အခန်း(၁)
မနက်ခင်း ကတော့ ခါတိုင်းလို အရှေ့အရပ်မှ နေထွက်လာသော သာမန်မနက်ခင်းတစ်ခုသာ ဖြစ်သည်။ ထိုသို့ သော မထူးခြားသည့် မနက်ခင်း မှာ မှ လင်းလွန်း တစ်ယောက် ကိုယ့်ခြေထောက်နှင့် ကိုယ် ထိုင်နေကျလက်ဖက် ရည်ဆိုင်သို့ လျှောက်လာခဲ့၏ ။ ဒါကလည်း တစ်ခါတလေ ဆိုက်ကားစီးပြီး လာတတ်သဖြင့် ထိုသို့ ပြောရခြင်း ဖြစ်သည်။
လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ဆိုင်ထဲဝင်လိုက်ပြီး ဘော်ဒါ တွေ ဖြစ်သည့် မောင်ဦးနှင့် ဝင်းယုနိုင်တို့ကို မျက်စိဝေ့ကာ ရှာလိုက်သည်။ မတွေ့ ။ လဒတွေ က ရောက်မလာသေးချေ။
သို့ နှင့် ထိုင်စောင့်ရန် စားပွဲအလွတ်ကို ထပ်ကာရှာလိုက်သည်။ ထိုစဉ်မှာ ပဲ စားပွဲတစ်ခုတွင် တစ်ယောက် တည်းထိုင်နေသော ကျော်ကို ဆိုသည့် ငတိကို တွေ့ လိုက်ရခြင်း ဖြစ်သည်။ တွေ့ တွေ့ ချင်းပင် လင်းလွန်း စိတ်ထဲ ဖျဉ်းခနဲ ဖြစ်သွားရ၏ ။
ထိုသို့ ဖြစ်ရသည်မှာ လည်း အကြောင်းရှိသည်။ ကျော်ကိုနှင့် သူ သည် လွန်ခဲ့သော အပတ်က သုံးညဆက်တိုက် ဘိလိယက်ထိုးခဲ့သည်။ အလကားကြေး အပျော်ထိုးခဲ့ခြင်းမဟုတ်။ ကျော်ကိုက အရင် စိန်ခေါ်သဖြင့် အသပြာကြေးကစားခဲ့ကြခြင်း ဖြစ်သည်။ သုံးညစလုံးလည်း လင်းလွန်းက အပြတ်အသတ် နိုင်ခဲ့၏ ။
သို့ သော် ...
ထိုငတိကျော်ကိုက နောက်တစ်ရက်ညမှ ပိုက်ဆံပေးမည် ဆိုပြီး ဘိလိယက်ဝိုင်းသို့ ရောက်မလာတော့ချေ။ ရှုံးကြွေးပေးရမှာ စိုး၍ မလာခြင်း ဖြစ်မည် ။ ပြီးတော့ ကျော်ကိုသည် သူ့ဘက်ကဆိုလျှင် ကပ်စေးနဲတွန့်တို တတ်ပြီး သူများ ဆီကဆိုလျှင် ဘာရရ အချောင်လိုချင်သော ကောင်စား မျိုးမှန်း လင်းလွန်း သိထားသည်။
မည် သို့ ပင် ဖြစ်စေ လောလောဆယ်မှာ တော့ ဒင်းကို မျက်စိနှစ် လုံး နှင့် ကွက်ကွက်ကွင်းကွင်း တွေ့ လိုက်ရလေပြီ။ ထို့ကြောင့် လုပ်စရာကလည်း အကြွေးတောင်းဖို့ပဲရှိတော့သည်ဟု လင်းလွန်း ခပ်တင်းတင်းတွေးလိုက်၏ ။
ထိုသော အတွေးနှင့် ကျော်ကိုရှိရာသို့ ခပ်သွက်သွက်လျှောက် သွားလိုက်သည်။ စားပွဲရှေ့ရောက်သည်အထိ မုန့်ဟင်းခါးပန်းကန်ထဲ အိုးဘဲဥ တစ်လုံးထည့်ကာ ငုံ့တွယ်နေသော ဒင်းက သတိမထားမိသေးချေ။
မကြည်ကြည့် ကြည့်ကာ လင်းလွန်းက အသံပေးလိုက် ၏ ။
''ဟေ့ကောင် ကျော်ကို''
ဆတ်ခနဲ မော့ကြည့်လာသော ကျော်ကို့မျက်နှာက ခပ်အမ်းအမ်း ဖြစ်သွားသည်။ ကြွေးရှင်ကို တွေ့ လိုက်ရ၍ ပျက်သွားသော မျက်နှာပေးမျိုး ဖြစ် ၏ ။ ချက်ချင်း ပင် လဒက မျက်နှာထားကို ဟန်လုပ်ကာ တည်ပစ်လိုက်ရင်း ...
''အေး ပြော ...ဘာကိစ္စလဲ''
ထိုမျက်နှာပေးနှင့် အပြောကြောင့် လင်းလွန်း တင်းသွားရသည်။ သူခိုးက လူကိုပြန်ဟစ်သော လေသံမျိုး ဖြစ်၏ ။ ထို့ကြောင့် ခပ်တင်းတင်းပဲ ပြန်ကြည့်ကာ စည်ပင်ရဲက လမ်းဘေးဈေးသည်ကို ပြောသော လေသံမျိုးနှင့် ...
''မင်းနဲ့ငါကြားမှာ ဘာကိစ္စရှိလဲဆိုတာ မင်းမသိဘူးလား၊ အတိတ် မေ့သလိုလို, ရွှေပျောက်သလိုလို လုပ်မနေပါနဲ့ ကျော်ကိုရာ ...မင်း ငါ့ကို ဘိလိယက်ထိုးတုန်းက အကြွေးခုနစ်ထောင် ပေးရဦးမယ်လေ၊ အဲဒါ အခုပေး နိုင်မလား''
ကျော်ကို စိတ်ရှုပ်သွားပုံရသည်။ မနက်စောစောမှာ အကြွေးတောင်း ခံလိုက်ရသည်ကိုး။ ပတ်ဝန်းကျင်ကို မသိမသာ ဝေ့ကြည့်လိုက်ပြီးမှ လင်း လွန်းအား ...
''မင်းကလည်း နောက်တော့မှ ယူလေကွာ ...မင်းပိုက်ဆံကို ငါပေးမှာ ပေါ့''
''အေး ...ငါကလည်း မင်း နောက်နေ့ပေးမယ်ဆိုပြီး ဘိလိယက် ခုံကို မလာတော့လို့ တွေ့ တုန်းလာတောင်းတာပါ၊ ဘာလဲ ...မင်းမှာ ပိုက်ဆံခုနစ်ထောင်တောင် မရှိလို့လား၊ ဒါနဲ့များ အိမ်ကထွက်လာရသေးတယ် လို့ကွာ''
လင်းလွန်းစကားကြောင့် ကျော်ကို့မျက်နှာက မည်းခနဲ ဖြစ်သွား သည်။ ရှုတင်းတင်းပင် ပြန်ကြည့်လာပြီး ...
''အောင်မာ ...ဘာ ဖြစ်လို့ မပါရမှာ လဲ၊ ဒီမှာ တွေ့ လား ပိုက်ဆံ''
အိပ်ကပ်ထဲမှ ပိုက်ဆံတစ်ထပ်ကိုထုတ်ကာ စားပွဲပေါ်ပစ်ချ၍ ပြ လိုက်သည်။ နှစ် သော င်းခွဲသုံးသော င်းလောက်ပင် ရှိမည် လားမသိ။ လင်း လွန်းက ထိုပိုက်ဆံထပ်ကို စွေကြည့်ကာ ...
''သြော် ...မင်းမှာ ပိုက်ဆံပါသားပဲကွ၊ ဒါဆိုလည်း ငါ့အကြွေးကို ပေးတော့လေ''
စကားအဆုံးမှာ ပင် ကျော်ကိုက ပိုက်ဆံကို ဆတ်ခနဲကောက် ယူကာ အိတ်ကပ်ထဲပြန်ထည့်လိုက်ရင်း မခိုးမခန့်ပုံစံနှင့် ...
''အဲဒီ လောက် လွယ်မလား လင်းလွန်းရာ၊ မင်းလည်း ကြားဖူးမှာ ပေါ့ ...ဖဲဝိုင်းကအကြွေးကို ဖဲဝိုင်းမှာ ပဲ ပြန်ဆပ်တယ်ဆိုတာလေ၊ ခုလည်း မင်းနဲ့ငါ့ကြားက အကြွေးကို ဘိလိယက်ထိုးပြီး ပြန်ဆပ်မှာ ပေါ့ ...ရှင်းပါ တယ်နော်''
ကျော်ကို ညစ်ပြီဆိုတာ လင်းလွန်း သဘောပေါက်လိုက်၏ ။သို့ သော် လည်း ဒီပိုက်ဆံလောက်နှင့် ရန် ဖြစ်စကားများ ဖို့ဆိုတာ ကတော့ စိတ်ကူး ထဲမှာ ပင် မရှိချေ။ လက်သီးဆိုတာက အကြွေးတောင်းဖို့မှ မဟုတ်သည်ပဲ။ သို့ နှင့် စိတ်ကိုလျှော့ချလိုက်ရင်း ...
''အေးလေ ...ဒါဆိုလည်း မင်းစကားအတိုင်းပဲပေါ့၊ ကြိုက်တဲ့နေ့ သာ ချိန်းလိုက်''
''ဟုတ်ပါပြီ ...ငါကလည်း ဒီရက်ပိုင်း မအားသေးလို့ပါကွ''
အမှန်တော့ ကျော်ကိုဆိုသည့်ကောင်သည် ဘာအလုပ်မှ မယ်မယ် ရရ ရှိသည်မဟုတ်။ ပြီးပြီးရော ပြောလိုက်ခြင်းသာ ဖြစ်သည်။ ထိုအချိန်မှာ ပဲ ...
