Cover

(၁)

အခန်း(၁)

မမေ့နိုင်သော နေ့တစ်နေ့

၁၉၄၇ ဇူလိုင်လ (၁၉) ရက် စနေနေ့။

ထိုနေ့ နံနက်လင်းကတည်းကပင် ရန်ကုန်ပတ်ဝန်းကျင်တခွင်တွင် မိုးသည်တဖွဲဖွဲ ရွာလိုက်၊ခေတ္တစဲသွားလိုက်နှင့် နေရောင် ကိုမမြင်ရ။အာကာတခွင်လုံး မည်းမည် မှော င်မှော င် အုံမှိုင်းလျက်ရှိလေသည်။

ထိုစဉ်အတွင်း အာရ်စီ(R.C) ၂၈၇ အနက်ရောင် ၀ူစလီကားလေးတစ်စီးသည် ကန်တော် ကြီး မြောက်ဘက် တာဝါလိန်း(ယခု ဗိုလ်ချုပ် ပြတိုက်လမ်း) မှ ရန်ကုန်မြို့တွင်းသို့ ရှေးရှုမောင်းနှင်လာသည်။ကားနောက်တွင် တစ်စုံတရာကို လေးလေးနက်နက်တွေးတောနေသည့်အသွင်ဖြင့် တည်ငြိမ်စွာ လိုက်ပါလာသူမှာ အခြားသူမဟုတ်။အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်လေသည်။

ထိုနေ့၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်။ စနေနေ့ နံနက် (၁၀) နာရီတွင် ၀န်းကြီးများ အစည်းအဝေးရှိသည်။ အစည်းအဝေးကို အတွင်းဝန်များ ရုံး (နောင်ဝန်ကြီးများ ရုံး)ရှိအစည်းခန်းမ၌ ပင် ကျင်းပရန် ခေါ်ယူထားသည်။

ဗိုလ်ချုပ်သည် ၀န်ကြီး အဖွဲ့ခေါင်းဆောင်အ ဖြစ်ဖြင့် အစည်းအဝေးတွင် မိမိ၏ လုပ်ဆောင်တာများ ၊ ပြည်သူလူထုတစ်ရပ်လုံး ရင်ဆိုင်နေရသော စားဝတ်နေမှု အခက်ခဲများ ၊ လွတ်လပ်ရေး ကြိုးပမ်းဆဲ၊ ကြုံနေသော နိုင်ငံရေး ၊ မူဝါဒရေး ၊ ပုဂ္ဂိုလ်ရေး ကွဲလွဲချက်ပြဿနာများ ၊ တိုင်းပြုပြည်ပြုလွှတ်တော် ကိစ္စ္မများ ၊ပြည်ပနိုင်ငံများ နှင့် ဆက်ဆံရေး (အထူးသဖြင့် ) ဗြိတိသျှအစိုးရနှင့် ဆက်ဆံရေး ကိစ္စရပ်များ စသည်တို့အနက် တစ်နှစ် အတွင်း လွတ်လပ်ရေး မလွှဲမသေရရှိရေး ကိစ္စများ အား ဗိုလ်ချုပ်၏ ခေါင်းထဲတွင် အဓိက အစွဲမြဲဆုံး ဖြစ်နေလေသည်။

Cover

အမျိုးသားခေါင်းဆောင်းကြီး ဗိုလ်ချုပ်အောင်ဆန်း
(၁၉၁၅-၁၉၄၇)

၁၉၄၆ ခု၊ ဒီဇင်ဘာ ၄ ရက်နေ့တွင် ဗြိတိသျှအစိုးရက ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာအဖွဲ့အား လန်ဒန်မြို့သို့တွေ့ ဆုံဆွေးနွေးရန် ဖိတ်ကြားသည်။ ယင်းနောက် ၁၉၄၇ ဇန်န၀ါရီ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒါကိုတာလေယဉ်ဖြင့် အင်္ဂလန်ပြည်သို့ ထွက်ခွာသွားခဲ့လေသည်။ ဗြိတိသျှပါလီမန်တွင် လည်း နန်းရေး ၀န် မစ္စတာအက်တလီက မြန်မာပြည်ကို လွတ်လပ်ရေး ပေးပါမည် ။ဓနသဟာယနိုင်ငံများ အဖွဲ့တွင် လည်း ပါဝင်လိုက

Cover

ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သော မော်တော် ကား

ပါဝင်ပါ၊ ထွက်လိုကထွက်ပါ။ မြန်မာပြည်သူများ ၏ ဆန္ဒတိုင်း ဖြစ်ပါစေရပါမည် ဟု ကတိပြုလေသည်။

ဗိုလ်ချုပ်အောင်ဆန်းကမူ တစ်ခွန်းတည်းသော စကားကိုသာဆိုခဲ့ပေသည်။

“ကျွန်ုပ်သည် စစ်သားစကားသာပြောတတ်သည်။ သံတမန်သုံးစကားမျိုး၊ သွယ်ကာဝိုက်ကာ၊ ဖွဲ့ကာနွဲ့ကာ ပြောတာမျိုးမတတ်ကျွမ်းပါ။ ကျွန်ုပ်တို့သည် ဗမာ့လွတ်လပ်ရေး ကို တစ်နှစ် အတွင်း အပြည့်အ၀ရရှိရပါမည် ဟုမျှော်လင့်တောင်းဆိုပါသည်။ တိုင်းရင်းသား လူမျိုးအားလုံးက တညီတညွတ်တည်း တောင်းဆိုခြင်း ဖြစ်ပါသည်။ ဗြိတိသျှအစိုးရက ပါလီမန်တွင် မြန်မာ့ဆန္ဒပြည့်ဝပါစေမည် ဟု ကတ်ပြုသည်ကိုကြားရ၍ ကျေးဇူးတင်ပါသည်။ ကတိသာတည်ပါစေ။ယခင်အခါများ က စေတနာပင်ကောင်းသော်လည်း လက်တွေ့ အကျိုးမရခဲ့ပါ။ မူတွေ မွန်မြတ်သော်လည်း လက်တွေ့ ကျတော့ ရေရောကုန်တတ်၍ ယခုလိုသတိပေးရပါသည်”စသည်ဖြင့် တိုတိုရှင်းရှင်းလိုရင်းကိုသာ ပြောခဲ့လေသည်။

ထို့နောက် ၁၉၄၇ ဇန်န၀ါရီလ ၁၄ ရက်နေ့မှစ၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့သည် လန်ဒန်မြို့ အမှတ်(၁၀)ဒေါင်းနင်းလမ်းရှိ ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်)ရုံး၌ အစည်းအဝေး အကြိမ်ကြိမ်ကျင်းပကာ၁၉၄၇ ဇန်န၀ါရီ ၂၇ တွင် အောင်ဆန်း-အက်တလီ သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ကြသည်။ အဆိုပါစာချုပ်၏ သဘောတူညီချက်နောက်ဆက်တွဲ ကို ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့က သဘောမတူကြောင်းလက်မှတ်ရေး ထိုးသည်။အောင်ဆန်း-အက်တလီ စာချုပ်သည် မြန်မာ့လွတ်လပ်ရေး အတွက် ပထမဆုံး ပန္နက်ချခြင်းပင် ဖြစ်သည်။

လက်မှတ်ရေး ထိုးခါနီး ၌ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်လာသော ဂဠုန်ဦးစောက ထ၍ ကန့်ကွက်စကားပြောခဲ့သေးသည်။ သို့ သော်ဦးစော၏ နောက်တွင် လူထုဟူ၍ မယ်မယ်ရရမရှိသော ကြောင့် နန်းရင်းဝန်အက်တလီကဦးစော၏ ကန့်ကွက်မှု ကိုအလေးမထားတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် သာအောင်မြင်စွာ စာချူပ်ချူပ်ဆိုသွားလေသည်။

Cover

ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သော မော်တော် ကား

ရန်ကုန်မြို့သို့ ပြန်ရောက်သော အခါတွင် လည်း ဦးစောသည် အောင်ဆန်း-အက်တလီ စာချုပ်နှင့် ပတ်သတ်၍ မဟုတ်တရားပြောကြားကာလိမ်ညာဝါဒ ဖြန့်ခဲ့သေးသည်။ ဗိုလ်ချုပ်သည်အင်္ဂလိပ်အစိုးရ၏ သြဇာကိုမလွန်ဆန်နိုင်၍ စာချုပ်ကိုလက်မှတ်ရေး ထိုးခဲ့ရကြောင်း၊ လက်မှတ်ရေး ထိုးစဉ် ဗိုလ်ချုပ်၏ လက်သည် တုန်တုန်ရီရီ ဖြစ်နေကြောင်း လုပ်ကြံသတင်းဖြန့်ခဲ့သေးသည်။

ဗိုလ်ချုပ်အောင်ဆန်းကား ဤသို့သော အတိုက်ခံပုဂ္ဂိုလ်များ ၏ ဆန့်ကျင်ကန့်ကွက် အတိုက်အခံလုပ်ရပ်များ ကို ဂရုစိုက်နေရန်အချိန်ရှိသူမဟုတ်ခဲ့ချေ။ “တစ်နှစ် အတွင်း လွတ်လပ်ရေး ရရှိရမည် ” ဟူသော ကြွေးကြော်သံနှင့် အတူရှေ့သို့သာ ဒလက်မန်းကြမ်းတက်လှမ်းနေရသူ ဖြစ်၏ ။ နေ့ရှိသရွှေ့အချိန်ကိုလု၍ ဆောင်ရွက်စရာများ ကို အပြေးအလွှား စီမံလုပ်ဆောင်နေရသူ ဖြစ်သည်။ ယင်းနောက် တိုင်းပြုပြည်ပြု ရွေးကောက်ပွဲကို ၁၉၄၇ ဧပြီ ၉ တွင် ကျင်းပခဲ့ရာ၊အမတ်နေရာ ၂၅၅ နေရာတွင် ဖဆပလက ၂၄၈ နေရာရရှိခဲ့သည်။ ကွန်မြူနစ်က ၇ နေရာသာရရှိသည်။ ဦးစော၏ မျိုးချစ်ပါတီနှင့် ဒေါက်တာဗမော်၏ မဟာမိတ်တို့က မ၀င်ချေ။

ထိုအချိန်အတွင်းအခွင့်အရေး ပေါ်တွင် လက်ရဲဇက်ရဲအရယူတတ်သော ဦးစောသည် သူ့အိမ်၌ တပည့်မွေး၍ လူစုထားပြီး အသင့်ရှိနေ၏ ။ သူ့အကြံ မည် မျှကြီးမားသည်ကို မည် သူမျှမသိကြချေ။

ဦးစောသည် ၁၉၄၆ ခှုစ် စောစောပိုင်းကပင် လက်နက်များ စတင်စုဆောင်းခဲ့သည်။ ပထမဦးစွာ အိန္ဒိယ စစ်တပ်လျှပ်စစ်နှင့် စက်မှု အလုပ်ရုံတပ်မှုး မေဂျာယန်းထံမှ ဆပ်မရှင်းဂန်းတစ်လက်၊ အမေရိကန်ကာဗိုင် ၃ လက်၊စတင်း ၁ လက်၊ တော် မီ ၂ လက်၊ လူဂါ ပစ္စတို ၁ လက်၊ခြောက်လုံးပြူး ၁ လက်နှင့် ကျည်ဆံများ ၀ယ်ယူခဲ့သည်။ ယင်းတပ်၏ မေဂျာ်လက်လန့်စ်ဒိန်ထံမှလည်း စပရင်းဖရီးလ် ရိုင်ဖယ် ၁ လက်၊ တော် မီ ၂ လက်၊ ကာဘိုင် ၁ လက် နှင့် ကျည်ဆံများ ၀ယ်ယူရရှိခဲ့သည်။မေဂျာယန်းထံမှ ရရှိခဲ့သော တော် မီ ၂ လက်မှာ ဗိုလ်ချုပ်အောင်ဆန်း တို့ကိုလုပ်ကြံရာတွင် သုံးခဲ့သော လက်နက်များ ဖြစ်သည်။

ဤသို့ လက်နက်များ စုဆောင်းရရှိသဖြင့် ဂဠုန်ဦးစောသည် အကြမ်းဖက်သည့်နည်းဖြင့် အာဏာရယူရန် အင်္ဂလိပ်အရာရှိတစ်ချို့နှင့် ပူးပေါင်း၍ ပြည်သိမ်းစီမံကိန်းကို ရေး ဆွဲခဲ့သည်။

ယင်းပြည်သိမ်းစီမံကိန်းတွင် -

(က) လက်နက်များ စုဆောင်းရန်၊
(ခ) ခဲယမ်းမီးကျောက်များ စုဆောင်းရန်၊
(ဂ) ငွေကြေးအမြောက်အများ စုဆောင်းရန်၊
(ဃ) လက်နက်ခဲယမ်းများ ကို မျိုးချစ်ဂဠုန်တပ်ဖွဲ့များ ထံ လျှို့ဝက်ဖြန့်ချိထားရန်၊
(င) ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကို သုတ်သင်ရှင်းလင်းရန်၊
(စ) နယ်များ မှ အရေး ပါသော ခေါင်းဆောင်များ ကို သုတ်သင်ရှင်းလင်းရန်၊
(ဆ) ဖဆပလ ခေါင်းဆောင်များ ကျဆုံလျင် ဖဆပလသည် ပြည်သူလူထုအပေါ်တွင် သြဇာရှိတော့မည် မဟုတ်ဟု တွက်ဆထားခြင်း၊
(ဇ) ထိုအခါတွင် ဘုရင်ခံက မျိုးချစ်ပါတီကို အာဏာလွှဲပြောင်းလိမ့်မည် ဟု တွက်ကိန်းချထားသည်။

ပထမအဆင့် ဦးစော သည်မျိုးချစ်ပါတီဝင်များ အနက် ယုံကြည်စိတ်ချရသော ဂဠုန်တပ်ဖွဲ့ဝင်များ ကို မိမိနေအိမ်သို့ ခေါ်ယူကျွေးမွေးထားပြီး စတင်း၊ တော် မီစသည်တို့ပစ်ခတ်နိုင်ရန်လေ့ကျင့်ပေးထားသည်။မင်းလှမှ မောင်စိုး၊ ကျိုက်လတ်မှ သက်နှင်း၊ ကြို့ပင်ကောက်မှ စိန်ကြီး၊မှု န်ကြီး၊ ကျိုက်လတ်မှ သုခ၊ သာယာဝတီနယ်များ မှ ဘညွန့်၊ ခင်မောင်ရင်၊ ရန်ကြီးအောင်၊ ရန်ကြီးနိုင် စသူများ ကိုလက်သပ်မွေးထားသည်။စုစုပေါင်း အယောက် ၃၀ ကျော်ခန့်ရှိသည်။

ထို့နောက်ဦးစောသည် အင်္ဂလိပ်စစ်အရာရှိကြီးများ အနက် မေဂျာယန်းဆိုသူနှင့် ချိတ်ဆက်မိပြီးနောက် ၄င်း၏ ဆက်သွယ်ပေးချက်အရ ပုလိပ်အဖွဲ့၏ လက်နက်ဆိုင်ရာအကြံပေးအရာရှိ ကပ္ပတိန်ဗီဗီယန်း (Capt.David Vivian)အကူအညီဖြင့် ဗိုလ်တထောင် အမှတ် (၂၂၆)၊ အခြေဆိုက်လက်နက်တိုက် (B.O.D) မှ လက်နက်များ ထုတ်ယူရန်ကြိုးပမ်းခဲ့သည်။ ဗီဗီယန်းယူဆောင်လာသော တံဆိပ်နှိပ်ပြီးသား ပုံစံများ ကို ဦးစောသည်ဘညွန့်အား ပုလိပ်အင်စပတ်တော် (ယခုရဲအုပ်အဆင့်)ဘစိန်အ ဖြစ် လက်မှတ်ရေး ထိုးစေပြီး၊ ဗီဗီယန်းက အေဒီဒေးဗစ်ဟု လက်မှတ်ရေး ထိုးခဲ့သည်။ သို့ဖြင့် ဦးစောသည် ဇွန်လ ၂၂ ရက်နေ့တွင် ဗိုလ်တထောင် လက်နက်တိုက်သို့ဂျစ်ကာဖြင့် ဘညွန့်အားခေါ်ဆောင်ကာ လက်နက်တိုက်၊အ၀င်အထွက်၊ လက်နက်ထုတ်ရမည့် နေရာ၊ ထုတ်ပုံထုတ်နည်းကိုအသေးစိတ်ညွှန်ပြပြီးနောက် ၁၉၄၇ ဇွန်လ ၂၄ ရက်နေ့တွင် လက်နက်တိုက်မှ ဘရင်းဂန်း အလက် ၂၀၀ နှင့် ပြောင်းပို ၂၀၀၊ မဂ္ဂဇင်းကျည်ကတ် ၈၀၀ ကို အလွယ်တကူထုတ်ယူနိုင်ပြီး၊နံပတ်အတု အာဘီ (R.B) ၃၁၁၅ တပ်ထားသော (၃)တန် လော်လီကားကြီးဖြင့် အိမ်သို့သယ်ဆောင်လာခဲ့သည်။

တဖန် ဇူလိုင် ၁၀ ရက်နေ့တွင် မင်္ဂလာဒုံမြောက်ဘက် ဗိုလ်ကြီးဗီဗီယန်း၏ စီစဉ်ပေးချက်အရပင် မင်္ဂလာဒုံမြောက်ဘက် (၁၆)မိုင်ရှိ ပင်မလက်နက်ခဲယမ်း မီးကျောက်တိုက်မှ ပွိုင့် ၃၀၃ ရိုင်ဖယ် ကျည်ဆန် ၁ သိန်း၊စတင်းကျည်ဆန် ၂၅၆၀၀၀ နှင့် လက်ပစ်ဗုံး ၂၀၀ တို့ကို ဂဠုန်ဦးစော၏ တပည့် ဘညွှန့်ခေါင်းဆောင်၍ ထုတ်ယူနိုင်ခဲ့ပြန်သည်။

ဤမျှများ ပြားသော လက်နက်ခဲယမ်း မီးကျောက်တို့ကို ဦးစောသည် အေဒီလမ်း(ယခု မေခလမ်း) အမှတ် (၄) ရှိ သူ့ခြံဝင်းအတွင်းရှိ အင်းလျားကန်စပ်တွင် သံစည်များ ဖြင့် ထည့်သွင်းမြှပ်နှံသိုဝှက်ထားခဲ့သည်။သာယာဝတီနယ် အုတ်ဖို၊ ကြို့ပင်ကောက်၊ အိုးသည်ကုန်း၊ ကိုင်းကြီးရွာတို့၌ ဖြန့်၍ သိမ်းဆီးထားသည်။

အဆိုပါလက်နက်များ သည် ထိုစဉ်က မြန်မာ့လက်နက်ကိုင် တပ်ရင်း (၆) ရင်းရှိရာ တပ်ရင်း (၃) ရင်း စာမျှရှိသည့် လက်နက်အရေအတွက် ဖြစ်သည်။

ဤသို့လျှင် ပုဂ္ဂိုလ်တစ်ဦးက တိုင်းပြည်အတွက် အစွမ်းကုန်ကြိုးပမ်းနေစဉ် အခြားပုဂ္ဂိုလ်တစ်ဦးက မိမိကိုယ်ကျိုးအတွက် မီးကုန်ယမ်းကုန် ခြေပုန်းခုတ်လျက်ရှိလေသည်။

ဇူလိုင်လ ၁၉ ရက်၊ စနေနေ့နံနက် ၁၀ နာရီတွင် ကျင်းပမည့် အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများ သည် ဦးစောလက်နက်များ ခိုးထုတ်နေခြင်းကိစ္စကိုဆွေးနွေးရန် ရှိသည်ဟုသိရသည်။

ဤအချက်ကိုကြည့်လျှင်ပင် ဗိုလ်ချုပ်သည် ပုဂ္ဂိုလ်ရေး အရ အာဃာတ တရားမထားတတ်ပေ။ သူသည် အပြောအဆိုဘုကျ၍ မသိမ်မွေ့။ ခတ်ပြတ်ပြတ် မည် သူ့မျက်နှာကိုမှမထောက် ပြောစရာရှိလျှင် ပိဿလေးဘေးပစ်ဆိုသလို ပြောဆိုတတ်သော ကြောင့် “သစ်ပင်ဖြောင့် တက်ရခက်၊စကားဖြောင့် ကြားရခက်” ဆိုသကဲ့သို့ ဖြစ်ရတတ်သော်လည်း ပင်ကိုယ်စိတ်ထားဖြောင့်မှန်ကာ၊ သဘောထားကြီးကြောင်း လူတိုင်းသိရှိကြသည်။ မိမိအားပြိုင်ဘက်ရန်သူသဖွယ်သဘောထားပြီး မီးကုန်ယမ်းကုန်း တိုက်ခိုက်ဖြိုခွဲရန် ဆင်ကြံကြံနေသော ဦးစော၏ လှုပ်ရှားမှု ကို ဗိုလ်ချုပ်မသိ၍ မဟုတ်။ သက်ဆိုင်ရာလုံခြုံရေး တာဝန်ယူထားသူများ က သတင်းပေးထား ဖြစ်သည်။ ရန်ကုန်မြို့ထဲမှာ ပင် ထိုအချိန်တစ်ဝိုက်၌ ကောလဟာလများ ပျံ့ နှံ့နေသည်။ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံရန်ကြံစည်နေကြသတဲ့။ အင်္ဂလိပ်စစ်တပ် လက်နက်တိုက်က စစ်လက်နက် ၂၀၀ ခိုးထုတ်သွားပြီ။ သစ္စာဖောက်များ ကို နိုင်ငံအဖွဲ့အစည်းများ ကကူညီနေသတဲ့စသော သတင်းစကားများ တာမီးပမာပျံနှံ့နေသည်။

ဤအကြောင်းကိုပြန်ကြားရေး ၀န်ကြီး ဖြစ်သော ဒီးဒုတ်ဦးဘချိုကပင်လျှင် ဇူလိုင်လ ၁၈ ရက်နေ့ညနေပိုင်းတွင် မြန်မာ့အလင်း၊ ဟံသာဝတီ၊ ရန်ကုန် နယူးဘားမားသတင်းစာတိုက်များ မှ သတင်းစာဆရာအချို့နှင့် တွေ့ ဆုံပြီးစကားစပ်ပြောကြသေးသည်ဟုဆိုသည်။ ဦးဘချိုက လက်နက်များ ခိုးထုတ်စုဆောင်းနေသူမှာ ဂဠုန်ဦးစော ဖြစ်ကြောင်းပြောသော အခါ သတင်းစာဆရာများ အံ့သြသွားပြီး -

“ ဒီလိုသိလျက်သားနဲ့ ဆရာတို့ က အရေး မယူကြဘူးလား၊ ဗိုလ်ချုပ်ကော ဘာမှ ဘာမှ အကာကွယ် မလုပ်ဘူးလား” မေးမြန်းကြသည်။ ဦးဘချိုက -

“ ဗိုလ်ချုပ်က သူ့ကိုယ်ရေး ကိုယ်တာလုံခြုံ့မှု ကို ဘယ်တုန်းကများ ဂရုစိုက်ဘူးလို့တုန်းဗျာ။ ခုလည်း ဗိုလ်ချုပ်က တိုင်းပြည်ကောင်းစားအောင် ဒီလောက်ကြိုးစားနေတာပဲ။ အဲဒါ သူတို့က မကျေနပ်လို့သတ်ချင်လည်းသတ်ပေါ့ အေးအေးပဲပြောတယ်။ ဒီကိစ္စတွေ ကို သတင်း

Cover

ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နု
(နောက်၌ ရပ်နေသူမှာ ဗိုလ်ချုပ်အပါးတော် မြဲ ဗိုလ်ထွန်းလှ ဖြစ်ပါသည်။)

