နိဒါန်း
ကျွန်တော် သည် Online နည်းပညာနှင့် ပတ်သက်ပြီး ဘာကောင်မှ မဟုတ်ပါ။ ဝတ္ထုသဘောအရ ထိုနည်းပညာကို အနည်းငယ်ချဉ်းကပ်၍ ရေး သားခဲ့ခြင်း ဖြစ်ပါသည်။ နည်းပညာနှင့် ပတ်သက်၍ အမှားအယွင်းနှင့်
လိုအပ်ချက်ရှိပါက ကျွန်တော့် ၏ အားနည်းချက်သာ ဖြစ်ပါကြောင်း ... ။
ကျွန်တော်
မိုးစက်ဝိုင်
မြို့တော် အစွန်းရှိ မတ်စောက်သော တောင်ကုန်းလေးပေါ်သို့ ဆောင်းဦးပေါက် ညနေဆည်းဆာက ဖန့်ဖန့်လေး ပြန့်ဖြာကျနေသည်။ ထိုတောင်ကုန်း၏ အစွန်းမှ တစ်ဖက်သို့ မျှော်ကြည့်လိုက်လျှင် မြူဝတ်မြူခိုး များ ကြားမှ မြို့သစ်၏ လျှပ်စစ်မီးရောင် များ ကို တွေ့ ရမည် ဖြစ်၏ ။ တစ်ဖက်က မတ်စောက်သော ကုန်းဆင်းအတိုင်း ဆက်သွားလျှင်တော့ မိုင်ဝက်ခန့်တွင် လက်ရှိဖွံ့ဖြိုးတိုးတက်လျက်ရှိသော မြို့တော် သို့ ရောက်မည် ဖြစ်သည်။
မြို့ထဲရှိ ဘုရားကျောင်းမှ ခေါင်းလောင်းထိုးသံသဲ့သဲ့က လေစီးနှင့် အတူ လွင့်ပျံလာသည်။ နေ့တာတိုသော ဆောင်းဦးပေါက်ရာသီကြောင့် လား မသိ။ ရုတ်ခြည်းဆိုသလို ခပ်ပျပျလင်းနေသော ဆည်းဆာကို အမှော င်ရိပ်က ပိတ်ဖုံးလိုက်၏ ။
ထိုစဉ် ...
တောင်ကုန်းလေးပေါ်သို့ ကားတစ်စီး မောင်းနှင်၍ တက်လာသည်။ လူသူပြတ်သော တောင်ကုန်းလေးထက်သို့ ရောက်တော့ ကားထဲမှ လူနှစ် ယောက် ဆင်းလာကြ၏ ။
အသက်အရွယ်အားဖြင့် နှစ် ဆယ်ကျော်လောက်ရှိမည် ဟု ထင်ရ သော ကောင်လေးနှင့် ကောင်မလေးနှစ် ယောက် ဖြစ်သည်။
သူတို့နှစ် ဦးသည် လက်ချင်း တင်းတင်းတွဲ၍ တောင်ကုန်းလေး ထက်ရှိ ပြန့်ပြူးသော နေရာဆီသို့ သွားကာ ထိုင်လိုက်ကြသည်။ နှစ် ဦးသား တွဲဆုပ်ကိုင်ထားသော လက်တွေ ကိုတော့ မဖြုတ်ကြသေး။ အမှော င်ကောင်း ကင်ထက်၌ တစ်ခြမ်းပဲ့လကလေးပင် ခပ်ပျပျ လင်းလာလေပြီ။
လမင်း၏ အလင်းရိပ်က သူတို့နှစ် ဦး၏ မျက်နှာပေါ်သို့ ခပ်ရေး ရေး ကျလာ၏ ။ ကောင်းကင်ဆီသို့ ငေးရီရင်း နှစ် ဦးသား ပြိုင်တူသက်ပြင်းချ လိုက်ကြသည်။
ပြီး ...ကောင်လေးက အရင် မသဲမကွဲမြင်နေရသော ကောင်မ လေး၏ မျက်နှာကိုကြည့်ကာ ...
''ကိုယ်တော့ ဒီပုံစံမျိုးနဲ့ ဒီကျောင်းမှာ ဆက်မနေချင်တော့ဘူး ဟန်နီရာ၊ ကိုယ်တို့ တစ်ခုခုကို ဆုံးဖြတ်မှ ဖြစ်တော့မယ်ထင်တယ်''
ကောင်မလေးဆီမှ ပင့်သက်ရှိုက်သံကို အရင်ကြားရသည်။ ပြီး...
''တကယ်တော့ ကိုရော ဟန်နီပါ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုစီ အတွက် ဒီကျောင်းကို ရောက်ခဲ့ကြတာပဲမဟုတ်လား၊ ပြီးတော့ ကျောင်း အုပ်ကြီး လူးကပ်(စ်)ရဲ့ စည်းကမ်းတွေ ကိုလည်း လိုက်နာပါ့မယ်၊ ဒီကျောင်း မှာ လည်း စာချုပ်ပြည့်အောင် တက်ပါ့မယ်လို့ လက်မှတ်ထိုးခဲ့ကြတာလေ''
''အဲဒီ တုန်း ကတော့ ဟန်နီရာ ...ဒီကျောင်းကို တက်ခွင့်ရတာ ကို က ဘဝအတွက် အာမခံချက်ပြည့်စုံတယ်လို့ ထင်ခဲ့တာကိုး၊ လူတိုင်းတက်ခွင့် မရတဲ့ ကျောင်းက ကိုယ့်ကိုခေါ်တာကိုလည်း ဂုဏ်ယူမိခဲ့သေးတယ်၊ အဲဒီ တုန်းက ဟန်နီနဲ့လည်း မတွေ့ သေးတော့ ခုလို တွေ့  ဖြစ်လာမယ်လို့ မထင် ထားခဲ့တာ''
''ဟန်နီလည်း ကိုယ့်လိုပါပဲ၊ ဘဝတစ်လျှောက်လုံးနီးပါး အချစ် ဆိုတာကို ဘာမှန်းမသိဘဲ ဒီကွန်ပျူတာပရိုဂရမ်တွေ , ဆော့ဝဲလ်တွေ ရေး ဖို့ပဲ စိတ်ကို နှစ် ထားခဲ့တာလေ၊ ဒီကျောင်းက ခေါ်စာရတော့ အရမ်းကို ပျော်ခဲ့ တာ၊ ခုလို စိတ်ညစ်ရမယ်လို့ ထင်မထားဘူး''
ကောင်မလေးစကားအဆုံးမှာ ကောင်လေးက ...
''လူးကပ်(စ်)ရဲ့ စည်းကမ်းချက်တွေ ထဲမှာ ကျောင်းသားတိုင်းဟာ ကိုယ်ရေး နေတဲ့ ပရိုဂရမ်တွေ , ဆော့ဝဲလ်တွေ အတွက် လျှို့ဝှက်ချက်တွေ ကိုယ်စီရှိကြမယ်၊ အဲဒါကြောင့် ပဲ ဒီကျောင်းမှာ ရှိတဲ့ ကျောင်းသူကျောင်းသား တွေ ဟာ အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတချို့ကလွဲပြီး ကိုယ်ရေး ကိုယ်တာ ပတ် သက်မှု လုံးဝမရှိရဘူးလို့ စည်းကမ်းထုတ်ထားတာမဟုတ်လား၊ အဲဒါ ကတော့ ပိုတယ်လို့ ကိုယ်ထင်တယ်ကွာ''
''ဘာပဲ ဖြစ် ဖြစ် ဟန်နီတို့က သူ့စည်းကမ်းအတိုင်း လိုက်နာပါ့မယ် လို့ ကတိပေးခဲ့တာကိုး၊ ဟန်နီတို့ ဒီလိုချစ်သူတွေ ဖြစ်ပြီး ချိန်းတွေ့ နေတာသာ လူးကပ်(စ်) သိသွားရင် ကျောင်းကထုတ်ခံရမယ့်အပြင် ပြန်လျော်ရမယ့် ငွေကြေးကလည်း နည်းမှာ မဟုတ်ဘူး''
စကားအဆုံးမှာ တော့ ကောင်လေးက အရေး ကြီးသော ပုံစံဖြင့် -
''ကိုယ် တစ်ခုစဉ်းစားထားတယ် ဟန်နီ''
''ဘာလဲဟင်''
''ကိုယ် အခု ကိုယ့်အခန်းထဲမှာ ပဲ ဆော့ဝဲလ်တစ်ခု ခိုးပြီးရေး နေ တယ်၊ အဲဒီ ဆော့ဝဲလ်ပြီးရင် အပြင်ကုမ္ပဏီတစ်ခုကို ရောင်းဖို့လည်း တိတ် တိတ်ကလေး ကမ်းလှမ်းထားတယ်၊ အဲဒါသာ ရောင်းလို့ရရင် ကိုယ်တို့နှစ် ယောက် စလုံး လူးကပ်(စ်)ကို ငွေပြန်လျော်နိုင်တဲ့အပြင် ဘဝတစ်ခုပါ ထူ ထောင်လို့ရနိုင်တယ်''
ကောင်လေးစကားကြောင့် ကောင်မလေးက အနည်းငယ်တုန် လှုပ်သွားဟန်ဖြင့် ...
'' ဖြစ် ... ဖြစ်ပါ့မလား ကိုရယ်၊ လူးကပ်(စ်)က လက်တံရှည်တယ် နော်၊ ပြီးတော့ သူ့ကျောင်းမှာ တက်ခွင့်ရတဲ့အတွက် သူက အခန်းပေးထား တယ်၊ လစာပေးတယ်၊ တစ်ပတ်ကိုတစ်ရက် အပြင်ထွက်ခွင့်ပေးတယ်၊ ဒါပေမဲ့ ဟန်နီတို့, ကိုတို့ရေး သမျှ ပရိုဂရမ်တွေ , ဆော့ဝဲလ်တွေ ဟာ သူ့အပိုင်ပဲ ဖြစ်ရမယ်လို့ စည်းကမ်းထုတ်ထားတယ်နော်၊ တော် ကြာ ကို ခိုးလုပ်နေတာ လူးကပ်(စ်) သိသွားမှဖြင့် ''
''မသိနိုင်ပါဘူး ဟန်နီရာ၊ ကိုက ကိုယ်ရေး ပြီးသလောက်ကို ဒီ စတစ်လေးထဲမှာ သိမ်းပြီး ကိုယ်နဲ့မကွာ ထားထားတာ၊ ကိုယ့်လက်ပ်တော့ စစ်ကြည့်ရင်တောင် ဘာမှ သူမသိနိုင်ဘူး''
ပြောရင်းပင် ကောင်လေးက လည်ပင်းကြိုးနှင့် ဆွဲထားသော မင်မိုရီ စတစ်ကလေးကို အသာထုတ်ပြလိုက်သည်။
ကောင်မလေးက ကောင်လေး၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရင်ဘတ် နှင့် မျက်နှာအပ်ရင်း ...
