တကယ်တမ်း ပြောရလျှင် ဤပြဿနာကို သူကိုယ်တိုင် လုံ့လ ဝါယမစိုက်ကာ ရှာခဲ့ခြင်း လုံးလုံးမဟုတ်ပါချေ။ မာတာပီတာ မိဘနှစ် ပါးက 'သားဦး' ဟု အမည် ပေးထားသော သူသည် ကိုယ့်ထမင်းကိုယ်စားပြီး ပညာရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ရိုးရှင်းအေးဆေးစွာ ပညာရင်နို့ သောက်စို့လျက် ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပဲ နေထိုင်ပါသည်။
'သားဦး' ဟု အမည် ရထားသော်လည်း မိဘနှစ် ပါးက နောက်ထပ် သားသမီး မထွန်းကားသဖြင့် ယခုချိန်ထိ တစ်ဦးတည်းသော သားအ ဖြစ် ဇယားထိပ်မှာ ရပ်တည်လျက် ရှိပါသေးသည်။
ယခုလည်း ကျောင်းပိတ်ရက်မို့ သားဦး တစ်ယောက် အိမ်မှာ စာ ဖတ်နေသည်။ ကျောင်းစာတော့မဟုတ်။ ဆရာတော် ရဝေနွယ် (အင်းမ) ရေး သားသည့် 'စိတ်ညစ်ရင် ရေချိုးပါ' ဟူသော စာအုပ်ကို ဖတ်နေခြင်း ဖြစ်သည်။ ထပ်ပြောရလျှင် စိတ်ညစ်လို့ ဖတ်နေခြင်းလည်း မဟုတ်ပါ။ ရေဆိုတာလည်း မနက်အိပ်ရာထပြီးချိန်ကပဲ ချိုးပြီးပြီ။
ဒါဆို ဘာကြောင့် ဖတ်နေသလဲ။ ဖတ်ချင်လို့ ဖတ်နေတာဟု ဖြေပါမည် ။ သားဦးဆိုသည့် သူက ကျောင်းစာထက် အပြင်စာတွေ ကို ပို၍ စိတ်ဝင်စားသည်။ တက္ကသိုလ်ဝင်တန်းကိုပင် အပြင်ကပဲ ဖြေမည် ဟု ကြွေးကြော်ဖူးသဖြင့် မိဘနှစ် ပါးက မနည်းတားခဲ့ရသေးသည်။ ထားတော့။
ယခု စိတ်မညစ်သော သားဦး။ ထပ်ပြောရလျှင် 'စိတ်ညစ်ရင် ရေချိုးပါ' ဟူသော စာအုပ်ကို ရေချိုးပြီးစီး၍ စိတ်မညစ်စွာ ဖတ်ရှုနေသော သားဦးထံသို့ ဖုန်းဝင်လာပါသည်။
ကျောင်းတက်ဖော်သူငယ်ချင်း ဖြစ်သူ ထင်လင်း ဆက်ခြင်း ဖြစ်၏ ။
''သားဦးလား ... ငါပါကွ ထင်လင်း''
သားဦးကလည်း ချက်ချင်း ပင် ...
''အေး ... ထင်လင်း ပြော၊ မင်းနဲ့ ခုပြောနေတာ သားဦးဆိုတဲ့ ငါပဲ''
''အင်''
ထင်လင်း နည်းနည်း နင်သွားပုံရသည်။ များများ မနင်ခင်မှာ ပဲ ဆက် ပြောလာ၏ ။
''ဟေ့ကောင် သားဦး ...စကားကို ကောင်းကောင်းပြောကွာ၊ ငါ မင်းကို ပြောစရာရှိလို့ ဖုန်းဆက်တာကွ''
သားဦးက ...
''အေးပါ သိပါတယ်၊ ခုလို ကျောင်းပိတ်ရက်မှာ တောင် ဖုန်းဆက် တယ်ဆိုတော့ မင်းမှာ ကေ့စ် (case) တစ်ခု ရှိနေပြီဆိုတာကို''
သားဦးစကားကြောင့် ထင်လင်း ခေတ္တမျှ အသံတိတ်သွား၏ ။ ဒင်း နားဝင်ပီယံ ဖြစ်သွားမည် ဆိုတာကိုလည်း သားဦး သိသည်။ ထင်လင်း ဆိုသည့် ထိုငတိက စကားပြောလျှင် အင်္ဂလိပ်ဝါကျများ ကို ညှပ်ညှပ်သုံးစွဲ တတ်သည်လေ။
ခုလည်း သားဦး တွေးထင်သည့်အတိုင်း ...
''ဟုတ်တယ် သားဦးရ၊ ဒီနေ့ဟာ ငါ့အတွက် မိုင်ဂရိတ်ဒက်ဒေး (My Greated day) ဆိုရင်လည်း မမှားဘူး''
သားဦး နှာခေါင်းကြောရှုံ့လိုက်၏ ။ တစ်ဆက်တည်းပဲ ထင်လင်း အား ...
''သိပါတယ်ကွာ၊ ဒီနေ့မှ မင်းအတွက် နေ့ထူးနေ့မြတ် မဟုတ်ရင် ဘယ်နေ့ ဖြစ်တော့မှာ လဲ''
''ဟေ ... မင်းက ဘယ်လိုသိတာလဲ၊ ငါ ဘယ်သူ့ကိုမှတောင် မပြောရသေးဘူး''
သားဦး တဟဲဟဲရယ်လိုက်သည်။ ကွန်ဖူးပန်ဒါ၏ ရယ်သံမျိုးနှင့် ဖြစ်၏ ။ ပြီးမှ ...
''သိပ်သိတာပေါ့ ထင်လင်းရာ၊ ဒီနေ့ဟာ အောက်တိုဘာလ ဆယ့် သုံးရက်လေ၊ ဒီနေ့ကို ကမ္ဘာကြက်ဥများ နေ့လို့ သတ်မှတ်ထားတယ်ဆိုတာ ရော မင်းလို ကြက်ဥခရေဇီ တစ်ယောက် အတွက် နေ့ ... နေ့ထူး ...''
စကားပင် မဆုံးလိုက်။ ထင်လင်းသည် ဖုန်းလိုင်းထဲမှ ဒီဘက်သို့ ပြေးလာမတတ် လေသံမျိုးနှင့် ...
''ဟာ ... ဟေ့ကောင် တော် တော့၊ ငါ ကြက်ဥကြိုက်ပေမယ့် ဒီနေ့ဟာ ကမ္ဘာကြက်ဥများ နေ့ဆိုတာကိုတော့ မသိဘူး၊ ဘာပဲ ဖြစ် ဖြစ် ခုလို တိုက်ဆိုင်တော့လည်း ငါ့အတွက် ဒယ်ဘယ်အမှတ်တရ ဖြစ်တာပေါ့ကွာ''
''ဟေ ...ဘယ်လို ...ဒယ်ဘယ်အမှတ်တရ ဟုတ်လား''
''သိပ်ဟုတ်တာပေါ့ သားဦးရာ၊ မင်း သိတယ်မဟုတ်လား၊ ဘောတနီက ကြည်ကြည်ဆွေကို ငါ လိုက်နေတယ်ဆိုတာ''
သားဦး ခေါင်းကုတ်မိတော့၏ ။ ဒင်း၏ နွားသိုးကြိုးပြတ်ကိစ္စကို သူတင်မဟုတ် ...ကျောင်းဝင်းထဲတွင် မှီတင်းနေထိုင်ကြသော တချို့ခွေး များ ပင် သိသည်။
ထိုကြောင့် ...
''သိပါတယ်၊ အဲဒါ ဘာများ ဖြစ်လို့လဲ''
ဒီတစ်ခါတော့ ထင်လင်းက တဟဲဟဲ ပြန်ရယ်တော့သည်။ ရယ် သံကိုက နာတာရှည်လူနာ အမဲခြောက်ရသွားသည့် ရယ်သံမျိုး။
ထိုရယ်သံမျိုးနှင့် တစ်မိနစ်ခန့် ရယ်ပြီးမှ ထင်လင်းက ...
''သိပ် ဖြစ်တာပေါ့ သယ်ချင်းရာ၊ ဒီနေ့မနက်ပဲ ငါ ပရိုပို့စ်လုပ်ထား တာကို ကြည်ကြည်က အဖြေပြန်ပေးလိုက် ပြီကွ၊ တို့လည်း သူ့လိုပါပဲတဲ့''
''ဟင် ... အဲဒီ စကားက ဘာလဲ၊ သူလည်း မင်းလို ကြက်ဥ သိပ်ကြိုက်တာပဲလို့ ပြောတာလား''
''ဟာကွာ ... မင်းကလည်း ဝေးလိုက်တာ၊ နားထင်ကို သုံးစမ်း ပါကွ၊ ကြည်ကြည်က ငါ့ကို အဖြေပြန်ပေးတာ၊ အဖြေပြန်ပေးတာ၊ သူ လည်း ငါ့ကို ချစ်ပါတယ်လို့ ပြောတာ ...သိပြီလား''
စကားအဆုံးမှာ သားဦးက ဝမ်းနည်းသည့်အထိမ်းအမှတ်အနေ ဖြင့် တစ်မိနစ်နီးပါး ငြိမ်သက်နေလိုက်သည်။ ဒါသည်ကိုပင် အသိခေါက် ခက် အဝင်နက်လွန်းသော ထင်လင်းက ရိပ်မိပုံမရဘဲ ...
''ဘယ်လိုလဲ သားဦး ... မင်း အမေးဇင်း ဖြစ်သွားတယ် မဟုတ် လား''
စိတ်ညစ်ရသည်။ တကယ်ဆို ကြည်ကြည်ဆွေဆိုသော ဘော်တ နီက ဟာမသည် ထင်လင်းကိုလည်း အီစီကလီပြန်လုပ်နေတာ နီးစပ်ရာ ပတ် ဝန်းကျင်က သိသည်။ ခုလို ကြိုက်သွားကြတာ ဘာမှမဆန်း။
သို့ သော်လည်း သားဦးက ဖားလေး,ငါးလေး ပျော်ပါစေဆိုသော စိတ်ဖြင့် ...
