Cover

တစ်ခါက ...

တက္ကသိုလ်တစ်ခုတွင် ...

အမည် မသိ ကျောင်းသားတစ်စုမှ

စီစဉ်ထုတ်ဝေသော ''သံယောဇဉ်နေ့စဉ်''

ဆိုသည့် ကျောင်းတွင်းနေ့စဉ်ထုတ်

စာစောင်တစ်ခု ပေါ်ပေါက်ခဲ့ဖူးပါသည်။

ထိုသို့

သတင်းစာဆန်ဆန်စာစောင်ထဲတွင်

တစ်နေ့တာ ကျောင်းတွင်းအ ဖြစ်အပျက်များ ၊

ပျော်စရာ ကြော်ငြာကဏ္ဍများ ၊

ကျောင်းသားကျောင်းသူတို့၏

ချစ်မှု ရေး ရာ အ ဖြစ်အပျက်များ ၊

ဟာသသရော်စာများ

စသဖြင့် စုံလင်စွာ ပါရှိပါသည်။

တစ်နေ့ ...

ထို ''သံယောဇဉ်နေ့စဉ်'' စာစောင်၌

ထူးဆန်းသည့် ကြော်ငြာလေးတစ်ခု

ပါဝင်လာသော အခါ ...

•••

အခန်း (၁)

မနက် မစောလွန်း၊ နေလည်း မမြင့်လွန်းသေးသော ကြားကာလ အချိန်တစ်ခုမှာ ဖြစ်သည်။ အနီးစပ်ဆုံးပြောရလျှင် ဒေသစံတော် ချိန် ကိုးနာရီ ဝန်းကျင်ခန့် ...။ ကျောင်းဝင်းအတွင်း၌ လည်း ကျောင်းသူကျောင်းသားများ ကျဲပါးသေးသော အချိန်။

ထိုအချိန် ကျောင်းကင်တင်းတစ်ခုထဲမှာ တော့ ကျောင်းသားတစ်စု ရှိနေကြသည်။ တိတိကျကျ ထပ်ပြောရလျှင် အဖိုသတ္တဝါတွေ ချည်း သုံး ယောက် ။

ထိုအထဲမှနှစ် ယောက် သည် မှာ ထားသော လက်ဖက်ရည်ကိုပင် မတို့ မထိနိုင်ဘဲ ကင်တင်းအပြင်ဘက်သို့ သာ လည်ပင်းတွေ ရှည်လျက် ကျီးကန်း တောင်းမှော က် ကြည့်နေကြသည်။

အနီးစပ်ဆုံး ထင်ကြေးပေးရလျှင် တစ်စုံတစ်ခုအား အာသာငမ်းငမ်း မျှော်လင့်နေကြသလိုမျိုး။

ကျန် တစ်ယောက် ကတော့ တည်ငြိမ်အေးဆေးသော အသွင်ဖြင့် နွား နို့တစ်ခွက်ကို အရသာခံ ဇိမ်ဆွဲသောက်သုံးရင်း အကြောင်းအရာတစ်ခုအား တွေးနေပုံရ၏ ။

ကျန်နှစ် ယောက် နှင့် တော့ ဆန့်ကျင်ဘက်ဟုပင် ဆိုနိုင်သည်။

သိပ်မကြာလိုက်။ ဆူဝေလှုပ်ခတ်နေသည့် တစ်ယောက် ထံမှ စကား သံ စထွက်လာသည်။ စိတ်မရှည်နိုင်တော့သည့်လေသံမျိုး ဖြစ်၏ ။

''တောက် ...ဒီကောင်ချက်ကြီးကွာ၊ ဘယ်ကိုများ သဝေထိုးနေလို့ ခုထိ ရောက်မလာသေးတာလဲ မသိဘူး''

ထိုသို့ ချက်ကြီး (ခေါ်) တင်အုံးအား နာမည် တပ်၍ 'တ' လိုက် သူက တခြားမဟုတ်။ နိုင်ကြီးဟု အမည် ပေါက်သူ ဖြစ်သည်။ သူ့လိုပင် စောင့်မျှော်နေသူ အောင်ဌေးကလည်း စိတ်မရှည်စွာ ...

''အေးကွာ ...ဒီကောင်ချက်ကြီး လမ်းမှာ များ ချက်ထွီး ဖြစ်နေ လား မသိဘူး''

''ဘာ ...ဘယ်လို ဘယ်လို''

နိုင်ကြီး၏ အူတူတူပြန်အမေးကို အောင်ဌေးက ဒါလေးတောင် မသိဘူးလားဆိုသည့်ပုံစံမျိုးနှင့် ...

''သြော် မင်းကလည်း ...ချက်ကြီး လမ်းမှာ ချီးထွက် အဲ ... အိမ်သာများ ဝင်တက်နေလားမသိဘူးလို့ ပြောတာ''

''ဟ ...မင်းက ရှင်းရှင်းမှ မပြောတာကိုး''

''မင်းကိုယ်တိုင်က ဒုံးဝေးတာပါ နိုင်ကြီးရာ''

''ဘာကွ''

နှစ် ကောင်းသား ခွေးနှင့် ကြောင်လို ရန်စောင်သွားကြသည်။ မနေ သာတော့သည်မို့ ငြိမ်နေသော မိုးခက်ကပဲ ကြားဝင်လိုက်ရ၏ ။

''ဟေ့ကောင်တွေ ...နားပူတယ်ကွာ၊ မင်းတို့ယောက် ဖကို 'တ' ပြီး ရန် ဖြစ်မနေကြနဲ့''

ထိုစကားကြောင့် နိုင်ကြီးရောအောင်ဌေးပါ မိုးခက်ဘက်သို့ ခေါင်း တွေ ဝုန်းခနဲ လှည့်လာကြရင်း ...

''ဘယ်လို မိုးခက် ...ချက်ကြီးကို ယောက် ဖလို့ပြောရအောင် ချက်ကြီးမှာ ညီမများ ရှိလို့လား''

နှာဘူးဆန်သော နိုင်ကြီး၏ ဦးဆောင်အမေးကြောင့် မိုးခက်က မျက် နှာကိုမဲ့လိုက်ရင်း ...

''ဘယ်သိမှာ လဲကွ ...ရှိရင်လည်း ချက်ကြီးရဲ့ ညီမက မင်းတို့ ပြောသလို ချက်ထွီးပဲ ဖြစ်မှာ ပေါ့''

''ဟာကွာ''

နှစ် ကောင်သား အတိုင်ဖောက်ညီညီ နင်သွားကြသည်။ မိုးခက်ကပဲ

''နေစမ်းပါဦးကွ ...မင်းတို့နှစ် ကောင် ဘာ ဖြစ်လို့များ ချက်ကြီးကို ဒီလောက် တောင့်တနေရတာ တုံး''

လက်ဖက်ရည်ဖိုးရှင်းစရာမရှိလို့ဟု နိုင်ကြီးက မဖြေပါ။

ဒင်းပြောလာသည်က ...

''ဘာ ဖြစ်ရမှာ လဲ ...မင်းရောက်မလာခင်ကပဲ ချက်ကြီး သံယော ဇဉ်နေ့စဉ်စာစောင် သွားဝယ်တာလေ၊ အဲဒါကိုဖတ်ချင်လို့ မျှော်နေတာပေါ့ကွ''

ထိုစကားကြောင့် မိုးခက်က သြော် ...ဟုရေရွတ်ရင်း နှုတ်ခမ်း မဲ့ကာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ဒီလောက်ဆို သူလည်း သဘောပေါက်လိုက်လေပြီ။ ဒီကောင်တွေ ကျောင်းတွင်း၌ အမည် မသိ ကျောင်းသားတစ်စု နေ့စဉ် လက်သိပ်ထိုးကာထုတ်ဝေသော ကျောင်းတွင်း ၌ သာ ဖြန့်ဝေရောင်းချသည့် 'သံယောဇဉ်နေ့စဉ်' စာစောင်အား ဖတ်ရန် မျှော်နေကြခြင်း ဖြစ်သည်။

စာစောင်ဟုဆိုရာတွင် လည်း တရားဝင် မှတ်ပုံတင်ထားသည့် စာ စောင်မျိုး မဟုတ်ချေ။ လက်ကမ်းစာစောင်အဆင့်သာသာပဲ ရှိပြီး ကျောင်း တွင်းရှိ အပျော်သတင်းများ အား စုစည်းထုတ်ဝေခြင်းသာ ဖြစ်သည်။ ကင် တင်းတစ်ခုတွင် ဝယ်ယူရရှိနိုင်ပြီး ကြော်ငြာထည့်သွင်းလိုပါကလည်း ထို ကင်တင်း၌ သွား၍ ထည့်နိုင်သည်။ အပျော်သဘော ထုတ်ဝေသည့် စာ စောင် ဖြစ်သဖြင့် ဆရာ ဆရာမ များ ကလည်း နားလည်ခွင့်ပြု ထားသည်။ တရားမဝင်သတင်းများ ၊ ကျောင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အချက် အလက်များ လည်း မပါ၍ ဖြစ်၏ ။ ဒီလောက်ဆိုလျှင် 'သံယောဇဉ်နေ့စဉ်' ဆိုသည့် စာစောင်အကြောင်းက ရှင်းလောက်ပြီ။

ခုလည်း မိုးခက်က နှစ် ကောင်စလုံးအား တစ်လှည့်စီကြည့်ကာ...

''မင်းတို့ကလည်းကွာ ...အဲဒီ စာစောင်က ဘာများ ထူးခြားလို့လဲ၊ အတွဲတွေ အကြောင်း, မိန်းမကလေးတွေ အကြောင်းပဲ ပါတာပဲဟာကို''

''ဟုတ်ပါတယ် ...ငါတို့ကလည်း အဲဒါကိုပဲ ဖတ်ချင်တာလေ''

ငါတို့သည် နှာဘူးတွေ ပဲဟု နှစ် ကောင်စလုံးက မရှက်မကြောက် ဝန်ခံလိုက်ကြခြင်း ဖြစ်၏ ။

မိုးခက်ပင်လျှင် ဘာပြန်ပြောရမည် မှန်းမသိ ဖြစ်သွားပြီးမှ အမြန်စဉ်း စားလိုက်ရင်း ...

''ကဲပါကွာ ...ဟိုကောင်ချက်ကြီးလာရင် ဖတ်ရမှာ ပေါ့၊ အဲဒီ လောက် ဂနာမငြိမ် ဖြစ်မနေကြပါနဲ့''

''ဟ ...လောလောဆယ် အာရုံက ဒါပဲရှိတာကိုး မိုးခက်ရ''

အောင်ဌေးက စောဒကတက်လာသည်။ ထိုစကားကြောင့် မိုးခက် က မျက်မှော င်တွန့်ကာ ...

''အေးပါ ...အဲဒီ လိုဆိုရင် မင်းတို့အာရုံပြောင်းအာင် ငါ နို့ အကြောင်းပြောပြမယ်''

''ဟာ''

''ဟေ ...ဘယ်လို ဘယ်လို မိုးခက် ..နို့အကြောင်း ဟုတ်လား''

'နို့' ဆိုသည်နှင့် ဘာကိုဘယ်လို ပုံဖော်လိုက်ကြသည်မသိ။ မျက်နှာ တွေ ဝင်းတောက်ကာ သွားရည်ထွက်ကျမတတ် အလျင်အမြန် ပြန်မေးလာ ကြသည်။

မိုးခက်က ရှေ့မှာ ရှိနေသေးသော 'နို့' ခွက်ကို မေးငေါ့ပြလိုက် ပြီး ...

''ဟုတ်တယ်လေ ...နို့ဆိုတာက ငါ အခုသောက်နေတဲ့ နွားနို့ ကို ပြောတာကွ''

စကားအဆုံးမှာ နှစ် ကောင်သား ရှူး ခနဲ နှာမှု တ်ရင်း ငြိမ်ကျသွား သည်။ ဒါတောင်နိုင်ကြီးက မှန်းချက်နှင့် နှမ်းထွက်မကိုက်သော လေသံမျိုးနှင့်

''မသိဘူးလေကွာ ...ငါက မိခင်နို့အကြောင်းများ မင်း ပြောမလား လို့ပါ''

အတော် မိုက်ရိုင်း စုတ်ပြတ်၊ ညစ်ပတ်ပြီး လူမဆန်သော စကား ဖြစ်သည်။ ထိုစကားနှင့် တန်အောင် မိုးခက်ကလည်း ပြန်ပြောလိုက်၏ ။

''ဘာပဲ ဖြစ် ဖြစ်ပေါ့ နိုင်ကြီးရာ ...မင်းအတွက်တော့ နွားနို့ဆိုတာ ဟာလည်း မိခင်နို့ပဲပေါ့ ...မဟုတ်ဘူးလား''

ထိုစကားကြောင့် နိုင်ကြီး၏ မျက်နှာက တစ်မုဟုတ်ချင်း မည်းပြာ ညို ညစ်သွားကာ ဆတ်ဆတ်ထိမခံလေသံဖြင့် ...

''ဘာကွ မိုးခက် ...မင်းက အဲဒီ လိုပြောတော့ ငါက ဘာ ဖြစ် သွားရောလဲ''

''နွားကြီး ဖြစ်သွားတာပေါ့ နိုင်ကြီးရာ ...ဟား ဟား''

အောင်ဌေးက ခွက်ထိုးခွက်လန်ရယ်ကာ ဝင်တွယ်လိုက်ခြင်း ဖြစ် သည်။

ချက်ချင်း ပင် နိုင်ကြီး၏ ဒေါသအဟုန်က အောင်ဌေးပေါ်သို့ ကျ ရောက်သွားကာ ...

''ဟေ့ကောင် အောင်ဌေး ...မင်း ဝင်မပါနဲ့''

''ပါတော့ ဘာ ဖြစ်လဲကွာ ...နိုင်ကြီးနဲ့နွားကြီးက စာလုံးပေါင်း သိပ်ကွာတာမှ မဟုတ်တာ ...ဟီး ဟီး''

အောင်ဌေးကလည်း နိုင်ကြီးစိတ်တိုနေမှန်းသိ၍ ထပ်ကာ စနေ သည်။ နောက်ဆုံး နိုင်ကြီး ဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘဲ အောင်ဌေး ၏ မျက်နှာကို စေ့စေ့ကြည့်ကာ ...

''အေး ...ငါ့ကို နွားကြီးလို့ခေါ်ရင် မင်းကိုလည်း ခွေးကြီးလို့ ခေါ်မယ်... ရတယ်မဟုတ်လား ခွေးကြီး''

''ခေါ်ချင်ခေါ်ပေါ့ နွားကြီးရဲ့ ''

''ပြီးရောလေ ခွေးကြီး''

နှစ် ကောင်သား စကားစစ်ထိုးနေကြပြန်သည်။ ဒီတစ်ခါလည်း မိုးခက်ကပဲ မနေနိုင်စွာ (လူကြီးလူကောင်းဟန်ဖြင့် ) ...

''ကဲပါကွာ ...နွားကြီးရော ခွေးကြီးရော အဲ ...နိုင်ကြီးရော အောင်ဌေးပါ တော်ြ ကတော့၊ ငါပြောမယ့်စကားတောင် ဘယ်ရောက်သွားလဲ မသိဘူး''

ထိုအခါမှ နှစ် ကောင်စလုံး ကိုယ်ရှိန်သတ်သွားကြရင်း အောင်ဌေးက အရင် ...

''နို့အကြောင်းလေကွာ ...မင်းပဲ နွားနို့အကြောင်း ပြောပြမယ်ဆို''

''အေး ဟုတ်သားပဲ ...ဒီလိုကွာ''

စကားကို ခဏဖြတ်ထားရင်း မိုးခက်က မဆီမဆိုင် ချောင်း တစ်ချက် ဟန့်လိုက်သေးသည်။ ပြီးမှ ...

