ယောမင်းကြီး၏ စီးပွားရေး အတွေးအခေါ်
ယောမင်းကြီးခေါ် ယောအတွင်းဝန် ဦးဘိုးလှိုင်သည် ကုန်းဘောင်ခေတ်က မွေးထုတ်ပေးခဲ့သော မြန်မာပညာရှိ သုခမိန်ကြီးတစ်ဦး ဖြစ်သည်။ ကုန်းဘောင်ခေတ်သည် ဥရောပ သိုးဆောင်းတို့၏ နယ်ချဲ့စနစ်နှင့် လက်ပွန်းတတီး ဆက်ဆံလိုက်ရသော ခေတ် ဖြစ်၍ လည်း ယောအ တွင်းဝန် ဦးဘိုးလှိုင်၏ အတွေးအခေါ်တွင် ထိုစဉ်က ဥရောပတွင် ခေတ်ထနေသော အတွေးအခေါ်များ ၏ အရိပ်အရောင် များ ကို တွေ့ ရှိရခြင်း ဖြစ်သည်။
ခေတ်ဟောင်းမှ ခေတ်သစ် ပြောင်းတော့မည် ဟု ဆိုလျှင် ရှေ့ပြေးအတိတ်နိမိတ်များ ပေါ်ပေါက်စမြဲ ဖြစ်၏ ။ ယောအတွင်းဝန်၏ အတွေးအခေါ်များ သည် ခေတ်၏ ရှေ့ပြေးနိမိတ်များ ဖြစ်သည်ဟုဆိုလျှင် မှားအံ့မထင်ပေ။
ယောအတွင်းဝန်က အတွေးအခေါ်အသစ်များ ပြုစု ပျိုးထောင်နေစဉ်တွင် ဥရောပ၌ အရင်းရှင်စနစ်သည် အရွယ်ကောင်းတုန်း နုပျိုလို့ ကောင်းတုန်းပင် ဖြစ်သည်။ အရင်းရှင်စနစ်သည် လက်ဝါးကြီးအုပ် အရင်းရှင်စနစ် အဆင့်အထိ လည်းကောင်း၊ စက်မှု အရင်းရှင်ကြီးစနစ် အဆင့်အထိ လည်းကောင်း မရောက်သေး၊ လစ်ဘရယ်အရင်းရှင်စနစ်အဆင့်တွင် သာ ရောက်နေသေးသည်။
အရင်းရှင်စနစ်တွင် လစ်ဘရယ်ဝါဒက တန်ခိုးထက်နေချိန် ဖြစ်သည့်အားလျော်စွာ အနောက်တိုင်းမှ သိပ္ပံပညာများ ကို ဝါသနာထုံ၍ လိုက်စားနေသော ယောအတွင်းဝန် ဦးဘိုးလှိုင်၏ အတွေးအခေါ်တွင် လည်း လစ်ဘရယ်ဝါဒက လွှမ်းမိုးနေမည် သာ ဖြစ်သည်။
ရာဇဓမ္မသင်္ဂကျမ်းတွင် သဿမေဓ၊ ပုရိသမေဓ၊ ဓမ္မပါသနှင့် ဝါစပေယျ စသော သင်္ဂဟ အပါးလေးပါးနှင့် ပတ်သက်၍ ယောအတွင်းဝန် ဦးဘိုးလှိုင်က ရှင်းလင်းရင်း ….
“ကုန်သည် လယ်လုပ်တို့ကို လုပ်အောင်၊ ကူးသန်းအားရှိအောင် အပိတ်အပင်မရှိ ဖွင့်၍ အခွင့်ပေးခြင်း၊ ဤကဲ့သို့ နှောင့်ယှက်ဖျက်ဆီးရှိလျှင် ကုန်သည်တို့အားလည်း ကောင်းစွာ ကူးသန်း ရောင်းဝယ်ခြင်းကို မပြုနိုင်ရာ လယ်ယာလုပ်ဆောင်သည့် တောင်သူတို့လည်း လယ်ယာကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ရာ။ ဤသို့ အကူးအသန်းအရောင်းအဝယ် လုပ်ဆောင်ရအောင် အကြီး အအုပ်နှင့် တကွ အစောင့်အရှောက် အထိန်းအသိမ်းထားပြီးမှ ကောင်းမွန်စွာ ကူးသန်းရောင်းဝယ်ရ အောင် လုပ်ဆောင်ရာသည်” ဟု ဖော်ထုတ်ထားသည်။
ကူးသန်းရောင်းဝယ်မှု ကို အပိတ်အပင်မရှိ ဖွင့်၍ အခွင့်ပေးရမည် ဟု ဆိုသော ကြောင့် ယောအတွင်းဝန် ဦးဘိုးလှိုင်သည် အချုပ်အချယ်မရှိ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှု (Free Trade) သဘောတရားကို ရှေ့နေလိုက်ကြောင်း ထင်ရှားသည်။ ထိုစဉ်က ဥရောပ၌ လည်း အဒမ်စမစ်၊
ရီကာဒို စသည့် ဘောဂဗေဒပညာရှင်များ က အချုပ်အချယ်မရှိ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှု ကို ကြွေးကြော်လျက်ရှိကြသည်။
အချုပ်အချယ်မရှိ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်ရေး ဟူသော သဘောတရားသည် ထိုခေတ်ထိုအမြင်နှင့် ကြည့်လျှင် ခေတ်ရှေ့တစ်လှမ်း ပြေးလျက်ရှိ၏ ။ တိုးတက်သည်ဟု ဆိုရမည် ။ အကြောင်းမူ ထိုစဉ်က မြေရှင်ပဒေသာရာဇ်ကြီးတို့သည် မင်းဧကရာဇ် နန်းရိပ်နန်းဝါကို ခိုလှုံလျက် ကူးသန်းရောင်းဝယ်မှု မှန်သမျှကိုလည်း လက်ဝါးကြီး အုပ်ထားခဲ့သော ကြောင့် ဖြစ်သည်။
ထို့ကြောင့် ယောအတွင်းဝန် ဦးဘိုးလှိုင်သည် မင်းတုန်းမင်းတရားကို သော်လည်း ကောင်း၊ သီပေါမင်းတရားကိုသော်လည်းကောင်း အချုပ်အချယ်မရှိ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ပြုရန် အတင်းအကျပ် လျှောက်ထားခဲ့လျှင် မြို့စားရွာစားကြီးများ နှင့် လည်းကောင်း၊ ကုန်သည် လယ်လုပ်တို့ထံမှ အခွန်အတုပ်များ မှ ပဏ္ဍာတော် ဆက်သခံနေရသည့် မင်းမျိုးမင်းဆွေများ နှင့် လည်းကောင်း အမှန်တကယ် အကြီးအကျယ် အတိုက်အခံ တွေ့ ရဖွယ်ရာ ရှိသည်။
ယောအတွင်းဝန် ဦးဘိုးလှိုင်သည် မင်းလုပ်စိုးမိုးသူက စီးပွားရေး အတွင်း ဝင်လျက် စွက်ဖက် ခြယ်လှယ်သည်ကို ကြိုက်နှစသက် ဟန် မတူ၊ ဦးဘိုးလှိုင်၏ အမြင်၌ မင်းသည် စီးပွားရေး ယန္တရားကြီးအား စောင့်ရှောက်ပေးရသော ဒရဝမ်သာ ဖြစ်ထိုက်သည်။
ထို့ကြောင့် ……….
“အကူး အသန်း အရောင်းအဝယ် အလုပ်အဆောင် မပျက်မစီး ကောင်းမွန်စွာ ကူးသန်းရောင်းဝယ် လုပ်ဆောင်ရအောင် အကြီးအအုပ်နှင့် တကွ အစောင့်အရှောက် အထိန်းအသိမ်း ထားသင့်သည်။ အကြီးအအုပ်နှင့် တကွ အစောင့်အရှောက် အထိန်းအသိမ်း ထားပြီးမှ ကောင်းမွန်စွာ ကူးသန်းရောင်းဝယ်လုပ်ဆောင်နိုင်ရာသည်” ဟု အထက်တွင် ဆိုခဲ့ခြင်း ဖြစ်လေသည်။
ယောအတွင်းဝန်သည် ၁၉ - ရာစုနှစ် တွင် ဥရောပ၌ ပေါ်ပေါက်ခဲ့သော အစိုးရက စီးပွားရေး တွင် ဝင်မစွက်သင့်၊ အစိုးရ၏ တာဝန်သည် စီးပွားရေး စနစ်ကြီး ကောင်းမွန်စွာ ‘လည်’ ‘မလည်’ ကိုသာ စောင့်ထိန်းရန် ဖြစ်သည်ဟူသည့် အစိုးရ အချုပ်အချယ်ကင်းသည့် စီးပွားရေး လွတ်လပ်မှု ဝါဒ (Lisserfaire) ကို လျှောက်ထားဟန်တူသည်။
ရာဇဓမ္မသင်္ဂဟကျမ်းတွင် ဦးဘိုးလှိုင်သည် သင်္ဂဟတရား လေးပါးနှင့် ပတ်သက်၍ အကျယ်တဝင့် အနက်ဖွင့်ထား၏ ။ ဤသို့ အနက်ဖွင့်ရာတွင် ယောအတွင်းဝန်သည် ‘ကုန်သည် လယ် လုပ်’ ဟူသော စကားလုံးကို မကြာခဏ သုံးစွဲသည်ကို တွေ့ ရသည်။ ထိုသည်က ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ကုန်သည်အရင်း (Merchant Capital) သည် အတော် အတန် ကြီးပွားလာပုံရ၍ ဦးဘိုးလှိုင်သည် ခေတ်ပေါ် ဤအတန်းအစား၏ အကျိုးစီးပွားကို ထမ်းဆောင်ရမည် ဟု အရိပ်သုံးပါး
နားလည်ထားပြီး ဖြစ်ဟန်တူပေသည်။
ဦးဘိုးလှိုင်သည် သိုးဆောင်းနိုင်ငံများ ၏ တိုးတက်ပုံကို အတော် အားကျသည်။ ဦးဘိုး လှိုင် ရွှေနန်းတော် အတွင်း၌ မပါမပြီး ပဲခူးဆားကဲ့သို့ မင်းမှု ထမ်းနေသည့် အချိန်အခါသည် အင်္ဂလိပ် - မြန်မာစစ်ပွဲ နှစ် ကြိမ်တိုက်ပြီးသော အချိန် ဖြစ်လေသည်။ ထိုအချိန်တွင် ရွှေနန်းတော် အတွင်းသို့ သိုးဆောင်းကုန်သည်များ အပေါက်အရောက် အတော် များ လျက် ရှိလေပြီ။ သိုးဆောင်းနိုင်ငံများ နှင့် လက်ပွန်းတတီး ဆက်ဆံနေရလေပြီ။ မြန်မာနှင့် ဆက်ဆံရသမျှသော သိုးဆောင်းများ မှလည်း ကုန် သည်များ သာ များ လေသော အခါ သိုးဆောင်းနိုင်ငံများ တိုးတက်ရသည်မှာ ဤကုန်သည်များ ကြောင့် သာ ဖြစ်သည်ဟု ဦးဘိုးလှိုင်၏ စိတ်တွင် ထင်ရှိမိ ခဲ့ဟန် တူသည်။
“ကုန်သည်တို့ အားရှိအောင်လည်း ပေါင်းစုစည်းရုံး၍ ကူးသန်းစေသည်။ ကိုယ့်နိုင်ငံ တွင်းသာ ကူးသန်းရောင်းဝယ်သည်ထက် အခြားနိုင်ငံနှင့် ဆက်၍ ကူးသန်းရောင်းဝယ်ခြင်းသည်သာ၍ အကျိုးကြီးမားသော ကြောင့် အခြားနိုင်ငံများ နှင့် ကုန်သည်ကို ကူးသန်းရောင်းဝယ်ခြင်း၌ အပိတ် အပင် အဆီးအတားမရှိရအောင် မိတ်ဖွဲ့၍ ပေးပြီးလျှင် ကူးသန်းသွားစေသည်” (ရာဇဓမ္မသင်္ဂဟ ကျမ်း)
သိုးဆောင်းနိုင်ငံများ ကြီးပွားခြင်းသည် ကုန်သည်များ ကို စီးပွား ဖြစ်အောင် စောင့် ရှောက်သော ကြောင့် ဖြစ်သည်ဟု ယောအတွင်းဝန်က ဧကန်ပင် ယူဆသည်။ ထို့ကြောင့် လည်း သမ္မာပါသ တရားနှင့် ပတ်သက်၍ ရာဇဓမ္မသင်္ဂဟကျမ်းတွင် -
အခွန်အတုတ်အားကြီးအောင်ကိုလည်း ကုန်သည် တောင်သူတို့ကို အကူးအသန်း အလုပ်အဆောင် အားကြီးအောင် မ,စကြည့်ရှု၍ ထိုသူတို့ အလုပ်အဆောင် အကူးအသန်း အားကြီးရာတွင် အခွန်အတုတ် ကောက်ခံရမှု များ စွာ ရသည် ဖြစ်သော ကြောင့် နိုင်ငံကို အုပ်စိုးစောင့်ရှောက်ကုန် သော မင်းမှူးမတ်တို့သည် ထိုကုန်သည် လယ်လုပ်တို့ကိုချည်း မပြတ်ကြည့်ရှု၍ အားပေးရလိမ့်မည် ။ ဤသို့ အားပေးခြင်းသည်ပင် တိုင်းပြည်နိုင်ငံကို တိုးတက်အောင် ပြုလုပ်ခြင်း မည် သည်။ ။ဤသို့ ကုန်သည်၊ လယ်လုပ်တို့ကို အားရှိအောင် စောင့်မကြည့်ရှုခြင်းသည်ပင် သမ္မာပါသ တရား ဖြစ်သည်ဟု ဦးဘိုးလှိုင်က အနက်ဖွင့်ဆိုဟန် ရှိသည်။
ဦးဘိုးလှိုင်၏ အလိုအရ နိုင်ငံတွင် ဓနအင်အား ဖန်တီးနိုင်သော အင်အားမှာ ကုန် သည်နှင့် လယ်လုပ်တို့သာ ဖြစ်ချေသည်။ ကုန်သည် လယ်လုပ်တို့သည်သာ အခွန်အတုတ်ကို အဓိကရ ပေးဆောင်ရသူများ ဖြစ်ချေသည်။ ၎င်းတို့ ကြီးပွားချမ်းသာမှလည်း အခွန်အတုတ်ပို၍ ရလာ မည် ဖြစ်၍ မင်းသည် ကုန်သည်လယ်လုပ်တို့ ကြီးပွားချမ်းသာအောင် အားပေးရန် တာဝန်ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဦးဘိုးလှိုင်၏ အယူအဆသည် ဦးဘိုးလှိုင်နှင့် တစ်ခေတ်တည်း ပြင်သစ်ပြည်တွင် ပေါ်ပေါက်ခဲ့သော မြေယာ ဘောဂဗေဒသမား (Physiocrat) မစ္စတာကွင်းစ်နေး၏ အယူအဆနှင့် တူ သည်။ ထိုစဉ်က ဥရောပဘောဂဗေဒ အတွေးအခေါ်တွင် မြေယာဘောဂဂိုဏ်း ဟူ၍ ဂိုဏ်းတစ်ဂိုဏ်း ပေါ်ခဲ့သည်။ ထိုဂိုဏ်း၏ အယူအဆမှာ နိုင်ငံ၏ ဓနကို ဖန်တီးနိုင်သူများ မှာ လယ်လုပ်သူများ သာ ဖြစ် သည်။ လယ်လုပ်သူများ သည် ကုန်ထုတ်နိုင်သော အစွမ်းရှိ၍ နိုင်ငံ၏ ဓနအင်အား တိုးပွားအောင် ဆောင်ကြဉ်းနိုင်သူများ သာ ဖြစ်သော ကြောင့် ဤလယ်လုပ်သူများ ကို ပို၍ နေရာပေးအရေး ထားရမည် ဟူ၍ ဖြစ်သည်။
မစ္စတာ ကွင်းစ်နေသည် ဦးဘိုးလှိုင်ကဲ့သို့ပင် သမားတော် ဖြစ်သည်။ လူကိုယ်ခန္ဓာကြီး ၌ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ညီမျှအောင် တစ်စုံတစ်ရာ သော ဥတုဘောဇန စည်းမျဉ်းများ လိုက်နာရသည်။ ဤစည်းမျဉ်းများ အနက်မှ တစ်ချက်ချက် ချိုးဖောက်ရုံမျှဖြင့် ရုပ်ခန္ဓာကိုယ်ကြီးသည် တစ်စုံတစ်ရာ ချွတ်ယွင်းဖောက်ပြန်လာတတ်သည်ဟု မစ္စတာကွင်းစ်နေးက ဆို၍ ဤအချက်မှာ နိုင်ငံ ၏ စီးပွားရေး ကိုယ်ခန္ဓာကြီးကိုလည်း အရိယာပုဒ် မျှတစေရန် သင်္ဂဟတရားများ နှင့် အညီ ဆောင်ရွက် ရာသည်ဟု ဆိုသည်။
ယောအတွင်းဝန်ကလည်း နိုင်ငံ၏ လူမှု ရေး ၊ စီးပွားရေး အဆောက်အအုံအား မယိမ်းမ ယိုင် မဖောက်မပြန် အရိယာပုဒ်မျှစေရန် မင်းလုပ်စိုမိုးသော ဧကရာဇ်သည် သဿမေဓ၊ ပုရိသမေဓ၊ သမ္မာပါသနှင့် ဓါဓပေယျမည် သော သင်္ဂဟတရားလေးပါးနှင့် အညီအညွတ် ဆောင်ရွက်ရာသည်ဟု ဆိုသည်။ ဤသင်္ဂဟတရားလေးပါးအနက် တစ်ပါးပါး၌ ချို့တဲ့ပျက်ကွက်လျှင် ဤနိုင်ငံသည် ဆုတ် ယုတ်မည် ။ ဤနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှု သည် သင်္ဂဟ တရားလေးပါးနှင့် အညီ ဆောင်ရွက်ရမှု အပေါ်၌ တည်သည်ဟု ယောအတွင်းဝန်က ဆို၍ သိုးဆောင်းနိုင်ငံများ ဖွံ့ဖြိုးရခြင်းသည် သင်္ဂဟ တရားလေးပါး နှင့် အညီ ပြုမူဆောင်ရွက်ချက်ကြောင့် ဖြစ်သည်ဟု ဆိုလေသည်။
တိုင်းပြည်၏ ထုတ်ကုန်ကို ဖြန့်ဖြူးဝေခြမ်းရာ၌ ၊ လူတန်းစား အသီးသီးသည် မိမိတို့ ခံစားထိုက်သည့် အချိုးအစားအတိုင်းသာ ရထိုက်သည်။ အတန်းအစားတစ်စားကိုလွဲ၍ ဖြန့်ဖြူးမိလျှင် နိုင်ငံ၏ ဓနပင် ဆုတ်ယုတ်နိုင်သည်ဟု မစ္စတာကွင်းစ်နေးက ဆိုသည်။
ယောအတွင်းဝန် ဦးဘိုးလှိုင်ကလည်း -
“အစောင့်အရှောက် အလိုရှိရာ လှူဒါန်းပေးကမ်း သုံးစားကုန်လျှင် ခိုးခြင်း ၂၅ - ပါးတို့ တွင် လိမ်လည်လှည့်စား၍ ယူသော ကုဋာဝဟာရ၊ နှိပ်စက်၍ ယူသာ ပသယှာဝဟာရတို့မှာ လွန်နိုင်ရန် အကြောင်းနမရှိ” ဟု ရာဇဓမ္မသင်္ဂဟကျမ်းတွင် မြွက်ကြားခဲ့လေသည်။
ယောအတွင်းဝန်သည် တိုင်းပြည်ရှိ လူတန်းစား အသီးသီးအား စီးပွားရေး ၌ မိမိတို့ အ
ထောက်အကူပြုသည့် အင်အားအလိုက်သာ အချိုးကျ ဓန ဖြန့်ဝေသင့်သည်ဟု အယုံအကြည် ရှိသည်။ အချိုးအစားမရှိ ထင်ရာဝေခြမ်းသည်ရှိသော် တိုင်းပြည်ရှိ စီးပွားရေး ယုတ်ညံ့သည်သာမက တမလွန်၌ လည်း ပသယှာဝဟာရတို့မှ လွန်နိုင်ရန် အကြောင်းမရှိဟု ဆိုသည်။
သီပေါဘုရင် လက်ထက်၌ ယောအတွင်းဝန် ဦးဘိုးလှိုင်သည် ဘုရင်မှအစ မောင်းမမိ ဿံ ချွေရံသင်းပင်း မင်းမှု ထမ်းများ အဆုံး လစာ ချွေတာယူကြရန် လျှောက်ထားခဲ့သည်။ ဤသို့ လျှောက်ထားရာ၌ ဦးဘိုးလှိုင်၌ အကြောင်းနှစ် ချက် ရှိဟန်တူသည်။ ပထမအကြောင်းမှာ မြန်မာတစ် နိုင်ငံလုံးကို သိမ်းပိုက်ရန် ရန်အမျိုးမျိုး ရှာနေသော အင်္ဂလိပ်နယ်ချဲ့သမားတို့အား ခုခံတိုက်ခိုက်ရာ စစ်သည်ရဲမက် လက်နက်အင်အားများ တောင့်တင်းခိုင်မာစွာ နှင့် ခုခံတိုက်ခိုက်နိုင်ရန်အတွက် ဖြစ် သည်။ ဒုတိယအချက်မှာ ပြည့်ရှင်မင်းနှင့် မောင်းမမိဿံ ချွေရံပေါင်းသင်း မှူးကြီးမတ်ကြီးတို့သည် ပြည်သူများ ထံမှ အခွန်အတုတ်ကြီးစွာ ယူ၍ အဆောင်အယောင် အခန့်သားနှင့် စည်းစိမ်ခံစားနေသည်ဟု မနှစ် မြို့သော ကြောင့် ဖြစ်သည်။ တစ်နည်းဆိုလျှင် ဓနအင်အား ဖန်တီးနိုင်သော ကုန်သည် လယ်လုပ်တို့အား ကရဏီယာ ပြုအပ်ပြုကောင်းသော အမှု တို့၌ လျစ်လျူရှုပြီး ရွှေနန်းတော် သာယာအောင်သာ စေတနာထားနေခြင်းကို မနှစ် မြို့သော ကြောင့် ဖြစ်လေသည်။
ဤသို့ လျှောက်ထားငြာလည်း “ရှင်ဘုရင်လုပ်ရတာ ငလှိုင် ပေးသရွေ့နဲ့စားရမှာ တဲ့ လား။ ဒီလိုဖြင့် ရှင်ဘုရင်တောင် မလုပ်ချင်တော့ဘူး” ဟု သီပေါမိဖုရားလေး၏ အထင်အမြင်အမှားမှု ကိုသာ အဖတ်တင်ခံခဲ့ရလေသည်။
ယောအတွင်းဝန် ဦးဘိုးလှိုင်သည် တိုင်းပြည်၏ ဓနအင်အား အချိုးကျကျ ဖြန့်ဖြူးရေး ၌ မြေယာ ဘောဂဗေဒသမားနှင့် အယူအဆချင်း တူညီသည်။ လယ်လုပ်သူတို့သည် ကုန်ထုတ်အစွမ်းရှိ၍ ဓနအင်းအား ဖန်တီးနိုင်သူများ ဖြစ်သည်ဟူသော အချက်၌ လည်း ၎င်းတို့နှင့် တူညီသည်။
သို့ရာတွင် ယောအတွင်းဝန် ဦးဘိုးလှိုင်အား မြေယာဘောဂဗေဒသမားအ ဖြစ် စာရင်းသွင်းသင့် မသွင်းသင့် နှင့် စပ်လျဉ်း၍ မူကား တပ်အပ်မပြောနိုင်ပေ။ မြေယာဘောဂဗေဒ သမားတို့ကို လယ်လုပ်သူတို့အား ဓနအင်အား ဖန်တီးနိုင်သည်။ ကုန်သည်တို့သည် အမြုံများ ဖြစ်၍ ဓနအင်အားသစ်များ ဖန်တီးနိုင်စွမ်းမရှိဟု ဆိုကြသည်။
သို့ရာတွင် ဦးဘိုးလှိုင်က -
“အဝေသေဿနံ မင်းမျိုးမှ ကြွင်းကုန်သော ပုထုဝေဿ သုဒ္ဒါနံများ စွာ ကုန်သော သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ် ဆင်းရဲသားတို့၏ ကသိဝါဏိဇ္ဇ ဂေါရက္ခာ လယ်လုပ်ခြင်း၊ ကုန်ကူးခြင်း၊ ဝန်တိုက် နွားသား ပွားအောင် နွားမတို့ကို မွေးကျွေးစေခိုင်းခြင်း အမှု တို့ကို ကရဏီယာ ပြုအပ်ပြုကောင်းသော အမှု တို့တည်း” ဟူ၍ ကာယာနု ပဿနာ ကျမ်းတွင် လည်းကောင်း-
“ကုန်သွယ်လယ်လုပ်၊ ကြိုးကုတ်များ စွာ ၊ လူတကာတို့၊ ခိုင်မာရင့်ကြည်၊ ပြည်ဝမ်းမည် ၏ ” ဟူ၍ မင်းစဉ်လင်္ကာကို ကိုးကား၍ လည်းကောင်း၊ အနက်ဖွင့်ဆိုထားသည်ကို ထောက်သော် ယော အတွင်းဝန်သည် ကုန်သည် အတန်းအစားအား ပြည်ဝမ်းသဖွယ် သဘောထားကြောင်း တွေ့ ရ သည်။ ။
ဤအချက်ကပင် ကုန်သည်အတန်းအစားအား ဦးဘိုးလှိုင်က အမြုံအ ဖြစ် သဘောမထားကြောင်း ထင်ရှားသည်။
ကုန်သည် အတန်းအစားနှင့် ပတ်သက်လျှင် ယောအတွင်းဝန်သည် အဒမ်စမစ်နှင့် အယူအဆချင်း တူညီသည်ဟု စိတ်ချလက်ချ ကောက်နုတ်နိုင်ပေသည်။ အဒမ်စမစ်သည် လယ်လုပ်သူတို့၌ ကုန်ထုတ် အစွမ်းသတ္တိရှိသည်ဆိုသော အချက်ကို မငြင်းပယ်ပေ၊ လုံးဝ လက်ခံသည်။ သို့ရာ တွင် ကုန်သည်တို့သည် အမြုံ ဖြစ်၍ ဓန မဖန်တီးနိုင်ကြ၊ ကုန်မထုတ်နိုင်ကြဟူသော အချက်ကိုကား ကန့်ကွက်၏ ။
“လက်မှု ပညာသည်များ ၊ ကုန်ထုတ်လုပ်သူများ နှင့် ကုန်သည်များ ကို ကျွန်ုပ်တို့သည် ကုန်ထုတ်နိုင်စွမ်းသော အတန်းအစားတွင် စားရင်းသွင်းလိုပါသည်” ။ (အဒမ်စမစ် နိုင်ငံတို့၏ ဓန အင်အားများ စာအုပ်)
ဦးဘိုးလှိုင်က ကုန်သည်ဟုဆိုရာ၌ ဈေးသည်၊ ပွဲစား၊ ကုန်ကူးသူတို့ကိုသာ ဆိုလိုဟန် မရှိ။ လက်မှု လုပ်ငန်းရှင်၊ စက်မှု လုပ်ငန်းရှင်များ ကိုလည်း ထည့်သွင်းရည်ညွှန်းဟန် ရှိသည်။ အကယ် ၍ ကုန်သည် အတန်းအစားအား ကုန်ထုတ် အပိုအလျှံ ထုတ်လုပ်နိုင်စွမ်း မရှိဟု ဦးဘိုးလှိုင်က ဆိုလို ဟန် ရှိခဲ့လျှင် အောက်ပါစာပိုဒ်ကို ဦးဘိုးလှိုင် ရေး သားခဲ့ရန် အကြောင်းရှိလိမ့်မည် မဟုတ်ချေ။
