Cover

အမုန်းမဲ့ဇုန်

အပိုင်း(၁)

ကျွန်တော် တို့ကမ္ဘာမှာ . . .

လူသားတိုင်းအတွက်

နေရာလေးတစ်ခုတော့

အမှန်တကယ် လိုအပ်ပါတယ်။

အဲဒါ ကတော့

အာဃာတတွေ ကင်းဝေးတဲ့

အမုန်းမဲ့ဇုန်ပါပဲ။

♥ ♥ ♥


အခန်း (၁)

စာရေး စားပွဲမှာ ထိုင်ကာ စာရေး ရင်း မည် သို့မည် ပုံ အိပ်ပျော်သွား သည်တော့မသိ။ သေချာတာ ကတော့ မျက်စိနှစ် လုံးမှိတ်ပြီး အိပ်ပျော်သွား ခြင်းပဲ ဖြစ်မည် ။ ထားတော့ ...ခုလောလောဆယ် သူ အိပ်ပျော်နေရာမှ ရုတ်တရက် လန့်နိုးလာခြင်းသည် စာရေး စားပွဲပေါ်တင်ထားသော ဖုန်းက ထမြည် လာ၍ ဖြစ်၏ ။

မျက်စိနှစ် လုံး အသာပွတ်ရင်း ဖုန်းဖွင့်ကိုင်လိုက်သည်။ ထင်ထား သည့်အတိုင်း သူ့ထမင်း သူစားပြီး အားလျှင်အားသလို ကိုယ့်ဆီမှာ စာမူ တောင်းနေသော ထုတ်ဝေသူ ဦးအောင်စိုးထံမှ ဖြစ်၏ ။

ချက်ချင်း ဆိုသလို ဦးအောင်စိုးက ဖန်တစ်ရာ မေးနေသော ဓာတ် ပြားဟောင်းကြီးကို ဖွင့်လေတော့သည်။

''အေး ...ကိုမင်းလား ငါပါကွ၊ စာမူပြီးပြီလား သိချင်လို့၊ မြန်မြန် လေးရေး ပါကွာ၊ ငါက တစ်လတစ်အုပ် ပုံမှန်လေး ထွက်ချင်တာကွ၊ မင်း သိတဲ့အတိုင်းပဲလေ ... ... ... ... ... ... ... ... ... ...''

မင်းဟန် စိတ်ညစ်သွားရသည်။ ထုတ်ဝေသူတွေ များ တစ်လ တစ်အုပ် စာအုပ်ထွက်ရေး ကိုပဲ ဦးထိပ်ထားနေသည်လားမသိ။ ဒီဘက်က စာရေး ဆရာတွေ မှာ တော့ စဉ်းစားလွန်း၍ ခေါင်းတွေ ခြောက်၊ ဆံပင်တွေ ဖြူပြီး ထိုင်ရလွန်း၍ လည်း တင်ပါးမှာ အသားမာတောင်တက်လုပြီ။ ဒါသည် ကိုပင် ဒင်းတို့က နည်းနည်း မှ ကိုယ်ချင်းမစာချေ။

သို့ သော်လည်း ...

လောလောဆယ်တော့ ဒင်း ကျေနပ်အောင်ပဲ ပြောလိုက်ရ၏ ။

''အဟဲ ....ပြီးတော့မှာ ပါ ဦးရ၊ သြော် ...ဒီတစ်ခါ စာမူအပ်ရင် ဦးကိုလည်း ပြောစရာရှိသေးတယ်''

''ဟေ ...ဘာများ လဲ''

''ဒီလိုပါ ...ခု ကျွန်တော် ငှားနေတဲ့ တိုက်ခန်းက စာချုပ်ပြည့် ရင် ဆက်မငှားတော့ဘူးတဲ့၊ အခန်းကို ရောင်းတော့မယ် ပြောတာပဲ၊ အဲဒါ ကြောင့် ကျွန်တော် တိုက်ခန်းအသစ်ရှာရမယ်၊ အဲဒီ အတွက် စပေါ်တင်ဖို့ ငွေလည်း လိုမယ်လေ၊ ဦးကို ကြိုပြီး အသိပေးထားတားပါ''

ခေတ္တမျှ အာစေးမိသလို တိတ်ဆိတ်နေပြီးမှ ...

''အေးပါကွာ ...မင်းစာမူ လာအပ်တဲ့အခါကျမှ အဲဒီ ကိစ္စကို ပြောတာပေါ့ ...ဒါပဲနော်''

သိသိသာသာ ပျော့ကျသွားသော အသံနှင့် အတူ ဖုန်းချသွား၏ ။ ထုတ်ဝေသူတွေ များ ဒီအတိုင်းပါပဲ။ ငွေရေး ကြေးရေး ကိစ္စပြောလျှင် ထိုကဲ့ သို့ ညည်းတတ်တာ သဘာဝ လားမသိ။ ရပါသည်။ နားလည်ပေးလိုက် ပါ မည် ။

လောလောဆယ် စာဆက်ရေး ချင်စိတ်လည်း မရှိတော့သဖြင့် ထိုင်နေရာမှ အသာထလိုက်၏ ။ နာရီကို ကြည့်လိုက်တော့ ညနေ သုံးနာရီ ကိုပင် ငွေ့ငွေ့လေး စွန်းနေလေပြီ။

ထိုစဉ် ...

အခန်းတံခါးဝမှ ဘဲလ်တီးသံ ကြားလိုက်ရ၏ ။ အသာထပြီး ဖွင့် ကြည့်လိုက်တော့ သူငယ်ချင်း ဖြစ်သူ စူပါ (ခေါ်) မြတ်မိုးအိမ်ဆိုသည့် ငတိ ကို တွေ့ လိုက်ရသည်။ ဒင်းကလည်း အလာကြီး။ ကဗျာရေး ရင်း တစ်ဖက် တစ်လမ်းမှ ဝင်ငွေရအောင်ဆိုပြီး ကိုယ်ပိုင်တက်စီမောင်းစားနေသော ကောင် ဖြစ်သည်။

ခုလည်း ဒင်းက မင်းဟန်ကိုကြည့်ကာ ...

''တော် သေးတာပေါ့ကွာ၊ ငါမှာ မင်းရှိမှ ရှိပါ့မလားလို့''

ထိုစကားကြောင့် မင်းဟန်က မျက်မှော င်ကြုတ်လိုက်ရင်း ...

''ဘာလုပ်မလို့လဲကွ၊ ငါက အိမ်မှာ မရှိလို့ ဘယ်သွားရမှာ လဲ''

''ဟုတ်ပါတယ် စာရေး ဆရာရယ်၊ ငါကလည်း ဒီနေ့ ကားစောစော သိမ်းပြီး မင်းနဲ့ စကားလေးဘာလေးပြောရင်း ဘီယာသွားချရင် ကောင်း မလားဆိုပြီး ဝင်လာတာ''

မင်းဟန် မျက်ခုံးပင့်လိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် ဒီကောင်နှင့် သူ ဘီယာ မသောက် ဖြစ်တာပင် အတော် ကြာနေပြီ။

သို့ သော်လည်း ကိစ္စတစ်ခုကို သတိရမိသွား၍ ...

