Cover

တကယ် ရိုးရိုးလေးပါ . . .
အနာဂတ်သစ်ကို သွားမယ်ဆိုရင် . . .
အတိတ်
တစ်ရေး နိုးလာဖို့ပဲ လိုပါတယ် . . .။



အခန်း (၁)

ည ...။

အချိန်အားဖြင့် ဆယ့်တစ်နာရီစွန်းစွန်းလေး။

အိပ်မပျော်နိုင်သေးသော ရန်ကုန်လမ်းမများ ထက်၌ ရောင် စုံကား များ က ဦးတည်ရာပေါင်းစုံသို့ သွားလာနေကြသည်။ အလင်းတိုင်မှ မာကျူရီ မီးရောင် များ ကလည်း လမ်းမများ ပေါ်သို့ အလျားလိုက် ပြန့်ဖြာကျနေကြ သေးသည်။ ကားကိုယ်မှ မီးရောင် များ ကလည်း ဟိုဒီယိမ်းထိုးလျက် ...။

ထိုလမ်းများ ၊ ကားများ ကြားထဲတွင် တစ်ခုသော လမ်းမကျယ်ထက် ၌ အဖြူရောင် ဗင်ကားလေးတစ်စီးကလည်း ရောနှောပါဝင်နေခဲ့သေး၏ ။

ထိုကားလေးထဲမှာ ပါလာသည် ကတော့ လွန်ခဲ့သော တစ်လကျော် ကမှ လက်ထပ်ထားသည့် ဇနီးမောင်နှံနှစ် ဦး ...။ အပျော်စက်လက် နေ့ ရက်များ ကို တစ်သားတည်း ဖြတ်သန်းနေကြသည့် လူသားနှစ် ဦးလည်း ဖြစ်၏ ။

ခုလည်း သူတို့နှစ် ဦးသည် သူငယ်ချင်း တစ်ယောက် ၏ မွေးနေ့ပါတီ မှ ပြန်လာကြခြင်း ဖြစ်၏ ။ သူတို့ ဦးတည်နေသည် ကတော့ နှစ် ဦးသား နေထိုင်ရာ မြို့၏ ဆင်ခြေဖုံးရပ်ကွက်အတွင်းရှိ တိုက်ခန်းလေးဆီသို့ ဖြစ်၏ ။

ကားမောင်းလာရင်း ကောင်လေး ဖြစ်သူက ကားကို အရှိန်ထပ်မြှင့် လိုက်၏ ။ ကောင်မလေးက ဆတ်ခနဲ စောင်းငဲ့ကြည့်ရင်း ...

''ရဲမော် ...ကားကို ပုံမှန်ပဲ မောင်းလေ၊ အန္တရာယ် များ တယ် ဟ''

စကားအဆုံးမှာ ရဲမော်ဆိုသော ကောင်လေးက ဟက်ခနဲ ရယ် လိုက်ရင်း ...

''ကသစ်ကလည်းဟာ ...ညဆိုတော့ လမ်းရှင်းလို့ပါ၊ ရန်ကုန်မှာ ဒီလိုမောင်းရဖို့က ဒီအချိန်ပဲ ရှိတာ၊ ပြီးတော့ ...ငါ အိပ်ချင်နေပြီဟ ...ဝါး''

တမင်ဟန်လုပ်ကာ သန်းဝေပြလိုက်ခြင်း ဖြစ်၏ ။ ကသစ်ဆိုသော ကောင်မလေးက မျက်စောင်းထိုးလိုက်ပြီး ...

''ပုံမှန်မောင်းလည်း အိမ်ပြန်ရောက်မှာ ပါဟာ၊ ဘီယာလေး သုံး လေးခွက်လောက်သောက်ပြီး စိတ်က ရဲမနေနဲ့ သိလား''

''အေးပါဟ ...နင်လည်း ဝိုင်လေးနှစ် ခွက်လောက်သောက်ပြီး ကိုယ့်ယောက်ျားကို လာကောနေပြန်ပြီ၊ နင် ကြောက်နေရင်လည်း ငါ သီချင်းဖွင့်ထားမယ်၊ မျက်စိမှိတ် နားထောင်ပြီး လိုက်ခဲ့ ...နော် ...ချစ် သူလေး''

ပြောရင်း ရဲမော်က ကသစ်ပါးလေးကို ဆတ်ခနဲ လှမ်းနမ်းလိုက် သေးသည်။

ကသစ်က ...

''လာလုပ်မနေနဲ့ ... နင့်အကြံအစည်တွေ ကို ငါ သိတယ်''

ရဲမော်က တဟားဟားရယ်ကာ ကားကက်ဆက်ကို ဖွင့်လိုက်ပါ ၏ ။ အသင့်ထည့်ထားသော အခွေထဲမှ သီချင်းတစ်ပုဒ်က ခုန်ထွက်လာ သည်။ ကသစ်က ပေစောင်းစောင်းလေး ကြည့်လိုက်ပြီး ...

''ဘာလို့ မျက်စိမှိတ်ထားရမှာ လဲ၊ တော် ကြာ ...အိပ်ပျော်သွားဦး မယ်''

ပြောရင်းပင် ကသစ်က ဖွင့်ထားသော သီချင်းကို ခပ်ကျယ်ကျယ် လိုက်ကာ ဆိုလိုက်၏ ။

ရဲမော်က ...

''လုပ်ထားကွ ...ဒါမှ ငါ့မိန်းမကွ၊ တော် ကြာ အလှူထည့်မယ့် သူတွေ လာတော့မယ်''

ထိုစကားကြောင့် ကသစ်က ရဲမော်၏ ပခုံးစွန်းကို လှမ်းကာ ရိုက် လိုက်သည်။ ရဲမော်က သဘောကျသလို တဟားဟား အော်ရယ်လိုက်ရင်း ဘောင်းဘီအိတ်ထဲမှ ဟန်းဖုန်းကို ထုတ်ကာ ...

''ကဲပါ ...ငါတို့လင်မယားနှစ် ယောက် ကားပေါ်မှာ ပဲ ရစ်ကောဒင်း လုပ်တာပေါ၊ ကဲ ...စပြီနော်''

ပြောရင်း ဖုန်းမှရစ်ကောဒင်းခလုပ်ကို နှိပ်လိုက်သည်။

''ကဲ ...ရယ်ဒီ ...ဝမ်း ...တူး ...သရီး ...ဂိုး ...''

