Cover

ကွပ်ကဲထိန်းချုပ်မှု ဝန်းကျင်ဒိုင်းနမစ်
နှင့်
အကောင်းဆုံးပါဖောင်းမဲန့်
C နှင့် D ဋီကာကျယ်လာခြင်း



မီဝါအိုင်ဒီယာကြီးများ

ရေး ရာအားလုံး အလုံးစုံခြုံငုံပြီး မီဝါအိုင်ဒီယာကြီးတို့ကို ပညာရှင်တို့က ဖော်စပ်ကြသည်။ ယခုခေတ် အစောဆုံး မဟာအိုင်ဒီယာကြီး ကတော့ ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ဖြစ်သည်။ အလားတူ ကြီး ကျယ်ခမ်းနားသော အိုင်ဒီယာကြီးကို အလုံးစုံခြုံငုံ၍ ဂျာမန်ပညာရှင်တို့က ဖော်စပ်ပြသေးသည်။ ဂလိုဘယ် လိုက်ဇေးရှင်းအိုင်ဒီယာနှင့်အပြိုင်ဟုဆိုနိုင်သည်။

သို့ သော် သူတို့က အက္ခရာသင်္ချာဆန်ဆန် ညီမျှခြင်းတစ်ခုတည်းကိုပြသည်။ အဲဒီ ညီမျှခြင်းမှာ C+D? ဟူ၍ ဖြစ်သည်။ C နှင့် D ပေါင်းလျှင် ဘာ ဖြစ်မလဲဟုမေးခြင်း ဖြစ်တန်ရာသည်။ ဒီတော့ C ဟာဘာလဲ၊ D ဟာ ဘာလဲဟု မေးစရာ ဖြစ်လာသည်။ အပေါ်ယံအကျဆုံးလည်း ဖြစ်၊ အရိုးသားဆုံးလည်း ဖြစ်သော အဓိပ္ပာယ် ကား ပူးပေါင်းဆောင်ရွက်မှု (Cooperation)နှင့် ဖွံ့ဖြိုးတိုးတက်မှု (Development) ပေါင်းလျှင် မင်္ဂလာပါဟု ပြောနိုင်သည်။

အဓိပ္ပာယ်မာယာ

C ဆိုသော အက္ခရာတွင် အနက်အဓိပ္ပာယ်မာယာတွေ အလွန်များ လှသည်။ ပညာရှင်တစ်ဦးက C ကို (Cooperation) ပူးပေါင်းဆောင်ရွက်မှု အနေနှင့်ယူကြည့်သည်။ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း သော နှိုးမြင်ရသည့်နည်းတူ ပျက်စီး ဖျက်ဆီးမှု တို့ကိုလည်း ပူးတွဲ မြင်ရသည်။ ကစဥ့်ကလျားဖရိုးဖရဲ ဖြစ်မှု တို့ကို လည်း ပူးတွဲ မြင်ရမည် ။

သို့ ဖြစ်ရာ C ဋီကာ D ဋီကာတို့အကြောင်းကို နောမကျေဘဲ ကမ္ဘာကြီးအကြောင်းကို နားမလည်းနိုင် ဟုဆိုလာသည်။

အညွှန်း (C + D)

၂၀၁၅ ရေနံရှော့ခ်နှင့် ငွေကြေးပိရမစ်

ဆပ္ပလိုင်းနဲ့ အနုတ်အသိမ်းတင်း

ယခုသုံးသပ်သူတို့က အပြောင်းအလဲကို ရိုးရိုးမပြောတော့ဘူး။ ငလျင်ကြောကြီးရွေ့ဘိသကဲ့သို့ ပြောသည်။ (Seismic Shift) ဟု ဆိုလာသည်။

* * * * ** * * * *



၂၀၀၅ ရေနံရှော့ခ်နှင့်ငွေကြေးပိရမစ်

ဆပ္ပလိုင်းနဲ့အနုတ်အသိမ်းတင်း

ယခုသုံးသပ်သူတို့က အပြောင်းအလဲကို ရိုးရိုးမပြောတော့။ ငလျင်ကြောကြီး ရွေ့ဘိသကဲ့သို့ ပြော သည်။ (seismic shift) ဟုဆိုသည်။ အခွင့်အလမ်းတို့ကို ထိုအထဲရှာရမည် လားမသိပေ။ ငလျင်အကြော အရွှေ့အပြောင်းသည် မျက်စိရှေ့တွင် ဖြစ်သည်။ ကမ္ဘာကိုကိုင်လှုပ်သော ဖြစ်ရပ်ကြီးတို့ကို တစ်၊နှစ် ၊သုံး၊လေး တန်းစီး၍ စီးရီးဆွဲကြည့်လျှင် အသည်းအေးစရာတစ်ခုမှမရှိပေ။ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၊ အာဖဂန်နစ္စ တန်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ မတ်ဒရစ်ဗုံးဖောက်ခွဲမှု ၊ ၇/၇ လန်ဒန်ဗုံးဖောက်ခွဲမှု ကက်ထရီနားဟာရီ ကိန်းနှင့်ရေနံဈေးနှုန်းထောင်တက်မှု စသည်တို့ဟူ၍ ဖြစ်သည်။

ထို ဖြစ်ရပ် စီးရီးထဲတွင် ရေနံဈေးနှုန်းထောင်တက်ခြင်းသည် ပို၍ အရေး ကြီးသည်ဟု ဝေဖန်သုံးသပ် ပြလာကြသည်။ ရေနံတစ်စည် ၆၈ဒေါ်လာအထိ ခုန်တက်သွားခဲ့ရာ ၅၄ရာခိုင်နှုန်းလောက်မြောက်သွားသည် ဤတွင် ရေနံဈေးနှုန်းထောင်တက်မှု ကို ၂၀၀၅ခုနှစ် ရေနံရှော့ခ်ဟုခေါ်လြာ ကတော့သည်။ ထိုမျှသာမက သေး ၂၁ရာစုနှစ် တွင် ပထမဆုံးအကြိမ် ဖြစ်ပွားသော ရေနံရှော့ခ်ဟုဆိုသည်။

၂၀၀၅ခုနှစ် ရေနံရှော့ခ် သို့မဟုတ် ၂၁ရာစုနှစ် ပထမအကြိမ်ရေနံ ရှော့ခ်သည် ယခင်ရှော့ခ်များ နှင့် လုံးဝမတူပေ။ အခြေခံအရအလွန်ခြားနားသည်။ ယခုရှော့ခ်၌ ရေနံဈေးနှုန်းတွေ အရမ်းမြင့်တက်ပါလျက် ရေ နံအနုတ်အသိမ်း၊ ရေနံဝယ်လိုအားတို့က လျော့မသွားပေ။ တိုးလို့ပင်လာသည်။ ရေနံဈေးတက်ပါလျက် ရေနံ အဝယ်ကို လျှော့၍ မရကြပေ။ ဤလက္ခဏာကို ပညာစကားနှင့်ပြောလျှင် ဝယ်လိုအားကြိုတင်းလှသည်။ (Highly inelastic demand for oil)ဟု ပြောသည်။

ယခင် ရေနံရှော့ခ်များ ၌ ရေနံတစ်စည် ဒေါ်လာ ၃၀အထက် ထက်ရိပ်ပြသည်နှင့် ရေနံအဝယ်တွေ လျှော့ကြသည်။ လျှော့၍ လည်း ဖြစ်သည်။ ယခု ၂၁ရာစုနှစ် ပထမရေနံရှော့ခ်၌ ရေနံတစ်စည်ဒေါ်လာ ၆ဝ ကျော်သွားသော်လည်း အဝယ်လျှော့၍ မရပေ။ အဘယ်ကြောင့်ဆိုသော် အကြောင်းကြောင်းကြောင့် ရေနံ ကိုလိုအပ်မှု က တအားများ လာသော ကြောင့် ဖြစ်သည်။

ဝယ်လိုအားကြိုးတင်းသလို ယခုရှော့ခ်၌ ရောင်းလိုအားကြိုးလည်း အရမ်းတင်းသည်။ (Highly inelastic supply) ဟုခေါ်သည်။ ရောင်းလိုအား ဆပ္ပလိုင်းကြိုး ဤသို့ တင်းရသည်မှာ အကြောင်းသုံး ကြောင်းကြောင့် ဖြစ်သည်။

ဈေးကွက်ပါဝါဘယ်ရောက်

ပထမအကြောင်းသည် ရေနံတွင်းတွေ ခန်းခြောက်လာသော အချက် ဖြစ်သည်။ ရေနံအတွက်နှုန်းကို အရမ်းတိုးလို့မရတော့ပြီ။ ရှေးပဝေသဏီကတည်းကစသုံးစွဲခဲ့သော ရေနံတွင်းတွေ ခန်းနေပြီ။ ရေနံသစ်တွေ ရှာဖွေရေး ဆိုသည်မှာ လည်း ထင်သလောက်မလွယ်သည့်သဘောရှိနေသည်။ ဒုတိယအကြောင်းသည် ရေနံ ကို အစားထိုးနိုင်သော စွမ်းအင်သစ်တို့ကလည်း တွက်ခြေကိုက်မထွက်နိုင်သေးပေ။ ဤကိစ္စ၌ နျူကလီးယား စွမ်းအင်ကို တိုးချဲ့ဆက်ထုတ်ရန် အလားအလာတွေ ရှိသော်လည်း နျူကလီးယားလက်နက်ပြန့်ပွားရေး ကို စိုးရိမ်းပြီး နျူလီးယားစွမ်းအင်ကို အားမပေးရဲကြပေ။ တတိယအကြောင်းကို အရန်လှောင်ထားသော ရေနံတို့ ကလည်း လျော့နည်းလာသော အချက် ဖြစ်သည်။ ဤအကြောင်းသုံးချက်ကြောင့် ရေနံဆပ္ပလိုင်းကြိုးအရမ်း တင်းလာရသည်။

သို့ ဖြင့် ၂ဝဝ၅ခုနှစ် ရေနံရှော့ခ်၏ အခြေခံဝိသေသသည် ရေနံဝယ်လိုအားနှင့် ရေနံရောင်းလိုအား နှစ် ဖက်စလုံး၌ တင်းနေသော အချက် ဖြစ်သည်။ ဤလိုနှစ် ဖက်အတင်းတွင် ဈေးကွက်ပါဝါ (Market Power) သည် မည် သူ့လက်ထဲရောက်ရှိသွားသနည်းဟု မေးစရာပေါ်လာသည်။ ဈေးကွက်ပါဝါဆိုသည်မှာ ဈေးကွက်အပေါ် စိုးမိုးနိုင်သော အင်အားကိုခေါ်သည်။ ဈေးကွက်စိုးမိုးမှု ၌ ရောင်းသူက စိုးမိုးသလား၊ ဝယ်သူ က စိုးမိုးသလား သို့မဟုတ် ရောင်းသူနှ့သင်ဝယ်သူအင်အားတူနေသလားဆိုပြီး ကြည့်ရသည်။ ယခုရေနံ ရောင်းလိုအားနှင့် ရေနံဝယ်သူတို့ကလည်း ရေနံအဝယ်လျှော့လို့မရ။ ရေနံထုတ်လုပ်သူတို့ကလည်း ရေနံကို တိုးချင်တိုင်းတိုးထုတ်လို့မရတော့သဖြင့် ရေနံဈေးကွက်သည် ရေနံထုတ်လုပ်သူတို့လက်ထဲ စိတ်ကြိုက် ရောက်သွားပြီဟု သုံးသပ်ပြကြသည်။ ထုတ်လုပ်သူက ဈေးကွက်ကို စိတ်ကြိုက်ခြယ်လှယ်နိုင်သွားပြီ။

ရေနံဈေးကွက်သည် ရေနံထုတ်လုပ်သူစိတ်ကြိုက် ဈေးကွက် ဖြစ်သွားရာ၌ အစွန်အဖျားရေနံထုတ် လုပ်သူ (Marginal Producers) တို့ကပင် ရေနံဈေးနှုန်းကိုလိုသလို ကစားနိုင်လာကြသည်။ ဤအခြေအနေ က မည် သည့်အန္တရာယ်ကို မွေးထုတ်ပါသနည်း။ ရေနံဈေးနှုန်းသည် လက်နက် (weapon) ဖြစ်သွားနိုင်သည် ရေနံထုတ်လုပ်သူတို့ထဲမှ အချို့သည် ရေနံဈေးနှုန်းကို လက်နက်အ ဖြစ် မိမိတို့နိုင်ငံရေး ဧဂျင်ဒါများ အတွက် အသုံးပြုနိုင်သည်။ ထို့ကြောင့် အချို့ဆန်းစစ်သူတို့က ရေနံဈေးနှုန်းထောင်တက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေး နိုင်ငံအသီးသီး၏ စီးပွားရေး တို့ကို အသို့ ထိခိုက်မည် နည်းဆိုသော အချက်ထက်ရေနံဈေးနှုန်းသည် နိုင်ငံရေး လက်နက် ဖြစ်သွားမည့်  အန္တရာယ်ကို ပိုပြီးဇောင်းပေးသုံးသပ်နေကြသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို ထိခိုက်မည့် ကိစ္စ၌ လည်း နှစ် ပိုင်းခွဲခြားလေ့လာကြသည်။

ဂေါ့ဒ်နှင့်သူတော် စင်အများ အလား

ပထမပိုင်းက မေးခွန်း ဖြစ်သည်။ ရေနံဈေးနှုန်းထောင်တက်လာမှု ကြောင့် ကမ္ဘာ့စီးပွားရေး တစ်ရပ်လုံး သည် ဆုတ်ယုတ်ကျဆင်းမှု ကပ် (recession)ထဲ ထိုးစိုက်သွားမလားဟူ၍ ဖြစ်သည်။ ဒုတိယပိုင်းသည် စီးပွား ရေး အကျပ်အတည်းဆိုက်လာလျှင် ဘယ်ဒေသက အထိအနာဆုံး ဖြစ်မလဲဆိုသော အချက် ဖြစ်သည်။

ဤ ဒုတိယအချက်နှင့်ပတ်သက်၍ အာရှစီးပွားရေး သည် အထိအနာဆုံး ဖြစ်လိမ့်မည် ဟု ခန့်မှန်းကြ သည်။ အဘယ်ကြောင့်ဆိုသော အာရှ၏ စီးပွားရေး နှင့် လူမှု ရေး ဘဝတို့တွင် ရေနံသည် ဗဟိုသော့ ချက် ဖြစ် နေသော ကြောင့် ဖြစ်သည်။ အထူးသဖြင့် တရုတ်နှင့်အိန္ဒိယတို့သည် မိမိတို့၏ စီးပွားရေး ကို ထိန်းသိမ်းထားနိုင် ရုံမျှအတွက် ရေနံအပေါ်အဓိကမှီခိုနေရပြီ။

ရေနံသည် နိုင်ငံတိုင်းအတွက် မဟာဗျူဟာကျသော ကုန်ပစ္စည်း ဖြစ်သည်။ တစ်ဖက်၌ ရေနံသည်ရှား ပါးကုန် ဖြစ်လေရာ ရှေ့အနာဂတ်၌ ရေနံလုပွဲက ထိပ်တန်းတက်လာစရာရှိသည်ဟု ကမ္ဘာ့ရေး ရာ ကျွမ်းကျင် သူတို့က ခန့်မှန်းထားကြသည်။ အချို့ပညာရှင်တို့က ရေနံလုပွဲလို့မခေါ် ရေနံဦးတည်ရာ လမ်းလုပွဲ (Struggle for direction of oil supply)ဟု ခေါ်သည်။ ရေနံကို မိမိနိုင်ငံထဲ အများ ဆုံးရောက်ရှိအောင် ကြိုး ပမ်းမှု ကို ရည်ညွှန်းသည်။ ရေနံလမ်းကြောင်း မိမိဘက်လှည့်ဖို့အရေး ကြီးသည်။