''ဟေ့ကောင် ငလင်း''
ခေါ်သံကြောင့် ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ ဘေးစားပွဲမှာ ရောက်နေပြီ ဖြစ်သော မောင်ဦးနှင့် ဝင်းယုနိုင်တို့က လှမ်းခေါ်ခြင်း ဖြစ်၏ ။ ဘယ်အချိန်ကပဲ ရောက်နေကြသည်မသိ။
နှစ် ကောင်စလုံးက လာတော့ဟု မျက်ရိပ်ပြကာ ခေါ်နေသဖြင့် လင်းလွန်းလည်း ထိုဝိုင်းသို့ ကူးသွားလိုက်သည်။
ဝင်ထိုင်တော့ မောင်ဦးက လေသံတီးတိုးဖြင့် ...
''မင်းကွာ ...အဲဒီ ကောင်အကြောင်းသိရဲ့ သားနဲ့ သွားတောင်းနေ သေးတယ်၊ သူ့အိတ်ထဲက ပိုက်ဆံဆိုရင် တော် တော် နဲ့ ထွက်တာမဟုတ် ဘူးကွ''
ထိုစကားကြောင့် လင်းလွန်းက ...
''သိပါတယ်ကွာ ...မရမှန်းသိပေမယ့်နဲ့ ငါ တမင်သွားတောင်း ကြည့်တာပါ''
စကားအဆုံးမှာ ပဲ ဝင်းယုနိုင်က လင်းလွန်းကိုစေ့ငုကြည့်ရင်း ...
''အောင်မယ် ...မင်းက နာရီတွေ ဘာတွေ နဲ့ပါလားကွ၊ ဘာလဲ ...ဝယ်လိုက်တာလား''
ထိုအခါမှ လင်းလွန်းက လက်မှာ ပတ်ထားသည့်နာရီကို မ,ကြည့်ကာ
''မဝယ်ပါဘူးကွာ ...လက်ဆောင်ရထားလို့ ပတ်ထားတာပါ၊ ငါ နာရီပတ်လေ့ပတ်ထမရှိတာ မင်းတို့အသိပဲ''
''ဟုတ်ပါတယ် ...ဒါပေမဲ့ မင်းနာရီက အကောင်းစားနဲ့ တူတယ် နော်''
မောင်ဦးအပြောကြောင့် လင်းလွန်းက ဟန်ပါပါ ပခုံးတွန့်လိုက်ပြီး ...
''တူတာမဟုတ်ဘူး ...တကယ်လည်း အကောင်းစားပဲဟာကို၊ ထပ်ပြောရရင် ကာလပေါက်ဈေး တစ်ပုံးကျော်လောက် တန်တယ်''
''ဒါနဲ့များ ဘာ ဖြစ်လို့ မပတ်ချင်ရတာ လဲ လင်းလွန်းရာ''
လင်းလွန်း ခေါင်းအသာခါလိုက်သည်။ ပြီး ...
''မပတ်ချင်ဘူးဆိုတာ ငါ့အကြောင်းနဲ့ ငါပါ၊ ပြီးတော့ ပြင်သစ် သမ္မတဟောင်း မီထရောင်းလည်း နာရီမပတ်ဘူးကွ''
ထိုစကားကြောင့် နှစ် ကောင်စလုံးက 'ဘု' ရှိုးရှိုးလာသည်။ ပြီး မောင်ဦးက အရင် ...
''မင်းကွာ ကြီးကြီးကျယ်ကျယ် ...ကိုယ့်ဘာသာ နာရီမပတ်ချင် တာကိုပဲ သမ္မတနဲ့ နှိုင်းနေသေးတယ်''
ထိုအပြောလောက် ကတော့ လင်းလွန်းတို့က မမှု ချေ။ ဒီခေတ်မှာ က ကြိုးစားလျှင် သမ္မတပင် ဖြစ်နိုင်သည်ပဲ။ ထို့ကြောင့် ခပ်ဟဟ ရယ်လိုက်ပြီး ...
''ထင်ချင်သလိုထင်ကွာ ...ခုနက ပြောခဲ့သလို လက်ဆောင်ရလို့ ပတ်ထားတာကွ၊ ဒါပေမဲ့ ခု မပတ်ချင်တော့ဘူး၊ ပြန်ရောင်းမယ်ဆိုရင် မင်းတို့ ဝယ်မလား ...သုံးပုလင်းပေးရင် ခု ချက်ချင်း ချွတ်ပေးလိုက် မယ်''
နှစ် ကောင်စလုံး မျက်နှာတည်သွားကြသည်။ လင်းလွန်းက မသိမ သာ မျက်စိမှိတ်ပြလိုက်၏ ။ အနေအထားကို သဘောပေါက်လိုက်သော ဝင်းယုနိုင်က ...
''သုံးသော င်းဆိုရင်တော့ တန်ပါတယ်၊ ဒါနဲ့ မင်းနာရီမှာ က ဘာ အာမခံချက်တွေ ရှိသေးလဲ''
လင်းလွန်းက ခပ်တည်တည်ပင် ...
''သိပ်ရှိတာပေါ့ကွာ၊ ဒီနာရီက မီတာငါးဆယ်ထိ ရေစိမ်ခံတယ်၊ ပြီးတော့ ကားကြိတ်လည်းခံတယ်''
''ဟေ ...တကယ်''
''မယုံရင် မင်းတို့ဝယ်ပြီး စမ်းကြည့်လေ''
''ဟာ ...အဲဒီ လောက်ပိုက်ဆံတော့ တို့မှာ လည်း မပါဘူးကွ၊ ဒါပေမဲ့ မင်း တကယ်ရောင်းမယ်ဆို ငါ့အသိတွေ ကို မေးပေးမယ်''
''ဒါဆိုလည်း ပြီးရော ...ရောင်းထွက်ရင် မင်းတို့ကို ငါ ဘီယာ တိုက်မယ်''
စကားစပြတ်သွားကြသည်။ ထိုစဉ်မှာ ပဲ ...
''လင်းလွန်း ...ငါ စကားနည်းနည်း ပြောလို့ရမလား''
ကြည့်လိုက်တော့ တခြားလူမဟုတ်။ ဘေးချင်းကပ်ဝိုင်းမှာ ထိုင်နေ သော ကျော်ကိုက မေးလာခြင်း ဖြစ်သည်။ လင်းလွန်းက မျက်ခုံးပင့်ကာ မှင်သေသေပုံစံဖြင့် ...
''ပြောကြည့်လေ''
စကားအဆုံးမှာ ကျော်ကိုက လွတ်နေသော ခုံ၌ အရင်ဝင်ထိုင် လိုက်၏ ။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးမှ ...
''မင်းနာရီ ရောင်းမယ်ဆိုတာ တကယ်ပဲလား''
လင်းလွန်းက မျက်မှော င်တွန့်၍ ...
''တကယ်ပေါ့ကွ ...ဒီကိစ္စက နောက်စရာမှ မဟုတ်တာ''
''ဒါ ဒါဆိုလည်း ငါ ဝယ်ချင်တယ်ကွာ''
''ဘာ ဖြစ်လို့လဲ''
အလကားနီးပါးဈေးနဲ့ ရလို့ဆိုပြီး ကျော်ကိုက မပြောချေ။ ကြီးကြီး ကျယ်ကျယ်စကားပင် ဆိုလာသေးသည်။
''ဒီလိုကွာ ...ယောက်ျား တစ်ယောက် မှာ နာရီကောင်းကောင်း တစ်လုံး ရှိသင့်တယ်ဆိုပြီး ငါကြားဖူးလို့''
''သြော ...မင်းပြောသလိုဆို နာရီကောင်းကောင်းမပတ်နိုင် တဲ့လူက ယောက်ျားမဟုတ်တော့ဘူးပေါ့ ...အဲဒီ လိုလား''
မောင်ဦးက 'ဘု'ဝင်ပြောလိုက်ခြင်း ဖြစ်သည်။ ကျော်ကို ပျာပျာသလဲ ဖြစ်သွားပြီး ...
''အဲလိုလည်း မဟုတ်ပါဘူးကွာ၊ ကဲ လင်းလွန်း ...မင်းနာရီကို ခုနကပြောတဲ့ သုံးပုလင်းနဲ့ တကယ်ရောင်းမှာ လား၊ ဒါဆို ငါဝယ်မယ်''
ထိုသို့ ပြောလိုက်မှပဲ လင်းလွန်းက နာရီကို နှမြောသလို တစ်ချက် ကြည့်လိုက်သေးသည်။ ပြီး ...
''အဲဒီ ဈေးက ဒီကောင်တွေ ယူမယ်ဆိုရင် ပြောတာပါ၊ မင်းဆိုရင် တော့''
စကားပင်မဆုံးလိုက်ချေ၊ ကျော်ကိုက ...
''လုပ်မနေပါနဲ့ကွာ ...မင်းနဲ့ငါနဲ့ကလည်း မသိတဲ့လူတွေ မှ မဟုတ် တာ၊ သုံးပုလင်းပဲ ထားလိုက်ပါကွာ ...နော် လင်းလွန်း''
လင်းလွန်းက ခပ်တွေ တွေ စဉ်းစားဟန်ပြုလိုက်သည်။ ထိုပုံစံ ကြောင့် မောင်ဦးက တံတောင်နှင့် တွတ်ကာ ...
''ငလင်း ...မင်း မပတ်ချင်ဘူးဆိုရင်လည်း ရောင်းလိုက်ပါကွာ၊ တကယ်ပတ်မယ့်သူကို ရောင်းတာပဲဟာကို''
လင်းလွန်းက ခေါင်းအသာခါရင်း ...
''မဟုတ်သေးဘူးကွ ...ကျော်ကို့ဆီက ငါ ရစရာ ခုနစ်ထောင်ရှိ သေးတယ်လေ၊ အဲဒီ အကြွေးပါ တစ်ခါတည်း ပေးရင်တော့ သုံးပုလင်းနဲ့ ရောင်းမယ်''
ထိုစကားသည် ကျော်ကိုအား တွေ ဝေစဉ်းစားသွားစေသည်။ ချက်ချင်း ပင် ငတိက သူ့အိပ်ကပ်ထဲမှပိုက်ဆံကို ထုတ်ကာရေတွက်လိုက်ရင်း ...
