Cover

အခန်း (၁)

ကျွန်တော် တို့ကမ္ဘာမှာ . . .
သူစိမ်းတွေ မရှိဘူး။
ရှိရင်လည်း အဲဒါဟာ
အရင်းနှီးဆုံးသူစိမ်းတွေ ပါပဲ။

*


အခန်း (၁)

¯ဝါကာ xxx ဝါကာ xxx ဟေး xxx ဟေး¯

မည် သည့်မည် သို့ ဖြစ်သည်တော့မသိချေ။ သေချာတာတစ်ခုက တော့ ဝါကာဝါကာသီချင်းကို အားရပါးရဆိုပြီး ကနေသော ရှာကီရာအား သူ့ရှေ့မှာ အရှင်လတ်လတ်ကြီး မြင်တွေ့ နေရခြင်း ဖြစ်သည်။

ဘယ်လို ဖြစ်တာလဲ။ ကိုလံဘီယာသူ ရှာကီရာ သူ့ဆီကို ဘယ်လို ရောက်လာတာလဲ။ သူ မသိ။

မည် သို့ ပင် ဖြစ်စေ ...

ရခဲလှသော အခွင့်ထူးဟုယူဆကာ ရဲခေါင် တစ်ယောက် စိမ်ပြေ နပြေ ကြည့်နေမိသည်။ ဆိုလိုက်စမ်း ...ကလိုက်စမ်းပါ ရှာကီရာပေါ့။

ထိုစဉ် ...

ဘယ်ကဘယ်လို ရောက်ချလာမှန်းမသိသော အာဖဂန်မှ အိုစမာ ဘင်လာဒင်သည် သူ့ရှေ့၌ ဘွားခနဲ ပေါ်လာပြီ။

''သွား ...လူဆိုး''

ထိုသို့ မူနွဲ့နွဲ့ပြောပြီး နဖူးကို လက်ညှိုးကလေးဖြင့် တွန်းလိုက်ရာ

''အား!''

အလန့်တကြား အော်ဟစ်ရင်း ရဲခေါင် အိပ်ပျော်နေရာမှ လန့်နိုး လာရတော့သည်။ ထိုအချိန်မှာ ရှာကီရာရော ဘင်လာဒင်ပါ မရှိတော့။ ခုမှ အိပ်မက်,မက်နေမှန်း သဘောပေါက်သွားသည်။ မျက်လုံးပွတ်ကာ ကိုယ့်ကိုယ်ကိုယ် သဘောကျသလို ရယ်မိတော့၏ ။

သို့ သော်လည်း ရှာကီရာ၏ ဝါကာဝါကာသီချင်းသံက ထွက်ပေါ်နေ ဆဲ။ ထိုသို့ ထွက်ပေါ်နေရသည့်အကြောင်းကလည်း ရှင်းပါသည်။ ရဲခေါင်က သူ့ဟန်းဖုန်းတွင် ရှာကီရာ၏ ဝါကာဝါကာသီချင်းအား ရိန်းတုံး (Ring Tone) အ ဖြစ် ထည့်ထားသော ကြောင့် ဖြစ်လေသည်။

ဖုန်းမကိုင်ခင် နံပါတ်ကို အရင်ကြည့်လိုက်၏ ။ စိတ်ထဲမှာ ထင်ထား သည့်အတိုင်း သူ၏ ထုတ်ဝေသူ ဦးအောင်စိုး။ စိတ်အတော် ညစ်သွားရသည်။ အတွေးထဲမှာ လည်း ဒင်းကြီး ဝတ္တရားမပျက် စာမူတောင်းပြန်လေပြီဟု။

သို့ သော်လည်း မတတ်နိုင်။ စိတ်ကိုလျော့ပြီး ဖုန်းဖွင့်ကိုင်လိုက်ရ သည်။ ချက်ချင်း ပင် ငှက်ဆိုးထိုးသံနီးပါး ဆိုးရွားထည်ဝါလှသည့်အသံကြီးက နားထဲသို့ ဆောင့်ကြီးအောင့်ကြီး တိုးဝင်လာတော့၏ ။

''အေး ...ကိုရဲလား ငါပါကွ၊ ဘယ်လိုလဲ စာမူပြီးပြီလား၊ မင်းတို့ ကောင်တွေ စာမူကို နာနာရေး ထားမှ ဖြစ်မှာ နော်၊ ငါက တစ်လတစ်အုပ် မှန်မှန်လေး ထွက်ချင်တာကွ၊ မြန်မြန်လေး ရေး ပေးစမ်းပါ၊ မင်းတို့မှာ တခြားအလုပ်လည်း ရှိတာမဟုတ်ဘူး၊ ငါဆို စာအုပ်ထုတ်ဝေရေး ကိစ္စနဲ့ စက္ကူရောင်းတဲ့ကိစ္စနဲ့ တစ်ချက်မှ နားတာမဟုတ်ဘူး၊ မနက်ရှစ်နာရီဆိုတာနဲ့ အလုပ်က ရှုပ်နေပြီ''

ရဲခေါင် စိတ်ညစ်သွားသည်။ ထိုဓာတ်ပြားဟောင်းကြီးက ကြားရ တာ များ လွန်း၍ အလွတ်ပင်ရနေလေပြီ။ မနက်ရှစ်နာရီကပဲ အလုပ်ရှုပ်နေ သည့် ဒင်းကြီး။ ညရှစ်နာရီဆိုလျှင် ကာရာအိုကေဆိုင်သို့ ပုံမှန်ရောက် ဖြစ် နေတာလားဟု ပြန်မပြော ဖြစ်တော့။ ထိုကိစ္စက သူနှင့် အပေါင်းပါတွေ ဖြစ် သော ကရင်ကြီးနေစေး၊ ဓမ္မဗျူဟာ ဝင်းတင်၊ ဟာသဝိဇ္ဇာ ကိုသိန်းဇော်၊ သာကေတ အောင်မြင့်နှင့် ထောက်ကြံ့ဇော်ဖြိုးတို့နှင့် သာ ဆိုင်သည်။ ကိုယ်နှင့် လုံးလုံးမပတ်သက်ချေ။

ထိုကြောင့် ပတ်သက်သည့်အကြောင်းကို ပြန်ပြောလိုက်သည်။

''ပြီးတော့မှာ ပါ ဦးရ၊ အဟဲ ...စာရေး ရတာ မလွယ်ဘူးလေ၊ စဉ်းစားရသေးတယ်၊ အရေး အသားကို ထိန်းရသေးတယ်၊ ပြီးမှ ချရေး ရတာ ၊ အချိန်ပေးရသေးတယ်ဗျ''

''အိုကွာ ...တစ်လတစ်အုပ်လောက်တော့ ရေး လို့ပြီးပါတယ်ကွာ''

''သြော် ...ဦးကလည်း အဲဒါ ကတော့ ဘယ်ပြောလို့ရမှာ လဲ၊ ဦး မယုံရင် ကျွန်တော် တို့ ရေး သလို ဝတ္ထုစာအုပ်တစ်အုပ်စာ ဗလာစာအုပ် သုံးအုပ်လောက် 'ဝ' လုံးတွေ ချည်းပဲ ရေး ကြည့်ပါလား''

''ဟာကွာ ...မရေး ချင်ပါဘူး''

''အဲဒါပဲ ဦးရဲ့ ၊ ကျွန်တော် တို့လည်း ရေး တာက ရေး လို့ရတယ်၊ တော် ကြာ ပြီးပြီရော ရေး လိုက်ရင် စာမူက ညံ့တယ်၊ ဘာညာနဲ့ ဦးက အရင်ပြောဦးမှာ ၊ ပြီးတော့ စောင်ရေမတက်လာဘူးလို့ ခိုလို ညည်းဦးမှာ လည်း ဦးပဲ''

တစ်ဖက်က အသံ ခဏတိတ်သွားသည်။ ပြီးမှ ...

''ကဲ ...ကဲ ...တော် ပါတော့ ဆရာလေးရယ်၊ မပြောတော့ပါ ဘူး၊ စာမူပြီးရင်သာ ချက်ချင်း အပ်ပေးပါနော် ...ဟုတ်ပြီလား''

''အပ်မှာ ပါ ...အပ်မှာ ပါ၊ စာမူအပ်ရင်းနဲ့ ဦးကို ပြောစရာလည်း ရှိသေးတယ်ဗျ''

''ဟေ ...ဘာများ လဲ''

''သြော် ...ခု ကျွန်တော် ငှားနေတဲ့တိုက်ခန်းက စာချုပ်ပြည့်ရင် ဆက်မငှားတော့ဘူးတဲ့၊ အခန်းရောင်းတော့မယ် ပြောတာပဲ၊ အဲဒါကြောင့် ခု ကျွန်တော် နေရာအသစ်ရှာရမယ်၊ အဲဒီ အတွက် စပေါ်တင်ဖို့ ငွေလိုမယ်၊ အဲဒါကို ပြောချင်လို့''

''အေးပါကွာ ...စာမူလာအပ်တဲ့အခါကျမှ အဲဒီ ကိစ္စကို ပြောတာ ပေါ့''

အသံက သိသိသာသာပင် ဖျော့ကျသွားသည်။ ထုတ်ဝေသူတွေ များ ငွေရေး ကြေးရေး ကိစ္စ ပြောလိုက်ရင် ဒီအတိုင်းချည်းပဲ။ ရပါသည်။ နားလည်ပေးလိုက် ပါမည် ။ ထိုအတွေးလေးနှင့် ပင် ဖုန်းချပစ်လိုက်၏ ။ ပြီး ...လေပူကြီးကိုလည်း မချိမဆန့် မှု တ်ထုတ်ပစ်လိုက်သည်။

ခုမှ သတိထားမိ၏ ။ စာရေး နေရင်းတန်းလန်းပင် စာရေး စားပွဲ ပေါ်မှာ မျက်နှာအပ်ပြီး အိပ်ပျော်သွားရခြင်း ဖြစ်သည်။ ထိုခဏအချိန်မှာ ပဲ ရှာကီရာ၊ အိုစမာဘင်လာဒင်တို့နှင့် ပတ်သက်လိုက်ရခြင်း ဖြစ်၏ ။

ထားတော့။ စာလည်း လောလောဆယ် ဆက်မရေး ချင်တော့ချေ။ နာရီကို ကြည့်လိုက်တော့လည်း ညနေလေးနာရီကို ငွေ့ငွေ့လေး စွန်းနေ လေပြီ။

ထိုအချိန်မှာ ပဲ အခန်းတံခါးဝမှ ဘဲ(လ်)တီးသံကို ကြားလိုက်ရလေ ၏ ။ အသာထပြီး တံခါးဖွင့်ကြည့်လိုက်တော့ သူငယ်ချင်း ဖြစ်သူ စူပါ (ခေါ်) မြတ်မိုးအိမ်ဆိုသည့်ကောင်။ ရှင်းအောင်ထပ်ပြောရရင် ကဗျာရေး ရင်း တစ် ဖက်တစ်လမ်းမှ ဝင်ငွေရအောင်ဆိုပြီး တက်စီ (အငှားကား) မောင်းစားနေ သည့် လဒ။

ရဲခေါင်က အခန်းထဲဝင်လာသော စူပါကို ခပ်တည်တည်ကြည့်ကာ

''မင်းက ဘယ်လို ဖြစ်လာတာလဲကွ၊ ဒီနေ့ ကားမဆွဲဘူးလား''

စူပါက မျက်မှော င်ကြီးကို ကြုတ်ရင်း ...

''ဆွဲပါတယ် ငရဲရာ၊ ခုတောင် ကား အောက်မှာ ရပ်ထားသေး တယ်၊ ဒီနေ့ စောစောသိမ်းမလားလို့၊ မင်းနဲ့ စကားလေး,ဘာလေး ပြော ရင်း ဘီယာသွားချမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဝင်လာတာကွ''

ရဲခေါင် မျက်ခုံးပင့်လိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် ဒီကောင် နှင့် သူ ဘီယာမသောက် ဖြစ်တာပင် ကြာပြီ။

သို့ သော်လည်း ကိစ္စတစ်ခုကို သတိရမိသွား၍ ...

''အေးလေ ...သောက်တာတော့ သောက်တာပေါ့၊ ငါတောင် မင်းကို မျှော်နေမိတာ၊ မင်းကားလာရင် ငါ စာရေး ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကို မြို့ထဲမှာ သွားဝယ်မယ်ဆိုပြီးတော့လေ''

စကားအဆုံးမှာ စူပါက ခေါင်းကို တဗျဉ်းဗျဉ်းကုတ်လိုက်ပြီး ...

''ဟာကွာ ...တစ်ရက်, တစ်ရက် ကားမောင်းရတာ ညောင်းလွန်း လို့၊ ဝယ်စရာရှိရင်လည်း မင်း ကားယူသွားလိုက်၊ မင်းမှာ လိုင်စင်လည်း ရှိသားပဲ''

ပြောရင်း ကားသော့ ကို လှမ်းပေးလာသည်။ ရဲခေါင်က လှမ်းယူ လိုက်ရင်း ...

''အေးလေ ...ဒါဆိုလည်း အိမ်မှာ မင်း ခဏနားနေဦး၊ ငါ ...ဝယ်စရာရှိတာတွေ ကို သွားဝယ်လိုက်ဦးမယ်၊ ပြန်လာမှ သွားသောက် ကြတာပေါ့''

စူပါက သူ့လက်မှနာရီကို တစ်ချက်ကြည့်လိုက်ပြီးမှ ...

''ပြီးရော ...အချိန်ကလည်း စောပါသေးတယ်၊ ဟေ့ကောင် ...မြန်မြန်တော့ ပြန်လာနော်''

ပြောရင်းပင် ရဲခေါင် စာရေး စားပွဲပေါ်က နောက်ဆုံးထွက်ထားသည့် စာအုပ်ကို လှမ်းယူကြည့်နေသေးသည်။

လှန်လှောကြည့်ရင်းပင် ...

''ဟာ ...ဟေ့ကောင် မင်းထုတ်ဝေသူနာမည် က ဦးအောင်စိုး (မော်လမြိုင်) ကနေ ဘယ်လိုလုပ် နာမည် ပြောင်းသွား တာလဲ၊ ဘာလဲ ...သူက မူးရင် တုန်လို့လား''

''ဟင် ...ဘာ ဖြစ်လို့လဲ''

စူပါက စာအုပ်ကိုလှန်ပြရင်း ...

''ဒီမှာ လေ ...ဦးအောင်စိုး မူးတုန်ဆိုပြီး ရေး ထားတာ မတွေ့  ဘူးလား''

လှမ်းပြသော စာမျက်နှာကို ကြည့်လိုက်ပြီးမှ ...

''ဟာကွာ ...ဦးအောင်စိုး (မုဒုံ) ပါကွ''

တဟားဟားရယ်ရင်း ရဲခေါင် ပြန်ပြောလိုက်မိသည်။ ပြီး ကားသော့  ယူကာ တိုက်ခန်းအောက်သို့ ဆင်းလာခဲ့၏ ။

အောက်ထပ်ရောက်တော့ ကားပေါ်တက်ရင်း ဝယ်နေကျ စာရေး ကိရိယာဆိုင် ဖြစ်သည့် ဘားလမ်းသို့ သွား၍ ကားမောင်းထွက်လိုက်သည်။

ရပ်ကွက်ထဲမှ ထွက်လာပြီး သိပ်မကြာလိုက်ချေ။ လမ်းမကြီးပေါ်သို့ အရောက်မှာ ပဲ ...

''ဟေး ...တက်စီ ...တက်စီ''

''ဟင်''

ကမန်းကတန်း ကားလှမ်းတားနေသည့် ကောင်မလေး တစ်ယောက် ကို တွေ့ လိုက်ရခြင်း ဖြစ်သည်။

ရဲခေါင်က ကိုယ်မောင်းလာတာကလည်း အငှားကားဟူသော စိတ် ဖြင့် ကားကို ရပ်လိုက်ကာ ပြတင်းပေါက်မှ ခေါင်းပြူလျက် ...

