သူ အသိစိတ်ဝင်လာချိန်တွင် ခေါင်းတစ်ခုလုံး ပြု တ်တူနှင့် ညှပ် ထားသလို ခံစားလိုက်ရသည်။ လည်ချောင်းထဲမှာ လည်း မီးစနှင့် ထိုးခံထား ရသည့်အလား နာကျင်ကွဲအက်လျက်။ ကျိန်းစပ်နေသော မျက်စိကို အားယူ ကာ ဖွင့်ကြည့်လိုက်သည်။
''ဟင်''
နာကျင်မှု တွေ ကြား အရှက်စိတ်က ဟုတ်ခနဲ ထိုးခွဲဝင်ရောက်လာ ၏ ။ သူသည် ရန်ကုန်မြို့ ၏ ပလက်ဖောင်းတစ်နေရာတွင် နေ့ခင်းဘက်ကြီး ခွေခွေလေး အိပ်ပျော်နေခြင်း ဖြစ်၏ ။
ကိုယ့်ကိုယ်ကိုယ် ထပ်ကာ ဆန်းစစ်ကြည့်လိုက်တော့ ဝတ်ထား သော စွပ်ကျယ်အင်္ကျီပေါ်တွင် ပေကျံနံဟောင်နေသည့် အံဖတ်များ ။ အောက် ပိုင်းမှာ ရော ...။ အို ...အတွင်းခံဘောင်းဘီလေးမှအပ ဘာမှမရှိ။ ဖိနပ် ဆိုတာ ဝေးလာဝေး။
''ခစ် ...ခစ်''
ကောင်မလေးနှစ် ယောက် က သူ့ကိုကြည့်ကာ ရယ်သွားသည်။ ထိုသို့ သူ့အားကြည့်ကာ လူမည် မျှ ရယ်ပြီးကြလေပြီမသိ။ အရှက်မျက်နှာ ကိုအုပ်ရန် ပုဆိုးပင်မရှိဘဲ ထိုနေရာမှ သူ သုတ်ချေတင်ခဲ့ရလေသည်။
သူ၏ မဟာအရှက်တော် ဗြန်းဗြန်းကွဲခန်းသည် ထိုမျှနှင့် ပြီးသွား လိမ့်မည် ဟု ထင်ထားခဲ့သည်။
သို့ သော် ...။
နေ့လယ်စာ စားပြီး၍ သင်တန်းခန်းမထဲသို့ ပြန်ဝင်လိုက်ချိန်တွင် သူမ,ကို ကြည့်ကာ တခြားသင်တန်းသားများ ပြုံးစိစိလုပ်နေကြသဖြင့် အနည်းငယ် တွန့်ကာ ရှေ့မျက်နှာရော နောက်ကျောပါ မလုံ ဖြစ်သွားရသည်။
ဘာတွေ မှားနေသနည်း။ သူမ,ခန္ဓာကိုယ်တွင် ဘာတွေ ထူးခြား နေသနည်း။
မသိမသာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်သည်။ မမှား။ ဘာထူးခြားမှု မှလည်း မရှိ။
ပခုံးအသာတွန့်ကာ အားလုံးကို မသိကျိုးကျွန်ပြု ရင်း ထိုင်နေကျ ခုံမှာ ပဲ ဝင်ထိုင်လိုက်သည်။
ပြီး ...ဆရာ မလာသေးသဖြင့် သူမ၏ တန်ဖိုးကြီး စမတ်ဖုန်းကို ဟန်ပါပါထုတ်ကာ သူမ၏ Face bookအကောင့်ကို ဖွင့်ကြည့်လိုက်သည်။
ကွန်နရှင်က ကောင်းနေသည်မို့ သူမ၏ wall ကို ဝင်ကြည့်လိုက် သည်။Like တွေ ဘယ်လောက်ရနေပြီလဲပေါ့။
''ဟင်''
ရှက်စိတ်ကြောင့် ထူပူသွားရသည်။ Like တွေ အများ ကြီး ရထား ပါသည်။ ထိုပုံ ကတော့ ဘယ်သူတင်ကာ ပို့လိုက်မှန်းမသိသော သူမ ဒိုင်လျှို လေး နှာခေါင်းချေး ကလော်နေသည့်ပုံ ဖြစ်လေသည်။
အရှက်တော် ကွဲကာ အတန်းမှ လစ်ခဲ့ရလေ၏ ။
သင်တန်းဝင်းအတွင်းရှိ ကင်တင်းတစ်ခုမှာ ဖြစ်သည်။ ထောင့် ကျကျစားပွဲတစ်လုံး၌ ထိုင်နေကြသော လူငယ်သုံးဦးအနက် တစ်ဦးက ကျန်နှစ် ယောက် ကို စိတ်မသက်သာသည့်ပုံစံဖြင့် ကြည့်ကာ လေပူကြီးအား လေးလေးပင်မှု တ်ချလိုက်သည်။
ကျန်သည့်နှစ် ယောက် ကတော့ ထိုလေပူမှု တ်သံကို မကြားသလို ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ပါချေ။ တစ်ယောက် က စမတ်ဖုန်းတစ်လုံး ကိုင်ကာ နောက် တစ်ယောက် ကလည်း တက်ပလက်တစ်ခုကိုင်လျက် ဘာ တွေ မှန်းမသိ နှိပ်နေကြသည်။ ထိုသို့ မျက်တောင်မခတ်ကြည့်ကာ နှိပ်နေ ကြရင်း တစ်ချက်တစ်ချက် မျက်ခွက်တွေ ကလည်း စပ်ဖြဲဖြဲ ဖြစ်လာကြသေး ၏ ။ သောက်မြင်ကတ်စရာကောင်းလှသော မြင်ကွင်း ဖြစ်သည်။ မိမိကိုယ်ပင် ဖုတ်လေသည့်ငပိ ရှိသည်ဟုမထင်ြ ကတော့။
ဆယ်မိနစ်လောက်ကြာလာတော့ ဟံသာလည်း ဘယ်လိုမှ အောင့် အီးသည်းမခံနိုင်တော့ချေ။
ထို့ကြောင့် ...
''ဘုန်း!''
''အမယ်လေး မုန့်ဖက်ထုပ်''
''ကုလားမကြီးနဲ့ညား''
ဟံသာက စားပွဲကို လက်နှင့် ရိုက်လိုက်ခြင်း ဖြစ်ပြီး ထိုနှစ် ကောင် က ယောင်ကာ ထ,အော်ကြခြင်း ဖြစ်သည်။ ပြီး ...ကိုယ်စီကိုင်ထားကြသော မိုဘိုင်းဆက်သွယ်ရေး ပစ္စည်းတွေ ကို စားပွဲပေါ်ချလျက် သာမြတ်ကအရင်...
''ဟံသာ ...ဘာလုပ်တာလဲကွ၊ လန့်လိုက်တာ၊ ချီးထဲမှပဲ''
အံမယ် ...ဒင်းက။ သာမြတ်စကားအဆုံးမှာ ပဲ ထက်လူကျော်က ပေစောင်းစောင်းကြည့်ကာ ...
''အေးလေ ...မင်းကို ဘယ်သူက ဘာလုပ်လို့ ခုလို ရိုင်းစိုင်းတဲ့ အပြု အမူမျိုး လုပ်ရတာ လဲ ဟံသာ၊ မင်း နိုင်ငံကြီးသား မဟုတ်ဘူးလား''
လာလာချည်သေး။ နှစ် ကောင်စလုံး ကိုယ့်မျက်ချေး ကိုယ်မမြင် ဘဲ တစ်ပြန်ကြီး ပြန်ပြောလာကြသည်။
ဟံသာက ခပ်တည်တည်ပဲ ...
''ငါ ...မင်းတို့ကို ပြောစရာရှိတယ်၊ မင်းတို့က အဖက်မလုပ်တော့ ရတဲ့နည်းကို သုံးလိုက်ရတာ လေ၊ ဘာလဲ မကျေနပ်ဘူးလား''
ထိုအခါမှ သကောင့်သားနှစ် ကောင်စလုံး မျက်နှာပျော့ဖတ်ဖတ် ဖြစ်သွားကြသည်။
သာမြတ်က ...
''ပြောကွာ ...မင်းပြောစရာရှိတယ်ဆိုတာ ဘာလဲ''
''အေး ...ပြောမယ်''
စကားကိုဖြတ်ကာ နှစ် ကောင်စလုံးကို တစ်ချက်စီ ဝေ့၍ အရင် ကြည့်လိုက်သေးသည်။ အောင်မာ ...ဒင်းတို့က ခုမှ နွားမဒန်းမလေးတွေ လို မျက်လွှာလေးတွေ ချလို့။
''မင်းတို့နှစ် ကောင် အဲဒီ ဖုန်းတွေ ၊ တက်ပလက်တွေ နဲ့ အွန်လိုင်း သုံးပြီး ပေါက်ကရလုပ်နေတာတွေ ရပ်တန်းက မရပ်ကြသေးဘူးလား''
''ဟင် ...ငါတို့က ဘာပေါက်ကရ လုပ်လို့လဲ''
''အေးလေ''
''ဟေ့ကောင်တွေ ...ရူးချင်ယောင်ဆောင်မနေနဲ့၊ မင်းတို့ အချိန် နဲ့အမျှFace book သုံးနေတာကိုပြောတာ''
''အာ''
နှစ် ကောင်သား တစ်, နှစ် , သုံးမတိုင်ဘဲ ပြို င်တူနှာခေါင်းရှုံ့လိုက် ကြသည်။ ပြီး ထက်လူကျော်က ...
''မင်း ပြောပုံကလည်း Face book သုံးတာ ပေါက်ကရဆိုရင် မင်း အပါအဝင် တစ်ကမ္ဘာလုံးက Face book သုံးတဲ့လူတွေ ဟာ ပေါက်ကရ လုပ်နေကြတာပေါ့ ...အဲလိုလား''
'Face bookု တီထွင်ခဲ့တဲ့ ဇူကာဘတ်ဟာလည်း ပေါက်ကရကောင် ကြီးပေါ့ ...ဟုတ်လား''
ဟံသာက ကမန်းကတန်း လက်ကာပြလိုက်ရင်း ...
''ဟာ ...အဲလိုပြောတာ မဟုတ်ပါဘူး၊ ငါလည်း သုံးပါတယ်၊ ဒါပေမဲ့ ...လူမှု ကွန်ယက်ဆိုတဲ့အတိုင်း သူငယ်ချင်းတွေ ထားတယ်၊ သတင်း အချက်အလက်တွေ မျှဝေတယ်၊ ပြီးတော့ နိုင်ငံမှာ မြင်နေတွေ့ နေရတဲ့ အမြီးအမောက်မတည့်တာတွေ ကို သရော်တယ်၊ ကိုယ့်ကဗျာ၊ ကိုယ့်ဝတ္ထု ၊ ကိုယ့်ခံစားချက်လေးတွေ ကို ရေး တင်တယ်ကွာ၊ ကဲ ...မင်းတို့ အဲဒါမျိုး တွေ သုံးလား''
စကားအဆုံးမှာ သာမြတ်က ပခုံးအသာတွန့်လိုက်ပြီး ...
