Cover

စီးပွားလွန်ခေတ်

ဗဟိုချက်မ အပြောင်းအရွှေ့

ဗနစ်မြို့မှ ကုန်သည်များ

အီဆူကီး ဆာကာကီဘာရာ Sakakibaraကို မစ္စတာယန်းလို့လည်း ခေါ်ကြသည်။ဂျပန် ယန်းငွေကိစ္စကို ခေတ်အဆက်ဆက်က ဂျပန်အစိုးရတို့၏ ပေါ်လစီအပေါ် အလွန် သြဇာညောင်း စွာ ကြိုးကိုင်ခဲ့သူ ဖြစ်သည်။ လစ်လပ်နေသော အိုင်အမ်အက်ဖ် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေအဖွဲ့၏ အကြီးအကဲအ ဖြစ်လည်း တစ်ပြေးနေသူ ဖြစ်သည်။ သို့သော်နောက်ပိုင်း သူ့အား အဆိုပြုချကို ရုပ်သိမ်းခဲ့သည်။

သူက ကမ္ဘာ့စီးပွားရေး ၏ ဗဟိုချက်မ Hub အကြောင်းကို ရှင်းပြသည်။ အရင်းရှင်စနစ်၏ ဖြစ်ပေါ်တိုးတက်မှု ကို အဆင့်ဆင့်ခွဲ၍ လေ့လာသုံးသပ်ကြည့်လျှင် တစ်ဆင့်စီတိုင်း၌ မြို့ကြီးတစ် မြို့မြို့က ကမ္ဘာ့စီးပွားရေး ၏ ဗဟိုချက်မအ ဖြစ် စည်ပင် ဖြစ်ထွန်းခဲ့သည်ကို တွေ့ ရမည် ဖြစ်ကြောင်း ထောက်ပြသည်။ မြို့ကြီးတစ်မြို့တည်းကသာ တောက်လျှောက်ဗဟိုချက်မအ ဖြစ် စည်ပင် ဖြစ်ထွန်းခဲ့သည်ကို တွေ့ ရမယ် ဖြစ်ကြောင်း ထောက်ပြသည်။ မြို့ကြီးတစ်မြို့တည်းကသာ တောက် လျှောက် ဗဟိုချက်မ ဖြစ်နေသည်လည်း မဟုတ်။ တစ်မြို့ပြီးလျှင် အခြားတစ်မြို့က နေရာဝင်ယူသည်။

ဥပမာ ဗင်းနစ်မြို့သည် ဥရောပ စီးပွားရေး တစ်ခွင် ဗဟိုချက်မအ ဖြစ် စည်ပင် ဖြစ်ထွန်းခဲ့ သည်။ ပြဇာတ်ဆရာကြီး ရှိတ်စပီးယားသည် ဤဗင်းနစ်မြို့မှ ကုန်သည်များ အကြောင်းကို ပြဇာတ် ရေး သားခဲ့သည်။ ဗင်းနစ်မှေးမိန်သွားသော အခါGenoaဂျီနိုဝါမြို့က ဥရောပ စီးပွားရေး ၏ ဗဟိုချက် မအ ဖြစ် တန်ခိုးကြီးထွားလာခဲ့သည်။ စည်ကားခဲ့သည်။ ဗင်းနစ်မှ ဂျီနိုဝါမြို့သို့ ဗဟိုချက်မ အပြောင်းရွှေ့ ဖြစ်သွားသည်။

ထို့နောက် အမ်စတာဒင်က ကမ္ဘာ့စီးပွားရေး ၏ ဗဟိုချက်မအ ဖြစ်စည်ကား ဖြစ်ထွန်းလာပြန် သည်။ ဗင်းနစ်တို့၊ ဗင်းနစ်တို့၊ ဂျီနိုဝါတို့ မှေးမိန်သွားသည်။ ထို့နောက် အဆင့်၌ ကား အလွန် လူသိများ သည့် လန်ဒန်။ လန်ဒန်သည် ကမ္ဘာ့စီးပွားရေး ကွန်ရက် အရပ်ရပ်၏ ဗဟိုချက်မ ဖြစ် အကြာကြီး ရပ်တည်ခဲ့ဖူးသည်။

သို့သော် ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် လန်ဒန်သည် ဗဟိုချက်မအ ဖြစ်မှ တန်ခိုး လျော့သွားသည်။ လန်ဒန်၏ နေရာ နောက်ပိုင်းဝင်ရောက်ယူလာသည့် ဗဟိုချက်မမြို့ကြီးသည် ကား သိသော်မှု ကြသည့်အတိုင်း နယူးယောက် ။ နယူးယောက် သည် ကမ္ဘာ့စီးပွားရေး ကွန်ရက် ပေါင်းစုံတို့၏ ဗဟိုချက်မကြီးအ ဖြစ် စည်ပင် ထွန်းကားလျက် ရှိချေပြီ။

♥ ♥ ♥


ဆိုင်ဘာစပေ့(စ်)

နယူးယောက် ရော ဘယ်လို ဖြစ်လာဦးမလဲ။ အီဆူကီးဆာကာကီဘာရာက နယူးယောက် လည်း ကမ္ဘာ့စီးပွားရေး ၏ ဗဟိုချက်မအ ဖြစ်မှတန်ခိုး မှေးမိန်လာသည်ဟု ထေက်ပြကာ အခြားမြို့၏ ဗဟိုချက်မအ ဖြစ်မှ တန်ခိုး မှေးမှိန်လာသည်ဟု ထောက်ပြကာ အခြားမြို့မဟုတ်သော စနစ်တစ်ခု က ကမ္လာ့စီးပွားရေး ကွန်ရက်အားလုံး၏ ဗဟိုချက်မအ ဖြစ် အရှိန်အဟုန် လျင်မြန်စွာ ဖြင့် ဖြစ်ထွန်း ပေါ်ပေါက်စ ပြုလာပြီဟု မီးမောင်းထိုးလိုက်သည်။ နယူးယောက် လည်း မဟုတ်။အခြားမြို့လည်း မဟုတ်။ ဗဟိုချက်မ အသစ်ပေါ်ပြီ။

