ဖရုဿဝါစာ ခံစားမှု ဝေဒနာအန်ထုတ်ခြင်း
စာရေး သူ၏ ခရစ်ယာန် အိမ်နီးချင်းတစ်ဦးက ခရစ်ယာန်ဂျာနယ်တစ်စောင်ကို မှန်မှန်လာပို့ ပေးသည်။ ဖတ်လို့အလွန်တန်ဖိုးရှိပါသည်။ စာရေး သူ၏ ဆောင်းပါးအချို့တွင် ခရစ်ယာန်ဂျာနယ်မှ အာဘော်အချို့ပါဝင်သည်ကို ရှေးဦးပထမ ဝန်ခံလိုသည်။
ယခုနောက်ဆုံးထုတ် ဂျာနယ်ကို လာပို့၍ ဖတ်ကြည့်ရင်း စာရေး သူ၏ မိတ်ဆွေတစ်ဦးကို ပြေး၍ သတိရမိသည်။ စာရေး သူမိတ်ဆွေသည် တိုင်းထွာ၍ ပြောတတ်သည့် အကျင့်ဝသီလို ဖြစ်နေပုံသည်။ စေတနာပါပုံမရှိပါ။
စာရေး သူဖတ်နေသော ခရစ်ယာန်ဂျာနယ်က ဖရုဿဝါစာကို ဂေါ့ဒ်က မကြိုက်သည့် အကြောင်းအကျယ်တဝင့် ရေး သားထားသည်။ ခရစ်ယာန်နှင့် ဖရုဿဝါစာည် လားလားမျှ မအပ်စပ်ဟု ဆောင်းပါးရှင်က ရှင်းပြရေး သားထားသော အခါ စာရေး သူ၏ မိတ်ဆွေသည် ခရစ်ယာန် ဖြစ်ရန် အရည်အချင်းရှိနိုင်ပါ့မလားဟု သံသယများ ပြီး စိတ်မကောင်း ဖြစ်မိသည်။ ထားပါတော့။
ဆောင်းပါးရှင်က ဂျိမ်းသမ္မာကျမ်းစာမှ အပိုဒ်တစ်ပိုဒ်ကို ကိုးကားထားသည်။
“ဤပါးစပ်ကပင် ကောင်းချီးမင်္ဂလာ စကားလည်းပြောသည်။ ဆဲရေး စကားလည်း ပြောသည်။ ညီနောင်တို့ ဒီလိုသာပြောနေကြလျှင် သင့်တော် မည် မဟုတ်”
လူ၌ စကားပြောနိုင်သော အရည်အသွေးရှိသည်။ ဤအရည်အသွေးကပင် တိရစ္ဆာန်နှင့် ခြားနားစေသည်။
တချို့လူတို့သည် ဤအရည်အသွေးနှင့် စကားပြောနိုင်သော အခွင့်အရေး ကို မတော် မတရား သုံးစွဲသည်ဟု ဆောင်းပါးရှင်ကရေး ပြီး သူတစ်ပါးကို ထိခိုက်စေသော စကားအမျိုးအစားတို့ကို ဖော်ပြသည်။ စော်ကားသော စကား၊ ဆဲရေး တိုင်းထွာသော စကား၊ ကျိန်ဆဲသော စကား၊ ညစ်ညမ်း သော စကား၊ ဒိဋ္ဌိစကား၊ အောက်တန်းကျသော စကားနှင့် ညစ်ပတ်သော စကားတို့ဟူ၍ ဖြစ်သည်။ အချို့သော ဤစကားတို့သည် အရပ်စကားနှင့် ပြောလျှင် ပါးရိုက်တာထက်ပင် နာကျင်ဖို့ကောင်း သည်ဟူ၍ လည်း ထောက်ပြသည်။
စင်စစ်အားဖြင့် ဘာသာတိုင်းသည် ဖရုဿဝါစာကို ရှုတ်ချကြသည်။ ဝစီယဉ်ကျေးမှု ကို သွန်သင်ကြသည်။ ဗုဒ္ဓဘာသာ၌ လည်း ဖရုဿဝါစာ harsh speech ကို ဒုစရိုက်တစ်ပါးအ ဖြစ် အသိအမှတ်ပြုထားသည်။ သို့ သော် စေတနာကို စိစစ်ခိုင်းသည်။