''အေးလေ ...သောက်တာတော့ သောက်တာပေါ့၊ ငါတောင် မင်းလာရင် စာရေး ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ကို သွားဝယ်ရအောင် လိုက်ပို့ခိုင်းမလားလို့''

စကားအဆုံးမှာ စူပါက ခေါင်းကို တဗျဉ်းဗျဉ်းကုတ်လိုက်ပြီး ...

''ဟာကွာ ...တစ်ရက်, တစ်ရက် ကားမောင်းရတာ ညောင်းလွန်း လို့၊ ဝယ်စရာရှိရင်လည်း ကားယူသွားကွာ၊ မင်းမှာ လိုင်စင်လည်း ရှိတာပဲ၊ ငါ ကတော့ မင်းအခန်းကပဲ စောင့်နေမယ် ...ရော့''

ပြောရင်း ကားသော့ ကို လှမ်းပေးလာသည်။ မင်းဟန်က လှမ်းယူ လိုက်ရင်း တိုက်ခန်းပေါ်မှ ဆင်းလာခဲ့၏ ။

အောက်ထပ်ရောက်တော့ ကားပေါ်တက်ရင်း ဝယ်နေကျ စာရေး ကိရိယာဆိုင်ရှိသည့် မြို့ထဲသို့ မောင်းထွက်ခဲ့လိုက်၏ ။

သို့ သော် ရပ်ကွက်ထဲမှထွက်ပြီး သိပ်မကြာလိုက်ချေ။ လမ်းမကြီး ပေါ်သို့ အရောက်မှာ ပဲ ...

''ဟေး ...တက်စီ ...တက်စီ''

''ဟင်''

ကမန်းကတန်း ကားလှမ်းတားနေသည့် ကောင်မလေး တစ်ယောက် ကို တွေ့ လိုက်ရခြင်း ဖြစ်သည်။

မင်းဟန်က ကိုယ်မောင်းလာတာကလည်း အငှားကား (တက်စီ) ဟူသော စိတ်ဖြင့် ကားကို ရပ်လိုက်ကာ ပြတင်းပေါက်မှ ခေါင်းပြူလျက်...

''ဒီ ...ဒီမှာ ခင်ဗျ ...ကားက မအား ...''

စကားပင် မဆုံးလိုက်ချေ။ လက်တစ်ဖက်မှာ ပန်းစည်းတွေ ကိုင် ထားသော ကောင်မလေးက ကားနောက်ခန်းတံခါးကို ဆတ်ခနဲဖွင့်ကာ စွေ့ခနဲ ထိုင်လိုက်ရင်း ...

''အရေး ကြီးလို့ပါရှင် ...မောင်းမှာ သာ မောင်းစမ်းပါ၊ ကားခ တောင်းသလောက် ပေးပါ့မယ်''

မင်းဟန် ခေါင်းကုတ်မိတော့သည်။ ပြီးမှ တကယ်အရေး ကြီးလို့ ဖြစ်မှာ ပါလေဟု တွေးမိရင်း (ကောင်မလေးကလည်း လှတိလှတလေး ဖြစ်နေသဖြင့် ယောက်ျားမာနကို လျှော့ချလိုက်ကာ)

''ကဲ ...ဟုတ်ပါပြီ၊ ခုရော ဘယ်ကို ပို့ပေးရမှာ လဲ''

ပြနပြောလိုက်သော ကောင်မလေး၏ စကားကလည်း ခပ်ပြတ်ပြတ် ပင်။

''သန်လျင်က သင်္ချိုင်းတစ်ခုကို''

♥ ♥ ♥


အခန်း (၂)

ဒင်းကလေး အရေး တကြီးတောင်းဆိုလို့သာ မောင်းလာခဲ့ရသည်။ သန်လျင်က သင်္ချိုင်းကို ဘာကိစ္စကြောင့် သွားလိုမှန်းလည်း မသိ။

ထားတော့။ အဲဒါက သူ့ကိစ္စ ဖြစ်သည်။ သို့ သော်လည်း သန်လျင် က သင်္ချိုင်းအရောက်မှာ ပဲ ကိုယ်နှင့် ပတ်သက်လာတော့၏ ။

ဖြစ်ပုံ ကတော့ သင်္ချိုင်းအနီးမှာ ကားကို ရပ်ပေးလိုက် စဉ်မှာ ပဲ ...

''ဒီမှာ ...ရှင် အားရင် သင်္ချိုင်းထဲကို ခဏလောက် လိုက်ပေးပါ လား''

''ဗျာ ...ဘာ ဖြစ်လို့လဲ''

ထိုသို့ မေးလိုက်မှပဲ ဒင်းကလေး ရှက်ကိုးရှက်ကန်း အမူအရာလေး ဖြင့် ...

''အဟင်း ...ကျွန်မက ကျွန်မအဘိုးရဲ့ အုတ်ဂူကို ကန်တော့ရင်း အမှိုက်တွေ ချုံတွေ ကို လာရှင်းတာရှင့်၊ ဒါပေမဲ့ တစ်ယောက် တည်းဆိုတော့ သင်္ချိုင်းထဲဝင်ရမှာ ကြောက်လို့''

''ဟင် ...မင်းက အရင် တစ်ခါမှ မလာဖူးဘူးလား''

''လာဖူးပါတယ်၊ အရင်အခေါက်တွေ ကတော့ သူငယ်ချင်းတွေ ပါတယ်လေ၊ ခုက တစ်ယောက် တည်း ထွက်လာရလို့''

''သြော်''

မင်းဟန် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ ပြီး ကောင်မလေးအလို ကျ သင်္ချိုင်းထဲသို့ အဖော်အ ဖြစ် လိုက်သွားပေးလိုက် ၏ ။

သင်္ချိုင်းထဲမှ သူ့အဘိုးအုတ်ဂူဆီရောက်တော့ ယူလာသော ပန်း စည်းလေးကို အုတ်ဂူပေါ်တင်ကာ ကန်တော့ပြီး အနီးအနားပတ်ဝန်းကျင်တွင် သန့်ရှင်းရေး လုပ်လိုက်သေးသည်။

ပြီးမှ မင်းဟန်ဘက်ကိုလှည့်ကာ ...

