Cover

မာတိကာ

မာတိကာ

၁။   ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း သက်သေထူ့  (မြန်မာ့အလင်းသန်းညွန့်)

၂။   လေးဌာနဘုရားဖူးထွက်ခြင်း

၁၁

၃။   ဘုရားဖူးဘောဂဗေဒ

၁၉

၎။   ကိုလ်ကတ္တား ၀ိရောဓိပုံရိပ်

၂၅

၅။   ဂင်္ဂါမှ သံလွင်သို့

၂၉

၆။   ပုံပြင်နှင့် မက်ဆေ့ခ်ျ

၃၃

၇။   ဖွား - သိ - ဟော - စံ ခရီး

၃၇

၈။   နန္ဒိယနှင့် အိုင်စတိုင်း

၄၃

၉။   မဇ္ဈိမဟစ်များ သဘာဝနှင့် ဓမ္မ

၄၉

၁၀။   မွေးညှပ် တစ်နှင့် နှစ်

၅၅

၁၁။   ရာဇဂြိုဟ်အခြေအတင် အောက်စဖို့အဘိဓာန် ခေတ်မီသလား

၆၁

၁၂။    တောင်ငါးလုံးကြား

၆၇

၁၃။    ချာကရာဘာတီ

၇၃

၁၄။   ဘင်္ဂါလီ ဒေဝေါကြီးနှင့် ဦးနှောက်ချင်း

၇၉

၁၅။   ဓမ္မပင်ရင်း ဇာစ်မြစ်များ

၈၃

၁၆။   အိုင်စတိုင်း၏ ဗုဒ္ဓ၀ါဒအပေါ်အမြင်

၈၉

၁၇။   အနာဂတ်ဘာသာရေး အကြောင်း (အိုင်စတိုင်းအမြင်)

၉၃

၁၈။   ဗုဒ္ဓ၀ါဒနှင့် လူသားပဓာန၀ါဒ

၉၇

၁၉။   ဓမ္မတရား၊ ဒဿနနှင့် ဘာသာဗေဒအမြင်

၁၀၃

၂၀။   မိဂဒါဝုန်မှ ဓမ္မအမြင်သစ်များ

၁၀၉

၂၁။    ဗုဒ္ဓ၀ါဒ၊ သိပ္ပံပညာနှင့် ကမ္မဋ္ဌာန်း

၁၁၃

၂၂။   နီပေါကို စီအီးအိုလိုကိုင်လို့ ရပါ့မလား ဟိမ၀န္တာပထ၀ီနိုင်ငံရေး

၁၁၉

၂၃။   အိပ်မက်ရဲရဲ ကော်ဇောနီ မိုင် ၂၀၀ လုံခြုံရေး

၁၂၃

၂၄။    ကမ္ဘာ့အရေး ကို ကြုံခိုက်၊ အိန္ဒိယမှန်ပြောင်းဖြင့် ကြည့်ခြင်း

၁၂၉

၂၅။   ငြိမ်းချမ်းရေး အတွက် ဘာသာရေး ကဘာများ စွမ်းဆောင်ပေးနိုင်စွမ်းရှိသလဲ

၁၃၃

(၁)

ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း သက်သေထူ

ဗုဒ္ဓဂါယာအပြန် ဘုရားအနေကဇာတင်၍

ကျွေးမွေးလှူ

“ဟိုဓာတ်ပုံက ကျွန်တော် ငယ်ငယ်က မိဘနဲ့အတူ အဘိုးကို သွားကန်တော့ခဲ့တော့ အဘိုးက သင်္ကန်းစီးရှင်ပြုပေးလိုက် တာပါ”

ခေါင်းရင်းနံရံတွင် ရိုသေစွာ ချိတ်ထားသော ဓာတ်ပုံကိုညွှန်၍ သူဗုဒ္ဓဘာသာဝင် ဖြစ် ကြောင်း သက်သေထူလိုက်သည်။

နံရံရှေ့၌ ကပ်၍ ခင်းထားသော စားပွဲပေါ်တွင် ဗုဒ္ဓဂယာ သံဝေဇနိယ လေးဌာနမှ ပင့်ဆောင်လာသော ဗုဒ္ဓဆင်းတုတော် နှင့် သာသနပစ္စည်းတို့ကို ပူဇော်ထားသည်။ အနေကဇာတင် ဆွမ်းကျွေးမင်္ဂလာပြုလုပ်ပြီး မိတ်သင်္ဂဟများ ကို အုန်းနို့်ခေါက်ဆွဲ ကျွေးမွေးဧည့်ခံသည်။

၆၊ ၃၊ ၂၀၀၅ ရက်၊ တနင်္ဂနွေနေ့နံနက်က အနေကဇာတင်ပွဲ ပြုလုပ်၍ ကန်တော် ကလေး၊ မန္တလေးလမ်းရှိ သူ့အိမ်တိုက်ခန်း၌ ဧည့်ပရိသတ်စုံလှသည်။ သူက ဘ၀စုံခဲ့၍ မိတ်သင်္ဂဟပေါများ သည်။ ဒုတိယကမ္ဘာ့စစ်ကြီးအတွင်း ဖက်ဆစ်ဂျပန်ခေတ် ဗမာ့တပ်မတော် မင်္ဂလာဒုံစစ်တက္ကသိုလ် ယေနင်း လေးနှစ် သင်တန်းတွင် လေတပ်သင်တန်းတက်ခဲ့သည်။ စစ်ပြီးခေတ်၌ လက်ဝဲနိုင်ငံရေး သံသရာထဲလည်ခဲ့သည်။ လွတ်လပ်ရေး ခေတ် ပြည်တွင်းစစ်တွင် လက်ဝဲသင်တန်းဆရာ ဖြစ်ခဲ့ရာမှ အပြုတ်တိုက်ရေး လမ်းစဉ် မ ဖြစ်နိုင်သဖြင့် လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်၍ ပြည်တွင်း ငြိမ်းချမ်းရေး လမ်းစဉ်ကို ပထမဆုံးတင်ပြခဲ့သည်။ ၁၉၅၆-၅၇ ခုနှစ် ကာလက ဖြစ်သည်။ ထိုငြိမ်း ချမ်းရေး လမ်းစဉ်ကို သူကိုယ်တိုင် ဖဆပလအစိုးရထံ တင်ပြရန် တောထဲမှ ရန်ကုန်သို့ တိတ်တဆိတ်လာ၍ ဖဆပလအစိုးရအာဏာပိုင် တို့နှင့် အကျေအလည်ဆွေးနွေးသည်။

တစ်နှစ် အတွင်း ငြိမ်းချမ်းရေး ရမည် ဟု ကြွေကြော်၍ ပြည်တွင်းငြိမ်းချမ်းရေး ကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသော ဖဆပလအဖွဲ့ချုပ်ကလည်း နှစ် ခြိုက်၍ ဖဆပလ အစိုးရသည် လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်၍ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်ကို ကျပ်ငွေကုဋေချီ၍ သုံးစွဲကာ အကောင်အထည်ဖော်လိုက်သည်။

(သူ) သည် အလင်းရောက်၍ ဦးချမ်းအေးအ ဖြစ် ရန်ကုန်မြို့ပေါ်တွင် အထင်အရှား ငြိမ်းချမ်းရေး သမား ဖြစ်လာတော့သည်။ ပုဂ္ဂလိကပိုင် မြန်မာ့အလင်းသတင်းစာတွင် ကျွန်တော် နှင့် အတူ နိုင်ငံရေး သတင်းလိုက်၍ နိုင်ငံရေး အထူးသတင်းထောက်နှင့် နိုင်ငံရေး ဆောင်းပါရှင် ဖြစ်လာလေသည်။ ရန်ကုန်တက္ကသိုလ်သို့ ဆက်တက်ပြီးသည်သာမက ဥပဒေသင်တန်းတက်ရောက်ဆည်းပူးပြီး ဥပဒေပညာရှင်ပါ ဖြစ်သွားသေးသည်။

တော် လှန်ရေး ကောင်စီတက်စတွင် ဘောဂဗေဒပညာရှင် အ ဖြစ် တော် လှန်ရေး ကောင်းစီအစိုးရ၀န်ထမ်း လုပ်လိုက်သေးသည်။ မကြာလိုက်ပါ။ ဥပေဒေပညာရှင်အ ဖြစ် တရားရုံး၌ ရှေ့နေအ ဖြစ်အ

Cover
Cover
Cover
Cover
Cover
Cover
Cover
Cover
သက်မွေးရင်း ပုဂ္ဂလိကပိုင်စာနယ်ဇင်းများ တွင် ဘောဂဗေဒဆောင်းပါးများ ရေး သားနေလေသည်။

ဘ၀ထိုထို ကျင်လည်ခဲ့ပြီး ယခုအခါ အသက် ၇၀ ကျော်၊ ၈၀ နီးပါးတွင် စာနယ်ဇင်းဆရာ ဆောင်းပါးရှင် မောင်စူးစမ်းအ ဖြစ် အခြေချနေတော့သည်။

မောင်စူးစမ်း - ဒေါ်ချစ်ခင် ဇနီးမောင်နှံသည် မကြာမီက ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာန သို့ ဘုရားဖူးရောက်သွား၍ ဘုရားဖူးခရီးစဉ်ဆောင်းပါးကို စာဖတ်သူဂျာနယ်ထဲ၌ ဖတ်လိုက်ရသဖြင့် ၀မ်းသာမီတိ ဖြစ်မိ၍ သာဓုခေါ်မိသည်။

ဆောင်းပါးတွင် ဘာသာတိုင်း၌ ဘုရားပွင့်ရာဌာနတိုင်းသို့ ဘုရားဖူးခွင့်ရလျှင် ကုသိုလ်ကံအလွန်ထူးသည်ဟု မှတ်ယူကြသည်။ ထိုသို့ ကုသိုလ်ကံအလွန်ထူးမှု ကို ဘောဂဗေဒ ပညာရှင် မောင်စူးစမ်းက သင်္ချာညီမျှခြင်းနှင့် ပြဆို၍ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်)၊ မန်းနီး (ငွေအသပြာ) နှင့် ကျန်းမာရေး တို့ ဖြစ်ကြောင်း ကုသိုလ်ကံထူးမှု အကြောင်းရင်းများ ဖော်ပြထားသည်ကို သဘောကျမိပါသည်။

မှန်ပါသည်။ ထိုသို့ ကုသိုလ်ကံထူးမှု အကြောင်းရင်းများ ပြည့်စုံမှ ဗုဒ္ဓဂယာသို့ ရောက်နိုင်သည်မှာ သံဝေဂရစရာပင်။

