Cover

အဓိပ္ပာယ်နှစ် ခွထွက်တဲ့ ဟာသမျိုးမှာ
အပြောင်မြောက်ဆုံးအချက်က ဆိုလိုချင်တာကျတော့
တစ်ခုတည်းရှိတာပဲ၊

ရော်နီဘာကာ

*


(၁)

''မိုးနေ ...မင်းကို ဘိုကြီးခေါ်နေတယ်၊ သူ့အခန်းကို ခဏလာ ခဲ့ဦးတဲ့''

အယ်ဒီတာကိုအောင်၏ စကားအဆုံးမှာ တော့ မိုးနေ မျက်မှော င် ကြုတ်လိုက်မိသည်။ ဘိုကြီးဟု တစ်ရုံးလုံးက ကွယ်ရာတွင် ခေါ်နေကြသူမှာ တခြားလူမဟုတ်။ ဒီမဂ္ဂဇင်းတိုက်၏ ပိုင်ရှင် သူဌေး ဦးဘိုမောင် ဖြစ်သည်။

ခုလည်း ဘာကိစ္စပေါ်လာပြန်ပြီ မသိချေ။ ဦးဘိုမောင်က မဂ္ဂဇင်း နှင့် ပတ်သက်သော ကိစ္စကလွဲပြီး တခြားအပြင်ကိစ္စ ခိုင်းစရာဆိုလျှင် သူ့ကို သတိရနိုင်လွန်းသည်။

မည် သို့ ပင် ဖြစ်စေ ...

သူက အလုပ်ရှင်၊ ကိုယ်က အလုပ်သမား ဖြစ်နေသည်လေ။ ထို့ ကြောင့် ဖတ်လက်စ အမေးအဖြေစာမူတွေ ကို ခဏထားပြီး သွားရတော့၏ ။

အခန်းထဲဝင်သွားလိုက်တော့ ဦးဘိုမောင်က လေးလေးနက်နက် တွေးနေဟန်အပြည့်ဖြင့် စောင့်နေပါသည်။ မိုးနေလည်း ရှေ့က ခုံမှာ အသာ ဝင်ထိုင်လိုက်၏ ။

''သြော် ...မင်းရောက်လာပြီလား''

''ဟုတ်ကဲ့ ...ဦး''

''အေးကွာ''

စကားကို ''အေး'' နှင့် ''ကွာ'' နှစ် လုံးပဲပြောပြီး ရပ်ထားလိုက်သေး သည်။ တစ်ခါတစ်ခါ ဦးဘိုမောင်က ဘာမှန်းမသိ။ ပိုင်ရှင်မှန်းတော့ သိသည်။ သို့ သော် ခုလိုပဲ စကားကို အတင်းလေးနက်အောင် အမျိုးမျိုးပျိုးလေ့ရှိ သည်။ ပြီးလျှင်လည်း ဘာမှမဟုတ် မင်း ထမင်းစားပြီးပြီလားဟု မေးချင် မေးလေ့ရှိ၏ ။

ခုလည်း ဦးဘိုမောင်က ...

''ငါ့မှာ လည်း ဒီလိုကိစ္စဆိုရင် ခိုင်းစရာက မင်းပဲရှိတာ မိုးနေရ''

''ဟုတ်ကဲ့ ...ပြောပါ ခင်ဗျာ''

''အင်း ...မင်းကိုလည်း လည်လည်ဝယ်ဝယ် ပြောတတ်ဆိုတတ် ဆိုတာ ငါ ယုံပါတယ်''

''ဟုတ် ...ဦးရဲ့ ကိစ္စလေး ပြောပါဦး''

''အေးကွာ''

စကားက ခုနက နေရာပဲ ပြန်ရောက်သွားသည်။ ဘယ်လိုပဲ ဖြစ် ဖြစ် ဒီလောက်ပျိုးလာပြီဆိုလျှင် ခပ်ပေါ့ပေါ့ကိစ္စ မဟုတ်တာတော့ သေချာသ လောက် ဖြစ်နေပြီ။

ထိုကြောင့် မိုးနေကပဲ ...

''ဦး ...ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောပါ ခင်ဗျ၊ ကျွန်တော် ကူညီနိုင်တာဆိုရင် ကူညီပါ့မယ်''

ဒီတစ်ခါတော့ အေးကွာဟု ထပ်မလာတော့ချေ။ ထပ်လာလျှင် လည်း စကားက လိုရင်းရောက်တော့မည် မဟုတ်။ ထိုကြောင့် သူ့ဘဝ သူ နားလည်လိုက်သလို ဦးဘိုမောင် သက်ပြင်းချရင်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏ ။

''ဒီလို ...မိုးနေက မင်းနဲ့ တိုင်ပင်ပြီး အကူအညီတောင်းချင်တဲ့ ကိစ္စက အလုပ်နဲ့ မပတ်သက်တဲ့ ငါ့ကိုယ်ရေး ကိုယ်တာကိစ္စပါ''

''ဟုတ်ကဲ့ ...ကျွန်တော် လည်း အဲဒီ လိုပဲ တွေးမိပါတယ်''

မိုးနေစကားကြောင့် ဦးဘိုမောင် ပြုံးလိုက်သည်။ အပြုံးက မိုးနေ၏ အကင်းပါးမှု ကို ရိပ်မိသော အပြုံးမျိုး။ ပြီးမှ စကားထပ်ဆက်လိုက်၏ ။

''ငါ့မှာ တူ တစ်ယောက် ရှိတာ မင်းသိတယ် မဟုတ်လား''

''ဟုတ်ကဲ့၊ အရင်တုန်း ကတော့ ဒီကိုလာတာ မြင်ဖူးပါတယ်''

''အေး ...အသက်အရွယ်ကလည်း မင်းနဲ့ ရွယ်တူလောက်ပဲ ရှိ မယ်ထင်တာပဲ''

မိုးနေ ဘာမှပြန်မပြောဘဲ ဆက်နားထောင်နေလိုက်သည်။ ခုချိန်ထိ ဦးဘိုမောင် ဘာကိုဆိုလိုချင်မှန်း လုံးဝမှန်းဆမရသေး။

''ဒီမှာ ရော့ ... ဖတ်ကြည့်၊ အဲဒါ ငါ့တူ မျိုးမင်းမြတ်နဲ့ ပတ်သက် တဲ့ အကြောင်းအရာတချို့ပဲ''

မိုးနေ ယူဖတ်ကြည့်လိုက်သည်။ ဒီစာရွက်ပေါ်မှာ ကပ်ထားသည့် ဓာတ်ပုံပိုင်ရှင် မျိုးမင်းမြတ်ဆိုသော ငတိကို သူမြင်ဖူးပါသည်။ ပြီး စာရွက် ပေါ်မှာ ရေး ထားသည်က ထိုငတိ၏ မွေးသက္ကရာဇ်၊ ပညာအရည်အချင်း၊ အလေ့အကျင့်တချို့၊ လက်ရှိကိုင်ထားသော ဟန်းဖုန်းနံပါတ်၊ လက်ရှိစီးနေ သော ကား စသည့်အကြောင်းအရာများ ဖြစ်သည်။

ဖတ်ပြီးသော်လည်း နားမလည်သေးသဖြင့် မိုးနေက ...

''ဟိုလေ ...ဦး ဒါတွေ ဖတ်ပြီးတော့ ကျွန်တော် က ဘာလုပ်ပေး''

စကားမဆုံးခင်မှာ ပဲ ဦးဘိုမောင် လက်ကာပြလိုက်၏ ။ လေပူကြီး တစ်ချက်ကိုလည်း စိတ်ရှိလက်ရှိ မှု တ်ထုတ်လိုက်ပြီးမှ ...

''ငါ ...မင်းကို ခိုင်းချင်တာကကွာ ဒီကောင် ငါနဲ့ စကားများ ပြီး အိမ်ပေါ်က ဆင်းသွားတယ်၊ အဲဒါ ဒီကောင့်နောက်ကနေ လိုက်ပြီး ထောက် လှမ်းရေး လုပ်ပေးဖို့ပဲ''

''ဗျာ''

မျက်လုံးပင် ပြူးထွက်သွားရသည်။ နေရင်းထိုင်ရင်း သူ့တူ အိမ် ပေါ်က ဆင်းသွားတာကို လိုက်ကြည့်ပေးရမည် တဲ့၊ ပြီး သူ့တူ ငတိက သူဌေးသား။ ကားတစ်စီးဖြင့် လျှောက်သွားနေသူ။

ထိုကြောင့် မိုးနေက ...

''ဦး ...လူ တစ်ယောက် နောက်ကို လိုက်ကြည့်ဖို့ဆိုတာက လွယ် မယ်မထင် ...''

''ငါသိပါတယ်ကွာ၊ ငါ ...မင်းအတွက် အချိန်တစ်ပတ် အရင် ပေးမယ်၊ ကားတစ်စီးပေးမယ်၊ လိုအပ်ရင် ဆက်သွယ်လို့ရအောင် ဖုန်းတစ် လုံး ပေးထားမယ်၊ ပြီးတော့ ခု လက်ရှိ လစာအပြင် ဘောနပ်သပ်သပ် ထပ်ပေးမယ်ကွာ၊ ဘယ်လိုလဲ''

ကမ်းလှမ်းမှု ကတော့ စိတ်ဝင်စားစရာ ဖြစ်နေပြီ။ သို့ သော်လည်း မေးစရာရှိတာကိုတော့ မေးရသေးသည်ပေါ့လေ။

''ဒါနဲ့ ဦး ...ကျွန်တော် က သူ့နောက်ကလိုက်ပြီး ဘာအကြောင်း အရာတွေ ကို အဓိက စုံစမ်းပေးရမှာ လဲ''

ဦးဘိုမောင်က တစ်ချက်ပြန်ကြည့်လာသည်။ မင်း စိတ်ဝင်စား သွားပြီ မဟုတ်လားဆိုသည့် အကြည့်မျိုး။ စကားကိုလည်း မိုးနေ စိတ်ဝင် စားလာအောင် ဖြည်းဖြည်းချင်း သိမ်းသွင်းပြောနေခြင်း ဖြစ်၏ ။

''သေသေချာချာလေးတော့ နားထောင်ကွာ၊ ဒီကိစ္စကို မင်းကိုမှ ရွေးခိုင်းတာ၊ မင်းလုပ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ် မိုးနေ၊ ပြီးတော့ မင်းနဲ့ငါနဲ့ကလွဲပြီး ဘယ်သူမှ မသိစေချင်ဘူး''

''ဟုတ်ပါပြီ ...ဦး''

''ကဲ ...ဒီလိုဆိုရင် ငါ ပြောပြမယ်၊ ငါ့တူ မျိုးမင်းမြတ်ဆိုတဲ့ ကောင်က သူဌေးသား၊ ဘာအလုပ်မှ မလုပ်ဘဲ ကားတစ်စီးနဲ့ လျှောက်သွား နေတာ၊ အဲဒါ အရင်တုန်း ကတော့ ပြဿနာမရှိပေမယ့် ခုတော့ ရှိလာ တယ်ကွ''

''ဗျာ ...ပြဿနာဆိုတာက''

''အေး ...ပြောရင်တော့ နည်းနည်း ရှည်မယ်၊ ဒီကောင့်မိဘ တွေ က ဒီကောင် ကိုးတန်းလောက်မှာ ကားအက်ဆီးဒင့် ဖြစ်ပြီး နှစ် ယောက် စလုံး ဆုံးသွားကြတာ၊ ငါလည်း အဲဒီ ကတည်းကပဲ ဒီကောင့်အမွေတွေ ကို ထိန်းပြီး လုပ်ငန်းတွေ လည်း ဦးစီးခဲ့တယ်ဆိုပါတော့၊ ခု ဒီကောင် အရွယ် ရောက်လာတော့ အမှန်အတိုင်းပြောရရင် ငါလည်း အချိန်တိုင်း လိုက်မကြည့် နိုင်ဘူး၊ ပြီးတော့ ဒီကောင်က ခု ရည်းစားတွေ တစ်ယောက် ပြီး တစ်ယောက် ထားလာတယ်၊ တကယ်တော့ ဒီကောင်နဲ့ ပေးစားဖို့ ရည်ရွယ်ထားတဲ့ ကောင်မလေးလည်း ရှိပါတယ်၊ အဲဒီ ကောင်မလေးကလည်း နိုင်ငံခြားမှာ ကျောင်းတက်နေတုန်းဆိုတော့ကွာ၊ သူပြန်မလာခင်မှာ ငါ့တူကို မိန်းမလည် တစ်ယောက် ယောက် က သူဌေးသားဆိုပြီး အပိုင်ချည်သွားမှာ စိုးရိမ်တယ် လေ၊ ခု ဒီကောင် အရင်ထက် ခြေလှမ်းပျက်နေတယ်ဆိုတော့ မင်းကို လိုက်ကြည့်ပေးစေချင်တာပဲ''

ဦးဘိုမောင်က ပြောရင်း မောသွားသလို စကားကို ခဏရပ်လိုက် သည်။ မဟာကိစ္စကြီးပါလားဟူ၍ မိုးနေ ခပ်ချဉ်ချဉ်တွေးလိုက်မိ၏ ။ ဒီလို ကိုယ်နှင့် မဆိုင်သည့်ကိစ္စမျိုးတော့ မလုပ်ချင်ပါ။ ဒီကိစ္စမျိုးက ပိုက်ဆံရှိ လူတန်းစားအဖို့တော့ အတော် ကြီးကျယ်ခမ်းနားနေပုံရသည်။

ခုလည်း မိုးနေ တွေ ဝေစဉ်းစားသွားပုံကြောင့် ဦးဘိုမောင်တစ်ချက် လှမ်းချက်(ခ်) လိုက်သေးသည်။

ပြီးမှ ...