“မီးသင်္ဘော၊ မီးရထား၊ ရက်ကန်းစက်မှ စ၍ စက်အမျိုးမျိုး၊ ဖလ်မှန်၊ ပန်းကန်၊ ပိုးထည်၊ ချည်ထည် အမျိုးမျိုးတို့သည် ဥာဏ်ပညာမှ ထွက်သည်ချည်း ဖြစ်သည်။ စကားပြော ကြေးနန်း၊ အရိပ် လူပုံကို ယူနိုင်သော အတတ်(ဓာတ်ပုံ) အစရှိသည်တို့သည်လည်း ဥာဏ်ပညာမှ ဖြစ်သည်ချည်း ဟူ၍ မှတ်ရမည် ”။
(ရာဇဓမ္မသင်္ဂဟကျမ်း)
ဦးဘိုးလှိုင်သည် ဥာဏ်နှင့် ဝီရိယဖြင့် ပြီးစီးသော လုပ်ငန်းမှန်သမျှကို ကုန်ထုတ်နိုင်စွမ်း ရှိသည်။ ဓနအင်အား ဖန်တီးနိုင်စွမ်းရှိသည်ဟု ဆိုလိုဟန် ရှိလေသည်။
ဦးဘိုးလှိုင်သည် အနောက်နိုင်ငံတို့၌ ‘ငွေတိုက်’ (ဘဏ်တိုက်ကို ဆိုလိုဟန် ရှိသည်) ထွန်းကားသည်ကို အတော် အားကျပုံရသည်။ ‘ငွေတိုက်’ ထွန်းကားမှ တိုင်းပြည် စည်ပင်ဝေဖြာမည် ဟု ယုံကြည်ဟန်ရှိသည်။ ထို့ကြောင့် လည်း မြန်မာနိုင်ငံ၌ ‘ငွေတိုက်’ တည်ထောင်၍ ကြီးပွားစေရန် အကြံပေးခဲ့သည်။
“ကောသမည် သော ကျီ၊ ကြ၊ တိုက်တော် ဟူသည်ကား သင်္ဂဟတရားလေးပါး၌ ဆိုခဲ့ပြီး သည့်အတိုင်း သမ္မာပါသတရားကို ကောင်းစွာ ဖြစ်ထွန်းစေရအောင် လည်းကောင်း ၊ တိုင်းသူပြည်သူ အားလုံးတို့နှင့် ဆက်ဆံနိုင်သော ငွေတိုက်ကို အနောက်တိုင်းပြည် သိုးဆောင်းနိုင်ငံများ ကဲ့သို့ လုပ်ဆောင်ထားလျှင် အပရိယာနိယ တရား တိုးပွား၍ အလွန်ခိုင်မာသော နိုင်ငံ ဖြစ်နိုင်သည်။
ငွေတိုက် လုပ်ပုံကား နိုင်ငံကထွက်သရွေ့ အခွန်ကို လည်းကောင်း၊ မင်း၊ မှူးမတ်တို့ အထိုက်အလျောက်ရသော ဥစ္စာပစ္စည်းတို့ကို လည်းကောင်း၊ ကြီးကျယ်ကောင်းမွန်စွာ အခိုင်အလုံ တိုက်ကြီးတည်၍ ဤတိုက်ကြီး၌ ပေါင်းစုထားပြီးလျှင် အသုံးရှိသည်ကို ဤတိုက်ကြီးကာ ထုတ်ယူသုံး ရသည်။
(ရာဇဓမ္မသင်္ဂဟကျမ်း)
ဦးဘိုးလှိုင်သည် ကောသမည် သော ငွေတိုက်ကြီး တစ်ခုကို တည်ထောင်လိုသည်။ တစ်နည်းအားဖြင့် ယခုခေတ် စကားဖြင့် ဗဟိုဘဏ်ကြီး (Central Bank) ကို တည်ထောင်လိုသည်။
ဘဏ်စနစ်ဟူသည် ကုန်သည်တို့အား အကျိုး ဖြစ်သည်သာ ဖြစ်၍ ဘဏ်စနစ် ထွန်းကား လိုသော ဦးဘိုးလှိုင်သည် ကုန်သည်တို့အား အမြုံသဖွယ် မမှတ်ယူကြောင်း ထင်ရှားပြန်သည်။
အကယ်၍ ကုန်သည်တို့အား အမြုံအ ဖြစ် သဘောထားလျှင် ဦးဘိုးလှိုင်သည် ၎င်းတို့အား ငွေတိုက်ကြီးမှ အတိုးနည်းနည်း နှင့် ငွေချေးငှားရန် သဘောထား ရှိလိမ့်မည် မဟုတ်ပေ။
အသုံးပြင် ပိုမိုသည့် ငွေကိုလည်း လယ်ယာလုပ်ဆောင် ကူးသန်း ရောင်းဝယ်သည့် ကုန်သည် လယ်လုပ်တို့က အလိုရှိလျှင် အတိုးအနည်းငယ်နှင့် သမ္မာပါသတရား ဖြစ်အောင် ထုတ်ချေး ငှားသည်။
(ရာဇဓမ္မသင်္ဂဟကျမ်း)
ယောအတွင်းဝန်သည် ဘဏ္ဍာရေး ဝန်ကြီးလည်း ဖြစ်ခဲ့သည်။ ထိုစဉ်က အခွန်ကောက် ခံ သည့် စနစ်မှာ ပြည့်ရှင်မင်းကြီးထံ တစ်စုံတစ်ရာ ပေးပို့၍ ကျန်သမျှကို ဆိုင်ရာ မြို့စားရွာစားတို့က ကိုယ်ရ ကိုယ်ယူစနစ်ဖြင့် ဆောင်ရွက်ဟန် ရှိကြသည်။ ယောအတွင်းဝန်သည် ဤစနစ်ကို နှစ် မြို့ခြင်း မရှိ၊ ငွေတိုက်ကြီး တစ်တိုက်ကို ဖွင့်လှစ်၍ စည်းကြပ်ရသမျှ အခွန်တော် မှန်သမျှကို ဤငွေတိုက်ကြီး တွင် ပေါင်းစုထားလိုသည်။ တစ်နည်းဆိုလျှင် ဦးဘိုးလှိုင်သည် ဗဟိုက စုစည်းချုပ်ကိုင်သော အခွန် တော် စနစ်ကို တည်ထောင်လိုဟန် ရှိလေသည်။
အခွန်တော် စည်းကြပ်ရာ၌ ယောအတွင်းဝန် ဦးဘိုးလှိုင်သည် ရှေးအစဉ်အလာတစ်ရပ်ကို တော် လှန်ပစ်လိုက်၏ ။ မှန်နန်းရာဇဝင်တော် ၌ ဇမ္ဗူဒီပကျွန်းနှင့် ပတ်သက်၍ “ ဇမ္ဗူဒီပ ကျွန်းသူ ကျွန်းသားအပေါင်းတို့သည် မဟာသမ္မတမင်းကို မှီ၍ အသက်မွေးကုန်၏ ။ လုပ်ဆောင်ရသော ပစ္စည်း ပစ္စယတို့ကို မဟာသမ္မတမင်းအား ဆယ်ဖို့ တစ်ဖို့၊ ဆယ်ခိုင်တစ်ခိုင်၊ ဆယ်လုံးတစ်လုံး၊ ဆယ်ပွင့် တစ်ပွင့် ဆက်ကုန်၏ ” ဟူ၍ လည်းကောင်း၊ မင်းတို့ သင်္ဂဟ လေးပါး သရုပ်၌ အခွန်အတုတ်ကို ဆယ်ဖို့ တစ်ဖို့ ခံရခြင်းလည်း တစ်ပါး” ဟူ၍ လည်းကောင်း ဖော်ပြထားသည်။
ရှေးအစဉ်အလာ၌ အခွန်တော် နည်းသည် ဆယ်ဖို့တစ်ဖို့ (ဝါ) (Proportional Taxation) ဖြစ်သည်။ ဤအစဉ်အလာကို ဦးဘိုးလှိုင်က တော် လှန်ပစ်သည်။
“သံယုတ်အဋ္ဌကထာ၊ ဣတိဝုဒ် အဋ္ဌကထာ၊ ယဇ်ကြီးငါးပါးအဖွင့်တွင် ဆယ်ဖို့တစ်ဖို့ သဿမေဓ ရှေးက ကောက်ခံသည်ဆို၏ ။ သို့သော်လည်း ပါဠိတော် တွင် မည် ၍ မည် မျှ အဖို့ အစု မပါဝင်သော ကြောင့် နိုင်ငံအင်အားအလျောက် သင့်လျော်အောင် ကောက်ခံသည်သာ သင့်တင့် ကောင်းမွန်သည်ဟူ၍ မှတ်ရမည် ”
(ရာဇဓမ္မသင်္ဂဟကျမ်း)
ဦးဘိုးလှိုင်သည်ရှေးအစဉ်အလာအတိုင်းဆယ်ဖို့တစ်ဖို့ အခွန်စည်းကြပ်ရမည် ကို လက်မခံ “တိုင်းပြည်နိုင်ငံ၌ ပေါ်ပေါက်ကျရောက် ဖြစ်ထွန်းသမျှသော စီးပွားချမ်းသာတို့မှာ မှူးမတ် ပြည်သူတို့ ညှိုနှိုင်းပြီးလျှင် မည် ၍ မည် မျှ အကောက်ခံမည် ကို ဆုံးဖြတ်ကာထားသည့် ဥပဒေအတိုင်း အပိုအလိုမရှိ ကောက်ခံလိုသည်။ တစ်နည်းဆိုလျှင် အခွန်ထမ်းဆောင်နိုင်သော ဓနအင်အား (Ability to Pay) နှင့် အညီ ကောက်ခံ၍ လိုအပ်လျှင် သူဌေးများ ကို အခွန်ပို၍ စည်းကြပ်ခြင်း (Progressive Taxation) ကို ကျင့်သုံးထိုက်သည်ဟု ယူဆဟန်ရှိသည်။
အခွန်တော် ပေါ်လစီ၌ ဤသဘောထားရှိပြီးနောက် ဘဏ္ဍာတော် သုံးစွဲမှု အပိုင်းတွင် ယောအတွင်းဝန်ဦးဘိုးလှိုင်သည် ကျစ်ကျစ်လျစ်လျစ် ချွေတာစေလိုသည်။ ရသမျှအခွန်တော် ကို နိုင်ငံအုပ်ချုပ်မှု အပိုင်း၌ သာ အကုန်သုံးစွဲပစ်သည်ကို မလိုလား၊ အုပ်ချုပ်ရေး အပိုင်းတွင် တတ်နိုင်သမျှ ချွေတာပြီး “ ကုန်သည်လယ်လုပ်တို့အား သမ္မပါသတိုးအောင်” အားပေးရာတွင် ပို၍ သုံးစွဲလိုသည်။ တစ်နည်းဆိုလျှင် အစိုးရသည် စီးပွားရေး ဘက်တွင် လည်း သုံးစွဲစေလိုဟန် ရှိလေသည်။
“ပြည်သူတို့ မနာမကြည်းရအောင် ညှိနှိုင်း တိုင်းထွာ၍ သဿမေဓ ကောက်ခံပြီးလျှင် ရသည့်ငွေအနက် ပြည်ရှင်မင်းကို တစ်နှစ် ပတ်လည် သုံးလောက်အောင် ဆက်သပြီး၍ ကျန်ငွေများ ကို အခြားတစ်ပါး အသုံးအဆောင်မရှိ မှူးမတ်တို့ သဘောတူထားသည့် ငွေတိုက်သို့ သွင်းရမည် ”
(ရာဇဓမ္မ သင်္ဂဟကျမ်း)
ဦးဘိုးလှိုင်သည် ဘတ်ဂျက်တွင် ရငွေက သုံးငွေထက် ပိုရသော ဘတ်ဂျက်ဝါဒကို ရှေ့နေလိုက်ပေးသည်။
ဦးဘိုးလှိုင်သည် တစ်အိမ်ထောင်အတွက် အသုံးစရိတ် ပုံသဏ္ဍာန်နှင့် ပတ်သက်၍ လည်း သြဝါဒပေးသွားသေးသည်။
“ပျားပိတုန်း ပန်းစုသကဲ့သို့ ခြတောင်ပို့ လုပ်သကဲ့သို့ ပြင်းစွာ လုံ့လထုတ်မှ
သာလျှင် ဥစ္စာများ စွာ ပေါင်းစုလိမ့်မည် ။
ထိုမှဤမှရသော ဥစ္စာတို့ကို လေးပုံတစ်ပုံကို ဝတ်စားသုံးဆောင်၊ နှစ် ပုံတို့ဖြင့် အမြတ်ရအောင် လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း အမှု တို့ကိုပြု၊ လေးစုမြောက်သော ကြွင်းသော တစ်ပုံကိုမူကား ဘေးရန်ရှိလျှင် ပေးကမ်းဆောင်ရွက်ရအောင် သိမ်း၍ ထားဟူလိုသည်”
(ကာယာနုပဿနာကျမ်း)
ဦးဘိုးလှိုင်သည် ရသည့် ဝင်ငွေအား လေးပုံပုံစေ၍ တစ်ပုံကို စားသုံးဝတ်စားခြင်း (Consumption) တွင် သုံး၍ နှစ် ပုံကို အရင်းအနှီးအ ဖြစ် အသုံးပြုစေပြီး ကျန်တစ်ပုံကို လိုအပ်လျှင် သုံးစွဲရန် စုဆောင်းထားစေလိုသည်။
ဦးဘိုးလှိုင်သည် ဝင်ငွေကိစ္စတွင် သုံးစွဲဝတ်စား စားသုံးခြင်းထက် အရင်းအနှီးပြုခြင်း (Investment) နှင့် စုဆောင်းခြင်း (Saving) ကိုပို၍ အသားပေးသည်။ တစ်အိမ်ထောင်နှင့် ပတ်သက်၍ ဤသို့ အသားပေးသကဲ့သို့ တစ်နိုင်ငံလုံးနှင့် ခြုံ၍ လည်း သမ္မာပါသတိုးအောင် (ဝါ) ကုန်သည်လယ်လုပ်တို့ အရင်းအနှီး တိုးပွားရန် လည်းကောင်း၊ ကောသမည် သော ငွေတိုက်ထောင်၍ နိုင်ငံ ရွှေငွေဓန ပစ္စည်းများ ကို စုဆောင်းရန်လည်းကောင်း အသားပေးလေသည်။ ဦးဘိုးလှိုင်သည် တိုင်းပြည်၏ စီးပွားရေး ကို ဖွံ့ဖြိုးတိုးတက်လိုသူ ဖြစ်သည် အားလျော်စွာ ဤသို့ အရင်းအနှီးမ တည်မှု နှင့် စုဆောင်းမှု တွင် အသားပေးခြင်းသည် စင်စစ်၌ ဆန်းသည်မဟုတ်ပေ။
ယောအတွင်းဝန် ဦးဘိုးလှိုင်ခေတ်၌ သိုးဆောင်းနိုင်ငံတွင် လူဦးရေ တစ္ဆေကြီးက ခြောက်လှန့်လျက်ရှိသည်။ မာသ်သပ်စ် စသော ပုဂ္ဂိုလ်တို့က ကမ္ဘာတွင် လူဦးရေသည် ဂဲသြမေတြီ နည်းအရ တိုးပွားလျက်ရှိသဖြင့် ကမ္ဘာကြီး ပျက်စီးတော့မလိုလို ဟောကိန်းထုတ်လျက် ရှိသည်။
ထိုအချိန်တွင် ဦးဘိုးလှိုင်က လူကန်ခန်းကြောင်း တရားကို ရာဇဓမ္မသင်္ဂကျမ်းအတွက် ရေး နေလေသည်။ လူဦးရေများ ပြားခြင်းသည် ဘေးမရှိ၊ အားတစ်ပါးပင် ဖြစ်သေးသည်ဟု ရေး သား နေလေသည်။
“တိုင်းပြည်နိုင်ငံ၌ အစားအသောက် အသုံးအဆောင် တိုက်အိမ် မြို့ပြတို့ကို အများ အပြား အကြီးအကျယ် ဖြစ်စေလိုလျှင် လူကို များ ပြားအောင် လူတိုးပွား စည်ပင်အောင် နှလုံးထား၍ ” ဟူ၍ လည်းကောင်း ၊ မြန်မာမင်းတို့ စစ်မက်အင်အားနှင့် မြို့ရွာ လူနေအိမ်ခြေတို့ လျော့ပါး
သွားရသည်မှာ လူကုန်ခန်းစေသော ‘ယုတ်မာသော တရားသုံးပါး’ ကြောင့် ဖြစ်၍ ‘ဤယုတ်မာသော တရားသုံးပါး မ ဖြစ်ရအောင် အားထုတ်နှိပ်ကွပ်သင့်သည်’ ဟူ၍ လည်းကောင်း ယောအတွင်းဝန် ဦးဘိုး လှိုင်က လူဦးရေတိုးပွားခြင်းကို ရေး သားနေလေသည်။
ယောအတွင်းဝန် ဦးဘိုးလှိုင်သည် မြန်မာနိုင်ငံအား သိုးဆောင်းနယ်ချဲ့သမားတို့က ခြိမ်းခြောက်နေသည်ကို မျက်ဝါးဝါးထင်ထင် တွေ့ မြင်ရသည် ဖြစ်၍ သိုးဆောင်းနိုင်ငံများ က အဘယ်ကြောင့် သူတို့ခြိမ်းခြောက်နိုင်သည်ကို လှမ်း၍ လေ့လာကြည့်မိ၏ ။ သိုးဆောင်းနိုင်ငံများ ၏ အခြေအနေ အရပ်ရပ်ကို လက်လှမ်းမီသလောက် လေ့လာပြီးနောက် မြန်မာနိုင်ငံကိုလည်း သိုးဆောင်းနိုင်ငံများ ကဲ့သို့ပင် တိုးတက်ကြီးပွားစေလိုသည်။
ဦးဘိုးလှိုင်သည် သိုးဆောင်းနိုင်ငံများ စစ်မက်အင်အား ကြီးပွားရသည်မှာ စီးပွားရေး တောင့်တင်းသော ကြောင့် ဖြစ်သည်ဟုမြင်၍ အထက်ပါ ဘောဂဗေဒ အတွေးအခေါ်များ ကို ဖော်ထုတ် ပြုစုခဲ့ခြင်း ဖြစ်ဟန်တူပေသည်။ တစ်ဖက်တွင် နေပြည်တော် သည် စစ်မက်အင်အားကြီးသော သိုး ဆောင်း နယ်ချဲ့သမားတို့၏ ရန်နှင့် ရင်ဆိုင်နေရသည် ဖြစ်၍ ရွှေပြည်တော် ဝန် ဦးဘိုးလှိုင်သည် နိုင်ငံ၏ စီးပွားရေး အင်အားတောင့်တင်းအောင် တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။
စီးပွားရေး တောင့်တင်းအောင် ပြုလုပ်ရာ၌ ဦးဘိုးလှိုင်သည် အချုပ်အချယ်မရှိ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး မှု ရှိမှ ၊ ကောသမည် သော ငွေတိုက်ကြီးရှိမှ၊ ဤငွေတိုက်ကြီးတွင် အခွန်တော် မှူးမတ်ပြည်သူ အပေါင်း ရွှေငွေဥစ္စာ ပစ္စည်းများ စုဆောင်းကြမှ အစိုးရသည် ကုန်သွယ်လယ်လုပ်အမှု တို့တွင် အားတက်သရော ကူညီမှ ထမြောက်နိုင်လိမ့်မည် ဟု ယုံကြည်သည်။
ကူးသန်းရောင်းဝယ်ရာ၌ လည်း ဦးဘိုးလှိုင်သည် ‘ကိုယ့်နိုင်ငံတွင်း ၌ သာလျှင် ကူးသန်း ရောင်းဝယ်လျှင် အမြတ်အစွန်းများ စွာ မ ဖြစ်နိုင်။ ကူးသန်းရောင်းဝယ်ခြင်း အကြီးအကျယ် မ ဖြစ်နိုင်၊ ကြီးကျယ် ပြန့်ပြောသော နိုင်ငံကြီးတို့နှင့် မဟာမိတ် ဖြစ် ဆက်လက် ရွှေလမ်းငွေလမ်း ဖောက်ပြီးလျှင် ကူးသန်းရောင်းဝယ်ရ၍ နိုင်ငံသားတို့လည်း အမြတ်အစွန်း များ စွာ ရသည်” ဟု ထင်မှတ်သည်။
ဤအချက်အရ ဦးဘိုးလှိုင်အား အချုပ်အချယ်မရှိ လွတ်လပ်စွာ ကူးသန်းရောင်းဝယ် ရေး (Free Trade) သမားအနေဖြင့် မှတ်ယူဖွယ်ရာ ဖြစ်သည်။ ဦးဘိုးလှိုင်သည် တစ်ခုလုံး ခြုံကြည့်လျှင် စီးပွားရေး တွင် အချုပ်အချယ်ကင်းမှု ကို လိုလားသူ ဖြစ်သည်ကား မှန်၏ ။ သို့ရာတွင် ကောသ ငွေတိုက်တွင် ရွှေငွေဥစ္စာများ ပေါများ နေသည်ကို နှစ် မြို့ဟန် ရှိသည်ကို ထောက်သော် ဦးဘိုးလှိုင်၏ အတွေးအခေါ်၌ ရွှေကို နိုင်ငံမှ မထွက်လို၊ နိုင်ငံတွင်းသို့သာ ဝင်လိုသော ကုန်သည်ဝါဒ (Merchan- tilism) သည်လည်း ရောနှောပါနေသေးကြောင်း အကဲခတ်မိလေသည်။
အသို့ပင်ရှိစေ ကျွန်တော့်  အမြင်၌ ယောအတွင်းဝန် ဦးဘိုးလှိုင်သည် ထိုခေတ်အခါ၌ ပေါ်သော သိုးဆောင်းနိုင်ငံများ မှ ဘောဂဗေဒပညာများ ကိုသာ လိုက်စားခွင့် ရရှိခဲ့သည်ရှိသော် မြန်မာ ပြည်၏ အရွယ်ရောက် အဒမ်စမစ်တစ်ဦးအ ဖြစ် ပေါ်ပေါက်လာနိုင်ပေသည်။ ယခုပင်လျှင် ဦးဘိုးလှိုင် သည် အဒမ်စမစ်ပေါက်စ ဖြစ်ခဲ့ချေပြီ။
****************************
မှန်နန်း၏ စီးပွားရေး ဝိနည်း
လူ့ ဖြစ်စဉ်၊ အစိုးရ၏ မူလအစ၊ နိုင်ငံဖွဲ့စည်းပုံ၊
စီးပွားရေး ထူထောင်ရေး ၊ လူတန်းစား ပြဿနာ
တို့ကား မှန်နန်းလာ ဝိနည်းများ တည်း။
ရတနာပူရ၊ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော် မင်းတရားကြီး ဘုရားသည် ဘေး
လောင်းဘိုး လောင်းများ ၊ မင်းတရားတို့ လက်ထက်မှာ ဆင်းသက်ခဲ့သော ရာဇဝံသ အဆက်ဆက်တို့ ကို ပျောက်ပျက်တိမ်ကော မရှိစေရ၊ သာသနာတော် ကျမ်း အရပ်ရပ်တို့နှင့် ညီညွတ်တိုက်ဆိုင်စွာ ရေး သားစီရင်စေဟု အမိန့်တော် မြတ်နှင့် အညီ သက္ကရာဇ် ၁၁၁၉ - ခုနှစ် ၊ နယုန်လဆန်း ၁ - ရက်နေ့ကစ၍ ရဟန်းပညာရှိ၊ ပုဏ္ဏားပညာရှိ၊ မှူးမတ်ပညာရှိတို့နှင့် မှန်နန်းတော် ဆောင်ဦး၊ နန်းမစနု၌ အသင့်ယုတ္တိ ကျမ်းဂန် အာဂုံများ နှင့် အညီ တည်းဖြတ် သုတ်သင်စီရင် ရေး သားခဲ့သည်မှ အစ မှန်နန်းရာဇဝင်တော် ကြီး ဟူ၍ ပေါ်ပေါက်ခဲ့ရ၏ ။
မှန်နန်းရာဇဝင်တော် ကြီးသည် မင်းတို့၏ အကြောင်းအဆက်ဆက် စီရင်ဖော်ပြခဲ့ရသည့်အလျောက် မင်းတို့၏ အကြောင်းပင် များ ၏ ။ သို့ရာတွင် စီကာစဉ်ကာ မဟုတ်သည့်တိုင်အောင် ဟိုတစ်ကွက် သည်တစ်ကွက်တို့၌ ဘောဂဗေဒ အတွေးအခေါ်များ ပါရှိသည်ကို မှန်နန်းရာဇဝင်တော် ကြီးအား ဖတ်ရှုရင်း သတိထားမိလိုက်လေသည်။
ရာဇဝင်တော် ကြီးပါ ဘောဂဗေဒ အတွေးအခေါ်များ သည် စီရင်ရေး သားသူ ရဟန်း ပညာရှိ၊ ပုဏ္ဏားပညာရှိတို့၏ အာဘော်ဟု ဆိုသော် ဆိုနိုင်၏ ။ သို့ရာတွင် သာသနာတော် ကျမ်းဂန်များ နှင့် ထောက်ထားရည်ညွှန်း ဖော်ပြထားသဖြင့် အဆိုပါ ဘောဂဗေဒ အတွေးအခေါ်များ သည် ဗုဒ္ဓဘာ သာ၏ ဘောဂဗေဒ အမြင်ဟု ယူဆနိုင်ပြန်သည်။
မှန်နန်းရာဇဝင်တော် ကြီး စီရင်သည့်အချိန် ဗုဒ္ဓဘာသာသည် နေလနှစ် ပါးကဲ့သို့ ထွန်း ပြောင်နေပြီ ဖြစ်၏ ။ သို့အားလျော်စွာ မှန်နန်းပါ ဘောဂဗေဒ အတွေးအခေါ်များ သည် ဘုရင်များ ကိုယ် တိုင် ယုံယုံကြည်ကြည် လိုက်နာနေရအံ့ဟု ထင်၏ ။ မှန်နန်း၌ အထောက်အထားပြုသော ကျမ်းဂန် များ သည် ပုဂံခေတ်ဦး၌ ပုဂံသို့ မရောက်သေးဟု ဆိုနိုင်သော်လည်း အနုရုဒ္ဓမင်း (အနော်ရထာ) သထုံ သို့ သိမ်းအပြီး မကုတမင်း (ဝါ) မနုဟာဘုရင်ထံမှ ပိဋကတ်သုံးပုံနှင့် ရဟန်းပညာရှိများ အား ပုဂံသို့ ပင့်ဆောင်လာပြီး သည်မှ စ၍ မှန်နန်းရည်ညွှန်းသော ကျမ်းဂန်များ သည် ရှိနေခဲ့ပြီး ဖြတ်တန်ရာ၏ ။ လူအများ ကြား၌ ဗုဒ္ဓသာသနာသည် ထိထိမိမိ မထွန်းတောက်မိသေးဟု ဆိုသည့်တိုင်အောင် သာသ နာ သာသနာပြုမင်းအ ဖြစ် စိုးမိုးနေခဲ့ကုန်သော ပုဂံမင်းတို့သည် မှန်နန်းရည်ညွှန်းသော ကျမ်းဂန်လာ ဘောဂဗေဒ အတွေးအခေါ်များ ကို လိုက်နာနေခဲ့မည် ဟု တွက်ဆရ၏ ။ ထို့ကြောင့် သာသနာကျမ်း အထောက်အထားဖြင့် ပြီးသော မှန်နန်းရာဇဝင်တော် လာ ဘောဂဗေဒအတွေးအခေါ်များ သည် ပုဂံ ခေတ်မှ သီပေါခေတ်တိုင်အောင် လွှမ်းမိုးနေခဲ့အံ့ဟု ထင်သည်။
မှန်နန်း၏ ဘောဂဗေဒ အတွေးအခေါ်ကို မဖော်ပြသွားမီ ရှေးဦး ပထမ မှန်နန်း၏ အစိုးရမူလအစ ဖြစ်ပေါ်လာပုံကို ပဏာမ ပျိုးသင့်သည်ဟု ဆင်ခြင်မိ၏ ။
