ကျွန်တော် ကုမ္ပဏီကို ရောက်တော့ မနက်ဆယ်နာရီတောင် ထိုးနေပါပြီ။ ထုံးစံအတိုင်း ရန်ကုန်တိုင်း ဒေသကြီး ကတော့ လန်းလို့၊ လွင့်လို့၊ ရွေ့လို့၊ မျောလို့ပေါ့ဗျာ၊ ရုံးခန်းထဲ ရောက်ရောက်ချင်း ဒီနေ့တစ်ရက်အတွက် လုပ်ရမယ့် အလုပ်တွေ ကို ကြည့်လိုက်တယ်။
ဒီကုမ္ပဏီမှာ ဆက်ရှင်မန်နေဂျာ တာဝန်ကို ယူထားရတဲ့ ကျွန်တော့် အတွက်တော့ ဒီနေ့အတွက် လုပ်စရာဟာ ကျွန်တော် နဲ့ လုပ်ငန်းချင်း ဆက်စပ်နေတဲ့ တခြားကုမ္ပဏီက တာဝန်ရှိသူတွေ နဲ့ တွေ့ ဖို့။ ပြီးတော့ အဲဒီ ကိစ္စတွေ အားလုံးပြီးသွားရင် ဒီကုမ္ပဏီရဲ့ ဒါရိုက်တာ ဖြစ်တဲ့ နန္ဒမြင့်မိုရ်ဆီကို အစီရင်ခံဖို့။
တကယ်တော့ နန္ဒမြင့်မိုရ်ဆိုတဲ့ မမနန္ဒာဆိုတာ ကျွန်တော့် ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို မတ်မိုးပေးခဲ့တဲ့ ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။ မမနန္ဒာဟာ ကျွန်တော့် ထက် ငါးနှစ် နီးပါး ကြီးပါတယ်။ ပြီးတော့ အလုပ်ကိစ္စကလွဲပြီး ဘာကိုမှ စိတ်မဝင်စားတဲ့ အပျိုမကြီးတကြီးပေါ့။ ဒီလောက်လှပြီး ထက်မြက်တဲ့ မမနန္ဒဟာ ဘာ ဖြစ်လို့ အိမ်ထောင် မပြုသေးတာလဲလို့ ကျွန်တော် တစ်ခါတစ်ခါ တွေးမိတယ်။ ဒါပေမဲ့ . . .မမနန္ဒ ကတော့ တွေ့ လိုက်ရင် အလုပ်ကိစ္စတွေ ကိုပဲ ပြောနေတော့တာပဲ။
ထားပါတော့။ ခုလည်း အလုပ်လုပ်နေရင်း ကျွန်တော့်  ဖုန်းထဲကို မက်ဆေ့ခ်ျ တစ်ခု ဝင်လာတယ်။
ဖွင့်ကြည့်လိုက်တော့ ကျွန်တော် ပြုံးမိသွားရဲ့ ။ တစ်ဖက်က မက်ဆေ့ခ်ျပို့လိုက်တဲ့ သူ ကတော့ တခြားမဟုတ်ဘူး . . .
ကျွန်တော် နဲ့ ချစ်သူသက်တမ်း တစ်နှစ် ကျော်ပြီ ဖြစ်တဲ့ ချိုလဲ့ရည်ဆိုတဲ့ ကောင်းမလေးပါ။
သူ့ကို ကျွန်တော် က ချိုလဲ့လို့ပဲ ခေါ်တယ်။ ခုလည်း သူပို့လိုက်တဲ့ မက်ဆေ့ခ်ျက . . .
“နေရင် နေကျမယ်နဲ့ ရုံးချိုနော် ဆုံလဲ့ဆင်းထိုင်မောင်းလေးညမှာ ပဲဆိုင်”
မက်ဆေ့ခ်ျကို ဖတ်ပြီး ကျွန်တော် မျက်ခုံးပင့်လိုက် မိတယ်။ ဒီစာဟာ ဘာအဓိပ္ပာယ် ဆက်စပ်မှု မှ မရှိဘဲ ချို့လဲ့ ပို့လိုက်တာတော့ မ ဖြစ်နိုင်ဘူး။ ဒီကောင်မလေးက ကျွန်တော့် ကို တစ်ခါ ဒီလိုပဲ ဦးနှောက်စားတယ်။ ကျွန်တော့် မှာ လည်း ငယ်ငယ်ကတည်းက စာဖတ်ဝါသနာ ပါခဲ့လို့သာ သူမေးတဲ့ ကတ်သီးကတ်သတ် မေးခွန်းတွေ ကို ဖြေနိုင်တာလေ။
ခုလည်း ဘာမှမစဉ်းစားရသေးခင် ကျွန်တော့် ဘေးစား ပွဲမှာ ရှိတဲ့ ထူးကျော်ကို လှမ်းကြည့်ပြီး
“ထူးကျော် . . .ထူးကျော်
ထူးကျော် . . .ထူးကျော်”
ထူးကျော်ဆိုတာ ကျွန်တော့် လက်အောက်က ဝန်ထမ်း ဖြစ်ပေမယ့် သူနဲ့ ကျွန်တော် က သူငယ်ချင်းလို ပေါင်းကြတာပါ။
ကျွန်တော့် ခေါ်သံကြောင့် ဆတ်ခနဲ လှည့်ကြည့်လာရင်း ထူးကျော်က . . .