တိုင်ပင်အဆုံးမှာ တော့ နှစ် ယောက် သား ကက်ဆက်ထဲမှ သီးချင်း အတိုင်း ပြိုင်တူလိုက်ဆိုလိုက်ကြ၏ ။

သီချင်းသံများ ဖြင့် ကားလေး ကတော့ လမ်းမထက်မောင်းနှင်နေ ဆဲ။

ထိုသို့ မောင်းလာရင်း တစ်ခုသော လမ်းချိုးအရောက်တွင် ရဲမော် က ကားဘရိတ်ကို အသာထိန်းနင်းရင်း ကွေ့ချလိုက်သည်။

သို့ သော် ...

ထိုလမ်းမထက်၌ ကားမီးရောင် တစ်ခုက စူးခနဲ ထိုးခွဲဝင်ရောက် လာသဖြင့် ...

''ရဲမော် ...ရှေ့မှာ ကား ...ကား''

ကသစ်က စူးရှထိတ်လန့်စွာ အော်ဟစ်သတိပေးလိုက် သဖြင့် ရဲမော်က ထိုကားကြီးနှင့် လွတ်အောင် သူ့ကားကို အသားကုန် ကွေ့ချရင်း ဘရိတ်ကို ဆောင့်နင်းလိုက်သည်။

''ဟာ''

ထိုကားကြီးနှင့် သူတို့၏ ကားလေး ကတော့ ပွတ်ကာသီကာ လွတ် သွားပါသည်။

သို့ သော် ...သူကွေ့လိုက်သော လမ်းဘေးတွင် ဘွားခနဲ မြင် လိုက်ရသည်က သစ်ပင်ကြီးတစ်ပင် ...။

ထိုအပင်က ကသစ်ထိုင်နေသော ဘက်တွင် ဖြစ်သော ကြောင့် ထပ်ကာ အသားကုန်ကွေ့ချလိုက်သော်လည်း ...

''ဒုန်းဍ''

ညနက်နက်တွင် ကားလေး၏ ရှေ့စွန်းတစ်ခြမ်းက သစ်ပင်နှင့် မိတ် ဆက်သွားလေတော့၏ ။

ညသည် အမှော င်အောက်တွင် ချက်ချင်း ဆိုသလို အကျည်းတန် သွားကာ ...။

ထို့နောက် ...

ထို့နောက်မှာ တော့ ...။

*


အခန်း (၂)

အရေး ပေါ်ခွဲစိတ်ခန်းဆီသို့ လူနာနှစ် ဦးကို တင်ထားသည့် တွန်း လှည်းနှစ် ခုက အပြေးအလွှားသွားနေသည်။ တစ်ခုသော တွန်းလှည်းပေါ် မှာ တော့ ဦးခေါင်းတစ်ခုလုံး သွေးအရွှဲသားဖြင့် ကသစ် တစ်ယောက် ကမ္ဘာ ကြီးနှင့် အဆက်ပြတ်ကာနေသည်။

တခြားလှည်းပေါ်တွင် တော့ ရဲမော်က ဒဏ်ရာရထားသော်လည်း သတိမလွတ်အောင် ထိန်းချုပ်ရင်း ကသစ်နာမည် ကိုခေါ်ကာ တတွတ်တွတ် ပြောနေသည်။

''ကသစ် ...ကသစ် ...ဘာမှမ ဖြစ်ဘူးနော်၊ ငါ ...ငါ ရှိတယ်''

''ကသစ် ...ကသစ် ...ဘယ်မှာ လဲဟင်''

ဘေးဘီဝဲယာသို့ စောင်းငဲ့ကာ ကြည့်သော လည်း ဘာကိုမှမတွေ့  ရ။ ရဲမော် ပို၍ စိတ်ပူလာသည်။

''ကသစ် ...ကသစ် ...ငါ တောင်းပန်ပါတယ်၊ နင် ...ဘယ်မှာ လဲ၊ ငါ့ကို တစ်ခုခုပြောပါဦး''

ထိုသို့ တတွတ်တွတ်ပြောလာသဖြင့် လှည်းတွန်းလာသည့် ဆေးရုံ ဝန်ထမ်းက ...

''ညီလေး ...ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ အဲလို အော်မနေပါ နဲ့လေ၊ ညီလေးနဲ့ ပါလာတဲ့ ကောင်မလေးလည်း ရှိပါတယ်၊ သူလည်း ကုသခံယူဖို့သွားနေပြီ၊ စိတ်ကိုလျှော့ပြီး ငြိမ်နေလိုက်၊ အားလုံးကောင်း သွားပါလိမ့်မယ်''

ထိုသို့ ပြောလာသော်လည်း ရဲမော်၏ စိုးရိမ်စိတ်တွေ ကတော့ လျော့ပါးမသွားချေ။ ပါးထက်သို့ ပင် မျက်ရည်များ က စီးကျလာသေးသည်။

သို့ နှင့် ရဲမော်ကို သယ်ဆောင်တင်ယူကာလာသည် တွန်းလှည်း က ခွဲစိတ်ခန်းတစ်ခုထဲသို့ ဝင်ရောက်သွားလေပြီ။

ခဏအကြာမှာ တော့ မျက်နှာကြက်၌ မီးလုံးဖြူဖြူများ ကိုသာ မြင် လိုက်ရပြီး မျက်စိမှိတ်လိုက်ချိန်မှာ မှော င်အတိကျသွားလေတော့သည်။

ကသစ်ဆိုသည်မှာ ရဲမော် အသိစိတ်မလွတ်ခင် ရေရွတ်လိုက်မိ သော နာမည် လေးပဲ ဖြစ်လေ၏ ။

*


အခန်း (၃)

သတိရရလာချင်း ရဲမော် ပတ်ဝန်းကျင်ကို အားယူကာ အကဲခတ် လိုက်သည်။ ခေါင်းက ကိုက်ခဲနေသေးသော်လည်း ကြည်လင်သော အမြင် အာရုံကြောင့် ဆေးရုံ၏ ကုသဆောင်တစ်ခုအတွင်း ရောက်နေပြီမှန်း သိလိုက် ရ၏ ။

ပထမဆုံး သတိရလိုက်မိသည်က ချစ်ရသော ကသစ်။

ရဲမော် အားယူကာ ကုန်းထလိုက်ရင်း ...

''ကသစ် ...ကသစ်''

ထိုအချိန်မှာ ပဲ တာဝန်ကျဆရာဝန်မလေးက အနားသို့ အပြေး အလွှား ရောက်လာပြီး ...

''ရှင် ...ရုတ်တရက်ကြီး မထနဲ့ဦးလေ၊ ရှင့်ဒဏ်ရာက ကြီးကြီး မားမား မဟုတ်ပေမယ့် ဆေးရှိန်နဲ့ ငြိမ်နေရဦးမယ်''

ရဲမော်က ...

