Cover

ဟန်းနီးမွန်း

နိဒါန်း

တစ်နေ့သ၌ ကျွန်ုပ်သည် နေ့လယ်ခင်း စာရေး နေစဉ် ပျင်းပျင်းရှိ သည်တစ်ကြောင်း၊ လက်ထဲတွင် ငွေယားလေးများ ရှိနေသည်ကတစ် ကြောင်း အကြောင်းနှစ် ကြောင်း တိုက်ဆိုင်လာသည် ဖြစ်ရာ မြို့ထဲသို့ ကုန် ကြမ်းရှာရန် ထွက်လာခဲ့မိလေ၏ ။

ရန်ကုန်မြို့သည် ယခင်ကနှင့် မတူ ကိုရီးယားယဉ်ကျေးမှု များ စိမ့် ဝင်လာပြီ ဖြစ်ရာ ကောင်လေး,ကောင်မလေးများ ကို လက်ကိုင်ဖုန်း တကိုင် ကိုင်ဖြင့် တွေ့ ရပြန်၏ ။

ကျွန်ုပ်သည် ထိုလက်ကိုင်ဖုန်း (ခေါ်) ဟန်းဖုန်း (ခေါ်) ကင်းဝန် မင်းကြီးဦးကောင်းက ဒိဗ္ဗသော တခွက်ဟု ဘာသာပြန်ဖူးသည့် တယ်လီဖုန်း အကြောင်း စုံစမ်းမိချေ၏ ။

ထိုအခါ အလွန်အမင်း အံ့သြမိတော့၏ ။ ဟန်းဖုန်းများ သည် ဈေး ကွက်အတွင်း ဈေးနှုန်းထိုးကျနေသည်ဟု ကြားသိလိုက်ရသော အခါ ကျွန်ုပ် လည်း ဆယ်လုံးဈေးမေးပြီး ငါးလုံးဝယ်မိတော့၏ ။

ဖုန်းငါးလုံး အိမ်သို့ ရောက်သည့်နေ့ကစပြီး ကျွန်ုပ်သည် ပါးစပ်များ ညောင်းကာ နားနှစ် ဖက်လည်း ရောင် ကိုင်းလာလေ၏ ။

ကျွန်ုပ်ကား စာရေး ဆရာ ဖြစ်ရာ ပရိသတ်များ က ဖုန်းဆက်မေးကြ ၏ ။ ဥပမာ စာကို ဘယ်လိုရေး သလဲဟု မေးခွန်းများ ကိုလည်း ဖြေရပြန်၏ ။ ကျွန်ုပ်သည် စာရွက်ပေါ်မှာ ကလောင်တင်၍ ဘယ်ဘက်မှ ညာဘက်သို့ ရေး သည်ဟု ဖြေ ဖြစ်၏ ။

နောက်တစ်ခါ ဂျာနယ်တိုက်တစ်တိုက်ကလည်း အင်တာဗျူး ချင် သည်ဆိုပြီး ဖုန်းနှင့် မေးလာ၏ ။

ကျွန်ုပ်တို့ ဖုန်းနှင့် အမေးအဖြေလုပ်ကြသည်မှာ အောက်ပါအတိုင်း ဖြစ်လေ၏ ။

''ဆရာကြီး မြင့်သစ္စာဇော် ကတုန်ကယင် ခင်ဗျား''

''ဟေ့ ဟေ့ ... ငါ့နာမည် မြင့်သစ္စာဇော် (ကဒုံကနိ) ကွ''

''ကန်တော့ပါဗျာ ...ကျွန်တော် တို့ဂျာနယ်တိုက်က ဆရာ့ကို အင် တာဗျူးချင်လို့ပါ''

''မေးလေ၊ အဲ ... အသက်နဲ့အချစ်ရေး တော့ မမေးနဲ့''

''ဗျာ ... ဆရာက ဂမ္ဘီရဟာသ စာရေး ဆရာမ ဟုတ်ဘူးလား၊ အသက်နဲ့အချစ်ရေး ဆိုတာက မင်းသား,မင်းသမီးတွေ အင်တာဗျူး မှ ...''

''ဟေ့ ... ဘယ်လိုပဲ ဖြစ် ဖြစ် ငါ့အသက် ရှစ်ဆယ့်ငါးဆိုတာရယ်, မိန်းမလေးယောက် ဆက်တိုက်ယူခဲ့တယ်ဆိုတာ ပရိသတ်ကို လုံးဝ အသိ မပေးနိုင်ဘူးကွ''

''စိတ်ချပါ ဆရာ ... ကျွန်တော် တို့ဂျာနယ်တွေ ဆိုတာက ဆရာတို့ မသိစေချင်တဲ့အကြောင်းကို ရိပ်ဖမ်းသံဖမ်း ဖြစ် ဖြစ်, သွယ်ဝိုက်တဲ့နည်းနဲ့ ဖြစ် ဖြစ် ဖော်ပြလေ့မရှိတာ ဆရာတို့အသိပါဗျ''

''အေး ... ဂျာနယ်ဆိုရင်တော့ ငါ စိတ်ချပါတယ်၊ ကဲ ... မေးတော့ ကွာ''

''ဟုတ်ကဲ့ ...ဆရာ့စာအုပ်တွေ က ဘယ်တိုက်က ထွက်တာလဲ ခင်ဗျ''

''ဟ ...ဘယ်တိုက်က ထုတ်ပေးမှာ လဲ၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထုတ်ရတာ ပေါ့''

''အောင်မြင်လှချည်လား ဆရာ''

''ဘာကွ''

''သြော် ...ကိုယ့်ငွေနဲ့ ကိုယ်ထုတ်တော့ အကျိုးအမြတ်အားလုံး ဆရာပဲ ခံစားရတာ ပေါ့ ဆရာ''

''ဒါတော့ ဟုတ်တယ်ကွ၊ ဒါပေမဲ့ကွာ ဖြန့်ချိရေး ဆိုင်တွေ ကလည်း စာအုပ်တောင် မချရသေး အသင့်ကိုင်ပြီး စောင့်နေတာကိုး''

''စာအုပ်ဖိုး ပိုက်ဆံလား ဆရာ''

''ဟေ့အေး၊ ဘောက်ချာကိုပြောတာ၊ ပြီးမှ သမဆိုင်မှာ လို တန်းစီ ရတာ ကွ''

''ဆရာ ထွက်ခဲ့တာ လုံးချင်း ဆယ်အုပ်တောင်ရှိပြီနော်၊ တော် တော် ရောင်းရလားဆရာ''

“သိပ်ရောင်းရတာ ပေါ့ကွာ၊ ငါ့ရွာမှာ ရှိတဲ့ လယ်တွေ , နွားတွေ ရော, မိဘတွေ ထားခဲ့တဲ့ အတွင်းပစ္စည်းတွေ ရော, အကုန်ရောင်းပြီးသွားပြီ၊ ခုနေတဲ့ အိမ်ကိုတောင် ရောင်းဖို့ ဈေးဆိုင်ထားတယ်''

''ဘာ ဖြစ်လို့လဲဆရာ''

''မင်းကလည်းကွာ၊ နောက်တစ်အုပ်ထုတ်ရဦးမယ်လေ၊ ငါ့ဘဝရဲ့ နောက်ဆုံးမှတ်တိုင်ပဲ''

''ဆက်မရေး တော့ဘူးလား ဆရာ''

''ထီပေါက်ရင်တော့ တစ်မျိုးပေါ့ကွာ၊ ဒါပေမဲ့ မောင်ရင်တို့လည်း သိပါတယ်၊ ကမ္ဘာကျော်စာရေး ဆရာတွေ ဟာ စာအုပ်ကို ဘဝမှာ အများ ကြီး မရေး ခဲ့ကြဘူးကွ၊ မှတ်ထား''

''ဟုတ်ကဲ့ ...ဆရာ့ပရိသတ်အတွက် ဆရာလက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေး မျှဝေပေးပါဦး ဆရာ''

''အေး ...တကယ်ထုတ်ချင် တကယ်ရေး အဟုတ်ရောင်းရမည် တဲ့၊ အဲဒီ ဆောင်ပုဒ်ကို ဥာဏ်ရှိသလို သုံးကြ''

♥ ♥ ♥


( ၁ )

ဖတ်လက်စ စာရွက်တွေ ကို သော တက ရှေ့စားပွဲပေါ် ဖတ်ခနဲ ပစ်ချလိုက်သဖြင့် မြင့်ဇော် (ခေါ်) မဲကြီးသည် မျက်လုံးလေး ပြာလတွတ် ပြာလတွတ် ဖြစ်သွားရသည်။ ပြီး ...အားမလိုအားမရဟန်ဖြင့် တင်ပါးလေး မြောက်ကြွမြောက်ကြွလုပ်ကာ ...

''ဆက်ဖတ်ဦးလေ သော တရာ၊ ဘာလဲ ...ငါ့စာမူကြမ်းတွေ ကို မင်း မငြိလို့လား''

မျက်လုံးမှိတ်ကာ အာရုံစူးစိုက်ဟန်လုပ်ရင်း သော တက လက်ကို အရင်ကာပြလိုက်သေးသည်။ မြင့်ဇော် (ခေါ်) မဲကြီး ဘာဆက်ပြောရမည် မှန်း မသိ။ ခဏနေမှ သော တက သက်ပြင်းကို နိုင်ငံခြားမင်းသားကဲ့သို့ ဟန်ပါပါချရင်း ...

''ဒီမှာ ကိုမြင့်ဇော်''

''ဟေ ...ဘာ ...ဘာလဲကွာ''

''စာကောင်းပေကောင်းတွေ , အဆင့်အတန်းရှိတဲ့စာတွေ ဆိုတာ ခုလို တစ်ထိုင်တည်းဖတ်လို့ ရရိုးထုံးစံ ရှိဖူးလား''

''ဟာ ...သိပ်ဟုတ်တာပေါ့ သော တရာ''

ပြောရင်း မြင့်ဇော် (ခေါ်) မဲကြီးပင် မနေတတ်မထိုင်တတ် ဖြစ်ရ သေးတော့၏ ။ ပီတိတွေ လည်း ဖြာဝေသွားရသည်။ သော တက သူ့အား ဝေဖာလို တကြွပ်ကြွပ်ကိုက်စားနေသည်ကို လုံးဝမရိပ်မိ။

မိုက်မဲစွာ ပင် ပြန်မေးလိုက်သေးသည်။

''ဟိုလေ သော တ ...မင်း ငါ့စာမူတွေ ကို အဲဒီ လို သဘောထား လိုက်တာလား''

''ဆိုပါတော့၊ ဒီမှာ ကိုမြင့်ဇော် ...ခင်ဗျား ဒီအတိုင်း ဆက်ကြိုးစား ရင်တော့ မနက် မနက် လမ်းထိပ်လာပြီး ထုံးကိုင်ရတဲ့ဘဝက လွတ်ပြီဗျ''

မြင့်ဇော် (ခေါ်) မဲကြီး နဂိုရှိရင်းစွဲမျက်နှာထက် အနည်းငယ် မည်းသွားပြီး ...

''မနက်စောစော ထုံးစပ်, ထုံးအိုးမွှေတယ်လို့ ပြောစမ်းပါကွာ''

''ဘာ ဖြစ်လို့လဲဗျ''

''မင်းစကားကြီးက ကြည့်ဦး ...ငါပဲ မနက်စောစော လမ်းထိပ် လာပြီး ထုံးကိုင်ဆိုတော့၊ မင်းကွာ ...အဲဒီ စကားကို ပြောင်းပြန်လည်း တွေးကြည့်ဦး''

''အဟဲ ...ဆောရီး ဆောရီး''

သူတို့နှစ် ယောက် စကားပြောနေသည်က လမ်းထိပ်ရှိ မြင့်ဇော် (ခေါ်) မဲကြီး၏ ကွမ်းယာဆိုင်ရှေ့မှ လက်ဖက်ရည်ဆိုင်မှာ ဖြစ်သည်။ ကိုယ့် အိပ်ရာကိုယ်အိပ်ပြီး မနက်စောစော လမ်းထိပ်ထွက်လာသော သော တကို လှမ်းမြင်ရာမှ မြင့်ဇော် (ခေါ်) မဲကြီးက သူ့ပါးစပ်နှင့် သူ လှမ်းခေါ်ခြင်း ဖြစ် ၏ ။

''သော တ ...လာပါဦးကွ၊ ငါ လက်ဖက်ရည်တိုက်ပါ့မယ်''

အနည်းငယ် စိတ်ဝင်စားဖွယ်ကောင်းသော စကား ဖြစ်သည်။ ဘီယာ ဆိုလျှင်တော့ သော တ အထူးစိတ်ဝင်စားမိပါလိမ့်မည် ။ သို့ သော်လည်း မနက်စောစော ဖြစ်နေသည်မို့ ...

''တိုက်ရင်လည်း သောက်မယ်ဗျာ၊ ဒါပေမဲ့ ...ကျွန်တော် က ကိုယ့်ပိုက်ဆံနဲ့ကိုယ် သောက်နိုင်တယ်နော်''

''အေးပါကွာ၊ ငါက မင်းကို အကူအညီတောင်းမလို့ပါကွ''

''ဟင် ...ဘာလဲ ...မဇာခြည်ကို စာပေးခိုင်းမလို့လား၊ အဲဒါတော့ နိုးပါ၊ ကိုယ့်ပိုက်ဆံနဲ့ပဲ ကိုယ်သောက် ...''

