''ဘာကွ ...မင်းယူမယ့်မိန်းမကို ငါက တကူးတက လိုက်ကြည့် ပေးရမယ် ...ဟုတ်လား''
စကားသံအဆုံးမှာ ဖေဆန်းမျက်နှာ ရဲခနဲ ဖြစ်သွားသည်။ ပတ်ဝန်း ကျင်ကိုလည်း ကျီးတီးကျားတား ဝေ့ကြည့်လိုက်ပြီးမှ ...
''တိုးတိုးပြောပါ တည်မြဲရာ ...မင်းစကားကြီးကလည်း''
''ဘာ ဖြစ်လို့ တိုးတိုးပြောရမှာ လဲ ...မင်းဟာမင်း အရသာခံမယ့် ကိစ္စကို ငါက လိုက်ကြည့်ရဦးမယ်၊ နေစမ်းပါဦး ဖေဆန်းရ ...ငါက နွား ပွဲစားလည်း မဟုတ်, ကားပွဲစားလည်း မဟုတ်ဘူးနော်''
''အေးပါကွာ ...လိုက်ပြီး အကဲခတ်ရုံကလေးပါ''
တည်မြဲ မျက်မှော င်ကြုတ်လိုက်မိသည်။
''သြော် ...မင်းက ငါ သဘောမကျဘူးဆိုရင် အဲဒီ မိန်းမကို မယူဘူးပေါ့ ...ဒီလိုလား''
''ဟာ ...ဒီလိုလည်း မဟုတ်သေးဘူးလေကွာ၊ ငါ တစ်ယောက် တည်း မသွားရဲလို့ပါကွ''
''အောင်မာ ...အ ဖြစ်က သည်းပြနေပြန်ပြီ၊ ဘယ်မိန်းကလေးကမှ မင်းကို လူမြင်ကွင်းကြီးမှာ မတော် မတရား မကြံစည်ပါဘူးကွာ''
''တော် ပါတော့ တည်မြဲရာ၊ တစ်ယောက် တည်းမသွားရဲလို့ အကူ အညီလာတောင်းတာနော်၊ မင်းဆီမှာ ဆုံးမသြဝါဒခံဖို့ လာတာမဟုတ်ဘူး''
တည်မြဲ တစ်ချက်တော့ ငြိမ်သွားသည်။ ဟုတ်လည်း ဟုတ်သည် ပဲ။ မနက်စောစော လက်ဖက်ရည်ဆိုင်သို့ အတင်းခေါ်လာပြီး တည်ခင်းဧည့်ခံ ကျွေးမွေးသော အစားအသောက်တွေ ကိုလည်း ပါးဖြဲ၊ နားဖြဲစားသောက် ပြီးပြီ။ ဒါပင်မကသေး။ ပြောချင်တာတွေ လည်း ပိုစိုးပက်စက်ပြောပြီးပြီ။
ထို့ကြောင့် စိတ်ကို အနည်းငယ် လျှော့ချလိုက်ပြီး ...
''အေးလေ ...မင်းနဲ့ငါနဲ့ သူငယ်ချင်းအရင်းကြီးပဲ၊ လိုက်ပေးရမှာ ပေါ့၊ မင်းက ဘာ ဖြစ်လို့ တစ်ယောက် တည်းမသွားရဲတာလဲ''
ဖေဆန်း ရှက်ကိုးရှက်ကန်းတွေ ဖြစ်သွား၏ ။ တည်မြဲကိုလည်း မဝံ့မရဲလေး ပြန်ကြည့်ကာ ...
''အဟီး ...ဒီလိုကွာ၊ ဒီကိစ္စက လူကြီးတွေ စီစဉ်ထားတဲ့အတိုင်း အပြင်မှာ ငါတို့နှစ် ယောက် တွေ့ ကြဖို့ပါ၊ ငါတို့ချင်း ပိုရင်းနှီးစေချင်တဲ့သဘော ပေါ့ကွ၊ ဒါပေမဲ့ ရီရီခိုင်က ဖုန်းဆက်ပြီး ပြောတယ် ...သူ့သူငယ်ချင်းတွေ ကို ခေါ်လာချင်လို့တဲ့၊ ဘယ်နှစ် ယောက် တောင် ပါလာမလဲမသိဘူး၊ ငါလည်း တစ်ယောက် တည်း သွားရမှာ ကျွတ်ကျဲနေတာနဲ့ မင်းကို အဖော်ခေါ်နေတာ''
''သြော် ...ဒီလိုလား၊ ကျွတ်ကျဲရင်လည်း ဘွတ်အဲလို့သာ အော် လိုက်တော့''
''ဟား ...မင်းကလည်း ကူညီစမ်းပါကွာ၊ ညနေကျရင် ဘီယာ တိုက်ပါ့မယ်''
တည်မြဲတစ်ချက် စဉ်းစားလိုက်၏ ။ ထိုအစီအစဉ်က မဆိုးသော ကြောင့် ...
''လက်ခံတယ်၊ သိပ်ကောင်းတဲ့ ကမ်းလှမ်းချက်ပဲ''
''အင်''
တည်မြဲစကားကြောင့် ဖေဆန်း နည်းနည်း တော့ နင်သွားသည်။ တည်မြဲဆိုသည့်ကောင်က ဘာကောင်မှန်းမသိ။ လူမှန်းတော့ သိသည်။ သို့ သော်လည်း တစ်ခါ တစ်ခါ လူလိုစကားမပြော။ ထိုသို့ ဆို၍ ခွေးလို နွားလိုလည်း မအော်ပါ။ လူစကားကို လူနားရှုပ်အောင် ပြောသည်။
မည် သို့ ပင် ဖြစ်စေ ...
လောလောဆယ်တော့ ဒင်းကို အဖော်ခေါ်၍ ရပြီ။ ဟိုရောက်လျှင် တော့ ဘာတွေ ဖြစ်ဦးမည် မသိ။ နောင်ခါလာ နောင်ခါဈေးပဲ။
ခုလည်း စားသောက်ပြီးစီးတော့ တည်မြဲ အိမ်သို့ ပြန်လိုက်ရသေး သည်။ ဒင်းက ရေမိုးချိုး၍ ဖြီးလိမ်းပြင်ဆင်ဦးမည် တဲ့လေ။ စိတ်ကိုလျှော့ ထားရ၏ ။
အားလုံးပြီးစီးသွားမှ ချိန်းဆိုထားသည့် စားသောက်ဆိုင်သို့ နှစ် ယောက် သား သွားလိုက်ကြ၏ ။
ဟိုရောက်သွားတော့ ဖေဆန်း၏ သတို့သမီးလောင်းက ရောက် မလာသေး။ တည်မြဲက နာရီကြည့်ကာ တဖျစ်တောက်တောက် ပြောနေ တော့သည်။
''အဲဒါပဲကွ ...၊ မိန်းမတွေ ဟာ ကိုယ်ယူမယ့် ယောက်ျားကို မရခင်ကပဲ ပညာပြချင်ကြတာ''
''မင်းကလည်းကွာ၊ ကိုယ်က ယောက်ျားလေးပဲ၊ ဒီလောက်တော့ စောင့်ရမှာ ပေါ့''
''ဟေ့ကောင် ဖေဆန်း ....မယားနေစ ကြောင်သေမှဆိုတာ ကိုရော ကြားဖူးရဲ့ လား''
''ဟေ ...ဘာဆိုင်လို့လဲ''
''အေး ...ဆိုင်,မဆိုင်တော့ မသိဘူး၊ ခုကတည်းကပဲ မင်းစပြီး အလျှော့ပေးနေရတာ တော့ သိသာတယ်''
''ဒါ ကတော့ ငါက ကြိုက်တာကိုးကွ၊ ဒီကိစ္စမျိုး မင်းမကြုံဖူးသေး လို့ပါကွာ''
တည်မြဲ ဆက်မပြောတော့ချေ။ ထိုသို့ ကိစ္စမျိုး ကြုံလည်း မကြုံ ဖူးပါ။ ကြုံလည်း မကြုံချင်ပါ။
ခုပဲ ကြည့် ...။ ဖေဆန်းဆိုသည့် သတ္တဝါမှာ အရပ်ကူပါ၊ လူ ဝိုင်းပါ ဖြစ်နေရပြီ။ မိန်းမ တစ်ယောက် ရမည့် အရေး မိဘတွေ ပင်မကဘဲ သူငယ်ချင်း ဖြစ်သည့် ကိုယ်ပါ ဝင်ပါနေရပြီ။ ကိုယ်ဆိုလျှင်တော့ ဘယ်သူ့ဆီ ကမှ အကူအညီမတောင်း။
ထို့ကြောင့် သက်ပြင်းကြမ်းကြမ်းချလိုက်ပြီး ...
''ဖေဆန်း''
''ဟေ ...ဘာလဲ''
''မင်းကိုယ်မင်း ဒီစိတ်နဲ့ ဒီနေရာကို ခုလိုရောက်နေရတာ မအံ့သြ မိဘူးလား''
ဖေဆန်း အူတူတူ ဖြစ်သွားကာ ...
''ဟမ် ...ဘာ ဖြစ်လို့လဲကွ''
''သြော် ...ကမ္ဘာ့အံ့သြဖွယ်ရာ ခုနစ်ချက်ဆိုတာ ရှိတယ်ကွ''
''အင်း ...ပြောစမ်းပါဦး''
တည်မြဲက ချက်ချင်း ပဲ ဆရာကြီးအသွင်ဖြင့် ...
''ဒီလိုကွာ ...တစ်အချက်က တွေးတတ်တဲ့အသက် ခြောက်နှစ် အရွယ်ကပဲ လူကြီးတွေ ဘာကြောင့် စိတ်ဆိုးဒေါသထွက်ကြရတာ လဲဆိုပြီး အံ့သြကြတယ်တဲ့''
''အင်း ...ဟုတ်မယ်ကွ''
''နှစ် အချက်က အသက်ဆယ်နှစ် အရွယ်ရောက်လာတော့ သူတို့ ထက်ကြီးတဲ့ အစ်ကိုကြီးတွေ ဟာ ဘာ ဖြစ်လို့ မိန်းကလေးတွေ ကို စိတ်ဝင် စားတာလဲလို့ အံ့သြပြန်တယ်''
''ဟုတ်သားပဲ ...စူးစမ်းတာ ဖြစ်မှာ ပေါ့''
''မပြီးသေးဘူး၊ သုံးအချက်ကျတော့ ဆယ့်ငါးနှစ် အရွယ်မှာ သူ့ ထက်အငယ်တွေ ဟာ ဘာကြောင့် မိန်းကလေးတွေ စိတ်ဝင်စားတာလဲလို့ အံ့သြပြန်ရော''
''ဟာကွာ ...ဒါက ဖြစ်တတ်တာပဲဟာကို''
''ထားပါတော့ ...လေးအချက် ကတော့ အသက်နှစ် ဆယ်အရွယ် မှာ သူ ဘာကြောင့် ဆန့်ကျင်ဘက်မိန်းကလေးနဲ့ အတူနေချင်တာလဲလို့ တွေးပြီး အံ့သြပြန်တယ်''
''အဲ''
''ငါးအချက်ကျတော့ အသက်သုံးဆယ်မှာ သူ ဘာကြောင့် လက် ထပ်ခဲ့တာလဲလို့ တွေးပြီး အံ့သြပြန်တယ်''
''ရှုပ်လာပြီကွာ''
ဖေဆန်းက မသက်မသာ ညည်းသည်။ တည်မြဲ ကတော့ ခပ်တည် တည်ပင် ဆက်လက်ဟောပြောနေ၏ ။
''ခြောက်အချက် ကတော့ အသက်လေးဆယ်အရွယ်ရောက်တော့ သူတို့အိမ်ထောင်ဘက်ဟာ သူ့အနားမှာ ရှိနေသေးတာကို အံ့သြပြန်ရော ကွာ''
''ဟုတ်ပါပြီ ...နောက်ဆုံးအချက်ကရော''
''နောက်ဆုံး ခုနစ် အချက်ကျတော့ ရှင်းတယ်ကွ ...အသက်ခုနစ် ဆယ်ကျော်သွားတဲ့အခါ သူ ဘာကြောင့် အံ့သြမိခဲ့တာလဲလို့ အံ့သြမိတာ တဲ့''
''ဟေ''
''ဟုတ်တယ်လေ ...အဲဒါကြောင့် မင်းကိုယ်မင်းရော အံ့သြနေ မိလားလို့ မေးကြည့်တာ''
''တည်မြဲ ...မစားနဲ့ကွာ၊ မင်းစကားတွေ နားထောင်ရတာ ကြာ ရင် ရူးမှာ အသေအချာပဲ''
တည်မြဲက ပြန်ပြောရန်ပြင်လိုက်သော်လည်း မပြော ဖြစ်တော့။ ဖေဆန်း၏ အံ့သြဖွယ်ရာ ရီရီခိုင်ရောက်လာသော ကြောင့် ဖြစ်သည်။
''ကိုဖေဆန်း ...ရောက်နေတာကြာပြီလား ...အားနာလိုက်တာ''
ဖေဆန်းက 'မ' ဘက်လိုက်၍ မိုက်လုံးကြီးစွာ ပင် သွားသုံးဆယ့် နှစ် ချောင်းလုံးကို ရက်ရက်ရောရောဖြဲပြကာ ...
''မကြာသေးပါဘူး ရီရီခိုင်ရဲ့ ၊ ထိုင်လေ ...ဧည့်သည်တွေ လည်း ပါလာတာကိုး''
ရီရီခိုင်နှင့် သူ့သူငယ်ချင်းများ က စားပွဲမှာ ဝင်ထိုင်လိုက်ကြသည်။ ဖေဆန်းက ပျာပျာသလဲ တည်မြဲနှင့် မိတ်ဆက်ပေးတော့၏ ။
''ရီရီခိုင် ...ဒါ ကျွန်တော့် သူငယ်ချင်း တည်မြဲတဲ့''
ထိုအခါမှ တည်မြဲက အားလုံးကိုဝေ့ကြည့်ရင်း ပြုံးပြလိုက်သည်။ သို့ သော် အပြုံးက လမ်းတစ်ဝက်မှာ ပင် ရပ်သွားသည်။ မမျှော်လင့်ထား သည့် ကောင်မလေး တစ်ယောက် ကို တွေ့ လိုက်ရ၍ ဖြစ်သည်။ ပါးစပ်ကလည်း လွှတ်ခနဲပင် ...
