အငှားတောင်ပံနှင့် ပျံမည့်  လင်းယုန်
ပေါ့စတစ်စိတ်ပညာ
သရော်စာ (Satire) ကို စီမံခန့်ခွဲပညာတွင် အသုံးပြုလာသည်။ အသုံးပြုသည့် ပညာရှင် အား လူတို့သည် အကောင်းမြင်ဝါဒ ရထားလုံးကြီးတွင် အလုအယက် တက်စီးနေကြရာ မိမိတို့ ဒုက္ခ၊ မိမိတို့ ပြဿနာကို မမြင်ြ ကတော့ပြီဟု ဆိုသည်။ သူတို့ဘ၀ကို သရော်ပြလိုက်လျှင် သူတို့၏ အတွေးအခေါ် အမြင်တို့ကို လှောင်ပြောင်ပြလိုက်လျှင် ရှက်ကိုးရှက်ကန်း ဖြစ်ပြီး သူတို့ ပြဿနာကို မြင်ရေး အတွက် အလွန်အသုံးဝင်သည်။
ဤပညာရှင်က ပညတ်တော် ဆယ်ပါးကို လည်းကောင်း၊ မဂ္ဂင်ရှစ်ပါးကို လည်းကောင်း၊ အခြား ဘာသာရေး မင်္ဂလာတရားတော် တို့ကို လည်းကောင်း အပြုဆောင် စိတ်ပညာ (Positive Psychology) ထဲ စာရင်းသွင်းသည်။ ပေါ့စတစ် စိတ်ပညာသည် အောင်မြင်ရေး လမ်းပြတက်ကျမ်း တို့ကို လွှမ်းမိုးသည်။ အလွန်မြင့်မားသော ပန်းတိုင်ကို လင်းယုန်တို့ကို ရွေးချယ်စေသည်။ တင်စားရလျှင် မိုးပေါ်ပျံဝဲနေသော လင်းယုန်တို့လို ဖြစ်ခိုင်းသည်။
စီမံခန့်ခွဲမှု ပညာကျောင်းတို့သည် ပန်းတိုင်ဦးတည် ပရိုဂရမ်တို့၊ ခေါင်းဆော်မှု တို့၊ ခေတ်မီ အမြင်ကျယ် မဟာဗျူဟာတို့ စသည့် အတော် အတန် လေလုံးကြီးသည့် အယူအဆတို့ကို ဖော်ထုတ်ကြသည်။ လက်တွေ့ ဘ၀သည် အကောင်းမြင်ဝါဒအတိုင်း အရာရာမှာ အကောင်း ဖြစ် ကြသည် မဟုတ်။ အတော် များများ အရေး နိမ့်တတ်ကြသည်။ သို့ ဖြစ်ပါလျက် ပေါ့စတစ်စိတ်ပညာ ဖြင့် စိတ်ဓာတ်မြှင့်တင်ရေး ပစ္စည်း (Motiva-tionalproduct) တို့ အကြောင်းကိုသာ ဆက်လက်ပြီး ပြောဆိုနေသော အခါ ဟောချက်နှင့် လက်တွေ့ လွဲနေသဖြင့် ဟောသူတွေ သာ သီလကြောင်သူ ယောင် (Hypocritic) တွေ ဖြစ်လာသည်။
ဤအချက်ကို ပါမေက္ခ ကာစတန်က သရော်ပစ်သည်။ သူ၏ သရောစာကို စိတ်ဓာတ်မြှင့် တင်ရေး လျှော့ခြင်း (Demotivation) ဟု အမည် ပေးသည်။ သူ့အမြင်ကို ၀ိုင်းဝန်း တိုက်ခိုက်သူ တွေ ပေါ်လာသည်။ လူတွေ ကို စိတ်ဓာတ်တူအောင်လုပ်သည်။ အကောင်းမြင်ဝါဒ ရထားလုံးပေါ် တွင် တွယ်တက်စီးနေသူတို့ကို ရထားလုံးပေါ်က ပြုတ်ကျအောင် လုပ်သည် စသည်ဖြင့် စွပ်စွဲ သည်။
အပြုမက်ဆေ့ခ်ျ ထုံးမွှေးစေ
စင်စစ်က သူက အကောင်းမြင်ဝါဒ၏ အစွဲကို ချက်ချင်း ဖြစ်သည်။ ဒုက္ခရောက်အောင် လုပ်သည် မဟုတ်။ ရည်ရွယ်ချက် ပန်းတိုင် အကြီးကြီး၊ အမြင့်ကြီးမှာ ထားရန် တိုက်တွန်းခြင်းသာ ဖြစ်သည်။ လူငယ်ဗန်းစကားနှင့် ပြောရလျှင် အာလူးလာမပေးနဲ့၊ လေကို နည်းနည်း လျှော့ စေရန် ဖြစ်သည်။
ပေါ့စတစိတ်ပညာဆရာတို့က လင်းယုန်ကြီးတွေ အကြောင်း ဟောသည်။ သူက အလယ် အလတ် တော် ရုံတန်ရုံတို့၌ ခွန်အားရှိပုံကို ဟောသည်။ Power of Mediocrity ဟု သူက ဆိုသည်။ အကောင်းမြင်ဝါဒကို ကော်ပိုရိတ်စီမံခန့်ခွဲမှု ကိစ္စတွင် ဆွဲဆန့်ကျင့်သုံးပါက ကော်ပိုရေး ရှင်းအဖွဲ့ အစည်းက အပြုမက်ဆေ့ခ်ျတို့ဖြင့် သာ ထုံမွှေးနေရမည် ။ အပြုမက်ဆေ့ခ်ျတို့က အလုပ်သမားတို့ကို ၀ိုင်းရံထားရမည် ။
လူ့ဘ၀၏ အကောင်းပိုင်း၊ အဖြူပိုင်းကိုသာ အာရုံထား လေ့လာခြင်းသည် အသင့်ဆုံး၊ အကောင်းဆုံး အတွေ့ အကြုံ Optimal Experience ကို ရှာဖွေခြင်း ဖြစ်သည်။ ဤအသင့်ဆုံး အတွေ့ အကြုံကို စိတ်ပညာရှင် ဟီဟာလီက စီးဆင်းမှု Flow ဟုခေါ်သည်။ စီးဆင်းနေသော စိတ်အစဉ်ထဲမှ အသင့်ဆုံး အတွေ့ အကြုံကို တွေ့ စေရာသည်။
သို့ ရာတွင် စီးပွားရေး အဖွဲ့အစည်း၌ အလုပ်ပျက်ကွက်မှု ၊ အလုပ်တွင် ကျေနပ်မှု စေသော ကိန်းရှင်တို့သည် အသင့်ဆုံး အတွေ့ အကြုံသို့ စီးဆင်းရာ ဖြစ်စဉ်တွင် အဟန့်အတား ဖြစ်နေသည် ကို တွေ့ လာရမည် ။ ပေါ့စတစ်စိတ်ပညာက ပို့ချသော ဟောကြားချက်တို့သည် များ သော အားဖြင့် ရိုးစင်းလွန်း၊ လွယ်လွန်းသော ဧဂျစ်ဒါကို အကြံပေးတတ်သည်။ စိတ်ကူးအဟောင်းတို့ကိုသာ ပြန်လည်ထုပ်ပိုးပေးတတ်သည်။ အချို့နေရာတို့၌ သိပ္ပံတစ်ပိုင်းဆန်သော ယုတ္တိတို့ဖြင့် ပေးသည်။