''မဟုတ်ရပါဘူးကွာ ...ဒီလိုကွ''

ပြောရင်း ရပ်ကွက်ထဲမှ နှစ် လုံးတိုက် လောင်းကစားထီ ခိုးရောင်း သော သူကဲ့သို့ ပတ်ဝန်းကျင်ကို ကျီးတီးကျားတားကြည့်ကာ ခါးကြားမှ စာရွက်တစ်ထပ်အား အလွန်တရာမှအရေး ကြီးသော အမွေဆိုင်စာချုပ်များ ကဲ့သို့ လှမ်းပေးရင်း -

''ဒါ ...ငါ့ရဲ့ စာမူကြမ်းတွေ ကွ၊ မင်းကိုပေးဖတ်ပြီး ဝေဖန်ခိုင်းမလို့''

''သြော် ...သုံးသပ်ပြီး အကဲဖြတ်ရမှာ ပေါ့ ...ဟုတ်လား''

''လုပ်ပါကွာ ...လက်ဖက်ရည် မဟုတ်ဘူး ...မုန့်ပါကျွေးပါ့မယ်''

ထိုသို့ ဈေးတည့်ခဲ့ကြခြင်း ဖြစ်သည်။ အထက်ကဆိုခဲ့သည့်အတိုင်း မြှောက်ထိုးပင့်ကော် သုံးသပ်ပြီးသည့်တိုင် သော တက အားမရသေး။

''ဒါနဲ့ ...ကိုမြင့်ဇော်ရဲ့ ကလောင်နာမည် က မြင့်သစ္စာဇော် ... ဟုတ်လား''

မြင့်ဇော် (ခေါ်) မဲကြီးသည် သော တ၏ စကားအသွားအလာကို မရိပ်မိစွာ ဘဲ ရင်ဘတ်ကလေးကော့ကာ ...

''အစစ်ပေါ့ကွာ၊ ငါ့နာမည် ရင်းနှစ် လုံးကြားမှာ သစ္စာဆိုတဲ့စကား လုံးကို ကြိုက်လွန်းလို့ ယူသုံးထားတာ''

''နေစမ်းပါဦး ... ခင်ဗျားကြိုက်တဲ့ သစ္စာက ဘယ်သစ္စာတုံးဗျ''

''အင်''

မြင့်ဇော် (ခေါ်) မဲကြီး နင်သွားရသည်။ ငါ့သစ္စာဟာ ဘာသစ္စာ ပါလိမ့် ဟူ၍ လည်း ခပ်အူအူစဉ်းစားရင်း ...

''သော တ ...မင်းက ဘာကိုပြောတာလဲကွ''

''ဒီလိုဗျာ ...ဒုက္ခသစ္စာဆိုတဲ့ ဆင်းရဲခြင်း အမှန်တရား, သမုဒယသစ္စာဆိုတဲ့ ဒုက္ခအပေါင်းတို့ ဖြစ်ရာ ဖြစ်ကြောင်း အရင်းခံ အမှန် တရား, နိရောဓသစ္စာဆိုတဲ့ ဆင်းရဲခြင်းအကြောင်းတို့ ချုပ်ငြိမ်းရာအမှန် တရား, မဂ္ဂသစ္စာဆိုတဲ့ နိဗ္ဗာန်ကို မျက်မှော က်ပြုနိုင်သည့်လမ်းကြောင်းရှိရာ အမှန်တရားဆိုပြီး သစ္စာလေးပါး ရှိတယ်လေ၊ ခင်ဗျားရဲ့ သစ္စာက ဘယ်ဟာ ကို ဆိုလိုတာလဲလို့ မေးတာ''

မြင့်ဇော် (ခေါ်) မဲကြီးသည် မျက်နှာလေး အိုကျသွားပြီး ...

''သစ္စာဆိုတဲ့စကားဟာ အဲဒီ လောက်တောင် ကြီးကျယ်လား သော တရာ''

''ဟ ...ဘယ်လိုပြောလိုက်တာလဲဗျ၊ သစ္စာလေးပါးဆိုတာ ဘုရား ဟောခဲ့တာလေ၊ မထူးပါဘူးဗျာ ...ခင်ဗျားကို မဂ္ဂင်ရှစ်ပါးတို့, ဗြဟ္မစိုရ်တရား လေးပါးတို့ပါ တစ်ခါတည်း ပြောပြမှ ဖြစ်တော့မှာ ပဲ''

ထိုသို့ ဆိုရင်း သော တက ထိုင်နေသည့်အနေအထားကို မသိမသာ ပြင်ကာ လည်ချောင်းပါ ရှင်းလိုက်သည်။

မြင့်ဇော် (ခေါ်) မဲကြီးသည် ချက်ချင်း ပင် မျက်ကလူးဆန်ပျာနှင့် အကြောက်အကန်ငြင်းတော့သည်။

''ဟာ ...သော တ တော် ပါတော့ကွာ၊ ငါ တရားပေါက် သွားပါ ဦးမယ်၊ သောက်သောက် ...လက်ဖက်ရည်ပဲ ဘုဉ်းပေး၊ အဲလေ ... သောက်ပါ''

သော တ မချင့်မရဲ ဖြစ်သွားရ၏ ။ လက်ဖက်ရည်သာ မော့သောက် ပြီး မြင့်ဇော် (ခေါ်) မဲကြီးအား မော့မသောက်လိုက်ရ၍ ဖြစ်သည်။

''သော တ ...ဆေးလိပ်ပါ သောက်ဦးလေ''

''ခင်ဗျားက ဘယ်နှလိပ်တိုက်မှာ လဲ''

''သောက်ပါကွာ၊ မင်းသောက်ချင်ရင် တစ်ဘူးလုံးလည်း ငါ တိုက် ပါတယ်''

သော တ တစ်ချက်စဉ်းစားလိုက်ကာ ...

''ကိုမြင့်ဇော် ...ငါးရာတန်တစ်ရွက်လောက် ခဏ''

''သြော် ...အင်း ...ရော့''

ယောင်နနနှင့် လှမ်းပေးလာသည်။ သော တက ငါးရာတန်ကို အိတ်ကပ်ထဲသို့ ပိုင်နိုင်စွာ ထည့်လိုက်သဖြင့် ...

''ဟာ သော တ ...မင်း ...မင်း ...ဒါ ဘာ ...ဘာလုပ်တာ လဲ''

သော တ မျက်နှာထိမျက်နှာထားနှင့် ပင် ...

''ဘာလုပ်ရမှာ လဲ၊ ဆေးလိပ်တစ်ဘူးက ငါးရာမက တန်တယ်လေ၊ ကျွန်တော် က လျှော့ပြီး ငါးရာပဲယူတာ''

''ဘာဆိုင်လဲကွာ''

''ဆိုင်တာပေါ့ဗျ၊ ကျွန်တော် မှ ဆေးလိပ်မသောက်တတ်တာ၊ ဆေး လိပ်သောက်ခြင်းသည် ကျန်းမာရေး ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်တဲ့ ...မှတ်ထား၊ ကဲ ...သွားဦးမယ် ဆရာမြင့်သစ္စာဇော်ရေ''

ခပ်တည်တည်ပင် ဒင်းက ထထွက်သွားတော့၏ ။ မြင့်ဇော် (ခေါ်) မဲကြီးမှာ ပဲ ပါးစပ်ကလေးဟောင်းလောင်းနှင့် ကျန်ရစ်ခဲ့ရသည်။ အူတူတူပင် တွေးနေမိသေး၏ ။ သော တဆိုသည့်ကောင်သည် သူ့အား ချီးကျူးသွားတာ လား။ ဒါမှမဟုတ် နှိပ်ကွပ်သွားတာလားဆိုတာ စိတ်ထဲမှာ ဝေခွဲမရသေး။

ထိုအချိန်မှာ ပဲ ယောက် မခါးထိုးပြီး မွေးလာပုံရသော သော တသည် ဒုက္ခပေးရမည့် သူ အသစ် တစ်ယောက် ကို မျက်ဝါးထင်ထင် တွေ့ လိုက်ရသဖြင့် အသံထုတ် ကာ အားကျိုးမာန်တက် လှမ်းခေါ်လိုက်လေသည်။

''ဟေ့ ...ကိုဘောကွဲကြီး''

♥ ♥ ♥


( ၂ )

ပြောင်းဖူးလေး ကိုက်ကာကိုက်ကာနှင့် အတွေးရေယဉ်ကြောမှာ မျောရင်း လမ်းလျှောက်လာသော ဘောကွဲ (ခေါ်) မျိုးဇော် တစ်ယောက် သော တ၏ ထည်ဝါလှသည့်အသံကြီးကြောင့် လက်ထဲမှ ပြောင်းဖူးပင် လွတ် ကျမတတ် ဖြစ်သွားရသည်။

မြီးညောင်းရိုးလည်း ဆတ်ခနဲ တုန်ခါသွားရပြီး သော တ၏ ပါးစပ် ပေါက်ကို (လိုအပ်ပါက ပြောင်းဖူးရိုးနှင့် ဖြစ်စေ) ပိတ်ရန် အပြေးလေးသွား လိုက်၏ ။

''ဟေ့ကောင် သော တ''

''ဘာလဲဗျာ''

ဘောကွဲ (ခေါ်) မျိုးဇော်က မျက်နှာပုပ်သိုးကာ အသံအုပ်အုပ်ဖြင့်

''မင်းကွာ ...ငါ့ကို လူကြားထဲ ဘောကွဲ, ဘောကွဲနဲ့ မခေါ်ပါနဲ့လို့ ဒီလောက်ပြောထားတာကို''

''အကျင့်ပါနေလို့ပါဗျာ''

''မင်းပါးစပ်က ဒီအတိုင်းပဲ၊ ဘယ်တော့မှ ဘရိတ်မရှိဘူး၊ ပြော လိုက်ရင် လွှတ်ခနဲ ...လွှတ်ခနဲပဲ''

''ထားပါတော့၊ ခု ကိုဘော ...အဲ ကိုမျိုးဇော် ဘယ်က ပြန်လာ တာလဲ''

သော တက မျက်နှာချိုသွေးပြီး မေးလိုက်သည်။ ထိုနောက်ကွယ် တွင် မြေပြင်ပေါ် တဗြန်းဗြန်းကျလာမည့်  နွားမဒန်းသေးရည်ကဲ့သို့ ဒုက္ခ ရောက်တော့မည့် အ ဖြစ်ကို ဘောကွဲ (ခေါ်) မျိုးဇော် မရိပ်မိရှာ။

ထို့ကြောင့် ...

''ဟဲ ဟဲ ...ငါလား ထုံးစံအတိုင်းပေါ့ကွာ၊ ဆိုက်ကားဂိတ်က ပြန်လာတာကွ၊ မနေ့ကအတွက် ရမယ့်အုံနာခတွေ သွားသိမ်းတာလေ''

''သြော် ...သြော်''

တကယ်လည်း မျိုးဇော် (ခေါ်) ဘောကွဲပြောတာ ဖြစ်နိုင်ပါသည်။ သူသည် လူပျိုကြီးတစ်ဦး ဖြစ်ပြီး ရပ်ကွက်ထဲမှာ ဆိုက်ကားပေါင်းများ စွာ ထောင်ထားသေးသည်။ ပြောရသည်မှာ လည်း မကောင်းချေ။ သူများ တွေ နဖူးက,ချွေး ခြေမ,ထိကျအောင် ရှာထားသော ပိုက်ဆံတချို့ကို ခေါင်းပုံ ဖြတ်ကာ ထိုင်စားနေသူလည်း ဖြစ်သည်။ ထားတော့ ...အဲဒါက ဒင်းကိစ္စ ဖြစ်သည်။

ကိုယ့်ကိစ္စက ဘာလဲဟု သော တ စဉ်းစားလိုက်ပြီး -

''ဒီလိုရှိတယ် ကိုမျိုးဇော်ရေ''

ထိုသို့ အစချီလိုက်သဖြင့် အကြောင်းသိသော ဘောကွဲ (ခေါ်) မျိုးဇော်မျက်နှာ ကွက်ခနဲ ဖြစ်သွား၏ ။ သော တကိုလည်း ...

''လာပါကွာ ...လက်ဖက်ရည်ဆိုင်ရောက်မှ ပြောတာပေါ့''

ဒါသည်ပင် သူ့ကို သိပ်ဦးနှောက်မစားရန် မျိုးဇော် ကြိုကာထား လိုက်ခြင်း ဖြစ်သည်။ လက်ဖက်ရည်တိုက်သည့်တိုင်အောင် သော တက အလျှော့မပေးချေ။

''စကားစ,တောင် ပြတ်သွားတယ်၊ ကျွန်တော် က ကိုမျိုးဇော်ကို အကြံပေးမလို့ပါဗျ''

''အင်းပြော''

''ခင်ဗျား ဒီလောက်ဆိုက်ကားတွေ ထောင်ထားတာ ဆိုက်ကား အကြောင်း ဘာသိလဲ''

''ဟေ ...ဘာကိုသိရမှာ လဲကွ၊ အုံနာခ,ရရင် ပြီးတာပဲ''

''မဟုတ်သေးဘူးလေ သိထားသင့်တာပေါ့၊ ဥပမာဗျာ ဆိုက်ကား ကို ဆိုက်ကားလို့ရေး တာ အမှန်လား၊ ဒါမှမဟုတ် ကကြီးနှစ် လုံးဆင့်ပြီး ဆိုက္ကားလို့ရေး တာ အမှန်လား''

''အဲ''

မျိုးဇော် တွေ ခနဲ ဖြစ်သွား၏ ။ ဆိုက်ကားတစ်စီး၏ အတိမ်အနက် ကို သူ ဒီလောက်အထိ မလေ့လာဖူးချေ။

ထို့ကြောင့် ...

''ဆိုစမ်းပါဦးကွ ...မင်းသိရင်''

''အင်း ...ဒီကိစ္စကိုတော့ ခင်ဗျားကို ပြောသင့်တယ်လို့ ယူဆမိ တယ်၊ ခင်ဗျားရဲ့ အမြင်ကို 'ချဲ့' ပေးတဲ့သဘောပေါ့''

''အေးပါ သော တရာ ...ချဲ့ပေးပါ, ချဲ့ပေးပါ''

မတတ်သာသည့်အဆုံး ထိုသို့ ရွဲ့ပြောလိုက်ရသည်။ ထိုအခါမှ သော တ,က ...