''ကျေးဇူးပဲနော် ...ခုလို လိုက်လာပေးတာ''

''သြော် ...အင်း ...ရပါတယ်၊ ခု ...ဘယ်ကိုပြန်ပို့ပေးရမှာ လဲ မသိဘူး''

''ရန်ကုန်မြို့ထဲကိုပဲ ပို့ပေးပါ''

''ဟုတ်ပြီလေ''

အပြန်လမ်းရောက်တော့မှ ကောင်မလေး၏ အလှကို ပို၍ သတိ ထားမိသည်။ အတော် ကို လှပပြေပြစ်သော ကောင်မလေး ဖြစ်၏ ။

ကားမောင်းနေရင်းမှ မင်းဟန် စကားမရှိ စကားရှာပြောလိုက်သည်။

''ဒါနဲ့ ...မင်းက သရဲကြောက်တတ်လို့လား''

''ကြောက်တာပေါ့ ...လူပဲ၊ ဒါပေမဲ့ ...အဘိုးအုတ်ဂူကိုတော့ တစ်လတစ်ကြိမ်လောက် ခုလို သန့်ရှင်းရေး လုပ်ရင်း လာကန်တော့ ဖြစ်ပါ တယ်''

''ဟုတ်လား ...ကောင်းတာပေါ့၊ ဒါပေမဲ့ ခုလို နေ့ခင်းနေ့လယ် ဘက်ကြီးတော့ ဘယ်သရဲမှ လာချောက်မယ်မထင်ပါဘူးဗျာ''

မင်းဟန်စကားအဆုံးမှာ ကောင်မလေးက ပခုံးတွန့်လိုက်ရင်း ...

''ချောက်ချောက်,မချောက်ချောက်လေ ...ကျွန်မက ကြောက် တတ်တာကိုး၊ ဒါနဲ့ ...ရှင်ရော သရဲတစ္ဆေရှိတယ်ဆိုတာကို အယုံအကြည် မရှိဘူးလား''

မင်းဟန် ဟက်ခနဲတစ်ချက် ရယ်လိုက်သည်။ သူ့လို သရဲတစ္ဆေ ဝတ္ထုတွေ ရေး နေသော စာရေး ဆရာကိုမှ လာမေးနေ၍ လည်း ဖြစ်၏ ။ သို့ ပေမယ့်လည်း အမေးရှိနေ၍ ဖြေလိုက်ပါသည်။

''ယုံတာတော့ ယုံပါတယ်ဗျာ၊ အဲဒီ ကိစ္စတွေ က ဘုရားဟောကျမ်း တွေ ထဲမှာ လည်း အတိအကျပါတာပဲဥစ္စာ၊ ဒါပေမဲ့ အပြင်လက်တွေ့ လောက မှာ တော့ တစ်ခါမှ မကြုံဖူးပါဘူး''

''အဟင်း ...ကျွန်မလည်း မကြုံဖူးပါဘူး၊ ဒါပေမဲ့ ကြောက်တာ တော့ ကြောက်တတ်တယ်''

ပြောရင်း ရယ်လိုက်သဖြင့် မင်းဟန်ပါ ဘာရယ်မဟုတ် လိုက်ရယ် ဖြစ်သည်။ ရန်ကုန်မြို့ထဲရောက်တော့ ကောင်မလေးပြောသည့် မြို့ထဲတစ် နေရာမှာ ပဲ ကားရပ်ပေးလိုက် ၏ ။

ကောင်မလေးက မင်းဟန်တောင်းသော ကားခကို ဈေးပင်မဆစ် ဘဲ ထုတ်ပေးပြီး ...

''ကျေးဇူးပဲနော် ...ခုလို ကူညီပေးတာ''

''ရပါတယ်၊ အပန်းကြီးတာမှ မဟုတ်ဘဲ''

ထိုသို့ ပြောရင်း လမ်းခွဲခဲ့ရသော်လည်း လှတပတ ကောင်မလေးကို မင်းဟန် သတိထားမိသွားတာ ကတော့ အမှန်ပင်။

သို့ ပေမယ့်လည်း ...နောက်တစ်ကြိမ် ကြောက်တတ်သော ထို ကောင်မလေးနှင့် ပြန်ဆုံရဦးမည် ဟု လုံးဝမထင်ထားမိခဲ့ပါချေ။

♥ ♥ ♥


အခန်း (၃)

''မင်းကလည်း မြို့ထဲတစ်ခေါက်သွားတာ ကြာလိုက်တာကွာ၊ ဘယ် တွေ များ ဝင်နေလို့လဲ''

ပြန်ရောက်ရောက်ချင်း စူပါက အပြစ်တင်သည့်လေသံနှင့် ပြော လာသည်။

မင်းဟန်က ကားသော့ ကို ပစ်ပေးရင်း ...

''မပြောချင်တော့ပါဘူးကွာ၊ သွားတုန်း ကတော့ မြို့ထဲကိုပါပဲ၊ ဒါပေမဲ့ ...မင်းကားက တက်စီဆိုင်းဘုတ်တပ်ထားတော့ ပါစင်ဂျာနဲ့တွေ့  ပြီး အငှားလိုက်သွားတာ''

''ဟင် ...ဟုတ်လား ...ဘယ်ကိုလဲကွ ငမင်း''

''သန်လျင်က သင်္ချိုင်းကုန်းကို''

''ဟေ''

စူပါ ပါးစပ်ကြီးပြဲသွားသည်။ မင်းဟန်က ခပ်ဟဟရယ်ရင်း ...

''မလန့်ပါနဲ့ကွာ၊ ဖြစ်ပုံကို မင်းကို ပြောပြပါ့မယ်၊ ဒီလိုကွ ...''

ထိုသို့ အစချီရင်း ကြုံတွေ့ လာခဲ့သမျှကို ပြန်ပြောပြလိုက်သည်။

စူပါက မျက်နှာကို အမူအရာအမျိုးမျိုးလုပ်ကာ နားထောင်နေပြီး မှ ...

''အောင်မာ ...ဟုတ်လှချည်လား၊ ဒါဆို ကောင်မလေးက အလန်းစားလေးပေါ့ ဟုတ်လား''

ကောင်မလေး၏ ပုံစံကို ပြန်မြင်ယောင်ရင်း အင်းဟု မင်းဟန် စပ်ဖြီး ဖြီး ပြန်ဖြေလိုက်သည်။

စူပါက ...

''ဟေ့ကောင် စာရေး ဆရာ ...ပြန်တွေးပြီး သာယာမနေနဲ့၊ မင်း ရေး တာ အချစ်ဝတ္ထုလည်း မဟုတ်ဘူး၊ သရဲဝတ္ထုရေး တာနော်၊ မင်းအတွက် ဇာတ်လမ်းရမှာ မဟုတ်ဘူး''

''ဘာပဲ ဖြစ် ဖြစ်ပါကွာ၊ ကြောက်တတ်တဲ့ လှတီးလှတကောင်မလေး နဲ့ ခုလို ဆုံခဲ့ရတာ တော့ ငါ့စိတ်ထဲမှာ ကြည်နူးမိတာ အမှန်ပဲ''

''မင်းကွာ ...ကြည်နူးစရာရှားလို့ ကောင်မလေးနဲ့ သင်္ချိုင်းကုန်း သွားရတာ ကိုများ စာဖွဲ့နေသေးတယ်''

ချေပမနေတော့ဘဲ အသာပြုံးရင်း မင်းဟန် ငြိမ်နေလိုက်သည်။ ပြီး ...နှစ် ယောက် သား ဘီယာဆိုင်သို့ ချီတက်လိုက်ကြ၏ ။

ဆိုင်ထဲရောက်တော့ ဘီယာကို အရသာခံသောက်နေရင်း စူပါက စကားစလာသည်။

''ဒါနဲ့ မင်း အခန်းပြောင်းမလို့ဆို၊ ရှာနေတာ ရပြီလား''

''အင်း ...ပွဲစားကိုတော့ ရှာခိုင်းထားတာပဲ၊ ခု ...မင်းပြောမှပဲ သတိရတော့တယ်''

''ဟေ ...ဘာကိုလဲကွ''

ပြန်မေးလာသော စူပါ၏ စကားအဆုံးမှာ မင်းဟန်က အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ရင်း ...