''ဟိုလေ ...ဆရာမ ...ကျွန် ...ကျွန်တော့် မိန်းမ ကသစ်ရော ဟင်''

ဆရာဝန်မလေးက အမေးကို မဖြေသေးဘဲ မေးခွန်းပြန်မေးလာ သည်။

''ရှင့်ကိုယ်ရှင် ဘယ်သူဆိုတာရယ်၊ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ရယ်ရော မှတ်မိရဲ့ လား''

ရဲမော်က စိတ်မရှည်ဟန်ဖြင့် ...

''မှတ်မိပါတယ်၊ ကျွန်တော့် နာမည် က ...ရဲမော်၊ ကျွန်တော့် မိန်းမ ကသစ်နဲ့အတူ ကားအက်စီးဒန့် ဖြစ်ခဲ့တာဗျ၊ ဒါနဲ့ ...ကသစ်ကောလို့''

''သူလည်း ရှင့်လိုပဲ တခြားအခန်းတစ်ခုမှာ အသက်ရှင်လျက် ရှိပါတယ်၊ ဒါပေမဲ့ ...ရှင် နောက်နေ့မှ သွားကြည့်လို့ရမယ်ရှင့်''

''ဗျာ ...ဘာ ဖြစ်လို့လဲ၊ ခု ...ခေါင်းနည်းနည်း ကိုက်နေတာက လွဲလို့ ကျွန်တော့် ခြေတွေ ,လက်တွေ အကုန်ကောင်းနေတာပဲလေ''

ဆရာဝန်မလေးက ပြုံးသည်။ ပြီးမှ ...

''ဟုတ်ပါတယ်၊ ရှင့်မှာ စိုးရိမ်ရလောက်တဲ့ ဒဏ်ရာမရှိပါဘူး၊ ခြေထောက်တစ်ဖက်တော့ ထိထားတယ်၊ ထုံဆေးအရှိန်နဲ့မို့ မနာတာပါ၊ ဒီတော့ ...ခု ဆေးတစ်လုံးထပ်ထိုးပေးခဲ့မယ်၊ နောက်နေ့မှ ရှင့်မိန်းမကို သွားကြည့်ပေါ့''

ပြောရင်း ဆရာဝန်မလေးက ဆေးတစ်လုံး လာထိုးသည်။ ဆေးထိုး ပြီး မကြာခင်မှာ ပဲ မျက်ခွံတွေ လေးကာ အိပ်ချင်စိတ်က ဖိစီးလာသည်။

သို့ သော် ...

အိပ်မပျော်ခင်အချိန်အပိုင်းအခြားလေးတွင် ရဲမော် တွေးလိုက်မိ သည် ကတော့ ...

''ကား ...ကားဟာ ကသစ်ရှိတဲ့အခြမ်းနဲ့ ဝင်တိုက်ခဲ့တာဆိုတော့ ကသစ် ...ကသစ်''

အခန်း (၄)

ဆေးအရှိန်နှင့် အိပ်ပျော်နေသည်မှာ ဘယ်နှစ် ရက်ရှိပြီမှန်းတော့ မသိချေ။

ဒီနေ့တော့ ဆရာဝန်ကြီးက ခွင့်ပြုလိုက်သဖြင့် ကသစ်ရှိနေသည် ဆိုသော အခန်းသို့ ရဲမော် ခပ်မြန်မြန်လာခဲ့လိုက်၏ ။ ခြေထောက်တစ်ဖက် အနည်းငယ် နာနေသည်မှအပ ကျန်နေရာများ က ပုံမှန်ပြန် ဖြစ်နေပြီ။

ညွှန်လိုက်ရာ အခန်းအတွင်းသို့ ဝင်သွားလိုက်တော့ ကသစ်ကို ခုတင်ပေါ်တွင် တွေ့ လိုက်ရ၏ ။ ပက်လက်အနေအထား ဖြစ်သော်လည်း အနီး ရှိ တာဝန်ကျဆရာဝန်မနှင့် စကားပြောနေသဖြင့် ရဲမော်ရင်ထဲ ပူပန်စိတ်တို့ အနည်းငယ် လျော့သွားရသည်။

ကသစ်အနီးသို့ သွားကာ မျက်နှာဖူးဖူးလေးကို လွမ်းမောစွာ ကြည့် လိုက်သည်။ ခေါင်းတွင် ပတ်တီးစည်းထားသည်မှအပ မျက်နှာပေါ်တွင် ဒဏ်ရာကြီးကြီးမားမား မရှိချေ။

ရဲမော်က အနားကပ်ရင်း မွတ်မွတ်သိပ်သိပ်ခေါ်လိုက်၏ ။

''ကသစ် ...ကသစ် ...နင် သတိရနေပြီနော်၊ တော် သေးတာ ပေါ့ ကသစ်ရယ် ...နင် ဘာမှမ ဖြစ်လို့''

တာဝန်ကျဆရာဝန်မက ရှူးတိုးတိုးဟု အမူအရာလုပ်ပြသော်လည်း ရဲမော်က ထပ်ကာပြောလိုက်၏ ။

''ကသစ် ...ငါ မေးနေတာ ဖြေဦးလေ၊ နင် ...နေကောင်းသွား ပြီမလား''

ကသစ်က ရဲမော် ပြောစကားကို နားမလည်သလို ခပ်စိမ်းစိမ်း ကြည့်နေပြီးမှ အကြည့်ကို ဆရာဝန်မဆီ ပို့လိုက်ရင်း ...

''ဆရာမ ...သူက ဘယ်သူလဲဟင်၊ ကျွန်မကို ဘာတွေ လာပြော နေတာလဲ''

ရဲမော် ရုတ်တရက် ကြောင်အမ်းသွားရ၏ ။ တစ်ဆက်တည်း စိုးရိမ် စိတ်တွေ အထွေးလိုက် ဝင်ရောက်လာပြီး ...

''ကသစ် ...ကသစ် ...ငါ ...ငါ ...နင့်ယောက်ျား ရဲမော် လေ''

ကသစ်က အံ့သြစွာ ပြန်ကြည့်လာသည်။ ပြီး ...ခေါင်းကို ခါ လိုက်ရင်း ...

''ဘယ်လို ...ကျွန်မယောက်ျား ဟုတ်လား၊ ရှင့်ကို မသိပါဘူး''

ရဲမော် တုန်လှုပ်သွားရ၏ ။

''ကသစ် ...နင် ...ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူး နော်''

''မနောက်ပါဘူး၊ တကယ် မသိတာပါ၊ ဒါပေမဲ့ ...ရှင့်ကို ကြည့် ရတာ ကျွန်မအပေါ် အရမ်းရင်းနှီးနေသလိုပဲ''

ရဲမော် ဘာဆက်ပြောရမည် မှန်း မသိတော့။ အနီးရှိ ဆရာဝန်မဆီ အားကိုးတကြီး ကြည့်လိုက်တော့ ...

