမင်းတရားကဲ့သို့ပင် မိဘုရားနှင့် ကိုယ်လုပ်တော် အလွန်များ ပြားသူ ဖြစ်သည်။ မိဘုရားပေါင် ၁၀၀ ကျော်ခန့် ရှိသည်။ ထင်ရှားသော မိဘုရား၊ ကိုယ်လုပ်တော် များ မှာ အိမ်ရှေ့မိဘုရားလှိုင်ထိပ်ထား၊ မြောက်နန်းတော် ရှင်ကျေး၊ ကျောက်ဆည်သခင်၊ ခင်ကောက်ကြီး၊ ခင်စော၊ ခင်ဖဲ၊ ရွှေလှခင်ဖွား၊ ဆောင်ရသခင်ကြီးခင်မြင့်၊ ခင်သဲအူ၊ ခင်အေး၊ ခင်အစ်၊ သခင်ရှမ်း၊ ညောင်ဇင်သခင်ဥ၊ အငြိမ့်အပျိုတော် ခင်ဖော့တို့ ဖြစ်ကြသည်။
ကနောင်မင်းသည် အငြိမ့်အပျိုတော် ဆောင်ရသခင်ကြီး ခင်ဖော့နှင့် လက်ဆက်ရာမှ လင်းပင်မင်းသားကို ထွန်းကားခဲ့သည်။
လင်းပင်မင်းသားကို သမိုင်းကထိက ဦးသက်တင်က (He is am imposter) အတု အယောင်သာ ဖြစ်သည်ဟူ၍ လည်းကောင်း၊ မြန်မာပြည်မြေပုံတွင် လင်းပင်ဟူသည့် နေရာလည်း မရှိဟူ၍ လည်းကောင်း၊ သီပေါမင်း၏ မြေးတော် တော် ဘုရားကလေး ပြောပြဖူးကြောင်း စာရေး ဆရာ မောင်သန်းဆွေ (ထားဝယ်) (ယခု ယဉ်ကျေးမှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး)က သူ၏ ကုန်းဘောင် အလွန် (ဒုတိယအုပ်)၌ ရေး သားဖော်ပြထားသည်။
ကထိကဦးသက်တင်က မည် သို့သော် အထောက်အထားအရ ဤသို့ပြောသည်ကို မသိရ ပေ။ လင်းပင်မင်းသားသည် အိမ်ရှေ့စံ ကနောင်မင်းသားနှင့် ကိုယ်လုပ်တော် ဆောင်ရ သခင်ကြီး တို့မှ ထွန်းကားခဲ့သော သားတော် စစ် ဖြစ်သည်။ ငယ်မည် မှာ မောင်ဆွေမြစ်ဟု ခေါ်သည်။ သတိုး မင်းရဲဒိဗ္ဗဘွဲ့မည် ခံခဲ့သည်။ လင်းပင်ဆိုသည့်နေရာသည် ပခုက္ကူမြစ်ခြေ ကားလမ်းအဟောင်း တောင်ဘက်ဘေး၊ လမ်းသစ်မှ သွားလျှင် တစ်မိုင်ခွဲ၊ အောင်သာ၏ အနောက်မြစ်ခြေ အရှေ့ ၂ မိုင် ခန့်တွင် ရှိသည်။ လင်းပင်၊ ဖက်ပင်ဆိုသည့် ရွာများ သည် သဲချောင်းကျ၍ ရွာရွှေ့သွားပြီး မြစ်ခြေ အရှေ့ထန်းစဉ်ရွာနှင့် ပူးပေါင်းသွားသည်။
မူရင်းနေရာတွင် စေတီသုံးဆူ ရှိသေးသည်။ အနောက်ပန်းချီစုဟူ၍ လည်း ခေါ်သည်။ အိမ် ရှေ့စံ ကနောင်မင်း၏ သမီးတော် ဖြစ်သော ထိပ်ခေါင်တင်အိုကြီးသည် မြစ်ချေကို ဘွားစားရသော မင်းသမီး ဖြစ်သည်။ ကနောင်မင်း၏ သားတော် ၊ သမီးတော် အများ စုသည် ပခုက္ကူ၊ ပုဂံ၊ ညောင်ဦးတ ၀ိုက်မှ မြို့ရွာများ ကို ဘွာစားရကြသည်။
လင်းပင်မင်းသား၏ မယ်တော် ခင်ဖော့သည် လေးပြင်ထောင်မှူး၏ သမီး ဖြစ်သည်။ လေးပြင်ထောင်မှူးဟူသည်မှာ ရွှေနန်းတော် လေးမျက်နှာပတ်လည်၊ တစ်မျက်နှာ အမှု ထမ်းတပ် သားတစ်ထောင်ကို ကြီးမှူးအုပ်ချုပ်ရသူ ဖြစ်သည်။ လေးမျက်နှာရှိ၍ လေးပြင်ထောင်မှူးလေး ယောက် ရှိသည်။ နောင်အခါ ရှေ့ဝင်းမှူး၊ အနောင်ဝင်းမှူး၊ လက်ယာဝင်းမှူး၊ လက်ဝဲ၀င်းမှူး ဟူ၍ ခေါ်သည်။ နန်းတော် လုံခြုံရေး အတွက် တာဝန်ယူရသည့် အမှု ထမ်းများ ဖြစ်သည်။
လေးပြင်ထောင်မှူးတွင် ခင်သော့ ၊ ခင်ကြော့၊ ခင်ဖော့ဟူ၍ သမီးသုံးယောက် ရှိရာ သမီးကြီး ခင်သော့ သည် မဟာမင်းလှသင်္ခယာဘွဲ့ခံ အိမ်ရှေ့အတွင်းဝန်ဦးသင်ကတော် ဖြစ်သည်။ ခင်ကြော့ မှာ အခွန်တော် ၀န် မဟာမင်းကျော်သူရိန် ဦးစစ်ခါးကတော် ဖြစ်သည်။ ခင်ဖော့သည် အငြိမ့်အပျို တော် အ ဖြစ် ခစားနေရာမှ ကနောင်မင်းက မြတ်နိုး၍ ကောက်တော် မူခြင်းခံရကာ ဆောင်ရသခင် ကြီး ဖြစ်လာခဲ့လေသည်။
ဗြိတိသျှသမိုင်းများ က လင်းပင်မင်းသား၏ မယ်တော် ခင်ဖော့ကို ကချေသည် (Dancer) ဟု ရေး လေ့ရှိသည်။ ဤနေရာ၌ အငြိမ့်အပျိုတော် ဟသော ဝေါဟာရကို ရှင်းပြပါသည်။ အငြိမ့်အပျို တော် ဆိုသည်မှာ ဘုရင်နှင့် မိဘုရားကြီးများ ကို အဆောင်ဘက်တွင် ကပြတီးမှု တ်ဖျော်ဖြေကြရ သော အပျိုတော် များ ဖြစ်သည်။ အခြားအပျိုတော် များ ကဲ့သို့ ဘုရင်၊ မိဘုရားနှင့် သမီးတော် များ ၏ ဝေယျာဝစ္စကို ဆောင်ရွက်ရသူများ မဟုတ်ပါ။ နန်းတော် ၏ အနောက်ဆောင်တွင် တန်းလျားနှင့် နေကြရသည်။ အငြိမ့်အပျိုတော် ၃၀ ကျော်ခန့် ရှိသည်။
အငြိမ့်အပျိုတော် မိန်းမသားများ သည် အကအခုန်၊ အတီးအမှု တ်၊ လူပြက်လူရွှင်တော် လုပ် တတ်ကြရသည်။ ဇာတ်ခင်းပြနိုင်ကြရသည်။ ဘုရင်၊ မိဘုရား အလိုရှိလျှင် အဆို၊ အတီး၊ အက ဆက်ကြရသည်။ ဘုရင့်အပါးတော် မှာ လည်း ခစားရသည်။ နန်းတော် တွင် ကျင်းပသည့် ပွဲလမ်း သဘင်များ တွင် အသုံးတော် ခံကြရသူများ ဖြစ်သည်။ သခင်ကြီးခင်ဖော့သည် အငြိမ့်အပျိုတော် ဘ၀က အကဖြင့် ဖြေဖျော်ရသူသာ ဖြစ်သည်။
အိမ်ရှေ့စံကနောင်မင်းနှင့် ကိုယ်လုပ်တော် ဆောင်ရ သခင်ကြီးခင်ဖော့တို့မှ လင်းပင်မင်း သား ဖြစ်လာမည့်  သားတော် မောင်ဆွေမြစ် တစ်ပါးသာ ထွန်းကားပါသည်။ မောင်သန်းဆွေ (ထားဝယ်)က သူ၏ ကုန်းဘောင်အလွန် ဒုတိယအုပ် စာမျက်နှာ ၁၄၅ ၌ လင်းပင်မင်းသားသည် ၁၂၂၀ ပြည့်နှစ် ဖွားဟူ၍ ဖော်ပြထားသည်။ အဘယ်ကြောင့် ဆိုသော ခမည်းတော် ကနောင် မင်းသား လုပ်ကြံခံရစဉ်က လင်းပင်မင်းသားသည် အသက် ၈နှစ် အရွယ်သာ ရှိသေးသည်ဟု သူ့ အား လင်းပင်မင်းသားအနွယ်တော် များ က ပြောပြခဲ့သည်ဟု ဆိုသည်။
အိမ်ရှေ့စံ ကနောင်မင်း၏ သမီးတော် တစ်ပါး ဖြစ်သော ငယ်မည် မယ်ဆွေစိုးခေါ် ထိပ်ခေါင် တင်စိုးက ထန်းသာမင်းသမီး၊ သီပေါမင်းသား၊ လင်းပင်မင်းသားတို့သည် တစ်နှစ် တည်း ဖွားကြ သူများ ဖြစ်ကြောင်း၊ အားလုံးထက် လင်းပင်မင်းသားက လကြီးကြောင်း၊ သူ၏ ချွေးမတော် ရန်အောင်မြင် ခေါင်ခေါင်ကြီးကို ပြောပြဖူးသည်။
အိမ်ရှေ့စံ ကနောင်မင်း မရှိသည့် နောက်ပိုင်း တစ်နေ့တွင် ဘကြီးတော် မင်းတုန်းမင်းတရား က ညီတော် အိမ်ရှေ့စံ၏ သားတော် ၊ သမီးတော် ၊ မြေးတော် များ ကို ရှေ့တော် မှော က်ခေါ်ယူ၍ ကြည့်တော် မူသည်ဟု ဆိုသည်။ အိမ်ရှေ့စံတွင် ရွှေတိုက်စာရင်းပေါက် သားတော် ၅၃ ပါး၊ သမီး တော် ၅၂ ပါး၊ မြေးတော် ယောက်ျား ၁၈ ပါး၊ မိန်းမ ၂၁ ပါး၊ သားတော် သမီးတော် ၊ မြေးတော် စုစု ပေါင်း ၁၄၄ ပါး ရှိသည်။ အိမ်ရှေ့စံ၏ သားတော် ၊ သမီးတော် ၊ မြေးတော် များ ကြီးစဉ်ငယ်လိုက် ၁၀၀ ကျော် ခစားနေရကြရာ နောက်တန်းတွင် ရှိသည့် သားတော် ၊ သမီးတော် ငယ်များ ကို မင်းတရားကြီး ကောင်းစွာ မြင်တော် မမူ၍ မှန်ပြောင်းဖြင့် ရှုတော် မူရသည်ဟု ဆိုသည်။ ထိပ်ခေါင်တင်စိုး၏ နောက် တွင် လင်းပင်မင်းသား ခစားနေရာ မင်းတရားကြီးက -