“ဟုတ်ကဲ့ . . .ပြောပါ အဖွဲ့မှူး”
ကျွန်တော် နည်းနည်း တော့ ညစ်သွားတယ်။ အဲဒီ ထူးကျော်ဆိုတဲ့ကောင်က ကိုရီးယားဇာတ်လမ်းတွဲ တွေ သိပ်ကြည့်တာ။ တစ်ခါတစ်ခါ စကားပြောရင်လည်း ဇာတ်လမ်းတွဲ တွေ မှာ စာတန်းထိုးတဲ့ စကားလုံးတွေ အတိုင်း လိုက်လိုက်တုပြီး ပြောတယ်။ ပြောဆိုဆုံးမလို့ မရတော့လည်း လွှတ်ပေးထားရတာ ပေါ့။
ခုလည်း ကိုရီးယား ထူးကျော်ကို ကျွန်တော် ပြန်ကြည့်လိုက်ရင်း
“အဖွဲ့မှူးလုပ်မနေနဲ့ . . .မေးစရာရှိလို့ ခဏလာစမ်းပါဦး”
ထူးကျော် ထ,ပြီး ကျွန်တော့် အနားကို လျှောက်လာတယ်။ အနားရောက်တော့ ကျွန်တော် က ဖုန်းထဲဝင်လာတဲ့ မက်ဆေ့ခ်ျကို လှမ်းပြလိုက်ပြီး
“ထူးကျော် . . .ခုနက ငါ့ဖုန်းထဲကို မက်ဆေ့ခ်ျ တစ်စောင် ဝင်လာတယ်ကွ၊ ဒီမှာ လေ . . . ဘာအဓိပ္ပာယ် လဲဆိုတာကို ဖတ်ပြီး ခဏစဉ်းစား ပေးစမ်းပါဦး”
“ဟုတ်ကဲ့ပါ အဖွဲ့မှူး”
ကျွန်တော့် ဖုန်းကို လှမ်းယူကြည့်ပြီး ထူးကျော် တွေ ခနဲ ဖြစ်သွားတယ်။ ပြီး ပါးစပ်ကလည်း အထစ်ထစ်အငေါ့ငေါ့ ရေရွတ်လိုက်သေးရဲ့ ။
“ဘယ် . . .ဘယ်လို . . .နေရင်နေကျမယ်နဲ့ ရုံးချိုနော်၊ ဘာတွေ လဲဟင် အဖွဲ့မှူး”
“စဉ်းစားလို့ မရဘူးလား တာဝန်ခံ ထူးကျော်”
ကျွန်တော့် အသုံးအနှုန်းကြောင့် ထူးကျော်မျက်နှာဟာ ဝင်းခနဲ ဖြစ်သွားတယ်။ တာဝန်ခံလို့ သုံးနှုန်းလိုက်တာကို ဒင်းသဘောကျ သွားပုံပဲ။
ချက်ချင်း ပဲ ကျွန်တော့် ကို ဦးညွှတ်လိုက်ရင်း . . .
“ဆောရီးပါ အဖွဲ့မှူး။ ကျွန်တော် စိတ်ရင်းအမှန်နဲ့ စဉ်းစားကြည့် ပါသေးတယ်၊ ဒါပေမဲ့ . . . ဘယ်လိုမှ စဉ်းစားလို့ မရလို့ပါ”
ရယ်ချင်စိတ်ကို မျိုသိပ်ထားပေမယ့်လည်း ကျွန်တော် မအောင့်နိုင်တော့ဘူး။ တဟားဟား ရယ်မိတော့တယ်။
“တော် ပါတော့ ထူးကျော်ရာ၊ မင်းနဲ့ စကားပြောရတာ ကိုရီးယား ဇာတ်လမ်းတွဲ တွေ ထဲမှာ ဝင်သရုပ်ဆောင် နေရသလိုပဲ၊ ငါရယ်ချင်လွန်းလို့ပါ . . .ဟား ဟား”
“ဟောဗျာ . . .အဖွဲ့မှူး . . .အဲ ကိုအောင်ကလည်း ”
ထူးကျော်က ရှက်သလိုပုံစံနဲ့ ပြန်ပြောလာတယ်။ ကျွန်တော် ဖုန်းကို ပြန်ယူလိုက်ပြီး . . .