''အေးကွာ ...နည်းနည်း တော့ အံ့သြသွားတာ အမှန်ပဲ၊ ဘာ ဖြစ် လို့လဲဆိုတော့ ကြည်ကြည်ဆွေကို ဘယ်တော့မှ ရည်းစားမရနိုင်ဘူးလို့ ထင်လို့ ဌာနက ယာယီပိတ်မယ်ဆိုတဲ့ သတင်းက ထွက်နေတာကိုး၊ ခု တော့လည်း''
''ဟေ့ကောင် မမိုက်ရိုင်းနဲ့၊ မိုးလုံးပြည့်မုသာဝါဒတွေ ကို ငါ စိတ် မဝင်စားဘူး၊ နေစမ်းပါဦးကွ ... မင်း သူများ ကို ခုလိုပြောရအောင် မင်း ဘဝမှာ ဒီအသက်အရွယ်အထိ ရည်းစား တစ်ယောက် လောက် ဖြစ် ဖြစ် မြောက်မြောက် ထားဖူးလို့လား၊ ပတ်သက်ခဲ့ဖူးတဲ့ ကောင်မလေးရှိလို့လား ကွ ...ဟေ''
သားဦး နည်းနည်း တော့ ခံရခက်သွားသည်။ ဟုတ်သည်လေ။ ပါဠိစကားနှင့် ပြောရလျှင် ကိုယ်က မာတုကာမတွေ နှင့် မှ မပတ်သက်ဖူး သည်ကိုး။
သို့ သော်လည်း သားဦးဆိုသော သူက ကိစ္စတစ်ခုမှာ အတွေ့ အကြုံ မရှိသော်ငြားလည်း စကားအားဖြင့် အကျောမခံနိုင်သူပီပီ ...
''ဟေ့ကောင် ထင်လင်း ...သားဦးဆိုတဲ့ ငါက ရည်းစားဆိုတာ မထားချင်လို့ မထားတာကွ၊ စိတ်ရှိတိုင်း ထားခဲ့ရင် မင်းနဲ့ သက်စေ့လောက် ရှိပြီ''
''ဟား ဟား ... အပြော ကတော့ ရွှေမန်းပါလား၊ ပြီးတော့မှ ချိုမိုင်မိုင်မကနဲ့နော်၊ ငါနဲ့ သက်စေ့တော့ မထားပါနဲ့ကွာ၊ တစ်ယောက် လောက်ပဲ ထားပြစမ်းပါ၊ မင်းရဲ့ အစွမ်းအစကို ငါ ကြည့်ချင်လို့''
စိတ်က ပို၍ ညစ်လာရတော့သည်။ ဒင်းနှင့် ဆက်၍ စကား မပြောချင်တော့။
ထိုကြောင့် ...
''ဟေ့ကောင် တော် တော့၊ ဒီနေ့ ...ဘာနေ့လဲဆိုတာ မှတ်ထား''
''သိပ်မှတ်ထားတာပေါ့ကွာ၊ ဒီနေ့ဟာ ငါ ရည်းစားရတဲ့ ကမ္ဘာ့ ကြက်ဥများ နေ့လေ ...ဟဲ ဟဲ''
''ဟုတ်ပြီလေ၊ ဒီနေ့ကစပြီး ဘယ်နှရက်မြောက်နေ့မှာ သားဦး ဆိုတဲ့ ငါက ရည်းစား တစ်ယောက် နဲ့ မင်းရှေ့ကို ရောက်လာမလဲဆိုတာ စောင့်ကြည့်လိုက်''
''လုပ်လိုက်လေ သားဦးရာ၊ ငါကလည်း အဲဒီ လိုကိစ္စမျိုး မင်းလို မနာလိုတိုရှည် ဖြစ်မနေဘဲ ကွန်ကရက်ကျူလေးရှင်း လုပ်ချင်တာကွ၊ ဒါပဲလေ ဂွတ်လပ်ခ် သားဦး''
တပြန်ကြီးပင် ဆရာကြီးဟန်ဖြင့် ဖုန်းချသွားသေးသည်။ ခံရခက် လိုက်လေခြင်း။
သို့ သော် ထိုကိစ္စက ခေါင်းထဲမှာ ခဏပါပဲ။ ပြီး,ပြီးရောဆိုသည့် အတွေးနှင့် စကားနိုင်လုပြီး ပြောလိုက်ခြင်းသာ ဖြစ်သည်။ 'စိတ်ညစ်ရင် ရေချိုးပါ' ဟူသော စာအုပ် ပြန်ကိုင်လိုက်စဉ်မှာ ပဲ ထိုကိစ္စကို မေ့သွားရ၏ ။
သိပ်မကြာလိုက်ချေ။ စာအုပ်ထဲ စိတ်နစ်မြှုပ်လုဆဲဆဲမှာ ပင် ...
''ကလင် ...ကလင် ...ကလင်''
ဖုန်းမြည် လာပြန်၏ ။ အိမ်ရှေ့ဧည့်ခန်းမှာ စံမြန်းနေသော သားဦး ကပဲ ထ,ကိုင်လိုက်ရပြန်သည်။ ဒီတစ်ခါ ဆက်လာသူက စိုးကျော်ဆိုသည့် ကောင်။ သားဦးတို့ အမျိုးတွေ ရှိသော နယ်မှ သူငယ်ချင်း ဖြစ်သည်။
သားဦးက ...
''အေး ... စိုးကျော် ...ပြော ဘာကိစ္စလဲ''
နယ်က ဆက်လာသည်မို့ အရေး တကြီးကိစ္စထင်ပြီး မေးလိုက် ခြင်း ဖြစ်သည်။
သို့ သော် ...
''အဟဲ ... ထွေထွေထူးထူးတော့ မဟုတ်ပါဘူးကွာ၊ ပြောစရာ လေးရှိလို့၊ ဟိုတစ်ခါ ...မင်း ငါတို့ဆီ လာတုန်းက မင်းညီမဝမ်းကွဲ တင်တင်မာကို ငါ စိတ်ဝင်စားတယ်လို့ ပြောဖူးတယ်မလား''
စကားအဆုံးမှာ ဖင်ကျိန်းသလို ဖြစ်သွားရရင်း သားဦးက ...
''ဟုတ်ပါပြီ၊ ခု ...ဘာ ဖြစ်လို့လဲ၊ ငါ့ညီမက လင်ရသွားလို့လား''
''ဟား ဟား ... မရသေးပါဘူးကွာ၊ ဒါပေမဲ့ ...ရတော့မှာ ကွ၊ တခြားလူနဲ့ မဟုတ်ဘူး ...ငါနဲ့ပဲ၊ ဒီနေ့ပဲ မင်းညီမက ငါ့ကို အဖြေပေး လိုက်ပြီ ယောက် ဖရဲ့ ''
''ဟေ''
ဒီတစ်ခါတော့ သားဦး အနည်းငယ်ထက်ပိုပြီး အံ့သြသွားရသည်။ တင်တင်မာဆိုသော သူ့ညီမသည် စိုးကျော်ဆိုသည့် ငတိအား ဒင်းလုပ် နေသော လုပ်ငန်းကြောင့် ရည်းစားအ ဖြစ် လက်ခံမည် မဟုတ်ဟု သားဦး ယူဆထားခဲ့သည်။ ခုတော့ တင်တင်မာ တစ်ယောက်ြေ>ွမမကြောက် ကင်းမ ကြောက် စိုးကျော်အား ရည်းစားလုပ်လိုက်လေပြီ။
တွေးကြည့်လျှင်ပင် ရင်လေးဖွယ်အတိ ဖြစ်၏ ။ စိုးကျော်ဆိုသည့် ငတိသည် ဝက်သိုးပေါင်းများ စွာ မွေးထားပြီး ဝက်မျိုးစပ်သည့် လုပ်ငန်းဖြင့် နယ်မှာ စီးပွား ဖြစ်နေသူ ဖြစ်၏ ။ ခုတော့ တင်တင်မာရေ ဝဋ်ရှိသမျှ လည် စင်းသာခံလေတော့ဟု ပြောစရာပဲ ရှိတော့မည် ။
သားဦး ထိုသို့ စဉ်းစားနေချိန်မှာ ပဲ ...
''ဟေ့ကောင်ကြီး ...ကြားရဲ့ လား''
စိုးကျော်အသံ ပြန်ထွက်လာခြင်း ဖြစ်သည်။
သားဦးက သက်ပြင်းခိုးချလိုက်ရင်း ...
''ကြားပါတယ်ကွာ၊ မင်းတို့ချင်း အဆင်ပြေသွားရင်လည်း ပြီးတာ ပဲ''
''အေးပါ ...မင်း သဘောကောင်းမှန်း ငါ သိပြီးသားပါ၊ ဒါနဲ့ သားဦး ...မင်းရော ရည်းစားလေး, ဘာလေး မရှိသေးဘူးလား''
''ဟေ့အေး ...မရှိပါဘူး၊ ဘာ ဖြစ်လို့လဲ''
''ဘာ ဖြစ်ရမှာ လဲ၊ ရည်းစားဆိုတာ ထားရတယ်ကွ၊ အေးလေ ...မင်းက မထားဘူးတော့ အရသာ ဘယ်သိပါ့မလဲ၊ နယ်ကို လာခဲ့စမ်း ပါကွာ၊ ငါ့မှာ လည်း ညီမဝမ်းကွဲလေးတွေ ရှိပါတယ်၊ မင်းနဲ့ဆို သဘောတူ ပါတယ်ကွ''
အရေး ထဲ အလဲအထပ် လာရိုက်နေသေးသည်။ ယောက် ဖလောင်း နှင့် အတန်ကြာ စကားပြောပြီး ဖုန်းချလိုက်ရ၏ ။
တင်တင်မာအတွက် ရင်နာနေချိန် မရလိုက်။ ဖုန်းက ထပ်ဝင်လာ ပြန်သည်။
သားဦးလည်း စိတ်ပေါက်ပေါက်နှင့် ...
''အေး ...ပြော ဘယ်သူလဲ''
တစ်ဖက်က ...
''ငါပါကွ ...နိုင်လင်းအောင်ပါ''
ဟိုဘက်ရပ်ကွက်မှာ နေသော ဘော်ဒါ ဖြစ်သည်။ ကျောင်းမှာ မေဂျာ မတူသော်လည်း ရင်းရင်းနှီးနှီးရှိ၏ ။
ဒင်းမပြောရသေးခင်မှာ ပဲ သားဦးက ...
''ဘာကိစ္စလဲ နိုင်လင်းအောင်၊ မင်း ရည်းစားရတဲ့သတင်းကို ပြောဖို့တော့ မဟုတ်ပါဘူးနော်''
တစ်ဖက်မှ အသံတိတ်သွားပြီးမှ 'ဟာ' ...ဟု ရေရွတ်လိုက်သော ဝမ်းခေါင်းသံကြီးနှင့် အတူ ...