''သြော် ...ပွဲစားက အဲဒီ ကိစ္စကို ဒီနေ့ ဖုန်းဆက်ဖို့ မှာ ထားလို့ လေ''

ပြောရင်းပင် ဖုန်းနံပါတ်တချို့ကို နှိပ်လိုက်ပါသည်။ တူ ...တူဆို သော အသံရှည်နှင့် အတူ ဖုန်းက အသာတကြည်ဝင်သွား၏ ။

မင်းဟန်က ...

''ဟဲလို ...ကိုတိုးကြီးလား''

''ဟဲ့ ...ဘယ်က ကိုတိုးကြီးလဲ''

ပြန်ထွက်လာသော အသံက မိန်းမသံကဲ့သို့ အယောင်ဆောင်ထား သော ယောက်ျားသံကြီး ဖြစ်သည်။

''သြော် ...ပွဲစားတိုးနှောင်မိုးလေ၊ ဒီဖုန်းနံပါတ်ကို ပေးထားလို့''

''သိပြီ သိပြီ ...ငတိုးက ဒီဖုန်းမကိုင်တော့ဘူး ...ဟဲ့''

''ဟင် ...ဒါဆို သူက ဘာပြောင်းကိုင်နေလို့လဲ''

''သူလား ...ဂွင်ကြီးတစ်ဂွင်မိထားလို့ဆိုတား၊ ခု ငါးသိန်းဖုန်း ဝယ်ကိုင်ထားတယ်''

''ဒီလိုလား ...ဟုတ်မယ် ဟုတ်မယ်၊ ဟိုတစ်လောက သူနဲ့တွေ့  တော့ အလုပ်တွေ ပါးလို့ ဂွင်ဝေးနေတာ ကြာပြီလို့တော့ ပြောတာပဲ၊ ဒါနဲ့ ခုကိုင်ထားတဲ့ နံပါတ်က ဘာတဲ့လဲ''

ဖုန်းနံပါတ်တစ်ခုကို ရွတ်ပြလာသည်။ ထိုအသံရှင်ကို အခြောက် ကြီးဟု မင်းဟန် စိတ်ထဲမှ မညှာမတာ စွပ်စွဲလိုက်ရင်း ...

''ဒါနဲ့ ...ခင်ဗျားနာမည် က''

''ငါ့နာမည် လား ...နတ်ကတော် ဇော်ဖြိုးတဲ့''

''သြော်''

♥ ♥ ♥


အခန်း (၄)

''ဆရာလေးပါလား၊ လာပါဗျာ ...ကြွပါ ကြွပါ''

သီလရှင်တစ်ပါးပါးကို အလှူထည့်ချင်လွန်းသဖြင့် လှမ်းပြောလိုက် သော အသံလုံးလုံးမဟုတ်ပါ။ မင်းဟန်၏ လက်ထဲ၌ စာမူပါ,မပါဆိုသည်ကို ပြောင်ပြောင်တင်းတင်း ကြည့်လိုက်ပြီးမှ ဦးအောင်စိုး အပြုံးကြီးဖြင့် ပြော လိုက်ခြင်းသာ ဖြစ်သည်။

မင်းဟန်က ...

''ဟုတ်ကဲ့ဗျ ...ဒီမှာ စာမူပြီးသွားလို့ လာအပ်တာ''

''အေး ...ကောင်းတယ်၊ ကောင်းတယ်''

ထိုသို့ ပြောရင်း စာမူကြမ်းကို လှိုက်လှိုက်လှဲလှဲ လက်ခံယူပါသည်။ မင်းဟန်ကလည်း တည်ကြည်သော အသွင်ဖြင့် သန္တရသပါသော စကားကို ပြန်ဆိုလိုက်၏ ။

''ဦး ကောင်းပြီးရင် ကျွန်တော့် ကိုလည်း ကောင်းကျိုးလေးတွေ ပြန်မျှဝေဦးလေ''

''ဟေ ...ဘာလဲဟ''

အရေး ထဲမှာ ဒင်းက အတိတ်မေ့သလို ရွှေပျောက်သလို ပုံစံဖမ်းကာ မသိချင်ယောင်ဆောင်နေသေးသည်။ အံမယ် အံမယ် ...ရုပ်ကြီးက ... ရုပ်ကြီးက ဆိုပြီး ပြန်ပြောလိုက်ရလျှင်ပင် မကောင်း။ ထိုကြောင့် လိုရင်းကိုပဲ ပြတ်ပြတ် သားသား ပြန်ပြောပစ်လိုက်၏ ။

''သြော် ...ဟိုတစ်ခါ ဦးနဲ့ ဖုန်းပြောတုန်းက အခန်းပြောင်းဖို့ ပိုက်ဆံလိုတယ်ဆိုပြီး ငွေထုတ်ဖို့ ပြောထားတယ်လေ၊ အဲဒါလေး''

''သြော် ...အဲဒါလား''

အသံက နေထိပန်းလို ညှိုးနွမ်းသွားသည်။ သူ ပန်းညှိုးတာက အရေး မကြီး။ ကိုယ် ပန်းမသေ ...အဲလေ ကိုယ် ပန်းလို လန်းနေဖို့က အရေး ကြီးသည်။ ဒါမှပဲ စာကောင်းကောင်းရေး နိုင်မည် လေ။

ခုလည်း ဦးအောင်စိုးသည် ထုတ်ဝေသူကောင်းပီသစွာ သူ့စာရေး ဆရာ၏ နေရေး ၊ စာရေး အဆင်မပြေ ဖြစ်မှာ ကို အလွန်တရာမှ စိုးရိမ်ပူပန် သော မျက်နှာပေးဖြင့် ပိုက်ဆံတစ်ထပ်အား အံဆွဲထဲမှ ထုတ်ယူကာ တုန် ယင်သည့် လက်အစုံနှင့် လှမ်းပေးလာလျက် ...