''နို့အကြောင်း မင်းတို့ကို ဗဟုသုတရစေချင်လို့ ငါဖတ်ဖူးတဲ့ စာအုပ်ထဲက အကြောင်းအရာတချို့ကို ရှင်းပြမယ် ...သေသေချာချာ နားထောင်''

''အေးပါ''

မိုးခက်က မျက်နှာထားကို အစွမ်းကုန် တည်ခန့်ပစ်လိုက်ရင်း သံနေသံထားဖြင့် ပို့ချလေတော့၏ ။

''နွားနို့ဟာ လူသားတွေ ရဲ့ နို့ထိန်းသည် ဖြစ်တယ်၊ နွားနို့ဟာ လူသားများ ကျန်းမာရေး ရဲ့ ကိုယ်ရံတော် တပ်မှူး ဖြစ်တယ်၊ နွားနို့ဟာ လူသား များ ရဲ့ ကောင်းကင်တမန်တော် လည်း ဖြစ်တယ်၊ အိန္ဒိယနိုင်ငံမှာ ဆိုရင် အဖြူ ရောင် တော် လှန်ရေး လို့ ကြွေးကြော်ပြီး ပြည်သူတွေ ကို နွားနို့သောက် သုံးဖို့ အားပေးလှုံ့ဆော်ကြတယ်၊ တကယ်တော့ နွားနို့သောက်သုံးမှု ဟာ ကျန်းမာ ဥာဏ်ထက် အသက်ရှည်ရေး အတွက် အရေး အကြီးဆုံး စီမံကိန်း တစ်ရပ်လည်း ဖြစ်တယ်၊ ဒါကြောင့် နွားနို့သောက်သုံးဖို့ကို ဘယ်တော့မှ သတိမမေ့ဖို့ ...ဖို့ ...''

''မိုး မိုးခက် ...ခဏကွာ၊ မင်း နွားနို့ မော်ဒန်ကဗျာရွတ်နေ တာတော့ မဟုတ်ပါဘူးနော်''

ဖြတ်ပြောလိုက်သော နိုင်ကြီးစကားကြောင့် မိုးခက် တွန့်သွား ရသည်။ အောင်ဌေးကလည်း ...

''မင်းပြောချင်တဲ့ နွားနို့အကြောင်းဆိုတာ ဒါတွေ ပဲလား''

မိုးခက်က ရှုတင်းတင်းဖြင့် ...

''ဘယ်ကလာ ...ဒါဟာ အစပဲရှိသေးတယ်၊ တော် ပြီကွာ ... နားမထောင်ချင်တဲ့, ဗဟုသုတမလိုချင်တဲ့ မင်းတို့ကို ပြောရတာ မောတယ်''

''မောရအောင် ...ရှင်က ဘာအကြောင်းများ တဖွဲ့တနွဲ့ ပြော နေလို့လဲ''

ရုတ်တရက် ထွက်ပေါ်လာသော မိန်းကလေး တစ်ယောက် ၏ ဆူ ဆောင့်ဆောင့်အသံကြောင့် မိုးခက်တို့သုံးဦးစလုံး ဆတ်ခနဲ မော်ကြည့်မိကြ သည်။

ထိုမိန်းကလေး၏ မျက်နှာကို သုံးယောက် စလုံး မျက်စိခြောက်လုံးဖြင့် မြင်လိုက်ရပြီး အောင်ဌေးက အရင်အံ့သြသံဖြင့် ရေရွတ်လိုက်၏ ။

''ဟင် ...မာမာဝေ''

ဟုတ်ပါသည်။ လွန်ခဲ့သော တစ်လကျော်ကမှ ချက်ကြီးကို ပစ်စ လက်ခတ် ဖြတ်သွားသည့် ချက်ကြီး၏ ရည်းစားဟောင်း မာမာဝေပင်တည်း။

ခုတော့ ချက်ကြီးမှာ ရည်းစားအသစ် တစ်ယောက် ပင် ထပ်ရနေ လေပြီ။ မာမာဝေက ခု ဘာလာလုပ်သနည်း။

ထိုသို့ တောင်တောင်အီအီစဉ်းစားမိရင်း အောင်ဌေးက မာမာဝေကို ကြည့်ကာ ...

''ကျွန် ကျွန်တော် တို့က နို့အကြောင်းပြောနေကြတာပါ၊ မာမာဝေ က စိတ်ဝင်စားလို့လား''

''ဘာ''

မာမာဝေမျက်နှာက ရဲတက်သွားသည်။ အနေအထားကို သဘော ပေါက် ရိပ်မိလိုက်သော နိုင်ကြီးက ဝင်၍ ...

''ဟိုလေ ...နို့ဆိုတာက နွားနို့ကို ပြောတာပါ''

ထိုအခါမှ မာမာဝေ သက်ပြင်းကျသွားပုံရသည်။ တစ်ဆက်တည်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ ...

''ဒီမှာ ...ရှင်တို့သူငယ်ချင်း တင်အုံး ဘယ်သွားလဲ''

မာမာဝေ တစ်ယောက် မပြတ်နိုင်လို့များ ချက်ကြီးကို ပြန်လာ ဆက်တာလားဟု မိုးခက်က တွေးလိုက်မိသေးသည်။

သို့ သော် မာမာဝေအသံက ထိုသို့ မဟုတ်နိုင်ချေ။ ထပ်ကာပင် ဒေါသအမျက်ခြောင်းခြောင်း ထွက်လာသော အသံနှင့် ...

''ဒီမှာ ...ရှင်တို့ မေးနေတာမကြားဘူးလားလို့''

ထိုအခါမှ အောင်ဌေးက အထစ် အထစ်အသံနှင့် ...

''ဟို ဟိုလေ ...ချက် ချက်ကြီးက''

စကားပင် မဆုံးလိုက်ချေ။ ထိုစဉ်မှာ ပဲ ကင်တင်းထဲသို့ တဖုတ်ဖုတ် ပြေးဝင်လာသော ခြေသံနှင့် အတူ ...

''ဟေ့ကောင်တွေ ...ငါ ပြန်လာပြီကွ၊ ဒီမှာ စာ စာစောင်လည်း ပါ ပါ ...''

ချက်ကြီးစကားက လမ်းတစ်ဝက်မှာ ခလုတ်တိုက်သွားသည်။ သူ့ မျက်စိရှေ့မှာ မမြဲသော ခန္ဓာကိုယ်ကြီးနှင့် မာမာဝေကို မြင်လိုက်ရ၍ လည်း ဖြစ်၏ ။ ချက်ချင်း ပင် ချက်ကြီး၏ မျက်နှာက ပမာမခန့်အသွင်သို့ ပြောင်းသွား ကာ ...

''ဟင်း ဟင်း ...ဘာကိစ္စများ ရှိလို့လဲ ဒေါ်မာမာဝေ၊ ခင်ဗျားနဲ့ ကျု ပ်ရဲ့ ဇာတ်လမ်းက ကတ္တီပါလမ်းခွဲနဲ့ အဆုံးသတ်ပြီးပြီးနော် ...ဟင်း ဟင်း''

ပြောပြီး ဗိုလ်အောင်ဒင်လေသံမျိုးနှင့် ပင် ရယ်လိုက်သေးသည်။ သူ့ကိုယ်သူလည်း အားရသွားပုံရ၏ ။ မိုးခက်လည်း စိတ်ထဲက ထပ်ကြိတ် လိုက်ဦး ချက်ကြီးရ ...ဟု မြှောက်ပေးနေမိ၏ ။

သို့ သော် ချက်ကြီး (ခေါ်) တင်အုံး တစ်ယောက် ထပ်ကြိတ်ရန် ပါးစပ်ပင် မဟလိုက်ရချေ။ မာမာဝေ၏ အားကောင်းမောင်းသန်လက်ဝါးကြီး သည် ချက်ကြီး၏ ပါးပေါ်သို့ တစ်နာရီ မိုင်ရှစ်ဆယ်နှုန်းနှင့် ကျရောက်သွားပြီး 'ဖြန်း' ဟူသော အသံနှင့် အတူ ...

''အဲဒါမှ ကတ္တီပါလမ်းခွဲရဲ့ တကယ့်အဆုံးသတ်ပဲ တင်အုံး၊ နောက် ဒီလို ထပ်အရှက်ခွဲမယ်ဆိုရင် နံရိုးပါ ချိုးပစ်မယ်၊ ရော့ ...နင် တစ်ဖက်လှည့် နဲ့ လုပ်ထားတာကို နင့်ဟာနင်ဖတ်ကြည့်''

ပြောပြီး မာမာဝေ ချာခနဲလှည့်ထွက်သွားလေသည်။ စားပွဲပေါ် ဒင်းပစ်ချခဲ့သည်က ချက်ကြီးလက်မှာ ကိုင်ထားသော အရာနှင့် အတူတူ ဖြစ်သည့် 'သံယောဇဉ်နေ့စဉ်' စာစောင်ပင် ဖြစ်ချေတော့သည်။

နိုင်ကြီးက စာစောင်ကို ဆတ်ခနဲကောက်ယူကာ လှန်လှောဖတ် ကြည့်လိုက်ရင်း တစ်နေရာအရောက်မှာ အာမေဍိတ်အသံဖြင့် ...

''ဟာ ...ဒီ ဒီမှတွေ့ ပြီကွ၊ ချက်ကြီး ...စာစောင်ထဲက ကြော်ငြာ ကဏ္ဍရဲ့ အောက်ဘက်ထောင့်ကို ကြည့်လိုက်စမ်းပါ''

ချက်ကြီးတင် မကဘဲ အားလုံး ဝိုင်းကြည့်လိုက်မိကြသည်။ အားလုံး ၏ ပါးစပ်တွေ ကလည်း ...

''ဟင်''

''ဟာ''

''အိုး ...ဒါကြောင့် ကိုး''

စသည်ဖြင့် ...။ ချက်ကြီး ပါးရိုက်ခံလိုက်ရသော ကြော်ငြာသည် စာစောင်ထဲတွင် ရှင်းလင်းပြတ်သွားစွာ ကခုန်နေလေသည်။

ထိုကြော်ငြာ ကတော့ ...

Cover

''ဟား ဟား ...ကောင်းလိုက်တဲ့ရိုက်ချက်ကွာ၊ ဘယ်ကောင် များ မင်းကို ဝင်မွှေသွားလဲမသိဘူး''

''ဟုတ်ပါ့ ချက်ကြီးရာ ...နောက်တစ်ခါဆိုရင်တော့ မင်း ချက်ကြီး ဘဝကနေ ချက်ထွီးဘဝကို ပြောင်းသွား မှာ အမှန်ပဲ''

နိုင်ကြီးနှင့် အောင်ဌေးတို့က ကိုယ့်သူငယ်ချင်း ပါးရိုက်ခံရသည်ကို ပင် မစာနာဘဲ ဝိုင်းဟားနေကြသည်။

ချက်ကြီးက တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်ရင်း ...

''ရယ်မနေနဲ့ကွ ...ငါ့မှာ က တကယ်ခံလိုက်ရတာ ၊ ဟေ့ကောင် တွေ ဒီကြော်ငြာက မင်းတို့သွားထည့်ထားတာလား''

''ဟေ့အေး''

''နိုးပါ''

''စိတ်ကူးတောင် မရှိဘူး''

သုံးယောက် စလုံး တက်ညီလက်ညီ ငြင်းလိုက်ကြသည်။ ချက်ကြီး တစ်ယောက် တက်တခေါက်ခေါက်နှင့် ဘယ်သူ့ကို ဒေါသထွက်ရမှန်းမသိ ဖြစ်နေပြီးမှ သတိရဟန်ဖြင့် ဆတ်ခနဲ ...

''ဟာ ...သွားပြီ''

''ဟေ ဟေ့ကောင် ...ဘာသွားတာလဲ''

ချက်ကြီးက မျက်နှာအပျက်ပျက် အယွင်းယွင်းနှင့် ...

''ဘာ ဖြစ်ရမှာ လဲ ...ဒီကိစ္စကိုသာ နွယ်နွယ်ဦးသိရင် အကြီးအ ကျယ် ကွို င်တက်မှာ ကွ၊ ငါ့ဘက်က အရင်သွားရှင်းထားမှ ဖြစ်မယ်''

ပြောရင်း ချက်ကြီး တစ်ယောက် ကင်တင်းထဲမှ ဝရုန်းသုန်းကား ပြေးထွက်သွားလေသည်။

ချက်ကြီးအ ဖြစ်ကိုကြည့်ရင်း မိုးခက်တို့သုံးယောက် လည်း ဝါးလုံးကွဲ ရယ်ချလိုက်ကြလေ၏ ။

အင်း ...ချက်ကြီး တစ်ယောက် ဒီနေ့အဖို့တော့ ပြေးရင်းလွှားရင်း ချက်ထွီးဘဝသို့ တကယ်ပဲ ပြောင်းတော့မည် လား မသိချေ။

ထိုသို့ ...

ကျောင်းဝင်းအတွင်း ရေပန်းစားသော

'သံယောဇဉ်နေ့စဉ်' စာစောင်အား

မြင်သာစေရန် အနည်းငယ်မျှ

ဖော်ပြရလျှင် ...

•••

အခန်း(၂)

နောက်နေ့ ကျောင်းရောက်တော့ ထင်ထားသည့်အတိုင်း ဖြစ်လာ သည်။ ချက်ကြီး တစ်ယောက် မနေ့က အချိန်မီ သွားတောင်းပန်ခဲ့သော် လည်း သူ့ရည်းစားသစ် နွယ်နွယ်ဦးက ထိုအကြောင်းကို သူ့အား ဖုံးထားခဲ့ သည်ဟူသော အကြောင်းပြချက်ဖြင့် ပါးတစ်ချက် ထပ်ရိုက်လိုက်သေးသည်။

ချက်ကြီး ကံကောင်းသွားသည့်တစ်ချက်က နွယ်နွယ်ဦးသည် ဘယ် သန် ဖြစ်သော ကြောင့် မာမာဝေရိုက်ခဲ့သော ပါးတစ်ဖက်ခြမ်းနှင့် လွဲခဲ့ရခြင်း ဖြစ်၏ ။ မဟုတ်လျှင် အနာပေါ် တုတ်ထပ်ကျသည်ဟု ပြောရတော့မည် လား မသိ။

ယခုလည်း ချက်ကြီး၏ အ ဖြစ်ဆိုးကို နိုင်ကြီးက စုတ်တသပ်သပ် နှင့် ...

''ဘာပဲ ဖြစ် ဖြစ် ...နွယ်နွယ်ဦးက မင်းကို အဆက်မဖြတ်လိုက်တာ တော် သေးတာပေါ့ကွာ''

အောင်ဌေးကလည်း ...

''အေးလေ ...မင်းကလည်း မင်းမှာ ရည်းစားရှိခဲ့တယ်ဆိုတာ နွယ်နွယ်ဦးကို ကြို မှအသိမပေးထားတာကိုး''

စကားသံတွေ အဆုံးမှာ ချက်ကြီးက ...

''ဟုတ်ပါတယ် ...ငါ့အပြစ်လည်း ပါသင့်သလောက်တော့ ပါပါ တယ်၊ ဒါပေမဲ့ကွာ ဘယ်သကောင့်သားကများ ငါ့ကိစ္စကို ကြော်ငြာထည့်ပြီး တစ်ကျောင်းလုံးသိအောင် ဖွတာလဲမသိဘူး၊ အဲဒီ ကောင်ကိုသာ သိရင်တော့ ငါ စိတ်ထိန်းနိုင်မှာ မဟုတ်ဘူး ...တောက်''

ထိုသို့ ကမ္ဘာမကြေဟန်ဖြင့် ပြောလာသည်ကိုပင် မိုးခက်က သွေး အေးစွာ ...