''ဆိုက်ကားကို ပါဠိလို ပါဋ်ဆင့်တွေ နဲ့ ရောစရာမလိုဘူးဗျ၊ ဘာ ဖြစ် လို့လဲဆိုတော့ ပါဠိဝေါဟာရက ဆင်းသက်လာတာမှ မဟုတ်တာ''

''ဒါဆို ဘာစာလုံးလဲ''

''အင်္ဂလိပ်စာလုံးဗျ၊ှငိန ခမေ တဲ့ ဘေးတွဲပါတဲ့ယာဉ်လို့ အဓိပ္ပာယ် ရတယ်''

''ဟုတ်လား ...မင်းပြောမှပဲ ငါ သိတော့တယ်''

''နေဦး ...မပြည့်စုံသေးဘူး၊ ခင်ဗျားကို အဆုံးအထိ ချဲ့ပေးဦး မယ်''

''ဟာ''

မျိုးဇော်ခမျာ မဆီမဆိုင် တင်ပါးမှကြွက်သားများ ပင် ကျုံ့မိသေး သည်။ သော တက မေးစေ့ကို လက်နှင့် ပွတ်ကာ,ပွတ်ကာလုပ်ရင်း -

''တကယ်တော့ ဆိုက်ကားဆိုတာ ဂျပန်စာလုံးက ဆင်းသက် လာတာဗျ၊ဲငညမငုငျ့ေ တဲ့''

''ဒါဆို ...ဆိုက်ကားက သူတို့ ထွင်ခဲ့တာလား''

''ဟင့်အင်း ...စာလုံးသက်သက် ဆင်းသက်လာတာပါဆို၊ ဆိုတာကဲငည ဆိုတာက ''လူ''၊ မငုင ''စွမ်းအင်''၊ှ့ေ ဆိုတာ ''ယာဉ်''တဲ့ ရှင်းပြီလား''

ဘောကွဲ (ခေါ်) မျိုးဇော် တစ်ခါတည်း ငြိမ်ကျသွားသည်။ ဒီလောက် အထိ ဆိုက်ကား၏ အဓိပ္ပာယ်က လေးနက်နေလျှင် သူ့လို ဆိုက်ကားအုံနာ ဆိုတာ 'လူ'၊ 'စွမ်းအင်'၊ 'ယာဉ်' အပေါင်းတို့၏ အရှင်သခင်ကြီးပါလားဟူ ၍ လည်း မတန်မရာ စဉ်းစားနေမိသည်။ (ဆိုက်ကားအုံနာက ...များ )

''ဒါနဲ့ ကိုမျိုးဇော်''

''ဟေ''

သော တက မျက်လုံးလေးပင့်လျက် ...

''ခင်ဗျား ...မိန်းမလေး ဘာလေး မယူသေးဘူးလား''

မျိုးဇော်မျက်နှာကြီးက မဲ့သွားရင်း ပါးစပ်ထဲမှ ကွမ်းသွေးကို ဗျစ်ခနဲ ထွေးလိုက်သည်။

''တော် ပါပြီကွာ ...မိန်းမ,ယူရတာ ကွမ်းစားရသလောက် အရသာ မရှိပါဘူးကွာ''

''ခင်ဗျားကွမ်းယာကရော ဘာထူးလဲ ...အရည်မရ အဖတ်မရ ဆိုတာမျိုးပဲ''

''မိန်းမလည်း မထူးပါဘူးကွာ ...အရည်မရ အဖတ်မရပါပဲ''

ဘာမှလည်း မဆိုင်ချေ။ ကိုယ်ကိုယ်တိုင် မိန်းမကို ကွမ်းယာလို ဝါးပြီး ထွေးမထုတ်ဖူးသော်လည်း သော တ တိုက်တွန်းလိုက်ပါသည်။

''စဉ်းစားပါဦးဗျာ ...ခင်ဗျား အသက်အရွယ်လည်း ရလာပြီ၊ ဟိုဟာတွေ ပဲ စွတ်ထောင်မနေနဲ့ ...မိန်းမလည်း ယူဖို့ စဉ်းစားဦး''

''ဘာကွ''

''ဆိုက်ကားတွေ ကို ပြောတာဗျ၊ တော် ကြာ ...ခင်ဗျား ဗြုန်းစား ကြီးသေသွားရင် ခင်ဗျားဆိုက်ကားတွေ ကို နင်းစားတဲ့လူတွေ က အော်တို အပိုင်ရသွားမှာ နော်''

''ဟာ ...ဟုတ်သားပဲ၊ ရည်းစားတွေ ထားခဲ့ဖူးပေမယ့် ဒီအချက် ကို ငါ မစဉ်းစားမိဘူးကွ''

ဘောကွဲ (ခေါ်) မျိုးဇော်၏ ဆိုက်ကားသံယောဇဉ်က ကြီးမားလှ သည်။ ချက်ချင်း ပင် ရတက်မအေးနိုင် ဖြစ်သွားပုံပေါ်၏ ။

''ကဲ ကဲ ...ခင်ဗျား လေးလေးနက်နက် ထပ်စဉ်းစားပေါ့ဗျာ၊ ကျွန်တော် သွားပြီ''

ပြောရင်း ခပ်တည်တည် ထ,ထွက်လာခဲ့သည်။ ဒီမနက်အဖို့ ဒီလောက်နှင့် ပင် သော တ နေသာထိုင်သာ ရှိသွားရ၏ ။

ဘယ်မှမသွားချင်တော့၍ အိမ်ပဲ တန်းပြန်လာခဲ့သည်။ လမ်းမှာ ရပ်ကွက်ထဲမှ အသိ တစ်ယောက် ဖြစ်သော အငယ်လေးနှင့် ဆုံသေး၏ ။ အငယ်လေးက ဂျာနယ်တိုက်တစ်ခုမှ သတင်းထောက် ဖြစ်သည်။

ခုလည်း ရေး ကြီးသုတ်ပျာနှင့် လျှောက်လာသဖြင့် ...

''အငယ်လေး ...ဘယ်လဲကွ အရေး တကြီး''

''ဟာ ...ကိုသော တပါလား၊ အင်းစိန်ကို ပြေးမလို့ဗျ၊ ရှယ်ပဲဗျာ ...ရှယ်ပဲ''

ဘာကြောင့် အငယ်လေး ဒီလောက်ဝမ်းသာနေသလဲဟု စဉ်းစား လိုက်မိပြီး ...

''မင်းပုံစံကြည့်ရတာ အတော် ဝမ်းသာပြီး တက်ကြွနေသလိုပဲ၊ ဘာများ ဖြစ်လို့လဲကွ''

''ဟာ ...ကိုသော တကလည်း အင်းစိန်မှာ မီးလောင်လို့ဗျ၊ အင်း စိန်မှာ ...အင်းစိန်မှာ ''

''ဟေ''

ဒီတစ်ခါတော့ သော တ ပါးစပ်ကြီးပြဲသွားရသည်။ ဖြည်းဖြည်း စဉ်းစားရင်း ရေး ရေး မှတစ်ဆင့် စေ့စေ့ပေါ်သွားတော့သည်။

သြော် ...သတင်းထောက်ဘဝများ သူများ တွေ မီးလောင်လို့ အိုးမဲ့အိမ်မဲ့ ဖြစ်နေရတာ တောင် သတင်းတစ်ပုဒ်အတွက် ဝမ်းသာသလိုများ ဖြစ်မိရသေးသည်ဟု။

♥ ♥ ♥


( ၃ )

အိမ်ပြန်ရောက်တော့လည်း အကောင်းမနေရချေ။ မိဘနှစ် ပါးက တစ်ဦးတည်းသော သားချော,သားလှကို စိတ်မချဟုဆိုကာ အပြင် ထပ် မထွက်အောင် အိမ်မှာ ကြိုးနှင့် တုပ်ထားခြင်းလည်းမဟုတ်။

မိဘနှစ် ယောက် စလုံး အိမ်မှာ ပင် မရှိကြပါ။ သက်ဆိုင်ရာအလုပ်သို့ ကိုယ်စီသွားကြပြီ။ အစ်မ တစ်ယောက် ကလည်း ကထိကမို့ ဒီအချိန်ဆိုလျှင် ကျောင်းမှာ ။

အကောင်းမနေရဟုဆိုသည်က အိမ်ပြန်ရောက်ပြီး သိပ်မကြာ သေး။ အိမ်အပြင်ဘက်မှ ငှက်ဆိုးထိုးသံလိုလို၊ ဝက်သိုးအော်သံလိုလို ခေါ် သံများ ကို ကြားလိုက်ရ၍ ဖြစ်သည်။

''သော တရေ ...သော တ သော တ''

''ဟေ့ကောင် သော တ ...ငတ ...အထဲမှာ ရှိလား''

သော တ စိတ်ညစ်သွားရ၏ ။ အိမ်ထဲမှာ ရှိနေသည်ကိုလည်း အသံ ကောင်းဟစ်မနေချင်ပါ။

တကယ်ရှိနေသည်ကို သက်သေပြရန် ဘာသံမှမထွက်ဘဲ အိမ်ထဲ မှာ နေမြဲနေလိုက်သည်။ သို့ သော်လည်း ...

သော တအကြောင်း ကောင်းကောင်းကြီးသိနေကြသော သူငယ် ချင်းတွေ ကတော့ အိမ်ထဲသို့ ဝင် ဖြစ်အောင် ဝင်လာကြပါသည်။ သော တကို မြင်မြင်ချင်း ဘယ်သူကမှ မင်္ဂလာပါ (သို့ ) ရောက်ပါပြီဟု ကိုရီးယားဇာတ် လမ်းထဲကလို နှုတ်ခွန်းမဆက်သကြပါ။

မြင်ပြင်းကတ်စွာ သော အကြည့်များ ဖြင့် သာ ... “သော တ ...မင်းကွာ အိမ်ထဲမှာ ရှိရဲ့ သားနဲ့''

''အေးလေ ...အသံလေးဘာလေး ပေးတာမဟုတ်ဘူး''

''တော် ပါကွာ ...ဒီလဒအကြောင်း မင်းတို့သိသားနဲ့''

''ကောင်စုတ် ...နင့်ဆီလာရင် ဒီအတိုင်းချည်းပဲ''

သော ကတ တဟဲဟဲလုပ်နေလိုက်သည်။ ဟိုလေးယောက် ကတော့ နေပူစပ်ခါးထဲမှ ဖြတ်လျှောက်လာရသဖြင့် နဖူးမှချွေး ပေါင်ကြားလောက်သို့ ပင် ကျနေလောက်ပြီ။

ခုလည်း ဘယ်သူကမှ အရေး တယူ ခွင့်မတောင်းဘဲ ဝင်ထိုင်လိုက် ကြသည်။ ဌာန်ကရိုဏ်းကျတော့မှ သော တက ဝေ့ဝဲကြည့်ရင်း ...

''ဘယ်လို ဖြစ်ကြတာလဲဟ၊ ဟဲ့ နွယ်နီ ..နင့်မှာ ကားမပါဘူးလား''

''ပါသားပဲ၊ နင်တို့လမ်းထိပ်မှာ က တံတားပြင်နေတာကိုး၊ အဲဒီ မှာ ထားခဲ့ရတာ ပေါ့၊ ငါတို့မှာ နေပူထဲက လျှောက်လာရတာ ''

နွယ်နီက ဘုဆတ်ဆတ်ပြန်ဖြေသည်။ ဘေးမှ သူ့ရည်းစား မြတ် ကျော်က အိတ်ကပ်ထဲမှ တစ်ရှူးထုပ်ကလေး ထုတ်လိုက်သည်။ သူ့ချစ်သူ နွယ်နီကို ယုယုယယသုတ်ပေးလိမ့်မည် ဟု ထင်သော်လည်း မဟုတ်ပါချေ။

သူ့ဘာသာ သန့်စင်နေခြင်း ဖြစ်သည်။ ချစ်သူအတွက်ဆိုလျှင် ရိုမီရို ထက်သာသော မြတ်ကျော် ဖြစ်သည်။

သော တ ရယ်ချင်သွားသော်လည်း အောင့်အည်းလိုက်ပြီး ...

''ကဲ ဆိုစမ်းပါဦး ...နင်တို့ ငါ့အိမ်အထိအောင် ဘာကိစ္စနဲ့ ကြွ ချီတော် မူလာလဲဆိုတာ''

နွယ်နီ ပါးစပ်ဟရန် ပြင်လိုက်၏ ။ သို့ သော် သူ့ရည်းစား မြတ်ကျော် က အခွင့်အရေး မပေးချေ။ ထိုသို့ ဆို၍ ရုတ်တရက်ကြီး နွယ်နီ့ပါးစပ်ထဲသို့ တစ်ခုခုထိုးထည့်လိုက်ခြင်း မဟုတ်ပါ။ စကားကို ဦးအောင်လုပြောလိုက်ခြင်း ဖြစ်သည်။

''အဲဒီ ကိစ္စထားပါဦးဟာ ...ငါ တော် တော် အိုက်နေပြီ၊ သော တ ...ငါ ရေချိုးခန်းထဲသွားပြီး ကိုယ်လက်သန့်စင်လိုက်ဦးမယ်''

''အေး အေး ...သွားလေ''

သော တစကားအဆုံးမှာ ပဲ နွယ်နီက မြတ်ကျော်ကို မျက်စောင်း ထိုးလိုက်သည်။ မြတ်ကျော် ကတော့ ရိပ်မိဟန်ပင်မရှိဘဲ ထ,သွားလေ၏ ။ ကျန်လူတွေ မှာ ပဲ ပြုံးစိစိနှင့် ကျန်ခဲ့ရ၏ ။

ဘာ ဖြစ်လို့လဲဆိုတော့ မြတ်ကျော်ဆိုသည့်သတ္တဝါသည် လိုတာ ထက်ပို၍ အသန့်ကြိုက်မှန်း သူတို့တစ်အုပ်စုလုံး သိကြသည်။

မြတ်ကျော် ထ,သွားသည်ကို နေမျိုးကျော်က လှမ်းကြည့်ကာ...

