Cover

အမှာ စာ

ငယ်သူငယ်ချင်း တစ်ယောက် နဲ့ တွေ့ လို့ပဲ ဖြစ် ဖြစ်၊ ကျောင်းစိမ်း ဝတ်စုံနဲ့ ကျောင်းသားကျောင်းသူလေးတွေ ကို တွေ့ မိလို့ပဲ ဖြစ် ဖြစ်၊ ငယ်စဉ်တုန်းက ကျောင်းသားဘဝတွေ ကို ပြန်လွမ်းမောမိရင်ပဲ ဖြစ် ဖြစ်ပေါ့ . . .ကျွန်တော် တို့ဟာ တစ်ယောက် နဲ့ တစ်ယောက် ရင်ဘတ်ချင်း မညီနိုင်ပေမယ့် အားလုံးရဲ့ရင်ထဲမှာ ရွှေချထားတဲ့ ကျောင်းစိမ်းကာလာ တွေ ရှိကြမှာ ပါ။ ဒီဝတ္ထုလေးဖတ်ပြီး ပြန်သတိရမိတယ်ဆိုရင် ကြိုးစား ရကျိုးနပ်ပါပြီ။ကဲ . . .ကျွန်တော် တို့ ကျောင်းစိမ်းဝတ်စုံလေးတွေ ခဏလောက် ပြန်ဝတ်ကြည့်ရအောင်။

ငယ်သူငယ်ချင်းတွေ ကို သတိရလျက်

ကျွန်တော်

မိုးစက်ဝိုင်

( ၁ )

ကောင်းကင်ဟာ အလင်းတန်းတွေ ကို အဝါစူးစူး ပစ်ချပေးနေ တယ်။ လက်ဖက်ရည်ဆိုင်လေးရဲ့ ရှေ့မျက်နှာစာခြမ်း တစ်ဝက်လောက် ကို ဖြန့်မိုးထားသလိုပဲ။ ဒါဟာ နေမြင့်လာပြီဆိုတဲ့ ပြကွက်တစ်ခုပါ။ ဆိုင်လေးထဲမှာ သူသူကျဲပါးစပြုလာတယ်။ ကျွန်တော် တို့အုပ်စု ကတော့ လူစုမကွဲကြသေးဘူး။ အားလုံးရဲ့ ရင်ထဲမှာ တစ်စုံတစ်ခုကို ဆူဝေရင် ခုန်နေကြတယ်။

ဒီနေ့ဟာ ကျွန်တော် တို့ရဲ့ ဘဝကို တစ်ဆစ်ချိုးပေးမယ့် ဆယ် တန်းအောင်စာရင်းထွက်တဲ့နေ့ပါ။ ကျွန်တော် တို့အုပ်စု အကုန်လုံးလိုလို အောင်ကြတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အားလုံးထဲမှာ ဖိုးဇော် တစ်ကောင်ပဲ စာမေးပွဲရှုံးတာကိုး။ ကျွန်တော် တို့ဟာ လတ်တလော ပျော်ရွှင်ဖို့အတွက်ရယ်၊ အနာဂတ်အိပ်မက်တွေ ကို အကောင်အထည် ဖော်ဖို့အတွက်ရယ် တစ်ယောက် နဲ့ တစ်ယောက် ကြိုးညှိနေကြတာပေါ့။

အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။ လက်ဖက်ရည် ဆိုင်ပိုင်ရှင် ကိုညီကလည်း ရေနွေးကြမ်းတွေ တစ်အိုးပြီးတစ်အိုး လာ ချပေးနေလေရဲ့ ။ ကျွန်တော် တို့အုပ်စု စာမေးပွဲအောင်တာကို သူပါ ရောယောင်ပြီး ဝင်ပျော်နေပုံရတယ်။ ကျွန်တော် တို့ကလည်း စာမေးပွဲနီး တုန်းက ပြဿနာတွေ အမျိုးမျိုး ဖြစ်ခဲ့တာကိုး။ ခုတော့ အားလုံးဟာ မပြယ်လွင့်ပေမယ့် ပြီးဆုံး သွားပါပြီ။ လူငယ်တွေ ပီပီ ကျွန်တော် တို့ခေါင်း ထဲမှာ ဘာမှ အငြိုးအတေးတွေ ရှိနေမှာ မဟုတ်ပါဘူး။ ဟိုး အရင့် အရင်လို လွတ်လပ်ပျော်ရွှင်နေဆဲပါ။

တစ်ခုတော့ ပြောစရာရှိတယ်။ ကျွန်တော် တို့ ဝိုင်းတစ်ဝိုင်းလုံး ဆူညံပြောဆိုနေကြပေမယ့် ဖိုးဇော် တစ်ယောက် ကတော့ ငြိမ်ဆိတ်နေ တယ်။ ဖြစ်သင့်ပါတယ်။ စာမေးပွဲကျတာကိုး။ စာမကျက်လို့ ကျတာပေါ့ လို့ မပြောပါနဲ့။ ဒီကောင်က Óာဏ်နည်းနည်း ထိုင်းတယ်။ ဒါနဲ့ပဲ စပေါ့လိုက်ပြီး ရွေးကျက်ထားတာတွေ က စာမေးပွဲမေးခွန်းမှာ ပါမလာ ဘူး။ ဘယ် သူမှ မကယ်နိုင်ဘူးလေ။ ဒါပေမဲ့ ဒီကောင်က မိဘတွေ ပိုက်ဆံတတ်နိုင်ပါတယ်။ နောက်လာမယ့်နှစ် ကို ရန်ကုန်မှာ သွားထား ပေးမယ်ပြောလို့ ရှုံးလည်း ပျော်နေသလိုပဲ။ ငြိမ်နေတာက ဒီကောင် ရန်ကုန်သွားတက်ရမှာ ကို စိတ်ကူးယဉ်နေတာပါ။

အဲ ...နောက် တစ်ယောက် ငြိမ်နေတာက ကျွန်တော် ပဲ။ ကျွန်တော် က စာမေးပွဲကို ဂုဏ်ထူးတစ်ဘာသာမှ မပါပေမယ့် အမှတ် တွေ မနည်းလောက်ဘူးဆိုတာ ဖြေခဲ့တဲ့ကိုယ်တိုင် သိပါတယ်။ ခု ဆယ်တန်းအောင်ပေမယ့်လည်း ကျန်တဲ့ကောင်တွေ လို ရန်ကုန်မှာ တက္ကသိုလ်တစ်ခုခု သွားတက်ရမှာ မသေချာသေးပါဘူး။ အဖြေက တော့ ကျွန်တော် တို့မိသားစုရဲ့ စားဝတ်နေရေး အခြေအနေအရပါ။ အဝေးသင်တော့ တက် ဖြစ်မယ် ထင်ရတာ ပဲ။

''ဟေ့ကောင် ညီလတ် ...ငါမေးနေတာ ကြားရဲ့ လား''

''အန် ...ဘာလဲ''

ကျွန်တော် က ပြန်မေးလိုက်လို့ ဟန်လင်းဦးမျက်နှာကြီး ရှုံ့မဲ့ သွားတယ်။ တစ်ဆက်တည်းပဲ ...

''မင်းကွာ ...ဒီလောက် ပြောနေကြတာကို မင်းအာရုံတွေ ဘယ်ရောက်နေတာလဲ''

''ဒီလိုပါပဲ၊ ဘာလဲ ...ဓနိရည်သွားသောက်ြ ကတော့မှာ လား''

''ရှီးတဲ့မှာ ပဲကွာ ...ဒီအချိန်ကစပြီးသောက်ရင် အကုန် ဖင် ထောင်နေမှာ ပေါ့၊ ခုနက ငါပြောတာက မင်း ခု စာမေးပွဲ အောင်ပြီဆို တော့ ဘယ်ကျောင်းတက်မယ် စိတ်ကူးထားလဲလို့ မေးတာ၊ ငါတော့ နည်းပညာကောလိပ် လျှောက်မလားလို့''

''ငါက ဘယ်မေဂျာပဲရရ ...ဒေး (Day) ပဲတက်မယ်''

ဖိုးချိုက ဝင်ပြောတာပါ။ ဘေးနားက ညီညီနိုင်ကလည်း

''ဒါဆိုရင်တော့ မင်းနဲ့ငါ အတူတူပဲ၊ တက္ကသိုလ်ဇာတ်လမ်း တွေ ဖတ်ထားတာ ...ခုမှ အကောင်အထည်ဖော်နိုင်တော့မယ် ...အဟိ''

''အင်း ...ငါ ကတော့ ဗိုလ်သင်တန်း လျှောက်မလားလို့ စဉ်းစားနေတယ်''

ဥာဏ်ထွန်းလင်းအပြောကို ဘယ်သူမှ ဘယ်သူ့ကို မကန့်ကွက် ကြပါဘူး။ ကိုယ့်အိပ်မက်ကို ကိုယ်တိုင်ရွေးချယ်နေကြတာပါ။ တစ် ယောက် တစ်ပေါက်ပြောကြရင်းနဲ့ Óာဏ်ထွန်းလင်းစကားဆုံးတော့ ဟန်လင်းဦးက ကျွန်တော့် ဘက် ပြန်လှည့်လာတယ်။

''အဲဒါကြောင့် မင်းကိုမေးနေတာ၊ ဒီကောင် ဖိုးဇော်ဆိုလည်း ရန်ကုန်မှာ ကျောင်းပြန်သွားတက်မယ်ဆိုတော့ ငါတို့နဲ့ အဆက်အသွယ် ပြတ်စရာမရှိဘူးလေ''

''ကောင်းတာပေါ့ကွာ၊ ငါတို့သဘော ကတော့ ဘယ်ရောက် ရောက် ငယ်သူငယ်ချင်းတွေ နဲ့ပဲ တွဲချင်တာပဲ''

ညီညီနိုင့်စကားဆုံးတော့ ကျွန်တော် က ...