နာဇီငရဲစခန်းနဲ့ တူနေသလား
ဗစ်အာဖရင့်က Man’s Search for Meaning ဆိုသော စာအုပ်တစ်အ်ုကို မကြာသေးမီက ရေး သားထုတ်ဝေသည်။ အနက်အဓိပ္ပာယ်ကို လူက ရှာပုံတော် ဖွင့်ပုံအကြောင်း ဖြစ်သည်။ ပါမောက္ခ လောရင့်စ်ကာစတန်က ဤစာအုပ်ကို လှောင်ပြောင်သရော်လိုက်သည်။ ကျမ်းရေး သူ ဗစ်တာဖရင့်က ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့၏ ငရဲအချုပ်ခန်းထဲ နေရစဉ် တွေ့ ကြုံရ သော ဒုက္ခတို့ကို အခြေခံပြီး ရေး သည်။
ပါမောက္ခကာစတန်က နာဇီငရဲအချုပ်ခန်းထဲနေရခြင်းသည် အကြွင်းမရှိ နှိမ်နင်းခံနေရ သော အခြေအနေ ဖြစ်သည်။ ထိုအခြေအနေ၌ လူ တစ်ယောက် အဖို့ အဆိုးထဲမှ အကောင်းဆုံးကို သာ စဉ်းစားတွေးခေါ်ရမည် မှာ ယုတ္တိတန်သည်။ ရူးမသွားအောင် ထိန်းရမည် ။ စိတ်မှန်မှု ကို ကယ် တင်မည် ။ အချို့သော သူတို့သည်လည်း ဤကဲ့သို့ သော အကူအညီမရှိသော အခြေအနေထဲတွင် ဆိုးဆိုးဝါးဝါး ရောက်ရှိနေသည်ဟု ထင်တတ်သည်။ သူတို့ မလုပ်ချင်သော အလုပ်ထဲချောင်ပိတ်မိ နေသည်။ အခြေအနေဆိုးက ကောင်းမွန်ရန် မိမိက ဘာမှမတတ်နိုင်။ အခွင့်အလမ်းတို့ကလည်း ဘာတစ်ခုမှ ပေါ်မလာ။
ပေါ့စတစ် ဒဿနအမြင်အရ လူသည် မိမိကိုယ်မိမိ ပေါ့စတစ်ဖြင့် အောင် ရွေးချယ်နိုင်သည်။ ကုမ္ပဏီကလည်း အလုပ်ခွင်တွင် ပျော်အောင်ဖန်တီးပေးလိမ့်မည် စသည်ဖြင့် အတွေးပေါက်လျှင် မျှော်လင့်ချက်ကိုမွေးနိုင်မည် ။ သို့ သော် အချို့ကမူ အခြေအနေကို တိုးတက်ကောင်းမွန်အောင် မကြိုးပမ်း။ ရှိရင်း အခြေအနေနှင့် ရေလိုက်ငါးလိုက် နေလိုက်ကြသည်။ မိမိအလုပ်နေရသော အလုပ်ခွင်ကို နာဇီငရဲအချုပ်စခန်းအ ဖြစ် မြင်စေ၍ ထိုအခြေအနေနှင့် အံကိုက် ဖြစ်အောင် အဓိပ္ပာယ်ရှာခြင်းကို ပါမောက္ခကာစတန်က လှောင်ပြောင်သည်။
တောင်ပံငှားမလား
အထက်ပါ အကြောင်းတွေ ရေး ပြီးနောက် စာရေး ဆရာ တစ်ယောက် အနေနဲ့ အကောင်း မြင်ဝါဒ ရထားလုံးကြီးပေါ် ခုန်တက်လိုက်ရမလား။ သို့ တည်းမဟုတ် ပါမောက္ခကာစတန် ပြောပြ သည့် တော် ရုံတန်ရုံ ရည်မှန်းချက်လောက်နှင့် ရှေ့ဆက် စခန်းသွားရမလား။ ကိုယ့်ကိုယ်ကို ဆင်ခြင်မိသည်။ စာရေး ဆရာလည်း စရိတ်နှင့် လူ Man With Cost ဖြစ်သည်။ အခု စရိတ်ကြီးလာ သည်။
ယခင်က ဆိုလျှင် ဖောင်တိန်နှင့် ကော်ပီစာအုပ်ဖိုးလောက် စရိတ်နှင့် စာရေး လို့ရသည်။ နောက်ပိုင်း အညွှန်းစာအုပ်တွေ ကို ၀ယ်ရသဖြင့် စရိတ်တက်လာသည်။ တစ်ဖက်က စရိတ်ကို အကျိုးအမြတ် Benefits နှင့် နှိုင်းယှဉ်ကြည့်လျှင် စာမူခတွေ တိုးပေးလာကြသဖြင့် မဆိုးဘူးဟု ဆိုရမည် ။ စာရေး ဆရာဆိုသော သတ္တ၀ါသည် စာရေး နေလျှင် ပျော်ရုံသာရှိ၍ စရိတ်နှင့် အကျိုး အမြတ်ကို နှိုင်းယှဉ်မစဉ်းစားတတ်ပေ။ ဖန်တီးသူသည် အကျိုးအမြတ်ကို မေ့နေတတ်သည်ဆို သော ဆိုရိုးစကားကို အမှတ်ရသည်။ သို့ သော် ထုတ်ဖော်မပြောရဲ။ စာမူခ ဖရီး ဖြစ်သွားမှာ စိုး၍ ဖြစ်သည်။
အခု စာရေး သူအား ကွန်ပျူတာ ၀ယ်ခိုင်းသည်။ အင်တာနက်နဲ့ချိတ်ခိုင်းသည်။ လိုချင်သော ကုန်ကြမ်းတို့ကို မိမိစိတ်ကြိုက် ရွေးချယ်ဆွဲချခိုင်းသည်။ စာရေး သူအား အင်တာနက်နဲ့ အလုပ်လုပ် သူ ဖြစ်စေချင်ပုံရသည်။ သို့ ဖြင့် ဘယ်လောက်ကုနကျမလဲဟု မေးကြည့်တော့ မော်လမြိုင်စကားနှင့် ပြောရလျှင် “အားပါး” ဟုပြောရမည် ။ တစ်ခါတည်း အပြီးကုန်ကျစရိတ်အပြင် လစဉ်ပုံမှန်စရိတ်တို့ ကိုလည်း ရှိသည်။