''သြော် ...ဒါနဲ့ စကားမစပ် မိုးနေ ... မင်း လုံးချင်းဝတ္ထုလေး တွေ ရေး နေတယ်ဆို''

''ခင်ဗျာ ...ဦး ဘယ်လိုသိ ...''

''မင်းကလည်းကွာ၊ မင်း ပေးဖတ်ကြည့်တဲ့ ကိုအောင် ပြောတာ ပေါ့ကွ၊ ကောင်းသားပဲလို့ ပြောတာပဲ''

ဒီစကားကိုတော့ မိုးနေ ကျေနပ်သွားရသည်။ ဝါသနာပါ၍ လုံးချင်း ဝတ္ထုလေးတွေ စမ်းရေး နေတာပင် ကြာလှပြီ။ ခုထိတော့ ထုတ်ဝေပေးမယ့် သူ မရှိသေး။ စဉ်းစားနေစဉ်မှာ ပဲ ဦးဘိုမောင်က ...

''ခုကိစ္စကလည်း မင်းအတွက် ကုန်ကြမ်းတစ်မျိုးရနိုင်တယ်နော်၊ ရေး ပေါ့ကွာ ...လေးငါးအုပ်လောက် ရေး ပြီးရင်တော့ ငါ့ဆီလာပေးထား''

''ဗျာ ...ဦး ထုတ်ပေးမလို့လား''

''ဟာကွာ ...ငါ့မဂ္ဂဇင်းနဲ့ ဂျာနယ်နှစ် စောင်နဲ့တောင် ချာလပတ် ရမ်းနေတာ၊ ဒါပေမဲ့ ငါ့မိတ်ဆွေ ဦးအောင်စိုးဆိုတာ ရှိတယ်ကွ၊ အဲဒါ သူက နယ်မှာ ရှိတဲ့ ပိုင်ဆိုင်မှု တွေ ကိုရောင်းပြီး ခုနစ်စဉ်ကြယ်စာပေတိုက် ထောင်ထားတယ်၊ အရေး အသားကောင်းတဲ့လူတွေ့ ရင် ပြောပါတဲ့၊ သူ စာအုပ်ထုတ်ချင်တယ်၊ သူတို့မှာ ပိုက်ဆံလည်း ပေါပါတယ်လို့ ပြော တယ်''

''ဟုတ်လား''

''ငါက ညာမလားကွ၊ အဲဒါ မင်းကို ပြောမယ်ပြောမယ်နဲ့ မေ့နေ တာ၊ မင်းရေး ပြီးသားလေးတွေ သာ ငါ့ဆီ လာပေးထားလိုက်၊ ဒါနဲ့ ငါ ခုန က ပြောတဲ့ကိစ္စရော ကူညီပေးမှာ မဟုတ်လား၊ မင်းအတွက် မနစ်နာစေ ရပါဘူးကွာ၊ လိုက်ကြည့်ပေးပြီး တစ်ခုခုထူးခြားရင် ငါ့ဆီ ဆက်သွယ်ပေးရုံ လေးပဲဟာကို၊ ဒီလိုလုပ်ပါလား၊ လာမယ့်ဆန်ဒေးက စပြီး တစ်ပတ်လောက် စမ်းလုပ်ကြည့်လိုက်လေ၊ တစ်ပတ်ပြည့်မှ ဆက်ဆွေးနွေးတာပေါ့''

မိုးနေ စဉ်းစားရတော့၏ ။ ဦးဘိုမောင် ကတော့ သူ့ဘက်က လိုအပ် တာကို ပြောလာသလို ကိုယ့်အတွက်ဆိုပြီး စာအုပ်ကိစ္စနှင့် လည်း စည်းရုံးသိမ်း သွင်းနေလေပြီ။

သူ ဘယ်လိုဆုံးဖြတ်ရမည် လဲ။ ဒီကိစ္စသည် အကြာကြီးစဉ်းစားရန် ဦးဘိုမောင် အချိန်ပေးမည် မဟုတ်။ ပြီးတော့ သူ့ကိစ္စ လုပ်ပေးရုံလေးဖြင့် ကိုယ့်အတွက် မျှော်လင့်စရာတစ်ခုလည်း ရှိလာဦးမည် ။

နောက်ပြီး လိုအပ်သည့် အဆောင်အယောင်နှင့် သုံးစွဲရန် ငွေကြေး ကိုလည်း ပေးထားဦးမည် ပဲ၊

သို့ နှင့် မိုးနေ တစ်ထိုင်တည်း ဆုံးဖြတ်ချက် ချလိုက်လေ၏ ။

''ဟုတ်ကဲ့ ...ဦး၊ လာမယ့်ဆန်းဒေးမှာ စလိုက်တာပေါ့''

''ဒါပဲပေါ့ ...မိုးနေရာ၊ မင်းကို ငါ ယုံကြည်ပြီးသားပါကွာ ... ဟဲ ...ဟဲ''

ကျေနပ်သွားဟန်နှင့် ဦးဘိုမောင် မိန့်မိန့်ကြီး ပြုံးလိုက်ပါသည်။ မိုးနေမှာ တော့ လာမည့် တစ်ပတ်အတွင်း ဘာတွေ ဖြစ်လာဦးမည် ကို ယောင် လို့ပင် စဉ်းစား၍ မရသေးချေ။ ခုလောလောဆယ်မှာ တော့ အပြုံးကြီး ပြုံးနေ သော ဦးဘိုမောင်ကိုသာ မချိပြုံး အမျိုးအစားနှင့် ခပ်ယဲ့ယဲ့လေး ပြန်ပြုံး ပြလိုက်ရလေသည်။

*


အိုးထရက်ဖို့မှာ
သရဲနီတွေ အတွက်
ဒီည လမင်းသာ,မသာတော့ မသိဘူး၊
ကိုယ့်အတွက်တော့
ဒီစူပါဆန်းဒေးမနက်ကပဲ
တစ်ပတ်လုံးစာ ဇာတ်ညွှန်းကို
ကံကြမ္မာက လက်ဆောင်ပေးလိုက် သလို ...။

*


(၂)

ရက်သတ္တပတ်တစ်ခု၏ အရောင် ရင့်နေသော တနင်္ဂနွေနေ့။ ပရီမီး ယားလိဂ်ဘောလုံးပွဲဝါသနာအိုးများ အတွက်တော့ စူပါဆန်းဒေးသည် မနက် ခင်းကပဲ ဖလန်းဖလန်းလင်းထွက်နေသည်။

မိုးနေအတွက်တော့ စူပါဆန်းဒေးသည် ခါတိုင်းအပတ်တွေ က လိုအလုပ်နားရက် ဖြစ်သော်လည်း အားယားနေချိန်မရချေ။

ဒါဆို မိုးနေ ဘာလုပ်နေလဲ။ ပရိသတ်ကြီးကို အထက်က တင်ပြ ခဲ့သလိုပဲ အလွတ်စုံထောက်အလုပ် စတင်နေပြီ ဖြစ်သည်။ အလွတ်စုံထောက် ဟုသာ ဆိုရသည်။ လိုင်စင်မရှိသလို သေနတ်တွေ ဘာတွေ လည်း ရှိသည် မဟုတ်။ ပြီးတော့ ဆားပုလင်းနှင်းမောင်လို မြိုင်ရာဇာတာတေကဲ့သို့ လူဆိုး မျိုး ဖမ်းဆီးရမှာ လည်း လားလားမျှ မဟုတ်ပါချေ။ ကိုယ်လိုက်စုံစမ်းရမှာ က မျိုးမင်းမြတ်ဆိုသော သူဌေးသားဂျပလွတ်ကောင်။ စုံစမ်းရမည့် အကြောင်း အရာကလည်း ဒင်းအလုပ်မရှိ အလုပ်ရှာ အားအားယားယားဖွန်ကြောင် သည့်ကိစ္စ။

ထားတော့ ...။ ဒီကောင် ဘာကောင်ကြီးပဲ ဖြစ်နေနေ၊ ဘာကိစ္စပဲ လုပ်နေနေ ကိုယ်ကလည်း ကိုယ့်တာဝန်ယူထားသည့်အလုပ်ကို မ ဖြစ်မနေ လုပ်ရပါလိမ့်မည် ။

ခုလည်း မနက်ခုနစ်နာရီထိုးကတည်းကပဲ မိုးနေ ဟိုတယ်တစ်ခု၏ အနီးသို့ ကားတစ်စီးဖြင့် ရောက်နေပြီ။ မျိုးမင်းမြတ် အိမ်ပေါ်က ဆင်းသွားပြီး ဒီဟိုတယ်မှာ စခန်းချနေသည်ဟု ဦးဘိုမောင်က သတင်းပေးခဲ့ခြင်း ဖြစ်၏ ။ ပြီးတော့ မိုးနေသုံးရန် ဦးဘိုမောင် စီစဉ်ပေးထားသော ကားက မျိုးမင်းမြတ် သိထားသည့် ဦးဘိုမောင်၏ ကားတစ်စီးစီးထဲမှမဟုတ်။ မိတ်ဆွေ တစ်ယောက် ယောက် ၏ အပိုင်တက်စီ ကားတစ်စီးကို မိုးနေသုံးရန် ခဏငှားထားပေးခြင်း ဖြစ်သည်။

ဟိုတယ်အနီးမှာ ကားတစ်စီးဖြင့် မယောင်မလယ်စောင့်နေရသည် မှာ လည်း သိပ်တော့မစားသာလှချေ။ သကောင့်သားက ဘယ်အချိန်အိပ်ရာ ကထပြီး ဘယ်အချိန်မှ အပြင်ထွက်လာမည် မသိ။ ကိုယ့်မှာ သာ ဒင်းလွတ် သွားမှာ စိုး၍ စောစောစီးစီး ထလာရသည်။

သို့ သော်လည်း ...

ဝီရိယကပဲ အကျိုးပေးသည်လား၊ ကံကပဲ ကောင်းနေသည်လား မပြောတတ်။ မိုးနေစောင့်ပြီး နာရီဝက်လောက်မှာ ပဲ ဟိုတယ်ဝင်းထဲမှ ထွက် လာသော မျိုးမင်းမြတ်၏ ကားကို တွေ့ လိုက်ရလေ၏ ။

မိုးနေသည် ကားကို ချက်ချင်း စက်နှိုးလိုက်ရသည်။ မောင်းထွက် သွားသော မျိုးမင်းမြတ်၏ ကားနောက်မှလည်း လိုက်သွားလိုက်၏ ။ မသိ လျှင်တော့ ဗီဒီယိုတွေ ကလိုပဲဟု စဉ်းစားရင်း ရယ်ချင်မိသေးသည်။ ကိုယ်က သာ လိုက်နေရ၏ ။ တရားခံ မျိုးမင်းမြတ် ကတော့ သူ့နောက်မှာ စုံထောက် တစ်ယောက် လိုက်နေပြီ။ အန္တရာယ်ရနံ့လည်း ရနေပြီဟု တွေးမိမည် မဟုတ် ချေ။

ခုချိန်ထိတော့ ဘာမှထူးခြားမှု မတွေ့ ရသေး။ သို့ သော်လည်း သိပ်မကြာခင်မှာ ပဲ ထူးခြားမှု ကို မိုးနေ ကြုံတွေ့ ရလေတော့၏ ။

အ ဖြစ် ကတော့ ပထမရှင်းရှင်းကလေး ဖြစ်သည်။ မိုးနေ မောင်းလာ သော ကားက တက်စီဆိုင်းဘုတ်တပ်ထား၍ လှမ်းတားခံရခြင်း ဖြစ်သည်။ ပြီး အရေး တကြီးပုံစံဖြင့် တားလိုက်သူက ကောင်မလေး တစ်ယောက် ။

မိုးနေက ကားကို ခဏရပ်လိုက်ပြီး ...