''ငါ့အနေအထားနဲ့က ပြောလို့မရသေးပါဘူးကွာ၊ ဒေး (ိပေ) ပဲ တက် ဖြစ်မလား၊ အဝေးသင်ပဲ တက် ဖြစ်မလား မသိသေးဘူး''

အားလုံးရဲ့ မျက်နှာတွေ ဟာ နည်းနည်း စိတ်မကောင်း ဖြစ်သွား ကြတယ်။ တကယ်လည်း အချို့တဲ့ဆုံးက ကျွန်တော် ပဲလေ။ ကျွန်တော့်  တစ်ယောက် အတွက်နဲ့တော့ အားလုံးကို စိတ်မကောင်း မ ဖြစ်စေချင် ပါဘူး။

ဒါနဲ့ပဲ စကားကို ဖော့လိုက်ရတယ်။

''ကဲပါကွာ ...ဘာမှတောင် မလျှောက်ရသေးဘဲနဲ့၊ ပြီး တော့ ဘာမေဂျာတွေ , ဘယ်ကျောင်းတွေ လဲဆိုတာလည်း မသေချာ သေးတာ။ ခု သေချာတာ ကတော့ ကရင်ကြီးဆိုင်ပဲ၊ စာမေးပွဲအောင် တဲ့နေ့မှာ နည်းနည်း တော့ ကဲရအောင်''

ကျွန်တော် ပြောလိုက်လို့ မျက်နှာတွေ အားလုံး ဝင်းတောက်ပ သွားကြတယ်။ ဟုတ်တယ်လေ ...အထိမ်းအမှတ်ဆိုတာ ရှိသင့်တာ ပေါ့။

''ဟိုကောင် ဖိုးဇော် ..မင်းက ကျတယ်ဆိုပြီး စွတ်မသောက် နဲ့နော်''

''အောင်မာ ...မင်းကများ ၊ မင်းသာ ဓနိရည်ကို ငါးသားရခြောက်ဖုတ်နဲ့မြည်းပြီး မအန်နဲ့၊ ဟိုတစ်ခါ မင်းအန်တော့ ချေးစော်နံ တယ်''

မသောက်ရသေးဘူး။ ဖိုးဇော်နဲ့ ဟန်လင်းဦးတို့က စငြိနေပြီ။

''ကဲ ကဲ ...တော် ၊ ပါသမျှ အသပြာတွေ ထုတ်ြ ကတော့ ...အားလုံးစုလိုက်မယ်''

အားလုံးထဲမှာ စာမေးပွဲကျတဲ့ ဖိုးဇော်ရဲ့ အလှူငွေက အများ ဆုံး ပဲ။ ဒီကောင်က ပိုက်ဆံပြေလည်သလောက် သူငယ်ချင်းတွေ ကို ကျွေး ချင်မွေးချင်စိတ် ရှိတယ်။ စုလိုက်တဲ့ပိုက်ဆံထဲကပဲ လက်ဖက်ရည်ဖိုးကို ရှင်းလိုက်တယ်။

ဆိုင်ပိုင်ရှင်ကိုညီက ကျွန်တော် တို့စားထားတာတွေ ကို ကြည့်ပြီး

''အင်း ...ငါ့ဆရာတွေ စားထားတာတွေ ထဲက မုန့်ဖိုးပဲ ယူလိုက်မယ်၊ လက်ဖက်ရည်ဖိုးတွေ ကိုတော့ မင်းတို့ အောင်ပွဲသွားခံရင် ထည့်သုံးလိုက်တော့''

''ဟေး''

တညီတညွတ်တည်း အော်လိုက်ကြတယ်။ ဒါတောင် ကိုညီက သူ့မိန်းမ မနန်းရှိနေလို့ ...မဟုတ်ရင် တစ်ပြားမှတောင် ယူမှာ မဟုတ်ဘူး။ ကိုညီက လူငယ်ဆန်ပြီး ကျွန်တော် တို့နဲ့ လုံးထွေးနေ သလောက် မနန်းက မိန်းမပီပီ စီးပွားရေး ဆန်ပါတယ်။ အင်းလေ ...ဈေးရောင်းနေတာကိုး။ ပြီးတော့ ကိုညီက မနန်းကိုလည်း ကြောက် တယ်။ (ဒါတောင် ကိုညီက တစ်ခါတစ်ခါ ရန်ကုန်ကို ဈေးဝယ်တက် ရင်း သူရဲ့ လျှို့ဝှက်သည်းဖိုဇာတ်လမ်းလေးတွေ ကို လက်သိပ်ထိုး ခင်းလာတတ်သေးတယ်)

ပိုက်ဆံရှင်းလို့အပြီးမှာ ဖိုးဇော်က ဆိုင်အပြင်ဘက်ကို လှမ်း ကြည့်ရင်း ...

''ညီလတ် ...မင်းသတိရသေးလား ...မနှစ် က ကျောင်း မဖွင့်ခင် တစ်ပတ်လောက်က ဒီဆိုင်မှာ ငါတို့ ထိုင်တုန်းကလေ''

''ဘာလဲဟ''

ရုတ်တရက်ဆိုတော့ ဘာမေးမှန်းမသိဘူး။ အရင်းမရှိ အဖျား မရှိ ဆိုတာမျိုးပေါ့။

''ခုလိုပဲ ပြောနေကြတယ်လေကွာ ...ဆယ်တန်းတက်ရ တော့မယ်ဆိုတော့ အောင်ရင် ဘာလုပ်ကြမလဲဆိုပြီးတော့လေ''

''ဟာ ဖိုးဇော်ရာ ...ဒီအချိန်မှာ ညီလတ်ကို အစပြန်ဖော် ပေးမနေနဲ့တော့၊ ဒီကောင်တောင် အတင်းမေ့ထားတာကို''

စိတ်မကောင်း ဖြစ်မှာ စိုးလို့ ညီညီနိုင်က ဝင်တားလိုက်ပေမယ့် လည်း ကျွန်တော့် စိတ်အာရုံတွေ ဟာ ချက်ချင်း ပဲ နောက်ပြန်လိမ့်ဆင်း သွားတော့တယ်။ ဟုတ်တယ် ...။ အဲဒီ နေ့က ခုလိုပဲ ရင်ခုန်တက် ကြွနေခဲ့ကြတာ။ ကျွန်တော့် စိတ်အာရုံထဲ မြင်ကွင်းတစ်ခုက ဖျတ်ခနဲ ပေါ်လာတယ်။

မိုး ...မိုးရယ်၊ ငါမှတ်မိနေသေးတယ်။

*


''ညီလတ် ...မင်း ဆယ်တန်းအောင်ရင် ဘာလုပ်မလဲ''

အဲဒီ နေ့တုန်းက ဖိုးဇော်မေးတဲ့အချိန်မှာ ကျွန်တော့် အကြည့် ဟာ ဆိုင်အပြင်ဘက် လမ်းမကိုရောက်သွားတယ်။ ကောင်မလေး တစ်ယောက် စက်ဘီးလေးစီးပြီး ဖြတ်သွားတာပါ။ သူ့နာမည် ကျွန် တော် မသိသေးဘူး။ ချစ်စရာကောင်းလွန်းတဲ့ ဖြူဖြူသေးသေး ကောင်မ လေး တစ်ယောက် ရပ်ကွက်ထဲကို ပြောင်းလာတယ် ဆိုတာလောက်ပဲ သိသေးတယ်။ ဖြစ်နိုင်ရင် ကျွန်တော် သူ့ကို လိုက်စချင်မိတယ်။ သူ ဘယ်နှစ် တန်းရောက်ပြီလဲ မသိဘူး။ ကျွန်တော့် လို ဆယ်တန်းတက်ရမှာ ဆို သိပ်ကောင်းမှာ ပဲ''

တွေးရင်းနဲ့ ဖိုးဇော်အမေးကို ရယ်ပြီး ...

''မင်း မှတ်မိသေးလား ...ဟို ငပိန်ဇော်ဇော်ဆိုတဲ့ကောင် မီးစက်ဝင်းထဲက ခင်သီတာအေးကို စာပေးလို့ ထီးနဲ့ရိုက်တုန်းကလေ ဆရာမ ဆုံးမတာကို''

''ဘာတုံးဟ ...ဘယ်က ငပိန်ဇော်ဇော်က ပါလာရတာ လဲ''

ဖိုးဇော်က ကြောင်တက်တက်နှင့် ပြန်မေးနေတယ်။

''သြော် ...ဆရာမ က မင်းတို့ ဒါတွေ စိတ်ကူးရမယ့် အရွယ် မဟုတ်သေးဘူးတဲ့၊ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်မှ စဉ်းစား ကြတဲ့''

''ဘာဆိုင်လို့လဲကွာ''

''ဆိုင်တာပေါ့၊ ငါလည်း ဆယ်တန်းအောင်ရင် ရည်းစားတစ် ယောက် လောက် ထားမလားလို့ ...ဟဲ ဟဲ''

''ကောင်းလိုက်တဲ့စိတ်ကူး ...တော် တော် ရည်မှန်းချက်ကြီး တဲ့ကောင်''

အဲဒီ တုန်းက ဟန်လင်းဦးရဲ့ ငေါ့တော့တော့စကားကို ကျွန် တော် ရယ်ကျဲကျဲလုပ်နေခဲ့တယ်။ ကျွန်တော် က ဟိုကောင်မလေးကို မြင်ပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ရွှတ်နောက်နောက်ပြောလိုက်တာကိုး။

ကျောင်းတွေ စဖွင့်တဲ့နေ့မှာ တော့ အဲဒီ ကောင်မလေးဟာ ကျောင်းစိမ်းဝတ်စုံလေးနဲ့ ကျွန်တော် တို့ရဲ့ အထက (၁) ကျောင်းတော် ကြီးဆီ ရောက်လာပါတော့တယ်။ ရှင်းသန့်ပြီး ချစ်စရာကောင်းတဲ့ ကျောင်းစိမ်းကောင်မလေးကို အတန်းကြီးကျောင်းတော် သား တော် တော် များများ သတိထားမိသွားကြတာပေါ့။ ဒါပေမဲ့ သူ ဘယ်အတန်း၊ ဘယ်အခန်းမှာ တက်မယ်မှန်း ဘယ်သူမှ မသိကြသေးဘူး။

ကျွန်တော့် အတွက် ကတော့ တိုက်ဆိုင်တယ်လို့ ပြောရမလား။ ကျောင်းစိမ်းကောင်မလေးရဲ့ နာမည် နဲ့ အတန်း၊ အခန်းတွေ ကိုပါ သိလိုက်ရတယ်။ အဲဒါထက်ထူးခြားတာက ကျွန်တော့်  ကျောင်းစိမ်း အသစ်ကလေးကို ဈေးဦးပေါက် 'စ' လိုက်ရတာ ပဲ။

မိုးရယ် ...

အဲဒီ တုန်းက မျက်စောင်းဖြူဖြူလေးကို ငါ အခုထိ အမှတ်ရ နေတုန်းပါ။ ဒါပေမဲ့ နင် နောက်ဆုံး သူများ တွေ ကို နှုတ်ဆက်နေတုန်း က ငါ့ကို နင် တစ်ချက်ပဲ လှမ်းကြည့်ခဲ့တယ်။ နင့်ရဲ့ အကြည့်ထဲက မီးတောက်တွေ ကို ငါ့အတွက် လောင်မြိုက်ဖို့ ထားရစ်ခဲ့တာလား မိုး ရယ်။ ငါလေ ငါလေ ...နင့်ကို ရှင်းမပြချင်တော့ဘူးဟာ။ ဘာ ဖြစ်လို့လဲဆိုတော့ ငါ နင့်ကို ...

