နှစ် ဆယ်ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ
ဤစာအုပ်တွင် ရေး သားဖော်ပြထားသော အာရှခေါင်းဆောင်များ သည် မော်ကွန်းထိုးထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ပေသည်။ သူတို့သည် အာရှတိုက်ကြီး၌ သာမက ၂၁ ရာစုခေတ်သစ်၏ အနာဂတ်ကမ္ဘာကြီးကိုပါ ပုံသွင်းထုဆစ်ပဲ့ကိုင် လမ်းညွှန်ခဲ့ခြင်း ပြုခဲ့သူများ ဖြစ်ပေသည်။ ယင်းတို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှု များ ကြောင့် သူတို့၏ အမိနိုင်ငံတော် နှင့် ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာရေး ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ၊ ကျွန်ဘ၀မှ လွတ်မြောက်ရေး ၊ ခေတ်မီတိုးတက်ရေး တို့ကို များ စွာ ဖြစ်ပေါ်စေခဲ့သည်ကို မည် သူမျှ ငြင်းပယ်၍ ရမည် မထင်ပေ။
ဤစာအုပ်တွင် ပါသော ၂၀ ရာစု၏ အကျော်ကြားဆုံးသော ခေါင်းဆောင်များ ဖြစ်သည့် ထိုင်းစတုတ္ထမြောက် ရာမဘွဲ့ခံ မောင်းကွတ်ဘုရင်။ ခေတ်သစ်ထိုင်းနိုင်ငံ၏ ဖခင်ကြီး ချူလာလောင်ကွန်ဘုရင်ကြီး၊ ဂျပန်ဧကရဇာ် ဟီရိုဟီတို၊ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂ်ျ၊ ကမ္ဘောဒီးယားဘုရင်မင်းမြတ် နိုရိုဒွန်သီဟာနု။ ၀န်ကြီးချုပ် ရှရီဂျဝါဟလာနေရူး၊ တရုတ်ပြည်ခေါင်းဆောင်ကြီးများ ဖြစ်သည့် ဒေါက်တာ ဆွန်ယက်ဆင်၊ ဥက္ကဋ္ဌကြီး မော်စီတုန်း၊ တိန့်ရှောင်ဖိန်၊ ဗီယက်နမ်သမ္မတကြီး ဟိုချီမင်း၊ စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယူ၊ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်၊ ပါကစ္စတန်ဝန်ကြီးချုပ် အလီဂျင်းနား အင်ဒီရာဂန္ဒီ ဘနာဇီဘူတိုသူတို့၏ ရုပ်ပုံလွှာများ ကို ၎င်းတို့ဖြတ်သန်းခဲ့သော သာမန်လူသားဘ၀၊ နိုင်ငံရေး သမားဘ၀၊ တော် လှန်ရေး သမားဘ၀၊ နိုင်ငံရေး ခေါင်းဆောင်ဘ၀၊ ဘုရင်ဧကရာဇ်ဘ၀နှင့် သူတို့၏ နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေး ၊ လူမှု ရေး အတွေးအမြင် အယူများ ကို လက်လှမ်းမီသရွေ့ လေ့လာဖတ်ရှု၍ တစေ့တစောင်း စုစည်းတင်ပြထားပါသည်။
သို့ကလို ၂၀ ရာစုအာရှတိုက်နှင့် ကမ္ဘာကြီးကို အုပ်တစ်ချပ် သဲတစ်ပွင့်ပမာ ဦးဆောင်ပဲ့ကိုင် လမ်းညွှန်ခဲ့သော အဆိုပါပုဂ္ဂိုလ်တို့၏ ဘ၀အပိုင်းအစများ ကို လေ့လာဖတ်ရှုခြင်းဖြင့် အထူးသဖြင့် လူငယ်များ အတွက် အတုယူစရာ၊ လေ့လာသင်ခန်းစာ ယူစရာများ ကို တစ်စုံတစ်ရာ ဖြည့်စွမ်းပေးနိုင်ပါက စာရေး သူအနေနှင့် အားထုတ်ရေး သားရကျိုး နပ်သည်ဟု ရိုးသားစွာ ခံယူမိပါသည်။ အကယ်၍ တစ်စုံတစ်ရာ ချို့ယွင်းမှားယွင်းမှု များ နှင့် အကြောင်းကြောင်းကြောင့် ရေး သားဖော်ပြရန် အာရှခေါင်းဆောင်အချို့ ကျန်ရှိပါက စာရေး သူ၏ တာဝန်သာ ဖြစ်ပါကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။
သန်းဝင်းလှိုင်
စတုတ္ထရာမဘွဲ့ခံ မောင်းကွတ်ဘုရင်ကြီး
