Cover

အခန်း(၁)

မိုးစက်ဝိုင်

ရိုးမြေကျ သီအိုရီ

ချစ်သူနှစ် ယောက်

တစ်သက်လုံး မခွဲအတူနေရဖို့အတွက်

သီအိုရီတစ်ခုလေးပဲ လိုတာပါ . . .။

(၁)

ဘယ်သူ့ကို ဘယ်လို 'ကျပ်' ရမည် လဲဟု ဥာဏ်နီဥာဏ်နက်ပင် မကဘဲ ဥာဏ်ပြာဥာဏ်ဝါ ဥာဏ်ကာလာစုံတွေ ကိုပါ အားကျိုးမာန်တက် ထုတ်နေခိုက် ပြဿနာက မတ်တတ်ကြီးဝင်လာခြင်း ဖြစ်သည်။

ထိုပြဿနာကို ခြေခင်းလက်ခင်းသာသော ကင်တင်းထဲမှာ အေး အေးလူလူထိုင်နေသည့် သူ့ထံသို့ ကျောင်းသားတစ်ဦးက ကယ်ရီလုပ်လာ ခြင်း ဖြစ်၏ ။

'ဆောက်'ပါလာပုံမရသော ထိုကျောင်းသားက ရောက်ရောက်ချင်း ပါးစပ်နှင့် 'ထွင်း' တော့သည်။

''ဟေ့ကောင် မင်းကို ဆရာဇော်က ခု ချက်ချင်း သူ့ရုံးခန်းကို လာခဲ့တဲ့''

သူ မျက်မှော င်ကုတ်လိုက်မိသည်။ တစ်ဆက်တည်း မေးလိုက်၏ ။

''ဘာကိစ္စအတွက် ခေါ်တာတဲ့လဲ''

''မသိဘူးကွ၊ တင်းတော့ တင်းနေတဲ့ပုံပဲ၊ လက်ထဲမှာ တော့ စာရွက် တစ်ရွက်ကိုင်ထားတာတွေ့ တယ်''

''သြော်''

ဒီလောက်ဆိုလျှင် သူ သဘောပေါက်လိုက်ပြီ။ ထိုစာရွက်သည် မနက်က သူဖန်တီးခဲ့သော စာရွက်ပဲ ဖြစ်ပေလိမ့်မည် ။ ဒုတိယကွင်းဆက်က ထိုစာရွက်ဆရာဇော့်ဆီကို ဘယ်လိုရောက်သွားလဲဆိုတာ သူ စဉ်းစားမရပေ။

ဘယ်သကောင့်သားကများ အရောက်ပို့လိုက်သည်လဲဟု ဦးနှောက် အား မော်တာတပ်ကာ အလုပ်ပေးလိုက် ရင်း -

''အေး သွားတာပေါ့၊ ဒါနဲ့ မင်း ဟိုနှစ် ကောင်ကို တွေ့ မိသေးလား''

''ဘယ်နှစ် ကောင်ကိုပြောတာလဲ''

''ဘယ်ကောင်တွေ ဖြစ်မှာ လဲ၊ ငါ့ဘော်ဒါနှစ် ကောင်ပေါ့၊ တောဝက်နဲ့ ခွေးခြင်္သေ့ကိုပြောတာ''

ထိုကျောင်းသား အူတူ ဖြစ်သွားသည်။ ဒီလိုကျောင်းမှာ မဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲ သွားရှာလျှင်ပင် ထိုသတ္တဝါတွေ ကို တွေ့ ရဖို့က မလွယ်ချေ။

ထို့ကြောင့် ...

''ငါ ...မ ...မသိပါလား၊ မင်းပြောတာ လူတွေ လား''

''ဟာ ...လူပေါ့ကွ၊ တင်ဝင်းနဲ့ သီဟကို ပြောတာ''

''ဟာ ...နာမည် ပြောင်တွေ နဲ့ မင်းက ပြောတာကိုး၊ သူတို့နှစ် ယောက် ဆိုရင်တော့ တွေ့ တယ်''

''ဘယ်မှာ လဲ''

''စာရွက်တစ်ထပ်ကိုင်ပြီး ကျောင်းမုခ်ဦးဘက်ကို သွားကြတာပဲကွ''

''အေး ...ဟုတ်ပြီ၊ ငါလည်း သွားတော့မယ်''

''ဟင် ...ဘယ်ကိုလဲ''

''ဟင် ...ဘယ်ကိုလဲ''

''မင်းပဲ လာပြောတာလေ၊ ဆရာဇော် ခေါ်နေတယ်ဆို''

''အဲ ...ဟုတ်သားပဲ''

ထိုကျောင်းသား ခေါင်းကုတ်တော့သည်။ ဘာမှမကုတ်ဘဲ သူ ထရပ်လိုက်စဉ်မှာ ပဲ ...

