အခန်း (၁)
“ဝါး”
အိပ်ရာမှနိုးနိုးချင်း လက်နှစ် ဖက်ဆန့်တန်း၍ သူ အားရပါးရ သန်းဝေလိုက်မိသည်။ တစ်ဆက် တည်း ဘေးစားပွဲပေါ်တွင် တင်ထားသော နာရီကိုလည်း တစ်ချက်ကြည့်လိုက်၏ ။ နာရီလက်တံနှစ် ခု ပေါင်းစပ်ကာ ညွှန်ပြနေသည်က ဆယ်နာရီ ဆယ့်ငါးမိနစ်။
မျက်ခုံးတစ်ချက်ပင့်ရင်း အိပ်ရာမှ ထလိုက်၏ ။ သူ့တစ်ကိုယ်လုံး အားအင်အပြည့်နှင့် လန်းဆန်း ပေါ့ပါးနေသည်ဟု စိတ်ထဲ၌ ခံစားမိသည်။
ပြီး . . . တစ်ဆက်တည်း သတိရမိသွားသဖြင့် မွေ့ရာပေါ် မွှေနှောက်ကာ သူလိုချင်သော အရာ ကို ရှာလိုက်သည်။ သိပ်မရှာလိုက်ရ။ ခဏအကြာမှာ ပဲ သူ့လက်ထဲတွင် လက်ပတ်နာရီလေးတစ်လုံးက အခန့်သား ပါလာသည်။
နာရီဒိုင်ခွက်ကိုကြည့်ရင်း သူ မစို့မပို့ပြုံးလိုက်၏ ။ ဒိုင်ခွက်တွင် ညွှန်ပြနေသည့်အချိန်က သုံးနာရီလေးဆယ့်ငါးမိနစ်တိတိ။ ပြီး . . . နာရီလက်တံများ ကလည်း တညီတညွတ်တည်း လှုပ်ရှားမှု ကင်းမဲ့နေကြလေသည်။
အမှန်တော့ သုံးနာရီလေးဆယ့်ငါးမိနစ်ဆိုသော အချိန်တွင် သူကိုယ်တိုင်ပဲ ထိုနာရီမှသော့ သီး ကို တစ်ဆစ်ဖြုတ်၍ အချိန်ရပ်ထားခဲ့ခြင်းသာ ဖြစ်သည်။
ဘာကြောင့် လဲ . . .?
ခိုင်လုံသော အကြောင်းပြချက်က သူ့ထံတွင် ရှိပါသည်။
ထိုနာရီ ရပ်ထားခဲ့သော အချိန်သည် လွန်ခဲ့သော နှစ် လကျော်ကာလက သူနှင့် ရည်းစား ဖြစ်သူ ‘ရတနာ’ ဆိုသည့် ကောင်မလေးအား သူ့စိတ်ထဲမှ လုံးဝမောင်းထုတ်လိုက်သော အချိန် ဖြစ်သော ကြောင့် ပင် ဖြစ်၏ ။
နာရီကို တစ်ချက်ကြည့်ပြီး အခန်းထဲမှ နံရံကပ်ဗီရိုကို ဖွင့်လိုက်သည်။ ပြီး . . . ထိုဗီရိုထဲမှ အံဆွဲတစ်ခုကိုလည်း ဆွဲဖွင့်လိုက်၏ ။
ထိုအံဆွဲအတွင်းမှာ တော့ တစ်လုံးချင် သပ်ရပ်စွာ စီထည့်ထားသော အမျိုးအစားကွဲပြားသည့် လက်ပတ်နာရီများ နှင့် ဒိုင်ယာရီစာအုပ်တစ်အုပ်က ရှိနေပါသည်။
သူက လက်ထဲတွင် ကိုင်ထားသော လက်ပတ်နာရီလေး၏ နောက်ကျောမှာ စတေကာလေး တစ်ခု ကပ်လိုက်၏ ။ တစ်ဆက်တည်း ဘောပန်ယူကာ ထိုစတေကာပေါ်တွင် စာလုံးအချို့ ချရေး လိုက်သည်။
ထိုစာလုံးတွေ ကတော့ ရိုးရှင်းပါသည်။ လူ တစ်ယောက် ရုတ်တရက် နားမလည်နိုင်သော ဘာသာစကားမဟုတ်။ ‘၂၆, ရတနာ’ ဟု ရေး ထားခြင်းသာ ဖြစ်သည်။ ထို့နောက် ဒိုင်ယာရီစာအုပ် ထဲတွင် လည်း စာကြောင်းတချို့ ချရေး လိုက်၏ ။
ပြီး . . . ဒိုင်ယာရီစာအုပ်နှင့် လက်ပတ်နာရီတို့ကို အံဆွဲအတွင်း၌ သပ်ရပ်စွာ စီထည့်လိုက်ရင်း အံဆွဲကိုလည်း ခပ်ဖြည်းဖြည်း တွန်းပိတ်လိုက်သည်။
ထို့နောက် ပခုံးအသာတွန့်ရင်း သူ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်က . . .
“ရတနာရေ . . . မင်းဟာ မတော် လိုက်ရတဲ့ ငါရဲ့ နှစ် ဆယ့်ခြောက်ယောက် မြောက် သတို့သမီး ပါပဲကွာ”
‘သူ’ဆိုသည်မှာ မနေ့ညနေ သုံးနာရီလေးဆယ့်ငါးမိနစ်တိတိကပဲ ရည်းစားဟောင်းနှင့် လမ်းခွဲ ခဲ့သော ငတိ။
သို့ မဟုတ် လောလောဆယ် ရည်းစားလစ်ဟင်းနေသော . . .