စာထဲမှာ ထည့်မရေး ကြနဲ့ဦး။ ခင်ဗျားတို့သိထားအောင်ပြောတာပါ” ဟူ၍ ပြောဆိုခဲ့သည်။ ဆရာချိုသည် သတင်းစာဆရာ၊ အနုပညာရှင် ဖြစ်၍ ၊ စိတ်ထားနူးညံ့သိမ်မွေ့သော သူ ဖြစ်သော ကြောင့် ဗိုလ်ချုပ်နှင့် ဘာမျှမခြား၊ ကိုယ့်အလုပ်တာဝန်ဝတ္တများ အကြောင်းသာ ထာဝစဉ်တွေးကာ ကိုယ့်ကို ထိခိုက်လာမည့် ဘေးရန်ကို စိတ်မကူးအားရှာပေ။

ဇွဲ၊ လုံလ၊ ၀ီရိယကြီးမာ၍ အခွင့်အရေး ကိုမြင်တတ်သော ဦးစောသည် ဗိုလ်ချုပ်နှင့် ၀န်ကြီးများ အစည်းအဝေး ကျင်းပမည့်  နေ့ရက်၊ အချိန်၊ နာရီကို ၄င်း အသေအချာစုံစမ်းသိရှိပြီး ဖြစ်သည်။ ပြည်သူတို့၏ စေတနာ၊ မေတ္တာကိုအကြွင်းမဲ့ယုံကြည်သော ဘာကိုမှလျှို့ဝှက်ဖုံးကွယ်မထားပဲ မည် သည့်လုံခြုံရေး အစောင့်အရှောက် အကာအကွယ်မှမယူထား လူထုထဲက လူ တစ်ယောက် ပီသစွာ ရိုးသားလွတ်လပ်စွာ သွားလာလုပ်ကိုင်တတ်နေတတ်သော ဗိုလ်ချုပ်တို့၏ အစည်းအဝေးကျင်းပမည့်  အချိန်နှင့် နေရာကိုလည်း ထိုစဉ်က ခက်ခက်ခဲခဲ စုံစမ်းထောက်လှမ်းနေစရာ မလိုချေ။

ထိုအချိန်က အတွင်းဝန်များ ရုံးမှာ လည်းဟာလာဟင်းလင်း ဖွင့်ထား၏ ။ လူ ဖြစ်စေ၊ မော်တော် ကား ဖြစ်စေ လွတ်လပ်စွာ ၀င်နိုင်ထွက်နိုင်၏ ။ လူတိုင်း ၀င်နိုင်ခွင့်ရှိသည်မှာ ကောင်းသော်လည်း မသာမာသူ လူသတ်သမားများ ပါလွတ်လပ်စွာ ၀င်နိုင်ခွင့်ရရှိခဲ့ခြင်းမှာ ဆိုးဝါးလှပေ၏ ။

ဤသို့လျင် ၁၉၄၇ ဇူလိုင် ၁၉ ရက်၊ စနေနေ့ နံနက် (၁၀) အချိန်လောက်တွင် သူ၏ ကိုယ်ရံတော် (အပါတော် မြဲ) ဗိုလ်ထွန်းလှနှင့် အတူသူ့ကားလေးဖြင့် အတွင်းဝန်များ ရုံးသို့ဆိုက်ရောက်လေသည်။

ထိုနေ့က ဗိုလ်ချုပ်သည် ရွှေဖလားရောင် ဘန်ကောက်လုံချည်၊ မန္တလေးတိုက်ပုံ မြန်မာဝတ်စုံနှင့် ဖြစ်သည်။ သာမာန်အားဖြင့် ဗိုလ်ချုပ်သည် အ၀တ်အစားကို ဖြစ်သလို ကပိုကရို ၀တ်စားတတ်သော်လည်း၊လွှတ်တော်အစည်းအဝေး၊ ၀န်းကြီးအစည်းအဝေးစသည် များ တွင် မူအလုပ်တာဝန်ကို လေးစားသော အားဖြင့် ၄င်း၊ မိမိ၏ ၀သီကို ဖျောက်ကာ ဤသို့သပ်ရပ်စွာ ၀တ်စားဆင်ယင်လာခြင်း ဖြစ်သည်။

ထို့နောက်ဗိုလ်ချုပ်သည် အတွင်းဝန်ရုံးနောက်ဘက် ဗဟိုလှေကားကြီးအတိုင်းတက်ကာ သူ၏ ကာကွယ်ရေး ၀န်ကြီးရုံးခန်းနှင့် တစ်ဆက်တည်း ဖြစ်သော အစည်းအဝေးဆောင်အတွင်းသို့ဝင်ခဲ့သည်။အစည်းအဝေးခန်းမထဲတွင် လုပ်ဖော်ကိုင်ဖက်ဝန်ကြီးများ အသင့်ရောက်ရှိနေကြပြီ။

( ဂငယ် ) ပုံသဏ္ဍန်ခင်းကျင်းထားသော အစည်းအဝေးစားပွဲကြီးများ ၏ ထိပ်စားပွဲအလယ်၌ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်သည်။ ဗိုလ်ချုပ်၏ စားပွဲလက်ဝဲဘက်၌ ၀န်ကြီးများ အဖွဲ့အတွင်းဝန် ဦးရွှေဘော်ထိုင်သည်။ထို့နောက် (ဂငယ်) ပုံသဏ္ဍန် လက်ဝဲဘက် စားပွဲရှည်ကြီး၌ ၀န်ကြီးအဖွဲ့ဝန်များ ဖြစ်ကြသော ဦးဘဂျမ်း(ပုဂံ)၊ ဦးအောင်ဇံဝေ၊ ပျော်ဖွယ်ဦးမြ၊ မိုင်းပွန်စောဘွားကြီးစပ်စံထွန်း တို့အစဉ်အတိုင်းထိုင်ကြသည်။ လက်ယာဘက်စားပွဲ ရှည်ကြီးတွင် ၀န်ကြီးသခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်း နှင့် မန်းဘခိုင်တို့ အစီစဉ်အတိုင်း ထိုင်ကြသည်။ ဗိုလ်ချုပ်အပါအ၀င် အားလုံးပေါင်း (၁၀) ဦး ဖြစ်၏ ။ ၀န်ကြီးစောစံဖိုးသင်မှာ နယ်သို့ခရီးထွက်နေ၍ ၄င်း၊ ၀န်ကြီးဦးကျော်ငြိမ်းနှင့် ဦးတင်ထွဋ်မှာ ပြည်ပသို့ခရီးထွက်နေ၍ ၄င်း၊ အစည်းအဝေးမတက်နိုင်ကြပေ။

အစည်းအဝေးဆိုင်ရာ မှတ်တမ်း၊ စာရွက်စာတမ်း၊ ဖိုင်တွဲ စသည်များ ကို လက်ထောက်အတွင်းဝန် ဦးတင်အုန်း၊ ရုံးအုပ်ကြီး ဦးခနှင့် ဗိုလ်ထွန်းလှတို့က ဗိုလ်ချုပ်နှင့် ၀န်ကြီးများ ရှေ့တွင် အသီးသီး နေရာများ ထားပြီးနောက်စည်းဝေးခန်းမထဲမှ ထွက်ခွာသွားကြသည်။ နံနက် ၁၀ နာရီ ၁၀ မိနစ် ခန့်တွင် ၀န်ကြီးအစည်းအဝေး စတင်လေသည်။

ထိုစဉ်က အ ဖြစ်အပျက်ကို ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော် မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေ၀င်း) က ၁၉၅၅ ဇူလိုင်လ၌ ထုတ်ဝေသော သူ၏ “ ဗမာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း” စာအုပ် စာမျက်နှာ ၈၅ ၌ -

“ကောင်းကင်သည် ကြည်လင်ခြင်းမရှိဘဲ၊ သမုဒ္ဒရာပြင်ကြီးလို ၀ိုးဝိုးဝါးဝါး၍ နေသော ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်က

Cover

ဗိုလ်ချုပ်အပါတော် မြဲ ဗိုလ်ထွန်းလှနှင့် ဇနီး ဒေါ်ခင်ညိန်း

ကျွန်ုပ်တွေ့ ကြုံလိုက်ရသော အ ဖြစ်ပျက်မှာ လျှပ်တစ်ပျက် မြင်မက်လိုက်ရသော အိမ်မက်တခုကဲ့သို့ပင်တည်း။

မမျှော်လင့်နိုင်လောက်အောင် လျင်မြန်လွန်းသော ကြောင့် လည်း အိမ်မက်ကားမဟုတ်။ တကယ့်အ ဖြစ်အပျက် ဖြစ်ကြောင်းကို ရက်အတန်ကြာသည့်တိုင်အောင် ကျွန်ုပ်၏ စိတ်ထဲတွင် ယုံကြည်ရန် အလွန်ခဲယဉ်းစွာ ကြိုးစာနေခဲ့ရလေသည်။

ဘန်ကောက်လုံခြည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံအကျီ၊င်္ သဲကြိုးအဖြူရောက် လေယဉ်ပျံဖိနပ်တို့ဖြင့် ၀တ်ဆင်ကာ (ခါတိုင်း သူဝတ်နေကျ ကာကီယူနီဖောင်း မဟုတ်သဖြင့် ) လှပစမတ်ကျနေသော ဗိုလ်ချုပ်အောင်ဆန်းသည် ထိုနေ့နံနက်အိမ်မှအထွက်၌ ပြုံးပြုံးရွှင်ရွှင်နှင့် သမီးထွေးကလေး မမစုကိုပင် ယုယစွာ နမ်းရှုပ်နုတ်ဆက်ခဲ့ပြီးကာမှ အတွင်းဝန်ရုံးသို့ရောက်ပြီး မျက်စိတမှိတ်လျှပ်တစ်ပြက်အတွင်း တဒိုင်းဒိုင်း ထွက်ပေါ်လာသော စက်သေနတ်သံများ နှင့် အတူ ရေတိမ်နစ်ခဲ့ရပုံမှာ ကျွန်ုပ်မျက်စိတွင် လျင်မြန်စွာ ပြသသွားသော ရုပ်ရှင်ကားတစ်ခုကို ကြည့်လိုက်ရသည်နှင့် လည်း တူနေပေသည်။

စစ်ပြီးခေတ် ဗြိတိသျှဘုရင်ခံ မြန်မာပြည်ကိုအုပ်စိုးနေစဉ်အတွင်း ကက်ဗိနက်ခေါ် ၀န်ကြီးများ အဖွဲ့ကို ဘုရင်ခံ၏ အမှု ဆောင်အဖွဲ့ (Governor’s Excutive Council)ဟု ခေါ်တွင် လျက် ၀န်ကြီးအစည်းဝေးများ ကိုလည်း၎င်းအဖွဲ့၏ သဘာပတိ ဖြစ်သော ဘုရင်ခံနေထိုင်ရာ အစိုးရအိမ်တော် (နောင်သမ္မတ အိမ်တော် )၌ ကျင်းပလေ့ရှိသည်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ် (လန်ဒန်) တွင် အရေး ဆိုကာ အောင်ဆန်း-အက်တလီစာ ချုပ်ချုပ်ဆိုပြီးသော အချိန်မှစ၍ ၀န်ကြီးများ အစည်းအဝေးကို အတွင်းဝန်ရုံးများ သို့ ပြောင်းရွှေ့စည်းဝေးကာ၊၄င်းဝန်ကြီးအစည်းအဝေးတွင် လည်း ဘုရင်ခံသည်မတက်တော့ဘဲ ဒုတိယသဘာပတိ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကပင် သဘာပတိအ ဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့ရလေသည်။

အဓိပ္ပါယ်ကား မြန်မာပြည်ကိုလွတ်လပ်ရေး ရတော့မည် မှာ သေချာသွားပြီ ဖြစ်၍ တိုင်းပြည်ရေး ရာကိစ္စများ တွင် ဗြိတိသျှအစိုးရကိုယ်စားလှယ် ဖြစ်သော ဘုရင်ခံက ၀င်စွက်ဖက်ခြင်းမပြုတော့ပါဟူသော သဘောကိုဗြိတိသျှတို့က စတင်ပြသသည့် သဘောပင် ဖြစ်၏ ။

Cover

ဗိုလ်ချုပ်အပါတော် မြဲ ဗိုလ်ထွန်းလှ

ဝန်ကြီးများ အစည်းအဝေးကို ရက်သတ္တပတ်လျှင် တစ်ကြိမ်ကျ သာမာန်အားဖြင့် ကျင်းပလေ့ရှိရာ များ သော အားဖြင့် ဗုဒ္ဓဟူးနေ့ တိုင်း နံနက် ၁၀ နာရီအချိန်တွင် အတွင်းဝန်များ ရုံး ဗိုလ်ချုပ်၏ ရုံးခန်း၌ ပင်ကျင်းပလေ့ရှိသည်။ ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့  နံနက် ၁၀ နာရီတွင် ၀န်ကြီးများ အဖွဲ့  အပတ်စဉ် အစည်းအဝေးကို အတွင်းဝန်ရုံး၌ ကျင်းပရန် စီစဉ်ကြေညာထားပြီး ဖြစ်လေသည်။

ကျွန်ုပ်၏ တာဝန်ဝတ္တရားတစ်ခုမှာ များ ပြားစွာ သော ဗိုလ်ချုပ်၏ အလုပ်တာဝန်ချိန်းဆိုချက်၊ အစည်းအဝေးစသည်တို့ကိုတစ်ခုပြီးတစ်ခု အစီအစဉ်မလွဲချော်ရအောင် စီမံဖန်တီးပေးရခြင်း ဖြစ်လေရာ၊ အင်္ဂါနေ့ နံနက်ကျသော အခါ ကျွန်ုပ်က -

“ဗိုလ်ချုပ်နက်ဖြန် ၀န်ကြီးအစည်းအဝေးလုပ်ဖို့ချိန်းထားတယ်၊ လွှတ်တော် ကော်မတီ အစည်းအဝေးကလည်း မနက်ဖြန် ၁၀ နာရီပဲ ဖြစ်နေတယ် ဘယ်နှယ့်လုပ်ရမလဲ” ဟု မေးရာသူက -

“ ဟေ….ဟုတ်လား၊ ဒါဖြင့် လွှတ်တော် ကော်မတီပဲတက်မယ်၊ အီးစီကို စနေနေ့ မနက်ပြောင်းလိုက် ပြောင်းလုပ်လိုက်ကွာ” ကွာဟုဆုံးဖြတ်ချက်ချလိုက်ရာ၊ မြန်မာပြည်တပြည်လုံးသမိုင်းတွင် အရုပ်ဆိုးအကျည်းတန်ဆုံးသော ဇူလိုင်လ ၁၉ ရက် လူသတ်အရေး တော် ပုံကြီး၏ ကံကြမ္မာစတင်ခဲ့လေသည်။

၁၉၄၇ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့နံနက် ၁၀ နာရီထိုးကာသော်လည်း အတွင်းဝန်ရုံးများ အပေါ်ထပ် (စပတ်လမ်းဘက်)ကာကွယ်ရေး ၀န်ကြီး၏ ရုံးခန်းမကြီး၌ ဗိုလ်ချုပ်မှတစ်ပါး အားလုံးသော ၀န်ကြီးများ သည်စုံစုံညီညီ ရောက်ရှိနေကြလေပြီ။

ဝန်ကြီးများ ကောင်စီအဖွဲ့၏ အတွင်းဝန် ဦးရွှေဘော်၊ လက်ထောက်အတွင်းဝန် ဦးတင်အုန်း၊ ရုံးအုပ်ကြီး ဦးခတို့မှာ အစည်းအဝေးဆိုင်ရာမှတ်တမ်း စာရွက်စာတမ်းဖိုင်တွဲ စသည်တို့ကို ပြင်ဆင်ရှာဖွေရင်းအလုပ်ရှုပ်လျက်ရှိကြသည်။ ၁၀ နာရီ ၁၀မိနစ် တိတိအချိန်တွင် အမှတ် အာရ်စီ (R.C) ၂၈၇၄ အနက်ရောက် ၀ူစလီကားတစ်စီးသည် အတွင်းဝန်ရုံး ဗလိုလှေကားကြီး၏ ခြေရင်းသို့ဆိုက်ရောက်လာလေသည်။

(၄င်းမော်တော် ကားမှာ ယနေ့ ဗိုလ်ချုပ်ပြတိုက်ထဲတွင် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးစီးသွားသည့် ကားပင်တည်း။)

မော်တော် ကားပေါ်မှဆင်းပြီး ထုံးစံအတိုင်း ကျွန်ုပ်မှာ ရှေ့ဆုံးမှတက်ပြီး ဗိုလ်ချုပ်မှာ ကျွန်ုပ်၏ နောက်နားမှကပ်လျက် လိုက်ပါလာလေသည်။

ဤနေရာ၌ ထုံးစံအတိုင်းဟု ကျွန်ုပ်သုံးစွဲလိုက်ရခြင်း၏ အကြောင်းကို အနည်းရှင်းပြလိုပါသေးသည်။

ကျွန်ုပ်မှာ ဗိုလ်ချုပ်နှင့် တချိန်လုံး သွားအတူ၊ လာအတူ ပူးတွဲ ပါရှိနေလေရာ၊အလုပ်ဝတ္တရားဆိုင်ရာကိစ္စတို့၌ သာမက ထမင်းစားပွဲ ဧည့်ခံပွဲများ သို့သွားခြင်းမှအစ တစ်ခါတရံ ရုပ်ရှင်၊ ပြဇာတ်ကြည့်ခြင်း၊ ညနေခင်းအလည်ပတ်သွားခြင်းတို့မှာ ပင်တကောက်ကောက် နောက်ကပါခဲ့ရလေသည်။ ထိုသို့ပါနေရာ၌ ကျွန်ုပ်မှာ ဗိုလ်ချုပ်အတွက် အမြဲတစေ သတိမလစ်စေဘဲ အစစအရာအရာမလစ်ဟင်းရအောင် ဂရုစိုက်ရ၏ ။ မြန်မာပြည် အနှံအပြားသို့ နယ်လှည့်ခရီးထွက်ရသည့်အခါများ ၌ ပင်လေယဉ်ပေါ်လျင် ကျွန်ုပ်က ဗိုလ်ချုပ်အရင်တက်၍ သင်္ဘောပေါ်ကဆင်းလျှင်လည်း ဗိုလ်ချုပ်အရင် ကျွန်ုပ်က ရှေ့မှဆင်းလေ့ရှိသည်။ အကြောင်းတစ်စုံတရာရှိခဲ့သော် ဘာကို ဖြစ် ဖြစ် ကျွန်ုပ်က ဗိုလ်ချုပ်အရင်တွေ့ ကြုံရမည် ဟူသော ရည်ရွယ်ချက်ရှိသော ကြောင့် ပင် ဖြစ်သည်။

ယခု ဇွန်လိုင်လဆန်းကတည်းက ကျွန်ုပ်တို့သည် အထူးသတိပြု ဂရုစိုက်နေကြရသည့် အကြောင်းအရာတစ်ရပ်မှာ ဘီအိုဒီ (B.O.D) စစ်တပ်မှ ဘရင်းသေနတ် အလက် ၂၀၀ ကျော် ပျောက်သွားခြင်းနှင့် ပတ်သတ်၍ ၄င်းကိစ္စမှာ သွေးရိုး သားရိုးမဟုတ်နိုင်ဟု သံသယ ဖြစ်မိကြသော ကြောင့် ပင် ဖြစ်လေသည်။

ဗိုလ်ချူပ်ကိုယ်တိုင် က သူ့ကိုမည် သူမျှ မကြံတန်ဟု သူ့ကိုချစ်သော ပြည်သူလူထုကြီးကို သူကလည်း တထစ်ချ ယုံကြည်အားကိုးခဲ့လေသည်။ သို့သော်အချင်းမ ဖြစ်ပွားမီ တစ်ရက် (သော ကြာနေ့)တွင် သူ့ စိတ်ထဲ၌ ဘယ်လို ဖြစ်သည်မသိ။ ကျွန်ုပ်အား -

“ဟေ့ … ငါတို့အိမ်အတွက်လည်း လိုလိုမယ်မယ် လက်နက်ကလေး ဘာကလေး ယူထားဦးမှပဲ။ စတင်းဂန်း တစ်လက် ဖြစ် ဖြစ် အိမ်ယူထားလိုက်စမ်းပါကွာ” ဟု ပြောသဖြင့် ကျွန်ုပ်လည်း (ယခု ယူအမ်ပီ ဖြစ်လာသော )သော င်းကျန်းမှု နှိမ်နင်းရေး တပ်မှ စတင်းဂန်းတစ်လက် ခေတ္တယူထားလိုက်ရလေသည်။

သို့ နှင့် ပင် ဇူလိုင်လ ၁၉ ရက် နံနက်တွင် အတွင်းဝန်ရုံးအပေါ်ထပ်သို့ တက်ပြီး အစည်းအဝေးခန်းမကြီးအတွင်းသို့ ၀င်သည်အထိ ကျွန်ုပ်ပင်လျှင် ဗိုလ်ချုပ်၏ ရှေ့မှ လျှောက်လာခဲ့လေသည်။ ထိုနေ့အစည်းအဝေးဆိုင်ရာမှတ်တမ်းဖိုင်တွဲ များ ကို နေရာချထားပြီးနောက် သဘာပတိ ကုလားထိုင်ကြီးကို နောက်သို့ ဆွဲ၍ သူဝင်သာအောင် ကျွန်ုပ်က လုပ်ပေးပြီးမှ ဗိုလ်ချုပ်အောင်ဆန်းသည် သူနောက်ဆုံးအကြိမ် သဘာပတိ အ ဖြစ်ဆောင်ရွက်ရမည် ဖြစ်သော အမှု ဆောင်ဝန်ကြီးများ အစည်းအဝေးကို စတင်ရန် ပြင်ဆင်ရှာလေသတည်း။

၁၀ နာရီ ၁၅ မိနစ် အချိန်တွင် ချင်းရေး ရာ အတိုင်ပင်ခံဝန်ကြီး ဦးဝမ်းကိုဟော(နောင် နိုင်ငံခြားရေး ၀န်ထမ်း)သည် ကျွန်ုပ်၏ အခန်းသို့ ဗိုလ်ချုပ်ထံ စာစောင်ပေးရန်လာရောက်ရင်း ကျွန်ုပ်နှင့် အလ္လာပသလ္လာပစကားများ ပြောကြားနေသေးသည်။ သူရှိစဉ်ပင် ကျွန်ုပ်သည် သုံးကြိမ်တိုင်တိုင် အစည်းအဝေးခန်းမသို့ ၀င်၍ ဗိုလ်ချုပ်လိုအပ်သော စာရွက်စာတမ်းများ ၀င်ပေးခဲ့သေးသည်။

ချင်းဝန်ကြီး ဦးဝမ်ကိုဟော ၅ မိနစ်အကြာတွင် ပြန်ထွက်သွားလေသည်။ သူရှိနေတုန်းမှာ ပင် အလုပ်သမားသမဂ္ဂမှ သခင်ဗတင်ကြီး ကျွန်ုပ်ထံသို့လာ၍ နံနက်ပိုင်းက ဗိုလ်ချုပ်နှင့် တွေ့ ရန်စောင့်သော်လည်း မတွေ့ ရသဖြင့် တ ဖြစ်တတောက်တောက် ညည်းနေရာမှ တော် တော် ကြာ အစည်းအဝေးပြီးမှပဲတွေ့ မည် ဆိုကာ သူ၏ ဦးထုပ်နှင့် မိုးကာအင်္ကျီများ ကို ကျွန်ုပ်၏ အခန်းတွင်း၌ ချထားကာ ခေတ္တအပြင်ဘက်သို့ထွက်သွားလေသည်။

