စားသုံးသူဈေးကွက်များ နှင့် စားဝယ်၊ ၀ယ်သူအပြုအမူများ
ဟာလေဒေးဗစ်ဆန်၏ အသည်းနှလုံးမှာ ကဲ့သို့ ကုန်အမှတ်တံဆိပ်အပေါ် သစ္စာရှိမှု (Brand loyalty)သည် အနည်းငယ်မျှလောက်သာ ဖြစ်နိုင်သည်။ ‘‘ဟာလေ၏ ပရိသတ်သည် ကျောက်တုံး ကျောက်ခဲကြီးကဲ့သို့ ခိုင်မာလှသည်’’ဟု ဟာလေပြိုင်ဘက် ရာမာဟာ၏ အရောင်းဌာန ဒုတိယဥက္ကဋ္ဌ ဖြစ်သူက မှတ်ချက်ချသည်။ ရာမာဟာ၏ ပရိသတ်သည် သူတို့၏ ကိုယ်ခန္ဓာတွင် ဆေးမှင်ကြောင်မထိုး ကြပေ။ သို့ ရာတွင် ဟာလေမော်တော်ဆိုင်ကယ်စီးသူ 400000 ကျော်တို့သည် ဖလော်ရီဒါပြည်နယ် ဒေတန်နာကမ်းခြေ (Daytona Beach)သို့ လာရောက်ကြပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ဟာလေဒေးဗစ်ဆန် (Bike Week)ပြိုင်ပွဲသို့ ချီတက်ပါဝင်ကြသည်။ တစ်နိုင်ငံလုံးမှ ဘိုင်စကယ်စီးသူ တို့သည် ဟာလေစက်ဘီးအပိုပစ္စည်းမျိုးစုံသယ်ဆောင်လာကာ ဟာလေစပို့ရှပ်များ ကို ၀တ်ဆင်ကြ သည်။ သူတို့က “ ဟွန်ဒါ စီးမည့်အစား ဟာလေကိုစီးမည်” ဟူ၍ ပြောဆိုကြသည်။
ဤသို့ စူးရှသော ခံစားမှု တို့ကို ခံစားလျက် ဟာလေဒေးဗစ်ဆန်သည် အလျင်အမြန်တိုးတက် လာသော ဟဲဗီးမော်တော်ဆိုင်ကယ်ဈေးကွက်ထဲ၌ ထိပ်တန်းနေရာကို ရယူခဲ့သည်။ ဟာလေ၏ ဟော့ဂ် “Hogs” သည် ယူအက်စ်မော်တော်ဆိုင်ကယ်ဈေးကွက်၏ ငါးပုံတစ်ပုံကို ရယူထားလျက်ရှိပြီး ဟဲဗီးဝိတ်ဆိုင်ကယ်ပစ္စည်းတို့၏ ဈေးကွက်ထက်ဝက်ကျော်ကို သိမ်းပိုက်ထားသည်။ အပိုပစ္စည်းနှင့် ဟာလေအရောင်းတို့မှာ မြန်မြန်ဆန်ဆန်မြင့်တက်လျက်ရှိသည်။
စင်စစ်၌ နှစ်ပေါင်းများ စွာ အပတ်တကုတ်လုပ်ကိုင်ကြိုးစားခဲ့မှု ကြောင့် အရောင်း(Sales)တို့ သည် ရောင်းလိုအား (Supply) ထက်ပင်ကျော်နေခဲ့သည်။ ဖောက်သည်တို့က မိုဒယ်အသစ်များ အတွက် သုံးနှစ်လောက်ကတည်းက အမှာ စာများ ပို့ထားကြသည်မှာ လည်း မနည်းလှပေ။ အပြင်လမ်း ပေါ်ပေါက်ဈေးသည် ကုမ္ပဏီက ဖော်ပြသော ဈေးနှုန်းထက်ပင်များ နေသည်။ ဟာလေမော်တော် ဆိုင်ကယ်ကို ဆိုင်မှ ခုဝယ်ပြီး တခြားနေရာ၌ ပြန်ရောင်းလျှင်ပင် အတော်အမြတ်ရနိုင်ကြသည်။ ဟာလေဒေးဗစ်ဆန်၏ အစုရှယ်ယာတို့ကို ၁၉၈၆ ခုနှစ်၌ ထုတ်ရောင်းခဲ့ရာ တန်ဖိုးထက် ၇၁၀၀ ရာခိုင်နှုန်း ပိုမိုဈေးပေါက်ခဲ့သည်။
ဟာလေဒေးဗစ်ဆန်မှ ဈေးကွက်သမားတို့သည် ဖောက်သည်တို့နှင့် သူတို့၏ အပြုအမှု တို့ အကြောင်းကို အချိန်အများ ကြီးယူပြီး စဉ်းစားနေခဲ့ကြသည်။ သူတို့သည် သူတို့၏ ဖောက်သည်တို့သည် မည်သူတွေနည်း၊ သူတို့ ဘာတွေစဉ်းစားကြသနည်း၊ ဘယ်လို ခံစားကြသနည်း၊ သူတို့သည် ဟာလေ ဆိုင်ကယ်ကိုမှ ဘာကြောင့် ၀ယ်ရသနည်း၊ စူဇူကီး၊ ဟွန်ဒါ၊ ရာမဟာတို့ကို အဘယ်ကြောင့် မ၀ယ်ရ သနည်း၊ ဟာလေ၀ယ်သူတို့သည် အဘယ်ကြောင့် ဟာလေအပေါ် ပြင်းပြင်းထန်ထန် သစ္စာရှိရသနည်း စသည်ဖြင့် မေးခွန်းတွေထုတ်ကြသည်။ ဤမေးခွန်းတို့သည် ဟာလေပိုင်ရှင်တို့အတွက်ပင် အဖြေရ အတော်ခက်လှပေသည်။ အဘယ်ကြောင့် ဟာလေကို ၀ယ်ရသနည်းဆိုသော စေ့ဆော်ချက်ကို သေသေချာချာ မသိပေ။ သို့ ရာတွင် ဟာလေစီမံခန့်ခွဲမှု အဖွဲ့သည် ဖောက်သည်တို့ကို နားလည်ရန်နှင့် သူတို့ အဘယ့်ကြောင့် ဟာလေမှ ဟာလေဖြစ်ရသနည်းဆိုသော အချက်အပေါ် ဦးစားပေးစဉ်းစားကြ သည်။
ဟာလေကို ဘယ်သူစီးသလဲ။ ဟဲလ်အိန်ဂျဲလ် (Hell’s Angles)အုပ်စုက စီးခြင်းမဟုတ်သည့် အတွက် အံ့အားသင့်စရာကောင်းသည်။ ခပ်တုတ်တုတ်ခိုင်ခိုင်၊ သားရေဂျာကင်ဝတ်ပြီး မော်တော်ဆိုင် ကယ်နှင့် လမ်းသလား ပုန်ကန်သူတို့သည် ဟာလေ၏ ကျောရိုး ၀ယ်သူပရိသတ်များ ဖြစ်ခဲ့ဖူးသည်။ သို့ ရာတွင် မော်တော်ဆိုင်ကယ်တို့သည် စီးသူအမျိုးအစားအသစ်တို့ကို မွေးထုတ်ပေးလာသည်။ အသက်ကြီးသူ၊ ပို၍ ချမ်းသာသူ၊ ပို၍ ပညာတတ်သူတွေ စီးလာကြသည်။ ယခုအခါ ဟာလေသည် ‘ရာဘီ’ rubies (rich urban bikers) တို့ကို ပို၍ ဆွဲဆောင်နေသည်။ ဟာလေသည် သူပုန်တွေထက် မြို့ပြစီးသူတို့ကို ပို၍ ဆွဲဆောင်နေသည်။ ဟာလေဖောက်သည်တစ်ဦး၏ ပျမ်းမျှအသက်သည် ၄၃ နှစ် ရှိ၍ ပုံမှန်အိမ်ထောင်စုဝင်ငွေ ဒေါ်လာ ၆၆၄၀၀ ရှိသည်။ ဟာလေ၏ ခပ်ကြီးကြီးဇိမ်ခံ ကရူဇာ (cruisers) သည် ဤဆိုင်ကယ်အသစ် ၀ယ်ယူသူတို့အတွက် စီးရလွယ်ကူသည်။ ဂုဏ်လည်းရှိသည်။ လက်ကောက်ဝတ်လှည့်ချင်သလို လှည့်နိုင်သည်။ ဈေးလည်း ချိုသည်။
ဟာလေဒေးဗစ်ဆန်သည် ဆိုင်ကယ်အကောင်းစားတို့ကို ထုတ်လုပ်သည်။ အပြောင်းအလဲဖြစ် နေသော ဈေးကွက်နှင့် ဟန်ချက်ညီအောင် ပြုလုပ်သည်။ ကုမ္ပဏီသည် အရောင်းခန်းမတို့ကို ပို၍ တိုး တက်ကောင်းမွန်အောင် ကြံဆသည်။ ရောင်းပုံ ရောင်းနည်းကိုလည်း ပြင်ဆင်သည်။ သို့ ရာတွင် ဟာလေဖောက်သည်တို့သည် အရည်အသွေးမြင့် ဆိုင်ကယ်ကိုဝယ်ယူခြင်းထက် ပိုသည်။ အရောင်း ခေတ်စားမှု ထက် ပိုသည်။ ဖောက်သည်တို့၏ ပို၍ နက်နက်ရှိုင်းရှိုင်းရှိသော စေ့ဆော်မှု တို့ကို နားလည် ရန် အလို့ငှာ ဟာလေသည် ဖိုးကပ်စ်ဂရု (focus group) တို့ကို ဖွဲ့သည်။ ဤဖိုးကပ်စ်ဂရုသို့ ဆိုင်ကယ်စီးသူများ အား ဖိတ်ခေါ်ကာ ဟာလေဒေးဗစ်ဆန်နှင့် ပတ်သက်၍ သူတို့၏ အမြင် သဘောထားခံစားမှု တို့ကို ရုပ်ပုံကားချပ်တို့ဖြင့် ဖော်ထုတ်ဆွေးနွေးစေသည်။ ထို့နောက် ဟာလေ သည် မေးခွန်းလွှာများ စီ၍ ၁၆၀၀၀ လောက်ရှိသော စစ်တမ်းတို့ကို စာတိုက်မှပေးပို့ခဲ့သည်။ ဤ မေးခွန်းလွှာတို့တွင် စံပြစိတ်ပညာ၊ လူမှု ဗေဒ၊ လူဦးရေဆိုင်ရာမေးခွန်းတို့ပါရှိကြသည်။ “ဟာလေသည် ၀က်ဝံတံဆိပ်ကြောင့်လား၊ ခြင်္သေ့တံဆိပ်ကြောင့်လား လူထုတွေကြားထဲ စံပြဖြစ်နေရသနည်း” ဆိုသော စိတ်ခံစားမှု မေးခွန်းမျိုးတို့ကိုလည်း ထည့်သွင်းမေးသည်။ သုတေသနအမျိုးမျိုး လုပ်ကြည့် သောအခါ ကျောရိုးဖောက်သည် (၈)မျိုးကို တွေ့ရသည်။ (၁) စွန့်စားမှု ကို နှစ်သက်သော ဖောက်သည်၊ (၂) ရှေးရိုး အစဉ်အလာသမား၊ (၃) စိတ်အာရုံမြန်သော လက်တွေ့သမား၊ (၄)ရေပန်းစားရာ စတိုင်နောက် လိုက်ချင်သူ၊ (၅) ခရီးထွက်ဝါသနာပါသူ၊ (၆)အရင်းရှင်ပုံသဏ္ဍာန် ကြိုက်သူ (၇) ခေါင်းအေးအေးထားနိုင်သော တစ်ကိုယ်တော်နှင့် (၈) တိုက်ကြက်လို ခွပ်ချင်သူများ ဟူ၍ ဖြစ်သည်။ သို့ ရာတွင် သူတို့အားလုံးသည် ဟာလေကို နှစ်သက်ရာ၌ တူညီသော အခြေခံ အကြောင်းတို့ကြောင့် ဖြစ်သည်။ ဤအကြောင်းတရားတို့သည် ဟာလေ၏ လောကအလုံးစုံမှန် ဆွဲဆောင်မှု ဖြစ်သည်။
ဤလေ့လာချက်တို့က ဘာပြသနည်းဆိုသော် ဟာလေဖောက်သည်တို့သည် မော်တော် ဆိုင်ကယ်သက်သက်ကို ၀ယ်ယူရုံမဟုတ်ဘဲ သည့်ထက်အပိုဆောင်း၍ ၀ယ်ယူနေကြခြင်းဖြစ်ကြောင်း ကို သက်သေထူပြနေသည်။ သူတို့သည် လိုက်ဖ်စတိုင်(ဘ၀စတိုင်)တစ်ခု၏ ဖော်ပြချက်ကို ၀ယ်ယူ ခြင်း ဖြစ်သည်။ သဘောထားအမြင်တစ်ခုကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။ စိစစ်သုံးသပ်သူတစ်ဦး ပြောသလို ပြောရလျှင် “ဟာလေဆိုင်ကယ်ကို ပိုင်ဆိုင်ခြင်းသည် ရပ်ကွက်ထဲ၌ “အမိုက်ဆုံး၊ အခိုက်ဆုံး ငတိ” ဆိုသောဂိုက်ကို ပေါ်လွင်စေသည်။ သင်သည် သွားဆရာဝန်ဖြစ်ကောင်းဖြစ်မည်။ စာရင်းကိုင်တစ်ယောက် ဖြစ်ကောင်းဖြစ်မည်။ သို့ သော် မော်တော်ဆိုင်ကယ်ကြောင့် သင်၏ ပါဝါကို အထူးပြုသွားစေသည်။ ဟာလေစီးသွားလျှင် သင်၏ စိတ်ဓာတ်အသစ်ဖြစ်သွားသည်။ သင်၏ အမှီခို ကင်းမှု ကို ကြေညာသလိုဖြစ်သွားသည်။ ဟာလေဆိုင်ကယ်ကို စက်နှိုးခြင်းသည် အင်ဂျင်ကို စက်နှိုး လိုက်ခြင်းထက် ပိုသည်။ အင်ဂျင်စက်သံသည် သင်၏ စိတ်ကူးစိတ်သန်းကို မီးပွားထွက်စေသည်။ ဟာလေကို ရောင်းသည်မှာ အိပ်မက်ကို ရောင်းခြင်းဖြစ်သည်။ ဟာလေကို ၀ယ်ယူခြင်းထက် လူအများ နှင့် တွေ့ဆုံရန် အဟန့်အတားကို ဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည်။ သင်ကိုယ်တိုင်လည်း ကိုယ်ပိုင် ဖော်ထုတ်ချက်ကို သင်၏ စပေ့ (space)ထဲ၌ လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့်ရှိသွားသည်။
“အဆင့်မြင့်ဟန်၊ လည်ချောင်းသံနှင့် ဟာလေ” ဆိုသော အိုင်ဒီယာတို့အားလုံးက ဟာလေ၏ မှော်ကို ၀ိုင်းဝန်းအထောက်အကူပြုထားသည်။ ဤ “ အမေရိကန်ဒဏ္ဍာရီ” ကို ပိုင်ဆိုင်ရခြင်းသည် သင့်အား ကြီးကျယ်မှု တစ်ခုခုကို ခံစားမိစေသည်။ ဟာလေမိသားစုဝင်တစ်ဦးကဲ့သို့ ခံစားမိစေသည်။ ဟာလေတစ်စီးဝယ်ရန် သင်က စောင့်ဆိုင်းရသည်ဆိုသော အချက်မှာ တကယ်ရရှိခြင်းထက် ပို၍ ကျေနပ်စရာကောင်းနေသည်။ တကယ်စင်စစ်၌ ကုမ္ပဏီက ပစ္စည်းထုတ်လုပ်မှု ကို တမင်တကာပင် ကန့်သတ်ထားသည်။ ‘ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ ၀ယ်လိုအားထက် တစ်စီးစီးလောက်တော့ လျော့ နေအောင် ထုတ်လုပ်ခြင်း ဖြစ်ပါတယ်” ဟု ဟာလေဒေးဗစ်ဆန်မန်နေဂျာချုပ်က ထုတ်ဖော်ပြောဆို သည်။
ဤကဲ့သို့ သော ခိုင်မာသည့်ခံစားမှု နှင့် စေ့ဆော်မှု တို့အကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့ သော ဟာလေ၏ ကြော်ငြာတွင် တွေ့ရှိနိုင်သည်။ ကြော်ငြာက အနီးကပ်လက်မောင်းတစ်ဖက်ကို ပြထားကာ လက်ရုံးကြွက်သားတွင် ဟာလေဒေးဗစ်ဆန်၏ မှင်ရုပ်ကို ရေးသားထားသည်။ ‘‘မည်သည့် အရာကိုမဆို အခိုင်မာဆုံး သင်ခံစားမိသည့် နောက်ဆုံးအချိန်သည် မည်သည့်အချိန်နည်း’’ဟူ၍ ရေး သားထားသည်။ ကြော်ငြာက ပြဿနာကို ဖော်ပြ၍ အဖြေကိုလည်း အကြံပြုထားသည်။
နံနက်မိုးလင်း၍ အိပ်ရာမှနိုးသော် ဘ၀လှုပ်ရှားမှု စပြီ။ လှုပ်ရှားမှု ပန်းတိုင်ရှိရာသို့ သယ်ယူမည့် အရာကို အသုံးပြုပါ။ တစ်ခါက စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အရာသည် ယခုအခါ တုံးကျော်သော လုပ်နေကျဖြစ်လာသည်။ ဤသို့ ပင် စတင်ခံစားရသည်။ ခြွင်းချက်ကား ဟာလေဒေးဗစ်ဆန်ကို သင်ရရှိ ထားသည့်အခါဖြစ်သည်။ တစ်စုံတစ်ခုက သင်၏ အာရုံအား နှိုးဆွဘိသကဲ့သို့ ဖြစ်သွားသည်။ လှိုက်လှိုက်လှဲလှဲ မိုးခြိမ်းသံပေါ်လာသည်။ နောက်ခံကားချပ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ရန် ငြင်းဆို သည်။ ရုတ်ခြည်းဆိုသလို အရာတို့သည် ခြားနားကုန်တော့သည်။ ပို၍ ရှင်းရှင်းလင်းလင်းဖြစ်လာပြီ။ တကယ့်သရုပ်မှန်အစစ်အဖြစ်လည်း ပိုမိုပီပြင်လာပြီ။ သည်အရာအားလုံးသည် တောက်လျှောက်တစ် လမ်းလုံး ဖြစ်ရပါမည်။ ခံစားမှု သည် ကိုယ်ရေးပီသသည်။ အချို့အတွက် ဟာလေတစ်စီးကို ပိုင်ဆိုင်ရ ခြင်းသည် ပုဂ္ဂိုလ်ထင်ရှားမှု ဥပဓိရုပ် (individuality)ကို ပေါ်လွင်စေသည်။ တခြားသူတို့အတွက်မူ ဟာလေတစ်စီးကို ပိုင်ဆိုင်ရခြင်းသည် ခြံပေါက်အမွေအနှစ်၏ တစ်စိတ်တစ်ဒေသကို ခံစားရသည်။ 1903 ခုနှစ်ကစတင်၍ မီလ်ဝါကီး (Milwaukee)ဂိုဒေါင်တစ်ခု၌ မွေးဖွားခဲ့သော အမွေအနှစ်ကို ရရှိဘိ အလားခံစားရသည်။ ဘာရယ်ညာရယ်လို့မသိ သူများ အတွက်၌ ဟာလေဒေးဗစ်ဆန်မော်တော်ဆိုင် ကယ်ပေါ် ခွစီးလိုက်သည်နှင့် မိမိကိုယ်မိမိ တစ်မျိုးထင်သွားသည်။ ဟန်ရော အသံပါ ပြောင်းသွား သည်။ ဟာလေကို ပိုင်သူများ က သည်အကြောင်းတွေအများ ကြီး ပို၍ ပြောနိုင်ကြပါလိမ့်မည်။ ဟာလေ ကို စီးလိုက်သည်နှင့် သင့်စိတ်အတွင်း၌ အပြောင်းအလဲဖြစ်သွားသည်။ ဤအကျိုးသက်ရောက်မှု သည် ခဏတစ်ဖြုတ်မဟုတ်။ ထာဝရဖြစ်နေသည်။ ဤသို့ ပြင်းပြင်းထန်ထန်ခံစားရန် အချိန်ရောက်ပါပြီ။ ဟာလေပေါ်ရောက်သည်နှင့် အရာရာတို့သည် ခြားနားကုန်ပါပြီ’’။
ဟာလေဒေးဗစ်ဆန်၏ ဥပမာကိုကြည့်၍ စားသုံးသူအပြုအမူတို့ကို သြဇာပြုသော အကြောင်း တရားတို့သည် ခြားနားစွာ နှင့်အများ အပြားရှိကြောင်း တွေ့ရသည်။ အ၀ယ်အခြမ်းအပြုအမူသည် ဘယ်တော့မှ ခပ်စင်းစင်း ခပ်ရိုးရိုးမရှိပေ။ သို့ ရာတွင် ဤအကြောင်းကို သိရှိခြင်းသည်ပင် စီမံခန့်ခွဲမှု ပိုင်း၏ အရေးကြီးသောတာဝန် ဖြစ်ချေသည်။
ဤအခန်းတွင် စားသုံးသူအပြုအမူနှင့် စားသုံးသူဈေးကွက်တို့ဆိုင်ရာ ဒိုင်းနမစ်သဘောတရား တို့ကို ဖြေရှင်းဆွေးနွေးထားသည်။ စားသုံးသူဝယ်ခြမ်းမှု အပြုအမူ (consumer buying behavior) သည် နောက်ဆုံးစားသုံးသူနှင့် အိမ်ထောင်စုအပြုအမူကို ရည်ညွှန်းသည်။ မိမိကိုယ်ရေး စားသုံးမှု အတွက် ကုန်စည်နှင့်ဝန်ဆောင်မှု တို့ကို ၀ယ်ယူသောသူတို့ကို ဆိုလိုသည်။ ဤသို့ သော နောက်ဆုံး စားသုံးသူတို့ကို စုပေါင်းလိုက်လျှင် စားသုံးသူဈေးကွက် (consumer market)ကို ရရှိမည်။ အမေရိ ကန် စားသုံးသူဈေးကွက်သည် လူဦးရေ 273 သန်းမျှရှိသည်။ သူတို့သည် တစ်နှစ်တစ်နှစ်တွင် ဒေါ် လာ ထရီလီယံပေါင်းများ စွာ ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု တို့ကို ၀ယ်ခြမ်းလျက်ရှိရာ သူတို့သည် ကမ္ဘာပေါ်တွင် ဆွဲဆောင်မှု အကောင်းဆုံး စားသုံးသူဈေးကွက်ဖြစ်နေသည်။ ကမ္ဘာ့စားသုံးသူဈေးကွက် တွင် လူဦးရေ ခြောက်ဘီလီယံရှိသည်။ ဤနှုန်းအတိုင်းသွားလျှင် ကမ္ဘာ့လူဦးရေသည် 2025 ခုနှစ်၌ 8 ဘီလီယံအထိ ရှိလာမည်။
ကမ္ဘာတစ်ဝှမ်းမှ စားသုံးသူတို့သည် အသက်အရွယ်၊ ၀င်ငွေ၊ ပညာရေးအဆင့်အတန်းနှင့် အရသာခံစားမှု တို့တွင် အလွန့်အလွန်ခြားနားကြကုန်သည်။ သူတို့သည် မယုံကြည်နိုင်လောက်အောင် ပစ္စည်းအမယ်မျိုးစုံနှင့် ၀န်ဆောင်မှု မျိုးစုံ ၀ယ်ကြသည်။ ဤစားသုံးသူတို့အချင်းချင်း မည်သို့ ချိတ်ဆက် မိကြပုံ၊ သူတို့ဝန်းကျင်တစ်ဝိုက် အခြင်းအရာတို့နှင့် ကမ္ဘာတစ်ဝှမ်း ဆက်စံပုံတို့သည့် ကုန်စည်အမျိုးမျိုး၊ ၀န်ဆောင်မှု အမျိုးမျိုးနှင့် ကုမ္ပဏီအမျိုးမျိုးတို့ကို ရွေးချယ်မှု တွင် အကျိုးရိုက်ခတ်မှု များ ရှိပါသည်။ စား သုံးသူတို့၏ အပြုအမူတို့ကို ထိခိုက်ပြောင်းလဲစေနိုင်သော စိတ်ဝင်စားစရာကောင်းသည့် ဖက်တာ (factors)တို့ကို ယခု လေ့လာသုံးသပ်ထားပါသည်။
ဈေးကွက်နှိုးကြွမှု တွင် ပီလေးလုံးပါဝင်သည်။ (product, price, place and promotion)တို့ ဖြစ်ကြသည်။ အခြားနှိုးကြွမှု တို့တွင် ၀ယ်သူ၏ ပတ်ဝန်းကျင်တွင်ဖြစ်ပွားသော အင်အားစုကြီးတို့ ပါဝင် ကြသည်။ ၎င်းတို့မှာ စီးပွားရေးတက္ကနိုလိုဂျီ၊ နိုင်ငံရေးနှင့်ယဉ်ကျေးမှု တို့ဖြစ်ကြသည်။ ဤသွင်းအားစု (inputs)အားလုံးသည် ၀ယ်သူ၏ သေတ္တာနက်ထဲ ၀င်ရောက်သွားကြကာ မြင်တွေ့နိုင်သော ၀ယ်သူ၏ တုံ့ပြန်မှု များ အဖြစ် အသွင်ကူးပြောင်းသွားကြကုန်သည်။ ၎င်းတို့မှာ ကုန်စည်ရွေးချယ်မှု ၊ ကုန်အမှတ် တံဆိပ်ရွေးချယ်မှု ၊ ဒီလာ (အရောင်းကိုယ်စားလှယ်)ရွေးချယ်မှု ၊ ၀ယ်ယူရန်အချိန်ရွေးချယ်မှု နှင့် ၀ယ်ယူ မည့်ပမာဏ ရွေးချယ်မှု တို့ဟူ၍ ဖြစ်ကြကုန်သည်။
ဈေးကွက်သမားသည် နှိုးဆွမှု တို့က တုံ့ပြန်မှု များ အဖြစ် ၀ယ်သူ၏ သေတ္တာနက်ထဲတွင် နှစ်ပိုင်း ရှိသည်။ ပထမပိုင်းမှာ ၀ယ်သူ၏ အကျင့်စရိုက်တို့ဖြစ်၍ နှိုးကြွမှု ကို ၀ယ်သူက ဘယ်လိုမြင်၊ ဘယ်လို ခံစားပြီး ဘယ်လိုတုံ့ပြန်သနည်းဆိုသည့်အချက်အပေါ် သြဇာလွှမ်းသည်။ ဒုတိယပိုင်းမှာ ၀ယ်သူ၏ ဆုံးဖြတ်ချက်ချမှု ဖြစ်စဉ် (decision process)ဖြစ်သည်။ ဤဖြစ်စဉ်သည် ၀ယ်သူ၏ အပြုအမူအပေါ် ထိခိုက်စေသည်။ ဤအခန်း၏ ပထမပိုင်း၌ ၀ယ်သူ၏ အပြုအမူအကျင့်စရိုက်တို့အကြောင်းကို ၀ယ်ယူ မှု အပြုအမူအပေါ် ထိခိုက်သည့်အတိုင်း လေ့လာကြည့်မည်ဖြစ်သည်။ ဒုတိယပိုင်းကျမှ ၀ယ်သူ၏ ဆုံး ဖြတ်ချက်ချမှု ဖြစ်စဉ်အကြောင်းကို ဆက်လက်လေ့လာသွားမည်။
စားသုံးသူ၏ ၀ယ်ခြမ်းမှု တို့ကို ပုံကားချပ် 5.2 တွင် ဖော်ပြထားသည့်အတိုင်း ယဉ်ကျေးမှု ၊ လူမှု ရေး၊ ကိုယ်ရေးနှင့်စိတ်ပညာဆိုင်ရာ အကျင့်စရိုက်လက္ခဏာတို့က ပြင်းပြင်းထန်ထန်သြဇာပြု လွှမ်းမိုး သည်။ များ သောအားဖြင့်ပြောရလျှင် ဈေးကွက်သမားတို့သည် ဤဖက်တာတို့ပေါ်တွင် ကွပ်ကဲနိုင်ခြင်း မရှိပေ။ သို့ ရာတွင် သူတို့သည် ဤဖက်တာတို့ကို ထည့်တွက်ရမည်။ လွယ်ကူစွာ သရုပ်ပေးစေရန် အလို့ငှာ အန်နာဖလိုရာ (Anna Flores)ဆိုသူအား စားသုံးသူအဖြစ် စိတ်ကူး၍ ဖော်ပြထားသည်။
အန်နာသည် တက္ကသိုလ်ဘွဲ့ရအိမ်ထောင်ရှိသူဖြစ်သည်။ သူမသည် စားသုံးကုန်ပစ္စည်းများ ထုပ်ပိုးပေးသောကုမ္ပဏီ၏ ကုန်အမှတ်တံဆိပ်မန်နေဂျာ (Brand Manager)အဖြစ် တာဝန် ထမ်းဆောင်နေသည်။ သူမသည် အလုပ်ချိန်ပြင်ပ အပန်းဖြေအနားယူချိန်၌ လုပ်ငန်းသစ်ကိုလည်း ရှာဖွေနေသူဖြစ်သည်။ ဤသို့ အပန်းဖြေလုပ်ငန်းအတွက် သူမသည် ကင်မရာတစ်လုံးဝယ်ရန်နှင့် ဓာတ်ပုံပညာ လေ့လာဆည်းပူးရန် လိုလာတော့သည်။ သူမ၏ နောက်ခံဘ၀ စရိုက်လက္ခဏာတို့က ကင်မရာအကြောင်း အကဲဖြတ်ချက်နှင့်ကုန်အမှတ်တံဆိပ်ရွေးချယ်မှု နည်းလမ်းတို့အပေါ် သြဇာလွှမ်း မိုးပါလိမ့်မည်။
ယဉ်ကျေးမှု ဖက်တာများ (Cultural factors)
ယဉ်ကျေးမှု ဖက်တာတို့သည် စားသုံးသူ၏ အပြုအမူတို့အပေါ် ပို၍ နက်နက်ရှိုင်းရှိုင်း ရှည်ရှည် လျားလျား သြဇာပြုသည်။ ဈေးကွက်သမားသည် ၀ယ်သူ၏ ယဉ်ကျေးမှု (culture)၊ ယဉ်ကျေးမှု ငယ် (sub-culture)နှင့် လူမှု လူတန်းစား (social class)အကြောင်းတို့ကို နားလည်သိရှိထားရန်လိုမည်။
ယဉ်ကျေးမှု (Culture)
ယဉ်ကျေးမှု သည် လူတစ်ဦးတစ်ယောက်၏ လိုအင်ဆန္ဒနှင့်အပြုအမူကို အခြေခံအကျဆုံး ဖန်တီးသော အကြောင်းတရားဖြစ်သည်။ လူ့အပြုအမူတို့သည် များ သောအားဖြင့် လေ့လာဆည်းပူး၍ ရရှိလာကြခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုတွင် ကြီးပြင်းသော ကလေးတစ်ယောက်သည် အခြေခံလူ့တန်ဖိုးတို့ကိုလည်းကောင်း၊ ခံစားသိရှိမှု ၊ လိုအင်ဆန္ဒနှင့် အပြုအမူတို့ကိုလည်းကောင်း မိသားစုနှင့်အခြားအရေးကြီးသော အဖွဲ့အစည်းတို့မှ လေ့လာရသည်။ ယူနိုက်တက်စတိတ်တွင် ကလေးတစ်ယောက်သည် သာမန်အားဖြင့် ဖော်ပြပါတန်ဖိုးတို့ကို လေ့လာရသည်။ သို့တည်းမဟုတ် ဖော်ပြပါတန်ဖိုးတို့နှင့်ရင်ဆိုင်ရသည်။ အောင်မြင်ရေးနှင့်အောင်ပွဲ၊ လှုပ်ရှားမှု နှင့်ပါဝင်ပတ်သက်မှု ၊ စွမ်း ရည်ထက်မြက်မှု နှင့်လက်တွေ့ဆောင်ရွက်နိုင်မှု ၊ တိုးတက်မှု ၊ ရုပ်ဝတ္ထုအဆင်ပြေမှု ၊ တစ်ဦးဗဟိုပြုဝါဒ (individualism)၊ လွပ်လပ်ခွင့်၊ လူသားချင်းစာနာထောက်ထားမှု ၊ နုပျိုငယ်ရွယ်မှု ၊ ကိုယ်လက်သန်စွမ်း မှု နှင့် ကျန်းမာမှု တို့ဖြစ်ကြသည်။
အစုတိုင်း၊ လူ့အဖွဲ့အစည်းတိုင်း၌ ယဉ်ကျေးမှု ရှိသည်။ ၀ယ်ခြမ်းမှု အပေါ် ယဉ်ကျေးမှု သြဇာ သက်ရောက်ပုံတို့ကလည်း အမျိုးမျိုးအဖုံဖုံ ရှိကြကုန်သည်။ တစ်တိုင်းပြည်နှင့်တစ်တိုင်းပြည် မတူညီ ကြပေ။ ဤမတူသော ခြားနားချက်တို့အား ညှိနှိုင်းရန် ပျက်ကွက်လျှင် အကျိုးမရျိသော ဈေးကွက် ရှာဖွေထူထောင်မှု ကို ဖြစ်ပေါ်စေသည်။ သို့ တည်းမဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေရာ အမှားတို့နှင့် ရင်ဆိုင်တိုးနိုင်သည်။ ဥပမာ… ယူအက်စ်အသိုင်းအ၀ိုင်း၏ ဘိစနက်ကိုယ်စားလှယ်တစ်ဦးသည် ထိုင်ဝမ်၌ အလုပ်လုပ်ရာ ဤသို့ ယဉ်ကျေးမှု ချင်းမတူညီသည့် အရေးကိစ္စကို ခက်ခက်ခဲခဲ ရင်ဆိုင်ရ သည်။ အရောင်းအ၀ယ်မြှင့်တင်နိုင်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ထိုင်ဝမ်သို့ အလာတွင် လက်ဆောင် ပေးရန် ဘေ့စ်ဘောဦးထုပ်အစိမ်းရောင်တို့ကို ယူလာခဲ့ကြသည်။ သို့ သော် အချိန်က တစ်လွဲစီဖြစ်သွား သည်။ သူတို့ရောက်ချိန်မှာ ထိုင်ဝမ်ရွေးကောက်ပွဲမကျင်းပမီအချိန်ဖြစ်၍ အစိမ်းရောင်သည် အတိုက် အခံ၏ အရောင်ဖြစ်နေသည်။ ပို၍ ဆိုးဝါးသွားသည်မှာ ထိုင်ဝမ်ယဉ်ကျေးမှု တွင် ဇနီးဖြစ်သူက သစ္စာမဲ့ လျှင် ခင်ပွန်းဖြစ်သူက အစိမ်းရောင်ဝတ်ထားရသည်ဆိုသော ယဉ်ကျေးမှု ကိုမသိခြင်းပင်ဖြစ်သည်။ အမေရိကန်အသိုင်းအ၀ိုင်းခေါင်းဆောင်လုပ်သူက ‘သူတို့သယ်လာသော ဦးထုပ်အစိမ်းတွေ ဘာဖြစ် သွားသည်ကိုတော့မသိ။ သိလိုက်တာကတော့ ကျွန်တော်တို့ ယဉ်ကျေးမှု ချင်း မဟာခြားနားမှု ရှိနေ သည်ဆိုသောအချက်ပင်ဖြစ်သည်’ဟု ၀န်ခံရသည်။ အပြည်ပြည်ဆိုင်ရာ ဈေးကွက်ရှာဖွေရေးသမား တို့သည် အပြည်ပြည်ဆိုင်ရာ ဈေးကွက်တစ်ခုစီအလိုက် ယဉ်ကျေးမှု ခြားနားချက်တို့ကို နားလည်ထား ရန်လိုသည်။ ဤခြားနားချက်တို့နှင့်ညှိနှိုင်း၍ မိမိတို့၏ ဈေးကွက်မဟာဗျူဟာကို လိုက်လျောညီထွေ ပြင်ဆင်ရပေမည်။
အန်ာဖလိုရာ၏ ယဉ်ကျေးမှု နောက်ခံသည် ကင်မရာဝယ်ရန် ဆုံးဖြတ်ချက်ကို သြဇာပြုပါလိမ့် မည်။ သူကင်မရာဝယ်လိုသည်မှာ ခေတ်မီသော လူ့အဖွဲ့အစည်းမှလာသောကြောင့် ဖြစ်တန်ရာသည်။ အန်နာသည် ကင်မရာတို့သည် ဘာတွေလဲဆိုသောအချက်ကို ကောင်းကောင်းသိသည်။ သူမသည် ဓာတ်ပုံရိုက်နည်းအညွှန်းတို့ကို ကောင်းကောင်းသိသည့်အပြင် သူမ၏ လူ့အဖွဲ့အစည်းကလည်း အမျိုး သမီးကင်မရာဆရာမ ဆိုတာကို လက်ခံထားဟန်တူသည်။
ဈေးကွက်သမားတို့သည် ယဉ်ကျေးမှု အရွှေ့ပြောင်း (cultural shift)ကို ကောင်းမွန်စွာ နှလုံး မူနိုင်ရမည်။ ယဉ်ကျေးမှု အရွှေ့အပြောင်းကြောင့် ဘယ်လိုကုန်စည်အသစ်တို့ကို လူတို့က လိုချင်လာကြသနည်းဟု အကဲဖမ်းနိုင်သည်။ ဥပမာ…ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကိုယ်လက် ကြံ့ခိုင်ရေးဘက်သို့ ပိုပြီးဦးတည်ပြောင်းရွှေ့သွားတတ်သည်။ ထိုအခါ ကိုယ်လက်လှုပ်ရှားအားကစား ပစ္စည်း၊ အ၀တ်အထည်တွေအများ ကြီး လိုချင်ကြသည်။ အဆီနည်းအစားအစာနှင့် သဘာဝရိက္ခကာ အစားအသောက်တို့ကို ပို၍ မှီဝဲချင်လာကြသည်။ အိမ်တွင်းပြင်ဆင်မှု တို့တွင်ရိုးရိုးစင်းစင်းဖြစ်ချင်ကြ မည်။ ရှုပ်ပွခြေင်းမျိုးကို လိုလားကြမည်မဟုတ်ပေ။ ထို့အပြင် (informality)ဘက်သို့ ရွှေ့ပြောင်းသော အခါတွင်လည်း အ၀တ်အစားတို့ကို ပေါ့ပေါ့ပါးပါး ၀တ်လိုကြမည်။ အပန်းဖြေအနားယူချိန်ကို ပိုမိုလိုချင် မှု တို့ကလည်း အလွယ်တကူချက်ပြီး အဆင်ပြေသော အစားအစာတို့ကို ပိုလိုချင်ကြလိမ့်မည်။ အမြန် အစားအစာနှင့် မိုက္ကရိုဝေ့ဖ်မီးဖိုတို့ကို ပို၍ လိုချင်ကြပါလိမ့်မည်။
ယဉ်ကျေးမှု ငယ်(subculture)
ယဉ်ကျေးမှု တိုင်းတွင် ယဉ်ကျေးမှု အငယ်များ (subcultures)ကိုယ်စီရှိတတ်ပါသည်။ တန်ဖိုး စနစ်ကို ဝေမျှခံယူ၍ တူညီသောအတွေ့အကြုံနှင့် အခြေအနေတို့ကို မူတည်ကာ လူအစုစုက ယဉ်ကျေးမှု များ သဖွယ် ဖွဲ့စည်းတတ်ကြသည်။ ယဉ်ကျေးမှု ငယ်တွင် လူမျိုးနွယ်စုများ ၊ ဘာသာရေး၊ လူမျိုးရေးနှင့်ပထ၀ီဒေသ အစုအဝေးများ ပါဝင်နိုင်ကုန်သည်။ များ စွာ သော ယဉ်ကျေးမှု ငယ်တို့သည် အရေးပါသော ဈေးကွက်အစိတ်အဖြာ (market segments)များ အဖြစ် ဖွဲ့စည်းလာတတ်ကြသည်။ ဈေးကွက်သမားသည် ဤဈေးကွက်အစိတ်အဖြာတို့၏ လိုအပ်ချက်တို့ကိုကြည့်၍ မိမိတို့ကုန်စည်နှင့် ဈေးကွက်ပရိုဂရမ်တို့ကို ဒီဇိုင်းဆွဲကြရပေသည်။ အရေးကြီးသော ယဉ်ကျေးမှု ငယ်အစု လေးစုရှိသည်။
ဟစ္စပါနစ်စားသုံးသူများ (Hispanic Consumers)
ယူအက်စ် ဟစ္စပါနစ်ဈေးကွက်ဆိုသည်မှာ ကျူးဘား၊ မက္ကဆီကို၊ အလယ်ပိုင်းအမေရိက၊ တောင်အမေရိကနှင့် ပြူရီတိုရီကန် (Puerto Rican)မျိုးနွယ်ဝင် အမေရိကန်တို့ကိုဆိုလိုသည်။ သူတို့ သည် လူဦးရေ 29 သန်းခန့်ရှိသော စားသုံးသူများ ဖြစ်၍ ကုန်စည်နှင့်ဝန်ဆောင်မှု နှစ်ရပ်ပေါင်း တန်ဖိုး ဒေါ်လာ 348 ဘီလျံခန့် နှစ်စဉ်ဝယ်ယူကြသည်။ 2010 ခုနှစ်တွင် ဟစ္စပါနစ်လူဦးရေ သန်း 40 အထိ တိုးပွားလာလိမ့်မည်ဟု မျှော်လင့်ထားသည်။ စပိန်စကားပြော တီဗွီနှင့်ပုံနှိပ်မီဒီယာတို့မှတစ်ဆင့် သူတို့ ထံ လွယ်ကူစွာ ရောက်ရှိနိုင်သည်။
ဟစ္စပါနစ်သည် အစားအသောက်ရိက္ခာ၊ ဘီယာအချိုရည်နှင့် အိမ်တွင်းသုံးပစ္စည်းများ ၊ ဈေးကွက်အတွက် ပစ်မှတ်ဖြစ်ခဲ့သည်မှာ ကြာပါပြီ။ သို့ သော် စိတ်ဖြာဝယ်ခြမ်းမှု အင်အား (segment’s buying power)တိုးပွားလာသည်နှင့်အမျှ ဟစ္စပါနစ်တို့သည် ကွန်ပျူတာ၊ ဘဏ္ဍာရေးနှင့် မော်တော်ကားတို့ကဲ့သို့ သော ဈေးနှုန်းကောင်းသည့်ပစ္စည်းများ အတွက် ပါနစ်စားသုံးသူတို့သည် ကုန် အမှတ်တံဆိပ်ကိုပို၍ ရွေးချယ်လာသည်။ ဟစ္စပါနစ်တို့သည် ကုန်အမှတ်တံဆိပ်အပေါ် အလွန်သစ္စာ ရှိကြသည်။ မိမိတို့အကျိုးတွင် အထူးစိတ်ဝင်စားသော ကုမ္ပဏီတို့ကိုပို၍ မျက်နှာသာပေးသည်။ စိတ် ဖြာမှု ၏ ကုန်အမှတ်တံဆိပ်အပေါ် အားကောင်းကောင်းသစ္စာရှိမှု ကြောင့် ဟစ္စပါနစ်တို့ကြား ဈေးကွက် ခြေချမိသူတို့သည် မြန်မြန်ဆန်ဆန် တိုးတက်နေသော ဈေးကွက်ထဲ၌ ရှေ့မှအတော်ဖြတ်ပြေးနိုင် သည်။
ဆီးယား(sears)သည် ဟစ္စပါနစ် အမေရိကန်စားသုံးသူတို့၏ ဈေးကွက်တွင် ပို၍ ရောင်းချနိုင် ရန် အထူးတလည် ကြိုးပမ်းအားထုတ်သည်။ အထူးသဖြင့် ဟစ္စပါနစ်တွေအနေများ သော ရပ်ကွက်တို့ တွင် မိမိ၏ စတိုးဆိုင်များ ဖွင့်လှစ်စေ၍ ဈေးကွက်၌ 20 ရာခိုင်နှုန်းဝေစုရရှိအောင် ကြိုးပမ်းသည်။
ဆီးယားသည် ဟစ္စပါနစ်တို့အား ခရက်ဒစ်ကတ်ထုတ်ပေးသော ပထမဆုံးကုမ္ပဏီဖြစ်၍ လက် လီအရောင်းသမားတို့အား အတော်အတန်ကျယ်ပြန့်သော ဒေတာအခြေစိုက်စခန်းထဲတွင် ခြေချနိုင်ရန် ကူညီသည်။ ဟစ္စပါနစ်ဈေးကွက်ထဲသို့ လက်လီသမားတွေ ၀င်ရောက်တိုးချဲ့နိုင်ကြသည်။ ဆီးယား သည် ယခုအခါ ဈေးကွက်ဆွဲဆောင်မှု အားကောင်းသော အစိတ်အပိုင်းကို အာရုံစူးစိုက်ထားသည်။ မနှစ်ကဆိုလျှင် ဟစ္စပါနစ်စားသုံးသူတို့ကို ပစ်မှတ်ထား၍ ကြော်ငြာခဒေါ်လာ 25 သန်းမျှ သုံးစွဲခဲ့သည်။ ဤကြော်ငြာခသုံးစွဲမှု သည် တခြားသူတွေ သုံးစွဲသည်ထက် ပိုများ သည့်အပြင် မကြာသေးမီက စပိန် စကားပြော ၀က်ဘ်ဆိုက်ကိုလည်း ထူထောင်ခဲ့သည်။ ထို့အပြင် စပိန်စကားပြောသည့် ဒေသခံရေဒီ ယိုနှင့် သတင်းစာတို့မှတစ်ဆင့် ဟစ္စပါနစ်တွေ အနေများ သော ရပ်ကွက်တို့တွင် စပိန်ဘာသာစကား ဖြင့် ကြော်ငြာတို့ကို ပလူပျံအောင် ဖြန့်ဝေသည်။ ဤရပ်ကွက်များ ထဲသို့ ‘ဖီအယ်စတဲမိုဘိုင်း(Fiesta Mobile)ယာဉ်တို့က ရောင်စုံအခင်းအကျင်းတို့ဖြင့်လှည့်လည်ကာ ဂီတဖြင့် ဖြေဖျော်သည်။ ဆုမဲများ ဖောက်၍ ဆုပေးသည်။ ဆီးယားခရက်ဒစ်ကတ်ကို သုံးစွဲရန်မြှင့်တင်သည်။ ထို့အပြင် ဆီးယားသည် မကြာခဏဆိုသလို ဟစ္စပါနစ်ယဉ်ကျေးမှု ပြပွဲနှင့် ကဇာတ်တို့ကို ဦးစီးဆောင်ရွက်ပေးသည်။ သို့ ရာ တွင် ဆီးယား၏ အရောင်းမြှင့်တင်ရေးတွင် အအောင်မြင်ဆုံးမှာ စပိန်ဘာသာဖြင့် ထုတ်ဝေသော မဂ္ဂဇင်း ဖြစ်သည်။ ဤမဂ္ဂဇင်းတွင် ဟစ္စပါနစ်စီလီဘရီတီ(celebrities)ကျော်ကြားသူတို့အကြောင်း ဆောင်းပါးများ နှင့်အတူ ဆီးယား၏ ဖက်ရှင်တို့ကိုလည်း ဖော်ပြသည်။ ဒေတာအခြေစိုက်စခန်းမှ ကောက်နှုတ်၍ ဆီးယားသည် မဂ္ဂဇင်းစောင်ရေ 700000 အထိ တိုးတက်လာအောင် ကြိုးပမ်းခဲ့သည်။ မဂ္ဂဇင်းကို အခမဲ့ဖြန့်ဝေသည်။ သို့ ရာတွင် မေတ္တာရပ်ခံမှသာ ပို့ပေးသည်။ ဤသို့ ဖြင့် ဟစ္စပါနစ်စားသုံး သူတို့ကို ပြုစုယုယပေးသော်လည်း အချို့နေရာတို့တွင် ဆီးယားသည် အရှုံးနှင့်တွေ့ရသည်။ သို့ သော် ဟစ္စပါနစ်တို့၏ သစ္စာရှိမှု ကား ပြိုပျက်သွားခြင်းမရှိပေ။
