မြန်ဆန်နေကြောင်းတော့ မည် သူကမျှ အငြင်းမပွားတော့ပါ။ အတွေးအခေါ် စိတ်ကူးတို့ ဖြစ်ထွန်းပေါ်ပေါက်ပုံတို့ကလည်း ထိုမြန်ဆန်မှု အထဲ မဟာဗျူဟာမြောက်များ စွာ ပါဝင်နေသည်။ တကယ်မြန်လှသည်။
ပညာရှင်အများ က ဤအချင်းအရာကို အတွေးစိတ်ကူးများ စီးဆင်းမှု Flow of Ideas ဟု အမည် ပေးလို့မှ သိပ်မကြာခင်မှာ ပင် ပညာရှင်အချို့က ဤသဘောကို စောဒကတက် လာကြ သည်။ Flow မဟုတ်၊ Flux တဲ့။ အဘိဓာန်၌ Flux ကို အဆက်မပြတ် ဖြစ်နေသော အပြောင်း အလဲဟု အနက်ပေးထားသည်။ ပင်မရေစီးကြောင်းမျိုးစုံ လျှင်မြန်စွာ ပြောင်းလဲနေ ပုံရသည်။
မည် သို့ပင် ဖြစ်စေ ဤအငြင်းအခုန်ထဲ စာရေး သူမပါဝင်ချင်ပါ။ စာဖတ်သူကသာ ဤဆောင်းပါးပေါင်းချုပ်ကို ဖတ်ကြည့်ပြီးထင်မြင်သလို အကဲခတ်ကြည့်ဖို့ လွှဲအပ်ချင်သည်။
လက်ဝဲဂိုဏ်း၊ လက်ယာဂိုဏ်း
ပြင်သစ်တော် လှန်ရေး ကြီးအပြီး ၁၇၈၉ ခုနှစ် ပြင်သစ်အမျိုးသား လွှတ်တေိာကြီးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့သည်။ လွှတ်တော် ခန်းမကြီးထဲတွင် ထိုင်ခုံတို့ကို ‘ ဂ ’ပုံစံအ၀ိုင်း တစ်ဝတ်ချထား စီစဉ်ရသည်။ အငြင်းအခုန် ပြင်းထန်လာလျှင် ကိုယ်စားလှယ်ချင်း လက်သီးနှင့် ထမထိုးနိုင်ကြရန် ဖြစ်သည်။
စဉ်းစားဆုံးဖြတ်ရမည့်  ပြဿနာကလည်း အလွန်သွေးဆူနေသော ပြဿနာ ဖြစ်နေသည်။ သမ္မတစနစ်ကို ရွေးမလား၊ ဘုရင်ခံစနစ်ကို ရွေးမလား ဟူ၍ ဖြစ်သည်။ သမ္မတစနစ်ကို လိုလားသူ ကိုယ်စားလှယ်တို့ကို လက်ဝဲဘက်ခြမ်း၌ နေရာပေးထား၍ ဘုရင်ခံစနစ်ကို လိုလားသူ ကိုယ်စား လှယ်တို့ကို လက်ယာဘက်ခြမ်း၌ နေရာချထားပေးသည်။ ဘာကိုရွေးချယ်ရမှန်း မသိသေးသူတို့ကို ဗဟိုအလယ်၌ နေရာချထားသည်။ ဤသည်မှစ၍ နောင်နိုင်ငံရေး လောက တစ်လျှောက်လုံးတွင် လက်ဝဲဂိုဏ်း၊ လက်ယာဂိုဏ်း၊ အလယ်ဗဟိုဂိုဏ်းတို့ဆိုပြီး အမည် တံဆိပ် တပ်ဆင်လြာ ကတော့ သည်။ ယခုထက်တိုင်အောင်လည်း ဖြစ်၏ ။
အမည် တံဆိပ် Label တပ်ခြင်းသည် ဖက်ရှင်သက်သက် မျှမဟုတ်။ ခံယူကြသော အိုင်ဒီ အိုလိုဂျီ သဘောတရား၊ လက္ခဏာကိုကြည့်၍ တံဆိပ်တပ်ခြင်း ဖြစ်သည်။ ရှိနေသော အနေ အထားကို မပြောင်းမလဲ၊ မယိုမယွင်း၊ ပိုနေမြဲကျားနေမြဲ ထိန်းသိမ်းလိုသော သူတို့နှင့် ၎င်းတို့၏ အယူအဆတို့ကို ကွန်ဆာဗေးတစ် ဟူ၍ လည်းကောင်း အပြောင်းအလဲပြုလုပ်ရန် ဆန္ဒရှိသူတို့နှင့် ၎င်း၏ အယူအဆတို့ကိုလစ်ဘရယ်ဟူ၍ လည်းကောင်း၊ နောက်ပိုင်း၌ တံဆိပ်ပြောင်း ပြီး ခေါ်လာ ကြသည်။ အပြောင်းအလဲကို တစ်ပြင်လုံး အကုန်လုံး အောက်ခြေသိမ်း ခပ်မြန်မြန်၊ ခပ်ကြမ်းကြမ်း ပြောင်းလဲလိုသူတို့နှင့် သူတို့၏ အယူအဆတို့ကိုမှု တော် လှန်ရေး သမားဟူ၍ ခေါ်ဝေါ်ကြသည်။
ဒဿနနှစ် မျိုး
ဖော်ပြပါတံဆိပ်တို့၏ နောက်ကွယ်တွင် နိုင်ငံရေး ဒဿန Political Philosophies တို့ရှိကြသည်။ ပါမောက္ခဒေးဗစ်ဘို(ဇ်) ၏ အဆိုအရ သမိုင်းတွင် နိုင်ငံရေး ဒဿနတွေ မျိုးစုံ ဘယ် လောက်ပဲခေါ်ခဲ့ပေါ်ခဲ့ အခြေခံအားဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်လျှင် နှစ် မျိုးတည်းသာ ရှိကြောင်း တွေ့ ရမည် ။ ပထမတစ်မျိုးက ပြင်သစ်တော် လှန်ရေး မှ မီးရှူးတန်ဆောင် ဖော်ထုတ်လိုက်သော လွတ်လပ်ခွင့် (ခေါ်) လစ်ဘာတီကို အခြေစိုက်ဒဿန Philosophy of Liberty ဖြစ်သည်။ ဒုတိယ တစ်မျိုးမှာ တန်ခိုးအာဏာကို အခြေစိုက်ဒဿန Philosophy of Power ဖြစ်သည်။
ကမ္ဘာကြီးသည် အလွန်လျှင်မြန်စွာ ပြောင်းလဲနေသည် ဖြစ်လေရာဖော်ပြပါ နိုင်ငံရေး ဒဿနနှစ် မျိုး၏ အသွင်အပြင်၊ အဆင်အယင်တို့သည်လည်း အကြီးအကျယ် အပြောင်းအလဲများ ဖြစ်လာကြသည်။ မူလနားလည်ထားသော အနက်ပုံစံမျိုးတို့ဖြင့် နားလည်လို့မရပြီ၊ တံဆိပ်ကို ကြည့်ပြီး ယခင်လအတိုင်း နားလည်လို့မရပြီ။
ဥပမာ အရင်းရှင်စနစ်ဆိုလျှင် တံဆိပ်မပြောင်းလဲစေကာမူ မူလအတိုင်း နားလည်လို့မရ။ အလားတူစွာ လစ်ဘရက်ဝါဒ၊ ကွန်ဆာဗေးတစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ စသည်တို့ကိုလည်း ယခင်က အတိုင်းနားလည်လို့ မရပေ။ ရောလည်းရောကုန်ပြီ။ ဥပမာ ကွန်ဆာဗေးတစ်ဝါဒသည် အပြောင်း အလဲကို မနှစ် မြို့သော ၀ါဒဟု ဆိုခဲ့သော်လည်း ယခုမူ လက်သစ်ကွန်ဆာဗေးတစ်တို့ ကိုယ်တိုင်က အပြောင်းအလဲများ ပြုလုပ်ရန် နှိုးဆော်လာကြသည်။
အလျဉ်းသင့်၍ ဖော်ပြရလျှင် အမျိုးသားရေး ၀ါဒသည် အိုင်ဒီအိုလိုဂျီ ဟုတ်မဟုတ်၊ နိုင်ငံရေး ဒဿန ဟုတ်မဟုတ်ဟူ၍ အငြင်းပွားလာသော အချက် ဖြစ်သည်။ နိုင်ငံရေး သိပ္ပံပညာရှင် မိုက်ကယ်ရော့စဘင်း၏ အဆို၌ အမျိုးသားရေး ၀ါဒသည် စိတ်ခံစားမှု ဆွဲဆောင်မှု Emotional Appeal ကို အခြေခံထားသည် ဖြစ်၍ အိုင်ဒီအိုလိုဂျီဟု ဆိုရခက်သည်။ သို့သော် ၀ါဒတိုင်းက တွဲ စပ် သုံးနိုင်ခြင်းလည်း ရှိသည်။