''ကိုရဲမော် ...ရှင် အကျိုးအကြောင်းသိချင်ရင် ဆရာဝန်ကြီးနဲ့ သွားတွေ့ လိုက်ပါ၊ ရှင့်ကို ကသစ် ညစ်နေတာမဟုတ်ဘူး၊ တကယ်မသိ တာပါ''

''ဗျာ''

*


အခန်း (၅)

''ဟုတ်တယ် ...ကိုရဲမော်၊ ခင်ဗျားမိန်းမမှာ တခြားစိုးရိမ်ရတဲ့ ဒဏ်ရာမရပေမယ့် ခေါင်းကိုတော့ ပြင်းပြင်းထန်ထန် ထိသွားတယ်၊ အဲဒါ ကြောင့် ...မှတ်Óာဏ်တချို့ ပျောက်ဆုံးပြီး အတိတ်ပျောက်ဆုံးသွားတာ ပဲ''

''ခင်ဗျာ၊ တကယ်ပြောနေတာလား ဆရာရယ်''

''ကိုရဲမော် ...ကျွန်တော် က ဘာလို့ညာရမှာ လဲ၊ ကျွန်တော် ကိုယ်တိုင် ခွဲစိတ်ကုသပေးခဲ့တာပဲလေ''

အံ့သြစိတ်နှင့် ယူကျုံးမရစိတ်တွေ က ပူးတွဲ ဝင်ရောက်လာသည်။ ရင်ထဲဆို့နင့်ကာ ဘာလုပ်ရမည် မှန်းမသိတော့။

''ဆရာ ...ကသစ်ကို ဘယ်လိုကုသပေးလို့ရမလဲဟင် ...လုပ် ပါဦးဗျာ''

ဆရာဝန်ကြီးက ရဲမော်ကို သနားသလို ကြည့်လာသည်။ ပြီး ...နှစ် သိမ့်အပြုံးနှင့် ...

''စိတ်အေးအေးထားပါ ကိုရဲမော်၊ ဒီ ရောဂါ မျိုးက အရမ်းလောလို့ မရဘူးလေ၊ ကိုရဲမော်လည်း ဖတ်ဖူး၊ ကြားဖူး၊ မြင်ဖူးမှာ ပေါ့၊ ဒီလိုဝေဒနာ ရှင်တွေ ဆိုတာ ဆေးဝါးတွေ နဲ့ ကုသတာထက် အတိတ်ရဲ့ ပုံရိပ်တွေ ၊ အတိတ် က အ ဖြစ်အပျက်တွေ ကြောင့် ပြန်ကောင်းလာတာမျိုးလည်း ရှိပါတယ်၊ အဲ ...ြ>ွခင်းချက်တစ်ခုအနေနဲ့ ကတော့ တစ်သက်လုံး အတိတ်ကို ပြန်သတိ မရတော့တာမျိုးလည်း ဖြစ်နိုင်တယ်ဗျ၊ ဒီတော့ ...ကိုရဲမော်အနေနဲ့ ... အဲ ...မကသစ်ရဲ့ ယောက်ျား တစ်ယောက် အနေနဲ့ ဘာဆက်လုပ် ရမယ်ဆို တာ နားလည်မှာ ပါ''

ရဲမော် သဘောပေါက်လိုက်လေပြီ။ ကသစ် အတိတ်ကို ပြန်သတိ ရရန် ကြိုးစားခွင့်လည်း ရှိချင်ပါ၏ ။

သို့ သော် ...

ကသစ်က လက်ရှိအချိန်မှာ သူ့ကို လင်ယောက်ျား တစ်ယောက် အနေဖြင့် လက်ခံပေးနိုင်ပါ့မလား။

လေးလံသော သက်ပြင်းကို ချရင်း ...ခေါင်းသာ ခါယမ်းမိတော့ သည်။

''ခွင့်ပြုပါဦး ဆရာကြီး၊ ကျွန်တော့် ဘက် ကတော့ ကသစ် ပြန် ကောင်းလာဖို့ အစွမ်းရှိသလောက် ကြိုးစားမှာ ပါ''

ဆရာဝန်ကြီးက အပြုံးပါးပါးနှင့် ခေါင်းညိတ်သည်။ သို့ သော် ထိုအပြုံးသည်ပင် ရဲမော်စိတ်ထဲ၌ မပီပြင်ဝေဝါးနေ၏ ။

သို့ဆိုလျှင် ကသစ်၏ အနာဂတ် ကတော့ ...။

*


အခန်း (၆)

နောက်တစ်ရက် ကသစ်ဆီ သွားချိန်မှာ တော့ ရဲမော် တကယ်ပဲ စိတ်လှုပ်ရှားနေမိသည်။ ကသစ် သူ့အပေါ် ဘယ်လိုဆက်ဆံမည် လဲ။ ရဲမော် ကိုယ်တိုင် ကြိုတင်တွေးထား၍ မရသော အခြေအနေ ဖြစ်သည်။

မည် သို့ ပင် ဖြစ်စေ ...

ကိုယ့်မိန်းမဆီ ကိုယ်သွားတာ ဘာမှစိုးရိမ်ဖို့မလိုဟု စိတ်တင်းကာ ထွက်လာခဲ့ခြင်း ဖြစ်သည်။ လိုအပ်တာတွေ တော့ အိမ်ပြန်ပြီး ယူလာခဲ့ရ သည်ပေါ့။

အခန်းထဲ ဝင်လိုက်ချင်း ကသစ်က တစ်ချက်လှမ်းကြည့်သည်။ မျက်နှာ ကတော့ ဘာခံစားမှု မှ မရှိသည့် အနေအထား ဖြစ်၏ ။ ရဲမော်ကိုမြင်တော့ တာဝန်ကျဆရာမ လေးက ကိုရဲမော် လာလေဟု ပြောပြီး အလိုက် တသိ ထကာ အခန်းအပြင်ဘက်သို့ ထွက်သွားလေ၏ ။

ရဲမော်က ကသစ် လိုအပ်နိုင်သည့် အသုံးအဆောင်ပစ္စည်းတချို့ နှင့် အဝတ်အစားအိတ်ကို အသာချထားလိုက်ပြီး ...

''ကသစ် ...ငါ အိမ်ပြန်ပြီး နင့်အတွက် လိုအပ်နိုင်တဲ့ပစ္စည်းတွေ ယူလာခဲ့တယ်''

''ကျေးဇူးပဲ''

ပြောသည့်လေသံ ကတော့ ခပ်အေးအေးပဲ ဖြစ်သည်။

''နေကောင်းရဲ့ လား ...ကသစ်''

ခေါင်းအသာညိတ်ရင်း ကသစ်က ...