“ညီဇ”
အပြင်ထွက်ရန် အဝတ်အစားလဲပြီးချိန်မှာ တော့ အသင့်ဝယ်ထားသည့် နာရီအသစ်ကို ညီဇ ပတ်လိုက်သည်။ ပြီး စားပွဲပေါ်မှ နာရီနှင့် အချိန်တိုက်ကာ အခန်းထဲက ထွက်ခဲ့လိုက်၏ ။
အိမ်အပေါ်ထပ်မှဆင်းလာသော သား ဖြစ်သူကိုကြည့်ကာ ဦးကျော်ဇ မျက်ခုံးပင့်လိုက်မိသည်။
ဖတ်လက်စ ဂျာနယ်ကိုပင် စားပွဲပေါ် အသာချလိုက်ပြီး . . .
“ငါ့သားက ဒီနေ့ ထူးထူးဆန်းဆန်းပါလားကွ၊ ဒယ်ဒီက ခါတိုင်းလိုပဲ သား မနက်စောစော အပြင်ထွက်သွားပြီထင်နေတာ”
ညီဇက ပခုံးအသာတွန့်လိုက်ပြီးမှ ဖခင် ဖြစ်သူရှေ့မှာ ဝင်ထိုက်လိုက်ရင်း . . .
“မ သွားပါဘူး ဒယ်ဒီရာ၊ နှစ် လကျော်လုံးလုံး အကြိုအပို့လုပ်ပေးနေတဲ့အလုပ်က သား အနားယူလိုက်ပြီလေ”
စကားအဆုံးမှာ ဦးကျော်ဇက သဘောကျသလို ခေါင်းတဆတ်ဆတ်ညိတ်ရင်း ရယ်သည်။ ပြီးမှ . . .
“သြော် . . . ဒါဆိုရင် လက်ရှိတွဲ နေတဲ့ ကောင်မလေးက”
စကားမဆုံးခင် ညီဇက ဖြတ်၍ . . .
“ဟုတ်တယ် ဒယ်ဒီ၊ ဒယ်ဒီထင်သလိုပါပဲ . . . အဲဒီ ကောင်မလေးက ဒယ်ဒီမျှော်လင့်ထားတဲ့ ချွေးမ,လောင်း ဖြစ်လာမှာ မဟုတ်တော့ဘူး၊ အရည်အချင်းမမီလို့ သား အနီကတ်ပြလိုက်ပြီ”
“ဟုတ်ပါပြီကွာ၊ ငါ့သား ကတော့ တကယ်စံပါပဲ၊ ဒါနဲ့ ဒယ်ဒီ့အတွက် ချွေးမလောင်းအသစ်တော့ သား ရှာပေးဦးမှာ ပါနော်”
ဦးကျော်စကားကြောင့် ညီဇ နှုတ်ခမ်းတွန့်လိုက်မိသည်။
“ဒယ်ဒီကသာ သား အရွယ်ရောက်ပြီဆိုပြီး မိန်းမယူစေချင်နေတာလေ၊ သားက ရည်းစားပဲ ထားချင်တာဗျ၊ မိန်းမယူဖို့ဆိုတာ ခေါင်းထဲမှာ တောင် မရှိသေးဘူး”
ညီဇအပြောကြောင့် ဦးကျော်ဇမျက်နှာ အနည်းငယ် တည်သွားရပြီး . . .
“အဲဒီ လိုလည်း မဟုတ်သေးဘူးလေ သားရဲ့ ၊ သားနဲ့ဒယ်ဒီနဲ့က ဒီအိမ်မှာ နှစ် ယောက် တည်း နေနေတာ၊ သားလည်း အရွယ်ရောက်ပြီဆိုတော့ ဒယ်ဒီ့အလုပ်တွေ ကို လွှဲပေးချင်နေပြီလေ၊ အဲဒီ အခါမှာ သားနောက်က ကူညီပံ့ပိုးပေးဖို့အတွက် အိမ်ထောင်ရှင်မကောင်း တစ်ယောက် တော့ လိုမှာ ပဲ၊ ဒါမှ ဒီအိမ်ကြီးရဲ့ အိမ်မှု ကိစ္စတွေ ကို စီမံနိုင်မှာ ပေါ့”
“ဟာဗျာ . . . ဒယ်ဒီကလည်း၊ သားနဲ့ဒယ်ဒီ စားဖို့,သောက်ဖို့နဲ့ အိမ်မှု ကိစ္စတွေ ကို ဦးလေးမြိုင်တို့ လင်မယားက လုပ်ပေးနေတာပဲဥစ္စာ၊ ဒါကိုမှ လိုအပ်တယ်လို့ထင်ရယ် ဒယ်ဒီ နောက်မိန်းမ ထပ်ယူလိုက်ပါလား”
စကားအဆုံးမှာ ဦးကျော်ဇ တဟားဟား ထရယ်တော့သည်။ တစ်ဆက်တည်း ညီဇကို လက်ကာပြရင်း . . .
“တော် ပါတော့ကွာ၊ ဒယ်ဒီဘက်ကို မြားဦး ပြန်လှည့်မလာပါနဲ့၊ ဒယ်ဒီ့မှာ က သားရှိရင် ပြည့်စုံ နေပါပြီ၊ သားအတွက်ပဲ သားစဉ်းစားပါ . . . ဟုတ်ပြီလား”
ခေါင်းမညိတ် ခေါင်းမခါဘဲ ညီဇ ထရပ်လိုက်သည်။ ပြီး ရယ်ကျဲကျဲလုပ်လျက် . . .
“ကဲပါ ဒယ်ဒီရာ . . . ဒယ်ဒီ့ဆန္ဒပြည့်အောင် သား ကြိုးစားကြည့်ပါဦးမယ်၊ ခုတော့ သူငယ်ချင်း တွေ နဲ့ ချိန်းထားလို့ သား အပြင်ကို သွားလိုက်ဦးမယ်”
ညီဇ ခြေလှမ်းပြင်လိုက်သည်ကိုကြည့်ကာ ဦးကျော်ဇက သတိရသွားဟန်ဖြင့် . . .