ထိုသို့ ရှိနေစဉ် အကြမ်းဖက်သမားတို့က ရေနံဆပ္ပလိုင်းကို နှောင့်ယှက်ဖျက်ဆီးနိုင်သည်။ ရေနံအ တွက် ဆပ္ပလိုင်းကို ဖျက်ဆီးရုံတင်မက ရေနံသယ်ရာလမ်းတို့ကိုလည်း ဟန့်တားပိတ်ဆို့နိုင်သည်။ သို့ ဖြင့် ရေနံကို အကြောင်းပြုပြီး အရှေ့အာရှနိုင်ငံများ အဖို့ မလက္ကာရေလက်ကြားလုံခြုံရေး သည် အလွန်အရေး ကြီးလာသည်။ ဤရေလက်ကြားမှ ရေနံတင်သင်္ဘောတွေ အများ စုဖြတ်သန်းသည်။

ထိုအခြေအနေတွင် အမေရိကန်အစိုးရက ရေနံကိုအမေရိကန်လုံခြုံရေး အတွက် အခြေခံအရ အရေး ပါသော မဟာဗျူဟာအရေး (Strategic issue) အ ဖြစ်သတ်မှတ်ပြီး တရုတ်ပြည်၏ ရေနံမဟာဗျူဟာကို အန္တရာယ်အ ဖြစ်မြင်သည်မှာ အလွန်မိုက်မဲရာကျသည်ဟု ဝေဖန်သည်။ အတကယ်စင်စစ်၌ အနာဂတ်ရေနံ ပြဿနာတို့အတွက် အမေရိကန်နှင့်တရုတ်ပူးပေါင်းဆောင်ရွက်ရေး သည် သော့ ချက်ကျပေသည်။

တရုတ်ပြည်သည် မိမိ၏ ကုန်သွယ်ရေး ပိုငွေတို့ကို အမေရိကန်အစိုးရ၏ ငွေတိုက်လက်မှတ် (ဆီကျူရီကီ)တို့ကို ဝယ်ထားသည်။ အမေရိကန်ဒေါ်လာသည် တစ်ခုတည်းသော ကမ္ဘာသုံးငွေကြေးမှနန်း ကျနေသည်။ ငွေကြေးပိရမစ်ထိပ်တွင် ဒေါ်လာနှင့်အတူ အခြားငွေကြေးတို့လည်း ငွေမာများ အ ဖြစ်ရောက်ရှိ လာသည်။ တချို့က ပိရမစ်ထိပ်ထဲ ဂေါ့ဒ်တွေ များ လာပြီဟုဆိုသည်။ အချို့ ဂေါ့ဒ်တစ်ဆူနှင့် သူတော် စင်အ များ ကြီးရှိသော ပိရမစ်ဟုတင်စားသည်။

Ref : Time, IHT.

* * * * ** * * * *



အလျားလိုက်ပေါ်လစီမှ ဈေးကွက်သို့ ကော်ပိုရိတ်တိုက်ပွဲ

အလျားလိုက်သို့

တက္ကနိုလိုဂျီတို့က ယခု ၂၁ရာစုနှစ် ၌ လူတို့၏ ဘဝအထွေထွေ ကုမ္ပဏီတို့၏ ဘိဇနက်လုပ်ပုံလုပ် နည်းအဝဝတို့အပေါ် သြဇာတိက္ကမကြီးလွန်းသဖြင့် တက္ကနိုလိုဂျီကအရာရာကိုပိုင်းဖြတ်သည့် ခေတ်ဟုအဆို ရှိလာသည်။ Technologicat Deteminism ဟုခေါ်သည်။ တက္ကနိုလိုဂျီ ဖြစ်ထွန်းမှု တို့ကလည်း မျိုးစပ်ပေါင်းစုံ သော နည်း (convergences) တွေ ဖြစ်၍ လူနှင့်ကုမ္ပဏီတို့သည် ယှဉ်ပြိုင်နိုင်သော စွမ်းပကား (Compettive capacity)တို့သော တိုးတက်ကောင်းမွန်သည်မဟုတ်။ အခြားသူတို့နှင့်ပူးပေါင်းကြံဆနိုင်သော စွမ်းပကား (collaborative capacity)တို့လည်း တိုးတက်ကောင်းမွန်လာကြသည်။

အကျိုးဆက်အားဖြင့် ဒေါင်လိုက်စီမံခန့်ခွဲမှု (vertical management)ယိုင်သွားသည်။ သမားရိုးကျရှိခဲ့သော နည်းမှာ အမိန့်နှင့် ကွပ်ကဲမှု (command and control) ဖြစ်၍ အထက်အောက် (top-down structure) ဖြစ်သည်။ ယခု တက္ကနိုလိုဂျီများ ဆန်းသစ်မှု တို့ကြောင့် အထက်အောက်စီမံခန့်ခွဲမှု ပုံသဏ္ဍာန် အားချည့်သွားသည်။ အထက်အောက်စီမံ ခန့်ခွဲမှု သည် မိမိအဖွဲ့အစည်းအတွင်း ကိုဗဟိုပြုသည်။

ယခုအခါ မိမိအဖွဲ့အတွင်း အထက်အောက်စီမံခန့်ခွဲနိုင်ရုံဖြင့် ဘိဇနက်၌ အောင်မြင်လိမ့်မည် ဟု အာမခံနိုင်တော့ပေ။ တခြား တက္ကနိုလိုဂျီတို့ကို သုံးတတ်မှ၊ သူများ နှင့် ပူးပေါင်း ဆောင်ရွက်တတ်မှ၊ အခြားကုမ္ပဏီတို့နှင့် ပူးပေါင်းကြံစည်နိုင်မှ၊ အခြားအဖွဲ့အစည်းတို့နှင့် ပူးတွဲ လုပ်တတ်ကိုင်တတ်မှ အရာရောက်လာနိုင်သည်။ အောင်မြင်နိုင်လာသည်။ မိမိကုမ္ပဏီဖွံ့ဖြိုးရေး အတွက် သာမက သက်ဆိုးရှည်ရေး အတွက်လည်း အခြားသူတို့နှင့် ပူးပေါင်းကြံဆရမည် ။ ယင်းမှာ အလျားလိုက်စီမံခန့်ခွဲခြင်း (horizontal management) ကိုညွှန်းသည်။

ယခုကုမ္ပဏီတစ်ခုက အခြားကုမ္ပဏီတစ်ခုကိုဝယ်သည်၊ မျိုသည်။ ကုမ္ပဏီချင်း ပေါင်းစည်းကြသည်။ acquisition and merger တို့သည် အလျားလိုက် စီမံခန့်ခွဲခြင်းပင် ဖြစ်သည်။ ထို့ကြောင့် တက္ကနိုလိုဂျီများ အံ့မခန်းဖွံ့ဖြိုး တိုးတက်လာမှု ကြောင့် ၊ တစ်နည်းပြောရလျှင် တက္ကနိုလိုဂျီများ အံ့မခန်းဖွံ့ဖြိုးတိုးတက် လာမှု တို့ကြောင့် ၊ တစ်နည်းပြောရလျှင် တက္ကနိုလိုဂျီများ မျိုးစပ်ပေါင်းဆုံမှု တို့ကြောင့် ဒေါင်လိုက် စီမံခန့်ခွဲမှု သည် အားချည့်သွား၍ ဖိုးကပ်စ်သည် အလျားလိုက် စီမံခန့်ခွဲမှု ဘက် ရွေ့လျားသွားသည်ကို သတိချပ်အပ်သည်။ top down မှ side-by-side သို့ပြောင်းနေကြပြီ။

ဤတိမ်းညွှတ်ချက်သည် အိုင်တီကမ္ဘာ၌ ပိုမိုလျင်လျင်မြန်မြန် ဖြစ်ထွန်းနေသည်။ ဂလိုဘယ်ကော်ပို ရေရှင်းကြီးတို့သည် အလျားလိုက်ဖွဲ့စည်းပုံကို စီမံခန့်ခွဲတတ်ရန် အလျင်အမြန် လေ့လာဆည်းပူးကြသည်။ တစ်နည်းပြောလျှင် ကုမ္ပဏီတို့သည် ဈေးကွက်ထဲ၌ ယှဉ်ပြိုင်နိုင်အားကောင်းအောင် ကြိုးပမ်းနေကြသလို အခြားကုမ္ပဏီ၊ အခြားအဖွဲ့အစည်း၊ အခြားအစိုးရတို့နှင့် လည်း ပူးပေါင်းကြံဆနိုင်အားကောင်းရန် တစ်ပြိုင်နက်တည်း ကြိုးပမ်းနေကြသည်။

ကော်ပိုရေး ရှင်းနှစ် မျိုး

ကုမ္ပဏီလောကခေါ်ခေါ်၊ ကော်ပိုရိတ်လောကကခေါ်ခေါ် ဘိစနက်လောကတွင် အပိုပစ္စည်း နှစ် မျိုးနှစ် စားရှိလာသည်။ပထမကော်ပိုရေး ရှင်းတို့သည် ပုဂ္ဂလိကအစုရှင်တွေ ပိုင် ကော်ပိုရေး ရှင်းကြီး တို့ ဖြစ်သည်။ အမေရိကန် ကော်ပိုရေး ရှင်းတို့ ဖြစ်သည်။ ဒုတိယအမျိုးအစားသည် အစိုးရပိုင်ဆိုင်မှု ပါသော ကော်ပိုရေး ရှင်းတွေ ဖြစ်ကြသည်။ တရုတ်ကော်ပိုရေး ရှင်း ကြီးတို့ကို ညွှန်းသည်။

သို့ဖြင့် ယနေ့ ဂလိုဘယ်ကော်ပိုရေး ရှင်း လောကတွင် ပုဂ္ဂလိကပိုင် ကော်ပိုရေး ရှင်းကြီးများ နှင့် အစိုးရသြဇာခံ ကော်ပိုရေး ရှင်းကြီးတို့ အသည်းအသန် ယှဉ်ပြိုင်လာကြသည်။ ပုဂ္ဂလိကပိုင်နှင့် အစိုးရရှယ်ယာပါ ကော်ပိုရေး ရှင်းတို့ ဟူ၍ ခြားနားလင့်ကစား “အေအမ်” (acquisition) နှင့် (merger) ယဉ်ကျေးမှု ကိုမူ နှစ် မျိုးစလုံးက ကျင့်သုံးရန်ကြိုးပမ်းကြသည်။ တစ်နည်းပြောလျှင် အလျားလိုက်စီမံ ခန့်ခွဲမှု ဘက် ဦးလှည့်ခြင်း ဖြစ်သည်။ ထိုအတွက် တရုတ်ရေနံကော်ပိုရေး ရှင်း CNOOC က အမေရိကန် ရေနံကော်ပိုရေး ရှင်း ယူနိုကဲလ်ကို ဝယ်ယူရန်ကြိုးပမ်းသည်။ သို့ရာတွင် အမေရိကန် နိုင်ငံရေး သမားတို့က တရုတ်ရေနံကော်ပိုရေး ရှင်းသည် တရုတ်အစိုးရ အစုရှယ်ယာပါသည် ဆိုသော အချက်ဖြင့် လည်းကောင်း၊ အမေရိကန်ရေနံကော်ပိုရေး ရှင်းသည် မဟာဗျူဟာလုံခြုံရေး တွင် အရေး ကြီးသည်ဟူသော အဆိုပြုချက်ဖြင့် လည်းကောင်း အရောင်းအဝယ်ကို ပိတ်ဆို့ခဲ့သည်။ တရုတ်ဘက်ကလည်း ယူနိုကဲလ်ကိုဝယ်ယူရန် ကမ်းလှမ်းချက်တို့ကို ရုပ်သိမ်းလိုက်သည်။

စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ချက်မှာ တရုတ်ကော်ပိုရေး ရှင်းတို့တွင် နိုင်ငံခြားသား များ က အစုရှယ်ယာများ ဝယ်ယူထားကြခြင်း ဖြစ်သည်။ ၎င်းနိုင်ငံခြားသား အစုရှင်တို့သည် ကုမ္ပဏီများ ဥပဒေအရ အနည်းစုအစုရှင်(minority share-holder) တွေ ဖြစ်ကြသည်။ ဥပဒေအရ အနည်းစုအစုရှင်တို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန် တာဝန်ရှိ၍ နိုင်ငံခြားသားအစုရှင်တို့ကို တရုတ်ကော်ပိုရေး ရှင်းတို့၏ ဘုတ်အဖွဲ့တွင် ဒါရိုက်တာများ အ ဖြစ်ခန့်ထားသည်။ ထို့အပြင် တရုတ်ကော်ပိုရေး ရှင်းတို့သည် အစိုးရ သြဇာခံဟုဆိုသော်လည်း အမေရိကန်စတိုင်လ်ဖြင့် စီမံခန့်ခွဲနေကြသည်။ စတော့အိတ်ချိန်းတို့နှင့် ချိတ်ဆက်သည်။

တရုတ်ဘက်မှ ချေပချက်တစ်ရပ်ရှိသည်။ တရုတ်ကော်ပိုရေး ရှင်း တို့တွင် အစိုးရရှယ်ယာများ ပါဝင်သော်လည်း တရုတ်အစိုးရက ကော်ပိုရေး ရှင်းတို့အရေး တွင် ဝင်ရောက်မစွက်ဖက်ဟု ထောက်ပြသည်။ ယူနိုကဲလ်အား ဝယ်ယူရန် ကိစ္စ၌ လည်းကောင်း၊ နောက်ပိုင်းဝယ်ရန် အစီအစဉ်တို့ကို ရုပ်သိမ်းရာ၌ လည်းကောင်း အစိုးရက ဘာမျှ ဝင်ရောက်ပြောဆိုခြင်းမရှိကြောင်း၊ ဒါရိုက်တာအဖွဲ့ကသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်းရှင်းပြသည်။ ဂလိုဘယ်ကော်ပိုရိတ်လောကတွင် အစိုးရရှယ်ယာ၊ အစိုးရသြဇာအာဏာကို စိန်ခေါ်ခြင်းသည် ယနေ့ ကမ္ဘာ့ကုမ္ပဏီလောက၏ ထူးခြားသေသာ ဝိသေသဟုဆိုရမည် ။

စနစ်နှစ် မျိုး

တရုတ်ပြည်စီးပွားရေး စနစ်တွင် နှစ် မျိုးရှိသည်။ ပထမအမျိုးအစားသည် ပေါ်လစီရှေ့ဆောင် စီးပွားရေး ဖြစ်၍ ဒုတိယအမျိုးအစားသည် ဈေးကွက်ရှေ့ဆောင် စီးပွားရေး ဖြစ်သည်။ policy-based system and market mechanism-based economy တို့ဟူ၍ ဖြစ်သည်။ ပေါ်လစီအခြေခံစီးပွားရေး တွင် ဈေးကွက်ယန္တရားကို ဂရုမစိုက်ပေ။ ဈေးကွက်ကဘယ်လိုပဲ တောင်းဆိုတောင်းဆို အရေး မကြီး။ ပေါ်လစီကသာ အရေး ကြီးသည်။ ပလေရာတို့သည် အထက်ကချပေးသော ပေါ်လစီကသာ အရေး ကြီးသည်။ ပလေရာတို့သည် အထက်ကချပေးသော ပေါ်လစီအတိုင်း အကောင်အထည် ဖော်ရုံ ဖြစ်သည်။