နိုင်ငံရေး သိပ္ပံပညာရှင် မိုက်ကယ်ရော့စဘင်းကပင် လူတို့၏ အပြုအမူတို့ကို စေ့ဆော် ပေးသော အကြောင်းနှစ် ပါး ရှိကြောင်းကို ရှင်းပြသည်။ Motivation ဟုခေါ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ လူတို့သည် အကျိုးစီးပွား Interests ကို ကြည့်၍ လှုပ်ရှားလျှင် လှုပ်ရှား၊ သို့တည်း မဟုတ် တစ်ခုခုကို ယုံကြည်သက်ဝင်၍ Belief ကြောင့် လှုပ်ရှားလျှင်လှုပ်ရှား ဟူသော အဆိုပြု ချက်သည် သက်သေ မခိုင်လုံပါဟု ထောက်ပြသည်။ ဖော်ပြပါ စေ့ဆော်မှု နှစ် ပါးအကြား၌ တိကျ သော ကတ္တားခြားမှု မရှိပေ။ စည်းခြားဖို့၊ နံရံခြားဖို့ခက်၏ ။ နှစ် ခုလုံးရောထွေးပြီး လူတို့၏ အပြုအမူ အပေါ် သြဇာပြုနေကြသည်ဟု ဆိုသည်။
ပုံသွင်း
မက်(စ်)၀ါဒီက စီးပွားရေး အကျိုးစီးပွားသည် လူတို့၏ အတွေးစိတ်ကူး Idea တို့ကို လွှမ်းမိုး ထားသည်ဟု ယူဆသည်။ အတွေးစိတ်ကူး ပေါ်လျှင်လည်း ဤအတွေးစိတ်ကူးတို့က လူတို့အား ဖမ်းစားကာ နိုင်ငံရေး အ ဖြစ်အပျက်တို့ကို ပုံလောင်းပေးသည်။ ပုံသွင်းပေးသည်။ ဤနေရာ၌ ဆိုလို သည်မှာ သက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ လူတစ်သိုက်၏ အိုင်ဒီအိုလိုဂျီ သဘောတရားနှင့် စိတ်ကူးတွေး တို့ကို ကျယ်ကျယ်ပြန့်ပြန့် မစစ်ဆေးဘဲ မည် သည့် နိုင်ငံရေး သုံးသပ်ချက်ကိုမှ ပြည့်စုံကုံလုံသည်ဟု မယူဆနိုင်သော အချက် ဖြစ်သည်။
ဤအချက်၌ ပင် စိတ်ကူးအတွေးတို့ကို ဦးနှောက်ဆေး၍ ရပုံတို့ကိုလည်းထောက်ပြကြ သည်။ မက်စ်ဝါဒီသမားတို့က အရင်းရှင်စနစ်၏ မီဒီယာတို့သည် အလုပ်သမားတို့အား ဦးနှောက် ဆေးကြောပေးနိုင်၍ အလုပ်သမားလူတန်းစားသည် ပျော့တိ ပျော့ဖတ် ဖြစ်ခဲ့ရသည်ဟု သုံးသပ် သည်။ မီဒီယာစိုးမိုးမှု ကို Cultural Hegemony ယဉ်ကျေးမှု ကို ဗိုလ်ကျစိုးမိုးရေး ၀ါဒဟု အီတလီ ကွန်မြူနစ်တို့က သုံးစွဲခဲ့ကြသည်။
အီတလီမှ အခြားပညာရှင်တစ်ဦးကလည်း ပြင်သစ်တော် လှန်ရေး အပြီး၌ လစ်ဘာတီ (လွတ်လပ်ခွင့်) နှင့် ပတ်သက်သော အယူအဆတစ်ခုကို ဖော်ထုတ်ရေး သားခဲ့ဖူးသည်။ ၎င်းက လစ်ဘာတီ၌ လူတစ်ဦးချင်းစီ၏ လစ်ဘာတီထက် နိုင်ငံ၏ လစ်ဘာတီ Liberty of Nation ကပို၍ အရေး ကြီးသည်ဟုဆိုခဲ့သည်။ နိုင်ငံ၏ လစ်ဘာတီရှိမှ တစ်ဦးချင်းစီ၏ လစ်ဘာတီရှိမည် ဟု ဆိုသော အချက်၌ အကန့်အကွက်များ မရှိခဲ့သော်လည်း တစ်ဦးချင်းသည် နိုင်ငံ၏ အောက်ခံအ ဖြစ် တာဝန်ကျေပွန်မှ လစ်ဘာတီသည် အဓိပ္ပာယ်ရှိမည် ဟု ပြောဆိုခြင်းကိုမူ လစ်ဘရယ်တို့က အကြီး အကျယ် ကန့်ကွက်ခဲ့ကြသည်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ဦးထိပ်ထားမှု သည် ထိပ်တန်း အရေး ကြီးသည်ဆိုသော ဘာသာရေး အယူအဆနှင့် ထပ်တူ တူခဲ့သည်ဟုဝေ ဖန်ခဲ့ကြသည်။
ဗြိတိသျှ ဒဿနပညာရှင်ကြီး ကား(လ်) ပေါ့ပါးက အပြစ်အနာအဆာ လုံးဝမရှိသော လူ့အဖွဲ့အစည်းဟူ၍ မရှိနိုင်။ ထို့ကြောင့် ဤကမ္ဘာမြေကြီးပေါ်တွင် လောကနိဗ္ဗာန်သို့ မရောက်ဘဲ ငရဲသို့သာ ရောက်စေခဲ့သည်ဟု သမိုင်းအထောက်အထားတို့ဖြင့် ထောက်ပြသည်။ ဤကိစ္စနှင့် ပတ်သက်၍ ကွန်မြူနစ်ဝါဒသည် အကောင်းဆုံး သာဓက ဖြစ်နေသည်။ လောကတည် ဆောက်အံ့ ဟု ရည်မှန်းထားရှိ၍ စိတ်ရောကိုယ်ပါ ကြိုးပမ်းခဲ့ကြလေရာ ထိုနိုင်ငံတို့ ငရဲသို့ ကျဆင်းသွားခဲ့ ရပုံသည် လတ်လတ်ဆတ်ဆတ်ပင် ဖြစ်နေသည်။ အလွန်ဟာသဆန်သော အ ဖြစ်အပျက်တစ်ရပ် ကိုလည်း ကိုးကားဖော်ပြသည်။ ကွန်မြူနစ်ရုရု၌ လက်ထပ်ပြီးစ ဇနီးမောင်နှံတို့သည် ဘုရားဝတ် ကျောင်းသို့ မသွားရဘဲ ကရင်မလင်ရှိလီနင်၏ ဂူသို့သွား၍ ဂါရ၀ပြုကြရသည်။ အလွန်ဝတ္တုဆန်လှ သည်။
ပြီင်္းပြည့်စုံသော လူ့အဖွဲ့အစည်းကို ထူထောင်မည် ဟု ကြုံးဝါးသော နိုင်ငံရေး အုပ်စုသည် မ ဖြစ်နိုင်တာကို ကြံဖန်ပြီး စိတ်ကူးယဉ်ခဲ့ကြ၍ ကျဆုံးခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် လက်တွေ့  ဖြစ် နိုင်သော ပန်းတိုင်လောက်ကိုသာ ချမှတ်သင့်သည်ဟုပြော၍ ပါမောက္ခဒေးဗစ် ဘို့(ဇ်)က ‘နှင်းဆီခြံ ’ Rose Garden လောက်သာ ကတိက၀တ်ပြုသင့်သည်ဟု အကြံပေးသည်။ နှင်းဆီနံတို့ဖြင့် မွှေးထုံနေသော ပန်းခြံသည် နေပျော်၊ ထိုင်ပျော် ရှိပါလိမ့်မည် ။ ထို့လက်လွန်ကဲသော နိုင်ငံရေး ပန်း တိုင်တို့သည် ရက်စက်သော အုပ်စိုးမှု ကိုသာ ပေါ်ပေါက်စေလိမ့် မည် ဟု သူက ထောက်ပြသည်။
အညွှန်း
Libetarianism of Davis Boaz
အသစ်လား၊ အဟောင်းလား
စီးပွားရေး အသစ် New Economy နှင့် စီးပွားရေး အဟောင်း Old Economy ဆိုပြီး အပိုင်းအခြား နှစ် ရပ်ဖြင့် သာ အရာရာကို အကဲဖြတ် လေ့လာကြသဖြင့် အလွယ်ပြော လွန်းနေကြ သလား Simplistic Statements တွေ ပြုလုပ်နေကြသလားလို့ တွေး ထင်ရတော့သည်။
တစ်ခြား အပိုင်းအခြားတို့ဖြင့် ပြောလျှင်ပင်ခေတ်မမီတော့ပြီလား မသိပေ။
စီးပွားရေး အသစ်ဆိုသည်မှာ အိုင်တီလို့ခေါ်သည့် သတင်းအင်ဖော်မေးရှင်းတက္ကနိုလိုဂျီပေါ် အခြေစိုက်ထားသော စီးပွားရေး လုပ်ငန်းတို့ကို ရည်ညွှန်းသည်။ စီးပွားရေး အဟောင်းဆိုသည်မှာ အိုင်တီအပေါ် အခြေမစိုက်။ ရှိရင်းစွဲ နည်းဟောင်းတို့ အပေါ်အခြေစိုက်ထားသော စီးပွားရေး လုပ်ငန်းတို့ကို ရည်ညွှန်းသည်ဟု ယေဘုယျအားဖြင့် ပြောနေကြသည်။
