Cover

အခန်း(၁)

ဒိန်ခဲ၊ ခေါက်ရှာနှင့် ၀င်္ကပါလမ်း

ကြည်နိုင်

စာရေး သူ၏ စကားဦး

ကျွန်တော် တို့စာသမားများ သည် စာပေစကားဝိုင်းများ ကို ခုံမင်လှပါသည်။ နီးစပ်ရာ အခါအခွင့်သင့်သလို တွေ့  ဖြစ်ကြ၏ ။ ခါတစ်ရံ လက်ဖက်ရည်ဆိုင်၊ ခါတလေ ဘုံဆိုင်၊ အချို့ရက်များ စာပေမိတ်ဆွေတစ်ဦးဦး၏ အိမ်။ ဤသို့ အလျဉ်းသင့်သလို ဆုံ ဖြစ်ရာမှ တစ်စတစ်စ အပက်စဉ်ဆိုဆို သလို ချိန်းကာဆုံ ဖြစ်ကြ၏ ။ တစ်ပတ်တွင် ခုနှစ် ရက်၊ ထိုခုနှစ် ရက်လုံးပင် တနေင်္ဂနွေဝိုင်း၊ တနင်္လာဝိုင်း စသည်ဖြင့် စာပေ၀ိုင်းများ ပေါ်ထွန်းလာကြသည်။ နယ်မှ စာရေး ဆရာ၊ ကဗျာဆရာတစ်ဦးဦ်းလာလျှင် လည်းစာပေ၀ိုင်းသို့ ဖိတ်၍ ဧည့်ခံဆွေးနွေး ဖြစ်ကြပါသည်။

ထိုသို့သော စာပေ၀ိုင်းများ တွင် အကြောင်းအရာမျိုးစုံကြားရတတ်သည်။ ပထမတော့ အာလ္လာ ပသာလ္လာပ မာကြောင်းသာကြောင်းမှ စ,ကာစာပေရပ်ဝှမ်းသာရေး နာရေး ၊ ထွက်ရှိသည့် စာအုပ်များ အ ကြောင်း၊ မဂ္ဂဇင်း၊ ဂျာနယ်တို့အကြောင်း၊ ကိုယ်ဖတ်ပြီး ခံတွင်းတွေ့ သည့် စာအုပ်များ ရှိလျှင်လည်း အ ချင်းချင်းညွှန်းဆိုကာ ဖတ်ကြည့်ရန် တိုက်တွန်းတတ်ကြ၏ ။ တစ်ဦးကဗျာတစ်ဦးစာကိုလည်း သူ့အမြင် ကိုယ့်အမြင် ပြော ဖြစ်၊ နှီးနှောသုံးသပ် ဖြစ်ကြသည်။ အမြင်တူတာလည်းရှိ ကွဲပြားသည်လည်းပါ၊ ခါတစ် ရံငြင်းခုံကြ၊ သူ့အယူ ကိုယ့်အယူတင်ပြကြ၊ ထင်မြင်ချက်ပေးကြဖြင့် ပြောမဆုံးပေါင် တောသုံးတောင်၊ သူတော် ချင်းချင်း သတင်းလွှေ့လွှေ့ပေါင်းဖက်တွေ့ တတ်ကြ၏ ။

တစ်ဦးနှင့်တစ်ဦး မတွေ့ မဆုံရ၊ကာလကြာလျှင်အယူအကောက်လွဲ၍ တစ်ယောက် တစ် ယောက် အထင်အမြင်လွဲတတ်ကြသည်။ ကိုယ်အထင် ကိုယ်ထင်တစ်လုံးဖြင့် အမှန်ယူကာ မိတ်ဆွေ ချင်း မိတ်ပျက်ရတတ်သည့် သဘောများ ရှိ၏ ။ ထိုအခါမျိုးတွင် တစ်ဦးဦးက ကြားဝင်စေ့စပ်ကာတွေ့ ဆုံ ပေးကြလျှင် အမြင်ချင်းဖလှယ်၍ ရှင်းလင်းသိမြင်ကာ ကောင်းကျိုးရလာဒ်များ ထွက်ပေါ်ပြီး အထူးချစ် ခင်ပေါင်စည်းသွားကြသည့် အ ဖြစ်မျိုးတွေ လည်း ရှိ၏ ။

ရဟန်းသံဃာတို့တွင် တစ်ပါးနှင့် တစ်ပါး မိမိအပြစ်ကို ၀န်ခံဝန်ချသည့် အာပါတ်ဖြေရရိုးဝိနည်း ကျင့်ဝတ်တို့ ရှိပါ၏ ။ ထိုကျင့်ဝတ်သည် လူအများ အတုယူစရာ၊ လိုက်နာကျင့်သုံးစရာကောင်းလှသည် ဟုယူဆမိ၏ ။ ထိုကျင့်ဝတ်အတိုင်း ကျင့်သုံးနိုင်လျှင် စာပေသမားချင်းသာမက စီးပွားရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု နယ်ပယ်အသီးသီးတွင် ပါ ကောင်းကျိုးများ ရနိုင်မည် ဟု ယုံကြည်မိ၏ ။ ကမ္ဘာ့နိုင်ငံရေး ရာ တွင် လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ သံတမန် သံတမန်ဆက်သွယ်ရေး ၊ အစိုးရအဖွဲ့ချင်းဆက်သွယ်ရေး ညှိနှိုင်းစည်းဝေးပွဲများ ရှိနေ၏ ။ ထိုစည်းဝေးပွဲများ မှ ကမ္ဘာကြီးအတွက်ကောင်းကျိုးရလာဒ်များ ၊ ဆောင် ရန်ရှောင်ရန်ကိစ္စများ ၊ ပူပေါင်းဆောင်ရွက်ရမည့်  ကိစ္စရပ်များ ရှင်းလင်းသိမြင်လာကြ၍ အကျိုးထူးများ ထွက်ပေါ်ခဲ့ဖူးပေ၏ ။

မိသားစုအချင်းပင် တစ်ဦးကနေ့ဘက်၊ တစ်ဦးကညဘက်အလုပ်ဆင်းရ၍ မဆုံနိုင်ကြဘဲ။ကြာ လျှင် အနေစိမ်းကာ အထင်အမြင်လွဲတတ်ကြ၏ ။ ထိုအခါမျိုးတွင် တစ်ဦးနှင့်တစ်ဦး နားလည်မှု ၊ယုံ ကြည့်မှု သည် အရေး ပါလှ၏ ။ တနေင်္ဂနွေလို အားရက်မျိုးတွင် မိသားစုဆုံ၍ စကားဝိုင်းဖွဲ့ကြလျှင်သူ့ အမြင်ကိုယ့်အမြင် သိရ၏ ။ ကြည်နူးမှု ရကြ၏ ။ နားလည်မှု တိုးလာ၏ ။ ပို၍ စည်းလုံးလာရ၏ ။ ဘေးမှ မြှော က်ထိုးပင့်ကော် သွေးထိုးစကားများ လည်း စည်းလုံးမှု အားကြောင့် အရာမထင် တိုးမ၀င်နိုင်အောင် ဖြစ်ကြရ၏ ။ မည် မျှကောင်းသော ရလဒ် ဖြစ်ပါသနည်း။ အိမ်နီးချင်းတို့နှင့် လည်း တစ်ဦးအကြောင်း တစ်ဦး တစ်ဦးနားလည်ကာ ရင်းနှီးချစ်ခင်မှု လိုအပ်လှသည်။ တွေ့ ဆုံနိုင်မှ ချစ်ကြည်ရင်းနှီးနိုင်မည် မဟုတ်ပါလား။

တွေ့ ဆုံကာ နားလည်၊ နားလည်က ရင်းနှီး၊ ရင်းနှီးမှချစ်ကြည်၊ ချစ်ကြည်က ညီညွတ်၊ ညီညွှတ် လျှင် စည်းလုံးမြဲပင်။ စည်းလုံးလျှင်အား ဖြစ်တော့၏ ။ လူဟူသည် လူ့အသိုင်းအ၀ိုင်းနှင့် နေရ၏ ။ လူ့အ သိုင်းအ၀ိုင်းတွင် ၀င်ဆံ့မှလူရာဝင်သည်ဟု သဘောပေါက်မိသည်။ လူရာဝင်နိုင်ရန် ကိုယ်ကျိုးသာ ကွက်ကြည့်လုပ်ဆောင်၍ မရ။ အများ အကျိုးလည်းဆောင်နိုင်မှ၊ ရပ်ကျိုးရွာကျိုးဆောင်နိုင်မှ ရပ်ရွာက လည်း အသိအမှတ်ပြုမည် ။ အများ အကျိုးဆောင်၍ ရရှိသော ပီတိသည် ကိုယ်ကျိုးအတွက် ဖြစ်ရသော ပီတိထက် များ စွာ သာလွန်တော့၏ ။

စာသမားချင်းဆုံမိကြလျှင် စာကောင်းစာညံ့ ဝေဖန်သုံးသပ်တတ်ကြ၏ ။ ပုဂ္ဂလိကခံစားချက် သက်သက်ရေး သော စာနှင့် အများ နှင့်သက်ဆိုင်သော စာပေတို့ ကွာခြားပုံ၊ အနုပညာခွန်အား၏ အာနိ သင်၊ မိမိတို့ရှေ့ကလမ်းဖောက်ခဲ့ကြသော စာပေရှေ့ဆောင်ပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူး၊ ဂုဏ်ပြုပူဇော် ထိုက်သော အာစရိယဆရာများ စသည်ဖြင့် ကြောင်းကျိုးဆက်ကာဆွေးနွေးမကုန်နိုင်ကြ။

ဆရာကြီးသခင်ကိုယ်တော် မှိုင်းသည် စာသမားတို့ အတုယူဖွယ်၊ စံပြုဖွယ် ပုဂ္ဂိုလ်ကြီး ဖြစ်၏ ။ ကျွန်တော် တို့နိုင်ငံ သူ့ကျွန်ဘ၀ကျရောက်စဉ်ကာလ တိုင်းသူပြည်သားတို့ စိတ်နှလုံးညှိုးချုံး စိတ် ဓာတ်ကျဆင်းနေချိန်တွင် ဆရာကြီးသည် ဇာတိမာန်ကို ဖော်ထုတ်၍ အမျိုး၏ စိတ်ဓာတ်ကိုမြှင့်တင် ပေးနိုင်ခဲ့၏ ။ သူ့ခေတ်သူ့အခါ ချီးမွမ်းထိုက်သူကို ချီးမွမ်းဂုဏ်ပြု၊ ရှုတ်ချသင့်သူကို ရှုတ်ချ၊ မှတ်တမ်း တင်ထိုက်သည့် အရေး ကိစ္စတို့ကို မှတ်တမ်းတင်ခဲ့၏ ။ သူ့ခောတ်သူ့အခါ ချီးမွမ်းထိုက်သူကို ချီးမွမ်း ဂုဏ်ပြု၊ ရှုတ်ချသင့်သူကို ရှုတ်ချ၊ မှတ်တမ်းတင်ထိုက်သည့် အရေး ကိစ္စတို့ကို မှတ်တမ်းတင်ခဲ့၏ ။ ဆရာကြီး၏ အမှန်တရားဘက်ကရပ်တည်သော ကလောင်စွမ်းရည်သည် နောက်လူတို့ အတုယူဖွယ် ပင် ဖြစ်တော့၏ ။

စာသမားဟူသည် အမှန်တရား၏ ဘက်တော် သားဟူ၍ ခံယူတတ်ကြ၏ ။ အဂတိကင်းသော စာပေသမားအား စာဖတ်ပရိတ်သတ်က လေးစားကြ၏ ။ ထိုမျှမက စာဖတ်သူအား အကျိုးရှိရာရှိ ကြောင်း နားဝင်စရာ၊ နှလုံးကြည့်မွေ့နိုင်အောင် ရေး သားနိုင်သူဆိုလျှင် စာဖတ်သူသည် လေးစားရာ မှ ချစ်ခင်လာ၏ ။ စာဖတ်သူအများ စု၏ မေတ္တာကိုရရှိသော စာပေသမား စာရေး ဆရာသည် အတိုင်းထက် အလွန်ဆိုသလို စာပေရေး သားရန် အင်အားပြည့်လာတတ်၏ ။

လူရိုသေ၊ ရှင်ရိုသေ ကလောင်တစ်ချောင်း ဖြစ်ရန်ကား ဆရာဇော်ဂျီ၏ သြ၀ါဒကို အရင်းခံထား မိသည်။ စာကောင်းရေး ချင်လျှင် စိတ်ကောင်းမွေးရမည် ။ စိတ်ကောင်းရှိသူအား ရေး စရာများ အစဉ်ဝန်း ရံလာမြဲ ဖြစ်သည်ဟု ယုံကြည်မိသည်။ မိမိပတ်ဝန်းကျင်၊ ဆင်ခြေပုန်း၊ ရပ်ကွက်၊ ရပ်ရွာ၊ မြို့ပြ၊ တိုင်း နယ်ပြည်နယ်၊ နိုင်ငံ စသည်ဖြင့် အကြောင်းအရာ အရေး အရာများ ရေး စရာ တစ်ပုံတစ်ပင် ဖြစ်ပါ၏ ။

ယခုအခါ “ ကမ္ဘာရွာ” ဟူသော ကြားခဲ့ရ၊ ကြားရဆဲ။သတင်းဆက်သွယ်မှု မြန်ဆန်သော ယနေ့ ခေတ်အခါတွင် ကမ္ဘာကြီးသည်ရွာကြီးတစ်ရွာပမာ သတင်းဖလှယ်မှု ၊ ကြားနာမှု ၊ ယဉ်ကျေးမှု ၊ ကူယှက် မှု ၊ အသိပညာကူးလူးဆက်ဆံမှု ၊ ဆည်းပူးမှု ၊ သင်ကြားမှု တို့ဖြင့် ကြွယ်ဝလာသည်။ ဗဟုဝါဒဟုပင် သုံး လာကြပြီ။

ယဉ်ကျေးမှု များ ကူးယှက်လာသည့်အခါ ဓာတ်ခံအားကောင်းကောင်းဖြင့် ဆန်းစစ်ကြည့်နိုင်ဖို့ လိုပေသည်။ ခောတ်ရေစီးကို ကာတားလို့ရမည် မဟုတ်။ မိမိတွင် ဓာတ်ခံအားကောင်းမှ ယူတန်တာ ယူ ပတ်တန်တာပယ်။ ဆန်းစစ်တီထွင်ကာ အသစ်ဖန်တီးနိုင်မည် ဖြစ်၏ ။ ဓာတ်ခံအားကောင်းရန်ကား “ တစ်ယောက် အားနှင့်ယူသော်မရ၊ တစ်သော င်းအားနှင့် ယူသော်ရ၏ ” ဟူသော စကားပုံအတိုင်း အချင်းချင်း ပေါင်းစည်းညီညွတ်ကြရန်လို၏ ။ စာပေသမားချင်း၊ မီဒီယာသမားချင်း၊ စီးပွားရေး ၊ နိုင်ငံ ရေး ၊ ယဉ်ကျေးမှု နယ်အသီးသီး တစ်ဦးအသိ၊ တစ်ဦးအမြင် အသိဖလှယ်၍ ညီညွတ်ခြင်းဖြင့် အင်အား ကို ရရှိနိုင်ကြမည် ဖြစ်၏ ။

ထိုထိုသော အကြောင်းများ ကို ထောက်၍ ကျွန်တော် တို့သည် စာပေသမားချင်း စကားဝိုင်းဖွဲ့ ဖြစ်ကြသည်။

ကျွန်တော် သည် ထိုသို့ဖွဲ့ဖြစ်သည့် စာပေစကားဝိုင်းတို့ကိုအခြေပြု၍ `စည်းသုံးချက် ၊ ၀ါးသုံးချက်´ ဟူသော စာတစ်အုပ်ထုတ်ဖြစ်ခဲ့၏ ။ထိုစာအုပ်ကို `စာပေစကားဝိုင်းအက်ဆေးများ ´ ဟုခေါင်းစဉ်ငယ်တပ်ခဲ့သည်။

ဤသည်ကိုရည်ရွယ်၍ အချို့စာပေမိတ်ဆွေများ က သူတို့အမြင်ကို သုံးသပ်ပြခဲ့ကြသည်။စာပေစကားဝိုင်းသည် အက်ဆေးပုံသဏ္ဍာန်ဟုတ်မဟုတ် ဆန်းစစ်ဝေဖန်ကြည့် ကြ၏ ။