ယခုတရုတ်ပြည်က ပုဂ္ဂလိကအစိတ်အပိုင်းကိုပို၍ အားပေးသည့်နည်းတူ ပေါ်လစီအခြေစိုက် စီးပွားရေး ကဏ္ဍသည် ၃၀ရာခိုင်နှုန်းသာရှိတော့သည်။ အများ စုသည် ဈေးကွက် ယန္တရား အခြေစိုက် ဘက်ရွှေ့ပြီးကြပြီ ဖြစ်သည်။ ရှေ့ဆက်ပြီး ပေါ်လစီတိုးချဲ့သွားမည် ၊ ဈေးကွက်ယန္တရားကို အကောင်အထည်ဖော်ရန် ခက်ခဲသော အပိုင်းနှင့် ဒေသ တို့၌ သာ ပေါ်လစီဖြင့် စီမံမည် ဟုဆိုသည်။

ဤသဘောကိုကြည့်လျှင် တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲမှု သည် “ညက်” သည်ဟုဆိုရမည် ။ အစိုးရပိုင်ဆိုင်မှု ကို လျှော့ချရေး ရှု့ထောင့်ထက် ပေါ်လစီပိုင်းလျှော့ချရေး ရှု့ထောင့်ကို ပို၍ အလေးပေး ကြောင်းတွေ့ ရမည် ။ ဈေးကွက်နှင့် ပေါ်လစီယှဉ်နေရာတွင် ပေါ်လစီကိုလျှော့၊ ဈေးကွက်ကိုတိုး မဟာဗျူဟာကို ကျင့်သုံးနေသည်ဟုဆိုရမည် ။ ပေါ်လစီသည် ကျေးလက်စီးပွားရေး တွင် များ ခဲ့သည်။ ယခုပေါ်လစီဖြင့် စီမံအုပ်ချုပ်သော စနစ်ကို ကျေးလက်တို့၌ ဖျက်သိမ်းပစ်လိုက်သည်။ ကျေးလက် ငွေစုငွေချေးဘဏ်တို့ကို ပေါ်လစီဖြင့် မချိတ်၊ ဈေးကွက်ဖြင့် ချိတ်သည်။

အက်စ်အိုအီးလို့ခေါ်သော နိုင်ငံပိုင်လုပ်ငန်း အများ အပြားတို့ကိုလည်း ကော်မာရှင်ဆန်ဆန် ဖွဲ့စည်းစေသည်။ အစိုးရပေါ်လစီ ပါတီပေါ်လစီကို ကြည့်ရန်မလို။ ဈေးကွက်ကိုသာ ကြည့်ရန်လိုသည်။ ကုမ္ပဏီများ အ ဖြစ်ပြန်လည် ဖွဲ့စည်းစေပြီး စတော့အိပ်ခ်ချိန်းတို့နှင့် ချိတ်ဆက်ခိုင်းလိုက်သည်။ စတော့အိပ်ခ်ချိန်းတွင် အေရှယ်ယာ၊ ဘီရှယ်ယာဆိုပြီး ရှိလာသည်။ ဘီရှယ်ယာတို့ကို အများ ပြည်သူတို့က ဝယ်ယူနိုင်သည်။ နိုင်ငံပိုင်လုပ်ငန်းတို့ကို စတော့အိပ်ခ်ချိန်းဖြင့် ချိတ်ဆက်စေပြီး ဈေးကွက်ယန္တရားအပေါ် အခြေံခံခိုင်းသည်။ တစ်နည်းပြောလျှင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော ကော်ပိုရေး ရှင်းတို့တွင် အစိုးရက ရှယ်ယာပါသော်လည်း ပေါ်လစီနှင့် မကိုင်ပေ။ ဈေးကွက်ယာမအတိုင်း ဆောင်ရွက်စေသည်။

ရုရှား၌ နိုင်ငံပိုင်လုပ်ငန်းတို့ကို ပုဂ္ဂလိကပိုင်းအားရောင်းချသည်။ ၀ယ်ယူသူတို့က အစိုးရကအမှတ်တံဆိပ်ဖြင့် လက်ဝါးကြီးအုပ်သည်။ အော်လီဂါစီ (Oligarchy) ခေါ်သည်။ ရုရှားအော်လီဂါစီသည် ဈေးကွက်ကိုအခြေစိုက်သော်လည်း ဈေးကွက်ကို ပုံသဏ္ဍာန်ပျက်အောင်လုပ်သည်။ distortion of market ဟုခေါ်သည်။ ဂလိုဘယ်ကော်ပိုရိတ်လောကအကြောင်း အကျဉ်းတည်း။

အညွှန်း - China Daily, IHT, Economist

* * * * ** * * * *



ရေနံရှောခ့်အပြီး ရွှေရောခ့်လား၊
စရိတ်တွန်း အင်ဖလေးရှင်းသစ်

ဧကန်မဲ့မှု

မည် သည့် မီဂါ ဖြစ်ရပ်တို့ကို ခဲအော့စ်သီအိုရီမှ လိပ်ပြာဥပမာဖြင့် တင်စားပြောဆိုလို့ရနေသည်။ တစ်နေရာမှ လိပ်ပြာတစ်ကောင်တောင်ပံခတ်လိုက်ရုံဖြင့် ကမ္ဘာ၏ ဝေးကွာသော အရပ်တို့၌ လှိုင်းတံပိုးများ ရိုက်ပုတ်သွားနိုင်သည်။ မကြာသေးမီက ဤခဲအောခ့်သီအိုရီကို တရုတ်ယွမ်ငွေဒေါ်လာနှင့် ပက်လုပ်ထားခြင်းမှဖြုတ်ပစ်လိုက်ခြင်းအားဖြင့် ယွမ်ငွေတန်ဖိုးမြှင့်လိုက်ခြင်းကိစ္စတွင် အသုံးပြုပြောဆိုခဲ့သည်။ ယခုလည်း ရေနံဈေးနှုန်းခုန်ပေါက်မြင့်တက်လာခြင်းကိစ္စ၌ လိပ်ပြာဥပမာကို ပေးကြပြန်သည်။

ခဲအောခ့်သီအိုရီက မသေချာဧကန်မဲ့မူ(Uncertainty) ကိုဟောသည်။ ဧကန်မဲ့သော အခြေအနေတွင် ဘာမဆို ဖြစ်နိုင်သည်။ အသေးအဖွဲကလေးတို့ကလည်း မထင်မှတ်ဘဲ ဂယက်ကြီးတွေ ဖြစ်နိုင်သည်။ မမျှော်လင့်သော အကျိုးဆက်တွေ ပေါ်တတ်သည်။ Risks ခေါ် စီးပွားရေး စွန့်စားရမှု တွေ မျိုးစုံပေါ်နိုင်သည်။ ထို့ကြောင့် စွန့်စားရမှု ဘေးအန္တရာယ်တွက်ချက်မှု သည် ရှုခင်းမျိုးစုံဖြင့် တွက်ရသည်။ ရှုခင်းတစ်ခု၊ နှစ် ခုနောက်ခံထား တွက်လို့မလုံလောက်တော့ပေ။ ယခုရေနံရှောခ့်ပေါ်နေသည်။ ရေနံစိမ်းတစ်စည်ဒေါ်လာ ၇၀ နားတစ်ဝိုက်လှုပ်ရှားနေသည်။ ဤရေနံရှောခ့်ကို ၂၀၀၅ခုနှစ် ပထမရေနံရှောခ့်လို့လည်းခေါ်သည်။ ၂၁ရာစုခုနှစ် ပထမဦးဆုံးရေနံရှောခ့်လို့လည်းခေါ်သည်။ မည် သို့ ပင်ခေါ်ခေါ် ယခုပင် ဤရေနံရှောခ့်၏ အကျိုးသက်ရောက်မှု နှင့် ပတ်သက်ပြီး ပညာရှင်တို့အကြား အငြင်းပွားလာသည်။

ပညာရှင်အချို့က ယခုရေနံရှောခ့်သည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု (Growth)ကို ထိခိုက်မည် ၊ ကျဆင်းစေမည် ဟုဟောသည်။ အခြားပညာရှင်အချို့က အင်ဖလေးရှင်း (အရပ်ရပ်ဈေးနှုန်းများ တက်မှု ) အပေါ်သက်ရောက်မည် ၊ အင်ဖလေးရှင်း တက်လိမ့်မည် ဟုဟောသည်။ သို့ ဖြင့် ရေနံရှော့ခ်သည် ဖွံ့ဖြိုးမှု (Growth) ကိုကျဆင်းစေမလား၊ သို့ တည်းမဟုတ် အင်ဖလေးရှင်း (Inflation) ကိုတက်စေမည် လား၊ သို့တည်းမဟုတ် နှစ် မျိုးစလုံး ဖြစ်နိုင်ချေ မရှိစေဘူးလားဟူ၍ အငြင်းပွားလာကြသည်။ ထိုအခြေအနေတွင် ကမ္ဘာ့ဘဏ်အိုင်အမ်အက်ဖ်နှင့် ဂျီဆဲဗင်း အုပ်စုက ဝါရှင်တန်တွင် တွေ့ ဆုံသည်။

ပြဿနာ၏ သော့ ချက်

အင်ဖလေးရှင်းတွင် ယခုရေနံရှောခ်အလို့ငှာ အင်ဖလေးရှင်းပုံစံနှစ် မျိုးကို စဉ်းစားရမည် ။ ပထမပုံစံမှာ စရိတ်ကတွန်းသော အင်ဖလေးရှင်း (cost-pushed inflation) ဖြစ်၍ ဒုတိယပုံစံမှာ ဝယ်လိုအားကတွန်းသော အင်ဖလေးရှင်း (demand-pushed inflation) ဖြစ်သည်။

ရေနံဈေးနှုန်းတွေ ထောင်တက်လာသဖြင့် ရေနံသုံးစွဲရသော အရပ်ရပ်စရိတ်တွေ လည်း ထောင်တက်သည်။ ထိုသို့ စရိတ်တွေ ထောင်တက်သဖြင့် အင်ဖလေးရှင်းသည် စရိတ်ကတွန်းသော အင်ဖလေးရှင်းပုံစံ ဖြစ်မည် ။ သို့ရာတွင် ရေနံစရိတ်ကို လျှော့ချနိုင်လျှင် အင်ဖလေးရှင်းဒဏ် သက်သာမည် ဟု ဆိုနိုင်အားကို လျှော့ဖြတ်နိုင်မှ ဖြစ်မည် ။ ဤအချက်သည်ပင် ပြဿနာ၏ သော့ ချက် ဖြစ်နေသည်။ ရေနံဝယ်လိုအားကို လျှော့ချနိုင်ပါ့မလား…။

ပွဲမဝင်ခင် ဖင်ပြဲ

ဤကိစ္စကို စဉ်းစားအဖြေရှာရန် ကမ္ဘာ့ဘဏ်အိုင်အမ်အက်ဖ်နှင့် ဂျီဆဲဗင်း အုပ်စုတို့ဝါရှင်တန်တွင် တွေ့ ဆုံဆွေးနွေးကြသည်။ ဤဆွေးနွေးပွဲ၌ ရေနံစရိတ်တို့ကို ဘယ်လိုလျှော့ချနိုင်မလဲဆိုသော ပြဿနာကို အဓိကထား ဆွေးနွေးကြသည်။

မဆွေးနွေးခင်ကပင် သူတို့ဆွေးနွေးသော အကြောင်းအရာသည် အောင်မြင်မှာ မဟုတ်ဟု ထင်ကြေးပေးခံနေရသည်။ ကြေညာချက်တွေ ထုတ်၊ ရေနံစရိတ်တွေ လျှော့ဖြတ်ကြပါလို့ဆရာလုပ်တိုက်တွန်း ရုံဖြင့် ပြီးနိုင်သော ကိစ္စ မဟုတ်ပေ။ နိုင်ငံအတော် များများ သည် အထူးသဖြင့် ချမ်းသာသော နိုင်ငံနှင့် ထွန်းသစ်လာသော နိုင်ငံတို့သည် အခြေခံကျကျ ရေနံအပေါ် မှီခိုနေရသည်။ ရေနံကို မူးယစ်ဆေးဝါး စွဲသလို စွဲနေကြပြီ။ Oil addict ဟုဆိုသည်။ ဤအခြေအနေတွင် ရေနံစရိတ် လျှော့ချရန်မလွယ်ပေ။ ရေနံဝယ်လိုအား လျှော့ချရန်မလွယ်ပေ။ ထို့ကြောင့် ဂျီဆဲဗင်းဆွေးနွေးပွဲသည် ပွဲမဝင်ခင်ကပင် ဖင်ပြဲနေပြီဟုပြောလာသည်။ ဆိုလိုသည့် သဘောမှာ ရေနံစရိတ်လျှော့ချခြင်းဖြင့် အင်ဖလေးရှင်းကို တားဆီးရန်ဆိုသည့် ရည်မှန်းချက်သည် အောင်မြင်နိုင်စရာမရှိဟု ပြောခြင်း ဖြစ်သည်။

ရွှေရှော့ခ်

အမေရိကန်ဗဟိုဘဏ် ဖက်ဒ်က ၁၁ကြိမ်မြောက်အတိုးနှုန်းကို ၃ဒသမ ၇၅ရာခိုင်နှုန်းအထိ တိုးမြှင့် လိုက်သည်။ ရေနံဈေးနှုန်းထောင်တက်ချိန်နှင့် ကက်ထရီနာမုန်တိုင်းတိုက်ခတ်ချိန်တို့နှင့် ဆုံပြီး အတိုးနှုန်းမြှင့် လိုက်ခြင်း ဖြစ်သည်။ အတိုးနှုန်းမြှင့်ခြင်းသည် အင်ဖလေးရှင်းကို ထိန်းကွပ်ရန် ဖြစ်သည်။ယခု ရေနံဈေးနှုန်း ထောင်တက်လာမှု ကြောင့် အမေရိကန်၌ အင်ဖရေး ရှင်းတက်လာနိုင်ရာ ဤသည်ကို ကြိုတင်တား ဆီးရန် အတွက် အတိုးနှုန်းမြှင့်လိုက်ခြင်း ဖြစ်သည်။

အချို့ပညာရှင်တို့က ရေနံဈေးနှုန်းထောင်တက်မှု ကြောင့် နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးမှု (Growth) တို့ကို ထိခိုက်မည် ဟုဟောသည်။ ဖွံ့ဖြိုးမှု ကိုထိခိုက်ရသည့် အဓိကအကြောင်းသည် ရေနံစရိတ် ကြီးထွား လာမှု ကြောင့် ဖြစ်မည် ဟုဆိုသည်။ ၎င်းပညာရှင်တို့က အင်ဖလေးရှင်းကိုထည့်မတွက်ပေ။ စင်စစ်အားဖြင့် ရေနံဈေးနှုန်းထောင်တက်မှု ကြောင့် စရိတ်တွန်းအင်ဖလေးရှင်းပေါ်မည် ။ အင်ဖလေးရှင်းကြောင့် စရိတ်ကြီးမှု သည် ပြန့်သွားမည် ။ ထိုမှတစ်ဆင့် ဖွံ့ဖြိုးမှု ကိုထိခိုက်မည် ။ ရေနံပြဿနာ ရောဂါ တက်ချိန်တွင် သုတေသနအဖွဲ့ တစ်ဖွဲ့က နောင်နှစ် တွင် ရွှေဈေး ရောဂါ လည်း တက်ဦး မည် ဟုဆိုသည်။ ရေနံ ရောဂါ ထက်ပင် ပိုမိုပြင်းထန်လာဖွယ် ရှိသည်ဟုဟောကိန်းထုတ်ထားသည်။