“ခုလည်း မင်းကို စနေတာပါကွ၊ ဒီမက်ဆေ့ခ်ျက ငါ့ကောင်မလေး ပို့လိုက်တာပါ”
“ဒါ . . .ဒါဆို ဘာအဓိပ္ပာယ်လဲ အဖွဲ့မှူး”
“ဒါလေးများ ကွာ . . . ဒီမှာ ကြည့် ပို့လိုက်တဲ့ စကားလုံးတွေ ကို စာရွက်ပေါ်မှာ ချရေး လိုက်၊ ပြီး . . .အဓိပ္ပာယ်ပေါ်အောင် အဆင်ပြေသလို တွဲ စပ် လိုက်ရုံပဲ”
ကျွန်တော် ကိုယ်တိုင်ပဲ စာရွက်ပေါ် ချပြီးရေး ပြ လိုက်ပါတယ်။ ထူးကျော်က အသံထွက်ပြီး လိုက်ဖက်ကြည့်တယ်။
“မောင် ညနေရုံးဆင်းရင် ထိုင်နေကျ ဆိုင်လေးမှာ ပဲ ချိုလဲ့နဲ့ ဆုံမယ်နော်တဲ့၊ သြော် . . .ဒီလိုလား အဖွဲမှူး ကောင်မလေးက တော် တော် ဦးနှောက်စားတာပဲနော်၊ တွေ့ ဖို့ချိန်းတာတောင် ညဏ်စမ်းတွေ , ဘာတွေ နဲ့ ”
ကျွန်တော် ဟက်ခနဲ ထပ်ရယ်လိုက်တယ်။
“ဟုတ်ပါ့ကွာ၊ ချိုလဲ့က တစ်ခါတစ်ခါ ဒီလိုပဲကွ၊ ဒါပေမဲ့ သူက ငါ့ကို အများ ကြီး နားလည် ပေးပါတယ်၊ ဘာကိစ္စမှာ ပဲ ဖြစ် ဖြစ်လေ”
ဂုဏ်ယူပါတယ် အဖွဲ့မှူး၊ ညနေ ပျော်ရွှင်ပါစေ”
တလေးတစားနဲ့ ပြောလာလို့ ကျွန်တော် လည်း ရယ်ချင်ပက်ကျိနဲ့ လေးလေးနက်နက် ပြန်ပြော လိုက်ပါတယ်။
“သိပါပြီ တာဝန်ခံ ထူးကျော်၊ အလုပ်ကို ဂရုစိုက်လိုက်ပါ”
“ဟုတ်ကဲ့ . . .နားလည်ပါပြီ”
ထူးကျော် သူ့စားပွဲဆီကို ပြန်လှည့် ထွက်သွားတယ်။ ရုံးခန်းထဲက ဝန်းထမ်းတွေ ကတော့ ကျွန်တော် နဲ့ ထူးကျော်ကို ကြည့်ပြီး ပြုံးစိစိနဲ့ပေါ့။ ဘာပဲ ဖြစ် ဖြစ် ခုလို မနက်ပိုင်းလေးမှာ ဝန်ထမ်းတွေ ကို ပြုံးအောင် လုပ်နိုင်ခဲ့တာမို့ ကျွန်တော် တို့နှစ် ယောက် ဟာ ကုသိုလ်ရမှာ အမှန်ပါပဲ။
အဲဒီ အချိန်မှာ ပဲ ထူးကျော်နဲ့ တွဲ ဖက် ဖြစ်တဲ့ ဇေယျာ တစ်ယောက် ရုံးခန်းတံခါးကို ဖွင့်ကာ ဝင်လာပြီး . . .
“မင်္ဂလာပါ . . . ကျွန်တော် ဇေယျာ ရောက်ပါပြီ”
အနန္တောအနန္တ ငါးပါးတင်မကဘဲ စား၊ဝတ်၊ နေ၊ ရေး လေးပါး ကိုပါ ဦးထိပ်ပန်ဆင်ပြီး မြို့ပြရဲ့ လုပ်ငန်းအသီးသီးဟာ ပုံစံအမျိုးမျိုးနဲ့ မောင်းနှင်နေကြတယ်။ ခေတ်ကြီးကို က လှုပ်နေ ရွေ့နေမှ မားမားရပ်တည် နိုင်မယ် မဟုတ်လား။ “ခွေး” နေလို့ ကတော့ “ရေ” ဆိုတာကိုလည်း မြင်ရမှာ မဟုတ် ဘူး။
ခုလည်း သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ကျွန်တော် တို့ရဲ့ “ခုနှစ် စင်ကြယ်” ကုမ္ပဏီက ဝန်ထမ်းတွေ ဟာ စက်ရုပ်ဆန်ဆန် လှုပ်ရှားနေ ကြတယ်။
အလုပ်များ နေကြတယ် ဆိုပါစို့။ မများ ဘဲ များ ချင်ယောင် ဆောင်နေကြတဲ့ လူတွေ လည်း ရှိတယ်။ ဒါက သဘာဝ ပဲလေ။
ထားပါတော့။ ကုမ္ပဏီမှာ ဆက်ရှင်ခွဲ ခုနစ်ခုရှိတဲ့အနက်က ကျွန်တော် ဦးဆောင်တာဝန် ယူထားရတဲ့ ဆက်ရှင်တော့ နွေးထွေးပြီး ပျော်စရာ ကောင်းပါတယ်။ ပြောရရင် ကျွန်တော့် ကို ကိုယ့်လက်အောက်က ဝန်ထမ်းတွေ ကြောက်နေရမယ့် ပုံစံမျိုး မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆို တိုင်ပင်လို့ ရတဲ့ အနေအထားမျိုးကို ဖန်တီးထားတယ်။ ဒါမှလည်း ဖိစီးမှု တွေ မရှိဘဲ အလုပ်ပြီးမှာ လေ။ တခြား ဆက်ရှင်တွေ မှာ တော့ ဘယ်လိုပုံစံ မျိုးနဲ့ ချီတက် နေကြလဲ မသိဘူး။
နေ့လယ် ထမင်းစားချိန် ရောက်တော့ ထမင်းစားကြတယ်။ အင်းလေ . . .ရေသောက်ပြီး ဗိုက်မှော က်နေလို့မှ မရဘဲ။
ကျွန်တော် ရယ်၊ လက်ထောက် ထူးကျော်ရယ်၊ ပြီးတော့ . . .ဇေယျာ၊ သွယ်သွယ်နဲ့ မီမိုးတို့ ဝိုင်းဖွဲ့စားသောက် ကြတာပါ။
ထမင်းစားနေရင်း ထူးကျော်က စကားစလာတယ်။
“အဖွဲ့မှူး”
“ဟေ . . . .ဘာလဲ ထူးကျော်”
“သြာ် . . .မနက်က ကိစ္စကို ပြန်တွေးမိလို့ပါ”
“ဟင် . . . .ဘာကိစ္စတုန်း”
ခုထိ နားမလည် နိုင်သေးလို့ ပြန်မေးလိုက်မိတယ်။ ဒီတော့မှ ထူးကျော်က ယောကျာ်းတန်မဲ့ ရှက်ပြုံးပြုံးလိုက်ရင်း . . . .
