Cover

အမှာ စာ

GENERAL LINGUSTICS

An Introductory Survey

RH Robins

ဘာသာစကားကို လေ့လာတယ်ဆိုတာ

မောင်သာနိုး၏ အမှာ

ဘာသာစကားကို လေ့လာတယ်ဆိုတာ ပညာရှိအမည်ခံသူတိုင်းက မိမိလုပ်နေတယ်လို့ ထင်တာချည်းပဲ။ မြန်မာပညာရှိဟာ မြန်မာဘာသာစကားကို လေ့လာနေပါတယ်ပေါ့။ ဒါပေမယ့် သူလုပ်နေတာကို ကြည့်ရင်၊ ဒါမှမဟုတ် သူပြောနေတာကို နားထောင်ရင်၊ သူရေးတာကို ဖတ်ရင်၊ သူလုပ်နေတာ ဘာသာစကားကို လော့တာမဟုတ်ဘဲ စာကိုလုပ်နေတာသာဖြစ်တယ်လို့ တွေ့ရ လိမ့်မယ်။ သူပြောတာ သူရေးတာထဲမှာ စာနဲ့စကားဆိုတာ မကွဲပြားပါဘူး။ စာလုံးနဲ့ စကားလုံးဆိုတာ မကွဲပြားပါဘူး။ စကားသံနဲ့ အက္ခရာဆိုတာကို ခြားနားမသိပါဘူး။ ‘ငါသိတယ်’ ဆိုရာမှာ စကားတစ်လုံး တည်းလား၊ နှစ်လုံးလား၊ သုံးလုံးလား သူကွဲကွဲပြားပြားနားမလည်ပါဘူး။

အဆိုးဆုံးတစ်ခုကတော့ ဘာသာစကားလေ့လာရာမှာ ခေတ်ကိုအာရုံစူးစိုက်ရမယ်ဆိုတာကို မသိတာပါပဲ။ ဒီတော့ကာ ခေတ်ကိုပိုင်းခြားမပြောတော့ဘဲနဲ့ မြန်မာစကားမှာ မေးခွန်းဆိုရင် ‘နည်း၊ လော၊ လဲ၊ လား’ တို့ကို သုံးရတယ်လို့ပြောတာမျိုး ဖြစ်ကုန်ရော။ ‘နည်း’ နဲ့ ‘လော’က ရှေးတစ်ခေတ်က သုံးခဲ့တာ။ ‘လဲ’ နဲ့ ‘လား’က အခုခေတ်မှာ သုံးတာရယ်လို့ ခွဲခြားမပြောတတ်တော့ဘူး။ နောက်တစ်ခါ ဒီနေ့ဘယ်လိုသုံးရတယ်ဆိုတာကို ပြောနေရာမှာ ဒီစကားလုံးဟာ ဘယ်ခေတ်ကဖြင့် ဘယ်လိုသုံးတာပဲ လို့ ရေးပြန်ရော။ Synchronic နဲ့ diachronic တို့ကို ရောထွေးပစ်တဲ့သဘော။

တချို့ပညာရှင်များ ကျတော့လည်း ဘာသာစကားဆိုတာ ဖွဲ့စည်းပုံစနစ်ရှိတာချည်း၊ ပရမ်း ပတာ မဟုတ်ဘူးဆိုတာကို နားမလည်တဲ့အတွက် မြန်မာမှာ သဒ္ဒါမရှိဘူးရယ်လို့ ပြောတာဆိုတာတွေ ဖြစ်ကုန်ပြန်တယ်။ ဘာသာစကားရဲ့ ဖွဲ့စည်းပုံစနစ်ကို သဒ္ဒါလို့ခေါ်တယ်ဆိုတာကို မသိတဲ့အတွက် အဲသလိုပြောမိတာပါပဲ။ မြန်မာစကားမှာ စကားလုံးတွေကို ဖွဲ့စည်းရာမှာ စည်းစနစ်ရှိတယ်။ ‘လူတွေ ကို’လို့ ပြောရတယ်။ ‘လူတွေကို’ လို့ မပြောနိုင်ဘူး။ ‘မပြောနိုင်ဘူး’ လို့သာရှိတယ်။ ‘ပြောမနိုင်ဘူး’လို့ အသုံးမရှိဘူး။ ဒါတွေဟာ မြန်မာသဒ္ဒါဖြစ်တယ်။

တချို့ပညာရှိကြီးတွေကျတော့လည်း ဘာသာစကား သဘောသဘာဝအမျိုးမျိုးရှိတာကို သဘောမပေါက်ကြတဲ့အတွက် မြန်မာသဒ္ဒါကျမ်းပြုစုတယ်ဆိုရင် ပါဠိသဒ္ဒါကျမ်းကြီးရှေ့မှာ ချ၊ အင်္ဂလိပ် သဒ္ဒါစာအုပ်ကြီးရှေ့ချ ဖြစ်ကုန်ပါလေရော။ မြန်မာသဒ္ဒါဟာ ပါဠိနဲ့လည်းမတူ၊ အင်္ဂလိပ်နဲ့လည်း တခြားစီ ဆိုတာကို သူမသိဘူး။

ဒီလိုဖြစ်ရတာ တွေဟာ ဘာသာစကားကို သိပ္ပံနည်းကျလေ့လာနည်းကို မသိတဲ့အတွက် ဖြစ် ပေါ်လာတဲ့ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ တစ်နည်း၊ ဘာသာဗေဒမသိတဲ့အတွက် ဖြစ်ရတဲ့ဆိုးပြစ်တွေဖြစ် ပါတယ်။ တစ်နည်း၊ ဘာသာဗေဒမသိတဲ့အတွက်ဖြစ်ရတဲ့ ဆိုးပြစ်တွေဖြစ်ပါတယ်။ ဘာသာဗေဒဆိုတာ ဘာသာစကားကို သိပ္ပံနည်းကျလေ့လာတာကို ခေါ်ဝေါ်တာဖြစ်တယ်။

တစ်ခါဘာသာဗေဒကို လေ့လာချင်ပါတယ်ဆိုပါတော့လည်း ဖတ်စရာစာအုပ်က မြန်မာလိုမရှိ ပြန်ဘူး။ အင်္ဂလိပ်လို စာအုပ်တွေပဲရှိနေတယ်။ ဒီတော့ အင်္ဂလိပ်လိုမတတ်ကျွမ်း၊ မြန်မာစကားသပ်သပ် သာ တတ်ကျွမ်းသူတွေအဖို့ အကြီးအကျယ်ဒုက္ခရောက်ကြရတော့တယ်။ အထူးသဖြင့် တက္ကသိုလ်များ မှာ မြန်မာစာသင်ရင် ဘာသာဗေဒလည်း လေ့လာရတာ ကိုး။ မြန်မာစာကျောင်းသားက အင်္ဂလိပ်စာ မကျွမ်း၊ ပြဋ္ဌာန်းထားတာက အင်္ဂလိပ်လို စာအုပ်တွေ။ လှလှကြီးကို ဒုက္ခတွေ့ရတော့တာပဲ။

ကိုယ်တွေ့လေးတစ်ခုကို ပြောရရင် ကျွန်တော်မဟာဝိဇ္ဖာတန်းတက်စဉ်က ဘာသာဗေဒကို ဒေါ်ခင်ခင်အေးက ပို့ချပါတယ်။ သဒ္ဒဗေဒကို ဦးရွှေသွင်က သင်ကြားပါတယ်။ ဆရာ၊ ဆရာမ တို့က ထုံးစံအတိုင်း အတန်းထဲမှာ လက်ချာပေးပြီး ဘယ်စာအုပ်အခန်းဘယ်လောက်က ဘယ်လောက်ဖတ် ခဲ့ကြလို့ ညွှန်းလိုက်တာပါပဲ။ အဲသလို ညွှန်းရင် အင်္ဂလိပ်စာအတန်အသင့် ဖတ်တတ်သူကတော့ မထောင့်တာပေမယ့် ကျန်သူအများ စုကတော့ စာအုပ်ကြီးတွေကိုင်ပြီး ရှေ့ဆက်မဖတ်နိုင်၊ ငိုင်နေကြ တော့တာပဲ။ ရင်းနှီးသူတချို့ကိုတော့ ကျွန်တော်ကပဲ ဆရာလုပ်ပြီး ဘာသာပြန်ပြ၊ ရှင်းပြခဲ့ရပါတယ်။

အဲဒီ ကတည်းက မြန်မာလို ဘာသာဗေဒစာအုပ်တစ်အုပ် လိုအပ်နေပြီဆိုတာကို ခံစားခဲ့မိ တယ်။ ကိုယ်တိုင်ဘာသာပြန်မလာလို့လည်း စိတ်ကူးပေါက်မိတယ်။ တစ်အုပ်လောက်ဘာသာပြန်စမ်း ပါလို့ တိုက်တွန်းသူကလည်း တိုက်တွန်းခဲ့ပါရဲ့ ။ ထုတ်ဝေပေးမယ့်သူလည်း ရှိခဲ့ပါရဲ့ ။ ဒါပေမယ့် အခြား စာတွေ ရေးနေရ၊ ဘာသာပြန်နေရတာ ရယ် (ကျွန်တော်က အင်္ဂလိပ်ကဗျာတွေကို ဇောက်ချဘာသာ ပြန်နေစဉ်က ဖြစ်ပါတယ်။)ဘာသာဗေဒလို စာအုပ်မျိုးက ဈေးကွက်မှာ လေးနေမှာ စိုးလို့ရယ်စတဲ့ အကြောင်းတွေကြောင့် မအောင်မြင်ခဲ့ဘူး။ တစ်နေ့နေ့ ထလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ရင်ထဲ မှာ အမြဲရှင်သန်လျက်ပါ။

ဒီလိုအခြေအနေမျိုးမှာ မောင်စူးစမ်းက ရော်ဘင့်ဇ်ရဲ့ စာအုပ်ကို ဘာသာပြန်လိုက်ပြီဆိုတာကို သိရတော့ အထူးပဲဝမ်းသာရပါတယ်။ ရော်ဘင့်ဇ်ဟာ ကျွန်တော်တို့ ကျောင်းသားဘ၀က ဖတ်ရတဲ့ စာအုပ်ပါပဲ။ ရော်ဘင့်ဇ်၊ ဂလီဆန်၊ ဟော့ကက်၊ ချွမ်းစကီး….စသဖြင့် ကျောင်းသားဘ၀က ရင်းနှီးခဲ့ရတဲ့ နာမည်တွေ။ (တစ်ယောက်ကတော့ ဘာသာဗေဒပညာရှင်ဘ၀ကနေ နိုင်ငံရေးသမားယောင်ယောင် ဖြစ်သွားပြီး။ ချွမ်းစကီး။ သူ့ရဲ့ နိုင်ငံရေးအယူအဆဆိုင်ရာ စာအုပ်တွေဖတ်ရပြန်ပေါ့။)

တချို့က ဟာ-မောင်စူးစမ်းဆိုတာ စီးပွားရေးပညာရှင်ပဲ၊ ဘာသာဗေဒနဲ့ သူနဲ့ဘာဆိုင်လို့လဲလို့ မှတ်ချက်ချချင်ကောင်း ချချင်ကြပေလိမ့်မယ်။ ဟုတ်ကဲ့၊ ဘာသာဗေဒပညာရှင်စစ်စစ်က ဘာသာဗေဒ စာအုပ်ကို ဘာသာပြန်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့လေ။ ဒါပေမယ့်ဘာသာပြန်တယ်ဆိုတာ ကတော့ ပို့ချတာ၊ ကိုယ်တိုင်ကျမ်းပြုတာ မဟုတ်ချေဘူး။ ပို့ချရင်၊ ကိုယ်တိုင်ကျမ်းပြုရင်သာ ပညာရှင် ဖြစ်ဖို့လိုပါတယ်။ ဘာသာပြန်တယ်ဆိုတာကတော့ ဘာသာရပ်ကို ပို့ချသူမဟုတ်ဘဲ ပင်ရင်းစကား (Source language။ ဒီမှာ အင်္ဂလိပ်စကား)ကို ကျွမ်းရင်လုပ်နိုင်တာချည်းပါပဲ။ နိုင်ငံရေးသမားမဟုတ် လည်း နိုင်ငံရေးခေါင်းဆောင်တစ်ဦးပြောနေတာကို ဘာသာပြန်ပေးနိုင်ပါတယ်။ နက္ခတ္တဗေဒ ပါမောက္ခ မဟုတ်လည်း အဲဒီ့ ပါမောက္ခပြုစုတဲ့စာတမ်းကု ဘာသာပြန်ကျွမ်းသူက ပြန်ဆိုနိုင်ပါတယ်။ သက်ဆိုင်ရာ ပညာရပ်ဝေါဟာရတွေ (relevant technical terms) ပဲ သူ့ကိုပေးထားဖို့လိုတယ်။

မဟာစည်ဆရာတော်က သူနိုင်ငံခြားမှာ ဟောမယ့် တရားတွေကို ကျွန်တော့်ကို ဘာသာပြန် ခိုင်းတော်မူစဉ်က တကာကြီးတချို့က ‘ဟာ မောင်သာနိုးက တရားမှ မထိုင်ဖူးတာပဲ၊ ဖြစ်မယ်မထင်ပါ ဘူးဘုရာ့’ လို့ လျှောက်ကြတော့ ဆရာတော်က ‘အင်း၊ တရားမထိုင်ဖူးပေမယ့် ပါဠိနဲ့အင်္ဂလိပ်ကို သူ ကျွမ်းတယ်၊ ရပါတယ်’ လို့ ပြန်မိန့်တော်မူဖူးတာကို သွားသတိရမိတယ်။

မောင်စူးစမ်းဆိုတာ တက္ကသိုလ်တုန်းက ဘောဂဗေဒပညာကို သင်ယူခဲ့ပြီးနိုင်ငံရေးသမားဖြစ် သွားတော့လည်း သူယုံကြည်ရာနိုင်ငံရေးရှုထောင့်ကနေ စီးပွားရေးစစ်တမ်းတွေ ပြုစုခဲ့တဲ့သူ။ အခု လည်းစီးပွားရေးပဲ အဓိကလေ့လာနေသူ။ သူ အခြားဘာသာရပ်တွေ ဘယ်လိုပဲလေ့လာ၊ လေ့လာ၊ ရေးရေး၊ သူဟာစီးပွားရေးပညာရှင်ပါပဲ။ ဒါပေမယ့် သူဟာအင်္ဂလိပ်စာကို ကျွမ်းတယ်။ ဘာသာပြန် ဆရာ အမည်ခံသူတော်တော်များများ ထက် အင်္ဂလိပ်စာကို ပိုင်နိုင်တဲ့အပြင် လူပြိန်းနားလည်အောင် လည်း ပြန်လည်ပြောပြတတ်တဲ့ အရည်အချင်း(ဘာသာပြန်ဆရာကောင်း တစ်ယောက်ရဲ့ ပင်မအရည် အချင်း)သူ့မှာ ရှိတယ်။ ဒါ့ကြောင့် ရော်ဘင့်ဇ်ရဲ့ စာအုပ်ကို ဘာသာပြန်ရာမှာ ဆိုလိုချက် အတိမ်းအ စောင်းမရှိစေရ၊ တိတိကျကျဘာသာပြန်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ သူ့စာမူကို ဖတ် ကြည့်တော့လည်း ဒီအတိုင်းပဲတွေ့ရပါတယ်။

တစ်ခုပဲရှိရဲ့ ။ ဘာသာစကားအကြောင်းကို လေ့လာတင်ပြတဲ့ စာအုပ်ကိုဘာသာပြန်ရာမှာ ခေတ်သုံးစကားကိုသုံးပြီး ရေးတာမဖြစ်လာဘဲ ရှေးသုံးစကားနဲ့ ရေးထားတာတွေ့နေရတယ်။ ‘အထွေ ထွေ ဘာသာဗေဒဆိုတာ ဘာသာစကားနဲ့ပတ်သက်တဲ့ သိပ္ပံပညာဖြစ်တယ်လို့ ယေဘုယျအနက်ဖွင့် ဆိုနိုင်တယ်’ လို့ ဆရာယုဒသန်လေနဲ့ ရေးထားတော့ ၂၁ ရာစုက မြန်မာစာဖတ်သူအဖို့ အတန်ငယ် ကသိကအောက်ဖြစ်သွားရတာ ပ။

ဒီရှေးဆန်ဆန်စာဟန်ကလွဲရင် မောင်စူးစမ်းစာအုပ်ဟာ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်း မှတ်ချက်ချရလိမ့်မယ်။

မောင်သာနိုး

၆ ဇန်န၀ါရီ ၁၉၉၆

စာရေးသူ၏ အမှာ

ကျွန်တော်၏ ဇနီး ဒေါ်သန်းသန်းကြည် ကွယ်လွန်သောအခါ လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကဆိုင်ရာကျောင်းတော်ကြီးတွင် သူသင်ကြားခဲ့သော ဘာသာဗေဒဆိုင်ရာစာအုပ်များ တပြုံ တမကြီးကျန်ရစ်ခဲ့ပါသည်။

နိုင်ငံတော်အစိုးရ ပညာတော်သင်အဖြစ် သွားရောက်သင်ကြားခဲ့ပါလျက် လန်ဒန်မှ ပြန်လာပြီး မကြာမီမှာ ပင် ကွယ်လွန်အနိစ္စရောက်သွားခဲ့ရသဖြင့် ဒေါ်သန်းသန်းကြည်သည် မည်သို့မျှ ပြန်လည် ကျေးဇူးဆပ်နိုင်ခွင့် ဟုတ္တိပတ္တိမရလိုက်ရှာပါ။

ကွယ်လွန်သူကတော့ သိလိုက်မည်မဟုတ်။ ကျွန်တော်ကတော့ ဒီအကြောင်းစဉ်းစားမိရင်း စိတ်မကောင်းဖြစ်မိသည်။ သူသင်ကြားခဲ့သော ပညာကိုလက်ဆင့်မကမ်းလိုက်ရသည့်အတွက် ၀မ်းနည်းမိသည်။ သို့ နှင့် သူကျန်ရစ်သော စာအုပ်များ ထဲမှ ယခုစာအုပ်ကို ရွေးချယ်လိုက်ပြီး ခံစားမှု ရှိ တုန်းအချိန်ယူ၍ ဘာသာပြန်ထားလိုက်ပါသည်။

ဤကဲ့သို့ ဘာသာမပြန်မီ ကျွန်တော်သည် အိမ်ရှိဘီဒိုထဲမှ ဘာသာဗေဒစာအုပ်အတော်မျိုးစုံကို နားလည်အောင်ဖတ်ပါသည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်ဘာသာပြန်ဌာနတွင် တာဝန်ထမ်းဆောင် နေသော သူငယ်ချင်းစာရေးဆရာ ကျော်အောင်၏ အကူအညီဖြင့် ဘာသာဗေဒဆိုင်ရာ မြန်မာပြန်ဝေါ ဟာရတို့ကိုလည်း ရရှိထားပါသည်။

ဒေါ်သန်းသန်းကြည် အစိုးရပညာတော်သင်အဖြစ် ဗြိတိန်သို့ မသွားခင်ကပင်သူနှင့် ကျွန်တော် ဘာသာဗေဒအကြောင်းတို့ကို မကြာခဏဆိုသလို ဆွေးနွေးဖြစ်ပါသည်။ သူလန်ဒန်၌ ရှိနေစဉ်၌ လည်း ကျွန်တော်ကဘာသာဗေဒအကြောင်းကို သိသရွေ့နားလည်သရွေ့ သူ့ထံစာရေးပါသည်။ ဘာသာဗေဒ မှာ ကျွန်တော်နှင့် သိပ်မစိမ်းဟုယူဆသဖြင့်လည်း တစ်ခါတစ်ရံတွင် ထိုအကြောင်းကို မဂ္ဂဇင်းအချို့ တွင် ဆောင်းပါးများ ရေးဖြစ်ပါသည်။

ဘာသာပြန်နည်းသည်ပင် ဘာသာဗေဒ၏ သီးခြားကဏ္ဍတစ်ရပ်အဖြစ် ရှိလေသောအခါ ဤ နည်းနာတို့ဖြင့်လည်း တတ်နိုင်သမျှ ကိုက်ညီအောင်ကြိုးစားရသည်။ ဘာသာပြန်ရသောစာအုပ်သည် လန်ဒန်တက္ကသိုလ်အတွက် ကျောင်းသုံးစာအုပ်ဖြစ်နေ၍ လည်း အတော်သတိထားရပါသည်။

ဆီလျော်အောင်ဆိုပြီးလည်း လုပ်လို့မဖြစ်။ ကျမ်းပြုအကျော်အမော်ပါမောက္ခ၏ လိုရင်း အာဘော်မှ တိမ်းစောင်းသွားမည့်အချက်ကို အထူးအာရုံစိုက်ရသည်။ ထို့အပြင် ဖတ်မည့်သူများ လွယ် လွယ်ကူကူမဟုတ်စေကာမူ သိပ်ဝီရိယမစိုက်ရဘဲ နားလည်အောင်လည်း ကြိုးစားရသေးသည်။

သို့ ဖြင့် ဘာသာပြန်၍ ပြီးစီး သွားပါသည်။ ဘာသာပြန်ပြီးသမျှကို ကျွန်တော်၏ တပည့် မောင်သောင်းရွှေက လက်နှိပ်စက်ရိုက်ပေးသည်။ လက်နှိပ်က်တွင် မပါရှိသောသင်္ကေတတို့ကိုမူ လက် နှင့်ဖြည့်ရသည်။

ဤသို့ ပြီးသောအခါ ဘာသာပြန်စာမူတစ်ထပ်ကြီးကို သူငယ်ချင်းစာရေးဆရာကျော်အောင်အား ကျွန်တော်အပ်နှံထားခဲ့ပါသည်။ သူကလည်း တတ်နိုင်သမျှပြင်ဆင်ပေးပြီး စာမူကြီး မပျောက်မပျက် အောင် သိမ်းဆည်းထားပေးသဖြင့် ကျေးဇူးတင်မဆုံးဖြစ်ရသည်။

ကျွန်တော်က ပုံနှိပ်ထုတ်ဝေချင်၏ ။ သို့ သော် အထွက်နှေးမည့် ဤစာအုပ်မျိုးတွင် ရင်းနှီးမြှုပ်နှံ လိုသူတွေ ရှိမည်မဟုတ်သည်ကို မူလကပင် ရိပ်စားမိထားသဖြင့် မိမိတတ်နိုင်သည့် နေ့တစ်နေ့တွင် ထုတ်နိုင်စရာ အကြောင်းရှိသည်လောက်သာ စိတ်ထဲမှတ်သားထားပါသည်။

ကျွန်တော်က ဤအကြောင်းကို သမီးဖြစ်သူ မတင်တင်သန်း(မချောစု)အား သူတို့မိသားစု စင်ကာပူမှအလည်လာစဉ်ပြောပြရာ သမီးကသူ့မိခင်အား ရည်စူးသောစာအုပ်ထုတ်ဝေနိုင်ရေးအတွက် သူပင်ငွေကြေးထုတ်ပေးမည်ဟု ချက်ချင်းဆန္ဒပြုလိုက်ပါသည်။ ကျွန်တော် အတော်ကြည်နူး သွားပါ သည်။