စီးပွားရေး တွင် အစစ်အမှန်စီးပွားရေး အပိုင်း (real economy) နှင့် ဘဏ္ဍာရေး အပိုင်းတို့ဆိုပြီး နှစ် ပိုင်းခွဲသည်။ အစစ်အမှန်စီးပွားရေး ဆိုသည်မှာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု တို့ကို ရည်ညွှန်းသည်။ ပြီးခဲ့သော ကာလများ က ဘဏ္ဍာရေး ပိုင်း၌ ရောဂါ ထခဲ့သည်။ ဒေါ်လာတန်ဖိုးကျဆင်းမှု နှင့် ယွမ်ငွေတန်ဖိုး နှိမ်ထားမှု တို့ ဖြစ်သည်။ ယွမ်ငွေကိုလည်း ဒေါ်လာနှင့် ပက်ဖြုတ်ပစ်လိုက်ပြီး ယွမ်ငွေတန်ဖိုးမြင့်သွားသည်။ ဘဏ္ဍာရေး အပိုင်းတွင် ပါဝင်သော ငွေချေးအာမခံစာချုပ် (ဘွန်း) ဝင်ငွေတွေ ကျဆင်းနေသော ရောဂါ ဖြစ်နေပြန်သည်။ အတိုးနှုန်းဖြင့် ရောဂါ ကုရန် ကြံစည်နေကြသည်။

ဘဏ္ဍာရေး အပိုင်း ရောဂါ များ ပေါ်လာပြီးသော အခါ ကုန်ပစ္စည်း (commodity) အပိုင်း ရောဂါ က ခပ်ဆိုးဆိုးပေါ်လာသည်။ ကုန်ပစ္စည်းစာရင်းတွင် ရေနံ၊ ရွှေ၊ သတ္တု၊ လယ်ယာသီးနှံစသည်တို့ ပါဝင်သည်။ ယခုရေနံ ရောဂါ က ရှော့ခ်အ ဖြစ်ရိုက်သည်။ နောင်နှစ် ၌ ရွှေရှောခ် ပေါ်မလိုလို သုတေသန အဖွဲ့က ဟောကိန်းထုတ်သည်။

* * * * ** * * * *



ဧကန်မဲ့ကြား ဘေးအန္တရာယ်ကိုဘယ်လိုတွက်သလဲ

ဝိသေသလေးမျိုး၊ စရိုက်သုံးမျိုး

ဘိစနက်လုပ်လျှင် အခြေခံမှန်းဆချက်တစ်ခု လက်ကိုင်ထားရသည်။ ယင်းမှာ ဘာမျှ သေချာ ရေရာခြင်းမရှိ၊ ဧကန်မရှိဟု ယူဆထားခြင်း ဖြစ်သည်။ ဒီလိုယူဆထားမှလည်း အရဲစွန့်ရသော သဘောအကြောင်း၊ ဘေးအန္တရာယ်အကြောင်း စိတ်ထဲစွဲမြဲနေမည် ။ ဘာမျှရေရာခြင်းမရှိခြင်းကို uncertainty ဟုခေါ်သည်။ ဤဧကန်မဲ့မှု တွင် ဆုံးရှုံးနစ်နာနိုင်သော ဘေးအန္တရာယ်(risks) တွေ က များ လှ သည်။

ထို့ကြောင့် ဧကန်းမဲ့သော ၀န်းကျင်၌ ဘေးအန္တရာယ်တို့ကို တွက်တတ်၊ ချက်တတ်ရန်လိုသည်။ Calculation of risks သည် သော့ ချက်ဟုဆိုသည်။ ထိုအကြောင်းမပြောမီ မိမိဘိစနက်၏ ၀ိသေသတို့ကို ကြိုတင်သိရှိထားရန် လိုသည်။ အခြေခံအားဖြင့် ၀ိသေသ၄ပါး ရှိပါလိမ့်မည် ။

(၁) မိမိထုတ်လုပ်သော ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှု တို့၏ ဈေးနှုန်းလှုပ်ရှားမှု တို့ကို မျက်ခြည်မပြတ် စောင့်ကြည့်ရသည်။

(၂) မိမိကုမ္ပဏီတို့၏ အစုရှယ်ယာဈေးနှုန်းပေါက်ဈေးတို့ကို စောင့်ကြည့်ရသည်။ (စတော့အိပ်ခ်ချိန်း မရှိသော နေရာတို့၌ ဤအချက်ကို ခြွင်းချက်ထားနိုင်သည်။)

(၃) မိမိက ငွေချေးငှားလုပ်ခြင်း ဖြစ်၍ အတိုးနှုန်းလှုပ်ရှားမှု တို့ကို စောင့်ကြည့်ရမည် ။

(၄) မိမိဘိစနက်သည် နိုင်ငံခြားငွေနှင့်ငွေချေးမှု သို့ မဟုတ်ရောင်းဝယ်ဖောက်ကားမှု ပါဝင်သဖြင့် တစ်နည်းပြောလျှင် နိုင်ငံခြားငွေအစိတ်အပိုင်း (Forelgn Exchange Component)ပါဝင်သဖြင့် နိုင်ငံခြားငွေလဲလှယ်ရေး နှုန်းထားလှုပ်ရှားမှု တို့ကိုလည်း စောင့်ကြည့်ရမည် ။

ဤဝိသေသ၄ပါးကို ဂရုမူပြီး ဧကန်မဲ့မှု အတိုင်းအတာကိုခန့်မှန်းရမည် ။တွေ့ ကြုံနိုင်ဖွယ် ဘေး အန္တရာယ်တို့ကို တွက်တတ်ချက်တတ်ရမည် ။ တွက်ချက်ရမည့် သူက မိမိ ဖြစ်လေရာ မိမိသည် ဘယ်လို စရိုက်နဲ့လူလည်းဟူ၍ လည်း ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ရန်လိုသည်။ ဤကိစ္စနှင့် ပတ်သက်၍ ဘိစနက်မဲင်းတို့၏ စရိုက်သုံးမျိုးအကြောင်းကို စီမံခန့်ခွဲမှု ပညာရှင်တို့က သရုပ်ခွဲပြသည်။

ပထမစရိုက်

ဘေးအန္တရာယ်ရှာဖွေသူ (Risk-seekers)

သူတို့သည် စွန့်စားရမှာ မကြောက်၊ လက်မတွန့်။ သူတို့က ဘေးအန္တရာယ် အားရှာဖွေခြင်းကို ရည်ရွယ်ချက်အနေဖြင့် ရှာဖွေခြင်းမဟုတ်။ not as an end. အနေဖြင့် ရှာဖွေခြင်း ဖြစ်သည်။

သူတို့သည် စွန့်စားနိုင်လျှင် ပို၍ အကျိုးအမြတ်ကြီးနိုင်သည်ဟု ယုံကြည်သည့်အားလျော်စွာ စွန့်စားရမှု နှင့် အကျိုးအမြတ်ကြား ချိတ်ဆက်ထားသည်။ risk and return ချိတ်သည်။ သူတို့သည် လက်ကြီးစွန့်သလောက် အမြတ်ကြီးကြီးမျှော်လင့်သည်။

ဒုတိယစရိုက်

ဘေးအန္တရာယ်ကိုမနှစ်သက် သူ (Risk Aversion)

ထိုသူတို့သည် ဘေးအန္တရာယ်ကို ကန့်သတ်သည်။ မစွန့်စားလို။ အမြတ်ကြီးကြီးမရလည်း ကိစ္စမရှိ။

မစွန့်ရလျှင်ပြီးရော သဘောထားမျိုးရှိသည်။ အမြတ်အနည်းငယ်နှင့် ကျေနပ်သည်။ လက်ကြီးမကစားလို။သို့

သော်ဤစရိုက်နှင့် ပတ်သက်၍ အစွန်းမရောက်သော အနက်အဓိပ္ပာယ် ဖွင့်ဆိုမှု တစ်ခုရှိသည်။ ယင်းမှာ အကျိုးအကြောင်း စဉ်းစားသော သူသည် တစ်စုံတစ်ရာသော ဘေးအန္တရာယ် အဆင့်ကိုချင့်ချိန်ပြီး အမြတ်ကြီးကြီးကို မျှော်လင့်တတ်သည်။ တဖက်မှလှည့်ပြောလျှင် တစ်စုံတစ်ရာသော အမြတ်နှုန်း၌ သူတို့သည် အန္တရာယ်အနည်းဆုံး အခြေအနေကိုရှာဖွေသည်။

တတိယစရိုက်

ဘေးအန္တရာယ်ကိုကြားထားသူ (Risk Central)

ဤသူတို့သည် မိမိဆုံးဖြတ်ချက်ကြောင့် ရလဒ်တွေ ဘယ်လိုပေါ်နိုင်သည်၊ ရလဒ်အကျဉ်းအကျယ်

(range of octcomes) ဘယ်လိုရှိမည် ကို အလေးမမူကြပေ။ သူတို့ကရလဒ်တို့အပေါ် သိပ်အာရုံမထား။

သူတို့စွဲစွဲမြဲမြဲလက်ခံ ထားသော တန်ဖိုး (single value) အပေါ်သာ အာရုံပြုသည်။ သူတို့အဖို့ ပျှမ်းမျှခြင်း

တွေ ပြောပြလျှင် လုံလောက်သည်။

ဆုံးဖြတ်ချက်နှင့် ဖြစ်နိုင်ချေများ

အထက်ပါစရိုက်သုံးမျိုးသည် အကောင်းမြင်ဝါဒတို့ကို ထင်ဟပ်ခြင်း ဖြစ်သည်။ အခွင့်အလမ်းချင်း

တူပါလျက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကွဲလွဲနိုင်ပုံကိုညွှန်းသည်။ ဆုံးဖြတ်ချက်တစ်ရပ်မှ ဖြစ်ပေါ်လာနိုင်ဖွယ်

ရှိသော ရလဒ် (outcomes) တို့ကို အကဲဖြတ်ရာ၌ စရိုက်လိုက်ပြီး ကွဲလွဲနိုင်သည်ကို ပြသည်။ မသေချာမရေ

ရာမှု နှင့် ဘေးအန္တရာယ်မည် သော အယူအဆတို့သည် ဆုံးဖြတ်ချက်တစ်ခုမှ ဖြစ်နိုင်ခြေရလဒ်တွေ အမျိုးမျိုး

ရှိနိုင်ခြင်းကို အသိအမှတ်ပြုသည်။ ရလဒ်တစ်ခုတည်းမဟုတ်။ ရလဒ်အမျိုးမျိုးပေါ်နိုင်သည်။ ဖြစ်နိုင်ခြေရလဒ်

မျိုးစုံကိုတွက်သော ပညာကို အော်ပရေးရှင်းရီဆာ့ခ်ျ (Operation research) ဟုခေါ်သည်။

ဆုံးဖြတ်ချက်တခုမှရလဒ်တွေ အမျိုးမျိုးပေါ်သည်။ ဘေးအန္တရာယ်နှင့် မသေချာမရေရာမှု တို့ကြား

ခြားနားချက်ကိုလိုက်ပြီး ရလဒ်တို့၏ အရေအတွက် တန်ဖိုးနှင့် ဖြစ်နိုင်ခြေတို့ကို ကိန်းဂဏန်းတို့ဖြင့် တွက်ချက်

ဖော်ပြနိုင်သည်။

ဘေးအန္တရာယ်အကြောင်းကို ဖဲဝိုင်းဖြင့် ဥပမာပေးနိုင်သည်။ ကြုံရာဖဲတစ်ချက်ကို ဆွဲယူလိုက်ပါ။ ဖဲထုပ်တစ်ထုပ်၌ ၅၂ချပ်ရှိလေရာ ဆွဲယူသော ဖဲချပ်သည် စပိတ်တစ် ဖြစ်၊ မ ဖြစ်ကို တွက်ယူနိုင်သည်။ ဖြစ်နိုင်ချေ ၅၂မျိုး ရှိချေမည် ။ စပိတ်တစ် ဖြစ်ရန် ၁/၅၂= ၁.၉၂၃ရာခိုင်နှုန်းရှိမည် ။

အခြေအနေလေးပါး

သို့သော် ဖဲချပ်ဆွဲခြင်းဥပမာကလည်း မသေချာမရေရာမှု နှင့်ဘေးအန္တရာယ်တို့ကြား ခြားနား မှု ကိုကွက်တိပေါ်အောင် မဖော်နိုင်ပြန်ပေ။ မန်နေဂျာတို့သည် မသေချာမရေရာမှု နှင့် ဘေးအန္တရာယ် တို့မတူညီပုံကိုသိသည်။ ခြားနားပုံကိုသိသည်။ ထို့ကြောင့်ဤပြဿနာကိုပညာရှိရှိလက်တန်းမှန်း ဆမှု (educated guessworks) တို့ဖြင့်ဖြေရှင်းကြသည်။ ဘိစနက်မဲင်းတို့သည် တို့ဖြင့်ဖြေရှင်းကြသည်။ ဘိစနက်မဲင်းတို့သည် လက်တန်းတွက်ကြသည်။ လက်တန်းဆုံးဖြတ်ချက်များ ချသည်။ သို့သော် သူတို့၏ လက်တန်းမှန်းဆမှု တို့သည် အရမ်းလုပ်သည် မဟုတ်ပေ။ပညာသားပါသည်။

ပညာပါသော လက်တန်းမှန်းဆမှု ဆိုသည်မှာ ဆုံးဖြတ်ချက်တစ်ရပ်မှ ဖြစ်နိုင်ခြေ၇လဒ်တို့ကိုတွက်ရ ၏ ။ဤရလဒ်တို့နှင့်တွဲ့ ၍ ဖြစ်ပေါ်သော ဖြစ်နိုင်ခြေအကျိုးဆက်တို့ကိုတွက်ရသည်။ ဤသို့တွက်ရာ၌ ဘိစနက်မဲင်း၏ အထက်ဖော်ပြစရိုက်တို့ကိုငဲ့ပြီး အပြောင်းအလဲရှိနိုင်သည်။ ထို့အပြင် ဈေးကွက်၏ သဘာဝ ပေါ်လိုက်၍ လည်း ဘေးအန္တရာယ်တွက်နည်းကွဲလွဲနိုင်သည်။

ဈေးကွက်အခြေအနေကို တွက်ရာ၌ လည်း လေးမျိုးခွဲတွက်နိုင်သည်။ (၁)အခြေအနေအညံ့(bad conditions)၊ (၂) အခြေအနေဆိုးဝါး(poor conditions)၊ (၃) အခြေအနေသင့် (fair conditions)နှင့် (၄)အခြေအနေကောင်း(good conditions)တို့ဟူ၍ ဖြစ်သည်။ ဤဈေးကွက်အခြေအနေလေးမျိုးပေါ်တွင် ချဉ်းကပ်နည်းသုံးနည်းကိုအကြံပြုကြသည်။

ပထမချဉ်းကပ်နည်းကို maxi-min approach ဟုခေါ်သည်၊ အခြေအနေအညံ့နှင့်အခြေအနေ အဆိုးဈေးကွက်တွင် အရှုံးအနည်းဆုံး ဖြစ်အောင်ကြိုးပမ်းခြင်း ဖြစ်သည်။။ ဒုတိယချဉ်းကပ်နည်းကို maximax နည်းဟုခေါ်သည်။ဤဈေးကွက်အခြေအနေလေးမျိုးပေါ်တွင် ချဉ်းကပ်နည်းသုံးနည်းကိုအကြံပြုကြသည်။