''သားဦး ...မင်း နတ်မျက်စိ ရနေတာတော့ မဟုတ်ပါဘူးနော်၊ အဲဒီ ကိစ္စပဲ ပြောမလို့ကွ၊ လမ်းထိပ်စတိုးဆိုင်က ခတ္တာမျိုးမျိုးနဲ့ ငါ အဆင် ပြေသွားပြီလေ၊ အဲဒါကြောင့် ပွဲခံတဲ့အနေနဲ့ ညနေ မင်းကို ဘီယာ တိုက် မလားလို့''
''ဘာ ...ဘယ်လို လမ်းထိပ်စတိုးဆိုင်မှာ ရောင်းတဲ့ ပတ္တာအမျိုး မျိုးနဲ့ ...ဟုတ်လား''
''ဟာကွာ ...သားဦးကလည်း ခတ္တာမျိုးမျိုးပါကွ၊ ဒီလောက်လှ တဲ့ နာမည် ကိုမှ မှားပြောရတယ်လို့ ...မင်းကွာ''
သားဦး ခေါင်းကို တဗျဉ်းဗျဉ်းကုတ်လိုက်မိသည်။
''ထားတော့ကွာ၊ ဘီယာတိုက်မယ်ဆိုရင်တော့ သောက်မှာ ပေါ့၊ အဲဒီ ဝိုင်းမှာ သာ မင်းရည်းစားရတဲ့အကြောင်း ထပ်မပြောရင် ကောင်းမယ်''
တဟားဟား ရယ်ပြီးမှ နိုင်ဝင်းအောင်က ...
''သားဦးရာ ...ဘာ ဖြစ်နေတာလဲ၊ မင်းကြည့်ရတာ ငါ ရည်းစား ရတာ ကိုပဲ အားကျသလိုလို၊ မနာလို ဖြစ်သလိုလို ဖြစ်နေပြီနဲ့တူတယ်၊ ရည်း စားထားချင်ရင်လည်း ပြောပေါ့ကွာ၊ နည်းလမ်းကောင်းလေးတွေ မျှဝေပါ့ မယ်''
''တော် ပြီ ...တော် ပြီ၊ ဒါပဲဟေ့ကောင် ...ညနေမှဆုံမယ်''
ခပ်ပြတ်ပြတ်ပြောပြီး ဖုန်းချလိုက်သည်။ ဒီနေ့မှ ဘယ်လို ဖြစ်နေ သည်မသိ။ သူများ တကာ ရည်းစားရသော သတင်းတွေ ပဲ ကိုယ့်ဆီ ဝင်လာနေသည်။ စဉ်းစားကြည့်လျှင် ရည်းစားမရှိသော ကိုယ့်မှာ ပဲ လူစဉ်မမီသလို လို။
စဉ်းစားရင်းပင် ရည်းစားမရှိသော ကိစ္စသည် သားဦးအတွက် ပြဿ နာအသွင် ဆောင်လာသလို ခံစားနေရသည်။
ငါ ဘာကြောင့် ရည်းစားမထား ဖြစ်တာလဲ၊
တိကျသော အဖြေက သားဦးထံတွင် မရှိ။ ခုချိန်ထိ မိန်းကလေး တွေ ကို စိတ်မဝင်စားခြင်းပဲ ဖြစ်မည် ။ ဒါဆို ယောက်ျားအချင်းချင်း စိတ်ဝင် စားနေလို့လား။ နိုးပါဟု ဖြေပါမည် ။ သူသည် လူစဉ်မီသော ယောက်ျားစင် စစ် တစ်ယောက် သာ ဖြစ်သည်။
ဒါဆို ဘာ ဖြစ်လို့ ရည်းစားမထား ဖြစ်တာလဲ၊
ထိုမေးခွန်းကပဲ ပတ်လည်ရိုက်ပြီး ခေါင်းထဲ ပြန်ဝင်လာပါသည်။ ထိုအကြောင်း အိမ်မှာ ထိုင်စဉ်းစားနေလျှင် ပိုစိတ်ရှုပ်မည် ဟု သားဦး တွေး လိုက်မိ၏ ။
ထိုအတွေးနှင့် အပြင်ထွက်ရန် စဉ်းစားလိုက်ချိန်မှာ ပဲ အိမ်အပေါ် ထပ်မှ ဖားသားဖေဖေ ဆင်းလာသည်ကို မြင်လိုက်ရ၏ ။
သားဦးက လှမ်းကြည့်ကာ ...
''ဖေဖေ ...သားသူငယ်ချင်းတွေ ဆီက ဖုန်းလာရင် သူတို့ ရည်း စားရတဲ့အကြောင်းဆို မပြောခဲ့နဲ့လို့သာ ပြန်ပြောလိုက် သိလား''
အဖေ ဖြစ်သူ ဦးကျော်သာ ပါးစပ်ပြဲသွားရသည်။ သား ဖြစ်သူကို လည်း အူကြောင်ကြောင် ပြန်ကြည့်လိုက်ပြီး ...
''ဘာ ဖြစ်လို့လဲ သားရဲ့ ၊ သားကရော ခု ဘယ်ကို သွားမလို့လဲ''
သားဦးက ခေါင်းကုတ်လိုက်ပြီး ...
''တစ်မနက်လုံး အဲဒီ ဖုန်းတွေ ပဲ လာနေလို့ စိတ်ညစ်လို့ ဖေဖေရာ၊ ခု ရေမိုးချိုးပြီး အပြင်ခဏသွားမလို့''
ပြောရင်း လက်ထဲမှာ ကိုင်ထားသည့် စာအုပ်ကို စားပွဲပေါ် အသာ ချ၍ သားဦး လှည့်ထွက်သွားသည်။ ထိုစာအုပ်၏ မျက်နှာဖုံးကိုကြည့်ပြီး ငါ့သား တကယ်ပဲ စိတ်ညစ်သွားတာကိုး ...ဟု ဦးကျော်သာ တွေးလိုက်မိ ၏ ။
ရေချိုးရန် ဝင်သွားသော သူ့သားဖတ်ခဲ့သည့် စာအုပ်က စိတ်ညစ် ရင် ရေချိုးပါဆိုသည့် စာအုပ်ပဲ မဟုတ်ပါလား။
ရေကို အားရပါးရချိုးပြီး သားဦး အိမ်မှ ထွက်ခဲ့လိုက်၏ ။ ရပ် ကွက်ထဲမှာ ရှိသော လက်ဖက်ရည်ဆိုင်သို့ ပဲ သွားမည် ဟု စိတ်ကူးမိသည်။
ခြံဝမှ လမ်းပေါ်ထွက်လိုက်စဉ်မှာ ပဲ မျက်နှာချင်းဆိုင်ဘက်မှလာ သော ထီလှည်းဆီက သီချင်းသံကြောင့် သားဦး တွန့်သွားရပြန်သည်။
xxx ရည်းစားလေး တစ်ယောက် တော့ လိုချင်တာပေါ့ xxx ငါ့မှာ လည်း အသည်းနဲ့ ချစ်တတ်ပါတယ် xxx
ဆိုင် ကတော့ ထိုင်နေကျ လက်ဖက်ရည်ဆိုင် ဖြစ်သည်။ ထိုကြောင့် ရပ်ကွက်ထဲမှ တခြားဆိုင်များ ကို ထိုင်နေကျမဟုတ်ဟုလည်း ဆိုနိုင်သည်။ ဆိုင်နာမည် က 'ခေတ်သစ်' ဖြစ်၏ ။ ဘယ်ခေတ်ကို ရည်ညွှန်းပြီး ဖွင့်ထား သည်တော့မသိ။ ခုလို ခေတ်တွေ စနစ်တွေ ပြောင်းပြီး ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်သို့ ဦးတည်နေချိန်မှာ တော့ ဆိုင်နာမည် က ဟုတ်သလိုလို ရှိသည်။
ဆိုင်ထဲမှာ ကျကျနနထိုင်ပြီး သောက်သုံးရန် လက်ဖက်ရည်တစ် ခွက် မှာ ယူလိုက်စဉ်မှာ ပဲ နောက်ဘက်ဝိုင်းဆီမှ စကားသံတွေ ကို ကြားလိုက် ရခြင်း ဖြစ်သည်။
''မင်းတို့ကောင်တွေ မိန်းမ တစ်ယောက် ရဲ့ စကတ်ဟာ ဘယ် လောက်အသုံးဝင်တယ်ဆိုတာ သိကြရဲ့ လား''
ဗုဒ္ဓေါ ... မေးခွန်းက ကြမ်းလှချည်လား။ အသံကိုလည်း ကြားဖူးသလိုလိုရှိ၍ သားဦး လှည့်ကြည့်လိုက်မိသည်။ တစ်ဆက်တည်း အံ့သြသွား ရသည်။ ရပ်ကွက်ထဲမှ လူငယ်လေးများ ကို ထိုသို့ အာပေါင်အာရင်းသန်သန် ပြောဆိုနေသူက တခြားမဟုတ်။ ကိုရခိုင်ကြီးဟု ရပ်ကွက်ထဲမှာ ခေါ်ကြသည့် ကိုသန်းဦး ဖြစ်သည်။ ထပ်ပြောပါမည် ။ 'ရ'ကောက်နှင့် စသော ရခိုင်ကြီး ဖြစ် သည်။ 'ရ'ကောက်တွင် ဝတ်ဆံပါ၍ သတိပေးရခြင်း ဖြစ်သည်။ သင်္ချာဂဏန်း (၇) တွင် ဝတ်ဆံမပါပါ။ ကိုရခိုင်ကြီးအား ကိုခုနစ်ခိုင်ကြီးဟု ထင်နေမှာ စိုး၍ ဖြစ်သည်။ ထပ်ပြောရလျှင် ကိုရခိုင်ကြီး၌ ခုနစ်ခိုင်လည်း ရှိမည် မထင်ချေ။ အင်း ...တစ်ခိုင်တော့ သေချာပေါက်ရှိပါလိမ့်မည် ။ နောက်တစ်ခေါက်ထပ် ပြောရလျှင် သားဦးနှင့် လည်း ပြောမနာဆိုမနာ အနေအထားလောက် ရင်း ရင်းနှီးနှီးရှိသည့် ကိုရခိုင်ကြီး ဖြစ်သည်။
ရပ်ကွက်ထဲတွင် ဓာတ်ပုံဆိုင်ဖွင့်ထားသော ဓာတ်ပုံဆရာကိုရခိုင် ကြီးလည်း ဖြစ်၏ ။ ဟူး ...ပြောရတာ လည်း မောသည်။
လောလောဆယ်တော့ ဓာတ်ပုံဆရာ ကိုရခိုင်ကြီး ဘာဆက်ပြော မလဲဟု သားဦး နားစွင့်နေလိုက်၏ ။
''မင်းတို့ ကတော့ ထင်မှာ ပဲ ...စကတ်ဆိုတာ မိန်းမ တစ်ယောက် အတွက် အရှက်လုံဖို့၊ ထပ်ပြောရရင် ခေတ်မီလှပ ဖက်ရှင်ကျဖို့ စသဖြင့် ပေါ့ကွာ''
''ဟင် ...စကတ်တစ်ထည်ရဲ့ အသုံးဝင်ပုံဟာ အဲဒါပဲ မဟုတ်ဘူး လားဗျ၊ ဘာကျန်သေးလို့လဲ''
ကိုရခိုင်ကြီးက တဟဲဟဲ ရယ်သည်။ ငါ ဓာတ်ပုံဆရာပဲ ဟူသည့် မာန်တက်သော ရယ်သံမျိုးနှင့် ဖြစ်၏ ။
ပြီး ...သူ့လက်ထဲမှာ ကိုင်ထားသော ဂျာနယ်မှစာမျက်နှာတစ်ခု ကို ဖျတ်ခနဲ လှန်လိုက်ကာ ...