မတင်တင်သန်း၏ ဆန္ဒပြုချက်ရပြီးသည်နှင့် ကျန်သည်အပိုင်းတို့ကို ကိုစိုးသိမ်း(မောင်ဝံသ)တို့ မိသားစုက စိတ်ရှည်လက်ရှည်စီစဉ်ပေးကြပါသည်။ ကိုစိုးသိမ်းတို့မိသားစုက ၀ိုင်း၍ မကူညီလျှင်လည်း ဤစာအုပ်သည်ဖြစ်မြောက်လာမည်မဟုတ်သည်မှာ သေချာပါသည်။ ထို့ကြောင့် သူတို့ကို အထူးကျေး ဇူးတင်ရသည်။

မြန်မာနိုင်ငံတွင် ဘာသာဗေဒအကြောင်း ရေးသားတင်ပြကြသော စာရေးဆရာတို့မှာ အထူး နည်းပါးလှပါသည်။ ထင်ထင်ရှားရှားရှိပြီး ကျွန်တော်နှင့် ခင်မင်သူမှာ မောင်သာနိုးဖြစ်ပါ၏ ။ သို့ နှင့် မောင်သာနိုးအား အမှာ ရေးပေးပါရန် အနူးအညွတ်တောင်းပန်ရာ မောင်သာနိုးကလည်း တုံ့ပြန်ပြီး ရေး ပေးပါသောကြောင့် ကျေးဇူးတင်ရပါသည်။

ယနေ့ပညာလောကတွင် ဘာသာဗေဒသည် အလွန်တွင်ကျယ်နေပါပြီ။ ဘာသာရပ်တစ်ခုနှင့် တစ်ခုအပြန်အလှန်ဆက်စပ်လေ့လာမှု တွင် ဘာသာဗေဒမပါလျှင် မပြီးသကဲ့သို့ ဖြစ်လာ၏ ။ ယခုခေတ် စားလာသော ကွန်ပျူတာပညာတွင်လည်း ဘာသာဗေဒက ပါဝင်ပတ်သက်ရပါသည်။

ခေတ်မီဆက်သွယ်ရေး တက်ကနိုလိုဂျီတွင် သင့်တင်လျောက်ပတ်သော သဒ္ဒါတို့ကို အသုံးပြု ကြရ၏ ။ ဤသဒ္ဒါကိုရှာရန် ဘာသာဗေဒကို အားကိုးကြရပါသည်။ စာပေအကြောင်း လေ့လာလျှင် လည်း ဘာသာဗေဒကို အခြေခံပြီး လေ့လာမှု သည် ခေတ်မီတွင်ကျယ်လာပါသည်။

သို့ ပါသောကြောင့် ဤစာအုပ်သည် ဘာသာဗေဒကို သီးသန့်အထူးလေ့လာလိုက်စားသူများ အတွက်သာမက ဘာသာရပ်နယ်ခြားချင်း စပ်နေကြသည့်အခြားဘာသာရပ်တို့ကို လေ့လာလိုက်စား နေသူများ အတွက်လည်း ထိုက်သင့်သလို အသုံးဝင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

မည်သို့ပင်ဖြစ်စေ၊ ချို့ယွင်းချက်နှင့် အမှားများ ရှိပါလျှင်မူ ဘာသာပြန်သူ ကျွန်တော်၏ တာဝန် သာဖြစ်ပါကြောင်းကိုလည်း တစ်ဆက်တည်းဖော်ပြအပ်ပါကြောင်း။

မောင်စူးစမ်း

၂၈-၁၂-၉၅

အထွေထွေဘာသာဗေဒ။ ။ ဘာသာရပ်၏ သဘောအကျယ်

(၁)။ (၁) အထွေထွေဘာသာဗေဒသည် ဘာသာစကားကို လေ့လာရာဖြစ်၏ ။

(၁) (၁) (၁) ဘာသာစကားနှင့် ဘာသာစကားများ

အထွေအထွေ ဘာသာဗေဒသည် ဘာသာစကားဆိုင်ရာသိပ္ပံပညာဖြစ်သည်ဟူ၍ ယေဘုယျ အနက်ဖွင့်ဆိုနိုင်သည်။ ဤသို့ဖွင့်ဆိုသည်နှင့် အခြားပညာရပ်များ ကဲ့သို့ပင် မိမိ၏ နယ်နိမိတ်ပြင်ပရှိ ပညာရပ်များ နှင့် အဆက်အစပ်ရှိတော့မည်ဖြစ်သည့်အပြင် မိမိ၏ ပညာရပ်ကိုပင် ကဏ္ဍအလိုက်ဆင့် ကဲခွဲခြားရမည့်အလုပ်လည်း ရှိလာတော့မည်ဖြစ်သည်။ ဘာသာဗေဒသည် အခြားပညာရပ်များ နှင့် မည်သို့မည်ပုံ အဆက်အစပ်ရှိသနည်း။ မိမိပညာရပ်ကို အတွင်းပိုင်း၌ မည်သို့ကဏ္ဍများ ခွဲခြားမည်နည်း။ ဤပြဿနာတို့နှင့် စပ်လျဉ်း၍ က၀ိပညာရှင်တို့ကြားတွင် အမြင်အတွေးအခ်ါချင်း ကွဲလွဲနေကြ သည်။ ဤစာအုပ်၌ ပညာရှင်တို့၏ ခြားနားသော အယူအဆတို့ကို အလျဉ်းသင့်သလို ကြိုးစားဖော်ပြ သွားမည်ဖြစ်၏ ။ ဘာသာဗေဒသည် အခြားသိပ္ပံပညာရပ်များ ကဲ့သို့ပင် တစ်နေရာတည်း ပုံသေတည်နေ သော ပညာရပ်မဟုတ်ဘဲ ပြောင်းလဲနေသည်။

အထွေထွေဘာသာဗေဒအကြောင်းကို အကျယ်တ၀င့် ရှင်းလင်းမပြမီ ရှေးဦးစွာ ပထမခြားနား ချက်တစ်ရပ်ကို သိထားရန်လိုအပ်ပေသည်။ ဘာသာစကား ကို လေ့လာသော သိပ္ပံပညာနှင့် ဘာသာ စကားရပ် တို့ကို လေ့လာသောပညာတို့သည် အသွင်မတူခြားနားကြသည်။ ဘာသာစကားတစ်ရပ်ရပ် ကို လေ့လာမှု နှင့် ပို၍ နီးစပ်ကြသဖြင့် ၎င်းကိုပင် ဘာသာဗေဒဟုနားလည်မှားတတ်ပါသည်။ မြန်မာဘာ သာ၊ မွန်ဘာသာ၊ အင်္ဂလိပ်ဘာသာစသည်ဖြင့် ဘာသာစကားတစ်ရပ်ရပ်ကို သီးခြားလေ့လာသော အတွေ့အကြုံများ ကို ယဉ်ပါးပြီးဖြစ်ကြပါလိမ့်မည်။ စင်စစ်အားဖြင့် ဘာသာစကားတစ်ခုစီကို သီးခြား လေ့လာခြင်းမပြုဘဲ ဘာသာစကားအားလုံးအကြောင်းကို ခြုံ၍ လေ့လာသော ပညာရပ်သည်ပင် ဘာ သာဗေဒဖြစ်၍ ထိုပညာရပ်စတင်ပေါ်ပေါက်ထွန်းကားခဲ့သည်မှာ သိပ်ကြာမြင့်သေးသည် မဟုတ်ပေ။

သမိုင်းအစမှ ယခုအချိန်အထိ ကမ္ဘာပေါ်တွင် ဘာသာစကားပေါင်း ၃၀၀၀ လောက်ရှိလိမ့်မည် ဟု ခန့်မှန်းထားကြသည်။ ဘာသာဗေဒပညာရှင်ဟုဆိုလျှင် ဘာသာစကားပေါင်းများ စွာ ကို ပြောနိုင် ဆို နိုင်ရေးနိုင်သူဟုနားလည်ခဲ့ကြသည်။ ဤသို့ နားလည်သည်မှာ တစ်နည်းပြောလျှင် မှားယွင်းပါသည်။ ဘာသာစကားများ စွာ ကို ပြောနိုင်ဆိုနိုင်စေကာမူ ထိုသူသည် ဘာသာစကား၏ သဘာဝကို ရှင်းပြနိုင် ချင်မှရှင်းပြနိုင်ပါမည်။ ဘာသာဗေဒပညာရှင်သည် ဘာသာစကားခပ်များများ တတ်မြောက်ထားလျှင် ပို၍ အကျိုးထူးသည်ကားမှန်၏ ။ သို့ ရာတွင် ဤမျှမလိုပါပေ။ လူသားအားလုံးတစ်မျိုးတည်း ပြောဆိုနေ သော အထွေထွေဘာသာစကား ဟူ၍ မရှိသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဘာသာဗေဒသည် ဤ အထွေထွေဘာသာစကားကို ရှာဖွေထူထောင်ရန် ရည်ရွယ်သည်မဟုတ်ပေ။

သို့ရာတွင် အထွေထွေဘာသာဗေဒသည် လူ၏ ဘာသာစကားနှင့် သက်ဆိုင်သည်ဖြစ်၍ ဘာ သာစကား၏ ပုံသဏ္ဌာန်အလုံးစုံကိုလည်းကောင်း လူတွေကဘာသာစကားကို မည်သို့သောအခြေ အနေတွင် မည်သို့အသုံးပြုကြသည်ကိုလည်းကောင်း လေ့လာပြီးသကာလ တစ်လောကလုံးနှင့် အကျုံးဝင်သော မြင်သာထင်သာရှိသော လက္ခဏာဂုဏ်ပုဒ်တို့ကို ဖော်ထုတ်ရှင်းပြရန်ရည်ရွယ်သည်။

ဘာသာဗေဒပညာရှင်သည် လူတို့၏ ဘ၀တွင် ဘာသာစကားသည် မည်သည့်နရောမှ ပါဝင် သည်။ လူတို့၏ လိုအပ်ချက်ကို ဖြည့်စွမ်းပေးရာတွင် ဘာသာစကားကို မည်သို့ ဖွဲ့စည်းသည်။ မည်သို့ ဆောင်ရွက်စေသည်တို့ကို လေ့လာပေသည်။ အစပထမတွင် ဤသို့လေ့လာရာ၌ အတော်ကြာကြာက ပင် အတည်တကျဖြစ်နေသော ခေါင်းစဉ်ခွဲခြားမှု အတိုင်း လေ့လာမိမည်ဖြစ်၏ ။ အသံထွက်ပုံထွက် နည်း၊ သဒ္ဒါနှင့် ဝေါဟာရအဓိပ္ပာယ်တို့ဟူ၍ အကြမ်းအားဖြင့် ခွဲခြားလေ့လာမည်ဖြစ်၏ ။

တကယ်တမ်းပြောရလျှင် ဘာသာဗေဒပညာရှင်သည် ဘာသာစကားသင်ပေးသော ဆရာနှင့် ဘာသာစကားသင်ကြားသူတို့ပြုကြသော လေ့ကျင့်မှု တို့နောက်ကွယ်တွင် ရှိကုန်သော သီအိုရီများ ကို အဓိကရလေ့လာခြင်းဖြစ်သည်။ ဘာသာဗေဒပညာရှင်သည် မိခင်ဘာသာစကားကိုဖြစ်စေ နိုင်ငံခြား ဘာသာစကားကိုဖြစ်စေ လေ့လာသည့်အပြင် ယခုတိုင်ပြောနေဆိုနေသော ဘာသာစကားများ ကို လည်း လေ့လာ၏ ။ ပျောက်ကွယ်သွားသော ဘာသာစကားများ ကိုလည်း လေ့လာသည်။

(၁) (၁) (၂) သရုပ်ဖော်ဘာသာဗေဒ၊ သမိုင်းနှင့် အနှိုင်းဘာသာဗေဒ

အထက်မှ အကြမ်းဖျင်းရှင်းလင်းချက်ကိုကြည့်လျှင် အထွေထွေဘာသာဗေဒဟူသည် ဘာသာ စကားအကြောင်း စိစစ်သုံးသပ်ရာ၌ ဆက်စပ်နေသော ဘာသာရပ်အတော်များများ ကို လေ့လာ ကြောင်းတွေ့ရှိနိုင်ပေသည်။ ဤသို့လေ့လာရာ၌ သဘောတရားအမြင်ဘက်မှလည်းကောင်း လက် တွေ့ဆောင်ရွက်မှု တစ်နည်း လက်တွေ့လုပ်ထုံးလုပ်နည်းတို့ဘက်မှလည်းကောင်း လေ့လာသည်။ အရေးအကြီးဆုံးနှင့် လက်ငင်အကျဆုံးရှုထောင့်မှစဉ်းစားလျှင် အထွေထွေဘာသာဗေဒကို သရုပ်ဖော် ဘာသာဗေဒ၊ သမိုင်းဆိုင်ရာဘာသာဗေဒနှင့် နှိုင်းယှဉ်ဘာသာဗေဒတို့ဟူ၍ သုံးမျိုးခွဲ ခြားသည်။

(အချို့က အထွေထွေ၊ သဘောတရား၊ သရုပ်ဖော်၊ နှိုင်းယှဉ်၊ သမိုင်းဆိုင်ရာဘာသာဗေဒနှင့် လက်တွေ့အသုံးချဘာသာဗေဒတို့ဟူ၍ ခွဲခြားကြသည်။)

သရုပ်ဖော်ဘာသာဗေဒ ဟူသည် ဘာသာစကားတစ်ရပ်ကို တစ်စုံတစ်ရာသော ကာလတစ်ခု၌ စကားပြောသူအစုတစ်စုက မည်သို့မည်ပုံအသုံးပြုသည်။ ဤဘာသာစကားသည် မည်သို့ မည်ပုံဆောင် ရွက်သည်ကို သရုပ်ခွဲစိစစ်ဖော်ပြခြင်းနှင့် စပ်ဆိုင်သည်။

တစ်စုံတစ်ရာသော ကာလဆိုရာ၌ ပစ္စုပ္ပန်ကိုဆိုလိုက ဆိုနိုင်သည်။ သို့ သော်အရေးစကား ကွယ်ပျောက်ခဲ့ပြီး မကြာသေးမီကမှ ပြန်လည်ဖော်ထုတ်ခဲ့ရသော ဘာသာစကားမျိုးနှင့် ပတ်သက်လျှင် မူ ဤတစ်စုံတစ်ရာဆိုသည်မှာ အတိတ်ကိုလည်းရည်ညွှန်း၏ ။

လူပြောနည်းသော်လည်း အရေးမှတ်တမ်းများ ရှိသော ရှေးဂရိစကားနှင့် လက်တင်စကားတို့ကို လေ့လာရာ၌ ပစ္စုပ္ပန်အရေးကြီးသလို အတိတ်ကာလည်း အရေးကြီးသည်။

ဂရိ၊ လက်တင်၊ သက္ကတ ဘာသာစကားတို့သည် လူပြောနည်းသော်လည်း ဤဘာသာစကား တို့၏ ဂုဏ်သိက္ခာသည် အလွန်ကြီးမြင့်လျက်ပင်ရှိပေသည်။ ထို့ကြောင့် ဤဘာသာစကားများ ကို ပုံစံ ထား၍ နှိုင်းယှဉ်ပြီး ဘာသာစကားတစ်ရပ်၏ ပုံပန်းသဏ္ဌာန်ကို ဖော်ထုတ်လေ့လာမှု များ လည်း ရှိခဲ့ သည်။ ဤဘာသာစကားတို့သည် ကြီးကျယ်မြင့်မြတ်ကုန်၏ ။ ဤဘာသာစကားကြီးတို့နှင့် ဆွေမျိုး မကင်းဆင်းသက်ဆက်နွှယ်မှု ရှိနိုင်ကုန်၏ ။ ထိုအခြေခံပေါ်မူတည်၍ ဤဘာသာစကားကြီးများ ကို စံပြ မဏ္ဍိုင်ထား၍ ဘာသာစကားတစ်ရပ်ကို လေ့လာခြင်းသည် မည်သည့်ဥပမာနှင့်တူသနည်းဆိုသော် ဂုဏ်သရေရှိသည်ဆိုသော အခြားသူတစ်ဦးအတွက် ချုပ်လုပ်ထားသည့် အ၀တ်အစားကို မိမိက၀တ် ဆင်ကြည့်သည်နှင့်တူပေသည်။

ဘာသာဗေဒပညာရှင်၏ လုပ်ငန်းသည် ဘာသာစကားတစ်ရပ်ကိုဖြစ်စေ၊ အများ ကိုဖြစ်စေ သိပ္ပံ နည်းကျကျ သရုပ်ခွဲဖော်ပြရန်ဖြစ်သည်။ သရုပ်ခွဲဖော်ပြခြင်း လုပ်ငန်းနှင့် ဤသို့ သရုပ်ခွဲဖော်ပြရာ၌ လိုအပ်သောနည်းနိသျှည်းတို့ကို တိုးတက်ကောင်းမွန်အောင် ပြင်ဆင်ဖော်ထုတ်ခြင်းသည် သရုပ်ဖော် ဘာသာဗေဒဟု ခေါ်ဆိုနိုင်သည်။

သရုပ်ဖော်ဘာသာဗေဒ သင်တန်း၌ ယူနစ်၊ အမျိုးအစားနှင့် နည်းနိသျှည်းစသည်တို့အကြောင်း ကို လေ့ကျင့်ရမည်ဖြစ်သည့်အလျောက် ၎င်းအချင်းအရာတို့သည် မည်သည်မှဆင်းသက်လာသည်။ ဤအချင်းအရာတို့ကို အဘယ်ကြောင့်အသုံးပြုရသည်ဆိုသော ကိစ္စတို့ကို ဆင်ခြင်ကြည့်ရီးမည်ဖြစ်ပေ သည်။ ဤအပိုင်းသည် ဘာသာစကားဆိုင်ရာအထွေထွေသဘောတရားပိုင်းနှင့် သက်ဆိုင်မည်။ (ဤ စာအုပ်၌ သဘောတရားပိုင်းကိုလည်း အထိုက်အလျောက်ရှင်းပြထားသည်)ဘာသာဗေဒပညာရှင် သည် ဘာသာစကားဆိုင်ရာသဘောတရားကိုလည်း ပိုင်နိုင်ရန်လိုအပ်သည်။

သမိုင်းဆိုင်ရာဘာသာဗေဒ ဟူသည် အချိန်ကာလအားလျော်စွာ ဘာသာစကားများ ဖြစ်ပေါ် တိုး တက်လာခြင်းကို လေ့လာရာဖြစ်၏ ။ ကာလတစ်ခုမှတစ်ခုသို့ ဘာသာစကားတို့သည် မည်သို့ မည်ပုံ ပြောင်းလဲလာသည်ကို လေ့လာရာဖြစ်သည်။ ဤအပြောင်းအလဲတို့သည် ဘာကြောင့်ဖြစ်ရသည်။ မည်သည့်အကျိုးတရားများ ဖြစ်ထွန်းစေသည်တို့ကို လေ့လာရာဖြစ်သည်။

ထိုသို့ လေ့လာရာ၌ ယေဘုယျခြုံပြီး လေ့လာသည်ဖြစ်စေ ဘာသာစကားတစ်မျိုးမျိုးကို သီးခြား စူးစိုက်လေ့လာသည်ဖြစ်စေ ဘာသာစကားဖြစ်စဉ်များ ကို နှစ်ဆင့် သို့ မဟုတ် နှစ်ဆင့်ထက်ပိုပြီး အဆင့်များ ခွဲခြားကာ လေ့လာရမည်။ အဆင့်စီအလိုက်ဖြစ်ထွန်းနေသော အခြေအနေတို့ကို သရုပ်ခွဲ ဖော်ပြရပေမည်။

ဘာသာဗေဒတွင် စင်ကရောနစ်နှင့် ဒိုင်ကရောနစ်ဆိုသော အသုံးအနှုန်းနှစ်ရပ်ရှိသည်။ အချိန် ကာလတစ်ပါး၌ ဘာသာစကားတစ်ရပ်သည် လူလူချင်းဆက်သွယ်ရေးကိရိယာအဖြစ် သူ့ဟာနှင့်သူ ပြီးပြည့်စုံနေပြီး ထိုကာလအတွင်း၌ အပြောင်းအလဲများ မရှိဟုယူဆ၍ ဖော်ပြလေ့လာသော သဘောကို စင်းကရောနစ်ဟုခေါ်သည်။ ကာလအလိုက် ဘာသာစကားများ ပြောင်းလဲလာပုံကို ဖော်ပြလေ့လာ သော သဘောကိုဒိုင်ကရောနစ်ဟုခေါ်သည်။ စင်းကရောနစ်နည်းသည် ဘာသာစကားတို့ကို ၎င်းတို့၏ သမိုင်းစဉ်ကို ဂရုမမူဘဲ ပကတိအရှိအတိုင်းဖော်ပြခြင်းဖြစ်သည်။ ဤနည်းကို စတင်ပြောဆိုသူမှာ ပြင်သစ်ပြည်မှ ဘာသာဗေဒပညာရှင် ဖာဒီနန်ဒီဆောရှုဖြစ်သည်။ ဘာသာစကားကို သမိုင်းစဉ်တွင် အခြေခံ၍ လေ့လာသောနည်းကို ဒိုင်ကရောနစ်လေ့လာမှု ဟုခေါ်သည်။

နှိုင်းယှဉ်ဘာသာဗေဒ သည် (၁) ဘာသာဗေဒဆိုင်ရာ အယူအဆအမြင်များ ကို နှိုင်းယှဉ်လေ့ လာခြင်း (၂)နှစ်ရပ် သို့မဟုတ် ၎င်းထက်ပိုသော ဘာသာစကားများ ကို နှိုင်းယှဉ်လေ့လာခြင်း (၃)ယေ ဘုယျသဘောအရထိုသို့ နှိုင်းယှဉ်မှု နှင့် စပ်ဆိုင်သော သဘောတရားနှင့် နိသျှည်းများ ကို ဖော်ထုတ် လေ့လာခြင်းတို့နှင့် သက်ဆိုင်ပေသည်။

သမိုင်းဆိုင်ရာ ဘာသာဗေဒသည် နှိုင်းယှဉ်ဘာသာဗေဒ၏ အစိတ်အပိုင်းအဖြစ် မှတ်ယူနိုင် သည်။ နောက်ပိုင်းတွင် ရှင်းလင်းချက်အရ သိရှိလာမည့်အချက်မှာ နှိုင်းယှဉ်ဘာသာဗေဒသည် တစ်စုံ တစ်ရာသော ဘာသာစကားရပ်များ အချင်းချင်း သမိုင်းစဉ်အရ မည်သို့ဆက်နွှယ်ကြပုံကိုလည်း ကောင်း၊ ခြားနားသော ဘာသာစကားများ တွင် တူညီသောအသွင်လက္ခဏာများ ကို သမိုင်းစဉ်ထည့် သွင်းမစဉ်းစားဘဲ ရှာဖွေနှိုင်းယှဉ်ကြည့်ခြင်းကိုလည်းကောင်း ကဏ္ဍခွဲခြားထားသောအချက်ဖြစ်ပေ သည်။