''ဟာ ...ငှက်ပျောသီး''
''ဘာ ...ဘာငှက်ပျောသီးလဲ''
ထိုကောင်မလေးကလည်း ချက်ချင်း ပင် ပြန်အော်တော့သည်။
တစ်ဝိုင်းလုံး သူတို့နှစ် ယောက် ကို ကြည့်ကာ ကြောင်နြေ ကတော့ ၏ ။
ရီရီခိုင်က ဝင်ပြီး ...
''သြော် ...ကိုတည်မြဲနဲ့ သန့်ရှင်းက သိနေကြတာလား''
''မသိပါဘူး''
''သိဘူးဗျ''
နှစ် ယောက် စလုံး သံပြိုင်ထွက်သွားကြသည်။ တစ်ဝိုင်းလုံး ပြုံးစိစိ ဖြစ်ကုန်ြ ကတော့၏ ။
ရီရီခိုင်က အခြေအနေကို သဘောပေါက်စွာ ပဲ ဝင်ထိန်းပေးလိုက် သည်။
''ကဲပါ ...အရင်က မသိပေမယ့် ခု မိတ်ဆက်ပေးမယ်လေ၊ ကိုတည်မြဲ ...သူက မေသန့်ရှင်း၊ ဒီဘက်က သီတာနဲ့ ဖြူဖြူတဲ့''
''ဟုတ်ကဲ့ ...တွေ့ ရတာ ဝမ်းသာပါတယ်''
သန့်ရှင်းမှအပ ကျန်သည့်ကောင်မလေးတွေ က ဖော်ဖော်ရွေရွေ ပြန်ပြုံးပြပါသည်။
သန့်ရှင်း ကတော့ မျက်နှာကလေး တင်းနေ၏ ။ တင်းရသည့်အ ကြောင်းကလည်း ရှိနေသည်ကိုး။
အပြန်လမ်းကျတော့ ဖေဆန်းက မေးလာသည်။
''တည်မြဲ ...မင်း ရီရီခိုင့်သူငယ်ချင်း သန့်ရှင်းဆိုတာနဲ့ သိတယ် မဟုတ်လား''
''သိတာမဟုတ်ဘူး ...သူနဲ့ငါ ငြိထားတာကွ''
''ဟေ ...ပြောစမ်းပါဦး''
ဖေဆန်း တစ်ယောက် တည်မြဲနှင့် သန့်ရှင်းတို့ ဘယ်လို 'ငြိ'ခဲ့သည် ကို အထူးစိတ်ဝင်စားသွားလေသည်။
အ ဖြစ်က ရှင်းရှင်းကလေးနှင့် ရှုပ်ခဲ့သည်ဟု ပြောရတော့မည် လား မသိတော့ချေ။
အဲဒီ နေ့က တည်မြဲ အိပ်ရာထနောက်ကျသည်။ ညက ဘောလုံးပွဲ ကြည့် ဖြစ်သော ကြောင့် ဖြစ်၏ ။ တစ်ယောက် တည်း အိမ်မှာ မကြည့်ချင်၍ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာ သွားကြည့် ဖြစ်သည်။ မနက်သုံးနာရီ ထိုးခါနီး မှ အိမ်ပြန်ရောက်၏ ။
မနက်ဆယ်နာရီလောက်မှ မေမေလာနှိုး၍ အိပ်ရာက မထချင်, ထချင် ထခဲ့ရခြင်း ဖြစ်သည်။ ဒါတောင် ခေါင်းထဲက သိပ်ကြည်လင်သည် မဟုတ်။
မေမေက ...
''ထပါ သားရယ် ...မေမေ ဒီမနက် သစ်သီးဆွမ်းကလေးကပ် ချင်လို့ ဈေးထဲမှာ ငှက်ပျောသီးတစ်ဖီးလောက် သွားဝယ်ပေးစမ်းပါ''
မေမေက ထိုသို့ ပင် ဘုရားကို ဆွမ်းအမျိုးမျိုးတွေ ကပ်ပြီး အမျိုး မျိုးသော ဆုတွေ ကို မရိုးနိုင်အောင် တောင်းလေ့ရှိသည်။ ဆုက ပြည့်လေ လား၊ မပြည့်လားတော့ မသိချေ။ လောလောဆယ်တော့ ငှက်ပျောသီး ဝယ်ရန် တည်မြဲ အိပ်ရာကထ,ရလေသည်။
မျက်နှာသစ်ပြီး ထွက်လာတော့ ဖေဖေက ဧည့်ခန်းထဲမှာ ပင် ရှိသေး ၏ ။ တည်မြဲကို တစ်ချက်လှမ်းကြည့်ကာ ...
''ဟေ့ကောင် ...မင်း ညက ဘယ်အချိန် အိမ်ပြန်လာတာလဲ''
''သုံးနာရီပါ ဖေဖေ''
''ဘာကွ ...မင်းကို ငါ ဘာပြောထားလဲ၊ ဆယ့်နှစ် နာရီ မထိုး ခင် အိမ်ပြန်လာပါဆို၊ မင်း ပြန်လာတဲ့အချိန်ဟာ လူကောင်းတွေ ပြန်လာ ချိန် မဟုတ်ဘူးကွ''
''သား ...သား ဘောလုံးပွဲကြည့်နေလို့ပါ ဖေဖေ''
''တော် ကွာ ...မင်းတို့က ပြောလိုက်ရင် ဆင်ခြေဆင်လက်တွေ ချည်းပဲ''
''ကိုထွန်းခင်''
မေမေ့အသံ ဖြစ်သည်။ ဖေဖေ တွန့်သွားပြီး ...
''ဟေ ...ဘာလဲ မိန်းမရာ ...ဒီမှာ နင့်သားကို ပြောနေတာကွ''
မေမေက မျက်စောင်း ဒိုင်းခနဲထိုးလိုက်ကာ ...
''ပြောမနေနဲ့တော့၊ ရှင့်သားကို ကျွန်မ ခိုင်းထားတာရှိတယ်''
ဖေဖေကလည်း ခပ်တင်းတင်းပင် ...
''ပြောရမှာ ပဲကွ ... ညသုံးနာရီဆိုတာ လူကောင်းတွေ အိမ်ပြန် လာချိန်လား''
''ဒီမှာ ကိုထွန်းခင်''
''ဘာလဲကွ''
''ဘာလဲကွ မလုပ်နဲ့ ...ညက ရှင်ပြန်လာတာ သုံးနာရီခွဲမှနော်၊ ဟင်း ဟင်း ...မပြောချင်လို့ ကြည့်နေတာနော်''
ဖေဖေ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပုံရသည်။ ပြီးမှ ရှက်အမ်း အမ်းနှင့် ...
''ဒါ ကတော့ကွာ ...ငါ့တပည့် တစ်ယောက် နိုင်ငံခြားက ပြန်လာ လို့ အတင်းပြုစုမယ်ဆိုပြီး ခေါ်တာကိုး၊ ငါ့အနေနဲ့ ငြင်းလို့မှမကောင်းဘဲ''
''ရှင်ကိုယ်တိုင်က ဒီလိုပွဲမျိုး စောင့်နေတာမဟုတ်လား''
''တော် ကွာ ...တော် တော့''
နေရင်းထိုင်ရင်းပင် ဖေဖေနှင့် မေမေတို့ တင်းမာလာတော့သည်။ တည်မြဲကပဲ လူငယ်ပီပီ ရင်ကြားစေ့ပေးရတော့၏ ။
''တော် ကြပါတော့ ဖေဖေနဲ့ မေမေတို့ရာ၊ သား ငှက်ပျောသီးသွား ဝယ်ရဦးမှာ လား''
ထိုအခါမှ အစပျိုးနေသော ရန်ပွဲက ရပ်တော့၏ ။ တည်မြဲလည်း မျက်နှာသစ်ကာ အိမ်မှထွက်လာခဲ့သည်။
ရပ်ကွက်၏ တစ်ဖက်ထိပ်မှ ဈေးဆီသို့ ဦးတည်လိုက်၏ ။ ငှက်ပျော သီးက ဈေးမှာ ရှိနိုင်သည်ပဲ။
သို့ သော် ...
ဈေးထိအောင် မရောက်လိုက်ပါ။ လမ်းမှာ လုပ်ကြံခံရ၍ လည်း မဟုတ်။ လမ်းလျှောက်လာရင်း ခြံတစ်ခြံ ရှေ့မှာ အထမ်းဖြင့် ထမ်းရောင်းသော ငှက်ပျောသီးသည်ကို တွေ့ လိုက်ရခြင်း ဖြစ်သည်။ အသံထုတ်ပြီး လှမ်း ခေါ်လိုက်၏ ။
''ဗျို့ ...ငှက်ပျောသီးသည် ...ခဏလေး ...ခဏလေး''
ငှက်ပျောသီးသည်က ရပ်စောင့်နေပါသည်။ သို့ သော် ကိုယ့်ကို စောင့်နေတာမဟုတ်မှန်း အနားရောက်မှ သိရလေ၏ ။ ရောက်ရောက်ချင်းမှာ တော့ မသိသေး။ ဈေးသည်၏ အထမ်းထဲမှ တစ်ဖီးတည်းသော ငှက်ပျော သီးကို ဈေးမေးလိုက်သေးသည်။
''တစ်ဖီးပဲ ကျန်တော့တာလား ...ဘယ်လောက်လဲဗျ''
''အဲ ...လေးရာပါ၊ ဒါပေမဲ့''
''လေးရာဆိုလည်း ယူမယ်ဗျာ''
ဈေးထဲအထိ မသွားချင်တော့၍ တည်မြဲ ပြောလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်မှာ ပဲ ခြံထဲမှ ကောင်မလေး တစ်ယောက် အလိုအလျောက် ရောက် ရှိလာပြီး ...
''အစ်ကိုကြီး ငှက်ပျောသီးက ဘယ်လောက်လဲ''
''လေးရာပါ''
ထိုကောင်မလေးကပဲ ငါးရာတန်တစ်ရွက် ထုတ်ပေးကာ ...
''ရော့ ရော့ ...ငါးရာ ...ပြန်မအမ်းနဲ့တော့''
တည်မြဲ တင်းသွားသည်။ စောစောစီးစီး ကိုယ်ဝယ်နေသည့် ငှက် ပျောသီးကိုမှ လာလုဝယ်နေသည်မို့ ...
''ဒီမှာ ...ငှက်ပျောသီးက ကျွန်တော် ဝယ်ထားတာဗျ''
ကောင်မလေးက မျက်လုံးလှန်ကြည့်သည်။ ပြီး ချက်ချင်း ပဲ ...
''ဘာရှင့် ...ရှင်ဝယ်ထားတယ် ပြောရအောင် ငှက်ပျောသီးက အထမ်းထဲမှာ ပဲ ရှိသေးတာ၊ ပြီးတော့ ကျွန်မ ခေါ်လိုက်လို့ အသည်က ရပ်စောင့်နေတာလေ''
ပြောရင်း ငှက်ပျောသီးသည်ကိုပင် အဓိပ္ပာယ်ပါပါ ကြည့်လိုက် သေးသည်။
တည်မြဲကလည်း ...
''လျှောက်ပြောမနေနဲ့၊ ဒီလူက ကျွန်တော် ခေါ်လိုက်လို့ ရပ်စောင့် နေတာ''
''အောင်မာ ...လာလာချည်သေး၊ ကျွန်မ ခေါ်လိုက်တာရှင့်''
''ကျွန်တော် ခေါ်တာပါဗျာ''
''ကျွန်မ ခေါ်တာရှင့်''
''ကျွန်တော် ခေါ်တာပါဆို''
နှစ် ယောက် သား အချေအတင် ဖြစ်နေစဉ်မှာ ပဲ ငှက်ပျောသီးသည် က ...
''ကဲ ...တော် ကြပါတော့၊ ခေါ်တာ ကတော့ ခင်ဗျားတို့နှစ် ယောက် စလုံး တစ်ပြိုင်တည်း ခေါ်တာပဲ၊ အဲဒါကြောင့် ကျုပ် ရပ်စောင့်နေတာ၊ ငှက်ပျောသီးကပဲ တစ်ဖီးပဲ ရှိတော့တာ၊ ဘယ်လိုလုပ်မလဲ''
''ဘယ်လိုမှမလုပ်ဘူး ...ကျွန်မပဲ ယူမယ်၊ ရော့ ...ပိုက်ဆံ''
''ဟာ ...ဒီလိုတော့ မလုပ်နဲ့လေ၊ ကျွန်တော် လည်း ခေါ်ထားတာ ပဲ၊ နေစမ်းပါဦး ...ခင်ဗျားက မိန်းကလေး ဖြစ်ပြီး စောစောစီးစီး ငှက်ပျော သီးကို ဘာလုပ်မှာ လဲ''
ကောင်မလေးမျက်နှာ ချက်ချင်း ရဲရဲနီသွားသည်။ တည်မြဲကိုလည်း ဒေါသအကြည့်ဖြင့် ပြန်ကြည့်ပြီး ...
''ရှင် ...ဘာစကားပြောတာလဲ၊ ငှက်ပျောသီးပဲ ...စားဖို့ပေါ့၊ ကျွန်မဘာသာ စောစောစီးစီးပဲဝယ်ဝယ် ...ရှင့်အပူလား''
''အေး ...ငါ့အပူတော့ မဟုတ်ဘူး၊ ဒါပေမဲ့ လိုအပ်မယ်ထင်လို့ မေးကြည့်တာကွ၊ ငါက ဘုရားမှာ ကပ်ဖို့ ဝယ်နေတာ''
''အလိုတော် ...ကြီးကြီးကျယ်ကျယ်''
''ဘာမှမကြီးကျယ်ဘူး၊ ဒီလောက် ဆုံးဖြတ်ရခက်နေရင် ဂျာမနီက ပေါ(လ်) ကို သွားဆုံးဖြတ်ခိုင်းမလား''
ကောင်မလေး ကြောင်သွားပုံရသည်။ စကားတွေ အချေအတင် ဖြစ်နေရင်းပင် မဆီမဆိုင် ဂျာမနီက ပေါ(လ်) ဆိုတာကြီးက ပါလာသည်ကိုး။
ထို့ကြောင့် ...
''ဘာတွေ လာပြောနေတာလဲ''
''ဟင် ...ဒါတောင်မသိဘူးလား ပေါ(လ်) ဆိုတာ (၂ဝ၁ဝ) ကမ္ဘာ့ဖလားပွဲစဉ်တွေ မှာ အရေး ကြီးတဲ့ ရှစ်ပွဲတိတိ မှန်ကန်အောင် အဆုံး အဖြတ်ပေးနိုင်တဲ့ ရေဘဝဲလေးလေ ...ဟဲ ဟဲ''
အမှန်တော့ ထိုရေဘဝဲအကြောင်း သူမ ဘောလုံးပွဲတွေ ကြည့်၍ သိပါသည်။ ဒါပေမဲ့ ငှက်ပျောသီးနှင့် ရေဘဝဲက အဝေးကြီး။ လူပါးလာဝ နေသည်မို့ ...