“သြော် သား . . . မနက်ဖြန်ကျရင် အလုပ်ကိစ္စတစ်ခု သဘောတူလက်မှတ်ထိုးဖို့အတွက် ဒယ်ဒီ စင်ကာပူ ခဏသွားရမယ်၊ သား ဘာမှာ လိုက်ဦးမလဲ”
ညီဇက . . .
“မမှာ တော့ပါဘူး ဒယ်ဒီရာ၊ သားမှာ ပြည့်စုံပါတယ်၊ ဒါနဲ့ ဒယ်ဒီက ဘယ်လောက်ကြာမှာ လဲ”
“ဘာ ဖြစ်လို့လဲ သားရဲ့ ”
“သြော် . . . လာမယ့်လကျရင် ဒယ်ဒီ့မွေးနေ့ရှိတယ်လေ၊ ခါတိုင်းလို သားနဲ့ဒယ်ဒီ အိမ်မှာ မွေးနေ့ပွဲ မကျင်းပလိုက်ရမှာ စိုးလို့ပါ”
ညီဇစကားကြောင့် ဦးကျော်ဇမျက်နှာကြီး ဝင်းပသွားသည်။ ညီဇကိုလည်း ကြည်ကြည်နူးနူး ကြည့်လိုက်ပြီး . . .
“အဟား . . . ငါ့သားက ဒယ်ဒီ့မွေးနေ့ကိုတောင် အမှတ်ရနေပါလား၊ ဒယ်ဒီတောင် အလုပ်ကိစ္စ တွေ ရှုပ်ပြီး မေ့နေတာကွ၊ စိတ်ချပါ သားရယ် . . . ဒီနှစ် လည်း သားနဲ့ဒယ်ဒီ နှစ် တိုင်းလိုပဲ မွေးနေ့ ကျင်းပ ဖြစ်မှာ ပါ၊ ဟိုမှာ ဒယ်ဒီကြာရင် အလွန်ဆုံး ဆယ်ရက်ပေါ့”
“ဒါနဲ့ . . . သွားမှာ က ဒယ်ဒီ တစ်ယောက် တည်းလား၊ ဒါမှမဟုတ် ခါတိုင်းလိုပဲ . . . ဟို . . .”
မချိုမချဉ်မျက်နှာပေးနှင့် မေးလိုက်သော ညီဇစကားမဆုံးခင်မှာ ဦးကျော်ဇမျက်နှာက အနည်းငယ် နီမြန်းသွားလျက် . . .
“အာ . . . သားကလည်း တစ်ယောက် တည်းပဲ သွားမှာ ပါကွ”
“သိဘူးလေ . . . ဒယ်ဒီများ ဒယ်ဒီ့မွေးစားသမီးလေးကို ရှော့ပင်းထွက်ဖို့ဆိုပြီး ခေါ်သွားမလား လို့ မေးကြည့်တာ”
“ဟာကွာ . . . ဒီကောင်လေးတော့ . . . ကဲ . . . ကဲ . . . သူငယ်ချင်းတွေ နဲ့ ချိန်းထားရင်လည်း သွားတော့”
ရှက်ရယ်ရယ်ပြီး ဦးကျော်ဇနှင်တော့သည်။ ဦးကျော်ဇနှင့် ညီဇက သားအဖချင်း ဖြစ်သော်ငြား လည်း ညီဇ ငယ်ငယ်ကတည်းက သူငယ်ချင်းလို နေထိုင်ခဲ့သည်မို့ သားအဖနှစ် ယောက် ကြားမှာ ဘာလျှို့ဝှက်ချက်မှ မရှိသလောက်ပင်။ စစ,နောက်နောက်နေလာခဲ့သည်ချည်း ဖြစ်၏ ။
သားတော် မောင် ညီဇ ထွက်သွားသည်ကို သဘောကျသလို ကြည့်နေပြီးမှ အလုပ်ကိစ္စ ခေါင်းထဲဝင်လာ၍ ဦးကျော်ဇ လေပူတစ်ချက် မှု တ်ထုတ်လိုက်မိသည်။ စားပွဲပေါ်တွင် အသင့် ရှိနေသော လက်တော့ (Laptop) ကွန်ပျူတာကိုဖွင့်ကာ အချက်အလက်တွေ ကို ထပ်ကာ ကြည့်လိုက်၏ ။
တကယ်တော့ မနက်ဖြန် စင်ကာပူသွားပြီး သဘောတူစာချုပ် လက်မှတ်ရေး ထိုးရမည့် လုပ်ငန်း သည် လက်ရှိ သူရှယ်ယာအများ ဆုံးပိုင်ထားသော ကုမ္ပဏီကြီး အဆပေါင်းများ စွာ တိုးတက်အောင်မြင် လာနိုင်သလို တစ်ခုခု အတိမ်းအစောင်း၊ အမှားအယွင်း ဖြစ် သွားပါက ကြီးမားသည့် နစ်နာဆုံးရှုံးမှု လည်း ရှိနေနိုင်သေးသည် မဟုတ်ပါလား။
သို့ သော်လည်း ခုလိုအောင်မြင်သော စီးပွားရေး လုပ်ငန်းပိုင်ရှင် ဖြစ်လာဖို့အတွက် သူ့ဘဝမှာ မှန်ကန်တိကျသော ဆုံးဖြတ်ချက်တွေ ကိုပဲ ဦးကျော်ဇ ချမှတ်နိုင်ခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည်။
ခုလည်း သူလက်ကိုင်ထားသော ဆောင်ပုဒ်ကို ပြန်တွေးပြီး စိတ်သန္တာန်ထဲမှာ လည်း ယုံကြည်မှု အသစ်တွေ ဖြစ်တည်ပစ်လိုက်၏ ။
ထိုဆောင်ပုဒ် ကတော့ . . .