ပြောပုံတို့ကို လေ့လာဖတ်ရှုကြည့်သော အခါ အသစ်နှင့် အဟောင်း ခြားနားပေးသော စံသည် လှုပ်ရှားတစ်ဦးက ရူပဗေဒပညာမှ Kinetic ကို ဤကိစ္စအလို့ငှာ သုံးစွဲထားသည်။ Kinetic သည် ကိုယ်ထည်၏ လှုပ်ရှားမှု နှင့် ဤလှုပ်ရှားမှု ကို ဖြစ်စေသော အင်အား Force တို့ ဆက်သွယ်မှု အကြောင်းကိုလေ့လာသော ပညာ ဖြစ်သည်။ ထူးခြားသည်ကား ဤပညာရှင်သည်Hyper ဆိုသော စကားကို ရှေ့ဆက်အ ဖြစ် သုံးစွဲလိုက်ခြင်း ဖြစ်၏ ။ Hyper Kinetic ဟုဆိုသည်။Hyper မှာ အလွန့် အလွန်အကြီးအကျယ် မဟာသဘော အဓိပ္ပါယ်သက်ရောက်သဖြင့် ‘ မဟာလှုပ်ရှားမှု ’ အကြောင်း နှင့် ယင်း၏ အင်အားတို့အကြောင်း ဖြစ်သွားတော့သည်။
ဆိုလိုရင်း မှာ စီးပွားရေး အသစ်သည် Hyper Kinetic ဖြစ်သည်ဟု ပြောခြင်း ဖြစ်သည်။ စီးပွားရေး အသစ်၌ လှုက်ရှားမှု အရှိန်တို့သည် တော် ရုံတန်ရုံမြန်သည်မဟုတ်၊ ပျမ်းမျှလောက်မြန် သည်မဟုတ်၊ ထူးထူးကဲကဲ မြန်သည်။ အလွန့်အလွန်မြန်သည်။ မဟာလှုပ်ရှားမှု ဖြစ်လေတော့၏ ။ အသံထက်မြန်ရာမှ အလင်းလောက်မြန်လာသည်။
ရွှေဟဲလို
ထိုအခါ စီင်္မံခန့်ခွဲမှု Management ပညာသည် အဘယ်ပုံစံသို့ ပြောင်းလဲသွားရမလဲ ဆိုသော ပုစ္ဆာသည် တဲ့တိုးကြီးပေါ်လာတော့သည်။ မနေ့တစ်နေ့က သင်ကြားပေးနေသော စီမံခန့် ခွဲမှု ပညာသည်ပင်လျှင် ဟောင်းနွမ်းသွားပြီလား၊ အသုံးမတည့်တော့ပေးဘူးလား စသည်ဖြင့် စိန်ခေါ်သော မေးခွန်းတွေ တသီကြီးမေးလာကြသည်။
အငြင်းအခုံနှင့် အမေးအဖြေတို့မရပ်သေးပေ။ငြင်းကောင်းတုန်း ဖြစ်သည်။သို့သော်အချက်အလက်တစ်ချက်ကိုမှု သဘောတူလက်ခံလာကြသည်။ ယင်းမှာ စီးပွားရေး အသစ်ထဲ ထည်ထည် ၀င့်ဝင့်တိုးဝင်ရန်သင်တန်းသားတို့အား အရည်မီ ပြင်ဆင်ပေးရမည့် အလျောက် စီမံခန့်ခ မှု သည် သတင်းနှင့် အင်ဖော်မေးရှင်းနှင့် ပညာဥာဏ်ဘက် အာရုံစှုးစိုက်ရတော့မည် ဟူသော အချက် ဖြစ် သည်။Manngement with focus on Information and Knowledge လို့ ကြော်ငြာ လာကြ သည်။ အချို့ကလည်း စီမံခန့်ခွဲမှု ပညာ၏ အာမခံကျောရိုး၊ သင်ရိုးညွှန်းတမ်းတို့နှင့် ဒေါ့ကွမ်တို့ Dot. Com ချိန်ဆက် ပေးထားရပါသည်ဟု ကြော်ငြာလာသည်။
စိးပွားရေး အသစ်သည် အရှိန်အဟုန်ဖြင့် Hyper Kinetic နှုန်းဖြင့် ရှေ့ကတအား ပြေးနေစေကာမူ ဤအတွက် လိုအပ်သော ပညာဥာဏ်လုပ်သား Knowledge Workers တို့ကား ရှားပါးလျက်ပင် ရှိသေးသည်။ ထို့ကြောင့် စီးပွားရေး အသစ်ထဲ ဒုန်းစိုင်းပြေးဝင်လာကြ သည့် ကုမ္ပဏီတို့သည် ကွန်ပျူတာလည်းကျွမ်းကျင်၊ စီမံခန့်ခွဲမှု နည်းပညာလည်း အဆင့်မြင့်တတ်ကျွမ်း၊ နားလည်သူတို့ကို အပူတပြင်းလိုက်လံ ရှာဖွေလြာ ကတော့သည်။ Talent Hunter လို့ဆိုသည်။ MBA သင်တန်း မပြီးသေးခင်ကပင် ကုမ္ပဏီတို့က ဟဲလိုဟု နှုတ်ဆက်ပြီး ကြိုတင် အလုပ် ကမ်းလှမ်းနေကြသည်။ ဤဟဲလိုသည် ရွှေသံပါ၍ Golden Hello ရွှေဟဲလိုဟု တင်စားပြော ဆိုကြသည်။
စာတတ်မြောက်မှု အဓိပ္ပါယ်ပြောင်း
အလုပ်ရုံ၊ စက်ရုံအဟောင်းတို့တွင် ကွန်ပျူတာပစ္စည်းတွေ တပ်ဆင်ရုံဖြင့် စီးပွားရေး အဟောင်းသည် စီးပွားရေး အသစ် ဖြစ်သွားသည်မဟုတ်။ ကုမ္ပဏီရုံးတို့တွင် ခေတ်မီကွန်ပျူတာ တွေ တပ်ဆင်ရုံဖြင့် လည်း စီးပွားရေး အသစ် ဖြစ်သွားသည်မဟုတ်ပေ။ မော်တော် ကား ထုတ်လုပ် သော လုပ်ငန်းကို စီးပွားရေး အဟောင်းထဲ ထည့်ထားသည်ကိုသာ ကြည့်လော့။ စီးပွားရေး အသစ် ဆိုသည့်အတိုင်း အသစ်ချပ်ချွတ် ဖြစ်ရမည် ။ အိုင်တီကို အခြေခံရမည် ။ အိုင်တီပစ္စည်းတို့ကို ထုတ်လုပ်ဖြန့်ချိရမည် ။ အိုင်တီဈေးကွက်ထဲ ခြေလှမ်း လှမ်းနိုင်ရမည် ။ တစ်နည်းပြောရလျှင် စတော့ အိတ်စ်ချိန်းတွင် မိမိကုမ္ပဏီအား အိုင်တီကုမ္ပဏီအနေဖြင့် မှတ်ပုံတင်စာရင်း တင်သွင်းနိုင်ရမည် ။
ဤကိစ္စမျိုးတို့ကို ကုမ္ပဏီဟောင်းတို့က မလုပ်နိုင်ပါ။ ထို့ကြောင့် စီးပွားရေး အသစ် လောက အတွက် Start-up စထောင်သူ Venture Capital စွန့်ထောင်သူ ဆိုသော စကားတွေ ရေပန်းစား လာကြသည်။ ဤစကားတို့နှင့် အတူ Digital Literacy ဆိုပြီးလည်း နောက်ပိုင်း ပြောလာကြသည်။ စာရေး သူသည် Global Literacy အကြောင်းရေး ခဲ့သည်။ မိမိ မိခင်ဘာသာစကားကို ရေး တတ် ဖတ်တတ်ခြင်းကိုသာ စာတတ်မြောက်သည်ဟု မခေါ်တော့ ကြောင်း ကမ္ဘာနှင့် ရင်ဘောင်တန်းပြီး ကွန်ပျူတာနှင့် အင်္ဂလိပ်စာတတ်မှ စာတတ်မြောက်သည်ဟု ယူဆခေါ်ဝေါ်လာကြကြောင်း၊ ထို့ပြင်အင်တာနက်နှင့် အလုပ်လုပ်ရန်လိုကြောင်း ရေး သားခဲ့သည်။
Computer Literate ကွန်ပျူတာတတ်မြောက်ခြင်းဟု ရေး သားခဲ့ရာ ယခုဆို ဤမျှနှင့် လုံလောက်ခြင်းရှိဟန်မတူပြန်။ Digital Literacy ဆိုပြီး စကားသစ် ရေး သားလာသည်ကို တွေ ရ သည်။ ဒီဂျစ်တို့နှင့် ပြီးသော ကွန်ပျူတာနှင် ဆက်သွယ်ရေး ကိရိယာတို့ကိုကျွမ်းကျင်ရ မည် ဟု ဆိုလိုဟန် ရှိလာသည်။ ကွန်ပျူတာအဆင့် ပြောင်းသွား ပုံရသည်။ ကွန်ပျူတာနှင့် ဆက်သွယ်ရေး စနစ်တို့သည် စတုတ္ထမျိုးဆက်ထဲ ရောက်နေပြီဟု ဆိုကြသည်။