''ဟာ ...ငါ့ဆီမှာ တောင် နှစ် သော င်းရှစ်ထောင်ပဲ ရှိတော့တာကွ'' ''ဒါဆိုရင်တော့ ဆောရီးပဲ ကျော်ကို''
လင်းလွန်းအပြောကို ကျော်ကို လက်ကာပြလျက် ...
''နေစမ်းပါဦးကွာ ...ဒီလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုနေစေးနဲ့ ငါနဲ့က သိပါတယ်၊ သူ့ဆီမှာ သွားဆွဲကြည့်လိုက်ဦးမယ် ...ခဏစောင့် ပေးမလား''
လင်းလွန်းက ပခုံးအသာတွန့်ပြလိုက်ကာ ...
''သဘောပဲလေ ...ခဏဆိုရင်တော့ စောင့်ပေးမယ်''
ဇိုးဇိုးဆတ်ဆတ်နှင့် ကျော်ကို ထသွားသည်။ ပြီး စောစောစီးစီး မင်္ဂလာမရှိ သူများ ဆီမှာ ပိုက်ဆံသွားချေးပြန်၏ ။ ကျော်ကို့အစ်မ မတင်မြကို ကြောင်နေသော ကိုနေစေးကလည်း လိုသည့်ပိုက်ဆံအား ထုတ်ချေးလိုက်ပုံ ရသည်။
ကျော်ကိုသည် ထိုကိစ္စကို မိနစ်ပိုင်းအတွင်း လှုပ်ရှားလိုက်ကာ ခပ်သွက်သွက် ပြန်လျှောက်လာပြီး ...
''ရော့ လင်းလွန်း ...ဒါက နာရီဖိုးသုံးပုလင်း၊ ဒါ ကတော့ ဘိလိ ယက်ကြွေး ခုနစ်ထောင်၊ ကဲ ...နာရီပေးတော့''
ပေးလာသော ပိုက်ဆံကို လင်းလွန်းက စိမ်ပြေနပြေ ရေတွက်လိုက် သေးသည်။ ပြီးမှ နာရီချွတ်ကာ လှမ်းပေးလိုက် ရင်း ...
''ရော့ ...မင်းနဲ့ငါ ကိစ္စအကုန်ပြတ်ပြီနော်''
ကျော်ကိုက ...
''ပြတ်ပါပြီကွ ...ဒါနဲ့ မင်းပြောသလို ဒီနာရီက ရေစိမ်ခံပါတယ် နော်''
''သိပ်ခံတာပေါ့''
''ပြီးတော့ ကားကြိတ်ခံတယ်ဆိုတာကရော''
''အဲဒါလည်း အမှန်ပဲလေ၊ ဘာလဲ ...မယုံလို့လား၊ အဲဒါဆို လည်း မင်းပိုက်ဆံ ပြန်ယူလိုက်''
သုံးသော င်းပြန်ပေးမည် ဟု ပြောလိုက်ခြင်း ဖြစ်သည်။ အကြွေး ခုနစ်ထောင်ကိုတော့ ပြန်ပေးရန် စိတ်ကူးမရှိချေ။ သို့ သော်လည်း ကျော်ကိုက ပျာပျာသလဲပင် ...
''မဟုတ်ပါဘူးကွာ ...မင်းပြောသလို အာမခံတယ်ဆိုလည်း ပြီးတာပဲ''
သိန်းကျော်တန်နာရီတစ်လုံးကို သူခိုးဈေးနှင့် ရလေပြီဆိုသော စိတ် ဖြင့် ကျော်ကို အားရဝမ်းသာ ထသွားလေတော့၏ ။ ထိုအခါမှ လင်းလွန်းက မိန့်မိန့်ကြီးပြုံးကာ ...
''အင်း ... မနက်စောစောစီးစီးတော့ အရောင်းအဝယ် ဖြစ်သွားပြီ ကွ၊ အဟဲ ...အကြွေးတောင် အဆစ်ရလိုက်သေးတယ်''
''ဟေ့ကောင် ...မင်းစကားနဲ့မင်း ညနေ ဘီယာတိုက်ရမယ်နော်''
ဝင်းယုနိုင်စကားအဆုံးမှာ မောင်ဦးက တစ်ခုခုကို စဉ်းစားမိပုံနှင့် ...
''ဟေ့ကောင် ငလင်း ...မင်းရောင်းလိုက်တဲ့နာရီက ရေစိမ်ခံတယ်, ကားကြိတ်ခံတယ်ဆိုတာက တကယ်ပဲလားကွ''
''တကယ်ပေါ့ ...ရေထဲပဲချချ, ကားဘီးအောက်မှာ ပဲ ထားထား အဲဒီ နာရီက နေရာကိုမရွေ့တာ''
''ဟေ''
''ဟာ''
နှစ် ကောင်စလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ မောင်ဦး ကပဲ အထစ်အထစ်နှင့် ...
''ဒါ ဒါဆို ကား ကားကြိတ်ရင် အဲ အဲဒီ နာ နာရီက ကွဲမှာ ပေါ့ ...ဟုတ်လား''
လင်းလွန်းက မခိုးမခန့် ရယ်လိုက်ရင်း ...
''သိပ်သေချာတာပေါ့၊ စိစိညက်ညက်ကို ကြေသွားမှာ ၊ ငါပြော တာကလည်း ကားကြိတ်ရင် နေရာမရွေ့ဘဲ ငြိမ်ခံတာလို့ ပြောတာလေ၊ ကားကြိတ်တာကို ခံနိုင်ရည်ရှိတယ်လို့ ဆိုလိုတာမှမဟုတ်ဘဲ''
''မင်းကွာ ...စကားကို တော် တော် လှည့်ပတ်ပြောတာပဲ၊ တော် ကြာ မင်းကို ဟိုကောင် ကွိုင်လာရှာဦးမယ်''
ဝင်းယုနိုင်က စိတ်ပူသလိုပြောလာသည်။ လင်းလွန်းက ခပ်အေး အေးပဲ ...
''စိတ်မပူပါနဲ့ကွာ ...ကိုယ့်ပစ္စည်း အဲဒီ လိုခံနိုင်ရည်ရှိမှန်းသိထားတဲ့ လူ တစ်ယောက် ဟာ တော် တော် နဲ့ လက်တွေ့ မစမ်းသပ်ကြဘူးကွ၊ အဲဒါ လူ့သဘာဝ ပဲ၊ ပြီးတော့ ကျော်ကိုရဲ့ အကျင့်ကိုမကြိုက်လို့ ပညာပေးရင်း ဂျင်းထည့်လိုက်တာ''
စကားအဆုံးမှာ မောင်ဦးက ခေါင်းတဆတ်ဆတ်ညိတ်၍ ...
''ဟုတ်ပါပြီကွာ ...ဒါနဲ့ မင်း ဒီနေ့ ယမုံကို သင်တန်းလိုက်မပို့ ဘူးလား''
''အဲ''
ပြောမှပဲ လင်းလွန်း သတိရသွားသည်။ လက်ကို မ,ကာ ယောင်ပြီး နာရီကြည့်မိသေး၏ ။ ပြီးမှ ခုနက နာရီရောင်းလိုက်ပြီပဲဟုတွေးကာ လက် ဖက်ရည်ဆိုင်ထဲက နာရီကို လှမ်းကြည့်လိုက်ရသည်။
စိတ်ထဲက ဟာခနဲပင် ရေရွတ်လိုက်မိ၏ ။ ခါတိုင်း လိုက်ပို့နေကျ အချိန်ကို ဆယ်မိနစ်လောက်ပင် ကျော်နေလေပြီ။ စားထားသောက်ထားတာ တွေ အတွက် ပိုက်ဆံအမြန်ခေါ်ရှင်းလိုက်ရ၏ ။
ဆိုင်ထဲက ထလာခါနီး မှ သတိရ၍ လင်းလွန်းက ...
''ဟေ့ကောင်တွေ ...ငါ ကျင့်စဉ်တစ်ခုကျင့်နေတယ်ကွ ...သိ လား''
ထိုစကားကြောင့် နှစ် ကောင်စလုံး နဝေတိမ်တောင် ဖြစ်သွားကြ သည်။ ဒီကောင် ဘာတွေ ပေါက်ကရလုပ်ပြန်ပြီလဲ ဆိုသည့်အတွေးနှင့် မောင်ဦးက ...
''ဘယ်လို ...ကျင့်စဉ် ဟုတ်လား၊ ဟုတ်မှလည်း လုပ်စမ်းပါ ငလင်းရာ၊ တော် ကြာ သွက်သွက်ခါ သွားပါဦးမယ်''
စကားအဆုံးမှာ ဝင်းယုနိုင်ကလည်း ...
''ဒါနဲ့ နေစမ်းပါဦး ...မင်းရဲ့ ကျင့်စဉ်ဆိုတာက ဘယ်လိုမျိုးလဲ၊ ဘာအတွက်လဲ''
လင်းလွန်းက မခိုးမခန့်ရယ်သည်။ ပြီးမှ ...
''အဟဲ ...နောက်တော့ မင်းတို့သိရမှာ ပေါ့ကွာ၊ ငါ့ရဲ့ ကျင့်စဉ် ဆိုတာက မထုံတက်တေးလုပ်နေတဲ့ မေယမုံလေးရဲ့ အချစ်ကို ရရှိရေး ကျင့်စဉ်ကွ''
နှစ် ကောင်စလုံး တက်ညီလက်ညီ နှာခေါင်းရှုံြ့ ကတော့သည်။ ပြီး မောင်ဦးကပဲ ...
''တော် စမ်းပါ ငလင်းရာ ...မင်းနဲ့ ယမုံနဲ့က မိဘတွေ အတင်း ပေးစားမှ ရမှာ ကွ၊ မဟုတ်လို့ ကတော့ ဒီအတိုင်းပဲ ဖြစ်နေဦးမှာ ''
သူငယ်ချင်းဘဝနဲ့ပဲ အဆုံးသတ်သွားလိမ့်မည် ဟု ပြောလာခြင်း ဖြစ် သည်။ ထိုသို့ ကျပြန်တော့လည်း လင်းလွန်းက အပြောမခံချေ။ ချက်ချင်း ပင် ရှုတင်းတင်းပြန်ကြည့်လိုက်ရင်း ...