“ဟဲ့ ….. မယ်ဆွေစိုး အနောက်က ခစားနေတာ ဘယ်သူတုန်းကွယ့်” ဟု အမိန့်ရှိလိုက် သည်။ ထိပ်ခေါင်တင်စိုးက -
“မယ်ဆွေကျားပါဘုရား”
ဟု လျှောက်ထားလိုက်သည်။ မင်းတရားကြီးကမူ မည် သို့မျှ မပြောတော့ဘဲ ခေါင်းတော် တညိတ်ညိတ် လုပ်တော် မူသည်။ ဓာတ်သိအကြောင်းသိများ က အားလုံး ပြုံးတော် မူနေကြစဉ် လင်းပင်မင်းသားသည် ထိပ်ခေါင်တင်စိုးကို နောက်မှ အသာကုတ်၍ တိုးတိုးကလေး ဆဲနေသည် ဟု ဆိုသည်။ ဤအ ဖြစ်ကို ကြည့်ခြင်းဖြင့် နန်းတော် ပေါ်တွင် ရှိသည့် အိမ်ရှေ့မင်းသမီးတော် များ ကို သာ မင်းတရားကြီးက အမှတ်ရတော် မူပုံရှိ၍ လင်းပင်မင်းသားကို မင်းတရားကြီးသည် လျစ်လျူရှု ခဲ့ဟန်တူပေသည်။
နန်းဓလေ့အရ ဘုရင်က မေးမှသာလျှင် ပြန်ဖြေရရိုး ထုံးစံရှိသည်။ ဘုရင်မမေးဘဲနှင့် ဦးအောင်လျှောက်တင်ရရိုးမရှိပါ။ လင်းပင်မင်းသားအနေနှင့် လည်း မဟုတ်မခံစိတ်ဖြင့် “ဘုရား ကျွန်တော် မျိုး လင်းပင်မင်းသားပါဘုရား”ဟူ၍ ရှင်းလင်းလျှောက်တင်ခွင့် မပြုရပေ။
အိမ်ရှေ့စံကနောင်မင်းသား ကျဆုံးရသည့် မြင်ကွန်းမြင်းခုံတိုင်အရေး နှင့် တစ်ဆက်တည်း ဖြစ်ပွားခဲ့သော ပန်းတိမ်းမင်းသား အရေး တော် ပုံကြောင့် အိမ်ရှေ့မင်း၏ ကိုယ်လုပ်တော် များ ၊ သား တော် ၊ သမီးတော် များ သည် ကစဥ့်ကလျားနှင့် အတိဒုက္ခရောက်ကြရသည်။ ကိုယ်လုပ်တော် ခင်ဖော့၏ အစ်မများ ဖြစ်သော အိမ်ရှေ့အတွင်းဝန် ဦးသင်ကတော် ခင်သော့ မိသားစု အခွန်တော် -၀န် ဦးစစ်ခါးကတော် မိသားစုတို့သည် ရန်ကုန်သို့ ထွက်ပြေးကြရသည်။ ဦးသင်မိသားစုသည် ရန်ကုန်တွင် ကျန်ခဲ့သည်။ ဦးစစ်ခါးမိသားစုကို ဗြိတိလျှအစိုးရက ထားဝယ်သို့ ပို့လိုက်သည်။ လင်းပင်မင်းသားကလေးနှင့် မယ်တော် ခင်ဖော့တို့မှာ မိခင် လေးပြင်ထောင်မှူး ကတော် ဟောင်းနှင့် အတူနေရသည်။
ဗြိတိသျှမှတ်တမ်းများ အရ လင်းပင်မင်းသား၏ အဘွားသည် မဟာမုနိဘုရားတွင် အရုပ် များ ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေရသည် ဆိုရာ မယ်တော် ခင်ဖော့သည် ကံကုန်သွား ပုံရသည်။ ဘကြီးတော် မင်းတုန်းမင်းတရားကလည်း လျစ်လျူရှုခဲ့ဟန်တူသည်။ စားဝတ်နေရေး ကျပ်တည်းသဖြင့် ဆရာမှတ်ကြီး၏ သံတဲကျောင်းတွင် ပင် မနေရတော့ပါ။ ဘကြီးတော် မင်းတုန်း မင်းတရားကြီး၏ ထောက်ပံ့မှု ကို ရရှိရေး အတွက် ဗြိတိသျှကိုယ်စားလှယ်က ကြားဝင်ဆောင်ရွက် ပေးပါရန် အကူအညီတောင်းခံဖူးသည်ဆို၏ ။ ရခဲ့ဟန်မတူပေ။
အဘယ့်ကြောင့် ဆိုသော် ဗြိတိသျှအရေး ပိုင် မစ္စတာရှောက လင်းပင်မင်းသားကို လစဉ် ထောက်ပံ့ကြေး ရူပီး ၅၀ ထောက်ပံ့ခဲ့သည်ဟု ဗြိတိသျှမှတ်တမ်းများ တွင် တွေ့ ရသော ကြောင့် ဖြစ် သည်။ ၁၈၇၉ ခုနှစ် နန်းတွင် အရှုပ်အထွေး ပေါ်ပေါက်လာသော အခါ မန္တလေးမှ ရန်ကုန်သို့ တိမ်း ရှောင်ခဲ့သည်။ (ထို့ကြောင့် ၁၈၇၉ ခု ဖေဖော်ဝါရီလ ၂၁ ရက် သော ကြာနေ့၌ ကြေးတိုက်တွင် ချုပ် ထားသော အိမ်ရှေ့စံကနောင်မင်းသား၏ သားတော် များ ကို အကျဉ်းမှလွတ်ပြီး သက်ဆိုင်ရာ ၀န်ကြီးများ ထံ အပ်ထားသော စာရင်းတွင် လင်းပင်မင်းသား၏ အမည် ကို မတွေ့ ရပေ။)
ရန်ကုန်တွင် ဗြိတိသျှအစိုးရက လစဉ်ထောက်ပံ့ကြေး ငွေရူပီး ၅၀ ဆက်၍ ပေးပြီး စိတ်ဂျွန်း ကျောင်း (ယခု လမ်းမတော် အထက ၁ ကျောင်း) တွင် ပညာသင်ကြားစေခဲ့သည်။ ရန်ကုန်တွင် နေရစဉ် ထောက်ပံ့ကြေးငွေကို တိုးပေးရန် လျှောက်ထားခဲ့သော်လည်း ဗြိတိသျှအစိုးရက မြို့အုပ် ခန့်ပြီး ထားဝယ်သို့ ပို့ခဲ့သည်။ တတိယအဆင့် တရားသူကြီးအာဏာကိုလည်း ရသည်ဟု ဆို၏ ။ လင်းပင်မင်းသားကို ရန်ကုန်မှ ပြန်လာရန် ဘကြီးတော် မင်းတုန်းမင်းက ပြန်ခေါ်သေးသည်။ ဗြိတိ သျှ အစိုးရ၏ ရာထူးကို လက်မခံရန် ဗားကရာဆရာတော် က တားသေးသည်ဟု ဆိုသည်။ လင်းပင်မင်းသားသည် ဗြိတိသျှအစိုးရ၏ ယုံကြည်မှု ကို ရရှိစေရန် မြို့အုပ်ရာထူးကို လက်ခံထား သော်လည်း ကိုယ်တိုင်မှာ မူ မြန်မာပြည်ကို ဗြိတိသျှတို့ ၀ါးမျိုမည့် အရေး ကို တွေးပြီး စိတ်လေးလျက် ရှိသည်ကို ပြောပြသည်ဟု ဆိုသည်။
၁၈၈၁ ခုနှစ် တွင် လင်းပင်မင်းသား မြို့အုပ်အ ဖြစ်နှင့် ထားဝယ်သို့ ရောက်ရှိသော အခါက လင်းပင်မင်းသား နေရန်ရသော မြို့အုပ်အိမ်သည် ထားဝယ်ရှမ္မလည်ဆွဲရပ် ဟိန္ဒူဘုရားကျောင်း အနီးတွင် ရှိသည်ဟု ဆို၏ ။ ထိုစဉ်က ထားဝယ်မြို့ မြောင်းပုလဲရပ်တွင် မယ်တော် ခင်ဖော့၏ အစ်မ အခွန်တော် ၀န်ကတော် ခင်ကြော့နှင့် သမီးများ ဖြစ်သော ခင်အူ၊ ခင်သူ၊ ခင်ငုံ၊ ခင်ချိုဆိုသူတို့ နေ ထိုင်ကြသည်။ လင်းပင်မင်းသားသည် ရှမ္မလည်ဆွဲရပ်မှ မိကြီးတော် နှင့် တ၀မ်းကွဲအစ်မများ ၊ ညီမ များ ထံ ညနေတိုင်း မြင်းလှည်းဖြင့် လာရောက်လေ့ရှိသည်။ မြို့အုပ်မင်း လင်းပင်မင်းသားကို မြောင်းပုလဲရပ်သူရပ်သားများ ကထွက်၍ ကြည့်ရသည်ဟုဆိုသည်။ မယ်တော် ခင်ဖော့သည် အလွန် ချောမောလှပရာ လင်းပင်မင်းသားသည် အိမ်ရှေ့စံကနောင်မင်း၏ သားတော် များ တွင် အချောဆုံး သားတော် ဟု အဆိုရှိသည်။ ထို့နည်းတူစွာ ရွှေဘိုမင်း (သာယာဝတီမင်း)၏ သားတော် များ တွင် ကနောင်မင်းသားသည် အချောဆုံး ဖြစ်သည်။
အခွန်တော် ၀န်သည် ဦးစစ်ခါးနှင့် ၀န်ကတော် ခင်ကြော့တို့၏ ဒုတိယသမီးခင်သူမှ မွေး သော ခင်မြှင့်(ဒေါ်မြှင့်) သည် စာရေး ဆရာမောင်သန်းဆွေ (ထားဝယ်) (ယခု ယဉ်ကျေးမှု ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး)၏ အဖွား (ဖခင်ကြီး၏ မိခင်) ဖြစ်သည်။
လင်းပင်မင်းသားသည် မယ်တော် ဘက်မှ နွယ်၍ မဟာဂီတကို ၀ါသနာထုံခဲ့သည်။ ဆင်ဖြူ ရှင်မင်းတရားလက်ထက် ဂျွမ်းပြည်(ထိုင်း) ယွန်းပြည် (ဇင်းမယ်) (ယခု ချင်းမိုင်) တို့မှ ပါလာသော အီနောင်၊ ရာမ၊ သင်္ခ၊ ပတ္တ၊ ကေသာသီရိဒဏ္ဍာရီဇာတ်များ ကို ဂျွမ်းသံခံ၊ ယွန်းသံခံတို့၏ အကူအညီ ဖြင့် မြန်မာသက္ကရာဇ် ၁၁၅၁ (ခရစ် ၁၇၉၈) ခုနှစ် တွင် မြန်မာပြန်ဆိုခဲ့ကြသည်။