''အေး ...မင်းတို့ကို ပါးစပ်နဲ့ မပြောခင် ဓာတ်ပုံနဲ့ အရင်သက် သေပြမယ်၊ ကဲ ...ဂျာနယ်ထဲမှာ ပါတဲ့ မွန်ရိုးရဲ့ ပုံကို ကြည့်လိုက်စမ်း၊ ဘာ ဖြစ်နေလဲ''
ကိုရခိုင်ကြီး ပြလာသော ဓာတ်ပုံကို အားလုံးက ဝိုင်းကြည့်လိုက် ကြသည်။
''ဟင်''
''ဟာ ...ဒါ ...ဒါ ...မွန်ရိုးစကတ်လန်နေတဲ့ပုံပဲ''
''ဟုတ်တယ် ...တင်ပါးလေးတောင် ပေါ်နေသေးတယ်''
''အေး ...အတွင်းခံက အဖြူလေးဟ''
''အဟီး ...မိုက်တယ်''
အသံတွေ က တစ်ယောက် တစ်ပေါက် ထွက်လြာ ကတော့သည်။ ထိုအသံတွေ ကြောင့် ကိုရခိုင်ကြီးမျက်နှာက သုန်မှု န်သွားရပြီး ...
''မိုက်ရိုင်းလှချည်လားကွ၊ ဟေ့ကောင်တွေ ...မင်းတို့ကို နှာဘူး စိတ်နဲ့ ကြည့်ခိုင်းတာ မဟုတ်ဘူးကွ၊ ငါပြောချင်တာက မွန်ရိုးအထိမ်းအမှတ် အ ဖြစ် ချီကာဂိုမြို့မှာ လုပ်ထားတဲ့ ရုပ်တုဟာ နှစ် ဆယ့်ခြောက်ပေတောင် မြင့်တယ်ဆိုတော့ လန်နေတဲ့ စကတ်အောက်မှာ လူနှစ် ဆယ်ထက်မနည်း မိုးခိုလို့ရတယ်ဆိုတာကို ပြောချင်တာ၊ အဲဒါ စကတ်တစ်ထည်ရဲ့ အသုံးဝင်ပုံ ကို မွန်ရိုးက သက်သေပြလိုက်တာ မဟုတ်လား''
အားလုံး ငြိမ်ကျသွားကြသည်။ မသိလျှင် သူကပဲ မွန်ရိုးနှင့် ခေတ် ပြိုင်လိုလို ကိုရခိုင်ကြီးက ရှင်းပြနေခြင်း ဖြစ်၏ ။ ပြီး ...ထိုသူတွေ ကိုပဲ ကိုရခိုင်ကြီးက ဆက်၍ ...
''ထပ်ပြောရရင် ဒီဓာတ်ပုံက ရာဇဝင်ရှိသေးတယ်ကွ၊ ဒီပုံဟာ ဟန်နက်ဆီအရက်ကြော်ငြာအတွက် မွန်ရိုးက ရိုက်ပေးခဲ့တာ၊ ပုံက အသက် ဝင်လွန်းလို့ နာမည် ကြီးသွားတာပဲ၊ ဓာတ်ပုံမရိုက်ခင် ပန်ကာလေနဲ့ မှု တ် လိုက်တော့ လန်သွားတဲ့စကတ်ကို မွန်ရိုးက လက်နဲ့ အမြန်ဖုံးဖိလိုက်တယ်၊ အဲဒါကို ဓာတ်ပုံဆရာက အမိအရ ရိုက်လိုက်တာပဲ အဲဒီ လောက်ဆိုရင် ငါတို့ ဓာတ်ပုံဆရာတွေ ရဲ့ မှော်ကို သဘောပေါက်ပြီလား''
''ပေါက် ...ပေါက်ပါပြီ''
စကားအဆုံးမှာ ခေါင်းကို တစ်ချက်ပြင်းပြင်းညိတ်လိုက်ပြီး ကိုရခိုင် ကြီးက ...
''အေး ...အဲဒါပဲကွာ၊ ငါတောင် မွန်ရိုးကို သတိရလို့ ညနေ သောက်ဖို့ ဟန်နက်ဆီတစ်လုံး ဝယ်ထားသေးတယ်''
ဘာမှလည်း မဆိုင်ချေ။ ကိုရခိုင်ကြီးက မဆီမဆိုင် ဘလိုင်းကြီး ထည့်ကြွားလိုက်ခြင်း ဖြစ်သည်။ နားထောင်နေသူတွေ ကတော့ မွန်ရိုးအ ကြောင်း ကိုရခိုင်ကြီးလောက် မသိသလို ဟန်နက်ဆီအရက်လည်း မသောက် နိုင်သဖြင့် ပြောသမျှ ငြိမ်ခံနေရသည်။
ထိုအချိန်မှာ ပဲ သားဦးက စားပွဲထိုးလေးကို လှမ်းခေါ်၍ ...
''ညီလေး ...ဟိုဝိုင်းက ကိုရခိုင်ကြီးကို သွားပြောလိုက်စမ်းပါ ကွာ၊ ဒီမှာ ဧည့်သည်စောင့်နေတယ်လို့''
''ဟုတ်''
မှာ လိုက်သည့်အတိုင်း စားပွဲထိုးလေးက သွားပြောပါသည်။
ကိုရခိုင်ကြီးတစ်ချက် အူတူတူ ဖြစ်သွားရပြီး ...
''ဘာ ...ဧည့်သည်ဟုတ်လား၊ ဘယ်သူ ...များ ...များ ''
ရေရွတ်ရင်း လှည့်အကြည့်မှာ သားဦးကို ခန့်ခန့်ကြီး တွေ့ လိုက် သဖြင့် ကိုရခိုင်ကြီး စကားရပ်သွားရသည်။
တစ်ဆက်တည်း မျက်နှာကြီးကိုမဲ့လျက် ...
''သားဦး မင်းကွာ ...လှမ်းခေါ်လိုက်ရင် ရသားနဲ့''
သားဦးက ခန့်ခန့်ကြီး ထိုင်နေရင်းမှ မိန့်မိန့်ကြီး ပြန်ပြုံးပြလိုက် သည်။ ပြီးမှ ...
''အဟဲ ...ခင်ဗျား မွန်ရိုးအကြောင်း ဖောနေတာ၊ အဲ ...ပြော နေတာ အရှိန်ပျက်သွားမှာ စိုးလို့ဗျ၊ ကဲပါ ...အဲဒီ က သတင်းစာရှင်းလင်း ပွဲပြီးရင် ဒီဘက်ကို ကြွခဲ့စမ်းပါဦး၊ ဆွေးနွေးစရာလေး ရှိလို့''
မျက်နှာတစ်ချက် ဝင်းခနဲ ဖြစ်သွားရင်း ကိုရခိုင်ကြီး ကြွချီတော် မူ လာပါသည်။ တစ်ဖက်ဝိုင်းမှာ မျို့ဆို့တော် မူထားခဲ့သည့် စားသောက်စရာ တွေ အတွက်တော့ ရှင်းခဲ့ဟန်မတူချေ။
သားဦးရှေ့ရောက်ရောက်ချင်းပင် ...
''ကဲ ပြော ...ဘာကိစ္စကိုများ ဆွေးနွေးတိုင်ပင်ချင်လို့လဲ''
သားဦးက ...
''အေးဆေးပေါ့ ကိုရခိုင်ကြီးရာ၊ လက်ဖက်ရည်လေး, ဘာလေး သောက်ချင်ရင် ထပ်သောက်ဦးလေ''
''ဟေ ...မင်း တိုက်မလို့လား''
''ဟာဗျာ ... ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်ပေါ့ဗျ၊ ဟိုဘက်ဝိုင်း မှာ လည်း ခင်ဗျား ပြောချင်တာတွေ ပြောပြီး နှစ် ပြားမတန်အောင် စားသောက် လာခဲ့တယ်မလား၊ ကျွန်တော့် ကိုတော့ အဲဒီ အချိုးမျိုး လာမချိုးနဲ့ ကိုရခိုင် ကြီး၊ လုံးဝ မရဘူး''
အတည်ပေါက်ကြီးပြောလိုက်သည်မို့ ကိုရခိုင်ကြီးမျက်နှာ မည်းခနဲ ဖြစ်သွားသည်။ ပြန်ချေပရန် စကားကို အငမ်းမရ စဉ်းစားလိုက်ပြီး ...
''ဟေ့ကောင် ...ဟာ မင်းကွာ၊ အဲဒါက ငါ့ကုသိုလ်နဲ့ငါကွ၊ ပြီးတော့ ...ငါ့ကို ရခိုင်ကြီးလို့ မခေါ်နဲ့ကွာ၊ ငါ့မှာ နာမည် ရှိတယ်၊ သန်းဦး ကွ ...သန်းဦး''
''ဟုတ်ပါပြီ ကိုသန်းဦးကွ၊ သန်းဦးရယ် ...ကျွန်တော် က နောက် တာပါ ...အဟဲ''
ထိုအခါမှ စပ်ဖြီးဖြီး ပြောလိုက်သော သားဦး၏ မျက်နှာကိုကြည့် ကာ ကိုရခိုင်ကြီး စိတ်လျှော့ချလိုက်ပုံရသည်။ ရှယ်ပုံမှန်တစ်ခွက်ဟု မျက်နှာ ထိမျက်နှာထားနှင့် လှမ်းမှာ လိုက်ရင်း ...