''အာ ...အဲဒါမျိုးတွေ ငါတို့မှ ဝါသနာမပါတာ၊ ပြီးတော့ ... ရေး လည်း မရေး တတ်ဘူး''
ဟံသာက ...
''အဲလိုဆိုလည်း မင်းတို့ရဲ့ လူမသိ, သူမသိ အကောင့်နဲ့ တစ်ဖက် လူတွေ ကို အရှက်ရအောင် မလုပ်နဲ့လေ''
ထိုသို့ ပြောသည်ကိုပင် ထက်လူကျော်က လက်မခံပြန်ချေ။ လာ သေး၏ ။
''ဒီမှာ ဟံသာ ...ငါတို့က ပျော်စေပျက်စေ နောက်တဲ့သဘောနဲ့ အဲလိုပုံတွေ တင်တာကွ၊ ပြီးတော့ ...လျှပ်တစ်ပြက်ပုံဆိုတာ ဘယ်လောက် ရိုက်ရတာ ခက်လဲ မင်းသိမှာ ပါ''
''တချို့ ဆိုရင် အနေအထိုင်တောင် ဆင်ခြင်သွားဦးမယ်၊ မင်းလည်း သိမှာ ပါ၊ လွှတ်တော် မှာ အိပ်ငိုက်နေတဲ့ပုံမျိုးဆိုရင် ...''
''ဟေ့ကောင် ...တော် တော့၊ နိုင်ငံရေး တွေ ပါမလာနဲ့''
''အဲဆို ...မင်းလည်း ငါတို့ကိုမတားနဲ့ ဟံသာ၊ မင်းနဲ့ဝတီ့ကိစ္စ တုန်းကလည်း ငါတို့ပဲ ဒီနည်းနဲ့ ကူညီခဲ့တာနော် ...မမေ့နဲ့''
ဟုတ်တော့ ဟုတ်ပါသည်။ သူ ဝတီ့ကို စိတ်ဝင်စားသည့်လုပ်ရပ် တွေ ၊ အပြု အမူတွေ ၊ တစ်ဖက်သတ်ရေး ထားသော စာတွေ ကို ဒီကောင်တွေ ပဲ ကြားပွဲစားလုပ်ကာ ဝတီ့Face book ကို ပို့ပေးခဲ့ခြင်း ဖြစ်သည်။ သူ့ ဘက်က စိတ်ဝင်စားနေသည်ကို သိသော်လည်း ဝတီ့ဘက် ကတော့ မီးစိမ်း မပြသေး။ သူငယ်ချင်းအဆင့်သာ ရှိသေးသည်။ ထားတော့ ...။
ခု သူပြောနေသည်က ဒီနှစ် ကောင်၏ နောက်တီးနောက်တောက် လုပ်ရပ်တွေ ကို ဖြစ်သည်။Face book တွင် ကိုယ့်နာမည် ရင်းအပြင် တခြား Username သုံးပြီး ပေါက်ကရတွေ လိုက်ဖွနေခြင်း ဖြစ်သည်။
ထိုနှစ် ကောင်ပေါင်းကာ လျှို့ ဝှက်သုံးနေသည့် အကောင့်၏ Username နာမည် ကလည်း သူတို့လုပ်ရပ်နှင့် တော် တော် လိုက်ပါသည်။
စီစီတီဗီ (CCTV) တဲ့ ...။
ဆိုကြပါစို့။ ကောင်မလေး တစ်ယောက် သင်တန်းခန်းမထဲ ဒိုင်လျှို လေး နှာခေါင်းချေးနှိုက်နေပုံ၊ အိပ်ငိုက်နေပုံ၊ တခြားအပြင်စာတွေ ခိုးဖတ် နေပုံ စသဖြင့် ။ ယောက်ျားလေးတွေ ဆိုလျှင်လည်း အလွတ်မပေး။ ကင်တင်း တွင် ဘီယာခိုးသောက်နေပုံ၊ အခန်းလွတ်တွေ ထဲ ဖဲခိုးရိုက်နေကြပုံ စသဖြင့် ။ နောက်ပြီး ကင်တင်းလို၊ အခန်းလွတ်တွေ မှာ လည်း အတွဲ တွေ ကဲလျှင် တော့ မစဉ်းစားနဲ့တော့။ ဒီနှစ် ကောင်လက်ချက်ဖြင့် အွန်လိုင်းပေါ်ရောက်ပြီ။
သင်တန်းဝင်းကြီးတစ်ခုလုံးမှာ ရှိသော သင်တန်းသူ၊ သင်တန်းသား တွေ မှာ ထိုသို့ ခဏခဏခံနေရသော ကြောင့် လက်သည်သည် ဒီသင်တန်း တွေ ထဲမှာ တက်နေသည့် တစ်ယောက် ယောက် ဖြစ်မှာ ပဲဟု သံသယရှိကြ သော်လည်း ဟိုနှစ် ကောင်၏ ပိရိမှု ကြောင့် ဘယ်သူမှ ဒင်းတို့မှန်း မသိကြ။ နောက်ဆုံးပြောရလျှင် သူတို့၏ ရည်းစားများ ဖြစ်ကြသော ပိုးအိနှင့် ဇင်လေး တို့ပင် မသိကြချေ။ ဘယ်လောက်များ သေသပ်လိုက်သနည်း။
ဒင်းတို့နှစ် ကောင်၏ လုပ်ရပ်အား သိသူဆို၍ တစ်ယောက် ပဲ ရှိသည်။ အဲဒါက ဟံသာဆိုသည့် မိမိ။ ထို့ကြောင့် အလွန်အကျွံမ ဖြစ်အောင် တားနေ ရခြင်း ဖြစ်၏ ။
ခုလည်း ဟံသာက သက်ပြင်းငွေ့ငွေ့ချလိုက်ရင်း ...
''မင်းတို့ရဲ့ စိတ်ထဲမှာ အပျော်အပျက် သဘောမျိုးနဲ့ လုပ်မှန်း သိပါ တယ်၊ ဒါပေမဲ့ ...တစ်ခါတလေမှာ မင်းတို့ အမှတ်မထင် တင်လိုက်တဲ့ ပုံတစ်ပုံကြောင့် တစ်ဖက်သား အရမ်းနစ်နာပြီး အရှက်ရသွားမှာ စိုးလို့ကွ၊ စကားကျွံတာ နှုတ်လို့မရဘူးဆိုပေမယ့် အဲဒီ စကားက သူ့ပတ်ဝန်းကျင်မှာ ပဲ သိကြမှာ လေ၊ အွန်လိုင်းကျွံရင်တော့ တစ်ကမ္ဘာလုံးသိပြီ၊ အဲဒါကို ပြောတာ''
စကားအဆုံးမှာ နှစ် ကောင်သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
သာမြတ်က ပခုံးအသာတွန့်ရင်း ...
''အဲလောက် အကြီးကြီးတွေ မပြောပါနဲ့ ဟံသာရာ၊ ငါတို့ နောက် ပြောင်ပြီးတင်တယ်ဆိုတာ ဒီသင်တန်းဝင်းထဲမှာ တက်နေတဲ့ သင်တန်းသူ၊ သင်တန်းသားတွေ ရဲ့ အမှတ်မထင်၊ လျှပ်တစ်ပြက် ပြု မူလိုက်တဲ့ပုံလေးတွေ ပါ၊ ဒီလောက်ပါပဲ''
''ဟုတ်ပ၊ မင်းပြောမှပဲ အမှု က ပိုကြီးတော့မယ်''
နှစ် ကောင်စလုံး ခုထိ လုံးဝလက်မခံကြချေ။ ရပါသည်။ ဟံသာက စနက်တံရှေ့နားမှာ မီးခြစ်ကို ခြစ်ပြလိုက်၏ ။
''အေး ...ဒါဆို ငါလည်း အမှတ်မထင်၊ လျှပ်တစ်ပြက်ပုံတွေ တင်ဦးမယ်၊ ဥပမာ ...သာမြတ် ရည်းစားပိုးအိဆိုရင် အရက်သောက်တာ လုံးဝမကြို က်ဘူး၊ သာမြတ်က ညဘက်ဆိုရင် အရက်ကြို က်လွန်းလို့ ခိုး သောက်တဲ့ပုံတွေ ...''
''ဟေ့ကောင်''
သာမြတ် ဓာတ်လိုက်သလို တွန့်သွားပြီး ထ,အော်သည်။ ဟံသာက လက်ကာပြထားရင်း ...
''ခဏနေဦး ...ထက်လူကောင်မလေး ဇင်လေးဆိုရင်လည်း အရမ်းသဝန်တိုတတ်တယ်၊ ဒါပေမဲ့ ...ထက်လူက နေ့တိုင်းနီးပါး ကလပ် ကိုသွားပြီး အဲဒီ က ကောင်မလေး တစ်ယောက် နဲ့ အီစီကလီ ဖြစ်နေတဲ့ပုံလေး တွေ ကို ငါ့ရဲ့ Face book မှာ ကျွန်တော့် သူငယ်ချင်းများ ၏ လျှို့ ဝှက်ချက်များ ဆိုပြီး ...''
''တော် တိတ် ...ဟံသာ၊ မင်းရဲ့ အောက်တန်းကျတဲ့အတွေးအခေါ် တွေ ကို ခု ရပ်တန်းကရပ်၊ အဲဒါ ...ငါတို့ ဘဝပျက်မယ့် ဇာတ်လမ်းကွ''
ခွေးသူတောင်းတွေ ။ သူတို့အလှည့်ကျတော့ သိတတ်လိုက်တာဟု ဟံသာ ခပ်ချဉ်ချဉ်တွေးလိုက်သည်။
သာမြတ်က ဒီစကားဝိုင်း ဒီမှာ ပဲ ဖြတ်လိုသော ပုံစံဖြင့် ...
''ဟံသာ ...တော် ပြီကွာ၊ ငါတို့လည်း ဆင်ခြင်ပါ့မယ်၊ မင်းလည်း ဝတီ့ဆီသွားတော့''
ဘာမှလည်းမဆိုင်ချေ။ သို့ သော် ဝတီဆိုသည့် အမည် နာမလေး နှစ် လုံးက ဘယ်ဘက်ရင်အုံကို နွေးသွားစေသည်။
ထို့ကြောင့် ...
''သွားမှာ ပါ၊ ဒီမှာ ထိုင်ပြီး မင်းတို့နဲ့ စကားပြောနေရတာ ''
''ဘာ ဖြစ်လဲ''
စောင်းငန်းငန်း မေးလာသည်မို့ ဟံသာက ...