ဗြဟ္မာတို့ အသက်ကုန်သဖြင့် လည်းကောင်း၊ ကံကုန်သဖြင့် လည်းကောင်း စုတေ၍ လူပြည်နှိုက် ဥပပါတ်ကို ထင်မြင်လာကြပုံ ကမ္ဘာဦးသူတို့ ဘုန်းကံဓမ္မတာကြောင့် နေလ နှစ် ပါး ပေါ် ပေါက်လာခဲ့ပုံ၊ ကမ္ဘာဦးသူတို့ မြေဆီ မြေလွှာကို စားသဖြင့် လောဘရမ္မက် ထူပြော၍ အာဟာရ ဆုတ်ယုတ်ပုံ၊ သည့်နောက် ရှေး ဖြစ်သော အစာသုံးပါးကွယ်ခဲ့လျှင် သလေးထမင်းကို စား၍ မိန်းမ၊ ယောက်ျားဟူ၍ လိင်ကွဲလာပုံ၊ သလေးဆန်သည် ပဒေသာပင်အလား ပေါက်ရောက်လျက် ရှိရာ လိုမှ ခူးဆွတ် စားသုံးနိုင်ပါလျက် ကမ္ဘာဦးသူတို့သည် အစာကို သိုမှီးခြင်း ပြုကြခြင်းကြောင့် သလေးဆန် တို့ ဆန်ခွဲ၊ ဖွဲနု၊ ဖွဲကြမ်းမွေးကုန်ပုံ၊ ရိတ်ရာယူရာ အရပ်တို့သည်လည်း တစ်ဖန် မပေါက်ရောက်ကြပုံကို စသည်ဖြင့် လူ့ ဖြစ်စဉ်ကို ဖော်ပြခဲ့၏ ။
ထို့နောက် သလေးဆန်များ နွမ်းပါးလာသည့်အခါ သလေးစပါးပင်များ ကို ပိုင်းခြား မှတ်သား၍ ဝေရသော် ကောင်း၏ ဟူ၍ တိုင်ပင်ကြပြီးလျှင် အပိုင်းအခြားထား၍ ဝေငှကြကုန်၏ ။ ယင်းသို့ ဝေငှပြီးလေသော အခါ မိမိအဖို့ ကုန်အံ့စိုး၍ တစ်ပါးသော သူတို့၏ အဖို့ကို ခိုးယူလေ၏ ။ ။
တစ်ကြိမ်၊ နှစ် ကြိမ်၊ သုံးကြိမ်အထိ ဆဲရေး လွှတ်နိုင်သော်လည်း ကြိမ်ဖန်များ လေသော အခါ ခိုးသူအား အပြစ်ဒဏ်ခတ်၍ နှင်ထုတ်လိုကြ၏ ။ ထိုအခါ ကမ္ဘာဦးသူတို့သည် အညီအညွတ် စည်းဝေးတိုင်ပင်ကာ သီလသမာဓိပညာနှင့် ပြည့်စုံသော သူ တစ်ယောက် ကို အစိုးရခြင်းမင်း၏ အ ဖြစ်ဖြင့် ရွေးချယ်၍ ၎င်းမင်းအား မဟာသမ္မတမင်းဟု သမုတ်ကြကြောင်း မှန်နန်းက အဂ္ဂသုတ်ပါဠိတော် လာ ကို ရည်ညွှန်းထားလေသည်။
ခေတ်အမြင်နှင့် ကြည့်လျှင် မှန်နန်းလာ လူ့ ဖြစ်စဉ်သည် သိပ္ပံပညာမဆန်ဟု တွက်ဆ ဖော်ပြနိုင်ပြန်၏ ။ အသို့ပင် ရှိစေကာမူ အထက်တွင် ဖော်ပြချက်အရ မှန်နန်းသည် ‘လူများ ညီညွတ် စည်းဝေး၍ မဟာသမ္မတမင်းဟု သမုတ်ကြောင်း’ ကျမ်းဂန်အလာနှင့် ညှိနှိုင်းဖော်ပြသည်ကို ထောက် ထား၍ ဒီမိုကရေစီနည်းအရ မင်းတင်မြှောက်ခြင်း (ဝါ) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် အညီ မင်းလုပ်စေခြင်း (Constitutional Monarchy) ကို မှန်နန်း၏ နိုင်ငံရေး အမြင်အ ဖြစ် ကောက်ချက်ဆွဲနိုင်သည်။
လူအများ ညီညွတ်စည်းဝေး၍ မဟာသမ္မတမင်းဟု သမုတ်ရသည့်ကိစ္စ၌ လူ့သဘာဝ သည် မှန်နန်း၏ အလိုအရ အရေး ကြီး၏ ။ လူများ ညီညွတ်စည်းဝေးရသည်မှာ ‘အရှင်စိုးမင်းရှိသော အ ဖြစ်ကို အမှီအခို အထောက်အပံ့ ပြု၍ နေလိုကုန်၍ ’ ဖြစ်သည်။ လူတို့သည် ပင်ကို သဘာဝ အရပင် အစိုးရကို မှီခိုအားထား၍ အထောက်အပံ့ ရယူလိုကြသည်ဟု မှန်နန်းက ယူဆဟန် ရှိ၏ ။ ဤယူဆ
ချက်၏ အဓိပ္ပါယ်သက်ရောက်မှု မှာ ကျယ်ပြန့်လေးနက်၏ ။ တိုင်းသူပြည်သား လူအများ ၏ ဘဝအရေး အခင်းများ ၌ အစိုးရက တာဝန်ရှိသည်ဟု ဆိုနိုင်၏ ။ ကမ္ဘာဦးသူတို့သည် မင်းကိုပင် ‘လောကဟိတေ သိနာ၊ လူတို့ အစီးအပွားကို ရှာလေ့ရှာထရှိသော မင်း’ ဟု သမုတ်ကြသည်ဟု မှန်နန်းက ဆိုထား၏ ။ ဤနေရာတွင် အင်္ဂလန်ပြည်၌ ၁၉ - ရာစု နှစ် လောက်ဆီမှ စတင်ပေါ်ပေါက်ခဲ့သော လေးဇယ်ဖယ်ရား ခေါ် စီးပွားရေး လုပ်ခင်းများ တွင် အစိုးရက ဝင်မစွက်ဖက်ရေး ဟူသော လစ်ဘရယ်ဝါဒအား မှန်နန်းက ငြင်းပယ်သည်ဟု ဆိုရလိမ့်မည် ။ တိုင်းသူပြည်သားများ ကောင်းစားရေး အတွက် အစိုးရ၌ တာဝန်ရှိ သည့်အလျောက် အစိုးရက စီးပွားရေး တွင် ဝင်စွက်သင့်သည်ဟု တစ်ထစ်ချ ဆိုလိုဟန် ရှိလေ၏ ။
စင်စစ် အရှင်အစိုးရမင်းကို မှီခိုအားထားရသည်မှာ မှန်နန်းအလိုအရ လူတို့အားနည်း ချက်ကြောင့် ဖြစ်လေ၏ ။ သလေးဆန်များ နွမ်းပါးလာသည့်အခါ သလေးစပါးပင်များ ကို ပိုင်းခြားသတ်မှတ်၍ ဝေငှကြကုန်၏ ။ ယင်းသို့ ဝေငှပြီးလေသော အခါ မိမိအဖို့ ကုန်အံ့စိုး၍ သူတစ်ပါး၏ အဖို့ကို ခိုးယူ သူများ ခိုးယူကြကုန်၏ ။ ဤအန္တရယ်ကို လူတို့ မတားနိုင်သဖြင့် အင်အားကြီးသော အရှင်စိုးမင်းကို အားကိုး အားထားပြုကြရသည်။ ဤအတိုင်းဆိုသော် အရှင်စိုးမင်း၏ တာဝန်သည် သလေးစပါးပင်များ မျှမျှတတ ဝေငှထားသည်ကို ထိန်းသိမ်းရန်လည်းကောင်း။ မျှမျှတတ ဝေငှရန်လည်းကောင်း ဖြစ်သည်ဟု ဆိုရလိမ့်မည် ။ ခေတ်အသုံးအနှုန်းနှင့် ဆိုရသော် မှန်နန်းအလို အရ အစိုးရသည် တိုင်းသူပြည် သားအချင်းချင်း ဓနအင်အား ညီညီမျှမျှရှိစေရန် တာဝန်ရှိလေ၏ ။ မှန်နန်းသည် ဓနအင်အား မျှတမှု ကို ရှေ့နေလိုက်ဟန်ရှိသည်။
သို့ရာတွင် ဆန့်ကျင်နေသည်ဟု ထင်ရဟန်ရှိသော အချက်တစ်ချက် ရှိနေပြန်၏ ။ မှန်နန်းက ဓနအင်အား မျှတမှု အတွက် တရားလိုက်လျှင် လူတန်းစား ပပျောက်ရေး ကို ဆိုလိမ့်မည် ဟု မျှော်လင့်ကြ၏ ။ သို့သော် ‘ကမ္ဘာဦး မဟာသမ္မတမင်း လက်ထက်က စ၍ ဖြစ်ပွားသော အမျိုးလေးပါး သည် ကမ္ဘာပျက်သည့်တိုင်အောင် မပြတ်မလတ် ဆင်းသက် တည်ထွန်းကြောင်းကို သိသာလှသည်’ ဟု မှန်နန်းက ဆိုလာသော အခါ မှန်နန်းသည် လူတန်းစားများ ရှိခြင်းကို အသိအမှန်ပြုရင်း ဓနအင်အား မျှတစွာ ခွဲဝေရေး ကို မဖောက်မပြန် မှတ်ဆိုပုံရသည်။ တစ်နေရာ၌ ရှာဖွေလျှင် ဘယ်လူတန်းစား ဖြစ် ဖြစ် တည်ရမည် ဟု မှန်နန်းက မဆိုလိုကြောင်း တွေ့ ရသေး၏ ။ ‘အမျိုးလေးပါး’ ဟု ထပ်ခါတလဲလဲ ဖော်ပြနေခဲ့သည့်အပြင် ဤအမျိုးလေးပါးကိုပင် အတိအကျ ဖော်ပြထား၏ ။ ‘ဤသို့ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူဌေးသူကြွယ်မျိုး၊ သူဆင်းရဲမျိုးဟူ၍ အမျိုးလေးပ်း ထင်ရှား ဖြစ်ကုန်သတည်း’အမျိုးလေးပါးကို တိတိကျကျ ဖော်ပြထားသဖြင့် မည် သည့်လူတန်းစားကို ဖြစ် ဖြစ် မှန်နန်းက လက်ခံသည်ဟု မဆိုနိုင်တော့ပြီ။ ပို၍ ထင်ရှားသည်မှာ မှန်နန်းက ရာဇနီတိလာကို ညွှန်း၍ ပြည်ရွာစည်ပင်စေသော အတန်းအစားကို ဖော်ပြထားခြင်း ဖြစ်လေသည်။ “ပြည်ရွာ စည်ပင်ရာသော အကြောင်းလေးပါးတည်း။
လေးပါးဟူသော်ကား၊ လယ်လုပ်သော သူများ သည်လည်း တစ်ပါး၊ ကုန်သွယ်သော သူများ သည်လည်း တစ်ပါး၊ သတင်းသီလရှိသော အမတ်များ သည်လည်း တစ်ပါး၊ များ သော အကြားအမြင် သီလရှိသော ရဟန်းများ သည်လည်း တစ်ပါး၊ ဤလေးပါးတည်း”
ပထမဖော်ပြသော အမျိုးလေးပါးနှင့် နောက်ဖော်ပြသော အကြောင်းလေးပါးမှာ အနည်းငယ် ကွဲလွဲနေ၏ ။ အသို့ပင်ရှိစေ မှန်နန်း သည်ပြည်ရွာစည်ပင်စေသော လူတန်းစားများ သာ ကမ္ဘာတည်သရွေ့ မြဲနေထိုက်သည်ဟု တစ်ထစ်ချ ဆိုဟန်ရှိသည်။ ပြည်ရွာ မစည်ပင်စေသော အမျိုး နှင့် ‘အကြောင်း’ များ ကို လိုလားဟန်မတူ။ ဓနအင်အား ဖန်တီးနိုင်သော ကုန်ထုတ်အစွမ်းအင်အားရှိ သော လူတန်းစားများ တည်ရှိနေသော ဘောင်အတွင်း၌ ဓနကို မျှတစွာ ခွဲဝေရေး သည် မှန်နန်း၏ ဘောဂဗေဒစိတ်ကူး တစ်ရပ်ပင် ဖြစ်ချေသည်။
မှန်နန်းသည် မြို့ဇနပုဒ်၊ ပြည်ရွာဟူ၍ ပြည်ထောင်နိုင်ငံတည်လိုဟန်ကား တကယ်ရှိ၏ ။ သို့ရာတွင် မှန်နန်း၏ ပြည်ထောင်တည်မှု အစီအစဉ်၌ မြို့အား ဗဟိုချက်မအ ဖြစ်လည်းကောင်း၊ အခြေ ခံအ ဖြစ်လည်းကောင်း တည်ထားလိုပုံရသည်။ မင်းကျင့်တရားများ နှင့် စပ်လျဉ်းလျှင်သော်လည်း ကောင်း၊ ပြည်၊ မြို့အင်္ဂါရပ်များ နှင့် စပ်လျဉ်းလျှင်သော်လည်းကောင်း မှန်နန်း သည်မြို့ကို အခြေခံထားသည်ဟု ခန့်မှန်းရ၏ ။ လူ့အဖွဲ့အစည်းကို မြို့အခြေခံ တည်ထောင်လိုပေသလော မသိ။ မြို့ကို ဖွဲ့စည်းတည်ထောင်ရာ၌ ရှေးဂရိခေတ်၌ ပေါ်ပေါက်ခဲ့ဖူးသော ပြဿနာမျိုး ကြုံတွေ့ ရဟန် ရှိ လေသည်။ ဂရိတ်မြို့နိုင်ငံများ တွင် စပါတန်တို့က စစ်သားများ ချည်း ရှိလိုပြီး စစ်သားတို့က အုပ်ချုပ် လို၏ ။ အေသင်တို့က တစ်မျိုးတည်း။ အဘိဓမ္မာ ပညာရှင်က ရှင်ဘုရင်အ ဖြစ် အုပ်ချုပ်စိုးမိုးစေလို သည်။ နိုင်ငံသားတိုင်းစစ်သားချည်း ဖြစ်၍ စစ်တပ်ကဲ့သို့ တိုင်းပြည်ကို အုပ်ချုပ်သော် အဘိဓမ္မာ ပညာ ရှင်များ လိုအံ့မထင်။ ပညာဘက် လိုက်လွန်းကလည်း အခက်ရှိ၏ ။ မှန်နန်းသည် နိုင်ငံကို စစ်တပ် ကြီးသဖွယ် သဘောထား၍ မအုပ်ချုပ်လို။ ပညာရှိများ လည်း ရှိရမည် ။ ကုန်ထုတ်သူ၊ ကုန်ရောင်း ဝယ်သူတို့လည်း ရှိရမည် ။ ရာဇနီတိကို ညွှန်းသော ပြည်ရွာ စည်ပင်ရာသော အကြောင်းလေးပါး သရုပ်
၌ ‘လယ်လုပ်သူများ လည်း တစ်ပါး၊ ကုန်သွယ်သူများ လည်း တစ်ပါး၊ သတင်းသီလရှိသော အမတ် များ လည်း တစ်ပါး၊ များ သော အကြား အမြင် သီလရှိသော ရဟန်းများ လည်း တစ်ပါး၊ ဤလေးပါး တည်း’ ဟု ကျမ်းကန်လာကို ဖော်ပြထား၏ ။ တစ်ဖန် စတ္တာလီသ နိပါတ်တေသကုဏဇာတ်ကို ရည်ညွှန်းပြီး မင်း တို့အား ငါးပါးသရုပ်ကို ဖော်ပြသည်မှာ “ငါးပါးဟူသော်ကား လက်ရုံးအားလည်း တစ်ပါး၊ ရွှေငွေ အစရှိသော် စည်းစိမ်အားလည်း တစ်ပါး၊ မှူးမတ်ဗိုလ်ပါအားလည်း တစ်ပါး၊ အလွန်မြတ်သော မင်းမျိုး လည်းတစ်ပါး၊ ပညာအားလည်း တစ်ပါး၊ ဤငါးပါးတည်း” ဟူ၍ ဖြစ်၏ ။ စပါတန်တို့ကဲ့သို့ နိုင်ငံအား စစ်တပ်ကဲ့သို့ ဖွဲ့ကာ နိုင်ငံအား စစ်တပ်ကဲ့သို့ပင် အုပ်ချုပ်ရန် မှန်နန်းကျပ်မလာ။ ဘဝ၏ အတန်းအစား
များ ခွဲခြားလျက် စစ်အင်အား၊ ပညာအင်အားနှင့် ဓနအားတို့ အညီအမျှ ပေါင်းစပ်၍ နိုင်ငံ အုတ်မြစ်တည်လိုဟန် ရှိလေသည်။
ပလေတိုသည် ပုဂ္ဂလိက ပိုင်ဆိုင်မှု ကို ဖျက်သိမ်းပစ်လို၏ ဘုံစနစ်ကို ထူထောင်လို၏ ။
နိုင်ငံအား စစ်အားအပေါ် မူတည်စည်းရုံးလို၏ ။ ပလေတို၏ စီမံမှု ၌ နိုင်ငံ၏ ညီညွတ်မှု ကို ဦးစားပေး ထား၏ ။ အရစ္စတိုတယ်၏ အလိုအရ ပလေတိုသည် လူ့အဖွဲ့အစည်းကို ခြေထောက်တစ်ဖက်တည်း တွင် ရပ်တည်နေစေလိုလေပြီ။ အရစ္စတိုတယ်က နိုင်ငံ၏ ညီညွတ်မှု ထက် ဖူလုံရေး ကို ဦးစားပေး၏ ။ ရှေးခေတ် ဂရိတ်အတွေးအခေါ်၌ နိုင်ငံ၏ ညီညွတ်မှု နှင့် နိုင်ငံ၏ ဖူလုံရေး မည် သည်ကို ဦးစားပေးမည် နည်းဟု ပြဿနာပေါ်ပေါက်ခဲ့၏ ။ နှိုင်းကြည့်လျှင် မှန်နန်းသည် အရစ္စတိုတယ်နှင့် ပို၍ နီးစပ်သည်။ ဖူလုံ ရေး ကို ပို၍ ဦးစားပေးလိုသည်။ မြို့၏ အင်္ဂါ ခုနစ်ပါးသရုပ်တွင် “ရတနာ ဆယ်ပါး။ စပါးမျိုး ခုနစ်ပါး တို့ဖြင့် ပြည့်သော ကျီကျတိုက် ဘဏ္ဍာလည်း တစ်ပါး” ဟု ရာဇနီတိလာကို ညွှန်ထား၏ ။ ထို့အပြင် မြို့၏ အစာလေးပါးကိုလည်း သတ္တနိပါတ် အဂုင်္တ္တိုရ် ပါဠိတော် ကို ရည်ညွှန်းပြသည်မှာ “လေးပါးဟူ သော်ကား များ စွာ သော မြက်၊ထင်း၊ ရေ ရှိသည်လည်းတစ်ပါး၊ မျာစွာ သော သလေး မုယော အစရှိ သော စပါးမျိုးသည်လည်း တစ်ပါး၊ များ စွာ သော နှမ်းပဲမျိုးသည်လည်း တစ်ပါး၊ များ စွာ သော ထောပတ် ဆီဦးပျားတင်လဲ ဆားတည်းဟူသော ဆေးရှိသည်လည်း တစ်ပါး၊ ဤလေးပါးတည်း” ဟူ၍ ဖြစ်၏ ။ မြို့၏ အစာလေးပါးသရုပ်သည် မြို့သည်ကိုယ့်ဟာနှင့် ကိုယ် အစာရေစာ ဖူလုံနေမည် ဟု ဆိုရန်မှတစ် ပါးအခြား မရှိနိုင်ပြီ။
မှန်နန်း၏ ပုဂ္ဂလိကပိုင်ဆိုင်မှု အပေါ် သဘောထားကား ရှင်းလင်း၏ ။ သူတော် ကောင်း တရားကို အားထုတ်၍ အမျိုးလေးပါး ပေါ်ရသည်ဟု မှန်နန်းက လာထားသဖြင့် ဘဝ၏ ကံအကြောင်းကြောင့် ဆင်းရဲချမ်းသာ ကွဲရသည်ဟု ဆိုလိုဟန်ရှိ၏ ။ စီးပွားရေး စနစ်နှင့် မဆိုင်ဘဲ ပစ္စည်းပိုင်ဆိုင်မှု ပေါ်ပေါက်ရပေသလော မသိ။ သို့ရာတွင် မှန်နန်းသည် အလယ်ခေတ်က ဥရောပ ဘုရားရှိခိုးကျောင်း များ ကဲ့သို့ ပင် လောဘကို အကြီးဆုံး ဒုစရိုက်တစ်ပါးအ ဖြစ် မှတ်ယူ၏ ။ “ထို့နောက် အသက်အသင်္ချေ တန်းမှ ဆုတ်ယုတ်၍ ဆယ်နှစသက် တမ်းတိုင်လတ်သော် လူတို့အား လောဘစရိုက် ပြောသဖြင့် ဒုဗ္ဘိ က္ခန္တရကပ် ဖြစ်၍ ” မှန်နန်းက ပြောဟောသဖြင့် ကပ်ဆိုက်စေရန် လောဘက အကြောင်းတစ်ကြောင်း ပါဝင်နေသည်။ အဓိပ္ပာယ် သက်ရောက်မှု မှာ နက်နဲကျယ်ဝန်းသွား၏ ။ ပစ္စည်း ဓနအတိုင်းအဆ အစဉ် ပြတ်သည်မရှိ စုဆောင်း ရှာဖွေရန် အားထုတ်မှု သည် မှန်နန်းအလိုအရ ဒုစရိုက်ကြီး တစ်ပါး ဖြစ်နေ၏ ။ ဤသည် အလယ်ခေတ် ဥရောပ အဘိဓမ္မာဆရာကလည်း ယင်းသို့ အားထုတ်မှု ကို ဒုစရိုက်တစ်ပါး အ ဖြစ် ရေး သားခဲ့ကြသဖြင့် မှန်နန်းနှင့် တူချေသည်။ ခေတ်သစ်၌ ပစ္စည်းဓနအင်အား အတိုင်းအဆ မရှိ မပြတ် ရှာဖွေနိုင်ခြင်းသည် ပါရမီတစ်ပါး ဖြစ်နေသည်နှင့် စာလျှင် မှန်နန်းနှင့် ယခု ခေတ်သစ် လွဲနေသည်ဟု ဆိုနိုင်သည်။
မှန်နန်းသည် အတိုးကြီးစားခြင်းကို ဆန့်ကျင်၏ ။ သို့ရာတွင် မည် မျှအထိ ဆန့်ကျင်သည်ကား ခန့်မှန်းရခက်နေ၏ ။ မင်းတို့၏ သင်္ဂဟတရားလေးပါး သရုပ်ကို ဖော်ပြရာ၌ “ဆင်းရဲသား တို့အား အရင်းဥစ္စာပေး၍ သုံးနှစ် လည်မှ အရင်းအတိုင်းသာ ယူခြင်းလည်း တစ်ပါး” ဟု မှန်နန်းက ဆိုထားလေ၏ ။ ဤဆိုထားချက်တွင် ဆင်းရဲသားတို့အား မင်းတို့က အရင်း ဥစ္စာပေးရမည် လော။ သို့ တည်းမဟုတ် အခြားသူများ က အရင်းဥစ္စာပေးရမည် လောဟု မရှင်းပေ။ မင်းကပေးရလျှင် အရင်းဥစ္စာ ထောက်ပံ့သည့် ယန္တရားကြီး (Credit System) ကို မင်းကိုယ်တိုင်က ထူထောင်ရမည် ကဲ့သို့ ဖြစ်နေ ၏ ။ ဘဏ်စနစ်ကို မင်း၏ အရင်းဖြင့် ထူထောင်ရန် ပေလောဟု တွေးဆရသည်။ အရင်းဥစ္စာရသူသည် သုံးနှစ် လည်သည်အထိ ငွေရင်း ပြန်ဆပ်စရာမလို ဆိုသေးသည်။ ပြန်ဆပ်ရမည့် အချိန်ကို သုံးနှစ် အထိ ထားခြင်းဖြင့် နှစ် သိပ်လည်း မရှည်၊ သိပ်လည်းမတို ယခုခေတ်သစ်အသုံးအနှုန်းအရ အလယ်အလတ် ကြာသော ချေးငွေစနစ်ကို တည်ထောင်လိုဟန် ရှိ၏ ။ သုံးနှစ် လည်၍ ငွေရင်း ပြန်ဆပ်ရသည့်တိုင်အောင် အရင်းအတိုင်းသာ ယူရမည် ဆိုထားသဖြင့် အတိုးလုံးဝ မယူရဟု ဆိုရလိမ့်မည် ။ ဤနေရာ၌ အကယ်၍ သုံးနှစ် လည်လည်း ငွေရင်းပြန်မပေးဟု ဆိုသော် မည် သို့ ဖြစ်မည် နည်းဟု အမေးထွက်လာသည်။ မှန်နန်းက ဆက်ရှင်းထားသည်ကို မတွေ့ ရ၊ အလယ်ခေတ် ဥရောပ ဘောဂဗေဒ အတွေးအ ခေါ် တစ်ခု၌ လည်း မှန်နန်းကဲ့သို့ပင် နှစ် တစ်စုံတစ်ရာ သတ်မှတ်၍ ငွေရင်းသာ ပြန်ဆပ်ရမည် ။ အတိုး မပေးရဟု ဖော်ပြခဲ့ဖူး၏ ။ သို့ရာတွင် သတ်မှတ်ထားသော ကာလထက်ကျော်၍ ငွေရင်း ပြန်မဆပ် သော် ပြန်မဆပ်သည့်အတွက် လျော်ကြေးသဘောမျိုး၊ အရင်းအပြင် အတိုးပါ ပေးရမည် ဟု ဆိုထား ဖူးသည်။ ယုတ်စွအဆုံး အတိုးကို လျော်ကြေးအ ဖြစ်သာ မှတ်၏ ။ ဥရောပခေတ်အလယ်၌ အတိုးကြီး စားခြင်းကို သူများ သားမယား ပြစ်မှားသည့် ဒုစရိုက်ကဲ့သို့ သဘောထား၏ ။ မှန်နန်းသည်လည်း အလားတူ မှတ်ယူရန်ရှိ၏ ။ ငွေရင်း ပြန်ဆပ်ရန်ကာလကို သုံးနှစ် အထိ ထားသည့်အပြင် နှစ် ပြည့်ပြန်လျှင်လည်း အတိုးမပေးဟု ဆိုထားသဖြင့် အတိုးကြီးစား စနစ်ကို ဒုစရိုက်ကဲ့သို့ သဘောထားဟန် ရှိ၏ ။
ဆင်းရဲသားများ ကို အရင်းဥစ္စာ ချေးရမည် ဟု ဆိုခြင်းကြောင့် ချေးငွေသည် စားသုံးရန် အတွက် ဦးတည်ကြောင်း တွက်ဆရ၏ ။ ဆင်းရဲသားများ က ချေးငှားသည်မှာ အများ အားဖြင့် စားသုံးရန်အတွက် ဖြစ်ကြ၏ ။ ကုန်ထုတ်ရန်အတွက် အဓိက ငွေချေးသော ယခုခေတ်သစ်ကဲ့သို့ ဘဏ္ဍာစနစ် ကို မှန်နန်းသည် ပုံပန်းဖမ်း၍ တွေးတောမိခဲ့ဟန် မတူချေ။
ရွှေတွင်း၊ ငွေတွင်း ၊ ပယင်းတွင်း၊ ပတ္တမြားတွင်း၊ မတ္တမြား ဘိုတဲ ပုလဲသန္တာ၊ နီလာ စိန်ကျောက်စသော အနဂ္ဃဥစ္စာရတနာမျိုးများ သခင်၊ ရဟတ်စကြာ ကျွန်းလေးဖြာကို အာဏာလွှဲပတ်တန်ခိုးလွှတ်နိုင်သော သက်ဦးဆံပိုင် ဧကရာဇ်ဘုရင် ဆဒ္ဒန်ဆင်မင်းသခင်၏ အမိန့်တော် နှင့် ရဟန်း ပညာရှိ၊ ပုဏ္ဏားပညာရှိ၊ မှူးမတ်ပညာရှိတို့က ညှိနှိုင်းတိုက်ဆိုင်၍ မင်းအလိုကျ ရာဇဝံသကို ပြုစုသည့် တိုင်အောင် သက်ဦးဆံပိုင် ဧကရာဇ်ကို ချုပ်လိုက်သော အကွက်များ လည်း မှန်နန်းတွင် ချစ်စဖွယ် ပါရှိသေး၏ ။ လူတွေ က ညီညွတ်စည်းဝေး၍ မင်းမြှောက်ရာမှ မင်း ဖြစ်လာသည်ဟု အသင့်ယုတ္တိနှင့် မှန်နန်းက ဆိုလိုက်ခြင်းသည် လည်းကောင်း၊ အသီတိနိပါတ် မဟာဟံသဇာတ်ကို ညွှန်း၍ မင်းတို့ ကျင့်သော တရားဆယ်ပါးအနက် “ပြည်သူတို့ကိ မညှင်းဆဲ ခြင်းလည်း တစ်ပါး၊ ပြည်သူတို့နှင့် မဆန့် ကျင်ခြင်းလည်း တစ်ပါး” ဟု ဖော်ပြလိုက်ခြင်းသည် လည်းကောင်း။ အပရိဟာနိယ တရားခုနစ်ပါး သရုပ်ကိုဆောင်ရင်း “ကြိမ်ဖန်များ စွာ စည်းဝေး၍ အညီအညွတ်ထခြင်း၊ ပြုအပ်ကိစ္စကိုအညီအညွတ် ပြုခြင်းလည်း တစ်ပါး” ဟု ညွှန်းထားခြင်းသည် လည်းကောင်း၊ မှန်နန်း၏ ဒီမိုကရေစီကို ရုပ်လုံးပေါ် စေသည်။ မင်းကြိုက်ရေး ရသည့်တိုင်အောင် ဒီမိုကရေစီကို မင်း၏ နီတိအ ဖြစ် ရေး ထားလေ၏ ။ နှစ် လို ဖွယ်ရာပင်။