ကျွန်တော့် ရဲ့ မှတ်ဥာဏ်တွေ ဟာ မေ့မရတဲ့ ကျောင်းစိမ်းကာလ များ ဆီ ပြန်လည်ချဲ့ထွင်နေပါတော့တယ်။ လူတိုင်း ရင်ထဲမှာ လည်း ရွှေချထားတဲ့ ကျောင်းစိမ်းကာလတွေ ရှိနေမှာ အသေအချာပါပဲ။ အလွမ်းဆိုတာဟာ ကာလတိုင်းအတွက် အဖိုးတန် သဲလွန်စတွေ ပဲ မဟုတ်လား ...။

*


( ၂ )

ကျောင်းစဖွင့်တဲ့နေ့ဆိုရင်ပဲ ကျောင်းလမ်းတစ်လျှောက်နဲ့ ကျောင်းဝန်းထဲမှာ အဖြူအစိမ်းတွေ ယိမ်းနွဲ့နေကြတယ်။ နံနက်ခင်းရဲ့ လေပြည်နဲ့အတူ ရင်ဖွင့်ထားတဲ့ ကျောင်းတော် ကြီးဆီ အုပ်ဖွဲ့စီးဝင်ကြ။ ခေါင်းလောင်းသံတို့ စည်ဝေရာဒေသ ဖြစ်တဲ့ ဒီဒေသဟာ ကျွန်တော် တို့ ရဲ့ တောင်ပံတွေ ကို အမြင့်ဆုံး ခတ်ထုတ်ပေးနိုင်ဖို့ အသင့် ဖြစ်နေလောက် ပြီ။

ဒီလို ကျောင်းစဖွင့်တဲ့နေ့ဟာ အရမ်းပျော်စရာကောင်းတယ်။ ကိုယ်တက်ရမယ့်အတန်းမှာ နေရာယူကြ၊ စကြ နောက်ကြနဲ့ နေ့တစ် ဝက်လောက်အထိ စာကို ဟုတ်တိပတ်တိသင်ရတာ မဟုတ်ဘူး။ လူ အစုံဆုံးနေ့ဆိုရင်လည်း ဒီနေ့ကို ပြရမှာ ပဲ။ နယ်မြို့လေးရဲ့ အထက်တန်း ကျောင်းဆိုတဲ့အတိုင်း ကျွန်တော် တို့ကျောင်းဟာ ခြံဝန်းအကျယ်ကြီးပါ။ အထဲမှာ ငါးတန်းကနေ ခုနစ်တန်းအထိ ကျောင်းဆောင်တစ်ဆောင်နဲ့ ရှစ်တန်းက ဆယ်တန်းအထိ ကျောင်းဆောင်ကြီးတစ်ဆောင်ရှိတယ်။ ကျောင်းဆောင်နှစ် ဆောင်ကြားမှာ ပန်းဥယျာဉ်နဲ့ကပ်လျက် မုန့်ဆိုင်တန်း လေးတွေ လည်း စီရီလျက်ပါပဲ။ ကျောင်းခြံဝန်းပတ်ပတ်လည်မှာ လည်း သီးပင်စားပင်တွေ နဲ့ အပြင်ဘက်မှာ ဘောလုံးကွင်းကြီး ရှိတယ်။ အထက်တန်းကျောင်း လေးကျောင်းရှိတဲ့ ဒီမြို့နယ်မှာ ကျွန်တော် တို့ ကျောင်းက နာမည် အရဆုံးပဲ။ ပညာရေး က အစ ...အားကစား အဆုံးပေါ့။

ကျွန်တော် တို့ ကျောင်းကိုရောက်တော့ တက်ရမယ့်အခန်းကို သွားကြည့်ကြတယ်။ ဒီနေရာမှာ စာသင်ခန်းကြီးကို ကောင်း,မကောင်း၊ ခုံတွေ ကျိုး,မကျိုး သွားကြည့်ကြတာမျိုး မဟုတ်ပါဘူး။ ကျွန်တော် တို့ကျောင်းမှာ က မနှစ် ကအောင်တဲ့ ရမှတ်တွေ နဲ့ တက်ရမယ့်အခန်း တွေ ကို အဆင့်အလိုက် သတ်မှတ်ထားတယ်။

စာကပ်ထားတဲ့ သင်ပုန်းကြီးကိုကြည့်ရင်း ဟန်လင်းဦးက ညည်းတယ်။

''အင်း ...ထင်တော့ထင်သားပဲ ...ငါ ဒီ (D) အခန်းမှာ ပဲ တက်ရမယ်ဆိုတာ''

ဖြစ်မှ ဖြစ်ရလေလို့ ကျွန်တော် တွေးမိတယ်။ အကျတွေ ထားတဲ့ အီး (E) အခန်းနဲ့ အက်ဖ် (F) အခန်းနဲ့မှ ဆယ်တန်းက ငါးခန်းပဲရှိတာ ကိုး။ အီး (န) မဟုတ်တဲ့ ဒီ (ီ) အခန်း ကတော့ ဆယ်တန်းနှစ် သစ်တွေ အတွက် ဘိတ်ချေးအခန်းပေါ့။ ဘဝတူတွေ မို့ ကျွန်တော် က အားပေး လိုက်တယ်။

''မင်းက မြင်းစီးပြီး အောင်လာတာကိုး၊ ဒါပေမဲ့ စိတ်ဓာတ် မကျပါနဲ့ကွာ ...မင်းအောက်မှာ ဆရာမ ကြီး တစ်ယောက် လုံး ရှိပါသေး တယ်''

''ဟေ ...ဘယ်လို''

''ကိုးတန်းအောင်စာရင်းကပ်တုန်းက မင်းနာမည် ပြီးရင် မျဉ်း ပိတ်လိုက်ပြီလေ၊ အဲဒါ မင်း မျဉ်းစီးပြီးအောင်တာပေါ့၊ ဒါပေမဲ့ မင်း အောက်မှာ ပုံ ဒေါ်အုန်းမေ ဆရာမ ကြီးဆိုပြီး ရေး ထားတာ မတွေ့ ဘူး လား''

''မင်းကွာ ...ပေါက်ပေါက်ရှာရှာ တွေးတတ်တယ်''

ကျန်တဲ့ကောင်တွေ ကလည်း တခွီးခွီးနဲ့ ရယ်ြ ကတော့တယ်။ ဖိုးဇော်က ကျွန်တော့် ဘက်လှည့်ပြီး ...

''ဒါနဲ့ ညီလတ် ...မင်းလည်း ခု ငါတို့လို ဒီ (D) အခန်းပဲ နော်၊ မင်းအဆင့်တွေ က တစ်နှစ် ထက်တစ်နှစ် ကျလာပါလားကွ''

ဒီကောင်ပြောလည်း ပြောချင်စရာပါ။ ကျွန်တော် က မူလတန်း တုန်းက ပထမ၊ ဒုတိယ၊ တတိယ ဆုတစ်ခုခု နှစ် တိုင်းရနေကျ။ အလယ်တန်းတက်တော့ တစ်ကနေ တစ်ဆယ်ကြား ဖြစ်လာတယ်။ အဲဒီ အထိတော့ အေ (ဗ) ခန်းမှာ နေရတုန်းပဲ။ ခုနစ်တန်း၊ ရှစ်တန်း၊ ကိုးတန်းတွေ မှာ သော င်းကျန်းလာလိုက်တာ ဆယ်တန်းတက်တော့ ဒီ (D) ခန်းကို ရောက်သွားတော့တာပဲ။ ဒီနှစ် တော့ အရေး ကြီးလို့ အပျော်အပါးကို လျှော့ရမယ်လို့ တွေးထားလိုက်တယ်။ နှစ် စဉ်နှစ် တိုင်း လည်း ဒီလိုပဲ တွေးနေကျပါ။ ဒီကောင်တွေ နဲ့ကလည်း ရှစ်တန်းမှာ မှ စပြီး တွဲမိသွားကြတာ။

ကျွန်တော် က ခုမှ တစ်အုပ်စုလုံး တစ်ခန်းထဲမှာ စည်းစည်း လုံးလုံး နေရမှာ ကိုတွေးပြီး ...

''အေးကွာ ...မင်းတို့က မကြိုးစားလာတော့လည်း ငါက မင်းတို့နဲ့အတူတူ တက်ချင်တာကိုး၊ ငါ့အရည်အချင်းကို လျှော့ချလာ ရတာ ပေါ့''

''သွားစမ်းပါကွာ ...မင်းဟာမင်း ကျောင်းစာအပြင် ဝတ္ထု ဖတ်ရတာ နဲ့, အခွေကြည့်ရတာ နဲ့, ဂီတာတီးရတာ နဲ့ လုံးထွေးနေလို့ အဆင့်ကျလာတာကိုများ ''

''ထားပါတော့ကွာ ...ဘာပဲ ဖြစ် ဖြစ် ဒီနှစ် တော့ ငါတို့ အောင် မှ ဖြစ်မယ်''

''အေး ...ဆယ်တန်းအောင်သွားတဲ့လူနဲ့ ကျတဲ့လူနဲ့ဟာ တကယ်ကွာသွားတာကွ၊ တချို့ ပိုက်ဆံချမ်းသာပြီး သူတို့သားသမီး တွေ ဆယ်တန်းကျရင်ပြောတဲ့ မိဘတွေ ရှိသေးတယ် ...ဆယ်တန်း အောင်တော့ ဘာလုပ်ရမှာ လဲတဲ့။ သူတို့အနေနဲ့ ဆယ်တန်းမအောင် လည်း အရေး မကြီးဘူးပေါ့ကွ။ ငါ တစ်ခုတွေးမိတယ် ...ဆယ် တန်းအောင်တဲ့လူရော, မအောင်တဲ့လူရော အောင်မြင်ကြီးပွားနိုင်ပါ တယ်။ သူတို့ပြောသလိုပေါ့ ...ဘာမှတော့ လုပ်လို့မရပါဘူး။ ဒါပေမဲ့ အောင်ပြီလား, အောင်,အောင်လုပ်နိုင်ခဲ့လားလို့ မေးချင်တာ၊ အတူတူ ဆိုရင်တောင် ဆယ်တန်းအောင်တယ်ဆိုတာ ကတော့ ကွာသေးတာပဲ မဟုတ်လား''

''ဟုတ်တယ် ညီလတ် ...မင်း ရိုးရိုးလေးတွေးပေမယ့် ရှေ့ ဆက်တွေးရင် အရမ်းကျယ်ပြန့်လာမှာ သေချာတယ်၊ ငါ့ဦးလေးတစ် ယောက် ပြောသလိုပေါ့ကွာ ...ယောက်ျားမှန်ရင် တက္ကသိုလ် တက်ဖူးရမယ်၊ စစ်တိုက်ဖူးရမယ်၊ ပင်လယ်ခရီး ထွက်ဖူးရမယ် တဲ့။ နောက်ဆုံး တက္ကသိုလ်တက်ဖူးတဲ့လူက သင့်ကင်း (Thinking) တော့ ပိုထွားနိုင်တာပေါ့''

ဥာဏ်ထွန်းလင်းစကားကို အားလုံးက ခေါင်းညိတ် ထောက်ခံ ကြတယ်။ ကျွန်တော် တို့အုပ်စုကို တချို့တွေ က တေပေသော င်းကျန်း နေကြတဲ့လူငယ်တွေ လို့ ထင်ချင်ထင်လိမ့်မယ်။ ကျွန်တော် တို့မှာ ဒီလို အတွေးတွေ ရှိမယ်လို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ဘူး။

''ကဲ လာကြကွာ ...ငါတို့ရဲ့ နေရာသစ်ကို ချီတက်ကြ မယ်''

''အေး''

ဒီလိုဆိုတော့လည်း တစ်ယောက် တစ်ပေါက်နဲ့ ဆူညံပွက် လောရိုက်ပြီး ဒီ (D) အခန်းကို ဝရောဆို ဝင်သွားလိုက်ကြတယ်။ အတန်းပိုင်ဆရာ ဘယ်သူ ဖြစ်မလဲဆိုတာ မျှော်ရင်းနဲ့ အခန်းထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေရဲ့ ။ ကျွန်တော် တို့ မက်မက်မောမော ထိုင်တတ်တာက နံရံကပ်နေတဲ့ နောက်ဆုံးခုံပါ။ အဲဒီ ခုံတန်းကိုတော့ ဘယ်ကျောင်းသားမှ အတင်းလုပြီး နေရာမယူထားပါဘူး။ လွယ်အိတ် တွေ ကို နေရာချပြီး ကိုယ့်နေရာကိုယ် ခဏတော့ ဖင်အသားကျအောင် ထိုင်ကြည့်လိုက်ကြတယ်။

ကျောင်းသားနဲ့ကျောင်းသူ နှစ် ခြမ်းခွဲထားတဲ့ ခုံအစွန်းမှာ ထိုင် ရတာ က ညီညီနိုင်ပါ။ ဒီကောင် ဟိုဘက်အခြမ်းက ခေါင်းချင်းဆိုင်နေ တဲ့ မိန်းကလေးအဖွဲ့ကို ကြည့်ရင်း ...