“ဒီလိုပါ အဖွဲ့မှူး . . . .မနက်က အဖွဲ့မှူးကောင်းမလေးက မက်ဆေ့ခ်ျ ပို့ပြီး ချိန်းတယ်လေ”
“အေးလေ . . .ဘာ ဖြစ်လို့လဲ”
ဘာမှတော့ မ ဖြစ်ပါဘူး . . . အဖွဲ့မှူးနဲ့ အဲဒီ တစ်ယောက် တွဲ နေတာ ဘယ်လောက်ကြာပြီး လဲဗျ”
ကျွန်တော် ပြုံးလိုက်မိတယ်။ ဒီကောင့် အမေးက ထူးဆန်းနေပါ လားလို့ တွေးလိုက်မိပြီး . .
“အင်း . . . တစ်နှစ် ကျော်လောက်တော့ ရှိပြီကွ၊ ဘာ ဖြစ်လို့လဲ”
ထူးကျော်က အားနာတဲ့ မျက်ဝန်းနဲ့ တစ်ချက်လှည့်ကြည်တယ်။ ပြီးမှ . . .
“ဟိုလေ . . . အဖွဲ့မှူး ချိုလဲ့ရည်ကို တကယ်ချစ်တာလား ပြီးတော့ သူ့ကို လက်ထပ်ဖို့ အထိ ရည်ရွယ်ထားတာလားဟင်”
ကျွန်တော် တစ်ချက်အမ်းသွားရတယ်။ ထူးကျော်ကိုလည်း ပြန်ကြည့်လိုက်မိသည်။
“ဟေ့ကောင် ထူးကျော် . . .ဒီနေ့မှာ မင်းငါ့ကို ဘာ ဖြစ်လို့ ထူးထူး ဆန်းဆန်းတွေ လာမေးနေရတာ လဲ”
စိတ်တို စိတ်ရှုပ်တဲ့ အမူအရာနဲ့ ကျွန်တော် ပြန်မေးလိုက်တာ မဟုတ်ပါဘူး။ တကယ်ထူး ဆန်းနေလို့ပါ။ ခုလည်း ထူးကျော်ရဲ့ မျက်နှာပေါ်မှာ ရှက်ရွံ့ဟန်တွေ ဖြတ်သန်းသွားပြီး . . .
“ဆောရီးနော် အဖွဲ့မှူး ကျွန်တော် အဖွဲ့မှူးရဲ့ ကိုယ်ရေး ကိုယ်တာ စွက်ဖက်တာ မဟုတ်ဘူး၊ ခုကျွန်တော် သိချင်တာက”
ဒီနေရာမှာ စကားကို ဖြတ်ထားရင်း တာဝန်ခံငတိက မီမိုးကို တစ်ချက် ရှိုးလိုက်သေးတယ်။ ပြီးမှ ကျွန်တော့် ဘက်ကို မျက်နှာပြန်မူလိုက်ရင်း . . .
“ကျွန် . . .ကျွန်တော် အခု ကောင်မလေး တစ်ယောက် ကို စိတ်ရင်းအမှန်နဲ့ ချစ်မိနေတယ် အဖွဲ့မှူးရာ၊ ဘယ်လောက်အထိလဲဆို သူနဲ့လက်ထက် အတွေ့ အကြုံရှိတဲ့ အဖွဲ့မှူးကို မေးကြည့်တာ”
ကျွန်တော် ရိပ်မိလိုက်တယ်၊ ဒီကောင် ခင်းချင်နေတဲ့ ဇာတ်ကိုတော့ သိလိုက်ရပြီး၊ ဒါနဲ့ပဲ ခေါင်းတဆတ်ဆတ် ညိတ်ရင်း . . . .
“အေးပါ . . . ငါ သဘောပေါက်ပါပြီ၊ ဒါနဲ့ အဲဒီ ကောင်မလေးနဲ့ မင်းနဲ့က ချစ်သူတွေ ဖြစ်နေကြပြီလား”
ဒီတစ်ခါလည်း ထူးကျော်က မဖြေသေးဘဲ မိမိုးကို တစ်ချက်ထပ် ကြည့်ပြန်တယ်။ ပြီးမှ လေသံ ခပ်နွမ်းနွမ်နဲ့ . . . .
“မ ဖြစ်သေးပါဘူး အဖွဲ့မှူးရာ၊ ကျွန်တော့် ဘက်က ချစ်နေတာကို တောင် ဖွင့်မပြောရသေးဘူး”
“ဒါနဲ့များ ထူးကျော်ရာ မင်းက ဘာမှမ ဖြစ်သေးဘဲ အဖွဲ့မှူးကိစ္စတွေ ကို သွားမေးနေတယ်”
ငြိမ်ပြီးနားထောင်နေတဲ့ ဇေယျာက ဝင်ပြောလိုက်တာပါ။ ထူးကျော်လည်း မျက်နှာလေး အိုစာသွားပြီး . . .