ဟစ္စပါနစ်တို့ကို ပစ်မှတ်ထားခြင်းသည် အခြားအကျိုးရလဒ်တို့ကိုလည်း ဖြစ်ပေါ်စေသည်။ နက်ဖ်တာ(NAFTA) ခေါ် အမေရိကားမြောက်ပိုင်း လွတ်လပ်သောဈေးကွက် သဘောတူညီချက်ပေါ် ပေါက်လာသဖြင့် ယူနိုက်တက်စတိတ်၊ မက္ကစီကိုနှင့် ကနေဒါနိုင်ငံတို့ကြားတွင် ကုန်သွယ်ရေးအဟန့် အတားတို့သည် လျော့ပါးသွားကြသည်။ ယူအက်စ်နှင့် မက္ကစီကိုကုမ္ပဏီတို့သည် ဈေးကွက်ထဲသို့ အခွင့် အလမ်းသစ်များ ထိုးထည့်ပေးလာသည်။ နယ်စပ်နှစ်ဖက်ရှိ “ပင်- အမေရိကန်” အမှတ်တံဆိပ်ပါ ကုမ္ပဏီတို့သည် ယူအက်စ် ဟစ္စပါနစ် လူဦးရေကို ယူအက်စ်နှင့် လက်တင်အမေရိကားဈေးကွက်တို့ ကြားရှိ ပေါင်းကူးတံတားအဖြစ် မြင်လာကြသည်။
အာဖရိကန်-အမေရိကန် စားသုံးသူများ
(African-American Consumers)
အကယ်၍ အာဖရိကန် အမေရိကန်စားသုံးသူတို့သာ သီးခြားနိုင်ငံတစ်နိုင်ငံဖြစ်ဘိမူ သူတို့၏ ၀ယ်ခြမ်းနိုင်သော နှစ်စဉ်အင်အား (ဒေါ်လာ ၅၀၀ ဘီလျံ)သည် နှောင်ကြိုးမဲ့ကမ္ဘာ၌ ၁၂ နေရာမြောက် တွင် ရရှိမည်ဖြစ်သည်။ ယူနိုက်တက်စတိတ်တွင် လူမည်းလူဦးရေသည် ပိုပြီးကြွယ်ဝချမ်းသာလာ သည်။ ပိုပြီး ပညာတတ်၊ ပိုပြီး အနုစိတ်နက်ရှိုင်းလာသည်။ အခြားဈေးကွက်အစိတ်အပိုင်းတို့ထက်စာ လျှင် ပိုပြီး ဈေးဆစ်တတ်ကြသော်လည်း လူမည်းတို့သည် အရည်အသွေးအပေါ်ပိုပြီး ဂရုစိုက်လာကြ သည်။ ပိုပြီး အရွေးအချယ်ထူလာသည်။ ကုန်အမှတ်တံဆိပ်နာမည်ကို သူတို့က အရေးထား သလောက်လည်း ကုန်အမှတ်တံဆိပ်ပေါ်တွင် ပို၍ သစ္စာရှိကြသည်။ ဆိုင်တကာလှည့်လည်ကြည့်တာ မျိုး (Shoppingaround) သိပ်မလုပ်တော့ပေ။
မကြာသေးမီနှစ်များ က အာဖရိကန် အမေရိကန်တို့၏ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးရန် ဆိုသော ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီအများ အပြားသည် စပါယ်ရှယ်ကုန်စည်၊ စပါယ်ရှယ်ဝန်ဆောင်မှု ၊ စပါယ်ရှယ်ထုပ်ပိုးမှု နှင့် စပယ်ရှယ်မက်လုံးတို့ကို ပြုစုဖော်ထုတ်လာကြသည်။ ဟောမတ် (Hallmark) သည် အာဖရိကဗဟိုပြု အမှတ်တံဆိပ်ကို အသုံးပြုခဲ့သည်။ မဟိုဂနီ (mahogany) သည် ယခင်က ၁၆ ကတ်လောက်သာ အသုံးပြုခဲ့သော်လည်း ယခု ကတ်ပေါင်း ၈၀၀ ကျော်ကို အသုံးပြုသည်။ အခြား ကုမ္ပဏီတို့သည် အာဖရိကန် အမေရိကန်တို့အတွက် သီးသန့်ဈေးကွက်မှ စွန့်ခွာကာ အမှတ်တံဆိပ်၏ ဘောင်အတွင်း အားလုံးက သုံးစွဲနိုင်ရန် စီစဉ်လာကြသည်။ ဥပမာ…. ဆာရာလီ(sara lee)သည် လူမည်းအမျိုးသမီးတို့အတွက် ရည်စူးသော ကုန်ပစ္စည်းကို မထုတ်လုပ်တော့ဘဲ ကုမ္ပဏီက ယေဘုယျ ဖိုးကပ်စ်လုပ်ထားသော အမှတ်တံဆိပ်အငယ်စား (sub brands)တို့ကိုသာ ထုတ်လုပ်သည်။
မဂ္ဂဇင်းမျိုးစုံ၊ ရုပ်မြင်သံကြားလိုင်းနှင့် အခြားမီဒီယာတို့က လူမည်းစားသုံးသူတို့အပေါ် ပို၍ ပစ်မှတ်ထားလာကြသည်။ ဈေးကွက်ရှာဖွေထူထောင်ရေးသမားတို့ကလည်း အာဖရိကန် အမေရိကန် တို့၏ တကယ်တမ်းအသိုင်းအ၀ိုင်း (virtual community)ဆီသို့ ရောက်အောင် သွားနေကြသည်။ အွန်လိုင်းဝန်ဆောင်မှု တို့တွင် လူဖြူတွေထက် လူမည်းတို့က နှစ်ဆပိုပြီး သုံးစွဲနေသည်။ လူမည်းတွေ အတွက် အွန်လိုင်း ၀က်ဘ်ဆိုက်တို့လည်း တစ်ပြုံကြီးပေါ်လာသည်။
အာရှ-အမေရိကန် စားသုံးသူများ
(Asian-American Consumers)
အာရှ အမေရိကန် လူဦးရေသည် ၁၀ သန်းမျှသာရှိသော်လည်း ၀ယ်ခြမ်းနိုင်အားသည် တစ်နှစ် လျှင် ဒေါ်လာ ၁၁၀ ဘီလျံဖိုး သုံးစွဲနေသည်။ အာရှ အမေရိကန် လူဦးရေနှင့် ဈေးကွက်သည် အလျင် အမြန် တိုးတက်နေသည်။ အာရှ အမေရိကန်ထဲတွင် တရုတ်က အများ ဆုံး၊ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယနှင့် ကိုရီးယားတို့က နောက်မှ လိုက်ကြသည်။ အာရှ အမေရိကန်တို့၏ ၀င်ငွေသည် အမျိုးသား ပျမ်းမျှဝင်ငွေထက် ၁၉ ရာခိုင်နှုန်း ကျော်နေသည်။ အဝေးပြောတယ်လီဖုန်း ကုမ္ပဏီနှင့် ဘဏ္ဍာရေး ၀န်ဆောင်မှု အဖွဲ့တို့သည် အာရှ အမေရိကန်တို့အပေါ် ပစ်မှတ်ထားသည်။ သို့ ရာတွင် မကြာသေးမီက ထုတ်ပိုးထားသော ပစ္စည်းကုမ္ပဏီ၊ မော်တော်ကားကုမ္ပဏီ၊ လက်လီဆိုင်နှင့် အမြန်စားသောက်ဆိုင် တို့သည် အာရှ အမေရိကန်ဈေးကွက်၌ အစိတ်အပိုင်းလျော့နည်းလာသည်။ ဤသို့ ဖြစ်ရသည်မှာ ဘာသာစကားနှင့် ယဉ်ကျေးမှု အလေ့အထတို့ကြောင့် ဖြစ်သည်။ ဥပမာ….¬ လက်ရှိအာရှ အမေရိကန် လူဦးရေ၏ ၆၆ ရာခိုင်နှုန်းသည် နိုင်ငံခြားတွင် မွေးဖွားသူများ ဖြစ်၍ ၅ နှစ်အထက် ကလေးအချို့မှာ အင်္ဂလိပ်စကား သွက်သွက်လက်လက် မပြောတတ်ကြပေ။ သို့ ရာတွင် ဤအစိတ်အပိုင်း၏ ၀ယ်နိုင်အား အလျင်အမြန်တိုးတက်လာမှု ကြောင့် ကုမ္ပဏီတော်တော်များများ သည် အာရှ အမေရိကန် တို့အပေါ် ပစ်မှတ်လည့်လာကြကုန်သည်။
ငါးဆယ်အထက်ဈေးကွက်(The 50-plus Market)
ယူအက်စ်လူဦးရေရှိ အရွယ်ရောက်လာသော၊ ရင့်ကျက်သော စားသုံးသူတို့သည် အလွန် ဆွဲဆောင်မှု အားကောင်းသော ဈေးကွက်ဖြစ်လာချေပြီ။ ဤအစုသည် ယခုဆိုလျှင် လူဦးရေ ၇၅ သန်း ရှိနေပါပြီ။ အသက် ၅၀ ထက်ကြီးသော လူဦးရေသည် လာမည့် ၂၅ နှစ်အတွင်း၌ ၁၁၅ သန်းအထိ ကြီးထွားလာပါလိမ့်မည်။ ရင့်ကျက်သော စားသုံးသူတို့သည် လူငယ်လူရွယ်စားသုံးသူတို့ထက် ဘဏ္ဍာရေးအရ ပို၍ တောင့်တင်းကြပါသည်။ အဘယ့်ကြောင့်ဆိုသော် စီနီယာတို့သည် ပို၍ အချိန်ရ ကြသည်။ ပို၍ ပိုက်ဆံရှိကြသည်။ ထို့ကြောင့် နိုင်ငံခြားခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်၊ ဟိုက်တက် (high-tech) အိမ်တွင်း ဖြေဖျော်ရေးလုပ်ငန်းပစ္စည်းများ ၊ ဇိမ်ခံပစ္စည်းနှင့် ၀န်ဆောင်မှု ၊ ဒီဇိုင်းဆန်း အိမ်ထောင်ပရိဘောကဖက်ရှင်နှင့် ကျန်းမာရေးစောင့်ရှောက်မှု တို့သည် စီနီယာတို့အတွက် အိပ်မက် ဈေးကွက်ပင်ဖြစ်တော့သည်။
ဤစီနီယာကြီးတို့သည် လူငယ်များ ကဲ့သို့ ငယ်ရုပ်ပေါ်ချင်ကြသည့်အတွက်လည်း အလှပြင်နှင့် အလှကုန်ပစ္စည်း၊ ကျန်းမာရေးအစားအစာ၊ အားကစားပစ္စည်းတို့အတွက် ဈေးကွက်ပေါ်လာသည်။ အိုရင့်ခြင်းကို ခုခံတုံ့ပြန်သည်ဆိုသော ပစ္စည်းနှင့် ၀န်ဆောင်မှု တို့သည် ဤစီနီယာကြီးတို့အကြိုက် ဖြစ်လာတော့သည်။ အကောင်းဆုံးညှို့ဓာတ် မဟာဗျူဟာမှာ သူတို့၏ တက်ကြွသောဘ၀၊ မျက်နှာစာ မျိုးစုံရှိသောဘ၀ (multidimensional Lives)တို့ကို ဆွဲဆောင်ဖို့ပင် ဖြစ်သည်။ ဥပမာ…. “နိုက်” အားကစားကုမ္ပဏီ ကြေညာချက်၌ စီနီယာကြီးတစ်ယောက် အလေးမနေပုံကို ပြကာ စကားတစ်ခွန်း ကို ပြောခိုက်လိုက်သည်။
‘ကျုပ်အရွယ်နဲ့စာလျှင် ကျုပ်သိပ်မသန်စွမ်းပါဘူး။ ဒါပေမဲ့ ကျုပ် သန်စွမ်းတယ်’ ဟူသတည်း။
အန်နာဖလိုရာ၏ အ၀ယ်အခြမ်း အပြုအမူသည် ယဉ်ကျေးမှု ငယ် အမှတ်အသား (subculture identification)တို့၏ သြဇာပြုခြင်းကို ခံရပေသည်။ ဤ ‘ဖက်တာ’ တို့သည် သူမ၏ အစားအသောက် အကြိုက်၊ အ၀တ်အထည်ရွေးချယ်မှု ၊ အပန်းဖြေလုပ်ငန်းနှင့် အလုပ်အကိုင် ပန်းတိုင်တို့ကို သြဇာ သက်ရောက်စေပါမည်။ ယဉ်ကျေးမှု ငယ်တို့သည် ဓာတ်ပုံရိုက်ရာ၌ လည်းကောင်း၊ ပန်းချီဆွဲရာ၌ လည်း ကောင်း၊ ခြားနားသော အဓိပ္ပာယ်များ ရှိနိုင်ပါသည်။ ဤအချက်သည် အန်နာ၏ ကင်မရာတွင် စိတ်ဝင် စားမှု နှင့် သူငယ်သော ကင်မရာ၏ အမှတ်တံဆိပ်တို့အပေါ် အကျိုးသက်ရောက်နိုင်ပါသည်။
လူမှု လူတန်းစား(Social Class)
လူ့အဖွဲ့အစည်းတိုင်းတွင် လူမှု လူတန်းစားပုံသဏ္ဍာ တစ်မျိုးမျိုးရှိကြသည်။ လူမှု လူတန်းစားတို့ သည် လူ့အဖွဲ့အစည်း၏ အမြဲတမ်းနှင့် စနစ်တကျ စီစဉ်ထားသော ခွဲခြားမှု ဖြစ်လေရာ အဖွဲ့ဝင်တို့ သည် တူညီသော တန်ဖိုး၊ အကျိုးစီးပွားနှင့် အပြုအမှု တို့ကို မျှဝေကြသည်။ လူမှု သိပ္ပံပညာရှင်တို့သည် အမေရိကန် လူမှု လူတန်းစားကို (၇)မျိုး ခွဲခြားပြကြသည်။ ဇယား ၁.၁ ကိုကြည့်ပါ။
အကြောင်းတစ်ခုတည်းကြောင့် လူမှု လူတန်းစားပေါ်ပေါက်လာသည်မဟုတ်။ ဥပမာ…. ၀င်ငွေ လိုအကြောင်းမျိုး၊ စင်စစ်၌ လူတန်းစားတို့ကို အလုပ်အကိုင်၊ ၀င်ငွေ၊ ပညာရေး၊ ဓနနှင့် အခြားကိန်းရှင် တို့ ပေါင်းစပ်၍ တိုင်းထွာရသည်။ အချို့သော လူမှု ရေးစနစ်တို့တွင် ခြားနားသော လူတန်းစားတို့ကို တစ်စုံတစ်ရာသော အခန်းကဏ္ဍ (roles) ပေါ်တွင် မွေးထုတ်ထားခြင်းဖြစ်ပေရာ သူတို့၏ လူမှု ရေး အနေအထားကို ပြောင်းလဲရန် အလို့ငှာ မရပေ။ သို့ရာတွင်ယူနိုက်တက်စတိတ်၌ မူ လူတန်းစားချင်း ခြားနားထားသော မျဉ်းသည် ပုံသေမရှိပေ။ တင်းတင်းကျပ်ကျပ် တိတိကျကျ ခြားနားခြင်းလည်း မရှိ ပေ။ လူထုသည် အဆင့်မြင့်သော လူမှု လူတန်းစားတို့ဆီသို့ လည်း တက်သွားနိုင်သည်။ အနိမ့်ပိုင်းသို့ လည်း လျှောဆင်းသွားနိုင်သည်။ ဈေးကွက်သမားတို့က လူမှု လူတန်းစားအကြောင်းကို စိတ်ဝင်စား ရသည်မှာ လူတန်းစားတစ်ရပ်တည်းမှ အဖွဲ့ဝင်တို့သည် တူညီသော အ၀ယ်အခြမ်းအပြုအမူ စရိုက်ကို ဖော်ပြလေ့ရှိသောကြောင့် ဖြစ်ပေသည်။
လူမှု လူတန်းစားတို့သည် ၀တ်စားဆင်ယင်မှု ၊ အိမ်တွင်းပြင်ဆင်မှု ၊ အပန်းဖြေလုပ်ငန်းနှင့် မော်တော်ကားလိုကဏ္ဍတို့တွင် ကုန်စည်အကြိုက်နှင့် အမှတ်တံဆိပ်အကြိုက် (brand preference) တို့ကို သီးသန့်ဖော်ပြတတ်ကြသည်။ အန်နာဖလိုရာ၏ လူမှု လူတန်းစားသည် သူမ၏ ကင်မရာနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တွင် တစ်မျိုးတစ်ဖုံ အကျိုးသက်ရောက်စေနိုင်သည်။ အကယ်၍ သူမ သည် အဆင့်မြင့် လူမှု လူတန်းစားမှလာလျှင် သူမ၏ မိသားစုသည် ဈေးကြီးသော ကင်မရာကို ပိုင်ဆိုင် ပြီး ဓာတ်ပုံရိုက်လုပ်ငန်းတွင် ၀ါသနာပါနိုင်သည်။
လူမှု ရေးဖက်တာများ (Social Factors)
စားသုံးသူတစ်ယောက်၏ အပြုအမူသည် စားသုံးသူအစုငယ် (Consumer’s small group)၊ မိသားစု (Family) နှင့် လူမှု ရေးကဏ္ဍနှင့် လူမှု ရေးအဆင့်အတန်း (Social roles and status) တို့ ကဲ့သို့ သော ဖက်တာတို့က သြဇာလွမ်းမိုးသည်။
အစုများ (Groups)
စားသုံးသူတစ်ဦး အပြုအမူသည် အစုငယ်များ စွာ ၏ သြဇာအောက်တွင် ရှိတတ်သည်။ တိုက်ရိုက်သြဇာရှိ၍ လူတစ်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်သောအစုကို အဖွဲ့ဝင်အစု(membership group) ဟု ခေါ်သည်။ ယင်း၏ ဆန့်ကျင်ဘက်၌ အညွှန်းစု (reference groups)သည် တိုက်ရိုက် (မျက်နှာချင်းဆိုင်)သို့ မဟုတ် သွယ်ဝိုက်၍ အနှိုင်းသဘော၊ အညွှန်းသဘောဖြင့် လူတစ်ယောက်၏ သဘောထားနှင့် အပြုအမှု တို့ကို ဖွဲ့စည်းရာတွင် ပါဝင်ပတ်သက်တတ်သည်။ များ သောအားဖြင့် လူတို့ သည် မိမိတို့က အဖွဲ့ဝင်အဖြစ် မပတ်သက်သော အညွှန်းအစု (reference groups)တို့၏ သြဇာ အောက်တွင် ရှိသည်။ ဥပမာ…. အားပေးစေ့ဆောသောအစု (aspirational groups)သည် လူငယ် တစ်ဦးက အဖွဲ့ဝင်မဟုတ်သေးသော်လည်း ကြီးလာလျှင် ဤအစုတွင် ပါဝင်ချင်သည်။ အူတာဂျက်ဇ် (Utah Jazz) အဖွဲ့တွင် လူငယ်က မပါဝင်သေးစေကာမူ အားကျပြီး တစ်နေ့နေ့၌ ဤအဖွဲ့တွင် ပါဝင် လိုသည်။ ဈေးကွက်သမားတို့သည် သူတို့၏ ပစ်မှတ်ဈေးကွက်မှအညွှန်းအစုကို သိအောင်ပြုရသည်။ အညွှန်းအစုသည် လူတစ်ယောက်အား အပြုအမူသစ်နှင့် ဘ၀စတိုင်သစ်တို့ကို အားကျစေသည်။ သို့ ဖြင့် ဤလူ၏ သဘောထားအမြင်နှင့် ကိုယ့်အကြောင်းတို့အပေါ် သြဇာလွှမ်းသည်။ လူတစ်ယောက် ၏ ကုန်စည်နှင့်အမှတ်တံဆိပ်ရွေးချယ်မှု ကို ဆုံးဖြတ်ရာ၌ ဖိအားပေးသည်။
အစုသြဇာ၏ အရေးကြီးမှု သည် ကုန်စည်လိုက်၍ လည်းကောင်း၊ ကုန်အမှတ်တံဆိပ်လိုက်၍ လည်းကောင်း ကွဲပြားခြားနားသည်။ ၀ယ်သူက လေးစားသော သူတို့အတွက် မြင်သာထင်သာရှိသော ကုန်စည်တစ်ရပ်ဖြစ်ဘိမူ အစုသြဇာသည် အင်အားအကြီးဆုံး ဖြစ်လာတော့သည်။ အင်အားတောင့် တင်းသော အစုသြဇာအောက်တွင် ကြီးထားရသော ကုန်စည်ထုတ်လုပ်သူတို့သည် သဘောထား အမြင်ခေါင်းဆောင် (opinion leaders) တို့ဆီ အရောက်သွားနိုင်ဖို့ရာ နည်းလမ်းများ ရပေမယ်။ သဘောထားအမြင်ခေါင်းဆောင်ဆိုသည်မှာ အညွှန်းအစုထဲမှ အထူးသီးသန့် ကျွမ်းကျင်မှု ၊ အသိပညာ၊ ဥပဓိရုပ်နှင့် အခြားအကျင့်သီလ ထူးခြားချက်တို့ကြောင့် အခြားသူတို့အပေါ် သြဇာရှိသူတို့ကို ဆိုလိုသည်။
ထုတ်လုပ်သူအများ အပြားသည်သဘောထားအမြင် ခေါင်းဆောင်တို့ကို သူတို့ ကိုယ်တိုင် ရှာဖွေ၍ သူတို့ကို ဦးတည်ပြီး ဈေးကွက်ရှာဖွေရေး လှုပ်ရှားမှု တို့ကို ပြုလုပ်ကြသည်။ အချို့ကိစ္စတို့၌ ကြော်ငြာတို့ကြောင့် သဘောထားအမြင်ခေါင်းဆောင်များ ပေါ်လာတတ်သည်။ သို့ အားဖြင့် စားသုံးသူ တို့က အခြားသူတို့ထံမှ အကြံဉာဏ်များ ယူရန် အလုပ်သည် လျော့ပါးသွားချေသည်။ ဥပမာ…. မြီးကောင်ပေါက်အရွယ်ကြား ဟော့အဖြစ်ဆုံး တေးဂီတ၊ ဘာသာစကားနှင့် ဖက်ရှင်တို့သည် အမေ ရိကန်မြို့ကြီးတို့ရှိ မြို့လယ်ကောင် ဆင်းရဲသားရပ်ကွက်တို့မှ စတင်၍ ဆင်ခြေဖုံး ရပ်ကွက်များ ဆီသို့ ပျံ့နှံ့သွားတတ်ကြောင်းကို သိရှိထားရန် လိုသည်။ လီဗီစရု (levi-strauss) သည် ဤအပိုင်း၌ အလွန် တော်သည်။ မြို့ပြသဘောထားအမြင် ခေါင်းဆောင်သူတို့၏ စတိုင်နှင့် အပြုအမူတို့ကို ကြည့်၍ မြို့ လယ်ကောင်နှင့် ဆင်ခြေဖုံးမှ ချာတိတ်တို့၏ ဈေးကွက်ကို အကဲခတ်ယူသည်။
အစုသြဇာ၏ အရေးပါမှု သည် ကုန်စည်နှင့် ကုန်အမှတ်တံဆိပ်ကိုလိုက်၍ ပြောင်းလဲနေသည်။ ၀ယ်ယူသူက လေးစားသော သူတို့ထံတွင် ကုန်စည်က ထင်သာမြင်သာရှိလျှင် အစုသြဇာသည် အင်အားအကြီးဆုံးဖြစ်တတ်သည်။ ကုန်ပစ္စည်းတို့ကို သိုသိုသိပ်သိပ် ၀ယ်ယူအသုံးပြုကြသောအခါ တွင် အစုသြဇာသည် သိပ်မထင်ရှားနိုင်ပေ။ အကြောင်းမူ ကုန်စည်နှင့်ကုန်အမှတ်တံဆိပ်တို့ကို အခြား သူများ က ဂရုမမူမိလိုက်သောကြောင့်ဖြစ်သည်။ သူမအဖို့ ကင်မရာတစ်လုံးဝယ်ရန် ဆုံးဖြတ်ချက်နှင့် အမှတ်တံဆိပ်ရွေးချယ်မှု သည် သူမအစု၏ အဖွဲ့ဝင်အချို့ကြောင့်ဖြစ်စေ၊ ဓာတ်ပုံကလပ်မှ သူငယ်ချင်း တွေကြောင့်ဖြစ်စေ ဖြစ်ပေါ်ရခြင်းဖြစ်နိုင်သည်။
မိသားစု (Family)
မိသားစုဝင်တို့သည် စားသုံးသူအပြုအမူအပေါ် အတော်သြဇာကြီးနိုင်သည်။ လူ့အဖွဲ့အစည်း တွင် မိသားစုသည် အရေးအကြီးဆုံးစားသုံးသူအဖွဲ့အစည်း ဖြစ်သည်။ ထို့ကြောင့် ဈေးကွက်သမားတို့ သည် မိသားစုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုလုပ်ကြသည်။ သူတို့သည် မိသားစု ထဲမှ ခင်ပွန်း၊ သို့ မဟုတ် ဇနီး သို့ မဟုတ် သားသမီးတို့က ပစ္စည်းနှင့်ဝန်ဆောင်မှု အမျိုးမျိုးတို့ကို ၀ယ် ခြမ်းရာတွင် ဘယ်လိုနှင့်ဘယ်လောက် သြဇာရှိကြသနည်းဆိုသောအချက်ကို သိချင်ကြသည်။
ခင်ပွန်းနှင့်ဇနီးသည်တို့ ပါဝင်ပတ်သက်မှု သည် ကုန်ပစ္စည်းအမျိုးအစားလိုက်၍ လည်းကောင်း၊ ၀ယ်ခြမ်းမှု ဖြစ်စဉ်အဆင့်လိုက်၍ လည်းကောင်း ကွဲပြားခြားနားတတ်သည်။ စားသုံးသူတို့၏ လိုက်ဖ် စတိုင်ကိုလိုက်၍ ၀ယ်ခြမ်းမှု အခန်းကဏ္ဍသည် ယူနိုက်တက်စတိတ်၌ ပြောင်းလဲလာသည်။ အထူး သဖြင့် အိမ်ထောင်စုကုန်စည်၊ ရိက္ခာ၊ အစားအသောက်နှင့်အ၀တ်အထည် ၀ယ်ခြမ်းမှု ကို ဇနီးသည်တို့ က ပြုလုပ်ကြသည်။ သို့ ရာတွင် အလုပ်တစ်ဖက် လုပ်ကိုင်နေရသော ဇနီးသည် 70 ရာခိုင်နှုန်းသည် သိပ်ဈေးမ၀ယ်ပေ။ ခင်ပွန်းသည်တို့ကသာ စိတ်ပါလက်ပါ ဈေးဝယ်ထွက်လေ့ရှိကြသည်။ ယခုဆို 45 ရာခိုင်နှုန်းသော အမျိုးသမီးတို့က မော်တော်ကားဝယ်ကြပြီး 40 ရာခိုင်နှုန်းသော အမျိုးသားတို့က ဟင်းချက်စရာဈေးဝယ်ထွက်လာကြသည်။
ဤအပြောင်းအလဲတို့က ဘာကိုညွှန်းလာသနည်းဆိုမူ အမျိုးသမီးတွေအတွက်သာ ပစ်မှတ် ထားရောင်းချသော ဈေးကွက်သမားသည် ဆန့်ကျင်ဘက်လိင်ကိုလည်း အတူတူချိန်ရွယ်လာရ ကြောင်းကို ပြသည်။ အလားတူစွာ အမျိုးသားတွေအတွက်သာ ပစ်မှတ်ထားသော ဈေးကွက်သမား သည် ဆန့်ကျင်ဘက်လိင်ကိုလည်း အတူတူပစ်မှတ်ချိန်ရွယ်လာရကြောင်းကိုပြသည်။ ထိုနည်းတူစွာ နောက်ဆုံးသုတေသနတွေ့ရှိချက်အရ ဇိမ်ခံမော်တော်ကားတို့ကို ၀ယ်ယူရာ၌ အမျိုးသမီးတွေ ၀ယ်ယူ မှု က 34 ရာခိုင်နှုန်းရှိလာကြောင်း တွေ့ရသောအခါ ကားကုမ္ပဏီသည် အမျိုးသမီးအကြိုက် ကား ဈေးကွက်ကို အာရုံလှည့်ထားပေးလာရသည်။ ကာဒီလက်ကားကုမ္ပဏီမှ ဒီဇိုင်းနာတို့သည် အမျိုးသမီး ကားမောင်းသူအတွက် ပို၍ စိတ်ချမ်းသာရလေအောင် ကားအတွင်း ဒီဇိုင်းတွေ ပြင်ပေးရသည်။ ကား ထဲတွင် နှုတ်ခမ်းနီဆိုးဆေးနှင့် လက်အိတ်များ ထားရန်နေရာကိုလည်း စီစဉ်ပေးရသည်။
သားသမီးကလေးတို့ကလည်း မိသားစုအ၀ယ်အခြမ်းတွင် အင်အားကောင်းကောင်း သြဇာရှိကြသည်။ ကားရောင်းရာ၌ ကလေးတွေအကြိုက်လည်း ကြည့်ရသည်။ ဈေးကြီးသောပစ္စည်း နှင့် ၀န်ဆောင်မှု တို့တွင် ခင်ပွန်းနှင့်ဇနီးတို့သည် ပူးတွဲ ဆုံးဖြတ်လေ့ရှိကြသည်။
ဏ္ဍနှင့်အဆင့်အတန်း (Roles and Status)
လူတစ်ယောက်သည် အစုအမျိုးမျိုးတွင် ပါဝင်နိုင်သည်။ (မိသားစု၊ ကလပ်နှင့်အဖွဲ့အစည်း များ ) အစုတစ်စုတွင် သူပါဝင်ရသော အနေအထားသည် သူ၏ ကဏ္ဍနှင့်အဆင့်အတန်းပေါ် မူတည် နိုင်သည်။ အန်နာဖလိုရာသည် သူ၏ မိဘနှင့်ဆိုလျှင် သမီးကဏ္ဍမှ ပါဝင်ရမည်။ သို့ သော် သူ၏ အိမ် ထောင်စုတွင်မူ ဇနီးသည်အဖြစ် ပါဝင်ရမည်။ သို့ ရာတွင် သူ၏ ကုမ္ပဏီတွင်မူ ကုန်အမှတ်တံဆိပ် မန် နေဂျာ (brand manager)အဖြစ် ပါဝင်ရမည်။ ကဏ္ဍ(role)တစ်ခုတွင် သူတို့ပတ်ဝန်းကျင်ရှိ လူတို့နှင့် အညီ ဆောင်ရွက်ရန် မျှော်လင့်သည့်အတိုင်း လုပ်ငန်းတို့ပါဝင်သည်။ အန်နာတည်ရှိသော ကဏ္ဍတို့ သည် သူ၏ အ၀ယ်အခြမ်းအပြုအမူပေါ် သြဇာသက်ရောက်သည်။
(role)ကဏ္ဍတစ်ခုစီ၌ အဆင့်အတန်း(status)တစ်ခုစီရှိသည်။ ဤအဆင့်အတန်းသည် လူ့ အဖွဲ့အစည်းက ပေးဆောင်ထားသော ယေဘုယျအထင်ကြီးလေးစားမှု ကို ထင်ဟပ်သည်။ လူတို့သည် လူ့အဖွဲ့အစည်း၌ မိမိအဆင့်အတန်းကိုပြနိုင်သော ကုန်စည်တို့ကို ၀ယ်ခြမ်းတတ်သည်။ ဥပမာ… ကုန် အမှတ်တံဆိပ် မန်နေဂျာ၌ သမီးဆိုသောကဏ္ဍထက်ပိုသော အဆင့်အတန်းတွေ များ ပြားစွာ ရှိသည်။ ကုန်အမှတ်တံဆိပ်မန်နေဂျာအဖြစ် အန်နာသည် သူမ၏ ကဏ္ဍနှင့်အဆင့်အတန်းတို့ကို ထင်ဟပ်သော အ၀တ်အစားတို့ကို ၀ယ်ယူဖြစ်ပေသည်။
ကိုယ်ရေးဖက်တာများ (Personal Factors)
ဝယ်သူ၏ ဆုံးဖြတ်ချက်သည် ၀ယ်သူ၏ အသက်အရွယ်၊ ဘ၀စက်ဝိုင်းအဆင့် (life-cycle stage)၊ အလုပ်အကိုင်၊ စီးပွားရေးအခြေအနေ၊ ဘ၀နေဟန် လိုက်ဖ်စတိုင်နှင့် ဥပဓိရုပ်နှင့် ကိုယ့်အမြင် သဘောထား(selfconcept)တို့ကဲ့သို့ သော ကိုယ်ရေးထူးခြားလက္ခဏာတို့၏ သြဇာပြုခြင်းကို ခံရ သည်။
အသက်အရွယ်နှင့် ဘ၀စက်ဝိုင်းအဆင့်
(Age and Life-Cycle Stage)
ဘ၀တစ်လျှောက်၌ လူတို့သည် ကုန်စည်နှင့်ဝန်ဆောင်မှု တို့ကို ၀ယ်ခြမ်းရာတွင် အပြောင်း အလဲပြုလုပ်ကြသည်။ အစားအသောက်၊ အ၀တ်အစား၊ ပရိဘောဂနှင့်အပန်းဖြေအနားယူမှု တို့တွင် အရသာခံစားမှု ၌ အသက်အရွယ်က စကားပြောပါသည်။ အိမ်ထောင်သက် စက်ဝိုင်းအဆင့်ကလည်း အိမ်ထောင်သက်ရသည်နှင့်အမျှ အ၀ယ်အခြမ်းတို့အပေါ် သြဇာပြုသည်။ ပုံပြဇယား 1.2 သည် အိမ် ထောင်တစ်ခု၏ ဘ၀စက်ဝိုင်းအဆင့်ကို ပြဆိုထားသည်။
ဤဇယားသည် ဘ၀စက်ဝိုင်းအဆင့်တို့ကို ဖော်ပြထားကာ အဆင့်တစ်ဆင့်စီအလိုက် ဈေးကွက်သမားတို့က ပစ်မှတ်ရွေးချယ်ရန်ဖြစ်သည်။ ဈေးကွက်သမားတို့သည် သူတို့၏ ပစ်မှတ်တို့ကို ဘ၀စက်ဝိုင်းအဆင့်ဖြင့် ရှင်းပြကြသည်။ ဘ၀စက်ဝိုင်းပစ်မှတ်ကိုလိုက်ပြီး သင့်တင့်လျောက်ပတ်သော ကုန်စည်တို့ကို ထုတ်လုပ်သည်။ ဈေးကွက်စီမံကိန်းကို ဘ၀စက်ဝိုင်းအဆင့်အလိုက် ပြုစုချမှတ်သည်။
သမားရိုးကျဘ၀စက်ဝိုင်းအဆင့်တို့တွင် တစ်ဦးတည်းနေ လူငယ်နှင့်သားသမီးရှိစုံတွဲ တို့ ပါဝင် ကြသည်။ ယနေ့၌ မူ ဈေးကွက်သမားတို့သည် အခြားသမားရိုးကျမဟုတ်သော ဘ၀စက်ဝိုင်းအဆင့် တို့ကို ယုယပြုစုနေရသည်။ ဥပမာ …. အိမ်ထောင်မပြုဘဲ အတူနေစုံတွဲ များ ၊ ကြီးလာမှ အိမ်ထောင်ပြု သူများ ၊ သားသမီးမဲ့စုံတွဲ များ ၊ လိင်တူစုံတွဲ များ ၊ တစ်ဦးတည်းနေမိဘများ ၊ တိုးချဲ့မိဘများ (အရွယ် ရောက် သားသမီးများ အိမ်ပြန်ရောက်လာခြင်း)နှင့် အခြားတို့ဟူ၍ ဖြစ်သည်။
အလုပ်အကိုင် (Occupation)
လူတစ်ယောက်၏ အလုပ်အကိုင်က သူ၏ ကုန်စည်နှင့်ဝန်ဆောင်မှု ၊ ၀ယ်ခြမ်းမှု ကို ထိခိုက်စေ သည်။ ကော်လာပြာအလုပ်သမားတို့သည် ဖျင်ကြမ်းထည် အ၀တ်အစားတို့ကို ပိုပြီးဝယ်တတ်သ လောက် ကော်လာဖြူအလုပ်သမားတို့သည် ဘိစနက်ဝတ်စုံတို့ကို ပို၍ ၀ယ်တတ်သည်။ ဈေးကွက် သမားတို့သည် သူတို့ရောင်းချသော ပစ္စည်းနှင့်ဝန်ဆောင်မှု တို့အပေါ် စိတ်ဝင်စားမှု ပျမ်းမျှအထက်ကို ပစ်မှတ်ရှာတတ်လေရာ အလုပ်အကိုင်အုပ်စုအလိုက် လိုအပ်သောပစ္စည်းနှင့် ၀န်ဆောင်မှု တို့ကို ပိုပြီး အထူးပြုထုတ်လုပ်ကြသည်။ သို့ အားဖြင့် ကွန်ပျူတာဆော့ဖ်ဝဲကုမ္ပဏီတို့သည် ကုန်အမှတ်တံဆိပ် မန်နေဂျာ၊ စာရင်းကိုင်၊ အင်ဂျင်နီယာ၊ ရှေ့နေနှင့်ဆရာဝန်တို့အတွက် ပစ္စည်းတို့ကို ခြားနားစွာ ဒီဇိုင်း ပြုလုပ်ကြသည်။
စီးပွားရေးအခြေအနေ (Economic Situation)
လူတစ်ယောက်၏ စီးပွားရေးအခြေအနေသည် သူ၏ ပစ္စည်းရွေးချယ်မှု ကို ထိခိုက်သည်။ အန်နာဖလိုရာသည် သူမ၌ လုံလောက်သောဝင်ငွေစုဆောင်းမှု နှင့် ချေးငှားနိုင်သောအင်အား ပြည့်စုံ လျှင် ဈေးကြီးသောနီကွန်းကင်မရာကို ၀ယ်ယူပါလိမ့်မည်။ ၀င်ငွေအာရုံထိလွယ်သော ကုန်ပစ္စည်း (income sensitive goods)တို့ကို ရောင်းချသော ဈေးကွက်သမားသည် ကိုယ်ရေးဝင်ငွေ၊ စုဆောင်း ငွေနှင့်အတိုးနှုန်းတို့၏ တိမ်းညွှတ်ချက်တို့ကို ပို၍ ဂရုစိုက်ကြည့်ရှုရမည်။ အကယ်၍ စီးပွားရေးအညွှန်း တို့က ရီဆက်ရှင်း recession (ဆုတ်ယုတ်ကျဆင်းမှု )ကို ပြလာသည်ဟုဆိုလျှင် ဈေးကွက်သမား သည် မိမိပစ္စည်းကို ဒီဇိုင်းပြောင်း၊ အနေအထားပြောင်း သို့ မဟုတ် ဈေးနှုန်းပြင် စသည်ဖြင့် ပြုလုပ်ရ ပေမည်။
ဘ၀နေဟန် (Life-style)
အလားတူသော ယဉ်ကျေးမှု ငယ်၊ လူမှု လူတန်းစားနှင့် အလုပ်အကိုင်တို့မှ လာရောက်သူတို့ သည် အလွန်ခြားနားသော လိုက်ဖ်စတိုင်များ ရှိကောင်းရှိမည်။ လိုက်ဖ်စတိုင် (Life-style)သည် လူ တစ်ယောက်၏ နေထိုင်စားသောက်မှု ပုံသဏ္ဌာန်(Pattern of living)ဖြစ်၍ ဤပုံသဏ္ဌာန်ကို သူ သို့ မဟုတ် သူမ၏ ဆိုင်ကိုဂရပ်ဖစ် (psycho graghics)တွင် ပေါ်လွင်စေသည်။ ဤဂရပ်ဖစ်သည် စားသုံး သူ၏ အရေးကြီးသော အေအိုင်အိုမျက်နှာစာ (AIO dimensions)တို့ကို တိုင်းထွာသည်။ တစ်နည်း ပြောရလျှင် လှုပ်ရှားမှု (activities)(အလုပ်၊ ၀ါသနာ၊ ဈေးဝယ်ထွက်ခြင်း၊ အားကစားနှင့်လူမှု ရေး ဖြစ် ရပ်)တို့ကိုလည်းကောင်း၊ စိတ်ဝင်စားမှု (interests)၊ (အစားသောက်၊ ဖက်ရှင်၊ မိသားစု၊ အပန်းဖြေ အနားယူမှု )တို့ကိုလည်းကောင်း၊ သဘောထားအမြင် (opinions)(သူတို့အပေါ် သူတို့အမြင်၊ လူမှု ရေး ကိစ္စပြဿနာများ ၊ ဘိစနက်စီးပွားရေး၊ ကုန်ပစ္စည်း)တို့ကိုလည်းကောင်း တိုင်းထွာသည်။ လိုက်ဖ်စတိုင် သည် လူတစ်ယောက်၏ လူမှု လူတန်းစားနှင့် ဥပဓိရုပ်ထက် ပိုပြီးပေါ်လွင်သည်။ လိုက်ဖ်စတိုင်သည် လူတစ်ယောက်၏ လောကကြီးတွင် ဘယ်လိုဆောင်ရွက်သည်၊ ဘယ်လိုအပြန်အလှန် အချင်းချင်း ဆောင်ရွက်သည်ဆိုသော ပုံသဏ္ဌာန်တစ်ခုလုံးကို ရုပ်လုံးဖော်ပြသည်။
သုတေသနအဖွဲ့အသီးသီးသည် လိုက်ဖ်စတိုင်အမျိုးအစားတို့နှင့်စပ်လျဉ်း၍ သုတေသနပြုစု ထားကြသည်။ အကျယ်ပြန့်ဆုံးသော အသုံးပြုသည့် သုတေသနမှာ (SRI)အက်စ်အာအိုင်အဖွဲ့မှ ပြု လုပ်သော Value and Life Style)ဖြစ်သည်။ (VALS)ဟု အတိုကောက်ခေါ်သည်။ ပုံပြကားချပ် 1.3 ကို ကြည့်ပါ။
ဗွီအေအယ်လ်အက်စ်သည် လူတို့အား သူတို့အချိန်ကို ဘယ်လုသုံးစွဲသည်၊ ငွေကို ဘယ်လိုသုံး စွဲသည်ဆိုသောအချက်ကို အခြေခံ၍ အမျိုးအစားခွဲခြားသည်။ ၎င်းသည် စားသုံးသူတို့အား မျက်နှာစာ ကြီးနှစ်ဖက်ကိုအခြေခံလျက် ရှစ်မျိုးခွဲခြားသည်။ ပထမမျက်နှာစာမှာ (self orientation)ကိုယ်ပိုင် ရပ်တည်ချက်ရှိခြင်းဖြစ်၍ ဒုတိယမျက်နှာစာမှာ ရင်းမြစ်အင်အား ဖြစ်သည်။ ကိုယ်ပိုင်ရပ်တည်မှု ရှိသော အစုတွင် မူဖြင့် ရပ်တည်ချက်ရှိသော စားသုံးသူများ ပါဝင်၍ ၎င်းတို့သည် ကမ္ဘာလောကကြီးကို သူတို့ ဘာသာမြင်သောအမြင်ဖြင့် ၀ယ်ခြမ်းကြသည်။ အဆင့်အတန်း ရပ်တည်ချက်ရှိသော ၀ယ်သူ (status- oriented buyers)တို့သည် အခြားသူများ ၏ အမြင်နှင့် ဆောင်ရွက်မှု တို့ကိုကြည့်၍ ၀ယ်ခြမ်းသည် အက်ရှင်ရပ်တည်ချက် (action-oriented buyers)ရှိသော ၀ယ်ခြမ်းသူတို့သည် လှုပ်ရှားချင်သော ဆန္ဒ၊ မျိုးစုံချင်သောဆန္ဒနှင့် စွန့်စားကြည့်ချင်သော စိတ်ဓာတ်တို့ဖြင့် ၀ယ်ခြမ်းသည်။ ဖော်ပြပါ ရပ် တည်ချက်တစ်ခုစီလိုက်အတွင်း၌ ပင် စားသုံးသူတို့ကို ထပ်မံခွဲခြားသေးသည်။ ပေါပေါများများ ရင်းမြစ် ရှိသော စားသုံးသူများ နှင့် အနည်းငယ်ရင်းမြစ်ရှိသူများ ဟူ၍ ဖြစ်သည်။ ရင်းမြစ်အနည်းအများ ကို သူတို့ ၏ ၀င်ငွေအဆင့်အနိမ့်အမြင့်၊ ပညာရေး၊ ကျန်းမာရေး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ၊ ခွန်အားစွမ်းပကား နှင့် အခြားဖက်တာတို့ကိုထည့်တွက်၍ အကဲခတ်ခြင်း ဖြစ်ပေသည်။ ရင်းမြစ်အင်အား မြင့်မြင့်ရှိသည် ဖြစ်စေ၊ နိမ့်နိမ့်ရှိသည်ဖြစ်စေ စားသုံးသူတို့ကို အကဲဖြတ်ရာ၌ သူတို့၏ ကိုယ်ပိုင်ရပ်တည်ချက် (အဟုတ်လုပ်သူ သို့ မဟုတ် ရုန်းကန်လှုပ်ရှားသူ)တို့ကို ဂရုမမူဘဲ အကဲဖြတ်သည်။ အဟုတ်လုပ်သူတို့ သည် ရင်းမြစ်အင်အား တောင့်တင်းသူများ ဖြစ်ကြ၍ သူတို့စိတ်သန်ရာအလိုက်တွင် ဆောင်ရွက်နိုင်ကြ ကုန်သည်။ ဆန့်ကျင်ဘက်၌ ရုန်းကန်လှုပ်ရှားသူတို့သည် ရင်းမြစ်အင်အား အလွန်နည်းကြသည့် အလျောက် သူတို့အား မည်သည့်စားသုံးသူ ရပ်တည်ချက်ထဲ၌ မဆို ထည့်သွင်းစဉ်းစားနိုင်သည်။