''ဟဲ့ စုဘူး''

''ဘာလဲ ...ဘာလဲ''

စုဘူးဆိုတဲ့ ကောင်မလေးက ငေါက်ဆတ်ဆတ်ဖြေရင်း လှည့် ကြည့်တယ်။ ဒီကောင်မလေးနာမည် က နီလာပါ။ အိမ်နီးနားချင်း သူငယ်ချင်း တစ်ယောက် က အိမ်နာမည် ကို လွှတ်ခနဲ ခေါ်မိလိုက်က တည်းက စုဘူးလို့ ဖြစ်သွားတာ။ ငါတန်းလောက်ကပဲ စုလာတဲ့စုဘူးဆိုတော့ အတော် ပြည့်နေလောက်ပါပြီ။

''ဟဲ့ ...နင်တို့ နေကြာစေ့စားနေကြတာလား''

''ပဲကြီးလှော်ဟဲ့ ပဲကြီးလှော်၊ တောင်းမစားနဲ့ ...မကျွေး ဘူး''

ညီညီနိုင်မျက်နှာက ခပ်မှု န်မှု န် ဖြစ်သွားတယ်။ ပြီးမှ ...

''မစားပါဘူး၊ နင်တို့ကို ငါနဲ့ကပ်လျက်မို့ ပြောထားရဦးမယ် ...ပဲကြီးလှော်စားတာ ကတော့ စားပါ၊ စားပြီးရင် အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် ရောထားတာတွေ ကို စွတ်မသောက်နဲ့၊ ငါတို့ဘက်ကို ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ ကာဘွန်မိုနော့ဆိုဒ် ရောထားတဲ့လေတွေ လွင့်ပျံ့လာဦးမယ်''

''ဘာ ...ဘာ ...ဘာပြောတယ်''

စုဘူးတင် မဟုတ်ဘူး ...တစ်ဖွဲ့လုံး မျက်လုံးပြူးသွားကြ တယ်။ ဆယ်တန်းရောက်နေပေမယ့် ဝင်္ကဝုတ္တိတွေ ကို နားလည်ပုံ မပေါ်ဘူး။ ကျွန်တော် ကပဲ ညီညီနိုင်ရဲ့ ခန္ဓာကိုယ်ကိုကျော်ပြီး

''ပဲကြီးလှော်စား, ရေသောက်ပြီး အီးမပေါက်နဲ့လို့ ပြောနေ တာဟေ့၊ လေပုန်း, လေပုန်း မလွှတ်နဲ့''

ပြောပြီး ဝါးခနဲ ထရယ်လိုက်ကြတယ်။ ဟိုဘက်ကလည်း မသာ ...ခွေးကောင်တွေ ....လို့ အစုံဆဲဆိုပြီး ရမိရရာ ပဲကြီးလှော် ထုပ်တွေ နဲ့ ကောက်ပေါက်တော့တာပဲ။ ဖိုးဇော်က သူ့ပုဆိုးထဲကျလာတဲ့ ပဲကြီးလှော်ထုပ်ကို လှမ်းပြရင်း ...

''ပြန်ယူဦးမလား၊ ရေအဆုံး ကုန်းတစ်ဝက်ဆိုတော့ တစ်ဝက် ပြန်ပေးမယ်''

''နင်တို့ပဲ မျိုဆို့တော့၊ နင်တို့အနား ထိုင်ရတာ ငရဲကျတာပဲ''

''ဟဲ ဟဲ ...ငါတို့ကလည်း တော် ရုံတန်ရုံပါရမီနဲ့ ငါတို့အနား မှာ လာထိုင်လို့မရဘူးဆိုတာ သိသားပဲ''

စူပွပွနဲ့ပြောရင်း စုဘူးတို့အုပ်စု ကျောင်းစိမ်းအင်္ကျီကို ဘယ်လို ဆင်တူချုပ်ကြမယ်ဆိုပြီး ပြန်တိုင်ပင်နေကြတယ်။ သူတို့အထဲမှာ စု ဘူးက နာမည် နဲ့လိုက်အောင် ညိညိုလုံးလုံးလေးနဲ့ ချစ်စရာလေးပါ။ ကျန်တဲ့ ကေသီ၊ မိုးမိုးလှိုင်နဲ့ လင်းလင်းသော်တို့ကလည်း တစ်ယောက် တစ်မျိုး ကြည့်ကောင်းပါတယ်။ ဒါပေမဲ့လည်း ငယ်ငယ်ကတည်းကပဲ နှပ်ချေးတွဲလောင်းနဲ့ မြင်ခဲ့ရလို့ ဘယ်လိုမှ ခံစားလို့မရဘူး။ ကေသီ တစ်ခါ စာပေးခံရကတည်းက သူတို့အုပ်စု အပျိုလုပ်နေကြတာ။ ကျွန်တော် တို့ ကတော့ သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် ပဲ။ နိုး (သြ) ပါ။

ထွေရာလေးပါး ပြောနေကြတုန်း ဆရာမ တစ်ယောက် ဝင် လာလို့ ...

''မင်္ဂလာပါ ဆရာမ ''

ဆိုပြီး ထရပ်လိုက်ကြတယ်။ ကိုးတန်းတုန်းက စာသင်ခဲ့တဲ့ ဒေါ်လဲ့လဲ့နှင်းဆိုတဲ့ ဆရာမ ပါ။ ခု ဆယ်တန်းလည်း သူသင်ဦးမှာ လား မသိဘူး။ ဒုက္ခပါပဲ ...။ သူက ကျွန်တော် တို့ကို ကြည်တာ မဟုတ် ဘူး။ ကျွန်တော် တွေးနေတုန်းမှာ ပဲ ...

''ဟိုကောင် ...ဟိုကောင် ...ညီလတ်ရှိလား''

''ရှိပါတယ် ဆရာမ ''

လက်ညှိုးလေးထောင်ပြီး ကျွန်တော် ဖြေလိုက်တယ်။ ဆရာမ က လှမ်းကြည့်ပြီး ...

''ကဲ ကိုယ်တော် ...ဆရာမ ကြီးက ကြွခဲ့ပါဦးတဲ့၊ လာ ...လိုက်ခဲ့''

''ခင်ညာ''

လွယ်အိတ်ကလေးဆွဲပြီး ကုပ်ချောင်းချောင်းလေးနဲ့ ဆရာမ နောက်က လိုက်သွားရတယ်။ ဆရာမ ကြီးရုံးခန်းဆိုတာ ကျွန်တော့်  အတွက် မစိမ်းပါဘူး။ သူ့ရဲ့ အရွယ်အစားစုံတဲ့ ကြိမ်လုံးတွေ ဟာ စားစရာ,သောက်စရာတွေ ဆိုရင်တောင်မှ ကျွန်တော့် အတွက် စား အိမ်သောက်အိမ်လို ဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီနေ့လိုနေ့မျိုးမှာ ခေါ်တာ ဆိုတော့ စဉ်းစားလို့မရဘူး။ ဘာအပြစ်မှလည်း မလုပ်ထားသေးဘူးလေ။

ရုံးခန်းထဲမှာ ဆရာမ ကြီးက မိန့်မိန့်ကြီး ထိုင်နေတယ်။ ဘေး နားမှာ ရို့ရို့လေးလုပ်နေတာက ကျောင်းစောင့်,ကိုလှိုင်ဝင်းထွန်းပါ။ ဆရာမ က ခေါ်လာပါပြီလို့ ပြောလိုက်တယ်။ ဆရာမ ကြီးက ရွှေကိုင်း မျက်မှန်လေးပေါ်က သူ့ဖောက်သည်ဟောင်း ကျွန်တော့် ကို ကြည့်ရင်း ပြောတော့တယ်။

''ကဲ ညီလတ် ...မင်း မနှစ် က ကိုးတန်းအောင်စာရင်း ထွက်တဲ့နေ့က ဘာလုပ်ခဲ့လဲ''

''ဗျာ''

''အဲဒီ နေ့က ဘာလုပ်ခဲ့လဲလို့ မေးနေတာ''

ထပ်အော်လိုက်လို့ ကျွန်တော့် မှာ တုန်သွားရတယ်။ အမြန်စဉ်း စားလိုက်ပြီး ...

''ကျွန်တော် ...ကျွန်တော် အဲဒီ နေ့က အောင်စာရင်း လာ ကြည့်ပါတယ် ဆရာမ ကြီး၊ ပြီးတော့ အိမ်ကိုပြန်ပြေးပြီး အဖေနဲ့အမေကို ပြောပါတယ်၊ အမေက မုန့်ဖိုးပေးတယ်။ အဖေ ကတော့ သား ဒီနှစ် ဟာ ဆယ်တန်းတက်ရမှာ သားရဲ့ ဘဝ တစ်ဆစ်ချိုးပဲတဲ့၊ ဒီ ဆယ်တန်းဆိုတဲ့ တောင်ကြီးကို ကျော် ကျော်နိုင်ဖို့ ...''

''တော် တော့ ...အဲဒါကိုမေးနေတာ မဟုတ်ဘူး၊ မင်းတို့ အုပ်စု အဲဒီ နေ့က ညဘက် ကျောင်းနားလာပြီး ကျောင်းဝန်းထဲက အုန်းသီးကို တက်ခိုးစားကြတယ်ဆို''

''ခင်ညာ ...အဲ ...အဲဒါက''

သဘောပေါက် သွားပါပြီ။ ကျွန်တော် ကိုလှိုင်ဝင်းထွန်းကို ကြည့်လိုက်တယ်။ ဒင်းက မသိမသာ ခေါင်းခါပြတယ်။

''ငါ နောက်နေ့ အလှူရှိလို့ ကျောင်းဝန်းထဲက အုန်းသီး လာခူးတာ ဆယ်လုံးထက်မက ပျောက်နေလို့ လှိုင်ဝင်းထွန်းကို မေး ကြည့်တော့မှ မင်းတို့အဖွဲ့ လာခိုးစားသွားမှန်း သိရတာ ...ဘာပြော ချင်သေးလဲ''

''ဒီ ...ဒီလိုပါ ဆရာမ ကြီး ...အဲဒါက''

ကျွန်တော် ဖြေရှင်းမလို့ ကြိုးစားနေချိန်မှာ ပဲ ဆရာမ ကြီး ရုံးခန်းထဲကို မွှေးရနံ့လေးတစ်ခုနဲ့အတူ ကျောင်းစိမ်းကောင်မလေး တစ်ယောက် ရောက်ရှိလာပါတယ်။ အံ့သြမှင်သက်ပြီး ကြည့်နေတုန်း သူနဲ့ပါလာတဲ့ ဆရာမ က မိတ်ဆက်ပေးလိုက် တယ်။

''ဆရာမ ကြီး ...သူက ဒီနှစ် ဆယ်တန်းနဲ့ ပြောင်းလာတဲ့ ကျောင်းသူ မိုးဖြူမောင်ပါ''

''မင်္ဂလာပါ ဆရာမ ကြီး''

ကောင်မလေးက လက်အုပ်လေးချီပြီး တရိုတသေ နှုတ်ဆက် ပါတယ်။ ဆရာမ ကြီးက ပြုံးပြီး ...