''ဟာ ဆိတ်သိုးရာ ...မင်းကို ရှာရတာ လည်း မောလိုက်တာ၊ မျောက်ကြီးနဲ့ ဆင်မကိုရော တွေ့ မိသေးလား''

''ဟင့်အင်း ...မနက်ကတည်းက တိုက်ကြက်နဲ့အတူတူ ထွက် သွားတာပဲကွ၊ မင်းကရော ငါ့ကို ဘာကိစ္စနဲ့ ရှာနေတာလဲ ငါြးေ>ွမထိုးရ''

''ဟ ဘာ ဖြစ်ရမှာ လဲ ...ဟိုကောင် စာကလေးကိစ္စပေါ့၊ အဲဒီ ကောင် ကွိုင်တက်နေလို့''

''ဟေ ...ဘာကွိုင်လဲ''

''ကွိုင် ကတော့ နည်းနည်း ကြီးတယ်၊ သူ့ရည်းစားဘဲဥမနဲ့ ဖြစ်တာ ကွ၊ လာ လာ ...ငါတို့ဝိုင်းရှင်းပေးမှ ရမယ်ထင်တယ်''

ဆိတ်သိုးနှင့် ငါးမြွေထိုးတို့ ခပ်သုတ်သုတ်ထွက်သွားကြသည်။ သူ့ မှာ ပဲ ဘေးကလိုက်နားထောင်နေမိပြီး အူတူတူဖြင့် ကျန်ခဲ့ရသည်။ တိရိစ္ဆာန် ရုံထဲသို့ ရောက်သွားသလိုပင် ခံစားလိုက်ရ၏ ။

ပြီးမှ ဆရာဇော်ဟု ခေါ်ကြသည့် မျက်နှာပေါက်ဆိုးသော်လည်း သဘောကောင်းပုံရသော ဆရာဦးဇော်ဖြိုးဆီသို့ ထွက်ခဲ့လေသည်။

သူ့ပြဿနာ ကတော့ ခုနက ဆုံခဲ့ရသည့် ဟိုတိရစ္ဆာန်အုပ်စုကဲ့သို့ ကောင်မလေး တစ်ယောက် ယောက် နှင့် ပတ်သက်သော အမှု တွဲမျိုး မ ဖြစ်နိုင် ချေ။

သူသည် ရည်းစားဆိုတာကို တစ်ခါမှ မတစ်ခါဖူးသေးသော ကျောင်းသားလူပျော်လေး တစ်ယောက် သာ ဖြစ်လေသည်။

ခုလည်း သူ့ခြေလှမ်းတွေ က ...

•••

အခန်း(၂)

(၂)

''ကျွန်တော် ရောက်ပါပြီဆရာ''

ဆရာဇော်က မျက်မှန်တဝင်းဝင်းနှင့် ဆတ်ခနဲ မော့ကြည့်လာ သည်။ ပြီး ...အသံပြတ်ဖြင့် ...

''အေး ...ခဏထိုင်နေဦး''

ထိုသို့ ပြောပြီး ဘေးမှ တခြားဆရာ တစ်ယောက် နှင့် စကားပြောနေ သေးသည်။ စကားအမျှဉ်မပြတ်သေးသည့်ပုံစံမျိုး။

ဆရာဇော်ကပဲ ...