“မနက်ဖြန်အတွက် မစိုးရိမ်နဲ့”
ဆိုသော စကားလေးပင် ဖြစ်သည်။
လူ့ဘဝတိုတိုလေးမှာ မနက်ဖြန်တွေ ကို ကြိုတွေးပြီး သော ကများ နေလျှင် မောနေမည် မဟုတ်ပါလား။
အခန်း (၂)
ကားရပ်ကာ ဆိုင်ထဲသို့ ဝင်လာသော ညီဇကိုကြည့်ရင်း တိုးကျော် မျက်မှော င်ကြုတ် လိုက်မိသည်။ ဘေးနားမှ ဇော်မိုးကိုလည်း မသိမသာ လက်ကုတ်၍ သတိပေးလိုက်၏ ။ သို့ သော်လည်း တစ်ဖက်ဝိုင်းမှ ကောင်မလေးတွေ ကို ငမ်းကြောထနေသော ဇော်မိုးက ဂရုမစိုက်ချေ။
လက်ကုတ်၍ အားမရတော့သဖြင့် တိုးကျော်က စကားနှင့် လှမ်းပြောလိုက်သည်။
“ဟေ့ကောင် ဇော်မိုး . . . မြင်ရဲ့ လား”
အငမ်းပင်မပျက်သော ဇော်မိုးက မျက်နှာကို လှည့်မလာသေးဘဲ
“မြင်ပါတယ်ကွ . . . အားလုံး အလန်းတွေ ချည်းပဲကွာ၊ ဟိုကောင် ညီဇကို ပြချင်လိုက်တာ”
ထိုအခါမှ အခြေအနေကို သဘောပေါက်သွားသော တိုးကျော်က ဇော်မိုးနားရွက်ကိုဆွဲကာ မျက်နှာကို လှည့်လိုက်ပြီး . . .
“ဒီကောင်ကွာ . . . ဒီဘက်လှည့်ဦးကွ၊ ဟိုမှာ မင်းအဖေ ညီဇ လာနေပြီ၊ အဲဒီ ကောင်ကိုလည်း ကြည့်လိုက်ဦး”
“အား . . . နာတယ်ကွ၊ မင်းလက်ကို လွှတ်ဦး”
နားရွက်ကိုဆွဲထားသော တိုးကျော်၏ လက်ကို ပုတ်ထုတ်ကာ ဇော်မိုးက ညီဇကို အူတူတူ လှမ်းကြည့်လိုက်သည်။
ပြီး မျက်နှာကိုမဲ့လျက် . . .
“မင်းကွာ . . . ဟိုမှာ ကြည့်နေတာ အရသာပျက်တယ်၊ ညီဇလာတာ ဘာထူးဆန်းလို့လဲ၊ ဒီဆိုင်မှာ ချိန်းထားတာပဲဟာကို”
“အောင်မာ . . . မင်းပဲ ခုနက တောင့်တနေတယ်လေ၊ ခု မင်းကို ကြည့်ခိုင်းတာက အဲဒီ ကောင် ရဲ့ လက်ကို ပြောတာကွ”
ထိုအခါမှ ညီဇ၏ လက်ကို စူးစိုက်ကြည့်ရင်း ဇော်မိုး မျက်ခုံးပင့်မိသွားသည်။ ထိုအချိန်မှာ ပဲ အနားသို့ ရောက်လာသော ညီဇက ခုံတစ်ခုံဆွဲကာ ထိုင်ချလိုက်ပြီး . . .
“ဟေ့ကောင်တွေ . . . မင်းတို့နှစ် ယောက် စလုံး ဘာ ဖြစ်လို့ ငါ့ကို ဒီလောက် ကြည့်နေတာလဲ၊ သြော် . . . သိပြီ သိပြီ၊ ဒီနေ့မှ ငါက အရင်ထက် မနာလိုစရာကောင်းလောက်အောင် သန့်ခန့်နေလို့လား”
ပြောရင်းပင် ညီဇက အင်္ကျီကော်လံကို ဟန်ပါပါ ထောင်ပြလိုက်သေးသည်။ ပြောလိုက်သည့် စကားသံက အနည်းငယ် ကျယ်သွားသော ကြောင့် လား မသိ . . .။ ညီဇ မလာခင် ဇော်မိုး လှမ်းကြည့် နေသော ဝိုင်းဆီမှ ရယ်သံသဲ့သဲ့ထွက်လာကြသည်။
တစ်ဆက်တည်းပဲ . . .
“အဟင်း . . . ပြောရဲလိုက်တာနော်၊ မရှက်တတ်ဘူးထင်တယ်”
ထိုဝိုင်းမှ ထွက်လာသော စကားသံကြောင့် ညီဇ ဆတ်ခနဲ ကြည့်လိုက်သည်။ ပြောလိုက်ပုံ ရသော ကောင်မလေးကလည်း ချက်ချင်း ဆိုသလို ဆတ်ခနဲ မျက်နှာလွှဲကာ သူ့သူငယ်ချင်းတွေ နှင့် စကားပြန်ပြောနေသည်။
ညီဇ ပခုံးတွန့်လိုက်မိ၏ ။ ထိုစကားလောက်တော့ သူ လုံးဝမမှု ပါ။ ဘာမှမခံစားရသလိုပင် တိုးကျော်တို့ဘက်ဆီသို့ မျက်နှာပြန်မူလိုက်ပြီး . . .
“ကဲ . . . ဆိုစမ်းပါဦး၊ ခုနက ငါ ဝင်လာတာကို မင်းတို့ ဘာ ဖြစ်လို့ စူးစိုက်ကြည့်နေတာလဲ ဆိုတာ”
စကားအဆုံးမှာ တိုးကျော်က မျက်နှာကို မဲ့ရှုံ့ရင်း . . .