အရင်းရှင်စနစ်၏ နောက်နောက်ဗဟိုစင်တာသည် တကယ့်မြို့ကြီးမဟုတ်ပေ။ ဒေသတစ်ခု လည်း မဟုတ်။ ပထဝီ မရှိ။ ဈေးကွက်သည် ရုပ်ဝတ္တု (Physical) ဖြစ်ရန်မလိုတော့။ အီလထရွန်း နစ် ဆက်သွယ်ရေး စနစ် တော် လှန် ပြောင်းလဲမှု တို့ကြောင့် ကွန်ပျူတာတို့သည် အလွန်ခေတ်မီ မြန်ဆန်လာပြီး ယခုအခါ ကိုယ်ရေး ကွန်ပျူတာမှ အင်တာနက်သို့ ကူးပြောင်းကာ ကွန်ပျူတာချင်း အင်တာနက်ဖြင့် ချိတ်ဆက်၍ အလုပ်လုပ်နေကြပြီ။ ဈေးကွက်သည် ကွန်ပျူတာ ကွန်ရက်ထဲသို့ ရောက်သွားပြီ၊ ငွေရေး ၊ ကြေးရေး ၊ ဘဏ္ဍာရေး ပစ္စည်းတို့ကိုလည်းကောင်း၊ ဘဏ္ဍာရေး ဆိုင်ရာ စီးပွားရေး အရောင် အဝယ်လုပ်ငန်းတို့ကို လည်းကောင်း အလွန်လျင်မြန်စွာ ကွန်ပျူတာတို့ဖြင့် လေလှိုင်းထဲတွင် ဒီဂျစ်တဲလ်တွင် သုံးပြီးဆောင်ရွက်နေကြပြီ။ ရောင်းဝယ် ဖောက်ကားနေကြပြီ။ ဤသည်ကို Cyberspace ဆိုင်ဘာစပေ့စ်ဟု ခေါ်သတတ်။

ထို့ကြောင့် အရင်းရှင်စနစ်၏ ဗဟိုချက်မအသစ်သည် နယူးယောက် မှ ဆိုင်ဘာစပေ့စ်ဆီသို့ အလွန် လျင်မြန်သော နှုန်းဖြင့် ပြောင်းရွှေ့နေချေပြီ။ ဤလက္ခဏာကြောင့် အရင်းရှစ်စနစ်လည်း ဆိုင်ဘား အရင်းရှင်စနစ် Cybercapitalism ဖြစ်သွားပြီ။

♥ ♥ ♥


ရူပဗေဒနိယာမ

ဆိုင်ဘာစပေ့ဖြင့် ကမ္ဘာအရပ်ရပ်မှ ငွေတို့သည် ထုနှင့် ထည်နှင့် လှုပ်ရှား ရွှေ့ပြောင်းနေကြ ပြီ။ နိုင်ငံခြား ငွေမျိုးစုံ ဟိုမှဒီ တစ်မုဟုတ်ချင်းပတ်လည် လှုပ်ရှားနေကြပြီ။ ဘယ်လောက်တောင် မြန်ပြီး၊ ဘယ်လောက်တောင်များ သဲဆိုရင် အီဆူကီးဆာကီးဘာရာ၏ တွက်ချက်မှု အရ နေ့စဉ်နေ့ တိုင်း ဒေါ်လာ ၁.၅ ထရီလီယံဖဖိုးမျှ နိုင်ငံခြားငွေ အရောင်းအဝယ် Foreign Exchange ဖြစ်နေကြ သည်။ ပို၍ ရှင်းအောင်း ဥပမာပြရလျှင် ဂျပန်၏ ဂျီဒီပီတန်ဖိုးလောက် ညီမျှသည့် နိုင်ငံခြားငွေ ပမာဏကို ၂ ရက်ခွဲအတွင်း လှုပ်ရှား ရောင်းဝယ် ဖောက်ကားနေကြခြင်းကို ပြနိုင်သည်။ အားလုံး သည် နယူယောက် တွင် ဖြစ်ပွားသည် မဟုတ်။ ဆိုင်ဘာစပေ့စ်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။

နိုင်ငံခြားငွေ အရောင်းအဝယ် ဆိုသည်မှာ သတင်းအင်ဖော်မေးရှင်း၏ အင်းအား Strengeth of Information ပေါ်မူတည်လေရာ ဆက်သွယ်ရေး စနစ် ခေတ်မီလွန်းသဖြင့် သတင်း အင်ဖော်မေးရှင်းတို့ကို အချောကိုင်ပေးခြင်း Processing ကလည်း အလွန် မြန်လာသည်။ ဤသို့ အချောကိုင်ပြီး သတင်းတို့ကို ချက်ချင်း ပို့၍ တစ်ဘက်မှ ပြန်လည်၍ တုံ့ပြန်မှု Feedbackတို့ ကလည်း အလွန်မြန်လှသည်။ နည်းပညာ သဘောအရ Interaction Between the Processing and Feedbackသတင်း အချောကိုင်ခြင်းနှင့် ပြန်လည် တုံ့ပြန်မှု တို့ကြား အပြန်အလှန် အကျိုး သက်ဆောင်ရွက်မှု တို့သည် သိပ်မြန်လှသည်။ အလွန့်အလွန်မြန်လှသည်။ ထုထည်ကလည်း အလွန်ကြီးသည်။ Massive and Extremely Fastဟုဆိုသည်။