ဖရုဿဝါစာ - ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊ ဆဲရေး ကြိမ်းမောင်းခြင်း။
ဆဲဆိုကြိမ်းမောင်ရာ၌ မကောင်းသော စေတနာပါမှ ဖရုဿဝါစာဟု ဆိုနိုင်သည်။ မိဘက သားသမီးများ အား ဆဲဆိုကြိမ်းမောင်းခြင်းမှာ မကောင်းသော စေတနာမပါခြင်းကြောင့် ဖရုဿဝါစာ မ ဖြစ်ချေဟု ဗုဒ္ဓဘာသာဒေသနာတော် ဝေါဟာရအဘိဓာန်တွင် ရှင်းလင်းထားသည်။
စေတနာနှင့် ဖရုဿဝါစာကို ကျူးလွန်လျှင် မကောင်းသော အကျိုး ငါးပါးကို ခံစားရဖွယ် ရှိသည်။ ၎င်းတို့မှာ (၁) ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံ၌ ဖြစ်ရခြင်း၊ (၂) လူအများ ၏ မုန်းတီးမှု ကို ခံရခြင်း၊ (၃) မိမိစိတ်ကို မကြည်လင်စေခြင်း၊ (၄) အကဲ့ရဲ့ ခံရခြင်းနှင့် (၅) အသံကြမ်းတမ်းပျက်စီးခြင်းတို့ ဖြစ်ကြသည်။
ဗုဒ္ဓာဘာသာအဆုံးအမအရ ဝစီဒုစရိုက်လေးပါးကို ရှောင်လျှင် ဖရုဿဝါစာ၏ ဆန့်ကျင်ဘက် သမ္မာဝါစာ right speech ကို ရသည်။
သမ္မာကျမ်းစာ ပရိုဗာ့၌ “ကြမ်းတမ်းသော စကားသည် မဆင်မခြင် မတွေးမခေါ်ဘဲ ဓားအချွန် နှင့် ထိုးသလို ပြောဆိုခြင်း ဖြစ်သည်” ဟု အနက်ဖွင့်ထားသည်။ ဓားအချွန်ဆိုသည်မှာ စေတနာကို ညွှန်းသည်။ မညွှန်းသည်တော့ မသိပေ။ စကားပြောလျှင် ကျိန်တွယ်ပြောခြင်း၊ ကျိန်ဆဲပြောဆိုခြင်း တို့ကိုလည်း စကားကြမ်းထဲထည့်ထားသည်။
သမ္မာကျမ်းစာက ညစ်ညမ်းပြက်လုံးတို့ကိုလည်း ရှုတ်ချသည်။ စေတနာက မည် သို့ပင်ရှိရှိ၊ စကားကြမ်းတစ်ခု၊ ပြက်လုံးကြမ်းတစ်ပိုဒ်သည် အောက်ပါတို့ကို ကျူးလွန်ပါက ဒုစရိုက်ပင် ဖြစ် သည်။
(၁) ဂေါ့ဒ်ကိ ထိခိုက်ခြင်း၊
(၂) တမန်တော် တို့ကို ထိခိုက်ခြင်း၊
(၃) သက်ကြီးရွယ်အိုတို့ကို ထိခိုက်ခြင်းနှင့်
(၄) လူတိုင်းကို ထိခိုက်ခြင်းတို့ ဖြစ်သည်။
နောက်ဆုံး Devi (စေတန်) ကိုပင် စကားကြမ်းဖြင့် မတုံ့ပြန်ရပေ။ မိုက်ကယ်သည် ဂေါ့ဒ်၏ တမန်တော် နတ်သားအပေါင်း၏ အချုပ် ဖြစ်သည်။ စေတန်နှင့် သူတို့ရင်ဆိုင်ရာတွင် ဘယ်တော့မှ စကားကြမ်းများ အသုံးစွဲဟု သမ္မာကျမ်းစာ ဂျူ့ (ကိုး) ၌ ဖော်ပြထားသည်။