ပထမမြောက်ရာမမင်းမှ အစပြုခဲ့သော ချက်ကရီမင်းဆက် (Charkri Dynasty)သည် ထိုင်းဘုရင့်နိုင်ငံတွင် ယနေ့တိုင် ဆက်လက်စိုးစံနေလေသည်။ ချက်ကရီမင်းဆက်မှ အနွယ်မပြတ် စိုးစံလာသော လက်ရှိမင်းမှာ န၀မမြောက် ရာမဘွဲ့ခံ ဘုရင် ဘူမိဘောအဒူလျာဒက်ဂ်ျ ဖြစ်သည်။ ချက်ကရီမင်းဆက်များ ၌ အမြော်အမြင်ကြီးမားသော ထိုင်းဘုရင်တစ်ပါးမှာ စတုတ္ထမြောက် ရာမဘွဲ့ခံ ဘုရင်ချောင်ကလောင် (King Chomklao) ဖြစ်သည်။ ယင်းကို အနောက်နိုင်ငံများ က မောင်းကွတ်ဘုရင် (King Mongkut) အ ဖြစ် လူသိများ သည်။
ထိုမင်းသည် ထိုင်းနိုင်ငံကို တိုင်းတစ်ပါးတို့နှင့် အဆက်အဆံပြုစေပြီးလျှင် နိုင်ငံတော် အား ခေတ်မီအောင် ပြုပြင်ရန် လိုအပ်သည်ကို သိမြင်ခဲ့သည်။ ထိုမင်းလက်ထက်တွင် တိုင်းတစ်ပါးတို့နှင့် ထိုင်းနိုင်ငံကို အချုပ်အချယ်မရှိ ကုန်သွယ်ရောင်းဝယ်ခွင့် ပေးခဲ့သည်။
ထိုမင်းကား `အင်နာခင်နှင့် ယိုးဒယား (ထိုင်း) ဘုရင်´ (Anna and the King of Siam) အမည် ရှိသော နာမည် ကျော်ဝတ္ထုကို နောင်အခါ ရုပ်ရှင်ရိုက်ကူးသော အခါ `ဘုရင်နှင့် ကျွန်ုပ်´ (The King and I) ဇာတ်ကား၌ ဇာတ်ဆောင်အ ဖြစ် ဖော်ပြခြင်းခံရသော ထိုင်းဘုရင်ကြီး ဖြစ်သည်။ အဆိုပါမင်းသည် ၁၉ ရာစုအတွင်းက ပေါ်ထွန်းခဲ့သော မင်းတစ်ပါး ဖြစ်သော်လည်း ၂၀ ရာစုခေတ်တိုင် သူ၏ ဆောင်ရွက်ချက်များ နှင့် ဂုဏ်ဒြပ်သည် ကျော်ကြားထင်ရှားခဲ့လေသည်။
ထို့ပြင် စတုတ္ထမြောက် ရာမဘွဲ့ခံ မောင်းကွတ်ဘုရင်သည် ထိုင်းနိုင်ငံ၏ ထေရ၀ါဒသာသာနတော် ကြီး ထွန်းပလာသော သမိုင်းကြောင်းနှင့် လည်း ဆက်နွယ်နေသော စိတ်ဝင်စားဖွယ်ကောင်းသော မင်းတစ်ပါး ဖြစ်လေသည်။
ထိုမင်းသည် ထိုင်းနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဓမ္မယုတ္တိကနိကာယဂိုဏ်းကို စတင်တည်ထောင်ပြီး ထိုဂိုဏ်း၏ အကြီးအချုပ် သာသာနပိုင်ဆရာတော် ကြီးလည်း ဖြစ်သည်။ ချက်ကရီမင်းဆက်တွင် ဘုန်းကြီးရဟန်းဘ၀မှ မင်း ဖြစ်လာသူ ဖြစ်ည်။ ထို့ကြောင့် သူသည် မင်း ဖြစ်လာသော အခါ၌ လည်း ထိုင်းနိုင်ငံ၏ ထေရ၀ါဒသာသနာတော် ကြီး သန့်စင်စည်ကား ပြန့်ပွားရေး အတွက် များ စွာ အားထုတ်ခဲ့လေသည်။ သူ့အကြောင်းမှာ လည်း စိတ်ဝင်စားဖွယ် ကောင်းပေသည်။ မောင်းကွတ်ဘုရင်အား ၁၈၀၄ ခုနှစ် ၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဗန်ကောက်မြို့ ဘုရင့်နန်းတော် ၌ ဖွားမြင်ခဲ့သည်။ ခမည်းတော် မှာ ဒုတိယမြောက် ရာမဘွဲ့ခံ ဘုရင်ဖရာ ဗုဒ္ဓလတ်လာနာပါလိုင် (King Pra Buddha Lert La Napalai) ဖြစ်ပြီး မယ်တော် မှာ တောင်နန်းဒေ၀ီ မိဖုရားကြီး ဖြစ်သည်။ ၎င်းတို့မှ ဖွားမြင်သော သားတော် တစ်ပါး ဖြစ်သည်။ သို့သော် သူသည် ခမည်းတော် ၁၈၂၄ ခု၊ ဇူလိုင်လ ၂၁ ရက်တွင် နတ်ပြည်စံသော အခါ အသက် (၂၀)အရွယ်မျှသာ ရှိသေးသည်။ ကျန်သော မင်းညီမင်းသားများ နှင့် မှူးကြီးမတ်ရာ သေနာပတိများ က နတ်ပြည်စံဘုရင်၏ အရိုက်အရာကို ဘုရင်ကြီး၏ အခြားမိဖုရားတစ်ပါးမှ ဖွားမြင်သော သူ၏ အဖေတူအမေကွဲ နောင်တော် တစ်ဦးဦးကိုသာ ဆက်ခံရန် လိုလားနေကြလေသည်။ ထိုအကြောင်းကို ကြားသိသော အခါ မင်းစည်းစိမ်ကို တပ်မက်ခြင်းမရှိ၊ ပြည်ရွာ ငြိမ်းချမ်းသာယာရေး အတွက် နောင်တော် မင်းသားတစ်ပါးကို မင်းမြှောက်တင်ရန်ကိစ္စ လွယ်ကူစေရန် သူကိုယ်တိုင်က မင်းစည်းစိမ်ကိုစွန့်၍ သာသနာ့ဘောင်သို့ဝင်ကာ မြင့်မြတ်သော ရဟန်းဘ၀ကို ခံယူခဲ့လေသည်။
