ဟောင်ကောင်ဒေါ်လာကို အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်ထားသည်။ Reg ဟုခေါ် သည်။ အမေရိကန် တစ်ဒေါ်လာကို ဟောင်ကောင်ဒေါ်လာ ၇.၈ ဒေါ်လာနှင့် ညီမျှသည်ဟု ပုံသေနှုန်း သတ်မှတ်ထားသည်။
ယခု ဟောင်ကောင်ဒေါ်လာကို အမေရိကန်ဒေါ်လာနှင့် ပက် Peg လုပ်ထားခြင်းကို ဖြုတ်ပစ်သင့် မသင့် ဟောင်ကောင်စီးပွားရေး လောကတွင် အကြီးအကျယ် အငြင်းပွားလာကြ သည်။ စိတ်ဝင်စားဖွယ်ပင်။
ဟောင်ကောင်သာမက အမေရိကန်ဒေါ်လာနှင့် ပက်လုပ်ထားသည့် အခြားနိုင်ငံတို့သည် ရှိကြသေးသည်။ အထင်ရှားဆုံးမှာ အာဂျင်တီးနား ဖြစ်သည်။ အာဂျင်တီးနား စီးပွားရေး တွင် အမေရိကန်တစ်ဒေါ်လာနှင့် အာဂျင်တီးနား ပီဆိုတစ်ပီဆို ညီမျှသည်ဟု သတ်မှတ်ပြီး ပက်လုပ်ထားခဲ့ရာ ပထမ၌ အောင်မြင်သည်။ အာဂျင်တီးနား၏ ဟိုင်ပါအင်ဖလေးရှင်း (ကုန်ဈေးနှုန်းများ ထောင်တက်ခြင်း) သည် တစ်ခါတည်း ပြုတ်ကျသည် ။ ထိုးစိုက်စင်းသွားခဲ့သည်။
အမေရိကန်ဒေါ်လာနှင့် မိမိပြည်တွင်းငွေကြေးနှုန်းကို နှုန်းသေပက်လုပ်ထားခြင်းကို ဒေါ်လာပြုခြင်း (dollarization) လို့လည်း ခေါ်ကြသည်။ အီကွေဒေါနိုင်ငံ၏ ဒေါ်လာပြုမှု သည် သိပ်ရှင်းသည်။ မိမိ၏ ပြည်တွင်းငွေကို တစ်ခါတည်းဖျက်သိမ်း၊ ရုပ်သိမ်းလိုက်ပြီး အမေရိကန်ဒေါ်လာကိုသာ ပြည်တွင်းငွေကြေးအ ဖြစ် အသုံးပြုကြသည်။ အက်စတိုးနီးယာနိုင်ငံကလည်း ဟောင်ကောင်ဒေါ်လာကဲ့သို့ပင် မိမိငွေကို အမေရိကန်ဒေါ်လာနှင့် ပက်လုပ်ထားသည်။
ယခု ဟောင်ကောင်ဒေါ်လာကို အမေရိကန်ဒေါ်လာနှင့် ပက်လုပ်ထားခြင်းကို ဖျက်သိမ်းသင့်မသင့် အငြင်းပွားရသည်မှာ လည်း အင်ဂျင်တီးနားတွင် တွေ့ ကြုံနေရသော စီးပွားရေး အကျပ်အတည်းသည် အမေရိကန်ဒေါ်လာနှင့် ပက်လုပ်ထားသော ကြောင့် ဖြစ်တန်ရာသည်ဟုပြစ်တင် ဝေဖန်ခြင်းများ ရှိလာသည်။
ငွေတန်ဖိုးချ
အာဂျင်တီးနား၏ ဂယက်သည် ဟောင်ကောင်သို့ ရိုက်ခတ်လာသည်။ ထို့ကြောင့် အာဂျင်တီးနားလို စီးပွားရေး အကျပ်အတည်း မဆိုက်အောင် ဟောင်ကောင်ဒေါ်လာနှင့် အမေရိကန်ဒေါ်လာ ပက်လုပ်ထားခြင်းကို ရုပ်သိမ်းသင့်သည်ဟု တင်ပြသူများ ရှိလာသည်။
ပက်ဖြုတ်သည်ဆိုသည်မှာ ဖြစ်ရပ်နှစ် ခုကို ဖြစ်ပေါ်စေမည် ။ ပထမ ဖြစ်ရပ်မှာ ပက်ကို ဖြုတ်သည်၊ ပြင်ဆင်သည်ဆိုသည်မှာ ဟောင်ကောင်ဒေါ်လာကို တန်ဖိုးချရာ (devaluation) ရောက်သွားမည် ။ ဒုတိယ ဖြစ်ရပ်မှာ ဟောင်ကောင်ဒေါ်လာ ဖလှယ်မှု နှုန်းကို အရှင်မျှော (float) လုပ်လိုက်ရာရောက်သည်။
ယခု ဟောင်ကောင်သည် စီးပွားရေး အကျပ်အတည်းနှင့် အကြီးအကျယ် ရင်ဆိုင်နေရသည်။ အကျပ်အတည်းပုံသဏ္ဍာန်တစ်ရပ်မှာ ဒီဖလေးရှင်း (deflation) ဖြစ်သည်။ ဈေးနှုန်းများ ၊ အထူးသဖြင့် ဟောင်ကောင်၏ တိုက်တာအိုးအိမ်မြေရာ (Property) ဈေးနှုန်းများ ကို ထိုးစိုက်ဆင်းနေခြင်း ဖြစ်သည်။ ဒုတိယပုံသဏ္ဍာန်မှာ အလုပ်လက်မဲ့နှုန်းများ ပြားလာခြင်း ဖြစ်သည်။
ဤသို့ ဟောင်ကောင်၏ စီးပွားရေး အကျပ်အတည်း ဖြစ်ပွားရာ ဇစ်မြစ်သည် ဒေါ်လာနှစ် မျိုး ပက်လုပ်ထားခြင်းကြောင့် ဖြစ်သည်ဟု အချို့က အပြစ်ပုံချလာသည်။ ဟောင်ကောင်ဒေါ်လာနှင့် အမေရိကန်ဒေါ်လာတို့ ပုံသေပက်လုပ်ထားလို့သာဤသို့ အကျပ်တည်းဆိုက်ရခြင်း ဖြစ်သည်ဟု စွပ်စွဲသည်။
ဤစွပ်စွဲချက်သည် တစ်စိတ်တစ်ဒေသအားဖြင့် မှန်ကန်သည်။ ငွေကြေးဖလှယ်မှု နှုန်းကို ပုံသေ ပက်လုပ်ထားသော ကြောင့် ပျော့ပျောင်းမှု (flexibility) မရှိတော့ပေ။ စီးပွားရေး အတက်အကျပြဿနတွင် ငွေကြေး ပြောင်းမှု မရှိသဖြင့် အသံညှိရန်ကိရိယာ (fine tuning) မရှိသကဲ့သို့ ဖြစ်သွားသည်။ လဲလှယ်ရေး နှုန်းကို အတိုးအလျှော့ မကစားပေးနိုင်ပေ။
ယွမ်ကမ္ဘာငွေလား
အချို့က ဟောင်ကောင်စီးပွားရေး သည် တရုတ်ပြည်စီးပွားရေး ၏ တစ်စိတ်တစ်တစ်ပိုင်း ဖြစ်သွားပြီး ခြားနားနေသော အစိတ်အပိုင်း မဟုတ်တော့။ ထို့ကြောင့် ဟောင်ကောင်ဒေါ်လာကို ပက်လုပ်ထားချက်လျှင် တရုတ်ယွမ်ငွေနှင့် သာ ပက်လုပ်ချင်လျှင် တရုတ်ယွမ်ငွေနှင့် သာ ပက်လုပ် သင့်သည်ဟု အချို့က တင်ပြကြသည်။ အချို့ကလည်း တရုတ်ပြည်တစ်ပြည်တည်း စနစ်နှစ် ခုမူ ကြောင့် ငွေကြေးစနစ်နှစ် မျိုး (ယွမ်ငွေနှင့် ဟောင်ကောင်ဒေါ်လာ) ထားရှိခြင်းကို အဆုံးသတ်သင့် ပြီဟု ဆိုသည်။ ဟောင်ကောင်ဒေါ်လာကို ဖျက်သိမ်း၍ တရုတ် ယွမ်ငွေတစ်ခုတည်းကိုသာ သုံးစွဲသင့်သည်ဟု ပြောကြသည်။ Dollarization Yuanization သို့ ကူးပြောင်းသင့်ပြီဟု ဆိုသည်။
ဤနေရာ၌ အချက်သုံးချက်ကို စဉ်းစားကြည့်ကြသည်။ ပထမအချက်မှာ တရုတ်ပြည်၏ အစိတ်အပိုင်းတစ်ပိုင်း ဖြစ်သွားသော်လည်း ကမ္ဘာ့ကဏ္ဍတစ်ခုကို ယူချင်သေးသော အချက် ဖြစ်သည်။ ဤ့ကမ္ဘာ့ကဏ္ဍမှာ အခြားမဟုတ်၊ အာရှဒေသ၏ ဘဏ္ဍာရေး စင်တာ (interntional financial center) ဖြစ်လိုသေးသော အချက် ဖြစ်သည်။ အမေရိကန်ဒေါ်လာနှင့် ပက်လုပ်ထားခြင်း ကို ယနေ့ ဖြုတ်ပစ်ကြည့်၊ သို့ မဟုတ် ယွမ်ငွေနှင့် ချိတ် (ပက်) ကြည့်၊ ဟောင်ကောင်၏ ဘဏ္ဍရေး ဗဟိုစင်တာ အဆင့်အတန်းသည် တစ်ခါတည်းလျှောကျ သွားမည် သာ ဖြစ်သည်။
ရဲကြည့်သလို
အမေရိကန်ဒေါ်လာနှင့် ပက် လုပ်ထားခြင်းကို ဖြုတ်လျှင် ဖြစ်စေ၊ သို့ တည်းမဟုတ်၊ ပက် လုပ်ထားသော နှုန်းကို ပြင်ဆင်လျှင် ဖြစ်စေ၊ငွေ ဈေးကွက်တွင် ဈေးကစားမှု (Speculation) တွေ တစ်ဟုန်ထိုး ကြီးထွားလာသည်။ ပက်ကို ဖြုတ်သည်။ သို့မဟုတ် ပက်ကို ပြင်ဆင်သည် ဆိုသည်မှာ နိုင်ငံခြားငွေ လဲလှယ်ရေး စနစ်ကို စီမံခန့်ခွဲသော အရှင်မျှောစနစ် (managed floating system) ကို အသုံးပြုလိုက်ရာမည် သည်။
လဲလှယ်ရေး ဈေးနှုန်းကို လုံးလုံးလျားလျား အရှင်မျှောသည် ဖြစ်စေ၊ တစ်ဝက်တစ်ပျက် အရှင်မျှောသည် ဖြစ်စေ ငွေကြေးလဲလှယ်မှု တို့ကို ရဲစောင့်ကြည့်သလို စောင့်ကြည့်ရန် လိုလာမည် ။ Policing ဟုခေါ်သည်။ ရဲမျက်စိနှင့် စောင့်ကြည့်မှု မျိုး ပြုလုပ်ရလေ ငွေကြေးဈေးကစားမှု တွေ ပို၍ များ လေ ဖြစ်လာမည် ။
မည် သို့ ပင် ဖြစ်စေ အချို့သော စီးပွားရေး ပညာရှင်တို့က ယနေ့ဟောင်ကောင်က တွေ့ ကြုံ နေရသော စီးပွားရေး အကြပ်အတည်းသည် ဟောင်ကောင်ဒေါ်လာကို အမေရိကန်ဒေါ်လာနှင့် ပက်လုပ်ထားခြင်းနှင့် သိပ်မဆိုင်လှ၊ ဟောင်ကောင်သည် ကမ္ဘာ့နိုင်ငံတို့နှင့် ပြိုင်ဆိုင်ရသည်ထက် တရုတ်ပြည်၊ အထူးသဖြင့် အိမ်နီးနားချင်း ဂွမ်ဒေါင်ပြည်နယ်နှင့် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်လာရသော ကြောင့် ဖြစ်သည်ဟု ထောက်ပြကြသည်။ ဟောင်ကောင်နှင့် ဂွမ်ဒေါင်တို့မှာ အတိုအရှည် ညှိရပေမည် ။ Adjustment with neighbouring provices ဟု ပြောရမည် ။ ဥပမာ တိုက်တာ အိမ်ရာဈေးတို့သည် ဂွမ်ဒေါင်မှ ဈေးနှုန်းတို့နှင့် ညှိရမည် သာ ဖြစ်သည်။
လုပ်ခနှင့် အခြားပစ္စည်းဈေးနှုန်းများ ကို ဂွမ်ဒေါင်နှင့် ညှိရေး သည်သာ ဟောင်ကောင်အတွက် အဖြေ ဖြစ်သည်။ ဟောင်ကောင်ဒေါ်လာနှင့် အမေရိကန်ဒေါ်လာနှင့် အမေရိကန်ဒေါ်လာ ပက် လုပ်ထားခြင်းကို ဖြုတ်ရန် ၊ ပြင်ရန် မဟုတ်ပေ။ လက်ရှိ ပက်စနစ်၌ ဘာတွေ မှားနေသနည်း။
ဟောင်ကောင်တွင် ဤမေးခွန်းကိုထုတ်၍ အငြင်းအခုံ ဖြစ်နေသည်မှာ ယခုတလော အတော် ပူပြင်းလာသည်။
အညွှန်း - The Economist
အရိပ်နှင့် ရှော့ခ်ပေါင်း
တကယ်ပြဿာနာသည် ဒီဖလေးရှင်း (deflation) ဖြစ်နေပြီ။ ဒီဖလေးရှင်းဆိုသည်မှာ (၁) အက်ဆက်ဈေးနှုန်းများ ထိုးကျခြင်း၊ (decline in asset prices) ၊(၂) စားသုံးကုန်ဈေးနှုန်းများ ကျဆင်းခြင်း၊ (decline in consumer’s good prices) နှင့် (၃) လုပ်ခများ ကျဆင်း ခြင်းတို့ကို ရည်ညွှန်းခေါ်ဆိုသည်။
ယခင်က အင်ဖလေးရှင်း (inflation) အရပ်ရပ်ဈေးနှုန်းများ တက်ခြင်း) သည် အဓိက အန္တရာယ် ဖြစ်ခဲ့သော်လည်း ယခု ကမ္ဘာအနှံ့၌ အဓိက အန္တရာယ် ဖြစ်ခဲ့သော်လည်း ယခုကမ္ဘာ့အနှံ့၌ အဓိကအန္တရာယ်သည် ဒီဖလေးရှင်း ဖြစ်လာသည်။ ယခု ဒီဖလေးရှင်း ဖြစ်သော ကာလကိုလည်း ဆင်ခြင်သုံးသပ်ကြည့်ကြသည်။ ကမ္ဘာ့စီးပွားရေး နှင့် နိုင်ငံအများ အပြားတို့မှ စီးပွားရေး တို့သည် လိမ်လိမ်ပိန်ပိန်နှင့် နာလန်ထူခါစသာရှိသေးသော weak recovery ကာလ ဖြစ်နေသည်။ နားလမ် ထူမှု သည် မခိုင်မာပေ။
ဤသို့ ဒီဖလေးရှင်းအန္တရာယ်အရိပ်ကြီးက မည်းမည်းမှော င်မှော င် ထိုးလာချိန်တွင် အီရတ်စစ်အရိပ်ကြီးကလည်း ဒီဖလေးရှင်းအရိပ်နှင့် ရောထွေးမိုးလာသည်။ အီရတ်စစ်အရေး မှီ၍ ရေနံရော့ခ် (oil shcok) ပေါ်လာသည်။ ရေနံတစ်စည်သည် ဒေါ်လာ (၄၀) အထိ ခုန်ပေါက်တတ်လာသည်။ အကယ်၍ စစ်ပွဲကြာလျှင် တစ်စည်ဒေါ်လာ ၉၀ အထိ တက်ဖွယ်ရှိသည်။
လားရာ ပြောမရ
ဒီဖလေးရှင်းနှင့် ရေနံရော့ခ် ရောထွေးပူးပေါင်းနေပြီ။ အီရတ်စစ်ပွဲ အမြန်ဆုံးပြီးဆုံးမှ ရေနံရော့ခ် သက်သာမည် ဟု ခန့်မှန်းနေကြသည်။ မည် သို့ပင် ဖြစ်စေ၊ ရေနံရော့ခ် (ရေနံဈေးနှုန်း ထောင်တက်ခြင်း) သည် ဒီဖလေးရှင်းကို ဆိုးရွားစေမလား၊ သို့တည်းမဟုတ် ပြောင်းပြန်လန်ပြီး အင်ဖလေးရှင်းဘက် ကူးသွားလေမလား။ ဤပုစ္ဆာကို အနုလုံမဋိလုံ စဉ်းစားကြည့်ရန်လိုသည်။