ဒီမိုကရေစီ၏ အခြေခံကို မှန်နန်းတွင် လာထားငြားလည်း မည် မျှကျယ်ပြန့်သနည်းဟု အမေးထွက်လာ၏ ။ ‘ကြိမ်ဖန်များ စွာ အညီအညွတ် စည်းဝေးရမည် ’ ဟု ဆိုရာ၌ မည် သူများ နှင့် အညီ အညွတ် စည်းဝေးရမည် နည်း။ မှူးကြီးမတ်ရာများ လောက်နှင့် သာ မင်းက အညီအညွတ် မပြတ် စည်းဝေးရမည် လော။ သို့တည်းမဟုတ် ပြည်သူအများ နှင့် ဤသို့ စည်းဝေးရမည် လော။ ဤပြဿနာ၌ မှန် နန်းသည် မေ့ကျန်ရစ်ဟန် ရှိ၏ ။ အကယ်၍ မှူးကြီးမတ်ရာများ လောက်နှင့် မင်းက အညီအညွတ် စည်းဝေးရမည် ဟု ဆိုငြားအံ့ မှန်နန်းသည် ခေတ်သစ် အခေါ်အဝေါ်အရ အရစ္စတိုတယ်ကရေစီကို မျှော်မှန်းဟန်ရှိ၏ ။ ပြည်သူအများ နှင့် အညီအညွတ်စည်းဝေးရမည် ဟု ဆိုသော် ယခုခေတ် နားလည်သော ဒီမိုကရေစီနှင့် နီးစပ်လေ၏ ။ ယခုခေတ် ဒီမိုကရေစီကို မှန်နန်းက ဆိုလိုပါသည်ဟု အထိ မျှော်လင့်ဖို့ငှာ မထိုက်ဟု ထင်မြင်မိ၏ ။ ယုတ်စွအဆုံး အရစ္စတိုကရေစီကို ညွှန်းထားသည်ဟုသာ ဧကန်စွဲနိုင်မည် ။ သို့ရာတွင် မှန်နန်း၏ အရစ္စတိုတယ်ကရေစီ၌ ဒီမိုကရေစီဓာတ်ခံများ လေးလေးနက်နက် ပါဝင်သည်ဟုကား ဝန်ခံပါသည်။
ဇမ္ဗူဒီပါ ကျွန်းသူကျွန်းသားများ အကြောင်းကို မှန်နန်းရေး ၏ ။ “ဇမ္ဗူဒီပါ ကျွန်းသူ ကျွန်းသားအပေါင်းတို့သည် မဟာသမ္မတမင်းကို မှီ၍ အသက်မွေးကုန်၏ ။ လုပ်ဆောင်၍ ရသော ပစ္စည်း ပစ္စယံတို့ကို မဟာသမ္မတမင်းအား ဆယ်ဖို့တစ်ဖို့၊ ဆယ်ခိုင်တစ်ခိုင်၊ ဆယ်လုံးတစ်လုံး၊ ဆယ်ပွင့် တစ်ပွင့် ဆက်ကုန်၏ ”ဇမ္ဗူဒီပါ ကျွန်းကို ညွှန်းလျက် အခွန် အကြောင်းတို့ ဆိုလာသည်။ မှန်နန်း၏ အခွန်စ နစ်သည် ခေတ်သစ်အမြင်ထက်ပင် ခေတ်မီသေး၏ ။ တစ်ဖို့၊ တစ်ခိုင်၊ တစ်လုံး၊ တစ်ပွင့်ဟု ဆိုထားသဖြင့် အခွန်ကို ယခုခေတ်ကဲ့သို့ ငွေကြေးနှင့် မဟုတ်ဘဲ ကုန်စည်နှင့် ပေးဆောင်ရန် ထွက်၏ ။
ငွေစက္ကူ ငွေဒင်္ဂါးကို မှန်နန်းခေတ်က မရည်မျှော်နိုင်သေးသည်မှာ မဆန်းပေ။ သူ့ခေတ် သူ့အခါနှင့် စာလျှင် ကုန်စည်ဖြင့် အခွန်ထမ်းထိုက်၏ ။
မှန်နန်းကဆိုသော အခွန်မှာ လည်း ကုန်ထုတ်လုပ်ငန်းအပေါ် ကောက်သည့်အခွန် (Tax on Production) နှင့် တူသည်။ ယခု မြန်မာနိုင်ငံတွင် စည်းကြပ်လျက်ရှိသော မြေခွန်နှင့် မတူ။ မြေခွန်အရ မြေပေါ်စိုက်သည် ဖြစ်စေ၊ မစိုက်သည် ဖြစ်စေ ၊ သီးနှံထွက်သည် ဖြစ်စေ၊ မထွက်သည် ဖြစ်စေ မြေခွန်ပေးရ၏ ။ မှန်နန်းလာ အခွန်အရ ဤသို့မဟုတ်၊ စိုက်ပျိုးမှ ပစ္စည်းထွက်မှ ပေးရ၏ ။ ထို့ကြောင့် တရားမျှတမှု ဘက်၌ မှန်နန်းက သာနေသည်။ ခေတ်သစ် အခွန်သဘောတရား၌ အခွန်ကို ပေးနိုင်သည့် အရည်အချင်း (Ability to Pay)ပေါ်၌ မူတည်စည်းကြပ်ရမည် ဟု ဆိုထား၏ ။ မှန်နန်းလာ အခွန်သဘော၌ လည်း ဤအတိုင်း ဖြစ်၏ ။ စိုက်ပျိုးမှ ပစ္စည်းထွက်မှ ပေးရမည့် သဘောကြောင့် မစိုက် လျှင် ပစ္စည်းမထွက်လျှင် မပေးရဟု သက်ရောက်၏ ။ ပေးနိုင်မှ ပေးဟု ဆိုသဖြင့် အထက်ပါ ခေတ်သစ် သဘောတရားနှင့် သွားကိုက်ညီသည်။ ၁၀ ရာခိုင်နှုန်းပုံသေကြောင့် မှန်နန်းလာ အခွန်စနစ် သည် အချိုးကျ ကောက်သော စနစ် ဖြစ်၏ ။
စင်စစ် မှန်နန်းက ဓနအင်အား ညီမျှမှု ကို ရှေ့နေလိုက်ထားသည်နှင့် ယှဉ်လျှင် အချိုး ကျစနစ်သည် ဆန့်ကျင်နေဟန်ရှိ၏ ။ ပစ္စည်းအထွက်များ လေ နှုန်းတိုး၍ ပိုမို ကောက်သင့်၏ ။ (Progr-essive Taxation) သို့ရာတွင် မှန်နန်းက စိတ်ကူးထားသော လူ့အဖွဲ့အစည်းမှာ ဓနအင်အား မမျှတမှု သိပ်မရှိသော လူ့အဖွဲ့အစည်း ဖြစ်သော ကြောင့် အားလုံး ညီတူနေသော အခြေအနေတွင် အချိုးကျနှုန်း ပုံသေထား စည်းကြပ်ခြင်းသည် ဆီလျော်သကဲ့သို့ ဖြစ်နေလေ၏ ။ အသို့ပင်ရှိစေ မင်းတို့ သင်္ဂဟ လေးပါး သရုပ်၌ ‘အခွန်အတုတ်ကိ ဆယ်ဖို့ တစ်ဖို့ ခံရခြင်းလည်းတစ်ပါး’ ဟု အညွှန်းလာထားသဖြင့်
မှန်နန်းသည် ၁၀ ရာခိုင်နှုန်းကို ပုံသေစွဲလမ်းနေဟန်ရှိ၏ ။ ခေတ်သစ်အမြင်နှင့် တွက်လျှင် ၁၀ ရာခိုင်နှုန်း အခွန်ပေးရမည် မှာ များ လှ၏ ။ များ မှန်း မှန်နန်းကသိ၏ ။ ‘ထိုသို့ဆက်သော ပစ္စည်းပစ္စယံ တို့သည် အလွန်များ သည် ဖြစ်၍ ထိုမင်းသည် ပြန့်ပြောစွာ ဖြစ်သော အားဖြင့် ခတ္တိယမဟာသလံ အ ဖြစ် သို့ ရောက်၏ ’ ဟု ဆိုလာသည်။ သို့ရာတွင် အခွန်အတုတ် ကြီးလေးစွာ ကောက်၍ မညှင်းဆဲရဟု မှန် နန်း ပြဋ္ဌာန်း ထားလိုက်သည်ကို သတိချပ်အပ်၏ ။‘နေသည် ရှစ်လတိုင်တိုင် မိမိအရောင် ဖြင့် ရေကို ခန်းခြောက်စေသကဲ့သို့ တိုင်းနိုင်ငံတို့၌ အခွန်အတုတ်ကို တဖြည်းဖြည်း ခံယူရာသည်လည်း တစ်ပါး’ ဟု မင်းတို့က ကျင့်ဆောင်မှု တော် သော တရားရှစ်ပါးကို ညွှန်း၏ ။
မှန်နန်းလာ ရဲမက်ဗိုလ်ပါ သူရဲသူခက်၊ သံတော် ခံ စသည် မင်းမှု ထမ်းများ ရိက္ခာပေး စနစ်မှာ လည်း မှတ်ဖွယ်ရာပင် ဖြစ်လေ၏ ။ မင်းတို့ သင်္ဂဟတရား လေးပါးသရုပ်၌ ‘သူရဲ သူ ခက်တို့ အား ခြောက်လတစ်ကြိမ် ရိက္ခာပေးခြင်းလည်း တစ်ပါး’ ဟု မှန်နန်းက ဖွင့်ထား၏ ။ ယခုခေတ်သစ်
ဥရောပနိုင်ငံများ ၌ အစိုးရအမှု ထမ်းအရာထမ်းများ အတွက် လစာကို တစ်နှစ် အပေါ် အခြေခံပေး၏ ။ မြန်မာနိုင်ငံတွင် တစ်လတစ်ကြိမ် ထုတ်ပေး၏ ။ မှန်နန်း၏ စနစ်အရ အရာထမ်း အမှု ထမ်းများ သို့ ခြောက်လစာ လုံလောက်အောင် ခြောက်လတစ်ကြိမ် ရိက္ခာထောက်ပံ့ရတော့မည် ။
မှန်နန်း၏ လူမှု စီးပွားရေး အမြင်၌ ချိန်ခွင်လျှာ မှန်းရေး ကို အုတ်မြစ် အခြေခံ ချထား သည်ဟု မြင်မိ၏ ။ တစ်ဖက်ဖက် တိမ်းစောင်းသွားမည် ကို အထူး စိုးရိမ်ပုံရသည်။ ရာဇနီတိလာကို ထောက်ထား၍ မင်းတို့ကျင့်တော် မူရာသော တရားရှစ်ပါးကို ဆိုရာတွင် ‘မြေကြီးသည် ကောင်းသော မကောင်းသော သူတို့ကို အညီအမျှ ရွက်ဆောင်သကဲ့သို့ တိုင်းကား ပြည်ရွာ ဇနပုဒ်ကို ရွက်ဆောင်ရာ သည်လည်း တစ်ပါး’ ဟု ဖော်၏ ။ မြို့ကိုသာ ပတ်စားပေးပြီး ရွာဇနပုဒ်တို့ကို ပစ်ထားမိမှာ စိုးရိမ်ကြောင်း ထင်ရှား၏ ။ ထိုနည်းတူစွာ အမျိုးလေးပါး၌ သူရဲသူခက် မင်းမှု ထမ်းတို့၌ လည်းကောင်း၊ရဲမက် ဗိုလ်ပါတို့၌ လည်းကောင်း၊ ဆွေတော် မျိုးတော် ၊ မှူးတော် မတ်တော် တို့၌ လည်းကောင်း၊ မောင်းမမိဿံ ချွေရံသင်းပင်တို့၌ လည်းကောင်း၊ ရဟန်းပုဏ္ဏားတို့၌ လည်းကောင်း ကောင်းစွာ ကျင့်ခြင်းကို မှန်နန်း က သုဝဏ္ဏသာမ ဇာတ်တော် လာဖြင့် တရားတစ်ရပ်ကို ညွှန်ပြသေး၏ ။ ချုပ်လျှင် မှန်နန်း၏ လူမှု ရေး ၊ ချိန်ခွင်လျှာမှန်ရေး စနစ် (System of Social Epuilibrium) ပင် ဖြစ်ချေသည်။
ဓနဖန်တီးနိုင်စွမ်း အရှိဆုံး လူမှု အင်အားနှင့် စပ်လျဉ်းလျှင် မှန်နန်းသည် ဥရောပတွင် ၁၆- ရာစု နှစ် အကြား ပေါ်ပေါက်ခဲ့သော ကုန်သည်ဝါဒ (Merchantilism) နှင့် ၁၉၆၄ ခုနှစ် မှ ၁၇၈၂ ခုနှစ် အထိ ပေါ်ပေါက်ခဲ့ဖူးသော မြေယာဘောဂဗေဒသမား (Physiocrats) တို့၏ ဝါဒနှစ် ခု ပေါင်းထား ခြင်းနှင့် အတော် အတန် သရုပ်ဆောင်ညီနေလေ၏ ။ ကုန်သည်ဝါဒဆီမှ အခြေခံနှင့် မြေယာ ဘောဂဗေ ဒသမားတို့ဆီမှ အခြေခံတို့ကို မှန်နန်းတွင် ထူးထူးဆန်းဆန်း တစ်ပေါင်းတည်းတွေ့ ရလေ၏ ။ ကုန်သည်ဝါဒက ကုန်သည်လူတန်းစားသာလျှင် လူ့အဖွဲ့အစည်း၌ ဓနကို ဖန်တီးနိုင်စွမ်း ရှိသည်ဟု တွက်၏ ။ မြေယာဘောဂဗေဒ သမားတို့က လယ်သမားတို့သာ ဓနကို ဖန်တီးတိုးချဲ့နိုင်စွမ်း ရှိသည်ဟု ယူဆ၏ ။ မှန်နန်းက ကုန်သည် လူတန်းစားရော လယ်သမားတို့ပါ ဓနဖန်တီး တိုးချဲ့နိုင်စွမ်း ရှိသည်ဟု ဆိုလိုက်လေ၏ ။
ပြည်ရွာ စည်ပင်သာယာရေး အကြောင်း သရုပ်လေးပါး ရှိသည့်အနက် နှစ် ကြောင်းသည် စီးပွားရေး ဆိုင်ရာ အကြောင်း သရုပ် ဖြစ်၏ ။ ထိုအကြောင်းသရုပ် နှစ် ရပ်မှာ ‘လယ်လုပ်သူများ သည်လည်း တစ်ပါး၊ ကုန်သွယ်သော သူများ သည်လည်း တစ်ပါး’ ဟူ၍ မှန်နန်းက လာ၏ ။ ပြည်ရွာ စည်ပင်ရာ အကြောင်းသရုပ်ဟူသည် ဓနအင်အား ဖန်တီးတိုးချဲ့ရေး ဟု စီးပွားရေး အဓိပ္ပာယ် ပြန်ထိုက်၏ ။ ယင်းသို့ပြန်လျှင် လယ်လုပ်သူများ နှင့် ကုန်သွယ်သော သူများ အတန်းအစား နှစ် ရပ်စလုံးကို ဓန အင်အား တိုးချဲ့ဖန်တီးသော အင်အားအ ဖြစ် မှန်နန်းက မှတ်ယူရာရောက်သည်။ ထို့ကြောင့် ကုန်သည်ဝါဒသမားများ ကဲ့သို့ လည်းကောင်း၊ မြေယာဘောဂဗေဒ သမားများ ကဲ့သို့ လည်းကောင်း အတန်း အစား တစ်တန်းစားတည်းကိုသာ အလေးမတင်း၊ နှစ် တန်းစားလုံးကို မှန်နန်းက ပူးတွဲ မှတ်ယူရာ မည် ၏ ။
တစ်ဖက်၌ မှန်နန်းသည် ရှေးရိုးအစဉ်အလာကို မယိမ်းမယိုင် မပျက် ထိန်းသိမ်းစေ လို၏ ။ ဤ၌ မှန်နန်ကား ကွန်ဆာဗေးတစ်ပေတည်း။ သတ္တနိပါတ် အဂုင်္တ္တိုရ် ပါဠိတော် ကို ညွှန်း၍ အပရိ ဟာနိယ တရားခုနစ်ပါးအနက် ‘ ရှေးမင်းတို့ မပညက်သည်ကို မပညက်၊ ပညက်ပြီးသည်ကို လည်း မဖျက်၊ ပညတ်တိုင်းကျင့်သည်လည်း တစ်ပါး’ အပါအဝင်ဟု မှန်နန်း ဧကန်ဆိုကုန်၏ ။ ရှေးမင်း တို့ မပညတ်သေးလျှင် အသိက ညွှန်ပြသဖြင့် ပညတ်ရန်လိုသည့်တိုင်အောင် မှန်နန်းက မပညတ်ရဟု ဆိုဟန်ရှိ၏ ။ မှန်နန်းသည် ကွန်ဆာဗေးတစ် အကျဆုံးပေလောမသိ။
မှန်နန်းအတွေး၌ ရာဇဝင်ဟူသည် လောကတည်ဟန်ပျက်ကုန် အကြောင်းပေတည်း။ ပျက်ဟန်၌ သတ္တန္တရကပ်၊ ရောဂန္တရကပ် ဒုဗ္ဘိက္ခန္တရ ကပ်ဟူ၍ အစဉ်ရှိရာ ဤအစဉ်မှာ လောဘ၊ ဒေါသ၊ မောဟ ဟု ပြော၍ ဖြစ်၏ ။ လောက ဖြစ်ပေါ်ပြောင်းလဲမှု ၌ စိတ်ပိုင်း ဖြစ်သော လောဘ၊ ဒေါသ၊ မောဟ သည် အဓိက တွန်းအား ဖြစ်လေရာ မှန်နန်း၏ လောက အမြင်သည် ခေတ်သစ် စိတ်ပိုင်းဆိုင်ရာ ဂိုဏ်း (Subjective School) နှင့် ယိုးမှားဖွယ်ရာပင် ဖြစ်လေသည်။
မှန်နန်း၏ လူမှု ရေး နှင့် စီးပွားရေး အမြင်များ အနက် စီးပွားရေး အမြင်ကို အဓိကထား၍ အထက်တွင် သုံးသပ်ဖော်ပြခဲ့ပြီးလေပြီ။ စင်စစ်မှန်နန်း၏ စီးပွားရေး အမြင်များ သည် ဘောဂဗေဒ သဘောတရားဟု ဆိုနိုင်ရန်ခက်၏ ။ ခေတ်သစ်အဓိပ္ပာယ်၌ သဘောတရားဟူသည် တစ်စုံတစ်ရာ သော ‘စည်း’ ရှိ၍ ဤ ‘စည်း’ ဖြင့် ကောက်ချက်ကို လက်တွေ့ အရ ဖြစ်စေ၊ အဘိဓမ္မာနည်းအရ ဖြစ်စေ သက်သေထူခြင်းမည် ပေ၏ ။ ဤဖွင့်ဆိုချက်ကို စံထားလျှင် မှန်နန်း၌ ယင်းသို့ သက်သေထူခြင်းမျိုး မတွေ့ ရ။ သာသနာ့ ကျမ်းကြီး ကျမ်းခိုင် ဋီကာများ ကိုသာ ကိုးကား ရည်ညွှန်းထားသည်ကို တွေ့ ရ၏ ။
တစ်ဖန် သဘောတရားဟူသည် လောကသရုပ်ကို ဖော်၍ နိယာမတရားကို လည်းကောင်း၊ ခိုင်လုံပြီး ဖြစ်သော မူများ ကိုလည်းကောင်း ရှာဖွေတွေ့ ရှိရန် ဖြစ်၏ ။ ထို့အပြင် ဂန်နာမာဒေါ အဆိုအရ ဘောဂဗေဒ သဘောတရားဟူသည် လူမှု သရုပ်ကို ဖော်၍ အကြောင်းတရားအကျိုးတရား ကို ရှာဖွေတွေ့ ရှိရန် ဖြစ်၏ ။ မှန်နန်း၏ ဘောဂဗေဒ အမြင်၌ အကြောင်းတရား အကျိုးတရား ဆက်စပ် ဖော်ပြထားသည်ထက် မင်းတို့ ကျင့်ထိုက်သော ကျင့်ဝတ်များ တွင် ရောနှောပါဝင်နေ၏ ။ ‘စီးပွားရေး ’ ဟု သာ ဆိုထိုက်လေ၏ ။ သို့ရာတွင် မှန်နန်း၏ ဘောဂဗေဒအမြင် လေးနက်သည်ဟူ၍ ကား ဝန်ခံထိုက်လေသည်။
***************************
ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲမှသည်
သီပေါမင်းပါတော် မူသည်အထိ
ပဒေသရာဇ် ဧကရာဇ်စနစ်ချင်းတူတူ မိမိထက်
အားနည်းသော ပဒေသရာဇ် နိုင်ငံများ
အပေါ် အနိုင်ရခဲ့သော မြန်မာပဒေသရာဇ်
ဧကရာဇ်သည် ရာဇဝင်အရ တစ်ဆင့်မြင့်သော
လူနေမှု စနစ် ရှိသည့် အရင်းရှင်နယ်ချဲ့
ဗြိတိသျှတို့ကိုမူ မိမိ၏ အတွင်း
အကျပ်အတည်းကြောင့် အဆင်သင့် မ ဖြစ်ခြင်း၊
အားနည်းခြင်းတို့ကို အကြောင်းပြု၍ အညံ့ခံ
လိုက်ရသည်။
ရာဇဝင်ကို ဒုတိယအကြိမ် ပြန်လည် စဉ်းစားသည့်အခါ၌ ဦးကောင်းလိမ်ထုတ်၍ သီပေါ ပါတော် မူရပါသည်ဟုပဲ ပြောပြော၊ သီပေါမင်း ကိုယ်တိုင် လိမ်မာရေး ခြားကင်း၍ ပျော့ညံ့ရသော ကြောင့် ပါတော် မူရသည်ပဲဆိုဆို။ စင်စစ်၌ ထိုခေတ် ထိုအချိန်က တည်ရှိသော စီးပွားရေး နိုင်ငံရေး အခြေအနေကို ထောက်ထားလျှင် မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့၏ ကျွန်သဘောက် ဖြစ်ရမည် မှာ အနှေးနှင့် အမြန်သာ ဖြစ်လေသည်။
သင်ခန်းစာ ထုတ်တတ်လျှင် ထုတ်နိုင်၏ ။ စစ်ပွဲကြီးတစ်ခုအား အဓိက အနိုင်အရှုံး အဆုံးအဖြတ်ပေးသည့် အခြင်းအရာသည် စစ် ဖြစ်နေသော နှစ် နိုင်ငံ၏ အသီးသီးသော စီးပွားရေး ၊ နိုင်ငံရေး စနစ်ပင် ဖြစ်သည်ဟု စစ်ပါရဂူတို့က ဆိုလျှင် ၎င်းတို့အတွက် သက်သေပြစရာသည် သုံးကြိမ် တိုင်တိုင် ဖြစ်ပွားခဲ့သော အင်္ဂလိပ် - မြန်မာ စစ်ပွဲကြီး၏ အဆုံးပိုင်း သီပေါမင်း ပါတော် မူခန်းပင် ဖြစ်ပေမည် ။
နိုင်ငံရေး ၊ စီးပွားရေး စနစ်ချင်း ကွဲပြားနေသော ယနေ့ကမ္ဘာ၌ စစ်ပါရဂူတို့၏ အထက်ပါ ကောက်ချက်သည် ပိုလို့ပင် မှန်ကန်နေသေး၏ ။ ဖက်ဆစ်စနစ် ကျဆုံးခဲ့ရသည့်ကိစ္စ၌ ဒီမိုကရေစီစနစ် က ဖက်ဆစ်စနစ်ထက်သာလွန်ကောင်းမွန်သော ကြောင့် ဖြစ်၏ ။ ဟစ်တလာသည် ရုရှားကို သိမ်းပိုက် နိုင်လိမ့်မည် ဟု ထင်၍ တိုက်ခဲ့ရာ ဘာလင်သာ အကျဆုံးခံရသည် အထိ ဖြစ်ရသော ဖြစ်စဉ်၌ လည်း ဆိုရှယ်လစ်စနစ်က ဖက်ဆစ်စနစ်ထက် ရာဇဝင် လှေကားထစ်အရ တစ်ဆင့် သာလွန်နေသော ကြောင့် ဟု စိတ်ချလက်ချ ဆိုနိုင်၏ ။ ယနေ့ ကမ္ဘာကြီးသည် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်ဟူ၍ နှစ် ခြမ်းကွဲလျက် ရှိချေပြီ။ နောင်အနာဂတ်တွင် ဖြစ်ပွားမည့်  စစ်တို့ ဖြစ်စေ၊ စီးပွားရေး အရ ပြိုင်ဆိုင်မှု ဖြစ်စေ၊ လောကဓာတ်ပညာအရ ပြိုင်ဆိုင်မှု ဖြစ်စေ စနစ်နှစ် ခု၏ ပြိုင်ဆိုင်မှု အ ဖြစ် ကမ္ဘာကို ပြချေ တော့မည် ။ မည် သည့်စနစ်က ပိုသာသနည်းဟု အပြင်းအထန် ကြိုးပမ်းနေသော ခေတ်သည် မျက်မှော က်ခေတ်ပင် ဖြစ်ချေပြီ။
ရာဇဝင်၌ စနစ်ချင်း ယှဉ်ပြပြိုင်ဆိုင်ခြင်းသည် ရှေးပဝေသဏီကပင် ရှိခဲ့၏ ။ စနစ်နှစ် ခု ရင်ပေါင်တန်း၍ ယှဉ်မိသည်နှင့် ဤခေတ် ဤအခါကို ရာဇဝင်ဆရာတို့က အပြောင်းအလွဲကာလဟု သမုတ်လိုက်ကြသည်။ မြန်မာတို့က မင်းပြောင်းမင်းလွဲဟု ခေါ်သည်။ သို့သော် သီပေါမင်းမှသည် အင်္ဂလိပ်မင်း စိုးမိုးသည်အထိ အခြေအနေသည် စီးပွားရေး နှင့် နိုင်ငံရေး စနစ် အပြောင်းအလွဲ ဖြစ်ခြင်းပင် ဖြစ်လေသည်။
မြန်မာနှင့် ဥရောပတို့ စီးပွားရေး အရ ဆက်ဆံမှု သည် ၁၅၂၉ ခုနှစ် လောက်ကပင် ဖြစ်၏ ။ ထိုနှစ် က မုတ္တမနှင့် သန်လျင်တွင် ပေါ်တူဂီတို့က စက်ရုံများ ထူထောင်ခဲ့၏ ။ ၁၈ - ရာစုနှစ် နောက်ဆုံးပိုင်းတွင် ပြင်သစ်ကလည်း အားကျမခံ ဗန်းမော်တွင် အလုပ်ရုံဖွင့်ခဲ့၏ ။ သည့်နောက် သန်လျင်တွင် ဖွင့်၏ ။ ပြင်သစ်အရှေ့ အိန္ဒိယကုမ္ပဏီကို ၁၆၀၄ - ခုနှစ် တွင် တည်ထောင်လိုက်၏ ။ မရှေးမနှောင်းတွင် ဗြိတိသျှတို့ကလည်း ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီကို တည်ထောင်ပြီး သကာလ သန်လျင်၊ ပုသိမ်၊ နီဂရေအငူနှင့် အင်းဝတို့တွင် အလုပ်ရုံများ ဖွင့်လှစ်ခဲ့ကြ၏ ။
ဤသည်လောက်မှစ၍ ဥရောပနယ်ချဲ့သမားတို့သည် ခြေရှုပ်လာခဲ့ရာ ခြေအသွက်ဆုံး ဗြိတိသျှသည် ၁၈၂၆ - ခုနှစ် ဖေဖဝါရီလ ၂၄ ရက်နေ့တွင် ချုပ်ဆိုသော ရန္တပိုစာချုပ်အရ အာသံ၊ တနင်္သာရီ နှင့် ရခိုင်တို့ကိုလည်းကောင်း၊ ၁၈၅၃- ခုနှစ် ဒီဇင်ဘာလ ၂၀ - ရက်နေ့တွင် အိန္ဒိယ ဘုရင် ခံချုပ် လော့ဒ်ဒါလဟိုဇီ၏ ကြေညာချက်အရ အာလံနှင့် တောင်ငူ အထိ ပါဝင်သော ပဲခူးတိုင်းကို လည်းကောင်း သိမ်းပိုက်နိုင်ခဲ့လေသည်။