''အတိတ်ဘဝက ဝဋ်ကြွေးလို့ပဲ သဘောထားလိုက်ပါ ချက်ကြီးရာ၊ ဘာပဲ ဖြစ် ဖြစ် ခုဆို မင်း ငါတို့ကျောင်းမှာ စံချိန်သစ်တစ်ခု တင်ခဲ့နိုင်ပြီကွ''

''ဟင် ...ဘာစံချိန်များ လဲ''

''သြော် ...ဒီစာသင်နှစ် ထဲ မင်းလို တစ်ရက်တည်းမှာ မိန်းမ နှစ် ယောက် ဆီက ပါးရိုက်ခံရတဲ့လူ ဘယ်သူများ ရှိနိုင်မှာ မို့လို့လဲ၊ ပြီးတော့ ပါးတစ်ဖက်တည်းကို နှစ် ချက်မဟုတ်ဘူးနော်၊ တစ်ဖက်တစ်ချက်စီကွ''

မိုးခက်စကားကြောင့် ချက်ကြီးက မျက်နှာကို ရှုံ့မဲ့လိုက်ရင်း ...

''တော် ပါ မိုးခက်ရာ ...အနာဟောင်းကို ပြန်ဆွမနေပါနဲ့၊ ခု လေလောဆယ် အဲဒီ ကြော်ငြာထည့်တဲ့ လူကိုပဲ ငါသိချင်နေတာကွ''

''ကဲ ...ဒါဆိုလည်း ထ''

ရုတ်တရက် ပြောလိုက်သော မိုးခက်စကားကြောင့် အားလုံး ကြောင်တောင်တောင် ဖြစ်သွားကြသည်။ နိုင်ကြီးက အရင် ...

''ဟ ဘာလဲ ...ထပြီး ငါတို့က ဘာလုပ်ရမှာ လဲကွ''

''သြော် ...ဒီကောင်ချက်ကြီးက ကြော်ငြာထည့်တဲ့လက်သည်ကို သိချင်နေတယ်လေ၊ အဲဒါ သွားစုံစမ်းရအောင် ထကြလို့''

စကားအဆုံးမှာ အောင်ဌေးကလည်း အူတူတူဖြင့် ...

''ထတာက ဟုတ်ပါပြီ ...ဘယ်ကိုသွားပြီး စုံစမ်းမှာ လဲ''

''မင်းကလည်း နုံလိုက်တာ အောင်ဌေးရာ ...အဲဒီ စာစောင် ရောင်း တာက ဘယ်နှနေရာရှိလို့လဲ၊ ဦးကျော်ကြီးကင်တင်းမှာ ပဲ ရောင်းတာမဟုတ် လား၊ အဲဒီ ကိုပဲ သွားစုံစမ်းရမှာ ပေါ့ကွ''

မိုးခက်စကားကို ဘယ်သူမှ စောဒကမတက်ြ ကတော့ဘဲ အားလုံး ထိုင်နေရာမှ ထလိုက်ကြသည်။ ပြီး လေးယောက် သား ဦးကျော်ကြီး ကင် တင်းဆီသို့ ထွက်လာခဲ့ကြ၏ ။ လမ်းမှာ ဖြတ်သွားဖြတ်လာတွေ့ ရသော ကျောင်းသူတစ်စုကပင် ချက်ကြီးကိုတွေ့ တော့ မကြားတကြားဖြင့် ...

''ဟဲ့ ...ဟိုမှာ တွေ့ လား ...အင်္ကျီအနီနဲ့လူလေ၊ မနေ့က တစ် ရက်တည်းနဲ့ ပါးနှစ် ချက်ရိုက်ခံရတဲ့ တင်အုံးဆိုတာ ဒင်းပေါ့ ...ခိ''

'' ဖြစ်နိုင်ပါတယ်၊ ရုပ်ကိုက ကြည့်ပါလား ...ပြီတီတီနဲ့၊ သွားရင်း လာရင်းတောင် လမ်းကြုံ လို့ ပါးဝင်ရိုက်ချင်စရာကောင်းတဲ့ ရုပ်မျိုး''

ထိုစကားသံတွေ ကြောင့် ချက်ကြီးခမျာ သူ့ပါးနှစ် ဖက်ကို ယောင် ယမ်းယမ်း စမ်းလိုက်မိသည်။ ကိုယ့်ဘဝကိုယ်လည်း အတော် လေး ယူကျုံး မရ ဖြစ်သွားပုံရ၏ ။ ဆို့နင့်ကြေကွဲသော လေသံကြီးနှင့် ပင် ...

''ငါ့အ ဖြစ်ကလည်း တစ်ကျောင်းလုံးတောင် ပွသွားပြီလားကွာ''

မိုးခက် ကတော့ သူငယ်ချင်းကောင်းပီသစွာ အားပေးရှာပါသည်။

''ဘာမှ ဝမ်းနည်းမနေနဲ့ ချက်ကြီး ...ဒါမျိုးက တမင်လုပ်ယူလို့ ရတာ မဟုတ်ဘူးကွ၊ ကိုယ့်ကိုယ်ကိုယ် စလေဘရစ်တီ (celebrity) လို့ သဘောထားလိုက်စမ်းပါကွာ''

ချက်ကြီး တစ်ယောက် ''အေးပါကွာ''ဟုသာ ခပ်ယဲ့ယဲ့ပြန်ပြော နိုင်တော့သည်။ သို့ နှင့် ဦးကျော်ကြီးကင်တင်းရောက်တော့ ကောင်တာမှာ ထိုင်နေသည့် ဆိုင်ပိုင်ရှင်ဦးကျော်ကြီးထံသို့ တန်းသွားလိုက်သည်။

သူတို့လေးယောက် ကို မြင်မြင်ချင်း ဦးကျော်ကြီးက ဘယ်လိုထင် သည်မသိ။ ဗြောင်ကြီး မေးလာသည်။

''ကောင်လေးတွေ စာစောင်ဝယ်မလို့လား''

ဘယ်သူမှပြန်မပြောခင် မိုးခက်က ...

''ဝယ်မှာ ပါဗျ ...ဒါပေမဲ့ အဲဒီ စာစောင်နဲ့ပတ်သက်တာလေး တစ်ခု လောက် မေးချင်လို့''

''ပြောကြည့်လေ''

ဦးကျော်ကြီးကလည်း အလာကြီး ဖြစ်သည်။ ဘာပဲ ဖြစ် ဖြစ် ပြော ကြည့်လေဆိုတော့လည်း ပြောကြည့်ရတော့သည်ပေါ့၊။

မိုးခက်ကပဲ ...

''ဒီလိုဗျာ ...မနေ့က စာစောင်မှာ ပါတဲ့ ကြော်ငြာတစ်ခုဟာ ကျွန်တော့် သူငယ်ချင်း ချက်ကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဗျာ၊ အဲဒါ ကြောင့် အဲဒီ ကြေငြာထည့်တဲ့လူ ဘယ်သူလဲဆိုတာ သိချင်လို့ပါ''

ဦးကျော်ကြီး တွေ ခနဲ ဖြစ်သွားပြီးမှ မျက်မှော င်ကြု တ်လျက် ...

''ချက်ကြီးဆိုတာက သြော် ...တင်အုံးဆိုတာလား''

''ဟုတ်ပါတယ် ...ချက်ကြီး (ခေါ်) တင်အုံးဆိုတာ သူပါပဲ''

မိုးခက်ကပဲ ချက်ကြီး၏ အင်္ကျီစကို ဆွဲကိုင်ကာပြလိုက်သည်။

ဦးကျော်ကြီးက ချက်ကြီး၏ တစ်ကိုယ်လုံးကို သိမ်းကြုံး ကြည့်ကာ အကဲခတ်လိုက်သေးသည်။ ဒီကောင့်ပုံစံမျိုးနဲ့ ပါးနှစ် ချက်ရိုက်ခံရတာ တောင် နည်းသေးတယ်ဟု စဉ်းစားနေသည်လားမသိ။

ပြီးမှ သက်ပြင်းကြမ်းကြမ်း ချလိုက်ကာ နီးစပ်ရာ စားပွဲတစ်ခုကို လက်ညှိုး ညွှန်ပြလျက် ...

''မင်းတို့ အဲဒီ မှာ ခဏထိုင်ကြဦး ...ကိုယ်လာခဲ့မယ်''

သူပြောသည့်အတိုင်း လေးယောက် သား သွားထိုင်နေလိုက်ကြ၏ ။ စိတ်ရှည်ရမည် လေ။ ငါးမိနစ်လောက်ကြာတော့ ဦးကျော်ကြီး ရောက်လာပါ သည်။ ရောက်ရောက်ချင်း ဘာမှမမှာ ဘူးလားဟုဆိုလာသော ကြောင့် လက် ဖက်ရည်လေးခွက်ကို အောင့်သီးအောင့်သက်နှင့် မှာ လိုက်ရသေး၏ ။ ထိုကျ သင့်ငွေကိုလည်း ကိုယ်တွေ ပဲ ရှင်းရမည် မှာ မလွဲဧကန်ပင်။

လက်ဖက်ရည်ခွက်တွေ စားပွဲပေါ်ရောက်လာတော့မှ ဦးကျော်ကြီး က စိတ်ချသွားသော ပုံစံဖြင့် ...

''စပြီးပြောရရင် ဒီစာစောင်ဟာ ကျောင်းထဲမှာ ပဲ အပျော်သဘော ထုတ်ဝေတယ်ဆိုတာ မင်းတို့သိပါတယ်နော်''

''ဟုတ် သိပါတယ်''

''အေး ...ဒီစာစောင်ထုတ်ဝေတဲ့လူတွေ ကိုလည်း ဘယ်သူမှ မသိ ကြဘူး၊ သူတို့ကလည်း အသိမခံကြဘူး၊ ဆိုလိုတာကကွာ ပြဿနာတစ်ခုခု ဖြစ်လာရင် လူသိမခံဘဲ ဒီစာစောင်ကို ရပ်ပစ်လို့ရအောင်ပေါ့၊ သူတို့ရဲ့ ရည် ရွယ်ချက်က ကျောင်းသားကျောင်းသူတွေ ကို ပျော်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပါ၊ ဒါကြောင့် လည်း အကျိုးအမြတ်ဆိုတာကို မတွက်ဘဲ အိတ်စိုက်ထုတ်နေ တာပေါ့''

''ဟုတ်ကဲ့ ...အဲဒီ လောက်တော့ ကျွန်တော် တို့ ရိပ်စားမိပါတယ်''

မိုးခက်က ဝင်ပြောလိုက်ခြင်း ဖြစ်သည်။ ဦးကျော်ကြီးက ခေါင်းတ ဆတ်ဆတ် ညိတ်လျက် ...

''အင်း ...နောက်ထပ်ပြောချင်တာက ဒီစာစောင်အတွက် သတင်း ဒါမှမဟုတ် ကြော်ငြာလာထည့်တဲ့လူတွေ ဟာ စာအိတ်ကိုပိတ်ပြီး လာပေး ရတယ်၊ ကိုယ်ကလည်း အဲဒီ စာအိတ်တွေ ကို ဒီအတိုင်း ထုတ်ဝေသူလက်ထဲ ထည့်ပေးလိုက် ရုံပဲ၊ ဘယ်သူက ဘာလာထည့်လဲဆိုတာ ပြောပြခွင့်မရှိဘူး လေ၊ ဒါပေမဲ့ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာ အရမ်းထိခိုက်နစ်နာသွားမယ့် သတင်းကြော်ငြာမျိုးဆိုရင် သူတို့ကလည်း ထည့်မပေးကြပါဘူး၊ ဒါနဲ့ ဒီက တင်အုံးရဲ့ ကြော်ငြာဟာ မမှန်တဲ့သတင်းမှား ဖြစ်နေလို့လား''

''အဲ ...မမှန်ဘူးလို့လည်း မဟုတ်ပါဘူး၊ ဒါပေမဲ့''

ချက်ကြီး၏ စကားက မဆုံးလိုက်ချေ။ ဦးကျော်ကြီးက မိန့်မိန့် ကြီး ပြုံး လျက် ...

''မှန်ရင်လည်း ခံလိုက်ပေါ့ကွာ''

''ဗျာ''

''ဟုတ်တယ်လေ၊ ကိုယ့်ဘက် ကတော့ ဘယ်သူဘယ်ဝါ ဘယ် ကြော်ငြာ လာထည့်တယ်ဆိုတာ ပြောခွင့်မရှိလို့ပါ၊ မဟုတ်ရင် စာစောင်က ကိုယ့်ဆီကပဲ ဖြန့်တာဆိုတော့ ဘာမဟုတ်တဲ့ ဒီလိုပြဿနာတွေ ကို ကိုယ် နေ့တိုင်း ရှင်းနေရတော့မှာ ပေါ့ ...မဟုတ်ဘူးလား''

သူ့စကားနှင့် သူ ကတော့ ဟုတ်သလိုလို ရှိနေသည်။ စောဒက တက်စရာပင် စကားလုံးက ရှာမရတော့။

အားလုံး တွေ ဝေနေကြချိန်မှာ ပဲ ဦးကျော်ကြီးက ထပ်လောင်းကာ ခံ့ခံ့ညားညားကြီးပြုံး လျက် ...

''ထပ်ပြောရင် ဒီနေ့စာစောင်မှာ တောင် ချက်ကြီး (ခေါ်) တင်အုံးနဲ့ ပတ်သက်တဲ့ကြော်ငြာ ထပ်ပါလာသေးတယ်ကွ''

''ဗျာ''

''ဟင်''

ချက်ကြီး တစ်ယောက် မျက်ဖြူ ဆိုက်မတတ် ဖြစ်သွားရ၏ ။ ဒီနေ့ ကော ဘာကြော်ငြာပါလာပြန်ပြီလဲ။ ပါးရော ထပ်ရိုက်ခံရဦးမှာ လား၊ တစ် ချက်လား နှစ် ချက်လား စသဖြင့် အတွေးတွေ ရှုပ်ယှက်ခတ်သွားပုံရ၏ ။ မိုးခက်ကလည်း ချက်ကြီးကို ...

''ဘာပဲ ဖြစ် ဖြစ်ကွာ ...စာစောင်ထပ်ဝယ်လိုက်တော့ ချက်ကြီး''

ချက်ကြီးက ခပ်လေးလေး ခေါင်းညိတ်ပြကာ ...

''ဝယ်ရတော့မှာ ပေါ့ကွာ၊ ဦးကျော်ကြီး ...တစ်စောင်လောက် ရောင်းပါ''

ဦးကျော်ကြီးက အောင်နိုင်သူ တစ်ယောက် ၏ အပြုံး ဖြင့် ...

''အေး ...ရောင်းတာပေါ့၊ သြော် ...ဒါနဲ့ ဒီလက်ဖက်ရည်ဖိုးတွေ ပါ ရှင်းသွားကြဦးနော်''

''ဟုတ်ကဲ့ပါ ...ဗျ''

နောက်ဆုံးတော့ ကိုယ်လာစုံစမ်းသည့်ကိစ္စကို ဘာတစ်ခုမှမသိရဘဲ စာစောင်ထပ်ဝယ်ကာ ပြန်ခဲ့ရသည်။ ဒါသည်ပင်မကဘဲ လက်ဖက်ရည်ဖိုးက အဆစ်ကုန်ခဲ့ရသေး၏ ။

ထိုင်နေကျကင်တင်းဆီသို့ လေးယောက် သား ပြန်ခဲ့ကြ၏ ။ လမ်း တစ်လျှောက် ချက်ကြီးခမျာ စာစောင်လေးကိုပင် ဖွင့်မကြည့်ရဲဘဲ ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ကာ တုန်လှုပ်နေပုံရသည်။

သနားစရာ မောင်ချက်ကြီးလေးပါတကား။

ကင်တင်းရောက်တော့ မိုးခက်ကပဲ မဝံ့မရဲ ဖြစ်နေသည့် ချက်ကြီး ထံမှစာစောင်ကို ဆွဲယူလိုက်ရင်း ...