''ကဲ ဆရာလေး ...ရော့ ရော့ ...စစ်ကြည့်လိုက်ဦး''

''ဟုတ် ...ကျေးဇူးပါပဲဦး''

ပိုက်ဆံစစ်ပြီး ကျန်းမာရေး မကောင်းသော စာအုပ်ဈေးကွက် အကြောင်း စကားအနည်းငယ်ပြောကာ ပြန်လာခဲ့လိုက်သည်။

လက်ရှိနေနေသော အခန်းကို တန်းပြန်ခဲ့ခြင်းတော့မဟုတ်။ ရန်ကုန် မြို့လယ်က ကွန်ဒိုတိုက်ခန်းရှစ်လွှာတွင် ရှိသော သူငယ်ချင်းစိုးသူရဆီ ခဏဝင် လိုက်သေးသည်။ သူ့အိမ်တော့မဟုတ်။ အလုပ်လုပ်နေသည့် ကုမ္ပဏီရုံးခန်း ဖြစ်သည်။

ဖြစ်ချင်တော့ စိုးသူရက ဒီနေ့မှ ရုံးမတက်ချေ။ ခွင့်ယူထားသည်ဟု ဆိုသည်။ ရုံးခန်းရှိရာ ရှစ်လွှာသို့ ဓာတ်လှေကားဖြင့် တက်ခဲ့၍ သာ တော် သေး ၏ ။ ဝေါ့ကင်း (Walking) သာဆိုလျှင် စားသာမည် မဟုတ်။ ခု ဒင်းမရှိဘူး ဆိုတော့လည်း ဓာတ်လှေကားနှင့် ပင် ပြန်ဆင်းလာခဲ့လိုက်၏ ။

ရှစ်လွှာမှ တစ်ယောက် တည်းဆင်းလာရင်း ခြောက်လွှာအရောက် မှာ ပဲ ဓာတ်လှေကားက တုံ့ခနဲရပ်ကာ ခလုတ်မနှိပ်ရပါဘဲ တံခါး အလိုလို ပွင့်သွားသည်။ ခြောက်ထပ်မှ တစ်ယောက် ယောက် တားစီးတာပဲဟူသော အတွေးဖြင့် ဝင်လာသူကို လှမ်းကြည့်မိ၏ ။

''ဟင်''

အံ့သြမှု တွေ မျက်တောင်တဖျပ်ဖျပ်ခတ်သွားသလို ခံစားလိုက် ရသည်။ တွေ့ ပြန်လေပြီ။ ဟိုတစ်ခါ သန်လျင်သင်္ချိုင်းကို ကားငှား၍ စူပါ ၏ ကားနှင့် လိုက်ပို့ဖူးသော ကောင်မလေး။

ခုလည်း ဓာတ်လှေကားထဲမှာ ရှိနေသော မင်းဟန်ကို သတိထားမိပုံ မပေါ်ချေ။ သူ့လက်ထဲမှာ ကိုင်ထားသည့် ဖိုင်ထဲမှ စာရွက်စာတမ်းများ ကိုသာ အရေး တကြီး ငုံ့ကာ ဖတ်နေသည်။

နှုတ်ဆက်လိုက်ရင် ကောင်းမလားဟု မင်းဟန် စဉ်းစားမိသေး သည်။ သို့ သော်လည်း ချီတုံချတုံ ဖြစ်နေမိ၏ ။ တော် ကြာ နှုတ်ဆက်လိုက်မှ ဒင်းက မမှတ်မိဘဲ ဘာကြောင်တာလဲ ဘာညာဟု ပြန်ဆိုလာလျှင် သွားပြီ။

ထိုသို့ တွေးနေချိန်မှာ ပဲ ဓာတ်လှေကားက အောက်ဘက်ကို နိမ့် ဆင်းသွား၏ ။ ဆင်းဆို အတက်ခရီးမှ မဟုတ်သည်ကိုး။

ဆင်းလာရင်း ငါးထပ်၊ လေးထပ်ကိုကျော်လွန်ပြီး သုံးထပ်မရောက် ခင် စပ်ကြားမှာ ပဲ ...

'ကျွိ'

''ဟာ''

''ဟင်''

ရုတ်တရက် မီးပြတ်ပြီး ဓာတ်လှေကား ရပ်သွားခြင်း ဖြစ်သည်။ အထဲမှာ မှော င်မည်းသွားသည်မို့ နှစ် ယောက် စလုံး အာမေဍိတ်ကိုယ်စီ ရေရွတ် မိလိုက်ကြ၏ ။

ဘာလုပ်ရမည် ကို မင်းဟန် စဉ်းစားနေချိန်မှာ ပဲ ...

''ဒီမှာ ရှင့် ...အထဲမှာ လူရှိတယ်မဟုတ်လား ...ဟင်''

တိမ်တိမ်တုန်တုန်ထွက်လာသော အသံလေး ဖြစ်သည်။ သူ့အမေး ကြောင့် မင်းဟန် ရယ်ချင်သွားမိပြီး ...

''ရှိပါတယ်၊ အထဲမှာ လူရှိလားလို့ မေးရအောင် ခင်ဗျားက အပြင် မှာ ကြောင့် လား''

''အိုး ...ကျွန်မလည်း အထဲမှာ ပိတ်မိနေလို့ပေါ့ရှင်''

''ဟင် ...ဒါဆို ကျွန်တော် တို့နှစ် ယောက် တည်းပေါ့၊ ဒါဆို အတော် ပဲ''

''ရှင်နော် ...အဲဒါက ဘာစကားလဲ''

''သြော် ...အဖော်ရတာ ပေါ့လို့''

''အရေး ထဲမှာ ...ဒါနဲ့ ဒီအထဲက ဘယ်လိုထွက်ကြမလဲ ...လို့''

''စဉ်းစားနေတုန်းပဲ၊ အင်း ...မီးပြန်လာမှပဲ ထွက်လို့ရတော့မယ် နဲ့တူတယ်''

''ဒုက္ခပါပဲ''

ညည်းသံလေးကြောင့် မင်းဟန်က ...

''မတတ်နိုင်ဘူးလေ၊ အန္တရာယ်တော့ မရှိနိုင်ပါဘူး''

''အာ ...ကျွန်မ ကြောက်တယ်ရှင့်''

''ဘာကိုကြောက်တာလဲ''

''အထဲမှာ က မှော င်နေတာကိုး၊ ပြီးတော့ ...''

''ဘာလဲ ...ကျွန်တော့် ကိုလား၊ မကြောက်ပါနဲ့ဗျာ၊ ခင်ဗျားလေးကို ကျွန်တော် သိပါတယ်''

''ဘာ ...ဘယ်လို ...ဘယ်လို''

''အဲ ...ခဏလေး ဟုတ်ပြီ''

ပြောပြောဆိုဆိုပင် မင်းဟန်က အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ဖွင့် လိုက်သည်။ ရုတ်တရက် ဖုန်းမှ မီးက ဖျတ်ခနဲလင်းလာသဖြင့် ...