ပိစ်ဘတ်မြို့ (Pittsburhg) ၌ နာမည်ကြီးသော အိုင်ရင်းစီးတီး (Iron City) ဘီယာသည် (VALS)စနစ်ကို ကျင့်သုံးလျက် သူ၏ ပုံရိပ်အား ခေတ်မီအောင်ပြုပြီး အရောင်းကိုမြှင့်တင်နိုင်ခဲ့သည်။ အိုင်ရင်းစီးတီးဘီယာသည် အရောင်းကျဆင်းနေရာ ကျောရိုးအမာခံ ဘီယာသောက်သမားတို့ကလည်း အသက်ကြီးလာသောအခါ ဘီယာအသောက်လျှော့ကြသည်။ လူငယ်ဘီယာသောက်သူတို့က တံဆိပ် ကို မကြိုက်ကြ။ (VALS) သုတေသနအရ အတွေ့အကြုံသမားတို့က ဘီယာအများ ဆုံးသောက်ကြ၍ သူတို့နောက်က “ကြိုးပမ်းအားထုတ်သူ” တို့က လိုက်သည်။ အိုင်ရင်းစီးတီးပုံရိပ်၏ ပြဿနာကို လေ့လာသုံးသပ်ရန် ကုမ္ပဏီသည် ဤအမျိုးအစားထဲပါဝင်သူတို့ကို အင်တာဗျူးလုပ်သည်။ သူတို့အား လူအမျိုးမျိုး၏ ဓာတ်ပုံများ ပြကာ မည်သူသည် အိုင်ရင်းစီးတီးတံဆိပ်ဘီယာကို သောက်သုံးသလဲကို ရှာဖွေခိုင်းသည်။ ထို့နောက် မိမိနှင့်တူသောသူများ ပုံကို ရှာဖွေခိုင်းသည်။ အိုင်ရင်းဘီယာ သောက်သုံး သူ အများ စုသည် ရပ်ကွက်ဘားထဲ၌ ဘီယာဝင်သောက်ကြသော ကော်လာပြာသံမဏိ အလုပ်သမား များ ဖြစ်နေသည်။ သို့ ရာတွင် ဗျူးခံသမားတို့က သူတို့ကိုယ်သူတို့ ပို၍ ခေတ်မီသည်။ အလုပ်ကြိုးစား သည်။ အပျော်အပါးကြိုက်သည်ဟု ထင်ကြသည်။ သူတို့သည် ပိစ်ဘတ်မြို့၏ ခေတ်မမီသော အလေး စားပစ္စည်းထုတ်လုပ်မှု လုပ်ငန်း၏ ပုံရိပ်ကို ငြင်းပယ်ကြသည်။ ဤသုတေသနကို အခြေခံပြီး အိုင်ရင်းစီးတီးသည် ကြော်ငြာတစ်မျိုးကို ဖန်တီးလိုက်သည်။ ဤကြော်ငြာ၌ ပစ်မှတ်ထားသော စားသုံးသူ၏ ပုံရိပ်အသစ်နှင့် ဘီယာကို ချိတ်ဆက်ပေးလိုက်သည်။ ကြော်ငြာ၌ ရှေးဟောင်းပိစ်ဘတ်၏ ပုံရိပ်နှင့် တက်ကြွလှုပ်ရှားနေသော မြို့သစ်မှ ပုံရိပ်တို့ကို ရောပြထားသည်။ တစ်ဆက်တည်း၌ ပင် အတွေ့အကြုံသမားနှင့် ကြိုးပမ်းအားထုတ်သူတို့ အလုပ်ကြိုးစားလျက် ပျော်ရွှင်နေကြပုံကိုပါ ညှပ်၍ ဖော်ပြသည်။ ဤကြော်ငြာထွက်ပြီး တစ်လအတွင်း၌ အိုင်ရင်းစီးတီးအရောင်းပမာဏသည် ၂၆ ရာခိုင်နှုန်း ထောင်တက်သွားသည်။
(VALS) ကို အင်တာနက် အပြုအမူအား နားလည်ရန်အလို့ငှာလည်း အသုံးပြုနိုင်သည်။ (SRI consulting)၏ ၁၉၉၉ ခုနှစ် ရှေ့ဆောင်ဆာဗေး၌ အဟုတ်လုပ်သူ (actualizers)များ ထဲမှ လေးပုံ သုံးပုံသည် အင်တာနက်နှင့် အချိတ်အဆက်ရှိ၍ ယုံကြည်သူများ (believers)ထဲမှ ခြောက်ပုံ တစ်ပုံ ကသာ အင်နာနက်နှင့် အချိတ်အဆက်ရှိသည်။ (VALS)က ဤအစုတို့၏ အင်တာနက်အသုံးပုံ ခြားနား ချက်ကို ဖော်ပြသည်။ ဥပမာ…. “အဟုတ်လုပ်သူ” နှင့် “ ဖြည့်စွမ်းသူများ ” (fulfilleds) တို့သည် ရင်းနှီး မြှုပ်နှံမှု ကို ခြေရာခံရန် အင်တာနက်ကို ပိုအသုံးပြုကြ၍ “အတွေ့အကြုံသမား”နှင့် “ကြိုးပမ်းအား ထုတ်သူ” ၀က်ဘ်ဆိုက်သို့ အလည်အပတ်သွားတတ်ကြသည်။ (SRI) ၀က်ဘ်ဆိုက်သည် လာရောက် လည်ပတ်သူတို့အား မေးခွန်းလွှာများ မေးကာ (VALS) အမျိုးအစားကို အကဲခတ်ကြည့်သည်။ စားသုံးသူတို့ကို အမျိုးအစားခွဲခြားရန် အခြားသူတို့က “technology type” နည်းကို အသုံးပြုလာကြ သည်။
လိုက်ဖ်စတိုင်အမျိုးအစား ခွဲခြားမှု သည် အခြေအနေအားလုံးနှင့် အကျုံးဝင်သက်ဆိုင်သည်လို့ တော့ မပြောနိုင်ပေ။ ခွဲခြားနည်းသည် နိုင်ငံအလိုက် ခြားနားစရာရှိသည်။ လန်ဒန်ကြော်ငြာအေဂျင်စီ မက်ကန်အီရစ်ဆန် (McCann-Erikson_)က သုတေသနတစ်ခုပြုလုပ်ကြည့်ရာ ဗြိတိသျှလိုက်ဖ်စတိုင်ကို ဤသို့ တွေ့ရှိထားသည်။ Avant Guardians (အပြောင်းအလဲကို စိတ်ဝင်စားသူ)၊ Pontificatiors(ရှေးရိုးသမားကြီးများ )က အလွန်ဗြိတိသျှ ဆန်ချင်ကြသည်။ Chameleons (လူအုပ် နောက်လိုက်သူ)နှင့် Sleep walkers (သိပ်မအောင်မြင်သော်လည်း ရောင့်ရဲတင်းတိမ်နေသူ)များ ဟူ၍ တွေ့ရသည်။ (D’ Arcy, Masius, Benton & Bowles)ကမူ ရုရှစားသုံးသူငါးမျိုးကို ရှာဖွေတွေ့ရှိသည်။ Kuptsi(ကုန်သည်များ ) Cossacks (ကော့ဆက်)၊ Students(ကျောင်းသား)၊ Business Executives (ဘိစနက်အုပ်ချုပ်ရေးမှူးများ )နှင့် Russian Souls(ရုရှဝိညာဉ်)တို့ဟူ၍ ဖြစ်ကြသည်။ ကော့ဆက်တို့မှာ ရည်မှန်းချက်ကြီးသည်။ သီးခြားလွတ်လပ်သည်။ ဂုဏ်အဆင့်အတန်းကြိုက်သည်။ ရုရှဝိညာဉ်တို့သည် တက်ကြွမှု မရှိ၊ ရွေးချယ်ရမှာ ကို ကြောက်သည်။ မျှော်လင့်ချက်ထားသည်။ သို့ ဖြင့် စံနမူနာ ကော့ဆက် သည် ဘီအမ်ဒဗလျူမော်တော်ကားကို မောင်းသည်။ ဒန်ဟီးလ်စီးကရက်သောက်သည်။ ရီမီမာတင် အရက်ကို မှီဝဲသည်။ ရုရှဝိညာဉ်ကမူ လာဒါ(lada)ကားကို မောင်းသည်။ မာလ်ဘိုရိုစီးကရက်သောက် သည်။ စမာရော့ဗော့ကာ(Smirnoff Vodka)အရက်ကိုမှီဝဲသည်။
သေသေချာချာ အသုံးပြုမည်ဆိုလျှင် လိုက်ဖ်စတိုင်အယူအဆသည် ပြောင်းလဲနေသော စား သုံးသူတို့တန်ဖိုးထားပုံနှင့် ဤတန်ဖိုးထားပုံတို့က သူ၏ အ၀ယ်အခြမ်း အပြုအမူအပေါ် မည်သို့ အကျိုး သက်ရောက်နိုင်ပုံတို့ကို သိရှိနိုင်သည်။ ဥပမာ…. အန်နာဖလော်ရာသည် အိမ်ရာကောင်းကောင်း ဆောက်လုပ်နိုင်သူ၏ ကဏ္ဍ၊ အလုပ်အကိုင်လုပ်နေသူ အမျိုးသမီး၊ လွတ်လပ်သည့်ဆောက်လုပ်နိုင်သူ ၏ ကဏ္ဍ၊ အလုပ်အကိုင်လုပ်နေသူ အမျိုးသမီး၊ လွတ်လပ်သည့်အမျိုးသမီး စသည်ဖြင့် ကဏ္ဍတစ်ခုခု သို့ မဟုတ် ကဏ္ဍသုံးခုစလုံး ပေါင်း၍ ဖြစ်နိုင်သည်။ ဖလော်ရာသည် ကဏ္ဍမျိုးစုံကို ဆောင်ရွက်သည် ဖြစ်လေရာ ၎င်းတို့ကို သင့်တင့်သလို ပေါင်းစပ်ခြင်းကပင် သူမ၏ လိုက်ဖ်စတိုင်ကို ဖော်ကျူးနေသည်။ အကယ်၍ ဖလော်ရာသည် ကြေးစားဓာတ်ပုံရိုက်သမားဖြစ်လာခဲ့သော် ဤအချက်က သူ၏ လိုက်ဖ် စတိုင်ကို အပြောင်းအလဲဖြစ်စေပါလိမ့်မည်။ ဤမှတဖန် ဘာတွေကိုဘယ်လိုဝယ်မည်နည်းဆိုသော အချက်သည်လည်း ပြောင်းလဲသွားနိုင်သည်။
ဥပဓိရုပ်နှင့်ကိုယ်တိုင်ယူဆချက်
(Personality and Self-Concept)
လူတစ်ဦး၏ ထူးခြားသော ဥပဓိရုပ်သည် သူ၏ အ၀ယ်အခြမ်းအပြုအမူကို သြဇာပြုသည်။ ဥပဓိ ရုပ် (Personality)သည် မိမိ၏ ပတ်ဝန်းကျင်ကို အတော်အတန်ကြာရှည်၍ မချွတ်မယွင်း ပုံမှန်တုံ့ပြန်မှု တို့ဆီသို့ ရှေ့ရှုသော ထူးခြားသည့် စိတ်ပိုင်းဆိုင်ရာ ၀ိသေသလက္ခဏာ (unique psychological characteristics)တို့ကို ရည်ညွှန်းသည်။ ဥပဓိရုပ်ကို ကိုယ့်ကိုယ်ကို ယုံကြည်မှု ၊ စိုးမိုးနိုင်မှု ၊ လူမှု ပေါင်းသင်းဆံဆံမှု ၊ သီးခြားလွတ်လပ်မှု ၊ ကာကွယ်လိုမှု ၊ လိုက်လျောညီထွေဖြစ်နိုင်မှု ၊ ထကြွရန်လိုမှု စသည်ကဲ့သို့ သော ထူးခြားချက်တို့ဖြင့် ဖော်ပြလေ့ရှိကြသည်။ ဥပဓိရုပ်သည် တစ်စုံတစ်ရာသော ကုန် ပစ္စည်းနှင့်တစ်စုံတစ်ရာသော ကုန်အမှတ်တံဆိပ် ရွေးချယ်မှု တို့အတွက် စားသုံးသူ၏ အပြုအမူကို စိစစ်သုံးသပ်ရာတွင် အသုံးဝင်နိုင်သည်။ ဥပမာ…ကော်ဖီဈေးကွက်သမားတို့ ဘာသွားတွေ့ထား သနည်းဆိုလျှင် ကော်ဖီအသောက်များ သူတို့သည် လူမှု ပေါင်းသင်း ဆက်ဆံရေးပိုင်း နှံ့စပ်ကြောင်းကို သွားတွေ့ထားသည်။ ထို့ကြောင့် စားသုံးသူတို့ကို ဆွဲဆောင်ရန်အလို့ငှာ စတားဘတ် (star bucks) နှင့် အခြားကော်ဖီဆိုင်တို့သည် ကော်ဖီသောက်ရင်း လူတွေအနားယူနိုင်သော မိတ်ဖြစ်ဆွေဖြစ် မိတ် ဖွဲ့နိုင်သော ဆိုင်အခင်းအကျင်းနှင့် ၀န်းကျင်တို့ကို မွမ်းမံပြင်ဆင်ကြသည်။
များ စွာ သော ဈေးကွက်သမားတို့သည် ဥပဓိရုပ်နှင့်ပတ်သက်သော ယူဆချက်တစ်ရပ်ကို အသုံးပြုကြသည်။ ဤယူဆချက်ကို ‘ကိုယ်တိုင်ယူဆချက်’ (self-concept)ဟုလည်း ခေါ်သည်။ ကိုယ် တိုင်ပုံရိပ် (self-image)လို့လည်းခေါ်သည်။ ယခု ကိုယ်ပိုင်ယူဆချက်၏ အခြေခံကျသော မှန်းဆ ချက်မှာ လူတို့၏ လက်ဝယ်ပိုင်ဆိုင်မှု သည် သူတို့၏ အမှတ်အသား (identities)ကို ရောင်ပြန်ဟပ် သည်။ အထောက်အကူပြုသည်ဆိုသောအချက်ဖြစ်သည်။ ဆိုလိုသည်မှာ ‘We are what we have’ ‘ကျုပ်တို့လက်ထဲရှိတာက ကျုပ်တို့ဘာလဲဆိုတာကို ပြတာပဲ’ ဟူ၍ ပြောနိုင်သည်။ သို့ ဖြစ်ရာ ဈေးကွက် သမားတို့အဖို့ စားသုံးသူတို့၏ အပြုအမူကို နားလည်နိုင်ရန်အလို့ငှာ စားသုံးသူ၏ ကိုယ်တိုင်ယူဆ ချက်နှင့် သူတို့၏ လက်ဝယ်ပိုင်ဆိုင်မှု တို့ကြား ဆက်သွယ်မှု အကြောင်းကို ရှေးဦးပထမ နားလည်ပေးရ ပေမည်။ ဥပမာ…. ဘားနတ်အင်နိုဘဲလ် (Barnes & Nobles) (ထိပ်တန်းစာအုပ်အရောင်းသမား)မှ အုပ်ချုပ်ရေးအရာရှိချုပ်နှင့် စတင်ထူထောင်သူက လူတွေစာအုပ်ဝယ်ကြသည်မှာ ကိုယ်ပိုင် မိမိပုံရိပ် ကို ကောင်းစေလို၍ ဖြစ်သည်ဟု ပြောပြသည်။
‘လူတွေ၌ မှားယွင်းသော အယူအဆတစ်ခုရှိသည်မှာ စာအုပ်ကို ၀ယ်သည်မှာ ဖတ်ဖို့ဝယ်သည် ဟု ယူဆခြင်းဖြစ်သည်။ ဤအယူအဆသည် မှားသည်။ လူတွေက စာအုပ်ဝယ်သည်မှာ ဤသို့ ၀ယ်ယူ မှု က မိမိတို့အကြောင်းကို ဘယ်လောက်ပြောသလဲဆိုသည့်အချက်ကို သိလို၍ ဖြစ်သည်။ သူတို့၏ အရသာခံစားမှု ၊ သူတို့၏ ယုယပြုစုပျိုးထောင်လာမှု နှင့် သူတို့၏ တိမ်းညွတ်ချက်တို့ကို စာအုပ်ဝယ်ခြင်း ဖြင့် သိစေလိုသည်။ သူတို့၏ ရည်ရွယ်ချက်မှာ သူတို့ချင်းချိတ်ဆက်မိဖို့ သို့ မဟုတ် စာအုပ် လက်ဆောင်ပေးသောသူတို့နှင့် ချိတ်ဆက်ဖို့၊ အဂ္ဂါအယ်လင်ပိုး၏ စာအုပ်များ ကို သိမ်းဆည်းထားသူ တို့နှင့် ချိတ်ဆက်ဖို့၊ သို့ တည်းမဟုတ် ဗာဂျီးနီးယားဝုဖ် စာအုပ်များ စုဆောင်းသူတို့နှင့်ချိတ်ဆက်မိဖို့ စသည်ဖြင့် ဖြစ်သည်။ အကျိုးရလဒ်အားဖြင့် သင်သည် စာအုပ်ကို စားသုံးသူ ကုန်ပစ္စည်းအဖြစ် ညှို့ဓာတ်ပါသော အခင်းအကျင်း၊ အသားပါသော ပိုစတာ၊ စာအုပ်၏ ဆွဲဆောင်မှု ၊ ရောင်းရအသွက် ဆုံးစာအုပ်၏ ဖက်ရှင်ဆန်မှု နှင့် ရေပန်းစားနေသော စာရေးဆရာတို့အကြောင်းကို အထူးအလေးပေး ၍ ရောင်းခြင်းဖြစ်သည်။’
အန်နာဖလိုရာသည် သူမကိုယ်သူမ အိမ်တွင်းအောင်းသူမဟုတ်၊ အပြင်ထွက်နေသူ၊ တီထွင် ဆန်းသစ်ချင်သူနှင့် တက်ကြွသူအဖြစ် မြင်ကောင်းမြင်နေမည်။ ထို့ကြောင့် သူမသည် သူ့အရည် အချင်းအတိုင်းရှိသော ကင်မရာမျိုးကို ပို၍ လိုချင်ပေမည်။ အကယ်၍ နီကွန်းကင်မရာကို အပြင်ထွက် ၀ါသနာပါသူ၊ တီထွင်ဆန်းသစ်ချင်သူ၊ တက်ကြွသူတို့အတွက် ဖြစ်သည်ဟု အရောင်းမြှင့်တင် ကြော်ငြာလျှင် ကုန်အမှတ်တံဆိပ် ပုံရိပ် (brand image)နှင့် အန်နာဖလိုရာ၏ ပုံရိပ်သည် အံကိုက် ဖြစ်သွားချေပြီ။
စိတ်ပညာဆိုင်ရာ ဖက်တာများ (Psychological Factors)
လူတစ်ယောက်၏ အ၀ယ်အခြမ်း ရွေးချယ်မှု တို့သည် နောက်ထပ်ပြီး စိတ်ပညာဆိုင်ရာ ဖက်တာ လေးရပ်ဖြင့် သြဇာပြုခံရသေးသည်။ ၎င်းတို့မှာ (1) (motivation)စေ့ဆော်လှုံ့ဆော်ချက်၊ (2) (perception) ခံစားသိရှိချက်၊ (3) (learning)လေ့လာဆည်းပူးခြင်းနှင့် (beliefs)ယုံကြည်မှု နှင့် သဘောထားအမြင် (attitudes)တို့ ဖြစ်ကြသည်။
စေ့ဆော်လှုံ့ဆော်ချက် (Motivation)
အန်နာဖလိုရာသည် ကင်မရာတစ်လုံးဝယ်လိုကြောင်း သိခဲ့ပြီးဖြစ်သည်။ ဘာ့ကြောင့် ၀ယ်ချင်ရ သနည်း။ သူမ တကယ်ဘာကိုရှာဖွေနေသနည်း။ မည်သည့်လိုအပ်ချက် (nees) တို့ကို ဖြည့်စွမ်းရမ် ကြိုးပမ်းနေသနည်း။ လူတစ်ယောက်တွင် လိုအပ်ချက်တွေ အများ ကြီးရှိသည်။ တချို့လိုအပ်ချက်တို့မှာ ဇီဝဗေဒ (biological)နှင့်ဆိုင်သည်။ ငတ်မွတ်မှု ၊ ရေဆာလောင်မှု ၊ သို့ မဟုတ် မအီမသာဖြစ်မှု တို့မှ ဤ ဇီဝလိုအပ်ချက်များ ပေါ်ထွက်လာတတ်သည်။ အခြားလိုအပ်ချက်တို့မှာ စိတ်ပိုင်းဆိုင်ရာ (psychological)နှင့် ဆိုင်သည်။ မိမိကို အသိအမှတ်ပြုလိုခြင်း (recognition)၊ အရိုအသေခံလိုခြင်း (esteem)၊ သို့ မဟုတ် သက်ဆိုင်လိုခြင်း (belonging)တို့မှ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ပေါ်ထွက် လာသည်။ ဤလိုအပ်ချက်အများ စုသည် တစ်စုံတစ်ယောက်အား တစ်စုံတစ်ရာကို ဆောင်ရွက်ရန် အထိ လှုံ့ဆော်စေနိုင်လောက်အောင် အင်အားမကြီးပေ။ လိုအပ်ချက်တစ်ရပ်သည် လုံလောက်သော အဆင့်အထိ စူးစူးရှရှ နှိုးဆွစေ့ဆော်ခံရမှသာ (motive) ရည်ရွယ်ရင်း စိတ်ရင်း ဖြစ်လာသည်။ (motive) ရည်ရွယ်ရင်းစိတ်ရင်း သို့ မဟုတ် မောင်းအား (drive)သည် လုံလုံလောက်လောက် ဖိအား ဖြင့် နှိုးဆွခံရ၍ ကျေနပ်မှု တစ်စုံတစ်ရာ ရရှိရန် ဦးတည်ခံရသော လိုအပ်ချက်ကို ရည်ညွှန်းသည်။ စိတ် ပညာရှင်တို့သည် လူတို့၏ စိတ်စေ့ဆော်လှုံ့ဆော်ချက်နှင့်ပတ်သက်၍ သီအိုရီများ အမျိုးမျိုးထုတ်လုပ် ကြသည်။ ထိုအထဲမှ ရေပန်းအစားဆုံး သီအိုရီနှစ်ပါးမှာ ဆခ်မန်ဖရု (Sigmund Freud) ၏ သီအိုရီနှင့် အာဘရာဟင်မာစလို (Abraham Maslow) ၏ သီအိုရီတို့ ဖြစ်ကြသည်။ ၎င်းသီအိုရီနှစ်ပါးသည် စား သုံးသူသုံးသပ်ချက်နှင့် ဈေးကွက်သုံးသပ်ချက်တို့တွင် အတော်အတန် ခြားနားသော အဓိပ္ပာယ်များ ရှိနေကြသည်။
စေ့ဆော်လှုံ့ဆော်ချက်နှင့်ပတ်သက်၍ ဖရု၏ သီအိုရီ
(Freud’s Theory of Motivation)
လူတို့သည် သူတို့၏ အပြုအမူတို့ကို ပုံလောင်းပေးနေသော စိတ်ပညာဆိုင်ရာ အင်အားစု တို့နှင့် ပတ်သက်၍ မသိရှိကြပေ။ (unconscious)ဟု ဆိုသည်။ သူက လူတို့သည် ကြီးထွားလာသည့် များ စွာ သော အာသာဆန္ဒ (urges)တို့ကို နှိပ်ကွပ်နေရသည်။ ဤအာသာဆန္ဒတို့သည် ဘယ်တော့မှ ဖယ်ရှားမခံရပေ။ လုံးဝပြည့်စုံသော ကွပ်ကဲမှု အောက်တွင်လည်း ဘယ်တော့မှရှိမည်မဟုတ်ပေ။ ဤသို့ ဖိနှိပ်ခံထားရသော အာသာဆန္ဒတို့သည် အိပ်မက်တို့၌ ပေါ်ထွက်လာတတ်သည်။ အာရုံကြော လှုပ်ရှား မှု နှင့် စိုးရိမ်သောကများ လွန်းသော အပြုအမူတို့၌ အံထွက်လာနိုင်သည်။ နောက်ဆုံး၌ စိတ်ရောဂါ (psychoses)တို့တွင် ပေါ်တတ်သည်။
ထို့ကြောင့် ဖရုက လူတစ်ယောက်သည် သူ သို့ မဟုတ် သူမ၏ စေ့ဆော်လှုံ့ဆော်ချက်ကို အပြည့်အစုံနားမလည်ဟု ထောက်ပြသည်။ အကယ်၍ အန်နာဖလိုရာသည် ဈေးကြီးသော ကင်မရာ တစ်လုံးကို ၀ယ်ယူလိုသည်ဟုဆိုလျှင် သူဝယ်ယူလိုသည့် ရည်ရွယ်ချက်ကို ၀ါသနာအပျော်တမ်း သမားမနေဖြင့်ဖြစ်စေ။ ကြေးစားအနေဖြင့် ဖြစ်စေ ဖော်ပြောနိုင်သည်။ ပို၍ နက်သောအဆင့်၌ တီထွင် နိုင်သော စွမ်းရည်ကိုပြ၍ အခြားသူတို့အား မိမိအပေါ် အထင်ကြီးစေချင်သောစိတ်ဖြင့် ကင်မရာကို ၀ယ်ခြင်းဖြစ်ကောင်း ဖြစ်နိုင်သည်။ သည့်ထက်ပိုပြီးနက်သောအဆင့်ကို နှိုက်ကြည့်ပါမူ သူမသည် ကင်မရာကို ၀ယ်ခြင်းဖြင့် ငယ်ရွယ်နုပျိုသွားစေလိုသည်။ ပိုပြီး လွတ်လွတ်လပ်လပ် ပြန်ဖြစ်စေလို သည်။
စေ့ဆော်လှုံ့ဆော်မှု ဆိုင်ရာ သုတေသနပညာရှင်တို့သည် နမူနာစားသုံးသူ အနည်းငယ် လောက်မှ အတွင်းကျကျ အင်ဖော်မေးရှင်းတို့ကို စုဆောင်းကာ ကုန်စည်ရွေးချယ်မှု အတွက် ပို၍ နက်နဲ သော ရည်ရွယ်ချက်တို့ကို နှိုက်ကြည့်ကြသည်။ ဖော်ကြည့်ကြသည်။ သူတို့သည် ဦးတည်ချက်မရှိ သော နက်ရှိုင်းသည့် အင်တာဗျူး (non-directive depth interview)တို့ကို ပြုလုပ်သည်။ ထို့အပြင် projective technique’’ခေါ် ပရိုဂျက်တက္ကနစ်တို့ကိုလည်း အသုံးပြုကြသည်။ ဤနည်းတို့သည် အတ္တ ကို အထိန်းလွတ်သွားစေရန် (to throw the ego off guard) ရည်ရွယ်သည်။ စကားလုံးဆက်စပ် ပေးခြင်း (word association)၊ ၀ါကျပြီးစေခြင်း (sentence complection)၊ ပုံကို အနက်ဖော်စေခြင်း (picture interpretation)၊ ကဏ္ဍပါဝင်လိုခြင်း (role playing) စသော နည်းတို့ဖြစ်ကြသည်။ စေ့ ဆော်လှုံ့ဆော်မှု သုတေသနသမားတို့သည် စိတ်ဝင်စားစရာကောင်းသော ကောက်ချက်အချို့နှင့် ထူးထွေဆန်းပြားသော ကောက်ချက်အချို့ကို ပြုလုပ်တတ်ကြသည်။ တစ်စုံတစ်ရာဝယ်ခြမ်းမှု အတွက် ၀ယ်သူ၏ စိတ်ထဲ ဘာရှိသည်ကို ဆိုခဲ့ပါအတိုင်း စိတ်ဝင်စားစရာနှင့် ထူးထူးဆန်းဆန်းအဖြေတို့ကို ဖော် ထုတ်တတ်သည်။ ဥပမာ…. စံပြဂန္ထ၀င်မြောက်သည့် လေ့လာမှု တစ်ခုက စားသုံးသူတို့သည် မလိုအပ် သော အပိုတို့ကို တိညှပ်ခြင်းကို မကြိုက်ကြ။ ခုခံကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပါးရေ နားရေတွေတွန့်နေပြီး နေမကောင်းသည့်ပုံ ပေါ်နေသောကြောင့်ဖြစ်သည်။ ထူးထူးဆန်းဆန်း ပုံမှန်မဟုတ်သော ကောက်ချက်များ ရှိစေကာမူ စေ့ဆော်လှုံ့ဆော်မှု သုတေသနလုပ်ငန်းသည် ဈေး ကွက်သမားတို့အတွက် အသုံးဝင်သောကိရိယာတို့ပင် ဖြစ်နေသေးသည်။ ဤကိရိယာတို့ဖြင့် စားသုံး သူအပြုအမူတို့ကို ပို၍ နက်နက်နဲနဲ နားလည်နိုင်အောင် ကြိုးပမ်းနေကြဆဲဖြစ်သည်။
မာစလိုသီအိုရီ (Maslow’s Theory of Motivation)
အာဘရာဟင်မာစလိုက လူတို့သည် တစ်စုံတစ်ရာသောအချိန်၌ တစ်စုံတစ်ရာသော လိုအပ် ချက်တို့ကို ရရှိအောင် အဘယ့်ကြောင့် စေ့ဆော်တိုက်တွန်းခံရသနည်းဆိုသောအချက်ကို ရှင်းပြ သည်။ လူတစ်ယောက်က ကိုယ်ရေးစိတ်ချရမှု အတွက် အဘယ့်ကြောင့် အချိန်နှင့်အင်အားစွမ်းအင်ကို ပို၍ သုံးစွဲရသနည်း။ တခြားတစ်ယောက်က အခြားသူတို့၏ လေးစားရိုသေမှု ကိုရအောင် အဘယ့် ကြောင့် ပိုပြး အချိန်နှင့်အင်အားစွမ်းအင်ကို သုံးစွဲရသနည်း။ မာစလို၏ အဖြေမှာ လူတို့၏ လိုအပ်ချက် တို့ကို အဆင့်ဆင့်စီစဉ်ထပ်သောကြောင့် ဖြစ်သည်။ အနည်းဆုံးအရေးကြီးသည့် လိုအပ်ချက်မှ အလွန် အရေးကြီးဆုံး လိုအပ်ချက်အထိ အဆင့်ဆင့် ဆင့်ကဲထပ်ထားသောကြောင့် ဖြစ်သည်။ မာစလို၏ လိုအပ်ချက်များ အဆင့်ဆ့်ကဲ တပ်ဆင်ပုံကို ပုံကားချပ် 1.4 တွင် ဖော်ပြထားပါသည်။
Maslow’s Hierarchy of Needs
အရေးကြီးမှု အလိုက်စီလျှင် ၎င်းတို့သည် ကိုယ်ခန္ဓာလိုအပ်ချက် (physiological needs)၊ လုံခြုံစိတ်ချမှု လိုအပ်ချက် (safety needs)၊ လူမှု ရေးလိုအပ်ချက်များ (social needs)၊ ဂုဏ်လေးစားမှု လိုအပ်ချက် (esteem needs)နှင့် ကိုယ့်ကိုယ်ကို အဟုတ်ဖြစ်ရန် လိုအပ်ချက် (selfactualization needs)တို့ဟူ၍ ဖြစ်ကြသည်။ လူတို့သည် ထိုထဲမှ အရေးကြီးဆုံးလိုအပ်ချက်ကို ပထမဦးဆုံး ဖြည့်စွမ်း ရန် ကြိုးပမ်းသည်။ ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီးသောအခါ ဤပထမအချက်သည် စေ့ဆော် လှုံ့ဆော်ရေးသမားအဖြစ်မှ ရပ်သွားသည်။ ထိုလူသည် နောက် အရေးအကြီးဆုံးလိုအပ်ချက်ကို ဖြည့် စွမ်းရန် ကြိုးပမ်းပေမည်။ ဥပမာ …. ထမင်းငတ်နေသောလူသည် အနုပညာလောကတွင် နောက်ဆုံး ဖြစ်ပေါ်သောလက်ရာအပေါ် စိတ်ဝင်စားနိုင်မည်မဟုတ်ပေ။ (ကိုယ့်ကိုယ်ကို အဟုတ်ဖြစ်စေလိုသော လိုအပ်ချက်) ဤအနုပညာလက်ရာကို အခြားသူတွေက ဘယ်လောက်မြတ်နိုးသည်၊ ဘယ်လောက် တန်ဖိုးထားသည်ဆိုသောအချက်ကိုလည်း စိတ်ဝင်စားနိုင်မည် မဟုတ်ပေ။ (လူမှု ရေးနှင့်လေးစား မြတ်နိုးရန် လိုအပ်ချက်)သူတို့သည် လေကောင်းလေသန့်ကို ရှူနေရသည်မဟုတ်ပေ။ သို့ သော် အရေးကြီးသော လိုအပ်ချက်တစ်ခုစီ ဖြည့်စွမ်းပြီးတိုင်းတွင် နောက်အရေးကြီးဆုံးအချက်က ပါဝင် လာမည်။
မာစလို၏ သီအိုရီသည် အန်နာဖလိုရာ၏ ကင်မရာတစ်လုံးဝယ်ယူရန် စိတ်အားထက်သန်မှု အပေါ် မည်သို့ ရှင်းပြနိုင်ပါမည်နည်း။ အန်နာဖလိုရာသည် သူမ၏ ကိုယ်ခန္ဓာ စိတ်ချလုံခြုံမှု နှင့် လူမှု ရေး လိုအပ်ချက်တို့ကို ဖြည့်စွမ်းပေးပြီးပြီဟု မှန်းဆနိုင်သည်။ သူတို့သည် ကင်မရာဝယ်ယူရေးကိစ္စတွင် စေ့ဆော်လှုံ့ဆော်သူများ မဖြစ်နိုင်တော့ပေ။ သူမ၏ ကင်မရာဝယ်လိုမှု ကို လေးစားမြတ်နိုးမှု က အား ကောင်းကောင်းဖြင့် စေ့ဆော်နိုင်သည်။ သို့ တည်းမဟုတ် ကိုယ့်ဟာကိုယ် အဟုတ်ဖြစ်လိုမှု (The need for self-actualization)က စေ့ဆော်လှုံ့ဆော်နိုင်သည်။ (သူမသည် တီထွင်ကြံဆသော ပုဂ္ဂိုလ် (creative person)အဖြစ် ဓာတ်ပုံပညာမှ တစ်ဆင့် ဖော်ထုတ်လိုသော လိုအပ်ချက် ဖြစ်သည်။)
ခံစားသိမြင်ခြင်း(Perception)
စိတ်အားထက်သန် စေ့ဆော်မှု ရှိသူတစ်ဦးသည် တကယ်ဆောင်ရွက်ရန် အဆင်သင့်ရှိသည်။ သူဘယ်လို ဆောင်ရွက်မည်နည်းဆိုသောအချက်သည် သူ၏ အခြေအနေကို ခံစားသိရှိမှု အပေါ်၌ မူတည်နေသည်။ အာရုံငါးပါးဖြစ်သော မြင်ခြင်း၊ ကြားခြင်း၊ အနံ့ရခြင်း၊ ထိတွေ့ခြင်းနှင့် အရသာတို့မှ တစ်ဆင့် ဖြတ်သန်းလာသော သတင်းအင်ဖော်မေးရှင်း စီးဆင်းမှု တို့ဖြင့် ကျွန်ုပ်တို့အားလုံး လေ့လာ ဆည်းပူးကြသည်။ သို့ ရာတွင် ဤအာရုံအင်ဖော်မေးရှင်းတို့ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လက်ခံရရှိ သည်။ နေသားတကျ စည်းရုံးသည်။ အနက်အဓိပ္ပာယ်ဖော်သည်။ ထို့ကြောင့် ခံစားသိရှိခြင်း ဆိုသည် မှာ ကမ္ဘာ၏ အဓိပ္ပာယ်ရှိသော ရုပ်ပုံကြီးကို ပုံပန်းသဏ္ဌာန်ပေါ်လွင်အောင် အင်ဖော်မေးရှင်းတို့ကို စိစစ် ရွေးချယ်ရာ၊ နေသားတကျစုရုံးရာ၊ အနက်အဓိပ္ပယ်ဖော်ရာ ဖြစ်စဉ်အဖြစ် နားလည်အပ်သည်။
လူတို့သည် ကိုယ်ပိုင်ခံစားသိမြင်ခြင်းဖြစ်စဉ်သုံးမျိုးကို လိုက်၍ စေ့ဆော်မှု တစ်မျိုးတည်းအပေါ် တွင် ခြားနားသော ခံစားသိမြင်မှု တို့ကို ရရှိကြသည်။ ဤသုံးမျိုးမှာ (၁)စိစစ်ရွေးချယ်သော ဂရုမူမှု (selective attention)၊ (၂) စိစစ်ရွေးချယ်သော ပုံပျက်မှု (selective distortion)နှင့် (၃) စိစစ် ရွေးချယ်သော ထိန်းသိမ်းထားမှု (selective retention)တို့ ဟူ၍ ဖြစ်သည်။ လူတို့သည် နေ့တဓူသဆို သလို ပြင်ပမှ စေ့ဆော်မှု အများ အပြားတို့နှင့် ရင်ဆိုင်တွေ့ကြုံနေကြရသည်။ ဥပမာ…. လူတစ်ဦးသည် တစ်နေ့တည်း၌ ပျမ်းမျှအားဖြင့် ကြော်ငြာပေါင်း ၁၅၀၀ ကျော်ကို တွေ့ကြုံရပုံမျိုးဖြစ်သည်။ ထိုအခါ၌ ဤလူသည် ကြော်ငြာအားလုံးကို ညီတူမျှတူ ဂရုမူနှလုံးသွင်းရန် မဖြစ်နိုင်ပေ။ စိစစ်ရွေးချယ်ပြီး နှလုံးမူ ရမည် (selective attention)ဖြစ်သည်။ လူတို့၌ အရာအများ အပြားကို ဂရုမမူမိဘဲ စွန့်ပစ်လိုသော သဘော ရှိကြလေရာ ဈေးကွက်သမားတို့အဖို့ စားသုံးသူတို့က မည်သည့်အရာတို့ကို ဂရုမူကြသနည်း ဆိုသောအချက်ကို ကောင်းစွာ သိရှိဖို့ လိုအပ်သည်။
ထင်ရှားသော စေ့ဆော်ချက် (stimuli) တိုင်းသည် ရည်ရွယ်ထားသောနည်းလမ်းအတိုင်း ဖြစ်ချင်မှ ဖြစ်တတ်သည်။ လူတစ်ဦးစီသည် ၀င်လာသော အင်ဖော်မေးရှင်းတို့ကို သူတို့၏ ရှိရင်းစိတ် အနေအထား (mind-set) ထဲ ထည့်ညှိတတ်သည်။ ထို့ကြောင့် စိစစ်ရွေးချယ်သော ပုံဖျက်မှု (selective distortion)ဆိုသည်မှာ လူတို့သည် မိမိတို့ ယုံကြည်ထားပြီးဖြစ်ရာအလိုက် မိမိယုံကြည် ထားပြီးဖြစ်ရာကို ထောက်ခံသည့်အလိုက် အင်ဖော်မေးရှင်းတို့ကို အနက်ဖော်လေ့ရှိခြင်းကို ဆိုလို သည်။ အန်နာဖလိုရာသည် ကင်မရာအမှတ်တံဆိပ်တစ်ခုနှင့်ပတ်သက်ပြီး ပြိုင်ဘက်ကင်မရာတို့နှင့် နှိုင်းယှဉ်ကာ အရောင်းဝန်ထမ်း၏ အကောင်းအဆိုး ဝေဖန်ပြောဆိုမှု တို့ကို ကြားမိပါလိမ့်မည်။ အန်နာ သည် မူလကတည်းက နီကွန်းကင်မရာကို ကြိုက်နှစ်သက်လေရာ သူမသည် အချို့သော မကောင်း သည့် အချက်တို့ကို ပုံဖျက်ပြီး နီကွန်းက ပို၍ ကောင်းမွန်ကြောင်းကို ယုံကြည်အောင် ပြုလုပ်ပါလိမ့် မည်။ စိစစ်ရွေးချယ်ထားသော ပုံဖျက်မှု တို့ကြောင့် ဈေးကွက်သမားတို့သည် စားသုံးသူ၏ စိတ်အနေ အထားကို နားလည်အောင် ကြိုးပမ်းရန် တာဝန်ရှိလာသည်။ ဤစိတ်အနေအထားတို့က ကြော်ငြာ အပေါ် အဓိပ္ပာယ်ဖော်နားလည်မှု နှင့် အရောင်းဆိုင်ရာ အင်ဖော်မေးရှင်းတို့အပေါ် မည်သို့သက်ရောက် သနည်းဆိုသော အချက်ကို နားလည်အပ်ကုန်သည်။
လူတို့သည် သူတို့လေ့လာဆည်းပူးထားခြင်းကိုပင် မေ့နေတတ်သည်။ သူတို့၏ သဘောထား အမြင်နှင့်ကိုက်ညီသော အင်ဖော်မေးရှင်းတို့ကိုမူ ထိန်းသိမ်းထားတတ်သည်။ စိစစ်ရွေးချယ်ထားသော ထိန်းသိမ်းထားမှု (selective retention) ကြောင့် အန်နာသည် နီကွန်းကင်မရာ၏ ကောင်းသော ပွိုင့်တို့ကို ပိုပြီး မှတ်မိနေပေလိမ့်မည်။ ပြိုင်ဘက်ကင်မရာ၏ ကောင်းသောပွိုင့်တို့ကို မေ့နေပေလိမ့် မည်။ စိစစ်ရွေးချယ်ပြီး ဖော်ထုတ်မှု (selective exposure)၊ ပုံဖျက်မှု နှင့် ထိန်းသိမ်းထားမှု တို့ကြောင့် ဈေးကွက်သမားတို့သည် မိမိတို့ ပြောလိုသော အမှာ စကား မက်ဆေ့ခ်ျကို ထိထိရောက်ရောက်ဖြစ်စေ ရန် ပင်ပန်းကြီးစွာ ကြိုးပမ်းရလိမ့်မည်။ ဈေးကွက်သမားတို့သည် သူတို့ဆိုလိုသော မက်ဆေ့ခ်ျကို ဈေး ကွက်ထဲ ထိုးဖောက်ရောက်ရှိအောင် သြဇာတိက္ကမနှင့် ထပ်ခါတလဲလဲပြမှု နည်းလမ်းတို့ကို သုံးစွဲကြရ သည်။
စိတ်ဝင်စားစရာမှာ ဈေးကွက်သမားအများ စုက မိမိတို့ ပို့လိုက်သော အမှာ စကားနှင့် ကမ်းလှမ်း မှု တို့ကို စားသုံးသူတို့က ခံစားသိမြင်ပါ့မလားဟု စိုးရိမ်နေချိန်တွင် စားသုံးသူတို့ဘက်ကလည်း ဈေးကွက်အမှာ စကားအကြောင်းကို ဘာမျှမသိဘဲ ၀ယ်မိခြမ်းမိမှာ ကို စိုးရိမ်ကြသည်။ စားသုံးသူတို့က ဆိုလိုသည်ကို တိတိပပခံစားမသိရှိလိုက်ဘဲ ကြော်ငြာကောင်း၍ ၀ယ်လိုက်ရခြင်းမျိုးကို မဟာဆန် သော ကြော်ငြာနည်း (subliminal advertising)ဟု ခေါ်သည်။ ဥပမာအားဖြင့် ၁၉၅၇ ခုနှစ်က သုတေသနသမားတစ်ဦးက “ပေါ့ကွန်း (Popcorn) ကိုစားပါ” ၊ “ ကိုကာကိုလာကို သောက်ပါ” ဆိုသော စာတမ်းတို့ကို နယူးဂျာစီရှိ ရုပ်ရှင်တို့တွင် မကြာခဏ တဖျတ်ဖျတ်နှင့် ထိုးပြသည်။ ပစ္စည်းနှစ်မျိုးစလုံးက အရောင်းအရမ်းတက်သွားသည်။ ဤကိစ္စနှင့် ပတ်သက်၍ မသိမသာ မဟာဆန် သော ကြော်ငြာမှု မျိုးသည် စားသုံးသူတို့ကို လှည့်စားရာရောက်၍ တရားဝင်မ၀င်အငြင်းပွားမှု တွေ ဖြစ် လာသည်။ ဤသည်မှာ မဟာဆန်သော ကြော်ငြာမက်ဆေ့ခ်ျတို့၏ အရေးပါမှု ကို အသိအမှတ် ပြုလာ ကြသည်။
စိတ်ပညာရှင်နှင့် စားသုံးသူ သုတေသနသမားတို့က ပြုလုပ်ထားသောလေ့လာမှု တို့က မဟာ ဆန်သော မက်ဆေ့ခ်ျနှင့် စားသုံးသူတို့၏ အပြုအမူတို့ကြားတွင် အချိတ်အဆက်မရှိပါဟု တွေ့ရှိထားခဲ့ ကြသည်။ သို့ ဖြစ်ရာ မဟာဆန်သောကြော်ငြာတို့တွင် ဝေဖန်သူတို့က သတ်မှတ်ထားသော တန်ခိုး အင်အားများ မရှိသည့်လက္ခဏာပေါ်ပေါက်နေသည်။ မဟာဆန်သော မက်ဆေ့ခ်ျကို မမြင်ရသော မက်ဆေ့ခ်ျ (invisible message) ဟု ခေါ်သည်။ ဤမမြင်ရသော မက်ဆေ့ခ်ျတို့ဖြင့် လှည့်ကွက် လုပ်ခြင်းကို ကြော်ငြာအေဂျင်စီအများ စုက မနှစ်မြို့ကြပေ။ ကြော်ငြာအေဂျင်စီတစ်ခု၏ မန်နေဂျာအဆို အတိုင်းပြောရလျှင် တစ်စက္ကန့်၏ ၃၀၀ ပုံ တစ်ပုံ၌ စက္ကန့် ၃၀ ပြည့်အောင် တစ်ဖျက်ဖျက်ရိုက်ပြသော ကြော်ငြာ (up-front 30 second ads)တို့ကို အသုံးပြု၍ စားသုံးသူတို့အား ဆွဲဆောင်မှု ပြုသည့် အတွက် ဒုက္ခတွေ လှလှကြီးတွေ့ခဲ့ပြီး ဖြစ်ပေသည်။
လေ့လာဆည်းပူးခြင်း (Learning)
လူတို့ လက်တွေ့ဆောင်ရွက်ခြင်းမှ လေ့လာဆည်းပူးကြသည်။ လေ့လာဆည်းပူးခြင်းသည် လက်တွေ့အတွေ့အကြုံတို့မှ ပေါ်ပေါက်သော တစ်ဦးချင်းစီ၏ အပြုအမူတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခြင်းကို သရုပ်ဖော်ပြသည်။ လေ့လာဆည်းပူးမှု ဆိုင်ရာ သီအိုရီသမားတို့က လူ့အပြုအမူ အများ စုသည် လေ့လာဆည်းပူးခြင်းဖြင့် ရရှိသည်ဟု ပြောကြသည်။ လေ့လာဆည်းပူးမှု သည် တွန်း အား (drives)၊ လန်းဆန်းနိုးကြွမှု (stimuli)၊ အရိပ်အမြွက်သဲလွန်စ (cues)၊ တုံ့ပြန်မှု များ (responses)နှင့် အင်အားထပ်ဖြည့်ခြင်း (reinforcement)တို့မှတစ်ဆင့် ဖြစ်ပေါ်သည်။
အန်နာဖလိုရာ၌ မိမိမဟုတ်ဖြစ်ကြောင်းပြရန် တွန်းအားတစ်ခုရှိသည်ကို သိပြီးဖြစ်သည်။ တွန်းအား-မောင်းအား (drive)သည် ခိုင်မာသော အတွင်းနိုးကြားထကြွမှု ဖြစ်၍ လုပ်ငန်းတစ်ခုဆောင် ရွက်ရန် ဦးတည်စေသည်။ ဖလိုရာ၏ တွန်းအားသည် တစ်စုံတစ်ရာသော နိုးကြားထကြွစေသည့် အရာ ၀တ္ထု (stimulus object)(ကင်မရာ)ဆီသို့ ဦးတည်မိလျှင် စိတ်ရင်းရည်မှန်းချက် ဖြစ်လာသည်။ ဖလိုရာ ၌ ကင်မရာတစ်လုံးဝယ်ချင်သော စိတ်ကူးအိုင်ဒီယာကို ဘယ်လိုတုံ့ပြန်မလဲဆိုသောအချက်၌ ပတ်ဝန်း ကျင်အနီးအနားတစ်ဝိုက်မှ ဘယ်လိုတုံ့ပြန်မလဲဆိုသောအချက်၌ ပတ်ဝန်းကျင်အနီးအနားတစ်ဝိုက်မှ အရိပ်အမြွက်သဲလွန်စတို့က အထူးစကားပြောပေသည်။ ဤအရိပ်အမြွက်တို့က သြဇာလွှမ်းမိုးခြင်းကို ခံရပေမည်။ အရိပ်အမြွက်သဲလွန်စတို့သည် လူတစ်ယောက်၏ တုံ့ပြန်မှု တွင် အသေးအမွှားဖြစ်သော် ငြားလည်း ဘယ်သောအခါ၊ ဘယ်လို၊ ဘယ်နေရာ၌ တုံ့ပြန်မည်နည်းဆိုသောအချက်ကို ပြဋ္ဌာန်းစီရင် ပေသည်။ ဆိုင်တစ်ဆိုင်၏ မှန်ပြတင်းပေါက်မှ ကင်မရာကို မြင်လိုက်ရခြင်း၊ အထူးဈေးနှုန်းပေးမည်ဟု အော်သံကြားလိုက်ရခြင်းနှင့် သူမ၏ ခင်ပွန်းက ထောက်ခံခြင်းတို့သည် အန်နာဖလိုရာ ကင်မရာဝယ်ရန် သြဇာပြုသော အရိပ်အမြွက်သဲလွန်စတို့ပင် ဖြစ်ပေသည်။