ထူးဆန်းပုံကား ခါတိုင်းဆိုလျှင် ဧည့်သည်တွေ ၊ သတင်းထောက်တွေ ၊ ရဲဘော်တွေ ၊ အခြားမိတ်ဆွေ တွေ တင်းပြည့် ကျပ်ပြည့်နေလေ့ရှိသော ကျွန်ုပ်၏ ရုံးမှာ ထိုနေ့က အလွန်ပင်လူရှင်းလျက် ကျွန်ုပ်အပြင်ဗြိတိသျှဗိုလ်ချုပ်ဂျင်နရယ်သော မတ်၏ ကိုယ်ရံတော် ဗိုလ်သန်းဝင်းတစ်ဦးသာရှိပြီး၊ တစ်ခန်းလုံး တိတ်ဆိတ်ခြောက်ကပ်၍ နေလေသည်။

ထိုစဉ် ကျွန်ုပ်မှာ အစာမကြေ ရောဂါ ဖြစ်လျက်ရှိရာ၊ ဆရာဝန်၏ ညွှန်ကြားချက်အရ အပြင်အစားအစာမစားဘဲ (Diet) သဘောဖြင့် အိမ်မှာ ပင် နံနက် ၁၀ ခွဲသာသာလောက်တွင် ထမင်းပြန်စားနေလ့ရှိသည်။ထိုနေ့(ဇူလိုင် ၁၉) ကမူ လူရှင်းလျက်ရှိသော ကျွန်ုပ်၏ ရုံခန်းကိုကြည့်ရင်း စိတ်ထဲမှ အပြင်မသွားချင်သလိုလို ထူးဆန်းစွာ ဖြစ်ပေါ်သော ကြောင့် ဒီနေ့တော့ အိမ်ပြန်ထမင်းမစားတော့ပါဘူးဟုဆုံးဖြတ်ကာ ရုံးခန်းစောင့်ရဲဘော်လှမောင်အား ကျွန်ုပ်နှင့် ဗိုလ်သန်းဝင်းအတွက် နှစ် ယောက် စာထမင်းကို တရုတ်ဆိုင်မှ ၀ယ်ခိုင်းလိုက်ပြီး ကျွန်ုပ်၏ လက်ပတ်နာရီကိုကြည့်လိုက်သော အခါ အချိန်မှာ ၁၀ နာရီ ၃၅ မိနစ်တိတိရှိနေလေပြီ။

ထိုခဏ၌ ဗိုလ်ချုပ်၏ အခန်းဆီမှ “ဒိုင်း…..ဒိုင်း…..ဒိုင်း” ဟူသော သေနတ်သံများ ကျယ်လောင်စွာ ရုတ်တရက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်တည်း ကျွန်ုပ်နှင့် ဗိုလ်သန်းဝင်းတို့သည် ၀မ်းလျားထိုးမောက်ကာအကာကွယ် ယူမိနေကြလေသည်။ စောစောကမြည် ဟိန်းထွက်ပေါ်လာသော ပေါက်ကွဲသံမှာ စက္ကန့်ပိုင်းလောက်သာရှိသေးစဉ် ဒက်ဒက်…ဒက်ဒက် ဟူသော (အော်တိုမက်တစ်) စက်သေနတ်ပစ်သံတို့အဆက်မပြတ်ကြားလိုက်ရပြီးနောက်ကျွန်ုပ်တို့နှစ် ဦးက -

“ဟာ….. ၀န်ကြီးတွေ ကို ပစ်ကုန်ပြီ” ဟူသော အသိကြောင့် ချက်ချင်း ပင် ကျွန်ုပ်က ဗိုလ်ချုပ်တို့၏ အစည်းအဝေးခန်းမကြီးဆီသို့ ၄င်း၊ ဗိုလ်သန်းဝင်းက ကျွန်ုပ်အခန်းပြင်ဘက်ဆီသို့၎င်း အသီးသီး ပြေးကြလေသည်။

ဗိုလ်ချုပ်အခန်းနှင့် ရုံးခန်းဆက်လျက်ရှိသော ဘေးတံခါးရွက်ကို ကျွန်ုပ်တွန်း၍ ကြည့်လိုက်သော အခါ မြင်ရသော ရူခင်းအချင်းအရာမှာ ကျွန်ုပ်အဖို့ တစ်သက်တာတွင် မေ့ပျောက်နိုင်င်ဖွယ်မရှိအောင် စိတ်နှလုံးနောက်ကျိဖွယ်ရာ ဖြစ်နေလေတော့သည်။

အခန်းတခုလုံးတိတ်ဆိတ် ငြိမ်သက်လျက် ယမ်းငွေ့၊ ယမ်းနံ့ တွေ လည်း ညီစော်နံနေလေရာ စောစောကပင် စိတ်အားထက်သန်စွာ မြန်မာပြည်၏ နောင်ရေး ကိစ္စများ ဆွေးနွေးတိုင်ပင်နေခဲ့ကြသော ၀န်ကြီးများ သည်အတုံးအရုံးလဲနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာမြင်တွေ့ ရလေသည်။ ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းမှာ လည်း သူထိုင်သော စားပွဲထိပ်မှ ကုလားထိုင်ကြီးနှင့် အတူ ပက်လက်လန်လဲကျနေရှာသတည်း။

အရွယ် ဒသမ ၄၅ နှင့် ၃၅ အမျိုးအစား ကျည်ခွံများ သည်လည်း ကြမ်းပြင်၌ ဖြန့်ကျဲလျက်ရှိလေသည်။ လူသတ်သမားများ နှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး စတင်ပစ်ပစ်ချင်းမထိသဖြင့် ၀မ်းလျားထိုးဝပ်လိုက်သော ကြောင့် သေဘေးမှ သီသီကလေးလွတ်သွားသူ ၀န်ကြီး ဦးဘဂျမ်း၊ ပျော်ဘွယ် ဦးမြ၊ ဦးအောင်ဇံဝေ နှင့် အတွင်းဝန် ဦးရွှေဘော် တို့ကား ကမန်းကတန်း အခန်းချင်းကပ်နေသော ဦးရွှေဘော်၏ ရုံးခန်းတွင်းသို့ကူးပြေးကြလေပြီ။

ထိုအချိန်၌ ပင် ကျွန်ုပ်တို့ အခန်းတွင်းမှ အပြင်ဘက်သို့ ပြေးထွက်သွားသော ဗိုလ်သန်းဝင်းမှာ လှေကားမှ ဆင်းပြေးမည့် ဆဲဆဲ လူသတ်သမားများ နှင့် ရင်ဆိုင်တိုးလျက်ရှိသည်။

ဗိုလ်သန်းဝင်းကို မြင်မြင်ခြင်းလူသတ်သမားများ သည် -

“ ဟေ့…..မဆိုင်သူ မကပ်နဲ့ ကွ” ဟုညာသံပေး ခြိမ်းခြောက်ကာ တော် မီစတင်းဂန်းတို့ဖြင့် ချိန်ထားလေရာ ဗိုလ်သန်းဝင်းမှာ ၄င်းတို့ဝတ်ဆင်ထားသော အစိမ်းရောင် စစ်ယူနီဖောင်းအပြည်အစုံကိုကြည့်ရင်း ရုတ်တရက်သော်တရားခံများ ကို လိုက်ဖမ်းနေသော စစ်ပုလိပ်များ ဟုထင်မှတ်ကာ ကြောင်တက်နေစဉ် လူသတ်သမားတို့လည်း ရှေ့သို့တိုးသွားပြီးလှေကားထိပ်အခန်းမှ ပြေးထွက်ကြည့်သူ ဆရာကြီး ဦးရာဇတ် (ပညာရေး ၀န်ကြီး)၏ သက်တော် စောင့် ကိုထွေးအားစတင်းဂန်းဖြင့် တချက်မျှဆွဲလိုက်ခြင်းဖြင့် သူတို့၏ ထွက်ပြေးရာလမ်းရှိ အတားအဆီးဟူသမျှကို အပြီးတိုင် ရှင်းလင်းလိုက်ကြလေသည်။ ထိုအခါမှပင် ဗိုလ်သန်းဝင်းသည် လူသတ်သမားများ ဖြစ်ကြောင်းကို သိရှိလေတော့သည်။

တစ်မိနစ် အတွင်းအောက်ထပ် လှေကားရင်းတွင် အသင့်စက်နှိုးပြီးဆိုက်ထားသော ဂျစ်ကားပေါ်သို့ပြေးတက်ကာ လူသတ်သမားတို့သည် လက်လွတ် ထွက်ပြေးကြလေတော့သည်။

“ ယခုကျွန်ုပ်စာဖြင့် ရေး ပြနေသည်မှာ အချိန်ကြာသည်ထင်ရသော်လည်း စင်စစ် ၄င်း ဇူလိုင် ၁၉ ရက်နေ့က ဖြစ်ပျက်ပုံ အလုံးစုံကား လျှပ်တစ်ပြက်ကဲ့သို့ လျင်မြန်လှပေသည်” ဟူ၍ ရေး သားဖော်ပြထားလေသည်။

၁၉၄၇ ဇူလိုင် ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် “ကျွန်ုပ်၏ သတင်းထောက်၏ ကိုယ်တွေ့ ဖော်ပြချက်”ဟု ခေါင်းစဉ်တပ်လျက် အောက်ပါအတိုင်း ရေး သားဖော်ပြထားလေသည်။

ဇူလိုင် ၁၉ ရက်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးကြီးရှိ မြန်မာပြည်အစိုးရအဖွဲ့ ဒုတိယဥက္ကဠနှင့် ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ်စစ်ဝတ်စစ်စား ကာကီစိမ်း ဘောင်းဘီရှည်၊ အင်္ကျီများ ၀တ်ဆင်လျက် အမှတ် ၁၂ ခြင်္သေ့တံဆိပ်များ တပ်ဆင်ထားသော လူ ၅ ယောက် တို့သည် စတင်းဂန်းသေနတ်၊ တော် မီဂန်းသေနတ်များ ကိုယ်စီဖြင့် ရောက်ရှိလာပြီး ၀န်ကြီးအခန်းဝမှမင်းစေအားတယောက် က သေနတ်ဖြင့် ချိန်ရွယ်ထားခိုက် အခြားသူများ က တံခါးကိုဖွင့်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အစည်းဝေးတိုင်ပင်ရန် ရောက်နှင့် နေကြသော ၀န်ကြီးများ ၊ အတွင်းဝန်များ ကိုပါ တစ်ခန်းလုံးသိမ်းကျုံး၍ သေနတ်ဖြင့် မွှေ့ရမ်းပစ်ခတ်သွားရာ အခန်းတွင်းရှိ ပုဂ္ဂိုလ်များ မှာ နေရာတွင် ပင် လဲကျနေတော့ကြောင်း။

တောင်မှ မြောက်သို့လျောက်လာပုံ

အချင်းမ ဖြစ်ပွားမီ မိနစ်အနည်းငယ်ခန့်ကပင် ကျွန်ုပ်တို့သတင်းထောက်သည် အတွင်းဝန်ရုံးသို့ရောက်ရှိနေပြီး ရုံးခန်းများ အပြင်ဘက်စင်္ကြန်တွင် လမ်းလျှောက်နေခိုက် စတင်းဂန်းကိုယ်စီလွယ်လျက် အနောက်ဘက်စင်္ကြန်တလျောက်တောင်မှမြောက်သို့လျှောက်လာသည့် လူ ၅ ယောက် (အမှန်မှာ လေးယောက် ) ကိုတွေ့ ရကြောင်း။ အဆိုပါ လူ ၅ ယောက် သည် ဗိုလ်ချုပ်ရုံးခန်းဘက်သို့ ရှေ့ရှုသွားနေခိုက် ကျွနု်တို့သတင်းထောက်လည်း ပညာရေး ၀န်ကြီး၏ သက်တော် စောင့်ကိုထွေးနှင့် အတူ သတင်းစာဖတ်နေကြောင်း။

တ၀ုန်းဝုန်းအသံကြီး

ထိုသို့ရုံးခန်းအတွင်းသို့ရောက်ရှိပြီး ၅ မိနစ်မျှ မကြာမီပင် ၀ုန်းဝုန်းဟူသော အသံကြီးများ ၃ မိနစ်မျှကြာအောင် ရှည်လျားစွာ ထွက်ပေါ်လာသည်ကိုကြားရကြောင်း။ ၄င်းအသံကြီး ထွက်ပေါ်လာသည်ကိုကြားရကြောင်း။၎င်းအသံကြီးထွက်ပေါ်လာသည်နှင့် တပြိုင်နက် အတွင်းဝန်ရုံးရှိလူများ မှာ လူးလားခတ်မျှ ပြေးလွှားကုန်ကြသည်ကို တွေ့ ရကြောင်း။ ကျွန်ုပ်တို့ သတင်းထောက်လည်း သတင်းစာဖတ်နေရာမှ ရုံးကြီး၏ တစိတ်တဒေသပြိုကျပြီအထင်နှင့် အပြင်သို့ရုတ်တရက်မထွက်ရဲဘဲ အခန်းတွင်းမှာ ပင် ငြိမ်နေကြာင်း။

မဆိုင်သူတွေ ဖယ်နေ

အသံတိတ်ဆိတ်သွားမှ ပညာရေး ၀န်ကြီးသက်တော် စောင့် ကိုထွေးက ရှေ့မှ ကျွန်ုပ်တို့သတင်းထောက်က နောက်မှနေ၍ အခန်းပြင်သို့ထွက်လာရာ စောစောက တွေ့ လိုက်သော စစ်ဝတ်စစ်စားဝတ်ဆင်ထားသော လူ ၅ ယောက် တို့နှင့် ရင်ဆိုင်တွေ့ ဆုံကြရကြောင်း။ ထိုအခါ ကျွန်ုပ်တို့သတင်းထောက်ရှေ့မှ ထွက်သွားသော ကိုထွေးအား အဆိုပါလူ ၅ ယောက် မှ တယောက် က စတင်းဂန်းဖြင့် ပစ်လိုက်ပြီး ‘မဆိုင်သူတွေ ဖယ်နေ၊ အောက်ကိုဆင်းကြ’ဟုအမိန့်ပေး၏ ။ ထိုအခါကျမှ ကျွန်ုပ်တို့ သတင်းထောက်လည်း ထိုလူ ၅ ယောက် မှာ လူဆိုးများ ဖြစ်နေမှန်း သိရတော့ကြောင်း။

ဂျစ်ကားလေးတစ်စင်း

ကျွန်ုပ်တို့သတင်းထောက်သည် လူဆိုးများ ၏ အမိန့်အတိုင်း လှေကားမှ ပြေးဆင်းပြီး၊ လှေကားရင်းသို့အရောက်တွင် လူဆိုးများ မှ တဖန် ‘ ဟေ့လူ ခင်ဗျားဘေးဖယ်’ ဟုအမိန့်ပေးပြန်သဖြင့် အနီးရှိ စင်္ကြန်ထောင့်ချိုးကလေးတစ်ခုအကွယ်သွားရောက်ပုန်းနေကြာင်း။ လူဆိုးများ လှေကားရင်းသို့အရောက်တွင် ဂျစ်ကားလေးတစ်စင်းသည် အသင့်မောင်းနှင့် လျက် လှေကားပေါက်ဝသို့ရောက်ရှိလာပြီး အဆိုပါ လူ ၅ ယောက် အား တင်ဆောင်၍ စပတ်လမ်းဘက် အပေါက်ဝထွက်ကာကမ်းနားဘက်မှ မောင်းနှင်သွားသည်ကို ကျွန်ုပ်တို့သတင်းထောက်မှ နောက်ဆုံးမြင်တွေ့ လိုက်ရကြောင်း။

စေ့စေ့မကြည့်ရဲ

ကျွန်ုတို့သတင်းထောက်သည် လူဆိုးများ အား အနီးကပ်တွေ့ သည်မှန်သော်လည်း လူဆိုးများ မှာ စစ်ဦးထုပ်အပျော့ကလေးများ ကို ခပ်အုပ်အုပ်ဆောင်းထားသည့်အပြင် ၄င်းတို့ဝင်လာသည့်အချိန်တွင် မိုးအုံ့နေသည်ကတစ်ကြောင်း၊ ၄င်းတို့သေနတ်များ ချိန်ရွယ်ထားသဖြင့် စေ့စေ့မကြည့်ရဲသည်ကတစ်ကြောင်း ၄င်းတို့၏ ရုပ်သဏ္ဍန်များ ကို မမှတ်မိလိုက်ကြောင်း။

လူဆိုးလက်ချက်မမိသော ၀န်ကြီးများ

ထိုနေ့ကျင်းပသော ၀န်ကြီးများ အစည်းဝေးသို့ လူ ၅ ယောက် ၀င်ရောက်ပစ်ခတ်ရာ ၀န်ကြီး ဦးအောင်ဇံဝေ(ပြည်သူ့ဝန်းထမ်းဌာန)နှင့် အစိုးရအမှု ဆောင်ဝန်ကြီးအဖွဲ့ အတွင်းဝန် ဦးရွှေဘော်တို့နှစ် ဦးတို့ မှာ အစည်းအဝေးခန်းမထဲ၌ ပင်ရှိနေကြသော်လည်း တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း။

ဝန်ကြီး ဦးဘဂျမ်း (ပြန်လည်ထူထောင်ရေး ) နှင့် ၀န်ကြီးပျော်ဘွယ် ဦးမြ (စိုက်ပျိုးရေး )တို့မှာ အချင်း ဖြစ်ပွားစဉ်က အစည်းအဝေးတွင် ရှိနေသော်လည်းထိခိုက်ခြင်းမရှိကြောင်း။

ဝန်ကြီး စောစံဘိုးသင် (သယ်ယူပို့ဆောင်ရေး ဌာန)မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ တိုင်းခန်းလှည့်လယ်နေခိုက် ဖြစ်၍ ၀န်ကြီးဦးကျော်ငြိမ်း (ပြည်ထဲရေး )မှာ ဘိလပ်မှ အပြန်ခရီးတွင် ရှိနေပြီး၊ ဌာနလက်ကိုင်မရှိဝန်ကြီးဦးတင်ထွဋ်မှာ ဘိလပ်တွင် ရှိနေသေးကြောင်း ဖော်ပြထားသည်။

၁၉၄၇ ဇူလိုင် ၂၂ ရက်နေ့ထုတ် လူထုနေ့စဉ် သတင်းစာ၌ လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးရပုံကို ဤသို့ဖော်ပြထားပြန်သည်။

“ ထိုနေ့ (၁၉ - ၇ - ၄၇) ၁၀ နာရီခွဲ အချိန်တွင် ဗိုလ်ချုပ်၏ အပါးတော် မြဲ ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်တို့ အစည်းအဝေးအတွက် စာရွက်စာတမ်းများ ကိုဝင်ပေးပြီး မိမိအခန်းသို့ ပြန်လာသည်ဆိုကြောင်း။

ဗိုလ်ထွန်းလှ နှင့် အတွင်းဝန်ကလေးဦးအုန်းမောင် တို့မှာ အ၀င်အထွက်ဆိုသလို ဖြစ်သည်ဆိုကြောင်း။ ထိုအချိန်တွင် စစ်ဝတ်စစ်စားနှင့် လူ ၄ ယောက် သည် ၀င်ခွင့်မပြုသော တံခါးစောင့်ကို ဇွတ်တွန်းပစ်ကာအတွင်းသို့ဝင်လာသည်ဆိုကြောင်း။ ၀န်ကြီးများ သည် ရုတ်တရက် အံ့အားသင့်ကာ လှမ်းကြည့်လိုက်စဉ် ၄ ယောက် အနက် တစ်ယောက် က စတင်းဂန် သို့မဟုတ် တော် မီဂန်းနှင့် တူသော အော်တိုမစ်တစ်နှင့် ၂ ချက်တိတိမွေ့ယမ်းကာဣနြေ္ဒမပျက်ထွက်သွား၍ အောက်ထပ်၌ အသင့်ရပ်ထားသော ဂျစ်ကားပေါ်တက်ပြီး ထွက်ပြေးသွာြး ကတော့ကြောင်း။

အထွက်တွင် ဆရာကြီးဦးရာဇတ်၏ သက်တော် စောင့် ခြောက်လုံးပြူးနှင့် ပြေးထွက်လာသူ ကိုထွေးကိုဖမ်းပစ်ပြီး ကားပေါ်ရောက်မှလည်း အတွင်းဝန်ရုံး အဆောက်အဦးဆီသို့ တစ်ချက်လှမ်းဆွဲလိုက်သေးသည်ဆိုကြောင်း။

ဗိုလ်ချုပ်

ဤသို့ ဖြစ်ပျက်ပြီး သေနတ်သံများ စဲသွား၍ တအောင့်အကြာတွင် လူအမြောက်အများ သည် ဖြစ်ပွားရာ ဗိုလ်ချုပ်အခန်းဆီသို့ ရောက်လာကြကြောင်း။

ဗိုလ်ချုပ်အားနောက်ဆုံးတွေ့ ရပုံ

အခန်းထဲတွင် သွေးများ အိုင်ထွန်းချောင်းစီးလျက် အတုံးအရုံးလဲနေသော ခေါင်းဆောင်များ ကိုသာ တွေ့ ရတော့ရာ လူတိုင်းပင် မူးမတ်မတတ် ဖြစ်သွာြး ကတော့ကြောင်း။ ဗိုလ်ချုပ်အောင်ဆန်းမှာ ရုတ်ချည်း အသက်ပျောက်ရှာသည်မဟုတ်ဘဲ အနားမှ ဖေးမ၍ ထားသော အပါးတော် မြဲ ဗိုလ်ထွန်းလှအား ရေသောက်ချင်သဖြင့် ရေတောင်းရှာသေးသော်လည်း ရေမပေးရန်ပြောသဖြင့် ဗိုလ်ထွန်းလှမှာ တိုက်ချင်သော်လည်း မတိုက်လိုက်ရပေ။ ဗိုလ်ချုပ်သည် ဣနြေ္ဒပျက်ခြင်းအလျင်းမရှိပဲ၊အခန်းဝမှ ၀ိုင်းအုံကြည့်ရှုနေသော လူအုပ်ကိုသာငေးနေရှာတော့ကြောင်း။ လက်ဝဲနားထင်ဒဏ်ရာမှ သွေးများ လည်း တသွင်သွင်စီးဆင်းကြလာပြီးနောက် ထမ်းဆင်ပေါ်သို့ပိတ်ဖြူနှင့် အုပ်ပြီး မီးသတ်အရာရှိနှင့် ဗိုလ်ထွန်းလှဘေးမှ လိုက်ပါပြီးသယ်ဆောင်သွားရာနံ့သာရောင် ဘန်ကောက်လုံချည်ကလေးနှင့် ဖြစ်၏ ။ ပုံတော် ကတ္တီပါဖိနပ်ကလေးတစ်ဖက်မှာ ခြေထောက်တွင် စွပ်၍ ထမ်းဆင်ပေါ်သို့ ပါသွားသည်ကိုမြင်မှ ရုံးသူရုံးသားများ မှာ ဗိုလ်ချုပ်မှန်း သိကြရတော့သည်ဆိုကြောင်း။

ဆရာကြီးမစ္စတာဦးရာဇတ်

ဆရာကြီးမှာ သူနာပြုကားများ ရောက်သည့်အချိန်တွင် အသက်နှင့် ပင် ရှိသေးရုံမက သူ့အားကိုင်တွယ်ကြရန်လာကြသူများ ကိုပင် ဆီး၍ “ငါ့ကိစ္စ မရှိဘူး၊ တခြားသူတွေ ကိုသာ ဂရုစိုက်ဟုပြောသဖြင့် ” အခြား ၀န်ကြီးများ ကိုထမ်းပြီးမှသူ့အလှည့်ရောက်သည့်အချိန်တွင် လှည့်ကြည့်ရာ အသက်ကုန်ဆုံး၍ နေရှာပြီကို တွေ့ ရသည်ဆိုကြောင်း။ ဆရာကြီး၏ ဒဏ်ရာမှာ ရင်ဝတွင် ထိမှန်ခြင်း ဖြစ်သဖြင့် ရင်ဘတ်တစ်ခုလုံးသွေးချင်းချင်းနီလျက် လက်ယာဘက်လက်မှာ လည်းဒဏ်ရာများ ရရှိသေးသည်ဆိုကြောင်း။