''အင်း ...အတော် လေး နေလို့ကောင်းနေပါပြီ၊ ရှေ့တစ်ရက် နှစ် ရက်လောက်ဆို ဆင်းလို့တောင်ရပြီလို့ ပြောတယ် ...ဒါပေမဲ့''

စကားမဆုံးခင်မှာ ပဲ ရဲမော်က အသင့်ယူလာသည့် သူတို့နှစ် ယောက် ၏ လက်ထပ်စာချုပ်ကို လှမ်းပေးလိုက် ကာ ...

''ရော့ ...ကြည့်လိုက် ကသစ်၊ အဲဒါ ...နင်နဲ့ငါ လက်ထပ်ထား တဲ့ စာချုပ်ပဲ၊ ပေးစားလို့ ယူခဲ့ကြတာ မဟုတ်ဘူးနော်၊ ချစ်လို့ လက်ထပ်ခဲ့ကြ တာ''

အရောင် ပြောင်းသွား သော မျက်ဝန်းဖြင့် ဖျတ်ခနဲ တစ်ချက်ကြည့် လိုက်ပြီးမှ ကသစ်က စာချုပ်ကို လှမ်းယူကာ ဖတ်ကြည့်လိုက်သည်။

''အင်း ...ခုနက ဆရာမ လေး ကတော့ ကျွန်မတို့နှစ် ယောက် ဆေးရုံရောက်လာပုံကို ပြောပြပါတယ်၊ ခု ...ရှင်က စာချုပ်ပါ ပြလာတော့ ကျွန်မ လက်ခံလိုက်ပါပြီ''

ထိုစကားကြောင့် ရဲမော်က ပြုံးလိုက်ရင်း ...

''အဲလိုပဲ ဖြစ်ရမှာ ပေါ့ ကသစ်ရယ်၊ ငါက ညာနေတာမှ မဟုတ် တာပဲလေ၊ ပြီးတော့ ...နင်က ငါ့ကိုလည်း နင်နဲ့ငါနဲ့ပဲ ပြောတာနော်''

''ဟုတ်လား''

''ဟုတ်တယ် ကသစ်ရယ် ...နင် အခု ဘာမှပြန်မမှတ်မိနိုင်သေး ပေမယ့် နင်နဲ့ငါကြားထဲမှာ ပြန်မှတ်မိလာနိုင်တဲ့ အမှတ်တရအ ဖြစ်အပျက်လေး တွေ အများ ကြီးရှိပါတယ်''

ကသစ်က ရယ်သည်။ အက်စီးဒန့် ဖြစ်ပြီးနောက်ပိုင်း ကသစ်၏ အပြုံးကို ပထမဆုံး ပြန်မြင်ရခြင်း ဖြစ်၏ ။ ရဲမော်စိတ်ထဲ ကြည်ကြည်နူးနူး လေး ဖြစ်သွားရသည်။

ကသစ်ကပဲ ...

''အမှတ်တရတွေ အများ ကြီးဆိုရင်လည်း လောလောဆယ် တစ်ခု လောက် ပြောပြကြည့်ပါလား''

ရဲမော် တွေ ခနဲ စဉ်းစားလိုက်သည်။ ပြီးမှ ဘယ်ဘက်လက်ကို ကြည့်ကာ သတိရသွားပြီး ...

''ကသစ် ...ဒီမှာ ကြည့် ငါ့ရဲ့ ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ်ပုံစံထိုးထားတဲ့ တက်တူးလေးကိုတွေ့ လား''

လှမ်းကြည့်ရင်း ကသစ်က ...

''အင်း ...တွေ့ တယ်၊ အဲဒါက ...''

''မကြာခင် နင့်ရဲ့ ဘယ်ဘက်လက်သန်းကြွယ်ကို ကြည့်လိုက်ပါဦး''

''ဟင်''

သူ့လက်သူကြည့်ရင်းက ကသစ် ဟင်ခနဲ အံ့သြစွာ ရေရွတ်လိုက် ဖြင်း ဖြစ်သည်။

''ဒါ ...ဒါက ...''

ဒီတစ်ခါတော့ ရဲမော်က ကျေနပ်စွာ ပြုံးလိုက်သည်။ တစ်ဆက် တည်းပဲ ...

''အဲဒါတွေ က ငါတို့နှစ် ယောက် ရဲ့ လက်ထပ်လက်စွပ်တွေ လေ''

''ဟင်''

''ဟုတ်တယ် ကသစ်ရဲ့ ၊ ငါတို့နှစ် ယောက် လက်ထပ်တော့ ဧည့် ခံပွဲမလုပ် ဖြစ်ဖူးလေ၊ တရားရုံးမှာ လက်မှတ်ထိုးပြီး အိမ်မှာ ပဲ သူငယ်ချင်း တွေ ကို ဧည့်ခံကျွေးမွေး ဖြစ်တာ၊ အဲဒီ တုန်းက ...သူငယ်ချင်း တစ်ယောက် က အမှတ်မထင် ပြောလိုက်တာ ကသစ်ရဲ့ ''

''ဘာ ...ဘာပြောတာလဲဟင်''

စိတ်ဝင်စားသည့်အရိပ်ကလေးတွေ က ကသစ်မျက်နှာတွင် အထင်း သား ပေါ်လာသည်။

ရဲမော်က ...

''သြော် ...သတို့သားနဲ့သတို့သမီး လက်စွပ်တွေ ဝတ်ကြဦးလေ တဲ့၊ ဖြစ်ချင်တော့ ငါနဲ့နင်နဲ့ကလည်း အဲဒီ ကိစ္စကို မေ့နေတာ၊ အဲဒီ မှာ ပဲ ငါလည်း စိတ်ကူးရတာ နဲ့ နင့်ကို လက်ဆွဲပြီး ကန်တော် ကြီးထဲက တက်တူး ဆိုင်ကို ခေါ်သွားပြီး ဆင်တူလက်စွပ်ပုံတက်တူးထိုးခဲ့တယ်လေ၊ နင်ဆို နာနေတဲ့ကြားက ငါ့စိတ်ကူးကြောင့် မျက်ရည်လေးဝဲပြီး ပြောသေးတယ်''

စကားဖြတ်ကာ ကသစ်မျက်နှာကို ကြည့်လိုက်တော့ မျက်ဝန်းထဲ မျက်ရည်ကြည်လေးများ လဲ့နေသည်ကို တွေ့ လိုက်ရသည်။

''ကျန်တဲ့လက်စွပ်လည်း ထပ်မဝတ်တော့ဘူးတဲ့၊ တစ်သက်လုံး မပျက်နိုင်တဲ့ ဒီတက်တူးလက်စွပ်လေးပဲ ဝတ်ထားတော့မယ်လို့လေ''

''အို''

''ဟုတ်တယ် ကသစ်၊ ငါတို့ကြားမှာ အမှတ်တရတွေ က အများ ကြီးပါဟာ''

ရဲမော်က လွမ်းလွမ်းဆွေးဆွေးလေး ပြောလိုက်သည်။ ကသစ်က ဘာမှပြန်မပြောဘဲ အတန်ကြာအောင် ငြိမ်သက်နေသေးသည်။ ပြီးမှ အသံ တိုးယဲ့ယဲ့လေးဖြင့် ...