ထို့နောက် မြန်မာသဘင်ပညာရှင်ရှစ်ဦးကို ဖိတ်ကြား၍ ယင်းဘာသာပြန် ဒဏ္ဍာရီများ ကို နန်းတွင်းဇာတ်တော် ကြီးများ အ ဖြစ် ခင်းကျင်းကပြနိုင်စေရန် မြန်မာတို့နှင့် ဆီလျော်သော ဇာတ် ကွက်ဇာတ်လမ်းများ ကို ထုတ်နုတ်စေ၍ ကဗျာ၊ လင်္ကာ၊ သီချင်းများ ရေး စပ်ဖွဲ့ဆိုစေခဲ့သည်။ ယင်း သို့ ရေး စပ်ဖွဲ့ဆိုစေခဲ့သည့် အထောက်အထားကို လင်းပင်မင်းသား သက္ကရာဇ် ၁၂၂၅ ခုနှစ် က မင်းတုန်းမင်းလက်ထက်၌ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် တွေ့ ရှိရသည်။ ယင်းအစီရင်ခံစာပေ မူမှာ -
“သက္ကရာဇ် ၁၁၅၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁ ရက်နေ့ ဘုန်းတော် ကြီးလှသော အိမ် ရှေ့ဘုရား အမိန့်တော် နှင့် အယုဒ္ဓယတိုင်း၊ ဂျွမ်းပြည် (ယိုးဒယားပြည်)၊ အရိရဉ္စတိုင်း၊ ယွန်းပြည် (ဇင်းမယ်) ပါ အရပ်ရပ် ဒဏ္ဍာရီဇာတ်များ ကို ဂျွမ်းသံခံ၊ ယွန်းသံခံတို့နှင့် ညှိနှိုင်း၍ မြန်မာဘာသာသို့ ပြန်ဆုံစေရာ လုံးဝဥဿသုံ ပြီးစီးသည်များ ကို နန်းတော် အိမ်တော် များ နှင့် သင့်လျော်မည် ဖြစ်သော ဇာတ်လမ်းဇာတ်ကွက်များ ကို ရွေးချယ်၍ သီဆိုကပြနိုင်ရန် ဇာတ်လမ်းဇာတ်ကွက်အလိုက် ကဗျာ၊ အလင်္ကာ၊ ဇာတ်ချင်းများ အပြည့်အစုံ ဖြစ်အောင်ရေး လို သူတို့တာဝန်ယူကြသည့် ဇာတ်ခန်း ဝေပုံကျ စာရင်း ဘုရား”
“တီးကွက်နှင့် ဇာတ်ချင်းရေး သူများ ဘုရား။
(က) ငစဥ့်ကူးမင်းမိဘုရားဟောင်း ပဘာဝတီဘွဲ့ခံ သခင်မင်းမိ၊ ၎င်းမှာ အမရပူရ ပထမ မြို့တည်မင်းတရား၏ သားတော် ကာမမြို့စားမင်းသားနှင့် ခမည်းတော် ဘုရား လက်ထက်ထိမ်းမြား သည်။
(ကာ) ပဉ္စစီမြို့စား မြင်းမှူးမင်းသား (ပြင်စည်မင်းသားမောင်နဂါးကို ဆိုလိုသည်)
(ကိ) မလဲ့သာရွာစားငယ်တိုး (အတွင်းဝန် မဟာနန္ဒယော်ဝါ ဦးကျီစိုး။)
(ခ) မလွန်မင်းသား မင်းရဲနန္ဒမိတ် (နောင် မက္ခရာမြို့စား ဖြစ်လာသူ)
(ခါ) မိုးတားမြို့စား ၀န်ထောက်တော် နေမျိုးကျော်သွာ (စမွေယျပျို့ရေး သူ)
(ခိ) အိမ်ရှေ့သံတော် ဆင့် ရွှေတိုက်စိုး နေမျိုးရာဇသူ (ရာမရကန်ရေး သူ ဦးတိုး)
(ခီ) တောင်ငူမြို့စားမင်းသား သတိုးဓမ္မရာဇာ (ပထမကာမမြို့စား) သခင်မင်းမိနှင့် ထိမ်းမြားသူ”
ဇာတ်ကွက်ဇာတ်ချင်း ရေး ၍ ပြီးစီးသော ပြဇာတ်များ မှာ အီနောင်၊ ရာမ၊ သင်္ခပတ္တ၊ ကေသာ သီရိ၊ ယင်းသည့် လေးဇာတ်ဘုရား။
ယင်းသည့်လေးဇာတ်အနက် သင်္ခပတ္တပြဇာတ်မှာ တောင်ငူမြို့စား မင်းသားသတိုးဓမ္မရာဇာ တစ်ဦးတည်း ရေး ငည် ဘုရား။
ကောသာသီရိပြဇာတ်မှာ ပဘာဝတီဘွဲ့ခံ သခင်မင်းမိ တစ်ပါးတည်း ရေး သည် ဘုရား။
၁၂၂၅ ခုနှစ် ၊ တန်ဆောင်းမုန်းလဆန်း ၁၄ ရက် (ခရစ် ၁၈၃၆ ခု၊ အောက်တိုဘာလ ၂၄ ရက်) စနေနေ့ သညာသည် စာရေး ငသာ ထွန်းသွင်း။ ရွှေတိုက်အတွင်းဝန်မင်းက ရွှေကြက်ရွှေ တိုက်စိုးသို့ အပ်စာရင်းဘုရား ဟူ၍ ဖြစ်သည်။
၁၈၇၈ ခုနှစ် ၊အောက်တိုဘာလ ၁ ရက်နေ့တွင် မင်းတုန်းမင်းတရားကြီး နတ်ပြည်စံ၍ သားတော် အိမ်ရှေ့ဥပရာဇာ သီပေါမင်း အောက်တိုဘာ ၂ ရက်နေ့တွင် နန်တက်ခဲသည်။ နန်းတက်ပြီး လေလအကြာ ၁၈၇၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် မင်းညီမင်းသား၊ မင်းသမီး၊ မင်းမြေးနှင့် တစ်နွယ်ငယ် တစ်စင်ပါများ ကို ကွပ်မျက်လိုက်သည့် သတင်းဆိုးကြီး ပျံနှံ့လာသည်။ လင်းပင်မင်းသားသည်လည်း ၁၈၈၂ ခုနှစ် တွင် ထာဝယ်မှ ဟင်္သာတသို့ ပြောင်းရွှေ့ခန့်ထား ခဲ့ရသည်။ လင်းပင်မင်းသားသည် ရတနာပုံနေပြည်တော် သို့ ပြန်ရန်လည်းမ ဖြစ်နိုင်ပေ။ အင်္ဂလိပ်က ပေးထားသည့် အလုပ်အကိုင်လည်းဆက်လက် လုပ်ကိုင်နေရလျှင် တစ်ပါးကျွန် ဖြစ်နေမည် ဟု ယူဆမိသော ကြောင့် မည် သို့ ပြုလုပ်မည် ကို နည်းလမ်း ရှာနေခဲ့သည်။
အင်္ဂလိပ်အစိုးရကလည်း သီပေါမင်းအား နန်းချပြီး ညောင်ရမ်းမင်းလင်းပင်ထိပ်တင်ကြီးနှင့် ကောင်းတုံ ထိပ်တင်မကြီးတို့၏ သား လင်းပင်ကောင်းတုံ သားကြီးကို နန်းတင်မည့်  သတင်းများ
ကြားနေရသည်။ မည် သို့ မင် ဖြစ်စေ ကြာလျှင် အင်္ဂလိပ်သည် မြန်မာနိုင်ငံကို ၀ါးမျိုးတော့မည် ဟု လင်းပင်မင်းသား ယုံကြည်နေသည်။ ဤအရေး ကို အညံ့ခံနေလျှင် ရာဇဂုဏ်၊ ရာဇမာန်နုံဖျင်းရာ ကျတော့မည် ။ ကုန်းဘောင်သွေးကို ပြန်ရပေမည် ။ ခမည်းတော် ဘုရားသွေးကို ပြရပေမည် ။ ခမည်းတော်ဘုရား သွေးကို ပြရန်လို်ပေသည်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၏ လွတ်လပ်ရေး ကို အဆုံးရှုံးခံကာ သူတစ်ပါးကျွန်၊ လူမျိုးခြား၏ အမှု ထမ်းပြုလုပ်နေရခြင်းသည် မင်းသားဈေးပျက် လှသည်ဟူ ယူဆလာဟန်တူပါသည်။
၁၈၈၃ ခုနှစ် ၊ ဇန်န၀ါရီလတွင် လင်းပင်မင်းသားသည် ဗြိတိသျှအားဏာပိုင်တို့၏ ခွင့်ပြုချက် မရရှိဘဲ ရန်ကုန်မြို့မှ ကရင်နီ (ကယား)ပြည်နယ်သို့ သွားရောက်ခဲ့သည်။ ထို့ကြောင့် ဗြိတိသျှတို့က မင်းသားကို မြို့အုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီး လစဉ်ထောက်ပံ့ကြေးငွေ ရူပီ ၅၀ မှလွဲ၍ အခြား ထောက်ပံ့ကြေးများ ကို ရပ်စဲလိုက်လေသည်။ ယင်းနှင့် ပတ်သတ်၍ “ကုန်းဘောင်ဆက်မဟာရာဇ ၀င်တော် ကြီး” တတိယတွဲတွင် -
“ယင်းသည် ၁၂၄၅ ခု နတ်တော် လပြည့်ကျော် ၈ ရက်(၁၈၈၃ ခုဒီဇင်ဘာ ၂၂ ရက်) စနေနေ့တွင် လင်းပင်မင်းသားသည် ဗြိတိလျှအာဏာပိုင်တို့၏ ခွင့်ပြုချက် မရရှိဘဲ ရန်ကုန်မြို့ အင်္ဂလိပ်အရေး တော် ပိုင် မဟာမင်းကြီးက စာရောက်သည် ” ဟူ၍ ရေး သားထားလေသည်။
ရန်ကုန်မြို့ရှိ အင်္ဂလိပ်အရေး ပိုင် မဟာဝန်ရှင်တော်မင်းကြီးက မြန်မာအစိုးရထံသို့ လင်းပင်မင်းသား မန္တလေးသို့ ပြန်ရောက်လာလျှင် ဖမ်းဆီအရေး ယူပေးပါဟု အကြောင်းကြားစာ ပေးပို့ခြင်း ဖြစ်သည်။ ဗြိတိသျှတို့၏ ထောက်ပံ့မှု နှင့် မလုံလောက်သဖြင့် စာဝတ်နေရေး ပြေလည်မှု အတွက် မော်လမြိုင်တွင် နေထိုင်ခွင့်ပြုရန် မင်းသားက တောင်းဆိုခဲ့သည်။ ဗြိတိသျှအာဏာပိုင် တို့က ထိုတောင်းဆိုမှု ကို ခွင့်ပြုသည်။