အန်နာက နီကွန်းကင်မရာတစ်လုံကို ၀ယ်ယူသည်ဟု ဆိုကြပါစို့။ အကယ်၍ လက်တွေ့ အတွေ့အကြုံက အားရစရာကောင်းသည်ဟုဆိုလျှင် သူမသည် ကင်မရာကို ပိုပိုပြီးသုံးစွဲမိပေမည်။ ဤကား သူမ၏ ကင်မရာအပေါ် တုံ့ပြန်မှု ကို အင်အားထည့်ဖြည့်ရာ reinforced မည်သည်။ ထို့ကြောင့် နောက်တစ်ကြိမ် ကင်မရာဖြစ်စေ၊ မှန်ဘီလူးဖြစ်စေ သို့တည်းမဟုတ် အလားတူပစ္စည်းတို့ကို ၀ယ်လျှင် ဖြစ်စေ နီကွန်းပစ္စည်းကို ၀ယ်ဖို့ရာ အလားအလာမှာ အကြီးဆုံးဖြစ်ပေမည်။
ထို့ကြောင့် ဈေးကွက်ရှာဖွေထူထောင်ရေးသမားတို့အတွက် လေ့လာဆည်းပူးမှု ဆိုင်ရာ သီအိုရီ ၏ လက်တွေ့အဓိပ္ပာယ်ရှိမှု သည် ဤသို့ ဖြစ်တော့သည်။ အင်အားကောင်းသော တွန်းအား-မောင်းအား နှင့် တွဲ စပ်လျက် နိုးကြားထကြွစေသော အရိပ်အမြွက်သဲလွန်စတို့ကို အသုံးပြုခြင်းအားဖြင့် လည်းကောင်း၊ အပေါင်းလက္ခဏာဆောင်သော အင်အားဖြည့်တင်းမှု ကို ပေးစေခြင်းဖြင့်လည်းကောင်း ၀ယ်လိုအားတို့ကို မြှင့်တင်ပေးနိုင်ခြင်းဖြစ်သည်။
ယုံကြည်မှု နှင့် သဘောထားအမြင်များ (Beliefs and Attitudes)
လူတို့သည် အလုပ်လုပ်ခြင်းနှင့် လေ့လာဆည်းပူးခြင်းတို့မှတစ်ဆင့် ယုံကြည်မှု နှင့် သဘော ထားအမြင်တို့ကို ရရှိကြသည်။ ဤယုံကြည်မှု နှင့် သဘောထားအမြင်တို့သည် သူတို့၏ အ၀ယ်အခြမ်း အပြုအမှု တို့အပေါ် တစ်ဖန်သြဇာပြုပြန်သည်။ ယုံကြည်မှု (belief) တစ်ရပ်ဆိုသည်မှာ လူတစ်ယောက် က တစ်စုံတစ်ရာအပေါ်ထားရှိသော သရုပ်ဖော်အတွေးအခေါ် (descriptive thought) တစ်ရပ်ဖြစ် သည်။ အန်နာဖလိုရာက နီကွန်းကင်မရာသည် ဓာတ်ပုံကောင်းကောင်းတို့ကို ထုတ်လုပ်ပေးသည်။ အကြမ်းပတမ်း အသုံးခံသည်။ ဒေါ်လာ ၄၅၀ သာ ကျသည်ဟု ယုံကြည်ကောင်း ယုံကြည်မည်။ ဤ ယုံကြည်မှု သည် တကယ့်အသိပညာ (real know ledge)၊ သဘောထားအမြင် (opinion)နှင့် ယုံကြည်ကိုးကွယ်ဆည်းကပ်မှု (faith)တို့ပေါ်တွင် အခြေစိုက်ထားကောင်း ထားမည်။ ဤယုံကြည်မှု တို့ ၌ စိတ်ခံစားမှု ဝေဒနာ (emotional charge)များ ပါချင်မှ ပါမည်။ မပါဘဲလည်း နေမည်။ ဥပမာ… နီကွန်းကင်မရာသည် လေးသည်၊ ပေါ့သည် ဆိုသောအချက်သည် သူမ၏ ဆုံးဖြတ်ချက်၌ အရေးပါ အရာရောက်ချင်မှ ရောက်ပေမည်။
ဈေးကွက်သမားတို့က တိကျသော ကုန်စည်သို့ မဟုတ် ၀န်ဆောင်မှု တို့အပေါ် ဖွဲ့စည်းသော ယုံကြည်မှု တို့တွင် ပို၍ စိတ်ဝင်စားပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤယုံကြည်မှု တို့သည် အ၀ယ် အခြမ်းအပြုအမူကို ထိခိုက်စေသော ကုန်စည်ပုံရိပ်နှင့် အမှတ်တံဆိပ်ပုံရိပ် (brand images) တို့ကို ဖွဲ့စည်းပေးသောကြောင့် ဖြစ်သည်။ အကယ်၍ ယုံကြည်မှု အချို့ မှားယွင်း၍ အ၀ယ်အခြမ်းတို့ကို ဟန့် တားနေလျှင် ဈေးကွက်သမားတို့သည် ဤယုံကြည်ချက်အမှားတို့ကို ပြင်ဆင်ရန် လှုပ်ရှားချင်ကြသည်။
ဘာသာရေး၊ နိုင်ငံရေး၊ အ၀တ်အစား၊ ဂီတ၊ အစားအသောက်နှင့် အရာရာတိုင်းပေါ်တွင် သဘောထားအမြင်များ ရှိကြသည်။ သဘောထားအမြင်(Attitudes) ဆိုသည်မှာ အရာဝတ္ထုတစ်ခုပေါ် ၌ ဖြစ်စေ၊ စိတ်ကူးအိုင်ဒီယာတစ်ခုပေါ်၌ ဖြစ်စေ၊ လူတစ်ယောက်၏ အတော်အတန်ပုံမှန်ရှိသော အကဲ ဖြတ်ချက်၊ ဖီလင်ခံစားမှု များ နှင့် စိတ်ညွတ်မှု (tendencies)တို့ကို သရုပ်ဖော်သည်။ သဘောထား အမြင်တို့သည် လူတစ်ယောက်အား ကြိုက်သည်၊ မကြိုက်သည်ဆိုသော အရာတို့ကို စိတ်ဖရိန် (frame)ထဲတွင် ထည့်သွင်းသည်။ သို့တည်းမဟုတ် ဤအရာများ ဆီသို့ လှုပ်ရှားစေသည်။ သို့ မဟုတ် ရှောင်ပြေးစေသည်ဆိုသော စိတ်ဖရိန်ထဲ ထည့်သွင်းသည်။ သို့ ဖြင့် အန်နာဖလိုရာသည် အကောင်းဆုံး ကို ၀ယ်ပါ “Buy the best” ဆိုသော သဘောထားအမြင်မျိုးကို မွေးထားနိုင်သည်။ “ဂျပန်တို့သည် ပစ္စည်းအကောင်းစားတွေသာ ထုတ်လုပ်သည်”၊ “တီထွင်ကြံဆမှု နှင့် မိမိအမြင်ဖော်ထုတ်ခြင်းတို့သည် ဘ၀တွင် အရေးအကြီးဆုံး ဖြစ်သည်” စသည့် သဘောထားအမြင်တို့ကိုလည်း မွေးထားနိုင်သည်။ ဤသို့ မွေးထားရိုးမှန်လျှင် နီကွန်းကင်မရာသည် အန်နာ၏ တည်ဆဲသဘောထားအမြင်တို့နှင့် အံကိုက်ဖြစ်နေသည်။
သဘောထားအမြင်တို့ကို ပြောင်းလဲရန် ခက်ခဲသည်။ လူတစ်ယောက်၏ သဘောထားအမြင် သည် တိကျသော ပုံသဏ္ဌာန်တစ်ခုအသွင်ဆောင်နေလေရာ တစ်ခုကို ပြင်လျှင် အခြားအစိတ်အပိုင်း တို့က လိုက်လံပြီး ညှိနှိုင်းပြင်ဆင်ရန် အတော်ခက်ခဲပေမည်။ ထို့ကြောင့် ကုမ္ပဏီတစ်ခုသည် မိမိကုန် စည်ကို ရှိရင်းစွဲ၊ တည်ဆဲသဘောထားအမြင်နှင့် အံကိုက်အောင်သာ ညှိသည်။ သဘောထားအမြင် တို့ကို ပြင်ဆင်ပြောင်းလဲရန် မကြိုးစားပေ။ သို့ ရာတွင် ချွင်းချက်ကား ရှိသည်။ အချို့သောကိစ္စတို့တွင် သဘောထားအမြင်တို့ကို စရိတ်ကြီးစွာ အကုန်အကျခံ၍ ပြင်ဆင်သောအခါ နောက်ပိုင်း၌ အတော်များ များ အကျိုးအမြတ်ခံစားရသည်ကို တွေ့ရှိနိုင်သည်။
ယခုဆိုလျှင် စားသုံးသူ၏ အပြုအမူတို့အပေါ် သြဇာသက်ရောက်သော အင်အားစု အများ အပြားအကြောင်းကို သိရှိနားလည်ပြီး ဖြစ်သည်။ စားသုံးသူတို့၏ ရွေးချယ်မှု တို့သည် ယဉ်ကျေးမှု ၊ လူမှု ရေး၊ ကိုယ်ရေးပုဂ္ဂလိကနှင့် စိတ်ပိုင်းဆိုင်ရာအကြောင်းခံတို့ အပြန်အလှန်တုံ့ပြန်လှုပ်ရှားကြရာမှ ပေါ်ထွန်းလာခြင်း ဖြစ်ပေသည်။
အ၀ယ်အခြမ်းအပြုအမူသည် သွားတိုက်ဆေးတစ်ဘူး၊ တင်းနစ်ရက်ကက်၊ ဈေးကြီးကင်မရာ နှင့် မော်တော်ကားအသစ်တို့ကို ၀ယ်ပုံတို့၌ အလွန်ခြားနားကြပေသည်။ ရှုပ်ထွေးစွာ စဉ်းစားပြီး ဆုံးဖြတ်ရမှု တို့တွင် ၀ယ်ခြမ်းသူများ စွာ ပါဝင်အကျုံးဝင်တတ်သည်။ ၀ယ်သူတို့၏ ညှိနှိုင်းစဉ်းစားရ ခြင်းလည်း များ စွာ ပါဝင်သည်။ ပုံပြ ၁.၆ သည်စားသုံးသူ၏ အ၀ယ်အခြမ်းအပြုအမူ ပုံစံအမျိုးမျိုးကို ၀ယ်ခြမ်းသူ၏ ပါဝင်မှု အတိုင်းအတာနှင့် ကုန်အမှတ်တံဆိပ်ချင်း ခြားနားမှု အတိုင်းအတာတို့ကို အခြေခံ ၍ ဖော်ပြထားပါသည်။
ရှုပ်ထွေးသော အ၀ယ်အခြမ်းအပြုအမူ
(Complex Buying Behavior)
ကုန်အမှတ်တံဆိပ်တို့၌ အလွန်ခြားနားစွာ ဖြစ်ပေါ်နေသောအခါ၌ စားသုံးသူတို့သည် မြင့်မား စွာ ဖြစ်ပေါ်နေသောအခါ၌ စားသုံးသူတို့သည် မြင့်မားစွာ ပါဝင်ပတ်သက်ပြီး ရှုပ်ထွေးသောအ၀ယ် အခြမ်းအပြုအမူ (complex buying behavior)တို့ကို ပြုကျင့်တတ်ကြသည်။ စားသုံးသူတို့သည် ကုန် စည်ဈေးကြီးလွန်းနေသောအခါ အန္တရာယ်များ နေသောအခါ ရံဖန်ရံခါသာ ၀ယ်ခြမ်းတတ်သည်။ ပိုပြီး မိမိဂုဏ်ကို ဖော်ကြသည်။ စံအားဖြင့်ပြောလျှင် စားသုံးသူတို့သည် ကုန်စည်အမျိုးအစားအကြောင်းကို ပို၍ လေ့လာဆည်းပူးရပေမည်။ ဥပမာ …. ကိုယ်ရေးကွန်ပျူတာတစ်လုံး ၀ယ်သူသည် မည်သည့်အင်္ဂါ လက္ခဏာတို့ကို စဉ်းစားရမှန်းမသိပေ။ များ စွာ သော ကုန်စည်လက္ခဏာတို့သည် ဘာအဓိပ္ပာယ်မှ မရှိ ဘဲ ဖြစ်နေတတ်သည်။ (Pentium Pro Chip)လား၊ စူပါ ဗွီဂျီအေလား၊ (megs of RAM)မှန်း မထင် ရှားပေ။
ကုန်ဝယ်သူသည် လေ့လာဆည်းပူးမှု ဖြစ်စဉ်ထဲ ဖြတ်သန်းရပေမည်။ ရှေးဦးပထမ ကုန်စည်နှင့် ပတ်သက်၍ ယုံကြည်ချက်ကို မွေးရမည်။ ထို့နောက် သဘောထားအမြင်ကို မွေးရမည်။ ထို့နောက် သေသေချာချာ လေ့လာ၍ စိစစ်ရွေးချယ်ပြီး ၀ယ်ခြမ်းရပေမည်။ ထို့ကြောင့် ပါဝင်ပတ်သက်မှု ကြီးမား မှု တွင် စိတ်ဝင်စားသော ဈေးကွက်သမားတို့သည် ပါဝင်ပတ်သက်မှု ကြီးမားသော စားသုံးသူတို့၏ အကဲဖြတ်အပြုအမူနှင့် သတင်းအင်ဖော်မေးရှင်း စုဆောင်းပုံတိုပအကြောင်းကို နားလည်နေရပေ မည်။ ကုန်စည်အတန်းအစားအလိုက် ဂုဏ်အင်လက္ခဏာတို့ကို ၀ယ်ယူသူတို့က သိရှိနားလည်အောင် ကူညီရမည်။ ကုမ္ပဏီ၏ ကုန်အမှတ်တံဆိပ်ဂုဏ်အင်္ဂါတစ်ခုစီအလိုက်အပေါ် ဘာတွေပေးဆောင်သည် ကို ၀ယ်သူ သဘောပေါက်အောင် ရှင်းပြရပေမည်။ ဈေးကွက်သမားတို့သည် မိမိတို့၏ ကုန်အမှတ် တံဆိပ်ခြားနားချက် (brand differences)တို့ကို သိသာအောင်ပြုလုပ်ရမည်။ ကုန်အမှတ်တံဆိပ် တစ်ခုစီအလိုက် အကျိုးအမြတ်တို့ကို ပုံနှိပ်မီဒီယာတို့တွင် ရှင်းလင်းပြသနိုင်ရမည်။ အရောင်းဝန်ထမ်း သမားတို့ကိုလည်း ရှင်းပြထားရမည်။ ဤနည်းဖြင့် စားသုံးသူတို့က ကုန်အမှတ်တံဆိပ် နောက်ဆုံး ရွေးချယ်မှု အပေါ် သြဇာသက်ရောက်နိုင်စေရမည်။
မညီညွတ်မှု ကို လျော့ပါးစေသော အ၀ယ်အခြမ်းအပြုအမူ
(Dissonance Reducing Buying Behavior)
မညီညွတ်မှု ကို လျော့ပါးစေသော အ၀ယ်အခြမ်းအပြုအမူသည် စားသုံးသူတို့က ဈေးကြီးလွန်း သော၊ တစ်ခါတစ်ရံမှသာဝယ်၍ အန္တရာယ်များ သော ၀ယ်ခြမ်းမှု တို့တွင် ခပ်များများ ခပ်မြင့်မြင့် ပါဝင် ပတ်သက်ရသောအခါတွင် ပေါ်သည်။ သို့ ရာတွင် ကုန်အမှတ်တံဆိပ် (brand)တွေကြားထဲ ခြားနားမှု တို့ကိုမူ သိပ်မတွေ့ရပေ။ ဥပမာ….ကော်ဇောဝယ်သော စားသုံးသူတို့သည် ပါဝင်မှု ခပ်မြင့်မြင့်ပြုရသော ဆုံးဖြတ်ချက်တို့နှင့် ကြုံတွေ့ရတတ်သည်။ အဘယ့်ကြောင့်ဆိုသော် ကော်ဇောခင်းသည်ဆိုခြင်းမှာ ဈေးကြီးသည့်အပြင် ပကာသနနှင့် မိမိဂုဏ်ဖော်မှု (self-expressive)ပါ ပါဝင်ပတ်သက်နေသော ကြောင့် ဖြစ်သည်။ သို့ ရာတွင် ကော်ဇောဝယ်သူတို့သည် ဈေးနှုန်းအကွာအဝေးတစ်စုံတစ်ရာအတွင်း၌ ကော်ဇောကုန်အမှတ်တံဆိပ်ကို အတူတူလို့ပင် မြင်တတ်ကြသည်။ ဤလိုကိစ္စမျိုး၌ ခံစားသိမြင်သော အမှတ်တံဆိပ် ခြားနားမှု သည် သိပ်မကြီးမားလေရာ ၀ယ်သူတို့သည် ရနိုင်သမျှကို လျှောက်ကြည့်ပြီး ခပ်မြန်မြန်ဆန်ဆန်ပင် ၀ယ်ပစ်လိုက်တတ်ကြသည်။ သူတို့သည် ဈေးနှုန်းကောင်းသည့် ကော်ဇောမျိုး၊ အဆင်ပြေမည့် ကော်ဇောမျိုးကို ၀ယ်ခြင်းဖြင့် တုံ့ပြန်ကြပါလိမ့်မည်။
ဝယ်ယူပြီးသောအခါ စားသုံးသူတို့သည် postpurchase dissonance (after sale discomfort)၀ယ်ခြမ်းအပြီး မညီညွတ်မှု (၀ယ်ပြီးမှ စိတ်လက်မအီမသာခံစားမိခြင်း)ကို ခံစားမိကောင်း ခံစားမိနိုင်မည်။ ၀ယ်ခြမ်းပြီးမှ ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်၍ အပြစ်အနာအဆာအချို့ တွေ့ရှိခြင်း သို့ တည်းမဟုတ် မ၀ယ်ခဲ့မိသော ကုန်အမှတ်တံဆိပ်၏ ကောင်းကွက်တို့ကိုကြားရခြင်းတို့ တွေ့ကြုံ မိနိုင်သည်။ ဤသို့ မညီညွတ်မှု ၊ အံမကိုက်မှု တို့ကို တန်ပြန်ရန်အလို့ငှာ ဈေးကွက်သမားတို့၏ ရောင်း ပြီး ဆက်သွယ်ရေး (after sale communications)တို့သည် ၀ယ်ယူသူတို့ စိတ်ချမ်းသာအောင် သက်သေထူပြရပေမည်။
အကျင့်ဖြစ်နေသော ၀ယ်ခြမ်းမှု အပြုအမူ
(Habitual Buying Behavior)
အကျင့်ဖြစ်နေသော ၀ယ်ခြမ်းမှု အပြုအမူသည် စားသုံးသူ၏ ပါဝင်ပတ်သက်မှု နည်းနေ၊ နိမ့်နေ သောအခါတွင်လည်းကောင်း၊ ကုန်အမှတ်တံဆိပ် ခြားနားမှု သိပ်မရှိသည့်အခါတွင်လည်းကောင်း ပေါ် ပေါက်သည်။ ဥပမာ …. ဆားဝယ်မည်ဟု ဆိုကြပါစို့။ ဤကဲ့သို့ ကုန်ပစ္စည်းမျိုးတွင် စားသုံးသူ၏ ပါဝင် ပတ်သက်မှု သိပ်ရှိလိမ့်မည်မဟုတ်ပေ။ ဆိုင်သွားပြီး ၀ယ်နေကျဆားထုပ်တစ်ထုပ်ကို ၀ယ်လိုက်ရုံသာ ဖြစ်သည်။ ကုန်အမှတ်တံဆိပ်တစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲဝယ်နေကျဖြစ်လာလျှင် ဤသည်မှာ အလေ့ အထကြောင့်သာ ဖြစ်တန်ရာသည်။ ကုန်အမှတ်တံဆိပ်အပေါ် သစ္စာရှိမှု (brand loyality)ကြောင့် မဟုတ်တန်ရာပေ။
ဤလိုကိစ္စမျိုးတို့၌ စားသုံးသူအပြုအမူသည် ယုံကြည်မှု နှင့်သဘောထားအမြင်ဆိုသော အစီ အစဉ်အတိုင်း ဖြတ်သန်းသည်မဟုတ်ပေ။ စားသုံးသူတို့သည် ကုန်အမှတ်တံဆိပ်အပေါ် ကျယ်ကျယ် ပြန့်ပြန့် အင်ဖော်မေးရှင်းသတင်း ရယူသည်မရှိ။ ကုန်အမှတ်တံဆိပ်တို့၏ ၀ိသေသတို့ကို အကဲဖြတ် ကြည့်ရှုသည်မဟုတ်။ ဘယ်တံဆိပ်ကို ၀ယ်ယူရမလဲဆိုသောအချက်ကို လေးလေးနက်နက် ဆုံးဖြတ် ကြသည်လည်း မဟုတ်ပေ။ ထိုအစား သူတို့သည် အင်ဖော်မေးရှင်းတို့ကို တီဗွီကြည့်ရင်း၊ မဂ္ဂဇင်းဖတ် ရင်း ခပ်အေးအေးဆေးဆေးပဲ ရယူသည်။ လေးလေးနက်နက်မရှိ။ ထပ်ခါတလဲလဲ ကြော်ငြာမှု သည် ကုန်အမှတ်တံဆိပ်နှင့်ယဉ်ပါးမှု (brand familiarity)ကို ဖန်တီးသည်။ ကုန်အမှတ်တံဆိပ်အပေါ် ယုံ ကြည်မှု (brand conviction)ကို ဖန်တီးသည်မဟုတ်ပေ။ စားသုံးသူတို့သည် ကုန်အမှတ်တံဆိပ် အပေါ် ပြင်းထန်သော သဘောထားမရှိ။ ကုန်အမှတ်တံဆိပ်တစ်ခုကို ရွေးမိသည်မှာ ဤတံဆိပ်ဖြင့် ယဉ်ပါးနေသောကြောင့်သာဖြစ်သည်။ သူတို့သည် ကုန်စည်နှင့်မြင့်မားစွာ ပါဝင်ပတ်သက်ခြင်း မရှိ သောကြောင့် စားသုံးသူတို့သည် ကုန်စည်အပေါ် အကဲဖြတ်ချက်ကို ၀ယ်ယူပြီးနောက်မှသာ လုပ် ကောင်းလုပ်မည်။ သို့အားဖြင့် အ၀ယ်အခြမ်းဖြစ်စဉ်သည် စိတ်မပါ့တပါ လေ့လာဆည်းပူးမှု ဖြင့် အမှတ် တံဆိပ်ယုံကြည်မှု ကို ဖွဲ့စည်းထားပေမည်။ ဤလိုဖွဲ့စည်းမှု မျိုးဖြင့် ကုန်စည်ကို ၀ယ်မည်။ ၀ယ်ပြီးသည့် နောက်လည်း အကောင်းအဆိုး အကဲဖြတ်ချက်ကို လုပ်ချင်မှလုပ်ပေမည်။ ၀ယ်ယူသူတို့သည် မည် သည့်ကုန်အမှတ်တံဆိပ်ပေါ်မှ ပြင်းထန်စွာ စွဲလမ်းမှု မရှိကြသောကြောင့် ပါဝင်ပတ်သက်မှု နိမ့်သော ကုန်စည်တို့အတွက် ဈေးကွက်ရှာဖွေထူထောင်ရသော ဈေးကွက်သမားတို့သည် ကုန်အမှတ်တံဆိပ် ခြားနားမှု လည်း သိပ်မရှိသဖြင့် ကုန်စည်ကို စမ်းတင်ကြည့်သည့်သဘောဖြင့် ဈေးနှုန်းနှင့်ကုန်စည် မြှင့်တင်မှု လုပ်ငန်းတို့ကို စမ်းလုပ်ကြည့်ကြသည်။ ပါဝင်ပတ်သက်မှု နိမ့်သော ကုန်စည်တို့အတွက် ကြော်ငြာရာတွင် ကြော်ငြာကော်ပီ၌ သော့ချက်အချက်အနည်းငယ်လောက်ကိုသာ အလေးပေးသင့် သည်။ အလေးပေးချင်သောအရာတွေ မများ ရပေ။ အမြင်ဆွဲဆောင်မှု နှင့်ပုံရိပ်တို့သည် အထူးအရေး ကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို လွယ်လွယ်ကူကူမှတ်မိနိုင်သောကြောင့် ဖြစ်သည်။ ကုန်အမှတ်တံဆိပ်နှင့် တွဲ ဖက်မိနိုင်သောကြောင့်လည်း ဖြစ်သည်။ ကြော်ငြာတိုက်ပွဲတွင် အမှာ စကား (မက်ဆေ့ခ်ျ)တိုတိုလေးတို့ကို ထပ်ခါတလဲလဲ ပြန်ပြခြင်းသည် ထိရောက်သည်။ ရုပ်မြင်သံကြားသည် ပုံနှိပ်မီဒီယာတို့ထက် ပို၍ အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် ရုပ်မြင်သံကြားသည် ပါဝင်ပတ် သက်မှု လည်း သိပ်မရှိချင်။ အေးအေးပေါ့ပေါ့သာ လေ့လာလိုသူတို့အတွက် ထိရောက်သောကြောင့် ဖြစ်သည်။ ကြော်ငြာလုပ်ငန်းစီမံကိန်းသည် ရှေးဟောင်းသီအိုရီတစ်ခုအတိုင်း လိုက်နာသင့်သည်။ ဤ သီအိုရီမှာ ၀ယ်ယူသူတို့သည် တွဲ စပ်ပါဝင်နေသော သင်္ကေတတို့ကို အထပ်ထပ်အခါခါ ဖော်ပြမှု ကြောင့် ပစ္စည်းတစ်ခုကို မှတ်မိလာကြသည်ဆိုသော သီအိုရီဖြစ်သည်။
ဈေးကွက်သမားတို့သည် ပါဝင်ပတ်သက်မှု နိမ့်သော ကုန်စည်တို့ကို ပါဝင်ပတ်သက်မှု မြင့်သော ကုန်စည်တို့အဖြစ် အသွင်ပြောင်းလဲနိုင်သည်။ ပြောင်းလဲပုံနည်းမှာ ပတ်သက်နေသော ကိစ္စ သို့ မဟုတ် ပြဿနာတို့နှင့်ချိတ်ဆက်ပေးသောနည်း ဖြစ်သည်။ ပရိုတာနှင့်ဂင်ဘဲလ်သည် ကရက်ဇ်(crest)သွား တိုက်ဆေးနှင့် သွားအခေါင်းပေါက်ပြဿနာကို ဆက်စပ်ပေး၍ ကြော်ငြာသည် သို့ တည်းမဟုတ် ကုန် စည်ပါဝင်ငြိစွန်းနေသော ကိုယ်ရေးအခြေအနေတို့နှင့် ချိတ်ဆက်၍ လည်း အသွင်ပြောင်းနိုင်သည်။ နက်စ်တဲလ်သည် ကော်ဖီကို အရသာမြည်းစမ်းကြည့်သည့်ပုံ ဇာတ်လမ်းတိုကလေးတို့ဖြင့် တွဲ ကြော်ငြာသည်။ နက်စ်တဲလ်ကော်ဖီသောက်ရင်း အိမ်နီးနားချင်းရည်းစားဖြစ်ပြီး စွံသွားပုံ ဇာတ်လမ်းတို မျိုးဖြစ်သည်။ ယုတ်စွအဆုံး ဤလိုကြော်ငြာမျိုးသည် စားသုံးသူတို့အား ပါဝင်ပတ်သက်မှု အနိမ့်အဆင့် မှ အလယ်အလတ်အဆင့်သို့ တွန်းတင်သွားနိုင်သည်။ သို့ ရာတွင် ဤနည်းသည် စားသုံးသူအား ပါဝင် ပတ်သက်မှု အမြင့်စား(သို့ )အပြင်းစား အ၀ယ်အခြမ်း အပြုအမူအဖြစ် ပုံပြောင်းပေးနိုင်စရာ အကြောင်း မရှိခြင်းဖြစ်သည်။
မျိုးစုံ၊ ပဒေသာစုံ ရှာဖွေသော ၀ယ်ခြမ်းခြင်းအပြုအမူ
(Variety Seeking Buying Behavior)
စားသုံးသူတို့သည် ကုန်ပစ္စည်းမျိုးစုံ၊ ပဒေသာစုံ ရှာဖွေလေ့ရှိသော ၀ယ်ခြမ်းမှု အပြုအမူတို့ ရှိတတ်ကြသည်။ ဤသို့ အပြုအမူတို့သည် ပါဝင်ပတ်သက်မှု နိမ့်ကြောင်း၊ နည်းကြောင်းကို ပြဆိုသည်။ သို့ သော် ဤအပိုင်း၌ ကုန်အမှတ်တံဆိပ် ခြားနားမှု ကို ခံစားသိမြင်မှု ကြီးသည်။ ထိုအခြေအနေ၌ စား သုံးသူတို့သည် ကုန်အမှတ်တံဆိပ် အရွှေ့အပြောင်းသိပ်လုပ်ကြသည်။ ဥပမာ - စားသုံးသူတစ်ဦးသည် ဟင်းချက်စရာတို့ကို ၀ယ်ခြမ်းရာ၌ သူ့တွင် ယုံကြည်ချက်တစ်မျိုးမျိုး ရှိကောင်းရှိနေမည်။ ထို့ကြောင့် သေသေချာချာ အကဲအဖြတ်ဘဲ ဟင်းချက်စရာ တစ်မျိုးမျိုးကို ၀ယ်ကောင်းဝယ်လိုက်မည်။ အိမ် ရောက်၌ စားသုံးကြည့်ပြီးမှ အကောင်းအဆိုးကို ဝေဖန်အကဲဖြတ်မည်။ နောက်တစ်ခါ ဈေးဝယ်ထွက် သောအခါ စားသုံးသူသည် အခြားကုန်အမှတ်တံဆိပ်ကို ပြောင်းဝယ်မည်။ ဤသို့ ပြောင်းဝယ်ရသည် မှာ ငြီးငွေ့မှု ကြောင့်လည်း ဖြစ်နိုင်သည်။ ခြားနားသော အသစ်အဆန်းတစ်ခုခုကို စမ်းသပ်စားသုံး ကြည့်လိုသောကြောင့်လည်း ဖြစ်နိုင်သည်။ ကုန်အမှတ်တံဆိပ်ရွှေ့ပြောင်းခြင်း (brand switching) သည် မျိုးစုံချင်၍ ပဒေသာစုံချင်၍ ဖြစ်မည်။ ကုန်အမှတ်တံဆိပ်တို့ကို မကျေနပ်သောကြောင့် မဟုတ် တန်ရာပေ။
ဤကဲ့သို့ သော ကုန်စည်အမျိုးအစားတို့တွင် ဈေးကွက်ကို ခေါင်းဆောင်နေသူနှင့် အငယ်စား ကုန်အမှတ်တံဆိပ်တို့အတွက် ခြားနားသော မဟာဗျူဟာများ ရှာဖွေရပေမည်။ ဈေးကွက်ခေါင်း ဆောင်သည် နေရာကျယ်ကျယ်ပြန့်ပြန့်ယူ၊ ပစ္စည်းစင်၌ မျိုးစုံအောင်ထားပေးခြင်းဖြစ်ပြီး အလေ့အထ နှင့် ၀ယ်ယူမှု ကို အားပေးသည်။ သတိပေးအမှတ်ရရန် ကြော်ငြာကို အသုံးပြုမည်။ စိန်ခေါ်သော ကုမ္ပဏီတို့ကမူ မျိုးစုံပဒေသာစုံလိုက်သော ၀ယ်ခြမ်းမှု တို့ကို အားပေးမည်။ ဈေးလျှော့ခြင်းဖြင့်လည်း ကောင်း၊ အထူးအခွင့်အရေးပေးခြင်းဖြင့်လည်းကောင်း ကူပွန်၊ အခမဲ့ နမူနာပစ္စည်းနှင့် အသစ်အဆန်း တစ်ခုခုကို ၀ယ်ယူစမ်းသပ်ကြည့်ရန် နှိုးဆော်သော ကြော်ငြာတို့ဖြင့် ပဒေသာကြိုက် စားသုံးသူကို အားပေးပေမည်။
ဝယ်သူတို့အပေါ် သြဇာသက်ရောက်ပုံတို့ကို လေ့လာပြီးသောအခါ ၀ယ်သူတို့က ၀ယ်ခြမ်းရန် မည်သို့ ဆုံးဖြတ်ချက်များ ချပုံကို လေ့လာရတော့မည်။ ပုံပြ 1.6သည် ၀ယ်သူ၏ အ၀ယ်ဆုံးဖြတ်ချက် ဖြစ်စဉ်တွင် အဆင့်ငါးဆင့် ပါရှိကြောင်း ဖော်ပြထားသည်။
အ၀ယ်ဆုံးဖြတ်ချက်ဖြစ်စဉ်တွင် (1)လိုအပ်ချက်ကို အသိအမှတ်ပြုခြင်း (need recognition)၊ (2) အင်ဖော်မေးရှင်းရှာဖွေခြင်း (information search)၊ (3) အစားထိုးရွေးချယ်နိုင်ဖွယ်တို့ကို သုံးသပ် အကဲဖြတ်ခြင်း (evaluation of alternatives)၊ (၄) ၀ယ်ရန်ဆုံးဖြတ်ခြင်း (purchase decision) နှင့် (5) ၀ယ်ခြမ်းပြီးသည့်နောက် အပြုအမူ (post-purchase behavior)တို့ဟူ၍ ဖြစ်သည်။ ထင်ရှားနေ သည်မှာ တကယ်မ၀ယ်ခြမ်းမီကပင် အရှည်ကြီးစတင်နေသည်။ ၀ယ်ခြမ်းသည့်ပြီးသည့်နောက် အရှည် ကြီးဆက်ရှိနေမည်ဆိုသော အချက်ဖြစ်သည်။ ဈေးကွက်သမားတို့သည် ဖြစ်စဉ်ကြီးတစ်ခုလုံးအပေါ်၌ ဖိုးကပ်စ်လုပ်သင့်သည်။ ၀ယ်ရန်ဆုံးဖြတ်ချက်အပေါ်၌ သာ ဖိုးကပ်စ်မလုပ်သင့်။
ပုံကားချပ်ကိုကြည့်လျှင် စားသုံးသူတို့သည် ဤအဆင့် ငါးဆင့်စလုံးကို ဖြတ်သန်းကြောင်း တွေ့ရမည်ဖြစ်သော်လည်း အချို့သောကိစ္စတို့တွင် စားသုံးသူတို့သည် ဤအဆင့်ငါးဆင့်စလုံးကို အစီ အစဉ်အတိုင်း မဖြတ်။ ခုန်ကျော်ဖြတ်သည်။ သို့ မဟုတ် နောက်ပြန်လှည့်တတ်ကြောင်းတို့ကိုလည်း တွေ့နိုင်သည်။ သုံးနေကျတံဆိပ်ပါ သွားတိုက်ဆေးကို ၀ယ်နေသော အမျိုးသမီးတစ်ဦးသည် လို အပ်ချက်ကို သိပြီးသားဖြစ်၍ ၀ယ်ယူရန်ဆုံးဖြတ်ချက်ဆီသို့ တိုက်ရိုက်ရောက်ရှိသွားမည်။ အင်ဖော် မေးရှင်းရှာဖွေခြင်းနှင့် ရွေးချယ်စရာတို့ကို အကဲဖြတ်ခြင်းအဆင့်တို့ကို မကျော်ဖြတ်တော့ဘဲ ခုန်ပစ် လိုက်ပေမည်။ သို့ ရာတွင် ပုံကားချပ် 1.6 ပါ မိုဒလ်ြပုံစံကို အသုံးပြုသည်မှာ ရှုပ်ထွေးသော ၀ယ်ရန် ဆုံးဖြတ်ချက်အသစ်များ ပြုလုပ်ရာတွင် စားသုံးသူတစ်ဦး ရင်ဆိုင်စဉ်းစားစရာရှီသည့် အကြောင်း အားလုံးကို ဖော်ပြထားသောကြောင့် ဖြစ်သည်။
ဤမိုဒဲလ်၏ သာဓကအဖြစ် အန်နာဖလိုရာကိုပင် ပြရမည်။ သူမက ဈေးကြီးသော ကင်မရာ တစ်လုံးဝယ်ရန် ဘယ်ပုံဘယ်နည်း စိတ်ဝင်စားလာသနည်း။ အပြီးသတ်ရွေးချယ်မှု ပြုရန် သူ မည်သည့် အဆင့်တို့ကို ဖြတ်သန်းရသနည်းဆိုသော အချက်တို့ကို နားလည်ရန် ကြိုးပမ်းထားသည်။
လိုအပ်ချက် အသိအမှတ်ပြုခြင်း
(Need Recognition)
ဝယ်ခြမ်းမှု ဖြစ်စဉ်သည် လိုအပ်ချက်ကို သိရှိအသိအမှတ်ပြုခြင်းမှ စတင်သည်။ ၀ယ်သူသည် ပြဿနာနှင့် လိုအပ်ချက်တို့ကို သိရှိအသိအမှတ်ပြုသည်။ ၀ယ်သူသည် သူ သို့ မဟုတ် သူမ၏ အမှန် တကယ်အခြေအနေ (actual state)နှင့် သူလိုချင်သော အခြေအနေ (desired state)တို့ကြား ခြား နားချက်တို့ကို ခံစားမိပါသည်။ အတွင်းစေ့ဆော်မှု (internal stimuli)က လိုအပ်ချက်ကို မောင်းဖြုတ် ပေးခြင်း ဖြစ်သည်။ ဆာလောင်ငတ်မွတ်ခြင်း၊ ရေငတ်ခြင်းနှင့် ကာမဂုဏ်လိင်ဆန္ဒတို့သည် အတွင်း စေ့ဆော်မှု များ ဖြစ်၍ ၎င်းတို့ကို မြှင့်တင်ပြီး တစ်စုံတစ်ရာအဆင့်ရောက်ခဲ့သော် မောင်းအား (drive) ဖြစ်လာသည်။ အန်နာဖလိုရာသည် သူမ၏ အလုပ်အကိုင်တွင် အလုပ်များ နေရာမှ အလုပ်နည်းသွား သောအခါ ၀ါသနာအသစ်တစ်ခုကို လိုအပ်ကောင်း လိုအပ်လာမည်။ ကင်မရာကြော်ငြာကိုမြင့်၍ ဖြစ် စေ၊ သူငယ်ချင်းတစ်ယောက်နှင့် ဓာတ်ပုံပညာအကြောင်း ပြောမိရာမှဖြစ်စေ ကင်မရာတစ်လုံးဝယ်ရ လျှင် ကောင်းမလားဟု တွေးမိကောင်းတွေးမိမည်။ ဤအဆင့်၌ ဈေးကွက်သမားတို့သည် စားသုံးသူ တို့ ဘာတွေလိုနေသနည်း။ ဘာပြဿနာတွေရှိနေသနည်း စသည့် ကိစ္စတို့ကို သုတေသနပြုကာ ဤ လိုအပ်ချက်နှင့် ပြဿနာတို့က တစ်စုံတစ်ရာသောကုန်စည်သို့ ဘယ်ပုံဆွဲခေါ်သွားသနည်းဟု ရှာဖွေ ရပေမည်။
ဤသို့ သော အင်ဖော်မေးရှင်းတို့ကို စုဆောင်း၍ ကုန်စည်တစ်ရပ်တွင် စိတ်ဝင်စားမှု ကို ပေါ် ပေါက်စေသော အကြောင်းတရား(ဖက်တာ)တို့ကို သိရှိအောင် ကြိုးပမ်းရပေမည်။ ဤဖက်တာတို့ အကျုံးဝင်သော ဈေးကွက်ရှာဖွေထူထောင်ရေး ပရိုဂရမ်တို့ကို ဖော်ထုတ်စေနိုင်ရာသည်။
အင်ဖော်မေးရှင်းရှာဖွေခြင်း
(Information Search)
တက်ကြွနေသောစားသုံးသူသည် အင်ဖော်မေးရှင်းကို ပိုမိုရှာဖွေချင်မှ ရှာဖွေမည်။ အကယ်၍ စားသုံးသူ၏ တွန်းအားသည် အင်အားကောင်းနေလျှင် လိုချင်သောကုန်စည်သည် လက်တစ်ကမ်း၌ ပင်ရှိနိုင်သည်။ စားသုံးသူသည် ကုန်ပစ္စည်းကို ၀ယ်ယူပစ်လိုက်နိုင်သည်။ အကယ်၌ စေ့ဆော်တွန်း အားသည် အင်အားမကောင်းလျှင် စားသုံးသူသည် သူ၏ လိုအပ်ချက်ကို မှတ်ဥာဏ်ထဲ သိုမှီးထား ကောင်းထားမည်။ သို့ တည်းမဟုတ် မိမိလိုအပ်ချက်နှင့်သက်ဆိုင်သော အင်ဖော်မေးရှင်းရှာဖွေရေး (information search)ကို ပြုလုပ်ကောင်း ပြုလုပ်မည်။
အဆင့်တစ်ဆင့်၌ စားသုံးသူသည် မြင့်မြင့်မားမား အာရုံစူးစိုက်မှု (heightened attention)ထဲ ရောက်သွားနိုင်သည်။ ဥပမာ …. ဖလိုရာသည် ကင်မရာအကြောင်း ပြောသံကြားလျှင် ပိုပြီးစူးစူးစိုက် စိုက် အာရုံပြုနိုင်သည်။ သူမသည် ကင်မရာကြော်ငြာတို့ကို ဂရုတစိုက်ကြည့်မည်။ သူငယ်ချင်းတွေ အသုံးပြုနေသော ကင်မရာတို့ကို လျှောက်ကြည့်မည်။ ကင်မရာအကြောင်း ဆွေးနွေးမှု တို့ကို ဂရု တစိုက်နားထောင်မည်။ သို့ တည်းမဟုတ် အန်နာသည် တက်ကြွသော အင်ဖော်မေးရှင်း ရှာဖွေရေး လုပ်ငန်း (active information search) ထဲ ၀င်ရောက်သွားနိုင်သည်။ ကင်မရာအကြောင်းရေးသော မဂ္ဂဇင်းဆောင်းပါးတွေဖတ်မည်။ သူငယ်ချင်းတွေဆီ ဖုန်းဆက်မေးမည်။ အခြားနည်းလမ်းတို့ဖြင့် အင် ဖော်မေးရှင်းတို့ကို ရှာဖွေမည်။ သူမ ရှာဖွေသည့် အင်ဖော်မေးရှင်းအင်အားသည် သူမ ဘယ်လောက် စိတ်အားထက်သန်သနည်းဆိုသော အချက်ပေါ်တွင် မူတည်မည်။ အင်ဖော်မေးရှင်း ရှာရလွယ်ခြင်း၊ အင်ဖော်မေးရှင်းအသစ်တို့အပေါ် သူမ တန်ဖိုးထားမှု နှင့် ရရှိလာသော အင်ဖော်မေးရှင်းတို့အပေါ် ကျေနပ်နှစ်သိမ့်မှု တို့ပေါ်တွင်လည်း အင်ဖော်မေးရှင်း ပမာဏနှင့် အင်အားတို့ မူတည်ပါလိမ့်မည်။
စားသုံးသူသည် နည်ေးပါင်းများ စွာ ထဲမှ တစ်နည်းနည်းဖြင့် အင်ဖော်မေးရှင်းတို့ကို ရရှိနိုင်သည်။ ဤနည်းတို့ထဲတွင် (1)ကိုယ်ရေးဌာန (Personal source)၊ (မိသားစု မိတ်ဆွေသူငယ်ချင်း၊ အိမ်နီးနား ချင်းနှင့် ရင်းနှီးသူတို့) စီးပွားရေးလုပ်ငန်းဌာန Commercial Source (ကြော်ငြာ၊ အရောင်းဝန်ထမ်း ကိုယ်စားလှယ်၊ ပစ္စည်းအထုပ်အပိုး၊ ပစ္စည်းပြခန်းနှင့် ၀က်ဘ်ဆိုက်တို့)၊ အများ ပြည်သူဆိုင်ရာဌာန Public Source (မီဒီယာနှင့် စားသုံးသူအဆင့်အတန်း ခွဲခြားရေးအေဂျင်စီ)၊ လက်တွေ့စမ်းသပ်ကြည့် သောဌာန experiential source (သယ်ယူကိုင်တွယ်ခြင်း၊ စစ်ဆေးကြည့်ရှုခြင်း၊ ကုန်စည်သုံးကြည့် ခြင်း) တို့ဟူ၍ ဖြစ်ကြသည်။ ဤနည်းလမ်းတို့၏ သက်ဆိုင်ရာအလိုက် သြဇာသက်ရောက်မှု တို့သည် ပစ္စည်းနှင့် ၀ယ်သူတို့ပေါ်လိုက်ပြီး ကွဲပြားခြားနားနေမည်။ ယေဘုယျအားဖြင့် ပြောရလျှင် စားသုံးသူ တို့သည် စီးပွားရေးလုပ်ငန်းတို့မှ အင်ဖော်မေးရှင်းတို့ကို အများ ဆုံးရရှိကြသည်။ စီးပွားရေးလုပ်ငန်း တို့မှ အင်ဖော်မေးရှင်းတို့ကို အများ ဆုံးရရှိကြသည်။ ဤလုပ်ငန်းတို့ကိုလည်း ဈေးကွက်သမားတို့က ကွပ်ကဲထားသည်သာ ဖြစ်ကြသည်။ သို့ ရာတွင် အထိရောက်ဆုံးနည်းမှာ ကိုယ်ရေးဆိုင်ရာနည်းဖြစ် သည်။ စီးပွားရေးလုပ်ငန်းဌာနသည် ၀ယ်သူအား အင်ဖော်မေးရှင်းပေးသည်ကား မှန်သော်လည်း ကိုယ်ရေးဌာနက ၀ယ်သူအတွက် ကုန်စည်တို့ကို အကဲဖြတ်ပေးသည်။ သို့ တည်းမဟုတ် တရားဝင် အတည်ဖြစ်စေသည်။