''အဲဒါကြောင့် မင်းတို့ကို စောင့်ကြည့်လို့ပြောတာပေါ့ကွ၊ ငါ့ရဲ့ ကျင့်စဉ် အောင်မြင်ရင်တော့ မောင်လင်းလွန်းနဲ့ မမေယမုံဖူးတို့ရဲ့ မင်္ဂလာပွဲကို မင်းတို့ လက်ဖွဲ့ဖို့သာ ပြင်ထားကြ''
စကားအဆုံးမှာ နှစ် ကောင်သား တဟားဟားရယ်ြ ကတော့သည်။ အရယ်ရပ်တော့မှ မောင်ဦးက စပ်ဖြီးဖြီးမျက်နှာပေးနှင့် ...
''အေးပါကွာ ...စောင့်ကြည့်ပါ့မယ်၊ မင်္ဂလာပွဲ ဖြစ်ရင်လည်း လက် ဖွဲ့ဦးမှာ ပါ၊ ဒါပေမဲ့ အဲဒါတွေ က နောက်မှပါ၊ သေလည်းသေချာသေးတာ မဟုတ်ဘူး''
ဝင်းယုနိုင်ကလည်း ဝင်၍ ...
''ဟုတ်တယ် ငလင်း ...လောလောဆယ် သေချာတာ ကတော့ ဒီညနေ ဖြစ်လာမယ့်ကိစ္စကို မင်းမမေ့ဖို့ပဲ''
ဘီယာတိုက်ဖို့ကိစ္စကို ထပ်သတိပေးလိုက်ခြင်း ဖြစ်သည်။
လင်းလွန်းလည်း အောင့်သက်သက်နှင့် ပင် တစ်ခွန်းတည်းသော ယောက်ျားစကားကို ပြန်ဆိုခဲ့လိုက်၏ ။
''အေး''
ဟု ...။
အခန်း(၂)
''ယမုံရေ ယမုံရေ''
အိမ်ရှေ့ခြံဝကနေ အသံထုတ်၍ အော်ခေါ်လိုက်သည်။ နောက် ဘက်အိမ်သာနားကမှ ခေါ်လို့မ ဖြစ်သည်ကိုး။
သို့ သော် ...
အိမ်ထဲမှ လူပ်ရှားမှု မမြင်ရ။ လင်းလွန်း စဉ်းစားလိုက်၏ ။ နာမည် အပြည့်အစုံကိုများ မခေါ်လို့လား။ ထိုသော အတွေးနှင့် အတူ ...
''မေယမုံဖူးရေ မေယမုံဖူး၊ အိုဘယ့် ...မေယမုံဖူးရေ''
''လာပြီဟေ့ လာပြီ''
ထိုအခါမှ အသံနှင့် အတူ ပူးတွဲပါလူကိုတွေ့ လိုက်ရခြင်း ဖြစ်သည်။ သို့ သော်လည်း ယမုံ (ခေါ်) မေယမုံဖူးမဟုတ်။ သူမ၏ မားမား ဒေါ်လှမေသာ ဖြစ်သည်။ သမီးလိုချင် အမေကြည့်ဆိုသည့် စကားအတိုင်း လင်းလွန်းက ဒေါ်လှမေကို ကြည့်နေမိသေးသည်။ ဘာမှတော့ မထူးခြား။ ယမုံ၏ အမေ၊ ဦးစိုးအောင်၏ မူလလက်ဟောင်း ဇနီးမယား ဒေါ်လှမေကိုပဲ မြင်ရလေ၏ ။
လင်းလွန်းက ...
''အန်တီ ...ယမုံရော''
စကားအဆုံးမှာ ဒေါ်လှမေက လင်းလွန်းကို မြင်ဖူးသလိုလိုရှိသား (သို့ ) ငါ ဘယ်နေရာမှာ တွေ့ ဖူးပါလိမ့် ဟူသော ပုံစံမျိုးဖြင့် ...
''သြော် ...သားပါလား၊ သမီးက သင်တန်းသွားပြီလေ၊ သားက နောက်ကျနေတာကိုး''
လင်းလွန်းက သက်ပြင်းယဲ့ယဲ့ချရင်း ...
''သြော် ...ဟုတ်လား၊ ကျွန်တော် လည်း အရောင်းအဝယ်တစ်ခု ဖြစ်နေတာနဲ့ နောက်ကျသွားတာ၊ ဒါနဲ့ အန်ကယ်ရော''
''သူလည်း ရုံးသွားပြီပေါ့ သားရဲ့ ''
''ဟင် ...ဒါဆို အန်တီ တစ်ယောက် တည်းပေါ့''
ပြောရင်း ရှေ့တစ်လှမ်းတိုးလိုက်သဖြင့် ဒေါ်လှမေလည်း ယောင်ပြီး နောက်တစ်လှမ်း ဆုတ်မိသွားသည်။ ပါးစပ်ကလည်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ...
''ဘာ ...ဘာ ဖြစ်လို့လဲဟင် သား''
''ရေတစ်ခွက်လောက် သောက်ချင်လို့ပါ အန်တီရဲ့ ''
ထိုအခါမှ ဒေါ်လှမေလည်း သက်ပြင်းကျသွားရပြီး ရေတစ်ခွက် သွားခပ်ပေးလိုက် သည်။ လင်းလွန်း၏ အဆီအငေါ်မတည့် စကားတွေ ကြောင့် တစ်ခါတစ်ခါ ထိတ်ထိတ်ပျာပျာ ဖြစ်ရသည်။ သူတင်မဟုတ် သူ့ယောက်ျား ဦးစိုးအောင်လိုလူကြီးတောင် ခံရ၏ ။ သမီးနှင့် မြန်မြန်ယူကြလျှင် ကောင်းမည် ဟု ဒေါ်လှမေ တွေးမိ၏ ။ သို့ သော်လည်း နှစ် ဖက်မိဘလူကြီးတွေ ကသာ သဘောတူနေခြင်း ဖြစ်သည်။ ဒင်းတို့နှစ် ယောက် ကတော့ ခုချိန်ထိ တုတ် တုတ်မျှ မလှုပ်ကြသေး။
လင်းလွန်း၏ အဆိုအရ ...
''ကျွန်တော် လည်း ယူချင်ပါတယ် အန်တီရယ်၊ ဒါပေမဲ့ အန်တီ့ သမီးက ကျွန်တော့် ကိုမှ မကြိုက်သေးတာ''
ဒီဘက်က သမီးအလိမ္မာ ယမုံကလည်း ...
''မေမေပဲ စဉ်းစားကြည့်ပါဦး ...ယောက်ျားယူရတာ က လွယ် တယ်၊ ကိုယ့်အတွက် ခင်ပွန်းကောင်းမ ဖြစ်ရင် အလကား အဖတ်တင်သွားမှာ ပေါ့၊ လင်းလွန်းလိုကောင်သာ အဖတ်တင်နေရင်တော့ သမီးဘဝ သွားပြီ၊ ဒီကောင့်ကို အချိန်ယူပြီး လေ့လာဦးမယ် မေမေရာ''
ထိုသို့ သော စကားတွေ ကြောင့် လွယ်မယောင်နှင့် ခက်၊ တိမ်မ ယောင်နှင့် နက်နေခြင်း ဖြစ်သည်။ ခေတ်စကားနှင့် ဆိုရလျှင် တိုင်ပတ်သည် ပေါ့။
တစ်ဖက်က လင်းလွန်းကလည်း ယမုံနှင့် ချစ်သူ ဖြစ်ရန် ကြိုးစားပါ သည်။ သို့ သော်လည်း ယမုံက ခုချိန်ထိ လှည့်ပတ်ကာငြင်းနေသဖြင့် အဆင် က မပြေသေး။
အမှန်တော့ ယမုံ့ဘက်ကလည်း လင်းလွန်းအပေါ် အတင်းကြီး ငြင်းဆန်စရာ ပြစ်ချက်ကြီးတွေ ရှိမနေပါ။ ငယ်ပေါင်း အကြောင်းသိတွေ မို့ ရှက်စိတ်နှင့် ငြင်းရခြင်း ဖြစ်သည်။
နောက်တစ်ချက်က ခုချိန်မှာ သူမ ယောက်ျားမယူချင်သေးချေ။ ယူပြီးလျှင် ကလေးမွေးရမည် ကို ကြောက်သည်။ လင်းလွန်းဆိုသော ကောင် က ကလေးမယူဘဲ နေမည် မဟုတ်။ သူဗိုက်မကြီးရတိုင်း ယူခိုင်းမည့် ကောင် မျိုး ဖြစ်သည်။
ထိုသို့ သော အခြေအနေတွေ ကြောင့် နှစ် ဖက်မိဘ သဘောတူလျက် နှင့် သူတို့နှစ် ယောက် မနီးစပ်သေးခြင်း ဖြစ်၏ ။ ဒီလောက်ဆိုလျှင် လင်းလွန်း နှင့် ယမုံတို့၏ အနေအထားက ရှင်းလောက်ပြီ။
ဘာတွေ ဘယ်လိုပဲ ဖြစ် ဖြစ် လင်းလွန်း ကတော့ ယမုံသည် တစ်နေ့ ငါ့မိန်းမ ဖြစ်ရမည် ဟု အသံတိတ် ကြုံးဝါးထား၏ ။ ထို့ကြောင့် မြန်မာဗီဒီယို အချစ်ဇာတ်ကားတွေ ထဲမှ မင်းသားတွေ နီးပါး ကြိုးစားနေရခြင်း ဖြစ်သည်။
ခုပင် ကြည့် ...