ဝန်ကြီးမန်းဘခိုင်

ဝန်ကြီးမန်းဘခိုင်မှာ နားထင်သို့ထိမှန်သော ဒဏ်ရာဖြင့် ဦးနှောက်များ ထွက်လျက် ပွဲချင်းပြီး အနိစ္စရောက်ရရှာလေသည်။

ဒီးဒုတ်ဦးဘချို

ဝန်ကြီးဦးဘချိုမှာ ကုလားထိုင်ပေါ်မှ ဒဏ်ရာရပြီးနောက်သို့လန်၍ သွားရာ ခေါင်းပေါင်းကလေး ပြုတ်ကျပြီးသွေးတွေ ပေ၍ နေသည်ကိုဆိုကြောင်း။ ဆံပင်မှာ လည်း ပြေလျက်ဖွာကျနေသည်ကိုမြင်ကြရသည်ဆိုကြောင်း။ဦးဘချိုကို ထမ်းစင်နှင့် သယ်ယူသွားသော အခါ သူ့ပ၀ါကလေးကိုပင် မျက်နှာအုပ်၍ ယူဆောင်သွားသည်ကို မြင်လိုက်ကြရပေကြောင်း။

သခင်မြ

ဝန်ကြီးသခင်မြမှာ ကုလားထိုင်ပေါ်တွင် နောက်သို့လန်လျက်သွေးအလိမ်းလိမ်း ဖြစ်နေသည်ကို တွေ့ ရသည်ဆိုကြောင်း။

ဦးအုန်းမောင်

အတွင်းဝန် ဦးအုန်းမောင်မှာ ဗိုလ်ထွန်းလှ၏ အခန်းဝနားတွင် သွေးအိုင်ထဲ၌ လဲလျက် ခွေခွေ ကလေး ဖြစ်နေရှာသည်ကို တွေ့ ရကြောင်း။

ဦးဘ၀င်း

ဝန်းကြီးဦးဘ၀င်းမှာ နားထင်မှ သွေးများ ယိုစီးနေသော ဒဏ်ရာဖြင့် ပင် ပွဲချင်းပြီး အနိစ္စရောက်၊ ပုံမပျက်ဖုံးလွှမ်းခြင်းမပြုဘဲ ထမ်းစင်ဖြင့် ယူသွားသည်ကို တွေ့ ရကြောင်း ဖော်ပြထားလေသည်။

ထိုနေ့နံနက် ၉ နာရီသာသာခန့်ကပင် အင်လျားကန်အနီး အေဒီ(မေခ)လမ်း အမှတ် ၄ ရှိ ဦးစော၏ နေအိမ်တွင် သူ့တပည့်များ ဖြစ်ကြသော ဘညွန့်၊ ခင်မောင်ရင်၊ မောင်နီ၊ မှုံကြီးတို့ကဖိုဒ့်ဆန်ထရပ်ကားတစ်စီးဖြင့် လည်းကောင်း သုခ၊ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့က ဂျစ်ကားနံပါတ်တု အာရ်စီ(R.C) ၁၈၁၄ဖြင့် လည်းကောင်း တစ်သုတ်စီခွဲ၍ ရန်ကုန်မြို့ထဲသို့ ထွက်လာခဲ့ကြပြီး ဖြစ်၏ ။

ဂျစ်ကားပေါ်ရှိလူများ မှာ စစ်တပ် ယူနီဖောင်း အစိမ်းရင့်ရောင် ၀တ်ပြီး၊ ၁၂ နံပါတ်စစ်တပ် ခြင်္သေ့ရုပ်ပခုံးတံဆိပ်များ တပ်ဆင်ထားကြသည်။ အမှတ် ၁၂ စစ်တပ်၏ အမှတ်အသားမှာ အနီနှင့် အဖြူရောင် ထက်ဝက်စပ်ထားသော လေးထောင့်ကွက်ထဲတွင် ခြင်္သေ့ရုပ်နောက်ခံ၌ ရောမဂဏန်းဖြင့် (XII) တစ်ဆယ့်နှစ် ရေး ထိုးထားသည့် တံဆိပ် ဖြစ်သည်။ ၄င်းတို့သည် စစ်ဦးထုပ်များ ကိုလည်းစောင်းထားကြသည်။ ထို့နောက်စစ်မိုးကာများ ဖြင့် ကိုယ်ကိုလွမ်းခြုံထားကြသည်။ ယင်းတို့ ၅ ဦးတွင် သုခက ကားမောင်း၍ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးတို့က တော် မီသေနတ် တစ်လက်စီကိုင်လာကြသည်။ ရန်ကြီးအောင် တစ်ဦးတည်းသာ စတင်းတစ်လက်ကို ကိုင်ထားသည်။ ကားထဲတွင် ဘညွန့်အတွက် စတင်းသေနတ် အပိုတစ်လက်ကိုလည်း ယူဆောင်လာကြသည်။

သူတို့အားလုံး၏ လူသတ်သမားအဖွဲ့ခေါင်းဆောင်ကြီး ဦးစော၏ အစီစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

သုခ တို့အဖွဲ့မှာ ဂျစ်ကားဖြင့် အတွင်းဝန်ရုံး အတွင်းထိဝင်ရမည် ။ ကားမောင်းသူ သုခက စက်မသတ်ဘဲ ရုံးအောက်က စောင့်နေရစ်ရမည် ။ ကျန် ၄ ဦးမှ ရုံးပေါ်တက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများ အားလုံးကိုအပြတ်ရှင်းလင်းလုပ်ကြံသတ်ဖြတ်ရမည် ။

ဘညွန့်အဖွဲ့ က ထရပ်ကားကို အတွင်းဝန်များ ရုံးအပြင်ဘက် ၄၁ လမ်းထောင့်၌ နေရာယူထားရမည် ။ ကျန်သုံးဦးက အခြေအနေကိုစောင့်ကြည့်ပြီး လူလစ်လျင် ဘညွန့်က အတွင်းဝန်များ ရုံးထဲသို့ဝင်ရမည် ။ သူ၏ တာဝန်မှာ သုခတို့ဂျစ်ကားပ်ါတွင် အပိုတင်စောင်လာသော စတင်းတစ်လက်ကိုယူပြီး အတွင်းဝန်ရုံးအတွင်းရှိ လွှတ်တော် အဆောက်အဦး ရုံးခန်းတစ်နေရာရှိ သခင်နုအား လုပ်ကြံရမည် ။ ပြီးလျှင် ဂျစ်ကားရှိရာသို့ပြန်လာပြီး အပေါ်ထပ်ဝန်ကြီးများ ကိုလုပ်ကြံ၍ ဆင်းလာသည့် မောင်စိုး၊ သက်နှင်း၊ စိန်ကြီး၊ ရန်ကြီးအောင်တို့ အဖွဲ့(၄) ဦးနှင့် အတူ အိမ်ပြန်လာခဲ့ရမည် ။ ရုံးပြင်ဘက်၌ ရပ်ထားသော ထရပ်ကားကြီးကို ကျန်လူများ က ဣနြေ္ဒမပျက် ပြန်မောင်းယူခဲ့ကြရမည် ဟူ၍ ဖြစ်သည်။ ဦးစောသည် ဤအစီစဉ်ကိုအသေးစိတ်ရေး ဆွဲ၍ သူ့လူများ ကို အထပ်ထပ်သင်ကြားပြီး ဖြစ်၏ ။ ဤ လုပ်ကြံမှု ကြီးမတိုင်မီက သူ့အိမ်တွင် ရက်အတော် ကြာအောင် သူ့ လူများ သည်သေနတ်ပစ် လေ့ကျင့်နေခဲ့ကြသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။

ဗိုလ်ချုပ်တို့အစည်းအဝေးကား ၁၀ နာရီခွဲခန့်တွင် အရှိန်စရစပြုလာပေပြီ။ ၀န်ကြီးဌာန တစ်ခုပြီးတစ်ခု လုပ်ငန်းဆောင်တာများ ကိုစုပေါင်းဆွေးနွေး ဆုံးဖြတ်ချက်ပေးလျက်ရှိသည်။ ထိုအချိန်တွင် မိမိတို့၏ ဌာနလုပ်ငန်းများ ကိုဝန်ကြီးအဖွဲ့သို့တင်ပြရန် အစည်းခန်းမအတွင်းသို့ရောက်ရှိလာသူကား ဒုတိယအတွင်းဝန် ဦးအုန်းမောင် ဖြစ်သည်။ သူသည် သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်းရှင်းလင်းတင်ပြရန် စာရွက်စာတမ်း ဖိုင်တွဲများ နှင့် အတူ (ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်မြ)အကြား လက်ယာဘက်ရှိ စားပွဲရှည်ကြီး၏ ထိပ် ကုလားထိုင်နံဘေး၌ ထိုင်ခဲ့၏ ။ စင်စစ် အစည်းအဝေးအစီအစဉ်ရဆိုလျှင် ထိုအချိန်က ဦးအုန်းမောင်၏ အလှည့်မကျရောက်သေးပေ။ အတွင်းဝန် ဦးကြင် (နောင် သံအမတ်ကြီး) ဦးကြင်၏ အလှည့် ဖြစ်သည်။သို့သော် ဦးအုန်းမောင်က သူ့တွင် တခြားအရေး ကြီးသော ကိစ္စတစ်ခုရှိနေသော ကြောင့် ဦးကြင်အားခွင့်ပန်ကာ၊ အစည်းအဝေး၌ ပထမဆုံးတင်ပြရန်ဦးစွာ ရောက်ရှိနေခြင်း ဖြစ်သည်။

ထိုတဒင်္ဂလလေးမှာ ပင် လူသတ်သမားအဖွဲ့၏ ဂျစ်ကား နံပါတ် အာရ်စီ ၁၈၁၄ သည် အတွင်းဝန်ရုံး အောက်သို့ရောက်လာသည်။ အဆိုပါကားနံပါတ်မှာ အတု ဖြစ်ပြီး အစစ်မှာ ၉၈၃၁ ဖြစ်သည်။ သုခကကားပေါ်တွင် စက်မသတ်ပဲ အသင့်စောင့်ကျန်ရစ်ခဲ့သည်။ မောင်စိုး၊ သက်နှင်း၊ စိန်ကြီး၊ ရန်ကြီးအောင် (၄) ယောက် သည် လှေကားပေါ်မှ ရုံးပေါ်သို့ အလျင်အမြန်တက်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်၍ ခပ်သွက်သွက်လျှောက်လာသူမှာ မောင်စိုး ဖြစ်သည်။ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးတို့သည် တော် မီဂန်းသေနတ်များ ကိုယ်စီကိုင်ဆောင်ထားကြပြီး၊ ရန်ကြီးအောင်တစ်ဦးလျှင် ဆပ်မရှင်းဂန်း (စက်လတ်) ကိုင်ထားသည်။အပေါ်ထပ် အပြင်ဘက် ‘ကော်ရစ်ဒါ’ (လူလမ်းစင်္ကြံ)တွင် ရှိသော ၀န်ထမ်းနှစ် ဦး၊ သုံးဦးနှင့် ရုံးခန်းထဲမှ ၀န်ထမ်းအချို့သည် သူတို့ကို လှမ်းမြင်တွေ့ လိုက်ရသည်။ လက်နက်ကိုင် စစ်သားများ ဖြစ်၍ ယင်းတို့ကို ထူးဆန်းသလိုတစ်ချက်ကြည့်ပြီး ကိုယ့်အလုပ်ကို ပြန်ဆက်လုပ် နေကြလေသည်။

လူသတ်သမားတို့သည် ဟန်မပျက်လျှောက်လာကြပြီး ၀န်ကြီးအဖွဲ့အစည်းအဝေးခန်းရှေ့တွင် စုပြုံရပ်လိုက်ကြသည်။ အခန်းတံခါးပေါက်ကို မင်းစေမောင်သော င်းစိန်ကိုစောင့်လျက်ရှိသည်။ သက်နှင်းက မောင်သော င်းစိန်ကိုတံခါးအတင်းဖွင့်ခိုင်းသည်။ မောင်သော င်းစိန်က ၀န်ကြီးများ အစည်းအဝေးလုပ်နေ၍ မ၀င်ရန်တားရာ သက်နှင်းက သေနတ်နှင့် ချိန်၍ အတင်းတွန်းဖယ်ပစ်ပြီး ‘ပစ်သတ်လိုက်ရမလား’ ဟုပြောသော ကြောင့် မောင်သော င်းစိန်သည် အလိမ္မာနှင့် ရှောင်ပေးလိုက် ရသည်။ မရှောင်လျှင်လည်း ထိုစဉ်မှာ ပင် မောင်သော င်းစိန်သည် အသက်နှင့် ခန္ဓာ အိုးစားကွဲသွားမည် ဖြစ်သည်။

ထို့နောက် သေနတ်သမားလေးယောက် စလုံး အခန်းထဲသို့လျင်မြန်ဝင်လိုက်ပြီးနောက် ယင်းတို့ကို ဗိုလ်ချုပ်ကတွေ့ မြင်သွားပြီထင်၍ ပါးစပ်မှ ‘ဟေ့ ဟေ့’ တစ်စုံတစ်ရာ ပြောမည် ပြုစဉ်မှာ ပင် မောင်စိုးက ဦးဆောင်ပြီးပစ်သည်။ ‘ ပစ်….ပစ်’ ဟုလည်း မောင်စိုးပါးစပ်မှအော်သည်။ ရန်ကြီးအောင်ကို ပစ်ခိုင်းခြင်း ဖြစ်သည်။ ရန်ကြီးအောင်က စက်တင်းဂန်းဖြင့် မွှေနှောက်ပစ်ခတ်တော့သည်။ ဗိုလ်ချုပ်ထိုင်သည့် ကုလားထိုင်နောက်မှီအမြင့်၏ ထိပ်မှ ဒေါင်းရုပ်ကလေးကိုပင်ထိမှန်သွားလေသည်။ သေနတ်သမားအားလုံးသည် ဗိုလ်ချုပ်နှင့် တကွ လက်ျာဘက်ရှိ သခင်မြတို့ စားပွဲရှည်မှ ဝန်ကြီးများ ကို ရှေးဦးစွာ သဲသဲမဲမဲ စုပြုံပစ်ခတ်လိုက်ကြသည်။ ထိုသို့ ပစ်ခတ်လိုက်သည့်အတွက် ဗိုလ်ချုပ်နှင့် တကွ သခင်မြ၊ မန်းဘခိုင်၊ဦးဘဝင်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်တို့ (၆) ဦးမှာ ထိုင်နေရာ၌ ပင် ပွဲချင်းပြီး သေသွားခဲ့ရလေသည်။

ဒီးဒုတ်ဦးဘချိုမှာ လူသတ်သမားများ အခန်းထဲမှ ထွက်ခွာသွားသည်အထိ အသက်မသေသေးဘဲ အသက်ရှူလျက်ရှိသေးသည်။ မိုင်းပွန်စော်ဘွားကြီးမှာ လည်း မသေသေးချေ။ ကံကောင်းထောက်မစွာ ဖြင့် အသက်မသေဘဲလွတ်မြောက်သွားသူလေးဦးမှာ အတွင်းဝန်ဦးရွှေဘော်၊ ပျော်ဘွယ်ဦးမြ(ဘေးပေါက်ကထွက်သွားသူ) ဦးအောင်ဇံဝေနှင့် ဦးဘဂျမ်း(ကြမ်းပြင်ပေါ်သို့ လှဲချ၍ သေချင်ယောင်ဆောင်ခဲ့သူနှစ် ဦး)တို့ ဖြစ်သည်။

သေနတ်သမား(၄)ဦးသည် မတ်တပ်ရပ်၍ ဝဲယာလှည့်ပတ်ကာအားရပါးရ ပစ်ခတ်ပြီးနောက် ဒူးထောက်ပြီးလျှင် စားပွဲအောက်ကြမ်းပြင်မှလူများ ကို တစ်ချက်နှစ် ချက်ဝှေ့ယမ်းပစ်ခတ်လိုက်သေးသည်။ဤတွင် ကျည်ဆံတစ်ခုသည် ဦးဘဂျမ်း၏ လက်သူကြွယ်ကို ထိမှန်ခဲ့လေသည်။

လူသတ်သမားလေးဦးသည် အချိန်မဖြုန်းဘဲ ပစ်ပြီး ဂျစ်ကားရှိရာသို့ အလျင်စလိုထွက်သွားရာ လှေကားအနီး၌ စီးပွားရေး သတင်းစာတိုက်မှ သတင်းထောက်ကိုသန်းသည် သေနတ်သမားများ နှင့် ဝင်တိုးတော့သည်။သေနတ်သမားများ က 'ဟေ့လူမပြေးနဲ့'ဟု လှမ်းအော်လိုက်ရာ၊ ကိုသန်းသည် ကြမ်းပြင်ပေါ်သို့ အလျင်အမြန်မှော က်ချ၍ ဝပ်နေလိုက်ရသည်။

ထိုအခိုက်မှာ ပင် မောင်ထွေးသည် သေနတ်သံကြားရာသို့ သူ့အခန်းထဲမှသေနတ်ဆွဲ၍ ပြေးထွက်လာရာ ရန်ကြီးအောင်က စတင်းဂန်းနှင့် လှမ်းပစ်လိုက်ရာ တစ်ခဏအတွင်းမှာ ပင် ကျည်ဆံ (၄) ချက်ထိကာ ပုံကျသွားသည်။မောင်ထွေးသည် ချက်ချင်း မသေသေးဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ထိုနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကျဆုံးသွားခဲ့လေသည်။

ထို့နောက် သေနတ်သမားများ သည် လှေကားမှ ကမန်းကတန်းပြေးဆင်းကာ အသင့်စောင့်နေသော ဂျစ်ကားပေါ်သို့ ခုန်တက်လိုက်ကြသည်။ သို့ သော် သူတို့ပစ်ခတ်နေစဉ်မှာ ပင်ကားက ဗြုန်းစားကြီး စက်ရပ်သွားသည်။စက်နှိုးသော်လည်းမရ၊ စိန်ကြီးက သုခအား အတင်းဖယ်ထုတ်၍ သူကိုယ်တိုင်ဝင်နှိုးမှရတော့သည်။ ကားက စိန်ကြီး မောင်းနေကျ ဖြစ်၍ ကားအထာကို သူသာသိလေသည်။

သုခသည် ဂျစ်ကားကို လျင်မြန်သွက်လက်စွာ ပင် စပတ်လမ်း (ယခုဗိုလ်အောင်ကျော်လမ်း) မှတစ်ဆင့် ဒါလဟိုဇီလမ်း(ယခုမဟာဗန္ဓုလလမ်း)ထောင့်အတွင်းသို့ အရှိန်မြင့်မောင်းထွက်သွားရာအဆိုပါအခြင်းအရာကိုစပတ်လမ်းရှိသမာဓိပုံနှိပ်တိုက်မှစာရင်းကိုင်မောင်စိန်သည် ဘဏ်ငွေသွင်းစာအုပ်ကျောဘက်၌ လျှပ်တစ်ပြက် ကြုံတွေ့ လိုက်ရသည့် အ ဖြစ်အပျက်နှင့် ကားနံပါတ်ကို ချက်ချင်း ပင်ရေး မှတ်ထားလိုက်လေသည်။

သုခက ကားကို စိတ်ကုန်ဖွင့်မောင်းနေသော်လည်း ပစ်ခတ်သူများ စိတ်လှုပ်ရှားကာ သုခမောင်းနင်နေသည်ကိုပင် နှေးသည်ဟု ထင်နေကြသည်။ ယင်းနောက် ဗဟန်းအဝိုင်းအနားသို့ ရောက်သော အခါ စိန်ကြီးကသုခကိုဖယ်ခိုင်းပြီး သူကိုယ်တိုင် တက်မောင်းသည်။ စက်ကို အရှိန်မြှင့်ပြီး တက်သုတ်မောင်းနှင်လာခဲ့ရာ မကြာမီ ဦးစောနေအိမ်ခြံဝသို့ ရောက်လာသည်။ ကားသည် ခါတိုင်းကဲ့သို့ စောင့်မနေရဘဲ အသင့်စောင့်နေသူကခြံတံခါးကို ဖွင့်ပေးသည်။ကားအိမ်ရှေ့ရောက်လာသည့်အခါတွင် ဦးစောကို မတွေ့ ရပေ။ အတော် ကလေးကြာမှ ဦးစောသည် ကန်စောင်းမှ တက်လာသည်။ ထိုအခါ မောင်စိုးနှင့် သက်နှင်းတို့က လက်သီးဆုပ်မြှောက်ကာ'အောင်ပြီ… အောင်ပြီ'ဟု လှမ်းအော်ကြွေးကြော်နှုတ်ဆက်ကြသည်။ ဦးစောကလည်း ငါးခူပြုံးမျက်နှာထားဖြင့် 'အောင်ပြီ… အောင်ပြီ'ဟုပြန်လည်ကြွေးကြော်လိုက်သည်။ အိမ်ထဲရောက်၍ ထိုင်မိသော အခါ ပစ်ခတ်သူများ က 'ငါက ဘယ်လိုပစ်လိုက်တာ၊ ဘယ်သူက ဘယ်လို ဖြစ်သွားတာပဲ'စသည်ဖြင့် တစ်ယောက် တစ်ပေါက် အလုအယက် ဂုဏ်ယူပြောနေကြသည်မှာ တစ်အိမ်လုံး ပွက်ပွက်ညံနေလေသည်။ ထို့နောက် ဦးစောက အရက်တိုက်သည်။ 'ထမင်းစားကြ အပမ်းဖြေကြ'ဟု ပြောဆိုလိုက်သည်။

ယင်းတို့အားလုံးသည် အစားအသောက် ယမကာများ ဖြင့် ပျော်ပွဲခံမည့် ဆဲဆဲ၌ ပင် ဘညွန့်၊ ခင်မောင်ရင်နှင့် မောင်နီတို့၏ ဖို့ဒ်ဆန်ထရပ်ကားဖြင့် ပြန်လည်ရောက်ရှိလာရာ အားလုံးက ဝိုင်း၍ 'အောင်ပြီ… အောင်ပြီ'ဟုထပ်မံကြွေးကြော်လိုက်ကြသည်။ဘညွန့်ကလည်း ဝင့်ကြွားသည့်လေသံဖြင့် အင်္ဂလိပ်လို New Calendar (ခေတ်သစ်ပေါ်ပြီ) ဟူ၍ 'အာမေဍိတ်သံ' ဟစ်ကြွေးလိုက်သည်။ ဘညွန့်တို့ အဖွဲ့သည် မောင်မှု န်ခေါ် မှု န်ကြီးကို ရှာမတွေ့ သဖြင့် ၄င်းကိုထားကာ ဟန်မပျက်မောင်းကာဦးစောအိမ်သို့ ပြန်လာခြင်း ဖြစ်သည်။ မှု န်ကြီးသည် ယင်းတို့ ရောက်ပြီး တစ်နာရီကျော်ကြာ လိုင်းကားဖြင့် တစ်ဦးတည်းပြန်လာခဲ့သည်။ ထိုစဉ်မှာ ပင် ဂဠုန်ဦးစောက ဘညွန့်အား အင်္ဂလိပ်ဘာသာဖြင့် What about Thakin Nu?၊(သခင်နု အခြေအနေ ဘယ်လိုလဲ) ဟု မေးလိုက်ရာ ဘညွန့်က ဗမာလိုပင် 'သခင်နုကို ဘယ်မှာ မျှ ရှာမတွေ့ ခဲ့သဖြင့် မပစ်သတ်ခဲ့ရကြောင်း' ပြန်ပြောလိုက်သည်။ ဦးစောသည် ခေါင်းတစ်ချက်ညိတ်ပြီး ဘညွန့်ရှင်းပြမှု ကို နောက်ထပ်ဘာမှစောဒကမတတ်တော့ချေ။ သူသည် သခင်နုနှင့် ပတ်သက်၍ ခေါင်းထဲ သိပ်မထည့်ထားချေ။ ဗိုလ်ချုပ်သည်သာ သူ့အတွက် အဓိကဦးတည်ချက် ဖြစ်သည်။ ကျန်ကိစ္စများ ကို သိပ်အလေးအနက်မထားပေ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုအပြတ်ရှင်းထားပြီး ဖြစ်သဖြင့် ဗြိတိသျှဘုရင်ခံ ဆာဟူဘရန့်စ် SirHubertRanceGCBG.,GBE.,CB.(18981974)က သူ့အားဆင့်ခေါ်မည့် အချိန်ကိုသာစောင့်မျှော်နေတော့သည်။