''ပေးစမ်းပါကွာ ...မင်းနဲ့ပတ်သက်တာ ဘာတွေ ပါလဲ ကြည့် ရအောင်''

ပြောရင်းပင် စာစောင်၏ အတွင်းစာမျက်နှာကို လှန်ကြည့်လိုက် သည်။ မျက်စိဝေ့ကာ ရှာကြည့်လိုက်တော့ ချက်ကြီး (ခေါ်) တင်အုံးနှင့် ပတ်သက်သော ကြော်ငြာကိုလည်း တွေ့ လိုက်ရပါ၏ ။

မိုးခက်က ဖတ်ကြည့်ပြီးမှ ဟက်ခနဲ ရယ်လိုက်ရင်း ...

''ကဲ မောင်ချက်ကြီး ...ဒီနေ့တော့ စိတ်ချလက်ချသာ ဖတ်ပေ တော့''

ပြောရင်း စာစောင်ကို ပြန်၍ ပေးလိုက် လေသည်။

Cover

စာဖတ်အပြီးမှာ တော့ ချက်ကြီး တစ်ယောက် ကြီးစွာ သော သက် ပြင်းကို တစ်ကျောင်းလုံးကြားအောင် ချလိုက်လေသည်။

နိုင်ကြီးက စဉ်းစားဟန်ပြု လျက် ...

''တကယ်တော့ ဒီကြော်ငြာထည့်တဲ့လူဟာ မင်းကို သီးသန့် မကျေ နပ်တာလား၊ ဒါမှမဟုတ် နွယ်နွယ်ဦးဘက်က တင်းလို့ မခံချင်လို့လား မသိဘူး''

''မင်းက ဘာ ဖြစ်လို့ အဲလိုပြောနိုင်တာလဲ''

အောင်ဌေး၏ အမေးကို နိုင်ကြီးကပဲ ...

''သြော် ဒီလိုလေ ...ဒီကောင် မာမာဝေနဲ့ပြတ်ပြီး နွယ်နွယ်ဦးကို ချဉ်းကပ်တော့ ဒင်းက သူ့ဘဝမှာ တစ်ခါမှ ရည်းစားမထားဖူးဘူး, ဘာညာ နဲ့ ဖြီးဖြန်းပြီး လူပျိုစင်လေးလို ပြောခဲ့တာကိုး''

''မင်းပြောသလိုဆို ဒီကောင့်အထုပ်ကို အဲဒီ လူက ဖြည်လိုက် တာပေါ့ ...ဒီလိုလား''

''ဒါပဲပေါ့ကွ''

ဟုတ်သော်ရှိ မဟုတ်သော်ရှိ နှစ် ကောင်သား အတိုင်အဖောက်ညီ နေကြသည်။ ချက်ကြီးမှာ တော့ ပြန်လည်ပြင်ဆင်၍ မရသော အပြစ်တစ်ခု လုပ်ခဲ့မိသူလို မျက်နှာငယ်လေးနှင့် ။

မိုးခက်က မျက်နှာတည်ကာ အတန်ကြာငြိမ်သက်နေပြီးမှ စာစောင် ကို ပြန်ယူ၍ ဖတ်နေပြန်သည်။ ပြီး မျက်မှော င်ကြီးလည်း ကုတ်လာပြန်သဖြင့် နိုင်ကြီးက ...

''ဟေ့ကောင် မိုးခက် ...စာစောင်ထဲမှာ ဘာတွေ့ လို့ ငြိမ်ပြီးစဉ်းစား နေတာလဲ''

ထိုအခါမှ မိုးခက်က စာစောင်ကိုပြန်လှန်ကာ ကြော်ငြာတစ်ခုအား လက်ညှိုး နှင့် ထောက်ပြလျက် ...

''ဒီကြော်ငြာကို သေသေချာချာ ဖတ်ကြည့်စမ်းပါ ...ထူးဆန်း နေတယ်လို့ မင်းတို့ မခံစားရဘူးလား''

အားလုံးပဲ မိုးခက်ပြသော ကြော်ငြာကို ဖတ်ကြည့်လိုက်ကြသည်။ တစ်ဆက်တည်း အံ့သြသော မျက်နှာပေးတွေ နှင့် မျက်ခုံးကိုယ်စီ ပင့်လိုက်မိကြ ၏ ။

Cover

''စိတ်တော့ဝင်စားစရာပဲကွ၊ စာစောင်မှာ ဒီလို အလုပ်ခေါ်တဲ့ ကြော်ငြာမျိုး တစ်ခါမှ မတွေ့ ဖူးသေးဘူး''

နိုင်ကြီးစကားအဆုံးမှာ အောင်ဌေးကလည်း ...

''ဟုတ်တော့ ဟုတ်ပါတယ် ...ဒါပေမဲ့ ဒီကြော်ငြာက တမင် စတန့်ထွင်ပြီး ထည့်တဲ့ကြော်ငြာရော မ ဖြစ်နိုင်ဘူးလား''

မိုးခက်က ခေါင်းညိတ်ရင်း ...

''မင်းပြောတာလည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ဒီလို ကျောင်းတက် မပျက်ဘဲ လုပ်လို့ရတဲ့အလုပ်ဆိုတော့ သွားလျှောက်ကြည့်ရင် ကောင်းမလား လို့''

''ဒါ ကတော့ မင်းသဘောပဲလေ၊ ဒီလိုကြော်ငြာလေးတစ်ခုကို မင်း စိတ်ဝင်စားသွားတယ်ဆိုတာတော့ ငါတို့အတွက် ထူးဆန်းနေတယ် မိုးခက်''

အောင်ဌေးအပြောကြောင့် မိုးခက်က ဟက်ခနဲ ရယ်လိုက်ပြီး ...

''ထူးဆန်းမှာ ပေါ့ကွာ ...ဒီကြော်ငြာကိုက ထူးဆန်းနေတာကိုး၊ ပြီးတော့ ဒီကြော်ငြာမှာ ငါ့ကို ဆွဲဆောင်နိုင်စေတဲ့ အချက်တစ်ချက် ရှိသေး တယ်ကွ''

''ဟင် ...အဲဒီ အချက်ဆိုတာက''

''ရှင်းနေတာပဲလေ ...လက်ရှိ ရည်းစားရှိသူ မ ဖြစ်စေရဆိုတဲ့ အချက်ပဲ''

''သြော် ...ဒီလိုလား''

''အေး ...ဒီလိုပဲ''

•••

အခန်း (၃)

ထိုသို့ ဖြင့် ...

မိုးခက်ဦးဆောင်ကာ လေးယောက် သား ဦးကျော်ကြီးကင်တင်းသို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိသွားပြန်သည်။

သူတို့ကိုမြင်မြင်ချင်း ဦးကျော်ကြီး တစ်ယောက် အနည်းငယ်စိတ်ရှုပ် သွားသော ပုံစံဖြင့် ...

''ဟာ ...မောင်ရင်တို့က နောက်တစ်ခေါက် ထပ်ရောက်လာကြ ပြန်ပြီလား၊ ဆိုပါဦး ...ဒီနေ့စာစောင်မှာ ရော ဘာများ မကျေနပ်စရာ ထပ်ပါလာလို့လဲ''

ထိုစကားကြောင့် မိုးခက်က ခေါင်းအသာခါလိုက်ရင်း ...

''မကျေနပ်တာတွေ့ လို့တော့ မဟုတ်ပါဘူး၊ ဒီနေ့စာစောင်မှာ ပါတဲ့ ကြော်ငြာတစ်ခုကြောင့် လာတာပါ''

စကားဆုံးဆုံးချင်းမှာ ပဲ ဦးကျော်ကြီးက ရိပ်စားမိဟန်ဖြင့် ...

''သြော် ...သဘောပေါက်ပြီ၊ အလုပ်ခေါ်တဲ့ကြော်ငြာကို တွေ့ လို့ နဲ့တူတယ်''

''ဟုတ်ပါတယ် ...အဲဒီ ကြော်ငြာကြောင့် ပြန်လာခဲ့တာပါ၊ ကျွန် တော် အဲဒီ အလုပ်ကို လျှောက်ချင်လို့''

ပြောလိုက်သော စကားကြောင့် ဦးကျော်ကြီးက မိုးခက်ကို အစုန် အဆန်ကြည့်ကာ ...

''ဘယ်လို ...မင်းက လျှောက်ချင်လို့ ...ဟုတ်လား''

မိုးခက်က ...

''ဟုတ်ပါတယ် ...အဲဒီ အလုပ်အတွက် ဘာဆက်လုပ် ရမလဲ ဆို တာကိုပဲ ပြောပါ''

ဦးကျော်ကြီးက ဘာမှထပ်ပြောမနေတော့ဘဲ ကောင်တာဆီသို့ ပြန်ထွက်သွားသည်။ ပြီး စာရွက်တစ်ရွက်ယူလာကာ မိုးခက်ကို လှမ်းပေးပြီး

''ရော့ ...အဲဒါ မင်းပြောတဲ့အလုပ်အတွက် လျှောက်လွှာပဲ၊ တကယ်လုပ်ချင်တယ်ဆိုရင်တော့ လျှောက်လွှာမှာ ဖြည့်ပြီး ကိုယ့်ဆီမှာ ပြန် တင်ထားခဲ့''

လက်ထဲရောက်လာသည့် လျှောက်လွှာကို မိုးခက် ကြည့်လိုက် သည်။ တစ်ဆက်တည်း စနစ်တကျလုပ်ထားပါလား ဆိုသည့်အတွေးဖြင့် ပြုံး လည်းပြုံး မိသွား၏ ။ ပြီး ထိုလျှောက်လွှာပါပုံစံအတိုင်း ဖြည့်စွက်လိုက်ပါ သည်။

Cover

မိုးခက်ဖြည့်လိုက်သော လျှောက်လွှာကို သုံးယောက် စလုံး ဝိုင်းကာ ဖတ်လိုက်ကြသေးည်။ မျက်ခုံးအသီးသီးပင့်လိုက်မိကြသော်လည်း ဘာမှတော့ မပြောကြ။

လျှောက်လွှာဖြည့်ပြီးချိန်မှာ တော့ မိုးခက်က တစ်ခေါက် ထပ်ကာ စစ်လိုက်ရင်း ဦးကျော်ကြီးထံသို့ ကမ်းပေးလိုက် သည်။

ဦးကျော်ကြီးက လျှောက်လွှာကို မျက်စိဝေ့ကာပင် ဖတ်မကြည့်ဘဲ သပ်သပ်ရပ်ရပ်ခေါက်ကာ စာအိတ်တစ်အိတ်ထဲသို့ ထည့်၍ ကော်ဖြင့် အသေ ပိတ်ပစ်လိုက်သည်။

ပြီး မိုးခက်ကို ...

''ဒီနေ့ မင်းလိုလာလျှောက်တာတော့ ရှစ်ယောက် လောက် ရှိတယ်၊အဲ ...မင်းကို ခန့်,မခန့်ဆိုတာ ကတော့ မနက်ဖြန် ဒီအချိန်လောက် လာ စုံစမ်းကြည့်ပေါ့ ...ဟုတ်ပြီလား''

မိုးခက် ခေါင်းအသာညိတ်ပြရင်း လှည့်ထွက်လာခဲ့သည်။ လမ်းမှာ ချက်ကြီးက သိချင်လွန်းအားကြီးသည့်ပုံစံဖြင့် ...

''မိုးခက် ...မင်းလျှောက်လွှာမှာ ဘာ ဘာ ဖြစ်လို့ ...''

ချက်ကြီးအမေးစကား မဆုံးခင်မှာ ဘဲ မိုးခက်က အားလုံးကို ကြည့် ကာ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေသည်။

''မင်းတို့ ဘာသိချင်နေကြတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ အဲဒီ မေးခွန်းကို ငါ အခုမဖြေနိုင်သေးဘူး ...ဒါပဲ''

''ဟာ''

•••

အခန်း (၄)

နောက်နေ့မှာ မိုးခက် ကျောင်းနောက်ကျသည်။ အကြောင်းကိစ္စ ထွေထွေထူးထူး ရှိနေလို့မဟုတ်။ တမင်တကာ နောက်ကျခံခဲ့ခြင်း ဖြစ်သည်။ ကျောင်းတော် ကြီးနှင့် ဆရာ၊ ဆရာမ များ အား မလေးစား၍ မဟုတ်ပါ။

တကယ်တော့ မနေ့ကကိစ္စနှင့် ပတ်သက်ပြီး ဟိုသုံးကောင် စောင့်နေ လိမ့်မည် ဟု ယုံကြည်သော ကြောင့် ဖြစ်သည်။ ယုံကြည်ထားသည့်အတိုင်း ထိုင်နေကျကင်တင်းရောက်တော့ စာသင်ခန်းဆီသို့ မသွားနိုင်ဘဲ မိမိကို စောင့်နေသည့် သကောင့်သားသုံးကောင်အား တွေ့ လိုက်ရလေ၏ ။

မိုးခက်က လှစ်ခနဲပြုံး ၍ ဒင်းတို့ဝိုင်းမှာ ပင် ဝင်ထိုင်လိုက်ကာ ...

''မင်းတို့ကို ငါ ပြောစရာရှိတယ်ကွ''

စကားဆုံးဆုံးချင်းပင် ချက်ကြီးက စောင်းငမ်းငမ်း ပြန်ကြည့်လာပြီး ...

''အေး ...ငါတို့လည်း မင်းပြောတာကို ကြားချင်လို့ အတန်း မတက်သေးဘဲ ထိုင်စောင့်နေကြတာ''

မိုးခက်က ခေါင်းတဆတ်ဆတ် အရင်ညိတ်လိုက်သေးသည်။

ပြီးမှ ...

''ငါထင်ပါတယ် ...မနေ့က လျှောက်လွှာမှာ ဖြည့်လိုက်တဲ့ အချက် တစ်ချက်ကို မေးမှာ မဟုတ်လား''

''ဟုတ်တယ်လေ ...မျှော်မှန်းလစာဆိုတဲ့ နေရာမှာ မင်းက ဘာ သဘောနဲ့ ဆယ်သိန်းလို့ ရေး ခဲ့တာလဲ ...ရှင်းစမ်းပါဦး''

မအောင့်နိုင်တော့သည့်ပုံစံဖြင့် နိုင်ကြီးက ဝင်မေးလိုက်ခြင်း ဖြစ် သည်။ မိုးခက်ကလည်း ခပ်တည်တည်ပင် ပြန်ပြောလိုက်၏ ။

''ရှင်းနေတာပဲလေကွာ ...တကယ် ဆယ်သိန်းလိုချင်လို့ မျှော် မှန်းလစာ ဆယ်သိန်းလို့ ရေး လိုက်တာပါ''

''အေး ...အဲဒါကိုပဲ ငါတို့က မရှင်းတာကွ၊ မင်းကွာ ...အဲဒီ ကြော်ငြာဟာ နောက်ပြီးထည့်တာမဟုတ်ဘဲ တကယ်ဆိုရင်တောင် လစာက ဆယ်သိန်းပေးမလားကွ''

''ဟုတ်တယ်လေ ...တကယ်အလုပ်ခန့်ရင်တောင် ဒီကျောင်းထဲ မှာ ပဲ လုပ်ရမယ့်ဟာကို''

ချက်ကြီးနှင့် အောင်ဌေးက အတိုင်အဖောက်ညီညီ ဝေဖန်လာသည်။ နားသယ်စပ်ကို လက်ညှိုး လေးနှင့် ကုတ်ရင်း မိုးခက်က ...