''အမယ်လေး ...ဘာ ...ဘာကြီးလဲ''

''ဟာ ...ဖုန်းပါဗျ၊ ခင်ဗျားလေးကလည်း အသည်းက ပါးလိုက် တာ၊ ခဏလေး''

ပြောရင်း စိုးသူရတို့ကုမ္ပဏီဖုန်းကို လှမ်းခေါ်လိုက်သည်။

''ဟဲလို ...ဟုတ်ကဲ့၊ ကျွန်တော် တို့ ခုနက မီးပြတ်သွားတော့ ဓာတ်လှေကားထဲမှာ ပိတ်မိနေလို့၊ အဲဒါ တာဝန်ခံကို လှမ်းပြောပေးပါလား''

''...''

''ဟုတ်တယ်၊ လေးလွှာနဲ့သုံးလွှာကြားမှာ ဗျ''

''...''

''ဘယ်သူပါသေးလဲ ...ဟုတ်လား ...ပါတယ် ပါတယ်၊ ဟုတ်ကဲ့ အမျိုးသမီးပါ''

''...''

''ဗျာ ...ဟုတ် ...ဟုတ် ကျေးဇူးပါပဲ''

ဖုန်းချလိုက်ချိန်မှာ ပဲ ...

''ဒီမှာ ...ရှင် ဘယ်လိုပြောလိုက်တာလဲ၊ လူကိုများ အမျိုးသမီးပါ ...တဲ့၊ ရှင်နော်''

''ရော် ...ခက်တော့တာပဲ၊ ခင်ဗျားက အမျိုးသားမို့လို့လား၊ နှစ် ယောက် စလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ လိုရာဆွဲပြီး တောင်တွေးမြောက် တွေးတွေ မတွေးစမ်းပါနဲ့ဗျာ''

''အလိုတော် ...ရှင်ကများ ''

''ကဲပါ ...ရန်တွေ့ ချင်ရင်လည်း အပြင်ရောက်မှတွေ့ တော့၊ ခု အပေါ်ထပ်က ကုမ္ပဏီကို လှမ်းပြောထားပြီးပြီ၊ အဲဒီ ကနေ ဒီအဆောက်အဦ က တာဝန်ရှိသူတွေ ကို မီးစက်နှိုးဖို့ ချက်ချင်း လှမ်းပြောပေးလိမ့်မယ် ... ဟော''

ဖျတ်ခနဲ မီးပြန်လင်းလာခြင်း ဖြစ်သည်။ ဓာတ်လှေကားက သိမ့်ခနဲ တစ်ချက်လှုပ်သွားပြီး ပုံမှန်အတိုင်း ပြန်ဆင်းသွားလေ၏ ။

ထိုအခါမှ ဒင်းကလေးက မင်းဟန်ကို တစ်ချက်စူးစိုက်ကြည့်ရင်း

''ရှင် ...ရှင် ...ဟို ...ဟို''

''ဟုတ်ပါတယ်၊ ဟိုတစ်ရက်က သန်လျင်က သင်္ချိုင်းကို သွားတော့ ခင်ဗျားလေး ကျွန်တော့် ကားကို ငှားစီးခဲ့တာလေ''

''သြော် ...ဟုတ်ပါရဲ့ ၊ မှတ် ...မှတ်မိပြီ၊ အဲဆို ရှင်က ကျွန်မ ဝင်လာကတည်းက မှတ်မိနေတာပေါ့''

အပြုံးပါးပါးနှင့် ပြန်ပြောလာသော သူ့ကို မင်းဟန်က ခေါင်းညိတ် ပြပြီး ...

''ဟုတ်တယ်၊ ခုနကလည်း ခင်ဗျား ကြောက်တတ်မှန်းသိတော့ ကြောက်စိတ်မဝင်အောင် နောက်သလို ပြောလိုက်တာ''

''ကျေးဇူးပါပဲ၊ ခုလည်း ရှင် ဖုန်းဆက်ဖို့ စဉ်းစားမိလို့သာပေါ့၊ မဟုတ်ရင် ဘယ်လောက်ကြာဦးမယ် မသိဘူး''

''ရပါတယ်ဗျာ၊ သြော် ...ကျွန်တော့် နာမည် မင်းဟန်ပါ''

''ဟုတ်ကဲ့ ...ကျွန်မက''

နာမည် ပြောခါနီး မှပဲ အောက်ဆုံးထပ်ရောက်သွား၍ တံခါးပွင့်သွား ခြင်း ဖြစ်သည်။ နှစ် ယောက် သားစကားပြတ်သွားကြပြီး ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်သယ်ကာ အပြင်ထွက်လိုက်ကြ၏ ။

အပြင်ရောက်တော့လည်း စကားပြန်မပြော ဖြစ်ကြသေးချေ။ ခြေလှမ်းငါးလှမ်းစာလောက် လှမ်းပြီးသည်အထိ မိန်းကလေးပီပီ သူ့ဘက်က များ စကားအရင် စ,လာမလားဟု မ ဖြစ်နိုင်တာကိုတွေးရင်း မင်းဟန် စောင့် နေမိသေးသည်။

သို့ သော်လည်း ...

ဘာစကားမှထွက်မလာသည်မို့ နောက်ထပ်ခြေလှမ်း လေးလှမ်းခွဲ လှမ်းပြီးချိန်မှာ တော့ မင်းဟန်လည်း မနေနိုင်တော့ဘဲ ...

''ဒီမှာ ...ခုနက မိတ်ဆက်တာ နာမည် ပြန်မပြောရသေးဘူးနော်''

မျက်ဝန်းနက်နက်ကလေးက ဆတ်ခနဲ ရောက်လာသည်။ ပြီး မပွင့်တပွင့်လေးပြုံး၍ ...

''သြော် ...ဟုတ်သားပဲ၊ ကျွန်မနာမည် က မြူမြူပါ''

''ဗျာ ...မြူမြူ ...ဟုတ်လား''

မပြယ်သေးသော အပြုံးလေးနှင့် ခေါင်းလေးညိတ်ပြလာ၏ ။

မင်းဟန်က တစ်လှမ်းထပ်တိုးလိုက်ပြန်၏ ။ (ခြေလှမ်းရော စကားပါ နှစ် ခုစလုံး)

''ဒါနဲ့ ...မြူမြူ အချိန်ရရင် အအေးတစ်ခုခု လိုက်သောက်ပါ လား၊ မိတ် ဖြစ် ဆွေ ဖြစ်ပေါ့၊ ရာသီကလည်း အိုက်စပ်စပ်နဲ့ဆိုတော့လေ''

ပြောရင်း မသိမသာလေးကြည့်လိုက်တော့ မြူမြူမျက်ခုံးလေး ပင့်လိုက်သည်ကို တွေ့ လိုက်ရ၏ ။

ငါများ မှားသွားပြီလားဟု မင်းဟန်က ပို့(စ်)မော်ဒန်ခေတ်ထဲမှာ လုံးဝမတွေးပါ။ ခေတ်ကြီးကိုက အရွေ့ခေတ်၊ မြန်နှုန်းမြင့်ခေတ် ဖြစ်နေတာ ကြာပြီ။ ထိုကဲ့သို့ မြူမြူဘက်ကလည်း ဆယ့်ကိုးရာစုလောက်က ဣနြေ္ဒ မျိုးဖြင့် မငြင်းပါချေ။

