''သမီး ယုဝါ ...ဒါက ဘယ်သွားမလို့လဲ''
ကားသော့ လေးကိုင်ပြီး ဧည့်ခန်းထဲမှ ဖြတ်အလျှောက်တွင် အမေ ဖြစ်သူ၏ စကားကြောင့် ယုဝါ ခြေလှမ်းတွန့်သွားရသည်။
အမေ ဖြစ်သူ ဒေါ်ဝါဝါမြင့်ကို ဟီးခနဲ ရယ်ပြလိုက်ရင်း ...
''အပြင်ခဏသွားမလို့ပါ မေမေရဲ့ ၊ တစ်ယောက် တည်း မဟုတ် ဘူး၊ နွေမွန်ကိုခေါ်ပြီးမှ သွားမှာ ပါ၊ မကြာပါဘူး''
ဒေါ်ဝါဝါမြင့်က ယုဝါကို မျက်မှော င်ကြု တ်ကာ ကြည့်လိုက်ပြီး မှ...
''သမီးလည်း သင်တန်းပြီးသွားကတည်းက အပြင်တွေ ပဲ ထွက်နေ တယ်နော်၊ သမီးအဖေက နိုင်ငံခြားကနေ တကူးတက ကားဝယ်ပေးလိုက် တာ ခုလိုလျှောက်သွားနေဖို့ မဟုတ်ဘူး သမီး''
စကားအဆုံးမှာ ယုဝါက မျက်နှာလေးကို မဲ့လျက် ...
''သမီးသိပါတယ် မေမေရာ၊ ခုလည်း နေ့တိုင်းသွားနေတာမှ မဟုတ်တာ၊ ပြီးတော့ ...နေ့တိုင်း အိမ်တွင်းအောင်းနေရတာ ပျင်းစရာ ကြီး''
ယုဝါက ပြန်ချေပ,လိုက်သည်။
ဟုတ်သည်လေ။ ခေတ်မိန်းကလေး ဖြစ်ပြီး တစ်ရက် တစ်ရက် အိမ်ထဲမှာ ပဲနေရတာ ဘယ်လောက်ပျင်းဖို့ ကောင်းလဲ။ မေမေကို ထပ်ကာ အချိုသတ်လိုက်သည်။
''မေမေရယ် ...သမီးက အရွယ်ရောက်ပြီးသား မိန်းကလေး ပါ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ပါတယ်၊ ဘာမှမဟုတ်တာ မလုပ်ဘူး၊ ပြီးတော့ ...ကားဆိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တာ မေမေ လည်း သိနေတာပဲဥစ္စာ''
မေမေက မျက်စောင်းထပ်ကာထိုးလိုက်ရင်း ...
''ညည်းမှာ လည်း မိဘက ပြောလိုက်ရင် ဆင်ခြေဆင်လက်တွေ ချည်းပဲ၊ သွား သွား ...မကြာစေနဲ့''
ခွင့်ပြု ချက်ရပြီဟု တွေးလိုက်ကာ အပြင်ထွက်ရန် ခြေလှမ်းပြင် လိုက်သည်။
ထိုစဉ်မှာ ပဲ ...
''ဟဲ့ ...ဒါက ဘယ်ကိုလဲ''
''အာ''
အိမ်အပေါ်ထပ်မှဆင်းလာကာ လှမ်းပြောလိုက်သော အစ်ကို ဖြစ် သူ ဝဏ္ဏ၏ စကားကြောင့် ယုဝါ ခြေလှမ်းကို ဘရိတ်အုပ်လိုက်ရပြန်သည်။
သတင်းစာရှင်းလင်းပွဲက ဘယ်အချိန်ထိ လုပ်ရမည် မသိ။ ဝဏ္ဏကို မှု န်တေတေလေးပြန်ကြည့်ရင်း ယုဝါက ...
''နွေမွန်ကို ဝင်ခေါ်ပြီး ဈေးဝယ်သွားမလို့၊ မေမေ့ကို ပြောပြီးသွား ပြီ''
စကားအဆုံးမှာ ဝဏ္ဏက မေမေ့ဆီ လှမ်းကြည့်လိုက်ကာ...
''မေမေကလည်း ...ဒီကောင်မလေး အပြင်သွားမယ်ပြောတာနဲ့ လွှတ်နေတာပဲ''
''ဟဲ့ ...နင့်ညီမက တားလို့မရတာ ၊ ဒီကြားထဲ နင့်အဖေက မွေးနေ့လက်ဆောင်ဆိုပြီး ဟိုက ကားဝယ်ပို့လိုက်တော့ ပြီးရောပေါ့''
ဝဏ္ဏက ယုဝါကို ရှုတည်တည်ဖြင့် ပြန်ကြည့်လျက် ...
''ယုဝါ ...နင် ခုတစ်လော ကားတစ်စီးနဲ့ တော် တော် ခြေရှည်နေ တယ် ဟုတ်လား၊ ကြပ်ကြပ်သတိထားနော်၊ ငါ ကြည့်လို့မရရင်တော့ အဖေ့ဆီကို လှမ်းပို့လိုက်မှာ ၊ နင့်ကို မျက်စိဒေါက်ထောက်ပြီး လိုက်ကြည့် မနေနိုင်ဘူး၊ ငါ့မှာ လည်း ငါ့အလုပ်နဲ့ငါ''
ယုဝါက ခေါင်းကုတ်လိုက်ကာ ...
''အာ ...ကိုကိုကလည်း ထစ်ခနဲဆို ဒီဘူတာပဲ လာလာဆိုက်နေ တယ်၊ နိုင်ငံခြားဆိုတာကြီးကို ညီမလေး လုံးဝမသွားချင်ပါဘူးဆိုမှပဲ၊ ဒီမှာ အလုပ်လုပ်မယ်ဆိုတော့လည်း ကိုကိုတို့က ခွင့်မပြု ပြန်ဘူး''
''ဘာလို့ပြု ရမှာ လဲ၊ နင် ပင်ပန်းမှာ စိုးလို့ အိမ်မှာ ပဲ အေးအေးဆေး ဆေး နေခိုင်းတာလေ၊ ဒီတော့ အိမ်မှာ ပဲ အေးအေးဆေးဆေးနေမလား၊ ဒါမှမဟုတ် အဖေ့ဆီကိုပဲ လိုက်သွားမလား''
စကားမဆုံးခင်မှာ ဘဲ ယုဝါက လက်ကာပြလျက် ...
''တော် ပြီ တော် ပြီ ကိုကို ...အိမ်မှာ ပဲ အေးဆေးနေမယ် ... ဟုတ်ပြီလား၊ ဒါပေမဲ့ ဒီနေ့က ဟို နွေမွန်နဲ့ ချိန်းထားပြီးသား ဖြစ်နေလို့ သွားပါရစေနော် ကိုကို''
ယုဝါက အသံခပ်ချွဲချွဲနှင့် လေပြေထိုးလိုက်သည်။ ဝဏ္ဏလည်း ခဏတော့ တွေ ခနဲ ဖြစ်သွားပြီးမှ ယုဝါကို အစုန်အဆန်ကြည့်လျက် စိတ် မရှည်သံဖြင့် ...
''သွား သွား ...မြန်မြန်သွားပြီး မြန်မြန်ပြန်လာ၊ ကားကိုလည်း ဂရုစိုက်မောင်းဦး ...ကြားလား''
''ဟုတ်ကဲ့''
ပြောပြီး ချာခနဲလှည့်ထွက်လာခဲ့သည်။ အိမ်ပေါက်ဝရောက်စဉ်မှာ ပဲ မေမေ၏ စကားသံသဲ့သဲ့ကို နားစွန်နားဖျား ကြားလိုက်ရသေး၏ ။
''ဝဏ္ဏရယ် ...နင်ဟာလေ ကိုယ့်ညီမကိုယ်လည်း နိုင်တာမဟုတ် ဘူး၊ ဟိုက မျက်နှာလေးတစ်ချက်ငယ်ပြလိုက်တာနဲ့ ပျော့သွားရောမဟုတ် လား၊ အဲဒါနဲ့များ ဟန်လုပ်ပြီး ဆူနေသေးတယ်''
ဝဏ္ဏဆီမှ ပြန်ပြောသံ ဘာမှမကြားရ။ ယုဝါ ပြုံးလိုက်မိသည်။
သူမကို တစ်မိသားစုလုံးက ဝိုင်းချစ်ပြီး အလိုလိုက်ကြမှန်း သိပါ သည်။
အစ်ကို ဖြစ်သူဝဏ္ဏက တစ်ခါ တစ်ခါ စိုးရိမ်ပြီး တဖျစ်တောက် တောက်ပြောတာက လွဲရင်ပေါ့။
ခုလည်း စိတ်လက်ပေါ့ပါးစွာ ဖြင့် ယုဝါ တစ်ယောက် ကားပေါ်တက် ကာ စက်နှိုးလိုက်ပါသည်။
သူမ၏ ဘဝတွင် ယနေ့အထိ ပြည့်စုံသော ရာသီဥတုက ထွန်းကား နေဆဲပင် ဖြစ်သည်။
နွေမွန်တို့အိမ်နှင့် က သိပ်အဝေးကြီးမဟုတ်သလို သိပ်လည်း မနီး လှပါ။
ယုဝါတို့အိမ်ကဆိုလျှင် ရပ်ကွက်နှစ် ခုလောက်ကိုဖြတ်ကာ သွားရ၏ ။ နွေမွန်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေခြင်း ဖြစ်သည်။
ပြောရလျှင် ယုဝါမှာ က သူငယ်ချင်းများများ စားစား မရှိလှချေ။
နွေမွန်နှင့် က အထက်တန်းကျောင်းတုန်းကပဲ သူငယ်ချင်းတွေ မို့ အခုချိန်ထိ တွဲမိနေခြင်း ဖြစ်သည်။
အရမ်းရင်းနှီးပြီး တစ်ယောက် အကြောင်း တစ်ယောက် နောကျေ အောင် သိထားသူတွေ ဟုဆိုလျှင်လည်း မမှား။
ခုလည်း ...
ယုဝါ တစ်ယောက် သီချင်းလေးဖွင့်ကာ အေးအေးလူလူ ကား မောင်းလာခဲ့၏ ။ ထိုအချိန်အထိ ပြဿနာက မရှိသေး။
သို့ သော် ...
အထက်ကဆိုခဲ့သည့်အတိုင်း ရပ်ကွက်နှစ် ခုကို ဖြတ်လာခဲ့ပြီး နွေမွန် တို့ ရပ်ကွက်ထိပ်အရောက်မှာ ပဲ ကားအကောင်းစားက ဖွတ်ချက်ဖွတ်ချက်ဟု မြည် ကာ ထိုးရပ်သွားလေသည်။
ရုတ်တရက်ဆိုတော့ ယုဝါလည်း ဘာလုပ်ရမည် မှန်း မသိ။ကား ပေါ်ထိုင်ကာ ကြောင်နေမိသည်။
သူမအနေဖြင့် ကားကိုသာ မောင်းတတ်သည်။ ကား၏ စက်ပိုင်း ဆိုင်ရာနှင့် ပတ်သက်ပြီး လုံးဝနားမလည်ချေ။
ကားဘောနက်ဖုံးလောက်ကိုပဲ ဖြစ် ဖြစ်မြောက်မြောက်ဖွင့်တတ် သည်။
ထို့ကြောင့် ကားပေါ်မှဆင်းကာ ကားဘောနက်ဖုံးကို ဖွင့်ကြည့် လိုက်သည်။
အထဲမှာ မြင်နေရသော စက်ပစ္စည်းတွေ ကလည်း သူမနှင့် မဆိုင် သလိုပင်။
ယုဝါ ကြံရာမရဘဲ နွေမွန်ဆီ ဖုန်းခေါ်လိုက်သည်။
အရေး ထဲ ဖုန်းကလည်း မအားပြန်ချေ။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့လည်း နေ့လယ်နေ့ခင်း ဖြစ်နေ သည့်တိုင် လူသူရှင်းလင်းနေသည်။
တစ်စီးတလေ ဖြတ်မောင်းသွားသော ကားတွေ ကလည်း ဘာဖြစနတာလဲဟူ၍ ပင် လှမ်းမေးဖော်မရ။
ထပ်ကာ ဖုန်းခေါ်ကြည့်သော်လည်း မရသဖြင့် ယုဝါ စိတ်ညစ်ညစ် နှင့် ခေါင်းသာကုတ်မိတော့သည်။
ထိုစဉ် ...