အရင်းရှင်စနစ်ကိုလည်း Digital Capitalism ဒီဂျင်တယ် အရင်းရှင်စနစ်ဟု အသစ် အကဲဖြတ်ကြသည်။ စက်မှု အရင်းရှင်စနစ် Industion Capitalism မှ ကူးပြောင်းလာခြင်း ဖြစ်ပေ သည်။
လှည်းပုံတောင်း
စင်္ကာပူမှ ပညာရှင်တစ်ဦးက စင်္ကာပူစီးပွားရေး ကို စီးပွားရေး အသစ်၏ ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံအောင် ပြုလုပ်ရမည် ဟု ပြောဆိုသည် သာမက အာရှမှ စီးပွားရေး အသစ်တို့၏ လှည်းပုံ တောင်း အချက်အချာဗဟို Hub ဖြစ်စေရမည် ဟု ဆော်သြသည်ကို ဖတ်ရှုလိုက်ရသည်။
၎င်းက ဤသို့ ဖြစ်ရန် တားဆီးသော အဓိက အဟန့်အတားကြီး တစ်ခုအကြောင်းကို ထောက်ပြသည်။ ဤအရာသည် Status Quo ဟုဆိုသည်။ Status Quo သည် ပိုနေမြဲကျား နေမြဲဟု အဓိပ္ပာယ်ဆောင်သည်။ ရှိရင်းစွဲ အခြေအနေကို မယိုမယွင်း ထိန်းသိမ်းလိုခြင်းကို ရည်ညွှန်းသည်။
အထက်တွင် သုံးစွဲခဲ့သော Hyper Kinetic မဟာလှုပ်ရှားမှု ခေတ်ကြီးထဲတွင် ပိုနေမြဲ ကျားနေမြဲသည် မဟာအဟန့်အတား ဖြစ်သည်ဟု ထိုပညာရှင်က ဆိုခြင်းသည် အလွန်ယုတ္တိ ရှိပါ သည်။ ပိုနေမြဲကျားနေမြဲကို လှုပ်ရှားမှု က ဘယ်လို မြန်နိုင်ပါ့မလဲပေါ့။ဤစင်္ကာပူပညာရှင်သည် ပိုနေမြဲကျားနေမြဲအား လွမ်းဆွတ်ခြင်းကို အပြစ်ဟုမြင်လျှင် အတိတ်နှင့် ခေတ်ဟောင်းကို လွမ်း ဆွတ်ခြင်းကိုကား ဆိုဖွယ်ရာမရှိပြီ။
ဓာတ်ဖောက်စက်
အကဲခတ်ရသလောက် စီးပွားရေး အသစ်ဟူသည် အရင်းရှင်အသစ်တို့ကို မွေးထုတ်ပေး သည့် ဖြစ်စဉ်ဟု နားလည်လို့ ရပုံပေါက်သည်။ သို့သော် ဤအရင်းရှင်သစ်တို့သည် ကြက်မကြီးက ၀ပ်ပေး၍ အကောင်ပေါက်လာခြင်းမဟုတ်၊ ဓာတ်ဖောက်စက်ဖြင့် အကောင်ပေါက်လာသူများ ဖြစ်ကြသည်။ Incubation ဆိုသော စကားကို ဖောဖောသီ ဖတ်ရှုရသည်မှာ ဤအဓိပ္ပာယ်ပင် ဖြစ်ဟန်တူသည်။
အရင်းရှင်သစ်ကလေးတို့သည် ငယ်ရွယ်သည်၊ ဖျတ်လတ်သည်၊ တက္ကနိုလိုဂျီဘက် ကျွမ်းကျင်သည်၊ ရှုံးသည်၊ မြတ်သည်ကို ဂရုမစိုက် စွန့်လိုက်သည်။ သို့ရာတွင် သူတို့၌ အရင်းအနှီး လုံလုံ လောက်လောက်မရှိပေ။
သူတို့၏ စွမ်းရည်နှင့် အလားအလာတို့ကို စောင့်ကြည့်နေသော တက္ကနိုလိုဂျီ ကုမ္ပဏီကြီး တို့ကလည်းကောင်း၊ ငွေထုပ်ပိုက်ထားသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတို့က လည်းကောင်း အမ်ဘီအေ ကျောင်းဖွင့်ထားသော တက္ကသိုလ်ကြီးတို့ကလည်းကောင်း ဤမျိုးဆက်သစ် လူငယ် တို့အား မြေတောင်မြှော က်ပေးပြီး ငွေရင်းများ ထောက်ပံကြသည်။ မျိုးစေံအရင်း Seed Capital ဟုခေါ်သည်။ ရသည့်အရင်းအနှီးနှင့် စတင်ပြီး မြန်မြန်ဆန်ဆန်ပင် ၎င်းတို့လုပ်ငန်းတို့ကို အများ ပိုင် ကုမ္ပဏီတွေ ဖြစ်အောင် Going Public ဖြစ်အောင် ကြိုးပမ်းစေကြသည်။ ငွေရင်း ထူထောင် ပေးသူတို့ကလည်း ဤသို့ ဖြစ်အောင်ကူညီကြသည်။ အများ ပိုင် ကုမ္ပဏီ ဖြစ်သည်နှင့် စတော့ အိတ်(စ်) ချိန်းတွင် စာရင်းသွင်းလိုက်ကြသည်။
အရင်းအနှီး မတည်ပေးသည်။ အများ ပိုင် ကုမ္ပဏီ ဖြစ်အောင်ပြုပေးသည်။ စတော့ အိတ်(စ်)ချိန်းတွင် မှတ်ပုံတင်စာရင်း သွင်းပေးသည်။ ကုမ္ပဏီသစ်၏ စတော့ရှယ်ယာတို့ကို စတော့ အိတ်(စ်) ချိန်းတွေ့ ထုတ်ရောင်းပေးသည်။ ဤအထိကို မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်လာ အောင် ကြိုပမ်ားကသည်။ တာတိုပြေးပွဲ Sprint ဆိုသော စကားနှင့် တင်စားပြောသည်။ မာရသွန် မဟုတ်ပေ။
ဤနေရာတွင် Coach နည်းပြဆရာနှင့် Sheepherd သိုးကျောင်းသား စကားတို့လည်း ပေါ်လာသည်။ အရင်းအနှီး စတင်မတည်ပေးပြီး အများ ပိုင် ကုမ္ပဏီ ဖြစ်အောင် စတော့အိတ်(စ်) ချိန်းတွင် စာရင်းသွင်းနိုင်အောင် ကူညီထိန်းကျောင်းပေးသူတို့ကို ရည်ညွှန်းသည်။
စတော့ဝေစု
အချို့ဓာတ်ဖောက်စက်တို့သည် အရင်းရှင်းအသစ် (Venture Capitalists များ လို့လည်း ခေါ်ကြသည်) တို့ကို အကောင်ဖောက်ပေးရာ၌ နောက်ပိုင်းအဆင့်တွင် မှ ၀င်ပြီး အရင်းအနှီး ထောက်ပံ့ခြင်းမျိုးပြုတတ်သည်။ ပထမပိုင်း၌ သူတို့မပါကြပေ၊ အများ ပိုင် ကုမ္ပဏီ Public Company အ ဖြစ်ထူထောင်ပြီး စတော့အိတ်(စ်)ချိန်းတွင် စာရင်းသွင်း၍ စတော့ရှယ်ယာ အီကွီတီ တို့ကို ရောင်းချသည့် အဆင့်တွင် မှ ၀င်၍ ထောက်ပံ့ခြင်း ဖြစ်သည်။ ဤအဆင့်ကို Mezzanine Level ဟုခေါ်သည်။
အရင်းရှင်အသစ်အစည်းအရုံး Venture Capitalist Association ဆိုပြီးလည်းပေါ် လာသည်။ အရင်းရှင်အသစ်တို့ကို စွန့်ဦးတီထွင်သူအသစ် New Entrepreneurs များ လို့လည်း ခေါ်လာကြသည်။ VCလို့လည်း အတိုကောက် ခေါ်ကြသည်။ အဟောင်းနှင့် မတူကြောင်းကို ပြရန် ဖြစ်သည်။
VC တို့သည် သူတို့၏ လုပ်ငန်းထဲသို့ အင်တာနက်နှင့် အိုင်တီကျွမ်းကျင်သော အမ်ဘီအေ တို့ကိုအလုအယက်သိမ်းသွင်းနေကြရာ ရွှေဟဲလိုအပြင် Stock Option (စတော့ဝေစု) တို့ဖြင့် လည်း မြှူဆွယ်ကမ်းလှမ်းကြသည်။ ဝေဖန်သူတစ်ဦးက စတော့ဝေစု စနစ်သည် အခွန်ရှောင်နည်း တစ်မျိုးဟု ဖွင့်ချသည်။စီးပွားရေး အသစ်တွင် စီမံအုပ်ချုပ်မှု အပိုင်း၌ စီအီးအိုနှင့် စီအက်ဖ်အိုခေါ် ဘဏ္ဍာရေး အရာရှိတို့ထက် ကွန်ပျူတာ ဆက်သွယ်ရေး ဆိုင်ရာ အရာရှိတို့က ပိုပြီးအရေး ပါ အရာရောက်လာသည်ဟုလည်း ပြောကြသည်။