''သေချာတာ ကတော့ အိပ်ခန်းတွေ ၊ အိမ်ခန်းတွေ ထဲမှာ အလှစိုက် ပန်းအိုးမထားသင့်ဘူးလို့ ထင်တယ်ဗျ''

''ဟုတ်ကဲ့ ...ပြောပါဦးဆရာ''

''အဲ ...ကျွန်တော် သိသလောက်တော့ သစ်ပင်တွေ ရဲ့ အလုပ် လုပ်ပုံဟာ လူနဲ့အတူတူပဲဆိုပြီး သိထားတာပဲဗျ၊ ဥပမာဗျာ ...သစ်ပင်တွေ ဟာ ကျွန်တော် တို့ရှူတဲ့ အောက်ဆီဂျင်ဓာတ်ကိုပဲရှူပြီး ကျွန်တော် တို့ ပြန် ရှူထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုပါ ပြန်ထုတ်တာကိုးဗျ၊ ကဲ ...အိပ်ခန်း ထဲမှာ ပန်းအိုးရှိတယ် ဆိုပါစို့၊ အောက်ဆီဂျင်ဓာတ်ကို ရှူသွင်းနေတဲ့ကျွန်တော် တို့ဟာ သစ်ပင်က ပြန်ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကိုပါ အနည်းနဲ့ အများ ထပ်ပြီးရှူသွင်းမိမှာ ပဲလေ၊ အန္တရာယ်ရှိတာပေါ့ ...မဟုတ်ဘူးလား''

နားထောင်နေသော ဆရာက ခေါင်းတဆတ်ဆတ်ညိတ်သည်။ အိမ်တွေ မှာ ထားသော အလှစိုက်ပန်းအိုးနှင့် ပတ်သက်ပြီး ဆွေးနွေးနေပုံရ၏ ။

မနေနိုင်သော သူကလည်း လျှာယားပြီး ဝင်ပြောမိသည်။

''အဲဒါ ...ဟုတ်တော့ ဟုတ်ပါတယ် ဆရာ၊ ဒါပေမဲ့ ညဘက် အချိန်မှာ ပါ''

''ဘာ ...ဘယ်လို''

မျက်မှန်အောက်မှ ဆရာဇော့်မျက်လုံး အနည်းငယ် ကျယ်ပြူးသွား သည်။

''ဒီလိုပါ ...ဆရာ့ကို ဆရာလုပ်တာတော့ မဟုတ်ပါဘူး၊ ဆရာ့ ဆရာတွေ ထဲမှာ ဆိုရင် ဆရာဟာ ဆရာပါ၊ ကျွန်တော့် ဆရာတွေ ထဲမှာ ဆိုရင် လည်း ဆရာက ...''

''ဟေ့ကောင် ...လိုရင်းပြောတော့''

အပြစ်ကင်းစင်ဟန်လေးနှင့် သူက ...

''ဒီလိုပါ ဆရာ၊ သစ်ပင်တွေ ဟာ ညဘက်မှာ ဆရာပြောသလို လူနဲ့ အလုပ်လုပ်တာတူလို့ အန္တရာယ်ရှိပေမယ့် နေ့ဘက်မှာ တော့ ပြောင်းပြန် ခင်ဗျ''

''ဟေ''

''ဟုတ်ပါတယ် ဆရာ၊ နေ့ဘက်မှာ ဆိုရင် သစ်ပင်ဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတာပါ''

''မင်းကို ဘယ်သူပြောလဲ''

ဆရာကိုရော ဘယ်သူပြောလဲဟု သူ ပြန်မမေး ဖြစ်ပါ။ ခင်ပွန်းကြီး ဆယ်ပါးထဲမှာ တစ်ပါးအပါအဝင် ဖြစ်သော သတ္တစမြတ်ဆရာကို ထိုသို့ အာခံ လိုစိတ်လည်း လုံးလုံးမရှိချေ။ ထိုကြောင့် ...

''ဘယ်သူမှ မပြောပါဘူး ဆရာ၊ သစ်ပင်နဲ့ ပန်းမာန်တွေ နဲ့ ပတ် သက်တဲ့ စာအုပ်တွေ ထဲမှာ ဖတ်ဖူးတာပါ''

''အေးပါ ...ထားတော့၊ မင်းကို အခု ငါခေါ်တဲ့ကိစ္စက''

''ဒါနဲ့ ဆရာ ဒီကျောင်းသားနာမည် က ...''

ဘေးမှဆရာက မျက်နှာချိုချိုနှင့် ဝင်မေးခြင်း ဖြစ်သည်။

ဆရာဇော်က သူ ပါးစပ်ညောင်း လျှာခလုတ်တိုက်မှာ စိုး၍ ပြန် မဖြေဘဲ ...