''နွယ်နီ ...နင့်ကောင် မြတ်ကျော် ကတော့ ပိုကို ပိုတယ်နော်''

''ဟုတ်တယ်ဟေ့ ...ပြောမရလို့ လွှတ်ထားပေးလိုက် တာ၊ ငါ့ကို တောင် တစ်ရက် ရေဘယ်နှခါချိုး, ဘယ်နှရက်တစ်ခါ လက်သည်းညှပ်ဆို ပြီး ကန့်သတ်ချင်သေးတာ''

''အမွေးအမျှင်တွေ ရော ရိတ်ခိုင်းသေးလား''

နွယ်နီ မျက်နှာရဲခနဲ ဖြစ်သွားပြီး ...

''သော တ ...နင်နော် ပေါက်ကရတွေ စ,မလာနဲ့''

''အေးပါဟ အေးပါ ...နင်တို့ရဲ့ အတွင်းရေး ကိစ္စတွေ ကို နင်တို့ပဲ သိမှာ ပေါ့''

''ကောင်စုတ်''

နွယ်နီ့အော်သံအဆုံးမှာ ရယ်ြ ကတော့၏ ။ အရယ်ရပ်တော့မှ သော တက စဉ်းစားမိဟန်ဖြင့် -

''ငါ စဉ်းစားမိတယ်ဟ ...မြတ်ကျော်ဆိုတဲ့ကောင်ဟာ ဒီလောက် အသန့်ကြိုက်ပြီး ဇီဇာကြောင်နေရင် အရင်ဘဝက မိလ္လာတွင်းဆယ်တဲ့ လူလားမသိဘူး''

''နင်နော် ...ငါ့ရည်းစားကို''

ရယ်ကြရပြန်သည်။ မြတ်ကျော်သာ သူ၏ ဘဝဟောင်းသည် ထို ကဲ့သို့ ဟု သိ သွားပါက ရေချိုးရင်းနှင့် အအေးမိပြီး သေသွားမည့် သဘော မှာ ရှိသည်။

ခုတော့ ဘာမှမသိရှာသော ကိုသန့်ကြီးမြတ်ကျော် ဧည့်ခန်းထဲသို့ ပြန်လည်ဝင်ရောက်လာပါသည်။ သော တက လှမ်းကြည့်ပြီး ...

''ဟေ့ကောင် ...မင်း ရေပါချိုးလာတာလား''

မြတ်ကျော်က ဟီးခနဲရယ်လိုက်ရင်း ...

''မချိုးပါဘူးကွာ၊ ခြေထောက်လက်ထောက်ဆေးပြီး မျက်နှာသစ်လာတာပါ''

''ဒါနဲ့ ...ဆပ်ပြာသုံးခဲ့သေးလား''

''ဟ ...သုံးတာပေါ့ကွ''

''အဖြူလား, ပန်းရောင် ဆပ်ပြာလား''

''ပန်းရောင် လေ ...ဘာ ဖြစ်လို့လဲ''

''ဟာ ...အဲဒါ မိန်းမတိုက်တဲ့ဆပ်ပြာကွ''

''ဘာ ..ဘာ ..ဘာ''

ထိုဘာသုံးလုံးသည် မြတ်ကျော်ပါးစပ်မှ မိုးကြိုးပစ်သလို ဆင့်ကဲ ဆင့်ကဲ ထွက်လာတော့သည်။ မျက်နှာတစ်ခုလုံးလည်း အပျက်ပျက်အယွင်း ယွင်း ဖြစ်ကာ ...

''သော ..သော တ ...မင်း ..မင်း ဘာပြောလိုက်တယ်''

''သြော် ...မင်းသုံးလာတာ မိန်းမတိုက်တဲ့ ဆပ်ပြာလို့ ပြောတာ''

''ဟယ်''

''ဟာ''

ရေရွတ်သံများ အဆုံးမှာ တော့ မြတ်ကျော်သည် မျက်နှာကို လက် နှစ် ဖက်ဖြင့် အုပ်ကာ ကြီးစွာ သော ယူကျုံးမရသံကြီးနှင့် ...

''သော တရာ ...မင်း ငါ့ကို ဘာ ဖြစ်လို့ ကြိုမပြောရတာ လဲ ... သွားပါပြီကွာ''

''ဘာ ဖြစ်ရတာ လဲကွာ၊ ငါလည်း အဲဒီ ဆပ်ပြာပဲသုံးတာပဲဟာကို''

ပြောရင်း သော တ ရယ်ချလိုက်တော့မှ အားလုံးသဘောပေါက်ကြ တော့သည်။ အမှန်တော့ မြတ်ကျော်ကို ကြည့်မရ၍ 'ကျပ်'လိုက်ခြင်းသာ ဖြစ်၏ ။

မဟုတ်လျှင်တော့ မြတ်ကျော် တစ်ယောက် သူ့မျက်နှာသူ ဓားနှင့် လှီးပစ်မှာ သေချာလောက်သည်။

''ကဲ ...တော် ပါတော့ သော တရယ်၊ ဟဲ့ နွယ်နီ ...နင့်လာရင်း ကိစ္စ ပြောလိုက်ဦး''

တစ်ချိန်လုံး ဘာမှမပြောဘဲ ရယ်နေသည့် စုမာ သတိပေးတော့မှ နွယ်နီက ...

''ဒီလိုဟာ ...လာမယ့်ဆန်းဒေးကျရင် ငါ့မွေးနေ့လေ၊ အဲဒါ သူငယ်ချင်းတွေ ကို စားသောက်ဆိုင်တစ်ဆိုင်မှာ ကျွေးချင်လို့ လာပြောတာဟ''

''သြော် ...ဒါများ နွယ်နီရယ် ဖုန်းဆက်လိုက်ရောပေါ့''

နွယ်နီ မျက်စောင်းထိုးရင်း ...

''အောင်မာ ...ဆက်တာပေါ့၊ နင်တို့ဖုန်းကိုလည်း ပြန်စစ်ကြည့် ဦး''

ထိုအခါမှ သော တက စပ်ဖြဲဖြဲလုပ်ကာ ...

''အေးဟ ...အိမ်ဖုန်းက ပျက်နေတာ၊ ဒါနဲ့ ...ငါ့ဟန်းဖုန်းကို ဆက်လိုက်တာမဟုတ်ဘူး''

''လုပ်လာပြန်ပြီ၊ နင် ဟန်းဖုန်းကိုင်ထားတယ်ဆိုတာလည်း ငါ တို့မှ မသိတာဟဲ့''

''ဟီး ...ဟုတ်သားပဲ၊ ဝယ်ထားတာ မကြာသေးဘူးဟ၊ ဈေး တွေ ကျလို့လေ၊ ဆယ်လုံးဈေးမေးပြီး ငါးလုံးဝယ်လိုက်တာ၊ နင်တို့ကိုတောင် နံပါတ်မပေးရသေးဘူး ...ဟဲ ဟဲ''

အားလုံးပဲ သော တကို 'ဂျို' ကြည့် ကြည့်ြ ကတော့သည်။ သော တ ကတော့ ဘာမှမခံစားရသလို အေးဆေးစွာ ...

''ကဲ ...ဟုတ်ပါပြီ၊ နင်ဖိတ်ထားတာက ကျောင်းတုန်းက သူငယ် ချင်းတွေ ချည်ပဲလား''

''အပြင်က ငါ့သူငယ်ချင်း တစ်ယောက် နှစ် ယောက် လောက်လည်း ပါမှာ ပေါ့ဟ၊ ဆိုင်က (---) ဆိုင်နော်၊ ညနေငါးနာရီအရောက်လာခဲ့''

''အေးပါဟာ၊ ဆက်ဆက်လာခဲ့ပါ့မယ် ...ဒါပဲ မဟုတ်လား''

''အေးလေ ...အဲဒါပြောချင်လို့ပဲ လာခဲ့တာပဲဥစ္စာ''

''ခု နင်တို့ပြောပြီးပြီလေ''

''အဲဒါ ဘာ ဖြစ်လဲ''

''သြော် ...ပြောပြီးရင်လည်း ပြန်တော့လို့ ပြောမလို့ပါ''

''မသာကောင်''

နွယ်နီက မေတ္တာပို့တော့သည်။ သော တက ရယ်ကျဲကျဲနှင့် ...

''နောက်တာပါဟာ ...နင်ကလည်း''

ပြောမှပဲ နွယ်နီက ဆတ်ခနဲ ထရပ်လိုက်ရင်း မျက်နှာထိမျက်နှာ ထားနှင့် ကြည့်ကာ ...

''တော် ပါပြီ ...ငါတို့လည်း မနေချင်တော့ပါဘူး၊ နင့်စက်ကွင်းက အစိုးရတာ မဟုတ်ဘူး၊ ဟဲ့ ...သွားရအောင်''

အားလုံးထရပ်ြ ကတော့သည်။ မြတ်ကျော်နှင့် နေမျိုးကျော်တို့ကလည်း ...

''သော တ ...သွားပြီကွ''

''ဟေ့ကောင် ...လစ်ပြီ''

''အေး အေး''

အကုန်လုံး ခြံဝရောက်တော့မှ သော တက နောက်မှပြေးလိုက် လာပြီး ...

''ခဏလေး ခဏလေး ...နေကြပါဦးဟ''

''ဘာလဲကွ ...ဘာကျန်ခဲ့လို့လဲ''

''ဖုန်းနံပါတ် ပေးမလို့ပါ၊ အကြောင်းတစ်ခုခုဆိုရင် ဆက်လို့ရ အောင် ယူသွားလိုက်''

နွယ်နီက နှုတ်ခမ်းမဲ့ကာ သော တဖုန်းနံပါတ်ကို သူ့ဖုန်းထဲ ရိုက် ထည့်လိုက်ရင်း တစ်ချက်တွယ်သွားသေးသည်။

''သော တတို့များ နော် ...ခုမှ ဖုန်းကိုင်ဖူးမှန်း သိပ်သိသာတာပဲ''

''အင်''

♥ ♥ ♥


ဖြစ်နိုင်ရင် ကျူးပစ်ဆီက

မြားကလေးတစ်စင်းလောက်တော့ ရချင်ရဲ့

ချစ်သူကို ကိုယ့်လက်နဲ့ ပစ်ကြည့်ချင်လို့လေ။

♥ ♥ ♥


( ၄ )

ညအိပ်ရာဝင်စဉ်ကပဲ အိုက်လွန်း၍ အဲကွန်းကိုတင်ကာ အိပ်ရာဝင် ခဲ့မိလို့လား၊ ဒါမှမဟုတ် မနေ့ညနေက ခေါင်းလျှော်တာပဲ အချိန်ပိုကြာသွား လို့လား မပြောတတ်။ မနက်အိပ်ရာက နိုးလာချိန်မှာ ရှင်မင်း စိတ်ညစ်ရပြီ။

နှာရည်စိုရွှဲ တပို့တွဲလလည်း မဟုတ်။ သူမမှာ လည်း ထိပ်ကပ်နာ ဆိုသည့် ရောဂါ မရှိပါဘဲနှင့် နှာရည်တွေ တတောက်တောက်ကျနေခြင်း ဖြစ်သည်။

သို့ နှင့် မနက်စာစားပြီး တီဗွီမှာ အားကောင်းမောင်းသန်အာမ,ခံကာ ကြော်ငြာနေသည့် ဆေးတစ်လုံးကို သောက်ထားလိုက်၏ ။

သို့ သော်လည်း ...

ဘယ်က မြစ်ဖျားခံပြီး စီးဆင်းလာမှန်းမသိသည့် နှာရည်တွေ က တတောက်တောက်ကျနေသေးသည်။ မည် သို့ မည် ပုံဖြေရှင်းရမည် မှန်းပင် မသိတော့။ ကလေးဘဝတုန်းကလိုပဲ နှာခေါင်းကို တရှုပ်ရှုပ်လုပ်ကာ ထိန်း သိမ်းနေရတော့၏ ။

စိတ်ညစ်ညစ်နှင့် ဧည့်ခန်းမှာ ထိုင်ကာ နှပ်ကမ္မဌာန်းစီးဖြန်းနေစဉ် မှာ ပဲ မေမေက မီးဖိုခန်းထဲမှ ထွက်လာပြီး ရှင်မင်းကို စွေကြည့်လိုက်၏ ။

''ဟဲ့ ဂျုံလုံး ...ညည်းက ဘာ ဖြစ်နေတာလဲ၊ နှာခေါင်းတရှုပ်ရှုပ်နဲ့''

ရှင်မင်းကို အိမ်ကလူတွေ က ငယ်နာမည် ဂျုံလုံးဟု ခေါ်ကြသည်။ ငယ်ငယ်က အမေကိုကပ်လွန်း၍ ထိုနာမည် တွင် သွားရခြင်း ဖြစ်၏ ။ ကြီးလာ တော့ ထိုနာမည် ကို ရှင်မင်း မကြိုက်တော့။ သို့ သော်လည်း မိသားစုနှင့် တချို့သူငယ်ချင်းတွေ က ထိုနာမည် ကို နှုတ်ကျိုးနေကြပြီ။ သတင်းစာမှာ ကြော်ငြာပြီး အိမ်မှာ နာမည် ပြောင်းလုပ်လျှင် ပိုအရှက်ကွဲမည် ဖြစ်သော ကြောင့် ဒီအတိုင်း ငြိမ်နေလိုက်ရခြင်း ဖြစ်၏ ။

ခုလည်း မေမေ့အမေးကြောင့် ရှင်မင်း နှပ်ကို တစ်ချက်ရှုပ်သွင်း လိုက်ကာ ...