ကျွန်တော့အမြင်ပြောရလျှင် အက်ဆေးဟူသည် နှစ် ဦးတွေ့ ဆုံစကားပြောဖလှယ်ကြ၊ တင်ပြ ကြရင်း၊ အသိဖလှယ်ကြရင်း အချင်းချင်း အကြည်အသာရှိ၍ အက်ဆေးသဘော ဖြစ်တည်လာသည်ဟု ဆရာတို့ ဆိုခဲ့ကြ၏ ။ ထိုသဘောကိုယူ၍ နှစ် ဦးမက သုံးဦး၊ လေးဦး စသည်ဖြင့် စုစည်းကာ ဦးတည် ချက်ရှိရှိ၊ သဘောတရား မိမိဆွေးနွေးမိလျှင် “ စည်းလုံးသည့် စာတစ်ပုဒ်၊ အက်ဆေးသဘောပါသည့်” စကားဝိုင်း ဖြစ်လာမည် ဟု ယူဆမိ၏ ။

ထိုသို့ ရည်ရွယ်၍ “ စာပေ၀ိုင်းအက်ဆေးများ “ ဟု အမည် တပ်ခဲ့သည်။ စကားဝိုင်းတစ်ဝိုင်း ချင်း ဆွေးနွေးချက်များ အား စုစည်းကာ ပြေပြစ်သော စကားပြေတစ်ပုဒ်အ ဖြစ် ဖန်တီးနိုင်လျှင်ကား

“ စာပေ၀ိုင်းအက်ဆေး “ ဟူသည့် အခေါ်သညာအပေါ် အငြင်းပွားမိကြမည် မထင်။

စာရေး သူတိုင်းပင် မိမိ၏ တင်ပြချက်အား စာဖတ်ပရိသတ်၏ ရင်ထဲသို့ရောက်စေချင်ပါသည်။ ထိုဆန္ဒ အရင်းခံဖြင့် မိမိ၏ ခံစားမှု အသိအမြင်အတွေးအခေါ်အယူအဆတို့အား ကျွမ်းကျင်ရာလိမ္မာ စွာ တင်ပြပါသည်။ ထိုသို့ တင်ပြရင် စာပေပုံဏ္ဍာန်များ ဖြစ်ထွန်းပေါ်ပေါက်လာ၏ ။ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ အက်ဆေး၊ ပြဇာတ်၊ စာညွှန်း စသည်ဖြင့် အသီးသီး ဖြစ်ထွန်းပေါ်ပေါက်လာ၏ ။

ဆရာဇော်ဂျီက “ရသ၊စာပေ၊ပုံသဏ္ဍာန်ပြသနာများ “ ဟူ၍ လေးနက်သော အကြောင်းအရာများ ကိုတင်ပြဖူး၏ ။

ရေး ပုံရေး ဟန်ဟူသော စကားသည် ရသစားပေအရေး အသားနှင့် သာသက်ဆိုင်သည်ဟုဆိုလျှင်ကျဉ်းမြောင်းသည်ဟု ယူဆနိုင်သည်။ထိုသို့ မဟုတ်ပါ။ရသစာပေသကဲ့ သို့  စေတနာကို နှိုးဆော်တတ်သော အခြားအနုပညာများ လည်းရှိကြပေသေးသည်။ဥပမာ-ပန်းချီပညာ၊ပန်းပုပညာဗိသုကာပညာ၊ဂီတပညာတို့  ဖြစ်သည်။ထိုပညာတို့၌ လည်း ရသစာပေမှာ ကဲ့သို့ရေး ပုံရေး ဟန်ကဲ့သို့သော သဘောသည်ရှိပါသည်။ ထို့ကြောင့် ရသစာပေအတွက်သာမက အနုပညာအတွက်လည်း ခြုံငုံ၍ သုံး နိုင်အောင်ခြုံငုံသော အနက်ရှိသည့် ဝေါဟာရကို လိုအပ်သည်ဟု ထင်ပါသည်။ ယခုသုံးစွဲလျက်နေကြ သော ပုံသဏ္ဍာန်ဟူသော ဝေါဟာရသည် သင့်ပြီဟု ထင်မြင်ပါသဖြင့် ဤစာတွင် ရှေ့အဖို့၌ “ရေး ပုံ ရေး ဟန်” အစား “ ပုံသဏ္ဍာန် “ ဟူသော ဝေါဟာရကိုသော်လည်းကောင်း “ပုံ” ဟူသော ဝေါဟာရကို သောက်လည်းကောင်း သင့်တော် သလို သုံးခွင့်ပြုကြပါဘိ” ဟုရသစာပေပုံသဏ္ဍာန်ပြသာနာ အရပ် ရပ်ကို ဆင်ခြင်သုံးသပ်ပြခဲ့ဖူးပါသည်။

ခေတ်စမ်းစာပေခေတ်က သိပ္ပံမောင်ဝ၏ စာအချို့ကို “ ၀တ္ထုဆာင်းပါး” ဟုသုံးဖူး၏ ။ ထိုအသုံး ယခုမတွေ့ ရတော့ပါ။ ယဉ်ကျေးမှု များ ပေါင်းယှက်နေသကဲ့သို့ စာပေပုံသဏ္ဍာန်များ လည်း ယှက်နွယ် လျက်ရှိသည်ဟု ခံစားလာမိ၏ ။ ယနေ့ မဂ္ဂဇင်းစာမျက်နှာများ ပေါ်တွင် တွေ့ ရသော ခေတ်ပေါ်ကဗျာ၏ ပုံသဏ္ဍာန်သည် စကားပြေဆန်လာသည်ဟု မြင်မိ၏ ။ “စကားပြေကဗျာ” ဟူ၍ ပင် အချို့သုံးနှုန်းလကြ သည်ကိုလည်း တွေ့ ရ၏ ။ “စောဦး၏ စာ” ဟူသော စာတစ်အုပ်တွေ့ ဖူး၏ ။ခြုံငုံ၍ “စာ” ဟုခေါ် လိုက် သည်ဟု ယူဆမိ၏ ။ မည် သို့ ဖြစ်စေ ရသစာပေပုံ သဏ္ဍာန်ပြဿနာသည် ဆရာဇော်ဂျီ တင်ပြသ ကဲ့သို့ သိမ်မွေ့နက်နဲသော အကြောင်းအရာတစ်ရပ် ဖြစ်သည်မှာ ယုံမှားဖွယ်မရှိ။

ကျွန်တော် ၏ ယခုစာအုပ် “ဒိန်ခဲ၊ ခေါက်ရှာနှင့် ၀င်္ကပါလမ်း” သည်စာဖတ်သူအား သုတ၊ရသ ပေးစွမ်းနိုင်မည် ဟု ယုံကြည်ပါ၏ ။

ဤစာအုပ်တွင် ကျွန်တော် ဖြတ်သန်းရသည့် လူမှု ရေး ၊ ဘ၀ရေး နယ်ပယ်၊ ကမ္ဘာ့ ဖြစ်ပေါ် ပြောင်း လဲမှု ၊ နိုင်ငံရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှု နယ်၊ ကျွန်တော် တို့၏ စာပေဘ၀ဖြတ်သန်းမှု ခရီး ပုံနှိပ်နယ်၊ သတင်းဟန်ရသ၊ ၀တ္ထုကဗျာခံစားမှု ၊ ကျေးလက်လယ်ယာလုပ်ငန်းခွင်မှ သူငယ်ချင်းများ ၊၊ ရာဇ၀င်၊ ပုံပြင်၊ မှတ်ဖွယ်မှတ်ရာ၊ နီတိစာ၊ ဘိုးဘွားတို့၏ စာပေအမွေ၊ ကျွန်တော့် အထိအတွေ့ ” ဟူသော ပေါက် ဖွားရာ အရင်းခံလက်သည်ကိုတွေ့ မြင်နိုင်ပါသည်။

မြန်မာဓနမဂ္ဂဇင်း အယ်ဒီတာစားပွဲတွင် ကျွန်တော် ထိုင်စဉ်က ဖြတ်သန်းရသော အတွေ့ အကြုံ များ အား သုတ၊ ရသ စကားဝိုင်းဖွဲ့ဟန်ဖြင့် တင်ပြထားပါသည်။ ဤစာစုအား အစဉ်တစိုက် ဖော်ပြပေးခဲ့ သည့် “မြန်မာ့ဓနမဂ္ဂဇင်း”၏ ကျေးဇူးတရားကိုလည်း အစဉ်အောက်မေ့လျက် ရှိပါ၏ ။

ဤစာစုအတွက် အမည် ပေးရန် သင့်တော် သော အသုံးဝေါဟာရမရသေးခင် “စာပေ၀ိုင်းအက် ဆေးများ ” ဟူ၍ ပင် ကျွန်တော် အရဲစွန့်သုံးချင်ပါသည်။ ချစ်သော စာဖတ်ပရိသတ်ကြီးက ဝေဖန် ထောက်ရှု အကြံပြုချင်ပါသည်။ ချစ်သော စာဖတ်ပရိသတ်ကြီးက ဝေဖန်ထောက်ရှု အကြံပြုကြလျှင် ညွတ်နူးစွာ ဖြင့် သုံးသပ်ခံယူရန် အသင့်ရှိပါကြောင်း။

စာဖတ်ပရိတ်သတ်အား အစဉ်လေးစားလျက်…

ကြည်နိုင်

အခန်း(၂)

မှန်လုံအိမ်၊ အိုဇုန်းနဲ့ လျှောက်ထုံးပုံပြင်

ကျလစ်…..ဂျလောက်လောက်

ကျလစ်…..ဂျလောက်လောက်

အဲဒီ အသံကို ကြားနေရတာ ကြာပါပြီ။ နေတောက်လျှောက်ပူလေ ဒီအသံကြားနေရလေပါပဲ။ ကြားရဖန်များ တော့ရိုးသလိုတောင် ဖြစ်နေပါပြီ။

“ ဟဲ့… ရေချူလေ၊ ရေချူ၊ ဒီအတိုင်းနှိပ်နေလို့ ရမလား “

အဲဒါ ကတော့ အိမ်ရှင်မရဲ့ ဆော်သြသံပါ။ ဒီအသံလည်း ကြားရဖန်များ တော့ နားယဉ်နေပါပြီ။

“ကျလစ်…..ဂျလောက်လောက်နဲ့ ဟဲ့…..ရေချူလေ၊ ရေချူ”

ဆိုတဲ့ မြည် သံစွဲနဲ့ နှိုးဆော်သံဟာ ကျွန်တော် တို့တစ်အိမ်တည်းတော့မဟုတ်ပါဘူး။ ကျွန်တော် တို့ ဆင်ခြေဖုံး ရပ်ကွက်က ကြားနေကျ ရပ်ဓလေ့တစ်ခုလို ဖြစ်နေပါပြီ။

ကျွန်တော် တို့ရပ်ကွက်မှာ က အိမ်တိုင်းလိုလိုပါပဲ။ ကိုယ့်ခြံ ကိုယ့်ဝင်းထဲမှာ လက်နှိပ်ရေဘုံပိုင်လေးတစ်လုံးစီရှိ တတ်ကြပါတယ်။ ဒီနှစ် နွေရာသီဟာ ခါတိုင်းနှစ် တွေ ထက် ပိုပူလာတယ်လို့ ထင်ပါတယ်။ နေပြင်းတော့ရေဆုတ်ပြီး ခန်းလာပါတယ်။ ဒါကြောင့် ဘုံပိုင်ရေနှိပ်မယ်ဆိုရင် ရေလိုက်အောင် ရေချူရပါတယ်။ ငွေမျော ငွေလိုက် ဆိုသလိုရေ မျောသွားလို့ရေနဲ့ လိုက်ရတာ ပါ။ လိုက်လို့မီရင်တော့ ပြန်ချော့ပြန်တွဲ ခေါ်ရတာ တော် ပါသေးတယ်။ ရှေ့ကပြေး၊ နောက်ကလိုက်၊ လိုက်လေပြေးလေ ဝေးလေဆိုရင်တော့ လိုက်ရသူလည်း ဖတ်ဖတ်မောလို့ ခြေကုန်လက်ပန်းကျ တတ်ပါတယ်။ အဲ…. ရေမျောလို့ ရေနဲ့ လိုက်ရင်း လိုက်မမှီဘူးဆိုရင်တော့ ၀ါရှာပျက်တော့တာပါပဲ။

“ဟဲ့…..ရေချူလေ၊ စွတ်နှိပ်နေလို့ ရမလား”

“ချူရတဲ့ရေတောင် ကုန်ပြီ အမေရေ့….မရဘူး”

ကျွန်တော် သိလိုက်ပါပြီ။ ၀ါရှာပျက်နေပြီ။ ပလာယာရှာ၊ ၀က်အူလည့်ရှာ၊ ဘုံပိုင်လှည့်ချွတ်၊ ၀ါရှာစစ်၊ ပဲ့နေစုတ် နေပြီဆို ဈေးပြေး၊ တော် ရာရှာ၊ အမဲဆီဘူးဝယ်နဲ့ ကိစ္စ၀ိစ္စ များ သွားပါတော့တယ်။

ခါတိုင်းလည်း ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ကိုယ့်တစ်အိမ်တည်းတော့လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခါ ၀ါရှာလဲ ရုံနဲ့ မရဘူးတဲ့။ ရေပိုက်မှာ ချေးဆို့နေဆိုလား၊ သဲဆို့နေဆိုလား…..ရေမှု တ်ရမတဲ့။ ရေမှု တ်ရမယ်ဆိုရင် တစ်နာရီမှု တ် ခ၊ ဒီဇယ်တစ်ပုလင်းနဲ့ ငွေကျပ်တစ်ထောင် ကျပါတယ်။

ရှေးလူကြီးများ ကတော့ တပေါင်း၊ တန်ခူး မိုးသားကျူးလို့ ဆိုရိုးရှိပါတယ်။ ဒီနှစ် ပိုင်းတွေ မှာ တော့ တပေါင်း၊တန် ခူးမှာ မိုးသားကျူးသံမကြားရသေးပါ။ အဲ…..တန်ခူး၊ ကဆုန် ဆွေ့ဆွေ့ခုန်ဆိုရင်တော့ မှန်ပါတယ်။ ဒီကြားထဲ အသံ တစ်ခုကြားရပါသေးတယ်။ အပူလှိုင်းဖြတ်ဦးမယ်မတဲ့။

“ဘာတွေ များ အလုပ်ရှုပ်နေကြတုံးဗျ”

ကျွန်တော် တို့ ရေဘုံပိုင်ကိစ္စ အလုပ်ရှုပ်နေတုန်းပဲ ကျွန်တော် အားရက် တနင်္ဂနွေမှာ အမြဲပေါက်ချလာတတ် တဲ့ မိတ်ဆွေစာသမားတွေ ပါပဲ။စာကိုရေး သားခြင်းထက် ဖတ်ခြင်းကို ပိုပြီးပျော်မွေ့သူစာဖတ်သမားတွေ ပါ။တစ်ဦးက ဗဟုသုတလိုလား အမျိုးသားတစ်ဦး ဖြစ်တဲ့ စာစုံဖတ်ကိုသုတ၊ နောက်တစ်ဦး ကတော့ ကဗျတိုစလေးတွေ နဲ့ ရသစာပေ ဘက်အားသန်တဲ့ ကိုရသ၊ နောက်တစ်ဦးက စာရေး စ စာပေမွေ့သူ ကိုလေ့လာ။

ကိုသုတ ။ ။ ခင်ဗျားတို့ရေပြသာနာ ဖြစ်နေပီနဲ့ တူတယ်။ မပြောဘဲနဲ့ သိပါတယ်ဗျာ။ ဒါက တစ်ကမ္ဘာလုံးရင်ဆိုင်

နေရတဲ့ပြဿနာပဲ။

ကိုရသ ။ ။ မပြောပဲနဲ့ သိမှာ ပေါ့ဗျ။ ရေဘုံပိုင်ပြင်နေတာတွေ့ နေရတာ ကိုး။ ခင်ဗျားဟာလေပြောလိုက်ရင်ကမ္ဘာ

ကြီးနဲ့ ချီချီပီးပြောတာပဲ။ ကျုပ်တို့မှာ ကရေပြဿနာသိပ်ပူစရာမရှိပါဘူးဗျ။ ဟော….တန်ခူးမည် မှတ်၊

ဖက်ဖွတ်ရေတိုးသင်္ကြန်မိုး၊ ကဆုန်အတွင်းမြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့၊နယုန်မိုးသေး မြတ်သားမွေး။

ကိုသုတ ။ ။ ဟိုးဆရာဟိုး၊ ခင်ဗျားတို့ ရသဂန္တ၀င်သမားတွေ ဟာ ပြောလိုက်ရင်စာဟောင်းပေဟောင်းထဲကကိုမ

ထွက်နိုင်ဘူး၊ရသလည်း တစ်ပိုင်းပေါ့ဗျာ၊ ခောတ်ကိုလည်း မျက်ခြည်မပြတ်နဲ့ ဗျ။

ကိုရသ ။ ။ မျက်ခြည်မပြတ်ပါဘူးဗျာ၊ ကျွန်တော် တို့မှာ ခေတ်ပြိုင်ခံစားမှု ရှိပါတယ်။ အဲ….ကိုသုတကိုပြောရဦးမယ်