''ကို့အစီအစဉ်အတိုင်း အဆင်ပြေရင်တော့ ကောင်းတာပေါ့ ကို ရယ်၊ ဟန်နီတို့တတ်ထားတဲ့ပညာနဲ့ အပြင်ကုမ္ပဏီတွေ မှာ အလုပ်လုပ်လို့ ရတာ ပဲ၊ ဒါပေမဲ့ သတိတော့ထားနော် ...တန်ဖိုးရှိတဲ့ ဆော့ဝဲလ်တစ်ခု သူ့ကိုမအပ်ဘဲ အပြင်ရောင်းစားမယ်ဆိုတာကို လူးကပ်(စ်)သိရင် မလွယ်ဘူး၊ ဟန်နီတော့ ကြောက်တယ်''
''ဘာမှကြောက်စရာမလိုဘူး ဟန်နီ၊ တကယ်တော့ ပြန်စဉ်းစား ကြည့်ရင် အဲဒီ လူးကပ်(စ်)ဆိုတဲ့ လူကြီးက ဆော့ဝဲလ်ပရိုဂရမ်တွေ , ဂိမ်းတွေ နဲ့ ပတ်သက်တဲ့လုပ်ငန်းကို လက်ဝါးကြီးအုပ်ချင်နေတာ အသိသာကြီးပဲ၊ ဟန်နီ ပဲ စဉ်းစားကြည့်လေ ...သူက ကိုယ်ပိုင်ကျောင်းဖွင့်ထားတယ်၊ လူတိုင်း တက်လို့မရဘဲ အလားအလာရှိတဲ့ လူငယ်တွေ ကိုပဲ ကျောင်းအိပ်ကျောင်းစား တက်ဖို့ ခေါ်တယ်၊ ကျောင်းမှာ တချို့ပညာရပ်တွေ ကို သင်ပေးတယ်၊ လစာပေးထားတယ်၊ ကားပေးထားတယ်၊ အပြင်ပန်းကြည့်ရင်တော့ သူ့ ကျောင်းမှာ တက်ခွင့်ရတာ ဟာ ပြည့်စုံပြီလို့တော့ ထင်ရတာ ပဲ၊ ဒါပေမဲ့ ပရိုဂရမ်တွေ , ဆော့ဝဲလ်တွေ , ဂိမ်းတွေ ကို နေ့စဉ်နဲ့အမျှ ကြိုးစားတီထွင်ပြီး ရေး နေရတယ်၊ ပြီးရင် ကိုယ်ရေး တာကို ကိုယ် တရားဝင် ပိုင်လို့လား၊ သူ့ နာမည် နဲ့ပဲ မှတ်ပုံတင်ထားပြီး တစ်ကမ္ဘာလုံးကို ရောင်းစားနေတာ၊ တကယ် တော့ ကိုယ်တို့ဆီက ပညာတွေ , လုပ်အား, စွမ်းအားတွေ ကို သူ အမြတ် ထုတ်နေတာပဲ၊ ကိုယ်တို့ဟာ ပညာတတ် ငွေဝယ်ကျွန်လို ဖြစ်နေပြီ ဟန်နီ၊ အဲဒါကို ကိုယ် ခံပြင်းတာ၊ နောက်တစ်ချက်က ဒီကျောင်းဟာ စက်မှု ပစ္စည်း တွေ ပြည့်စုံကောင်းမွန်သလောက် ဒီကျောင်းထဲမှာ နွေးထွေးမှု မရှိဘူး၊ လူတိုင်းဟာ လျှို့ဝှက်ကိုယ်စီကို ရင်မှာ ပိုက်ပြီး သူစိမ်းပြင်ပြင် နေနေကြ တယ်၊ အဲဒါ ဒီကျောင်းရဲ့ ကွက်လပ်ကြီးတစ်ခုပဲ''
''သြော် ကိုရယ် ...လူးကပ်(စ်)ကလည်း အဲဒီ လိုတွေ ဖြစ်အောင် စနစ်တကျ စီစဉ်ထားတာကို''
ခံပြင်းဒေါသထွက်နေသော ကောင်လေးကို ကောင်မလေးက ပြေ လည်ရာပြေလည်ကြောင်း ပြောလိုက်သည်။ ကောင်လေးလည်း စိတ်လျော့ ကာ လေပူကြီးကို မှု တ်ထုတ်လိုက်ပြီးမှ ...
''ကဲပါ ဟန်နီရယ် ...ကိုယ်လည်း ကိုယ့်ဆော့ဝဲလ်ကို အမြန်ဆုံး ပြီးအောင် ရေး မှာ ပါ၊ ဟန်နီနဲ့ အတူတူ ခဏရှိနေတဲ့အချိန်မှာ ဒီအကြောင်း တွေ မပြောချင်တော့ဘူး၊ ကိုယ်တို့နှစ် ယောက် ရဲ့ ကိုယ်ပိုင်အချိန်လေးမှာ ပျော်ပျော်ရွှင်ရွှင်ပဲ နေရအောင်နော်၊ တော် ကြာ ဆယ်နာရီမထိုးခင် ကျောင်း ဝင်းထဲ ပြန်ဝင်ရမှာ မဟုတ်လား''
''အင်း''
ကောင်မလေးက ခပ်တိုးတိုးလေးဆိုရင်း ခေါင်းညိတ်လိုက်သည်။ ကောင်လေးက ကောင်မလေး၏ မျက်နှာလေးကို လက်နှင့် အသာ ဆွဲမော့ စေလိုက်ရင်း လရိပ်နွေးနွေးအောက်မှာ အနမ်ြးေ>ွခလိုက်ပါသည်။ နှစ် ယောက် သား အချစ်ဟူသော ခေါင်းစဉ်အောက်မှာ ငြိမ့်ငြိမ့်နွေးနွေး စီးမျောနေလိုက်ကြ ၏ ။
ထိုစဉ် ...
သူတို့နှစ် ဦး၏ မလှမ်းမကမ်းမှ ခြေသံလုံလုံဖြင့် ထ,ထွက်သွားသည့် အနက်ရောင် ဝတ်စုံနှင့် လူနှစ် ယောက် ကိုမူ ချစ်သူနှစ် ဦး သတိမထားမိလိုက် ကြပါချေ။
အချိန်က တဖြည်းဖြည်းကုန်လွန်လာသလို ဆောင်းဦး၏ အအေး ဓာတ်ကလည်း ပို၍ ကဲလာလေပြီ။
ကောင်မလေးက အိတ်ကပ်ထဲမှဖုန်းကိုထုတ်ကာ နာရီတစ်ချက် ကြည့်လိုက်ရင်း မောဟိုက်သံလေးဖြင့် ...
''ကို ...ပြန်ကြရအောင်နော်၊ ဆယ်နာရီလည်း ထိုးတော့မယ်၊ ကျောင်းနားရောက်ရင် ဟန်နီတို့က လူခွဲပြီး ဝင်ရဦးမှာ ''
''ဟူး''
လေပူတစ်ချက် မှု တ်ထုတ်ရင်း ကောင်လေးက မညိတ်ချင် ညိတ် ချင် ခေါင်းညိတ်လိုက်သည်။ ပြီး ...နှစ် ဦးသား ထိုင်နေရာမှ လေးဖင့်စွာ ထကာ ကားဆီသို့ လျှောက်ခဲ့ကြ၏ ။
ကောင်လေးက မတ်စောက်သော ကုန်းဆင်းအတိုင်း ကားကို မောင်းချလိုက်သည်။ ကျောင်းထဲပြန်ဝင်ရန် အချိန်ကလည်း သိပ်မလိုတော့ သည်မို့ လီဗာနင်းကာ ကားကို အရှိန်မြှင့်လိုက်၏ ။
ထိုသို့ မောင်းလာရင်း လမ်းကွေ့တစ်နေရာရောက်တော့ ကားကွေ့ ရန် ဘရိတ်နင်း၍ အရှိန်သတ်လိုက်သည်။
သို့ သော် ...
ကားဘရိတ်သည် ဘယ်လိုမှ အလုပ်မလုပ်တော့သဖြင့် ကောင် လေးလည်း ထိတ်လန့်ကာ ကားကို လမ်းတစ်ဖက်ခြမ်း တောင်နံရံဆီသို့ မှေးတင်ကာ ပွတ်ဆွဲလိုက်၏ ။ သို့ သော်လည်း အရှိန်က များ လွန်းသဖြင့် ကားလေးသည် တောင်နံရံဘက်အခြမ်းမှ ကန်ထွက်သွားကာ လမ်းတစ်ဖက် ရှိ ချောက်ထဲသို့ ထိုးဆင်းသွားလေသည်။
ချစ်သူနှစ် ဦး၏ သွေးပျက်မတတ်အော်သံသည် တောင်ကုန်းတစ် ဝိုက်၌ စက္ကန့်ပိုင်းလောက် လွင့်ပျံသွားလေသည်။
ချောက်ထဲသို့ ကားလေးပြုတ်ကျသွားသော ဂျိမ်းဆိုသည့်အသံ ထွက်ပေါ်လာပြီး ခဏအကြာမှာ တော့ ပြန်လည်တိတ်ဆိတ်ကာ ထိုပတ်ဝန်း ကျင်မှာ လည်း မြူတွေ ဆိုင်းမြဲဆိုင်းလျက် ပြန်လည် ဖြစ်တည်နေပါတော့သည်။
ဆိုင်းနေသော မြူတွေ ကြားမှာ လမင်း၏ အလင်းရိပ်က တစ်ဝက် တစ်ပျက် အပြောက်ခတ်ကာ ကျနေဆဲ။
ကျောင်းတော် ကြီးအတွင်းရှိ အထူးအစည်းအဝေးလုပ်သော သီးသန့်ခန်းမဆောင်တွင် ဖြစ်သည်။ ခန်းမပတ်ပတ်လည်တွင် ရှိသော ပရိုဂျက် တာများ ၊ ကွန်ပျူတာနှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများ ၊ ပရိုဂျက်တာ ပေါ်တွင် ပေါ်နေသော ဂြိုဟ်တုမှပေးပို့သည့် သတင်းအချက်အလက်များ ...စသည်တို့ကို ကြည့်ခြင်းအားဖြင့် ထိုနေရာသည် နည်းပညာအစွမ်းကုန် တိုးတက်နေသည့်နေရာတစ်ခုမှန်း သိသာလောက်သည်။
ခန်းမအလယ်ရှိ ရှည်ရှည်မျောမျော စားပွဲ၏ တစ်ဖက်တစ်ချက်စီ မှာ တော့ အသက်ငါးဆယ်ခန့် လူကြီးနှစ် ဦးစီ ရှိနေသည်။ စားပွဲ၏ ထိပ်တည့် တည့်မှာ တော့ ရုပ်ရည်ခန့်ညားသလောက် အေးစက်မောက်မာသည့် မျက်နှာ ထားရှိသူ လူကြီးတစ်ဦးက ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါသည်။ နောက်တစ်ခု ထူးခြားချက်က ထိုလူ၏ မျက်နှာသည် အမြဲတစေ တစ်စုံတစ်ခု ကို လျှို့ဝှက်နေသလိုမျိုး။
ထိုလူကား လက်ရှိ ဆိုင်းလန့်စကူး (Silence School) ကို တည် ထောင်သူ (သို့ ) ထိုပုဂ္ဂလိကကျောင်း၏ ရှယ်ယာအများ ဆုံးကို ပိုင်ဆိုင်သူ လူးကပ်(စ်)ပင် ဖြစ်သည်။ ကျန်သည့်လေးယောက် ကလည်း ထိုကျောင်း၏ ရှယ်ယာတစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်ကြသော ပါတနာများ ဖြစ်ကြသည်။
လူးကပ်(စ်)က ထိုလေးယောက် ကို ဝေ့ဝဲကာကြည့်လိုက်ပြီးမှ တစ် ယောက် သော လူဆီကို အကြည့်ကို ပို့လိုက်သည်။ ပြီး ...တိတ်ဆိတ်မှု ကို ဖြိုခွဲလိုက်၏ ။
''သော မတ် အရေး ပေါ်အစည်းအဝေး လုပ်ချင်တယ်လို့ ခင်ဗျားက အဆိုတင်သွင်းတာနော်၊ ပြောလေ ဘာကိစ္စလဲ''
လူးကပ်(စ်)၏ အေးစက်စက်အမေးကြောင့် သော မတ် လှုပ်လှုပ်ရှား ရှား ဖြစ်သွားရသည်။ ပြီးမှ သက်ပြင်းကို မျှဉ်းချကာ စိတ်တည်ငြိမ်အောင် ကြိုးစားရင်း စကားပြန်ဆိုလိုက်၏ ။
''ဒီလိုပါ လူးကပ်(စ်) ...တစ်နေ့က ဖြစ်သွားတဲ့ ကျောင်းသားနဲ့ ကျောင်းသူနှစ် ဦးကိစ္စပါ''
''ခဏလေး သော မတ်၊ အဲဒီ ကိစ္စက သူတို့ဟာသူတို့ ကားအက် ဆီးဒန့် ဖြစ်တာနော်၊ ပြီးတော့ ...အဲဒီ ကိစ္စက ကျုပ်တို့ရဲ့ အကျိုးစီးပွားနဲ့ မပတ်သက်ဘူးထင်တယ်''
သော မတ်က ခေါင်းအသာခါရင်း ...
''မဟုတ်သေးဘူးလေ၊ သူတို့နှစ် ယောက် ဟာ ကျုပ်တို့ရဲ့ ကျောင်း သားတွေ ဗျ၊ ကျုပ်တို့ တာဝန်ယူမှု တော့ ရှိရမှာ ပေါ့၊ ပြီးတော့ အဲဒီ လို အလားတူကိစ္စမျိုး ထပ်မ ဖြစ်အောင် ကျုပ်တို့ကျောင်းမှာ ဘာတွေ ပြောင်း လဲသင့်လဲ, ဘာတွေ ပြင်ဆင်သင့်လဲဆိုတာကို ဆွေးနွေးဖို့ ခုလို အစည်း အဝေး ခေါ်လိုက်တာပါ''
စကားအဆုံးမှာ လူးကပ်(စ်)က မျက်လုံးအသာပင့်လိုက်ရင်း ...