''ဟေ့ကောင် ပြောလိုက်၊ မင်းကို မေးနေတယ်''

သူက ထိုဆရာဘက် မျက်နှာမူလိုက်ရင်း ...

''ကျွန်တော့် နာမည် အောင်ကျော်ဇေယျာမိုးဟိန်းထွန်းပါ ဆရာ''

''ဘာ ...ဘယ်လို ဘယ်လို''

မွေးဖသခင် လက်စွမ်းပြခဲ့သည့်နာမည် ကို ဒုတိယမ္ပိ ရေရွတ်ပြ ရပြန်သည်။ ထိုအခါမှ ဆရာက သတိကြီးစွာ ထားပြီး လက်ချောင်းများ ဖြင့် လိုက်မှတ်ကာ တစ်လုံးချင်းပြန်ရေရွတ်ကြည့်လျက် ...

''ဟား ...နာမည် က ရှည်လှချည်လားကွ၊ ခုနစ်လုံးတောင်''

''ဟုတ်ပါတယ် ဆရာ၊ တနင်္ဂနွေနံကနေ စနေနံအထိ အကုန်ပါ ပါတယ်''

''ဟေ''

ထိုဆရာက သဘောကျသလို ရယ်တော့သည်။

''ဟား ဟား ...ဟုတ်တယ်ဟေ့ ...မင်းမှ တကယ့်ခုနစ်ရက် သားသမီးအစစ်ပဲ''

''ဟုတ်ကဲ့ ဆရာ ...အဲဒါကြောင့် သူငယ်ချင်းတွေ ကတောင် နာမည် ရင်းကိုမခေါ်တော့ဘဲ နာမည် ပြောင်ပဲ ခေါ်ကြတာ''

''ပြောပါဦး မင်းရဲ့ နာမည် ပြောင်ကို''

''ဆဲဗန်းဒေးပါ ဆရာ''

''ဆဲဗန်းဒေး''

ဆရာက လိုက်ရေရွတ်ပြီး တဟားဟားထပ်ရယ်ပြန်သည်။ ပြီးမှ-

''အေးကွ ...ဆရာ့ကိုလည်း မှတ်ထားဦး၊ ဆရာ့နာမည် က ဆရာလတ်တဲ့''

''ဟင် ...ဆရာကျတော့ တစ်လုံးတည်း''

''ဟေ ...တစ်လုံးတော့ မဟုတ်ဘူးကွ၊ နှစ် လုံး ...နှစ် လုံး''

''ဗျာ''

''သြော် ...နာမည် အရင်းက အောင်လတ်ကွ ...ဒါပေမဲ့ ဆရာ လတ်ပဲ ခေါ်ကြတာပဲ''

''အဟား ...ဆရာ့နာမည် က အလာကြီးပဲဗျ''

''ဘာ ဖြစ်လို့လဲ''

''သြော် ...အောင်လတ်ဆိုတာ အရမ်းနာမည် ကြီးခဲ့တဲ့ ပန်းတွေ နဲ့ဝေ ရုပ်ရှင်ကားထဲက မင်းသားရဲ့ နာမည် လေ''

''ဟား ဟား ...ဟုတ်တယ်ဟေ့၊ မင်းက ဒါလည်း သိတာပဲ လားကွ၊ ဟုတ်တယ်၊ ဆရာ့အဖေက အဲဒီ ဇာတ်ကားကို အရမ်းကြိုက်တော့ ဆရာ့နာမည် ကို အဲဒီ ကယူပြီး ပေးလိုက် တာ၊ နေ့နဲ့တောင် မကိုက်ဘူး''

''ဘာပဲ ဖြစ် ဖြစ် ဆရာရယ် ...မိဘက ပေးတာပဲ၊ ကျွန်တော် ဆိုရင် ဘယ်လိုလုပ်မလဲ၊ ခုနစ်နေ့စလုံး ပါတာလေ''