''ဘာ ဖြစ်မှန်းကို မသိတော့ပါဘူး မေမေရယ် ...မနက် အိပ်ရာက ထ,ကတည်းက နှပ်တွေ ကျနေတော့တာပဲ''

မေမေက ...

''ဆေးလေး,ဘာလေးသောက်ထားလေ၊ သြော် ...ဒါနဲ့ ဒီနေ့ အိမ်ကို မောင်စန်းမွန်တောင် လာမလားမသိဘူး''

စိတ်ညစ်ရသေးတော့၏ ။ ထိုစန်းမွန်ဆိုသော မေမေ့သူငယ်ချင်း၏ သားကို ရှင်မင်း တစ်စက်မှကြည့်မရ။ စန်းမွန် ကတော့ ရှင်မင်းကို ရုံသွင်း ပြလျှင်တောင် လက်မှတ်တွေ အားလုံး တစ်ယောက် တည်းဝယ်ပြီး ကြည့်မည့်  သဘောမှာ ရှိသည်။ မေမေကလည်း သူ့သမီးကို စန်းမွန် မျက်နှာပြောင်တိုက် ကာ လာပိုးပန်းနေသည်ကိုပင် ခွင့်ပြုထားသည်။

စိတ်ရှုပ်ထွေးစွာ နှင့် ပင် ရှင်မင်း နှပ်ကိုသာ ထပ်ရှုပ်သွင်းမိတော့၏ ။ သူမအနေဖြင့် နှပ်ကိုသာ ရှုပ်သွင်းနိုင်မည် ။ စန်းမွန်ကိုတော့ နှပ်လို ရှုပ်သွင်း ရန် လားလားမျှ အလိုမရှိပါ။

စန်းမွန်ကိုမြင်လျှင်ပင် ရှင်မင်း အလိုလိုနေရင်း ကြမ်းကျွံသလို ခံစားရသည်။ ခုလည်း ရှင်မင်းက မျက်နှာကိုမဲ့လိုက်ရင်း ...

'' အဲဒီ လူကလည်း အိမ်ကို အကြောင်းမရှိ အကြောင်းရှာပြီး လာ နေတော့တာပဲ၊ တကယ့်ကို စိတ်ပျက်မိတယ်''

''အောင်မာ မိဂျုံလုံးနော် ...စကားကို ဘယ်လိုပြောလိုက်တာလဲ၊ ဟိုက ညည်းကို မေတ္တာရှိနေတာကို''

''သမီး ကတော့ မေတ္တာတုံးတယ် ...ရှင်းရှင်းပဲ''

ဒေါ်သီတာ အနည်းငယ် အောင့်သက်သက် ဖြစ်သွားရသည်။ သူ ကိုယ်တိုင်က သဘောတူထားသည်ကိုပင် သမီးအလိမ္မာတုံးက မကြည်ဖြူ။ ဒေါ်သီတာက ဘာပြောရမည် မှန်းပင်မသိ ဖြစ်သွားရ၏ ။ သို့ သော်လည်း ကိုယ်က အမေပဲဆိုသည့် ပါဝါကိုသုံးပြီး ခပ်မာမာထပ်ပြောလိုက်သည်။

''ဟဲ့ ...ဘာပဲ ဖြစ် ဖြစ် မောင်စန်းမွန်လာရင် ကောင်းကောင်း ဧည့်ခံနော်''

''ဟာ ...လုပ်လာပြန်ပြီ မေမေရာ၊ ကိုယ်ဖိတ်ထားတာမှ မဟုတ် ဘဲ၊ လာတော့လည်း ကော်ဖီတိုက် မုန့်ကလေးတစ်ကိုက်နှစ် ကိုက်လောက် ကိုက်ခိုင်းပြီး ပြန်လွှတ်လိုက်ပေါ့''

'' ဖြစ်မလာဟဲ့ ဧည့်သည်ကို''

''မ ဖြစ်ရင် မေမေက ဘာထပ်ကျွေးချင်သေးလို့လဲ''

''ဟဲ့''

ဒေါ်သီတာ မျက်လုံးပြူးသွားသည်။ ချက်ချင်း ပဲ ရှင်မင်းကို ရှုတင်း တင်း ပြန်ကြည့်လိုက်ပြီး ...

''မိဂျုံလုံး ...ညည်း ငါ့ကို ရွဲ့နေတာလားဟင်''

''မရွဲ့ပါဘူး ...သမီးမှ သူ့ကို မတွေ့ ချင်တာ''

''မတွေ့ ချင်ရအောင် သူက ညည်းကို ဘာလုပ်နေလို့လဲ''

''ရော် ...ခက်ပါပြီ၊ မေမေက ဒီလောက်အတင်းတွေ့ စေချင်ရ အောင် သူကရော မေမေ့ကို ဘာလုပ်ထားလို့လဲ''

''မိဂျုံလုံး''

ဒေါ်သီတာ စူးစူးဝါးဝါးအော်တော့သည်။ ရှူးရှူးရှားရှားပြန်ကြည့် လိုက်ရင်း ...

''တော် တော့ ...ဘာဆင်ခြေဆင်လက်မှ ငါ့ကို ပြန်ပေးမနေနဲ့၊ ညနေ မောင်စန်းမွန်လာရင်သာ ညည်း ကောင်းကောင်းမွန်မွန်ဆက်ဆံပါ ...ဒါပဲ''

ထိုသို့ စကားဖြင့် အနိုင်ပိုင်းလိုက်သော်လည်း ရှင်မင်းက ချက်ချင်း ပဲ ...

''အဲဒါက ပိုတောင်မ ဖြစ်သေးတယ်''

''ဘာ''

''ဒီညနေ သမီး သွားစရာရှိတယ်လေ၊ မေမေ့ကို မနေ့ကပဲ ခွင့် တောင်းပြီးသားလေ ...မေမေပဲ အင်းဆို''

ဒေါ်သီတာ တစ်ချက်နင်သွားရ၏ ။ ဟုတ်သည်ပဲ။ မနေ့က သူ သမီးပြောထား၍ ခွင့်ပြုပြီးထားပြီ။ ခုတော့ ဘာမှမတတ်နိုင်တော့။

ထို့ကြောင့် မတတ်သာသည့်အဆုံး ...

''အေး ...ထားတော့၊ ဒါနဲ့ ညည်း ဘယ်အချိန်ပြန်လာမှာ လဲ ...တိတိကျကျပြော''

''ခုနစ်နာရီလောက်တော့ ပြန်ရောက်မှာ ပါ မေမေရဲ့ ''

''ပြီးရော ...ပြီးရော''

မျက်နှာထားတင်းတင်းနှင့် ပြောရင်း ဒေါ်သီတာ ထရပ်လိုက်ပါသည်။ ရှင်မင်းက ပခုံးလေးတွန့်ရင်း ထပ်ကာစီးကျလာသော နှပ်ကို အားရပါးရ ရှုပ်သွင်းလိုက်လေတော့၏ ။

ဒီညနေအထိ နှပ်က သူ့ကို နှိပ်စက်နေဦးမည် လားဆိုတာကိုတော့ ရှင်မင်း တွေးမရသေး။

မည် သို့ ပင် ဖြစ်စေ ...။

♥ ♥ ♥


( ၅ )

ချိန်းထားသည့်ဆိုင်ရောက်တော့ ရှင်မင်း ခပ်တည်တည်ပဲ ဝင်သွား လိုက်သည်။ ဆိုင်ထဲမှာ ဝေ့ဝဲကြည့်တော့လည်း ဘဲဥမကိုမတွေ့ ။ နာရီထပ် ကြည့်လိုက်တော့လည်း ငါးနာရီတောင် နည်းနည်း ကျော်နေပြီ။

ဒီဆိုင်နှင့် ဒီအချိန်ဆိုတာလည်း မှားစရာမရှိပါ။ ခုတော့ ဘယ်လို ဖြစ်သည် မသိချေ။ နောက်များ ကျနေတာလားဟု တွေးရင်း ခဏစောင့်နေ ရန် ရှင်မင်း ဆုံးဖြတ်လိုက်သည်။

စောင့်မယ်ဆိုပြန်တော့လည်း ဆိုင်ထဲမှာ တစ်ယောက် တည်း ထိုင် မနေချင်ပါ။ ကိုယ်က မိန်းကလေး။ ပြီး ခုချိန်ထိ သံယောဇဉ်မပြတ်သေး သော နှပ်ကို တရှုပ်ရှုပ်ပြန်သွင်းလိုက်၊ လိုအပ်လာလျှင် တစ်ရှူးဖြင့် သုတ် သင်ရှင်းလိုက် လုပ်နေရသေးသည်။ ဘယ်လိုမှ အဆင်မပြေချေ။

ခုလည်း မလာမ ဖြစ်လို့သာ လာခဲ့ရသည်။ ဒီနှပ်ကြောင့် လူတွေ ဝိုင်းကြည့် ကဲ့ရဲ့ ကြမှာ ကိုတော့ ရှင်မင်း အ ဖြစ်မခံနိုင်။ ထို့ကြောင့် ဆိုင်အပြင် ဘက်ထွက်ကာ ကားပါကင်နားမှာ ရပ်စောင့်နေလိုက်၏ ။

ဆယ့်ငါးမိနစ်လောက် ကြာသည်အထိ ဘဲဥမက ပေါ်မလာသေး။ ကိုယ့်မှာ နှပ်ဒုက္ခနှင့် စိတ်ညစ်နေရသည့်အထဲ ရှင်မင်း စိတ်တိုလာတော့ သည်။ ထို့ကြောင့် နောက်ထပ်ငါးမိနစ်လောက်မှ မလာလျှင် ကားငှားပြီး အိမ်ပြန်တော့မည် ဟု ဆုံးဖြတ်ကာ ဘောင်းဘီအိတ်ထဲမှ ငါးရာတန် သုံးရွက် ကိုပင် ထုတ်ကာ ကိုင်ထားလိုက်သေး၏ ။

ထိုအချိန်မှာ ပဲ ...

သော တ မောင်းနှင်လာသော ဘောက်စဂွန်ကားလေးသည် ဆိုင် ရှေ့သို့ ရောက်ရှိလာ၏ ။ ကားပါကင်ထိုးရန် သော တ နေရာကြည့်လိုက်သည်။ မတွေ့ ။ ဘေးဘီကြည့်လိုက်စဉ်မှာ ပဲ ကားတစ်စီးရှေ့မှာ ရပ်နေသည့် ကောင်မ လေး တစ်ယောက် ၏ နောက်ကျောကို မြင်လိုက်ရပြန်သည်။ လက်ထဲမှာ လည်း ပိုက်ဆံတချို့ကို ကိုင်ထားသဖြင့် သေချာပြီဟု တွက်လိုက်၏ ။

ထို့ကြောင့် ကားကို ထိုကောင်မလေးအနီးသို့ မောင်းသွားလိုက် ရင်း ...

''ဒီမှာ ဗျ''

ကောင်မလေးက ဆတ်ခနဲ လှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင် နက် သော တပါးစပ်က လွှတ်ခနဲ ထွက်သွားလေ၏ ။

''ဒီမှာ ...ခင်ဗျားက ပါကင်လားဟင်''

''ဘာပြောတယ်''

မထော်မနန်းနိုင်လှသည့်မေးခွန်းမို့ ရှင်မင်း စူးစူးဝါးဝါး ပြန်အော် ပစ်လိုက်၏ ။ ဒေါသအမျက်လည်း ခြောင်းခြောင်းထွက်သွားတော့သည်။

ဒါကိုပင် သကောင့်သားက အလိုက်ကမ်းဆိုးမသိစွာ ...

''ဟ ...ဘာ ဖြစ်တာလဲ၊ ခင်ဗျားကို မေးနေတာ ပါကင်လားလို့''

သော တကလည်း သော တပင်။ အခကြေးငွေဖြင့် ကားပါကင် စောင့်သည့်ကောင်မလေးဟု ထင်နေခြင်း ဖြစ်သည်။ ကိုယ့်မေးခွန်းက အဓိပ္ပာယ်တစ်မျိုး ဖြစ်နေသည်ကို မရိပ်မိသေး။

ရှင်မင်းလည်း ထပ်ကာထပ်ကာမေးနေသည့် သော တကို မီးဝင်း ဝင်းတောက်မတတ်ကြည့်ကာ ...

''ရှင် ဘာတွေ လာပြောနေတာလဲ ...ပါးကျိုးချင်လို့လား''

''ဗျာ''

သော တ ကြောင်အမ်းသွားရသည်။ ခုမှပဲ ကောင်မလေးကို စေ့ စေ့ကြည့်မိတော့၏ ။ အတော် ကိုလှသည့် ကောင်မလေး ဖြစ်သည်။ ပါကင် လုံးဝမ ဖြစ်နိုင်။ ထို့ကြောင့် လွဲပြီဟု စဉ်းစားလိုက်ရင်း ...

''ဆောရီးဗျာ ...ဒါဆို ခင်ဗျား ပါကင်မဟုတ်ဘူးပေါ့''

''ဟုတ်တယ်၊ ဟင် ...ရှင် စော်ကားပြန်ပြီလား ...ကဲဟာ''

'ခွပ်!'