''အေး ...မင်္ဂလာပါ သမီးရယ်၊ ကဲ ဆရာမ ...ဆို''

''ဒီလိုပါ ဆရာမ ကြီး ...ကျွန်မတို့ကျောင်းမှာ က အဆင့် အလိုက် အခန်းခွဲထားတော့ သူ့ကို ဘယ်အခန်းမှာ ထားပေးရမလဲလို့ လာမေးတာပါ''

ဆရာမ ကြီး စဉ်းစားသွားတယ်။ ဆရာမ ကြီးတွေ ဟာ အဲဒီ လို စဉ်းစားလေ့ရှိတယ်။ ကောင်မလေးက ဆရာမ ကြီးဆီက အဖြေကိုစောင့် ရင်း ကျွန်တော့် ကို မသိမသာ ခိုးကြည့်တယ်။ စပ်စုတာလား မသိဘူး။ သူ့စိတ်ထဲမှာ ခုနက ပြောသံဆိုသံတွေ ကြားပြီး စောစောစီးစီး ရုံးခန်း ရောက်ရတဲ့ ကျောင်းသားလို့ ထင်ချင်ထင်နေမှာ ပေါ့။ ဆရာမ ကြီးက ကျွန်တော့် ဘက် တစ်ချက်ဝေ့ကြည့်ပြီး ...

ညီလတ် ...မင်းကြိုက်တဲ့ကြိမ်လုံး ရွေးထားတော့၊ ဘယ် ဟာကြိုက်သလဲဆိုတာသာ ပြော''

ပြောပြီး ကောင်မလေးဘက် လှည့်သွားပြန်တယ်။ ရိုက်မယ့် ဟာကိုများ အထာထားလိုက်သေးတယ်။

''သမီးက ကျောင်းသူအသစ်ဆိုပေမယ့် ဆရာမ ကြီးတို့ကျောင်း ရဲ့ စည်းကမ်းအတိုင်း ...''

''ကျွန်တော် ဘယ်ကြိမ်လုံးမှမကြိုက်ပါဘူး ဆရာမ ကြီး''

''ဘာ''

အော်ရင်းနဲ့ ဆရာမ ကြီး ကျွန်တော့် ဘက် ပြန်လှည့်လာတယ်။ သူ့အသံကြီးကြောင့် ကောင်မလေး ဆတ်ခနဲ တွန့်သွားတယ်။

''အဲဒီ တုန်းက ဆရာမ ကြီး အလှူလုပ်ဖို့ လာကြည့်သလို ရပ်ကွက်တိုင်းမှာ လည်း ထမနဲထိုးပြီး အလှူလုပ်နေကြတဲ့ ရာသီပါ၊ ကျွန်တော် တို့သူငယ်ချင်းတွေ လည်း ရပ်ကွက်ထဲကအလှူမှာ ပါဝင်ချင် တာနဲ့ ပြဿနာမရှိလောက်ပါဘူးဆိုပြီး လာခူးမိတာပါ''

''ဘာပဲ ဖြစ် ဖြစ် မသိအောင်ယူတာ မင်းတို့ခိုးတာပဲလေ''

''ဒါဆို ဆရာမ ကြီးက အလှူအတွက် ခူးဖို့ လာကြည့်တာ လည်း ဘယ်သူမှမသိ ...''

''ဟေ့ ...တော် တော် ၊ မင်းပြောသလို ငါကပဲ ခိုးဖို့ ကြိုးစား သလိုမျိုး''

ဒါမျိုးကျတော့ ဆရာမ ကြီးက ပါးပါတယ်။ ဒီကျောင်းဟာ သူနဲ့ဆိုင်သလို ကျွန်တော် နဲ့လည်း ဆိုင်တာပဲမဟုတ်လား။ ဆရာမ ကြီး ဖြစ်သွားတဲ့ပုံစံကို ကြည့်ပြီး ဆရာမ နှစ် ယောက် ပြုံးစိစိ ဖြစ်သွားကြ တယ်။ ဟိုကောင်မလေးမျက်နှာလေးမှာ လည်း အရယ်ကလေး ဖြတ် ပြေးလို့။

''အပြစ်ရှိတယ်ဆိုရင် ဆရာမ ကြီး ကြိုက်တဲ့ကြိမ်လုံးနဲ့ ရိုက်ပါ ဆရာမ ကြီး''

ကျွန်တော် မျက်နှာသေလေးနဲ့ ပြောလိုက်တော့ ဆရာမ ကြီး ခေါင်းစားသွားတယ်။ သူကြိုက်တဲ့ကြိမ်လုံးကို မြင်ယောင်ကြည့်ရင်း သူများ လာခူးမိရင်ဆိုပြီး တွေးချင်တွေးမိနေမှာ ပေါ့။ ပြီးမှ သက်ပြင်း အရှည်ကြီးချရင်းနဲ့ (အလှူအတွက်ဆိုတော့လည်း) ...

''ကဲ ကဲ ...မနှစ် ကအမှု ကို ဒီနှစ် အစမှာ ရုံးခန်းရောက်ရ တာလည်း မကောင်းဘူး၊ တော် ကြာ င့ါကျောင်းက ကျောင်းသားကို ကျောင်းဖွင့်တဲ့နေ့မှာ ပဲ ရိုက်နှက်ဆုံးမရတယ်လို့ ဖြစ်နေကြဦးမယ်၊ မောင်ညီလတ်''

''ခင်ညာ''

''ဒီရုံးခန်းမှာ ကပ်ထားတဲ့သင်ပုန်းကို ကြည့်စမ်း ...အဲဒါ ဒီကျောင်းက လိမ်လိမ်မာမာ, ထူးထူးချွန်ချွန်နဲ့ အောင်သွားတဲ့ ကျောင်း သူကျောင်းသားနာမည် တွေ ချည်းပဲ၊ မင်းတို့အဖွဲ့က ဆိုးသွမ်းတာ မဟုတ်ပေမယ့် သော င်းကျန်းလွန်းတယ်၊ ငါ့ရုံးခန်းထဲက သင်ပုန်းမှာ နာမည် ပါနိုင်အောင် ကြိုးစားပါ ...ကြားလား''

''ဟုတ်ကဲ့ပါ ဆရာမ ကြီး''

အရင်လိုပဲ ကတိတွေ ပေးရင်း၊ အကဲခတ်လိုက်တော့ ကောင်မ လေးကလည်း နံရံကနာမည် တွေ ကို လိုက်ဖတ်နေတယ်။ ဆရာမ ကြီး ကပဲ ...

''သမီးလည်း ကြိုးစားနော်၊ ဆရာမ ...သူ့ကို ဒီ (D) အခန်းမှာ ပဲ ထားလိုက်၊ ပြီးမှ အဆင့်အလိုက် ပြောင်းပေးပေါ့''

ဆရာမ ကြီးက ခေါ်သွားဆိုလို့ ကောင်မလေး ကျွန်တော့် ဘေး နားမှာ ကပ်ပါလာတယ်။ ကျွန်တော့် ရင်ထဲမှာ လင်းတစ်လှည့် မှော င် တစ်လှည့်နဲ့ တစ်မျိုးလေးပဲ။ အခန်းရှေ့နားရောက်တော့ ...

''မိုးဖြူမောင်နော် ...နင့်နာမည် က၊ နင် အရင်ဝင်သွားလိုက် တော့၊ တော် ကြာ ငါနဲ့တွဲဝင်လာလို့ ငါ့ကို ကျန်တဲ့ကောင်တွေ မနာ လို ဖြစ်နေဦးမယ်''

သူ့မျက်စောင်းဖြူဖြူလေးဟာ ကျောင်းဖွင့်တဲ့နေ့ကပဲ ကျွန် တော့် ဆီ စူးစိုက်စေခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ...။

( ၃ )

နောက်ပိုင်းမှာ မိုးဖြူမောင်နဲ့ပတ်သက်ပြီး ကျွန်တော် တွေး ထင်ထားတဲ့ကိစ္စတွေ ဟာ တော် တော့် ကို မှန်ပါတယ်။ ဒီကြားထဲ ဘာမှ ထိခိုက်ဒဏ်ရာမရလို့ သွေးထွက်အောင် မှန်တယ်လို့တော့ ပြောလို့မရ ပါဘူး။ မိုးဖြူမောင်ကို ရပ်ကွက်ထဲမှာ စတွေ့ ဖူးကတည်းက ဒီရုပ်ဒီရေ လေးနဲ့ ဘယ်နေရာမှာ ပဲ ဖြစ် ဖြစ် ကျော်ကြားလာဦးမှာ ပဲလို့ တွေးထားတာ ပါ။ ခု ကျောင်းတက်တော့လည်း မြို့ကြီးသူပီပီ ကျောင်းစိမ်းအင်္ကျီဖြူ ဒီဇိုင်းဆန်းဆန်းလေးတွေ နဲ့ သူမဟာ ရင်ပွင့်အောင် လှနေတော့တာပဲ။ ကျွန်တော့် ရဲ့ ဆယ်တန်းကျောင်းသားဘဝမှာ မိန်းကလေး တစ်ယောက် ရဲ့ အလှကို ပထမဆုံး စူးစမ်းဖူးတာပါ။ အဲဒီ တုန်းက အဲဒီ ထက် မပိုခဲ့ပါ ဘူး။

သူ့အဖေဟာ အရာရှိတစ်ဦးပါ။ ဒီမြို့ကို တာဝန်နဲ့ပြောင်းလာ လို့ မိုးဖြူမောင်ဟာ ကျောင်းပြောင်းတက်ရတာ ပေါ့။ သူ့မှာ သူ့လောက် နီးနီးလှတဲ့ (ကျွန်တော့် အမြင်ပါ) အစ်မ တစ်ယောက် ရှိသေးတယ်။ ကျွန်တော် ကတော့ ခပ်လှမ်းလှမ်းကပဲ မြင်ဖူးတယ်။ သူ့အစ်မက တက္ကသိုလ်တက်ဖို့ စောင့်နေတာလို့ သတင်းကြားရတယ်။ ထားပါတော့ ...ဒီနေရာမှာ သူ့အစ်မအကြောင်း စာလုံးပေါင်းနေစရာ မလိုပါဘူး။

ကျောင်းဖွင့်လို့ တစ်ပတ်နှစ် ပတ်အကြာမှာ တော့ ကျွန်တော် တို့ရဲ့ ဒီ (D) အခန်းဟာ နာမည် ကြီးလာပါတယ်။ စာတွေ အရမ်းတော် လာကြတာ မဟုတ်ပါဘူး။ ကျွန်တော် တို့ကို ကြည့်မရတဲ့ စုဘူးတို့အုပ်စု က လှတပတလေးတွေ ဖြစ်နေရတဲ့အထဲ မိုးဖြူမောင်က သူတို့နဲ့အဖွဲ့ ကျသွားတော့ မုန့်စားကျောင်းလွှတ်ချိန်ဆိုရင် လာကြည့်ကြတဲ့ ကျောင်း သားတွေ တဖွဲဖွဲပါပဲ။ ကျွန်တော် တို့ ကတော့ ခုံတန်းချင်းကပ်လျက် ဆိုတော့ အနီးကပ်ကြည့်ခွင့်၊ အနီးကပ် စခွင့်တွေ ကို မပေးဘဲ ရထား တယ်၊ မတောင်းဘဲ ပြည့်တဲ့ဆုပေါ့။

ခုလည်း အတန်းတစ်ချိန်ပြီးသွားလို့ ဆရာမ လာသေးခင်မှာ စုဘူးတို့က မိုးဖြူမောင်ကို အင်တာဗျူး တာ ကြားနေရတယ်။

''ဟဲ့ မိုးဖြူ ...ဟိုလေ ...နင့်အင်္ကျီရင်ဘတ်မှာ စီးကွင့်ထိုး ထားတာက ဟို ...ရန်ကုန်မှာ ထိုးလာတာလား''

''ဟင့်အင်း ...အိမ်ကမမ ထိုးပေးတာလေ၊ မမက အဲဒါတွေ ဝါသနာပါတယ်၊ ငါ့အင်္ကျီတွေ ဆိုရင် သူပဲ အကုန်ထိုးပေးထားတာ''

''ငါတို့လည်း လိုချင်လိုက်တာဟာ၊ ဒီမှာ က စီးကွင့်ကောင်း ကောင်း ထိုးတတ်တဲ့ဆိုင် သိပ်မရှိဘူးဟ''

''ဟုတ်လား''

အဲဒီ အသံတွေ ကြားနေရတုန်းမှာ ပဲ ဖိုးဇော်က တစ်စခန်းထ လာပါတယ်။ ထင်တဲ့အတိုင်းပဲ ...။

''ညီလတ် ...မင်းပုဆိုးဖင်ပေါက်ကို ဘယ်မှာ သွားဖာထားတာလဲ၊ လက်ရာက ညီတယ်ကွ ...ကင်းခြေများ ကပ်နေတဲ့အတိုင်း ပဲနော်''

ဒီလောက်ဆို ကျွန်တော် သဘောပေါက်ပါတယ်။ ခပ်တည် တည်ပဲ ...