၁၈၅၄ - ခုနှစ် တွင် အာသံ၊ တနင်္သာရီ၊ ရခိုင်နှင့် ပဲခူးတိုင်းတို့ကို သိမ်းပိုက်ပြီးသည်နှင့် မြန်မာနိုင်ငံသည် အောက်မြန်မာပြည် ပါဝင်သော ဗြိတိသျှ - မြန်မာနိုင်ငံနှင့် မြန်မာမင်းတို့ အုပ်စိုးသော အထက်မြန်မာနိုင်ငံဟူ၍ နှစ် ခြမ်း ကွဲထွက်သွားခဲ့ရလေသည်။
ဤသည်မှစ၍ ၁၈၈၆ - ခုနှစ် အထိ ၃၃ - နှစ် ပတ်လုံး တစ်ဖက်ခြမ်းတွင် ဧကရာဇ် ပဒေသရာဇ် လူမှု ရေး စနစ်ရှိ၍ အခြားတစ်ဘက်ခြမ်းတွင် အရင်းရှင် နယ်ချဲ့စနစ်ရှိကာ စနစ်ခြင်းနှစ် ရပ် မျက်နှာချင်းဆိုင်ခဲ့ကြလေသည်။
ဘကြီးတော် ဘုရားသည် မဟာဗန္ဓုလကို ကွက်ကဲစေ၍ အာသံနှင့် ရခိုင်ဘက်မှ တောင်ပံ နှစ် ဖက်ဖြန့်ကာ ဘင်္ဂလားပြည်နယ်ကို သိမ်းရန် ချိန်သဖြင့် အင်္ဂလိပ် - မြန်မာ ပထမ စစ်ပွဲ ဖြစ်ရပါသည်ဟု အင်္ဂလိပ်တို့ဘက်က ဆို၏ ။ စင်စစ်အားဖြင့် အာဖရိကနှင့် အိန္ဒိယကို နယ်ချဲ့သိမ်း ပိုက်ပြီးသော အင်္ဂလိပ် ကိုလိုနီသမားများ သည် မြန်မာပြည်ကိုလည်း မျက်စိကျခဲ့ပြီး ဖြစ်သဖြင့် မူလအစကပင် မြန်မာနိုင်ငံအား သိမ်းပိုက်ရန် ကြံရွယ်ခဲ့ရင်း ရှိခဲ့ပြီး ဖြစ်၏ ။ ဤကြံရွယ်ရင်းဖြင့် အရိပ်သုံးပါး ကို အကဲခတ်ရင်း အချိန်ကောင်းစောင့်နေသော အင်္ဂလိပ်တို့အဖို့ အာသံနှင့် ရခိုင်အရေး သည် ငိုချင် ရက်လက်တို့ဆိုသလိုသာ ဖြစ်ခဲ့ရခြင်း ဖြစ်၏ ။ သည့်ထက် မပိုပေ။
အင်္ဂလိပ် ရာဇဝင်ရေး ဆရာတို့၏ ထုတ်ဖော်ရေး သားချက်အရ အင်္ဂလိပ်သည် ပထမ စစ်ပွဲထဲကပင် အင်းဝကို အပြီးသိမ်းရန် ဗျူဟာခင်းထားခဲ့ပြီး ဖြစ်၏ ။ မိုးနှောင်းသာ မကောင်းခဲ့သော် ဘကြီးတော် ပင် ပါတော် မူနိုင်ခဲ့သည် ဆို၏ ။
မြန်မာနိုင်ငံအား သိမ်းပိုက်ရေး အစီအစဉ်၌ ကပ္ပတိန်ကဲင်းနင်းနှင့် ဆာ အာချီဘော (လ်)ကဲင်ဘဲလ်တို့ သဘောကွဲလွဲခဲ့ကြ၏ ။ ပထမ အင်္ဂလိပ် မြန်မာစစ်ပွဲကို ကွပ်ကဲခဲ့သော ဆာအာချီ ဘောလ်၏ အလိုအရ ဗန္ဓုလ ရခိုင်ဘက်တွင် ကျွံနေစဉ်တွင် ရန်ကုန်ကို ပင်လယ်ဘက်မှ သိမ်းပိုက် လိုက်ပြီး တစ်ချိန်တည်း ဧရာဝတီမြစ်ကိုဆန်၍ အင်းဝကို သိမ်းပိုက်လိုက်ရန် ဖြစ်၏ ။ကပ္ပတိန် ကဲင်းနစ် က မဏိပူရ စစ်ကြောင်းဖွင့်ကာ ဤစစ်ကြောင်းမှပင် အဓိက စစ်အင်အားသုံးပြီး အမရပူရသို့ ချီရန် ဖြစ်၏ ။
ရန်ကုန် သိမ်းနိုင်သည်အထိ ဆာအာချီဘော(လ်) ၏ သေနင်္ဂဗျူဟာသည် ၎င်းတို့၏ ဆိုင်ရာမှ အရေး ပေးခြင်း ခံရသော်လည်း အင်းဝအထိ ချီရေး ၌ ကား မြန်မာတို့၏ မျိုးချစ်စိတ်ဖြင့် သတ္တိ ပြောင်ပြောင် ခုခံမှု ကြောင့် ပျက်စီးခဲ့ရလေသည်။ ဗန္ဓုလ ကျ၍ ရန္တပိုအထိ တက်နိုင်လင့်ကစား ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲသည် နှစ် နှစ် တာမျှ ကြာပြီး အင်္ဂလိပ်စစ်သားပေါင်း ၄၀၀၀၀ အသုံးပြုသည့် အနက် ၁၅၀၀၀ မျှ ကျဆုံးခဲ့ကြရ၏ ။ ပေါင်စတာလင်ပေါင်း ၁၃ သန်း စစ်စရိတ် ကုန်ကျခံခဲ့ရ၏ ။ ဤမျှ ကုန်ကျခဲ့ခြင်းသည် ‘ထိုစဉ်က အာရှနိုင်ငံတစ်နိုင်ငံအား တိုက်ခိုက်ရေး စစ်ပွဲ၌ အလွန်များ လှလေသည်’
(‘ဟော’ ရေး ဥရောပနှင့် မြန်မာနိုင်ငံစာအုပ် စာမျက်နှာ ၁၁၉ ကိုကြည့်ပါ)။
ရန္တပိုစာချုပ်အရ အာသံ၊ ရခိုင်နှင့် တနင်္သာရီတို့ကို မြန်မာက အင်္ဂလိပ်အား ပေးလိုက်ရ သည့်အပြင် စစ်လျော်ကြေး တစ်ကုဋေကိုလည်း ပေးရသေး၏ ။
ထိုစဉ်က စစ်လျော်ကြေး ငွေသား တစ်ကုဋေသည် များ လွန်းလှ၏ ။ ထိုစဉ်က လဲလှယ် ရေး နှုန်းထားအရ မြန်မာကျပ်ငွေ တစ်ကုဋေသည် အင်္ဂလိပ်ပေါင်စတာလင် တစ်သန်းနှင့် ညီမျှ၏ ။ ယခုခေတ်အမြင်နှင့် ကြည့်လျှင် တစ်ကုဋေဟူသည် များ လှသည် မဟုတ်ငြားလည်း ထိုခေတ် ထိုအခြေအနေနှင့် နှိုင်းစာလျှင် ငွေသားစစ်စစ် တစ်ကုဋေဆိုသည်မှာ များ လွန်းလှပေသည်။
အင်္ဂလိပ်စစ်တပ်များ ‘မလွန်’ အနီးသို့ ရောက်သည့်အခါ၌ မြန်မာဘက်မှ ငြိမ်းချမ်းရေး ကော်မရှင်တစ်ရပ်ကို ကြည်းဝန်ကြီးအား ဦးဆောင်လျက် စေလွှတ်ခဲ့၏ ။ မလွန် စေ့စပ်ပွဲတွင် စစ်လျော်ကြေး တစ်ကုဋေ တောင်းဆိုသည်နှင့် စပ်လျဉ်း၍ ကြည်းဝန်ကြီးက “ကျွန်ုပ်တို့၏ သစ်တောများ ၌ အလွန်ကောင်းမွန်သော သစ်များ ရှိပါ၏ ။ ၎င်းတို့ကို အကြည်တော် ကို့ ခုတ်လှဲယူနိုင်ပါ၏ ။ သို့သော် ကျွန်ုပ်တို့သည် ကျပ်ဒင်္ဂါးများ ကို စိုက်ပျိုးသည်မဟုတ်ပါ” ဟု ပြောကြားကြောင်း သိရှိရ၏ ။ ဤဆိုစ ကားကို ထောက်လျှင် ဖြစ်စေ၊ အင်္ဂလိပ်တို့ ဧရာဝတီအထက်သို့ ဆန်နေစဉ်အတွင်း စေ့စပ်ရေး များ မကြာမလတ် လုပ်ခဲ့ငြားလည်း ဤတစ်ကုဋေ လျော်ကြေးကိစ္စကြောင့် ပင် ပျက်ပြားခဲ့သည်ကို ထောက်ရှုလျှင် ဖြစ်စေ မြန်မာတို့ဘက်မှ တစ်ကုဋေပေးရန် မည် မျှ ဝန်လေးနေခဲ့ကြောင်း ထင်ရှား လောက်ပေသည်။
တစ်ကုဋေ ဆိုသည်မှာ ငွေသားစစ်စစ်ကို ဒင်္ဂါးသွန်း၍ ပေးရမည် ဖြစ်လေရာ ဒင်္ဂါးကို ပိုက်ဆံအ ဖြစ် သုံးစွဲရခြင်း ခေတ်မစားသေးသော ထိုအခါ၌ ဘုရင့်လက်ထဲတွင် သာ ငွေသားများ စုပုံနေ စရာရှိ၏ ။ ထိုခေတ် ဘကြီးတော် ဘုရား အဖို့ရာ၌ လည်း အာသံတိုက်ပွဲနှင့် ရခိုင်တိုက်ပွဲတို့အတွက် စစ်စရိတ်များ ကုန်ကျခဲ့ရသည် ဖြစ်လေရာ ထိုငွေသားများ သိပ်ရှိဟန် မတူချေ။ ထို့ကြောင့် ဤမျှအထိ ဝန်လေးနေခဲ့ဟန် တူ၏ ။
ရန္တပိုစာချုပ်အရ မပေးလျှင်လည်း မ ဖြစ်တော့သည့်အဆုံး ဧကရာဇ်ဘုရင်သည် တိုင်းသူ ပြည်သားတို့ထံမှ အခွန်ဘဏ္ဍာတော် ဆက်ကြေးများ ကို ပိုမို ကောက်ခံခြင်းဖြင့် သာ ဆပ်စရာ ရှိပေတော့လေသည်။ ဤသည်ပင် စီးပွားရေး အရ ကျပ်တည်းစေဖို့ ဖြစ်၏ ။
အာသံပေးလိုက် ရသည့် ကိစ္စ၌ စီးပွားရေး အရ သိသိသာသာ ထိခိုက်စရာ မရှိ။ သို့ သော် ရခိုင်နှင့် တနင်္သာရီကို ပေးလိုက် ရသည့် ကိစ္စ၌ ကား ထိုစဉ်က မြန်မာနိုင်ငံ၏ စီးပွားရေး ကို အရှိုက်ထိုးလိုက်ခြင်းပင် ဖြစ်၏ ။ ကမ်းရိုးတန်းတစ်လျှောက်ကို အင်္ဂလိပ်ထံ ထိုးအပ်လိုက်ရသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကူးသန်းရောင်းဝယ်မှု ကို အင်္ဂလိပ်အား ထိုးအပ်လိုက်ရသလို ဖြစ်ချေ၏ ။
ထိုစဉ်က မြန်မာနိုင်ငံ၏ နိုင်ငံခြားကူးသန်းရောင်းဝယ်မှု သည် အာသံနှင့် တရုတ်ပြည် သို့ ကုန်းကြောင်းမှ ကူးသန်းရောင်းဝယ်၍ အခြားနိုင်ငံများ နှင့် ကူးသန်းရောင်းဝယ်မှု တွင် ပင်လယ် ကြောင်းမှ ကူးသန်းရောင်းဝယ်ခဲ့ရ၏ ။ ကုန်းလမ်းနှင့် ပင်လယ်ကြောင်း ကူးသန်းရောင်းဝယ်မှု အနက် ပင်လယ်ကြောင်းမှ ကူးသန်းရောင်းဝယ်မှု သည် အလောင်းဘုရားလက်ထက် လောက်မှစ၍ အရေး ပါ အရာရောက်ခဲ့၏ ။ အလောင်းဘုရားလက်ထက်လောက်က မြန်မာနိုင်ငံသည် ပင်လယ်ကြောင်းမှ အခြား နိုင်ငံများ သို့ ရေနံ၊ သစ်၊ ဆန် (ဆန်ကို နိုင်ငံခြားသို့ မတင်ပို့ရဟု မြန်မာဘုရင်များ က တားမြစ် ခဲ့သည့်ကြားက တင်ပို့ ဖြစ်အောင် တင်ပို့ခဲ့ကြ၏ ) ။ ဝါ ၊ ဆေးရွက်ကြီး၊ ထန်းလျက်၊ သတ္တု၊ ကျောက်စိမ်း ရှားစေး၊ မဲနယ်နှစ် ၊ ဖာလာစေ့၊ စိန်နှင့် အခြားကျောက်သံပတ္တမြားတို့ကို တင်ပို့ေ၇ာင်းချခဲ့၏ ။ ရေနံတစ်မောင်းကို တစ်ကျပ် သုံးပဲ ၁၁ ပြားနှင့် ရေနံချောင်းတွင် ဝယ်ယူပြီး သကာလ နှစ် စဉ်ပိဿချိန် လေးသိန်း တင်ပို့ရောင်းချခဲ့၏ ။
ဤမျှအထိ အရေး ပါအရာရောက်လာသော ကမ်းရိုးတန်း ကူးသန်းရောင်းဝယ်မှု ကို အင်္ဂလိပ်တို့က ပိတ်ဆို့နိုင်ခဲ့လေသည်။ ရခိုင်နှင့် တနင်္သာရီကို ပေးလိုက် သဖြင့် နိုင်ငံခြားကူးသန်း ရောင်းဝယ်မှု မှ ရငွေသည် လျော့ပါးသွားခဲ့ရပေသည်။
ထို့ထက် အရေး ကြီးသည်ကား ရခိုင်နှင့် တနင်္သာရီတိုင်းတို့မှ မြန်မာရှင်ဘုရင်တို့က အခွန်ဘဏ္ဍာတော် ဆက်ကြေးများ အတော် အတန် ရရှိခဲ့ခြင်းပင် ဖြစ်၏ ။ ရခိုင်နှင့် တနင်္သာရီတို့ ပေးလိုက်ရသဖြင့် နိုင်ငံခြားကူးသန်းရောင်းဝယ်မှု မှ ရငွေသည် လျော့ပါးသွားခဲ့ရပေမည် ။
အခွန်ဘဏ္ဍာတော် ဆက်ကြေးများ လည်း ထိုတိုင်းနှစ် တိုင်းမှ လုံးဝ မရတော့ပေ။ ဤ အချက်သည် ဘဏ္ဍာရေး အကျပ်အတည်းကို ဖြစ်စေ၏ ။
ထို့ကြောင့် ပထမ အင်္ဂလိပ် - မြန်မာ စစ်ပွဲပြီးသည်နှင့် (၁) ရခိုင် အာသံတိုက်ပွဲတို့တွင် စစ်စရိတ် များ စွာ ကုန်ကျခဲ့ခြင်း၊ (၂) အင်္ဂလိပ်နှင့် စစ် ဖြစ်ရာတွင် စစ်စရိတ်များ ကုန်ကျခဲ့ခြင်း၊ (၃) ရန္တပိုစာချုပ်အရ လျော်ကြေးငွေ ကျပ်ဒင်္ဂါး တစ်ကုဋေပေးရခြင်း၊ (၄) နိုင်ငံခြား ကူးသန်းရောင်းဝယ်မှု မှာ ရငွေလျော့ပါးသွားခြင်း၊ (၅) ရခိုင်၊ တနင်္သာရီတိုင်းတို့မှ ရရှိရမည့်  အခွန်ဘဏ္ဍာတော် ဆက်ကြေးများ လုံးဝ မရရှိတော့ခြင်း စသည်တို့ဖြင့် စီးပွားရေး အရ အကျိုးသက်ရောက်ခဲ့ရလေသည်။ ဤအချက်တို့ ကပင် ပထမစစ်ပွဲပြီးသည်နှင့် မြန်မာနိုင်ငံတွင် မည် မျှ စီပွားရေး ၊ ဘဏ္ဍာရေး အကျပ်အတည်းနက်ရှိုင်း ကြီးမားလာကြောင်း ခန့်မှန်းနိုင်ပေသည်။
ဒုတိယစစ်ပွဲကို ဆင်နွှဲသော အချိန်၌ မြန်မာနိုင်ငံသည် ပထမစစ်ပွဲ ကြောင့် တွေ့ ကြုံ နေရသော စီးပွားရေး ၊ ဘဏ္ဍာရေး အကျပ်အတည်းကို မျက်မှော က်ပြုနေခဲ့ရ၏ ။
စီးပွားရေး အကျပ်အတည်း အခြေအနေကို ရင်ဆိုင်ရင်း စစ်ပွဲဆင်နွှဲရသည် ဖြစ်သည့် အတိုင်း တစ်ပန်းရှုံးနေတော့၏ ။
အရက်သောက် ကြက်တိုက်နေသော ပုဂံမင်းသည် ပဲခူးတိုင်းဝန် မောင်အုပ်၏ လုပ်ပုံ ကိုင်ပုံကို လျစ်လျူရှုထားခဲ့ရ၏ ။ ၁၈၅၁ - ခုနှစ် ဇူလိုင် လ ၁ ရက်နေ့တွင် မော်နပ်အမည် ရှိ ဗြိတိသျှ သင်္ဘော၏ ကပ္ပတိန် မစ္စတာရှက်ပတ်အား မြန်မာဘက်မှ ရေကြောင်းပြအရာရှိအား သတ်ပစ်သည်ဟု ဆိုကာ မြို့ဝန်မောင်အုပ်က ဖမ်းဆီအရေး ယူခဲ့၏ ။ ထိုနှစ် သြဂုတ်လထဲတွင် ပင် ချန်ပီယံအမည် ရှိ ဗြိတိသျှသင်္ဘော ကပ္ပတိန် မစ္စတာလူးဝစ်(စ်) အား မောင်အုပ်က ဖမ်းဆီးလိုက်ပြန်၏ ။ နှစ် ဦးစလုံးအား ဒဏ်ငွေ အများ အပြား တပ်လိုက်သည်နှင့် ပတ်သက်၍ အင်္ဂလိပ်တို့သည် မခံမရပ်နိုင် ဖြစ်လာခဲ့ပြန်သည်။
မြန်မာနိုင်ငံကို သိမ်းပိုက်ရန် ချိန်ထားပြီး ဖြစ်သော အင်္ဂလိပ်တို့သည် ချက်ကောင်းယူရန် ရန်စလျက်ရှိသည်တွင် မည် သည့် အ ဖြစ်အပျက်ကိုမဆို အင်္ဂလိပ်တို့အဖို့ မီးစာ ဖြစ်နေခဲ့ရ၏ ။ မောင် အုပ်ကို အပြစ်တင်သည်မှစ၍ မြန်မာဘုရင်ထံ လျော်ကြေးငွေ ကျပ်ဒင်္ဂါး ၁၀ သိန်းတောင်းဆိုသည် အထိ ဖြစ်ခဲ့၏ ။ ထိုခေတ်က ၁၀ သိန်းသည် ပေါင်စတာလင် တစ်သိန်းခန့်တန်၏ ။ နောက်ဆုံး ပုဂံမင်းထံမှ မင်းတုန်းမင်း အပြောင်းအလွဲ နန်းတွင်းရေး ၌ ပင် ဝင်ရှုပ်ခဲ့၏ ။
အရိပ်သုံးပါးကို အသုံးချတတ်သော အင်္ဂလိပ်သည် တိုင်းပြည်၏ နိုင်ငံရေး အကျပ်အတည်းကို ချက်ကောင်းယူကာ လျော်ကြေးငွေ ၁၀ သိန်းကို ၁၈၅၂ - ခုနှစ် ဧပြီ ၁ ရက်နေ့တွင် နောက်ဆုံးထားပေးရန် ရာဇသံခတ်ခဲ့၏ ။ ရာဇသံပေးသည့် နောက်ဆုံးနေ့ ရောက်ပြီး သုံးလေးရက် အတွင်း အင်္ဂလိပ်တို့သည် မုတ္တမအား သိမ်းပိုက်ခဲ့၏ ။ ဧပြီလ ၁၂ ရက်နေ့တွင် အင်္ဂလိပ်တပ်သည် ရန်ကုန်သို့ ဝင်ခဲ့လေသည်။
ဒုတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲသည် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလသာ ကြာ၏ ။ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် လောဒ့်ဒါလဟိုဇီက မြစ်ဝကျွန်းပေါ် အပါအဝင်ရှိ ပဲခူးတိုင်းကို အင်္ဂလိပ်လက်အောက်ခံအ ဖြစ် သွတ်သွင်းလိုက်ပြီး ဖြစ်ကြောင်း ကြေညာချက် ထုတ်၏ ။ ဤ ကြေညာချက်ကို ရန်ကုန်မြို့တွင် အခမ်းအနားတစ်ရပ် ကျင်းပကာ မေဂျာ အာသာဖဲရင်းက ဖတ်ကြားကြေညာလေသည်။
နှစ် နှစ် ကြာမျှသော ပထမစစ်ပွဲနှင့် စာလျှင် ဒုတိယစစ်ပွဲ ကိုးလသာ ကြာခြင်းသည် တိုတောင်းလှ၏ ။ ဤမျှ တိုတောင်းစွာ နှင့် မြစ်ဝကျွန်းပေါ်အပါအဝင် ပဲခူးတိုင်းအား သွတ်သွင်းနိုင်ခဲ့ ခြင်းသည် အင်္ဂလိပ်တို့သည် အင်းဝ နန်းတွင်းရေး အကျပ်အတည်းကို လိမ္မာပါးနပ်စွာ အသုံးချသွားနိုင်ခြင်းကြောင့် ဟုဆိုလျှင် မှားလိမ့်မည် မဟုတ်။ စစ်စရိတ်နှင့် စစ်သား အကျအဆုံးသည် နှစ် ဖက်စ လုံးအဖို့ ပထမစစ်ပွဲလောက် မများ လှသော်လည်း ပဲခူးတိုင်းအား ပေးလိုက်ရခြင်းနှင့် စစ်လျော်ကြေး ၁၀ - သိန်းပေးရခြင်းသည် မြန်မာအဖို့ စီးပွားရေး အရ ပထမ စစ်ပွဲတုန်းကလောက် ထိခိုက်လှပေသည်။
(၁) အခွန်တော် ဘဏ္ဍာတော် အများ ဆုံးရသော ပဲခူးတိုင်းအား လက်လွှတ်လိုက်ရခြင်း
(၂) မြန်မာနိုင်ငံ၏ နိုင်ငံခြားကူးသန်းရောင်းဝယ်မှု မှ ဝင်ငွေအကောင်းဆုံး ဖြစ်သော သစ်ကို လက်လွှတ်လိုက်ရခြင်း၊ (၃) စစ်လျော်ကြေး ၁၀-သိန်း ပေးရသဖြင့် တိုင်းပြည်၏ ဘဏ္ဍာဝန်ထုပ် ပိုလာခြင်း၊ (၄) ပင်လယ်ကြောင်းဖြင့် ကူးသန်းရောင်းဝယ်ရေး သည် အပြီးတိုင် ပိတ်ဆို့ခံရခြင်း၊ (၅) ဆန်စပါး အထွက် များ သော ပဲခူးတိုင်းကို ပေးရသဖြင့် ရိက္ခာရှားပါးခြင်း စသည်တို့ဖြင့် စီးပွားရေး ဒဏ်ရာ ဒဏ်ချက်များ ခံစားနေရလေသည်။
ထိုစဉ်က အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တွင် လူဦးရေသည် အထက်မြန် မာပြည်၌ ပိုများ ၏ ။ ထိုစဉ်က မြန်မာနိုင်ငံတွင် ငါးသန်းမျှရှိရာ လေးသန်းမျှသည် အထက်မြန်မာပြည် တွင် နေ၏ ။ နယ်မြေကျဉ်းသည့်နေရာ၌ လူဦးရေအများ စုက ရောက်နေပြီး ဤနယ်မြေသည်ပင် ကုန် ထုတ်လုပ်ငန်း ညံ့ဖျင်းသည် ဖြစ်သည်တွင် တစ်ဦးချင်းဝင်ငွေသည် လျော့ပါးနည်းသွားရမည် ဖြစ်သည်။
တစ်ဖက်တွင် အင်္ဂလိပ်အဖို့ စီးပွားရေး အရ အရေး သာသွားခဲ့၏ ။ အင်္ဂလိပ် မျက်စိ အကျဆုံးသည် မြန်မာ ‘သစ်’ ဖြစ်လေရာ ရခိုင်၊ တနင်္သာရီ နှင့် ပဲခူးတိုင်းတို့ကို သွတ်သွင်းနိုင်ခဲ့ခြင်းဖြင့် မြန်မာသစ်ကို လက်ဝါးကြီးအုပ်ခွင့် ရသွားလေတော့၏ ။ မြန်မာသစ်အား အထူးသဖြင့် သဘောင်္ ဆောက်လုပ်ရာတွင် အသုံးပြု၏ ။ ရန်ကုန်ဆိပ်ကမ်းတွင် မြန်မာသစ်ဖြင့် ဥရောပဆန်သော သင်္ဘော တစ်စင်းဆောက်လုပ်လျှင် ပေါင်စတာလင် ၁၂ ပေါင်နှင့် ၁၃ ပေါင်မျှ ကျ၏ ။ ကိုချင်တွင် ၁၃ ပေါင်၊ ၁၄ ပေါင်၊ ကာလကတ္တားတွင် ၁၆ ပေါင် ၁၇ ပေါင်၊ ဘုံဘေတွင် ၁၉ ပေါင်နှင့် ပေါင် ၂၀ အသီးသီးကျ၏ ။ မြန်မာသစ်နှင့် ရန်ကုန်တွင် သင်္ဘောဆောက်လုပ်ခြင်းသည် အိန္ဒိယထက် အကုန်အကျ သက်သာ လေသည်။
မြန်မာသစ်နှင့် သင်္ဘောဆောက်လုပ်နိုင်ခဲ့ခြင်းသည် အင်္ဂလိပ်အဖို့ အကျိုးတရား နှစ် ရပ် ထွက်၏ ။ ပထမအကျိုးမှာ မြန်မာနိုင်ငံနှင့် အိန္ဒိယတို့ ပင်လယ်ကြောင်းမှ ကူးသန်းရောင်းဝယ်မှု တွင် သင်္ဘောများ ခပ်များများ အသုံးပြုနိုင်၏ ။ ဒုတိယအကျိုးမှာ စစ်ရေး စစ်ရာ အကျိုး ဖြစ်၏ ။ မြန်မာပြည် တွင် တပ်စွဲထားသော အင်္ဂလိပ်စစ်တပ်များ အတွက် စားနပ်ရိက္ခာများ ကို လည်းကောင်း၊ စစ်အင်အား ဖြည့်တင်းရန်အတွက်လည်းကောင်း၊ မြန်မာသစ်ဖြင့် ဆောက်လုပ်ထားသော သင်္ဘောများ ဖြင့် သယ်ယူ ပို့ဆောင်နိုင်၏ ။ ထို့အပြင် နောင်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအား သိမ်းပိုက်ရာတွင် အရေး ကြီးသည့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ခုတ်မောင်းဖို့ရာ သင်္ဘောများ အတွက်လည်း အသုံးကျနေပြန်သည်။
စီးပွားရေး အရ ပြောရလျှင် မြန်မာတို့ဘက်မှ နစ်နာသမျှသည် အင်္ဂလိပ်တို့အတွက် အမြတ် ဖြစ်နေလေသည်။
ဒုတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲပြီးသည့်နောက် အထက်မြန်မာနိုင်ငံ၏ စီးပွားရေး ၊ ဘဏ္ဍာရေး အခြေအနေသည် ပိုလို့ ဆိုးရွားလာချေသည်။
နှစ် ခြမ်းကွဲနေသော မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကို နှိုင်းယှဉ် အကဲခတ်ကြည့် ကြဦးစို့။
လူဦးရေကိုသာ စီးပွားရေး ပြဒါးတိုင်တစ်ခုအ ဖြစ် ယူလျှင် ဤသို့တွေ့ ရ၏ ။
၁၈၅၅ - ခုနှစ် တွင်
အောက်မြန်မာပြည်၌ ၁၄၆၁၀၀၀ ယောက် ရှိ၍
အထက်မြန်မာပြည်၌ ၃၆၀၀၀၀၀ ယောက် ရှိ၏ ။