ဥရောပနှင့် အမေရိကတိုက်တွင် ၁၉ ရာစုအတွင်း၌ သမိုင်းရေးရာဘာသာဗေဒနှင့် သမိုင်းစဉ် ကို အခြေခံသော နှိုင်းယှဉ်ဘာသာဗေဒသည် ခေတ်စားလာခဲ့ပြီး ၎င်းတို့ကိုပင် ‘ဘာသာဗေဒ’ ဟု ပြော ဆိုခဲ့ကြသည်။ လက်ရှိ၌ ပင် အချို့သော တက္ကသိုလ်ကျောင်းတော်ကြီးများ ၌ ‘နှိုင်းယှဉ်ဘာသာဗေဒ’ဟု အမည်ပေးထားလျက်ရှိသည်။ ၂၀ ရာစုနှစ်တွင်မူ သမိုင်းစဉ်ကို အလေးမထားဘဲ သိပ္ပံနည်းနှင့် လက်တွေ့တိကျသော စည်းမျဉ်းသဘောတရားတို့ဖြင့် ဘာသာစကားကို လေ့လာခြင်းသည် ခေတ် ဆန်လာပေသည်။

(၁) (၁) (၃) ဘာသာဗေဒဆိုသော စကားရပ်။

ဘာသာစကားအကြောင်း လေ့လာရာ၌ ‘ဘာသာဗေဒ’ ဆိုသော အသုံးအနှုန်းကို မကြာခဏ တွေ့ရပါမည်။ ဤသို့ တွေ့ရသည်မှာ တစ်နည်းပြောပါက အကြောင်းမလှဟုဆိုရမည်။ ဥရောပဘာသာ စကားတို့တွင် အလားတူ အသုံးအနှုန်းကို တွေ့ရမည်ဖြစ်သော်လည်း ၎င်းတို့ကိုအဓိပ္ပာယ်တစ်မျိုးစီဖြင့် သုံးစွဲကြကုန်သည်။

ဗြိတိန်နိုင်ငံ၌ ဘာသာဗေဒသည် ရှေးပဝေသဏီမှစ၍ အများ ကသုံးစွဲနေသော အသုံးအနှုန်းဖြစ် ပါသည်။ ဘာသာဗေဒပညာရှင်တို့က ယခုခေတ်ရည်ညွှန်းသော နှိုင်းယှဉ်ဘာသာသိပ္ပံနှင့် သမိုင်း ဘာသာ သိပ္ပံတို့ကို ယေဘုယျဆိုလိုခြင်းဖြစ်ပါသည်။ ဘာသာဗေဒဟူသော အသုံးအနှုန်းကို ပညာရှင် များ က သုံးစွဲရာတွင် သိပ္ပံပညာတစ်ရပ်အနေဖြင့် ဆင်ခြင်သောဘာသာဗေဒနှင့် အလှတရားနှင့် လူ့ လောကအမြင်တို့ဖြင့် သုံးသပ်သောစာပေလေ့လာမှု တို့အကြား ၌ ဆက်နွှယ်စပ်ဟပ်မှု ရှိသော ကွင်း ဆက်တို့ကို ရည်ညွှန်း၍ သုံးစွဲသည်ဟု ယူဆနိုင်သည်။

အကျဉ်းချုံးအနက်ဖွင့်ဆိုလျှင် ဘာသာဗေဒသည် ဘာသာစကားတို့ကို ရုပ်သဏ္ဌာန်ရှိသည့်အ တိုင်း သရုပ်ခွဲဖော်ပြခြင်းကို ဗဟိုမဏ္ဍိုင်ပြုသည်။ ဘာသာဗေဒပညာရှင်တို့သည် အနက်အဓိပ္ပာယ်ပိုင်း ကို ကိုင်တွယ်ဖြေရှင်းရင်း မိမိတို့၏ ဘာသာရပ်အ၀န်းအ၀ိုင်းကို တိုးချဲ့ရသည်။ ထိုနှင့်မိမိတို့သည် ဘာသာဗေဒဆိုင်ရာ စူးစမ်းလေ့လာမှု ပိုင်းထဲ ချဉ်းကပ်သွားရသည်။

(၁) (၂) သိပ္ပံပညာဖြစ်သော ဘာသာဗေဒ။

(၁) (၂) (၁) သိပ္ပံပညာဆိုသော ဝေါဟာရ၏ အကျိုးသက်ရောက်မှု များ ။

သိပ္ပံပညာဟူသော ဝေါဟာရကို အထွေထွေဘာသာဗေဒအကြောင်းအနက် ဖွင့်ဆိုရာ၌ အသုံး ပြုသည်။ ၎င်းကို လမ်းနှစ်သွယ်ဖြင့် နားလည်နိုင်သည်။ အကျယ်သဘော၌ ယေဘုယျခြုံပြီး ဘာသာ စကားကို စူးစမ်းလေ့လာခြင်းသည်လည်းကောင်း၊ ဘာသာစကားများ ကို တသီးတခြားစီ စူးစမ်း လေ့လာခြင်းသည်လည်းကောင်း ပညာရှိသုခမိန်ကျမ်းဆရာတို့က အာရုံထားအပ်သောကိစ္စဟု နားလည်အပ်ပေသည်။ အကြောင်းအချက်အလက်တို့ကို စနစ်တကျစုဆောင်းဖွဲ့စည်းသည်။ ဤသို့ဖွဲ့ စည်းထားသော အကြောင်းအချက်တို့ အပေါ်တွင် သဘောတရားကို ပြုစုပျိုးထောင်သည်။ တိကျ သောသဘော၌ သာဘာဗေဒသည် ဘာသာဗေဒပညာရှင်၏ သဘောထားကို ထင်ဟပ်သည်ဖြစ်ပေ သည်။ ယင်းအနက်သည်ပင် ၂၀ ရာစုနှစ် ဘာသာဗေဒ၏ ထူးခြားချက်ဟု ဆိုလောက်ပါသည်။

ဘာသာဗေဒသည် သိပ္ပံပညာရပ်တစ်ရပ်ဟုဆိုသောအခါ၌ ဤသို့ ဆိုအပ်သည်။ ဘာသာဗေဒ သည် အပြောစကား၊ အရေးစကားမည်သော တိကျစွာ ရှိသော အရာဝတ္ထုတို့ကို စူးစမ်းရှာဖွေသည်။ ဤသို့ စူးစမ်းရှာဖွေပြီးသည့်နောက် အများ တကာက ပြောဆိုဆက်ဆံကြပုံကို အနုစိပ်သရုပ်ခွဲဖော်ပြနိုင် စွမ်းရှိအောင်ကြိုးပမ်းသည်။ ဤသို့ ကြိုးပမ်းရာ၌ လည်း ရှင်းလင်းပြတ်သားသည့် မူများ နှင့် ထူထောင်နိုင် စွမ်းသော သဘောတရားတစ်ခုကို အညွှန်းပြုသည်။ အဆိုပါပြုမှု တို့၌ ထားရှိသော ရည်မှန်းချက်သည် အရာဝတ္ထုတို့ကို သရုပ်ခွဲစူးစမ်းခြင်း၊ နည်း၊ စည်းမျဉ်း စည်းကမ်းပုံမှန်ဖြစ်နေမှု နှင့် ပြောသံဆိုသံနှင့် အရေးပေါင်းစုံတို့နှင့် ဖြစ်နိုင်သမျှ ဆက်စပ်သောအကြောင်းကိစ္စ မှန်သမျှတို့ကို အတိုချုံးဖော်ပြသည့် ယေဘုယျဖော်ညွှန်းချက် (၀ါ)သုတ်တို့ကို စီရင်ဖော်ထုတ်ခြင်းဖြစ်ပေသည်။

ထိုသို့ ပြုဖွယ်ကိစ္စများ နှင့် ဖော်ညွှန်းချက်တို့တွင် သိပ္ပံပညာ၏ အခြေခံမူကြီးသုံးရပ်က လမ်း ညွှန်းကုန်၏ ။

(၁) ကုံလုံပြည့်စုံမှု ရှိခြင်း စပ်ဆိုင်သမျှ အရာဝတ္ထုအားလုံးကို လုံလောက်စွာ ကိုင်တွယ်အသုံးပြု ခြင်း။

(၂) ရှေ့နောက်ညီညွတ်မှု ရှိခြင်း၊ တင်ပြချက်တစ်ခုလုံး၌ အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု ၀ိရောဓိ များ ကင်းစင်ခြင်း၊ အတည်တကျလက်ခံထားရှိသော မူများ ၏ ဘောင်အတွင်း၌ ရှိနေခြင်း။

(၃) လိုရင်းကျစ်လျစ်ခြင်း အခြားအကြောင်းအခြင်းအရာများ တူညီလျှင် ဝေါဟာရနည်းနည်းနှင့် အနက်ထင်သောတင်ပြချက်(သို့ မဟုတ်) သရုပ်ခွဲဖော်ပြချက်သည် ရှည်ရှည်လျားလျားတင်ပြဖော်ပြ ချက်တို့ထက်ပို၍ လက်ခံဖွယ်ဖြစ်သည်။

သိပ္ပံပညာရပ်များ ထဲတွင် ဘာသာဗေဒသည် တစ်မူထူးခြား၍ တိကျမှု ရှိပေသည်။ ၎င်း၏ အကြောင်းအရာသည် အာရုံတို့ဖြင့် ထိတွေ့ကြည့်ရှုမှတ်သားနိုင်သော အကြောင်းအရာဖြစ်ပါသည်။ စကားကို ခေါင်းပိုင်းထား၍ မျက်စိဖြင့်တိုက်ရိုက်ဖြစ်စေ အကူကိရိယာတို့ဖြင့်ဖြစ်စေ မြင်တွေ့နိုင်သော အသံပြုအင်္ဂါအစိတ်အပိုင်းတို့၏ လှုပ်ရှားမှု များ ၌ ပြောသူတို့အချင်းချင်းပြောဆိုကြသည့်အခါ တွေ့ထိရ သောခံစားမှု များ နှင့် အရေးတွင် မြင်ရဖတ်ရ၍ ခံစားရသောခံစားမှု များ တို့သည် အခြေခံအကြောင်း အရာများ ဖြစ်သည့်အလျောက် ဘာသာဗေဒသည် လက်တွေ့ကျကျစမ်းသပ်စူးစမ်းသော သိပ္ပံပညာဟု ခေါ်ဆိုအပ်သည်။

လက်တွေ့ကျသော သိပ္ပံပညာရပ်များ ထဲ၌ ပင် ဘာသာဗေဒသည် လူမှု ရေးသိပ္ပံပညာရပ်ပင်ဖြစ် ၏ ။ ဘာသာဗေဒသည် လူ့အဖွဲ့အစည်းရှိယောကျာ်းမိန်းမတို့၏ အပြုအမူနှင့် လူ့အဖွဲ့အစည်းရှိ ယောကျာ်းမိန်းမတို့၏ အပြုအမူနှင့် လူ့အဖွဲ့အစည်းရှိ ခပ်သိမ်းကုန်သော လူအပေါင်းတို့၏ အပြန် အလှန်ဆက်သွယ်မှု ၊ တုံ့ပြန်မှု စသည်တို့ကို လေ့လာရာဖြစ်၍ လူမှု ရေးသိပ္ပံစာရင်းတွင် ထည့်သွင်းအပ် သည်။

အလိုလိုသိစိတ်အကြောင်းကို အနည်းငယ်ရှင်းထိုက်သည်။ သိပ္ပံပညာသည် အလိုလိုသိစိတ် ကို ကန့်ကွက်သည်။ ပယ်သည်ဟု သာမန်အားဖြင့် နားလည်ကြသည်။ စင်စစ်၌ ဤသို့ မဟုတ်ပေ။ သိပ္ပံပညာက ကိစ္စတစ်ရပ်ရပ်ကို စူးစမ်းရှာဖွေရာ၌ လူ၏ အလိုလိုသိစိတ်ကို ထိုက်သင့်သည့်အားလျော် စွာ အသုံးပြုပေသည်။ အလိုလိုသိစိတ်သည် သိပ္ပံပညာရှင်၏ ကိရိယာတစ်ပါးဖြစ်သည်ဟုဆိုလျှင် မမှား နိုင်ပေ။ သို့ ရာတွင် ယေဘုယျခြုံ၍ ငုံ၍ သဘောသကန်ကိုပြုရာ၌ လည်းကောင်း၊ မည်သို့မည်ပုံသရုပ်ခွဲ စူးစမ်းသင့်သည်ဆိုသော အချက်တို့နှင့်စပ်လျဉ်းလျှင်လည်းကောင်း အလိုလိုသိစိတ်သည် အဆုံးသတ် နောက်ဆုံးအချုပ်အခြာဖြစ်နိုင်ဖွယ်ရာမရှိဟု ယူဆထားကြသည်။

ဘာသာစကားများ ကို နားလည်ကြရာ၌ လည်းကောင်း၊ လိုရာအနက်အဓိပ္ပာယ်ကို သတ္တုချ ကြည့်ရာ၌ လည်းကောင်း၊ အခြင်းအရာပေါင်းစုံထဲမှ အရေးပါသော လက္ခဏာများ ကို ကောက်ယူရာ၌ လည်းကောင်း၊ ၀ါကျများ ကို မည်သို့ စပ်သည်၊ စကားလုံးများ ကို ဘာသာစကားအလိုက် မည်သို့အသံ ထွက်ကြသည်ဆိုသော အရာတို့၌ ထိမိနိုင်ရန်၌ လည်းကောင်း လူတို့၏ အရည်အချင်းသည် ခြားနားကြ သည်။ မကြာခဏပြောဆိုကြသော အချက်တစ်ချက်မှာ ဘာသာစကားလေ့လာရာ၌ အလိုလိုသိစိတ် (၀ါ) ဘာသာစကားကိုခံစားမှု ကို အများ ဆုံးအသုံးပြုကြသည်ဆိုသော အချက်ဖြစ်ပေသည်။ ဘာသာ စကားကို ခံစားမှု ဆိုသည်မှာ ဆိုင်ရာဘာသာစကားနှင့် ကာလကြာရှည်စွာ ဆက်သွယ်ရင်းနှီးနေရာမှ ရရှိသည့်သဘောဖြစ်သည်။

ဘာသာဗေဒအရ သရုပ်ခွဲဖော်ပြရာ၌ မိခင်စကားပြောသူ၏ အလိုလိုသိစိတ်ကို အကူအညီယူရ သည်မှာ အမှန်ပင်ဖြစ်သည်။ သရုပ်ခွဲနည်း၊ ရုပ်တွက်နည်း တစ်စုံတစ်ရာကို မိခင်စကားပြောသူက အလိုလိုသိနည်း၊ ရုပ်တွက်နည်း တစ်စုံတစ်ရာကို မိခင်စကားပြောသူက အလိုလိုသိစိတ်ဖြင့် လက်ခံ သည်၊ လက်မခံသည်ကို တီးခေါက်ကြည့်နိုင်ဖို့ လိုပေသည်။ ဤသို့ အားဖြင့် အလိုလိုသိစိတ်ကို အသုံး ပြုသောအခါ အငြင်းပွားမှု များ ပေါ်လာသည်။ အငြင်းထွက်ကြခြင်းမှာ လည်း အမြင်မကြည်ရှုပ်ထွေးကြ သောကြောင့်ဖြစ်သည်။

မည်သည့်ပညာရပ်၌ မဆို အခြေခံအဖြေသစ်ကို ရှာဖွေတွေ့ရှိကြသော မည်သည့်စူးစမ်းမှု ၌ မဆို တိုးတက်မှု ရကြသည်ဆိုသည်မှာ မိမိဘာသာရပ်၌ အခြင်းအရာများ ပိုမိုဖြည့်စွက်ထည့်သွင်းနိုင်ခြင်း ကြောင့်လည်းကောင်း၊ ရှိနေပြီးသားအခြင်းအရာတို့ကို ကိုင်တွယ်ပြုစုရာ၌ ပိုမိုကောင်းမွန်စေခြင်းဖြင့် လည်းကောင်း ပြီးမြောက်စေခြင်းကြောင့်ဖြစ်ပေသည်။ ဤသို့ပြီးမြောက်သော ကိစ္စတို့တွင် ဦးစွာ ပထမ ပိုင်း၌ အလိုလို အသိစိတ်ပေါ်အကြောင်းအားလျော်စွာ မှီငြမ်းကြ၏ ။

ဘာသာစကားကို သရုပ်ခွဲဖော်ပြမှု ၌ ဦးစွာ ပထမတွင် မိခင်စကားပြောသူ၏ အလိုလိုသိစိတ်မှာ ၎င်း၏ ပုဂ္ဂလိကပစ္စည်းသဖွယ်ရှိနေမည်ဖြစ်သော်လည်း နောက်ပိုင်း၌ လူအများ က တူညီသောနည်းထုံး အတိုင်း လိုက်နာဆောင်ရွက်လာသည်နှင့် အလိုလိုသိစိတ်မှာ အများ ပိုင်ပစ္စည်းဖြစ်လာရပေမည်။

အယူမှားတစ်ရပ်ရှိသေးသည်။ ဘာသာဗေဒသည် သိပ္ပံပညာရပ်ဟုဆိုသည်နှင့် ရသစာပေနှင့် လုံးဝမသက်ဆိုင်၊ ဘာသာဗေဒသည် ရသစာပေကိုဆန့်ကျင်သည်။ ဘာသာစကားကို သိပ္ပံနည်းကျ လေ့လာခြင်းသည် ဘာသာစကားကို ရသခံစားမှု ၊ ရသအကဲဖြတ်ဝေဖန်မှု တို့မှ ချုပ်ချယ်တားဆီးသည် ဟု ပြောဆိုမှု များ ရှိပေသည်။

ဘာသာစကားကို သိပ္ပံနည်းအရ လေ့လာမှု နှင့်ရသ သဘောအရလေ့လာမှု တို့ ဆက်နွှယ်မှု နှင့် စပ်လျဉ်း၍ နောက်ကဏ္ဍများ တွင် ရှင်းလင်းပါမည်။ ဤနေရာ၌ ချက်ချင်း ပြတ်ပြတ်သားသားဖြစ်စေလို သော အချက်တစ်ချက်ရှိပေသည်။ ၎င်းမှာ ဘာသာဗေဒလေ့လာမှု တွင် အရေးအဖတ်တို့တွင်ရှိသော ရသတန်ဖိုးများ ကို အကဲဖြတ်ခြင်း၊ သုံးသပ်ခြင်းတို့ကို ဟန့်တားနှောင့်ယှက်သည့် အခြင်းအရာတစ်စုံ တစ်ရာမျှမရှိပါဟူသော အချက်ဖြစ်ပေသည်။ တစ်နည်းတစ်လမ်းအားဖြင့် ဘာသာဗေဒလေ့လာမှု သည် စာပေလေ့လာအကဲဖြတ်မှု များ ကို ပိုမို၍ အထောက်အကူဖြစ်စေပါသည်။ ဘာသာဗေဒပညာရှင်နှစ်ဦး သည် ကဗျာ၏ ဂီတသဘော၊ အဟောအပြောတို့၏ ဈန်တို့နှင့် ဟပ်မိစပ်မိခြင်းမရှိ၊ တုံဏှိဘာဝေဖြစ်နေ ခဲ့ပါလျှင် ဤသူတစ်ဦးကိုသာ အပြစ်တင်ရန်ရှိသည်။ ၎င်း၏ ဘာသာရပ်ကို အပြစ်ဆိုဖွယ်မရှိ။

မျက်မှော က်ပညာရေးအခြေအနေ၌ သိပ္ပံနှင့်ဝိဇ္ဇာကွာဟမှု အကြောင်းနှင့် စပ်လျဉ်းပြီး အတော် လေးမငြိမ်မသက်လှုပ်ရှားနေပေသည်။ ပညာတတ်ဟူသည် စာပေပညာတတ်သော်လည်းကောင်း ဖြစ် ရမည်။ သို့ တည်းမဟုတ် ကိန်းဂဏန်းကျွမ်းသူသော်လည်းကောင်းဖြစ်ရမည်ဟူ၍ အလွယ်ခွဲခြားပြောဆို မှု များ ရှိလာသည်။ သိပ္ပံလေ့လာမှု နှင့် လူအကြောင်းလေ့လာမှု (၀ါ) ၀ိဇ္ဇာတို့ကိုရင်ကြားစေ့ပေးအောင် ကြိုးပမ်းနေကြရာ ထိုကြိုးပမ်းမှု တွင် ဘာသာဗေဒသည် ထူးခြားသောကဏ္ဍမှ ပါဝင်သည်။

ထူးခြားသောကဏ္ဍမှ ပါဝင်နေရခြင်းမှာ လည်း သိပ္ပံပညာသည်လည်းကောင်း၊ ၀ိဇ္ဇာပညာသည် လည်းကောင်း ဘာသာရပ်တိုင်းက ဘာသာစကားကို ထူးခြားသောအနေအထားသို့ ပို့ဆောင်ထား သည်။ ဘာသာဗေဒသည် အခြားဘာသာရပ်များ နှင့် ခြားနားသည်လည်းရှိသေး၏ ။ ဘာသာဗေဒသည် ဘာသာစကားကို အသုံးပြုလျက် ဘာသာစကားကိုပင် မိမိ၏ အကြောင်းအရာအဖြစ် တည်ဆောက် ထားခြင်းဖြစ်ပေသည်။ ထို့ကြောင့် ဘာသာဗေဒသည် ဘာသာစကားအပေါ် ပြန်လှန်လှည့်ကြည့်သော ဘာသာဟူ၍ လည်းကောင်း၊ ဘာသာစကားအကြောင်းကို လေ့လာသော် ဘာသာစကားဟူ၍ လည်း ကောင်းဆိုစမှတ်ရှိနေပေသည်။ ဘာသာဗေဒသည် ပညာရပ်အားလုံး၏ ဗဟိုချက်မတွင်ရှိသည်ဟု လည်း ပြောစမှတ်ပြုသည်။ ဒိန်းမတ်လူမျိုးဘာသာ ဗေဒပညာရှင် ဟဂျီလ(မ်) ဆလက်(ဗ်)က ဤသို့ ဆို သည်။

‘ဘာသာဗေဒဆိုင်ရာသဘောတရားသည် ဘာသာစကားစနစ်ကို အတွင်းလိုအပ်ချက်လိုက်၍ အသိအမှတ်ပြုစေရုံမည်ကာမတ္တမဟုတ်ပါ။ ဘာသာစကားနောက်ကွယ်၌ ရှိသောလူနှင့် လူ့အဖွဲ့ အစည်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းကုန်သော ပညာပေါင်းစုံတို့ကိုလည်းကောင်း ဘာသာစကားမှ တစ်ဆင့် အသိအမှတ်ပြုနိုင်စေရန် ရည်ရွယ်ပါသည်။ ဤနေရာရောက်လတ်သော် ဘာသာဗေဒဆိုင်ရာ သဘောတရားသည် မိမိ၏ သတ်မှတ်ပြဋ္ဌာန်းထားသော ပန်းတိုင်သို့ရောက်ပါပြီ။ လူ့လောကနှင့် စကြာ ၀ဠာ’

(၁) (၂) (၂) လက်တွေ့အသုံးချမှု များ

ဘာသာစကား၏ ရုပ်သဏ္ဌာန်များ ကိုလည်းကောင်း၊ ဘာသာစကား၏ ဆောင်ရွက်ပုံတို့ကို လည်းကောင်း စူးစမ်းစစ်ဆေး၍ ဖော်ပြသည့်သဘောသည်ပင် အဆင့်မြင့်သော ဘာသာရပ်ဖြစ်ပါ၍ ဘေးပန်းအကျိုးသက်ရောက်မှု များ ကို ထည့်သွင်းမသုံးသပ်ဘဲ လေ့လာမည်ဆိုက လေ့လာနိုင်သည်။ သို့ သော် ဤနေရာ၌ ဘာသာဗေဒ ဆိုင်ရာလေ့လာမှု မှ ဖြစ်ထွန်းသော အကျိုးတရားအချို့ကို ဖော်ပြလို ပါသည်။