''ဒီမှာ ...ရှင် မဆိုင်တာတွေ လာပြောမနေနဲ့၊ ငှက်ပျောသီးကိစ္စ ကို ငှက်ပျောသီးသည်နဲ့ပဲ ဆုံးဖြတ်၊ ဘာရေဘဝဲမှ ထည့်ပြောမနေနဲ့''
ဒေါသထွက်ထွက်နှင့် ပြန်အော်လိုက်သည်။ ထိုအခါမှ မနေနိုင် တော့သည့် ငှက်ပျောသီးသည်ကြီးက ဆုံးဖြတ်လိုက်ဟန်ဖြင့် ...
''ကဲပါဗျာ ...စားဖို့နဲ့ ဘုရားဆွမ်းတင်ဖို့ဆိုတော့ အစ်မလေးပဲ လျှော့ပေးလိုက် ပါဗျာ၊ ကုသိုလ်ရပါတယ်''
ထိုအချိန်မှာ ပဲ တည်မြဲက အထမ်းထဲမှ ငှက်ပျောသီးကို အောင်မြင် စွာ လှမ်းယူလိုက်ပြီး မြန်မာငွေလေးရာဖြင့် လဲလှယ်လိုက်လေပြီ။ ဒါပဲပေါ့။
ဘယ်လိုမှမပြောသာတော့သဖြင့် ကောင်မလေးက မကျေမချမ်း ကြည့်ကာ လှည့်ထွက်ဟန်ပြင်လိုက်၏ ။
လျှာအရိုးမရှိသည့် တည်မြဲပါးစပ်ကလည်း စကား ထွက် ဖြစ်အောင် ထွက်သွားသေးသည်။
''ဟိတ် ...ဒီမှာ ဒီမှာ ''
ဆတ်ခနဲ ပြန်လှည့်လာသည်။ တည်မြဲက မိန်းကလေးပဲဆိုပြီး အလျှော့ပေးမည် ဟု စဉ်းစားမိလိုက်သည်လား မသိ။
''ဘာလဲ ...ဘာလဲ''
''သြော် ...ခင်ဗျား အရမ်းစားချင်နေရင် တစ်လုံးလောက် ဖြုတ် ယူထားလိုက်လေ၊ အဲဒီ လောက်တော့ ဖြစ်ပါတယ်''
''သေလိုက်ပါလား''
ထိုသို့ ထောပနာပြုရင်း ခြံထဲသို့ ဝင်သွားတော့သည်။
မည် သို့ ပင် ဖြစ်စေ ...
ငှက်ပျောသီးတစ်ဖီး ကတော့ လက်ဝယ်ပိုင်ပိုင် ရရှိလိုက်ပြီ ဖြစ်သည်။ တည်မြဲလည်း စိတ်လက်ပေါ့ပါးစွာ ပင် အိမ်ပြန်ခဲ့၏ ။
မည် သို့ ပင် ဖြစ်စေ ...
ငှက်ပျောသီးလေးလို ဖြူဖြူလုံးလုံးလေးလှသည့် ကောင်မလေးကို တော့ သတိထားမိခဲ့သည်မှာ အမှန်ပင် ဖြစ်လေသည်။
နောက်တစ်ကြိမ် ပြန်ဆုံမည် ဟု လုံးဝ မထင်ထားမိခဲ့သော်လည်း ...
ပြဿနာသည် ပြဿနာဟု ခေါင်းစဉ်မတပ်ခင်အချိန်အထိ ရောက် မလာသေး။ သို့ သော်လည်း ခြေနှစ် ချောင်းပေါက်ကာ အလိုလိုရောက်ရှိလာ ချိန်မှာ တော့ စိတ်ရှုပ်ရပြီ။
ထိုနေ့က ကိစ္စတစ်ခုရှိ၍ မြို့ထဲသို့ ဘတ်(စ်) ကားစီးကာ ထွက်လာ ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းသည်ဟုပဲ ဆိုရမည် လားမသိ ...။ ကားပေါ် ရောက်ရောက်ချင်းမှာ ပဲ သံဃာတော် များ အတွက်သာဟု ရည်ညွှန်းမထား သည့် ထိုင်ခုံတစ်ခုံရပါသည်။ အပိုင်ရခြင်းတော့ မဟုတ်။ ထိုသို့ နေရာရ ခြင်းသည်ကပင် ကိုယ့်နိုင်ငံမှာ က ကံကောင်းသည်ဟု တည်မြဲ ကိုယ့်ဘာသာ သတ်မှတ်လိုက်၏ ။
ထိုသို့ အခိုက်အတန့် ကံကောင်းစွာ စီးနင်းလိုက်ပါလာခဲ့သည်။
သို့ သော် ...
ကိုယ့်ရှေ့မှာ လာရပ်သည့် ခြေဖမိုးဖြူဖြူလေးကို မြင်လိုက်ရ၍ ဘာရယ်မဟုတ် လူငယ်ပီပီ မော့ကြည့်မိရာမှ အံ့သြသွား၏ ။
ငှက်ပျောသီးမလေး ...။
မျက်လုံးလေးလုံး ဆုံမိချိန်မှာ တော့ ကောင်မလေးကလည်း မှတ်မိ ပုံရသည်။ ချက်ချင်း ပင် မျက်ခုံးကို အတွန့်ချိုးလိုက်၏ ။ စိတ်ဆိုးနေသေး သည်ပေါ့လေ။
တည်မြဲ တစ်ချက်စဉ်းစားလိုက်၏ ။ စိတ်ဆိုးပြေအောင် ပျာပျာသလဲ ပင် နေရာက ဖယ်ပေးလိုက် ရမည် လား။
ထိုအချိန်မှာ ပဲ အသက်ကြီးကြီး အဘိုးအိုတစ်ဦးက အနားမှာ လာ ရပ်ပြန်သဖြင့် နေရာက အသာထပေးလိုက် သည်။
သို့ သော်လည်း ...
ကောင်မလေးက ဆတ်ခနဲပဲ သူ့တင်ပါးနှင့် သူ ဝင်ထိုင်လိုက်သဖြင့် တည်မြဲလည်း ကိုယ့်ပါးစပ်နှင့် ကိုယ် ပြောရတော့သည်။
''ဟိတ် ဟိတ် ...ဒီမှာ ...ခင်ဗျားကို နေရာဖယ်ပေးတာ မဟုတ် ဘူး၊ ဒီက အဘိုးအတွက် ထ,ပေးတာ''
လူတွေ ကြားထဲမှာ မို့ ကောင်မလေးမျက်နှာက ရဲခနဲ ဖြစ်သွား၏ ။ ချက်ချင်း ပဲ ပြန်အော်တော့သည်။
''ဘာရှင့် ...ကျွန်မက မသိလို့ ဝင်ထိုင်မိတာ၊ ရှင့်ကိုလည်း မိန်းကလေးတွေ ကိုတွေ့ ရင် အဲဒီ လို နေရာဖယ်ပေးတတ်တဲ့လူစားလို့ ထင် မိတာကိုး''
ဆတ်ဆတ်ထိမခံ ပြန်ပြောရင်း နေရာက ထ,ပေးလိုက် သည်။ ကားပေါ်က ခရီးသည်တွေ ပင် ပြုံးစိစိနှင့် ကြည့်ကုန်ကြပြီ။
တည်မြဲလည်း အနည်းငယ်ရှက်အမ်းသွားပြီးမှ ...
''အောင်မာ ...ခင်ဗျားမို့လို့ ကိုယ့်ကိုယ်ကိုယ် အဲဒီ လိုထင်ရဲတယ်၊ ဟူး ...တကယ့်ကို စိတ်ပျက်မိတယ်''
''ဘာ ...ဘာပြောတယ် ...ပြန်ပြောစမ်းပါဦး''
ထိုအချိန်မှာ ပဲ အနားမှ အဘိုးကြီးက လွတ်နေသော ထိုင်ခုံနေရာ မှာ ဝင်ထိုင်လိုက်ရင်း ...
''ကဲ ...တော် ကြပါတော့ကွယ်၊ ဒီက သမီးကလည်း မသိလို့ ဝင်ထိုင်မိတာပဲ၊ အဘိုးတောင် ဒီက သမီးလေးက ချောချောလေးမို့ မောင် ရင်က နေရာက ထ,ပေးတာလို့ ထင်မိသေးတာပဲ''
သွားပြီ။ ဒီအဘိုးကြီးလိုပဲ သူ့ကို နှာဘူးဟု ခရီးသည်တော် တော် များများ က ထင်သွားခဲ့ကြသည်လား။
တည်မြဲက ထိုကောင်မလေးကို စေ့စေ့ကြည့်ကာ ...
''ခင်ဗျားကိုယ်တိုင် အဲဒီ လိုထင်ခဲ့ရင်တော့ ခင်ဗျား အိုင်မေးနီးယား ရောဂါ ဖြစ်နေတာပဲ ဖြစ်ရမယ်''
''ဘာရှင့် ...ရှင်နော် ...ဘာ အိုင်မေးနီးယား ရောဂါ လဲ''
''သြော် ...ဒါလည်း မသိပြန်ဘူးလား၊ အိုင်မေးနီးယား ရောဂါ ဆိုတာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် ဝင်နေတဲ့ ရောဂါ လို့ ပြောတာ''
ပြောပြီး တည်မြဲလှည့်ထွက်ကာ ရပ်လိုက်သည့်မှတ်တိုင်မှာ ပဲ ဆင်း ခဲ့လိုက်သည်။
ပထမတော့ သန့်ရှင်း တစ်ယောက် ကြောင်အမ်းပြီး ရပ်နေမိသေး သည်။ ဒါ ...ဒါဆို သူ့ကို ဘဝင်လေဟပ်နေသည်ဟု ဒင်းက ပြောသွား ခဲ့သည်ပေါ့။ တောက်ဍ ...။
ဆွေ့ဆွေ့ခုန်မတတ် ဒေါသထွက်သွားရပြီး ကားပေါ်မှ ဆင်းလိုက် ရန် ပြင်ချိန်မှာ ပဲ ကားက ထွက်သွားလေပြီ။
ကားပြတင်းပေါက်မှ ဒင်းကို အစိမ်းလိုက် ဝါးစားမတတ် မျက်ဝန်း ဖြင့် လှမ်းကြည့်မိ၏ ။
ဒင်း ကတော့ သူမကိုပင် လက်ဟန်ကလေး လုပ်ပြသွားသေး၏ ။
တောက်ဍ ...။ ဒင်းတော့နော်။
ခံရပြန်ပြီဟု သန့်ရှင်း တွေးမိပြန်သည်။ ထိုစကားလုံးမျိုးနှင့် တွေး ရသည်ကပင် မကောင်းချေ။
တည်မြဲ ကတော့ လက်ကလေးထောင်ရင်း ပလက်ဖောင်းပေါ်မှာ ပြုံးပြုံးကြီးလျှောက်နေဆဲ။
အချစ်ဆိုတာ တစ်ခါတစ်ခါမှာ
အဖိုနဲ့အမ အစွန်းနှစ် ဖက်
ရှိတဲ့ သံလိုက်လိုပါပဲ . . .
တစ်ချိန်တည်းမှာ တွန်းကန်နေတတ်သလို
တစ်ချိန်တည်းမှာ ပဲ ဆွဲငင်နေတတ်ကြပြန်ရော . . .။
''ဟား ဟား ...တော် သေးတာပေါ့ တည်မြဲရာ၊ လက်နှစ် ချောင်း ထောင်ပြခဲ့လို့သာပေါ့၊ တစ်ချောင်းတည်းသာဆိုရင် ကားပေါ်က ခုန်ချပြီး မင်းကို ပါးဆွဲရိုက်မှာ သေချာတယ်''
စကားအဆုံးမှာ တည်မြဲ မျက်လုံးပြူးသွားရသည်။ ဖေဆန်းကို လည်း ...
''ဟေ့ကောင် ...မမိုက်ရိုင်းနဲ့၊ မင်းရဲ့ ရီရီခိုင်ကိုပဲ အဲဒီ လို သွား လုပ်ပြ''
''ဘာကွ''
ဒါမျိုးကျတော့ ဒင်းက မခံနိုင်ပြန်ချေ။ တရားကျဖို့ပင် ကောင်းလှ သေး၏ ။ ကိုယ် ကတော့ သန့်ရှင်းဆိုသော ငှက်ပျောသီးလေးနှင့် ငြိမ်းချမ်း ရေး ယူလိုက်ခြင်းသာ ဖြစ်သည်။ မမျှော်လင့်ဘဲ ပြန်ဆြုံ ကတော့လည်း သန့် ရှင်းဘက်က အစာကြေပုံမပေါ်သေး။
မည် သို့ ပင် ဖြစ်စေ တည်မြဲ ကတော့ သန့်ရှင်းနှင့် ရန်မ ဖြစ်လိုတော့ ပါ။ ခင်မင်အောင် ဘယ်လိုလုပ်ရမည် မှန်းလည်း မသိသေး။ လေပူကြီးကိုပဲ စိတ်ပါလက်ပါ မှု တ်ထုတ်မိတော့၏ ။
ထိုအချိန်မှာ ပဲ ...
''ဟာ တည်မြဲနဲ့ ဖေဆန်း ...အတော် ပဲကွာ''
ထိုသို့ နာမည် တွေ အော်ဟစ်ခေါ်ကာ ဆိုင်ထဲသို့ ဝင်လာသူက ပေါ်လွင်။ ဒီကောင်နှင့် ဖေဆန်းက တစ်ခါ တစ်ခါ သိပ်တည့်လှသည်တော့ မဟုတ်။ မတည့်အတူနေဟု ခေါ်ရမည့်  ဖေဆန်းနှင့် ပေါ်လွင် ဖြစ်သည်။
ခုလည်း ပေါ်လွင်က ဝင်ထိုင်လိုက်ရင်း ဖေဆန်းကိုကြည့်ကာ...
''ဟေ့ကောင် ဖေဆန်း ...မင်းယူမယ့်မိန်းမကို သွားကြည့်တယ် ဆို၊ ဘယ်လိုနေလဲကွ''
''ဘာကို ဘယ်လိုနေရမှာ လဲ၊ မိန်းမဆိုတာ မိန်းမပဲပေါ့ကွ''
ဖေဆန်းက 'ဘု' တောလိုက်သည်။ ဒါကိုပင် ပေါ်လွင်က အားမရ နိုင်သေးဘဲ ...