လူတို့သည် သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုး၊ ရင်းနှီးသူနှင့် ကျွမ်းကျင်သူတို့ကို ကုန်စည်နှင့် ၀န် ဆောင်မှု အကြောင်းတို့နှင့်ပတ်သက်၍ ထောက်ခံချက်သဘောထားတို့ကိုလည်း မေးမြန်းနိုင်သေး သည်။ ထို့ကြောင့် ကုမ္ပဏီတို့သည် ပါးစပ်စကား (word mouth) ဌာနများ ထူထောင်ထားရန်ကို လည်း စိတ်ဝင်စားကြသည်။ ဤဌာန၌ အဓိကအကျိုးကျေးဇူးနှစ်ရပ်ရှိသည်။ ပထမအကျိုးကျေးဇူးမှာ အရောင်းမြှင့်တင်ရေးလုပ်ငန်းကို စားသုံးသူတို့က စားသုံးသူတို့အတွက် ဆောင်ရွက်ပေးရာရောက် ခြင်းဖြစ်သည်။ ဒုတိယအကျိုးကျေးဇူးမှာ စရိတ်အလွန်နည်းခြင်းဖြစ်သည်။ ကျေနပ်နေသော စားသုံး သူတို့နှင့် အမြဲထိတွေ့နေပြီး သူတို့အား ကိုယ့်အတွက်ပါးစပ်စကားဖြင့် ၀ါဒဖြန့်ပေးရန် နှိုးဆော်နိုင် သည်။
အင်ဖော်မေးရှင်းတွေ ပိုရလာလေလေ စားသုံးသူတို့သည် ကုန်အမှတ်တံဆိပ်နှင့် ပစ္စည်းသွင် ပြင်တို့အပေါ် ပို၍ အမြင့်နှင့်အသိ အားကောင်းလာလေလေဖြစ်မည်။ အန်နာဖလိုရာ၏ အင်ဖော်မေး ရှင်းရှာဖွေမှု တွင် ဖလိုရာသည် ရရှိနိုင်သမျှသော ကင်မရာတို့၏ အကြောင်းကို ပိုမိုသိရှိလာသည်။ တစ် ဆက်တည်းတွင် သူမ မလိုချင်သော ကုန်အမှတ်တံဆိပ်အချို့ကို ဖြုတ်ပစ်နိုင်သည်။ ကုမ္ပဏီတို့က လည်း ၀ယ်ယူရန်အလားအလာရှိသူတို့အား မိမိတို့၏ ကုန်အမှတ်တံဆိပ်အကြောင်းကို ပိုမိုသိရှိရန် ဆောင်ရွက်နိုင်သည်။ စားသုံးသူတို့၏ အင်ဖော်မေးရှင်းရှာဖွေရာ ဇာစ်မြစ်ကို သေသေချာချာ သိရှိ အောင်လုပ်ဖို့ လိုသည်။ ဌာနတစ်ခုစီ၏ အရေးပါပုံကိုလည်း အကဲခတ်နိုင်ရန် လိုသည်။ စားသုံးသူတို့ အား ကုန်အမှတ်တံဆိပ်အကြောင်းကို ဘယ်လိုသိရှိသနည်း၊ အင်ဖော်မေးရှင်း ဘယ်လိုအမျိုးအစား ကို ရရှိသနည်းနှင့် သူတို့ရရှိရာ အင်ဖော်မေးရှင်းဌာနတို့အပေါ် ဘယ်လိုအလေးထားကြသနည်းဆို သော အချက်တို့ကို မေးစမ်းကြည့်သင့်ကုန်သည်။
အခြားရွေးချယ်စရာတို့ကို အကဲဖြတ်နည်း
(Evaluation of Alternatives)
နောက်ဆုံး ကုန်မှတ်တံဆိပ်ကို ဘယ်လိုရွေးချယ်ကြောင်းနှင့်ပတ်သက်၍ သိရှိခဲ့ပြီ။ ကုန်အမှတ် တံဆိပ်တို့က ရွေးချယ်စရာတွေ များ ပြားလေရာ ထိုအထဲမှ မည်သည့်တံဆိပ်ကို မည်သို့ ရွေးချယ်ပါ သနည်း။ ဈေးကွက်သမားတို့သည် အစားထိုးရွေးချယ်သော အကဲဖြတ်နည်း (alternative evaluation)အကြောင်းကို သိထိုက်သည်။ ယင်းမှာ ကုန်အမှတ်တံဆိပ်ရွေးချယ်ရန် ဆုံးဖြတ်ချက် ချမှတ်ရာ၌ အင်ဖော်မေးရှင်းတို့ကို မည်သို့ အချောကိုင် စိစစ်သနည်းဆိုသောကိစ္စပင်ဖြစ်သည်။ ကံ အကြောင်းမလှသည်မှာ စားသုံးသူတို့သည် ၀ယ်ယူမှု ဖြစ်စဉ်တိုင်းတွင် တစ်ခုတည်းရှိပြီး လွယ်လည်း လွယ်ကူသော ဖြစ်စဉ်ကို အသုံးမပြုကြခြင်းဖြစ်သည်။ တကယ့်တကယ်၌ အကဲဖြတ်နည်း ဖြစ်စဉ် ပေါင်းများ စွာ သည် အလုပ်လုပ်လျက်ရှိပေသည်။
စားသုံးသူသည် အကဲဖြတ်မှု ဖြစ်စဉ် လုပ်ထုံးအချို့ကို ဖြတ်သန်းလျက် ခြားနားသော ကုန် အမှတ်တံဆိပ်အမျိုးမျိုးအပေါ် သဘောထားအမြင်များ ဖွဲ့စည်းလာကြကုန်သည်။ စားသုံးသူက ဟို ဟာဝယ်ရကောင်းနိုးနိုး၊ သည်ဟာ ၀ယ်ရကောင်းနိုးနိုး ရွေးချယ်နေရသည်ဆိုသောအချက်မှာ စားသုံး သူ တစ်ဦးချင်းစီအပေါ်လိုက်၌ လည်းကောင်း၊ ၀ယ်ရခြမ်းရသော အခြေအနေအပေါ်လိုက်၍ လည်း ကောင်း မှီတည်နေသည်။ အချို့သောကိစ္စတို့၌ စားသုံးသူတို့သည် သေသေချာချာ တွက်ချက်၍ ယုတ္တိ တရားဖြင့် စဉ်းစားပြီး ပြုမူကြသည်။ တခြားအချိန်တို့တွင် ဤစားသုံးသူသည်ပင်လျှင် ဘာမျှ ဟုတ်တိ ပတ်တိမလုပ်ပေ။ သူတို့၏ အလိုလိုအသိစိတ်ကို အသုံးချ၍ လည်းကောင်း၊ ဗီဇစိတ်ဖြင့်လည်းကောင်း ပစ္စည်းကို ၀ယ်ပစ်လိုက်ကြသည်။ တစ်ခါတစ်ရံ၌ ၀ယ်သူတို့သည် သူတို့ဘာသာဆုံးဖြတ်၍ ၀ယ်ပြီး တစ်ခါတစ်ရံ၌ မူ သူငယ်ချင်းကိုမေးကြည့်၊ အရောင်းဝန်ထမ်းကို မေးကြည့်ပြီး ကြုံသလို ၀ယ်လိုက်ကြ သည်။ ဈေးကွက်သမားတို့သည် အမျိုးမျိုးသော ကုန်အမှတ်တံဆိပ်တို့ကို တကယ်တမ်း ဘယ်လို ရွေးချယ်မလဲဆိုသည်ကို ရှာဖွေရပေမည်။ အကယ်၍ အကဲဖြတ်နည်းဖြစ်စဉ်ကို တကယ်သိသည်ရှိ သော် ဈေးကွက်သမားသည် စားသုံးသူ၏ အ၀ယ်ဆုံးဖြတ်ချက်အပေါ် သြဇာပြုနိုင်ရန်လိုအပ်သော ခြေလှမ်းများ လှမ်းနိုင်မည်။
အ၀ယ်ဆုံးဖြတ်ချက် (Purchase Decision)
အကဲဖြတ်မှု အဆင့်တွင် စားသုံးသူသည် ကုန်အမှတ်တံဆိပ်အမျိုးမျိုးကို အဆင့်ခွဲခြား၍ ၀ယ်ယူရန် ကြံရွယ်ချက်ကို ချထားလိုက်ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် စားသုံးသူ၏ အ၀ယ်ဆုံးဖြတ်ချက် (purchase decision) သည် မိမိအနှစ်သက်ဆုံး အမှတ်တံဆိပ်ကို ၀ယ်ယူရန် ဖြစ်ပါလိမ့်မည်။ သို့ ရာတွင် အချက်နှစ်ချက်က ၀ယ်ယူရန် ကြံရွယ်ချက်နှင့် ၀ယ်ယူရန် ဆုံးဖြတ်ချက် တို့ကြား ၀င်ခုလာစရာရှိပါသည်။ ပထမအချက်မှာ အခြားသူတို့၏ သဘောထားအမြင် (attitudes of others)ဖြစ်၍ ဒုတိယအချက်မှာ မမျှော်လင့်သော အခြေအနေဖက်တာ (unexpected situational factors)တို့ ဖြစ်သည်။ စားသုံးသူသည် ပထမ၌ မျှော်လင့်ထားသော ၀င်ငွေ၊ မျှော်လင့်ထားသော ဈေး နှုန်းနှင့် မျှော်လင့်ထားသော ကုန်စည်၏ အကျိုးတို့အပေး မှီငြမ်း၍ ၀ယ်ယူရန် ကြံရွယ်ချက်ကို ချထား ကောင်းချထားပါလိမ့်မည်။ သို့ ရာတွင် မမျှော်လင့်သော ဖြစ်ရပ်တစ်ခုသည် ၀ယ်ယူရန် အကြံအစည် ကို ပြောင်းလဲပစ်နိုင်သည်။ ဥပမာ … ၀ယ်သူအလုပ်ပြုတ်သွားခြင်းမျိုး။ တခြားဝယ်သူက ပိုပြီး အလော သုံးဆယ်ဖြစ်ခြင်မျိုး၊ မိတ်ဆွေအချို့က ပစ္စည်းညံ့ပုံကို လာပြောပုံမျိုးတို့သည် ၀ယ်ယူရန် အကြံအစည် ကို ဖျက်ဆီးသည့် မမျှော်လင့်သောဖြစ်ရပ်တို့ပင် ဖြစ်သည်။ သို့ အားဖြင့် နှစ်ခြိုက်မှု နှင့်ဝယ်ရန် အကြံ အစည်တို့သည် တကယ်တမ်းအ၀ယ်ရွေးချယ်မှု အဖြစ် အကောင်အထည် ဖြစ်ချင်မှ ဖြစ်လာမည်။
ဝယ်ခြမ်းအပြီး အပြုအမူ (Postpurchase behavior)
ကုန်စည်ကို ၀ယ်ပြီးသည်နှင့် ဈေးကွက်သမား၏ အလုပ်သည် ပြီးဆုံးပြီဟု မယူဆနိုင်ပေ။ ပစ္စည်းဝယ်ယူပြီးသောအခါ စားသုံးသူသည် ကျေနပ်ချင်လည်း ကျေနပ်မည်။ မကျေမနပ်ဖြစ်ချင်လည်း ဖြစ်နေမည်။ သူသည် ၀ယ်ခြမ်းအပြီး အပြုအမူတို့ကို ဆက်လက်လုပ်ကောင်းလုပ်နေမည်။ ဤ အပြု အမူတို့ကို ဆက်လက်လုပ်ကောင်း လုပ်နေမည်။ ဤအပြုအမူသည် ဈေးကွက်သမားကို စိတ်ဝင်စား စေနိုင်သည်။ ၀ယ်ယူသူသည် ကျေနပ်သွားသည်၊ မကျေမနပ်ဖြစ်သည်ဆိုသောအချက်ကို မည်သို့ ဆုံးဖြတ်ကြည့်မည်နည်း။ အဖြေမှာ ၀ယ်ယူသူ၏ မျှော်လင့်ချက်နှင့် ကုန်စည်၏ သိမြင်ခံစားလို့ရသော ဆောင်ရွက်မှု (perceived performance)တို့ကြား ဆက်သွယ်မှု ပင်ဖြစ်သည်။ အကယ်၍ ကုန်စည် သည် မျှော်လင့်ထားသည်ထက် အဆင့်နိမ့်နေလျှင် ၀ယ်ယူသူသည် အလွန်စိတ်ပျက်မည်။ အကယ်၍ ကုန်စည်သည် မျှော်လင့်ထားသည့်အတိုင်း အဆင့်မီလျှင် ၀ယ်ယူသူသည် ကျေနပ်မည်။ အကယ်၍ မျှော်လင့်ထားတာထက် ပစ္စည်းက ကောင်းမွန်နေလျှင် ၀ယ်သူပျော်မည်၊ ၀မ်းသာမည်။
မျှော်လင့်ချက်နှင့် ပစ္စည်းဆောင်ရွက်မှု ကြား ကွာဟချက်ကြီးလျှင် ကြီးသလို စားသုံးသူ၏ မကျေနပ်မှု သည် ကြီးမည်။ ဤအချက်က ရောင်းသူသည် မိမိကုန်စည်သည် မျှော်လင့်ထားသလို ၀န်ဆောင်မှု ကောင်းကြောင်း ဤအချက်ကို ရိုးသားစွာ ကိုယ်စားပြုထားကြောင်း အမြဲတမ်းပြောဆိုနေ ရန်လိုခြင်းကို ထောက်ပြသည်။ အချို့သော ရောင်းသူတို့သည် မိမိကုန်ပစ္စည်း၏ ၀န်ဆောင်မှု အင်အား ကို လျှော့ပြောတတ်သည်။ ယင်းမှာ စားသုံးသူ၏ ကျေနပ်မှု ကို မြှင့်တင်နိုင်ရန် ဖြစ်သည်။ စားသုံးသူ တို့သည် မျှော်လင့်ထားတာထက် ၀န်ဆောင်မှု ကောင်းမွန်ခြင်းကို ပို၍ နှစ်သက်ကြလေရာ သူတို့က တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ၀ါဒဖြန့်ပေးသွားနိုင်သည်။
အ၀ယ်အခြမ်းအများ စု၌ အသိအံချော်မှု (cognitive dissonance)တွေ အဖြစ်များ သည်။ ၀ယ် ခြမ်းပြီးသည့်နောက် တွေ့ရသော ပဋိပက္ခကြောင့်ဖြစ်ပေးရသော စိတ်လက်မအီမသာဖြစ်ခြင်း (discomfort)ကို ဆိုလိုသည်။ ၀ယ်ခြမ်းပြီးစီးသွားသောအခါ မိမိတို့ရွေးချယ်သော ကုန်အမှတ်တံဆိပ် ၏ အကျိုးကျေးဇူးတို့ဖြင့် ကျေနပ်တတ်ကြသည်။ သို့ ရာတွင် အ၀ယ်အခြမ်းတိုင်းတွင် အပေးအယူ စေ့ စပ်မှု (compromise)တွေ ပါစမြဲဖြစ်သည်။ စားသုံးသူသည် မိမိရွေးချယ်ဝယ်ယူသော ကုန်အမှတ် တံဆိပ်ပစ္စည်း၏ ချွတ်ယွင်းချက်တို့ကို တွေ့ရှိသောအခါ မကျေမနပ်ဖြစ်မည်။ မိမိမ၀ယ်လိုက်မိသည့် ကုန်အမှတ်တံဆိပ်၏ အကျိုးကျေးဇူးကို မခံစားလိုက်ရပါတကားဆိုပြီး နောင်တရနေတတ်သည်။ ထို့ ကြောင့် ၀ယ်ခြမ်းမှု တစ်ခု ပြီးစီးတိုင်း စားသုံးသူတို့၌ အံချော်မှု တို့ကို ခံစားမိကြမည်။
စားသုံးသူကို ကျေနပ်အောင် ပြုလုပ်ပေးရေးသည် အဘယ့်ကြောင့် ဒါလောက်အရေးကြီးရ သနည်း။ ဤအချက် အရေးကြီးရသည်မှာ ကုမ္ပဏီ၏ အရောင်းပမာဏသည် အခြေခံအစုနှစ်စုမှ လာ သောကြောင့်ဖြစ်သည်။ ဖောက်သည်သစ် (new customers)နှင့် ထိန်းထားသော ဖောက်သည် (retained customers)တို့ဟူ၍ ဖြစ်ကြလေရာ ဖောက်သည်သစ်ကို ရှာရသော စရိတ်သည် ဖောက် သည်ဟောင်းကို ထိန်းရသောစရိတ်ထက် ပိုကြီးသည်။ ရှိရင်းဖောက်သည်တို့ကို အကောင်းဆုံး ထိန်း သိမ်းထားနည်းမှာ ၎င်းတို့ကို အမြဲတမ်းကျေနပ်နေအောင် လုပ်ထားရေးပင်ဖြစ်သည်။ ထို့ကြောင့် ဖောက်သည်ကျေနပ်မှု သည် စားသုံးသူတို့နှင့် ဆက်ဆံရေးထာဝရရှင်သန်စေရန် သော့ချက်အကျဆုံး ဖြစ်လာရသည်။ တိုး၍ လာသော စားသုံးသူတို့ကို ထိန်းသိမ်းထားရေးနှင့် စားသုံးသူတန်ဖိုးကို တစ်သက်တာ ထိန်းသိမ်းထားရေးတို့အတွက်လည်း စားသုံးသူကျေနပ်မှု ရရှိရေးက သော့ချက်ကျနေ သည်။
ကျေနပ်သော စားသုံးသူသည် ကုန်စည်တို့ကို နောက်တစ်ကြိမ်ဝယ်ဦးမည်ဖြစ်သည့်အပြင် ပစ္စည်းကောင်းကြောင်းကိုလည်း သတင်းလွှင့်ပေးဦးမည် ဖြစ်သည်။ သို့ အားဖြင့် အခြားစားသုံးသူတို့က ပြိုင်ဘက်ရောင်းသူတို့အပေါ် အာရုံလျော့ပါးစေမည်။ ပြိုင်ဘက်တို့၏ ကြော်ငြာကိုလည်း ဂရုမစိုက်ဘဲ လည်းနေမည်။ များ စွာ သော ဈေးကွက်သမားတို့သည် စားသုံးသူ၏ လိုအပ်ချက်အတိုင်း ဖြည့်စွမ်းပေး ရန်ထက် ကျော်လွန်ပြီး လုပ်ဆောင်ကြသည်။ ဤသည်ကား စားသုံးသူတို့အား ပီတိဖြာနေစေရန် (to delight) ဖြစ်သည်။ ပီတိဖြာနေသော စားသုံးသူက ကုန်စည်ကို ပိုပိုပြီး ထပ်မံဝယ်ယူသည့်အပြင် ပိုပိုပြီးလည်း ပစ္စည်းအကြောင်း ကောင်းသတင်းတို့ကို လွှင့်ပေးသည်။
မကျေနပ်သည့် စားသုံးသူတို့သည် အမျိုးမျိုးတုံ့ပြန်တတ်ကြသည်။ ပျှမ်းမျှပြောရလျှင် ကျေနပ် သော စားသုံးသူတစ်ဦးသည် အခြားသုံးဦးအား ပစ္စည်းကောင်းကြောင်းကို အမွှမ်းတင်ပြီး ပြောလေ့ရှိ၍ မကျေနပ်သူတစ်ယောက်ကမူ အခြား ၁၁ ယောက်ခန့်ကို ပစ္စည်းမကောင်းကြောင်း လျှောက်ပြော တတ်သည်။ စစ်တမ်းတစ်ခုအရ အဖွဲ့အစည်းအပေါ် မကျေနပ်သူ ၁၃ ရာခိုင်နှုန်းသည် လူ ၂၀ ခန့်ကို ကုမ္ပဏီမကောင်းကြောင်း ပြောတတ်ကြသည်။ ထင်ရှားသည်မှာ မကောင်းသတင်းသည် ကောင်း သတင်းထက် ပို၍ လျင်မြန်စွာ ဝေးလံစွာ ရောက်တတ်သဖြင့် မကောင်းသတင်းသည် ကုမ္ပဏီနှင့် ၎င်း၏ ကုန်စည်တို့ကို ပို၍ မြန်ဆန်စွာ ပျက်စီးစေနိုင်သည်။
ထို့ကြောင့် ကုမ္ပဏီသည် စားသုံးသူ ကျေနပ်မှု ကို မှန်မှန်တိုင်းထွာကြည့်နေသင့်ပေသည်။ မကျေနပ်သော စားသုံးသူက လာရောက်တိုင်ကြားမှသာ အရေးယူဆောင်ရွက်ပေးရုံမျှဖြင့် မလုံ လောက်ပေ။ မကျေနပ်သူများ တိုင်ကြားရန် စနစ်တစ်ခုကို တီထွင်ထားသင့်သည်။ သရီးအမ်ကုမ္ပဏီ က ကုန်စည်သစ်အိုင်ဒီယာ၏ သုံးပုံနှစ်ပုံကို ဤတိုင်ကြားချက်တို့မှ ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် နားထောင်ရုံဖြင့် မလုံလောက်ပါ။ ကုမ္ပဏီသည် ရရှိလာသော တိုင်တန်းချက်တို့ကို အပြု သဘောဖြင့် တုံ့ပြန်ရန် လိုမည်။
ဝယ်သူက သူ၏ လိုအပ်ချက်ကို ကျေနပ်စွာ ဖြည့်ဆည်းရန် မည်သို့ မည်ပုံ အဆင့်ဆင့်ဆောင် ရွက်သည်ဆိုသောအကြောင်းကို လေ့လာခဲ့ပြီးဖြစ်သည်။ ၀ယ်သူသည် ဤအဆင့်တို့ကို မြန်မြန်သွက် သွက်ဖြစ်စေ၊ နှေးကွေးစွာ ဖြစ်စေ ဖြတ်သန်းမည်ဖြစ်သည်။ တချို့အဆင့်တို့ကို ကျော်ပစ်ကောင်း ကျော် ပစ်မည်။ ပြောင်းပြန်လုပ်ကောင်း လုပ်မည်။ ဤအချက်မှာ ၀ယ်သူ၏ သဘာဝအပေါ်၌ လည်းကောင်း၊ ကုန်စည်နှင့်အ၀ယ်အခြမ်း ဖြစ်ထွန်းနေသော အခြေအနေ၌ လည်းကောင်း မှီတည်နေသည်။
ယခု ၀ယ်ခြမ်းသူတို့က ကုန်စည်သစ်တို့ကို ဘယ်ပုံရှုမြင်ချဉ်းကပ်ကြသည်ကို ကြည့်ကြရ အောင်။ ကုန်စည်သစ် (a new product)သည် ကုန်ပစ္စည်းတစ်ခု သို့ မဟုတ် ၀န်ဆောင်မှု တစ်မျိုး၊ သို့ မဟုတ် အိုင်ဒီယာစိတ်ကူးအတွေးတစ်ခုဆိုပြီး ၀ယ်ခြမ်းသူက ခံစားသိရှိနိုင်သည်။ ဤခံစားသိရှိမှု သည် ခဏတစ်ဖြုတ် ဟိုနားသည်နား လှည့်ကြည့်ရင်း ဖြစ်ပေါ်နိုင်သည်။ သို့ သော် ယခုလေ့လာမှု ၌ ၀ယ်ခြမ်းသူက ပထမဦးဆုံးအကြိမ် ဤကုန်စည် သို့ မဟုတ် ၀န်ဆောင်မှု သို့ မဟုတ် အိုင်ဒီယာကို မွေး စားလိုက်ရန် အဘယ်ပုံ ဆုံးဖြတ်ချက်ပုံကို ဖိုးကပ်စ်လုပ်ထားသည်။ မွေးစားဖြစ်စသ် (adop-tion process)မှာ တစ်ဦးတစ်ယောက်သည် အသစ်အဆန်းတီထွင်မှု (innovation)ကို ပထမဦးဆုံး လေ့လာသိရှိမှု မှ နောက်ဆုံးမွေးစားယူပစ်လိုက်သည့် စိတ်ဖြစ်စဉ်အဖြစ် အနက်ပေးသည်။ မွေးစားယူ လိုက်ခြင်းသည် ကုန်စည်ကို ပုံမှန်သုံးစွဲသူဖြစ်လာစေရန် တစ်စုံတစ်ယောက်က ပြုလုပ်လိုက်သော ဆုံးဖြတ်ချက်အဖြစ် မြင်ရာသည်။
မွေးစားခြင်းဖြစ်စဉ်ရှိ အဆင့်များ
(Stages in the Adoption Process)
ကုန်စည်သစ်ကို မွေးစားလိုက်ရန် စားသုံးသူတို့သည် အဆင့်ငါးဆင့် ဖြတ်သန်းရသည်။
နှလုံးမူမိခြင်း (Awareness)စားသုံးသူသည် ကုန်စည်သစ်ပေါ်လာကြောင်း ဂရုမူမိလိုက်သည်။ သို့ သော် ဤကုန်စည်အကြောင်း သတင်းအချက်အလက် (အင်ဖော်မေးရှင်း)အပြည့်အစုံ မသိရှိ။
စိတ်ဝင်စားခြင်း (Interest)စားသုံးသူသည် ကုန်စည်သစ်နှင့် ပတ်သက်၍ အင်ဖော်မေးရှင်းကို ရှာဖွေသည်။
အကဲဖြတ်ခြင်း (Evaluation)စားသုံးသူသည် ကုန်စည်သစ်အား ၀ယ်ကြည့်လျှင် ကောင်း မကောင်း စဉ်းစားသည်။
စမ်းသပ်ကြည့်ခြင်း (Trial)မိမိ မျှော်မှန်းတွက်ဆ အကဲဖြတ်ထားသလို ရှိ၊ မရှိကြည့်ရန် ကုန် စည်သစ်ကို အနည်းငယ်စမ်းသပ်ဝယ်ကြည့်သည်။
မွေးစားလိုက်ခြင်း (Adoption)စားသုံးသူသည် ကုန်စည်သစ်ကို အပြည့်အ၀ ပုံမှန်ဝယ်ယူ သုံးစွဲသူဖြစ်အောင် ဆုံးဖြတ်လိုက်သည်။
ဖော်ပြပါပုံစံ မိုဒဲလ်သည် ဈေးကွက်ရှာဖွေရေးသမားတို့က စားသုံးသူတို့အား ဤအဆင့်များ ကျော်ဖြတ်ရာတွင် မည်သို့ ကူညီရမည်ကို သိသာစေနိုင်သည်။ ဖန်သားပြင်ကျယ်ကျယ်နှင့် ရုပ်မြင်သံ ကြားကြီးကြီး ထုတ်လုပ်သူတို့က စားသုံးသူတို့သည် စိတ်ဝင်စားခြင်းအဆင့်၌ ရပ်တန့်ပြီး စမ်းသပ်ခြင်း အဆင့်သို့ ဆက်မသွားသည်ကို တွေ့ရှိကြသည်။ သေချာရေရာမှု မရှိခြင်းနှင့်ရင်းနှီးမြှုပ်နှံရန် ကြီးမား ခြင်းတို့ကြောင့် ဤသို့ ရပ်တန့်သွားဟန်ရှိသည်။ အကယ်၍ ဤစားသုံးသူတို့ကပင် စမ်းသပ်ကြည့်သည့် အနေဖြင့် ဖန်သားပြင်ကြီးကြီးကို စမ်းဝယ်ကြည့်လိုလျှင် ထုတ်လုပ်သူတို့သည် ကြိုက်လျှင် ၀ယ်ရန် အခကြေးငွေအနည်းငယ်ဖြင့် စမ်းသပ်အသုံးပြု စီမံကိန်းတစ်ရပ်ကို ချမှတ်သင့်သည်။
တီထွင်ဆန်းသစ်မှု ၌ တစ်ဦးချင်းခြားနားမှု များ
(Individual Differences in Innovativeness)
ကုန်စည်သစ်ကို ၀ယ်စမ်းကြည့်ရန် လူတို့၌ အဆင်သင့်ဖြစ်ပုံခြင်း ခြားနားစွာ ရှိကြသည်။ ကုန် စည်နယ်ပယ်တစ်ခုစီ၌ ‘စားသုံးခြင်း ပိုင်အိုးနီယား’ “Consumption pioneers” တွေ ရှိကြသည်။ အခြားသူတို့သည် ကုန်စည်သစ်တို့ကို နောက်ကျမှ မွေးစားကြသည်။ သို့ ဖြင့် သူတို့ကို မွေးစားသူအမျိုး အစားများ အဖြစ် ပုံပြ 1.7 ဖြင့် သရုပ်ဖော်ပြနိုင်သည်။
ခပ်နှေးနှေးစတင်ပြီးသည့်နောက် ပို၍ များ လာသော လူတို့သည် ကုန်စည်သစ်ကို မွေးစားလာ ကြသည်။ မွေးစားသူဦးရေသည် အထွတ်အထိပ်ရောက်ရှိကာ ပြန်ကျသွားသည်။ မွေးစားခြင်းမပြုသူ အချို့ ကျန်ရစ်သည်။ အသစ်ဆန်းတီထွင်သူတို့ကို ပထမ 2.5 ရာခိုင်နှုန်းအဖြစ် သရုပ်ဖော်ရှင်းပြသည်။ အိုင်ဒီယာအသစ် စတင်မွေးစားချိန်ဖြစ်သည်။
မွေးစားအစု ငါးမျိုးတို့၌ ခြားနားသောတန်ဖိုးများ ရှိကြသည်။ တီထွင်ဆန်းသစ်သူတို့သည် အရဲစွန့် စွန့်စားရသော သဘာဝရှိသည်။ သူတို့သည် အိုင်ဒီယာအသစ်တို့ကို အန္တရာယ်စွန့်စားယူ၍ ဆောင်ရွက်ကြခြင်းဖြစ်သည်။ စောစောမွးစားသူတို့သည် လေးစားမှု က လမ်းညွှန်သည်။ သူတို့သည် သူတို့၏ လူ့အသိုင်းအ၀ိုင်း၌ သဘောထားအမြင်ခေါင်းဆောင်သူများ (opinion leaders)ဖြစ်ကြ၍ သူတို့သည် အိုင်ဒီယာအသစ်တို့ကို ဆောလျင်စွာ မွေးစားကြသည်။ သို့ သော် သေသေချာချာစဉ်းစားပြီး မှ မွေးစားသည်။ စောစောအများ စုသည် ခေါင်းဆောင်များ မဟုတ်ကြစေကာမူ ပျမ်းမျှလူတို့ထက် ခပ် စောစော အိုင်ဒီယာသစ်တို့ကို မွေးစားကြသည်။ နောက်ကျအများ စုသည် သံသယ၀င်သူများ ဖြစ်တတ် ကြသည်။ သူတို့သည် တီထွင်ဆန်းသစ်မှု အသစ်တို့ကို သူများ တကာတွေ စမ်းသပ်သုံးစွဲကြည့်ပြီးသည့် နောက်မှ မွေးစားကြသည်။ နောက်ဆုံး၌ ကျန်ရစ်သူများ (Laggards) တို့သည် သမားရိုးကျသမား တွေဖြစ်ကြသည်။ သူတို့သည် အပြောင်းအလဲတို့အပေါ် သံသယများ နေကြသည်။ သူတို့သည် တီထွင် ဆန်းသစ်မှု တို့က ရှေးရိုးအစဉ်အလာသဘောဆောင်မှသာ ၎င်းကိုမွေးစားချင်သည်။
အဆိုပါ မွေးစားသူများ အမျိုးအစားခွဲခြားဖော်ပြမှု သည် တီထွင်ဆန်းသစ်သော ကုမ္ပဏီများ အတွက် တီထွင်ဆန်းသစ်သူနှင့် စောစောမွေးစားသူတို့၏ ကြန်အင်လက္ခဏာတို့ကို သုသေသနပြု ကြည့်ရန် လိုအပ်ကြောင်းကို ပြသည်။ ထို့အပြင် သူတို့၏ ဈေးကွက်ရှာဖွေရေးအားထုတ်မှု ကို ဤအစု နှစ်စု၏ ကြန်အင်လက္ခဏာတို့ဘက်သို့ ဦးတည်ဆောင်ရွက်သင့်ကြောင်းကိုလည်း ပြသည်။ ယေဘု ယျအားဖြင့်ပြောရလျှင် တီထွင်ဆန်းသစ်သူတို့သည် စောစောမွေးစားသူတို့ထက် အတော်အတန် ပို၍ ငယ်ရွယ်ကြသည်။ ပိုပြီးခေတ်ပညာတတ်ကြသည်။ ပို၍ လည်း ၀င်ငွေကောင်းကြသည်။ သူတို့သည် မကြုံဖူး မတွေ့ဖူး ခပ်စိမ်းစိမ်းဖြစ်နေသော အခြေအနေတို့ကိုလည်း ပိုပြီးလက်ခံကြည့်တတ်လာသည်။ သူတို့သည် ကိုယ့်အကဲဖြတ်ချက်နှင့်ကိုယ်၊ ကိုယ့်တန်ဖိုးနှင့်ကိုယ် လုပ်ကိုင်တတ်ကြသည့်အပြင် စွန့် စားအန္တရာယ်ယူလိုမှု စိတ်ဓာတ်လည်းရှိကြသည်။ သူတို့သည် ကုန်အမှတ်တံဆိပ်အပေါ် သိပ်ပြီး သစ္စာမထား။ လျှော့နှုန်း (discount)ပေးခြင်း၊ ကူပွန်ချီးမြှင့်ခြင်းနှင့် နမူနာပေးခြင်း စသော အရောင်း မြှင့်တင်နည်းတို့၏ အကျိုးအာနိသင်တို့ကို ပိုပြီးအသုံးချလိုကြသည်။
မွေးစားခြင်းနှုန်းအပေါ် သက်ရောက်သော ကုန်စည်အသွင်လက္ခဏာတို့၏ သြဇာ (Influence of Product Characteristics on Rate of Adoption)
ကုန်စည်သစ်၏ အသွင်လက္ခဏာတို့သည် မိမိအားမွေးစားခြင်းနှုန်းအပေါ် သက်ရောက်မှု ရှိသည်။ အချို့ကုန်စည်သစ်တို့သည် နေ့ချင်းညချင်း မွေးစားခံရမည်။ သို့ သော် အချို့သော ကုန်စည် သစ်တို့သည် အသိအမှတ်ပြုခံရအောင် အချိန်အတော်ကြာကြာယူရသည်။ အသစ်တီထွင်ဆန်းသစ်မှု ကို မြန်မြန်ဆန်ဆန် လူတွေက မွေးစားလာအောင် အသွင်လက္ခဏာငါးမျိုး လိုအပ်သည်။ ဥပမာ …. HDTV ရုပ်မြင်သံကြား၏ အသွင်လက္ခဏာတို့ကို မွေးစားခြင်းနှုန်းနှင့် နှိုင်းယှဉ်၍ ကြည့်ကြရအောင်။
နှိုင်းယှဉ်အခွင့်သာမှု (Relative advantage)
လက်ရှိသုံးစွဲနေကြသော ကုန်စည်တို့ထက်စာလျှင် ပို၍ အရည်အသွေးကောင်းမွန်ကြောင်း ပြသည့် ဒီဂရီအတိုင်းအတာ၊ အိပ်ခ်ျဒီတီဗွီတို့၏ သာလွန်ကောင်းမွန်သော အကျိုးကျေးဇူးကို ခံစားသိ မြင်မှု မျိုး၊ ဥပမာ … တီဗွီအရည်အသွေးနှင့်ကြည့်ရမြင်ရတာ သက်သောင့်သက်သာရှိခြင်းမျိုး ဖြစ် သည်။ ဤလိုခံစားသိမြင်မှု မျိုးပေါ်လေ ပစ္စည်းကို မြန်မြန်စောစော မွေးစားလေဖြစ်သည်။
အပ်စပ်ဆီလျော်မှု (Compatibility)
တီထွင်ဆန်းသစ်မှု သည် စားသုံးသူ၏ အတွေ့အကြုံတန်ဖိုးတို့နှင့် ဘယ်လောက် အပ်စပ် ဆီလျော်မှု ရှိသနည်းဆိုသော အချက်ပေါ်၌ လည်း မွေးစားမှု နှုန်းက တည်သည်။ ဥပမာ…အိပ်ခ်ျဒီတီဗွီ သည် လူလတ်တန်းစားအထက်လွှာတို့၏ လိုက်ဖ်စတိုင်နှင့် အိမ်တို့နှင့် အလွန်ဆီလျော် အပ်စပ်သော် လည်း လက်ရှိ၌ စားသုံးသူတို့ရရှိနေသော ပရိုဂရမ်အစီအစသ် ရုပ်သံလွှင့်မှု တို့နှင့် ဆက်စပ်စဉ်းစား ကြည့်လျှင် မဆီလျော်ပြန်ပေ။
ရှုပ်ထွေးမှု (Complexity)
တီထွင်ဆန်းသစ်မှု တစ်ရပ်သည် အသုံးပြုရာ၌ မည်မျှခက်ခဲသနည်း၊ မည်မျှရှုပ်ထွေးသနည်းဆို သော အတိုင်းအတာကလည်း အတော်စကားပြောမည်ဖြစ်သည်။ အိပ်ခ်ျဒီတီဗွီသည် ထိုကဲ့သို့ မရှုပ် ထွေးပေ။ အကယ်၍ သာ ကရိုဂရမ်အစီအစဉ်များ ရနိုင်၍ ဈေးနှုန်းသက်သာမည်ဆိုလျှင် မွေးစားမှု နှုန်း မြန်နိုင်သည်။ ယူအက်စ်ဈေးကွက်ထဲ မြန်မြန်ထိုးဖောက် ရောက်ရှိနိုင်ပေသည်။
ခွဲစိတ်နိုင်မှု (Divisibility)
တီထွင်ဆန်းသစ်မှု တစ်ရပ်၏ အကျိုးအကြောင်းရလဒ်တို့ကို အခြားသူများ အား မြင်အောင် လည်း ပြသနိုင်မည်၊ ပြောလည်းပြောပြနိုင်မည်ဟုဆိုလျှင် မွေးစားနှုန်းမြန်မည်။ အကယ်၍ အိပ်ခ်ျဒီတီဗွီ ကိုလက်တွေ့လည်း စမ်းသပ်ပြသနိုင်မည်။ အကျယ်တ၀င့်လည်း ရှင်းပြနိုင်သည်ဟုဆိလျှင် စားသုံးသူ တို့ကြား အိပ်ခ်ျဒီတီဗွီသုံးစွဲမှု သည် မြန်ဆန်လာနိုင်သည်။
အခြားအခြားသော သွင်ပြင်လက္ခဏာတို့ကလည်း မွေးစားနှုန်းအပေါ် သြဇာသက်ရောက်မှု များ ရှိပါသေးသည်။ ဥပမာ … ကနဦးအစ စရိတ်၊ နောက် အသုံးပြုနေစဉ် စရိတ်၊ အန္တရာယ်နှင့် မသေ ချာမရေရာမှု နှင့် လူမှု ထောက်ခံမှု တို့ ဖြစ်ကြသည်။ ကုန်စည်သစ် ဈေးကွက်ရှာဖွေရေးသမားတို့သည် ဤအခြင်းအရာအားလုံးကို ကုန်စည်သစ်တီထွင်ရေးနှင့် ဈေးကွက်ရရေးတို့အလို့ငှာ သုသေသနပြုကြ သည်။
မိမိတိုင်းပြည်နယ်နိမိတ်အတွင်း၌ ပင် ကုမ္ပဏီမှ ဈေးကွက်သမားတို့အဖို့ စားသုံးသူတို့၏ အပြု အမူစရိုက်လက္ခဏာတို့ကို နားလည်ရန်မှာ အတော်ခက်ခဲနေလေရာ နယ်နိမိတ်ပေါင်းစုံဖြတ်၍ အခြား နိုင်ငံတို့၌ အလုပ်လုပ်နေသော ကုမ္ပဏီတို့အဖို့မူ ဆိုဖွယ်ရာမရှိပြီ။ နိုင်ငံအသီးသီးတို့၌ ရှိသော စားသုံး သူတို့၌ တစ်စုံတစ်ရာတူညီခြင်းများ ရှိစေကာမူ သူတို့၏ တန်ဖိုး၊ သဘောထားအမြင်နှင့် အပြုအမူစရိုက် တို့သည် ကြီးစွာ ခြားနားကြကုန်သည်။ အပြည်ပြည်ဆိုင်ရာ ဈေးကွက်ရှာသမားတို့သည် ဤခြားနား ချက်တို့ကို နားလည်ကာ သူတို့၏ ကုန်စည်၊ ဈေးကွက်ပရိုဂရမ်တို့နှင့်အညီ ညှိနှိုင်းပြင်ဆင်ရန် လိုအပ် ပေသည်။
အချို့အခြေအနေတို့၌ ခြားနားချက်တို့သည် ပေါ်လွင်ထင်ရှားနေသည်။ ဥပမာ … ယူနိုက် တက်စတိတ်၌ လူအများ အပြားသည် နံနက်စာအတွက် သီးနှံ(ဂျုံဆန်)တို့ကို သုံးဆောင်လေ့ရှိရာ ကယ်လော့ (Kellogg)သည် သူ့ပြိုင်ဘက်၏ အမှတ်တံဆိပ်အစား ကယ်လော့ကုန်အမှတ်တံဆိပ်ကို စားသုံးကြရန် အာရုံစူးစိုက်ကြော်ငြာသည်။ ပြင်သစ်၌ မူ လူအများ အပြားသည် နံနက်စာအဖြစ် ပေါင် မုန့်နှင့်ကော်ဖီကို မှီဝဲသုံးစွဲလေ့ရှိသည်။ သို့ မဟုတ် နံနက်စာမစားဘဲ နေတတသည်။ ထိုအခါ ကယ် လော့က နံနက်စာကို သီးနှံ(ဂျုံဆန်) စားသုံးကြည့်ရန် ကြော်ငြာသည်။ သူ၏ ပစ္စည်းအထုပ်တွင် မည် သို့ အဆင့်ဆင့် ချက်ပြုတ်ရမည်ကို ဖော်ပြသည်။ အိန္ဒိယတွင် နံနက်စာကို အဆာပြေရုံမကဘဲ အ၀ စားတတ်ကြရာ ကယ်လော့က ခပ်ပေါ့ပေါ့ပါးပါး နံနက်စာစားနည်းတို့ကို ကြော်ငြာသည်။ နံနက်စာ စားနည်း ပြောင်းလဲရန်ကို ကြော်ငြာဖြင့် မြှူဆွယ်သည်။
မကြာခဏဆိုသလို တွေ့ရသည်မှာ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ခြားနားမှု တို့သည် သိမ်မွေ့လွန်းလှခြင်းဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာ စားသုံးသူတို့၏ ရုပ်ခန္ဓာ ခြားနားမှု ကြောင့်နှင့် ပတ် ၀န်းကျင်တို့ကြောင့်ဖြစ်သည်။ ဥပမာ …. ရီမင်တန် (Remington)သည် လျှပ်စစ်မုတ်ဆိတ်ရိတ်စက် ကို လက်ငယ်သော ဂျပန်တို့ ကိုင်လို့ရအောင် ပြုလုပ်ပေးရသည်။ ဗြိတိသျှဈေးကွက်အတွက်မူ ဘက် ထရီအားသွင်းရိတ်စက်တို့ကို တီထွင်ရသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှရေချိုးခန်းတို့၌ လျှပ်စစ်ခလုတ်များများ စားစား မတပ်ဆင်ကြသောကြောင့်ဖြစ်သည်။ အခြား ခြားနားချက်တို့မှာ ဓလေ့ ထုံးစံများ ခြားနားမှု တို့ကြောင့် ဖြစ်ပေါ်ရသည်။ ဥပမာ …. ဂျပန်၌ ရိုသေကျိုးနွံမှု နှင့် လေးစားသမှု ပြုခြင်း တို့ကို အလွန်တန်ဖိုးထားလေ့ရှိရာ တင်းတင်းမာမာဆက်ဆံပြောဆို၍ ဈေးရောင်းခြင်းမျိုးသည် စော် ကားရာရောက်သည်ဟု ယူဆကြသည်။ ထို့ကြောင့် ဤကဲ့သို့ သော ခြားနားမှု တို့ကို အပြည်ပြည်ဆိုင်ရာ ဈေးကွက်သမားတို့ကသာ နားမလည်ခဲ့လျှင် ဆုံးရှုံးမှု နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
ဈေးကွက်အသီးသီး၌ ရှိသော စားသုံးသူတို့၏ လိုအပ်ချက်နှင့် ယဉ်ကျေးမှု တို့ကို ဖြည့်စွမ်းပေးနိုင် ရန်အလို့ငှာ ဈေးကွက်သမားတို့သည် မိမိတို့ ကုန်စည်နှင့်ဈေးကွက်ပရိုဂရမ်တို့ကို မည်သည့်အတိုင်း အတာအထိ ပြင်ဆင်လိုက်လျောပေးနိုင်မည်နည်းဟု ဆုံးဖြတ်ရပေမည်။ အခြားတစ်ဖက်၌ သူတို့၏ ကမ်းလှမ်းချက်ကို လုပ်ငန်းလွယ်ကူအောင် စံချိန်စံထားပြုရမည်။ စရိတ်ကျဉ်းသက်သာမှု ကိုလည်း အခွင့်အရေးယူတတ်ရမည်။ အခြားတစ်ဖက်၌ လည်း နိုင်ငံတစ်ခုစီအတွင်း၌ ဈေးကွက်ရှာဖွေရေး အား ထုတ်မှု ကို ဒေသခံစားသုံးသူတို့ စိတ်တိုင်းကျဖြစ်အောင် ကုန်စည်နှင့်ဈေးကွက် ပရိုဂရမ်တို့ကို ပြင်ဆင်ရပေမည်။ မကြာသေးမီက စိတ်ဝင်စားဖွယ်ရာ အချေအတင်အငြင်းအခုန်တစ်ခု ပေါ်ပေါက် ခဲ့သည်။ ယင်းမှာ ‘ဈေးကွက်စပ်နည်း’ (marketing mix)ကို အခြေအနေနှင့် လိုက်လျောညီထွေ ပြုပြင် မလား၊ မွေးစားမလား သို့ တည်းမဟုတ် စံချိန်စံထားအတိုင်း ပြုလုပ်မလားဆိုပြီး ငြင်းခုန်သောအချက် ဖြစ်သည်။
အခန်း(၂)
တစ်နည်းမဟုတ် တစ်နည်းအားဖြင့် ဘိစနက်အများ စုသည် မိမိတို့ကုန်စည်ကို အခြား အဖွဲ့အစည်း၊ အခြားဘိစနက်များ သို့ ရောင်းချကြသည်။ ဒြူးပေါင် (Dupont)၊ ဇီးရော့ (Xerox)၊ ဘိုရင်း (Boeing)နှင့် မိုတိုရိုလာ (Motorola)ကဲ့သို့ များ စွာ သောကုမ္ပဏီတို့သည် မိမိတို့၏ ပစ္စည်းအများ စုကို အခြားဘိစနက်များ ဆီသို့ ရောင်းချကြသည်။ စားသုံးကုန်ရောင်းသော ကုမ္ပဏီအကြီးစားတို့ပင်လျှင် စားသုံးသူတို့ထံ တိုက်ရိုက်မရောင်းချဘဲ အခြားဘိစနက်များ ဆီသို့ ရောင်းချရသည်။