ဘုရင်ခံက သူအား တယ်လီဖုန်းဖြင့် ဖိတ်ခေါ်မည် လား။ လူလွှတ်၍ ပင့်ဖိတ်မည် လား။ တစ်ခုခုကို အပိုင်တွက်ထားဟန်ရှိသည်။ အဘယ့်ကြောင့် ဆိုသော် ဦးစောသည် ခြေရာလည်း မဖျောက်၊သူ့လူများ ကိုလည်းမတိမ်းရှောင်ခိုင်း။ သက်သေခံပစ္စည်းများ ကို အစမဖျောက်ဘဲ နေအိမ်၌ သာဣနြေ္ဒရရ စောင့်စားနေခဲ့လေသည်။

ပြေးလျှင်လည်း ဝေးဝေးရောက်မည် မဟုတ်။ သူ့လူတွေ ကို ဖြန့်ထားလျှင်လည်း လွတ်မည် မဟုတ်။ ပြောင်ပြောင်တင်းတင်း ရက်ပေါင်းများ စွာ မမြင်ချင်အဆုံး၊ မကြားချင်အဆုံး စစ်တပ်သေနတ်ပစ်လေ့ကျင့်ကွင်းပမာပစ်ကြခတ်ကြလေ့ကျင့်ခဲ့ကြသည်။လက်နက်များ ကို ကားကြီး၊ ကားငယ်အဖုံဖုံဖြင့် သယ်ဆောင်ကြ၊ သိုဝှက်ကြနှင့် အလုပ်ရှုပ်ခဲ့ကြသည်။ ထရပ်ကား၊ ဂျစ်ကားတို့ဖြင့် အနီးအနားဝန်းကျင် မျက်စိစပါးမွှေးစူးချင်စရာ ဝင်ကြထွက်ကြ တရွရွအလုပ်များ ခဲ့သည့် ဦးစော၏ အိမ်နှင့် ဝင်းခြံကားအမိန့်ရအရက်ဆိုင်ပမာ စည်ကားနေလေသည်။ ထိုလုပ်ကြံမှု ၏ ဗဟိုဌာနသို့ ထင်ထင်ရှားရှား သက်သေပြနေသည့် ခြေရာများ ကား 'ခွေးလှေးပျားတောအနှံ့ပြန့်' ဆိုသကဲ့သို့ နေရာတိုင်း၌ ကျန်ရစ်ခဲ့လေသည်။

ထို့ကြောင့် ဖုံးကွယ်၍ လည်း မထူးတော့ပြီ။ ဖြစ်ချင်တာ ဖြစ်လာမည့် ဘေးကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တော့မည် ဟု ဦးစောဆုံးဖြတ်ခဲ့လေသလော။ ထိုစဉ်က ဦးစော၏ စိတ်ကူးကြံစည်ထားမှု ကို ဦးစောသာ အသိဆုံးပင် ဖြစ်ပေလိမ့်မည် ။

အကြံပက်စက်လှသော လုပ်ကြံမှု ကြီးကို ဂဠုန်ဦးစောသည် နယ်ချဲ့သမားတို့၏ အကူအညီဖြင့် အကွက်ကျကျ ထောင့်စေ့စေ့လုပ်ကိုင်နိုင်ခဲ့သော်လည်းတိုင်းပြည်ခေါင်းဆောင်လုပ်လိုသော သူ၏ အာသာဆန္ဒမှာ မူကားမပြည့်ဝခဲ့ချေ။

ဗိုလ်ချုပ်တို့အား လုပ်ကြံပြီးနောက် ထိုနေ့ နေ့လယ် ၃ နာရီတွင် စုံထောက်ဘက်ရာဇဝတ်ဝန် မစ္စတာဂျပ်၊ စုံထောက်ရာဇဝတ် ဝန်ထောက်ဦးစိုးရင်နှင့် သော င်းကျန်းမှု နှိမ်နင်းရေး တပ်ရင်း (၁) မှရဲဘော်များ ဖြင့် ဖွဲ့စည်းထားသော 'မြန်မာပြည်လက်နက်ကိုင် တိုက်ခိုက်ရေး ရဲတပ်ဖွဲ့'(Burma Army Police Force)တို့က ဂဠုန်ဦးစော၏ အိမ်နှင့် ခြံကိုဝိုင်း၍ ဂဠုန်ဦးစောနှင့် လုပ်ကြံမှု တရားခံများ ဖြစ်ကြသည့် ဘညွန့်၊ သုခ၊ ခင်မောင်ရင်၊မောင်စိန် ခေါ် စိန်ကြီး ခေါ် လှအောင်၊ မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ၊ မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင် ခေါ် လှထွန်း၊ မှု န်ကြီး ခေါ် မောင်မှု န်တို့ အပါအဝင် ခြံဝင်းအတွင်းရေး လူ ၃ဝ ကို ဖမ်းဆီးခဲ့လေသည်။

သို့ သော် ဂဠုန်ဦးစော အိမ်သို့ ဝင်ရောက်စီးနင်းစဉ် မြန်မာပြည်လက်နက်ကိုင် တိုက်ခိုက်ရေး ရဲတပ်ဖွဲ့မှ ခေါင်းဆောင်ရဲတပ်ကြပ် မင်းနိုင်ကို မှု န်ကြီးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မင်းနိုင်က မှု န်ကြီးကို ပြန်လည်ပစ်ခတ်မှု ကြောင့် မှု န်ကြီးသည် သေနတ်ဒဏ်ရာဖြင့် ပင် နောက်ပိုင်း၌ လက်တစ်ဖက်ဖြတ်ပစ်လိုက်ရသည်။ မောင်စိုးက တစ်ဖန် ခုခံရန် ဆပ်မရှင်းဂန်းကို ထဆွဲသေးသည်။ အခြားသူများ က သူ့ကို ဆွဲထားပြီး 'ဒီလိုလုပ်လို့ ဘယ် ဖြစ်မလဲ၊ အားလုံးသေကုန်မှာ ပေါ့'ဟုပြောကြသော ကြောင့် သာ မိုက်ရူးရဲမောင်စိုးက မပစ်ဘဲနေခြင်း ဖြစ်သည်ဟု နောင်တွင် သုခကပြန်ပြောကြသည်။

မိနစ်အနည်းငယ်ကြာသော အခါ ပုလိပ်ရဲ တစ်ယောက် သုခတို့ ရှိရာတန်းလျားသို့ ဝင်လာပြီး 'ဦးစောက ခင်ဗျားတို့ကို ခေါ်ခိုင်းတယ်' ဟုပြောသည်။ အားလုံးထလိုက်သွားသော အခါ ပုလိပ် (ရဲ)များ မှာ ခြံတစ်ခြံလုံးကို လက်နက်ဖြင့် ခိုင်းထားသည်ကို တွေ့ လိုက်ရသည်။

ဦးစောက 'ကဲ… လာကြ၊ လာကြ' ဟု လှမ်းခေါ်ပြီး-

''မြို့ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ကို သေနတ်နဲ့ပစ်သွားတာမသင်္ကာတာနဲ့ ကျုပ်တို့ကို နည်းနည်း ပါးပါးရှာချင်လိုတဲ့''ဟု ကျမ်းပြောလိုက်သည်။

''ကဲ ရှာဖွေပြီးရင် ခင်ဗျားတို့ အစီအစဉ်က ဘာတဲ့တုန်း''ဟု ရဲအရာရှိကို ဦးစောက လှမ်းမေးလိုက်သည်။ အရာရှိကြီးက တယ်လီဖုန်းဆက်ပြန်သည်။ 'လုံခြုံရေး အတွက် စိတ်ချရအောင် ခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်'ဟုရိုရိုသေသေ ပျော့ပျော့ပျောင်းပျောင်း ပြန်ပြော 'ခင်ဗျားတို့မှာ ဝရမ်းပါသလား'ဟု ဦးစောက ထပ်မေးလိုက်သော ကြောင့် တယ်လီဖုန်းဆက်ပြန်သည်။ 'ဝရမ်းမလိုဘူး၊ ဒီတိုင်းပဲ ခေါ်လာခဲ့ဖို့ ပြောပါတယ်' ထိုစဉ်က ဦးစောက-'ကျုပ် တစ်ယောက် တည်းလား'ဟု ပြန်မေးရာ တယ်လီဖုန်းဆက်ပြန်သည်။ 'အားလုံးကိုပဲ အန္တရာယ်မရှိ လုံခြုံစိတ်ချရအောင်ခေါ်လာခဲ့ဖို့ အမိန့်ပေးပါတယ်'ဟု ပြန်ပြေသည်။

ထို့နောက် ဦးစောက သူ့လူများ ကို လှမ်း၍ -

''ကဲ… ကဲ… မသင်္ကာလို့ ကျုပ်တို့ကို ခဏဖမ်းမလို့တဲ့။ အသင့်ပြင်ကြ၊ အသင့်ပြင်ကြ၊ အိပ်ယာလိပ်တို့ ဘာတို့ကိုလည်း ယူခဲ့ကြ။ ဟိုရောက်တော့ ပေးဖို့ လွယ်ချင်မှ လွယ်လိမ့်မယ်''ဟု ခပ်အေးအေးပင်ပြောလိုက်သည်။

အင်းစိန်ထောင်တွင် ပထမညက အားလုံးကို အတူတူ အိပ်ခွင့်ပေးသည်။ နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် ဦးစောကို ခွဲထုတ်လိုက်ပြီး သီးသန့်တိုက်သို့ ပို့လိုက်သည်။ သုံးရက်အကြာတွင် ခင်မောင်ရင်ကို ခေါ်ထုတ်သွားသည်။ထို့နောက် တခြားလူများ ကိုလည်း တစ်ယောက် ပြီး တစ်ယောက် ခေါ်ခေါ်သွားလေသည်။ နောက်ပိုင်း ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း) အချုပ်ထောင်တွင် သွားစုမိကြသည်။ အချုပ်ခန်းထဲတွင် လမ်းလျှောက်ရင်း ဘညွန့်ကို သုခက'ဘယ်လိုလုပ်ကြမလဲ'ဟု ခပ်တိုးတိုးကပ်မေးရာ၊ ဘညွန့်က 'ဒီအမှု မှာ ဖော်ရမှာ ပဲ၊ မဖော်လို့မရဘူး၊ မဖော်ရင်အားလုံးသေကုန်လိမ့်မယ်။ ဖော်ရင် ကျန်တဲ့လူ ကျန်လိမ့်မယ်'ဟု ပြောသည်။

*

(၂)

အခန်း(၂)

အမှော င်လွှမ်းသော နေ့ တစ်နေ့

၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁ဝ နာရီ ၃၅ မိနစ်အချိန်သည် မြန်မာ့သမိုင်း စာမျက်နှာ၌ အမှော င်လွှမ်းခဲ့သော နေ့တစ်နေ့ ဖြစ်သည်။ အကြောင်းမှာ လူသတ်သမားတို့၏ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရရှာသည်။ ကျဆုံးသည်မှာ ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဆို ၆၇ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ ကျဆုံးစဉ်က ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၂ နှစ် ၅ လ ၆ ရက်ခန့်သာရှိသေးသည်။ အကယ်၍ အသက်ထင်ရှားရှိနေလျှင်ယခုအချိန်တွင် ၉၉နှစ် အရွယ်ခန့်ရှိနေပေမည် ။

အမျိုးသားခေါင်းဆောင်ကြီးဘဝသို့ ရောက်မလာမီက သခင်အောင်ဆန်းဘဝ၌ ရှိစဉ် နတ်မောက်မြို့တရားပွဲတစ်ခုတွင် ဗိုလ်ချုပ်အောင်ဆန်းက-

''ကျုပ်က အရာရှိကြီးလည်း မလုပ်ချင်၊ မော်တော် ကြီးလည်း မစီးချင်၊ ကျုပ်လိုချင်တာက မြန်မာ့မြေကို မြန်မာတွေ ပြန်ရရေး နဲ့ လူတိုင်းလူတိုင်း လူတန်းစေ့နေနိုင် ထိုင်နိုင်ရေး ပဲလိုချင်တယ်''

ဟု ဖွင့်ဟပြောဆိုခဲ့သည်။ ယင်းသို့ ပြောသည့်အတိုင်းပင် ဗိုလ်ချုပ်အောင်ဆန်းသည် ကိုယ်ကျိုးကို စွန့်လျက် တိုင်းပြည်အတွက် အနစ်နာခံကာ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လာခဲ့သည်ကို လူထုကြီးက ကောင်းစွာ သိရှိကြသည်။ထို့ကြောင့် လည်း ဗိုလ်ချုပ်ကို ချစ်ခင်ကြသည်။ လေးစားကြသည်။

Cover

စာရေး ဆရာကြီး ဒဂုန်တာရာ

မြတ်နိုးကြသည်။ ယုံကြည်အားကိုးကြသည်။ ယင်းသို့ ရှိဆဲတွင် ဗိုလ်ချုပ်ကျဆုံးသွားရာ တောရော မြို့ပါမကျန်၊ ပြည်မတောင်တန်းပါမကျန်အားလုံးသော ပြည်သူလူထုကြီးမှာ ဝမ်းနည်းကြေကွဲမဆုံး ရှိကြသည်။ နှမြောတသ မဆုံးရှိကြသည်။ ယူကြုံးမရ ဖြစ်ကြရသည်။ တစ်ချိန်တည်းမှာ ပင် နယ်ချဲ့လက်ပါးစေ လူသတ်သမားများ အပေါ်၌ လည်း မကျေမချမ်း ဖြစ်ကြလေသည်။

ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက် ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် မြန်မာပြည်ဘုရင်ခံ မင်းကြီး ဆာဟူးဘရန့်စ်ကိုယ်တိုင် မြန်မာ့ပြည်သူလူထုအား အသံလွှင့်ဌာနမှ အထူးသတင်းတစ်ရပ်ကို ကြေညာလိုက်လေသည်။

''၁၉၄၇ ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁ဝ နာရီ ၃ဝ မိနစ်၌ အမှု ဆောင် ကောင်စီအဖွဲ့ဝင် ဝန်ကြီးများ အစည်းအဝေးကျင်းပနေစဉ် ဝန်ကြီးများ အား သေကြောင်း လုပ်ကြံကြသည့် အကြောင်းကို ပြန်ကြားရပါကြောင်း၊နံနက် ၁ဝ နာရီခွဲသာသာလောက်တွင် စက်သေနတ်များ ကိုင်ဆောင်သူတို့သည် အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်လာ၍ ၊ အတွင်းရှိလူများ ကို ပစ်ခတ်ကြောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် တကွ သခင်မြ၊ဝန်ကြီးမန်းဘခိုင်၊ ဝန်ကြီးဦးဘချို၊ဝန်ကြီးအဗ္ဗဒူရာဇတ်၊ ဝန်ကြီးဦးဘဝင်းတို့ သေဆုံးကြကြောင်း၊ မိုင်းပွန်စော်ဘွားမှာ လည်း ဒဏ်ရာရရှိသွားကြောင်း။

ဤကဲ့သို့ သော သူရဲဘောနည်းသူတို့၏ အပြုအမူကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေး ခေါင်းဆောင်ကြီးနှင့် တကွ နိုင်ငံအတွက် မရှိလျှင်မပြီးသလောက် အရေး ကြီးလှသော ဝန်ကြီးများ ဆုံးရှုံးရသည့်အတွက် ကျွန်ုပ်က များ စွာ ပင်ဝမ်းနည်းပါကြောင်း၊ မြန်မာနိုင်ငံတော် သူ မြန်မာနိုင်ငံတော် သားတို့သည် ငြိမ်သက်တည်ကြည်စွာ နေကြလျက်၊ ကွယ်လွန်သော ခေါင်းဆောင်ကြီး သတ်မှတ်ပေးသွားသည့် ဉာဏ်အမြောက်အမြင်နှင့် ပြည့်စုံသော လွတ်လပ်ရေး လမ်းစဉ်အတိုင်းဆက်လက် ဆောင်ရွက်သွားကြရန် ကျွန်ုပ်က နှိုးဆော်လိုက်ပါကြောင်း။

တိုင်းပြည်ပြုလွှတ်တော် ဥက္ကဋ္ဌသခင်နုက အစိုးရအဖွဲ့သစ် ဖွဲ့စည်းရန်သဘောတူလိုက်ပြီ ဖြစ်ကြောင်းကို ကျွန်ုပ်က ဝမ်းသာစွာ ဖြင့် ပြောပြရပါကြောင်း၊ ဥက္ကဋ္ဌ သခင်နုက အစိုးရအဖွဲ့သစ်ဖွဲ့စည်းရာတွင် ဝန်ကြီး ပျော်ဘွယ် ဦးမြ၊ဦးအောင်ဇံဝေနှင့် ဦးဗဂျမ်းတို့က ကူညီကြလိမ့်မည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးတို့မှာ အစည်းအဝေးတက်ရောက်ကြသော်လည်း ကံကောင်းတောက်မသဖြင့် ဒဏ်ရာအကြီးအကျယ်မရဘဲ လွတ်မြောက်သွားကြကြောင်း'' အသံလွှင့်ကြေညာသွားခဲ့သည်။

ဤသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီဟူသော သတင်းဆိုးကြီးသည် တစ်ပြည်လုံးသို့ တမဟုတ်ချင်း ပျံ့နှံ့သွားလေတော့သည်။ ရန်ကုန်မြို့တွင် မူ လုပ်ကြံမှု ကြီး ပေါ်ပေါက်ပြီးနာရီဝက်အတွင်းမှာ ပင် သိရှိသွားသည်။

ဆရာကြီး သခင်ကိုယ်တော် မှိုင်းမှာ လည်း ဤသတင်းကို ကြားသိရသော အခါ အလွန်စိတ်ထိသွားလေသည်။ မောင်အောင်ဆန်းကို မနေ့တစ်နေ့ကပဲ အိမ်လာသွားသေးသည်ဟုလည်း ဆရာကြီးက အောက်မေ့နေမိသည်။

ဗိုလ်ချုပ်တို့ ကျဆုံးပြီးနောက် သုံးလေးရက်အကြာတွင် ဗိုလ်ချုပ်၏ အရိုက်အရာကို ဆက်ခံသော သခင်နုသည် ဆရာကြီး သခင်ကိုယ်တော် မှိုင်းထံ ရောက်လာ၍ အကျိုးအကြောင်း ပြောပြလေသည်။ ထိုအခါ ဆရာကြီးက-

''အောင်ဆန်း မသာအတွက် ငါငွေတော့ မတတ်နိုင်ပါဘူးကွာ။ ဒါပေမဲ့ ဒီကဗျာတစ်ပုဒ်နဲ့ ငါရေး ထားတဲ့ ဒီစာအုပ်ကလေးကိုသာ ယူပေတော့''ဟု ဆိုကာ မိမိရေး သားထားသော 'အာဇာနည်ဗိမာန်ကဗျာ'နှင့် 'အာဇာနည်ဗိမာန်ဋီကာ'စာအုပ်ကို သခင်နုလက်သို့ ပေးအပ်လိုက်လေသည်။

အာဇာနည် ဗိမာန်အဓိဋ္ဌာန်ကုသိုလ်တော် ကြီးဟု အမည် တပ်ထားသော ဆရာကြီးစာအုပ်ကို ရောင်းချ၍ ရရှိငွေအားလုံးကို အာဇာနည်ဗိမာန်အတွက် ဆရာကြီးက လှူဒါန်းပါသည်ဟု ဖော်ပြသည်။

သို့ကလို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဂဠုန်ဦးစော၏ နောက်လိုက်တပည့်များ ၏ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့လေရာ ဆရာကြီးသည် အလွန်ကြေကွဲဝမ်းနည်းသည့်အလျောက်'အာဇာနည် ဗိမာန်ဋီကာ'ကို ရေး ၍ အောက်ပါအတိုင်းရေး ဖွဲ့သီကုံးခဲ့လေသည်။

( ၁ )

သြော်… အဆောင်ဆောင်နန်းတွေ ၊ ကြငှာန်းတွေ နှင့် နှော
အခေါင်မမြန်းခင်က၊ အောင်စာတမ်းချို့စေဖို့၊
အောင်ပန်းညို့ရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ ၊
အဟောင်းသံသရာ အငုတ်တွေ နှင့် အောင်ဆန်းတို့ မသာ
မယာဟာ၊ ၄င်းကံကြမ္မာအလုပ်ပေထင့်၊
သော င်းမြန်းမရဏ စမုတ်မှာ တော့၊
ချုပ်သနဲ့ယင်းအလိုတွင်
ဒေါင်းအလံပဝါအုပ်ပါလို့၊ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်…။

( ၂ )

သြော်… တပည့်အရင်းတွေ မို့၊
ကဝိ မတင်းနိုင်ဘုကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု
သော က ဘလောင်ဆူတော့
တောင်ဇမ္ဗူ ပုဂံခေတ်ဆီက
ယခေါင်မူ ယမန်သနစ်တွေ ပေါ့
ရန်အ ဖြစ်မကွဲ့ မနှေးသနော် တသော င်းဒီဇမ္ဗူ ရမ်းနေကြ
ကျန်ရစ်တဲ့မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်
လူကြမ်းဓားပြတွေ ကြမ်းလာရမ်းလာတဲ့ အရေး တွင် မှ
ဘေးအပေါင်းကြီးစွဲ ဝေဒနာအစုံနဲ့
သွေးချောင်းစီးကာ သေရှာပုံရဲ့ ပြင်
ရွှေမြန်မာဘုံမှာ အမင်းမင်း သမ္မတတွေ နဲ့
သတင်းလှခဲ့တဲ့ အင်းဝရာဇာ အမွန်သာလွန်မင်းကိုမှ
သားရင်း ရှင်တရုတ်ကယ်က
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင် ဖြင့်
ဒဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့
ဟိုအရင်ယမန် နန်းတော် စီးစဉ်က
အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေ ဆုံးပုံနဲ့
တထုံး နောက်တနဲမှာ တော့
မင်းရဲနန္တမိတ် ခမျာမှာ ညီသနင်းပေပေါ့
ပြည်မင်းဂုဏ်ခံလို့
မှု န်မှု န်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ ပြင်
တလိုင်းနယ် ရွှေပြည်တခွင်မတော့
ဓမ္မစေတီဘုရင်လက်ထက်တုန်းဆီက
လက်ရုန်းရည် တစ်သိန်းလျှမ်းပေတဲ့
သမိန်ဗရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်
မဟုတ်တရုတ်တောင် တေလေတစ္ဆေကိုက်တာနဲ့
သြော်… ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော
မရေမရာ သေရွာဆိုက်သလိုပါ့
အခိုက်အခါ တူလို့မို့။
ဆရာတမူ မကြာမကြာလွမ်းရပါတဲ့
ဘမရာ အဆူဆူ ကြာကြငှန်းတွေ နှင့်
မြန်မာဇမ္ဗူအညာမန်းတွေ ဖြင့်
ငါတလူ ငါသရမ်းရော့ မဟဲ့လို့
သာခန်းပလ္လင်ညွှန်းပြီး၊
မြင်ကွန်းပိုင်၊ သူပုန်ထစဉ်က
ကြုံရသူ မသာတော် နှင့်
ပမာသော် တူတယ်လို့ နှိုင်းမိတယ်
ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်
စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေ နဲ့ မှိုင်းရဲ့ စိတ်ထင်။