''ဒီမှာ ...ကားက မအား''

စကားပင် မဆုံးလိုက်ချေ။ ကောင်မလေးက ကားနောက်ခန်းတံခါး ကို အမြန်ဆွဲဖွင့်ကာ စွေ့ခနဲ ဝင်ထိုင်လိုက်သည်။ ပြီး ဘာမှဂရုမစိုက်သလို အရေး တကြီးနိုင်လှသော အသံဖြင့် ...

''ဒီမှာ ရှင့် ...ဟိုရှေ့က ကားနောက်ကို မီအောင်လိုက်ပေးစမ်းပါ၊ တောင်းသလောက် ပေးပါ့မယ်''

ညွှန်ပြသော ကားကို မိုးနေ လှမ်းကြည့်လိုက်သည်။

''ဟင်''

ပါးစပ်ကလည်း တအံ့တသြ ရေရွတ်လိုက်မိ၏ ။ ကောင်မလေးက တော့ မိုးနေ၏ အံ့သြသွားမှု ကို ရိပ်မိလိုက်မည် မဟုတ်။ ရှေ့မှ မျိုးမင်းမြတ်၏ ကားလွတ်သွားမည် ကိုပဲ စိုးရိမ်ပူပင်နေပုံရသည်။

''ခင်ဗျား ...ဟိုရှေ့က ကားခဲရောင် ကို ပြောတာလား''

မိုးနေအမေးကို ကောင်မလေးက ဝရုန်းသုန်းကား ခေါင်းညိတ်ပြ လိုက်ရင်း ...

''ဟုတ်တယ် ...ဟုတ်တယ် အဲဒီ ကားကိုပြောတာ''

လောလောဆယ်တော့ ဘာမှထပ်မေးမနေတော့ဘဲ ကားမောင်း ထွက်လိုက်သည်။ တဖြည်းဖြည်း မျိုးမင်းမြတ်၏ ကားနှင့် နီးကပ်လာတော့မှပဲ ကောင်မလေး အနည်းငယ်စိတ်အေးသွားပုံပေါ်သည်။ သက်မတစ်ချက်ကို လည်း အားရပါးရချလိုက်၏ ။

မိုးနေလည်း ကောင်မလေးကို နောက်ကြည့်မှန်မှ မသိမသာ အကဲ ခတ်ရင်း စဉ်းစားနေမိသည်။ အတော် ရှင်းသန့်လှပသူလေး ဖြစ်၏ ။ မျက်နှာ ဖူးဖူးပေါ်မှာ နှာတံချွန်ချွန်လေးက သေသပ်စွာ နေရာယူထားသည်မှာ သိသိ သာသာလေး။ အပေါ်နှုတ်ခမ်းအထက်နားမှာ လည်း နေရာကောင်းရထား သော မှဲ့သေးသေးက တစ်မျိုးတစ်ဘာသာ ကြည့်ကောင်းနေပြသည်။

သူမအလှအပကို ခံစားရင်းက မိုးနေ အတွေးဝေမိပြန်သည်။ ဒီကောင်မလေးက မျိုးမင်းမြတ်နှင့် ဘယ်လိုပတ်သက်နေသည်လဲ။ ဒီကောင့် ရည်းစားတွေ ထဲက တစ်ယောက် လောက် ဖြစ်ပြီး ပွေရှုပ်သော ဒီကောင့်နောက် ကို ချက်ကင် (Chicken) လိုက်နေတာများ လား။ ထိုသို့ တွေးမိရုံမျှဖြင့် မိုး နေ တစ်ဖက်သတ်ကြီး နှမြောသွားရသည်။

ကောင်မလေး ဒီကောင့်နောက်ကို လိုက်နေသည့်ရည်ရွယ်ချက် ကို မသိသော်လည်း လောလောဆယ်မှာ တော့ အကြံကတူနေပြီ။ ခုလို လာတိုက်ဆိုင်တာကိုပဲ မိုးနေ အံ့သြနေမိသည်။

ကောင်မလေး ကတော့ မိုးနေလို တွေးနေပုံမရ။ ရှေ့မှ မျိုးမင်းမြတ် ကားကိုပဲ မျက်စိအောက်က ပျောက်သွားမှာ ကြောက်သလို သဲကြီးမဲကြီး စူးစိုက်ကာ လိုက်ကြည့်နေသည်။

ထိုသို့ လိုက်နေရင်းပင် မျိုးမင်းမြတ်ကားက ကော်ဖီနှင့် စနက်ဘား တစ်ခုရှေ့မှာ ထိုးရပ်လိုက်၏ ။

ကောင်မလေးက မိုးနေကိုကြည့်ကာ ပျာပျာသလဲဟန်ဖြင့် ...

''ရပ်လိုက် ...ရပ်လိုက် ...ဒီမှာ ပဲရပ်လိုက်''

မိုးနေက မျိုးမင်းမြတ် ကား၏ မလှမ်းမကမ်း နောက်နားမှာ ရပ်ပေး လိုက်သည်။ လှမ်းကြည့်နေစဉ်မှာ ပဲ မျိုးမင်းမြတ်က ကားပေါ်က ဆင်းလာ၏ ။ ပြီး ငြိမ်ငြိမ်နေသည်မဟုတ်။ ဟန်းဖုန်းတစ်လုံးကိုင်ကာ ခေါင်းကို အမျိုးမျိုး ချာလပတ်ရမ်းလိုက်၊ တင်ပါးလေးကိုလည်း ကော့လိုက်ကုန်းလိုက်ဖြင့် မျက်စိနောက်လောက်အောင် ဖုန်းပြောနေသေးသည်။

''ဟွန်း ...ပုံစံကိုက မျက်စိနောက်တယ်၊ အမြင်ကတ်စရာ ကောင်း လိုက်တာ''

''ဗျာ''

ကောင်မလေး၏ ဆူအောင့်အောင့်အပြောကြောင့် မိုးနေ ရေရွတ် လိုက်မိသည်။ ထိုအခါမှ ကောင်မလေးက မိုးနေဘက်လှည့်ကာ ...

''ဆောရီး ...ဟိုလူကိုပြောတာပါ''

''သြော်''

ထိုအခါမှ ကောင်မလေးက ဆက်ပြောလာပြန်သည်။

''ဒါနဲ့ ...ရှင့်ကားကို မေနိုး တစ်ရက်လုံး ပုတ်ပြတ်ငှားလို့ရလား မသိဘူး''

''ဗျာ ...ဘယ်တွေ များ သွားဦးမလို့လဲဗျ''

မိုးနေအမေးကို ကောင်မလေးက ...

''ခု ...မေနိုးတို့ လိုက်လာတဲ့ ဟိုကားကို တွေ့ လား၊ အဲဒီ ကား နောက်က လိုက်ချင်တာ၊ ဟိုလေ ...အဲဒီ လူ တစ်ရက်လုံး ဘာတွေ လုပ် လဲဆိုတာ သိချင်လို့''

''ဗျာ''

''ဟုတ်တယ်၊ မေနိုးက အဲဒါကြောင့် ငှားချင်တာ၊ ရှင့်ဘက်က ဖြစ်မှာ လား''

မိုးနေ တစ်ချက်စဉ်းစားလိုက်သည်။ ကားကို တစ်ရက်လုံး အပြတ် ငှားမည် ဆို၍ ကားခကို မတန်တဆ နင်းကန်တောင်းရန် စဉ်းစားခြင်းမဟုတ် ပါ။ ပေးလျှင်တောင် ယူချင်စိတ်မရှိ။ ပြီးတော့ သူ မပါလည်း ကိုယ်က မျိုးမင်းမြတ်ကို လိုက်ကြည့်ရမှာ မို့ ကားပေါ်တင်ခေါ်သွားရုံသာ။ ကိုရီးယား ဇာတ်လမ်းတွေ ထဲကလို ကုန်းပိုးခေါ်ရမည် မှ မဟုတ်သည်ဘဲ၊ ထိုသို့ ပိုးရမည် ဆိုလျှင်တောင် ဒီလို လှတီးလှတလေးကို ငြင်းရက်မည် မဟုတ်။ (ယောက်ျား တွေ များ )

မိုးနေ စဉ်းစားနေစဉ်မှာ ပဲ ...

''ရှင့်ဘက်က အခက်အခဲ ဖြစ်နေရင်လည်း ရပါတယ်၊ မေနိုး နောက်ကားတစ်စီး ထပ်ငှားလိုက်မယ်လေ''

မိုးနေ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။ ကောင်မလေးကိုလည်း ပြန်ကြည့်ရင်း ...

''ရပါတယ်၊ အခက်အခဲတော့ မ ဖြစ်ပါဘူး၊ ဒါနဲ့ ခင်ဗျားနာမည် က မေနိုးတဲ့လား''

''ဟုတ်တယ်၊ ဘာ ဖြစ်လို့လဲ''

''ကျွန်တော့် နာမည် က မိုးနေဗျ''

''ဟင် ...အဲဒါဆိုတော့''

''ဟုတ်တယ်၊ တစ်ယောက် နာမည် ကို နောက် တစ်ယောက် က စကားလိမ်နဲ့ လှန်ထားသလို ဖြစ်နေတာပေါ့၊ အဲဒီ တော့ ခင်ဗျား ဘယ်လို ထင်လဲ''

မေနိုးက မျက်မှော င်လေးကုတ်လိုက်ကာ ...

''ဘာကို ဘယ်လိုထင်ရမှာ လဲ''

''သြော် ...ကျွန်တော့် နာမည် မိုးနေက အမှန်၊ အဲဒါကို ခင်ဗျားက မေနိုးလို့ ပြောင်းပြန်ယူထားတာလား၊ ဒါမှမဟုတ် ခင်ဗျားနာမည် က အမှန် လား''

မေနိုး တိုင်ပတ်သွားရသည်။ မိုးနေဆိုသည့်နာမည် ပိုင်ရှင်နှင့် မဆုံ ဖူးသလို ထိုသို့ လည်း မစဉ်းစားဖူးပါ။

ထိုကြောင့် စကားပြောလျှင် ကိုယ့်ကိုယ်ကိုယ် မေနိုးဟု နာမ်စား မသုံးတော့ဘဲ ...

''အဲဒါတော့ ကျွန်မလည်း မသိဘူး၊ နာမည် ဆိုတာ ကတော့ ဒီလိုပဲ မှည့်ကြတာပဲလေ''

ထိုအခါမှ မိုးနေက ရယ်ကျဲကျဲလုပ်လျက် ...

''တော် သေးတာပေါ့ဗျာ၊ ကျွန်တော့် နာမည် က မိုးဆွေ ဖြစ်နေပြီး ခင်ဗျားနာမည် က မြွေဆိုးဆိုရင်တော့ သွားပြီ''

''ဘာရှင့်''

မေနိုး ဒေါသက ပြူထွက်သွားရသည်။ ကိုယ်သာ မြွေဆိုးဆိုလျှင် ထ,ပေါက်ပစ်လိုက်ပြီ။ ခုလည်း ပါးစပ်ထဲမှာ အစွယ်မရှိ၍ စကားဖြင့် သာ ပေါက်ရတော့၏ ။

''ရှင် ...ကျွန်မကို နောက်တောက်တောက် လုပ်နေတာလား''

''မလုပ်ပါဘူးဗျာ၊ အဲ ...ဟိုမှာ လာနေပြီ''

''ဟင် ...ဘာလဲ''

''ကောင်မလေး တစ်ယောက် လေ၊ တက်စီပေါ်က ဆင်းပြီး ဟိုလူနဲ့ ကော်ဖီရှော့ထဲဝင်သွားပြီ''

မေနိုးက ကမန်းကတန်း လှမ်းကြည့်ပြီး ...