သို့ သော် မော်လမြိုင်အရေး ပိုင်၏ ခွင့်ပြုချက်မရရှိဘဲ မော်လမြိုင်မှ ထွက်ခွာသွားခြင်း မပြု ရန်တာမြစ်ထားသည်။ မော်လမြိုင်တွင် နေစဉ်ကာလအတွင်း သီပေါမင်းအား တော် လှန်ပုန်ကန် လျက်ရှိသည့် ရှမ်းစော်ဘွားအုပ်စု၏ ကိုယ်စားလှယ်များ က လင်းပင်မင်းသားအား လာရောက်ချဉ်း ကပ်ခဲကြသည်။ ရှမ်းစောဘွားအုပ်စုအား ခေါင်းဆောင်ရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။ သီပေါမင်း၏ ညံ့ဖျင်းမှု ကြောင့် အင်္ဂလိပ်သည် မြန်မာနိုင်ငံကို လက်ဝါးကြီးအုပ် ချယ်လှယ်နိုင်ရန်အတွက် ၀ါးမျိုတော့မည့် အရေး ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၏ လွတ်လပ်ရေး ဆုံးရှုံးမည့် အရေး များ မှ ကာကွယ်ရန် အင်္ဂလိပ်လက်အောက်မှ တိတ်တဆိတ် ထွက်ခွာပြီး သီပေါမင်းအား ပုန်ကန်မည့်  ရှမ်းစောဘွားအုပ်စုနှင့် မဟာမိတ်ပြုမှ ဖြစ်တော့မည် ဟု ဆုံးဖြတ်ခဲ့သည်။
လင်းပင်မင်းသားသည် ဖိတ်ကြားချက်ကို လက်ခံ၍ ၁၈၈၅ ခုနှစ် ၊ နိုင်ဝင်ဘာလတွင် မော်လမြိုင်မှ တိတ်တဆိတ်ထွက်ခွာခဲ့သည်။ ဇင်းမယ်(ချင်းမိုင်)ဘက်မှဖြတ်၍ သံလွင်မြစ် အရှေ့ ဘက်ရှိ ကျိုင်းတုံမြို့ကိုဝင်သည်။ ကျိုင်းတုံမှတစ်ဆင့် မိုးနဲမြို့သို့ သွားရောက်ခဲလေသည်။ ထိုအချိတ်က အိမ်ရှေ့မင်း(ကနောင်မင်း) ၏ သားတော် အချို့ သီပေါမင်းနန်းတက်စအရေး တွင် အသက်ခံရပြီး အချို့လည်း ဘ၀ပြောင်းကုန်ကြသည်။ ကျန်သားတော် များ ဖြစ်သော တောက်ဆင်း မင်းသား၊ ဆောက်တောင်မင်းသား၊ ရွာဝမင်းသား၊ မြင်းဝမ်းပိုက်မင်းသား နှင့် ထိပ်တင်ကိုယ် တော် ဘိုး အစရှိသော အိမ်ရှေ့ဆက်သားတော် များ သည် မန္တလေးတွင် ပင် ညှိုးညှိုးငယ်ငယ် စံနေကြရသည်။ လင်းပင်မင်းသား တစ်ပါးတည်းသာလျှင် အခြေအနေအရ အောက်ပြည်အောက် ရွာသို့ ရောက်နေလေရာ ခမည်းတော် တူ ညီနောက်ရင်းများ ကင်းကွာပြီးတစ်ပါးတည်း အထီးကျန် စံနေရလေသည်။
လင်းပင်မင်းသား မိုးနဲသို့ ရောက်သော အခါ အင်္ဂလိပ်အစိုးရက သီပေါမင်းအား အိန္ဒိယသို့ ဖမ်းဆီခေါ်ဆောင်သွားပြီးစ ဖြစ်နေလေသည်။ ရှမ်းစော်ဘွားအုပ်စုနှင့် လင်းပင်မင်းသားတို့ ဦးတည်တိုက်ခိုက်မည့်  သီပေါမင်းနန်းပလ္လင်တွင် မရှိတော့ချေ။ ရှေ့သို့ဆက်လက်၍ မည် သို့ လုပ် သင့်သနည်း ဆိုသော ပြဿနာကို လင်းပင်မင်းသားနှင့် စော်ဘွားများ ညှိနှိုင်းဆွေးနွေးကြသည်။ အင်္ဂလိပ်အစိုးရသည် မန္တလေးကို သိမ်းပိုက်ပြီးနောက် မဟာဝန်ရှင်တော် မင်းကြီးက ကြေညာချက် ထုတ်ပြန်လိုက်လေသည်။ ပြည်နယ်များ မှအပ ဖြစ်သော သီပေါမင်းပိုင်ဆိုင်ရာ မြန်မာတစ် နိုင်ငံလုံးသည် ဧကရီဘုရင်မကြီးဝိတိုရီယ၏ လက်အောက်ခံနိုင်ငံအ ဖြစ်သို့ ရောက်ရှိပြီး ဖြစ် ကြောင်း၊ မြန်မာတစ်မျိုးသားလုံးသည် ဧကရီဘုရင်မကြီး၏ ကျေးလက်တော် မျိုး၊ ကျွန်တော် မျိုး ဖြစ် ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
ဤသတင်းကိုကြာရသည့် လင်းပင်မင်းသားနှင့်ရှမ်းစော်ဘွား၊ နယ်ရှင်များ သည် ဆတ်ဆတ် ခါ နာကျည်းကြသည်။ တိုင်းတပါးသားနယ်ချဲ့အရေး ကြောင့် မျိုးချစ်စိတ် ပွားများ လကာ ပို၍ စည်းရုံး မိကြသည်။ အင်္ဂလိပ်အစိုးကို ပြန်တိုက်မည် ။ သူ့ကျွန်မခံပြီ၊ အောင်မြင်လျှင် လင်းပင်မင်းသားကို နန်းတင်မည် ဟု ဆုံးဖြတ်ကြသည်။ လင်းပင်မင်းသား ခေါင်းဆောင်သော လင်းပင်ကွန်ဖက်ဒရေစီ (Linbin Confederacy) ခေါ် လင်းပင်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြသည်။ နယ်ရှင်စော် ဘွားစ၀်ခမ်းပု၊ မိုးနဲ့စော်ဘွား ခွန်ချီ၊ ရပ်စောဘွားစောဝိုင်း၊ မိုင်းပွန်စော်ဘွားခွန်ထီး၊ ကန္တရ၀တီ စော်ဘွား စောလဖော်၊ ဖယ်ခုံစော်ဘွားဗိုလ်ပြား၊ ဆီိဆိုင်စော်ဘွားခွန်အိုး စသူတို ဖြစ်သည်။ လင်းပင် မဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များ ကို အခြားစော်ဘွား၊ မြို့စားများ သိရှိ နားလည် ပြီးပူးပေါင်းပါဝင်လာကြရန် စာများ ပေးပို့ကမ်းလှမ်းခဲ့ကြသည်။
ထို့ကြောင့် ၁၈၈၆ ခုနှစ် ၌ လင်းပင်မဟာမိတ်အဖွဲ့သို့ ကျိုင်းချိုင်၊ ကိုင်းရုံး၊ မိုင်းနောင်၊ မိုင်းပျဉ်း၊ မိုင်းလင်း၊ မိုင်းစိတ် စသော သံလွင်မြစ်အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းဒေသများ သာ မက မိုင်းရှူး၊ ကျေးသီ၊ မန်စံ၊ မိုင်းစံ၊ မိုင်းတုံ၊ မောက်မယ်၊ ကျိုင်ခမ်း၊ သထုံ၊ ဘန်းရင်၊ နန့်ခုတ်၊ နောင်မွန်၊ ဟိုပုံစသော ဒေသများ မှ စော်ဘွား၊ မြို့စားများ ရှမ်းပြည်နယ်မြေလတ်မှ ငွေခွန်မှူး အများ အပြားလည်း ပါဝင်လာခဲ့ကြသည်။ လင်းပင်မဟာမိတ်အဖွဲ့ဝင် အားကောင်းလာရခြင်း အကြောင်းမှာ အဖွဲ့၏ သဘောထားများ ကို နယ်ရှင်များ စုက လက်ခံယုံကြည်လာကြသော ကြောင့် ဖြစ်သည်။
ကျိုင်းတုံစော်ဘွားက သီပေါစော်ဘွားထံ ပေးပို့သည့်စာတွင် -
“ထီးနန်းအချုပ်အခြာအာဏာပိုင်စိုးသူတစ်ဦး ရှိမှသာလျှင် တိုင်းပြည်နှင့် သာသနာ့ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မည့်  ဖြစ်သည်။ လင်းပင်မင်းသား နန်းတက်ခဲ့သော် သဿမ မေဓအခွန်တော် ကို လွတ်ငြိမ်းခွင့်ပေးမည့် အပြင် နယ်ရှင်စော်ဘွားများ သည် ဘုရင်ထံ သုံးနှစ် တစ်ကြိမ်သာ လျှင်သစ္စာတော် ခံဝင်ပြီး လက်ဆောင်ပဏ္ဏာဆက်သရမည် ”ဟူ၍ ပါရှိကြောင်း တွေ့ ရှိ ရလေသည်။
လင်းပင်မဟာမိတ်အဖွဲ့သည် သီပေါစော်ဘွားခွန်ဆိုင်နှင့် ညောင်ရွှေစော်ဘွားစောအုံတို့ကို စည်းရုံးသိမ်းသွင်းသည်။ သီပေါစော်ဘွားစောခွန်ဆိုင်သည် ဗြိတိသျှတို့က သေဒဏ်မှ လွတ်ငြိမ်းခွင့် ပေးခဲ့သည်ကတစ်ကြောင်း၊ ဗြိတိသျှတို့အင်အားကို အထင်ကြီးလျက်ရှိနေသည် ကတစ်ကြောင်း ကြောင့် စည်းရုံးမှု ကို လက်မခံခဲ့ချေ။ ညောင်ရွှေစော်ဘွားစောအုံကိုလည်း စည်းရုံး၍ မရချေ။ သီပေါဘုရင်ကို ခြားနာ၍ ကျိုင်းတုံသို့ ပြေးဝင်ခိုလှုံခဲကြသော စော်ဘွား၊ မြို့စားသစ်သို့ကလည်း မိမိတို့ရာထူးစည်းစိမ် တည်တံ့စေရန် လင်းပင်မဟာမိတ်အဖွဲ့များ ကို တိုက်ခိုက်ခဲ့ကြသည်။ ကျိုင်းတောင် စော်ဘွားသစ်နှင့် မိုင်းနောင်စော်ဘွားသစ်တို့သည် လင်းပင်မဟာမိတ်အဖွဲ့၏ ဆန့်ကျင်ရေး ခေါင်းဆောင်များ ဖြစ်လာကြသည်။
ဤအခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်လျှင် ဗြိတိသျှကို ဆန့်ကျင်နေသော လင်းပင်မ ဟာမိတ်အဖွဲ့ဝင် စော်ဘွားမြို့စားအုပ်စု၊ လင်းပင်မဟာမိတ်အဖွဲ့ကို ဆန့်ကျင်၍ ဗြိသိသျှ တို့ကို လိုလားသော အုပ်စု၊ မြင်းစိုင်းမင်းသားဦးဆောင်သော အုပ်စု၊ သီပေါဘုရင်လက်ထက်က ရာထူးစည်းစိမ်ခံစားခဲ့ရသော အရိုးအစဉ် အဟုတ်ဘဲ အာဏာရလာသော စော်ဘွားမြို့စားအသစ် များ အုပ်စုဟူ၍ အမျိုးမျိုးကွဲပြီး တစ်ဦးနှင့် တစ်ဦး အင်အားပြိုင်လျက်ရှိခဲ့ကြရာ ရှမ်းကုန်းမြေမြင့် တစ်ခုလုံး ပြည်တွင်းစစ် ဖြစ်ပွားနေသည့်ပမာရန် မီမစဲ ရှိခဲ့သည်။
သို့ ဖြစ်၍ ဗြိတိသျှတို့သည် ရှမ်းပြည်နယ်စစ်ဆင်ရေး ကို ၁၈၈၇ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့ တွင် လှိုင်တက်မှစတင်ခဲ့သည်။ ဗြိတိသျှစစ်တပ်ကို ဦးဆောင်သည့် နိုင်ငံရေး အရာရှိမှာ ဟီလ်ဒီ ဘရင်း ဖြစ်၍ ကာနယ်စတက်မန်းက စစ်ဆင်ရေး ကို ဦးဆောင်သည်။ လင်းပင်မင်းသား ဦးဆောင် သည့် အဖွဲ့ကလည်းမြေပြန့်မှ ရှမ်းပြည်နယ်ဘက်သို့ တက်လာနိုင်သည့် ကျောက်ဆည် နာနာတ် ထိပ်တောင်ကြားလမ်း၊ မိတ္ထီလာနယ် ဆင်ကူလယ်ခေါင်းတောင်ကြားလမ်း၊ ၀က်ဖြူရေ၊ ရေသောက် မ တောင်ကြာလမ်းတို့မှနေ၍ ခံတပ်၊ ကတုတ်များ ပြု့လုပ်ကာ အခိုင်အခံ့ ပြင်ဆင်ထား ကြသည်။
ဤအချိန်တွင် ဗြိတိသျှဆန့်ကျင်ရေး အင်းအားစု၏ ခေါင်းဆောင်မြင်းစိုင်မင်းသားသည် ၁၈၈၆ ခုနှစ် ၊ သြဂုတ်လ ၁၃ ရက်နေ့ကပင် ရှမ်းပြည်နယ် ရွာငံတွင် ငှက်ဖျား ရောဂါ ဖြင့် ကံကုန်သွား ခဲ့ပြီး ဖြစ်သည်။ ဟီလ်ဒီဘရင်ဒ (A.H Hildebrand) သည် ရှမ်းပြည်နယ်သိမ်းတပ်ကို လူ ၃၀၀ အထိ တိုးချဲ့ဖွဲ့စည်းကာ လင်းပင်မင်းသား၏ ဆရာလုပ်ခဲ့ဖူးသော ဗြိတိသျှစစ်တပ်သည် ရှမ်းပြည်နယ်သို့ မဟာမိတ်ပြုလို၍ ချီတက်လာရကြောင်း၊ လူမျိုးစုအသီးသီး၏ ဘာသာဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု ကိုလေးစားကြောင်း၊ တွေ့ ဆုံလိုသူတို့ကို ကောင်းစွာ လက်ခံ၍ အန္တရာယ်ပြုမည် မဟုတ်ကြောင်း စသည် ဖြစ်ကြေညာချက်များ ကို ထုတ်ပြန်ခဲ့သည်။
၁၈၈၇ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဆင်ကူ၊ လယ်ခေါင်းတောင်ကြားလမ်းကို ဖြတ်၍ ချီတက်လာသည်နှင့် လင်းပင်အုပ်စုတပ်ဖွဲ့ဝင်များ က ဆီးကြိုတိုက်ခိုက်ကြလေသည်။ မြက်ခါးဒင် ရွာတွင် တစ်ကြိမ်နန်ခုံရွာတွင် တစ်ကြိမ် အပြင်းအထန် ခုခံတိုက်ပွဲဝင်ကြရသည်။ လင်းပင်အုပ် စုတပ်ဖွဲ့များ က ဆီးကြိုတိုက်ခိုက်ကြလေသည်။ လင်းပင်အုပ်စုတပ်ဖွဲ့တွင် တူမီးသေနတ်နှင့် ဓား၊ လှံ၊ လေမြားလောက်သော ရှိ၍ အင်္ဂလိပ်စစ်တပ်တွင် တောင်ပေါ်ပစ် အမြှောက်ကြီးများ နှင့် ရိုင်ဖယ်သေနတ်များ ပါ ရှိလာသဖြင့် လက်နက်အင်အားချင်း မမျှရာ တော် လှန်ရေး အင်အားမှာ အကျအဆုံးများ ရလေသည်။ တိုက်ရင်းခိုက်ရင်းနှင့် ခံစစ်ပြု၍ ဆုတ်ခွာပေးလာခဲရရာ အင်္ဂလိပ်တပ် သည် ပွေးလှရွာကို သိမ်းပိုက်၍ စခန်းချရပ်နာနိုင်လေသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ညောင်ရွှေမြို့ကို နယ်ချဲဗြိတိသျှတို့ သိမ်းပိုက်နိုင်ခဲ့သည်။ အင်္ဂလိပ်တို့သည် စော်ဘွားနယ်ရှင်များ ထံသို့ စာများ ပေးပို့ကာ စည်းရုံးသိမ်းသွင်းမှု များ ပြုလုပ်ကြသည်။
အင်္ဂလိပ်တို့က ရှမ်းပြည်နယ် ငြိမ်ချမ်းသာယာရေး ကို တည်ဆောက်ရန်အတွက်လာ ကြောင်း၊ ဖိနှိပ်ချုပ်ချယ်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ လွတ်လပ်ခွင့်ပေးမည် ဖြစ်ကြောင်း၊ မိတ်ဆွေ ဖြစ်ရေး ကိုသာ အဓိကထားကြောင်းစသည့် စာလွှာများ ပေးပို့စည်းရုံးခဲ့လေသည်။ လင်းပင် မင်းသား ကိုလည်း ခိုဝင်လာရန်ဖိတ်ခေါ်ခဲ့၏ ။ အပြစ်ကို လုံးဝ ခွင့်လွှတ်မည် ဖြစ်ကြောင်း၊ မင်းသားအား တစ်လလျှင် လစာငွေ ၁၅၀ ထောက်ပံ့မည် ဖြစ်ကြောင်း၊ မော်လမြိုင်(သို့ ) ရန်ကုန်မြို့ တို့အနက် နှစ်သက်ရာမြို့တွင် အိမ်တစ်လုံးရစေမည် ဖြစ်ကြောင်း စသည်ဖြင့် စာရေး သားပေးပို့ သည်။
သို့ သော် မည် သူမျှမခိုဝင်လာကြချေ။ ကန္တာရ၀တီစော်ဘွားစောလဖော်သည် “ကုလားဖြူ တွေ ကို လက်မခံကြနှင့် ၊ ခုခံတော် လှန်ကြလော့၊ သို့ မဟုတ်လျှင် ကျွန်ုပ်တို့အားလုံး ကျွန် ဖြစ်မည် ” ဟု စကားစော်ဘွားနှင့် ဖယ်ခုံစော်ဘွားတို့ထံသို့ တပ်လှန့် နှိုးဆော်စာများ ပေးပို့ခဲ့သည်။ ဗြိတိသျှ တပ်စခန်းမှ ရွာကင်းစခန်းများ ၊ အစောင့်များ ၊ စာပို့များ ကို ၀င်ရောက်လာတိုက်ခိုက်ခြင်း၊ လမ်းက ဖတ်၍ ချံခိုတိုက်ခိုက်ခြင်း စသည့် ရှောက်တခင်တိုက်ပွဲများ ဆင်၍ ဆက်လက်ပုန်ကန် မြဲပုန်ကန် နေလေသည်။
၁၈၈၇ မတ်လ ၃၀ ရက်နေ့တွင် ဗြိတိသျှတပ်က နောက်ဆုံးရာဇသံပေးပို့ကာ ချီတက် တိုက်ခိုက်ရန် ပြင်ဆင်လာလေသည်။ လဲချားစော်ဘွားနှင့် ကျေးသီစော်ဘွားတို့ ခေါင်းဆောင်သော အဖွဲ့တို့က ညအခါတွင် ဗြိတိသျှတပ်ကို ၀င်ရောက်တိုက်ခိုက်ကြသည်။ မိုင်းပွန်းစော်ဘွားသည် ကိုယ်တိုင်တော် ပေါ်ဂူဘုရားအနီးရှိ ခံကတုတ်မှနေ၍ တိုက်ခိုက်လေသည်။ သို့ သော်လက်နက်ချင်း မမျှသဖြင့် တဖြည်းဖြည်းဆုတ်၍ ပေးကြရသည်။ ထိုအချိန်တွင် လင်းပင်မင်းသားမှာ အပြင်းဖျား လျက်ရှိသည်။ မိုးနဲ့စော်ဘွားမှာ လည်းအကြားအဆစ်များ ယောင်၍ လမ်းလျှောက်နိုင်ချေ။ လင်းပင် မင်းသားသည် အားမတန်၍ မာန်လျှော့ရမည့်  အခြေအနေသို့ ရောက်နေသဖြင့် လည်းကောင်း၊ မိမိအတွက်နှင့် လူအများ ကို အတိဒုက္ခရောက်ကြရမည့် အရေး ကို မျှော်တွေးမိ၍ လည်းကောင်း ဗြိတိသျှတို့နှင့် စေ့စပ်၍ ငြိမ်းချမ်းရေး ရယူရန်း ဆုံးဖြတ်လိုက်သည်။