ထို့ကြောင့် ကုသိုလ်ကံထူးမှု အကြောင်းရင်းများ အပြည့်စုံသေး၍ ဗုဒ္ဓဂယာသို့ ဘုရားဖူး မရောက်နိုင်သေးသော ကျွန်တော် တို့က မောင်စူးစမ်းတို့ ဇနီးမောင်နှံ ကုသိုလ်ကံထူး၍ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်ပြီး ပင့်ဆောင်လာသော ဗုဒ္ဓဆင်းတုတော် နှင့် သာသနပစ္စည်းများ ပူဇော်၍ အနေကဇာတင်ခြင်းကို ၀မ်းမြောက်ဝမ်းသာ အင်တိုက်အားတိုက် သွားရောက်၍ သာဓု အနုမောဒနာပြုကြရလေသည်။

ဆိုခဲ့သည့်အတိုင်း ဘ၀စုံခဲ့သော ဦးချမ်းအေး (မောင်စူးစမ်း)သည် မိတ်သင်္ဂဟလည်းစုံလှ သည်။ အနေကဇာတင်ဆွမ်းကျွေးပွဲ၌ မိတ်သင်္ဂဟစုံ၍ ရင်းရင်းနှီးနှီး စကားဆိုကြသည်။ ၀မ်းမြောက် ၀မ်းသာ သာဓုအနုမောဒနာ စကားများ ဖြစ်ပါသည်။

တစ်ချိန်က လက်ဝဲဆရာကြီး ဖြစ်၍ ဘာသာရေး ဘက်၌ အာရုံနည်းပါးမည် ဟုထင်ကြသည်။ အထင်နှင့် အမြင် ကွာပါသည်။ ဦးချမ်းအေး (မောင်စူးစမ်း)က ဘာသာရေး ဘက်၌ အာရုံထားသည်ကိုလည်း လက်တွေ့ ပြလိုသည်။

တစ်နည်းဆိုရသော် ဂေါတမဗုဒ္ဓ ဖွားမြင်တော် မူရာ၊ သဗ္ဗညုတရွှေဉာဏ်တော် ရရှိရာ၊ ပဉ္စ၀ဂ္ဂီငါးဦးအား တရားဦးဟောရာ၊ ပရိနိဗ္ဗာန် စံတော် မူရာ၊ (ဖွား - သိ - ဟော - စံ) သံဝေဇနိယ လေးဌာနရှိရာ ဗုဒ္ဓဂယာသို့ ဘုရားဖူးရောက်ရှိအောင် ကုသိုလ်ကံထူးမှု အကြောင်းရင်းများ ပြည့်စုံဖို့ အမျိုးမျိုးကြိုးစားခဲ့ရကြောင်း ဆောင်းပါးရေး သား၍ ဓာတ်ပုံများ နှင့် တွကွ တင်ပြခဲ့ပြီး ဘုရားအနေကဇာတင်ပွဲ ဖိတ်ကြား၍ သူ ဗုဒ္ဓဘာသာ ဖြစ်ကြောင်း မိတ်သင်္ဂဟအပေါင်းအား သိကြားစေ သက်သေညွှန်းဆိုလိုက်ခြင်းလည်း ဖြစ်လေသည်။

သာဓု၊ သာဓု၊ သာဓု့  ဧည့်ပရိသတ်အပေါင်း အနုမောဒနာပြု။

မြန်မာ့အလင်းသန်းညွန့်

(စာဖတ်သူဂျာနယ်မှ့)

(၂)

လေးဌာန ဘုရားဖူးထွက်ခြင်း

ကုသိုလ်ကံ၏ ခေတ်ညီမျှခြင်း

သံဝေဇနိယ ဘုရားဖူးအမှတ်စဉ် ၂၅ အဖွဲ့သည် အဲယားအင်ဒီးယားလေယာဉ်ပျံပေါ် ရောက်သော အခါမှ ဘန်ကောက်သို့ဆင်းမည့်  အကြောင်း သိရသည်။ ဘန်ကောက်လေဆိပ်တွင် တစ်နာရီကျော်လောက် လေယာဉ်ပျံပေါ်၌ သာ ရှိနေရပြီးနောက် ကာလကတ္တားသို့ ပျံသန်းခဲ့ရာ ဒေသစံတော် ချိန် ခြောက်နာရီလောက်တွင် ရောက်သည်။ မြန်မာစံတော် ချိန်နှင့် ပြောလျှင် ခုနစ်နာရီရောက်သည်။ စံတော် ချိန် နှစ် ခုက တစ်နာရီခြားနားသည်။

သံဝေဇနိယ ဘုရားဖူးကို ယခင်က ဗုဒ္ဓဂယာခရီးစဉ်ဟုခေါ်၍ သာဝတ္ထိ မြန်မာဘုန်းကြီး ကျောင်းတွင် ဖွား - သိ - ဟော - စံ ခရီဟု အတိုကောက် ရေး ထားသည်။ မြတ်စွာ ဘုရား ဖွားမြင်သော နေရာ၊ ဘုရားအ ဖြစ် သဗ္ဗညုတရွှေဉာဏ်တော် ရရှိသည့်နေရာ၊ တရားဦးဟောရာ နေရာနှင့် ပရိနိဗ္ဗာန်စံတော် မူရာ နေရာတို့ကို ရည်ညွှန်းသည်။ အဓိကနေရာအားဖြင့် ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ လုမ္ဗနီနှင့် ကုသိနာရုံတို့ ဖြစ်ကြသည်။

ဘာသာတိုင်း၌ ဘုရားပွင့်ရာဌာနသို့ ဘုရားဖူးထွက်ရခြင်းသည် ကုသိုလ်ကံထူး၍ ဖြစ်သည်ဟု ယူဆကြသည်။ ဤတရားသဘောနှင့် ရှုသော ကုသိုလ်ကံကို နာလန္ဒာ၌ အမ်အေပီအိပ်ခ်ျဒီဘွဲ့ တို့အတွက် စာပေသင်ကြားနေသော ရဟန်းကျောင်းသားတို့က ခေတ်သင်္ချာညီမျှခြင်းပြုထားသည်။

ထူးသော ကုသိုလ်ကံ= ပတ်စပို့ + ဗီဇာ + မန်းနီး(အသပြာ) + ကျန်းမာရေး တို့ ဟူ၍ ဖြစ်သည်။

စာရေး သူတို့ ဘုရားဖူးအဖွဲ့တွင် ၃၃ ဦးပါဝင်သည်။ အစုလိုက်ဓာတ်ပုံကိုကြည့်ပါ။ (ယူပီပြည်နယ်၊ သာဝတ္ထိ၊ ဇေတ၀န်ကျောင်းတော် မြတ်စွာ ဘုရားရှင် ဂန္ဓာကုဋီတိုက်အနီးတွင် ရိုက်ထားသော ပုံ ဖြစ်သည်။ ဘုရားဖူးအဖွဲ့တွင် ဓာတ်ပုံဆရာပါလာသဖြင့် အတော် အဆင်ပြေသည်။ သူ့ထံမှ တစ်ပုံ ရူပီ ၂၀ ဖြင့် ရွေးရသည်။

၈၁၄ မိုင်၊ ၈၅ နေရာ

စာရေး သူတို့ ဘုရားဖူးအဖွဲ့သည် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဗီဟာပြည်နယ်၊ ဥတာပရာဒက်နှင့် နီပေါနိုင်ငံများ သို့ အဝေးပြေး မှန်လုံမော်တော် ယာဉ်ကြီးဖြင့် ၁၄ ရက် ခန့် ဆန့်ခဲ့ရသည်။ မိုင်ပေါင်း ၈၁၄ မိုင်ခရီ ဖြစ်သည်။ ခရီးမြေပုံကို ကြည့်ပါ။

ခရီးစဉ်တစ်လျှောက်တွင် ခရီးစဉ်မြို့၊ ညအိပ်ဘုရားဖူးရန်နှင့် ဘုရားဖူးရန်တို့ ဟူ၍ သုံးမျိုး ခွဲခြားထားပြီး ဘုရားဖူးရာဌာန တိုင်း၌ ဘုရားဖူးတို့အား ဒေသကျောင်းထိုင်ဆရာတော် နှင့် ခရီးလမ်းညွှန်တို့က ရှင်းပြသည်။ ကာလကတ္တားတွင် ခြောက်နေရာ၊ ပတ္တနားမြို့တွင် ငါးနေရာ၊ နာလန္ဒာတွင် လေးနေရာ၊ ရာဇဂြိုဟ်တွင် တစ်ဆယ့်နှစ် နေရာ၊ ဗုဒ္ဓဂယာတွင် ခုနစ်နေရာ၊ မဂဒါဝုန်တော (ဗာရာဏသီမြို့)၊ သာဝတ္ထမြို့တွင် တစ်ဆယ့်နှစ် နေရာ၊ လုမ္ဗနီ (နီပေါနိုင်ငံ) တွင် ငါးနေရာတို့တွင် ရှင်းပြသည်။ ကပ္ပိလ၀တ်သည် နီပေါနိုင်ငံအတွင်းပိုင်းထဲရှိပြီး နိုင်ငံရေး အခြေအနေ မတည်ငြိမ်သဖြင့် မရောက်ခဲ့ရပေ။ အစီအစဉ်စာရွက်ပေါ်မှာ ဖော်ပြထားသည့် ဌာနဆယ်နေရာ၊ စုစုပေါင်း ၈၅ နေရာ ဖူးမြော်ရသည်။

မြန်မာဘုရားဖူးအဖွဲ့သည် ဒီအဖွဲ့က၀င်လိုက်၊ ဟိုအဖွဲ့က ထွက်လိုက်နှင့် ရှုပ်ယှက်ခတ်နေခြင်းကို ထောက်ချင့်၍ ဘုရားဖူးခရီးသွားလုပ်ငန်း စန်းပွင့်နေခြင်း pilgrimage boom ကို ဂရုပြုလိုက်မိသည်။ စာရေး သူသည် ‘လက်ဇပ်ကားနှင့် သံလွင်ပင်’ ဆို သော စာအုပ်ကို ဘာသာပြန်ခဲ့သည်။ အရှေ့အလယ်ပိုင်းမှ ရှေးဟောင်းအစဉ်အလာနှင့် ခေတ်မီမှု ကို ယှဉ်တွဲ လေ့လာသော စာအုပ် ဖြစ်သည်။ ယခု စာရေး သူ၏ ဘုရားဖူး ခရီးစဉ်ကို ‘ဗောဓိညောင်ပင်ခရီ’ ဟု အမည် ပေးချင်သည်။

ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်

ကာလကတ္တားမြို့

၁။  ကာလကတ္တားမြို့ - ဒန်ဒန်လေဆိပ်နှင့် ဟိုတယ်

၂။   နှစ် ပေါင် ၂၄၀ ကျော် ညောင်ပင်ကြီး

၃။   ၀ိတိုရိယဘုရင်မပြတိုက်

၎။   ကာလကတ္တားရှေးဟောင်းပြတိုက်

၅။   ကာလကတ္တားဈေးသစ်ကြီး

၆။   ကာလကတ္တား မြန်မာကျောင်း

ပါဋလိပုတ်ခေါ်ပတ္တနားမြို့

၁။   ပတ္တနားမြန်မာကျောင်း

၂။   တတိယ သင်္ဂါယနာတင်ရာ အသော ကရုံကျောင်းတော်

၃။   သီရိဓမ္မာသော ကမင်းကြီး၏ ကျောက်စာတိုင်

၎။   သီရိဓမ္မာသော ကမင်းကြီး၏ ရေတွင်း

၅။   ပတ္တနားလေဆိပ်

နာလန္ဒာ

၁။   ရှင်သာရိပုတ္တရာ မွေးဖွားရာ၊ ပရိနိဗ္ဗာန်ပြုရာ အထိမ်းအမှတ် စေတီ

၂။   ကမ္ဘာကျော် နာလန္ဒာ တက္ကသိုလ်ဟောင်းကြီး၏ နေရာ

၃။   နာလန္ဒာ တက္ကသိုလ်သစ်

၎။   နာလန္ဒာ တရုတ်ကျောင်း

ရာဇဂြိုဟ်မြို့

၁။   တောင်ငါးလုံးကာခို ရာဇဂြိုဟ်မြို့

   (က)  ဝေဘာရတောင်

    (ခ)  ဝေပုလ္လတောင်

   (ဂ)  ဂိဇ္ဈကုဋ်တောင်

    (ဃ)  ပဏ္ဍ၀တောင်

    (င)  ဣသိဝိလိတောင်

၂။   ဂိဇ္ဈကုဋ်တောင်ပေါ်ရှိ မြတ်စွာ ဘုရား သီတင်းသုံးတော် မူရာ ကျောင်းတော်

၃။   စက်လှေကားဖြင့် တက်ရသော ဂိဇ္ဈကုဋ်တောင်ပေါ်ရှိ သာသနာ ၂၅၀၀ ပြည့်၌ ဂျပန်နိုင်ငံမှ တည်ထားသော ၀ိသျှန္တီစေတီ

၎။   ဆေးဆရာဇီဝက၏ သရက်ဥယျာဉ်ကျောင်း

၅။ ဗိမ္ဗိသာရမင်းကြီး၏ အကျဉ်းထောင်

၆။   ဗိမ္ဗိသာရမင်းကြီး၏ ဘဏ္ဍာတိုက်

၇။   အဇာတသတ်မင်းကြီး၏ ဓာတ်တော် တိုက်

၈။   ရှေးဟောင်းလှည်းဘီးရာကြီး

၉။   ဝေဘာရတောင်ပေါ်ရှိ ရှင်မဟာကဿပသီတင်းသုံးရာ ၀ိပ္ပလိလိုဏ်ဂူတော် ကြီးနှင့် ပထမ သင်္ဂါယနာတင်ရာနေရာ

၁၀။   မြတ်စွာ ဘုရားသီတင်းသုံးရာ ဝေဠုဝန်ကျောင်းတိုက်

၁၁။   အဇာတသတ်မင်းကြီး၏ နန်းဦးစေတီနှင့် နန်းတော် သစ်

၁၂။   ရာဇဂြိုဟ် မြန်မာကျောင်း

ဗုဒ္ဓဂယာ

၁။   မဟာဗောဓိစေတီတော် ကြီး

၂။   ဗောဓိပင်နှင့် ရွှေပလ္လင်နေရာ

   သတ္တဌာန ခုနစ်ခု

    (၁)  ပလ္လင်္က သတ္တဟ၊ ခုနှစ် ရက် ဈာန်ဝင်စားသည်

    (၂)  အနိမိသ သတ္တာဟ၊ ခုနစ်ရက်။ မမှိတ်သော မျက်စိဖြင့် ပလ္လင်ကိုကြည့်ခြင်း။

    (၃)  စင်္ကမ သတ္တာဟ၊ ခုနစ်ရက်။ ကောင်းကင်၌ ရတနာစင်္ကြကြွခြင်း။

    (၄)  ရတနာဃရ သတ္တာဟ၊ ခုနစ်ရက်။ ပဋ္ဌာန်းတရားဆင်ခြင်တော် မူခြင်း။

    (၅)  အဇပါလ သတ္တာဟ၊ ခုနစ်ရက်။ ဈာန်ဝင်စားခြင်း။

   (၆) မုစလိန္ဒ သတ္တာဟ၊ ခုနစ်ရက်။ ဈာန်ဝင်စားခြင်း။

    (၇)  ရာဇယတန သတ္တာဟ၊ ခုနစ်ရက်။ ဈာန်ဝင်စားခြင်း။ (စုစုပေါင်း ၄၉ ရက်)

၃။   ဘုရားအလောင်းတော် ၆ နှစ် ဒုက္ကစရိယာကျင့်ရာတောင်နှင့် ဥရုဝေလတော

၎။   သေနာနိဂုံးရွာရှိ သုဇာတာသူဌေးသမီး၏ အိမ်နေရာ

၅။   သုဇာတာသူဌေးသမီး၏ တစ်သိန်းတန်ရွှေခွက်နှင့် ဃနာနို့်ဆွမ်း ကပ်လှူရာနေရာ

၆။   ဘုရားလောင်းအဓိဋ္ဌာန်၍ ရွှေခွက်မျှောရာနေရာနှင့် နေရဉ္ဇရာမြစ်

၇။ မင်းတုန်းမင်းကြီး၏ ဇရပ်နှင့် ကျောက်စာ

မိဂဒါဝုန်တော (ဗာရာဏသီမြို့)

၁။   ပဉ္စ၀ဂ္ဂငါးဦး၏ မြတ်စွာ ဘုရားအား ခရီးဦးကြိုပြုရာ ချောက်ခန္တီစေတီ

၂။   ဓမ္မစကြာတရားဦးဟောရာ ဓမ္မရာဇိတစေတီ

၃။   အနတ္တလက္ခဏသုတ်ဟောရာ ဓမ္မေခစေတီ

၎။   မသေခင် နတ်ပြည်၌ ဘုံဗိမာန်ရှိသော နန္ဒိယသူဌေး၏ ကျောင်းတော် ရာ

၅။   သီရိဓမ္မာသော ကမင်းကြီး၏ ကျောက်စာတိုင်

၆။   ယသသတို့သားအား တရားဟောရာ ပလ္လင်(ကထိန်စတင်ရာ)

၇။   ဘိက္ခု၊ ဘိက္ခုနီ၊ ကျောင်းတော် ရာများ

၈။   မူလဂန္ဓကုဋီတိုက်

၉။   မြန်မာနိုင်ငံမှ လှူဒါန်းထားသော ဓမ္မစကြာတရားဟောတော် မူပုံ ဆင်းတုတော်

၁၀။   မိဂဒါဝုန်မြန်မာကျောင်း

သာဝတ္ထိမြို့

၁။   မြတ်စွာ ဘုရား ခုနစ်ဝါမြောက် တန်ခိုးပြပြီး တာဝတိံသာနတ်ပြည်ရှိ မယ်တော် မိနတ်သားအား အဘိဓမ္မာတရားဟောရန် ကြွသွားသော သရက်ဖြူကုန်း

၂။   သာဝတ္ထိမြန်မာကျောင်း

၃။   ကောသလမင်းကြီးနှင့် မလ္လိကာမိဖုရားတို့၏ နန်းတော် ရာ

၎။   သာဝတ္ထိမြို့ဟောင်းနှင့် အစိရ၀တီမြစ်

၅။   ဇေတ၀န်ကျောင်းတော် ဟောင်းကြီး

၆။   မြတ်စွာ ဘုရား သီတင်းသုံးရာ ဂန္ဓကုဋီကျောင်း

၇။   သလကာဂါရကုဋီ၊ ကောသမ္ဘကုဋီ၊ ၀ရေရီကုဋီ

၈။   အာနန္ဒာ ဗောဓိပင်ကြီး

၉။   မြတ်စွာ ဘုရားအသုံးပြုသော ရေတွင်း

၁၀။   ရှင်သီဝလိကျောင်းတော် နှင့် အင်္ဂုလိမာလကျောင်း

၁၂။   ဒေ၀ဒတ် မြေမျိုရာနေရာ

၁၂။   စိဉ္စမာန မြေမျိုရာနေရာ

လုမ္ဗိဏီ (နီပေါနိုင်ငံ)

၁။   သိဒ္ဓတ္ထမင်းသား ဖွားတော် မူရာနေရာ

၂။   သိဒ္ဓတ္ထမင်းသားအား ကောင်းကင်မှ ရေပူ၊ ရေအေးကျစေပြီး သန့်စင်ရာနေရာ

၃။   ဖွားမြင်ပြီး လောကကြီးကို စကားသုံးခွန်ဖြင့် ကြွေးကြော်ပြီစ ခြေခုနစ်လှမ်း လှမ်းရာနေရာ

၎။   အသော ကမင်းကြီး၏ ကျောက်စာတိုင်

၅။   မြန်မာပြည်သူ ပြည်သားများ တည်ဆောက်ထားသော လောကမဏိစူဠာစေတီနှင့် သိမ်ကျောင်း

ကုသိနာရုံ

၁။   မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံရာ မဟာပရိနိဗ္ဗာနစေတီကြီး

၂။   မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံတော် မူပုံ ရုပ်ပွားတော်

၃။   မြတ်စွာ ဘုရား နောက်ဆုံးရေကြည်တော် သောက်ရာနေရာ

၅။   မြတ်စွာ ဘုရား နောက်ဆုံးရေသပ္ပာယ်ရာ တကုဓမြစ်

၆။   မြတ်စွာ ဘုရား နောက်ဆုံး စုန္ဒ၏ ၀က်သားပျိုသားကပ်လှူရာနေရာနှင့် ၎င်း၏ အိမ်နေရာ

၇။   ကုသိနာရုံမြန်မာကျောင်း

ဝေသာလီ

၁။   ဒုတိယသင်္ဂါယနာတင်တော် မူရာ ၀ါဠုကာရုံကျောင်တော် နှင့် အသော ကမင်း၏ ကျောက်စာ တိုင်