ဆဲဗန်းဒေးနှင့် ဆရာလတ်တို့ ဆရာရင်း၊ တပည့်ရင်းလို စကား ကောင်းနေသည်ကို ဆရာဇော်က ပါးစပ်လေးအဟောင်းသားနဲ့ ငေးနေသေး သည်။ သူ့ခမျာ နာမည် နှင့် ပတ်သက်ပြီး ပြောစရာအကြောင်းမရှိသည့်ပုံစံ မျိုး။ သနားစရာပင် ကောင်းလှသေးတော့၏ ။

နားထောင်ကောင်းကောင်းနှင့် နားထောင်မိနေပြီးမှ ကိုယ်ပါ ဝင် ရောက်ဆွေးနွေးခွင့်မရ၍ ဆရာဇော် မရှုစိမ့် ဖြစ်လာပုံရသည်။

အသံထုတ်ပြီး ချောင်းနှစ် ချက်ဟန်လုပ်ကာ ဟန့်လိုက်ရင်း ...

''ကဲ ဆရာလတ် ...ဆွေးနွေးပွဲပြီးရင်တော့ ကျွန်တော် ဒီကောင့် ကိစ္စ ရှင်းလိုက်ဦးမယ်''

''ဟင် ...ဆဲဗန်းဒေးက ဘာလုပ်ထားလို့လဲ''

ဆရာဇော်က ဆဲဗန်းဒေးကို ရှုတင်းတင်းတစ်ချက်ကြည့်လိုက် သည်။ ပြီး ...ဖိုင်တစ်ခုကြားမှ စာရွက်တစ်ရွက်ထုတ်လိုက်ရင်း ...

''ဟေ့ကောင် ...မင်းနဲ့ငါ ဆရာတပည့်လို ခင်တာ ကတော့ ဟုတ် တယ်၊ ဒါပေမဲ့ ဒီပုံဟာ ငါ ဘွဲ့ယူတုန်းကပုံဆိုပြီး မင်း နောက်တာကောင်း လား''

ခပ်တင်းတင်းပြောရင်း စာရွက်ကို စားပွဲပေါ် ချပြလိုက်လေသည်။

ဘေးမှ ဆရာလတ်ကပါ လိုက်ကြည့်မိ၏ ။ ပြီး ...ဆရာလတ်၏ မျက်နှာကြီးက ရယ်ချင်စိတ်ကို မနည်းဖုံးဖိထားရဟန်ကြီး ဖြစ်လာတော့သည်။

ထိုပုံ ကတော့ ...

''ဟေ့ကောင် ဆဲဗန်းဒေး ...ငါမေးနေတာကိုဖြေလေ၊ ဒီပုံဟာ ငါ ဘွဲ့ယူတုန်းကပုံဆိုပြီး မင်းပြောတာဆို''

''အဲ''

ဆဲဗန်းဒေး စဉ်းစားရတော့၏ ။ မနက် ကတော့ အတန်းထဲမှာ ဒီပုံကို ဒီလိုကြည့်ရင်တော့ ဆရာဇော်နဲ့ တူသားဟုဆိုပြီး တောဝက်နှင့် ခွေးခြင်္သေ့ ကို နောက်တောက်တောက် ပြောမိခဲ့သည်။

ခုတော့ နေ့ပင်မကူးသေး ဒီကောင်နှစ် ကောင်က အချွန်နှင့် မ,လေပြီ။ သို့ သော်လည်း ဆဲဗန်းဒေးဆိုသည့်သူက ...

''အဲဒီ သဘောတော့ မဟုတ်ပါဘူး ဆရာ၊ ဒါ ...ဆရာဘွဲ့ယူတုန်း ကပုံလည်း မဟုတ်ပါဘူး၊ အရမ်းမျက်နှာချိုတဲ့ ရဲသားကြီး တစ်ယောက် ရဲ့ ပုံပါ''

''ဘာကွ ...မင်း မညာနဲ့နော်၊ ဒီမှာ ကြည့် ဘွဲ့ဦးထုပ်ကြီးဆောင်း ပြီး မျက်နှာကို ရှစ်ခေါက်ချိုးထားတာကို''

ဆဲဗန်းဒေးက လေပူတစ်ချက် မှု တ်ထုတ်ရင်း -

''တကယ်ပါဆရာ ...ဆရာကြည့်တာ မှားနေတာပါ''

''ဘယ်နေရာက မှားတာလဲ ပြောစမ်းပါဦး''

ဘာမှထပ်မပြောဘဲ ဆရာဇော်ရှေ့မှ စာရွက်ကို အထက်အောက် ပြောင်းပြန်လှည့်ပေးလိုက် သည်။

ထိုပုံကိုကြည့်ပြီး ဆရာနှစ် ပါးစလုံး၏ ပါးစပ်မှ ...