ထောင်တက်လိုက်သော ရေနံဈေးနှုန်းက အခြားဈေးနှုန်းတို့ကိုလည်း ဆွဲတင် မ,တင် အတူခေါ်သွားမည် ။ မသွားမည် ကိုကား ဧကန်မပြောနိုင်ကြပေ။ ကြိုတင်ခန့်မှန်းကြည့်ရန် ခက်သည်။ အဘယ်ကြောင့် ဆိုသော် အခြားတန်ပြန်ဖက်တာ (counteracting factors) တို့ကို လည်း ထည့်တွက်ရန် လိုသေးသော ကြောင့် ဖြစ်သည်။
ဥပမာ ရေနံဈေးနှုန်း အရမ်းခုန်တက်သွားသည်နှင့် ရေနံအသုံးပြုရသော ထုတ်လုပ်မှု လုပ်ငန်းတွေ ၊ ၀န်ဆောင်မှု လုပ်ငန်းတွေ အခြား ပြည်သူ့လုပ်ငန်းနှင့် ပြည်သူ့အကျိုးဆောင်လုပ်ငန်း (public works and public utilities) တွေ အကုန်စရိတ် ထောင်တက်ကုန်ကြမည် ။ ဤသို့ ထောင်တက်လာသော စရိတ် (galloping cost) ကို မတတ်နိုင်ကြ၍ ထုတ်လုပ်မှု လုပ်ငန်းနှင့် ဖော်ပြခဲ့ပါ လုပ်ငန်းတို့လျှော့ဖြတ်ကြရမည် ။ အချို့ ပိတ်ပစ်ကြရမည် ။
ဤသို့ ပိတ်ပစ်ရသည့်အတွက် အလုပ်လက်မဲ့တွေ ပိုမိုတိုးလာမည် ။ အစိုးရအသုံးစရိတ်တွေ လျှော့ဖြတ်ရသည့်အတွက် ငွေကြေးလည်ပတ်မှု ပမာဏ လျော့သွားမည် ။ လူတွေ ၀င်ငွေနည်းလာ သဖြင့် အသုံးစရိတ်တွေ လျှော့ဖြတ်ကြမည် ။ ထိုမှဒီဖလေးရှင်း (ကုန်ဈေးနှုန်းတွေ ကျဆင်း) ထပ် ဖြစ် မည် ။
ထို့ကြောင့် ရေနံရော့ခ်သည် အင်ဖလေးရှင်းဘက်ရွေ့မလား၊ သို့ တည်းမဟုတ် ဒီဖလေးရှင်းဘက်ရွေ့မလား ဧကန်မပြောနိုင်သေးဟု ဆိုရခြင်း ဖြစ်သည်။ ယခင်က ဖြစ်ခဲ့ဖူးသော ရေနံရော့ခ်တို့၏ သမိုင်းကို ပြန်ကြည့်လျှင်မူ ဒီဖလေးရှင်းဘက် ပို၍ အလေးသာခဲ့သည်။
အနာတခြား ဆေးတခြား
စီးပွားရေး အကျပ်အတည်းသည် အတက်အကျသံသရာ (cyclical) လား ၊ သို့ တည်းမဟုတ် စနစ်ဖွဲ့စည်းမှု ပုံစံ (systemic) လက္ခဏာလားဆိုပြီး ခွဲခြားရှုမြင် သုံးသပ်ကြည့်လာသည်။ တစ်နည်းပြောလျှင် ဒီဖလေးရှင်း အန္တရာယ်ကို အတက်အကျ သံသရာရှုထောင့်မှ အဖြေရှာမလား၊ သို့တည်း မဟုတ်စနစ်ဖွဲ့စည်းမှု ပုံသဏ္ဍာန်ရှုထောင့်မှ အဖြေရှာမလားဆိုပြီး ပညာရှင်တို့ကြား အမြင်ကွဲလွဲလာကြသည်။
သို့ သော် စီးပွားရေး ပညာရှင်အများ စုက ဒီဖလေးရှင်းပြဿနာသည် စနစ်ဖွဲ့စည်းမှု ပြဿနာ ဖြစ်သည်ဟု နောက်ပိုင်းသုံးသပ်လာကြသည်။ ယင်းကို ဖွဲ့စည်းမှု အဆောက်အအုံဆိုင်ရာ ပြဿနာများ (structural problems) လို့လည်း ခေါ်ဆိုသည်။ ဒီဖလေးရှင်းသည် စနစ်ဖွဲ့စည်းမှု ပြဿနာ ဖြစ်ပါလျက် စီးပွားရေး အတက်အကျ သံသရာ ပြဿနာများ အ ဖြစ် မြင်ပြီး အချို့နိုင်ငံတို့၌ အဖြေရှာနေလေရာ ရောဂါ တစ်ခြား ဆေးတခြား ဖြစ်နေရပြီဟု ပညာရှင်တို့က ထောက်ပြလာကြလာသည်။ ဂျပန်ကို ညွှန်းသည်။
အကယ်၍ ဒီဖလေးရှင်းပြဿနာသည် စနစ်ဖွဲ့စည်းမှု ပုံစံနှင့် သက်ဆိုသည်ဟု ရှုမြင်လျှင် အဖြေသည် မိုက္ကရိုစီးပွားရေး ပေါ်လစီ (micireconomic policy) ၌ ဖိုးကပ်စ်လုပ်၍ အဖြေရှာရမည် ။ ယခု ဂျပန်တွင် ဤပေါ်လစီကို မကိုင်တွယ်ဘဲ မက်ခရိုစီးပွားရေး ပေါ်လစီ မက်ခရိုစီးပွားရေး ပေါ်လစီ (microeconomic policy) ကိုကိုင်၍ ဖြေရှင်းသည့်အတွက် မက်ခရိုစီးပွားရေး ပေါ်လစီတို့ ဖြင့် မိုက္ကရိုစီးပွားရေး ပြဿနာ (စနစ်နှင့် ဖွဲ့စည်းမှု ပုံစံပြဿနာ systemic and structural problems) တို့ကို ဖုံးကွယ်ရာ ရှောင်ရှားရာ ရောက်နေသည်။
အစွန်းရောက် အတိုဆုံး
အများ သုံးနေကျ စကားတို့နှင့် ရေး ရလျှင် ဒီဖလေးရှင်းပြဿနာကို ငွေရေး ကြေးရေး ပေါ်လစီ Monetary policy ပိုင်းတွင် သာ အာရုံစူးစိုက်ပြီး တကယ့်ပြဿနာ အရင်းအမြစ် ဖြစ်သော စီးပွားရေး ပြုပြင်ပြောင်းလဲရေး (structural and reforms) တို့ကို ရှောင်ရှားနေခြင်းပင် ဖုံးဖိနေခြင်းကို ဆိုလိုသည်။
တစ်ဖန် ရေရှည်ရေတိုပြဿနာကလည်း ရှိလာပြန်သည်။ ဒီဖလေးရှင်းကို အမေရိကန်လို နိုင်ငံမှ အသပြာမန်နေဂျာ (money manangers) တို့က ငွေပိုငွေလျှံရှိသူများ (လက်လီရင်းနှီးမြှုပ် နှံသူ - retail inverstros) တို့ကို ကာလတိုချေးငှားမှု ၌ အတိုတကာ့အတိုဆုံး ကာလ၌ ဘယ်ရွေ့ဘယ်မျှ ၀င်ငွေရရှိစေမည် ဆိုသော ဆွယ်လုံးဖြင့် ရင်းနှီမြှုပ်နှံအောင် လုပ်လာကြသည်။
ယင်းကို အစွန်းရောက်အတို (ultra – short) ဟု ခေါ်သည်။ တစ်နှစ် ပြည့်မှ ရသော အတိုး သည် ကာလတိုထဲ ၀င်သည်။ ခြောက်လဆိုသည်ထက် တိုးသွားသည်။ သုံးလဆိုသည့်ထက် သည့်ထက် တိုသွားသည်။ တစ်လဆိုလျှင် အတိုဆုံးဟု ထင်သည်။ ယခု သည့်ထက်ပင် တိုင်အောင် ပြုသည်။ တိုလွန်းသဖြင့် အစွန်းရောက်အတိုဟု ခေါ်နိုင်သည်။ တစ်ပတ်အတွင်း ပေးသည့်အတိုးမျိုး နေ့ချင်းပေးသည့် နေ့ပြန်တိုးမျိုးတို့ကို ဆိုလိုဟန်ရှိသည်။ ကာလကို ကမ်းကုန်အောင်တို၍ ချေငှား ခြင်း ဖြစ်သည်။
ဒီဖလေးရှင်းအချိန်တွင် အတိုးနှုန်းတို့ကို လျှော့ကြရသည်။ လျှော့လို့မရတော့ပေ။ သို့ သော်ရအောင်လျှော့သည်။ အထက်တွင် ဖော်ပြသလို အစွန်းရောက်အတို (usltrashort) နည်းတွေ တီထွင်နေကြကုန်သည်။
၂၀၀၃ ခုနှစ် ၊ အလွန်ထူးခြားသည်။ ထိုနှစ် ထဲ၌ မဟာဒရာမာ ဇာတ်တော် ကြီး (grand dramas) သုံးပွဲ ဖြစ်ပေါ်လာသော ကြောင့် ဖြစ်သည်။ ၎င်းတို့မှာ -
(၁) ဂလိုဘယ်လိုက်ဇေးရှင်း၏ ဒုတိယမဟာဇတ်ဝင်ခန်း (second act) ပေါ်လာသော ဒရာမာ
(၂) အီရတ်စစ်ပွဲနှင့် စစ်ပွဲအပြီး ခင်းကျင်းပေါ်ပေါက်လာသော မဟာဒရာမာကြီးနှင့်
(၃) ဆားစ် (SARS) ခေါ် ကူးစက်မြန်အဆုတ်ရောင် အသက်ရှုလမ်းကြောင်းပိတ် ရောဂါ ကြောက်မက်ဖွယ် ပျံ့နှံ့လာသော မဟာဒရာမာကြီးတို့ ဖြစ်ကြသည်။
ဆားဗစ်ကပိုပြင်း
ကြံကြံဖန်ဖန် (၂၀၀၃) ခုနှစ် ထဲမှာ ဤမဟာဒရာမာကြီး သုံးရပ် တိုက်တိုက်ဆိုင်ဆိုင် ဆုံပြီး ဖြစ်ပွားလာသည်။ ကြိုတင်ဟောကိန်း ထုတ်သူတို့ ပါးစပ်အဟောင်းသားနှင့် ကြောင်သွား ငေါင်သွားကုန်ကြသည့်အတွက် အံ့သြစရာမရှိဟု ဆိုရမလို ဖြစ်လာသည်။ အကြောင်းမူ မည် သည့် ပညာရှင် မည် သည့် ဂုရု၊ မည် သည့် သုတေသနအဖွဲ့တို့ကမှ ဤမဟာဒရာမာကြီး သုံးပါး ဖြစ်လိမ့်မည် ဟု ကြိုတင်မဟောနိုင်ခဲ့သော ကြောင့် ဖြစ်သည်။
ဂလိုဘယ်လိုက်ဇေးရှင်း (globalizastion) ဒရာမာသည် အခန်း (၁) ကပြပြီး၍ ယခုအခန်း (၂) ထဲ ၀င်လာသည်။ စီးပွားရေး သမားတို့သည် ဂလိုဘယ်လိုက်ဇေးရှင်း အခန်း (၁) မှ အခန်း (၂) သို့ ကူးပြောင်း သွားသည်ကို မသိလိုက်ကြပေ။ အမှတ်တမဲ့ ဖြစ်သွားသည်။
အီရတ်စစ်ပွဲ၏ စီးပွားရေး အရ အကျိုးသက်ရောက်မှု တို့ကို သုံးသပ်နေစဉ် ဗြုန်းစားကြီး `ဆားဗစ်´ ပေါ်လာသည်။ ဆားစ်ကြောင့် ဖြစ်ပေါ်သော စီးပွားရေး အကျိုးသက်ရောက်မှု တို့သည် အီရတ်စစ်ကြောင့် ဖြစ်ပေါ်ရသည့်အကျိုးဆက်တို့ထက်ပင် ပို၌ ဆိုးရွားပြင်းထန်လာကြောင်း တအံ့ တသြတွေ့ ရှိလာရ ပြန်သည်။
ဇာတ်လမ်း (၁) နှင့် (၂)
ထို့ကြောင့် ၂၀၀၃ ခုနှစ် ကို ကပ်ဆိုးဆိုက်နေသော ခေတ်ကျပ်ကြီးအ ဖြစ် ရှုမြင်သုံးသပ်လာ ကြသည်။ ဤတွင် စီမံခန့်ခွဲမှု ပညာရှင်တို့ကြား၌ လည်း အမြင်တစ်မျိုးပေါ်လာသည်။ စီးပွားရေး ၌ အောင်မြင်သူကို နှစ် မျိုးခွဲကြည့်သည်။ ခေတ်ကောင်းချိန်၌ အောင်မြင်သူတို့သည် အထင်ကြီးစရာ မရှိ။ ခေတ်ကျပ်ကြီးတွင် အောင်မြင်သူတို့သည်သာ အထင်ကြီးစရာပင် ဖြစ်သည်။ ခေတ်ကျပ် သင်ခန်းစာက ခေတ်ကောင်းသင်ခန်းစာထက် ပို၍ တန်ဖိုးရှိသည်ဟု ရေး သားလာ ကြသည်။
မဟာဒရာမာ ဂလိုဘယ်လိုက်ဇေးရှင်း၏ ပထမအခန်း ပြီးဆုံးသွားပုံနှင့် ဒုတိဇာတ်ဝင်ခန်း၏ ဇာတ်လမ်းအကျဉ်းချုပ်တို့ကို အနည်းငယ်ရှင်းပြရန်လိုသည်။ ဂလိုဘယ်လိုက်ဇေးရှင်း၏ ပထမခန်း၌ ချမ်းသာသော ဖွံ့ဖြိုးပြီး နိုင်ငံတို့မှ ကုန်ချောထုတ်လုပ်မှု လုပ်ငန်းတို့သည် တတိယ ကမ္ဘာနိုင်ငံများ ဆီသို့ ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ကြသည်။ တရုတ်၊ ယိုးဒယား ၊ စင်ကာပူ၊ မလေးရှား၊ အန္ဒိယ၊ ဖိလစ်ပိုင်၊မက္ကဆီကို၊ ချီလီ၊ ဘရာဇီးလ် စသည့်နိုင်ငံများ ဆီသို့ ချမ်းသာသော နိုင်ငံတို့မှ စက်ရုံများ သွားရောက်ထူထောင်ကြသည်။ ယင်းကို migration of manufacturing ဟုခေါ်သည်။
ဤဇာတ်လမ်းသည် ၂၀၀၃ ခုနှစ် မတ်လ၌ ပြီးဆုံးသွားပြီ။ ဇာတ်လမ်းအမှတ် (၂) စပြီ။ ဤဇာတ်လမ်းအမှတ် (၂) ၌ ဖွံ့ဖြိုးပြီးနိုင်ငံတို့မှ ကွန်ပျူတာ ၊ ဒီဇိုင်း၊ အင်ဂျင်နီယာ၊ စာရင်းစစ်၊ အခြေခံသုတေသန စသော ပညာဝန်ဆောင်မှု လုပ်ငန်းတို့သည် တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှားစသော နိုင်ငံများ ဆီသို့ ရွှေ့ပြောင်းကြသည်။ ယင်းကို migaration of services ဟု ခေါ်သည်။
စက်ရုံအလုပ်ရုံ အလုပ်သမားတို့ကို ကော်လာပြာဟုခေါ်၍ ပညာဝန်ဆောင်မှု အလုပ်သမား တို့ကို ကော်လာဖြူဟုခေါ်သည်။ ယခင်က ဂလိုဘယ်လိုက်ဇေးရှင်းကို ကော်လာပြတို့ ကသာ ပါဝင်ခဲ့သော်လည်း ယခုမူ ကော်လာဖြူတို့လည်း ပါဝင်လာစရာရှိသည်။
ဝါဒ သုံး၊ စနစ် ငါး
ဂလိုဘယ်လိုက်ဇေးရှင်း၏ ဒုတိယဇာတ်ဝင်ခန်း စတင်ကပြလာချိန်၌ ဒုတိယမဟာဒရာမာ ဇာတ်တော် ကြီ အီရတ်စစ်ပွဲနှင့် စစ်အပြီး အရှေ့အလယ်ပိုင်းဒေသ ဇာတ်လမ်းတို့က တခြိမ်းခြိမ်း တ၀ုန်းဝုန်း ဆိုင်းသံဗုံသံပြင်းပြင်းဖြင့် ကပြလာသည်။ ဆူညံသွားသည်။