''အေး ...တွေ့ တဲ့အတိုင်းပဲ၊ အိမ်က ငါ့အမေက ဒါမျိုး သိပ်ကျွမ်းတာကွ၊ င့ါပုဆိုးအပြဲတွေ ကို သူပဲ ဒိုင်ခံဖာပေးတာ၊ ဒီမှာ ကြည့်ဦးလေ ...''

ကျွန်တော် က မတ်တတ်ရပ်ပြီး အတွင်းထဲမှာ ထည့်ဝတ်ထား တဲ့ နောက်ဖာရာလေးတစ်ခုကိုတောင် ထပ်ပြလိုက်သေးတယ်။ ဟိုဘက်ကအုပ်စုလည်း ဝုန်းခနဲ လှည့်ကြည့်ကြလေရဲ့ ။ ဖိုးဇော် ကတော့ မသိချင်ဟန်ဆောင်ပြီး ဆက်မေးနေတယ်။

''အေးကွာ ...ငါတို့ပုဆိုးတွေ လည်း ဖာချင်လိုက်တာ၊ အိမ် က ငါ့အဒေါ် ဖာပေးလိုက် ရင် တွန့်ကုန်ရောကွ''

''ဟုတ်လား ...မပြဲအောင် ဝတ်ပေါ့ကွာ၊ ငါ့အမေကတောင် နင့်ဖင်မှာ ဓားပါနေလားဆိုလို့ ငါလည်း မပြဲအောင် ဂရုစိုက်နေရ တယ်''

''အဟီး ...ဟုတ်တယ်ကွ ...ငါတို့ကလည်း ငါတို့ပဲ၊ ပြဲရ ပေါက်ရတာ နဲ့''

''ဖိုးဇော်ကြီး''

ဟိုဘက်အုပ်စုက မိုးမိုးလှိုင် လှမ်းအော်လိုက်တာပါ။ ဖိုးဇော်က 'ညတ်ချွာဖြား'လို့ အသံလုပ်ပြီး လန့်သွားသလို ပြန်ကြည့်လိုက်တယ်။ မိုးမိုးလှိုင်ကပဲ ...

''နင်တို့က ဘာသဘောလဲ''

''ဟ ...ဘာသဘောရမှာ လဲ ...ဒီမှာ ပုဆိုးပြဲလို့ ဖာရတဲ့ အကြောင်း ပြောနေတာလေ''

''နင် မမိုက်ရိုင်းနဲ့နော်''

''အာ မိုးမိုးရယ် ...နင် မယုံဘူးလား၊ ညီလတ် ထပြီး လှန်ပြလိုက်''

''အေး အေး''

ကျွန်တော် ဆတ်ခနဲ ထရပ်လိုက်လို့ မိုးမိုးလှိုင် မျက်နှာရဲ သွားတယ်။ ပြတောင်မပြလိုက်ရပါဘူး။ စုဘူးက ကြားဖြတ်ပြီး ...

''တော် တော် ...နင့်ဖာတစ်ရာပုဆိုးကို ဘယ်သူမှ မကြည့် ချင်ဘူး''

''အဲလိုမပြောပါနဲ့ဟာ ...ဖာတစ်ရာဆိုတာ အလှူတစ်မျိုး လို့ ငါကြားဖူးတယ် ...ဟို ...''

''ညီလတ် ...နင်လည်း တော် နော်၊ ငါတို့ မိုးဖြူကို မေးနေ တာကို နင်တို့ ဝင်လှောင်နေကြတာ မဟုတ်ဘူးလား ...ကဲ ဖြေလေ''

''ဟုတ်တယ် ...ဖြေလေ ...မဟုတ်ရင် ဆရာမ နဲ့ တိုင် မယ်''

ကေသီနဲ့ လင်းလင်းသော်ကပါ ဝင်ပြီး မာန်မဲနေသေးတယ်။ ကျွန်တော် အမှတ်မထင် ကြည့်လိုက်တော့ မိုးဖြူမောင်ရဲ့ မျက်နှာ လေးဟာ စိတ်ဆိုးတာရော၊ ကျန်တဲ့ကျောင်းသူ,ကျောင်းသားတွေ ကပါ ပြုံးစိစိနဲ့ ကြည့်နေကြတာကြောင့် ရှက်နေတဲ့ပုံစံလေးရော ပြိုင်တူ ဖြစ်နေတယ်။ ပြီးမှ အားလုံးထဲမှာ ငပွကြီးလို့ယူဆရတဲ့ ကျွန်တော့် ကို စေ့စေ့ကြည့်ရင်း ...

''နင်တို့ အဲလို လိုက်လှောင်နေတာ အရမ်းအောက်တန်းကျ တယ်''

ပြောပြီး တစ်ဖက်ကို မျက်နှာလှည့်သွားလေရဲ့ ။ ကျန်တဲ့ စုဘူး နဲ့ အပေါင်းပါတွေ ကတော့ ကဲ ...မှတ်ပြီလား ဆိုတဲ့ အားရသွား သလိုပုံစံတွေ နဲ့ ကြည့်ကြတယ်။ အဲဒါ သူတို့အမှားပဲ။ ကျွန်တော့် မှာ အမှတ်မှ မရှိတာ ...သူတို့သိရဲ့ နဲ့။ မိုးဖြူမောင်စကားကို စိတ်မနာ မိပေမယ့် ကျွန်တော့် မျက်နှာလေးကို ညှိုးငယ်အိုစာသွားသလို ဖန်ဆင်း ပစ်လိုက်တယ်။ သူတို့တစ်ဖွဲ့လုံးကို (မိုးဖြူမောင် ကတော့ တစ်ဖက်လွှဲ နေဆဲပါ) ရီဝေဝေကြည့်ရင်း လေသံအက်အက်လေးနဲ့ ...

''စုဘူးရာ ...နင်တို့တွေ ကို ငါ ဟိုးသူငယ်တန်းကတည်းက စလာတာပါ၊ ဒါ ကျောင်းသားဘဝရဲ့ ပျော်စရာတွေ မဟုတ်ဘူးလား၊ ခုကျမှ ဒါဟာ အောက်တန်းကျတာတဲ့လား၊ ရပါတယ်ဟာ ...ငါတို့ နောက်ကို ဘယ်တော့မှ မစတော့ပါဘူး၊ ငါ တကယ် ဝမ်းနည်းတယ် ဟာ ...ဘဝမှာ အဲလို တစ်ခါမှ အပြောမခံရဖူးဘူး၊ နင်တို့ကို ပျော်စေချင်တဲ့စိတ်နဲ့ပဲ၊ ငါကျေနပ်ပါတယ် ...ဟူး''

''ညီလတ် သူငယ်ချင်း''

ညီညီနိုင်က စိတ်မကောင်းဟန်နဲ့ ကျွန်တော့် ကို လှမ်းဆွဲတယ်။ ဖိုးချိုကလည်း ထားလိုက်ပါကွာ၊ သိပ်ခံစားမနေပါနဲ့ ဆိုပြီး နှစ် သိမ့်နေ တယ်။ သူတို့လည်း တစ်မျိုး ဖြစ်သွားတဲ့ပုံပဲ။ကျွန်တော် က အဝေးကို ကြည့်ပြီး (နံရံခံနေလို့ နံရံကြီးကိုပဲ မြင်ရပါတယ်)

''အေးပါကွာ ...မင်းတို့လည်း နောက်ကို မစကြနဲ့နော်၊ ငါတို့က သူတို့ထင်သလို ...''

ကျွန်တော့် အသံကို တိမ်ဝင်ပစ်လိုက်တယ်။ ဆို့နစ်သွားသလို မျိုးပေါ့။ ငေးကြောင်ပြီးကြည့်နေကြတဲ့ စုဘူးတို့အဖွဲ့လည်း နှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြတယ်။ ကေသီက မိုးဖြူမောင်ကို ဘာကပ် ပြောလိုက်လဲ မသိဘူး ...လှည့်ကြည့်လာတဲ့ သူ့မျက်ဝန်းလေးထဲမှာ အားနာမှု တွေ ပေစွန်းနေတယ်။ ကေသီက စိတ်မကောင်းဟန်လေး ဖြစ်သွားတဲ့ပုံစံနဲ့ ...

''ညီလတ် ...ဆောရီးဟာ၊ မိုးဖြူက နင့်ကို အဲဒီ သဘောနဲ့ ပြောတာမဟုတ်ပါဘူး၊ လွန်သွားရင် ငါတို့ပဲ တောင်းပန်တယ်ဟာ၊ နင်စတာက ငါတို့အတွက် ရိုးနေပေမယ့် သူ့အတွက်ကျတော့ တစ်မျိုး ဖြစ်နေမှာ ပေါ့၊ ငါတို့တောင် ပထမ စိတ်ဆိုးသေးတာ''

''အေးလေဟာ ...ညီလတ်ကလည်း စိတ်မကောင်းမ ဖြစ် ပါနဲ့''

လင်းလင်းသော်ကလည်း ဝင်ဖေးမတယ်။ ဒါတောင် ကျွန် တော့် မျက်နှာက ညှိုးငယ်နေတုန်းပဲ။ သူတို့အားလုံးကို ခြုံငုံကြည့်လိုက် ရင်း ...

''ရပါတယ်ဟာ ...ငါကျေနပ်ပါတယ်၊ ငါ့ဘက်ကလည်း တောင်းပန်ရမှာ ပါ၊ ငါကလည်း အမြဲစနေမိတာကိုး၊ စုဘူး ...နင် မှတ်မိသေးလား''

''အန် ...ဘာလဲ''

''ဟို ...သုံးတန်းတုန်းကလေ၊ ငါ နင့်ကို နောက်ကနေ ဘောင်းဘီဆွဲချွတ်ချတော့ နင်ငိုပြီး ရှူးရှူးတွေ ထွက်ကျခဲ့တာကို၊ ငါလည်း ငါပဲဟာ''

''ဟဲ့ ဟဲ့ ...ညီလတ် ...ဘာတွေ ...''