ဗျ။ ကျွန်တော် တို့ ရသပိုင်းပြောတဲ့အခါ ကျွန်တော် တို့ မြန်မာစာပေမှာ အခိုင်အခံ့ ကြွယ်ဝလှတဲ့ ရတ

နာတွေ ရှိသဗျ။ ဒါကို ခုနောက်ပိုင်းလူငယ်တွေ အများ စုဟာ မျက်ခြည်ပြတ်နေကြတယ်။ဒါကိုခင်ဗျားတို့

ကျွန်တော် တို့လို စာပေမွေ့သူတွေ က ပေါင်းကူးဆက်ပေးသင့်ဘူးလား။မျိုးဆက်ဆိုတဲ့ သဘောမှာ စာ

ပေယဉ်ကျေးမှု ပိုင်းလည်း ခါးပြတ်လို့မရဘူးလေ။

ကိုလေ့လာ။ ။ ကဲ…ကဲ…ဆရာတို့၊မော်ဒန်၊ ဂန္တ၀င် ငြင်းနေလို့ ကတော့ဒီခရီး ဆုံးမှာ မဟုတ်ဘူး။ မော်ဒန်၊ ဂန္တ၀င်ပေါင်း

စပ်ရေး ဆိုတဲ့ကိစ္စကိုလည်း ရှေးရှုပါဦး။ ဒါမှ ကျွန်တော် တို့စာပေလမ်းသစ် ပွင့်လာမယ်မဟုတ်ဘူးလား။

ကျွန်တော် တော့ အဲလိုပဲယုံကြည်တယ်။

ကိုသုတ ။ ။ ဒီလိုပါ။ ကျွန်တော် ကလည်း မော်ဒန်၊ ဂန္တ၀င်မငြင်းချင်ပါဘူး။ကမ္ဘာကြီးကို မျက်စိဖွင့်ကြည့်ဖို့သာပြော

တာပါ။ ကမ္ဘာကြီးဟာ အခုနောက်ပိုင်းမှာ ပိုပြီး ပူနွေးလာသဗျ။ ပူနွေးလာတာနဲ့ အမျှ ရေဿနာလည်း

တစ်ဆက်တည်း ဖြစ်လာတာပဲလေ။ မှန်လုံအိမ် အာနိသင်ကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန်

လာသဗျ။ အိုဇုန်းလွှာတွေ လည်း ပေါက်တယ်ဗျာ။ အဲဒီ အကျိုးဆက်တွေ က အဲ….အဲ…

ကိုရသ ။ ။ ကိုသုတရေ၊ အဉ်းအဲတော့ မလုပ်နဲ့ ဗျာ။ အကြောင်းနဲ့ အကျိုး၊ တစ်ရှိန်တည်းဆက်မှ လိပ်ပတ်လည်

မယ် မဟုတ်လားဗျ။

ကိုလေ့လာ ။ ။ ဟုတ်ပါ့၊ဟော…ဆရာတို့ပြောအားရှိအောင် လက်ဖက်ပွဲလေးလည်း မြိုင်မြိုင်ဆိုင်ဆိုင်လေး ရောက်

လာပါပြီ။

ကိုရသ ။ ။ ဦးပုညပြောသလို ဒိဠိဂတ၊ သမယုတ်၊ကြက်သွန်ကြော်များများ နဲ့ ဗိုက်ကားအောင်တုတ်ပြီးဆက်ပါဦး

ဗျာ။

ကိုသုတ ။ ။ ခင်ဗျား ကတော့ ပြောရော့မယ်။ ဒီလိုဗျာ။ ကမ္ဘာ့ရာသီဥတုတွေ ပြောင်းလဲဖောက်ပြန် ပူနွေးလာတော့

- ရေခဲတောင်နဲ့ နှင်းတွေ အရည်ပျော်ကုန်တယ်ဗျာ။

- ပင်လယ်သမုဒ္ဒရာ ရေစီးကြောင်းတွေ ပြောင်းကုန်တယ်ဗျာ။

- ကမ္ဘာ့လေကြောင်းတွေ လည်း ပြောင်းလဲ၊ ပိုဆိုးတဲ့ အပူပိုင်းဒေသ၊ မုန်တိုင်းတွေ ဖြစ်ပေါ်လာတယ်

ဗျာ။

- ကမ်းရိုးတန်းဒေသတွေ တိုက်စား။ ပျက်စီးလာတယ်ဗျာ။

- ရေလွှမ်းမိုးတဲ့ဒဏ်တွေ လူတွေ ခံရတယ်။

- မိုးရွာသွန်းမှု တွေ လည်း ပြောင်းလဲ၊ ရာသီမဟုတ် ရွာတာတို့။

ကိုလေ့လာ ။ ။ သြော်…ဟုတ်ပါပြီ။ ဟိုနှစ် ကကျွန်တော့် အစ်ကိုတွေ နယ်မှာ ပဲလုပ်လို့ကောင်းတုန်း ဖြုန်းဆို ရာသီမဟုတ် မိုးရွာချတော့ ပျက်စီးကုန်ပါရောလား၊အားကြီးနစ်နာတယ်ဗျာ။

ကိုရသ ။ ။ ဟုတ်တယ်ဗျ။ ရေကြီးတော့ရော လူတွေ ဘယ်လောက်ဒုက္ခရောက်လဲ။

ကိုသုတ ။ ။ အကျိုးဆက်တွေ ပေါ့ဗျာ၊မီးခိုးကြွက်လျှောက် ဆိုတာလိုပေါ့။မြေဆီလွှာတွေ လည်း စိုစွတ်ပြောင်းလဲ၊

နောက်...ဇီဝမျိုးကွဲတွေ လည်း ယုတ်လျော့ ၊ သစ်တောပေါက်ရောက်မူတွေ လည်း ပြောင်းလဲ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတော့ လူတွေ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရူံးနိုင်တာပေါ့။

ကိုလေ့လာ။ ။အဲ့ဒီလိုအကျိုးဆက်တွေ ဟာ ကမ္ဘာကြီးပူနွေးလာလို့လို့ဆရာဆိုခဲ့တယ်နော်။ ကဲ….ဒါဆို ကမ္ဘာကြီးဘာကြောင့် ပူနွေလာတာလား။

ကိုသုတ။ ။ အဲ…သူဘာသာသူတော့မဟုတ်ဘူးဗျ။ တစ်နည်းအားဖြင့် လူတွေ ကြောင့် လို့ ဆိုရမယ် ။ အထူးသဖြင့် မီးခိုးတအူအူနဲ့ ၊ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေ တအားပေါ့ဗျာ။ နောက် ပင်လယ်သမုဒ္ဒရာတွေ ထဲ အညစ်အကြေးမျိုး စုံစွန့်၊ အထူးသဖြင့် ကမ်းရိုးတန်နိုင်ငံတွေ မြစ်ချောင်း တွေ လည်းမသန့် ၊ရေသတ္တ၀ါတွေ လည်းသေ။

ကိုလေ့လာ။ ။နေပါဦးဆရာရဲ့ ၊ ဒီလိုဆိုးကျိုး ဖြစ်စေဖို့လုပ်ရပ်တွေ ကို ကမ္ဘာ့အဖွဲ့အစည်းတွေ က မတားကြဘူးလား။

ကိုသုတ။ ။လုပ်တော့လုပ်ကြပါတယ် ။အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမူဆိုင်ရာအဖွဲ့(IPCC တို့ဘာတို့ဖွဲ့ပြီးလုပ်ကြတာရှိတယ်။ ကုလထွေထွေအတွင်းရေး မှုးချုပ် ဘူးထရို့ဂါလီတို့လည်း ပြောဖူးတယ်ဗျ။ ကမ္ဘာ့ရာသီဥတုထိန်းချုပ်ဖို့ပထမအဆင့်အနေနဲ့ မှန်လုံအိမ် အာနိသင် ဖြစ်စေတဲ့ဓာတ်ငွေ့တွေ ထုတ်လုပ်မူကို ရပ်တန်းကရပ်ဖို့၊ သစ်တောထိန်းသိမ်းရေး တွေ နိုင်ငံအားလုံးက လုပ်ဆောင်ကြဖို့။

ကိုလေ့လာ။ ။နေပါဦးဆရာရဲ့ ၊ ဆရာပြောတဲ့အထဲမှာ မှန်လုံအိမ်တို့ ၊အိုဇုန်းလွှာတို့ဆိုတာ တစ်ဆိတ်ရှင်းပါဦး။

ကိုရသ။ ။ဟုတ်တယ်ဗျ ၊ ကျွန်တော် တို့လည်း ကြားဖူးပြီ နားသာယဉ်နေတာ ၊သေသေချာချာ မသိဘူး။

ကိုသုတ။ ။ အင်း…ပညာလိုလား အမျိုးသားတို့အတွက် ဗဟုသုတ ဖြန့်ဝေရမှာ ပေါ့ဗျ၊ အိုဇုန်းလွှာဆိုတာ ကမ္ဘာလေထုအလွှာအတွင်း အမြင့်ကီလိုမီတာ ၂၀ နဲ့ ၃၅ကြားမှာ အိုဇုန်းဓာတ်ငွေ့တွေ စုပြီး အိုဇုန်းလွှာ ဖြစ်နေတယ်လို့ဆိုတယ်။ နေရောင် ခြည်ထဲ ကခရမ်းလွန်ရောင် ခြည်ကိုအောက်ဆီဂျင်က စုပ်ယူတယ်။အဲ့ဒီကနေ အိုဇိုန်းလွှာ ဖြစ်တာပဲ။ အိုဇုန်းလွှာဟာ ရာသီတုကိုအကျိုးပြုတယ်။ လူသားအကျိုးပြုအလွှာဆိုပါတော့ ။ခရမ်းလွန်ရောင် ခြည်က လူ့အရေပြာမှာ အဖုအကျိတ် ဖြစ်တဲ့အထိ ဒုက္ခပေးနိုင်တယ် ။တိရစ္ဆာတွေ ကိုလည်းမျိုးရိုးဗီဇပြောင်းလဲမူတွေ ဖြစ်စေတယ်။ရေအောက် အပင်ငယ်တွေ ကိုလည် ဖျက်ဆီးနိုင်လို ရေသတ္တ၀ါတွေ ရဲ့ အစာကွင်းဆက်ကိုလည်း ပြတ်တောက်စေနိုင်တယ်တဲ့။အဲ့ဒီလိုဆိုးကျိုးပေးတဲ့ ခရမ်းလွန်အမင်း မကျရောက်အောင် အိုဇုန်းလွှာက ထိန်းထားတာပေါ့။ ဒါကြောင့် အိုဇုန်းလွှာဟာကောင်းကျိုးပြုသူ ဖြစ်တယ်။

ကိုလေ့လာ။ ။အဲလိုဆိုခရမ်းလွန်နဲ့ အောက်ဆီဂျင် အားပြိုင်ပွဲကြီးပေါ့ ။ ခရမ်းလွန်အားများ ရင်မြေကမ္ဘာမှာ ဆိုးကျိုးများ မယ်။အောက်ဆီဂျင်က ထိန်းထားလို့ အိုဇုန်းလွှာ ဖြစ်နေရင်မြေကမ္ဘာဆိုးကျိုးနည်းမယ်ပေါ့။အဲ…အိုဇုန်းလွှာပေါက်တယ်ဆိုတာကရော။

ကိုသုတ။ ။ သူ့တစ်ခုတည်း တွက်ကြည့်ရင် ခရမ်းလွန်အားများ လို့ အိုဇုန်းပေါက်တယ်လို့ယူဆနိုင်ပေမည့်  အခြားနိုက်ထရိတ်စတဲ့ ဓာတ်ငွေ့တွေ ၊ လေထုညစ်ညမ်းမှုက ခရမ်းလွန်ကိုအားပေးမူတွေ လည်း ပါတာပေါ့။

ကိုလေ့လာ ။ ။အဲ…မှန်လုံအိမ်ဆိုတာကရော ဆရာ၊

ကိုသုတ ။ ။မှန်လုံအိမ်ဆိုတာက ကမ္ဘာမြေကြီးရဲ့ လေထုအတွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိတ်အောက်၊ဆာလ်ဖာဒိုင်အောက်ဆိုက်၊ မီသိန်းနဲ့ စီအက်ဖ်စီ ဓာတ်ငွေ့များ ရှိနေရင် အဲ့ဒီဓာတ်ငွေ့တွေ စုပြီး မှန်လို အကာအရံ ဖြစ်နေသတဲ့။

ကမ္ဘာပေါ် နေရောင် ခြည်ကျတဲ့အခါ နေရောင် ခြည်နဲ့ အတူ အပူငွေ့ဟာလေထုဖြတ်ပြီး ကမ္ဘာမြေက အပူငွေ့ဟာ တစ်ဖန်အာကာသထဲ ပြန်မထွက်နိုင်ဘဲ ကမ္ဘာကြီးပိုပူလာတာပေါ့ဗျာ။ အဲ့ဒီမှန်လုံအိမ် ဓာတ်ငွေ့တွေ ကိုGreen House Gases လို့ခေါ်ပါတယ်။

ကိုရသ။ ။ ဒါဆို မှန်လုံအိမ်ဟာ ဆိုးကျိုးပြုသူပေါ့။

ကိုသုတ ။ ။မှန်ပါ့ဗျာ ။ ကမ္ဘာကြီးပိုပူနွေးလာ ၊ အဲ့ဒီမှန်လုံအိမ် ဓာတ်ငွေ့တွေ က အိုဇုန်းလွှာကို ဒုက္ခပေး၊ အဲ့ဒါကြောင့် အိုဇုန်းလွှာ ပေါက်တာတို့ ဘာတို့ ဖြစ်လာတာပေါ့ဗျာ ။ ကမ္ဘာ့ သိပ္ပံပညာရှင်တွေ နဲ့ ကမ္ဘာကြီးကောင်းကျိုး ရှေးရူတဲ့ အဖွဲ့အစည်းတွေ ကိုကာကွယ်ဖို့တွေ လုပ်ဆောင်နေကြပါယ်။

ကိုရသ ။ ။ဟင်…ဒါဆိုတစ်နည်းအားဖြင့် အိုဇုန်းလွှာက လောကလူသား ကောင်းကျိုးပြုသူ ဓမ္မဘက်တော် သား ၊မှန်လုံအိမ်က လောကလူသားတို့အတွက် ဆိုးကျိုးပေးသူ အဓမ္မဘက်တော် သား ဒီလိုဆိုလို့ရမလား။

ကိုသုတ ။ ။ ဆိုချင်လည်း ဆိုနိုင်တာပေါ့ဗျာ။ ဒါက သူ့အကျိုး သက်ရောက်မူတွေ ကို စုစည်းဖော်ဆောင် နိုင်မည့်  အမည် ပညတ်ပါပဲ။ ဒီ လိုမဟုတ်လား ကိုရသရဲ့ ။

ကိုရသ ။ ။ ဟုတ်ပါ့ဗျာ။ လောကဆိုတာ ဓမ္မနဲ့ အဓမ္မတို့ရဲ့ တိုက်ပွဲပဲလို့ဆိုတဲ့အဆိုဟာ မှန်လှသဗျာ။အင်း…ကမ္ဘာ့ရာသီဥတု ပြောင်းလဲမူတွေ အကြောင်း ကြားရတော့ ကာလီဒါသပုံပြင်လေးတစ်ပုဒ်ကို သတိရမိသဗျ ။

ကိုလေ့လာ။ ။ ဆရာရေ၊မြန်မြန်ပြောပါဗျာ ။ ပညာရပ်တွေ ချည်း ကြားရတာ ခေါင်းထဲကျပ်နေလို့ ။ ဒါကြောင့် ဆရာတို့ ရသသမားတွေ ကို ပစ်ပယ်လို့မရတာ ပေါ့ ။ မှန်လုံးအိမ် အာနိသင်ကြောင့် ပူလောင်မွန်းကျပ်နေတာ ။ရသစာပေက ဘ၀အမောကို ပြေစေနိုင်တယ်လို့ ဆရာဇော်ဂျီတို့ ပြောခဲ့တာလေ။

ကိုသုတ။ ။ကျွန်တော် တို့လည်း ကြားချင်ပါသဗျာ။

ကိုရသ။ ။ ကဲ…ကဲ...ဒီလောက်ပွဲတောင်းနေတော့လည်း အိုက်တင်မခံတော့ပါဘူးဗျာ။ ဒီလိုဗျ…

တစ်နေ့တော့ ဘောဇဘုရင်ရဲ့ ညီလာခံမှာ ဘောဇဘုရင်က ဒွေးချိုးတစ်ပုဒ် စပ်ဆိုထားသတဲ့ ။ ပုစ္ဆာဒွေးချိုးဆိုပါတော့။ အဓိပ္ပယ်က…