''ဘာ ဖြစ်ရမှာ လဲ၊ လေကုန်တယ်၊ လူပန်းတယ်၊ ပြီးတော့ ... ကျက်သရေယုတ်တယ်''
''ခွေးကောင်''
''အေးပါ ...သွားသွား မင်း ဝတီဆီရောက်ရင် သိလိမ့်မယ်၊ ပြီးမှ ... ငါတို့ကို လာမမေးနဲ့''
ဘာလဲတော့မသိချေ။ နှစ် ကောင်သား တက်ညီလက်ညီဆဲဆိုပြီး ကျန်ခဲ့ကြလေသည်။ ပြီးလျှင် ထိုနှစ် ကောင်သည် Face book ဆိုတာကြီးနှင့် အလုပ်ရှုပ်လေဦးမည် ။
ဟံသာဆိုသည့်သူ ကတော့ ကျူးပစ်က ဆယ့်လေးချောင်းမြောက် မြားနှင့် မခွင်းသေးသော ဝတီဆိုသည့်ကောင်မလေးဆီသို့ ။
တက်ကြွသော ခြေလှမ်းများ ဖြင့် ...
လာလာချေပြီ ...။
သင်တန်းဝင်းတစ်ခုထဲတွင် အတူတက်ကြသော်လည်း သူနှင့် ဝတီ တို့တက်ကြသည့် သင်တန်းအမျိုးအစားက မတူချေ။ တူအောင်လည်း ဟံသာက ဝတီတက်သည့်သင်တန်းမှာ လိုက်မတက်။ မတူကွဲပြားသော လမ်းကြောင်းဖြင့် စစ်မှန်သော ဒီမိုကရေစီ ...အဲလေ စစ်မှန်သော အချစ် တစ်ခုကို တည်ဆောက်မည် ဟု အတိအကျခံယူယုံကြည်ထားသည်။
ခုလည်း ဝတီထိုင်တတ်သော ကင်တင်းအနီးသို့ ရောက်တော့ ကင် တင်းထဲသို့ လှမ်းကြည့်လိုက်သည်။ တွေ့ ပါပြီ။ ကိုယ့်ရင်ခုန်ဖက်လေးကို အခြားသော လုံမငယ်နှစ် ယောက် တို့နှင့် အတူ တွေ့ လိုက်ရ၏ ။
ဟံသာက ကင်တင်းထဲသို့ ဝင်ကာ ဝတီတို့ဝိုင်းဆီ လျှောက်သွား လိုက်ရင်း ရယ်ကျဲကျဲလုပ်လျက် ...
''ဝတီ ...ထိုင်နေတာ ကြာပြီလား''
''အေး ...ဘာ ဖြစ်လို့လဲ''
ပြောပုံလေးက အလွန်တရာမှ နားဝင်ချို လှပါသည်။ ဟံသာ နင် တင်တင် ဖြစ်သွားရ၏ ။ ခုံတစ်ခုံဆွဲယူကာ ထိုင်ချလိုက်ရင်း ...
''ဝတီရာ ...ငါက အကောင်းမေးတဲ့ဟာကို''
စကားအဆုံးမှာ ဝတီက မျက်စောင်းထိုးလျက် ...
''ဟဲ့ ငါကလည်း အကောင်းဖြေနေတာပဲလေ၊ နင့်ကို နင်ပဲငဆ ပြောနေလို့လား''
''ဟာ''
ဝတီ့မျက်နှာလေးက မသိမသာ သုန်မှု န်နေသည်။ စိတ်ညစ်၊ စိတ် ရှုပ်စရာတစ်ခုခုများ ရှိနေပြီလားမသိ။
ထိုစဉ်မှာ ပဲ ဝတီနှင့် အတူ ရင်ပေါင်တန်းကာ ထိုင်နေကြသော သူငယ်ချင်းမနှစ် ယောက် က ဟံသာကို စွေကာကြည့်လိုက်ပြီးမှ ...
''ဝတီ ...ငါတို့သွားဦးမယ်၊ နောက်တစ်ချိန်ကျမှ အတန်းထဲမှာ ပြန်ဆုံမယ်၊ သိလား''
''အေး ...အေး''
ဝတီ့စကားအဆုံးမှာ ဟံသာက ထိုနှစ် ယောက် ထွက်သွားသည်ကို လှမ်းကြည့်လိုက်ပြီးမှ ဟီးခနဲရယ်လိုက်ကာ ...
''ဗီဒီယို, ရုပ်ရှင်တွေ ထဲက အတိုင်းပဲနော်''
''ဘာ''
မျက်လုံးလေးပြူးကာ ပြန်မေးလာသဖြင့် ဟံသာက စပ်ဖြဲဖြဲလုပ် ရင်း ...
''ဒီလိုလေ ဗီဒီယို, ရုပ်ရှင်တွေ ထဲမှာ ဆိုရင် မင်းသားက မင်းသမီး ဆီလာတဲ့အခါ ဘေးကသူငယ်ချင်းတွေ က အလိုက်တသိ ရှောင်ပေးကြတယ် လေ၊ အဲဒါကို ပြောပြော ...''
''တော် တော် ...ဟံသာ၊ နင် ပေါက်ကရတွေ ပြောမနေနဲ့၊ ငါ ဒီမှာ စိတ်ရှုပ်နေတယ်''
ထိုစကားကြောင့် ဟံသာက သက်ပြင်းချလိုက်ပြီး ...
''အင်း ...နင့်ပုံစံကြည့်ပြီး ငါ ထင်တော့ ထင်ပါတယ်၊ ဘာစိတ် ရှုပ်စရာရှိလို့လဲ ...ငါ့ကို ပြောလေ''
''ဒီလိုပါပဲဟာ''
ဝတီက စကားကို မသိမသာလျှောချသွားသည်။ ဒါမျိုး ကတော့ ဟံသာကို လာလုပ်လို့မရချေ။
ထို့ကြောင့် စကားကို ဝတီ့ဘက်သို့ ပဲ သေနတ်ပြောင်း ပြန်တေ့ လိုက်၏ ။
''ဝတီ ...နင် မမိုက်ဘူး သိလား''
''အောင်မာ ...ငါက ဘာမမိုက်ရမှာ လဲ''
မျက်ခုံးအတွန့်ချိုးရင်း ပြန်မေးလာသည်။
ဟံသာက ...
''နင်ပဲ စဉ်းစားကြည့်လေ ...နင့်ကို ချစ်တယ်, ချစ်တယ်လို့ ပြောထားတာ အခါတစ်သိန်းမ ကတော့ဘူး၊ နင့်ဆီ ကတော့ ချစ်တယ်ဆိုတဲ့ စကားကို ယောင်ယောင်လေးတောင် မဟသေးဘူး၊ ခက်တာပဲ ဝတီရာ၊ အဖြေပေးပါတော့လား''
စကားအဆုံးမှာ ဝတီ့မျက်နှာလေးက မဲ့ရွဲ့ရွဲ့လေး ဖြစ်သွားရင်း ...
''တော် တော် ...ဟံသာ၊ စိတ်ညစ်ရတဲ့အထဲ စိတ်ရှုပ်စရာတွေ လာပြောနေတယ်၊ ငါ ငိုချင်လာပြီနော်''
ဟံသာက ပခုံးအသာတွန့်လိုက်ပြီးမှ ...
''ငိုချင်တယ် ...ဟုတ်လား၊ ဘယ်လိုငိုမှာ လဲ''
''ဟံသာ ...ငါ တင်းလာပြီနော်၊ ငိုတာပဲ မျက်ရည်ကျပြီ ငိုမှာ ပေါ့၊ နင် ရူးများ နေလား''
ဟံသာက ခေါင်းခါလိုက်ရင်း ...
''မဟုတ်သေးဘူး ဝတီ၊ မျက်ရည်ကျတဲ့နေရာမှာ မျက်ရည်က သုံးမျိုးသုံးစားတောင် ရှိတာဟ''
''ဟင် ...ဟုတ်လို့လား''
''ရော် ...ငါက ညာပါ့မလား၊ ကိုယ်ချစ်တဲ့သူကို''
စကားကြုံ တုန်းလေး အမှတ်ဝင်ယူလိုက်သေးသည်။ ဝတီ မျက် စောင်းကို မသိချင်ဟန်ဆောင်လိုက်ပြီးမှ ...
''ဒီလိုဟာ ...မျက်ရည်တွေ ထဲမှာ ပထမမျက်ရည်အမျိုးအစားကို basal tear လို့ ခေါ်တယ်၊ မျက်လုံးသန့်ရှင်းဖို့နဲ့ ချောမွတ်ဖို့ လုပ်ပေးတဲ့ မျက်ရည်ပေါ့၊ ဒုတိယအမျိုးအစားကျတော့ reflex tear တဲ့၊ အဲဒါ ကတော့ ကြက်သွန်နီ၊ ဝတ်မှု န်နဲ့ ဖုန်မှု န့်တွေ ဝင်လို့ ကျတဲ့မျက်ရည်ပေါ့ဟာ၊ အဲ ...နောက်ဆုံးမျက်ရည် ကတော့ emotional tear ပဲ၊ စိတ်ခံစားမှု ကြောင့် ကျတဲ့မျက်ရည်ပေါ့၊ ပြောရရင် ...ခု နင်ငိုမယ်ဆိုတဲ့မျက်ရည်အမျိုးအစား emotional tear ပဲ''
ရှည်လျားစွာ ရှင်းပြလိုက်သော စကားအဆုံးမှာ ဝတီ တစ်ယောက် မျက်ရည်ကျရန်ပင် မေ့သွားပုံပေါ်သည်။ ဟံသာကို မျက်နှာသေသေလေး နှင့် ပြန်ကြည့်ကာ ...
''မသိတော့ဘူး ဟံသာရယ်၊ ငါ အခု စိတ်ရှုပ်နေတာ အမှန်ပဲ''
''ဒါဆိုလည်း ဘာ ဖြစ်တယ်ဆိုတာ ငါ့ကို ပြောပြလေ၊ နင်က ငါ့ကို မပြောလို့ ဘယ်သူ့ကို ပြောမှာ လဲ''
အကွက်ဝင်တုန်း အမှတ်ထပ်ယူလိုက်သည်။
ဝတီက ...
''ဟံသာ ...နင် ဒီရက်ပိုင်း face book မသုံးဘူးလား''
မဆီမဆိုင် ဖြတ်မေးလာသော စကားကြောင့် ဟံသာ ကြောင်သွား ရသည်။ သို့ သော်လည်း ဖြေလိုက်ပါ၏ ။
''ဟေ့အေး ...ငါ အွန်လိုင်း (On line) မတက် ဖြစ်တာ ဆယ့်ငါး ရက်လောက် ရှိပြီဟ၊ ဘာ ဖြစ်လို့လဲ''
''သြော် ...ဟုတ်လား၊ ဒါကြောင့် ဖြစ်မှာ ပါ၊ ဒါနဲ့ နင့်ကိုလေ သာမြတ်တို့ ထက်လူကျော်တို့ကကော မပြောဘူးလား၊ ငါနဲ့ပတ်သက်ပြီး တော့လေ''
စကားအဆုံးမှာ ဟံသာ ခေါင်းသာကုတ်မိတော့သည်။ ဝတီက ဘာတွေ မေးနေသည်မသိ။ ခုနကလည်း ဟိုနှစ် ကောင်က မင်းရောက်ရင် သိလိမ့်မည် ဟု ပြောလိုက်သေးသည်။ ဘာတွေ လဲ။
ထို့ကြောင့် ...ခေါင်းကုတ်ရင်းမအားသည့်ကြားကပင် ပါးစပ်နှင့် မေးရတော့၏ ။
''ဘာတွေ လဲ ဝတီရာ ...ငါ နားလည်အောင် ရှင်းပြပါဦး''
ဝတီက ခပ်တည်တည်ပြန်ကြည့်လာပြီး ...