ဤ ဒုတိယမဟာဒရာမာကြီးတွင် (၁) အာရပ်အမျိုးသားရေး ၀ါဒ၊ (၂) အစ္စလာမ် အခြေခံဝါဒီနှင့် (၃) ဒီမိုကရေစီတို့ ၀ါဒဖိုဖုံလောက် ရင်ဆိုင်မိကြပြီ၊ နိုင်ငံရေး စနစ်အားဖြင့် (၁) theocracy ခေါ် ဘာသာရေး ခေါင်းဆောင် ဗလီဆရာတို့၏ အာဏာရှင်စနစ် (အီရန်) ၊ (၂) ဘာသာရေး ခေါင်း ဆောင် ဗလီဆရာတို့၊ ဘုရင်နှင့် စော်ဘွားတို့ မဟာမိတ် ပြုထားသော အော်တိုကရေစီစနစ် (ဆော်ဒီအာရေး ဘီးယားနှင့် ) ပင်လယ်ကွေ့ဒေသစော်ဘွားနိုင်ငံများ )၊ (၃) အာရပ်အမျိုးသားရေး ၀ါဒကို အခြေစိုက်ထားသော အော်တိုကရေစီနိုင်ငံတို့ (ဆီးရီးယား၊ အီဂျစ်)၊ (၄) ဂျူးဒီမိုကရေစီ (အစ္စရေး ) နှင့် တူရကီဒီမိုကရေစီ (တူရကီ) နှင့် (၅) ယခု အီရက်ဒီမိုကရေစီတို့ ဖြစ်ကြသည်။
ဤသို့ အားဖြင့် ဤဒုတိယမဟာဒရာမာဇာတ်တော် ကြီးတွင် ဆိုခဲ့ပါအတိုင်း အိုင်ဒီအိုလိုဂျီနှင့် နိုင်ငံရေး စနစ်တို့ဖြင့် ရောပြွန်းပြီးတင်းမာနေချိန်တွင် အီရက်ရှီယတ်တို့၏ လှုပ်ရှားထကြွမှု က စိတ်ဝင်စားစရာ ကောင်းလာသည်။
အီရက်ရှီယတ်မွတ်စလင်အခြေခံဝါဒီတို့၏ လှုပ်ရှားမှု သည် အသွားနှစ် ဖက်ရှိလာသည်။ ပထမအသွားမှာ အမေရိကန်က စစ်ပွဲအောင်မြင်နေခါမှ ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက် ဖြစ်သော အစ္စလာမ်နိုင်ငံတော် ထူထောင်ရေး ကို ကြွေးကြော်ခြင်း ဖြစ်သည်။ ဤသို့ ကြွေးကြော်လာကြခြင်းသည် အရိပ်သုံးပါး နားမလည်သည့်ပုံလည်းပေါ်နေသည်။
အီရတ်ကို အမေရိကန်က ၀င်ရောက်တိုက်ခိုက်နေစဉ် အာရပ်အမျိုးသားရေး ၀ါဒ၊ အီရတ် အမျိုးသားရေး ၀ါဒ၏ အကြီးအကျယ်ခုခံမှု နှင့် ရင်ဆိုင်ခဲ့ရလိမ့်မည် ဟု ခန့်မှန်းထားကြသည်။ မျှော်လင့်သော ခုခံမှု ဟုတ်တိပက်တိမတွေ့ ရပေ။ ယခုလည်း အုံကြွလာသယောင်ဟု ထင်ရသော ရှီယတ်မွတ်စလင်အခြေခံဝါဒီတို့၏ လှုပ်ရှားမှု သည် ဆက်ဒမ်ဟူစိန် လက်ထက်ဖိနှိပ်ခံထားရသည်မှ လွတ်မြောက်၍ ကြွတက်လာသော အုံကြွမှု သဘောမျှသာ ဖြစ်လိမ့်မည် ဟုယူဆရသည်။ သည့်ထက်ပိုမပိုကား စောင့်ကြည့်ရမည် ။
ပြန်ကြားရေး ပေါ်လစီ
ဒုတိယအသွားသည် အီရက်ရှီယတ်တို့၏ အင်အားပြမှု သည် အိမ်နီးနားချင်းနိုင်ငံတို့ရှိ ဖိနှိပ်ခံထားရသော ရှီယတ်မွတ်စလင်တို့ကို သွေးထိုးလှုံ့ဆော်ပေးနိုင်သော အသွား ဖြစ်သည်။
ဤသို့ ဖြစ်လာလျှင် ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်နှင့် ပင်လယ်ကွေ့စော်ဘွားနိုင်ငံတို့သည် ရှီယတ်မွတ်စလင်လှိုင်းကိုလည်း တွေ့ ရမည် ။ ဒီမိုကရေစီလှိုင်းလည်းတွေ့ ရမည် ။ ဤလှိုင်းနှစ် လှိုင်းကို ထိုနိုင်ငံတို့မှ အုပ်စိုးသူတို့က အသို့ ကိုင်မည် နည်းဆိုသော အချက်မှာ စောင့်ကြည့်ရမည့်  ကိစ္စ ဖြစ်မည် ။
ထိုသို့ ဒုတိယမဟာဒရာမာကြီးက ဖော်ပြပါအတိုင်း ဇာတ်လမ်းဇာတ်ကွက်ဆင်ချိန်တွင် “ဆားစ်” မဟာဒရာမာကြီးက ပေါ်လာသည်။ ဆားစ် ဇာတ်တော် ကြီး၌ လည်း နိုင်ငံရေး ပါလာသည်။ တရုတ်ပြည်ကျန်းမာရေး ၀န်ကြီးနှင့် ကျန်းမာရေး အရာရှိအချို့အလုပ်ပြုတ်ကြသည်။
ဆားစ်သည် တရုတ်ပြည်လူ့အဖွဲ့အစည်း၏ အခြေခံသဘာဝကိုလည်း ကိုင်လှုပ်ပစ်လိုက်သည်။ ဆား ရောဂါ နှင့် ပတ်သက်သော သတင်းတို့ကို မှော င်ချခြင်း၊ သို့ မဟုတ် အရေး မကြီးသလို အာဏာပိုင်တို့က ဖုံးအုပ်ခြင်းသည် ခေတ်နှင့် မဆီလျော်၊ အန္တရာယ်များ လှသော ပြန်ကြားရေး ပေါ်လစီဟု ဝေဖန်တိုက်ခိုက်လာရသည်။
ဆားစ်တွင် ရောဂါ ဖြစ်သူတွေ ထက် လေယာဉ်ပျံကုမ္ပဏီတွေ ကပို၍ အထိနာပုံရသည်။ ဖော်ပြပါ မဟာဒရာမာ ဇာတ်တော် ကြီးသုံးခုစလုံးသည် ကြေကွဲဖွယ်အနှစ် (tragic contents) တွေ ပါနေသည်။
Ref : IHT, CNN
မြစ်တွေ ဆုံ
ယနေ့ အခင်းအကျင်းတို့သည် ထူးဆန်းသည်။ ဖြစ်ရပ်တစ်ခုတည်းကထိုးထိုးထောင်ထောင် ဖြစ်ပြီး ၀င့်ဝါစိုးမိုးနေတတ်သည်မဟုတ်။ အရေး ပါအရာရောက်သော စူပါ ဖြစ်ရပ်ကြီးတို့သည် ပြုံးပြီး တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာကြသည်။ ထို့ကြောင့် ဝေဖန်အကဲခတ်သူတို့လည်း ဗီစတာဗီးရှင်း လိုလာသည်။ အားလုံးကိုကျယ်ကျယ်ပြန့်ပြန့်မြင်နိုင်မှ၊ အားလုံးကို ခြုံငုံသုံးသပ်နိုင်မှ အချိန်ကာလ ကိုမီ (up date) မည် ။
ဤဆောင်းပါးသည် တစ်ပြိုင်နက်တည်း ဖြစ်ထွန်းသော ဖြစ်ရပ်ကြီးလေးရပ်ကိုသာ မျက်နှာငဲ့၍ ရွေးချယ်ဖော်ပြ သုံးသပ်ထားသည်။ ခေတ်ပေါ် စီးပွားရေး ရေစီးကြောင်းတို့ကို အဝေးမှပင်မြင်နိုင်ရန် ကြိုးပမ်းထားသည်။ ဤ ဖြစ်ရပ်ကြီးမှာ -
(၁) ကမ္ဘာ့ငွေပင်ငွေရင်း ရေစီးကြောင်းတွင် အစ္စလာမ်ငွေရင်း စီးဆင်းပုံအပြောင်းအလဲ (Change in Islamic capital flow)။
(၂) အမေရိကန်ဒေါ်လာတန်ဖိုး ထိုးကျခြင်း
(၃) ဒီဖလေးရှင်း (deflaction) နှင့်
(၄) နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့၏ ဖိုးကပ်စ် (foreign investor’s focus) တို့ ဖြစ်သည်။
အခြေခံဝါဒိကစံ
ရှေးဦးပထမစတုတ္ထအချက်ကို ကနဦးဖော်ပြရန်လိုသည်။ မြင်ကြသည့်အတိုင်း အီရတ်စစ်ပွဲအပြီး၊ အစ္စရေး -ပလက်စတိုင်းပဋိပက္ခပြေလည်ရေး မြေပုံ၊ ဆော်ဒီရီးယဒ်၊ မော်ရိုကို ကာဆာဘန် ကာ အသေခံဗုံး ဖောက်ခွဲတိုက်ခိုက်မှု များ ၊ အစ္စလာမ်အစွန်းရောက် စစ်သွေးကြွနှင့် အယ်လ်ခါအီဒါ အကြမ်းဖက်သမားတို့ပြန်လည်ခေါင်းထောင်လာမှု ၊ အမေရိကန်၌ အကြမ်းဖက်ဝါဒီသမားတို့၏ တိုက်ခိုက်မှု အန္တရာယ်ကို လိမ္မော်ရောင် အဆင့်အထိ သတိပေးမှု စသည်တို့သည် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတို့၏ အမြင်ကိုပြောင်းလဲသွားစေသည်။
ယခင်က နိုင်ငံတစ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ကြံရွယ်လျှင် ကြိုတင်ကြည့်သော စံတွေ အများ အပြားရှိသည်အထိ နိုင်ငံရေး စံပါတတ်သည်။ ဤစံမှာ နိုင်ငံရေး တည်ငြိမ်မှု ကို ရှုမြင်သုံးသပ်ခြင်း ဖြစ်သည်။ ယခုလည်း ဤနိုင်ငံရေး စံသည် အရေး ပါအရာရောက်ဆဲပင် ဖြစ်သော်လည်း ကြည့်ပုံမှ ပြောင်းလဲသွားပြီ။
အကြင်နိုင်ငံတစ်နိုင်ငံ၌ အထူးသဖြင့် မွတ်ဆလင်ဦးရေများ သော နိုင်ငံများ ၌ အစ္စလာမ် အခြေခံဝါဒီတွေ ဘယ်လောက်သြဇာရှိလာနိုင်သနည်း၊ သူတို့ဘယ်လောက်လှုပ်ရှားနိုင်သနည်း၊ သက်ဆိုင်ရာအစိုးရကကော ဤအစွန်းရောက် အခြေခံဝါဒီအင်အားစုတွေ အပေါ် ဘယ်လောက် ထိန်းချုပ်နိုင်သနည်း စသည့်အချက်တို့ကို အဓိကစံအ ဖြစ် သတ်မှတ်ထားကြည့်လာကြသည်။
ဤသို့ စံသတ်မှတ်ထားကြည့်လာသည်မှာ လည်း အံ့သြစရာမဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် (၁)နိုင်ငံရေး တည်ငြိမ်မှု ကို အဓိကဖျက်ဆီးမည့် သူ၊ လူ့အဖွဲ့အစည်းကို အကြမ်းဖက် ခြောက်လှန့်မည့် သူ (terrorise the society) မှာ ဤအခြေခံဝါဒီသမားတို့သာ ဖြစ်လာသော ကြောင့် ဖြစ်သည်။ (၂) ထို့အပြင် ဤအခြေခံဝါဒီစစ်သွေးကြွတို့၏ ပစ်မှတ်ကလည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အဆောက်အအုံတို့ကို ဖြစ်နေသော ကြောင့် ဖြစ်သည်။
ထို့ကြောင့် မွတ်ဆလင်ဦးရေများ သော အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့သည် အစ္စလာမ်အခြေခံဝါဒီတို့၏ သြဇာနှင့် လှုပ်ရှားမှု တို့ကို အဓိက အကဲခတ်လာကြသည်။ ယိုးဒယား၌ ပင် အစ္စလာမ်အခြေခံဝါဒီ၏ သြဇာနှင့် လှုပ်ရှားမှု ကို နိုင်ငံခြား ကုမ္ပဏီတို့က ဂရုစိုက်လာ၍ ယိုးဒယားအစိုးရသည် ဤကိစ္စအတွက် စိုးရိမ်မှု ပပျောက်ရန် မနည်းကြိုးစားနေရသည်။
ရွှေ
အရှေ့အလယ်ပိုင်းဒေသမှ အရင်းအနှီးမျိုးစုံသည် ဥရောပနှင့် အမေရိကားတို့တွင် အများ ကြီးရှိသည်။ ဤအရင်းအနှီးတို့ကို Islamic Finds (အစ္စလာမ်ရန်ပုံငွေများ ) ဟု ခေါ်ကြသည်။ ကုမ္ပဏီအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးကို ထောင်၍ ရှိကြသည်။
အမေရိကန်သည် ဤအစ္စလာမ်ရန်ပုံငွေကို အကြမ်းဖက်ဝါဒီသမားတို့အတွက် ငွေကြေး ထောက်ပံ့ရာ အဓိကဇာစ်မြစ် ဖြစ်နေမလားဟု အထူးစိုးရိမ်နေသည်။ ထို့ကြောင့် ရန်ပုံငွေများ စစ်ဆေးခြင်း၊ သံသယ ဖြစ်သော ရန်ပုံငွေတို့ကို ပိတ်ဆို့ခြင်းများ ပြုလုပ်နေသည်။
ဤတွင် အမေရိကားရှိ အစ္စလာမ်ရန်ပုံငွေတို့သည် အမေရိက မှ ထွက်ခွာကြသည်။ အမေးအမြန်းအစစ်အဆေးမရှိသော ဥရောပသို့ ရွှေ့ကြသည်။ အစ္စလာမ်ရန်ပုံငွေတို့သည် ဘစ္စနက်တို့တွင် အများ အပြားရင်းနှီးမြှုပ်နှံထားသလို Hedge Islamic Fund ခေါ် စတော့ရှယ်ယာဝယ်ရောင်း လုပ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတို့တွင် လည်း အများ အပြားရင်းနှီးမြှုပ်နှံထားကြသည်။ ဘစ္စနက် ၌ ပင် တိုက်တာ အိုး အိမ် ဘစ္စနက်တွင် အစ္စလာမ် အရင်းအနှီးအတော် များ သည်။
ထို့ကြောင့် ယနေ့ ကမ္ဘာ့အရင်းအနှီး စီးဆင်းမှု (global capital flow) တွင် အစ္စလာမ် ငွေပင်ငွေရင်းတို့သည် အမေရိကားမှ ဥရောပသို့ အရွှေ့အပြောင်းများ ပြုလုပ်လာကြောင်းတွေ့ ရသည်။ စီးပွားရေး အမြင်သက်သက်ဖြင့် လိပ်ပြာသန့်ရှင်စွာ ဖြင့် ဘစ္စနက်လုပ်သော အစ္စလာမ်ရန်ပုံ ငွေတို့သည် အမေရိကား၌ ပင် တွယ်ကပ်နေသည်။ အကြောင်းမူ ရင်းနှီးမြှုပ်နှံမှု ဘစ္စနက် (investment business) အကောင်းဆုံး ဆောင်ရွက်နိုင်သော နေရာမှာ အမေရိကား ဖြစ်နေသော ကြောင့် ဖြစ်သည်။