“အေး . . . ပြောမယ်၊ မင်းပြောသလို မင်းပုံစံက မနာလိုစရာကောင်းလောက်အောင် သန့်ခန့် နေလို့တော့ မဟုတ်ဘူး၊ မင်း ခုပတ်လာတဲ့နာရီအသစ်ကို ကြည့်နေတာ၊ ဘာလဲ . . . မနေ့က ရတနာနဲ့ တကယ်ပြတ်သွားပြီပေါ့ . . . ဟုတ်လား”
“အေးလေ . . . အဲဒါ မင်းတို့ကို ဖုန်းဆက်တုန်းကပဲ ပြောပြီးသားဥစ္စာ၊ ဘာ ခုမှ လာကြောင် နေတာလဲ”
ညီဇစကားကြောင့် ဇော်မိုးက ခေါင်းခါလိုက်ပြီး . . .
“မဟုတ်သေးဘူးလေ၊ ငါတို့က မင်း ဒီလောက်တော့ မပြတ်သားသေးဘူး ထင်နေတာလေ၊ ဆိုလိုချင်တာကကွာ မင်းတို့နှစ် ယောက် သမီးရည်းစားအချင်းချင်း စိတ်ကောက်တဲ့သဘောလားလို့”
ညီဇ နှာခေါင်းရှုံ့လိုက်သည်။ တစ်ဆက်တည်းပဲ . . .
“ဘယ်ကလာကွာ . . . ရည်းစားစ ဖြစ်ကတည်းက အလကားနေ စည်းကမ်းတွေ ချည်း ထုတ်ပြန်နေတဲ့ သူ့ကို စိတ်ကုန်တာ ကြာနေပြီ၊ အားနာပြီးသာ ဆက်တွဲ နေတာ၊ မနေ့ ကတော့ သူ ငါ့ကို မေးခွန်းဆယ်ခုမေးတယ်ကွ၊ ငါလည်း အမှတ်ပြည့် ဖြေပေးလိုက်တယ်၊ အဲဒီ တော့မှ ဇာတ်လမ်းက ပြတ်သွားတာ”
“ဘယ်လို ဘယ်လို . . . မေးခွန်းဆယ်ခု . . . ဟုတ်လား”
“ဟုတ်တယ်ကွ၊ အဲ . . . စိတ်ရင်းအမှန်နဲ့ ဖြေလိုက်တာတော့ မဟုတ်ပါဘူး၊ ကိစ္စပြတ်ရင် ပြီးရောဆိုပြီး ဖြေလိုက်တာ”
“သြော် . . . အဲဒါကြောင့် ဇာတ်လမ်းက တကယ်ပြီးသွားတယ်ပေါ့၊ ပြောစမ်းပါဦးကွာ . . . အဲဒီ မေးခွန်းဆယ်ခုဆိုတာက ဘာတွေ များ လဲ”
တိုးကျော်စကားအဆုံးမှာ ညီဇက . . . မလိုအပ်ဘဲ ချောင်းတစ်ချက် အရင်ဟန့်လိုက်ကာ ခုနက လှောင်ရယ်ကြသော ကောင်မလေးတွေ ဝိုင်းရှိရာသို့ တစ်ချက်စွေ့ကြည့်ရင်း သူတို့လှမ်းကြား နိုင်လောက်အောင် အသံမြှင့်၍ . . .
“မိန်းမတွေ ဆိုတာ ကတော့ မင်းတို့သိတဲ့အတိုင်းပဲလေ. . . သူတို့နဲ့ရည်းစားစ ဖြစ်ပြီ ဆိုကတည်းက ဟိုဟာမလုပ်နဲ့, ဒီဟာမလုပ်နဲ့, ဟိုကိုမသွားနဲ့, ဟိုလူနဲ့မပေါင်းနဲ့ဆိုပြီး ပြဌာန်းချက်တွေ က စလာပြီ၊ ပြီးရင် အလိုက်ကန်းဆိုးမသိ မနက်အစောကြီးတွေ လာကြိုခိုင်းလိုခိုင်း၊ အဲဒီ မှာ အိပ်ရေး ကပျက်ရော၊ ဒါတင်ကသေးလား . . . တစ်နေ့လုံး တွေ့ ခဲ့တာကိုတောင် ညဘက်မှာ ဖုန်းက ပြောချင်သေးတယ်၊ ယောက်ျားလေးဆိုတာက တချို့အချိန်အစိတ်အပိုင်းတွေ မှာ လွတ်လွတ်လပ်လပ် နေချင်ကြတာကွ”
ညီဇ စကားကို ဖြတ်ထားလိုက်သေးသည်။ ပြီးမှ . . .
“အဲဒီ လို စကားလုံးတွေ နဲ့, အပြုအမူတွေ နဲ့ ချုပ်နှောင်လာပြီဆိုရင် ငါ ကတော့ ယောက်ျား တွေ ကို နွားလို့ထင်ပြီး နဖားကြိုးထိုးနေပြီလို့ ယူဆတယ်ကွာ၊ အဲဒါ ငါ့ခံယူချက်ပဲ”
နှစ် ကောင်စလုံး မျက်လုံးလေး ကလယ်ကလယ်လုပ်ကာ နားထောင်နေပြီးမှ ဇော်မိုးက သတိရသွား ဟန်ဖြင့် . . .
“ဟုတ်ပါပြီ . . . မင်းကိုမေးတဲ့ မေးခွန်းဆယ်ခုကိုပဲ အရင်ပြောပြပါဦး”
စကားအဆုံးမှာ ညီဇ ဆတ်ခနဲ ထရပ်လိုက်သည်။ ပြီး . . . ဘောင်းဘီအိတ်ကပ်ထဲမှ စာရွက်ခေါက် တစ်ခုကို ထုတ်၍ လှမ်းပေးလိုက် ရင်း . . .