''တာဝန်ရှိလို့ပဲ သက်ဆိုင်ရာဌာနတွေ နဲ့ ရှင်းပြီးပြီလေ၊ ပြီးတော့ ...သူတို့ရဲ့ မိဘတွေ ဆီလည်း နစ်နာကြေး ပို့ပေးလိုက် ပြီ၊ ဒါထက် ဘာလို သေးလို့လဲ၊ နောက်တစ်ချက် ထပ်ပြောရရင် သူတို့နှစ် ယောက် က ကျုပ် ကျောင်းရဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး ချိန်းတွေ့ ရင်း ခုလို ကြမ္မာငင်သွား ကြတာပဲ၊ ဒီထက်ပိုပြီး ကျုပ်မှာ ပြောစရာမရှိဘူး''
ထိုစဉ် ထိုင်နေသော နောက် တစ်ယောက် က ...
''တစ်ခုတော့ရှိတယ် လူးကပ်(စ်) ...ဒီလင်းနဲ့ ဟန်နီတို့ဟာ ကား အက်ဆီးဒန့်ကြောင့် သေတာမှန်ပေမယ့် မှုခင်း အဖွဲ့ရဲ့ ခန့်မှန်းချက်အရ သူတို့ကားရဲ့ ဘရိတ်ကို တစ်ယောက် ယောက် က ကြိုပြီးဖျက်ဆီးထားတယ် လို့ ယူဆကြတယ်၊ ပြောရရင် စနစ်တကျ လုပ်ကြံမှု တောင် ဖြစ်နိုင်တယ် တဲ့''
ထိုစကားကြောင့် လူးကပ်(စ်) မသိမသာ မျက်နှာပျက်သွားသည်။ သို့ သော်လည်း ချက်ချင်း ပင် မျက်နှာကို ပြန်ပြင်လိုက်၏ ။ မြန်ဆန်လွန်း၍ ကျန်သည့်လေးယောက် စလုံး မရိပ်မိလိုက်ကြ။
လူးကပ်(စ်)ကပဲ တဟင်းဟင်း ရယ်လျက် ...
''သြော် ဂျယ်ရီရယ် ...ရဲဆိုတာက ဘာမဆို သံသယမျက်စိနဲ့ကြည့်တာတာပဲလေ၊ ကဲ ...ဆိုစမ်းပါဦး၊ သူတို့ကို ဘယ်သူက လုပ်ကြံ မှာ တဲ့လဲ၊ ဘာအကြောင်းကြောင့် လုပ်ကြံရတာ လဲ''
ဂျယ်ရီဆိုသည့်လူက ပခုံးအသာတွန့်လိုက်သည်။ ပြီးမှ ...
''အဲဒါ ကတော့ ကျုပ်လည်း မပြောတတ်ဘူး လူးကပ်(စ်)၊ တွေး ကြည့်လို့လည်း မရဘူး၊ ဒါပေမဲ့ ...ဆုံးသွားတဲ့ ဒီလင်းဆိုတဲ့ ကျောင်းသား ဟာ ဆော့ဝဲလ်ပိုင်းဆိုင်ရာမှာ အတော် လေး ထူးချွန်တယ်ဆို''
လူးကပ်(စ်)က မျက်နှာသေနှင့် ခေါင်းညိတ်လိုက်ပြီး ...
''ဟုတ်တယ် ဂျယ်ရီ၊ အဲဒါကြောင့် လည်း သူ့ကို သူများ ထက် လစာပိုပေးထားတဲ့အပြင် ကားတစ်စီးပါ သုံးဖို့ပေးထားတယ်လေ''
''တခြားကျောင်းသားတွေ ထက်လည်း ခင်ဗျား ဒီလင်းကို ပိုပြီး စောင်ကြည့်ခဲ့တယ် မဟုတ်လား ...လူးကပ်(စ်)''
ထိုစကားကိုတော့ သော မတ်က ဖြတ်၍ ပြောလိုက်ခြင်း ဖြစ်သည်။ လူးကပ်(စ်)က မျက်နှာထားတင်းတင်းနှင့် သော မတ်ဘက်ကို ဆတ်ခနဲ လှည့်လိုက်ကာ ...
''ခင်ဗျားစကားက ဘာစကားလဲ သော မတ်၊ ဒီလင်းတို့အတွဲ သေဆုံးသွားတဲ့အပေါ်မှာ ခင်ဗျားက ကျုပ်ကို သံသယရှိနေတာလား''
သော မတ်က ခေါင်းခါလျက် ...
''နိုး ...နိုး ...ကျုပ် အဲလို ဆိုလိုတာမဟုတ်ပါဘူး၊ ခင်ဗျား စောင့်ကြည့်တယ်ဆိုတာ တခြားကုမ္ပဏီတွေ , ကျောင်းတွေ က ဒီလင်းကို လျော်ကြေးပေး, လစာပိုပေးပြီး ခေါ်မှာ စိုးလို့ စောင့်ကြည့်တာမျိုးပါ၊ ဒီကျောင်း က ပိုတော် ပိုတတ်တဲ့လူတွေ နောက်မှာ ခင်ဗျားရဲ့ မျက်လုံးတွေ နားတွေ ပိုများ တယ်လေ''
''အဲဒါက ကျုပ်လုပ်ရမယ့် အလုပ်လေ၊ ကျုပ်ကျောင်းသား ကျုပ် ဝန်ထမ်းကို ဘယ်ကျောင်း, ဘယ်ကုမ္ပဏီကိုမှ အရောက်မခံနိုင်ဘူး၊ ကုန် ကုန်ပြောမယ်ဗျာ ...ဒီနိုင်ငံမှာ ကျုပ်ကျောင်းဟာ ပြိုင်ဘက်မရှိ အကောင်း ဆုံး ဖြစ်ရမယ်၊ ကျုပ်ဆီကနေ ထုတ်ရောင်းတဲ့ ဆော့ဝဲလ်တွေ , ပရိုဂရမ်တွေ , ဂိမ်းတွေ ကို ဘယ်သူကမှ လိုက်ယှဉ်လို့ မရစေရဘူး''
စကားသံထဲတွင် လူးကပ်(စ်)၏ အတ္တ၊ မာနနှင့် လောဘတို့က အချိုးကျ ပေါင်းစပ်ကာ ပါနေသည်။ သော မတ် ကတော့ ပျော့ပျောင်းသိမ် မွေ့ပြီး စိတ်သဘောထားပြည့်ဝမည့် ရုပ်မျိုး ဖြစ်၏ ။
စကားအဆုံးမှာ သော မတ်ကပဲ ...
''ခုလည်း ကျုပ်တို့ရဲ့ ကျောင်းက နံပါတ်တစ် ဖြစ်နေတာပဲ၊ ဒါပေမဲ့ ...တချို့စည်းမျဉ်းတွေ ကိုတော့ ပြင်ဆင်ပေးလိုက် ရင် ကောင်းမလားလို့ပါ၊ ဘာ ဖြစ်လို့လဲဆိုတော့ ဒီကျောင်းမှာ လာတက်တဲ့လူတွေ ဟာ အများ စု လူငယ် တွေ ချည်းပဲ၊ ဒီတော့ ...သူတို့မှာ လည်း လူငယ်တွေ ရဲ့ သဘာဝ အရ တစ် ယောက် နဲ့ တစ်ယောက် ချစ်မှု ကြိုက်မှု လေးတွေ ...''
စကားမဆုံးခင်မှာ ပဲ လူးကပ်(စ်)က လက်ကာပြလိုက်သည်။
''ဆောရီးပဲ သော မတ်၊ အဲဒါတော့ လုံးဝမ ဖြစ်ဘူး၊ ဘာ ဖြစ်လို့လဲ ဆိုတော့ ဒီကျောင်းရဲ့ အောင်မြင်မှု ဆိုတာ ဆိုင်းလန့် (Silence) ဖြစ်နေလို့ပဲ၊ ကျောင်းသားတိုင်း ကျောင်းသူတိုင်းဟာ ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး တိတ် ဆိတ်နေရမယ်၊ လျှို့ဝှက်နေရမယ်၊ တစ်ယောက် နဲ့ တစ်ယောက် ပြိုင်ဆိုင် နေရမယ်၊ စိန်ခေါ်နေရမယ်၊ သူတို့ကိုသာ ရောရောထွေးထွေး ပေးနေလိုက် ရင် သူတို့ရေး နေတဲ့ ဆော့ဝဲလ်တွေ , ပရိုဂရမ်တွေ , ဂိမ်းတွေ ဟာ အပြင် ရောက်သွားဖို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဖြစ်သွားလိမ့်မယ်၊ သူတို့အချင်းချင်း ကို မရင်းနှီးစေတာက ကျုပ်ရဲ့ အရေး ကြီးဆုံးအလုပ်ပဲ၊ ဒီမှာ သော မတ် ...ကျုပ်တို့ရဲ့ ဝင်ငွေ ဆက်စီးဆင်းလာဖို့ကိုပဲ ခေါင်းထဲ ထည့်ထားစမ်းပါ၊ လက်ရှိနိုင်ငံထဲမှာ ဒီနည်းပညာနဲ့ပတ်သက်ပြီး ဘယ်ကောင်တွေ က စွာ နေလဲ၊ သူတို့ကို ကြည့်ရမယ်၊ ရှာရမယ်၊ ကျုပ်တို့ဆီကို ရအောင်ခေါ်ရမယ်၊ အဲဒါမှ ...အလုပ်ဗျ''
ပြတ်ပြတ်သားသား ပြောလိုက်သည့် လူးကပ်(စ်) စကားအဆုံးမှာ ကျန်သည့်လေးယောက် စလုံး ငြိမ်ဆိတ်သွားကြသည်။
လူးကပ်(စ်)ကပဲ ဆက်၍ ...
''ခင်ဗျားတို့ လေးယောက် စလုံး လစဉ်ရတဲ့ ရှယ်ယာတွေ ဟာ တစ်လထက်တစ်လ ပလပ်(စ်) (Plus) တွေ ချည်းပဲနော်၊ ကျုပ်လုပ်နေတာကို တော့ မနှောင့်ယှက်ကြပါနဲ့၊ ခင်ဗျားတို့ ကျုပ်နဲ့ အေးအေးဆေးဆေး ဆက် ပြီး လက်မတွဲချင်ဘူးဆိုရင် ကြိုက်တဲ့အချိန်မှာ ပြော၊ ကျုပ် ရှယ်ယာတွေ ပြန်အမ်းပေးမယ်၊ ကျုပ်ပြောချင်တာ ကတော့ ဒါပဲ၊ ကဲ ...ဒီနေ့ အစည်း အဝေးကို ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်''
ကျန်သည့်လေးယောက် လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ထိုင်နေရာမှ လေးကန်စွာ ထရပ်လိုက်ကြသည်။ သူတို့အားလုံး လူးကပ်(စ်)ကို မလွန်ဆန်နိုင်ကြသေး။ ဒီကျောင်းနှင့် ပတ်သက်ပြီး လစဉ် ဝင်ငွေ များ စွာ ရပါသည်။
သို့ သော် ...
ကိုယ့်သဘောနှင့် ကိုယ် ရှယ်ယာဟိုဒါဘဝမှ နှုတ်ထွက်ပါက ငါး ယောက် သား ကနဦးချုပ်ခဲ့သော စာချုပ်အရ ရှယ်ယာထည့်ထားသည့်ငွေ ၏ တစ်ဝက်သာ ပြန်ရမည် ဖြစ်သည်။ ပြီး ...နောက်ပိုင်း လစဉ် အသား တင်အမြတ်လည်း ရတော့မည် မဟုတ်ချေ။
ထို့ကြောင့် လူးကပ်(စ်)အား မလွန်ဆန်နိုင်ကြခြင်း ဖြစ်သည်။ ပြီး ...လူးကပ်(စ်) ဒီကျောင်းအတွက် မ,တည်ထားသော ပင်မငွေက အများ ဆုံး။ ကျောင်းနှင့် ပတ်သက်သော ကိစ္စအဝဝကိုလည်း သူကိုယ်တိုင်ပဲ စီမံခန့်ခွဲနေသူ။
အနှစ် ချုပ်ပြောရလျှင်တော့ (Silence School) သည် လူးကပ်(စ်) ၏ ဆုံးဖြတ်ချက်အောက်တွင် နေ့စဉ်လည်ပတ်ကာ နိုင်ငံအတွင်း၌ အအောင် မြင်ဆုံး အလုပ်သင်ကျောင်းတော် ဖြစ်နေသည်ပဲ မဟုတ်ပါလား။
ပါတနာလေးယောက် အခန်းထဲမှ ထွက်သွားချိန်မှာ လူးကပ်(စ်) က ကွန်ပျူတာတစ်လုံးရှေ့ထိုင်ပြီး ဂြိုဟ်တုမှပေးပို့လာသည့် နောက်ဆုံး သတင်းအချက်အလက်တွေ ကို ကြည့်နေလိုက်သေးသည်။
ထိုစဉ် ဖုန်းမြည် လာ၍ ဖုန်းထုတ်ကာ နံပါတ်ကိုကြည့်၏ ။ ဆက် လာသူက သူ၏ ညာလက်ရုံး ဖရက်ဒီ။
''အေး ...ပြော ဖရက်ဒီ''
''လူးကပ်(စ်) အသုံးဝင်မယ့် လူသစ်လေးယောက် တွေ့ ထားတယ်၊ သူတို့အားလုံး သူတို့ရဲ့ ဒေသဆိုင်ရာ ကွန်ပျူတာကောလိပ်က ဘွဲ့ရထားတဲ့ လူတွေ ချည်း''
လူးကပ်(စ်)က ဝင့်ခနဲ ပြုံးလိုက်ပြီးမှ ...