ဒေါ်လာထိုးကျ၊ ပေါ်လစီပြောင်း
ထိုအခြေအနေတွင် အမေရိကန်ဒေါ်လာဈေး ထိုးကျသည်။ အထူးသဖြင့် ဥရောပ ယူရိုငွေ နှင့် လဲလှယ်ရာတွင် ဒေါ်လာတန်ဖိုးသည် လေးနှစ် အတွင်း အနိမ့်ဆုံးသို့ ထိုးကျသွားသည်။
သဘောမှာ ယူရိုငွေနှင့် ယန်းငွေတို့ တန်ဖိုးတက်သွားခြင်း ဖြစ်သည်။ တန်ဖိုးကျဆင်း သွားသော အခါ ဒေါ်လာကို အားပျော့ဒေါ်လာ (weak dollar) ဟုခေါ်၍ တန်ဖိုးတက်သော ယူရိုငွေကို အားတောင် ယူရို (strong Euro) ဟု ခေါ်သည်။
ဤအချက်ကိုပင် ဥရောပက မကြိုက်နှစ်သက် ပေ ။ အမေရိကန်က အလွန်သဘောခွေ့သွားသည်။ ဒေါ်လာတန်ဖိုး ကျဆင်းသွားသည်ဆိုသည်မှာ အမေရိကန်ကုန်ပစ္စည်းများ ပြည်ပဈေးကွက်တွင် ဈေးပေါသွားခြင်း ဖြစ်၍ အမေရိကန် အိတ်စပို့တွေ တက်သွားသည် အမေရိကန်၌ ယှဉ်ပြိုင် အား ပိုကောင်းသွားသည်။ ဥရောပယူရိုငွေ တန်ဖိုးမြင့်တက်သွားသော ကြောင့် ဥရောပ အိတ်စပို့ ပို့ကုန်တို့သည် အလှကုန်ဈေးကြီးကုန်တော့သည်။ ဥရောပပို့ကုန်တွေ ကျဆင်းကုန်သည်။
ဤနေရာ၌ အမေရိကန်၏ ဒေါ်လာပေါ်လစီသည်လည်း အပြောင်းအလဲ ဖြစ်သွားသည်။ ယခင်က အမေရိကန်အစိုးရ အဆက်ဆက်သည် အင်အားတောင့်သော ဒေါ်လာ (strong dollar) ပေါ်လစီကို ကျင့်သုံးခဲ့ကြသည်။ ယခု ဘဏ္ဍာရေး ၀န်ကြီး ဖြစ်လာသော ဂျွန်စနိုးသည် အင်အား တောင့်သော ဒေါ်လာကို ချီးကျူးခဲ့သည။် ဟောခဲ့သည်။
သို့ သော် ယခု သူသည် လေ ပြောင်းသွား ပြီ။ သမ္မတ ဘု(ရှ်) အစိုးရကိုယ်တိုင်ကလည်း အားပျော့ဒေါ်လာ (weak dollar) ပေါ်လစီကို ထောက်ခံလိုက်သည်။ အချို့က အားပျော့ဒေါ်လာ ပေါ်လစီကြောင့် အမေရိကားတွင် လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ သူတို့ အရင်းအနှီးတို့ကို အမေရိကားက ပြန်ထုတ်ထွက်ခွာကြလိမ့်မည် ဟု ခန့်မှန်းကြသည်။ အမေရိကား၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွင် ဤမျှ များ ပြားခဲ့သည်မှာ Strong doller (အင်အားတောင့်ဒေါ်လာ) ကြောင့် ဖြစ်သည်ဟုဆိုသည်။
အမေရိကားသည် သူ့နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ပြန်လည်ဆုတ်ခွာသွားသည့် ဒဏ်ကို ကြာရှည်ခံနိုင်မည် မဟုတ်၊ ထို့ကြောင့် အားပျော့ဒေါ်လာ ပေါ်လစီကိုပြင်ဆင်ရမှာ ပါဟု ဟော ကိန်းထုတ်သူတို့လည်း ရှိလာသည်။
ဒီဖလေးရှင်း ထိန်းပါ
ထိုအခြေအနေတွင် အမေရိကားအပါအ၀င် ဥရောပအပါအ၀င် ကမ္ဘာ့တစ်ဝန်း၌ ဒီဖလေးရှင်း (deflation) အရိပ်အယောင်တွေ သန်းလာပြီး၊ ဒီဖလေးရှင်းထဲ စိုက်ဆင်းနေပြီလို့ပင် ပြောလာကြသည်။ ဒီဖလေးရှင်းဆိုသည်မှာ အရပ်ရပ်ဈေးနှုန်းများ ကျဆင်းခြင်းကို ခေါ်သည်။ ဈေးနှုန်း၌ ကုန်စည်ဈေးနှုန်းနှင့် အက်ဆက်ဈေးနှုန်း (asset prices) တို့ ဟူ၍ နှစ် မျိုးပါဝင်လာရာ နှစ် မျိုးစလုံး ကျဆင်းလာသည်။
ယခင်က အဓိကပြဿနာသည် ကုန်စည်ဈေးနှုန်းရော (inflation) ဖြစ်သည်။ အင်ဖလေး ရှင်းဆိုသည်မှာ ကုန်စည်ဈေးနှုန်းရော အက်ဆက်တို့ပါ အရပ်ရပ်ဈေးနှုန်းတွေ ထောင်ထက်ခြင်းကို ခေါ်သည်။ အင်ဖလေးရှင်းကို တိုက်ဖျက်ခဲ့ရာ အင်ဖလေးရှင်းသည် အတော် အတန် ကျဆင်း သွားခဲ့သည်။ Substantial fall in inflation ဟု ပြောလာကြသည်။
အင်ဖလေးရှင်းကို တိုက်ဖျက်ရင်း အင်ဖလေးရှင်း ကျဆင်းလာသည်။ ဤကျဆင်းမှု ကို နိုင်အောင် မထိန်းထားနိုင်သော အခါ အင်ဖလေးရှင်းထဲ စိုက်စင်းရပြီ။ အကယ်၍ အင်ဖလေးရှင်းကို လည်း အလားတူ မထိန်းသိမ်းနိုင်လျှင် အင်ဖလေးရှင်း (depression) ထဲ ရောက်သွားနိုင်သည်။ ဒီပရက်ရှင်းဆိုသည်မှာ ၁၉၂၉ ခုနှစ် က ဖြစ်ပွားခဲ့သော စီးပွားရေး ပျက်ကပ်လို ပျက်ကပ်မျိုး ဖြစ် သည်။ ဈေးနှုန်းတွေ အကုန်ပြိုကျတာ အလုပ်လက်မဲ့တွေ ထူပြောလာခြင်း ဖြစ်သည်။ အဖြေရှာရန် ခေါင်းချင်းရိုက်နေကြသည်။
Ref : The Economic IHT
စွန့်ဝံ့သူ တော် သူတို့သာ
ယနေ့စီးပွားရေး ကို ပူဖောင်းလွန်ခေတ်စီးပွားရေး (post-bubble economy) ဟု ခေါ်ဆိုလာသည်။ အဘယ်ကြောင့် ဆိုသော် ပူဖောင်းတွေ ဖတ်ကနဲ ဖတ်ကနဲ ပေါက်ပြဲကုန်သော ကြောင့် ဖြစ်သည်။ ပူဖောင်းရှိသေးချင်လည်း ပိန်ချပ်သွားသော ကြောင့် ဖြစ်သည်။
ပူဖောင်းလို့ခေါ်ရသည်မှာ ဈေးနှုန်းတွေ ခုန်ပေါက်မြင့်တက်နေခြင်းကို ရည်ညွှန်းလို သော ကြောင့် ဖြစ်သည်။ တော် ရုံတန်ရုံလောက်ဖြင့် ပူဖောင်းလို့ မခေါ်ပါ။ သင့်တော် လျော်ကန်သော တန်ဖိုး (fair value) ကို ကျော်လွန်ပြီး ဈေးမြောက်မှသာ ခေါ်ဆိုသည်။
ကုန်ဈေးနှုန်း (commodity prices) တွေ ကျဆင်းကုန်သည် အက်ဆက်ဈေးနှုန်း (asset prices) တွေ ကျဆင်းကုန်သည်။ စတော့ရှယ်ယာဈေးနှုန်းတွေ ကျဆင်းသည်။ ဘွန်းဈေးနှုန်းတွေ ဈေးနှုန်းတွေ ကျဆင်းသည်၊ တိုက်တာအိမ်ရာမြေဈေးနှုန်း (property prices) တွေ ကျဆင်းကုန် သည် သာမန်ကျဆင်းရုံလောက်ကို ဖောင်းပွမှု ကျဆင်းခြင်း (fall in inflation) ဟုခေါ်သည်။ ထိန်းမနိုင်သိမ်းမရ ကျဆင်းမှသာ ပူဖောင်းပေါက်ပြဲသွားပြီး (bubble bust) ဟု ဆိုသည်။
ယနေ့ ပူဖောင်းတွေ ပေါက်ပြဲကုန်သည်။ ထို့ကြောင့် ယနေ့စီးပွားရေး အခြေအနေကို ပူဖောင်းလွန်ခေတ်ဟု သမုတ်ထားသည်။ ဤပူဖောင်းလွန်တွင် စီးပွားရေး သမားတွေ ၊ ဘစ္စနက်တွေ ဘယ်လိုလှုပ်ရှားမလဲ။ ဟောဟိန်းထုတ်သူတစ်ဦး စွန့်ရဲသူ၊ တော် သူတို့သာအကျိုးရှိမည် ဟု မန်းမှု တ်ပြသည်။ Brave and good will gain ဟု ဆိုသည်။
ထူးခြား ခြောက်ချက်
ပူဖောင်းတွေ လည်း ပေါက်ပြဲကုန်ရာ အခြေအနေ ခြောက်ရပ်ထူးထူးခြားခြား ပေါ်လာသည်။ ၎င်းတို့မှာ
၁။ အတိုးနှုန်းတွေ အပြိုင်လျှော့ချကြသည်။
၂။ ငွေတန်ဖိုးတွေ အပြိုင်လျှော့ချကြသည်။
၃။ အခွန်အတုတ်တွေ အပြိုင်လျှော့ချကြသည်။
၎။ အမေရိကန်ဒေါ်လာ တန်းဖိုးကျဆင်းသွားသည်။
၅။ အလုပ်အကိုင်တို့ကိုဖြုတ်ရာ၌ ပုဆိန် (axe) ဖြင့် ပေါက်ပြီး ဖြုတ်သည်။
၆။ တရုတ်ဈေးကွက်ကို အာရုံစိုက်ကြည့်လာသည်။
ပူဖောင်းတွေ ပေါက်ပြဲကုန်သည်အထိဆိုသည်မှာ အရပ်ရပ်ဈေးနှုန်းတွေ ကျဆင်းကုန်ခြင်း ခေါ်သည်။ ဤသည်ကို စကားနှစ် မျိုးဖြင့် လည်း ပြောနိုင်သည် ။ ပထမစကားမှာ ဒီဖလေးရှင်း (deflation) ဖြစ်သည်။ ဒုတိယစကားမှာ ၀က်ဝံဈေးကွက် (bear market) ဖြစ်သည်။ မကြာမီ ရက်ပိုင်းအတွင်းက ဆားစ် ရောဂါ ပြဿနာ အရှိန်သေသွားခြင်းနှင့် အီရတ်စစ်ပွဲကိစ္စ အေးဆေးသွားခြင်းတို့ကြောင့် စတော့ရှယ်ယာဈေးနှုန်းအချို့ ပြန်တက်လာသည်။ ဤတွင် ဤသို့ စတော့ရှယ်ယာ ဈေးနှုန်း ပြန်တက်ခြင်းသည် ၀က်ဝံဈေးကွက် နိဂုံးချုပ်ခြင်းကို အချက်ပြခြင်း ပေလော။ ပူဖောင်း သစ်တွေ ပေါ်လာဦးမည် လောဟု မေးခွန်းထုတ်ကြသည်။ အဖြေကို ယတိပြတ် မပေးနိုင်ကြ သေးပေ။
ထို့အပြင် အတိုးနှုန်းချခြင်းနှင့် အခွန်အတုတ်လျှော့ဖြတ်ခြင်း (၀ါ) ငွေကြေးနှင့် ဘဏ္ဍရေး ပေါ်လစီအသစ်တို့၏ သက်ရောက်မှု အနေဖြင့် စတော့ဈေးနှုန်းတွေ ပြန်မော့လာခြင်းလားဟူ၍ လည် ဆန်းစစ်ကြသည်။
ရွှေဈေးကွက်
အခွန်အတုတ်တွေ အပြိုင်အဆိုင်လျှော့ချခြင်းတို့သည် ဒီဖလေးရှင်း ဖြစ်နေပြီဟု အသိအမှတ်ပြုရာရောက်သည်။ မကြာသေးမီက အထိ ဤလက္ခဏာကို အသိအမှတ်မပြုဘဲ ဖြစ်နေသည်။ အမေရိကန်ဒေါ်လာတန်ဖိုးသည် ငိုက်စိုက်ကျဆင်းနေရာ ဤကိစ္စ၌ အငြင်းအခုံ ဖြစ်နေကြသည်။ အင်အားကြီးသော ကော်ပိုရေး ရှင်းတို့သည် ဈေးကွက်မျိုးစုံ၊ငွေကြေးမျိုးစုံတို့ဖြင့် ကိုင်တွယ် စီးပွားရေး လုပ်ကြသဖြင့် သူတို့အဖို့ အကာအရံ ပရိုဂရမ် (hedging programmes) တို့ဖြင့် အမြန်အဆန်ပြုလုပ်နိုင်ကြသည်။ အကာအရံပရိုဂရမ်ဆိုသည်မှာ ငွေကြေးလဲလှယ်ရေး နှုန်း ထား ယိမ်းယိုင်မှု (exchange rate swings) တို့မှ မိမိအထိအောင် အကာအကွယ်ယူခြင်းကို ဆိုလိုသည်။
ရွှေသည် ငွေမာ၏ ကိုယ်စားလှယ်တစ်ပါး ဖြစ်သည်။ (a proxy for hard currency) ဟု မှတ်ယူကြသည်။ ဤဂုဏ်အင်္ဂါကြောင့် ရွှေစီးဆင်းမှု ကို ကမ္ဘာ့ငွေပင်ငွေရင်း စီဆင်းမှု ကိစ္စတို့တွင် အပိုင်းတစ်ဆစ်အနေဖြင့် ထည့်သွင်းစဉ်းစားကြသည်။ ယခု ပို၍ စိတ်ဝင်စားနေသည့် ဈေးကွက်မှာ တရုတ်ရွှေဈေးကွက် ဖြစ်သည်။ မသေချာမရေရာမှု တို့များ လျှင် ရွှေ ဈေးကွက်ကို ငဲ့စောင်းကြည့်သည်။
၂၀၀၂ ခုနှစ်၌ ရွှေတစ်အောင်စလျှင် ဒေါ်လာ ၂၈၀ ရှိရာမှ ယခုဒေါ်လာ ၃၄၀ အထိ တက်သွားသည်။ အမှန်စင်စစ်အားဖြင့် ပြောရလျှင် ရွှေ၏ ရွှေခေတ်သည် ၁၉၇၀ပြည်နှစ် များ ကတည်းက နိဂုံးချုပ်ခဲ့ပြီး ဖြစ်သည်။ မည် သည့်ဗဟိုဘဏ်တို့ကမှ ရွှေကိုသီးသန့်ရန်ပုံငွေ (reserves) တို့တွင် မထာြး ကတော့ပေ။ ထို့ကြောင့် ရွှေအင်ဒတ်စထရီက မျှော်လင့်ချက်များ ပေါ်မလာလို့ တရုတ် ရွှေဈေးကွက်ကို လှမ်းကြည့်လာသည်။