''ဟင်''

''အဲ''

အာမေဍိတ်နှစ် ခုက အလိုအလျောက် ထွက်ကျလာလေ၏ ။

•••

အခန်း(၃)

(၃)

''ဘယ်လိုပဲ ဖြစ် ဖြစ်ကွာ ...မင်းအကြောင်း ငါသိနေတာပဲ၊ မင်းမှာ ဘယ်အချိန်မဆို ဆင်ခြေလက်ခြေပေးတတ်တဲ့ အရည်အချင်းရှိတယ်ဆိုတာ လည်း ငါ သိထားတယ်''

ဆရာဇော်၏ စကားအဆုံးမှာ ဆဲဗန်းဒေးက ...

''ဟာ ...အဲဒီ လိုတော့ မဟုတ်ဘူးနော် ဆရာ၊ ဒီကိစ္စက ဟိုနှစ် ကောင် ကျွန်တော့် ကို ကျပ်တာပါ''

''ဘယ်နှစ် ကောင်လဲ''

ဆဲဗန်းဒေးက ...

''ဆရာ့ဆီ ဒီပုံလာပေးတဲ့ နှစ် ကောင်ပေါ့ တောဝက်နဲ့ခြင်္သေ့လေ၊ ဒီကောင်နှစ် ကောင်ကို သွားရှာပြီး ဆရာ့ဆီ ကုပ်ဆွဲခေါ်လာခဲ့တယ်''

''သူတို့နှစ် ကောင် ဘယ်မှာ ရှိတာလဲဆိုတာကို မင်းက သိလို့လား''

''ဟုတ် ...ခုနက ဆိတ်သိုးပြောတဲ့နေရာမှာ သွားရှာရမှာ ပဲ ဆရာ''

ဆရာဇော် ခေါင်းကုတ်တော့သည်။ တစ်ဆက်တည်း ...

''ဘယ်က ဆိတ်သိုးက ပါလာရန်ပြန်တာလဲကွာ''

ဆဲဗန်းဒေးလည်း ဆရာဇော်နှင့် အပြိုင် ခေါင်းလိုက်ကုတ်ရတော့ ၏ ။ အချိန်ပေးကာ ဆက်ရှင်းနေရလျှင် ခေါင်းပင်မကဘဲ ဖင်ကိုပါ တစ်လှည့် နေရာပေးပြီး ကုတ်ရမည့် သဘောမှာ ရှိနေသည်။

ခုလည်း အမေးရှိထား၍ ဖြေပေးရသည်ပေါ့လေ။

''ကျွန်တော် ကင်တင်းမှာ တစ်ယောက် တည်းထိုင်ပြီး ကမ္ဘာကြီး ပူနွေးလာမှု နဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းကို အကျယ် တဝင့် တွေးနေတာဗျ၊ အဲဒီ အချိန်မှာ ပဲ ဆိတ်သိုးဆိုတဲ့ ကျောင်းသားရောက် လာပါတယ်၊ အမှန်တော့ သူတို့ကိစ္စနဲ့သူတို့ပါ၊ အဲဒီ ဆိတ်သိုးကိုပဲ ငါြးေ>ွမ ထိုးတဲ့ ကျောင်းသားက ထပ်လာမေးပြန်ရော၊ မျောက်ကြီးနဲ့ဆင်မကို တွေ့  မိလားတဲ့၊ အဲ ...ဆိတ်သိုးကလည်း ပြန်ဖြေပါတယ်၊ မနက်ကတည်းက တိုက်ကြက်နဲ့ ထွက်သွားတာပဲ၊ မင်း ဘာကိစ္စ ရှာနေတာလဲလို့ ပြန်မေးလိုက် တယ်၊ အဲဒီ မှာ ပဲ ငါြးေ>ွမထိုးက ဟိုကောင် စာကလေး သူ့ရည်းစား ဘဲဥမနဲ့ ကွိုင်တက်နေလို့ ရှင်းပေးဖို့အတွက် ရှာနေတာတဲ့၊ အဲဒီ အချိန်မှာ ပဲ ကျွန်တော် က ဆိတ်သိုးကို ဖြတ်မေးလိုက်တာဗျ၊ တောဝက်နဲ့ခွေးခြင်္သေ့ကို တွေ့ မိလား ဆိုတော့ ကျောင်းမုခ်ဦးဘက်ကို ထွက်သွားတယ်လို့ သိရတာ ပါ ဆရာ''