သူသည် ထိုစဉ်က အသက်အရွယ် ငယ်လွန်းခြင်း၊ တိုင်းပြည်ရေး ရာအုပ်ချုပ်မှု လုပ်ငန်းများ ၌ သူ၏ အဖေတူ အမေကွဲ နောင်တော် မင်းသားများ လောက် အတွေ့ အကြုံ မရှိချေ။ ထို့ကြောင့် မှူးမတ်သေနာပတိများ အုပ်စုက တိုင်းပြည်ကိုပို၍ နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်မည် ထင်သော သူ၏ နောင်တော် ကိုသာ တတိယမြောက် ရာမမင်းအ ဖြစ် တင်မြှောက်ခဲ့လေသည်။
မောင်းကွတ်မင်းသားသည် သာသနာ့ဘောင်သို့ ရောက်သော နေ့ကစ၍ သာသနာရေး ကိစ္စများ ကို ဇောက်ချ၍ ဆောင်ရွက်ခဲ့လေတော့သည်။ သူသည် သာသနာ့ဘောင်တွင် အလကား အချိန်ဖြုန်းမနေဘဲ ပါဠိဘာသာ သက္ကတဘာသာစကားများ ကို မွှေနှောက်လေ့လာတော့သည်။ ပိဋကတ်စာပေများ ကို လေ့လာဖတ်ရှုပြီးနောက် ကျွမ်းကျင်လာသော အခါ အထူးသဖြင့် ၀ိနည်းပိဋကတ်ကို နှံ့စပ်သေချာသိအောင် အားထုတ်လေသည်။ စာပေကျမ်းဂန် နှံ့စပ်သိမြင်သော အခါ ပိဋကတ်ပါဠိတော် များ ထဲတွင် ပါရှိသော ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ သာသနာတော် များ နှင့် ထိုစဉ်က ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်ပြန့်ပွားသော ရဟန်းသံဃာတော် များ ၏ သီတင်းသုံးနေထိုင်ပုံများ ကို နှိုင်းယှဉ်ဝေဖန်သုံးသပ် လေ့လာတော့သည်။ ထိုအခါ ၀ိနည်းပိဋကတ်တော် များ ထဲတွင် မြတ်စွာ ဘုရား ပညတ်တော် မူထားသော သိက္ခာပုဒ်တော် များ နှင့် ထိုင်းရဟန်းသံဃာတော် များ ကျင့်ကြံပြုမှု သီတင်းသုံးနေကြပုံများ တွင် မတူညီမှု များ ၊ ကွဲလွဲချွတ်ချော်နေမှု များ ကို မောင်းကွတ်မင်းသား ရဟန်းတော် သည် မျက်မှော က်တွေ့ ကြုံရလေတော့သည်။ မူရင်း ပါဠိတော် များ ကို ထိုင်းရဟန်းသံဃာတော် များ ၏ အဓိပ္ပါယ်ဖွင့်ဆို နားလည်နေကြပုံများ မှာ လည်း အားရကျေနပ်ဖွယ် မရှိ။ သံသယဒွိဟ ဖြစ်ဖွယ်များ သော ဖြစ်နေသည်ကို တွေ့ ရသော အခါ သူသည် ပညာရှိရဟန်းသံဃာတော် များ ထံ ချဉ်းကပ်၍ အရေး ကြီးသော သာသနာလျှောက်မေးခွန်းများ ကို မေးမြန်းစုံစမ်းလေသည်။
ထိုစဉ်က ထိုင်းနိုင်ငံရှိ ၀ါရင့် ဆရာတော် ကြီးများ ပင် မောင်းကွတ်မင်းသား ရဟန်းတော် ၏ မေးခွန်းပုစ္ဆာများ ကို တစ်ဦး တစ်ယောက် ကမျှ ကျေနပ်နှစ်သက် ဖွယ် ဖြစ်အောင် ဖြေကြားနိုင်ခြင်း မရှိဘဲ နေခဲ့လေသည်။ ထိုအခါ မင်းသားရဟန်းတော် လည်း များ စွာ စိတ်ပျက်အားငယ်လျက် သာသနာတော် အတွက် ရတက်မအေး ဖြစ်ရလေသည်။ ယုံတမ်းစကားအရမူ သူသည် မြတ်စွာ ဘုရား၏ ရုပ်ပွားတော် တစ်ဆူရှေ့မှော က်တွင် သစ္စာအဓိဋ္ဌာန်ပြုသည် ဆို၏ ။ အကယ်၍ သုံးရက်အတွင်း ဤသာသနာတော် ၌ သူသိလိုသော အချက်များ ကို တိကျမှန်ကန်စွာ ဖြေဆိုနိုင်သော ပုဂ္ဂိုလ်တစ်ပါးတလေကိုမျှ မတွေ့ ခဲ့လျှင် သူသည် ရဟန်းဘ၀ကို စွန့်လွှတ်မည် ၊ ရဟန်းဘောင်၌ ဆက်၍ မနေတော့ဟု ဆုံးဖြတ်ချက်ချခဲ့သည်ဟူ၏ ။