''အဲဒါကြောင့် ပြောတာပေါ့၊ နင် ကျန်ခဲ့တဲ့ အပတ်တွေ ထဲမှာ face book သုံးခဲ့ရင် ငါ ရှင်းပြစရာတောင်မလိုဘူး''
''အေး ...ဟုတ်ပါပြီ၊ ငါ မသုံးခဲ့ဘူး၊ ခု ...နင်ပဲ ရှင်းပြတော့''
ဝတီက သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် အရင်ချသည်။
ပြီးမှ ...
''ဒီလို ဟံသာရာ ...face book ထဲမှာ လူ တစ်ယောက် က ငါ့ကို နှောင့်ယှက်နေလို့''
ထိုစကားကြောင့် ဟံသာ ဆတ်ခနဲ ဖြစ်သွားရင်း ...
''ဘာလဲ ...ဟို ...CCTV ဆိုတဲ့ အကောင့် (account) ကလား''
ခေါင်းခပ်သွက်သွက်ခါလိုက်ရင်း ဝတီက ...
''မဟုတ်ပါဘူး၊ အဲဒီ CCTV ဆိုတဲ့ အကောင့် (account) က လျှပ်တစ်ပြက်ပုံတွေ ပဲ တင်တာပါ ...ငါ သိပါတယ်၊ ခုဟာက တခြား အကောင့်တစ်ခုဟ''
''ယူဆာနိမ်း (username) ကကော ဘာလဲ''
''အကောင့်နာမည် က 'လူချော' တဲ့''
''နင့်ကို ဘယ်လိုနှောင့်ယှက်နေတာလဲ ဝတီ''
ဝတီက ကျွတ်စ်ခနဲ အသံမြည် အောင် စုတ်သပ်လိုက်ပြီးမှ ...
''ဒီလိုဟာ ...အဲဒီ လူချောဆိုတဲ့လူက ငါ့ဝေါ (wall) ထဲမှာ ရော တိုင်းလိုင်း (timeline) ထဲမှာ ပါ ငါ့ကို ချစ်တဲ့အကြောင်းတွေ ချည်းပဲ တင်နေ တယ်၊ ပြီးတော့ ...ငါ့ဓာတ်ပုံတွေ ကိုလည်း ထောင့်ပေါင်းစုံကနေ ခိုးရိုက်ပြီး တင်တာဟ''
ဟံသာ့စိတ်ထဲ ကျဉ်ခနဲ ဖြစ်သွားရပြီး ...
''ဟင် ...မိုက်ရိုင်းလှချည်လား၊ အဲဒါဆိုလည်း ဝတီရယ် ... အဲဒီ အကောင့်ကို ဘလော့လ် (block) လိုက်ပေါ့''
ဝတီက ခပ်စွေစွေပြန်ကြည့်ရင်း ...
''လုပ်တာပေါ့ဟ ...နေပါ့မလား၊ ဒါပေမဲ့ ...သူ့မှာ ငါနဲ့ ဖရန့်(friend) ဖြစ်ထားတဲ့ တခြားအကောင့်တွေ ရှိသေးတယ်၊ အဲဒီ အကောင့် တွေ ကနေ ထပ်နှောင့်ယှက်တာ''
''ဟာ''
ဟံသာ ဘာပြောရမည် မှန်းမသိ ဖြစ်သွားရသည်။ ထိုကဲ့သို့ အ ဖြစ် မျိုး သူ မကြားဖူးချေ။ ခုတော့ ကြုံ နေရပြီ။
ဝတီကပဲ ဆက်၍ ...
''အဲဒီ လူပြောတဲ့စကားတွေ ဟာ တဖြည်းဖြည်း လွန်လာတယ် ဟံသာ၊ ငါက သူ့ကိုပဲ ချစ်ရမယ်ဆိုတဲ့ပုံစံမျိုး၊ ငါက သူ့အချစ်ကို လုံးဝ လက်ခံရမယ်၊ မဟုတ်ရင် ငါ နောင်တရလိမ့်မယ်၊ အဲဒါမျိုး ခြိမ်းခြောက်တဲ့ စာသားတွေ ပါ တင်နေတာ''
ဟံသာ တင်းသွားရသည်။ တက်တစ်ချက် ခေါက်လိုက်ပြီးမှ ...
''ဒါမျိုးလုပ်လို့ရမလားဟ၊ သူ ခြိမ်းခြောက်ရအောင် မင်းမဲ့တိုင်း ပြည်မှ မဟုတ်တာ''
''မင်းမဲ့တိုင်းပြည်မဟုတ်ပေမယ့် ဒီမှာ က အွန်လိုင်းဥပဒေ မရှိသေး ဘူးလေ၊ ပြီးတော့ ...အဲဒီ လူက သူ့ပုံကို မတင်ဘူး၊ ငါနဲ့ပဲ အပြင်မှာ တစ်ရက် လူချင်းတွေ့ မယ်တဲ့''
''ဟင်''
''အဲဒါပဲ ဟံသာ၊ ငါ ကြောက်တာမဟုတ်ပေမယ့် တော် တော် စိတ်ရှုပ်နေတယ်၊ တိုင်းလိုင်း (timeline) မှာ ငါ့ပုံတွေ ပလူပျံနေတော့ တချို့ ကတောင် ငါ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေလေပြီ၊ နင်သိတဲ့ အတိုင်းပဲ ငါက နန်းခင်ဇေယျာလည်းမဟုတ်၊ ခင်ဝင့်ဝါလည်းမဟုတ်၊ ဂမိုးစက်ဝိုင်လည်းမဟုတ်၊ နောက်ဆုံး သန်းသန်းထွေးလည်း မဟုတ်ဘူး လေ၊ ဒီတော့ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်တယ်၊ ဘာပြန်လုပ်ရမှန်း လည်း မသိဘူး''
''အေးဟာ ...ကွို င်ပဲ''
''အပြောမစောနဲ့ဦး၊ ဒီထက်ဆိုးတာက အဲဒီ လူဆီမှာ ငါ့ဖုန်းနံပါတ် ပါရှိတယ်၊ သူ မက်ဆေ့ခ်ျပို့တဲ့ ဖုန်းတိုင်းကို ဘလက်လစ် (blacklist) လုပ်နေရတာ ''
''ဟူး''
လေပူကြီးကိုပဲ မှု တ်ထုတ်မိတော့သည်။ ပြီးမှ တစ်ချက်စဉ်းစား လိုက်ရင်း ...
''ဝတီ ...ဟိုလေ ...ခုလောလောဆယ် နင်နဲ့ ဖရန့် ဖြစ်ထားတဲ့ သူ့အကောင့်အားလုံးကို ဘလော့လိုက်ပြီလား''
''ဟေ့အေး ...တစ်ခုတော့ ကျန်သေးတယ်၊ ဒါပေမဲ့ ...ဘလော့ တော့မှာ ပါ''
ကမန်းကတန်း လက်ကာပြလိုက်ရင်း ဟံသာက ...
''ခဏနေဦး ဝတီ ...အဲဒီ တစ်ခုကိုတော့ မဘလော့လိုက်နဲ့ဦး၊ ဘာ ဖြစ်လို့လဲဆိုတော့ နင် ဘလော့လည်း သူထပ်လုပ်မှာ ပဲလေ''
''အဲဆို ငါက ဘာလုပ်ရမှာ လဲ''
ဟံသာက ...
''ဒီလိုလေ ...သူ နင်နဲ့ပတ်သက်ပြီး ဘာတွေ ထပ်ရေး မယ်ဆိုတာ ထပ်စောင့်ကြည့်ရမယ်၊ အဲဒါမှ ...ဘယ်သူလဲဆိုတာ ခြေရာခံလို့ရမှာ ပေါ့''
''လွယ်ပါ့မလား ဟံသာရယ်''
လေပူကို ထပ်ကာမှု တ်ချလိုက်ရင်း ...
''လွယ်တော့ မလွယ်ဘူးပေါ့ဟာ ...ကြိုးစားကြည့်ရမှာ ပေါ့၊ ငါနဲ့ သိတဲ့ ဘလော့ခ်ကာ (blocker) တွေ ၊ ဟက်ကာ (hacker) တွေ ရှိပါတယ်၊ အကူအညီတောင်းကြည့်မယ်လေ''
စကားအဆုံးမှာ ဝတီ့မျက်နှာလေးက ငယ်သွားရင်း ...
''အဲဒီ လူ ထပ်မလုပ်တော့ရင် ကောင်းမှာ ပဲဟာ၊ ခုဆို ငါ့ပုံတွေ တွေ့ ရင်တောင် တချို့ တွေ က အပျော်အပျက်သဘောနဲ့ လိုက်ခ် (Likes) တွေ လုပ်၊ ကွန်မန့် (comments) တွေ ဝင်ရေး နေကြပြီ၊ အဲဒါကြောင့် ငါ စိတ်ညစ်နေတာ''
ဟံသာ တစ်ချက်ငြိမ်ကာ စဉ်းစားလိုက်သည်။ ဒီရက်ပိုင်းတွေ ထဲ မှာ သူface book မသုံးမိ၍ ဒါတွေ ကို မသိခဲ့။ ခုတော့ ...အမည် မသိလူ တစ်ယောက် ၏ လုပ်ရပ်ဖြင့် ဝတီ စိတ်ညစ်နေရပြီ။
ထို့ကြောင့် ဝတီ့ကို အားပေးပြုံးလေး ပြုံးပြလိုက်ပြီး ...
''စိတ်ထဲ အဲလောက်ထားမနေပါနဲ့ ဝတီရာ၊ ဒီသင်တန်းမှာ လည်း နင် ဘယ်လိုနေတယ်ဆိုတာ လူတိုင်းသိတာပဲလေ''
ဝတီက ဘာမှပြန်မပြောဘဲ အဝေးကို ငေးနေသည်။ ပြီးမှ ဖုန်း ထုတ်ကာ တစ်ချက်နှစ် ချက် နှိပ်လိုက်ပြီးမှ ဟံသာဘက် လှမ်းပြရင်း ...
''ငါ စိတ်ညစ်တာထက် ပိုတယ်၊ ဟံသာ ဒီမှာ သာ ကြည့်တော့''
''ဟင်''
face book တိုင်းလိုင်း (time line) ထဲမှ ပုံတစ်ပုံကို ပြခြင်း ဖြစ် သည်။ ပုံမှာ ဝတီ တစ်ယောက် တည်း ကင်တင်း၌ မနက်စာ စားနေပုံ ဖြစ်ပြီး အပေါ်မှ ရေး ထားသည့်စာ ကတော့ ...