''ဟေ့ကောင် ...မှာ လိုက်ပြီနော်၊ ပြော ...ခုနက တိုင်ပင်စရာ ရှိတယ်ဆိုတာ ဘာလဲ''
သားဦးက မျက်နှာကို တည်ပစ်လိုက်ပြီးမှ ...
''ဒီလိုဗျာ ...ခုချိန်ဟာ တော် သလင်းလလည်း မဟုတ်ဘူးလေ''
ထိုအချိန်မှာ ကိုရခိုင်ကြီးက ဆိုင်ရှေ့လမ်းပေါ်မှ ခွေးဝဲစားနှစ် ကောင်ကို မသိမသာလေး လှမ်းကြည့်လိုက်သေးသည်။
ပြီး ...သားဦးကိုလည်း ...
''အေး ဆက်ပြောလေ ... တော် သလင်းလ မဟုတ်တော့ ...''
သားဦးက ...
''အေးဗျာ ...အဲဒါနဲ့များ ကျွန်တော့် မှာ ဒီတစ်မနက်လုံး သူငယ် ချင်းတွေ ရည်းစားရတဲ့ သတင်းတွေ ကိုပဲ ကြားနေရတယ်''
''ဟင် ...ဘာဆိုင်လို့လဲ''
''ဆိုင်ဆိုင်,မဆိုင်ဆိုင် နားထောင်ဗျာ၊ သူများ စကားပြောနေတဲ့ အချိန်မှာ ဖြတ်ပြောတာ နားထောင်သူကောင်း တစ်ယောက် မဟုတ်ဘူးဗျ''
''အေးပါကွာ ...ဆက်ပြော, ဆက်ပြော''
''အဲဒီ သတင်းဟာ အပေါ်ယံကကြည့်ရင် သာမန်ဆိုပေမယ့် ကျွန်တော့် လို ရည်းစားမရှိသေးတဲ့ကောင်အတွက်တော့ အတော် လေးကို ခံရခက်စေတယ်ဗျာ၊ ခင်ဗျားပဲ စဉ်းစားကြည့်လေ၊ မနက်ဖြန် ကျွန်တော် ကျောင်းကိုရောက်ရင် အဲဒီ ကောင်တွေ က နှိမ်သလိုလို၊ သူတို့လောက်မှ အ ဖြစ်မရှိတဲ့ကောင်လိုလို ကြည့်ြ ကတော့မယ်၊ ခင်ဗျားသာ ကျွန်တော့် နေရာ မှာ ဆိုရင် ဘယ်လိုခံစားရမလဲ ကိုရခိုင်ကြီး''
စကားအဆုံးမှာ ကိုရခိုင်ကြီးမျက်နှာက ကာလာနှစ် မျိုးကူးချည်း သန်းချည်း ဖြစ်သွားရင်း ...
''အင်း ...ကဲ ...ငါ ဆိုရင်တော့ ...ဟိုကွာ ...အဲဒီ လိုမျိုး''
သားဦးက လက်ကာပြလိုက်သည်။ တစ်ဆက်တည်းပဲ ခေါင်းတ ဆတ်ဆတ် ညိတ်ရင်း ...
''အဲဒါပဲ ကိုရခိုင်ကြီး ...အဲဒါပဲ၊ ခင်ဗျား မဖြေနိုင်တော့ဘူး မလား၊ ဒါပဲလေ ...ခင်ဗျားလို ဦးနှောက်သေးသေးလေးနဲ့တော့ စဉ်းစား လို့မရနိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ အဲ ...ဒီကိစ္စကို ကျွန်တော် အဖြေရှာကြည့်တော့ ...တော့''
''ဟေ့ကောင် သားဦး ...မင်းပြောနေတာက ဆွေးနွေးတဲ့ဘောင် ကိုကျော်ပြီး ငါ့ကို နှိပ်ကွပ်သလို ဖြစ်နေပြီကွ''
ခပ်တင်းတင်းပြောလာသဖြင့် သားဦးက ဟီးခနဲ ရယ်လိုက်သည်။
''ဆောရီးဗျာ ...ကျွန်တော် စဉ်းစားကြည့်တော့ ငါလည်း ရည်း စားထားမှ ဖြစ်တော့မယ်ဆိုတဲ့ အဖြေတစ်ခုပဲ ထွက်လာတယ်၊ ဟုတ်တယ် မလား ကိုရခိုင်ကြီး''
စကားအဆုံးမှာ တော့ ကိုရခိုင်ကြီး ဝါးလုံးကွဲမတတ် ထ,ရယ်တော့ သည်။ ပြီး ...သားဦးကိုကြည့်ရင်း ...
''သားဦး ...မင်းဟာလေ တော် တော် တိုင်ပတ်တဲ့ကောင်ပဲ၊ သူများ တွေ ရည်းစားရသွားတာကိုကြည့်ပြီး မင်း အားကျလို့ အဲ ...မနာလို ဖြစ်လို့ ရည်းစားထားချင်နေပြီလို့ စောစောက ပြောလိုက်ရင် ပြီးရောဟာကို''
ထိုစကားကြောင့် သားဦးက လေပူတစ်ချက် မှု တ်ရင်း ...
''အဓိပ္ပာယ် ကတော့ အဲဒီ လိုသက်ရောက်ပေမယ့် ကျွန်တော့်  သူငယ်ချင်းတွေ ရှေ့မှာ တော့ အဲဒီ လိုမျိုး အထင်မခံချင်တာ အမှန်ပဲဗျ၊ ဥပမာ ...ရည်းစားထားတယ်ဆိုတာ ကျွန်တော် လည်း လုပ်နိုင်တဲ့ အလုပ်တစ်ခု လိုမျိုး လုပ်လို့ရတယ်ဆိုတာကို ပြချင်တာ၊ အဲဒါကြောင့် ဒီကောင်တွေ ရှေ့ရောက်ရင် ဘယ်လိုအခင်းအကျင်းမျိုးနဲ့ နေထိုင်ပြုမူရမယ်ဆိုတာကို ဆွေးနွေးချင်တာဗျ၊ တစ်ဆက်တည်း ပြောရရင် မွန်ရိုးအကြောင်းကိုတောင် ဒီလောက်သိနေတဲ့ ကိုရခိုင်ကြီးဆိုရင် ခုကိစ္စလောက်ကိုတော့ အကြံပေးနိုင် မယ် ထင်လို့လေ''
ကိုရခိုင်ကြီး ခပ်တွေ တွေ ဖြစ်သွားသည်။ ဒီကိစ္စဟာ ဓာတ်ပုံတစ်ပုံ ရိုက်တာလောက် မခက်ပါဘူးဟု စဉ်းစားလိုက်ပုံလည်း ရ၏ ။ ထိုကြောင့် သက်ပြင်းတစ်ချက်ကို ပြီးစလွယ်ချလျက် ...
''အင်း ...မွန်ရိုးကိစ္စ ကတော့ ကြာခဲ့ပါပြီကွာ၊ အဲ ...ပြီးတော့ မင်းကိစ္စက မွန်ရိုး ဘယ်လိုသေဆုံးသွားတာလဲဆိုတာလောက်တော့ မနက်နဲ ပါဘူး၊ ဒီတော့ကွာ မင်းလုပ်ရမှာ က ...''
စကားကို ဖြတ်ထားလိုက်ပြီးမှ ဓာတ်ပုံဆရာ ကိုရခိုင်ကြီးက အင် မတန် လေးနက်သော အသွင်ဖြင့် ဒီလိုလုပ်ကြည့်ပါလား ...ဟု အစချီလိုက် လေသည်။
နောက်တစ်ရက် သားဦး ကျောင်းကိုရောက်တော့ ထင်ထားသည့် အတိုင်း ဖြစ်လာသည်။ ထိုသို့ ထင်ထားသဖြင့် အနည်းငယ်နောက်ကျခံကာ တမင်လာခဲ့ခြင်းလည်း ဖြစ်၏ ။ ထိုင်နေကျကင်တင်းရောက်တော့ အထက်က ဆိုခဲ့သည့်အတိုင်း ထင်ထားသလို မြင်လိုက်ရချေပြီ။
မနေ့ကမှ ရည်းစားရသွားခဲ့သည့် ထင်လင်းသည် သူ့ရည်းစား ကြည်ကြည်ဆွေနှင့် အတင်းကပ်ကာ ထိုင်နေ၏ ။ ဒင်းတို့ဘေးမှာ က ယခင်က ပဲ ရည်းစား ဖြစ်နေကြသူ ကျော်ကြီးနှင့် သော်သော်တို့အတွဲ။ ဒါတင်မကသေး ဘဲ နိုင်လင်းအောင်ဆိုသော ကောင်ကပါ သူ့ရည်းစား ခတ္တာမျိုးမျိုးဆိုသည့် ဟာမကို ကျောင်းအထိ ခေါ်ယူတင်သွင်းလာသည်။ ဒင်းတို့အလယ်မှာ မျက်နှာငယ်လေးနှင့် ထိုင်နေသူက ကိုယ်နှင့် အသွေးအမွေးချင်း မတူသော် လည်း လောလောဆယ် ဘဝတူ ဖြစ်နေသော သီဟဖြိုးဆိုသည့် လဒ။
သားဦးက အားလုံးကို ခြုံငုံကြည့်ပြီး ဝိုင်းမှာ ဝင်ထိုင်လိုက်သည်။ သားဦးကို တွေ့ လိုက်ရလျှင်ပင် သီဟဖြိုးမျက်နှာက သေဖော်သေဖက် တွေ့ လိုက်ရသလို စိတ်သက်သာရသွားသည့်ပုံစံဖြင့် ...
''အတော် ပဲ သားဦးရာ ...ငါ မင်းကို မျှော်နေတာကွ''
ထိုစကားကြောင့် သားဦးက မျက်ခုံးပင့်လိုက်ရင်း ...
''ဟေ ...ဘာ ဖြစ်လို့လဲ''
သီဟဖြိုးက မျက်နှာဆီးရွက်လောက်လေးနှင့် ...
''ငါ ...ငါ တစ်ယောက် တည်း ဖြစ်နေလို့ကွ''
စကားအဆုံးမှာ အတွဲကိုယ်စီထံမှ ... ဖြစ်ရလေဟု အဓိပ္ပာယ် ဆောင်သည့် အပြုံးတွေ ကို မြင်လိုက်ရသည်။
သားဦးက မျက်နှာကိုမဲ့ရင်း ...