မျက်နှာတစ်ခုလုံး ရဲဗလောင်းခတ်ပြီး စုဘူးခမျာ မလုံမလဲ ဖြစ်သွားရတယ်။ နာမည် နဲ့တောင် မလိုက်ဘူး။ အမှန်တရားဆိုတာ ဖုံးဖိထားလို့ ဘယ်ရမလဲ။ ကျွန်တော် က စကားကို မရပ်သေးဘူး။

''ပြီးတော့ ကေသီဆိုလည်း ခံရတာ ပဲ၊ ကေသီက ငယ်ငယ်က အစားပုတ်တယ်လေ၊ ငါ သူ့နောက်တန်းမှာ ကပ်ထိုင်ရတုန်းက သူက အီးခဏခဏပေါက်တာ၊ ငါလည်း နံလွန်းလို့ စိတ်မရှည်တာနဲ့ ကေ သီ့အတွက်လို့ ပြောင်းဖူးရိုးကြီးမှာ စာကပ်ပြီး လွယ်အိတ်ထဲ ထည့်ထား ပေးလိုက် တာ။ မိုးမိုးလှိုင်တုန်းကလည်း ...''

''ဟယ် ညီလတ် ...မသာ ...တော် တော့၊ ငါတို့ခုံတန်း နောက်ကျောမှာ အီးသံကင်းမဲ့ဇုန်လို့ ကပ်ထားတာတွေ , နင် ငါ့လွယ် အိတ်ထဲ ဖားတွေ လာလာထည့်တာ ပြောဦးမှာ မဟုတ်လား ...ငယ် ကျိုးငယ်နာတွေ မဖော်နဲ့နော်''

သူဖြေရှင်းတော့မှပဲ အကုန်ပေါ်သွားရတယ်။ ဒါပေါ့ ဒေါသ ရှေ့ထား မှားတယ်ဆိုတာ။

''အဟီး ...နင်ပဲ ကြီးရင် ဆရာဝန်လုပ်ချင်တယ်ဆို၊ ဖား ကျတော့ ကြောက်တယ်''

ခဏနေတော့မှ ပြုံးစိစိ ဖြစ်နေကြတဲ့ သူတို့ပါးစပ်က ...

''ညီလတ် ...မသာကြီး''

လို့ သံပြိုင်အော်ြ ကတော့တယ်။ သူတို့မျက်နှာတွေ မှာ စိတ်ဆိုး တဲ့အရောင် တွေ မရှိတော့ပါဘူး။ မိုးဖြူမောင် တစ်ယောက် ပဲ ကျွန်တော့်  ကို ကြောင်တက်တက်ကလေးနဲ့ ကြည့်နေတယ်။ ခဏနေတော့ သူ့ မျက်နှာကို ဆံပင်စင်းစင်းလေးတွေ နဲ့ ဝှက်ကွယ်လိုက်လေရဲ့ ။ သူလည်း ရယ်ချင်ရှာမှာ ပေါ့လို့ တွေးမိတယ်။

ဆရာမ ,ဝင်လာလို့ စကားတွေ ပြတ်သွားကြတယ်။ စာသင် နေရလို့ ပြန်ဆက်လို့လည်း မရပါဘူး။ ညနေ ကျောင်းဆင်းတော့ လင်းလင်းသော်က ကပ်ပြောသွားသေးတယ်။

''နင်ဟာလေ တော် တော် မလွယ်တဲ့ကောင်ပဲ၊ ငါတို့တင် မဟုတ်ဘူး ...အစတုန်းက မိုးဖြူလည်း နင့်ကိုအားနာပြီး တကယ် စိတ်မကောင်း ဖြစ်သွားတာဟ၊ ပြီးမှ နင် တမင် ဟန်လုပ်ပြီး ပေါက်ကရ တွေ ပြောတော့မှ ...''

''ဘာလဲ ...ငါ့ကို သဘောထားပြည့်တယ်ဆိုပြီး သဘောကျ သွားလို့လား ...ဟဲ ဟဲ''

လင်းလင်းသော်က နှာခေါင်းရှုံ့ပါတယ်။ ကျွန်တော့် ကို မျက် စောင်းခဲပြီး ...

''ကျပါလိမ့်မယ် အားကြီးကြီး ...နင့်ကို မျက်နှာရူးလို့ ပြော သွားတာ ...သိပြီလား''

ဘယ်လိုမှ မခံစားရပါဘူး။ မျက်နှာရူးဆိုတာ ဟန်ဆောင်ထား တဲ့ မျက်နှာတွေ ထက် အပြစ်ကင်းတယ်လို့တောင် ပြောလိုက်ချင်သေး တယ်။

*


( ၄ )

မိုးနေ့တွေ ဟာ ကျောင်းသားဘဝတွေ ကို စွတ်စိမ့်စေခဲ့ပြီး မြောက်ပြန်လေနဲ့အတူ နှင်းရိုင်းတွေ ဟာ ကျွန်တော် တို့လွယ်အိတ်တွေ ထဲကို ခစားခိုဝင်လာတော့မယ်။ ကျွန်တော့် ရာသီခွင်မှာ တော့ မိုးဖြူ မစဲခဲ့သလို မိုးမည်းကြီးလည်း မရွာခဲ့ပါဘူး။ မိုးဖြူဆိုတဲ့ ကောင်မလေးနဲ့ ပတ်သက်မှု တွေ ဟာ ဖြူဖြူစင်စင်နဲ့ တစ်နွယ်ပြီးတစ်နွယ် ငင်လာတော့ တာပဲ။ ဒါကို ဘယ်လိုခံစားမှု လို့ အမည် ပေါက် မတပ်ရဲပေမယ့် သူငယ် ချင်းသံယောဇဉ်ဆိုတာထက်တော့ ပိုကောင်းပိုမှာ ပါ။ ဖြစ်နိုင်ရင် နောင် တစ်ချိန်ကျရင်ပေါ့။ သူငယ်ချင်းလွယ်အိတ်ထဲမှာ ချစ်သူဆိုတာကို ကျွန်တော် စိတ်ကူးနဲ့ ရွယ်ခူးချင်ပါတယ်။

မိုးဖြူဟာ ခေတ်ဆန်သွက်လက်သူမျိုး မဟုတ်ပေမယ့် ခေတ်မီ ရိုးရှင်းသူလေးပါ။ ကျွန်တော် ကတော့ သူ့ကို စလိုက် စိတ်ပြေအောင် ပြန်လုပ်လိုက်နဲ့ ဘယ်နေ့တွေ မှာ မှ ပြဿဒါးဆိုတာနဲ့ အဆုံးမသတ်ရ ပါဘူး။ တစ်ရက်လုံး စိတ်ဆိုးနေပါစေ ...အိမ်ပြန်ချိန်ရောက်ရင် မိုးဖြူ စိတ်ကြည်လင်သွားအောင် ကျွန်တော် တတ်နိုင်ခဲ့ပါတယ်။

တစ်ခါတစ်ခါ အာရုံမကျလို့ ကျွန်တော် တို့ မစ,မနောက်မိ ဖြစ်တဲ့နေ့များ မှာ ဆို သူတို့အဖွဲ့နဲ့ စကားကောင်းကောင်း ပြော ဖြစ်ကြ တယ်။ အဲဒီ အခါကျရင် မိန်းကလေးတွေ ရဲ့ ထုံးစံအတိုင်း ကြီးလာရင် ဘာလုပ်မယ်၊ ဘာကိုင်မယ်ဆိုပြီး စပ်စြု ကတော့တာပဲ။ စုဘူးက ပြော လာတာပါ။

''ဟဲ့ ဖိုးဇော် ...နင်ကြီးလာရင် ဘာလုပ်မှာ လဲ''

ရုတ်တရက် အရင်းမရှိ,အဖျားမရှိ မေးလိုက်လို့ ဖိုးဇော် လန့် သွားတယ်။ တခွီးခွီးရယ်ပြီး ...

''ဘာကြီးတာကို ပြောတာလဲဟ''

''နင်နော် ...အသက်ကြီး, ဘွဲ့ရရင် ပြောတာပေါ့ ... တွေးရင် ပေါက်ကရတွေ ချည်းပဲ''

''အင်း ...ကြီးလာရင်လား ငါက ဝန်ထမ်းထက် ကိုယ်ပိုင် စီးပွားရေး လုပ်ချင်တာဟ၊ ဥပမာ ...ဈေးဆိုင်ရောင်းတာမျိုးပေါ့ဟာ၊ ပြီးရင်တော့ မိန်းမယူမှာ ပေါ့''

''အောင်မာ ...ဆယ်တန်းတောင် မအောင်သေးဘူး ... မိန်းမက ပါလာပြီ''

''ဒါ ကတော့ဟာ ငါလည်း ပုထုဇဉ်ပဲလေ၊ ငါ့ကိုချည်း မပြော နဲ့ ...နင်တို့ထဲမှာ လည်း စာပေးခံရတာ တွေ ရှိသားပဲ၊ ငါ မပြောလိုက် ချင်ဘူး''

ဖိုးဇော်စကားကြောင့် ကေသီ မလုံမလဲ ဖြစ်သွားတယ်။ ဘာမှ မပေါ်ပေမယ့်လည်း ကေသီက စာပေးခံရဖူးတယ်။ ဒါပေမဲ့ ပြန်ကြိုက် တာတော့ မဟုတ်ပါဘူး၊ ကျွန်တော် တို့အထဲမှာ ညီညီနိုင်က ကေသီ့ကို ခုတလော ခိုးခိုးကြည့်နေတာကိုး။ ဒါကို ကာယကံရှင် ဒင်းက သိပုံရ တယ်။ ရှက်ကိုးရှက်ကန်းနဲ့ ကေသီက ...

''သူ့ဟာသူ စာပေးတာပဲ ...ငါ ပြန်ကြိုက်တာ မဟုတ်တာ၊ ဆရာမ ကို တိုင်လိုက်တာ နင် မမြင်ဘူးလား''

''သိပါတယ် ...အဲဒါကြောင့် လည်း တချို့ကောင်တွေ လန့် နေပုံရတယ်၊ ဟဲ ဟဲ ...မျိုသိပ်ပေါ့ဟာ ...ဟဲ ဟဲ''

ညီညီနိုင်ကို စွေကြည့်ပြီး မထိတထိပြောလိုက်လို့ ဒီကောင် မျက်နှာမည်းသွားတယ်။ နဂိုကမှ မဖြူတော့ ရဲမသွားဘူးလေ။ စုဘူးက ကေသီ ပိုရှက်သွားတာကို ကြည့်ပြီး ...

''နေကြစမ်းပါဦးဟာ ...ဟန်လင်းဦး ...နင်ကကော ဘာ လုပ်ဖို့ရည်ရွယ်ထားလဲ''

''ငါလား ...ငါက အင်ဂျင်နီယာလုပ်ချင်တာဟ''

''အေး အေး ...နောက်မှ နင့်ကို ငါ့အိမ်လာဆောက်ခိုင်း ဦးမယ်၊ ဒါနဲ့ ညီလတ် နင်ကော''

စပ်ဖြဲဖြဲပြောရင်း စုဘူးက ကျွန်တော့် ဘက်လှည့်လာတယ်။ ကျွန်တော် က ပြီတီတီလုပ်ရင်းနဲ့ ...