''ဒီမှာ ဗျ ...ကားမအားဘူး ...မအား''

စကားပင် မဆုံးလိုက်ချေ။ ကောင်မလေးက ပန်းစည်းတွေ တစ် ပွေ့တစ်ပိုက်နှင့် ကားနောက်ခန်းတံခါးကို ဖွင့်ကာ စွေ့ခနဲ ထိုင်လိုက်ရင်း

''အရေး ကြီးလို့ပါရှင် မောင်းမှာ သာ မောင်းစမ်းပါ၊ တောင်းသ လောက် ပေးပါ့မယ်''

''ဗျာ ...ဘယ် ...ဘယ်ကိုလဲ''

''သန်လျင်က သင်္ချိုင်းကို''

''ဗျာ''

*


အခန်း (၂)

ဒင်းကလေး အရေး တကြီးတောင်းဆိုလို့သာ မောင်းလာခဲ့ရသည်။ သန်လျင်က သင်္ချိုင်းကို ဘာကိစ္စကြောင့် သွားလိုမှန်းလည်း မသိ။

ထားတော့။ အဲဒါက ဒင်းကိစ္စ ဖြစ်သည်။ သို့ သော်လည်း သန်လျင် က သင်္ချိုင်းအရောက်မှာ ပဲ ကိုယ်နှင့် ပတ်သက်လာတော့၏ ။

ဖြစ်ပုံ ကတော့ သင်္ချိုင်းအနီးမှာ ကားကို ရပ်ပေးလိုက် စဉ်မှာ ပဲ ...

''ဒီမှာ ...ရှင် အားရင် ခဏလောက် သင်္ချိုင်းထဲကို လိုက်ပေးပါ လား''

''ဗျာ ...ဘာ ဖြစ်လို့လဲ''

ထိုသို့ မေးလိုက်မှပဲ ဒင်းကလေး ရှက်ကိုးရှက်ကန်း အမူအရာလေး ဖြင့် ...

''အဟီး ...ကျွန်မက ...ကျွန်မအဘိုးရဲ့ အုတ်ဂူကို ကန်တော့ရင်း အမှိုက်တွေ ချုံတွေ ကို လာရှင်းတာရှင့်၊ ဒါပေမဲ့ တစ်ယောက် တည်းဆိုတော့ သင်္ချိုင်းထဲဝင်ရမှာ ကြောက်လို့''

''ဟင် ...မင်းက အရင် တစ်ခါမှ မလာဖူးဘူးလား''

''လာဖူးပါတယ်၊ အရင်အခေါက်တွေ ကတော့ သူငယ်ချင်းတွေ ပါတယ်လေ၊ ခုက တစ်ယောက် တည်း ထွက်လာရတာ လို့''

''သြော်''

ရဲခေါင် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ ပြီး ကောင်မလေး အလိုကျ သင်္ချိုင်းထဲကို အဖော်အ ဖြစ် ဝင်လိုက်သွားပေးလိုက် ၏ ။

သင်္ချိုင်းထဲမှ သူ့အဘိုးအုတ်ဂူဆီရောက်တော့ ယူလာသော ပန်း စည်းလေးကို အုတ်ဂူပေါ်တင်ကာ အနီးအနားပတ်ဝန်းကျင်တွင် သန့်ရှင်းရေး လုပ်လိုက်သေးသည်။

ပြီးမှ ဦးသုံးကြိမ်ချလိုက်ရင်း ရဲခေါင်ဘက်ကိုလှည့်ကာ ...

''ကျေးဇူးပဲနော် ...ခုလို လိုက်လာပေးတာ''

''သြော် ...အင်း ...ရပါတယ်၊ ခု ...ဘယ်ကိုပြန်ပို့ပေးရမှာ လဲ မသိဘူး''

''ရန်ကုန် မြို့ထဲကိုပဲ ပို့ပေးပါ''

''ဟုတ်ပြီလေ''

အပြန်လမ်းရောက်တော့မှ ကောင်မလေး၏ အလှကို သတိထားမိ သည်။ အတော် ကို လှပပြေပြစ်သော ကောင်မလေး ဖြစ်၏ ။

ကားမောင်းနေရင်းမှ ရဲခေါင် စကားမရှိ စကားရှာပြောလိုက်သည်။

''ဒါနဲ့ ...မင်းက သရဲကြောက်တတ်လို့လား''

''ကြောက်တာပေါ့ ...လူပဲ၊ ဒါပေမဲ့ ...အဘိုးအုတ်ဂူကိုတော့ နှစ် လတစ်ကြိမ်လောက် ခုလို သန့်ရှင်းရေး လုပ်ရင်း လာကန်တော့ ဖြစ်ပါ တယ်''

''ဟုတ်လား၊ ကောင်းတာပေါ့၊ ဒါပေမဲ့ ခုလို နေ့ခင်းနေ့လယ်ဘက် ကြီးတော့ ဘယ်သရဲမှ လာချောက်မယ်မထင်ပါဘူးဗျာ''

ရဲခေါင်စကားအဆုံးမှာ ကောင်မလေးက ပခုံးတွန့်လိုက်ရင်း ...

''ချောက်ချောက်မချောက်ချောက်လေ ...ကျွန်မက ကြောက် တတ်တာကိုး၊ ဒါနဲ့ ...ရှင်ရော သရဲတစ္ဆေရှိတယ်ဆိုတာကို အယုံအကြည် မရှိဘူးလား''

ရဲခေါင်က ဟက်ခနဲတစ်ချက် ရယ်လိုက်သည်။ သူ့လို သရဲတစ္ဆေ ဝတ္ထုတွေ ရေး နေသော စာရေး ဆရာကိုမှ လာမေးနေ၍ လည်း ဖြစ်၏ ။ သို့ ပေမယ့်လည်း အမေးရှိနေ၍ ဖြေလိုက်ပါသည်။

''ယုံတာတော့ ယုံပါတယ်ဗျာ၊ အဲဒီ ကိစ္စတွေ က ဘုရားဟောကျမ်း တွေ ထဲမှာ လည်း အတိအကျပါတာပဲဥစ္စာ၊ ဒါပေမဲ့ အပြင်လက်တွေ့ လောက မှာ တော့ တစ်ခါမှ မကြုံဖူးပါဘူး''

''အဟင်း ...ကျွန်မလည်း မကြုံဖူးပါဘူး၊ ဒါပေမဲ့ ကြောက်တာ တော့ ကြောက်တတ်တယ်''

ပြောရင်း ရယ်လိုက်သဖြင့် ရဲခေါင်ပါ ဘာရယ်မဟုတ် လိုက်ရယ် ဖြစ်သည်။ ရန်ကုန်မြို့ထဲရောက်တော့ ကောင်မလေးပြောသည့် မြို့ထဲတစ် နေရာမှာ ပဲ ကားရပ်ပေးလိုက် ၏ ။

ကောင်မလေးက ရဲခေါင်တောင်းသော ကားခကို ဈေးပင်မဆစ်ဘဲ ထုတ်ပေးပြီး ...

''ကျေးဇူးပဲနော် ...ခုလို ကူညီပေးတာ''

''ရပါတယ်၊ အပန်းကြီးတာမှ မဟုတ်ဘဲ''

ထိုသို့ ပြောရင်း လမ်းခွဲခဲ့ရသော်လည်း လှတပတ ကောင်မလေးကို ရဲခေါင် သတိထားမိသွားတာ ကတော့ အမှန်ပင်။

သို့ ပေမယ့် နောက်တစ်ကြိမ် ထိုကြောက်တတ်သော ကောင်မလေး ကို ပြန်ဆုံမည် ဟု လုံးဝမထင်ထားမိခဲ့ပါချေ။

*


အခန်း (၃)

''မင်းကလည်း မြို့ထဲတစ်ခေါက်သွားတာ ကြာလိုက်တာကွာ၊ ဘယ် တွေ များ ဝင်နေလို့လဲ''

ပြန်ရောက်ရောက်ချင်း စူပါက အပြစ်တင်သည့်လေသံနှင့် ပြော လာသည်။

ရဲခေါင်က ကားသော့ ကို ပစ်ပေးရင်း ...

''မပြောချင်တော့ပါဘူးကွာ၊ သွားတုန်း ကတော့ မြို့ထဲကိုပါပဲ၊ ဒါပေမဲ့ ...မင်းကားက တက်စီဆိုင်းဘုတ်တပ်ထားတော့ ပါစင်ဂျာနဲ့တွေ့  ပြီး အငှားလိုက်သွားတာ''

''ဟင် ဟုတ်လား၊ ဘယ်ကိုလဲကွ ...ငရဲ''

''သန်လျင်က သင်္ချိုင်းကုန်းကို''

''ဟေ''

စူပါ ပါးစပ်ကြီးပြဲသွားသည်။ ရဲခေါင်က ခပ်ဟဟရယ်ရင်း ...

''မလန့်ပါနဲ့ကွာ၊ ဖြစ်ပုံကို မင်းကို ပြောပြပါ့မယ်၊ ဒီလိုကွ ...''

ထိုသို့ အစချီရင်း ကြုံတွေ့ လာခဲ့သမျှကို ပြန်ပြောပြလိုက်သည်။

စူပါက မျက်နှာကို အမူအရာအမျိုးမျိုးလုပ်ကာ နားထောင်နေပြီး မှ ...

''အောင်မာ ...ဟုတ်လှချည်လား၊ ဒါဆို ကောင်မလေးက အလန်းစားလေးပေါ့ ဟုတ်လား''

ကောင်မလေး၏ ပုံစံကို ပြန်မြင်ယောင်ရင်း အင်းဟု ရဲခေါင် ရဲခေါင် စပ်ဖြီးဖြီး ပြန်ဖြေလိုက်သည်။

စူပါက ...

''ဟေ့ကောင် စာရေး ဆရာ ...ပြန်တွေးပြီး သာယာမနေနဲ့၊ မင်း ရေး တာ အချစ်ဝတ္ထုလည်း မဟုတ်ဘူး၊ သရဲဝတ္ထုရေး တာနော်၊ မင်းအတွက် ဇာတ်လမ်းရမှာ မဟုတ်ဘူး''

''ဘာပဲ ဖြစ် ဖြစ်ပါကွာ၊ ကြောက်တတ်တဲ့ လှတီးလှတကောင်မလေး နဲ့ ခုလို ဆုံခဲ့ရတာ တော့ ငါ့စိတ်ထဲ ကြည်နူးမိတာ အမှန်ပဲ''

''မင်းကွာ ...ကြည်နူးစရာရှားလို့ ကောင်မလေးနဲ့ သင်္ချိုင်းကုန်း သွားရတာ ကိုများ စာဖွဲ့နေသေးတယ်''

ဘာမှပြန်ချေပမနေတော့ဘဲ အသာပြုံးရင်း ရဲခေါင် ငြိမ်နေလိုက် သည်။ ပြီး ...နှစ် ယောက် သား ဘီယာဆိုင်သို့ ချီတက်လိုက်ကြ၏ ။

ဆိုင်ထဲရောက်တော့ ဘီယာကို အရသာခံသောက်နေရင်းမှ စူပါက စကားစလာသည်။

''ဒါနဲ့ မင်း အခန်းပြောင်းမလို့ဆို၊ ရှာနေတာ ရပြီလား''

''အင်း ...ပွဲစားကိုတော့ ရှာခိုင်းထားတာပဲ၊ ခု ...မင်းပြောမှပဲ သတိရတော့တယ်''

''ဟေ ...ဘာကိုလဲကွ''

ပြန်မေးလာသော စူပါ၏ စကားအဆုံးမှာ ရဲခေါင်က အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ရင်း ...

''သြော် ...ပွဲစားက အဲဒီ ကိစ္စကို ဒီနေ့ ဖုန်းဆက်ဖို့ မှာ ထားလို့ လေ''

ပြောရင်းပင် ဖုန်းနံပါတ်တချို့ကို နှိပ်လိုက်ပါသည်။ တူ ...တူဆို သော အသံရှည်နှင့် အတူ ဖုန်းက အသာတကြည်ဝင်သွား၏ ။

ရဲခေါင်က ...

''ဟဲလို ...ကိုတိုးကြီးလား''

''ဟဲ့ ...ဘယ်က ကိုတိုးကြီးလဲ''

ပြန်ထွက်လာသော အသံက မိန်းမသံကဲ့သို့ အယောင်ဆောင်ထား သော ယောက်ျားသံကြီး ဖြစ်သည်။

''သြော် ...ပွဲစားကို တိုးနှောင်မိုးလေ၊ ဒီဖုန်းနံပါတ်ကို ပေးထား လို့''

''သိပြီ သိပြီ ...ငတိုးက ဒီဖုန်းမကိုင်တော့ဘူး ...ဟဲ့''

''ဟင် ...ဒါဆို သူက ဘာပြောင်းကိုင်နေလို့လဲ''

''သူလား ...ဂွင်ကြီးတစ်ဂွင်မိထားလို့ဆိုတား၊ ခု ငါးသိန်းဖုန်း ဝယ်ကိုင်ထားတယ်''

''ဒီလိုလား ...ဟုတ်မယ် ဟုတ်မယ်၊ ဟိုတလောက သူနဲ့တွေ့  တော့ အလုပ်တွေ ပါးလို့ ဂွင်ဝေးနေတာ ကြာပြီလို့တော့ ပြောတာပဲ၊ ဒါနဲ့ ခုကိုင်ထားတဲ့ နံပါတ်က ဘာတဲ့လဲ''

ဖုန်းနံပါတ်တစ်ခုကို ရွတ်ပြလာသည်။ ထိုအသံရှင်ကို အခြောက် ကြီးဟု ရဲခေါင်က စိတ်ထဲမှ မညှာမတာ စွပ်စွဲလိုက်ရင်း ...

''ဒါနဲ့ ...ခင်ဗျားနာမည် က''

''ငါ့နာမည် လား ...နတ်ကတော် ဇော်ဖြိုးတဲ့''

''သြော်''

*


အခန်း (၄)

''ဆရာလေးပါလား၊ လာပါဗျာ ...ကြွပါ ကြွပါ''

သီလရှင်တစ်ပါးပါးကို အလှူထည့်ချင်လွန်းသဖြင့် လှမ်းပြောလိုက် သော အသံလုံးလုံးမဟုတ်ပါ။ ရဲခေါင်၏ လက်ထဲမှာ စာမူပါ,မပါဆိုသည်ကို ပြောင်ပြောင်တင်းတင်း ကြည့်လိုက်ပြီးမှ ဦးအောင်စိုး အပြုံးကြီးဖြင့် ပြော လိုက်ခြင်းသာ ဖြစ်သည်။ အပြုံးကြီး ပြုံးရအောင်သူအပြီး ကျုံးရမည့် စာမူ ကလည်း ရဲခေါင်လက်ထဲမှာ ပါလာသည်ကိုး။

ရဲခေါင်က ...