ဘာသာစကားအကြောင်းကို ယေဘုယျခြုံ၍ ငုံ၍ နားလည်ထားလျှင် နိုင်ငံခြားဘာသာစကား များ ကို သင်ကြားပို့ချရာ၌ လွယ်ကူချောမောသည်။ ခေတ်၏ အခြေအနေအရ မိခင်ဘာသာစကားအပြင် အခြားဘာသာစကားတစ်ခုခုကို ဒုတိယဘာသာစကားအဖြစ် သိရှိနားလည်ထားကြရန်လည်း လိုအပ် လေ့ရှိသည်။ ထိုကိစ္စတို့၌ သင်ကြားပို့ချနည်းနှင့် ကျောင်းသုံးစာအုပ်များ ထုတ်လုပ်ခြင်းတို့ ပါဝင်ကုန် သည်။

ယခုအခါ၌ ဘာသာဗေဒနည်းအရ လေ့လာမှု များ ကို အသုံးပြုလျက်စက်ဖြင့် အလိုအလျောက် ဘာသာပြန်မှု များ ကို ပြုလုပ်လျက်ရှိသည်။ ဘာသာစကားကို အသုံးပြုလျက် စာရင်းအင်းနိသျှည်းတို့ကို လည်း ဖော်ထုတ်လျက်ရှိကြသည်။

ဆက်သွယ်ရေးအင်ဂျင်နီယာသည် ဘာသာစကားသင်္ကေတများ အကြောင်းကို အခြေခံ သဘော နားလည်အောင် ကြိုးပမ်းလျက် ဤသင်္ကေတများ ကို ပို့လွှင့်ခြင်းနှင့် လက်ခံရယူခြင်းလုပ်ငန်း တို့ကို တီထွင်ပြုလုပ်နိုင်ပေသည်။ စကားပြောဆိုရာ၌ ဆွံ့ထစ်သူ၊ ဆွံ့အသူများ ကို ကုသရာ၌ လည်း ဘာသာဗေဒက အထောက်အကူပေးလျက်ရှိသည်။

အခြားလုပ်ငန်းတစ်ရပ်ရပ်တို့တွင် တစ်စုံတစ်ရာသော ကိစ္စများ ပြီးမြောက်စေရန် အသုံးပြုနေ သော ဘာသာဗေဒကို အသုံးချဘာသာဗေဒဟု စုပေါင်းခေါ်ဝေါ်သည်။ အထက်ဖော်ပြပါ ဘေးပေါက် အကျိုးတရားများ ဖြစ်ထွန်းကြစေကာမူ ဘာသာဗေဒပညာရှင်သည် ဤအသုံးချဘာသာဗေဒတို့တွင် ဆောင်ရွက်နေရန်လိုအပ်သည်မဟုတ်ပေ။ ဘာသာဗေဒပညာရပ်သည် ကိုယ့်စွမ်းအားနှင့် လုံလုံလဲလဲ ရည်တည်နိုင်စွမ်းသော ဘာသာရပ်ဖြစ်သည်။

(၁) (၃) အထွေထွေဘာသာဗေဒခွင်

(၁) (၃) (၁) စိစစ်မှု အဆင့်များ

ဘာသာစကားသည် အလွန်တရာရှုပ်ထွေးပါသည်။ မည်သို့မည်ပုံရှုပ်ထွေးလှကြောင်းကို မိမိက နိုင်ငံခြားဘာသာစကားတစ်ရပ်ရပ်ကို လေ့လာကြည့်လျှင် တွေ့ရှိနိုင်သည်။ မိခင်ဘာသာစကားတို့၏ အခြေခံဝေါဟာရများ နှင့် စကားဖွဲ့စည်းပုံတို့ကို သာမန်လူသားအားလုံးလိုလိုက အလွယ်တကူသိရှိရ ယူနိုင်ကြပေသည်။ ဤအချက်သည် လူ့လောက၌ ဖြစ်ထွန်းနေသော အံ့ဘွယ်သရဲကြီးများ တွင် တစ်ခု အပါအ၀င်ဖြစ်လျက်ရှိ၏ ။

ထင်ထင်ရှားရှား ရှုပ်ထွေးမှု များ ကြောင့် ဘာသာဗေဒပညာရှင်အဖို့ ဘာသာစကားကို တစ်ခါ တည်းနှင့် အပြီးလွယ်လွယ်ကူကူခွဲခြမ်း စိတ်ဖြာ၍ ဖော်ပြနိုင်စွမ်းမရှိပေ။ အပြောစကားနှင့် အရေး စကားဖြစ်လာသော ဘာသာစကားကိုယ်နှိုက်က တစ်ဦးတည်းပြုရသော အမှု ဖြစ်၏ ။ လူတို့သည် ပြော ကြ၏ ။ ရေးကြ၏ ။ မိမိဘာသာစကားနှင့် ပြောကြရေးကြရာတွင် သဒ္ဒါနှင့် အသံထွက်များ အကြောင်းကို မရိပ်စားမိပါဘဲနှင့် နားလည်ကြကုန်၏ ။ နိုင်ငံခြားသားတစ်ဦးက မိမိဘာသာစကားကို ပြောဆိုသည့် အခါ၌ လည်း ထိုသူပြောဆိုမှု သည် ခွကျကျဖြစ်နေသည်ကို သိရှိသော်လည်း ဘယ်နေရာ၌ ဘယ်စည်း ကမ်းကို ချိုးဖောက်နေသည်ဟူ၍ ကာ ဂဃနဏသိရှိကြခြင်းမရှိပေ။

ဘာသာဗေဒပညာရှင်သည် ဘာသာစကားနှင့် ဘာသာစကားများ ကို သိပ္ပံနည်းကျကျကောင်း ကောင်းမွန်မွန်ရှင်းလင်းပြသနိုင်ရန်အလို့ငှာ မိမိဘာသာရပ်၏ ဆက်စပ်နေကြသော်လည်း သီးခြားစီနား နေသော အသွင်လက္ခဏာများ အပေါ် အာရုံစူးစိုက်ထားရပါမည်။ အသွင်လက္ခဏာအသီးသီးပေါ်တွင် အသီးသီးသော စံချိန်စံထား များ အသုံးပြုလျက်အလေးပေးတတ်ရပါမည်။ (ကိုယ်ဟာ့ကိုယ် ပုစ္ဆာ ပေါင်းမျိုးစုံထုတ်ကြည့်နေဖို့လိုသည်။)

ဤသို့သော ခြားနားသည့်တစ်ပိုင်းတစ်စစီဖြစ်သော ချဉ်းကပ်မှု များ ကို ခွဲခြမ်းစိတ်ဖြာစူးစမ်းမှု ဖြစ် စဉ်အဆင့်များ ဟု ခေါ်ခဲ့သည်။ ဤဖြစ်စဉ်အဆင့်များ အကြောင်း ရှင်းလင်းဖော်ပြချက်တို့ကို ဘာသာ ဗေဒနည်းအရ ဖော်ပြရှင်းလင်းချက်အဆင့်များ ဟုခေါ်သည်။ နားရည်ဝနေသော သဒ္ဒဗေဒနှင့် သဒ္ဒါဆို သော စကားရပ်တို့သည် ဤသို့သောအဆင့်များ တွင် ၌ အဆင့် နှစ်ဆင့်ဖြစ်ကြသည်။

အထက်ပါသဘောကို တိုးချဲ့၍ ပြောပါမူ ဘာသာစကား၏ ဖြစ်စဉ်အဆင့်ဟုဆိုသည်နှင့် ဘာသာဗေဒပညာရှင်က မည်သည့်ကာလ၌ မဆို အာရုံစူးစိုက်ထားသော ဘာသာစကားတစ်ရပ်၏ အသွင်လက္ခဏာများ အကြောင်းဟု နားလည်အပ်သည်။ ဘာသာစကား၏ သဘောသဘာဝသည် ဖြစ် စဉ်အဆင့်အသီးသီးဖြင့် စည်ပင်၍ ဤအဆင့်တို့မှာ လည်း တစ်ခုနှင့်တစ်ခု မတူခြားနားကြဟန်ရှိသည်။ စင်စစ်၌ ဘာသာစကားကိုယ်နှိုက်က ဤသို့အဆင့်များ ဖြင့် ခြားနားရှိခြင်းကားမဟုတ်ပါ။ ဘာသာဗေဒ ပညာရှင်၏ ခွဲခြမ်းစိတ်ဖြာကြည့်မှု ကြောင့်နှင့် ထိုမှတစ်ဆင့်ခွဲခြမ်းစိတ်ဖြာပြီး ရှင်းလင်းပြသသည့် ဖော်ညွှန်းချက်တို့ကြောင့်သာ ဘာသာစကားသည် ထိုသို့သောအဆင့်များ ဖြင့် ခွဲခြမ်းခံထားရခြင်းဖြစ် သည်ကို အလေးအနက်သိထားအပ်ပေသည်။

မည်သည့်ပညာပိုင်း၌ မဆို အဆင့်များ ခွဲခြမ်းစိတ်ဖြာခြင်းကို ပြုလေ့ရှိ၍ အဆင့်များ မည်မျှအထိ ထားရှိဟန်(အဆင့်အရေအတွက်) အဆင့်တစ်ခုစီအလိုက် စံချိန်စံထားများ မည်သို့အသုံးပြုမည်ဆို သောကိစ္စတို့၌ ပညာရှိသုခမိန်များ ကြားတွင် အမြဲတမ်းအငြင်းပွားမှု များ ဖြစ်လေ့ရှိသည်။ ဤအကြောင်း တို့ကို ယခုအချီးခန်း၌ အကျယ်ဖော်မပြတော့ပေ။

လူတို့သည် အသံပြုအင်္ဂါအစိတ်အပိုင်းတို့ဖြင့် စကားသံများ ကို ပြုလုပ်နိုင်စွမ်းရှိ၏ ။ စက္ကူပေါ်၌ ဖြစ်စေ၊ အခြားအရာဝတ္ထုတစ်ခုပေါ်၌ ဖြစ်စေ အမှတ်အသားများ ပြုလုပ်နိုင်စွမ်းရှိ၏ ။ ဤစကားသံ ဤ အမှတ်အသားတို့ဖြင့် လူတစ်စုတစ်ဝေးတို့သည် ‘အလားတူ ဘာသာစကား’ကို ပြောကြဆိုကြပေ သည်။ ပြုသောစကားသံနှင့် ရေးချသောအမှတ်အသားတို့သည် ဘာသာစကားရုပ်သဏ္ဌာန်အသီးသီး ကို လူလူချင်းဆက်သွယ်ရာ၌ အသုံးပြုကြရ၏ ။ ဤသို့အသုံးပြုမှု လိုက်၍ ၎င်းတို့၏ အနာဂတ်အဓိပ္ပာယ် များ ပေါ်ရပေသည်။ ထို့ကြောင့်စကားသံအားလုံး၌ ရုပ်သဏ္ဌာန်နှင့် အနက်အဓိပ္ပာယ်တို့ဟူ၍ အသွင် လက္ခဏာနှစ်ရပ်ရှိကြောင်း ရှေးဦးစွာ အသိအမှတ်ပြုထားရမည်။ ဤအသွင်နှစ်ရပ်ကိုပင် ဘာသာစကား ကို ဖြစ်စဉ်အဆင့်များ ခွဲခြမ်းစိတ်ဖြာမှု ပြုရာ၌ အခြေခံအဖြစ်ထားရှိရသည်။

စကားသံ၌ ရည်ရွယ်ရင်းရှိသည့် ရုပ်သဏ္ဌာန်နှင့် အနက်အဓိပ္ပာယ်တို့သည် ရည်ရွယ်ချက်နှင့် ထိုရည်ရွယ်ချက်ကို အကောင်အထည်ဖော်သောနည်းတို့ပညာ တစ်စိတ်တစ်ဒေသအားဖြင့် ဆက်စပ် နေကြသည်။ လူ့ဘ၀တွင် ဘာသာစကားကို နားလည်ဖို့ဆိုရာ၌ စကားသံတို့၏ ရုပ်သဏ္ဌာန်ဖွဲ့စည်းပုံ ကိုသာမက ဤစကားသံတို့နှင့် ဘာသာစကား၏ ပြင်ပတွင်ရှိသော အရာဝတ္ထုတို့နှင့် ဆက်စပ်ပုံတို့ကို လည်း နားလည်ရန်လိုအပ်ပေသည်။

(၁)(၃)(၂) ဘာသာစကားနှင့် သင်္ကေတစနစ်များ

ဘာသာစကားသည် လောကနှင့်ဘက်နှစ်ဘက်မှ အဆက်အစပ်ပြုသည်။ စကားပြောဆိုရာ၌ လူ့ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းအချို့ကိုလည်းကောင်း၊ လေ၏ ရူပစွမ်းပကားများ ကိုလည်းကောင်း၊ နား၏ ခန္ဓာဖွဲ့စည်းမှု သဘောအရရှိသော စွမ်းပကားများ ကိုလည်းကောင်း အသုံးပြုသည်။ ရေးသားရာ၌ မျက်နှာပြင်တစ်ခုခုပေါ်၌ ရှိသောမြင်သာသည့် အမှတ်အသားများ ကိုလည်းကောင်း မျက်စိ၏ ခန္ဓာဖွဲ့ စည်းမှု သဘောအရရှိသော စွမ်းပကားတို့ကိုလည်းကောင်း အသုံးပြုသည်။ ဤဘက်ပိုင်း၌ ဆက်စပ်မှု မှာ လူ့အတွေ့အကြုံနှင့် လူ့စွမ်းပကားတစ်ခုလုံးနှင့် နှိုင်းစာလျှင် အလွန်ကျဉ်းမြောင်းသည်။

တစ်ဖက်မှစဉ်းစားသော် ဘာသာစကားသည် ကြားနိုင်သောကိုယ်အင်္ဂါအစိတ်အပိုင်းတို့၏ လှုပ်ရှားမှု တို့ကိုလည်းကောင်း၊ အရေးအသားတွင် မြင်နိုင်သော အမှတ်အသားတို့ကိုလည်းကောင်း၊ အတိတ်၊ ပစ္စုပ္ပန်နှင့် လာမည့်ကာလတို့မှ အလွန်ကျယ်ပြောလှသည့်အလုံးစုံသော လူ့အတွေ့အကြုံတို့ နှင့် အဆက်အစပ်ပြုကာ အသုံးပြုသည်။

ဤသို့ အသုံးပြုမှု ဘက်မှ ကြည့်လျှင် ဘာသာစကားသည် သင်္ကေတစနစ်တို့တွင် စနစ်တစ်ရပ် အဖြစ်ပါဝင်ကြောင်းတွေ့နိုင်သည်။ သင်္ကေတတို့ဆိုသည်မှာ အထူးအမှတ်အသားများ ဖြစ်ကြသည်။ အမှတ်အသားနှင့် သင်္ကေတများ အကြောင်းကို သီးသန့်လေ့လာသော သိပ္ပံပညာရပ်ရှိ၍ ၎င်းကို သင်္ကေတသိပ္ပံဟု တစ်ခါတစ်ရံခေါ်ကြသည်။ ဤပညာသည် ယခုမိတ်ဆက်နေသော အထွေထွေဘာ သာဗေဒ၏ ပြင်ပတွင်ရှိနေ၍ အကျယ်တ၀င့်ရှင်းလင်းရန် မလိုအပ်သော်လည်း အကျဉ်းသဘော လောက်တော့ ရှင်းလင်းထိုက်သည်။

အမှတ်အသားတို့ဟူသည် ယေဘုယျအားဖြင့် အဖြစ်အပျက်(သို့မဟုတ်) အရာဝတ္ထုတို့ပင်ဖြစ်၍ ၎င်းတို့သည် တစ်နည်းတစ်လမ်းအားဖြင့် အခြားအဖြစ်အပျက်(သို့ မဟုတ်) အရာဝတ္ထုတို့ကို ဆက်စပ်ရည်ညွှန်းတတ်ပေသည်။ အမှတ်အသားအဖြစ်အပျက် (သို့ မဟုတ်) အရာဝတ္ထုတို့ ဆက်စပ်ပုံမှာ သဘာဝအားလျှော်စွာ သို့ မဟုတ်ကြောင်းကျိုးအားလျော်စွာ ဆက်စပ်နိုင်သည်။ ဥပမာလူခန္ဓာကိုယ် တုန်ခါလာလျှင် အဖျားတက်သောအမှတ်အသားအဖြစ်လည်းကောင်း၊ ငလျင်လှုပ်ခြင်းတို့သည် မြေ အောက်ကမ္ဘာ၌ အကျဉ်းချထားခံရသော လိုကိနတ်ဘုရားကိုယ်လက်လှုပ်ရှားသည့် အမှတ်အသားအ ဖြစ်လည်းကောင်းဆက်စပ်ဟန်ဖြစ်၏ ။

၎င်းတို့သည် အစဉ်အလာသဘောအားဖြင့် ဆက်စပ်မှု လည်းရှိသည်။ အစဉ်အလာသဘောအရ အမှတ်အသားတို့ကို အမှတ်များ လာသောအခါ ၎င်းတို့သည် သင်္ကေတများ ဖြစ်လာ၏ ။ ဥပမာမြေပုံတို့ တွင် ဘုရားရှိခိုးကျောင်း၊ မီးရထားတို့ကို အစဉ်အလာအမှတ်အသားများ ဖြင့် ဖော်ပြကြသည့်ပုံစံမျိုး။

ဘာသာစကားတွင် ဤသို့ သောအစဉ်အလာအမှတ်အသားများ (၀ါ) သင်္ကေတများ အမျိုး အမည်ပေါင်းစုံပါဝင်လေရကာဘာသာစကားတို့ဟူသည် သင်္ကေတစနစ်များ ကို ခြုံငုံထည့်သွင်းထား ခြင်းဖြစ်သည်ဟုယူဆကြသည်။ (ဤအကြောင်းကို (၂)(၁)(၂)ပိုင်း ၌ အကျယ်ရှင်းထားသည်။)

သင်္ကေတစနစ်များ ထဲတွင် ဘာသာစကားသည် အကြောင်းနှစ်ကြောင်းဖြင့် ထူးခြားသောနေရာ တွင်ရှိ၏ ။ ပထမအကြောင်းမှာ ဘာသာစကားသည် လူလုပ်အစဉ်အလာသက်သက်ပေါ်တွင် လုံးဝ ဥဿုံနီးပါးမှီထား တည်ထားရသောအကြောင်းဖြစ်၏ ။ မြေပုံတို့တွင် ပြထားသောအမှတ်အသားတို့ သည် ၎င်းတို့ညွှန်းသောအရာဝတ္ထုတို့ကို ဟန်ပန်ကျကျညွှန်းကြ၏ ။ ဘာသာစကားတစ်ရပ်၏ စကား လုံးတို့သည် မြေပုံအညွှန်းတို့ကဲ့သို့ ဟန်ပန်ကျခြင်းနည်းပေသည်။

မြည်သံကိုလိုက်၍ စကားလုံးဖွဲ့စည်းမှု များ ရှိပါ၏ ။ မြည်သံလိုက်၍ ဖွဲ့စည်းသောစကားလုံးစုကို မြည်သံစကားလုံးဝေါဟာရများ ဟု ခေါ်ကြသည်။ အင်္ဂလိပ်စကားလုံးတွင် Cuckoo, hoopoe ဟူ၍ လည်းကောင်း၊ dingdong, bow wow, rattatta ဟူ၍ လည်းကောင်းရှိကြရာ ၎င်းတို့သည်မြည်သံစွဲ၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အင်္ဂလိပ်စကားလုံးတို့တွင် -ump ပုဒ်နှင့် ဆုံးထားသော thump, clump, stump, dump ဆိုသော စကားလုံးများ ရှိ၍ ၎င်းတို့မှာ လေးခြင်း၊ ထူခြင်း၊ ထိုင်းခြင်းတို့ကို စွဲ၍ ဖွဲ့စည်း ထားခြင်းဖြစ်သည်။ မြင်တွေ့သော ပုံသဏ္ဌာန်ကိုစွဲ၍ ထွင်ထားသောစကားလုံးများ လည်း အမြောက်အ မြားရှိပေသည်။

မြည်သံစွဲစကားလုံးဝေါဟာရများ နှင့် ‘အသံသင်္ကေတ’ တို့သည် ဘာသာစကားတွင် အရေးပါအ ရာရောက်စေကာမူ ၎င်းတို့သည် ဝေါဟာရအဘိဓာန်တွင် အရေအတွက်အလွန်နည်းပါးသည်။ အချို့ သော ပညာရှင်တို့က ဘာသာစကား၏ ပင်ရင်းဇာစ်မြစ်ကို မြည်သံစွဲစကားလုံးများ တွင် ရှာဖွေရန်ကြိုး ပမ်းကြ၏ ။ သို့ ရာတွင် သတိချပ်မှတ်သားရန် အချက်မှာ ဘာသာစကားအားလုံး၏ ဝေါဟာရအဘိဓာန် တို့မှ အများ စုစကားလုံးတို့သည် လူတို့က အတ္တနောမတိလိုသလို အကြောင်းသင့်သလို အတွဲ အစပ်ပြု ထားကြသည်ဆိုသောအချက်ပင်ဖြစ်ပေသည်။ ဤသို့မဟုတ်လျှင် မြည်သံခွဲ၊ ပုံသဏ္ဌာန်ခွဲစကားလုံး ချည့်သာဖြစ်နေမည်ဖြစ်၍ ဘာသာစကားတို့သည် ဆင်တူယိုးမှားဖြစ်နေကြမည်သာဖြစ်သည်။

ဘာသာစကား၏ ဒုတိယထူးခြားချက်သည်လိုအပ်၍ အရေးကြီးပြီး ထိုထူးခြားချက်ကြောင့်ပင် ဘာသာစကားသည် အလားမတူတစ်မူထူးခြားနားရသည်။ ဘာသာစကားတစ်ခုတည်းကသာလျှင် လူ့ အတွေ့အကြုံအလုံးစုံကိုလည်းကောင်း၊ ဤကမ္ဘာပထ၀ီမြေကြီးနှင့် အထက်ကောင်းကင်ဘုံတို့ရှိ မည်သည့်အရာဝတ္ထုတို့ကိုမဆိုလည်းကောင်း၊ မိမိ၏ သင်္ကေတတို့ဖြင့် ဖော်ညွှန်းဆက်စပ်ပေးနိုင်ပေ သည်။ ထိုအကြောင်းကြောင့်ပင် အခြားသောသင်္ကေတတို့ဖြင့် ဖော်ညွှန်းဆက်စပ်ပေးနိုင်ပေသည်။ ထို အကြောင်းကြောင့်ပင် အခြားသောသင်္ကေတစနစ်တို့သည် ဘာသာစကားကိုတစ်ဆင့်ညွှန်းကြရ၏ ။

ဘာသာစကားတို့သည် ပြောဆိုသူတို့၏ လိုအပ်ချက်နှင့် အခြေအနေတို့ကိုလိုက်၍ အဆုံးအစ မရှိ တိုးချဲ့ပြုပြင်နိုင်အားရှိကြသည်။ ဤအချက်ကလည်း အမူအရာကဲ့သို့ သင်္ကေတပြုမှု များ နှင့် ပျားတို့ ကဲ့သို့ဆက်သွယ်မှု စနစ်တို့နှင့် ခြားနားရသည်။