ပထမချဉ်းကပ်နည်းကို maxi-min approach ဟုခေါ်သည်၊ အခြေအနေအညံ့နှင့် အခြေ အနေအဆိုးဈေးကွက်တွင် အရှုံးအနည်းဆုံး ဖြစ်အောင်ကြိုးပမ်း ဖြစ်သည်။ ဒုတိယချဉ်းကပ်နည်းကို maximax နည်းဟုခေါ်သည်။အဆိုးထဲကအကောင်းပေါ်လိမ့်မည် ဟူသော အကောင်းမြင်မျှော်လင့်ချက်ဖြင့် ဖြစ်နိုင်ခြေရှိသော အမြတ်အများ ဆုံးပေါ်ရန်ကြိုးပမ်းသည်။ တတိယချဉ်းကပ်နည်းကို minimax regret approach ခေါ်သည်။ အတိုကောက် “ဝမ်းနည်းရခြင်း”လို့ လည်းခေါ်သည်။ ဤချဉ်းကပ်နည်းမှာ ဆုံးဖြတ်ချက်သည် ယနေ့အခြေအနေပေါ်မတည်ဘဲ မနက်ဖြန်အခြေအနေပေါ်မူတည်ထားခြင်းဖြင့် သည်။ နက်ဖြန်၌ ကံစွပ်ပြီးအခြေအနေကောင်းသွားလျှင် ဝမ်းသာမည် ။အကယ်၍ နက်ဖြန်ကျမှ အခြေအနေဆိုးဝါး သွားလျှင် ဝမ်းနည်းပက်လက် ဖြစ်မည် ။

အထက်ပါတို့ကား အခွင့်အလမ်းနှင့်အတူတွဲ ရှိသော ဘေးအန္တရာယ်နှင့်အတူတွဲ `ရှိသော အန္တရာယ် နှင့်မသေချာမရေရာမှု ကို အကြောင်းပေတည်း။ လက်တန်းမှန်းဆချက် ပညာသားပါရမည့် အရေး တွင် မိမိ စရိုက်ကလည်း အတော် စကားပြောသည်။

* * * * ** * * * *



ရွေးချယ်မှု လေငန်း၊ ခရုအိမ်၊ ဖရိုဖရဲလိုက်ပ်စတိုင်


အစဉ်လိုက်ဖယ်

“linear thinkers များ လျှောက်ထားရန်မလိုပါ”

အလုပ်တစ်ခု၏ လျှောက်လွှာကြေညာချက်တွင် ဖော်ပြထားသော အချက်တစ်ချက် ဖြစ်သည်။ အလျားအလိုက်၊ အစဉ်လိုက်စဉ်းစားသူတို့အား အလိုမရှိဟုပြောခြင်း ဖြစ်သည်။ အလျားလိုက်၊ အစဉ်လိုက် စဉ်းစားသူသည် တစ်ပြီးလျှင် နှစ် ၊ နှစ် ပြီးလျှင်သုံး၊ သုံးပြီးလျှင်လေးစသည်ဖြင့် အစဉ်အတိုင်း စဉ်းစားသည်။

ယခု တက္ကနိုလိုဂျီအံ့မခန်း ဖြစ်ထွန်းမှု တို့သည် အလျားလိုက်၊ အစဉ်လိုက် ဖြစ်ထွန်ြး ကတော့သည်

မဟုတ်ပေ။ ခုန်ပေါက်ကျော်လွှားပြီး ဖြစ်ထွန်းသည်။ အစဉ်အတိုင်းမဟုတ်။ တစ်ကနေနှစ် မလာဘဲ ငါးနှင့်

ခြောက်သို့ ခုန်ကျော် သွားတတ်သည်။ ဤလို ဖြစ်စဉ်ကို အစဉ်လိုက်မဟုတ်သော ဖြစ်စဉ် (non-linear) ဟု

ခေါ်သည်။ အစစ်အမှန်သည် အစဉ်လိုက်မဟုတ်တော့သည့်အချိန်တွင် အစဉ်လိုက်စဉ်းစားသူသည် အ သွား

သည်။ အသုံးမ၀င် ဖြစ်သွားသည်။ ထို့ကြောင့် ကုမ္ပဏီတို့က အလုပ်အကိုင်ခေါ်ဆိုရာ၌ အထက်ပါအတိုင်း အစဉ်လိုက် စဉ်းစားတတ်သူတွေ လျှောက်ထားရန်မလိုပါဟု ကြိုတင်တားမြစ်ခြင်း ဖြစ်တန်ရာသည်။

ခေတ်က ဒီဂျစ်တဲလ်ခေတ် ဖြစ်သည်။အကျိုးဆက်အားဖြင့် ကိရိယာ အရပ်ရပ်သည် ကိုယ်ရေး သုံး

(personal) တွေ ဖြစ်လာသည်။ မိုဘိုင်းတွေ ဖြစ်လာသည်။ ဤသို့ သော တစ်ကိုယ်ရေလက္ခဏာ (personalization) ကြောင့်မာမီကလည်း သူ့တီဗီနှင့် သူ၊ ဒက်တီကလည်း ကိုယ့်တီဗီနှင့် ကိုယ် ဖြစ်လာသည်။ မိုဘိုင်းတီဗီတွေ ဖြစ်လာ၍ ကိုယ်ရေး သုံးများ ဖြစ်လာသော အခါ ဘာကိုရွေးချယ် ရမှန်းပင်မသိ

ဖြစ်လာသည်။ နောက်ဆုံးစိတ်ရှုပ်ပြီး ဘုနှိပ်ပစ်လိုက်သည်။ ၄င်းကို ရွေးချယ်မှု လေငန်း (choice paralysis)

ဟုခေါ်သည်။

စင်ပြိုင်ဘာ ဖြစ်လာသနည်းဆိုမူ ကမ္ဘာ့ရေး ရာတို့သည်လည်း ဒေသလက္ခဏာ (local) တွေ များ လာ သည်။ ကမ္ဘာလုံးချီပြဿနာကြီးတို့ထက် ဒေသရေး ရာတို့က ပို၍ အရေး ကြီးလာသည်။ ကမ္ဘာ့ခေါင်းဆောင် တွေ ဒေသအရေး တို့နှင့် အလုပ်ရှုပ်နေကြရသည်။ တက္ကနိုလိုဂျီနှင့် ဆက်သွယ်ရေး စနစ်တို့တွင် တစ်ကိုယ်ရေ သုံး ဖြစ်လာပြီး ကမ္ဘာ့ခေါင်းဆောင်များ တွေ့ ရသည့်ပြဿနာတို့က ဒေသပြဿနာတွေ ဖြစ်လာခြင်းတို့ကို ထောက်ချင့်၍ ကမ္ဘာကြီး ပို၍ လည်းပြာချပ်သွားသည်။ အဓိပ္ပာယ်ယ်မှာ အခွင့်အလမ်းတွေ ကူညီလာခြင်းတို့ ညွှန်းသည်။

လိုက်ဖ်စတိုင် ဖတ်ခနဲ

လိုက်ဖ်စတိုင်နှင့် ပတ်သက်သော အခြေခံမှန်းဆချက်တစ်ရပ်ကလည်း တကယ့်ဟာရီကိန်းနှင့် တွေ့ ကြုံသော အခါ ဖတ်ခနဲကွဲသွားသည်။ ဟာရီကိန်းနှင့် ကြုံလျှင် မော်တော် ကားကြီးကြီးကိုထုတ်၊ ဓာတ်ဆီ အပြည့်ထည့်၊ ပစ္စည်းတွေ ကားပေါ်တင်၊ ခရက်ဒစ်ကတ်တစ်ပြုံကြီးကို အိတ်ထဲထည့်၊ လမ်းမကြီးပေါ်မောင်း ထွက်၊ ဟိုတယ်ကြီးတစ်ခုရှေ့ကားရပ်ပြီး မိသားစုက ဟာရီကိန်းကို ရှောင်ရုံ ဖြစ်သည်ဟုမှန်းဆထားခဲ့ကြ သည်။ ယခုကတ်ထရီနာ ဟာရီကိန်းတွင် နယူးအော်လင်းမှ မိသားစုတွေ ဤမှန်းဆချက်အတိုင်း မပြုလုပ်နိုင် ကြပေ။

ကားကြီးကြီးမရှိ၊ ဓာတ်ဆီဘယ်ရှာရမှန်းမသိ၊ အိမ်ခေါင်မိုးတွေ အပေါ်သာတက်ပြေးနိုင်ကြသည်။ ဤ ကိစ္စနှင့် ပတ်သက်၍ အချက်အနှစ် ချက်က ဘူးပေါ်သလိုပေါ်လာသည်။ ပထမ အချက်က အမေရိကန် တောင်ပိုင်း၏ ဆင်းရဲမွဲတေမှု ကို ဖွင့်လှစ်ပြလိုက်သည်။ အခြေခံမှန်းဆချက်အတိုင်း အိမ်တိုင်းကားရှိကြ သည်မဟုတ်။ ဒုတိယအချက်၌ မိမိနေသော အိမ်ကို အသက်နှင့် ထပ်တူအတော် မြတ်နိုးကြပုံပေါ်သွားသည်။ အိမ်များ မှ မစွန့်ခွာလိုကြပေ။

သဘာဝဘေးအန္တရာယ်သည် အဆင့်မြင့်သည်ဆိုသော လိုက်ဖ်စတိုင်ကို ဖရုဖရဲ ဖြစ်စေသည်။ ယခု လည်းရေနံဈေးနှုန်းတွေ ထောင်တက်လာမှု ကြောင့် အမေရိကန်လိုက်ဖ်စဆိုင်ကိုပြင်ဆင်ကြရဦးမည် ။ အမေရိကန်လိုက်ဖ်စတိုင်၌ မော်တော် ကားဗဟို ဖြစ်သည်။ ယခင်က မောင်တော် ကားသည် လူမှု ရေး ဖွံ့ဖြိုးတိုး တက်လာသော အခါ မော်တော် ကားသည် အိမ်တိုင်းအတွက် မရှိမ ဖြစ်လိုအပ်ချက် ဖြစ်လာသည်။

ထိုကြောင့် လိုက်ဖ်စတိုင်တွင် မော်တော် ကားသည်မရှိမ ဖြစ်လိုအပ်ချက်အ ဖြစ် ဖွဲ့စည်းလာရသည်။ ဤသို့ ဖွဲ့စည်းနိုင်ရန်လည်း ဓာတ်ဆီကအလွန်ဈေးပေါပေးသည်။ ယခုဓာတ်ဆီတစ်ဂါလန်း ၃ဒေါ်လာကျော် သော အခါအပေရိကန်လိုက်ဖ်စတိုင်သည်အချိုးပြောင်းရတော့သည်။ မော်တော် ကားကို ချွေတာစီးမလား သို့ မဟုတ် ဓာတ်ဆီစားသက်သာသော ကားအသေးလေးတွေ စီးမ်လားဆိုပြီး ဖြစ်သည်။

အောက်အခြေခံလိုင်း

ရေနံဈေးနှုန်းအရမ်းမြင့်တက်လာသော အခါ ရေနံသည်နိုင်ငံရေး လက်နက် ဖြစ်လာနိုင်သည်ဆိုသော အယူအဆပေါ်သည်။ ရေနံထုတ်လုပ်သူတို့က ရေနံကိုလက်နက်အ ဖြစ် သုံးစွဲလာနိုင်သော အလားအလကို သာမြင်သည်။ ဥပမာ - ယခု အီရန်ကအီရန်၏ အဏုမြူစွမ်းအင်ပြဿနာအား ကုလသမဂ္ဂလုံခြုံရေး ကောင်းစီ သို့ တင်သွင်းခြင်းကို ထောက်ခံသည့်နိုင်ငံတို့အား ရေနံမရောင်းဟုအကျပ်ကိုင်လိုက်သည်။ ရေနံသည် နိုင်ငံလက်နက် ဖြစ်သွားခြင်း သာဓက ဖြစ်သည်။

သို့ ရာတွင် အင်ဒိုနီးရှား၌ မူ နိုင်ငံရေး လက္ခဏာဆောင်ပုံမှာ တစ်မျိုး ဖြစ်သည်။ သမ္မတာဆူဟာတိုလက် ထက်က ဓာတ်ဆီဈေးနှုန်းမြှင့်တင်လိုက်သဖြင့် နိုင်ငံရေါ်အပြောင်းအလဲ ဖြစ်သွားသည်။ သမ္မတဆူဟာတို ရာထူးမှနုတ်ထွက် ပေးလိုက်ရသည်။ ယခုလည်း အင်ဒိုနီးရှားသမ္မတသစ်က ဓာတ်ဆီကို အရှုံးခံ၍ အစိုးရက ရောင်းချပေးနေသော ပံ့ပိုးမှု ကို လျှော့ချလိုက်သည်။ ဤပေါ်လစီကို သမ္မတသစ်က အထူးသတိထားပြီး ဆောင်ရွက်ပုံရသည်။ ဆိုလိုသည်မှာ ရေနံနိုင်ငံရေး လက်နက် ဖြစ်လာပုံ၌ ထုတ်လုပ်သူကလည်း အသုံးပြုနိုင်သည်။ နှစ် ဖက်လွှဓား ဖြစ်ပုံရှိသည်။

လူငယ်တို့အတွက် အရေး ကြီးဆုံးအချက်သည် အလုပ်အကိုင်ဈေးကွက် (job market) ဖြစ်သည်။ ယခု ဤအလုပ်အကိုင်ဈေးကွက်သည် အမျိုးသားနယ်နိမိတ်ကို ကျော်ဖြတ်နေသည်။ ဂလိုဘယ် အလုပ်အကိုင် ဈေးကွက် ဖြစ်လာသည်။ ပြည်ပသို့ အလုပ်ရှာထွက် နေကြသည့် သဘောမှာ အလုပ်အကိုင်ဈေးကွက် ဂလိုဘယ် ဖြစ်လာခြင်းကို ပြသည်။ သို့ သော် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာကြီးသည် ခရုအိမ်လို ငယ်သွားသည်။

စာသင်ကြားခြင်းသည် ပညာခရီးထွက်ခြင်း ဖြစ်သည်။ Journey of knowledge ဟုခေါ်သည်။ ယခု ဤထက်ပိုသည်။ အချို့က အတွေ့ အကြုံပင်လယ်ခရီး (voyage of experience) ဟုဆိုသည်။ မည် သည့်ခရီးထွက်ထွက် ပညာနှင့် အတွေ့ အကြုံတို့၏ အောက် ၌ အခြေခံလိုင်းတစ်ခုရှိသည်။ ထို့ကြောင့် ခရီးသွားသူသည် ကမ္ဘာကြီး၌ ဘာတွေ ဖြစ်နေသနည်းဟု သိရှိရန် နားနှင့် မျက်စိအမြဲ ဖွင့်ထားရသည်။ ဥာဏ်သုံးနိုင်ရမည် ။

* * * * ** * * * *



မာလ်တီဖော်မက်ထဲမှ ဆန်းပြားသော အတွဲ များ

သဘာဝ ယုတ္တိမဲ့အတွဲ အစပ်များ

စီးပွားရေး တွင် ခပ်ဆန်းဆန်း အတွဲ အစပ်တွေ ပေါ်သည်။ အချို့အတွဲ အစပ်တို့သည် တွဲ မကောင်း။ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆန့်ကျင်ဘက်နှစ် ခုကိုတွဲ သည်။ အချို့အတွဲ အစပ်တို့က လိုက်ဖက်ညီသည်။ သဘာဝ ကျသည်။ သို့ သော် စီးပွားရေး လောက၌ လိုက်ဖက်ညီပြီး ကြည့်ပျော် ရှုပျော်ရှိသော အတွဲ အစပ်တို့က သိပ်ပြီးအလုပ်မ ဖြစ်တတ်။ အရုပ်ဆိုး အကျည်းတန်ပြီး ဆန့်ကျင်ဘက်အတွဲ အစပ်တို့က ပိုပြီးအလုပ် ဖြစ်တတ်သည်။