ယမုံကို သင်တန်းလိုက်ပို့ရင်း လမ်းမှာ တော် ကီပစ်မယ်ဆိုပြီး လာ ခဲ့သည်မှာ မမီလိုက်ချေ။
ထို့ကြောင့် လင်းလွန်း တစ်ယောက် ယောက္ခမလောင်းအိမ်ပေါ် တက်ကာ ရေတစ်ခွက်သောက်ရင်း လေပူကြီးကိုပဲ စိတ်ရှိလက်ရှိ မှု တ်ချလိုက် မိလေသည်။
ထိုအချိန်တွင် ယမုံခေါ် မေယမုံဖူး တစ်ယောက် မှာ လည်း ခေတ် ကာလသမီးတို့၏ ထုံးစံအတိုင်း ...။
အခန်း(၃)
သင်တန်းတစ်ချိန်ပြီး၍ ဆရာထွက်သွားသည်နှင့် ယမုံက စကား စလိုက်သည်။
''ဟဲ့ ထွေးလေး ...မနက်က နင့်ဘဲပေးတယ်ဆိုတဲ့ ကဗျာကို ပြစမ်းပါဦး''
စကားဆုံးသည်နှင့် ထွေးလေးက ဘယ်အချိန်ကပဲ ပြချင်နေမှန်း မသိသော ကဗျာကို စာအုပ်ကြားထဲမှ မြန်မြန်ဆန်ဆန် ယုယုယယ ထုတ်ပြ လာသည်။ ယမုံ ဆတ်ခနဲ လှမ်းယူလိုက်တော့ မေသော်နှင့် ထက်ထက်တို့က ပါ ခေါင်းတွေ ပူးလာကြ၏ ။
ယမုံက ထိုကဗျာကိုဖတ်ရန် မျက်မှော င်အရင်တွန့်ချလိုက်၏ ။ ကဗျာ မစခင်မှာ 'ခင်ထွေးရေ' ဟု နာမည် တပ်ထားသေးသည်။ လူမဆန်သော အသုံးအနှုန်း ဖြစ်၏ ။ ဒါကိုပင် ဟိုအမိုက်မက မသိသေး။ ထားတော့ ...။ ကဗျာကိုပဲ ဆက်ဖတ်ကြည့်လိုက်သည်။
သူမက
ကျွန်တော့် ရေတံခွန်ကို ရပ်တန့်ပစ်ဖို့
တောင်းဆိုတယ်။
ဘုရားသခင်က မေတ္တာတရားကို ခွင့်ပြုတော် မူခဲ့တာကြောင့်
ကျွန်တော်
ဆက်စီးနေလိုက်တယ်။
ကဗျာအောက်ဘက်မှာ တပ်ထားသော နာမည် ကလည်း နည်းနည်း မှ သတီစရာမရှိချေ။ 'မျတ်မိုးအိန်' တဲ့။
ကဗျာဖတ်ပြီးချိန်မှာ ယမုံက မျက်နှာကို သိသိသာသာ မဲ့ပစ်လိုက် ရင်း ...
''ဟဲ့ ထွေးလေး ...နင်က ဒီကဗျာကိုဖတ်ပြီးတာနဲ့ ပိုးစိုးပက်စက် ကြွေဆင်းသွားတယ်ပေါ့ ...ဟုတ်လား''
ခင်ထွေးလေး (ခေါ်) ထွေးလေးက ရှက်ပြုံးပြုံးသည်။ ပြီး အကြောင်းသိသူငယ်ချင်းတွေ ကိုပင် မျက်နှာမထောက်ဘဲ ...
''အဟင်း ...အဲလိုတော့လည်း မဟုတ်ပါဘူးဟာ၊ ဒီကဗျာလေး က ချစ်သူတွေ ဖြစ်သွားပြီးမှ ကိုမိုးက ပေးတာပါ၊ ကဗျာလေးက မကောင်း ဘူးလား''
ထိုစကားကြောင့် မေသော်နှင့် ထက်ထက်တို့ကပါ နှာခေါင်းကို တမင်ရှုံ့ကြသည်။ ယမုံ ကတော့ မျက်နှာကို ဆက်လက်မဲ့ထားလျက် ...
''သြော် ...ဒါဆို နင်က ဒီကဗျာကိုဖတ်ပြီး တော် တော် အားရ နေတယ်ပေါ့ ...ဟုတ်လား''
''အဟင်း ...ဒီလိုပါပဲ''
ကြည့်စမ်း ...ခုချိန်ထိ အရှက်မရှိသေးချေ။
''ထားပါတော့ ...နင့်ဘဲက နင့်ကို ဘယ်လိုခေါ်တယ် ...ခင်ထွေး ဟုတ်လား''
ထွေးလေးက ဝင့်ခနဲ ပြုံးလိုက်ပြီး ...
''ဟုတ်တယ်လေ၊ ငါ့နာမည် ခင်ထွေးလေးမှာ သူများ တွေ က ထွေးလေးလို့ပဲ ခေါ်ြ ကတော့၊ ကိုမိုးက မတူအောင် ခင်ထွေးလို့ ခေါ်တာတဲ့''
''ဟဲ့ ...အဲဒါ အဖျားဆွတ်ခေါ်တာ မဟုတ်ဘူး၊ ရှေ့ဘက်က နှစ် လုံးကိုခေါ်တာဆိုတော့ အရင်းဆွတ်ခေါ်တာပေါ့''
''အဟင်း ...ဘယ်လိုပဲ ဖြစ် ဖြစ်ပါ၊ ငါ ကျေနပ်ပါတယ်''
''အေး ...ကျေနပ်နေ ကျေနပ်နေ၊ ခင်ထွေးကို ပြောင်းပြန်လုပ် တော့ ခွေးထင် ဖြစ်နေတယ်ဟဲ့၊ အဲဒါ နင့်ကို သူက ခွေးထင်တယ်ဆိုတဲ့ သဘောပေါ့''
''အင်''
ထွေးလေး နင်သွားသည်။ နင်နေစဉ်မှာ ပဲ ယမုံက ဆက်၍ ...
''တော် သေးတာပေါ့ ...နင့်နာမည် က ခင်ထွေးလေးမဟုတ်ဘဲ ခင်ဖွေးလေးဆိုရင် ဟိုက ခင်ဖွေးလို့ခေါ်၊ နင်လည်း ခွေးဖင် ဖြစ်ရောပဲ''
ဒီတစ်ခါတော့ အနင်နက်ရှိုင်းလွန်း၍ ထွေးလေး တစ်ယောက် 'အင်' ဟုပင် အသံမထွက်နိုင်တော့ချေ။ မျက်နှာလေး လက်သည်းခွံလောက် ငယ် သွားသည်။
မေသော်က ခင်ထွေးလေးကို အားနာသလိုကြည့်ကာ ...
''ယမုံကလည်း ...ထွေးလေးကို အဲလောက်မပြောပါနဲ့ဟာ''
ထိုအခါမှ ယမုံလည်း ထွေးလေးကိုကြည့်ရင်း တကယ်ပင် အားနာ သွားရသည်။ ထို့ကြောင့် စကားကို ဖော့ကာ လျှော့ချလိုက်ရင်း ...
''ငါက နောက်တာပါ ထွေးလေးရာ၊ ဒါနဲ့ နင့် ကိုမိုးနာမည် က တကယ် မျတ်မိုးအိန်လား''
သူ့ရည်းစားနာမည် ကို ထည့်ပြောလိုက်သော ကြောင့် ထွေးလေး မျက်နှာက တစ်မုဟုတ်ချင်း အရောင် ပြန်တောက်ပလာသည်။ အပြုံးတစ်ချက် ကိုပင် လွှတ်ပြုံးလိုက်ပြီး ...
''နာမည် ရင်း ကတော့ မျတ်မိုးအိန်ပဲဟ၊ ဒါပေမဲ့ 'ရရစ်'နဲ့ မြတ်ပြီး 'မ'သတ်နဲ့ အိမ်တာ ...မြတ်မိုးအိမ်ပေါ့ဟာ၊ ကဗျာရေး ရင်သုံးတဲ့ မျတ်မိုး အိန်က ကလောင်နာမည် လေ''
အတော့် ကိုကောင်းသော စိတ်ကူး ဖြစ်သည်ဟု ယမုံ အငေါ့တူးပြီး တွေးလိုက်မိသည်။ ထိုနာမည် နှင့် သာ ကဗျာရေး ပါက ကမ္ဘာကျော်လေဦး မည် ။ ထားတော့။ သူ့ဘာသာ မျတ်မိုးအိန်မကလို့ မျတ်မိုးကိန်ပဲ ဖြစ် ဖြစ် ကိုယ်နှင့် မဆိုင်ချေ။ လောလောဆယ် ဆိုင်နေတာက ကိုယ့်သူငယ်ချင်း ဖြစ်သော ခင်ထွေးလေး (ခေါ်) ထွေးလေးသာ ဖြစ်၏ ။
ထို့ကြောင့် ယမုံက ...
''ထွေးလေး ...နင့်ကို သူငယ်ချင်း တစ်ယောက် အနေနဲ့ ပြောတာ နော်၊ နင်ငါနဲ့သိပြီးကတည်းက ရည်းစားထားတာ ဘယ်နှယောက် ရှိနေပြီလဲ''
စိတ်ထဲမှာ ရေတွက်နေရလို့လား မသိ ...ငါးစက္ကန့်လောက် အချိန် ကြာပြီးမှ ထွေးလေးပါးစပ်က အသံထွက်လာသည်။
''ငါးယောက် ''
ယမုံ စိတ်မသက်မသာ ဖြစ်သွားရ၏ ။ သူတို့အုပ်စုထဲတွင် မေသော် မှာ လည်း ရည်းစားရှိပါသည်။ သို့ သော် ကျောင်းတုန်းကတည်းက ကြိုက်ခဲ့ ကြသည်မှာ ယခုအချိန်ထိ ဝင်းလွင်ဦးဆိုသည့် ငတိ တစ်ယောက် တည်း။ ထိုအထဲကမှ ကိုယ်နှင့် ထက်ထက်တို့က လုံးဝ ရည်းစားမထားခဲ့ကြ။ ထွေး လေး တစ်ယောက် သာ ရည်းစားငါးယောက် ပစ်စလက်ခတ် ပြောင်းခဲ့ခြင်း ဖြစ် သည်။
ထိုသော အတွေးနှင့် ယမုံက ...