''ပေးတာ မပေးတာက သူ့ကိစ္စလေကွာ၊ ငါ့ဘက် ကတော့ ငါလိုချင်တာကို ရေး ရမှာ ပဲလေ၊ မင်းတို့ကလည်း ဘာမှ ရေရာမှု မရှိတဲ့ကိစ္စကိုမှ အရေး ထားနေကြတယ်၊ သောက်စရာရှိတာ သောက်၊ ပြီးရင် အတန်းသွား တက်ရအောင်''

သုံးယောက် စလုံး ဘာမှ စောဒကမတက်ြ ကတော့ဘဲ စားသောက် ခြင်းအမှု ကို လက်စသတ်လိုက်ကြသည်။ ပြီး လေးယောက် သား အတန်း တက်ရန် ခပ်သုတ်သုတ် ထွက်လာခဲ့ကြ၏ ။

နေ့လယ်ထမင်းစားချိန်အထိ အားရပါးရ စာသင်လိုက်ကြသည်။ ဆရာ၊ ဆရာမ တွေ ကလည်း အသင်အပြ ကောင်းသည်ကိုး။

''မင်းတို့ ကင်တင်းမှာ ပဲ ရှိမှာ မဟုတ်လား၊ ငါ နွယ်နွယ့်ဆီ လစ်လိုက် ဦးမယ်၊ စားပြီးမှပဲ မင်းတို့ဆီလာတော့မယ်ကွ''

''အေး အေး ...ချက်ကြီး ...ထမင်းပဲ စားခဲ့နော်''

နိုင်ကြီးက စလိုက်သဖြင့် ချက်ကြီး တွန့်ခနဲ ဖြစ်သွားရပြီး ...

''အောင်မာ ...ငါက ထမင်းမစားလို့ ဘာစားရမှာ လဲ၊ မင်းတို့ ကောင်တွေ ဟာလေ ရည်းစားမထားဖူးမှန်း သိပ်သိသာတာပဲ''

''ဟမ် ...ဘာ ဖြစ်လို့''

''ဘာ ဖြစ်ရမှာ လဲ ...ငါ့ကို မနာလို ဖြစ်နေကြတာပေါ့''

ထိုသို့ အပေါ်စီးကပြောကာ ချက်ကြီး တစ်ယောက် ကော့လန် ကော့လန်နှင့် ထွက်သွားလေတော့၏ ။

မိုးခက်က လှမ်းကြည့်ရင်း ...

''ဒီကောင်ပြောတာလည်း ဟုတ်သလိုလိုပဲကွ၊ မင်းတို့မှ ရည်းစား မထားဖူးတာကိုး၊ ခုပဲ ချက်ကြီးကိုကြည့် ...နာမည် ကသာ ချက်ကြီး၊ ဒီနှစ် ထဲမှာ ရည်းစားက နှစ် ယောက် တောင်ထားပြီးပြီ၊ ဘာပဲပြောပြော ကျောင်းမှာ စားရေး သောက်ရေး အတွက်တော့ ဒီကောင် အဆင်ပြေနေတာ မင်းတို့အမြင်ပဲ''

အောင်ဌေးက ဆတ်ခနဲကြည့်လာသည်။ ပြီး ...

''ငါတို့ကို လာပြောမနေနဲ့ မိုးခက်၊ မင်းကော ချက်ကြီးလို အ ဖြစ်ရှိ လို့လား''

''ဟေ့ကောင် ...ငါက မထားချင်လို့ မထားတာကွ၊ မင်းတို့ကျ တော့ ကြို က်မယ့်မိန်းကလေးကို မရှိတာ၊ ကွာခြားချက် ကတော့ အဲဒါပဲ''

နှစ် ကောင်စလုံး ပါးစပ်ပိတ်သွားကြ၏ ။ ဟုတ်သည်လေ၊ ကျောင်း မှာ မိုးခက်ကိုစိတ်ဝင်စားသော မေဂျာတူကောင်မလေး သုံးယောက် လောက် ရှိသည်။ ဒါသည်ကိုပင် မိုးခက်ဆိုသော ငတိက ပြန်စိတ်မဝင်စား။ တစ်ပြန်ကြီး အင်တင်တင်လုပ်ခဲ့သည်။ နောက်တော့ ထိုကောင်မလေးတွေ လည်း မိုးခက်ကိုစောင့်မနေဘဲ အချိန်ကိုတန်ဖိုးရှိအောင် အသုံးချပြီး ရည်းစားကိုယ် စီ ရသွားကြသည်။ ထိုသို့ ထိုပုံ အ ဖြစ်အပျက်တွေ ရှိခဲ့သော ကြောင့် ခုချိန်မှာ မိုးခက်က တင်တင်စီးစီး ပြောလာခြင်း ဖြစ်၏ ။

ခုလည်း ငြိမ်နေကြရင်း နိုင်ကြီးက အရင်သတိရဟန်ဖြင့်

''ဟာ ဟေ့ကောင် ...မင်း ဦးကျော်ကြီးကင်တင်းကို မသွား ဘူးလား၊ ဟိုကိစ္စကို ဒီနေ့လာစုံစမ်းလို့ ပြောထားတာလေ''

စကားအဆုံးမှာ မိုးခက်က ဟက်ခနဲရယ်ရင်း ...

''မသွားတော့ပါဘူးကွာ၊ မင်းတို့ကို မနက်က ငါနောက်ပြီး ပြော နေတာကွ၊ တစ်ဖက်က နောက်တာမဟုတ်ဘဲ တကယ် အလုပ်ခေါ်တယ်ဆို ရင်တောင် ငါ ရေး ခဲ့တဲ့လျှောက်လွှာနဲ့က ဘယ်အဆင်ပြေပါ့မလဲ၊ အဲဒီ ကြော် ငြာက ထူးထူးဆန်းဆန်းမို့ ငါလည်း ထူးဆန်းတာလေး ပြန်လုပ်ခဲ့တာ ...ဒီလောက်ပဲ''

''မင်းကွာ ...ဘာကောင်မှန်းကို မသိဘူး''

အောင်ဌေးက စူပွပွ ရေရွတ်လိုက်၏ ။ ဟုတ်တော့လည်း ဟုတ် သည်။ တစ်ခါတလေ မိုးခက်ဆိုသော ကောင်က ဘာကောင်မှန်းမသိ။ နိုင်ငံ သားလက်မှတ်နှင့် ကျောင်းသားကတ်တို့ကို ပူးတွဲကိုင်ထားသော မြန်မာ ပြည်ဖွား တက္ကသိုလ်ကျောင်းသားမှန်းတော့ သိသည်။ မသိသည်က တစ်ခါ တလေ ဒင်းလုပ်တတ်သော အူကြောင်ကြောင်၊ ပေါက်တတ်ကရ၊ ညစ်ကျယ် ကျယ်လုပ်ရပ်များ ဖြစ်၏ ။

ခုလည်း ရပ်စကားပြောနေကြရင်း မိုးခက်ကပဲ ...

''ကင်တင်းသွားရအောင်လေကွာ၊ ရပ်ပြီး ဘာလုပ်နေကြတာလဲ''

''သြော် ...အေး အေး''

သုံးယောက် သား ထိုင်နေကျကင်တင်းဆီ ချီတက်လိုက်ကြသည်။ သို့ သော် လမ်းမှာ ...

''ဟေ့ ဟေ့ မိုးခက် ...ခဏလေး''

ခေါ်သံကြောင့် ကြည့်လိုက်တော့ အတန်းထဲမှ အသိကျောင်းသား တစ်ယောက် ကို တွေ့ လိုက်ရ၏ ။

ထိုကျောင်းသားကပဲ မိုးခက်ကို ...

''မိုးခက် ...မင်း ဦးကျော်ကြီးကင်တင်းကို မသွားဘူးလား''

မိုးခက် ကြောင်သွားရပြီး ...

''ဟင် ...ဘာ ဖြစ်လို့လဲ၊ ငါတို့က ထိုင်နေကျကင်တင်းမှာ ပဲ ထိုင် တာလေ''

စကားအဆုံးမှာ ထိုကျောင်းသားက လေပူမှု တ်ကာ ခေါင်းကုတ် လိုက်ရင်း ...

''ဟူး ...ဒါဆို မင်း စာစောင်မဖတ်ရသေးဘူးနဲ့တူတယ်၊ ရော့ ...ဖတ်ကြည့်လိုက်ဦး''

ပြောပြောဆိုဆိုပင် သံယောဇဉ်နေ့စဉ်စာစောင်ကို သူ့အိတ်ထဲမှ ထုတ်ပေးလာသည်။

မိုးခက် အူကြောင်ကြောင်နှင့် ဆွဲယူကာ လှန်လှောကြည့်တော့...

''ဟင်''

ငါးဆယ်ရာခိုင်နှုန်းလောက် အံ့သြသွားရ၏ ။

Cover

•••

အခန်း (၅)

''ရော့ မိုးခက် ...ဒါက မင်းကို ကြော်ငြာရှင်ပေးထားတဲ့ စာအိတ် ပဲ''

ကင်တင်းထဲရောက်ရောက်ချင်း ဦးကျော်ကြီးက စာအိတ်ရှည်တစ် အိတ် လှမ်းပေးလာသည်။ မိုးခက်က လှမ်းယူရင်း ...

''အထဲမှာ ဘာတွေ ရေး ထားတာလဲဗျ''

ဦးကျော်ကြီးက မျက်မှော င်တွန့်ကာ ခေါင်းခါလိုက်ပြီး ...

''ဟ ...ငါ ဘယ်သိမလဲကွ၊ ကြော်ငြာရှင်က မင်းနာမည် တပ် ပြီး ပို့လိုက်တာလေ၊ စာအိတ်ကလည်း ပိတ်ထားတာ၊ အဲ ...အပွင့်ဆိုရင် တောင် ငါ ဖတ်ကြည့်မှာ မဟုတ်ဘူး''

တိကျပြတ်သားစွာ ရှင်းပြလာသည်။ မိုးခက်က ဘာမှမပြောဘဲစာအိတ်ယူကာ လှည့်ထွက်ရန် ဟန်ပြင်လိုက်သည်။ ထို အမူအရာကြောင့် ဦးကျော်ကြီးက ချက်ချင်း ပဲ ...

''ခဏလေးကွ ...မင်း အဲဒီ စာကို ဒီမှာ ဖတ်မှ ဖြစ်လိမ့်မယ်''

''ဗျာ ...ဘာ ဖြစ်လို့လဲ''

''သြော် ...ကိစ္စရှိသေးလို့ပေါ့ကွာ၊ ကိုယ်ပြောသလိုသာ လုပ် စမ်းပါ''

မိုးခက်က သက်ပြင်းချရင်း ချက်ကြီးတို့ကိုကြည့်လိုက်သည်။ ထို လဒတွေ ကလည်း သူတို့ကိုယ်သူတို့ နိုင်ငံခြားဇာတ်ကားတွေ ထဲမှ ဇာတ်လိုက် တွေ ဟု ထင်နေလားမသိ။ ကိုယ်စီ ပခုံးတွန့်ပြလာသည်။

ထို့ကြောင့် ဘာမှထပ်ပြောမနေတော့ဘဲ နီးစပ်ရာခုံမှာ ဝင်ထိုင်ရင်း စာအိတ်ကိုဖွင့်ဖောက်ကာ ဖတ်ကြည့်လိုက်၏ ။

စာရွက်ဖြူ ဖြူ ပေါ်မှာ စာလုံးမည်းမည်းလေးတွေ ကို အရင်တွေ့ လိုက် ရသည်။ စာဆိုမှ စာရွက်ပေါ်မှာ စာလုံးမတွေ့ လို့ နင့်ကြီးတော် တွေ့ ရမှာ လားဟု မကောကြပါနှင့် ။ ရှင်းပြပါမည် ။ ဆိုလိုချင်တာက (ဗ၄) စာရွက် ပေါ်တွင် ကွန်ပျူ တာဖြင့် စာစီထားသော (ဝ.၁၄) အရွယ်အစားရှိ စာလုံး မည်းမည်းတွေ ကို တွေ့ လိုက်ရခြင်း ဖြစ်၏ ။ ပြောရတာ လည်း လက်ညောင်း အဲ ...ရှုပ်သည်။

မိုးခက်က ထိုစာကို မျက်စိနှစ် လုံးဖြင့် ဖတ်လိုက်ပါပြီ။ ထိုသို့ ဆို၍ မျက်လုံးနဲ့မဖတ်လို့ ခြေမျက်စိနဲ့ ဖတ်မှာ လားဟု စောဒက မတက်ကြပါနှင့် ။ လက်ညောင်း၍ မရှင်းချင်တော့ပါ။

ရေး ထားသော အဲ ...ရိုက်ထားသော စာသားတွေ ကတော့ ...

သို့

မောင်မိုးခက်

မောင်မိုးခက်၏ မျှော်မှန်းလစာနှင့် ကျွန်ုပ်တို့အပ်မည့်  အလုပ်က တန်ရာတန်ကြေးညီမျှသည်ဟု ယူဆမိသဖြင့် ယခုအလုပ်အတွက် မောင်မိုး ခက်ကို ခန့်လိုက်ပါသည်။

သို့ သော် အလုပ်နှင့် ပတ်သက်သော စည်းကမ်းချက်များ ကိုလည်း မောင်မိုးခက်အား ကြို ၍ အသိပေးထားချင်ပါသည်။

၁။ ဤအလုပ်သည် ကျောင်းချိန်အတွင်း၌ သာ ဖြစ်သည်။

၂။ ဥပဒေနှင့် ငြိစွန်းသော ၊ မသမာသော အလုပ် မဟုတ်ပါ။

၃။ အလုပ်တာဝန်သည် (၂) လတိတိ ဖြစ်ပြီး ပြီးဆုံးအောင် လုပ်ပေး ရမည် ။

၎။ အကယ်၍ ပြီးဆုံးအောင်မြင်အောင် မလုပ်နိုင်ပါက ကျွန်ုပ်တို့ တောင်းဆိုသော လျော်ကြေး (ငွေမဟုတ်ပါ) ကို ပြန်ပေးရမည် ။

၅။ ဤအလုပ်ကိစ္စ အပြင်သို့ ပေါက်ကြားပါကလည်း အထက်ပါ နံပါတ် (၄) အချက်အတိုင်း လက်ခံပေးရမည် ။

၆။ ကျွန်ုပ်တို့ မည် သူမည် ဝါဆိုသည်ကို မစုံစမ်းရ။

အထက်ပါစည်းကမ်းချက်များ အား သဘောတူလက်ခံပါက အလုပ် ဖြစ်ပြီဟုယူဆပြီး ဤစာရွက်တွင် လက်မှတ်ထိုး၍ ဦးကျော်ကြီးကင်တင်းတွင် ပြန်ထားခဲ့လိုက်ပါ။

အကယ်၍ မလုပ်လိုပါကလည်း ယခုစာပါ အကြောင်းအရာတွေ အား မေ့လိုက်၍ စာကို ပြန်ထားခဲ့ပေးပါ။

ဒီလောက်ပါပဲ။

စာဖတ်အပြီး မိုးခက် မျက်ခုံးပင့်လိုက်မိသည်။ စာအောက်ဘက် မှာ တော့ ပေးပို့သူ၏ နာမည် (သို့ ) သင်္ကေတ တစ်ခုမှမပါချေ။ အလုပ် လက်ခံသူ လက်မှတ်ထိုးရမည့် နေရာဟု ရေး ထားသည့် နေရာကွက်လပ် ကလေးသာ ပါသည်။ အကယ်၍ ဒီအလုပ်ကို လက်ခံပါက ထိုနေရာမှာ ကိုယ်ကပဲ လက်မှတ်ထိုးရမည့် သဘော ဖြစ်သည်။

ရုတ်တရက် မိုးခက် ဘာလုပ်ရမည် မှန်းမသိ။ အတော် ကြီးကို ခေါင်း စားသွားသည်။ အလုပ် ကတော့ အပ်နေပြီ။ ကိုယ်လက်မှတ် ထိုးလိုက်ရုံ လေးနှင့် လည်း ပြီးပြီ။

သို့ သော် စဉ်းစားရသေး၏ ။ တစ်ဖက်လူက ဤအလုပ်သည် လစာ (၁ဝ) သိန်းနှင့် တန်သည်ဟု ဆိုသည်။ ပြီး ဥပဒေနှင့် ငြိစွန်းသော ၊ မသမာသော အလုပ်လည်း မဟုတ်တဲ့။ နောက် ကျောင်းချိန်အတွင်းမှာ ဟုလည်း ဆိုထား သေးသည်။ ထိုဘောင်တွေ ထဲမှာ (၁ဝ) သိန်းတန်သော အလုပ်သည် ဘာ အလုပ်များ ဖြစ်နိုင်သနည်း။

ဘယ်လိုမှ စဉ်းစားမရတော့။ ကိစ္စက မထင်မှတ်ဘဲ ကြီးကျယ်လာ လေပြီ။

ထိုစာကို သူနှင့် အတူ ဖတ်မိကြသော ချက်ကြီးတို့ကို ကြည့်ကာ မိုးခက်က ...