ထိုစဉ်က လင်းပင်မင်းသားသည် မိုးနဲ့စော်ဘွားခွန်ရှီ၊ မောက်မယ်စော်ဘွားခွန်မှုံတို့နှင့် အတူ မိုင်းပွန်မှ မိုးနဲ့သို့ ပြောင်းရွှေ့စံနေသည်။ မိုင်းပွန်စော်ဘွား ခွန်ထီးအား ဗြိတိသျှတို့ နှင့် အဖွဲ့ဝင်တို့ သည် မိုင်းပွန်စော်ဘွားနှင့် အပြေအလည် ဆွေးနွေးကာ ငြိမ်းချမ်းရေး ရယူရန် အတည်ပြုသည်။ ၁၈၈၇ ခုနှစ် မေလ ၂ ရက်နေ့တွင် စကော့နှင့် အဖွဲဝင်တို့သည် မိုင်းပွန်စော်ဘွား ခွန်ထီနှင့် အတူ လင်းပင်မင်းသားစံရာ မိုးနဲ့မြို့သို့ သွားကြည့်သည်။ ဆရာတပည့်ပြန်လည် တွေ့ ဆုံ ကြရသော အခါ ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ကြရလေသည်။ ဗြိတိသျှတပ်တွင် ပါလာသည့် ဆေးမှူးအား စမ်းသပ်စေရာ လင်းပင်မင်းသား၌ အသည်းရောင် ၍ အစာအိမ် ရောဂါ ဖြစ်နေကြောင်း တွေ့ ရလေ သည်။ မိုးနဲ့စော်ဘွားခွန်ချီမှာ လည်း အကြောသွေးမလျှောက်သည့် ဝေဒနာစွဲကပ်နေကြောင်း တွေ့ ရသည်။ အချင်းချင်း အပြန်အလှန် ဆွေးနွေးပြောဆိုကြပြီးနောက် ငြိမ်းချမ်းရေး ရယူရန် အတည်ပြုလိုက် ကြသည်။
လင်းပင်မဟာမိတ်အဖွဲ့သည် စစ်ရေး အရပြိုကွဲရသော အခါ လင်းပင်မင်းသားသည် ပဒေ သာရာဇ်အရိုက်အရာနှင့် တကွာ အဆောင်အယောင်များ ဆုံးရှုံးရသည့်အ ဖြစ်မျိုးသို့ မဆိုက်ရောက် ရန် ဗြိတိသျှအာဏာပိုင်တို့ထံ-
-မြန်မာမင်းအမှုးထမ်းများ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်၊
-အိန္ဒိယနိုင်ငံမှ ဂိုလက်ဆင်းကဲ့သို့ ရာဇာအဆင့်တွင် ထားရန်၊
-ကိုယ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့ထားရှိခွင့်ပြုရန် တောင်းဆိုခဲ့သည်။
ကိုယ်ရေး ကိုယ်တာအတွက်မူ အောက်ပါအချက်များ ကို တင်ပြလေသည်။
(၁) မိမိအပေါ်တွင် ရာဇ၀တ်ကြောင်း၊ တရားမကြောင်းမှ စ၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်၊
(၂) မိမိပိုင်သော ဆင်၊ မြင်းနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ကို ယူဆောင်ခွင့်ပြုရန်၊
(၃) မိမိအား ယခင် ခွင့်ပေးထားသည့်အတိုင်း တစ်လလျှင် လစာ ရူပီ ၂၅၀ ထောက်ပံ့ရန်၊
(၄) မန္တလေးမြို့အနီးရှိ အိမ်ရှေ့မင်းပိုင်သည့် လယ်ယာမြေ (ထန်းတော့အပါအ၀င်) အားလုံးကို ပိုင်ဆိုငိခွင့်ပေးရန်။
စသည်တို့ ဖြစ်သည်။ ဗြိတိသျှတို့သည် တောင်းဆိုချက် ၁ မှ ၃ အထိကို လိုက်လျောသည်။ ၄ ချက်ကို မလိုက်လျောသည်မှာ အိမ်ရှေ့မင်းပိုင်သည့် လယ်ယာမြေအားလုံး လင်းပင်မင်းသား တစ်ပါးတည်းကို ပိုင်ဆိုင်ခွင့်မပေးနိုင်။ အိမ်ရှေ့မင်းတွင် အမွေဆိုင် အခြားသော သားတော် ၊ သမီ်းတော် များ ရှိသေ၍ ဖြစ်သည်။ ဤအချက်နှင့် ပတ်သတ်၍ လင်းပင်မင်းသား တောင်းဆိုခဲ့သည် မှာ မိမိတစ်ဦးတည်းအတွက် မဟုတ်ပေ။ ကျန်သားတော် ၊ သမီးတော် များ အားလုံးတို့၏ ကိုယ်စား ဦးဆောင်တောင်းဆိုခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
လင်းပင်မဟာမိတ်အဖွဲ့တွင် ခိုင်မာပြတ်သားသော နယ်ချဲဆန့်ကျင်ရေး အခြေခံ မရှိခဲ့ချေ။ မူလနိုင်ငံရေး ဦးတည်ချက်သည် သီပေါမင်း၏ အာဏာစက်မှ လွတ်ကင်းသော ထီးနန်းတစ်ဆက် ထူထောင်ရန် သာ ဖြစ်သည်။ သို့ ရာတွင် အခြေအနေသည် ရုတ်ခြည်းပြောင်းလဲသွားသည်။ သီပေါမင်းပါတော် မူပြီးနောက် လင်းပင်မဟာမိတ်အဖွဲ့၏ လှုပ်ရှားမှု သည် ဗြိတိသျှဆန့်ကျင်ရေး လှုပ်ရှားမှု အ ဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့ သော် နဂိုကတည်းကပင် ခိုင်မာပြတ်သားသော လမ်းစဉ်၊ ရည်ရွယ်ချက်မရှိသလို စစ်ရေး အင် နန်းဆန့်ကျင်ရေး စော်ဘွားတစ်ခု၏ ဖိတ်ခေါ်မှု ကြောင့် ခေါင်းဆောင် ဖြစ်ခဲ့ရသည်။
“သူ(လင်းပင်မင်းသား) တောင်းဆိုချက်များ သည် ဘာမျှ အရေး မကြီး။ အရေး ကြီးသည်မှာ သူ့ကိုတိုင်းပြည်မှ တခြားသို့ ရောက်သွားအောင် လုပ်ရန်သာ ဖြစ်သည် ” ဟု နောင်တွင် ဂျော့စကော့ (J.Geore Scolt) ၏ Gazelteer of Upper Burma ans Shan States စာအုပ်၌ ရေး သားထားသကဲ့သို့ ဗြိတိသျှကိုယ်စားလှယ်များ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်က လင်းပင်မင်းသား၏ တောင်းဆိုမှု များ သည် မြန်မာမင်းမှု ထမ်းများ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အချက်မှတစ်ပါး ကျန် အချက်များ အားလုံးသည် သူ၏ ကိုယ်ရေး ကိုယ်တာအတွက်များ သာ ဖြစ်သည်ကို တွေ့ ရပေသည်။
ဤသို့ဖြင့် လင်းပင်မင်းသားသည် ၁၈၈၇ ခုနှစ် မေလ ၁၃ ရက်တွင် ဗြိတိသျှ အာဏာပိုင်တို့ ထံ လက်နက်ချလိုက်ရလေသည်။
ထို့နောက် လင်းပင်မင်းသားကို မိုးနဲမှ မိုးသောက်သို့ ခေါ်ဆောင်၍ ရန်ကုန်မြို့သို့ ပို့လိုက် သည်။ ထိုစဉ်က ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာတစ်နိုင်ငံလုံးကို ငြိမ်ဝပ်ပိပြားအောင် ထိန်းချုပ်နိုင် ခြင်း မရှိသေးချေ။ ထို့ကြောင့် လင်းပင်မင်းသားအား ရန်ကုန်တွင် ကြာကြာထားလျှင် ၎င်းတို့ အတွက် အန္တရာယ်ရှိနိုင်သည်ဟု တွက်ဆကာ လင်းပင်မင်းသား ရန်ကုန်မှ အိန္ဒိယသို့ ပြည်နှင်ဒဏ် ပေးလိုက်သည်။ မူလ ဗြိတိသျှတို့သည် လင်းပင်မင်းသားအား ရန်ကုန် (သို့မဟုတ်) မော်လမြိုင်၌ အိမ်တစ်လုံး ပေးထားပါမည် ဟု ကတိပြုခဲ့သော်လည်း ထိုကတိကို တိုင်းကြီးပြည်သားကြီးသား အလွန် သိက္ခာရှိပါသည်၊ ကတိတည်ပါသည်ဆိုသော ဗြိတိသျှတို့သည် လွယ်လွယ်ဖြင့် ပင် အဆိုပါ ကတိကို ချိုးဖောက်ခဲ့လေသည်။
ပြည်ပရောက် ကုန်းဘောင်ဆက်မင်းသားများ အနက် မြင်ကံန်းမြင်းခုံတိုင်ညီနောင်၊ ညောင် ရမ်းညောင်အုပ်ညီနောင်တို့၏ အနေအထားနှင့် လင်းပင်မင်းသားအနေအထားမှာ မတူညီပေ။ မြင်ကွန်းနှင့် ညောင်ရမ်းမင်းသားနှစ် ပါးကိုသာ နယ်ချဲ့က မြန်မာ့နန်းလျာများ အ ဖြစ် သဘောထား သည်။ အသုံးတည့်သည့်အခါ ထုတ်သုံးရန် ၀ှက်ဖဲများ ဟု ယူဆထားပုံရသည်။ သို့သော် မြင်းခုံတိုင် မင်းသားမှာ စောစီးစွာ ကံကုန်သွားသည်။ ညောင်ရမ်းမင်းသားသည်လည်း သက်တော် မရှည်ရှာ ပေ။ ညောင်အုပ်မင်းသားကို အင်္ဂလိပ်က အထင်မကြီးသကဲ့သို့ ညောင်အုပ်မင်းသားကလည်း နောက်ပိုင်းတွင် အေးဆေးစွာ ပင် နေလိုက်တော့သည်။