(၁) (၃) (၃) ‘ဘာသာစကား၏ မူလဇာစ်မြစ်’

ဘာသာစကားအကြောင်း လေ့လာမှု ၌ စိတ်ဝင်စားဖွယ်ရှိသော အကြောင်းအရာတစ်ရပ်မှာ ဘာသာစကား၏ မူလဇာတ်မြစ်ကိုရှာပုံတော်ဖွင့်ခြင်းဖြစ်၏ ။ စိတ်ကူးမှန်းဆချက်အမျိုးမျိုးပြုလုပ်ကြပေ သည်။ အသံဖြင့်ဆက်သွယ်ရာမှ ဘာသာစကားပေါ်လာသည်ဟူ၍ လည်းကောင်း၊ တိရစ္ဆာန်တို့၏ အသံ ဗလံတို့ကို အသံတုပြုရာမှ လူ့စကားသံများ ပေါ်ပေါက်လာသည်ဟူ၍ လည်းကောင်း၊ မိုးချုန်းသံ၊ လေ ထန်သံ၊ လှိုင်းပုတ်သံစသည်ဖြင့် သဘာဝအခြင်းအရာတို့၏ အသံတို့ကို တုပကြခြင်းသည် ဘာသာ စကား၏ မူလဇာစ်မြစ်ဖြစ်ပါသည်ဟူ၍ လည်းကောင်း၊ စိုးရိမ်ထိတ်လန့်၍ ပြုသောအာမေဍ္ဍိတ်သံ၊ အကူ အညီခေါ်သံတို့သည် ဘာသာစကားကို အစပြုစေသည်ဟူ၍ လည်းကောင်း အမျိုးမျိုးမှတ်ဆိုပြောဆို ကြကုန်သည်။ ဘာသာဗေဒပညာရှင်သည် ဘာသာစကား၏ ဇာစ်မြစ်အကြောင်းကို ဘေးဖယ်သည်။ ဤသို့ ဘေးဖယ်သည်မှာ စိတ်မ၀င်စား၍ မဟုတ်၊ ထိုအကြောင်းတို့သည် သိပ္ပံနည်းကျကျယူဆချက်တို့ ၏ ပြင်ပဘက်သို့ ရောက်ရှိ နေခြင်းကြောင့်ဖြစ်သည်။

ဘာသာစကား၏ မူလဇာစ်မြစ်အကြောင်းနှင့်ပတ်သက်၍ မကြာခဏဆိုသလို နှိုင်းယှဉ်ချက်နှစ် ရပ်ပြုလုပ်လေ့ရှိ၏ ။ ကလေးများ စကားတတ်ခြင်းကို နှိုင်းယှဉ်ချက်နှစ်ရပ်ပြုလုပ်လေ့ရှိ၏ ။ ကလေးများ စကားတတ်ခြင်းကို နှိုင်းပါသည်။ ကလေးတို့သည် မိခင်စကားကို ပြောတတ်ဆိုတတ်လာသည်မှာ ဘာ သာစကားတစ်ရပ်သည် အခြေတည်ပြီး ဖြစ်နေသောပတ်ဝန်းကျင်တွင်ကြီးပြင်း၍ တတ်ခြင်းဖြစ်ပါ၏ ။ မိမိလိုအပ်ချက်တို့ကို ရအောင်အခြေတည်ပြီးဖြစ်သော စကားသံတို့ကို အစဉ်တစိုက်အသုံးပြုကြရ သည်။ ထိုသဘောကိုကြည့်၍ ကလေးများ စကားပြောတတ်ဆိုတတ်သည်မှာ သင်ကြားပေး၍ တတ် ခြင်းမဟုတ်ဟု ယူဆမှု များ ရှိပေသည်။ မသင်ကြားရဘဲ ကလေးများ စကားပြောတတ်ဆိုတတ်သည် ထားဘိဦး ဤအချက်သည် လူ့လောကတစ်ခုလုံးနှင့်ဆိုင်သည့် ဘာသာစကားတစ်ရပ်၏ ဖြစ်ထွန်းပေါ် ပေါက်သော အခြေအနေနှင့် တူညီနိုင်မည်မဟုတ်ချေ။

ဒုတိယနှိုင်းယှဉ်ပြောဆိုလေ့ရှိသော အကြောင်းအရာမှာ ဘာသာစကားတို့ခေတ်နောက်ကျမှု သဘောဖြစ်သည်။ ဘာသာဗေဒနည်းအရပြောလျှင် မည်သည့်ဘာသာစကားမှ ခေတ်နောက်ကျသည် ဟူ၍ မရှိပေ။ ရှေးဟောင်းသုတေသနပြုသူတို့က သဘာဝအင်အားများ ကို သုံးစွဲရာ၌ လူတို့၏ အစွမ်း အင်အားညံ့ဖျင်းနေသေးသည်ကို ထောက်ထား၍ ထိုလူတို့၏ ယဉ်ကျေးမှု အဆင့်သည် ခေတ်နောက်ကျ သည်ဟုဆိုကောင်းဆိုမည်။ ဘာသာစကားကိစ္စတွင် ခေတ်နောက်ကျသည်ဆိုသောစကားရပ်မှာ မဆီ လျော်။

ကမ္ဘာပေါ်ရှိ ဘာသာစကားအားလုံးကို ခြုံငုံ၍ လေ့လာကြည့်သောအခါ ယဉ်ကျေးမှု အဆင့်အ တန်းချင်း သမိုင်းအဆင့်ဆင့်၌ မတူညီလင့်ကစားဘာသာစကားတို့သည် ရှေးကသုံးသော ဘာသာ စကားနှင့် ယခုခေတ်ပြောသောဘာသာစကားတို့မှာ ဖွဲ့စည်းမှု သဘောအရ ပင်ကိုဓာတ်ခံအားဖြင့် သိသာစွာ ခြားနားကြသည်ဟု မတွေ့ရပေ။ ထိုစဉ်ကရှိသော ရုပ်ဝတ္ထုအခြေအနေနှင့် ပြောဆိုသူတို့၏ ယဉ်ကျေးမှု အဆင့်အရ ဝေါဟာရများ နည်းပါးဆင်းရဲနေစေကာမူ ဘာသာစကားတို့သည် တိုးတက်လာ သော ယဉ်ကျေးမှု အခြေအနေနှင့် လိုက်ဖက်ညီထွေညှိနှိုင်းပြောင်းလဲနိုင်ကြသည်ကို တွေ့ရပေသည်။ ထိုသို့ ပြောင်းလဲသောဖြစ်စဉ်၌ ၎င်းတို့၏ သဒ္ဒဗေဒနှင့် သဒ္ဒါဖွဲ့စည်းပုံတို့သည် မပြောင်းမလဲတည်တံ့နေ ပေသည်။

ယဉ်ကျေးမှု အရခေတ်နောက်ကျသည်ဆိုသော လူမျိုးတို့၏ ဘာသာစကားများ ကို သဘာဗေဒ နည်းအရ လေ့လာကြည့်သောအခါ ထိုဘာသာစကားတို့သည် သဒ္ဒဗေဒနည်းအရလည်းကောင်း၊ သဒ္ဒါ နည်းအရလည်းကောင်း ခေတ်မီနေသည်ဆိုသော အနောက်ဥရောပမှ ဘာသာစကားတို့နှင့်လည်း ကောင်း၊ ကမ္ဘာတွင် လူ့ယဉ်ကျေးမှု ထွန်းကားနေသော လူမျိုးတို့၏ ဘာသာစကားနှင့်လည်းကောင်း နည်းစနစ်ကျမှု အရာတွင် အဆင့်နိမ့်သည်ကို မတွေ့ရပေ။ ဘာသာစကားအစိတ်အပိုင်းတို့တွင် ပေါ် သောပြောင်းလဲမှု တို့မှာ လည်းပို၍ နှေးကွေးသည်။ ပို၍ ထိုင်းသည်ဟူ၍ မတွေ့ရပေ။ ထို့ကြောင့်ခေတ် နောက်ကျသော လူမျိုးတို့၏ ဘာသာစကားကို အခြေတည်၍ ဘာသာစကားဖြစ်ပေါ်တိုးတက်မှု တွင် ခေတ်နောက်ကျသောအဆင့်လက္ခဏာရှိသည်ဟု သုံးသပ်ပြောဆိုကြခြင်းသည် စင်စစ်၌ သိပ်တန်ဖိုး မရှိပေ။

အချို့ကလူတို့ပြောဆိုသော ဘာသာစကားနှင့် ဘာသာစကားကဲ့သို့ ဆင်တူသော တိရစ္ဆာန် လောကမှ ဆက်သွယ်မှု စနစ်တို့ကို နှိုင်းယှဉ်ကြည့်ကြ၏ ။ ပျား၊ ပိတုန်းတို့၏ ကခုန်ခြင်းနှင့် မျောက်ဝံကြီး တို့၏ အော်ပုံ ဟစ်ပုံတို့ကို လေ့လာကြည့်ရာ အချို့ရည်ညွှန်းပုံတို့၌ ဆင်တူပုံရှိသော်လည်း လိုရင်း အနှစ်သဘော(သို့ မဟုတ်)ကိရိယာအသုံးပြုပုံတို့၌ လူတို့ပြောပုံဆိုပုံတို့နှင့် သိသာစွာ ခြားနားကြောင်း တွေ့ရှိကြသည်။

လူ၏ စကားသည် ကလေးသူငယ်များ က သင်အံ့ခြင်းဖြင့် ခေတ်အဆက်ဆက်လက်ဆင့်ကူး ဆက်ခံခဲ့ရသည်။ ခန္ဓာဖွဲ့စည်းပုံနှင့် ဦးနှောက်အာရုံကြောဆိုင်ရာတို့သည် မျိုးရိုးဗီဇသဘောအရ ကူး ဆက်ခဲ့ရသည်မှာ မှန်သော်လည်း စကားသည် မျိုးရိုးစဉ်ဆက် အမွေဆက်ကမ်းလာသည့်သဘော၊ အလိုအလျောက်သိသည့် သဘောဟူ၍ မရှိပေ။ ယင်းသို့ ခေတ်အဆက်ဆက်ဆင့်ကဲ ကူးစက်လာရ သည့်အတွက် ထိုအတော်အတွင်း၌ ဘာသာစကားအပြောင်းလဲများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ရသည်။ ဤ အပြောင်းအလဲတို့သည် သမိုင်းဆိုင်ရာ ဘာသာဗေဒပညာရှင်များ အတွက် ပစ္စည်းများ ဖြစ်ပေသည်။

ယဉ်ကျေးမှု များ ကို ကူးဆက်ရာ၌ ဘာသာစကားကို အသုံးပြုရလေရာ ဤသို့ အသုံးပြုရသော ကြောင့်လည်း လူတို့၏ ဖွံ့ဖြိုးတိုးတက်မှု သည် မြန်ဆန်ခဲ့သည်။ တစ်စုံတစ်ဦးကရရှိသော ဗဟုသုတနှင့် အတွေ့အကြုံကို အခြားသူတစ်ဦးအား ဘာသာစကားဖြင့် လက်ဆင့်ကမ်းကူးဆက်ပေးနိုင်၏ ။ စာပုံနှိပ် စက်များ ပေါ်ပေါက်ခဲ့သည်မှာ အလွန်အဖိုးတန်ခဲ့ပေသည်။ ယခုအခါ၌ ကမ္ဘာ၏ မည်သည့်ထောင့်က မည်သူ၏ အောင်မြင်မှု ကိုမဆို၊ ကမ္ဘာ၏ အခြားထောင့်မှလူတို့က ဘာသာပြန်ခြင်းဖြင့် အလွယ်တကူရရှိ နိုင်ကြကုန်၏ ။ အရေးဖြစ်စေ၊ အပြောဖြစ်စေ ဘာသာစကားကို အသုံးပြုခြင်းဖြင့် အထက်ပါနည်းများ အ တိုင်းပြောင်းလဲတိုးတက်ခဲ့ရာ တိရစ္ဆာန်လောကမှ အတိုးတက်ဆုံးဆိုသော ဆက်သွယ်မှု စနစ်သည် အ လားတူ ပြောင်းလဲတိုးတက်ခြင်းမျိုးကို ဖြစ်ပေါ်ခြင်းငှာ မစွမ်းနိုင်သည်ကို တွေ့ရသည်။ တစ်ကမ္ဘာစီခြား ကြကုန်၏ ။

(၁) (၃) (၄) သဒ္ဒဗေဒ စကားသံဖွဲ့ပုံ သဒ္ဒါအတ္တဗေဒ

အပြောစကားပစ္စည်းများ နှင့် ဆက်ဆံလေ့လာသော ဘာသာဗေဒအပိုင်းကို သဒ္ဒဗေဒဟုခေါ်၏ ။ အခန်း(၃)တွင် အကျယ်ရှင်းလင်းထား၍ ဤနေရာ၌ အကြမ်းသဘောမျှရှင်းအပ်၏ ။ သဒ္ဒဗေဒသည် စကားသံပြုအင်္ဂါများ နှင့် အင်္ဂါအဆက်များ အသံပြုလှုပ်ရှားမှု တို့အကြောင်းတို့နှင့် တိုက်ရိုက်လက်ငင်း သက်ဆိုင်ကုန်၏ ။ အနည်းငယ်အကျယ်ရှင်းရသော် သဒ္ဒဗေဒနှင့် နောက်ဆုံးအဆင့်၌ ပြောရာ၊ ကြားရာ တွင် အကျုံးဝင်နေသော အာရုံကြောဆိုင်ရာ ဖြစ်စဉ်တို့နှင့် သက်ဆိုင်ပေသည်။

အရေးဘာသာစကားနှင့်ပတ်သက်သော ပစ္စည်းတို့နှင့် သက်ဆိုင်သော လေ့လာမှု သည် သိပ် မကျယ်ပြန့်လှ၊ ဘာသာဗေဒတွင် ဤလေ့လာမှု သည် အရေးကြီးမှု လည်း နည်းပါးပါသည်။ ဤလေ့လာ မှု ကို ဂရပ်ဖစ် သို့ မဟုတ် ဂရပ်ဖိုနီုမီဟူ၍ လည်းကောင်း၊ သဒ္ဒဗေဒ၏ ပုံစံကိုယူ၍ ဂရပ်ဖီတစ်(စ်)ဟူ၍ လည်းကောင်း ခေါ်ကြသည်။

အပြောဖြစ်စေ၊ အရေးဖြစ်စေစကားသံများ နှင့် လောကကြီးကို ဆက်စပ်မှု တို့သည် အနက်အဓိ ပ္ပာယ်အ၀န်းအ၀ိုင်းထဲတွင် အကျုံးဝင်ကုန်၏ ။ အနက်အဓိပ္ပာယ်သည် ဘာသာစကား၏ ကြန်အင်လက္ခ ဏာသာမဟုတ်ပါ။ အမှတ်အသားအားလုံး၊ သင်္ကေတစနစ်အားလုံးတို့၏ ကြန်အင်လက္ခဏာလည်းဖြစ် သည်။ အနက်အဓိပ္ပာယ်အကြောင်းကို လေ့လာခြင်းကို အတ္တဗေဒဟုခေါ်သည်။ အတ္တဗေဒ(၀ါ)အနက် ပညာသည် ဘာသာစကားကို ခြုံငုံရုံသာမက အခြားပညာရပ်ပိုင်းများ ကိုလည်း ခြုံငုံဆက်စပ်ထားပေ သည်။ သို့ သော် ဘာသာစကားသည် လူ့အသုံးအဆောင်ကိစ္စ၌ အချက်အချာဗဟိုအကျဆုံးဖြစ်ပြီး အကျယ်ပြန့်ဆုံးသော သင်္ကေတစနစ်ကြီးကို ထည့်သွင်းထားရသည်ဖြစ်ရကား အနက်ပညာ(သို့ မဟုတ်) အနက်ပညာဆိုင်ရာ သဘောတရားတို့သည် ဘာသာစကားနှင့် ဘာသာစကားတို့နှင့် သက် ဆိုင်ရပေသည်။

သင်္ကေတအမှတ်အသားများ ပြုရခြင်း လူလူချင်း ဆက်သွယ်မှု ပြုရခြင်းစသော တာဝန်တို့ကို ချောမောစွာ ပြီးမြောက်စေရန် အလို့ငှာ ဘာသာစကားတို့သည် အသံပြုအင်္ဂါအစိတ်အပိုင်းတို့က ထုတ် လုပ်သမျှသော အသံပေါင်းစုံတို့ကို ရနိုင်သမျှစုဆောင်း၍ ၎င်းတို့ကို ဖန်ကာတလဲဖြစ်နေသော အသံ အစအနတို့အဖြစ် ဖန်တလဲလဲဖြစ်နေသော အသွင်ရုပ်သဏ္ဌာန်များ အတွင်း စုစည်းဖွဲ့စည်းပေးရပေ သည်။ ဖန်ခါတလဲလဲဖြစ်နေသော စကားသံအစအနတို့ကို စည်းစနစ်ကျစွာ စီစဉ်ဖွဲ့စည်းပေးရခြင်းဖြစ် ပေသည်။

ထိုသို့ဘာသာစကားတို့တွင် ရှိသော စကားသံစီစဉ်ပုံ၊ ဖွဲ့စည်းပုံတို့ကို ပုံစံတကျလေ့လာခြင်းကို စကားသံဖွဲ့မှု ပညာနှင့် သဒ္ဒါအဆင့်တို့တွင် အထူးပြုကြသည်။ ဤအဆင့် နှစ်ဆင့်အကြောင်းကို ဆိုင်ရာအခန်းတို့တွင် အကျယ်ရှင်းထားသည်။ ဤနေရာ၌ အနည်းငယ်ရှင်းရမူ စကားသံဖွဲ့မှု ပညာ သည်၊ သဒ္ဒဗေဒဆိုင်ရာ အသွင်လက္ခဏာနှင့် အမျိုးအစားတို့ကို အခြေတည်လျက် ဘာသာစကားတို့ ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ရုပ်သဏ္ဌာန်တို့ကို လေ့လာပေသည်။

သဒ္ဒါ သည် သဒ္ဒဗေဒတွင် ရည်ညွှန်းခြင်းမရှိသော စံချိန်စံထားများ ပေါ်မူတည်လျက် အခြေ ကျကျဖွဲ့စည်းထားသော ယူနစ် များ နှင့် ၎င်းတို့အား စီစဉ်ပုံ၊ ပုံစံချထားပုံတို့နှင့် သက်ဆိုင်သည်။ စကား သံဖွဲ့မှု နှင့် သဒ္ဒါတို့ ဆက်စပ်မှု အကြောင်းကို ဆိုင်ရာအခန်းတို့၌ အကျယ်ရှင်းလင်းထားသည်။

အဆင့်နှစ်ရပ်ဖြစ်သော စကားသံဖွဲ့မှု ပညာနှင့် သဒ္ဒါတို့သည် ဘာသာဗေဒ၏ ဗဟိုအချက်အချာ ဟု မကြာခဏယူဆကြသည်။ သဒ္ဒါကိုစကားလုံး ရုပ်ဖွဲ့မှု နှင့် ၀ါကျဖွဲ့ထုံးဟု ခွဲစိတ်ကြသည်။ အချို့ သော ဘာသာဗေဒပညာရှင်တို့က အတ္ထဗေဒကို သိပ်နေရာမပေးချင်လိုကြ။ အချို့သူတို့ကလည်း သဒ္ဒ ဗေဒကို သိပ်နေရာမပေးချင်လိုကြ။ အချို့သူတို့ကလည်း သဒ္ဒဗေဒသည် ဘာသာဗေဒတွင် အခြွေအရံ သဘောသာရှိသည်ဟုဆိုကြသည်။ ဘာသာဗေဒအကြောင်းကို မိတ်ဆက်ပေးရာ၌ ဘာသာစကား၏ အမာခံဟုဆိုအပ်သော စကားသံဆိုင်ရာ အခြေခံတို့ကို ကောင်းမွန်စွာ နားလည်အပ်ပေသည်။ ထို့ အပြင်ဘာသာစကာှးင့် ပြင်ပလောကကြီးတို့ ဆက်စပ်ပုံတို့ကိုလည်း အနက်အဓိပ္ပာယ်ဆိုသော ကဏ္ဍ အောက်တွင် ရှင်းလင်းပြရန်လိုပါလိမ့်မည်။

ဘာသာဗေဒတွင် စကားသံဖွဲ့ပုံနှင့် သဒ္ဒါတို့သည် ဗဟိုချက်မဖြစ်၍ သဒ္ဒဗေဒနှင့် အတ္ထဗေဒတို့ သည် အခြွေအရံများ သာဖြစ်သည်ဟုယူဆသူတို့က ယူဆကြသည်။ သဒ္ဒဗေဒသည် အခြားသော လက်တွေ့ဆန်းစစ်ရသည့် သိပ္ပံပညာတို့မှ တွေ့ရှိချက်တို့ကို အသုံးပြုရသည်။ အသံပြုအင်္ဂါအစိတ် အပိုင်းတို့ ဖွဲ့စည်းပုံနှင့် လှုပ်ရှားပုံတို့အကြောင်းဆိုလျှင် ခန္ဓာဗေဒနှင့် သက်ဆိုင်၏ ။ အသံလှိုင်းတို့ ကူး ဆက်ပုံဆိုင်ရာ ရူပဗေဒကိုလည်း နှီးနှောရသည်။ ကြားခြင်းကိစ္စအကြောင်းပါ လေ့လာရသောကြောင့် အာရုံကြောများ ဖွဲ့စည်းပုံနှင့် ၎င်းတို့ဖြစ်စဉ်တို့ကို ရင်းနှီးရသည်။ ထိုအကြောင်းတို့ကြောင့် သဒ္ဒဗေဒ သည် ပိုတိကျသည်။ ပို၍ သိပ္ပံနည်းကျသည်ဟုဆိုအပ်သည်။

အတ္ထဗေဒမှာ မူ ဤသို့မဟုတ်ပေ။ အနက်အဓိပ္ပာယ်ဖော်သည်။ ဖွင့်သည်ဆိုသည်မှာ ပြောဆိုသူ ၏ လက်ငင်းလောကအတွေ့အကြုံကို ဖြစ်စေအလုံးစုံသော လောကသဘာဝအခြင်းအရာတို့ကို ဆက် စပ်ညွှန်းရသည်။ ထိုသို့ ရည်ညွှန်းရာ၌ ဘာသာဗေဒပညာ၏ အပြင်အပရှိအခြားသိပ္ပံပညာရပ်များ ၏ အကူအညီကို ရယူရသည့်အပြင် သိပ္ပံနည်းမကျဘဲ အများ ကလက်ခံထားသည့် အများ သိများ ကိုလည်း လက်ခံရပေသည်။ ထို့ကြောင့် အတ္ထဗေဒသည် သဘောတရားအရ အကန့်အသတ်မဲ့သည်ဟု ဆိုနိုင် သည်။