''ဒီမှာ ...ရှင် ကျွန်မနဲ့ ခဏလောက် လိုက်ခဲ့ပေးပါ''

''ဗျာ ...ဘယ်ကိုလဲ''

''အဲဒီ ကော်ဖီဆိုင်ထဲကိုပေါ့၊ ကျွန်မ တစ်ယောက် တည်း ထိုင်ရမှာ ကြောင်လို့''

''အင်း ...လိုက်ခဲ့ပေးမယ်လေ၊ ကားတောင် တစ်ရက်လုံးငှား ထားတာဆိုတော့ လူလည်း အဆစ်ပါရတော့မှာ ပေါ့ဗျာ၊ အဲ ...ကော်ဖီတော့ တိုက်နော်''

စကားအဆုံးမှာ မေနိုးက မျက်စောင်း ဖျတ်ခနဲထိုးရင်း ကားပေါ်က ဆင်းသွားလေသည်။ မိုးနေလည်း ငါ ...ဟဲ့ ယောက်ျားဟု အသံတိတ် ကြုံးဝါးရင်း ကားပေါ်က ဆင်းလိုက်ပါတော့သည်။

ထို့နောက် ...

(၃)

ဆိုင်ထဲရောက်တော့ မေနိုးကပဲ မျိုးမင်းမြတ်တို့စားပွဲနှင့် အနီးဆုံး စားပွဲဝိုင်းမှာ ဦးဆောင်ပြီး နေရာယူလိုက်ပါသည်။ စတက်ကေနောက် ပန့် ကေပါဆိုသလို မိုးနေလည်း ဝင်ထိုင်ရသည်ပေါ့လေ။

မေနိုးက ...

''ဘာသောက်မှာ လဲ တက်ပချီနိုလား''

''ဟင့်အင်း ...အဲဒီ ကော်ဖီတွေ ကျွန်တော် သောက်ဖူးတယ်''

မျက်စောင်းက ဒိုင်းခနဲရောက်လာပြန်သည်။ မိုးနေ ရယ်ကာ ပခုံး တွန့်လိုက်ပြီး ...

''အဟဲ ...ရေပဲသောက်မယ်၊ ရေသန့်တစ်ဘူးပဲ မှာ ပေးပါ''

''မှာ ပေးပါ့မယ်၊ ရှင့်ကိုလည်း မြောင်းပုပ်ရေ မတိုက်ပါဘူး''

ပြောရင်း ...မေနိုးကပဲ သူသောက်မည့်  ကော်ဖီနှင့် ရေသန့်ဘူး မှာ လိုက်ပါသည်။ ပြီး ...မိုးနေဘက်လှည့်ကာ နှုတ်ခမ်းပေါ် လက်ညှိုးလေး တင်ပြ၏ ။ ရှင့်ကို ကျွန်မ တစ်ခါလောက်နမ်းမယ်ဟု အသံတိတ်ပြောခြင်း မဟုတ်ပါ။ ထိုသို့ ဆိုလျှင်တောင် မိုးနေ ပစ်ပစ်ခါခါကြီးငြင်းရန် အင်အားရှိ မည် မထင်ချေ။ ခုတော့ ...တိတ်တိတ်နေစမ်းဟု ရည်ညွှန်းခြင်းသာ ဖြစ်သည်။

ထိုအချိန်မှာ ပဲ ...

''ကိုကို ...ပြီးရင် ဘယ်သွားမှာ လဲ၊ ကိုကို လိုက်ပို့ပေးမယ်ဆိုလို့ သဲက ရအောင်ထွက်လာတာနော်''

''စိတ်ချပါ သဲရယ် ...စားသောက်ပြီးရင် ကိုကိုတို့ သွားကြတာ ပေါ့''

ထိုစကားသံများ သည် မိုးနေနှင့် မေနိုးတို့နှစ် ယောက် မြင်မြင်ချင်း ချစ်မိသွားကြပြီး ကလူ၏ , မြှူ၏ လုပ်နေကြခြင်း မဟုတ်ပါ။ မျိုးမင်းမြတ် တို့ဆီမှ လွင့်ပျံထွက်လာခြင်း ဖြစ်သည်။

စကားသံအဆုံးမှာ ပဲ မေနိုးက မျက်နှာလေးမဲ့ရင်း စာရွက်ပိုင်းလေး နှင့် ဘောလ်ပင် ထုတ်လိုက်သည်။ စာရွက်ပေါ်မှာ လည်း ''သဲ'' ဟူသည့် စာလုံးတစ်လုံး ရေး လိုက်၏ ။

နောက်ပိုင်း စကားသံတွေ ကတော့ ''သဲ'' ဆိုသည့် ကောင်မလေး၏ ဘယ်ဆိုင်မှာ ဘာတွေ အသစ်ရောက်ကြောင်းနှင့် မျိုးမင်းမြတ်၏ နွားပြားကြီး အောက် သွားမရှိသလို တဟဲဟဲ ရယ်နေသံတို့သာ ဖြစ်သည်။

မိုးနေက အသံကို တော် လွန်းနှိမ့်ကာ ...

''ခင်ဗျားက အဲဒီ လူရဲ့ ကောင်မလေးအကြောင်း သိချင်တာလား''

မေနိုးက ခေါင်းခါရင်း ...

''ဟင့်အင်း ...အဲဒီ ကောင်လေးမှမဟုတ်ဘူး၊ အဲဒီ လူနဲ့ ပတ်သက် သမျှ မိန်းမတွေ အကြောင်း သိချင်တာ''

''သြော်''

မိုးနေ စဉ်းစားမိလိုက်၏ ။ မေနိုးသည် မျိုးမင်းမြတ်၏ အကြောင်း ကို တစ်စွန်းတစ်စ (သို့ ) တော် တော် များများ သိသားသည်ဆိုတာတော့ သေချာနေပြီ။

ထိုကြောင့် မိုးနေက ...

''ဒါဆို ...ခင်ဗျား ဒီလိုပဲနေ့တိုင်း ကားငှားပြီး ဒီလူ့နောက် လိုက်နေတာပေါ့ ...ဟုတ်လား''

''စုံစမ်းနေတာ ကတော့ ဟုတ်တယ်၊ ဒါပေမဲ့ တကယ်လိုက် ဖြစ် တာက ဒီနေ့မှစ,တာ''

ထိုအချိန်မှာ ပဲ မျိုးမင်းမြတ်တို့ဝိုင်းမှ ပိုက်ဆံရှင်းသံ ကြားလိုက်ရ သဖြင့် မေနိုးကလည်း ကပျာကယာ ပိုက်ဆံရှင်းလိုက်သည်။

အတန်ကြာသည့်အချိန်မှာ တော့ မိုးနေ မောင်းနှင်နေသော ကားက မျိုးမင်းမြတ်၏ ကားနောက်မှာ မျက်ခြည်မပြတ် ရှိနေခဲ့ပြန်ပြီ။

သွားရင်း ကားပေါ်မှာ မေနိုးက မေးလာသည်။

''သူတို့ ဘယ်သွားလိမ့်မယ်လို့ ရှင်ထင်လဲ''

မိုးနေ မျက်ခုံးပင့်လိုက်မိသည်။ တစ်ဆက်တည်း မေနိုးကို စွေကြည့် ၍ ...

''ပြောတတ်ဖူးလေ၊ သူတို့က အတွဲဆိုတော့ အတွဲတွေ သွားတတ် တဲ့ နေရာတွေ ပဲ သွားမှာ ပေါ့၊ ခင်ဗျားရော ဘယ်လိုထင်လို့လဲ''

''အာ ...မထင်တတ်လို့ မေးတာပေါ့ရှင်''

မိုးနေက စဉ်းစားဟန်ပြုကာ ...

''စဉ်းစားကြည့်ပေါ့ဗျာ၊ ခင်ဗျားရည်းစားနဲ့ အပြင်သွားရင် ဘယ်တွေ သွားကြလဲ''

မေနိုး မျက်နှာပေါ်မှာ စိန်ပန်းတွေ ဖျပ်ဖျပ်လူးသွားသည်။ မိုးနေ ကိုပင် မကြည့်ဘဲ ...

''အောင်မာ ...ကျွန်မမှာ ရည်းစားမရှိတာ ဘယ်သိမှာ လဲ''

မိုးနေ အူမြူသွားရသည်။ အပြုံးကြီး ပြုံးလိုက်ရင်း အပြီးကြုံး လိုက်မည့် အသွင်ဖြင့် ...

''ဟဲ ဟဲ ...ကျွန်တော် လည်း ခင်ဗျားလိုပဲဗျ၊ ရည်းစားမရှိတော့ မသိဘူး ဖြစ်နေတာ''

''ရှင့်ကို ဘယ်သူမှ ရိုက်စစ်မနေဘူး ...တော် တော့''

မေနိုးအသံထဲမှာ ရှက်ရွံ့မှု လေးတွေ မညီမညာလှိုင်းထသွားကြ သည်။ ဆက်၍ ပင် စကားသံထွက်မလာတော့။ ဒီလောက်ဆိုလျှင် မိုးနေရင် ထဲမှာ လည်း ပျော်ရွှင်မှု လေးတွေ လူလားမြောက်သွားကြတာ ပရိသတ်ကြီး ရိပ်မိလောက်ပြီ။

အတန်ကြာမှ မိုးနေက ...

''ခင်ဗျား ...ဒီနေ့ သူတို့နောက်လိုက်နေတာ သူတို့ ဘယ်သွား တယ်၊ ဘာလုပ်တယ်ဆိုတာ သိချင်ရုံသက်သက်ပဲလား''

''အဲဒီ ထက် ပိုချင်တယ်၊ ဥပမာ ခုနက သဲဆိုတဲ့ မိန်းကလေးရဲ့ လိပ်စာပဲ ဖြစ် ဖြစ် ဖုန်းနံပါတ် ဖြစ် ဖြစ်ပေါ့ ...ရချင်တယ်''

ထိုစကားကို ဆိုလိုက်သော မေနိုးမျက်နှာက လေးနက်မှု တွေ ဖောင်းကြွနေသည်။

မိုးနေက သက်ပြင်းဖွဖွချလိုက်ရင်း ...

''အင်းလေ ...သူတို့သွားတဲ့နေရာ မူတည်ပြီးတော့ အခြေအနေ လည်း ပေးလာရင် ခင်ဗျား ရနိုင်ပါတယ်''

''အဲဒီ လိုဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့''

''လိုအပ်ရင်လည်း ကျွန်တော် ကူညီပါ့မယ်''

မိုးနေစကားကြောင့် မေနိုးက ဆတ်ခနဲ လှည့်ကြည့်လာသည်။

အကြည့်နှစ် ခု၏ ဆုံမှတ်မှာ နားလည်မှု လေးတွေ ပင် အမြစ်တွယ်သွားကြသလို။ အပူလှိုင်းကို ဖြတ်သန်းလာသော လေပြည်က ကားလေးထဲ ပို၍ သိသိသာ သာ တိုးဝင်လာကြသည်။

ထိုအချိန်မှာ ပဲ မျိုးမင်းမြတ် ကားက ပြည်လမ်းမှတစ်ဆင့် ဒဂုံစင် တာဘက် ချိုးကွေ့သွားသည်ကို တွေ့ လိုက်ရလေ၏ ။ မိုးနေ၏ ကား ဒဂုံစင် တာရှေ့ ရောက်သည့်အချိန်မှာ တော့ မျိုးမင်းမြတ်၏ ကားက ဝင်းထဲမှာ ပါကင် ပင်ထိုးနေလေပြီ။

ဒဂုံစင်တာပေါ် တက်သွားသည့် မျိုးမင်းမြတ်တို့က တွဲနောက်လိုက် ရန် မေနိုး ခြေလှမ်းပြင်ပြီးမှ မိုးနေဘက် တစ်ချက်လှည့်ကြည့်သည်။

မိုးနေက သဘောပေါက်စွာ ...