“မသိဘူးကွာ၊ အဖွဲ့မှူးက အတွေ့ အကြုံ ရှိတဲ့လူဆိုတော့ ဒီလိုပဲ စကားခံပြီး မေးကြည့်ရတာ ပေါ့”
အဲဒီ အချိန်မှာ ပဲ သွယ်သွယ်နဲ့ မီးမိုးတို့က ထမင်းချိုင့်တွေ ကို သိမ်းပြီး ထသွားကြပါပြီ။
ကျွန်တော် က ထူးကျော်ကို စေ့စေ့ကြည့်ပြီး လေသံ ခပ်အုပ်အုပ်နဲ့
“ဟေ့ကောင် မင်း စိတ်ဝင်စား နေတယ်ဆိုတာ မိမိုး မဟုတ်လား”
သူခိုးလူမိသလို ထူးကျော်မျက်နှာဟာ မလုံမလဲ ဖြစ်သွားတယ်။ ချက်ချင်း ပဲ အထစ်ထစ်အငေါ့ငေါ့ လေသံနဲ့ . . .
“ဟုတ် . . .ဟုတ်ပါတယ် အဖွဲ့မှူး ၊ ကျွန် . . . .ကျွန်တော် မီ . . .မီမိုးကို ချစ်နေတာပါ”
“ဒါနဲ့များ ကွာ . . . . ချစ်သူတွေ ဖြစ်အောင် အရင်ကြိုးစားပါလား၊ ခုတော့ ကောင်မလေး ရှေ့မှာ ပေါ်တင်ကြီး သွယ်ဝိုက်ပြောသလို ဖြစ်နေမှာ ပေါ့”
“ကျွန်တော် လည်း ကြိုးစားမှာ ပါ အဖွဲ့မှူး၊ ဒါနဲ့ခုနက ကျွန်တော် မေးတာကို မဖြေသေးဘူးနော်”
ဒီတစ်ခါတော့ ကျွန်တော် မျက်ခုံးပင့်လိုက်မိတယ်။ ဘာပြန်ဖြေရ မယ်ဆိုတာ ရုတ်တရက် စဉ်းစားလို့ မရတာ အမှန်ပဲ။ သေချာတာ ကတော့ ကျွန်တော် ချိုလဲ့ကို ချစ်တယ်။ ချို့လဲ့လည်း ကျွန်တော့် ကို ချစ်တယ်။ အဲဒီ နှစ် ခု ကြားမှာ ပဲ ကျွန်တော် တို့ ဖြတ်သန်း နေကြတာပါ။
ပြီးတော့ ကျွန်တော် တို့နှစ် ယောက် ကြားမှာ အရေပြားချင်း မီးထတောက်တဲ့ ဘာယဉ်ကျေးမှု မှ မရှိခဲ့တာအမှန်ပဲ။ နှစ် ယောက် သား သွားအတူ လာအတူနဲ့ ဖြူဖြူလေး နေခဲ့ကြတယ်။ ထူးဆန်းတာက လက်ထပ်ဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လည်း ကျွန်တော် တို့ တစ်ခါမှ မဆွေးနွေးခဲ့ဖူးဘူး။
ထပ်ပြီးသေချာတာ တစ်ခု ကတော့ ကျွန်တော် တို့နှစ် ယောက် စလုံးအဲဒီ ကိစ္စကို ပြောဖို့ ဆွံ့အနေတာမျိုး မဟုတ်ဘဲ ချစ်သူဆိုတဲ့ ကာလကို သက်တမ်းတိုးချင် နေတာပဲ ဖြစ်နိုင်ပါတယ်။
ခုလည်း ကျွန်တော့် ရင်ထဲမှာ တိကျရေရာ တဲ့အဖြေ မရှိသေးလို့ ရိုးရိုးလေးပဲ ပြန်ပြောလိုက်တယ်။
“ဆောရီး ထူးကျော်ရာ၊ ငါတို့နှစ် ယောက် စလုံး အဲဒီ အကြောင်းကို တစ်ခါမှ မဆွေးနွေးဖူးတော့ ဖြေစရာ အဖြေမရှိသေးဘူးကွ”
“ဒါ . . .ဒါဆို”
ကျွန်တော် က ချက်ချင်း လက်ကာပြလိုက်ရင်း . . .