နယ်ချဲ့တို့သည် လင်းပင်မင်းသားကို နန်းလျာအ ဖြစ် သဘောမထားပါ။ မြန်မာပြည်တွင် ရှိ ပါက ခြေရှုပ်မည် စိုး၍ အဝေးသို့ ပို့ထားခြင်းသာ ဖြစ်သည်။ လှိုင်မင်းသား၏ သားတော် လှိုင်ထိပ်တင် လတ်ကို အိန္ဒိယသို့ ပို့ထားခြင်းမှာ လည်း ထိုသဘောပင် ဖြစ်သည်။
လင်းပင်မင်းသားကို ပထမကာလကတ္တား (ယခု ကိုးလ်ကတ္တား)တွင် ထားသည်။ နောင် အခါ အာလာဗတ်မြို့သို့ ပို့လိုက်သည်။
ဗြိတိသျှတို့၏ နိုင်ငံရေး ပင်စင်ဇယားတွင် လင်းပင်မင်းသားအား ထောက်ပံ့ငွေ ရူပီ ၅၀၀ ဟု ပြထားရာ၌ လင်းပင်မင်းသား၏ ခယ်မ (ခင်လေးငယ်) ထောက်ပံ့ငွေ ရူပီး ၃၀ ဟု ၁၈၈၂ ရက်နေ့ ရက်စွဲဖြင့် ပြထားရာ ရေနံ့သာခင်ခင်ကြီး၏ ညီမ ရေနံ့သာခင်ခင်ကလေးပင် ဖြစ်သည်။
ထို့နောက် ဗြိတိသျှတို့သည် လင်းပင်မင်းသားအား ၁၉၁၂ ခုနှစ် တွင် မြန်မာပြည်သို့ ပြန်ခွင့် ပြုလိုက်သည်။ လင်းပင်မင်းသားသည် အိန္ဒိယနိုင်ငံ အာလာဟဗတ်မြို့တွင် ၂၅ နှစ် တိုင် နေထိုင် တော် မူခဲ့ရလေသည်။ အာလာဟဗတ်မြို့တွင် ၂၅ နှစ် တိုင် နေထိုင်တော် မူရစဉ်က ဗြိတိသျှအစိုးရ က မည် သို့ပင် ပြည့်စုံစွာ ထား၍ အဆင့်အတန်းမြင့်မြင့်နှင့် အထက်တန်းလွှာတွင် ၀င်ဆံ့အောင် နေ နိုင်တော် မူသော်လည်း မြန်မာပြည်သို့သာ ပြန်ချင်တော် မူနေသည်ဟု ဆို၏ ။
ဤသို့ ဖြင့် မြန်မာပြည်သို့ ပြန်ခွင့်ပြုသည်နှင့် တစ်ပြိုင်နက်ဝမ်းမြောက်ဝမ်းသာ ရန်ကုန်သို့ ပြန်လာတောမူခဲ့လေသည်။ ဗြိတိသျှအစိုးရက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကင်းဘဲလမ်း (ယခုဝင်္ကပါလမ်း) ခြံနံပါတ် ၁၁ ရှိ မစ္စတာကော့ဗ်ရှက် (Mr. Covshed) အိမ်ကို နေရန်ပေးထား သည်။ မင်းသာကြီး ထိုအိမ်တွင် နေထိုင်စဉ်က အိမ်နားတွင် အလွန်ဆိတ်ငြိမ်အေးချမ်းပြီး ဘုရား၊ ကျောင်း၊ ကန်များ သာရှိသည်။ ကျေးရွာကလေးတစ်ရွာရှိ ရွားထဲမှလမ်းများ လမ်းကွေ့လမ်း ကောက်အလွန်များ ပြားသော ကြောင့် ရွာအမည် ကို ၀င်္ကပါရွာဟုခေါ်ကြသည်။ ထို့နောက်တွင် အင်္ဂလိပ်ကိုလိုနီခေတ်တွင် ကင်းဘဲလ်လမ်း (Compbell Road) ဟုခေါ်ခဲ့သည်။ထို့နောက် ၀င်္ကပါလမ်းဟု ယခုအခါ ပြောင်းလဲခေါ်နေပြီး ဖြစ်သည်။
မြန်မာပြည်သို့ ပြန်ရောက်လာသော အချိန်က လင်းပင်မင်းသားကြီး မှသက်တော် ၅၄ နှစ် ရှိပြီး ဖြစ်သည်။ အစ်မတော် လည်း ဖြစ် ခမည်းတော် လည်း ဖြစ်သည့် ကောင်းတုံထိပ်ခေါင်တင်က မန္တလေးသို့ လာတော် မူရန် ဖိတ်ခေါ်၍ လင်းပင်မင်းသားကြီးသည် မန္တလေးသို့ ကြွတော် မူသည်။ ထိုစဉ်က မန္တလေးတွင် အိမ်ရှေ့စံကနောင်မင်းသာ၏ သားတော် ၊ သမီးတော် အများ စုသည် ကံကုန် တော် မူကြပြီး ဖြစ်သည်။ ထိပ်ခေါင်တင်စစ်၊ ထိပ်ခေါင်တင်အိ၊ ထိပ်ခေါင်တင်အေး၊ ထိပ်ခေါင် တင်လှ၊ ထိပ်ခေါင်တင်ထွဋ်၊ ထိပ်ခေါင်တင်စိုး၊ ဒုတိယ ရန်အောင်မြင် ထိပ်ခေါင်တင်နှင့် ထန်းသာ ထိပ်ခေါင်တင်တို့သာ သက်ရှိထင်ရှား ရြှိ ကတော့သည်။ အိမ်ရှေ့မင်းသားတော် များ ထဲကမူ တောင်ဆင်းမင်းသားနှင့် မြစ်မှူးမင်းသာထိပ်တင်ကိုယ်တော် စိုးတို့သာ ကျန်တော့သည်။
လင်းပင်မင်းသားကြီးသည် ဇရာပိုင်း ရောက်နေပြီး ဖြစ်၍ ဘာသာရေး ကို ကိုင်းရှိုင်းလာ သည်။ ယောဂီဝတ်နှင့် သားနေသည်။ ထိုစဉ်က လင်းပင်သားကြီးသည် သမထလမ်းစဉ် ကျင့်လျက် ရှိသည်။ တစ်ဖက်မှ ဖိုလည်းထိုးသည်။ သို့ နှင့် ရသေကြီးဦးခန္တီနှင့် ပေါင်းဖက်မိတော့သည်။ အိမ်ရှေ့ မင်းထန်းတောများ ကို ဦးခန္တီအားလှူဒါန်းသည်။ ရသေ့ကြီးဦးခန္တီ သည် ရှိရှိသမျှ အဋ္ဌကထာ၊ ဋီကာများ ကို ကျောက်ထက်အက္ခရာတင်ပြီး စန္ဒာမုနိ ဘုရားဝင်းအတွင်း စိုက်ထူပူ ဇော်ခဲ့သည်။
၁၈၆၆ ခုနှစ် ၊ သြဂုတ်လ ၂ ရက်နေ့တွင် မြင်ကွန်းမြင်းခုံတိုင်ညီနောင် ပုန်ကန်မှု ကြောင့် အိမ်ရှေ့စံကနောင်မင်း၊ မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသာတို့ ကျဆုံးခဲ့ရသည်။ ၁၈၆၇ ဇွန်လတွင် အုတ်ဂူသွင်းပြီး ၎င်းဂူရှေ့နှစ် တောင်အကွာတွင် စန္ဒာမုနိရုပ်ပွားတော် ကိန်းဝပ်တော် မူရန် အုတ်ပြားသာဒ် ပြုလုပ်ထားသည်။ မင်းသားများ ၏ အုတ်ဂူများ သည် အုတ်ပြာသာဒ်တော် နှင့် စေတီတော် ကြီးအကြားတွင် ရောက်နေသည်။ အိမ်းရှေ့မင်းအလောင်းတော် မြှုပ်နှံရာပေါ်တွင် အုတ်ပြားသာဒ် တည်ထားသည်။ ၎င်းအုတ်ပြာသာဒ်ငယ်လို စေတီနှင့် စန္ဒ်ာမုနိရုပ်ပွားတော် မြတ် ကိန်းဝပ်ရာ ဂန္ဓကုဋိတိုက်ခေါင်မိုး ရေတံလျှောက်မှ ကျသော ရေများ သည် အိမ်ရှေ့မင်းအလောင်း မြှုပ်နှံရာပေါ်သို့ ကျသဖြင့် အိမ်ရှေ့တော် ဆက်များ မကြီးပွား၊ မထွန်းကားနိုင်ဟု ရသေ့ကြီးဦးခန္တီက လင်းပင်မင်းသားကြီးကို ပြောပြသည်။
သို့နှင့် လင်းပင်မင်းသားကြီးသည် ခမည်းတော် ဘုရား၏ အရိုးများ ကို ဖော်၍ ထုံစံနှင့်အညီ ရေသို့ ချရန် စီမံလေသည်။ ဤကိစ္စကို အခြားမောင်နှမတော် များ အား မပြောပြခဲ့ချေ။ သားတော် လင်းပင်ထိပ်တင်လတ်၏ ယောက် ဖတော် ဖြစ်သော ဦးခင်မောင်ဒွေးကိုသာ ပြောပြတိုင်ပင်၍ အတူ လိုက်ပါရန် အဖော်ခေါ်သည်။ ဦးခင်မောင်ဒွေးသည် လင်းပင်မင်းသားကြီး၏ ချွေးမတော် ရွှေပြည်ခင်ခင်ကြီး၏ မောင်အငယ်ဆုံး ဖြစ်ရာ ထိုစဉ်ကလင်းပင်မင်းသားကြီး သမီးတော် လင်းပင်ထိပ်တင်မဒွေးနှင့် မောင်လည်း နှမလည်း ပြန်၍ လက်ဆက်စေရန် သဘောတူညီမှု ရထားပြီးသော သမက်လောင်းလည်း ဖြစ်သည်။
ဦးခင်မောင်ဒွေးသည် ရှေ့နေ ဖြစ်ရာ မင်းသားကြီး ပြုလုပ်မည့် ကိစ္စသည် ဥပဒေနှင့် မလွတ်ကင်းကြောင်းသိသည်။ သို့ သော် ယောက္ခမလောင်း ဖြစ်နေ၍ ပြန်မပြောဝံ့ချေ။ အိမ်ရှေ့မင်း အလောင်တော် ဖော်သည့်ကိစ္စနှင့် ပတ်သက်၍ မောင်သန်းဆွေး( ထားဝယ်) ၏ ကုန်ဘောင် အလွန်(ဒုတိယအုပ်) စာမျက် ၁၇၈ ၌ ၁၉၇၇ သြဂုတ် ၁၅ ရက်က ဦးခင်မောင်ဒွေး ပြောပြချက်ကို အောက်ပါအတိုင်း ရေး သားဖ်ာပြထားသည်-