''အဟဲ ...ဒီလိုကွာ မနုသာရ ရွှေမျဉ်းဓမ္မသတ်ကျမ်း အရ မယူအပ်, စွန့်ပစ်အပ်တဲ့မိန်းမ ငါးမျိုးဆိုတာ ရှိတယ်ကွ ...တစ်က မြုံသော မိန်းမတဲ့''
''ဟာ ...ပေါ်လွင်''
''နေဦး ...မပြီးသေးဘူး၊ နှစ် က သားမမွေးဘဲ သမီးတွေ သာ မွေးသော မိန်းမ၊ သုံး ...နူနာရှိသော မိန်းမ၊ လေး ကတော့ အကျင့် ပျက်ဟော့သွမ်းသော မိန်းမနဲ့ ငါး ...လင်ကို မြတ်နိုးခြင်းမရှိဘဲ မျောက်မ,ထားသော မိန်းမ ...တဲ့၊ မင်း အဲဒီ အချက်တွေ နဲ့ ချိန်ထိုးပြီးစဉ်းစား ရွေးချယ်လို့ရအောင် ပြောပြတာပါ''
''ပေါ်လွင် ...တော် တော့ကွာ၊ မင်းပြောတာတွေ ထဲမှာ ကောင်း တာ တစ်ခုမှလည်းမပါဘူး''
ဖေဆန်း ရှူးရှူးရှားရှားနှင့် ပြန်ပြောလိုက်၏ ။ မကြာခင်မှာ ပဲ ဒီနှစ် ကောင် ထ,'ငြိ'တော့မှာ ကို မြင်ယောင်မိ၍ တည်မြဲ ကြားဝင်ရတော့သည်။
''နေစမ်းပါဦးကွာ၊ ရွေးချယ်သင့်တဲ့ မယားကောင်းလက္ခဏာ လေးရပ်လည်း ရှိပါသေးတယ်''
''ပြောစမ်းပါဦး တည်မြဲရ ...ဒါတော့ ငါ စိတ်ဝင်စားတယ်''
''အဲဒါ ကတော့ ...အိမ်ထောင်ရေး ကို ကျွမ်းကျင်လိမ္မာစွာ ပြုမူဆောင်ရွက်တတ်တဲ့ မိန်းမ၊ သားသမီးရတနာတွေ ဖွားမြင်နိုင် တဲ့ မိန်းမ၊ လင်ယောက်ျားကို မြတ်နိုးချစ်ခင်တဲ့မိန်းမနဲ့ လင် ယောက်ျားရဲ့ စီမံခန့်ခွဲမှု ကို နာခံတတ်တဲ့မိန်းမ ...ပဲ''
စကားအဆုံးမှာ ပဲ ပေါ်လွင်က ...
''အေး ...အဲဒီ လိုဆိုရင်တော့ ဖေဆန်းရာ မင်း မိန်းမရရင် မယား ကောင်း ဖြစ်အောင် ကလေးတွေ သာ တြ>ွပတ်ြ>ွပတ်မွေးခိုင်းတော့ ...ကြား လား''
''ပေါ်လွင် ...ငါ တင်းလာပြီနော်၊ မင်း ...တော် တော့''
''နောက်တာပါကွာ၊ သယ်ဂျင်းကလည်း မင်းတို့နဲ့ မတွေ့ ရတာ ကြာလို့ စကားလေး,ဘာလေး ပြောရအောင် လာတာပါ''
ပေါ်လွင်က မျက်နှာပြောင်စပ်စပ်နှင့် စကားကို လျှောချလိုက်၏ ။
ထိုအခါမှ ငြိမ်နေသော တည်မြဲက စကားစ,လာပြန်သည်။
''မင်းတို့လည်း ကြားဖူးမှာ ပေါ့၊ ၁၉၄၅ ခု သြဂုတ် ၆ ရက်နေ့မှာ ဂျပန်ပြည် ဟီရိုရှီးမားမြို့ကို အမေရိကန်က အနုမြူဗုံး ကြဲချခဲ့တယ်မဟုတ် လား''
''ဟေ ...အဲဒါက ဘာ ဖြစ်လို့လဲ''
ပေါ်လွင်က အူတူတူပြန်မေးလာသည်။
တည်မြဲက ...
''သြော် ...ဘာရယ်မဟုတ်ပါဘူး၊ အဲဒီ အဏုမြူဗုံးရဲ့ နာမည် နဲ့ ကြဲချဖို့သယ်သွားတဲ့ အဖွဲ့နာမည် တွေ ကို ရယ်ချင်လို့ပါ''
''ပြောပါဦး ...ဘာနာမည် တွေ မို့လို့လဲ''
''အဏုမြူဗုံးရဲ့ နာမည် က ဖက်မန်း (င်္အေ-ာညေ) တဲ့ ...လူဝကြီး ပေါ့ကွာ၊ ကြဲဖို့သယ်သွားတဲ့အဖွဲ့ကျတော့ လစ် (တ်)တဲဘွိုင်း (ူငအအူန ဘသပ)ဆိုပဲ လူဝကြီးနဲ့ အန္တရာယ်ပေးဖို့ လူကလေးက သယ်ဆောင်သွားခဲ့တာပေါ့ ...မဟုတ်ဘူးလား''
ဘာတွေ မှန်းကို မသိတော့ချေ။ ဖေဆန်းပင် မနေနိုင်ဘဲ ဝင်မေးမိ တော့သည်။ တည်မြဲကိုလည်း လူစကား လူနားလည်အောင် ရှင်းရှင်း မပြောတတ်သည့်ကောင်ဟု အထက်ကဆိုခဲ့ပြီးပြီ။
ထို့ကြောင့် ...
''တည်မြဲ ...မင်းက ဘာကို ပြောချင်, ဆိုလိုချင်တာလဲ''
''အင်း ...လူဆိုတာ အသက်တစ်ရာသာ မနေရ ...အမှု တစ်ရာ တော့ ပွေရတယ်လို့ ဆိုရိုးစကား ရှိတယ်မဟုတ်လား''
လုပ်လာပြန်ပြီ။ တည်မြဲ ဘာကိုပြောချင်နေမှန်း နှစ် ကောင်စလုံး မသိကြသေးချေ။ ဖေဆန်းက စိတ်မရှည်တော့ဘဲ ...
''ကဲ တည်မြဲရာ ...မစားပါနဲ့တော့ ...ရှင်းရှင်းပဲ ပြောစမ်းပါ''
ထိုအခါမှ မောင်မင်းကြီးသား တည်မြဲက ...
''မင်းတို့နားလည်အောင် ပြောရရင်တော့ကွာ ...ဖေဆန်း''
''ဟေ ...ဘာလဲ''
''ငါ့ကို နောက်တစ်ကြိမ်လောက် သန့်ရှင်းနဲ့ဆုံရအောင် မင်းနဲ့ ရီရီခိုင် စီစဉ်ပေးစမ်းပါ''
ဘာမှလည်း မဆိုင်ချေ။ ဒီတစ်ခါတော့ ဖေဆန်းက အနည်းငယ် ရိပ်မိလာဟန်ဖြင့် ...
''အဟိုး ဟိုး ...ဘာများ လဲလို့ကွာ ...ဟေ့ကောင် ...မင်း သန့်ရှင်းကို ...''
ထိုအခါကျမှ တည်မြဲက ပြုံးဖြီးဖြီးနှင့် ...
''အဟီး ...ဟုတ်တယ်ကွ ...ငါကြိုက်လို့''
''ဟေ''
ဖေဆန်း ပါးစပ်ကြီး တိတိကျကျ ပြဲထွက်သွားသည်။ ဘာမှ ဂဃနဏ မသိရသေးသည့် ပေါ်လွင်လည်း ကြောင်အမ်းနေ၏ ။
အတန်ကြာမှ ဖေဆန်းက သက်ပြင်းကို ပေါ်တင်ချလိုက်ပြီး ...
''အင်း ...ဆုံပေးဖို့ ကတော့ ကြိုးစားပေးလို့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ...''
''ဒါပေမဲ့ ...ဘာ ဖြစ်လို့လဲ ဖေဆန်း''
''သြော် ...မင်း သန့်ရှင်းကို ပတ်သက်ဖို့ကြိုးစားရင်တော့ မင်း ပြောသလိုပဲ အသက်တစ်ရာ မနေရပေမယ့် အမှု တစ်ရာတော့ ပွေရ တော့မှာ ပဲလို့ တွေးမိလို့ပါ''
''ဟေ ...ဘယ်လို ဘယ်လို ...ဘယ်လိုအမှု တွေ လဲကွ''
တည်မြဲအမေးကို ဖေဆန်းက ခပ်တည်တည်ပဲ ဖြေလိုက်သည်။
''ဒါ ကတော့ မင်းကိုယ်တိုင် ကြုံလာရမှာ ပဲကွာ၊ ရင်ခုန်စွာ နဲ့ပဲ စောင့် ကြည့်လိုက်ပေါ့''
ဖေဆန်း သူ့ကို ခပ်တည်တည်နှင့် လာကျပ်နေပြီလားဟု တည်မြဲ စဉ်းစားလိုက်မိသည်။
ထို့ကြောင့် ခပ်အေးအေးပဲ တုံ့ပြန်လိုက်၏ ။
''အေး ...ဘာပဲ ဖြစ် ဖြစ် ငါ စိတ်ဝင်စားပါတယ်၊ ဇာတ်လမ်းဆိုတာ ကြိုသိမထားတော့မှ စိတ်လှုပ်ရှားဖို့ကောင်းတာ မဟုတ်လား၊ အိုကေလေ မင်းတို့လည်း စောင့်ကြည့်ကြပေါ့''
ဒီတစ်ခါတော့ ဖေဆန်းနှင့် ပေါ်လွင်တို့နှစ် ယောက် စိတ်တူကိုယ်တူ ပခုံးအသီးသီး တွန့်မိကြလေသည်။
ရောက်ရောက်ချင်း ဆောက်နှင့် ထွင်းခံရသည်ဟု ဆိုရမည် လား။ စကားနှင့် ရင်ဝကို ဆီးကန်လိုက်သည်ဟူ၍ ပဲ ဆိုရတော့မည် လား မပြော တတ်ချေ။
ဖေဆန်းနှင့် ရီရီခိုင်တို့ ပူးပေါင်းပြီး တည်မြဲကို သန့်ရှင်းနှင့် တွေ့ ရန် စီစဉ်ပေးပါသည်။ နှစ် ယောက် တည်းတော့ မဟုတ်။ အရင်တစ်ခါကလို အေးဆေးသပ်ရပ်သည့် စားသောက်ဆိုင်တစ်ဆိုင်မှာ ဟိုဘက်ဒီဘက် အုပ်စု နှစ် ခုစလုံး တွေ့ ကြခြင်း ဖြစ်သည်။ ထိုအချိန်မှာ တော့ ဖေဆန်းနှင့် ရီရီခိုင်တို့က အတော် ပင် ပွင့်လင်းကာ သမီးရည်းစားနီးပါးလောက်ပင် ဖြစ်နေကြပြီ။
အားလုံးဆြုံ ကတော့ တည်မြဲကို တွေ့ လိုက်ရ၍ လား မသိ ...သန့် ရှင်းမျက်နှာလေးက မှု န်တေတေလေး ဖြစ်သွားသည်။
တည်မြဲ ကတော့ အပြစ်ကင်းစင်ဟန်လေးနှင့် ။
စားရင်းသောက်ရင်း တည်မြဲကပဲ စကားစလိုက်၏ ။
''သန့်ရှင်း''
ခေါ်သံကြောင့် သန့်ရှင်းက ဆတ်ခနဲကြည့်သည်။
တည်မြဲက ...
''သန့်ရှင်း ...ဟိုလေ ...ခင်ဗျားနဲ့ကျွန်တော် တို့ မတော် တဆ လို့ပဲ ပြောရမလား, တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရမလား''
''ဒီမှာ ...ရှင် ဘာတွေ လာပြောနေတာလဲ''
သန့်ရှင်းက မာဆတ်ဆတ်ပြန်မေးလာသည်။ တည်မြဲက မချိသွား ဖြဲ ပုံစံလေးလုပ်ကာ ...
''အဟဲ ...ဒီလိုပါ ...ကျွန်တော် တို့ အဲဒီ လို ကတောက်ကဆ ဖြစ်ခဲ့ကြတာကို ကျွန်တော် ကပဲ တောင်းပန်ပါတယ်၊ တကယ် မရည်ရွယ်ခဲ့ပါ ဘူး''
သန့်ရှင်းက မျက်နှာလေးမဲ့လိုက်ရင်း ...
''ရှင်ပြောတာကို ကျွန်မ စိတ်ကိုမဝင်စားဘူး၊ ဒီနေ့ ဒီနေရာမှာ ရှင်နဲ့ ထပ်ဆုံရတာ ကိုက ကိုယ့်ကိုယ်ကိုယ် ကံဆိုးလွန်းတယ်လို့ သတ်မှတ် ထားတာ၊ ရီရီခိုင် ...နင် ငါ့ကို ဘာ ဖြစ်လို့ ကြိုမပြောတာလဲ''
ပြောရင်းပင် ရီရီခိုင်ဘက် လှည့်သွားပြန်သည်။ ရီရီခိုင်က နားမ လည်သည့်ဟန်ကလေးနှင့် ...
''ဟဲ့ ...ငါက ဘာကိုကြိုပြောရမှာ လဲ''
''သြော် ...ဘာကိုပြောရမှာ လဲ ...ဟုတ်လား၊ ဒီဝိုင်းမှာ ငါ မတွေ့ ချင်တဲ့လူ ပါမယ်ဆိုရင် ငါ ဘယ်လိုက်လာတော့မလဲ''
တည်မြဲ နင်သွားသည်။ အထက်က ဆိုခဲ့သည့်အတိုင်း ရင်ဝကို ဆီးကန်ခံလိုက်ရသလိုပင်။
ထိုအချိန်မှာ ပဲ ဖေဆန်းက သန့်ရှင်းကိုကြည့်ကာ ...