( ၃ )

မင်းစိတ်မင်းမာန်၊ အကြံအဖန်တင်းလိုက်ပုံက
အင်္ဂလိပ် ယင်း ဂျပန် နှစ် တန်ရှင်းပါလို့
ရန်ခပင်းကိုတဲ့ မောင်းကာနှင်
ဒေါင်းမြန်မာ တစ်ခွင်မှာ ဖြင့် အထက်ယခင်သဘော
(အိုးကွယ်) တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သဘော။

( ၄ )

နန်းမြို့တည်ရန် မှန်းလို့ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင် မှ၊
ထိုထို လူခပကြို မကြည်ညိုတဲ့
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့
တနွေနွေ မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေ က
သြော်… အမှော င်စရိုက်ကယ်နှင့်
ပြောင်ပြောင်ပဲ မြိုက်မပေါ့လို့၊
ဗြောင်ကိုက်သဟာမှာ ယာယီ ယတြာအချိန်နဲ့
ဇာတာမှိန်လို့မို့၊
ဂဏာမငြိမ် တာဝတိံယွန်းကြပေါ့၊
ဖြေမကြည်နေရီတော့ လွမ်းစေဘို့
မြန်မာပြည်ပေါ်ကို ဓမ္မစည်တော် ရွမ်းချိန်မို့၊
အစွမ်းကုန် သည်တစ်ခါဖြင့်
ပြည်ရွာ ညီညာဘို့ အလုပ်ပေပေါ့၊
သုဿန်တံခွန်စောင်းရရှာတဲ့
ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့် 
အာဇာနည် ဗိမာန် ပုထိုးကိုဖြင့်
ပါရမီအဓိဋ္ဌာန် တစ်မျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့
မြန်မာမတော့ ပူစရာဘို့
တဗျူဟာ အောင်ခမန်းတွင် မှ
လူမသမာ အမှော င်သန်းချိန်မို့
သော င်ကမ်းမို့မို့ဆီက
ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော
ရေစုန်မြောလေရဲ့
သြော်… တောင်နန်းမြောက်နန်းအဆောင်ဆောင်ကြငှန်းနဲ့
အခေါင် မမြန်းရခင်က အောင်ပန်းညို့ရရှာတဲ့၊
အောင်ဆန်းတို့ သေပုံ နှမြော…။

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရစဉ်က ထိုနေ့မြင်ကွင်းကို ဆရာဒဂုန်တာရာကလည်း 'ဦးအောင် ဆန်း၏ နောက်ဆုံးနေ့' ခေါင်းစဥြ်ဖင့် တာရာမဂ္ဂဇင်းအတွဲ ၁၊ အမှတ် ၆ (၁၉၄၇ ခုနှစ် သြဂုတ်လ)ထုတ်တွင် အောက်ပါအတိုင်းရေး သားဖော်ပြထားလေသည်။

'ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁ဝ နာရီခွဲ။

မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက် ရှိသည်။ တိမ်တိုက်ဟူ၍ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ကြီးလို ဝိုးဝိုးဝါးဝါးနေသည်။မိုးသည်ကင်းကင်းလွတ်လွတ်စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲရွာလိုက်၊ တဖြိုင်းဖြိုင်းရွာချလိုက်နှင့် နောက်စွေ၍ နေလေသည်။

ဒီကနေ့ အတွင်းဝန်များ ရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်အပါးတော် မြဲဗိုလ်ထွန်းလှ(တက္ကသိုလ်နေဝင်း)ထံမှလည်း ခရီးသွားဆောင်းပါးကို လမ်းကြုံလျှင် ယူ သွားပါဟု မှာ ထားလျက်ရှိသည်။

သို့ ဖြစ်၍ ဗိုလ်ထွန်းလှထံ ဆောင်းပါးဝင်ယူရန် ခဏတဖြုတ်စကားစမြည် ဝင်ပြောပြီးနောက် ဆရာဇော်ဂျီထံသို့ သွားမည် ဟု စိတ်ကူးထားသည်။

၁ဝ နာရီကတည်းက အဝတ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကားမစဲနိုင်ပေ။ သို့ နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတစ်ပုဒ်ကို စပ်ရင်း ၁၁ နာရီထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။

နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီထပ်ဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင်သင့်တွေ့ ရသော ဒေါင်းတံဆိပ် တာမွေဘတ်စ်ကားကို တက်စီးသည်။ ကားထဲတွင် ကြည့်မြင်တိုင်မှလိုက်ပါလာသည်ထင်ရသော တောသားသုံးယောက် နှင့် တရုတ်မနှစ် ယောက် ကို တွေ့ ရသည်။ ကားပြတင်းတံခါးများ မှာ ပိတ်ထားကြသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင် ကား မိုးသည်ရွာလျက်ပင်။ရွံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန်လမ်းကားစိုစွတ်လှသည်။

ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်းအတက် သိပ်မရှိလှ။ သို့ နှင့် စပတ် (ဗိုလ်အောင်ကျော်) လမ်းရောက်လျှင် ကျွန်ုပ်သည် ဆင်းလိုက်သည်။ကျွန်ုပ်သည် ဒါလပိုဇီ (မဟာဗန္ဓုလ) လမ်းဘက်မှ စပတ်လမ်းဘက်ကိုဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော် ကားများ သည် ဟိုတစ်စု၊ သည်တစ်စု ရပ်လျက်၊ မိုးကာဝတ်လျက် လူအချို့သည် သွားကြလာကြနှင့် ရှုပ်ယှက်ခတ်နေသည်။သူရိယတိုက်ရှေ့အဝင်တံခါးမပေါက်ကြီးတွင် ကား လူများ သည် ရပ်ကာအတွင်းသို့ မျှော်ကြည့်လိုက်၊ စကားပြောလိုက်နှင့် နေကြသည်ကို တွေ့ မြင်ရသည်။ ကျွန်တော် ကား ရုံးဆင်းချိန်မို့ လူတွေ ရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန်အောက်မေ့မိသည်။

ကျွန်တော် သည် အင်မတန် အရိပ်အခြေအနေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါးတိုင်းကဲ့သို့ ပင် ရဲရဲတင်းတင်း တံခါးပေါက်မှအတွင်းသို့ ဝင်သွားသည်။ လမ်းအကူးတွင် ကား လက်နက်ကိုင် စစ်သားများ စောင့်ကြပ်လျက်ရှိသည်ကိုတွေ့ ရသည်။

ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်သည်။ ကျွန်တော် သည်အတွင်းဝန်ရုံးထဲသို့ သွားခဲ့ကြပေသည်။ ညှိုးပျောက်နေသော မျက်နှာနှင့် လုံခြည်အပြာရောင် ဝတ်ထားသော စာရေး မနှစ် ဦးသည် သုတ်သုတ်သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။

သို့ နှင့် အလယ်ဆင်ဝင်အောက်ကား ဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလိုရုံးမင်းစေများ ၊ ချပရာစီများ ရပ်ပြုနေသည်ကို အကျဉ်းမတွေ့ ရချေ။ တိတ်ဆိတ်ငြိမ်သက်၍ နေသည်။

ဗိုလ်ထွန်းလှအခန်းသို့ တက်ရန်လှေကား တစ်ထစ် နှစ် ထစ်လောက်တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သားကောင်းလှသည်ကို စိတ်ထင့်သွားရာဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန်တွင် လက်ဖက်ရည်သောက် သွားနေလိမ့်မည် ဟုတွေးမိကာ မတက်တော့ဘဲ ဇော်ဂျီထံမှ အပြန်မှပဲ ဝင်တော့မည် ဟုတွေး၍ တစ်ဖက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော် ရုံးခန်းသို့ လာခဲ့လေသည်။

လွှတ်တော် ရုံးဝင်ဝင်ချင်း သခင်နုရုံးခန်းတံခါးဝမှာ ပိတ်ထားသည်ကို တွေ့ လိုက်ရသည်။ သက္ကလတ်ခန်းဆီးအစိမ်းပုပ်ကြီးမှာ လည်း ဆွဲပိတ်၍ ထားသည်။ သခင်နုရုံးခန်းကို ကျော်၍ ဆရာဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။သူ့အခန်းမှာ လည်း တံခါးပိတ်ထားပြီး ခန်းဆီးအစိမ်းပုပ်ကြီးသည် ဆွဲ၍ စေ့ထားသည်။ ရုံးစေသုံးယောက် မှာ နံရံကိုမှီကာ ရပ်နေကြသည်။ ခါတိုင်းလိုစကားပြောမနေကြ။ သူတို့သည် ငေးမှိုင်တွေ ဝေ၍ တစ်မျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။

ကျွန်တော် က ငိုင်တိုင်တိုင် ဖြစ်နေသော ရုံးစေတစ်ဦးအား 'ဦးသိန်းဟန် ရှိသလား'ဟု မေးလိုက်သည်။

''ရှိပါတယ် ခင်ဗျ''ဟု ခပ်တိုးတိုးသာ ဖြေသည်။ သည်တော့မှမျက်နှာပျက်နေကြောင်း အသေအချာသိလိုက်တော့သည်။ စိတ်ထဲတွင် ကားမရှင်းမလင်း။

တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မဝင်သေးဘဲ ရပ်ကာရုံးစေဘက်သို့ တစ်ဖန်လှည့်၍ -

''အထဲမှာ အစည်းအဝေးလုပ်နေသလား''ဟု မေးရသည်။ ရုံးစေသည် ဘာမှမပြောဘဲ အသာအယာ စေ့ထားသော တံခါးကို ဖွင့်ပေးသည်။လှမ်းကြည့်လိုက်ရာ သူ၏ စားပွဲတွင် ထိုင်နေသော ဆရာဇော်ဂျီကိုတွေ့ မှထီးကိုထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။

ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်းမှန်ရောင် သည် ရိုက်ဟပ်နေသဖြင့် အခန်းသည်စိမ်းပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးထိပ်တွင် တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေးအရာရှိ ဝတ်လုံတော် ရ ဦးချန်ထွန်း ခေါင်းငိုက်ကာငေးမှိုင်နေလျက်ရှိသည်။

ဆရာဇော်ဂျီသည် ကျွန်တော် ဝင်လာသည်ကို မြင်သော အခါ ဆိတ်ဆိတ်ပင်။ စကားမမြွက်ဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့် ညွှန်ပြသည်။ သူသည်လည်း ငေးငိုင်၍ နေသည်။ အတန်ကြာဆိတ်ဆိတ်နေလျက်ရှိသည်။ကျွန်တော် ကား ခါတိုင်းလှုပ်ရှားဆူညံ၍ နေတတ်သော အတွင်းဝန်ရုံးသည် ဘာကြောင့် ယခုလို အုံ့မှိုင်းရီဝေ၍ ဆိတ်ငြိမ်နေသည်ကိုအံ့သြလျက်ရှိသည်။

အတန်ကြာဆိတ်နေရာမှ 'အားလုံးတော့ ဒုက္ခ ဖြစ်ကုန်ပြီ'ဟု ဆရာဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျွန်တော် ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူက အကဲခတ်မိ၍ နေရာမှထကာ လက်ပြကာအပြင်သို့ ခေါ်သွားသည်။ ကျွန်တော် သည် ထိတ်ခနဲ ဖြစ်သွားသည်။

''လက်ဖက်ရည်ဆိုင်သွားရအောင်''

မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက်မြေနီလမ်းကလေးပေါ်ရောက်မှ ကျွန်တော် က မနေနိုင်၍ -

''ဘာ ဖြစ်လို့လဲ ဆရာ'' ဟုမေးမိသည်။

''မင်းမကြားမိသေးဘူးလား''ဟု ဆရာဇော်ဂျီက အံ့သြနေသည်။

''ဟင့်အင်း၊ ကျွန်တော် အခုပဲ ဘတ်စ်ကားပေါ်က ဆင်းပြီး ရုံးကိုတန်းလာတာ''

ဒီတော့မှ ဆရာဇော်ဂျီက ဖြစ်ပုံကို ပြောပြတော့သည်။ ခြင်္သေ့တံဆိပ်တပ်စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော လက်နက်ကိုင်လူလေးယောက် သည် ကျွန်တော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာဦးအောင်ဆန်း၏ ရုံးခန်းအတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှု ဆောင်ဝန်ကြီးများ အား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး၊ မည် သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။ကျွန်တော် မရောက်မီ တစ်နာရီကျော်ကျော်ခန့်က ဖြစ်သည်။

ကျွန်တော် သည် သည်သတင်းကို ကြားရသော အခါ ထိတ်လန့်တုန်လှုပ်သွားသည်။ အသားများ ပင် တဆတ်ဆတ်တုန်၍ လာသည်။

အတွင်းဝန်များ ရုံး လက်ဖက်ရည်ဆိုင်ထဲတွင် ကား စာရေး စာချီစသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကို တွေ့ မြင်ရသည်။ တစ်စားပွဲတည်းတွင် ထိုင်နေသော နိုင်ငံရေး ရာအတွင်းဝန်ကို ကျော်မြင့်ကလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်ထွေထွေပင် လက်ဖက်ရည်ကို သောက်နေသည်။

''အင်မတန် နှမြောဖို့ ကောင်းတယ်ဗျာ''

''သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှု ပဲ'' စသည်ဖြင့် လူအချို့သည် ညည်းတွားလျက် ရှိကြသည်။

ဆရာဇော်ဂျီက-

''အမျိုးသားရေး ပျက်စီးခြင်းတစ်ရပ်ပဲ''ဟု တသတ ပြောသည်။

''ကျွန်တော် ရုံးဝင်းထဲဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေ ကိုတွေ့ တယ်။ ဒါပေမဲ့ ကျွန်တော် ဝင်လာတာ မတားကြပါဘူး။ ဆင်ဝင်အောက်အဝင်မှာ တောင် အသိစာရေး တစ်ယောက် နဲ့ တွေ့ သားပဲ။ သူကလည်းဘာမှမပြောဘူး''

''လူတွေ ဟာ မပြောရက်ကြဘူး'' ဟု ဆရာဇော်ဂျီက ဆိုသည်။

လက်ဖက်ရည်သောက်နေစဉ် မကြာခင်ကပင် ဆေးရုံမှ ပြန်လာသော ရုံးသားတစ်ဦးက အပါးကပ်လာ၍ -

''ဘယ့်နှယ်နေလဲ'' ဟု ကျွန်တော် တို့က ဝိုင်း၍ မေးမြန်းကြသည်။

သူက မိုင်းပွန်စော်ဘွားကြီးမှတစ်ပါး အားလုံးဆုံးရှာပြီဟု ပြောသည်။သူသည် အသံတုန်နေ၍ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသည်။

''ဗိုလ်ချုပ်ကော''ဟု တစ်ယောက် က တိုးတိုးမေးသည်။

''မျက်နှာကို အဝတ်နဲ့ ဖုံးထားတယ်''

ကျွန်တော် လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ် (သိမ်ဖြူ)လမ်းတံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည်တစိမ့်စိမ့် ရွာလျက်ပင်ရှိသည်။ လူ တစ်ယောက် သည် မိုးရွာထဲတွင် ထီးဆောင်း၍ တချို့က ထီးမပါဘဲ၊ တချို့ပလက်ဖောင်းပေါ်တွင် ရပ်ကာ အတွင်းဝန်များ ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ လူ တစ်ယောက် ကကျွန်တော့် လက်မောင်းကို ဆွဲကိုင်၍ -

''ဒီမယ်၊ ခုနက ဝန်ကြီးတွေ သေနတ်ပစ်ခံရတတ်လို့ ကြားတယ်၊ဟုတ်သလားခင်ဗျ'' ဟု မေးသည်။ သူကားအကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည် ။

''ဟုတ်ကဲ့'' ဟူ၍ သာ ဖြေကြားပြီး၊ တစ်ဖက်သို့ ဖြတ်ကူး၍ အသင့်တွေ့ ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည်လမ်းမတော် သို့ ပြေးလျက်ရှိသည်။

ကားထဲတွင် လူမနည်းလှပေ။ ခရီးသည် အားလုံးမျက်စိမျက်နှာမကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတစ်ဦးက-

'' ဖြစ်မှ ဖြစ်ရလေနော်။ ဖြစ်မှ ဖြစ်ရလေနော်''ဟု မြည် တမ်းလျက်ရှိသည်။

ဈေးသည်ဟု ထင်ရသော ခပ်အိုအို မိန်းမကြီး နှစ် ယောက် ကား-

''ဗိုလ်ချုပ်အသက်ရှင်ပါစေတော် ၊ ဗိုလ်ချုပ်အသက်ရှင်ပါစေတော် ''ဟု ဆုတောင်း၍ နေကြသည်။

ယခုမှပင် သိရသော မိန်းမ တစ်ယောက် မေးမြန်းသည်ကို-

''မပြောကြနဲ့၊ မပြောကြနဲ့''ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်နေသည်။ သူတို့သည် မပြောရက်ကြ။

သန့်ပြန့်စွာ ဝတ်စားထားသော တရုတ်တစ်ဦးက-

''အားကီး ရက်စက်တာပဲ''ဟု ကျွန်တော့် ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ်ကားဒရိုင်ဘာသည် တောက်တစ်ချက်ခေါက်လိုက်သည်။

သိမ်ကြီးဈေးသို့ ရောက်သော အခါ လူသွားလူလာ ကင်းရှင်းနေပြီး ဈေးဆိုင်များ မှာ ပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့၍ သွားလေသည်။ မော်တော် ကား၊ လန်ချားတို့ကား ခပ်မြန်မြန်သွားလာနေကြသည်။

ကားပေါ်မှဆင်း၍ လမ်းထဲသို့ ဝင်လာသော အခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာကြည့်နေသည်ကို တွေ့ မြင်ရသည်။ သူတို့သည် အငြိမ်ထိုင်မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။

လူတို့သည်-

'' ဖြစ်မှ ဖြစ်ရလေ၊ ဖြစ်မှ ဖြစ်ရလေ''ဟု တတွတ်တွတ် မြည် တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ်တို့ကျဆုံးကြောင်းကား ညနေသတင်းစာများ မှ ကြားရလေပြီ။ မည် သူ့မျက်နှာ ကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာ နှင့် လမ်းမပေါ်မှ စက်ပြင်ဆရာ တစ်ဦး၏ မိန်းမပါးစပ်မှ-

''ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး။ စားချင်စိတ်လည်းမရှိတော့ပါဘူးရှင်''ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။

နေဝင်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာမှော င်လှသည်။ အိမ်သာများ ဆုံတိုင်း ညနေခင်းက အကြောင်းကိုသာပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညည်းညူသံ၊ တသသံ။

တိတ်ဆိတ်မှော င်မည်းသဖြင့် စောစောအိပ်မပျော်နိုင်ကြ။ နေ့ခင်းကအ ဖြစ်အပျက်တွေ ဟာ အိပ်မက်ပဲ ဖြစ်ကြပါစေတော့ဟု မိန်းမများ ဆုတောင်းကြသည်။ ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည်ဆက်၍ နေသည်။ ရှဲခနဲ မီးခြစ်၍ နောက်ဖေးထကြပြန်သည်။ တစ်ရေး နိုးဆိုလျှင်-

''ဘယ်တော့များ မှ မေ့ပျောက်ပါ့မလဲနော်''ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တရေး နိုးတိုင်း သတိရလျက်ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့ နှင့် ပင် တအောက်မေ့မေ့ တသသနှင့် ထိုညကို လွန်မြောက်ရလေသည်။

ဖဆပလအဖွဲ့ချုပ်သည် ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်များ ကိုဂျူဗလီဟောသို့ ပို့ဆောင်ထားရှိရန် ခေါင်းဆောင်ကြီးများ ကျဆုံးသော ၁၉၄၇ဇူလိုင် ၁၉ ညနေ၌ ပင် ထုတ်ပြန်ကြေညာခဲ့လေသည်။ ယင်းကြေညာချက်မှာ -

ပြည်သူ့ဈာပနအ ဖြစ်ထားမည် ။
(ဟံသာဝတီ ၂ဝ-၇-၁၉၄၇)

ဂျူဗလီဟောရုံးကြီးကို အလောင်းများ ထားရန် ဆုံးဖြတ်ခြင်း

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ဝန်ကြီးဦးဘချို၊ ဝန်ကြီးမန်းဘခိုင်၊ ဝန်ကြီး ဦးဘဝင်း၊ ဝန်ကြီး မစ္စတာရာဇတ်၊ ဝန်ကြီးသခင်မြတို့၏ အလောင်းများ ကို ပြည်သူ့ဈာပနအ ဖြစ် တစ်လတိတိ ဂျူဗလီဟောကြီး၌ ထားရှိလိမ့်မည် ဖြစ်ကြောင်း။

ပြည်သူ့ဈာပန အခမ်းအနားတွင် ပြည်သူပိုင် အစိုးရနှင့် တကွ တိုင်းသူ ပြည်သား အဖွဲ့အသင်းအပင်းတို့က တခမ်းတနား ကျင်းပမည် ဖြစ်ကြောင်း။

Cover

ဂျူဗလီဟော၌ အာဇာနည်ခေါင်းဆောင်ကြီးများ ၏ ရုပ်ကလာပ်များ ကို ပြသထားစဉ်
ဂျူဗလီဟောသို့ ပို့ မည် ။

ဖဆပလ အဖွဲ့ချုပ်ထုတ်ပြန်ကြေညာချက်

ဗိုလ်ချုပ်အမှူးရှိသော ကျဆုံးပြီးသော ရဲဘော်များ ၏ ရုပ်ကလာပ်များ ကို ယနေ့ (၂ဝ-၇-၄၇) တနင်္ဂနွေနေ့လယ် ၂၄ နာရီတွင် ဗိုလ်ချုပ်အိမ်မှလည်းကောင်း၊ ဆေးရုံကြီးမှလည်းကောင်း အခမ်းအနားနှင့် ယူဆောင်၍ ဂျူဗလီဟောသို့ ပို့ဆောင်လိမ့်မည် ဖြစ်ကြောင်း။

(ပုံ)
ဘဆွေ
အထွေထွေအတွင်းရေး မှူး
ဖဆပလအဖွဲ့ချုပ်

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်ဟူသော သတင်းကို ကြားလျှင်ကြားချင်း ပထမဆုံး သော ကမီးတောက်လောင်ခြင်းခံရသူမှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ပင် ဖြစ်သည်။ ဒေါ်ခင်ကြည်သည် မြောင်းမြမြို့နေအဖဦးဖိုးညှင်း၊ အမိဒေါ်ဖွားစုတို့၏ သားသမီး ၉ ဦးအနက် သတ္တမမြောက်သမီး ဖြစ်သည်။ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဖွားမြင်သော ကြောင့် ဗိုလ်ချုပ်ထက် ၃ နှစ် ခန့်ကြီးသည်။ သူနာပြုချုပ်အ ဖြစ် တာဝန်ထမ်းဆောင်နေစဉ် လူနာအ ဖြစ်ဆေးရုံလာတက်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ ဆုံမေတ္တာမျှကာ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဘီအိုင်အေပြည်သူ့ဆေးကြီး (နောင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်) တွင် ထိမ်းမြားလက်ထပ်ပြီး အောင်ဆန်းဦး၊အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်နှင့် ငယ်စဉ်ကပင် မီးတွင်းထဲ၌ ကပင် ကွယ်လွန်ခဲ့သော သမီးကလေး တစ်ဦးအပါအဝင် သားနှစ် ယောက် ၊ သမီးနှစ် ယောက် ထွန်းကားခဲ့သည်။