''ကောင်းတယ် ဖရက်ဒီ၊ ငါ သူတို့ရဲ့ ဒေတာလ်တွေ ကို ဘယ်တော့ ကြည့်လို့ ရနိုင်မလဲ''
ဖရက်ဒီက ...
''နောက်တစ်နာရီလောက်ကြာရငှ်-၂ အခန်းထဲမှာ ကြည့်လိုက်ပါ လူးကပ်(စ်)၊ သူတို့ရဲ့ ဒေတာလ်တွေ အပြင် သူတို့ လောလောဆယ် ဖန်တီးထားတဲ့ အသေးစား ဆော့ဝဲလ်တွေ , အပလီကေးရှင်းတွေ ကိုပါ ကျုပ် ပို့လိုက်ပါ့မယ်''
''သိပ်ကောင်းတယ် ဖရက်ဒီ၊ ဆက်လုပ် ပါ''
''အိုကေ လူးကပ်(စ်)''
ဖုန်းပြောပြီးချိန်မှာ တော့ လူးကပ်(စ်) တစ်ယောက် ထိုင်ခုံ၌ နောက် မှီချလိုက်ရင်း ဝင့်ဝင့်စားစား ပြုံးကာ ဆိုနေကျစကားကိုပဲ ထပ်ကာဆိုလိုက် လေသည်။
''အင်း ... (Silence School) အတွက် ငွေရှာပေးမယ့်လူတွေ ရောက်လာကြဦးမှာ ပေါ့၊ လူးကပ်(စ်) ကတော့ ဝဲလ်ကမ်းပဲဟေ့''
လှမ်းကြည့်လိုက်ရင် Welcome to city ဆိုတဲ့ ဆိုင်းဘုတ်ကို တောင် လှမ်းမြင်နေရပြီ။
ကြောင်ချောင်းဆိုးတဲ့အသံမျိုး တဟွတ်ဟွတ်ထွက်ပြီး ထိုးရပ် သွားပြန်တဲ့ ကားကြောင့် ကျွန်တော် တော် တော့် ကို စိတ်လေသွားတယ်။
လမ်းတစ်လျှောက်မှာ လည်း ခဏခဏ ပျက်လာလိုက်တဲ့ကား။ ဒီမြို့အထိရောက်အောင် မနည်းလက်ပူတိုက်ပြီး မောင်းလာခဲ့ရတာ ။ ကျွန်တော် က ကားမောင်းနေတဲ့ နေသန်ကို ကြည့်လိုက်ရင်း ...
''နေသန်ရာ ...မင်းကားစုတ်ကြီးကို သံရည်ကျိုစက်ထဲ ဖြစ် ဖြစ်, ကားသင်္ချိုင်းကိုပဲ ဖြစ် ဖြစ် ပို့လိုက်ပါတော့''
ကျွန်တော့် စကားကြောင့် နေသန်က တင်းသွားတဲ့ပုံစံနဲ့ စောင်းငန်း ငန်း ပြန်ကြည့်လာတယ်။ ပြီး ...
''အောင်မာ ...မင်းစကားပြောရင် ကြည့်ပြော ဒီမွန်း၊ ဒီ ငါ့ကား စုတ်ကြောင့် ပဲ ဒီအထိ ရောက်လာတာမဟုတ်လား၊ ကားကို မပြစ်မှားနဲ့ လဒရဲ့ ၊ ခုလည်း လက်ပူတိုက်လိုက်လို့ရှိရင် မြို့ထဲက ဟိုတယ်တစ်ခုခုရှေ့ ကိုတော့ ရောက်နိုင်ပါသေးတယ်''
''မင်းကလည်း ခဏခဏ ပျက်လိုက်, လက်ပူတိုက်လိုက်ပဲ လုပ်နေ၊ ကိုယ့်မှာ ဒီလို ကားစုတ်ရှိနေရင်လည်း ကားပြင်တဲ့ပညာကို သေသေချာချာ သင်ထားတာမဟုတ်ဘူး''
ထပ်ပြောလိုက်တော့ နေသန်မျက်နှာကြီးက ဟန်ဘာဂါကို လက် ထဲထည့် ညှစ်လိုက်သလို မဲ့ရွဲ့သွားတယ်။
ချက်ချင်း ပဲ ...
''ဟေ့ကောင် ...ငါက ကွန်ပျူတာ ပရိုဂရမ်မာကွ၊ ကားပြင်တာ ကို ဒီလောက် ကျွမ်းမလား၊ ကွန်ပျူတာနဲ့ ပတ်သက်လာရင်တော့ တစ်မျိုး ပေါ့''
အဲဒီ အချိန်မှာ ကားနောက်ခန်းထဲမှာ လက်ပ်တော့တစ်လုံးနဲ့ အွန် လိုင်းတက်နေတဲ့ ဘိုနိုဆီက အသံထွက်လာတယ်။
''ဟေ့ကောင်တွေ ...တော် ကြကွာ၊ မင်းတို့ သောက်စကားများ နေလို့လား မသိဘူး ...ကွန်နရှင်က ပြတ်တောင်းပြတ်တောင်းနဲ့''
ဘာမှလည်း မဆိုင်ဘူး။ ကျွန်တော် ပြောလို့ တင်းနေတဲ့ နေသန် က ဘိုနိုကို လှည့်ဟောက်တော့တယ်။
''သူတောင်းစားရဲ့ ...ငါတို့ စကားများ လို့ ကွန်နရှင်က မကောင်း တာမဟုတ်ဘူး၊ မင်းလို ဘာညာဝက်ဆိုဒ်တွေ ကို အားကျိုးမာန်တက် ကြည့်တဲ့ကောင်တွေ များ လို့ ကွန်နရှင်က ဒဏ်ခတ်တာကွ''
စကားအဆုံးမှာ ဘိုနိုက သူ့လက်ပ်တော့ကို ပိတ်လိုက်ရင်း ...
''တော် သေးတာပေါ့ကွာ၊ ဒေါင်းလုတ်လေး တစ်ခုဆွဲတာ ပြီးသွား လို့၊ ကဲပါကွာ ...ခု ဘယ်လိုဆက်လုပ် ကြမလဲ''
နေသန်က ...
''ဘယ်လိုလုပ်ရမှာ လဲ ...ငါ ကားကို နည်းနည်း ကလိကြည့်လိုက် ဦးမယ်၊ ပြီးရင် ...မင်းတို့ ထုံးစံအတိုင်း နောက်က တွန်းပေးကြဦးပေါ့''
''ဟူး''
ကျွန်တော် နဲ့ဘိုနိုလည်း တစ်ယောက် ကို တစ်ယောက် စိတ်မသက် မသာသလိုကြည့်ပြီး ကားစုတ်ကြီးပေါ်က ဆင်းလိုက်ကြတယ်။ နေသန်က တော့ သူ မတောက်တခေါက် တတ်ထားတဲ့ ဝပ်ရှော့ပညာလေးနဲ့ ကလိ ရှာပါတယ်။ ဒါပေမဲ့ ...ဘယ်လိုပဲ ကလိကလိ အချိန်တန်ရင် ကျွန်တော် နဲ့ ဘိုနို တွန်းရဦးမှာ ပဲ။
နောက်ဆုံး နေသန် ကလိအပြီး ကျွန်တော် တို့ တွန်းပေးလိုက် တော့ ကားက စက်နိုးလာပါတယ်။ နှစ် ကောင်သား ကားပေါ်ကို အမြန် တက်လိုက်ကြရင်း ...
''ကဲ နေသန်ရေ ...ဒီတစ်ခါတော့ ဟိုတယ်တစ်ခုခုရှေ့ကို ရောက်အောင်သာ မောင်းတော့ဟ''
စကားအဆုံးမှာ နေသန်က လီဗာကို ဖိနင်းလိုက်ပြီး ...
''အေးပါကွာ၊ ကဲ ...မိုင်ဆန်းးကားကြီးရေ ရုန်းလိုက်ဦးကွ''
ဝူးခနဲ မောင်းထွက်လာတဲ့ ကျွန်တော် တို့ရဲ့ ကားနောက်မှာ ဖုန် မှု န့်အချို့ လုံးထွေးပြီး ဝေးကျန်ခဲ့ပါတယ်။
အဲဒီ လိုပဲ ...
ကျွန်တော် တို့ သူငယ်ချင်းသုံးယောက် ဟာ ကျွန်တော် ဝါသနာပါ တဲ့ နည်းပညာအိပ်မက်တွေ ကို အသက်သွင်းဖို့ အသိုက်အမြုံကိုယ်စီကို ထားခဲ့ကြသူတွေ ပါ။
ကျွန်တော့် အဖို့ မလွမ်းလောက်ပေမယ့် နေသန်နဲ့ဘိုနိုတို့မှာ တော့ သတိရစရာအကြောင်း အများ ကြီးပါပဲ။ ဒါပေမဲ့ ...နည်းပညာနဲ့ပတ်သက် ပြီး တိုးတက်နေတဲ့၊ ဘဝအတွက် အခွင့်အလမ်းတွေ ရှိတဲ့ ဒီလိုမြို့တော် ကြီး ကို မလာလို့လည်း မ ဖြစ်ဘူးလေ။ သမုဒ္ဒရာကို ဖြတ်ကူးချင်ရင် ကမ်းခြေ ကို အရင်လာရမှာ ပဲ မဟုတ်လား။
ကျွန်တော် တို့မှာ ...