ယခုဟောင်ကောင်စီးပွားရေး ကိုကြည့်။ ပရိုဂျက်တွေ အများ ကြီး အကောင်အထည်ဖော်နေသည်။ ဟောင်ကောင်သည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်သည်မှာ မကြာသေးပေ။ ထို့ကြောင့် နန်နီဝါဒရှိသည်။ အစိုးရက ကိုယ့်ကိုယ်ကိုယ် ကလေးထိန်းနီလို့ထင်၊ မြို့သူမြို့သားတို့ကို ကလေးတွေ လို့ ထင်ပြီး အုပ်ချုပ်သည်။ အခြားတစ်ဖက်၌ တရုတ်လူမျိုးတို့၏ ဓလေ့ထုံးစံကွန်ဖြူးရှပ် ဝါဒတို့ပေါင်းစပ် ထားခြင်းကို ထင်ဟပ်သည်ဟု အကဲဖြတ်သည်။

တရုတ်ပြည်မမှ အတွဲ အစပ်တို့သည် တစ်မူထူးခြားသည်။ ဆိုရှယ်လစ်ဝါဒနှင့် ဈေးကွက် ယန္တရားတို့ကို ပေါင်းစပ်ပေးထားခြင်း ဖြစ်သည်။ ဆိုရှယ်လစ်နှင့် ဈေးကွက် ထိမ်းမြားပေးထားသည်။ အခြားတွဲ စပ်မှု တစ်ခုရှိသေးသည်။ ယင်းမှာ လူမှု ရေး တရားမျှတမှု နှင့် စီးပွားရေး စွမ်းရည် ညံ့ဖျင်းမှု တို့ကို ပေါင်းစပ်ပေးထားသော အတွဲ အစပ် ဖြစ်သည်။

ကွန်မြူနစ်ဝါဒသည် အရင်းရှင်လူတန်းစား ဖြစ်ထွန်းမှု ကို အားမပေး။ သို့ သော် “အိုကေ သူဌေး ဖြစ်အောင်လုပ်ပါ” ဟုပြောဆိုခဲ့သည်။ ဤအပြောအဆို အတိုင်းလည်း ကြိုးပမ်းခဲ့ကြရာ တစ်ဦးချင်းတရုတ် သူဌေးတွေ အများ ကြီး ပေါ်လာသည်။ အရင်းရှင် လူတန်းစား ဖြစ်ထွန်းရန် အားမပေးရန် ဆိုသော အခြေခံအိုင်ဒီအိုလိုဂျီနှင့် အိုကေသူဌေး ဖြစ်အောင် ကြိုးပမ်းဟုဆိုသော သြဝါဒတို့သည် တကယ်ပြောလျှင် ဆန့်ကျင်ဘက်တွေ ဖြစ်သည်။ သို့ သော် ဤဆန့်ကျင်ဘက်တို့ကို တွဲ ပေးလိုက် သည်။

တရုတ်ပြည် သမိုင်းတစ်လျှောက်လုံးတွင် တုန်လှုပ်ရင်ခုန်စရာကောင်းသော မဟာတုန်ခါမှု ကြီးတွေ ပေါ်ပေါက်ခဲ့သည်။ မီဂါရှော့ခ်ဟု ခေါ်သည်။ နိုင်ငံရေး သိပ္ပံပညာရှင် တို့ကလည်း ရှော့ခ်ကို အပြောင်းအလဲ ဖြစ်စေနိုင်သော အကြောင်းတရား တစ်ရပ်အ ဖြစ်၊ တစ်နည်းဆိုလျှင် ကိန်းရှင်တစ်ရပ်အ ဖြစ် လျာထား သတ်မှတ်ထားသည်။ နောင်အနာဂတ်တွင် တရုတ်ပြည်အတွက် ရှော့ခ်တွေ ပေါ်လာလိမ့်မည် ဟု မျှော်လင်ထားကြသည်။ သို့သော် မည် သည့်ရှော့ခ်တွေ မှန်းတော့ မသိပေ။

ယင်နှင့် ယန်

ရှော့ခ်တွင် နှစ် မျိုးရှိသည်။ ပထမတစ်မျိုးသည် ပြင်ပမှရိုက်သော ရှော့ခ် ဖြစ်သည်။ ဒုတိယရှော့ခ်သည် အတွင်းမှလှိုက်စား၍ ဖြစ်သော ရှော့ခ် ဖြစ်သည်။ ပုံစံသေဝေဖန် ဆန်းစစ်သူတို့က တရုတ်ပြည်သည် ရှော့ခ်တစ်မျိုးမျိုးမရှိဘဲမနေတတ် မထိုင်တတ်သော ဒေသ ဖြစ်သည်ဟု ယူဆပြီး အပြင်ရှောခ့် ဖြစ်စေ၊ အတွင်းရှောခ့် ဖြစ်စေ ထပ်မံပေါ်လိမ့်မည် ဟုယူဆကြသည်။ ဥပမာ-ရေနံရှော့ခ်မျိုး၊ ငွေကြေးတန်ဖိုးရှော့ခ်မျိုး

ဖြစ်သည်၊

သို့ ရာတွင် မကြာသေးမီက တရုတ်ခေါင်းဆောင်တို့က တရုတ်ပြည်၏ ဖလော်ဆော်ဖီသည် တဖြည်းဖြည်းချင်းဝါဒ (gradualism) ဖြစ်သည်ဟု ထုတ်ဖော်ပြောဆို လိုက်ကြသည်။ တဖြည်းဖြည်းချင်း

ဝါဒသည် ရှော့ခ်ကိုပယ်သော ဝါဒ ဖြစ်သည်။ မည် သည့်ရှော့ခ်မျိုးကိုမှ တရုတ်ပြည်က ခံစားရလိမ့်မည် မဟုတ်ဟု ယူဆပုံရသည်။ တရုတ်ပြည်အပြောင်းအလဲတွင် ရှော့ခ်ဖိုက်တာမရှိဟု ပြောခြင်း ဖြစ်သည်။ သို့တည်းမဟုတ် ရှော့ခ်ပေါ်စေကာမူ တရုတ်ပြည်ပ၌ ရှော့ခ်အက်ဘ်ဇောဘာ (absorber) အင်အားကောင်း

သည်ဟု ဆိုလိုပုံရသည်။ ဆိုခဲ့ပါအတိုင်း ထူးခြားဆန်းကြယ်သော အတွဲ အစပ်တို့ဖြင့် အလုပ်လုပ်ခဲ့လေရာ

အောင်မြင်သည်ဟု ဆိုရမည် ။ တရုတ်အတွေးအခေါ်၌ ယင်နှင့် ယန်ဆိုသော ဆန့်ကျင်ဘက် ဓာတ်နှစ် ပါး

သီအိုရီရှိသည်။ တရုတ်ခေါင်းဆောင်တို့သည် ဤယင်နှင့် ယန် ဓာတ်နှစ် ပါးကို လိမ္မာပါးနပ်စွာ တွဲ ဆက်ပေး

နိုင်သည်ဟု ယူဆရမည် ။ တရုတ်ပြည် လူလတ်တန်းစား ဖြစ်ထွန်းပုံသည် အနောက်တိုင်းမှ ဘူဇွာ ဖြစ်ထွန်းပုံ

နှင့် မတူပေ။ အနောက်တိုင်းဘူဇွာတို့သည် ချမ်းသာကြီးပွားလာသည်နှင့် အမျှ သီးခြားလွတ်လပ်သော အနေအထားကို ရယူသည်။ အစိုးရနှင့် ကင်းအောင်နေသည်။ ပြုပြင်ပြောင်းလဲရေး နှင့် ဒီမိုကရေစီတို့ကို ရှေ့ဆောင်သည်။

အချို့သော အနောက်ပိုင်းသိပ္ပံပညာရှင်တို့က တရုတ်ပြည်လူလတ်တန်းစား ဖြစ်ထွန်းမှု ကို အနောက်တိုင်း ဘူဇွာ ဖြစ်ထွန်းမှု နှင့် တစ်ပုံစံတည်း တစ်ထပ်တည်းထား တွက်သည်။ တရုတ်လူတန်းစား တို့က တရုတ်ဒီမိုကရေစီ အရေး ကို ရှေ့ဆောင်လိမ့်မည် ဟု ပုံသေယူဆခဲ့ကြသည်။ တကယ်စင်စစ်၌ ဤသို့

မ ဖြစ်ပေ။ အနောက်တိုင်း နိုင်ငံရေး သိပ္ပံ ပညာရှင်တို့ ခေါင်းရှုပ်သွားသည်။

စင်စစ် သူတို့သုံးသပ်မှု မှားယွင်းခြင်းသာ ဖြစ်သည်။ တရုတ်လူလတ်တန်းစား တို့သည် တရုတ်အစိုးရ

နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ အရိပ်အာဝါသအောက်၌ ကြီးထွားလာရခြင်း ဖြစ်လေရာ ဟိုဟိုဒီဒီတွေးပြီး လမ်းခွဲထွက်စရာ မရှိပေ။ တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီတို့ကို လိုက်လျောညီထွေ သင့်မြတ်အောင်ပေါင်းပြီး ပိုပြီးချမ်းသာအောင် လုပ်နေကြခြင်း ဖြစ်သည်။ သူတို့အဖို့ ဒီမိုကရေစီသည် ဒြပ်မဲ့နေသည်။ ပိုပြီးချမ်းသာအောင်လုပ်ရေး က ပိုပြီးဒြပ်ရှိသည်။ တရုတ်လူလတ်တန်းစားနှင့် ပတ်သက်၍ မိမိတို့ထင်မြင်သလို ဖြစ်မလာသော အခါ အနောက်တိုင်း ပညာရှင်တို့သည် ခပ်ဆန်းဆန်း တွေးခေါ် လာကြပြန်သည်။ ယခုနောက်ဆုံး သူတို့က အင်တာနက် အသုံးပြုမှု ကျယ်ပြန့်လာခြင်းနှင့် အင်္ဂလိပ်စကား

ပေါ်ပြူလာ ဖြစ်လာခြင်းတို့ကို ရေး ကြီးခွင်ကျယ် တင်ပြလာသည်။

ဝိရောဓိကိုစီမံပုံ

အင်တာနက်နှင့် အင်္ဂလိပ်စာသည် တရုတ်ပြည်ကို တစ်နေ့နေ့၌ ပြောင်းလဲပစ်လိမ့်မည် ဟု အနောက်တိုင်းပညာရှင် တချို့က ယူဆကြသည်။ သူတို့ယူဆသလို အနာဂတ်၌ ဖြစ်၊ မ ဖြစ်မှာ စောင့်ကြည့် စရာရှိသည်။ အင်တာနက်သည် တက္ကနိုလိုဂျီလည်း ဖြစ်၊ မီဒီယာလည်း ဖြစ် လက္ခဏာ နှစ် ပါးရှိသော ရုပ်ကိရိယာ တို့ ဖြစ်သည်။ ရုပ်ကိရိယာတို့က ပြောင်းအလဲကို မောင်းလိမ့်မည် ဆိုသော အယူအဆသည် အတော် ထူးဆန်းသည်ဟု ဆိုရမည် ။ လူသာပဓာန အမြင်မှ စွန့်ခွာခြင်း ဖြစ်သည်။ တစ်ဖန် အင်္ဂလိပ်ဘာသာ စကား ပေါ်ပြူလာ ဖြစ်ရုံဖြင့် လည်း အပြောင်းအလဲတွေ ဖြစ်နိုင်သည်ဆိုသော အယူအဆသည် စိတ်ကူးယဉ်လွန်းလှသည်။ သီအိုရီအဆင့်မှ ပြောရလျှင် လူမဟုတ်သော အင်တာနက်နှင့် ဘာသာစကားတို့က တရုတ်ပြည် လူ့အဖွဲ့အစည်းထဲ ရှော့ခ်ရိုက်သွင်းမည် ဟု ဆိုသော မျှော်လင့်ချက်သည် ကိုယ် ဖြစ်ချင်တာကို တွေးကြည့်ခြင်း ဖြစ်ပုံရသည်။

ငြင်းခုံစရာတစ်ခုတော့ရှိသည်။ အင်တာနက်ကို အသုံးပြုသူတို့မှာ လူတွေ ဖြစ်သည်။ အင်္ဂလိပ် ဘာသာ စကားအသုံးပြုသူတို့မှာ လူတွေ ဖြစ်သည်။ ထိုကြောင့် ဤလူတွေ ၏ သဘောထားအမြင်များ ပြောင်းလဲမှု တို့ကြောင့် လူ့အဖွဲ့အစည်း၌ အပြောင်းအလဲ ဖြစ်နိုင်သည်ဆိုသော အချက်သည် သံသယပွားဖွယ်ရှိသည်။ ဤသို့ဆို၍ အင်တာနက်နှင့် အင်္ဂလိပ်စကားတို့က မည် သည့်အပြောင်းအလဲတွေ ဖြစ်ကောင်း ဖြစ်မည် ။ သို့ သော် ဖြစ်ထွန်းနေသော တရုတ်လူ့အဖွဲ့အစည်းအား ပြောင်းပြန်လှန်ပစ်နိုင်သည့် အထိတော့ အကျိုးသက်ရောက်စရာ မရှိဟု ထင်မြင်မိသည်။ တရုတ်ခေါင်းဆောင်မှု ၌ လည်း ပါးရည်နပ်ရည်ရှိသူများ ရှိလေရာ သူတို့က တရုတ်လူ့အဖွဲ့အစည်းအား ခေတ်ပင်မရေစီးကြောင်းအတိုင်း လိုက်လျောညီထွေ ပဲ့ကိုင်သွားနိုင်လိမ့်မည် ဟု ယုံကြည်နိုင်သည်။ တရုတ်ခေါင်းဆောင်မှု အရည်အသွေးကို အထင်မသေးအပ်ပေ။

ထို့ကြောင့် ခေါင်းဆောင်မှု အရည်အချင်းဆိုသည်မှာ ဝိရောဓိတို့ကို တွဲ တတ်၊ ပေါင်းတတ်၊ စပ်တတ်ခြင်းကို ရည်ညွှန်းသည်။ ထို့အပြင် ဝိရောဓိတို့ကို ခွာတတ်၊ ထုတ်တတ်၊ ဖြဲတတ်ခြင်းတို့ကို ရည်ညွှန်းသည်။

မာလ်တီဖော်မက်

တက္ကနိုလိုဂျီများ အံ့မခန်း ဖွံ့ဖြိုးတိုးတက်မှု တို့ကြောင့် လူ့ဘဝသည် ပဒေသာစုံဖော်မက် (multi-formats) ထဲနေလာကြရသည်။ ဤသို့သော ပဒေသာအခင်းအကျင်းထဲ သွက်သွက်လက်လက် လှုပ်ရှားနိုင်တတ်မှ စမတ်ကျသည်ဟုခေါ်သည်။ ထို့အပြင် တက္ကနိုလိုဂျီ ဖွံ့ဖြိုးတိုးတက်မှု တို့အကြား အခင်းအကျင်း တစ်ခုကို တီဗီဂိမ်းပီစီနှင့် မိုဘိုင်းဖုန်းတို့ထဲတွင် တစ်ပြိုင်နက်တည်း မျှောချပြသနိုင်သည်။ သို့ ဖြင့် လူ့ဘဝသည် ပဒေသာအခင်းအကျင်းနှင့် ပဒေသာကိရိယာ တို့ဖြင့် စိုပြေလာသည်။ အခွင့်အလမ်းသည် ပဒေသာအခင်းအကျင်းနှင့် ပဒေသာကိရိယာတို့တွင် ကိန်းဝပ်သည်။