ထိုအချိန်တွင် ဆန်းကြယ်စွာ ကံအလှည့် ကြုံရလေသည်။ သူ အဓိဋ္ဌာန်ပြုထားသော သုံးရက်မြောက်နေ့တွင် မြန်မာနိုင်ငံ ရာမညတိုင်းမှ မွန်ရဟန်းတော် တစ်ပါးသည် ဗန်ကောက်မြို့ရှိ သူ သီတင်းသုံးနေရာ ၀ပ်မဟာထပ်ကျောင်းတိုက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ကြွရောက်လာလေသည်။ ထို မွန်ဆရာတော် သည် မင်းသားရဟန်း သိလိုသမျှ အချက်အလက်များ ကို တိတိကျကျ မှန်မှန်ကန်ကန် ကျေနပ်လောက်အောင် အဖြေပေးခဲ့သည်ဆို၏ ။ မင်းသားလည်း သူ လေ့လာဆည်းပူးထားပြီး အသိပညာနှင့် ယခု မွန်ဆရာတော် ဖြေကြားတော် မူသော အဖြေစကားများ ကို ပေါင်းစပ်ပြီးလျှင် မင်းသားရဟန်းတော် သည် ပါဠိပိဋကတ်တော် များ ကို ကောင်းစွာ အနက်အဓိပ္ပါယ် ဖွင့်ဆိုနိုင်လေသည်။ အထူးသဖြင့် ၀ိနည်းပိဋကတ်တော် ကို ပိုင်းပိုင်းခြားခြား နားလည် သဘောပေါက်သွားလေတော့၏ ။
ထိုကဲ့သို့ အဓိပ္ပါယ်ကျနမှန်ကန်စွာ ဖော်ထုတ်နိုင်ပြီးသော အခါ ရဟန်းသံဃာတော် များ နှင့် အညီ တသဝေမတိမ်း လိုက်နာကျင့်ကြံသော ရဟန်းသံဃာတော် များ ပေါ်ထွန်းရေး ကို မောင်းကွတ်မင်းသားရဟန်းသည် အားသွန်ကြိုးပမ်းလေတော့သည်။ မင်းသားရဟန်းတော် လည်း ထိုစဉ်က ထိုင်းသံဃာတော် များ ကျင့်သုံးနေထိုင်ပုံနှင့် မတူညီသော ဘိက္ခုပါတိမောက်အသစ်ကို ဘုရားဟောပါဠိတော် နှင့် အညီ ချမှတ်ပြဋ္ဌာန်းကာ ထိုဥပဒေစည်းမျဉ်းများ အတိုင်း လိုက်နာကျင့်သုံးမည့်  ရဟန်းသံဃာတော် များ ပါဝင်သော ဂိုဏ်းသစ်တစ်ခုကို တည်ထောင်ခဲ့လေသည်။ မင်းသားရဟန်းတော် သည်လည်း ထိုဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာလေသည်။ သူနှင့် သူ၏ နောက်လိုက် ရဟန်းသံဃာတော် များ သည် မြို့လယ်ခေါင်ရှိ ၀ပ်မဟာထပ်ကျောင်းမှ မြို့စွန်ရှိ ၀ပ်သာမောရိုင်ကျောင်းတော် (ယခု ၀ပ်ရာဇသီဝ)သို့ ပြောင်းရွှေ့ကာ သီတင်းသုံးကြလေသည်။ ဤ၀ိနည်းတော် နှင့် အညီ တိတိကျကျ လိုက်နာကျင့်သုံး နေထိုင်ရေး ကို လိုလားသော မင်းသားရဟန်းတော် ဦးဆောင်သည့် ဂိုဏ်းကို မလိုလားကြသော ရဟန်းများ ၊ လူပုဂ္ဂိုလ်များ လည်း ရှိခဲ့ကြလေသည်။ နောက်ဆုံးတွင် သာသနာတော် ၌ အငြင်းပွားဖယ် ဖြစ်လာသော ဤကိစ္စသည် တတိယမြောက် ရာမမင်း၏ နန်းတော် သို့ သတင်းလွင့်သွားလေတော့သည်။ တတိယမြောက် ရာမမင်းသည် သဘောထားကြီးသူ၊ အမြင်ကျယ်သူ မင်းတစ်ပါး ဖြစ်ရကား မင်းသားရဟန်းတော် ကို ဖိတ်ခေါ်ပြီး ၀ိနည်းပိဋကတ်တော် များ နှင့် ပတ်သက်သည့် သူဋ္ဌ အဓိပ္ပါယ်ဖွင့်ဆိုချက်များ နှင့် ပတ်သက်၍ ကျမ်းဂန်ပါဠိနှင့် ကိုက်ညီခြင်း ရှိမရှိ စုံစမ်းလေသည်။ ထိုမျှသာ မကသေးဘဲ မင်းသားရဟန်းတော် သည် ပါဠိစာပေများ ကို နှံ့စပ်စွာ တတ်ကျွမ်းနားလည်ခြင်း ရှိမရှိကိုပါ မေးမြန်းစုံစမ်းလေသည်။ မင်းသားရဟန်းလည်း စစ်ဆေးသမျှကို ကျေနပ်လောက်အောင် ဖြေကြားတော် မူလေရာ ဘုရင်ကိုယ်တိုင်ကပင် ဤမင်းသားရဟန်းတော် သည် ပိဋကတ်ကျမ်းဂန်များ ကို အဆင့်အတန်းမြင့်မားစွာ တတ်ကျွမ်းထားပြီး ဖြစ်ကြောင်း တွေ့ မြင်သိရှိသွားလေတော့သည်။ ထိုအခါမှစ၍ တတိယမြောက် ရာမမင်းလည်း မငြိမ်သက် ဆူပူကန့်ကွက်နေကြသော စွပ်စွဲချက်များ ကို အရေး မထားတော့။ မင်းသားရဟန်းအား သူဆောင်ရွက်နေသော သာသနာတော် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန် အားပေးလေသည်။ ထိုမျှသာမကသေးဘဲ ဘုရင်က မင်းသားရဟန်းတော် အား သာသနာပိုင်ရာထူးအဆင့်အထိ ဘွဲ့တံဆိပ်တော် များ ကပ်၍ ချီးမြှင့်မြှောက်စားလေသည်။ သူ၏ သံဃာဂိုဏ်းအပေါ်တွင် လည်း လွတ်လွတ်လပ်လပ် အုပ်ချုပ်စီရင်ပိုင်ခွင့် အာဏာစက်၊ ဓမ္မစက်ကိုပါ ချီးမြှင့်လေသည်။ ထို့နောက် ဘုရင်က မင်းသားရဟန်းတော် အား မြို့စွန်မြို့ဖျားရှိ ကျောင်းတော် တွင် သီတင်းသုံးနေရာမှ မြို့တော် တွင်းရှိ ကျောင်းတိုက်သစ် ၀ပ်မေသို့ ပြောင်းရွှေ့သီတင်းသုံးတော် မူပါရန် ပန်ကြားခဲ့လေသည်။ တတိယမြောက် ရာမဘုရင် လှူဒါန်းသော ၀ပ်မေကျောင်းတိုက်သစ်သည် ဒုတိယဘုရင် စံတော် မူသော ကျောင်းတိုက် (၀ပ်ဘိုဗိုရာ နိဝေသ၀ိဟာရ)ဟု အမည် ပြောင်းလိုက်လေသည်။ ဘိုဗိုရာနိဝေသကျောင်းတိုက်ကြီးကို အလှူခံပြီးနောက် မင်းသားရဟန်းတော် သည် လှပစွာ ချုပ်လုပ်ထားသော ပိဋကတ်ကျမ်းစာ အစုံကိုလည်း ဘုရင်ထံမှ အလှူခံတော် မူသည်။ မင်းသားရဟန်းတော် ကိုလည်း ဘုရင်က ဒုတိယဘုရင်အရိုက်အရာ အဆောင်အယောင်နှင့် မင်းမြောက်တန်ဆာများ ကို ချီးမြှင့်လေသည်။ ထိုသို့ ချီးမြှင့်လိုက်သည့်အတွက် မင်းသားရဟန်းတော် သည် ကျောင်းတိုက်တစ်ခုမှ တစ်ခုသို့ ကြွမြန်းသော အခါ ရေလမ်း၊ ကုန်းလမ်း နှစ် ဌာန၌ မင်းခမ်းမင်းနားဖြင့် ကြွမြန်းရလေတော့သည်။ ထိုသို့ ဘုရင်က ချီးမြှင့်လိုက်သည့်အတွက် လူတိုင်းက ဤမင်းသားရဟန်းတော် အား မင်းတစ်ပါးကဲ့သို့ ရိုသေခန့်ညားရလေတော့သည်။ ထိုရာထူးမှာ ထိုင်း ချက်ကရီမင်းဆက်တွင် ၁၈၃၂ ခုနှစ် ကတည်းက လစ်လပ်နေခဲ့သော ရာထူး ဖြစ်လေသည်။
ထိုသို့ မောင်းကွတ်မင်းသား ရဟန်းတော် ကို ဘုရင်အဆောင်အယောင် မင်းဖမ်းမင်းနားများ ပါ ချီးမြှင့်လိုက်သည့်အတွက် ဘုရင် လှူဒါန်းသော ၀ပ်မေအမည် ပြောင်း ၀ပ်ဘိုဗိုရာနိဝေသကျောင်းတိုက်သည် ဒုတိယဘုရင်ခံ၏ ကျောင်းတော် ဖြစ်လာရုံမျှမက ထိုမင်းသားရဟန်းတော် တည်ထောင်ခဲ့သော ဓမ္မယုတ္တိက သံဃာဂိုဏ်းကြီး၏ ဗဟိုဌာနကြီးလည်း ဖြစ်လာတော့သည်။
မောင်းကွတ်မင်းသား ရဟန်းတော် သည် ၀ပ်ဘိုဗိုရာနိဝေသသို့ ပြောင်းရွှေ့သီတင်းသုံးသော အခါ သံဃာတော် များ ကို အကုန်လုံးမခေါ်သွားဘဲ အချို့ကို ၀ပ်သာမောင်ရွိုင်၌ ချန်ထားကာ ၎င်းတို့အား သူတို့ဂိုဏ်းက ပညတ်ထားသော ၀ိနည်းသိက္ခာပုဒ်တော် များ ကို ပျံ့နှံပအောင် တရားဟောကြားတော် မူရန် အနယ်နယ်အရပ်ရပ် စေလွှတ်တော် မူလေသည်။
ဤနည်းဖြင့် ဓမ္မယုတ္တိကဂိုဏ်း၏ အယူအဆများ သြဇာကြီးမားစွာ လွှမ်းမိုးလာလေတော့သည်။ တဖြည်းဖြည်းနှင့် ဓမ္မယုတ္တိကဂိုဏ်းလည်း ထိုင်းနိုင်ငံတွင် ကြီးပွားထွန်းကားလာလေသည်။