ထိုအကြောင်းတို့ကို ထောက်ထား၍ သဒ္ဒဗေဒသည် သိပ္ပံပညာကို တိကျစွာ အသုံးပြုရခြင်း ကြောင့် အတ္ထဗေဒနှင့်စာလျှင် ပို၍ အလေးပေးသင့်သည်ဟု အချို့ကတင်ပြကြသည်။ မည်သို့ပင်ရှိစေ သဒ္ဒဗေဒနှင့် အတ္ထဗေဒတို့သည် ဘာသာဗေဒသဘောအရ ဆီလျော်စပ်ဆိုင်ကြသည်ဖြစ်၍ နှစ်ခုစလုံး ကတည်ဆောက်သော ဖော်ညွှန်းချက်အမျိုးအစားနှင့် အပိုင်းအခြားတို့သည် ဘာသာဗေဒအတွက် ရည်ရွယ်ရင်းထား၍ တည်ဆောက်ကြခြင်းသာဖြစ်သောကြောင့် ဆီလျော်အပ်စပ်သည်သာဖြစ်၏ ။

(၁)(၄)အတ္ထဗေဒ

(၁)(၄)(၁) အနက်တွင် ဒဿနနှင့် ဘာသာဗေဒတို့အကြောင်း။

အနက်အဓိပ္ပာယ်များ အကြောင်းကို လေ့လာခြင်းကို အတ္ထဗေဒဟုခေါ်တွင်သည်ဟု အထက် တွင် အတိုရှင်းလင်းပြီးဖြစ်သည်။ အနက်အဓိပ္ပာယ်အကြောင်း လေ့လာသည်နှင့် ဘာသာစကားပြင်ပ တွင်ရှိသော သင်္ကေတစနစ်များ ကို အသုံးပြုကြရတော့သည်။ လူတို့၌ သင်္ကေတစနစ်အမျိုးမျိုးရှိလေရာ ဘာသာစကားမှသင်္ကေတစနစ်သည် အရေးကြီးဆုံးဗဟိုအချက်အချာအကျဆုံးဖြစ်သည်။ လူတို့သည် ဥာဏ်ပညာတွေးခေါ်မှု ပြုစဉ်ကတည်းက အနက်အဓိပ္ပာယ်အကြောင်းကို အာရုံစိုက်ခဲ့ရသည်။

ဒဿနဆရာတို့က (အထူးသဖြင့် ယုတ္တိဗေဒပညာရှင်တို့က ရှေးဦးစွာ ထိုအကြောင်းကို လေ့ လာခဲ့ကြသည်။ ယုတ္တိဗေဒနှင့် ဘာသာစကားကို လေ့လာမှု မှာ နီးစပ်စွာ ဆက်စပ်နေသည့်အားလျော် စွာ ထိုအခြင်းအရာနှစ်ရပ်၏ ဆက်စပ်ပုံတို့ကို ခေတ်အဆက်ဆက်ဒဿနဆရာတို့က အမျိုးမျိုးပြောဆို ရေးသားခဲ့ကြသည်။ ဘာသာစကားအားဖြင့်သာ ဒဿနပြဿနာများ ကို တွေးခေါ်မြော်မြင်နိုင်ပေ သည်။ ခေတ်ပေါ်သင်္ကေတယုတ္တိဗေဒတို့သည် သဘာဝဘာသာစကားတို့မှ ကောက်နုတ်ယူထားခြင်း ဖြစ်သည်။

ယုတ္တိဗေဒပညာရှင်သည် အဆိုပြုချက်အသီးသီးမှ ဖြစ်တန်ရာသည်၊ ယုတ္တိတန်ရာသည်ဟူ၍ ကောက်ချက်များ နုတ်ယူရန် ဘာသာစကားကိုအသုံးပြုသည်။

ဘာသာစကားကို ဒဿနဆရာများ သာမက စာပေဝေဖန်သူများ ကလည်း အသုံးပြုကြသည်။ အခြားအခြားသော သီးသန့်ပညာရှင်တို့ကလည်း ဆိုင်ရာပညာလိုက်၍ ဆိုင်ရာပုံသဏ္ဌာန်တို့ဖြင့် အသုံး ပြုကြသည်။ ဘာသာဗေဒပညာရှင်သည် အထက်ပါပုဂ္ဂိုလ်တို့ အသုံးပြုပုံထက်ကျယ်ဝန်း၍ ဘာသာ စကားကို အသုံးပြုသည်။

(၁) (၄) (၂) စကားလုံးအနက်

အနက်အကြောင်း စူးစမ်းမှု သမိုင်းစဉ်ကို ကြည့်လျှင် ညွှန်းခြင်းနှင့် မှတ်ခြင်းတို့၏ စမ်းသပ်မှု ပေါ် အခြေခံခဲ့ကြောင်း တွေ့ရမည်။ ဧကန်စင်စစ်၌ အနက်ဟူသည် စကားသံ(စကားလုံးများ )နှင့် ပြင်ပ လောကသို့ ဆက်စပ်မှု ကို ထင်ဟပ်၏ ။ ပြင်ပလောကဆိုသည်မှာ ဘာသာစကား၏ အပြင်အပကို ဆိုလိုရင်းဖြစ်သည်။ စကားသံတို့နှင့် ပြင်ပလောကတို့ကို ဆက်စပ်မှု ပြုရာ၌ ညွှန်းခြင်းဖြင့်လည်း ကောင်း၊ အမှတ်ပြုခြင်းဖြင့်လည်းကောင်းပြုခြင်းသည် အရေးကြီးသော နေရာတို့မှပါဝင်ကြပေသည်။

စကားပြောဆိုရာ၌ အနက်အဓိပ္ပာယ်ရှိရသည်ဆိုသည်မှာ စကားလုံးများ ကိုသာ အံထုတ်ခြင်း သက်သက်ကိုမဆိုလိုပေ။ စကားသံတို့ကို ၀ါကျများ ဖြင့် ရပ်လိုက်၊ ဖြတ်လိုက်၊ သူများ ပြောလျှင် နား လိုက်နှင့် အရပ်အနားများ ထားလျက် ဆက်စပ်ဆန့်ထုတ်ပြောဆိုမှသာ အနက်ပေါ်ခြင်းကို ဆိုလိုသည်။ စကားလုံးတို့သည် စကားသံများ ကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက တွေ့ရသောပစ္စည်းများ ဖြစ်၍ ၎င်းတို့ကို ပြောသူက စုဆောင်းထားရသည်။

ပြောသူသည် ဤသို့ စုဆောင်းထားရှိသည့်အထဲမှ သင့်ရာတို့ကို စုစည်းလျက်စကားသံများ အဖြစ် ရွေးထုတ်သုံးစွဲလိုက်ပေသည်။ စကားလုံးတစ်ခုတည်းရှိသော စကားသံကိစ္စ၊ တစ်နည်းဆိုလျှင် စကားလုံးတစ်ခုတည်းနှင့် ၀ါကျမြောက်သော စကားသံတို့သည် ခြွင်းချက်ကိစ္စဖြစ်သည်။ စကားသံတို့၌ အရပ်အနားများ ရှိကြရာဝယ်၊ ပုံနှိပ်ထားသော စာအရေးအသားများ ကဲ့သို့ ကြားခံမျက်နှာပြင် များ ဖြင့် ခြားထားမျိုးတော့ မဟုတ်ပါပေ။

စကားသံတို့တွင် အဓိပ္ပာယ်ရှိ၏ ။ အဓိပ္ပာယ်သဘောအပြည့်ပါရ၏ ။ ကလေးသူငယ်တစ် ယောက်သည် အခြားသူများ ပြောသံဆိုသံကို ကြားနာရင်းစကားလုံးတို့၏ အနက်အဓိပ္ပာယ်ကိုသိလာ ကြ၏ ။ ၎င်းကိုယ်တိုင်ပြောစမ်း ဆိုစမ်းကြည့်ရာမှ ကြားရသူတို့က ၀ိုင်းဝန်းပြင်ဆင်ပေးခြင်းဖြင့် ထို ကလေးသည် စကားလုံးအဓိပ္ပာယ်များ တိုးတက်သိရှိလာခဲ့ပေသည်။ ထိုဖြစ်စဉ်သည် ကျွန်ုပ်တို့၏ ဘ၀ တစ်လျှောက်လုံးတွင် ဖြစ်ပေါ်နေခဲ့လေရာ ကြားရင်းတွေးရင်းနှင့် ကျွန်ုပ်တို့သည် စကားလုံးအသစ်များ သိလာရ၏ ။ သိပြီးသားစကားလုံးတို့နှင့် ဆိုင်သော ဗဟုသုတတို့လည်း ကြွယ်ဝလာခဲ့သည်။ သုံးနေကျ နည်းလမ်းအတိုင်းမဟုတ်ဘဲ ခြားနားစွာ စကားလုံးများ ကို သုံးစွဲခဲ့ကြသည်။ ထို့ကြောင့် စကားလုံးတစ် လုံး၏ အနက်အဓိပ္ပာယ်ဟူသည် ၀ါကျအမျိုးမျိုးတွင် ထိုစကားလုံးကို ထည့်သွင်းသုံးစွဲရာ၌ သုံးစွဲပုံသုံး စွဲနည်းလိုက်၍ ယူဆရမည့် သဘောရှိပေသည်။ အဘိဓာန်တို့က ဆောင်ရွက်သည်မှာ ၀ါကျအမျိုးမျိုး တွင် စကားလုံးတစ်လုံးစီ အသုံးပြုပုံတို့ကို အတိုချုံးဖော်ပြခြင်းဖြစ်၏ ။

မည်သည့်ဘာသာစကား၌ မဆို ပြောနိုင်ဆိုနိုင်သော ၀ါကျတို့သည် အကန့်အသတ်မရှိပေ။ သို့ သော်ဝါကျတို့ကို ပြောသူကစုဆောင်းထားသော စကားလုံးအင်အားထဲမှ ဖွဲ့စည်းရသည်။ ပြောသူတစ် ယောက်၏ စကားလုံးအင်အားစုသည် အပြောင်းအလဲများ ရှိနိုင်သော်လည်း ကာလတစ်ပါး၌ မူ ပုံသေ ဖြစ်နေတတ်ပေသည်။

ထို့ကြောင့် စကားလုံးတို့သည် ယေဘုယျသဘောအားဖြင့် အနက်အဓိပ္ပာယ်တို့ကို ဖော်ပြရန် သင့်တော်သောယူနစ်များ ဖြစ်ကြသည်။ ဂရုမူရန်ကား စကားလုံးတို့၌ အနက်ရှိကြသည်မှာ ၎င်းတို့ကို ၀ါကျတို့တွင် သုံးစွဲထားသောအကြောင်းကြောင့်သာ အနက်ရှိကြသည်ဆိုသော အချက်ဖြစ်သည်။ ၀ါကျတို့သည် များ သောအားဖြင့်စကားလုံးတစ်လုံးထက်ပို၍ ရှိကြသည်။ ၀ါကျတစ်ခု၏ အနက် အဓိပ္ပာယ်ဆိုသည်မှာ ထိုဝါကျတွင်ပါဝင်သော စကားလုံးတစ်လုံးစီ၏ အနက်အဓိပ္ပာယ်တို့ကို ပေါင်းခြုံ ထားခြင်းဖြစ်သည်ဟု အမှတ်မမှားဖို့လည်း အလွန်အရေးကြီးသည်။

ဤသို့အရေးကြီးရသည်မှာ အကြောင်းသုံးကြောင်းကြောင့်ဖြစ်ပေသည်။

ပထမ။ ။ ၀ါကျ(သို့ မဟုတ်) ၀ါကျများ ပါသော စကားလံသည် အခြေခံကျသော ဘာသာ ဗေဒဆိုင်ရာအခြင်းအရာဖြစ်သည်။

ဒုတိယ။ ။ သဒ္ဒါဖွဲ့စည်းပုံနှင့် ၀ါကျနိမ့်မြင့်သံပြောင်းလဲမှု ကဲ့သို့ စကားသံဖွဲ့စည်းပုံအသွင် လက္ခဏာတို့၌ လည်း အနက်အဓိပ္ပာယ်တစ်စိတ်တစ်ဒေသရှိနိုင်သည်။

တတိယ။ ။ စကားအခွန်းအနည်းအများ ရှိလေရာ စကားလုံးတို့သည် အခြားစကားလုံးတို့ နှင့် တွဲ မှပုဒ်ဆက်မှ အနက်ထွက်သည်များ ရှိသည်။ ရံဖန်ရံခါတွင် ထိုစကားလုံးတို့သည် တွဲ ရိုးတွဲ ဆက် ပြုမှ လိုရင်းအနက်အဓိပ္ပာယ်ထွက်၍ တစ်လုံးချင်းမူ လိုရင်းအနက်မဲ့နေသည်များ ရှိတတ်သည်။ ဥပမာ အင်္ဂလိပ်စကားလုံး Cold War, Feather weight (လက်ဝှေ့ပွဲစကားလုံး) Wild cat strike ဤ အကြောင်းနှင့် ပတ်သက်၍ တွဲ ရိုးစကားလုံးတွဲ ခြင်းအကြောင်းတွင် ရှင်းထားသည်။

ညွှန်းခြင်းနှင့် မှတ်ခြင်းတို့သည် များ စွာ သော စကားလုံးတို့၏ အနက်အဓိပ္ပာယ်တို့တွင် အစိတ် အပိုင်းများ ဖြစ်သည်မှာ ထင်ရှားသည်။ စကားလုံးနှင့် အနက်ဆက်စပ်မှု နှင့် စပ်လျဉ်း၍ ဒဿနပိုင်း၌ အချေအတင်ဆွေးနွေးခဲ့ကြသည်မှာ ကြာပါပြီ။ ဤနေရာ၌ အကျယ်မတင်ပြလိုတော့ပေ။ ၀ါကျတို့တွင် စကားလုံးများ သုံးစွဲထားပုံကို ထောက်ရှု၍ ပြောသူနှင့်ကြားသူတို့၏ ပတ်ဝန်းကျင်အခြေအနေတို့မှ တစ်စုံတစ်ရာသော အရာဝတ္ထုအသွင်လက္ခဏာဖြစ်စဉ်နှင့် ဂုဏ်တို့ကို ကောက်နုတ်ယူနိုင်ပေသည်။ ၎င်းတို့အပေါ် အာရုံစူးစိုက်ကြည့်ပြီး လိုအပ်လျှင် ထပ်မံစုံစမ်းမှု ပြုလုပ်ကာ ၎င်းတို့နှင့် ပတ်သက်၍ မှန်း ဆမှု များ နှင့် လိုအပ်သောဆောင်ရွက်မှု များ ပြုလုပ်နိုင်ပေသည်။ အရေးကြီးဆုံးမှာ အတိတ်ကတွေ့ကြုံ ဖူးသည်ကို ပြန်လည်စဉ်းစားကာ အသုံးပြုထားသောစကားလုံးတို့သည် ပြောသူနှင့် ကြားသူတို့ကြား တွင် ယခင်ကတွေ့ဖူး၊ ကြုံဖူးသော အတွေ့အကြုံ၌ အဆက်အစပ်ရှိ မရှိ ထောက်ပြီး ရှေ့အခြေအနေ ကို မှန်းဆမှု ပြုခြင်းဖြစ်သည်။ ဤနည်းဖြင့် စကားလုံးတို့၏ အနက်ကို ညွှန်ပြထောက်ပြခြင်းဖြင့် သိနိုင် ပေသည်။

သို့ သော်စကားလုံးနှင့် ၎င်းစကားလုံးကညွှန်းသော အရာတို့၏ ဆက်စပ်မှု သည် ထင်သလိုလွယ် ကူလှသည်မဟုတ်ပေ။ ကိုယ်ပိုင်အမည်(မောင်မောင်၊ မရီ)တို့သည် လူတစ်ဦးတစ်ယောက်ကို ညွှန်း သည်။ ယောက်ျားလေးနှင့် မိန်းကလေးစသော စကားလုံးတို့သည် လူတစ်ဦးတည်းကို ရည်ညွှန်းသည် မဟုတ်တော့ဘဲ အမျိုးတူပုဂ္ဂိုလ်စုကို ရည်ညွှန်းသည်။ ထိုနည်းတူစွာ ကြိယာပုဒ်ဖြစ်သော တက်သည်၊ ပျံသည်၊ ရေကူးသည်၊ လမ်းလျှောက်သည် တို့သည် မျက်နှာပြင်၌ ခန္ဓာကိုယ်လှုပ်ရှားမှု လေးမျိုးလေး စားကို ရည်ညွှန်းသည်။ ယုတ္တိဗေဒအသုံးအနှုန်းအရဆိုလျှင် မှတ်ခြင်း ကို တစ်စုံတစ်ရာတိကျပေါ်တင် သော၊ လုပ်ငန်းသဘောဖြစ်သောအနက်ဖြင့် အသုံးပြု၍ ယေဘုယျအနက်များ ဖော်ပြလိုသောကိစ္စတို့ တွင် ညွှန်းခြင်း ကို သုံးစွဲအပ်သည်။

စကားလုံးတစ်လုံး၏ အနက်ဟူသည် ပြောသူနှင့်ကြားသူတို့၏ စိတ်တွင် ဤစကားလုံးက နှိုးဆွ သယ်လာသော အယူအဆသာဖြစ်သည်ဟု မကြာခဏပြောလေ့ရှိသည်။ ထိုအမြင်သည် သဘာသာ စကားသည် စကားပြောဖြင့် အယူအဆများ ကို ဆက်သွယ်ရာဖြစ်သည်ဟူသော တွေးခေါ်ချက်နှင့် နှီးနွှယ်၍ ပေါ်လာခြင်းဖြစ်သည်။ စကားလုံးတို့၏ အနက် အကြောင်းနှင့်ဘာသာစကားတို့၏ ဆောင်ရွက် ပုံတို့ကို အဆိုပါအတိုင်းထင်မြင်ယူဆခြင်းနှင့် ပတ်သက်၍ ကန့်ကွက်စရာအကြောင်း နှစ်ချက်ရှိပေ သည်။

(၁) အများ ပိုင်အခြင်းအရာ (ပြောခြင်း၊ ရေးခြင်း)တို့ကို တစ်ဦးဆိုင်အခြင်းအရာတို့ဖြင့် ရည် ညွှန်း၍ အနက်ဖွင့်ရှင်းလင်းပြသည်။ (၂) အယူအဆဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း၊ မည်သို့ အကူအညီပေးကြောင်း ရှင်းရအတော်ခက်လှသည်။ အယူအဆသည် အနက်ဖြစ်သည်ဟုလောက်သာ ပြောနိုင်သည်။ ပထမကန့်ကွက်ချက်သည်။ ဘာသာဗေဒသည် လက်တွေ့ကျကျစစ်ဆေးသော သိပ္ပံ ပညာရပ်ဟု အဆင့်အတန်းသတ်မှတ်ရာမှ ပေါ်ပေါက်ခြင်းဖြစ်၏ ။ ဒုတိယကန့်ကွက်ချက်ကို အနည်း ငယ်ရှင်းလင်းရန်လိုပါလိမ့်မည်။

အယူအဆ ဟူသည် စိတ်ကားချပ်ဖြစ်ဘိသကဲ့သို့ ယူဆလေ့ရှိသည်။ စာအုပ်တို့တွင် ရုပ်များ ဖြင့် အနက်အဓိပ္ပာယ်ဖော်ပြခြင်းကို မကြာခဏတွေ့ရသည်မှာ ဤသဘောဆောင်ပါသည်။ စိတ်ကားချပ် တို့သည် ကျွန်ုပ်တို့၏ တစ်ဦးဆိုင် အတွေ့အကြုံတွင် တကယ်အစစ်အမှန်ဖြစ်ကြသည်။ ဤအချက် ကြောင့်ပင် ၎င်းတို့သည် ဘာသာဗေဒ၌ အနည်းငယ်လောက်သော ဆီလျော်အပ်စပ်မှု ဖြစ်ရသည်။ ထိုသို့ ဖြစ်ရသည်မှာ အကြောင်းနှစ်ချက်ကြောင့်ဟုဆိုရပါမည်။

ပထမအကြောင်းမှာ စိတ်ကားချပ်တို့ကို ဖြစ်ပေါ်စေရန်ဘာသာစကား တစ်ရပ်တွင်ရှိသော စကားလုံးအားလုံးက လှုံ့ဆော်ပေးခြင်းမရှိဟု ယူဆဖွယ်ရာရှိနေခြင်းဖြစ်ပေသည်။ သူ့ဟာနှင့်သူ သီးသီးခြားခြားအနက်အညွှန်းများ ဖြင့် ပြီးနေသောစကားလုံးအားလုံးကပင် လှုံ့ဆော်ပေးခြင်းမရှိဟု ပြောနိုင်သည်။ ဒုတိယအကြောင်းမှာ စိတ်ကားချပ်ကဲ့သို့ အယူအဆသည် လူတစ်ဦးက စကားလုံးတစ် လုံးကို အသုံးပြုနိုင်စွမ်းရှိသည်။ ဤစကားလုံးကို မှန်ကန်စွာ နားလည်နိုင်စွမ်းရှိသည်ဆိုသော အချက် တို့ကို မရှင်းပြနိုင်ခြင်းဖြစ်ပေသည်။ ပုံရုပ်သည်တစ်စုံတစ်ခုကိုသာ ရည်ညွှန်းသည်ဖြစ်ရ၏ ။ ဥပမာ တြိဂံ ဆိုသော စကားလုံးကို စိတ်ထဲတွင်ပုံရိပ်ဖော်ကြည့်ပြီး ချဆွဲကြည့်ပါက တြိဂံတစ်မျိုးကိုသာ ဆွဲပြရမည် ဖြစ်သည်။ စင်စစ်၌ တြိဂံ သည် အမျိုးမျိုးသော တြိဂံတို့ကို ရည်ညွှန်းပေသည်။ စကားလုံးတစ်လုံးက မည်သည်ကို ရည်ညွှန်းကြောင်းကို သိရှိနိုင်ရန်စိတ်ထဲတွင် ပုံရိပ်ဖော်ကြည့်ပြီး ပေါ်လာသည့် ပုံရုပ်ကို အသိအမှတ်ပြုလိုက်သည်များ ရှိခဲ့သည်။ ဤသို့ ရှိခဲ့လျှင် ကျွန်ုပ်တို့အမှန်တကယ်မြင်တွေ့ရသည့် အရာများ နှင့် စိတ်ကားချပ်တို့ကို အခြားဗဟုသုတတို့၏ အကူအညီဖြင့် စုပေါင်းပေးရပါမည်။ စကားလုံး တစ်လုံး၏ အနက်(သို့မဟုတ်)အနက်တို့ကို သိရှိခြင်းမှာ စက်ဘီးတစ်စီးကို အစီးလေ့ကျင့်သင်ရသကဲ့ သို့ လက်တွေ့ဗဟုသုတလိုပေသည်။ စကားလုံးကို သူများ နားလည်အောင်သုံးရတတ်၏ ။ သူများ ပြော သောစကားလုံးကိုလည်း နားလည်တတ်ရသည်။ လက်တွေ့ဗဟုသုတရှိသည်ဆိုသည်မှာ စကားလုံး တို့က ရည်ညွှန်းသောအရာဝတ္ထုဖြစ်စဉ်စသည်တို့ကို ကျယ်ဝန်းစွာ သိရှိလာခြင်းဖြစ်ပေသည်။