စကားကို လိုရင်းတိုရှင်းပြောလိုက်ရ၍ ဆဲဗန်းဒေး အတော် အာ ခေါင်ခြောက်သွားသည်။ ထို့ကြောင့် ဆရာဇော်တို့ သောက်နေသော ကော်ဖီ မစ်ကိုပင် မျက်စောင်းထိုးမိသေး၏ ။ ဆရာဇော် ကတော့ ချစ်တပည့်ကို ယူသောက်လေဟု တစ်ခွန်းမဟချေ။ ဆဲဗန်းဒေးကိုပဲ မမြင်ဖူးသော ဂြိုဟ် သား တစ်ယောက် လို တွေ တွေ ကြီး ကြည့်နေသေးသည်။ မေးမိသော သူ့ ကိုယ်သူလည်း ယူကျုံးမရ ဖြစ်သွားဟန်တူ၏ ။

တစ်စက္ကန့်၊ နှစ် စက္ကန့် ဆဲဗန်းဒေး အသံတိတ် ရေရွတ်ကြည့်နေရာ မှ စက္ကန့်နှစ် ဆယ်နှင့် တစ်ဝက်လောက်ရောက်မှ ဆရာဇော် သတိပြန်ဝင် လာပြီး -

''ဆဲဗန်းဒေး ...မင်း ဒီမနက် ဦးနှောက်စားဖို့ ငါ့ကိုများ လူရွေးထား တာလားကွာ''

ဆဲဗန်းဒေးက ပျာပျာသလဲ လက်အုပ်လေးချီလိုက်ရင်း -

''ဟာ ...မဟုတ်ရပါဘူး ဆရာ၊ စိတ်အနှောင့်အယှက် ဖြစ်သွား ရင် ကန်တော့ပါ''

ဆရာဇော်က သက်ပြင်းတစ်ချက်ကို လက်လွတ်စပယ် မဟုတ်ဘဲ သတိကြီးစွာ ထားပြီး ချလိုက်သည်။

ပြီးမှ ဆဲဗန်းဒေးကို အသက်အောင့်ကာ ကြည့်လိုက်ရင်း ...

''တော် ပြီ ဆဲဗန်းဒေး ...မင်းရဲ့ တိရိစ္ဆာန်နာမည် နဲ့ လူတွေ အကြောင်းလည်း ဆက်မပြောနဲ့တော့၊ ဘာပဲ ဖြစ် ဖြစ် မင်းလက်ချက်ဆိုတော့ ဒီနေ့ မင်းကို အပြစ်ပေးရလိမ့်မယ်''

မိုးနတ်မင်းကြီးကယ်ပါဟု ဆဲဗန်းဒေး တရုတ် 'တ' 'တ'လိုက်မိ သည်။ သို့ ပေမယ့်လည်း ဆရာဇော်ပုံစံ ကတော့ သူ့ကို မြန်မာနည်းမြန်မာ ဟန်ဖြင့် အပြစ်ပေးရန် လုံးလုံးရော ပြားပြားပါ သေချာနေပြီ။

ထိုကြောင့် မျက်နှာလေးညှိုးကာ ညောင်နာနာအသံလေးနှင့် ...

''ဟုတ်ကဲ့ ...ပြောပါ ဆရာ''

ဆရာဇော်က တရုတ်တရားသူကြီး ပေါင်ချိန်ကဲ့သို့ မျက်နှာကို အစွမ်းကုန်တည်ထားလျက် ...