''သွားလေ ...ဒီအနားက နီးစပ်ရာ ဆိုင်တစ်ဆိုင်မှာ ထိုင်ကြတာ ပေါ့''

ထိုစကားကြောင့် မင်းဟန် တစ်ယောက် စိတ်ထဲမှာ ကျိတ်ပြီး တိတ် တိတ်ကလေး ပြုံးမိလိုက်သည်။

တစ်ဆက်တည်း နီးစပ်ရာဆိုင်ကိုလည်း မျက်စိဝေ့ရင်း ရှာလိုက်၏ ။

♥ ♥ ♥


အခန်း (၅)

''ဒါနဲ့ ...ရှင်က ဒီနေ့ ကားမထွက်ဘူးလား''

အအေးဖန်ခွက်ထဲ ပိုက်ကလေးထည့်မွှေနေရင်းက မြူမြူ မေး လိုက်ခြင်း ဖြစ်သည်။

မင်းဟန်က ခပ်ဟဟရယ်ရင်း အအေးတစ်ကျိုက်မော့သောက်လိုက် ပြီးမှ

''မြူမြူက ကျွန်တော့် ကို တက်စီမောင်းတဲ့လူလို့ ထင်နေတာကိုး''

''ဟင် ...ရှင်က ကားဆရာ မဟုတ်လား''

''ဘယ်ကလာ ...ကားဆရာလည်း မဟုတ်ဘူး၊ ဆရာကားလည်း မဟုတ်ဘူး''

မြူမြူက မရယ်ဘဲ မျက်မှော င်လေးကို မသိမသာကြုတ်ရင်း ...

''ဒါ ...ဒါဆို ...အဲဒီ နေ့က ...''

''ဟုတ်တယ်၊ ကျွန်တော့် သူငယ်ချင်းရဲ့ ကားကို သွားစရာရှိလို့ ခဏ ယူလာတာဗျ၊ လမ်းမှာ မြူမြူက တက်စီလို့ထင်ပြီးတားလိုက်တာ''

''ဟင် ...အဲလိုကြီးလား၊ အားနာလိုက်တာ၊ ကျွန်မက တကယ့် ကားဆရာမှတ်လို့''

''ဘာအားနာစရာရှိလဲဗျာ၊ ကျွန်တော် မောင်းလာတဲ့ကားကလည်း တက်စီဆိုင်းဘုတ်တပ်ထားတာလေ၊ ပြီးတော့ မြူမြူဘက်ကလည်း အလ ကားစီးတာမှ မဟုတ်တာ၊ တန်ရာတန်ကြေးပေးခဲ့တာပဲ''

စကားအဆုံးမှာ မြူမြူက ရှက်ပြုံးမပွင့်တပွင့်နှင့် ...

''ဟုတ်တော့ ဟုတ်ပါတယ်၊ ဟိုလေ ...အဲဒီ နေ့က ကြောက်လို့ ရှင့်ကို သင်္ချိုင်းထဲကို အဖော်ခေါ်ခဲ့တာကို တွေးပြီး ပြန်အားနာမိလို့ပါ''

''ကဲပါဗျာ ...လိုအပ်လို့ ကူညီတာပဲ''

''အဟင်း ...တိုက်တိုက်ဆိုင်ဆိုင်နော်၊ ခုလည်း ရှင် ကူညီရပြန် ပြီ''

''ဒါ ကတော့ မြူမြူနဲ့ ကျွန်တော် က ထပ်တွေ့ ဖို့ ရေစက်ပါလာ လို့ ဖြစ်မှာ ပေါ့''

ရေစက်ဆိုသည့်စကားကို တမင်ရွေးပြီး သုံးလိုက်ခြင်း ဖြစ်သည်။ သို့ သော်လည်း မြူမြူ့မျက်နှာပေါ်မှာ တော့ ဘာမှထူးထူးခြားခြား ပြောင်းလဲ သွားခြင်းမရှိချေ။ နှစ် ကြိမ်ဆုံဖူးပေမယ့် ခုမှ တစ်ယောက် နာမည် တစ်ယောက် သိပြီး စ,ခင်ရတာ ကြောင့် လည်း ဖြစ်မည် ။

မင်းဟန်စိတ်ထဲမှာ တော့ ခုလို မြူမြူနှင့် စကားပြောနေရခြင်းကို ပင် ကြည်နူးသလို ခံစားနေရ၏ ။ ထပ်လည်း ဆုံချင်နေသေးသည်က အမှန် ပင်။

သို့ သော်လည်း ...

ခုမှ စခင်ရသည်မို့ နေရပ်လိပ်စာတွေ ၊ ဖုန်းနံပါတ်တွေ တောင်းဖို့ ဆိုတာကလည်း ဘယ်လိုမှမကောင်းချေ။

ဘယ်လိုလုပ်ရင်ကောင်းမလဲဟု မချင့်မရဲတွေးနေမိ၏ ။ စဉ်းစားရင်း ပင် ဒီအတိုင်း စကားမပြောဘဲ ငြိမ်နေပါက ခုနက စိုပြေနေသော ဆက်ဆံ ရေး လေး အရည်ကျဲသွားမှာ ကိုလည်း စိုးရိမ်လာပြန်သဖြင့် စကားမရှိ စကား ရှာလိုက်ပြီး ...

''ဒါနဲ့ ...မြူမြူက ဒီကို အလုပ်ကိစ္စနဲ့လာတာလား၊ ဟိုလေ လက်ထဲမှာ လည်း ဖိုင်တွေ နဲ့၊ ပြီးတော့ ခုနက ကွန်ဒိုမှာ လည်း ကုမ္ပဏီရုံးခန်း တွေ တော် တော် များ ရှိတယ်ဆိုတော့ မေးကြည့်တာ''

မြူမြူက ယဲ့ယဲ့လေး အရင်ပြုံးလိုက်သည်။ ပြီးမှ ...

''အလုပ်ကိစ္စပဲဆိုပါတော့၊ ဒါပေမဲ့ အလုပ်လာဆင်းတာမျိုးတော့ မဟုတ်ဘူး''

''ဟင် ...ဒါဆို ဒီကို နေ့တိုင်းတော့ လာ ဖြစ်တာပေါ့၊ ဒီလိုလား''

စပ်စုနေသော မင်းဟန်ကို မြူမြူက မသိမသာလေး စွေကြည့်လာ သည်။ အကြည့်ကို ရိပ်မိသွားသော မင်းဟန်က ချက်ချင်း ပင် ပျာပျာသလဲ ဟန်ဖြင့် ...