''မင်းကွာ ...ဘာများ လဲလို့၊ မင်းအမေ မင်းကိုမွေးတုန်းကရော မင်း တစ်ယောက် တည်း မဟုတ်လို့လား၊ ခုရော မင်းကို ဘယ်သူက ဘာ လုပ်နေလို့လဲ''
''အေးလေ ...ဘယ်သူမှ ဘာမှမလုပ်ပါဘူးကွာ၊ ဒီကောင် သူ့ ဘာသာ ငါတို့ကိုကြည့်ပြီး ဂျဲလက်(စ်) ဖြစ်၊ အဲ ...အားကျနေတာ ဖြစ်မှာ ပေါ့ ...ဟဲ ဟဲ''
ထင်လင်းက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။ နိုင်လင်းအောင်ဆိုသော ငတိကပါ 'နေတတ်သလို နေပါကွ ... မရှိန်ပါနဲ့' ...ဟု အသားယူကာ ဝင်ပြောလိုက်သေးသည်။ အသားပေးရမည့်  ဒင်းတို့၏ ငတိမတွေ ကတော့ ရှက်စနိုးအပြုံးတွေ နှင့် ။
သားဦး ကတော့ သီဟဖြိုးပခုံးကို တဖတ်ဖတ်လှမ်းပုပ်လိုက်ရင်း-
''ဟုတ်သားပဲကွ၊ မင်းပုံစံက အာဖဂန်စစ်မြေပြင်ကို မလိုက်ရလို့ ဝမ်းနည်းနေတဲ့ အမေရိကန်စစ်သားကျနေတာပဲ၊ နေစမ်းပါဦး ...မင်းတို့ ကရော ဒီကောင့်ကို ဘေးထားပြီး ဘာတွေ ပြောနေကြလို့လဲ''
ဒီတစ်ခါမှာ လည်း ခြေစွာ နေသော ထင်လင်းကပဲ ...
''အဟဲ ...ငါတို့က တကယ်လက်ထပ်ကြမယ့် ချစ်သူစုံတွဲတွေ ဆိုတော့ ကျောင်းပြီး လက်ထပ်မယ်ဆိုတဲ့ကိစ္စကို ဆွေးနွေးနေတာပါ၊ အဲ ...စကားဝိုင်းက ဒီကောင့်အတွက် အားသားဆိုဒ် ဖြစ်သွားတာကိုး''
ဖြစ်မှ ဖြစ်ရလေဟု သားဦး စိတ်အချဉ်ပေါက်စွာ တွေးလိုက်မိသည်။ ပြောပုံ ကတော့ ကျောင်းထဲမှာ ရှိနေကြသော တခြားအတွဲတွေ က သူတို့လို မဟုတ်ဘဲ ကျောင်းပြီးလျှင်ပဲ ခွာပြဲကြမည့် သူတွေ လိုလို။ တတ်ပဲ တတ်နိုင် လွန်းသည်။ ဟွန်း ...။
ခပ်ချဉ်ချဉ်တွေးလိုက်ပြီးမှ သားဦးက ဟက်ခနဲရယ်လိုက်ရင်း ...
''ဟုတ်တာပေါ့ကွ၊ ဆွေးနွေးသင့်တာပေါ့၊ လုပ်စမ်းပါဦး ...မင်း တို့က ဘယ်လိုများ မင်္ဂလာဆောင်ကြမှာ မို့လို့လဲ၊ အဲ ...မင်္ဂလာဆောင် တယ်ဆိုတာက အာဝါဟ, ဝိဝါဟနဲ့ စရဏ မင်္ဂလာဆိုပြီး သုံးမျိုးတောင် ရှိတာနော်''
စကားအဆုံးမှာ ပဲ ထင်လင်းက ...
''အဲဒါတွေ တော့မသိဘူး ဟေ့ကောင်၊ ကြည်ကြည်မှာ က အိမ်က ပေးစားမယ့်လူရှိတယ်၊ ဒါပေမဲ့ ...ဘာပဲ ဖြစ် ဖြစ် ငါ ကတော့ ကျောင်းပြီး တာနဲ့ ခိုးပြေးမှာ ပဲ''
''ဘာ ...ကိုထင်ကလည်း အဝေးကြီး လိုသေးတာကို''
''မဟုတ်ဘူး ကြည်ကြည်၊ ဒီကိစ္စမျိုးဆိုတာ ဖိုင်နယ်(လ်)အထိ ကြိုတွေးထားရတယ်''
အလဲ့။ တယ်ပြောတတ်တဲ့ ထင်လင်းပါလား။ ဒီလောက်ပြောတတ် လွန်းသည့် ပါးစပ်ကို အော်လ်စတား (All star) ဖိနပ်နှင့် နှစ် ချက်လောကဆင့်ရိုက်ပစ်ဖို့ ကောင်းလှသည်။
ထင်လင်းစကားဆုံးသည်နှင့် နိုင်လင်းအောင်က ...
''ငါ ကတော့ အေးအေးဆေးဆေးပါ၊ ငါနဲ့ခတ္တာ မကြိုက်ခင်ကပဲ ခတ္တာတို့ စတိုးဆိုင်အတွက် အရင်းအနှီးကို ငါ့မိဘတွေ က ထုတ်ပေးထား တယ်လေ၊ အဲဒီ တော့ ငါနဲ့ ခတ္တာနဲ့ကို သဘောမတူစရာ ဘာအကန့်မှ မရှိဘူးကွ''
ဒီကောင့်အပြော ကတော့ ချည်ပြီးတုပ်ပြီး သဘောသက်ရောက် သည်။ ခပ်ရိုင်းရိုင်းပြောရလျှင် ချစ်တီးကုလားအထာမျိုး။ လုပ်ပေါ့ ...မင်း တို့ခေတ်ပဲဟုသာ ပြောစရာရှိသည်။
အနေအေးသော ကျော်ကြီး ကတော့ ...
''ငါတို့ ကတော့ ဘာဘာညာညာ အကန့်မရှိပါဘူးကွာ၊ နှစ် ဖက် မိဘတွေ က အစကတည်းက သဘောတူပြီးသားပါ''
အားလုံး အဆိုတင်သွင်း၍ ပြီးချိန်မှာ တော့ သားဦးက ...
''ငါ ကတော့ လတ်တလော ရည်းစားမရှိသေးပေမယ့် သီဟဖြိုး လိုတော့ မဟုတ်ဘူးကွ၊ မင်းတို့ကိစ္စတွေ ကို ဝင်ဆွေးနွေးလို့ရတယ်''
''ဟေ ...ဘာကိုဆွေးနွေးမှာ လဲ''
နိုင်လင်းအောင်၏ အမေးကြောင့် သားဦးက ဆရာကြီးဟန် အက် ရှင်အပြည့်ယူလိုက်ပြီး ...
''ဒီလိုကွာ ...ရည်းစားကိုယ်စီရှိတဲ့ မင်းတို့ကောင်တွေ က မင်း တို့ရဲ့ ရှေ့ရေး ကို ခုလို ပြောပြလာကြတယ်လေ၊ အဲဒီ မှာ ပဲ မင်းတို့ရဲ့ မင်္ဂလာ ကိစ္စကို ငါ ဖတ်ဖူးတဲ့ မနုဓမ္မသတ်လာ ထိမ်းမြားမင်္ဂလာရှစ်မျိုးနဲ့ ချိန်ထိုးကြည့်တော့ တစ်ယောက် တစ်မျိုးစီ သွားတွေ့ ရတယ်ကွ''
''ဟေ ...ဘယ်လို''
''ခုနက ဘာဓမ္မသတ်မင်္ဂလာ ...ဟုတ်လား''
တစ်ယောက် တစ်ပေါက်စီ မေးလာကြသည်။ သားဦးက အပေါက် အားလုံးကို လက်တစ်ဝါးကာပြကာ ပိတ်ထားလိုက်ရင်း ...
''ခဏလေး ရှင်းပြမယ်လေ၊ ဝိနည်းပါရာဇိကအဋ္ဌကထာ နဲ့ ပိဋကတ်တော် မှာ ဖွင့်ဆိုထားတဲ့ ဟာဝါဟ ဝိဝါဟ အပြင် မနုဓမ္မသတ် လာ မင်္ဂလာရှစ်မျိုးဆိုတာ ရှိသေးတယ်ကွ၊ အဲဒီ အထဲကမှ ထင်လင်းတို့ အတွဲက ဘယ်လိုမင်္ဂလာပြုရမလဲဆိုရင် အဲ ...သာမဿာမင်္ဂလာ ပြုရ မယ်ထင်တယ်၊ အင်း ...နိုင်လင်းအောင် မင်း ကတော့ ကိရိယာမင်္ဂလာ ဆိုတဲ့ အမျိုးအစားထဲမှာ ပါမယ်ကွ''
''ဟင်''
''ကျော်ကြီးတို့ ကတော့ ရိုးရှင်းပါတယ်၊ မလွဲမသွေ ဂန္ထဗ္ဗမင်္ဂလာ ဆောင်ရမှာ ပဲ''
အားလုံး နဝေတိမ်တောင် ဖြစ်သွားကြသည်။ သားဦးကလည်း ထိုသို့ ဖြစ်အောင်ပင် လက်နက်ပုန်းထုတ်သုံးလိုက်သည်ကိုး။
ခုလည်း စကားအဆုံးမှာ ထင်လင်းက ...
''ဘာတွေ လဲ သားဦးရာ ...ငါတို့ နားလည်အောင်လည်း ရှင်းပြ ပါဦး၊ အဲဒီ လို အကြောင်းအရာတွေ က မင်းပဲ ရှာရှာဖွေဖွေ သိတာလေ''
သားဦးက ...
''ပြောမှာ ပါ၊ ပြောချင်လွန်းလို့ကို စကားချီး အရင်ပြောလိုက်တာ၊ ကဲ ...အကျယ်ဖွင့်ဆိုချက်အနေနဲ့ ... မင်းတို့ ကိုယ့်မင်္ဂလာကိုယ် ချိန် ထိုးကြည့်လို့ရအောင် ခုနက မင်္ဂလာရှစ်မျိုးကို စာနဲ့ ရေး ပေးခဲ့မယ်၊ ဖတ် ကြည့်ကြပေါ့ကွာ''
ပြောပြောဆိုဆိုပင် သားဦးက စာအုပ်ထုတ်ကာ ချရေး လိုက်သည်။ ပြီး ...ထိုစာရွက်ကို ဆုတ်ဖြဲကာ စားပွဲပေါ်ချပေးလိုက် ရင်း ...