တရုတ်ပြည်၌ ရွှေအရောင်းအ၀ယ်ကို ပိတ်ထားခဲ့သည်။ သို့သော် အိန္ဒိယ၌ ရွှေအရောင်း အ၀ယ်ကို အတော် အတန်ခွင့်ပြုခဲ့သဖြင့် တရုတ်ပြည်ကလည်း အကန့်အသတ်နှင့် ခွင့်ပြုခဲ့သည်။ ဤသို့ ခွင့်ပြုလာကြခြင်းကြောင့် အမေရိကန်သည် ရွှေစားသုံးသူအ ဖြစ် ပထမ၊ အိန္ဒိယက ဒုတိယ နှင့် တရုတ်က တတိယအသီးသီးလိုက်ခဲ့ကြသည်။
ရွှေစာရင်း
တရုတ်ပြည်တွင် ရွှေတွင်းပေါင်း ၁၀၀၀ကျော်ရှိသည်။ ဤတွင်းတို့မှ ထွက်သမျှ ရွှေကို တရုတ်အစိုးရက ဈေးနှုန်းကန့်သတ်၍ ၀ယ်ယူသည်။ ဤသို့ အစိုးရက ၀ယ်ယူပြီး အချို့ကို ရတနာကုန်သည်များ လက်ဝတ်လက်စား ရတနာလုပ်ရန် ထုတ်ရောင်းသည်။ သို့ ရာတွင် ဤစနစ်သည်ပြီး ခဲ့သော အောက်တိုဘာလထဲ၌ ရပ်ဆိုင်းသွားသည်။ ထိုအခါ ရှန်ဟဲတွင် ရွှေဒိုင် (gold exchange) ဖွင့်ပေးသည်။
ဤရွှေဒိုင်၌ ရွှေထုတ်လုပ်သူနှင့် ၀ယ်သူတို့တွေ့ ဆုံကာ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကား နိုင်ကြသည်။ ပြီးသော မတ်လက တရုတ်ဗဟိုဘဏ်က ရွှေထုတ်လုပ်သူနှင့် ရွှေကုန်သည်တို့ အား လိုင်စင်ချပေးသော လုပ်ငန်းကို စွန့်လွှတ်လိုက်သည်။ ပြီးခဲ့သော ဇွန်လထဲ၌ ရှေ့တစ်လှမ်းတိုး လိုက်သည်။ ရွှေကို ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်သည်။ အဓိပ္ပာယ်မှာ ရင်းနှီးမြှုပ်နှံသူတို့သည် ရွှေချောင်း (bullion) တို့ကို ၀ယ်ယူနိုင်သည်။ သို့ မဟုတ် ဘဏ်တို့တွင် ရွှေစာရင်း (gold account) ဖွင့်နိုင်သည်။
တရုတ်လူမျိုးတို့၌ စုဆောင်းမှု အင်အားမြင့်သည်။ သို့ သော် mutual fund ခေါ် ရင်းနှီးစုဆောင်းမှု ဖန်တို့ မရှိသေး၍ လည်းကောင်း၊ စတော့အိတ်ချိန်း မထွန်းကားသေး၍ လည်းကောင်း၊ ဘဏ်တို့တွင် အအပ်များ ကြသည်။ ဘဏ်တို့ကလည်း အတိုး ၂ရာခိုင်နှုန်းတစ်ဝိုက်ပေးကြသည်။ အိန္ဒိယက အတွေ့ အကြုံကိုယူလျှင် ဤတရုတ်စုဆောင်းသူတို့သည် ရွှေဘက်ဦးလှည့်မည် သာ ဖြစ်သည်။
ဤသို့ ရွှေဘက်လှည့်ကြည့်ကြသဖြင့် ရွှေအပေါ် ၀ယ်လိုအားတအားမြင့်သွားသည်။ ရွှေ တန်ချိန် ၂၀၀အထိ တက်လာသည်။ ရွှေဝယ်လိုအားမြင့်တက်လာမှု ကြောင့် ပြည်ပမှ ရွှေတင်သွင်း ရန်ပင် လိုလားသည်။ ဤအခြေအနေမျိုးကို တရုတ်ပြည် ဗဟိုဘဏ်က မလိုလားပေ။ နိုင်ငံတကာ ကုန်သွယ်မှု ၌ ရွှေအရောင်းအ၀ယ်ကို လွတ်လပ်ခွင့်မလိုပေ။ အဘယ်ကြောင့် ဆိုသော် တရုတ်ယွမ် ငွေသည် လွတ်လပ်စွာ ဖလှယ်ခွင့် (convertibility) မရှိသေးသော ကြောင့် ဖြစ်သည်။ ယွမ်ငွေ လွတ်လပ်စွာ ဖလှယ်ခွင့်မရှိသရွေ့ကာလပတ်လုံး၌ နိုင်ငံတကာလွတ်လပ်စွာ ရွှေစီးဆင်းမှု (international flow of gold) ကို တရုတ်က ခွင့်ပြုဦးမည် မဟုတ်သေးဟု ကျွမ်းကျင်သူတို့က ခန့်မှန်းထားကြသည်။
ကမ္ဘာ့ရေအကောင်စီဥက္ကဋ္ဌ ဖြစ်သူ ရောဘတ်ချင်က “ရွှေနယ်နိမိတ်မရှိ” (Gold has no boundaries) ဟု ဆိုလိုက်ပြီး တရုတ်ပြည်မှာ ရွှေအနုတ်အသိမ်းများ လာလျှင် လူတိုင်းအတွက် အကျိုးရှိပါလိမ့်မည် ဟု ထုတ်ဖော်ပြောဆိုသည်။
ထိုအခါ ရွှေပူဖောင်းပေါ်မည် လားမသိပေ။ ပူဖောင်းလွန်ခေတ်တွင် ရွှေဂိမ်းကိုလည်း အထိုက်အလျောက်ကစားမည့်  ပုံရှိသည်။
Ref:The Economist
ဒေ၀ါလီ
ဒေ၀ါလီခံသည်ဆိုသော စကားသည် မြန်မာတွေ က မွေးစားထားသော ကုလားစကား ဖြစ် သည်။ Insolvency ကိုလည်းကောင်း၊ bankruptcy ကိုလည်းကောင်း ဘာသာပြန်ထားခြင်း ဖြစ်သည်။ လူမွဲအ ဖြစ် တရားဝင်ကြေညာခြင်း ဖြစ်သည်။ လူမွဲအ ဖြစ်ကြေညာခြင်းနှင့် ဒေ၀ါလီခံခြင်းတို့သည် မိမိပေးဆပ်စရာရှိသည့် ကြွေးမြီအရပ်ရပ်တို့ကို ပေးဆပ်နိုင်ခြင်း မရှိတော့ပါဟု ကြေညာခြင်း ဖြစ်၍ လူမွဲဘ၀ခံယူခြင်းဟု ဘာသာပြန်ထားကြသည်မှာ အလွန်ဆီလျော်လှသည်။
ဤအလုပ်မျိုးကို သူဌေးတွေ က လုပ်သည်။ ဆင်းရဲသားတွေ ကမလုပ်ပေ။ အဘယ့်ကြောင့် ဆိုသော် ဆင်းရဲသားတို့သည် နဂိုကတည်းက မွဲထားပြီ ဖြစ်၍ လူမွဲဘ၀ခံယူရန် အကြောင်းမရှိ။ သူတို့၌ ကြွေးမြီတို့ကလည်း လူမွဲဘ၀ခံယူလောက်အောင် မရှိကြပေ။ မြီရှင်တို့ကလည်း ဆင်းရဲ သားတို့ကို သိပ်ပြီးအချေးအငှားမလုပ်ကြပေ။
ထို့ကြောင့် ဒေ၀ါလီခံယူခြင်းသည် ချမ်းသာသူတို့နှင့် လူလတ်တန်းစားတို့နှင့် သာ သက်ဆိုင်သည်ဟု ဆိုကြသည်။ လူမှု ဥပဒေ၊ (သို့ ) ဒေ၀ါလီဥပဒေတို့သည် လူလတ်တန်းစားတို့၏ ထွက်ပေါက် (escape route)ဟု ယူဆခဲ့သည်။ စင်စစ် ဘ၀ပျက်ခြင်း ဖြစ်သည်။ ထွက်ပေါက်ဟု ဆိုရန် ခက်သည်။ အကြွေးပေးဆပ်ရန် တာဝန်မရှိစေကာမူ လူရာမ၀င်တော့ပေ။ လူမွဲဘ၀ခံယူသူသည် လူ့အရပ်သားအခွင့်အရေး (civil rights) တွေ ဆုံးရှုံးသည်။ ဘုရားလူကြီး မ ဖြစ်နိုင်၊ မည် သည့် ရွေးကောက်ပွဲမှ ၀င်ရောက်အရွေးမခံနိုင်၊ ကျောင်းထိုင်ဆရာတော် မ ဖြစ်နိုင်။
အပိုအလျှံစားသုံးခြင်း
မကြာသေးမီက ဟားဗက်တက္ကသိုလ် ဥပဒေပါမောက္ခအယ်လီဇဘက်ဝါရင်နှင့် သူ၏ သမီး ၀ါရင်ကဲင်ဂီတို့က စာအုပ်တစ်အုပ်ရေး သားထုတ်ဝေသည်။ စာအုပ်အမည် က The Two-Income Trap ဟုခေါ်သည်။ ၀င်ငွေနှစ် မျိုးရရှိသူတို့၏ ထောင်ချောက်ဟု ဘာသာပြန်သည်။ ခေါင်းစဉ် ငယ်အ ဖြစ် “လူလတ်တန်းစား မိခင်နှင့် ဖခင်များ အဘယ်ကြောင့် လူမွဲ ဖြစ်သွားရသနည်း”ဟု ရေး သားထားသည်။ စာအုပ်က လူလတ်တန်းစားများ မွဲသွားပုံအကြောင်းပင်တည်း။
ဤနေရာ၌ ပါမောက္ခ၀ါရင်က maxed out ဆိုသော စကားကိုသုံးသည်။ ဤစကားသည် ခရက်ဒစ်ကတ် (credit card) ကြွေးကဒ်လောက၏ အသုံးအနှုန်း ဖြစ်သည်။ လူ တစ်ယောက် ကို အမြင့်ဆုံးအများ ဆုံး ဘယ်ရွေ့ဘယ်မျှ ဤကတ်ပြ၍ သုံးစွဲနိုင်ခွင့်ရှိသည်ဟု ခရက်ဒစ်ကတ်ကုမ္ပဏီ နှင့် ဘဏ်တို့က ပေးထားတတ်သည် (ချေးထားတတ်သည်)။ ဤကတ်ပြ၍ သုံးစွဲသော ကြောင့် ဤခရက်ဒစ်ကတ်၏ အမြင့်ဆုံးအများ ဆုံး အကန့်အသတ် ကုန်သွားလျှင် maxed out ဟု ပြောဆိုသည်။ ခွင့်ပြုထားသော အမြင့်ဆုံးအကန့်အသတ်အထိ ကုန်အောင်သုံးစွဲထားပြီးကြောင်း ရည်ညွှန်း ခြင်း ဖြစ်သည်။
အမေရိကန်လူလတ်တန်းစားတို့သည် စီးပွားရေး စန်းပွင့်ချိန်၌ အသုံးအစွဲတွေ အလွန် လက်ဖွာခဲ့ကြလေရာ ခရက်ဒစ်ကတ်မျိုးစုံကိုလည်း ချေးငှား၍ သုံးစွဲခဲ့ကြသည်။ ပါမောက္ခ၀ါရင်က ယင်းကိုအရမ်းကာရော ပိုမိုစားသုံးခြင်း (overconsumption) ဟုခေါ်သည်။
အရမ်းကားရော စားသုံးမှု ကို ထင်ဟပ်သော ဗန်းစကားတို့လည်း ပေါ်လာသည်။ Shopaholic တို့ vox shopali တို့ ဖြစ်သည်။ ပထမစကားသည် ဈေးမ၀ယ်ရလျှင် မနေနိုင်၊ ဈေးဝယ်ခြင်းကို ဘိန်းစွဲသလို စွဲခြင်းကိုရည်ညွှန်းသည်။ ဒုတိယစကားသည် လူကြားထဲ ဈေးဝယ် ထွက်ခြင်း၊ ရေပန်းစား၊ ခေတ်စား၊ ဖက်ရှင် ဖြစ်ခြင်းကို ရည်ညွှန်းသည်။
လူမွဲနှစ် မျိုး
ဒေ၀ါလီခံခြင်း (လူမွဲကြေညာခြင်း) ၌ နှစ် မျိုးရှိသည်။ ပထမတစ်မျိုးမှာ ကုမ္ပဏီတို့က အရှုံး တွေ အများ ကြီးတွေ့ ပြီး ချေးယူထားသော အကြွေးတို့ကို မဆပ်နိုင်သဖြင့် ဒေ၀ါလီခံခြင်း ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ လူတစ်ဦးချင်းက ဒေ၀ါလီခံခြင်း ဖြစ်သည်။ ကုမ္ပဏီတွေ ဒေ၀ါလီခံသည်မှာ အဆန်းမဟုတ်ပေ။ စီးပွားရေး စန်းပွင့်လျှင် ငွေတွေ နင်းကန်ချေးပြီး လုပ်ငန်းကိုတိုးချဲ့ကြရာ စန်းပွင့် နေသ၍ ၌ ဤကြွေးမြီတို့သည် ဆပ်လိုက်ထပ်ချေးလိုက်နှင့် ပျော်စရာကြီး ဖြစ်နေခဲ့သည်။
သို့ ရာတွင် စီးပွားရေး ထိုင်းမှိုင်းဆုတ်ယုတ်ပြီဟုဆိုလျှင် ထိုင်ငိုရတော့သည်။ ကြွေးရှင်တို့က လိုက်ပြီ။ ထိုအခါ ကုမ္ပဏီတို့သည် ဒေ၀ါလီခံဥပဒေ (Bankruptcy Law) အောက် ၀င်ပြေးကြ သည်။ လူမွဲအ ဖြစ်ကြေညာပေးရန် တရားရုံးတွင် လျှောက်ထာြး ကတော့သည်။ ဥပဒေအရ တရားရုံးကကြွေး မည် ရွေ့မည် မျှကို လျော်ပစ်ပေးသည်ဟူ၍ အမိန့်ချပေးသည်။ အမေရိကန် ဒေ၀ါလီဥပေဒအရ အခန်း (၇)နှင့် (၁၃)တို့ကို အသုံးပြုကြသည်။
ယခုကုမ္ပဏီတွေ ဒေ၀ါလီခံခြင်း ခေတ်စားနေသလို လူတစ်ဦးချင်းကလည်း ဒေ၀ါလီခံလာ ကြသည်။ မိသားစုတို့ကလည်း ဒေ၀ါလီခံလာကြသည်။ အထက်တွင် ဖော်ပြသော စာအုပ်ကို ရေး သားသူတို့က တစ်ဦးချင်းနှင့် မိသားစုများ ဒေ၀ါလီခံခြင်းကို အဓိကထားစူးစိုက်တင်ပြသည်။ များ စွာ သော မိသားစုတွင် လင်မယားနှစ် ယောက် စလုံး အလုပ်လုပ်သဖြင့် ၀င်ငွေနှစ် မျိုးအိမ်ထောင်စု ဖြစ်ကြသည်။ ယခုဤ၀င်ငွေနှစ် မျိုး အိမ်ထောင်စုတို့ ဒေ၀ါလီခံခြင်းများ များ ပြားသဖြင့် စာအုပ်ရေး သူက ဤအကြောင်းကို ၀င်ငွေနှစ် မျိုး ထောင်ချောက် (two-income-trap) ဟု ခေါ်ဆိုသည်။
ထရော်လီလှည်း
ဝင်ငွေနှစ် မျိုးအိမ်ထောင်စုသည် လူလတ်တန်းစားတို့ ဖြစ်ကြသည်။ ဘဏ်သမားတစ်ဦးက ဤလူလတ်တန်းစား အိမ်ထောင်စုတို့သည် ကုန်တိုက်ကြီးတို့၌ ထရော်လီလှည်းတွန်း၍ ဈေးဝယ်ရ သော ဇိမ်ခံဝယ်နည်းတွင် အလွန်ပျော်မွေ့ကြသည်။ မူးယစ်ကြသည်။ Mall-trolling luxury lusters drunk ဟု ရေး သားသည်။
အခုတော့ မိမိတက်နိုင်သလောက် ပိုမိုစားသုံးခြင်း (၀ါ)ကုန်တိုက်ထဲ၊ စတိုးဆိုင်တွေ ထဲ လက်တွန်းလှည်းလေးတွေ နဲ့ ကုန်ဝယ်ခြင်းတွင် ယစ်မူးရသော စည်းစိမ်၏ ဒဏ်ကို ယခုလှလှကြီးခံရပြီ။ ထောင်ချောက်ထဲပိတ်မိနေပြီ။ သူဌေး သင်္ဘောပျက်၊ သူတောင်းစားခွက်ပျောက်ပုံမျိုးတည်း။ Broke ဟုခေါ်သည်။ အကြွေးရရင် ဆင်တောင်ဝယ်စီးတာမျိုးတွေ တစ်ပြုံတစ်ခေါင်းကြီးပြုလုပ်ခဲ့ရာ ကြွေးတွေ လည်းနစ်လာသည်။