မင်းသားရဟန်းတော် သည် ၀ိနည်းပညတ်များ ကို အဓိပ္ပါယ်ဖွင့်ဆိုတော် မူရုံသာမက ဘာသာရေး ပွဲလမ်းသဘင်များ ၊ အခမ်းအနားများ နှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲရေး အများ အပြားကိုလည်း ဆောင်ရွက်ခဲ့လေသည်။ သူ့လက်ထက်တွင် ၀ပ်ဘိုဗိုရာနိဝေသ ကျောင်းတိုက်ကြီးအတွင်း၌ အဆောက်အအုံသစ်များ စွားကို တည်ဆောက်ခဲ့လေသည်။ ထိုကျောင်းတိုက်အတွင်းမှာ ပင် သိမ်ကြီးတစ်ခုလကိုလည်း သမုတ်ခဲ့လေသည်။
၁၈၅၁ ခုနှစ် ၊ ဧပြီလ ၂ ရက်နေ့တွင် တတိယမြောက် ရာမမင်း နတ်ပြည်စံလေသည်။ နောက်တစ်နေ့တွင် မှူးကြီးမတ်ရာများ ၀ပ်ဘိုဗိုရာနိဝေသသို့ လာ၍ မောင်းကွတ်မင်းသား ရဟန်းတော် ကို တတိယရာမဘုရင့်အရိုက်အရာအား ဆက်ခံရန် လျှောက်ထားကြလေသည်။ မင်းသားလည်း နှုတ်ပိတ်၍ ၀န်ခံလိုက်ပြီးနောက် လူထွက်ကာ စတုတ္ထမြောက် ရာမမင်းအ ဖြစ်ဖြင့် နန်းတက်ခဲ့လေသည်။ မောင်းကွတ်မင်းသား ရဟန်းတော် သည် သာသနာ့ဘောင်တွင် နှစ် ပေါင်း ၂၇ နှစ် တိုင်တိုင် ကျင့်ကြံအားထုတ်ခဲ့တော် မူလေသည်။ ၀ပ်ဘိုဗိုရာနိဝေသကျောင်းတိုက်ကြီး၏ နာယကကျောင်းထိုင်ဆရာတော် ကြီးအ ဖြစ်ပင်လျှင် ၁၄ နှစ် တိုင်တိုင် သီတင်းသုံး၍ နေခဲ့လေသည်။
စတုတ္ထမြောက် ရာမမင်းအ ဖြစ်ဖြင့် ၁၇ နှစ် တိုင်တိုင် စိုးစံခဲ့လေသည်။
ထိုမင်းသည် ပညာဗဟုသုတနှင့် ပြည့်စုံသည်။ ပါဠိ၊ လက်တင်၊ သက္ကတ၊ အင်္ဂလိပ်ဘာသာစကားများ အပြင် သင်္ချာ၊ နက္ခတ်ပညာတို့ကိုလည်း တတ်ကျွမ်းသည်။ သိပ္ပံပညာတွင် ၀ါသနာကြီးသည်။ သူသည် အမေရိကန် သာသနာပြုအဖွဲ့များ ထိုင်းနိုင်ငံ၌ အခြေချနေထိုင်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။
သူသည် သူ၏ သားတော် သမီးတော် များ အား အင်္ဂလိပ်ဆရာမ များ ငှားရမ်း၍ အင်္ဂလိပ်စာ သင်ကြားစေသည်။
ထိုမင်းသည် ကြာမြင့်စွာ ကပင် သူသည် နေကြတ်သော နှစ် တွင် နတ်ပြည်စံလိမ့်မည် ဟု ကြိုတင်နိမိတ်ဖတ်ခဲ့ဖူးသည်။ ကြိုတင်ဟောကြားထားသည့်အတိုင်း နေကြတ်သည်ကို ရှုစားရန် တောင်ပိုင်းပြည်နယ်သို့ အသွားတွင် နတ်ပြည်စံခဲ့လေသည်။
မောင်းကွတ်ဘုရင်သည် ထိုင်းနိုင်ငံကို ခေတ်မီတိုးတက်အောင် အနောက်နိုင်ငံများ ၏ နည်းစနစ်များ ကို ယူ၍ ပြုပြင်ပြောင်းလဲခဲ့သော အမြော်အမြင်ကြီးသည့် မင်းတစ်ပါး ဖြစ်လေသည်။ သူ၏ ဉာဏ်အမြော်အမြင်ဖြင့် ဆောင်ရွက်ခဲ့မှု ကြောင့် အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံသည် အနောက်နိုင်ငံသားများ ၏ ကိုလိုနီနယ်ချဲ့လက်အောက်ခံဘ၀သို့ ရောက်ခြင်းမှ ကင်းဝေးခဲ့ရလေသည်။
ထိုင်းနိုင်ငံတွင် မောင်းကွတ်ဘုရင်လက်ထက်ကစ၍ ၀ပ်ဘိုဗိုရာနိဝေသကျောင်းတိုက်ကြီးကို အစဉ်သဖြင့် ဘုရင်များ ချီးမြှင့်မြှောက်စားလာခဲ့ရာ ယခုတိုင်အောင်ပင် ဖြစ်သည်။
လက်ရှိ ထိုင်းထီးနန်း၌ စိုးစံလျက်ရှိသော ဘုရင်မင်းမြတ် ဘူမိဘောအဒူလျဒက်ဂ်ျ (န၀မမြောက်ရာမ) သည်လည်း ဤကျောင်းတိုက်မှာ ပင် ပဉ္စင်းခံခဲ့ဖူးလေသည်။ ထိုင်းဘုရင်အသီးသီးသည် နှစ် စဉ် ဤကျောင်းတိုက်မှာ ပင် ကထိန်ခင်းလေ့ ရှိသည်။ မောင်းကွတ်မင်းသား ရဟန်းတော် မရှိသည့် နောက်တွင် လည်း ၀ပ်ဘိုဗိုရာနိဝေသကျောင်းတိုက်တွင် မင်းညီမင်းသား ရဟန်းတော် များ ကပင် ကျောင်းထိုင်ဆရာတော် များ အ ဖြစ် ဆက်ခံခဲ့ကြလေသည်။