ကိုယ့်အစွမ်းအစနဲ့ကိုယ် ထုဆစ်ထားတဲ့ ကိုယ်ပိုင်အိပ်မက်တွေ ရှိတယ်။ အောင်မြင်မှု ကိုလည်း ငတ်ငတ်မွတ်မွတ် ဆာလောင်တယ်။ နောက်ပြီး ...ကိုယ်တတ်တဲ့ပညာနဲ့ လူသားတွေ ကို အကျိုးပြုခဲ့ချင်တယ်။
နောက်ဆုံး ကြီးကြီးကျယ်ကျယ်ပြောရရင် ကျွန်တော် တို့ရဲ့ နာမည် တွေ ကို သေးသေးလေး ဖြစ် ဖြစ်၊ နည်းပညာသမိုင်းမှာ တွင် ကျန်ရစ်ခဲ့စေချင် ပါတယ်။
အဲဒါ ကျွန်တော် တို့သုံးယောက် စလုံးရဲ့ ရင်ထဲမှာ စွဲမြဲနေတဲ့ အတ္တ ဖြူဖြူတွေ ပါပဲ။
ကဲ ...ခု ကျွန်တော် တို့ ရွက်လွှင့်ခဲ့ကြပြီ။ ဖောင်တော့ မဖျက်ချင်ဘူးဗျာ။ ဘယ်သော င် ဘယ်ကမ်း လှမ်းရမှာ ကို မသိသေးလည်း တစ်ချိန် ချိန်မှာ တော့ တိမ်တွေ ကို နမ်းပြမယ်။
ဘလော့(ခ်) (Block) တွေ အထပ်ထပ် စောင့်နေကြစမ်း။
ငါတို့ လာပြီ။
ဈေးနှုန်းသင့်တင့်တဲ့ ဟိုတယ်တစ်ခုမှာ ကျွန်တော် တို့ ခဏစခန်း ချလိုက်ကြတယ်။ ရေမိုးချိုးပြီး ခဏနား၊ ပြီးမှ ညနေစာစားဖို့ ဟိုတယ်ခန်း ထဲက ထွက်လိုက်တယ်။
ဆောင်းဦးပေါက်ကြောင့် လားမသိဘူး။ အပြင်ရောက်တော့ နည်း နည်းချမ်းစိမ့်စိမ့် ဖြစ်နေတယ်။ ဒါနဲ့ပဲ ညစာကို ဟိုတယ်မှာ မစားဘဲ ပတ် ဝန်းကျင် လေ့လာတဲ့သဘောနဲ့ အပြင်ဆိုင်တစ်ဆိုင်မှာ စားဖို့ ဆုံးဖြတ်လိုက် ကြတယ်။
နည်းပညာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ မှ ဒီမြို့တော် ဟာ အစည်ကားဆုံးလို့ ပြောရမလိုပဲ။ ဒီမြို့မှာ Network နည်းပညာနဲ့ ပတ်သက် ပြီး အခွင့်အလမ်းတွေ တော် တော် ပေါတယ်။ ကျောင်းတက်မလား၊ ကုမ္ပဏီ တွေ မှာ အလုပ်လုပ်မလား။ ဒါမှမဟုတ် ကိုယ့်ဟာကိုယ် ဆော့ဝဲလ်တွေ , ဂိမ်းတွေ , အပလီကေးရှင်းတွေ ရေး ပြီး ရောင်းစားမလား။ ဘာမဆိုလုပ်လို့ရ တယ်။ Network နည်းပညာနဲ့ စီးပွားရေး အရ တိုးတက်နေတဲ့မြို့တွေ ထဲ မှာ ဒီမြို့က နံပါတ်တစ်ပဲ။ အဲဒါကြောင့် လည်း ကျွန်တော် တို့သုံးယောက် ဒီမြို့ကို လာခဲ့ကြတာပေါ့။
ပြောရရင် ကျွန်တော် နဲ့နေသန်နဲ့က ငယ်သူငယ်ချင်းဗျ။ ဘိုနိုနဲ့ ကျတော့ ကွန်ပျူတာကောလိပ်ရောက်မှ ခင်ကြတာ။ သုံးယောက် ထဲမှာ ကျွန်တော် နဲ့နေသန်က လူတွေ အကျိုးရှိမယ့် အသုံးပြုဆော့ဝဲလ်တွေ ရေး တာ ပိုအားသန်တယ်။
ထပ်ပြောရရင် နေသန်က ကျွန်တော့် ထက်တောင် ပိုတော် သေး တယ်။
ဒါပေမဲ့ ...ဒီကောင်က တချို့နေရာတွေ မှာ ခေါင်းမာတယ်။ မိဘတွေ ကလည်း ပိုက်ဆံ အတော် အသင့်ရှိတော့ အကြောတင်းတာ မဆန်း ဘူး။ ကျွန်တော် ကတော့ ရှင်းရှင်းပြောရရင် ဆင်းရဲတယ်ဗျာ။ ကျွန်တော် ဒီကိုလာတဲ့ရည်ရွယ်ချက်ထဲမှာ အောင်မြင်ဖို့နဲ့ ငွေရှာဖို့က ငါးဆယ်ရာခိုင်နှုန်း လောက်ပါတယ်။ နေသန် ကတော့ ငွေကြေးနဲ့ပတ်သက်ရင် သိပ်စိတ်မဝင် စားဘူး။ သူ အာရုံနှစ် ထားတာက သူရေး နေတဲ့ ဆော့ဝဲလ်တွေ ထဲမှာ ပဲ။
အဲ ... ဘိုနိုကျတော့ တစ်မျိုး။ ဒီကောင် စိတ်ဝင်စားတာက ဂိမ်းဆော့ဝဲလ် ရေး တာဗျ။ ဒီကောင် ဖန်တီးတဲ့ဂိမ်းတွေ လည်း အောင်မြင်ပါ တယ်။ ဂိမ်းတွေ ရေး ပြီး ကုမ္ပဏီတွေ ကို ရောင်းစားခဲ့တာလည်း မနည်းတော့ ဘူး။ ခုလည်း ...ဒီကောင်က သူ့ရဲ့ ဂိမ်းအသစ်တွေ ကို Online တင်ပြီးကိုယ်တိုင်ရောင်းမလို့ဆိုပဲ။
ထားပါတော့ ...ဒါဟာ ကျွန်တော် တို့သုံးယောက် ရဲ့ မတူကွဲပြားတဲ့ အနေအထားလေးတစ်ခုကို ပြောပြတာပါ။ ဒီမြို့တော် အကြောင်း ပြန်ဆက် ကြဦးစို့။
ခေတ်မီတဲ့ မြို့တော် ဆိုတဲ့အတိုင်း လမ်းတွေ တိုင်းမှာ မီးတွေ ထိန် ထိန်လင်းနေတယ်။ တဝီဝီသွားလာနေကြတဲ့ ကားတွေ ၊ ဆိုင်ကယ်တွေ လည်း မနည်းဘူး။ ကျွန်တော် တို့ ကတော့ အရှက်ကွဲမှာ စိုးလို့ ကားစုတ်ကြီး ကို မစီးဘဲ လမ်းလျှောက်ထွက်လာခဲ့တာပါ။ လမ်းဆုံလမ်းခွတွေ မှာ လည်း ပရိုဂျက်တာကြီးတွေ ကတစ်ဆင့် ကုမ္ပဏီတွေ က သူတို့ရဲ့ ဆော့ဝဲလ်တွေ ကို ကြေညာနေကြတယ်။ လမ်းသွားလမ်းလာလူငယ်တွေ ဆိုရင်လည်း လက်ထဲ မှာ ရှိတဲ့ စမတ်ဖုန်း၊ ဒါမှမဟုတ် တက်ပလက်တွေ နဲ့ အင်တာနက်သုံးနေကြ တယ်။
နောက်တစ်ခု ထူးခြားတာက ဒီမြို့မှာ ရှိတဲ့ ဟိုတယ်တွေ ၊ စား သောက်ဆိုင်တွေ နဲ့ နေရာတော် တော် များများ မှာ Free ဖရီးဗျ။ ဘယ်လောက် များ အထာကျတဲ့မြို့လည်းဆိုတာ ကိုယ့်လူပဲ စဉ်းစားကြည့်တော့။
ကျွန်တော် တို့လည်း အဆင်ပြေမယ့် စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးပြီး ဝင်ထိုင်လိုက်ကြတယ်။ အားပါး ...ဝိတ်တာက မီးနူးကို တက် ပလက်နဲ့ လာပေးတာဗျ။ အဲဒီ မှာ ကိုယ်စားချင်တဲ့ အစားအစာကို အရေ အတွက် ရိုက်ထည့်ပြီး အမှန် (/) လုပ်လိုက်ရုံပဲ။
ရာသီဥတုက အေးစပ်စပ် ဖြစ်နေတာမို့ ကျွန်တော် တို့လည်း စား သောက်စရာတွေ နဲ့အတူ ဝီစကီနှစ် ပက်စီ မှာ လိုက်တယ်။ မစာမစားခင် သွေးပူသွားအောင် ဝီစကီလေး ငုံမယ်ပေါ့လေ။
ဝီစကီသောက်ရင်း ဘိုနိုက အရင် ...
''ငါတို့လာချင်တဲ့ နေရာတော့ ရောက်ပြီကွ၊ ဒါပေမဲ့ ...ဟိုတယ် မှာ တော့ ရေရှည်နေလို့ မ ဖြစ်သေးဘူး၊ ဘယ်လိုလုပ်ကြမလဲ''
နေသန်က ...
''ဒါများ ကွာ အိမ်တစ်လုံး ငှားလိုက်ကြတာပေါ့၊ အဲဒီ အိမ်မှာ ဧည့် ခန်းအပြင် အခန်းသုံးခန်းပါရမယ်ကွာ၊ အင်တာနက်လိုင်း ချိတ်ပြီးသား အိမ်ဆိုရင် ပိုအဆင်ပြေတယ်''
''အဲဒီ လိုမျိုး ရဖို့ လွယ်မလားကွ''
ဘိုနို့အပြောကို နေသန်ကပဲ ...
''ဒါ ကတော့ ရှာကြည့်ရမှာ ပဲလေ၊ ငါတို့အလုပ်တွေ က တစ်ယောက် တစ်ခန်းစီနေမှ ပိုအဆင်ပြေမှာ ကွ''
နေသန်ပြောတာလည်း ဟုတ်ပါတယ်။ ကျွန်တော် တို့က ကိုယ့် အလုပ်ကိုယ် တစ်ယောက် တည်း စိတ်နှစ် ပြီးလုပ်ရတာ ကို နှစ်သက် ကြတဲ့ ကောင်တွေ ပါ။ တစ်ခုခုရေး လို့ အောင်မြင်မှ တစ်ယောက် ကို တစ်ယောက် ကြွားတတ်ကြတယ်။
အဲဒီ အချိန်မှာ ပဲ ကျွန်တော် စိတ်ကူးတစ်ခုရလာတာနဲ့ ဝိတ်တာ လေးကိုခေါ်ပြီး မေးလိုက်တယ်။
''ညီလေး ...ဒီမြို့မှာ အိမ်ငှားတဲ့ အေဂျင်စီဝက်ဆိုဒ်တွေ ဘာတွေ ရှိလား''
''ရှိတယ်ဗျ''
ဝိတ်တာလေးက ဝက်ဆိုဒ်လိပ်စာတစ်ခု ရွတ်ပြပါတယ်။ ကျွန်တော် လည်း ဟိုနှစ် ကောင်ကို ပခုံးတွန့်ပြပြီး ကျောပိုးအိတ်ထဲက တက်ပလက် ကို ထုတ်လိုက်တယ်။ လိပ်စာအတိုင်းပင် ကြည့်လိုက်တော့ ငှားမယ့်အိမ် ပုံစံ၊ လစာ၊ နေရာအခင်းအကျင်း ...စတဲ့ လိပ်စာတွေ တစ်ထွေကြီး ကျ လာတယ်။
ကျွန်တော် က တက်ပလက်ကို စားပွဲပေါ် ချပေးလိုက် ရင်း ...
''ရော့ ...အဲဒီ မှာ ကြည့်ကြ၊ ဘယ်အိမ်က အဆင်ပြေမလဲဆိုတာ''
နေသန်နဲ့ဘိုနိုတို့လည်း ငြင်းရင်း ခုံရင်း ရှာကြပါတယ်။ နောက် ဆုံး ကျွန်တော် တို့သုံးယောက် စလုံး သဘောကျတဲ့ အိမ်တစ်လုံးကိုပဲ ရွေး လိုက်ကြတယ်။ တစ်လက်စတည်း ငှားမယ့်အကြောင်းကို အီးမေးပို့လိုက် တာပေါ့။
အိမ်ကိစ္စက ပြီးသွားပြီဆိုတော့ အလုပ်ကိစ္စအကြောင်း တိုင်ပင်ရ ပြန်တယ်။
ဒီတစ်ခါလည်း ဘိုနိုကပဲ အရင် ...
''ငါတော့ ရေး ထားပြီးသားရှိတဲ့ ဂိမ်းတွေ ကို အွန်လိုင်းမှာ စမ်ပယ် အရင်တင်လိုက်မယ်ကွာ၊ ကုမ္ပဏီတွေ က ဝယ်မယ်ဆိုရင်လည်း ရောင်းမယ်၊ လာအပ်ရင်လည်း ပက်ကိက်ခ်ျလိုက် ရေး ပေးမယ်၊ သူတို့ဆီမှာ တော့ ဝန် ထမ်းသဘောမျိုးနဲ့ သွားမလုပ်ဘူး၊ မင်းရော ...ဒီမွန်း''
ကျွန်တော့် ဘက် လှည့်မေးလာလို့ ကျွန်တော် က ...
''ငါလည်း စမ်ပယ်တင်ပြီး ဘယ်လိုတွေ ကမ်းလှမ်းလာမလဲဆို တာ စောင့်ကြည့်ဦးမယ်လေ''
ကျွန်တော့် စကားဆုံးတော့ နေသန်က ခပ်ပြတ်ပြတ်ပဲ ...
''ငါတော့ ဘိုနိုရဲ့ စိတ်ကူးကို သဘောကျတယ်၊ သူများ လက် အောက်မှာ လစာနဲ့လုပ်တာထက် ကိုယ်ပိုင်ပဲ ဆွဲချင်တယ်ကွာ၊ ပြီးတော့ ငါ ဆော့ဝဲလ်တစ်ခုရေး ဖို့ စဉ်းစားနေတယ်၊ အဲဒါကိုတော့ ရောင်းစားမှာ မဟုတ်ဘူး၊ ရေး ပြီးရင် လူတိုင်း ဖရီးယူလို့ရအောင် တင်ပေးလိုက် မယ်''
''ဘယ်လိုဆော့ဝဲလ်မျိုးလဲ နေသန်''
ဘိုနိုမေးလိုက်တော့ နေသန်က မချိုမချဉ် မျက်နှာပေးနဲ့ ...
''ဟဲ ဟဲ ...ခုတော့ ပြောလို့မ ဖြစ်သေးဘူးလေကွာ၊ အဆင့်တစ် ဆင့် အောင်မြင်ရင်တော့ မင်းတို့ကို အရင်ပြမှာ ပါ''
''ပြတာမဟုတ်ဘူး ...ကြွားတာပါ''
ကျွန်တော့် စကားကြောင့် နေသန်က တဟားဟား ထရယ်တယ်။ ကျွန်တော် ကပဲ ...