ဘေးလမ်းသွယ်လေးမှ လူငယ်နှစ် ယောက် ချိုးကွေ့ကာ လျှောက် လာသဖြင့် ယုဝါ အားတက်သွားရသည်။
ထိုနှစ် ယောက် ကို ကြည့်ရသည်မှာ ရုပ်ရှင်၊ ဗီဒီယိုတွေ ထဲကလို နှောင့်ယှက်မည့် ပုံစံမျိုး မရှိချေ။
ထို့ကြောင့် ထိုနှစ် ယောက် အနားရောက်လာတော့ ယုဝါက ...
''ခဏလေးပါရှင့် ...ဟိုလေ ...ကျွန်မကား ထိုးရပ်သွားလို့ အဲဒါ ကြည့်တတ်ရင် ကြည့်ပေးပါလားရှင်''
လူငယ်နှစ် ယောက် ခြေလှမ်းရပ်သွားသည်။
ယုဝါ တစ်ချက်ကြည့်လိုက်ပြီးမှ တစ်ယောက် နှင့် တစ်ယောက် ထပ် ကြည့်လိုက်ကြ၏ ။
ပြီး ... တစ်ယောက် က အရင် ...
''အင်းလေ ...ကြည့်ဆိုတော့လည်း ကြည့်ပေးရတာ ပေါ့၊ ဟေ့ ကောင် စူပါ ...လာကွ ...ကားကြည့်ပေးလိုက် ရအောင်''
နှစ် ယောက် သား ကားနားဆီသို့ ကပ်လာကြသည်။ ယုဝါက နောက်အသာဆုတ်ကာ လမ်းဘေးတွင် ရပ်နေလိုက်၏ ။
စူပါဆိုသော တစ်ယောက် က ...
''ဟေ့ကောင် အောင်မင်းကျော် ...ကား ကတော့ မော်ဒယ်အမြင့် ပဲကွ၊ မင်း ဘယ်လိုသဘောရလဲ''
အောင်မင်းကျော်ဆိုသော လူကလည်း ကားကိုကြည့်ရင်း သူ့မေး စေ့သူ လက်နှင့် ပွတ်ကာပွတ်ကာလုပ်လျက် ...
''အင်း ...ဘယ်လိုသဘောရလဲဆိုတော့ကွာ ...ဒီကားက နောက်ပိုင်းသွင်းလာတဲ့ကားတွေ ထဲက တစ်စီးပဲ ဖြစ်မယ်၊ မင်း ကြည့်ပါလား၊ ခုထိ အသစ်ကြီးပဲ ရှိသေးတာလေ''
''မဆိုးဘူး အောင်မင်းကျော် ...မင်းတွေးတာ မှန်တယ်၊ ကားဘီး တွေ ကိုပဲ ကြည့်လေ ...တာယာတွေ က အလတ်ကြီးပဲ ရှိသေးတယ်ဥစ္စာ၊ အံမယ် ...တံဆိပ်က ဘရစ်စတုန်းတံဆိပ်ကွ''
''ဟာ ...ဒါဆို ဂျပန်ကားပေါ့''
''သြော် ...မင်းကလည်း တိုယိုတာဆိုမှ ဂျပန်ကားပေါ့ကွ၊ ဒီနေ ရာမှာ မင်းကိုပါ ဗဟုသုတရအောင် ရှင်းပြရဦးမယ်''
''ဟင် ...ဘာကိုရှင်းပြမှာ လဲ''
စူပါက အောင်မင်းကျော်ကို ပေစောင်းစောင်းကြည့်လိုက်သည်။
''ငါပြောပြမယ် အောင်မင်းကျော် ...ကမ္ဘာကျော်အမှတ်တံဆိပ် တွေ ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိတယ်ကွ၊ ခု ...မင်းကို တိုယို တာအမှတ်တံဆိပ်နဲ့ပတ်သက်ပြီး ရှင်းပြရရင် ...အဲ ဒီမှာ ကြည့်ကွာ''
စူပါက လမ်းဘေးမှ တုတ်တစ်ချောင်းရှာကာ မြေကြီးပေါ်တွင် အောက်ပါအတိုင်း တိုယိုတာအမှတ်တံဆိပ်ပုံကို ဆွဲလိုက်၏ ။
''ဒီမှာ ကြည့် ...ဒါက တိုယိုတာရဲ့ လိုဂို (Logo) နော်''
''အေးပါ ...မြင်ပါတယ်''
အောင်မင်းကျော်၏ စကားသံအဆုံးမှာ စူပါက လမ်းဘေးမှာ ရပ်နေ သော ယုဝါကို တစ်ချက်လှမ်းကြည့်ရင်း ...
''ဟိုက တစ်ယောက် လည်း လာလေ ...ဗဟုသုတရအောင် ပြောပြမယ်''
ယုဝါ ယောင်နနနှင့် သူတို့အနား ရောက်သွားသည်။
ခုချိန်ထိ ထိုနှစ် ယောက် က ကားကို တစ်တို့မှ မတို့ရသေး။
မည် သို့ ပင် ဖြစ်စေ ...။
ဒါပြီးရင်တော့ ကြည့်ပေးမှာ ပဲဆိုသည့်စိတ်ကလေး မွေးထားလိုက် သည်။
စူပါက တိုယိုတာလိုဂိုကို တုတ်ချောင်းနှင့် ထောက်ပြရင်း မလိုအပ် ဘဲ ချောင်းဟန့်ကာ ...
''အဟမ်း ...အဟမ်း ...သမိုင်းကြောင်းနဲ့ချီပြီး ရှင်းပြရရင်တော့ တိုယိုတာ (Toyota) ဆိုတဲ့ ကုမ္ပဏီကို မစ္စတာ ကိအိချီရိုတိုယိုဒါဆိုတဲ့ လူက (၁၉၃၇) ခုနစ်၊ သြဂုတ်လ (၂၈) ရက်နေ့မှ စတင်တည်ထောင်ခဲ့တာ ကွ၊ ဌာနချု ပ် ကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ ပေါ့၊ တိုယိုတာဆိုတဲ့စကား လုံးမှာ တိုယို (Toyo) ဆိုတာက ဂျပန်လို 'ပေါများ ကြွယ်ဝခြင်း'လို့ အဓိပ္ပာယ် ရတယ်၊ အဲ ...တာ (Ta) ကတော့ 'ဆန်စပါး' တဲ့၊ ဆိုလိုချင်တာ ကတော့ ကွာ ...အာရှဒေသမှာ 'ဆန်စပါးပေါကြွယ်ဝခြင်း'ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့''
ထိုစဉ် အောင်မင်းကျော်က ဖြတ်၍ ...
''မင်းပြောပုံအတိုင်းဆိုရင် ငါတို့နိုင်ငံမှာ တော့ တိုယိုမတာနိုင်တော့ ဘူးထင်တယ်၊ ဒီလောက် လယ်ယာမြေတွေ သိမ်းနေတာလေ''
''ဟေ့ကောင် ...နိုင်ငံရေး တွေ ပါမလာနဲ့၊ ရှင်းပြတာကို နား ထောင်''
စူပါက ဟောက်လိုက်သည်။ အောင်မင်းကျော် ငြိမ်သွားတော့မှ ဆက်၍ ...
''ဒီ တိုယိုတာလိုဂိုကို သေသေချာချာကြည့်မယ်ဆိုရင် ဘဲဥပုံစက် ဝိုင်းသုံးခုပါတယ်ကွ ...မြင်လား''
တိုယိုတာလိုဂိုကို သေသေချာချာစိုက်ကြည့်လိုက်ရင်း အောင်မင်း ကျော်က ...
''အေးဟ ...ဟုတ်သားပဲ၊ မြင်တယ်''
''ဟုတ်ပြီ ...မြင်ရင် ဆက်ပြောမယ်၊ အဲဒီ စက်ဝိုင်းတစ်ခုစီရဲ့ အဓိပ္ပာယ် ကတော့ တစ်က ...ဝယ်ယူသုံးစွဲသူဖောက်သည်ရဲ့ စိတ်နေ သဘောထား၊ နှစ် က ...ထုတ်ကုန်ပစ္စည်းရဲ့ သဘောသဘာဝ နဲ့ သုံး ကတော့ ...နည်းပညာတိုးတက်ဖွံ့ဖြိုးမှု အခြေအနေနဲ့ အနာဂတ်ကာလ အကန့် အသတ်မဲ့ အခွင့်အလမ်းကောင်း ...အဒါတွေ ကို ထင်ဟပ်ဖော်ပြထား တာပဲ''
ဗဟုသုတတော့ ရပါသည်။ သို့ သော် ...ယုဝါ ဆက်ပြီးသည်းမခံ နိုင်တော့။ ထို့ကြောင့် ...
''ဒီမှာ ...ရှင်တို့ကို ကားကြည့်ပေးဖို့ အကူအညီတောင်းထား တယ်နော်''
စကားအဆုံးမှာ စူပါက ယုဝါကို ကြောင်တက်တက်လေး ပြန် ကြည့်လိုက်ပြီးမှ ...
''သြော် ...ဟုတ်သားပဲ၊ လာ ...အောင်မင်းကျော်''
နှစ် ကောင်သား ထရပ်လိုက်ကြသည်။ ယုဝါလည်း တော် သေးတာ ပေါ့ဟုတွေးကာ သက်ပြင်းခိုးချလိုက်ရ၏ ။
သို့ သော် ...
စူပါနှင့် အောင်မင်းကျော်ဆိုသော ငတိနှစ် ကောင်သည် ကား၏ စက်ပိုင်းဆိုင်ရာကို မကြည့်ဘဲ ကားတစ်စီးလုံးကိုပတ်ကာ လျှောက်ကြည့် နေသည်။
ထိုသို့ ကြည့်နေရင်းကပင် စူပါက ကား၏ ဘော်ဒီအား ကားပွဲစား များ ကဲ့သို့ လက်နှင့် တဒေါက်ဒေါက် ခေါက်နေသေး၏ ။
ထိုအပြု အမူကြောင့် ယုဝါလည်း စိတ်တိုလာရပြီး ...
''ဒီမှာ ရှင့် ...ကားကို ခေါက်ကြည့်မနေနဲ့၊ အားလုံး သံနဲ့လုပ် ထားတာ''
''ဗျာ''
''မဗျာနဲ့လေ၊ ရှင်တို့ကို ကားရပ်သွားလို့ အကူအညီတောင်းတာ၊ ခုက ဘာလုပ်နေတာလဲ''
''ဟာ ...ကြည့်ပေးဆိုလို့ ကြည့်နေတာလေ၊ ကျွန်တော် တို့မှ ကားမပြင်တတ်တာ''
''ဘာရှင့်''
ယုဝါအသံက ဟိန်းထွက်သွားသည်။ စူပါတို့ကို လက်ညှိုးငေါက် ငေါက်ထိုးလိုက်ရင်း ...
''ရှင် ...ရှင်တို့ ဒါ သက်သက်မဲ့ ...''
စကားက မဆုံးလိုက်ချေ။ ထိုအချိန်မှာ ပဲ ပရိသတ်ကြီး မျှော်လင့် ထားသည့်အတိုင်း ...