ဒီတော့ ဘာ ဖြစ်လာနိုင်လာသနည်းဆိုသော် အီဆူကီးဆာကာကီဘာရာက ရူပဓေဒ၏ အခြေခံသဘောတရားတစ်ခုကို ထောက်ပြသည်။ စနစ်တစ်ခုမှ သတင်းတုံ့ပြန်မှု ၊ သွင်းအား ပြန်လည် ဖြစ်မှု ၊ Information Feedback သည် အလွန် မြန်ဆန်လာသော ၊ စနစ်သည် ပို၍ မတည် မငြိမ် ဖြစ်လာလေဟူ၍ ဖြစ်သည်။ အလားတူပင်၊ ပုံစံပေါ်လာစ ဖြစ်သော ဆိုင်ဘာ အရင်းရှစ်စနစ် သည်လည်း အလွန်မတည်ငြိမ်သော စနစ်၊အလွန် အန္တရာယ်များ သော စနစ် Extrimely Unstable and Risky System ဖြစ်လာဖွယ်ရှိသည်ဟု အီဆူကီးဆာကာကီးဘာရာက သတိပေးလိုက် သည်။

♥ ♥ ♥


နှုတ်ခမ်းဝေ

သူသည် သီအိုရီသဘောနှင့် အသားလွတ် ပြောလိုက်သည်မဟုတ်။ သမိုင်း အထောက် အထားတို့နှင့် လည်း ယှဉ်ပြောပြသည်။ အထူးသဖြင့် အလွန် ထင်ရှားကျော်ကြားသော ပြင်သစ်သမိုင်းပါရဂူ ဖာနန်ဘရောဒဲလ်၏ အမြင်ကို ကိုးကားသည်။

ပြင်သစ်သမိုင်းဆရာကြီးက သမိုင်းကို အဆစ်အပိုင်းများ ဆစ်ပိုင်း၍ သုံးသပ်လေရာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အဆစ်အပိုင်းတစ်ခုစီတွင် မြို့ကြီးတစ်မြို့မြို့က ကမ္ဘာ့စီးပွား ရေး ၊ ကုန်သွယ်ရေး တို့၏ ဗဟိုချက်မ ဖြစ်တတ်ကြောင်းကို ရေး သားခဲ့သည်။ ဤဗဟိုချက်မများ အ ရွှေ့အပြောင်းကိုလည်း အထူးအာရုံစိုက် လေ့လာခဲ့သည်။ ဘာသွားတွေ့ သနည်းဆိုသော် ကမ္ဘာ့စီးပွားရေး ၏ ဗဟိုချက်မသည် မြို့ကြီးတစ်မြို့မှ အခြားမြို့သို့ အရွှေ့အပြောင်း ဖြစ်တိုင်း၊ စီးပွား ရေး အကျပ်အတည်းများ ဆိုက်ကပ်လေ့ရှိသည် ဆိုသော အချက်ကို သွားတွေ့ သည်။ လွယ်လွယ် ကူကူ ချောချောမောမော ရွှေ့ ပြောင်းသွား သည် မဟုတ်ပေ။

ယခုလည်း အီဆူကီးဆာကာကီဘာရာက ၁၉၉၈ ခုနှစ် စက်တင်ဘာလလယ်လောက်တုန်း က ကမ္ဘာ့စီးပွား ပျက်ကပ်ကြီး ဆိုက်လုဆိုက်ခင် ဖြစ်ခဲ့ရသည့် အတွေ့ အကြုံကို သူကိုယ်တိုင် ဂျပန်အစိုးရ ကိုယ်စားလှယ်အ ဖြစ် ဆောင်ရွက်ခဲ့ရပုံကို ပြန်လည် ပြောပြသည်။ ၁၉၉၈ ခုနှစ် စက် တင်ဘာလတုန်းက ရုရှ၏ စီးပွားရေး သည် တလိန့်ခေါက်ကွေးကျဆင်းပြီး ငွေတန်ဖိုး ချလိုက်ရာမှ စ၍ နိုင်ငံခြားကြွေးမြီတွေ ပြန်မဆပ်နိုင်ခဲ့။ ထိုမှ ဆက်ပြီး ဘရားဇီးနိုင်ငံကိုလည်း အကျပ်အတည်း ကူးစက်သွားပုံ။ ရုရှနှင့် ဘရားဇီးတို့တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Hedge Fund များ မရှုမလှ အရှုံးကြီး ရှုံးခဲ့ရာမှ နုယူးယောက် စတော့ အိပ်ချိန်း၊ စတော့ရှယ်ယာဈေးကွက်တွေ ပြိုကျ ပုံ၊ မဟာစီးပွားပျက်ကပ်ကြီး Great Depression တော့ ဖြစ်တော့မှာ ပဲဟု စိုးရိမ် ပူပန်ပြီး အမေရိကန်နှင့် ဂျပန်အစိုးရ၊ ဥရောပနိုင်ငံအစိုးရတို့ အသည်းအသန်ဖြေရှင်း ခဲ့ရပုံတို့ကို ပြန်ပြောင်း ပြောပြပြီး မဟာစီးပွားပျက်ကပ်ဘေးကြီး၏ နှုတ်ခမ်းဝမှ ပြန်လှည့်ခဲ့သည်ဟု ထောက်ပြသည်။