''ကဲ ...မင်းတို့ရည်းစားတွေ နဲ့ ကိုယ့်မင်္ဂလာကိုယ် တိုက်ကြည့် ကြပေါ့ကွာ၊ ငါတော့ အတန်းသွားတက်လိုက်ဦးမယ်၊ သီဟဖြိုး ...လာ ဒိုးရအောင်''
သားဦး ထရပ်လိုက်တော့ သီဟဖြိုးလည်း ယောင်နနနှင့် လိုက် ထလာသည်။ အတွဲသုံးတွဲ ကတော့ အတန်းတက်ဖို့ပင် ဂရုမစိုက်နိုင်အားဘဲ သားဦးရေး ပေးခဲ့သော စာရွက်ကို နွားသိုးကြိုးပြတ် ဝိုင်းဖတ်ကြလေတော့ ၏ ။
ချစ်သူငယ်ချင်းတွေ အပေါ် စေတနာဗလပွနှင့် သားဦးရေး ပေးခဲ့ သည် ကတော့ ...။
မနုဓမ္မသတ်လာ ထိမ်းမြားမင်္ဂလာ (၈) မျိုး
၁။ ဗြဟ္မာမင်္ဂလာ = ရာထူး ဂုဏ်ဓန အမျိုးမြတ်တို့အား လေး စားပူဇော်သော အားဖြင့် သမီးပေးသော မင်္ဂလာပြုခြင်း၊
၂။ ဒဒေယျမင်္ဂလာ = လုပ်ကိုင်ဆောင်ရွက်မှု တို့၌ ဖျတ်လတ် သေချာသော ကြောင့် သဘောကျကာ သမီးနှင့် ပေးစားခြင်း၊
၃။ ကိရိယာမင်္ဂလာ = သူ၏ ပစ္စည်းဘဏ္ဍာရတနာရွှေငွေ စသည် တို့ကို ယူထားမိ၍ သမီးနှင့် ပေးစားရခြင်း၊
၎။ ပညာမင်္ဂလာ = လူလိမ္မာပညာရှိအား မိမိသမီးကို လိမ္မာ အောင် ဆုံးမသွန်သင်စေရန် ရည်ရွယ် လျက် ပေါင်းသင်းရန် ပေးစားလိုက်ခြင်း၊
၅။ အသုတမင်္ဂလာ = သူ၏ ပစ္စည်းဥစ္စာကို အရချူပြီး ဆွေမျိုး ညာတိမှ မသိရအောင် သမီးကို လက် သိပ်ထိုးပေးစားခြင်းမျိုး၊
၆။ ဂန္ထဗ္ဗမင်္ဂလာ = မိဘနှစ် ဦးနှစ် ဖက် သဘောတူ၍ ကြည်ဖြူ စွာ လက်ထပ်ပေးစားခြင်း၊
၇။ အမ္ဘာဟိတမင်္ဂလာ = ဇွတ်အတင်းယူရမည် ဟု ညှဉ်းဆဲ၍ သမီး ကို နှစ်သက် သူနှင့် ပေးစားခြင်း၊
၈။ သာမဿမင်္ဂလာ = လူငယ်အချင်း မှော က်မှားတွေ့ ဆုံ ချစ် ကြိုက်နေသော ကြောင့် မတတ်သာ၍ ပေး စားခြင်း။
ဖတ်ပြီးချိန်မှာ တော့ ထင်လင်း၊ နိုင်လင်းအောင်နှင့် ကျော်ကြီးတို့ ၏ မျက်နှာက ကာလာတစ်မျိုးစီ ထွက်သွားကြသည်။
''ဟင်း''
ပထမဦးစွာ ကျော်ကြီးက သက်ပြင်းချလိုက်ခြင်း ဖြစ်၏ ။ ဆင့်ကဲ ဆိုသလို ...
''တောက် ...ဒီကောင်တော့ကွာ ...ငါတို့ရဲ့ ဝိပွိုင့်ကိုမှ ကလစ် လုပ်သွားတာကွ''
ဟု မကျေမချမ်း ထွက်ပေါ်လာသော ထင်လင်း၏ ဒေါသသံနှင့် အတူ ...
''မိုက်ရိုင်းလိုက်တာကွာ၊ ဒါ ...စာတစ်တန် ပေတစ်တန်နဲ့ကို စော်ကားသွားတာပဲ''
ဟူ၍ မခံချိမခံသာ ရေရွတ်လိုက်သော နိုင်လင်းအောင်တို့၏ စကားသံများ ကသာ ပတ်ဝန်းကျင်လေးမှာ ရှိကျန်ခဲ့လေသည်။
ထိုသုံးယောက် နှင့် ပတ်သက်နေမိသော ကောင်မလေးသုံးယောက် ဆိုလျှင် သားဦး၏ ရိုက်ချက်ကြောင့် ဆိုဖွယ်ရာမရှိတော့။ အားလုံးပေါင်ချိန် နှင့် အမျိုးတော် သွားကြသည်။
သားဦးသည် ထိုသို့ သားဦးမှန်း အစောကြီးကတည်းက သူတို့ သိထားဖို့ကောင်းသည်။
ခုတော့ ...။
''အမှန်အတိုင်းပြောရလျှင် မနေ့က မင်းလုပ်သွားတဲ့ကိစ္စကို လုံးဝ မကျေနပ်ဘူးကွ''
ထိုသို့ အောင့်သီးအောင့်သက်အသွင်ဖြင့် ပြောလာသူက နိုင်လင်း အောင် ဖြစ်သည်။ အလားတူပင် ဒင်းဘေးမှ ထင်လင်း၏ ဘိုကယ်ကလည်း-
''ဟုတ်တယ် သားဦး၊ မင်းနဲ့ငါတို့ဟာ သူငယ်ချင်း အရင်းတွေ ဆိုတာတော့ မှန်တယ်၊ ဒါပေမဲ့ ...ဒီကိစ္စမှာ တော့ ငါတို့ဘက်က ကွန်ပလိန်း တက်ရမှာ ပဲ''
သားဦးက ဘာမှပြန်မပြောသေးဘဲ ကျော်ကြီးကို အရင် မေးဆတ် ပြလိုက်သည်။ ပြောစရာရှိလျှင် တစ်လက်စတည်းပြောဆိုသည့် အထာမျိုး။
ကျော်ကြီးက သက်ပြင်းကို စိတ်မပါသလိုချလျက် ...
''အင်း ...နှစ် မဲတစ်မဲဆိုတော့ ငါလည်း ဒီကောင်တွေ ဘက်က ရပ်တည်ရတော့မှာ ပေါ့ သားဦးရာ''
စကားအဆုံးမှာ တော့ သားဦး ခေါင်းတဆတ်ဆတ် ညိတ်လိုက် သည်။ မျှော်လင့်ထားသည့်အတိုင်း နှစ် ကျပ်ကွက်မိသွား၍ ဖြစ်၏ ။
အတန်ကြာ စဉ်းစားဟန်ပြုလိုက်ပြီးမှ သားဦးက အားလုံးကို ဝေ့ ကြည့်လျက် ...
''ဟုတ်ပြီလေ ...မင်းတို့ကို ငါက ဗဟုသုတလေး ရပါစေဆိုပြီး စေတနာနဲ့ အဆိုတင်သွင်းကြည့်တာပါ၊ မင်းတို့ဘက်ကလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိရမှာ ပေါ့၊ ကဲ ...ဒီတော့ ဒီကိစ္စမှာ မင်းတို့က ဘယ်လို ဖြစ်စေချင်လို့လဲ''
သွေးအေးဟန်ဖြင့် ပြောလာသော သားဦးကို သုံးယောက် စလုံး အနည်းငယ်တော့ ဖြုံသွားကြသည်။
အားလုံးထဲမှ ထင်လင်းက အရင်မာန်တင်းလိုက်ပြီး ...
''မကျေနပ်ဘူးဆိုတာကိုတော့ မင်းကို အတိအလင်း ပြောထားပြီး သားပဲ၊ ဒါပေမဲ့ သူငယ်ချင်းတွေ ဆိုတော့ကွာ ထိုးကြ ကြိတ်ကြလုပ်တာ မျိုးလည်း မ ဖြစ်ချင်ဘူး၊ အင်ပရက်ရှင်အောက်တယ်လေ၊ အဲဒီ တော့ ... ခုကိစ္စကို ငါတို့ ဒစ်စကဒ်လုပ်ကြည့်ကြတယ်၊ အဲဒီ မှာ ပဲ ...''
''ဟေ့ကောင် ထင်လင်း ...တော် ကီကြွယ်မနေနဲ့ကွာ၊ ကမ်းတူး သည်ပွိုင့်ကိုပဲ ပြောလိုက်တော့''
စိတ်မရှည်တော့သည့် နိုင်လင်းအောင်က ဝင်ငေါက်လိုက်ခြင်း ဖြစ် သည်။ ငါ့စကား နွားရဆိုသလို ထင်လင်း နည်းနည်း နင်သွားသော်လည်း နင်စိတ်ကို မျိုသိပ်ပြီး ဆက်ပြောလိုက်၏ ။
''ဒီတော့ကွာ ...နောက်ဆုံးခြုံကြည့်လိုက်တော့ အဖြေက တစ်ခု ပဲ ထွက်လာတယ်၊ အဲဒါ ကတော့ မင်းဟာ ရည်းစားမထားနိုင်ဘဲနဲ့ ရည်းစား ရှိတဲ့ ငါတို့ကို မနာလိုတိုရှည် ဖြစ်နေတာပဲလို့''
''ဟဲ ဟဲ ...ဒါ ကတော့ မင်းတို့အမြင်ကိုးကွ ...ဟင်း ဟင်း''
ဗိုလ်အောင်ဒင်ဇာတ်ကားထဲမှ ခင်မောင်ရင်၏ ဘိုကယ်ကာလာနှင့် သားဦး ပြောလိုက်ခြင်း ဖြစ်သည်။
စကားဆုံးဆုံးချင်းမှာ ပဲ နိုင်လင်းအောင်က ...
''မင်း ဘယ်လိုထင်ထင်ကွာ ...ငါတို့ ကတော့ အဲဒီ လိုပဲ မြင်တယ်၊ ဒီတော့ မင်းဟာ ရည်းစား တစ်ယောက် တောင် မထားနိုင်ဘူးလို့လည်း သတ်မှတ်မိတယ်၊ အဲဒီ တော့ ငါတို့ယုံအောင် မင်း သက်သေပြနိုင်မလား''
''ဟင် ...ငါက ဘာကို သက်သေပြရမှာ လဲ''
နားမလည်ဟန်ဖြင့် သားဦးက မေးလိုက်ခြင်း ဖြစ်သည်။ ထိုအခါမှ ထင်လင်းက ...