''နင်နဲ့ငါဟာ လင်မယားဆိုတာ ငါ လုံးဝလက်ခံလိုက်ပါပြီ ရဲမော်''

အခေါ်အဝေါ် ပြောင်းသွား သည်ကို သတိထားမိလိုက်၏ ။ ကြည် လည်း ကြည်နူးမိပါသည်။

ကသစ်က ထပ်၍ ...

''နင်နဲ့ငါက အတူတူနေတာပေါ့နော်''

''အေးပေါ့ဟ ...ငါတို့နှစ် ယောက် ပိုင်တဲ့ တိုက်ခန်းလေးမှာ နှစ် ယောက် တည်း နေတာလေ၊ အဲဒီ မှာ ...က''

စကားမဆုံးခင်မှာ ပဲ ကသစ်က ...

''ခဏလေး ရဲမော်၊ ငါလေ အတိတ်က အကြောင်းတွေ ကို ဘာ တစ်ခုမှကို မမှတ်မိဘူး ဖြစ်နေတယ်၊ ဒါနဲ့ ...ငါ့မှာ မိဘတွေ ကော ရှိသေး လားဟင်''

ထိုမေးခွန်းက ရဲမော်ကို ဆတ်ခနဲ တွန့်သွားစေသည်။ သို့ သော် လည်း မညာချင်သဖြင့် ...

''ဒီ ...ရန်ကုန်မှာ ပဲ ရှိပါတယ်၊ ဒါပေမဲ့လေ ...''

ဒီတစ်ခါလည်း စကားမဆုံးခင် ကသစ်က ...

''ရှိရင် ငါ သူတို့နဲ့ တွေ့ ချင်တယ်၊ နင်ကော အကြောင်းကြားထား သေးလား''

''ဟိုလေ ...ငါလည်း နင့်ကိစ္စနဲ့ ရှုပ်နေလို့ မပြော ဖြစ်သေးတာ ဟ၊ ဒါပေမဲ့ ...ခုပဲ အကြောင်းကြားလိုက်ပါ့မယ်''

''အေးပါ ...ကျေးဇူးပဲ''

''နင်ကလည်း လင်မယားအချင်းချင်းကို လာကျေးဇူးတင်နေတယ် ...အရူးမလေး''

ပါးစပ်က ရယ်ရင်းပြောလိုက်ပေမယ့် စိတ်ထဲ နာနာကျင်ကျင် စဉ်းစားလိုက်မိသည် ကတော့ ...

''ငါ ...ဘယ်လိုသတ္တိမျိုးနဲ့ အကြောင်းကြားရမှာ လဲ ကသစ်ရယ်''

အခန်း (၇)

မည် သို့ ပင် ဖြစ်စေ ...

ရဲမော် ကတော့ ကသစ်၏ မိဘတွေ ဆီ အကြောင်းကြားပေးလိုက် ပါသည်။

ရောက်လာသည်နှင့် ကသစ်၏ အမေ ဒေါ်နွယ်နွယ်က သူ့သမီး ကို ဖက်ကာ ကျူကျူပါအောင် ငိုတော့၏ ။

''သမီးရယ် ...အ ဖြစ်ဆိုးလိုက်တာ၊ သမီး ဘာကြောင့် အဲလို ဖြစ်ရတယ်ဆိုတာ သိရဲ့ လား''

အရေး ထဲ ကိုယ့်ဘက်ကို မြားဦးက လှည့်လာချင်နေသေးသည်။ ကသစ် ကတော့ ခုမှ လူ့လောကရောက်လာသည့် ကလေးလို မိဘနှစ် ပါးအား ကြောင်တက်တက်လေးသာ ကြည့်နေ၏ ။

ကသစ်အဖေ ဦးဘသစ်ကလည်း ရဲမော်ကို မျက်ထောင့်နီနီနှင့် ကြည့်ကာ ...

''ဟေ့ကောင် ...မင်းကကော ဘာ ဖြစ်လို့ ဖြစ် ဖြစ်ချင်း အကြောင်း မကြားတာလဲကွ''

ဆတ်ခနဲ ခပ်တည်တည် ပြန်ကြည့်ရင်း ရဲမော်က ...

''ဦးလေးတို့ပဲ ကသစ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ ...''

စကားမဆုံးခင်မှာ ပဲ ဦးဘသစ်က လက်ကာပြရင်း ...

''ဟေ့ကောင် ...အဲဒါတွေ ပြောမနေနဲ့၊ ငါတို့မှာ က သမီးနှစ် ယောက် ပဲ ရှိတာကွ၊ တစ်ခုခု အ ဖြစ်မခံနိုင်ဘူး၊ ခုတော့ကွာ ...''

ထိုအချိန်မှာ ပဲ ကသစ်က ...

''ကဲပါ ...သမီးနဲ့ပတ်သက်ပြီး စကားများ မနေကြပါနဲ့၊ သမီးမှာ ဒီလို ဖြစ်ဖို့ ကံပါလာလို့နေမှာ ပါ၊ ဖေ ...ဖေနဲ့မေ ...မေ''

ခုမှ ...ထပ်သိရသည့်မိဘတွေ မို့ အရဲစွန့်ကာ ခေါ်လိုက်ရဟန် တူသည်။

ဒေါ်နွယ်နွယ်က ...

''အေးပါ သမီးရယ် ...မေမေတို့လည်း သမီး ရောဂါ ပျောက် အောင် ဘယ်လောက်ကုန်ကုန် ကုမှာ ပါ၊ ကဲ သမီး ...မေမေတို့ ဆရာဝန် ကြီးနဲ့ သွားတွေ့ လိုက်ဦးမယ်နော်''

ကသစ်က ခေါင်းအသာညိတ်ပြလိုက်သည်။ သူ့မိဘတွေ ထွက် သွားတော့မှ ကသစ်က ရဲမော်ကို ကြည့်လိုက်ကာ ...