ခေတ်သစ်ထိုင်းနိုင်ငံ၏ ဖခင်ကြီး ချူလာလောင်ကွန်ဘုရင်
(1853-1910)
`ခေတ်သစ် ထိုင်းနိုင်ငံ၏ ဖခင်ကြီး´ ဟု ကျော်ကြားခဲ့သော ချူလာလောင်ကွန်ဘုရင် (King Chulalongkorn) သည် အမြော်အမြင်ကြီးမား၍ နိုင်ငံတော် ကို အဓွန့်ရှည်ကြာစွာ ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နိုင်ခဲ့လေသည်။
သူ၏ မူဝါဒများ နှင့် တည်ငြိမ်သော အုပ်ချုပ်ရေး စနစ်တို့ဖြင့် အနောက်နိုင်ငံကြီးများ အာရှတိုက်တွင် ကျူးကျော်နယ်ချဲ့ သိမ်းပိုက်နေချိန်တွင် ထိုင်းနိုင်ငံအား အောင်မြင်စွာ ထိန်းသိမ်းတည့်မတ်နိုင်ခဲ့လေသည်။
သူ၏ စွမ်းဆောင်မှု ကြောင့် ထိုင်းနိုင်ငံသည် အစိုးရနှင့် လူမှု စနစ် ခေတ်မီအဆင့်မြင့်မားလာပြီး လွတ်လပ်သော နိုင်ငံတစ်ခုအ ဖြစ် ရပ်တည်ကာ အနောက်နိုင်ငံကြီးများ နှင့် ဂုဏ်သိက္ခာရှိရှိ တန်းတူရည်တူ ဆက်ဆံနိုင်ခဲ့လေသည်။
ထိုင်းနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် ခဲ့သော `ရွှေခေတ်´ ဟု ခေါ်ဝေါ်ခဲ့ကြသည့် သူ၏ အောင်မြင်သော အုပ်ချုပ်ရေး ကာလအတွင်း နန်းတွင်း၌ ကဇာတ်များ စွာ တင်ဆက်ကပြခဲ့သည်။ ရိုးရာကဇာတ်များ နှင့် အတူ အနောက်တိုင်းစကားပြော ပြဖာတ်များ အပါအ၀င် အော်ပရာပြဇာတ်များ ကိုလည်း ကပြခဲ့ကြသည်။
အခမ်းအနား၊ အသံချဲ့စက်၊ မီး၊ ၀တ်စားဆင်ယင်မှု နှင့် အနောက်တိုင်းဇာတ်စင် တည်ဆောက်မှု စသည့် ခေတ်သစ်ဇာတ်သဘင် အပြင်အဆင်များ ကြောင့် ထိုင်းရာမဇာတ်တော် ကို နောင်လာနောင်သားတို့ ပို၍ နှစ် ခြိုက်လာကြသည်။ အနောက်တိုင်းမှ မိတ်ဆွေ ဧည့်သည်တော် များ ကို လှိုက်လှဲစွာ ကြိုဆိုတတ်သော ဘုရင် ချူလာလောင်ကွန်သည် ထိုင်းအနုပညာကို အနောက်တိုင်းသားတို့ ခံစားနိုင်ရေး အတွက် ရာမဇာတ်တော် ကို ခေတ်မီအောင် ပြုပြင်စေ၍ တိုးတက်အောင် အားပေးချီးမြှောက်ခဲ့သည်။ ချူလာလောင်ကွန်သည် နိုင်ငံတော် ၏ စီးပွားရေး အခြေအနေများ တိုးတက်လိုလျှင် နိုင်ငံ၏ ယဉ်ကျေးမှု နှင့် လူမှု ရေး ကဏ္ဍာကိုပါ ခေတ်မီတိုးတက်အောင် ပြုပြင်ရမည် ဟု ဆိုသည်။
သို့ကလို ရှေးဟောင်းနိုင်ငံတစ်ခု ဖြစ်သော ထိုင်းနိုင်ငံကို ခေတ်မီနိုင်ငံတစ်ခုအ ဖြစ် ဘက်စုံကဏ္ဍစုံ ပုံစံပြောင်းခဲ့ပြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ရွက်ဆောင်ခဲ့သော ချူလာလောင်ကွန်ဘုရင်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ဘုရင့်နန်းတော် ၌ ၁၈၅၃ ခုနှစ် ၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ခမည်းတော် မှာ စတုတ္ထမြောက် ရာမဘွဲ့ခံ မောင်းကွတ်ဘုရင်ကြီး ဖြစ်သည်။ ခမည်းတော် မောင်းကွတ်ဘုရင်ကြီး ၁၈၆၈ ခုနှစ် တွင် နတ်ပြည်စံပြီး နောက်တစ်နေ့တွင် ၎င်း၏ အရိုက်အရာကို ဆက်ခံခဲ့လေသည်။ ထီးနန်းစံစဉ်က အသက် ၁၅ နှစ် သာ ရှိသေးသည်။ ပဉ္စမရာမဘွဲ့ခံဘုရင် ချူလာလောင်ကွန်၏ အမည် ရင်းမှာ ဘုရင်ချူလာချောင်ကုလောင် (King Chulachomklao) ဖြစ်သည်။ သို့သော် အနောက်တိုင်းသားတို့က `ချူလာလောင်ကွန်´ဟုသာ အသိများ ပေသည်။ ထိုင်းနိုင်ငံသားတို့က ဘုရင် `ချူလာလောင်ကွန်´ အား `ချစ်ခင်မြတ်နိုးရသော မဟာဘုရင်မင်းမြတ်´ ဟု အဓိပ္ပါယ်ရသော `ဖရာပီယမဟာရာဇာ´ (Pra Piya Maharaj) ဝေါဟာရဖြင့် ခေါ်တွင် လေသည်။