''ဟို ...ဟိုလေ ...ကျွန်တော် မေးတယ်ဆိုတာက ...ကျွန် ...ကျွန်တော် လည်း ဒီကွန်ဒိုထဲက ကုမ္ပဏီတစ်ခုမှာ လုပ်တာမို့လို့ပါ၊ အရင် က မြူမြူကို မတွေ့ မိလို့''

''ဟင် ...ဘာမှလည်း မပြောရသေးပါလား''

ပြုံးထေ့ထေ့ဟန်ကလေးနှင့် ပြောလာသော ကြောင့် မင်းဟန် ဟီးခနဲ ရှက်ရယ်ရယ်လိုက်မိသည်။ တစ်ဆက်တည်းမှာ ပင် ထိုကွန်ဒိုထဲက ကုမ္ပဏီ တစ်ခုမှာ လုပ်နေသော ဝန်ထမ်းဟု ပြောလိုက်မိသည့် ကိုယ့်ကိုယ်ကိုယ် လည်း ကျေးဇူးတင်မိသွား၏ ။ စာရေး ဆရာဦးနှောက်ဆိုတော့လည်း မသိ စိတ်က ချက်ချင်း ပင် ဇာတ်လမ်းဆင်မိသွားသည်လား မပြောတတ်ချေ။

မည် သို့ ပင် ဖြစ်စေ ...

မြူမြူဘက် ကတော့ ရိပ်မိဟန်မရှိ။ စကားပင် အေးအေးဆေး ဆေး ပြန်ပြောလာသည်။

''ဟုတ်မှာ ပါ၊ ကျွန်မက ဒီခြောက်လွှာက ရုံးခန်းတစ်ခုကို မနက်ပိုင်း လာလာနေတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်၊ အလုပ်ကိစ္စတစ်ခု မပြတ် သေးလို့လေ၊ အင်း ...ဒါပေမဲ့ ရှေ့တစ်ပတ်ဆယ်ရက်လောက်ဆိုရင်တော့ ပြီးပါပြီ''

''သြော်''

နှမြောသလိုလိုပင် ဖြစ်ရသေးတော့၏ ။ ချက်ချင်း ပင် မြူမြူနှင့် ထပ် တွေ့ ဆုံနိုင်ရန် အခြေအနေတစ်ခုကို စဉ်းစားမိလိုက်ပြီး ...

''အင်းလေ ...ဘာပဲ ဖြစ် ဖြစ်ပေါ့၊ ခုလို မြူမြူနဲ့ အမှတ်မထင် ဆုံတွေ့ ပြီး သိကျွမ်းခင်မင်ရတာ ကိုတော့ ဝမ်းသာပါတယ်''

''အင်းနော် ...တကယ့်ကို အမှတ်မထင်လို့ ပြောရမယ်''

စကားအဆုံးမှာ မင်းဟန်က အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ထုတ် ကာ သူ့ဖုန်းနံပါတ်ကို ခပ်သွက်သွက်ချရေး လိုက်ရင်း ...

''ရော့ မြူမြူ ...ဒါ ကျွန်တော့် ဖုန်းနံပါတ်ပါ၊ ဒီကို အလုပ်ကိစ္စနဲ့ လာနေသေးတဲ့ ကာလမှာ ပဲ ဖြစ် ဖြစ်၊ တခြားအချိန်တွေ မှာ ပဲ ဖြစ် ဖြစ် အကူအညီ လိုရင် ခေါ်လိုက်ပေါ့''

မြူမြူက လှမ်းယူလိုက်ကာ ...

''အဟင်း ...ကျွန်မတော့ ဒီရက်ပိုင်း ကံကောင်းနေပါလား၊ အကူအညီပေးမယ့်သူတွေ နဲ့ ခဏခဏ ဆုံနေရလို့''

''ဒါ ကတော့ မြူမြူ စိတ်ထားကောင်းလို့ ဖြစ်မှာ ပေါ့၊ ပြီးတော့ မြူမြူက မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ပုံစံနဲ့လည်း ပြည့်စုံတာကိုး''

''အာ ပြောတော့မယ် ...ဒီနေ့ အအေးဖိုးကို ကျွန်မ ရှင်းမှာ ပါ နော်''

ရှက်သွေး ကပိုကရိုနှင့် တိုးတိုးလေးဆိုလာသည်။ တော် ကီ ထပ် ကြွယ်ချင်သေးသော်လည်း မြူမြူက အအေးဖိုးရှင်းကာ ပြန်တော့မည့် ပုံစံ ပေါက်နေ၍ ဘရိတ်အုပ်လိုက်ရသည်။

ပြီး နှစ် ယောက် သား ထ,ကာ လမ်းမအစပ်ဆီသို့ လျှောက်လာခဲ့ ကြသည်။ ထိုအချိန်မှာ ပဲ မောင်းလာသော တက်စီတစ်စီးကို မြူမြူက ဆတ်ခနဲ လှမ်းတားရင်း ဈေးပင်မမေးဘဲ ကားနောက်ခန်းထဲ ဝင်ထိုင်လိုက် ကာ ...

''ကဲ ...ကိုမင်းဟန် သွားပြီနော်''

''ဟုတ်ကဲ့ ...ဟို ...ဖုန်း ...ဖုန်း''

ဖုန်းဆက်နော်ဟု ပြောမည့် စကားက မဆုံးလိုက်။ ကားက မောင်း ထွက်သွားလေပြီ။

ဘာပဲ ဖြစ် ဖြစ် ဒီနေ့အဖို့ မြူမြူနှင့် ပတ်သက်လိုက်ရသော ဆက်ဆံ ရေး ကို ပြန်စဉ်းစားကာ ကျေနပ်နေပြီးမှ တစ်ခုခုလိုနေသည်ဟု သတိရလိုက် ပြီး ...

''ဟာ''

သွားပြီ။ ဟုတ်သည်ပဲ။ ကိုယ်ကသာ ဖုန်းနံပါတ် ပေးလိုက် မိပြီး သူနှင့် ပတ်သက်သမျှကိုတော့ ဘာတစ်ခုမှ မေးမထားမိလိုက်ရ။

စိတ်ထဲမှာ လည်း ဆန့်တငံ့ငံ့ကြီး ဖြစ်သွားရပြီး ...

သြော် ...မင်းဟန်, မင်းဟန် ...မင်းဆိုတဲ့ကောင်ဟာ မိန်း ကလေးတွေ ပတ်သက်လာရင် အဲဒီ လောက်တောင် အကွက်စေ့လွန်းလို့ အချစ်ဝတ္ထုတွေ မရေး တတ်တာ ခုလက်တွေ့ ပဲ ဟူ၍ ...။

နောက် တစ်ကြိမ် ပြန်ဆုံဖို့ဆိုတာကလည်း ကံကြမ္မာကို အားကိုး ၍ မ ဖြစ်နိုင်မှန်း မင်းဟန် ရှင်းရှင်းကြီး သိလိုက်ရလေပြီ။

ထိုသို့ ဖြင့် ...ပေါ့။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ အမုန်းမဲ့ဇုန် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


PS. I Love U

Graffiti ခက်ဆစ်

သူစိမ်းတွေ မရှိတဲ့ ကမ္ဘာ