''ဟေ့ကောင် စူပါ ...မင်းတို့ ဘာ ဖြစ်နေကြတာလဲ''
ယုဝါနှင့် ရွယ်တူလောက်ရှိမည့်  လူငယ် တစ်ယောက် အချိန်ကိုက် ရောက်လာခြင်း ဖြစ်သည်။
စူပါက ထိုလူကိုကြည့်ကာ မျက်နှာတစ်ခုလုံး ဝင်းတောက်သွား လျက် ...
''ဟာ ထက်ပိုင် ...အတော် ပဲကွာ၊ ဒီမှာ ဟို တစ်ယောက် က ကွို င်ရှာနေလို့''
''အောင်မာ ...ဘာကွို င်ရှာလို့လဲ၊ ရှင်တို့နော် ...ငပြူးကများ ပြန်ပြဲရတယ်ရှိသေး''
ယုဝါက ချက်ချင်း ပြန်ပြောလိုက်သည်။ ထက်ပိုင်ဆိုသူက ယုဝါ ကို ကြည့်လိုက်ပြီးမှ ...
''ခဏနေကြပါဦး ...ဘာ ဖြစ်နေကြတယ်ဆိုတာ အရင်ပြောဦး မှာ ပေါ့''
''ဒီလိုကွာ''
စူပါစကားစရန် ပြင်လိုက်ချိန်မှာ ပဲ ယုဝါက စကားဖြတ်ကာ ...
''ရှင် မပြောနဲ့၊ ကျွန်မပဲ ပြောမယ်၊ ဒီလိုရှင့် ...''
ထိုသို့ စကားစ,ကာ ယုဝါကပဲ ဖြစ်စဉ်ကို ပြန်ရှင်းပြလိုက်သည်။
စကားအဆုံးမှာ ထက်ပိုင်က စူပါတို့ကို ကြည့်ရင်း ...
''မင်းတို့ကွာ ...နောက်စရာရှားလို့၊ သူများ ဒုက္ခရောက်နေတာ ကို၊ ကဲ ...သွားလိုက်တော့၊ ဒီကားကို ငါ ကြည့်ပေးလိုက် မယ်''
စူပါနှင့် အောင်မင်းကျော်တို့ လှည့်ထွက်သွားကြသည်။ ယုဝါစိတ် ထဲ လာပြန်ပြီ တစ်ယောက် ဟု ခပ်ချဉ်ချဉ် တွေးလိုက်မိ၏ ။
သို့ သော် ထက်ပိုင်ဆိုသည့်လူက အင်္ကျီလက်နှစ် ဖက်ကို သေသေ ချာချာ ခေါက်တင်လိုက်ပြီး ကားစက်ခန်းထဲ ငုံ့ကြည့်ရင်း ...
''အဲဒီ ကောင်တွေ က လူနောက်တွေ ဗျ၊ အဲ ...ခင်ဗျားကို ဒုက္ခ ပေးမယ့်လူတွေ တော့ မဟုတ်ပါဘူး''
ယုဝါ ဘာမှပြန်မပြော ဖြစ်ချေ။
ထက်ပိုင်က ကားစက်ခန်းထဲ လက်နှိုက်ကာ ဘာတွေ မှန်းမသိ ငါးမိနစ်လောက် လုပ်လိုက်သည်။
ပြီး ...နဖူးမှချွေးစတွေ ကို လက်ဖမိုးနှင့် သုတ်ကာ ယုဝါကို လည် ပြန်ကြည့်ရင်း ...
''ကားက နည်းနည်း ချူ ချာနေတာပါ၊ မောင်းလို့တော့ ရလောက် ပြီ ထင်တယ်ဗျ၊ စက်နှိုးကြည့်လိုက်ပါဦး''
ယုဝါက ကားပေါ်တက်ကာ စက်နှိုးကြည့်လိုက်သည်။
တကယ်ပင် စက်နိုး သွားပါသည်။ ယုဝါက ကားပေါ်မှနေ၍ ထက် ပိုင်ကို ပြုံးပြလိုက်ရင်း ...
''ကျေးဇူးပါပဲ၊ ရှင် ...အဲ ...ဟိုလေ ...ကားပြင်ခ ဘယ် လောက်ပေးရမလဲဟင်''
တချို့ခေတ်ဟောင်းဗီဒီယိုတွေ ထဲမှာ ဆိုလျှင်တော့ ထက်ပိုင်က စေတနာကို စော်ကားတာလား၊ ငွေကြေးနဲ့ တန်ဖိုးမဖြတ်နဲ့ ...စသဖြင့် စကားကြီးစကားကျယ်တွေ ပြောပေလိမ့်မည် ။
ယခုမူ ...
သူက ခပ်အေးအေးပဲ ပြန်ပြောလိုက်၏ ။
''ရပါတယ် ...မပေးပါနဲ့၊ နောက်မှ ပေါင်းပေးပေါ့''
''ရှင်''
နားမလည် ဖြစ်သွားရ၏ ။ ထက်ပိုင်က ကားဘောနက်ဖုံးကို ပြန် ပိတ်ပေးကာ ယုဝါကို စိုက်ကြည့်လိုက်ရင်း ...
''ခင်ဗျား ...ဒီရပ်ကွက်ထဲကို အမြဲလာတတ်တာလား''
''ဟင် ...လာတတ်ပါတယ်၊ ဘာ ဖြစ်လို့လဲ''
ထက်ပိုင်က ရယ်လျက် ...
''ဘာမှမ ဖြစ်ပါဘူး၊ ခင်ဗျားကားက အသစ်ဆိုပေမယ့် ဝပ်ရှော့ တော့ ပြကြည့်ဦးဗျ၊ မဟုတ်ရင် ခဏခဏ ခုလို ထိုးရပ်နေလိမ့်မယ်''
''သြော် ...ဟုတ်ကဲ့, ဟုတ်ကဲ့''
''အဲဒါဆိုလည်း သွားပြီ''
ပြောပြီး ထက်ပိုင်က ခပ်တည်တည်ပုံစံဖြင့် လှည့်ထွက်သွားလေ သည်။
ယုဝါလည်း ကားပေါ်ထိုင်ရင်း ကြောင်နေမိသေး၏ ။ ဘယ်လိုလူ လည်း မသိဘူးဟုလည်း တွေးလိုက်မိသည်။
ပြီးမှ ...ခေါင်းလေးရှုံ့ကာ ကားမောင်းထွက်လိုက်ပါ၏ ။
ကိုရွှေကားက ခုနက ဘာမှမ ဖြစ်ခဲ့သလို ရှောရှောရှူ ရှူ မောင်း ထွက် သွားပါသည်။
''အင်း ...ဒီတိုယိုတာကားနဲ့တော့ ...''
''တော် သေးတာပေါ့ ယုဝါရယ်၊ ပထမတွေ့ တဲ့နှစ် ယောက် က လောင်စိန်တွေ ဖြစ်နေလို့၊ ဟို ...ဗီဒီယိုတွေ ထဲကလို နှောင့်ယှက်မယ့်လူ ဆိုးတွေ ဆိုရင်တော့ မလွယ်ဘူး''
နွေမွန်က ရင်ဘတ်လေးဖိကာ ပြောလာသည်။ ယုဝါက မျက် စောင်းထိုးလျက် ...
''ဘယ်လို ဖြစ် ဖြစ် ...ငါတော့ မကြောက်ပါဘူး၊ မင်းမဲ့တိုင်းပြည်မှ မဟုတ်တာ၊ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး၊ ကဲပါ ...ဈေးသွားမယ်လေ''
''အေးပါ''
ထိုသို့ ပြောလိုက်ပြီးမှ နွေမွန်က သတိရဟန်ဖြင့် ...
''ခဏလေး ...နင့်ကို ကူညီပြီး ကားပြင်ပေးလိုက် တဲ့လူက ဘယ် လိုပုံစံလဲဟင်''
ယုဝါက ထပ်ဆင့်မျက်စောင်းထိုးလိုက်ပြီး ...
''စပ်စုလိုက်တာ နွေမွန်ရယ် ...ဒီလိုလူပါပဲ၊ အသက်က ငါတို့ လောက်ပဲ ရှိမယ်ထင်တယ်''
''ရုပ် ...ရုပ်ရည်ကိုမေးတာဟ''
''နင်ကလည်း တစ်မျိုး၊ အဲ ...ရုပ်က အဆိုးကြီးတော့ မဟုတ် ဘူး၊ ယောက်ျားပီသပြီး ကြည့်ပျော်ရှုပျော်ရှိတဲ့ ပုံစံမျိုးပါပဲ''
စကားအဆုံးမှ နွေမွန်က ...
''အဲဒါ ...ဇာတ်လမ်းပဲ ယုဝါ ...အဟီး''
''လုပ်လာပြန်ပြီ၊ တော် ပါတော့ဟာ ...လာ သွားရအောင်၊ နောက် ကျနေရင် ငါ့အိမ်က ပွားဦးမယ်''
နှစ် ယောက် သား ရှော့ပင်းမောတစ်ခုဆီသို့ ထွက်လာခဲ့သည်။ ဝယ် စရာရှိတာလေးတွေ ဝယ်ပြီး မုန့်ဝင်စားလိုက်ကြသေး၏ ။
နွေမွန်က မုန့်စားရင်း ...
''ယုဝါ ...ငါ့ကို အိမ်ပြန်လိုက်ပို့ဦးနော်''
''အေးပါ နွေမွန်ရယ် ...နင့်ကို ငါ ဘယ်တုန်းကများ ကျီးစား စား ခွေးထိုးထိုးဆိုပြီး တစ်ယောက် တည်း လွှတ်လိုက်ဖူးလို့လဲ''
''ဟဲ့ ...ကျီးထိုးထိုး ခွေးစားစားပါ''
အမှားကို ယောင်ကာ ပြင်လိုက်ပြီးမှ ...
''အာ ...ယုဝါနော်၊ နင် ငါ့ကို ဘယ်လိုပြောလိုက်တာလဲ''
ယုဝါက ရယ်လျက် ...
''သြော် ...ငါ့သူငယ်ချင်းကို လိုက်ပို့ပေးမယ်လို့ ပြောတာလေ''
နွေမွန်က ပေစောင်းစောင်း ကြည့်လာသည်။ ယုဝါက ရယ်နေ လိုက်၏ ။
ရှော့ပင်းမောမှအပြန် နွေမွန်တို့အိမ်သို့ မောင်းလာခဲ့၏ ။
လမ်းတစ်လျှောက်မှာ ကားက ကောင်းနေပြီး နွေမွန်တို့အိမ်ရှေ့နား ရောက်တော့မှ ပုံမှန်မဟုတ်သည့်အသံတွေ ထွက်ကာ ပြန်ဖောက်ချင်လာ သည်။
ယုဝါက စိတ်ပျက်သံလေးနှင့် ...
''ဒီကား ကတော့ ဒုက္ခပါပဲဟာ၊ အိမ်အပြန်လမ်းမှာ ထိုးရပ်သွား ရင်တော့ ကွို င်ပဲ''
နွေမွန်က တစ်ချက်စဉ်းစားလိုက်ပြီး ...
''ယုဝါ ...ဒီလိုလုပ်ပါလား၊ ခုတော့ မောင်းလို့ရသေးတယ်မဟုတ် လား''
''လောလောဆယ်တော့ ရသေးတယ်လေ''
''အဲဆိုရင်တော့ ငါတို့ရပ်ကွက်ထဲမှာ ကားဝပ်ရှော့တစ်ခုတော့ ရှိ တယ်ဟ၊ စိတ်ချရအောင် ဝင်ပြ သွားပါလား''
''ဟင် ...နင်က အဲဒီ ဝပ်ရှော့နဲ့ သိလို့လား''
''အာ ...သိတော့ ဘယ်သိမှာ လဲဟ၊ ငါ့မှာ မှ ကားမရှိတာ၊ တစ်ခါတလေ အဲဒီ ဘက်သွားရင် မြင်မြင်နေလို့''
ခဏငြိမ်ကာ စဉ်းစားလိုက်ပြီးမှ ယုဝါက ခေါင်းညိတ်ရင်း ...