“တစ်မျိုးတော့ မထင်လိုက်နဲ့ဦး၊ ဆိုလိုချင်တာကကွာ ငါချို့လဲ့ကို တန်ဖိုးမထားတာ, အထင်သေးတာမျိုး လုံးဝမဟုတ်ဘူးဆိုတာတော့ သေချာတယ်၊ ဘာ ဖြစ်လို့လဲ ဆိုတော့ ငါ ချို့လဲ့လကို တကယ်ချစ်တယ် ဆိုတော့ ငါ့ကိုယ်ငါ သိနေလို့ပဲ”
နှစ် ကောင်စလုံးရဲ့ မျက်နှာတွေ ပေါ်မှာ နာလည်ပုံမရတဲ့ အရိပ်အငွေ့တွေ က အထင်းသားပေါ် သွားကြတယ်။
“အချစ်”ဆိုတာကို နောက်တစ်ဆင့် တက်ပြီး မစဉ်းစားမိသေးတဲ့ ကျွန်တော် လည်း ပခုံးအသာတွန့်ပြီး ထထွက်လာခဲ့တာပေါ့။
တကယ်တော့ လက်ထပ်တယ် ဆိုတာ ရှင်သန်နေတဲ့ အချစ်တစ်ခု ကို ဘောင်ခတ်မြေမြုပ်ပစ် လိုက်တာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။
ဒါပေမဲ့ တစ်ခါတလေတော့လည်း “အချစ်” နဲ့ “ဘဝ” ရောထွေးလာရင် ဘယ်လိုဆုံး ဖြတ်ရမယ်ဆိုတာ အဲဒီ တုန်းက လုံးဝမစဉ်းစားမိခဲ့တာ တကယ်ပါ။
အဲဒီ နေ့က ထူးကျော်မေးခဲ့တဲ့ မေးခွန်းဟာ ကျွန်တော့် စိတ်ကို တွေ ဝေထွေပြားစေတာ အမှန်ပါပဲ။ ဒါပေမဲ့ အလုပ်ထဲ စိတ်နှစ် လိုက်တော့လည်း အဲဒီ ကိစ္စကို ထပ်မတွေး မိတော့ဘူး။
ညနေပိုင်း အလုပ်ဆင်းချိန်ကျတော့ လိုအပ်တဲ့ စာရင်းဇယားတွေ ကိုအပေါ်ထပ်မှာ ရုံးထိုင်တဲ့ မမနန္ဒဆီ အစီရင်ခံဖို့ တက်သွားလိုက်တယ်။
အခန်းရှေ့ရောက်လို့ တံခါးခေါက်လိုက်တော့ ဝင်ခဲ့ပါဆိုတဲ့ မမနန္ဒရဲ့ စကာသံကို ကြားလိုက်ရတယ်။
ကျွန်တော် ဝင်သွားလိုက်တော့ မမနန္ဒက သူ့ရှေ့က လက်တော့ပ် (Laptop) ကို အသာပိတ်လိုက်ပြီး မော့ကြည့်လာတယ်။ နှုတ်ခမ်းဖူးဖူးလေး ထက်မှာ လည်း အပြုံးနုနုလေးက ခိုသီးလို့။
“ထိုင်လေ အောင်အောင်၊ ရုံးဆင်းတော့မှာ လား”
ကျွန်တော် ခေါင်းအသာညိတ်ရင်း ရှေ့က ခုံမှာ ဝင်ထိုင်လိုက်တယ်။
လက်ထဲက စာရွာစာတမ်း တွေ ကိုလည်း လှမ်းပေးလိုက်ရင်း . . .
“ဟုတ် မမနန္ဒ . . .အဲဒါ ဒီနေ့တက်လာတဲ့ စာရင်းတွေ ပါ”
ထုံးစံအတိုင်း မမနန္ဒက စာရင်းတွေ ကို အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်တယ်။ ပြီး . . . ကျွန်တော် ကို ပြန်ကြည့်ရင်း . . .
“ထားခဲ့လိုက်လေ၊ ဒါနဲ့ အလုပ်နဲ့ ပတ်သက်ပြီး ဘာပြောစရာရှိသေးလဲ အောင်အောင်”
ကျွန်တော် က ခေါင်းအသာခါရင်းနဲ့ . . .
“မရှိပါဘူး မမနန္ဒ ၊ အားလုံး အဆင်ပြေပါတယ်”
“အင်း . . . တာဝန်အရသာ မေးကြည့်တာပါ၊ အောင်အောင်
အဆင်ပြေပြေကိုင် တွယ်နိုင်လိမ့်မယ်ဆိုတာ မမယုံပြီးသားပဲ လေ”
“ကျေးဇူးတင်ပါတယ် မမနန္ဒ”
စကားအဆုံးမှာ ပဲ မမနန္ဒာက သူ့ထိုင်ခုံမှာ နောက်လှန်ပြီး သက်သော င့်သက်သာ မှီချလိုက်ရင်း . . .
“အောင်အောင်”
“ဗျာ . . . မမနန္ဒ”
ကျွန်တော် ပြန်ထူးလိုက်တော့ သူက သက်ပြင်းကို အရင်ချတယ် ပြီးမှ . . .
“တစ်ခါတလေကျတော့လည်း မမ စဉ်းစားမိတယ်ကွ . . .တစ်ရက် တစ်ရက် ဒီအလုပ်တွေ ကြားမှာ ပဲ ခေါင်းနှစ် ပြီး နေထိုင်ဖြတ်သန်း ရတာ ဘဝရဲ့ အဓိပ္ပာယ်အစစ်မှ ဟုတ်ရဲ့ လားလို့”
“ခင်ဗျာ”
ကျွန်တော် တော် တော် လေး အံ့သြသွားမိတယ်။ မမနန္ဒဆီက ဒီလိုစကာမျိုး ကြားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားလို့ပါ။ အလုပ် နဲ့ပတ်သက်လာရင် အမြဲတမ်း သွေးဆူတက်ကြွနေတဲ့ မမနန္ဒ တစ်ယောက် ဘာစိတ်ကူးနဲ့ ပြောတာလဲ ဆိုတာ ကျွန်တော် စဉ်းစားမရဘူး။
ခုလည်း ကျွန်တော် ဖြစ်သွားတဲ့ ပုံစံကို ကြည့်ပြီး မမနန္ဒက ညှဉ်းသွဲ့သွဲ့လေး ရယ်တယ်။ ပြီး . . . .