-မိုးရွာခြင်းကို မည် သူအလိုရှိသနည်း၊

- နေပူခြင်းကို မည် သူအလိုရှိသနည်း၊

- စကားပြောခြင်းကိုမည် သူအလိုရှိသနည်း၊

- ဆိတ်ဆိတ်နေခြင်းကို မည် သူအလိုရှိသနည်းတဲ့။

ကိုရသ။ ။အင်း…ဒီမေးခွန်းတေါဟာ စိတ်ဝင်စားစရာပါပဲ။ ကိုလေ့လာဖြေဗျာ။

ကိုလေ့လာ။ ။ကျွန်တော် တို့ ကတော့ အခုလို နေပူပြင်းတဲ့အချိန်မှာ မိုးရွာခြင်းကို တောင့်တမိတာအမှန်ပါပဲ။ အဲ…နေပူခြင်းကိုတော့ အေးလွန်းတဲ့ဒေသတွေ ကတောင့်တမှာ ပေါ့လေ။ နံပါတ်(၃) မေးခွန်း ကတော့ ကျယ်ပြန့်မယ်ထင်တယ်။ တကယ်တော့ လူဆိုတာ အစုအပေါင်းနဲ့ နေတဲ့သတ္တ၀ါ ဖြစ်လို့ စကားပြောချင်ကြသဗျ။ တချို့ထီးကလေးဆောင်းပြီးတောင်ရပ်ကွက်ထဲ လျှောက်ပြောဆိုပဲ။စကားစမြည် ဆိုတဲ့ မြန်မာစကားပုံ ပုံပြင်လေးတောင်သတိရမိပါရဲ့ ။

အဲ့…ဆိတ်ဆိတ်နေခြင်းကို အလိုရှိတာ တရားမှတ်သူ သူတော် စင်တွေ ဖြစ်နေမလားပဲ ။ ကျွန်တော် စဉ်စားမိသမျှပြောကြည့်တာပါ ။

ကိုသုတ ။ ။ နေပါဦး ၊ ဘောဇဘုရင်ရဲ့ အမတ် ပညာရှိတွေ ကရောဘယ်လို ဖြေကြသလဲ ။

ကိုရသ ။ ။ သူတို့လည်း တစ်ယောက် တစ်ပေါက်ပဲဗျ။ ဘုရင်ဘ၀င်ကျအောင် မဖြေနိုင်ကြဘူး။ နောက်ဆုံးတော့ကာလီဒါသဖြေမှ ဘုရင်က သဘောကျသတဲ့ ။

ကိုသုတ ။ ။လုပ်ပါဦးဗျ၊ ဆရာကာလီက ဘယ်လိုဖြေတုံး။

ကိုရသ ။ ။ဆရာကာလီ ဖြေတာကရိုးရိုးလေးပါ။

- မိုးရွာခြင်းအလိုရှိတာ မာလီ ပါတဲ့။

- နေပူခြင်းကိုအလိုရှိသူဟာ ရဟန်းပါတဲ့ ။

- စကားပြောခြင်းကို အလိုရှိသူဟာ ရဟန်းပါတဲ့ ။

- ဆိတ်ငြိမ်ခြင်းကိုအလိုရှိသူဟာ သူခိုးပါတဲ့ ။

ကိုလေ့လာ ။ ။ ထူးဆန်းပါပေ့ ဆရာတွတ်ရယ်။

ကိုရသ ။ ။ ဘာလဲ ၊ ခင်ဗျားက ငြင်းချင်သေးလို့လား။

ကိုလေ့လာ ။ ။သြော်…မငြင်းချင်ပါဘူးဗျာ ။

ကိုရသ ။ ။ ဒါပင်မဲ့ ကာလီဒါသက အဲ့ဒီအမေးအဖြေ ၂ ခုပေါင်းပြီးသင့်လျော်တဲ့ ဒွေးချိုးတစ်ပုဒ် စပ်သတဲ့။

ကိုသုတ ။ ။ လုပ်ပါဦးဗျ ၊ တယ်စိတ်ဝင်စားဖို့ ကောင်းပါလား ။

ကိုရသ ။ ။ ကာလီဒါသ ၂ ခုပေါင်းစပ်တဲ့ ဒွေးချိုးအဓိပ္ပယ်က -

- အလွန်အမင်း မိုးရွာခြင်းသည် မကောင်း၊

- အလွန်အမင်း နေပူခြင်းသည် မကောင်း ၊

- အလွန်အမင်း စကားပြောခြင်းသည် မကောင်း၊

- အလွန်အမင်း ဆိတ်ဆိတ်နေခြင်းသည်မကောင်းတဲ့ဗျ။

ကိုလေ့လာ ။ ။ ကာလီဒါသလျှောက်ထုံး ပုံပြင်လေးတွေ ဟာ အပျင်းလည်းပြေ ၊ ပညာလည်းရသဗျ။ ကာလီဒါသလျှောက်ထုံးက အိန္ဒိယ ရှေးဟောင်းပုံပြင်မဟုတ်လား ။ ကျုပ်တို့ မြန်မာမှာ ရော အဲ့လို တင်္ခဏုပ္ပတ္တိကြွယ်ကြွယ် ၊ အပျင်းလည်းပြေ ၊ပညာလည်းရတဲ့ ပုံပြင်တွေ မရှိဘူးလား။

ကိုသုတ ။ ။ သြော်…ခင်ဗျာက အရေး ထဲ ဇာတိပုည ဂုဏ်မာနတွေ ကြွနေပြန်ပါပြီ။

ကိုရသ ။ ။ ရှိပါ့ဗျာ ၊ ဒါကြောင့် ကျွန်တော် တို့လူငယ်တွေ ကို မြန်မာစာပေဘဏ္ဍာတိုက်ထဲမှာ ရတနာတွေ ရှိတယ်ဆိုတာ သိစေချင်လို့ ၊ ကျွန်တော် တို့ အလျဉ်းသင့်တိုင်းထုတ်ဖော်နေရတာ ပေါ့။

ကိုသုတ ။ ။ ခင်ဗျား အချီးနိဒါန်းကလည်း ရှည်သဗျာ ၊ လုပ်ပါဦး၊ ကာလီဒါသလို ရွှင်ဥာဏ်ထက်တဲ့ ကျွန်ုပ်တို့ပညာရှိ။

ကိုရသ ။ ။အများ ကြီးရှိပါဗျာ ။ ကောက်ကာငင်ကာပြောရရင် အမတ်ကြီး ဦးပေါ်ဦးပဲ ။

ကိုလေ့လာ ။ ။ ကဲ … ဒါဆို ကျွန်တော် တို့ဆွေးနွေးနေတဲ့ အကြောင်းအရာရေပြဿနာနဲ့ စပ်တဲ့ ပုံပြင်လေးတစ်ပုဒ်လောက်ရှိမလားပဲ။

ကိုရသ ။ ။ ဒါထက်တောင် ပိုသေးဗျာ ။

ကိုသုတ ။ ။ ဟုတ်ပါမလား မောင်ကာဠုရဲ့ ။

ကိုလေ့လာ ။ ။ဆရာအမေးက နောက်ကျသွားပြီး။ ကဲ….လုပ်ပါ ကိုရသရယ်။

ကိုရသ ။ ။ ဒီလိုဗျ၊ တစ်နေ့မှာ ဘိုးတော် ဦးဝိုင်းက စဉ်းစားသတဲ့။ အင်း…ပေါ်ဦးဟာ ငါမေးတိုင်း မဖြေနိုင်တာမရှိဘူး။မဟုတ်မဟတ်လည်း အတော် ပြောတတ်တဲ့ကောင်။ဒီတော့သူမဖြေနိုင်တာမေးမယ်ဆိုပြီး တစ်ခုသော ညီလာခံမှာ မေးသတဲ့။

“ဟဲ့ …ပေါ်ဦှး ယုတ္တိယုတ္တာရှိပြီး မ ဖြစ်နိုင်တာ တစ်ခု လျှောက်တင်ရမယ်။ မလျှောက်တင်နိုင်ရင်သေဒဏ်”လို့မိန့်သတဲ့ ။ က

ကိုသုတ ။ ။ ပြင်းလှချည်လားဗျ ။

ကိုရသ ။ ။ သြော်…တကယ်တော့လည်းဒါလောက်မရက်စက်ပါဘူး။ ဖြေအောင် ခြောက်တာနေမှာ ပါ ။ ဒါပေမဲ့ ကျုပ်တို့ဦးပေါ်ဦးက ချက်ချင်း ဖြေ သဗျ။

“ မှန်ပါ ၊ ရေထဲမှာ ဆင်ခြေရာကြီး ပေါ်နေပါတယ် ဘုရာ့” တဲ့။ ရုတ်တရက်တော့ ဘိုးတော် ဦးဝိုင်းအံ့အားသင့်သွားတာပေါ့ ။ ဘိုးတော် ဦးဝိုင်းက စဉ်းစားတယ်။ အင်း…ပေါ်ဦးလျှောက်တင်တာ မြန်လွန်းလှတယ် ။ ဒီတစ်ခါတော့ ဒီကောင် အချက်ပိုင်မှာ မဟုတ်ဘူးလို့ စဉ်းစားပြီး -

“ နင်ဟာက မ ဖြစ်နိုင်တာတော့အမှန်တယ် ။ ဒါပေမဲ့ ယုတ္တိမရှိဘူး” လို့မိန့်သတဲ့ ။

“ ရှိပါတယ်ဘုရား” ဦးပေါ်ဦးက လည်း ချက်ချင်း ပဲ တင်တယ်။

“ကဲ…တင်စမ်း” လို့ဆိုတော့-

“ ဒီလိုပါဘုရား ၊အရှင်ရဲ့ ဆင်ဖြူတော် ဟာ ဆိုပါစို့ ၊ သူယိုတဲ့ချေးကို တက်နင်းလို့ ခြေရာထင်မယ် ၊ အဲဒီ ဆင်ချေးချပ် ခြောက်သွားရင်ရေထဲမှာ ပေါ်ပါလိမ့်မယ်ဘုရား”တဲ့။

ကိုသုတ ။ ။ဟာ…တယ်ဟုတ်ပါလား ၊ ဒါဆို ဘိုးတော် ဦးဝိုင်းပြူးသွား ပြီပေါ့ ၊ မျက်လုံး ။

ကိုရသ ။ ။ ဘိုးတော် ဦးဝိုင်း သဘောကျသြချပြီး ဆုတော် လာဘ်တော် ပေးသတဲ့ဗျ။

ကိုလေ့လာ ။ ။ ကိုရသကို ကျေးဇူးတင်သဗျာ ။ ကျွန်တော် တို့ မြန်မာစာပေထဲမှာ ရှိဦးမှာ ပဲဗျ ။

ကိုရသ ။ ။ ရှိပါ့ဗျာ ၊ ရှာဖွေလေတွေ့  ရှိလေပေါ့ ။ စိနတိုင်းသားတွေ နဲ့ ဥာဏ်ချင်းယှဉ်ပြိုင်ပွဲတွေ ၊ ရှေးခေတ်က ပညာရှိရွေးပွဲတွေ ၊ ရှေးခေတ်က ပညာရှိရွေးပွဲတွေ ၊ မှတ်သားစရာ ၊ ဥာဏ်ရွှင်စရာ ၊ ဂုဏ်တက်စရာတွေ ရှိပါ့ရှိပါ့။

ကိုသုတ ။ ။ ဟုတ်ပါ့မလား ၊ မောင်ကာဠုရဲ့ ။

ကိုလေ့လာ ။ ။မြန်မြန်ပြောပါ ကိုသုတရဲ့ ။ ဒါ့ထက်တောင်ဟုတ်သေးလို့ ၊ ဟော …ဘာသံပါလိမ့် ။

-ကျလစ် …ဂျလောက်လောက်

- ကျလစ် …ဂျလောက်လောက် …

မြန်မာ့ဓန

ဇွန်လ ၊ ၂၀၀၁ ခုနှစ် ။

* * * * * * *

တကောင်းရာဇ၀င် ဂရိပုံပြင်နှင့် သုတရသ ဆွေးနွေးခန်း

“ ပုဂံရာဇ၀င်ကို အငြင်းသန်ကြသည်၊

အခင်းမမှန်လှပြီး …၊

ဓားထမ်း ၊ တုတ်ထမ်းပြောရပါမည် ။

ကျွန်တော် သြဘာသော င်းက

နောင်လာနောက်သားမှတ်သားစေရန် အတည်…”

အားရက် တနင်္ဂနွေတစ်ရစက်တွင် ထုံးစံအတိုင်း ကျွန်တော့် အိမ်ဆင်ခြေဖုန်းရပ်ကွက်ကလေးထဲသို့ စာပေမွေ့ သူတစ်စု ဖြစ်သည့် ကိုသုတ၊ ကိုရသနှင့် ကိုလေ့လာတို့ ပေါက်ချလာတတ် ကြ ပါသည် ။ နွေရာသီတွင် အိမ်ရှေ့သရက်ပင်ခြေရင်း ကွပ်ပျစ်ကလေးတွင် ရေနွေးကြမ်းတစ်အိုးနှင့် ထိုင်တတ်ကြပါသည်။ တစ်ခါတစ်ရံ ထန်းလျက်ကလေး တစ်ဆယ်သားအမြည်းကလေးရယ် ၊ ခါတလေတော့လည်း လက်ဖက်သုပ်ကလေးတစ်ပွဲ ဖြင့် ၀ိုင်ကလေးတည် ဖြစ်ကြပါ၏ ။ အငြင်းအခုံကလေးဖြင့် လည်းကောင်း၊ အတည်အခန့် အလေးအနက် သုတလည်းပါ ၏ ။ ရသလည်းဖြာ၏ ။လောကအကြောင်းကလေးများ ဖြင့် အမြည်းမမြိုင်လှသော်လည်း ခရီးမိုင်ပေါက် စကားတွေ လိုင်ကာ ၀ိုင်းစိုလှပါ၏ ။ အဲ…မိုးအခါမှာ တော့ နေသာပြီထင်ပြီး ကွပ်ပျစ်ကလေးထိုင်ရုံရှိသေး…၀ုန်းဒိုင်းဆို မဆင်ဘဲရွာတတ်သည့် ကိုရွှေမိုးကြောင့် ကမန်ကတန်းအိမ်ထဲပြေးဝင်ရသည့်အခါ များ လည်းကြုံရပါ၏ ။

ကိုသုတ ။ ။ ဒီတခါတော့ အမြည်းမလုပ်နဲ့ တော့ဗျို့ ။ အမြဲတမ်း

အိမ်ရှင်ကချည်းဆိုတော့ အားနာသဗျ။ ဒါကြောင့် ဒီနေ့တော့ ကျုပ်တို့လက်ဖက်ထုပ်နဲ့ ကျုပ်တို့လာသဗျ ၊ အထင်မသေးနဲ့ နော် လက်ဖက်ဆိုပေမယ့်အစုံနှစ် ပြန်ကြော်ပါဗျ ။

ကိုရသ ။ ။ ကိုသုတရယ် ခင်ဗျားက အရေး ထဲ အလှူ့ရှင်မှန်းသိအောင်မဏ္ဍပ်တိုင်တက်ပြနေသကိုးဗျ ။ ကျွန်တော် ညည်းလာတဲ့သိချင်းလေး ခင်ဗျာနဲ့ ကိုလေ့လာ ငြင်းလာတာ ဆက်စမ်းပါဦး ။

ကျွန်တော် ။ ။ အလို…ဘာများ လမ်းမှာ ငြင်းလာကြသလဲဗျ ။ လုပ်စမ်းပါဦး ။

ကိုလေ့လာ ။ ။ ဒီလိုဆရာရေ့ …ကိုရသက ခေတ်ဟောင်းအဆိုတော် ကြီးဥသြဘသော င်းထင်ပါ့ဆိုတဲ့ ပုဂံရာဇ၀င်သီချင်း ညည်းလာတယ် ။အဲ့ဒါ ကျွန်တော် က ဟာသရလို့ ငြင်းတယ်။ ဟုတ်တယ်လေ…သီချင်းရှေ့ဆက်တော့ သူပုဂံရာဇ၀င်က ပန်းကန်လုံးတိုင်ပြည်မှာ ပန်းကန်ပြားမင်းကြီး စိုးစံဆိုလား..အဲဒါ…ကိုသုတက ဒဿနလို့ငြင်းသဗျ ။

ကိုရသ ။ ။ ဟုတ်ပါ့ဆရာရယ် ၊ သူတို့ငြင်းကြတာနဲ့ သီချင်းညည်းရတဲ့ရသကလေးတောင် ပျက်ပါရဲ့ ။

ကိုသုတ ။ ။ ပြောလည်းပြောစရာပေါ့လေ ။ ဒီလိုပါ ။ ကျွန်တော် က ကံရာဇာကြီး၊ ကံရာဇယ်ကို သွားသတိရလို့ပါ ။ တကောင်းခေတ်ရာဇ၀င်လေ ။