''ထွေးလေးရယ် ...နင် ဘာ ဖြစ်လို့များ ရည်းစားတွေ ဒီလောက် ထားနေတာလဲ၊ အဲဒါ နင့်အတွက် မကောင်းဘူးဟဲ့ ...သိလား''
စကားအဆုံးမှာ ထွေးလေးက ပက်ခနဲ ပြန်ပြောလာသည်။
''အဲလိုလည်း မဟုတ်သေးဘူးလေဟာ၊ အရင်ရည်စားတွေ နဲ့က စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲခဲ့တာလေ၊ ကိုမိုး ကတော့ ငါ့ရဲ့ လက်တွဲဖော်အစစ်လို့ ထင်တာပဲ၊ ပြီးတော့ ရည်းစားတစ်ထောင် လင် ကောင် တစ်ယောက် ဆိုတဲ့ စကားလည်း ရှိသေးတယ်မဟုတ်လား ယမုံရဲ့ '
ယမုံတို့သုံးယောက် စလုံး သက်ပြင်းသာချမြိ ကတော့သည်။ ဘယ်လို မှ ပြောဆိုဆုံးမလို့ ရမည့် ပုံလည်း မပေါ်ချေ။
ထိုအချိန်မှာ ပဲ ယမုံ့ခေါင်းထဲ လက်ခနဲ ဖြစ်သွားရ၏ ။ ထွေးလေး ကိုလည်း ခပ်စွေစွေကြည့်လိုက်ကာ ...
''ငါက နင့်ကို လိမ္မာစေချင်တာပါ''
''အောင်မာ ...ဒါဆို ရည်းစားများ တဲ့ငါက မိုက်နေတဲ့သဘော ပေါ့ ...ဟုတ်လား''
''ဟုတ်တယ်လို့ ပြောလို့ရတယ် ထွေးလေးရဲ့ ၊ နင့်ကို ငါ နိုင်ငံခြား ဟာသလေးတစ်ခု ဥပမာပေးပြီး ပြောပြမယ်''
''ဆိုစမ်းပါဦး''
မျက်နှာထိ မျက်နှာထားနှင့် ပင် ထွေးလေးက ပြန်ပြောလာသေးသည်။ ထိုမျက်နှာပေးကြောင့် မေသော်နှင့် ထက်ထက်တို့က ဒီဟာမကို ပက်ပက်စက်စက် ပြောလိုက်စမ်းပါဆိုသည့် အားကိုးကြည့်နှင့် ယမုံ့ကို ကြည့်လာ၏ ။
ယမုံလည်း စိတ်ထဲမှာ 'ငါဟဲ့' ဟု ကြုံးဝါးလိုက်ပြီး ...
''ဒီလို ထွေးလေးရဲ့ ...ခုနစ်နှစ် အရွယ် ကောင်မလေးက သုံးနှစ် သား သူ့မောင်လေး ရှူးရှူးပေါက်နေတာကိုကြည့်ပြီး သူ့အမေကို မေး တယ်''
''ဘာမေးတာလဲ''
''မေမေရယ် ...သမီးလည်း အဲဒါမျိုးလေး တစ်ခုလိုချင်လိုက်တာ တဲ့''
''ဟယ် ...ယမုံနော်''
အားလုံး မျက်နှာနီဝါးဝါး ဖြစ်သွားကြရင်း မေသော့်ထံမှ အသံထွက် လာသည်။ ယမုံက မျက်စောင်းထိုး၍ ...
''နင်တို့ကလည်း ဟာသကို ဟာသလိုတွေးစမ်းပါဟာ၊ အဲဒီ တော့ သူ့အမေက ဘယ်လိုပြန်ပြောလဲ ...သိလား''
''ဘယ်သိမလဲ''
''အေး ...ပြောပြမယ်၊ သူ့အမေက သမီးကြီးလာလို့ လိမ်လိမ် မာမာနေရင် တစ်ခုရမယ်၊ မလိမ္မာရင်တော့ အများ ကြီးရမယ်တဲ့''
''ဗုဒ္ဓေါ ...ကြောက်စရာကြီး''
''ယမုံရယ် ...ရင်တုန်ပန်းတုန် ရှိလိုက်တာ ...အဟီး''
ဘုရားကို ဟန်လုပ် 'တ' ကြပြီး အားလုံးရယ်ြ ကတော့သည်။ ထွေးလေးမှာ တော့ ရယ်သာရယ်နေရသည် မချိသွားဖြဲပုံစံမျိုး ဖြစ်နေ၏ ။ သူက လောလောဆယ် မလိမ်မိုးမလိမ္မာ ဖြစ်နေသည်ကိုး။ အရယ်ရပ်တော့မှ ထွေးလေးက အောင့်သက်သက်ပုံစံနှင့် ...
''အေးပါ ...နင်တို့ ငါ့ကိုပြောထားကြ၊ ယမုံ ...နင်လည်း ခုလို ဇီဇာကြောင်ပုံမျိုးနဲ့ အဲဒီ တစ်ခုတောင် ရမှာ မဟုတ်ဘူး''
''အောင်မာ ...ငါက ဘာ ဖြစ်နေလို့လဲ''
ယမုံ ရှက်ရှက်နှင့် ပြန်အော်လိုက်တော့ ထွေးလေးကပဲ ...
''ဘာ ဖြစ်ရမှာ လဲ ...နင်က လုံးဝအလိမ္မာတုံးကြီးလိုပုံစံ လုပ်နေ တာကိုး၊ ကြာရင် နင့်ကိုကြိုက်နေတဲ့ လင်းလွန်းတောင် စိတ်ပျက်ပြီး နောက် ပြန်လှည့်သွားလိမ့်မယ်''
ထိုစကားကြောင့် ယမုံစိတ်ထဲ လင်းလွန်း၏ စပ်ဖြဲဖြဲမျက်နှာကို ပြေးမြင်လိုက်မိသည်။ စိတ်ထဲမှာ ထွေထွေထူးထူး မလှုပ်ရှားမိသော်လည်း ပါးစပ် ကတော့ ဟန်လုပ်ကာ ပြောပစ်လိုက်၏ ။
''နောက်ပြန်လှည့်သွားတော့လည်း နားအေးတာပေါ့ဟာ ...ငါ့ အတွက် ဘာမှမ ဖြစ်ဘူး''
ထိုသို့ ခပ်တည်တည် ဆိုခဲ့ပါသည်။ သင်တန်းချိန်ပြီး၍ အောက် ဆင်းလာတော့ သင်တန်းရှေ့ လက်ဖက်ရည်ဆိုင်တွင် (သူမ မြင်ယောင် ခဲ့သည့် စပ်ဖြဲဖြဲမျက်နှာနှင့် အတူ) ထိုင်စောင့်နေသော လင်းလွန်းကို တွေ့ လိုက် ရလေသည်။
ဟင်း ...။
အခန်း(၄)
''ယမုံ''
''ဘာလဲ''
အတူလမ်းလျှောက်လာရင်း လင်းလွန်းက ခေါ်လိုက်ခြင်း ဖြစ်သည်။ ခေါ်သံက ညင်သာသော်လည်း ပြန်ထူးသံ ကတော့ ဘောက်ဆတ်ဆတ်။
မည် သို့ ပင် ဖြစ်စေ ...
ဒီဟာမလေးကိုတော့ လင်းလွန်း ဗွေမယူအားပါ။ ဗွေတစ်ခု လောက်နှင့် ဘာလုပ်ရမည် နည်း။ တကယ်ရလျှင်တော့ ယမုံ၏ စိတ်နှလုံး၊ ခန္ဓာ စသဖြင့် အားလုံးကို လိုချင်နေခြင်း ဖြစ်သည်။ ဗွေလောက်နှင့် မကျေနပ် နိုင်။
ထူးသံအဆုံးမှာ လင်းလွန်းက စကားထပ်ပြောလိုက်သည်။
''ယမုံ ...ရှေ့နားက အအေးဆိုင်ရောက်ရင် ခဏထိုင်ရအောင် ဟာ၊ စကားလေးဘာလေး ပြောရင်းပေါ့''
ယမုံ မျက်နှာလေးမဲ့လိုက်သဖြင့် လင်းလွန်းက ...
''ဘာလဲ ...ပိုက်ဆံမပါလို့လား၊ ငါတိုက်မှာ ပါ ယမုံရဲ့ ''
မျက်စောင်းက ဒိုင်းခနဲ ရောက်လာသည်။ ပြီး ပါးစပ်ကလည်း...
''အပိုတွေ လျှောက်ပြောမနေနဲ့၊ နင်နဲ့ထိုင်ရင် အပ်ကြောင်းထပ် နေတဲ့ စကားတွေ ပဲ ကြားနေရလို့ မထိုင်ချင်တာ''
''သြော် ...ယမုံရယ်''
ထိုသို့ ညည်းပြောလေးပြန်လိုက်သဖြင့် ယမုံက နှုတ်ခမ်းလေးကို မဲ့ကာ ...
''အောင်မာ ...လေသံကိုက၊ နင်ဘာ ဖြစ်နေတာလဲ ငလင်းစိန်''
လင်းလွန်း ဖီးလ်ကျိုးသွားရသည်။ ယမုံက ကြည့်မရလျှင် ငလင်း စိန်ဟု ခေါ်တတ်သော ကြောင့် လည်း ဖြစ်၏ ။ ဘာပြောရမည် ကို လင်းလွန်း အမြန်စဉ်းစားလိုက်ရသည်။ ပေါ် လာသော စိတ်ကူးအတိုင်း ...
''နင်ကလည်း ယမုံရာ ...သူစိမ်းတွေ ကျနေတာပဲ၊ ကဲ ...နင် မကြားချင်ရင် အပ်ကြောင်းထပ်နေတဲ့စကားတွေ မပြောတော့ပါဘူး၊ တခြား အကြောင်းပဲ ပြောကြတာပေါ့''
''သေချာတယ်နော်''
''သြော် ကဲ ...ငါ ဒီနေ့ အရောင်းအဝယ်တစ်ခု ဖြစ်လာလို့ နင့်ကို ကျွေးမွေးချင်လို့ပါဟ''
''ကြီးကြီးကျယ်ကျယ်ဟယ် ...နင်က ဘာအရောင်းအဝယ်လုပ် လို့ ဘာအလုပ် ဖြစ်လာတာမို့လို့လဲ''
လင်းလွန်းက ဟက်ခနဲ ရယ်လိုက်ပြီး ...