သာမန်အခြေအနေ၌ ကြွေးတွေ လည်နစ်ခြင်းသည် အကြောင်းမရှိ၊ ပြဿနာသိပ်မကြီး။ သို့ သော်ပါမောက္ခ၀ါရင်က လူလတ်တန်းစား ကပ်သုံးပါး (three catastrophies) အကြောင်းကို ရှင်းပြသည်။ ဤကပ်သုံးပါးနှင့် မမျှော်လင့်ဘဲ လူလတ်တန်းစားက ၀င်စောင့်မိသည်နှင့် ဒေ၀ါလီခံရ တော့မည် ။ မွဲပြီ။ ဤကပ်သုံးပါးမှာ (၁) မမျှော်လင့်ဘဲအသက်အန္တရာယ်စိုးရိမ်ရသော ရောဂါ တစ်မျိုး မျိုးဝင်လာခြင်း (ဆေးကုသစရိတ်နှင့် ပင် မွဲမည် )၊ (၂) အလုပ်ပြုတ်ခြင်း (lay-off) အလုပ်လက်မဲ့ ဖြစ်စဉ် စားစရာရှာရတော့မည် ) နှင့် (၃) လင်မယားကွဲကြခြင်း (divoce) တို့ဟူ၍ ဖြစ်ကြသည်။ ဤသုံးမျိုးတစ်မျိုးမျိုးကြောင့် လူလတ်တန်းစားမွဲနိုင်သည်။
အညွှန်း Business Week
အခြေခံအမှတ်အသားများ
ယနေ့ကမ္ဘာစီးပွားရေး အခြေအနေ၏ အခြေခံအမှတ်အသားတို့ကို ဤသို့ရှုမြင်နေကြသည်။
(၁) ကုမ္ပဏီတို့၏ ၀င်ငွေ (earnings) များ ဘယ်လိုရှိသလဲ။
(၂) အလုပ်လက်မဲ့နှုန်း ဘယ်လောက်မြင့်တက်လာသနည်း။
(၃) ဒေါ်လာ၊ ယူရို၊ ယန်း၊ ယွမ်တို့၏ ငွေကြေးလဲလှယ်ရေး နှုန်းတို့သည် အလိုင်းမင့်ညှိ မလား၊ မညှိဘူးလား။
(၄) ဒေါ်လာစွန့်ပြီး ယူရိုပြောင်းကိုင်လျှင် ဘယ်လို ဖြစ်တတ်သလဲ။
(၅) တရုတ်နှင့် ဂျပန်တို့ ဒေါ်လာတွေ သိုလှောင်နေခြင်းသည် စည်းကျော်နေပြီလော။ တရုတ်ဈေးကွက်သည် အတိုးနှုန်း (interest rate) ကိုအဘယ်ကြောင့် အခြေခံသနည်း။
(၆) လာမည့်  ၁၀စုနှစ် ၌ ကြီးထွားလာသော တရုတ်စီးပွားရေး အရွယ်အစားနှင့် နိုင်ငံအသီးသီးတို့ ဘယ်လိုပြုမူဆက်ဆံမလဲ။
(၇) ကော်တရာ ကပ်စေးနှဲလူ့အဖွဲ့အစည်း (society of miser) တွေ ဖြစ်လာပုံသည် အကောင်းလား၊ အဆိုးလား တို့ဟူ၍ ဖြစ်သည်။
တခြားနိုင်ငံတို့တွင် သိကြသည့်အတိုင်း ကုမ္ပဏီတွေ အခြေအနေကောင်းမှ တိုင်းပြည် စီးပွားရေး အခြေအနေကောင်းသည်ဟု တွက်ကြသည်။ သို့ ဖြင့် ဂျီဒီပီဖြင့် စီးပွားရေး အခြေအနေ အကဲခတ်ခြင်းကို သိပ်အားမကိုြး ကတော့ပေ။
ဂျီဒီပီသည် စီးပွားရေး ဖွံ့ဖြိုးမှု အစစ်အမှန်ကို စိတ်မချစွာ တိုင်းထွာပြသည်မဟုတ်ဟု ယူဆ လာသည်။ တစ်နည်းပြောလျှင် မက်ခရိုစီးပွားရေး အညွှန်း (macro-economic index) တို့ထက် မိုက္ကရိုစီးပွားရေး အညွှန်း (micro-ecomic index) တို့ကို ပို၍ လေ့လာကြခြင်း ဖြစ်သည်။
အက်ဆက်တန်ဖိုးကျ
ထိုမိုက္ကရိုစီးပွားရေး အညွှန်းထဲတွင် ကုမ္ပဏီ၏ အမြတ်နှင့် ၀င်ငွေတို့သည် အရေး ကြီးသည်။ ထို့ကြောင့် စီးပွားရေး ဘစ္စနက်ဂျာနယ်တို့သည် ယခုတစ်လော ကုမ္ပဏီတို့၏ ၀င်ငွေနှင့် အမြတ် အခြေအနေတို့ကိုသာ ပိုပြီးမီးမောင်းထိုးဖော်ပြနေကြသည်။ သူတို့ဖော်ပြသလောက်၌ ကုမ္ပဏီတို့၏ ၀င်ငွေနှင့် အမြတ် (earning) တို့သည် များ သော အားဖြင့် ကျဆင်းနေကြသည်။
ဒုတိယအရေး တကြီးဖော်ပြလာသော အချက်မှာ အလုပ်လက်မဲ့နှုန်း ဖြစ်သည်။ အလုပ်တွေ သိပ်ပြုတ်ကြသည်။ အလုပ်ပြုတ်ရာ၌ လည်း တစ်ယောက် စနှစ် ယောက် စမဟုတ်၊ အစုလိုက်အပြုံလိုက် ဖြစ်သည်။ ထိပ်တန်းတွေ ပါ ပါဝင်သည်။ ထို့ကြောင့် ဆိုရိုးစကားတစ်ခုပေါ်လာသည်။ The belief that whitecollar is secure in their employment becomes myth. တဲ့။ “ကော်လာဖြူ အလုပ်သမားတွေ အလုပ်အကိုင်၌ လုံခြုံသည်ဆိုသော ယုံကြည်ချက်သည် ဒဏ္ဍာရီ ဖြစ်သွားပြီ” ဟုဆိုသည်။ ကော်လာဖြူဆိုသည်မှာ ဦးနှောက်သုံး အလုပ်သမားတို့ကို ခေါ်သည်။ မည် သည့် အလုပ်အကိုင်မှ စိတ်မချရပေ။ တရုတ်ယမ်ငွေတန်ဖိုးချထားသော ကြောင့် အမေရိကားတွင် အလုပ် လက်မဲ့တွေ ပိုပြီးထူပြောလာသည်ဟူ၍ အသစ်စွပ်စွဲချက်လည်း ရှိလာသည်။
ဤတွင် လူ့အဖွဲ့အစည်းတွင် လက္ခဏာသစ်တစ်ရပ် ပေါ်လာသည်။ ယင်းမှာ ဂျပန်လိုနိုင်ငံ၌ အိမ်ထောင်စုတိုင်း ကော်တရာကပ်စေးနှဲ ဖြစ်လာ၍ စားသုံးခြင်းတွင် အသုံးအစွဲ (consumption spending)တွေ စိုက်ဆင်းကုန်ခြင်း ဖြစ်သည်။ ဤသို့ လက်ငင်းအသုံးစရိတ်တို့ကို နင်းကန်ချွေတာ ၍ ငွေတွေ ပိုစုဆောင်းလာသည့် အကြောင်းအရင်းတို့မှာ (၁) အလုပ်အကိုင်စိတ်မချခြင်း၊ (၂) ရှေးရေး ပင်စင်တွေ အရနည်းလာခြင်း၊ (၃) အနာဂတ်မရေရာခြင်း၊ (၄) အိမ်ထောင်စုပိုင် အက်ဆက် များ တန်ဖိုးကျဆင်းခြင်း (declinge in asset value)၊ (၅) ချေးငှားယူထားသော အပေါင် ချေးငွေများ ပိုမိုဆပ်လာရခြင်းနှင့် (၆) အိမ်ထောင်စုလက်ထဲ ငွေမရွှင်ခြင်းတို့ကြောင့် ဖြစ်သည်။ ခြုံပြောလျှင် သော ကတွေ ပိုမိုဖိဆီးလာ၍ အနာဂတ်အတွက် ပိုပြီးပြင်ဆင်သော ကြောင့် ဖြစ်သည်။
ဘွမ်းနှင့် ဘက်စ်
တခြားနိုင်ငံတွေ စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှု များ တွေ့ ကြုံရပါလျက် တရုတ်စီးပွားရေး က ဤသို့ မတွေ့ ခဲ့ပေ။ ဆက်လက်ဖွံ့ဖြိုးတိုးတက်နေသည်။ တရုတ်၏ စီးပွားရေး အင်အားကြီးလာသည်။ ဤတွင် တရုတ်စီးပွားရေး ကို အမြင်သုံးမျိုးဖြင့် ကြည့်ကြသည်။ ပထမအမြင်မှာ လာမည့် ဆယ်စုနှစ် အတွင်း၌ နိုင်ငံအသီးသီးတို့သည် ကြီးထွားလာသော တရုတ်ပြည်နှင့် ဘယ်လို အတူနေဆက်ဆံမလဲ (How to live with growing China) ဟု မေးခွန်းထုတ်နေသည်။ ဒုတိယအမြင်မှာ စီးပွားရေး တို့၏ ဓမ္မတာအတိုင်း စန်းပွင့်လိုက်ပြိုကွဲလိုက် သံသရာ (boom and bust cycle) တရုတ်ပြည်၌ ဘယ်တော့တွေ့ နိုင်မလဲဟူ၍ ဖြစ်သည်။
တတိယအမြင်မှာ လတ်တလောအလွန်အရေး ကြီးနေသည်။ တရုတ်ပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည် မိမိယွမ်ငွေတန်ဖိုးကို တမင်တကာချထား၍ ဒေါ်လာကိုတန်ဖိုးတက်အောင် လုပ်ထားခြင်းဖြင့် လုပ်ကြံဖန်တီးထားသော တိုးတက်မှု မလားဟု မေးခွန်းထုတ်ခြင်း ဖြစ်သည် Aritifical growth ဟုဆိုသည်။ တရုတ်ယွမ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် လဲလှယ်လျှင် တန်ဖိုးကျဆင်းနေသည်။ တမင်ကျဆင်းအောင်လုပ်ထားသည်။ တရုတ်ယွမ်ငွေတန်ဖိုးကျဆင်း သည်ဆိုသည်မှာ တရုတ်ကုန်ပစ္စည်းတွေ ဈေးပေါပေါနှင့် အမေရိကန်နှင့် အခြားဈေးကွက်တို့တွင် ရောင်းချနိုင်ခြင်းကိုပြသည်။ ထို့ကြောင့် ယွမ်ငွေတန်ဖိုးကို တမင်နိမ့်အောင်ဖန်တီး၍ currency manipulatioin ဖြင့် တရုတ်စီးပွားရေး ကိုတိုးတက်အောင်ပြုလုပ်သည်ဟုစွပ်စွဲခံနေရသည်။ တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည် သွေးရိုးသားရိုးမဟုတ်ဟု ပြောခြင်း ဖြစ် သည်။
တရုတ်ယွမ်ငွေတန်ဖိုး နှိမ့်ထားခြင်းနှင့် အမေရိကန်အလုပ်လက်မဲ့ များ ပြာလာခြင်း တို့ကိုလည်း ချိတ်ဆက်ပြောနေကြသည်။
သီးသန့်ရန်ပုံငွေအပြောင်းအလဲ
သို့ ဖြင့် ကမ္ဘာ့ငွေကြေးတွေ အလိုင်းမင့်ပြန်ချိန်ရန် တိုက်တွန်းမှု တွေ ပေါ်လာသည်။ ထိုအတောအတွင်း၌ တရုတ်နှင့် ဂျပန်တို့က ဒေါ်လာကို ပိုမိုသိုလှောင်ခြင်း (dollar hoarding) ကို အမေရိကန်အစိုးရတာ ၀န်ခံတို့က ကန့်ကွက်ပြောဆိုနေကြသည်။ တရုတ်သည် အမေရိကန်ဒေါ်လာကို တစ်နှစ် ၁၀၀ ဘီလျံဖိုးကျ နှစ် စဉ်သိုလှောင်နေသည်။ ဤသို့ တရုတ်ဗဟိုဘဏ်နှင့် ကုမ္ပဏီတို့က ဒေါ်လာကိုပိုပြီး သိုလှောင်ထားသည်မှာ ယုံမှားမှု (illusion) တစ်ရပ်ကြောင့် ဖြစ်သည်ဟု ထောက်ပြကြသည်။ ဤယုံမှားမှု မှာ ဒေါ်လာကို ပိုကိုင်ထားနိုင်လေ ပိုပြီးချမ်းသာရာရလေ ဟု ထင်မြင်ခြင်း ဖြစ်သည်။
တရုတ်က ဤသို့ ဒေါ်လာကို အများ အပြားသိုလှောင်နေချိန်တွင် တရုတ်ဈေးကွက်သည် အတိုးနှုန်းကို အခြေမခံသော ဈေးကွက် ဖြစ်နေသည်။ တရုတ်ဈေးကွက်မှာ အမေရိကားနှင့် ဥရောပ နိုင်ငံများ ကဲ့သို့ အတိုးနှုန်းက ဟောင်းခြင်းမရှိပေ။ တရုတ်ပြည်စီးပွားရေး ၌ အတိုးနှုန်းက အခရာ မကျ။ အတိုးနှုန်းက မဟောင်း။ အခြားပေါ်လစီ (ယခု ယွမ်ငွေတန်ဖိုးချခြင်း) တို့က ဟောင်းနေသည်။ Interest rate drived market မဟုတ်ပေ။
ယခုတလောဒေါ်လာကို သီးသန့်ရန်ပုံငွေအ ဖြစ် ထားမည့် အစား ယူရိုကို သီးသန့်ရန်ပုံငွေ အ ဖြစ် ပြောင်းလဲထားကြရန် တိုက်တွန်းမှု များ ပေါ်နေသည်။ တိုက်တွန်းသူက ဘယ်လောက်တိုက်တွန်း တိုက်တွန်းဥရောပဗဟိုဘဏ်အပါအ၀င် တရုတ်နှင့် ဂျပန်တို့သည် ဒေါ်လာကိုသာ သဲသဲမဲမဲတိုး၍ စုဆောင်းနေကြသည်။
ဤသည်၌ အကြောင်းရှိသည်။ ရွှေကိုစံချိန်းထားရာမှ ပေါင်စတာလင်ကို သီးသန့်ရန်ပုံငွေများ အ ဖြစ် ပြောင်းလဲခဲ့စဉ်က အရှုံးတွေ တွေ့ ခဲ့ကြပုံ၊ တစ်ဖန်ပေါင်စတာလင်မှ ဒေါ်လာသို့ ပြောင်းထားစဉ်ကလည်း အရှုံးတွေ တွေ့ ခဲ့ကြပုံတို့ကို ပြန်ပြောင်းသတိရရင်း သီးသန့်ရန်ပုံငွေ (reserve)ကို အပြောင်းအလဲလုပ်ရန်ကြောက်နေကြသည်။
လူမှု ဒါဝင်ဝါဒ
၂၀၁၃ခုနှစ် နှစ် ကုန်သည်နှင့် စူးစမ်းရှရှရှိသော အိုင်ဒီယာကြီးတွေ အတော် ပေါ်လာသည်။ ဤအိုင်ဒီယာကြီးတို့၏ အကျဉ်းချုပ်တို့ကို ဤဆောင်းပါးတွင် တတ်နိုင်သမျှ နားလည်အောင် ဖောက်သည်ချထားသည်။