''အေး ...နင့်အကြံက ဆိုးတော့မဆိုးဘူး နွေမွန်၊ ဝင်ပြသွား တာက ပိုကောင်းလိမ့်မယ်၊ နင် ငါ့ကို လမ်းပြရင်း လိုက်ပို့ပါလား''
နွေမွန်က ...
''အေးပါ ...ဒါဆိုလည်း ငါ အိမ်ပေါ်မတက်တော့ဘူး၊ ရှေ့ကို မောင်းပြီး ဘယ်ကွေ့လိုက်တော့''
''အေး ...အေး''
ယုဝါ ကားကို ပြန်မောင်းထွက်လိုက်ပါသည်။
အင်း ...ဒီတိုယိုတာကား ကတော့လေ ...။
ဝပ်ရှော့ကိုရောက်တော့ ယုဝါက ကားထိုးရပ်လိုက်ပြီး ဝပ်ရှော့ဆရာ ကို အကျိုးအကြောင်း ပြောပြလိုက်၏ ။
ဝပ်ရှော့ဆရာက ကားကိုပင် မကြည့်ဘဲ ဝပ်ရှော့အတွင်းဘက်ကို ကြည့်ကာ လှမ်းအော်လိုက်သည်။
''ကိုထက်ရေ ...ဒီမှာ ကားတစ်စီး လာကြည့်ပေးလိုက် ပါဦး''
ပြောရင်း ယုဝါဘက်ကို ပြန်လှည့်လျက် ...
''သမီးကား ဘာ ဖြစ်တယ်ဆို၇တာကို ပြောပြလိုက်နော်''
''ဟုတ်ကဲ့''
ဝပ်ရှော့ဆရာ လှည့်ထွက်သွားသည်။ ယုဝါက နွေမွန်ကို ပခုံးအသာ တွန့်ပြလိုက်သည်။
ထိုစဉ်မှာ ပဲ ဝပ်ရှော့ထဲမှ ညစ်ထေးထေးဂျင်းဘောင်းဘီနှင့် စက် ဆီတွေ ပေနေသော တီရှပ်ကို ဝတ်ဆင်ထားသည့် လူ တစ်ယောက် ထွက် လာပါသည်။
ယုဝါက ထိုလူကိုကြည့်ကာ မျက်ခုံးပင့်လျက် ...
''အဲ ...တော့''
''ဟေ ...ဘာ ဖြစ်လို့လဲ''
နွေမွန်က အူကြောင်ကြောင်ပုံစံဖြင့် မေးလာသည်။
ယုဝါက လေသံတီးတိုးဖြင့် ...
''ဘာ ဖြစ်ရမှာ လဲ ...မနက်က ငါ့ကို လမ်းမှာ ကားပြင်ပေးလိုက် တာ အဲဒီ လူပေါ့''
''ဟေ''
နွေမွန် မျက်လုံးပြူးပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။ ထို အချိန်မှာ ပဲ အနားရောက်လာသော ထက်ပိုင်က ...
''ကားက ဘာ ဖြစ်လို့လဲဗျ ...အဲ''
ပြောရင်း ယုဝါကိုကြည့်ကာ ထက်ပိုင်စကားက ရပ်သွားရ၏ ။ ယုဝါကိုလည်း မှတ်မိသွားပုံရသည်။
''ဘယ်သူများ လဲလို့ ...ခင်ဗျားပါလား''
''ဟုတ်ကဲ့ ...ဟိုလေ ...ကားက ဖောက်ချင်လာတာနဲ့''
စကားမဆုံးခင်မှာ ဘဲ ထက်ပိုင်က လက်ကာပြလျက် ...
''သိပြီ သိပြီ ...ခင်ဗျားကား ဘာ ဖြစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ခဏလောက် ထိုင်စောင့်လိုက်ပါလား၊ သိပ်တော့ ကြာမယ် မထင်ပါဘူး''
''ဟုတ် ...ဟုတ်ကဲ့''
ထိုင်စောင့်ရန် လုပ်ပေးထားသည့်နေရာမှာ နှစ် ယောက် သား ထိုင် နေလိုက်ကြ၏ ။
ထက်ပိုင်က ကားကို ဆယ်မိနစ်လောက် ထပ်ကာစစ်ဆေးပြီး အလုပ်သမား တစ်ယောက် ကို လှမ်းခေါ်ကာ လိုအပ်တာတွေ ပြော၍ ပြင်ခိုင်း လိုက်သည်။
လှမ်းကြည့်ရင်း နွေမွန်က ...
''ဟဲ့ ...အဲဒီ တစ်ယောက် ကလည်း ဆရာလား မသိဘူးနော်၊ နောက် တစ်ယောက် ကို ထပ်ပြင်ခိုင်းနေတယ်''
''သိဘူးလေ''
နောက်ထပ် မိနစ်နှစ် ဆယ်လောက်ကြာတော့ ကားက ပြင်ပြီး သွားပါ သည်။
ထက်ပိုင်က ယုဝါတို့ရှိရာသို့ လျှောက်လာပြီး ...
''ကားက ပြီးသွားပြီခင်ဗျ ...စိတ်ချရပါပြီ၊ ဘောက်ချာကိုတော့ ကောင်တာမှာ ပဲ ရှင်းလိုက်ပါနော်''
''ဟုတ်ကဲ့''
ပြောပြီးမှ ယုဝါက သတိရသွား၍ ...
''ဒါနဲ့ ...ရှင် မနက်ကပြောခဲ့တဲ့ ပေါင်းပေးဆိုတာပါ ခုပေးခဲ့ရ မှာ လား''
ထိုစကားကြောင့် ထက်ပိုင်က ရယ်လျက် ...
''မပေးရပါဘူးဗျာ၊ အလကားနောက်တာပါ၊ ဒါပေမဲ့ ...မနက်က ပစ္စည်းကိရိယာတွေ မပါလို့ လက်ပူပဲ တိုက်ပေးလိုက် ရတာ လေ၊ အဲဒါကြောင့် ဝပ်ရှော့တစ်ခုခုကို ဝင်ပြလိုက်ဦးလို့ ပြောတာဗျ''
''အင်း ...ရှင်ပြောတဲ့အတိုင်း ခုလည်း ဝပ်ရှော့ရောက်ရတာ ပဲ လေ''
နှစ် ယောက် သား ဘာရယ်မဟုတ် ရယ်မိကြသည်။
''ဘာပဲ ဖြစ် ဖြစ် ...မနက်က ပြင်ပေးလိုက် တာကို ကျေးဇူးတင် ပါတယ်''
''ရပါတယ် ...ဆို''
ရယ် ဖြစ်ကြပြန်သည်။
ယုဝါ ဘောက်ချာရှင်းတော့ ဝပ်ရှော့က လိပ်စာကတ်ကလေးတစ်ခု ပါ ထည့်ပေးလိုက် ၏ ။
ကားတစ်ခုခု ဖြစ်လျှင် ဖုန်းဆက်လို့ ရသည်ပေါ့လေ။
ယုဝါလည်း ထက်ပိုင်ကို နှုတ်ဆက်ကာ ပြန်လာခဲ့သည်။ နွေမွန်ကို ဝင်ပို့ပြီး အိမ်အပြန်လမ်းရောက်တော့ ဖုန်းမြည် လာပြန်၏ ။
မေမေ လှမ်းဆက်ခြင်း ဖြစ်သည်။
အိမ်ပြန်နောက်ကျ၍ မေမေ လှမ်းကောပြီလားမသိ။
စဉ်းစားကြည့်တော့လည်း မ ဖြစ်နိုင်ချေ။ ဒီအချိန်က မေမေ ဗိုလ် ချု ပ်ဈေးက ရွှေဆိုင်မှာ ပဲ ရှိဦးမည် ။
ယုဝါ ဖုန်းကိုင်လိုက်တော့ ...
''သမီး ယုဝါ ...ခု ဘယ်မှာ လဲ၊ အိမ်ပြန်ရောက်ပြီလား''''လမ်းမှာ မေမေ၊ မရောက်သေးဘူး''
လှမ်းဆူမည် ဟု ထင်လိုက်သော်လည်း မေမေက ...
''ဒါဆိုရင်တော့ အတော် ပဲ ...သမီးအန်တီလေးအိမ်ကိုဝင်ပြီး ပစ္စည်းတစ်ခု ဝင်ယူခဲ့ပါလား၊ သူ မအားလို့တဲ့''
''ဟုတ်ကဲ့ မေမေ၊ ဒါပဲနော် ...သမီး ကားမောင်းနေလို့''
ပြောပြီး ဖုန်းချလိုက်သည်။
အန်တီလေးဆိုတာက အခြားမဟုတ်။ ယုဝါမေမေ၏ ညီမအရင်း ဖြစ်သည်။
ခု မေမေဝင်ယူခိုင်းသော ပစ္စည်းဆိုတာကလည်း ရွှေထည်ပစ္စည်း မှလွဲ၍ တခြားမ ဖြစ်နိုင်ချေ။
သို့ နှင့် ယုဝါလည်း အန်တီလေးအိမ်သို့ ထပ်ကာသွားရပြန်သည်။
အန်တီလေးအိမ်ရှေ့ရောက်တော့ ကားဟွန်းတီးလိုက်၏ ။ အိမ်ထဲမှ အိမ်အကူကောင်မလေးက ခြံတံခါး လာဖွင့်ပေးသည်။
အန်တီလေးက အပျိုကြီး ဖြစ်ပြီး အိမ်အကူကောင်မလေးနှင့် နှစ် ယောက် တည်းနေခြင်း ဖြစ်၏ ။
မေမေ ကြို ဖုန်းဆက်ထားသည်မို့ အန်တီလေးက ရောက်တာနှင့် ပစ္စည်းထည့်ထားသော အိတ်ကို ပေးသည်။
ယုဝါက ...
''အန်တီလေးရယ် ...သမီးကို အအေးတစ်ခွက်လောက် ပေးပါ၊ ဒီနေ့တစ်ရက်လုံး ကားမောင်းရတာ တော် တော် ပင်ပန်းနေပြီ''
''ဒါ ကတော့ ...ညည်းက ကားရကတည်းက အိမ်မှာ မနေဘဲ လျှောက်သွားနေတာကိုး''
ရယ်ဟဟပြောရင်း အန်တီလေးက ကိုယ်တိုင်ပဲ ဖျော်ရည်တစ်ခွက် ဖျော်တိုက်သည်။
ယုဝါက အအေးခွက်ယူကာ ခြံထဲရှိ ဒန်းကလေးမှာ သွားထိုင်ရင်း သောက်နေလိုက်၏ ။
အအေးသောက်ရင်း ဘာရယ်မဟုတ်ဘဲ ထက်ပိုင်နှင့် ဆုံသည့် အကြောင်းကို တွေးမိပြန်သည်။
မနက်စတွေ့ တုန်း ကတော့ ထက်ပိုင်အား ဝပ်ရှော့တွင် အလုပ်လုပ် နေသူ တစ်ယောက် ဟု မထင်မိခဲ့ချေ။ ထက်ပိုင်ပုံစံကလည်း ထိုသို့ မထင်ရ၍ ဖြစ်သည်။
ထိုသို့ စဉ်းစားရင်း ...
'ဘုတ် ...၊'
အသံတစ်သံကြားလိုက်ရသဖြင့် အတွေးစပြတ်သွားကာ အသံလာ ရာဆီသို့ လှမ်းကြည့်လိုက်မိသည်။
ခြံထဲသို့ ဘောလုံးတစ်လုံး ကျလာခြင်း ဖြစ်၏ ။
ယုဝါက ဒီဘောလုံး ဘယ်ကကျလာတာလဲဟု တွေးရင်း ဘေးဘီ ဝဲယာကြည့်လိုက်မိသည်။
''မမ ...မမ''
ခေါ်သံကြောင့် ဘေးခြံကိုကြည့်လိုက်မိ၏ ။ ဆယ်နှစ် အရွယ်ကောင် လေး တစ်ယောက် အား တစ်ဖက်ခြံမှ ခေါင်းပြူ သော အနေအထားနှင့် တွေ့  လိုက်ရသည်။
ထိုကောင်လေးက ...