“ရော့ကွာ . . . အဲဒါကိုသာ ကြည့်တော့၊ သူ့ကို ငါက လက်ထပ်ဖို့ ရည်ရွယ်ထားရင် ဒီမေးခွန်းတွေ ကို အရင်ဖြေကြည့်ပါတဲ့၊ အဲဒီ ကရတဲ့အဖြေကို ကြည့်ပြီးမှ စဉ်းစားမယ်ဆိုပဲ”
စာရွက်ခေါက်လေးကို ဇိုးဇိုးဆတ်ဆတ်ယူရင်း တိုးကျော် ဖွင့်ကြည့်လိုက်သည်။
“ဟင်”
အံ့သြသံထွက်သွားသော ကြောင့် ဇော်မိုးလည်း ခေါင်းတိုး၍ ဝင်အကြည့် . . .
“ဟာ . . . ဘာတွေ လဲဟ”
အမှန်တော့ ဘာမှမလဲပါ။ ညီဇကို ရတနာဆိုသော ကောင်မလေး ဖြေခိုင်းသော မေးခွန်းတွေ က ရိုးရိုးလေးသာ ဖြစ်၏ ။
ထိုမေးခွန်းတွေ ကတော့ . . .
နှစ် ကောင်စလုံး ရုပ်ပုံလေးတွေ ကို စူးစိုက်ကြည့်နေပြီးမှ တိုးကျော်က အရင်မေးလာသည်။
“ဟေ့ကောင် ညီဇ . . . မေးခွန်းဆိုပြီးတော့ မင်းဟာက ပုံတွေ ပါလားဟ၊ အဓိပ္ပာယ်က ဘာတဲ့လဲ”
“ထင်သားပဲ၊ မင်းတို့ရဲ့ ဦးနှောက်ပိန်ပိန်လေးနဲ့တော့ စဉ်းစားတတ်မှာ မဟုတ်ဘူးဆိုတာကို”
ထိုသို့ မညှာမတာ နှိပ်ကွပ်လိုက်ပြီးမှ ညီဇက ပုံ (၁) အား လက်ညှိုးနှင့် ထောက်ကာ . . .
“ဒီလိုကွာ ပုံ (၁) ရဲ့ ဆိုလိုချင်တာက အိမ်ထောင်ကျပြီးလို့ အိမ်မှာ မိန်းမက မီးဖိုချောင် အလုပ်လုပ်နေရင် ယောက်ျားက ဝင်မကူဘဲ အိပ်နေမှာ လားတဲ့”
ဇော်မိုးက ခေါင်းတစ်ချက်ညိတ်ရင်း . . .
“နားလည်ပြီ . . . ပုံ (၂) ကရော”
“ရှင်းပါတယ်၊ အိမ်ထဲမှာ ဆေးလိပ်ပြာတွေ အမှိုက်တွေ ကို စည်းကမ်းမရှိ ပစ်ချတတ်လားလို့ မေးတာ”
“ဒါဆို . . . ပုံ (၃) က”
“ထမင်းစားရင် ရှေ့လူနောက်လူမကြည့်ဘဲ တစ်ယောက် တည်း အဝအပြဲ မညှာမတာ စားတတ်လားလို့ ဆိုလိုချင်တာ”
“သြော် . . . ဒါဆို ပုံ (၄) က အဝတ်အစားတွေ ကို စည်းကမ်းမဲ့ ဟိုနေရာချွတ် ဒီနေရာထားပြီး ပရမ်းပတာ နေတတ်လားလို့ မေးတာမဟုတ်လား”
တိုးကျော်စကားကြောင့် ညီဇက ခေါင်းညိတ်၍ . . .
“ဟုတ်တယ် တိုးကျော် . . . မင်းမဆိုးဘူး၊ ကဲ . . . ပုံ (၅) ကို စဉ်းစားကြည့်ပါဦး”
ပုံ (၅) ကို ခပ်တွေ တွေ စိုက်ကြည့်နေပြီးမှ တိုးကျော်က ခေါင်းခါလိုက်ရင်း . . .
“မသိတော့ဘူးကွာ . . . ဦးနှောက်စားတယ်၊ အကုန် မင်းပဲ ရှင်းပြတော့”
“ပြီးရော . . . ပုံ (၅) က အပြင်က ပြန်လာရင် မိန်းမရေ, အချစ်ရေဆိုပြီး ကြည်နူးစွာ နှုတ်ဆက်တတ်လားလို့ မေးတာ၊ ပုံ (၆) တချို့အိမ်မှု ကိစ္စ၊ အဲ . . . အမှိုက်လှည်း ဖုန်သုတ်ပေါ့ကွာ၊ အဲဒါကို မိန်းမက ခိုင်းမှ လုပ်တတ်လားပေါ့၊ ပုံ (၇) ကတော့ မိန်းမ ဖြစ်တဲ့လူက သူ စိတ်ဝင်စားတဲ့ အကြောင်းအရာကိုပြောနေရင် ယောက်ျားလုပ်တဲ့သူက ဂရုမစိုက်ဘဲ တခြားတစ်ခုမှာ အာရုံရောက် နေမှာ လား၊ ပုံ (၈) ကတော့ အားတဲ့အချိန်တွေ မှာ မိန်းမကို အချိန်မပေးဘဲ အပေါင်းအသင်းတွေ နဲ့ ပျော်ပါပြီးနေနေမှာ လား၊ ပုံ (၉) ကတော့ ရေချိုးခန်းအိမ်သာတွေ ကို စည်းကမ်းမဲ့ သုံးတတ်သလား၊ ကဲ . . . ပုံ (၁၀) ကတော့ မိန်းမဘက်က မိဘဆွေမျိုးတွေ အိမ်လာရင် တွေ့ ဆုံရဖို့ သိပ်ဝန်လေးနေမှာ လားတဲ့ . . . ရှင်းပြီလား”
စကားအဆုံးမှာ နှစ် ကောင်စလုံး ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြပြီးမှ . . .
“ဒါနဲ့ . . . ဒီမေးခွန်းတွေ ကို မင်းဖြေလိုက်တဲ့အဖြေက . . .”