ဝေဒနာအန်ထုတ်ခြင်း
ဗုဒ္ဓဘာသာ၌ ဖရုဿဝါစာနှင့် သမ္မာဝါစာဆိုပြီး နှစ် မျိုးခွဲခြားထားသလို ခရစ်ယာန်သမ္မာ ကျမ်းစာ၌ လည်း speech that injures သူများ ကို ထိခိုက်ဒဏ်ရာရစေသော စကားနှင့် speech that heals အနာကုပေးသော စကားဆိုပြီး နှစ် မျိုးခွဲသည်။
ဤနေရာ၌ စောဒကတက်မှု များ ရှိလာသည်။ ဦးစွာ ပထမ စိတ်ပညာရှင်တို့က လူတို့၏ သဘာဝ အားဖြင့် မိမိတို့၏ ဝေဒနာခံစားမှု တို့ကို အန်ထုတ်ပစ်ရန် emotional release လုပ်ရန် လိုသည်။ ဤသို့ အန်ထုတ်ရာတွင် စကားခပ်ကြမ်းကြမ်းပြောပြီး အန်ထုတ်မှ ဝေဒနာသက်သာသွား တတ်သည်။ စိတ်အတွင်းက စိတ်ဝေဒနာကို အန်ထုတ်နိုင်မှလည်း ကျန်းမာရေး အတွက် အကျိုးရှိ သည်ဟု ထောက်ပြသည်။
အခြားနိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးကမူ “ကျွန်တော် တို့၏ ခံစားမှု ဝေဒနာတို့က အလွန် အင်အားကောင်း ပြင်းထန်သော အခါတွင် သာမာန်ဝေါဟာရတို့သည် ဤခံစားမှု ဝေဒနာတို့ကို မသယ်ပိုးနိုင်တော့ပါ။ ထိုအခါ၌ ခပ်ကြမ်းကြမ်းစကားသည် အလွန်ပြင်းထန်သော ဆောင်ရွက်ချက် တစ်ရပ် ဖြစ်ထိုက်ပါသည်” ဟု ဆိုသတည်း။
အထက်တွင် ဖော်ပြခဲ့သော စားရေး သူ၏ မိတ်ဆွေသင်္ချိုင်းမှထ၍ ဤဆောင်းပါးကို ဖတ်ရှုစေ ချင်သည်။
စစ်ပွဲတစ်ရပ် ဖြစ်တိုင်း စစ်ဂျာနယ်လစ်ဇင်း (War Journalism) ဆိုသော အကြောင်းအရာသည် ပေါ်လာစမြဲ ဖြစ်သည်။ သို့ ရာတွင် ယခုအီရတ်စစ်ပွဲမှပေါ်ထွက်လာသော်စစ်ဂျာနယ် လစ်ဇင်းသည် ယခင်စစ်ပွဲတွေ တုန်းက ဂျာနယ်လစ်ဇင်းတို့နှင့် လုံးဝမတူ အလွန်ခြားနားသွားပြီ။
ယခုစစ်သတင်းတို့ကို ပုံရိပ်တို့ဖြင့်အဓိကဖော်ပြကြသည်။ ဖြစ်သည့်နေရာမှ ချက်ချင်း ကမ္ဘာအနှံ့ပေးပို့သည်။ နာရီမခြား ရက်မခြားပေ။ ချက်ချင်း လက်ငင်း ဖြစ်သဖြင့် ဤလို သတင်းပုံရိပ်တို့ကို ဖြစ်ရာနေရာမှ တစ်မုဟုတ်ချင်း ပေးပို့နိုင်သော သတင်းထောက်တို့ကို(real time reporter) အချိန်အစစ်သတင်းထောက်များ ဟူ၍ သီးသန့်ခေါ်ဆိုလာကြသည်။