စားကောင်းရဲ့ လား ဝတီ။
ကိုယ်နဲ့မင်းနဲ့လည်း ...
တစ်ရက်တော့ အဲလို အတူစား ဖြစ်မှာ ပါ၊
ကိုယ် ဝတီ့ရှေ့ကိုရောက်လာခဲ့မယ် စိတ်ချ။
စာ ကတော့ အချိုးမပြေသည့်စာ ဖြစ်သည်။ သို့ သော် အောက် ဘက်၌ လိုက်ခ်လုပ်ထားကြတာတွေ ကလည်း မနည်းချေ။ တချို့  ကွန်မန့် တွေ ဆိုလျှင် သနားပါတယ်ဗျ၊ လက်ခံလိုက်ပါ စသဖြင့် ရေး ထားကြသေး သည်။
ထိုပုံကိုကြည့်ခြင်းအားဖြင့် ဝတီအား နှောင့်ယှက်နေသော သူသည် ဒီသင်တန်းတွေ ထဲမှ သင်တန်းသား တစ်ယောက် ယောက် ပဲ ဖြစ်ရမည် ဟု ဟံသာ တွေးလိုက်မိ၏ ။
တစ်ဆက်တည်း ဝတီ့ကိုကြည့်ကာ ...
''ဟိုကောင် သာမြတ်တို့ကလည်း ငါ့ကို ဒီကိစ္စမပြောကြဘူး၊ ခွေးကောင်တွေ ''
''အဲလိုမပြောပါနဲ့ဟာ၊ သူတို့က ငါနဲ့ တိုက်ရိုက်ပတ်သက်နေတာမှ မဟုတ်ဘဲလေ''
ထိုစကားကြောင့် ဟံသာ့ရင်ထဲ နွေးသွားရသည်။ ဟုတ်သည်လေ။ စကားအသွားအလာအရ ကိုယ်က တိုက်ရိုက်ပတ်သက်နေသူ ဖြစ်သွားပြီ။ ထို့ကြောင့် ကိုယ့်ချစ်သူကို ကိုယ်ကာကွယ်ရမည် ဟု ခိုင်မာစွာ သံန္နိဋ္ဌာန်ချ လိုက်ရင်း ...
''နင် ဘာမှစိတ်မပူနဲ့ ဝတီ၊ ငါရှိနေသမျှ အဲဒီ လူ နင့်ရှေ့ ရောက် မလာစေရဘူး၊ စိတ်ချ''
ဝတီက ဘာမှပြန်မပြောဘဲ ဟံသာကို တွေ တွေ လေးကြည့်ကာ ငြိမ်နေသည်။
ဟံသာက ချက်ချင်း ပင် ထရပ်လိုက်ရင်း ...
''ဝတီ ...သင်တန်းပြန်တက်ဦးမှာ လား''
''တက်မှာ ပေါ့ ...ဘာ ဖြစ်လို့လဲ''
''ဒါဆိုလည်း ငါ သွားတော့မယ်၊ နင့်ကိစ္စကို ဟိုကောင်တွေ နဲ့ တိုင်ပင်ရဦးမယ်လေ''
''အေး အေး''
ဝတီက ခေါင်းညိတ်ပြသည်။ လှည့်ထွက်ရန် ပြင်လိုက်ပြီးမှ သတိ ရသွားသဖြင့် ဟံသာက ...
''ဝတီ ...နင့်ကိစ္စ ငါ့ခေါင်းထဲရောက်နေသလို ငါ့ကိစ္စကိုလည်း နင် စဉ်းစားထားဦး၊ ဒါပဲ ...သွားပြီ''
အပေါ်စီးက ပြောကာ ထွက်လာခဲ့သည်။ ဒီလိုအဖြေတောင်းပုံမျိုး က ရန်ကုန်တိုငးဒေသကြီးမှာ ပင် ရှိမည် မဟုတ်။ အသစ် ဖြစ်သည်။
ခုလည်း ဝတီ့ကိစ္စတိုင်ပင်ရန်အတွက် ဟိုလဒနှစ် ကောင်ဆီကို ဖုန်း ခေါ်လိုက်ပါသည်။
လူကြီးမင်းများ နှင့် လေးခါလောက်ဆုံပြီးသကာလမှာ တော့ ...
''ဟလို''
''ထင်သားပဲ ...သာမြတ်ဆိုတဲ့ကောင် ချိန်းကတည်းက ဒီလိုဆိုင် မျိုးပဲ ဖြစ်မယ်ဆိုတာ''
ခုံတစ်ခုံဆွဲယူကာ ထိုင်ရင်း ဟံသာပြောလိုက်တော့ သာမြတ်က ဆိုင်ထဲသို့ ဝေ့ဝဲကြည့်ကာ ...
''ဘာ ဖြစ်လို့လဲဟ ...ဆိုင်က သန့်ပါတယ်၊ အစားအသောက် လည်း ရှယ်ပဲကွ၊ ငါတို့ရပ်ကွက်ထဲမှာ တော့ နာမည် အကြီးဆုံးပဲ''
ဟံသာက 'သူဌေးမ' ဆိုသော ဆိုင်နာမည် ဆိုင်းဘုတ်ကို လှမ်း ကြည့်ရင်း ...
''မင်းကို ဆိုင်ကောင်းတာ, မကောင်းတာ၊ သန့်တာ, မသန့်တာ ကို ပြောနေတာမဟုတ်ဘူး၊ မင်းချိန်းရင် ဘီယာဆိုင်ပဲ ဖြစ်မှာ ပဲလို့ ပြောတာ''
သာမြတ်က ဟီးခနဲရယ်သည်။ ထက်လူကျော်ကလည်း ...
''သောက်ပါစေကွာ၊ ဒီကောင့်ဘဝကိုက ခွက်ပုန်း ဖြစ်နေတာကိုး''
ဝင်ပြောလိုက်သော ထက်လူကျော်ကို သာမြတ်က မျက်ထောင့် နီနီနှင့် ပြန်ကြည့်လိုက်ပြီး ...
''အောင်မာ ...မင်းကကော မမျို မဆို့လို့လား ထက်လူ''
''မျို ...အဲ ...သောက်တာတော့ သောက်တာပေါ့ကွာ၊ ငါက မင်းလို ညတိုင်းတော့ အမုန်းမကစ်ဘူးကွ''
''ဘယ်ကစ်မလဲ၊ ဖွန်ကြောင်မယ့်နေရာတွေ သွားရဦးမှာ ကိုး၊ ငါတို့ ကတော့ သောက်မယ်၊ မူးမယ်၊ ပြီးရင် ...အိပ်မယ်၊ ဒါပဲ''
နှစ် ယောက် သား အသီးသီး ဂုဏ်တုဂုဏ်ပြို င်လုပ်နေကြသည်။ ကိုယ့်ကိစ္စအတွက်လာသော ဟံသာ သည်းမခံနိုင်တော့။
''ဟေ့ကောင်တွေ ...ငါ မင်းတို့ပြောတဲ့စကားတွေ ကို နားထောင် ဖို့ လာတာမဟုတ်ဘူးနော်၊ ဝတီ့ကိစ္စအတွက် လာတာ''
''ဟင် ...ဝတီက ဘာ ဖြစ်လို့လဲ''
ထက်လူကျော်စကားအဆုံးမှာ သာမြတ်ကလည်း အံ့သြဟန်လုပ် လျက် ...
''အေးလေ ...မနက်ကပဲ တွေ့ လိုက်ပါသေးတယ်၊ အလတ်ကြီး ပါကွ''
''ဟေ့ကောင်တွေ ''
ဟံသာအော်လိုက်တော့မှ နှစ် ကောင်စလုံး ပါးစပ်ပိတ်သွားသည်။ ဟံသာကပဲ ...
''အပိုတွေ လျှောက်ပြောမနေနဲ့၊ face book ပေါ်မှာ ဝတီ ဘာ ဖြစ် နေတယ်ဆိုတာ မင်းတို့သိရဲ့ သားနဲ့ ငါ့ကို ဘာ ဖြစ်လို့ မပြောတာလဲ''
''အန် ...ပြောရအောင် မင်းနဲ့ဝတီနဲ့က ဘာမို့လို့လဲ၊ မင်းက သူ့အုပ်ထိန်းသူလား''
''ဟာ ...ဒီကောင်တော့''
နားပန်ကျင်းရန် လက်ရွယ်လိုက်တော့မှ သာမြတ်က ခန္ဓာကိုယ်ကို ရို့ကာ ရှောင်လိုက်ရင်း ...
''နောက်တာပါကွာ၊ နေ့လယ်က မင်း ဝတီ့ဆီသွားတော့ ပြောလိုက် သေးတယ်လေ၊ မင်းရောက်ရင် သိလိမ့်မယ်လို့''
''ဟုတ်သားပဲကွ၊ တကယ်ဆို မင်း အွန်လိုင်းသုံးနေရင် ...၊ ကမ္ဘာကြီးနဲ့ အဆက်မပြတ်ရင် ...၊ မင်းသာ တို့မြန်မာနိုင်ငံရဲ့ ကွန်နရှင်ကို ယောက်ျားတို့ရဲ့ ဇွဲလုံ့လ ဝီရိယနဲ့ စိတ်ရှည်သည်းခံပြီး သုံးခဲ့ရင် ...''
''ဟေ့ကောင် ...တော် ကွာ၊ တော် ၊ အဲဒီ ကွန်နရှင်ကြောင့် လည်း မသုံးချင်တာ''
ထက်လူကျော်က လက်ကာပြရင်း ...
''ထားပါတော့၊ ဝတီ ဖြစ်နေတဲ့ကိစ္စကို ငါတို့ သိပြီးပါပြီ၊ အဲဒါက ငါတို့ရဲ့ CCTV နဲ့တော့ မဆိုင်ဘူးနော်''
''အေးပါ ...မင်းတို့လည်း အဲလိုမလုပ်ရဲဘူးဆိုတာ သိပါတယ်၊ လုပ်ကြည့်ပါလား၊CCTV အကောင့်ဟာ ဘယ်သူတွေ သုံးပါတယ်ဆိုတာ ကို ငါ ဖွပစ်လိုက်မှာ ပေါ့''
''ဟံသာ ...မင်း ငါတို့ဘက်ကို လှည့်မလာနဲ့၊ ခု ... မင်း ဘာ ဖြစ်ချင်လို့လဲ ပြော''
သာမြတ်စကားအဆုံးမှာ ဟံသာက တစ်ရပ်ကွက်လုံးကြားနိုင် လောက်သည့် လေပူကြီးကို မှု တ်ချကာ ...