''နင်ကလည်း ငါ့ကို အထင်မသေးစမ်းပါနဲ့ဟာ။ ဟိုတစ်ရက်က နင်နဲ့ငါ မြို့ထဲသွားတုန်းက လမ်းဘေးမှာ ငါဝယ်လိုက်တဲ့နာရီကို မှတ်မိတယ် မဟုတ်လား''
ယမုံ မျက်ခုံးလေးနှစ် ဖက် စုသွားရင်း ...
''မှတ်မိပါတယ် ...ခြောက်ထောင်လို့ပြောတာကို နင် သုံးထောင့် ငါးရာနဲ့ အတင်းဈေးဆစ်ပြီး ဝယ်ခဲ့တာလေ''
စကားအဆုံးမှာ လင်းလွန်းက ခေါင်းညိတ်လိုက်ရင်း ...
''အင်း ...အဲဒီ နာရီကို ငါ သုံးသော င်းနဲ့ ကျော်ကို့ကို ပြန်ရောင်း လိုက်တာဟ''
ယမုံ တစ်ယောက် မျက်ခုံးလေးပင့်သွားရရင်း ...
''ဟင် ...အဲဒီ ကောင်ကလည်း ဝယ်တာပဲလား''
''ဟဲ ဟဲ ...ဝယ်တာမှ လိုချင်လို့ကို အတင်းဝယ်သွားတာ''
''ဟုတ်လို့လား လင်းလွန်းရယ် ...နင် ပေါက်ကရတွေ ပြောပြီး ရောင်းလိုက်တာပဲ ဖြစ်မယ်၊ တော် ပြီ တော် ပြီ ...အဲလို မရိုးမသားရတဲ့ ပိုက်ဆံနဲ့ ကျွေးတာဆိုရင် ငါ မစားတော့ဘူး''
ထိုစကားကြောင့် လင်းလွန်း ပျာပျာသလဲ ဖြစ်သွားရသည်။ ချက်ချင်း ပင် ...
''ဟာ ...အဲဒီ ပိုက်ဆံနဲ့ မကျွေးပါဘူး၊ ငါ့ကိုယ်ပိုင်ပိုက်ဆံနဲ့ပဲ ကျွေးမှာ ပါ၊ ခဏထိုင်ကြမယ်နော် ယမုံ''
ဆတ်ခနဲ ကြည့်လာသည့် ယမုံက ပြီးရောဟု ခပ်ပြတ်ပြတ်ဆိုလိုက် သည်။
သို့ နှင့် ...
ဗာဒံပင်လေးများ မိုးအုပ်ယှက်သိုင်းနေသော အအေးဆိုင်လေးမှာ နှစ် ယောက် သား ထိုင် ဖြစ်ကြသည်။ တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေပြည်ကလည်း သူတို့နှစ် ဦးကို မသိမသာ ပွတ်သပ်နေသလိုရှိ၏ ။
လင်းလွန်းက ယမုံ သောက်လေ့သောက်ထရှိသော သံပုရာရည်ကို ပဲ မှာ ပေးလိုက် သည်။ ဈေးနှုန်းကလည်း နည်းသည်လေ။ သူကိုယ်တိုင်ကျ တော့ ငှက်ပျောသီးလက်ဖျော်ကိုပဲ မှာ လိုက်၏ ။ ဒါမှ အားရှိမည် ကိုး။
အအေးပိုက်ဖြင့် ဖန်ခွက်ထဲမှ ရေခဲတုံးလေးတွေ ကို မွှေနေသော ယမုံကိုကြည့်ကာ လင်းလွန်းက ...
''မနက်က ငါ နင့်အိမ်ကို ရောက်သေးတယ်ဟ၊ ဒါပေမဲ့ နင်က ထွက်သွားပြီ''
''ဟဲ့ ...ငါက ခါတိုင်းအချိန်ပဲ သွားတာလေ၊ နင့်ဟာနင် နောက် ကျနေတာပဲဟာကို''
''ဟုတ်ပါတယ် ...ငါလည်း နင်တို့အိမ်မှာ နင့်အမေ တစ်ယောက် တည်း ဆိုပြီး''
စကားကို ဖြတ်ထားလိုက်သဖြင့် ယမုံက ဆတ်ခနဲ ကြည့်လာပြီး ...
''မေမေ တစ်ယောက် တည်းဆိုတော့ ဘာ ဖြစ်လဲ''
''သြော် ...မထူးတော့ဘူးဆိုပြီး အိမ်ပေါ်တက် ရေတစ်ခွက် တောင်းသောက်ခဲ့တာပေါ့ဟ၊ အန်တီကတောင် ပြောသေးတယ် ...သားတို့ နှစ် ယောက် မယူကြသေးဘူးလားတဲ့''
ယမုံ့မျက်နှာက ရဲခနဲ ဖြစ်သွားသည်။ ပြီးမှ ဟန်လုပ်၍ ...
''ဘာလဲ ...သားတို့နှစ် ယောက် ဆိုတာ နင်နဲ့မောင်ဦးနဲ့ကို ပြော တာလား''
''အင်''
ငှက်ပျောသီးဖျော်ရည်ပင် ဖြစ်လင့်ကစား လင်းလွန်း နင်သွားရ သည်။
စိတ်တိုဟန်လေးဖြင့် ယမုံကိုကြည့်လိုက်ကာ ...
''ယမုံရာ ...နင် လျှောက်ပြောမနေပါနဲ့၊ အန်တီပြောတာက နင်နဲ့ ငါနဲ့ကို ပြောတာဟ၊ ဒါပေမဲ့ ငါ ကတော့ နင် အဆူခံမထိအောင် ဖြေ လိုက်ပါတယ်''
''ပြောစမ်းပါဦး''
''သြော် အန်တီရယ်လို့ ...ယူတာက အချိန်မရွေး ယူလို့ရပါတယ်၊ ဒါပေမဲ့ နင် လွတ်လွတ်လပ်လပ်နဲ့ သင်တန်းတွေ တက်စေချင်သေးလို့ပါလို့ ဖြေလိုက်တာပေါ့''
ထိုစကားကြောင့် ယမုံက မျက်နှာလေးကို မဲ့လိုက်ပြီး ...
''အောင်မာ ...ငါက နင့်ကို ဘယ်တုန်းကများ ယူမယ်လို့ ပြောဖူး လို့လဲ''
လင်းလွန်းက မျက်နှာလေးကို အိုစာပြလိုက်သည်။ ယမုံ ကတော့ သနားဟန် မရှိ။ ရှင်းသည်။ အားရစရာကောင်းလှပေသည်။
ဘာလုပ်ရမည် ကို အရင်စဉ်းစားလိုက်သည်။ မေ့ဆေးပဝါဖြင့် အုပ် ပြီး ကားတင်ပြေးမည် ဆိုသည့် ခွေးကျင့်ခွေးကြံမျိုး မဟုတ်ချေ။ စဉ်းစားရင်း စားပွဲပေါ်မှ သွားကြားထိုးတံထည့်ထားသော ဘူးလေးကိုကြည့်ကာ လင်းလွန်း စိတ်ကူးတစ်ခုရသွား၏ ။
လင်းလွန်းက ထိုဘူးထဲမှ သွားကြားထိုးတံ ဆယ့်ငါး (၁၅) ချောင်း ထုတ်ယူလိုက်သည်။ ယမုံက ဒီကောင် ဘာလုပ်တာလဲဆိုသည့်အကြည့်ဖြင့် ...
''လင်းလွန်း ...နင် သွားကြားထိုးတံတွေ ခိုးသွားမလို့လား၊ မလုပ်ပါနဲ့ဟာ ...မကောင်းပါဘူး''
လင်းလွန်း ခေါင်းတဗျင်းဗျင်း ကုတ်မိတော့သည်။ စိတ်ကိုလည်း အတင်းလျှော့ချလိုက်ရင်း ...
''နင်ကလည်းဟာ ...ငါ အခု ဒီသွားကြားထိုးတံ ဆယ့်ငါးချောင်း နဲ့ နင်နဲ့ငါရဲ့ အနေအထားကို ပြောပြမယ်''
''လုပ်လာပြန်ပြီဟာ''
စိတ်ညစ်သံလေးနှင့် ယမုံက ညည်းလိုက်သည်။ မလုပ်နဲ့ဟူ၍ တော့ မပြော။ တစ်ခါ တစ်ခါ လင်းလွန်း ပေါက်ပေါက်ရှာရှာလုပ်ပြတတ်တာတွေ ကို သူမ သဘောကျသည်လေ။ ထိုသို့ ဆို၍ လင်းလွန်း မဖွယ်မရာလုပ်ပြတာ တွေ ကိုလားဟု မတွေးကြပါနှင့် ။ ထူးထူးဆန်းဆန်းလုပ်တတ်တာလေးတွေ ကို ဖြစ်သည်။
ခုလည်း လင်းလွန်းက ...
''ခု နင်နဲ့ငါကြားမှာ ဒီလိုလေးရှိနေတယ်ပေါ့ဟာ''
ပြောရင်း သွားကြားထိုးတံလေးတွေ ကို နှစ် ယောက် ကြားက စားပွဲ ပေါ်မှာ စီချလိုက်သည်။
''အဲဒါက ဘာလဲ''
ယမုံက မေးလာသည်။ လင်းလွန်းက ...သွားကြားထိုးတံတွေ လေ၊ ဒါလေးတောင် မမြင်ရအောင် နင့်မျက်လုံးက ကန်းနေလို့လား ... ဟူ၍ မဖြေပါ။ ထိုသို့ ဖြေလိုက်ပါက ယမုံ ပါးဆွဲရိုက်သွားမည် မှာ မလွဲ။
လင်းလွန်းက သွားကြားထိုးတံလေးတွေ အောက်ဘက်မှ ရေဖြင့် မျဉ်းတစ်ကြောင်း ဆွဲလိုက်ပြီးမှ ...
''အတန်းလိုက် ပေါင်းကြည့်ရင် ငါးနှစ် ရှစ်ရတယ်လေ၊ အဲဒါက နင်နဲ့ငါကြားမှာ လောလောဆယ် ရှိနေတာပဲ''
သံယောဇဉ်ဟု ဆိုလိုလိုက်မှန်း ယမုံ သဘောပေါက်လိုက်သည်။
လင်းလွန်းက ဆက်၍ ...