စကားသံများ ဖြစ်အောင် စကားလုံးတို့အား ရွေးချယ်အသုံးပြုရာ၌ လောက၏ အသီးသီးသော အစိတ်အပိုင်းနှင့် အသွင်လက္ခဏာတို့ပေါ်တွင် ဂရုစိုကအာရုံထားရ၏ ။ ယင်းသို့အာရုံထား၍ စကားလုံး တို့အားသင့်လျော်ရာ အသုံးပြုရာတွင် တွေ့ကြုံရသော ပတ်ဝန်းကျင်ကို အနုစိတ်ခွဲခြမ်းစိတ်ဖြာရ၏ ။ ဖွဲ့စည်းရ၏ ။ စကားလုံးများ ကို ရွတ်ပြရေးပြခြင်းသည် ခြားနားသော အရာဝတ္ထုအသီးသီးကို အမည် နာမတပ်ပေးရုံမျှမဟုတ်ပေ။ အမျိုးအစားမတူ ခွဲခြားပေးရခြင်းကိုလည်းပြုရ၏ ။ ယောကျာ်းလေး၊ မိန်း ကလေး၊ သစ်ပင်၊ အိမ် စသည့်စကားလုံးတို့သည် အများ ဆိုင်နာမ်များ အဖြစ် အမျိုးအစားခွဲခြားပေး ကြောင်းသိသာသည်။

ထို့အပြင် အမည်နာမတို့သည် ထာဝရမြဲနေတတ်လေရာ ဤသဘောမှာ အခြင်းအရာတို့ကို အဆက်ဆက်မြင်တွေ့ရာ၌ တစ်စဉ်တစ်စိုက် တူညီမှု တွေ့ရသည့်သဘောဖြစ်ပေသည်။ ယနေ့တွေ့ သောမောင်ဘသည် မနေ့ကတွေ့သော မောင်ဘနှင့်အတူတူဖြစ်ခြင်း၊ ယနေ့တွေ့သော စားပွဲသည် မနေ့ကတွေ့သော စားပွဲနှင့်အတူတူဖြစ်ခြင်းတို့မှာ တစ်စုံတစ်ဦး၏ မျက်စိရှေ့တွင်ပေါ်လာသည်ကို အာရုံ၌ ထင်သည့် သဘောလောက်သာမဟုတ်ဘဲ ဤအာရုံတွင် စည်းစနစ်တစ်စုံတစ်ရာချမှတ်သည့် သဘောလည်းသက်ဝင်သည်။

ဒြပ်မဲ့အနက်ရှိသော စကားလုံးတို့ကိစ္စတွင် လတ်တလော အတွေ့အကြုံ လောကကိုပို၍ နက်နဲ စွာ စီစဉ်ဖွဲ့စည်းပေးရသည့်လုပ်ငန်းသည် ပါဝင်ကုန်၏ ။ ဥပမာ။ ။ အကြောင်း နှင့် အကျိုး ဆိုသော စကားလုံးတို့သည် စားပွဲ နှင့် ကုလားထိုင် ဆိုသော စကားလုံးတို့ကဲ့သို့ အရာဝတ္ထုတို့ကို အနက်ပေး သည်မဟုတ်။ ထို့အပြင် ထိုစကားလုံးတို့၏ အနက်ကိုစိတ်ထဲတွင် ပုံရုပ်ဆွဲပြီး ဖော်ကြည့်လို့ရသည် လည်းမဟုတ် ထိုစကားလုံးတို့၌ အရေးကြီး၍ ထူးခြားသော အနက်များ ရှိလေရာ ထိုစကားလုံးတို့ကို သုံးစွဲမှု သည် ကျွန်ုပ်တို့ နေထိုင်သောလောကကြီးပေါ်တွင် အတော်အဆင့်အတန်းမြင့်သော စည်းစနစ် ကျမှု များ ကို ကျွန်ုပ်တို့က ပြဋ္ဌာန်းပေးထားပြီးရာ ရောက်ပေသည်။

ထိုနည်းတူစွာ အမှန်၊ အမှား၊ တာဝန်၊ ပြစ်မှု စသော စကားလုံးတို့နှင့် ထိုစကားလုံးတို့နှင့်သက် ဆိုင်သည့် ပစ္စည်း၊ ခိုးခြင်း၊ ပြစ်ဒဏ်၊ ပြုပြင်ပြောင်းလဲရေး ဆိုသော စကားလုံးတို့အား သုံးစွဲပုံကို ကြည့်ပါ ဦး။ ရှေးရိုးအစဉ်အလာသဘောအရလည်းကောင်း၊ လူအများ က လက်မခံသည့် သဘောအရလည်း ကောင်း တရားဥပဒေ၏ ပြစ်ဒဏ်ခတ်မှု တို့အရလည်းကောင်း သတ်မှတ်ထားသောလူတို့၏ အပြုအမူ တို့ကို ထိုစကားလုံးတို့က လူမှု ရေးအရ ချိတ်ဆက်ပေးထားသည့် သဘောများ တွေ့နိုင်ပေသည်။

အတွေ့အကြုံကို စည်းစနစ်ကျအောင်ပြုသော လုပ်ငန်းအချို့ကို ဘာသာစကားအားလုံးက အသိအမှတ်ပြုထားသည်။ ဤသို့ စည်းစနစ်ကျအောင်ပြုနိုင်ခြင်းသည် လူသားတို့အတွက် တန်ဖိုးရှိလှ သော ပစ္စည်းဖြစ်သည်။ (ဥပမာ အရာဝတ္ထုတို့သည် ကာလဒေသကို မှီတည်သည်ဟု အသိအမှတ်ရှိ ခြင်းမျိုး)။ အတွေ့အကြုံကို စည်းစနစ်ကျအောင် စီစဉ်ဆိုရာ၌ များ သောအားဖြင့် ပြောသူ၏ အတွေ့အ ကြုံကို စီစဉ်သည့်ဘက် အကဲပိုပေးလေ့ရှိ၏ ။ ပြောသူ၏ အတွေ့အကြုံကိုစည်းစနစ်ကျကျ ဖွဲ့စည်း သည့် ပုံစံကိုလိုက်၍ ဘာသာစကားအသီးသီးတွင် အရောင်ပေးပုံခြားနားနေကြခြင်းသည် ဤသဘော ကို ညွှန်းနိုင်သည်။

ဘာသာစကားတစ်ခုမှတစ်ခုသို့ ဘာသာပြန်ရသော ကိစ္စ၌ အခက်အခဲများ တွေ့ကြုံသည်။ အထူးသဖြင့် လူ့ကျင့်ဝတ်၊ ဘာသာရေး၊ တရားဥပဒေနှင့် နိုင်ငံရေးပြဿနာတို့စပ်လျဉ်း၍ ဘာသာပြန်ရ လျှင် ပို၍ အခက်အခဲကြီးမားသည်။ ဤသို့ အခက်အခဲတွေ့ရသည်မှာ လူမျိုးအသီးသီး၏ ဘ၀နေထိုင်မှု စနစ်တို့ခြားနားကြသောကြောင့်ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ဤကမ္ဘာကြီးပေါ်တွင် နေထိုင်ကြစေကာ မူ အလားတူတစ်လောကတည်းနေကြသည်ကားမဟုတ်။ လောကချင်းခြားနားကြပုံကို ဘာသာစကား အသီးသီးမှ အဘိဓာန်တို့၌ အရေးကြီးသောအရာဝတ္ထုများ နှင့် စပ်လျဉ်း၍ အနက်ပေးထားကြပုံ ခြားနား သည်ကိုကြည့်၍ သိသာနိုင်ပေသည်။

နိဒဿနဟုဆိုအပ်သော လက်ညှိုးညွှန်ပြသကဲ့သို့ ညွှန်းခြင်းသည်လောက၏ အခြင်းအရာအ သီးသီးဆက်မှု စပ်မှု တို့ကို ကျယ်ဝန်းစွာ ခြုံမိသည်ကား မှန်ပါသည်။ သို့ ရာတွင် အချို့သောစကားလုံးတို့ သည် သူ့ဟာနှင့်သူ သီးသန့်အနက်ရှိကြသည်မဟုတ်လေသောအခါ လက်ညှိုးညွှန်ခြင်းသည်ပင် အဓိ ပ္ပာယ်မရှိသကဲ့သို့ဖြစ်ရသည်။ အင်္ဂလိပ်စကားလုံး If, When, of, all, none, the စသော စကားလုံးတို့ ကို ၀ါကျများ တွင် တွေ့ရပါလိမ့်မည်။ ၎င်းစကားလုံးတို့သည် ၀ါကျတွင်မပါမဖြစ်အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်ကြသည်။ သို့ ရာတွင် စကားသံနှင့်ဝါကျတို့တွင်သာ အခြေခံအနက်၊ လိုရင်း အနက်တို့ကို တွေ့နိုင်မည်ဖြစ်သည်။ စကားသံနှင့် ၀ါကျတို့တွင် ပါဝင်သောအစိတ်အပိုင်းတို့၏ အနက် တို့ကို စကားသံနှင့်ဝါကျတစ်ခုလုံးတွင် ၎င်းတို့အထောက်အကူပြုသည့်အနက်လောက်၌ သတ်မှတ် တွက်ယူရပါမည်။

အထောက်အကူပြုလိုက်သော ထိုအနက်သည် ၀ါကျတစ်ခုလုံး၏ အနက်ကို အညွှန်းပြုရာ၌ တစ်စိတ်တစ်ဒေသပါဝင်သည်ဟု ဆိုခြင်းကြောင့်ထိုအထောက်အကူပြုအနက်သည် အခါခပ်သိမ်းထို အနက်ပင် ဆောင်လိမ့်မည်ဟုမဆိုအပ်ပေ။ စကားလုံးတစ်လုံးသာပါဝင်သော ၀ါကျမှ ထိုစကားလုံး၏ အနက်သည် ထို့ထက်ကြီးသောဝါကျတွင် အလားတူ အနက်ဆောင်လိမ့်မည်ဟုမဆိုအပ်ပေ။

စကားလုံးတစ်ခုသည် မည်သည့်နေရာ၌ သုံးသုံး အနက်မပြောင်းမလဲ တည်တည်ငြိမ်ငြိမ်ရှိနိုင် သည်မှာ သာမန်စကားအပြောအဆိုတို့၌ ဤစကားလုံးပါဝင်ရသည့်အဆင့်အတန်းပေါ်တွင် မူတည်ပေ သည်။ မည်သို့ ပင်ရှိစေ အနက်အရာ၌ တည်ငြိမ်လှပါသည်ဆိုသော စကားလုံးသည်ပင်လျှင် အခြား ၀ါကျ အသုံးတို့၌ လည်း အများ သုံး ‘အမာခံအနက်’ရှိလိမ့်မည်ဟု ကြိုတင်ယူဆထားရန်သင့်လှသည် မဟုတ်ပေ။ စကားလုံးတို့ကို သီးခြားခွဲထုတ်၍ သုံးစွဲခြင်းမျိုးမှာ ရှာမှရှားပါသည်။ အခြားစကားလုံးတို့နှင့် အစပ်အဟပ်ပြု၍ ၀ါကျရှည်တို့တွင် သုံးစွဲရရိုးဖြစ်ရကား စကားလုံးတို့ကို ၀ါကျတွင် မည်သို့ သုံးစွဲသည်။ ၀ါကျတို့ကို မည်သို့သုံးစွဲသည်ကို လိုက်၍ သာအနက်ပေးနိုင်မည်ဖြစ်ပေသည်။ အခြားနည်းဖြင့် အနက် ပေးလို့ငှာမဖြစ်နိုင်ပေ။ ဥပမာအထက်တွင် ဖော်ပြသော If, When စသောစကားလုံးတို့သည်။ အခြား စကားလုံးများ နှင့် ၀ါကျတွင်ဆက်စပ်ပါမှ လိုရင်းအနက်ထင်လာနိုင်ခြင်းမျိုးဖြစ်သည်။ သို့ ဖြစ်ရာ စကား လုံးတစ်လုံးကို သီးခြားခွဲထုတ်၍ အနက်ဖော်နိုင်မနိုင်ဆိုသောကိစ္စမှာ ဖော်နိုင်ပါသည်။ မဖော်နိုင်ပါဟူ၍ အလွယ်တကူဖြေဆိုနိုင်သော ကိစ္စမျိုးမဟုတ်ပါပေ။ အတိုင်းအတာပေါ်တည်သည်။

ညွှန်းခြင်း၊ မှတ်ခြင်းတို့ဖြင့် အနက်သဘောတရားတို့တွင် အလုပ်ရှုပ်နေကြသည်။ စကားလုံး၏ အနက်ကို လွယ်လွယ်ကူကူသီးခြားခွဲထုတ်၍ ညွှန်းခြင်း၊ မှတ်ခြင်းပြုနေကြသည်ကများ သည်။ စကားလုံးနှင့် အနက်အကြောင်းကို ရှင်းလင်းရာ၌ စကားလုံးနှင့်အညွှန်းဟူ၍ နှစ်ရပ်ဆက်စပ်မှု သဘော ပေါ်အခြေခံကြသည်။ ၎င်းကို အနက်ပြနှင့် အနက်ခံဟူ၍ လည်းပြောကြသည်။ အချို့ကသုံးရပ်ဆက်စပ် မှု ပေါ်အခြေခံ၍ ရှင်းကြသည်။ စကားလုံး၊ ပြောသူ(သို့မဟုတ်) ကြားသူနှင့် အညွှန်းတို့ဆက်စပ်မှု ။

ဝါကျနှင့် ၀ါကျရှိ အစိတ်အပိုင်းတို့၏ အနက်တို့အကြောင်းကို ကောင်းမွန်စွာ ရှင်းလင်းလိုလျှင် ၎င်းတို့မည်သည်ကို ညွှန်းကြသနည်းဆိုသော အခြေခံထက်၊ ၎င်းတို့သည် မည်ကဲ့သို့ဆောင်ရွက်ကြသ နည်းဆိုသော အခြေခံပေါ်တွင် ရပ်တည်သင့်ပေသည်။ အထက်တွင် ဖော်ပြခဲ့သော ညွှန်းခြင်းအမျိုးမျိုး ကို ဆောင်ရွက်မှု လုပ်ငန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ထည့်သွင်းနိုင်ကုန်၏ ။

ညွှန်းခြင်းအပြင် သမိုင်းဆိုင်ရာ အကြောင်းအချက်အလက်တို့ကို လိုအပ်သည်ထက်ပို၍ အလေးအနက်ထည့်သွင်းစဉ်းစားကြသဖြင့်လည်း လူအများ က ဆွေးနွေးနေကြသော ဘာသာစကား အကြောင်းကိစ္စမှာ အရောင်ပါနေရပေသည်။ အထူးသဖြင့် စကားလုံး၏ အနက်အကြောင်းကို ဆွေး နွေးကြရာ၌ အနက်ရင်းကို စကားရင်းမြစ်ဗေဒတွင် ရှာဖွေတွေ့ရှိနိုင်သည်။ စကားလုံး၏ ယခင်ပုံစံနှင့် ယခင်အသုံးပြုပုံတို့ကို ရှာဖွေ၍ အနက်ရှာသင့်သည်ဟု တိုက်တွန်းပြောဆိုကြပါသည်။ holiday ဆိုသော စကားလုံး၏ တကယ့်အစစ်အမှန်မှာ holy-day (ဘာသာရေးနေ့)မှလာသည်။ စသည်ဖြင့် ပြယုဂ်များ ပြကြသည်။

သရုပ်ဖော်ဘာသာဗေဒ၌ စကားလုံးအနက်တို့ဟူသည် တစ်စုံတစ်ရာသော ကာလ၌ ပြောသူက ၀ါကျတို့တွင် စကားလုံးများ အား မည်သို့ မည်ပုံသုံးစွဲထားကြောင်းကို အကျဉ်းနည်းဖြင့် ဖော်ညွှန်းခြင်း သာဖြစ်သည်ဟုဆိုအပ်၏ ။ ဤသို့ဆိုအပ်လျှင် သမိုင်းကြောင်းအရ ပေါ်ပေါက်ခဲ့သော အနက်တို့သည် ဘာသာဗေဒဖော်ညွှန်းချက်၏ အပြင်အပတွင် ရောက်ရှိရပါမည်။ အထူးသီးသန့် ဗဟုသုတမရှိလျှင် ပြောသူတို့သည် ၎င်းတို့၏ ဘာသာစကားသမိုင်းကြောင်းကို မသိရှိကြပါ။ သို့ သော်၎င်းတို့သည် ဘာသာ စကားကိုအသုံးပြု၍ အချင်းချင်းဆက်သွယ်ကြ၏ ။ ဘာသာစကားကို နားလည်ကြ၏ ။

မည်သည့်စကားလုံး၏ အနက်တို့မဆို သမိုင်းကြောင်း အခြေခံဖြင့် ပေါက်ဖွားလာကြသည်မှာ ဧကန်ဖြစ်ပေသည်။ များ စွာ သော ကိစ္စတို့တွင် စကားလုံးအနက်တို့မှာ ယဉ်ကျေးမှု သမိုင်းခေတ်အဆက် ဆက်တို့မှ ဖြစ်ထွန်းခဲ့ခြင်းဖြစ်၏ ။ အဘိဓာန်တို့၌ ထိုသမိုင်းကြောင်းများ ကို ဖော်ပြလေ့ရှိပါ၏ ။ ဤသို့ သမိုင်းခြေရာခံကြရင်းဖြင့် ထိုပုဂ္ဂိုလ်တို့သည် စင်ကရောနစ်သုတ်အဆို နယ်နိမိတ်ကိုကျော်လွန်ကာ သမိုင်းဆိုင်ရာ ရှင်းလင်းမှု နယ်ဘက်သို့ ကူးသွားခဲ့ကြပေသည်။

(၁) (၄) (၃) အရာဌာနအဆက်အစပ်

အနက်အဓိပ္ပာယ်အကြောင်းကို စင်ကရောနစ်သဘောအရ ချဉ်းကပ်အပ်၏ ။ ပတ်ဝန်းကျင်အ စိတ်အပိုင်းအသီးသီးကို ပေါ်ထင်စွာ အညွှန်းပြုခြင်းအပြင် ၀ါကျတို့တွင် စကားလုံးမျိုးစုံအသုံးပြုထား သည်နှင့် ပတ်သက်၍ အရေးကြီးသော တွေ့ရှိချက်များ ကိုလည်း ကိုင်တွယ်ရပါမည်။ ဗြိတိန်နိုင်ငံတွင် အနက်အဓိပ္ပာယ်အကြောင်းနှင့်စပ်လျဉ်း၍ ဘာသာဗေဒအရ စူးစမ်းရာ၌ လည်းကောင်း၊ သဘောတရား ပြုရာ၌ လည်းကောင်း အရာဌာနအဆက်အစပ် အမြင်ဖြင့် ပြုလုပ်ခဲ့ကြသည်။

အရာဌာနအဆက်အစပ်ဆိုသောအမြင်ကို မာလင်နော်စကီးနှင့် ဖတ်(ဖ်)တို့က ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါ၏ ။ ထိုအမြင်ဖြင့် ၎င်းတို့က ဘာသာစကား၏ ဆောင်ရွက်ပုံကို ရှင်းပြကြသည်။ အရာဌာန အဆက်အစပ်များ ကို ထူထောင်ခြင်းဖြင့် အခြေပြုသူသည် စကားသံတို့နှင့် ၎င်းစကားသံတို့ကိုပြော သည့်၊ ပြောနိုင်သည့်ပတ်ဝန်းကျင်(သို့မဟုတ်) အခြေအနေတို့၏ ဆက်စပ်ပုံကိုဖော်ပြသည်။ တစ်စုံ တစ်ရာသော အရာဌာနအဆက်အစပ်တစ်ခုတွင် စကားသံ (သို့မဟုတ်) အဆက်ဆက်မှဝါကျတို့ကို သက်ဆိုင်ရာ ပတ်ဝန်းကျင်အစိတ်အပိုင်းအသီးသီးနှင့် အမျိုးမျိုးဆက်စပ်စေသည့်အနက်ဟူသည် ရှေး ဦးပထမ၀ါကျ သို့ မဟုတ် စကားသံ၏ လုပ်ငန်းဆောင်တာဆောင်ရွက်မှု ဖြစ်၏ ။ ၀ါကျ၏ လုပ်ငန်းသည် အနက်ထင်စေရန်ဖြစ်၏ ။ အနက်ကိုဟောရာ၏ ။ ထိုအတွက် ၀ါကျတစ်ခုလုံး၏ အနက်ကို ၀ါကျတွင် အစိတ်အပိုင်းအဖြစ် ပါဝင်သော စကားလုံးအသီးသီးတို့၏ အနက်များ ဖြင့် ရည်ညွှန်းခြင်းသည် လွယ်ကူ ချောမောပေသည်။ သို့ ရာတွင် စကားလုံးအားလုံး၏ အနက်ပေါင်းစုံသည် ၀ါကျတစ်ခုလုံး၏ အနက်ကို အခါခပ်သိမ်းလိုရင်းရောက်အောင် ဆောင်နိုင်ခြင်းမရှိသည်ကို သတိချပ်ရာသည်။

ဘာသာစကားသည် ရည်ရွယ်ရင်းအမျိုးမျိုးကို ပြီးစေသည်။ စကားသံတို့သည် လုပ်ငန်းဆောင် တာအမျိုးမျိုးကို ဆောင်ရွက်သည်။ မည်သည့်ဘာသာစကား၌ မဆို ဝေါဟာရနှင့် စာစီကုံးပုံတို့ ခြားနား မှု ရှိကြ၏ ။ ရှိနေသော အများ သုံးသဒ္ဒါနှင့် ဝေါဟာရအဘိဓာန်အင်အားတို့ကို အခြေတည်လျက် ၎င်းတို့မှ ထုတ်နုတ်ကာစကားလုံးနှင့် ၀ါကျတို့ကို အမျိုးမျိုးခြားနားစွာ အသုံးပြုကြသည်ကို အသိအမှတ်ပြုထားရ ပေမည်။ ဘာသာစကားကို ခြားနားစွာ အသုံးပြုမှု နှင့်စပ်လျဉ်း၍ အနည်းငယ် ဥဒါဟရုဏ်ပြရသော် ကဗျာလင်္ကာများ ၊ ဇာတ်ပြော၊ ပုံပြောများ ၊ သမိုင်းမှတ်တမ်းများ ၊ နာရေးအဟောများ ၊ သာရေးမင်္ဂလာ ရွတ်ဆိုသံများ ၊ ဥပဒေရေးရာ၊ နိုင်ငံရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အုပ်ချုပ်ရေး၊ ပညာရှိသုခမိန်ချင်း ပညာသဘောအရ ဆက်သွယ်မှု များ ၊ နိစ္စဓူဝနေရေး ထိုင်ရေးအတွက် ပြောကြဆိုကြ ရေးသားမှု များ ၊ အတင်းအဖျင်းလေကန်မှု များ ၊ နှုတ်ဆက်စကားပြောဆိုပုံများ စသည် စသည်တို့သည် ဘာသာစကား ကို အသွင်အမျိုးမျိုးဖြင့် အသုံးပြုကြပုံကို ထင်ရှားစေပါသည်။