''ရဲမော် ...ငါ့မိဘတွေ ပုံစံကြည့်ရတာ အရမ်းချမ်းသာပုံပဲနော်''

ရဲမော်က မျက်နှာသေနှင့် ခေါင်းညိတ်ပြလိုက်ရင်း ...

''နင်ထင်သလို အရမ်းချမ်းသာတာပေါ့ ကသစ်ရယ်၊ ဒါတွေ နောက်တော့ နင် သိလာပါလိမ့်မယ်၊ ငါ လောလောဆယ် မပြောချင်သေး ဘူး''

စကားအဆုံးမှာ ကသစ်က ရဲမော်ကို နားမလည်နိုင် မျက်ဝန်းလေး ဖြင့် ကြောင်စီစီ ကြည့်ကာနေလေသည်။

*


အခန်း (၈)

''ကျွန်မတော့ သိပ်စိတ်ညစ်တာပဲ ကိုဘသစ်ရယ်၊ ဆရာဝန်ကြီး ပြောတဲ့အတိုင်းဆိုရင် သမီးက အတိတ်ကို ပြန်မှတ်မိဖို့ မလွယ်တော့ဘူးပေါ့ နော်''

သော ကမျက်နှာနှင့် ညည်းကာ ပြောလိုက်သည့်စကားအဆုံးမှာ ဦးဘသစ်က သက်ပြင်းကြမ်းကြမ်းချလိုက်ရင်း ...

''ဘယ်တတ်နိုင်မလဲကွာ ...သမီးလေးရဲ့ ကံပေါ့၊ ဒီအတိုင်းပဲ စောင့်ရှောက်ရတော့မှာ ပဲလေ၊ အင်း ...သမီးငယ်ကလည်း အစကတည်းက မိဘစကားကို နားမထောင်ခဲ့တာကိုး ...မိုက်တဲ့ သမီး''

ကရုဏာဒေါသော နှင့် ဦးဘသစ်က ပြောလိုက်သည်။ ထိုအချိန်မှာ ဒေါ်နွယ်နွယ် တစ်ယောက် ဘာကိုတွေးလိုက်မိသည်မသိ။ ချက်ချင်း ပင် မျက်နှာ ဝင်းခနဲလက်သွားကာ ...

''အဆိုးထဲက အကောင်းလို့ပဲ ပြောရမယ် ကိုဘသစ်၊ ကျွန်မ စဉ်းစားမိတာတစ်ခုရှိတယ်''

''ဟေ ...ဘာများ လဲ''

''ဒီလိုလေ ...သမီးငယ်က အတိတ်ကို မမှတ်မိတော့မယ့်အတူတူ ဟိုကောင် ရဲမော်နဲ့ ခွဲပြီး ရအောင် အိမ်ပြန်ခေါ်ထားရင် မကောင်းဘူးလား၊ အဲဒါဆိုရင် ရှေ့ဆက်ရမယ့် သမီးငယ်ရဲ့ ဘဝသစ်ကို ကျွန်မတို့သဘောအတိုင်း စိတ်ကြိုက် ပြန်စီစဉ်လို့ရတာ ပေါ့ ...ဟင် ...ကိုဘသစ်''

ဦးဘသစ် တစ်ယောက် နဖူးကြောကြီးများ ထောင်အောင် အတန် ကြာ စဉ်းစားသွားသည်။ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီးမှ ထပ်ကာ ခေါင်းခါလိုက်ပြန်၏ ။

''မင်းအစီအစဉ်က ကောင်းပေမယ့် ...လောလို့မ ဖြစ်သေးဘူး မနွယ်နွယ်၊ ဟိုကောင် ရဲမော်က ခု သမီးငယ်နဲ့ တရားဝင်လင်မယားလေ၊ ဒီကောင်က လွယ်လွယ်နဲ့ လက်ခံမှာ မဟုတ်ဘူး၊ ငါတို့ ဒီကိစ္စကို အေးအေး ဆေးဆေး အချိန်ယူစဉ်းစားမှ ဖြစ်မယ်''

စကားအဆုံးမှာ ပဲ ဒေါ်နွယ်နွယ်က ယတိပြတ် ဆုံးဖြတ်ထားသော ပုံစံနှင့် ပြောလိုက်ပါသည်။

''ဘာပဲ ဖြစ် ဖြစ်ရှင် ...ကျွန်မ ကတော့ ဒီကိစ္စကို ရအောင်စီစဉ် မယ်၊ သမီးငယ် အိမ်ပြန်ရောက်လာရင် အားလုံးပြီးပြီ''

*


အခန်း (၉)

ဒီနေ့သည် ကသစ် ဆေးရုံကဆင်းရမည့် နေ့ ဖြစ်သည်။ ပစ္စည်းများ သိမ်းဆည်းနေသော ရဲမော်ကို ကသစ်က တွေ တွေ လေး လိုက်ကာ ကြည့် နေသည်။ ဟုတ်သည်လေ။ သူမ,အနေနှင့် တော့ အတိတ်မေ့နေစေကာမူ တရားဝင်ယောက်ျားအိမ်သို့ ပဲ ပြန်ရမည် ပေါ့။ ရဲမော်ပုံစံ ကတော့ တက်ကြွ ပျော်ရွှင်နေဟန်ရှိ၏ ။ ကသစ်အဖို့မှာ တော့ ဘာကိုမှ စဉ်းစားမရသည့် ကိုယ့် ဘဝကိုယ် အားမလိုအားမရ ဖြစ်နေဖို့ပဲ ရှိတော့သည်လေ။

ထိုအချိန်မှာ ပဲ အချိန်ကိုက်ဆိုသလို အခန်းတွင်းသို့ ဦးဘသစ်နှင့် ဒေါ်နွယ်နွယ်တို့ ဝင်လာကြသည်။

ရဲမော်ကို တစ်ချက်စောင်းကာ ကြည့်လိုက်ပြီးမှ ဒေါ်နွယ်နွယ်က,ကသစ်ဘက်သို့ မျက်နှာမူ၍ ...

''သမီး ...ဒီနေ့ ဆင်းရမယ်ဆိုတာ သိလို့ မေမေတို့ လာခဲ့တာ သမီးရဲ့ ၊ သမီးငယ် မေမေတို့နဲ့ ပြန်လိုက်ခဲ့မလားဟင်''

ကသစ် ဘာမှပြန်မပြောခင်မှာ ပဲ ရဲမော်က ဆတ်ခနဲ လှည့်ကြည့် လိုက်ပြီး ...