အလွန်ခေတ်မီချင်သော စာရေး ဆရာသည် စာမူခတွေ စိတ်တွက်ပေါင်းကြည့်မိသည်။ စရိတ်ကို ခြေဖျားပင် မီဟန် မရှိပေ။ စာရေး ဆရာသည် လင်းယုန်ငှက်ကြီးလို မိုးပေါ်ပျံဝဲနေချင် သည်။ သို့ သော် အတောင်ပံအားနည်းနေ၍ အမြင့်ကြီး မပျံနိုင်ပေ။ တကယ်ပြောရလျှင် စာရေး ဆရာ၌ အတောင်ပံပင် မရှိ။ အတောင်ပံ ငှားရမည် ။ ဤအတောင်ပံ ဖရီးရလျှင်တော့ မင်္ဂလာပါဟု ဆိုရမည် ။
တော် ရုံတန်ရုံ စဉ်းစားတာပဲ ကောင်းပါသည်။
ရည်ညွှန်း - The Economis 4 March 2004
ဂျာနယ်လစ်ဝမ်းအိုဝမ်း
အသုပ်နဲ့အချိုပွဲ
သတင်းမီဒီယာတို့သည် သတင်းရှိရာ ဓမ္မဓိဌာန်ဇစ်မြစ်များ ဖြစ်ပါသလားဟု အမေရိကန် တွင် အတွေးထွက်လာသည်။ ဤသို့ အမေးထွက်ရသည်မှာ လည်း သမ္မတဘုရှနှင့် ဖောက်စ် ရုပ်မြင်သံကြားတို့ တွေ့ ဆုံမေးမြန်းခန်းကြောင့် ဖြစ်သည်။ ဖောက်စ်ကမေး၍ သမ္မတဘုရှ်က ဖြေ ကြားရာ တွင် သူသည် မီဒီယာတို့ထံမှ သတင်းများ မယူ၊ ဓမ္မဓိဌာန်ကျသော နေရာမှ သတင်းများ ရယူသည်ဟု ပြောကြားလိုက်သည်။
သမ္မတဘုရှ်ပြောသော ဓမ္မဓိဌာန်ကျသော နေရာ (Objective Source) ဆိုသည်မှာ သူ၏ ရုံးအဖွဲ့သားတို့ကို ရည်ညွှန်းသည်။ သူတို့ ကမ္ဘာပေါ်မှာ ဘာတွေ ဖြစ်ပျက်နေသလဲ၊ အကြောင်းစုံ သမ္မတအား ပြောပြကြသည်ဟု ဆိုသည်။ ဖောက်စ် ရုပ်မြင်သံကြား သတင်းဌာနသည် နောက် ဆက်တွဲ မေးခွန်းတစ်ခုကို မေးသင့်ပါလျက် အားနာပြီး မမေးခဲ့ဟု ဆိုသည်။ ဤမေးခွန်းမှာ သမ္မတ အား ပြောပြသော ဓမ္မဓိဌာန်ဇာစ်မြစ်တို့နှင့် မီဒီယာသမားတို့ကို တွေ့ ခွင့်မပေးနိုင်ဘူးလား ဆိုသော မေးခွန်း ဖြစ်သည်။
ဤမေးခွန်းကို မမေးလိုက်ရသော်လည်း အိမ်ဖြူတော် က လက်တွေ့ ဖြေကြားသည်။ သမ္မတ လုံခြုံရေး အကြံပေး အရာရှိ ကွန်ဒိုလီဇာရိုက်စ်အား ‘သတင်းအချိန်’ (Newshour) တွင် တွေ့ ဆုံမေးမြန်းခွင့်ပြုလိုက်သည်။ ‘သတင်းအချိန်မှ ဂျာနယ်လစ် အေပရာက ကွန်ဒိုလီဇာရိုက်စ် အား ‘ကျွန်မတို့ အားလုံးကို အံ့အားသင့်စေမယ့် သမ္မတရဲ့ သတင်းကို ပြောပြနိုင်ပါ့မလား’ ဟု မေး လိုက်သည်။
ကွန်ဒိုလီဇာရိုက်စ်က သမ္မတဘုရှ် အစားအသောက်မြန်ပုံကို ပြန်ဖြေသည်။ “ရှင်က အသုပ် စားနေတုန်း သူက အချိုပွဲ စားပြီးနေပြီ” ဤသို့ ဖြေကြားပုံကို ကြည့်ပြီး “ဓမ္မဓိဌာန်ကျ ဂျာနယ်လစ် ဇင်” ဟု မေးပြီး ငေါ့ကြသည်။
သူ့ ၀မ်းအိုဝမ်းနှင့် သူ
တက္ကသိုလ်ကျောင်းသုံး ပြဌာန်းစာအုပ်တို့ကို ၀မ်းအိုဝမ်းဟု ခေါ်လေ့ရှိသည်။ ဥပမာ ဘောဂ ဗေဒ ၀မ်းအိုဝမ်း (Economics 101) ဟုဆိုလျှင် ဘောဂဗေဒ အခြေခံသင်တန်းစာတို့ကို ရည်ညွှန်း သည်။ ယခုလည်း Journalism 101 ဟာ ဘာလဲဟု မေးလာကြသည်။ အိမ်ဖြူတော် ကလည်း သူ့ ဂျာနယ်လစ်ဇင်နှင့် သူ၊ မီဒီယာသမားတို့ကလည်း သူ့ဂျာနယ်လစ်ဇင်နှင့် သူ ဖြစ်နေလေရာ ၀မ်းအို ၀မ်းချင်း တူနိုင်ကြပုံ မရှိပေ။
သဘောမှာ ပုဂ္ဂလိကမီဒီယာတို့၏ ဂျာနယ်လစ်ဇင်ဝမ်းအိုဝမ်းသည် အစိုးရ၏ ဂျာနယ် လစ်ဇင် ၀မ်းအိုဝမ်းနှင့် အရာခပ်သိမ်း မည် သို့ မျှ မတူနိုင်ခြင်း ဖြစ်သည်။ အခါအားလျော်စွာ လည်း တူညီနိုင်ဖွယ်မရှိပေ။ ဤနေရာ၌ Scripted ဆိုသော စကားလုံးကို သုံးစွဲသည်။ ဇာတ်ညွှန်းအတိုင်း သတင်းစီစဉ်သည်၊ သို့ မဟုတ် ဇာတ်ညွှန်းအတိုင်း သတင်းဖတ်ပြသည်ဟု အဓိပ္ပာယ်ထွက်သည်။ သမ္မတဘုရှ်ကိုယ်တိုင်က ဤစကားလုံးကို သုံးစွဲခဲ့ဖူးသည်။
ဥပမာ - အီရတ်စစ်ပွဲ မဆင်နွှဲမီက ဆက်ဒမ်ဟူစိန်သည် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်း ဖက်တိုက်ခိုက်မှု ကြီး၏ နောက်ကွယ်တွင် ပါဝင်ပတ်သက်သလိုလို သတင်းလွှင့်ခဲ့သည်။ ဤလို သတင်းမျိုးကို Scripted ဟုခေါ်သည်။ မိမိဇာတ်ညွှန်းနှင့် ကိုက်အောင် လွှင့်ထုတ်သော သတင်းမျိုး များ ဖြစ်တန်ရသည်။ အီရတ်စစ်ပွဲ ဆင်နွှဲတော့လည်း မြူးထူးမြူးကြွ အာမေဍိတ်သံတွေ လွှမ်းသော သတင်း Whoopers တို့ကို လွှင့်ကြသည်။ ယခု စစ်ပွဲ ဖြစ်ပြီး ၆ လကျော်သော အခါ အမေရိကန်လူ ထုက ဂနာမငြိမ် ဖြစ်လာသည်။