''ဒီဆယ့်ငါးချောင်းထဲက တစ်ချောင်းနှုတ်ပြီး ခုလို အနေအထား လေး ပြောင်းလိုက်မယ်ဟာ''
ပြောရင်း သွားကြားထိုးတံလေးတွေ ကို နေရာရွှေ့လိုက်၏ ။
ပြီး ပထမတစ်ခေါက်လိုပဲ အောက်ဘက်မှ ရေဖြင့် မျဉ်းတားလိုက် ကာ ...
''ဒီလို ပေါင်းကြည့်တော့ ယမုံရယ်''
စကားပင် မဆုံးလိုက်၊ ယမုံက မျက်ခုံးအတွန့်ချိုးလိုက်ပြီး ...
''သိပါပြီ ...တစ်ငါးသုညသုည ဖြစ်သွားတာပေါ့ ...ဟုတ်လား''
လင်းလွန်းက အားတက်စွာ ...
''ထောင့်ငါးရာလို့ ပြောလိုက်ပါ ယမုံရယ်၊ ခုနက သွားကြားထိုးတံ လေး ဆယ့်ငါးချောင်းလိုပဲ နင်နဲ့ငါက ချစ်သူ ဖြစ်ဖို့ တစ်ခုပဲနှုတ်ပြီး အနေအ ထားပြောင်းလိုက်ရုံလေးပါ''
ယမုံကလည်း အမြင်ကတ်စွာ ...
''ကဲ ဆိုစမ်းပါဦး ...ဘာကိုနှုတ်ပြီး ဘယ်လိုအနေအထားပြောင်း မှာ လဲ''
လင်းလွန်းက ပင့်သက်လှိုင်လှိုင်ရှိုက်၍ ...
''ငါတို့နှစ် ယောက် ကြားက သူငယ်ချင်းဘဝကို နှုတ်ပြီး ချစ်သူတွေ လို အနေအထားပြောင်းရအောင်လို့ ဆိုလိုတာပါ ...နော် ယမုံ''
စကားအဆုံးမှာ ယမုံမျက်နှာလေးက ပြုံးရိပ်သန်းသွားသည်။ ပြီးမှ ...
''ငါ တွေးမိတာ ကတော့ သူငယ်ချင်းဘဝကို နှုတ်ပြီး သူစိမ်းတွေ လို နေလိုက်ကြရင် မကောင်းဘူးလား လင်းလွန်း''
ဒီတစ်ခါတော့ ဖီးလ်အပြည့်နှင့် တောက်လျှောက်ပြောလာသော လင်းလွန်းတင်းသွားရ၏ ။ ယမုံ့ကိုလည်း ပေစောင်းစောင်းကြည့်လိုက်ပြီး...
''တော် ပြီ ယမုံရာ ...နင်ဟာလေ ငါ့စကားဆိုရင် ပျော်စေပျက်စေ အမြဲလုပ်တယ်၊ တကယ်တော့ နင်ဟာ ကိုယ့်ဘက်ပဲ ကိုယ်ယက်တတ်တဲ့ ဝက်ပဲ''
လင်းလွန်း စိတ်တိုသွားမှန်း ယမုံသိလိုက်သည်။ ထို့ကြောင့် ခပ် လွင်လွင်လေးရယ်လျက် ...
''ဟဲ့ ...ကိုယ့်ဘက်ကိုယ်ယက်တာက ကြက်မဟုတ်ဘူးလား''
လင်းလွန်းက ရှုသိုးသိုးနှင့် ...
''ဝက်လည်း ယက်တာပဲ၊ ပြီးတော့ နင့်ကို ကြက်နဲ့မနှိုင်းချင်လို့''
''သြော်''
ထိုစကားကိုတော့ (မိန်းကလေးပီပီ) ယမုံသဘောကျသွားရသည်။ စိတ်တိုနေသော လင်းလွန်းကိုလည်း ပြန်ချော့ချင်သော စိတ်ဖြင့် ...
''ငါက ဝက်ဆိုတော့ ဒီလိုလား''
ခုံပေါ်မှာ ရှိနေသေးသော သွားကြားထိုးတံလေးထဲမှ တချို့ကို ယူကာ ပုံလေးတစ်ပုံစီပြလိုက်ခြင်း ဖြစ်သည်။ လင်းလွန်းက ထိုပုံလေးကိုကြည့်ကာ စိတ်အနည်းငယ် ပြေသွား ရပြီး ...
''အေး ...အဲလိုဆိုရင်လည်း နင် ငါ့ဘက်ကို ခုလို တစ်ချက် လောက်တော့ ငဲ့ကြည့်သင့်တာပေါ့ဟာ''
ပြောရင်းပင် ပထမပုံလေးထဲမှ သွားကြားထိုးတံလေးနှစ် ချောင်းကို နေရာရွှေ့ပြလိုက်ပြန်၏ ။
ထိုပုံလေးကိုကြည့်ကာ ယမုံက ရယ်လိုက်ပြန်သည်။ လင်းလွန်းက အလာကြီးပဲ။ တစ်ဆက်တည်းပင် ဒင်းကို စလိုက်မည် ဟူသော အတွေးဖြင့်
''လှည့်တော့ကြည့်ချင်ပါတယ်ဟာ၊ ဒါပေမဲ့ နင့်ကိုလှည့်ကြည့် နေလို့ ရှေ့ကိုမမြင်ဘဲ ကားတိုက်ခံရရင် ငါ ခုလို ဖြစ်သွားမှာ ပေါ့''
ပြောပြောဆိုဆိုပင် သွားကြားထိုးတံလေးတွေ ကို နေရာပြန်ရွှေ့ လိုက်လေသည်။
ထိုပုံကိုကြည့်ပြီးချိန်မှာ တော့ လင်းလွန်း ဘာမှ ပြန်မပြောနိုင်ဘဲ ငုတ်တုတ်မေ့သွားလေတော့၏ ။ သက်ပြင်းကိုလည်း အလုံးအရင်းနှင့် ချလိုက် သည်။
ယမုံက လင်းလွန်းဘာပြောလာဦးမလဲဟု ပြုံးစစလေးနှင့် စောင့်နေ၏ ။ အတန်ကြာသည်အထိ လင်းလွန်း ငိုင်နေသေးသည်။ ပြီးမှ လေးလေး နက်နက်သော အသွင်ဖြင့် ...
''ယမုံ ...နင့်ကို ငါ ချစ်တယ်, လက်ထပ်ချင်တယ်ဆိုတာ နင်သိ တယ်နော်၊ ဒါကို နင်သိရဲ့ သားနဲ့ ငါ့အပေါ် ဘာခံစားချက်မှမရှိသလို လုပ် နေတာလည်း ငါသိတယ်၊ မိဘတွေ ပေးစားလို့ လက်ထပ်လိုက်ရတာ မျိုး တော့ ငါလည်းမ ဖြစ်ချင်ပါဘူးဟာ၊ ဒါပေမဲ့ နင့်ကိုငါချစ်တယ်ဆိုတဲ့စကား ထပ်မပြောတော့ဘူး''
ထိုစကားကြောင့် ယမုံ မျက်နှာလေး တည်သွားပြီး ...
''ဒါဆို နင့်စကားကို ပြန်ရုပ်သိမ်းတယ်လို့ ဆိုလိုတာလား''
စိတ်ကလေး တထင့်ထင့်နှင့် ယမုံက မေးလိုက်ခြင်း ဖြစ်သည်။ လင်းလွန်း ပြောလာသော စကားကြောင့် အနည်းငယ် အသက်ရှူချောင်သွား ရ၏ ။
''ဘာလို့ ပြန်ရုပ်သိမ်းရမှာ လဲ၊ ပြောပြီးသားမို့ ထပ်မပြောတော့ဘူး လို့ ပြောတာ''
''ဟင် ...အဲဒါက အတူတူပဲ မဟုတ်ဘူးလား''
လင်းလွန်း ခပ်ဖြည်းဖြည်း ခေါင်းခါသည်။ ပြီးမှ ယမုံ့ကို ရီဝေဝေ ကြည့်လျက် ...
''မတူဘူးလေ ...ငါ့စိတ် ကတော့ နင့်အပေါ်မှာ အရင်အတိုင်းပဲ၊ ချစ်တယ်လို့တော့ ထပ်မပြောတော့ဘူး၊ ပြီးတော့ နင့်ဘက်က ပြန်ပြောလာ မယ့်အဖြေတစ်ခုခုကိုလည်း မျှော်လင့်ချက်ကြီးနဲ့လည်း ထိုင်စောင့်မနေတော့ ဘူးလို့ ဆိုလိုတာ''
''သြော်''
လင်းလွန်းပုံစံက ဒီတစ်ခါ အလေးအနက်ပြောနေမှန်း သေချာ သည်။ ကိုယ့်ဘက်ကပဲ ကြိုးရှည်ရှည်နှင့် လှန်ထားသလို ဖြစ်နေပြီလားဟု ယမုံတွေးမိသည်။ သေချာတာတစ်ခု ကတော့ လင်းလွန်းကို သူမ မမုန်းပါ။ ချစ်သလားဆိုတော့လည်း အို ...ကိုယ့်ကိုယ်ကိုယ် ဝေခွဲမရ ဖြစ်နေမိသည်။
ထိုအချိန်မှာ ပဲ လင်းလွန်း၏ စကားသံက တိုးတိုးဖွဖွ တည်တည်ငြိမ် ငြိမ် ထွက်လာပြန်သည်။
''လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာ မှန်ပေမယ့် အရမ်း မျှော်လင့်နေရင် ကိုယ်ပဲ အရမ်းခံစားရတယ် ယမုံ ...ပြီးတော့''
စကားကို ဖြတ်ထားသေးသည်။ ထပ်ပြောလာသည့် စကားအဆုံး မှာ တွင် ယမုံခေတ္တမျှ ဆွံ့အငြိမ်သက်သွားလေ၏ ။
''ပြီးတော့ ည ည ငါအိပ်မပျော်တာ ကြာပြီယမုံ''
![]() Voice Mail | ![]() ဟဲ့ | ![]() စူပါဆန်းဒေး |