မည် သို့ ပင် ဖြစ်စေ ကြော်ငြာတစ်ခုက စိတ်ဝင်စားဖို့ ကောင်းနေသည်။‘ယနေ့အသစ် ဆိုသော အရာသည် မနက်ဖြန်တိုင်း သန်ဘက်ခါ၌ ခေတ်ကုန်သွားသည်’ ဟုဆိုသနည်း။ Hyper Kinetic သဘောကိုထပ်ဟပ်ဟန်တူသည်။
အငြင်းအခုန်
အာရှနိုင်ငံအသီးသီးမှ စီးပွားရေး လုပ်ငန်းတို့သည် မိသားစုပိုင်လုပ်ငန်း Family Owned Business များ အများ စု ဖြစ်ကြသည်။ ဤအများ စု မိသားစုပိုင် လုပ်ငန်းတို့သည် အထူးတိုးတက် အောင်မြင်လေရာ မည် မျှအထိဆိုမှု စီးပွားရေး အင်ပါယာကြီးများ ထူထောင်ခဲ့ကြသည်အထိ ဖြစ်သည်။ ဤတွင် နိုင်ငံရေး ဘောဂဗေဒ ပညာရှင်တို့ကြား၌ မိသားစုပိုင် စီးပွားရေး ပုံစံသည် အာရှ တန်ဖိုးက မွေးထုတ်ပေးသော ပုံစံလား သို့တည်းမဟုတ် အရင်းရှင်စနစ်၏ အဆင့်တစ်ဆင့်ကို ထင်ဟပ်သော ပုံစံလောဟူ၍ အငြင်းအခုံ ဖြစ်ပေါ်လာသည်။
ကိုရီယားတွင် မိသားစုပိုင် စီးပွားရေး အင်ပါယာကြီးကို Chaebols (ချေဘိုလ်)ဟုခေါ်ဆို၍ ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှားအခြေစိုက် တရုတ်နွယ်ဖွား မိသားစုပိုင် စီးပွားရေး အင်ပါယာ ကြီးတို့ကို တိုင်တွန်း Tycoons ဟုခေါ်ဆိုခဲ့ကြသည်။
ချေဘိုလ်နှင့် တိုက်ကွန်း မိသားစုပိုင်စနစ်တွင် ကွန်ဖြူးရှပ်သြဇာကြီးမားသည်ကား အမှန် ပင် ဖြစ်သည်။ ဖခင်အကြီးအကဲ Patriarch ကပြောလျှင် ဘာမျှပြန်မပြောဘဲ အားလုံးက နာခံကြ သည်။ Unquestioned Authority ဟုဆိုသည်။ သား၊ တူ၊ ယောက် ဖတို့က ဌာနခွဲ၊ ရုံးခွဲတို့ကို စီမံအုပ်ချုပ်ကြသည်။ သဘောမှာ စီမံခန့်ခွဲမှု ၌ လည်း မိသားစုကပင် စီမံခန့်ခွဲခြင်း ဖြစ် သည်။ Family Management ဟုဆိုသည်။ ပင်လယ်ရပ်ခြား တရုတ်နွယ်ဖွား အဆက်အသွယ် တို့ဖြင့် အဓိက အလုပ်လုပ်လေ့ ရှိသည့်အတွက်လည်း ဤအဆက်အသွယ်ကွန်ယက်တို့ကို ၀ါးကွန် ယက် Bamboo’s Network ဟုခေါ်ခဲ့ကြသည်။
ဝိတိုရိယခေတ်
အင်္ဂလန်၏ ၀ိတိုရိယခေတ်နှင့် ဂျာမနီဝေမာခေတ်တို့တွင် အလားတူစွာ မိသားစုပိုင် စီးပွားရေး လုပ်ငန်း တစ်ထွေကြီးပေါ်ထွန်းခဲ့သည်။ တစ်ချို့လည်း ပျောက်ကွယ်ထား၍ အချို့လည်း အင်ပါယာ ဖြစ်လာသည်အထိ အောင်မြင်ခဲ့ကြသည်။ အမေရိကန်၌ လည်း ရော့ဖဲ့လား၊ ဖိုဒ့်တို့လို မိသားစုပိုင် အင်ပါယာကြီးတွေ ပေါ်ထွန်းခဲ့သည်။ ရေနံ၊ မီးရထား၊ သံမဏိလုပ် ငန်းတို့တွင် မိသားစု ပိုင်က ကြီးစိုးခဲ့သည်။
ထို့ကြောင့် မည် သည့်နိုင်ငံမဆို ဇစ်မြစ်အမျိုးမျိုး ဖြစ် မိသားစုပိုင် စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းခဲ့ဖူးလေရာ တစ်ချို့သုံးသပ်သလို မိသားစုပိုင် စီးပွားရေး ပုံစံသည် အာရှတန်ဖိုးမှ မွေးထုတ်သည်။ အာရှလက္ခဏာသာ ဖြစ်သည်ဟု ယူဆခြင်းသည် မမှန်ပါဟု ထောက်ပြကြသည်။
ယခုပြောင်းပြီ။ မီသားစုပိုင် စီးပွားရေး ပုံစံသည် အနှေးနှင့် အမြန် နိဂုံးချုပ်နေပြီ၊ ဤအချက်ကို ထောက်ပြသူတစ်ဦးက ဟောင်ကောင်မှ ချုံကောင်း ကော်ပိုရေး ရှင်းကြီး၏ အစုရှင် များ နှစ် ပတ်လည် အစည်းအဝေး တစ်ရပ်အကြောင်းကို မီးမောင်းထိုးပြသည်။ ဤအစည်း အဝေး တွင် ဟောင်ကောင်မှ စူပါမင်း (သို့တည်းမဟုတ်) KS ဟုခေါ်ဝေါ်ကြသော သူဌေးကြီး မစ္စတာလီ ကာရှင်းက သဘာပတိအ ဖြစ် ဆောင်ရွက်သည်။ ချုံကောင်း ကော်ပိုရေး ရှင်းမှာ မူလက လီကာရှင်း မိသားစုပိုင် ဖြစ်၍ နောက်ပိုင်းတွင် အစုရှင်အသစ်များ ခေါ်ဆို၍ ပြန်လည်ဖွဲ့စည်းထားသော ကော်ပိုရေး ရှင်းကြီး ဖြစ်သည်။ဟောင်ကောင် စတော့အိပ်(စ်)ချိန်းတွင် စာရင်းဝင်ထားသည်။
ဤအစုရှင်များ အစည်းအဝေးတွင် မစ္စတာလီကာရှင်းက တင်သွင်းသော အဆိုမှာ လက်ရှိ အစုရှင်တို့အား ဦးစားပေးဝယ်ခွင့်မပြုဘဲ အစုရှယ်ယာသစ်တို့ကို ရောင်းချရန်အခွင့် အာဏာကို သူ့အားအပ်နှင်းကြောင်း အဆို ဖြစ်သည်။ ဤအဆိုကို တစ်ဦးက ထကန့်ကွက်လေရာ မစ္စတာလီ ကာရှင်း အလွန်အံ့အားသင့်ပြီး ကြောင်သွားသည်ဟုဆိုသည်။ အကြောင်းမူ သူ၏ မိသားစုပိုင် စီးပွားရေး တွင် ယခုကဲ့သို့ကန့်ကွက်သူဟူ၍ မရှိဖူးသော ကြောင့် ဖြစ်သည်။ မစ္စတာလီကာရှင်းက ကန့်ကွက်သူအား တစ်ချက် လှမ်းကြည့်လိုက်ပြီး ‘ သြော် …..ခင်ဗျားကိုး ’ ဟုအံ့အားသင့်သော အနေအထားနှင့် ပြောလိုက်သည်။ ပြီးမဲခွဲရာ သူ့အဆိုပဲနိုင်သွားသည်။
ကန့်ကွက်သူသည် ခေသူမဟုတ်၊ ဟောင်ကောင်အခြေစိုက် တဲင်ပယ်လ်တန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီ်း အကြီးအကဲမောရီစ်ဘတ်စ် ဖြစ်သည်။ ဤရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသည် ချုံကောင်း ကော်ပိုရေး ရှင်း၏ အစုရှယ်ယာ (အီကွီတီ) တို့ကို အများ ကြီး ၀ယ်ထားသည်မှာ မကြာသေးပေ။ မစ္စတာလီကာရှင်းအဖို့ အထူးအဆန်းအတွေ့ အကြုံသစ် ဖြစ်လေတော့၏ ။
အိကွီတီဖြင့် အရင်းရှာ