သို့သော် ၁၈၇၂ ခုနှစ် သီပေါပါတော် မူခါနီး အထိ၌ အောက်မြန်မာပြည် လူဦးရေသည် တစ်စ တစ်စ တိုးလာခဲ့၏ ။ ၁၈၇၂ - ခုနှစ်တွင် ၂၇၄၁၄၈ ယောက် ရှိ၍ ၁၈၈၁ - ခုနှစ် တွင် ၃၇၃၆၇၇၁ ယောက် အထိ ဖြစ်လာသည်။ အချိုးအစားအရကြည့်လျှင် အောက်မြန်မာပြည်တွင် သုံးယောက် နေ လျှင် အထက်မြန်မာပြည်တွင် နှစ် ယောက် နေသည့်သဘော ဖြစ်လာသည်။
အောက်မြန်မာပြည်တွင် လူဦးရေ တိုးလာသည့် ကိစ္စ၌ အိန္ဒိယမှ ကုလားများ ဝင်ခြင်း
သည်လည်း အပါအဝင် ဖြစ်သော်လည်း အဓိကမှာ အထက်မြန်မာပြည်မှ ရွှေ့ပြောင်းလာခြင်းပင် ဖြစ်၏ ။
၁၈၆၉ - ခုနှစ် တွင် စူးအက်တူးမြောင်း ဖွင့်လှစ်လိုက်သည်နှင့် မြန်မာဆန်သည် ဥရောပ သို့ ပေါက်ရောက်သွားသည် ဖြစ်လေရာ မြစ်ဝကျွန်းပေါ်တစ်ဝိုက်တွင် ထွန်ယက်စိုက်ပျိုးသော လယ်ယာများ ကို အကြီးအကျယ် တိုးချဲ့တော့၏ ။
သို့ ဖြင့် ရာသီဥတုကောင်း၍ ထွန်ယက်စိုက်ပျိုးနိုင်သော လယ်ယာများ ပေါများ သဖြင့် အထက်မြန်မာပြည်မှ အောက်မြန်မာပြည်သို့ လူအများ ရွှေ့ပြောင်းလာခြင်း ဖြစ်လေသည်။
အထက်မြန်မာပြည်၌ လူဦးရေ လျော့နည်းသွားသည်နှင့် လုပ်အားရှားပါးမှု ၊ စစ်မှု ထမ်း ရန် စစ်သားများ ရှားပါးမှု ပြဿနာများ သည် အစီအရီ ပေါ်ပေါက်ခဲ့ရတော့မည် ဖြစ်၏ ။
ကုန်ထုတ်လုပ်ငန်းတွင် လုပ်ကိုင်သော လုပ်အားများ လျော့နည်းခဲ့သည်ရှိသော် သဘာဝ အတိုင်းပင် ကျန်ရစ်ခဲ့သော လုပ်အားအပေါ်တွင် ပဒေသရာဇ် သွေးစုပ်မှု သည် ပို၍ ပြင်းထန် များ ပြားလာရတော့မည် ဖြစ်၏ ။ ပဒေသရာဇ် ဧကရာဇ်သည် ပထမနှင့် ဒုတိယစစ်ပွဲတို့ကြောင့် ပေါ် ပေါက်ရသော ဘဏ္ဍာရေး အကျပ်အတည်းကိုလည်း တစ်မျိုးတစ်မည် ဖြေရှင်းဖို့ ရှိလေရာ အခွန်ဘဏ္ဍာတော် သီးထောက်ခတို့ကို တိုးမြှင့်စည်းကြပ်ခြင်းမှ တစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။
၁၈၀၀ ပြည့်နှစ် ၌ ဧကရာဇ်ဘုရင်တို့ထံ ပေးဆပ်ရသော မြေခွန်တော် သည် ဆယ်ခိုင် တစ်ခိုင် (ဝါ) သီးနှံထွက်၏ ဆယ်ပုံတစ်ပုံ ဖြစ်သော်လည်း နောက်ပိုင်းတွင် ၁၂ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်ပေးဆပ်လာခဲ့ကြရလေသည်။ ဤသို့ တိုးတက်ပေးဆပ်ကြရသည်သာမက မင်းမှု ၊ စစ်မှု တို့ကိုလည်း မထမ်းမနေ ထမ်းကြရသေး၏ ။
အင်္ဂလိပ်တို့က အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီးသည်နှင့် မင်းမှု ၊ စစ်မှု မထမ်းမနေရ ထမ်းရသော စနစ်ကို ပယ်ဖျက်ပစ်လိုက်ပြီး မြေခွန်ကိုသာ ပို၍ တောင်းခံခဲ့၏ ။ မင်းမှု စစ်မှု မထမ်းရ ဟုဆိုကာ အင်္ဂလိပ်တို့က သီးထွက်၏ ငါးပုံတစ်ပုံကို မြေခွန်အ ဖြစ်ပေးရန် သတ်မှတ်ခဲ့၏ ။ မြေခွန်တော် အရ ကြီးလေးသည် မှန်ငြားလည်း အင်္ဂလိပ်တို့သည် တောင်သူလယ်သမားတို့အား ပဒေသရာဇ် ဧကရာဇ်စနစ်၏ မင်းမှု စစ်မှု အစရှိသည့် လုပ်ခ မရဘဲ ထမ်းရသော အမှု ထမ်းရွက်ရခြင်း၊ အလုပ်လုပ် ရခြင်းတို့မည် သော နှောင်ကြိုးကို ဖြေလွှတ်လိုက်သလို ဖြစ်သဖြင့် နိုင်ငံရေး အရ တောင်သူလယ်သ မားတို့အား နှစ် သိမ့်လိုက်သလို ဖြစ်ချေ၏ ။
နိုင်ငံခြားကူးသန်းရောင်းဝယ်မှု ဘက်မှ ကြည့်လျှင် အထက်မြန်မာနိုင်ငံသည် အရှိုက် ထိုးခံခဲ့ရ၏ ။ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ထားနိုင်သဖြင့် ပင်လယ်ကြောင်းကူးသန်းေ၇ာင်းဝယ်မှု ကို အင်္ဂလိပ်တို့က အပိုင်စီးထားနိုင်ခဲ့၏ ။ အင်္ဂလိပ်တို့က ကူးသန်းရောင်းဝယ်မှု ပေါ်လစီသည် တစ်စုံ
တစ်ရာ အခြေအနေထိ လွတ်လပ်စွာ ကုန်သွယ်မှု ဖြစ်လေ၏ ။ ထိုနှင့် အညီ ပင်လယ်ကြောင်း ကူးသန်း ရောင်းဝယ်မှု သည် ထွန်းကားလာလေသည်။ ဤ အချက်ကို ဇယား (၁) တွင် ကြည့်ခြင်းဖြင့် တွေ့ နိုင်၏ ။
၁၈၆၂ - ခုနှစ် နှင့် ၁၈၇၈- ၇၉ ခုနှစ် ကြားတွင် အောက်မြန်မာပြည်အတွက် ပင်လယ် ကြောင်း ကူးသန်းရောင်းဝယ်မှု သည် တစ်ရှိန်ထိုး တိုးတက်လာခဲ့ပြန်၏ ။ ဤအချက်ကို အောက်ပါ ဇယားက ဖော်ပြသည်။
အဓိက နိုင်ငံခြားသို့ တင်ပို့သည် ကုန်ပစ္စည်းများ မှာ ဆန်၊ သစ်၊ ဝါဂွမ်း၊ ရှားစေးနှင့် ရေနံတို့ ဖြစ်၍ သွင်းကုန်များ မှာ အထည်အလိပ်၊ ဂုန်နီ အိတ်၊ ပိုး၊ ဆန်စက်၊ သစ်စက်ပစ္စည်းများ တို့ ဖြစ်လေသည်။ အောက်မြန်မာပြည်သည် ဗြိတိသျှကိုလိုနီ ဖြစ်သည့်အတိုင်း ပင်လယ်ကြောင်း ကူးသန်း ရောင်းဝယ်မှု တွင် အင်္ဂလန်ပြည်က ၁၈၇၈ - ၇၉ ခုနှစ် တွင် ၄၅.၅ ရာခိုင်နှုန်းပါဝင်၏ ။ သို့သော် သီပေါ ပါတော် မူခါနီး ၁၈၈၅ - ခုနှစ် တွင် ဗြိတိန်၏ ကူးသန်းရောင်းဝယ်မှု သည် ၃၅.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့၏ ။ မြန်မာနိုင်ငံ၏ ပင်လယ်ကြောင်းကူးသန်းရောင်းဝယ်မှု ၌ အိန္ဒိယသည် ၃၆.၃၉ ရာခိုင်နှုန်းအထိ မှန်မှန်ကြီးပါဝင်ခဲ့လေသည်။
ဗြိတိသျှမြန်မာနိုင်ငံ၌ ဤသို့ နိုင်ငံခြားကူးသန်းရောင်းဝယ်မှု ထွန်းကားလာချိန်တွင် မြန်မာမင်းစိုးမိုးသော အထက်မြန်မာနိုင်ငံ၌ တရုတ်ပြည်နှင့် ကူးသန်းရောင်းဝယ်မှု သည် ယူနန်နယ် ပန်းသေး ပုန်ကန်မှု ကြောင့် အကြီးအကျယ် ကျဆင်းသွားခဲ့ရလေသည်။
အထက်မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု တွင် ဝါဂွမ်းတစ်ခုတည်းသာ ဈေး၌ တင်ပို့ ရောင်းချရန် ဖြစ်၍ ကျန်ကုန်ပစ္စည်းတို့မှာ မိမိတို့ အိမ်တွင်း စားသုံးရန် သက်သက်အတွက်သာ ဖြစ်ချေ သည်။ ဈေး၌ ရောင်းချရန် ဖြစ်သော ဝါဂွမ်းအတွက်ပင်လျှင် ယူနန်ပြည်နှင့် ကူးသန်းရောင်းဝယ်မှု လျော့ပါးသွားခြင်းကြောင့် ပင်လယ်ကြောင်းသည်သာလျှင် ကျန်တော့၏ ။ ပင်လယ်ကြောင်းကို အင်္ဂလိပ်တို့က သိမ်းပိုက်ထားသည်နှင့် အထက်မြန်မာဝါဂွမ်းသည် တရုတ်ပြည်သို့ မလှည့်တော့ဘဲ အောက်ဘက်သို့ ဆင်းလာခဲ့ရလေသည်။
တစ်ဖန် ပင်လယ်ကြောင်း ကူးသန်းရောင်းဝယ်မှု ထွန်းကားလာသော ကြောင့် အရောက် များ လာသော ကုန်ချောပစ္စည်းများ ကိုလည်း အထက် မြန်မာနိုင်ငံက လိုအပ်လာပြန်၏ ။ အထက်မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု သည် နယ်မြေကျဉ်းလာသလောက် ကျဆင်းလာသည့်အထဲ တရုတ်ပြည်နှင့် ကူးသန်းရောင်းဝယ်မှု ကလည်း လျော့နည်းသွားရသည် ဖြစ်သည်တွင် မိမိလိုသော ကုန်ပစ္စည်းများ ကို အောက်မြန်မာနိုင်ငံကပင် ဝယ်ယူရန် ဖြစ်လာတော့၏ ။ အင်္ဂလိပ်တို့အဖို့ ရာ၌ လည်း အောက်မြန်မာနိုင်ငံလယ်ယာ စိုက်ပျိုးမှု သည် နိုင်ငံခြားဈေးကွက်၌ ရောင်းချရန်အဓိက ဖြစ်လာသည့် အလျောက် အခြားရိက္ခာများ ဖြစ်သော ငရုတ်၊ ကြက်သွန်၊ ဆီတို့ကို အထက်မြန်မာပြည်မှ ဝယ်ယူရန် လိုအပ်နေချေ၏ ။
ဤသို့သော စီးပွားရေး အကြောင်းများ ကြောင့် နှစ် ခြမ်းကွဲနေသည့် ကြားမှ အထက်နှင့် အောက် ကူးသန်းရောင်းဝယ်မှု သည် တိုးလာရချေသည်။
ဇယား (၃) ကို ကြည့်ပါ။
အဓိကအားဖြင့် အထက်မြန်မာနိုင်ငံသည် အောက်မြန်မာနိုင်ငံအပေါ် စီးပွားရေး အရ မှီခိုလာရကြောင်း ဇယား (၃) က ဖော်ပြနေ၏ ။ ဤ သို့ အထက်နှင့် အောက် ကူးသန်းရောင်းဝယ်မှု ထွန်းကားလာရာ၌ ဧရာဝတီကုမ္ပဏီသည် တာဝန်ရှိနေ၏ ။ အင်္ဂလိပ်ပိုင်ဧရာဝတီ ကုမ္ပဏီသည် အင်္ဂလန်နှင့် အိန္ဒိယ မှ ကုန်ချောများ ကို အရောင်းရလွယ်ရန်နှင့် မိမိတို့ လိုချင်သော သစ်နှင့် ဝါဂွမ်းကို အဝယ်ရလွယ်ကူရန်အတွက် လည်းကောင်း၊ နောင်တွင် ဖြစ်လာမည့်  စစ်ရေး စစ်ရာ အခြေအနေကို မြော်တွေး၍ လည်းကောင်း၊ ဧရာဝတီ သဘောင်္လမ်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်၏ ။
စီးပွားရေး နှင့် စစ်ကို မြော်တွေး၍ ဧရာဝတီကုမ္ပဏီကို ဖွင့်လှစ်ခဲ့သလို မီးရထားလမ်းကိုလည်း ဖောက်လုပ်ခဲ့သေး၏ ။ ၁၈၇၇ - ခုနှစ် တွင် ရန်ကုန်မှ ပြည်အထိ ၁၆၃- မိုင်ဝေးသော မီးရထား လမ်းကို ဖောက်လုပ်ခဲ့၏ ။ ၎င်း ရန်ကုန် - ပြည် မီးရထားလမ်းကို ဗြိတိသျှ အစိုးရပိုင် ဧရာဝတီ တောင်ကြား မီးရထား ကုမ္ပဏီက ပိုင်၏ ။ သည့်နောက် ၁၈၈၄ - ခုနှစ် တွင် စစ်တောင်းတောင်ကြား မီးရထားကုမ္ပဏီကိုပင် ဗြိတိသျှအစိုးရကပင် ဖွင့်လှစ်ကာ ၁၆၈ - မိုင်ဝေးသော ရန်ကုန်မှ တောင်ငူ အထိ ဒုတိယမီးရထားလမ်းကို ဖွင့်လှစ်လိုက်ပြန်၏ ။ သို့ဖြင့် ၁၈၈၅ - ခုနှစ် အထိ အင်္ဂလိပ်တို့သည် မိုင်ပေါင်း ၃၃၀ အထိ မီးရထားလမ်း ဖောက်လုပ်ပြီးစီးခဲ့လေသည်။
ကုန်းလမ်းဘက်တွင် လည်း အင်္ဂလိပ်တို့သည် ကြိုးပမ်းခဲ့သေး၏ ။ ၁၈၆၀ ပြည့်နှစ် တွင် ၄၃ မိုင်ဝေးကွာသော ပြည်မှ မြေထဲလမ်းကို ကတ္တာရာစေး ခင်းခဲ့၏ ။ ရန်ကုန် - ပြည် ကားလမ်း ဖောက်လုပ်ရန် အတွက်လည်း တောရှင်းခဲ့၏ ။
ဤသို့ သယ်ယူပို့ဆောင်ရေး လမ်းများ ကို ဖောက်လုပ်ရှင်းရာ၌ အင်္ဂလိပ်တို့သည် စစ်ပစ္စည်းများ ၊ စစ်သားများ သယ်ယူပို့ဆောင်ရန်အတွက် လည်းကောင်း၊ ကုန်ကြမ်း၊ ကုန်ချောများ သယ်ယူပို့ဆောင်ရန်အတွက်လည်းကောင်း အဓိက ရည်စူးခဲ့လေသည်။
အင်္ဂလိပ်က ဤသို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင်နေစဉ်တွင် အထက် မြန်မာပြည်၌ သယ်ယူပို့ဆောင်ရေး လမ်းများ သည် မူလအတိုင်းပင် ရှိချေသေး၏ ။
စက်မှု လုပ်ငန်းနှင့် ပတ်သက်လျှင် အထက်မြန်မာနိုင်ငံသည် ကျဆင်းခဲ့ရပြန်၏ ။ ၁၈၇၃ ခုနှစ် အထိ ရေနံအထွက်သည် တက်ခဲ့သော်လည်း ထိုမှစ၍ ၁၈၈၅ ခုနှစ် အထိ ရေနံအထွက်သည် ကျဆင်းခဲ့၏ ။ ၁၈၇၁ - ခုနှစ် လောက်က အင်္ဂလိပ်တို့က ရန်ကုန် ရေနံ ကုမ္ပဏီဟု တည်ထောင်ကာ ရေနံချောင်း၌ ရေနံထုတ်လုပ်ရန် မြန်မာရှင်ဘုရင်များ ထံမှ ခွင့်တောင်းခဲ့သေး၏ ။ မြန်မာရှင်ဘုရင်တို့က ခွင့်မပြုခဲ့ချေ။
ရက်ကန်းလုပ်ငန်းသည် အထက်မြန်မာနိုင်ငံ၌ ရော အောက်မြန်မာနိုင်ငံ၌ ပါ မန်ချက်စ တာမှ အထည်အလိပ်များ အောတိုက် ရောက်ရှိလာခဲ့သဖြင့် ကျဆင်းခဲ့ရသည်။
ရေနွေးငွေ့ဖြင့် မောင်းသော သစ်စက်တို့ကို အောက်မြန်မာနိုင်ငံ၌ ၁၈၇၈ - ခုနှစ် အထိ နှစ် ရုံအထိ ဆောက်လုပ်ခဲ့၏ ။ သကြားစက်ကိုလည်း ကျိုက္ခမီ၌ အိုရဲလေနှင့် ဘဲ(လ်) ကုမ္ပဏီက တည်ထောင်ခဲ့ကာ ၁၈၄၅ - ခုနှစ် မှ ၁၈၅၁ - ခုနှစ် အထိ ပျမ်းမျှသကြားတန်ချိန် ၁၇၅ တန်ထွက်ခဲ့၏ ။
၁၈၇၃ ခုနှစ် အထိ အောက်မြန်မာနိုင်ငံ၌ ဆန်စက်ပေါင်း ၄၅ စက်ရှိခဲ့လေသည်။
အထက်မြန်မာပြည်၌ ကား စက်မှု လုပ်ငန်းသည် အိမ်တွင်းလုပ်ငန်းအဆင့်သာ ရှိခဲ့လေ သည်။
ပဲခူးတိုင်းကို သွတ်သွင်းပြီးသည်နှင့် အင်္ဂလိပ်အစိုးရသည် အိန္ဒိယ ငွေကို သုံးစွဲရန် ပြဋ္ဌာန်းခဲ့၏ ။ ၁၈၆၁ - ခုနှစ် တွင် မော်လမြိုင်၌ လည်းကောင်း၊ ၁၈၆၆ ခုနှစ် တွင် စစ်တွေ ၌ လည်းကောင်း ဘဏ်ခွဲများ ဖွင့်လှစ်ထားခဲ့၏ ။ အိန္ဒိယ၊ သြစတြေးလျနှင့် တရုတ်ပြည် ချာတာဘဏ်ခွဲကိုလည်း ၁၈၆၂ - ၆၃ ခုနှစ် တွင် ရန်ကုန်၌ ဖွင့်လှစ်ခဲ့လေသည်။
အထက်မြန်မာပြည်၌ ကား မင်းတုန်းမင်း စိုးစံသည့် ပထမပိုင်းအထိ ငွေဒင်္ဂါး သုံးစွဲခြင်း မရှိခဲ့၊ မင်းတုန်းမင်း အုပ်စိုးသည့် နောက်ပိုင်းတွင် ကျမှသာ ငွေနှင့် ရွှေဒင်္ဂါးများ သွန်းလုပ်ခဲ့သည်။ သို့ သော် ဒင်္ဂါးများ သည် လှည့်လည်သုံးစွဲခြင်း သိပ်မရှိလှသဖြင့် ရွှေနှင့် ငွေကို အတုံးလိုက် သုံးစွဲခြင်း သည်သာ ခေတ်စားခဲ့လေသည်။ အင်္ဂလိပ်တို့၏ အိန္ဒိယ သုံး ဒင်္ဂါးများ သည် အထက်မြန်မာနိုင်ငံ၌ လှည့်ပတ်ခြင်း သိပ်မရှိရခြင်းမှာ မြန်မာမင်းတို့က အိန္ဒိယဒင်္ဂါးနှင့် မြန်မာဒင်္ဂါးတို့ လဲလှယ်ရေး နှုန်း သတ်မှတ်ရာ၌ အိန္ဒိယဒင်္ဂါးကို တန်ဖိုးနှိမ်ထားသော ကြောင့် ဖြစ်လေသည်။
ပဒေသရာဇ် ဧကရာဇ်စနစ် စိုးမိုးသော အထက်မြန်မာနိုင်ငံ၏ စီးပွားရေး နှင့်  အရင်းရှင် နယ်ချဲ့စနစ်စိုးမိုးသော အောက်မြန်မာနိုင်ငံ၏ စီးပွားရေး တို့ကို နှိုင်းယှဉ်ဖော်ပြပြီး ဖြစ်လေရာ လိုအပ် သော ကောက်နုတ်ချက်များ ကိုသာ ဆွဲနုတ်ရန် ကျန်တော့၏ ။
မြန်မာနိုင်ငံသည် အာသံ၊ ရခိုင်၊ တနင်္သာရီနှင့် ပဲခူးတို့ကို အင်္ဂလိပ်အား ပေးလိုက်ရပြီး နောက် အထက်တွင် ရှင်းလင်းခဲ့သည့်အတိုင်း အထက်မြန်မာနိုင်ငံသည် စီးပွားရေး နှင့် ဘဏ္ဍာရေး အရ အကျပ်အတည်းဆိုက်ခဲ့၏ ။
ဤအကျပ်အတည်းကို ပဒေသရာဇ် ဧကရာဇ်စနစ်သည် ဖြေရှင်းနိုင်ခြင်းမရှိချေ။ စီးပွားရေး နှင့် ဘဏ္ဍာရေး အကျပ်အတည်းအား ဖြေရှင်းနိုင်ဖို့ဆိုလျှင် နိုင်ငံ၏ ကုန်ထုတ်လုပ်မှု အားကို ဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းရမည် ဖြစ်၏ ။ နိုင်ငံခြားကူးသန်းရောင်းဝယ်မှု ထွန်းကားစေရမည် ဖြစ်သည်။
နှစ် ခြမ်းကွဲနေသော ကာလအခြေအနေကို ထောက်ထားလျှင် ပဒေသရာဇ် ဧကရာဇ် စနစ်သည် နိုင်ငံ၏ ကုန်ထုတ်လုပ်မှု အင်အားကို ဖွံ့ဖြိုးအောင် မတတ်နိုင်ချေ။
နိုင်ငံ၏ ကုန်ထုတ်လုပ်မှု အင်အားက ကျဆင်းနေချိန်တွင် ဘုရင်ဧကရာဇ်တို့က စစ်စရိတ်အတွက်လည်းကောင်း၊ အုပ်ချုပ်မှု အတွက်လည်းကောင်း၊ ပထမနှင့် ဒုတိယစစ်ပွဲများ ကြောင့် ပေးဆပ်ရန်ရှိသော စစ်လျော်ကြေးများ အတွက် လည်းကောင်း၊ နန်းတွင်း အဆောင်အယောင် အသုံး စရိတ်များ အတွက်လည်းကောင်း၊ နိုင်ငံထွက်ကုန်ထဲမှ ကြီးမားသော အစိတ်အပိုင်းကို ဖဲ့ယူခဲ့ရသည် ဖြစ်၏ ။ ဘုရင်ဧကရာဇ်၏ ဖဲ့ယူသော အပိုင်းက ကြီးမားလှသဖြင့် တိုင်းသူပြည်သားလူအများ တို့ အတွက် စားသုံးရန်အပိုင်းသည် ကျဆင်းသွားရမည် ဖြစ်လေသည်။
တစ်ဖက်တွင် ကုန်ထုတ်လုပ်ငန်းများ ကျဆင်းရသည် ဖြစ်ခြင်းကြောင့် ဈေးတတ်ခြင်း၊ ဈေးကြီးခြင်းများ လည်း ဖြစ်ပေါ်ခဲ့၏ ။ တိုင်းသူပြည်သား လူအများ တို့၏ စီးပွားရေး အခြေအနေသည် ဆိုးရွားလာသည့်အလျောက် မကျေမနပ်မှု များ လည်း ဒုနဲ့ဒေး ဖြစ်ခဲ့ရ၏ ။
ဤသို့ စီးပွားရေး ကျပ်တည်းခြင်းသည် နန်းတွင်း၌ လည်း ဂယက်ရိုက်ရမည် ဖြစ်သည့် အားလျော်စွာ နန်းတွင်းရေး အရှုပ်အထွေးများ လည်း ပေါ်ပေါက်လာရတော့၏ ။ ပဒေသရာဇ် ဧကရာဇ် နိုင်ငံရေး အကျပ်အတည်းသည် သီပေါမင်းခေတ်၌ အထွက်အထိပ်သို့ေ၇ာက်ရှိခဲ့လေသည်။
ပဒေသရာဇ် ဧကရာဇ်စနစ်၏ နိုင်ငံရေး သဏ္ဌာန်သည် သူ့မြို့၊ သူ့စား၊ ငါမြို့ ငါစား ဟူသော ချုပ်ကိုင်မှု လျော့ရဲသည့် စနစ် ဖြစ်၏ ။ တစ်ဖက်တွင် အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး သည် ဗဟိုမှ တိတိကျကျ ချုပ်ကိုင်သော စနစ် ဖြစ်ခဲ့၏ ။ ဤအချက်၌ လည်း တစ်ပန်းရှုံးနေ၏ ။
ဤသို့သော ပဒေသရာဇ် ဧကရာဇ်စနစ်၏ နက်နဲလာသော စီးပွားရေး ၊ နိုင်ငံရေး အကျပ်အတည်းကို အရိပ်သုံးပါး အကင်းပါးသော အင်္ဂလိပ်နယ်ချဲ့သမားသည် ကောင်းကောင်းကြီး ဆင်ခြင်သုံးသပ်မိပြီးသကာလ အသုံးချသွားနိုင်ခဲ့လေသည်။
၁၈၈၆ - ခုနှစ် နိုဝင်ဘာလ ၂၈ - ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဂျင်နရယ်ပရီဒါ ဂတ်(စ်) ဦးစီးလာသော သင်္ဘောတပ်စုသည် မန္တလေးသို့ ဆိုက်ကပ်လာခဲ့၏ ။ ၁၈၆၄ - ၆၉ ခုနှစ် တွင် အင်္ဂလိပ် သံအမတ်အ ဖြစ် ဆောင်ရွက်ခဲ့သော ကာနယ်စလေဒင်သည် နန်းတော် အတွင်းသို့ ဝင်သွားကာ သီပေါဘုရင်၏ လက်နက်ချအပ်ခြင်းကို လက်ခံလိုက်၏ ။ သီပေါဘုရင် လက်နက်ချ အခမ်းအနားတွင် ကင်းဝန်မင်းကြီးက အခမ်းအနားမှူးအ ဖြစ် ဆောင်ရွက်၏ ။
နေ့လယ်ပိုင်းတွင် သီပေါဘုရင်သည် နန်းတွင်း ဥယျာဉ်ထဲ၌ ဂျင်နရယ်ပရီဒါဂတ် (စ်) ထံ အခမ်းအနားဖြင့် လက်နက်ချရပြန်သေး၏ ။ အခမ်းအနားပြီးသည်နှင့် ပရီဒါဂတ် (စ်)က သင်္ဘောပေါ် ချက်ခြင်းတက်ရန် သီပေါမင်းအား အမိန့်ပေးခဲ့၏ ။ ဟမ်(ပ်)ရှိုင်းယား ရဲဂျီမန်တပ်၏ အစောင့်အရှောက်ဖြင့် (တူးရစ်) အမည် ရှိ သင်္ဘောပေါ်တွင် သီပေါမင်း ပါတော် မူသွားရလေသည်။
၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗြိတိသျှအစိုးရက သီပေါမင်းအား အုပ်စိုးခဲ့သော မြန်မာနိုင်ငံအား ဗြိတိသျှ ဒိုမီနီယံထဲတွင် သွတ်သွင်းလိုက်ကြောင်း ကြေညာလိုက်လေသည်။