ပုံရိပ်ဆိုကတည်းက ဖိုးကပ်စစ်က စကားပြောလာသည်။ ကင်မရာ၏ ဖိုးကပ်စ်မှန်ဘီလူး (focus lenses) တို့ကို အသုံးပြုရာတွင် လူတွေ သေပုံကြေပုံ လူသေအလောင်းတို့ကို အထူးအာရုံ ထား၍ ရိုက်ပြခြင်းကို ဖိုးကပ်စ်အမာ (hard focus) ဟုခေါ်သည်။
သေကြေဒဏ်ရာရခြင်းတို့ကို အဓိကထားသော ပုံရိပ်တို့ကို ဖိုးကပ်စ်အပျော့ (soft focus) ဟု ခေါ်သည်။ ယခင်အခေါ် ဓာတ်ပုံသတင်းထောက်သည် ယခုနှစ် ယောက် နှင့် အလုပ်လုပ်ရသည်။ ဗီဒီယိုကင်မရာမင်းက တစ်ယောက် ၊ သတင်းကိုပြောပြသူ (Narrator) က တစ်ယောက် ၊ အနည်းဆုံး နှစ် ယောက် နှင့် ဆောင်ရွက်ရသည်။
စစ်မြေပြင်သတင်းထောက်က ပေးပို့လိုက်သော ပုံရိပ်နှင့် အသံတို့ကို သတင်းဌာန တီဗီဗဟို စခန်းမှ အယ်ဒီတာက တည်းဖြတ်သည်။ အကယ်၍ တည်းဖြတ်ချိန်မရှိလည်း နဂိုကတည်းက သတင်းဌာန၏ ပေါ်လစီကို ပြောပြထားရသည်။ မည် သည့်ဖိုးကပ်စ်ကို အလေးပေးသည်ဆိုသော အချက် ဖြစ်သည်။
ယခု အီရတ်စစ်ပွဲကို အနောက်တိုင်းမီဒီယာတွေ ရော၊ အာရပ်မီဒီယာတို့ကပါ သတင်းယူကြ သည်။ အာရှ တရုတ်နှင့် ဂျပန်မီဒီယာလည်း ပါသည်။ အမေရိကန်မီဒီယာက ဖိုးကပ်စ်အပျော့ကို ပိုသုံးသည်။ အာရပ်မီဒီယာတို့ကမူ ဖိုးကပ်စ်အမာကို ပိုသုံးသည်။
ဤကိစ္စမှာ မီဒီယာတို့၏ စစ်ပွဲအပေါ် သဘောထားလိုက်၍ ဖိုးကပ်စ်အမျိုးအစား ကွဲပြား နိုင်သည်ဟု ဆိုကြသော်လည်း တကယ်စကားပြောသည့်အရာမှာ ဖြစ်ရပ် (event) ပင် ဖြစ်သည်။ မီဒီယာအမြင်ဖြင့်ကြည့်လျှင် ဖြစ်ရပ်တစ်ရပ် ဖြစ်လာလျှင် ဤ ဖြစ်ရပ်၏ တကယ့်သဘာဝ (true nature) ကို ပုံပန်းရအောင်ဖမ်းပြီး ဖော်ပြနိုင်ရန် ဖြစ်သည်။
သို့ သော် ဤသို့ ဖော်ပြရာ၌ ထိန်းချုပ်မှု တစ်ရပ်လိုသည်။ ဤသည်မှာ ရှော့ခ်တန်ဖိုး (shoke value) ပေါ်လွင်စေလို၍ ပုံရိပ်တို့ကို ပြူးတူးပြဲတဲ ဖောဖောသီသီသုံးစွဲခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။