ပထမအိုင်ဒီယာ ။ ။ လူမှု ဒါဝင်ဝါဒ အကြမ်းထည်ပုံသဏ္ဍာန် (crude from of social Darwinism) အကြောင်း ဖြစ်သည်။ ဒါဝင်ဝါဒဆိုသည်မှာ အင်အားကြီးသူက အသက်ရှင်သန်သည် (survival for the fittest) ဆိုသော ဇီဝဆင့်ကဲ ဖြစ်ပေါ်မှု တရားကို ယှဉ်ပြိုင်ရုန်းကန်ရသည်။ ယှဉ်ပြိုင်မှု (competition) အပိုင်း ဖြစ်သည်။ (၂)လူသည် အများ တကာနှင့် ပူးပေါင်းဆောင်ရွက်ရသည်။ ပူးပေါင်းဆောင်ရွက်မှု (cooperation) အပိုင်း ဖြစ်သည်။ ဤနှစ် ပိုင်းကို လူမှု စီးပွားရေး အပိုင်း၌ ဟပ်၍ စဉ်းစားသော အခါ လူမှု ဒါဝင်ဝါဒဆိုပြီးပေါ်လာသည်။
ဖော်ပြပါ ဒါဝင်ဝါဒနှစ် ပိုင်းတွင် ယှဉ်ပြိုင်ရန် ရုန်းကန်မှု အပိုင်းသည် ကြမ်းတမ်းခက်တရော်သည်။ ပူးပေါင်းဆောင်ရွက်မှု အပိုင်းသည်နုသည်၊ ပျော့သည်။ ထို့ကြောင့် ယှဉ်ပြိုင်မှု အပိုင်းကို ဇောင်းပေးသော လူမှု ဒါဝင်ဝါဒကို အကြမ်းထည် လူမှု ဒါဝင်ဝါဒဟု ခေါ်ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဘု(ရှ်)၏ အိုင်ဒီအိုလိုဂျီကို လက်သစ် ကွန်ဆာဗေးတစ်ဝါဒ (neo conservativism) ဟုခေါ်သည်။ ဤ၀ါဒသည် ယှဉ်ပြိုင်ရုန်းကန်မှု ၊ အားပြမှု ကို ဇောင်းပေးသည်။ ပူးပေါင်းဆောင်ရွက်မှု အပိုင်းကို သိပ်စိတ်မ၀င်စားပေ။ ထို့ကြောင့် သူတို့က အမေရိကန်၏ သာလွန်ကြီးစိုးမှု (American Superemacy) ကို အသာပေးဟောသည်။ အမေရိကန်၏ စူပါပါဝါအင်အားကို နဂါးမှန်းသိအောင် အမောက်ထောင်ပြရမည် ဟု တိုက်တွန်းသည်။ အင်အားဖြင့် ယှဉ်ပြိုင်ခြင်းကို အလေးအနက်ပြုသော ကြောင့် လက်သစ်ကွန်ဆာဗေးတစ်တို့၏ အယူဝါဒကို အကြမ်းထည် လူမှု ဒါဝင်ဟု သမုတ်သည်။
စစ်လား ရာဇ၀တ်မှု လား
ဒုတိယအိုင်ဒီယာ ။ ။ စက်တင်ဘာ ၁၁ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု ကြီးအပေါ် ရှုမြင်သော အမြင် ဖြစ်သည်။ သမ္မတ ဘုရှ်သည် ရှိရင်းစွဲ ကိုယ်နှိုက်က စစ်အင်အားပြ၍ အမေရိကန်ကြီးစိုးမှု ကို ထူထောင်လိုသည် ဖြစ်လေရာ စက်တင်ဘာ ၁၁ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှု ကြီး ပေါ်လာသော အခါ သူ့အတွက် အံကိုက် ဖြစ်သွားသည်။
သို့ဖြင့် စက်တင်ဘာ ၁၁ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု ကြီးကို စစ်အပြုအမူ (act of war) အ ဖြစ်သတ်မှတ်လိုက်သည်။ ထိုနှင့်အညီ အကြမ်းဖက်ဝါဒအပေါ် စစ်ကြေညာလိုက်သည်။ decflaration of war on terrorism ပြုလုပ်လိုက်သည်။ စစ်အင်အားသုံးစွဲ၍ ပြဿနာဖြေရှင်းလိုက်ရာ အာဖဂန်နစ္စတန်စစ်ပွဲနှင့် အီရတ်စစ်ပွဲတို့ ပေါ်လာသည်။ သမိုင်းလည်း တစ်မျိုးပြောင်းလဲ သွားသည်။
စစ်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု ကြီးကို လူသားတို့အပေါ် ကျူးလွန်သော ရာဇ၀တ်မှု (crime against humanity) အ ဖြစ် ယူဆလျှင်လည်း ဖြစ်နိုင်သည်။ ဤသို့ ရာဇ၀တ်မှု အ ဖြစ် ယူဆလျှင် တုံ့ပြန်မှု သည် ရဲလုပ်ငန်း (police work) ပုံသဏ္ဍာန် ဖြစ်သွားမည် ။ ရဲလုပ်ငန်းပုံ သဏ္ဍာန်ဖြင့် တုံ့ပြန်လျှင် စက်တင်ဘာ ၁၁ရက်အပြီး သမိုင်းလမ်းကြောင်းသည် ယခုလမ်းကြောင်း နှင့် ခြားနားပြီး တစ်မျိုးပြောင်းလဲသွားနိုင်သည်။
တတိယအိုင်ဒီယာ ။ ။ အာရှတိုက်တွင် မဟာမြို့ကြီးပြပြီး မဂ္ဂါ စီးတီး (mega cities) တွေ အရှိန်အဟုန်မြန်ဆန်စွာ နှင့် ပေါ်ထွန်းလာသည်။ မြို့ကြီးပြပြီး မြန်မြန်ထွန်းကားမှု သည် လူလတ်တန်းစားများ ဦးရေအရ ပေါက်ကွဲမှု ပုံစံဖြင့် များ ပြားလာခြင်း (explosion in number of middle class) ကိုထင်ဟပ်သည်။ တစ်ဖက်၌ အထက်တန်းလွှာ လူ့မလိုင်ခဲ (elite) တို့ရှိကြသည်။
သို့ဖြင့် အာရှမြို့ကြီးပြကြီးတို့တွင် တိုးပွားလာသော လူလတ်တန်းစားနှင့် အထက်လွှာခေတ်အမြင်ရှိသည်။ အပြောင်းအလဲကို လိုလားသည်။ အထက်လွှာ လူ့မလိုင်ခဲတို့က ရှေးအမြင်ထဲ နစ်နေသည်။ အယူသီးသည်။ သူတို့၏ ပိုနေမြဲ ကျားနေမြဲ အနေအထား (statusquo) ကိုသာ ထိန်းသိမ်းကာကွယ်ချင်သည်။
ဒီစကီးလင်းနှင့် မဟာဒီးလ်
စတုတ္ထအိုင်ဒီယာ ။ ။ တက္ကနိုလိုဂျီများ ခေတ်မီထွန်းကားလာမှု သည် ကုမ္ပဏီများ စီမံခန့်မှု ကို ထက်မြက်စေသလား၊ သို့တည်းမဟုတ် အလုပ်သမားတို့၏ လုပ်ရည်ကိုင်ရည်အင်အား ကြီးစေသလား။ ပထမအချက်ကို effective management ဟုခေါ်၍ ဒုတိယအချက်ကို empowerment ဟုခေါ်သည်။
ယခု ဤနှစ် ချက် ပဋိပက္ခ ဖြစ်လာသည်။ စီမံခန့်ခွဲမှု အပိုင်း၌ အစွမ်းထက်မြက်လာသည်မှာ မှန်သော်လည်း အခြားတစ်ဖက်၏ အလုပ်သမားတို့အပိုင်း၌ မူ ကျွမ်းကျင်မှု လျော့ပါးမှု (de-skilling) ဖြစ်ထွန်းနေသည်။ အကောင်းဆုံးနည်းလမ်း (one best way) ဆိုသော ကိစ္စအတွက် အဖြေရှာရာ ၌ အလုပ်သမားတို့ ပါဝင်ခွင့်မရြ ကတော့ပေ။ စီမံခန့်ခွဲသူ မန်နေဂျာတို့ကသာ အကောင်းဆုံးနည်းလမ်းကိုရှာကြသည်။ အလုပ်သမားတို့၌ တီထွင်ကြံဆမှု လျော့နည်းသွားသည်။ ဆုံးဖြတ်အကဲခတ်ချက်များ (judgements) ပြုလုပ်ရန် အခွင့်အခါ နည်းသွားကြသည်။ ဤအချက်သည် ကျွမ်းကျင်မှု လျော့ပါးသွားစေသည်။
ပဉ္စမအိုင်ဒီယာ ။ ။ ၂၀ရာစုနှင့် ၂၁ရာစုနှစ် အစပိုင်း၏ biggest deals အကြီးမားဆုံး အရောင်းအ၀ယ်ဆက်ဆံမှု တို့ကို အမိုင်းဆရာတစ်ဦးက မှတ်တမ်းတင်သည်။ သူ၏ မှတ်တမ်းအရ ရာစုနှစ် ၏ အကြီးမားဆုံးအရောင်းအ၀ယ်ဆက်ဆံမှု တို့သည် ကုမ္ပဏီချင်း ပေါင်းစည်းကြခြင်း၊ သိမ်းပိုက်ယူခြင်း (acquisition and mergers) တို့ပင် ဖြစ်သည်။ ဤသို့ ကုမ္ပဏီချင်းပေါင်းစည်းခြင်း၊ သိမ်းပိုက်ယူခြင်းတို့သည် အကျိုးစီးပွားသုံးပါး (trinity of interests) ကို အခြေခံသည်။ အစုရှင်တို့၏ အကျိုးစီးပွား၊ ရင်းနှီးမြှုပ်နှံမှု ဘဏ်တို့၏ အကျိုးစီးပွားနှင့် အမှု ဆောင် မန်နေဂျာကြီးတို့ ၏ အကျိုးစီးပွားတို့ကိုပေါင်းစပ်ထားခြင်း ဖြစ်သည်။
ဤနေရာ၌ Trinity ဆိုသော စကားရပ်ကို သုံးစွဲသည်။ ထရီနီတီမှာ ခရစ်ယာန်ဘာသာ အယူအ၌ ခမည်းတော် ၊ သားတ်ာနှင့် ၀ိညာဉ်တော် မြတ်တို့ ပေါင်စည်းမှု ကို ဟောသည်။ ဤသုံးပါးသည် ဘုရားတစ်ဆူကဲ့သို့ ဖြစ်သွားပုံဟောသည်။ ကုမ္ပဏီများ ပေါင်းစည်းခြင်းသည် အင်အားပေါင်း စည်းခြင်း (synergy) အားကို ဖြစ်ထွန်းစေသည်ဟု စာသဘောအရဆိုသော်လည်း လက်တွေ့ ၌ မူ ဖော်ပြပါသုံးပွင့်ဆိုင် အကျိုးကိုသာ အဓိကကြည့်၍ ဖွဲ့ခြင်း ဖြစ်ကြသည်ဟု စီးပွားရေး သမိုင်းဆရာ တစ်ဦးက စွပ်စွဲသည်။
အစုရှင်တို့ကလည်း သူတို့၏ အစုရှယ်ယာတို့ကို ရောင်းပစ်ချင်သော အချိန်၊ ရင်းနှီးမြှပ်နှံမှု ဘဏ်တို့ကလည်း ကုမ္ပဏီတို့ကို ပေါင်းဖွဲ့ရသဖြင့် အခကြေးငွေတွေ နင့်အောင် လိုချင်သော အချိန်၊ အမှု ဆောင်မန်နေဂျာကြီးတို့ကလည်း ကုမ္ပဏီတွေ ပေါင်းလျှင် မိမိတို့အာဏာ တိုးချဲ့ရမည် ကို နှစ်သက် နေသော အချိန်၊ အထူးသဖြင့် စတော့ရှယ်ယာဈေးနှုန်းတွေ တက်လာချိန်တို့တွင် ကုမ္ပဏီချင်း ပေါင်းစည်းကြသည်။ ဤအရောင်းအ၀ယ် (deal) ကြီးတို့တွင် လူမှု ရေး ရည်မှန်းချက် တစ်ပါးရှိရသည်။ ပေါင်းစည်းလိုက်သော ကုမ္ပဏီတို့၏ စတော့ရှယ်ယာ ဈေးနှုန်းတွေ မတက်စေကာမူ အမေရိကန်စီးပွားရေး တစ်ခုလုံးအနေဖြင့်ကား တိုးတက်သွားသည်ဟု ထောက်ပြသည်။ အနည်းဆုံး လုပ်ငန်းရှင်တို့အဖို့ ရှုံးလည်း တို့ပစ္စည်းတွေ ၀ယ်သူရှိပါတကားဟု ခံစားရသော စိတ်တော့ အဖတ်တင်သည်။
တရုတ်က ပြဋ္ဌာန်း
ဆဋ္ဌမအိုင်ဒီယာ ။ ။ နိုင်ငံခြား စီးပွားရေး သမားတို့သည် ဒေသဒိုင်းနမစ်နှင့် ဒေသတွင်း အဖွဲ့အစည်း (local dynamics and local institutions) တို့ကို အခြေခံစဉ်းစားကြပုံသည် ၂၁ရာစု နှစ် ထဲ၌ ပို၍ စူးရှလာလိမ့်မည် ဟု ဆိုသည်။
ဤဆဋ္ဌမအိုင်ဒီယာတွင် တရုတ်ပြည်က အမေရိကား၏ တက္ကနိုလိုဂျီအနေအထားနှင့် ပုံစံကို အမိန့်ပေးလိမ့်မည် ဟု ဆိုသော အယူအဆလည်းပါဝင်သည်။ ဈေးကွက်ဧရာမကြီးခြင်း (giant market) ၏ သက်ရောက်မှု ကို ပြောလာကြခြင်း ဖြစ်သည်။ မကြာသေးမီက တရုတ်ပြည်က မိမိ၏ သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်သည့်အနေဖြင့် ဟိုက်ဒရိုဂျင်မော်တော် ကားတို့ကို အမေရိကားမှ မှာ ယူသည်။ စင်စစ်၌ ဟိုင်ဒရိုဂျင်မော်တော် ကား အမေရိကန်တွင် သိပ်ခေတ်မစားသေးပေ၊ မတွင် ကျယ်သေးပေ။
သို့ရာတွင် တရုတ်ပြည်၏ ဈေးကွက်ကြီးမားမှု ကို ကြည့်၍ တရုတ်ပြည်လိုချင်သော ဒီဇိုင်း အတိုင်း ထုတ်လုပ်ပေးလာရသည်။ သို့ဖြင့် မိုဘိုင်းဖုန်း၊ ရုပ်မြင်သံကြား၊ ဇီဝဗေဒတက္ကနိုလိုဂျီ နှင့် အခြားတက္ကနိုလိုဂျီတို့ကို အမေရိကန်က ထုတ်လုပ်ပေးလာရသည်။ ဖောက်သည်ကြိုက် အရွယ် အစားအတိုင်း တိုင်းချုပ်ပေးရသည် (tailored) ဆိုသော မူရှိလေရာ တရုတ်ပြည်ကြိုက်အတိုင်း အထွာအတိုင်း အမေရိကန်က တက္ကနိုလိုဂျီတို့ကို ပြင်ဆင်နေရကုန်သည်။
ဤအချက်က ဘာကိုပြသနည်းဆိုသော် ရှေ့အနာဂတ်၌ အမေရိကန်၏ တက္ကနိုလိုဂျီသည် တရုတ်ပြည်က အော်ဒါမှာ သလို တိုင်းချုပ်ပေးရလိမ့်မည် ။ တရုတ်ပြည်က အမေရိကန် တက္ကနိုလိုဂျီတိုးတက်မှု ပုံစံကို စီရင်ပြဋ္ဌာန်းလာလိမ့်မည် ဟု ပြရာရောက်နေသည်။
အညွှန်း - Harvard Business Review Atlantic Monthly Magazine