''ငါလည်း ဘာလုပ်ရမှန်းမသိလို့ မင်းတို့နဲ့ လာတိုင်ပင်တာပေါ့ကွ၊ ဝတီ ခုလို စိတ်ရှုပ်စိတ်ညစ်နေတာကို ငါ မကြည့်ရက်ဘူးကွာ''
နှစ် ကောင်စလုံး တဒင်္ဂငြိမ်သွားကြသည်။ သို့ သော် ဘီယာခွက်တွေ ကိုတော့ ကိုယ်စီကိုင်ကာ မော့လိုက်ကြ၏ ။ သာမြတ်က အမြည်းတစ်ဖတ် ကို တူနှင့် ညှပ်ကာ စားလိုက်ပြီးမှ သက်ပြင်းငွေ့ငွေ့ချရင်း ...
''အင်း ...ငါထင်တဲ့အတိုင်းတော့ ဖြစ်နေပြီ ဟံသာ''
ထိုစကားကြောင့် ဟံသာ့စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားရပြီး အမြန်ပြန် မေးလိုက်၏ ။
''သာ ...သာမြတ် ...မင်းက ဘယ်လိုထင်ထားလို့လဲ''
သာမြတ်က မျက်နှာသေလေးလုပ်ကာ ...
''သြော် ...ကမ္ဘာပေါ်က အမျိုးသမီးတွေ ဟာ ခြောက်မိနစ် တစ်ကြိမ် အကြမ်းဖက်ခံနေရတယ်ဆိုတာလေ''
''ဘာ ...ဘာဆိုင်လို့လဲ''
ဟံသာက ဆူဆောင့်ဆောင့်ပြန်မေးလိုက်၍ သာမြတ်က အထင် သေးသလိုပင် ကြည့်လာပြီး ...
''ဟာ ...ဆိုင်တာပေါ့ကွ၊ ဒါဟာလည်း အကြမ်းဖက်တာ တစ်မျိုး ပဲလေ၊ ပြီးတော့ ...ခြောက်မိနစ်တစ်ကြိမ်ဆိုတာ ကမ္ဘာကကို အသိအမှတ် ပြု ထားတာကွ''
ကမ္ဘာနှင့် ပင် ချီသော ကိစ္စ ဖြစ်လာလေပြီ။ ဟံသာက ပြောနေသော စကားခေါင်းစဉ် ပြောင်းသွား မှာ စိုး၍ ...
''အဲဒါကို ထားစမ်းပါကွာ၊ ဝတီ့ကိစ္စကိုပဲ ကူစဉ်းစားပေးကြစမ်းပါ''
''ဒါဆိုလည်း ခုနောက်ဆုံး ဝတီ့ရဲ့ အခြေအနေကို ပြော''
နည်းနည်း မူးလာလို့လားမသိ။ သာမြတ်အသံက အာဏာရှင်အသံ ပင် ပေါက်လာသေးသည်။ ဟံသာက ဝတီ ခုလက်ရှိကြုံ နေရသော နောက် ဆုံးအခြေအနေကို ပြန်ပြောပြလိုက်၏ ။
စကားအဆုံးမှာ ထက်လူကျော်က စားပွဲကို လက်နှင့် ဖြန်းခနဲရိုက် လိုက်ကာ ...
''ဟာ ...အဲဒါတော့ မင်းမှန်တယ် ဟံသာ၊ မင်းမှန်တယ်၊ မင်း သိပ်တော် တဲ့ကောင်ပဲ''
''ဘာကွ ...မင်းနော်''
''ခဏလေးပါ၊ မင်းမှန်တယ်ဆိုတာက ဝတီ့ကို ခု နှောင့်ယှက်နေ တဲ့ နောက်ဆုံးအကောင့်ကို ဘလော့မခိုင်းလိုက်တာကို ပြောတာကွ၊ ဒါမှ ...ဒီကောင် ဝတီ့ကို နှောင့်ယှက်နေသလို ငါတို့ကလည်း ဒီကောင့်အကောင့် ထဲ ဝင်မွှေလို့ ရမယ်လေ၊ ဒီဘက်က ပြန်တိုက်မယ့်သဘောပေါ့ကွာ''
အလုပ် ဖြစ်မည် လား၊ မ ဖြစ်လားတော့ မသိချေ။ လောလောဆယ် ထိုအစီအစဉ်က ကောင်းနေသည်။
သာမြတ်က ...
''ကဲ ပြော ...အဲဒီ ကောင် ခု,သုံးနေတဲ့အကောင့်က ဘာလဲ ...ပြော''
'' 'ချောမောင်'တဲ့၊ ပရိုဖိုင် (profile) ပုံက အမဲပေါ်မှာ အနီရောင် ပန်းသီးပုံနဲ့ကွာ''
''ရပြီ ...ရပြီ''
ပြောရင်းပင် သာမြတ်က ခါးဝတ်ပုဆိုးကဲ့သို့ သွားလေရာ ယူသွား သော သူ့တက်ပလက် (tablet) ကိုထုတ်ကာface book ထဲ ဝင်လိုက်ပြီး...
''ပြောနေရင် ကြာတယ်၊ ခုပဲ ရှာပြီး အတ်ဒ် Add ထားလိုက်မယ်''
သာမြတ် ငါးမိနစ်လောက် အလုပ်ရှုပ်လိုက်တော့ ထို 'ချောမောင်' ဆိုသည့် အကောင့်ကိုရှာကာ အတ်ဒ် (add) နိုင်လိုက်သည့်အပြင် ထိုကာလ အတွင်း ဘီယာငါးခွက်လောက်ပါ ထပ်ကုန်သွားသည်။ ရှိစေတော့။
ဗျစ်ရည်တွေ ဗိုက်ထဲဝင်သွားတော့မှ သာမြတ်က အေ့ခနဲ လေချဉ် တက်လိုက်ပြီး ...
''ကဲ ဟံသာ ...ငါတို့ဘက်က တတ်နိုင်သလောက် လုပ်ပေး မယ်ကွာ၊ ဒီကြားထဲ မင်းဘက်ကလည်း ကြိုးစားဦး၊ ဆိုလိုချင်တာ ကတော့ မင်းကို ငါတို့က အိမ်သာဘယ်နေရာမှာ ရှိတယ်ဆိုတာ ပြထားနိုင်မယ်၊ အထဲ ဝင်ပြီး ညှစ်ဖို့ ကတော့ မင်းတာဝန်ပဲလို့''
အတော် ကို နံဟောင်ပြီး ရွံ့စရာကောင်းသော ဥပမာ ဖြစ်သည်။ အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားမလည်သော ကြောင့် ဟံသာက ...
''နေစမ်းပါဦးကွ ...ငါက ဘာကို ကြိုးစားရမှာ လဲ''
ထက်လူကျော်က ...
''ဒီလိုလေ ...မင်းနဲ့ဝတီနဲ့ကိစ္စမှာ နီးစပ်အောင် ငါတို့ ကူညီပြီးပြီ၊ မင်းဘက်ကလည်း ဝတီ့အချစ်ကို ရအောင် တွန်းတွန်းတိုက်တိုက် ကြိုးစား ဦးလို့ ပြောတာ''
ဟံသာ သက်ပြင်းသာ ချမိတော့၏ ။ ဝတီ့အနေဖြင့် လောလော ဆယ် စိတ်ရှုပ်နေ၍ ကိုယ့်ကိစ္စကို စဉ်းစားမှ စဉ်းစားပါ့မလား မပြောတတ် ချေ။ စိတ်ရှုပ်စရာကိစ္စ မပေါ်လာခင်တုန်းကလည်း ဟိုလိုလိုဒီလိုလိုလုပ်နေခဲ့ သည်။ ဘယ်တော့များ မှ တရားဝင်ချစ်သူတွေ ဖြစ်မည် မသိ။ ခုတော့ အနှောင့် အယှက်တစ်ခုကပါ ထပ်ပေါ်လာပြီ။
ဝတီလက်ရှိကြုံ ရသော ကိစ္စကို စဉ်းစားရင်းက ဘေးမှ နှစ် ကောင် ကိုကြည့်ကာ အတွေးတစ်ခု ဝင်လာသည်။
''ငါ စဉ်းစားမိတယ်ကွ၊ ဝတီ့ကို နှောင့်ယှက်နေတဲ့ကိစ္စမှာ ဦးတည် ချက်ချင်း မတူပေမယ့် ပုံစံ ကတော့ မင်းတို့ရဲ့ CCTV လိုပဲကွ''
ထိုစကားကြောင့် နှစ် ကောင်စလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ သည်။ သာမြတ်ကအရင် ခေါင်းခါခါ လက်ကာကာ လုပ်လျက် ...
''ဟေ့ကောင် ဟံသာ ...ငါတို့ဘက် မြားဦးလှည့်မလာနဲ့နော်၊ ငါတို့က အပျော်သဘောပဲ လုပ်တာ၊ လူ တစ်ယောက် ထိခိုက်နစ်နာသွားတာ မျိုး မလုပ်ခဲ့ဘူး''
''ဟုတ်ပါတယ်၊ ဒါနဲ့ မင်းတို့နှစ် ကောင်က သူများ တွေ ကိုသာ ချောက်ချနေတာ၊ မင်းတို့အချင်းချင်းကော တစ်ယောက် ကို တစ်ယောက် တစ်ခါမှ မကျပ်ကြဘူးလား''
သာမြတ်နှင့် ထက်လူကျော်တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ပြီး ...သာမြတ်က အရင် ဟက်ခနဲရယ်လိုက်ပြီး ...
''ဒါက ...ဒီလိုရှိတယ် ဟံသာရ၊ CCTV ဆိုတာက စောင့်ကြည့် ကင်မရာလေ၊ သူများ တွေ ကို ကင်းထောက်စောင့်ကြည့်ရတာ ၊ မင်းနားလည် အောင် ပြောရရင်တော့ကွာ၊ အဲ ...ငါ ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးတာနဲ့ ဥပမာ ပေးမယ်၊ ဒုတိယကမ္ဘာစစ်အတွင်းက ဗီယက်နမ်တပ်ဖွဲ့ဟာ ဒဏ်ရာ ရနေတဲ့ အမေရိကန်စစ်သား တစ်ယောက် ကို ဖမ်းမိတယ်၊ အဲဒီ မှာ ပဲ ဗိုလ် ချု ပ်က စစ်သား တစ်ယောက် ကို သတ်ဖို့ ပြောပြီး ရှေ့ဆက်ထွက်သွားတယ်၊ ဗီယက်နမ်စစ်သားက အမေရိကန်စစ်သားရဲ့ ရင်ဝကို လှံစွပ်နဲ့ထိုးဖို့ မြှောက် လိုက်တဲ့အချိန်မှာ ဘာသွားတွေ့ တယ်မှတ်လဲ''
''ဘယ်သိမလဲကွ၊ ရင်ဝမှာ ဆိုတော့ ရင်ဘတ်မွှေးပဲ တွေ့ မှာ ပေါ့''
ဟံသာ ဘုတောလိုက်သဖြင့် သာမြတ်မျက်နှာတစ်ခုလုံး မဲ့ရှုံ့သွား ရင်း ...