''ဟုတ်ကဲ့ဗျ ...ဒီမှာ စာမူပြီးသွားလို့ လာအပ်တာ''

''အေး ...ကောင်းတယ်၊ ကောင်းတယ်''

ထိုသို့ ပြောရင်း စာမူကြမ်းကို လှိုက်လှိုက်လှဲလှဲ လက်ခံယူပါသည်။ ရဲခေါင်ကလည်း တည်ကြည်သော အသွင်ဖြင့် သန္တရသပါသော စကားကို ပြန်ဆိုလိုက်၏ ။

''ဦး ကောင်းပြီးရင် ကျွန်တော့် ကိုလည်း ကောင်းကျိုးလေးတွေ ပြန်မျှဝေဦးလေ''

''ဟေ ...ဘာလဲဟ''

အရေး ထဲမှာ ဒင်းက အတိတ်မေ့သလို ရွှေပျောက်သလို ပုံစံဖမ်းကာ မသိချင်ယောင်ဆောင်နေသေးသည်။ အံမယ် ...အံမယ် ရုပ်ကြီးကိုက ဆိုပြီး ပြန်ပြောလိုက်ရလျှင်ပင် မကောင်း။ ထိုကြောင့် လိုရင်းကိုပဲ ပြတ်ပြတ် သားသား ပြန်ပြောပစ်လိုက်၏ ။

''သြော် ...ဟိုတစ်ခါ ဦးနဲ့ ဖုန်းပြောတုန်းက အိမ်ပြောင်းဖို့ ပိုက်ဆံ လိုတယ်ဆိုပြီး ငွေထုတ်ဖို့ ပြောထားတယ်လေ၊ အဲဒါလေး''

''သြော် ...အဲဒါလား''

အသံက နေထိပန်းလို ညှိုးနွမ်းသွားသည်။ သူ ပန်းညှိုးတာက အရေး မကြီး။ ကိုယ် ပန်းမသေ ...အဲလေ ပန်းလို လန်းနေဖို့က အရေး ကြီး သည်။ ဒါမှပဲ စာကောင်းကောင်းရေး နိုင်မည် လေ။

ခုလည်း ဦးအောင်စိုးသည် ထုတ်ဝေသူကောင်းပီသစွာ သူ့စာရေး ဆရာ၏ နေရေး ၊ စာရေး အဆင်မပြေ ဖြစ်မှာ ကို အလွန်တရာမှ စိုးရိမ်ပူပန် သော မျက်နှာပေးဖြင့် ပိုက်ဆံတစ်ထပ်အား အံဆွဲထဲမှ ထုတ်ယူကာ တုန် ယင်သည့် လက်အစုံနှင့် လှမ်းပေးလာလျက် ...

''ကဲ ...ဆရာလေး ရော့ ...ရော့၊ စစ်ကြည့်လိုက်ဦး''

''ဟုတ် ...ကျေးဇူးပါပဲဦး''

ပိုက်ဆံစစ်ပြီး စာအုပ်ဈေးကွက်အကြောင်း စကားအနည်းငယ်ပြော ကာ ပြန်လာခဲ့လိုက်သည်။

လက်ရှိနေနေသော အခန်းကို တန်းပြန်ခဲ့ခြင်းတော့မဟုတ်။ ရန်ကုန် မြို့လယ်ရှိ ကွန်ဒိုတိုက်ခန်းရှစ်လွှာတွင် ရှိသော သူငယ်ချင်းစိုးသူရဆီ ခဏဝင် လိုက်သေးသည်။ သူ့အိမ်တော့မဟုတ်။ အလုပ်လုပ်နေသည့် ကုမ္ပဏီရုံးခန်း ဖြစ်သည်။

ဖြစ်ချင်တော့ စိုးသူရက ဒီနေ့မှ ရုံးမတက်ချေ။ ခွင့်ယူထားသည်ဟု ဆိုသည်။ ရုံးခန်းရှိရာ ရှစ်လွှာသို့ ဓာတ်လှေကားဖြင့် တက်ခဲ့၍ သာ တော် သေး ၏ ။ ဝေါ့ကင်း (Walking) သာဆိုလျှင် စားသာမည် မဟုတ်။ ခု ဒင်းမရှိဘူး ဆိုတော့လည်း ဓာတ်လှေကားနှင့် ပင် ပြန်ဆင်းလာခဲ့လိုက်၏ ။

ရှစ်လွှာမှ တစ်ယောက် တည်းဆင်းလာရင်း ခြောက်လွှာအရောက် မှာ ပဲ ဓာတ်လှေကားက တုံ့ခနဲရပ်ကာ ခလုတ်မနှိပ်ရပါဘဲ တံခါး အလိုလို ပွင့်သွားသည်။ ခြောက်ထပ်မှ တစ်ယောက် ယောက် တားဆီးတာပဲဟူသော အတွေးဖြင့် ဝင်လာသူကို လှမ်းကြည့်မိ၏ ။

''ဟင်''

အံ့သြမှု တွေ က မျက်တောင်တဖျပ်ဖျပ်ခတ်သွားသလို ခံစားလိုက် ရသည်။ တွေ့ ပြန်လေပြီ။ ဟိုတစ်ခါ သန်လျင်သင်္ချိုင်းကို ကားငှား၍ စူပါ ၏ ကားနှင့် လိုက်ပို့ဖူးသော ကောင်မလေး။

ခုလည်း ဓာတ်လှေကားထဲမှာ ရှိနေသော ရဲခေါင်ကို သတိထားမိပုံ မပေါ်ချေ။ သူ့လက်ထဲမှာ ကိုင်ထားသည့် ဖိုင်ထဲမှ စာရွက်စာတမ်းများ ကိုသာ အရေး တကြီး ငုံ့ကာ ဖတ်နေသည်။

နှုတ်ဆက်လိုက်ရင် ကောင်းမလားဟု ရဲခေါင် စဉ်းစားမိသေးသည်။ သို့ သော်လည်း ချီတုံချတုံ ဖြစ်နေမိ၏ ။ တော် ကြာ နှုတ်ဆက်လိုက်မှ ဒင်းက မမှတ်မိဘဲ ဘာကြောင်တာလဲ ဘာညာဆိုရင် သွားပြီ။

ထိုသို့ တွေးနေချိန်မှာ ပဲ ဓာတ်လှေကားက အောက်ဘက်ကို နိမ့် ဆင်းသွားလေပြီ။ ဆင်းဆို အတက်ခရီးမှ မဟုတ်သည်ကိုး။

ဆင်းလာရင်း ငါးထပ်၊ လေးထပ်ကိုကျော်လွန်ပြီး သုံးထပ်မရောက် ခင် စပ်ကြားမှာ ပဲ ...

'ကျွိ'

''ဟာ''

''ဟင်''

ရုတ်တရက် မီးပြတ်ပြီး ဓာတ်လှေကား ရပ်သွားခြင်း ဖြစ်သည်။ အထဲမှာ မှော င်မည်းသွားသည်မို့ နှစ် ယောက် စလုံး အာမေဍိတ်ကိုယ်စီ ရေရွတ် မိလိုက်ကြ၏ ။

ဘာလုပ်ရမည် ကို ရဲခေါင် စဉ်းစားနေချိန်မှာ ပဲ ...

''ဒီမှာ ရှင့် ...အထဲမှာ လူရှိတယ်မလား ...ဟင်''

တိမ်တိမ်တုန်တုန်ထွက်လာသော အသံလေး ဖြစ်သည်။ သူ့အမေး ကြောင့် ရဲခေါင် ရယ်ချင်သွားမိပြီး ...

''ရှိပါတယ်၊ အထဲမှာ လူရှိလားလို့ မေးရအောင် ခင်ဗျားက အပြင် ကကြောင့် လား''

''အိုး ...ကျွန်မလည်း အထဲမှာ ပိတ်မိနေလို့ပေါ့ရှင်''

''ဟင် ...ဒါဆို ကျွန်တော် တို့နှစ် ယောက် တည်းပေါ့၊ ဒါဆို အတော် ပဲ''

''ရှင်နော် ...အဲဒါက ဘာစကားလဲ''

''သြော် ...အဖော်ရတာ ပေါ့လို့''

''အရေး ထဲမှာ ...ဒါနဲ့ ဒီအထဲက ဘယ်လိုထွက်ကြမလဲဟင်''

''စဉ်းစားနေတုန်းပဲ၊ အင်း ...မီးပြန်လာမှပဲ ထွက်လို့ရတော့မယ် နဲ့တူတယ်''

''ဒုက္ခပါပဲ''

ညည်းသံလေးကြောင့် ရဲခေါင်က ...

''မတတ်နိုင်ဘူးလေ၊ အန္တရာယ်တော့ မရှိနိုင်ပါဘူး''

''အာ ...ကျွန်မ ကြောက်တယ်ရှင့်''

''ဘာကိုကြောက်တာလဲ''

''အထဲမှာ မှော င်နေတာကြီးကို၊ ပြီးတော့ ...''

''ဘာလဲ ...ကျွန်တော့် ကိုလား၊ မကြောက်ပါနဲ့ဗျာ၊ ခင်ဗျားလေးကို ကျွန်တော် သိပါတယ်''

''ဘာ ...ဘယ်လို ...ဘယ်လို''

''အဲ ...ခဏလေး ဟုတ်ပြီ''

ပြောပြောဆိုဆိုပင် ရဲခေါင်က အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ဖွင့်လိုက် သည်။

''အမယ်လေး ...ဘာ ...ဘာကြီးလဲ''

''ဟာ ...ဖုန်းပါဗျ၊ ခင်ဗျားလေးကလည်း အသည်းက ပါးလိုက် တာ၊ ခဏလေး''

ပြောရင်း စိုးသူရတို့ကုမ္ပဏီဖုန်းကို လှမ်းခေါ်လိုက်သည်။

''ဟဲလို ...ဟုတ်ကဲ့၊ ကျွန်တော် တို့ ခုနက မီးပြတ်သွားတော့ ဓာတ်လှေကားထဲမှာ ပိတ်မိနေလို့၊ အဲဒါ တာဝန်ခံကို လှမ်းပြောပေးပါလား''

''...''

''ဟုတ်တယ်၊ လေးလွှာနဲ့သုံးလွှာကြားမှာ ဗျ''

''...''

''ဘယ်သူပါသေးလဲ၊ ဟုတ်လား ...ပါတယ်၊ ပါတယ်၊ ဟုတ်ကဲ့ အမျိုးသမီးပါ''

''...''

''ဗျာ ...ဟုတ် ...ဟုတ် ကျေးဇူးပါပဲ''

ဖုန်းချလိုက်ချိန်မှာ ပဲ ...

''ဒီမှာ ...ရှင် ဘယ်လိုပြောလိုက်တာလဲ၊ လူကိုများ အမျိုးသမီးပါ ...တဲ့၊ ရှင်နော်''

''ရော် ...ခက်တော့တာပဲ၊ ခင်ဗျားက အမျိုးသားမို့လို့လား၊ နှစ် ယောက် စလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ လိုရာဆွဲပြီး တောင်တွေးမြောက် တွေးတွေ မတွေးစမ်းပါနဲ့ဗျာ''

''အလိုတော် ...ရှင်ကများ ''

''ကဲပါ ...ရန်တွေ့ ချင်ရင်လည်း အပြင်ရောက်မှတွေ့ တော့၊ ခု အပေါ်ထပ်က ကုမ္ပဏီကို လှမ်းပြောထားပြီးပြီ၊ အဲဒီ ကနေ ဒီအဆောက်အဦ က တာဝန်ရှိသူတွေ ကို မီးစက်နှိုးဖို့ ချက်ချင်း လှမ်းပြောပေးလိမ့်မယ် ... ဟော''

ဖျတ်ခနဲ မီးပြန်လင်းလာခြင်း ဖြစ်သည်။ ဓာတ်လှေကားက သိမ့်ခနဲ တစ်ချက်လှုပ်သွားပြီး ပုံမှန်အတိုင်း ပြန်ဆင်းသွားလေ၏ ။

ထိုအခါမှ ဒင်းကလေးက ရဲခေါင်ကို တစ်ချက်စူးစိုက်ကြည့်ရင်း-

''ရှင် ...ရှင် ...ဟို ...ဟို''

''ဟုတ်ပါတယ်၊ ဟိုတစ်ရက်က သန်လျင်က သင်္ချိုင်းကို သွားတော့ ခင်ဗျားလေး ကျွန်တော့် ကားကို ငှားစီးခဲ့တာလေ''

''သြော် ...ဟုတ်ပါရဲ့ ၊ မှတ် ...မှတ်မိပြီ၊ အဲဆို ရှင်က ကျွန်မ ဝင်လာကတည်းက မှတ်မိနေတာပေါ့''

အပြုံးပါးပါးနှင့် ပြန်ပြောလာသော သူ့ကို ရဲခေါင်က ခေါင်းညိတ် ပြရင်း ...

''ဟုတ်တယ်၊ ခုနကလည်း ခင်ဗျား ကြောက်တတ်မှန်းသိတော့ ကြောက်စိတ်မဝင်အောင် နောက်သလို ပြောလိုက်တာ''

''ကျေးဇူးပါပဲ၊ ခုလည်း ရှင် ဖုန်းဆက်ဖို့ စဉ်းစားမိလို့သာပေါ့၊ မဟုတ်ရင် ဘယ်လောက်ကြာဦးမယ် မသိဘူး''

''ရပါတယ်ဗျာ၊ သြော် ...ကျွန်တော့် နာမည် ရဲခေါင်ပါ''

''ဟုတ်ကဲ့ ...ကျွန်မက''

နာမည် ပြောခါနီး မှပဲ အောက်ဆုံးထပ်ရောက်သွား၍ တံခါးဖွင့်သွား ခြင်း ဖြစ်သည်။ နှစ် ယောက် သားစကားပြတ်သွားကြပြီး ကိုယ်ခန္ဓာကိုယ်ကို ကိုယ်သယ်ကာ အပြင်ထွက်လိုက်ကြ၏ ။

အပြင်ရောက်တော့လည်း ပြန်ကာစကားမပြော ဖြစ်ကြသေး။ ခြေလှမ်းငါးလှမ်းစာလောက် လှမ်းပြီးသည်အထိ မိန်းကလေးပီပီ သူ့ဘက်က များ စကားအရင် စ,လာမလားဟု မ ဖြစ်နိုင်တာကိုတွေးကာ ရဲခေါင် စောင့်နေ မိသေးသည်။

သို့ သော်လည်း ...

ဘာစကားမှထွက်မလာသည်မို့ နောက်ထပ်ခြေလှမ်း လေးလှမ်းခွဲ လှမ်းပြီးချိန်မှာ တော့ ရဲခေါင်လည်း မနေနိုင်တော့ဘဲ ...

''ဒီမှာ ...ခုနက မိတ်ဆက်တာ နာမည် ပြန်မပြောရသေးဘူးနော်''

မျက်ဝန်းနက်နက်ကလေးက ဆတ်ခနဲ ရောက်လာသည်။ ပြီး မပွင့်တပွင့်လေးပြုံး၍ ...

''သြော် ...ဟုတ်သားပဲ၊ ကျွန်မနာမည် က အခရာပါ''

''ဗျာ ...အက္ခရာ ဟုတ်လား''

''အာ ...မဟုတ်ပါဘူး၊ အခရာလေ၊ အို ...အဓိကကျတာ၊ မရှိမ ဖြစ်ဆိုတဲ့ အဓိပ္ပာယ်မျိုး''

''သိပြီ, သိပြီ၊ အခရာ ...အခရာ၊ ဟုတ်တယ်နော်''

မပြယ်သေးသော အပြုံးလေးနှင့် ခေါင်းလေးညိတ်ပြလာ၏ ။

ရဲခေါင်က တစ်လှမ်းထပ်တိုးလိုက်ပြန်၏ ။ (ခြေလှမ်းရော စကားပါ နှစ် ခုစလုံး)

''ဒါနဲ့ ...အခရာ အချိန်ရရင် အအေးတစ်ခုခု လိုက်သောက်ပါ လား၊ မိတ် ဖြစ် ဆွေ ဖြစ်ပေါ့၊ ရာသီကလည်း အိုက်စပ်စပ်နဲ့ဆိုတော့လေ''

ပြောရင်း မသိမသာလေးကြည့်လိုက်တော့ အခရာမျက်ခုံးလေးများ ပင့်လိုက်သည်ကို တွေ့ လိုက်ရ၏ ။

ငါများ မှားသွားပြီလားဟု ရဲခေါင်က ပို့(စ်)မော်ဒန်ခေတ်ထဲမှာ လုံးဝမတွေးပါ။ ခေတ်ကြီးကိုက အရွေ့ခေတ်၊ မြန်နှုန်းမြင့်ခေတ် ဖြစ်နေတာ ကြာပြီ။ ထိုကဲ့သို့ အခရာဘက်ကလည်း ဆယ့်ကိုးရာစုလောက်က ဣနြေ္ဒ မျိုးဖြင့် မငြင်းပါချေ။

''သွားလေ ...ဒီအနားက နီးစပ်ရာ ဆိုင်တစ်ဆိုင်မှာ ထိုင်ကြတာ ပေါ့''

ဒါပါပဲ။ ရဲခေါင် တစ်ယောက် စိတ်ထဲမှာ ကျိတ်ပြီး တိတ်တိတ်က လေး ပြုံးမိလိုက်သည်။

နီးစပ်ရာဆိုင်ကိုလည်း မျက်စိဝေ့ရင်း ရှာလိုက်၏ ။

*


အခန်း (၅)

''ဒါနဲ့ ...ရှင်က ဒီနေ့ ကားမထွက်ဘူးလား''

အအေးဖန်ခွက်ထဲမှာ ပိုက်ကလေးထည့်မွှေနေရင်းက အခရာ မေး လိုက်ခြင်း ဖြစ်သည်။

ရဲခေါင်က ခပ်ဟဟရယ်ရင်း အအေးတစ်ကျိုက်မော့သောက်လိုက် ပြီးမှ

''အခရာက ကျွန်တော့် ကို တက်စီမောင်းတဲ့လူလို့ ထင်နေတာကိုး''

''ဟင် ...ရှင်က ကားဆရာ မဟုတ်လား''

''ဘယ်ကလာ ...ကားဆရာလည်း မဟုတ်ဘူး၊ ဆရာကားလည်း မဟုတ်ဘူး''

အခရာက မရယ်ဘဲ မျက်မှော င်လေးကို မသိမသာကြုတ်ရင်း-

''ဒါ ...ဒါဆို ...အဲဒီ နေ့က ...''