“အံ့သြသွားလား အောင်အောင်၊ ဒီစကားကို မမ တကယ်ပြောနေတာ၊ အောင်အောင်ပဲ စဉ်းစားကြည့်လေ . . .တစ်ရက်တစ်ရက် ပြိုင်ဘက် ကုမ္ပဏီတွေ ထက် ဘယ်လိုလက်ဦးမှု ရမလဲဆိုပြီး အမြဲယှဉ်ပြိုင်ဖို့ပဲ တွေးနေရတယ်။
တစ်ကြိမ်အောင်မြင်မှု ရပြန်တော့လည်း နောက်တစ်ကြိမ် မရှုံးနိမ့်ဖို့ အတွက် ကြိုတင်စဉ်းစားရင်း ရင်မောနေရပြန်တယ်၊ အဲဒီ လောဘနဲ့အတ္တ တွေ ကြားထဲမှာ နေ့စဉ်ဖြတ်လျှောက် နေရတာ ကြာတော့လည်း မမ ပင်ပန်းလွန်းလှပြီကွာ၊ တစ်ခါတလေတော့လည်း အားလုံးကို မေ့ထားလိုက်ချင်တယ်”
ကျွန်တော် သက်ပြင်းသဲ့သဲ့ ခိုးချမိတယ်။ လှပသွယ်ဖူးတဲ့ မမနန္ဒရဲ့ မျက်နှာပေါ်မှာ လည်း ပင်ပန်းခြင်း၊ ငြီးငွေ့ခြင်း၊ စိတ်ပျက်ခြင်းနဲ့ လက်ရှိနေထိုင်မှု ဘဝပေါ်မှာ လည်း အလိုမကျခြင်း တို့ဟာ အချိုးကျကျ ပေါင်းစပ်ပျော်ဝင် နေသလိုပဲ။
ကျွန်တော် က အားပေးပြုံးလေး ပြုံးပြလိုက်ရင်း . . .
“ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ မမနန္ဒရယ်၊ အလုပ်နဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှု ဆိုတာ ဖြစ်တတ်ပါတယ်၊ တကယ်တော့ ခုလို အောင်မြင်မှု တွေ ရအောင် မမနန္ဒပဲ ဆာဆာလောင်လောင် နဲ့ ကြိုးစားခဲ့တာ မဟုတ်လား၊ အဲဒီ လို အောင်မြင်လာတာနဲ့ အမျှ တာဝန်က ပိုကြီးလာတယ်၊ အဲဒီ အတွက် စိတ်ဖိစီးမှု ဆိုတာ ကပ်ပါလာမှာ ပဲ၊ အဲဒီ အတွက် ဖြေရှင်းဖို့ နည်းလမ်းဆိုတာလည်း ရှိမှာ ပါ”
ကျွန်တော့် စကား အဆုံးမှာ မမနန္ဒမျက်နှာလေးဟာ ဝင်းလက်သွားတယ်။ ကျွန်တော့် ကိုလည်း အားကိုးသလို အကြည့်မျိုးလေးနဲ့ ကြည့်လာပြီး . . .
“ဖြေရှင်းဖို့နည်းလမ်း ဟုတ်လား၊ ကဲ . . . အောင်အောင်ပဲ ပြောကြည့်ပါဦး”
ကျွန်တော့် မှာ စဉ်းစားရတော့တယ်။ ကျွန်တော် တင် မဟုတ်ဘဲ ကျွန်တော့် တစ်မိသားစု လုံးပေါ်မှာ ကျေးဇူးရှိနေတဲ့ မမနန္ဒကို အဲဒီ စိတ်ဖိစီးမှု တွေ ကင်းပစေချင်ပါတယ်။
အဲဒီ အတွေးလေးနဲ့ ကျွန်တော် က . . .
“အင်း . . . သိပ်တော့မခက်ပါဘူး၊ ကျွန်တော့် စကားကို လက်ခံရင်တော့ မမနန္ဒာ အတိုင်းအတာ တစ်ခုအထိ စိတ်ဖိစီးမှု တွေ လျော့သွားမှာ ပါ”
စကားအဆုံမှာ မမနန္ဒာက မျက်စောင်စးပျပျထိုးတယ်။ တစ်ဆက်တည်းပဲ . . .
“ကဲပါ ကိုယ်တော် လေးရယ်၊ မမ လက်ခံပါ့မယ်၊ ပြောမှသာ ပြောစမ်းပါ”
ကျွန်တော် က မမနန္ဒကို စူးစိုက်ကြည့်လိုက်ရင်း . . .
“ပြောမယ်နော်၊ ဒီနေ့ မမနန္ဒ အိမ်ပြန်ရင် အလုပ်တွေ လုံးဝယူမသွားနဲ့”
“အင်း . . .ပြီးတော့”
“အိမ်ပြန်ရောက်ရင် ဘာမှမလုပ်ဘဲ ခဏအနားယူပြီး ရေကိုဝအောင် စိမ်ပြီးချိုးပစ်လိုက်”
သူ့မျက်နှာလေးက ပြုံးဖန့်ဖန့်လေး ဖြစ်လာတယ်။ ကျွန်တော့် ကိုကြည့်နေရင်းကပဲ . . .