အလျဉ်းသင့်၍ ဂျာနယ်လစ်ဇင်တွင် ထူးခြားချက်တစ်ရပ် ပေါ်လာသည်။ ပုံနှိပ်မီဒီယာနှင့် တီဗွီမီဒီယာတို့ အပြိုင်အဆိုင် ဖြစ်လာသော အခါ ယခုနောက်ဆုံး အခြေအနေ၌ ပုံနှိပ်မီဒီယာ၌ သတင်းတစ်ပုဒ်ဖော်ပြရုံဖြင့် သတင်းအ ဖြစ် အသိအမှတ် မပြုဖေသးဘဲ တီဗွီပေါ်လာမှသာ သတင်း အ ဖြစ် မှတ်တမ်းတင် အသိအမှတ်ပြုသည့် လက္ခဏာ ဖြစ်လာသည်။
ဤလက္ခဏာ ဖြစ်ထွန်းလာသော အခါ ဘုရှ်အစိုးရသည် တီဗွီမီဒီယာကို အထူးစိုးရိမ်လာ သည်။
စပင်ဇုန်
ယခု အီရတ်စစ်ပွဲကို ဗီယက်နမ်စစ်ပွဲနှင့် စတင်၍ နှိုင်းယှဉ်ပြောလာကြသည်။ ပုံနှိပ်မီဒီယာ ၌ သာ ၌ နှိုင်းယှဉ်မှု နှင့် ပတ်သက်ပြီး အငြင်းပွားနေသော်လည်း တီဗွီတို့၌ မူ သိပ်မပြောကြသေးပေ။ သမိုင်းအစဉ်အလာကို ကြည့်လျှင် ဗီယက်နမ်စစ်ပွဲ အငြင်းအခုံ ဖြစ်ကြစဉ်၌ တီဗွီဂျာနယ်လစ် မိုက် ကယ်အာလစ်၏ 'အိပ်ခန်းအတွင်းစစ်ပွဲ' သော တီဗွီဆွေးနွေးခန်း ဖြစ်လာမှသာ တစ်နိုင်လုံး ပျံ့နှံ့ သွားသည်။ သမ္မတရွေးကောက်ပွဲပေါ်၌ အထူးသက်ရောက်သွားခဲ့သည်။
ယခုလည်း အီရတ်စစ်ပွဲကို ဗီယက်နမ်စစ်ပွဲနှင့် နှိုင်းယှဉ်၍ ငြင်းကြသော အငြင်းပွားမှု ကို တီဗွီတို့၌ ပေါ်လာမည် ကို သမ္မတဘုရှ် အသိုင်းအ၀န်းက အတော် စိုးရိမ်ပူပန်နေကြသည်ဟု သိရှိရ သည်။ ထို့ကြောင့် လည်း ဘုရှ်အစိုးရအရာရှိတို့သည် တီဗွီတွေ့ ဆုံ မေးမြန်းခန်းတို့ကို အခုတလော အထူးရှောင်ရှားလာကြသည်။ မည် သည့် ထိပ်သီးခေါင်းဆောင်တို့မှ တီဗွီဂျာနယ်လစ်တို့နှင့် မတွေ့ ၊ ရှောင်နေကြသည်။
အကယ်၍ သူတို့က တွေ့ ပြီဟု ဆိုလျှင်လည်း တီဗွီကင်မရာရှေ့က ဇုန် Spin Zone သည် သူတို့အတွက် စိတ်ချရသည်ဟု ယူဆသော ကြောင့် ဖြစ်မည် ။ ထိုအတောအတွင်း၌ အမေရိကန်စစ်သားအလောင်းကို မပြရ။ ကျဆုံးသော စစ်သားတို့ကို ခေါင်းတွင် အမေရိကန်အလံဖုံး၍ အမေရိက သို့ ပြန်သယ်လာသည့် ရုပ်ပုံတွေ မပြရဟု ပိတ်ပင်ထားသည်။ ဤသည်ကို ဂျာနယ်လစ်တို့က သတင်းနှင့် ဓာတ်ပုံကို ဆင်ဆာလုပ်သည်ဟု ကန့်ကွက်ကြသည်။
ယခင်က သတင်းအေဂျင်စီတို့သည် တပ်ရင်းတပ်ဖွဲ့အလိုက် သတင်းထောက်တို့ကို ချ ထားသည်။ တပ်ရင်းတပ်ဖွဲ့အလိုက်သတင်းထောက်တို့ကို ချထားသည်။ ဤသတင်းထောက်တို့ကို inbeds နှင့် embeds များ ဟုခေါ်သည်။ ယခင်က သူတို့သည် သတင်း ဖြစ်ကြသည်။ ယခုမူ ပင်တ ဂွန်က တပ်ရင်းလိုက်၊ တပ်ဖွဲ့လိုက် တွဲ ထားသော သတင်းထောက်တို့ကို မလိုလားတော့ပေ။ သူတို့ သည် သတင်းဆိုးတွေ ဖြစ်နေပြီ။ အဘယ်ကြောင့် ဆိုသော် စစ်သားတို့၏ စိတ်ဓာတ်ကျဆင်းမှု တို့ကို ဤသတင်းထောက်တို့က သတင်းပေးပို့မည် ကို စိုးရိမ်သော ကြောင့် ဖြစ်သည်။ အီရတ်စစ်ပွဲသည် နုနယ်သေးသော ၆-လ အတွင်း ဗီယက်နမ်စစ်ပွဲနှင့် ဆင်တူသွားမည် ကို ဘုရှ် အစိုးရပိုင်းက စိုးရိမ် ကြသည်။
တီဗွီဂျာနယ်လစ်
ယခု ဂျာနယ်လစ်ဇင်က ဓမ္မဓိဌာန်ဂျာနယ်လစ်ဇင် အကြောင်းအပေါ် ဖိုးကပ်စ်လုပ်လာရင်း အစစ်အမှန် Reality နှင့် ဘုရှ်၏ ဇာညွှန်း (Script) တို့ ဘယ်လောက် အံကိုက်မလဲဟု သုံးသပ် ကြည့်လာကြသည်။ အစစ်အမှန် နှင့် ဇာတ်ညွှန်းတို့ကို ညှိနှိုင်းသုံးသပ်ရသော အလုပ်သည် ဂျာ နယ်လစ်တို့၏ အလုပ်ပင် ဖြစ်ဟန်တူသည်။
မီဒီယာပိုင်းက သူ့ဟာနှင့် သူ ဂျာနယ်လစ်ဇင် ၀မ်းအိုဝမ်းရှိသလို ဘုရှ်အစိုးရပိုင်း၌ လည်း သူ့ဟာနှင့် သူ ဂျာနယ်လစ်ဇင် ၀မ်းအိုဝမ်းတို့ရှိနေကြသည်။ အခု ၀မ်းအိုဝမ်းချင်း တိုက်မိခိုက်မိလာ ကြသည်။ အီရတ်စစ်ပွဲနှင့် ဗီယက်နမ်စစ်ပွဲသည် နှိုင်းယှဉ်ရန် အတော် အလှမ်းဝေးသည်ဟု ဆိုသော် ဆိုနိုင်သည်။ သို့ သော် အမေရိကန်အစိုးရပိုင်း၏ သတင်းကို စီမံခန့်ခွဲပုံသည် ဖျက်လို့မရ၊ ပြင်လို့မရ သော အစစ်အမှန်ကို ဆန့်ကျင်၍ စီမံရာရောက်နေသည်ဟု ဂျာနယ်လစ်တစ်ဦးက ဝေဖန်သည်။