''ဟုတ်တယ်၊ ကျွန်တော့် သူငယ်ချင်းရဲ့ ကားကို သွားစရာရှိလို့ ခဏ ယူလာတာဗျ၊ လမ်းမှာ အခရာက တားလိုက်တာ''

''ဟင် ...အဲလိုကြီးလား၊ အားနာလိုက်တာ၊ ကျွန်မက တကယ့် ကားဆရာမှတ်လို့''

''ဘာအားနာစရာရှိလဲဗျာ၊ ကျွန်တော် မောင်းလာတဲ့ကားကလည်း တက်စီဆိုင်းဘုတ်တပ်ထားတာလေ၊ ပြီးတော့ အခရာဘက်ကလည်း အလ ကားစီးတာမှ မဟုတ်တာ၊ တန်ရာတန်ကြေးပေးခဲ့တာပဲ''

စကားအဆုံးမှာ အခရာက ရှက်ပြုံးမပွင့်တပွင့်နှင့် ...

''ဟုတ်တော့ ဟုတ်ပါတယ်၊ ဟိုလေ ...အဲဒီ နေ့က ကြောက်လို့ ရှင့်ကို သင်္ချိုင်းထဲကို အဖော်ခေါ်ခဲ့တာကို ပြန်အားနာမိလို့ပါ''

''ကဲပါဗျာ ...လိုအပ်လို့ ကူညီတာပဲ''

''အဟင်း ...တိုက်တိုက်ဆိုင်ဆိုင်နော်၊ ခုလည်း ရှင် ကူညီရပြန် ပြီ''

''ဒါ ကတော့ အခရာနဲ့ ကျွန်တော် က ထပ်တွေ့ ဖို့ ရေစက်ပါလာ လို့ ဖြစ်မှာ ပေါ့''

ရေစက်ဆိုသည့်စကားကို တမင်ရွေးပြီး သုံးလိုက်ခြင်း ဖြစ်သည်။ သို့ သော်လည်း အခရာ့မျက်နှာပေါ်မှာ တော့ ဘာမှထူးထူးခြားခြား ပြောင်းလဲ သွားခြင်းမရှိချေ။ နှစ် ကြိမ်ဆုံဖူးပေမယ့် ခုမှ တစ်ယောက် နာမည် တစ်ယောက် သိပြီး စ,ခင်ရတာ ကြောင့် လည်း ဖြစ်မည် ။

ရဲခေါင်စိတ်ထဲမှာ တော့ ခုလို အခရာနှင့် စကားပြောနေရခြင်းကို ပင် ကြည်နူးသလို ခံစားနေရ၏ ။ ထပ်လည်း ဆုံချင်နေသေးသည်က အမှန် ပင်။

သို့ သော်လည်း ...

ခုမှ စခင်ရသည်မို့ နေရပ်လိပ်စာတွေ ၊ ဖုန်းနံပါတ်တွေ တောင်းဖို့ဆိုတာလည်း ဘယ်လိုမှမကောင်းချေ။

ဘယ်လိုလုပ်ရင်ကောင်းမလဲဟု မချင့်မရဲတွေးနေမိ၏ ။ စဉ်းစားရင်း ပင် ဒီအတိုင်း စကားမပြောဘဲ ငြိမ်နေပါက ခုနက စိုပြေနေသော ဆက်ဆံ ရေး လေး အရည်ကျဲသွားမှာ ကိုလည်း စိုးရိမ်လာပြန်သဖြင့် စကားမရှိ စကား ရှာလိုက်ပြီး ...

''ဒါနဲ့ ...အခရာက ဒီကို အလုပ်ကိစ္စနဲ့လာတာလား၊ ဟိုလေ လက်ထဲမှာ လည်း ဖိုင်တွေ နဲ့၊ ပြီးတော့ ခုနက အဆောက်အဦမှာ လည်း ကုမ္ပဏီရုံးခန်းတွေ တော် တော် များ ရှိတယ်ဆိုတော့ မေးကြည့်တာ''

အခရာက ယဲ့ယဲ့လေး အရင်ပြုံးလိုက်သည်။ ပြီးမှ ...

''အလုပ်ကိစ္စပဲဆိုပါတော့၊ ဒါပေမဲ့ အချိန်ပြည့် အလုပ်လာဆင်းတာ မျိုးတော့ မဟုတ်ဘူး''

''ဟင် ...ဒါဆို ဒီကို နေ့တိုင်းတော့ လာ ဖြစ်တာပေါ့၊ ဒီလိုလား''

စပ်စုနေသော ရဲခေါင်ကို အခရာက မသိမသာလေး စွေကြည့်လာ သည်။ အကြည့်ကို ရိပ်မိသွားသော ရဲခေါင်က ချက်ချင်း ပင် ပျာပျာသလဲ ဟန်ဖြင့် ...

''ဟို ...ဟိုလေ ...ကျွန်တော် မေးတယ်ဆိုတာက ...ကျွန် ...ကျွန်တော် လည်း ဒီအဆောက်အဦထဲက ကုမ္ပဏီတစ်ခုမှာ လုပ်တာမို့လို့ ပါ၊ အရင်က အခရာကို မတွေ့ မိလို့''

''ဟင် ...ဘာမှလည်း မပြောရသေးပါလား''

ပြုံးထေ့ထေ့ဟန်ကလေးနှင့် ပြောလာသော ကြောင့် ရဲခေါင် ဟီးခနဲ ရှက်ရယ်ရယ်လိုက်မိသည်။ တစ်ဆက်တည်းမှာ ပင် ထိုအဆောက်အဦထဲက ကုမ္ပဏီတစ်ခုမှာ လုပ်နေသော ဝန်ထမ်းဟု ပြောလိုက်မိသည်ကိုလည်း ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိသွား၏ ။ စာရေး ဆရာ ဦးနှောက်ဆိုတော့ လည်း မသိစိတ်က ချက်ချင်း ပင် ဇာတ်လမ်းဆင်မိသွားသည်လား မပြော တတ်ချေ။

မည် သို့ ပင် ဖြစ်စေ ...

အခရာဘက် ကတော့ ရိပ်မိဟန်မရှိ။ စကားပင် အေးအေးဆေး ဆေး ပြန်ပြောလာသည်။

''ဟုတ်မှာ ပါ၊ ကျွန်မက ဒီခြောက်လွှာက ရုံးခန်းတစ်ခုကို မနက်ပိုင်း လာလာနေတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်၊ အလုပ်ကိစ္စတစ်ခု မပြတ် သေးလို့လေ၊ အင်း ...ဒါပေမဲ့ ရှေ့တစ်ပတ်ဆယ်ရက်လောက်ဆိုရင်တော့ ပြီးပါပြီ''

''သြော်''

နှမြောသလိုလိုပင် ဖြစ်ရသေးတော့၏ ။ ပြီးမှ အခရာနှင့် ထပ်တွေ့  ဆုံရင် တည်ဆောက်လို့ရနိုင်သေးသော အခြေအနေတစ်ခုကို စဉ်းစားမိလိုက် ပြီး ...

''အင်းလေ ...ဘာပဲ ဖြစ် ဖြစ်ပေါ့၊ ခုလို အခရာနဲ့ အမှတ်မထင် ဆုံတွေ့ ပြီး သိကျွမ်းခင်မင်ရတာ ကိုတော့ ဝမ်းသာပါတယ်''

''အင်းနော် ...တကယ့်ကို အမှတ်မထင်လို့ ပြောရမယ်''

စကားအဆုံးမှာ ရဲခေါင်က အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ထုတ် ကာ သူ့ဖုန်းနံပါတ်ကို ခပ်သွက်သွက်ချရေး လိုက်ရင်း ...

''ရော့ အခရာ ...ဒါ ကျွန်တော့် ဖုန်းနံပါတ်ပါ၊ ဒီကို အလုပ်ကိစ္စနဲ့ လာနေသေးတဲ့ ကာလမှာ ပဲ ဖြစ် ဖြစ်၊ တခြားအချိန်တွေ မှာ ပဲ ဖြစ် ဖြစ် အကူအညီ လိုရင် ခေါ်လိုက်ပေါ့''

အခရာက လှမ်းယူလိုက်ကာ ...

''အဟင်း ...ကျွန်မတော့ ဒီရက်ပိုင်း ကံကောင်းနေပါလား၊ အကူအညီပေးမယ့်သူတွေ နဲ့ ခဏခဏ ဆုံနေရလို့''

''ဒါ ကတော့ အခရာ စိတ်ထားကောင်းလို့ ဖြစ်မှာ ပေါ့၊ ပြီးတော့ အခရာက မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ပုံစံနဲ့လည်း ပြည့်စုံတာကိုး''

''အာ ...ပြောတော့မယ်၊ ဒီနေ့ အအေးဖိုးကို ကျွန်မ ရှင်းမှာ ပါ ရှင်''

ရှက်သွေး ကပိုကရိုနှင့် အခရာ တိုးတိုးလေး ဆိုလာသည်။ တော် ကီ ထပ်ကြွယ်ချင်သေးသော်လည်း အခရာက အအေးဖိုး ရှင်းကာ ပြန်တော့မည့်  ပုံစံပေါက်နေ၍ ဘရိတ်အုပ်လိုက်ရသည်။

ပြီး နှစ် ယောက် သား ထ,ကာ လမ်းမအစပ်ဆီသို့ လျှောက်လာခဲ့ ကြသည်။ ထိုအချိန်မှာ ပဲ မောင်းလာသော တက်စီတစ်စီးကို အခရာက ဆတ်ခနဲ လှမ်းတားရင်း ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်ကာ ...

''ကဲ ...ကိုရဲခေါင် သွားပြီနော်''

''ဟုတ်ကဲ့ ...ဟို ...ဖုန်း ...ဖုန်း''

ဖုန်းဆက်နော်ဟု ပြောမည့် စကားက မဆုံးလိုက်။ ကားက မောင်း ထွက်သွားလေပြီ။

ဘာပဲ ဖြစ် ဖြစ် ဒီနေ့အဖို့ အခရာနှင့် ပတ်သက်လိုက်ရသော ဆက်ဆံ ရေး ကို ပြန်စဉ်းစားကာ ကျေနပ်နေပြီးမှ တစ်ခုခုလိုနေသည်ဟု သတိရလိုက် ပြီး ...

''ဟာ''

သွားပြီ။ ဟုတ်သည်ပဲ။ ကိုယ်ကသာ ဖုန်းနံပါတ်လေး ဘာလေး ပေးပြီး သူနှင့် ပတ်သက်သမျှ ဘာတစ်ခုမှ မေးမထားမိလိုက်ရ။

စိတ်ထဲမှာ လည်း ဆတ်တငံ့ငံ့ကြီး ဖြစ်သွားရပြီး ...

သြော် ...ရဲခေါင်, ရဲခေါင် မင်းဆိုတဲ့ကောင်ဟာ မိန်းကလေးတွေ ပတ်သက်လာရင် အဲဒီ လောက်တောင် အကွက်စေ့လွန်းလို့ အချစ်ဝတ္ထုတွေ မရေး တတ်တာ ခုလက်တွေ့ ပဲ ဟူ၍ ...။

ပြီးနောက် တစ်ကြိမ် ပြန်ဆုံဖို့ဆိုတာကလည်း ကံကြမ္မာကို အားကိုး ၍ မ ဖြစ်နိုင်မှန်း သူ ရှင်းရှင်းကြီး သိလိုက်ရလေပြီ။

ထိုသို့ ဖြင့် ...ပေါ့။

အခန်း (၆)

'' ဖြစ်မှ ဖြစ်ရလေ ငရဲရာ၊ ဒီလောက် ထိုင်စကားပြောလာခဲ့ရတာ တောင် နာမည် လေးပဲ သိခဲ့ရတယ်လို့ကွာ''

အပြစ်တင်ချင်ဟန်ဖြင့် ပြောလာသော စူပါ၏ စကားအဆုံးမှာ ရဲခေါင် က မျက်နှာငယ်လေးနှင့် ...

''အေးကွာ ...ငါလည်း စကားပြောရင်း မျောနေတာနဲ့ မေ့သွား တာဟ''

''ထားပါတော့၊ မင်းဆိုတဲ့ကောင်က ဒီကိစ္စမျိုးမှာ အတွေ့ အကြုံ မှ မရှိတာကိုး''

ရဲခေါင် နှာခေါင်းရှုံ့လိုက်မိသည်။ ဟုတ်သည်လေ။ ကိုယ့်ကို ဆရာ ကြီးလိုဟန်ဖြင့် လာပြောနေသည့် ဒင်းကပဲ ဒီကိစ္စမျိုးမှာ အတွေ့ အကြုံ အပြည့်နှင့် ရည်းစားတွေ မှိုလိုပေါက်အောင် ထားခဲ့သူလိုလို။ အမှန်တော့ စူပါဆိုသည့် ဒီလဒသည်လည်း ရည်းစားဆိုလို့ အိပ်မက်ထဲမှာ တောင် ထား ဖူးသူမဟုတ်။

ထိုကြောင့် ပြန်ချေပရန်စကားကို စဉ်းစားလိုက်ပြီး ...

''ဘာပဲ ဖြစ် ဖြစ်ကွာ ...သူ့ကို ထပ်တွေ့ လို့ရနိုင်မယ့် အခွင့်အရေး တော့ ရှိသေးတာပဲ၊ ငါ့ဘက်က ကြိုးစားလို့ ရသေးတယ်လေ''

''အဲဒါ ကတော့ မင်းက အဲဒီ အဆောက်အဦမှာ ရှိတဲ့ ကုမ္ပဏီဝန်ထမ်း လို့ ညာပြောခဲ့တာကိုး၊ ဒါနဲ့ ...မင်း အဲဒီ ကောင်မလေးကို နှစ် ခါလောက် တွေ့ ဖူးရုံလေးနဲ့ တကယ်ကြွေသွားတာလား ငရဲ''

ရဲခေါင်က သက်ပြင်းသဲ့သဲ့ချရင်း ...