♥ ♥ ♥


နိမိတ်လား

အီဆူကီးဆာကာကီးဘာရာ ဤနေရာ၌ ဆိုလိုရင်းမှာ ၁၉၉၈ ခုနှစ် က ဆိုလျှင် အရင်းရှင်စ နစ်သည် ဆိုင်ဘာအရင်းရှင်စနစ် ဖြစ်စေပြုနေပါပြီ။ ကမ္ဘာ့စီးပွားရေး ၏ ဗဟိုချက်မသည် နယူးယောက် မှ ဆိုင်ဘာစပေ့စ်ဆီသို့ ပြောင်းရွှေ့ရန် တာစူခါစ ဖြစ်နေပါပြီ။ ဤအရွှေ့အပြောင်း ကာလ၌ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး၏ နှုတ်ခမ်းဝ At the Brink of Global Depression အထိ ရောက်ရှိသွားခဲ့ခြင်းသည် အထက်တွင် ဖော်ပြသော ပြင်သစ်သမိုင်းဆရာကြီး ဖာနန်ဘရောဒဲလ်၏ ကောက်ချက်ကို ထောက်ခံဘိသကဲ့သို့ ဖြစ်သွားသည်ဟု ဆာကာကီးဘာရာက မှတ်ချက်ပြုသည်။

၁၉၉၈ ခုနှစ် အကျပ်အတည်းတို့သည် ဗဟိုချက်မ အရွှေ့အပြောင်းကို ထင်ဟပ် နိမိတ်ပြ ခြင်း ဖြစ်တန်ရာသည်။ ဤတွင် ကစ္စပြီးပြီဟု မဆိုအပ်။ အကြောင်းမူ ရူပဗေဒနိယာမက ညွှန်းသကဲ့သို့ သတင်းအင်ဖော်မေးရှင်းနှင့် တုံ့ပြန်အကျိုးသက်ရောက်မှု တို့ကြား အပြန်အလှန် သက်ရောက်မှု တို့က အလွန့်အလွန် မြန်ဆန်နေခြင်း Extremely Fast Interaction Between Infotmation and Feedback နှင့် ဤမျှမြန်ဆန်မှု ကို အခြေခံထားရသော ဆိုင်ဘာအရင်းရှင်စနစ် သည် တည်ငြိမ်စရာအကြောင်းမရှိဟု ယူဆနိုင်သော ကြောင့် ဖြစ်သည်။ လည်တွန်မွှတ်လွန်းလျှင် မငြိမ်၊ ပြုတ်ထွက်နိုင်သည်ဆိုသော အရပ်စကားနှင့် ပြောလျှင့် ဖြစ်မလားမသိပါ။

အညွှန်း - ယိုမီယူရီရှင်ဘွန်း

ဒီဂျစ်အကွဲနှင့် ဒေါ်လာပြုမှု

ကမ္ဘာနှင့် အမျိုးသား

The Law of Economic Perversity စီးပွားရေး အမှားတရား ဆိုပြီးရှိသည်။ အများ တကာ စီးပွားရေး ဖြစ်စဉ်တစ်ရပ်သည် အမြဲတမ်းတည်တည်တံ့တံ့ ဖြစ်နေတော့မှာ ပဲဟု မျှော်လင့်နေကာမှ ဗြုန်းစားကြီးဆိုသလို ပြောင်းသွား သည့်ပုံစံမျိုး၊ မှားသွားသည့် ပုံစံမျိုး။

ဥပမာ ယခုအခါ အမေရိကန် စီးပွားရေး သည် စန်းပွင့်နေသည်။ Boom ဟူ၍ လည်းကောင်း၊ နွားရိုင်း Bull ဟူ၍ လည်းကောင်း VirtuousCycle မင်္ဂလာစက်ဝိုင်းဟူ၍ လည်းကောင်း ခေါ်ဆိုနေကြ သည်။ ဤသို့ ခေါ်ဆိုရုံမျှမက ရာသက်ပန်မင်္ဂလာ၊ ရာသက်ပန် ရွှေ ဖြစ်နေတော့မည် ဟု ထင်နေကြ သည်။ အထက်တွင် ဖော်ပြသော စီးပွားရေး အမှားတရားနှင့် အညီ ဤအထင်တို့သည် မှားတော့ လေမလားဟု စတင် တွက်လာကြလေပြီ၊ ထောင်တက်နေသော စတော့ရှယ်ယာဈေးနှုန်းတို့သည် ယိုင်ယိုင်ထိုးထိုး ဖြစ်လာသည်ကို ကြည့်၍ မှားတော့မလားဟု ပူပန်လာကြသည်။

အခြားလက္ခဏာတစ်ရပ်ကိုကြည့်၍ လည်းဆိုခဲ့ပါ အမှားတရား Perversityကို မြင်နေကြ သည်။ ကုမ္ပကြီးတို့သည် တစ်ကမ္ဘာလုံး ဖြန့်ကျက် အလုပ်လုပ်ရသော အတိုင်းအတာပမာဏသည် အလွန်ကျယ်ပြန့်ကြီးကျယ်နေပြီ။ Global Dimensionကမ္ဘာ့အတိုင်းအတာဖြင့် ကော်ပိုရေး ရှင်းကြီး များ အလုပ်လုပ်လာကြသည်။ သို့သော် တစ်ဘက်၌ အစိုးရတို့သည် အမျိုးသား အစိုးရ၊ အမျိုးသား အတိုင်းအတာ National Dimension အတွင်း၌ သာ ရှိသေးသည်။

ဤသည်မှာ အရေး ကြီးသော ပြဿနာတို့ကို ပြောလာကြသည်။ မေးခွန်းတွေ မေးလာကြ သည်။ ကမ္ဘာ့အတိုင်းအတာရှိသော ကော်ပိုရေး ရှင်းကြီးတို့က အမျိုးသား အတိုင်းအတာရှိသော အစိုးရတို့ကိုလည်းကောင်း၊ စာသုံးသူတို့ကိုလည်းကောင်း လွှမ်းလွှမ်းမိုးမိုး ပိုင်စိုးပိုင်နင်း ပြုကျင့် လေမလား။ အမျိုးသား အတိုင်းအတာရှိသော အစိုးရတို့က ကမ္ဘာ့အတိုင်းအတာနှင့် လှုပ်ရှားနေ သော ကော်ပိုရေး ရှင်းကြီးတို့နှင့် ဆက်ဆံရာတွင် အဆင်ပြေစေရန် အလို့ငှာ ဘယ်လိုနည်းလမ်းတို့ ကို ကြံဆရှာဖွေ၍ ဆက်ဆံနိုင်ပါမည် နည်း စသည် စသည် ဖြင့် မေးခွန်းတွေ ထုတ်လာကြသည်။