၂။   ဝေသာလီပြည်ကပ်ကြီးသုံးပါးဆိုက်၍ ရတနသုတ်ဟောရာနေရာ

၃။   လိစ္ဆ၀ီမင်းများ ၏ ဓာတ်တော် စေတီနေရာ

၎။   မြတ်စွာ ဘုရား ပျားသလက်ဆွမ်း ဘုဉ်းပေးသော နေရာ

၅။   မျောက်မင်း၏ ပျားသလက်ဆေးသော ရေကန်

၆။   အမ္ဗပါလီ၏ သရက်ဥယျာဉ်

၇။   ပတ္တနားမြို့၏ ဂင်္ဂါမြစ်ကို ဖြတ်ကူးသော သုံးမိုင်ကျော် အင်ဒီရာဂန္ဓီတံတား

ပတ္တနားမြို့မြန်မာကျောင်းသို့ ပြန်ရောက်။

ဈေးကွက်ဂျာနယ်

(၃)

ဘုရားဖူးဘောဂဗေဒ

သိ - ဖွား - စံ - ဟော

ဘုရားဖူးထွက်ခြင်းသည် စန်းပွင့်နေသည်။ boom ဟု ခေါ်ရမည် ။ စာရေး သူသည် ဤစန်းပွင့် မှု ထဲပါသွားပြီး ယခင်အခေါ်ဗုဒ္ဓဂယာ ဘုရားဖူး၊ ယခုအခေါ် သံဝေဇနိယ လေးဌာနခရီး၊ အတိုကောက် ဖွား - သိ - ဟော - စံ ခရီးထွက်ခဲ့ရသည်။ တည်းခိုရမည့်  မြန်မာဘုန်းတော် ကြီးကျောင်းတို့တွင် ဘုရားဖူးအဖွဲ့ချင်း အ၀င်မထပ်ရအောင် ခရီးစဉ်ကို ညှိနှိုင်း အပြောင်းအလဲလုပ်ရသည်။ လေယာဉ်ခရီးစဉ်နှင့် အံကိုက် ဖြစ်အောင် ခရီးစဉ်ကို အပြောင်းအလဲလုပ်ရသည်။

သို့ ဖြင့် စာရေး သူတို့အဖွဲ့၏ ခရီးစဉ်လည်း အပြောင်းအလဲ ဖြစ်သွားသည်။ မူလအစီအစဉ်အရ ကာလကတ္တား၊ ပတ္တနား၊ ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ သာဝတ္ထိ၊ လုမ္ဗနီ၊ ကုသိနာရုံ၊ ပတ္ထနား-ကာလကတ္တား-ရန်ကုန်သို့ ဟူ၍ ဖြစ်သည်။ အတိုကောက်ပြောလျှင် သိ-ဖွား-ဟော-စံ ဖြစ်သည်။ ပြောင်းလဲလိုက်ရသော အစီအစဉ်အရ စာရေး သူတို့ဘုရားဖူးအဖွဲ့သည် (၁) ကာလကတ္တား (၂) ဂယာ (၃) ပတ္တနား (၄) လုမ္ပနီ (၅) မိဂဒါဝုန် (၆) ဂယာ (၇) စစ်တွေ (၈) ရန်ကုန်တို့ဟူ၍ ဖြစ်သွား သည်။ အတိုကောက် `သိ-ဖွား-စံ-ဟော` ဖြစ်သွားသည်။ မြတ်စွာ ဘုရားသဗ္ဗညုတဥာဏ်တော် သိ ရာ၊ ဖွားမြင်တော် မူရာ၊ ပရိနိဗ္ဗာန်စံရာနှင့် ပဉ္စ၀ဂ္ဂီငါးဦးအား တရားဦးဟောရာ နေရာတို့ဆိုပြီး အစီ အစဉ် ပြောင်းသွား သည်။

မည် သို့ ပင်ရှိစေ၊ စီးပွားရေး ပညာရှင်တစ်ဦး အိန္ဒိယသို့ ဘုရားဖူးသွားရသည့်အလျောက် ဘုရားဖူးခြင်း၏ ဘောဂဗေဒ Economics of Pilgrimageကို လွယ်လွယ်ကူကူဆင်ခြင်မိသည်။

ခေတ်ညီမျှခြင်း

မြတ်စွာ ဘုရားပွင့်ရာဒေသသို့ ဘုရားဖူးထွက်ရသည့်အကျိုးအ ဖြစ် ဘုရားဖူးအတွက်မူ အပါယ်တံခါးပိတ်သွားပြီဟု ဘုရားဖူးအဖွဲ့၏ တိုးရစ်ကြော်ငြာတွင် ဖော်ပြထားသည်။ ဘုရားဖူးသည် ငရဲမရောက်တော့ပေ။ အခြားဘာသာဝင်တို့၌ လည်း အလားတူ ယုံကြည်မှု မျိုးရှိသည်။ မွတ်ဆလင်ဆိုလျှင် မက္ကာရောက်မှ၊ ခရစ်ယာန်နှင့် ဂျူးတို့ဆိုလျှင် ဂျေရုဆလင်ရောက်မှ ကုသိုလ်ထူးသည်၊ ဆုတောင်းပြည့်သည်ဟု ယုံကြည်ကြသည်။

ဤယုံကြည်မှု ကို တိုးရစ်ကုမ္ပဏီတို့က အသုံးချသည်။ ဤယုံကြည်ချက်သည် သူတို့လက် ထဲ၌ အရောင်းမြှင့်တင်ရေး Sale Promotion ဖြစ်သွားသည်။ ခေတ်သစ်ဘုရားဖူးလုပ်ငန်းသည် တရားဓမ္မအနံ့တွေ သွတ်သွင်းသော တိုးရစ်လုပ်ငန်းဟုဆိုလျှင် မှားမည် မဟုတ်ချေ။ ထို့ကြောင့် ခရီး တစ်ထောက် one tour အတွက်ယူသော စရိတ်ကို ကြည့်ကြသည်။

စာရေး သူတို့၏ သံဝေဇနိယ လေးဌာနဘုရားဖူးလုပ်ငန်းသည် အပြီးအငြိမ်း တစ်ဦးလျှင် မြန်မာကျပ် ခြောက်သိန်း၊ တစ်ထောင်လျှော့ယူသည်။ စာရေး သူတို့ကို တကာခံသော သမီးက ၁၄ရက်ဘုရားဖူးခရီးအတွက် ခြောက်သိန်းသာကျခြင်းကို အလွန်ဈေးချိုသည်ဟု ပြောသည်။ တကယ် ဘုရားဖူးထွက်တော့လည်း အစစအရာရာအဆင်ပြေအောင် စီစဉ်ပေးထားသဖြင့် တန် သည်ဟုဆိုရမည် ။

ကံထူးခြင်းကို လက်တွေ့ အပိုင်းအခြားတို့ဖြင့် အိန္ဒိယရောက်မြန်မာရဟန်းကျောင်းသားတို့ က ညီမျှခြင်းဆွဲထားသည်။ ဤညီမျှခြင်းကို ဖော်ပြရလျှင် ကံထူးမှ = ပတ်စ်ပို့ + ဗီဇာ + မန်းနီး (အသပြာ) + ကျန်းမာရေး တို့ဟူ၍ ဖြစ်သည်။ ဤညီမျှခြင်း၌ မန်းနီးအပိုင်းကိုဘုရားဖူးက ဂရုစိုက်ရ မည် ။ အတွက်အချက် အနည်းငယ်လုပ်တတ်ရမည် ။ မန်းနီးရှိရုံဖြင့် မလုံလောက်ပေ။

ဂရိတ်ပါဝါနဲ့ ဂလိုဘယ်

မန်းနီး၌ (၁) မြန်မာငွေနှင့် ဒေါ်လာလဲလှယ်ရေး နှုန်း (၂) ဒေါ်လာနှင့် အိန္ဒိယရူပီးငွေလဲလှယ်ရေး နှုန်း (၃) ရူပီးငွေနှင့် နီပေါငွေလဲလှယ်ရေး နှုန်း စသည်တို့ပါဝင်သည်။ ထိုနှုန်းတို့ကို ဖင်ပြန်ခေါင်းပြန်တွက်တတ်နေရမည် ။ စာရေး သူတို့အဖွဲ့အလှည့်၌ တစ်ဒေါ်လာ ၄၂ရူပီးပေါက် သည်။ မိဂဒါဝုန်၌ အနည်းငယ်ပိုရသည်။ ၄၃ရူပီးလောက်ရသည်။ အိန္ဒိယရူပီးငွေနှင့် ဈေးဝယ်ပြီး နီပေါငွေ ပြန်အမ်းလျှင် လက်မခံရန် သတိပေးသည်။

သွားရင်းလာရင်း နှုန်းတစ်ခုပုံသေရသွားသည်။ ပစ္စည်းတစ်ခုဝယ်၍ ရူပီးတန်ဖိုးသိလျှင် ဤတန်ဖိုးကို ၂၀နှင့် မြှောက်လိုက်သည်။ မြန်မာငွေနှင့် ဘယ်လောက်တန်သလဲဆိုသည်ကို တန်းပြီး သိနိုင်သည်။ ရှော့ပင်း၌ ဘုရားဖူးတွေ မြန်မာငွေနှင့် မြန်မြန်တွက်ကြသည်။ အဆင်သင့်ပင် နှစ် ဆယ် နှင့် မြှောက်ကြည့်ကြသည်။

`ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း´ဆိုသော မြန်မာဆိုရိုးစကားသည် အထိုက်အလျောက်မှန်ကန်သည်။ ဘုရားဖူးနှင့် ရှော့ပင်တွဲ ရသည်။ ဘုရားဖူးနှင့် ရှော့ပင် မပါလျှင်လည်း ဘုရားဖူးခြင်းသည်ပျင်းစရာကောင်းနေပါလိမ့်မည် ။ ရှော့ပင်ကလည်း အကြီးအကျယ်မဟုတ်ပါ။ ဘာသာရေး လက်ဆောင်ပစ္စည်းတွေ များ သည်။ ထပ်ပြီးပိုလာတာက အိန္ဒိယပြည်ထွက် ဆာရီ၊ စောင်၊ ချည်ထည်၊ ဘောပင်တွေ ဖြစ်သည်။