ကိုရသ ။ ။ သြော်…သိပြီး “တကောင်အဘိရာဇာတို့ဗမာသာကီမျိုးဟာမို့ “ ဆိုတဲ့ သီချင်းတောင် ရှိသေးတယ်မဟုတ်လား ။

ကိုလေ့လာ ။ ။ ဟုတ်ပါပြီကိုရသရယ် ၊ ကဲ…ဆရာသုတကပဲဓားထမ်း၊တုတ်ထမ်း ပြောရဦးမည့်  တကောင်းရာဇ၀င်နဲ့ ဆရာရဲ့ အတွေးအမြင်ဒဿန လင်းပါဦးဆရာရယ် ။

ကိုသုတ ။ ။ ဒီလိုဗျ ၊ ကံရာဇာကြီး ၊ကံရာဇာငယ်အကြောင်းခင်ဗျားတို့ယေဘုယျကြားဖူးလိမ့်မယ်။ကျွန်တော် ကရာဇ၀င်အူပေါက် ရမ်းမပြောချင်ပါဘူး တိတိကျကျ ပြောချင်တာပါ ။

ကိုလေ့လာ။ ။ ကြိုက်ပြီးကိုသုတရေ ၊ ကျွန်တော် တို့ကလည်း ပိုကြိုက်တာပေါ့ ။ ကဲ…ဘယ်စာအုပ်ထဲကလဲ ။ ဇာတ်ကြောင်းက

ကိုသုတ ။ ။” ဘ၀သစ် ဖန်တီးမူပညာရေး စီးမံကိန်းအရ ရေး သားထားသော လူမူရေး ရာပညာ နိုင်ငံသမိုင်းဆိုတဲ့ စာအုပ်ကလေးပါ ။ဒုတိယတန်းကျောင်းသားများ အတွက် တစ်အုပ်တစ်ကျပ်တဲ့ဗျ ။ ကျွန်တော့် ဦးလေးစာအုပ်စင်မွှေရင်းတွေ့ လို့ဖတ်ကြည့်တာ ။

ကိုရသ ။ ။နေပါဦး ကိုသုတရဲ့ ၊ ဘယ်သူပြုစုတာလဲ။ ဘယ်ခုနှစ် … ။

ကိုသုတ ။ ။ ပြောပါ့မယ် ကိုရသရယ် ၊ ကိုလေ့လာမေးဖို့ ထားပါဦး ။ဒီလိုပါ ။ ၁၉၅၄ ခုနှစ် ကစပြီး ဘ၀သစ်ဖန်တီးမူပညာရေး စီမံကိန်းသင်ရိုးနဲ့ မာတိကာ စီစဉ်ခဲ့သတဲ့ဗျ ။ ဒီလူမူရေး ရာပညာ- နိုင်ငံသမိုင်းကို ဆရာကြီး ဦးထွန်းစိန် ၁၉၅၆ မှာ ပြုစုပြီး သတင်းစာဆရာကြီး ဦးမောင်ကတည်းဖြတ်တယ်။ ကျွန်ုပ်တို့မြန်မာနိုင်ငံ သမိုင်း ၊ ကျွန်ုပ်တို့အိမ်နီးချင်းနိုင်ငံများ သမိုင်း ၊ ကျွန်ုပ်တို့ကမ္ဘာသမိုင်းဆိုပြီးအပိုင်း(၃)ခွဲ ပြုစုထားတယ်။

ကိုလေ့လာ။ ။ကဲ …ဆက်ပါဦး ကံရာဇာကြီး ၊ ကံရာဇာငယ်အကြောင်း။

ကိုသုတ ။ ။ ဒီလိုဗျ …အိန္ဒိယနိုင်ငံတော် ကြီးမှာ ရှေးအခါက မင်းတစ်ပါးစီအုပ်စိုးတဲ့ တိုင်းပြည်အများ ရှိတယ် ။ အဲ့ဒီမှာ ကောလိယနဲ့ ပဉ္စာလရာဇ်တိုင်းပြည် စစ် ဖြစ်တယ် ။ ကောလိယဘက်က အမျိုးတူးတဲ့ ဒေ၀ဒဟနဲ့ ကပ္ပိလ၀တ်ပြည်တို့လည်း ပါသဗျ ။ အဲ့ဒီစစ်ပွဲမှာ ပဉ္စာလရာဇ်မင်းစစ်နိုင်တယ်။ ကောလိယတို့စစ်ရူံးတယ်။

ကောလိယတို့က သာကီဝင်မင်းတွေ ပဉ္စာလရာဇ်မင်းက သာကီဝင်မျိုးနွယ်နဲ့ သွေးနှောလိုလို့ ကောလိယမင်းရဲ့ သမီးတော် ကို တောင်းရာက မချေမငံ ပြန်ဆက်ဆံလိုက်လို့ စစ် ဖြစ်ရတာ ပဲ ။ အဲ့ဒီမှာ စစ်ရူံးတဲ့ ကောလိယမင်းဟာဘယ်သထင်လို့ထင်လဲ။

ကိုရသ ။ ။ သြော်…ကိုသုတရယ် ၊ မသိလို့ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေတာပေါ့ဗျာ ။ ဈေးမကိုင်ပါနဲ့ ။ ဆက်သာက ပါတဲ့…အဲ…ဆက်သာပြောပါ ။

ကိုသုတ ။ ။စစ်ရူံးတဲ့ကောလိယမင်းဟာ အခြားဟုတ်ပါရိုးလား ကျွန်ုပ်တို့ရဲ့ အဘိရာဇာပါဗျား…။

ကိုလေ့လား။ ။ ဟင်…တကောင်းကိုစတည်ထောင်တဲ့ အဘိရာဇာလား။

ကိုသုတ ။ ။ဟုတ်ပါ့ဗျာ ၊ အိန္ဒိယကနေ စစ်ရူံးပြီး ဗိုလ်ခြေအလုံးအရင်းနဲ့ တောတောင်အထပ်ထပ် ဖြတ်ကျော်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းရောက် ဧရာဝတီမြစ်ကြီးတွေ ၊ မြစ်ကြီးအရှေ့ဘက် ဖြတ်ကူးတဲ့အခါ အနေအထားကောင်းလို့ မြို့တည်သတဲ့။ သင်္ကဿရဠ (သို့မဟုတ်)သင်္ကဿနဂိုရ်လို့မြို့အမည် ခေါ်တွင် စေသတဲ့ ။ ရာဇ၀င်မှာ တကောင်း ပြည်လို့ထင်ရှားတဲ့မြို့ပါပဲ။

ကိုရသ ။ ။ ဟင်…ဒါဆို သင်္ကဿနဂိုရ်ဟာ ကျုပ်တို့မြန်မာပြည်ကပေါ့။ ဟား…၀မ်းသာသဗျား ၊ ကျေးဇူးတင်တယ်ကိုသုတရယ် ။

ကိုလေ့လာ ။ ။ဘယ်ကို ဖြစ်ရတာ လဲ ကိုရသရယ် ။

ကိုသုတ ။ ။ ခင်ဗျားမသိဘူး ကိုလေ့လာ ၊ ဒါ ရသ , သမားတွေ ရဲ့ ခံစားမူဗျ ။ ဇာတိပုည - ဂုဏ်မာနလေးကြွလာတာ။

ကိုလေ့လာ ။ ။သြော် …ထူးဆန်းပါပေ့ ဆရာတွတ်ရယ်။

ကိုရသ ။ ။ ကဲ…ကိုသုတရေ …အဘိရာဇာအကြောင်းလေး ဆက်ပါဦးဗျာ ။

ကိုသုတ ။ ။အဘိရာဇာအကြာင်းက ပြီးပြီလေ ။ တကောင်းပြည်မှာ အတန်ကြာစိုးစံပြီး ကံကုန်တယ် ။ အဲ့…သားတော် မင်းနှစ် ပါးကျန်တယ် ။ ခမည်းတော် ကံကုန်ပြီးတကောင်းကိုသူအုပ်စိုးထိုက် ငါအုပ်စိုးထိုက် အချင်းများ ကြတယ်ဆိုပါတော့။တစ်ဖက်နဲ့ တစ်ဖက် လက်နက်စွဲကိုင်စစ်ထိုးရင်တိုင်းပြည်နစ်နာမယ် ။ ဒါကြောင့် ခိုက်ရန်စစ်ထက်ကိုသိုလ် စစ်ထိုးကြဖို့ မှူးမတ်တွေ က တိုက်တွန်းကြသတဲ့။

ကိုရသ ။ ။ အလိုလေးလေး၊ ကုသိုလ်စစ်ထိုးကြမယ်။

ကိုသုတ ။ ။ မှန်ပါသဗျ ။ အဲဒီ အချိန်ကာလ ဗုဒ္ဓမပွင့်ပေါ်သေးဘူး ။ဒါကြောင့် ဟိန္ဒူဘာသာဝင်တို့အယူအတိုင်း အလှူမဏ္ဍာပ်အပြိုင်ဆောက်ရမယ် ။ ညတွင်းချင်းအပြီး ဆောက်နိုင်သူထီးနန်းဆက်ခံစေ ။

ကိုလေ့လာ ။ ။ကျွန်တော် ကြားဖူးတာ နန်းတော် အပြိုင်ဆောက်သလားလို့။

ကိုရသ ။ ။ ကိုလေ့လာရယ် ၊ ဒီနေရာမှာ ဓားထမ်း တုတ်ထမ်းမငြင်းပါရစေနဲ့ ဦး။ ဇာတ်ကြောင်းပြတ် သွားပါဦးမယ် ။ ကဲ…ကိုသုတ ဆက်ပါဗျာ။

ကိုသုတ ။ ။ တကယ်တော့ မှူးကြီးမတ်ရာ ပညာရှိတွေ က လက်ရုံးရည်ထက် နှလုံးရည်ကို ပိုနှစ်သက် ကြတာကိုးဗျ ။ မှူးကြီးမှတ်ရာတင် မဟုတ်ပါဘူးဗျာ ။ပြည်သူအများ ကလည်းဒီသဘောရှိပါတယ်။

ကိုလေ့လာ ။ ။ အဲဒါနဲ့ …။

ကိုသုတ ။ ။ အဲ့ဒါနဲ့ သိကြတဲ့အတိုင်း ကံရာဇာကြီးက သစ်ကြီးဝါးကြီးနဲ့ အခိုင်အခံအပြီးဆောက်တော့ သတ်မှတ်ချိန်မှာ မပြီး။ ကံရာဇာငယ် က သစ်ငယ်ဝါးငယ် နဲ့ ဆောက် ၊ အ၀တ်-ပုဆိုးကာ၊ ထုံးဖြူသုတ်ထား ၊ မိုးလင်းတော့ ကံရာဇာကြီးက ဆောက်ဆဲ ၊ကံရာဇာငယ်က တကယ့်ခမ်းနားထည်ဝါ ဟန် ဟိတ်နဲ့ ဟန်နဲ့ မဏ္ဍာပ်ကြီး ။

ကိုရသ ။ ။တကယ်မဟုတ်ဘဲ ဖြတ်ထိုးဥာဏ်နဲ့ အ ဖြစ်ဆောက်တယ်ဆိုတာ ကံရာဇာကြီးက မသိဘူးလား။

ကိုသုတ ။ ။ ခက်တာက စည်းကမ်းမှာ သစ်ငယ်ဝါးငယ် ၊ သစ်ကြီးဝါကြီးကိစ္စမပါဘူးဗျ ။ ညတွင်းချင်း မဏ္ဍာပ်အပြီးဆောက်ဖို့ပဲ ပါတာ။

ကိုလေ့လာ ။ ။ဒါကြောင့် လည်း ကုသိုလ်စစ်လို့ ဆိုလိုလိုတာကိုး ၊ အဲဒီ တော့…

ကိုသုတ ။ ။ အဲဒီ တော့ ကံရာဇာကြီးရဲ့ မှူးမတ်တွေ အညီအညွတ် စည်းဝေး၊ ကံရာဇာငယ်ကိုထီးနန်းအပ် ။ ကံရာဇာကြီးက ဧရာဝတီကိုစုန် ၊ ချင်းတွင်းကိုဆန်တက် ၊ကလေးတောင်ညိုကို ရာဇဂြိုဟ်လို့ အမည် ပေး ။ ၆ လစံ၊ ကစ္ဆပနဒီ မြစ် အရှေ့ဘက်မှာ ကျောက်ပတောင်းမြို့ကို တည်ထောင်ပြီးစံမြန်းသတဲ့ ။ အဲဒီ ကမှ တစ်ဖန် ရခိုင်ပြည် ဓည၀တီမြို့ဟောင်း သိမ်းပြီး မြို့ပြထီးနန်းတည် ၊ အသက်ထက်ဆုံးစိုးစံလေသတဲ့။

ကိုလေ့လာ ။ ။ကံရာဇာငယ်ကို နှလုံးရည်သမားအစစ်လို့ဆိုနိုင်ပါ့မလား။

ကိုရသ ။ ။အင်း …ကိုလေ့လာ ကတော့ ပုဂံရာဇ၀င်ကိုအငြင်းသန်ကြသလို ငြင်းကွက်ဖော်ပြီထင်တယ်။

ကိုသုတ ။ ။ တကယ်က မှူးမတ်တွေ တော် တယ်ဆိုရမယ်ဗျ။ နို့မဟုတ်ရင် နန်းလုပွဲ အသက်အိုးအိမ်တွေ ပျက်စီးကြမယ်လေ။

ကိုရသ ။ ။ ခင်ဗျားက “ရေပွက်ပမာ - ခဏတာတည့်” ဆိုတဲ့အနန္တသရိယ မျက်ဖြေလကာင်္ရွတ်မလို့မဟုတ်လား။ ဒါလောက်တော့ သိပါသဗျ ။ဘာပြုံးတာလဲ ကိုရသ။

ကိုရသ ။ ။ခင်ဗျားထင်တာ လွဲနေလို့ပါ ။ ပြုံးတာက ဒမောကလိရဲ့ ခေါင်းပေါ်က ဓားကြီး သတိရလို့ဗျ ။

ကိုသုတ ။ ။ လာပြန်ပြီဗျို့ …Subject အသစ် ။

ကိုလေ့လာ ။ ။ ကိုရသရယ် … ကျွန်တော် တို့ကိုတော့ မျက်စိလ ည်အောင် မလုပ်လိုက်ပါနဲ့ ဗျာ။

ကိုရသ ။ ။ ကျုပ်တို့မြန်မာစာပေမှာ နန်းစည်းစိမ်နဲ့ ပတ်သက်လို့သံဝေဂလင်္ကာတွေ ရှိတယ် ။ ဒီလိုပဲ ဂရိပုံပြင်ထဲမှာ လည်းနန်းစည်းစိမ်နဲ့ ပတ်သက်လို့ သံဝေဂခန်း ဖော်ကျူးတဲ့ပုံပြင်တွေ တွေ့ ရသဗျ ။

ကိုသုတ ။ ။ အဲဒီ ဂရိပုံပြင်က “ဒမောကလိရဲ့ ခေါင်းပေါ်ကဓားကြီး” တဲ့ ။

ကိုလေ့လာ ။ ။ အင်း…ခုမှ သဘောပေါက်တော့တယ် ။ ကဲ…လုပ်ပါဦး ။

ကိုရသ ။ ။ လွန်ခဲ့တဲ့ နှစ် ပေါင်းနှစ် ထောင့်လေးရာလောက်က ဂရိပြည်မှာ ဒိယုံနိုဆီယပ်ဆိုတဲ့ ဘုရင်တစ်ပါးရှိသတဲ့။

ဂရိအစဉ်အလာအရ တရားလက်လွတ်ရင် တိရန့်မင်းဆက်လို့ခေါ်ကြတယ်။ ဒိယုံနိုဆီယပ်ဟာလည်း

တိရန်မင်းဆက်တစ်ဦးပေါ့ ။ ဒိယုံနိဆီယပ်မှာ ဆိုးကွက်ရှိသလိုကောင်းကွက်လည်း ရှိသဗျ ။ ထူးချွန်

သူတွေ ၊ ပညာရှင်တွေ သုခမိန်တွေ ကို နန်းတော် ခေါ်ပြီး ချီးမြှော က်တတ်တယ် ။ အဲဒီ အထဲမှာ ပလေ

တိုလည်းပါဆိုပဲ ။

ကိုလေ့လာ ။ ။ တိုရသဂရိပုံပြင်ကလည်း ဘယ်မှာ လဲ ခင်ဗျားပြောတဲ့သံဝေဂခန်း ၊ ကျုပ်တို့ ရှင်အဂ္ဂသမာဓိရဲ့ “ငရဲခန်

ပျို့”ဘယ်မီလိမ့်မလဲ ။

ကိုရသ ။ ။ မှန်လိုက်လေ ကိုလေ့လာရယ် ၊ ကျုပ်တို့မြန်မာစာပေက ရှင်အဂ္ဂသမာဓိရဲ့ ဘုံခန်းတို့ဆိုတာအခန့်