''မမ ...သားဘောလုံး ကောက်ပေးပါလား၊ သား ကန်ရင်း အရှိန်လွန်ပြီး အဲဒီ ဘက်ကို ကျသွားလို့''
ကောင်လေးက အသားဖြူ ဖြူ ချစ်စရာလေး ဖြစ်သည်။
ယုဝါက ဘောလုံးကိုကောက်ကာ တစ်ဖက်ခြံမှ ကောင်လေးဆီ သွားပေးလိုက် ရင်း ...
''ရော့ ...သား၊ သားက ဘယ်သူနဲ့ ဆော့နေတာလဲ''
ကောင်လေးမျက်နှာ ညှိုးသွားကာ ...
''သား တစ်ယောက် တည်း ဆော့နေတာပါ၊ အဖော်မရှိပါဘူး၊ မမ လာဆော့မလား''
ယုဝါက ရယ်လိုက်ရင်း ...
''မမက ဘောလုံးမကန်တတ်ဘူးကွ၊ ဒါနဲ့ ...သားက ကျောင်း မသွားဘူးလား''
''မမကလည်း သားတို့ကျောင်းက ပိတ်ထားတယ်လေ''
ဟုတ်သားပဲဆိုပြီး ယုဝါတွေးမိသည်။ ကောင်လေး ဆက်၍ ...
''သားနာမည် က ဇော်လေးလို့ခေါ်တယ်၊ မမနာမည် ကရော''
''အင်း ...မမနာမည် က ယုဝါတဲ့၊ ဒါနဲ့ ...ဇော်လေးမှာ အစ်ကို တွေ , အစ်မတွေ မရှိဘူးလား''
''မရှိပါဘူး၊ သား ကတော့ မမလို အစ်မ တစ်ယောက် လိုချင်တယ် ဗျ''
ယုဝါက ရယ်လျက် ...
''ဒါဆိုလည်း မမကို ဇော်လေးရဲ့ အစ်မလို့ပဲ သဘောထားလေ၊ ဒီအိမ်က မမရဲ့ အန်တီလေးအိမ်ဆိုတော့ မကြာခဏ ရောက်ပါတယ်၊ နောက် တစ်ခါလာရင် မမ ဇော်လေးအတွက် မုန့်ဝယ်လာခဲ့မယ်လေ''
''ဟာ ...တကယ်လား''
''တကယ်ပေါ့ကွ၊ အခုတော့ မမ ပြန်လိုက်ဦးမယ်နော်''
''ဟုတ်ကဲ့၊ မမ နောက်လာရင် ဒီနားကပဲ သားကို လှမ်းခေါ်လိုက် နော်''
''အေးပါကွာ ...ဟုတ်ပါပြီ၊ ကဲ ...ဇော်လေးလည်း သွားကစား တော့နော်''
''ဟုတ်ကဲ့ ...မမ''
ဇော်လေးက ဘောလုံးကိုင်ကာ ချာခနဲ လှည့်ပြေးထွက်သွားသည်။
ယုဝါလည်း အန်တီလေးကို နှုတ်ဆက်၍ ပြန်ရန် ကားပေါ်တက် ကာ စက်နှိုးလိုက်သည်။
အင်း ...ဒီတစ်ခါတော့ တိုယိုတာကားက ဒေါက်ဝူးပါလား။
ဗိုလ်ချု ပ်ဈေးတွင် ရှိသော မေမေ့ရွှေဆိုင်သို့ ယုဝါ ရောက်နေသည်။
သိပ် လာချင်လွန်းလို့တော့ မဟုတ်။ မေမေက အတင်းခေါ်သဖြင့် ပါလာခြင်း ဖြစ်သည်။
သူမအနေနှင့် တော့ ရွှေထည်ပစ္စည်းတွေ ကို ရောင်းဖို့မဆိုထားနှင့် ဝတ်ဖို့တောင် စိတ်မဝင်စားပါချေ။
ထို့ကြောင့် ဆိုင်ရောက်တော့ မေမေကျေနပ်အောင် ဆယ့်ငါးမိနစ် လောက် ထိုင်နေလိုက်ပြီးမှ ...
''မေမေ ...သမီး ဈေးထဲ ခဏပတ်ကြည့်လိုက်ဦးမယ်၊ လိုအပ် တာလေးတွေ တွေ့ ရင် ဝယ်မလို့''
မေမေက မျက်စောင်းထိုးလိုက်ရင်း ...
''ဟင်း ...သမီး တစ်ယောက် ရှိလို့ အားကိုးရမလားလို့ ခေါ်လာ တာ၊ ခုတော့ ...ရှော့ပင်ထွက်ခိုင်းသလို ဖြစ်နေပြီ''
ယုဝါက မျက်ခုံးအတွန့်လေး ချိုးလိုက်ပြီး ...
''မေမေကလည်း ...သမီးမှ ရွှေရောင်းရတာ ဝါသနာမပါတာ သိရဲ့ သားနဲ့''
စူပွပွပြောကာ ပိုက်ဆံအိတ်ယူပြီး ထွက်လာခဲ့သည်။
ပြီး ...ဗိုလ်ချု ပ်ဈေးထဲ ပတ်ကြည့်နေလိုက်၏ ။
တကယ်တော့ ဆိုင်ထဲထိုင်နေရမှာ ပျင်းလို့ ထွက်လာခဲ့ခြင်းသာ ဖြစ်သည်။
ဝယ်စရာရှိလှသည်လည်း မဟုတ်။
ထိုသို့ လျှောက်ကြည့်နေရင်း ပန်းချီပစ္စည်းများ ရောင်းသည့်ဆိုင် တစ်ဆိုင်ရှေ့ရောက်တော့ ဘာရယ်မဟုတ်ဘဲ ဆိုင်ထဲကို လှမ်းအကြည့် ...
''ဟင်''
အံ့သြကာ မျက်ခုံးပင့်လိုက်မိသည်။
ဆိုင်ထဲမှာ ပန်းချီဆွဲသည့် ပစ္စည်းတွေ ဝယ်နေသော ထက်ပိုင်ကို တွေ့ လိုက်ရ၍ ဖြစ်၏ ။
ယုဝါ ခဏရပ်၍ ကြည့်နေမိသေးသည်။
ထက်ပိုင်လို ဝပ်ရှော့မှာ အလုပ်လုပ်သူ တစ်ယောက် က ပန်းချီပစ္စည်း တွေ ကို စိတ်ဝင်တစားကြည့်ကာ ဝယ်နေ၍ လည်း ဖြစ်၏ ။
ထိုအချိန်မှာ ပဲ ထက်ပိုင်က ဆိုင်ထဲမှ အပြင်ကိုလှမ်းအကြည့် ...
ယုဝါကို တွေ့ သွားသဖြင့် မှတ်မိဟန် ဖြစ်သွားသည်။
ပစ္စည်းထုပ်ကိုင်ကာ ဆိုင်ထဲမှထွက်လာပြီး ယုဝါကို ရယ်ပြလျက် ...
''ကားပျက်ပြန်ပြီလားဗျ''
ထိုစကားကြောင့် ယုဝါ ရှက်ကိုးရှက်ကန်း ဖြစ်သွားရပြီး ...
''အာ ...မဟုတ်ပါဘူး၊ ရှင့်ကိုတွေ့ လိုက်လို့ ထူးဆန်းတာနဲ့ ရပ် ကြည့်နေတာပါ''
ထက်ပိုင်ပုံစံက ကြောင်တက်တက် ဖြစ်သွားပြီး သူ့ကိုယ်သူငုံ့ကြည့် ကာ ပြန်ဆန်းစစ်လိုက်ရင်း ...
''ဗျာ ...ကျွန်တော့် ပုံစံက ဘာများ ထူးဆန်းနေလို့လဲ၊ ခေါင်းမှာ ချို (ဂျို) တက်ပေါက်နေတာတော့ မဟုတ်ပါဘူးနော်''
ယုဝါက တခစ်ခစ်ရယ်လိုက်တာ ...
''မဟုတ်ပါဘူးရှင် ...ရှင့်လို ဝပ်ရှော့မှာ အလုပ်လုပ်တဲ့လူတစ် ယောက် က ပန်းချီဆွဲတဲ့ပစ္စည်းတွေ ကို စိတ်ဝင်တစားနဲ့ကြည့်ပြီး ဝယ်နေလို့ ပါ၊ ဘာလဲ ...သူများ မှာ လိုက်တာလား''
ထက်ပိုင်က ခေါင်းခါလျက် ...
''မဟုတ်ပါဘူးဗျာ၊ ကျွန်တော့် အတွက်ပါ''
''ဟင် ...ဒါဆို ရှင်က ပန်းချီဆွဲတာပေါ့၊ ဟုတ်လား''
အံ့သြဟန်ဖြင့် မေးလိုက်သော ယုဝါကို ထက်ပိုင်က ခေါင်းညိတ် ပြရင်း ...
''အင်း ... ဒါပေမဲ့ ဝါသနာအရဆွဲတာပါ၊ ပရို (Pro) တော့ မဟုတ်ပါဘူး''
''သြော်''
''ဒါနဲ့ ...ဒီက''
''ယုဝါ ...ပါ''
''ဟုတ်ကဲ့ ...ကျွန်တော့် နာမည် က ထက်ပိုင်ပါ၊ အဟဲ ...ခုမှပဲ မိတ်ဆက် ဖြစ်တော့တယ်၊ ဒါနဲ့ ...ယုဝါက ဈေးလာဝယ်တာလား''
''ဟင့်အင်း ...မေမေက ဒီဈေးထဲမှာ ဆိုင်ဖွင့်ထားတယ်လေ၊ ခုလည်း မေမေခေါ်လို့ လိုက်လာတာပါ၊ ဆိုင်ထဲမှာ ထိုင်နေရတာ ပျင်းတာနဲ့ လျှောက်ကြည့်နေတာလေ''
စကားအဆုံးမှာ ထက်ပိုင်က ပြုံးလိုက်ရင်း ...
''ထိုင်ရတာ ပျင်းတယ်ဆိုရင်တော့ ခက်တာပဲ''
''ရှင် ...ဘာ ဖြစ်လို့လဲ''
''သြော် ...ကျွန်တော် က ယုဝါနဲ့ မိတ်ဆွေ ဖြစ်တဲ့ အထိမ်းအမှတ် နဲ့ ဒီနားက ဆိုင်တစ်ဆိုင်မှာ ထိုင်မလားလို့၊ တစ်ခုခုစားရင်းပေါ့''
စကားအဆုံးမှာ ယုဝါက မျက်ခုံးလေးပင့်လိုက်ရင်း ...
''အဟင်း ...အစားအသောက်ဆိုရင်တော့ ဖြစ်ပါတယ်၊ ဒါပေမဲ့ ...ကျွန်မ ကျွေးမှာ နော်၊ ရှင်က ကျွန်မကို ကူညီထားတာလေ''
''ဟုတ်ပါပြီ ...ဘယ်လိုပဲ ဖြစ် ဖြစ်ပါ၊ စားရဖို့က အရေး ကြီးတယ် မလား''
နှစ် ယောက် စလုံး ရယ် ဖြစ်ကြသည်။ ဈေးဝင်းထဲရှိ ဆိုင်တစ်ဆိုင် မှာ ဝင်ထိုင် ဖြစ်ကြ၏ ။
မှာ ယူစားသောက်ကြရင်း ယုဝါက ...