''ဒီလိုကွာ ...ငါတို့ အသီးသီး ဂဲလ်ဖရန့်ရှိတဲ့ကိစ္စကို မင်း ဂျေ မဝင်ဘူးဆိုရင် ရည်းစား တစ်ယောက် ထားပြလေ၊ အဲဒါဆိုရင် ငါတို့အား လုံး မင်း လုပ်ခဲ့သမျှကို နားလည်ခွင့်လွှတ်လိုက်မယ်''
စကားအဆုံးမှာ သားဦး ပခုံးတွန့်လိုက်သည်။
''နေစမ်းပါဦးကွ ... ခု မင်းတို့ပြောလာတဲ့ကိစ္စက မင်းတို့ကောင်မ လေးတွေ ရဲ့ သဘောထားတွေ လား''
ထိုအခါမှ ငြိမ်နေသော ကျော်ကြီးက ဝင်၍ ...
''မဟုတ်ဘူး သားဦး၊ ငါ့ကောင်မလေး ကတော့ ထားတော့ကွာ၊ မင်း လုပ်ခဲ့တဲ့ကိစ္စကြောင့် ဟိုကောင်နှစ် ကောင်ရဲ့ ကောင်မလေးတွေ ရှက် သွားတာတော့ မှန်တယ်၊ ဒါပေမဲ့ ...ခုပြောတာက ငါတို့သုံးယောက် ရဲ့ သဘောထားပဲ''
သားဦးက ...
''ဟုတ်ပြီလေ၊ ဒါဆို ဒီဂိမ်းက မင်းတို့သုံးယောက် ပေါင်းပြီး တင်သွင်းလာတဲ့ဂိမ်းပေါ့ ...ဟုတ်လား''
''သက်ရိုက်(စ်) ...သိပ်ဟုတ်တာပေါ့ သားဦးရာ''
ထင်လင်းက ပြောလိုက်ခြင်း ဖြစ်သည်။ သားဦးက အားလုံးကို ကြည့်ပြီး သက်ပြင်းဖွဖွ ဟန်ဆောင်ကာချလိုက်၏ ။ ကိုရခိုင်ကြီးနှင့် ဆွေးနွေး တိုင်ပင်ကာ ဖန်တီးခဲ့သော အကွက် ကတော့ ဝင်လာချေပြီ။
ထို့ကြောင့် သားဦးကပဲ စိတ်လျှော့လိုက်သော အသွင်ဖြင့် ...
''ဒီဂိမ်းကို ငါ ဆော့ရင် မင်းတို့ နားလည်ခွင့်လွှတ်မယ်ဆိုတော့ မဆိုးပါဘူး၊ ဒါပေမဲ့ ...ဘယ်လိုဆော့ရမလဲဆိုတာ ပြောပြဦးလေ''
''အဟင်း ...ဂိမ်းရဲ့ ရူး(လ်) (Rule) တွေ ကိုတော့ ပြောပြမှာ ပေါ့ကွာ၊ ရှင်းရှင်းလေးပါ၊ မင်းကိုယ်မင်း အရည်အချင်းရှိတယ်လို့ထင်ရင် တစ်လ အတွင်း ရည်းစား တစ်ယောက် ထားပြီး ငါတို့ရှေ့ကို ခေါ်လာပြရမယ်၊ အဲ ...မင်းထားရမယ့် ရည်းစားကိုလည်း ငါတို့ကပဲ သတ်မှတ်ပေးမယ်''
သားဦး လက်ကာပြလိုက်သည်။ ပြီး ...
''ခဏလေး ...ဂိမ်းဆော့တယ်ဆိုတာ နှစ် ဦးနှစ် ဖက် စည်းကမ်း ထားမှ ဖြစ်မှာ ကွ၊ ဒီတော့ ငါ့ဘက်ကလည်း ပြောစရာရှိတယ်''
''ပြောကြည့်လေ''
သားဦးက စဉ်းစဉ်းစားစားဟန်ဖြင့် ...
''ကောင်မလေး တစ်ယောက် ကို ရည်းစားထားရမယ်ဆိုတာက တော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဒီကိစ္စဟာ ငါ့အတွက် တကယ်ရည်းစားထားတာ မှ မဟုတ်တာလေ၊ ဂိမ်းတစ်ခုအ ဖြစ် သတ်မှတ်ထားတယ် ဆိုပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင်း ဒီကိစ္စမှာ မင်းတို့ရွေးချယ်မယ့် ကောင်မ လေးရဲ့ သိက္ခာပိုင်းကိုပါ ထည့်တွက်ရဦးမယ်ကွ''
စကားအဆုံးမှာ တော့ ထင်လင်းက ဦးဆောင်ကာ သုံးယောကသား တက်ညီလက်ညီ ခေါင်းခါပြတော့သည်။
ထင်လင်းကပဲ အရင် ...
''သိပ်တွက်ထားတာပေါ့ သားဦးရာ၊ ဒါပေမဲ့ ...အဲဒီ ကိစ္စကို မင်း သိပ်ပူစရာမလိုပါဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ ငါတို့ပြောမယ့် ကောင်မ လေးအနားကိုတောင် မင်း ရောက်ဖို့ သိပ်မလွယ်လို့ပဲ''
''ဘယ်လို ...ဘယ်လို၊ မင်းပြောတာကို ငါ သိပ်နားမရှင်းဘူး ကွ''
သားဦးစကားကြောင့် ထင်လင်းက နိုင်လင်းအောင်ကို တစ်ချက် ကြည့်လိုက်သည်။ မင်းပဲ ဆက်ပွားလိုက်ဆိုသည့် အကြည့်မျိုး။
နိုင်လင်းအောင်ကလည်း ထိုအကြည့်အား သဘောပေါက်စွာ ...
''ရှင်းအောင်ပြောပြမှာ ပေါ့ကွာ၊ ခု ငါတို့ ဒီဂိမ်းအတွက် သတ်မှတ် ထားတဲ့ ကောင်မလေးက သာမန်ပေါပေါပဲပဲ မိန်းကလေး မဟုတ်ဘူးကွ''
''မော်ဒီဖိုင်း ဖြစ်တယ်ဆိုပါတော့ကွာ''
ထင်လင်းစကားကြောင့် စိတ်ညစ်ရသေးတော့သည်။ ဒင်း အပြော ရဆိုလျှင်တော့ ကောင်မလေးက ထူးခြားသာလွန်သည်ပေါ့လေ။ ဘာတွေ ထူးခြားသည်တော့မသိ။ ဒါတော့ နှိုက်မြည်း ...အဲလေ လေ့လာကြည့်မှပဲ သိရတော့မည် ပေါ့။
ထိုအတွေးနှင့် သားဦးက ...
''ဆိုစမ်းပါဦးကွ ...အဲဒီ ကောင်မလေးက ဘာတွေ များ ထူးခြား နေလို့လဲ၊ ပခုံးနှစ် ဖက်ကြားမှာ ခေါင်းမပေါက်ဘဲ တခြားဟာ ပေါက်နေလို့ လား''
''ပခုံးနှစ် ဖက်ကြားမှာ တော့ ခေါင်းပဲ ပေါက်တာပါ၊ ဒါပေမဲ့ ...အဲဒီ ကောင်မလေးရဲ့ ခေါင်းထဲမှာ က မင်း သူ့အနားကို ကပ်လို့မရအောင် လုပ် နိုင်တဲ့ အတွေးအခေါ် Óာဏ်နီÓာဏ်နက်တွေ က ဟာဒ်ဒစ်(စ်) တစ်လုံးစာ လောက် ရှိနေတယ်ကွ''
''ဟမ် ...ဟမ်''
သားဦးက နိုင်ငံခြားမင်းသားတွေ ကဲ့သို့ မထီဟန်ဖြင့် အသံပြု လိုက်သည်။ ပြီးမှ ...
''ထားပါတော့လေ၊ ဘာပဲ ဖြစ် ဖြစ်ပါ၊ ချစ်စိတ်မမွေးဖူးတဲ့ မိန်းက လေးဆိုတာ ကတော့ မရှိနိုင်ပါဘူး၊ ပြောလေ ...ငါ့ရည်းစားအ ဖြစ်နဲ့ မင်း တို့ရှေ့ကို ခေါ်လာပြရမယ့် ကောင်မလေးက ဘယ်သူလဲ၊ ဘယ်မေဂျာက လဲ၊ ပြီးတော့ ...''
စကားပင် မဆုံးလိုက်။ ထင်လင်းက လက်ကာပြရင်း ...
''သိပ်မလောနဲ့လေ၊ ပြောမှာ ပေါ့ကွ၊ မင်းကို ရက်ရက်စက်စက် ကြီးတော့ မလုပ်ပါဘူး၊ မင်းသိထားသင့်တယ်လို့ ငါတို့ ယူဆတဲ့ ဒေတာလ် လေးတွေ တော့ ပေးခဲ့မှာ ပါ ကျော်ကြီး ...ပေးလိုက် ''
ကျော်ကြီးက ကျောပိုးအိတ်ထဲမှ စာရွက်ခေါက်လေးတစ်ခုကို လှမ်းပေးလာသည်။ သားဦးက လှမ်းယူကာ ဖွင့်၍ ပင် မကြည့်ဘဲ ...
''အင်း ...လိုလိုမယ်မယ်တော့ ယူထားလိုက်မယ်၊ ဒါနဲ့ ကောင်မလေးရဲ့ နာမည် က ...''
သားဦးအမေးကြောင့် ထင်လင်းက မျက်နှာတစ်ချက်မဲ့ရင်း နာမည် တစ်ခုကို ရွတ်ပြလိုက်လေသည်။
''နာမည် လား ...သူ့နာမည် က ကသစ်ဖြူတဲ့''
မျက်နှာ တစ်ချက်တည်သွားရင်း သားဦးနှုတ်ဖျားမှ ကသစ်ဖြူ ဟု ခပ်တိုးတိုးပဲ ရေရွတ်လိုက်မိသည်။ ထိုသို့ ဖြင့် ...။
![]() ပန်းသီးမက်ဆေ့ခ်ျ | ![]() ကတ္တီပါထောင်ချောက် | ![]() VIRGIN အပျိုစင် |