အထည် အဖွဲ့အနွဲ့တွေ ၊ ခမ်းနားပုံ ဘယ်မီမှာ လဲ ။ဟိုဟာ ကပုံပြင်ပါလို့ဆိုနေ ။

ကိုသုတ ။ ။ အလို…အရေး ထဲ သူတော် ချင်းချင်း သတင်းလွေ့လွေ့ပါလားဗျို့ ။ ပုံပြင်လေး ခါးပြတ်ပါမယ်ဆက်ပါဦး။

ကိုရသ ။ ။ ဘုရင် “ဒိယုံနိဆီယပ် “ ဟာတစ်နေ့မှာ သူ့မိတ်ဆွေ “ ဒမောကလိ” နဲ့ ဥယျဉ်တော် ထဲမှာ စကားလက်

ဆုံကျတယ်။

တိုတိုပြောရရင် ဒမောကလိက ထီးနန်းစည်စိမ်ဟာ မွန်မြတ်တယ်။ လောကမှာ ဇိမ်အကျဆုံးပေါ့။

အခြွေရံတွေ အရံ ၊ ဥစ္စာဓန ဘာမှ လိုလေသေးမရှိဘူးပေါ့လို့ ဆိုတယ် ။ဘုရင် ငြင်းတယ် ။ နန်းတော်

ကြီးရဲ့ စည်းစိမ်ခြွေရံတွေ ရှိပေမယ့်လည်း သင်ထင်သလို ပျော်စရာ၊ စိတ်ချမ်းသာစရာ ဖြစ်နေမယ်လို့

မထင်ပါနဲ့ တဲ့ဗျ ။ ဒမောကလိကမယုံပါဘူး ။ မြင်းစီးချင် ချက်ချင်း ရတယ် ၊ အစားကောင်း ၊အ၀တ်

ကောင်းဘာလိုလို့ လဲ … လို့ဆိုတော့ ဘုရင်ဒီယုံနိဆီယပ်က ကဲ…ဒါဆို တစ်ရက်လောက် ငါ့နေရာ

ဝင်ဘုရင်လုပ်ကြည့်ပါလို့ဆိုတော့ ဒမောကလိ သဘောခွိသတဲ့ ။

ကိုလေ့လာ ။ ။သဘောခွေ့ လုပ်စမ်းပါဗျာ ။

ကိုရသ ။ ။ခင်ဗျားဟာလေ ရသလည်းနာမလည် ၊ ကာရန်လိုက်သွားတာဗျ ၊ ရိုးရိုးသဘောကျတာထက်ပိုလို့ခွေ့က

နေ ခွိ ဖြစ်သဗျ ။ ကဲ…ရှင်းပြီးလား ။

ကိုလေ့လာ ။ ။ အင်း…နက်နဲ့ ပါပေ့ဆရာတွတ်ရယ် ၊ ကဲ…ဆက်ပါဗျာ ။

ကိုရသ ။ ။ဒီလိုနဲ့ ဒမောကလိကို တစ်ရက်ဘုရင်ခန့် တယ်။ ဘုရင် ကတော့ သာမန်လူလိုပဲ ဘေးကထိုင်ကြည့်နေသ

တဲ့။

- ဒါနဲ့ ပွဲတော် စားပွဲ အကောင်းစာ တွေ လာချ ကောင်းပါ ၊ ကောင်းပါ ။

- အခြွေအရံလေးတွေ ၀ိုင်းဝိုင်းလည် ခြေဆုပ်လက်နယ်ပြုကောင်းပါ့ ၊ ကောင်းပါ ။

သင် ဒီလိုပဲ နေ့စဉ်ခံစားရသလား ။ ဘုရင် ခေါင်ညိတ်ပြတော့ တယ်ဇိမ်ကျဗျာတဲ့ ။ ဒီတော့ဒီယုံနိဆီယပ်က ပြောတယ် ။ ဒါ ခဏမို့လို့ပါ နေစဉ်ဆို သင်ငြီးငွေ့လာလိမ့်မယ်တဲ့။ဒမောက

လိက ဟုတ်ဘူး ဟုတ်ဘူးပေါ့။

ဒီလို နေ့စဉ်ဆိုတော့ လွတ်လပ်မှူမရှိဘူး ၊ လွတ်လွတ်လပ်လပ် တွေးချိန်တောင် မရဘူး။

ကြာတော့ သူတို့ဒုက္ခ ၊ သူတို့အပူတွေ ဟာ ကိုယ့်ဒုက္ခ ၊ သူတို့အပူတွေ ဟာ ကိုယ်ဒုက္ခ ၊ ကိုယ့်

အပူတွေ ဖြစ်လာတဲ့ ။

ကိုသုတ ။ ။ဒီတော့ ဒမောကလိက ဘာပြောလဲ ။

ကိုရသ ။ ။ ဒါတော့ သင်နဲ့ ငါသဘောမတူဘူးလို့ ၊ဒမောကလိကဒီယုံနိဆီယပ်ကို ပြောတယ်။ ဒါဟာ သင့်ဟာသင်

ထင်နေတာ ၊ ဆင်းရဲသားတွေ ဘာပဲထင်ထင် သင်ဂရုစိုက်ဖို့မလိုဘူး ။ သင့်မှာ စစ်သည်ရဲမက်တွေ

လည်းရှိတယ် ။ဘာစိုးရိမ်ပူပန်စရာရှိသတဲ့ ။ ငါ အခုတစ်ရက်ဘုရင်လုပ်ရတဲ့အချိန်မှာ ငါ့မှာ ဘာရန်မှမ

ရှိ၊ ရန်လုံနေတဲ့ အစောင့်ရဲမက်တွေ လည်း အများ ကြီးပဲလို့ဆိုတော့ …။

ကိုလေ့လာ။ ။ အဲလိုဆိုတော့ ဘုရင်ဒီယုံနိဆီယပ် စိုးရိမ်ဘူးလား ။ သူ့ထီးနန်း အပိုင်သိမ်းလိုက်မှာ …။

ကိုရသ ။ ။ မစိုးရိမ်ပါဘူး ။ဒီယုံနိဆီယပ်က ပြောတယ်။ “ဒီမှာ ဒမောကလိ ၊ သင်ဟာရန်ဝေးသလား , နီးသလား သိ

ချင်ရင်သင့်ခေါင်း ပေါ် မော့ကြည့်လိုက်စမ်းပါ “ တဲ့ ။

ကိုသုတ ။ ။ ဒမောကလိ ခေါင်းပေါ် ဓားကြီးတန်းလန်းလေ ၊ အကြီးကြီး။ ပြီးတော့ အဲ့ဒီဓား ကြီးကို မြင်းမြီးသေးသေး

တစ်ပင်တည်းနဲ့ ချည်ဆွဲထားသဗျ ။

ကိုလေ့လာ ။ ။ အလိုလေး…မလွယ်ပါလား ဗျို့ ။

ကိုရသ ။ ။ ဒမောကလိက မော့ကြည့်ပြီး လန့်နေပြီး ။ ထမင်လုပ်တော့ ဒိယုံနိဆီယပ်က မထပါနဲ့ လေ ၊ သင် ဘုရင်

လုပ်ရင်ချင်ရင် မထတမ်း ဆက်လုပ် ပါတဲ့ ။

ကိုသုတ ။ ။ ဟုတ်တာပေါ့ဗျ ၊ မြင်းမြီးကသူ့အလိုလို ပြတ်ပြတ်၊ ဓားထိလို့ပဲ ဖြစ် ဖြစ် အချိန်မရွေး ပြတ်နိုင်တာပဲ ။

ကိုရသ ။ ။ ဒမောကလိက မရှင်းလို့မေးတယ် ။ ကျုပ်လည်းဘုရင်ဆက်မလုပ်ပါဘူး ။ နို့ ဘာလို့ ဒီဓားကြီးဆွဲထားရ

သလဲ ။ ဖယ်ပစ်လို့ မရဘူးလားဆိုတော့ ။ ဒိယုံနိဆီယပ်ကဒဿနဖွင့်သဗျ ။

ဒီလိုဒမောကလိရဲ့ …လောကမှာ အထိတ်ထိတ် တလန့်လန့်နဲ့ အသက်ရှင်နေရတာ ဟာ

ဘယ်လိုလဲဆိုတော့ သင်သိစေချင်လို့သာပါ ။ ငါ့မှာ ဘယ်သွားသွား အဲလိုခံစားနေရတယ် ။ ငါအ

သက်အတွက် အမြဲစိုးရိမ်နေရတယ်။

ဒီတော့ ဟင် …ရှင်ဘုရင်ရဲ့ အ ဖြစ်ဟာ ဒီလိုပဲလားဆိုတော့ ဒီလိုပါပဲတဲ့ ။ ဒါဖြင့် ဒိယုံနိဆီယပ်ရေ

…ငါတစ်ရက်တောင် ဘုရင်မလုပ်ပါရစေနဲ့ လို့ဆိုသတဲ့ဗျ ။ရွှေနန်းတော် ထဲမှာ နေပါဆိုတာ

တောင် မနေတော့ဘူး ။ ငါဘာသာငါ တောင်ရိုးပေါ်မှာ အိမ်ကလေးနဲ့ နေရတာ စိတ်ချမ်းသာပါ

တယ်တဲ့ ။

ဒီတော့ ဘုရင်ဒိယုံနိဆီယပ်က အင်း…သင် သည်လို သဘောရလိမ့်မယ်ဆိုတာ ငါလည်း တွေး

မိပါသတဲ့ ။

ကိုသုတ ။ ။ အင်း…ကောင်းပါဗျ ။ ခင်ဗျားပုံပြင်ကြား ရတာ ပုဂံရာဇ၀င်ကိုရော ၊ တကောင်းရာဇ၀င်ကိုရော ဓားထမ်း၊

တုတ်ထမ်း မငြင်းချင်တော့ပါဘူး ။

ကိုလေ့လာ ။ ။ ဒါပေမဲ့ ကျွန်တော် ကတော့ ချင်ခြင်းတစ်ခုတပ်သဗျ ။

ကိုရသ ။ ။ အလို … ဘယ်လိုများ ဖြစ်ရတာ လဲ ကိုလေ့လာရယ် ၊ ယောကျာ်းရင့်မြးကီးဗျာ ။

ကိုလေ့လာ ။ ။ကိုရသက လုပ်ရော့မယ်။ ဒီလိုပါ ။ ကျွန်တော် ချက်ခြင်းတပ်ဆိုတာ တွေးမိတာကို ပြောတာပါ။ကံရာဇာ

ငယ်ကို ဒီပုံပြင်လေး အရင်ကပြောပြမိရင် တကောင်းရာဇ၀င် တစ်မျိုးတစ်ဖုံး ပြောင်းသွား မလားလို့ပါ။

ကိုသုတ ။ ။ အတွေးအခေါ်ပါဘိ ကိုလေ့လာရယ် ၊ အလို…ကိုရသ ၊ နူတ်ခမ်းတရွရွနဲ့ ဘာများ ရွတ်နေပါလိမ့် ။

ကိုရသ ။ ။ သီချင်းညည်းမိတာပါဗျာ ၊ တကောင်းအဘိရာဇာ သာကီမျိုးပေမို့…။

မြန်မာ့ဓန

ဇူလိုင်လ ၊၂၀၀၁ခုနှစ်

စာကိုး ။ ။ ဒမောကလိရဲ့ ခေါင်းပေါ်ကဓားကြီး (သခင်ဘသော င်း)

၁၉၉၂ ဒီဇင်ဘာ အတွေးအမြင်။

* * * * * * *

့်

ဘယ်ဟာက ကြီးပါလိမ့်

ဘယ်ဟာက နီးပါလိမ့်

“သပြေသီး၊ ရေကကြီးသနဲ့

ထန်းသီးကကြွေ ၊ မိုးကစွေ “သတဲ့ ။

ရှေးစာဆိုတို့ ဆိုခဲ့ကြပါတယ်။ ဇူလိုင်လထဲမှာ တော့ မိုးဖြိုင်ဖြိုင်ကျနေပါပြီး ။ ကမ္ဘာအရပ်ရပ်မှာ နှစ် စဉ်နှစ် တိုင်းလိုလိုပါပဲ ၊ ရေဘေးအန္တရာယ်အပါအ၀င် သဘောဝဘေးအန္တရာယ်များ ကို လူသားတို့ ရင်ဆိုင်ခဲ့ကြရပါတယ် ။ အဲဒီ အန္တရယ်တွေ ကို မထိန်းချုပ်နိုင်သေးတဲ့ ကာလအတွင်းအန္တရယ်များ လျောနည်းစေတဲ့ အစဉ်တွေ ပြုလုပ်ဖို့ လိုအပ်လှပါတယ် ။ အခုလောလော ဆယ်အခြေအနေမှာ တော့ ကမ္ဘာ့လူသားတို့ဟာသဘာဝဘေးအန္တရယ်ဆိုးကြီးတွေ ဖြစ်ပေါ်လာမည့်  အခြေအနေတွေ ကို စောင့်ကြည့်ပြီး အဲဒီ န္တရာယ်ဆိုးကြီးတွေ ရဲ့ သတင်းတွေ ကို ခန့်မှန်းကာ သတိပေးချက်များ ကို အချိန်မီထုတ်ပြန်နိုင်ဖို့ ကမ္ဘာ့တိုင်းပြည်တိုင်းလိုလို မှာ မိုးလေ၀သဌာနများ ရယ်လို့ ရှိနေကြပါတယ် ။

သဘာဝဘေးန္တရာယ်တွေ ထဲမှာ ရေဘေးအန္တရာယ်ဟာ တစ်ခုအပါအ၀င် ဖြစ်ပါတယ် ။ ရေဟာ လူသားတွေ အသက်ရှင်ရေး အတွက်မရှိမ ဖြစ် အရေး ပါသလို ၊ လိုအပ်သည်ထက် ပိုမိုများ ပြားလာတဲ့အခါမြစ်ချောင်းအင်းအိုင်တွေ ရေလျှံပြီး များ လွန်းမက များ ကာ လူသားတို့အတွက် အန္တရာယ်ကြီး ဖြစ်လာပါတော့တယ် ။

မိုးရာသီမှာ တချို့မြစ်များ ရေစီးကြောင်းပြောင်းလို့ အသစ်နေရာတစ်ဝိုက်မှာ မမျှော်လင့်ဘဲ ရေလွှမ်းတတ်ပါသတဲ့။ အချို့နိုင်ငံတွေ မှာ တော့ မိုးသက်မုန်းတိုင်းနဲ့ ဒီရေအတက်ကြမ်းတဲ့အတွက် ရေကြီးတတ်ပါသတဲ့ ။ တချို့ အေးမြတဲ့ဒေသတွေ မှာ ရှိရင်းစွဲရေခဲပြင်များ ၊ မြစ်ရေစီးကြောင်းမှာ မျောပါပြီး တစ်နေရာရာမှာ ပိတ်ဆို့မူကြောင့် လည်း မြစ်ဝှမ်းဒေသတွေ မှာ ရေကြီးတတ်ပါသတဲ့ ။

သစ်တောများ ပြုန်းတီးခြင်းကလည်း ရေကြီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ မြစ်ချောင်းအင်းအိုင် တစ်လျှောက် ပတ်ဝန်းကျင်အနီးအနားမှာ ရှိတဲ့သစ်တော ၀ါးတောများ ကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲပစ်တဲ့အခါများ မှာ မြစ်ချောင်းအင်းအိုင်များ က လျှံကျလာတဲ့ရေကို စုပ်ယူနိုင်မည့် အပင်များ မရှိတော့ခြင်းကြောင့် ရေကြီးနိုင်ပါတယ်။ အပင်တစ်ပင်ရဲ့ အမြစ်များ ဟာ တစ်နေကိုရေဂါ လံပေါင်းများ စွာ စုပ်ယျူနိုင်တဲ့အတွက် သစ်တောတစ်တောဆိုလျှင် ရေတန်ချိန်များ စွာ စုပ်ယူထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ အခြားအကြောင်းတစ်ခုက မြစ်နဲ့ မြစ်လက်တက်တို့ တိမ်ကောလာခြင်း ၊ ငလျင်လူပ်တဲ့အခါမှာ လည်း…

“ ဗျို့ ဆရာ …ဗျို့…ဆရာ …”

အရေး ကောင်း ဒိန်းဒေါင်းတော့ဖျက်ပြီ ။

အရေး ကောင်း ဒိန်းဒေါင်းတော့ဖျက်ပြီး ။

တူတော် မောင်ကျောင်းသားတို့ သူတို့ဆရာမ စာစီကုံးရေခိုင်းတာကြောင့် လာအပူကပ် ၊ ရေကြီးရခြင်းအကြောင်း အချက်အလက်စုဆောင်းမှတ်စုထုတ်ပေး ၊ ရေး ဖို့အစီအစဉ် ချပေးမယ်ကြံရုံရှိသေး ၊ ခြံဝကအော်ခေါ်သံ ကြားရပါတော့တယ် ။ လှမ်းကြည့်လိုက်တော့ အားရက်လာနေကျ ပုဂ္ဂိုလ်များ ၊ကိုသုတ၊ ကိုရသနဲ့ ကိုလေ့လာ ။