''ရှင် ပန်းချီဆွဲတယ်ဆိုလို့ ကျွန်မ တော် တော် အံ့သြသွားတယ် ...သိလား''
''ဒါ ကတော့ ယုဝါရယ် ...ဘယ်လိုပြောရမလဲဆိုတော့ ကျွန်တော် က အင်ဂျင်နီယာဘွဲ့တစ်ခု ရထားတယ်၊ ကျွန်တော် ရထားတဲ့ဘွဲ့က အဆောက်အအုံဘာသာရပ်နဲ့ ဆိုင်တယ်၊ ဒါပေမဲ့ ...မိသားစုစားဝတ်နေရေး အတွက် လုပ်နေရတာ က ဝပ်ရှော့အလုပ်၊ အဲ ...ကျွန်တော် ဝါသနာပါတာ က ပန်းချီဆွဲတဲ့ အနုပညာ ...ဒါမျိုးပေါ့၊ တစ်ခုမှတော့ မဆိုင်ဘူး''
ပြောရင်း ထက်ပိုင်က ရယ်လိုက်သည်။ ယုဝါက စဉ်းစားလိုက် ရင်း ...
''အင်း ...ကျွန်မတို့နိုင်ငံမှာ လည်း အဲဒီ လို ဆန္ဒ, ဘဝနဲ့ ဝါသနာ တစ်ထပ်တည်းမကျတဲ့လူတွေ အများ ကြီးပါပဲ၊ တဖြည်းဖြည်းနဲ့တော့ ကောင်း လာမယ်လို့ မျှော်လင့်ရတာ ပဲ''
''ရွှေပြည်တော် ...မျှော်လေ မဝေးရင်ပေါ့လေ''
ရယ် ဖြစ်ကြပြန်သည်။ ယုဝါက ဆက်၍ ...
''ဒါနဲ့ ...ကိုထက်ပိုင်တို့က မိသားစု ဘယ်နှယောက် တောင် ရှိ လို့လဲ''
''မေမေနဲ့ကျွန်တော် နှစ် ယောက် တည်းပါ၊ ဖေဖေက တစ်နှစ် ကပဲ ဆုံးသွားတာလေ''
''အိုး ...စိတ်မကောင်းပါဘူးရှင်''
ထိုစကားကြောင့် ထက်ပိုင်က ရယ်လျက် ...''ယုဝါပြောပုံကလည်း နိုင်ငံခြားဗီဒီယိုတွေ ထဲက အတိုင်းပဲနော်''
''အာ''
ထပ်ရယ် ဖြစ်ကြပြန်သည်။
အရယ်ရပ်တော့မှ ထက်ပိုင်က ...
''ဒါနဲ့ ...ယုဝါတို့ကကော မိသားစု ဘယ်နှယောက် ရှိလဲ''
''ကျွန်မတို့မှာ လား ...ဖေဖေရယ်, မေမေရယ်, အစ်ကိုတစ် ယောက် ရယ် ...လေးယောက် ၊ ဖေဖေ ကတော့ ပြည်ပမှာ ''
''သြော်''
ယုဝါက ထက်ပိုင်ကို ပြုံးစစနှင့် ကြည့်လိုက်ရင်း ...
''ကဲ ...ကျွန်မတို့နှစ် ယောက် မိတ်ဆွေတွေ ဖြစ်သွားကြပြီဆိုတော့ ပန်းချီဆရာကြီးကို အလုပ်အပ်ရဦးမယ်၊ ကျွန်မကို ပုံတူဆွဲပေးပါလား''
ထက်ပိုင်က မျက်ခုံးပင့်လျက် ...
''ဟင် ...ယုဝါက တကယ်ပြောတာလား''
''သြော် ...တကယ်ပေါ့၊ နောက်စရာမှ မဟုတ်တာ၊ အဲ ...ဒါက လည်း ကိုထက်ပိုင် အားမှပါ''
''ဟုတ်ပါပြီဗျာ''
စကားတွေ ပြောကြရင်း နှစ် ယောက် သား ပို၍ ရင်းနှီးလာသလို ခံစားလာရသည်။
ဖုန်းနံပါတ်တွေ လည်း ကိုယ်စီပေးလိုက် ကြ၏ ။
အတန်ကြာတော့ ထက်ပိုင်က နှုတ်ဆက်ပြီး ပြန်သွားသည်။
ယုဝါက စားသောက်ထားတာတွေ ကို ပိုက်ဆံရှင်းနေချိန်မှာ ပဲ...
''ယုဝါ ...ခုနက နင်နဲ့ထိုင်နေတာ ဘယ်သူလဲ''
''ဟင် ...ကိုကို''
ယုဝါ လန့်သွားရသည်။
အစ်ကို ဖြစ်သူ ဝဏ္ဏ ဘယ်ကဘယ်လို ရောက်လာမှန်းမသိ၍ ဖြစ် ၏ ။
ယုဝါက ခပ်တည်တည်ဟန်လေးနှင့် ...
''ကိုကိုက ဘယ်လိုရောက်လာတာလဲ''
ဝဏ္ဏက မှု န်တေတေမျက်နှာပေးဖြင့် ...
''ငါ့ဟာငါ ဘယ်လိုရောက်လာလာပေါ့၊ ငါမေးတာကိုပဲ ဖြေစမ်း ပါ ...ခုနက နင်နဲ့ထိုင်နေပြီး ထပြန်သွားတာ ဘယ်ကကောင်လဲလို့''
ယုဝါ အရေး မကြီးသည့်ပုံစံလေးလုပ်ကာ ...
''သြော် ...ဘာများ လဲလို့ ကျောင်းတုန်းက သူငယ်ချင်းပါ ကိုကို ရာ၊ ဈေးထဲမှာ တွေ့ တာနဲ့ ခဏထိုင်လိုက်တာပါ''
''နင်နော် ...ကြပ်ကြပ်သတိထား ယုဝါ''
ဝဏ္ဏက ကြိမ်းကာ လှည့်ထွက်သွားသည်။
ယုဝါ ဆိုင်ထဲပြန်ရောက်တော့ မေမေပင်လျှင် မျက်နှာထား တင်းနေ လေပြီ။
ဝဏ္ဏ ဘယ်လောက်တောင် ကျပ်ထားပြီလဲမသိ။
မေမေက ...
''ယုဝါ ...ညည်း ဘာတွေ ဇယားရှုပ်နေတာလဲ၊ ဈေးထဲ တစ်ခါ တလေ လိုက်လာတာ မပြောရစေနဲ့နော်''
ယုဝါက ဝဏ္ဏကို မျက်စောင်းထိုးလိုက်ပြီးမှ ...
''မေမေတို့ကလည်း သမီးဆိုရင် ဆူဖို့ပဲသိတယ်၊ သမီးဟာ ကလေး မှမဟုတ်တာ၊ သူငယ်ချင်းနဲ့တွေ့ လို့ ခဏထိုင်တာ ဘာ ဖြစ်လို့လဲ''
''ဘာ ဖြစ်ရမှာ လဲ ...နင့်သူငယ်ချင်းဆိုတာက ယောက်ျားလေး လေ''
''ဟာကွာ ...စိတ်ရှုပ်လာပြီ၊ ယောက်ျားလေးသူငယ်ချင်းရှိတာ ဘာ ဖြစ်လို့လဲ၊ ဆန်းလို့လား''
စကားအဆုံးမှာ မေမေက ...
''အေး ...ခု မဆန်းသေးပေမယ့် နောက်ဆန်းလာမှာ စိုးလို့ သတိ ပေးနေရတာ ဟေ့၊ ညည်းနဲ့တော့ မ ဖြစ်ပါဘူး''
''အဲဒါကြောင့် မေမေ့ကို ပြောတာပေါ့၊ ဒီကောင်မလေးကို ဖေဖေ့ ဆီ ပို့လိုက်လို့ ပြောနေတာ''
အမှု က ပိုကြီးလာတော့သည်။
ယုဝါက ဆတ်ခနဲ ထရပ်လိုက်ရင်း ...
''လာပြန်ပြီ ...နောက်ဆုံးတော့ ဒီဘူတာပဲ လာဆိုက်တာပဲ၊ တော် ပြီ ...သွားတော့မယ်''
''ဟဲ့ ...ဘယ်ကိုလဲ''
''အန်တီလေးအိမ်ကို၊ အဲဒီ မှာ ပဲ အိပ်မယ် ... ညကျ ပြန်မလာ ဘူး''
ပြောပြီး ဆတ်ခနဲ လှည့်ထွက်လာခဲ့သည်။
ဒါတောင် ...မေမေက ပြော ဖြစ်အောင် လှမ်းပြောလိုက်သေး၏ ။
''အေး ...ငါ နင့်အဒေါ်ဆီကို ဖုန်းဆက်မှာ နော် မိယုဝါ''
ယုဝါ ဘာမှပြန်ပြောမနေဘဲ ပခုံးသာ တွန့်လိုက်မိပါသည်။
မေမေတို့ကို စိတ်ကောက်ပြီး အန်တီလေး၏ အိမ်၌ ညအိပ်ရန် ယုဝါ ရောက်နေခြင်း ဖြစ်သည်။
အန်တီလေး ကတော့ ယုဝါကိုချစ်သဖြင့် တစ်ခွန်းမှ ဆူပူခြင်းမရှိ။
သူ့အစ်မ ယုဝါမေမေကိုပင် ဖုန်းဆက်ကာ ပြန်ကောလိုက်သေး သည်။
ယုဝါကို သိပ်မချု ပ်ချယ်ရန် ဘာ ညာ ပေါ့။
ညနေပိုင်းထမင်းစားသောက်ပြီး အန်တီလေးနှင့် စကားစမြည် ပြောကာ ယုဝါ ခြံထဲဆင်းခဲ့လိုက်သည်။
အိမ်ထဲမှာ ဆက်ထိုင်နေလျှင်လည်း အန်တီလေးက စကားပြော မည် မထင်တော့။
သူ မလွတ်တမ်း အားပေးကြည့်ရှုနေသော ကိုရီးယားဇာတ်လမ်းတွဲ က ရုပ်သံအစီအစဉ်မှာ လာနေလေပြီ။
ထို့ကြောင့် ယုဝါလည်း ကော်ဖီတစ်ခွက်ဖျော်ပြီး ခြံထဲက ဒန်း ကလေးဆီ ထိုင်ရန် ဆင်းလာခဲ့ခြင်း ဖြစ်၏ ။
မိုးနှောင်းကာလ၏ ညနေသည် အလင်းဝတ်ရုံကို လျင်မြန်စွာ ရုပ် သိမ်းနေသည်။
အချိန်အားဖြင့် ညနေခြောက်နာရီခွဲလောက်ပဲ ရှိသေးသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး မှော င်စပျိုးနေလေပြီ။
ကောင်းကင်၌ လည်း မိုးတို့ကို ရွာသွန်းစေမည့်  တိမ်မည်းတစ်အုပ် တစ်မ,မရှိသဖြင့် ရာသီဥတုသည် အမှော င်ပူပူအောက်တွင် သာယာနေသေး တော့၏ ။
ကိုယ့်အိမ်မှာ မဟုတ်လို့လား မသိ။ လွတ်လပ်ပေါ့ပါးသည့်အရသာ အသစ်တစ်ခုကို ယုဝါ ခံစားနေရသည်။
လက်ထဲမှာ လည်း ဖုန်းပါလာသဖြင့် နွေမွန့်ထံ ဖုန်းခေါ်လိုက်၏ ။
အန်တီလေးအိမ်သို့ ရောက်နေသည့်အကြောင်းကို ရှင်းပြလိုက်ပြီး မနက်ဖြန် ဒီအိမ်သို့ လာခဲ့ရန် တစ်ခါတည်း မှာ ထားလိုက်၏ ။
နွေမွန်နှင့် ဖုန်းပြောပြီးမှ ထက်ပိုင်နှင့် ပြန်ဆုံသည့်အကြောင်းကို ပြန်တွေးကာ ပြုံးမိသေးတော့သည်။
ထိုစဉ် ...