''သွားလေ ...ကျွန်တော် ပါ လိုက်ခဲ့မယ်''

မေနိုး မသိမသာလေး ပြုံးလိုက်မိသည်။ ပြီးနှစ် ယောက် သား မျိုး မင်းမြတ်တို့ အတွဲနောက်မှ မယောင်မလယ်လိုက်ခဲ့ကြ၏ ။

မျိုးမင်းမြတ်က ရှိသမျှပိုက်ဆံကို အမျိုးသမီးထုအတွက်ပဲ သီးသန့် ရက်ရက်ရောရောသုံးရန် ရည်ရွယ်ထားလေလားမသိ။ ''သဲ'' ဆိုသော ကောင်မလေး၏ အပုပ်ကောင်ကို ရုပ်ဆောင်ရန်အတွက် တစ်ဆိုင်ဝင် တစ် ဆိုင်ထွက် လိုအပ်သမျှကို ဖိဖိစီးစီးဝယ်ပေးနေသည်။ ရည်းစားကို ကိုယ်ဖိ ရင်ဖိ စောင့်ရှောက်ရန်လည်း မျိုးမင်းမြတ် သံန္နိဌာန်ချထားပုံရ၏ ။

ထိုသို့ ဝယ်နေရင်း ဆိုင်တစ်ဆိုင်ထဲအရောက်မှာ ပင် မျိုးမင်း မြတ်၏ ဟန်းဖုန်းက ထ,မြည် လာ၏ ။ နံပါတ်ကိုကြည့်ကာ မျိုးမင်းမြတ်မျက်နှာ အရောင် ပြောင်းသွား ၏ ။ အနားမှာ ရှိသော ''သဲ''ကိုလည်း မသိမသာကြည့် လိုက်သည်။ သို့ သော်လည်း ဒီနေ့တော့ အမုန်းဆွဲပစ်လိုက်မည် ဟု ရည် ရွယ်ထားသည့် သဲက အဝတ်အစားတွေ ငမ်းငမ်းတက် ရွေးနေ၍ သတိထား မိပုံမရ။

ထိုအချက်ကို အခွင့်ကောင်းယူကာ မျိုးမင်းမြတ်က သိုင်း လောကသားကဲ့သို့ ကိုယ်ဖော့ပညာသုံးမတတ် ဆိုင်အပြင်ရောက်သွား၏ ။ ပြီး ... အချိုရှာသကာတွေ့ သော မျက်နှာမျိုးဖြင့် စကားတွေ ရွှန်းရွှန်းဝေကာ မိုးမ မြင် လေမမြင် ပလီနေတော့သည်။ ထိုစကားတွေ ကို သဲသဲကွဲကွဲ မကြားရ သော်လည်း မေနိုးမျက်နှာလေးက မျိုးမင်းမြတ်ကိုကြည့်ကာ သုန်မှု န်နေတော့၏ ။

ထိုအချိန်မှာ ပဲ မိုးနေခေါင်းထဲ ဖျတ်ခနဲ ဘတ်သီးလင်းသွားရပြီး မေနိုးအနားကပ်ကာ ...

''ဒီမှာ ...ခင်ဗျား သူ့ကိုကြည့်ပြီး ပီတိ ဖြစ်မနေနဲ့၊ ခင်ဗျားဖုန်းကို ကျွန်တော့် ကိုပေးခဲ့၊ ပြီးတော့ ဒီလိုလုပ် ... ... ... ... ... ...''

မိုးနေက သူ့အကြံအစည်ကို ပြောပြလိုက်သည်။ မေနိုးက ခေါင်း ညိတ်ပြကာ သွက်သွက်လက်လက် ထွက်သွားတော့၏ ။ သူသွားသည့်နေရာ ကတော့ ''သဲ'' ဆိုသော ကောင်မလေးဆီ။

''ညီမလေး ...ဖုန်းပါရင် ခဏငှားပါလားဟင်၊ မမဖုန်းက ဈေး ဝယ်ရင်း ဘယ်ဆိုင်မှာ မေ့ကျန်နေခဲ့မှန်း မသိလို့''

ကောင်မလေးက ရုတ်တရက်ကြောင်သွားသော်လည်း မေနိုးပုံစံ လေးကြောင့် ရိုးရိုးသားသားဟု ထင်ကာ ...

''ဟုတ်ကဲ့ ...ယူလေ''

မေနိုးက လျင်မြန်ဖျတ်လတ်စွာ သူ့ဖုန်းနံပါတ်တွေ ကို နှိပ်လိုက်၏ ။ ဖုန်းက လူကြီးမင်း အပြင်သွားနေ၍ တန်းဝင် သွားပါသည်။

''ဟဲလို ...ဟုတ်ကဲ့၊ ကျွန်မ ဖုန်းကျန်ခဲ့လို့ပါရှင်၊ ဘယ်ဆိုင်မှာ လဲဆိုတာလေး ...တစ်ဆိတ်လောက်''

တစ်ဖက်မှ မိုးနေက ...

''မေနိုး ...ရပြီ၊ ဒီမှာ နံပါတ်ပေါ်နေပြီ''

မေနိုးကလည်း သဘောပေါက်စွာ ...

''သြော် ...ဟုတ်ကဲ့ ...ကျေးဇူးပါပဲနော်''

ပြောရင်းပင် ဖုန်းပိတ်ကာ ပြန်ပေးလိုက် ၏ ။ ''သဲ'' ဆိုသော ကောင်မ လေးကိုလည်း ...

''ကျေးဇူးပဲနော် ...ညီမလေး''

''ဟုတ် ...ရတယ် ...ရတယ်''

ဒီလောက်နှင့် ပင် အစီအစဉ်တစ်ခုက အောင်မြင်စွာ ပြီးသွားခဲ့လေ ပြီ။ မိုးနေ အနားပြန်ရောက်တော့ ...

''ရှင့်ကို ကျေးဇူးတင်ပါတယ် ...ကိုမိုးနေ''

မိုးနေက ဘာမှပြန်မပြောဘဲ ဖုန်းပြောပြီး၍ ဆိုင်ထဲ ပြေးမတတ် လှမ်းဝင်သွားသော မျိုးမင်းမြတ်ကို မေးငေါ့ပြရင်း ...

''ခင်ဗျား ...နောက်တစ်ခု သိရဦးမယ်ထင်တယ်''

''ဘာ ဖြစ်လို့လဲ''

''အဲဒီ လူ ခုပဲ ဖုန်းပြောပြီးတာ၊ သူ ဒီကောင်မလေး ဇယားရှင်းပြီး ရင် နောက် တစ်ယောက် ဆီ သွားလိမ့်မယ်၊ အဲဒီ ကောင်မလေးနဲ့ ခုနက ထမင်းစားဖို့ ချိန်းနေတာဗျ''

''ဟုတ်လား ...ထပ်ပြီး ကျေးဇူးတင်ပါတယ် ကိုမိုးနေ''

မိုးနေက မေနိုးမျက်နှာလေးကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ...

''ကျေးဇူးဆိုတဲ့စကားဟာ ခမ်းနားလွန်းပါတယ် မေနိုး၊ ကျေးဇူး ရှိလို့ ပြန်ဆပ်ရင် တစ်ဖက်လူ ကျေနပ်ကြည်နူးရသလို ကျေးစွပ်ရင်လည်း တနုံ့နုံ့ခံစားရတာ ခက်ခဲပါတယ်၊ ခု ကျွန်တော် ကူညီခဲ့တာ ကျေးဇူးတင်ခံ ချင်လို့ မဟုတ်ပါဘူး၊ နားလည်မှု တစ်ခုတည်းနဲ့ပါ၊ မေနိုးလို မိန်းကလေး တစ်ယောက် အနေနဲ့ လုပ်ဆောင်ရမယ့် အခက်အခဲကို နားလည်တာ၊ ပိုပြီး သေချာတာက မှားမှန် မှန်မှန်းမသိဘဲ ရိုးရိုးလေး နားလည်ခဲ့တာ၊ ဒါပါပဲ''

မေနိုးက ဘာမှပြန်မပြောဘဲ ဆွံ့အသော မျက်ဝန်းများ ဖြင့် ပြန်ကြည့် နေလေသည်။ ထိုအချိန်မှာ ပဲ ငြိမ်နေသော မိုးနေမျက်ဝန်းများ လှုပ်ရှားသွား ကြပြီး စကားတစ်ခွန်းကို ခပ်သွက်သွက် ပြောချလိုက်၏ ။

''သွားရအောင် မေနိုး ...ဟိုမှာ သူတို့သွားကြပြီ''

''ဟင်''

*


(၄)

''သဲ'' ဆိုသော ကောင်မလေးကို ပြန်လိုက်ပို့ပေးပြီးမှာ မျိုးမင်းမြတ် ၏ ကား ဦးတည်နေသည်က တာမွေဘက်သို့ ဖြစ်သည်။

နောက်မှလိုက်ရင်း လမ်းမှာ မေနိုးက တဗျစ်တောက်တောက် ပြောနေသေး၏ ။

''တော် တော် သွားနိုင်တာပဲ၊ မနက်တည်းက တစ်ချက်မနားသေး ဘူး၊ နောက်ကလိုက်ရတဲ့သူတောင် ပင်ပန်းတယ်''

မေနိုးအပြောကြောင့် မိုးနေက ...

''စပ်စုတာတော့ မဟုတ်ပါဘူး၊ ကျွန်တော် မေနိုးကို တစ်ခုလောက် မေးလို့ရမလား''

မေနိုးမျက်ခုံးလေးများ အတွန့်ချိုးသွားရင်း ...

''ဘာကိုမေးမှာ လဲ ...ကိုမိုးနေ''

''သြော် ...ခု မေနိုး ဒီလူနောက်ကို လိုက်နေတဲ့ ရည်ရွယ်ချက် ကိုပါ၊ ပြီးတော့ ...မေနိုးဟာ ဒီလူနဲ့ တိုက်ရိုက်ပတ်သက်တဲ့လူ တစ်ယောက် မဟုတ်မှန်း ကျွန်တော် သိနေတယ်''

''ဘာ ဖြစ်လို့လဲ''

''ခုပဲကြည့်လေ၊ ကျွန်တော် ကတော့ ထားတော့၊ ဒီလူက သူ့ပတ် ဝန်းကျင်မှာ မေနိုး ရှိနေမြင်နေရတာ တောင် သိတဲ့ပုံစံမှ မပြဘဲဗျ''

''ဟင်း ...ဟင်း ...အဲဒီ လိုလုပ်ထားမှရမှာ ပေါ့၊ ဒါမှ ကိုယ်က တစ်ကွက်သာမှာ လေ''

ပြောရင်း မေနိုးက သူ့ကိုယ်သူ သဘောကျသလို ရယ်နေသေး သည်။ မိုးနေက ...

''ဒါနဲ့ ...မေနိုး ခုနက ကျွန်တော် မေးထားတာကို မဖြေသေးဘူး နော်''

ချက်ချင်း ပဲ မေနိုးမျက်နှာလေးက အရောင် ပြောင်းသွား သည်။ သက်ပြင်းကိုလည်း ဆွဲဆွဲငင်ငင်ချလိုက်ပြီး ...

''အဲဒါတော့ မသိချင်ပါနဲ့တော့ ကိုမိုးနေရယ်၊ အဲ ...တစ်ခုတော့ ပြောပြနိုင်တယ်''

''ဟင် ...ဘာလဲ မေနိုး''

''အဲဒီ လူနာမည် က ကိုမျိုးမင်းမြတ်တဲ့၊ ပိုက်ဆံချမ်းသာတယ်၊ သူ့ ဦးလေး တစ်ယောက် နဲ့နေတာ၊ သူ့ရဲ့ မကောင်းတဲ့အချက် ကတော့ ရည်းစား တွေ အများ ကြီးထားတယ်၊ မတွဲချင်တော့ရင် သူ့ဘက်ကစပြီး ဖြတ်တာ ချည်းပဲ၊ သူ့ကြောင့် မိန်းကလေး တော် တော် များများ ခံစားခဲ့ရတယ်''

တချို့အကြောင်းတွေ က မိုးနေ ဦးဘိုမောင်ဆီမှ သိပြီးသား ဖြစ် သည်။ ခု သူသိချင်သော မေနိုး ဘာဆက်လုပ် မှာ လဲဆိုသည့် ရည်ရွယ်ချက် ဖြစ်၏ ။ မိုးနေ စဉ်းစားနေစဉ်မှာ ပဲ မေနိုးက စကားတစ်ခွန်းကို အေးစက်စွာ ဆိုလာသည်။

''ကျွန်မအတွက် အရေး ကြီးတာ ကတော့ ဒီတစ်ပတ်အတွင်းမှာ ကိုမျိုးမင်းမြတ်နဲ့ ပတ်သက်နေတဲ့ ကောင်မလေးတွေ ကို သူ့အနားက ဖယ် ရှားပစ်ဖို့ပဲ''

''အဲဒါကရော ဘာအတွက်လဲ မေနိုး''

မေနိုးက ပြုံးလိုက်သည်။ ပြီး ...ပြောလာသည့်စကားသံကလည်း ပြတ်ပြတ်သားသား။

''ဘာ ဖြစ်လို့လဲဆိုတော့ သူ့အကျင့်တွေ ကို မိန်းကလေးတစ် ယောက် အနေနဲ့ တစ်ဖက်က မကြိုက်ပေမယ့် တစ်ဖက်ကလည်း သူ့ကို ကျွန်မ စိတ်ဝင်စားတယ်''

''ဗျာ''

မိုးနေ တုန်တုန်လှုပ်လှုပ် ဖြစ်သွားသည်။ ထိုအချိန်မှာ ပဲ မျိုးမင်းမြတ် ၏ ကားက ယုဇနပလာဇာထဲသို့ ချိုးဝင်သွားလေသည်။

မေနိုးက မျိုးမင်းမြတ်ကားကို လိုက်ကြည့်ရင်း ...