''အချစ်ဆိုတာ ဘယ်လိုဟာမျိုးလဲတော့ ငါ အသေအချာမသိဘူး စူပါ၊ ဒါပေမဲ့ ငါ့စိတ်ထဲမှာ သူနဲ့တွေ့ ချင်နေတယ်၊ တွေ့ နေတုန်းကလည်း စိတ်လှုပ်ရှားပြီး ရင်ခုန်နေတယ်၊ ပြီးတော့ ...''

''ရပြီ ...ရပြီ၊ တော် တော့ ငရဲ၊ အဲဒီ လောက်ဆိုရင် မင်း အဲဒီ ကောင်မလေးကို ကြိုက်နေတာ သေချာသွားပြီ''

''ဒါ ...ဒါဆို ငါ ဘာ ...ဘာဆက်လုပ် ရမလဲ ...ဟင်''

''ဟာ ...အဲဒါများ ပြန်မေးနေရသေးလား ငရဲရာ၊ ကြိုက်ရင် လိုက်ပေါ့၊ ခုလည်း မင်း သူနဲ့ထပ်တွေ့ နိုင်မယ့် အနေအထားမျိုး ဖန်တီးခဲ့ တာပဲဥစ္စာ''

ပြောတော့မှပဲ ရဲခေါင်က ယောက်ျားကြီးတန်မဲ့ ရှက်ကိုးရှက်ကန်း အမူအရာ လုပ်နေသေးသည်။

ပြီးမှ စူပါကိုကြည့်၍ ...

''ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ...ငါ့ဘက်က သူ့ကိုတွေ့  တာ မကြာသေးတော့ အတင်းကြီး ဝင်လုံးသလို ဖြစ်နေမလားလို့''

''ဟင် ...မင်းပြောတော့ ကောင်မလေးက အဲဒီ ကို နောက်တစ် ပတ် ဆယ်ရက်လောက်အထိပဲ လာတော့မှာ ဆို၊ ဒီရက်ပိုင်းမှာ မှ မလှုပ်ရှားရင် နောက်ဆို မင်း သူ့ကို ဘယ်နေရာမှာ သွားရှာမှာ လဲ၊ မတွေ ဝေစမ်းပါနဲ့ ငရဲရာ၊ သွားသာသွား၊ ပြီးတော့ ကြိုက်မရှက် ငိုက်မရှက်ဆိုတဲ့စကားတောင် ရှိသေးတာပဲ၊ သူ့ဘက်က မြန်မြန်ရိပ်မိသွားတော့လည်း ကောင်းတာပေါ့''

စူပါ ကတော့ ရှေ့မျက်နှာ ရှေ့ထားပြီး အားကြိုးမာန်တက် မြှောက် ပေးနေလေပြီ။ စဉ်းစားကြည့်တော့လည်း ဟုတ်သည်။ အခု ကိုယ့်အနေ အထားက မျက်နှာပြောင်တိုက်ပြီး သွားရမည့် အနေအထားမျိုး။ ဘယ်လိုပဲ ဖြစ် ဖြစ် မတတ်နိုင်တော့။ လုပ်စရာရှိတာကို လုပ်ရတော့မည် ။

ထိုသို့ သော စိတ်ကူးများ ဖြင့် နေတာက်တစ်နေ့ရောက်တော့ အခရာ ထိုအဆောက်အဦမှ ပြန်လာမည့် အချိန်လောက်ကို မှန်းပြီး အတူထိုင်ခဲ့ဖူး သော အအေးဆိုင်မှာ ထိုင်မျှော်နေလိုက်သည်။

ကိုယ်က ယောက်ျားလေးဆိုတော့ မျှော်ရမည် လေ။ သူက မိန်း ကလေးဆိုတော့ ဆိုက်ဆိုက်လာမှာ ပေါ့ဆိုပြီး စကားပုံကိုတောင် ပြောင်းပြန် လုပ်ကာ တွေးနေမိသေး၏ ။

ထိုင်စောင့်နေရင်း နာရီဝက်လောက်အကြာမှာ ပဲ အဆောက်အဦထဲ မှ ထွက်လာသော အခရာကို လှမ်းမြင်လိုက်ရသည်။ ဖြည်းဖြည်းမှန်မှန် လျှောက်လာပုံလေးမှာ လည်း မြင်သူငေးသွားစေမည့်  အလှတရားတို့က အချိုးကျကျ ပေါင်းစပ်လှုပ်ရှားနေသလိုမျိုး။

ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားပြီး ရဲခေါင် ယောင်ယမ်းမတ်တတ်ထရပ် မိလိုက်၏ ။ ပြီးမှ ဆိုင်ရှေ့ရောက်ဖို့ လိုပါသေးသည်ဟု တွေးရင်း ပြန်ထိုင်နေ လိုက်သည်။

အခရာ ဆိုင်ရှေ့နားက ဖြတ်တော့မှ ခပ်သွက်သွက်ထွက်သွားလိုက် ပြီး ...

''အခရာ ...အခရာ''

သူ့နာမည် ခေါ်သံကြောင့် လားမသိ အခရာက ဆတ်ခနဲ လှည့် ကြည့်လာသည်။ မျက်ဝန်းထဲမှာ လည်း မထင်မှတ်ထားသလို အံ့သြမှု တချို့ တောက်စားသွားသည်ကို မြင်လိုက်ရပြီး ...

''သြော် ...ကိုရဲခေါင်ပါလား၊ ဘာလဲ ...ခုမှ အလုပ်ကို လာ တာလား''

ရဲခေါင်က ပြုံးရင်း ခေါင်းအသာခါကာ ...

''မဟုတ်ပါဘူး အခရာရဲ့ ၊ ခုပဲ နေ့လယ်စာချိန်ရောက်နေပြီလေ၊ အဲဒါကြောင့် စားဖို့ ဆင်းလာတာ၊ အခရာကို လှမ်းမြင်လိုက်လို့ ခေါ်လိုက်တာ၊ ဒါနဲ့ အခရာလည်း မစားရသေးဘူးမဟုတ်လား၊ လာပါ ...ကျွန်တော် ထမင်းကျွေးပါရစေ''

တောက်လျှောက်ကြီး ပြောလိုက်သော ရဲခေါင်စကားအဆုံးမှာ အခရာက အားနာရိပ်ကလေးဖြင့် ...

''အို ...မဟုတ်တာ၊ နေပါစေ ကိုရဲခေါင်ရဲ့ ၊ ခုလိုပြောတာ ကျေး ဇူးပဲနော်''

ပြောရင်း ခြေဆက်လှမ်းရန် ပြင်လိုက်သဖြင့် ရဲခေါင်က ပိတ်ရပ် လိုက်ရင်း ...

''ဟာ ...ဘာကျေးဇူးတင်စရာလိုလို့လဲ၊ ကျွန်တော် တို့က မိဆွေ တွေ ပဲဟာကို၊ မနေ့ကတောင် အခရာတိုက်တဲ့အအေးကို ကျွန်တော် သောက် ခဲ့သေးတာပဲ၊ လာပါဗျ''

သက်ပြင်းချသံပါးပါးကို အရင်ကြားလိုက်ရသည်။ ပြီးမှ ရဲခေါင်ကို ခပ်စွေစွေကြည့်၍ ...

''အင်း ...ဒီတစ်ခါတော့ အားနာလို့နော်၊ နောက်တစ်ခါဆိုရင် တော့ ခုလိုမျိုး မလုပ်ပါနဲ့''

''ကျေးဇူးပါပဲဗျာ၊ ခုလို အခရာ ပြောတာကို ထပ်ကျေးဇူးတင် တယ်''

''ဟင် ...ဘာများ ဖြစ်လို့လဲ''

''သြော် ...နောက်တစ်ခါဆိုတဲ့စကားကြောင့် ပါ၊ အဲဒါဆို အခရာ နဲ့ ကျွန်တော် ထပ်ဆုံဖို့အခွင့်အရေး ရှိသေးတာပေါ့''

မျက်စောင်းပါးပါးလေးက အရင်ရောက်လာသည်။ ပြီး စူပွပွစကား သံလေးကလည်း ...

''အံမယ် ...ကိုရဲခေါင်က အလာချည်းပဲ၊ ကျွန်မက သဘောကို ပြောတာပါနော်၊ တစ်မျိုးလျှောက်တွေးမနေနဲ့''

''ဟုတ်ပါပြီဗျာ၊ ကျွန်တော့် စိတ်ထဲမှာ တော့ အခရာနဲ့ တကယ်ပြန် ဆုံချင်တယ် ပြောလိုက်မိတာပါ၊ ကဲ ...တစ်ခုခု သွားစားရအောင်''

ဒီတစ်ခါတော့ အခရာလည်း ပြန်ပြောမနေတော့။ ရဲခေါင် ဦးဆောင် သည့်နောက်မှ ခပ်ရို့ရို့လိုက်ပါလာသည်။ ဆိုင်ထဲရောက်တော့ စားသောက် စရာတွေ ကို ယူစားသောက်ရင်း ရဲခေါင်က ...

''အခရာ''

ခေါ်သံကြောင့် ကြည့်လာသော အခရာအား ...

''တစ်မျိုးတော့ မထင်နဲ့နော်၊ အခရာ့ကို ကျွန်တော် ဝန်ခံစရာတစ်ခု ရှိတယ်''

''ရှင် ...ဘာများ လဲရှင့်''

''အခရာနဲ့ ကျွန်တော် ပထမနှစ် ကြိမ်ဆုံခဲ့တာက တကယ့်ကို မတော် တဆပါ၊ ဒါပေမဲ့ ခုထပ်ဆုံတာက ကျွန်တော် အခရာ့ကို ထပ်တွေ့  ချင်လို့ ဖန်တီးယူလိုက်တာပဲ''

မျက်ဝန်းထဲမှာ နားမလည်နိုင်သော အရိပ်တချို့ ဖြတ်သန်းသွားရင်း အခရာက ပြန်မေးလာသည်။

''အဲဒါ ...ဘာကြောင့် လဲ ကိုရဲခေါင်၊ ဘာ ဖြစ်လို့ ခုလိုလုပ်ရတာ လဲ၊ ဒါနဲ့ ...ရှင် ...ရှင်က''

''ဟုတ်ပါတယ် အခရာ၊ ကျွန်တော် ဒီအဆောက်အဦထဲက ကုမ္ပဏီ ဝန်ထမ်း တစ်ယောက် မဟုတ်ပါဘူး၊ အခရာနဲ့ ထပ်ဆုံချင်လို့ ညာပြောခဲ့ တာပါ၊ ခုတော့ မညာချင်တော့လို့''

ခေါင်းကို အသာခါယမ်းရင်း အခရာ သက်ပြင်းရှည်ကြီးချလိုက် သည်။ မိန်းကလေးပီပီ စကားအသွားအလာကိုလည်း ရိပ်မိသွားပုံရ၏ ။

ထိုအချိန်မှာ ပဲ ရဲခေါင်က ...

''အခရာ ...ကျွန်တော့် ကို စိတ်ဆိုးသွားလားဟင်၊ ကျွန်တော် ဆုံရတာ အချိန်ခဏလေးပဲ ရှိသေးပေမယ့် ကျွန်တော် လေ ...အ ... အခရာ့ကို ...ကို''

စကားပင် မဆုံးလိုက် အခရာက ကမန်းကတန်း လက်ကလေး ကာပြလာရင်း ...

''နေ ...နေပါဦး ကိုရဲခေါင်၊ ထပ်မပြောပါနဲ့တော့၊ တစ်ယောက် အကြောင်း တစ်ယောက် ဘာမှမသိကြသေးတဲ့ ကျွန်မတို့နှစ် ယောက် အတွက် ဒီစကားမျိုးပြောဖို့ မသင့်သေးပါဘူး''

ရဲခေါင်က မျက်နှာငယ်လေး လုပ်ကာ ...

''ဒါ ကတော့ အချိန်ယူပြီး လေ့လာလို့ရတာ ပဲ အခရာရယ်''

အခရာက ဟက်ခနဲတစ်ချက်ရယ်လိုက်သည်။ ပြီး ရဲခေါင်ကို စေ့စေ့ကြည့်လျက် ...

''အဲဒီ အချိန်ဆိုတာကိုက ကျွန်မမှာ ပေးဖို့မရှိသေးတာပါ၊ သာမန် မိတ်ဆွေ တစ်ယောက် လိုမျိုး ကိုရဲခေါင်ကို ကျွန်မ ခင်ပါတယ်၊ ကဲ ...ဒီ အကြောင်းတွေ ရပ်လိုက်ကြစို့နော်၊ နောက်နေ့တွေ မှာ လည်း ကျွန်မဆီ ခုလို မလာပါနဲ့၊ ကျွန်မမှာ ခု အရေး ကြီးတဲ့ကိစ္စတစ်ခုကို လိုက်လုပ်နေရ တယ်၊ ဒီကြားထဲမှာ ဘာအကြောင်းကြောင့် မှ စိတ်အနှောင့်အယှက်ထပ်အ ဖြစ် မခံနိုင်လို့ပါ''

ရဲခေါင် ခေါင်းကိုပဲ ခပ်လေးလေးညိတ်ပြလိုက်မိသည်။ ဒီလောက် ပွင့်ပွင့်လင်းလင်းပြောလာလျှင် ကိုယ့်ဘက်ကလည်း နားလည်ပေးရတော့မည် လေ။

သို့ သော်လည်း မျှော်လင့်ချက်လေးဖြင့် စကားတစ်ခွန်း ပြန်ပြော လိုက်၏ ။

''ဒီလောက်ဆို ကျွန်တော် သဘောပေါက်ပါပြီ အခရာ၊ မလာနဲ့ ဆိုရင်လည်း မလာတော့ပါဘူး၊ ဒါပေမဲ့ အခရာကို ကျွန်တော် အမြဲတွေ့ ချင် နေတယ်ဆိုတာကိုတော့ ယုံပေးပါ၊ ပြီးတော့ အခရာဘက်က အကူအညီ လိုလို့ပဲ ဖြစ် ဖြစ် အကြောင်းကိစ္စရှိရင် ကျွန်တော့် ဆီ ဖုန်းဆက်လိုက်ပါနော်''

အခရာက မရယ်မပြုံးသော မျက်နှာတည်လေးနှင့် ခေါင်းညိတ် ပြလာသည်။ ပြီး နှစ် ယောက် သားကြားမှာ ပြောစရာမရှိသလိုမျိုး စကားဝိုင်း က အေးခဲပြတ်တောက်သွား၏ ။

ထိုအချိန်မှာ ပဲ အခရာက စားသောက်နေတာကို လက်စသတ်လိုက် ပြီး ...

''ကဲ ကိုရဲခေါင် ...ဒီနေ့ ခုလိုလိုက်ကျွေးတာ ကျေးဇူးပါပဲ၊ နောက် အခွင့်သာလို့ရှိရင် ကျွန်မ ပြန်ပြုစုပါ့မယ်၊ တစ်နေ့နေ့ပေါ့''

စကားအဆုံးမှာ ရဲခေါင်က ယဲ့ယဲ့လေး ပြုံးလျက် ...

''အဲဒီ ...တစ်နေ့နေ့ကိုပဲ ကျွန်တော် စောင့်နေပါ့မယ် အခရာ''

''ဒါ ကတော့ ကိုရဲခေါင်သဘောပါ၊ ခုတော့ သွားခွင့်ပြုပါဦး''

''ကောင်းပါပြီဗျာ''

ထိုသို့ ပြန်ပြောဖို့ပဲ တတ်နိုင်တော့သည်။ ဇာတ်လမ်းက မစခင်ကပဲ ဆုံးရပြီကိုး။

မည် သို့ ပင် ဖြစ်စေ ...