''မင်းတို့ကော ဘယ်လိုထင်ကြလဲကွ ...ဟေ''

ဘာမှ ပြန်မဖြေကြသေးဘဲ သကောင့်သားတွေ က တစ်ယောက် မျက်နှာ တစ်ယောက် မမြင်ဖူးကြသလို အရင်ကြည့်လိုက်ကြသေးသည်။ ပြီးမှ ချက်ကြီးက အရင် လေပူတစ်ချက်မှု တ်၍ ...

''မပြောတတ်တော့ဘူး မိုးခက်ရာ ...ဒီလို ဖြစ်လာဖို့ဆိုတာ ထင် မထားတော့''

ချက်ကြီးစကားဖြတ်လိုက်သဖြင့် မိုးခက်က နိုင်ကြီးနှင့် အောင်ဌေး ကို ထပ်ကြည့်လိုက်၏ ။ နိုင်ကြီးကလည်း ...

''ဟုတ်တယ်မိုးခက် ...ငါလည်း ချက်ကြီးပြောသလိုပဲကွာ''

နောက်ဆုံးမှ ထွက်လာသော အောင်ဌေး၏ စကားကလည်း အားရ ဖွယ်မရှိ။ အချည်းနှီးပင်။

''မင်းဟာမင်း ကြို က်သလိုသာ ဆုံးဖြတ်တော့ မိုးခက်ရာ ...ငါ လည်း မပြောတတ်တော့ဘူး''

စကားတွေ ကတော့ အားရစရာကောင်းလှသည်။ မေးမိသော ကိုယ့်ပါးစပ်ကိုယ်ပဲ ရိုက်ချင်စိတ်ပေါက်သွားရ၏ ။

ထိုသော အတွေးနှင့် မိုးခက် အနည်းငယ်တင်းသွားကာ ...

''နေကြစမ်းပါဦးကွ ...မင်းတို့က ငါ့ကို အကြံပေးတာလည်း မဟုတ်, ကန့်ကွက်တာလည်း မဟုတ်, တိုက်တွန်းတာလည်း မဟုတ်ဘူး ဆိုတော့ ဘာတွေ လဲကွ ...ဟေ''

ထိုသို့ ငေါက်ငမ်းလိုက်ပြန်တော့လည်း သုံးယောက် စလုံးက မျက်နှာ လေးတွေ ငယ်ပြလာပြီး ...

''ဒီလိုကွာ ...ငါတို့က တော် ရုံကိစ္စတွေ မှာ တောင် မင်းလောက် မတွေးတတ်တော့ ငါတို့ပေးလိုက် တဲ့အကြံဟာ မှားသွားမှာ စိုးလို့ကွ''

အောင်ဌေးစကားအဆုံးမှာ ချက်ကြီးကလည်း ...

''ဟုတ်တယ်မိုးခက် ...ငါတို့ရဲ့ တစ်ယောက် တစ်ပေါက် အကြံတွေ က မင်းစိတ်ကို ဝေဝါးသွားလိမ့်မယ်''

''အဲဒါကြောင့် မင်းဟာမင်းဆုံးဖြတ်လို့ ပြောတာ၊ အဲ ...ကောင်း တာပဲ ဖြစ်လာလာ, ဆိုးတာပဲ ဖြစ်လာလာ ငါတို့ မင်းနဲ့အတူ မျှဝေခံစားမယ် ကွာ၊ အဲဒါတော့ ကတိပေးတယ်''

''အေး ...ငါတို့လည်း အတူတူပဲ''

နောက်ဆုံးစကား ကတော့ မိုးခက်ရင်ထဲထိ ရောက်သွားတာ အမှန်ပဲ ဖြစ်သည်။ ဒီကောင်တွေ ဆိုးတူကောင်းဖက်ရှိနေမှတော့ စွန့်စားကြည့်လိုက် တာကောင်းမည် ဟု မိုးခက် တွက်လိုက်၏ ။

ထိုသော အတွေးနှင့် ဆုံးဖြတ်ချက်တစ်ခုကို ရဲရဲလင်းလင်း ချလိုက် ကာ ...

''အေး ...ဒီလိုဆိုရင်တော့ ငါလည်း လက်မှတ်ထိုးလိုက်ပြီကွာ''

ပြောရင်းပင် ထိုစာရွက်အောက်ဘက်ကနေရာမှာ လက်မှတ်ထိုးချ လိုက်၏ ။

ပြီး ထိုစာရွက်ကို ဦးကျော်ကြီးထံ ကမ်းပေးလိုက် သည်။ ဒီတစ်ခါ တော့ ဒင်းကြီးက စာရွက်ပေါ်က မိုးခက်၏ လက်မှတ်ကို သေသေချာချာ ကြည့်ပြီး ခေါင်းကလေးညိတ်ကာညိတ်ကာ လုပ်လျက် ...

''သြော် ...မင်းက ဒီအလုပ်ကို လက်ခံလိုက်ပြီပေါ့''

''ဟုတ်ပါတယ်''

''အေး ...အဲလိုဆိုရင်တော့ မင်းကို ဒီစာအိတ်ထပ်ပေးရလိမ့် မယ်၊ ရော့ ...ယူပြီးပြန်တော့။ အကြောင်းရှိရင် စာစောင်ထဲကနေ ဆက် သွယ်လိမ့်မယ်''

ပြောပြောဆိုဆို စာအိတ်တစ်အိတ် ထုတ်ပေးလာပြန်သည်။ ဒီ တစ်ခါစာအိတ် ကတော့ အနည်းငယ်ကြီးသည့် အညို ရောင် စာအိတ် ဖြစ်၏ ။ ပြီး ပြန်တော့ဟု ပြောနေသည်မို့ ထိုစာအိတ်ကိုယူကာ သူတို့လည်း ထွက် လာခဲ့ကြသည်။

တိုင်ပင်စရာမလိုဘဲ ထိုင်နေကျကင်တင်းဆီသို့ ပြန်လာခဲ့ကြ၏ ။ ကင်တင်းရောက်တော့ မိုးခက်က ထိုစာအိတ်ကို စားပွဲပေါ် ပစ်တင်လိုက် သည်။

နိုင်ကြီးက ထိုစာအိတ်ကိုကြည့်ကာ ...

''အထဲမှာ ဘာတွေ ပါလဲတော့မသိဘူးနော်၊ မင်းကိစ္စကြီးက ထူး ဆန်းနေတယ်''

ချက်ကြီးကလည်း ...

''အေးလေ ...တွေးကြည့်ရင်တောင် ကြောက်သလိုလို, ရင်ခုန် သလိုလိုနဲ့ ငါ့စိတ်ထဲ ချေးပါချင်သလိုလို, သေးပေါက်ချင်သလိုလိုတောင် ဖြစ်တယ်''

ဘာမှလည်း မဆိုင်ချေ။ သို့ သော် ချက်ကြီးပါးစပ်က ချေးစကား ထွက်သည်မှာ လည်း ဘာမှမဆန်း။

မိုးခက် ကတော့ ခပ်တည်တည်ဟန်ဖြင့် ...

''ဘာပါပါပေါ့ကွာ ...အလုပ်လက်ခံပြီးမှတော့ ဘာ ဖြစ် ဖြစ် လုပ် ရတော့မှာ ပေါ့''

ပြောရင်း စာအိတ်ကို ဆတ်ခနဲယူကာ ဗြိခနဲဖြဲ၍ ဆွဲဖွင့်လိုက်လေ သည်။ ပြီး အထဲမှာ ရှိသည့်အရာတွေ ကို စားပွဲပေါ် သွန်ချလိုက်၏ ။

''ဟင်''

''ဟာ''

''အို''

''အဲ''

ပါးစပ်အသီးသီးမှ မတူသော အာမေဍိတ်တွေ ထွက်သွားကြ၏ ။ စာအိတ်ထဲမှ ထွက်လာသော အရာတွေ သည် ...

- ချက်လက်မှတ်တစ်စောင်

- မှော က်ခုံမှော က်နေသည့် ဓာတ်ပုံလေးတစ်ပုံ

- စာရွက်ခေါက်နှစ် ခု

ဒါတွေ ပဲ ဖြစ်သည်။ ဘယ်သူမှ မတို့မထိရဲသေးဘဲ ထိုအရာတွေ ကို ကြောင်ငေးကြည့်နေစဉ် မိုးခက်က စာရွက်ခေါက်တစ်ခုကို ဖြည်ဖွင့်ကြည့်လိုက် ၏ ။

ငါးသိန်းတန်ချက်လက်မှတ်က အလုပ်အတွက် စရန်ပါ။ ဓာတ်ပုံ ထဲက ကောင်မလေးရဲ့ နာမည် က မေဇွန်မိုး။ သူ့သူငယ်ချင်းတွေ က ဇွန်ဇွန် လို့လည်း ခေါ်ပါတယ်။ နောက်စာရွက်ခေါက်တစ်ခုထဲမှာ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပါပါတယ်။ ဒီပထမလမှာ လုပ်ပေးရမှာ က သင့်အနေနဲ့ မေဇွန်မိုးနဲ့ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်အောင် ကြိုး စားဖို့ပါပဲ။ တာဝန်ကျေမယ်လို့ ယုံကြည်ပါတယ်။

စာ ကတော့ ဒီလောက်ပဲ ဖြစ်သည်။ မိုးခက်ပင် အူတူတူ ဖြစ်သွားရပြီး ထိုစာကို ချက်ကြီးတို့ဆီသို့ ကမ်းလိုက်၏ ။

သကောင့်သားတွေ က ထိုစာကို အလုအယက် ဝိုင်းဖတ်ကြပြီး ချက်ကြီးကအရင် အံ့သြသံနှင့် ...

''ဟ ...ဘာလဲကွာ၊ တစ်လအတွင်း ကောင်မလေး တစ်ယောက် ကို သူငယ်ချင်း ဖြစ်အောင် ကြိုး စားဖို့အတွက် ငွေဆယ်သိန်းတောင် ပေး တယ်၊ အဲဒီ လူ ရူးများ ရူးနေလား မသိဘူး''

''အေးလေကွာ''

ထိုစကားသံတွေ ကို ဂရုမစိုက်နိုင်အားဘဲ ရှေ့မှာ မှော က်ခုံ မှော က် နေသည့် ဓာတ်ပုံလေးကို ယူကာ ဖျတ်ခနဲ လှန်ကြည့်လိုက်မိသည်။

''ဟင်''

ကြည်စင်လှပသော ကောင်မလေး တစ်ယောက် ၏ ကိုယ်တစ်ပိုင်း ပြတ်ပုံလေး ဖြစ်သည်။ ဓာတ်ပုံထဲမှာ တစ်ပိုင်းပြတ်နေသော်လည်း အပြင်မှာ တော့ တစ်ကိုယ်လုံးအပြည့်ရှိမည် ဆိုတာ သေချာလှ၏ ။

မည် သို့ ပင် ဖြစ်စေ ထိုဓာတ်ပုံလေးကို ကြည့်ပြီး မိုးခက် ခဏတော့ မှင်တက်သွားရသည်။ ချက်ချင်း ကြီး ဓာတ်ပုံပိုင်ရှင်၏ အလှမှာ မျောကာ ရင်ခုန်စိတ်လှုပ်ရှားသွားတာမျိုး မဟုတ်ချေ။ မဆိုးပါဘူး လှသားပဲဟု တွေးလိုက်မိခြင်းသာ ဖြစ်၏ ။

''မိုးခက် ...ဓာတ်ပုံဆိုတာကို ပြစမ်းပါဦး''

ချက်ကြီးစကားကြောင့် ဓာတ်ပုံကို လှမ်းပေးကာ ထိုဓာတ်ပုံထဲက ကောင်မလေး (မေဇွန်မိုး) ၏ အကြောင်းအရာတွေ ပါသော စာရွက်ခေါက်ကို ထပ်ကာယူကြည့်လိုက်၏ ။

စာထဲမှာ ပါသော အကြောင်းအရာတွေ ကတော့ သာမန် ခေတ် မိန်းကလေး တစ်ယောက် နှင့် သိပ်မခြားနားသည့်အကြောင်းအရာတွေ ပဲ ဖြစ် သည်။ အနီးစပ်ဆုံးပြောရလျှင် ကိုယ်ရေး ရာဇဝင်အကျဉ်းဆိုတာမျိုး ဖြစ်၏ ။

ထိုစာရွက်ကို ဖတ်ပြီးချိန်မှာ တော့ မိုးခက် ပခုံး အသာတွန့်လိုက်မိ သည်။ ခိုင်းသည့်လူ ကတော့ ဘာရည်ရွယ်ချက်ရှိသည်မသိ။ မေဇွန်မိုး၏ အကြောင်းအရာတွေ ကိုတော့ အတော် များများ အသိပေးထားသည်။ ဒါ သည်ကပင် သူ့အတွက် လွယ်ကူအောင်လားဟု မိုးခက် တွေးမိသေး၏ ။

ဘေးမှ ဟိုကောင်တွေ ကလည်း မိုးခက်ဖတ်သမျှ အကုန်လိုက် ဖတ်ပါသည်။ အားလုံးပြီးသွားချိန်မှာ တော့ မိုးခက်က စာအိတ်ထဲမှ ထွက် လာသော အရာများ ကို စာအိတ်ထဲသို့ အကုန်ပြန်ထည့်လိုက်၏ ။

မိုးခက်၏ အပြု အမူကိုကြည့်ကာ ချက်ကြီးက ...

''ဘယ်လိုလဲ မိုးခက် ...စာအိတ်ပြန်ပိတ်ပြီး ဦးကျော်ကြီးဆီ ပြန်သွားပေးမလို့လား''

မိုးခက်က စူးခနဲ ပြန်ကြည့်လိုက်သည်။ ပြီး ...

''ဘယ်ကလာ ...မင်းတို့သုံးယောက် ကို ဘယ်လိုတာဝန်ခွဲပြီး ခိုင်းရင် ကောင်းမလဲလို့ စဉ်းစားနေတာကွ''

''ဟာ ...ဒီကောင်တော့''

''မဟာနဲ့ချက်ကြီး ...ဟာရင်လည်း တစ်ခုခုစားလိုက်လေ၊ မင်းတို့ အားရှိမှ အလုပ်လုပ်နိုင်မှာ မဟုတ်လား''

''အေပေး မိုးခက်''

အားလုံးပဲ မိုးခက်ကို ဝိုင်းဆြဲ ကတော့၏ ။ မိုးခက် ကတော့ သူငယ် ချင်းတွေ ၏ ပို့သသော မေတ္တာကို ခံယူကာ မနက်ဖြန် ဘယ်လိုလုပ်ငန်းစရင် ကောင်းမလဲဟု မျက်မှော င်ကြု တ်၊ အံကြိတ်ရင်း စဉ်းစားနေလိုက်သည်။

ဒါမှပဲ အကြံက ထွက်မည် လေ။

သူ့ပုံစံကိုကြည့်ကာ ချက်ကြီးပြောလိုက်သော စကားကြောင့် မိုးခက် တစ်ယောက် နင်သွားရသေးသည်။

''မိုးခက် ...မင်း ဗိုက်နာနေရင်လည်း ချေး သွားပါလေကွာ၊ မင်း မျက်နှာကြီးကြည့်ရတာ တင်ပါးက ကြွက်သားတွေ ကို အသားကုန် ကျုံ့ထား ရတဲ့ပုံစံမျိုး ဖြစ်နေတယ်ကွ''

တောက် ...ချက်ကြီး ကတော့ လုပ်ချလိုက်ပြန်လေပြီ။ ပြောပုံကို က အကြံမထွက်ဘဲ ဟိုဟာထွက်ရတော့မည့် ပုံစံမျိုး။

•••

အခန်း (၆)

ဒီမနက် ကျောင်းဝင်းထဲခြေချပြီး ငါးမိနစ်လောက်အကြာမှာ ပဲ မေ ဇွန်မိုး စိတ်ရှုပ်ရတော့သည်။ ရုတ်တရက် ဖိနပ်က ပြတ်သွား၍ မဟုတ်။ ထို့ပြင် စကတ်လည်း နှစ် ထပ်မှားပြီး ဝတ်လာမိခဲ့၍ မဟုတ်ပါ။

အ ဖြစ်က ဒီလို ...။

ကျောင်းထဲရောက်ရောက်ချင်း ကိုယ့်အတွေးနှင့် ကိုယ် ဘေးဘီဝဲ ယာကိုပင် မကြည့်ဘဲ မော်ဒယ်ကဲ့သို့ တည့်မတ်စွာ လျှောက်လာခဲ့ပါသည်။ စိတ်ထဲမှာ လည်း မနက်က မေမေထပ်ဖွင့်လိုက်သော ဓာတ်ပြားဟောင်းကြီး အကြောင်းလည်း ပါ၏ ။

ထိုသို့ စိတ်ရှုပ်စွာ ကိုယ့်အာရုံနှင့် ကိုယ် လျှောက်လာစဉ်မှာ ပဲ ...