''အ''

စိန်ပလိမ်တိန်တွေ ဂွိမ်ကုန်ပါတော့သည်။ ရှင်မင်းက မိန်းကလေး ပီပီ သော တ၏ မျက်ခွက်ကို လက်သီးနှင့် ပိတ်ထိုးလိုက်ခြင်း ဖြစ်၏ ။ (မှတ်ဟ)

မိန်းကလေးအားဆိုသည့်တိုင်အောင် လက်သီးက မျက်လုံးတည့် တည့်မို့ သော တလည်း နေ့ခင်းဘက်ကြီးမှာ ကြယ်တွေ လတွေ အပြင် ဂြိုဟ် ကြီးရှစ်လုံးပါ ထပ်မြင်လိုက်ရသလို ခံစားလိုက်ရ၏ ။

မျက်စိကို လက်နှင့် အုပ်ရင်း မပြောမဆို တီးထည့်လိုက်သော ရှင်မင်းကိုကြည့်ကာ ...

''အား ...ကျွတ် ကျွတ် ...ခင်ဗျား ဘာလုပ်တာလဲ''

''ထိုးတာလေ ...ထိုးတာ၊ မကျေနပ်ရင် အောက်ကိုဆင်းလာခဲ့ ဦး''

ဘလိုင်းကြီးထိုးခံလိုက်ရတာ မို့ သော တ တင်းသွားရသည်။ သူ ဘာများ မှားလို့လဲ။ ဖြတ်သွားဖြတ်လာလူတွေ ပင် ကွက်ကြည့်ကွက်ကြည့် ဖြစ်နေကြပြီ။ ထို့ကြောင့် ရှင်းမှ ဖြစ်မယ်ဆိုသည့်အတွေးဖြင့် ကားပေါ်က ဆင်းလိုက်၏ ။

ထိုစဉ် ...

ဖုန်းမြည် သံကို ကြားလိုက်ရပြန်သည်။ သော တ၏ ဖုန်းမှ ဖြစ်သည်။ နံပါတ်ကြည့်လိုက်တော့ နွယ်နီမြင့်ဆီက။ ပြဿနာကို ခဏထားပြီး ဖုန်းဖွင့် ကိုင်လိုက်ရသည်။ အသံက နားထဲကို ဆောင့်ဝင်လာ၏ ။

''သော တလား၊ ငါပါဟ ...နွယ်နီ နွယ်နီ''

အရေး ထဲမှာ မှတ်ပုံတင်ထားပြီးသားပစ္စည်းကို လာကြော်ငြာနေသေးသည်။ ကိုယ့်မှာ က ကိုယ့်ဒုက္ခနှင့် ကိုယ်မို့ သော တက ...

''အေး ...နွယ်နီ ခဏလေး၊ ငါ နင်တို့ချိန်းထားတဲ့ဆိုင်ရှေ့ ရောက်နေပြီဟ''

''ခဏလေး ...ပြောတာ နားထောင်ပါဦး သော တ၊ ငါတို့ ခုပဲ ဒီဆိုင်ထဲမှာ မရှိဘူးဟ''

''ဟေ ...ဘယ်လို ဖြစ်တာလဲ နွယ်နီရာ၊ နင့်မွေးနေ့ကလည်း ဘာလဲ ...မလုပ် ဖြစ်တော့ဘူးလား''

''လုပ် ဖြစ်ပါတယ် ...ဆိုင်ပြောင်းလိုက်လို့ပါ၊ ခုလည်း အဲဒီ ကိစ္စ ပြောမလို့ နင့်ဆီ လှမ်းဆက်လိုက်တာဟဲ့''

''ပြီးရော ပြီးရော၊ ဘယ်ဆိုင်လဲ ပြော ...ငါ လိုက်ခဲ့မယ်''

''မလာနဲ့ဦး၊ နင် အဲဒီ ဆိုင်ရှေ့ရောက်နေတယ်ဆိုရင် အထဲကို ခဏလောက် ကြည့်ပေးစမ်းပါဟယ်၊ ငါ့သူငယ်ချင်း တစ်ယောက် များ ရောက်နေလားလို့၊ သူ့အိမ်ကို ဖုန်းဆက်ကြည့်တော့လည်း ထွက်သွားပြီ ပြောတာနဲ့''

သော တ စိတ်ညစ်သွားရသည်။ ဒီမှာ တောင် ပြဿနာက မရှင်း ရသေး။ လာပြန်ပြီတစ်မှု ။ ထို့ကြောင့် ...

''နွယ်နီရာ ...နင့်သူငယ်ချင်းကို ငါမှမမြင်ဖူးတာ၊ ဘယ်လိုလုပ် ရှာရမှာ လဲ၊ ပြီးတော့ ငါ ဒီမှာ ကွိုင်တက်နေတာ''

''အဲဒါကို ထားစမ်းပါ ...ငါ့သူငယ်ချင်းပုံစံ ပြောပြမယ်၊ နာမည် က ရှင်မင်းတဲ့၊ ခပ်ချောချောလေးဟာ၊ ဆံပင်က ငါတို့လောက်ပဲ၊ မျက်ခုံးအထက် မှာ မှဲ့ကလေး''

''ဒီမှာ ဒီမှာ ...ရှင့်ဆီဆက်နေတာ ဘဲဥမလား''

ရှေ့က မလက်သံပြောင်လေး၏ အသံ ဖြစ်သည်။ သော တက ခပ် တည် ပြန်ပြောလိုက်၏ ။

''ဘာ ...ဘဲဥမ ...ဟုတ်လား၊ ဘာဥမှ မဥဘူး၊ ကျွန်တော့် သူ ငယ်ချင်း နွယ်နီမြင့်ဗျ''

''ဟုတ်ပါတယ် ...အဲဒါ ဘဲဥမပဲ၊ ပေးစမ်းပါ ဖုန်းခဏ''

ပြောပြောဆိုဆို ဖုန်းကို ဆတ်ခနဲ လှမ်းယူသွားသည်။ ပြီး အသံစွာ စွာ လေးနှင့် ...

''အေး ဘဲဥမ ...နင် ဘယ်လိုလုပ်တာလဲဟာ၊ ငါ့မှာ တော့ ဒီမှာ စောင့်လို့''

တစ်ဖက်က နွယ်နီ ဘာပြန်ပြောလိုက်သည်မသိ။ ကောင်မလေးက မျက်မှော င်ကြုတ်ကာ ...

''ဘာ ဖြစ်တယ်၊ ငါက အဲဒီ လူရဲ့ ကားနဲ့ လိုက်ခဲ့ရမှာ ...ဟုတ်လား''

ဖုန်းပြောရင်း နှပ်တရှုပ်ရှုပ်ပင် လုပ်နေသေးသည်။ ဒင်းကလေးက သော တ၏ ဖုန်းကို ယူပြောရင်း သော တ ရှိနေသည်ကိုပင် ဂရုစိုက်ဟန်မရှိ ဘဲ ...

''အေး ...ပြီးရော ဟုတ်တယ်၊ အဲဒါ ငါနဲ့ ဖြစ်နေတာ၊ ခုနကပဲ တစ်ချက်တီးပြီးသွားပြီ၊ ရှင်းပြီးရင် ငါလာခဲ့မယ်''

ဖုန်းကို ဆောင့်ကြီးအောင့်ကြီးနှင့် ပြန်ပေးလာသည်။ တစ်ဆက် တည်း သော တကိုကြည့်ကာ မျက်ခုံးအတွန့်ချိုးလျက် ...

''ကဲ ဆိုစမ်းပါဦး ...ရှင်က ဘာ ဖြစ်ချင်လို့လဲ''

သော တကလည်း ခပ်တင်းတင်းပင် ...

''ဘာ ဖြစ်ရမှာ လဲ ...ခုနက ဘာပြောမိလို့ ခင်ဗျားက ထိုးရတာ လဲ ပြော''

''အောင်မာ ...လာလာချည်သေး၊ ရှင် မိန်းကလေး တစ်ယောက် ကို လူတွေ ရှေ့မှာ မေးတဲ့ မေးခွန်းကို ပြန်စဉ်းစားကြည့်လေ၊ ဟွန်း ...မပြော လိုက်ချင်ဘူး''

ထိုအခါမှ သော တ စဉ်းစားမိတော့၏ ။ ဟာ ...သွားပြီဟူ၍ လည်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ဟုတ်သည်ပဲ။ မဆင်မခြင် လောကြီးပြီး ပြောလိုက်မိသည့် ကိုယ့်ပါးစပ်ကိုပဲ ရိုက်ချင်မိတော့၏ ။

ရှေ့က ကောင်မလေးကိုလည်း အားနာသွားမိသည်။ တစ်ချက် ကြည့်လိုက်ရင်းက နှပ်တရှုပ်ရှုပ်လုပ်နေသည်ကလွဲလျှင် အတော် ပြေပြစ်လှပ သူလေးဟုလည်း မှတ်ချက်ချမိလိုက်၏ ။ (ယောက်ျားတွေ များ )

ထို့ကြောင့် တောင်းပန်သည့်ဟန်ကလေးဖြင့် ...

''ဆော ...ဆောရီးပါဗျာ၊ ကျွန်တော် စကားပြောတာ လောကြီး သွားတာပါ၊ ဘယ်လိုသဘောမှ မဟုတ်ပါဘူး''

''ထားပါတော့၊ အဲဒီ သဘော မဟုတ်မှန်းတာတော့ သိတယ်၊ ဒါ ပေမဲ့ ...ရှင်က ထပ်ကာထပ်ကာပြောနေတော့ သည်းမခံနိုင်ဘဲ ထိုးလိုက်မိ တာ''

ဒီလိုဆိုတော့လည်း ကောင်မလေးက မဆိုးပြန်ချေ။ ခုနက ပိတ် ထိုးခံရတာ ကိုပင် သော တမေ့သွားရ၏ ။ ဒါသည်ပင် ဆွဲဆောင်မှု ရှိလွန်းသည့် ကောင်မလေး၏ အလှအပကြောင့် လည်း ဖြစ်နိုင်သည်။

ကောင်မလေးကပဲ ...

ကဲ ...ဒါဆိုလည်း ပြဿနာပြီးပြီ၊ သွားရအောင်''

''ဟင် ...ဘယ်ကိုလဲ''

''သြော် ...ဒုက္ခပဲ၊ ဘဲဥမတို့ဆီကိုလေ၊ ရှင်က သော တ မဟုတ် ဘူးလား''

''ဟုတ်ပါတယ်၊ ဒါနဲ့ ဘဲဥမဆိုတာက''

''နွယ်နီရဲ့ နာမည် ပါ၊ ကျွန်မလည်း သူ့မွေးနေ့ကိုလာတာ၊ ခု ဆိုင် ပြောင်းသွား လို့ ရှင့်ကားနဲ့ ကားကြုံလိုက်ခဲ့ပါတဲ့''

''ဒါဆို ...ခင်ဗျားက ရှင်မင်းမေဆိုတာလား''

''ဟုတ်တယ်''

ပြောရင်း နှပ်ကိုပင် အောင်မြင်စွာ တစ်ချက်ရှုပ်သွင်းလိုက်သေး သည်။ သော တ မအောင့်နိုင်ဘဲ ဟက်ခနဲရယ်လိုက်မိသဖြင့် ရှင်မင်းက မျက်စောင်းထိုးရင်း ...

''ရှင်က ဘာရယ်တာလဲ''

အသံစူးစူးလေးကြောင့် သော တက ပျာပျာသလဲ ခေါင်းခါကာ...

''ဘာ ...ဘာမှမရယ်ပါဘူး၊ ဒါဆိုလည်း သွားမယ်လေ''

နှစ် ယောက် သား ကားနှင့် ထွက်လာခဲ့ကြသည်။ ရှင်မင်းလို လှတီး လှတကောင်မလေးနှင့် နီးနီးကပ်ကပ်ထိုင်ရသဖြင့် သော တ ရင်ဖိုမိသလို ဖြစ်မိသော်လည်း တစ်ချက်တစ်ချက် နှပ်ရှုပ်သွင်းသံကြောင့် ဖီးလ်ပျက်ရ သေးတော့သည်။

နှပ်တစ်ခါရှုပ်သွင်းတိုင်း သော တက မသိမသာ လှည့်လှည့်ကြည့် သည်ကို ရှင်းမင်း စိတ်မလုံတော့ချေ။ ထို့ကြောင့် တစ်ရှူးထုတ်ကာ အားရ ပါးရ ညှစ်ချလိုက်တော့၏ ။

ပါးစပ်ကလည်း ...

''ကားမှန်က ချလို့မရဘူးဗျ၊ ဟို ...တစ်ရှူးစကို''

ရှင်မင်းကလည်း သဘောပေါက်စွာ ...

''ဘာလဲ ...ရှင့်ကားပေါ်မှာ တစ်ရှူးစ ချထားခဲ့မှာ စိုးရိမ်လို့လား၊ စိတ်မပူပါနဲ့ ...ဒီတစ်ရှူးစက ကျွန်မ သိမ်းထားမှာ ပါ''

''ဗျာ''

''ဟုတ်တယ်လေ၊ ကိုရီးယားမင်းသမီး တစ်ယောက် ဆိုရင် သူ နှပ် ညှစ်ထားတဲ့ တစ်ရှူးကို အွန်လိုင်းမှာ လေလံတင်ရောင်းတာ မနည်းဘူးရ တယ်ဆိုပဲ၊ အဲဒါကြောင့် ကျွန်မလည်း သိမ်းထားမလို့၊ ရှင်းတယ်နော်''

ဒီတစ်ခါတော့ သော တ 'ဗျာ' တောင် မဗျာနိုင်တော့ပါ။ ရှင်မင်းကို ပဲ နားမလည်နိုင်သော မျက်ဝန်းများ ဖြင့် ကြည့်မိတော့၏ ။ ထိုအချိန်မှာ ပဲ ရှင်မင်းက တစ်ရှူးအသစ်ကို ထပ်ထုတ်ကာ ဒုတိယမ္မိ နှာရည်တန်းကို ရွပ်ရွပ်ချွံချွံ ညှစ်ချလိုက်လေသည်။

♥ ♥ ♥


အဲဒီ လို လှတီးလှတ ကောင်မလေးနဲ့

အဲဒီ လို ခွတီးခွကျကောင်လေးတို့

ထိပ်တိုက်ဆုံပြီးတဲ့နောက် ...