ဤအချက်က ဘာတွေ ကို ညွှန်ပြလာသနည်းဆိုသော်အာရှ၏ မိသားစုပိုင် စီးပွားရေး တို့သည် အခြေခံအရ ခြေခြေမြစ်မြစ်ရှိသော အပြောင်းအလဲကြီးတို့ကို မလွှဲမရှောင်သာ ပြုလုပ် ခြင်းဖြင့် မိသားစုပိုင် လက္ခဏာတို့ကို ဇာတ်သိမ်းနေရသည့် တူရှုချက်ကို ကွက်ကွက် ကွင်းကွင်း အ ဖြစ်ကို ညွှန်းလာသည်။ ဤတူရှုချက်ကို ဖိအားပေး မောင်းတင်ပေးသည့် အကြောင်းတရားတို့ကို အောက်ပါအတိုင်းတန်းစီ၍ ဖော်ပြလိုက်ပါသည်။
(၁) ငွေအရင်းအနှီးထူထောင်မှု ၏ အဓိကပုံသဏ္ဌာန်သည် လုံးဝလုံးဝပြောင်းလဲသွားသော အချက် ဖြစ်သည်။ ယခုအချိန်အထိ၌ ကုမ္ပဏီတို့သည် မိမိတို့ ငွေပင်ငွေရင်း အရင်းအနှီးတို့အတွက် ဘဏ်တိုက်တို့ကို အားကိုးနေရဆဲ ဖြစ်သည်။ ဘဏ်တိုက်တို့မှ ချေးငှားငွေတို့ဖြင့် အဓိက အရင်းအနှီးထူထောင်သည်။ ယခု ဤသဘော ရှိသေးသော်လည်း အားပျော့သွားသည်။ ထိုအစား ကုမ္ပဏီကြီးတို့သည် မိမိတို့အစုရှယ်ယာ (အီကွီတီ) တို့ကို ထုတ်ရောင်း၍ ငွေရှာသော နည်းကို အဓိက အသုံးပြုလာရသည်။ ချေးငွေဖြင့် အရင်းရှာသည့်နည်းမှ အီကွီတီဖြင့် အရင်းရှာသည့် နည်းဆီသို့ From Loan Financing to Equity Financing ဆီသို့ အလုံးအရင်းနှင့် ရွှေ့ပြောင်း နေကြရသည်။ ဤသို့ရွှေ့ပြောင်းရန် မက်လုံးရော ဖိအားပါ နှစ် မျိုးစလုံးအားကောင်း ကောင်းနှင့် ရှိပြီ။
ငွေအရင်းအနှီး ထုနှင့် ထည်နဲ့ ဧရာမရန်ပုံငွေများ ရှိကြသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတို့နှင့် ပင်စင်ရန်ပုံငွေ Investment Funds and Pension Funds ကြီးတို့ကလည်း အီကွီတီတို့ကို အပြုံလိုက်အစုလိုက် လက်ကြီးကြီး၊ ထုထည်ကြီးကြီး ၀ယ်ယူဖို့အတွက်လည်းစောင့်နေကြသည်။
ဤအီကွီတီနည်းဖြင့် ငွေအရင်းရှာဖွေခြင်းကို မိမိတို့ဒေသအတွင်း၌ သာ ကွက်ပြီးကန့် သတ်ပြီး ရှာရုံဖြင့် လည်း သိပ်အကျိုးမ ဖြစ်နယူးယောက် စတော့အိတ်(စ်)ချိန်၊ ဥရောပစတော့ အိပ်(စ်)ချိန်း၊ လန်ဒန်စတော့အိပ်(စ်)ချိန်း စသည့်ကမ္ဘာလုံးဆိုင်ရာ အရင်းအနှီးဈေးကွက် Global Capital Markets တို့တွင် မိမိတို့ အီကွီတီတို့ကို ထုတ်ရောင်းနိုင်မည် ဆိုလျှင် အရင်းအနှီးတွေ တစ်ပြုံတစ်ခေါင်း အဆမတန် အများ ကြီးရနိုင်သည်။ ဘဏ်ချေးငွေဆိုသည်မှာ ကလေးကစား စရာလို ဖြစ်သွားသည်။
ကမ္ဘာလုံးကျွတ်အရင်းဈေးကွက်
(၂) ထို့ကြောင့် မိသားစုပိုင် စီးပွားရေး လုပ်ငန်းတို့သည် ဆက်လက်အောင်မြင်လိုလျှင် အရင်းအနှီး ရှာဖွေထူထောင်မှု ပုံသဏ္ဌာန်ကိုပြောင်းလဲပစ်ရတော့မည် ။ အီကွီတီဈေးကွက်နှင့် ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်ရတော့မည် ။ ကမ္ဘာလုံးကျွတ် အရင်းအနှီးဈေးကွက်ထဲ ၀င်တိုးနိုင်ရ တော့မည် ။
ဤအလို့ငှာ မိသားစုပိုင် စီးပွားရေး လုပ်ငန်းတို့ကို စတော့အိပ်(စ်)ချိန်းတို့တွင် မှတ်ပုံတင် စာရင်းသွင်းနိုင်သော Listed အများ ပိုင် ကော်ပိုရေး ရှင်းကြီးများ အ ဖြစ် မလွဲမသေပြန်လည် ဖွဲ့စည်း ရတော့မည် ။ ဤသည်ပင် မိသားစုပိုင် ပုံစံကို ဖျက်သိမ်းပေးရခြင်း မည် သည်။
(၃) ယင်း၏ အကျိုးဆက်တို့ကား အရိပ်ပမာ ထပ်ကြပ်မကွာတစ်ပါတည်း လိုက်ပါလာသည်။ ပထ မအနေဖြင့် အသစ်ဖွဲ့စည်းရသော ကော်ပိုရေး ရှင်းတို့သည် အစုရှင်တို့၏ တန်ဖိုး Shareholder’s Value ကို အဓိက အာရုံစိုက်ရတော့မည် ။ အစုရှယ်တို့ အကျိုးရှိအောင်ဆောင်ရွက် ပေးရတော့မည် ။ မိသားစုတန်ဖိုး မိသားစုအကျိုးသည် နောက်ဖက်ခုံတန်းဆီ ရောက်သွားပြီ။
(၄) ဥပဒေနှင့် အညီ လူနည်းစုအစုရှင် Minority Shareholders တို့အကျိုးကိုလည်း စောင့်ရှောက် ကာကွယ်ပေးရမည် ။ ထိုမျှသာမကသေး စာရင်းရှင်တမ်း မှန်မှန်ပြုလုပ်ခြင်း၊ အစီရင်ခံစာ မှန်ကန်စွာ ရေး ခြင်း၊ စာရင်းစစ်တို့၏ အစစ်အဆေးကိုခံခြင်း၊ စတော့အိပ်(စ်)ချိန်း အာဏာပိုင်တို့၏ အစစ်အဆေးကိုခံခြင်း၊ အစုရှင်သစ်များ တိုးလာစေရန် ကုမ္ပဏီ၏ အခြေအနေ မှန်တို့ကို ဖော်ပြခြင်း စသည့်ထင်သာ၊မြင်သာရှိမှု Transprancy ကို ကျင့်သုံးရတော့သည်။ မိသားစုပိုင် စီးပွားရေး တွင် မူ အရာရာလျှို့ဝှက်ထားပြီး မိသားစုချင်းသာလက်ဝါးရိုက် အသိပေးခြင်းမျိုးတွေ ပြုကျင့်ခဲကြသည်။
အနောက်ပိုင်းပညာ
(၅) စီမံခန့််ခွဲမှု Management ကိစ္စ၌ လည်း မိသားစု စီမံခန့်ခွဲအုပ်ချုပ်မှု Family Management မျိုးနေရာ၌ သူ့နေရာနှင့် သူကျွမ်းကျင်သူများ ဖြင့် စီမံခန့်ခွဲမှု Professional Management ပုံစံဖြင့် အစားထိုးရတော့မည် ။ အဘယ်ကြောင့် ဆိုသော် အပြိုင်အဆိုင်တွေ အလွန်ပြင်းထန် လှုပ်ရှားနေ သည် မဟုတ်ပါလား။ သမားရိုးကျမိသားစု စီမံခန့်ခွဲမျိုး သွားလုပ်လျှင် ကော်ပိုရေး ရှင်းသည် ဖျက်သိမ်းပစ်ရမည့်  ကံကြမ္မာ ခဏလေးနှင့် တွေ့ နှိင်သည်။ အီကွီတီ အစုရှင်တို့က သမားရိုးကျ စီမံခန့်ခွဲမှု ပုံစံကို မကြိုက်သည်နှင့် အစုရှယ်ယာတွေ ထုတ်ရောင်းပစ်နိုင်သည်။ ကော်ပိုရေး ရှင်း၏ အစုရှယ်ယာဈေး ဇောက်ထိုး စိုက်ဆင်းသွားနိုင်သည်။
အလှနှင့် ဦးနှောက်