သူ၏ နန်းစံ ၄၂ နှစ် အတွင်း နိုင်ငံတော် ခေတ်မီတိုးတက်ရေး အတွက် ရွက်ဆောင်ခဲ့သော အမှု ကိစ္စများ မှာ များ မြောင်လှလေသည်။ သူသည် ၁၉၀၀ ပြည့်နှစ် တွင် ထိုင်းနိုင်ငံ၏ ပထမဦးဆုံး မီးရထားလမ်းကို အောင်မြင်စွာ ဖောက်လုပ်ပြီးစီးခဲ့သည်။ ၁၉၀၂ ခုနှစ် တွင် ချူလာလောင်ကွန် ခေတ်မီတက္ကသိုလ်ကြီးကို တည်ထောင်ပေးခဲ့သည်။ ၁၉၀၅ ခုနှစ် တွင် ကျေးပိုင်ကျွန်ပိုင်စနစ်ကို ဖျက်သိမ်းသည်။ ၁၉၀၇ ခုနှစ် တွင် ဥရောပနိုင်ငံ အကြီးအကဲများ နှင့် တွေ့ ဆုံ၍ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရန်နှင့် အသိအမှတ်ပြုရန် ချစ်ကြည်ရေး ခရီး သွားရောက်၍ `ရွှေလမ်းငွေလမ်း´ ဖောက်ခဲ့သည်။ အပြန်အလှန် လေးစားလိုက်နာရန် ကတိက၀တ်များ ထားရှိခဲ့သည်။
သူသည် သားတော် များ ကိုလည်း အင်္ဂလန်ပြည်သို့ ပို့၍ ခေတ်ပညာများ ကို သင်ကြားစေသည်။ တိုင်းသူပြည်သားများ ကို အမြင်ကျယ်စေရန် အင်္ဂလိပ်စာနှင့် စကားကိုပင် သင်ယူစေသည်။ အနောက်တိုင်းထုတ် ဘာသာရပ်ဆိုင်ရာ အင်္ဂလိပ်စာအုပ်များ ကို ထိုင်းဘာသာသို့ ပြန်ဆိုထုတ်ဝေစေသည်။ ကလေးသူငယ်များ ကိုလည်း ဆင်းရဲချမ်းသာမရွေး ပညာသင်ယူရာ တန်းတူအခွင့်အရေး ပေး၍ အားပေးမြှောက်စားခဲ့သည်။ သူသည် ထိုင်းပြည်သူတို့အား ၀တ်စားဆင်ယင်မှု ခေတ်မီစေရန် ပြုပြင်ပေးခဲ့သည်။
ချူလာလောင်ကွန်သည် မကြာခဏ နိုင်ငံတစ်ဝန်းသို့ လှည့်လည်၍ ပြည်သူတို့၏ လိုအပ်ချက် အမြဲတမ်း ကြားနာစစ်ဆေးကာ ဖြည့်ဆည်းပေးခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ လောင်းကစားမှု ၊ ရာဇ၀တ်မှု ၊ အရက်သေစာ သောက်စားမူးယစ်မှု ၊ လာဘ်ပေးလာဘ်ယူမှု များ အနည်းဆုံး ပပျောက်အောင် ဆောင်ရွက်ပေးခဲ့သည်။ စိုက်ပျိုးရေး ၊ သောက်သုံးရေရရှိရန် ထိုင်းနိုင်ငံတစ်ဝန်း၌ ဆည်မြောင်းတာတမံများ ဖောက်လုပ်စေသည်။ သာသနာတော် သန့်ရှင်းတည်မြဲပြန့်ပွားအောင်လည်း ဓမ္မစက်နှင့် အာဏာစက် ပူးပေါင်းရွက်ဆောင်စေသည်။ သူ၏ လက်ထက်မှစ၍ ထိုင်းနိုင်ငံတွင် နေ့စဉ်ထုတ် သတင်းစာများ ပေါ်ထွန်းလာခဲ့သည်။
သို့ကလို နိုင်ငံတော် ကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခဲ့သော ချူလာလောင်ကွန်းဘုရင်ကြီးသည် သက်တော် ၅၇ နှစ် အရွယ် ၁၉၁၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် နတ်ပြည်စံခဲ့လေသည်။
ထိုင်းပြည်သူတို့က သူ့အား ဂုဏ်ပြုသည့်အနေဖြင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ တွင် ကြေးရုပ်တုများ စိုက်ထူထားလေသည်။
ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ | နိုင်ငံတော်လုပ်ကြံမှု တရားခံ ဂဠုန်ဦးစော၏ ရှုပ်ကွပ်မြှုပ်ကွပ်များ | အမျိုးသားခေါင်းဆောင်ကြီး မြန်မာ့အောင်ဆန်း |