''ဖွီ ...ဘယ်ကလာ အမေရိကန်စစ်သားရဲ့ ရင်ဘတ်မှာ ကင်း ထောက်တံဆိပ်ထိုးထားတယ်ကွ၊ အဲဒါကိုတွေ့ တော့ ဗီယက်နမ်စစ်သားက မသတ်တော့ဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ သူလည်း ကင်းထောက်တပ်သား လေ၊ အကြောင်း ကတော့ ကင်းထောက်အချင်းချင်း သတ်လို့မသေရဘူးဆို တဲ့ စကားကြောင့် ပဲ၊ ဒီလောက်ဆိုရင် ငါနဲ့တက်လူ ဘာ ဖြစ်လို့ တစ်ယောက် အပေါ် တစ်ယောက် ချောက်မချ၊ မကျပ်တာကို မင်း ရှင်းလောက်ရောပေါ့''
ရှင်းပါသည်။ ကြီးကြီးကျယ်ကျယ် ဒုတိယကမ္ဘာစစ်နှင့် ချီပြီး ပြော သော ဥပမာကြောင့် သောက်မြင်ကတ်လောက်အောင်ကို ရှင်းပါသည်။ ပြီးလျှင်လည်း ထိုနှစ် ကောင် မှာ ယူမျို ဆို့ထားသော အစားအသောက်များ အတွက် ရှင်းရလေဦးမည် ။ ဒီထက်ပို၍ ရှင်းတာ မရှိတော့။
ထက်လူကျော်က ဟံသာပခုံးကို လာပုတ်ရင်း ...
''ကဲပါ ဟံသာရာ ...မင်း ဒီလောက်ကြီးလည်း စိတ်ဖိစီးမနေပါနဲ့၊ အချိန်တန်ရင် အားလုံးပြေလည် သွားပါလိမ့်မယ်၊ ပြီးတော့ ...ဝတီဘက် ကလည်း ဘာမှန်းမသိတာကို ကြောက်တာမျိုး ဖြစ်နေတာပါ''
စကားအဆုံးမှာ ဟံသာက ခေါင်းခပ်ဖြည်းဖြည်းခါလိုက်သည်။
''အဲလိုတော့ မဟုတ်သေးဘူး ထက်လူ၊ ကြောက်စရာကို မြင်ရ သိရလို့ ကြောက်တာက လက်ခံလို့ရတယ်၊ ငါ ဆရာကြီးဦးအောင်သင်းရဲ့ ဝတ္ထု တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်ကွ၊ သူက ဘာရေး ထားလဲဆိုရင် အကြီး ဆုံး အကြောက်တရားဆိုတာ ဘာမှန်းမသိတာကို ကြောက်တာပဲတဲ့''
လေးလေးနက်နက် ပြောလိုက်သည့် ဟံသာ့စကားအဆုံးမှာ တော့ နှစ် ကောင်စလုံး ငြိမ်သက်သွားကြလေသည်။
အပြင်ဘက်မှာ တော့ ညသည် ဆောင်းရနံ့များ ဖြင့် လင်းဝေနေလေ ၏ ။
အဲဒီ နေ့က ဟံသာ သင်တန်းအလာနောက်ကျသည်။ ကိုယ့်အ ကြောင်းနှင့် ကိုယ် နောက်ကျခြင်း ဖြစ်၏ ။ ဝင်းထဲရောက်တော့ သင်တန်း အရင်မတက်သေးဘဲ ဝတီထိုင်တတ်သည့် ကင်တင်းဘက်သို့ အရင်ထွက်ခဲ့ လိုက်၏ ။
ရောက်တော့ မျက်လုံးနည်းနည်း ပြူးသွားသည်။ ကင်တင်းထဲမှာ ဝတီ့ကို တခြားဘဲတစ်ပွေနှင့် တွေ့ လိုက်ရ၍ မဟုတ်။ ဝတီနှင့် အတူ ထိုင်နေကြ သော သာမြတ်၊ ထက်လူကျော်၊ ပိုးအိ၊ ဇင်လေးတို့ကို တစ်ထွေးကြီး တွေ့ လိုက်ရ၍ ဖြစ်သည်။ ဘာ ဖြစ်လို့များ ထိုသို့ ထူးထူးဆန်းဆန်း ရောက်နေ ကြသနည်း။
ပခုံးတစ်ချက်တွန့်ရင်း အားလုံးကို ဝေ့ကြည့်ကာ ဝင်ထိုင်လိုက် တော့ သာမြတ်က အရင် ...
''မင်း ...ထိုင်နေကျကင်တင်းမှာ ငါတို့ကို မတွေ့ ရင် ဒီကိုလာ မှာ ပဲဆိုတာသိလို့ ဒီက လာစောင့်နေတာကွ၊ ပြောပါဦး ...မင်းက ဘာ ဖြစ်လို့ နောက်ကျနေရတာ လဲ''
ဟံသာက သာမြတ်ကို တစ်ချက်ကြည့်ကာ နားထင်နှစ် ဖက်ကို လက်နှင့် ညှစ်၍ မျက်နှာကို ရှုံ့မဲ့လိုက်ရင်း ...
''ခေါင်းကိုက်နေလို့ပါ သာမြတ်ရာ၊ ညက မင်းတို့နဲ့ ဆိုင်မှာ ...''
စကားမဆုံးခင်မှာ ပဲ သာမြတ်မျက်နှာက မဲခနဲ ဖြစ်သွားသည်။ ချက် ချင်း ဓာတ်ပေါက်လိုက်သော ပိုးအိက သာမြတ်ကို စူးစူးရဲရဲလှည့်ကြည့်လိုက် ပြီး ...
''သာမြတ် ...နင် မနေ့က သွားသောက်တာပေါ့ ဟုတ်လား''
အကြီးအကျယ် မျက်နှာပျက်သွားရင်း သာမြတ် ခေါင်းကို တစ်မုန်း ခါလိုက်ကာ ...
''ဟာ ...ဘယ်ကလာ ကိုယ်မသောက်ပါဘူး၊ ဟိုကောင် ဟံသာ ကျပ်နေတာပါ၊ ကိုယ်က အရက်ဆိုတဲ့အသံ ကြားတာနဲ့တင် ပျို့ ချင်လာတာ ပိုးအိရဲ့ ''
''ဟုတ်တယ်ဟ ...နည်းနည်း သောက်လိုက်တော့မှ နေသာထိုင် သာ ရှိသွားတာမလား''
ဟံသာ ရယ်ကျဲကျဲဝင်ပြောလိုက်သဖြင့် သာမြတ်က အံကြိတ်၍ ကြည့်ကာ ...
''ဟေ့ကောင် ဟံသာ ...မင်း လျှောက်မကျပ်နဲ့နော်၊ အဲဒီ ကိစ္စက ငါနဲ့ပိုးအိ ကွို င်အကြီးအကျယ်တက်မှာ ကွ''
ဘာမှပြန်မပြောရသေးခင်မှာ ပဲ ပိုးအိက ဟံသာကို ဆတ်ခနဲကြည့် လိုက်ရင်း ...
''ဟံသာ ...အတည်ပြော၊ ညက နင်တို့ ဘီယာဆိုင် ထိုင်ကြ လား''
ထိုင်တယ်လေ။ သာမြတ်တို့ရပ်ကွက်ထဲက 'သူဌေးမ' ဆိုင်မှာ ဟု ပြောလိုက်လျှင်ဖြင့် ပွဲကလှပြီ။ သို့ သော် ...အကြောင်းသိသူတွေ မို့ စကားကို လျောချပေးလိုက် ပါ၏ ။
''မသောက်ပါဘူး ပိုးအိရယ်၊ ငါက တမင်နောက်တာပါ''
ထိုအခါမှ ပိုးအိလည်း သက်ပြင်းကို သတိကြီးစွာ ချလျက် ...
''ပြီးရော ...ဟံသာ၊ နင်ပြောလို့ ငါ ယုံလိုက်တာနော်၊ မဟုတ် လို့ ကတော့ နင့်သူငယ်ချင်းလည်း ကိုယ့်ဘဝကိုယ့်အကြောင်းပဲ''
ထိုစကားကြောင့် သာမြတ်က မျက်နှာငယ်လေးလုပ်ကာ ...
''ပိုးအိရယ် ...ကိုယ် ပိုးအိနဲ့ ချစ်သူတွေ ဖြစ်ကတည်းက ကိုယ့် ဘဝထဲမှာ အဲဒီ အရက်၊ ဘီယာဆိုတာက မရှိတော့တာပါ၊ စိတ်ကို လျော့ ပါနော်၊ ကိုယ် လုံးဝမသောက်ပါဘူး''
မိုးလုံးပြည့် မုသာဝါဒစကားတွေ ဖြစ်သည်။ စကားရှည်နေမှာ စိုးသ ဖြင့် ဟံသာက ထပ်မပြောတော့သော်လည်း ထက်လူကျော်ကဝင်၍ ပနာယူ လိုက်သည်။
''ငါတို့ ကတော့ တစ်ခါတလေ သောက်တယ်ကွ၊ ယောက်ျားလေး ပဲ ...နော် ...ဇင်လေး''
''ဇင်လေး ...လုပ်မနေနဲ့၊ ရှင်လည်း ကြပ်ကြပ်သတိထား၊ သောက်ပြီးရင် ကာရာအိုကေ ရောက်ရောက်မသွားနဲ့၊ သတင်းကြားလို့က တော့ အသေပဲ''
ထက်လူကျော် ဇက်ပုသွားသည်။ ဒင်းကို ကြည့်ကာ တစ်ဝိုင်းလုံး ရယ်ြ ကတော့၏ ။
အရယ်ရပ်တော့မှ သာမြတ်က အခွေပြန်ရစ်လိုက်သည်။
''ကဲပါ ...တော် ကြပါတော့၊ ဒါနဲ့ ဟံသာ ...မင်းက ဘာ ဖြစ် လို့ နောက်ကျနေတာလဲ''
ဟံသာက ပခုံးအသာတွန့်လျက် ...
''ဘာ ဖြစ်ရမှာ လဲ၊ အိမ်မှာ မနက်က ရေဒုက္ခရောက်လို့ဟေ့၊ ရေ မော်တာ ပျက်သွားလို့လေ၊ ရေချိုး၊ အိမ်သာတက်တာတောင် ကိုယ့်ဟာကိုယ် ရေဆွဲပြီး ကိစ္စရှင်းခဲ့ရတယ်''
''ဝမ်းသာလိုက်တာကွာ ...ဟီး ဟီး''
ထက်လူကျော်က ဝင်၍ ထောပနာပြု သည်။ ဟံသာက တစ်ချက် စွေကြည့်လိုက်ပြီး ...
''ငါ အိမ်သာတက်ရင်း တစ်ခုစဉ်းစားမိတယ်ကွ''
''ဟေ့ကောင် ...ဒီမှာ အစားအသောက်စားနေတယ်နော်၊ မယုတ် ပတ်နဲ့''
ထက်လူကျော်က ကမန်းကတန်း ဝင်ပြောသည်။ ဟံသာက လက် ကာပြရင်း ...