ဥပဒေသ။ ။ ပဒေသရာဇ် ဧကရာဇ်စနစ်ချင်းတူတူ မိမိထက်အားနည်း သော ပဒေသရာဇ် ဧကရာဇ်နိုင်ငံများ အပေါ် အနိုင်ရခဲ့သော မြန်မာဧကရာဇ်သည် ရာဇဝင်အရ တစ်ဆင့်မြင့်သော လူနေမှု စနစ်ရှိသည့် အရင်းရှင်နယ်ချဲ့ ဗြိတိသျှတို့ကိုမူ မိမိ၏ အတွင်းအကျပ်အတည်းကြောင့် အဆင်သင့် မ ဖြစ်ခြင်း၊ အားနည်းခြင်းတို့ကို အကြောင်းပြု၍ အညံ့ခံလိုက်ရလေည်။
*******************************
ဗြိတိသျှသာ မြန်မာနိုင်ငံ မသိမ်းခဲ့လျှင်
ရာဇဝင်ကို ဒုတိယအကြိမ် စဉ်းစား၍
ဖြစ်စဉ် ဆက်ကြည့်ခြင်း။
သူ့ခေတ်သူ့အခါနှင့် မြင်ရတွေ့ ရသော ရာဇဝင်အ ဖြစ်အပျက်များ သည် နှောင်းခေတ်၏ အမြင်အတွေး၌ တစ်မျိုး ဖြစ်နေတတ်၏ ။ ခေတ်အလိုက်ပေတံ၊ ခေတ် အလိုက်အမြင်၊ ခေတ်အလိုက်အတွေ့ တို့နှင့် ရာဇဝင်အ ဖြစ်အပျက်များ ကို မှတ်တမ်းတင်သည်။ ဤအ ဖြစ်အပျက်များ ကို အဓိပ္ပာယ်ပြန်ဆိုဖော်ပြသည် စသည်ဖြင့် ရာဇဝင်ဆရာတို့က ပြုမူကြကုန်၏ ။
ဤအချက်ကပင် ‘ဒုတိယအကြိမ် ပြန်လည်စဉ်းစားခြင်း’ ဟူသော ဝေါဟာရတစ်ပုဒ်ကို ရာဇဝင် သင်ခန်းစာ၌ တွေ့ နိုင်စေ၏ ။ ထိုခေတ်အမြင်နှင့် ဤသို့ အဓိပ္ပာယ်ပြန်ဆိုလိုက်သည့် ရာဇဝင် အ ဖြစ်အပျက်အား ယခုခေတ်အမြင်နှင့် ဆိုလျှင် အဓိပ္ပာယ်တစ်မျိုး ဖော်ပြထိုက်နေ၏ ။ ဤသို့ အားဖြင့် ခေတ်ပြောင်းလျှင် ပြောင်းလဲသလို ရာဇဝင်အ ဖြစ်အပျက်များ ကို အဓိပ္ပာယ် ဖော်ပြရာ၌ ပြောင်းလဲနေ ကြစမြဲ ဖြစ်လေသည်။
ဘောဂဗေဒသမား တစ်ယောက် က ရာဇဝင်အကြောင်း ပြောလာလျှင် မိမိနှင့် မဆိုင် နယ်နိမိတ်ထဲတွင် ကျူးကျော်ဝင်ရောက်လာသည်ဟု ရာဇဝင်သမားက ဆိုကောင်းဆိုမည် ။ ထိုနည်းတူ ရာဇဝင်သမားက ဘောဂဗေဒအကြောင်း ပြောလာသော် မိမိနှင့် တစ်ဘာသာခြားသည့် ပညာရပ်တွင် အပျော်တမ်း လေ့ကျင့်လာသည်ဟု ဘောဂဗေဒသမားက ဖြစ်စေ၊ ရာဇဝင်သမားက ဖြစ်စေ၊ မိမိလိုက်စားနေသည့် ပညာရပ်နှင့် အခြားပညာရပ်တို့ဆက်စပ်လိုသည်၊ မဆက်စပ်လိုသည်နှင့် မဆိုင်ဘဲ ဘောဂဗေဒနှင့် ရာဇဝင်သည် အညမည ဆက်သွယ်လျက် ရှိလေ၏ ။ ဘောဂဗေဒအမြင်ဖြင့် ရာဇဝင်ကို ကြည့်လျှင် ရာဇဝင်သည် သိပ္ပံပညာ သဘောအရ ကုံလုံကြွယ်ဝသွားခဲ့၏ ။ အလားတူစွာ ဘောဂဗေဒအား ရာဇဝင်အမြင်ဖြင့် ကြည့ှ်လျှင်လည်း ဘောဂဗေဒသည် အချက်အလက်တို့၌ ပြီးပြည့်စုံသော အခြေသို့ ရောက်လတ်သည်။
ရာဇဝင်၌ ဖြစ်ခဲ့ပြီး အ ဖြစ်အပျက်တို့ကို ပြန်လည်တွေးတော၍ အဓိပ္ပာယ်သစ် ပြန်ဆို သည်လည်း ရှိ၏ ။ မ ဖြစ်ပျက်လိုက်ရသော အ ဖြစ်အပျက်တစ်ရပ်ကို ‘ ဖြစ်ခဲ့သော်’ ဟု မှန်းဆလျက် ဖြစ်စဉ်ကို ဆက်ယူသည်လည်း ရှိချေ၏ ။ ယခုဆောင်းပါးသည် ‘ခေါင်းစဉ်’ ကို ကြည့်ရုံမျှဖြင့် မ ဖြစ်လိုက်ရသော အ ဖြစ်အပျက်တစ်ရပ်ကို ဘောဂဗေဒအတွေး၊ ဘောဂဗေဒ အမြင်ဖြင့် ရာဇဝင် ဖြစ် စဉ်ကို ဆက်စပ်ကြည့်ကြောင့်း ထင်ရှားနေသည်။
ဗြိတိသျှတို့ မြန်မာနိုင်ငံကို တစ်စတစ်စ သိမ်းပိုက်ခဲ့၍ အနှစ် ၁၀၀ ကျော် စိုးမိုးခဲ့ရာမှ စတင်၍ ယခု လွတ်လပ်သော သမ္မတနိုင်ငံအခြေသို့ ရောက်သည်အထိ ရာဇဝင်ကြောင်းသည် အဆက်ဆက် ပေါ်ပေါက်လာခဲ့၏ ။
အကယ်၍ ဗြိတိသျှတို့ မသိမ်းပိုက်လျှင် (သို့ တည်းမဟုတ်) မည် သည့် နယ်ချဲ့သမားက မှ မသိမ်းပိုက်ခဲ့လျှင် မြန်မာနိုင်ငံ၏ ရာဇဝင်ကြောင်းသည် လည်းကောင်း၊ ကံကြမ္မာသည် လည်းကောင်း တစ်မျိုးတစ်မည် ပြောင်းလဲနေခဲ့လိမ့်မည် မှာ သေချာ၏ ။ မည် သူမဆို ဤ ရှာဖွေချက်ကို သဘောတူနိုင်လင့်ကစား မည် သို့ မည် ပုံ ရာဇဝင်ကြောင်း ဖြစ်ထွန်းပြောင်းလဲသွားမည် ဆိုသော ကိစ္စ ၌ ကား သဘောကွဲလွဲကြပေမည် ။
အချို့က မြန်မာနိုင်ငံသည် နိုင်ငံရေး အရ သမ္မတနိုင်ငံသို့ မုချ ပြောင်းလဲခဲ့ရမည် ဟူ၍ လည်းကောင်း၊ စီးပွားရေး အရ အရင်းရှင်စနစ် ထွန်းကားနေခဲ့၍ စက်မှု နိုင်ငံအ ဖြစ်သို့ ပြောင်းလဲနေခဲ့ရ မည် ဟူ၍ လည်းကောင်း ထင်မြင်ကြသည်။
ကျွန်တော် သည် ထိုသူတို့ထက် ခြားနားဟန်ရှိသော အမြင်တစ်မျိုးမြင်၏ ။ စီးပွားရေး အရပြောလျှင် အရင်းရှင်စနစ် ဖွံ့ဖြိုးထွန်းကားလာရမည် မှာ မငြင်းနိုင်အောင် ဖြစ်သော်လည်း မြန်မာ နိုင်ငံတွင် ဤသို့ ဖြစ်ထွန်းမည့်  အရင်းရှင်စနစ်သည် ဥရောပအရင်းရှင်စနစ်မျိုးနှင့် မတူနိုင်ဟု ယူဆမိ၏ ။
ယင်းသို့ မတူနိုင်သည့် အချက်ကပင် နိုင်ငံရေး လက္ခဏာပိုင်း၌ လည်း ခြားနားရ၏ ။ ဗြိတိသျှ ဖြစ်စေ၊ အခြားနယ်ချဲ့သမားတို့က ဖြစ်စေ မြန်မာနိုင်ငံကိုသာ မသိမ်းခဲ့လျှင် မြန်မာနိုင်ငံသည် အရင်းရှင်စနစ် ဖွံ့ဖြိုးထွန်းကားနေလျက် သက်ဦးဆံပိုင် ဧကရာဇ်စနစ်သည်ပင် ထွန်းကားနေခဲ့ရပေ မည် ။
ဤအချက်ကို သက်သေထူပြပါမည် ။
ရှည်ရှည်ဝေးဝေး ကောက်လျှင် အလှမ်းကျဲလွန်းပါသည်။ သည်တော့ ကုန်းဘောင် ခေတ်ကိုပင် ယခု စစ်ဆေးနေသည့် ရာဇဝင် ဖြစ်စဉ်၏ အစဦးပိုင်အ ဖြစ် မှတ်ယူကြည့်ကြပါစို့။
ကုန်းဘောင်ခေတ်၏ လယ်ယာစိုက်ပျိုးရေး စနစ်သည် ရှင်ဘုရင်က မြေယာအလုံး စုံကို ပိုင်ဆိုင်သော စနစ် ဖြစ်သည်။ ရှင်ဘုရင်ကမှ တစ်ဖန်မြို့စား၊ ရွာစား များ ကို အဆင့်ဆင့် ကံကြွေးချလျက် စစ်တပ်ကို မြေယာချထားပေးသည်။ ထိုစဉ်က တစ်နိုင်ငံလုံးကို စစ်ရေး သဘောအရ ဖွဲ့စည်း ထားသကဲ့သို့ ဖြစ်လေရာ မြေယာများ ကိုလည်း စစ်တပ်အလိုက် ချထားပေးခြင်းသည် သိပ်အခက်အခဲ မရှိလှ။
တိုင်းသူပြည်သား လူအများ တို့က စစ်မှု ဖြစ်စေ၊ မင်းမှု ဖြစ်စေ ထမ်းရသည်။ ဤသို့ အမှု ထမ်းသဖြင့် ဘုရင့်မြေကို လုပ်ပိုင်ခွင့် ရရှိသည်။ အမှု ထမ်းငှားခ (service tenure) ဟု ခေါ်သည်။ တစ်ဖန် မြေယာများ ကို မင်းမှု ထမ်းများ ကို ချထားရာ၌ (၁) နေထိုင်ရာအတွက် ဟူ၍ လည်းကောင်း ၊ (၂) ဝမ်းစာအတွက် ဟူ၍ လည်းကောင်း ၊ (၃) ထွန်ယက်စိုက်ပျိုးရေး ဟူ၍ လည်းကောင်း ခွဲခြားပြန်သည်။
တိုင်းသူပြည်သား လူအများ တို့သည် မင်းမှု ထမ်းရသည်သာမက အခွန်ဘဏ္ဍာတော် များ လည်း ဆက်ရသေး၏ ။ သီးနှံထွက် ဆယ်ပုံ တစ်ပုံ (ဝါ) ဆယ်ခိုင်တစ်ခိုင်ကို အခွန်ဘဏ္ဍာတော် အ ဖြစ် ဆက်သရသည်။
ဘုရင့်မြေသည် ကြာသည်နှင့် အမျှ စစ်သည်တော် များများ လာ မင်းမှု ထမ်းတို့အား ချထားရသော မြေများ အ ဖြစ် ပြောင်းလဲလာ၏ ။ ထိုမှ ဓားမဦးချ မြေများ ဖြစ်လာသည်။ ဤကား မြေယာ စနစ် အကျဉ်းချုပ် ဖြစ်၏ ။
စက်မှု လုပ်ငန်းဘက် ကြည့်သော် ထိုခေတ် ဥရောပနှင့် နှိုင်းစာလျှင် မတိုးတက်သေးဟု ဆိုရမည် ဖြစ်သော်လည်း ဘုရင်ကိုယ်တိုင်က ကြပ်မတ်ဦးစီးလျက် စက်မှု လုပ်ငန်းများ တည်ထောင်စ ပြုလာသည်ကို တွေ့ ရ၏ ။ တွင်းစားများ ကို ရေနံတွင်းများ တူးဖော်လုပ်ကိုင်စေလျက် ထွက်သော ရေနံ များ ကို ဘုရင်ကသာ ဝယ်ယူခဲ့၏ ။ ဘုရင်က အားပေးသဖြင့် သင်္ဘောကျင်း လုပ်ငန်းသည် ဗြိတိသျှတို့ အောက်မြန်မာပြည် စတင်သိမ်းပြီးသည်အထိ ထွန်းကားခဲ့၏ ။ ကုန်းဘောင်ခေတ်တွင် တစ်နိုင်ငံလုံးနှင့် ခြုံ၍ ကျယ်ပြန့်ခြင်းမရှိသည့် တိုင် ကူးသန်းရောင်းဝယ်မှု အတိုင်းအတာနှင့် စာသော် ဒင်္ဂါးသွန်းလုပ်ခြင်း နှင့် သုံးစွဲခြင်းသည် ဖွံ့ဖြိုးခဲ့သည်။
ဖလ်ချက်ရုံ၊ သေနတ်လုပ်ရုံ၊ သစ်တောလုပ်ငန်း၊ သတ္တုလုပ်ငန်း စသည်တို့ကို ဘုရင်တို့ က ဦးစီးဦးကိုင်ပြုလျက် ဖွံ့ဖြိုးဆောင်ရွက်စေခဲ့သည်။
အတိုချုံးဆိုလျှင် ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှု လုပ်ငန်းတို့တွင် ဘုရင်၏ လက်ဝါးကြီး အုပ်မှု ဖြင့် စတင် ထွန်းကားရန် အရှိန်ယူလျက် ရှိခဲ့လေသည်။
ဘုရင်သည် အရာရာကို လက်ဝါးကြီးအုပ်သည် မဟုတ်၊ ဘုရင်လက်ဝါးကြီးအုပ်ထားသော ကူးသန်းရောင်းဝယ်မှု နှင့် ဒွန်တွဲ လျက် ပုဂ္ဂလိက လက်မှု လုပ်ငန်းကလေးများ နှင့် ရောင်းဝယ်မှု များ လည်း ရှိသေးသည်။ အထူးသဖြင့် ရက်ကန်းများ သည် ပုဂ္ဂလိက လုပ်ငန်းများ ဖြစ်ကြသည်။
ထို့ကြောင့် ကုန်းဘောင်ခေတ်၏ စီးပွားရေး လက္ခဏာသည် ဘုရင်လက်ဝါးကြီး အုပ်စနစ်နှင့် လုပ်ငန်းရှင်ကလေးများ ပိုင် ပုဂ္ဂလိကစနစ်တို့ ဒွန်တွဲ ရှိနေသော စနစ် ဖြစ်ချေသည်။
ဘုရင်လက်ဝါးကြီးအုပ်စနစ် ထွန်းကားစေသော အကြောင်းချင်းရာသည် ထိုစဉ်က ဘုရင်တို့ လိုက်နာကျင့်သုံးသော ‘ကုန်သည်ဝါဒ’ (Merchantilism) ဖြစ်လေ၏ ။
‘ကုန်သည်ဝါဒ’ သဘောအရ ရွှေသည် ဓန ဖြစ်လေရာ ရွှေများ နိုင်ငံခြားသို့ ထွက်သွား မည် ကို အလွန်စိုးရိမ်၏ ။ တိုင်းပြည်တွင်း၌ ရွှေ ပေါလေ၊ ဓနပေါလေဟု အထင်ရှိသည့်အတိုင်း နိုင်ငံခြားမှ ပစ္စည်းများ ကို ရွှေဖြင့် အရောင်းအဝယ် လုပ်ခြင်းကို မနှစ် မြို့နိုင်ကြပေ။ မိမိပြည်ထွက် ပစ္စည်းကို သာ ရွှေဖြင့် ရောင်းလို၍ အခြားနိုင်ငံထွက် ပစ္စည်းကို ရွှေဖြင့် မဝယ်လို။
ကုန်းဘောင်ခေတ်၌ ဘုရင်တို့သည် ဤသို့သော ‘ကုန်သည်ဝါဒ’ ကို လိုက်နာ ကျင့်သုံးသည့်အတိုင်း နိုင်ငံမှ ရွှေများ ထွက်သွားမှာ အလွန်တရာစိုးရိမ်တတ်ကြသည်။ ဤသို့ ရွှေများ ပြည်ပသို့ မထွက်လိုပါမူ နိုင်ငံခြားမှ ပစ္စည်းများ အဝယ်နည်းပါးရမည် ဖြစ်သလောက် နိုင်ငံခြားမှ ဝယ်မည့်  အစားပြည်တွင်း၌ ပင် ထုတ်လုပ်ရတော့မည် ဖြစ်လေသည်။
ယခု ခေတ်သစ်ဘောဂဗေဒ အမြင်နှင့် ပြောလျှင် ထိုခေတ်က လိုက်နာကျင့်သုံးသေားကုန်သည်ဝါဒ သည် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံတို့ စီးပွားရေး အရ ဆက်ဆံမှု နည်းနိုင်သမျှ နည်းပါး စေလေသည်။ နိုင်ငံခြားနှင့် ဆက်ဆံမှု အထူးသဖြင့် နိုင်ငံခြားပစ္စည်းများ အဝယ်နည်းပါးစေသည်တွင် ပြည်တွင်း၌ ကုန်ထုတ်လုပ်ငန်းများ ထူထောင်မှ ဖြစ်ချေတော့မည် ။
ဤတွင် ပြဿနာ၏ အချက်အချာကို ရောက်လာ၏ ။ ပြည်တွင်းကုန် ထုတ်လုပ်ငန်းများ ကို ထူထောင်ရာ၌ ဘုရင်က ထူထောင်မည် လော (သို့တည်းမဟုတ်) ထိုစဉ်က ရှိခဲ့သော ‘လွတ်လပ် သည့် ကုန်ထုတ်လုပ်သူများ ’ နှင့် ကုန်သည်ငယ်၊ လတ်တို့က ထူထောင်မည် လော။
ရက်ကန်းလုပ်ငန်းသည်လည်းကောင်း၊ အခြား အခြားသော လက်မှု လုပ်ငန်းများ သည်လည်းကောင်း၊ ကုန်းဘောင်ခေတ်က လယ်ယာစိုက်ပျိုးရေး နှင့် မကင်းကွာသေးပေ။ ကျေးလက် တို့၌ လယ်ယာစိုက်ပျိုးရင်း အိမ်တွင်းလက်မှု လုပ်ငန်းများ ကို လုပ်ကိုင်နေတုန်းပင် ဖြစ်လေရာ လယ်ယာလုပ်ငန်းနှင့် လက်မှု လုပ်ငန်းသည် ယခုခေတ်ကဲ့သို့ တသီးတခြား ဖြစ်မနေသေးပေ။ ဤ အချက်က လက်မှု လုပ်ငန်းရှင်ကလေးတို့သည် မြေယာအနှောင်အဖွဲ့မှ မလွတ်မြောက်သေးခြင်းကို ပြဆို၍ တစ်ဆက်တည်းတွင် စီးပွားရေး အရ အလွန်အားနည်းကြောင်း ဖော်ပြလေသည်။
ဤတွင် စီးပွားရေး အရရော နိုင်ငံရေး အရပါ့ အင်အားကြီးသည့် ဘုရင်က ရှေ့ဆောင် ရှေ့ရွက် ပြုလျက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်မှု တို့ကို မတည် ထူထောင်ရန် အခြေအနေ ဖြစ်ပေါ်လာခဲ့လေသည်။ ဤသို့အားဖြင့် ဘုရင်က လက်ဝါးကြီးအုပ်သော စီးပွားရေး စနစ်သည် ဗြိတိသျှတို့ မသိမ်းပိုက်မီ ကုန်းဘောင်ခေတ်၌ ပေါ်ထွန်းခဲ့တော့၏ ။
အချို့သော ရာဇဝင်ဆရာတို့က ဤသို့အားဖြင့် ဘုရင်က လက်ဝါးကြီးအုပ်သော စီးပွား ရေး စနစ် ပေါ်ပေါက်ခဲ့ခြင်းကို ထောက်ထားလျက် မြန်မာနိုင်ငံသည် ရာဇဝင် အခြေအမြစ်ကပင် ဆိုရှယ်လစ် သဘောတရားကိန်းဝပ်ခဲ့သည်ဟု ကောက်ချက်ဆွဲ ဖော်ပြကြကြောင်း သိရသည်။
၎င်းကောက်ချက်သည် မှားယွင်းသည်ဟု ကျွန်တော် ယူဆ၏ ။ စင်စစ်အားဖြင့် ဤရာဇဝင်ဆရာတို့သည် ဥရောပတိုက်တွင် ဖြစ်ပေါ်ခဲ့သော အရင်းရှင်စနစ်ကို မြင်၍ လည်းကောင်း၊ ဆိုရှယ် လစ်ဝါဒနှင့် စပ်လျဉ်း၍ အမြင်မှား၍ လည်းကောင်း၊ ဤသို့ကောက်ချက်ဆွဲဟန်တူ၏ ။
အင်္ဂလန်နှင့် ပြင်သစ်တို့တွင် အရင်းရှင်စနစ်သည် မင်းက စီးပွားရေး နယ်ထဲ လက်ဝါးကြီးအုပ်ခဲ့ခြင်းကို ဆန့်ကျင်ခဲ့ရာမှ အပြိုင်အဆိုင်သည်းထန်သော အရင်းရှင်စနစ်ကို ထူထောင်ကြရင်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ကား မှန်၏ ။ သို့ရာတွင် ပရပ်ရှားတွင် ဖြစ်စေ၊ ဂျပန်၌ ဖြစ်စေ အရင်း ရှင်စနစ်သည် ဥရောပတွင် ဖြစ်သကဲ့သို့ ဖြစ်ရိုး ဖြစ်စဉ် အရင်းရှင်စနစ် ထွန်းကားပုံအတိုင်း ပေါ်ပေါက် ဖွံ့ဖြိုးလာသည် မဟုတ်ချေ။ ဘုရင် ဧကရာဇ် ပဒေသရာဇ်ဦးစီးဦးဆောင်တို့က ပြုလျက် ဖြစ်စေ။ ဘုရင် ဧကရာဇ် ပဒေသရာဇ်တို့နှင့် ကုန်သည်ကြီးတို့က မဟာမိတ်ဖွဲ့လျက် ဖြစ်စေ အရင်းရှင်စနစ်ကို ဖွံ့ဖြိုး ထွန်းကားစေခဲ့ခြင်း ဖြစ်လေသည်။
မြန်မာနိုင်ငံကိုသာ ဗြိတိသျှက ဖြစ်စေ ၊အခြား နယ်ချဲ့သမားတို့က ဖြစ်စေ မသိမ်းပိုက်ခဲ့ဘဲ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံကဲ့သို့ ဘုရင်ဧကရာဇ်က ဦးစီးဦးဆောင်ပြုသော အရင်းရှင်စနစ်တစ်ရပ် ဖွံ့ဖြိုးတိုးတက်ခဲ့ရမည် မှာ သေချာလေသည်။
ဘုရင်ဧကရာဇ်ဦးဆောင်သော အရင်းရှင်စနစ်သည် မြန်မာနိုင်ငံတွင် မုချ ပေါ်ပေါက်ခဲ့ ရမည် ဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့သည်နှင့် အတူ ဤအချင်းအရာ၏ နိုင်ငံရေး အကျိုးသက်ပုံကိုလည်း ရှင်းလင်းတင်ပြသင့်သည်ဟု ထင်၏ ။
အချို့က မြန်မာနိုင်ငံကိုသာ ဗြိတိသျှတို့က မသိမ်းပိုက်ခဲ့လျှင် မြန်မာနိုင်ငံသည် လွတ် လပ်သော သမ္မတနိုင်ငံအ ဖြစ် လွန်လေပြီးသော အခါကပင် ပေါ်ပေါက်ခဲ့ပြီး ဖြစ်ရမည် ဟု ယူဆကြ၏ ။
ကျွန်တော် က ဤသို့မမြင်။ မြန်မာနိုင်ငံသည် ဘုရင်ဧကရာဇ်စနစ်ပင် ဆက်လက် တည်မြဲနေခဲ့ရမည် ဟု ယူဆသည်။
သမ္မတနိုင်ငံ ဖြစ်မည် လော (သို့ တည်းမဟုတ်) ဘုရင်ဧကရာဇ်က အမည် ခံသာရှိသည့် ပါလီမန်ဒီမိုကရေစီနိုင်ငံ ဖြစ်မည် လောဟူသော ပြဿနာသည် တိုင်းပြည်တွင်းရှိ စီးပွားရေး အင်အား အသီးသီး၏ အင်အားအခြေအနေပေါ်တွင် မူတည်သည် ဖြစ်၏ ။ လွတ်လပ်သော ကုန်ထုတ်လုပ်သူ များ က စီးပွားရေး အရရော နိုင်ငံရေး အရပါ အင်အားကြီးခဲ့၍ ပြင်သစ် တော် လှန်ရေး ကဲ့သို့ ဖြစ်စေ၊ ဗြိတိန်ပြည်က ရောင်းဝဲလ် တော် လှန်ရေး ကဲ့သို့ ဖြစ်စေ၊ တော် လှန်နိုင်သော အခြေအနေရှိခဲ့ပါလျှင် နိုင်ငံသည် သမ္မတနိုင်ငံ ဖြစ်စေ၊ ဘုရင်ဧကရာဇ်စနစ် အမည် ခံသာရှိသော ပါလီမန်ဒီမိုကရေစီနိုင်ငံ ဖြစ်စေ ဖြစ်ထွန်းလာပေမည် ။
ထိုခေတ် ထိုအခါက မြန်မာနိုင်ငံတွင် လွတ်လပ်သော ကုန်ထုတ်လုပ်သူများ သည် အထက်က ရှင်းလင်းခဲ့သလို စီးပွားရေး အရရော နိုင်ငံရေး အရပါ အင်အားနည်းပါးခဲ့၏ ။ အင်္ဂလန်ရာဇဝင်မှ ချားတစ်(စ်) လုပ်ငန်းမျိုး မြန်မာနိုင်ငံတွင် ကူးချလာနိုင်လောက်အောင် အခြေအနေ မရှိခဲ့။ ထို့ အပြင် ဘုရင်ဧကရာဇ်သည် အရင်းရှင် ကုန်လုပ်စွမ်းအားစုများ ကို ပိတ်ဆို့တားဆီးမည် ထက် အခြေအနေအလျောက် တိုးတက်လာသော ကုန်ထုန်အင်အားစုများ ကို မိမိ၏ ရှေ့ဆောင်ဦးစီးမှု ဖြင့် တစ်စုံ တစ်ရာသော အခြေအနေတိုင်အောင် ဖွံ့ဖြိုးစေမည် လည်း ရှိသေး၏ ။ ထိုအခြေအနေက မြန်မာနိုင်ငံ တွင်းရှိ လူမှု ရေး အင်အား အသီးသီးသည် တစ်စုံတစ်ရာသော အခြေအနေထိ ဘုရင်ဧကရာဇ်စနစ် အား မျှော်လင့်အားထားကြမည် မှာ သေချာ၏ ။သို့ ဖြစ်၍ ဗြိတိသျှတို့သာ မသိမ်းပိုက်ခဲ့လျှင် မြန်မာနိုင်ငံတွင် ဘုရင် ဧကရာဇ်စနစ်သည်ပင်လျှင် ဆက်လက် စိုးမိုးနေခဲ့ရမည် ဖြစ်လေသည်။
သို့သော် ဤဘုရင် ဧကရာဇ်စနစ်သည် တည်ငြိမ်မှု ရှိချင်မှ ရှိလိမ့်မည် ။ ရှင်ဘုရင် သတ်လျှင် ရှင်ဘုရင် ဖြစ်သည်ဟူသော မြန်မာ့ရိုးရာကလည်း နိုင်ငံရေး တွင် ဆက်လက်လွှမ်းမိုးနေဦး မည် ဖြစ်လေရာ မြန်မာနိုင်ငံ၏ ရာဇဝင်သည် အရင်းရှင်စနစ် ဖွံ့ဖြိုးနေသော အခြေအနေကို မျက်မှော က်ပြုလျက် နန်းတွင်းလုပ်ကြံမှု များ ၊ အာဏာသိမ်းမှု များ ဖြင့် ပြည့်နှက်နေခဲ့လိမ့်မည် မှာ အမှန် ဖြစ်လေသည်။
****************************
အနုပညာသည်များ က ကျွဲရိုင်းဆိုလျှင် ဤသို့သော နေရာ၌ သတ်သတ်မှတ်မှတ် ထားတတ်လင့်ကစား ရှေးအတီတေ လူရိုင်းခေတ်ကို လေးစားဟန်တူသော စီးပွားရေး သမားကမူ ၎င်းတို့၏ အစုရှယ်ယာဈေးနှုန်းများ ထောင်တက်နေခြင်းကိုပင် ကျွဲရိုင်းခတ်သည့်ပမာ ပုံတင်စား၍ ရှာရှာဖွေဖွေရေး သားပြောလာကြသည်။