သူပြောသော ဖျက်လို့မရ၊ ပြင်လို့မရသော အစစ်အမှန် (Irevocable Reality) ဆိုသည် မှာ အမေရိကန်အလံအုပ်ထားသော ခေါင်းထဲမှ အလောင်း ဖြစ်သည်။ ဤအစစ်အမှန်က အမေရိကန် သည် အီရတ်၌ ဗီယက်နမ် 'တက်' နွံထဲ နစ်ခဲ့သလို နောက်ထပ်တစ်ကြိမ် နစ်ဦးမည် လောဟု မေးစ ရာ ဖြစ်စေသည်ဟု ဆိုသည်။
သမ္မတဘုရှ်သည် မီဒီယာတို့မှ ဂျာနယ်လစ်ဇင် ၀မ်းအိုဝမ်းကို မယူဘဲ သူ့ကိုယ်ပိုင် ၀မ်းအို ၀မ်းကို ဂျာနယ်လစ်ဇင် သင်ရိုးညွှန်းတမ်းအနေဖြင့် ယူခြင်းကို မီဒီယာသမားတို့က နှစ် မြို့ကြဟန် မရှိပေ။ အထူးသဖြင့် တီဗွီဂျာနယ်လစ်တို့က ကျေနပ်ပုံ မရ။ မီဒီယာတို့တွင် ဖော်ပြသော သတင်းတို့ကို သမ္မတက ဓမ္မဓိဌာန်ကျသည်ဟု မယူဆ။ သို့ ဖြစ်၍ အားမကိုးခြင်းသည် သမ္မတဘုရှ် အဖို့ အပြစ် ဖြစ်နေဟန်တူသည်။
ရည်ညွှန်း
ရိုက်တာသတင်းများ
နာမည် ပေးခြင်း အတွဲ ထူးအတွဲ ဆန်း စားပွဲထိုးမေးပုံ
အဒမ်ကိုအရင်
ဂေါ့ဒ်သည် အဒမ်ကို အရင်ဖန်ဆင်းသည်။ သူ့ကို အဒမ်လို့ပဲ ဂေါ့ဒ်က နာမည် ပေးသည်။ ထို့နောက် ဂေါ့ဒ်က အဒမ်အား ဧဒင်ဥယျာဉ်ကြီးထဲမှ တိရစ္ဆာန်တို့ကို နာမည် ပေးခိုင်းသည်။ အဒမ် အတော် ကြိုးစားရသည်။ ကျား၊ ဆင်၊ ခြင်္သေ့ စသည်ဖြင့် အကောင်တွေ ကို အမျိုးအစားအလိုက် နာ မည် ပေးပြီးသော အခါ အဒမ်သည် သူ့မိန်းမကို နာမည် ပေးရသည်။ Eve ဧ၀လို့ နာမည် ပေးလိုက် ပေသည်။
ဘာသာဗေဒပညာရှင်က သမ္မာကျမ်းစာပါ ဤပုံပြင်လေးကို အမြတ်တနိုး ကိုးကားရင်း လူသတ္တ၀ါ၏ ဆက်သွယ်ရေး စွမ်းရည် (Ability to Communicate) အကြောင်းကို ရှင်းပြသည်။ ဤဆက်သွယ်ရေး စွမ်းရည်၌ နာမည် ပေးတတ်ခြင်း (Ability to name) သည် လူ၏ အထက်မြက် ဆုံး အရည်အချင်းဟု ပညာရှင်က မှတ်ချက်ချသည်။
အကြောင်းမူ အဒမ်က သူ့မိန်းမကို ဧ၀ဟု အမည် ပေးလိုက် သည်မှစ၍ တီထွင်ကြံဆမှု (Creativity) ဘွားခနဲ ပီတိစိတ်ဖြင့် ပေါက်ဖွားလာသော ကြောင့် ဖြစ်သည်။ နာမည် ပေးရခြင်းသည် မလွယ်ပေ။ တိရစ္ဆာန်တို့ကို နာမည် ပေးရသော အခါ၌ သဘာဝပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် အကဲ ခတ်နိုင်စွမ်းရှိရသည်။ အတွေးစိတ်ကူးဆန်းကြယ်ရသည်။ တီထွင် ကြံဆမှု ၏ ၀ိသေသတို့ပင် ဖြစ် တော့သည်။ ဧ၀ကို နာမည် ပေးရာမှစ၍ တီထွင်ကြံဆမှု ပေါ်သည်။
ဘာသာဗေဒပညာရှင် ပါမောက္ခဒန့်စ် အဆိုအရ လူသာလျှင် နာမည် ပေးနိုင်စွမ်း ရှိသည်။ အခြားသတ္တ၀ါတို့ နာမည် မပေးတတ်ကြပေ။ မှော င်နေခြင်းကို ညဟု အမည် ပေးလိုက် သည်။ လင်းနေခြင်းကို နေ့ဟု အမည် ပေးလိုက် သည်။ လူ့ဘာသာစကား၏ အံ့ဖွယ်သရဲပင် ဖြစ်တော့ သည်။ အဒမ်က သူ့မိန်းမကို ဧ၀လို့ နာမည် ပေးလိုက် ။ ဧ၀က တစ်ဖန် သူ့သားကို ကိန်း (Cain) လို့ နာမည် ပေးသည်။
ဆက်သွယ်ရေး ကျွမ်းကျင်မှု ငါးပါး
ပါမောက္ခဒန့်စ်က လူ့ဆက်သွယ်ရေး စနစ်တွင် နာမည် တွေ မရှိလျှင် အသို့ ဖြစ်မည် နည်းဟု စဉ်းစားခိုင်းသည်။ ဆက်သွယ်ရေး တွေ အကုန်ခက်ခဲကုန်မည် ။ ဉာဏ်ရည်ရှိသော ဆက်သွယ်မှု ပေါ်ပေါက်တော့မည် မဟုတ်ပေ။ လူ၌ ဆက်သွယ်နိုင်သော အရည်အချင်း ရှိရုံမျှက ဆက်သွယ်ချင် သော ဆန္ဒလည်း ရှိသည်။ ဤဆန္ဒကလည်း အလွန် ကြီးမြင့်သည်။ လူအချင်းချင်းသာ ဆက်သွယ်ချင်သည် မဟုတ်၊ ဂေါ့ဒ်နှင့် လည်း ဆက်သွယ်ချင်သည်။
ဘာသာဗေဒပညာရှင် နွမ်းခြုမ်းစကီးက လူ့ဘာသာစကားကို လေ့လာလျှင် အစွန်ဆုံးသော စခန်း၌ လူ၏ အနှစ် သာရ (Human Essence) ကိုရှာဖွေတွေ့ ရှိမည် ဟု ဆိုသည်။ လူ့အနှစ် သာရ ဆိုသည်မှာ လူ၌ သာ ထူးထူးခြားခြားရှိသော လူ့စိတ်၏ အရည်အသွေး ဖြစ်သည်ဟု ခြမ်းစကီးက အနက်ပေးသည်။