♥ ♥ ♥


ဒီဂျစ် ကွဲပြားမှု

နိုင်ငံတိုင်းလို၍ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့၌ အခြားနိုင်ငံ တို့မှအစိုးရခေါင်းဆောင်တစ် ဦးလာရောက်လည်ပတ်သည်ထက် နိုင်ငံစုံကော်ပိုရေး ရှင်းကြီးမှ ဘော့စ်Boss အကြီးအကဲတစ်ဦး လာရောက်လည်ပတ်ခြင်းကို ပို၍ တန်ဖိုးထားလာကြသည်။ ပို၍ လိုလားကြသည်။ သည့်ပြင် မပြောနှင့် ၊ မကြာသေးမီက ဆွစ်ဇာလန်နိုင်ငံ၊ ဒီဗို့စ်မြို့၌ ကျင်းပပြုလုပ်သွားခဲ့သည့် ကမ္ဘာလုံးဆိုင် ရာ စီးပွားရေး ဖိုရမ်တွင် ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်သည် အမေရိကန်သမ္မတ ကလင်တန်ကိုတွေ့ ဆုံသည့်နည်းတူ၊ မိုက်ကရိုဆော့ဖ် ကော်ပိုရေး ရှင်းကြီး၏ အကြီးအကဲ Boss ဘီးလ်ဂိတ်ကိုလည်း သွားရောက် တွေ့ ဆုံ ဆွေးနွေးရသည်ကိုသာကြည့်ပါ။ ဤသို့ ကြည့်၍ ယနေ့ ကမ္ဘာတွင် မည် သူက ပို၍ အရေး ကြီးလာသလဲဆိုသော အချက်ကျု အကဲဖြတ်နိုင်သည်။

ဤကမ္ဘာ့ဖိုရမ်တွင် နိုင်ငံ အသီးသီးမှ အစိုးရခေါင်းဆောင်တွေ ဘာပြောသနည်းဆိုသော အချက်ထက် ဘီလ်းဂိတ်တို့လို နိုင်ငံစုံ ကော်ပိုရေး ရှင်းကြီးတို့မှ အကြီးအကဲ ဘော့စ်တို့က ဘာပြော သနည်း ဆိုသော အချက်က ပို၍ ဆွဲဆောင်မှု ရှိနေသည်ကို တွေ့ ရသည်။ ထို့ကြောင့် လူ့မလိုင်ခဲ့ Eliteအကြောင်းကို နိုင်ငံတစ်ခုစီလိုက် ကွက်ပြီး မပြောတော့။ ကမ္ဘာ့အတိုင်းအတာနှင့် ချီနေသော အီလိုက် Global Elite တို့ ဆိုပြီးပြောလေကြသည်။

ကမ္ဘာ့အီလိုက်တစ်ဦးက ဆင်းရဲချမ်းသာ ကွဲပြားမှု ၊ ဝင်ငွေကွာခြားမှု ၊ လူတန်းစား ကွဲပြားမှု ၊ လူမျိုးရေး ကွဲပြားမှု ၊ ဘာသာရေး အယူဝါဒ ကွဲပြားမှု တို့ပြီး ရှိနေသေးသည့် ခေတ်တွင် ယခုနောက် ဆုံးဒီဂျစ်တဲလ်ကွဲပြားမှု Digital Divide ဆိုပြီး ထင်ထင်ရှားရှား ပေါ်နေပြီဟုထောက်ပြသည်။ မက်ဆေ့ခ်ျခေါ် အမှာ စကား အားလုံး၊ အသံအားလုံး ဓာတ်ပုံအားလုံးတို့ကို ကိန်းဂဏန်း Digital ပုံစံတို့ဖြင့် အင်တာနက်ကိုကြားခံအ ဖြစ် အသုံးပြုပြီး ပေးပို့နိုင်သည့်အတွက် အလွန် အံ့သြစရာ ကောင်းနေပြီ။

♥ ♥ ♥


အကဲဖြတ်ပုံ ပြောင်း

ဤတွင် ကိန်းဂဏန်း ဒီဂျစ်တို့ဖြင့် ဆောင်ရွက် လုပ်ကိုင်သော ဆက်သွယ်ရေး (အထူး သဖြင့် အင်တာနက်) တို့ကို သုံးစွဲနိုင်သူ၊ သုံးစွဲတတ် သူတို့ဟူ၍ လည်းကောင်း မသုံးစွဲနိုင်တတ်သူ ဟူ၍ လည်းကောင်းအကြီးအကျယ် ကွဲပြားခြားနားလာပြီ။ ဤသို့ခြားနားမှု ကို ဒီဂျစ်တဲလ်ကွဲပြား ခြားနားမှု ဟုခေါ်၍ လူမူရေး ၊ နိုင်ငံရေး အရ အကျိုးသက်ရောက်မှု တို့သည် အခြားကွဲပြား ကွာဟမှု တို့ ထက်ပို၍ ပြင်းထန်လာလိမ့်မည် ဟု ခန့်မှန်းကြသည်။ ဖော်ပြပါ အီလိုက်၏ တွက်ချက်မှု အရ အင်တာနက်ဖြင့် ဆက်သွယ်မှု စရိတ်သည် ဒေါ်လာ ၅၀မျှသာ ကုန်ကျတော့မည် ။ သည့်ထက် လျော့ဦးမည် ။ စရိတ်စက,က အလွန်ချိုသာ သက်သာလာပါလျက် ဒီဂျစ်တဲလ်ကွဲပြားခြားနားမှု ဖြစ် ထွန်းရသည်မှာ ဝမ်းနည်းစရာ အလွန်ကောင်းလှသည်ဟု ထိုပုဂ္ဂိုလ်က ညည်းတွားသည်။