ဘိစနက်ဈေးကွက်(business market)ဆိုရာ၌ အခြားကုန်စည်တစ်မျိုး သို့ မဟုတ် ၀န်ဆောင်မှု ကို ထုတ်လုပ်ရန် သို့ မဟုတ် ရောင်းချရန် သို့ မဟုတ် အသုံးပြုရန်အလို့ငှာ ကုန်စည်နှင့်ဝန်ဆောင်မှု တို့ကို ၀ယ်ယူသော သို့ မဟုတ် ငှားရမ်းသော သို့ မဟုတ် ထောက်ပံ့သော အဖွဲ့အစည်းအားလုံး ပါဝင် ကုန်သည်။ ဤအထဲ၌ အမြတ်ယူ၍ ပြန်လည်ရောင်းချရန် သို့ မဟုတ် တစ်ဆင့်ပြန်လည်ငှားရန် ပြုလုပ် ကြသော လက်ကားလက်လီသမားတို့လည်း ပါဝင်ကြသည်။ ဤဘိစနက်ဝယ်ယူခြင်းဖြစ်စဉ် Business buying process တွင် ဘိစနက်ဝယ်သူတို့က မည်သည့်ကုန်စည်၊ မည်သည့်ဝန်ဆောင်မှု တို့ကို ၀ယ်ယူ ရန် ဆုံးဖြတ်ကြသည်။ ထို့နောက် သူတို့က အခြားရွေးချယ်စရာရှိသော ဘိစနက်တို့မှ ၀ယ်နိုင်ငှားနိုင် သည့် ပစ္စည်းနှင့် ၀န်ဆောင်မှု တို့ကိုလည်း ထည်သွင်းစဉ်းစားကာ အကဲဖြတ်ရွေးချယ်ကြသည်။
ဘိစနက်ဈေးကွက်များ (Business Markets)
ဘိစနက်ဈေးကွက်သည် အလွန်ကြီးမားသည်။ ဘိစနက်ဈေးကွက်သည် စားသုံးသူဈေးကွက် ထက် ပို၍ ဒေါ်လာများ သည်။ ပို၍ လည်း ပစ္စည်းအမယ်စုံသည်။ ဥပမာ … ဂွတ်ရီးယားတာယာလုပ်ငန်း ကိုပဲ ကြည့်ပါ။ ဂွတ်ရီးယား တာယာထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းကိုကြည့်လျှင်ပင် အရောင်းအ၀ယ် လုပ်ငန်းမျိုးစုံ လုပ်ရပုံတို့ကို တွေ့ရှိမည်ဖြစ်သည်။ ပစ္စည်းထောက်ပံ့သူအမျိုးမျိုးသည် ဂွတ်ရီးယား ကုမ္ပဏီအား ရော်ဘာ၊ သံမဏိနှင့် ထုတ်လုပ်မှု တွင်လိုအပ်သော အခြားပစ္စည်းတို့ကို ရောင်းချဖြည့် ဆည်းပေးကြမည်ဖြစ်သည်။ ဂွတ်ရီးယားက တစ်ဖန်ထုတ်လုပ်ပြီးသား တာယာတို့ကို လက်လီ အရောင်းသမားတို့အား ရောင်းချကြမည်ဖြစ်သည်။ သို့ အားဖြင့် များ စွာ သော ဘိစနက်အ၀ယ်အခြမ်း တို့သည် စားသုံးသူအ၀ယ်အခြမ်း၏ တစ်စိတ်တစ်ဒေသ တစ်တွဲ ဖြစ်ပေမည်။ ထို့အပြင် ဂွတ်ရီးယား သည် တာယာကို အသုံးပြုသော ထုတ်လုပ်မှု လုပ်ငန်းတို့အတွက် မူရင်းပစ္စည်းအဖြစ် ရောင်းချဦးမည် ဖြစ်သည်။ မော်တော်ကားပေါင်းများ စွာ ထားရသော ကုမ္ပဏီတို့ကလည်း တာယာအဟောင်းနှင့် တာယာအသစ်တို့ကို လဲလှယ်ကြဦးမည်ဖြစ်သည်။
ဘိစနက်ဈေးကွက်၏ ၀ိသေသများ
(Characteristics of Business Markets)
အချို့နည်းလမ်းတို့၌ ဘိစနက်ဈေးကွက်နှင့် စားသုံးသူဈေးကွက်တို့သည် တူညီကြသည်။ ဈေး ကွက်နှစ်ခုစလုံးတွင် လိုအပ်ချက်ဖြည့်ဆည်းရန် ၀ယ်ယူခြင်းကဏ္ဍကို ထမ်းဆောင်သော ၀ယ်ယူရန် ဆုံးဖြတ်ချက်ချမှတ်ရသော လူအပေါင်းတို့ ပါဝင်ပတ်သက်ကြသည်။ သို့ ရာတွင် ဘိစနက်ဈေးကွက် သည် စားသုံးသူဈေးကွက်နှင့် ခြားနားမှု များ စွာ ရှိသည်။ အဓိကခြားနားချက်တို့ကို ဇယား 2.1 တွင် ဖော်ပြထားသည်။ အောက်တွင်လည်း ဈေးကွက်ဖွဲ့စည်းတည်ဆောက်ပုံ Market structure နှင့် ၀ယ် လိုအား Demand တို့အကြောင်းကို ဆွေးနွေးထားသည်။ ထို့အပြင် အ၀ယ်ယူနစ်၏ သဘာဝ nature of buying unit ဆုံးဖြတ်ချက် အမျိုးအစား Type of decisions နှင့် ဆုံးဖြတ်ပုံဖြစ်စဉ် decision process အကြောင်းတို့ကိုလည်း ဆွေးနွေးထားသည်။
ဈေးကွက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ၀ယ်လိုအား
(Market Structure and Demand)
ဘိစနက်ဈေးကွက်သမားတို့သည် သာမန်ထုံးစံအရ စားသုံးသူဈေးကွက်သမားထက်စာလျှင် ပို၍ နည်းသော၊ သို့ သော် များများ ၀ယ်သော ၀ယ်သူတို့နှင့် ဆက်ဆံရသည်။ ဥပမာ … ဂွတ်ရီးယား တာယာသည် အဟောင်းနှင့်အသစ်လဲရန်အပေါ် မှီတည်နေသည့်အားလျော်စွာ ယူနိုက်တက်စတိတ် တွင် ကားအသုံးပြုမှု ဘယ်လောက်များ သနည်းဆိုသည့်အပေါ်တွင် ကံကြမ္မာအမှန်သည် ကားထုတ် လုပ်သူ၏ ကားတာယာအမှာ အော်ဒါပေါ်တွင် မူတည်နေသည်။ ဘိစနက်ဈေးကွက်ကြီးကြီးတွင် ၀ယ် သူအနည်းငယ်က အများ ကြီး ၀ယ်လေ့ရှိသည်။
ဘိစနက်ဈေးကွက်တို့သည် ပထ၀ီအနေအထားအရလည်း ပိုပြီး စုစည်းသိပ်သည်းမှု ရှိသည်။ အမေရိကားတွင် ဘိစနက်ဝယ်သူတို့၏ တစ်ဝက်ကျော်ကျော်သည် ကာလီဖိုးနီးယား၊ နယူးယောက်၊ အိုဟိုင်ယို၊ အီလီနွိုက်စ်၊ မီချီဂန်နှင့် တက်ဆပ်၊ ပင်ဆီလ်ဗေးနီးယားနှင့် နယူးဂျာစီစသော ပြည်နယ် ရှစ်ခုတွင် စုပြုံနေကြသည်။ ထို့အပြင် ဘိစနက်ဝယ်လိုအားသည် တစ်ဆင့်ပွားဝယ်လိုအား derived demand ဖြစ်သည်။ ၎င်းဝယ်လိုအားသည် စားသုံးသူကုန်စည်ဝယ်လိုအားမှ နောက်ဆုံးဆင့်ပွား ပေါ် ပေါက်ခြင်းဖြစ်သည်။ ဂျင်နရယ်မော်တာသည် သံမဏိကို ၀ယ်သည်။ အကြောင်းမှာ စားသုံးသူတို့က ကားဝယ်လိုအား ကျဆင်းလျှင် သံမဏိနှင့်ကားထုတ်လုပ်ရာတွင် လိုအပ်သော ပစ္စည်းတို့အတွက် ၀ယ်လိုအားတို့သည်လည်း ကျဆင်းကုန်မည်ဖြစ်သည်။ ထို့ကြောင့် ဘိစနက်ဈေးကွက်သမားတို့သည် သူတို့၏ ကုန်စည်တို့ကို စားသုံးသူတို့အကြားတွင် အရောင်းမြှင့်တင်ရန် ကြိုးပမ်းခြင်းအားဖြင့် ဘိ စနက်ဝယ်လိုအား တိုးမြင့်စေရမည်။ ဥပမာ….ကွန်ပျူတာ အင်တဲလ်သည် Intel Inside ဆိုသော ဆောင်ပုဒ်ကြော်ငြာလှုပ်ရှားမှု ဖြင့် ကိုယ်ရေးကွန်ပျူတာဝယ်ယူသူတို့အား အင်တဲလ်မိုက္ကရိုဆက်ဆာကို အားပြု၍ ရောင်းချသည်။ အင်တဲလ်ချစ်ပ်(chips) အတွက် ၀ယ်လိုအားတိုးတက်မှု သည် ဤချစ်ပ်များ ပါသော ကိုယ်ရေးကွန်ပျူတာ ပီစီတို့အတွက် ၀ယ်လိုအားကိုလည်း တိုးတက်စေသည့်အတွက် အင်တဲလ်နှင့် ၎င်း၏ ဘိစနက်ပါတနာ နှစ်ဦးစလုံး အကျိုးရှိကြကုန်သည်။
ဘိစနက်ဈေးကွက်အများ အပြားသည် ၀ယ်လိုအားတင်းမာသည်။ inelastic demand ရှိသည်။ ဆိုလိုသည်မှာ ဘိစနက်ကုန်စည် အတော်များများ အတွက် စုစုပေါင်းဝယ်လိုအားသည် ရေတို၌ ဈေး နှုန်းအပြောင်းအလဲကြောင့် သိပ်ပြီး မထိခိုက်ခြင်းကို ဆိုလိုသည်။ သားရေဈေးနှုန်းကျဆင်းသွားမှု ကြောင့် ဖိနပ်ချုပ်သူများ သားရေကို ပိုဝယ်ကြမည်မဟုတ်ပေ။ ဖိနပ်ဈေးနှုန်း ကျဆင်းမှ၊ ထိုမှတစ်ဆင့် ဖိနပ်ဝယ်သူတို့က ပိုဝယ်လာမှသာ ဈေးနှုန်းကျ၍ သားရေကို ပိုဝယ်လိုလာဖွယ်ရှိသည်။
နောက်ဆုံး၌ ဘိစနက်ဈေးကွက်တို့တွင် လှုပ်ရှားမှု ပိုများ သော ၀ယ်လိုအား fluctuating demand များ ရှိတတ်ကြကုန်သည်။ ဘိစနက်ကုန်စည်နှင့် ၀န်ဆောင်မှု တို့အတွက် ၀ယ်လိုအားသည် စားသုံးကုန်နှင့် ၀န်ဆောင်မှု တို့အတွက် ၀ယ်လိုအားထက်ပို၍ လျင်မြန်စွာ ပြောင်းလဲတတ်သည်။ စား သုံးသူ ၀ယ်လိုအားတွင် ရာခိုင်နှုန်းအနည်းငယ် ပြောင်းလဲရုံဖြင့် ဘိစနက်ဝယ်လိုအားတွင် ရာခိုင်နှုန်း အများ ကြီး အပြောင်းအလဲဖြစ်နိုင်သည်။ တစ်ခါတစ်ရံ၌ စားသုံးသူ ၀ယ်လိုအားတွင် 10 ရာခိုင်နှုန်း တိုးမြှင့်ရုံဖြင့် နောင်ကာလတွင် ဘိစနက်ဝယ်လိုအား၌ 200 ရာခိုင်နှုန်းအထိ မြင့်တက်သွားနိုင်သည်။
အ၀ယ်ယူနစ်၏ သဘာဝ (The Nature of Buying Unit)
စားသုံးသူ၏ ၀ယ်ခြမ်းမှု နှင့် နှိုင်းယှဉ်လျှင် ဘိစနက်ဝယ်ခြမ်းမှု ၌ ဆုံးဖြတ်ချက်ချမှု တွင် လူတွေ ပို၍ ပါဝင်ပတ်သက်နိုင်သည်။ more decision participants ဟု ဆိုသည်။ ထို့အပြင် လုပ်ငန်းကျွမ်းကျင်သူတို့၏ အ၀ယ်အခြမ်းကြိုးပမ်းမှု more professional purchasing efforts တို့ လည်း ပို၍ ရှိမည်။ အခါများ စွာ တို့၌ ဘိစနက်အ၀ယ်အခြမ်းတို့ကို လေ့ကျင့်ထားပြီးသား အ၀ယ်ကိုယ် စားတို့ဖြင့် ပြုလုပ်ကြသည်။ သူတို့သည် ပိုပြီး ၀ယ်တတ်၊ ခြမ်းတတ်အောင် လေ့ကျင့်ထားပြီးဖြစ်၍ အတော်ကျွမ်းကျင်နေသည်။ အ၀ယ်အခြမ်းသည် ပို၍ ရှုပ်ထွေးလေလေ၊ ၀ယ်ခြမ်းမှု ဆုံးဖြတ်ချက်တွင် ပါဝင်ပတ်သက်သူတို့လည်း ပို၍ များ ပြားဖွယ်ရာ ရှိလာမည်။ အ၀ယ်ကော်မတီတို့တွင် လုပ်ငန်းပိုင်း ဆိုင်ရာ ကျွမ်းကျင်သူ ပါရဂူများ ပါတတ်လေရာ ထိပ်တန်းစီမံခန့်ခွဲမှု အရာရှိတို့ကိုယ်တိုင် အရေးကြီး သော ကုန်စည်တို့ကိုဝယ်ရာ၌ ပါဝင်ကြပါလိမ့်မည်။ ‘ဒါမျိုးဟာ လန့်စရာတော့ကောင်းတယ်။ အဘယ့် ကြောင့်ဆိုသော် သင်၏ ဖောက်သည်တို့က သင့်ထက်ပိုပြီး သင့်ကုမ္ပဏီနှင့် သင့်ကုန်စည်တို့ အကြောင်းကို ပို၍ သိနေကြသောကြောင့် ဖြစ်တယ်။ ကုမ္ပဏီတို့သည် အတော်ဆုံး၊ အကျွမ်းကျင်ဆုံး လူတို့ကို ပစ္စည်းရရှိရေးအတွက် ပတ္တရောင်လှည့်ခိုင်းနေတတ်တယ်’ ဟူ၍ အကဲခတ်သမားတစ်ဦးက ဝေဖန်သည်။
ထို့ကြောင့် ဘိစနက်ဈေးကွက်သမားတို့သည် အထူးလေ့ကျင့်ထားသော ၀ယ်သူများ နှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်ရန် အထူးလေ့ကျင့်ထားသော အရောင်းဝန်ထမ်းသမားတို့ကို ရွေးချယ်ထား ရန်လိုသည်။
ဆုံးဖြတ်ချက်အမျိုးအစားနှင့် ဆုံးဖြတ်ချက်ဖြစ်စဉ်
(Types of Decisions and Thy Decision Process)
ဘိစနက်ဝယ်သူတို့သည် စားသုံးသူ၊ ၀ယ်ယူသူတို့အတွက် ပို၍ ရှုပ်ထွေးသော ၀ယ်ခြမ်းမှု ဆုံးဖြတ်ချက်တို့နှင့် ရင်ဆိုင်ရသည်။ ဘိစနက်ဝယ်ခြမ်းမှု တွင် ငွေလည်းအများ ကြီးပါသည်။ ရှုပ်ထွေး သော နည်းပညာနှင့် စီးပွားရေးအရ စဉ်းစားရခြင်းမျိုးစုံလည်းပါသည်။ ၀ယ်သူ၏ အဖွဲ့အစည်းအဆင့် ဆင့်မှ လူပုဂ္ဂိုလ်အသီးသီးတို့နှင့်လည်း အမျိုးမျိုးဆက်ဆံရသည်။ အဘယ်ကြောင့်ဆိုသော် စဉ်းစား ဆုံးဖြတ်ရာ၌ ပိုပြီးအချိန်ယူရသောကြောင့် ဖြစ်သည်။ ဥပမာ….အတော်အတန်ကြီးမားသော အင်ဖော် မေးရှင်းစနစ်တစ်ရပ်ကို ၀ယ်ခြမ်းရသောကိစ္စ၌ ဒေါ်လာသန်းပေါင်းများ စွာ ကုန်ကျဖွယ်ရှိ၍ ၀ယ်ဖြစ် သည်အထိ တစ်လတန်သည်၊ တစ်နှစ်တန်သည် အချိန်ယူစဉ်းစားရပေမည်။ ထို့အပြင် နည်းပညာပိုင်း ဆိုင်ရာ အသေးစိတ်မှု ကြောင့် ထိပ်ဆုံးမန်နေဂျာမှ အောက်ခြေ၀န်ထမ်းတို့အထိ တက္ကနိုလိုဂျီကို အသုံးပြုသူများ အမြောက်အမြားရှိသောကြောင့်လည်း ဖြစ်သည်။
ဘိစနက်ဝယ်ခြမ်းမှု နှင့် စားသုံးသူဝယ်ခြမ်းမှု မတူပေ။ ဘိစနက်ဝယ်ခြမ်းမှု ၌ ပို၍ ပုံစံကျကျ နည်း ကျကျ ပြုလုပ်ရသည်။ ပစ္စည်းအမြောက်အမြား ၀ယ်ယူရခြင်းကြောင့် ကုန်ပစ္စည်းအမျိုးအစား အသေး စိတ်တိတိကျကျ ဖော်ပြချက်တို့ ပို၍ လိုအပ်ကုန်သည်။ စာဖြင့်ရေးသားထားသော အော်ဒါအမှာ စာများ ပစ္စည်းထောက်ပံ့သူတို့ကို သေသေချာချာ ရွေးချယ်ရှာဖွေရခြင်းနှင့် နည်းလမ်းတကျ အတည်ပြုမှု တို့ကို ရယူခြင်း စသည်ဖြင့် ရင်ဆိုင်ရသည်။ ၀ယ်ယူသော ကုမ္ပဏီသည် ၀ယ်ခြမ်းမှု နှင့်ပတ်သက်၍ လက်စွဲ ပေါ်လစီတို့လည်း ရှိကောင်းရှိနိုင်ပေသည်။
နောက်ဆုံး၌ ဘိစနက်ဝယ်ခြမ်းမှု နှင့်ဖြစ်စသ်တွင် ၀ယ်သူနှင့်ရောင်းသူတို့သည် ပိုပြီး အပြန် အလှန်မှီခိုဖွယ်ရာ ရှိလာသည်။ စားသုံးသူဈေးကွက် ရှာဖွေရေးသမားတို့သည် တစ်ခါတစ်ရံ၌ သူတို့ ဖောက်သည်တို့နှင့် အလှမ်းဝေးနေတတ်ကြလေသည်။ ဘိစနက်ဈေးကွက်ရှာဖွေရေးမသားတို့သည်မူ ၀ယ်ခြမ်းမှု ဖြစ်စဉ်တိုင်း၌ အင်္ကျီလက်ပင့်ကာ ဖောက်သည်တို့နှင့် ဒူးတိုက်ဆွေးနွေး ရင်ဆိုင်ရပေသည်။ ဖောက်သည်တို့ တွေ့ကြုံရသော ပြဿနာတို့ကို ဖြေရှင်းပေးရခြင်း၊ အရောင်းအ၀ယ်ပြီးသည့်နောက် ပြုလုပ်အပ်သည့် လုပ်ငန်းများ ကူညီရခြင်းတို့ကို ဆောင်ရွက်ပေးရသေးသည်။ ထို့အပြင် ဖောက်သည် တစ်ဦးစီ၏ လိုအပ်ချက်နှင့်ကိုက်ညီအောင် စိတ်တိုင်းကျဆောင်ရွက်ပေးရသေးသည်။ သို့ ရာတွင် ဘိစနက်ဈေးကွက်ရှာဖွေရေးသမားသည် ဖောက်သည်တို့နှင့် ရေရှည်ပါတနာဖြစ်အောင် နီးကပ်စွာ စီမံရန် လိုဦးမည်။ မကြာသေးမီနှစ်များ ၌ ဖောက်သည်တို့နှင့်ပစ္စည်းထောက်ပံ့သူ ဆပ္ပလိုင်ယာတို့၏ ဆက်ဆံရေးသည် ပြောင်းလဲသွားခဲ့ပြန်ပြီ။ ၎င်းတို့နှစ်ဦး တိုက်ရိုက်ပြိုင်ဘက်၊ ရန်ဘက်ဘ၀မှ နီးနီးစပ် စပ် ရင်းနှီးသော မိတ်ဆွေများ ဘ၀သို့ ပြောင်းလဲသွားပြီ။ရေရှည်၌ ကား ဘိစနက်ဈေးကွက်ရှာဖွေရေးသမားတို့သည် ဖောက်သည်တို့၏ လက်ငင်းလို အပ်ချက်ကို ဂရုမူခြင်းဖြင့် ဖောက်သည်တို့၏ အရောင်းပမာဏကို စောင့်ရှောက်ကြည့်ရှုပေးသည်။ ထို့ အပြင် ဖောက်သည်တို့က မိမိတို့၏ တစ်ဆင့်ခံဖောက်သည်တို့နှင့် ဆက်ဆံရာတွင် အောင်မြင်စေရန် အကူအညီပေးရသေးသည်။
အခြေခံအကျဆုံးအဆင့်၌ ဈေးကွက်ရှာဖွေရေးသမားတို့အနေဖြင့် စိတ်ဝင်စားကြသည့်အရာ မှာ ဘိစနက်ဝယ်ခြမ်းသူတို့သည် အမျိုးမျိုးသော ဈေးကွက်စေ့ဆော်မှု တို့ကို မည်သို့ တုံ့ပြန်ကြသနည်း ဆိုသောအချက်ဖြစ်ပါလိမ့်မည်။ ပုံပြ 2.1 ၌ ဘိစနက်ဝယ်ခြမ်းသူ၏ အပြုအမူပြ မိုဒဲလ်ကို ဖော်ပြထားပါ သည်။
ဤမိုဒဲလ်၌ ဈေးကွက်နှင့်အခြားစေ့ဆော်တိုက်တွန်းချက်တို့က အ၀ယ်အဖွဲ့အစည်းအပေါ် သက်ရောင်ပုံ၊ ၀ယ်သူ၏ တစ်စုံတစ်ရာသော တုံ့ပြန်မှု တို့ကို ရွေးထုတ်ပုံကို ဖော်ပြထားသည်။ စားသုံး သူက ၀ယ်ခြမ်းသကဲ့သို့ ပင် ဘိစနက်ဝယ်ခြမ်းမှု အတွက် ဈေးကွက်စေ့ဆော်မှု တို့တွင် ပီလေးလုံး ပါဝင် ကုန်သည်။ ၎င်းတို့မှာ product, price, place နှင့် promotion (ကုန်စည်၊ ဈေးနှုန်း၊ နေရာနှင့် မြှင့် တင်ခြင်း)တို့ ဖြစ်ကြသည်။ အခြားစေ့ဆော်မှု တို့မှာ ပတ်ဝန်းကျင်ရှိ အင်အားကြီးအရာတို့ ပါဝင်ကြ သည်။ ၎င်းတို့မှာ စီးပွားရေး၊ တက္ကနိုလိုဂျီ၊ နိုင်ငံရေး၊ ယဉ်ကျေးမှု နှင့် ယှဉ်ပြိုင်မှု အနေအထားတို့ ဖြစ် ကြသည်။ ဤစေ့ဆော်တိုက်တွန်းမှု တို့သည် အဖွဲ့အစည်းထဲ သက်ဝင်သွားပြီး ၀ယ်သူ၏ တုံ့ပြန်မှု များ အဖြစ် ပြောင်းလဲသွားသည်။ ကုန်စည် သို့ မဟုတ် ၀န်ဆောင်မှု ကို ရွေးချယ်မှု ၊ ပစ္စည်းထောက်ပံ့သူ ဆပ္ပလိုင်ရာကို ရွေးချယ်မှု ၊ အော်ဒါမှာ သောအရေအတွက်၊ ပို့ဆောင်ရေးဝန်ဆောင်မှု နှင့် ငွေချေမှု စည်းကမ်းချက်တို့ ဖြစ်ကြသည်။ ဈေးကွက်ရှာဖွေထေူထောင်ရေး အရောအစပ် မဟာဗျူဟာကောင်း တို့ကို ပုံစံချရန်အလို့ငှာ ဈေးကွက်ရှာဖွေရေးသမားသည် အဖွဲ့အစည်းအတွင်း ဘာဖြစ်နေသနည်းဆို သောအချက်အား စေ့ဆော်တိုက်တွန်းမှု ကို ၀ယ်ယူခြင်း၊ တုံ့ပြန်မှု အဖြစ် ပြောင်းလဲသွားရန်အတွက် နားလည်သိရှိရန် လိုအပ်သည်။
အဖွဲ့အစည်းအတွင်း၌ ၀ယ်ယူခြင်း လှုပ်ရှားမှု သည် အရေးကြီးသော အစိတ်အပိုင်းကြီးနှစ်ရပ် ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ ၀ယ်ယူရန်ဆုံးဖြတ်ချက်တွင် ပါဝင်ကြကုန်သော လူတို့ပါဝင်သည့် အ၀ယ်စင်တာနှင့် ၀ယ်ယူရန်ဆုံးဖြတ်ချက် ဖြစ်စဉ်တို့ ဖြစ်ကြသည်။ မိုဒဲလ်ကိုကြည့်လျှင် အ၀ယ် စင်တာနှင့် ၀ယ်ယူခြင်းဆုံးဖြတ်ချက် ဖြစ်စဉ်တို့သည် အတွင်းအဖွဲ့အစည်းဆိုင်ရာ လူပုဂ္ဂိုလ်များ အပြန် အလှန်ဆက်ဆံရေးနှင့် တစ်ဦးစီဆိုင်ရာနှင့် ပြင်ပ၀န်းကျင် ဖက်တာတို့၏ သြဇာပြုခြင်းခံရကြောင်းကို တွေ့ရမည်ဖြစ်သည်။ ပုံကားချပ် 2.1 ပါ မိုဒဲလ်က ဘိစနက်ဝယ်သူအပြုအမူနှင့် ပတ်သက်၍ အမေး ပုစ္ဆာလေးပုဒ်ကို ဖော်ထုတ်သည်။ (1)ဘိစနက်ဝယ်သူသည် မည်သည့်ဆုံးဖြတ်ချက်တို့ကို ချမှတ် သနည်း။ (2) ၀ယ်ယူရန် ဆုံးဖြတ်ချက်တွင် မည်သူတွေ ပါဝင်သနည်း။ (3) ၀ယ်သူတို့အပေါ် သက်ရောက်သော သြဇာကြီးတို့သည် အဘယ်အရာနည်းနှင့် (၄) ဘိစနက်ဝယ်သူက ၀ယ်ရန်ဆုံးဖြတ် ချက်ကို မည်သို့ ချမှတ်သနည်းတို့ဟူ၍ ဖြစ်သည်။
အ၀ယ်အခြေအနေ အမျိုးအစားကြီးများ
(Major Types of Buying Situations)
အ၀ယ်အခြေအနေ သုံးမျိုးရှိသည်။ အစွန်းဆုံးတစ်ဖက်၌ တဲ့တိုးပြန်ဝယ်မှု (straight rebuy) ရှိ၍ ၎င်းသည် လုပ်ရိုးလုပ်စဉ် လုပ်နေကျ ဆုံးဖြတ်ချက်မျိုးဖြစ်သည်။ အခြားတစ်ဖက်၌ လုပ်ငန်းတာဝန် သစ် (new task)ဖြစ်၍ ၎င်းသည် စုံစုံစေ့စေ့ သုတေသနပြုမှု လိုသည်။ အလယ်၌ ကား မွမ်းမံပြင်ဆင် ထားသော ပြန်ဝယ်မှု (Modified rebuy)ရှိပြီး ၎င်းသည် သုတေသနပြုမှု အချို့လိုသည်။
တဲ့တိုးပြန်ဝယ်မှု ၌ ၀ယ်ယူသူသည် ဘာမျှမွမ်းမံပြင်ဆင်ခြင်းမရှိဘဲ ယခင်အတိုင်း ပြန်မှာ ခြင်း ဖြစ်သည်။ ဤအလုပ်သည် လုပ်ရိုးလုပ်စဉ်ဖြစ်၍ အ၀ယ်ဌာနက ပြုလုပ်လေ့ရှိသည်။ အတိတ်က ၀ယ်ယူခဲ့မှု ကို ကျေနပ်မှု ရရှိခြင်းအပေါ် အခြေခံ၍ စာရင်းဝင် ဆပ္ပလိုင်ရာအများ အပြားကြားထဲမှ ရွေးချယ်ခြင်း ဖြစ်သည်။
“အတွင်း” ဆပ္ပလိုင်ရာသည် ကုန်စည်နှင့် ၀န်ဆောင်မှု အရည်အသွေးကို ထိန်းသိမ်းသည်။ သူတို့သည် ရံဖန်ရံခါ၌ ရီကော်ဒါမှတ်တမ်းစနစ်ကို အသုံးပြုခြင်းအားဖြင့် အ၀ယ်ကိုယ်စားလှယ်တို့အား မှတ်တမ်းစနစ် တကူးတကန့်ထားရန် သက်သာစေသည်။ “အပြင်” ဆပ္ပလိုင်ရာတို့သည် တစ်ခုခု အသစ်အဆန်းကို ကမ်းလှမ်းတတ်သည်။ မကျေနပ်မှု ကို အသုံးပြုကာ မိမိအား ရွေးချယ်လာစေရန် ကြိုးပမ်းကြသည်။ သူတို့သည် အော်ဒါအနည်းငယ် မှာ စေခြင်းဖြင့် အတွင်းထဲ၌ ခြေချသည်။ ထို့နောက် ၀ယ်သူကပို၍ ၀ယ်ယူလာအောင် ကြိုးပမ်းသည်။
မွမ်းမံပြင်ဆင်ထားသော ပြန်ဝယ်မှု တွင် ၀ယ်သူသည် ကုန်စည်၏ အသေးစိတ်အချက်အလက် အချို့ကိုလည်းကောင်း၊ ဈေးနှုန်းကိုလည်းကောင်း၊ စည်းကမ်းကိုလည်းကောင်း၊ ဆပ္ပလိုင်ရာကို လည်း ကောင်း မွမ်းမံ ပြင်ဆင်လိုသည်။ မွမ်းမံပြင်ဆင်ထားသော ပြန်ဝယ်မှု သည် တဲ့တိုးပြန်ဝယ်မှု ထက် အ၀ယ်ဆုံးဖြတ်ချက်တို့တွင် ပါဝင်ပတ်သက်သူ ပိုများ တတ်သည်။ ဤမွမ်းမံပြင်ဆင်သော ၀ယ်ယူမှု ၌ အတွင်းဆပ္ပလိုင်ရာတို့သည် ပို၍ စိတ်ချောက်ချားရသည်။ မိမိတို့ဘက်မှ ငွေစာရင်းအကာအကွယ်ရရှိ ရန် ပို၍ ဖိအားပေးခံရသလို ခံစားကြရသည်။ အပြင်ဆပ္ပလိုင်ရာတို့သည် မွမ်းမံပြင်ဆင်သော ပြန်လည် ၀ယ်ယူမှု အခြေအနေကို ပို၍ ကောင်းမွန်သော ကမ်းလှမ်းချက် ပြုလုပ်ရန်နှင့် ဘိစနက်အသစ် ရရှိရန် တို့အတွက် အခွင့်အလမ်းသစ်များ ရရှိစေသည်ဟု ယူဆနိုင်သည်။ကုန်စည်တစ်ရပ်ကိုဖြစ်စေ၊ ၀န်ဆောင်မှု တစ်ရပ်ကိုဖြစ်စေ ပထမဦးဆုံး ၀ယ်ယူသော ကုမ္ပဏီ တစ်ခုသည် လုပ်ငန်းတာဝန်သစ်တစ်ရပ် (a new task)အခြေအနေ၌ စရိတ် သို့ မဟုတ် ဘေး အန္တရာယ်ကြီးလေ၊ ဆုံးဖြတ်ချက်တွင် ပါဝင်သူဦးရေသည် ပိုများ လာလေဖြစ်သည်။ သတင်းအင်ဖော် မေးရှင်းတို့ကို ရှာဖွေကောက်ယူရန်လည်း ပို၍ ကြိုးပမ်းအားထုတ်ရလေဖြစ်မည်။ လုပ်ငန်းတာဝန်သစ် အခြေအနေသည် ဈေးကွက်ရှာဖွေရေးသမားအတွက် အခွင့်အလမ်းနှင့်စိန်ခေါ်မှု အကြီးဆုံးပင်ဖြစ် သည်။ ဈေးကွက်ရှာဖွေရေးသမားသည် အ၀ယ်အခြမ်းသြဇာသက်ရောက်မှု တို့ကို တတ်နိုင်သမျှ အများ ဆုံးရှာဖွေရမည့်အပြင် အကူအညီနှင့် အင်ဖော်မေးရှင်းတို့ကိုလည်း ပေးရမည်။
တဲ့တိုးပြန်ဝယ်မှု ၌ ၀ယ်သူသည် ဆုံးဖြတ်ချက်အနည်းဆုံးကိုသာ ချမှတ်သည်။ လုပ်ငန်းတာဝန် သစ် အခြေအနေ၌ ၀ယ်သူက ဆုံးဖြတ်ချက်အများ ဆုံး ချမှတ်သည်။ လုပ်ငန်းတာဝန်သစ်အခြေအနေ တွင် ၀ယ်သူသည် ကုန်စည်၊ အသေးစိတ်အချက်အလက်၊ ဆပ္ပလိုင်ရာ၊ ဈေးနှုန်းအကန့်အသတ်၊ ငွေ ချေမှု စည်းမျဉ်း၊ အော်ဒါမှာ ယူသော အရေအတွက်၊ ပစ္စည်းပို့ချိန်နှင့် ၀န်ဆောင်မှု စည်းကမ်းချက်တို့ကို ဆုံးဖြတ်ရပေမည်။ ဤဆုံးဖြတ်ချက်တို့၏ အစီအစဉ်သည် အခြေအနေအမျိုးမျိုးတွင် ကွဲလွဲနိုင်သည်။ ဆုံးဖြတ်ချက်တွင် ပါဝင်သူများ ခြားနားလျှင် ခြားနားသလို အစီအစဉ်ရွေးချယ်မှု အပေါ် သြဇာပြုမည် ဖြစ်သည်။
များ စွာ သော ဘိစနက်ဝယ်သူတို့သည် တစ်ဦးတည်းသော ရောင်းသူထံမှ ပြဿနာတစ်ရပ် အတွက် ထုပ်ပိုးထားပြီးသားအဖြေ (package solution)တစ်ခုကို ၀ယ်ယူရန် ပို၍ နှစ်ခြိုက်ကြသည်။ ဤလိုဝယ်ယူမှု မျိုးကို စစ္စတန်ဝယ်ယူမှု (Systems buying)ဟု ခေါ်သည်။ ဤသို့ ၀ယ်ယူမှု မျိုးသည် အစိုးရက လက်နက်ခဲယမ်းမီးကျောက်နှင့် ဆက်သွယ်ရေးစနစ်တို့ကို ၀ယ်ယူရာ၌ အသုံးပြုခဲ့မှု မှ စတင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အစိတ်အပိုင်းတွေဝယ်၊ ပြန်ပြီးတပ်ဆင်ခြင်း ပြုလုပ်မည့်အစား အစိုးရ သည် လေလံခေါ်ယူကာ ဆပ္ပလိုင်ရာတို့အား အစိတ်အပိုင်းတို့ကို ထောက်ပံ့စေပြီး အပြီးအစီးစနစ် အထုပ်အပိုးများ အဖြစ် တပ်ဆင်စေခြင်းဖြစ်သည်။
ရောင်းသူတို့သည် ၀ယ်ယူသူတို့က ဤနည်းလမ်းကို ကြိုက်နှစ်သက်ကြောင်း အသိအမှတ်ပြု လာကာ ဤသို့ ရောင်းချသောစနစ်ကို ဈေးကွက်ကိရိယာအဖြစ် အသုံးပြုလာကြသည်။ ဤရောင်း နည်း၌ ခြေလှမ်းနှစ်လှမ်းရှိသည်။ ပထမခြေလှမ်းမှာ ဆပ္ပလိုင်ရာသည် အချင်းချင်းအပြန်အလှန် ချိတ် ဆက်နေသောကုန်စည် (interlocking products)တို့ကို ရောင်းခြင်းဖြစ်သည်။ ဥပမာ…ဆပ္ပလိုင်ရာ သည် ကော်ကိုသာရောင်းသည်မဟုတ်။ အသုံးပြုကိရိယာနှင့် အခြောက်ခံပစ္စည်းတို့ကိုပါ ပူးတွဲ ရောင်း သည်။ ဒုတိယခြေလှမ်းသည် ဆပ္ပလိုင်ရာသည် ထုတ်လုပ်မှု စနစ်၊ သိုလှောင်ကွပ်ကဲမှု စနစ်၊ ဖြန့်ချိရေး စနစ်နှင့် ချောချောမောမော အလုပ်လုပ်နိုင်ရန် လိုအပ်သော ၀န်ဆောင်မှု တို့ကိုလည်း ရောင်းခြင်းဖြစ် သည်။
စစ္စတန်ရောင်းချမှု သည် ဘိစနက်ဈေးကွက်ရှာဖွေရေး မဟာဗျူဟာတွင် အောင်မြင်ရန်နှင့် ဆက်လက်စခန်းသွားနိုင်ရန်အတို့အတွက် သော့ချက်ဖြစ်သည်။ ကန်ထရိုက်တစ်ရပ်ကို ဖောက်သည် တို့၏ ပြဿနာတို့အား အပြည့်စုံဆုံး ဖြေရှင်းနည်းအဖြေတို့ ပါဝင်သည့် ကုန်စည်ကို ထုတ်လုပ်သော ကုမ္ပဏီက ရရှိတတ်သည်။ သို့ သော် ထိုကုမ္ပဏီသည် အကြောင်းကြောင်းကြောင့် စနစ်တစ်ခုလုံးကို ပြည့်အောင် မဖြည့်စွမ်းနိုင်ပေ။ ထို့ကြောင့် ထိုကုမ္ပဏီသည် ‘၀န်ဆောင်မှု ’ ဌာနခွဲကို ထပ်မံထူထောင်၍ စနစ်တစ်ခုလုံး၊ အဖြေတစ်ထုပ်လုံးကို ဖြည့်စွမ်းဆောင်ရွက်ပေးရန် ကြိုးပမ်းရသည်။
ဘိစနက်အ၀ယ်ဖြစ်စဉ်တွင် ပါဝင်သူများ
(Paticipants in the Business Buying Process)
ဘိစနက်အဖွဲ့အစည်းတို့က လိုအပ်သော ဒေါ်လာ ထရီလီယံနှင့် ချီရှိသည့် ကုန်စည်နှင့် ၀န်ဆောင်မှု တို့ကို မည်သူတို့က ၀ယ်ခြမ်းပေးသနည်း။ အ၀ယ်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ပြုလုပ်သော ယူနစ်ကို အ၀ယ်စင်တာ (buying center) ဟု ခေါ်သည်။ ဘိစနက် ဆုံးဖြတ်ချက်ဖြစ်စဉ်တွင် ပါဝင်သူအားလုံးနှင့် ယူနစ်တို့ ပါဝင်ကြသည်။
အ၀ယ်စင်တာ၏ အ၀ယ်ဆုံးဖြတ်ချက်ဖြစ်စဉ်၌ ကဏ္ဍငါးရပ်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ အဖွဲ့ဝင်အားလုံး ပါဝင်သည်။
အသုံးပြုသူများ (Users)
ထိုအထဲတွင် ကုန်စည်နှင့်ဝန်ဆောင်မှု တို့ကို အသုံးပြုမည့်အဖွဲ့အစည်း၏ အဖွဲ့ဝင်တို့ ပါဝင်ကြ သည်။ များ စွာ သော ကိစ္စတို့၌ အသုံးပြုသူတို့က ၀ယ်ခြမ်းရန် အဆိုပြုချက်များ ပြုလုပ်ကြကာ ၀ယ်ယူရ မည့် ပစ္စည်းအမျိုးအစား အသေးစိတ်တို့ကို ဖော်ပြကြသည်။
သြဇာပြုသူများ (Influencers)
သူတို့ကလည်း ပစ္စည်းအမျိုးအစားအသေးစိတ်ကို ဖော်ပြကြသည်။ ရံဖန်ရံခါ၌ အခြားရွေးချယ် စရာနည်းလမ်းတို့ကို အကဲဖြတ်ရန် အလို့ငှာ လိုအပ်သော အင်ဖော်မေးရှင်းတို့ကို ပေးတတ်သည်။ နည်းပညာဘက်ဆိုင်ရာပုဂ္ဂိုလ်တို့သည် အရေးကြီးသော သြဇာပြုသူများ ဖြစ်ကြသည်။
ဝယ်သူများ (Buyers)
ဝယ်သူတို့သည် ဆပ္ပလိုင်ရာတို့ကို ရွေးချယ်သော ကိစ္စများ ၌ လည်းကောင်း၊ အ၀ယ်စည်းကမ်း တို့၌ လည်းကောင်း၊ နည်းလမ်းတကျ အာဏာရှိသူများ ဖြစ်ကြသည်။ ၀ယ်သူသည် ကုန်စည်အမျိုး အစား အသေးစိတ်တို့ကို ဖန်တီးပေးတတ်သည်။ သို့ ရာတွင် သူတို့၏ အဓိကလုပ်ငန်းသည် ရောင်းသူ တို့ကို ရွေးချယ်ရန်နှင့် စေ့စပ်ညှိနှိုင်းရန် ဖြစ်သည်။ ရှုပ်ထွေးသော အ၀ယ်အခြမ်းတို့တွင် ၀ယ်သူတို့ထဲမှ အဆင့်မြင့် အထက်တန်းအရာရှိတို့က စေ့စပ်ညှိနှိုင်းရန် ဖြစ်သည်။ ရှုပ်ထွေးသော အ၀ယ်အခြမ်းတို့ တွင် ၀ယ်သူတို့ထဲမှ အဆင့်မြင့်အထက်တန်းအရာရှိတို့က စေ့စပ်ညှိနှိုင်းမှု တို့၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြသည်။
ဆုံးဖြတ်သူများ (Deciders)
ဆုံးဖြတ်သူတို့သည် နောက်ဆုံးပိတ်ဆပ္ပလိုင်ရာ ရွေးချယ်မှု နှင့် သဘောတူညီချက်ပေးမှု တို့တွင် စည်းကမ်းနှင့်အညီဖြစ်စေ၊ အလွတ်သဘောဖြစ်စေ အာဏာရှိကြသည်။ သာမန်ဝယ်နေကျဖြစ်စဉ်တို့ တွင် ၀ယ်သူတို့က ဆုံးဖြတ်သူများ ဖြစ်ကြသည်။ အနည်းဆုံး သဘောတူညီချက်ပေးရသူများ ဖြစ်ကြ သည်။
ဂိတ်စောင့်များ (Gatekeepers)
ဂိတ်စောင့်တို့သည် အခြားသူများ ထံ ရောက်မည့် အင်ဖော်မေးရှင်းစီးဆင်းမှု တို့ကို ကွပ်ကဲကြ သည်။ ဥပမာ…. အ၀ယ်ကိုယ်စားလှယ်တို့၌ ရောင်းသူတို့အား အသုံးပြုသူများ ၊ ဆုံးဖြတ်သူများ နှင့် မတွေ့ဘဲ ဆောင်ရွက်ရန် အာဏာရှိတတ်သည်။ အချို့ဂိတ်စောင့်တို့တွင် နည်းပညာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်နှင့် ကိုယ်ရေးအတွင်းရေးမှူးများ ပါဝင်ကြသည်။
အ၀ယ်စင်တာသည် ပုံသေမရှိဘဲ အ၀ယ်အစည်းတွင် ပုံစံနည်းကျ ရှင်းလင်းဖော်ပြထားခြင်း လည်း မရှိပါ။ အ၀ယ်စင်တာသည် အ၀ယ်အခြမ်းအမျိုးမျိုးအတွက် လူအမျိုးမျိုးက တာဝန်ယူထားကြ သော အ၀ယ်ကဏ္ဍတို့ကို စုပေါင်းထားရာ အတွဲ ဖြစ်သည်။ အဖွဲ့အစည်းအတွင်း၌ အ၀ယ်စင်တာ၏ အရွယ်အစားနှင့် ဖွဲ့စည်းပုံသည် ကုန်စည်အလိုက်ခြားနားမှု ရှိသည်။ အ၀ယ်အခြမ်း အခြေအနေအလိုက် ခြားနားမှု ရှိသည်။ သာမန် လုပ်ရိုးလုပ်စဉ် ၀ယ်ခြမ်းမှု ၌ အ၀ယ်ကိုယ်စားလှယ် ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးတည်းကသာ အ၀ယ်စင်တာ၏ ကဏ္ဍအားလုံးကို ဒိုင်ခံဆောင်ရွက်ကြသည်။ အ၀ယ်ဆုံးဖြတ်ချက်ကိုလည်း သူတစ်ဦးတည်းပြုလုပ်တတ်သည်။ သို့ သော် ၀ယ်ခြမ်းမှု က ရှုပ်ထွေးလာ သောအခါ အ၀ယ်စင်တာတွင် ဌာနပေါင်းစုံနှင့် အဆင့်အမျိုးမျိုးမှ ပုဂ္ဂိုလ်များ ၂၀-၃၀ ခန့် ပါဝင် ပတ်သက်လာတတ်သည်။ ဆာဗေးတစ်ရပ်အရ အ၀ယ်ဆုံးဖြတ်ချက်တစ်ခုတွင် ပါဝင်ပတ်သက်သူ ပျမ်းမျှဦးရေသည် ၀န်ဆောင်မှု နှင့် နေ့စဉ်နေ့တိုင်း လုပ်နေကျလုပ်ငန်းတို့မှ ပုဂ္ဂိုလ်သုံးဦးမျှ ပါဝင်တတ် ပြီး ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းကဲ့သို့ သော လက်မှတ်အကြီးစားဝယ်ခြမ်းမှု (high ticket purchase) တို့၌ မူ ငါးဦးမျှ ပျမ်းမျှ ပါဝင်တတ်သည်။ အခြားဆာဗေးတစ်ခုက အသင်းအဖွဲ့နှင့် ၀ယ်ယူ သော တိမ်းညွတ်ချက် (team-based buying)ကို ဖော်ပြသည်။ Fortune မဂ္ဂဇင်းဆာဗေးအရ ၂၀၀၀ ပြည့်နှစ်၌ ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်သည် အသင်းအဖွဲ့နှင့် ၀ယ်ယူမှု ကို ပိုပြီးလုပ်နိုင်စရာရှိသည်ဟု မျှော်မှန်းထားခဲ့သည်။
ဂလိုဘယ်ဈေးကွက်၌ အလုပ်လုပ်နေသော ဘိစနက်ဈေးကွက်ရှာဖွေရေးသမားတို့သည် အ၀ယ်စင်တာ၏ ပို၍ ကြီးမားသော သြဇာလွမ်းမိုးမှု ကို ရင်ဆိုင်ရဖွယ်ရှိသည်။ လေ့လာမှု တစ်ခုအရ ယူနိုက်တက်စတိတ်၊ ဆွီဒင်၊ ပြင်သစ်နှင့် အရှေ့တောင်အာရှတို့ရှိ အ၀ယ်ဆုံးဖြတ်ချက်ဖြစ်စဉ်တို့ကို နှိုင်းယှဉ်ကြည့်သောအခါ ယူအက်စ်မှ ၀ယ်သူတို့သည် ဖော်ပြပါနိုင်ငံတို့ထက်ပိုပြီး အထီးကျန်လင်းယုန် များ ဖြစ်နေကြသည်။ ဆွီဒင်က အသင်းအဖွဲ့နှင့် ၀ယ်ခြမ်းမှု ကို ပိုမိုပြုလုပ်သည်။ ဆွီဒင်နှင့် ယူအက်စ်တို့ သည် လူဦးရေဆိုင်ရာ သဘောချင်းတူကြသော်လည်း ယူအက်စ်၌ အသင်းအဖွဲ့နှင့် ၀ယ်ယူမှု နည်း သည်ကို တွေ့ရသည်။ အ၀ယ်အခြမ်းပြုလုပ်သည့်အခါ ဆွီဒင်ကုမ္ပဏီတို့သည် နည်းပညာကျွမ်းကျင်သူ ၀န်ထမ်းတို့ကို ပို၍ အသုံးပြုသည်။ မိမိကုမ္ပဏီနှင့် ဆပ္ပလိုင်ရာတို့မှ ကျွမ်းကျင်သူတို့ကို ပို၍ အသုံးပြု သည်။