ခေတ်ကပြောင်းလဲနေသည်။ စာရေး သူတို့ ဘုရားဖူးအဖွဲ့သည် ထူးခြားကြီးမားသည့် အခြေ အနေနှစ် ရပ်ထဲတွင် ခရီးသွားနေခြင်း ဖြစ်သည်။ ပထမထူးခြားသည့်အချက်မှာ အိန္ဒိယသည် မဟာ အင်အားကြီးနိုင်ငံ (ဂရိတ်ပါဝါ) ဖြစ်နေသော အချက် ဖြစ်သည်။ ဒုတိယထူးခြားချက်သည် ဂလိုဘယ် လိုက်ဇေးရှင်းသည် မြတ်စွာ ဘုရားပွင့်ရာဒေသ၌ ဖြစ်ထွန်းနေသော အချက် ဖြစ်သည်။ ပထ၀ီပြောင်း သွားပြီ။

ကုလားကျော်ဟိန်း

မြတ်စွာ ဘုရားသည် သဗ္ဗညုတရွှေဥာဏ်တော် ရရှိရာ ဗုဒ္ဓဂယာဥယျာဉ်ကြီးပတ်ဝန်းကျင်၌ ပုဂ္ဂလိကခေတ်မီဆက်သွယ်ရေး ဆိုင်လေးတွေ ရှိနေသည်။ အနီးအဝေးတယ်လီဖုန်းပြောနိုင်သည်။ ကမ္ဘာ၏ မည် သည့်နေရာကိုမဆို ဖုန်းပြောနိုင်သည်။ အီးမေးလ်ရိုက်နိုင်သည်။ ဖက်စ်ရိုက်နိုင်သည်။ အင်တာနက်ချိတ်နိုင်သည်။ လိုချင်တာကို အင်တာနက်မှ ဆွဲချယူနိုင်သည်။ ၀က်ဘ်ဆိုက်တွေ အများ ကြီးရှိနေသည်။

စာရေး သူတို့အဖွဲ့ဗာရာဏသီသက္ကတ တက္ကသိုလ်ရောက်၍ မြန်မာကျောင်းသားရဟန်း တို့ကို အလှူအတန်းပြုလုပ်ခဲ့သည်။ ကျောင်းသားရဟန်းတို့က အိန္ဒိယရောက်မြန်မာကျောင်းသား ရဟန်းအသင်းက ထုတ်ဝေသော နှစ် ပတ်လည်မဂ္ဂဇင်းကို စာရေး သူတို့အား လက်ဆောင်ပေးသည်။ ငွေစာရင်းရှင်းတမ်းကို ဖတ်ကြည့်ရာ အင်တာနက်ဝက်ဘက်ဆိုက်အသုံးစရိတ်၊ ကွန်ပျူ တာဝယ်စရိတ်၊ ပြင်စရိတ်တွေ တွေ့ ရှိရသည်။ မြန်မာရဟန်းတွေ ဂလိုဘယ်လိုက်ဇေးရှင်းလှိုင်းကို စီး၍ မြတ်စွာ ဘုရား၏ အရိပ်အာဝါသအောက်တွင် စာပေသင်ကြားနေရခြင်းကို မြင်၍ ကြည်နူးမိ သည်။

ပါဠိနှင့် နိပါတ်တော် တို့သည် ဗုဒ္ဓ၀ါဒကို သိရှိနားလည်ရန် တံခါးပေါက်ဟုဆိုစမှတ်ရှိသည်။ အခု ကွန်ပျူတာနှင့် အင်တာနက်ဝက်ဘက်ဆိုက်တို့ကလည်း ခေတ်တံခါးပေါက်တစ်ခု ဖြစ်ဟန် တူသည်။ အခြားထူးခြားချက်တစ်ရပ်လည်း တွေ့ ရသည်။ ဘုရားဖူးခရီးစဉ်အပြည့်၊ လူခြောက် ယောက် ၊ ပုဂ္ဂလိကဗင်ကားတစ်စီးစာကို ရူပီး ၁၆၀၀၀ နှုန်းဖြင့် ငှားလို့ရကြောင်း သိရှိခဲ့သည်။ စင်းလုံးငှား rental တို့ကလည်း ပေါမှပေါဟုဆိုရမည် ။

မြန်မာဘုရားဖူးအဖွဲ့တို့ကို အမှီပြု၍ မြန်မာပြည်ပေါက် အိန္ဒိယသားတွေ စီးပွား ဖြစ်နေပုံ ကိုလည်း တွေ့ ခဲ့ရသည်။ မိဂဒါဝုန်၌ `ကုလားကျော်ဟိန်း´ဆိုင်၊ `ဒေါ်တင်ရွှေ၊ သားမောင်လှမြင့်´ ဆိုင်၊ မြန်မာဘုန်းကြီးကျောင်းရှေ့တည့်တည့် မြန်မာစကား မြန်မာလို ပြောတတ်သော အထည်ဆိုင် တွေ တွေ့ သည်။ မူလက တဲဆိုင်ကလေးတွေ ဟု ဆိုသည်။ ခုတိုက်ခန်း ဈေးခန်းတွေ ဖြစ်နေပြီ။

အထက်ပါအချက်တို့သည် စာရေး သူလှစ်ခနဲ တွေ့ လိုက်ရသော ဘုရားဖူးဘောဂဗေဒ Glimpse of Economics of Pilgrimage သာ ဖြစ်အံ့ထင်သည်။

ဈေးကွက်ဂျာနယ်

(၄)

ကိုလ်ကတ္တားဝိရောဓိပုံရိပ်

ချန်ဒရာဘို့စ်လေဆိပ်

ယခုအခေါ်ကိုလ်ကတ္တား၊ ယခင်အခေါ်ကာလကတ္တားသို့ စာရေး သူ သုံးခေါက်ရောက်ဖူး သည်။ ၁၉၄၈-၄၉ခုနှစ် တက္ကသိုလ်ကျောင်းသားဘ၀ကတစ်ကြိမ်၊ ၁၉၆၃ခုနှစ် ၌ အန်တက်ခေါ် ဂျနီဗာ ကမ္ဘာ့ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံသို့ အသွားတစ်ကြိမ်၊ ယခု ဗုဒ္ဓဂယာဘုရား ဖူးအ ဖြစ် တစ်ကြိမ်၊ ပေါင်းသုံးကြိမ်ရောက်ခဲ့ပြီ။

ယခုဘုရားဖူးအ ဖြစ် အဲယားအိန္ဒိယသည် ဘန်ကောက်၌ ခရီးသည်အတင်အချလုပ်အပြီး ကိုလ်ကတ္တားလေဆိပ်သို့ ရောက်သည်နှင့် စာရေး သူ၊ ချက်ခြင်းအံ့သြသွားရသည်။ ကိုလ်ကတ္တား လေဆိပ်၌ ဆူဘတ်ချန်ဒရာဘို့စ် အပြည်ပြည်ဆိုင်ရာလေဆိပ် ဟူသော စာတန်းကို ဖတ်ရှုလိုက်ရ သော ကြောင့် ဖြစ်သည်။ ပထမနှစ် ခေါက်က ထိုလေဆိပ်ကို ဒန်ဒန်လေဆိပ်ဟုခေါ်ကြောင်း ပြန်တွေးနေမိသည်။

ဆူဘတ်ချိန်ဒရာဘို့စ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဖတ်ဆစ်ဂျပန်နှင့် ပူးပေါင်း၍ အိန္ဒိယ လွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့ရသူ ဖြစ်သည်။ စာရေး သူ၏ လက်ရှိအမြင်သစ်၌ ဖတ်ဆစ်ဝါဒလက်အောက်က အိန္ဒိယလွတ်လပ်ရေး သည် ဘာအဓိပ္ပာယ်များ ဆောင်းပါးမည် နည်းဟု တွေးနေ မိသည်။ ၀ါဒကိုမကြည့်၊ စနစ်ကိုမကြည့်၊ အနက်အဓိပ္ပာယ်ကိုမကြည့်၊ လွတ်လပ်ရေး ရလျှင်ပြီးရော ဆိုသည့်မျက်ကန်းမျိုးချစ်အမြင်ရှိသူကို ယခုအိန္ဒိယအစိုးရကဂုဏ်ပြုထားပါကလာဟု စိတ်ထဲက တစ်မျိုးခံစားလိုက်မိပါသည်။

အရမ်းများ

ဆူဘတ်ချန်ဒရာဘို့စ်လေဆိပ်မှ အတော် အလှမ်းဝေးသော ဗောဓိသုခပရဟိတ ကျောင်း တိုက်တွင် စာရေး သူတို့ဘုရားဖူးအဖွဲ့-တည်းခိုသည်။ ညစာသုံးဆောင်အပြီး၊ လှူဖွယ်ပစ္စည်းတို့ကို လှူဒါန်းပြီးနောက်နေ့မနက်တွင် စာရေး သူတို့အား ဧည့်လမ်းညွှန် မမာယာက တိုးကားကြီးဖြင့် ကိုယ်ကတ္တားမြို့ထဲလိုက်လံပြသသည်။ မမာယာသည် အိန္ဒိယနွယ်ဖွား ဖြစ်သော်လည်း မော်လမြိုင် သူ ဖြစ်သည်။ သူ့အဖေ ဦးမောင်တင်ကို စာရေး သူကြားဖူးသည်။

လမ်းစဉ်အစိုးရခေတ်၌ အိန္ဒိယသားတို့ကို အိန္ဒိယပြန်ပို့လေရာ မမာယာတို့မိသားစုလည်း အိန္ဒိယသို့ ရွှေ့ခဲ့ရသည်။ ကိုလ်ကတ္တားတွင် ပြောင်းရွှေ့အခြေစိုက်ဟန်တူသည်။ ယခုမြန်မာဘုရား ဖူးအဖွဲ့အတွက်တိုးဂိုက် ဖြစ်နေသည်။ မြန်မာစကားပြော အတော် ကောင်းသည်။ ဟာသနှော၍ ပြောတတ်သည်။ `အရမ်း´ဆိုသော ယခုခေတ်မြန်မာလူငယ်တို့၏ ဘန်းစကားတို့ကို မွှတ်နေ အောင် ပြောတတ်သည်။

စာရေး သူအဖို့ယခင်အကြိမ်များ က ကာလကတ္တားကို နှံ့နေအောင်လည်း ပတ်ဖူးသည်။ ယခု မမာယာက လိုက်ပြသော နေရာတို့သည် အသစ်တွေ ဖြစ်နေသည်။ လယ်ကွက်တို့ကိုဖော်ထုတ်ကာ အထပ်မြင့်တိုက်ကြီးတွေ တန်းစီပြီး အများ ကြီးဆောက်လုပ်ထာသည်။ ထို estate development ခေါ် အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းသည် မမာယာစကားနှင့် ပြောလျှင် အရမ်ုးတိးတက်နေသည်။