ဧရိယာအကျယ်အ၀န်းနှင့် လူဦးရေ အနည်းအများ ကိုကြည့်ပြီး မြို့ကြီး (City) ဟု သတ်မှတ်မှု သည် စိတ်မချရတော့ပေ။ လူမှု သိပ္ပံပညာရှင်တို့က မြို့ကြီးကို လှပအောင် မွမ်းမံပြင် ဆင်ရသည်နှင့် အတူ ဦးနှောက်လည်း ထည့်ပေးလာကြပြီဟု ဆိုသည်။ Beauty and Brain ဟုပြောသည်။ ဤနေရာ၌ ပညာရှင်တို့က ဆိုလိုသော ဦးနှောက်မှာ ယေဘုယျအားဖြင့် ခေတ်မီ ဆက်သွယ်ရေး စနစ်များ မြို့ကြီးတို့၌ ဖွံဖြိုးထွန်းကားမှု ကို ဆိုလိုသည်။ အတိအကျအားဖြင့် တယ်လီဖုန်း၊ ဖက်စ်၊ အီးမေးလ်၊ ဂြိုလ်တုဆက်သွယ်ရေး ၊ ကွန်ပျူတာ ကွန်ရက်၊ သတင်း အင်ဖော်မေးရှင်းကွန်ရက်၊ စီးပွားရေး သတင်းကွန်ရက်၊ အီလက်ထရွန်းနစ် အာရုံကြောများ စင်တာ စသည့်ဥာဏ်ပညာပါးနပ်လိမ္မာသော အဆောက်အအုံ Intelligent Building တို့အများ ကြီး ရှိခြင်း ကို ဆိုလိုသည်။
၂၁ရာစုနှစ် ၌ မြို့ကြီးတို့သည် ကမ္ဘာလုံးဆိုင်ရာမြို့ကြီး Global City များ အသွင်သို့ ပြောင်းလဲကုန်တော့မည် ။ ပြောင်းသည်ပြောင်းနေပြီ။ ဆိုလိုသည့်သဘောမှာ သတင်းအင်ဖော် မေးရှင်း တက္ကနိုလိုဂျီတို့ ခေတ်မီ ဆန်းပြားလာမှု တို့ကြောင့် မြို့ကြီးတို့သည် တစ်ကမ္ဘာလုံးနှင့် ချိတ်ဆက်မိလာခြင်း ဖြစ်သည်။ ‘ကမ္ဘာရွာ’ ကြီးထဲတွင် ကမ္ဘာမြို့ကြီးတွေ ပေါ်လာပြီ။
ကမ္ဘာ့ဂယက်အရင်
မြို့ကြီးတစ်မြို့သည် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တို့နှင့် ဘယ်လောက်အထိ အချိတ်အဆက် ရှိသနည်းဆိုသော အချက်သည်သော့ ချက် စံ ဖြစ်လာသည်။ ကမ္ဘာနှင့် အချိတ်အဆက် အားနည်း လျှင်မြို့ကြီးတစ်မြို့သည် ဘယ်လောက်ပဲ လူဦးရေများ နေပါစေ၊ ဘယ်လောက်ပဲ ကျယ်ဝန်း နေပါစေ၊ ကမ္ဘာလုံးဆိုင်ရာ မြို့ကြီးအဆင့် အ ဖြစ်သတ်မှတ်ခြင်းခံရမည် မဟုတ်ပေ။
မြို့ကြီးတစ်မြို့က ကမ္ဘာလုံးဆိုင်ရာ မြို့ကြီး ဖြစ်လာတော့လည်း ဤမြို့၏ အသွင်အပြင် တို့သည် တော် လှန်ပြောင်းလဲ ကုန်တော့သည်။ ကမ္ဘာပေါ်ဘယ်နေရာမှာ ဘာပဲ ဖြစ် ဖြစ်၊ ဤကမ္ဘာ လုံးဆိုင်ရာ မြို့ကြီးတို့တွင် အရင်ကနဦး ဂယက်ရိုက်သည်။ မြို့ကြီးတို့က အရင်သိသည်။ ထို့ကြောင့် မြို့ကြီးတစ်မြို့ ကမ္ဘာလုံးဆိုင်ရာ မြို့ကြီး ဖြစ်လာသည်နှင့် ကမ္ဘာ့အ ဖြစ်အပျက်တို့က ဤမြို့ကြီးအပေါ် ပိုပြီးသြဇာကြီးလာတော့သည်။ မြို့ကြီးတို့်ရှိရာ ပြည်တွင်းအ ဖြစ်အပျက်တို့က အဲဒီ လောက် သြဇာမရှိတော့ပြီ။ ပြည်တွင်းသြဇာ၊ နိုင်ငံ့သြဇာ ကျဆင်းသွားသည်။ ကမ္ဘာ့သြဇာ၊ ပြည်ပသြဇာ တက်လာသည်။ ကမ္ဘာ့ကွန်ရက်ပေါင်းစုံတို့နှင့် ချိတ်ဆက်မိသော ကြောင့် ပေါ်ထွန်းလာ သော အကျိုးပေတည်း၊ စိတ်ဆန္ဒတို့နှင့် ဆိုင်ဟန်မရှိ။
ဘ၀အမှတ်အသားတိုင်းများ
ပညက်အားဖြင့် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာလို ဖြစ်လာပြီဟု ပြောကြသည်။ ကမ္ဘာ့ရွာ Global Village ဟုအသုံးများ လာကြသည်။ ပရမတ်အားဖြင့် မူ ဤကမ္ဘာ့ရွာကြီးထဲတွင် ကမ္ဘာ့ မြို့ကြီး Global Cities တွေ ထွန်းကားလာချေပြီ။ ရွာထဲ မြို့တွေ ပေါ်မည် ဟု ဆိုတော့ အံ့သြစရာ ကောင်းလှသည်။
ဂျပန်လူမျိုး လူမှု နှင့် စီးပွားရေး သိပ္ပံပညာရှင် ကီနီချီအိုမေက ဤကိစ္စနှင့် ပတ်သက်၍ နိစ္စဓူဝဘ၀၏ အမှတ်အသားမှတ်တိုင် Signposts of Everyday Life တို့အကြောင်း ရှင်းပြသည်။ မြို့ကြီးများ အသွင်သို့ ကူးပြောင်းလာသည်နှင့် အတူ ပြုထားသော မှတ်တိုင်တို့သည်လည်း အလွန် တရာ ရှုပအထွေးများ ပြား လြာ ကတော့သည်။
အမှတ်အသား မှတ်တိုင်တို့ဆိုရာ၌ လမ်းပြအချက်ပြများ ကြော်ငြာဆိုင်းဘုတ်များ ၊ လမ်းညွှန်းများ ၊ တယ်လီဖုန်းများ ၊ ဖက်စ်အီးမေးလ်၊ အင်တာနက် အစရှိသည့် ဆက်သွယ်ရေး ကိရိယာတို့နှင့် ပတ်သက်သော လမ်းညွှန်နှင့် လိပ်စာများ ၊ ဆေးအညွှန်းများ ၊ ဟိုတယ်၊ စားသောက် ဆိုင်တို့မှ စားစရာအညွှန်း Menu များ ၊ ဘောက်ချာများ ရုပ်မြင်သံကြား၊ ရေဒီယိုအစီအစဉ်များ ၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေရုံ၊ ပြဇာတ်ရုံအညွှန်းများ ၊ မြေပုံများ ၊ ဈေးဝယ်လမ်းညွှန်များ ၊ မီးရထား၊ သင်္ဘော၊ လေယဉ်အ၀င်အထွက် လမ်းညွှန်များ ၊ အစရှိသည့် နစ္စဓူဝ ဘ၀တို့ကို ထင်ဟပ် အမှတ် အသားပြုသော အညွှန်းပေါင်းစုံတို့ ပါဝင်ကြကုန်သည်။ ဤအညွှန်း (အမှတ်အသားပြမှတ်တိုင် ) တို့သည် မျက်စိနောက်လောက်အောင် ရှုပ်ထွေးများ ပြား မျိုးစုံ ဖြစ်လာသည်။
ဤတွင် ပညာရှင်ကီနိုချီအိုမေက စာတတ်တယ်ဆိုတာ ဘာကိုခေါ်တာလဲဟု မေးခွန်းဟောင်းတစ်ခုကို ထုတ်ပြီးအဖြေ တစ်ပုဒ်ကို ရှင်းပြသည်။ လုပ်တတ်မှ စာတတ်သည်ဟု ခေါ်သတည်း။ ဆာဗေးတစ်ခုက မြို့ကြီးနေ အသက်၂၀ကျော်အရွယ် အမေရိကန် လူငယ် ၃၆၀၀အားမေးကြည့်ရာ ၆၂ရာခိုင်နှုန်းလောက်က ဤအမှတ်အသားမှတ်တိုင်တို့၏ အဓိပ္ပာယ်ကို မဖော်နိုင်သူတွေ ထဲတွင် တက္ကသိုလ်ဘွဲ့ရတွေ အများ အပြား ပါဝင်ကြသည်။
ထို့ကြောင့် မြို့ကြီးထဲတွင် ဘွဲ့ရခြင်း၊မရခြင်းဖြင့် မတိုင်းတာတော့ဘဲ မြို့ကြီး၏ ဖော်ပြပါ အမှတ်အသားမှတ်တိုင်တို့ အကြောင်းကို ဘယ်လောက်သိသလဲ။ ဘယ်လောက်နားလည် သလဲ ဆိုသော အချက်ဖြင့် ‘ စာတတ်ခြင်း ’ ကို တိုင်းထွာကြည့်ရာသည်။
ကွန်ရက်က ဆင့်ကဲကိုဖြို