အတီးအတတွေ ပဲ ထပ် ဖြစ်လာမှာ လား ...

ရွတီးရွတတွေ နဲ့ပဲ ချစ်လာမှာ လား ...၊

ဒါမှမဟုတ် ...

♥ ♥ ♥


( ၆ )

ဒီတစ်ခါတော့ နောက်ထပ်ချိန်းဆိုထားသည့်ဆိုင်သို့ တည့်တည့် မတ်မတ်ကြီး ရောက်ရှိ သွားပါသည်။ လမ်းတစ်လျှောက်မှာ လည်း သော တ နှင့် ရှင်မင်းတို့ ဘာပြဿနာမှ ထပ်တက်ခြင်း အလျဉ်းမရှိ။ ရှင်မင်းဘက်က မကျေနပ်သေး၍ ထပ်ကာ လက်သီးနှင့် ထိုးလာလျှင်တောင် ပြုံးပြုံးကြီး ခံယူဖို့ သော တ ရဲရဲကြီးဆုံးဖြတ်ထားသည်။

ဟင်း ဟင်း ...ကောင်မလေးက လှသည်လေ။

သို့ သော် ...

ရှင်မင်းကလည်း လက်သီးနှင့် မထိုးတော့ပါ။ သူ့နှပ်နှင့် သူ အလုပ် ရှုပ်ရင်း လိုက်ပါလာသည်။ လမ်းမှာ ပင် သော တ,က မသိမသာ တော် ကီ ပစ်ခဲ့သေး၏ ။

''ဒီက ရှင်မင်းနော်၊ ကျွန်တော့် နာမည် က သော တပါ၊ ဒါနဲ့ နွယ်နီ နဲ့ခင်တာ ကြာပြီလားဗျ''

''ငယ်ငယ်တုန်းကပဲ''

''သြော် ...ဟုတ်လား၊ ကျွန်တော် တို့ ကတော့ တက္ကသိုလ်ရောက် မှ တွေ့ ကြတာပါ၊ နွယ်နီက သူ့မှာ ရှင်မင်းဆိုတဲ့ သူငယ်ချင်းရှိကြောင်း တစ်ခါမှ မပြောဘူးဗျ''

''နွယ်နီကလည်း သူ့မှာ ရှင့်လိုသူငယ်ချင်းရှိမှန်း လေသံတောင် မဟဘူး''

''ဟုတ်လား ...ဘာပဲ ဖြစ် ဖြစ် ခုတော့ တွေ့ ကြပြီပေါ့ဗျာ''

''ဘာရှင့်''

အသံစူးစူးလေးက ထွက်လာသည်။ သော တက ရယ်ကျဲကျဲလုပ် ရင်း ...

''ဒီလိုပါ ...အရင်က မသိပေမယ့် ခုတော့ တွေ့ ကြ ဆုံကြ, သိ ကြ ကျွမ်းကြပြီလို့ ပြောတာပါ''

''အဲဒါ ဘာ ဖြစ်လဲ''

ရုတ်တရက် သော တ ဘာပြန်ပြောရမည် မှန်းမသိ။ စီဒီထစ်သလို စကားရပ်သွားကြသည်။ နှပ်ရည်တွေ ရှင်းလင်းသုတ်သင်နေသေးသော ရှင်မင်းကိုကြည့်ကာ သော တ စကားတစ်ခွန်း ပြောခဲ့သေး၏ ။

''နွယ်နီ့ရည်းစား မြတ်ကျော်အကြောင်းရော သိလားမသိဘူး၊ ဒီ ကောင်က သိပ်အသန့်ကြိုက်ပြီး ဇီဇာကြောင်တာဗျ''

ရှင်မင်းက တစ်ချက်ကြည့်ပြီး ဘာမှပြန်မပြောချေ။ မြတ်ကျော် အကြောင်းလောက်တော့ အရေး တယူ ခေါင်းထဲထည့်ထားစရာမလိုသည့် ပုံစံမျိုး။ ကောင်းပါသည်။ ရှင်မင်းအတွေးထဲမှာ ကိုယ့်အကြောင်းပဲ နေရာ ယူထားပါစေဟု သော တ ရက်ရက်စက်စက် တွေးထားလိုက်၏ ။

ချိန်းဆိုထားသည့်ဆိုင်သို့ ရောက်တော့လည်း နွယ်နီက အင်တာ ဗျူးသည်ပေါ့။

''ဟဲ့ ...နင်တို့ နှစ် ယောက် က ဘာပြဿနာတက်လာတာလဲ''

သော တက အရင်ပြောလိုက်၏ ။

''ဘာမှမဟုတ်ပါဘူးဟာ၊ ငါ စကားပြောလောသွားလို့ နားလည်မှု လွဲသွားတာပါ''

''ဘယ်လိုလောသွားတာလဲ သော တရဲ့ ''

''ဒီလိုဟာ ...ငါက ကားပါကင်မှာ ရှင်မင်းကို တွေ့ ''

သော တ စကားက မဆုံးလိုက်။ ရှင်မင်းက ဖြတ်ပြီး ...

''ထားလိုက်ပါဟာ ...ဘာမှမဟုတ်ပါဘူး၊ ဖြစ်တယ်ဆိုရင်တောင် နင် ခုလို ချိန်းထားတဲ့ဆိုင် ရွှေ့လိုက်လို့ ဖြစ်ရတာ ''

နွယ်နီက အားနာသွားဟန်နှင့် ...

''ဆောရီးပါ ဂျုံ အဲ ...ရှင်မင်းရယ်၊ ငါ နင့်အိမ်ကို ဖုန်းလှမ်းဆက် ပါသေးတယ်၊ နင်ထွက်သွားပြီဆိုလို့ သော တနဲ့ လိုက်လာခိုင်းလိုက်တာ''

ရှင်မင်းက မျက်စောင်းလဲ့လဲ့ထိုးလိုက်သည်။ နွယ်နီ (ခေါ်) ဘဲဥမ၏ ပါးစပ်မှ ဂျုံလုံးဟု လွှတ်ခနဲ ထွက်မလို ဖြစ်သွားသည်ကိုး။ ထိုသို့ သာ ထွက် သွားပါက သူ့ဘက်မှာ လည်း နွယ်နီ့ကို ဘဲဥမဟုခေါ်ရန် မညှာမတာ စဉ်းစား ထားပြီးသား ဖြစ်သည်။

ခုတော့ နွယ်နီက သဘောပေါက်စွာ ...

''ကဲ ...အားလုံးနဲ့ ရှင်မင်းကို မိတ်ဆက်ပေးရဦးမယ်၊ ငါ့ရဲ့ ငယ် သူငယ်ချင်းနောက် တစ်ယောက် ကတော့ ခရီးလွန်နေလို့ မလာ ဖြစ်ဘူးဟ''

ထိုသို့ အစချီကာ နွယ်နီကပဲ ဦးဆောင်၍ မိတ်ဆက်ပေးလိုက် သည်။ သော တအတွက်ကမူ ယခုလို ရှင်မင်းနှင့် တွေ့ ဆုံရခြင်းအား ရှေးရေစက်ဟု ပိုင်စိုးပိုင်နင်း သတ်မှတ်လိုက်၏ ။

ထို့နောက် အစားအသောက်တွေ ကို ပြိုင်ပွဲကြီးအလား အလု အယက် မှာြ ကတော့သည်။

စားသောက်စရာတွေ ရောက်မလာခင် ရေသန့်ဘူးများ လာချ ပေးပါသည်။ ထိုအချိန်မှာ ပဲ မြတ်ကျော်သည် အားလုံးကိုဝေ့ကြည့်ရင်း ...

''ခဏလေး ခဏလေး ...ရေမသောက်ကြနဲ့ဦး''

ထိုသို့ ဆို၍ မြတ်ကျော် တစ်ယောက် သူ့ရည်းစားမွေးနေ့မှာ ယောက်ျားလေးများ အတွက် ဘီယာ၊ မိန်းကလေးများ အတွက် အချိုရည် တစ်ခုခု မှာ ပေးမည် ဟု မထင်လိုက်ကြပါနှင့် ။ ရုတ်တရက် ထရပ်ကာ ရှိသမျှ ဖန်ခွက်တွေ ကို တစ်ရှူးစတွေ နှင့် လိုက်သုတ်တော့သည်။

သော တက မြင်ပြင်းကတ်စွာ ဝိုင်းမှထထွက်သွားသည်။ ထိုအခါမှ ရှင်မင်းလည်း လမ်းမှာ သော တပြောခဲ့သော စကားကို အမှတ်ရမိတော့၏ ။ သော တ ပြန်ရောက်လာသည့်အချိန်မှာ တော့ မှာ ထားသည့် အစားအသောက် များ ပင် ရောက်နေပြီ။

ဝိုင်းမှာ ဝင်ထိုင်လိုက်သော သော တကိုကြည့်ကာ မြတ်ကျော်က ...

''ဟေ့ကောင် ...မင်း ဘယ်ထ,ထွက်သွားတာလဲ''

သော တက ဟင်းပွဲတစ်ခုဆီသို့ လက်လှမ်းရင်း ...

''ရွှေသွားရောင်းတာကွ''

ပရိသတ်ကြီး တစ်မျိုးမထင်ကြပါနှင့် ။ ရွှေဆို၍ ဆယ့်ငါးပဲရည်၊ ဆယ့်ခြောက်ပဲရည် စသော ရွှေမျိုးအား သွားရောင်းခြင်းမဟုတ်ပါ။ စားဝိုင်း သောက်ဝိုင်းမှာ မို့ အီး သွားပါတာဟု မပြောချင်၍ သော တက ဗန်းစကားသုံး လိုက်ခြင်း ဖြစ်သည်။

ထိုသည်ကိုပင် မြတ်ကျော်က ပျာပျာသလဲဟန်ဖြင့် ...

''ဟေ့ကောင် ...မင်း ရေ သုံးခဲ့ပါတယ်နော်''

''ဘာလို့ သုံးရမှာ ကွ ...သုံးစရာလား''

''ဟာ''

မြတ်ကျော်မျက်နှာ ပျက်ထွက်သွားသည်။ အလန့်တကြားလည်း ရေရွတ်လိုက်၏ ။

''သော တ ...မင်းကွာ အီး သွားပါတာကို ရေမသုံးခဲ့ဘူး ဟုတ် လား''

''အေး ...ဟုတ်တယ်၊ တုတ်နဲ့ပဲကုန်း ...ဟာ ဟေ့ကောင် ဘာတွေ ပြောနေတာလဲ''

''ဟင် ...မင်းပဲ ရေမသုံးခဲ့ဘူးဆို''

ခုမှပဲ ဆိုးတော့သည်။ သော တလည်း မြတ်ကျော်ကို စိတ်လက် ကုန်ခန်းသည့်ပုံစံနှင့် ကြည့်ကာ ...

''ငါက စားဝိုင်းမှာ မို့ ဗန်းစကားနဲ့ပြောတာကွ၊ ရေမသုံးခဲ့ဘူးဆိုတာ ကလည်း ပိုက်ဆံမသုံးခဲ့ဘူးလို့ ပြောတာ၊ ဒီဆိုင်က တွိုင်းလက်က ပိုက်ဆံပေး စရာလိုတဲ့ ဈေးအိမ်သာမဟုတ်ဘူးလေ၊ အဲဒီ သဘောနဲ့ပြောတာ၊ မင်းဟာမင်း သန့်လွန်းတိုင်း ကျန်တဲ့လူတွေ ကို ညစ်ပတ်တယ်လို့ လိုက်ထင်မနေနဲ့''

''ဒါဆိုလည်း ပြီးရောကွာ၊ ကဲ ...စားကြရအောင်''

တစ်ဝိုင်းလုံး ပြုံးစိစိ ဖြစ်ကုန်ြ ကတော့၏ ။ နေမျိုးကျော်က နှစ် ယောက် စလုံးကိုကြည့်ပြီး ...

''မင်းတို့ တိုင်ပတ်ပုံနဲ့ ဘယ်လိုစားရမှန်းတောင် မသိတော့ဘူး''

ရယ်ကြရတော့သည်။ သော တလည်း ဆောင့်ကြီးအောင့်ကြီးနှင့်

''ဘာ ဖြစ်လဲကွာ ...စားချင်တာနဲ့စားပေါ့၊ မင်းဘာသာ ပါးစပ်နဲ့ပဲ စားစား၊ အဲ ...လက်နဲ့ပဲ စားစား''

''ဟေ့ကောင် သော တ ...မင်းတို့ကို ဆူနေတာမဟုတ်ဘူး၊ နား လည်အောင်ပြောပြတာ''

ရယ်ကြရပြန်သည်။ အရေး ထဲ နေမျိုးကျော်ဆိုသည့် သတ္တဝါက ပနာဝင်ယူနေသေး၏ ။

စားသောက်ပြီးစီး၍ ပါးနားသပ်နေကြစဉ်မှာ ပဲ မြတ်ကျော်က စကား စလာသည်။

''တကယ်တော့ နွယ်နီ့မွေးနေ့မှာ ကျွေးဖို့ ဒီဆိုင်ကို ပြောင်းလိုက်ရ တာ အကြောင်းရှိတယ်ကွ''

ပြောရင်း ဒင်းက အားလုံးကို အကဲခတ်လိုက်သေးသည်။ သူ့ကိုယ် သူ အစည်းအဝေးမှ သဘာပတိကြီးဟု ထင်နေ၍ လားမသိ။ ချောင်းတစ်ချက် ဟန့်လိုက်ပြီးမှ ...