ဇော်မိုးအမေးကြောင့် ညီဇက ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီးမှ လက်အသာကာပြလိုက်ရင်း . . .
“ခဏလေး . . . အဲဒီ ပုံတွေ နဲ့အတူ မေးခွန်းက ပါသေးတယ်၊ ပုံတစ်ပုံတိုင်းကို အမှတ်ပေးစနစ်နဲ့ လာတာကွ”
“ဟာကွာ . . . ရှုပ်လာပြီ”
“မရှုပ်ပါဘူးကွာ၊ ပုံတစ်ပုံစီကိုကြည့်ပြီး အဲဒီ ပုံထဲကအတိုင်း ငါ ကတော့ ဟုတ်လိုက်လေဆိုရင် . . . သုံးမှတ်အပြည့်ပေးလိုက်တဲ့၊ တစ်ခါတလေတော့ ဖြစ်တတ်ဆိုရင် . . . နှစ် မှတ်ပေး၊ ပုံထဲကအတိုင်း လုံးဝမဟုတ်ဘူးဆိုရင် . . . တစ်မှတ်ပဲပေးပါတဲ့၊ အဲဒီ လို အမှတ်ပေးပြီးရင် အမှတ်တွေ ကို ပေါင်းပြီး ဟောဒီစာရွက်ထဲက အဖြေနဲ့ တိုက်ကြည့်လိုက်”
ပြောရင်းပင် ညီဇ စာရွက်တစ်ရွက် ထပ်ပေးလိုက်သည်။ ယူကြည့်ပြီး နှစ် ကောင်သား မျက်ခုံး ပြိုင်တူပင့်လိုက်ကြ၏ ။
ရုပ်ပုံတစ်ပုံစီကိုကြည့်၍
ထိုပုံထဲကအတိုင်း ‘ငါ ကတော့ ဟုတ်လိုက်လေ’ ဆိုလျှင် ၃ မှတ်ပေးပါ။
တစ်ခါတလေမှ ဖြစ်တတ်တယ်ဆိုလျှင် ၂ မှတ်ပေးပါ။
ပုံထဲကအတိုင်း လုံးဝမဟုတ်ဘူးဆိုလျှင် ၁ မှတ်ပေးပါ။
ပြီး ပုံ(၁၀)ပုံမှရလာသော ရမှတ်တွေ ကို ပေါင်း၍ အောက်ပါအတိုင်း သတ်မှတ်နိုင်ပါသည်။
၁။ ၁၀ မှတ်မှ ၁၂ မှတ် ။ ။ စံပြခင်ပွန်း
၂။ ၁၃ မှတ်မှ ၁၆ မှတ် ။ ။ အလိုက်သိတတ်ပြီး အမြော်အမြင်ရှိသော ယောက်ျားကောင်း
၃။ ၁၇ မှတ်မှ ၂၀ မှတ် ။ ။ တစ်ခါတစ်ရံ စိတ်အနှောင့်အယှက် ဖြစ်စရာ ရှိပေမယ့် အိမ်ထောင်ရေး သာယာနိုင်
၎။ ၂၁ မှတ်မှ ၂၄ မှတ် ။ ။ မိသားစုသဘောထားကွဲလွဲရခြင်းနှင့် အိမ်တွင်းရေး ပြဿနာ တွေ ရဲ့ အဓိကတရားခံ ယောက်ျား
၅။ ၂၅ မှတ်မှ ၃၀ မှတ် ။ ။ သည်းခံပြီး ပေါင်းသင်းမနေအပ်သော ယောက်ျား
(ထိုမေးခွန်းများ အတိုင်း လက်တွေ့ စမ်းသပ်ကြည့်ပါက အိမ်ထောင်ရှင်မများ အတွက် အကျိုး ရှိကောင်း ရှိနိုင်ပါလိမ့်မည် ။ ။ စာရေး သူ)
မှတ်ချက်။ ။အရိုးကွဲအောင်ရိုက်သော်လည်း အသည်းစွဲအောင် ချစ်နေနိုင်သေးသည့် အာဂမိန်းမများ မပါ။
“ဒါ . . . ဒါဆို မင်း အမှတ်ပြည့်ဖြေပေးလိုက်တယ်ဆိုတာက”
တိုးကျော်စကားကြောင့် ညီဇက အားရပါးရ ပြုံးလိုက်ပြီး . . .
“မင်းတို့ထင်တဲ့အတိုင်းပါပဲလေ၊ ငါက ပုံတစ်ပုံကို သုံးမှတ်အပြည့်ပေးလိုက်တော့ ဂုဏ်ထူးပါ ထွက်ပြီး တစ်ခါတည်း ခွာပြဲသွားတော့တာပေါ့ကွ . . . ဟဲ ဟဲ”
စကားအဆုံးမှာ ပဲ ဇော်မိုးက . . .