''မဟုတ်ပါဘူးကွာ၊ ငါစဉ်းစားမိတာက တခြားအကြောင်းပါ၊ ဒီလိုကွ ...ငါတို့မြန်မာနိုင်ငံမှာ ပထမဆုံး ရေသုံးပြီး အိမ်သာတက်ခဲ့တဲ့ ဘုရင်အကြောင်းပါ၊ ဘယ်သူလဲဆိုတာ မင်းတို့ သိကြလား''
ပိုးအိက မျက်နှာရှုံ့လျက် ...
''ပေါက်ပေါက်ရှာရှာဟယ် ...ဘယ်လိုလုပ်ပြီး သိမှာ လဲ''
''အေးလေ''
ဟံသာက ...
''ထင်သားပဲ၊ မင်းတို့တွေ မသိလောက်ကြဘူးလို့၊ ဗဟုသုတရ အောင် မှတ်ထားကြကွ၊ မြန်မာနိုင်ငံမှာ ပထမဆုံး ရေသုံးပြီး အိမ်သာတက် ခဲ့တဲ့ ဘုရင်ရဲ့ နာမည် က ဘိုးတော် ဦးဝိုင်းတဲ့''
''သြော်''
အားလုံး ခေါင်းကိုယ်စီ ညိတ်ကြသည်။ အမှန်ကိုပြောခြင်း ဖြစ်၍ ခေါင်းခါလို့လည်း မရချေ။ အားလုံး နားကားသွားပေလိမ့်မည် ။
စကားဆုံးမှ ဟံသာက ငြိမ်ဆိတ်နေသော ဝတီကိုကြည့်လိုက်ကာ
''ဝတီ ...ဟိုကိစ္စက ဘာထူးသေးလဲ''
ထိုအခါမှ သတိဝင်လာသလို ဝတီ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ပြီးမှ ...အားလုံးကို ဝေ့ကြည့်လိုက်ရင်း လေသံဖျော့ဖျော့နှင့် ...
''ထူးတယ်ဆိုတာထက် ပိုဆိုးလာတယ်''
''ဟင်''
''ဟုတ်တယ်၊ ဟံသာက အဲဒီ အကောင့် (account) ကို မဘလော့နဲ့ ဆိုလို့ ဒီအတိုင်းပဲထားတာ၊ ခု ...ငါ့ ဝေါ (wall) ထဲမှာ ရော၊ တိုင်းလိုင်း (time line) ထဲမှာ ပါ ပုံတစ်ပုံ ထပ်တက်လာတယ်၊ လွန်ခဲ့တဲ့ တစ်နာရီလောက် ကမှ ...''
ပြော၇င်း ဝတီက သူ့ဖုန်းကိုဖွင့်ကာ အားလုံးမြင်သာအောင် ပြ လိုက်သည်။
''ဟာ''
ဟုတ်ပါသည်။ ခုတက်လာသည့်ပုံက ခါတိုင်းလို ဝတီ၏ ပုံ မဟုတ် ချေ။ ဝတီတို့အိမ်ကို ညဘက်၌ အပြင်ဘက်က ရိုက်ထားသော ပုံများ ဖြစ် သည်။ ထိုပုံနှင့် အတူ ရေး ထားသော စာတွေ ကလည်း ...
ဒါဟာ ကျွန်တော့်ချစ်သူ ဝတီ့ရဲ့ အိမ်ပေါ့။ ဝတီ ...ကိုယ် ဟာ နေ့ဘက်မှာ တင် မင်းအနီးနားမှာ ရှိနေတာ မဟုတ်ပါ ဘူး၊ ညဘက်တွေ မှာ လည်း မင်းရဲ့ အရိပ်လိုရှိနေတဲ့ကောင် ပါ၊ မင်း ...ငါ့ကို ပြန်ချစ်ဖို့ အဆင်သင့် ဖြစ်နေပြီလား ဝတီ။
''တောက်!''
စာဖတ်အပြီး ဟံသာက တက်ခေါက်လိုက်သည်။ ပတ်ဝန်းကျင် ကိုလည်း ဝေ့ကာကြည့်လိုက်၏ ။ ခါတိုင်းနေ့တွေ လိုပင် ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ ရ။ သို့ သော် 'ချောမောင်' ဆိုသည့် အကောင့် (account) ပိုင်ရှင်က ဝတီ့ပတ်ဝန်းကျင်မှာ နေ့ရောညပါ ရှိနေသည်တဲ့လေ။ ဘယ်လောက်စိတ် ရှုပ်ထွေးဖို့ ကောင်းလိုက်သနည်း။
ဝတီကပဲ ...
''ပုံစံကြည့်ရတာ အဲဒီ လူက ငါနဲ့ပတ်သက်ပြီး တော် တော် သိထားပုံ ရတယ်''
''ဟုတ်တယ် ဝတီ၊ ကြာရင် နင့်အတွက် စိုးရိမ်ရတယ်၊ သွားတာ လာတာ ဂရုစိုက်နော်''
ဇင်လေးက စိုးရိမ်သလို ဝင်ပြောသည်။ ထက်လူကျော်က ...
''ဇင်လေးရယ် ...ဟိုမှာ ဝတီ ပိုကြောက်နေပါဦးမယ်၊ လုပ်ချင် တိုင်း လုပ်လို့မရပါဘူးဟ''
''ဟုတ်ပါတယ်၊ ဒါပေမဲ့ ...ဘယ်သူလုပ်နေလဲဆိုတာ ကိုယ့်ဘက် ကမှ မသိရတာ လေ၊ ဒီတော့ တစ်ပန်းရှုံးနေတာပေါ့''
ပိုးအိက တွေးတွေးဆဆ ဝင်ပြောလာသည်။ သာမြတ်က သက် ပြင်းသဲ့သဲ့ချရင်း ...
''ပိုးအိပြောတာလည်း မမှားဘူး၊ ဒါပေမဲ့ ...အဲဒီ အကောင့် (account) ကို ငါတို့လည်း အတ်ဒ် (add) ထားပါတယ်၊ တဖြည်းဖြည်း စုံစမ်းလို့ရမှာ ပါ၊ ခုတော့ စိတ်အေးအေးထားကြဦး''
''ဝတီ ...ညနေ သင်တန်းကပြန်ရင် ငါ လိုက်ပို့မယ်နော်၊ ပြီးတော့ ...သင်တန်းပိတ်ရက်တွေ မှာ အပြင်သွားစရာရှိရင် ငါ့ဆီ ဖုန်းဆက်လိုက် ကြားလား''
''အေးပါ ...နင်ကလဲ''
မျက်စောင်းထိုးကာ ပြောလိုက်သော ဝတီ့စကားကြောင့် အားလုံး ပြုံးစိစိ ဖြစ်သွားကြသည်။ ဟံသာက ပွဲလန့်တုန်း ဖျာဝင်ခင်းလိုက်၍ ဖြစ်၏ ။
ထိုစဉ် ...
''ဟဲ့ ဟဲ့ ...ဒီမှာ ကြည့်ကြဦး၊ ဆရာထက်မြက်ရဲ့ ပုံကြီး တက်လာ တယ်၊CCTV က တင်လိုက်တာ ဟီးဟီး''
အားလုံးပဲ face book ဖွင့်သုံးနေသော ဇင်လေး၏ ဖုန်းကို လှမ်း ကြည့်လိုက်ကြသည်။ ဟုတ်ပါသည်။ သင်တန်းသူ သင်တန်းသားများ ကို တက် တက်ကြွကြွ နိုးနိုးကြားကြားနှင့် တွေးခေါ်နေကြရန် အမြဲတစေ တိုက်တွန်း ပြောလေ့ရှိသော ဆရာထက်မြက်၏ ပုံ ဖြစ်သည်။
ပုံက နားနေခန်းတွင် ဆရာထက်မြက် တစ်ယောက် ကုလားသေ၊ ကုလားမော အိပ်နေသော ပုံ ဖြစ်သည်။ သွားရည်များ ပင် ကျနေသေး၏ ။ ပုံထက်မှစာ ကတော့ ဆရာထက်မြက် လေးနက်စွာ စဉ်းစားဆင်ခြင်နေခြင်း တဲ့။ ပြီးပြီ။
ဟံသာက သာမြတ်တို့ကို ဆတ်ခနဲ ကြည့်လိုက်တော့ နှစ် ယောက် စလုံး မျက်ခုံးပင့်ပြကြသည်။
ပိုးအိက ...
''အဲဒီ CCTV အကောင့် (account) က တက်လာတဲ့ပုံတွေ က ရယ်ရတယ်နော်၊ ဘယ်သူတွေ များ တင်နေလည်း မသိဘူး''
''မသိလည်း အနေအထိုင် ဆင်ခြင်နော်၊ အဲဒီ CCTV က သင် တန်းတစ်ခုလုံးကို စောင့်ကြည့်ဓာတ်ပုံရိုက်ပြီး တင်နေတာ၊ တော် ကြာ နင် လည်း ပါသွားဦးမယ်''
ဇင်လေးအပြောကြောင့် ပိုးအိက ပတ်ဝန်းကျင်ကို မလုံမလဲကြည့် ကာ ခန္ဓာကိုယ်လေးအား ကျုံ့ လိုက်သည်။
ထိုအချိန်မှာ ပဲ ဝတီက ...
''CCTV အကောင့်မှာ တင်တဲ့ပုံတွေ က ငါ့လောက် မဆိုးသေးပါ ဘူးဟာ၊ ငါ့မှာ သာ ရည်ရွယ်ချက်ရှိရှိနဲ့ ဦးတည်ပြီး တိုက်ခိုက်ခံရတာ ၊ ဘာတွေ မှန်းလည်း မသိတော့ပါဘူးဟာ''
ဝတီ့ကိုကြည့်ကာ အားလုံးသက်ပြင်းကြိတ်ချလိုက်ကြသည်။ ထိုစဉ်မှာ ပဲ ဟံသာက မထင်မှတ်ထားသော အပြု အမူတစ်ခုကို လုပ်လိုက်ပါ ၏ ။ ဘေးမှာ ရှိနေသော ဝတီ၏ လက်ကလေးကို ဆတ်ခနဲကိုင်ကာ လေးလေး နက်နက် ပြောလိုက်ခြင်း ဖြစ်သည်။
''ဝတီ ...ငါ ထပ်ပြီး ကတိပေးတယ်၊ ငါ အသက်ရှင်နေသရွေ့ နင့်အနားကို ဘယ်ကောင်မှ ရောက်မလာစေရဘူး စိတ်ချ''
ဝတီ၏ ဖျော့တော့မျက်ဝန်းလေးများ က အရောင် လက်ကာ ဟံသာကို ပြန်ကြည့်လာသည်။ ပြီး ...သူမ, ဆုပ်ကိုင်ခံထားရသော ဟံသာ့ လက်ကလည်း နွေးနေသည်လေ။
ထိုသို့ ဖြင့် ...။
![]() ရင်စည်းမခြားကျောင်းတော် | ![]() ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် | ![]() Graffiti ခက်ဆစ် |