''ဟာ ...သန့်ရှင်းပြောသလိုတော့ မဟုတ်ပါဘူး၊ ရီရီခိုင်နဲ့ သန့် ရှင်းပါ ပါလာမယ်ဆိုတာ ကျွန်တော် ,မသိသလို ကျွန်တော် နဲ့ တည်မြဲလိုက် လာမယ်ဆိုတာလည်း ရီရီခိုင် မသိထားပါဘူး''
''သြော် သြော် ...တိုက်ဆိုင်သွားတာပေါ့ ...ဟုတ်လား ရီရီခိုင်''
''ဟေ ...ဘာလဲဟ''
''နင်တို့လည်း အရွယ်ရောက်နေပြီပဲဟာ၊ နောက်တစ်ခါ ချိန်းတွေ့  ရင် ဟိုသူငယ်ချင်း, ဒီသူငယ်ချင်းတွေ လှမ်းလှမ်းမခေါ်ပါနဲ့၊ ငါတို့လည်း အချိန်ကုန်တယ်၊ နင်တို့လည်း လွတ်လွတ်လပ်လပ် စကားပြောလို့မရဘူး ...ဟုတ်တယ်မဟုတ်လား''
''ဟဲ့ ...သန့်ရှင်း''
လှမ်းဟန့်ရင်းက ရီရီခိုင် မျက်နှာရဲသွားသလို ဖေဆန်းပင်လျှင် မနေတတ် မထိုင်တတ် ဖြစ်သွားရသည်။ သန့်ရှင်းဘေးမှာ ထိုင်နေကြသော သီတာ၊ ဖြူဖြူနှင့် တည်မြဲဘေးမှ ပေါ်လွင်တို့ ကတော့ ပြုံးစိစိမျက်နှာပေး တွေ နှင့် ။
စကားဝိုင်းက အလိုအလျောက် တိတ်ဆိတ်သွားကြပြန်သည်။ ဖေဆန်းမှာ လည်း ရီရီခိုင်လက်ကိုဆွဲကာ ပန်းခြံပဲ သွားရမလို၊ ရုပ်ရှင်ပဲ ပြေးကြည့်ရတော့မလို ဖြစ်နေ၏ ။
ထိုအချိန်မှာ ပဲ သန့်ရှင်းက ထ,ရပ်လိုက်ရင်း ...
''ကဲ ရီရီခိုင် ...ငါလည်း အချိန်တွေ သိပ်ပိုနေတာတော့ မဟုတ် ဘူး ...သွားတော့မယ်၊ ဟိုဟာမတွေ ရော တစ်ခါတည်း ပြန်လိုက်ကြမ လား''
ဖြူဖြူနှင့် သီတာကို လှမ်းပြောလိုက်ခြင်း ဖြစ်သည်။ သို့ သော်လည်း နှစ် ယောက် စလုံးက စားလက်စ အစားအသောက်တွေ ကို နှမြောနေသည့် အပြင် အလကားစားရတုန်းလေး တစ်ဖြဲနှစ် ဖြဲ ကုန်းဆင်းလိုက်မည် ဟု ဦးဆွေး ဆံမြည့်  ရည်ရွယ်ထားသော ကြောင့် ...
''နင်ကလည်းဟယ် ...ဒီမှာ စားလက်စကြီး''
မျက်နှာငယ်လေးနှင့် ပြန်ပြောလိုက်သော ဖြူဖြူကို သန့်ရှင်းက မျက်စောင်းပြင်းပြင်းထိုးလိုက်ပြီး ...
''အေးလေ ...ဒီလောက်ငတ်ကြီးကျနေရင်လည်း နေခြဲ့ ကတော့''
နှစ် ယောက် စလုံး နင်သွားကြသည်။ ပါးစပ်ထဲမှာ အစားအသောက် တွေ ဝင်နေချိန် ဖြစ်၍ ပြန်ပြောဖို့ပင် အခွင့်အရေး က မရချေ။
ရီရီခိုင်က သန့်ရှင်းကို လှမ်းကြည့်ကာ ...
''ဟဲ့ ...နင်လည်း စားသွားဦးလေ ...မှာ ထားပြီးမှဟာ''
''တော် ပါပြီ ...အဲဒါတွေ ငါစားဖူးတယ်''
ထိုသို့ ပင် အထက်စီးက မညှာမတာပြောကာ သန့်ရှင်း လှည့်ထွက် သွားတော့၏ ။
အားလုံး အငေးသားလေးတွေ နှင့် ကျန်ခဲ့ရသည်။ ဖေဆန်း ကတော့ တည်မြဲကို မသက်မသာဟန်ဖြင့် ပခုံးတွန့်ပြလိုက်၏ ။
တည်မြဲလည်း လေပူကြီးကို လှိုက်လှိုက်လှဲလှဲ မှု တ်ထုတ်မိတော့ သည်။
ဘာဆက်လုပ် ရမည် လဲ။ ဒီပုံစံအတိုင်းဆိုလျှင် သန့်ရှင်းက သိပ်မ ခေတာ သေချာနေပြီ။ ကိုယ်ကလည်း ဘာကောင်မှမဟုတ်။
ထို့ကြောင့် နောက်ဆုံးမှာ ဘယ်လိုမှ ကြံရာမရတော့ဘဲ မှီရာ ကောက်ရိုးမျှင်များ ကိုဆွဲဖို့ ဆုံးဖြတ်လိုက်ရတော့၏ ။
ရီရီခိုင်နှင့် တကွ ဖြူဖြူ၊ သီတာတို့ကို အားကိုးတကြီး ကြည့်ကာ
''ကဲ ...မထူးတော့ပါဘူးဗျာ၊ ရှေ့မျက်နှာ ရှေ့ထားပြီးတော့ပဲ ပေါ်တင်ပြောရတော့မှာ ပဲ၊ ခင်ဗျားတို့သူငယ်ချင်း သန့်ရှင်းရဲ့ အကြောင်းကို တစ်ဆိတ် ပြောပြကြပါလားဗျာ''
ကောင်မလေးသုံးယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက်ကြသည်။ ပြီး ...ရီရီခိုင်ကပဲ ...
''ပြောရရင်တော့ သန့်ရှင်းက စိတ်ဆတ်တယ်၊ သူ့အဖေကြီးက လည်း သူ့လို စိတ်ဆတ်တဲ့ ဦးတိကျပဲ၊ သူ့အမေ ကတော့ ခပ်အေးအေးပဲ၊ သန့်ရှင်းအစ်မ တစ်ယောက် က နိုင်ငံခြားမှာ အိမ်ထောင်ကျနေတယ်၊ ခုလည်း သန့်ရှင်းက သူ့အစ်မဆီ လိုက်သွားဖို့ သင်တန်းတွေ တက်နေတာ''
''ဗျာ''
ရေရွတ်ရင်း တည်မြဲစိတ်တွေ လေးလံသွားရ၏ ။ မမေးမ ဖြစ် မေး ရမည့် မေးခွန်းကိုလည်း ထပ်မေးလိုက်မိသည်။
''ဒါနဲ့ ...သန့်ရှင်းမှာ ချစ်သူတွေ ,ဘာတွေ များ ...''
ရီရီခိုင်က ခေါင်းခါရင်း ...
''အဲလိုတော့ မရှိပါဘူး၊ သူ့ကိုကြိုက်လို့ သန့်ရှင်းတက်နေတဲ့ သင်တန်းတွေ ကို အားအားယားယား လာပြီးပိုးပန်းနေတဲ့ တစ်ယောက် တော့ ရှိတယ်၊ သူ့ကို အထက်တန်းကျောင်းတုန်းကပဲ လိုက်ခဲ့တာဆိုပဲ၊ ပိုက်ဆံ တော့ လျှံပုံရတယ်၊ နာမည် က မြတ်ထူးနိုင်တဲ့၊ နည်းနည်း ဝလို့ နာမည် ပြောင် ပစ်ကြီးလို့လည်း ခေါ်တယ်''
ဒီတစ်ခါတော့ တည်မြဲ ဘာတစ်ခွန်းမှပင် ပြန်မပြောနိုင်တော့ချေ။ သန့်ရှင်းနှင့် မြတ်ထူးနိုင်တို့က ငယ်သူငယ်ချင်းတွေ ဆိုတော့ ငယ်သံယောဇဉ် တွေ များ ...အို ...။ တည်မြဲ ဆက်ပင်မတွေးရဲတော့။
ပြီး သန့်ရှင်းက မကြာမီ နိုင်ငံခြားသို့ သွားဦးမည် တဲ့လေ။ အတွေး တွေ နှင့် မွန်းဝေနေမိစဉ်မှာ ပဲ ...
''ကြိုးစားကြည့်ပေါ့ ကိုတည်မြဲရယ် ...ကျွန်မတို့လည်း လိုအပ် ရင် ကူညီပါ့မယ်၊ ဘာ ဖြစ်လို့လဲဆိုတော့ ...''
စကားဖြတ်လိုက်သော ရီရီခိုင်ကို တည်မြဲကြည့်လိုက်သည်။ ကိုယ် နှင့် သန့်ရှင်းကပဲ နေနှင့် လ၊ ရွှေနှင့် မြဆိုသလို လိုက်ဖက်ညီလွန်းလို့ ဟူ၍ ပြောလာတော့မည် လား။ ဒါမှမဟုတ်ကို တည်မြဲကြီးနဲ့ပဲ ဖြစ်စေချင်သည်ဟု များ ပြောမှာ လား။
ထိုသို့ သော အတွေးလေးနှင့် မဝံ့မရဲ မေးလိုက်မိသည်။
''ဘာ ဖြစ်လို့လဲဟင်''
ရီရီခိုင်တို့၏ ပါးစပ်သုံးပေါက်မှ စကားတွေ ကလည်း တညီတညွတ် မြိုင်မြိုင်ဆိုင်ဆိုင် ပြတ်ပြတ်သားသားပင်။
''အဲဒီ မြတ်ထူးနိုင်ဆိုတဲ့ကောင်ကို ကြည့်မရလို့''
''သြော်
အတော် ပင် အားရကျေနပ်စရာကောင်းသော စကားပဲဟု တည်မြဲ ခပ်ချဉ်ချဉ် တွေးမိလိုက်ပါသည်။
မည် သို့ ပင် ဖြစ်စေ ...။
'မင်း ...ဒီအတိုင်းပဲ ထိုင်နေတော့မှာ လား တည်မြဲ''
ရုတ်တရက် ကောက်ခါငင်ခါ ပြောလိုက်သည့် ပေါ်လွင်စကား ကြောင့် တည်မြဲ ခါးမတ်သွားရသည်။ ပြောပုံက ခုပဲ ထ,ပြီး ပြေးပြရတော့ မလိုပင်။
ထို့ကြောင့် ...
''ဘာလုပ်ရမှာ လဲကွာ ...ထိုင်မနေလို့ မင်းကို ဘာလုပ်ပြရဦးမှာ လဲ''
ပေါ်လွင် ...
''ဟကောင်ရ ...မင်းနဲ့ သန့်ရှင်းတို့ကိစ္စကို ပြောနေတာ၊ မင်း ဘာမှမလှုပ်ရှားဘူးလားလို့''
''ခုလည်း အဲဒါပဲ စဉ်းစားနေတာပဲလေ''
ပေါ်လွင် မျက်နှာမဲ့သွားသည်။ ချက်ချင်း ပဲ တည်မြဲကို မှု န်ကုပ် ကုပ် ပြန်ကြည့်ရင်း ...
''အေး ...ထိုင်ပြီးသာ စဉ်းစားနေ၊ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ ထိုင်နေရင်းနဲ့ အလုပ် ဖြစ်တာ ကြက်မ,ပဲရှိတယ်ကွ''
''ဟာကွာ၊ ဘာတွေ လာပြောနေတာလဲ''
''ဟုတ်တယ်လေ ...ထိုင်နေရင်းနဲ့ ဥဥဖို့, အကောင်ပေါက်ဖို့ အလုပ် ဖြစ်တာ ကြက်မပဲ ရှိတယ်''
အရေး ထဲ စိတ်ညစ်ရသေးတော့၏ ။ စိတ်ညစ်ညစ်နှင့် ပင် ဒီကောင့် ဥပမာအတိုင်း စဉ်းစားကြည့်မိသည်။ ဟုတ်တော့လည်း ဟုတ်သည်ပဲ။ ထိုင်နေလျှင်တော့ ဘာမှ ဖြစ်လာမည် မဟုတ်။ ထသွားမှ ကျိုး ...အဲ အကျိုး ရှိမည် ပဲ။
ထို့ကြောင့် ချက်ချင်း ပင် ထရပ်လိုက်ပြီး ...
''မင်းပြောတာ ဟုတ်တယ် ပေါ်လွင်၊ လာ ...သွားရအောင်''
''ဟင် ...ဘယ်ကိုလဲ''
''သန့်ရှင်းတို့ သင်တန်းကို''
ပေါ်လွင်က တည်မြဲကို စိတ်ပျက်လက်ပျက်ပုံစံနှင့် ကြည့်ကာ ...
''စိတ်ကို နည်းနည်း ထိန်းဦး တည်မြဲ၊ ခုမှ မနက်ခုနစ်နာရီပဲ ရှိ သေးတာ၊ ဘယ်သင်တန်းက ဖွင့်ဦးမှာ လဲ''
ဟုတ်သည်ပဲ။ တည်မြဲ စိတ်လျှော့ကာပြန်ထိုင်လိုက်ရသည်။ ခု တော့ သန့်ရှင်းနှင့် ကျမှပဲ စိတ်တွေ ကယောက် ကယက် ဖြစ်နေရပြီ။ ထိုသို့ ဆို၍ အရင့်အရင်ကောင်မလေးတွေ တုန်းကရောဟု မမေးလိုက်ပါနှင့် ...။ ဘယ်တုန်းက ဘယ်ကောင်မလေးနှင့် မျှ မပတ်သက်ဖူးသည်မို့ ခုလိုလည်း ရာဇဣနြေ္ဒမပျက်ခဲ့ပါ။ သူ့အချစ်တွေ ရေမျောကမ်းတင် ...အဲ ...ယောငလို့ ...ရေစီးကမ်းပြို ဖြစ်နေပြီလားဟုပင် ယူကျုံးမရစွာ တွေးမိသေးသည်။
ဟိုဘက်က သန့်ရှင်းကရော သူ့အချစ်တွေ ကို ပြည့်ပြည့်ဝဝသိ သွားပြီတဲ့လား။ မထင်ပါ။ ဒါဆို ဘာလုပ်ရမည် လဲ။ သိအောင်ပြောရမည် ပေါ့။ ပြောလိုက်လျှင်ရော။ အင်း ...ပြောလျှင်တော့ သန့်ရှင်းက တူးတူးခါးခါး ငြင်း ...။ ဟာ ...ဂွမ်းပြီပေါ့။ အင်း ...မ ဖြစ်သေး။
တောင်စဉ်ရေမရ လျှောက်တွေးနေမိသည်။ တက်ကပ်မှာ ပညာ၊ ဆုတ်ကပ် ဥစ္စာပဲ မဟုတ်လား။ ဘာမှလည်း မဆိုင်သေး။ ဘာပဲ ဖြစ် ဖြစ် တက်ကောင်းမှ လှေပြေးမည် လေ။ တတ်သည့်ပညာ မနေသာဆိုသလို တုံးတိုက်တိုက် ကျားကိုက်ကိုက်ပေါ့။ ကိစ္စက တိမ်မယောင်နှင့် နက်၊ လွယ် မယောင်နှင့် ခက်သည်ဟုပင် ဆိုစေ ...ကိုယ်က တောက်မယ့်မီးခဲ အရှိန် တရဲရဲနှင့် ပေပဲ။ တွေ့ ဖန်များ တော့ ယဉ်၊ မြင်ဖန်များ တော့ လှလာလိမ့်မည် ။ နောက်ဆုံးမှာ တောင်ကြီးဖဝါးအောက် လှိုင်းကြီးလှေအောက်ဟုပင် ရှိသေး သည် မဟုတ်လား။ တည်မိတဲ့ဘုရား လင်းတပဲနားနား ဆိုပြီး အ ဖြစ်မခံနိုင် ချေ။ တောင်လဲရာ မြက်ပြတ်။ အပြတ်ပဲ ဖြတ်ရတော့မှာ ပဲ။
''ဟေ့ကောင် ...ဘာတွေ စဉ်းစားနေတာလဲ''
ပေါ်လွင့်အသံကြားမှ ဖျတ်ခနဲ သတိကပ်သွားပြီး ...