“မင်းဟာနဲ့မင်းတော့ ဟုတ်နေတာပဲ ညီဇရာ၊ အေးလေ . . . ရေငတ်နေတုန်းမှာ မင်းကို ရတနာက ရေခဲချောင်းကျွေးလိုက်တာကိုး၊ ဘာပဲ ဖြစ် ဖြစ် ခု . . . မင်း ပတ်လာတဲ့ နာရီနဲ့ ဆက်နွယ်လာ မယ့်ဇာတ်လမ်းအသစ်ကိုတော့ ငါတို့ ကြားရဦးမှာ ပေါ့”
“ဟဲ ဟဲ . . . မကြာမီ လာမည် ပေါ့ကွာ”
ထိုမျှလောက်သာ ညီဇ ခပ်ပေါ့ပေါ့ ပြောလိုက်ပါသည်။ သို့ သော်
“ဒီမှာ . . . ရှင်တို့ မိန်းမတွေ အကြောင်း မကောင်းပြောပြီး နှိုင်းယှဉ်ကြည့်နေတဲ့ အဲဒီ ပုံတွေ ကို ခဏပြစမ်းပါ”
အသံကြောင့် ညီဇ ဆတ်ခနဲ မော့ကြည့်မိသည်။ မကြာမီလာမည် ဟူ၍ ပင် အထက်က ဆိုခဲ့ သေးသည်။ ခုတော့ မကြာမီပင် မဟုတ်တော့။ ကိုယ်ရှေ့တည့်တည့်တွင် ခုနက လှောင်ပြီးပြောလိုက် သော တစ်ဖက်ဝိုင်းမှ ကောင်မလေးက အရှင်လတ်လတ် ရောက်ရှိနေလေပြီ။
ညီဇက နှုတ်ခမ်းလေး တွန့်ကွေးရုံမျှ တစ်ချက်ပြုံးလိုက်ရင်း ရှေ့မှစာရွက်ကိုယူ၍ ဘောပင် ထုတ်ကာ စာလုံးတချို့ ရေး လိုက်သေးသည်။
ပြီးမှ လှမ်းပေးလိုက်ကာ . . .
“စိတ်ဝင်စားလို့ ဖတ်ကြည့်မယ်ဆိုလည်း ယူသွားလေ . . . ရော့”
ကောင်မလေးက ဆတ်ခနဲ လှမ်းယူလိုက်သည်။ ပြီး . . . ညီဇကို ခပ်စူးစူးကြည့်ပြီး လှည့်ထွက် ရန် ပြင်လိုက်စဉ်မှာ ပဲ . . .
“ဟေ့ . . . ဒီမှာ . . . ခဏ”
ခေါ်သံကြောင့် ကောင်မလေးက ဖျတ်ခနဲ လှည့်ကြည့်လာသည်။ ညီဇက ကောင်မလေးနှင့် မျက်လုံးချင်းဆုံအောင် သေသေချာချာ စိုက်ကြည့်လိုက်ပြီးမှ . . .
“တကယ်လို့ မင်းကသာ ကိုယ့်ကို အဲဒီ မေးခွန်းတွေ မေးလာမယ်ဆိုရင်တော့ ဆယ့်သုံးမှတ်နဲ့ ဆယ့်ခြောက်မှတ်ထဲ ဝင်အောင် ဖြေမိမှာ ပဲ”
“သေလိုက်ပါလား”
ဘုတောပြီး ကောင်မလေး လှည့်ထွက်သွားသော်လည်း ညီဇ ကတော့ အပြုံးပင်မပျက်ချေ။
ရှေ့မှ နှစ် ကောင်ကိုပင် မျက်ခုံးပင့်ပြလိုက်ပြီး . . .
“မင်းတို့ မျှော်လင့်နေတဲ့ ဒီနာရီအသစ်ရဲ့ ဇာတ်လမ်းက အဲဒီ ကောင်မလေး ဖြစ်ဖို့ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် သေချာသွားပြီကွ”
မခိုးမခန့် ပြောလိုက်သော ညီဇကိုကြည့်ကာ တိုးကျော်က မျက်နှာမဲ့ရင်း . . .
“အပြောမကြီးစမ်းပါနဲ့ ညီဇရာ၊ ဒီကောင်မလေးနဲ့က ခုမှ ဆုံဖူးတာလေ၊ မင်းဘက်က နာမည် လေးတောင် သိလို့လား”
ညီဇက ခေါင်းအသာခါလိုက်ရင်း . . .
“မလိုပါဘူးကွာ၊ ခုနက အဲဒီ စာရွက်မှာ ငါ ဘာရေး ပေးလိုက်လဲဆိုတာရော သိရဲ့ လား”
“ဘယ်သိမလဲကွ . . . ဘာရေး ပေးလိုက်တာလဲ”
“ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ ငါ့နာမည် နဲ့ ဖုန်းနံပါတ်လေးပဲ ရေး ပေးလိုက်တာပါ၊ အဲဒီ လောက်ဆို သဘောပေါက်ပါတယ်နော်”
“ဟေ”
နှစ် ကောင်စလုံး ပါးစပ်ပြဲသွားကြ၏ ။ အတန်ကြာမှ တိုးကျော်က မရှုစိမ့်ဟန်ဖြင့် . . .
“ညီဇ . . . မင်းဟာလေ တော် တော် တတ်နိုင်တဲ့ကောင်ပဲ သိလား၊ မင်းကို ငါ အကြံတစ်ခု ပေးမယ်၊ မင်း လုပ်ငန်းလိုင်စင်လျှောက်ပြီး မွေးမြူရေး လုပ်ငန်းတစ်ခုလောက် လုပ်ပါလား ညီဇ”
“ဟင် . . . ဘာအလုပ်များ လဲ”
အူတူတူ ပြန်မေးလိုက်သော ညီဇ စကားအဆုံးမှာ တိုးကျော်က ရှုတင်းတင်း ကြည့်လိုက်ပြီး . .
“ဘာအလုပ် ဖြစ်ရမှာ လဲကွ . . . ခုလောလောဆယ် မင်းနဲ့ အသင့်တော် ဆုံးလုပ်ငန်းက ရည်းစားမွေးမြူရေး လုပ်ငန်းပဲ”
ထိုသို့ . . . ရွဲ့ပြောလာသော စကားကိုပင် ညီဇ ပြန်ချေပလိုက်သည်က . . .
“အေး . . . ကောင်းသားပဲကွ၊ ရည်းစားမွေးမြူရေး လုပ်ငန်း ဒီထက် ကြီးကျယ် အောင်မြင် လာရင် ရည်းစားဖောင်ဒေးရှင်းပါ ထူထောင်လို့ ရတာ ပေါ့ . . . ဟဲ ဟဲ”
![]() ရင်စည်းမခြားကျောင်းတော် | ![]() ဘောစိအော်ပရေးရှင်း | ![]() CCTV |