''ရေး ရင်း တစ်,နေရင်တော့ ငါ့ကို အကူအညီလာမတောင်းနဲ့နော်၊ လာတောင်းရင်လည်း အလကားမရဘူး''
နေသန်မျက်နှာက မဲ့သွားတယ်။ ကျွန်တော့် ကိုလည်း ယောက်ျား ကြီးတန်မဲ့ မျက်စောင်းထိုးလိုက်ပြီး ...
''ခွေးကောင် ...ငါက လူတွေ ကို အလကားပေးဖို့ ရေး နေတာ တောင် မင်းက ကြားထဲက ပိုက်ဆံယူချင်သေးတယ် ...ဟုတ်လား''
''ဟဲ ဟဲ ...နောက်တာပါကွာ''
စားသောက်စရာတွေ ရောက်လာလို့ သုံးယောက် သား စားနေကြ ချိန်မှာ ပဲ ဆိုင်ထဲက တီဗွီစခရင်မှာ ကြော်ငြာတစ်ခု ပေါ်လာတယ်။ ကြော် ငြာကို မြင်သာအောင် ပြောရရင် တီဗွီစခရင်မှာ ဆော့ဝဲလ်အပလီကေးရှင်းပုံ လေးတွေ ကို အရင်ထိုးပြတာခင်ဗျ။ ပြီးတော့ ...
''Welcome to Silence School''
ဆိုတဲ့ စာတန်းကြီး ပေါ်လာတယ်။ ပြီးမှ နောက်ခံစကားသံက ထွက်လာတယ်။ ဒီလိုပါ ...။
''ဆိုင်းလန့်စကူးက ကြိုဆိုပါတယ်၊ ကျွန်တော် တို့ကျောင်းဟာ ( ) မြို့မှာ တစ်ခုတည်းရှိတဲ့ သင်ကြားရေး နဲ့ ဖန်တီးမှု ကို တွဲစပ် ထားတဲ့ ကျောင်းတော် ကြီးပါ၊ ကျွန်တော် တို့ဟာ ဘယ်ကျောင်းသားရဲ့ ဝင်ခွင့် လျှောက်လွှာကိုမှ လက်မခံပါဘူး၊ ဒါပေမဲ့ ...နိုင်ငံတစ်ဝန်းက တော် တဲ့ တတ်တဲ့ လူငယ်မျိုးဆက်သစ် ကွန်ပျူတာပညာရှင်တွေ ကို စောင့်ကြည့်နေ ပါတယ်၊ ကျွန်တော် တို့ရဲ့ ကျောင်းသားအ ဖြစ် လက်ခံနိုင်တဲ့ အရည်အချင်း ပြည့်မီရင် အဲဒီ ကျောင်းသားဆီ တိုက်ရိုက်ဆက်သွယ်ပြီး ဆိုင်းလန့်စကူးမှာ လာတက်ဖို့ ကမ်းလှမ်းသွားမှာ ပါ၊ ကျွန်တော် တို့ရဲ့ ကျောင်းမှာ တက်ခွင့်ရရင် ရရှိနိုင်တဲ့ အခွင့်အရေး တွေ နဲ့ စည်းကမ်းတွေ ကိုတော့ ဆိုင်းလန့်စကူးရဲ့ ဝက်ဆိုဒ် ဖြစ်တဲ့ www.silenceschool.com မှာ ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်၊ ကျေးဇူးပါပဲ''
ကြော်ငြာအဆုံးမှာ တော့ ကျွန်တော် တို့တွေ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ ဘာကြီးလဲပေါ့။ စိတ်ထဲမှာ ထူးဆန်းသွား တယ်။ ပြောသွားတဲ့အတိုင်းဆိုရင် အဲဒီ ကျောင်းက ဒီမြို့မှာ ဖွင့်ထားတာပဲ။
အဲဒီ အချိန်မှာ ပဲ ကျွန်တော် တို့ရဲ့ ဘေးဝိုင်းက စကားသံသဲ့သဲ့ ကြား လိုက်ရတယ်။ ကောင်လေးနှစ် ယောက် ပြောနေကြတာပါ။
''ငါတော့ ဆိုင်းလန့်စကူးမှာ အရမ်းတက်ချင်တာပဲကွာ၊ ဆော့ဝဲလ် တွေ တင်ကြည့်တာလည်း အရွေးမခံရဘူး၊ အဲဒီ မှာ တက်ခွင့်ရရင်တော့ ပြီးပြီ''
တစ်ယောက် စကားအဆုံးမှာ နောက် တစ်ယောက် ကလည်း ...
''သိပ်တော့မလွယ်ဘူးကွ၊ အဲဒီ ကျောင်းမှာ က တစ်နိုင်ငံလုံးမှာ ရှိတဲ့ အတော် ဆုံး ကွန်ပျူတာပညာရှင်တွေ ချည်းပဲ၊ ပြီးတော့ ...ပညာလည်း သင်ပေးဦးမယ်၊ ပေးတဲ့လစာနဲ့ တခြားအခွင့်အရေး တွေ ကလည်း မက် လောက်စရာပဲ''
''အင်း ...မက်လောက်စရာဆိုပေမယ့် ပြန်လုပ်ပေးရတဲ့အလုပ် ကလည်း ရှိသေးတာကိုး''
တစ်ယောက် တစ်ပေါက် ပြောပြီး အဲဒီ ကောင်လေးနှစ် ကောင်က ပြန်သွားကြတယ်။ ခုနက ကြော်ငြာရယ်၊ ပြီးတော့ ...ကောင်လေးနှစ် ကောင်ပြောသွားတဲ့ စကားသံတွေ ကြောင့် ကျွန်တော့် စိတ်ထဲ အဲဒီ ဆိုင်းလန့် စကူးဆိုတာကို စိတ်ဝင်စားသွားမိတယ်။ ဘယ်လိုကျောင်းမျိုးလဲပေါ့။
အဲဒီ အတွေးနဲ့ ကျွန်တော် က ...
''ဟေ့ကောင်တွေ ...ခုနက ကြော်ငြာသွားတဲ့ ဆိုင်းလန့်စကူး ဆိုတာဟာ ဘယ်လိုမျိုးလဲ မသိဘူးက၊ ဟိုတယ်ပြန်ရောက်ရင် ဆိုဒ်လိပ်စာ အတိုင်း ဝင်ကြည့်ဦးမှပဲ''
''အေးလေ ...ကြည့်ကြည့်ပေါ့''
ဘိုနိုက အလိုက်သင့်လေး ဝင်ပြောပေမယ့် နေသန် ကတော့ စိတ် ဝင်စားပုံမရှိဘူး။ ပြီးတော့ သူက ပြောလာသေးတယ်။
''မင်းတို့ ...ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်ကြစမ်းပါကွာ၊ တခြား ဟာတွေ ကို လိုက်စိတ်ဝင်စားမနေနဲ့''
''မင်းကလည်းကွာ၊ နည်းနည်း ထူးခြားနေလို့ ဝက်ဆိုဒ်ထဲ ဝင်ကြည့် ရုံလေးပါ၊ ပြီးတော့ ...အဲဒီ ကျောင်းဆိုတာက ငါတို့ရဲ့ အလုပ်နဲ့လည်း နည်း နည်းနီးစပ်တယ်လေ''
ကျွန်တော် စောဒက တက်လိုက်တော့ နေသန်က ကြီးကြီးကျယ် ကျယ် ပြောလာသေးတယ်။
''အေးလေ ...တစ်ချိန်ကျရင် ငါတို့နဲ့ ပြိုင်ဘက်တွေ ဖြစ်လာ နိုင်တာပေါ့''
တဲ့။ နေသန်စကားကို ကျွန်တော် မသိမသာ နှာခေါင်းရှုံ့လိုက်မိ တယ်။ ဟုတ်တယ်လေ။ တွေးကြည့်ရင်တောင် အဲဒီ ကျောင်းမှာ က ကျွန် တော် တို့လိုလူတွေ အများ ကြီးပဲ မဟုတ်လား။
ဘိုနို ကတော့ ဘာမှကို ဝင်မပြောတော့ဘူး။ ကျွန်တော့် တက်ပလက် ထဲမှာ အင်စတောလုပ်ထားတဲ့ သူ့ရဲ့ ဂိမ်းအသစ်ကို စမ်းဆော့နေတယ်။
ကျွန်တော် နဲ့နေသန်က တစ်ယောက် ကို တစ်ယောက် ချစ်ကြသ လောက် တစ်ခါတစ်ခါမှာ အဲဒီ လို အယူအဆလေးတွေ ကွာတယ်။ အဲဒါ ကလည်း ဖြတ်သန်းခဲ့ရတဲ့ဘဝချင်း မတူလို့ ဖြစ်မှာ ပါဆိုပြီး ဖြေတွေးလိုက် ပါတယ်။
ဒီလိုနဲ့ တခြားအကြောင်းတွေ ကို ပြောရင်း ခုနက ဆိုင်းလန့်စကူး ဆိုတာကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားရတယ်။ စားသောက်ပြီး ဟိုတယ် ပြန်ရောက်တော့ ညဆယ်နာရီလောက်တောင် ထိုးနေပါပြီ။
နေသန်က ကားမောင်းလာခဲ့ရလို့ ပိုပင်ပန်းသွားပုံရတယ်။ ဟိုတယ် အခန်းထဲ ပြန်ရောက်တာနဲ့ တစ်ချိုးတည်း ဝင်အိပ်တော့တာပဲ။ ဘိုနိုက တော့ သူ့ခုတင်ပေါ်မှာ အသာမှော က်ပြီး ဂိမ်းဆက်ဆော့နေတယ်။
ကျွန်တော့် မှာ တော့ တော် တော် နဲ့ အိပ်မပျော်နိုင်ဘူး။ ကိုယ့်ဘဝ အကြောင်း ကိုယ်ပြန်စဉ်းစားရင်း လူးလိမ့်နေမိတယ်။
ကျွန်တော် က မိုးမှော င်ကြီးကျတဲ့နေ့မှာ ဘီလူးနက္ခတ်နဲ့မွေးလာ တဲ့ ကောင်တဲ့။ နာမည် က ဒီမွန်း။ နတ်ဆိုးတစ်ကောင်လို လူတွေ ဆီက သတ်မှတ်ခံခဲ့ရ။ ကျွန်တော့် ရဲ့ ဖေဖေနဲ့မေမေ။ အို ...။ အဲဒါတွေ ပြန်တွေး လိုက်မိတိုင်း ကျွန်တော့် ကို လှောင်ပြောင်၊ ရှုတ်ချ၊ အထင်သေးခဲ့ကြတဲ့ အကြည့်တွေ ၊ စကားလုံးတွေ က ရင်ထဲ ပြန်ရောက်လာကြတယ်။
တစ်ဘဝလုံး နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်၊ အံကြိတ်ခံပြင်းခဲ့ရ ပေမယ့် အဲဒီ လူတွေ ကို ကျွန်တော် မမုန်းပါဘူး။ လောကကြီးကို ချစ်သလိုပဲ ချစ်ပါတယ်။
ဒါပေမဲ့ ...ကျွန်တော့် ရဲ့ အငုတ်စိတ်တစ်ခုက အဲဒီ အကြည့်တွေ ၊ စကားလုံးတွေ ကို ကျွန်တော့် ရဲ့ စွမ်းအားနဲ့ တော် လှန်ချင်မိတယ်။ သူတို့တွေ ပါးစပ်ပိတ်သွားအောင်၊ အကြည့်တွေ ပြူးကျယ်သွားအောင်၊ အံ့သြမှင်တက် သွားအောင် လုပ်ပြလိုက်ချင်တာပါ။
အဲဒါကြောင့် ပဲ ကျွန်တော့် ရဲ့ ဘဝမှာ အောင်မြင်မှု နှင့် ငွေကြေးကို မွတ်မွတ်သိပ်သိပ် ဆာလောင်နေတာပေါ့။ ခုတော့ ဒီလိုနည်းပညာမြို့တော် ရဲ့ လက်ဖျံရိုးပေါ်ကို ကျွန်တော် ရောက်ရှိနေခဲ့ပြီ။ ကျွန်တော် လှမ်းယူဆုပ် ကိုင်ရမယ့် ပန်းဟာ ရောင် နီပေါ်မှာ မေးတင်နေလိမ့်မယ်။
ကြားဖြတ်ပြောရရင် ကျွန်တော့် သူငယ်ချင်းတွေ ဖြစ်တဲ့ နေသန်နဲ့ ဘိုနိုတို့ဟာ ကျွန်တော့် ဘဝတစ်လျှောက်လုံး ဖေးမခဲ့ကြတဲ့လူတွေ ပါ။ ကျွန်တော့် ရဲ့ ငယ်ဘဝ၊ ခံစားချက်ကိုပါ အမြဲနားလည်ပေးခဲ့တဲ့ နေသန်ကို တော့ ပိုသံယောဇဉ် ရှိပါတယ်။ နေသန်ဟာ ကျွန်တော် နဲ့ မတွဲဖို့ပြောတဲ့ သူ့ရည်းစားကိုတောင် အဆက်ဖြတ်ခဲ့ဖူးပါတယ်။