အခု ဘာသာဗေဒက အတော် ကျယ်သွားပြီး လူ့လောကအတွက် ဘာသာဗေဒကိုသာ မဟုတ်၊ တိရစ္ဆာတန်တို့၏ ဘာသာဗေဒ၊ အပင်တို့၏ ဘာသာဗေဒတို့ကိုလည်း လေ့လာကြသည်။ လောက အလုံးစုံကို ခြုံ၍ ဘာသာဗေဒလေ့လာခြင်းကို (Earth's web of life) မြေကမ္ဘာကွန်ရက် ဘ၀ကို လေ့လာခြင်းဟု ခေါ်လာသည်။
ခရစ်ယာန်စာစောင်တစ်ခုက ဆက်သွယ်ရေး ကျွမ်းကျင်မှု (Communication skill) ထက် မြက်စေရန် နည်းလမ်းငါးသွယ်ကို အကြံပေးသည်။
၁။ သူများ ပြောတာကို နားထောင်ပါ။ 'နားထောင်မှု မြန်ပါ။ အပြောနှေးပါ' (ဂျိမ်း သမ္မာကျမ်း စာ၊ စာ - ၁၁၉)
၂။ ကိုယ့်ပတ်ဝန်းကျင်မှ ဘ၀နှင့် အရာဝတ္တုတို့တွင် စိတ်ဝင်စားပါ။ စာဖတ်ပါ။ ဉာဏ် ဖြင့် ယှဉ်ဖတ်ပါ။ 'မိမိ လေ့လာဆည်းပူးထားတာကို ဆွေးနွေးသော အခါ ညှိနှိုင်းပြီး ဆွေးနွေးပါ' (ပရိုဗတ်-၁၁၂)
၃။ ဝေါဟာရကြွယ်အောင် ပြောပါ။ 'ယေရှု၏ စကားလုံးတို့ကို နားလည်ရန် မခက်ခဲ ပါစေနှင့် ' (အက်-၄.၁၃)
၎။ ပီပီသသ စကားပြောပါ။ အသံထွက်မှန်မှန်ရွတ်ပါ။ 'နားထောင်သူကို ကြင်နာပါ' (ကိုရင်သီယမ် - ၁၄.၇)
၅။ သင်၏ ဆက်သွယ်ရေး ကျွမ်းကျင်မှု သည် ဂေါ့ဒ်က မေတ္တာလက်ဆောင်ပေးထား ခြင်း ဖြစ်သည်ကို အသိအမှတ်ပြုပါ။ ဤသို့ အသိအမှတ်ပြုလျှင် ဘာသာစကားကို လေးစားမိမည် ၊ (ဂျိမ်း - ၁.၁၇)
မတွဲ စဖူးအတွဲ
စက်တင်ဘာလ ၁၁ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှု ကြီးကို လူ ၁၉ ဦးက ဦးဆောင် ဆောင်ရွက်သည်။ ဤ ၁၉ ဦးသည် မကောင်းဆိုးဝါး (evil) ဖြစ်သည်။ သူတို့ ပညာတတ် (educated) တွေ ဖြစ်သည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် အကျိုးယုတ်စေချင်သူ (suicidal) တွေ ဖြစ်သည်။ နယူးယောက် တိုင်းမ် ဂျာနယ်လစ် သော မတ်စ်ဖရီးမင်းက ဂုဏ်ပုဒ်သုံးပုဒ် အတွဲ အစပ်ကို အလွန်ထူးဆန်းသည်ဟု ထင်သည်။ ဘယ်လူစုလူဝေး၌ မှ ဤအတွဲ မျိုးကိုတွေ့ နိုင်မည် မဟုတ်ဟု ဆိုသည်။
မကောင်းဆိုးဝါး ဖြစ်သူ ပညာတတ်သည့်အခါ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လိမ့်မည် မဟုတ်။ သူများ ကိုသာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် မြှောက်ပေးမည် ။ မကောင်းဆိုးဝါး လည်း ဖြစ်ပြီး ကိုယ့်အကျိုး ဖျက်ဆီးသူသည် ပညာတတ်မည့် သူ မဟုတ်နိုင်ပေ။ ယခု သုံးခုစလုံး ပြုံတွဲ ထားသည်ကို တွေ့ ရသော အခါ မိမိတို့ ယဉ်ကျေးသော လောကက လက်ခံထားသော ကျင့်ဝတ်တရား (pesumptive morality) ၏ အပြင်အပ (out of bound) ရောက်နေပုံပေါ်လာ သည်။ ထို့အပြင် လူသားတို့၏ စိတ်ကူးစိတ်သန်း (human imaginationo) ၏ အပြင်အပရောက်၍ နားလည်ရခက်နေသည်။
နောက်ခံတီးလုံး
သို့ သော် အကြမ်းဖက်ဝါဒဆန့်ကျင်ရေး စစ်ပွဲကို ဆင်နွှဲရမည် ။ ဤစစ်ပွဲကို အင်အားသုံးစစ်ပွဲ (big force display) ဖြင့် သာ ဆင်နွှဲရမည် မဟုတ်။ လျှို့ဝှက်ကွန်ရက်နည်းတို့ဖြင့် လည်း ဆင်နွှဲရ မည် ။ ဤအချက်ကို သော မတ်စ်ဖရီးမင်းက ထောက်ပြပြီး အိုစမာဘင်လာဒင် အာဖဂန်နစ္စတန်မှာ မပုန်းဘဲ ကိုလံဘီယာနိုင်ငံတွင် သွားရောက်ပုန်းအောင်းလျှင် ဘယ်လောက်ကောင်းမလဲဟု နှိုင်း ယှဉ်ပြသည်။
ကိုလံဘီယာ မူးယစ်ဆေးဂိုဏ်းသည် ပါးစပ်ဖြင့် စကားမပြော။ အလုပ်ဖြင့် သာ စကားပြော သည်။ သူတို့ကို ၀ယ်လို့ရသည်။ သူတို့ကလည်း ၀ယ်သည်။ သူတို့သည် ပြိုင်ဘက်ကွန်ရက်တို့ကို ဘယ်လို ပြန်ဖျက်ပစ်ရမလဲဆိုသော နည်းကို ကျွမ်းကျွမ်းကျင်ကျင်သိသည်။ သူတို့ကို ဘယ်သူဘယ် ၀ါကိုဖြင့် 'အရှင်ရရ၊ အသေရရ' လိုချင်ပါသည်ဟု ပြောလျှင် သူတို့က ဤစကားကို 'အသေရရ၊ အသေရရ' (dead or dead) လို့ပဲ နားလည်မည် ။