အရင်းရှင်နိုင်ငံများ ၌ ခပ်သိမ်းသော လူအပေါင်းတို့သည် မိမိတို့၌ ငွေပိုငွေလျှံလေး များ ရှိလျှင် မြန်မာပြည်မှာ လို ခါးထဲလိမ်၍ မစုထားတတ်ကြ။ အရောင်းအဝယ်ကောင်း၍ အမြတ်အလား အလာ ကောင်းလိမ့်မည် ဟု ထင်ရသော ကုမ္ပဏီများ ၏ အစုရှယ်ယာများ ကို အခါအားလျော်စွာ ချိန်ဆ ဝယ်ထားတတ်ကြ၏ ။ ကံအကြောင်းသင့်၍ ငွေပိုငွေလျှံလေးများ ရှိသူများ သည် အခါအခွင့်သင့်မှသာ ဟိုရှယ်ယာ ဒီရှယ်ယာများ ကို ဝယ်ယူနိုင်ကြသော်လည်း သူဌေးကြီး သူဌေးလတ်တို့မှာ မူ ငွေပိုလေး တစ်ပြားမရှိ ရှိသည်နှင့် အိတ်ကပ်ထဲ ကြာရှည်မထားဘဲ ချက်ချင်း လက်ငင်းပင် အစုရှယ်ယာများ ကို ဝယ်ယူထားလိုက်ကြ၏ ။ အိတ်ကပ်ထဲ တစ်ပြားကပ်နေလျှင် ဆယ့်နှစ် လလောက် ငွေအိပ်သည်ဟု အတိတ်နိမိတ်သဖွယ် ယူဆကြလေ၏ ။
လက်ထဲ ကြာရှည်မထား၊ အအိပ်မခံဘဲ အစုရှယ်ယာများ ဝယ်ယူထားလျှင် ထိုက်သင့်သလို ငွေပွားသည်ဟု ဟုတ်သော်ရှိ မဟုတ်သော်ရှိ ယုံကြည်ထားကြလေကုန်၏ ။
အစုရှယ်ယာ ဝယ်ထား၍ ငွေပွားနိုင်သည်မှာ ‘ဆောက် ဖြစ်မှ ကျောင်းဒကာ’ ဆိုသော စကားလောက် မရေမရာ မဟုတ်ပေ။ မြောက်ပန်းလှန်လျှင် တစ်ဝက်စီလောက် မြောက်နှင့် ပန်းတွင် သေချာမှု ရှိသကဲ့သို့ အပွားနှင့် အလျှော့တွင် လည်း ဆတူမျှ အလားအလာ ရှိလေ၏ ။
သာမန်သဘော၌ အစုရှယ်ယာများ ဝယ်ယူထားသည်မှာ ဆိုင်ရာ ကုမ္ပဏီများ သည် တစ်နှစ် တစ်ကြိမ် အမြတ် ခွဲဝေပေးရာ၌ မိမိထည့်ဝင်ထားသော အစုရှယ်ယာရှိသလောက် ထိုက်တန် သလို အမြတ်ဝေစု ရလိမ့်မည် ဟု နွေအခါ မိုးမျှော်သလို မျှော်လင့်ခဲ့၍ ဖြစ်၏ ။ ကုမ္ပဏီက များများ မြတ်လျှင် ဝေစုများများ ရ၍ ကုမ္ပဏီက နည်းနည်း မြတ်လျှင် နည်းနည်း သာ ဝေစုရမည် ဖြစ်လေ၏ ။ နှစ် လိုဖွယ်ရာ မကောင်းသော အချိန်အခါက ဥပဒေသည် ဦးဘ၏ အစုရှယ်ယာအား ဦးမြ နာမည် နှင့် ပြောင်းလဲထားရန် ခွင့်မပြုသော်လည်း နောက်ပိုင်းတွင် မူ ဥပဒေ၌ ချစ်စရာကောင်းသော အကွက်ကလေးများ တစ်ခုပြီးတစ်ခု ပလုံစီ၍ အစီအရီ ပေါ်ပေါက်လာခဲ့လေတော့၏ ။ ထိုအထဲတွင် အစုရှယ်ယာများ ကို လက်ပြောင်းလက်လွှဲ လုပ်နိုင်သည်။ ပိုင်ရှင်နာမည် ပြောင်းနိုင်သည်ဟူသော အချက်သည်လည်း ခုန်ပေါက် မြူးတူးလာခဲ့လေသည်။
လက်ပြောင်းလက်လွှဲ လုပ်နိုင်သည်၊ နာမည် ပြောင်းနိုင်သည်ဆိုသည့် သဘောသည် အစုရှယ်ယာများ ကို အခါအခွင့်သင့်သလို မိမိသဘောအလျောက် ရောင်းနိုင်ဝယ်နိုင်သည့် အဓိပ္ပာယ်ပင် ဖြစ်လေသည်။ အစုရှယ်ယာဝယ်ထားသူသည် ကုမ္ပဏီက အမြတ်ဝေစု ခွဲဝေသည့်အထိ တစ်နှစ် ပတ်လုံး မစောင့်နိုင်ဘဲ ထိုအတောအတွင်း၌ ငွေမလည်ဘဲ ဖြစ်နေသည့်အခါတွင် မိမိပိုင် အစုရှယ်ယာ များ ကို ရောင်း၍ ငွေဖော်နိုင်ပေမည် ။ ဝယ်မည့် သူသည် ဤအစုရှယ်ယာဆိုင်ရာ ကုမ္ပဏီသည် စီးပွား ဖြစ်နေသလား မ ဖြစ်ဘဲနေသလား၊ အမြတ်ကောင်းသလား၊ မကောင်းဘဲ ညံ့နေသလား စသည်ဖြင့် မိုးလေဝသ ခန့်မှန်းသလို ခန့်မှန်းချင့်ချိန်၍ ဝယ်ယူမည် သာ ဖြစ်လေသည်။ ယခုအခါ၌ အစုရှယ်ယာ ရောင်းမည့် သူသည် ဝယ်မည့် သူကို တကူးတကန့် လိုက်လံရှာဖွေရန် မလိုတော့ပြီ။ လူစည်ကားသော ရပ်ကွက်တွင် ရှိသော စတော့အိပ်ချိန်းခေါ် ရှယ်ယာပွဲဒိုင်သို့ စတိုင်ကျကျ ရှိုးထုတ်၍ သွားရုံဖြင့် ဝယ်မည့်  သူကို အဆင်သင့်တွေ့ နိုင်လေ၏ ။ သို့မဟုတ် အနံ့ခံကောင်းသော ပွဲစားကပင် တကူးတကန့် ရှာဖွေလာပြီး လက်ဖက်ရည်တိုက်၍ ပင် ရှယ်ယာပွဲဒိုင်သို့ ခေါ်ဆောင်သွားမည် ဖြစ်လေသည်။
ဟင်းရွက်ကစွန်း ရောင်းဝယ်သလို ရုတ်ရုတ်သဲသဲ နှင့် ညံစီနေသော ရှယ်ယာပွဲဒိုင် သို့ ရောက်လျှင် ရှယ်ယာ အမျိုးအစားအလိုက် တခမ်းတနား ရှယ်ယာများ ရောင်းဝယ်နေသော ဆိုင်တန်း များ ကို မတွေ့ မချင်းအဆုံး တွေ့ ရှိရမည် ဖြစ်လေ၏ ။ ဤဆိုင်တန်း တာဝန်ခံများ ကို ‘ဂျော့ဗာ’ (သို့မ ဟုတ်) ‘ပင်တိုင်’ ဟု ခေါ်၍ ပွဲစားသည် ဘယ်ရှယ်ယာ ဘယ်လောက်ဈေးပေါက်သနည်းဟု မိမိတို့ နေ့စဉ်နေ့တိုင်း တွေ့ နေကျပင် တိုင်းအား ဝယ်တော့မလိုလို ရောင်းတော့မလိုလိုနှင့် အတည်ပေါက် ဖြင့် ဈေးစနဲ နာမည် ဖြစ်လေ၏ ။ ထိုအခါတွင် ပင်တိုင်သည် ပေါက်ဈေးကို တစ်မျိုးတည်း မပြောတတ် ပေ။ ၁၀၅ ကျပ်နှင့် ၁၀၈ ကျပ် နှစ် မျိုး ပြောကောင်းပြောပေလိမ့်မည် ။ အနည်းဈေးမှာ ၎င်း၏ ဝယ်ဈေး ဖြစ်၍ အများ ဈေးမှာ ၎င်း၏ ရောင်းဈေး ဖြစ်လေသည်။ ပင်တိုင်တို့က ဝယ်ဈေးနှင့် ရောင်းဈေး နှစ် မျိုး ပြောရသည်မှာ ၎င်းတို့သည် ရှယ်ယာကို ဝယ်လည်းဝယ်၊ ရောင်းလည်းရောင်းသော ကြောင့် ဖြစ်လေ၏ ။
အိမ်ရှင်မများ သားငါးဝယ်သည့်အခါ ဈေးများ ပြီး ဈေးဆစ်နိုင်သကဲ့သို့ ရှယ်ယာပွဲ ဒိုင်၌ လည်း ရောင်းသူနှင့် ဝယ်သူတို့သည် ဈေးဆစ်နိုင်ကြ၏ ။ ရောင်းသူများ လျှင် ရောင်းဈေးကျ၍ ဝယ်သူ များ လျှင် ဝယ်ဈေး တက်တတ်သည်မှာ ရောင်းသူနှင့် ဝယ်သူအင်အားကြည့်၍ ဈေးကစားသော သာမန်ဈေးသဘောအရပင် ဖြစ်လေ၏ ။ အချီအချ ဈေးဆစ်ကြပြီးနောက် ဈေးတည့်ကြပြီဟုဆိုလျှင် ဘာစာချုပ်စာတမ်းမှ လိုအပ်သည် မဟုတ်ပေ။ ဘာကတိခံဝန်ချက်ကိုမှလည်း ချုပ်ဆိုရန် မလိုပေ၊ အစုရှယ်ယာ နာမည် ပြောင်းခြင်း၊ နာမည် သစ်မှတ်ပုံတင်ခြင်းတို့ကို ပင်တိုင်တို့က လုပ်ရိုးလုပ်စဉ်အ တိုင်း ဒိုင်ခံ၍ ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်ပေးကြလေ၏ ။ ပွဲစားသည် ရှယ်ယာရောင်းလိုသူ ထံမှ ဖြစ်စေ၊ ဝယ်လိုသူထံမှ ဖြစ်စေ မိမိစပ်ပေးသည့်အတွက် ပွဲခရ၏ ။ ဤပွဲခမှာ တစ်ရာခိုင်နှုနိးကု ဆယ်ပုံ
ပုံလျှင် ကိုးပုံသာ ဖြစ်၍ ပေးပျော်သည်ဟု ဆိုရပေမည် ။ အစိုးရအာမခံစာချုပ်များ ကို အရောင်းအဝယ် လုပ်ပေးရမည့် အခါတွင် မူ ပွဲခသည် ထိုထက်ပင် နည်းချေသေး၏ ။
အစုရှယ်ယာများ ကို နေ့စဉ်နေ့တိုင်း ကြိတ်ကြိတ်တိုး၍ ဟင်းရွက်ကစွန်း ရောင်းဝယ် သည့်ပမာ ရောင်းဝယ်နေသည့် အခြေအနေတွင် ရှယ်ယာပွဲဒိုင်တို့တွင် ရောင်းသူဝယ်သူ ပွဲစားတို့ဖြင့် ခြေချင်းလိမ်နေကြသည်မှာ ဓမ္မတာ ဖြစ်လေ၏ ။ လွယ်လွယ်ကူကူ လက်ပြောင်းလက်လွှဲ ပြုလုပ်နိုင် သော ကြောင့် လည်း အစုရှယ်ယာများ သည် ခါးပိုက်နှိုက် တစ်ယောက် က ကောက်ရလျှင် ဘာမျှ မသုံးရ သည်ကလွဲ၍ ကျန်အချက်တို့တွင် ပိုက်ဆံနှင့် ဘာမျှမခြားတော့ပေ။ အချိန်မရွေး ငွေ ဖြစ်လိုသူများ အတွက် အစုရှယ်ယာသည် ဒီဇူဇာထက် စိတ်ချရသေး၏ ။ ‘အစုရှယ်ယာ အရောင်းအဝယ်လုပ်ငန်း သည် ဘုန်းကြီးပြန်မှ လောင်းကစားပွဲပမာ’ ကြက်ပျံမကျ စည်ကားလှပေ၏ ။
ရောင်းသူနှင့် ဝယ်သူတို့သည် အင်အားကိုကြည့်၍ ဈေးကစားနေသော ကြောင့် လည်း အစုရှယ်ယာ ဈေးနှုန်းတို့သည် တသမတ်တည်း မရှိဘဲ ရန်ကုန်မြင်းပွဲမှ ‘ဘရော်မီတာ’ ကြီး ပြသကဲ့သို့ အတက်အကျ မညီမညာဘဲ ဖောက်လွဲဖောက်ပြန် ပြလေ့ရှိတတ်၏ ။ ထိုအခြေအနေကို မြင်တွေ့ လာ သော စီးပွားရေး ဥာဏ်ကြီးရှင်တို့သည် ကျွဲရိုင်းခတ်သည်ကို စိုးစေ့မျှ မမြင်ဘူး စေကာမူ ရိပ်ဖမ်းသံဖမ်းဖြင့် ဖြစ်စေ ရှယ်ယာဈေးများ ထောင်တက်လာသော အခြေအနေကိုပင် ကျွဲရိုင်းခတ်သည့်ပုံဖြင့် တင်စားကာ ‘ကျွဲရိုင်းဈေး’ ဟု ဗာရာဏသီချဲ့မည့် အစား ဘန်းစကားတီထွင်၍ ကင်ပွန်းတပ်လိုက်ကြ ကုန်လေ၏ ။ ‘ကျွဲရိုင်း’ ဟုဆိုလျှင် အစုရှယ်ယာ ဈေးနှုန်းများ အောက်မှ အထက်သို့ တစ်ရှိန်ထိုး ထောင်တက်နေခြင်း ဖြစ်သည်ဟု နှောင်းလူများ နားလည်အပ်ကြကုန်သတည်း။
မစိုးမိုးနိုင်သော အရာတွင် မင်းနှင့် မိုးသာ ရှိသည်ဟု မမှတ်ယူတော့ဘဲ အစုရှယ်ယာဈေးကိုပါ ထိုအထဲတွင် တစ်ခုအပါအဝင်အ ဖြစ် ထည့်သွင်းစဉ်းစားလာကြသည်မှာ အစုရှယ်ယာဈေးနှုန်းမျာသည် မိုးပေါ်ထောင်တက်နေရာမှ ရုန်းကန် ပြန်ကျပြီး ဒလဟောကျဆင်းလာတတ်သော ကြောင့် ပင် ဖြစ်တန်ရာ၏ ။ အတက်အတွက် ကျွဲရိုင်းကို မြင်မိသော ညာဏ်ကြီးရှင်တို့သည် အကျအတွက်လည်း သားကောင်တစ်ကောင်ကို ရှာဖွေရန် လိုလာသော အခါ တကယ်တန်း ရေရေလည်လည် ပက်ပြီဟုဆိုလျှင် အောက်ကိုစိုက်၍ ပက်လေ့ရှိသော ဝက်ဝံကြီးကို ပြေး၍ မြင်မိကြဟန်တူ၏ ။ ထို့ ကြောင့် ဒင်းတို့က အစုရှယ်ယာဈေးနှုန်းများ ထိန်းမနိုင် သိမ်းမရ ကျဆင်းနေသော ဈေးအခြေအနေကို ‘ဝက်ဝံဈေး’ ဟု တညီတညွတ်တည်း ဆိုစမှတ်ပြုကြကုန်သည်။
သို့အားဖြင့် တန်ရာတန်ရွေ့ အဖက်အလုပ်မခံရသော ကျွဲရိုင်းနှင့် ဝက်ဝံတို့သည် လန်ဒန်၊ နယူးယောက် ၊ ပဲရစ်၊ ဘွန်း၊ ရောမ စသည့်ဥရောပ မြို့ကြီးများ တွင် အခါအခွင့်ကြည့်၍ ခတ်ချင်သလိုခတ်၊ ပက်ချင်သလို ပက်နိုင်ကြသော လွတ်လပ်ရေး ကို ရရှိနေကြ၍ အခြားအခြားသော သားရဲတိရစ္ဆာန်တို့က မနာလိုဝန်တိုစိတ်များ မွေးမိကြမည် ကိုပင် စိုးရိမ်နေရပေသည်။
ဥရောပ အရင်းရှင်နိုင်ငံ၏ မြို့ကြီးများ တွင် ကျွဲရိုင်းနှင့် ဝက်ဝံတို့သည် ကာလဒေသ ပယောဂကိုလိုက်၍ ငါးဖျံတစ်လှည့် ပုံလုံတစ်လှည့် ကျက်စားနေကြရင်း ၎င်းတို့၏ ဌာနချုပ်ကို အမေရိကန်ပြည် နယူးယောက် မြို့ရှိ ဝေါ(လ်) လမ်းမကြီးပေါ်တွင် အခြေစိုက်ထားလျက်ရှိကြ၏ ။ သင်သည် အစုရှယ်ယာများ ကို အလောသုံးဆယ်လို၍ ဈေးကြီးကြီးပေးပြီး လိုက်ဝယ်နေသည် ရှိသော် သင့်အား ကျွဲရိုင်းဟု သမုတ်ကြမည် ဖြစ်၏ ။ အကယ်၍ ဝယ်ချင်သလိုလို မဝယ်ချင်သလိုလိုနှင့် သင်က ဈေးနှိမ်ပါက သင့်အား ဝက်ဝံဟု ခေါ်ဝေါ်ကြမည် သာ ဖြစ်သည်။ စင်စစ် မိုးမြော်တိုက်ကြီးများ ဖြင့် ပြည့်နှက်နေသော ဝေါ(လ်) လမ်းမကြီးရှိ ရှယ်ယာဒိုင်တွင် လာသမျှ မနုဿလူ အပေါင်းသည် ကျွဲရိုင်း ဖြစ်လျှင် ဖြစ် မ ဖြစ်လျှင် ဝက်ဝံတော့ ဖြစ်ရမည် ။ ကျွဲနှင့် ဝက်ဝံတို့သည် ရှယ်ယာဒိုင်၌ ကြိတ်ကြိတ်တိုး လျက်ရှိခြင်းသာ ဖြစ်လေသည်။ မြင်းပွဲသို့ တစ်ခါတစ်လေ အပျင်းပြေရောက်သွား၍ ဟိုကောင်ထိုးရ ကောင်းနိုးနိုး၊ ဒီကောင်ထိုးရကောင်းနိုးနိုးနှင့် ဇဝေဇဝါ ဖြစ်နေသူများ ကဲ့သို့ လူများ လည်း ရောင် လည် လည်နှင့် ရှယ်ယာပရိသတ်ထဲတွင် တွေ့ ရတတ်၏ ။ ထိုလိုသူများ သည် ရှယ်ယာဒိုင်မှ ဝေသော ‘မြင်း စာအုပ်’ ကို တွေ တွေ ဝေဝေကြည့်၍ ယတိပြတ် မဆုံးဖြတ်နိုင်သည့်အခါတွင် မျက်စိကိုပိတ် ထောက်မိချင်ရာ ထောက်မိစေဟု ဆိုကာ လက်ညှိုးနှင့် ထောက်၍ ကျရာရှယ်ယာ အမျိုးအစားကို ဝယ်ယူလေ့ရှိတတ်ကြ၏ ။ ထိုလိုသူများ ကို ရှယ်ယာဝါသနာအိုးတို့က ‘အပျော်တမ်း ငွေရင်းနှီးသူများ ’ ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။
ဝေါ(လ်) လမ်းမကြီးဟု စတင် ပေါ်ပေါက်လာပုံက တစ်နည်းတစ်ဖုံအားဖြင့် ဆန်းကျယ်လှ၍ ၎င်း၏ ရာဇဝင်ကြောင်းကို အနည်းအကျဉ်း ဖြစ်စေ သိသင့်သိထိုက်၏ ။ နယူးယောက် မြို့နေရာသည် မူလက ဒတ်(ခ်ျ) တို့က သိမ်းပိုက်အုပ်ချုပ်ခဲ့၏ ။ ဒတ်(ခ်ျ) ဘုရင်ခံသည် ထိုနေရာသို့ ရက်(ဒ်) အင်ဒီးယန်းများ က မကြာခဏ ဝင်ရောက်နှောက်ယှက် ပေးလွန်းသည်နှင့် ရွာသူရွာသားများ အား မ ဖြစ်မနေ ခြံစည်းရိုးကာရန် အမိန့်ပေး၍ စီစဉ်ရ၏ ။ ကာသော ခြံစည်းရိုးမှာ နိမ့်လွန်းနေသဖြင့် ရက်(ဒ်) အင်ဒီးယန်းတို့၏ ရန်မှလွတ်ကင်းသည်ဟူ၍ မရှိခဲ့။ ဤတွင် ဘုရင်ခံလုပ်သူသည် ခြံစည်းရိုးကို ကိုးပေအမြင့်အထိ မြှင့်တင်ရန် ထပ်မံအမိန့်ပေးပြီး စီစဉ်ရပြန်သည်။ ဤသို့ ကာထားသော ခြံစည်းရိုး နေရာမှာ နံရံကြီးနှင့် တူလှ၍ ဝေါ(လ်) လမ်းမဟု သမုတ်သည်မှ စ၍ နောင်တွင် ကမ္ဘာ၌ အကြီးမားဆုံး ဖြစ်လာမည့်  နယူးရောက် မြို့ကြီး၌ လည်း ဤအသုံးအနှုန်းသည် ဆက်လက် တည်တံ့ခဲ့လေသည်။ ယခုအခါဆိုလျှင် ဝေါ(လ်)လမ်းမဟုဆိုလျှင် ရှယ်ယာအရောင်းအဝယ်များ ပြုလုပ်ရာ ဗဟိုဌာနအ ဖြစ် ကျွဲရိုင်းနှင့် ဝက်ဝံတို့က နားလည်နေကြ၏ ။ မူလအစက ထိုလမ်းတွင် ရှယ်ယာအရောင်းအဝယ်လုပ် သည့် ကုမ္ပဏီဟူ၍ ကုမ္ပဏီနှစ် ခုသာ ရှိလေ၏ ။ ဤကုမ္ပဏီ နှစ် ခုမှာ လည်း အဆောက်အအုံဟူ၍ သီးသန့်မရှိဘဲ ကာဖီိဆိုင်များ ၌ သာ ကျက်စားရင်း လမ်းလျှောက်ပွဲစား ယောင်ယောင် ပြုလုပ်ခဲ့ကြ ရ၏ ။ ယခုအခါ၌ ကား မိုးမြော်တိုက်ကြီးများ ၊ အပြိုင်အဆိုင် ဆောက်လုပ်၍ ရှယ်ယာပွဲစားကုမ္ပဏီ များ ၊ ရှယ်ယာဒိုင်များ ဟူ၍ ဝေါ(လ်) လမ်းမကြီးပေါ်တွင် ရောက်ရှိနေရလေပြီ။
ရှယ်ယာဒိုင်များ ရှိလာပြီဟု ဆိုသည်နှင့် ဒီနေ့ကုမ္ပဏီအသစ်ထောင် နက်ဖြန်တွင် ဤကုမ္ပဏီအသစ်၏ အစုရှယ်ယာများ ကို သွားရောင်း၍ လူလည်လုပ်နိုင်လိမ့်မည် ဟု ထင်လျှင်ကား အမှားကြီး မှားလိမ့်မည် ။ ဝေါ(လ်) လမ်းမကြီးရှိ ရှယ်ယာဒိုင်၌ မိမိတို့ရှယ်ယာ အရောင်းအဝယ် လုပ်လို သော ကုမ္ပဏီတို့သည် ဤရှယ်ယာဒိုင်၏ အဖွဲ့သို့ ဝင်ကြေးပေး၍ မှတ်ပုံတင်ထားကြရ၏ ။ တော် ရုံတန် ရုံမခိုင်မြဲသော ကုမ္ပဏီများ ကိုမူ ဤရှယ်ယာဒိုင်က ဝင်ကြေးပေး၍ မှတ်ပုံတင်ရန်လာသော် ယဉ်ယဉ် ကျေးကျေးနှင့် ကန်တော့ဆွမ်းကပ်လွှတ်လိုက်မည် သာ ဖြစ်လေသည်။ လုပ်ငန်း ဒုဒယ် ကြီးမားပြီး အခြေခိုင်နေသော ဧရာမကုမ္ပဏီကြီးတို့ကိုသာ ဝင်ကြေးနှင့် မှတ်ပုံတင်ခွင့်ပြု၍ သို့မှ ၇ှယ်ယာဒိုင်၌ နေရာပေးသည် ဖြစ်သည့် အားလျော်စွာ ၎င်းကုမ္ပဏီကြီးတို့၏ ရှယ်ယာများ သည်လည်း အတိုကောက် နာမည် များ တပ်ပေးခြင်း ခံရလေ၏ ။
လက်ဆွဲသားရေအိတ်ကလေးတစ်လုံး အရင်းပြု၍ ရှယ်ယာပွဲစားလုပ်မည် ကြံလျှင် လည်း ဝေါ(လ်)လမ်းမ ရှယ်ယာဒိုင်သို့ သွားရန် စိတ်ကူးသည်ထက် မြင်းပွဲသွား၍ အပွကြံသည်က ပို၍ ကောင်းအံ့ထင်၏ ။ အဘယ်ကြောင့် ဆိုသော် ရှယ်ယာပွဲစားသည် ပွဲစားကုမ္ပဏီဟူ၍ သတ်သတ်မှတ် မှတ်ရှိရပြီး ဤကုမ္ပဏီအနေနှင့် လည်း ရှယ်ယာပွဲစားလုပ်ကိုင်လိုပါကြောင်းဖြင့် နေရာ တစ်နေရာစာ ရရှိစေရန် အခကြေးငွေ အတော် များများ ပေး၍ ရှယ်ယာဒိုင်အုပ်ချုပ်သူတို့ထံ ဝင်ချင်သလိုဝင်၊ ထွက် ချင်သလိုထွက်နိုင်၍ ချုပ်ချယ်ထားချက်မရှိပေ။ ရှယ်ယာဒိုင်များ တွင် တစ်ချိန်တည်းမှာ ပင် ကျွဲရိုင်းနှင့် ဝက်ဝံ လုပ်ကြသူများ ရှိလေရာ ၎င်းတို့ကို ‘ဦးကျွမ်းကျင်’ များ ဟု ခေါ်ကြ၏ ။ ၎င်းတို့ လက်ထဲ၌ ရှယ်ယာ အမြောက်အများ ရှိကြ၍ ၎င်းတို့သည် ဤရှယ်ယာတို့၏ ဈေးနှုန်းများ မတည်မငြိမ် ဖောက်လွှဲဖောက် ပြန် ဖြစ်မည် ကို အလွန်စိုးရိမ် ကြောင့်ကြ ကြ၏ ။ ထို့ကြောင့် ကျွဲရိုင်းတို့က ရှယ်ယာများ ကို ဈေးမြှင့်၍ ဝယ်နေကြလျှင် ၎င်းတို့က ဤရှယ်ယာများ ကို ဈေးနှိမ်၍ ရောင်းထုတ်ပြီး ဝက်ဝံများ က ရှယ်ယာများ ကို ဈေးနှိမ်နေကြလျှင် ၎င်းတို့က ဤရှယ်ယာများ ကို ဈေးတက်၍ လိုက်ဝယ်ကြလေ၏ ။ သို့အားဖြင့် ရှယ်ယာဈေးကို တည်ငြိမ်အောင် ထိန်းသိမ်းကြသည်။
ယင်းသို့ ပင်တိုင်၊ ပွဲစား၊ ကျွဲရိုင်း၊ ဝက်ဝံ၊ ဦးကျွမ်းကျင်၊ အပျော်တမ်းရင်းနှီးသူ စသည်တို့ဖြင့် ရှုပ်ထွေးပွေလီ၍ အစဉ်သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသော ဤလောကကို အမေရိကန်တို့က ‘ပြည်သူ့အရင်းရှင်စနစ်’ ဟူ၍ ခေါ်ဝေါ်သလောက် ကိန်းစ်ကမူ လူမှု တာဝန်မရှိသော အချောင်သမား များ ဟု ဘွဲ့ထူးပေးထားလေ၏ ။ လီနင်ကမူ ‘ကူပွန်သမား’ များ ဟု သရော်ခဲ့၏ ။ ခတ်ချင်တိုင်းခတ်၊ပက်ချင်တိုင်း ပက်နေရသော ကျွဲရိုင်းနှင့် ဝက်ဝံတို့သည်ကား ဤ ဘွဲ့ထူး ဂုဏ်ထူးများ ကို ဂရုမူဟန် မတူဘဲ လန်ဒန်၊ နယူးယောက် ၊ ဘွန်း၊ ပဲရစ်၊ ရောမ၊ တိုကျို စသော မြို့ကြီးပြကြီးများ တွင် ကာလ ဒေသ ပယောဂလိုက်၍ ကျက်စားလျက်ပင် ရှိနေကြသေးပေသတည်း။
*********************
![]() ကွပ်ကဲထိန်းချုပ်မှုဝန်းကျင်ဒိုင်းနမစ် နှင့် အကောင်းဆုံးပါဖောင်းမဲန့် | ![]() စီးပွားရေးယုတ္တိ အသစ်ငါးပါး | ![]() ၂၁ ရာစုနှစ် ဖွင့်ဆိုချက် |