“ဧည့်သည် တစ်ယောက် လည်းပါတယ် ဆရာရေ့ “

ဧည့်သည် ပါသတဲ့ ။ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားတယ်။ ဧည့်ကြောက်တဲ့ ရောဂါ ဘယ်အခါက ကပ်လာတယ်မသိ ။ လူရင်းကကိစ္စမရှိ ။ အကြောင်းသိချင်း။ ဧည့်သည်ပါလာတယ်ဆိုသဖြင့် နေရာကျဉ်းကျဉ်း၊ ပွပြန့်ကြဲနေသည့် စာအုပ်များ စုထပ် ၊ကမန်းကတန်း လူပ်ရှားရသည်။

“လုပ်မနေပါနဲ့ ဗျာ ၊ သင့်သလိုထိုင်ကြတာပေါ့”

“ သြော်…ဧည်သည်ဆိုလို့ဘယ်သူများ လဲလို့ ဆရာလေးကို”

ကျွန်ုပ်စာသမားများ ရဲ့ ဒေါက်တာ ၊အားလုံးက ချစ်ခင်ကြသည် ဆရာလေး။ အသားအလတ်လတ် ၊ မျက်လုံးဝိုင်းဝိုင်း ၊ ၀ ,မှာ ကြောက်တဲ့ဆရာဝန် ။

“ အဟွတ် …အဟွတ်”

ကိုသုတ ။ ။ ဟော…ဆရာကြည် ကတော့ လုပ်ပြီ ။ ဆရာဝန်လာတယ်ဆိုမှ ချောင်းဆိုပြနေပြန်ပြီ။ချောင်းဆိုးတာအ

ဆိုးမတတ်ရင်တရားစွဲ ခံရတတ်သဗျ ။

ကိုလေ့လာ ။ ။ ကိုသုတကပြောရော့မယ် ။ အဆိုးမတော် ရင်ဆေးထိုးအပ်နဲ့ တွေ့ မယ်လုပ်စမ်းပါ ။

ကိုသုတ ။ ။ မဟုတ်ပါဘူးဗျာ ၊ တကယ့်ကို တရားစွဲခံရတဲ့သာဓကရှိလို့ပါ ။

ကိုရသ ။ ။ ခင်ဗျားတို့လုပ်တာနဲ့ လမ်းမှာ ငြင်းလာတဲ့အကြောင်းရင်းလေး ပျောက်တော့မှာ ပဲ။

ကျွန်တော် ။ ။ အလို…ခင်ဗျားတို့လာရင် ပြဿနာတန်းလန်းနဲ့ ပါလား ဗျို့။ လုပ်စမ်းပါဦး ။ ဘာတွေ အဝေမ

တည့် ဖြစ်လာကြတုံး ။

ဆရာလေး။ ။ဒီလို ဆရာရေ့ ၊ သူတို့က ဆရာဝန်ပါလာလို့လားတော့မသိဘူး ၊ မိုးတွင်း ရောဂါ နဲ့ ကိုရသပြောတဲ့ ၀ါ

သနာ ရောဂါ ဘယ်ဟာကြီးပါလိမ့် ။ဘယ်ဟာက နီးပါလိမ့် ငြင်းလာကြသဗျ။

ကိုလေ့လာ ။ ။ ကျွန်တော် သိတယ် ၊ဆရာကြည်ခေါင်းကုတ်မယ်ဆိုတာ ၊မရှင်းဘူးမဟုတ်လား ။ ဒီလိုပါ ။ ကိုသုတက

သူတို့အိမ်နားက ကလေး လေး မိုးတွင်း ရောဂါ သွေးလွန်တုပ်ကွေး ဖြစ်တဲ့အကြောင်း ပြောပြတယ်။

ကိုသုတ ။ ။ဟုတ်တယ်လေ ၊ဇွန် ၊ ဇူလိုင် ၊ သြဂုတ်လတွင် သွေးလွန်တုပ်ကွေး ကလေးတွေ ဖြစ်မှ ဖြစ်ဗျာ ။ ဒါ သိပ်

အရေး ကြီးတဲ့ ကိစ္စ ။

ကိုလေ့လာ ။ ။ အဲဒါကို ဒါ့ထက်ပိုအရေး ကြီးပြီး သွေးစည်းကာ တိုက်ဖျက်ဖို့လိုတာက အေအိုင်ဒီအက်စ်ပါလို့ ကိုရသ

ခွတိုက်သဗျ။

ကိုရသ ။ ။ခွမတိုက်ပေါင်ဗျာ ၊ တကယ်ကို အရေး ကြီးလို့ ၊ ဖွံဖြိုးဆဲနိုင်ငံတွေ မှာ ကူးစက်နူန်းမြန်လာ ၊အစက အမျိုး

သားတွေ တင်များ သလားမှတ်တယ် ၊ ခုတော့ အချက်အချာက အမျိုးသမီးငယ်တွေ ဖြစ်နေသတဲ့.။ ကဲ.

ဘယ်ဟာကပိုအရေကြီးသလဲ ။

ကျွန်တော် ။ ။သြော်…လိပ်ပတ်လည်ပြီဗျို့ ။ ဒီတော့ ဒီလိုလုပ်ပါ ။ အကြီးအသေးကို ဒုတိယဆွေးနွေး ၊ အနီးအဝေး

ကို ပထမ ဆွေးနွေး ၊ ကဲ … မကောင်းဘူးလား ။

ဆရာလေး ။ ။ ဟား …ဟား ၊ဟုတ်ပြီဟုတ်ပြီ ၊ ဆရာကြည်ပြောမှ ရှင်းတော့တယ် ။ နို့မဟုတ်ရင် အဖြေမရဘဲ လုံး

နေလိမ့်မယ်။

ကိုသုတ ။ ။ကဲ…ကိုရသ ၊ကြားတယ်နော်၊ အစကတို့မပြောလား ။

ကိုလေ့လာ။ ။ခင်ဗျားက ဆရာကွေးခေါင်းစဉ်ကြီး လုပ်နေပြန်ပါပြီ ။

ကဲ …ဆရာလေးလည်းရှိတုန်း ၊ ဗဟုသုတ မျှပါဦး။တကယ်သိချင်လို့ပါ ။ ကျွန်တော် တို့တစ်လမ်း

ကျော်မှာ လည်း သွေးလွန်တုပ်ကွေး ဖြစ်သံ ကြားတယ် ။

ဆရာလေး ။ ။ အင်း…စာပေစကားလေး ကြားရမလားလို့ လာပါတယ် ။အလှည့်ကျတော့လည်း မနွဲ့တမ်းပေါ့လေ။

ဆရာကြညပြောသလို အနီးအဝေးကို ပထမဆွေးနွေးဆိုတော့…

သွေးလွန်တုပ်ကွေးက မိုးရာသီမှာ အ ဖြစ်များ တယ် ။ အထူးသဖြင့် ကလေးတွေ ပေါ့ ။ ၄-၅-၆နှစ် ။

အဓိက ခြင်ကျားပဲ ။ ခြင်ကျားက လူနာမဖျားခင် ၁ရက် ၊ ဒါမှမဟုတ် ဖျားနေဆဲ ၄-၅ ရက်မှာ ကိုက်တဲ့

ခြင်ထဲ ရောဂါ ပိုးပါသွားတာပဲ ။ အလွန်သေးတဲ့ဗိုင်းရပ်ပိုးပေါ့ ။ ဒိန်းဂွီဗိုင်းရပ်လို့ခေါ်တာပဲ။ ခြင်ကျားဟာ

ရောဂါ ရှိသူကိုကိုက်ပြီး ချက်ချင်း နောက် တစ်ယောက် ကိုက်ရင်မ ဖြစ်ဘူး ။ ရောဂါ ရှိသူကိုက်ပြီး ၈ရက် ၊

၁၂ ရက်ကြာပြီးမှ ကိုက်မှ ဖြစ်တာ ။ သူ့သက်တမ်း (၃) လအတွင်းနောက် တစ်ယောက် ၊ နောက်တစ်

ယောက် ၊ ဒီလိုနဲ့ အများ ဆုံး ဖြစ်တာပဲ

ကိုသုတ ။ ။ မြန်မာနိုင်ငံ ကို၁၉၇၀ မိုးဦးကစပြီး ကပ် ရောဂါ အသွင်နဲ့ ၀င်ရောက်လာတယ်လို့ ကျွန်တော် ဖတ်ဖူးတယ်

ဆရာလေး ။ ။ ဟုတ်ပါ့ ၊ ရောဂါ ပိုးပါတဲ့ ခြင်ကျားက ကိုက်ပြီး ၂ ရက်က ၆ရက် ရောဂါ လက္ခဏာ မပေါ်သေးဘူး ။ အဲ.

နောက်မှကိုယ်လက်မအီမသာ ဖြစ် ၊ နှာရည်ယို ၊ချောင်းနည်နည်းဆိုး ၊ တချို့ ရုတ်တရက်ကိုယ်ပူ ၊

၁၀၃ ဒီဂရီဖာရင်ဟိုက်၊ ၁၀၆ ဒီဂရိ ဖာရင်ဟိုက်လောက်ထိ တက်သွားတယ် ။ ကိုက်ခဲပေါ့ဗျာ ။ မျက်

စိစူး၊ မူဝေအော့အန် ၊ မစားချင်မသောက်ချင် ဖြစ် ၊ အိပ်မပျော် ၊ စိတ်ဓာတ်ကျ၊ ခန္ဓာကိုယ်အရေပြားပေါ်

မှာ အနီစက်အပြောက်လေးတွေ ပေါ်လာတယ် ။ ပထမတော့ ခြေဖမိုး၊ လက်ဖမိုး ပေါ့ ။နောက် တစ်

ကိုယ်လုံး လည်ပင်း ၊ ချိုင်း ၊ ပေါင်ခြံတွေ မှာ အကျိတ်တွေ ဖြစ် ။

ကိုလေ့လာ။ ။တော် တော် ဆိုးတာပဲနော်။

ဆရာလေး ။ ။ ဟုတ်တယ် ။ တချို့ တစ်ပတ်ကျော် အပြင်းဖျားတတ်တယ် ။ ကယောင်ကတမ်း ဖြစ် ၊ မျက်နှာရဲ ၊

ကိုယ်ပူနေပေ မယ့်ခြေဖျားလက်ဖျားတွေ အေးနေတတ်တယ် ။

ကိုသုတ ။ ။ ဒါတွေ ကျွန်တော် တို့ သိသင်တာပေါ့ဗျာ ။ များ သော အားဖြင့် ကျွန်တော် တို့ စာသမားတွေ ဟာ ကျန်းမာ

ရေှးဗဟုသုတ နည်းတတ်ကြတယ် ။

ကိုရသ ။ ။ အခွင့်ရတုန်းအုပ်ထား ကိုသုတရေ ။

ကိုလေ့လာ ။ ။ ကိုသုတပြောတာမှန်ပါတယ် ကိုရသရယ် ၊ကဲ … ဆရာလေး လုပ်ပါဦး ။

ဆရာလေး ။ ။ ခန္ဓာကိုယ် နေရာအနှံ့ အပြားမှာ သွေးခြေဥ အနီစက်တို့၊ အပြာကွက်တို့ ထင်လာတတ်တယ် ။ တစ်

နေရာမှာ နည်းနည်း ထိခိုက်မိတာနဲ့ သွေးခြေဥတက် ၊ သွေးယိုတတ်တယ်။ ဆေးထိုးပေးရင် အဲဒဏ

နေရာမှာ လည်းသွေးခြေဥ ၊ သွေးယိုတတ်တာပေါ့ဗျာ ။

ကိုရသ ။ ။ တယ်ဆိုးတဲ့ ရောဂါ ပဲ ။

ဆရာလေး ။ ။ ကလေးဟာ တော် တော် ခံရတယ်ဗျ ။ နူတ်ခမ်းတွေ ပြာလာ၊ခြေသည်းလက်သည်း တွေ ပြာလာ ၊ မ

လူပ်နိုင်မယှက်နိုင်ဟေ့ဗျာ ။ တချို့ကလေးများ ကော်ဖီရောင် လို ၊ အညိုရောင် လို့ သွေးအန်တတ်

တယ်။ သွေးဝမ်းမည်းသွားပြီး သွေးလွန်မေ့မျောသွားတတ်တယ် ။ အချိန်မီမကုနိုင်ရင် အသက်ပါ

ဆုံးတတ်တယ် ။ ဒါမှမဟုတ်လည်းဦးနှောက်သွေးကြောလေးတွေ ပြတ် ၊ဦးနှောက်ချို့ ယွင်းသွားတတ်

တယ် ။

ကိုသုတ ။ ။ သိပ်ကြောက်စရာကောင်းတဲ့ ရောဂါ ပဲ ။

ဆရာလေး ။ ။ ဒါကြောင့် သွေးလွန်တုပ်ကွေး ဖြစ်တတ်တဲ့ ရာသီတွေ မှာ ကိုယ်အနီးအနား ဖြစ်တယ်ကြားရင် ကိုယ်

ကလေးကိုအထူးဂရုစိုက်ဖို့ လိုတယ် ။ နေ့ ဖြစ် ဖြစ် ည ဖြစ် ဖြစ် ကလေးအိပ်ရင် ခြင်ထောင်နဲ့ သိပ်ဖို့လို

တယ် ။

ကိုလေ့လာ ။ ။အင်း … တချို့ ခြင်ထောင်…

ကိုရသ ။ ။ ဒါ ကတော့ ကိုလေ့လာရယ် ၊ မထွေးပုံပြင်ထဲက လို မကြီးလိုရင် တစ်ပတ်လျှော့ ၊ အရေး ကြီးတာဦးစားပေး

ဝယ်ရမှာ ပေါ့ ။

ကိုလေ့လာ ။ ။ အင်း…ငါ့ဝမ်းပူစာကလည်း အနေသာဘူးနော် ။

ဆရာလေး ။ ။ အဲ …ဖျားနာလာရင် ပေါ့ပေါနေလို့မရဘူး ။ ဆေးမြီးတို့နဲ့ အချိန်ကုန်မခံဘဲ ဆေးရုံးဆေးခန်းတန်းသွား

ဖို့လိုပါတယ်။ သွေးသွင်တာတို့ ၊ဓာတ်ဆားရည်တိုက်တာတို့ ၊ အောက်ဆီဂျင် ပေးတာတို့ ၊ လိုအပ်

သလို ဆရာဝန်က ကုသပေးပါလိမ့်မယ်။

ကိုရသ ။ ။ ၀မ်းရေး ထက် လွမ်းရေး ခက်ပေါ့ဗျာ ။

ဆရာလေး ။ ။ဂရုတစိုက်ကြပ်မတ်မှ ကလေးအသက်ရှင်နိုင်မယ် ။ နာလန်ထမှာ လည်း ကြက်ဥ ၊ နွားနို့ ၊ စွပ်ပြုတ် …

အစရှိသဖြင့် အားရှိတဲ့အစာတွေ ကျွေးဖို့လိုပါတယ်။ အဓိက ခြင်ကိုက်မခံဖို ၊ခြင်နှိမ်နင်းဖို့ လိုတာပေါ့။

ကိုလေ့လာ ။ ။ ကဲ…ဆရာလေးရယ် ၊ နီးတာတော့ သိရပါပြီ။ ကြီးတာလေး လုပ်ပါဦးဗျာ။

ကိုရသ ။ ။ ကြီးတာကြီးလုပ်ပါဗျာ။

ဆရာလေး ။ ။ အေအိုင်ဒီအက်စ်ဟာ တကယ်ကို ကြောက်စရာ ရောဂါ ပါဗျာ ။ လိင်ဆက်ဆံအပျော်အပါးရှောင်ဖို့ ၊ မူး

ယစ်ဆေးဝါးသုံးစွဲမူရှောင်ဖို့တွေ အဓိကလိုအပ်ပါတယ်။

ကိုလေ့လာ ။ ။ ဒီ ရောဂါ က ဘယ်ကလာတာလဲဆရာလေး ။

ဆရာလေး ။ ။ အင်း… ၁၉၈၁ ခုက အမေရိကန်မှာ ထင်ထင် ရှားရှားစတွေ့ တယ်လို့ဆိုတယ် ။ ဒေါက်တာရောဘတ်

ဂယ်လိုကစတွေ့ သတဲ့ ။၁၉၅၆ ခုတည်းက အာဖရိကအလယ်ပိုင်းမှာ တွေ့ ရတယ်လို့လည်းအဆို

တစ်ခုရှိတယ်။ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေ မှာ စတွေ့ တယ်လို့ ဆိုတယ် ။