''အဓိကအကြောင်း ကတော့ ပထမရွေးထားတဲ့ဆိုင်က ညစ်ပတ် လို့ကွ''

''ဟေ''

''ဟုတ်တယ် ...ဆိုင်တစ်ဆိုင်မှာ ညစ်ပတ်တယ်, သန့်ရှင်းတယ် ဆိုတာ အစားအသောက် ချက်ပြုတ်ကြော်လှော်တဲ့နေရာကို ကြည့်ရတာ ကွ၊ ငါ မနေ့က အဲဒီ ဆိုင်မှာ ဝင်စားရင်း အပေါ့သွားသလိုနဲ့ ဆိုင်နောက်ဘက် ကို အကဲခတ်လိုက်တာကွာ ...ညစ်ပတ်နေတာပဲ၊ အဲဒါနဲ့ နွယ်နီ့ကိုပြောပြီး ဒီဆိုင်ကို ပြောင်းလိုက်တာ''

စကားအဆုံးမှာ နွယ်နီက ပြုံးရင်း ခေါင်းအသာညိတ်သည်။ နွယ်နီ ကလည်း နွယ်နီပင်။ မြတ်ကျော်ကသာ ရန်ကုန်တစ်မြို့လုံးမှာ ရှိသည့် စား သောက်ဆိုင်တွေ အားလုံး ညစ်ပတ်သည်ဟု ဆိုလာပါက ဘယ်ဆိုင်မှာ မှ မစားမည့် သဘောမှာ ရှိသည်။

''အေးပါကွာ ...ဒီဆိုင်ကို မင်း ထပ်ရွေးလိုက်တဲ့အတွက် မင်းကို အထူးကျေးဇူးတင်ပါတယ်''

သော တ ရွဲ့ပြောလိုက်ခြင်း ဖြစ်သည်။ ဒါသည်ကိုပင် မြတ်ကျော်က မရိပ်မိသလို နာရကောင်းမှန်းလည်း မသိချေ။ စိတ်ဆင်းရဲရသည်။

အားလုံးပဲ စကားတွေ ထွေရာလေးပါး ပြောနေကြသည်။ ရှင်မင်း ကတော့ အနည်းငယ်စိမ်းနေသည်မို့လား မသိ ...ရယ်စရာပါလျှင်တောင် ဗာဒံစေ့အခွံကျွတ်ကလေးတွေ နှင့် တူလှသော သွားဖြူဖြူလေးတွေ ပေါ်ရုံမျှ ရယ်သည်။

ပြောရင်းဆိုရင်းကပင် သော တက ...

'' ငါ ...ညက အိပ်မက်မက်တယ်ကွ၊ ရယ်စရာလည်း ကောင်း တယ်''

ရယ်စရာဆို၍ အားလုံး အသင့်အနေအထား ပြင်လိုက်ကြသည်။ နေမျိုးကျော်က သော တကိုကြည့်ပြီး ...

''အေး ...လုပ်စမ်းပါဦးကွ''

''ဒီလိုကွာ ...ညက အိပ်မက်ထဲမှာ ငါနဲ့မြတ်ကျော်နဲ့ လေယာဉ် စီးနေကြတာတဲ့''

စကားအဆုံးမှာ ပဲ မြတ်ကျော်က 'ဘု' ရှိုးတစ်ချက် လှမ်းရှိုးသည်။ဘာမှတော့ ပြန်မပြော။ သော တကလည်း ထိုအခွင့်အရေး လေးကို မလွတ် တမ်း ဆုပ်ကိုင်ကာ ...

''အဲဒါနဲ့ကွာ ... ဖြစ်ချင်တော့ လေယာဉ်က ပျက်ကျပါလေရော''

''ဟာ''

''မဟာနဲ့ဦး၊ မြတ်ကျော်ဆိုတဲ့ကောင် အသန့်ကြိုက်တာများ အိပ် မက်ထဲထိတောင် ပါတယ်''

''ဟင် ...ဘာများ လဲ၊ အိပ်မက်ထဲမှာ တောင် အသန့်ကြိုက်တယ် ဆိုတာ''

နွယ်နီက ဂုဏ်ယူသံနှင့် ဖြတ်မေးလိုက်ခြင်း ဖြစ်၏ ။ မြတ်ကျော် မျက်နှာကြီးက ဝင်းတက်သွားသည်။ မကြာမီ သူ ဘာ ဖြစ်မည် ကို ယောင်လို့ ပင် မတွေးမိသေး။

သော တက မျက်နှာလေးကို ဟန်လုပ်ကာ ညှိုးလျက် ...

''ပြောသာ ပြောရတယ် ...ကိုယ့်အထုပ် ကိုယ်ဖြည်သလိုပါပဲကွာ၊ ငါတို့နှစ် ယောက် ပြုတ်ကျလာလိုက်တာ မြတ်ကျော်က ထောပတ်တွင်းထဲ ကျတာတဲ့''

''မင်းကရော''

ဒီတစ်ခါတော့ မြတ်ကျော်ကိုယ်တိုင် ဝင်မေးလာခြင်း ဖြစ်သည်။ သော တက ခေါင်းကို ငုံ့ချရင်း ကြေကွဲသံလေးနှင့် ...

''ငါ ...ငါ ကတော့ မစင်တွင်းထဲကျသွားတာ''

''ဟာ''

တစ်အုပ်စုလုံး ဝါးလုံးကွဲရယ်ြ ကတော့သည်။ ရှင်မင်း ကတော့ ပြုံး စိစိလေးသာ လုပ်နေ၏ ။

ရယ်သံတွေ ပါးသွားမှ သော တ,က ...

''အိပ်မက်က မပြီးသေးဘူးကွ၊ နှစ် ယောက် စလုံး တစ်တွင်းစီ ကျပေမယ့် ခေါင်းတွေ တော့ ပေါ်နေကြသေးတယ်၊ နှစ် ယောက် သား စကား ပြောလို့တော့ ရတာ ပေါ့ကွာ၊ အဲဒီ မှာ ပဲ ငါနဲ့မြတ်ကျော်တို့ တွင်းထဲကနေ ကုန်း ပေါ်ကို ကိုယ်စီ ပြန်တက်ရတော့တာပေါ့၊ အပေါ်ရောက်တော့လည်း တစ် ယောက် ကို တစ်ယောက် ကြည့်ပြီး ထရယ်မိတော့တယ်၊ ပြီး မပြောမဆို တစ်ယောက် ကို တစ်ယောက် လျှာနဲ့ယက်ကြလေရောတဲ့ကွာ''

''ဟာ ...ဟေ့ကောင်''

မြတ်ကျော်တားသံက မတိုးလိုက်ချေ။ ဒီတစ်ခါ ရယ်သံကြီးက ဝါးလုံးပင်မကဘဲ ရာဝင်အိုးကွဲ သွားလောက်သည်။ အသန့်ကြိုက်သော မြတ် ကျော်မှာ မျက်နှာအီးမှန်သလို မအီမလည် ခံစားလိုက်ရ၏ ။ သူ့ရည်းစား ခံလိုက်ရသော ကြောင့် နွယ်နီလည်း မှတ်မိသမျှ ဖရုသဝါစာတွေ နှင့် ပျစ်ပျစ် နှစ် နှစ် ကျိန်ဆဲလေတော့သည်။

သော တ ကတော့ ရယ်ကျဲကျဲနှင့် ပင် ...

''အဟဲ ...အိပ်မက်ပဲကွာ၊ တကယ်မှမဟုတ်ဘဲ၊ ပြီးတော့ တိုးတိုး ရယ်ကြဦး ...ဘေးဝိုင်းတွေ တောင် ကြည့်ကုန်ကြပြီ''

တားလိုက်မှပဲ ဘယ်အချိန်က တေးထားသည်မသိ။ မြတ်ကျော်ကို လှောင်ချင်နေပုံရသော နေမျိုးကျော်သည် အသံဝါကြီးနှင့် တဟားဟား ထပ်ရယ်တော့သည်။

မချိသွားဖြဲလေး လုပ်နေရှာသော မြတ်ကျော်ကိုကြည့်ကာ သော တ ပင် သနားမိချေသေးတော့၏ ။

ထို့ကြောင့် အားလုံးကို လက်ကာပြပြီး ...

''ကဲ ကဲ ...တော် ကြပါတော့ကွာ၊ အဲဒီ လောက်လည်း ရယ်မနေ ပါနဲ့၊ တော် ကြာ သေးလည်း ထွက်ကျနေပါဦးမယ်''

''ရယ်မှာ ပဲကွာ၊ ရယ်သော သူ အသက်ရှည်၏ တဲ့''

''ဟုတ်ပါ့''

နေမျိုးကျော်စကားကို ဘေးမှ စုမာက ပါဝင်ထောက်ခံလိုက်သေး သည်။ ထိုအခါမှ သော တက ...

''ရယ်တာ ကောင်းပါတယ်၊ ငိုတာမှမဟုတ်ဘဲ၊ ဒါပေမဲ့ ရယ်ခြင်းမှာ လည်း မြင့်မြတ်တာရယ်, အလယ်အလတ်နဲ့ ယုတ်ညံ့တဲ့ရယ်ခြင်းဆိုပြီး ရယ်ခြင်းအပါး ခြောက်ပြားရှိသေးတယ်ကွ''

''ဟေ ...ဟုတ်လား၊ လုပ်စမ်းပါဦး ...မင်းက ဒီလိုကိစ္စမျိုးတွေ ဆို သိတတ်လွန်းလို့''

နေမျိုးကျော်စကားအဆုံးမှာ ပြုံးရုံလေးပြုံးနေသော ရှင်မင်းကို သော တ တစ်ချက်ကြည့်လိုက်သေးသည်။ ပြီးမှ ...

''ဒီလိုကွာ ...ရယ်ခြင်းအပါး ခြောက်ပြားဆိုတာက သိတ ဆိုတဲ့ မျက်စိမျက်နှာရွှင်ရုံရယ်တာနဲ့ ဟသိတလို့ ဆိုတဲ့ သွား၊ သွားဖုံးပေါ်ရုံ ကလေး ရယ်တာ၊ အဲဒါက မြင့်မြတ်တဲ့ ရယ်ခြင်းနှစ် ပြားပဲ၊ နောက် အလယ် အလတ်နှစ် ပြားက ဝိဟသိတ ဆိုတဲ့ သာယာသော အသံ ဖြစ်ရုံမျှ ရယ်တာ ရယ် ဥပဟသိတလို့ ခေါ်တဲ့ ပခုံး၊ လက်ရုံးလှုပ်အောင် ရယ်တာရယ်၊ အဲ ...ယုတ်ညံ့တဲ့ရယ်သံနှစ် ပြား ကတော့ အပဟသိတ နဲ့ အတိဟသိတ တဲ့၊ မျက်ရည်ထွက်အောင် တို့, ရှေ့တိုးနောက်ငင် တစ်ကိုယ်လုံးလှုပ် ပြီး ရယ်တာတို့၊ နောက်ဆုံး သေးထွက်ကျတဲ့ရယ်ပုံမျိုးပေါ့ကွာ၊ ရှင်းပြီးလား''

''ရှင်းပါပြီ ရှင်းပါပြီ ...ကျွန်မတို့ နောက်ဆို သတိထားပါ့မယ်ရှင်''

နွယ်နီက ငေါ့သံဖြင့် ပြောလာသည်။ တကယ်တော့ ပြောချင်လွန်း ၍ ကျမ်းဂန်တွေ ကို ကိုးကားပြီး ပြောလိုက်ခြင်း ဖြစ်သည်။ ဒီနှစ် ဆယ့်တစ်ရာစု မှာ ကတော့ ထိုအချက်တွေ နှင့် ရံဖန်ရံခါမှ ကိုက်ညီပါလိမ့်မည် ။ ခုပဲကြည့်။ တစ်ဝိုင်းလုံးမှာ မှ မြင့်မြတ်သည့်ရယ်နည်းနှင့် ရယ်နေသည်မှာ ရှင်မင်းတစ် ယောက် တည်း။ လောလောဆယ် ဒါကို သော တ ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။ (ယောက်ျားတွေ များ )

ထို့ကြောင့် ကျန်သည့်လူတွေ မှာ ပဲ မမြင့်မြတ်တော့သလိုလို၊ အလယ်အလတ်ပဲ ဖြစ်ရတော့မလို။ နောက်ဆုံး ယုတ်ညံ့စုတ်ပြတ်သူများ လိုလို။

ကြာလျှင် ပိုဆိုးလာမှာ မို့ သော တကို မျက်စောင်းခဲရင်း နွယ်နီ ပြောလိုက်တော့၏ ။

''ဟုတ်ပါပြီဟယ်၊ ငါတို့ကပဲ မမြင့်မြတ်တဲ့ ယုတ်ညံ့တဲ့သူတွေ ပါ၊ ဒီက မြင့်မြတ်တဲ့ ကိုသော တကရော ကျွန်မတို့နဲ့ လိုက်ဦးမလား''

''ဘယ်ကိုလဲ''

''ရွှေတိဂုံဘုရားသွားမလို့''

သော တက ခေါင်းတဆတ်ဆတ်ညိတ်ကာ တည်ကြည်လေးနက် သည့်အသံဖြင့် ...

''လိုက်မှာ ပါ၊ ရွှေတိဂုံရယ်မှ မဟုတ်ပါဘူး ...ဗုဒ္ဓရဲ့ အေးချမ်းတဲ့ အရိပ်အာဝါသအောက်ဆို လိုက်ပါတယ်''

ဒီတစ်ခါတော့ မျက်စောင်းမခဲ၊ မကျိန်ဆဲမိအောင် နွယ်နီ အနိုင်နိုင် စိတ်ထိန်းထားလိုက်ရလေသည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ ဟန်းနီးမွန်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်က ဆက်သွယ်မှု ဧရိယာထဲမှာ

VIRGIN အပျိုစင်

ရွှေငါးလေး