''မမေဇွန်မိုး မမေဇွန်မိုး''

ကိုယ့်နာမည် ကို အတိအကျ တပ်ခေါ်လာသော ကြောင့် မေဇွန်မိုး ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်။

''မမေဇွန်မိုး ...ခဏ ခဏ''

အသံနှင့် အတူ သူမထံသို့ ခပ်သွက်သွက်လှမ်းလာသော လူတစ် ယောက် ကို တွေ့ လိုက်ရသည်။ မေဇွန်မိုး မျက်ခုံးနှစ် ဖက် အကြောတင်းသွား ၏ ။ ထိုဝက်ပေါင်ခြောက်နှင့် တူသော လူကို သူမ မသိချေ။

ထိုအချိန်မှာ ပဲ ထိုဝက်ပေါင်ခြောက်က သူမအနီးသို့ ရောက်လာကာ ...

''မမေဇွန်မိုး ...မိုးခက် တစ်ယောက် ရောဟင်''

မေဇွန်မိုး ကြောင်သွားရ၏ ။ သို့ သော် ချက်ချင်း ပဲ မျက်နှာထားကို ပြန်တင်းလိုက်ပြီး ...

''ရှင် ဘာတွေ လာပြောနေတာလဲ ...ရှင့်ကို ကျွန်မ မသိဘူး''

''ဟုတ်ပါတယ် ...မသိပါဘူး၊ ကျွန်တော့် နာမည် က တင်အုံးပါ၊ ဒါနဲ့ မိုးခက် တစ်ယောက် ဘယ်သွားလဲလို့''

''ဘာ ...မိုးခက် ...ဟုတ်လား၊ ဘယ်က မိုးခက်လဲ ...မသိ ဘူး''

တင်အုံးဆိုသူက ခေါင်းကုတ်တော့သည်။ ကုတ်ရင်းပင် စကားက ပြောနိုင်သေး၏ ။

''မိုးခက် ကတော့ ကွို င်ပဲကွာ၊ ဒီလို မဇွန်မိုးရဲ့ ...ကျွန်တော့် သူငယ် ချင်းမိုးခက်က ဒီမနက် သူ့ကိုတွေ့ ချင်ရင် မမေဇွန်မိုးဆီမှာ မေးလို့ မနေ့က မှာ ထားလို့''

''ဘယ်လို''

ဘာမှမသောက်ထားပါဘဲ မေဇွန်မိုး မူးနောက်နောက် ဖြစ်လာရ တော့သည်။ တစ်ဆက်တည်း ခုလို အကြောင်လာရိုက်သော ဇာတ်လမ်းကို မြန်မြန်ဖြတ်မှဟု တွေးလိုက်ကာ ...

''ဒီမှာ ...ရှင် အူကြောင်ကြောင် လာမလုပ်နဲ့နော်၊ ရုံးခန်းရောက် သွားမယ်၊ ကျွန်မ ရှင့်ကိုလည်း မသိဘူး၊ ရှင်ပြောတဲ့ မိုးခက်ဆိုတာကိုလည်း မသိဘူး၊ ကိုယ့်လမ်းကိုယ် သွားပါ ...ဒါပဲ''

ငေါက်ဆတ်ဆတ်ပြောပြီး ချာခနဲ လှည့်ထွက်လာခဲ့သည်။ သို့ သော် နောက်မှ ကပ်ပါလာသော အသံက ...

''ဒါနဲ့ မမေဇွန်မိုးက မိုးခက်ပြောတဲ့ ဒုတိယနှစ် စိတ်ပညာက အတန်းခုံနံပါတ် ၂စ(၁၇၂) မေဇွန်မိုး မဟုတ်ဘူးလားဗျ''

ခြေလှမ်းက တုံ့ခနဲ ရပ်သွားရသည်။ ဆတ်ခနဲ ပြန်လှည့်လိုက်ရင်း ...

''ဘယ်လို ဘယ်လို ...ခုံနံပါတ်ကို တစ်ချက်လောက် ပြန်ပြော စမ်းပါဦး''

ဝက်ပေါင်ခြောက်နှင့် တူသည့် တင်အုံးက ရိုရိုသေသေပင် နောက် တစ်ခေါက် ရွတ်ပြရှာပါသည်။

မေဇွန်မိုးက ...

''နေစမ်းပါဦး ...အဲဒီ ခုံနံပါတ်ကိုကော ရှင့်ကို ဘယ်သူပြောတာ လဲ''

''ရော် ...ခက်တော့တာပဲ၊ မိုးခက်ပြောတာလေဗျာ၊ မနေ့ကပဲ မိုးခက်က ဒီက မမေဇွန်မိုးကို လှမ်းပြတယ်၊ မနက်ဖြန် ငါ့ကိုတွေ့ ချင်ရင် သူ့ကိုမေးလိုက်တဲ့၊ ကျွန်တော် က ငါမှ သူ့ကိုမသိတာ၊ တော် ကြာ ငါ့ကို လိုက်ကြောင်တယ်ဆိုပြီး ဘယ်ယုံမှာ လဲလို့ ပြန်ပြောတော့ မိုးခက်ကပဲ မမေ ဇွန်မိုးရဲ့ ခုံနံပါတ်နဲ့ အဖေနာမည် ကိုတောင် ပြောပြသွားသေးတယ်''

''ဘာ ...ကျွန်မအဖေရဲ့ နာမည် ...ဟုတ်လား''

''ဟုတ်တယ်လေ ...မမေဇွန်မိုးရဲ့ အဖေနာမည် က ဦးဇော်မိုး အောင်တဲ့ ...ဟုတ်တယ်မဟုတ်လား''

''ရှင်''

မေဇွန်မိုး နှုတ်ခမ်းလေး ဝိုင်းသွားရသည်။ စိတ်ထဲမှာ ပင် မလုံမလဲ ဖြစ်သွားရပြီး ...

''နေ နေစမ်းပါဦး ...ရှင် ခုနက ပြောတာက ဘယ်သူ''

''မိုးခက်ပါ''

''အဲဒီ မိုးခက်က ဘာလဲ''

''သြော် ...လူပေါ့ဗျာ''

''ဘာရှင့် ...လူမှန်းတော့ သိတာပေါ့၊ ကျွန်မရဲ့ တချို့အကြောင်း တွေ ကို သိရအောင် သူက ဘာလဲလို့မေးတာ''

ပထမတစ်ကြိမ် ခေါင်းကုတ်ပြီးသော တင်အုံးက ဒီတစ်ခါတော့ မေးစေ့ကို ခပ်ကြမ်းကြမ်း ပွတ်လိုက်ကာ ...

''ဟာဗျာ ...ကျွန်တော် က မိုးခက်ကိုတွေ့ ချင်လို့ မမေဇွန်မိုးဆီ လာမေးတာ၊ ခုတော့ ခင်ဗျားကချည်းပဲ ပြန်မေးနေတယ် ...တော် ပြီဗျာ ပြန်တော့မယ်''

တစ်ပြန်ကြီးပြောရင်း တင်အုံးဆိုသော လူက လှည့်ထွက်သွားလေ သည်။ မေဇွန်မိုး တစ်ယောက် အူတူတူလေးနှင့် ကျန်ခဲ့ရ၏ ။

ဘာလဲ ...ဘာတွေ လဲပေါ့။

နဂို ရှုပ်နေသော စိတ်ထက် အနည်းငယ်ထပ်ရှုပ်သွားရပြီး ခေါင်းခါ ကာ ကိုယ့်လမ်းကိုယ်ပဲ ဆက်လျှောက်လာခဲ့သည်။

ထိုင်နေကျ ဖလော်ကင်တင်းရောက်သည်အထိ အနှောင့်အယှက် တစ်စုံတစ်ရာမှ ထပ်မတွေ့ ရတော့။

သို့ သော် ကင်တင်းထဲ လှမ်းဝင်ဝင်ချင်း စိတ်ပျက်သွားရပြန်သည်။ သူငယ်ချင်းတွေ ဖြစ်သော သက်ထားနှင့် ဖြူ ဖြူ တို့ကို မတွေ့ ရ၍ ဖြစ်၏ ။ ထိုင်စောင့်ရဦးမှာ ပဲဟု တွေးရင်း စားပွဲလွတ်တစ်ခုမှာ ဝင်ထိုင်နေလိုက်သည်။

ထိုင်နေတော့လည်း စားပွဲထိုးလေးက လာမေးသည်ပေါ့။ ဝင်လာ သူကို ဒင်းတို့က မျက်စိဒေါက်ထောက်ကြည့်နေကြသည်လေ။ ရှမ်းခေါက် ဆွဲမှာ လိုက်မည် ဟု စဉ်းစားလိုက်ပြီးမှ စိတ်ကူးပြောင်းကာ ကော်ဖီမစ်တစ် ခွက်ပဲ မှာ လိုက်သည်။

ထိုကော်ဖီမစ်ရောက်လာ၍ သောက်သုံးရန် ပြင်ဆင်နေချိန်မှာ ပဲ...

''ဒီက မမေဇွန်မိုး ဟုတ်ပါတယ်နော်''

''ရှင်''

လာပြန်ပြီ တစ်ယောက် ။ ဒီတစ်ခါလည်း သူမ,မသိသော လူက ငှက်ပျောသီးခြောက်ပုံစံနှင့် ဖြစ်သည်။

ထိုသူကပဲ သူမကို စေ့စေ့ကြည့်ကာ ...

''ဟုတ်ပါတယ် ...မမေဇွန်မိုးပါ၊ မနေ့က ဟိုကောင်လှမ်းပြတော့ကျွန်တော် အသေအချာ မှတ်ထားပါတယ်၊ ဒါနဲ့ မိုးခက် တစ်ယောက် ဘယ်ထွက်သွားပြီလဲဟင်''

ဗုဒ္ဓေါဟု အသံတိတ် တလိုက်မိသည်။ ခက်တော့ခက်နေပါပြီဟု တွေးကာ မေဇွန်မိုး စိတ်ကသိကအောက် ဖြစ်သွားရပြီး ...

''ဒီမှာ ...ရှင်တို့ အုပ်စုဖွဲ့ပြီး ကျွန်မကို နှောင့်ယှက်နေတာလား''

''ဗျာ ...ဘာကိုပြောတာလဲ မသိဘူး''

အရိုးခံပုံစံနှင့် ပင် တစ်ပြန်ကြီးပြန်မေးနေသေးသည်။ မေဇွန်မိုးက မျက်နှာကို ကိုးဆယ့်ငါးရာခိုင်းနှုန်းလောက် တည်ပစ်လိုက်ရင်း ...

''ရှင့်ကို ရှင်းရှင်းပဲပြောမယ် ...ခုနကလည်း တင်အုံးဆိုတဲ့လူက ကျွန်မဆီလာပြီး မိုးခက်ဆိုတာကို မေးတယ်၊ ခုလည်း ရှင်က ...''

စကားပင် မဆုံးလိုက်။ ထိုလူက စားပွဲကို လက်နှင့် ဖျတ်ခနဲ ရိုက်လိုက်ပြီး ...

''ဟာ ...တင်အုံးကလည်း ကျွန်တော် တို့ ဘော်ဒါပဲလေ၊ ကျွန် တော် က နိုင်ကြီးပါ၊ ဒါဆို မိုးခက်ရှိတဲ့နေရာကို တင်အုံးကို ပြောပြလိုက်ပြီပေါ့၊ သူတို့ ဘယ်မှာ ရှိနိုင်လဲဟင်''

ခွက်ထဲမှ ကော်ဖီဖြင့် ထပက်ချင်စိတ် ပေါက်လာရတော့သည်။ စိတ်ကို အနိုင်နိုင်ထိန်းလိုက်ပြီး ...

''ရှင်တို့တော့ တရားလွန်နေပြီနဲ့တူတယ်၊ ရှင်းရှင်းပဲပြောမယ် ... ရှင်တို့ လာလာမေးနေတဲ့ မိုးခက်ဆိုတာကို ကျွန်မ လုံးဝမသိဘူး ... ဟုတ်ပြီလား''

စကားအဆုံးမှာ နိုင်ကြီးက ကျွတ်ခနဲ စုတ်သပ်လိုက်ရင်း ...

''မိုးခက် ကတော့ ကွို င်ပဲကွာ၊ မနေ့ ကတော့ သေသေချာချာ လှမ်း ပြပြီးတော့၊ ကျွန်တော် လည်း မျက်စိကောင်းပါတယ်၊ လူမမှားလောက်ပါဘူး၊ ဒါနဲ့ မမေဇွန်မိုးရဲ့ နိုင်ငံသားအမှတ်က ၁ဝ/သလန (နိုင်) ၂၉၇၅၃ ...ဟုတ် ပါတယ်နော်''

''ရှင်''

သူမ ကြောင်အမ်းနေစဉ်မှာ ပဲ နိုင်ကြီးဆိုသူက ဆက်၍ ...

''အကယ်၍ မမေဇွန်မိုး မယုံရင် နိုင်ငံသားအမှတ်ကိုပါ ရွတ်ပြလိုက် ပါဆိုပြီး မှာ လိုက်သေးတာဗျ၊ ဒီကောင် ကျွန်တော့် ကို စားတာလားမသိပါ ဘူးဗျာ၊ မမေဇွန်မိုး ဆောရီးနော် ...စိတ်မရှိပါနဲ့၊ ကျွန်တော့် ကို ခွင့်ပြု ပါဦး''

ရိုကျိုးစွာ နှုတ်ဆက်ရင်း ငှက်ပျောသီးခြောက်နိုင်ကြီး ကတော့ လှည့်ပြန်သွားလေပြီ။ သူမဆိုသော မေဇွန်မိုးမှာ သာ ပါးစပ်အဟောင်းသား လေးနှင့် ကျန်ခဲ့ရ၏ ။

ဘယ့်နှာတွေ မှန်းလည်း မသိတော့ချေ။ ဒီတစ်မနက်လုံး မိုးခက် ဆိုသည့်လူကိုပဲ သူမထံ လာမေးနေကြသည်။ ပြီး ထိုမိုးခက်ဆိုသူ ပြော လိုက်သော သူမနှင့် ပတ်သက်သည့် အချက်အလက်တွေ ကလည်း အမှန်တွေ ချည်း ဖြစ်၏ ။

ပထမ စိတ်ရှုပ်၊ စိတ်ကသိကအောက် ဖြစ်ရာမှ မေဇွန်မိုး စိတ်တိုလာ တော့သည်။ မိုးခက်ဆိုသော သတ္တဝါသည် ဘာကြောင့် သူမနှင့် ပတ်သက် သော အချက်အလက်တွေ ကို သိနေပြီး ခုလိုတွေ လာလုပ်သနည်း။

နဖူးကြောလေးများ တင်းနေအောင် စဉ်းစားကြည့်ပါသည်။ အဖြေ က မရ။ မျက်မှော င်ကြု တ် အံကြိတ်ကာ စဉ်းစားသော်လည်း မထူးခြား။ ဒူးထောင် ပေါင်ကားပြီး စဉ်းစားရအောင်လည်း မ ဖြစ်သေး။ ကိုယ်က မိန်းကလေးလေ။

မရနိုင်သော အဖြေကို စဉ်းစားမနေတော့ဘဲ သက်ပြင်းသာ အောင့် သီးအောင့်သက် ချလိုက်မိသည်။

ထိုသက်ပြင်းဆုံးသည်နှင့် စက္ကန့်မခြားဆိုသလို ...