ငွေကြေး (currencies) တွေ အကြောင်းပြောလျှင် ပဟေဠိနှင့် ဖုံးကွယ်ထားသော အေဂျင်ဒါ (paradox and hidden agenda) တို့အကြောင်း ထည့်ပြောရမည် ။ နိုင်ငံတိုင်းသည် ငွေကြေးလဲ လှယ်မှု နှုန်းကိစ္စတွင် ကိုယ့်ပဟေဠိနှင့် ကိုယ် ဖြစ်နေသည်။ အစီအစဉ်အေဂျင်ဒါတို့ကလည်း အပြော တစ်မျိုး လက်တွေ့ တစ်မျိုး ဖြစ်နေသည်။ မိမိ ဖြစ်ချင်တာကို ဗြောင်မပြောကြပေ။ ၀ှက်ထား ကြသည်။ လက်သီးပုန်း ထိုးနေကြသလားမသိပေ။
ဂျပန်အကြိုက်၊ သွားတူ
ယခုဆောင်းပါး၌ ဒေါ်လာငွေတန်ဖိုး ကျဆင်းမှု နှင့် ပတ်သက်၍ ဂျပန်က ဘယ်လိုပဟေဠိ ထဲရောက်နေသလဲ၊ ဘာ ဖြစ်ချင်နေသလဲဆိုသော ပြဿနာကိုလည်းကောင်း၊ မလေးရှားက ဘယ်လိုပဟေဠိထဲရောက်နေ၍ ဘာ ဖြစ်ချင်နေသလဲဆိုသော ပြဿနာကိုလည်းကောင်း ဆွေးနွေး တင်ပြသွားလိုသည်။
ဂျပန်သည် ဒေါ်လာတန်ဖိုးပျော့နေခြင်းကို လိုလားသည်။ ပျော့လေ ကြိုက်လေ ဖြစ်သည်။ အားပျော့ဒေါ်လာ (weak doalr) နှင့်စခန်းသွားနိုင်သည်။ အားပျော့ဒေါ်လာနှင့် ပို၍ အဆင်ပြေလာသည်။ တစ်ချိန်တည်းမှာ ပင် အမေရိကား၌ ပေါက်နေသော အတိုးနှုန်း (interest rate) ကိုဆက် လက်ပြီး နိမ့်နေချင်ပြန်သည်။ အမေရိကန်အတိုးနှုန်းနိမ့်လေ ကြိုက်လေ ဖြစ်သည်။ ထို့ကြောင့် ဂျပန်၏ အကြိုက်ကို ပြောပါဟုဆိုလျှင် အားပျော့ဒေါ်လာနှင့် နိမ့်သော အတိုးနှုန်း (weak dollar and low interest rate) တို့ ဖြစ်ကြသည်ဟု ပြောရမည် ။
ဤနှစ် ချက်အပေါ် အမေရိကန်က ဘယ်လိုတုံ့ပြန်ပါသလဲ၊ ဘယ်လိုသဘောထားပါသလဲ မေးရန်ရှိလာသည်။ အမေရိကန်အာဏာပိုင်တို့ကလည်း ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကို ပိုလို လားသည်။ ယခုကျဆင်းနေခြင်းမှာ နည်းသေးသည်ဟု ယူဆကြသည်။ ရှေ့ဆက်ပြီး ဒေါ်လာ တန်ဖိုး ကျဆင်းစေချင်သေးသည်။ ဤအတွက် အကြောင်းအမျိုးမျိုးပြသည်။ ဒေါ်လာတန်ဖိုး တွက်ပုံတွက်နည်းကို ပထမအချက်အ ဖြစ်အကြောင်းပြသည်။
ခြင်းတောင်းလား ရက်စက်ခြင်းလား
ဒေါ်လာတန်ဖိုးကိုတွက်လျှင် ငွေကြေးတစ်မျိုးစီနှင့် နှစ် မျိုးချင်းတွက်ခြင်းသည် နည်းလမ်း မကျဟု ဆိုသည်။ ဥပမာ ဒေါ်လာကို ယူရိုငွေနှင့် တစ်မျိုးချင်းစီ နှိုင်းယှဉ်ခြင်းမျိုး၊ ဒေါ်လာကို ယန်းငွေနှင့်သာ တစ်မျိုးချင်းစီ နှိုင်းယှဉ်ခြင်းမျိုးးသည် တန်ဖိုးအမှန်ကို မဖော်ပြဟု ဆိုသည်။ တန်ဖိုးအမှန်ကို ဖော်ပြလိုလျှင် ငွေကြေးပေါင်းစုံကို တစ်ခြင်းတည်းထည့်ချိန်တွက်ရမည် ။ Busket of currencies ဟုခေါ်သည်။ ဥပမာ ဒေါ်လာ တန်ဖိုးကို တွက်ချက်လိုလျှင် ယူရို၊ ယန်းနှင့် ယွမ်း (ကမ္ဘာ့ငွေကြေးအားလုံး၊ သို့တည်းမဟုတ် အမေရိကန်နှင့် ကုန်သွယ်ဖက် (trade partners) တို့၏ ငွေကြေးအားလုံး) တို့ကို တစ်ခြင်းတည်း ချိန်တွက်ချက်ရမည် ။
ဒုတိယနည်းမှာ ငွေတန်ဖိုးတို့ကို ကုန်သွယ်မှု ပမာဏနှင့်လည်း ချိန်တွယ်ရမည် ဟု ဆိုသည်။ Trade-weighted ဟုခေါ်သည်။ ဤသို့ ငွေကြေးကြီးအားလုံးတစ်ခြင်းတည်းထည့်၊ ကုန်သွယ်မှု ပမာဏနှင့် ချိန်ဆတွက်ကြည့်ပါမူ ဒေါ်လာတန်ဖိုးသည် ကျဆင်းသင့်သလောက် မကျဆင်းသေးပေ။ လွန်ခဲ့သော အနှစ် (၃၀)က အနိမ့်ဆုံးကျဆင်းခဲ့သည့် အဆင့်သို့ပင် မရောက်သေးဟု ဆိုသည်။ ထို့ကြောင့် အမေရိကန်ဘက်က ဒေါ်လာတန်ဖိုး ကျဆင်းနိုင်သေးသည်။ ဤသို့ကျဆင်း လို့ဘာပြဿနာမှ မပေါ်ပေါက်နိုင်ပါဟု စောဒကတက် ပြောဆိုနေသည်။
ယခုအခါ အမေရိကန်ဒေါ်လာသည် ယူရိုငွေနှင့် လဲလှယ်ရာတွင် တန်ဖိုး ၃၀ရာခိုင်နှုန်းအထိ ကျဆင်းနေသည်။ ယူရိုတစ်ယူရို ဒေါ်လာဆင့် ၈၀ ရှိရာမှ ယနေ့ တစ်ယူရိုကို ဒေါ်လာ ၁.၂၄ ဒေါ်လာ ပေါက်နေသည်။ ဒေါ်လာတန်ဖိုးကျဆင်း၍ ယူရိုငွေတန်ဖိုးတက်ခြင်းပင် ဖြစ်သည်။ ဤမျှဒေါ်လာတန်ဖိုးကျဆင်းခြင်းကို ဥရောပဗဟိုဘဏ်ဥက္ကဌ ကလောက်ဒီထရီးချက်က ‘ရက်စက် လှပါဘိ’ (brutal) ဟုမှတ်ချက်ပြုသည်။ ဒေါ်လာတန်ဖိုးသည် ရက်ရက်စက်စက် အရမ်းကျဆင်းနေသည် ဟုဆိုခြင်း ဖြစ်သည်။
ဥရောပသားကို မေးလျှင် ဒေါ်လာသည် အရမ်းတန်ဖိုးကျနေသည်ဟု ဖြေမည် ။ အမေရိကန် ကိုမေးလျှင် ဒေါ်လာသည် အလွန်ခိုင်မာနေသည်၊ ယူရိုငွေနှင့်နှိုင်းယှဉ်လျှင် မခိုင်မာသည့် တိုင်အောင် အာရှငွေကြေးတို့နှင့် နှိုင်းယှဉ်လျှင် အလွန်ခိုင်မာတောင့်တင်းနေသည်ဟု ဖြေသည်။ အထူးသဖြင့် ဂျပန်ယန်းနှင့်လည်းကောင်း၊ တရုတ်ယွမ်နှင့်လည်းကောင်း လဲလှယ်လျှင် ဒေါ်လာသည် အလွန်အင်အားတောင့်တင်းနေသည်ဟုဖြေသည်။
ပျော့ပြောင်းလား၊ တည်ငြိမ်လား
ယခုအခါ ငွေကြေးအာဏာပိုင်တို့၏ စကားအသုံးအနှုန်းသည် တူသယောင်ယောင်နှင့် မတူသည်ကို တွေ့ ရမည် ။ ဂျီဆဲဗင်းခေါ် ကမ္ဘာ့အချမ်းသာဆုံးခုနှစ် နိုင်ငံ ထိပ်သီးဘဏ္ဍာရေး ၀န်ကြီး များ အစည်းအဝေးက နိုင်ငံခြားငွေလဲလှယ်ရေး နှုန်း၌ ပို၍ ပျော့ပြောင်းမှု (more foreign exchange rate flexibility) ရှိရန်နှိုးဆော်သည်။ တရုတ်နှင့် ဥရောပငွေကြေးအာဏာပိုင်တို့က နိုင်ငံခြားငွေလဲလှယ်ရေး နှုန်းတည်ငြိမ်မှု (foreign exchange rate sability) ဟုနှိုးဆော်သည်။
ပျော့ပြောင်းမှု (flexibility) နှင့်တည်ငြိမ်မှု (stability) တို့သည် မတူညီကြပေ။ အခြေအနေအရ အလွန်ကွဲပြားခြားနားသည်။ ပျော့ပြောင်းမှု က နိုင်ငံခြားငွေလဲလှယ်ရေး နှုန်းကို ပြင်ဆင် ပြောင်းလဲရန် တိုက်တွန်းခြင်း ဖြစ်၍ တည်ငြိမ်မှု က လှဲလှယ်ရေး နှုန်းကို သည်အတိုင်းထားမည် ၊ မပြောင်းပေးနိုင်ဟု ပြန်ဖြေရာရောက်မည် ။
တရုတ်နှင့် ဂျပန်တို့က အမေရိကန်ဒေါ်လာကို ဆက်လက်တန်ဖိုးကျဆင်းစေချင်သော ရည်ရွယ်ချက်ဖြင့် ဒေါ်လာအက်ဆက်(အထူးသဖြင့် အမေရိကန်အစိုးရ ငွေချေးအာမခံစာချုပ် (treasury bonds) တို့ကို အများ အပြား ၀ယ်ယူထားရာ ဒေါ်လာဘီလျံ ၄၀ဖိုးအထိ ဒေါ်လာ သီးသန့်ရန်ပုံငွေများ တိုးတက်လက်ကိုင်ထားရှိနိုင်ကြသည်။ ထိုအခြေအနေတွင် အမေရိကန်က ဂျပန်ယန်းငွေနှင့် တရုတ်ယွမ်းငွေတန်ဖိုးတို့ကို တက်စေချင်သည်၊ မြှင့်စေချင်သည်။
သို့သော် ဂျပန်က အမေရိကန်အတိုးနှုန်းကို မတက်စေချင်။ အဘယ့်ကြောင့်ဆိုသော် ဂျပန်သည် အမေရိကန်ငွေချေးအာမခံစာချုပ် (bond) တို့ကိုအများ အပြားပြုံ၍ ၀ယ်ထားသော ကြောင့် ဖြစ်သည်။
ဘွန်းဈေးကွက် (bond market) သည် တစ်မျိုးထူးခြားသည်။ ဘွန်းတို့၏ အတိုးနှုန်းကျဆင်းမှ ဘွန်းတို့၏ ဈေးနှုန်း တက်သည်။ အတိုးနှုန်းနှင့် ဈေးနှုန်း (interest rate and the price of bond) တို့သည်ပြောင်းပြန်ဆက်ဆံမှု (reserve relation) ရှိသည်။ ဘွန်းတွေ အများ အပြား လက်ဝယ်ကိုင်ထားသူသည် ဘွန်းဈေးနှုန်းတွေ တက်လေ မိမိအတွက် ပို၍ အကျိုးရှိလေ ဖြစ်မည် ။ ဘွန်းဈေးနှုန်းတက်ရန်ဆိုလျှင် အတိုးနှုန်းနိမ့်ရမည် ။
ပက်နှင့်ကွပ်
သဘောပြောရလျှင် အမေရိကားသို့ ဂျပန်ကုန်များ (goods) ၀င်ရောက်စီးဆင်းမှု သည် နှေးလာပြိး အမေရိကားသို့ ဂျပန်အရင်းအနှီး(capital) များ ၀င်ရောက်စီးဆင်းမှု သည် ပို၍ များ လာ သော သဘောကိုပြသည်။ ထို့ကြောင့် ဂျပန်အနေဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းခြင်း အပေါ်ထက် အမေရိကန်အတိုးနှုန်းများ ဆက်လက်နိမ့်နေခြင်း အပေါ် ပို၍ စိတ်ဝင်စားနေသည်။
မကြာသေးမီက အမေရိကန်ဗဟိုဘဏ်က ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ဤထုတ်ပြန်ကြေညာချက်၌ ယခင်ကြေညာချက်တွင် ဖော်ပြထားသော ‘ကာလအတော် ကြာသည် အထိ’ (for a considerable period) ဆိုသော စကားရပ်ကို ဖြုတ်ပစ်လိုက်သည်။ ယခင်ကြေညာချက်အရ အတိုးနှုန်းကို ကာလကြာရှည်သည်အထိ မပြောင်းလဲပါဟု ဆိုလိုရာရောက်ခဲ့သည်။ တစ်ရာခိုင်နှုန်းကို မပြင်ဟု ပြေရာရောက်ခဲ့သည်။ ယခုကြေညာချက်အသစ်၌ ဤစကားပိုဒ်ကို ဖြုတ်ပစ်လိုက်သော ကြောင့် အတိုးနှုန်းကို မကြာမီ မြှင့်တင်တော့မလိုလို မှန်းဆချက်တွေ အမျိုးမျိုးပေါ်လာသည်။ ဂျပန်က ကြိုက်မည် မဟုတ်ပေ။
၁၉၇၇ ခုနှစ် အာရှ စီးပွားရေး အကျပ်အတည်း ဆိုက်စဉ်ကမလေးရှားအစိုးရသည် ပေါ်လစီ နှစ် ရပ်ကို တစ်ပြိုင်နက်တည်း ချမှတ်ခဲ့သည်။ ပထမပေါ်လစီမှာ မလေးရှားရင်းဂစ်ငွေလဲလှယ်ရေး နှုန်းကို ပုံသေ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ Peg ဟုခေါ်သည်။ ဒုတိယပေါ်လစီမှာ အရင်းအနှီး အ၀င်အထွက်တို့ကို ချုပ်ချယ်ကွက်ကဲလိုက်ခြင်း ဖြစ်သည်။ Capital control ဟုခေါ်သည်။
ယခု ကမ္ဘာ့ငွေကြေးတန်ဖိုးများ လှုပ်လှုပ်ရှားရှား ဖြစ်လာသော အခါ မလေးရှား၏ ဖော်ပြပါ ပေါ်လစီနှစ် ရပ် Peg နှင့် capital control တို့သည် အရမ်းဖိအားပေးခံလာရတော့သည်။ ဤပေါ်လစီနှစ် ရပ်ဖြင့် မလေးရှားစီးပွားရေး ဖွံ့ဖြိုးမှု နှင့် ယှဉ်ပြိုင်နိုင်မှု အင်အား (competitiveness) တို့ကို ထိန်းထားနိုင်မည် လားဟု မေးခွန်းထုတ်နေရသည်။
ref : The Economist, FEER
![]() ဘာဂါနော်မစ် | ![]() ရှေးဟောင်းပုံပြင်နှင့် ပို့စ်မော်ဒန် | ![]() ဂလိုဘယ်လိုက်ဇေးရှင်း ရှေးဟောင်းလူဆိုးနဲ့ ရှေးဟောင်းရဲ |