''ကိုမိုးနေ ...ရှင် ခဏလောက် စောင့်ပေးဦးနော်''

''မစောင့်ချင်ဘူးဗျ''

''ရှင်''

''ဟုတ်တယ်လေ၊ ကျွန်တော် က မေနိုးကို ကူညီပါ့မယ်လို့ ပြော ထားတာပဲ၊ ဒီမှာ စောင့်နေလို့ ဘာ ဖြစ်မှာ လဲ''

မေနိုးမျက်နှာလေးက ပြုံးယောင်သန်းသွားသည်။ မိုးနေကိုလည်း

''ရှင်မကြိုက်လို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုတော့ ထပ် မပြောတော့ဘူး၊ ခုလို ထပ်ကူညီပေးရင်တော့ ပိုကောင်းတာပေါ့''

ထိုအချိန်မှာ ပဲ မျိုးမင်းမြတ်က ကားပေါ်မှဆင်းကာ ပလာဇာထဲသို့ ဝင်သွားပြီ ဖြစ်သည်။ မိုးနေတို့လည်း ကားရပ်ကာ နောက်ကလိုက်ရတော့၏ ။ ဒီတစ်ခါ မျိုးမင်းမြတ် ဝင်သွားသည်က တယ်လီဖုန်းဟန်းဆက်များ ရောင်း သော ဆိုင်တစ်ဆိုင် ဖြစ်သည်။ မိုးနေက မေနိုးကို မျက်ရိပ်ပြကာ ထိုဆိုင်ထဲ သို့ ဝင်သွားလိုက်ကြ၏ ။

''အစ်ကိုတို့ ဘာအလိုရှိပါသလဲရှင်''

ဝန်ထမ်းကောင်မလေး တစ်ယောက် လာမေးနေစဉ်မှာ ပဲ ကောင်တာ ဘက်ဆီမှ စကားသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။

''မောင်ကလည်း ကြာလိုက်တာ၊ စောင့်ရင်းနဲ့ ပိုး ဗိုက်တွေ တောင် ဆာနေပြီ''

''ဆောရီး ပိုးရာ၊ မောင်လည်း ဧည့်သည်ကို ပြန်လိုက်ပို့ပေးနေ ရတာ နဲ့''

''တော် ပါ ...လာ ထမင်းသွားစားရအောင်၊ မော်ကြီးရေ မမ ထမင်းသွားစားဦးမယ်၊ ဆိုင်ကို သေချာကြည့်ထားလိုက်နော်''

''ဟုတ်ကဲ့ မမ''

မျိုးမင်းမြတ်တို့စုံတွဲ ဆိုင်ထဲမှ ထွက်သွားချင်း မေနိုးက မိုးနေကို ဖျတ်ခနဲကြည့်ကာ ဆိုင်ထဲမှ ထွက်သွားသည်။ မိုးနေလည်း ဝန်ထမ်းကောင် မလေးနှင့် စကားတစ်ခွန်းနှစ် ခွန်းပြောကာ မေနိုးနောက်က လိုက်ရပြန်၏ ။

မျိုးမင်းမြတ်တို့ ဝင်သွားသည်က ပလာဇာဘေးရှိ တရုတ်အစား အသောက်ဆိုင် ဖြစ်သည်။ မိုးနေလည်း မေနိုးဝင်ထိုင်သည့် မျိုးမင်းမြတ်တို့ နှင့် အနီးဆုံးစားပွဲမှ နေရာယူလိုက်သည်။

''ပိုးပိုး ...ဘာစားမလဲ''

''မောင်ပဲ မှာ ပါ၊ မိုး ဘာကြိုက်တယ်ဆိုတာ မောင် သိသားပဲ''

မျိုးမင်းမြတ်က ဘာကပ်ပြောလိုက်သည်မသိ။ ပိုးပိုးဆိုသော ကောင် မလေးထံမှ မောင်နော်ဆိုသည့် ရှက်သံဝဲဝဲကို ကြားလိုက်ရပြန်သည်။ ထို အချိန်မှာ ပဲ မေနိုးက သူ့မှတ်စုစာအုပ်ထုတ်ကာ ပိုးပိုးဆိုသည့်နာမည် ကို မှတ်လိုက်သည်။

ထိုအချိန်မှာ ပဲ မိုးနေက အိတ်ကပ်ထဲမှ လိပ်စာကတ်ကလေးကို ထုတ်ပေးလိုက် ၏ ။ ယူကြည့်ပြီး မေနိုးမျက်နှာလေးက လက်ခနဲ ဖြစ်သွား သည်။ ပိုးပိုးကို ဆက်သွယ်လို့ ရနိုင်သည့် ဖုန်းနံပါတ်ပါသော လိပ်စာကတ်က သူ့အတွက် လိုအပ်နေသည်ပဲ။

မိုးနေက ...

''စဉ်းစားမိတာနဲ့ တောင်းလာတာ''

''ကျေး ...အဲ ကိုမိုးနေ ဘာစားမှာ လဲ ကျွန်မ ကျွေးမယ်''

ကိုယ့်အကြိုက် မေနိုးသိပါတယ်ဆိုပြီး သွားလုပ်၍ မရချေ။ မေနိုး စိတ်ဆိုးပြီး ဘာမှဝယ်မကျွေးမှဖြင့် ငတ်ပေါက်တိုးသွားဦးမည် ။

ထိုကြောင့် ...

''ဗိုက် ကတော့ အတော် ဆာနေပြီဗျ၊ မြန်မြန်ရတဲ့ ထမင်းပေါင်းပဲ စားတော့မယ်''

မေနိုးက တစ်ချက်ပြုံးလိုက်ပြီး ထမင်းပေါင်းနှစ် ပွဲမှာ လိုက်သည်။ ပုံစံကြည့်ရတာ မေနိုးလည်း ဆာနေပုံရသည်။ ထမင်းပေါင်းရောက်လာတာ နှင့် မိုးနေကိုပင် ဂရုမစိုက်နိုင်ဘဲ ကုန်းတွယ်လေတော့၏ ။

အားရပါးရစားနေသော မေနိုးကို မိုးနေ စိုက်ကြည့်နေမိသေးသည်။ စားရင်းက မေနိုး ဖျတ်ခနဲ မျက်လုံးလှန်အကြည့်။ စိုက်ကြည့်နေသော မိုးနေမျက်လုံးနှင့် ဆုံကာ မျက်နှာလေးရဲထွေးသွားသည်။

မိုးနေကိုလည်း ရှက်အမ်းသံလေးနှင့် ...

''အေးလေ ...ဘာကြည့်နေတာလဲ''

မိုးနေပါးစပ်ကလည်း လွှတ်ခနဲ ...

''ချစ်စရာကောင်းလို့''

''ရှင်''

လက်ထဲက ဇွန်းပင် လွတ်ကျမတတ် ဖြစ်သွားရ၏ ။ မေနိုး ဘာမှ မပြောခင်မှာ ပဲ မိုးနေက ပျာပျာသလဲဟန်ဖြင့် ...

''ဟို ...တစ်မျိုးမထင်နဲ့နော်၊ ကျွန် ...ကျွန်တော် ဆိုလိုတာက မေနိုး စားနေတဲ့ပုံလေးကလေ ကလေး တစ်ယောက် လို လွတ်လွတ်လပ်လပ်နဲ့ အားရပါးရစားနေလို့ ချစ်စရာကောင်းတယ်လို့ ပြောတာပါ''

''ဒါ ကတော့ ကျွန်မလည်း ဗိုက်ဆာနေတာကိုးရှင့်''

ဒိုင်းခနဲ မျက်စောင်းထိုးရင်း ဘောက်ဆတ်ဆတ်ကလေး ပြန်ပြော လာသည်။ မိုးနေလည်း ထူပူပြီး ထမင်းပေါင်းကိုသာ ငုံ့စားနေလိုက်၏ ။ မေနိုးလည်း မိုးနေ ဖြစ်သွားသော ပုံစံကိုကြည့်ကာ နှုတ်ခမ်းလေးများ ကွေး ညွှတ်သွားကြသည်။ ပြီးမှ တစ်ခုခုကို စဉ်းစားမိဟန်ဖြင့် သက်ပြင်းဖွဖွချကာ ထမင်းပေါင်းကို ပြန်စားနေလိုက်သည်။

အတန်ကြာသည်အထိ နှစ် ယောက် စလုံး ထမင်းပေါင်းကို မမြင် ဖူးသလို ငုံ့ကြည့်ကာ တွင် တွင် စားနေကြသေးသည်။ မျိုးမင်းမြတ်တို့ ပိုက်ဆံ ခေါ်ရှင်းသံကြားမှ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏ ။

ပိုက်ဆံရှင်းအပြီး ထရပ်လိုက်ကြသော မျိုးမင်းမြတ်တို့ကိုကြည့်ကာ မိုးနေက ...

''မေနိုး ...ကျွန်တော် တို့ သွားကြမှာ လား၊ ဟိုမှာ သူတို့လည်း သွားတော့မယ်''

မေနိုးက မသိမသာ လှမ်းကြည့်ပြီးမှ လက်ကနာရီကို ကြည့်လိုက် ရင်း ...

''တော် ပါပြီ ...ဒီနေ့တော့ ဒီလောက်ပါပဲ၊ ဒီနေ့တောင် ကိုမိုးနေ အကူအညီနဲ့ တော် တော် များများ သိလိုက်ရတယ်လေ၊ ကျွန်မ ကျေနပ်ပါ တယ်''

''ဒါဆို ...မေနိုး ဘယ်သွားဦးမှာ လဲ''

ဘယ်ကိုလိုက်ပို့ပေးရဦးမှာ လဲဟု မေးလိုက်ခြင်း ဖြစ်သည်။ မေနိုးက တစ်ချက်စဉ်းစားလိုက်ပြီး ...

''သွားမယ်လေ၊ ရှင် ကျွန်မနဲ့ ဟိုတယ်ကိုလိုက်ခဲ့''

''ဗျာ''

မိုးနေ ဖိုးသိုးဖတ်သတ် ဖြစ်သွားရ၏ ။ ဟုတ်သည်လေ။ မေနိုးက မပြောမဆို ဟိုတယ်ထိ ခေါ်နေသည်ကိုး၊ မိုးနေပုံစံကြောင့် မေနိုးလည်း ကိုယ့်စကားကိုယ် ရှက်ကန်းရှက်ကန်းတွေ ဖြစ်သွားကာ ...

''ဘာဗျာလဲ၊ ကျွန်မက ခုတည်းနေတဲ့ ဟိုတယ်ကနေ တခြားဟို တယ်ကို ပြောင်းမလို့ ရှင့်ကို လိုက်ပို့ဦးလို့ ပြောတာ''

''ဟင် ...ဒါဆို မေနိုးက ရန်ကုန်က မဟုတ်ဘူးပေါ့''

မေနိုး ခေါင်းညိတ်ပြလိုက်ရင်း ...

''ဟုတ်တယ်၊ ကျွန်မ ရန်ကုန်ရောက်နေတာ ငါးရက်လောက်ပဲ ရှိသေးတယ်၊ ကိုယ့်ကိစ္စကိုယ် လွတ်လွတ်လပ်လပ်လုပ်ချင်တာနဲ့ အမျိုးအိမ် မှာ မတည်းဘဲ ဟိုတယ်မှာ တည်းလိုက်တာ''

''သြော် ...ဒီလိုလား''

''ဟုတ်တယ် ...အဲဒီ လိုပဲ''

မေနိုးအပြောလေးကြောင့် မိုးနေ ရယ်လိုက်မိသည်။ မေနိုးက ဘာမှပြန်ပြောမနေတော့ဘဲ ကျသင့်ငွေကို ရှင်းလိုက်၍ ...

''ကဲ ...ကျွန်မတို့ သွားရအောင်''

''ဟုတ်ကဲ့ ...မမလေး''

ပြောင်စပ်စပ်ပြန်ပြောလိုက်သဖြင့် မေနိုး မျက်စောင်းထပ်ကာ ထိုး လိုက်သည်။ မိုးနေလည်း မသိသလိုလေး လုပ်နေလိုက်၏ ။

မေနိုးတည်းသည် ဟိုတယ်က မြို့ထဲနှင့် မနီးမဝေးနေရာမှာ ဖြစ် သည်။ ဟိုတယ်ရောက်တော့ မေနိုးက ခဏစောင့်ပါဟု ပြောကာ အထဲဝင် သွား၏ ။ အတန်ကြာတော့ ခရီးဆောင်သေတ္တာအိတ်ဆွဲကာ ပြန်ထွက်လာ သည်။

မိုးနေက ကားပေါ်မှဆင်းကာ အပြေးလေး သွားလိုက်ပြီး ...