ဂျာနယ်လစ်သော မတ်စ်ဖရီးမင်းသည် အသေခံဗုံးဖောက်ခွဲမှု ကို စတင်မွေးထုတ်ရာ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့၌ နေထိုင်ခဲ့ဖူးသည်။ ဘေရွတ်၌ ဗုံးပေါက်သံ၊ ပစ်ခတ်သံတို့သည် နေ့စဉ်ဘ၀၏ နောက်ခံတီးလုံးလို ဖြစ်နေသည်။ ရန်ဘက်ချင်းလည်း အသေအလဲ ပစ်ခတ်တိုက်ခိုက် သည်။ မကြာခဏလည်း အပစ်အခတ် ရပ်စဲကြသည်။
သော မတ်စ်ဖရီးမင်းသည် ဘေရွတ်စားသောက်ဆိုင်တစ်ဆိုင်သို့ ညစာသွားစားလေ့ရှိသည်။ စားပွဲထိုးအမျိုးသမီးက 'ညစာကို အခုစားမလား အပစ်အခတ်ရပ်စဲပြီးမှ စားမလား' ဟု မေးသည်ကို အတော် သဘောကျသွားသည်။ ဤစားပွဲထိုးအမျိုးသမီး၏ အမေးကို သူက နယူး ယောက် တိုင်းမ်သတင်းစာတွင် ဖော်ပြလိုက်သည်။
ရည်ညွှန်း
Awake
ဘာသာစကား၏ သက်ရှိဝန်းကျင် ဖွဲ့စည်းမှု ယိုင်လဲခြင်း
ကူးဆက်ကွင်းဆက်
စာရေး သူ ကျောင်းသားဘ၀က မြန်မာစာနှင့် အင်္ဂလိပ်စာကို အောင်ရုံပဲ အမှန်ရသည်။ တစ်ခါမှ ၅၀ ကျော်ရခဲ့ဖူးခြင်းမရှိပေ။ သို့ သော် စာရေး ဆရာ ဖြစ်လာသည်။ ဘာသာဗေဒနှင့် နီးစပ်သည်။ ဤအကြောင်းဖော်ရသည်မှာ ဘာသာစကားတစ်ရပ် တိမ်ကောသွားသည်မှာ ကလေးတွေ က ဤဘာသာစကား၊ ဤမိခင်ဘာသာစကားအ ဖြစ် မပြောကြသော ကြောင့် ဖြစ်သည်ဟု ဂျပန်ဘာ သာဗေဒညာရှင်တစ်ဦးက ဝေဖန်ရေး သားထားသော ဆောင်းပါးကို ဖတ်လိုက်မိသော ကြောင့် ဖြစ်သည်။
စာရေး သူတို့လည်း အမှတ်တမဲ့ပါ။ လူကြီးတွေ က ဘာသာစကားတစ်ခုကို အသုံးမပြုလျှင် ဤဘာသာစကား တိမ်ကောသည်ဟု ထင်သည်။ သို့ သော် ဂျပန်ဘာသာဗေဒပညာရှင် မီကိုကာအို ဆာဟီတိုက ကလေးတွေ က ဘာသာစကားတစ်ရပ်ကို မိခင်ဘာသာစကားအ ဖြစ် မပြောကြလျှင် ဤဘာသာစကား၏ မိမိဘာသာ ရှင်သန်နိုင်မှု viobility သည် ပျက်သုဉ်းသွားသည်ဆိုမှ ဆံပင် တွေ ၊ ဘာတွေ ထောင်သွားသည်။
သူက ဘာသာစကားပြောသူ လူကြီး ဦးရေဖြင့် မတိုင်း။ ကလေးတွေ အပြောနှင့် ရှင်သန် နိုင်မှု ကိုတိုင်းသည်။ ဤကိစ္စနှင့် ပတ်သက်၍ မိခင်ဘာသာစကားကို ရှာယူသိုမှီးခြင်း native languages extinction ဆိုသော အယူအဆကို ပါမောက္ခအိုဆာတီက တင်ပြသည်။ ဤရှာယူသိုမှီး မှု ဖြစ်စဉ်ရပ်ဆိုင်းသွားသည်နှင့် ဤဘာသာစကားအား ကူးဆက်မှု ကွင်းဆက် chain of transmission သည် ပြတ်တောက်သွားတော့မည် ဟု ဆိုသည်။
လူကြီးတွေ က နိုင်ငံခြားဘာသာစကားကို သင်ယူခြင်းကို နိုင်ငံခြားဘာသာစကားကို ရှာယူ သိုမှီးခြင်းဟု ခေါ်သည်။ လူကြီးတွေ က မိခင်ဘာသာစကားကို ရှာယူသိုမှီးခြင်း မပြုတော့ပေ။ သူတို့ က တတ်မြောက်ထားပြီး ဖြစ်သည်။ ပြောတတ်ဆိုတတ်ပြီး ဖြစ်သည်။ မတတ်မြောက်သေးသော ၊ မပြောတတ် မဆိုတတ်သေးသော ကလေးတို့၌ သာ မိခင်ဘာသာစကား ရှာယူသိုမှီးခြင်း ဖြစ်စဉ် ရှိ သည်။ ဤ ဖြစ်စဉ်သည် ယခုအခါ ကျိုးပဲ့ပြတ်တောက်ကုန်ပြီ။
ကမ္ဘာပေါ်၌ ပြောနေဆိုနေကြသော ဘာသာစကားပေါင်း ၆၇၆၀ ရှိသည်။ ၂၁၀၀ ပြည့်နှစ် တွင် ဤခြောက်ထောင်ကျော် ဘာသာစကားထဲမှ တစ်ဝက်လောက် ပျောက်ကွယ်သွားတော့မည် ဟု ခန့်မှန်းထားသည်။
သုံးမျိုး
၂၀၁၀ ပြည့်နှစ် လောက်၌ ယခုပြောဆိုနေကြသော ဘာသာစကား ၆၇၆၀ ထဲမှ ၃၀၀ လောက်သာ 'ခဏတစ်ဖြုတ်' အသက်ရှင်ကျန်တော့မည် ။ ဂျာမန်ဘာသာဗေဒပညာရှင် ပါမောက္ခ မိုက်ကယ်အီးခရော့စ်က ယနေ့ပြောဆိုနေကြသော ဘာသာစကားတို့ကို သုံးမျိုးသုံးစားခွဲခြားပြ သည်။
(၁) ဖုတ်လိုက်ဖုတ်လှိုက် meriband (ကလေးတွေ က မိခင်ဘာသာစကားအ ဖြစ် မပြော တော့ဘဲ ရပ်ဆိုင်းပစ်နေသည့် ဘာသာစကား)
(၂) မျိုးသုန်းလု endangered