ဒေါ်ခင်ကြည်သည် မိမိခင်ပွန်း ရုပ်ကလာပ်ကို ဆေးရုံမှ နေအိမ်သို့ ယူဆောင်လာသော အခါ ခင်ပွန်းသည်အား မြန်မာ့ဂါရဝတရားအတိုင်းဦးသုံးကြိမ်ချလေသည်။ သူ၏ မျက်စိတွင် အများ နည်းတူ ဝမ်းနည်းကြေကွဲသော ကြောင့် မျက်ရည်စများ ပြည့်နေသော်လည်း စိတ်မာန်တင်း၍ မိမိကိုယ်ကို မိမိ ချုပ်တည်းထားလေသည်။

ဒေါ်ခင်ကြည်သည် မိမိ၏ ခင်ပွန်းအပေါ်၌ ဇနီးမောင်နှံ ရာသက်ပန်သက်ဆုံးတိုင် မေတ္တာမပျက်၊ သစ္စာဖက်၍ ဘဝခရီးကို အတူတူလျှောက်လှမ်းသွားရလိမ့်မည် ဟု ထင်မှတ်ခဲ့သည်။ သို့ သော် ကြမ္မာရိုင်းက သေကွဲခွဲခဲ့လေသည်။ထို့ကြောင့် မိမိလင်သား ယခုကဲ့သို့ ဆုံးရှုံးရသော အခါမည် မျှအထိ ထိခိုက်ကြေကွဲဝမ်းနည်းပူဆွေးနေမည် ကို ကိုယ်ချင်းစာတရားရှိသူတိုင်း ချင့်ချိန်နိုင်ပေသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကတော် ပီပီ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားသော အခါ မိမိတစ်ကိုယ်ရေ ဝမ်းနည်းပူဆွေးမှု ကို ဘေးဖယ်ကာ ဗိုလ်ချုပ်နှင့် အတူ ကျဆုံးခဲ့သော ခေါင်းဆောင်ကြီးများ ၏ ကျန်ရစ်ခဲ့သော ဇနီးများ ထံသို့ သွားရောက်ပြီးလျှင် ပရိဒေဝမီးငြိမ်းကာ ပူပင်ကြောင့်ကြ မှု မရှိစေရေး အတွက် နှစ် သိမ့်စကားများ လိုက်လံပြောဆိုအားပေးခဲ့သည်။

ထို့ပြင် သူသည် ဇနီးကောင်းပီပီ ဗိုလ်ချုပ်ဆန္ဒ၊ ဗိုလ်ချုပ်သဘောထား၊ဗိုလ်ချုပ်လမ်းစဉ်ကို ကူညီပါရမီဖြည့်သည့်အနေဖြင့် ၁၉၄၇ သြဂုတ်လ၊၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်သည် အဓိဋ္ဌာန်ပြုချက်နှင့် လူထုပန်ကြားလွှာကို ထုတ်ပြန်၍ လွတ်လပ်ရေး ကြိုးပမ်းမှု တွင် သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ပန်ကြားလွှာတွင် -

''ကျွန်မရဲ့ ခင်ပွန်းသည် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလတ်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူကွယ်လွန်သွားတော့ သူ့ကို ပြုစုရမယ့်အစား သူချခဲ့တဲ့ လမ်းစဉ်တွင် ပါဝင်နိုင်တဲ့ဘက်တွင် ပါဝင်ပြီး၊ သူချန်ခဲ့တဲ့ သူ့သွေး၊ သူ့သား မိမိရဲ့ ရင်သွေးကလေးများ ကို အဖေ့သားများ ပီပီ အဖေ့ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့မယ်လို့ ဆုံးဖြတ်ပါတယ်။ လူထုကြီးကို ကျွန်မပြောလိုတာ ကတော့ မိမိတို့အားကိုးယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်စက်စွာ လုပ်ကြံမှု ကြောင့် ဒေါသထွက်စိတ်ဆိုး၍ ၊ စိတ်လိုက်မာန်ပါ လုပ်မှု ကိုင်မှု ကို ရှောင်ကြဉ်၍ သူချခဲ့သော လမ်းစဉ်အတိုင်း တသဝေမတိမ်းလိုက်နာကျင့်ဆောင်ကြပါ။သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကိုဆတက်ထမ်းပိုးအားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့သော လွတ်လပ်ရေး ကို မရမနေ ကြိုးပမ်းကြပါ''ဟု တိုင်းပြည်ကို တိုက်တွန်းခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးစဉ်က စာရေး ဆရာကြီး ခင်မျိုးချစ်က'သြော်… ဗိုလ်ချုပ်' ခေါင်းစဉ်ဖြင့် 'တိုင်းရင်းသူ’ ဂျာနယ် အတွဲ ၁၊မှတ် ၁၇ (၁၉၄၇ သြဂုတ်လ) တွင် ဝမ်းနည်းကြေကွဲဖွယ် ဤသို့ ရေး ဖွဲ့ထားလေသည်။

''ဇူလိုင်လ ၁၃ ရက်နေ့ (လုပ်ကြံခြင်း မခံရသေးမီ ၆ ရက်တနင်္ဂနွေနေ့) က ကိုကြိးမြ (သခင်မြ) အတွက် အညာက ပါလာသော သကာ၊ ထောပတ်များ နှင့် ဆေးဖော်ပြီး သူ၏ ဝမ်းသွေးကျ ရောဂါ အတွက်ကျွန်ုပ်တို့မိသားစုသွားပေးကြသေးသည်။ထိုနေ့က ဗိုလ်ချုပ်မိန့်ခွန်းပြောကြားသည့်နေ့ ဖြစ်၍ ကိုကြီးမြသည် ကျွန်ုပ်တို့ရောက်ပြီး ခဏအကြာမှအိမ်ပြန်လာသည်။ သူ၏ ရုပ်ရည်မှာ ဖျော့တော့အားနည်းနေသည်ကို တွေ့ ရသည်။ မမညွန့်က ကိုကြီးမြမှာ အစားအအိပ်မမှန် အလုပ်များ လှကြောင်းကျန်းမာရေး ကိုပင် ဂရုမစိုက်ကြောင်း ပြောရှာသည်။ သူ့ခမျာ နှစ် ပေါင်းများ စွာ နိုင်ငံရေး သမား ကိုကြီးမြ၏ ပါရမီကို မငြိုမငြင်ဖြည့်ရှာရသည်။ကျွန်ုပ်မှာ ကား စိတ်မကောင်း၊ ကိုဗဟိန်းတို့၊ ဦးချစ်မောင်တို့ ဒီလိုအလုပ်တွေ လုပ်ရင်း ကျန်းမာရေး ပျက်ပြီးသေကုန်တာပဲ၊ ကိုကြီးမြလည်း ဒီလိုသာဆိုရင် အသက်တိုဦးမှာ ပဲဟု တွေးမိသေးသည်။ ထိုအခါက ဤတနင်္ဂနွေနေ့ကျလျှင် သူ့၏ အိမ်၌ သူ့အတွက် သက်ပျောက်ဆွမ်းတရားနာရမည် ကိုကား ဘယ်သူသိနိုင်ပါမည် နည်း။

ကိုကြီးမြကား မျက်နှာအမြဲချိုပြုံးသလောက်၊ သဘောကောင်းရက်ရော လှသည်။ သားသမီးမရှိ၍ ၊ တပည့်တွေ ကိုပင် သားသမီးလို ချစ်ခင်ရှာသည်။ အိန္ဒိယပြည်သို့ အာရှညီလာခံသွားစဉ်က ကျွန်ုပ်ကို အားမငယ်ရန်သုံးစွဲစရာငွေများ ပင် ပေးရှာသည်။ ကျွန်ုပ်တို့ထက်စော၍ သူမြန်မာပြည်သို့ ပြန်လာရာတွင် မမညွန့်အား 'ကောင်မလေးကို ပြန်ခါနီး မတွေ့ ခဲ့တာနဲ့ပိုက်ဆံထပ်မပေးခဲ့ရဘူး' ဟုပင် ပြောရှာသေးသည်။ မမညွန့်ကား ကျွန်ုပ်ကို တွေ့ တိုင်း ထိုအကြောင်းတွေ ကိုပြော၍ ငိုရှာသည်။ သြော် ကိုကြီးမြ၊ကိုကြီးမြ၊ ဤမျှလောက်သော သဘောကောင်းသူတော် စဉ်တစ်ဦးကို ဘယ်တုန်းကမှ အသေဆိုးသေမည် ဟု မထင်ခဲ့ပါတကား။

ကျဆုံးသော စစ်သူကြီးအိမ်သို့ ယူလာပြီ

တနင်္လာနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဆီသို့ သွားသည်။ ဗိုလ်ချုပ်၏ အိမ်ကြီးမြင်ရလျှင်ပင် ကျွန်ုပ်မှာ စိတ်မကောင်း မျက်ရည်ကိုနိုင်အောင်သုတ်ပစ်ပြီး ဒေါ်ခင်ကြည်နှင့် တွေ့ သည်။သူခမြာကား မငိုတော့ မငိုပါ။ ဣနြေ္ဒရစွာ ထိုနေ့က အ ဖြစ်အပျက်တွေ ကို ပြန်ပြောပြရှာသည်။ ကျွန်ုပ်ကားသူ ပြောသမျှကို နားထောင်၍ နှစ် သိမ့်စကားပင် မပြောနိုင်တော့ပါ။ ပြောရန်လည်း မလိုတော့ပြီ။ ဤမျှလောက်ကြီးလေးသော ပရိဒေဝမီးကိုဘယ်လိုစကားနှင့် နှစ် သိမ့်ရပါမည် နည်း။

ဒေါ်ခင်ကြည်ကို မြင်ရသော အခါ အင်္ဂလိပ်စာဆိုတော် ကြီး တင်နီဆင်(F.Tennyson Jesse)ရေး သည့် ကဗျာတစ်ပုဒ်ကို သွား သတိရမိသည်။ထိုကဗျာမှာ 'ကျဆုံးသော စစ်သူကြီးကို အိမ်သို့ ယူဆောင်လာကြသည်'ဟူသော ဝါကျနှင့် အစချီထားသည်။ ထိုကဗျာတွင် စစ်သူကြီး၏ ဇနီးသည်မျက်ရည်တစ်စက်မှမကျဘဲ အလောင်းကို စိုက်ကြည့်နေပုံမှာ ယခု ခေါ်ခင်ကြည်၏ အ ဖြစ်နှင့် တူလှတော့သည်။

ဒေါ်ခင်ကြည်နှင့် အတူ အစ်မ ဖြစ်သော ဦးသိန်းလှ၏ ဇနီး ဒေါ်ခင်တင့်၊သခင်သန်းထွန်း၏ ဇနီး ဒေါ်ခင်ကြီး၊ ညီမ မအမာတို့ကို တွေ့ ရသည်။သူတို့ သုံးယောက် မှာ ဒေါ်ခင်ကြည် ဧည့်သည်တွေ နှင့် စကားပြောနေစဉ်တစ်ဘက်ခန်းတွင် မျက်ရည်စက်လက်နှင့် ထိုနေ့က အကြောင်းတွေ ကို ပြောနေကြသည်။

သေရင်တော့ အော်ငိုမှာ ဘဲ

ဦးသိန်းလှ၏ ဇနီး ဖြစ်သူ အစ်မကြီး ဒေါ်ခင်တင့်က ဗိုလ်ချုပ်တို့သေနတ်ပစ်ခံရသည် ကြား၍ ဆေးရုံသို့ လိုက်သွားရာ ဒေါ်ခင်ကြည်မှာ

Cover

ဗိုလ်ချုပ် မိသားစု

ဗိုလ်ချုပ်ရှိမည့်  အခန်းထဲသို့ ဝင်သွားသဖြင့် အပြင်ကစောင့်ကာ 'သေရင်တော့ သူအော်ငိုမှာ ပဲ'ဟုအောက်မေ့ပြီး သူနားထောင်နေသည်။ သို့ သော်ဒေါ်ခင်ကြည်၏ ငိုသံကိုကား မကြားရ၍ တော် ရုံထိတာ ဖြစ်မည် ဟု ထင်နေဆဲတွင် ဆရာဝန်ထွက်လာပြီး၊ ဗိုလ်ချုပ်ဆုံးကြောင်း ပြောမှသိရတော့သည်ဟု ကျွန်ုပ်အား ပြောပြ၏ ။

ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်၏ အလောင်းကို သူကိုယ်တိုင် ပွေ့၍ အိမ်သို့ ကားနှင့် ယူလာရာ ကားဟွန်းသံကြားလျှင် ကလေးများ က ဖေဖေပြန်လာပြီဟု မြူးတူးဆင်းကြိုကြသည်ကို အစ်မကြီးက သူ့စိတ်ကိုမနည်းပင်ထိန်းထားရသည်ဟု ပြောသော အခါ ကြားရသူအားလုံးပင် ကြေကွဲမိကြသည်။

ဂျူဗလီဟောသို့ မယူမီ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်၏ အလောင်းကို သူကိုယ်တိုင် စစ်ယူနီဖောင်းအပြည့်အစုံ ဝတ်ပေးသည်။ 'ကျွန်မစိတ်ထဲမှာ ရုံးသွားခါနီး အဝတ်အစားလဲပေးရသလိုပဲ'ဟု ကျွန်ုပ်တို့ကို ပြောသေးသည်။ကလေးတွေ ကား သူ့ ဖခင်၏ အ ဖြစ်ဆိုးကို မသိရှာကြပေ။ ဗိုလ်ချုပ်အလောင်းကို ဂျူဗလီသို့ ပို့ပြီးနောက် 'ဖေဖေ ဂျူဗလီဟောကို အစည်းအဝေးသွားတာ ပြန်မလာသေးဘူးလား'ဟု မေးမြန်းကြသေးသည်။

ဗိုလ်ချုပ်တစ်သက်တာ အပျော်ဆုံးအချိန်

သြော်… ဒေါ်ခင်ကြည်… ဒေါ်ခင်ကြည်။ ဗိုလ်ချုပ်ကို ပြုစုယုယတာတွေ ကျွန်ုပ်တို့ မျက်မြင်မို့ ပို၍ စိတ်မကောင်း ဖြစ်မိသည်။ ဗိုလ်ချုပ်သည် လူထုခေါင်းဆောင်ကြီး၊ ဧရာမလူကြီး ဖြစ်သော်လည်း ဒေါ်ခင်ကြည်နှင့် ကျလျှင်ကလေးဆိုးကြီး ဖြစ်သည်။ ဒေါ်ခင်ကြည်ကိုယ်တိုင် ကလေးလိုရေချိုးအဝတ်လဲပေးသည်အထိ ပြုစုယုယသည်ကို ပြောလျှင် ယုံဖွယ်မရှိ။တကယ်မြင်ရမှ အံ့သြမိသည်။ ဗိုလ်ချုပ်၏ တစ်သက်တာတွင် ဒေါ်ခင်ကြည်နှင့် နေထိုင်ရသော ရက်များ မှာ အပျော်ရွှင်၊ အအေးချမ်းဆုံး ဖြစ်ပေလိမ့်မည် ။ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အား မည် သူမျှ မပေးနိုင်သော စိတ်ချမ်းသာမှု ကို ပေးနိုင်ခဲ့လေသည်။

အီဗရာဟင်လင်ကွန်းလုပ်ကြံခံရစဉ်က

ဗိုလ်ချုပ်အတွက်ကား အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်းလုပ်ကြံခံရစဉ်က သူ၏ ရဲဘက်တော် တစ်ဦးက ပြောသော စကားနှင့် ကိုက်ညီနေတော့သည်။ ထိုစကားကား 'သစ်ပင်ကြီး အတိုင်းအရှည်ကိုမြေသို့ ဘုံးဘုံးလဲကျသည့်အခါတွင် ကောင်းစွာ သိရသည်'ဟူသော စကား ဖြစ်၏ ။

ဗိုလ်ချုပ်သည် လူထုခေါင်းဆောင်အ ဖြစ်နှင့် မြင့်မြင့်မားမားကြီးရပ်တည် နေစဉ်က ဗိုလ်ချုပ်၏ ဂုဏ်ရည်ကို တင်းပြည့်မခန့်မှန်းနိုင်သော်လည်း ယခုအခါလူယုတ်မာတို့၏ လက်ချက်ဖြင့် မြေသို့ ဘုံးဘုံးလဲကျသည့်အခါတွင် ကောင်းစွာ သိရလေပြီ။

''သြော်… ဗိုလ်ချုပ်၊ ဗိုလ်ချုပ် အရိုးဆွေးသည်အထိ လွတ်လပ်ရေး အတွက် တိုက်ပါမည် ဟူ၍ များ ဆုပန်ခဲ့လေသလား''

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးကြောင်း သတင်းရရှိပြီးနောက် ဗိုလ်ချုပ်၏ မိခင် ဒေါ်စုသည် ဆွေမျိုးသားချင်း ၁၇ ဦးနှင့် အတူ ရန်ကုန်မြို့သို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။ ထိုနေ့ ည ၇ နာရီတွင် သား၏ ရုပ်ကလာပ်ထားရာ ဂျူဗလီဟောသို့ သွားရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲတွင် သက်ဆိုင်ရာက ဗိုလ်ချုပ်၏ အခေါင်းကို ဖွင့်ပြခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်၏ မိခင်ကြီးအမေစုပြောပြခဲ့သော စကားများ သည်သားတို့၏ ချစ်ခြင်းဖြင့် မိခင်၏ ရင်ထဲမှ ထွက်ပေါ်လာသော စကားများ ဖြစ်သည်။ အမေစုက သားသေသည်ဟု ကြားရသော အခါ ဝမ်းနည်းရုံမျှသာမက အံ့လည်း သြသည်ဟုဆိုသည်။ ဤအချက်သည် အလွန်ဂရုဓမ္မပြုဖွယ်ကောင်းသော အချက် ဖြစ်၏ ။အမေစုအံ့သြရသည်မှာ အခြားကြောင့် မဟုတ်။ တစ်နိုင်ငံလုံးက မေတ္တာထားသော ပုဂ္ဂိုလ်တစ်ဦး ဤကဲ့သို့ ရေတိမ်တွင် နစ်ရခြင်းအတွက် အံ့သြရခြင်း ဖြစ်သည်။ အမေစုက-

''ကျုပ်သား ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလို သတ္တိကြောင်တဲ့အမှု မျိုးကို ငယ်ငယ်ရွယ်ရွယ် ကလေးဘဝပင် ရှုပ်ချခဲ့တဲ့သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ကလည်း မျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောကို မသမာသူတို့ချောင်းမြောင်းပြီး သေနတ်နဲ့ ပစ်ခဲ့စဉ်က ဗိုလ်ချုပ်ကိုယ်တိုင် အများ ကြီးကဲ့ရဲ့ ရှုတ်ချတဲ့စကားတွေ ကို ပြောခဲ့ပါတယ်။ ဟိုတုန်းက ဗိုလ်ချုပ်ဟာနယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားသေးတယ်။ အဲဒီ တုန်းကကျုပ် ကတော့ စိုးရိမ်လွန်းလို့ 'သားရယ်လူဆိုတာ အထက်ရောက်နေရင်သူတစ်ပါးက မနာလိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ်တယ် အစစအရာရာ သတိထားပါကွယ်'လို့ ပြောမိပါတယ်။ ဒီတော့ ကျုပ်သားက'ဟာဗျာ၊ ဒါ ကတော့ ဘုရားတောင်မှ အတိုက်အခံရှိသေးတာပဲ၊ ကိုယ်ကသာလမ်းမှန်ကနေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှကြောက်စရာမလိုပါဘူး အမေရယ် မစိုးရိမ်ပါနဲ့၊ စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ၊ ယခု တိုင်းပြည်နဲ့ လူထုဟာ အရင်ကလို မဟုတ်တော့ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီ'လို့အားရပါးရ ရယ်ရယ်မောမောနဲ့ပြောသွားခဲ့ပါသေးတယ်။ ယခုတော့ ကျုပ်သား အောင်ဆန်းဟာ သူအလွန်မုန်းတီး ရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ပဲ ကွယ်လွန်သွားခဲ့ရရှာပြီ။ ကျုပ်မှာ ချင်တာ ကတော့ သူ့ကို လေးစားကြသလို၊ ခေါင်းဆောင်များ ရဲ့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံကြည်ကြည်လေးလေးစားစားနဲ့ လိုက်နာပြီး၊ မိမိလိုလားတဲ့ ခရီးကို ရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ အဲဒီ လို ဆောင်ရွက်လို့ ရည်ရွယ်ချက်ကို ရောက်ကြပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သားနှစ် ယောက် ဆုံးရတဲ့အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်'ဟူ၍ ပြောဆိုခဲ့လေသည်။

အမေစုသည် အာဇာနည်မိခင် ပီသသူ ဖြစ်သည်။ သို့ သော် သူတစ်ပါးထက် ထူးသော အချက်မှာ အာဇာနည်သားကောင်း နှစ် ယောက် ဆုံးရှုံးရခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံရသူမှာ အစ်ကိုဦးဘဝင်း ဖြစ်သည်။ ဦးဘဝင်းသည် ညီ၏ အမှု ဆောင်ကောင်စီထဲတွင် ထောက်ပံ့ရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးရာထူးဖြင့် တိုင်းပြည်တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခဲ့သော အာဇာနည်ပုဂ္ဂိုလ် ဖြစ်လေသည်။ကျဆုံးစဉ်က အသက် ၄၆ နှစ် ရှိပြီ ဖြစ်သည်။

ဗိုလ်ချုပ်တို့အား လုပ်ကြံသော အမှု ကြီးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သာ ဖြစ်သော်လည်း ဤအ ဖြစ်အပျက်သည် ကမ္ဘာအနှံ့ဂယက်ရိုက်ခဲ့လေသည်။ ထိုစဉ်က လွတ်လပ်ရေး ရဖို့ရာ လက်တစ်ကမ်းသာလိုတော့သည်။

Cover

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်

သို့ သော်လည်း ဗြိတိသျှတို့နှင့် အဆက်ပြတ်ကြသေးသည် မဟုတ်ပေ။ စင်စစ်မှာ ကျွန်ုပ်တို့နိုင်ငံသည် ဗြိတိသျှအစိုးရနှင့် ဆက်သွယ်၍ မြန်မာ့လွတ်လပ်ရေး တည်ဆောက်ရန်အလို့ငှာ စီစဉ်စရာ လုပ်ငန်းများ ကျန်နေသေးသည်။ ထို့ကြောင့် ထိုအချိန်ကဆိုလျှင်မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်နေသေးသည်။

ဤကဲ့သို့ ဗြိတိသျှအင်ပိုင်ယာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်မှာ မြန်မာနိုင်ငံသာမဟုတ် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ ဖြစ်သော အိန္ဒိယပြည်သည်လည်း ဤကဲ့သို့ အလားတူပင် ဖြစ်သည်။ ထို့ကြောင့် ရှေးဦးစွာ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ (၁၈၆၉-၁၉၄၈) က ဗိုလ်ချုပ်အောင်ဆန်း၏ သတင်းကို ကြားသည်နှင့် တစ်ပြိုင်နက် အောက်ပါအတိုင်း ပြောကြားခဲ့သည်။