အဲဒီ အတွေးနဲ့ နေသန်ကို ကြည့်လိုက်တော့ တခေါခေါနဲ့ အိပ်မော ကျနေတယ်။ ဘိုနိုဆိုတဲ့ ကောင်ကလည်း ဂိမ်းဆော့လို့ ကောင်းနေတုန်း။
စကားပြောဖော်မရှိတာနဲ့ ရောက်တတ်ရာရာတွေးရင်း ဆိုင်းလန့် စကူး (Silence School) ဆိုတဲ့ နာမည် က ခေါင်းထဲ ပြေးဝင်လာတယ်။ စပ်စုကြည့်ဦးမှာ ပဲလို့ တွေးရင်း လဲနေရာကနေ လူးလဲထပြီး ကျွန်တော့် ရဲ့ လက်ပ်တော့ကို ဖွင့်လိုက်ပါတယ်။
ကျွန်တော့် အပြုအမူကြောင့် ဘိုနိုက ဘာလဲဟဆိုတဲ့ မျက်လုံးနဲ့ တစ်ချက် လှမ်းကြည့်တယ်။ ဘာမှတော့ မပြောဘူး။ သူ့ဟာသူ ဂိမ်းပဲ ဆက်ဆော့နေလေရဲ့ ။
ကျွန်တော် လည်း အွန်လိုင်းပေါ်မှာ ဆိုင်းလန့်စကူးရဲ့ ဝက်ဆိုဒ်လိပ် စာကို ရိုက်ထည့်လိုက်ပါတယ်။
တသီတတန်းကြီးကျလာတဲ့ ဒေတာလ်တွေ ကိုကြည့်ပြီး ကျွန်တော် အံ့သြသင့်သွားရတာ ကတော့ တကယ်ပါပဲ။
သင်သာ (Silence School) ကို တက်ခွင့်ရလျှင် ရရှိမည့် အခွင့် အရေး များ ။
၁။ အရည်အချင်းအလိုက် သတ်မှတ်ပေးသော လစာ။
(နိုင်ငံတကာစံနှုန်းဖြင့် )
၂။ သင်နေထိုင်ရမည့်  ကိုယ်ပိုင်တိုက်ခန်း၊ စီးရမည့် ကား၊ သင် အသုံးပြုခွင့်ရမည့်  ကွန်ပျူတာနှင့် ပတ်သက်သည့် နောက်ဆုံး ပေါ် ဆက်စပ်ပစ္စည်းများ ။
၃။ ကျောင်းတက်နေသော ငါးနှစ် တာကာလအတွင်း သင့်ဘဝ အကောင်းဆုံး ပြောင်းလဲသွားမည့် အခြေအနေ။
နောက်ထပ် ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အချက်အလက်တွေ ရှိပါ သေးတယ်။ ခမ်းနားတဲ့ ကျောင်းတော် ကြီးရဲ့ ပုံကိုလည်း ဘက်ပေါင်းစုံကနေ ရိုက်ပြထားတယ်။ နေရမယ့်တိုက်ခန်းတွေ ၊ စီးရမယ့် ကားတွေ ကိုလည်း ပြထားတယ်။ အဲဒါကြောင့် လည်း ဒီမြို့လူငယ်တွေ ဒီကျောင်းကို သွားရည် ယိုနေကြတာ ဖြစ်မှာ ပေါ့။
အဲဒါတွေ ...ပြီးတော့ ကျောင်းရဲ့ စည်းကမ်းတွေ ကိုပါ ဖော်ပြ ထားသေးတယ်။
၁။ ကျောင်းနှင့် ငါးနှစ် စာချုပ် ချုပ်ရမည် ။ စာချုပ်ဖောက်ဖျက် ပါက လျော်ကြေးအပြင် တရားဥပဒေအရပါ အရေး ယူသွား မည် ။
၂။ စာသင်ချိန်မှအပ တခြားအလုပ်ချိန်တွင် ပေးအပ်သော အလုပ် ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရမည် ။
၃။ ကျောင်းသားတိုင်းသည် လျှို့ဝှက်ချက်ကိုယ်စီရှိသဖြင့် ကျောင်းသားကျောင်းသူအချင်းချင်း ရင်းနှီးစွာ အသင်းအစု ဖွဲ့၍ နေထိုင်ခြင်း၊ အထူးသဖြင့် ယောက်ျားလေးနှင့် မိန်း ကလေး ချစ်ကျွမ်းဝင်ခြင်း မပြုလုပ်ရ။
စည်းကမ်းချက်တွေ ကြည့်ရတာ တော့ သူတို့ဆီက ဒေတာလ်တွေ ပေါက်ကြားသွားမှာ စိုးလို့ ကြိုကာထားတာနဲ့ တူပါတယ်။
ဘာပဲ ဖြစ် ဖြစ် အဲဒီ ဆိုင်းလန့်စကူးဆိုတာကိုတော့ ကျွန်တော် တော် တော် လေး စိတ်ဝင်စားသွားမိတယ်။ ဒါပေမဲ့ ...ခက်တာက အဲဒီ ကျောင်း ကို တက်ချင်ရင်တောင် သွားလျှောက်လို့မရဘူး။ သူတို့ဆီက ကမ်းလှမ်းမှ တက်ခွင့်ရမယ့်ပုံစံပါ။ ကိုယ်နဲ့မဆိုင်လောက်ပါဘူးလို့တွေးရင်း ကျွန်တော့်  လက်ပ်တော့ကို ပိတ်လိုက်ပါတယ်။
စိတ်ထဲက စွဲသွားလို့လားမသိဘူး။ အဲဒီ ညက အိပ်မက်မက်ပါ သေးတယ်။ အိပ်မက်ထဲမှာ ကျွန်တော် တို့သုံးယောက် စလုံး ဆိုင်းလန့်စကူးမှာ တက်နေရင်း နာမည် တွေ ကြီးနေကြတယ်တဲ့ဗျာ။
ကျွန်တော် တို့သုံးယောက် စလုံးဟာလည်း ကိုယ်ပိုင်ကားတွေ ၊ တိုက်ခန်းတွေ နဲ့ ပျော်လို့ရွှင်လို့တဲ့။
ငှားလိုက်တဲ့အိမ်က အိမ်လခ နည်းနည်း ဈေးကြီးပေမယ့် ကျွန်တော် တို့သုံးယောက် နဲ့တော့ ကွက်တိပါပဲ။ ဧည့်ခန်း၊ မီးဖိုခန်းအပြင် အိပ်ခန်း သုံးခန်းပါတယ်။ အဲဒီ သုံးခန်းစလုံးမှာ လည်း ရေချိုးခန်း အိမ်သာတွဲလျက် တွေ ချည်းပဲ။ ပြီးတော့ အိမ်တစ်အိမ်မှာ ရှိသင့်တဲ့ ပရိဘောဂတွေ ၊ တီဗွီ၊ ရေခဲသေတ္တာ ...စသဖြင့် ပေါ့ အကုန်ပါပါတယ်။
နောက်ပြီး ဘုရားခန်းနဲ့ ကျွန်တော် တို့အလုပ်အတွက် အရမ်း အရေး ကြီးတဲ့ အင်တာနက်လိုင်းကလည်း ချိတ်ထားပြီးသား။ အဲဒါကြောင့် မို့ ဒီအိမ်လေးကိုငှားဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။
အိမ်က မြို့တော် ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ဆိုပေမယ့် သွားရေး လာ ရေး က သိပ်မခက်သလို အစားအသောက်လည်း မရှားပါဘူး။ အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ မီနီမတ်ကတ်တွေ ၊ စားသောက်ဆိုင်တွေ ၊ အင်တာနက်ကဖီး တွေ ကလည်း ပေါမှပေါ။ အကြိုက်ဆုံးက အိမ်လေးရဲ့ ဝရန်တာက လှမ်း ကြည့်လိုက်ရင် မြို့တော် ကို သဘာဝ တရားကြီးက ကာကွယ်ပေးထားတဲ့ ဆိုင်းညို့ညို့တောင်တန်းကြီးကို မြူတွေ ကြားမှာ တွေ့ ရတာ ပဲ။ ပန်းချီကား ကြီးတစ်ချပ်လို့ပေါ့ဗျာ။ ညနေစောင်းဆိုရင် အဲဒီ တောင်တန်းကြီးရဲ့ နောက် ကို နေလုံးကြီး ငုပ်လျှိုးသွားပုံကလည်း မရိုးနိုင်တဲ့ ဆန်းဆက်ပါပဲ။ တသုန် သုန် တိုက်ခတ်လာတဲ့ လေပြည်ရဲ့ အထိအတွေ့ ကို ခံစားရင်း ကျွန်တော် တို့ လည်း ဝရန်တာလေးမှာ ဘီယာသောက်ကြပေါ့။
အဲ ...ညဘက်ရောက်ရင်တော့ ဘယ်သူမှ တော် တော် နဲ့ မအိပ်ြ ကတော့ဘူးဗျို့။ ကိုယ့်အခန်းထဲက ကိုယ့်ကွန်ပျူတာရှေ့မှာ ထိုင်ပြီး ကျွန်တော် တို့တွေ တိုက်ပွဲဝင်ကြရပြီ။ ဆော့ဝဲလ်တွေ နဲ့ လုံးထွေးသတ်ပုတ်လို့ ပေါ့။
အိမ်ငှားပြီး ဆယ်ရက်လောက် ကြာချိန်မှာ တော့ ကျွန်တော် ရော ဘိုနိုပါ ဆမ်ပယ်ဆော့ဝဲလ်လေးတွေ ကို အွန်လိုင်းမှာ တောင် တင်လိုက်နိုင် ကြပြီ။ နေသန်ဆီ ကတော့ ဘာသံမှ မကြားရသေးဘူး။
ဒါပေမဲ့ တစ်ညနေမှတော့ နေသန် သူ့အခန်းထဲက အူယားဖား ယား ပြေးထွက်လာပြီး ...
''ဒီမွန်း၊ ဘိုနို ...လာကြည့်စမ်းပါဟ၊ ငါ့ဆော့ဝဲလ်က အဆင့်တစ် ဆင့် အောင်သွားပြီ''
အားရဝမ်းသာ အော်ပြောလာတဲ့ နေသန်အသံကြောင့် ကျွန်တော် နဲ့ဘိုနို သူ့အခန်းထဲ ပြေးလိုက်သွားကြတယ်။
နေသန်က သူ့ကွန်ပျူတာရှေ့မှာ ထိုင်ပြီး မောက်(စ်)နဲ့ ထောက်ပြ ရင်း ...
''ဟေ့ကောင်တွေ ...ဒီမှာ ကြည့်''
''ဟာ''
''ဟင်''
သူ တစ်ဆင့်ချင်းထောက်ပြတဲ့ ဒေတာလ်တွေ ၊ စကေးတွေ ကို ကြည့်ရင်း ကျွန်တော် နဲ့ဘိုနို ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။ ဆော့ဝဲလ် ပိုင်းဆိုင်ရာနဲ့ မစိမ်းသူတွေ မို့ နေသန်ရေး နေတဲ့ ဆော့ဝဲလ်ဟာ အကြီးကြီး ပဲဆိုတာ ချက်ချင်း သဘောပေါက်လိုက်တယ်။
ဘိုနိုက အားမလို အားမရသံနဲ့ ...
''နေသန် ...မင်း ဒီဆော့ဝဲလ်ပြီးလို့ ရောင်းစားလိုက်ရင်တော့ ထောပြီကွ၊ မိုက်တယ်ကွာ၊ မင်း ဘယ်လိုအတွေး ရသွားတာလဲ''
နေသန်က ခေါင်းခါလိုက်ရင်း ...
''မရောင်းစားပါဘူးကွာ၊ ဒီဆော့ဝဲလ် အောင်မြင်အောင်ရေး နိုင်ရင် တန်ဖိုးရှိမယ်မှန်း ငါ သိပါတယ်၊ ဒါပေမဲ့ ...ဒီဆော့ဝဲလ်ရဲ့ အခြေခံကိုယ် ထည်က တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူတွေ ဟာ သူတို့ရဲ့ မိသားစုတွေ , သားသမီး တွေ , မိဘတွေ , အိမ်ထောင်ဘက်တွေ , ချစ်သူရည်းစားတွေ ပိုပြီးနွေးထွေးဖို့ ထိန်းချုပ် ဆင်ခြင် လုပ်ဆောင်ရမယ့် ဒေတာလ်တွေ ကို စုပြီး တည်ဆောက် ရတာ လေ၊ ငါ ရေး ဖို့ဆိုပြီး အချက်အလက်တွေ စုနေတာတောင် နှစ် နှစ် ပြည့်တော့မယ်၊ ခုမှ စရေး ဖြစ်တာကွ၊ တကယ်လို့ ရေး ပြီးရင်တော့ အွန် လိုင်းမှာ အခမဲ့ တင်လိုက်မယ်၊ အဲဒါ ...ငါ့ဆန္ဒပဲ''
လေးလေးနက်နက်ပြောလိုက်တဲ့ နေသန်စကားဆုံးမှာ ဘိုနိုက ...