ယေဘုယျပြောလျှင် စစ်ပွဲဆိုသည်မှာ လူသတ်ပွဲဟုဆိုနိုင်သည်။ သို့ ရာတွင် ခေတ်မီအဝေးပစ် လက်နက်ကြီးများ ဖြင့် ပစ်ခတ်နိုင်လေသော အခါ ဘယ်သူက ဘယ်သူ့ကို သတ်ဖြတ်သည်ဆို၍ မပေါ်လွင်နိုင်တော့ပေ။ အနီးကပ်တိုက်ပွဲ fire fight တို့၌ သာ ဘယ်သူက ဘယ်သူ့ကို ပစ်ချလိုက် သည်ဟု ကွင်းကွင်းကွက်ကွက် ပေါ်နိုင်သည်။
ထို့ကြောင့် အဝေးပစ်လက်နက်တို့ဖြင့် တိုက်သော စစ်ပွဲတို့သည် ဘယ်သူဘယ်ဝါဟူ၍ မပေါ်လွင်သဖြင့် ညစ်ညစ်ထည်းထည်း မရှိသော စစ်ပွဲ (sanitized war) လို့ထင်ရသည်။ ယနေ့ ခေတ်သစ် စစ်ပွဲတို့တွင် မလွှဲသာလို့သာ စစ်တိုက်ကြရစေကာမူ ညစ်ထည်းမှု မရှိ၊ သန့်ရှင်းသော စစ်ပွဲတွေ ဖြစ်စေလိုကြသည်။
ဂြိုဟ်တုပုံရိပ်စစ်သတင်းတို့သည် ဖျတ်ခနဲဖျတ်ခနဲ (snap shots) တွေ များ လေရာ ဖျတ်ခနဲ လျှပ်တစ်ပြက် ပုံရိပ်တို့ကိုကြည့်ပြီး ဖျတ်ခနဲ လျှပ်တစ်ပြက် ဝေဖန်အကဲဖြတ်မှု (snap judgements) တွေ ပြုလုပ်ကြရသည်။ ဤအချက်ကို ဝါရင့်မီဒီယာသမားနှင့် နိုင်ငံရေး သမားတို့က ဘဝင်မကျကြပေ။
ဖျတ်ခနဲပုံရိပ်တွေ ကြည့်ပြီး ဖျတ်ခနဲ ချက်ချင်း ဝေဖန်အကဲဖြတ်သူတို့သည် များ စွာ သော ကိစ္စ တို့၌ အန္တရာယ်များ လှသည်ဟု ထောက်ပြလာကြသည်။ ကျိုးကြောင်းဆင်ခြင်မှု မပါတတ်သော ကြောင့် ဖြစ်သည်။
ယခင် ဓာတ်ပုံသတင်းထောက်တို့သည် ရုပ်သေပုံကိုပဲရိုက်ခဲ့ကြရသည်။ တိုက်ပွဲ၌ ထိခိုက် သေကြေသူတို့ ပုံကိုရိုက်ရသော အခါ ရုပ်သေတွေ ဖြစ်သဖြင့် ထင်းပုံကို ရိုက်ရသည်နှင့်တူသည်ဟု ဝါရင့်ဓါတ်ပုံသတင်းထောက်ကြီး ဘရက်ဒီက ပြောပြသည်။ မသေမရှင် ဖြစ်၍ လူးလွန့်လှုပ်ရှား နေသည့် ပုံတို့ကိုရိုက်လို့ မရပေ။ လှုပ်လျှင် ဓါတ်ပုံရိုက်မရ။ ထို့ကြောင့် သေသူတို့သည်သာ စိတ်ရှည်သည်ဟု ဓါတ်ပုံသတင်းထောက်တို့ကြားတွင် ပြောစမှတ်ရှိခဲ့သည်။
ယခု ကင်မရာတက္ကနိုလိုဂျီက အလွန်ခေတ်မီလာသည်။ ရုပ်သေကင်မရာ ခေတ်ပျောက်သွား သည်။ အလှုပ်ရှားဆုံး ဖြစ်ရပ်တို့ကို ထင်ဟပ်သော စစ်ပွဲတွင် ဗီဒီယိုကင်မရာသည် အရာရာကို ရုပ်ရှင်ရိုက်လာနိုင်သည်။ ထို့အပြင် ကင်မရာသည် အလွန်ပေါ့သည်။ အလွန်မြန်သည်။ အကျိုး သက်ရောက်မှု ကား ပေါ့ပါးမြန်ဆန်သော ကင်မရာတို့ဖြင့် ဖျတ်ခနဲ လျှပ်တစ်ပြက်ရိုက်နေရသော ရိုက်ကွင်းတွင် သေသူတို့ပုံသည် သိပ်မမြင်သာတော့ပေ။ မထင်ရှားတော့ပေ။