ဘာသာဗေဒပညာရှင်အဖို့ ဘာသာစကားကို ရှုထောင့်ပေါင်းစုံမှ လုပ်ရပ်ပေါင်းစုံတို့ကို လေ့လာ ရသည်ဖြစ်လေရာ ဒဿနဆရာတို့ထက်လည်းကောင်း၊ စာပေသမားတို့ထက်လည်းကောင်း လုပ်ငန်း ကျယ်ဝန်းသည်ဟုပြောနိုင်သည်။ နိုင်ငံခြားဘာသာစကားကို ပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းသည်ဆိုသည်မှာ ထိုဘာသာစကားကို အခြေအနေပေါင်းစုံ၌ ထိုက်သင့်အားလျော်စွာ သုံးတတ်ခြင်းကို ဆိုလိုဘိသကဲ့သို့ ပင်ဖြစ်ပါ၏ ။ မိခင်ဘာသာစကားပြောဆိုသူအနေနှင့် ကလေးဘ၀မှစ၍ တောက်လျှောက်ဆိုင်ရာ ယဉ် ကျေးမှု ထုံးစံများ စုစည်းရရှိလာခဲ့သည်ဖြစ်လေရာ မိမိ၏ ဘ၀တစ်လျှောက် ကဏ္ဍအသီးသီးတွင် မည် သည့်အခြေအနေ၌ မည်သို့ ပြောဟန်ဆိုဟန်ရှိရမည်ကို သိရှိပြီးသား ဖြစ်နေပေသည်။

ထိုဖြစ်စဉ်ကို ဖော်ပြနိုင်ရန် အလို့ငှာပင် ဘာသာဗေဒပညာရှင်သည် ကဏ္ဍမျိုးစုံလိုက်၍ ဖြစ် ထွန်းသော အခြေအနေအရပ်ရပ်မှ ထင်ရှားအရေးပါသော အသွင်လက္ခဏာများ ကို ကောက်ငင်ယူ ကြည့်ရ၏ ။ ဤအသွင်လက္ခဏာများ ကို ဆက်စပ်ရာအမျိုးအစားများ ဖြင့် ဂိုဏ်းဖွဲ့ရ၏ ။ ၎င်းတို့ကို အရာ ဌာန အဆက်အစပ်ဟုဆိုအပ်ပြီး ထိုအခြေခံဖြင့် လေ့လာရသည်။

ဤသို့ ပြုရာတွင် ဘာသာဗေဒ ပညာရှင်သည် ပုံစံကျအောင်၊ စည်စနစ်ကျအောင်ပြုရ၏ ။ မိခင် စကားပြောသူတို့က အသိစိတ်မပါဘဲ ပြောရင်း ဆိုရင်း ငြင်းရင်း ခုံရင်းဖြင့် တစ်စ တစ်စ မိမိတို့ ဘ၀ တစ်လျှောက်၌ ဘာသာစကားတို့ကို အသုံးပြုတတ်လာပုံတို့ကိုလည်းကောင်း၊ ဘာသာစကားတို့၏ ဆောင်ရွက်လုပ်ကိုင်ပုံတို့ကိုလည်းကောင်း တိုတိုနှင့် လိုရင်းအရေးကြီးရာ ဖော်ညွှန်းရပါမည်။

စကားသံတို့၏ အနက်အဓိပ္ပာယ်၊ စကားသံတို့၏ ဆောင်ရွက်လုပ်ကိုင်ပုံတို့နှင့်စပ်လျဉ်း၍ အရေးကြီးသော အချက်အလက်များ သိရှိနိုင်ရန် နည်းလမ်းမှာ ပုံစံဇယားချတွက်ခြင်းဖြစ်၏ ။ ၎င်းကိုပင် အရာဌာနအဆက်အစပ်ဟုခေါ်သည်။ နမူနာပုံစံကို ဖတ်(ထ်)ကပေး၍ စကားသံနှင့် ၎င်း၏ အစိတ် အပိုင်းတို့ကို အောက်ပါအမျိုးအစားတို့နှင့် ဆက်စပ်မှု ပြုကြည့်သည်။

ပါဝင်သူများ ၏ ဆီလျော်ရာအသွင်လက္ခဏာများ ။

(၁) ပါဝင်သူတို့၏ နှုတ်ဖြင့်ဆောင်ရွက်မှု ။

(၂) ပါဝင်သူတို့၏ နှုတ်ဖြင့်မဟုတ်သောနည်းတို့ဖြင့် ဆောင်ရွက်မှု ။

ကမ္မပိုင်းအရာဝတ္ထုများ

နှုတ်ဖြင့်ဆောင်ရွက်မှု ကြောင့် ဖြစ်သောအကျိုးသက်ရောက်မှု ။

အရာဌာနအဆက်အစပ်သဘောနှင့် စဉ်းစားလျှင် စကားသံတို့၏ အနက်အဓိပ္ပာယ်တွင် စကား လုံးတစ်လုံးစီ၏ ညွှန်းခြင်းနှင့် မှတ်ခြင်းများ ပါဝင်သည်။ ထို့အပြင် ၀ါကျများ (သို့မဟုတ်) စကားသံများ အား တစ်ခုလုံးခြုံ၍ ဖော်သောအသွင်လက္ခဏာများ လည်း ပါဝင်သည်။ ပါဝင်သူတို့၏ ပုဂ္ဂိုလ်ရေးအဆင့်အတန်း၊ အိမ်ထောင်စုနှင့် လူမှု ရေးဆက်ဆံမှု ၊ အသက်အရွယ်စသည်တို့သည် ၀ါကျ အကြောင်းတို့ကို စဉ်းစားရာ၌ ဆီလျော်အပ်စပ်ခြင်းမရှိသော်လည်း ၎င်းတို့ကိုအရာဌာနအဆက်အစပ် သဘောတရား၏ ဆီလျော်ရာခေါင်းစဉ်များ အောက်တွင်ကိုင်တွယ်ဖြေရှင်းပေးသည်။

ထို့ကြောင့် ဘာသာစကားတွင် အနက်အဓိပ္ပာယ်ဆိုသည်မှာ ဆက်စပ်မှု တစ်ခုတည်း၊ ဆက်စပ် မှု ပုံစံတစ်မျိုးတည်းကို ဆိုလိုသည်မဟုတ်။ စကားသံနှင့် ၎င်းရှိအစိတ်အပိုင်းအသီးသီး၊ ပတ်ဝန်းကျင်၏ ဆီလျော်ရာလက္ခဏာများ နှင့် ပတ်ဝန်းကျင်အစိတ်အပိုင်းအသီးသီး (ယဉ်ကျေးမှု နှင့် ရုပ်ဝတ္ထုပိုင်းနှစ် ပိုင်းစလုံးပါဝင်သည်)တို့၏ ဘက်စုံမျိုးစုံဆက်စပ်မှု များ အကျုံးဝင်ပါဝင်သည်။ ဤသို့ သော မျိုးစုံဘက်စုံ စဉ်းစားမှု တို့သည် လူ့အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးကိစ္စတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိလာသော လူလူ ချင်းအတုံ့အလှည့် ဆက်ဆံမှု များ စနစ်ကြီး၏ တစ်စိတ်တစ်ဒေသအဖြစ် ဖွဲ့စည်းထားပေသည်။

(၁) (၄) (၄) ဘာသာပြန်ခြင်း

ဘာသာပြန်ခြင်းကိစ္စအရပ်ရပ်သည် အတ္ထသဘောစိစစ်မှု နှင့်လည်းကောင်း၊ အနက်နှင့်ပတ် သက်၍ အရာဌာနအဆက်အစပ်သဘောတရားတို့နှင့်လည်းကောင်း ဆက်နွှယ်နေသည်။ ယခုကဲ့သို့ အခြေခံသဘောမျှ ရှင်းပြရုံပြုသောစာအုပ်၌ ဘာသာပြန်ခြင်းကိစ္စကို အသေးစိတ်တင်ပြနိုင်စွမ်းမရှိ။ သို့ ရာတွင် ဘာသာစကားနှစ်မျီုးပြောသူများ ရှိနေခြင်း၊ နိုင်ငံခြားဘာသာစကားတစ်ရပ်ရပ်ကို သင်ကြားရန် လိုအပ်ကြခြင်းတို့ကြောင့် ဘာသာစကားတစ်ခုဖြင့်ပြုသော စကားသံတို့သည် အခြားဘာသာစကား တစ်ခုဖြင့်ပြုသော စကားသံတို့နှင့် တတ်နိုင်သမျှအလားတူနိုင်ရန် (စကားပြန်ခြင်း)ဖွဲ့စည်းစီစဉ်ပေးဖို့ လိုအပ်ကြောင်းကို အားလုံးကအသိအမှတ်ပြုထားကြပေသည်။

ယဉ်ကျေးမှု ဆိုသောစကားရပ်ကို နည်းအမျိုးမျိုးဖြင့် သုံးစွဲကြသည်။ ဤစာအုပ်၌ မူရင်းစကား ရပ်သုံးစွဲမှု ကို တိကျစွာ ရှင်းထားဖို့လိုသည်။ ဘာသာဗေဒကျမ်းတို့တွင် ယေဘုယျသဘောသုံးစွဲသော အသုံးအနှုန်းဖြင့် ဤစာအုပ်တွင် သုံးစွဲအပ်ပါသည်။ ယဉ်ကျေးမှု ဆိုသော စကားရပ်ကို ရှေးဟောင်း သုတေသနအဘိဓာန်တွင် တွေ့နိုင်၍ ဆိုလိုရင်းမှာ လူမျိုးတစ်မျိုးအနွယ်ဝင်တို့၏ ဘ၀နေထိုင်ပုံစနစ်ကို ဆိုလိုထားသည်။ ဤအမြင်ပေါ်အခြေခံသောကြောင့် ဘာသာစကားသည် ယဉ်ကျေးမှု တွင် အရေးကြီး ဆုံးအစိတ်အပိုင်းအဖြစ် ပါဝင်သည်။ ထိုသို့ ပါဝင်ရာ၌ သင်္ကေတအဆင့်အတန်းအရ ထူးခြားစွာ ပါဝင် သည်။

ဘာသာစကားများ အကြောင်းကို လေ့လာရာ၌ အနက်အဓိပ္ပာယ်များ အကြောင်းကို မလွဲမသွေ ထည့်သွင်းရ၏ ။ အနက်အဓိပ္ပာယ်အကြောင်းများ ကို ရှင်းလင်းပြောရာတွင် အခြေအနေအရပ်ရပ်ကို အဆက်အစပ်ပြု၍ ရှင်းလင်းပြောဆိုရန်လိုအပ်သည်။ အထူးသဖြင့် ယဉ်ကျေးမှု အရ ခြားနား၍ ဥရောပ တိုက်သားမဟုတ်သူများ ၏ ဘာသာစကားများ အကြောင်းကို လေ့လာရာတွင် ထိုသို့ လိုအပ်ကြောင်းမှာ ပို၍ သိသာထင်ရှားပေသည်။

မည်သည့် ဘာသာစကားကို လေ့လာရာဌာနအဆက်အစပ်အကြောင်းသည် အခြားအကြောင်း အရာများ ကဲ့သို့ပင်အရေးကြီးပါ၏ ။ အရာဌာနအဆက်အစပ်ပြုရာ၌ ဤအဆက်အစပ်တွင် ပါဝင်သော အကြောင်းခံတို့သည် လူမျိုးအလိုက်၊ ယဉ်ကျေးမှု အခြေအနေတို့အလိုက် ခြားနားဖွယ်ရှိသည်။ ဆင်တူ ယိုးမှားတူသော ဘာသာစကားတို့အကြောင်း လေ့လာရာတွင် အရာဌာနအဆက်အစပ်လိုအပ်ပုံမှာ သိသာခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ဘာသာစကားတစ်ခုတည်းကို ယဉ်ကျေးမှု အမွေအနှစ် အဖြစ် တူညီစွာ ရယူခဲ့ကြခြင်းကြောင့်ဖြစ်ပေသည်။

မာလင်နော်စကီးက ဘာသာပြန်ခြင်းသည် ယဉ်ကျေးမှု အဆက်အစပ်တို့ကို ညီညွှတ်စွာ စုစည်း ပေးခြင်းဖြစ်သည်ဟုဆိုသည်။ ထိုအဆိုအမိန့်မှန်ကန်ကြောင်းကို အင်္ဂလိပ်ဘာသာသို့ လွယ်ကူစွာ ဘာသာပြန်၍ ရရှိသော စကားလုံးတို့အကြောင်းကို စဉ်းစားရာ၌ တွေ့နိုင်ပါ၏ ။ လုံးချင်းဘာသာပြန်ခြင်း သို့တည်းမဟုတ် လုံးချင်းအနက်တူကို ရှာဖွေခြင်းမဟုတ်ဘဲ ယဉ်ကျေးမှု အခြေအနေတူညီသော အနောက်ဥရောပမှ ဘာသာစကားစကားလုံးများ ကို အင်္ဂလိပ်ဘာသာသို့ ပြန်ရာတွင် ပို၍ လွယ်ကူ ကြောင်း တွေ့နိုင်သည်။ သို့ တည်းမဟုတ် ဥရောပယဉ်ကျေးမှု သြဇာအောက်တွင် ရှိခဲ့သော ဘာသာ စကားတို့၏ စကားလုံးများ ကို အင်္ဂလိပ်ဘာသာပြန်ရသည်မှာ ပို၍ လွယ်ကူကြောင်း တွေ့နိုင်သည်။ ယဉ်ကျေးမှု အခြေအနေအားလုံးတွင် တူညီစွာ ရှိသော အညွှန်းအနက်တို့၏ စကားလုံးများ ကို ဘာသာ ပြန်ရာ၌ လွယ်ကူကြောင်းလည်း တွေ့နိုင်ပေသည်။

ပြယုဂ်အားဖြင့် ကမ္ဘာကြီး၏ မျက်နှာပြင်ပေါ်ရှိ သဘာဝပစ္စည်းအတော်များများ ကို အမည်နာမ မပြုကြရာတွင် တစ်စုံတစ်ရာသော ဘာသာစကားယဉ်ကျေးမှု ထူးခြားမှု တို့ကြောင့် စကားလုံးသုံးနှုန်းပုံ နှင့် အနက်ပေးပုံတို့တွင် ခြားနားကြသော်လည်း ယေဘုယျသဘောအားဖြင့် တူညီကြသည်ကို တွေ့ နိုင်သည်။

ယဉ်ကျေးမှု သဘောအရ ညီညွတ်ခြင်းမရှိလျှင် တစ်စုံတစ်ရာသော အသွင်လက္ခဏာအတွက် ဖြစ်စေ၊ တစ်စုံတစ်ရာသော အသုံးအနှုန်းအတွက်ဖြစ်စေ အနက်တူသော စကားလုံးများ ရှာဖွေ၍ ဘာသာပြန်ရန် အလွန်ခက်လှမည်။ ထိုအခြေအနေမျိုးတွင် စကားလုံးတစ်လုံးအတွက် တစ်လုံးနှစ်လုံး နှင့် ပြီးရမည့်ကိစ္စကို စကားလုံးပေါင်းများ စွာ ဖြင့်ဝိုက်၍ ပြောဆိုရခြင်းပြုရပါမည်။ ထိုသို့ရှင်းလင်းပြော ဆိုမှု ၌ ဆိုင်ရာအရာဌာနအဆက်အစပ်တို့ကို အပ်ကြောင်းထပ်ပြောဆိုရခြင်းများ ပေါ်ပေါက်ပေသည်။

ဥပမာအားဖြင့် Democracy နှင့် Freedom ဆိုသော စကားလုံးတို့နှင့်ပတ်သက်၍ သုံးစွဲပုံတို့မှာ အနောက်နှင့်အရှေ့ဥရောပတို့ မတူညီကြပေ။ ၎င်းစကားလုံးတို့ကို ခြားနားသောအရာဌာနအဆက်အ အစပ်တို့တွင် သုံးစွဲကြခြင်းဖြစ်၏ ။ ယဉ်ကျေးမှု ပုံစံခြင်း ခြားနားကြ၍ တူညီသောအနက်ရင်းကို မရနိုင် ပေ။ Democracy သည် ရှေးခေတ်ဂရိစကားလုံးမှ ဆင်းသက်လာသည်ဟု ပင်ရင်းလိုက်ပြီး အနက်ပြန် ရုံမျှဖြင့်လည်း အထောက်အကူသိပ်မရနိုင်ပါ။

အခြားအချက်များ လည်း ရှိသေး၏ ။ စကားလုံးတို့၏ တာဝန်သည် ဘာသာစကားအပြင်အပမှ အရာတို့ကို အညွှန်းပြုရသောလုပ်ငန်းပေါင်းစုံလည်းရှိပါ၏ ။ ၀ါကျများ အထားအသိုတည်ဆောက်ပုံ လိုက်၍ လည်း တာဝန်များ ရှိပါ၏ ။ ၀ါကျတို့သည်ပင်လျှင် အရာဌာနအဆက်အစပ်တို့တွင် တည်မှီရ၏ ။ ထို့ကြောင့် အနက်ဘာသာပြန်ရာ၌ အဆိုပါကိစ္စများ ကို ချိန်ဆရသည်။ ကိစ္စတစ်ခုနှင့် တစ်ခုကို သင့် တင့်လျှောက်ပတ်စွာ ချိန်ဆကြည့်ရသည်။

ထိုသို့ ချင့်ချိန်ဆရာ၌ စကားလုံးအတိုင်း ချိန်ဆခြင်းနှင့် စာလိုရင်းအလိုက် ချိန်ဆခြင်းတို့ဟူ၍ ပုံစံနှစ်မျိုးကို ယဉ်ပါးကြပါသည်။ များ စွာ သောကိစ္စတို့၌ ထိုပုံစံနှစ်မျိုးနှင့် လိုက်လျောညီထွေ အနီးစပ် ဆုံးအနက် ပြန်ဆိုနိုင်စေကာမူ စာဟန်ပေဟန် တန်ဆာဆင်မှု အရ ဆွဲဆောင်မှု မရှိသည်များ လည်း ရှိ တတ်သည်။ သို့ တည်းမဟုတ် အခြားဝါကျများ နှင့် ပေါင်းစပ်ကြည့်သည့်အခါ လိုရင်းလွဲနေမှု များ လည်း ပေါ်ပေါက်တတ်သည်။

ဤသို့ သော အခက်အခဲများ ကို ရသစာပေများ နှင့် ထိုကဲ့သို့စာအုပ်များ ဘာသာပြန်ရာ၌ အထူး တလည်တွေ့ရသည်။ ထိုစာအုပ်တို့၌ ဘာသာဗေဒအဆင့်များ (၀ါကျတို့၏ သဒ္ဒါပုံစံနှင့် အသံထွက်ပုံစံ များ )ကို စာဟန်ပေဟန်နှင့် ရသမြောက်အောင် တန်ဆာဆင်အသုံးပြုထားကြပေသည်။ အခြားတစ် ဖက်စွန်းအခက်အခဲလည်းရှိပါသေး၏ ။ အချို့သောကဗျာ လင်္ကာတို့မှာ မူရင်းနှင့်နီးစပ်အောင် ဘာသာ ပြန်လို့ပင်မရသော အခက်အခဲဖြစ်ပေသည်။

မည်သို့ပင်ရှိစေ အဆင့်အားလုံးတွင် တစ်ဆင့်နှင့်တစ်ဆင့် မျှတစွာ ချိန်ဆ၍ မူလဇာတ်လမ်းလို ရင်းအာဘော်နှင့် ဖြစ်နိုင်သမျှနီးစပ်စွာ အကောင်းဆုံးဘာသာပြန်ရန် အရည်အချင်းရှိနိုင်ဖို့ရာတွင် ဘာသာစကား၏ အသွင်အပြင် လက္ခဏာပေါင်းစုံတို့ကို နူးညံ့သိမ်မွေ့စွာ အသေးစိတ်အကဲဖြတ်တတ်ရ ပေမည်။

ဘာသာပြန်လုပ်ငန်းနှင့် ပတ်သက်သောမူတို့ကို ဘာသာဗေဒတွင် ရည်ညွှန်းနိုင်၏ ။ သို့ရာတွင် ဘာသာပြန်လုပ်ငန်းသည် အနုပညာသဘောဆန်သည်။ အကြောင်းမူဘာသာစကားနှစ်ရပ်ဖြင့် လူ ပုဂ္ဂိုလ်အလိုက်တစ်ဦးချင်း ခံစားမှု များ ကို အနုပညာအလားအလာဖြစ်စေ၍ ပြောင်မြောက်အောင် ဖြစ်ထွန်းစေရသောကြောင့်ဖြစ်ပေသည်။

ဘာသာစကားသည် လူ့ဘ၀ လူ့အတွေ့အကြုံထောင့်တိုင်းနှင့် သက်ဆိုင်ရကား အရာဌာနအ ဆက်အစပ်တို့ကို တည်ဆောက်ရာ၌ အလွန်ကျယ်ပြောသော ပတ်ဝန်းကျင်အ၀န်းအ၀ိုင်းကြီးကို ကာမိ စေရန်လိုပေသည်။ ထို့အတွက်လည်း လူ့လောကနှင့် အထူးသဖြင့်သက်ဆိုင်သည့် အခြားသိပ္ပံပညာတို့ ၏ အကူအညီကိုရရှိရန် လိုအပ်ရသည်။

လူနှင့်ပတ်သက်သော သိပ္ပံပညာတို့တွင် ဘာသာဗေဒသည် ၎င်း၏ အကြောင်းအရာသဘာဝ ကိုယ်နှိုက်ကိုက စည်းစနစ်အကျဆုံးနှင့် အတိကျဆုံးပညာရပ်ဖြစ်၏ ။ ထိုအဆိုအမိန့်ကို အခြေခံစဉ်းစား လျှင် အနက်အဓိပ္ပာယ်များ အကြောင်းကို ခွဲခြမ်းစိတ်ဖြာလေ့လာမှု (အတ္ထဗေဒ)သည် အခြားဘာသာ ဗေဒအဆင့်များ နည်းတူ တိကျမှု အတိုင်းအတာရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမူသဒ္ဒဗေဒကဲ့သို့ ပညာ သည်ဘာသာစကားပြင်ပမှ အခြင်းအရာတို့ကို အာရုံထားရန်မလိုခြင်းနှင့် လိုလျှင်လည်းအားထားရန် နည်းပါးခြင်းတို့ကြောင့်ဖြစ်သည်။ အတ္ထဗေဒသည်မူ ဘာသာစကားပြင်ပမှ အခြင်းအရာတို့ကို အတော် အတန်အာရုံထားရ၏ ။

အတ္ထဗေဒနည်းအရ စူးစမ်းမှု သည် အလွန်ခက်ခဲ၍ ရှုပ်ထွေးလှကြောင်းကို မဖုံးကွယ်အပ်။ သို့ ရာတွင် ဘာသာဗေဒပညာရှင်တို့သည် လူ့လောကနှင့်လူ့အတွေ့အကြုံတွင် ဘာသာစကား၏ နေရာကဏ္ဍအကြောင်းကိုမူ သဘောတရားအရ နားလည်နိုင်စေရန် အခြေခံကိုယ်ထည်ကြီးကို ဖော် ထုတ်အပ်၏ ။ စကားသံတို့နှင့် ၎င်းတို့ရှိအစိတ်အပိုင်းအသီးသီးတို့၏ လုပ်ငန်းဆောင်တာဆောင်ရွက်ပုံ တို့ကို စည်းစနစ်ကျသော နည်းလမ်းတကျဖြစ်သော၊ ဖော်ညွှန်းချက်များ ဖြင့် ရှင်းပြနိုင်ရပေမည်။



ဝန်ဇင်းချစ်သူများ မောင်စူးစမ်း ၏ “ ဘာသာေ​ဗဒ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရှေးဟောင်းပုံပြင်နှင့် ပို့စ်မော်ဒန်

ဘောဂဗေဒနှင့် ဂျာနယ်လစ်ဇင် ဗလုံးဗထွေး

စီးပွားလွန်ခေတ်