မျှော်လင့်ပြက္ခဒိန်ထဲက မရေရာသော နေ့တစ်နေ့ကိုတော့ ရဲခေါင် တစ်ယောက် မှန်းရီငေးစွံ့ရင်း ...။

*


အခန်း (၇)

''ဒါဆို ...ဒီအ ဖြစ်အပျက်တွေ က နှစ် ရက်အတွင်းမှာ အမှန် တကယ် ဖြစ်သွားခဲ့တာပေါ့ ဟုတ်လား''

''ဟုတ်တယ် စိုးသူရ၊ ဒါဟာ ပွဲမဝင်ခင် အပြင်မှာ မကျင်းပခဲ့တဲ့ လူ တစ်ယောက် ရဲ့ အလဲအကွဲကျဆုံးခန်းလို့လည်း ပြောလို့ရတယ်''

စာသံပေသံဖြင့် နောက်သလို ပြောနေသည့် ရှေ့ကနှစ် ကောင်ကို ကြည့်ကာ ရဲခေါင် စိတ်ညစ်လာရသည်။ ဒီနေ့က စိုးသူရ အလုပ်နားရက် ဖြစ်သည်။ စူပါကလည်း ဒီနေ့မှ ကားထွက်မဆွဲဘဲ စိုးသူရနှင့် အတူ ရဲခေါင် ၏ အခန်းသို့ အားအားယားယား လိုက်လာကာ တက်ညီလက်ညီ လှောင် ပြောင်နေကြခြင်း ဖြစ်၏ ။

ကိုယ့်သော ကနှင့် ကိုယ်မို့ ရဲခေါင်လည်း သည်းမခံနိုင်တော့။ နှစ် ကောင်စလုံးကို ဂြိုဟ်ကြည့်ကြည့်လိုက်ကာ ...

''တော် တော့ကွာ ...နောက်မနေကြနဲ့၊ ငါ့မှာ တကယ်ခံစားနေရ တာကွ''

ခပ်တည်တည်ပြောလိုက်တော့မှ နှစ် ကောင်သား မျက်နှာပိုးသတ် သွားကြသည်။

ပြီး ...စူပါက အရင်

''ခံစားရအောင် မင်းဟာမင်း လုပ်တာလေ၊ နောက်ထပ်တွေ့ လို့ ရအောင် မင်းက အချိန်ဆွဲမထားဘဲ အမှန်အတိုင်း ပြောလိုက်တာကိုး''

''ဟာ ...အဲလိုညာနေရမှာ ကို ငါမှ လိပ်ပြာမသန့်တာ''

စိုးသူရကလည်း ...

''ထားပါတော့ ... ဖြစ်ပြီးသွားပြီပဲ၊ ဒါနဲ့ မင်း သူနဲ့ နောက်ဆုံးတွေ့  ပြီးနောက်ပိုင်း ဖုန်းရော ဆက်လာသေးလား''

ရဲခေါင်က ခေါင်းခါလိုက်ရင်း ...

''မလာပါဘူးကွာ၊ သူ့ဆီက မပြောနဲ့၊ ဒီနှစ် ရက်စလုံး ငါ့ဆီကို ဘယ်သူမှ ဖုန်းမဆက်ဘူး''

''ဒါဆိုရင်တော့ မင်းဘဝကြီးဟာ သတင်းစာအဟောင်း ဖြစ်သွား ပြီ ငရဲ ရ''

ဘာမှလည်း မဆိုင်ချေ။ ရဲခေါင် နားမလည်၍ အူတူတူပြန်မေး လိုက်၏ ။

''ဘာလဲကွ ...မင်းစကားကြီးက''

ထိုအခါမှ လျော့ရိလျော့ရဲ ထိုင်နေသော စိုးသူရက ဖင်ကလေး အသာရွှေ့ကာ မတ်မတ်ပြင်ထိုင်လိုက်ရင်း ...

''စီးပွားရေး လောကမှာ ဆိုရိုးစကားတစ်ခုရှိတယ်ကွ၊ သင့်တယ်လီ ဖုန်းမှ အသံမမြည် ပါက သင်သည် မနေ့က သတင်းစာအဟောင်း ဖြစ်သွား ပြီတဲ့''

''ဟာကွာ ...အရေး ထဲမှာ မင်းကလည်း''

''မင်းကလည်း မလုပ်နဲ့၊ ဒီအချိန်မှာ မင်းအတွက် ဖုန်းလာဖို့ အမှန်တကယ် မလိုအပ်လို့လား''

စိတ်ညစ်ရသည်။ ရဲခေါင်က ခေါင်းတဗျဉ်းဗျဉ်းကုတ်လိုက်ပြီး ...

''သူကလွဲရင်း မလိုဘူးကွာ၊ ကျန်တဲ့ဖုန်းလာရင် ငါ့ဆီက စာမူ တောင်းတဲ့ဖုန်းတွေ ပဲ ဖြစ်မှာ ''

''ဟ ...အဲဒါက မင်းအလုပ်ပဲလေ၊ အေးလေ ...မင်းအ ဖြစ်က လည်း ခဲလေသမျှ သဲရေကျဆိုသလို ဖြစ်နေပြီကိုး၊ သြော် ...သဲရေကျဆို လို့ ငါ ကဗျာတစ်ပုဒ်တောင် ရေး ထားတယ်ကွ၊ မင်းအ ဖြစ်နဲ့ တိုက်ဆိုင်မလား ဖတ်ကြည့်ပေါ့''

ပြောပြောဆိုဆိုပင် စူပါ (ခေါ်) မြတ်မိုးအိမ်က သူ၏ ကဗျာပေါင်း များ စွာ ထည့်ထားသော ဖိုင်အတွင်းမှ ကဗျာတစ်ပုဒ်ကို လျင်မြန်စွာ ထုတ်ယူ ကာ ဒုက္ခပေးဖို့ ကြံစည်တော့သည်။

ရဲခေါင်က မျက်စိအညောင်းမခံချင်၍ ငြင်းရန် ဟန်ပြင်လိုက်စဉ်မှာ ပဲ စူပါ၏ ဘက်တော် သား စိုးသူရက ဖျတ်ခနဲ ဆွဲယူလိုက်ပြီး ...

''ကဲပါ ...ငါ ဖတ်ပြပါ့မယ်၊ ကဲ ...ငရဲ ကဗျာကမ္မဌာန်း စီးဖျန်း ပေတော့''

ထိုသို့ အစချီကာ သူရက သံနေသံထားနှင့် ရွတ်ဖတ်သရဇ္ဈာယ်တော့ ၏ ။

သဲရေကျ

တစ်မနက်မှာ

သွေးဆာဆာနဲ့ ကျွန်တော် ဟာ

သူမကို လုယူမယ် ကြံစည်မိတဲ့ အခါ

သူမကား ပေါ်မလာ

သူမကား တော် တော် နှင့်ရောက်မလာ

မျှော်ရတာ လည်ပင်းတောင်နာ

သူမ တမင်လေရော့သလား ထင်မိတာ။

ဟော . . .

ဟိုးအဝေးမှာ

သူမရုပ်လွှာ မှိတ်တုတ်မှိတ်တုတ် ရွေ့လျားလာ

သူမ တကယ်လာချေတော့တာ

ကျွန်တော့် စိတ်တွင်းနက်နက်ကလေးပါ

ကျွန်တော့် အလိုဆန္ဒလေးပါ

ကျွန်တော့် ပင်လယ်ရေဘဝဲမလေးပါ။

သူမ

အနီးသို့ရောက်လို့လာ

အနွေးထည်ထူထူထဲထဲ ကိုယ်ခန္ဓာ

ကျော့ရှင်းသေသပ်လှပနေတာ

ရမ္မက်များ နဲ့ ပွေ့ဖက်နမ်းရှုပ်မိတဲ့ အခါ

''အို . . .ဖယ်ပါ၊ မောင်ရာ

ဘဝပြဿနာကြီးနဲ့မို့ပါ'' တဲ့ ။

ထိုအခါ

မြင်မြင်သမျှ နေရာတကာ

ရုပ်ဆိုးအကျည်းတန်နေတော့၏ ။

သူမအပြုံးက တစ္ဆေတစ်ကောင်ပမာ

ရုပ်ဆိုးအကျည်းတန်နေတော့၏ ။

''အချစ်'' ကလွဲ၍ အရာရာ

ရုပ်ဆိုးအကျည်းတန်နေလေတော့၏ ။

မြတ်မိုးအိမ်

''ဟာ ...ကောင်းလိုက်တဲ့ကဗျာကွာ၊ ဟေ့ကောင် စူပါ လာမယ့် ကမ္ဘာ့ကဗျာပြပွဲကျရင် မင်းကဗျာ သွားတင်ကွ''

''စဉ်းစားနေတယ်''

စိတ်ညစ်ရသည်။ ဘုန်းကြီးရူးနှင့် လှေလူးတော့ တွေ့ နေကြပြီ။ ထိုနှစ် ကောင်ကိုကြည့်၍ ရဲခေါင်မှာ ဘာလုပ်ရမည် မှန်းမသိ။ တစ်ခုခုတော့ လုပ်ရမည် ။ လုပ်ကိုလုပ်ရမည် ။ ကိုယ်က အသဲကွဲနေသည်လေ။

ထိုကြောင့် နှစ် ကောင်စလုံးအား ညှိုးငယ်ရီမှော င်သော မျက်ဝန်း အစုံ ဖန်ဆင်းကာ ကြည့်လိုက်ပြီး ...

''စူပါ ...မင်းကဗျာ ကတော့ ငါ့ရင်ကို တည့်တည့်ထိတာပဲကွာ''

'' ဖြစ်ရမယ်လေ၊ ဒါ ...မှော်ပဲဥစ္စာ''

''ဟုတ်ပါတယ်၊ ဒါနဲ့ စိုးသူရ ...မင်း မနေ့က လခထုတ်ထား တယ်မလား''

''အေးလေ ...ဘာ ဖြစ်လို့လဲ''

ရဲခေါင်က အားတင်းကာ မျက်ရည်ပင် ရစ်ဝိုင်းပြလိုက်ရင်း ...

''ခုနက မင်း ဖတ်ပြတဲ့ ဒီကောင့်ကဗျာကို နားထောင်ပြီး ငါ မခံ စားနိုင်တော့ဘူးကွာ၊ မင်းကလည်း လခထုတ်ထားတယ်ဆိုတော့ အသဲကွဲ သမားကြီး ငါ့ကို ဘီယာလိုက်တိုက်ကြစမ်းပါ ...ကွာ''

''ဟေ''

ဆိုသည့် စူပါအသံအဆုံးမှာ စိုးသူရကလည်း အေးပါကွာ ... အေးပါဆိုပြီး ခပ်လေးလေးကြီး ပြန်ပြောလိုက်လေသည်။

*


အခန်း (၈)

''ကိုရဲလား ...ငါပါကွ အောင်စိုး''

''ဟုတ်ကဲ့ ဦး ...ပြော''

''သြော် ...မင်းအပ်ထားတဲ့စာမူ ကွန်ပျူတာစာစီပြီးပြီလေ၊ အဲဒါ ပရုဖ်ဖတ်ဖို့ လာယူဦး''

''ဟုတ်ကဲ့ ...ဦး''

စောစောစီးစီး ဖုန်းဆက်လာသဖြင့် စာမူသွားယူရသေးသည်။ စာအုပ်တိုက်ရောက်တော့ ထုတ်ဝေသူ ဦးအောင်စိုးက မနက်စာ ကျွေးရမှာ စိုး၍ စောစောစီးစီး တစ်ကိုယ်တည်း ဘာတွေ စားထားသည်မသိ။ ရဲခေါင် ရောက်သွားချိန်မှာ သွားကြားထိုးတံလေးဖြင့် ဟိုကော် ဒီထိုးပင် လုပ်နေလေ ပြီ။

တကယ်တော့ ဦးအောင်စိုးက ကပ်စေးနှဲလှသူတော့မဟုတ်ချေ။ တစ်ခါကလည်း စာအုပ်တိုက်ကို ရဲခေါင် စောစောစီးစီးရောက်နေခိုက် သူ့ကား နှင့် မနက်စာကျွေးဖို့ ခေါ်သွားဖူးသည်။ ဆီဒိုးနားတို့ ထရိတ်ထားတို့လို ဟိုတယ်တွေ ဆီတော့မဟုတ်။ ဒါဆို စင်ထရယ်ဟိုတယ်လောက်လား။ မဟုတ်သေးပါ။

သူခေါ်သွားသည်က သူ့လို ထုတ်ဝေသူ တစ်ယောက် ၏ အိမ် တက်အလှူသို့ ဖြစ်သည်။

သို့ သော်လည်း ...ရက်မှားပြီးသွားမိ၍ ငတ်ပေါက်တိုးမလို ဖြစ်ခဲ့ သေးသည်။ ဦးအောင်စိုး ကတော့ ထိုသို့ အ ဖြစ်မခံချေ။ လမ်းဘေးလက်ဖက် ရည် ဆိုင်သို့ ဝင်ပြီး ရဲခေါင်အား စားချင်တာစားဟူ၍ ကျွေးမွေးဖူးကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ပြီး အရင့်အရင် ညနေပိုင်းတွေ မှာ လည်း ဘီယာ တိုက်ခဲ့သော လွမ်းမောစရာနေ့များ လည်း ရှိခဲ့ဖူးပါသည်။ (မှတ်ချက်။ ယခုမဟုတ်)

ထားတော့ ခုလောလောဆယ် သူ့ဘက်က စားချင်တာစားဟူ၍ သဒ္ဓါစိတ်တွေ ယိုဖိတ်နေလျှင်တောင် ရဲခေါင်က စိတ်မဝင်စားချေ။ လော လောဆယ် အသဲကွဲနေသည်ဟု အထက်က ဆိုခဲ့ပြီးပြီ။

ထိုကြောင့် ပရုဖ်ဖတ်ရန် စာမူကိုပဲ တောင်းယူလိုက်၏ ။

ဦးအောင်စိုးက ရဲခေါင်၏ မျက်နှာကို ထုတ်ဝေသူမျက်လုံးဖြင့် တစ် ချက်ဖမ်းရှိုးလိုက်ပြီးမှ ...

''ဘယ်လိုလဲ ကိုရဲ စာမူအသစ်ရေး နေပြီလား၊ မင်းတို့စာရေး ဆရာ တွေ ဆိုတာ စာမူကို ...''

''ဟုတ်ကဲ့ ...နာနာရေး ထားရမယ်ဆိုတာ သိပါတယ်''

''အေးကွ ...ငါကလည်း''

''ဟုတ်ပါတယ် ...ဦးက တစ်လတစ်အုပ်၊ နောက်ဆုံး ရက်အစိတ် တောင် တစ်အုပ်ထုတ်ချင်တာမလား''

''ဒါပေါ့ကွ၊ ဒီလောက် လက်ကုန်လုပ်နေတာတောင် ဂျမ်း ဖြစ်တာ တွေ မင်းလည်း အမြင်ပဲ''

''ဟုတ်တာပေါ့၊ ဦးက ...ဦးအောင်မြင့်တို့, ဦးသိန်းဇော်တို့လို ထုတ်ဝေသူ မျက်နှာဖုံးစွပ်ပြီး ကာရာအိုကေဆိုင်ပဲ သွားသွားနေတဲ့ ခြောက် လတစ်အုပ်ထုတ်နေတဲ့သူမျိုးမှ မဟုတ်တာ''

ရဲခေါင်က အမှန်တကယ် ငေါ့ချင်စိတ်တစ်ဝက်ဖြင့် သာသာထိုးထိုး ပြောပစ်လိုက်သည်။ သူ ဖွင့်ဖွင့်ပြနေသော ဓာတ်ပြားဟောင်းကြီးကို နားလည် နေပြီကိုး။

ဒါသည်ကိုပင် ဦးအောင်စိုးက မရိပ်မိဘဲ သဘောကျသလို ရယ် လိုက်ရင်း ...