စစ်မြေပြင် ဓာတ်ပုံတို့ကို သတိကြီးကြီးထား၍ တည်းဖြတ်ရသည်။ အကြောင်းမူ ဤဓာတ်ပုံ၊ ဤပုံရိပ်တို့သည် ကြည့်သူမြင်သူအား စိတ်ကသိကအောက် ဖြစ်စေနိုင်သော အရည်အချင်းရှိရုံမျှ မက သူတို့ပင်လျှင် ဖြစ်ရပ်ထဲဆွဲခေါ်ပြီး ပါဝင်ပတ်သက်နေသလို sense of implication ခံစားမိအောင် ပြုလုပ်နိုင်သော ကြောင့် လည်း ဖြစ်သည်။
အင်ဘီစီရုပ်မြင်သံကြားက အီရတ်စစ်ပွဲကို သတင်းလွှင့်သော အခါ (the cost war) “စစ်စရိတ်” ဆိုပြီး အမြဲတမ်းခေါင်းစီးတပ်ပြီး လွှင့်သည်။ ငွေကြေးအဓိပ္ပာယ် ဖြင့် ပြောသည်မဟုတ်။ သေကြေဒဏ်ရာရရှိသမျှတို့သည် စစ်အတွက် စရိတ်စကကျခံနေကြရသည့် ပမာရှိသည်ဟူသော မက်ဆေ့ခ်ျကို ပေါ်လွင်စေရန် ဖြစ်သည်။
စစ်ပွဲ၏ သရုပ်မှန်တို့ကို ကြည့်သူတို့နှင့် ဆက်သွယ်၍ ဖော်ပြသော အခါ တတ်နိုင်သမျှ ဝမ်းသာ ပျော်မြူးမှု ကို မပြဘဲဖော်ပြရန်ကြိုးပမ်းသည်။ စစ်ပွဲ၏ အနဌာရုံလို့မသုံး။ စစ်၏ စရိတ်ဟုသုံးပြီး သတင်းလွင့်သည်။ အနိဌာရုံသည်စရိတ်။
စစ်ပွဲသတင်းကြည့်သူတို့သည် ပုံရိပ်တို့ကိုကြည့်ပြီး အကဲဖြတ်ရသည်။ အကောင်းအဆိုးအရ သာခံရသည်။ judgement and taste ဟုဆိုသည်။ စစ်ပွဲမှန်သမျှသည် ကြောက်မက်ဖွယ်ကောင်း တာချည်း ဖြစ်သည်။ ဤလိုကြောက်မတ်ဖွယ်ကောင်းသော စစ်ပွဲကို ညစ်ထည်းမှု အနည်းဆုံးဖြင့် သတင်းဖော်ပြရန်မှာ သိပ်တော့မလွယ်လှပေ။
Carnage ခေါ်လူတွေ အစုလိုက် အပြုံလိုက် သေစေသော စစ်ပွဲသည် စစ်မက်ဘေးထွက်ပ စ္စည်းဟု ဆိုကြစေကာမူ ဤသတ်ပွဲကို သတင်းအ ဖြစ်ဖော်ပြကြရာ၌ အချက်နှစ် ချက်က ပို၍ လက် ရာမြောက်လာသည်။ ပထမအချက်မှာ ကင်မရာတက္ကနိုလိုဂျီ၊ ဂြိုလ်တုတက္ကနိုလိုဂျီ ဖြစ်သည်။ ဒုတိယအချက်မှာ စစ်မြေပြင်အတွင်း ဝင်ထွက်နိုင်ခွင့် လွယ်ကူမူ access to battle fields ဖြစ်သည်။ ဤနှစ် ချက်ကြောင့် သတင်းကြည့်သူတို့သည် သူတို့ကိုယ်တိုင် စစ်မြေပြင်အလယ် ကောင်ထဲ ရောက်ရှိသွားကြပေသည်။