ကမ္ဘာလုံးဆိုင်ရာ မြို့ကြီးတို့သည် ကွန်ရက်မှီမြို့ကြီး Net-work-Dependent တွေ ဖြစ် လာသည်။ တက္ကနိုလိုဂျီနည်းပညာ ဦးစားပေး Technology Oriented ဖြစ်လာသည်။ တစ်ဆက် တည်းတွင် ထိပ်အောက်ဆင့်ကဲစနစ် Hierarchyပြိုကျသွားသည်။ ကမ္ဘာ့မြို့ကြီးတို့တွင် ဘာပဲ လုပ်လုပ် ကွန်ရက်အချိတ်အဆက်တို့ကို အဓိကထားပြီး လုပ်လာကြသည်။ ကွန်ရက်စနစ်ဖြင့် အလုပ်လုပ်ကြသည်၊ ထိပ်အောက် Top-down ကွပ်ကဲမှု မျိုးဖြင့် အလုပ်လုပ်ကြခြင်းသည် အလွန် နည်းသွား ရှားသွားသည်။
အကယ်၍ ထိပ်အောက်ဆင့်ကဲစနစ်ကို မလွဲမရှောင်သာ၍ ကျင့်သုံးကြရသေးလျှင် ထိပ်အောက်ဆင့်ကဲစနစ်တို့ကို တိုပစ်၊ ဖြတ်ပစ်ကြသည်။ အဆင့်ဆင့်တွေ အများ ကြီးမထား တော့ပေ။ ဤသို့တိုပစ်ခြင်းကို Downsize ဟုခေါ်သည်။ အလုပ်သမားတို့ကို လျှော့ဖြတ်ပစ်ခြင်းကို
Downsize အ ဖြစ် ယေဘုယျနားလည်နေကြသည်။ အမှန်မှာ ထိပ်အောက် ဆင့်ကဲအဆင့် လှေကားကို တိုပစ်ခြင်း၊ လျှော့ပစ်ခြင်းကို အဓိကရည်ညွှန်းသည်။
အထက်တွင် ဖော်ပြခဲ့သော အလှနှင့် ဦးနှောက်တို့ကို ထိပ်အောက်ဆင့်ကဲစနစ်ဖြင့် မစီ စဉ်တော့ပြီ။ ကွန်ရက်စနစ်ဖြင့် စီစဉ်လာသည်။ Networks Management သည် ကမ္ဘာမြို့တို့တွင် သော့ ချက်ကျလာပြီ။
သတင်းအစာမကြေခြင်း
ကမ္ဘာလုံးဆိုင်ရာ မြို့ကြီးတို့တွင် သတင်းအင်ဖော်မေရှင်း တက္ကနိုဂျီတို့ကို အမာခံ ကျောရိုး အ ဖြစ် ပြောင်းလဲဖွဲ့စည်းလာခြင်းကြောင့် သတင်းတို့သည် အလျှံပယ် ပေါများ နေသည်။ ချက်ချင်း လက်ငင်းသိကြသည်။ ဤတွင် ပညာရှင်တစ်ဦးက သတင်းအစာမကြေမှု Indigestion of Information အကြောင်း ပြောပြလေသည်။
ကမ္ဘာ့မြို့ကြီးတို့အတွင်း မတည်ငြိမ်မှု နှင့် အကြမ်းဖက်မှု ကို ပေါ်ပေါက်လာရခြင်းတို့သည် ဤသတင်း အစာမကြေမှု တို့ကြောင့် ဖြစ်ရသည်ဟု ပညာရှင်တစ်ဦးက အပြစ်ဖို့ထားသည်။ သူက သတင်းအစာမကြေ ပုံသဏ္ဌာန်တို့ကိုလည်း ရှင်းပြဖော်ပြသည်။ ပထမအားဖြင့် သတင်းတွေ အလျှံ အပယ် ပေါများ လာပါလျက် သတင်းကို ဆင်းဆင်းရဲရဲသိသူ အသေအချာမသိဘူး III-Information လူတန်းစား ဆိုပြီးပေါ်နေသေးသည်။ ဒုတိယအားဖြင့် သတင်းတို့ကို လိုရာ လှည့်စား ကြိုးကိုင်၍ ဖြန့်ချိမှု Manipulation of Information များ ရှိနေသည်။ တတိယအားဖြင့် သတင်း အင်ဖော်မေးရှင်းကို လွယ်ကူစွာ Access to Information ရပါလျက် ဤသတင်းတို့၏ အနှစ် ကို မသိခြင်း Poor Access to Knowledge ရှိနေသည်။စတုတ္ထအားဖြင့် မီဒီယာသမားကို သတင်း တို့ကို စိတ်လှုပ်ရှားမှု ကို ဆွပေး၍ Play on Emotions ကစားကြသည်။
ဤအချက်တို့သည် သတင်းအစာမကြေမှု တို့ကို ဖြစ်ပွားစေ၍ ယင်းမှမြို့ကြီးအတွင်းအကြမ်း ဖက်မှု တို့ကို ဖြစ်ပွားစေသည်ဟု ပညာရှင်တစ်ဦးက ထောက်ပြထားသည်။
လူသားဆန်
၂၁ ရာစုနှစ် ထဲတွင် မြို့ကြီးတို့သည် လူသားဆန်မှု ၏ ဗက်တာ Vector of Humanism ဖြစ်ရန် ဦးတည်နိုင်ရမည် ဟုဆိုသည်။ မြို့ကြီးကို လူသားဆန်အောင် ဖန်တီးရာ၌ ယဉ်ကျေးမှု အပြန်အလှန် မွေးထုတ်ခြင်း Interbreeding of Culturesသည်လည်း တာဝန်တစ်ပါးအ ဖြစ် အရေး ကြီးသည်ဟု ဆိုသည်။
ယခင်ကဆိုလျှင် မြို့ကြီးတို့သည် ရုပ်ပစ္စည်းထုတ်လုပ်ဖို့သာ စိတ်ဝင်စားနေရာ လူတို့၏ စိတ်ပိုင်းဆိုင်ရာ ကိစ္စတို့ကို မေ့ပျောက်နေခဲ့ကြသည်။ ၂၁ ရာစုထဲ၌ ကား လူတို့၏ ခံ စားမှု ဖီ လင်၊ အတွေးအခေါ်၊ အလိုလိုသိစိတ် ၊ အာရုံခံစားမှု စသည့်ပညာ သညာပုံသဏ္ဌာန် ပေါင်းစုံတို့ သည် ဗိသုကာဘာသာစကား အကျယ်အ၀န်း၊ လေဟာပြင်ဘာသာ စကား Spatial Language တို့နှင့် အံဝင်ခွင်ကျ ဖြစ်တော့မည် ။ တစ်နည်းဆိုလျှင် အထက်တွင် ဖော်ပြခဲ့သော မြို့ပြနေ လူထု၏ နိစ္စဓူဝ ဘ၀နှင့် အဆင်ပြေ ကိုက်ညီရတော့မည် ။
မြို့ကြီးတို့ကို စီးပွားရေး အမြင် သက်သက်ဘက်မှ မကြည့်ဘဲ အခြားအမြင်တို့နှင့် လည်း အပေးအယူ စေ့စပ်ပေါင်းစပ် ကြည့်ရမည် ဟု ပညာရှင်တစ်ဦးက ဆိုသည်။ လူသားဆန်မှု Humankind မြို့ City နှင့် သဘာဝ Nature တို့ကို အပေးအယူမျှတခြင်း အပေါ်အခြေခံ ထားနိုင် ရမည် ။
ဖဲကြဉ် Exclusion ခြင်းဆိုသော စကားသည်မြို့ပြရေး ရာအကြောင်း ဆွေးနွေးမှု တို့၌ ယခုတစ်လော ထိပ်တန်းနေရာ ပေးခြင်းကို ခံနေရသည်။ လူမှု ရေး အရ ဖဲကြဉ်မှု ၊ အခွင့်အလမ်းအရ ဖဲကြဉ်မှု ၊ သတင်းရရှိမှု ပိုင်း၌ ဖဲကြဉ်မှု အစရှိသည်ဖြင့် ဖဲကြဉ်ခံ ရမှု အမျိုးအစားပေါင်းစုံတို့ကို စာရင်း ပြုသည်။ ဤပြဿနာတို့ကို အသို့ဖြေရှင်းမည် နည်းဟူ၍ ခေါင်းရှုပ်စွား စဉ်းစားနေကြရသည်။ ဖဲကြဉ်ခံရမှု သည် သတင်းအစာမကြေမှု ကဲ့သို့ပင် မြို့ကြီးအတွင်း မတည်ငြိမ်မှု တို့ကို ပေါ်ပေါက် စေသည်ဟု ထောက်ပြနေကြသည်။
အညွှန်း
Cities of the Future
International Social Science Journal
Beyond National Borders by
Kenichi Ohmae
![]() လက်ဇပ်ကားနှင့် သံလွင်ပင် | ![]() ဈေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာ မူကြီးများအတွဲ (၂) | ![]() ဗုဒ္ဓဂယာခရီး နှင့် ဒဿနမျှော်စင် |