''ဒီလိုပဲ တောင်တောင်အီအီတွေ ပါကွာ''
''အေး ...လုပ်နေ၊ တောင်မင်းမြောက်မင်း မကယ်နိုင် ဖြစ်တော့ မှာ ပဲ''
''မင်း ဘာသိလို့လဲ ...တိမ်တောင်သဖွယ် မင်းရေး ကြွယ်တဲ့ကွ''
ဘာမှလည်း မဆိုင်ချေ။ ပေါ်လွင် အင်ခနဲ နင်သွားသည်။
ချက်ချင်း ပဲ ...
''ဒါနဲ့ ...ဖေဆန်းရောကွ''
''ဘယ်သိမလဲကွာ၊ ဒီကောင် မနက် လက်ဖက်ရည်ဆိုင်ထိုင်ဖို့ မလာတာ ကြာပြီကွ၊ သူ့ကောင်မလေးနဲ့ သွားဆွဲနေမှာ ပေါ့''
''ဟင် ...ဘာကိုလဲ''
''မနက်စာစားတာကို ပြောတာလေ၊ ဒီကောင်လည်း ရှေ့လ မိန်းမ,ယူတော့မယ်ဆိုပဲ''
''ယူပြီး ဘာလုပ်ကြမှာ လဲ''
''ဟာ ...မင်းမေးခွန်းကြီးက ဘာတုံးကွ''
''အဟီး ...ယူပြီး ဖေဆန်းတို့ ဘာအလုပ်လုပ်စားကြမှာ လဲလို့ မေးတာ''
''သိဘူးကွာ၊ ဖေဆန်းက မုန့်ဟင်းခါးကြိုက်တာပဲ ...ယူပြီးရင် အိမ်မှာ ပဲ မုန့်ဟင်းခါးတွေ လုပ်စားနေမှာ ပေါ့''
''ဟာကွာ''
ထပ်မမေးချင်လောက်အောင်ပင် ပေါ်လွင် မသက်မသာ ဖြစ်သွားပုံ က အထင်းသား။ တည်မြဲလည်း ကိုယ့်ဟာကိုယ် စိတ်ရှုပ်နေသဖြင့် ဘာလာ မေးမေး အကောင်းမဖြေချင် ဖြစ်နေမိသည်ကိုး။
နှစ် ယောက် သား 'ဘူ' ပြီး ငူငူကြီးထိုင်နေမိကြသေးသည်။ အတန် ကြာတော့မှ ပေါ်လွင်က ...
''တည်မြဲ ...ငါတို့ သွားကြမလား''
တည်မြဲက ကိုယ့်လက်မှာ နာရီပတ်ထားသော်လည်း လက်ကို မြှောက်ကာ ကြည့်ရမည် ကိုပင် အားကုန်သလို ဆိုင်ထဲမှ နာရီကိုသာ စွေ ကြည့်လိုက်ပြီး ကျောပိုးအိတ်လွယ်ရင်း ...
''အေးလေ ...သွားတာပေါ့၊ စောတော့လည်း ပတ်ဝန်းကျင်ကို လေ့လာလို့ရတာ ပဲ''
ငွေရှင်းပြီး ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။ သင်တန်းကျောင်း၏ လိပ်စာနှင့် တချို့အချက်အလက်တွေ ကိုတော့ ရီရီခိုင်တို့ထံမှ သိထားပြီးပြီ။
ခုလည်း ချောချောမောမောပဲ ရောက်သွားကြ၏ ။ စီစဉ်ထားသည့် အတိုင်း သင်တန်းကျောင်းအနီးရှိ လက်ဖက်ရည်ဆိုင်မှာ ပဲ နေရာယူလိုက် ကြသည်။
ရှေးစာရေး ဆရာကြီးတွေ ရေး သလို ထမင်းအိုးတစ်လုံးကျက်ခန့် ကြာလတ်သော် ဗင်ကားတစ်စီး သင်တန်းရှေ့သို့ ထိုးဆိုက်လာချေ၏ ။
အချိန်ကာလကား မိုးနှောင်းကာလ၏ နံနက် ဖြစ်သော ကြောင့် ညဦး ပိုင်းမှ ဖျောက်ဆိတ် ဖျောက်ဆိတ် ရွာထားသည့် မိုးရေများ သည် လမ်းမပေါ် ဟိုတစ်ကွက် ဒီတစ်ကွက်တင်၍ ရှိနေသည့်အလျောက် ယာဉ်များ ဖြတ်သန်း သွားသော အခါ၌ ရေစက်ရေပေါက်များ ဖွားခနဲ လွင့်စဉ်သွားပုံမှာ တစ်မျိုး တစ်ဖုံ ကြည့်ကောင်းသည့်အလား ထင်မှတ်ရပေ၏ ။
တည်မြဲမှာ တော့ ကားဖြတ်မောင်းသွား၍ ချိုင့်ခွက်ထဲမှရေများ လွင့်စဉ်သွားသည်ကို ယောင်၍ ပင် မခံစားနိုင်အား။
ရပ်လိုက်သော ကားပေါ်မှ ဆင်းလာမည့် ခြေထောက်တွေ ကိုသာ အာသာငမ်းငမ်း ကြည့်နေရသည်။ အမှန်တော့ ခြေထောက်ပဲ အရင်မြင်ရမှာ ။ ဘယ်သူမှ ခေါင်းနှင့် မဆင်း။
ထိုအချိန်မှာ ပဲ ကားပေါ်မှဆင်းလိုက်၍ ခြေထောက်ပင်မဟုတ် ...သန့်ရှင်း တစ်ကိုယ်လုံးကို မျက်ဝါးထင်ထင် မြင်လိုက်ရသဖြင့် အသက်ရှူ ဖို့ မေ့သွားသည်။ (မှတ်ချက် ။ ။ ခဏမျှသာ)
ထိုကားပေါ်မှလည်း သန့်ရှင်း၏ အဖေဟု ယူဆရသည့် ပုဂ္ဂိုလ်ကြီး တစ်ဦးပါ ဆင်းလာသည်။ ထိုပုဂ္ဂိုလ်ကြီးက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ ကြည့်လိုက်၏ ။ တည်မြဲပင် မဆီမဆိုင် ခန္ဓာကိုယ်ကိုရို့ကာ တိုင်နှင့် ကွယ် လိုက်သေးသည်။ အမှန်တော့ ဟိုက ကိုယ့်ကို သိသည်ပင်မဟုတ်ချေ။
ခဏနေတော့ ထိုပုဂ္ဂိုလ်ကြီးက သန့်ရှင်းကို စကားတစ်ခွန်းနှစ် ခွန်း ပြောကာ ကားပေါ်ပြန်တက်၍ ကားတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်ပြီး ဝူးခနဲ မောင်းထွက်သွားလေသည်။
''ဟေ့ကောင် ...အဲဒါ မင်းယောက္ခလောင်းကြီးပဲ ဖြစ်မယ်ကွ''
တည်မြဲ နားထဲမှာ ဆိမ့်သွားရ၏ ။
''နားထောင်လို့ ကောင်းလိုက်တာကွာ ...ထပ်ပြောစမ်းပါဦး''
''အေး ...မင်း,ရက်လည်ကျမှ လာခဲ့တော့မယ်''
တည်မြဲ တစ်တစ်ခွခွ ကျိန်ဆဲပစ်လိုက်သည်။ ထိုအချိန်မှာ သန့် ရှင်းက သင်တန်းအဆောက်အအုံထဲသို့ ဝင်ရန် ခြေလှမ်းပြင်နေပြီ။ တည်မြဲ လည်း ပေါ်လွင်ကို အချိန်ပေးကာ မေတ္တာပို့နေရန် မ ဖြစ်တော့သဖြင့် ထ, ရပ်လိုက်ပြီး ...
''ပေါ်လွင် လာကွာ ... ဖြစ်ချင်တာ ဖြစ် ...သန့်ရှင်းနဲ့ သွားစကား ပြောကြည့်ရအောင်''
'' ဖြစ်ပါ့မလားကွာ ...ဟိုက မင်းကို သိပ်ကြည်တာမဟုတ်ဘူး နော်''
ပေါ်လွင်က လန့်ဟန်ဖြင့် ပြန်ပြောသည်။ တည်မြဲက ...
''လာပါကွာ ...ကာယကံရှင် ငါတောင် သွားရဲသေးတာ၊ သန့်ရှင်း အဲဒီ လောက် ရိုင်းမယ်မထင်ပါဘူး''
''အေးလေ ...မသကာ ပါးဆွဲမရိုက်တောင် ထီးနဲ့ ဖြတ်တီးရုံပဲ ရှိမှာ ပါ ...သွားတာပေါ့''
ပေါ်လွင်က အားပေးလိုက် သော်လည်း တည်မြဲ သန့်ရှင်းအနားသို့ မရောက်လိုက်ပါ။ အရှင်လတ်လတ် မြေမျိုသွား၍ လည်းမဟုတ်။
ရုတ်တရက်ဆိုသလိုပင် သားသားနားနားဝတ်ဆင်ထားသော ငနဲ တစ်ကောင်သည် ပါဝါရိန်းဂျားအနီကောင်၏ အလျင်နှုန်းဖြင့် သန့်ရှင်းအနား သို့ အလိုအလျောက် ရောက်ရှိသွားသော ကြောင့် ဖြစ်သည်။
တည်မြဲ ခြေလှမ်းများ တုံ့ခနဲရပ်သွားရသော်လည်း နှလုံးခုန်သံက တော့ နှစ် ဆလောက် မြန်သွား၏ ။ လက်ကောက်ဝတ်ကိုပင် ယောင်ယမ်း စမ်းမိသည်။ ကိုယ်က ဘန်တမ်း (နြည-ွှနည) လည်း မဟုတ်။ ပါဝါဖြင့် အကောင်ပြောင်း၍ ရသော လက်ပတ်လည်း မရှိချေ။ ရှိလျှင်တော့ ပါဝါရိန်း ဂျား ဘာအရောင် ပဲ လာ လာ ...မမှု ပါ။ စိတ်ကို လျှော့လိုက်ရသည်။
ထိုငနဲသည် ရီရီခိုင်တို့ကြည့်မရသော မြတ်ထူးနိုင် (ခေါ်) ပစ်ကြီးပဲ ဖြစ်မည် ။ ရီရီခိုင်တို့တင် မဟုတ်။ သန့်ရှင်းနားသို့ မျက်လုံးတက်နင်းမတတ် ကပ်ကာ စကားတွေ တံတွေးစင်မတတ် ပြောသွားသည့်ငနဲကို တည်မြဲပင် မျက်စိနောက်သွားရသည်။
လောလောဆယ်တော့ လှမ်း၍ ပဲ ကြည့်နေရသည်။ ဘာလုပ်ရမှန်း လည်း မသိသေး။ သူတို့နှစ် ယောက် ကြား အတင်းဖြဲဝင်၍ လည်း မ ဖြစ်။ ခုဟာက ဘောလုံးကန်နေခြင်းလည်း မဟုတ်။ အားလုံး ရှုပ်ကုန်မည် ။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ပေါ်လွင်ကလည်း ...
''တည်မြဲ ...အဲဒါ ဟိုကောင်ပဲ ဖြစ်မယ်ကွ ...ဘယ်လိုလုပ်ကြ မလဲ''
နားသယ်စပ်ကို ကုတ်ကာ တည်မြဲ စဉ်းစားလိုက်၏ ။ ဒီလောက် ကလေးနှင့် အရမ်းကြီးသွေးပူနေလို့ မ ဖြစ်သေးချေ။
ထို့ကြောင့် ...