ကြည့်သူတို့က စစ်မြေပြင်အလယ်ကောင်ထဲ ရောက်ရှိနေချိန်၌ မီဒီယာတို့က ဖိုးကပ်စ်အမာ သို့ မဟုတ် ဖိုးကပ်စ်အပျော့ ကိုယ်သန်ရာ သန်ရာရွေးချယ်နေကြသည်။
ဒီမနက်စာရေး သူတို့ ဇနီးမောင်နှံလမ်းလျှောက်ထွက် အနည်းငယ်နောက်ကျသွားသည်။ ပရီး မီးယားလိ(ဂ်) အာဆင်နဲလ်နှင့် နာမည် မမှတ်မိ အသင်းဘောပွဲ တီဗွီထိုင်ကြည့်မိ၍ မနက် ၆ နာရီခွဲ လောက်မှ အိပ်ရာထနိုင်သည်။
လမ်းလျှောက်ရင်း ကန်တော် ကြီးသို့ ရောက်သွားသော အခါ မော်လမြိုင်မှ နာရေး ကူညီမှု လမ်းလျှောက်အသင်းမှဥက္ကဌဦးစံတင်တို့အဖွဲ့ကရန်ကုန်ရောက်မော်လမြိုင်သားများ လမ်းလျှောက်ခဲ့ရာ ယခင်ဘုတ်ကလပ်ထောင့်၌ စာရေး သူအားစောင့်နေကြသည်။ ခုမနက် ၃နာရီ မော်လမြိုင်မှ လိုင်းကားနှင့် ရောက်လာကြသည်ဟုဆိုသည်။
လုပ်နေကျလေ့ကျင့်ခန်းပင် မလုပ် ဖြစ်။ သူတို့နှင့် အတူ အနီးအနားစားသောက်ဆိုင်တွင် နံနက်စာစားပြီး အိမ်သို့ ခေါ်ခဲ့သည်။ ရန်ကုန်မော်လမြိုင်အသင်းမှ လှမ်းခေါ်လာခဲ့ကြကြောင်း ပြောပြသည်။ သူတို့ပေးသော စာရွက်တစ်ရွက်ကို ဖတ်ကြည့်ရာ ကဗျာကို အတော် သဘောကျ သွားသည်။
“အို သူတော် ကောင်း
မိတ်ဆွေအပေါင်းတို့
တစ်ခဏလာရ၊ လူ့ဘဝတွင်
ရုန်းကန်လှုပ်ရှား၊ ကြိုးစားရင်ဖြင့်
ငယ်ရာမှကြီး၊ ကြီးရာမှအို
အိုရာမှနာ၊ နာရပြီးလျှင်
သူသူငါငါ၊ အမှန်မုချ
သေကြေရမည် မလွဲတည်း။
ထိုသို့ကြုံလျှင်၊ နွမ်းပါးပြည်သူ
ကြည်ဖြူစွာ ဖြင့်
ဘာသာတရား၊မခွဲခြားဘဲ
သေသူရုပ်ကလာပ်
မြေဝယ်ကျအောင်
မေတ္တာဖြူစင်၊ စေတနာယာဉ်ဖြင့်
ဆောင်ပို့ပေးမည် သုသာန်ဆီ။
အများ သူငါ၊ သေသည့်အရေး
ရည်မျှောတွေး၍ ၊ စေတနာထား
သဒ္ဓါအားဖြင့် ၊ နာရေး ကူညီ
ကုသလိုလ်ဟူသည်
နတ်လူသာဓုခေါ်စေသော်။
သူတို့ နိဗ္ဗာန်မော်တော် ယာဉ်တစ်စီးဝယ်ရန် အလှုခံထွက်လာကြခြင်း ဖြစ်သည်။ ရန်ကုန်မော် လမြိုင်ပြန်မရောက်သည်မှာ ကြာပြီ ဖြစ်၍ သင်္ချီုင်းဘယ်ရွှေ့သွားသလဲဟုမေးကြည့်ရသည်။ ဦးခန္တီဘုရားမှ လှမ်းကြည့်လျှင် မြင်နေရသော မော်လမြိုင်သင်္ချီုင်းသည် ယခုကျိုက်မရောဘက် ပိန္နဲ ကုန်းရွာနားရောက်သွားပြီဟု ပြောပြကြသည်။