''မြန်မာ့လွတ်လပ်ရေး ကို တိုက်ယူပြီးလျှင် မြန်မာ့လွတ်လပ်ရေး ကို မြန်မာတို့၏ အိမ်တိုင်ယာရောက် ပို့ပေးခဲ့သော အာဇာနည် ပုဂ္ဂိုလ်များ ကို ယခုကဲ့သို့ သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်သည်ဆိုသည်မှာ ယုံကြည်စရာပင်မရှိချေ။ ကျွန်ုပ်သည် ကွယ်လွန်သွားသော ခေါင်းဆောင်များ ၏ ဆွေမျိုးညာတိများ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ အစိုးရကိုလည်းကောင်း ကရုဏာ သက်ပါ၏ ။ ယခု ဖြစ်ရသည်မှာ သာမည လူသတ်မှု မဟုတ်ချေ။ ဤအမှု ၏ နောက်တွင် နိုင်ငံရေး လောဘဇောရှိနေလိမ့်မည် ။ ယခုအခါ ကမ္ဘာအရပ်ရပ်၌ နိုင်ငံရေး ပြိုင်ဆိုင်မှု တို့တွင် ဤလောဘဇောထကြွနေသော အချက်မျိုးကို တွေ့ မြင်နေရသည်။ ဤအချက်သည် မနုဿလူသားတို့၏ နောင်ရေး အတွက် အတိတ်နိမိတ်ကောင်း မဟုတ်ချေ။ထို့ကြောင့် ဤဝမ်းနည်းဖွယ်ရာအ ဖြစ်အပျက်ကို မူတည်၍ အိန္ဒိယနိုင်ငံသည် သင်ခန်းစာ ယူရမည် ။ ဤအ ဖြစ်သည် မြန်မာနိုင်ငံအတွက်သာလျှင်ဝမ်းနည်းကြေကွဲစရာ မဟုတ်။ အာရှအတွက်လည်း ဝမ်းနည်းကြေကွဲစရာ ဖြစ်သည်။ကမ္ဘာတစ်ခုလုံးအတွက်လည်း ဝမ်းနည်းကြေကွဲစရာ ဖြစ်သည်''

မဟတ္တမဂန္ဒီသည် ဗိုလ်ချုပ်အောင်ဆန်း၏ အ ဖြစ်အပျက်ကို ကြားရသော အခါ အိန္ဒိယနိုင်ငံ၏ အရေး ကိုလည်း တွေးမိသည်ဟု ထင်သည်။သူတွေးမိသည့်အတိုင်းလည်း မှန်ပေသည်။ အဘယ့်ကြောင့် ဆိုသော်ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးသည့်နောက် ၆ လခန့်အကြာတွင် အိန္ဒိယနိုင်ငံ၏ နှလုံးသည်းပွတ်နှင့် တူသော ဂန္ဒီကြီးသည်လည်း ၁၉၄၈ ဇန်နဝါရီလ၃ဝ ရက်နေ့တွင် အစွန်းရောက် လုပ်ကြံသူတို့၏ လက်ချက်ဖြင့် ပင် အသက်ဇီဝိန်ကြွေခဲ့ရလေသည်။

ထိုအချိန်က အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဂျဝါဟာလာနေရူး (၁၈၈၉-၁၉၆၄) သည်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့လေသည်။

''ဗိုလ်ချုပ်အောင်ဆန်းသည် ကျွန်ုပ်တို့၏ မိတ်ဆွေလည်း ဖြစ်သည်။ ရဲဘော်ရဲဘက်လည်း ဖြစ်သည်။ ဗိုလ်ချုပ်သည် ငယ်ရွယ်စဉ်ကပင်လျှင် မြန်မာ့လတ်လပ်ရေး ၏ ဗိသုကာ ဖြစ်သည်။ မြန်မာတို့ကလည်း သူ့အားခေါင်းဆောင်ဟူ၍ အသိအမှတ်ပြုထားကြသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်သည့်အတွက် အထူးဝမ်းနည်း ကြေကွဲမိပါသည်။ထို့အတူပင် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဘော်ရဲဘက်များ အတွက်လည်း ဝမ်းနည်းကြေကွဲပါသည်။မြန်မာနိုင်ငံအတွက်လည်း ဝမ်နည်းကြေကွဲရပါသည်။အာရှတိုက်သည် သတ္တိရှိ၍ အမြော်အမြင်နှင့် ပြည့်စုံသော သားကောင်းရတနာတစ်ဦး ဆုံးပါးရသည့်အတွက်လည်း ဝမ်းနည်းကြေကွဲရပါသည်။ လွတ်လပ်ရေး ကို ခြိမ်းခြောက်နေသော အကြမ်းဖက်ဝါဒကို အိန္ဒိယ၊ မြန်မာနှင့် အာရှနိုင်ငံတို့က ကျူးလွန်နေပါလျှင် ကျွန်ုပ်တို့ မျှော်မှန်းနေသော အရာများ လွင့်ပါးသွားရပေလိမ့်မည် ။ ထို့ကြောင့် ကျွန်ုပ်တို့သည် စည်းမဲ့ကမ်းမဲ့ဟူသော အရာတို့ကို အပြီးတိုင် ချုပ်ငြိမ်းအောင်အဖွဲ့အစည်းနှင့် တကွ ကြိုးပမ်း၍ လူမှု ရေး ကို အန်တုဖက်ပြိုင်သော အင်အားစုများ ကိုရင်ဆိုင်၍ တိုက်ခိုက်ဖြိုဖျက်ကြရမည် ''

ပါကစ္စတန်ဘုရင်ခံချုပ်ဟောင်း မိုဟာမက်အလီဂျင်းနားကလည်း ၁၉၄၇ ဇူလိုင် ၂ဝ ရက်နေ့တွင် အိန္ဒိယပြည်မှနေ၍ လူသတ်ဝါဒကို ရှုတ်ချကြောင်း ကြေးနန်းဖြင့် ပေးပို့အကြောင်းကြားခဲ့ရာ ဟံသာဝတီသတင်းစာ၌ အောက်ပါအတိုင်း ဖော်ပြထားလေသည်။

မြန်မာ့ခေါင်းဆောင်များ လုပ်ကြံခံရ၍ ဝမ်းနည်းပက်လက် ဖြစ်ရသည်ဆိုခြင်း

(နယူးဒေလီမြို့၊ ဇူလိုင် ၂ဝ ရက်ခွဲ ရိုက်တာကြေးနန်း) ပါကစ္စတန်ဒိုမီနီယံနိုင်ငံ၏ ဘုရင်ခံချုပ်ဟောင်း မိုဟာမက်အလီဂျင်းနားက နယူးဒေလီမြို့၌ မနေ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် မြန်မာခေါင်းဆောင်ကြီးများ အသတ်ခံရကြောင်း ကြားရသော ကြောင့် မိမိများ စွာ အံ့သြ၍ ဝမ်းနည်းပက်လက် ဖြစ်ရသည်ဟု မြန်မာနိုင်ငံသူ နိုင်ငံသားတို့အား ပြောကြားလိုက်ပါကြောင်း။

ဂျင်းနားက နိုင်ငံရေး ရာဇဝတ်မှု ကျူးလွန်ရေး ဝါဒကို မည် သူမျှထောက်ခံအားပေးလိမ့်မည် မဟုတ်ကြောင်း၊ တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားသော လူမျိုးတစ်မျိုးအဖို့ မည် သည့်အရာမဆို ရရှိအောင်စွမ်းဆောင်နိုင်ကြောင်း။

ဆက်လက်၍ ဂျင်းနားက မြန်မာနိုင်ငံသူ နိုင်ငံသားတို့အား အေးချမ်းစွာ နေထိုင်ကြရန် မေတ္တာရပ်ခံပြီးနောက် ဤကမ္ဘာမြေပေါ်တွင် လူထု၏ စိတ်ဓာတ်ကို မည် သည့် တန်ခိုးအာဏာကမျှ တော် လှန်နိုင်မည် မဟုတ်ဟုဆက်လက်၍ ပြောကြားလိုက်လေသည်။

အိန္ဒိယနိုင်ငံ ကွန်ဂရက်အလုပ်အမှု ဆောင် အဖွဲ့ကလည်း မြန်မာနိုင်ငံလုပ်ကြံမှု ကြီးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လေသည်။ ထိုဆုံးဖြတ်ချက်တွင် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ရသည်မှာ မြန်မာပြည်အတွက်သာလျှင် နစ်နာသည်မဟုတ် အာရှတိုက်အတွက်လည်း ဆုံးရှုံးမှု တစ်ရပ် ဖြစ်ပေသည်။ ဤလုပ်ကြံသတ်ဖြတ်မှု များ သည် ပြည်သူလူထု၏ ဘဝနှင့် ပြည်သူလူထုတို့၏ လူမှု ရေး လုပ်ငန်းများ ကို အဆိပ်ကဲ့သို့ ဖျက်ဆီးလျက်ရှိသည်ဟူ၍ ဖြစ်လေသည်။

အင်ဒိုနီးရှားနိုင်ငံ ခေါင်းဆောင်ဒေါက်တာ ရှရီယာကလည်း ဤကွန်ဂရက် ဆုံးဖြတ်ချက်နှင့် အလားတူသော သဘောတရားတို့ကို ပြောပြခဲ့လေသည်။ ဒေါက်တာ ရှာရီယာက-

''ဦးအောင်ဆန်းအား လုပ်ကြံလိုက်ခြင်းမှာ ဗမာပြည်အတွက်သာမကအာရှတိုက်အတွက်ပါ ပြင်းထန်သော လက်သီးချက်ကြီးပင် ဖြစ်ပါသည်။ ဗမာလူမျိုးတို့သည် ဦးအောင်ဆန်းချမှတ်ခဲ့သော လမ်းစဉ်ကိုလိုက်၍ ရည်ရွယ်ချက်ပြီးသည်အထိ ဖြည့်စွမ်းကြပါ၊ တိုက်တွန်းပါကြောင်း'' ဟူ၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဗြိတိန်နိုင်ငံကမူကား ဆဋ္ဌမမြောက် ဂျော့ဘုရင်မင်းမြတ်ကိုယ်တိုင်က မြန်မာနိုင်ငံဘုရင်ခံသို့ သဝဏ်လွှာတစ်စောင် ပေးဖို့လိုက်လေသည်။

အဆိုပါ သဝဏ်လွှာတွင် ဘုရင်မင်းမြတ်က ၁၉၄၇ ခု ဇန်နဝါရီလတွင် ဦးအောင်ဆန်းနှင့် သခင်မြတို့ကို လူကိုယ်တိုင်တွေ့ ဆုံဖူး၍ ယခုထိုပုဂ္ဂိုလ်များ ကွယ်လွန်သည်ဟု ကြားရသော အခါ အလွန်တရာမှ ဝမ်းနည်းကြောင်း၊ထို့ကြောင့် ကွယ်လွန်သွားသော အာဇာနည်ခေါင်းဆောင်ကြီးများ ၏ ဆွေမျိုးညာတိများ ကို ၄င်းတို့နှင့် ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်း''ဟူ၍ ပါရှိလေသည်။

ဗြိတိသျှဘုရင်မင်းမြတ်၏ စာလွှာတွင် လည်း ဒဏ်ရာ အနာတရရရှိသော ပုဂ္ဂိုလ်တို့၏ အခြေအနေတို့ကို မြန်မာနိုင်ငံ ဘုရင်ခံက အစီရင်ခံရန်ညွှန်ကြားထားသည်ကိုလည်း တွေ့ ရ၏ ။ ထို့ပြင် ဒဏ်ရာအနာတရ ရရှိသော လူပုဂ္ဂိုလ်တို့ကို ဒဏ်ရာမှ လွတ်မြောက်၍ ပျောက်ကင်းပါစေရန် ဆုတောင်းသည့်အချက်လည်း ပါဝင်လေသည်။ ဤအချက်တို့ကို ထောက်ရှုသော် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်တို့ကို လုပ်ကြံလိုက်သော သတင်းသည်ဗြိတိသျှဘုရင်မင်းမြတ်ထံသို့ ဦးစွာ ရောက်ရှိသွားဟန်တူလေသည်။ အဘယ့်ကြောင့် ဆိုသော် လုပ်ကြံခြင်းခံရသော သူတို့တွင် ဆရာဒီးဒုတ်ဦးဘချိုသည် ထိုနေ့မွန်းလွဲ ၁ နာရီမိနစ် ၄ဝရောက်မှ ကွယ်လွန်သွားခဲ့သည်။ ယခုပညာရေး ဝန်ကြီး ဦးရာဇတ်၏ ကိုယ်ရံတော် ကိုထွေးမှာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် ရောက်မှ ကွယ်လွန်ခဲ့သည်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းမှာ မူ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့ မွန်းတည့်အချိန်တွင် ကွယ်လွန်ခဲ့လေသည်။ ထို့ကြောင့် ထိုအာဇာနည်ပုဂ္ဂိုလ်သုံးဦး မကွယ်လွန်မီဆဋ္ဌမမြောက် ဂျော့ဘုရင်က သတင်းရ၍ မြန်မာနိုင်ငံ ဘုရင်ခံဆာပူးဘတ်ရန့်စ်ထံသို့ မိန့်မှာ ခြင်း ဖြစ်ဟန်တူလေသည်။

ဗြိတိသျှနန်းရင်းဝန် အက်တလီကမူ မြန်မာနိုင်ငံအစိုးရ အဖွဲ့သို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သော အခါ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြနှင့် အခြားသုံးဦးတို့ ကွယ်လွန်ကြောင်း ကြားသိရ၍ ဝမ်းနည်းကြေကွဲသည်ဟုဆိုသည်။ ဤအဆိုကို ထောက်ရှုလျက်လည်း ထိုအချိန်က ဆရာဒီးဒုတ်ဦးဘချိုနှင့် မိုင်းပွန်စော်ဘွားကြီးတို့နှစ် ဦး မကွယ်လွန်မီ မြန်မာနိုင်ငံ အစိုးရအဖွဲ့ကို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်ဟု ယူဆရန်ရှိသည်။ နန်းရင်းဝန်အက်တလီကဒဏ်ရာရသူများ အားလုံးသက်သာပါစေဟုလည်း ဆုတောင်းလိုက်သေးသည်။ ထို့ပြင် ဗြိတိသျှနန်းရင်းဝန်သည်ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်အား ဝမ်းနည်းကြေကွဲကြောင်း သံကြိုးပေးပို့သည်။ ၄င်းသံကြိုးစာတွင် ဗိုလ်ချုပ်နှင့် မိတ်ဆွေ ဖြစ်ခဲ့ရသည်ကိုအလွန်မြတ်နိုးကြောင်း ဗိုလ်ချုပ်၏ ခေါင်းဆောင်မှု ကိုလည်း ချီးကျူးကြောင်း ဖော်ပြပါရှိသည်။ အိန္ဒိယ ဘုရင်ခံ ဖြစ်သူ လော့ဒ်လူဝီမောင့်ဘက်တန်ကမူကားတိုတိုတုတ်တုတ်ပင်-

''ကျွန်ုပ်သည် ဆိုးရွားလှသော အ ဖြစ်ကို ကြားမိ၍ အလွန်တုန်လှုပ်မိပါသည်''ဟူ၍ မြန်မာနိုင်ငံအစိုးရအဖွဲ့သို့ သဝဏ်လွှာ ပေးပို့ခဲ့လေသည်။

ပေးပို့ခဲ့လေသည်။ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားကြသည့် သတင်းကို ကြားသိရသော အခါ အင်္ဂလန် ပါလီမန်အတွင်း ဝမ်းနည်းကြေကွဲ ဖြစ်ကြရပုံကို ကြေးနန်းရိုက်သတင်းပေးပို့ခဲ့သည်။ အဆိုပါ ရိုက်တာကြေးနန်းသတင်းအား ၁၉၄၇ ဇူလိုင်လ ၂၃ရက်ထုတ် ဟံသာဝတီစာ၌ ထည့်သွင်းဖော်ပြခဲ့ရာ အောက်ပါအတိုင်း ပါရှိသည်။

ကွယ်လွန်သူ ဗိုလ်ချုပ်နှင့် ဝန်ကြီးများ အတွက် အသီးသီး ဝမ်းနည်းကြပြီ

(လန်ဒန်မြို့၊ ဇူလိုင်လ ၂၁ ရက်နေ့စွဲ ရိုက်တာကြေးနန်း)
ယနေ့ပါလီမန် အောက်လွတ်တော် တွင် အစိုးရဘက်နှင့် အတိုက်အခံဘက် နှစ် ဘက်စလုံးက ပါလီမန်အမတ်များ သည် မြန်မာနိုင်ငံ လုပ်ကြံမှု ကြီးအကြောင်းကိုကြားရသဖြင့် ထိတ်လန့်အံ့သြဝမ်းနည်းသည့်အကြောင်းများ ကို ထုတ်ဖော်ပြောဆိုကြလေသည်။

ဗမာပြည်အတွက် ဝမ်းနည်းခြင်း

လွန်ခဲ့သော ဇန်နဝါရီလက လန်ဒန်မြို့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံအုပ်ချုပ်ရေး ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌအ ဖြစ်ဖြင့် ဆောင်ရွက်ခဲ့သော လေဘာအမတ်ကာနယ်ရီးစ်ဝီလျံက 'ရန်ကုန်မြို့မှ ကြောက်မက်ဖွယ် အ ဖြစ်အပျက်'ကိုကြားရ၍ ထိပ်လန့်သွားကြောင်း မိမိသည် မြန်မာနိုင်ငံသူ နိုင်ငံသားများ နှင့် ဆိုင်ရာဝန်ကြီးများ ၏ သားမယား ဆွေမျိုးညာတိများ အတွက်အထူးပင် ဝမ်းနည်းပါသည်ဟု ပြောဆိုလေသည်။

ကွန်ဘာဗေးတစ်အမတ်ရစ်ချာ့ဒ်အော်စတင်ဘတ္တလာက ''မိမိသည်လွန်ခဲ့သော ဇန်နဝါရီလက မြန်မာကိုယ်စားလှယ်များ အတွက် ကွန်ဆာဗေးတစ်ပါတီက တည်ခင်းခဲ့သော အထူးဧည့်ခံပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်မြတို့ကို တွေ့ ဆုံခဲ့ကြောင်း၊ ၄င်းတို့နှင့် အတူတကွ ကွယ်လွန်အနိစ္စရောက်သွားသော ရဲရဲတောက်ပုဂ္ဂိုလ်များ အတွက် လှိုက်လှဲစွာ ဝမ်းနည်းနှမြောမိပါကြောင်း။

ကွန်ဘာဗေးတစ်အမတ်ဂေါ့ဒ်ဖရေနီ ခေါ်လ်ဆန်နှင့် လေဘာအမတ်ရယ်ဂျီနယ်ဆုံရင်ဆင်တို့ကလည်း မြန်မာပြည်၏ ထူးချွန်သော လူငယ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ၄င်း၏ လုပ်ဖော်ကိုင်ဖက်များ ကွယ်လွန်ရခြင်းအတွက် အသီးသီးဝမ်းနည်းစကားပြောကြကြောင်း။

နိုင်ငံတော် ဈာပနကော်မတီ

အာဇာနည်ခေါင်းဆောင်ကြီးများ ၏ နောက်ဆုံးခရီးအား နိုင်ငံတော် ဈာပနအ ဖြစ် ကျင်းပပို့ဆောင်နိုင်ရေး အတွက် ၁၉၄၇ ဇူလိုင်လ ၂၁ ရက်နေ့ ဈာပနကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ဈာပနကော်မတီဝင်များ မှာ -

၁။ ဦးမြ (ဟင်္သာ) - ဥက္ကဋ္ဌ
(ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး)
၂။ ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်) - ဒုဥက္ကဋ္ဌ
၃။ သခင်လွန်းဘော် - အဖွဲ့ဝင်
(ပြန်ကြားရေး ဝန်ကြီး)
၎။ ညောင်ရွှေစော်ဘွားကြီး - ။
(တောင်တန်းဒေသများ ကိုယ်စားလှယ်)
၅။ စောမြင့်သိန်း - ။
(ကရင်အမျိုးသားများ ကိုယ်စားလှယ်)
၆။ ဦးခင်မောင်လတ် (မစ္စတာလတစ်ဖ်) အဖွဲ့ဝင်
(ဗမာမူဆလင် အမျိုးသားများ ကိုယ်စားလှယ်) - ။
၇။ ဦးစိုးညွန့် - ။
(မြူနီစပါယ်လူကြီး)
၈။ ဦးပို
(တွဲ ဘက်ပြည်ထဲရေး အတွင်းဝန်) - ။
၉။ နိုင်ငံခြားရေး အတွင်းဝန် - ။
၁ဝ။ ဦးစိုးတင့် - ။
(သယ်ယူပို့ဆောင်ရေး အတွင်းဝန်) - ။
၁၁။ ဦးချမ်းသာ
(တွဲ ဘက်ကူးသန်းရောင်းဝယ်ရေး အတွင်းဝန်) - ။၁၂။ ဦးကြင် - ။
(ဘဏ္ဍာရေး အတွင်းဝန်)
၁၃။ ဦးထွန်းလှအောင် - ။
(ဒုတိယပုလိပ်မင်းကြီး)
၁၄။ ဦးအောင်ချိန် - ။
(ရန်ကုန်ပုလိပ်မင်းကြီး)
၁၅။ ဒေါ်ခင်လှ - ။
(အမျိုးသမီးအဖွဲ့)
၁၆။ မွန်ထွန်းရင် - ။
(မွန်အမျိုးသားများ အဖွဲ့)
၁၇။ ဗိုလ်တိုက်စိုး - ။
(ပြည်သူ့ရဲဘော်တပ်ဖွဲ့)
၁၈။ မစ္စတာ စီစီးခူး - ။
(တရုတ်မျိုးသားများ ကိုယ်စားလှယ်)
၁၉။ မစ္စတာ ဒင်းနာနတ် - ။
(ကုလားအမျိုးသားများ ကိုယ်စားလှယ်)
၂ဝ။ ဦးတင်ညွန့် - ။
(အလုပ်သမားအစည်းအရုံး)
၂၁။ သခင်ဗဟန် - အဖွဲ့ဝင်
(တောင်သူလယ်သမား အစည်းအရုံး)
၂၂။ သခင်ပန်းမြိုင် - ။
(စီးပွားကုန်သွယ်ရေး အဖွဲ့ချုပ်)
၂၃။ သခင်ဗသိန်းတင် - ။
(ကွန်မြူနစ်ပါတီ)
၂၄။ ဗိုလ်အောင်နီ - ။
(တပ်နီ)
၂၅။ သခင်ကျော်ဒွန်း - ။
(ဆိုရှယ်လစ်ပါတီ)
၂၆။ သခင်သန်း - ။
(ဖဆပလ)
၂၇။ ကိုစိုးမင်း - ။
(လူငယ်များ အစည်းအရုံး)
၂၈။ ဦးမောင်မောင် - ။
(စိန်ဂျွန်းသူနပြုအဖွဲ့)
၂၉။ ရုပ်ရှင်ပြဇာတ်အဖွဲ့ဥက္ကဋ္ဌ - ။
၃ဝ။ ပန်းချီဆရာများ အဖွဲ့ဥက္ကဋ္ဌ - ။
၃၁။ ဂီတသုတေသနအဖွဲ့ဥက္ကဋ္ဌ - ။
၃၂။ ဦးတင်မြင့်အောင် - အတွင်းရေး မှူး
၃၃။ ဦးလှကျော် - တွဲ ဘက် -
အတွင်းရေး မှူး
၃၄။ ဗိုလ်သိမ်းဆွေ - ။
၃၅။ ဦးသန်းစိန် - ။ စသည်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။



ဝန်ဇင်းချစ်သူများ သန်းဝင်းလှိုင် ၏ “ နိုင်ငံတော်လုပ်ကြံမှု တရားခံ ဂဠုန်ဦးစော၏ ရှုပ်ကွပ်မြှုပ်ကွပ်များ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အသုံးချရူပသျှတ္တရပညာ

အမျိုးသားခေါင်းဆောင်ကြီး မြန်မာ့အောင်ဆန်း

ဦးခင်ညွန့် သို့မဟုတ် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