* * * * ** * * * *



စိတ်အညွှန်းမှ မီဒီယာ၏ မသိစိတ်တစ်ပိုင်းသို့

ဟောက်စ်နဲ့ဟုမ်း

နှစ် ပေစလောင်း မန်းနီးချဲနယ်ကို ဖွင့်ကြည့်လိုက်သည်။ “ငွေရှိလျှင်house ဝယ်နိုင်သည်။ သို့သော် home ကိုမ၀ယ်နိုင်´ ဟုဆိုသော စာတန်းကို ဖျတ်ခနဲ ဖတ်မိလိုက်သည်။ တရုတ်စကားပုံလို့လည်းဆိုသည်။ house နှင့် home ကိုသီးခြားစီဖော်ပြသွားသဖြင့် အနက်ချင်းတူဟန်မရှိပေ။ `ငွေရှိလျှင် အိမ်ဝယ်နိုင်သည်။ သို့ သော် အိမ်ကိုမ၀ယ်နိုင်´ ဟု`အိမ်´ ကိုမြန်မာလိုတစ်မျိုးတည်း ရေး ကြည့်လျှင် ဘာကိုဆိုလိုမှန်းသိမည် ။ house နှင့် home ခြားနားပုံရသည်။

တရုတ်စကားပုံကပြောသော home သည် စိတ်ခံစားမှု ပါပုံရသည်။ ရုပ်အဆောက်အအုံ သက်သက်ကို ရည်ညွှန်းပုံမရပေ။ စိတ်၏ ချမ်းသာမှု ကိုလည်း ညွှန်းပုံရသည်။ ဓမ္မရသလည်း ရှိပုံရသည်။ စာရေး သူက ဤအကြောင်းကို အနည်းငယ်ခွဲခြား ပြောရသည်မှာ ယခုတလောစီးပွားရေး အညွှန်းတို့ကို စိတ်အညွှန်းတို့ဖြင့် တိုင်းထွာလာသော ကြောင့် ဖြစ်သည်။

ဥပမာ-ယနေ့ လူတိုင်းအတွက် ပြဿနာနှစ် ရပ်ရှိသည်။ အင်ဖလေးရှင်း (အရပ်ရပ် ဈေးနှုန်းများ တက်ခြင်း) နှင့် အလုပ်မရှိခြင်း (joblessness)တို့ ဖြစ်သည်။ လောလောဆယ် အငြင်းပွားနေ သော ကိစ္စမှာ အလုပ်မရှိခြင်းနှင့် အင်ဖလေးရှင်းတို့တွင် ဘယ်သင်းက အရေး ကြီးသနည်းဆိုသော မေးခွန်း ဖြစ်နေသည်။ အချေအတင် ဆွေးနွေးကြရာ အချို့က အင်ဖလေးရှင်းက ပို၍ အရေး ကြီးသည်။ အချို့က အလုပ်မရှိ ဖြစ်မှု ပို၍ အရေး ကြီးသည်ဟု ငြင်းသည်။

ယခုဘောဂပညာရှင် တစ်ဦးက စိတ်အညွှန်းတစ်ခုဖန်တီး၍ ဤပြဿနာကို ရှင်းပြသည်။ စတင်းဖို့ဒ်တက္ကသိုလ်မှ နိုင်ငံရေး ဘောဂ ဗေဒပညာရှင် ဂျပ်စတင်ဝုဖားလ်သည် ယူအက်စ်နှင့် ဥရောတစ်ခွင်၁၉၃၇-၁၉၉၈ကာလ တစ်ခုလုံးအတွက် လူတွေ ၏ သဘောထားအမြင်ကို ဆာဗေးလုပ်ကြည့် သည်။ အင်ဖလေးရှင်း ဖြစ်သည့်အခါ သူတို့၏ အလုံးစုံပျော်ရွှင်စိတ်ချမ်းသာမှု (overall happiness) အပေါ် ဘယ်လိုထိခိုက်သည်၊ အလုပ်မရှိ၊ အလုပ်လက်မဲ့ ဖြစ်သည့် အခါသူတို့၏ အလုံးစုံပျော်ရွှင် စိတ်ချမ်းသာမှု အပေါ် ဘယ်လိုထိခိုက်သည် ဆိုသော အချက်ကို ကွင်းဆင်းသုတေသနလုပ်ကြည့်သည်။ overall happiness ကိုအခြခံထားသည်။

သူတို့ဆာဗေးက ဘာသွားတွေ့ သနည်းဆိုသော် လူတို့သည်အလုပ်လက်မဲ့ ဖြစ်သည့်အခါ အလွန်စိတ်ဆင်းရဲသည်။ အင်ဖလေးရှင်း ဖြစ်သည့်အခါ ဖြစ်ရသည့်စိတ်ဆင်းရဲ ရခြင်းမျိုးထက် ပိုပြီးစိတ်ဆင်းရဲကြကြောင်းကို တွေ့ ရှိသည်။ ထို့နောက် ၀ုဖားလ်က စိတ်ဆင်းရဲပုံကို အချိုးအစား ရှာဖွေတွက်ကြည့်သည်။ အလုပ်လက်မဲ့ တစ်ရာခိုင်နှုန်း တိုးလာသည့်အခါ တွေ့ ရသော စိတ်ဆင်းရဲမှု သည် အင်ဖလေးရှင်း ငါးရာခိုင်နှုန်းတက်သည့်အခါ ဖြစ်ပေါ်သော စိတ်ဆင်းရဲမှု နှင့် သွားတူညီ နေသည်ကိုတွေ့ ရသည်။

သူ၏ ပေါ်လစီအကြံပေးချက်မှာ အမေရိကန် ဗဟိုဘဏ်သည် အင်ဖလေးရှင်းရော အလုပ်လက်မဲ့ပြဿနာပါ နှစ် ခုစလုံးကို ကိုင်တွယ်သင့်သည်။ သို့ရာတွင် တစ်ခုခုကို ဦးစားပေးရွေးချယ်ရ မည့်  အခြေအနေမျိုးပေါ် ပေါက်လျှင်လူထု၏ စိတ်ချမ်းသာမှု ကို ဗဟိုထားကြည့်ရမည် ။ လူထုသည် အလုပ်မရှိ၊ အလုပ်လက်မဲ့ ဖြစ်လျှင် ပို၍ စိတ်ဆင်းရဲကြသည် ဖြစ်၍ အလုပ်အကိုင်တည်ငြိမ်မှု (employment stability) အား အင်ဖလေးရှင်းမတည်ငြိမ်မှု ကို အနည်းငယ် အနာခံစေပြီး ဦးစားပေးရမည် ဆိုသည်။ ပြောရလျှင် ဤအကြောင်းရေး ချင်၍ house နှင့် home တရုတ်စကားပုံကို ခြေဆင်သယ်လာရခြင်း ဖြစ် သည်။ homeသည် စိတ်ချမ်းသာမှု ကို ထင်ဟပ်ပုံရသည်။

ဒရိုင်ဘာပြောင်းခိုင်းခြင်း

`ခြိုးခြံ ချွေတာ´ ဆိုသော ဆောင်ပုဒ်သည် အောက်သွားပြီ။ ယခု ဖြစ်လာပုံက လူတွေ လက်ဖွာမှ၊ သုံးစွဲမှ စီးပွားရေး တွေ ဖွံ့ဖြိုး တိုးတက်သည်။ ယနေ့ စီးပွားရေး အရ အင်အားကြီးသော တရုတ်နှင့် အမေရိကန် နှစ် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးပုံကို နှိုင်းယှဉ်ကြည့်သည်။ တရုတ်စီးပွားရေး ဖွံ့ဖြိုးမှု သည် ပြည်ပပို့ကုန်တွေ များများ ပို့နိုင်၍ ဖြစ်သည်။ အိပ်စ်ပို့ကမောင်းသော ဖွံ့ဖြိုးတိုးတက်မှု ဟုခေါ်သည်။

အမေရိကန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည် အမေရိကန် စားသုံးသူလူထု လက်ဖွာ သော ကြောင့် ဖြစ်သည်။ အရမ်းသုံးစွဲ ကြသော ကြောင့် ဖြစ်သည်။ စားသုံးခြင်းကမောင်းသော ဖွံ့ဖြိုး တိုးတက်မှု ဖြစ်သည်။ မကြာသေးမီက အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဂျွန်စနိုးနှင့် အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဂရင်းစ်ပဲစ်တို့ တရုတ်ပြည်သို့ ရောက်သွားသည်။ သူတို့နှစ် ဦးစလုံးက တရုတ်ပြည်သည် အိပ်စ်ပို့ အခြေခံဖွံ့ဖြိုး တိုးတက်မှု လမ်းစဉ်ကို စွန့်၍ စားသုံးခြင်းအခြေခံ ဖွံ့ဖြိုးမှု လမ်းစဉ်သို့ ပြောင်းရန် တိုက်တွန်းကြသည်။ တစ်နည်းပြောလျှင် ဒရိုင်ဘာ ပြောင်းခိုင်းခြင်း ဖြစ်သည်။ အိပ်စ်ပို့က ဖွံ့ဖြိုးမှု ကို မောင်းနေသော ဒရိုင်ဘာနေရာတွင် ၀င်ရောက်အစားထိုးရန် ပြောခြင်း ဖြစ်သည်။ တရုတ်တွေ သုံးကြပါ၊ စွဲကြပါ၊ လက်ဖွာကြပါ၊ အရမ်းသုံးကြပါ။ သိပ်ပြီး ကော်တရာကပ်စေးနှဲ စုမနေပါနဲ့လို့ ပြောဆိုသွားကြသည်။ အိပ်စ်ပို့ဖိလုပ်၊ရသမျှဝင်ငွေစုဆိုသော ရှေးခေတ်မာကင်တိုင် လစ်ဇင်းသည် ခေတ်မမီတော့ပြီဟု ပြောခြင်း ဖြစ် သည်။

လက်ဖွာဖို့၊ အရမ်းသုံးစွဲဖို့ တိုက်တွန်းသော အခါ ၀င်ငွေနှင့် ထွက်ငွေ မမျှလျှင် အသို့ လုပ်မည် နည်းဟု မေးစရာပေါ်လာမည် ။ ကိစ္စမရှိ၊ ချေးငှားပြီးသာသုံးဟု ပြောသည်။ သို့ဖြင့် စီးပွားရေး သီအိုရီတွင် propensity to borrow ဆိုသော အယူအဆပေါ်လာသည်။ ချေးငှားခြင်းဘက် ယိမ်းညွှတ်ချက်ဟု ပြောလို့ရသည်။ ချေးငှားမှု ၌ နှစ် မျိုးရှိသည်။ ရင်းနှီးမြှပ်နှံရန်အတွက် ချေးငှားခြင်းနှင့် စားသုံးရန်အတွက် ချေးငှားခြင်းတို့ဟူ၍ ဖြစ်သည်။

ဥာဏ်ပညာကျန်းမာရေး ဆိုတာ

ချေးငှားခြင်းကို အားပေးသည့်အတွက် ချေးငှားခြင်းဈေးကွက် (credit market) ဆိုပြီး ပေါ်လာ သည်။ အားကြီးလာသည်။ ပညာရှင်တစ်ဦးက ဤမျှအရင်းရှင် စနစ်ကြီးထွား တိုးတက်လာရသည်မှာ ချေးငှားခြင်းဈေးကွက်ဖွံ့ဖြိုး သော ကြောင့် ဖြစ်သည်။ တစ်နည်းပြောလျှင် အရင်းရှင်စနစ်သည် အကြွေး တို့ဖြင့် ဖွံ့ဖြိုးလာခြင်း ဖြစ်သည်။

ယခုသက်ကြီးရွယ်အိုတွေ များ လာသည့်အချက်ကြောင့် လည်းကောင်း၊ လူတိုင်းပင်စင်ယူချိန်ကို ပြင်ဆင်လာကြရသည့် အချက်ကြောင့် လည်းကောင်း ချေးငှားခြင်းကို ရှု့ထောင့်တစ်မျိုးဖြင့် ကြည့်ပြန်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည် ပင်စင်ယူရန်ပြင်ဆင် နေကြကုန်သော လူတို့အတွက် သူတို့တင်ရှိနေသော ကြွေးတွေ ဆပ်နိုင်သည့်အပြင် မည် မျှအပိုအလျှံ ရှိနိုင်သနည်းဆိုသော အချက်ဖြင့် တိုင်းထွာလာသည်။ ဖွံ့ဖြိုးတိုးတက်မှု သည် ၀င်ငွေဖန်တီးခြင်းဟူ၍ ယေဘုယျပြောရုံဖြင့် မလုံလောက်ပေ၊ ပင်စင်ယူခါနီး သူတွေ အကြွေး ဆပ်နိုင်လောက်အောင်အထိ ၀င်ငွေတိုးပွားပုံမျိုး ဖြစ်ရမည် ။ သို့ မဟုတ်လျှင် ပင်စင်ယူချိန်၌ အကြွေး တွေ ပါသွားမည် ။ ထိုသို့ မ ဖြစ်စေရန် စီစဉ်ဖို့လိုသော သဘော ဖြစ်သည်။

စီးပွားရေး ၊ ကျန်းမာရေး အကြောင်း ပြောကြဆိုကြရင်း အသိဥာဏ်ပညာ ကျန်းမာရေး (intellectual health) အကြောင်းကိုလည်း ပြောလာဆိုလာကြသည်။ သမားရိုးကျအမြင်အရ စာအုပ်များများ ထွက်လေ စာအုပ်ထဲပါ အကြောင်းအရာတွေ ၊ အရည်အသွေးကောင်းလေ အသိဥာဏ်ပညာ ကျန်းမာရေး တောင့်တင်သည်ဟု ယူဆသည်။ ပညာကို လက်ဆင့်ကူးသည်မှာ စာအုပ်နှင့် စာကြည့်တိုက်တို့ ဖြစ်ကြသည်။ ယခုအမြင်တစ်မျိုးပေါ်လာသည်။

ခေတ်မီတက္ကနိုလိုဂျီတို့သည် စာသားထက် ရုပ်နှင့် အသံတို့ကို အသားပေးလာသည်။ မူဗီ၊ တီဗီ၊ ဗီဒီယို၊ မြူးဇစ်၊ ဂိမ်း၊ ဖုန်း၊ အင်တာနက်စသည်တို့သည် ရုပ်နှင့် အသံတို့ကို ဗဟိုပြုလာသည်။ ထိုကြောင့် ပညာကိုလက်ဆင့် ကမ်းမှု သည် စာအုပ်၊ စာသား၊ ပုံနှိပ်မီဒီယာတို့မှ တစ်ဆင့်သာ မဟုတ်တော့၊ ရုပ်သံမီဒီယာပေါင်းစုံ တို့ဖြင့် လည်း လက်ဆင့်ကမ်းလာနိုင်သည်။ ပညာကိုသိုမှီးမှု နှင့် လက်ဆင့်ကမ်းမှု နှစ် မျိုး ဖြစ်လာသည့်အလျောက် အသိဥာဏ်၊ ကျန်းမာရေး ဆိုသော အဓိပ္ပာယ်လည်း ပြောင်းသွား သည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆောင်ပုဒ်အပြင် ရုပ်သံအခွေတို့သည်လည်း လူ့မိတ်ဆွေ ဖြစ်လာသည်။ စာအုပ်ကိုဖတ်တတ်ရုံမျှမက ခေတ်သစ်ရုပ်သံမီဒီယံပေါင်းစုံနှင့် လည်း အနေမစိမ်း၊

* * * * ** * * * *



ရေနံနွားရိုင်းနှင့် ကြက်သားဟင်း

ကြက်သားဟင်းမပါ ထမင်းပွဲမစို

အကြမ်းဝါဒအန္တရာယ်နှင့် ကြက်ငှက်တုပ်ကွေးအန္တရယ်တို့အနက် ဘယ်သင်းက ပို၍ အန္တရာယ်ကြီး သနည်းဟုမေးပြီ။ ကြက်ငှက်တုပ်ကွေးက ပို၍ အန္တရာယ်ကြီးသည်ဟု ယခုဖြေလာကြသည်။ အမေရိကန် ကျန်းမာရေး ဌာနမှ တာဝန်ခံတို့က အမေရိကား၌ ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက်ပြန့်ပွားလျှင် လူပေါင်း ၁ဒဿမ၉သန်း သေကျေပျက်ဆီးနိုင်သည်ဟု ထုတ်ဖော် ပြောဆိုလိုက် သော အခါ အားလုံးသွေး လန့််ကုန်သည်။ ကြက်ငှက်တုပ်ကွေးသည် ဘေးအန္တရာယ် အကြီးမားဆုံး ဖြစ်ပြီဟု ထိတ်လန့်တကြား ရေး လာကြသည်။