အ၀ယ်စင်တာဆိုသော အယူအဆသည် ဈေးကွက်ရှာဖွေထူထောင်ရေးကိစ္စတွင် စိန်ခေါ်မှု ကြီး တစ်ရပ်ကို ဖော်ထုတ်သည်။ ဈေးကွက်ရှာဖွေရေးသမားတို့သည် ဆုံးဖြတ်ချက်တို့၌ မည်သူတွေ ပါဝင် သနည်း။ ပါဝင်သူတစ်ဦးစီ၏ သြဇာအာဏာ၊ မည်သည့် စံချိန်စံညွှန်းတို့ကို ပါဝင်ပတ်သက်သူတစ်ဦးစီ က အသုံးပြုသနည်း စသည့်အချက်တို့ကို လေ့လာထားရန် လိုမည်။ ဥပမာ….. Allegiance Healthcare ကော်ပိုရေးရှင်းကြီးသည် ဆေးရုံတို့အား တစ်ခါသုံးခွဲစိတ်ကု အ၀တ်အထည်တို့ကို ရောင်း ချသည်။ ကုမ္ပဏီသည် သက်ဆိုင်ရာဆေးရုံ၏ အ၀ယ်အခြမ်းဆုံးဖြတ်ချက်ဖြစ်စဉ်တွင် မည်သူတွေ ပါဝင်သနည်းဟု စုံစမ်းသည်။ အ၀ယ်တာဝန်ကိုယူသော ဒုတိယဥက္ကဋ္ဌ၊ ခွဲစိတ်ခန်းအုပ်ချုပ်သူနှင့် ခွဲစိတ် ကု ဆရာဝန်တို့အကြောင်းကို လေ့လာသည်။ ဤပါဝင်သူတို့သည် ကဏ္ဍအသီးသီးမှ ခြားနားစွာ ဆောင်ရွက်သူများ ဖြစ်ကြလေရာ ဆေးရုံအ၀ယ်တော် ဒုတိယဥက္ကဋ္ဌက တစ်ခါသုံးခွဲစိတ်ကု အ၀တ် အထည်ကို ၀ယ်သင့်သလား၊ သို့တည်းမဟုတ် ပြန်သုံးစွဲလို့ရသော အ၀တ်အထည်ကို ၀ယ်သင့် သလား ဆိုသော ဆုံးဖြတ်ချက်ကို ပြုရမည်။ အကယ်၍ တစ်ခါသုံးဝတ်ရုံကို ၀ယ်ယူရန် အလေးသာ လျှင် ခွဲစိတ်ခန်းအုပ်ချုပ်သူက အပြိုင်အဆိုင်တင်ပြလာသော ၀တ်ရုံနှင့် ဈေးနှုန်းတို့ကို စိစစ်ကာ ရွေးချယ်ရမည်။ ခွဲစိတ်ခန်းအုပ်ချုပ်သူသည် ၀တ်ရုံအလေးအပေါ့၊ ပိုးမွှားဆန့်ကျင်ရေး အရည်အသွေး၊ ဒီဇိုင်းနှင့် စရိတ်တို့ကို စဉ်းစားကြည့်မည် ဖြစ်သည်။ သာမန်အားဖြင့်ဆိုလျှင် ဈေးနှုန်းသက်သာ၍ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးသော ကုန်အမှတ်တံဆိပ် (Brand)ကို ရွေးချယ်မည်သာ ဖြစ်သည်။ နောက်ဆုံးပိတ်၌ ခွဲစိတ်ဆရာဝန်တို့က ပစ္စည်းကို သုံးစွဲမှု ၌ ကျေနပ်သည်၊ မကျေနပ်သည်ကို အစီရင်ခံ ပြီးနောက် ဆုံးဖြတ်ချက်တို့အပေါ် သြဇာပြုမည်ဖြစ်သည်။
အ၀ယ်စင်တာ၌ လုပ်ရိုးလုပ်စဉ်အရ ထင်သာမြင်သာရှိသူတို့ ပါဝင်ကြသည်။ ဥပမာ… ကော်ပိုရိတ် ဂျက်လေယာဉ်တစ်စီးဝယ်ရန်အတွက်ဆိုလျှင် ဆုံဖြတ်ချက်တွင် စီအီးအို၊ ပိုင်းလော့ချုပ်၊ အ၀ယ်ကိုယ်စားလှယ်၊ ဥပဒေ အကြံပေး ၀န်ထမ်းအချို့၊ ထိပ်တန်းစီမံခန့်ခွဲမှု အဖွဲ့မှ ပုဂ္ဂိုလ်တစ်ဦးနှင့် အ၀ယ်ဆုံးဖြတ်ချက်တွင် နည်းလမ်းတကျ တာဝန်ရှိသောသူတို့ ပါဝင်ဆုံးဖြတ်ရတော့မည်။ အချို့ကိစ္စတို့၌ ထင်သာမြင်သာ မရှိသော၊ သီးခြားပုဂ္ဂိုလ်တို့လည်း ပါဝင်ကြရသည်။ သူတို့ထဲမှ အချို့ သည် ၀ယ်ယူရန် ဆုံးဖြတ်ချက်အပေါ် တကယ်တမ်း ထိထိရောက်ရောက် သြဇာရှိနိုင်ကြသည်။ တစ်ခါ တစ်ရံ၌ အ၀ယ်စင်တာရှိ လူတို့သည်ပင်လျှင် အ၀ယ်ပါဝင်သူတို့ မည်သူတွေ ဖြစ်သည်ကို မသိလိုက် ကြပေ။ (Gulfstream) ကော်ပိုရေးရှင်းကိစ္စတွင် ဂျက်လေယာဉ်တစ်စီး ၀ယ်ရန်ကို ဂျက်ဝယ်လိုသော သို့ တည်းမဟုတ် ဂျက်လေယာဉ်ပျံအကြောင်း အများ ကြီးသိသူ ဘုတ်လူကြီးတစ်ယောက်က ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။ သို့ ဖြစ်ရာ ဘုတ်လူကြီးတို့သည် အ၀ယ်ဆုံးဖြတ်ချက်ချရန် ကန့်လန့်ကာ နောက်ကွယ်၌ အလုပ်လုပ်နိုင်ကြကုန်သည်။ များ စွာ သော ဘိစနက်အ၀ယ်ဆုံးဖြတ်ချက်တို့သည် အမြဲတမ်းပြောင်းလဲမှု ရှိနေသော အ၀ယ်စင်တာတွင် ပါဝင်သူများ ၏ ရှုပ်ထွေးစွာ အပြန်အလှန် သြဇာ ရိုက်ခတ်မှု တို့ကြောင့် ဖြစ်ရပေသည်။
ဘိစနက်ဝယ်သူတို့အပေါ် သက်ရောက်သော သြဇာကြီးများ
(Major Influences on Business Buyers)
ဘိစနက်ဝယ်သူတို့သည် အ၀ယ်ဆုံးဖြတ်ချက် ချမှတ်ရာတွင် သြဇာအမျိုးမျိုး သက်ရောက်ခြင်း ကို ခံရသည်။ အချို့သော ဈေးကွက်ရှာဖွေရေးသမားတို့က သြဇာကြီးမားမှု တို့သည် စီးပွားရေးဖြစ် သည်ဟု ယူဆကြသည်။ ၀ယ်သူတို့သည် ဈေးနှုန်းအချိုသာဆုံး၊ အကောင်းဆုံးပစ္စည်း သို့ မဟုတ် ၀န်ဆောင်မှု အများ ဆုံးပေးသည့် ဆပ္ပလိုင်ရာတို့ကို ပို၍ အခွင့်အရေးပေးလိမ့်မည်ဟု တွက်ကြသည်။ ဈေးကွက်သမားတို့သည် ၀ယ်သူတို့၏ စိတ်ကြိုက်ခိုင်မာသော စီးပွားရေးအကျိုးကျေးဇူးများ ကို ကမ်းလှမ်းရန် အာရုံစူးစိုက်ကြသည်။ သို့ ရာတွင် ၀ယ်သူတို့သည် စီးပွားရေးရော ကိုယ်ရေးဖက်တာ တို့ကိုပါ တုံ့ပြန်ကြသည်။ ဘိစနက်ဝယ်သူတို့သည် ခေါင်းအေးအေးထား၊ အမျိုးမျိုးတွက်ချက်ပြီး ကိုယ်ရေးကိုယ်တာတို့ကို ထည့်သွင်းမစဉ်းစားဟု အခါခပ်သိမ်း မဆိုနိုင်ပေ။ ဘိစနက်ဝယ်သူတို့သည် လူသားတွေသာ ဖြစ်ကြသည်။ လူမှု သတ္တ၀ါတွေလည်း ဖြစ်ကြသည်။ သူတို့သည် ဆင်ခြင်တုံတရားနှင့် စိတ်ခံစားမှု နှစ်ခုစလုံးကို တုံ့ပြန်ကြသည်။
ယနေ့၌ ဘိစနက်အချင်းချင်း ၀ယ်ရောင်းလုပ်သော ဈေးကွက်သမားတို့၏ စိတ်ခံစားမှု (emotion) သည် ဘိစနက် အ၀ယ်ဆုံးဖြတ်ချက်တွင် အရေးကြီးသောကဏ္ဍ၌ ပါဝင်နေသည်ကို အသိ အမှတ်ပြုလာကြသည်။ ဥပမာ ….ထရပ်ကားအကြီးစားမှ ကော်ပိုရိတ်ထရပ်ကားအထိ အရောင်းမြှင့် တင်ရန် ကြော်ငြာတစ်ရပ်သည် ၀ယ်သူက နည်းပညာတက္ကနိုလိုဂျီနှင့် စီးပွားရေးဖက်တာတို့ကို အလေး ပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့ ရာတွင် မကြာသေးမီက ကြော်ငြာသော Volvo ကားကြော်ငြာ တွင် ဒရိုင်ဘာနှစ်ယောက်က လက်လှဲကာ ‘ကားရှိဖို့ ပြဿနာတော့ ပြေလည်ပြီ။ သို့ သော် ဘယ်သူ မောင်းမှာ လဲ’ ဟု ဖော်ပြထားသည်။ လုပ်ငန်းတို့တွင် ဒရိုင်ဘာရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေရရာ ကားကြည့်ပြီး ဒရိုင်ဘာကောင်းကောင်းတွေကို ဆွဲဆောင်နိုင်ကြောင်း တွေ့ရသည်။ Volvo ကြော်ငြာ သည် ထရပ်ကား၏ အကြမ်းထည်အလှအပ၊ သက်တောင့်သက်သာရှိမှု ၊ ကားအခန်းအကျယ်မှု နှင့် မောင်းမည့်ဒရိုင်ဘာတို့ စိတ်ကြိုက်တွေ့မည့်အချက်တို့အပေါ် အလေးအနက်ပြုထားသည်။ ကြော်ငြာ ထဲတွင် Volvo ကားတို့သည် ပို၍ အမြတ်အစွန်းရနိုင်သည့်အပြင် ဒရိုင်ဘာတို့အနေနှင့်လည်း လက်ဝယ်ရှိလိုစိတ်ကို အားကောင်းစေလိမ့်မည်ဟု ဖော်ပြထားသည်။
ဆပ္ပလိုင်ရာတို့သည် ဆင်တူအလားတူဖြစ်နေကြသောအခါတွင် ဘိစနက်ဝယ်သူတို့အဖို့ ကျိုးကြောင်းဆီလျော်စွာ ရွေးချယ်ရန် အခက်အခဲတွေ့တော့သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ သည် မည်သည့်ဆပ္ပလိုင်ရာနှင့်မဆို သူတို့၏ အဖွဲ့အစည်းပန်းတိုင်ကို ဖြည့်ဆည်းနိုင်သောကြောင့် ဖြစ် လေရာ ၀ယ်သူအဖို့ ကိုယ်ရေးဖက်တာကို ထည့်သွင်းစဉ်းစားရန် နေရာကျယ်ကျယ်ရသွားသော ကြောင့် ဖြစ်သည်။ သို့ ရာတွင် ပြိုင်ဆိုင်သော ကုန်စည်အချင်းချင်း အလွန်အလင်းခြားနားလာလျှင်မူ ဘိစနက်ဝယ်သူ၌ ရွေးချယ်မှု ကိစ္စတွင် တာဝန်ခံရန်အကြောင်းတွေ ပေးပေါက်လာမည်။ စီးပွားရေးဖက် တာတို့ကို ပို၍ ထည့်သွင်းစဉ်းစားရန် ရှိလာမည်။ ပုံကားချပ် 2-2 သည် ဘိစနက်ဝယ်သူအပေါ် သြဇာ သက်ရောက်နိုင်သော အစုအမျိုးမျိုးကို ဖော်ပြထားသည်။ ပတ်ဝန်းကျင်၊ အဖွဲ့အစည်းအရေး၊ ပုဂ္ဂိုလ် ချင်း ဆက်ဆံရေးနှင့် လူတစ်ဦးစီတို့ ဖြစ်ကြသည်။
ဘိစနက်ဝယ်သူတို့သည် လက်ငင်းနှင့်မျှော်လင့်ထားသော စီးပွားရေးပတ်ဝန်းကျင်တို့၏ သြဇာပြုခြင်းကို အကြီးအကျယ်ခံရသည်။ မူလ၀ယ်လိုအားအဆင့် (level of primary demand)၊ စီးပွားရေးအလားအလာနှင့် ငွေအသပြာစရိတ် (cost of money)တို့ကဲ့သို့ သော ပတ်ဝန်းကျင်ဖက်တာ တို့၏ သြဇာပြုခြင်းကို ခံရသည်။ စီးပွားရေးမသေချာမရေရာမှု က တိုးမြင့်လာသည်နှင့်အမျှ ဘိစနက် ၀ယ်သူသည် ရင်းနှီးမြှုပ်နှံမှု အဆင့်တို့ကို လျှော့ဖြတ်တော့သည်။ မိမိသိုလှောင်ထားမှု တို့ကိုလည်း လျှော့ဖြတ်ရသည်။
ပတ်ဝန်းကျင်ဖက်တာတို့တွင် အရေးကြီးသည်ထက် ကြီး၍ လာသောဖက်တာမှာ သော့ချက်ကျ သော ကုန်ကြမ်းများ ရှားပါးခြင်းအချက်ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီအများ အပြားတို့သည် ရှားပါး သော ကုန်ကြမ်းတို့ကို ပိုမိုဝယ်ယူပြီး သိုလှောင်ထားရန် စိတ်အားထက်သန်လာကြသည်။ ထိုနည်းဖြင့် ကုန်ကြမ်းပြတ်လပ်မှု မရှိဘဲ စိတ်ချလက်ချဖြစ်စေလိုကြသည်။ ဘိစနက်ဝယ်သူသည် ပတ်ဝန်းကျင်ရှိ နိုင်ငံရေး၊ တက္ကနိုလိုဂျီနှင့် ယှဉ်ပြိုင်မှု တိုးတက်မှု တို့၏ သြဇာသက်ရောက်ခြင်းကိုလည်း ကြီးမားစွာ ခံကြ ရသည်။ ယဉ်ကျေးမှု နှင့်ဓလေ့ထုံးစံတို့သည် ဈေးကွက်အပြုအမူ၊ လှုပ်ရှားမှု နှင့်မဟာဗျူဟာတို့တွင် အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်ပတ်ဝန်းကျင်တွင် ဘိစနက်ဝယ်သူက တုံ့ပြန်ရာ၌ ကောင်းစွာ သြဇာပြုကြသည်။ ဘိစနက်ဈေးကွက်ရှာဖွေရေးသမားတို့သည် ဤဖက်တာတို့ကို တတ် နိုင်သမျှ နှံ့နှံ့စပ်စပ်လေ့လာထားရပေမည်။ ၀ယ်ယူရန် ဆုံးဖြတ်ချက်တွင် ဘယ်နှစ်ယောက် ပါဝင် ပတ်သက်နေသနည်း။ ပါဝင်ပတ်သက်နေသူတွေက မည်သူတွေနည်း။ သူတို့၏ အကဲဖြတ်မှု စံတွေက ဘာတွေနည်း။ ကုမ္ပဏီ၏ ပေါ်လစီတို့က ဘာလဲ။ ၀ယ်သူတို့အပေါ် ဘာတွေနဲ့ဘယ်လောက်ကန့်သတ် ချက်တွေ ရှိသနည်းဆိုသော အချက်တို့ကို ဈေးကွက်ရှာဖွေရေးသမားက ပယ်ပယ်နယ်နယ် သိရှိထား ရပါမည်။
ပုဂ္ဂိုလ်ချင်းဆက်ဆံရေးဖက်တာများ (Interpersonal Factors)
သာမန်အားဖြင့်ဆိုလျှင် အ၀ယ်စင်တာ၌ ပါဝင်ပတ်သက်သူ အတော်များများ ရှိ၍ သူတို့အချင်း ချင်း အပြန်အလှန်သြဇာပြုလျက်ရှိကြသည်။ ဈေးကွက်ရှာဖွေရေးသမားတို့သည် အ၀ယ်ဖြစ်စဉ်တွင် ဘယ်လိုပုဂ္ဂိုလ်ချင်း ဆက်ဆံရေးဖက်တာတွေက ပါဝင်နေသည်။ အစုအဝေးဒိုင်းနမစ်တို့က ဘယ်လို ရှိသည်ကို ရှာဖွေတွေ့ရှိရန် အတော်အတန်အခက်အခဲ တွေ့တတ်သည်။ ကျမ်းပြုပုဂ္ဂိုလ်တစ်ဦးဦး မှတ်ချက်ချသလို ပြောရလျှင် မန်နေဂျာတို့သည် ‘ကျုပ်က အဆုံးအဖြတ်ပေးသူပါ’ သို့ တည်းမဟုတ် ‘ကျုပ်က အရေးမကြီးသူပါ’ ဟူ၍ တံဆိပ်တပ်ထားကြသည်မဟုတ်ပေ။ သြဇာအာဏာရှိသူတို့သည် ရောင်းသူတို့၏ ကိုယ်စားလှယ်တို့အား မြင်နိုင်ကြသည်မဟုတ်ပေ။ အ၀ယ်စင်တာ၌ ရာထူးအကြီးဆုံး ဖြစ်နေသူကလည်း သြဇာအရှိဆုံး ဖြစ်ချင်မှဖြစ်မည်။ ပါဝင်ပတ်သက်နေသူတို့သည် အ၀ယ်၏ ဆုလာဘ်နှင့်အပြစ်တို့ကို ကွပ်ကဲရသူများ ဖြစ်၍ အ၀ယ်ဆုံးဖြတ်ချက်တွင် သြဇာရှိကြပါမည်။ သူတို့ချင်း အထူးဆက်ဆံရေးရှိမှု ကြောင့်ဖြစ်စေ၊ ပို၍ နှစ်လိုဖွယ်ရာ ဖြစ်သောကြောင့် ဖြစ်စေ အထူးကျွမ်းကျင်မှု ရှိသောကြောင့်ဖြစ်စေ ၀ယ်ခြမ်းမှု ၌ သြဇာရှိနိုင်ပါသည်။ ပုဂ္ဂိုလ်အချင်းချင်း ဆက်ဆံမှု ကိစ္စသည် မကြာ ခဏဆိုသလို၌ အလွန်သိမ်မွေ့တတ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဘိစနက်ဈေးကွက်ရှာဖွေရေး သမားတို့သည် ဤဖက်တာတို့ကိုနားလည်ရမည်။ ဤဖက်တာတွေပါဝင်သော မဟာဗျူဟာတို့ကို ပြုစု နိုင်ရမည်။လူတစ်ဦးချင်းဖက်တာများ (Individual Factors)
ဘိစနက်အ၀ယ်ဖြစ်စဉ်တိုင်း၌ ပါဝင်သူတစ်ဦးစီသည် မိမိ၏ ကိုယ်ရေးစေတနာစိတ်ထား၊ ခံစားသိမြင်မှု နှင့် နှစ်ခြိုက်မှု တို့ကို ဆွဲသွင်းလာမည်သာ ဖြစ်သည်။ ဤတစ်ဦးချင်း ကိုယ်ရေးဖက်တာ တို့သည် တစ်ဦးစီ၏ အကျင့်လက္ခဏာ ၀ိသေသတို့က သြဇာပြုခြင်းကို ခံရသည်။ ၎င်းတို့မှာ အသက် အရွယ်၊ ၀င်ငွေ၊ ပညာရေး၊ လုပ်ငန်းကျွမ်းကျင်မှု အမှတ်အသား၊ ဥပဓိရုပ်နှင့် ဘေးအန္တရာယ်အပေါ် ထားရှိသော သဘောထားအမြင်တို့ဖြစ်ကြသည်။ ထို့အပြင် ၀ယ်သူတို့၌ လည်း ခြားနားသော ၀ယ်ပုံ ခြမ်းပုံစတိုင်များ ရှိကြသည်။ အချို့သည် နည်းပညာသိပ်ဆန်မည်။ သူတို့သည် ဆပ္ပလိုင်ရာတစ်ဦးဦး ကို မရွေးချယ်မီ အပြိုင်တင်ပြလာသော အဆိုပြုချက်တို့ကို လေးလေးနက်နက် စဉ်းစားကြသည်။ အချို့ဝယ်သူတို့ကမူ အလိုလိုအသိစိတ် ထိုးထွင်းဥာဏ်ဖြင့် စေ့စပ်သူများ (Intuitive negotiators)ဖြစ် ကြ၍ ရောင်းသူအချင်းချင်းကြားတွင် ရန်တိုက်ပေးရာ၍ တော်ကြသည်။
ဘိစနက်အ၀ယ်အခြမ်းဖြစ်စဉ် (The Business Buying Process)
ဇယား 2.2 သည် အဆင့်ရှစ်ဆင့်ပါ အ၀ယ်အခြမ်းဖြစ်စသ်ကို သရုပ်ဖော်ပြထားသည်။ တာဝန် သစ်တစ်ရပ်ကို ရင်ဆိုင်ရသော ၀ယ်သူတို့သည် ဤဖြစ်စဉ်အားလုံးကို ဖြတ်သန်းရမည်ဖြစ်သည်။ မွမ်းမံ ထားသော ပြန်လည်ဝယ်ခြမ်းမှု နှင့် တိုက်ရိုက်ဖြောင့်ဖြောင့် ပြန်လည်ဝယ်ခြမ်းမှု ပြုသော ၀ယ်သူတို့ သည် ဤအဆင့်အချို့ကို ကျော်ပစ်နိုင်သည်။ စံပြတာဝန်သစ် အ၀ယ်အခြေအနေအတွက် ဤအဆင့် တို့ကို လေ့လာ သွားပါမည်။
ပြဿနာကို အသိအမှတ်ပြုခြင်း (Problem Recognition)
ကုမ္ပဏီအတွင်းမှ တစ်ယောက်ယောက် ပြဿနာတစ်ရပ်ကို အသိအမှတ်ပြု သိရှိလာသော အခါတွင် ၀ယ်ခြမ်းမှု ဖြစ်စဉ်သည် စတင်သည်။ (သို့ တည်းမဟုတ်) ကုန်စည်တစ်ရပ် (သို့ မဟုတ်) ၀န် ဆောင်မှု တစ်ရပ်ကို ရရှိခြင်းဖြင့် ဖြည့်စွမ်းနိုင်မည်ဖြစ်သော လိုအပ်ချက်ကို အသိအမှတ်ပြု သိရှိလာ သောအခါတွင် စတင်သည်။ ပြဿနာကို အသိအမှတ်ပြုသိရှိခြင်း (Problem recognition) သည် အတွင်း သို့ မဟုတ် အပြင်တွန်းအားမှ ရလဒ်ပေါ်ထွန်းလာခြင်းဖြစ်သည်။ အတွင်းပိုင်းအားဖြင့် ကုမ္ပဏီ သည် ထုတ်လုပ်မှု စက်ပစ္စည်းကိရိယာအသစ်နှင့် ကုန်ကြမ်းအသစ်တို့ လိုအပ်သော ကုန်စည်သစ်ကို ဈေးကွက်တင်ရန် ဆုံးဖြတ်ကောင်းဆုံးဖြတ်မည်။ (သို့ တည်းမဟုတ်) စက်ချွတ်ယွင်းသွားပြီး အပိုပစ္စည်း အသစ်တွေ လိုကောင်းလိုမည်။ အ၀ယ်မန်နေဂျာက လက်ရှိ ဆပ္ပလိုင်ရာ တင်သွင်းသော ပစ္စည်း အရည်အသွေး၊ ၀န်ဆောင်မှု သို့ မဟုတ် ဈေးနှုန်းတို့အပေါ် မကျေမနပ်ဖြစ်ကောင်းဖြစ်နေမည်။ အပြင် ပိုင်းအားဖြင့် ၀ယ်သူသည် ကုန်စည်ပြပွဲ၌ အိုင်ဒီယာအသစ်အဆန်းအချို့ ရရှိသည်။ ကြော်ငြာကို ကြည့်၍ ဖြစ်စေ၊ သို့ မဟုတ် ပစ္စည်းကောင်း၊ ဈေးချိုကြောင်း အရောင်းသမားတစ်ဦးမှ တယ်လီဖုန်းဖြင့် ကမ်းလှမ်းလာသောကြောင့်ဖြစ်စေ၊ စေ့ဆော်မှု ဖြစ်လာနိုင်သည်။ တကယ်စင်စစ်၌ ဘိစနက်ဈေးကွက် သမားတို့သည် သူတို့၏ ကြော်ငြာတို့တွင် ဖောက်သည်တို့အား ဖြစ်နိုင်ရန် အလားအလာရှိသော ပြဿ နာတို့ကို သတိပေးနှိုးဆော်ထားတတ်ကြသည်။ ပြီးမှ သူတို့ကုန်စည်က ဘယ်လိုဖြေရှင်းပေးသည်ကို ပြသသည်။
အထွေထွေလိုအပ်ချက် သရုပ်ဖော်ပြခြင်း
(General Need Description)
လိုအပ်ချက်တစ်ရပ်ကို အသိအမှတ်ပြု သိရှိပြီးသောအခါ ၀ယ်သူသည် နောက်ခြေလှမ်းအနေ ဖြင့် အထွေထွေလိုအပ်ချက် သရုပ်ဖော်ပြခြင်း (General Need Description) ကို ပြုလုပ်သည်။ ဤ သရုပ်ဖော် ရှင်းလင်းချက်တွင် လိုအပ်သောအရာတို့၏ ထူးခြားချက်နှင့် အရေအတွက်တို့ ပါဝင်သည်။ စံချိန်စံညွှန်းထားသော အရာတို့အတွက်မူ ဤဖြစ်စဉ်၌ သိပ်ပြဿနာပေါ်စရာမရှိပါ။ သို့ သော် ရှုပ်ထွေး သောအရာတို့၌ ၀ယ်သူသည် တခြားသူတို့နှင့် ပူးတွဲ အလုပ်လုပ်ရန် ဖြစ်လာမည်။ အင်ဂျင်နီယာ၊ အသုံး ပြုသူ၊ အတိုင်ပင်ခံတို့နှင့် တိုင်ပင်ကာ ကိစ္စကို အကျယ်တ၀င့်စဉ်းစားကြရမည်။ အဖွဲ့သည် စိတ်ချရမှု ၊ ကြာရှည်ခံမှု ၊ ဈေးနှုန်းနှင့် အခြားဝိသေသတို့ကို အရေးကြီးရာအလိုက် အစီအစဉ်ပြုရမည်။ ဤအဆင့် ၌ သတိဝီရိယရှိသော ဈေးကွက်သမားသည် ၀ယ်သူတို့အား သူတို့၏ လိုအပ်ချက်ကို ကူညီရှင်းပြနိုင် သည်။ ကုန်စည်၏ ထူးခြားသော ကြန်အင်လက္ခဏာများ အလိုက် လိုအပ်သော အင်ဖော်မေးရှင်းတို့ ကို ပေးနိုင်သည်။
ကုန်စည်အမျိုးစားအသေးစိတ် (Product Specification)
အ၀ယ်အဖွဲ့အစည်းသည် နောက်တစ်ဆင့်၌ ကုန်စည်အမျိုးအစားအသေးစိတ် (Product specification)ကို နည်းပညာသုံး၍ ဖော်ပြရသည်။ ဤလုပ်ငန်းကို လုပ်ဆောင်ရာ၌ တန်ဖိုးစိစစ် သုံးသပ်သော အင်ဂျင်နီယာအဖွဲ့၏ အကူအညီဖြင့် ပြုလုပ်ရသည်။ တန်ဖိုးစိစစ်သုံးသပ်မှု (value analysis) သည် စရိတ်လျှော့ချခြင်းကို ချဉ်းကပ်သည့်နည်းတစ်နည်းဖြစ်သည်။ အစိတ်အပိုင်းတို့ကို သေသေချာချာ လေ့လာကာ ၎င်းတို့ကို ပြန်ဒီဇိုင်းဆွဲနိုင်သလား၊ စံချိန်စံညွှန်းပြုနိုင်သလား၊ စရိတ် အကျဉ်းဆုံးနည်းဖြင့် ထုတ်လုပ်နိုင်သလား စသည့် ပြဿနာတို့ကို ဆုံးဖြတ်သည်။ အဖွဲ့သည် ကုန် စည်၏ အကောင်းဆုံးကြန်အင်လက္ခဏာတို့အပေါ် အဆုံးအဖြတ်ပြုပြီးသည့်နောက်တွင် အသေးစိတ် အတိအကျဖော်ပြသည်။ ရောင်းသူတို့ကလည်း စာရင်းအသစ် သေချာစေရန် တန်ဖိုးစိစစ်သုံးသပ်နည်း ကို ကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်သည်။ ပစ္စည်းတစ်ခု ဖန်တီးရန် ပိုမိုကောင်းမွန်သောနည်းလမ်း ကို ၀ယ်သူအား ပြခြင်းဖြင့် ပြင်ပရောင်းသူသည် တည့်တည့်ဖြောင့်ဖြောင့် ပြန်လည်ဝယ်ယူသော အခြေအနေကို တာဝန်သစ်အခြေအနေအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ ဘိစနက်အသစ်ရရှိရန် အခွင့်အရေးပေါ်လာမည်။
ဆပ္ပလိုင်ရာကို ရှာဖွေခြင်း (Supplier Search)
ဝယ်သူသည် ယခုဆိုလျှင် ဆပ္ပလိုင်ရာကို ရှာဖွေသောလုပ်ငန်း (Supplier Search)ကို ဆောင်ရွက်လေပြီ။ အကောင်းဆုံးရောင်းသူကို ရှာဖွေပြီ။ ကူးသန်းရောင်းဝယ်ရေးလမ်းညွှန်တို့ကို လှန်လှောသုံးသပ်ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ ကွန်ပျူတာဖြင့် ရှာဖွေခြင်းအားဖြင့်လည်းကောင်း၊ အခြားကုမ္ပဏီတို့ကို ဖုန်းဆက်မေးခြင်းအားဖြင့်လည်းကောင်း အရည်အချင်းပြည့်သော ဆပ္ပလိုင်ရာ စာရင်းငယ်တစ်ခုကို ပြုစုနိုင်မည်။ ယခုအခါ ကုမ္ပဏီအများ အပြားတို့သည် အင်တာနက်မှတစ်ဆင့် ဆပ္ပလိုင်ရာတို့ကို ရှာဖွေလာကြသည်။ ဈေးကွက်ရှာဖွေရေးသမားတို့အဖို့ အင်တာနက်သည် ကစား ကွင်းကြီးကို မြေညီသွားစေသည်။ ဆပ္ပလိုင်ရာအငယ်စားသည် ဆပ္ပလိုင်ရာအကြီးစားကဲ့သို့ ပင် အလားတူအခွင့်သာမှု တို့ကို ရရှိလာကြသည်။ အလွန်နည်းသော နှုန်းထားဖြင့် အွန်လိုင်းကတ်တ လောက်တို့ကို ရရှိနိုင်ကြပြီ။
Worldwide Internet Solutions Network သို့ မဟုတ် (WIZ) ကွန်ရက်သည် ဘိစနက် အချင်းချင်း (Business – to – Business)ကတ်တလောက်၏ အပြန်အလှန်တုံ့ပြန်နိုင်သော စာကြည့် တိုက်တစ်မျိုးကို တည်ထောင်ထားသည်။ ဤစာကြည့်တိုက်သည် တစ်ကမ္ဘာလုံးကို ခြုံငုံထားသည်။ နောက်ဆုံး အစီရင်ခံစာ၌ ဒေတာအချက်အလက်စုဆောင်းမှု သည် ကုန်စည်နှင့်ဝန်ဆောင်မှု အမျိုး အမည် 10 သန်းကျော်ကို ထုတ်လုပ်သူ၊ ဖြန့်ချိသူနှင့် စက်မှု ၀န်ဆောင်မှု ပေးဆောင်သူ 45000 ထံမှ ကောက်ယူ၍ သိမ်းဆည်းထားသည်။ အ၀ယ်မန်နေဂျာတို့သည် ယခင်ကဆိုလျှင် ကတ်တလောက်နှင့် စာတိုက်မှပေးပို့သော စာတို့ကိုသာ ရရှိနေသည်။ ယခုတစ်ခါသုံးဈေးဝယ်ထွက်ခြင်း (one-stop shopping)မျိုးပေါ်လာရာ မယုံကြည်နိုင်လောက်အောင် အချိန်ကုန်သက်သာသွားသည်။ (ဈေးနှုန်း လည်း သက်သာသွားသည်။ အဘယ်ကြောင့်ဆိုသော် ဈေးဝယ်ထွက်ခြင်းကို ချက်ချင်းနှိုင်းယှဉ်ကြည့် နိုင်သောကြောင့် ဖြစ်သည်။) စီမံခန့်ခွဲမှု ဆိုင်ရာ အကြံပေးတစ်ဦး၏ ပြောဆိုချက်အရ ‘ 3.5 လက်မရှိ ပလက်တီနမ်ဗော့အဆို့ရှင်ကို မီချီဂန်မှ ရနိုင်သလား’ ဟု မေးလိုက်လျှင် စက္ကန့်ပိုင်းအတွင်း ရရှိမည့် နေရာကို ပြပါလိမ့်မည်။ ဤသို့ တွေ့ရှိပြီးသည့်နောက် ရောင်းသူနှင့်တိုက်ရိုက်ဆက်သွယ်ပြီး အီးမေးလ် ဖြင့် အော်ဒါမှာ နိုင်သည်။ (WIZ) ကွန်ရက်တွင် ဂျာမနီ၊ ထိုင်ဝမ်၊ ချက်သမ္မတနိုင်ငံနှင့် အခြားနိုင်ငံတို့မှ ကတ်တလောက်တို့လည်း ရှိသည်။
အဆိုပြုချက်တောင်းခံခြင်း (Proposal Solication)
အဆိုပြုချက်တောင်းခံခြင်း (Proposal Solication)အဆင့်တွင် ၀ယ်သူသည် အရည်အချင်း ပြည့် ဆပ္ပလိုင်ရာတို့ထံမှ အဆိုပြုချက်များ တင်သွင်းရန် မေတ္တာရပ်ခံသည်။ တုံ့ပြန်သည့်အနေဖြင့် အချို့ဆပ္ပလိုင်ရာတို့သည် ကတ်တလောက်တစ်ခုသာ ပို့မည်။ (သို့ မဟုတ်) အရောင်းကိုယ်စားလှယ် တစ်ဦးဦးကို စေလွှတ်မည်။ သို့ ရာတွင် ပစ္စည်းအပိုင်းက ရှုပ်ထွေးနေသောအခါတွင် (သို့ မဟုတ်) စရိတ် ကြီးနေသောအခါတွင် ၀ယ်သူက စာအားဖြင့် အသေးစိတ် ရေးသားပေးပို့ရန် တောင်းဆိုမည်။ (သို့ မဟုတ်)ပုံစံကျ အဆိုပြုချက်တို့ကို စာဖြင့် ရေးသားတင်သွင်းစေမည်။
ဘိစနက်ဈေးကွက်ရှာဖွေရေးသမားတို့သည် ၀ယ်သူ၏ တောင်းခံလွှာကို တုံ့ပြန်ရသည့် အဆို ပြုချက်အတွက် သုတေသနပြုလုပ်ခြင်း၊ ရေးသားခြင်းနှင့် တင်သွင်းခြင်းတို့တွင် ကျွမ်းကျင်ရပေမည်။ အဆိုပြုချက်တို့သည် ဈေးကွက်ရှာဖွေရေး စာရွက်စာတမ်းသဘော ဖြစ်ရမည်။ နည်းပညာဆန်မှု ကို ပွင့်လန်းစေရမည်။ ဈေးကွက်သမားသည် အခြားပြိုင်ဘက်တို့ အလယ်တွင် တစ်မူထူးခြားပြီး ထင်ရှား ပေါ်လွင်စေရမည်။
ဆပ္ပလိုင်ရာကိုရွေးခြင်း (Supplier Selection)
အ၀ယ်စင်တာအဖွဲ့ဝင်တို့သည် ရရှိလာသော အဆိုပြုချက်တို့ကို သုံးသပ်ရပြီ။ ဆပ္ပလိုင်ရာ တစ်ဦးကိုဖြစ်စေ၊ အများ ကိုဖြစ်စေ ရွေးရသည်။ ဆပ္ပလိုင်ရာရွေးမှု (Suppliers Selection)ကာလအတောအတွင်း၌ အ၀ယ်စင်တာသည် လိုချင်သော ဆပ္ပလိုင်ရာ၏ အရည်အသွေးစာရင်းကို ပြုစု သည်။ ထို့နောက် ဤအရည်အသွေးတစ်ခုစီ၏ အရေးကြီးမှု တို့ကို နှိုင်းယှဉ်ဖော်ပြသည်။ ဆာဗေးတစ် ခု၏ အဆိုအရ အ၀ယ်မန်နေဂျာတို့သည် ဖော်ပြမည့် အရည်အသွေးတို့ကို အဓိကအရေးကြီးဆုံးအဖြစ် အစီအစဉ်အတိုင်း စာရင်းပြုစုထားကြသည်။ (1)အရည်အသွေးကောင်း ကွာလတီကုန်စည်နှင့် ၀န် ဆောင်မှု ၊ (2) အချိန်ဇယားကိုက် ပေးသွင်းနိုင်မှု ၊ (3) ကျင့်ဝတ်ကောင်း ကော်ပိုရိတ် အပြုအမူ၊ (4) ရိုးရိုးသားသား ဆက်သွယ်မှု နှင့် (5) အပြိုင်ဈေးနှုန်းချိုသာမှု တို့ ဖြစ်ကြသည်။ အခြားအရေးကြီးသော ဖက်တာတို့တွင် (1) ပြင်ဆင်ခြင်းနှင့် ၀န်ဆောင်မှု စွမ်းဆောင်ရည်၊ (2) နည်းပညာနှင့် အကြံပေးမှု ၊ (3) ပထ၀ီအနေအထားအရ တည်ရှိခြင်း၊ (4) လုပ်ဆောင်မှု သမိုင်းနှင့် (5) ဂုဏ်သတင်းကျော်ကြားမှု တို့ ပါဝင်ကြသည်။ အ၀ယ်စင်တာအဖွဲ့ဝင်တို့သည် ဆပ္ပလိုင်ရာတို့အား ဖော်ပြပါ ဂုဏ်ပုဒ်တို့ဖြင့် ချိန်ထိုး ကြည့်ကာ အကောင်းဆုံးဆပ္ပလိုင်ရာကို ရွေးချယ်ကြမည်သာဖြစ်သည်။
ဆပ္ပလိုင်ရာရွေးချယ်မှု ၏ တစ်စိတ်တစ်ဒေသအနေဖြင့် အ၀ယ်စင်တာသည် ဆပ္ပလိုင်ရာ ဘယ် နှစ်ဦးရွေးမလဲဟူ၍ ဆုံးဖြတ်ရဦးမည်။ အတိတ်ကာလက အ၀ယ်စင်တာတို့သည် လုံလုံလောက် လောက် ထောက်ပံ့မှု ဖြစ်နေစေရန်ဆိုပြီး ဆပ္ပလိုင်ရာအများ အပြားကို ရွေးထားလေ့ရှိခဲ့ကြသည်။ ဈေး နှုန်းလျှော့ပေါ့ပေးသည့် အခွင့်အရေးရရှိရန်အလို့ငှာလည်း ဆပ္ပလိုင်ရာ အခြေစိုက်စခန်း (Suppliers base)ကို တည်ဆောက်ထားသည်။ သူတို့သည် ဆပ္ပလိုင်ရာတို့နှင့် တစ်နှစ်တစ်ခါ စာချုပ် ချုပ်ကြ သည်။ ပဋိညာဉ်ကို တစ်နှစ်တစ်ခါ အသစ်ပြောင်းလဲသည်။ တစ်ခါတစ်ရံတွင် ဆပ္ပလိုင်ရာတို့အား ချ ပေးသော အရေအတွက်ကိုအပြောင်းအလဲ လုပ်သည်။ သို့ ရာတွင် ကုမ္ပဏီတို့သည် ဆပ္ပလိုင်ရာဦးရေ ကို လျှော့ချလာကြသည်။ ကုမ္ပဏီတို့သည် သူတို့ပိုနှစ်သက်သော ဆပ္ပလိုင်ရာတို့နှင့် ကုန်ပစ္စည်းထုတ် လုပ်ရန် ပိုပြီးနီးနီးကပ်ကပ် အလုပ်လုပ်လိုကြသည်။ ဆပ္ပလိုင်ရာတို့၏ အကြံဥာဏ်တို့ကိုလည်း ပို၍ လေးလေးစားစား နားထောင်လာကြသည်။
ယခု တစ်ဦးတည်း ဇာစ်မြစ်ထားသော တိမ်းညွှတ်မှု (single sourcing) ဘက်သို့ ရွေ့နေကြ ပြန်သည်။ သဘောမှာ ဆပ္ပလိုင်ရာကို တစ်ဦးတည်းထားခြင်းဖြစ်သည်။ ဥပမာ …. သတင်းစာအများ စု သည် သူတို့လိုသော သတင်းစာစက္ကူတို့ကို ထောက်ပံ့ရန် ဆပ္ပလိုင်ရာအများ အပြားကို အားကိုးခဲ့ရ သည်။ သို့ ရာတွင် (New York Daily News)နှင့် (Knoxville News-Sentinel)သတင်းစာတို့သည် သတင်းစာစက္ကူထောက်ပံ့ရေးအတွက် စက္ကူကုမ္ပဏီတစ်ခုတည်းကိုသာ အားထားလိုက်ကြသည်။ တစ်ဦးတည်းသော ဇာတစ်မြစ်ထားရှိမှု ကြောင့် ကိုင်တွယ်ရသည်မှာ လွယ်ကူသွားသည်။ ထို့အပြင် စက္ကူလက်ကျန်ကို ထိန်းကွပ်ရန်လည်း လွယ်ကူသည် ဇာစ်မြစ်တစ်ခုတည်းရှိမှု သည် ကုန်စည်၏ ဆောင်ရွက်မှု ကို ပုံမှန်ထိန်းသိမ်းထားနိုင်သည့်အပြင် သတင်းစာပုံနှိပ်စက်ခန်း၌ လည်း တစ်မျိုးတည်း သော စက္ကူအမျိုးအစားကို အသုံးပြုနိုင်သည်။ စက္ကူအမျိုးအစား ခြားနားသွား၍ ပုံနှိပ်ခြင်းကို ဟိုပြင်ရ၊ သည်ပြင်ရ လုပ်ငန်းမျိုးလည်း မရှိတော့ပေ။
သို့ ရာတွင် များ စွာ သော ကုမ္ပဏီတို့သည် တစ်ခုတည်းသော ဇာစ်မြစ် (Single Sourcing) စနစ်ကို လိုက်နာကျင့်သုံးရန် တွန့်တိုနေကြဆဲဖြစ်သည်။ ဆပ္ပလိုင်ရာတစ်ဦးတည်းအပေါ် မှီခိုအား ထားရခြင်းကို သူတို့စိုးရိမ်ကြသည်။ တစ်ဦးတည်းသာရှိသော ဆပ္ပလိုင်ရာတို့ကလည်း ဆက်ဆံရေး ပို၍ အဆင်ပြေလာသဖြင့် ခပ်လျော့လျော့ပြုလုပ်ရင်း ယှဉ်ပြိုင်မှု ကို ဆုံးရှုံးသွားစေနိုင်သည်။ အချို့ သော ဈေးကွက်သမားတို့က ဤစိုးရိမ်ပူပန်မှု ကို သက်သာစေသည့် ပရိုဂရမ်တို့ကို ဖော်ထုတ်ပြောဆို လာကြသည်။ ဥပမာ … အီလီနွိုက်စ်မှ ဂျီစီအီလက်ထရောနစ်သည် ‘တစ်ခုတည်းသော ဇာစ်မြစ်၊ အနိမ့်ဆုံးဈေး အာမခံပရိုဂရမ်’ “one source lowest price gua-rantee program”ကို ကျင့်သုံး သည်။ ဤပရိုဂရမ်သည် အရောင်းအ၀ယ်စရိတ်ကို လျော့သွားစေရန် အားပေးသည်။ တစ်ခုတည်း သော ဇာစ်မြစ်အဖြစ် အသုံးပြုခြင်းဖြင့် အ၀ယ်စရိတ်ကိုပါ လျော့ပါးသွားစေသည်ဟုဆိုသည်။ သို့ ရာ တွင် ဤပရိုဂရမ်ဖြင့် စခန်းသွားပြီး ခဏအကြာတွင် ဖြန့်ချိသူတို့က တခြားနေရာတွင် သွားလုပ်လျှင် ပို၍ အပေးအယူဖြစ်နိုင်သည်ဟု ပြသလာကြသည်။ ဂျီစီက ပြန်အမ်းငွေ 6 ရာခိုင်နှုန်းပေး၍ ထိန်းရ သည်။
အမှာ စာထုံးစံ အသေးစိတ်ဖော်ပြချက်
(Order-Routine Specifications)
ဝယ်သူသည် အမှာ စာထုံးစံအသေးစိတ် (Order-Routine Specifications)ကို ပြုစုရပြီ။ ဤ ပြုစုမှု ၌ ရွေးလိုက်သော ဆပ္ပလိုင်ရာတစ်ဦး သို့ မဟုတ် ဆပ္ပလိုင်ရာအများ နှင့် နောက်ဆုံး အမှာ စာတို့ ပါဝင်ကြသည်။ ထို့ပြင် နည်းပညာအသေးစိတ်၊ လိုအပ်သောအရေအတွက်၊ မျှော်လင့်သော ကုန်ပို့ချိန် ရောက်ချိန်၊ ပြန်ပို့ပေါ်လစီ (return polities)နှင့် ၀ါရန်တီ အာမခံချက်တို့ ပါဝင်ကြသည်။ ထိန်းသိမ်းမှု ၊ ပြင်ဆင်မှု နှင့် ဆောင်ရွက်မှု အပိုင်းကိစ္စတို့တွင် ၀ယ်သူတို့သည် အခါအားလျော်စွာ အ၀ယ်အမှာ စာ စနစ်အစား အလွတ်ပဋိညာဉ် (blanket contracts)တို့ကို အသုံးပြုနိုင်သည်။ အလွတ်ပဋိညာဉ် သည် ရေရှည်ဆက်ဆံမှု ကို သဘောတူညီထားသောဈေးနှုန်းဖြင့် တစ်စုံတစ်ရာသော ကာလအတွင်း ဆပ္ပ လိုင်ရာက ပစ္စည်းများ ပြန်လည်ထောက်ပံ့ပါမည်ဟု ကတိက၀တ်ထားမှု တို့ ပါဝင်သည်။ ရောင်းသူ သည် ကုန်ပစ္စည်းလက်ကျန်ကို လက်ဝယ်ထားရှိသည်။ ၀ယ်သူ၏ ကွန်ပျူတာက ဘယ်အချိန်တွင် ဤ ကုန်ပစ္စည်းကိုပို့ပါဟု အလိုအလျောက်အော်ဒါမှာ မည်။ အလွတ်ပဋိညာဉ်စနစ်သည် ပစ္စည်းလိုချင်တိုင်း အ၀ယ်ကို ပြန်ပြန်ပြီး စေ့စပ်နေရသော စရိတ်ကြီးသည့်ဖြစ်စဉ်ကို ပယ်ဖျက်ပစ်လိုက်သည်။ ဤစနစ် အရ ၀ယ်သူက အနည်းငယ်သာ အ၀ယ်အမှာ စာကို မကြာခဏ ရေးသားနိုင်သည်။ ပစ္စည်းထိန်းသိမ်း စရိတ်နှင့် ပစ္စည်းသယ်ရစရိတ်တို့ သက်သာသွားသည်။