''ငါ့မှာ သန့်ရှင်းနဲ့ တိုက်ရိုက်စကားပြောလို့ ရနိုင်တဲ့နည်းလမ်း တစ်ခုတော့ ရှိပါသေးတယ်''
''ဟင် ...ဘာလဲကွ''
''လာပါကွာ၊ အချိန်တန်ရင် သိရမှာ ပေါ့၊ လောလောဆယ်တော့ သူတို့နှစ် ယောက် နောက် မယောင်မလည် လိုက်ကြည့်ရအောင်''
ပေါ်လွင် ထပ်မမေးတော့ဘဲ တည်မြဲနောက်ကသာ အသာလိုက် သွားလိုက်သည်။ နှစ် ယောက် သား သတိထားကာ သင်တန်းခန်းမတွေ ဘက် သို့ ဦးတည်လိုက်၏ ။ ကျောင်းဝင်းထဲမှာ ဘာသာရပ်အလိုက်သင်သော သင်တန်းခန်းမတွေ က အသီးသီးရင်ဖွင့်ကာ ရှိနေကြပါသည်။
ထိုအချိန်မှာ ပင် သန့်ရှင်းလည်း အတော် ပင် စိတ်ကသိကအောက် ဖြစ်နေရ၏ ။ မြတ်ထူးနိုင်က လိုတာထက်ပို၍ အနီးကပ် အားသွန်ခွန်စိုက် ဂရုစိုက်နေ၍ ဖြစ်သည်။ သူငယ်ချင်း တစ်ယောက် လို ခင်သော်လည်း လိုတာ ထက်ပိုလာပြီဆိုလျှင် စိတ်ကျဉ်းကျပ်ရပြီ။
ခုလည်း ဘေးမှာ မြတ်ထူးနိုင်က တတွတ်တွတ်နှင့် ။
''သန့်ရှင်း ...ငါလေ ညက အိပ်မက်မက်တယ် ...သိလား''
''သြော် ...ဟုတ်လား၊ နင် ညက အိပ်ပျော်လို့ ဖြစ်မှာ ပေါ့''
''ဒါပေါ့ ...ဟာ ...သန့်ရှင်းကလည်း ငါက အတည်ပြောမလို့ ပါဟ''
''ဟဲ့ ...အိပ်မက်ဆိုမှတော့ ဘယ်လိုလုပ် အတည် ဖြစ်တော့မှာ လဲ''
မြတ်ထူးနိုင်က မျက်နှာလေးကို ဆယ်ပြားစေ့သဏ္ဌာန် ငယ်ပြလိုက် သည်။ သန့်ရှင်းမျက်နှာ ကတော့ ဆယ့်ငါးပဲရည်ရွှေကဲ့သို့ မမာမတင်း လင်းပ လျက်။
''နားထောင်ပါဦး သန့်ရှင်းရာ ...နင့်မွေးနေ့က နီးပြီမဟုတ်လား၊ အဲဒါကို စိတ်စွဲပြီးတော့ မက်တာဟ၊ မွေးနေ့မတိုင်ခင်မှာ ပဲ နင့်ကို ငါကှု ဏ့သညန ဟန်းဆက်လက်ဆောင်ပေးလိုက် တာတဲ့''
''ဘာလဲ ...အဲဒါကို ငါက အထဲမှာ ကဒ်မပါလို့ဆိုပြီး စိတ်ဆိုးဆိုး နဲ့ ရိုက်ခွဲလိုက်တာလား''
''ဟာ''
မချိတင်ကဲ ရေရွတ်ပြီး မြတ်ထူးနိုင် ငိုချင်သွားသည်။ စကားကို လည်း ငိုသံပါးပါးလေး ရောသမမွှေကာ ရအောင်ပြန်ဆက်လိုက်၏ ။
''မနောက်နဲ့ဟာ၊ အဲဒါကို နင်က မွေးနေ့မနက်ကျတော့ ဖုန်းဆက် တယ်၊ နင့်မွေးနေ့မှာ နင်က ငပလီကမ်းခြေရောက်နေတာတဲ့၊ ငါကလည်း နင့်မွေးနေ့မှာ အဖြေရအောင် တောင်းမယ်ဆိုပြီး လေယာဉ်နဲ့ ချက်ချင်း လိုက် သွားတာ''
စိတ်ရှုပ်နေသည့်ကြားပင် သန့်ရှင်းက ရယ်ချင်သွားသည်။ မြတ် ထူးနိုင်ကိုလည်း မခိုးမခန့်ကြည့်၍ ...
''ငါလည်း အဲဒီ အိပ်မက် မက်သားပဲ''
''ဟေ ...ဟုတ်လား ...ဘာတဲ့လဲ''
မ ဖြစ်နိုင်မှန်းသိလျက်နှင့် ပင် မြတ်ထူးနိုင် အမှတ်မရှိ ပြန်မေးလိုက် သည်။ သန့်ရှင်းက ...
''အဟင်း ...အဲဒါ နင့်ကို နောက်လိုက်တာဟ၊ ငပလီလို့ ပြော ပြီး ငါက ချောင်းသာရောက်နေတာ၊ ပြီးတော့ ငါ တစ်ယောက် တည်း မဟုတ်ဘူး''
''ဟေ ...ဘယ် ...ဘယ်သူနဲ့လဲ''
''ဂျီဟိုနဲ့''
''ဘာ ...ဘယ်က ဂျီဟိုလဲ''
သန့်ရှင်းက မချိုမချဉ်မျက်နှာလေးနှင့် ပင် ...
''ဂျီဟိုတောင် မသိဘူးလား၊ င်္၎ ကားထဲမှာ အသည်းကွဲရတဲ့ အွန်ဂျီဟိုလေ၊ သူ စိတ်ပြေလက်ပျောက် ချောင်းသာကိုလာရင်း ငါနဲ့တွေ့ ကြ တာ၊ ငါတို့ ခရုလေးတွေ အတူကောက်ကြတယ်။ ငါ့ကိုတော့ သူ ကုန်းမပိုး ခိုင်းပါဘူး၊ ဂျီဟိုက ပိန်သွယ်သွယ်လေးလေ ...အဟင်း ဟင်း''
မြတ်ထူးနိုင်က ခံရခက်သွားသည်။ ကိုယ်က ပစ်ကြီးဆိုသည့် နာမည် နှင့် လိုက်စွာ ဝက်နီးပါး ဝနေသည်ကိုး။ ထို့ကြောင့် မျက်နှာကို မဲ့ရှုံ့ လျက် ...
''နင်ကလည်း ...မ ဖြစ်နိုင်တာကြီးကို''
''သြော် ...အိပ်မက်ပါဆိုမှပဲ''
သန့်ရှင်းစကားကြောင့် ငိုချင်းချချင်စိတ် ပေါက်လာရသည်။ သူ့ကို တမင်ပြောနေမှန်းလည်း မြတ်ထူးနိုင် သိလိုက်၏ ။
ထို့ကြောင့် ပင့်သက်ကို ရှိုက်လိုက်ကာ ...
''သန့်ရှင်း''
''ဘာလဲ''
''ဟိုကော်ရစ်တာအကွေ့ကို သွားရအောင်''
''ဟင် ...ဘာလုပ်မလို့လဲ''
''တခြားလူတွေ မမြင်စေချင်လို့ပါဟာ၊ နင့် တစ်ယောက် တည်းကိုပဲ ပြစရာရှိလို့''
''ဟဲ့ ...ဘာကြီးလဲ''
သန့်ရှင်း ကြက်သီးဖြန်းဖြန်းထသွားရ၏ ။ ဘုရား ဘုရား ...။ မြတ်ထူးနိုင်က သူ့စကား လောကြီးသွားမှု ကို ရိပ်မိစွာ ...
''အဟီး ...ဟို နင့်မွေးနေ့မှာ ပေးဖို့ ငှါု ဏ့သညန ဟန်းဆက် ဝယ်ထားတာကို နင့်ကို အရင်ပြချင်လို့ပါဟ''
တော် ပါသေးသည်။ သက်ပြင်းကို ဆောင့်ချလိုက်ရင်း သန့်ရှင်း ပြန်ပြောလိုက်သည်။
''နေပါစေ ...မွေးနေ့ရောက်မှပဲ ပေးတော့၊ အဲဒီ တော့မှ ကြည့် မယ်''
''သန်ရှင်း''
''ဟေ ...ဟာ''
ဒီတစ်ခါတော့ မြတ်ထူးနိုင်က သူ့အကြည့်ကို ကြေကွဲဆို့နင့်ဟန် မျိုး အတင်းလုပ်ယူလိုက်လျက် ...
''နင် ...ငါ့ကို ဘယ်တော့ အဖြေပေးမှာ လဲဟာ''
''အာ ...လုပ်လာပြန်ပြီ၊ ငါ နင့်ကိုခင်ပါတယ်၊ ဒါပေမဲ့ အဲဒါတွေ ငါ မစဉ်းစားချင်သေးဘူးဟ၊ ပြီးတော့ ...အဲဒီ အိမ်ထောင်ရေး ဆိုတာကြီးက ပိုဆိုးတယ်၊ ငါ ...ဟိုမှာ အလုပ်အခြေကျတော့မှပဲ စဉ်းစား ဖြစ်မယ်ထင် တယ်''
''နင်ကလည်းဟာ ...နင် ငါ့ကို အဖြေပဲ ပေးထားရုံလေးပါ၊ နင် စောင့်ခိုင်းသလောက် ငါ စောင့်ခိုင်းပါတယ်''
လူနာ အမဲခြောက်တောင်းသည့် ဃီ ကို မြတ်ထူးနိုင် ပြန်ဖွင့်တော့ ၏ ။ ချက်ချင်း ပင် သန့်ရှင်း စိတ်ရှုပ်လာရသည်။
''တော် ဟာ ...အဲဒါတွေ ပဲ ပြောနေမယ်ဆို ငါ့ဆီ နင် လာ လာ မနေနဲ့တော့''
''သန့်ရှင်းရယ်''
ထိုကဲ့သို့ အပျော့ဆွဲလေသံမျိုးလည်း သူမ ရင်ထဲသို့ မတိုးပါ။ ကိုရီး ယားကားတွေ ထဲမှ ရိုမန့်ဆန်လွန်းသော နည်းတွေ ဆိုလျှင်တော့ အနည်းငယ် စိတ်ဝင်စားဦးမည် ။ သို့ သော်လည်း မြတ်ထူးနိုင်က ကိုရီးယားကားတွေ ကြည့်ပုံ မရ။ ဘာကားတွေ ကြည့်မှန်းလည်း မေးမကြည့်မိပါချေ။
ထိုစဉ် ...
''အစ်မ ...အစ်မ''
ခေါ်သံကြောင့် ကြည့်လိုက်တော့ သူမထက်ငယ်မည့်  ကျောင်းသူ လေး တစ်ယောက် ကို တွေ့ လိုက်ရသည်။ သူမနှင့် တော့ မသိ။
ထိုကျောင်းသူလေးကပဲ ပစ္စည်းတစ်ခု အတင်းထိုးပေးကာ ...
''ရော့ အစ်မ ...အစ်မသူငယ်ချင်း ပေးခိုင်းလိုက်တာ၊ ပြောစရာ ရှိလို့တဲ့''
''ဟင်''
လက်ထဲရောက်လာသည်က ကလေးတွေ ဆော့သည့် ဝေါ်ကီတော် ကီ အကောင်းစားလေး။ တစ်ဖက်နှင့် တစ်ဖက် သတ်မှတ်ဧရိယာအတွင်း စကားပြော၍ ရသဖြင့် ဝါသနာပါလျှင် လူကြီးတွေ လည်း ဆော့နိုင်ပါသည်။ ခုလည်း သန့်ရှင်း ကြောင်ပြီးကြည့်နေမိ၍ ခုနက ပေးသွားသည့် ကောင် မလေးကိုပင် မေးမကြည့်လိုက်ရ။ ဘယ်သူများ နောက်လိုက်တာလဲ။
ဘာလဲဟဆိုပြီး ကြည့်ရင်းက ခလုတ်ကို နှိပ်လိုက်စဉ်မှာ ပဲ ...
''ဟလို ...သန့်ရှင်းလား ...သန့်ရှင်းလား''
အသံက ထွက်လာသည်။ ညစ်ပတ်ဟေ့ ...ညစ်ပတ်ဟု ဖြေ လိုက်ပါက မကောင်း ဖြစ်ရော့မည် ။
သန့်ရှင်းလည်း ယောင်ပြီး ပြန်မေးလိုက်မိ၏ ။
''ဒီမှာ ...ဘယ်သူလဲ၊ ဒါ ဘာလုပ်တာလဲရှင့်''
''ဟဲလို ...သန့်ရှင်း ...ကြားပြီလား၊ တည်မြဲပါ၊ တည်မြဲမှ သန့်ရှင်း ...တည်မြဲမှ သန့်ရှင်း ...ကြားလား ကြားလား''
''ဟင်''
အံ့သြစိတ်နှင့် အတူ ဒေါသကပါ ပြူထွက်လာရသည်။ တည်မြဲ ...ဒင်းကိုး။ မြတ်ထူးနိုင် ကတော့ ဘာမှနားမလည်သလို ကြောင်ကြည့်နေ သည်။
ထိုအချိန်မှာ ပဲ တည်မြဲဘက်က ...
''ဟဲလို သန့်ရှင်း ...ကျွန်တော် တောင်းပန်ချင်လို့ပါ၊ လူချင်းတွေ့  ပြီး တောင်းပန်ချင်ပေမယ့်လည်း၊ သန့်ရှင်း စိတ်ထပ်ဆိုးမှာ စိုးလို့ ခုလို''
စကားပင် မဆုံးလိုက် သန့်ရှင်းက လက်ထဲမှ ဝေါ်ကီတော် ကီလေး ကို ကြမ်းပြင်သို့ ပစ်ပေါက်၍ ရိုက်ခွဲလိုက်လေသည်။
' ခွပ် ...ဍ '
ထိုအခါမှ မြတ်ထူးနိုင် သတိဝင်လာပြီး ပျာပျာသလဲဟန်ဖြင့် ...
''သန့်ရှင်း ...ဘယ်သူလဲ၊ ဘာကောင်လဲ၊ ဘာပြောသွားတာလဲ''
သန့်ရှင်းက စိတ်ကိုလျှော့ချကာ ထိန်းလိုက်ရင်း ...