ယခုအခါ နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းကို အကဲဖြတ်ပုံမှာ လည်း အခြေခံအရ ပြောင်းလဲသွားပြီး။ ဂျီဒီပီတို့၊ လူတစ်ဦးကျ ဝင်ငွေတို့၊ ရင်းနှီးမြှုပ်နှံမှု တို့၊ စုဆောင်းမှု တို့၊ ဘာတို့ ညာတို့ဖြင့် အကဲဖြတ်ခြင်းသည် ရှေးဆန်သွားပြီ။ ယခု Internet Connectivity အင်တာနက်နှင့် အချိတ်အဆက် ဘယ်လောက် ရှိသလဲဆိုသော အချက်ဖြင့် အကဲဖြတ်လာကြကုန်သည်။

ဤသို့ အကဲဖြတ်ရာ၌ လည်း တက္ကသိုလ်ကောလိပ် ပညာရေး အဖွဲ့အစည်း အသီးသီးတို့က အင်တာနက် အချိတ်အဆက် ဘယ်လောက်ရှိသည်ဆိုသော အချက်ဖြင့် နိုင်ငံတစ်ခုနိုင်ငံ၏ အလားအလာ စွမ်းမကား Potential တို့ကို အကဲခတ်ကြည့်ကြသည်။

♥ ♥ ♥


နောက်တစ်ကြိမ်

နောင်လာမည့်  ဘဏ္ဍာအကျပ်အတည်းကို ဘယ်လို ဖြေရှင်းမလဲ၊ Next crisis how?ဆိုပြီး မေးခွန်းထုတ်နေကြပြန်ပြီ။ မေးခွန်းထုတ်သူက ဘောဂဗေဒ အကျော်အမော် Paul Krugman ဖြစ် သည်။ အရှေ့အာရှသည် လာမည့်  ၁၀ နှစ် အတွင်း၌ နောက်တစ်ကြိမ် ဘဏ္ဍာရေး အကျပ်အတည်း တစ်ရပ်ကို တွေ့ ကြုံရဦးမည် ဟု သူက ဟောကိန်း ထုတ်ထားသည်။

သူ၏ ဟောကိန်းကို ပြောင်းလို့ မရပေ။ ယခုပင် အမေရိကန် စီးပွားရေး သည် အထက်တွင် ဖော်ပြသည့်အတိုင်း “အမှားတရား”နှင့် အညီ ဖြစ်နိုင်ချေ ရှိလာသည်ကို ထောက်ချင့်၍ လည်း ကောင်း၊ ဂျပန်၏ စီးပွားရေး သည် ဆက်တိုက် မကျန်းမမာ ဖြစ်လျက် ရှိသေးသည့် အချက်ကို ထောက်ထား၍ လည်းကောင်း၊ အာရှစီးပွားရေး သည် နာလန်ထူခါစ ရှိသေး၍ လည်းကောင်း၊ နောက်တစ်ချီ အကျပ်အတည်းနှင့် ရင်ဆိုင်ရဦးမည် ဆိုသည်ကို ဟုတ်တန်ရာကောင်းရဲ့ ဟု ပညာရှင်များ က မြင်နေကြပါပြီ။

ပေါလ်ကရပ်မင်၏ ဟောကိန်းကို ထောက်ခံသူက ယခင်အမေရိကန် ဗဟိုဘဏ်၏ ဥက္ကဋ္ဌ ဟောင်း ဖြစ်သူ ပေါလ်ဗောလ်ကာ Paul Volcker ဖြစ်သည်။ ပေါနှစ် ပေါ၏ အမြင်တို့သည် ပြင်းထန် လေသလားမသိ၊။ သူတို့၏ အမြင်ကို ကြည့်ပါလေ။ နိုင်ငံအများ အပြားတို့သည် မိမိတို့၏ သီးခြား ငွေကြေး Independent Currencies တို့ကို စွန့်လွှတ်ကြလိမ့်မည် ။ အင်အားကြီးသော နိုင်ငံတကာ သုံးငွေကြေးများ အ ဖြစ် ပြဋ္ဌာန်းကြလိမ့်မည် ဟူသတည်း။ တစ်နည်းအားဖြင့် တစ်ခုတည်းသော ကမ္ဘာ့ငွေ Single World Currency ဖြစ်ထွန်းလာစရာရှိသည်ဟု ဟောထားကြသည်။

♥ ♥ ♥


အန္တရာယ်အမြွာ

ဗဟိုသော့ ချက်

စီးပွားရေး သမားတွင် အဓိက အန္တရာယ် ၂ပါး ရှိ၏ ။ ပထမအန္တရာယ်၊ Interest Rate Risk ဖြစ်သည်။ ခုခေတ်တွင် ကိုယ့်အရင်းအနှီးနှင့် ကိုယ် လုံလုံလောက်လောက် လုပ်နိုင်သူက ခပ်ရှားရှား ဖြစ်သည်ကို လူတိုင်း သိကြပါသည်။ အနည်းနှင့် အများ ဆိုသလို အပြင်မှ အမျိုးမျိုး ချေး ငှား ပြီး လုပ်ကိုင်ကြရစမြဲ ဖြစ်သည်။ ထိုအတွက် အတိုးပေးရတော့သည်။