(ကလေးတွေ က မိခင်ဘာသာစကားအ ဖြစ် ပြောဆိုနေကြဆဲ ဖြစ်စေကာမူ နှုန်းကို ကြည့် လျှင် ဖုတ်လှိုက် ဖုတ်လှိုက် ဘာသာစကားနှင့် နီးနေသည့် ဘာသာစကား ဖြစ်သည်။ ၂၁ ရာစု နှစ် ထဲတွင် ဖုတ်လှိုက်ဖုတ်လှိုက်အဆင့်သို့ ရောက်ဖွယ်ရှိသည်)
(၃) စိတ်ချရသော safe
(လာမည့်  သိပ်မကြာသည့်ကာလအထိ၌ စိတ်ချရသည်ဟု ဆိုနိုင်သေးသော ဘာသာစ ကားတို့ ဖြစ်ကြသည်)
ဤသို့ အမျိုးအစား သုံးမျိုးခွဲခြားပြီးသည့်နောက် ဘာသာဗေဒပညာရှင်တို့က သဘာဝပတ် ၀န်းကျင် ပျက်သုဉ်းမှု နှင့် ကမ္ဘာ့ဂလိုဘယ်သက်ရှိလောကဖွဲ့စည်းပုံစနစ် global ecosystem တို့ သည် ဘာသာစကားတူ မျိုးနွယ်စု lingno-ethnic group တို့က တီထွင်ဖော်ထုတ်ခဲ့သော ဘာသာ စကားများ စွာ တတ်သည်။ လူအုပ်စု အရွှေ့အပြောင်းကိုသာ သတိထားမိပြီး ဘာသာစကား ကွယ် ပျောက်သွားခြင်းကိုမူ အမှတ်မထင် ဖြစ်ကြသည်။
ဘာသာစကားသည် အစုအဝေး တစ်ရပ်ရပ်က ပြောသော စကား ဖြစ်လေရာ ဤအစုအဝေးများ ရောနှောသွားသော အခါ အစုအဝေး ဘာသာစကားတို့သည်လည်း ယိုယွင်းကုန်သည်။ ဤ ယိုယွင်းမှု သည် သဘာဝအလျောက်၊ ဓမ္မတာအလျောက် ဖြစ်သည်ဟု ယူဆကြသည်။ လူအုပ်စုချင်း ရောနှောကုန်သဖြင့် ဘာသာစကားတစ်ရပ် ဆုံးရှုံးခြင်းကို အုပ်စုတစ်ခု ဆုံးရှုံးခြင်းအ ဖြစ် မမြင်ကြ ပေ။ တကယ်ကလည်း အုပ်စုက ဆုံးရှုံးခြင်း မရှိ။
ပညာသိနှင့် သညာသိ
အနည်းစု ဘာသာစကား minority languages တို့အပေါ် အများ က ထားရှိသော သဘော ထားအမြင်တို့ကလည်း ဤကိစ္စအလို့ငှာ အပ်စပ်နေသည်။ ဘာသာစကားကြီး ပြောဆိုသူတို့က လူနည်းစုဘာသာစကားတို့ကို အထူးသဖြင့် စကာအက္ခရာမရှိသော ဘာသာစကားတို့ကို ခေတ် နောက်ကျသည်၊ အရည်အသွေး ညံ့ဖျင်းသည်ဟု အထင်သေး ယူဆတတ်ကြသည်။ ထို့အတွက် ကြောင့် လည်း ဘာသာစကား ပျောက်ဆုံးမှု တို့ အပေါ် စိုးရိမ်ပူပန်ခြင်း ချို့တဲ့ကြသည်။
နောက်တစ်ချက်မှာ ဘာသာစကားကို ဆက်သွယ်ရေး ကိရိယာအ ဖြစ်သာ မြင်သော အမြင် ဖြစ်သည်။ စင်စစ်၌ ဘာသာစကားသည် ဆက်သွယ်ရေး ကိရိယာသက်သက် မဟုတ်ပေ။ သိမြင် ခြင်း (cognition) နှင့် ခံစားသိရှိခြင်း (ပညာနှင့် သညာ) တို့အတွက်လည်း တာဝန်ထမ်းဆောင် သည်။
ဆက်သွယ်ရေး သည် ဘာသာစကား၏ အရေး ကြီးသော လုပ်ငန်း ဖြစ်သော်လည်း ဤတစ်ခု တည်း ဆောင်ရွက်သည် မဟုတ်ပေ။ ဘာသာစကားသည် အစုအဝေးတစ်ရပ်၏ ယဉ်ကျေးမှု နှင့် လူမှု ဘ၀ ဖြစ်တည်မှု တို့၏ ခွဲမရသော အစိတ်အပိုင်းလည်း ဖြစ်သည်။ ဤနေရာ၌ ပါမေက္ခ အိုဆာ ဟီတို့က ယဉ်ကျေးမှု ကို ဤသို့ မြင်သည်။ ယဉ်ကျေးမှု သည်
(၁) သဘာဝ၊ လူမှု ရေး နှင့် ရုပ်မဟုတ်သော ပတ်ဝန်းကျင်တို့ကို သီးသန့်ရှုမြင်ခံစားရာ နည်းလမ်း ဖြစ်သည်။
(၂) ယဉ်ကျေးမှု သည် သက်ရှိပတ်ဝန်းကျင် ဖွဲ့စည်းပုံတို့နှင့် လိုက်လျောညီထွေ ဖြစ် အောင် အမှတ် ၁ ပါ ပတ်ဝန်းကျင်အား ညှိနှိုင်းခြင်းနှင့် အပြန်အလှန်တုံ့ပြန်ခြင်းတို့ ပြုရာမည် သည်။ တစ်နည်းပြောလျှင် ပတ်ဝန်းကျင် အမျိုးအစားခွဲခြားပုံ categorization နှင့် ပတ်သက်သည်။
ရှုမြင်ခံစားမှု ပုံသဏ္ဍာန်အရပ်ရပ်တို့ကို လည်းကောင်း၊ ထိုအမျိုးအစားတို့ကို ဖော်ပြပုံ သဏ္ဍာန်အရပ်ရပ်နှင့် လည်းကောင်း ယဉ်ကျေးမှု က သက်ဆိုင်သည်။
ဝန်းကျင်ကို အမျိုးအစား ခွဲခြား၍ ဘာသာစကားဖြင့် အသို့ ဖော်ပြသနည်း၊ အသို့ တွေးခေါ် ဆင်ခြင်သနည်းဆိုသော အချက်တို့သည် ယဉ်ကျေးမှု ဖြစ်သည့် အားလျော်စွာ ဘာသာစကားသည် ယဉ်ကျေးမှု တစ်ရပ်၏ နောက်ဆုံးအခြေစိုက် စခန်းခံတပ် language as the last stronghold of a culture ဖြစ်သည်ဟု မှတ်ယူပါရန် ပါမောက္ခ အိုဆာဟီတိုက သတိပေးသည်။
ရည်ညွှန်း -
Endangered languages by Miyaoka Osahito
![]() စီးပွားရေးအတွေးအမြင်နှင့် အခြားဆောင်းပါးများ | ![]() စီးပွားရေးယုတ္တိ အသစ်ငါးပါး | ![]() ဘာသာဗေဒ |