''မသိပါဘူးဟာ၊ ဘယ်ကောင်က တကူးတက လာနောက်လဲ မသိဘူး၊ ခုလိုလုပ်လိုက်တော့ နားအေးရော မဟုတ်လား''
မြတ်ထူးနိုင် အံတကြိတ်ကြိတ် ဖြစ်နေသည်။ ဘယ်သူ့ကို ကွိုင်သွား ရှာရမည် မှန်းလည်း မသိ။ ထို့ကြောင့် သန့်ရှင်းကိုပဲ စိုးရိမ်သွားပုံကလေးနှင့် ။
''နင့်ကိုတော့ ငါ စိတ်မချတော့ဘူးဟာ၊ တော် ကြာ တစ်ခုခုဆို ငါပဲ ရင်ကျိုးရမှာ ''
ပိုပြီဟု သန့်ရှင်း တွေးလိုက်သည်။ ခုပဲ ဟိုဘက်က တည်မြဲပါဆို လျှင် မြတ်ထူးနိုင် အနားကပင် ခွာတော့မည် မဟုတ်။ ထို့ကြောင့် သန့်ရှင်းက ဘာမှအရေး မပါသလို ပြန်ပြောလိုက်သည်။
''ဘာမှမ ဖြစ်ပါဘူးဟာ၊ ဒီကျောင်းမှာ ငါ့ကို ဘယ်သူမှ ချောင်း မြောင်းမလုပ်ကြံပါဘူး၊ ကျောင်းသားအချင်းချင်း ဒီလိုတွေ နောက်နေကျပဲ၊ ကဲ ...ငါ အတန်းထဲသွားတော့မယ်၊ နင်လည်း ပြန်တော့၊ ညနေ ငါ့အဖေ လာကြိုမှာ ''
''အေးပါ''
မြတ်ထူးနိုင် စိတ်မချစွာ ဖြင့် အကြိမ်နှစ် ရာ့အစိတ်လောက် လှည့် ကြည့် လှည့်ကြည့်လုပ်ကာ ပြန်သွားလေသည်။
သင်တန်းက ကွန်ပျူတာချိန် ဖြစ်သည်။ တစ်ဦးချင်းစီ သုံးရန် အကန့် ခွဲထားသော နေရာလေးမှာ သင်ခန်းစာတွေ လုပ်နေမိသည်။ စာထဲ စိတ်နှစ် နေသဖြင့် ခုနက တည်မြဲအပေါ် တိုနေသည့်စိတ်ပင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။
အတန်ကြာတော့ ခြေထောက်ကို တစ်ခုခုလာထိသော အထိ အတွေ့ ကြောင့် ကမန်းကတန်း ငုံ့ကြည့်မိသည်။
''ဟင်''
အံ့သြရပြန်၏ ။ ဒီတစ်ခါ တွေ့ လိုက်ရသည်က အဝေးထိန်းရီမုဒ် ဖြင့် ဆော့ရသော ကားလေးတစ်စီး ဖြစ်သည်။ ဒါလည်း တည်မြဲလက်ချက် ပဲဆိုသည့်အသိဖြင့် ထ,ရပ်ကာ ဘေးဘီဝေ့ကြည့်ရင်း ရှာလိုက်သည်။ ရီမုဒ် နှင့် မောင်းရတာ ဆိုတော့ အနီးအနားမှာ ရှိနိုင်သည်ပဲ။ သို့ သော်လည်း တည်မြဲနှင့် ခပ်ဆင်ဆင်ပင် မတွေ့ ရပါ။
မကျေမချမ်းဖြင့် ပြန်ထိုင်ကာ ကားပေါ်မှာ ညှပ်ထားသော စာအိတ် ကလေးကို ယူကြည့်လိုက်သည်။ ဆွဲဖြဲလိုက်မည် ကြံပြီးမှ ဘာများ လဲဟု စပ်စုချင်လာပြန်၏ ။ (မိန်းကလေးတွေ များ ...။)
ပိတ်မထားသော စာအိတ်ကို ဖွင့်ကာကြည့်လိုက်သည်။ စာရွက် ခေါက်ကလေးတစ်ခု။ ထပ်ဖွင့်ကြည့်လိုက်တော့ ...။
''ဟင် ...''
စာရွက်အောက်မှ အလံဖြူပုံကလေးကိုကြည့်ကာ သန့်ရှင်း မနေနိုင် တော့ဘဲ ပြုံးမိသွားသည်။ တည်မြဲဆိုတာတော့ သေချာနေပြီ။ ဒါဆို ဒင်းက အရှုံးပေးပြီပေါ့။ ခုလည်း ဒင်းက နည်းမျိုးစုံနှင့် လိုက်တောင်းပန်နေသည်။
ဘာ ဖြစ်လို့ သူမကို ဒီလောက် အတင်းလာတောင်းပန်နေတာလဲ၊
ရည်ရွယ်ချက်တစ်ခုခုများ ရှိလို့လား၊
အဲဒါကရော ဘာလဲ၊
တွေးရင်း ဦးနှောက်ထဲသို့ သိမ်မွေ့သော သိမှု တစ်ခုက ညင်သာ ဝင်းပြက်စွာ တိုးဝင်သွားလေသည်။
ထိုအရာ ကတော့ ...။
နောက်နေ့မှာ တည်မြဲ ဘာလုပ်ဦးမည် လဲဟုတွေးရင်း သန့်ရှင်း မသိမသာ သတိထားနေမိသည်။ ရင်ခုန်စိတ်လှုပ်ရှားလွန်း၍ တော့ မဟုတ်။ သို့ သော်လည်း မိန်းကလေးပီပီ စိတ်တော့ဝင်စားမိသည်က အမှန်ပင်။ ဘာ ကြောင့် စိတ်ဝင်စားမိလဲဆိုတာတော့ ကိုယ့်ကိုယ်ကိုယ် မဝေခွဲတတ်ချေ။
သို့ သော် ...
ထိုနေ့မှာ လည်း ဘာထူးခြားမှု မှ မရှိခဲ့ပါ။ မထူးခြားဟုဆိုခဲ့သည့် အတိုင်း မြတ်ထူးနိုင်သာ မလျှော့သော ဇွဲဖြင့် ရောက်လာသည်။ သန့်ရှင်း ဘက်က လာပါဟု မခေါ်သလို မလာနဲ့ဟူ၍ မတားမိ။ သာမန်သူငယ်ချင်း စိတ်သာ ရှိသည်။
တစ်ခုရှိသည်က မြတ်ထူးနိုင်ကြောင့် တချို့သကောင့်သားတွေ ရစ်သီရစ်သီလုပ်ခြင်း၏ ဒဏ် ကတော့ လွတ်သည်။ ဒါကြောင့် လည်း သူမ မြတ်ထူးနိုင်ကို မတားမြစ်ခြင်းပဲ ဖြစ်မည် ။
ခုလည်း မြတ်ထူးနိုင်က ကျောင်းကိုရောက်ရောက်ချင်းပဲ ကျီးကန်း တောင်းမှော က်ကြည့်ကာ ...
''သန့်ရှင်း သန့်ရှင်း ...ဒီနေ့ရော ဘာထူးခြားသေးလဲ''
မျက်ခုံးလေး စုလိုက်ကာ သန့်ရှင်းက ...
''ဘာမှမထူးခြားပါဘူး၊ သြော် ...တစ်ခုတော့ရှိတယ်''
''ဟင် ...ဘာလဲ၊ ဘယ်ကောင်လဲ ...ဖရူး''
လျှာလိပ်မတတ်မေးရင်း မြတ်ထူးနိုင် လှုပ်လှုပ်ရှားရှား ဖြစ်သွား သည်။
သန့်ရှင်းက ...
''တောရက်စ်ပေါ့''
''ဟင် ...ဘာတောရက်စ်လဲ''
''လီဗာပူးက တောရက်(စ်)ပေါ့၊ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၅ဝ) အစား ချယ်ဆီးအသင်းက ပေါင်သန်း (၃ဝ) ပဲ ပေးတော့ မယ်တဲ့၊ ဒဏ်ရာတွေ နဲ့ နပန်းလုံးနေရပြီး ကြံ့ခိုင်မှု အားနည်းနေလို့တဲ့လေ၊ အဲဒါကြောင့် လည်း ကမ္ဘာ့ဖလားတုန်းက ဒဏ်ရာကြောင့် ပွဲချိန်ပြည့် မကစား နိုင်တာပေါ့၊ ဒီနေ့ ဂျာနယ်ဖတ်တာ အဲဒီ တစ်ခုပဲ ထူးခြားတယ်''
''ဟာ ...ဘာတွေ လဲကွာ''
မြတ်ထူးနိုင် စိတ်ညစ်သွားသည်။ သူ ဘောလုံးပွဲတွေ လည်း မကြည့် ဖြစ်ပါ။ ဘိလိယက်ပင်လျှင် ကျူ'မ'ရမှာ ပင်ပန်းသည်ထင်၍ မထိုး ဖြစ်။ သန့်ရှင်း ကတော့ ဘောလုံးပွဲတွေ ကို မိန်းကလေး ဖြစ်သော်လည်း စိတ်ဝင် စားပါသည်။ ဘိလိယက်တော့ မထိုးပါ။ မိန်းကလေး ဖြစ်၍ ကျူကြီးတဆဆ နှင့် ကြည့်ကောင်းမည် လည်း မဟုတ်ချေ။
မြတ်ထူးနိုင်ကိုတော့ ကိုရီးယားကားပင်မဟုတ်ဘဲ ဘောလုံးပွဲကို ပါ စိတ်ပါဝင်စားသူမဟုတ်မှန်း သိလိုက်ရသည်။ ယောက်ျားလေး ဖြစ်ပြီး ဘာကားတွေ သာ ကြည့်သည်မသိ။
ခုလည်း မြတ်ထူးနိုင်က ...
''ငါမေးတာက နင့်ကို မနေ့ကလို လာနှောင့်ယှက်သေးလားလို့ မေးတာ''
''သြော် ...ဒါလား ...မလာပါဘူး''
''တော် သေးတာပေါ့၊ ငါ ညက စိတ်ပူလို့ အိပ်လို့တောင်မရဘူး''
ပြောရင်းကပင် ဓာတ်ပြားဟောင်းကိုဖွင့်ရန် မြတ်ထူးနိုင် မျက်နှာ အရောင် ပြောင်းလာသည်။ သန့်ရှင်းက ရိပ်မိလိုက်သဖြင့် ဃီ ကို ဖွင့်ခွင့် မပေးချေ။
မြတ်ထူးနိုင်ကို ကြည့်ကာ ...
''ဟုတ်လား ...အဲဒါကြောင့် နင့်ကိုကြည့်ရတာ အိပ်ရေး ပျက်နေ တဲ့ ပုံစံ ဖြစ်နေတာကိုး၊ ပြန်ပြီးအိပ်လိုက်လေ၊ ငါ အတန်းတက်လိုက်ဦးမယ်''
''ဟာ ...သန့်ရှင်း အဲဒီ လိုမဟုတ် ...''
'' သွားပါဟာ၊ ငါ့ကို စိတ်ပူပြီး အိပ်ရေး ပျက်ရတာ မဟုတ်လား၊ ခု ငါ့ကြောင့် ထပ်မအိပ်ရဘဲ ဖြစ်နေဦးမယ်''
ပြောရင်းနှင့် သန့်ရှင်း ထွက်လာခဲ့သည်။ မြတ်ထူးနိုင်ခမျာ သူ့ စကားနှင့် သူ အူတူတူကျန်ခဲ့ရ၏ ။
သန့်ရှင်း အတန်းတက်နေသော အချိန်တွင် တည်မြဲတို့အုပ်စု အလုပ်ရှုပ်နေကြသည်။
ပေါ်လွင်က ...
''ဟေ့ကောင် ...မင်းရှာခိုင်းတဲ့ကလေးငါးယောက် ငါ ရှာထားပြီ ...ဘာလုပ်ခိုင်းမှာ လဲကွ၊ မုန့်ဖိုးတော့ မင်း ပေးမှရမှာ နော်''
ဒီနေ့မှ လိုက်လာသော ဖေဆန်းကလည်း ...
''ငါတို့ကိုလည်း ပြောပြဦးလေကွာ''
ထိုအခါမှ တည်မြဲက ကျောပိုးအိတ်ကို ဇစ်ဖွင့်လိုက်သည်။ အထဲမှ စာရွက်တစ်ထပ်ကိုဆွဲယူရင်း ...
''ကဲ ...ငါ့ကို ကူညီကြဦး၊ ဒီစာရွက်တွေ ကို ကလေးတွေ ဆော့တဲ့ လေယာဉ်ပျံလေးတွေ မျိုး ဝိုင်းခေါက်ပေးကြ''
''လုပ်ပြန်ပြီကွာ၊ မနေ့ကလည်း အရုပ်ဆိုင်ကို ပြေးရပြီးပြီ''
ပေါ်လွင်က ညည်းရင်း စာရွက်ကို ဆွဲယူကာ ခေါက်နေသည်။ ဖေဆန်းလည်း စာရွက်တွေ ကိုကြည့်ကာ ပြုံးရင်း မေးလာ၏ ။
''တည်မြဲ ...မနေ့ ကတော့ မင်း အလံဖြူပေးတာ ယူသွားတယ် ဆို''
''အင်း ...ခိုင်းလိုက်တဲ့ ကျောင်းသား ကတော့ ယူသွားတယ် ပြောတာပဲ''
''ဒါဆို မဆိုးဘူးပဲကွ''
တည်မြဲက သက်ပြင်းချရင်း ...
''ပြောလို့မရသေးဘူး၊ သူ့ကို ငါ နှစ် ခါတိတိ အနိုင်ယူသလို ဖြစ်ခဲ့တာကိုတော့ ကျေနပ်ပုံမရသေးဘူးကွ၊ ဒါပေမဲ့ ခုလို ငါ တောင်းပန်ရ တာကို ပျော်ပါတယ်၊ တစ်ခုတော့ရှိတယ် ...ဘာလဲဆိုတော့ သူ နိုင်ငံ ခြား မသွားခင်မှာ ငါ့ကိုခွင့်လွှတ်ပြီး ငါ ချစ်နေတယ်ဆိုတာကို သိသွားစေချင် တယ်''
စကားအဆုံးမှာ ဖေဆန်းက ဖွဖွပြုံးပြီး ...
''မင်းက ငါပြောတာမှ လက်မခံဘဲကိုး၊ ရီရီခိုင်ကတစ်ဆင့် မင်းချစ် တာ သူသိအောင် လုပ်လို့ ဖြစ်ပါတယ်''
တည်မြဲ ခေါင်းခါလိုက်သည်။
''ဟေ့အေး ဖေဆန်း ...ငါ့နည်းငါ့ဟန်နဲ့ သူ့ကိုသိစေချင်တာ၊ သူ့ကိုလည်း စိတ်လှုပ်ရှားမှု လေးတွေ ပေးချင်သေးတယ်''
''ဒါနဲ့ ...သူ့ဆီ မနက် လာ လာနေတဲ့ ဘဲကရော ...အနေအ ထားက''
''ချစ်သူတွေ တော့ ဟုတ်ပုံမရဘူး၊ ကြည့်ရင် သိသာတာပဲ၊ သူ လည်း သူ့ဘာသာ ကြိုးစားပေါ့ကွာ၊ မလိုအပ်ဘဲနဲ့တော့ ငါ ဝင်မစွက်ဖက် ဘူး''
ဖေဆန်းက ဘာမှထပ်မပြောတော့ဘဲ စက္ကူလေယာဉ်ပျံလေးတွေ ဝိုင်းခေါက်ပေးနေသည်။
လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အရေအတွက်ရတော့မှ ကျန် ကျောင်းအိတ်ကြီးထဲထည့်ကာ တည်မြဲက ပေါ်လွင်ကို တီးတိုးမှာ လိုက်သည်။
ပေါ်လွင်က လက်မ,ထောင်ပြရင်း ဆိုင်ထဲမှ ထွက်သွားလေ၏ ။
![]() မြို့ကလေးမှာကျွန်တော်စောင့်နေပါတယ် | ![]() သံယောဇဉ်နေ့စဉ် | ![]() ပန်းသီးမက်ဆေ့ခ်ျ |