''မမ ...မမ''
ခေါ်သံကြောင့် ဆတ်ခနဲ လှမ်းကြည့်လိုက်တော့ တစ်ဖက်ခြံ၏ အုတ်တံတိုင်းနားတွင် ဇော်လေးကိုတွေ့ လိုက်ရသည်။
ယုဝါက ပြုံး၍ ...
''သြော် ...ဇော်လေးပါလား၊ သားက မအိပ်သေးဘူးလား''
''အာ ...မမကလည်း အစောကြီးပဲ ရှိသေးတဲ့ဥစ္စာ၊ ဒီအချိန်ကြီး အိပ်လိုက်ရင် ညသန်းခေါင်လောက်နိုးပြီး ဂကြောင်ဖတ်နေရောဗျ''
ဇော်လေးအပြောကြောင့် ယုဝါ ရယ်လိုက်ပြီး ...
''အမယ်လေး ...ဇော်လေးက စကားတတ်သားပဲ''
ဇော်လေးက ...
''မမ ...သား မမဆီကို လာလည်လို့ရမလားဟင်''
ယုဝါက မသိမသာ မျက်မှော င်လေးကြု တ်လိုက်ပြီးမှ ...
''သားအိမ်ကလွှတ်ရင် လာပေါ့၊ သားကို ဆူနေမှာ စိုးလို့ ပြောတာ နော်''
စကားအဆုံးမှာ ပဲ ဇော်လေးက လူကြီး တစ်ယောက် ကဲ့သို့ ခြံစည်း ရိုးအုတ်တံတိုင်းအား ဖတ်ခနဲ ခုန်ကျော်လာသည်။ ယုဝါပင် အံ့သြသွားရ ၏ ။
ဇော်လေး၏ အသက်အရွယ်၊ ခန္ဓာကိုယ်အနေအထားနှင့် ထိုသို့ ခုန်ကူးနိုင်မည် ဟု မထင်ထား၍ ဖြစ်သည်။
ဇော်လေးက ယုဝါအနားသို့ လျှောက်လာရင်း ...
''မပူပါနဲ့ မမရဲ့ ...သားကို အိမ်မှာ ဆူမယ့်သူမရှိပါဘူး''
ယုဝါက ...
''သားက ဒီအုတ်တံတိုင်းကို ခုန်ကူးနိုင်တယ်နော်''
ယုဝါစကားကြောင့် ဇော်လေးမျက်နှာက မသိမသာလေး တစ်ချက် ပျက်သွားပြီးမှ ရယ်လိုက်ကာ ...
''အဟဲ ...အဲဒါ ကတော့ အလေ့အကျင့်ပေါ့ မမရယ်၊ သား ဘောလုံးကန်လို့ တစ်ဖက်ခြံထဲကို ကျသွားတိုင်း ခုလို ခုန်ကူးပြီးတော့ ကောက်နေကျလေ၊ ဟိုတစ်ခါ ကတော့ မမ,ရှိနေလို့ လာမကောက်တာ''
''သြော် ...ဟုတ်လား၊ လာလေ ...ဒီမှာ ထိုင်''
ဒန်း၏ အလယ်တွင် ထိုင်နေရာမှ ယုဝါက တစ်ဖက်သို့ ကပ်ပေး လိုက်သည်။
ဇော်လေး ဝင်ထိုင်လိုက်တော့မှ ယုဝါက ...
''သားအတွက် မုန့်ဝယ်ခဲ့မယ်ဆိုပြီး မေ့သွားတယ်၊ မမက ဒီကို လာဖို့ အစီအစဉ်မရှိဘဲ ရောက်လာတာဆိုတော့လေ''
''ရပါတယ် မမရာ ...ကိစ္စမရှိပါဘူး၊ သားလည်း ဗိုက်မဆာဘူး လေ''
''ဒါနဲ့ ...မမက ဒီအိမ်နဲ့ ဘယ်လိုပတ်သက်လို့လဲဟင်''
ဇော်လေးက ကလေးပီပီ စပ်စုနေသည်။
ယုဝါက ...
''ဒီအိမ်က မမအန်တီလေးရဲ့ အိမ်လေ၊ အန်တီလေးဆိုတာက မမ အမေရဲ့ ညီမပေါ့၊ မမ ဒီအိမ်ကို မကြာခဏရောက်ပါတယ်၊ ဇော်လေးနဲ့သာ မဆုံ ဖြစ်တာ၊ ကဲ ...ဘာသိချင်သေးသလဲ ပြော''
ဇော်လေးက ခေါင်းခါလျက် ...
''မသိချင်တော့ပါဘူးဗျာ၊ စကားကြုံ လို့ မေးကြည့်တာပါ''
ယုဝါက ရယ်လျက် ...
''ဒါဆိုလည်း ဇော်လေးရဲ့ အကြောင်း မမကို ပြောပြလေ''
အမေးစကားအဆုံးမှာ ဇော်လေးမျက်နှာက ယောင်ယောင်လေး တည်သွားပြီး ...
''သားအကြောင်း ကတော့ သိပ်ပြောစရာ မရှိပါဘူးဗျာ၊ သားတို့ မိသားစုမှာ ဖေဖေရယ်, မေမေရယ်, သားရယ် ...သုံးယောက် ပဲ ရှိတာလေ၊ ညီအစ်ကိုမောင်နှမလည်း မရှိဘူး၊ ကျောင်းပိတ်ထားတော့ သား ပျင်းနေ တာပေါ့၊ အဲဒါကြောင့် ခြံထဲမှာ ပဲ တစ်ယောက် တည်း ဆော့နေတာလေ''
မွေးချင်းမရှိသော ကလေး တစ်ယောက် ၏ အထီးကျန်မှု ကို ယုဝါ ကိုယ်ချင်းစာမိလိုက်သည်။
ဒီခေတ်ကလည်း ယုဝါတို့အဘိုးအဘွားတွေ ခေတ်တုန်းကလို သား သမီးများများ ယူကြသည့်ခေတ် မဟုတ်တော့။
ဘဝ၏ လိုအပ်ချက်တွေ ကို အချိန်နှင့် အမျှ ဖြည့်ဆည်းရင်း သား သမီးတွေ အတွက် အချိန်မပေးနိုင်သော ခေတ် ဖြစ်သည်။
ပြောရလျှင် ငွေနောက်သို့ သဲသဲမဲမဲလိုက်နေကြသည့် ကာလ ယန္တရားအရွေ့တစ်ခု။
ယုဝါ တွေးနေစဉ်မှာ ပဲ ဇော်လေးက ...
''ဒါနဲ့ မမကို ပြောရဦးမယ် ...နောက်လကုန်လောက်ကျရင် သားရဲ့ ရှင်ပြု ပွဲ ရှိတယ်ဗျ၊ အဲဒါ ...မမ လာခဲ့ရမယ်နော်''
ယုဝါက ပြုံးလျက် ...
''သားဖိတ်ရင် လာမှာ ပေါ့၊ အဲ ...နီးရင်တော့ ထပ်သတိပေး နော်၊ မမ မေ့နေမှာ စိုးလို့''
''အင်းပါ မမရဲ့ ...သား မမကို ဖိတ်စာပေးမှာ ပေါ့''
ယုဝါက ရယ်ကာ ဇော်လေး၏ ခေါင်းကို ပုတ်ရန် လက်ရွယ်လိုက် သည်။
သို့ သော်လည်း ဇော်လေးက ဘာကိုစဉ်းစားမိသည်မသိ။ ရုတ် တရက် ဒန်းပေါ်ထိုင်နေရာမှ ထရပ်လိုက်ပြီး ...
''သားသွားတော့မယ် မမ၊ မေမေရှာနေမှာ စိုးလို့''
''အေး အေး ...ကောင်းကောင်းသွားနော်၊ အုတ်တံတိုင်းက မကျော်ဘဲ ခြံတံခါးက သွားပါလား ...မမ ဖွင့်ပေးမယ်လေ''
ခေါင်းခါလိုက်ရင်း ဇော်လေးက ...
''နေပါစေ မမ၊ ဒီဘက်က မမ ဖွင့်ပေးလည်း သားတို့ခြံတံခါးက ပိတ်ထားတာလေ၊ ထပ်ပြီး ခုန်ကျော်ရဦးမှာ ပဲ၊ အဲဒါကြောင့် ဒီကပဲ တစ်ခါ တည်း ကျော်သွားတော့မယ်''
''အေးပါကွာ အေးပါ ...သားသဘောပဲ၊ သတိတော့ထားနော်''
ခေါင်းညိတ်ပြရင်း ဇော်လေး လှည့်ထွက်သွားသည်။
ဇော်လေး၏ နောက်ကျောကို ကြည့်နေစဉ်မှာ ပဲ ဘေးမှာ ချထားသည့် ဖုန်းက မြည် လာသဖြင့် ကိုင်ရန် ဖုန်းယူလိုက်၏ ။
သို့ သော် miss call ဖြစ်သွားသည်။ ယုဝါ နှာခေါင်းရှုံ့ကာ ဇော်လေးရှိရာသို့ ပြန်ကြည့်လိုက်သည်။
သို့ သော် ဇော်လေးက မရှိတော့။
တစ်ဖက်သို့ ခုန်ကျော်သွားပြီထင်သည်။
သို့ နှင့် ဖုန်းယူကာ miss call ဖြစ်သွားသည့်နံပါတ်ကို ကြည့် လိုက်သည်။ တခြားသူမဟုတ်ချေ။
မွေးသမိခင် မာတာမေမေက သားအမိအချင်းချင်း miss call လှမ်းပေးခြင်း ဖြစ်သည်။
ယုဝါလည်း ဒီအချိန်ကြီး မေမေ ဘာတွေ ပွားဦးမလဲဟု တွေးကာ မဆက်ချင်ဆက်ချင်နှင့် မေမေ့ဆီ ဖုန်းခေါ်လိုက်ရလေသည်။
''နင်ကလည်း ဆယ်နာရီအရောက်လာခဲ့ပါလို့ ပြောထားတာကို ဘာလို့နောက်ကျနေတာလဲ''
နာရီဝက်လောက်နောက်ကျပြီးမှရောက်လာသော နွေမွန်ကို ယုဝါ က ဆီး၍ အပြစ်တင်လိုက်သည်။
နွေမွန်က သူ့လက်မှနာရီကိုကြည့်လျက် ...
''နာရီဝက်လောက်ပဲ နောက်ကျတာပါ ယုဝါရယ်၊ ငါ့မှာ က နင့်လို ကိုယ်ပိုင်ကားရှိတာ မဟုတ်ဘူးလေ၊ တက်စီနဲ့ လာရတာ ဟဲ့၊ ပြီးတော့ ...လမ်းတွေ ကလည်း သိတဲ့အတိုင်းပဲ အမြဲပိတ်နေတာ''
''လမ်းပိတ်တာကိုတော့ ထည့်ပြောမနေပါနဲ့ဟာ၊ အချိန်မရွေး ပိတ် နေတာပဲဟာကို''
စကားအဆုံးမှာ နွေမွန်က ...
''ဟုတ်ပါတယ်၊ ခုလည်း ငါတို့မှာ အရေး တကြီးသွားစရာမှ မရှိတာ၊ ဗြူ တီစလွန်းနဲ့ဈေးသွားဖို့ပဲ ရှိတာလေ၊ နည်းနည်း ပါးပါး နောက်ကျတော့ ကော ဘာ ဖြစ်လဲ၊ ပြီးတော့ ...ဒီအိမ်မှာ က နင့်ကို ပွားမယ့်လူမှ မရှိတာ''
နွေမွန့်စကားကြောင့် ယုဝါမျက်နှာက မှု န်ကုပ်ကုပ် ဖြစ်သွားပြီး...