“မြေရှင်တွေ ၊ လယ်သမားတွေ မြေဈေးတွေ အရမ်းရလိုက်ကြတယ်။ လယ်ပိုင်တဲ့ လယ်သမားတွေ အရမ်းချမ်းသာသွားတယ်”ဟု ဝေဖန်ကြသည်။ သို့ သော် နောက်တစ်ချက်သူပြော ပုံက စဉ်းစားစရာ ဖြစ်သွားသည်။

“ပေါ်လာတဲ့တိုက်ခန်းတွေ ကို မြေရောင်းတဲ့ လယ်သမားတွေ ၀ယ်နိုင်၊ မ၀ယ်နိုင်တော့ မသိ ဘူး။ အခန်းလွတ်တွေ အများ ကြီးရှိနေတယ်။”

နဂါးနီသီချင်း

ဗောဓိသုခပရဟိတ မြန်မာဘုန်းကြီးကျောင်းမှ ကိုလ်ကတ္တားမြို့ထဲအသွားတွင် တက္ကနိုလိုဂျီ ပေါ့ခ်တွေ ၊ ကော်ပိုရေး ရှင်းကြီးတို့၏ အလုပ်ရုံ၊ စက်ရုံ၊ ရုံးတွေ ၊ ရုပ်သံလွှတ်ရုံတွေ အများ အပြားတွေ့  ရသည်။ အိုင်တီပေါ့ခ်၊ အိုင်တီအဆောက်အဦးတွေ လည်း တွေ့ ရသည်။ ကော်ပိုရေး ရှင်းတို့ထဲ နိုင်ငံ ခြားကော်ပိုရေး ရှင်းတို့ကိုလည်း အတော် များများ တွေ့ ရသည်။ ကိုလ်ကတ္တားသည် တက္ကနိုလိုဂျီ အတော် ဖွံ့ဖြိုးနေသည်။

ဤခေတ်မီအဆောက်အအုံတွေ လွန်ပြီးနောက် ကိုလ်ကတ္တားမြို့ဟောင်းကိုဖြတ်ရသည်။ မြို့ဟောင်းကို သည်အတိုင်း မယိုမယွင်းဆက်လက်ထိန်းသိမ်းထားဟန်တူသည်။ မြို့ဟောင်းနေသူ တို့မှာ ဆင်းရဲဟန်ရှိသည်။ ဆင်းရဲသားရပ်ကွက်တို့ကိုလည်း ဖြတ်သွားရသည်။ တက္ကနိုလိုဂျီဖွံ့ဖြိုးမှု နှင့် ဆင်းရဲမွဲတေမှု တွဲ စပ်နေသေးကြောင်းကို မြင်လိုက်ရသည်။ အိန္ဒိယကို ယခုမဟာအင်အားကြီး နိုင်ငံ ´ဂရိတ်ပါဝါ´အ ဖြစ် အသိအမှတ်ပြုလာကြသည်။ သို့ သော်ဆင်းရဲမှု နှင့် တွဲ နေသေးသော ဂရိတ်ပါဝါ ဖြစ်နေသည်။

ဂရိတ်ပါဝါနှင့် ဆင်းရဲမွဲတေမှု တွဲ စပ်နေခြင်း Combination of Great Power and Poverty သည် အကျည်းတန် အရုပ်ဆိုးသည်။ ဆင်းရဲမွဲတေမှု ကြောင့် ဂရိတ်ပါဝါအဆင့်အတန်းကို ကြာရှည် ထိန်းသိမ်းနိုင်ပါမည် လားဟု မေးခွန်းထုတ်ခံနေရသည်။ ဤအချက်ကို အိန္ဒိယခေါင်းဆောင်တွေ သဘောပေါက်ကြသည်။ ထို့ကြောင့် ဆင်းရဲသားတွေ အတွက် နဂါးနီသီချင်းဆိုနေကြပြီ။ ဆင်းရဲသားတို့အတွက် အလုပ်အကိုင်ဖန်တီးပေးရေး လမ်းစဉ်ကို ချမှတ်ထားကြသည်။ ၎င်းကို ဆင်းရဲ သားများ အား တန်ခိုးအာဏာအပ်နှင်းခြင်း Em-power-ment of poor ဟု ခေါ်သည်။

နိုဘယ်လေးဆု

စာရေး သူတို့၏ ဘုရားဖူးတိုးရစ်ကားကြီးသည် လူတိုင်းရောက်ချင်သော နယူးမတ်ကက်သို့ ရောက်ပါပြီ။ ချော်ရင်ဂီဆိုသော ဆိုင်းဘုတ်ကြီးကို မြင်လိုက်ရသော အခါ ၁၉၄၈-၄၉ခုနှစ် က စာရေး သူတို့ ဤနေရာ၌ လမ်းသလားခဲ့ပုံတို့ကို ပြန်ပြောင်းသတိရမိသည်။ ၁၉၃၆ခုနှစ် က ကာလကတ္တား နေ ပြန်ပြောင်းသတိရမိသည်။ ၁၉၆၃ခုနှစ် က ကာလကတ္တးနေ အန်ကယ်ရောဘတ်အိမ်ကိုလည်း သတိရမိသည်။ မြန်မာဆိုလျှင် ဧည့်ဝတ်အလွန်ကျေပွန်သော အန်ကယ် ဖြစ်ပါသည်။ ယခုလောက် ဆို ကွယ်လွန်ပြီဟုထင်သည်။ သူ့အိမ်သို့ မ၀င် ဖြစ်ခဲ့ပေ။

မလှမ်းမကမ်းမှ ကဗျာစာဆိုကြီး တဂိုးအမှတ်တရ အဆောက်အအုံကို မမာယာက ပြသဖြင့် စာရေး သူတို့တည်းခိုသော ဗောဓိသုခကျောင်းဆရာတော် ဒေါက်တာ နန္ဒောဘာသ၏ ပြောစကား ကို ပြေး၍ သတိရလိုက်မိသည်။

“အိန္ဒိယက နိုဘယ်လ်ဆု ငါးဦးရတယ်။ အဲဒီ ငါးဦးထဲကလေးဦးဟာ ဘင်္ဂါလိတွေ ဖြစ်လို့ သိပ်ဂုဏ်ယူပြောကြတယ် ဒကာကြီး”

စာရေး သူသည် ၁၉၄၈-၄၉ခုနှစ် က မြနမာတွေ စုပေါင်းငှားရမ်းနေထိုင်သော တိုက်ခန်းကို သွားကြည့်ချင်သည်။ ကာလကတ္တား ဆေးတက္ကသိုလ်နှင့် သိပ်မဝေးပေ။ ဘိုးဂဂေးလိန်းအနားမှာ ရှိသည်။ ဓာတ်ရထားတွေ့ ၍ စာရေး သူတို့ နေထိုင်ခဲ့ဖူးသော အိမ်ရှေ့လမ်းက ဓာတ်ရထားကို သတိ ရမိသည်။ ဘေးခန်းက ဂျူးမလည်း ခုဆိုအစ္စရေး ရောက်နေရောပေါ့ဟု ကြံဖန်စဉ်းစားနေမိသည်။

ဈေးကွက်ဂျာနယ်

(၅)

ဂင်္ဂါမှသံလွင်သို့

ဗောလ်ဂါမှဂင်္ဂါသို့

အိန္ဒိယ ဘီဟာပြည်နယ်မြို့တော် ပတ္တနားမြို့နားမှ ဂင်္ဂါမြစ်တံတားနှင့် ဥတရာပရာဒတ်ရှ် ပြည်နယ်၊ ဗာရာဏသီမြို့မှ ဂင်္ဂါမြစ်တံတားနှစ် စင်းကို ဖြစ်ခဲ့ပြီးနောက်စာရေး သူတို့ဇနီးမောင်နှံ သံလွင် မော်လမြိုင်တံတားကြီးကို ဖြတ်ကြည့်မိသည်။ သို့ ဖြင့် ဂင်္ဂါမှ သံလွင်သို့ ဟူ၍ ဆောင်းပါး ခေါင်းစီးတပ်လိုက်ရသည်။ ရာဟုလာသံကစ္စည်းရေး သည့် ဗော်လဂါမှ ဂင်္ဂါသို့ စာအုပ်ကဲ့သို့ ယဉ်ကျေးမှု ခရီးစဉ်မျိုးတော့ မဟုတ်ပါ။ ခပ်ပေါ့ပေါ့ခပ်ပါးပါး ရေး သားခြင်းသာ ဖြစ်သည်။

ဗုဒ္ဓဂယာဘုရားဖူးမှ ဘုရားရုပ်ပွားတော် များ ၀ယ်ယူပူဇော်လာခဲ့သဖြင့် ရန်ကုန်သို့ ပြန်ရောက်သော အခါ မတ်လ ၆ရက်၊ တနင်္ဂနွေနေ့တွင် ဘုရားအနေကဇာတင်သည်။ ဆွမ်းကျွေးပြီး မိတ်ဆွေသင်္ဂဟတို့ကို ဖိတ်သည်။ ဗုဒ္ဓဂယာဘုရားဖူး အတွေ့ အကြုံကို မော်လမြိုင်နှင့် ကမာဝက် မှ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးတစ်သိုက်ကိုလည်း ပြန်ပြောပြချင်၊ ပြီးစီးသွားသော သံလွင်တံ တား(မော်လမြိုင်)ကိုလည်း ဖြတ်ကြည့်ချင်၍ မတ်လ ၉ရက်နေ့တွင် မိတ်ဆွေတစ်ဦး၏ ဆလွန်း ကားဖြင့် သံလွင် (မော်လမြိုင်)တံတားကိုဖြတ်ခဲ့သည်။

ဂင်္ဂါမြစ်ပေါ်က တံတားနှစ် စင်းကို မော်လမြိုင်တံတားတို့၏ ထူးခြားချက်တို့ကို ချက်ချင်း ခံစား မိသည်။

ဂန္တ၀င်ပုံပြင်ကြွယ်ဝပေမယ့်

ပတ္တနား ဂင်္ဂါမြစ်တံတားကို ကွယ်လွန်သူ အိန္ဒိယ၀န်ကြီးချုပ်အင်ဒီရာဂန္ဒီအား ဂုဏ်ပြုသော အားဖြင့် အင်ဒီရာဂန္ဒီတံတားဟုခေါ်သည်။ တံတားအရှည် လေးမိုင်ရှိသည်။ မော်လမြိုင်တံတားက နှစ် မိုင်ရှည်သည်။ ဗာရာဏသီ ဂင်္ဂါမြစ်တံတားကလည်း သုံးမိုင်ကျော်ရှည်လျားကြောင်း သိရသည်။ သို့ သော် ဂင်္ဂါတံတားနှစ် စင်း၌ ထိုးထိုးထောင်ထောင်သံဘောင်တွေ မတွေ့ ရပေ။ ခါးတစ်ဝက် အုတ် ခုံတန်းသာ ရှည်လျားစွာ ရှိနေသည်။ ဘီးလင်းတံတားနှင့် တူသည်။