ကိုသုတ ။ ။ အမျိုးသမီးငယ်တွေ အချက်အချာကျတယ်ဆိုတာက -

ဆရာလေး ။ ။ ဟုတ်တယ် ၊ ကုလသမဂ္ဂဖွံ့ဖြိုးမူ အစီစဉ်ရဲ့ လေ့လာချက်အရ အိပ်အိုင်ဗွီပိုးရှိတဲ့ အမျိုးသမီး ၃၀၀၀မှာ

၇၀ %ဟာ အသက်ကိုစစ်ရင် ၁၅ နှစ် ကနေ၂၅ နှစ် အတွင်း ကမ္ဘာနဲ့ အ၀ှမ်း နေ့စဉ် အေအိုင်ဒီအက်စ်

ကြောင့် သေဆုံးရတဲ့လူ ၅၀၀ အနက် ၇၀% ဟာ လည်းအမျိုးသမီးငယ်တွေ ပဲ ။

ကိုလေ့လာ ။ ။ ဘယ်လို ဖြစ်ရတာ လဲ ဆရာလေးရယ်။

ဆရာလေး ။ ။အင်း…မှီခိုမူပြုရတဲ့ အခြေအနေဟာ ဘေးအန္တရာယ်ကိုကျရောက်စေနိုင်တယ်ဆိုတာ အမှန်ပါပဲ ။ ကမ္ဘာ

ကျန်းမာရေး အဖွဲ့ ကမ္ဘာလုံးဆိုင်ရာအေအိုင်ဒီအက်စ်လုပ်ငန်းစဉ်အမူဆောင် ဒေါက်တာမိုက်ကယ်မာ

ဆင်က အမျိုးသမီးငယ်တွေ ရောဂါ ကူးစက်စေတဲ့အကြောင်းရင်းပြောခဲ့တယ် ၊ခန္ဓဗေဒအရရယ် ၊အ

သက်ကြီးသူကို လက်ထပ်ခြင်းရယ် ၊ကိုယ်ဝန်ဆောင်ချိန် ၊ မီးဖွားချိန် သွေးသွင်းဖို့လိုအပ်ရင် အဲ့ဒီ သွေ

သွင်းခြင်းကတစ်ဆင့် ကူးနိုင်ပါတယ် ။

ကိုသုတ ။ ။ ဘယ်နိုင်ငံတွေ အများ ဆုံးလဲဆရာလေး။

ဆရာလေး ။ ။ဖွံဖြိုးဆဲနိုင်ငံတွေ မှာ ဖြစ်နူန်းများ တယ်လို့ ဆိုပါတယ်။လူပေါင်းစုံနဲ့ ဆက်ဆံတာ ၊ဖွံဖြိုးဆဲနိုင်ငံတွေ ပိုသိ

သာတယ် ။လိင်တူဆက်ဆံတာတို့ ၊မူးယစ်ဆေးသုံးစွဲခြင်းကတစ်ဆင့် ကူစက်မူတို့ဟာစက်မူနိုင်ငံတွေ

မှာ ပိုများ တယ်လို့ ဆိုပါတယ် ။

ကိုရသ ။ ။ ဆင်းရဲမွဲတေမူကြောင့် အမျိုးသမီးတွေ ပြည့်တန်ဆာဘ၀ရောက်ရ ၊၊ ကူးစက်နူန်းမြန် ။ အာရှတိုက် တချို့

နိုင်ငံတွေ မှာ ပြည့်တန်ဆာများ အနက် ၇၀%မှာ ရောဂါ ပိုးရှိနေတယ်လိုဆိုပါတယ်။

ကိုသုတ ။ ။ ဖြစ်လာရင် ဖွင့်ပြောဖို့လိုတာပေါ့နော် ။

ဆရာလေး ။ ။လိုတာပေါ့ဗျာ ၊တစ်ဦးချင်းအဆင့်၊ မိသားစုအဆင့်၊ရပ်ရွာ လူမူ အသိုက်အ၀န်းအဆင့် ၊ အမျိုးသားအ

ဆင့်၊ ဒေသဆိုင်ရာအဆင့် စသည်ဖြင့် အသိပေးသင့်တာပေါ့။

ကိုလေ့လာ ။ ။ စီးပွားရေး အဆင်ပြေအောင်တို့ ၊ပညာပေးဟောပြောတာတို့အဖွဲ့အစည်းတွေ က လုပ်မှာ ပေါ့နော်။

ဆရာလေး ။ ။ လုပ်ပါတယ် ။ ၁၉၇၅ ခုနှစ် က မက္ကဆီကိုမြို့မှာ ကမ္ဘာ့အမျိုးသမီး ညီလာခံကျင်းပတယ် ။ အမျိုးသမီး

များ ကျန်းမာရေး ကိစ္စကို ကမ္ဘာလုံးဆိုင်ရာကိစ္စအ ဖြစ် ဆွေနွေးခဲ့ကြတယ် ။ နောက် ကိုပင်ဟေဂင်မှာ

လုပ်တယ် ။ ၁၉၈၀။နောက် နိုင်ရိုဘီမှာ ၁၉၈၅တတိယအကြိမ်။

ကိုသုတ ။ ။ သြော်…အရေး ကြီးတာ မေ့နေတယ် ။ ဖြစ်တဲ့လက္ခဏာလေး။

ဆရာလေး ။ ။ခုခံအားကျဆင်းမူ ရောဂါ လို့ သတ်မှတ်နိုင်အောင် အေအိုင်ဗီပိုး တွေ့ ရမယ် ။ အဓိကစမ်းသပ်တွေ့  ရှိချက်က -

- ကိုယ်အလေးချိန် ၁၀%ထက် ပိုလျော့နည်းမယ်။

- တစ်လထက်ကြာတဲ့ ၀မ်းလျှော ရောဂါ ဖြစ်မယ် ။

- တစ်လထက်ကြာတဲ့ အဖျား ရောဂါ ဖြစ်မယ်ပေါ့ဗျာ ။

ကိုလေ့လာ။ ။ အဓိကဆိုတော့ သာမညအချက်က ရှိသေးလို့လား ။

ဆရာလေး ။ ။ ဟုတ်ကဲ့ဗျာ ၊ သာမညစမ်းသပ်တွေ့ ရှိချက်က-

-တစ်လထက်ကြာအောင် ချောင်းဆိုးမယ်။

- ခန္ဓာကိုယ်အနှံ့အပြား အရေး ပြားယားယံ ရောင် ရမ်းမယ်။

- အပြင်းစားရေယုန် ရောဂါ မကြာခဏ ဖြစ်မယ် ။

- သာမန်ရေယုန် ရောဂါ ကာလကြာမြင့်စွာ ခန္ဓာကိုယ်အနှံ့ ဖြစ်မယ် ။

- ပါးစပ်နဲ့ လည်ချောင်းမှာ မှက္ခရုပေါက်မယ် ။

- ခန္ဓာကိုယ်အနှံ့ အကျိတ်ရောင် မယ်ပေါ့ဗျာ ။

ကိုရသ ။ ။ ကြောက်စရာကြီးနော် ။

ဆရာလေး ။ ။ ကြောက်စရာတော့ မှန်ပါတယ်။ ဒါပင်မဲ့ ရောဂါ ရှင်ကို ကြင်နာဖို့လိုပါတယ် ။ထိရုံ ၊ အတူနေထိုင်ရုံ ၊ စား

သောက်ရုံနဲ့ တော့ မကူးနိုင်ပါဘူး။

ကိုလေ့လာ ။ ။ ဒါထက် ဆရာကြည် စောစောက ချောင်းဆိုးတယ်။ တစ်ကိုယ်လုံးတော့ မယားသေးပါဘူးနော်။သြော်

ခုမှသတိရတယ် ။ ချောင်းဆိုးလို့တရားစွဲခံရတယ်ဆိုတာ ကိုသုတပြောခဲ့တယ်နော် ။

ကိုရသ ။ ။ ဟုတ်တယ် ၊ ဟုတ်တယ်။ ပညာရပ်တွေ ဆည်းပူနေရတာ ခေါင်းကျပ်နေပြီ။ လုပ်ပါဦးကိုသုတ ။

ကိုသုတ ။ ။ ကိုလေ့လာက မမေ့ဘဲကိုးဗျ ။ ဒီလိုဗျာ ဒေါက်တာထင်အောင်ရဲ့ ဥပဒေပုံပြင်ထဲမှာ တွေ့ ရတာ ပါ ။

ဒီလိုဗျာ…တစ်ခါက မုဆိုးတစ်ဦးဟာ မိုးသောက်ချိန်ကစပြီး တစ်မနက်လုံး ဒရယ်တစ်ကောင်ကို လိုက်

လံချောင်းမြောင်းနေသတဲ့၊ အဲဒီ ဒရယ်က ရေအိုင်တစ်အိုင်ကိုဆင်း၊ ရေသောက်ဖို့ ရပ်တန့်နေခဲ့တယ်

မုဆိုးက ချိန်နေတာပေါ့ ။ တစ်တောလုံးကလည် တိတ်နေတာပေါ့။ မုဆိုးဟာလေးမှာ မြားတပ် ၊ ပစ်

မယ်လို့ ချိန်ရွယ်လိုက်တယ်။

ကိုလေ့လာ။ ။ ဒက်ထိမှန်သွားရော ဆိုပါတော့။

ကိုရသ ။ ။ နေပါဦး ကိုလေ့လာရယ် ၊ ပစ်မလို့ချိန်တုန်းပါဗျာ။

ကိုသုတ ။ ။ ဟုတ်တယ်ဗျ ၊ အဲဒီ လိုချိန်ရွယ်နေတုန်း သစ်ခုတ်သမားတစ်ဦးဟာ သူပုဆိန်ပခုံးထမ်းပြီး မုဆိုးအနီးက

ဖြတ်သွားတယ်။သစ်ခုတ်သမားကလည်းထင်းခုတ်ပြီး အိမ်အပြန်ပေါ့ဗျာ ။ သူဟာ မုဆိုးနားအရောက်

မှာ ချောင်းဆိုးလို့ မုဆိုးကစိတ်ဆိုးတာပေါ့ ။ စိတ်ဆိုးရုံကမ သစ်ခုတ်သမားဆီက လျော်ကြေးတောင်း

သဗျ ။

ကိုရသ ။ ။ အဲဒီ တော့ -

ကိုသုတ ။ ။ အဲဒီ တော့ သစ်ခုတ်သမားက သူချောင်းဆိုချင်လို့ ဆိုးမိတာ ဘာတတ်နိုင်မလဲ ၊ သူဟာ မုဆိုးကိုလည်း

တွေ့ ၊ ဒရယ်ကိုလည်း တွေ့ တာမှမဟုတ်ဘဲလို့ ငြင်းသဗျ ။

ကိုရသ ။ ။အင်း…ဒါလည်းဟုတ်တာပဲ။

ကိုသုတ ။ ။ ဒါနဲ့ ငြင်းခုံးကြရင်း နောက်ဆုံးတော့ အဲဒီ ပြဿနာဟာတရားဥပဒေကျွမ်းကျင်တဲ့ မင်းသမီးထံ ရောက်

ခဲ့တယ်။

ကိုလေ့လာ ။ ။ အမူကစိတ်ဝင်းစားစရာပဲဗျို့ ။ဒါနဲ့ ရက်ချိန်းရောလား ။

ကိုရသ ။ ။ တရားခက်သော် ရက်ရှည်သွေး၍ တဖြည်းဖြည်းစီရင်ရာ၏ …တဲ့ဗျ ။

ကိုသုတ ။ ။ ရက်မချိန်းပါဘူးဗျာ ၊ စီရင်ချက်ချပါတယ်။

ဆရာလေး ။ ။ ဟုတ်ပြီဗျို့ ၊ ခုမှပဲ စာစကားကြားရတော့တယ် ။ ကဲ…စီရင်ချက်လုပ်ပါဦး ကြားနားရအောင်။

ကိုသုတ ။ ။မင်းသမီးရဲ့ စီရင်ချက်က -

တောရွာတစ်ရွာမှာ ချောင်းဆိုးသံဟာ ထူဆန်းတဲ့အသံမဟုတ် ။ထို့ကြောင့် ရွာသားတစ်ဦးအဖို့

သူ့အနေနဲ့ ချောင်းဆိုးသင့်မသင့် အထူးအထွေ သတိထားနေရန်မလိုပေတဲ့ ။

ကိုရသ ။ ။ ဒါမှန်တာပေါ့ဗျာ ။

ကိုသုတ ။ ။ မပြီးသေးဘူး ကိုရသရဲ့ ၊ ဆက်နားထောင်ပါ ။ မင်းသမီးကမည် သို့ပင်ဆိုစေ တောထဲ သွားလာကြတဲ့အ

ခါ တောတွင်း၌ ထူးဆန်းသော အသံဗလံများ မ ဖြစ်ပေါ်လာစေရန် လူတိုင်းအဖို့ အထူးသတိဝီရိယထား

၍ သွားလာကြရသည် ဖြစ်သတဲ့။

ကိုလေ့လာ ။ ။ဒါလည်း ဟုတ်တာပဲဗျ ။

ကိုသုတ ။ ။ အဲဒီ တော့ ချောင်းဆိုးသံဟာ တောထဲ၌ တောတိရစ္ဆာန်တို့အဖို့ ထူးဆန်းပြီး ထိတ်လန့်

မူကို ဖြစ်စေနိုင်သော အသံ ဖြစ်သော ကြောင့် ထင်းခုတ်သမားအနေ ဖြစ်စေနိုင်သော အသံ ဖြစ်သော

ကြောင့် ထင်းခုတ်သမားအနေဖြင့် ချောင်းမဆိုမီ သတိဝီရိယ ထားခဲ့သင့်သည်။ ထိုကြောင့် ထင်း

ခုတ်သမားအနေဖြင့် မုဆိုးအား ဒရယ်လက်လွတ်ဆုံးရူံး ရသည့်အတွက် လျော်ကြေးငွေ ပေးဆောင်

ရပေမည် တဲ့ဗျာ။

ကိုရသ ။ ။ အောင်မယ်လေးဗျ ။

ကိုလေ့လာ ။ ။ ဘယ်လို ဖြစ်ရတာ လဲ ကိုရသရယ် ၊ အထိတ်တလန့် ။

ကိုရသ ။ ။ သြော် … သစ်ခုတ်သမား သနားလို့ပါဗျာ။ သူ့ခမျာ ထင်းလေးခုတ်ပြီးလို့ အိမ်ပြန်အလာ စိတ်ရွှင် လန်း

မယ် ကြံရုံရှိသေး ။

ကိုလေ့လာ ။ ။ သြော်…တောထဲကိုဗျ ၊ ကာလ ၊ ဒေသ ၊ပယောဂဆိုတာရှိသေးတယ်လေ ။ဒါထက် တရားတစ်ထုံး

ကျန်သေးဗျ ။

ကိုသုတ ။ ။ ကိုလေ့လာ ကတော့ အမြဲတမ်း ခရော့ကွက်ရှင်တွေ နဲ့ ပါလား ၊ လုပ်ပါဦး ။

ကိုလေ့လာ။ ။ ဒီလိုပါ ၊ ကျွန်တော် တို့ ဆွေးနွေးခဲ့ ကြတဲ့ သွေးလွန်တုပ်ကွေးနဲ့ အေအိုင်ဒီအက်စ် ဘယ်ဟာကြီးသလဲ။

ကိုရသ ။ ။ အေအိုင်ဒီအက်စ်က ကမ္ဘာနဲ့ အ၀ှမ်းလေ ။

ကိုသုတ ။ ။ သွေးလွန်တုတ်ကွေးကလည်းလောလောဆယ်နော် ။ပါပါတယ်။

ကိုသုတ ။ ။ သွေးလွန်ဗျာ ။

ကိုရသ ။ ။ အက်စ်ဗျာ ။

ဆရာလေး ။ ။ ကဲ…ကဲ…တော် ကြပါတော့ဗျာ ၊ ခင်းဗျားတို့ ငြင်းနေတာနဲ့ ဆရာကြည်နဲ့ စာစီစာကုံးလေး ဆက်မရ ဖြစ်နေပါဦးမယ်။

ကိုလေ့လ ။ ။ ကဲ … နောက်တစ်ပတ် ဆုံကြဦးမယ်လေ ။ သော တရှင်များ ၊ အဲ… စက္ခှုရှင်များ ကျန်းမချမ်းသာကြပါစေ ။

မြန်မာ့ဓန

သြဂုတ်လ ၊ ၂၀၀၁ ခုနှစ်

* * * * * * *



ဝန်ဇင်းချစ်သူများ ကြည်နိုင် ၏ “ ဒိန်ခဲ၊ ခေါက်ရှာနှင့် ၀င်္ကပါလမ်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဂိတ်တံခါး

ဗေထိသံ

တက္ကသိုလ် နန္ဒမိတ် ဘ၀နှင​့္စာေ​ပ အထၳဳပတၱိ