''ပေး ...ပေး ...မေနိုး ကျွန်တော့် ကို ပေးလိုက် ''

လှမ်းပေးမည် ပြုပြီးမှ မေနိုးက လက်ကိုရုပ်၍ ...

''အိုး ...မလုပ်ပါနဲ့ ရပါတယ်''

''ဘာလဲ ...အထဲမှာ လုံချည်တွေ ပါလို့လား ပေးပါ၊ ဆွဲတာပဲ၊ ထမ်းတာမှ မဟုတ်တာ၊ ပြီးတော့ ကျွန်တော့် မှာ အဲဒီ လိုအယူတွေ အပေး တွေ မရှိပါဘူး''

ပြောရင်း အတင်းဆွဲတော့မှ မေနိုးက လွှတ်ပေးလိုက် သည်။ ကား ထဲမှာ သေတ္တာကို နေရာချပြီးချိန်မှာ တော့ မေနိုးက ကားပေါ်တက်လိုက် သည်။ ဒီတစ်ခါတော့ တစ်မနက်လုံး သူစီးလာသည့်ကားနောက်ခန်းမှာ မဟုတ်ဘဲ ရှေ့ခန်းရှိ မိုးနေဘေးမှာ ဝင်ထိုင်လိုက်ခြင်း ဖြစ်သည်။ မေနိုးက တော့ ဘယ်လိုနေမည် မသိ။ မိုးနေမှာ တော့ ခုလို နီးနီးကပ်ကပ်နေရသည်က ပင် ရင်ခုန်သံတွေ က တဒိုင်းဒိုင်းနှင့် ။

ဘေးတိုက်စွေကြည့်ရင်း မိုးနေက မေးလိုက်သည်။

''ဒါနဲ့ မေနိုးကို ဘယ်လိုက်ပို့ပေးရမှာ လဲ''

မေနိုးက ...

''မနက်က မျိုးမင်းမြတ်ထွက်လာတဲ့ ဟိုတယ်လေ၊ ရှင်သိတယ် မဟုတ်လား''

''ဗျာ''

''ကဲပါ ...ရှင်မသိရင် ကျွန်မပဲ လမ်းပြပါ့မယ်''

လိပ်စာတစ်ခုကို မေနိုးက ရွတ်ပြလာသည်။ မေနိုး၏ စိတ်ကူးအား နားမလည်သော်လည်း ထိုလိပ်စာအတိုင်း မောင်းပေးလိုက် ပါသည်။

ဟိုတယ်ဝင်းထဲရောက်တော့ မေနိုးကပဲ ...

''အိုကေ ...ကိုမိုးနေ၊ ဒါနဲ့ ရှင့်ကို မနက်က ဒီအနားမှာ တွေ့ ရ တော့၊ ဒါ ပတ်ဝန်းကျင်မှာ ပဲနေတာလား၊ ဒါမှမဟုတ် ကားဂိတ်ထားတာ လား''

''နှစ် ခုစလုံးပဲ ဆိုပါတော့''

မေနိုးက အကြံရသွားသလို လက်ခနဲပြုံးလိုက်ပြီး ...

''ဒါဆို အတော် ပဲ၊ မနက်ဖြန်လည်း မနက်ဘက် ကျွန်မကို လာ ကြိုပါလား၊ ရှင့်ကားကို ဒီနေ့လိုပဲ ထပ်ငှားချင်လို့''

ဘာအတွက် ငှားသည်ကို မေးစရာမလိုတော့ပါ။ ဒီနေ့လိုပဲ မျိုးမင်း မြတ်ကို ချက်ကင်လိုက်ဖို့ ဖြစ်ပေလိမ့်မည် ။

ထိုကြောင့် မိုးနေက ...

''လာခဲ့မယ်လေ၊ ဒါနဲ့ မေနိုး အရေး တကြီး ကားသုံးစရာလိုရင် ဖုန်းဆက်လိုက်လေ''

ပြောရင်း မိုးနေက လောလောဆယ် သူကိုင်ထားသည့် ဟန်းဖုန်း နံပါတ်ကို ရွတ်ပြလိုက်သည်။ မေနိုးက အံ့သြသလိုကြည့်လာပြီး ...

''ဟင် ...ရှင်လည်း ဟန်းဖုန်းကိုင်တာပဲလား''

''သြော် ...မေနိုးကလည်း ခုလိုဖုန်းကိုင်ထားတော့ အော်ဒါပိုရ တာပေါ့''

''အင်း ...ဟုတ်သားပဲ၊ ကျွန်မ မှတ်ထားပါ့မယ်၊ ဒါနဲ့ ဒီနေ့ သွားတာ ကားခ ဘယ်လောက်ကျလဲဟင်''

''ထောင့်ငါးရာ''

''ရှင်''

မျက်လုံးလေးဝိုင်းပြီး ရေရွတ်လိုက်သော မေနိုးကို မိုးနေက ...

''အဟဲ ...ထောင့်ငါးရာ ဘယ်နှကြောင်းလဲလို့ တွက်နေတာပါ ...ခဏလေး''

စဉ်းစားဟန်ပြုပြီးမှ ဈေးနှုန်းတစ်ခုကို ရွတ်ပြလိုက်သည်။ ကား သမားအစစ်မဟုတ်၍ နည်းသွားလား၊ များ သွားသည်လားတော့ မသိချေ။

မေနိုးက ဈေးပင်မဆစ်ဘဲ ထုတ်ပေးပါသည်။ အားလုံးပြီးသွား တော့ ကားမောင်းမထွက်ခင်လေးမှာ ...

''မေနိုး''

''ရှင်''

မျက်လုံးလေးလှန်ကြည့်လာသော မေနိုးအား ...

''ဘယ်အချိန်ပဲ ဖြစ် ဖြစ် အရေး ကြီးရင် ခုနက ဖုန်းကိုပဲ လှမ်းဆက် လိုက်နော်''

''အိုကေ ...ကိုမိုးနေ ကျွန်မ ဆက် ဖြစ်မှာ ပါ၊ ဒီနေ့ ရှင်လည်း ကျွန်မ ကိစ္စတချို့ကို သိမြင်လိုက်တာပဲ''

''ဒါဆိုလည်း သွားပြီနော်''

''ဟုတ်''

မေနိုးက ခေါင်းအသာညိတ်ပြသည်။ မိုးနေလည်း ကားမောင်း ထွက်လာခဲ့၏ ။

လမ်းခွဲပြီး ထွက်လာတော့ ညနေပင် စောင်းလုပြီ။ မြေကမ္ဘာတစ် ခြမ်းပေါ်သို့ ခြေချထားသော နေခြည်က အလင်းဖျော့ကာ နောက်ကမ္ဘာတစ် ခြမ်းသို့ ပင် ခြေလှမ်းစတော့မည် ။

လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ဝင်ပြီး အမောပြေအအေးဝင်သောက် ရင်း ခဏနားနေလိုက်၏ ။ ဒီနေ့ ကိုယ့်ကိစ္စအဆင်ပြေခဲ့သလို မေနိုးအပေါ် ကူညီလိုက်ရတာ ကိုလည်း ကျေနပ်နေမိသည်။

မေနိုး ကတော့ သူ့ကို တကယ့်ကားသမားဟု ထင်သွားမည် လား မပြောတတ်။

မည် သို့ ပင် ဖြစ်စေ ...

မိုးနေ အကျေနပ်ကြီး ကျေနပ်ပါသည်။ သို့ သော်လည်း ထိုင်ပြီး ကျေနပ်နေလို့မပြီးသေးချေ။ သို့ ဖြစ်၍ ထပြီးကျေနပ်ရမည် ဟုလည်း ဆိုလို ခြင်းမဟုတ်။ ဟိုဂျွတ်စပွတ် မျိုးမင်းမြတ်၏ တစ်ရက်တာဝီစီကိစ္စတွေ ကို သူ့ ဦးလေးအား ဖုန်းဆက်ပြီး သံတော် ဦးတင်ရဦးမည် လေ။

ထိုကြောင့် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ကာ ...

''ဟဲလို ...ဦးဘိုလား၊ ဟုတ်ကဲ့ ...ဒီနေ့ သိရသလောက်တော့ ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ...''

(၅)

အဆောင်ပြန်ရောက်တော့ ကားတစ်စီး ဖုန်းတစ်လုံးဖြင့် တစ်ရက် လုံး လျှောက်ဒိုးနေသည့် မိုးနေကို အင်တာဗျူး လုပ်ကြသေးသည်။ ဟိုလိုလို ဒီလိုလိုလုပ်ကာ ဘယ်သူ့ကိုမှ မပြောပြ ဖြစ်သော်လည်း တစ်ခန်းတည်း အတူနေသည့် ကိုအောင်နှင့် ကျ လျှောက်ရွှီးလို့မရတော့ချေ။

ခြေတိုအောင်လမ်းလျှောက်ရသော သတင်းထောက်လေးဘဝမှ အောက်သက်ကျေပြီး အယ်ဒီတာ ဖြစ်လာသည့် ကိုအောင် (ခေါ်) မိုးမဟာမင်း သည် မိုးနေအား သူ့ဖြတ်သန်းမှု တွေ နှင့် ပလိပ်စစ် စစ်တော့၏ ။

''ဟေ့ကောင် မိုးနေ၊ မင်း တခြားကောင်တွေ ကိုပဲ ပတ်လို့ရမယ်၊ ငါ့ကိုတော့ လှိမ့်ဖို့ မစဉ်းစားနဲ့''

''အောင်မာ ...လှိမ့်ရအောင် ခင်ဗျားက ခွေမို့လို့လား''

''မိုးနေ ...စကားကို ကောင်းကောင်းပြောကွာ''

ကိုအောင် တင်းသွားပုံရသည်။ နဖူးပြောင်ပြောင်ကြီးကိုပွတ်ကာ ပွစိပွစိပြောလာ၏ ။

မိုးနေက ...

''ကိုအောင် ...ကျွန်တော် ခင်ဗျားကို မပြောပြချင်တာ မဟုတ် ဘူးဗျ၊ ကျွန်တော့် ကို ဦးဘိုက ဘယ်သူ့ကိုမှ မပြောဖို့ ကတိတောင်းထား တယ်၊ ပြီးတော့ ဒီကိစ္စက အလုပ်နဲ့ မဆိုင်တဲ့ သူ့ပါစင်နယ်လ်ကိစ္စကြီးဗျ''

''မင်းပြောမှပဲ ပိုပြီးသိချင်လာပြီ၊ မိုးနေ ဦးဘိုရဲ့ ပါစင်နယ်ဆိုတာ ဟို သူ့ညီမလေးကိစ္စများ လား''

''ဟင် ...ဘယ်က ညီမလေးလဲဗျ''

''သြော် ...ဝေးလိုက်တာ မိုးနေရာ၊ စပွန်စာ ညီမလေးပေါ့ကွာ''

''ဟာ ...မဟုတ်ပါဘူး၊ တောက်တီး တောက်တဲ့''

''မသိဘူးလေကွာ၊ ဦးဘို ဘော်ဒါ ဦးပါးသိုင်းတို့ဆိုရင် အဲဒီ လို ညီမလေးတွေ ကြောင့် စိတ်မအေးဘဲ သူ့တပည့်တွေ ကို ချက်ကင်လိုက်ခိုင်း နေရတာ ကွ''

''အဲဒါတော့ မသိဘူး၊ ခု ဦးဘိုကိစ္စ ကတော့ အဲဒါမဟုတ်ဘူး''

''ဒါဆို ဘာလဲ''

စကားက ဒီဘူတာပဲ ပြန်ဆိုက်လာသည်။ မိုးနေလည်း စိတ်မရှည် တော့ဘဲ ခေါင်းတဗျင်းဗျင်းကုတ်လျက် ...

''ဒီမှာ ကိုအောင်၊ ခင်ဗျား လူစကား နားမလည်တာလား၊ အထူး အပါး နားမလည်တာလား''

''ဟာ''

ကိုအောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ မိုးနေကိုလည်း ဂြိုဟ် ကြည့်ကြည့်လိုက်ရင်း ...