"'ဒီတုန်က မင်းသားကြီးနဲ့ ဘဘတို့က ပန်းရန်နှစ် ယောက် ခေါ်ပြီး ညဘက်မှာ တိတ်တ ဆိတ် သွားရတာ ၊ ပန်းရံနှစ် ယောက် ကို အဲဒီ ခေတ်က ငွေ ၁၅ ရူပီစီ ပေးရတယ်၊ ဒီတုန်းက ပုလိပ် (ရဲသား) တစ်ယောက် မှ တစ်လလခ ၁၃ ရူပီသာရတဲ့ ခေတ်လ၊ မှန်းကြည့်ပေါ့၊ အိမ်ရှေ့မင်း အလောင်တော် မြှုပ်ထားရာ အုတ်ပြားသာဒ်တော် ကို တူးရတာ ၊ အရိုးတော် တွေ ကိုတော့ မင်းသား ကြီးက ကတ္တီပါအိတ်နဲ့ ထည့်ပြီး ယူသွားတယ်၊ ပန်းရံနှစ် ယောက် ကဂူကို လက်ရာမပျက် ပြန်ပိတ် ပေးရတယ်"
"ဒီကိစ္စဟာ ဘယ်လိုပဲဖုံးထားပေမယ့် ပန်းရံနှစ် ယောက် က နှုတ်မလုံလို့ အစိုးရက သိသွား တယ်၊ မန္တလေးရေး ပိုင်က ဘဘကိုခေါ်ပြီး `ခင်ဗျားတို့ ဘာတွေ လုပ်တာလဲ၊ အင်္ဂလိပ်အစိုး ရပြုတ်အောင် ဆေးဝါးစီရင်ဖို့ လုပ်တာလား၊ ဒီလုပ်ဆောင်ချက်ဟာ ဥပဒေနဲ့ မညီညွတ်ဘူးဆိုတာ ခင်ဗျား အသိဘူးလား´ လို့ ခေါ်ပြီး ကြိမ်းပါရော၊ ဒီတော့ ဘဘက `သူ့အဖေရဲ့ အရိုးကိုသူ့သားက ဖော်တာ၊ ဘာတတ်နိုင်မှာ လဲ´လို့ ခမ်မာမာပြန်ပြောလိုက်တယ်၊ ဒီကိစ္စဟာ ဘာမှမ ဖြစ်ဘဲ အေးသွားတယ် ထင်ရပေမယ့် ဒီိကိစ္စကြောင့် မင်းသားကြီးကို နောက်ပိုင်းမှာ အိန္ဒိယ ပြန်ပို့လိုက် တယ် "ဟူ၍ ရေး သားထားလေသည်။
အိမ်ရှေ့မင်း၏ အရိုးတော် များ ကို လင်းပင်မင်းသား တိတ်တဆိတ် ဖော်သည့်ကိစ္စသည် မန္တလေးရှိ အိမ်ရှေ့မင်း၏ သားတော် ၊ သမီ်းတော် များ သိသွားတော် မူသည်။ ယင်းတို့အား မတိုင်ပင် ဘဲပြုသည်ကို လင်းပင်မင်းသားအပေါ် အတော် ပင် မကျေမနပ် ဖြစ်ခဲ့ကြသည်။ လင်းပင်မင်းသား က အိမ်ရှေ့တော် ဆက်တစ်ခုလုံး ကောင်းစားရေး အတွက် အိမ်ရှေ့ဘုရား အရိုးတော် များ ကို ရတနာပန်းတောင်းဖြင့် ထည့်၍ ဘိသိက်မြှောက်ပြီး လှိုင်မြစ်ထဲသို့ ချခဲ့သည်ဟု သိရသည်။
အဆိုပါကိစ္စကြောင့် လင်းပင်မင်းသားကြီးအားမန္တလေးသို့ လာခွင့်မပေးတော့ချေ။ သို့ ဖြင့် ဗြိတိသျှကိုလိုနီအစိုးရသည် ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၅ ခုနှစ် တွင် လင်းပင်မင်းသားကို အိန္ဒိယသို့ ထပ်မံပြန်ပို့ခဲ့သည်။ ဤအကြိမ်တွင် မူ ကာလကတ္တာ၌ နေရသည်။ လင်းပင်မင်းသားကြီး သည် ၆ နှစ် တိုင်တိုင် နေခဲ့ရပြီး ရန်ကုန်မြို့တွင် ကောင်းမွန်ုစွာ နေထိုင်ပါမည် ဟု ကတိဝန်ခံချက် ပြုကာ ၁၉၂၁ ခုနှစ် တွင် မြန်မာပြည်သို့ ပြန်လာသည်။ နံပါတ် ၁၁၂၊ ကံဘဲ့ပါ့တ်လိန်တွင် မြေ ၃ ဧကကို အပိုင်ပေးသည်။ ၎င်း မြေပေါ်တွင် မင်းသာကြီးသည် အလွန်ခမ်းနားသော အိမ်ကြီး တစ်ဆောင် စိတ်ကြိုက်ဆောက်လုပ်နေထိုင်ခဲ့သည်။
အိမ်တော် ၏ လေးဖက်ထောင့်တွင် ရေကန်လေးကန်တူးပြီး ထွက်လာသည့် မြေများ ကိုဖို့ ကာ အလယ်တွင် အိမ်ဆောက်သည်။ နှစ် ထပ်တိုက်ခံအိမ်ကြီး ဖြစ်သည်။ အရှေ့ဘက် တွင် ၀ရံတာ ရှိသည်။ အောက်ထပ်တွင် ထမင်းစားခန်းနှင့် အိပ်ခန်းလေးခန်း (ရေး ချိုးခန်း၊ အိမ်သာတွဲလျက်) ရှိသည်။ ပေါ်ထပ်တွင် လည်း အိပ်ခန်းများ နှင့် ဖြစ်သည်။ အိမ်တော် ကြီးအရွယ် ဆင်ရုပ်တုကြီး ရှိသည်။ ဆင်အောက်တွင် နိုင်ငံခြားမှ ၀ယ်ယူထားသော သစ်သီးအတုများ ကို ကလပ်ကြီးဖြင့် အလှဆင်ထားသည်။
ဧည့်ခန်းနံရံတွင် ကျားခေါင်းကြီးနှင့် ကျားရေချပ်ကြီးများ ကို ကျားခေါင်းအပေါ်လှန်၍ ဆွဲကပ်ပြထားသည်။
ဤမျှ ခမ်းနားသော အိမ်ကြီးကို ``ရတနာသိင်္ဃ´´ဟု အမည် ပေးထားသည်။ ဤအမည် ကို ကြေးပြားပေါ်တွင် ရေး ၍ အိမ်အပေါ်ထပ်နံရံတွင် ကပ်ထားရာ ယခုတိုင်ရှိသေးသည်။ ယခုအခါ အဆိုပါအိမ်တော် ကြီးတွင် တရုတ်နန်ယန်ကျောင်း (ယခု ဗဟန်း အထက၂) ဖြစ်လာသည်။ ၀င်းတော် အတွင်း အောက်ဟောင် (Out House) တစ်ဆောင် ဆောက်လုပ်ထားသည်။ အိမ်တော် ကလေးဟု ခေါ်သည်။ ၎င်းအိမ်တော် ကလေးထဲတွင် ဒုံမင်း၊ ပတ္တလား၊ စောင်း အစရှိ သည့် တူရိယာများ ရှိသည်။ လင်းပင်မင်းသားကြီးသည် အဆိုပါအိမ်တော် ၌ ၀င်းတော် ထိန်းရန် မာလီ (ဥယျာဉ်မှူး)၊ ဖို့ဒ်ကားတစ်စီး၊ ဘွိုင် (စားပွဲထိုး)၊ ကွတ်(ထမင်းချက်) စသည်တို့နှင့် ဥရောပ ဆန်စွာ နေထိုင်တော် မူသည်။
ထိုအချိန်က လင်းပင်မင်းသား၏ သားတော် ၊ သမီးတော် များ အနက် သားတော် အကြီးဆုံး လင်းပင်းထိပ်တင်ကြီးမှာ ကံကုန်တော် မူသွားပြီး ဖြစ်သည်။ သမီးတော် အငယ်ဆုံး လင်းပင် ထိပ်တင်မထွေးမှာ လည်း မင်းသားကြီး အိန္ဒိယမှ ပြန်လာပြီးနောက် ကံတော် ကုန်သွားသည်။ မြောက်သားတော် ရေနံ့သာခင်ခင်ကြီးမှာ လည်း အသက် ၆၈ နှစ် အရွယ်တွင် ကံကုန်သွားသည်။ မင်းသားကြီးသည် ငယ်ပေါင်း ဖြစ်၍ အလွန်ကြေကွဲတော် မူသည်။ လင်းပင်မင်းသားသည် အခြား မင်းသားများ ကဲ့သို့ ကိုယ်လုပ်တော် အများ အပြားမထားခဲ့ပါ။ တပါးတည်းသာ ထားခဲ့သည်။ ကိုယ် လုပ်တော် ဒေါ်ရွှေကြင်နှင့် လည်း ကွာရှင်းပြတ်စဲပြီးသည်မှာ ကြာပြီ ဖြစ်သည်။ ရေနံ့သာခင်ခင်ကြီး မရှိသည့် နောက် ရတနာသိင်္ဃစံအိမ်တော် ကြီးတွင် အထီးကျန်စွာ တစ်ပါးတည်းစံတော် မူနေရလေ သည်။ သားတော် ထိပ်တင်လတ်နှင့် ရွှေပြည်ခင်ခင်ကြီးတို့မှ ဖွားတော် မူသည့် မြေးတော် ကလေး များ နှင့် သာ မင်းသားကြီးမှာ အငြီးတော် ဖြေနေရသည်။
ထို့နောက် ၁၉၃၃ ခုနှစ် တွင် လင်းပင်မင်းသားကြီးသည် `ရတနာသိင်္ဃ´ စံအိမ်တော် ၌ ပင် ကံကုန်သွားခဲ့လေသည်။ အိမ်ရှေ့စံ ကနောင်မင်း၏ သားတော် များ အနက် နောက်ဆုံးကံကုန်တော် မူသော သားတော် ဖြစ်သည်။ အလောင်းတော် ကို မြန်မာမင်းခမ်းမင်းနားအတိုင်း ငါးထပ်ကြီးဘုရား ကုန်းတော် ပေါ်ရှိ ဆွေတော် မျိုးတော် များ သင်္ဂြိုဟ်တော် မူရာနေရာတွင် မြောက်သားတော် ရေနံ့သာ ခင်ခင်ကြီး၏ အုတ်ဂူဘေး၌ ဂူသွင်းမြှုပ်နှံသင်္ဂြိုဟ်လိုက်လေသည်။
ယခုအခါ အုတ်ဂူများ ကို ဖြိုဖျက်၍ ကျူးကျော်အိမ်များ ဆောက်လုပ်နေထိုင်နေသော ကြောင့် လင်းပင်မင်းသားကြီးနှင့် မြောက်သားတော် ရေနံ့သာခင်ခင်ကြီးတို့၏ အုတ်ဂူတို့သည် ပျက်စီးပျောက်ကွယ်လေသည်။
သမိုင်းတစ်ကွေ့မှ အကျော်ဇေယျ အမျိုးသမီးများ | ဦးနုဘ၀နှင့် စာပေမှတ်တမ်း | အသုံးချရူပသျှတ္တရပညာ |