သို့ ဖြစ်ရာ အတိုးနှုန်းပြဿနာသည် လူတိုင်း၏ စီးပွားရေး ကိစ္စတွက်ချက်မှု တို့တွင် ဗဟိုသော့ ချက်နေရာသို့ ရောက်ရှိလာတော့သည်။ထိုမျှသာမက တိုင်းပြည် စီးပွားရေး တစ်ခုလုံးအတွက် တွက်ချက်မှု အရပ်ရပ်နှင့် အပြောင်းအလဲတို့တွင် လည်း အတိုးနှုန်းသည် သာမန် ပုံမှန်သေးသည်။ အတိုးနှုန်းသည် ဈေးကွက် စီးပွားရေး ၏ သာမန် ပုံမှန်အစိတ်အပိုင်း ဖြစ်နေချေပြီ။

အတိုးနှုန်းအပြောင်းအလဲတို့ကြောင့် စီးပွားရေး သမားတို့သည် အကျိုးရှိသည်လည်း ရှိ၏ ။ ဆုံးရှုံးသည်လည်း ရှိသည်။ ထိုကြောင့် အတိုးနှုန်း အန္တရာယ်ကို အမြဲတမ်း တွက်ချက် ခန့်မှန်းနေ ကြရသည်။

ယခုခေတ်၌ စီးပွားရေး ဟူသည် နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်လာရသည့်အလျောက် တန်ဖိုးတွက်ချက်မှု ၊ ငွေပေးချေမှု ၊ အရှုံးအမြတ် ခန့်မှန်းမှု မှန်သမျှတို့ကို နိုင်ငံခြား ငွေတို့နှင့် မလွဲမသွေ ပြုလုပ်လဲလှယ်နှုန်း အပြောင်းအလဲသည် အတိုးနှုန်း အပြောင်းအလဲကဲ့သို့ ပင် လွန်စွာ အရေး ကြီးလာသည်။

သို့ ဖြစ်၍ အတိုးနှုန်း အန္တရာယ် Interest Rate Risk နှင့် နိုင်ငံခြားငွေလဲလှယ်ရေး နှုန်း အန္တရာယ် Exchange Rate Risk နှစ် ပါးတို့ကို ဘောဂဗေဒပညာရှင်တို့က အမြွာညီနောင်အ ဖြစ် သတ်မှတ်ထားကြကုန်သည်။ ယခုဆောင်းပါးတွင် အတိုးနှုန်းကိစ္စကို ရှေးဦးပထမ တင်ပြလိုသည်။

♥ ♥ ♥


အပျော့အတင်း

အတိုးနှုန်းနှင့် ပတ်သက်၍ စီးပွားရေး ကို နှစ် မျိုးနှစ် စား ပုံစံခွဲကြည့်ကြသည်။ ဖွံ့ဖြိုးပြီးသော နိုင်ငံတို့တွင် အတိုးနှုန်းကို မဆိုသလောက်ပြောင်းလဲလိုက်ရုံဖြင့် စီးပွားရေး ယန္တရား တစ်ခုလုံး သည်။ တုန်ခါသွားတော့သည်။ ဤလို အခြေအနေမျိုးကို အတိုးနှုန်း စိတ်ဆက်သည် သို့မဟုတ် အတိုးနှုန်း သားရေကွင်း ပျော့ပျောင်းသည် Interest Rate Elastic ဟုခေါ်ကြသည်။

မဖွံ့ဖြိုးသေးသော နိုင်ငံတို့တွင် မူ အတိုးနှုန်းသည် ဘယ်လိုပြောင်းပြောင်း စီးပွားရေး ယန္တရားတွင်း ဘာမှမ ဖြစ်။ တုံဏှိဘာဝေ ဖြစ်နေတတ်ကြသည်။ ဤလို အခြေအနေမျိုးကို အတိုးနှုန်းစိတ်မဆတ် Insenitive လို့လည်းခေါ်သည်။ အတိုးနှုန်းသားရေကွင်း မာတင်းသည် Interest Rate Inelastic လို့လည်းခေါ်သည်။

ဤသို့ ယေဘူယျနှစ် မျိုး ခွဲခြား ပြောဆိုပြီးနောက် အတိုးနှုန်းကို အသပြာအတိုးနှုန်း Money Interest Rateဟူ၍ လည်းကောင်း၊ တကယ်အစစ်အမှန် အတိုးနှုန်းReal Rate of Interestဟူ၍ လည်းကောင်းနှစ် မျိုးခွဲခြားကြည့်ကြပြန်သည်။

ဤနေရာ၌ ချေးငှားနိုင်သော ငွေ Lonable Fund ဆိုသော အယူအဆ တစ်ခုကို အသုံးပြုသည်။ ငွေချေးငှားမှု ဈေးကွက်တွင် ချေးငှားနိုင်သော ငွေသည် အလျှံအပယ်ရှိတတ်သည်။ မဟုတ်ပေ။ အကန့်အသတ်နှင့် ရှိတတ်သည်။ ဤသို့ ချေးငှားနိုင်သော ငွေပမာဏနှင့် ချေးငှားလိုသော ငွေပမဏလိုက်ပြီး ဈေးကွက်အတိုးနှုန်း ပေါက်နေမည် သာ ဖြစ်သည်။ ဤလို အတိုး နှုန်းကို အသပြာ အတိုးနှုန်းဟုလည်း ခေါ်သည်။ ဈေးကွက်ပေါက် အတိုးနှုန်းဟုလည်း ခေါ်သည်။

ဥပမာ-ဒေါ်လာ တစ်ရာချေးလျှင် တစ်နှစ် အတိုး ၉ ဒေါ်လာပေးရသည်ဆိုသော ပုံစံမျိုး ဖြစ် သည်။