''မထင်နဲ့ မမ ...ညက အိမ်မှာ မအိပ်တာတောင် မေမေက ဖုန်းနဲ့ လှမ်းပွားသေးတယ်၊ ပြီးတော့ ...ဒီနေ့လည်း မြောက်ဒဂုံက အိမ်တစ် အိမ်မှာ ပစ္စည်းသွားယူခိုင်းထားလို့''
''ဟင် ...အဲဒါဆိုရင် မြောက်ဒဂုံကို အရင်သွားမှာ လား''
''မ သွားပါဘူး ...အစောကြီးရှိသေးတာကိုး၊ ငါတို့ကိစ္စပြီးမှ သွား မယ်လေ''
''ပြီးရော''
နှစ် ယောက် သား အန်တီလေးကို နှုတ်ဆက်ကာ ထွက်လာခဲ့ကြ သည်။
တိုယိုတာကားကလည်း ပြင်ထားတာ မကြာသေးလို့လားမသိ။ စက်သံက ညက်နေသည်။
လမ်းကဆိုင်တစ်ဆိုင်မှာ မနက်စာဝင်စားလိုက်ပြီး ဗြူ တီစလွန်းကို ဆံပင်လုပ်ရန် အရင်သွားလိုက်သည်။
ဗြူ တီစလွန်းမှ ရှော့ပင်းမောတစ်ခုသို့ အသွားတွင် ယုဝါက သူပြော ချင်နေသည့်အကြောင်းကို စကားစ,လိုက်သည်။
''နွေမွန် ...ငါ မနေ့က ကိုထက်ပိုင်နဲ့ တွေ့ တယ် သိလား''
ယုဝါအပြောကို နွေမွန်က နားမလည်သလို ကြောင်တက်တက်ပုံစံ ဖြင့် လှည့်ကြည့်လာပြီး ...
''ဘယ်သူ ...ထက်ပိုင် ...ဟုတ်လား၊ ဘယ်က ထက်ပိုင်လဲ''
ယုဝါက ...
'''အာ ...နင်ကလည်း ...ထက်ပိုင်ဆိုတာက ဝပ်ရှော့ကလူ လေ၊ တစ်ခါတုန်းက ငါ့ကို လမ်းမှာ ကားပျက်လို့ ကူညီခဲ့တဲ့လူကိုပြောတာ''
နွေမွန်က မျက်ခုံးပင့်ကာ ခနဲ့တဲ့တဲ့အသံလေးနှင့် ...
''သိပါပြီ ...အဲဒီ လူနာမည် က ထက်ပိုင်တဲ့လား၊ နင်နဲ့က ဘယ် မှာ ဘယ်လိုတွေ့ ပြီး နာမည် တွေ ,ဘာတွေ သိနေရတာ လဲ''
စကားအဆုံးမှာ ယုဝါ ရှက်ကိုးရှက်ကန်းလေး ဖြစ်သွားရရင်း ...
''အဲ ...အဲဒါက သူနဲ့ငါ ဗိုလ်ချု ပ်ဈေးမှာ တွေ့ တာဟ၊ မေမေနဲ့ မနေ့က ဈေးကို လိုက်သွားတုန်းကလေ''
ထိုသို့ စကားစ,ကာ ပန်းချီပစ္စည်းတွေ ရောင်းသည့် ဆိုင်မှာ ဆုံပြီး ဆိုင်ထိုင်ကာ စကားပြော ဖြစ်ကြသည့်အကြောင်းကိုပါ ပြောပြလိုက်သည်။
စကားဆုံးတော့ နွေမွန်က မချိုမချဉ်မျက်နှာပေးလေးလုပ်ကာ...
''အလဲ့ ...တယ်ဟုတ်ပါလား၊ နင် အချိန်တိုလေးအတွင်းမှာ သူစိမ်းယောက်ျားလေး တစ်ယောက် နဲ့ခင်ပြီး ဆိုင်ထိုင်တယ်ဆိုတာ ခုမှပဲ ကြားဖူးတော့တယ်''
''နင်ကလည်း ရိုးရိုးသားသားပါဟာ''
မျက်နှာလေး မသိမသာရဲကာ ပြန်ဖြေလိုက်သည်။ ထိုသို့ ပြောလိုက် မှပဲ နွေမွန်က ပိုဆိုးလာသည်။
''ယုဝါ ...နင့်ကို ဘယ်သူစွပ်စွဲနေလို့လဲ၊ ကိုယ့်ဟာကိုယ် မလုံမလဲ ဖြစ်နေပြီးတော့''
ဒီတစ်ခါတော့ ယုဝါ တကယ်ပဲ ရှက်သွားရလေသည်။ မမေးသည့် အကြောင်းကို ကိုယ့်ဘက်က ဆတ်ဆော့ကာ သွားပြောပြလိုက်မိသည်ကိုး။ ထို့ကြောင့် စကားကို အမြန်ဖြတ်လိုက်သည်။
''တော် ပြီဟာ ...လာစ,မနေနဲ့၊ ငါက စကားအ ဖြစ် နင့်ကို ပြော ပြတာပဲရှိတာ၊ နောက်ဆို မပြောတော့ဘူး''
''သြော် ...ဒါဆို နင်နဲ့အဲဒီ ထက်ပိုင်နဲ့က နောက်တစ်ခေါက် ထပ် ဆုံဖို့ ရှိသေးတယ်ပေါ့၊ ဒီလိုလား''
''နွေမွန် ...တော် တော့လို့ ပြောနေတယ်နော်''
ယုဝါ ဘောက်ဆတ်ဆတ် အော်မိတော့သည်။
နွေမွန်က ဘာမှထပ်မပြောတော့သော်လည်း ပြုံးစိစိလုပ်နေသေး သည်။
ယုဝါလည်း မသိချင်ယောင်ဆောင်နေလိုက်၏ ။
အရေး ထဲ ထက်ပိုင်မျက်နှာကို ပြန်မြင်ယောင်ကာ စိတ်ထဲ မလုံမလဲ ဖြစ်မိသေးသည်။
ဘာကြောင့် ထိုသို့ ဖြစ်ရသည်ကိုတော့ ယုဝါကိုယ်တိုင်လည်း စဉ်း စား၍ မရပါချေ။
သို့ နှင့် ...
မေမေခိုင်းထားသည့်ကိစ္စက ရှိနေသေးသဖြင့် ရှော့ပင်းမောခဏ ဝင်ပြီး မြောက်ဒဂုံသို့ ထပ်သွားရပြန်သည်။
မေမေပြောသည့် လိပ်စာအတိုင်း ရောက်သွားသော်လည်း လမ်းက ကြမ်းသည့်အပြင် ခရီးကလည်း ဝေးသော ကြောင့် သိပ်မစားသာလှ။
ထို့ကြောင့် တစ်ဖက်မှ ပစ္စည်းပေးသော သူ၏ အိမ်မှာ ဖင်ပူအောင် မထိုင်ဘဲ ပြန်လာခဲ့ကြသည်။
ထိုရပ်ကွက်ထဲမှ ထွက်လာသည်အထိ ပြဿနာက မရှိသေး။
သို့ သော် နောက်ထပ် ဆယ့်ငါးမိနစ်လောက် မောင်းလာပြီး လမ်း တစ်နေရာအရောက်မှာ တော့ ကားက ချောင်းဆိုးသလို တဟွတ်ဟွတ် အသံ မြည် ကာ ထိုးရပ်သွားလေသည်။
နွေမွန်က ...
''ဟဲ့ ယုဝါ ...ဘာ ဖြစ်တာလဲ''
''မသိဘူးလေ၊ မောင်းနေရင်း ထိုးရပ်သွားတာ နင့်အမြင်ပဲဥစ္စာ''
စိတ်ရှုပ်သံနှင့် ယုဝါပြန်ဖြေလိုက်သည်။
နွေမွန်က ကားပြတင်းပေါက်မှ အပြင်ပတ်ဝန်းကျင်သို့ ဝေ့ကြည့် လိုက်ရင်း စူပွပွရေရွတ်တော့၏ ။
''ဒုက္ခပါပဲ ...ကိုယ် ဘာမှမသိတဲ့နေရာရောက်မှပဲ ကားက ပျက် ရတယ်လို့၊ ခု ဘယ်လိုလုပ်ကြမလဲ''
ယုဝါက ပခုံးတွန့်ပြလျက် ...
''အာ ...ဘယ်သိမလဲ၊ ငါမှ ကားအကြောင်း နားမလည်တာ၊ ပြီးတော့ ...ဟိုတစ်ရက်ကပဲ ပြင်ထားတာကိုး''
''အေးလေ ...ဝပ်ရှော့က လူတွေ ကလည်း သေသေချာချာ လုပ် မပေးလိုက် ဘူးလား မသိဘူး''
ဝပ်ရှော့ဆိုသည့်စကားကြောင့် ယုဝါခေါင်းထဲ လက်ခနဲ ဖြစ်သွား ရသည်။
ထိုအတွေးနှင့် ကားဒက်ခ်ျဘုတ် ဖွင့်ကြည့်လိုက်တော့ ကားဝပ်ရှော့ လိပ်စာကတ်လေးကို မင်္ဂလာရှိစွာ တွေ့ လိုက်ရလေ၏ ။
ယုဝါက ...
''နွေမွန် ...ဒီမှာ အဲဒီ ဝပ်ရှော့ရဲ့ လိပ်စာကတ်တော့ ရှိတယ်ဟ၊ ဖုန်းဆက်ပြီး လှမ်းခေါ်ရင်ကောင်းမလား''
နွေမွန်က မျက်စောင်းထိုးလိုက်ရင်း ...
''ဘာလဲ ...နင်နဲ့သိတဲ့ ကိုထက်ပိုင်ဆိုတဲ့လူကို ခေါ်မလို့လား''
''အာ ...နင်ကလည်းတစ်မျိုး၊ အဲလိုတော့ နာမည် တပ်ပြီး ခေါ် စရာလား၊ ကားပျက်နေလို့ဆိုပြီး နေရာနဲ့ ကားနံပါတ်ကို ပြောလိုက်မယ် လေ၊ ဘယ်သူပဲ လာလာပေါ့''
''ပြီးရောဟာ ပြီးရော''
အရေး ထဲ ကားပိုင်ရှင်မဟုတ်သော နွေမွန်ဆိုသည့်ဟာမက စိတ် တိုနေသေးသည်။
ယုဝါက ဘာမှပြန်မပြောနိုင်တော့ဘဲ ဝပ်ရှော့ဖုန်းကို ဆက်ကာ အကူအညီတောင်းလိုက်၏ ။
လာခဲ့ပါမည် ဟုလည်း တစ်ဖက်က ပြောပါသည်။
ဖုန်းဆက်ပြီးတော့မှ ယုဝါက ...
''ကဲ မမ ...နောက်နာရီဝက်လောက်ကြာရင် ရောက်မယ်တဲ့''
''အေးလေ ...နာရီဝက်နဲ့ ရောက်မလာသေးရင်လည်း ဆက် စောင့်ရုံပဲ ရှိတော့တာပေါ့၊ ကဲ ယုဝါ ...နင့်ကားကက်ဆက် ကတော့ ဖွင့်လို့ ရသေးတယ်မဟုတ်လား၊ သီချင်းဖွင့်ဟာ''
''အရေး ထဲ''
''အရေး ထဲ လုပ်မနေနဲ့၊ ဒီအတိုင်းကြီး ထိုင်စောင့်နေရမယ့်အတူ သီချင်းနားထောင်ပြီး ခဏမှေးနေတာကပဲ ကောင်းဦးမယ်''
ယုဝါလည်း အချေအတင်ပြောမနေတော့ဘဲ သီချင်းဖွင့်ပေးလိုက် သည်။
မျက်စိမှိတ်ကာ သီချင်းနားထောင်နေသော နွေမွန်ကို စောင်းငန်းငန်း တစ်ချက်ကြည့်လိုက်ပြီး သူမ,ကိုယ်တိုင်လည်း မျက်လုံးမှိတ်ထားလိုက်လေ ၏ ။
လောလောဆယ် ဒါပဲ တတ်နိုင်သည်လေ ...။
![]() အမည်ပေါက်သမီးရည်းစား | ![]() ကျောင်းစိမ်း | ![]() ချစ်လို့ |