အီဗော်လူးရှင်း တရားတွင် သတ္တဝါမျိုးစိတ်တို့ကြား အတားအဆီးရှိသည်။ species barrier ဟုခေါ်သည်။ ဆိုလိုသည်မှာ တိရစ္ဆာန်၌ ဖြစ်သော ရောဂါ လူသို့ မကူး၊ လူ၌ မ ဖြစ်။ တိရစ္ဆာန်၌ ပင် ကျားမှာ ဖြစ်သော ရောဂါ ငါး၌ မ ဖြစ်။ မျိုးမတူကြသဖြင့် သတ္တဝါတို့ကြား အတားအဆီးရှိနေသည်။ ယခု ဤအတားအဆီးပြိုပြီ။ ငှက်မှာ ဖြစ်သော တုပ်ကွေးကြက်မှာ လာ ဖြစ်သည်။ ကြက်က တစ်ဆင့်လူကို ကူးစက်သည်။

ဒီတော့ ကြက်အကြောင်းဆွေးနွေးသည်။ ကြက်ငှက်တုပ်ကွေး ဖြစ်ပွားရာ ဗဟိုချက်မသည် တရုတ်ပြည် ဖြစ်သည်ဟု လက်ညှိုးထိုးသည်။ တရုတ်ပြည် စီးပွားရေး ဖွံ့ဖြိုးလာသော အခါ တရုတ်တွေ ကြက်သားစားလာကြသည်။ ကြက်သားဟင်းတစ်ပွဲပါမှ ထမင်းပွဲဂုဏ်ရှိသည်။ ကျက်သရေရှိသည်။ ကြက်သားဟင်းမပါလျှင် စစ်မှန်သော ထမင်းပွဲမဟုတ်ပေ။ ဆိုလိုရင်းက ဤအယူကို လိုက်လျော သည့်အနေဖြင့် တရုတ်ပြည်တွင် ကြက်ဘဲမွေးမြူရေး အရမ်းထွန်းကားလာတော့သည်။ တရုတ်ပြည်မှာ ငှက်ပေါင်းစုံကလည်း ပေါမှပေါဆိုတော့ ငှက်တုပ်ကွေးကနေ ကြက်တုပ်ကွေး ဖြစ်ပြီပေါ့။ ကြက်နှင့် လူ ဆိုသည်မှာ အလွန်ရင်းနှီးလေရကား ကြက်တုပ်ကွေးလူကိုကူးပြီ။ အခု တရုတ်ကြက်ငှက်တုပ်ကွေး ကမ္ဘာပြန့်ပြီ။

အခု အမေရိကန်တွေ က အကြမ်းဖက်တိုက်ခိုက်မှု ကိုလည်း မစိုးရိမ်၊ ဓာတ်ဆီဈေးတက်တာကိုလည်း မစိုးရိမ်။ ငှက်တုပ်ကွေး၊ ကြက်တုပ်ကွေးကို အရမ်းစိုးရိမနေကြပြီ။ လူပေါင်း ၁ဒသမ၉သန်း သေနိုင်သည်လို့လည်း ဆိုလိုက်တော့ ဘာပြောကောင်းမလဲ ပျာယာခတ်ကုန်ပြီ။ “ မန်ဟက်တန်ပရိုဂျက်” လို ပရိုဂျက်ကြီးတစ်ခု အမြန်စီမံပါတော့ဟု တောင်းဆိုနေကြသည်။ မန်ဟက်တန် ပရိုဂျက်သည် ဒုတိယကမ္ဘာစစ်အတွင်း အဏုမြူဗုံးထုတ်လုပ်သော ပရိုဂျက် ဖြစ်သည်။ အခုလည်း ကြက်ငှက်တုပ်ေ ကွး ရောဂါ ကာကွယ်ဆေးများ ထုတ်လုပ်ရန်နှင့် အခြားဇီဝဆေးဝါး သုတေသနများ ပြုလုပ်ရန် တိုက်တွန်းနေကြသည်။

ရေနံနွားရိုင်းနှင့် တရုတ်အိပ်စ်ပို့

သဘာဝ ဘေးန္တရာယ်သည် လူဖန်တီးသော ဘေးအန္တရာယ်တို့နှင့် မတူပေ။ သဘာဝဘေးအန္တရယ် က ဘယ်တော့ ဖြစ်မည် မသိ။ ကြုံသလို ကျပန်း ဖြစ်သည်။ ထို့ကြောင့် အချိန်ကာလဇယားဆွဲပြီးပြင်ဆင်လို့မရ ပေ။ ဟာရီကိန်းမုန်တိုင်းမျိုးဆိုလျှင်နှစ် ပေါင်း ၁၄၀ မှတစ်ကြိမ်ပေါ်တတ်သည်။ အခု ကြက်ငှက်တုပ်ကွေး ဘေးအန္တရာယ်ကြီးကို ပလိပ် ရောဂါ ဖြစ်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်သည်။

ကြက်ငှက်တုပ်ကွေး ဘေးအန္တရာယ်နှင့် စင်ပြိုင် ရေနံရှော့ခ်ပေါ်သည်။ ဤရေနံရှော့ခ်ကို စွမ်းအင် ရှော့ခ်လို့လည်းခေါ်သည်။ အိန္ဒိယတွင် ကျေးလက်ဆင်းရဲသားတို့အဖို့ မြို့ကလူတွေ လို ဓာတ်ဆီရှော့ခ်က အရေး မကြီး၊ ရေနံဆီရှော့ခ်က အရေး ကြီးသည်။ မည် သို့ ဖြစ်စေ၊ လောင်စာဆီရှော့ခ်ကလည်း စူပါတန်း၊ မီဂါတန်းဝင် ဖြစ်သည်။ မဟာရှော့ခ် ဖြစ်သည်။

မည် သည့်ရှော့ခ်မျိုး ဖြစ် ဖြစ် စီးပွားရေး ပညာရှင်တို့သည် မြေကြီးလက်ခတ်မလွဲ (inevitability)နှင့် မမျှော်လင့်မှု (unexpected) တို့ကြား ဟိုကူးဒီကူးပြုရသည်။ ဖြစ်ရပ်တစ်ခုပေါ်လျှင် ဒီရလဒ်မြေကြီးမလွဲ ဧကန် ဖြစ်ရမည် ဟု တွက်သည့်အခါတွက်ရသည်။ သို့ သော်တကယ်၌ ဤသို့ ဖြစ်မလာပေ။ မမျှော်လင့်သော အကျိုးဆက်ပေါ်လာတတ်သည်။ ယခုလည်းရေနံဈေးနှုန်းတွေ ထောင်တက်လာသော ကြောင့် ရေနံဝယ်လို အား မုချကျဆင်းသွားရမည် ဟု တွက်သည်။ သို့သော် ဟုတ်တိပတ်တိကျဆင်း သွားခြင်းမရှိ။ ရေနံဈေးနှုန်း ထောင်တက်သည်ဆိုသည်မှာ ရေနံဈေးကွက်နွားရိုင်း (oil bull)ထခြင်း ဖြစ်သည်။

ယခင်ရေနံဈေးကွက် နွားရိုင်းထစဉ်က အရှေ့အလယ်ပိုင်းဒေသမှ ရေနံကုမ္ပဏီတို့သည် ရရှိသော ဧရာမ အမြတ်တို့ကို ဇိမ်ခံဖို့အတွက်သာ သုံးစွဲခဲ့သည်။ ရေနံလုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း မပြုခဲ့ကြပေ။ ယခု၂၀၀၅ခုနှစ် ရေနံရေစန်းပွင့်မှု ၌ အိုပက်နိုင်ငံတွေ အမူအရာတစ်မျိုး ပြောင်းသွား သည်။ ရေနံဝင်ငွေတို့ကို ရေနံတွင်းသစ်များ ရှာဖွေရန်နှင့် ရေနံချက်စက်ရုံများ တိုးချဲ့ထူထောင်ရန်တို့အတွက် ရင်းနှီးမြှုပ်နှံလာကြသည်။

ထို့ထက် အံ့သြစရာကောင်းပြီး မမျှော်လင့်သည့် အချက်တစ်ချက်လည်း ပေါ်သည်။ ရေနံဝင်ငွေတို့ကို အမေရိကားမှ အစိုးရဝင်ငွေ တိုက်လက်မှတ်စာချုပ်များ (ဘွန်း)နှင့် အခြားအက်ဆက်တို့ကို အမြောက်အမြား ဝယ်ယူလာသော အချက် ဖြစ်သည်။ တရုတ်မဟာဗျူဟာနှင့် သွားတူသည်။ တရုတ်က လည်း အိပ်စ်ပို့ဝင်ငွေ အတော် များများ ကို အမေရိကန်အက်ဆက်တွေ အတော် များများ ဝယ်ယူစု ဆောင်း ထားသည်။ ယင်းမှာ အမေရိကန် အစိုးရကိုအိပ်စ်ပို့မှရငွေ၊ ရေနံမှရငွေတို့ဖြင့် ပြန်ချေငှားထား ခြင်း ဖြစ်တော့သည်။ ဤသို့ သော တရုတ်ချေးငွေနှင့် အာရပ်တို့၏ ချေးငွေတို့ဖြင့် အမေရိကန်စီးပွားရေး ဣနြေ္ဒမပျက် ခရီးသွားနိုင်ခြင်း ဖြစ်သည်လို့ပင် သုံးသပ်ကြသည်။

အက်ဆက်ငွေဖော်

အမေရိကန် စားသုံးသူတို့ကလည်း အက်ဆက်တွေ အများ ကြီး ဝယ်ထားသည်၊ စတော့ရှယ်ယာတွေ ဝယ်ထားသည်။ အမေရိကား၌ ဓနစီမံခန့်ခွဲမှု ကုမ္ပဏီ၊ အက်ဆက်ခန့်ခွမှု ကုမ္ပဏီတို့ဟူ၍ ရှိလေရာ ၎င်းတို့က အမေရိကန်စားသုံးသူတို့၏ ငွေတို့ကို အတိုးအရင်းတိုးပွားအောင်လုပ်ပေးကြသည်။ အတိုးအရင်းလည်း တကယ်တိုးပွားသည်။ ယင်းကိုဓနသက်ရောက်မှု (wealth effect) ဟုခေါ်သည်။

သို့ ဖြင့် အမေရိကန်စားသုံးသူတို့၏ အသုံးအစွဲတွင် နှစ် မျိုးရှိလာသည်။ ပထမအမျိုးအစားသည် ၀င်ငွေ ကိုအခြေခံ၍ သုံးသော အသုံးအစွဲ ဖြစ်၍ ဒုတိယအမျိုးအစားသည် ဓနအက်ဆက်ဈေးကွက်ထဲဝင်၍ ၀ယ်ရောင်းလုပ်ရာမှရသော ငွေတို့ဖြင့် သုံးစွဲသော အသုံးအစွဲ ဖြစ်သည်။ income-based spending နှင့် asset-based speding ဟူ၍ ခေါ်သည်။

ယခုရေနံဈေးနှုန်းတက်၍ စန်းပွင့်လာသော အခါ အရှေ့အလယ်ပိုင်းဒေသမှ ရေနံထုတ်လုပ်သူတို့က လည်း အမေရိကန်ဓနနှင့် အက်ဆက်တို့ကို ၀ယ်ပြီးစုဆောင်းသည်။ အမေရိကန်စားသုံးသူတို့ကိုယ်တိုင်က လည်း အမေရိကန်ဓနနှင့် အက်ဆက်တို့ကိုဝယ်ယူစုဆောင်းသည်။ တရုတ်ပြည်ကလည်း သူ့အိပ်စ်ပို့ဝင်ငွေ တို့ကို အမေရိကန်ဓနနှင့် အက်ဆက်တို့ကို ၀ယ်ယူစုဆောင်းသည်။ ဤအချက်သုံးချက်စလုံးသည် အမေရိ ကန်ဘွန်းဝင်ငွေ (bondy yields)တို့ကို ကျဆင်းစေသည်ဟုဆိုသည်။

ထိုအခါ လာတော့မည် နှစ် သစ် ၂၀၀၆ ခုနှစိကု အကဲခတ်ကြသည်။ အကယ်၍ ရေနံဈေးနှုန်းထောင် တက်၍ ရေနံရှော့ခ်ပိုမိုဆိုးဝါးလားလျှင် အမေရိကန်စားသုံးသူတို့ ဘယ်လိုတုံပြန်ကြမ်လဲ။ အချို့ပညာရှင်တို့ က အကယ်၍ အမေရိကန်စားသုံးသူတို့ လက်ရှိလိုက်ဖ်စတိုင်ကို ဆက်လက်ထိန်းမည် ဟုဆိုလျှင် သူတို့စုဆောင်းထားသော အက်ဆက်သို့ မဟုတ် ဓနတို့ကို ထုခွဲရောင်းချငွေဖော်ပြီး သုံးစွဲရမည် ။ ၎င်းကို monetization of wealth ဟုခေါ်သည်။ အက်ဆက်နှင့် ဓနတို့ကို ထုခွဲငွေဖော်ခြင်း ဖြစ်သည်။ ယခုအထိ ဤ သို့ လုပ်သည့်အထောက်အထားမတွေ့ ရသေးပေ။

တဖန်ရေနံရှော့ဖ် ပြုတ်ကျပြီး ရေနံဈေးနှုန်းပြန်ထိုးကျသွားလျှင် အရှေ့အလယ်ပိုင်းဒေသ ရေနံထုတ် လုပ်သူတွေ ဘာလုပ်ကြမည် နည်း။ သူတို့လည်းအမေရိကားရှိသူတို့ပိုင် အက်ဆက်တို့ကိုထုခွဲရောင်းချ၍ ငွေ ဖော်ရမည် ။ ယခုအချိန်ထိ ဤသို့ လုပ်မည့် အရိပ်အယောင်မတွေ့ ရသေးပေ။

အခြားအလားအလာတစ်ခုကိုလည်း ထည့်တွက်နိုင်သည်။ အကယ်၍ အမေရိကန်ဒေါ်လာတန်ဖိုးထိုး ကျသွားလျှင် အသို့ ဖြစ်မည် နည်း။ တရုတ်နှင့် ရေနံထုတ်လုပ်သူတို့က ဒေါ်လာနှင့် ထားသော သူတို့၏ အက်ဆက်နှင့် ဓနတို့ကို ဒေါ်လာမှယူရိုသို့ ရွေ့ပြောင်းကောင်းရွှေ့ပြောင်းနိုင်သည်။ ယခုအချိန်ထိ ဤသို့ ပြု လုပ်သည့်လက္ခဏာတွေ မတွေ့ ရသေးပေ။

ဤအခြေအနေ၌ လူဖန်တီးသော မီဂါရှောကခ်ထက် သဘာဝဖန်တီးသော မီဂါရှော့ခ်က၀င်လာဖို့ တာစူနေပြီ။

* * * * ** * * * *





ဝန်ဇင်းချစ်သူများ မောင်စူးစမ်း ၏ “ ကွပ်ကဲထိန်းချုပ်မှုဝန်းကျင်ဒိုင်းနမစ် နှင့် အကောင်းဆုံးပါဖောင်းမဲန့် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဂလိုဘယ်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး

ရှေးဟောင်းပုံပြင်နှင့် ပို့စ်မော်ဒန်

ပညာအခြေစိုက်စီးပွားရေး