♥ ♥ ♥


ဖောင်းပွမှု နှုန်း

ချေးငှားနိုင်သော ငွေပမာဏ (ရောင်းလိုအား) နှင့် ချေးလိုသော ငွေပမာဏ (ဝယ်လိုအား) တို့ကိုသာ ကြည့်ရုံဖြင့် အတိုးနှုန်းကိစ္စသည် ပြီးပြည့်စုံစွာ ရုပ်လုံးပေါ်လာဦးမည် မဟုတ်သေးပေ။ အခြား အခြင်းအရာတို့ကို ထည့်သွင်း စဉ်းစားရန်လိုသေးသည်။

အရေး အကြီးဆုံး ထည့်သွင်းစဉ်းစားရမည့်  အချက်မှာ ကုန်ဈေးနှုန်း အတက်အကျကိစ္စ ဖြစ်သည်။ အကယ်၍ ကုန်ဈေးနှုန်းအဆင့်သည် တစ်နှစ် အတွင်း ၆% အထိတက်နေသည်ဟု ဆိုကြပါစို့။ ဤဥပမာ၌ ငွေချေးငှားသူ Borrowerသည် ချေးငွေ ဒေါ်လာ တစ်ရာကို အတိုးနှုန်း ၉ ဒေါ်လာနှင့် ပေါင်း၍ ၁၀၉ ဒေါ်လာပြန်ဆပ်လိုက်ရခြင်းသာ ဖြစ်သည်။ သို့သော် ချေးသူမြီရှင် Lender ဘက်မှ ကြည့်လျှင် အတိုးရော၊အရင်းပါ ပြန်ရငွေ ၁၀၉ဒေါ်လာသည် ၁၀၃ ဒေါ်လာဖိုးသာ တကယ်ဝယ်ခြမ်းနိုင်သည့်သဘော သက်ရောက်သွားသည်။

ထို့ကြောင့် ဖောင်းပွမှု နှုန်း (Inflation Rate)ကို ထည့်သွင်းစဉ်းစားလျှင် အသပြာ အတိုးနှုန်း ၉%သည် တကယ် အစစ်အမှန်၌ ၃%သာရှိချေသည်။ အသပြာအတိုးနှုန်း ၉% မှ ဖောင်းပွမှု နှုန်း ၆%ကို နုတ်လျှင် တကယ့်အစစ်အမှန် အတိုးနှုန်းကို ရရှိမည် ။ တစ်နည်းပြောလျှင် အသပြာ အတိုးနှုန်းနှင့် ဖောင်းပွမှု နှုန်း ခြားနားချက်သည်တကယ့်အစစ်အမှန် အတိုးနှုန်းပင် ဖြစ်သည်။

အကယ်၍ ဖောင်းပွမှု နှုန်း (ကုန်ဈေးနှုန်းအဆင့်)က အတိုးနှုန်းထက် မြင့်တက်နေလျှင် အတိုးနှုန်းသည် အနုတ်လက္ခဏာ ဆောင်တော့သည်။ ယင်းကို Negative Rate of Interst ဟု ခေါ်သည်။ အသပြာအတိုးနှုန်းနှင့် တကယ့်အစစ်အမှန် အတိုးနှုန်းတို့ကို ဖော်ပြပါ ဇယားတွင် နှိုင်းယှဉ်ဖောပြထားပါသည်။ ပူးတွဲ ပါဇယားသည် ၁၉၆၀-၇၇ ခုနှစ် များ အတွင်း အမေရိကန် နိုင်ငံ၌ ဖြစ်ထွန်းသော ကိန်းဂဏန်းတို့ကို ထင်ဟပ်စေသည်။

♥ ♥ ♥


အတိမ်အနက်တိုင်း

ဖော်ပြပါ ဇယားကို ကြည့်လျှင် ဤသို့တွေ့ ရမည် ။

(၁) အသပြာအတိုးနှုန်းမှ ဖောင်းပွမှု နှုန်းကို နုတ်၍ တကယ့်အစစ်အမှန်အတိုးနှုန်းကို တွက်ယူသည်။

(၂) တကယ့်အစစ်အမှန် အတိုးနှုန်းသည် ၁၉၆၀မှ ၁၉၇၃ ခုနှစ် အထိ၌ အပေါင်းလက္ခဏာ ပြသည်။ ယင်းကို Positive Rate of Interest ဟု ခေါ်သည်။

(၃) ၁၉၇၄ မှစ၍ ၁၉၇၇ခုနှစ် အထိ၌ တကယ့်အစစ်အမှန် အတိုးနှုန်းသည် အနုတ်လက္ခ ဏာပြနေသည်။ ယင်းကို Negative Rate of Interst ဟုခေါ်သည်။

အတိုးနှုန်း အန္တရာယ်အကြောင်း နှီးနှောဆွေးနွေးကြသော အခါ အထက်ဖော်ပြပါအတိုင်း တွက်ချက်၍ အန္တရာယ်၏ အတိမ်အနက်ကို ရှာဖွေကြည့်ကြကုန်သည်။ တိုင်းထွာကြကုန်သည်။ အတိုးနှုန်း အန္တရာယ်၏ အတိမ်အနက်ကို ကြည့်၍ စီးပွားရေး ဆုံးဖြတ်ချက်တို့ကို အခါအားလျော် စွာ ချမှတ်လေ့ရှိကြပါကြောင်း သိစေအပ်ပါ၏ ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မောင်စူးစမ်း ၏ “ စီးပွားလွန်ခေတ် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စီးပွားရေးအတွေးအမြင်နှင့် အခြားဆောင်းပါးများ

ယနေ့အသစ်။ မနက်ဖြန်အဟောင်း သန်ဘက်ခါခေတ်ကုန်။ ဒီတော့ ---- ရွှေဟဲလို နှင့် လူမှု၊စီးပွားရေးအတွေးများ

ဘောဂဗေဒနှင့် ဂျာနယ်လစ်ဇင် ဗလုံးဗထွေး