''ဟား ဟား ...ဟုတ်တယ်ကွ၊ ဒီငနဲကြီးတွေ က ကာရာအိုကေ ဆိုရင် တွေ့ မရှောင်တွေ လေ''

''ဟင် ...သူတို့ပြောတော့ ဦးက အဆိုးဆုံးဆို၊ ကာရာအိုကေက ကောင်မလေးတွေ နဲ့ ပတ်သက်ပြီး အများ သုံးအိမ်သာကို သော့ မခတ်နဲ့လို့ ပြောတာလည်း ဦးဆို''

''ဟာကွာ ...ဒါ ကတော့ ဒီငနဲကြီးတွေ က ဆိုင်က ကောင်မလေး တွေ နဲ့ စာချုပ်ချုပ်ထားသလို ဟိုဟာက သူ့ဟာ၊ ဒီဟာက ငါ့ဟာဆိုပြီး မောင်ပိုင်စီးကြတာကိုး''

မျက်နှာကြီးနီပြီး ပြောလာသော ဦးအောင်စိုးကိုကြည့်ကာ ရဲခေါင် တဟားဟား ရယ်မိတော့သည်။

အရယ်ရပ်တော့ ဦးအောင်စိုးကပဲ သတိရသွားဟန်ဖြင့် ...

''သြော် ...ဒါနဲ့ ကိုရဲ ...တစ်နေ့က မင်းနဲ့မိတ်ဆက်ချင်လို့ဆို ပြီး တိုက်ကို ကောင်မလေးနှစ် ယောက် လာသေးတယ်ကွ''

''သြော် ...ဟုတ်လား''

ဒီကိစ္စက စာရေး သူနှင့် စာဖတ်သူကြားမှာ ဖြစ်နေကျကိစ္စ ဖြစ်၍ ပေါ့ပေါ့ပဲ ပြန်ပြောလိုက်သည်။

ဒါကိုပင် အားမရသေးသော ဦးအောင်စိုးက ...

''ဟာ ...ဟေ့ကောင် ကောင်မလေးတွေ က နှစ် ယောက် စလုံး လန်းတယ်ကွ၊ ငါတောင် မင်းစာအုပ်မှာ လက်မှတ်ထိုးပြီး လက်ဆောင်ပေး လိုက်သေးတယ်၊ ပြီးတော့ ...မင်း ဖုန်းနံပါတ်ပါ သူတို့က တောင်းသွား ကြတယ်''

ရဲခေါင် မျက်ခုံးပင့်လိုက်မိသည်။ ဒါဆိုလျှင်တော့ ပရိသတ်နှင့် နွေးနွေးထွေးထွေး ပြောရဦးမည် ပေါ့။

တွေးရင်းပင် ကိုယ့်ဘက်က ဖုန်း အသဲအသန်မျှော်နေမိသော အခရာကို သတိရသွားသည်။

သို့ သော်လည်း ... ထိုဖုန်းက မျှော်သာမျှော် ပေါ်မလာဆိုသည့် ဖုန်းမျိုး။

လေပူကြီးကိုပဲ မှု တ်ထုတ်မိတော့သည်။ ဦးအောင်စိုးက မြင် ဖြစ် အောင် မြင်သွားပြီး ...

''ဟ ...ကိုရဲရ ကိုယ့်ပရိသတ်ကောင်မလေးတွေ ဖုန်းဆက်မှာ ကိုပဲ မင်းက မသက်မသာပုံစံကြီးနဲ့ လေပူကြီးတောင် မှု တ်လို့''

''ဦး မသိပါဘူးဗျာ၊ ခု ကျွန်တော့် မှာ ဖုန်းတစ်လုံးကြောင့် စာမရေး နိုင် ဖြစ်နေတာဗျ''

မျက်မှန်အောက်မှ ဦးအောင်စိုး၏ မျက်လုံးကြီး ပြူးဝင်းသွားလျက်

''ဟေ ...ဘယ်ဖုန်းလဲ၊ ဘယ်သူဆက်ပြီး မင်းကို နှောင့်ယှက်နေ လို့လဲ''

''ဆက်လို့မဟုတ်ဘူးဗျ၊ မဆက်လို့၊ မဆက်လို့ စိတ်ထဲမှာ နေမထိ ထိုင်မရနဲ့ စာမရေး ဖြစ်တာ''

''ဒါဆို ...အဲဒီ ဖုန်းက''

''ဟုတ်တယ် ...ကျွန်တော် ကြိုက်နေတဲ့ကောင်မလေးရဲ့ ဖုန်းပဲ''

''ဟေ''

*


အခန်း (၉)

ည ...ကိုးနာရီခန့်။

ရဲခေါင် တစ်ယောက် ညစာစားပြီး ခုချိန်ထိ မငြိမ်သက်သေးသော အရှေ့အလယ်ပိုင်း ပြဿနာကို စဉ်းစားဆင်ခြင်နေခိုက် ...

ဝါကာ ...ဝါကာဟု ကျူးရင့်လိုက်သော ရှာကီရာ၏ အသံစာစာ လေးကို ကြားလိုက်ရလေသည်။ ဒါဆိုလျှင် ရဲခေါင်ထံသို့ ဖုန်းလာနေကြောင်း ပရိသတ်ကြီး သိလောက်ပြီ။

ရဲခေါင် ဖုန်းဖွင့်ကိုင်လိုက်တော့ ...

''ဟဲလို ...ဆရာခေါင်ဗညားလားမသိဘူး''

နားထဲသို့ တိုးဝင်လာသည်က အသံချိုချိုရှရှလေး။ နားထောင်လို့ ကောင်းပေမယ့် ရဲခေါင်စိတ်ဓာတ်ကျသွားရသည်။ ခေါင်ဗညားဟု မေးလာ ကတည်းက အခရာမဟုတ်မှန်း သေချာသွား၍ ဖြစ်၏ ။ သို့ သော်လည်း ကိုယ့် စာဖတ်ပရိသတ်ကိုတော့ လေးစားရမည် လေ။

ထိုသို့ သော အတွေးနှင့် ရဲခေါင်က ...

''ဟုတ်ပါတယ် ...ခေါင်ဗညားပါ''

''ဟယ် ...ဟုတ်တယ်တဲ့''

ဘေးမှ တစ်ယောက် ဝမ်းသာအားရ ပြောလိုက်သော အသံ ဖြစ်မည် ။ ပြီးမှ ဆက်၍ ...

''ဆရာ ...ဟိုလေ ကျွန်မက ဆရာရဲ့ စာဖတ်ပရိသတ်ပါ''

''ဟုတ်ကဲ့ ...ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ နာမည် လေးက''

''ရှင်''

''သြော် ...ကျွန်တော့် ရဲ့ စာဖတ်ပရိသတ်ဆိုတော့ နာမည် လေး သိထားရအောင်ပါ''

ခဏမျှ အသံတိတ်သွားပြီးမှ ...

''ကျွန်မနာမည် က ဟို ...ပိုင်ပိုင်စိုးပါ ဆရာ၊ ဟဲ့ ...ဘာ ဖြစ်နေ တာလဲ''

''ဗျာ''

တခစ်ခစ် ရယ်သံလေးက အရင်ကြားလိုက်ရပြီးမှ ...

''ဟာ ...ဆောရီးနော် ဆရာ၊ ခုနက ဘေးက သူငယ်ချင်းကို ပြောတာ''

''ဟုတ် ...ဟုတ်ကဲ့''

''အဟင်း ...ဆရာ့ဖုန်းနံပါတ်ကို ဟိုတစ်နေ့ကမှ စာအုပ်တိုက်က တောင်းလာတာရှင့်''

ထိုအခါမှ ဦးအောင်စိုး မနက်ကပြောသော ကောင်မလေးတွေ ဖြစ်မည် ဆိုပြီး သတိရလိုက်မိသည်။

ပိုင်ပိုင်စိုးဆိုသော ကောင်မလေးကပဲ ...

''ဆရာရေး တဲ့ ဝတ္ထုတွေ က ကြောက်စရာကောင်းတယ်နော်၊ ကျွန်မက ကြောက်တတ်တာရှင့်၊ ဒါပေမဲ့ မဖတ်ဘဲလည်း မနေနိုင်ဘူး''

''အဲဒါ ရသတစ်မျိုးပဲလေ၊ ရသကိုးပါးထဲက ဘယာနက ရသလို့ ခေါ်တယ်''

''ကျွန်မ ကတော့ အဲဒါတွေ ကို မသိပါဘူး၊ ဒါပေမဲ့ ခုတလော ဆရာတို့ရေး တဲ့ ဝတ္ထုအမျိုးအစားတွေ ကို အတော် ဝေဖန်ကြတယ်နော်''

ရဲခေါင် ခပ်ဟဟရယ်လိုက်သည်။ တကယ်တော့ သူရေး နေသော ဝတ္ထုအမျိုးအစားနှင့် ပတ်သက်ပြီး အကောင်းရော၊ အဆိုးပါ ဝေဖန်ကြတာကို နားရည်ဝနေပြီ။

ထိုကြောင့် ...

''ဒီလိုပါပဲဗျာ၊ ခု ကျွန်တော် တို့ရေး နေတဲ့ စာပေအမျိုးအစားက ဒီဘက်ခေတ်မှာ ပြန်ခေတ်စားလာတာကိုး၊ ဒါပေမဲ့ ဒီလို တစ္ဆေသရဲနောက်ခံ ဝတ္ထုတွေ က ပေါ်တာကြာပါပြီ၊ ဘုရားဟောခဲ့တဲ့ ငါးရာ့ငါးဆယ်ဇာတ်တော် တွေ နဲ့ ဓမ္မပဒဝတ္ထုဇာတ်တွေ ထဲမှာ လည်း ဒီလိုတစ္ဆေသရဲနောက်ခံဝတ္ထုဇာတ် လမ်းတွေ ပါတာပဲ''

''ဟုတ်ကဲ့ ...ဆရာ''

''ပြီးတော့ ဆရာကြီး ရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေများ တို့လည်း သူတို့ ခေတ်မှာ ရေး ခဲ့ကြတယ်လေ၊ အဲဒီ ထက် အစောဆုံး ကတော့ ပိဋိကတ်သုံးပုံ ထဲက 'ပေတ' ဝတ္ထုဇာတ်ဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာတို့အကြောင်း အကျယ် တဝင့် ဖွင့်ဆိုထားတဲ့ကျမ်းစာလေ''

''ကျေးဇူးတင်ပါတယ် ဆရာ၊ ခုလို ဗဟုသုတရအောင် ပြောပြတာ''

''ရပါတယ်ဗျာ၊ တချို့က မသိကြလို့ပါ၊ အနောက်တိုင်း စာပေ လောကမှာ ဒီလိုဝတ္ထုမျိုးတွေ သီးသန့်ရေး တဲ့ စာရေး ဆရာတွေ အပြင် ဟာသ စာရေး ဆရာလို့ အများ သိကြတဲ့ ပီဂျီစုဒ်ဟောက်၊ 'သိပ္ပံစာရေး ဆရာကြီး အိတ်ဂျီဝဲလဲ'၊ ပြီးတော့ မော်ဒန်စာရေး ဆရာတွေ ဖြစ်တဲ့ ဟင်နရီဂျိမ်းနဲ့ ဗာဂျီး နီးယားဝုဖ်တို့တောင် တစ္ဆေသရဲဝတ္ထုတွေ ရေး သားခဲ့သေးတာပဲ''

''ဟုတ် ...ဟုတ်ကဲ့ပါဆရာ၊ ဒါနဲ့ ခု ဘာဝတ္ထုရေး နေလဲဟင်''

''လောလောဆယ်တော့ ဘာမှမရေး သေးဘဲ ခုန ကတော့ အရှေ့ အလယ်ပိုင်းပြဿနာကို စဉ်းစားနေတာ''

''ရှန်''

''သြော် ...နိုင်ငံခြားမှာ ခုထိမပြီးဆုံးသေးတဲ့ကိစ္စလေ''

''ဆရာကလည်း ကြောင်သွားတာပဲ၊ ဒါဆို ဆရာက ဝတ္ထုအသစ် မရေး ရသေးဘူးပေါ့''

''ဟုတ်တယ်ဗျ၊ ကိုယ်ရေး ကိုယ်တာကိစ္စတစ်ခု စိတ်ညစ်စရာ ကြုံ နေလို့လေ''

''သြော် ...ဆောရီးပါ ဆရာ၊ ဒါပေမဲ့ ...ဆရာရဲ့ ဝတ္ထုအသစ်ကို မျှော်နေပါ့မယ်၊ ဒါပဲနော် ဆရာ''

''ဟုတ်ကဲ့ပါဗျာ''

''သြော် ဆရာ ...မေ့သွားလို့ နောက်ဖုန်းဆက်လို့ရပါတယ်နော်''

''ရပါတယ် ခင်ဗျာ''

''ဟုတ် ...ကျေးဇူးပါပဲ''

ပိုင်ပိုင်စိုးဆိုသော ကောင်မလေး ကတော့ ဖုန်းချသွားလေပြီ။ ရဲခေါင် လည်း စာမရေး ဖြစ်တာ သုံးလေးရက်လောက်တောင် ကြာနေပြီဟု စဉ်းစား မိပြီး စာရေး စားပွဲမှာ ထိုင်လိုက်သည်။ မရချေ။ ထိုင်လို့မရတာ မဟုတ်။ ဖင်ပါ၍ ထိုင်လို့ရပါသည်။ မရတာ က စာရေး လို့မရခြင်း ဖြစ်၏ ။ ဒါဆို စာရွက် မရှိလို့လား၊ ဘောပင်မင်ကုန်နေလို့လား။ မဟုတ်ပါ။ တစ်ခုမှမဟုတ်ပါ။ စာရေး ဖို့ ဈန်မဝင်ခြင်းသာ ဖြစ်သည်။ ပြောရသည်မှာ လည်း ရှုပ်သည်။

ဒါဆို စာရေး ဖို့ ဘာ ဖြစ်လို့ ဈန်မဝင်တာလဲ။ ရှင်းရှင်းလေး။ အခရာ ဆိုသော ကောင်မလေးက ခေါင်းထဲရောက်နေ၍ သာ ဖြစ်သည်။ ထိုသို့ ဆို၍ ကောင်မလေးက အကောင်လိုက်ကြီး ဘယ်လိုခေါင်းထဲဝင်နေတာလဲဟု မမေးကြပါနှင့် ။ မေးလျှင်လည်း ဒင်းကလလေးကို သတိရနေလို့ သူ့အ ကြောင်းပဲ စဉ်းစားနေမိလို့ စာမရေး နိုင်တာဟု ဖြေပါမည် ။ (လျှာရှည်လိုက်တဲ့ စာရေး ဆရာရယ်)

ထိုကြောင့် ဝတ္ထုရေး မရသည့်အတူတူ မထူးဘူးဟု တွေးပြီး အခရာ ကို လွတ်လွတ်ကျွတ်ကျွတ် သတိရရင်း ရဲခေါင်လုပ်မိသည် ကတော့ ...

ဒိုင်ယာရီစာအုပ်ကိုဖွင့်ကာ သူ့အပေါ် စိုးမိုးနိုင်လွန်းသော နာမည် လေးတစ်ခုကို ရဲခေါင် ချရေး လိုက်ပါသည်။

အခရာ ...ရေ ...ဟူ၍ ။

ထိုနောက်မှာ တော့ နှလုံးသားမှ စိမ့်ယိုလာသော ခံစားချက်များ ကို စကားလုံးများ အဖြင့် အသွင်ပြောင်းရင်း ...

အပြင်ဘက်မှာ တော့ ညသည် သူ၏ တာဝန်ကို ကျေပွန်စွာ ကမ္ဘာ တစ်ခြမ်းကို အမှော င်ထုဖြင့် ဖြားယောင်းသိမ်းပိုက်လိုက်လေပြီ။

*


အခန်း (၁ဝ)

မနက်စောစောစီးစီး စူပါ အခန်းသို့ ရောက်ချလာသည်။ လက်ဖက် ရည်သောက်ရန် လာခေါ်ခြင်း ဖြစ်၏ ။ ဒီကောင်က တခြားတက်စီသမားတွေ လို မနားတမ်း မောင်းပြီး ပိုက်ဆံကို အသဲအသန်ရှာသူမဟုတ်။ ကားက ကိုယ်ပိုင်ကားမို့ ထွက်ချင်သည့်အချိန်မှာ ထွက်ပြီး သိမ်းချင်သည့်အချိန်မှာ သိမ်းသည်။ အုံနာခလည်း ပူစရာမလိုချေ။

ခုလည်း အခန်းထဲရောက်ရောက်ချင်း ရဲခေါင်၏ စာရေး စားပွဲပေါ်မှ ဒိုင်ယာရီစာအုပ်ကို ပိုင်စိုးပိုင်နင်း ယူကြည့်ကာ ...