''ငါလား ...ဘွဲ့မှ မရသေးဟာတာ၊ ဘွဲ့ရလို့ မိန်းမယူရင် နင့်ကိုတော့ မစဉ်းစားဘူး''

''အေးပါ ...ငါလည်း ဝမ်းသာပါတယ်၊ နင့်မှာ က ယူမယ့်သူ ရှိတာပဲ ...ခစ် ခစ်''

သူ့စကားကြောင့် ကျွန်တော် ရှက်သွားတယ်။ စုဘူးက ဖိုးချို အစ်မနဲ့ ကျွန်တော့် ကို ရည်ရွယ်ပြီး စနေတာပါ။ မိဘချင်း ရင်းနှီးလို့ အဖေတွေ က ကြီးလာရင်ပေးစားမယ်လို့ ပြောဖူးတယ်ဆိုပြီး ကျွန် တော် က (မိုးဖြူ မပြောင်းလာခင်အထိ) မျက်နှာပြောင်ဖူးတယ်။ ကျွန် တော် က ဖိုးချိုအစ်မကို (လုံးဝ) မကြိုက်သလို သူ့အစ်မကလည်း ကျွန်တော့် ကို ခံစားလို့ရတာ မဟုတ်ဘူး။ ခုတောင် 'အဆီ'လို့ နာမည် ရ တဲ့ကောင်တစ်ကောင်နဲ့ ဘာလိုလို ဖြစ်နေလို့ ဖိုးချိုခမျာ ဖင်ကျိန်းနေ တာ။ ခုလည်း မိုးဖြူရှေ့မှာ မို့ ဘာကြောင့် မှန်းမသိဘဲ ရှက်သွားတာပါ။

ကျွန်တော် က အဲဒီ အမေးကို မတုံ့ပြန်ဘဲ စုဘူးကို ပြန်မေးလိုက် တယ်။

''ထားပါတော့ ...နင်ကကော ဘာလုပ်မှာ လဲ၊ နင့်ပုံစံက တော့ ဘွဲ့မရခင်မှာ လင်ရမယ့်ပုံစံမျိုးပါ''

''ဝေးသေး ဝေးသေး ...ငါက ကျောင်းဆရာမ ,လုပ်မှာ ''

''တယ်ဟုတ်ပါလား ...ဒါနဲ့ မိုးဖြူကကော''

ဖျတ်ခနဲ မေးလိုက်လို့ မိုးဖြူမျက်နှာလေးက လက်ခနဲ ဖြစ် သွားတယ်။ ရှက်ဝါးဝါးပုံစံလေးနဲ့ ...

''နင်တို့ မရယ်ရဘူးနော် ငါပြောရင်''

''အဟီး ...မရယ်ပါဘူးဟ''

ကျွန်တော့် ဆီ မျက်စောင်းလေး ဝင့်ခနဲ ရောက်လာသေး တယ်။ ပြီးမှ ...

''ငါက လုပ်ချင်တာ နှစ် ခုရှိတယ်ဟ၊ ပထမက ဆရာဝန် ဖြစ်ချင်တာ၊ နောက်တစ်ခု ကတော့ မပြောချင်သေးဘူး''

''ငါ့ရည်းစား ဖြစ်ချင်တာလား''

ဟဲ ဟဲ ...အဲလိုမပြောရဲပါဘူး။ ပါးရိုက်ခံရမှာ ပေါ့။ စိတ်ထဲ က ကျူးကျူးကျော်ကျော် စလိုက်တာပါ။ ပါးစပ် ကတော့ ...

'' ဖြစ်မှာ ပါဟာ ...နင်က စာတော် တာပဲ၊ ငါလည်း နင် ဆရာဝန် ဖြစ်မှ နေမကောင်းလာ ဖြစ်ပြဦးမယ် ...ကုပေးမှာ လား''

''ကုပေးမှာ ပေါ့ ...ဆရာဝန်ဆိုတာ အမြင်ကတ်တာတွေ , မုန်းတာတွေ ရှိလည်း ဆရာဝန်စိတ်ကို မွေးထားရတာ ''

မိုးဖြူစကားကြောင့် အားလုံးမျက်နှာတွေ ပြုံးရိပ်သန်းသွား ကြတယ်။ ဒါ ကျွန်တော့် ကို အမြင်ကတ်တယ်လို့ ပြောချင်တဲ့ပုံပဲ။

ကျွန်တော် က ...

''ငါလည်း ပထမ ဖြစ်ချင်တာကို မပြောသေးဘူး၊ ဒါပေမဲ့ နောက်တစ်ခု ဖြစ်ချင်တာက ကဗျာဆရာဟ၊ အဲဒါမှ ငါချစ်တဲ့, ငါမြတ် နိုးတဲ့လူကို ရည်ညွှန်းဖွဲ့သီလို့ရမှာ ပေါ့''

''ကဗျာဆရာ ...ဟုတ်လား၊ ငါ ကတော့ ငယ်ငယ်က သင် ခဲ့ဖူးတဲ့ ဒီကဗျာလေးကို အချစ်ဆုံးပဲ''

လွယ်အိတ်ထဲက စာအုပ်ကိုထုတ်ရင်း မိုးဖြူက ကဗျာလေး တစ်ပုဒ် ကူးထားတာကို တကူးတကန့်ပြပါတယ်။ လက်ရေး ဝိုင်းဝိုင်း လေးတွေ နဲ့ပေါ့။

တောင်တောရယ်သာ

မာလာက ငုံဖူး

တစ်ပင်ကို နှစ် ပင်ယှက်တယ်

ကျေးငှက်ကမြူး။

အဲဒီ ကဗျာလေးကို ကျွန်တော် လည်း ချစ်ပါတယ်။ သူ့ကို စချင်လာတာနဲ့ ကျွန်တော့် မှာ မနေနိုင်တော့ပါဘူး။ တတ်သည့်ပညာ မနေသာဆိုသလို သူ့ကဗျာအောက်မှ ဒီလိုလေး ထပ်ရေး ပေးလိုက် တယ်။

တောင်တောရယ်သာ

မာလာက နုဖပ်

တစ်ပင်ကို တစ်ပင်ပွတ်တယ်

ကျေးငှက်က ပြွတ် ...။

လို့။ မျက်ခုံးလေး နှစ် ဖက်စုပြီး ဖတ်ရင်းက မိုးဖြူ ကျွန်တော့် ကို ဆွဲဆိတ်ပါတော့တယ်။

''နင်ဟာလေ ...ပေါက်ကရဆို အကုန်တတ်တာပဲလား''

''သေချာဖတ်လေဟာ ...အဓိပ္ပာယ်က ပြောင်းသွား တာမှ မဟုတ်ဘဲလေ''

အားလုံး ယူဖတ်ကြည့်ရင်း ရယ်ကြပါတယ်။ နောက်ဆုံးတော့ မိုးဖြူက သူ့စာအုပ်လေးကို လွယ်အိတ်လေးထဲ ပြန်သိမ်းလိုက်တယ်။ ဘယ်သူတွေ ဘာပဲပြောပြော မိုးဖြူရဲ့ စာအုပ်ပေါ်မှာ ပထမဆုံး ကဗျာ ရေး ဖူးတာ ကျွန်တော် ပဲ။ အဲဒါကို ကျွန်တော် ဂုဏ်ယူသင့်တယ်။ ဆရာသစ္စာနီတောင် အသည်းကွဲပြီးမှ မတော် တဆ ကဗျာဆရာ ဖြစ်ရ တာလေ ...ဟဲ ဟဲ။

ကျောင်းဆင်းချိန်နီးတော့ စုဘူးတို့အုပ်စု တိုးတိုး တိုးတိုးနဲ့ ဘာတွေ တိုင်ပင်နေကြလဲ မသိဘူး။ မိုးဖြူမျက်နှာပေါ်မှာ လည်း စိတ်ရှုပ် သလို အရိပ်တွေ မြင်နေရတယ်။ ဆရာစာသင်နေလို့ အကြာကြီး စပ်စုလို့ မရဘူး။

ဟန်လင်းဦးက ကျွန်တော့် လိုပဲ မြင်လိုက်လို့နဲ့တူတယ် ... အနားကပ်ပြီး မေးတယ်။

''ဟေ့ကောင် ...စုဘူးတို့ ဘာ ဖြစ်နေလဲ မသိဘူးကွ''

''အေး ...ငါလည်း သတိထားမိတယ် ...တစ်ခုခုပဲ''

''ဟိုနောက်က ကောင်တွေ ''

ဆရာ လှမ်းအော်လို့ ဇက်ပုနေလိုက်ရတယ်။ ဒီဆရာ ဦးသော င်းဟန်က စာသင်ကောင်းသလို အရိုက်လည်းကောင်းလို့ပါ။ ကျောင်းဆင်းတော့ မနေနိုင်မထိုင်နိုင် သွားမေးကြည့်တယ်။ ဟောင်ဖွာ ဟောင်ဖွာပြောတတ်လွန်းတဲ့ မိုးမိုးလှိုင်ကိုပေါ့။ အခန်းထဲက အထွက်မှာ လွယ်အိတ်ကိုနောက်ကဆွဲပြီး ...

''မိုးမိုး ...နေပါဦးဟ ...ခုနက ဘာတွေ ဖြစ်နေတာလဲ၊ မိုးဖြူပုံစံကလည်း မသာမယာနဲ့''

''အာ ...ဘာလုပ်မလို့လဲ''

''သိချင်လို့ပါဟာ''

မိုးမိုးလှိုင်က တုံ့ခနဲရပ်ပြီး ကျွန်တော့် ကို အဓိပ္ပာယ်ပါပါ ကြည့် တယ်။ ပြီးမှ သက်ပြင်းချရင်း ...

''အေး ...နင့်ကိုတော့ ပြောသင့်တယ်လို့ ငါယူဆတယ်၊ မိုးဖြူ ကျောင်းတက်,ကျောင်းဆင်းမှာ ဆိုက်ကားနဲ့သွားတာ နင် သိ တယ်မဟုတ်လား''

''အေး ...သိတယ် ...ဘာ ဖြစ်လို့လဲ''

''အဲဒါ လမ်းမှာ အီး (န) ခန်းက နှစ် ကျ စိုးနိုင်ဆိုတဲ့ကောင် လိုက်ပြီးစကားပြောနေတတာ နှစ် ရက်ရှိပြီ''

''ဘာ ...အဲဒါကို မိုးဖြူက ငါ့ကို ဘာ ဖြစ်လို့ အသိမပေးတာ လဲ''

''ဟဲ့ ...နင်နဲ့မိုးဖြူနဲ့က ဘာဆိုင်လို့လဲဟ၊ နင့်ကို သူက ဘယ်လိုလုပ် အသိပေးမလဲ၊ ခု နင်သိပြီ မဟုတ်လား ...ဘာထူးခြား လို့လဲ''

ခပ်သုတ်သုတ်ထွက်သွားတဲ့ မိုးမိုးလှိုင်ကို ကျွန်တော် ကြောင်ပြီး ကြည့်နေမိတယ်။ ကျွန်တော် ဘာလုပ်ပေးနိုင်လဲ။ ရင်ထဲမှာ တော့ တစ်မျိုးကြီး ဖြစ်နေတယ်။ ကျွန်တော့် အသိစိတ်ထဲမှာ ဟင်းလင်းပွင့် ဆိုတာ ပန်းတစ်မျိုးမဟုတ်မှန်း နားလည်ထားတာ ကြာပါပြီ။



ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ ကျောင်းစိမ်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဘောစိအော်ပရေးရှင်း

အမည်မသိ အက်ဖ်အမ်

ချစ်သူသည် ကျွန်တော်၏ အကျိုးတူ စီးပွားဖက်ဖြစ်ပါသည်