''ဟေ့ကောင် ...မင်းနဲ့ငါ ဒီအခန်းမှာ အတူနေလာတာ ကြာပြီ၊ ဘာကိစ္စပဲ ဖြစ် ဖြစ် တစ်ယောက် နဲ့ တစ်ယောက် လျှိုထားစရာလား၊ ခု မေးတယ်ဆိုတာကလည်း လိုအပ်ရင် မင်းကို အကြံလေးဘာလေး ပေးလို့ ရအောင် ...ကွ''

ဟုတ်တော့လည်း ဟုတ်ပါသည်။ ဒီကိစ္စအား ကိုအောင် သိရုံမျှဖြင့် ဦးဘို သိက္ခာကျစရာအကြောင်းတော့မရှိ။ ဟို ဂျွတ်စပွတ် မျိုးမင်းမြတ်၏ ကိစ္စသာ ဖြစ်သည်။ ပြီး ဒီကိစ္စနှင့် လာပတ်သက်နေသော မေနိုးဆိုသည့် ကောင်မလေးအကြောင်းကို တစ်ယောက် ယောက် အား မိုးနေ ပြောပြချင် နေမိသည်မှာ လည်း အမှန်ပင်။

ထိုကြောင့် နားသယ်စပ်ကို လက်ဖြင့် ကုတ်ကာ စဉ်းစားလိုက်ရင်း

''ဒါဆိုလည်း ...ပြောပြမယ်ဗျာ၊ ခင်ဗျား ဘယ်သူ့ကိုမှ မဖွာနဲ့''

''ဘာလဲကွ ဖွာတယ်ဆိုတာ''

''ဟာဗျာ ...ဝေးလိုက်တာ၊ ဘယ်သူ့ကိုမှ ဟောင်ဖွာ ဟောင်ဖွာ မလုပ်နဲ့လို့ ပြောတာဗျ''

''အေးပါ ...မိုးနေရာ''

နဖူးပြောင်ပြောင်ကြီးကို လက်ဖြင့် ပယ်ပယ်နယ်နယ်ပွတ်ကာ ကိုအောင် ပြန်ပြောလာသည်။ သို့ သော်လည်း မိုးနေက လက်အသာကာပြ ထားပြီး ...

''ခဏလေး ...မပြီးသေးဘူး၊ ဒီကိစ္စကို ဘယ်သူမှမသိစေချင်တဲ့ အတွက် ခင်ဗျားနဲ့ကျွန်တော် ဘီယာဆိုင်တစ်ဆိုင်ရဲ့ ထောင့်ကျဆုံးခုံမှာ ပြောရလိမ့်မယ်၊ ကျသင့်သလောက်ကိုလည်း ခင်ဗျား ဒကာခံရမယ်၊ ဖြစ် မလား''

ကိုအောင် စဉ်းစားသွားသည်။ နဖူးကို လက်ဖြင့် ပွတ်နေရာမှ ခဏရပ်ကာ နဖူးဖြင့် လက်ကို ပြန်ပွတ်လိုက်ရင်း ခက်ခဲစွာ ဆုံးဖြတ်လိုက်ရ သည့်ပုံစံဖြင့် ...

''အေး ...ရတယ်ကွာ၊ ငါ့ဆီမှာ လောလောဆယ်၊ မာန်ထက်သာ နှင့် ခန့်မင်းထက်တို့ကို ပေးရမယ့် ကဗျာစာမူခတွေ ရှိသေးတယ်၊ ငါခဏလှည့်သုံးလိုက်ရင် ရပါတယ်၊ အဲဒီ ငပေါလေးတွေ က ငါ့တော် ကီနဲ့ တစ်ချက်လှည့်ထားလို့ ရပါတယ်ကွ''

''ဒါ ကတော့ ခင်ဗျားသမိုင်းပဲလေ၊ ပြီးမှ ကျွန်တော် နဲ့ သောက်လိုက် လို့ဆိုပြီး တိုင်လာမပတ်နဲ့ဗျ''

ထိုစကားအဆုံးမှာ တော့ ကိုအောင် (ခေါ်) မိုးမဟာမင်းက အယ်ဒီ တာပါးပီသလှစွာ ခန့်ခန့်ညားညားကြီး ပြောလိုက်ပါတော့သည်။

''ဟေ့ကောင် ...အယ်ဒီတာ မိုးမဟာမင်းကွ၊ တစ်မိုး, တစ်မဟာ, တစ်မင်းပဲ ရှိတယ်၊ မိုးမဟာမင်းဆိုတဲ့ကောင်က တိုင်ပတ်တယ်ဆိုတောင် ပတ်စရာတိုင်တစ်တိုင်တော့ ရအောင်ရှာထားပြီးသား၊ ငါ့လို ပတ်စရာတိုင် မရှိလို့ တိုင်ပျောက်နေတဲ့ကောင်တွေ ဒုနဲ့ဒေးကွ ...ဟား ဟား''

သူ့စကားသူ သဘောကျသလို ကိုအောင်က တဟားဟား ရယ်နေ သေးသည်။ ဟုတ်တော့လည်း ဟုတ်သည်ပဲ၊ မိုးနေ စဉ်းစားမိသည်။ ပတ် စရာတောင် တိုင်မရှိလျှင်တော့ မိုးမဟာမင်းလောက်ပင် အဆင့်မရှိဘဲ ဂွမ်းပြီ ...ဟု။

*


(၆)

''ဟေ ...မင်းပြောပုံအရဆိုရင် အဲဒီ မေနိုးဆိုတဲ့ ကောင်မလေးက မင်းနဲ့ဟိုကောင်ကိစ္စထဲကို မမျှော်လင့်ဘဲ ဝင်လာတာပေါ့''

''ဟုတ်တယ်ဗျ၊ ဒါတောင် မေနိုးက ကျွန်တော့် ကားကို တကယ့် တက်စီမှတ်ပြီး ငှားလိုက်လို့ ခုလိုသိရတာ ''

ကိုအောင် အတော် ဦးနှောက်စားသွားပုံရသည်။

မဂ္ဂဇင်း၊ ဂျာနယ်တွေ မှာ လုပ်ခဲ့ပေါင်း၊ ပြုတ်ခဲ့ပေါင်းလည်း များ ပြီ။ သူ့အယ်ဒီတာသက်တမ်း တစ်လျှောက်မှာ ဒီလိုအ ဖြစ်မျိုး တစ်ခါမှမကြားဖူးခဲ့။ ခုတော့ သူများ စာမူခကို ခဏလှည့်သုံးပြီး သောက်ထားသော ဘီယာပင် အမူးပြေချင်ချင် ဖြစ်သွားရသည်။

မိုးနေကိုလည်း တစ်ချက်စူးစမ်းသလို စိုက်ကြည့်လိုက်ရင်း ...

''မင်းကရော ...ဒီကိစ္စကို ဘယ်လိုထင်လဲ''

''အင်း ...ဒီနေ့မှ တစ်ရက်ပဲရှိသေးတာဆိုတော့ ရမ်းသမ်းလျှောက် ထင်လို့လည်း မ ဖြစ်သေးဘူးလေ၊ ခုနက ကျွန်တော် ပြောခဲ့သလိုပေါ့၊ ဟို ကောင် ကတော့ ပွေတယ်၊ ဒီနေ့ တစ်ရက်တည်းမှာ တောင် ရည်းစားနှစ် ယောက် နဲ့ တွဲနေတာ၊ အဲ ...မေနိုး ကတော့ သူ့အပြောအရ မျိုးမင်းမြတ် ဘေးက ကောင်မလေးတွေ ကို ဖယ်ရှားချင်တယ်၊ ပြီးတော့ မျိုးမင်းမြတ် ကိုလည်း စိတ်ဝင်စားတယ်၊ ဒီလောက်ပဲ ပြောတာပဲ''

''အဲဒီ ကောင်မလေးကရော လှလား''

''လှတယ်ဆိုတာထက် ဆွဲဆောင်မှု ရှိတာမျိုးဗျ''

မျက်ခုံးပင့်ကာ အသေအချာပြောလိုက်သော မိုးနေကို ကိုအောင်က စိုက်ကြည့်ရင်း အကဲခတ်နေသည်။

ချက်ချင်း ပဲ ပြီတီတီမျက်နှာပေးလုပ်ကာ ...

''ကောင်းလိုက်တဲ့ ဇာတ်ညွှန်းကွာ၊ တစ်ရက်တည်းမှာ တောင် တိတိ ကျကျ အသိအမှတ်ပြုလိုက်တာပဲ''

''ဟုတ်တယ်ဗျ၊ ဒီလိုသာ နေ့တိုင်းတွေ့ နေရရင် တစ်ပတ်လောက် ဆိုရင် ပြတ်ပြတ်သားသားတောင် ဖွင့်ပြောမိမလားပဲ''

''ဟေ''

ကိုအောင့်ပါးစပ်ကြီးပြဲကာ နဖူးစပ်နားတက်ကပ်သွားသည်။

''မိုးရေ ...မင်းဟာက ဟုတ်ရော ဟုတ်လို့လားကွာ၊ ဒီစကားမျိုး မင်းမပြောဖူးပါဘူး၊ နေစမ်းပါဦး ...ဘာကားတွေ ရိုက်ဖို့ စဉ်းစားနေတာ လဲ''

''တစ်ပြည်သူ မရွှေထား''

''ဘာ''

''ဟုတ်တယ်လေ၊ မေနိုးက ရန်ကုန်ကမှ မဟုတ်တာ''

ပြောရင်း မေနိုး တဟားဟား ထ,ရယ်တော့သည်။ ကိုအောင်က ကြောင်အမ်းပြီး ကြည့်နေရာမှ ...

''ဟေ့ကောင် ...တော် ကွာ၊ မင်းနဲ့ ဒီနေ့ စကားပြောရတာ ငါ အမူးပြေလိုက် ပြန်မူးလာလိုက် ဖြစ်နေပြီ''

''ဒါတော့ ခင်ဗျား ကုသိုလ်ကံပဲလေ၊ ကျွန်တော် ကတော့ လစ်တော့ မယ်''

''ဘာပြောတယ်''

''သြော် ...မူးနေပြီ အဆောင်ပြန်တော့မယ်လို့ ပြောတာ မနက် ဖြန်စောစော ထရဦးမှာ ဗျ''

''ဟင် ...မင်းက ရုံးတက်မလို့လား''

''ဘယ်ကလာ ...မနက်စောစော မေနိုးကို သွားကြိုရဦးမှာ ၊ ပြီးရင်တော့ တူနှစ် ကိုယ်တွဲပြီး မျိုးမင်းမြတ် အော်ပရေး ရှင်းအတွက် ဆက်သွား ရမယ်လေ ...ဟဲ ဟဲ''

''ဟုတ်ပါပြီ၊ ဒါဆိုလည်း ပြန်ကြတာပေါ့၊ စာမူခတွေ လည်း ကုန် ပြီပဲ၊ မာန်ထက်သာနဲ့ ခန့်မင်းထက်ရေ ဒီတစ်ပတ်တော့ စာမူခရဖို့ စိတ်ကူး မယဉ်ကြနဲ့တော့''

နှစ် ယောက် သား ရယ်မိကြပြန်သည်။ ခုံမှ နှစ် ယောက် သား ထရပ် ကြရင်း ကိုအောင်က စဉ်းစားမိဟန်ဖြင့် ...

''မိုးနေ ...မျိုးမင်းမြတ်က သူ့နောက်ကို လိုက်နေတဲ့ ကောင်မ လေးကို မသိဘူး၊ မမြင်ဖူးဘူးဆိုတော့ ကောင်မလေးက တစ်ကွက်သာနေ တာပေါ့ ...နော်''

မေနိုး ပြောဖူးသော စကားကို မိုးနေပြန်ကြားယောင်မိသည်။ မေနိုး လည်း ထိုသို့ ပြောဖူးသည်ပဲ၊

ပြီးမှ ထပ်စဉ်းစားလိုက်ရင်း ...

''ဟုတ်တာပေါ့၊ မေနိုးက တစ်ကွက်သာရုံပဲရှိတာ၊ ကျွန်တော် က နှစ် ကွက်တောင်သာသေးတယ်''

''ဟေ ...ဘာ ဖြစ်လို့လဲ''

''သူတို့နှစ် ယောက် စလုံးက ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ ဘယ်သူမှ မသိကြလို့ပဲ''

''အေး ...မင်းလည်း ကြည့်လုပ်ပေါ့ ...ကွာ''



ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ စူပါဆန်းဒေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပေးစာပြန်စာ

PS. I Love U

ကျောင်းစိမ်း