''အေး ...မနက်က မင်း အကျယ်တဝင့် တွေးနေတဲ့ ကမ္ဘာကြီး ပူနွေးလာမှု နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စပါပဲ၊ ဒီလိုလုပ်ကွာ မင်းတို့ မေဂျာရဲ့ စာသင်ခန်းတွေ ရှိတယ် မဟုတ်လား၊ အဲဒီ စာသင်ခန်းတွေ ရဲ့ ဓာတ်တိုင်တစ်တိုင်စာအကွာ ပတ်ပတ်လည်မှာ ရှိတဲ့ အမှိုက်၊ အဲ ...အဓိက ကတော့ ကြွပ်ကြွပ်အိတ်ခွံတွေ ပေါ့ကွာ၊ အဲဒါတွေ ကို မင်းအစွမ်းအစနဲ့ ညနေ ကျောင်းမဆင်းမီ အပြီးရှင်းလင်းပေးရမယ်၊ အဲဒါ ...မင်းကိုပေးတဲ့ အပြစ်ပဲ''

ညတ်စွာ ဖျားဟုပင် 'တ'မိတော့၏ ။ သူသည် ကားမဟုတ်ပါဘဲနှင့် ဆရာဇော်က 'မောင်း' လေပြီ။ မည် သို့ မည် ပုံ ရှင်းလင်းရမည် ကို ဆဲဗန်း ဒေး တွေးမရသေး။

ထိုကြောင့် ဈေးနည်းနည်း ဆစ်ကြည့်လျှင် ကောင်းမလားဟူသော စိတ်ကူးလေးဖြင့် -

''တစ်ခုတော့ရှိတယ် ဆရာ''

''အေး ...တစ်ခုရှိရင်လည်း မင်းဟာမင်း သိမ်းထားလိုက်၊ ခု လောလောဆယ်တော့ ငါပြောတာကို သွားလုပ်၊ ဒါပဲ''

မရတော့ပြီ။ ဆရာဇော်ကို နည်းနည်း မှ လေပြေထိုး၍ မရတော့ ပြီ။

ထိုကြောင့် ကိုယ်လုပ်ကိုယ်ခံဟုဆိုပြီး ယောက်ျား တစ်ယောက် ၏ စိတ်ဓာတ်နှင့် ခိုင်ကျည်စွာ ထရပ်လိုက်ပြီး -

''ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော် လုပ်ထားလိုက်ပါ့မယ်''

''အေး အေး ...သွားတော့၊ မင်းအတွက် အချိန်ဆိုတာ သိပ် တန်ဖိုးရှိတယ်နော်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ...သဘာဝ ပတ် ဝန်းကျင်ထိန်းသိမ်းရေး ...သိပ်ကောင်းတဲ့ ခေါင်းစဉ်ပဲ''

အခန်းထဲ ပြန်အထွက်မှာ တောင် ဆရာဇော်က 'ရိ' လိုက်သေး သည်။ ရပါတယ်ဆရာ ...ဆရာဟာ ဆရာဆိုတာ ချစ်တပည့် ကောင်း ကောင်းကြီး သိလိုက်ပါပြီ။

ထထွက်သွားသော ဆဲဗန်းဒေး၏ ကျောပြင်ကိုကြည့်ပြီး ဆရာ လတ်က ...

''ဆရာဇော် ...ဆဲဗန်းဒေးကို အပြစ်ပေးလိုက် တာ နည်းနည်း မများ ဘူးလား''

ဆရာဇော်က အပြုံးကြီး ပြုံးလိုက်ပြီး ...

''ဟင်း ဟင်း ...ဆရာလတ်က ဒီကောင့်အကြောင်းမှ မသိ သေးတာကိုး၊ ဒီကောင့်အစွမ်းအစကို သွားစောင့်ကြည့်လိုက်ပါ ဆရာ၊ ဆဲဗန်းဒေးဟာ ဘယ်လိုကောင်ဆိုတာ ဆရာတွေ့ ရမှာ ပါ၊ ဒီကောင့်ကို ကျွန်တော် ချစ်လို့ ခိုင်းလိုက်တာပါဗျ''

စကားအဆုံးမှာ တော့ ဆရာလတ် စဉ်းစားရင်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပါသည်။

ထို့နောက် ...

•••


ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ ရိုးမြေကျ သီအိုရီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကိုယ့်လက်နဲ့ ပျိုးမိတဲ့ပန်း

အမုန်းမဲ့ဇုန်

PS. I Love U