''အံမယ် ...ငါ့ကောင်ကြီးက ဒိုင်ယာရီတွေ ဘာတွေ ရေး လို့ပါ လား''

''ဟာ ...ဟေ့ကောင်''

ရဲခေါင် ကမန်းကတန်း ဆွဲယူလိုက်ရသည်။ သို့ သော်လည်း ဒင်းက မနေ့ညက ရေး ထားသော စာကြောင်းတွေ ကို ဖတ်လို့ပင် ပြီးနေပြီ။

စူပါက ရယ်သံကြီးဖြင့် ...

''ရှက်မနေပါနဲ့ ငရဲရာ၊ ကိုယ့်ခံစားချက် ကိုယ်ရေး ထားတာပဲ ဘယ်သူမှ တရားလာမစွဲပါဘူးကွ''

''သိပါတယ်၊ ခု လက်ဖက်ရည်ဆိုင်သွားမှာ မလား၊ လာသွားမယ်''

ဒိုင်ယာရီစာအုပ်ကို အံဆွဲထဲမှာ ထည့်ပြီး နှစ် ယောက် သား ထွက် လာခဲ့ကြသည်။

လက်ဖက်ရည်ဆိုင်ရောက်တော့ စူပါက ...

''ဘယ်လိုလဲ ငရဲ၊ အဲဒီ ကောင်မလေး မင်းဆီကို ခုထိ ဖုန်းမဆက် ဘူးလား''

ရဲခေါင်က လေပူမှု တ်ထုတ်လိုက်ရင်း ...

''မဆက်ပါဘူးကွာ၊ ဖုန်းဆိုလို့ မနေ့ညက ငါ့စာဖတ်ပရိသတ်တွေ ပဲ ဆက်တယ်''

''ဟေ ...ဟုတ်လား၊ ကောင်လေးလား၊ ကောင်မလေးလား''

ရဲခေါင်က မျက်ထောင့်နီနီနှင့် ကြည့်ရင်း ဦးအောင်စိုး မစလိုက်၍ သူ့ဆီ ဖုန်းဆက်လာသော ပိုင်ပိုင်စိုးအကြောင်းကို ပြောပြလိုက်သည်။

စူပါက မျက်လုံးပြူးနားထောင်နေပြီးမှ ...

''မင်း ...မင်းတို့ ဘာတွေ ပြော ဖြစ်ကြလဲကွ''

စိတ်ရှုပ်ရသည်။ ညက ပိုင်ပိုင်စိုးနှင့် ပြော ဖြစ်သည့် အကြောင်းအရာ တွေ ကို ပြောပြရပြန်၏ ။

စကားဆုံးတော့ စူပါက ပါးစပ်ထဲမှာ ငုံထားသော ရေနွေးကြမ်း ကို ဖွီးခနဲထွေးထုတ်ကာ ...

''ငရဲ ...မင်းဟာလေ တော် တော် ဒူတဲ့ကောင်ပဲကွ''

''ဟ ...ဘာ ဖြစ်လို့လဲ''

''ငါက မင်းကို စာတွေ ဒီလောက်ရေး နေလို့ ဆရာကောင်လို့ ထင်နေတာ''

''ခုရော ဘာ ဖြစ်လို့လဲ''

''အေး ...မင်းက အကောင်တော့ အကောင်ပဲ၊ ဒါပေမဲ့ ဆရာ ကောင် မဟုတ်ဘူး၊ ငပိကောင်ကြီး''

''အန်''

''ဟုတ်တယ်လေ၊ ကိုယ့်ဆီကို ဖုန်းဆက်မယ့် ကောင်မလေးဟာ အလန်းလေးလို့လည်း မင်း ထုတ်ဝေသူက ပြောထားတယ်၊ ဟိုဘက်က တကယ်ဆက်လာတော့လည်း မင်းက နည်းနည်း ပါးပါး အီဖို့မစဉ်းစားဘူး၊ မင်း သူနဲ့ဖုန်းပြောခဲ့တဲ့ စကားတွေ ကို ပြန်စဉ်းစားကြည့်စမ်း၊ စာပေဟော ပြောပွဲကို ဖုန်းနဲ့ ကျင်းပတာကျနေတာပဲ''

''ဟာကွာ''

''ဟာကွာမနေနဲ့ ဟေ့ကောင်၊ မင်းလည်း အခရာမှ အခရာ လုပ် မနေနဲ့၊ အခရာထက်သာတာ ဒီကမ္ဘာမှာ ရှိသေးတယ်ဆိုတာလည်း ခေါင်း ထဲ ထည့်ထားဦး''

ဖုန်းဆက်လာသည့် ပိုင်ပိုင်စိုးနှင့် မကြူလိုက်၍ စူပါက ဆုံးမသြဝါဒြေ>ွခနေခြင်း ဖြစ်သည်။

ရဲခေါင်က ...

''ဟာ ...ကိုယ့်ပရိသတ်ကိုတော့ အဲဒီ လိုမလုပ်ချင်ပါဘူးကွာ၊ ပြီးတော့ ဦးအောင်စိုးပါးစပ်က လန်းတယ်လို့ ပြောတာကိုလည်း ယုံလို့ မ ဖြစ်သေးဘူးကွ၊ သူတို့တစ်ဖွဲ့လုံးက တကယ့် ငကြပ်ကြီးတွေ ''

''ဘာပဲ ဖြစ် ဖြစ်ကွာ ...မင်းအနေနဲ့''

စူပါစကားက မဆုံးလိုက်ချေ။ ရဲခေါင်၏ ဖုန်းက ဝါကာ ဝါကာဟု ထမြည် လာ၍ ဖြစ်သည်။ ဖုန်းဖွင့်ကိုင်လိုက်တော့ ...

''ဆရာလားဟင် ...ကျွန်မ ပိုင်ပိုင်စိုးပါ''

''ဟုတ်ကဲ့ ...ပြောပါ ခင်ဗျ''

ထိုအချိန်မှာ ပဲ စူပါက ဖုန်းကို စပီကာဖွင့်ပြောရန် လက်ဟန်ခြေ ဟန်ဖြင့် ပြောလာသည်။ ရဲခေါင်လည်း စိတ်မသက်မသာဖြင့် ဖုန်းစပီကာဖွင့် လိုက်၏ ။

တစ်ဖက်မှ ပိုင်ပိုင်စိုးက ...

''ဟိုလေ ...ဆရာ တစ်နေ့က ဆရာ့ထုတ်ဝေသူ လက်ဆောင်ပေး လိုက်တဲ့ နောက်ဆုံးစာအုပ်ကို ဖတ်ပြီး သွားပါပြီ၊ ကောင်းပါတယ် ဆရာ''

''သြော် ...ဟုတ်ကဲ့၊ ကျေးဇူးပါပဲ''

''ဒါနဲ့ ဆရာ ...အဲဒီ စာအုပ်ထဲမှာ လေ ဇာတ်ကောင်က နှစ် ပိုင်း ပြတ် အစိမ်းသေသေပြီး တစ္ဆေသရဲ ဖြစ်သွားတယ်မလား၊ အဲဒါကို ဆရာက အသုဘဆယ်ပါးထဲက ဝိစ္ဆိဒ္ဒက အသုဘလို့ေ၇းထားတာတွေ့ တယ် ဆရာ၊ အဲဒါဆိုတော့လေ ကျန်တဲ့ အသုဘတွေ ဆိုတာ ဘယ်လိုမျိုးလဲ၊ ဆရာသိရင် ပြောပြပေးပါလား''

စကားသံအဆုံးမှာ စူပါက ရဲခေါင်ကို မျက်ခုံးပင့်ပြလာသည်။ ဒီ ကောင်မလေးတော့ မင်းကိုစားပြီဆိုသည့်အထာမျိုး။ ရပါသည်။ ဒီလိုဝတ္ထု မျိုးတွေ ရေး နေမှတော့ ရဲခေါင်တို့က လေ့လာထားပြီးသား။ ထိုကြောင့် ပခုံးအသာတွန့်ရင်း ပြန်ပြောလိုက်ပါ၏ ။

''ဒီလို ပိုင်ပိုင်စိုးရဲ့ မတင့်မတယ်ရွံ့စဖွယ် ဖြစ်သော နိမိတ်အာရုံ ကမ္မဌာန်းဆယ်ပါးကို အသုဘဆယ်ပါးလို့ ခေါ်တယ်လေ၊ အဲဒါတွေ က ...''

''ခဏလေး ဆရာ၊ ကျွန်မ လိုက်မှတ်ထားချင်လို့''

စာရွက်နှင့် ဘောပင်ရှာနေသည်ထင်၏ ။ ခဏနေပြီးမှ ...

''ရပြီ ဆရာ ...ပြောပါ''

''အင်း ...ကျမ်းဂန်ထဲမှာ ဖွင့်ဆိုထားတဲ့ အသုဘဆယ်ပါးဆို တာက ...''

၁။ ဥဒ္ဓုမာတက = ဖူးဖူးရောင် ထ မလှရုပ်သွင် အမြင်ဆိုး ဝါးသော အကောင်ပုတ်။

၂။ ဝိနီလက = ဖောက်ပြန်ညိုပုပ် စက်ဆုတ်ရွံရှာဖွယ် ကောင်းသော အကောင်ပုပ်။

၃။ ဝိပုဗ္ဗက = ယိုစီးလိမ်းကျံသော ပြည်ပုပ်တို့ဖြင့် စက်ဆုပ် ဖွယ်အကောင်ပုပ်။

၎။ ဝိစ္ဆဒ္ဒက = နှစ် ပိုင်းပြတ်နေသော စက်ဆုပ်ဖွယ်အ ကောင်ပုပ်။

၅။ ဝိက္ခာယိတက = အထူးထူးအပြားပြား ကျီး၊ ခွေးတို့စား၍ စက်ဆုပ်ဖွယ်သော အကောင်ပုပ်။

၆။ ဝိက္ခိတ္တက = အထူးထူးအပိုင်းအပိုင်းအားဖြင့် ပစ် လွှတ်စွာ ထားအပ်သော စက်ဆုပ်ဖွယ် အကောင်ပုပ်။

၇။ ဟတဝိက္ခိတ္တက= လက်နက်ဖြင့် ပိုင်းပြတ် လွင့်ပစ်အပ် သော စက်ဆုပ်ဖွယ်အကောင်ပုပ်။

၈။ လောဟိတက = သွေးအလိမ်းလိမ်းပေကျံစက်ဆုပ်အပ် သော အကောင်ပုပ်

၉။ ပုဠုဝက = ပိုးလောက်ပြည့်၍ အော့အန်ဖွယ် ဖြစ် သော အကောင်ပုပ်။

၁ဝ။ အဋ္ဌိက = စက်ဆုပ်ဖွယ်ရာ အရိုးစုသာ ဖြစ်သော အကောင်ပုပ်။

''အဲဒါတွေ ပဲ ပိုင်ပိုင်စိုးရဲ့ ''

စကားအဆုံးမှာ ကြက်သီးထသွားသော အသံကလေး ထွက်လာ သည်။

''အမယ်လေး ဆယ်ပါးစလုံးက ကြောက်စရာ ရွံစရာတွေ ချည်းပဲ နော် ...ဆရာ''

''သြော် ...အသုဘဆိုမှတော့ ဘယ်လိုလုပ်ပြီး ချစ်စဖွယ်လှပနေ တော့မှာ လဲ''

''ခစ် ...ခစ် ...ဟုတ်တာပေါ့နော်၊ မေးရတာ အားနာလိုက်တာ၊ ဆရာ့ပါးစပ် အတော် ညောင်းသွားမှာ ပဲ''

''ရပါတယ်၊ သိချင်တဲ့လူကို ပြောရတာ အကျိုးရှိတယ်လေ၊ ကိစ္စ မရှိပါဘူး''

ခဏတိတ်ဆိတ်နေပြီးမှ ...

''သြော် ...ဆရာ မနက်ဖြန်တစ်ရက်လောက် အားလားဟင်၊ ဆရာ့ကို ထမင်းဖိတ်ကျွေးချင်လို့''

''ဗျာ ...မနက်ဖြန်တော့ မအားဘူးဗျ''

စကားအဆုံးမှာ ဘေးမှ စူပါက ပခုံးကို ဖြန်းခနဲ လှမ်းရိုက်သည်။ ရဲခေါင်က အံကြိတ်ပြလိုက်၏ ။

တစ်ဖက်မှ ဆက်ပြောလာသည်။

''ဒါဆို ...သန်ဘက်ခါရော ဆရာ''

''အင်း ...သန်ဘက်ခါဆိုရင်တော့ ဖြစ်ပါတယ်''

''ကျေးဇူးပဲဆရာ၊ ဒါဆို သန်ဘက်ခါကျရင် မနက်ဆယ်နာရီ လောက် မြို့ထဲက ( ) စားသောက်ဆိုင်မှာ ဆုံမယ်လေ''

''ခဏလေး ...ပိုင်ပိုင်စိုးရဲ့ ၊ ဟိုလေ တစ်ယောက် နဲ့ တစ်ယောက် မမြင်ဖူးတော့ ဘယ်လိုလုပ်''

''သြော် ...ဆရာကလည်း လွယ်ပါတယ်၊ ဆရာ့လက်ထဲမှာ ခု ဆရာ နောက်ဆုံးထွက်ထားတဲ့ စာအုပ်လေးတစ်အုပ် ကိုင်လာခဲ့ပေါ့၊ ဒါလေး များ ''

ပိုင်ပိုင်စိုးရော ဘာကိုင်လာမှာ လဲဟု ပြန်မမေး ဖြစ်တော့ချေ။ သူ့ ဘာသာသူ အဆင်ပြေရာ ကိုင်လာလိမ့်မည် ။ ကိုယ့်ဘက်ကပဲ ကိုယ့်ဟာကိုယ် (စာအုပ်) ကိုင်သွားလျှင်ပြီးပြီ။

ထိုကြောင့် ...

''ဟုတ်ပြီလေ ...ဒါဆိုလည်း ပိုင်ပိုင်စိုးပြောတဲ့ အတိုင်းပဲပေါ့''

''ကျေးဇူးပဲ ဆရာ၊ ဒါဆို သန်ဘက်ခါ ဆုံကြမယ်နော်''

''ဟုတ်ကဲ့ပါ''

ဖုန်းချသွားတော့မှ စူပါက မျက်နှာကြီးမဲ့ကာ ကြည့်လာရင်း ...

''မင်းကွာ ...မူနေရသေးတယ်၊ မနက်ဖြန်ဆိုလည်း မနက်ဖြန် သွားလိုက်တာ မဟုတ်ဘူး''

''အာ ...မင်းဘာသိလို့လဲ၊ မနက်ဖြန် ငါ အခန်းပြောင်းရမှာ ကွ''

''သြော် ...ဒီလိုလား''

''ဒီလိုလား မလုပ်နဲ့၊ မနက်ဖြန် တစ်ရက်လုံး မင်းကားကို ငါ ချောဆွဲမယ်၊ စောစောသာလာခဲ့၊ ပြီးတော့ ကားခပိုက်ဆံကိုလည်း မျှော် လင့်မနေနဲ့ဦး''

''အင်''

*




ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ သူစိမ်းတွေ မရှိတဲ့ ကမ္ဘာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


Graffiti ခက်ဆစ်

ရိုးမြေကျ သီအိုရီ

အတိတ်တရေးနိုး