“ဟုတ်ပါပြီ ၊ အဲဒါ ပြီးရင်ရော”
“အင်း . . .ပြီးရင်တော့ အိပ်ခန်းထဲမှာ မြူးမြူးကြွကြွ သီချင်းတစ်ပုဒ်ဖွင့်ပြီး စိတ်လွတ်ကိုယ်လွတ် ကပစ်လိုက်”
“အား . . .အောင်အောင် ကလည်း ရှက်စရာကြီး”
“သြော် မမနန္ဒရယ် . . . ကိုယ့်အိပ်ခန်းထဲမှာ ပဲဟာကို ဘယ်သူမြင်တာမှတ်လို့၊ အဲဒီ လို အားရပါးရ က,ပြီးရင် ဘာမှမစဉ်းစားတော့ ဘဲအိပ်ပစ်လိုက်တော့”
“အဲဒါဆိုရင် အဆင်ပြေသွားမှာ လား”
ကျွန်တော် က ခေါင်းခါလိုက်ရင်း . . .
“မပြီးသေးဘူးလေ၊ မနက်မိုးလင်းရင် လှလှပပ လေးဝတ်ပြီး အဆင်သင့် လုပ်ထားလိုက်၊ ကျွန်တော် မမနန္ဒကို လာခေါ်မယ်”
“ဟင် . . .ဘာလုပ်မလို့လဲ၊ မနက်ဖြန် အလုပ်ပိတ်ရက်မှ မ ဟုတ်တာ”
“ခက်လိုက်တာ မမနန္ဒရယ် . . .မမ အလုပ်တစ်ရက် မတက်လို့ ကုမ္ပဏီလည် ပတ်နေတဲ့ ယန္တရားတစ်ခုလုံး ရပ်မ သွားပါဘူး၊ အဲဒီ တော့ မနက်ဖြန်လည်း အလုပ်အကြောင်း မစဉ်းစားဘဲ ကျွန်တော့် ကို အိမ်မှာ စောင့်နေ . . .ဟုတ်ပြီးလား”
ခပ်တွေ တွေ လေး စဉ်းစားလိုက်ပြီးမှ မမနန္ဒ ခေါင်းအသာညိတ် လာတယ်။ ပြီး . . .ကျွန်တော့် ကိုလည်း . . .
“ဟုတ်ပြီလေ . . .အောင်အောင် ပြောတဲ့အတိုင်း မမ စောင့်နေမယ် ဒါနဲ့ အောင်အောင်က ဘယ်သွားမလို့လဲဟင်”
ကျွန်တော် ရယ်ကျဲကျဲနဲ့ ခေါင်းအသာ ခါလိုက်ရင်း . . . .
“ဟဲဟဲ . . .အဲဒါ ကတော့ မနက်ဖြန်မှ မမနန္ဒ သိရမှာ ပေါ့၊ လျှို့ဝှက်ချက်လေ၊ ဒါပေမဲ့ ဆက်ဆက်တော့ စောင့်နေနော်”
ဒီတစ်ခါတော့ ဘာမှပြန်မပြောတော့ဘဲ ကျွန်တော့် ကို မျက်စောင်း ထိုးလာတယ်။
ကျွန်တော် ထိုင်နေရာက ထရပ်လိုက်ပြီး . . .
“ကဲ . . .မမနန္ဒ ကျွန်တော် ချိန်းထားတာလေး ရှိလို့ သွားလိုက်ဦးမယ်၊ မနက်ဖြန်မှ ဆုံမယ်နော်၊ ဆီးယူ”
နှုတ်ဆက်လိုက်တဲ့ ကျွန်တော့် ကို မမနန္ဒ ပြုံးပြုံးလေး ကြည့်နေတယ်။ ကျွန်တော် လှည့်မထွက်ခင်မှာ ပဲ စကားတစ်ခွန်းကို လှမ်းပြောလိုက်သေးရဲ့ ။
“အောင်အောင် . . .မမ မင်းကို ယုံကြည်လို့ ဒီအစီအစဉ်ကို လက်ခံလိုက်တာနော်”
“စိတ်ချပါ မမနန္ဒရာ၊ မမရဲ့ တစ်နှစ် စာ စိတ်ဖိစီးမှု ကို ကျွန်တော် တစ်ရက်တည်းနဲ့ မောင်းထုတ်ပေးမယ်၊ စိတ်ချ လက်ချသာ စောင့်နေ”
“ဟုတ်ပါပြီ . . .ဟုတ်ပါပြီ”
စကားအဆုံးမှာ ပဲ ကျွန်တော် လှည့်ထွက်လာ ခဲ့တယ်။ မမနန္ဒရဲ့ ရုံးခန်းအပြင်ဘက် ရောက်ရောက်ချင်းမှာ ပဲ ကျွန်တော့် အတွေး ထဲမှာ ပေါ်လာတာက ချိုလဲ့။ ကျွန်တော့် ရဲ့ ချစ်လှစွာ သော ယုန်ဖြူမလေး။
ဟုတ်တယ်။ ကျွန်တော် ချို့လဲ့နဲ့ ချိန်းထားတာကို သတိရလာရဲ့ ။
![]() တစ်ကိုယ်တော်ကျူးပစ် | ![]() ဟန်းနီးမွန်း | ![]() ရင်စည်းမခြားကျောင်းတော် |