''ဘယ်လိုပြောလိုက်တာလဲ အန်တီ၊ ကျွန်တော့် မိန်းမကို ကျွန်တော့်  အိမ်ပဲ ပြန်ခေါ်သွားမှာ ပေါ့၊ ကသစ် အတိတ်ကို ပြန်မှတ်မိဖို့အတွက် ကျွန် တော် အများ ကြီး ကြိုးစားရဦးမှာ ''

ဒေါ်နွယ်နွယ်က မျက်နှာမဲ့လိုက်သည်။

''အမယ်လေး ...အပြောကြီးလိုက်တာ၊ မင်းလိုအနေအထား နဲ့များ ၊ ငါတို့ကလည်း မွေးထားတဲ့ သမီးပါဟဲ့၊ နေမကောင်းတဲ့အချိန်မှာ အနားကို ခေါ်ထားချင်တာပေါ့''

ရဲမော်က ခေါင်းခါလိုက်သည်။ ကသစ်ကို တစ်ချက်ကြည့်လိုက် ပြီးမှ ဒေါ်နွယ်နွယ်အား ...

''ရိုင်းတယ်ထင်ချင်လည်း ထင်ဗျာ၊ အန်တီတို့က ဆိုင်ပဲ ဆိုင်တော့ တာလေ၊ ခုချိန်မှာ ကျွန်တော် က, ကသစ်ကို ပိုင်တာဗျ၊ ဒီတော့ ...ကျွန် တော် ပဲ ခေါ်သွားမယ်၊ အန်တီတို့ တွေ့ ချင်ရင်တော့ လာတွေ့ နိုင်တယ်၊ ဒါပဲ''

''ဟဲ့ ...နင် ...နင် စကားကို လက်လွတ်စပယ် မပြောပါနဲ့၊ ခုချိန် ငါတို့လည်း သမီးအတွက် သော ကရောက်ရတာ ပဲ''

''လာမပြောနဲ့ဗျာ ...မရဘူး''

ရဲမော်ကလည်း အသဲအသန်ပဲ ငြင်းနေသည်။ သူတို့ကို ကြည့်ကာ ကသစ် ခေါင်းတွေ ကိုက်လာတော့၏ ။ ထို့ကြောင့် ခပ်ကျယ်ကျယ်ပင် အော် ပြောလိုက်သည်။

''တော် ကြပါတော့ ...မေမေနဲ့ရဲမော်က တွေ့ လိုက်ရင် စကားပဲ များ နေတာပဲ၊ ဒီမှာ ခေါင်းတွေ ကိုက်နေပြီ''

နှစ် ယောက် စလုံး အသံတိတ်သွားကြသည်။ ထိုအခါမှ ရဲမော်က အသံကိုနှိမ့်ရင့် ပျော့ပျောင်းသော မျက်နှာထားနှင့် ...

''ဆောရီးပဲ ကသစ်၊ ငါ နင့်ကို ဘယ်လိုမှ မထည့်လိုက်နိုင်လို့ပါ၊ ထည့်လိုက်ရင် ငါ နင့်ကို တစ်သက်လုံး ဆုံးရှုံးရလိမ့်မယ်''

''ဟင်''

ထိုစကားကိုတော့ ကသစ် နားမလည်လိုက်ချေ။ ရဲမော်က ဘာ ကြောင့် အဲလိုပြောတာလဲ။ ပြန်မေးရန် ဟန်ပြင်လိုက်ချိန်မှာ ပဲ ဦးဘသစ်က

''ကဲ ...တော်ြ ကတော့ကွာ၊ သမီးရဲ့ ဆန္ဒအတိုင်းပဲ ငါတို့ လော လောဆယ် ဆုံးဖြတ်ကြတာပေါ့၊ ကဲ သမီးငယ် ...မိဘနဲ့ယောက်ျားအိမ် ဘယ်အိမ်ကို လိုက်သွားချင်လဲ''

မေးခွန်းက အဖြေရကျပ်စေသည်။ အတိတ်ကို ပြန်ကြည့်လိုက် လျှင် အဖြူရောင် လွင်ပြင်ကျယ်ကြီးကိုသာ မြင်နေရသော သူမအဖို့ ဘယ် လို စဉ်းစားရမည် နည်း။ သို့ သော်လည်း တစ်ခုခုတော့ ဆုံးဖြတ်ပေးရတော့ မည် ။

မိဘဆိုသော လူတွေ ကို မယုံလို့တော့မဟုတ်။ သို့ သော် ... ယောက်ျားဆိုသည့် ရဲမော်က သူမ,အတိတ်ကို ပြန်တူးဖော်ပေးရန် စိတ်အား ထက်သန်နေသည်ဟု ထင်မိသည်။

ထို့ကြောင့် သက်ပြင်းပါးပါးချလိုက်ပြီးမှ ...

''သမီး ...သမီး ...တရားဝင်ယောက်ျား ဖြစ်တဲ့ ရဲမော်နဲ့ပဲ လိုက် သွားလိုက်ပါ့မယ်၊ ဘာ ဖြစ်လို့လဲဆိုတာ ထပ်မမေးကြပါနဲ့''

စကားအဆုံးမှာ ရဲမော်မျက်နှာက ဝင်းပသွားသလောက် ဒေါ်နွယ် နွယ့်မျက်နှာက မဲထွက်သွားသည်။ ဦးဘသစ်ကလည်း ခပ်ကြမ်းကြမ်း ခေါင်း ခါလိုက်၏ ။

ထိုအချိန်မှာ ပဲ ဒေါ်နွယ်နွယ်က လေသံကို လျော့ချလိုက်ပြီး ...

''အေးလေ ...ခုချိန်မှာ တော့ သမီးသဘောပါပဲ၊ မေမေ့အိမ်လိပ် စာနဲ့ဖုန်းနံပါတ်တွေ ရေး ပေးခဲ့မယ်၊ သမီးကြိုက်တဲ့အချိန် လာခဲ့နော်၊ မိဘ အိမ်က အေးချမ်းပြီး နွေးထွးလုံခြုံပါတယ် သမီးရယ်''

စာရွက်တစ်ရွက်ပေါ် လိပ်စာနှင့် ဖုန်းနံပါတ်တွေ ရေး ကာ ပိုက်ဆံ တစ်အုပ်နှင့် အတူ ဒေါ်နွယ်နွယ်က, ကသစ်၏ လက်ကိုင်အိတ်ထဲ ထည့်ပေး လိုက်သည်။ လောလောဆယ်အနေအထားအရ သူမအဖို့ လိုက်လျောပေး ရန်ပဲ ရှိတော့သည်မဟုတ်လား။



ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ အတိတ်တရေးနိုး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အဆွေးရောင် မယ်လိုဒီ

ချစ်လို့

ဟန်းနီးမွန်း