''ဟဲ့ ...ဇွန်ဇွန်''

ရုတ်တရက် အနားကပ်ခေါ်လိုက်သော အသံကြောင့် မေဇွန်မိုး လန့် ကာ ပလုတ်တုတ်ဟူ၍ ပင် ယောင်ပြီး အော်လိုက်မိသေးသည်။ ကြည့်လိုက် တော့ သက်ထားနှင့် ဖြူ ဖြူ ။ ချော်တောငေါ့မတွေ ။ ဘယ်သဝေထိုးနေ၍ ခုမှ ရောက်လာကြသည်မသိ။

သူမကပဲ အရင် ငေါက်ငမ်းကာ အပြစ်တင်လိုက်သည်။

''နေစမ်းပါဦး ...ညည်းတို့က ဘယ်များ သွားနေလို့ ခုမှ ရောက် လာတာလဲ၊ ဒီမှာ ငါ တစ်ယောက် တည်း စိတ်တိုလို့သေတော့မယ်''

သူမစကားကို သက်ထားက ဘယ်လိုယူဆလိုက်သည်မသိ။ ဆိုင် အတွင်းဘက်သို့ ပင် ဝေ့ကြည့်ကာ ...

''ဘာလဲ ...မှာ ထားတဲ့ ရှမ်းခေါက်ဆွဲက ကြာနေလို့လား၊ ဒီဆိုင်က ဒီလိုပါပဲဟယ် ...စိတ်နည်းနည်း လျှော့စမ်းပါ''

''ဟာ ဘာတွေ လာပြောနေတာလဲ၊ ငါ စိတ်တိုတာက တခြားပါ''

''သြော် ...ဒါဆို ငါသိပြီ၊ နင် တွို င့်လက်သွားချင်နေတာကို တစ်ယောက် တည်း ဖြစ်နေလို့ စိတ်တိုနေတာမဟုတ်လား''

လဲသာသေလိုက်ချင်တော့သည်။ ထင်ကြေးပေးလာသော နှစ် ယောက် မှာ တစ်ယောက် က အစား၊ နောက် တစ်ယောက် က ထုတ်ကုန်။ စိတ်ကုန်ဖို့ ကောင်းလိုက်လေခြင်း။

နောက်ဆုံးတော့ သူမကပဲ တောင်းတောင်းပန်ပန်ပုံစံဖြင့် ...

''ကဲ မယ်မင်းကြီးမတွေ ...ခဏလောက်ထိုင်တော် မူကြပါဦး၊ ဘာကြောင့် စိတ်တိုနေတယ်ဆိုတာ ပြီးမှ သံတော် ဦးတင်ပါ့မယ်''

ထိုအခါမှ နှစ် ယောက် သား ဝင်ထိုင်ြ ကတော့သည်။ ပြီး ကိုယ့်ကို အရေး မစိုက်သလို မျိုဆို့ရန် စားသောက်ဖွယ်ရာများ အား မှာ ယူလိုက်ကြ သေး၏ ။ ထိုကိစ္စပြီးတော့မှ သက်ထားက ...

''ငါတို့လည်း ခါတိုင်းအချိန်ပဲ ကျောင်းကို ရောက်လာတာပါဟာ၊ ဒီမှာ လေ ...မိဖြူ က ဟို ...သံယောဇဉ်နေ့စဉ်စာစောင် ဝယ်ဦးမယ်ဆိုလို့ လိုက်သွားတာပါ''

''အေး ...နင်တို့ အဲဒါပဲ လုပ်နေကြ''

''ရယ်ရလို့ ဖတ်တာပါဟာ၊ ဒါနဲ့ ပြောစမ်းပါဦး ...နင် စိတ်တိုနေ တယ်ဆိုတာက''

ခုမှပဲ အရေး တယူ မေးဖော်ရတော့သည်။ မေဇွန်မိုးက မျက်နှာ ထားကို တည်လိုက်ရင်း ...

''ဒီမနက် ကျောင်းထဲကို ငါဝင်လာတော့ တင်အုံးဆိုတဲ့ လူတစ် ယောက် က ငါ့နာမည် ကို လှမ်းခေါ်တာဟ ...အဲဒီ မှာ ''

ထိုသို့ အစချီကာ ဝက်ပေါင်ခြောက်တင်အုံးနှင့် ငှက်ပျောသီး ခြောက်နိုင်ကြီးတို့ သယ်ဆောင်လာသည့် မိုးခက်ပြဿနာကို ရှင်းပြလိုက် ရသည်။

စကားအဆုံးမှာ တော့ သက်ထားနှင့် ဖြူ ဖြူ တို့ နှစ် ယောက် စလုံး မျက်လုံး တွေ ပြူး ဝိုင်းကာ ရင်ဘတ်တွေ ပါ ဖိလိုက်ကြရင်း ...

''ဟင် ...ဒါဆို အဲဒီ မိုးခက်ဆိုတဲ့လူက နင့်နာမည် , နင့်အဖေ နာမည် , ကျောင်းခုံနံပါတ်, နိုင်ငံသားအမှတ် အဲဒါတွေ အကုန်သိနေတာပေါ့ ...ဟုတ်လား''

သက်ထားစကားသံအဆုံးမှာ ဖြူ ဖြူ ကလည်း ...

''ငါတော့ နားမလည်နိုင်တော့ဘူးဟာ၊ ဘာသဘောနဲ့များ နင့်ကို ခုလိုလုပ်ရတာ လဲ မသိဘူး''

ငါက လှလို့ ဖြစ်မှာ ပေါ့ဟု မေဇွန်မိုးက အရှက်မရှိစွာ မဖြေပါ။ သူမလည်း စဉ်းစားရကျပ်နေသော ပုံစံဖြင့် ...

''အေး ...ငါလည်း အဲဒါကို မသိလို့ စိတ်တိုနေတာပေါ့၊ အရေး ထဲ နင်တို့ကလည်း နောက်ကျနေသေးတယ်လေ''

''ထားပါတော့ဟာ ...ငါတို့ရှိနေလို့ရော ဘာများ သိနိုင်မှာ မို့လို့လဲ''

''ဘာပဲ ဖြစ် ဖြစ်လေ ...သုံးယောက် ဆိုတော့ ငါ့မှာ တော် သေးတာ ပေါ့၊ ခုတော့ ဘလိုင်းကြီး အကြောင်ရိုက်ခံလိုက်ရသလို ဖြစ်နေတယ်''

ထောက်ခံသည့်သဘောနှင့် နှစ် ယောက် သား ခေါင်းညိတ်ပြကြ သည်။ မှာ ထားသော အစားအသောက်တွေ ရောက်လာ၍ စကား ခဏပြတ် သွား၏ ။ စားရင်းသောက်ရင်းပင် ဖြူ ဖြူ က ...

''ဒီအတိုင်းဆိုရင် နင့်အကြောင်းကို သိနေပြီး ဘာမှန်းမသိတဲ့ ရည်ရွယ်ချက်ရှိနေတဲ့ လူ တစ်ယောက် တော့ ရှိနေပြီ ဇွန်ဇွန်''

ထိုစကားကြောင့် နောက်ကျောမလုံ ဖြစ်ရသေးတော့၏ ။

ခုလို ကျောင်းတော် ကြီးမှာ တော့ သူမကို ချောင်းမြောင်းလုပ်ကြံ မည့် သူ မရှိနိုင်ပါ။ ဒါဆို တခြား ဘာရည်ရွယ်ချက်လဲ။ သူမကို ပိုးပန်းနေသူ တွေ ထဲက တစ်ယောက် ယောက် ကများ စတန့်ထွင်တာလား ...တွေးကြည့် လိုက်သည်။

သူရစိုး ...။ ဒင်း ကတော့ ခပ်ထူထူအမျိုးအစားထဲက ဖြစ်သည်။ ''အန်းဂရီးဘတ် (Angry Bird)''ဆိုတာကိုပင် အချိုရည်လားဟု မေးသူ။ မ ဖြစ်နိုင်။

နောက် ...ဟန်မင်း။ ထိုငနဲ ကတော့ အမြဲရှပ်ပျာပျာနှင့် ။ ခုလိုလုပ်ဖို့ ထက် သူမကိုတွေ့ လျှင် နွားသိုးကြိုး ပြတ် လိုက်ဖို့ကိုပဲ ထာဝရစဉ်းစားနေသည့် ငတိ။ ပို၍ မ ဖြစ်နိုင်ချေ။

နောက်ဆုံး တစ်ယောက် က ပိုင်သက်။ ထိုငတိကိုတော့ စာရင်းထဲပင် ထည့်စရာမလိုချေ။ အမြဲတစေ အသည်းကွဲသမားပုံစံဖြင့် သူမကို ရီဝေဝေ လောက်ပဲ စိုက်ကြည့်တတ်သူ ဖြစ်၏ ။

အားလုံးကို စာရင်းကပယ်လိုက်တော့ ယခု မိုးခက်ဆိုသည်မှာ တမင်ဖန်တီးထားသော နာမည် တစ်ခုမဟုတ်ဘဲ အပြင်မှာ လူအကောင်လိုက် ရှိလိမ့်မည် ဟု တွက်ဆလိုက်၏ ။

သူမ တွေးနေသည်ကိုကြည့်ကာ သက်ထားက ...

''ခေါင်းရှုပ်ခံပြီး ဘာမှစဉ်းစားမနေနဲ့ ဇွန်ဇွန်၊ အသာလေးပဲ စောင့် ကြည့်လိုက်ပါ၊ အဲဒီ မိုးခက်ဆိုတဲ့လူမှာ ရည်ရွယ်ချက်တစ်ခုခုရှိရင် နင့်ရှေ့ကို လုံးဝရောက်လာပါလိမ့်မယ်''

သက်ထားစကားအဆုံးမှာ ပဲ အာလူးပုပ်မျက်နှာနှင့် လူ တစ်ယောက် က ဝိုင်းအနီးသို့ လှစ်ခနဲရောက်လာကာ ...

''ဒီမှာ ဒီမှာ ...ခုနက ခင်ဗျားတို့ မိုးခက်ဆိုတဲ့နာမည် ကိုများ ပြောလိုက်သလားလို့''

သုံးယောက် စလုံး ဝုန်းခနဲ လှည့်ကြည့်လိုက်မိသည်။ ထိုလူကပဲ သူမတို့သုံးယောက် ကို တစ်လှည့်စီ စေ့စေ့ကြည့်ပြီး မေဇွန်မိုးထံ မျက်စိ အရောက်မှာ ...

''သြော် ...ဒီမှာ မမေဇွန်မိုးလည်း ရှိနေတာကိုး၊ ဒါနဲ့ မိုးခက် တစ်ယောက် ကောဟင်၊ ဘယ်သွားမယ်ပြောသွားလဲဗျ''

မေဇွန်မိုးက သက်ထားတို့ကို အရင်ကြည့်လိုက်သေးသည်။ ပြီးမှ အာလူးပုပ်မျက်နှာနှင့် လူကို စူးစူးရဲရဲကြည့်လျက် ...

''ရှင်ကလည်း မိုးခက်ဆိုတာကို လာမေးတာလား''

''ဟုတ်တယ်လေ ...မနေ့ကပဲ မိုးခက်က သူ့ကိုတွေ့ ချင်ရင် ခင်ဗျားဆီမှာ မေးဆိုပြီး ခင်ဗျားကို လှမ်းပြခဲ့တာကိုး''

မေဇွန်မိုးက စိတ်ကို မနည်းထိန်းချု ပ်လိုက်ကာ ...

''ထားပါတော့ ...ခုလို လာမေးရအောင် အဲဒီ မိုးခက်နဲ့ ကျွန်မကို ဘာထင်နေလို့လဲ''

ထိုလူက စိတ်ရှုပ်ဟန်ဖြင့် ခေါင်းကုတ်ကာ ...

''သိဘူးလေဗျာ ...မိုးခက်က အရမ်းလျှို့ဝှက်တာဗျ၊ ဒါနဲ့ ခင်ဗျား တို့က ဘယ်လိုမှ မပတ်သက်ကြဘူးလား''

''အဲဒါကိုမဖြေခင်မှာ ရှင်ပြောတဲ့ မိုးခက်ဆိုတာကို ကျွန်မ,တွေ့ ချင် တယ်''

''ဟောဗျာ ...ကျွန်တော် က တွေ့ ချင်လို့ ခင်ဗျားကို လာမေးတယ် ဆိုမှ ပြန်မေးနေပြန်ပြီ။ ကဲ ...ခင်ဗျားမသိရင်လည်း ကိုယ့်ဟာကိုယ်ပဲ လိုက်ရှာတော့မယ်ဗျာ၊ အဲ ...တွေ့ ရင်တော့ ခင်ဗျားကလည်း တွေ့ ချင်နေ တယ်ဆိုတဲ့အကြောင်း ပြောပြလိုက်ပါ့မယ်''

စကားကို အတွဲလိုက် အဆက်မပြတ်ပြောကာ ထိုလူ လှည့်ထွက်ရန် ဟန်ပြင်လိုက်စဉ်မှာ ပဲ မေဇွန်မိုးက သတိရ၍ ...

''ဒါနဲ့ ကျွန်မနဲ့ပတ်သက်ပြီး အဲဒီ မိုးခက်က ဘာတွေ များ ပြော လိုက်သေးလဲ၊ ကျွန်မနဲ့ ပတ်သက်တာတစ်ခုခုပေါ့''

စကားအဆုံးမှာ ထိုလူက ကိုယ်တစ်ခြမ်းလှည့်၍ ...

''ထွေထွေထူးထူးတော့ မပြောပါဘူး၊ ခင်ဗျားက ဗမာ, ဗုဒ္ဓဘာသာ ဆိုတာရယ်, ရော့ခ်ဂီတကို နှစ်သက် တဲ့ အိုသွေးပိုင်ရှင်ဆိုတာလောက်ပဲ ပြောတာဗျ၊ ကဲ ...သွားပြီဗျာ''

ထိုလူ တကယ်လှည့်ထွက်သွားချိန်မှာ တော့ သုံးယောက် စလုံး ခေတ္တမျှ ကြက်သေသေနေပြီး သက်ထားက အရင် သူမကိုကြည့်ကာ...

''အကုန်သိနေပါလား ဇွန်ဇွန်ရယ်''

သက်ထားစကားအဆုံးမှာ ဖြူ ဖြူ ကလည်း မဆီမဆိုင် ...ဘုရား ဘုရားဟု ရေရွတ်လိုက်သေးသည်။

ကာယကံရှင် မေဇွန်မိုးမှာ တော့ တို့ဆေးနှင့် အတို့ခံလိုက်ရသူလို ပေကြောင်ကြောင်လေး ဖြစ်နေဆဲ။

•••


ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ သံယောဇဉ်နေ့စဉ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပန်းသီးမက်ဆေ့ခ်ျ

အဆွေးရောင် မယ်လိုဒီ

ပေးစာပြန်စာ