''လေးစားပါတယ်ကွာ၊ ဒီဆော့ဝဲလ်သာ အောင်မြင်ရင်တော့ မင်း နာမည် ဟာ အွန်လိုင်းသမိုင်းမှာ ရာဇဝင်တွင် ပြီကွ ...နေသန်''
နေသန်က သူ့ကိုယ်သူ ပီတိ ဖြစ်ရင် ပြုံးတဲ့အပြုံးမျိုး ပြုံးတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်တော် လည်း နေသန်ရဲ့ စိတ်ဓာတ်ကို လေးစား မိပါတယ်။ ကိုယ့်အတ္တမပါဘဲနဲ့ လူတွေ ကို အကျိုးပြုဖို့ဆိုတဲ့ စိတ်မျိုးထား ဖို့က မလွယ်ဘူးလေ။
ကျွန်တော် က ...
''ဒါနဲ့ နေသန် ...မင်း ဒီဆော့ဝဲလ်ကို နာမည် ဘယ်လိုပေးထား လဲ''
နေသန် တစ်ချက်တွေ ခနဲ ဖြစ်သွားပြီးမှ ...
''စဉ်းစားနေတုန်းပါပဲကွာ၊ နာမည် ထက် ဒီဆော့ဝဲလ် မြန်မြန်ပြီး အောင်ရေး ဖို့ကိုပဲ စိတ်ထဲရောက်နေတာ၊ အဲဒါမှ နောက်အလုပ်တစ်ခု ထပ် လုပ်နိုင်မှာ လေ''
အလုပ်ဆိုတဲ့ စကားကြောင့် ကျွန်တော့် ခေါင်းထဲမှာ အတွေးတစ်ခု က ဝင်လာပြန်တယ်။ အဲဒါနဲ့ နေသန်ကိုကြည့်ပြီး ...
''နေသန် ...ငါ ဟိုတစ်ရက်ညက ဆိုင်းလန့်စကူးရဲ့ ဝက်ဆိုဒ် ထဲကို ဝင်ကြည့်သေးတယ်၊ အဲဒီ ကျောင်းမှာ သာ တက်ခွင့်ရရင် ပညာလည်း သင်ရမယ်၊ ပြီးတော့ ...သူတို့ဆီက ပေးတဲ့လစာနဲ့ အခွင့်အရေး တွေ က လည်း ရှယ်တွေ ချည်းပဲကွ''
နေသန်က ကျွန်တော့် ကို ဆတ်ခနဲ ပြန်ကြည့်လာပြီး ...
''ငါလည်း ဝင်ကြည့်ပြီးပါပြီ၊ သူတို့ဆီက ပေးတယ်ဆိုတာကလည်း အလကားတော့ မဟုတ်ဘူးလေ၊ တက်ခွင့်ရတဲ့လူက ပြန်လုပ်ပေးရမယ့် အလုပ်တွေ ကလည်း အများ ကြီးပဲ''
''ဘာပဲ ဖြစ် ဖြစ်ကွာ ...အဲဒီ ကျောင်းမှာ တက်ခွင့်ရရင် ငါးနှစ် အ တွင်း ဘဝ ပြောင်းသွား မှာ ပဲ၊ ငါ မင်းကိုမေးမယ်၊ တကယ်လို့ မင်းကိုသာ အဲဒီ ကျောင်းက ကမ်းလှမ်းလာရင် မင်း ဘယ်လိုဆုံးဖြတ်မလဲ''
နေသန်က စဉ်းစားထားပြီးသားပုံစံနဲ့ မဆိုင်းမတွ ပြန်ပြောလာ တယ်။
''အမှန်အတိုင်း ပြောရရင် ငါ စိတ်မဝင်စားဘူး ဒီမွန်း၊ ဘာ ဖြစ် လို့လဲဆိုတော့ သူတို့ကမ်းလှမ်းမှု ထဲမှာ ပညာသင်ပေးဖို့က လေးဆယ်ရာခိုင် နှုန်းလောက်ပဲပါတာ၊ ကျန်တာက ကုမ္ပဏီတစ်ခုမှာ လို အခကြေးငွေယူပြီး အလုပ်လုပ်ပေးရမယ့်သဘောမျိုးပဲ၊ ပြီးတော့ ...မင်းရေး ပေးလိုက် တဲ့ ဆော့ ဝဲလ်တွေ ဟာ သူတို့ရဲ့ အပိုင် ဖြစ်သွားမှာ ၊ အဲဒါကို ရောင်းစားလို့ရတဲ့ အကျိုး အမြတ်ကိုလည်း သူတို့ပဲ ယူမယ့်သဘောပဲ၊ ကိုယ့်ဘာသာကိုယ် ရပ်တည် စမ်းပါကွာ ...ငါတို့မှာ လည်း အရည်အချင်းရှိတာပဲ၊ တစ်နေ့တော့ အောင် မြင်မှာ ပေါ့''
''အင်း ...မင်းပြောတာလည်း ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါ စဉ်းစားမိတာတစ်ခုက ...တကယ်လို့ အဲဒီ ကျောင်းကများ ကမ်းလှမ်း လာရင် အဲဒါဟာ အခွင့်အရေး တစ်ခုများ ဖြစ်နေမလားလို့ပါ၊ ဥပမာကွာ ...ငါတို့ မသိသေးတာတွေ သင်ကြားရမယ်၊ နောက်ဆုံးပေါ်ပစ္စည်းတွေ နဲ့ လည်း ထိတွေ့ ရမယ်၊ အဲဒီ မှာ ငါးနှစ် လောက် ရင်းလိုက်ရင် ငါတို့ဘဝ တိုးတက်ပြောင်းလဲသွားမလားဆိုပြီး တွေးမိတယ်''
အဲဒီ လို စောဒကတက်လိုက်တော့ နေသန်က ကျွန်တော့် ကို ခပ် ထွေထွေကြည့်ရင်း ခေါင်းခါတယ်။ ပြီးမှ ...
''ဒီမွန်း ...မင်း ကတော့ အဲဒီ ကျောင်းမှာ တက်ခွင့်ရရင် ရလာ မယ့် အခွင့်အရေး နဲ့ငွေကြေးကို စိတ်ဝင်စားနေပြီထင်တယ်၊ အေးလေ ... အဲဒါကလည်း မင်းကိုယ်တိုင် ဆုံးဖြတ်ရမယ့်ကိစ္စပဲလေ၊ ဒါပေမဲ့ ...ငါ့ကို တော့ မတိုက်တွန်းနဲ့ကွ၊ ငါ ခုရေး နေတဲ့ဆော့ဝဲလ် မပြီးခင် တခြားဘာကိစ္စ ကိုမှ ခေါင်းထဲထည့်လို့ရမှာ မဟုတ်ဘူး''
ဒီလောက်ဆိုရင် နေသန် ဆိုင်းလန့်စကူးကို စိတ်မဝင်စားဘူးဆို တာ ကျွန်တော် နားလည်လိုက်ပါပြီ။ အဲဒီ အချိန်မှာ ပဲ တီဗွီလှမ်းလှည့်နေ တဲ့ ဘိုနိုဆီက အသံထွက်လာတယ်။
''ဟေ့ကောင်တွေ ...ဘရိတ်ကင်းနယူးစ် တက်လာတယ်ကွ၊ ကြည့်ပါဦး ...ကွန်ပျူတာပညာရှင်လူငယ်တစ်ဦး အသတ်ခံရတဲ့၊ ဟာ ...ဒီမြို့မှာ ဖြစ်သွားတာပဲကွ''
ကျွန်တော် နဲ့နေသန် လှမ်းကြည့်လိုက်ကြတယ်။ ဟုတ်ပါတယ်။ အသက်နှစ် ဆယ်ကျော် ကွန်ပျူတာပညာရှင်လူငယ်တစ်ဦး ဒီမြို့မှာ အသတ် ခံလိုက်ရတာ ပါ။ အမှု အခင်း ဖြစ်စဉ်ကို တီဗွီက ထုတ်လွှင့်နေပါတယ်။ ကြည့် ရတာ တမင်လုပ်ကြံသွားပုံမျိုးပဲ။ အဲဒီ လူရဲ့ အိမ်ထဲကိုဝင်ပြီး ရက်ရက်စက် စက် သတ်သွားတာမျိုးပါ။ သူ့ရဲ့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ ကိုပါ လူသတ်သမားက ဖျက်ဆီးသွားတယ်။ အသတ်ခံရတဲ့ အဲဒီ လူရဲ့ နာမည် က ...ရောဘတ်တဲ့။
အဲဒီ သတင်းကိုကြည့်ပြီး ကျွန်တော် တို့အားလုံး စိတ်မကောင်း ဖြစ်သွားကြတယ်။ လူ တစ်ယောက် ၊ ဒီထက် ကျွန်တော် တို့လို ဘဝတူလူငယ် တစ်ယောက် ဆုံးရှုံးသွားရတာ ကို နှမြောဝမ်းနည်းမိတာပါ။ ခုလို လုပ်ကြံခံရ တာဟာ သူတတ်ထားတဲ့ပညာနဲ့ ပတ်သက်နေမလားတော့ မသိဘူး။
သတင်းပြီးသွားတော့ နေသန်က ကျွန်တော် နဲ့ဘိုနိုနဲ့ကိုကြည့်ပြီး ခပ်တိုးတိုး ဆိုလာတယ်။
''အဲဒါပဲ ကြည့်တော့ကွာ ...ဒီမြို့တော် ဟာ နည်းပညာနဲ့ပတ် သက်ပြီး ဖွံ့ဖြိုးတိုးတက်တယ်၊ ပညာရှင်လူငယ်တွေ အတွက် အခွင့်အရေး တွေ ရှိသလို ခုလို ပညာအတွက် လုပ်ကြံခံရတာ မျိုးတွေ လည်း ရှိနေနိုင်တာပဲကွ၊ ဘာ ဖြစ်လို့လဲဆိုတော့ အရမ်းတော် လာ, တတ်လာရင် မကျေနပ်ကြတာ များ တယ်ကွ''
နေသန့်စကားကလည်း ခုနက ကျွန်တော် တွေးမိတဲ့ အတွေးလို ပါပဲ။ ကျွန်တော် တို့မှာ ရန်သူမရှိပေမယ့် အသွားအလာအနေအထိုင်ကို ဂရုစိုက်ရမယ်ဆိုတာ နားလည်လိုက်ပါတယ်။
စကားထပ်မပြော ဖြစ်ကြဘဲ ကိုယ့်အခန်းထဲ ကိုယ်ဝင်လိုက်ကြ တယ်။ ကွန်ပျူတာရှေ့မှာ ထိုင်လိုက်တယ်ဆိုရင်ပဲ ကျွန်တော့် ဆီကို အီးမေး တစ်စောင် ဝင်နေတာ တွေ့ လိုက်ရပါတယ်။
ဒီမွန်း ...
ရှင်တို့ကို (Silence School) က သူတို့ဆီမှာ ကျောင်း တက်ဖို့ ကမ်းလှမ်းလာပါလိမ့်မယ်။ အဲဒါကို သေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ငြင်းလိုက်စေချင်ပါတယ်။ ရှင်တို့ရဲ့ အကျိုးကို လိုလားလို့ပါ။
အိန်ဂျယ်
အဲဒီ အီးမေးကြောင့် ကျွန်တော် အံ့သြသင့်သွားရတယ်။ ဘယ်သူ လဲ၊ ဘာသဘောနဲ့ ခုလို ပို့တာလဲဆိုတာ စဉ်းစားလို့မရဘူး။ ပို့လာတဲ့ လူရဲ့ နာမည် ကလည်း အိန်ဂျယ်ဆိုပဲ။ ကောင်မလေးပဲ ဖြစ်မယ်ထင်တာပဲ။ သူ့အီးမေးရဲ့ အောက်မှာ သူ့ရဲ့ တခြားအကောင့်နာမည် တွေ လည်း ရေး ပေး ထားတယ်။
ဒါဟာ သူ့ဆီကို ပြန်ဆက်သွယ်စေချင်တာပဲလို့ ကျွန်တော် တွေး ရင်း လှုပ်ရှားလိုက်ပါတယ်။
![]() လိပ်ပြာရစ်သမ် | ![]() ကြည်နူးရာ ကြေကွဲရာ | ![]() ရိုးမြေကျ သီအိုရီ |