ဧည့်လမ်းညွှန်၏ ရှင်းပြချက်အရ အိန္ဒိယတံတားတည်ဆောက်မှု တက္ကနိုလိုဂျီ၌ သံဘောင် ခွေသည့်စနစ်ကို မသုံးတော့ပေ။ ကာလ်ကတ္တားမြို့ဟောဝါးတံတားကြီးတွင် သာ သံဘောင်အမြင့် ချိတ်ဆွဲသော တက္ကနိုလိုဂျီကို အင်္ဂလိပ်တို့က သုံးစွဲခဲ့သည်။သမိုင်းအမွေအနှစ် သဘောမျိုးသာကျန် နေသည်။

ဤသို့ တက္ကနိုဂျီအပြောင်းအလဲလုပ်ရသည်မှာ လည်း အိန္ဒိယ၏ မြစ်ကြးငါးသွယ်၊ မြစ်ငယ်ငါး ရာ ပထ၀ီကြောင့် ဖြစ်သည်ဟုသိရသည်။ ဟုတ်ပုံရသည်။ အိန္ဒိယမြစ်တို့၌ ဒရာမာပုံပြင်တွေ အလွန်ကြွယ်ဝသည်။ ဘာသာပေါင်းစုံ၏ နိပါတ်တော် တွေ ၊ ဒဏ္ဍာရီတွေ ကမြစ်တို့ကို ဗဟိုပြု၍ ပေးပေါက် သည်။

သို့ ရာတွင် အိန္ဒိယမြစ်တို့သည် ဂန္တ၀င်ဇာတ်လမ်းတို့ဖြင့် ကြွယ်ဝပြည့်နနှက်နေစေကာမူ ရေစီးရေလာကားမသန်ပေ။ သဲသော င်တွေ ထွန်းနေသည်။ မကွေးတိုင်းက ဒေါင်းသေချောင်းတို့လို တွေ များ သည်။

ရွှေမျက်မှန်ကွပ်ပျစ်

အိန္ဒိယမြစ်တို့၌ မြစ်တွင်းရေကြောင်းသွားလာမှု သင်္ဘော၊ သမ္ဗာန်၊ လှေတွေ သိပ်မရှိပေ။ ရေစီးမရှိသဖြင့် လှေ၊ သင်္ဘော အသွားအလာမရှိ။ ဒီတော့ မြစ်ဖြတ်၊ ချောင်းဖြတ် တံတားတို့ကို သံဘောင်အမြင့်ကြီးတို့ဖြင့် ချိတ်တွယ်ရန်မလို၊ အုတ်တံတားတို့ဖြင့် ပြီးစီးနိုင်သည်။ မြန်မာနိုင်ငံရှိ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်းတို့တွင် ရေတွေ ရှိသည်။ ရေစီးသန်သည်။ လှေ၊ သင်္ဘော အသွားအလာရှိသည်။ ထို့ကြောင့် တံတားတက္ကနိုလိုဂျီက တစ်မျိုးမြစ်ရသည်။ သံဘောင်အမြင့် ချိတ်တွယ်စနစ် အသုံးပြုရသည်။

မော်လမြိုင်ခရီးသွားသူတိုင်း ဘီးလင်းမှ ရွှေမျက်မှန်ထမင်းဆိုင်ကို သကြသည်။ ယခု ဂင်္ဂါမြစ်ကို ဖြတ်ခဲ့ပြီး သံလွင်သို့ အသွားတွင် စာရေး သူတို့ ဘီးလင်းသွားကာ လမ်းပေါ်က ရွှေမျက် မှန်ထမင်းဆိုင်သို့ ၀င်ကြသည်။ စာရေး သူအံ့အားသင့်သွားသည်။ ထမင်းဆိုင်သည် ၀န်ထမ်းအင်အားကောင်းကောင်းနှင့် ၊ ယူနီဖောင်းဝတ်စုံတို့နှင့် ဖြစ်နေသည်။ ဆိုင်းတွင်းအခင်းအကျင်းတို့က လည်း အတော် ကြီးကို သားနားနေသည်။

ချက်ချင်း ဆိုသလို ဂင်္ဂါမြစ်အကူး စာရေး သူတို့ဘုရားဖူးအဖွဲ့စားသောက်ခဲ့ရသော အိန္ဒိယ ဆိုင်နှစ် ဆိုင်ကို ပြေး၍ သတိရမိပါသည်။ ဂင်္ဂါမြစ်နှင့် မလှမ်းမကမ်း ပတ္တနားအထက်နားက ထမင်း ဆိုင်သည် ဘီးလင်းနားက ထမင်းဆိုင်တွေ လောက် မခမ်းနား။ သေသေသပ်သပ်မရှိဟု နှိုင်းယှဉ်မိ သည်။

သို့ သော် လော်လီကားမျိုးစုံရပ် ထမင်းစားကြ၍ အလွန်စည်ကားသည်။ စားပွဲတွေ လည်းရှိ သည်။ ကွပ်ပျစ်တွေ လည်းရှိသည်။ ဆိုင်ရောင်း ထမင်း၊ ဟင်းလည်းရှိသည်။ ကိုယ့်ထမင်း၊ ကိုယ့်ဟင်း နှင့် လည်း ထိုင်စားနိုင်သည်။ စာရေး သူတို့ ဘုရားဖူးအဖွဲ့သည် ချက်ပြုတ်ယူလာသဖြင့် ပထမထမင်းဆိုင်တွင် ကွပ်ပျစ်ပေါ် ထိုင်စားသည်။ ဗာရာဏသီဘက်မှ ထမင်းဆိုင်တွင် မူ စားပွဲနှင့် ထိုင်စားခဲ့ရသည်။

အာမွှေးနဲ့ရာဘာ

အိန္ဒိယကားလမ်းတစ်လျှောက်တွင် ကွမ်းယာဆိုင်ကလေးတွေ အတော် များ သည်။ လမ်းဆုံ၊ ထမင်းဆိုင်တို့တွင် လည်း ကွမ်းယာဆိုင်တွေ ပြည့်နေသည်။ သို့ ရာတွင် သူတို့ကွမ်းယာရောင်းပုံမှာ တစ်မျိုး ဖြစ်သည်။ ကွမ်းယာထဲထည့်ပေးသော အာမွှေးတို့ကို သ ပ်သပ်ရပ်ရပ်အထုပ်ကလေးတွေ နှင့် ရောင်းသည်။ တစ်ထုပ်တစ်ရူပီး ဖြစ်၍ ကွမ်းယာကြိုက်သော ယေက္ခမအတွက် အထုပ် ၂၀လောက်ဝယ်ခဲ့သည်။ ကွမ်းရွက်မပါဘဲ ငုံစားလိုက်ရသော အာမွှေးတွေ ဖြစ်သည်။

ဂင်္ဂါထမင်းဆိုင်နှင့် အာမွှေးတို့ကို သတိရရင်း ဆက်လက်ထွက်ခွာလာရာ မော်လမြိုင် တံတားကို နေ့ခင်း ၂နာရီခွဲလောက်တွင် ဖြတ်ကျော်မိသည်။ တံတားကြီးကား ရှည်လျားလှသည်။ သံလွင်မြစ်ထဲရေစီးသန်နေသည်။ သံဘောင်အမြင့်ကြီးတို့နှင့် ချိတ်တွယ်ထားသည်။ ခေါင်းဆေးကျွန်းနားက ဖြတ်သည်။

ဂင်္ဂါတံတားနှစ် စင်းမှာ လည်း အလွန်ရှည်လျားသည်။ သို့ သော်ရေမရှိ။ သဲသော င်တွေ သာရှိ သည်။ လှေ၊ သမ္ဗာန်၊ သင်္ဘောတွေ မရှိ။ မော်လမြိုင်ကို ဆယ်မိနစ်လောက်နှင့် ကူးနိုင်သဖြင့် အရင် က ဒုက္ခတို့သည် အတိတ်ကအရိပ်လို ဖြစ်နေသည်။ တပည့်တပန်းတွေ ဆီသွား၊ မိမိ ငရဲမရောက် တော့ပြီ ဖြစ်ကြောင်း ရှင်းပြ။ သူငယ်ချင်း တစ်ယောက် အိမ်တွင် ညအိပ်ပြီး နောက်တစ်နေ့မနက် ကမာဝက်သွားအိပ်သည်။ အပြန် မော်လမြိုင်တံတားကို ဆယ်မိနစ်လောက်နှင့် ဖြတ်ကူးပြီး ရန်ကုန် ပြန်ခဲ့သည်။ ရာဘာတောတွေ အားကောင်းသည်လလည်း ဂင်္ဂါနှင့် ခြားနားမှု တစ်ခုပင် ဖြစ်တော့သည်။

ဈေးကွက်ဂျာနယ်

(၆)

ပုံပြင်နှင့် မက်ဆေ့ခ်ျ

ဖွား-သိ-ဟော-စံခရီး

စာရေး သူကို သုတစာရေး ဆရာဟု မြင်ပုံရသည်။ တစ်နေ့စာရေး ဆရာတစ်ဦးက စာရေး သူ အား မေးခွန်းတစ်ခုမေးသည်။ “ဆရာ သုတချည်းရေး နေတော့ ရသခံစားမှု လျော့မသွားဘူးလား” တဲ့။

စာရေး သူတို့ဇနီးမောင်နှံ သံဝေဇနိယလေးဌာန ဘုရားဖူးအဖွဲ့နှင့် ဗုဒ္ဓဂယာသို့ ပါသွားသည်။ လမ်းတစ်လျှောက်လုံး၌ ဓမ္မတရားတွေ ရွတ်ဆိုသွားရသည်။ ဓမ္မပုံပြင်တွေ နှင့် နှီးနှောရောဝတ္ထုတို့ကို နားထောင်သွားရသည်။ ဓမ္မပုံပြင်တွေ နှင့် နှီးနှောရာဝတ္ထုတို့ကို နားထောင်သွားရသည်။ ဆိုလိုသည် မှာ စာရေး သူသည် ဓမ္မရသတို့ကို ၁၄ရက်လုံးလုံး ခံစားသွားရသည်။ ရသခံစားမှု ၊ လျော့သွားသည်။ ပိုသွားသည်ကိုမူ မပိုင်းခြားလိုပေ။ စာရေး သူတို့ခရီးကို `ဖွား-သိ-ဟော-စံ`ခရီးလို့လည်းခေါ်သည်။

မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံတော် မူရာ ကုသိနာရုံရောက်၍ မြန်မာဘုန်းကြီးကျောင်း၌ တည်း ခိုသော အခါ စာရေး သူ အခန်းတံခါးဝများ ၌ ဒကာ တစ်ယောက် ၏ သတိပေးစာကို စာရေး သူက ရသ စာတစ်ပုဒ်အ ဖြစ် အသိအမှတ်ပြု၍ ကူးထားလိုက်သည်။ အောက်ပါအတိုင်း ဖြစ်သည်။

၁။ မာရ်နတ်လို မယုတ်မာနဲ့။

၂။ ဒေ၀ဒတ်လို မကြံစည်နဲ့။

၃။ အဇာတသတ်လို လူပေါင်းမမှားနဲ့။

၎။ ဇူစကာလို အစားမကြီးနဲ့။

၅။ ဒဿဂီရိလို အချစ်မကြီးနဲ့။

၆။ စူဠသုဘဒ္ဒါလို ရန်ညှိုးမထားနဲ့။

၇။ အင်္ဂုလိမာလလို မရက်စက်နဲ့။

၈။ မဗျိုင်းလို ဘ၀မမေ့နဲ့။

၉။ အရှိနဲ့ အသိ ထာဝရမြဲပါစေ။

(ဦးမောင်မောင်လေး-လုမ္ဗနီအင်ဂျင်နီယာ ဒေါ်သန်းသန်းမြင့်)

ဝတ္ထုဖြင့် မက်ဆေ့ခ်ျဟော

သတိပေးစကားမျှဝေသူက ဒဿနဆန်သည်။ အချက် ၉၌ အရှိနှင့် အသိ ထာဝရ ဖြစ်စေရန် ဆုတောင်းထားသည်။ အရှိကိုစာရေး သူ reality ဟု ဘာသာပြန်ချင်သည်။ သတိကို knowledge ဟု ဘာသာပြန်ချင်သည်။ သတိပေးစကားမျှဝေသူတို့က မည် သို့ အဓိပ္ပာယ်နှင့် သုံးစွဲသည်ကိုကား စာရေး သူမသိပေ။

သတိစကားမျှဝေသူတို့က အခြေခံထားသော ပုဂ္ဂိုလ်တွေ ဖြစ်သည်။ ဇာတ်ထုပ်၏ အဓိက အမှာ စကား (မက်ဆေ့ခ်ျ)ကို ပြောသူများ ဖြစ်သည်။ အဓိကဇာတ်ဆောင်တွေ ဖြစ်ကြသည်။

အဆိုပါဇာတ်ဆောင်တို့ထဲမှ စာရေး သူတို့ ငယ်စဉ်ကပင်ကြားဖူးခဲ့သော ဇာတ်ဆောင်တို့မာ (၁) မာရ်နတ် (၂) ဒေ၀ဒတ် (၃) အဇာတသတ် (၄) ဇူစကာ (၅) ဒဿဂီရိ (၆) အင်္ဂုလိမာလတို့ ဖြစ်ကြသည်။ ကျန်နှစ် ဦးအကြောင်းကိုပါ ကြးဖူးခဲ့ပါလိမ့်မည် ။ ထပ်ခါတလဲလဲမဟုတ်၍ မေ့သွားသူ များ ဖြစ်ပါလိမ့်မည် ။ မြန်မာတို့သည် နိပါတ်တော် လာ ဇာတ်ကြီးဆယ်ဘွဲ့နှင့် အလွန်တရာမှ ရင်းနှီးခဲ့ ရပါသည်။

ယခုဤမေ့ပျောက်နေသော ၀တ္ထုကို ပြန်နှူးရလေပြီ။ ၀တ္ထုတွေ ပြန်မဖတ်ဘဲ ဤ၀တ္ထုတွေ အကြောင်း မသိသေးသူတို့ကို ပြန်ပြောနိုင်သည်။ ပြောရလျှင် စာရေး သူသည် မမျှော်လင့်ဘဲ ရှေးဟောင်း ဓမ္မ၀တ္ထုတို့၏ ရသကို ပြန်လည်ခံစားကြည့်နေရပြီ။

အဇာတသတ်

လုမ္ဗနီအင်ဂျင်နီယာ၏ သတိပေးစကားကို နားထဲစွဲအောင်ပြုဖို့ဆိုလျှင် သူညွှန်းသေ ၀တ္ထု တွေ ဖတ်မှ ပို့လို့ရသရှိမည် ။ မက်ဆေ့ခ်ျသက်သက်လုံးတီး ယူပြီးတွေးလျှင် သိပ်ပြီးအရသာရှိမည့် ပုံ မပေါ်ပေ။ ဥပမာ `အင်္ဂုလိမာလကို မရက်စက်နဲ့´ဆိုသော သတိပေးစကားကို အင်္ဂုလိမာလ၏ ၀တ္ထု တွေ ဖတ်၊ ရသခံစားပြီးမှ အင်္ဂုလိမာလ ဘာတွေ ရက်စက်ခဲ့သလဲ၊ ဘယ်လိုရက်စက်ခဲ့သလဲ၊ ဘာကြောင့် ရက်စက်ရသလဲ စသည်ဖြင့် ၀တ္ထုဝေဖန်ရေး လုပ်ကြည့်လျှင် ကောက်နုတ်ယူထားသော မက်ဆေ့ခ်ျကို ရသရှိရှိ၊ ဥာဏ်ရှိရှိ၊ ပညာရှိရှိ ဦးနှောက်ထဲရော၊ နှလုံးသားတို့၌ စွဲမြဲသွားနိုင်မည် ဟု ခံစားမိသည်။

ဝတ္ထုတို့မှပေးသော မက်ဆေ့ခ်ျကို ၀တ္ထုပြန်ဖတ်ပြီး စာရေး သူကပြောချင်သည်။ ၀တ္ထုနှင့် ကောက်ချက်ဆွဲသူ၏ သတိပေးစကားနှင့် ကိုက်မကိုက် ဝေဖန်ကြည့်လိုသေးသည်။ ဥပမာ အစမ်းသဘောအားဖြင့် `အဇာတသတ်ကို လူပေါင်းမမှားနဲ့ ဆိုသော မက်ဆေ့ခ်ျသည် ခွင့်လွှတ်လွန်း သည်ဟု ထင်သည်။ ဖခင်ကိုသတ်သော အဇတသတ်သည် လူပေါင်းမှားရုံသက်သက်ဖြင့် အကြီးမားဆုံးပြစ်မှု ကို ကျူးလွန်မည် မဟုတ်။ မိမိ၏ ပင်ရင်းစိတ်ထားရိုင်းစိုင်းမှု ကလည်း တာဝန်ရှိသည်ဟု ထင်သည်။ ထို့ကြောင့် ဤ၀တ္တုအတွက် သတိပေးစကားတွင် `အဇာတသတ်လို စိတ်မရိုင်းနဲ့၊ လူပေါင်းလည်း မမှားနဲ့´ ဟုဖြည့်စွက်ချင်သည်။

ဤနိပါတ်တော် ၀တ္တုတို့ကို ဘိုးဘိုး၊ ဘွားဘွားတို့ကပြောမှ နားထောင်လို့ကောင်းပုံရသည်။ ဘုန်းကြီးတွေ ဟောမှ နားထဲစွဲပုံရသည်။ ဤ၀တ္ထုတွေ ပြောစဉ်နှင့် နားထောင်နေစဉ်တွင် ဘာသာရေး ကိုင်းရှိုင်းမှု အသိစိတ်ဓာတ်အခံကလည်း ရှိဖို့လိုလိမ့်မည် ဟုစဉ်းစားမိသည်။ ၀တ္ထုကို တကယ် ဖြစ်ဘိအလား၊ သဒ္ဓါတရားနှင့် နားထောင်လျှင် ဓမ္မရသပိုရမည် ဟု ထင်သည်။

ဗုဒ္ဓ၀ါဒတွင် ၀တ္တုတွေ များ သည်။ ထို့ကြောင့် စာရေး သူတို့နာလန္ဒာတက္ကသိုလ်သို့ ရောက်သော အခါ တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းတို့ကို တောင်းကြည့်မိသည်။ ဗုဒ္ဓ၀ါဒကို ဗုဒ္ဓဒသန၊ ဗုဒ္ဓစာပေနှင့် ရှေးဟောင်းယဉ်ကျေးမှု တို့ထဲ ထည့်ထားကြောင်း တွေ့ ရှိလိုက်သည်။ စာပေ literature ထဲထည့်ထားသည်ကို ထောက်ချင့်၍ ဗဒ္ဓ၀င်ဝတ္ထု၊ ဇာတ်ကြီးဆယ်ဘွဲ့တို့သည် စာပေအနေဖြင့် အလွန်အားကောင်းကြောင်းကို သတိထားလိုက်မိသည်။ ဗုဒ္ဓ၀င်ဝတ္ထုတို့ကို မဖတ်မိဘဲ ဗုဒ္ဓ၀ါဒကို ခြေခြေမြစ်မြစ်မသိနိုင်ဟု ဆိုနိုင်သည်။

သို့ ဖြင့် စာရေး သူတို့ ဘုရားဖူးအဖွဲ့သည် ပဉ္စ၀ဂ္ဂီငါးဦးအားတရားဟောရာ မိဂဒါဝုန်သို့ ရောက်သွားသော အခါ ဥယျာဉ်ထဲ၌ ဖွင့်ထားသော စာအုပ်ဆိုင်ထဲ စာရေး သူ ၀င်သွားမိသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေး သားထားသော ဗုဒ္ဓကျမ်းစာတွေ အများ ကြီးတွေ့ ရသည်။ ထိုအထဲမှ jataka Tales ဇာတ်တော် လာပုံပြင် စာအုပ်တစ်အုပ်ကိုဝယ်လိုက်သည်။

စာရေး သူ ပုံဖတ်ချင်၍ ၀ယ်သည်။ အကြောင်းတိုက်ဆိုင်ရင်တော့ ပုံပြောဖို့စဉ်းစားမိသည်။

စတိုင်သစ်၊ ဧပြီ ၂၀၀၅



ဝန်ဇင်းချစ်သူများ မောင်စူးစမ်း ၏ “ ဗုဒ္ဓဂယာခရီး နှင့် ဒဿနမျှော်စင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ရစ်သမ်နှင့် တောအရက်

ဈေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာ မူကြီးများအတွဲ (၂)

စကားနု စကားယဉ် စကားလှတို့ ၏ ကံကြမ္မာ အပါအ၀င် အခြားစာစုများ