အလွတ်ပဋိညာဉ်ချုပ်ဆိုခြင်းသည် တစ်ဦးတည်းဇာစ်မြစ်ထားခြင်းဆီသို့ ရှေ့ရှုစေသည်။ ဤ ဇာစ်မြစ်မှပင် အခြားအပိုင်းတို့အတွက် ပိုဝယ်ယူရန် ဖြစ်ပေါ်လာသည်။ ဤကျင့်စဉ်သည် ဆပ္ပလိုင်ရာ အား ၀ယ်သူနှင့်ခပ်တင်းတင်း သော့ခတ်ထားရာရောက်သည်။ အခြား ဆပ္ပလိုင်ရာတို့က သော့ဖျက် ပြီးဝင်ရန် ခက်ခဲစေသည်။ ၀ယ်သူက ဈေးနှုန်းနှင့်ဝန်ဆောင်မှု တို့ကို မကျေမနပ်ဖြစ်မှသာ အခြားဆပ္ပ လိုင်ရာများ က ၀င်တိုးနိုင်မည်။
လုပ်ငန်းဆောင်ရွက်ချက်ကို ပြန်လည်သုံးသပ်ခြင်း
(Performance Review)
ဤအဆင့်တွင် ၀ယ်သူက ဆပ္ပလိုင်ရာ၏ လုပ်ငန်းဆောင်ရွက်မှု တို့ကို ပြန်လည်သုံးသပ်ကြည့် တော့မည်။ ၀ယ်သူသည် သုံးစွဲသူကို ဆက်သွယ်ကောင်းဆက်သွယ်မည်။ သူတို့၏ ကျေနပ်မှု အဆင့်ကို မေးကောင်းမေးမည်။ လုပ်ငန်းဆောင်ရွက်ချက် ပြန်လည်သုံးသပ်ခြင်း (Performance Review) သည် ၀ယ်သူအား အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားကောင်း သွားစေမည်။ (သို့ တည်းမဟုတ်) မွမ်းမံ ပြင်ဆင် (သို့ တည်းမဟုတ်) ရပ်ဆိုင်းပစ်နိုင်သည်။ ရောင်းသူ၏ အလုပ်သည် မိမိက ၀ယ်သူမျှော်လင့် ထားသော ကျေနပ်မှု ကို ပေးဆောင်ပါသည်ဟု သေချာအောင် ၀ယ်သူသုံးသော ဖက်တာတို့ကို အသုံး ပြုကြည့်ရှုရန် ဖြစ်သည်။
တာဝန်သစ်ဝယ်ခြမ်းမှု အခြေအနေတွင် စံနမူနာပြဖြစ်ပွားသော အဆင့်တို့အကြောင်းကို သရုပ် ဖော်ရှင်းပြခဲ့ပြီးဖြစ်သည်။ အဆင့်ရှစ်ဆင့် မိုဒဲလ်သည် ဘိစနက်ဝယ်ခြမ်းမှု ဆုံးဖြတ်ချက်ချခြင်း ဖြစ်စဉ် ကို လွယ်ကူစွာ မြင်နိုင်ရန် ဖြစ်သည်။ တကယ့်လက်တွေ့ဖြစ်စဉ်တို့သည် ပိုပြီးရှုပ်ထွေးနိုင်ပါသည်။ ပြုပြင်ထားသော ပြန်လည်ဝယ်ခြမ်းခြင်း (သို့ မဟုတ်) တည့်တည့်ဖြောင့်ဖြောင့် ၀ယ်ခြမ်းခြင်း အခြေ အနေတို့တွင် ဤအဆင့်တို့ဖြင့် ဖိသိပ်ခံရဖွယ်ရှိသည်။ (သို့ မဟုတ်) အဆင့်ခုန်ကျော်သွားနိုင်သည်။ အဖွဲ့အစည်းတစ်ရပ်စီသည် ကိုယ့်နည်းကိုယ့်ဟန်နှင့် ၀ယ်ခြမ်းနေကြသည်။ ၀ယ်ယူမှု အခြေအနေ တိုင်း၌ ထူးခြားသောလိုအပ်ချက်များ ရှိကြသည်။ အ၀ယ်စင်တာရှိ ပါဝင်သူတို့သည် ဖြစ်စဉ်ခြားနား သော အဆင့်အမျိုးမျိုးတို့၌ ပါဝင်ပတ်သက်ကြပါလိမ့်မည်။ ၀ယ်ခြမ်းခြင်းဖြစ်စဉ်တို့ ဖြစ်ပွားလာသော် လည်း ၀ယ်သူတို့သည် အစီအစဉ်အတိုင်း လိုက်နာချင်မှ လိုက်နာကြပေမည်။ အခြားခြေလှမ်းတို့ကို ထပ်ဖြည့်နိုင်သည်။ ၀ယ်သူသည် အချို့အဆင့်တို့ကို ထပ်မံပြီး ပြုလုပ်မိနိုင်သည်။
အင်တာနက်ပေါ်မှ ဘိစနက်ဝယ်ခြမ်းခြင်း
(Business Buying on the Internet)
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ မယုံကြည်နိုင်လောက်အောင် ပေါ်ပေါက်လာသော တက္ကနိုလိုဂျီဖွံ့ဖြိုးတိုးတက်မှု တို့ကြောင့် ဘိစနက်အချင်းချင်း (business – to – business) ရောင်း ၀ယ်ဖောက်ကားမှု (marketing)ဖြစ်စဉ်၏ မျက်နှာစာ ပြောင်းလဲသွားခဲ့သည်။ ဘိစနက်တို့သည် ကုန် စည်မျိုးစုံ၊ ၀န်ဆောင်မှု မျိုးစုံတို့ကို အီလက်ထရွန်နစ်နည်းဖြင့် ၀ယ်ခြမ်းလာကြသည်။ အီးဒီအိုင်ခေါ် (Electronic Data Interchange) မှ တစ်ဆင့်ဖြစ်စေ သို့ တည်းမဟုတ် အင်တာနက်မှတစ်ဆင့်ဖြစ်စေ ဘိစနက်အချင်းချင်း ၀ယ်ကြခြမ်းကြသည်။ ဤကဲ့သို့ သော ဆိုင်ဘာဝယ်ခြမ်းမှု တို့ကြောင့် ၀ယ်သူတို့ အား ဆပ္ပလိုင်ရာအသစ်တို့နှင့် တွေ့ဆုံစေသည်။ ၀ယ်ခြမ်းစရိတ် လျော့နည်းစေသည်။ အမှာ စာနှင့် ပစ္စည်းပို့မှု တို့ကို မြန်မြန်စစ်ဆေးနိုင်သည်။ အပြန်အလှန်အားဖြင့် ဘိစနက်ဈေးကွက်သမားတို့သည် ဖောက်သည်တို့နှင့် အွန်လိုင်းအချိတ်အဆက်ရကာ အင်ဖော်မေးရှင်းချင်း ဖလှယ်နိုင်ကြသည်။ ကုန် စည်နှင့်ဝန်ဆောင်မှု တို့ကို ရောင်းချနိုင်ကြသည်။ ဖောက်သည်တို့အား အထောက်အကူပြု ၀န်ဆောင်မှု လုပ်ငန်းတို့ကို ပေးဆောင်နိုင်သည်။ ဖောက်သည်နှင့် ဆက်ဆံရေးကို ရှေ့ဆက်မြှင့်တင်ပေးထားနိုင် သည်။ အင်တာနက်တွင် မိမိတို့ပိုင် ၀က်ဘ်စာမျက်နှာများ ဖွင့်ထားသည့်အပြင် ပုံမှန်ဆပ္ပလိုင်ရာ၊ ဖြန့်ချိရေးသမားတို့နှင့် ကုမ္ပဏီ၏ ဆက်သွယ်ရေးစနစ်နှင့်ဒေတာတို့ကို အပိုကွန်ရက် (extranet)များ ဖွဲ့၍ ဆက်ချိတ်နိုင်သည်။
ယခုအချိန်ထိ အင်တာနက်နှင့် အိပ်စ်ထရာနက်တို့မှတစ်ဆင့် ဘိစနက်တို့က ၀ယ်ခြမ်းသော ကုန်ပစ္စည်းတို့သည် MRO ပစ္စည်းများ ဖြစ်နေသေးသည်။ (Maintenance Repairs) နှင့် (Operations) ဆိုင်ရာ ပစ္စည်းတွေ ဖြစ်ကြသည်။ ဥပမာ… Los Angles County သည် ကြက်သားမှအစ လျှပ်စစ် မီးသီးအထိ ပါဝင်သော ပစ္စည်းအားလုံးကို အင်တာနက်မှတစ်ဆင့် ၀ယ်ယူသည်။ နေရှင်နယ်ဆီမီးကွန် ဒတ်တာ (National Semiconductor)သည် ကုမ္ပဏီ၏ အလုပ်ခွင်ထဲစီးရန် ဖိနပ်မှအစ ခေတ်အမီဆုံး ဆော့ဖ်ဝဲအထိ 3500 ခန့် အရေအတွက်ရှိ လစဉ်လိုအပ်သော ပစ္စည်းအမျိုးမျိုးကို အော်တိုမက်တစ် စက်ဖြင့် တွက်ချက်၍ ပစ္စည်းများ မှာ ယူသည်။ ဤ MRO ပစ္စည်းများ ၀ယ်ယူရန်အတွက် တကယ်တမ်း သုံးစွဲရသော ဒေါ်လာစရိတ်သည် လေယာဉ်အပိုပစ္စည်း၊ ကွန်ပျူတာစနစ်နှင့် သံမစိတာဘိုင်တို့ကို ၀ယ် ယူရန် သုံးစွဲရသော ဒေါ်လာစရိတ်တို့နှင့် နှိုင်းစာလျှင် အလွန်နည်းပါးသည်။ သို့ တိုင်အောင် အမ်အာအို (MRO) ပစ္စည်းတို့သည် ဘိစနက်ပစ္စည်းအမှာ စာ စုစုပေါင်း၏ 80 ရာခိုင်နှုန်းရှိပါသည်။ အော်ဒါ အမှာ စာတို့ကို စိစစ်ပေးရသောစရိတ်သည် မြင့်ပါသည်။ သို့ အားဖြင့် ကုမ္ပဏီတို့သည် ၀က်ဘ်ပေါ်တင် သော MRO ၀ယ်ခြမ်းမှု ဖြစ်စဉ်ကို ပိုမိုကျစ်လျစ်စေခြင်းဖြင့် အကျိုးအမြတ်တွေ ပေါ်စေနိုင်သည်။
ကမ္ဘာပေါ်တွင် အ၀ယ်ခြမ်းဆုံး ဂျီအီး (General Electric)သည် လက်တွေ့လုပ်ငန်းသုံး ပစ္စည်း နှင့် အခြားဆပ္ပလိုင်းအားလုံးတို့ကို လာမည့်နှစ်နှစ်အတွင်း အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူရန် စီစဉ်ထား သည်။ လွန်ခဲ့သော နှစ်နှစ်က ဂျီအီးသည် ‘ထရိတ်ဒင်းဖြစ်စဉ်ကွန်ရက်’ (Trading Process Network) ခေါ် ဗဟိုဝက်ဘ်ဆိုက်ကို ထူထောင်ကာ ဂျီအီးရှိ ယူနစ်တိုင်းသည် လိုအပ်သောပစ္စည်းများ မှာ ယူပါက ဤဗဟိုဝက်ဘ်ဆိုက်မှတစ်ဆင့် မှာ ယူရန် စီစဉ်လိုက်သည်။ ဤ၀က်ဘ်ဆိုက်သည် အောင်မြင်လေရာ အခြားကုမ္ပဏီများ ဆီသို့ လည်း တိုးချဲ့ရန် စီစဉ်ထားသည်။ ဤနည်းဖြင့် အီလက်ထရွန်းနစ်ဆိုင်ဘာ ၀ယ်ယူခြင်း စာရင်းရှင်းဌာနကို ဂျီအားက အောင်အောင်မြင်မြင် ထူထောင်လိုက်လေပြီ။
ဘိစနက်ချင်း ဆိုင်ဘာဝယ်ခြမ်းမှု တို့သည် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာရာ အကျိုးကျေးဇူး တွေ အများ အပြားပေါ်လာစရာရှိသည်။ ဆိုင်ဘာဝယ်ခြမ်းမှု လက်လှည့်ကစားမှု တွင် အောက်ပါအကျိုး ကျေးဇူးများ ပေါ်နိုင်သည်။
- ၀ယ်သူနှင့်ဆပ္ပလိုင်ရာ နှစ်ဦးစလုံးအတွက် လုပ်ငန်းစရိတ် (transaction cost)ကို မျှဝေသည်။ ၀က်ဘ်စွမ်းအားပြည့် အ၀ယ်စနစ်သည် ထုံးစံအတိုင်းရှိခဲ့သော ကုန်အမှာ စာ၊ စုံစမ်းလွှာတို့နှင့် ပတ်သက်သော စက္ကူပေါ် ရေးမှတ်ရသည့် လုပ်ငန်းတို့ကို ဖယ်ရှားပစ်လိုက်သည်။ နေရှင်နယ် ဆီမီးကွန်ဒတ်တာသည် ယခင်က အမှာ စာနှင့်စုံစမ်းလွှာတို့ကို စစ်ဆေးရသည့်အတွက် တစ်ခု ချင်းအပေါ် 75 ဒေါ်လာမှ 250 ဒေါ်လာ ကုန်ကျခဲ့ရာ ယခု ၀က်(ဘ်)ဆိုက်မှတစ်ဆင့် အလုပ် လုပ်သဖြင့် အီလက်ထရွန်းနစ်အော်ဒါ တစ်ခုပေါ်တွင် 3 ဒေါ်လာသာ ကုန်ကျတော့သည်။
- ကုန်မှာ ချိန်နှင့်ကုန်ပစ္စည်းပို့ချိန် ကြားကာလအချိန် လျော့နည်းသွားသည်။ ပြည်ပဆပ္ပလိုင်ရာ အများ အပြားတို့နှင့် အလုပ်လုပ်ရသော ကုမ္ပဏီတို့အဖို့ အချိန်ကုန်သက်သာမှု သည် အံ့သြစရာ ကောင်းသည်။ (Adaptec)သည် ကွန်ပျူတာသိုလှောင်မှု နှင့်ပတ်သက်၍ ထိပ်တန်းဆပ္ပလိုင်ရာ ဖြစ်လေ ရာ ထိုင်ဝမ်ရှိ ချစ်ပ်ဆပ္ပလိုင်ရာတို့နှင့် အိပ်စ်ထရာနက်ဖြင့် ချိတ်ဆက်ပြီး မိသားစုတစ်စုတည်းကဲ့သို့ အလုပ်လုပ်သည်။ ယခုဆိုလျှင် (Adaptec)ရုံးချုပ်မှ အာရှရှိ ပါတနာတို့ထံ အမှာ စကားမက်ဆေ့ခ်ျကို စက္ကန့်ပိုင်းအတွင်း ရောက်ရှိနိုင်သည်။ (Adaptec)သည် ချစ်ပ်များ မှာ ယူ၍ ပစ္စည်းပို့ပေးမှု တွင် ရက် သတ္တ 16 ပတ်မှ 55 ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်သည်။ ကိုယ်ပိုင်ချစ်ပ် ပြုလုပ်သူတို့ လည်း ဤမျှလောက် အချိန်နှင့်ပင် ပြီးစီးအောင် ဆောင်ရွက်နိုင်ကြပြီ။
- ပို၍ စွမ်းရည်ထက်မြက်သော အ၀ယ်အခြမ်းစနစ်ကို ဖန်တီးပေးသည်။ ဂျီအီးက အွန်လိုင်းမှ တစ်ဆင့် အ၀ယ်အခြမ်းပြုလုပ်ရန် အဓိကစေ့ဆော်ချက်သည် တစ်ခုနှင့်တစ်ခု ထပ်နေသော အ၀ယ် စနစ်တို့ကို ပယ်ဖျက်လိုသောကြောင့် ဖြစ်သည်။
- ပါတနာ (Partner) နှင့် ၀ယ်သူတို့ကြား ဆက်ဆံမှု ကို ပို၍ ရင်းနှီးအောင် ပြုလုပ်ပေးသည်။ (Robert Mondavi)ကော်ပိုရေးရှင်းသည် မိမိပိုင်သပျစ်သီးခြံတို့၏ ဂြိုဟ်တုပုံရိပ်တို့ကို အိပ်စထရာနက် မှတစ်ဆင့် စိုက်ပျိုးသူတို့ထံ ပို့ပေးလေရာ စိုက်ပျိုးသူတို့သည် ဖြစ်လာနိုင်သော စိုက်ပျိုးခြံပြဿနာ တို့ကို သိရှိနိုင်ကြကာ သပျစ်သီးအရည်အသွေးကို ပို၍ တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ကြသည်။
- ဆပ္ပလိုင်ရာအကြီးနှင့် အငယ်တို့ကြားရှိ ကွင်းကိုညီအောင် ညှိပေးနိုင်သည်။ အင်တာနက်ဖြင့် ကုမ္ပဏီတို့ကြား အချိန်မီ သတင်းအချိတ်ဆက်ကို ခိုင်ခိုင်လုံလုံတည်ဆောက်ပေးသည့်အပြင် အိပ်စ် ထရာနက်ဖြင့် ကုမ္ပဏီတို့အား ဆပ္ပလိုင်ရာအငယ်စားတို့နှင့် အရောင်းအ၀ယ် ဆောင်ရွက်နိုင်ရန် ကူညီ သည်။ လက်ရှိ၌ ထုတ်လုပ်သူအကြီးစားအများ စုသည် အီးဒီအိုင် (EDI) ကို အသုံးပြု၍ ပစ္စည်းများ အော်ဒါမှာ သည်။ အဘယ်ကြောင့်ဆိုသော် ဤစနစ်သည် လျှို့ဝှက်အက္ခရာစနစ်ကို ခိုင်လုံစေပြီး စံချိန် ပြုထားသော ဘိစနက်ပုံစံတို့ကို ဖလှယ်နိုင်သောကြောင့် ဖြစ်သည်။ သို့ ရာတွင် အီးဒီအိုင်စနစ်သည် စရိတ်ကြီးသည်။ ဘိစနက်အချင်းချင်းကုန်သွယ်မှု ကို ၀က်ဘ်ဆိုက်အွန်လိုင်းထဲ သွတ်သွင်းခြင်းသည် ဒေသခံနှင့် နိုင်ငံခြားဆပ္ပလိုင်ရာတို့ကြားရှိ ကွင်းကိုလည်း ညီအောင်ညှိပေးသည်။ အဘယ့်ကြောင့်ဆို သော် ၀ယ်သူတို့သည် နောက်ထပ်စရိတ်အကုန်အကျမခံရဘဲနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဆပ္ပလိုင်ရာတို့ထံမှ ပစ္စည်းတို့ကို ဇာစ်မြစ်ရှာဖွေနိုင်သောကြောင့် ဖြစ်သည်။
ယင်းကို ဆိုင်ဘာဇာစ်မြစ်ရှာခြင်း (cyber sourcing)ဟု ခေါ်သည်။ ဤဆိုင်ဘာဇာစ်မြစ်စနစ် ကလည်း ပြဿနာတို့နှင့်မကင်းပေ။ အနုတ်လက္ခဏာဆောင် ပြဿနာအချို့ကို ဖော်ပြပါမည်။
- အမှာ စာစိစစ်သူနှင့် အ၀ယ်ဝန်ထမ်းစာရေးစာချီ မြောက်မြားစွာ တို့အတွက် အ၀ယ်လုပ်ငန်းတို့ ကို ဖြတ်တောက်ပစ်သည်။ ဤကဲ့သို့ ချွေတာမှု နှင့် စွမ်းရည်ထက်မြက်မှု တို့သည် ဆိုင်ဘာဝယ်ခြမ်းမှု မှ ဈေးနှုန်းတစ်ပြားတစ်ချပ်မှ မပေးရဘဲ ခံစားရခြင်းဖြစ်သည်။ အွန်လိုင်းဖြင့် ၀ယ်ခြမ်းမှု တို့ကို ပြုလုပ် သည်မှစ၍ နေရှင်နယ်ဆီမီးကွန်ဒတ်တာသည် မိမိ၏ အ၀ယ်ဝန်ထမ်း ထက်ဝက်ကျော်ကို အလုပ်ဖြုတ် ပစ်လိုက်သည်။
- ဆပ္ပလိုင်ရာနှင့်ဝယ်သူတို့ကြားရှိ သစ္စာရှိမှု သည် ယိုယွင်းသွားသည်။ ၀က်ဘ်သည် ဆပ္ပလိုင် ရာနှင့် ဖောက်သည်တို့အား ဘိစနက်သတင်းအချက်အလက်တို့ကို မျှဝေနိုင်သည့်အပြင် ကုန်ပစ္စည်း ဒီဇိုင်းဆွဲရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ ဤအချက်ကြောင့် ဆယ်စုနှစ်ချီပြီးရှိနေသော ဆပ္ပလိုင်ရာနှင့် ဖောက်သည်တို့ကြား ဆက်ဆံမှု သည် ယိုယွင်းသွားရတော့သည်။ ကုမ္ပဏီများ စွာ တို့ သည် ၀က်ဘ်မှတစ်ဆင့် ဆပ္ပလိုင်ရာကောင်းကောင်းတို့ကို ရှာဖွေလာကြသည်။
- လုံခြုံရေးပျက်ပြားမှု အလားအလာတို့ကို ဖန်တီးပေးသည်။ ကုမ္ပဏီတို့အနက် 80 ရာခိုင်နှုန်း သည် ကုမ္ပဏီကို ပါတနာ၊ ဖောက်သည်တို့နှင့် အီလက်ထရွန်တစ်နည်းဖြင့် ချိတ်ဆက်မှု ရအောင် တိုးချဲ့ရေးတွင် လုံခြုံရေးပြဿနာက အဒိကအဟန့်အတားဖြစ်လာကြသည်။ အိမ်မှနေ၍ အီးမေးလ်နှင့် ဘဏ်လုပ်ငန်းလုပ်ခြင်းတို့ကို လျှို့ဝှက်သင်္ကေတစနစ်ဖြင့် အကာအကွယ်ပြုနိုင်သော်လည်း ဘိစနက် လုပ်ရာတွင် လိုအပ်သောအချင်းချင်း လျှို့ဝှက်စွာ ဆက်သွယ်မှု တို့နှင့်ပတ်သက်၍ လုံခြုံရေးကိုကား ပြည့်ဝစွာ မဆောင်ရွက်နိုင်သေးပေ။ မည်သို့ ပင်ဖြစ်စေ ကုမ္ပဏီတို့အတွက် လုံခြုံရေးသည် ထိပ်တန်း ဦးစားပေးဖြစ်လာသည့်အလျောက် ဤအပိုင်းအတွက် သုတေသနလုပ်ငန်းတို့ကို ဒေါ်လာပေါင်း မြောက်မြားစွာ အကုန်အကျခံ၍ လုပ်ကိုင်နေကြသည်။ ကုမ္ပဏီတို့သည် ဟက်ကား (hackers)တို့အား တားဆီးနိုင်ရန် မိမိတို့၏ ကိုယ်ပိုင်ခံစား မဟာဗျူဟာတို့ကို ချမှတ်လုပ်ကိုင်နေကြသည်။
ယခုအထိ အဖွဲ့အစည်းနှင့်ဝယ်ခြမ်းမှု ကိစ္စကို ဘိစနက်ဝယ်ခြမ်းသူ (business buyers)တို့အား အဓိကဖိုးကပ်စ်လုပ်၍ လေ့လာခဲ့သည်။ ဤလေ့လာမှု များ စွာ တို့သည် အင်စတီကျူးရှင်း (အဖွဲ့ အစည်း)နှင့် အစိုးရအဖွဲ့အစည်းတို့၏ ၀ယ်ခြမ်းမှု ကျင့်စဉ်တို့အတွက်လည်း အသုံးတည့်ပါသည်။ မည် သို့ ပင်ဖြစ်စေ ယခုဖော်ပြသော ဈေးကွက်နှစ်ခုသည် ဘိစနက်မဟုတ်သော ဈေးကွက် (non business markets)တို့ ဖြစ်လေရာ ၎င်းတို့၌ ဖြည့်စွက်ဝိသေသလက္ခဏာများ နှင့် လိုအပ်ချက်များ ရှိနေသေး သည်ကို သတိချပ်ရမည်။ ဤနောက်ဆုံးအပိုင်း၌ အင်စတီကျူးရှင်းနှင့် အစိုးရဈေးကွက်တို့၏ စပါယ် ရှယ်သွင်ပြင်လက္ခဏာတို့ကို အထူးအလေးပေး ဖြေရှင်းပါမည်။
အဖွဲ့အစည်းဆိုင်ရာဈေးကွက် (Institutional Markets)
အဖွဲ့အစည်းဆိုင်ရာ ဈေးကွက်တွင် ကျောင်း၊ ဆေးရုံ၊ လူအိုရုံ၊ ထောင်နှင့် သူတို့၏ စောင့် ရှောက်မှု ဖြင့် ကုန်စည်နှင့် ၀န်ဆောင်မှု တို့ကို ပေးရသော အခြားအဖွဲ့အစည်းတို့လည်း ပါဝင်သည်။ အဖွဲ့အစည်းတို့သည် သူတို့၏ ဦးဆောင်နာယကနှင့် ရည်ရွယ်ချက်တို့တွင် ခြားနားကြသည်။ ဥပမာ…. Humana ဆေးရုံတို့သည် အမြတ်အစွန်းအတွက် ဆောင်ရွက်နေကြခြင်းဖြစ်၍ Charity Sisters ဆေးရုံသည် ဆင်းရဲသားတို့အား အမြတ်အစွန်းမယူဘဲ ကျန်းမာရေးစောင့်ရှောက်မှု ကို ပေးသည်။ အစိုးရဆေးရုံတို့သည် စစ်ပြန်ရဲဘော်တို့အား အထူးဝန်ဆောင်မှု ကို ပေးသည်။
များ စွာ သော အဖွဲ့အစည်းဆိုင်ရာ ဈေးကွက်တို့သည် ဘတ်ဂျက်ရန်ပုံငွေ နည်းကြပြီး ဦးစီး နာယကတို့ကလည်း ဆွဲခန့်တွေ များ တတ်သည်။ ဥပမာ…. လူနာတို့သည် ဤလိုဆေးရုံမျိုးတို့၌ အစား အသောက်ကို ချေးများ ၍ မဖြစ်ပေ။ ဆေးရုံက ကျွေးသမျှကိုသာ စားရမည်ဖြစ်သည်။ ဆေးရုံအ၀ယ် တော်သည် လူနာတို့အတွက် အစားအသောက်အရည်အသွေးကို အဆုံးအဖြတ် ပြုမည်။ အဘယ် ကြောင့်ဆိုသော် အစားအစာကို စုစုပေါင်း ၀န်ဆောင်မှု ၏ တစ်စိတ်တစ်ဒေသအဖြစ် ပေးဆောင်ကာ အမြတ်အတွက် မရည်စူးသောကြောင့် ဖြစ်သည်။ စရိတ်ကို အနည်းဆုံးအထိ လျော့ချ ချွေတာရေးဆို သည်ကလည်း ရည်ရွယ်ချက်မဟုတ်ပြန်ပေ။ လူနာတို့က အစားအသောက်နှင့် ၀န်ဆောင်မှု မကောင်း ကြောင်း သူများ တကာကို လိုက်ပြောလျှင် ဆေးရုံနာမည်ပျက်ဦးမည်။သို့ အားဖြင့် ဆေးရုံအ၀ယ်တော်သည် ဈေးနှုန်းချိုသာ၍ ဆေးရုံက သတ်မှတ်ထားသော စံချိန် စံညွှန်းနှင့် ကိုက်ညီသော သို့ မဟုတ် ပိုကောင်းသော ရိက္ခာတို့ကို ရောင်းနိုင်သည့် အရောင်းသမားတို့ ကို ရှာဖွေရမည်ဖြစ်သည်။
များ စွာ သော ဈေးကွက်ရှာဖွေရေးသမားတို့သည် သီးခြားဌာနဖွဲ့ကာ အင်စတီကျူးရှင်း ၀ယ်ခြမ်းသူတို့၏ လိုအပ်ချက်နှင့် ၀ိသေသတို့ကို ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ကြသည်။ ဥပမာ…. ဟိန်းဇ် (Heina)သည် ဆေးရုံ၊ ကောလိပ်နှင့် အခြား အင်စတီကျူရှင်းဈေးကွက်တို့အတွက် လိုအပ်မှု တို့ကို ပို၍ ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်ရန် ပစ္စည်းသီးသန့်၊ အထုပ်အပိုးသီးသန့်၊ ဈေးနှုန်းသီးသန့် ဖြစ်သော ဟင်းသီးဟင်းရွက်ဘူးတို့ကို ရောင်းချသည်။
အစိုးရဈေးကွက်များ (Government Markets)
အစိုးရဈေးကွက်သည် ကုမ္ပဏီအကြီးအငယ်အားလုံးအတွက် အခွင့်အလမ်းတွေ ဖြစ်ပေါ်လာ စေသည်။ နိုင်ငံအများ စု၌ အစိုးရအဖွဲ့အစည်းတို့သည် ကုန်စည်နှင့် ၀န်ဆောင်မှု ကို အများ ဆုံးဝယ်ယူ သူများ ဖြစ်ကြသည်။ ယူနိုက်တက်စတိတ် တစ်ခုတည်း၌ ဖက်ဒရယ်နှင့် ဒေသအစိုးရအဖွဲ့အစည်း တို့ တွင် အ၀ယ်ယူနစ်ပေါင်း ၈၂၀၀၀ ကျော်ရှိသည်။ အစိုးရအ၀ယ်နှင့် ဘိစနက်အ၀ယ်တို့သည် များ စွာ ဆင်တူကြသည်။ သို့ ရာတွင် ခြားနားချက်တို့လည်း ရှိသည်။ အစိုးရအဖွဲ့အစည်းများ ကို ကုန်စည်နှင့် ၀န်ဆောင်မှု တင်သွင်းလိုသူတို့သည် ဤခြားနားချက်တို့ကို ရေလည်စွာ သိထားရန်လိုသည်။ အစိုးရ ဈေးကွက်တွင် အောင်မြင်ရန်အလို့ငှာ ရောင်းသူသည် အဆုံးအဖြတ်ပေးသူက ဘယ်သူလဲဆိုသည်ကို ရွေးချယ်တတ်ရမည်။ ၀ယ်သူ၏ အပြုအမူကို ထိခိုက်စေနိုင်သည့် ဖက်တာ(factors)အားလုံးကို သိထားရမည်။ ၀ယ်ခြမ်းမှု အဆုံးအဖြတ်ဖြစ်စဉ်ကိုလည်း နားလည်ရမည်။
အစိုး၇အဖွဲ့အစည်းတို့သည် များ သောအားဖြင့် ဆပ္ပလိုင်ရာတို့အား တင်ဒါခေါ်သည်။ သာမန် အားဖြင့် ဈေးနှုန်းအနည်းဆုံး ပေးသွင်းနိုင်သူကို တင်ဒါချပေးတတ်ကြသည်။ အချို့သောကိစ္စတို့၌ အစိုးရသည် ဆပ္ပလိုင်ရာ၏ သာလွန်ကောင်းမွန်သော အရည်အသွေး၊ ကန်ထရိုက်ကို သတ်မှတ်ထား သောအချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်သည်ဆိုသော ဂုဏ်သတင်းတို့ကို အထူးထည့် သွင်းစဉ်းစားပေးတတ်ကြသည်။ အစိုးရသည် တစ်ခါတစ်ရံ၌ စေ့စပ်ဈေးဆစ်သည့် ကန်ထရိုက်အခြေခံ ဖြင့် ၀ယ်တတ်သည်။ အထူးသဖြင့် အာအင်ဒီ (R&D) စရိတ်(သုတေသနစရိတ်)ကြီးများ အဓိက ပါဝင် သော ရှုပ်ထွေးသည့် ပရိုဂျက်တို့တွင် ဤနည်းကို ပိုပြီး အသုံးပြုသည်။ အန္တရာယ်ကြီးပြီး ယှဉ်ပြိုင်မှု သိပ် မရှိသော ပရိုဂျက်တို့တွင်လည်း ဤလိုစေ့စပ်ယူသော ကန်ထရိုက်နည်းဖြင့် ၀ယ်ခြမ်းတတ်ကြသည်။
အစိုးရတို့သည် နိုင်ငံခြားဆပ္ပလိုင်ရာတို့ထက် ပြည်တွင်းဆပ္ပလိုင်ရာတို့ကို ပိုပြီး ဦးစားပေး သည်။ ဥရောပတွင် စီးပွားရေးလုပ်နေသော နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတို့၏ အဓိကတိုင်တန်းချက်မှာ ဥရောပနိုင်ငံတို့သည် နိုင်ငံခြားမှ ဆပ္ပလိုင်ရာတို့ကို မျက်နှာသာ ပိုပေးကြသည်ဆိုသော အချက် ဖြစ် သည်။ ဥရောပစီးပွားရေးကော်မရှင်သည် ဤဘက်လိုက်မှု ကို တဖြည်းဖြည်းချင်း ပယ်ဖျက်လျက်ရှိ သည်။
စားသုံးသူနှင့် ဘိစနက်ဝယ်ခြမ်းသူများ ကဲ့သို့ ပင် အစိုးရအ၀ယ်တော်တို့သည်လည်း သဘာဝ ပတ်ဝန်းကျင်၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ချင်း ဆက်ဆံမှု ဆိုင်ရာနှင့် အခြားဖက်တာတစ်ခုစီတို့၏ သက် ရောက်မှု တို့ကို ခံကြရသည်။ အစိုးရ၀ယ်ခြမ်းမှု နှင့်ပတ်သက်၍ အထူးခြားဆုံးအချက်မှာ ဤ၀ယ်ခြမ်းမှု ကို ပြင်ပအများ ပြည်သူတို့က သေသေချာချာ ဂရုစိုက်ကြည့်ရှုနေသည်ဆိုသော အချက်ဖြစ်သည်။ ဤသို့ စောင့်ကြည့်နေသူတို့ထဲတွင် ကွန်ဂရက်လွှတ်တော်မှအစ အစိုးရက အခွန်ထမ်းတို့တွင် ငွေတို့ကို မည်သို့ သုံးစွဲသနည်းဆိုသော အချက်ကို စိတ်ဝင်စားကြသည့် ပုဂ္ဂလိကအုပ်စုတို့အဆုံး ပါဝင် ကြကုန်သည်။ အစိုးရ၏ အ၀ယ်သုံးစွဲမှု သည် အများ ပြည်သူတို့၏ စစ်ဆေးခြင်းကို ခံရသည်ဖြစ်၍ အစိုးရအ၀ယ်တော်ဌာနသည် ရုံးသုံးစက္ကူတို့ကို အမြောက်အမြားသုံးစွဲရသည်။ ဆပ္ပလိုင်ရာတို့က လည်း ပုံစံအမျိုးမျိုးဖြည့်၍ စက္ကူတွေ အမြောက်အမြား ဖြုန်းတီးရသည်။ သို့ ဖြင့် စက္ကူပုံစံဖြင့် လုပ်ရ သော အလုပ်တို့သည် လိုအပ်တာထက် များ လွန်းနေပြီး နှောင့်နှေးကြန့်ကြာသည်။ မကြာခဏ ၀န်ထမ်းအပြောင်းအလဲတွေလုပ်သည် စသည်ဖြင့် အတိုင်အတောတွေ ထူခဲ့သည်။ ဤကြိုးနီစနစ်ဖြင့် မည်သည့်ပုဂ္ဂလိကဘိစနက်တို့က အစိုးရနှင့် အလုပ်လုပ်ချင်ပါမည်နည်း။
အစိုးရအများ စုသည် ဆပ္ပလိုင်ရာတို့အား အစိုးရကို ပစ္စည်းရောင်းလျှင် မည်သို့ ရောင်းရမည်ဆို သည့် လမ်းညွှန်မှု အသေးစိတ်ကို ပေးထားသည်။ ဥပမာ….ယူအက်စ် (Small Business) အုပ်ချုပ်ရေး အဖွဲ့က “ယူအက်စ် အစိုးရ၀ယ်ခြမ်းခြင်း၊ အမျိုးအစားသတ်မှတ်ခြင်းနှင့် အရောင်းလမ်းညွှန်” စာအုပ် ငယ်တစ်အုပ်ကို ထုတ်ဝေပေးထားသည်။ ဤလမ်းညွှန်စာအုပ်ထဲတွင် အစိုးရ၀ယ်ယူသော ကုန်ပစ္စည်း အမျိုးအမည် ထောင်ပေါင်းများ စွာ ကို ၀ယ်ယူသည့် အေဂျင်စီများ နှင့် ပူးတွဲ ဖော်ပြပေးထားသည်။ အစိုးရပုံနှိပ်တိုက်ကလည်း (Commerce Business Daily) စာစောင်ကို ထုတ်ဝေသည်။ ဤစာစောင် တွင် အစိုးရက လက်ရှိ ၀ယ်ယူရန်စီမံထားသည့် အ၀ယ်ချပေးလိုက်သည့် ကန်ထရိုက်များ စာရင်းကို ဖော်ပြထားသည်။ ကန်ထရိုက်စာရင်းရလျှင် ဆပ်ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်လိုသူများ အတွက် အတော်အကျိုးရှိသွားပေသည်။ ယူအက်စ် ကူးသန်းရောင်းဝယ်ရေးဌာနကလည်း အမေရိကား ဘိစနက် ဆားဗစ်စင်တာ စာစောင်ကို ထုတ်ဝေရာ ထိုအထဲ၌ အစိုးရပေါ်လစီနှင့် ပရိုဂရမ်အရပ်ရပ်တို့ အား အနက်ဖွင့်ဆိုပုံတို့ကို ဖော်ပြထားသည့်အပြင် ကမ္ဘာတစ်ဝှမ်း၌ စီးပွားရေးလုပ်နိုင်သော အခွင့် အလမ်း အရပ်ရပ်တို့ကိုလည်း အသေးစိတ်ဖော်ပြပေးထားသည်။ စီးပွားရေးမဂ္ဂဇင်းမျိုးစုံနှင့် အသင်းအဖွဲ့တို့ကလည်း ဆေးရုံများ ၊ ကျောင်းများ ၊ အဝေးပြေးလမ်းဌာနနှင့် အခြားအစိုးရဌာနများ သို့ ချဉ်းကပ်ရောက်ရှိနိုင်ပုံတို့နှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပေးထားတတ်ကြသည်။ ယခု အခါ အင်တာနက်များ တပ်ဆင်ထားကြပြီဖြစ်လေရာ လတ်လတ်ဆတ်ဆတ် သတင်းအချက်အလက် တို့ကို အချိန်မရွေးပေးနေကြပြီ။
သို့ တိုင်အောင် ဆပ္ပလိုင်ရာတို့သည် စနစ်တို့ကို သည်ထက်ပိုနားလည်အောင်လုပ်ပြီး ကြိုးနီ စနစ်ကို မည်သို့ ဖြတ်သန်းသွားလာရမည်ကို သိအောင်လုပ်ရဦးမည်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ကြိုးနီသည် အလွန်ရှည်လျား၍ ရှုပ်ထွေးလေရာ များ စွာ သော အေဂျင်စီတို့က ကန်ထရိုက်ဆွဲနည်းလုပ် ထုံးနှင့် အခြားအ၀ယ်အခြမ်း လုပ်ထုံးတို့ကို ပို၍ လွယ်ကူအောင် ပြင်ဆင်နေကြပါပြီ။ အထူးသဖြင့် အရောင်းသမားအငယ်များ ပိုလို့လိုက်နာဆောင်ရွက်နိုင်အောင် စီစဉ်နေကြပြီး စက္ကူအလုပ်တွေ လျော့ ပါးသွားစေရန် ဖြစ်သည်။
စီးပွားရေးမဟုတ်သော စံချိန် (non-economic criteria)တို့သည် အစိုးရ၏ ၀ယ်ခြမ်းမှု တွင် ကဏ္ဍအကြီးကြီးမှ ပါဝင်ပတ်သက်လာနေပြီ။ အစိုးရအ၀ယ်တော်တို့အား အရှုံးပေါ် အရေးနိမ့်နေသော ကုမ္ပဏီတို့ကို ပို၍ မျက်နှာသာပေးရန်၊ ပို၍ ဆင်းရဲသော နေရာဒေသကို ပိုပြီး ဂရုစိုက်စဉ်းစားရန်၊ ဘိစနက်ငယ်၊ လူနည်းစုပိုင်လုပ်ငန်း၊ အသက်အရွယ်၊ လိင်၊ လူမျိုးမရွေးသော ကုမ္ပဏီတို့ကို ပို၍ မျက်နှာသာပေးရန်တို့ကို စဉ်းစားလာကြသည်။ ရောင်းသူတို့သည် ဤဖက်တာတို့ကို သိထားရန်လို သည်။
အစိုးရကို ပစ္စည်းတင်သွင်းရောင်းချသော ကုမ္ပဏီအများ အပြားတို့သည် ဈေးကွက်ရှာဖွေထူ ထောင်သော ဦးတည်ချက်(marketing oriented) မရှိကြပေ။ ဤသို့ မရှိရသည့် အကြောင်းတွေ များ စွာ ရှိပါသည်။ ပထမအချက်မှာ အစိုးရ၏ စုစုပေါင်း အသုံးစရိတ်ကို ရွေးကောက်တင်မြှောက်ခံရ သော အရာရှိတို့ကသာ စီရင်ပြဋ္ဌာန်းခြင်းဖြစ်၍ ဈေးကွက်ဖွံ့ဖြိုးရန်အတွက်ဆိုသော ကြိုးပမ်းမှု က စီရင် ပြဋ္ဌာန်းခြင်းမဟုတ်ဆိုသော အချက်ဖြစ်သည်။ ဒုတိယအားဖြင့် အစိုးရ၏ ၀ယ်ခြမ်းမှု သည် ဈေးနှုန်း အပေါ် အဓိက မှီငြမ်းထားသည်ဖြစ်လေရာ အစိုးရကို ပစ္စည်းတင်သွင်းသော ဆပ္ပလိုင်ရာတို့အဖို့ စရိတ် သက်သာစေသည့် တက္ကနိုလိုဂျီတို့တွင် ရင်းနှီးမြှုပ်နှံရေးသည် ဦးစားပေးမှု ဖြစ်နေသည်။ တတိယ အချက်အားဖြင့် ကုန်ပစ္စည်း၏ အမျိုးအစားကို သေသေချာချာ ပိုင်းဖြတ်ပေးထားသောအခါ ကုန်စည် ခြားနားမှု (product differentiation) သည် ဈေးကွက်ထူထောင်ရေးပြဿနာ မဟုတ်တော့ပေ။ တင်ဒါအောင်မြင်ရေးသာ အဓိကဖြစ်လာသည်။ ကြော်ငြာမလိုပေ။ ကိုယ်ရေးအလိုက် ရောင်းချမှု တို့ရှိ ရန် မလိုပေ။ များ စွာ သော ကုမ္ပဏီတို့သည် အစိုးရဈေးကွက်တွင် ရောင်းချရေးနှင့် ပတ်သက်၍ သီးခြား ဌာနများ ဖွင့်ထားကြသည်။ ရော့ဝဲလ်(Rockwell)၊ ကိုဒတ်(Kodak) နှင့် ဂွတ်ရီးယား (Good Year) တို့ သည် နမူနာပင် ဖြစ်ကြသည်။ ဤကုမ္ပဏီတို့သည် အစိုးရ၏ လိုအပ်ချက်နှင့်ပရိုဂျက်တို့ကို သိရှိကြလေ ရာ ကုန်ပစ္စည်းအမျိုးအစား ခွဲခြားသတ်မှတ်မှု ၏ ပထမပိုင်းတွင် ပါဝင်ပတ်သက်ကြသည်။ ဘယ်သူတွေ တင်ဒါဝင်ပြိုင်မလဲဟု စုံစမ်းထောက်လှမ်းကြသည်။ မိမိကုမ္ပဏီတို့၏ ကျော်ကြားမှု ဂုဏ်ကို မြှင့်တင်ရန် ကြိုးပမ်းသည်။ အချို့ကုမ္ပဏီတို့သည် ဖောက်သည်ကြိုက်ဈေးကွက်ထူထောင်မှု ပရိုဂရမ်တို့ကို ပြည်နယ်နှင့် ဒေသအစိုးရ အ၀ယ်တော်တို့အတွက် ချမှတ်ကြသည်။ ဥပမာ….ဒဲလ်(Dell) ကွန်ပျူတာ ကုမ္ပဏီသည် ဖက်ဒရယ်လ်၊ ပြည်နယ်နှင့်ဒေသအစိုးရ အ၀ယ်တော်တို့၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရန် သီးခြားဘိစနက်ယူနစ်များ ဖွဲ့စည်းပေးထားသည်။ ဒဲလ်သည် ဖောက်သည်သုံး ၀က်ဘ်စာမျက် နှာကို ဖွင့်ထားကာ အထူးဈေးနှုန်း၊ အွန်လိုင်းမှ ၀ယ်ယူခြင်း၊ ၀န်ဆောင်မှု နှင့် အထောက်အကူပြုလုပ် ငန်းတို့ကို ဖက်ဒရယ်လ်၊ ပြည်နယ်၊ ဒေသအစိုးရတို့အတွက် စီမံထားပုံတို့ကို သတင်းပို့ပေးသည်။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း၌ အစိုးရ၏ ၀ယ်ခြမ်းမှု အချို့သည် အွန်လိုင်းပေါ် တက်ကုန် သည်။ ဥပမာ….(Commerce Business Daily) သည် အွန်လိုင်းမှ ဖြန့်ချိလာသည်။ အစိုးရ၏ အ၀ယ် အခြမ်းအတော်များများ ကို တာဝန်ယူလုပ်ဆောင်ပေးနေသည့် အစိုးရအေဂျင်စီတစ်ခုကဆိုလျှင် ကမ္ဘာ လုံးဆိုင်ရာ ၀က်ဘ်ဆိုက် ကတ်တလောက်ကိုပင် ဖြန့်ချိနေသည်။ အမေရိကန်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကလည်း ၀က်ဘ်ဆိုက် ဖွင့်ပေးထားသည်။ အင်တာနက်မှ ကတ်တလောက်ဖြန့်ချိမှု ကြောင့် ဆေးနှင့် ဆေးပစ္စည်းမှအစ အခြားရုံးသုံးပစ္စည်းနှင့် အ၀တ်အထည်များ အဆုံး အွန်လိုင်းဖြင့် ၀ယ်ယူ လာကြသည်။ ၀က်ဘ်ဆိုက်တို့သည် ပစ္စည်းဝယ်ခြမ်းရုံမျှသာမက ၀ယ်ယူသူနှင့် ကန်ထရိုက်ဆပ္ပလိုင် ရာ တို့ကိုပါနီးစပ်စွာ ဆက်သွယ်ချိတ်ဆက်မိစေရန် ပြုလုပ်ပေးလာသည်။ ဤကဲ့သို့ သော အင်တာနက် စနစ်သည် အစိုးရ ၀ယ်ခြမ်းမှု ကိစ္စတို့၌ တွေ့ကြုံရသော အဖုအထစ် အတော်များများ ကို ပယ်ဖျက်ပေး လိုက်နိုင်ပါသည်။
![]() ကမ္ဘာ့ပင့်ကူအိမ် | ![]() ရှေးဟောင်းပုံပြင်နှင့် ပို့စ်မော်ဒန် | ![]() စီးပွားရေးအဘိဓာန် |