သင်္ချီုင်းဟောင်းနေရာ၌ မော်လမြိုင်သံလွင်မြစ်ကူးတံတားကြီးပြီးလျှင် မော်လမြိုင်ဘူတာ ဆောက်လုပ်ရန် လျာထားကြောင်းတော့ ကြားပြီး ဖြစ်သည်။ သင်္ချီုင်းဝေးသဖြင့် အသုဘယာဉ်တစ် စင်းကောင်းကောင်းလိုလာပြီ။ မော်လမြိုင်မြို့ မော်တော် ယာဉ်အသင်း၌ အသုဘယာဉ်ရှိသော် လည်းနိုင်ပုံမရ။ ကားကလည်းဟောင်းနေသည်။ စားရေး သူ မော်လမြိုင်အိမ်နှင့် မော်တော် ယာဉ် အသင်းကသိပ်မဝေးလှသဖြင့် နေ့တိုင်းလိုမြင်နေခဲ့ရသည်။
လွန်ခဲ့သော နှစ် ပတ်လောက်ကပင် စာရေး သူ၏ ခယ်မဒေါ်မေမေကြည် (အငြိမ်းစားကျောင်း အုပ်) ကွယ်လွန်သဖြင့် မော်လမြိုင်သို့ ချက်ချင်း ထလိုက်ရမလို ဖြစ်ခဲ့သေးသည်။ သို့ သော် စားရေး သူ စာရေး နေရသော အလုပ်ကဘယ်လိုမှ ခွာလို့မရသဖြင့် အသုဘကိစ္စအတွက် ငွေကြေး သာအမြန်လှမ်းပို့ပြီး ကူညီခဲ့ရသည်။ တူတွေ မတူတွေ ကလည်း အလုပ်အကိုင်ကိုယ်စီရှိကြသဖြင့် အသုဘကိစ္စအတွက် မပူမပင်တတ်နိုင်ကြပါသည်။ “ ဘကြီး ပင်ပန်းမယ်၊ မလာရင်လည်းနေပါ” လို့ဖုန်းဆက်ပြောကြသည်။ ထို့ကြောင့် ငွေပဲ ကူညီလိုက်သည်။
ရန်ကုန်ရောက်ကတည်းက စာရေး သူ အသုဘတွေ အတော် ပို့ရသည်။ စာရေး သူ၏ ယောက္ခ မလည်း အိမ်၌ ပင် ဆုံးသဖြင့် ကိုအောင်သင်းတို့နာရေး အဖွဲ့ကို အကူအညီတောင်း၍ ရေဝေးသု ဿန်သို့ ချလိုက်ရသည်။
စာရေး သူ အသုဘအပို့ရဆုံးနေရာမှာ ရေဝေး ဖြစ်သည်။ တော် တော် တော့ကြာပါပြီ။ စာရေး သူ ဝိုင်အမ်စီအေ၌ နေစဉ် စာရေး သူ၏ သူငယ်ချင်းပြည်တွင်းအခွန်ဦးစီးဌာနမှ အငြိမ်စားမှုး ကိုမောင်မောင်လေး (ဘောလုံး) ကွယ်လွန်သည်။ သူက ရေကျော်တွင် နေသူ ဖြစ်ပြီး ရန်ကုန် ဂျပန်ဆေးရုံးကြီးတွင် ကွယ်လွန်သည်။ သာကေတသုဿန်သို့ ချရသည်။
ထိန်ပင်သင်္ချီုင်းကို မရောက်ဖူးပေ။ သို့ ရာတွင် တစ်မြန်နေ့ ဈေးကွက်ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်စိန်မင်း၏ မိခင်ကွယ်လွန်သဖြင့် ထိန်ပင်သင်္ချီုင်းသို့ ရောက်သွားသည်။ အတော် ဝေးသားပဲ ဟုပြောမိသည်။
စာရေး သူသည် အသုဘပို့ရသော လူမူရေး အလုပ်ကို အလွန်တာဝန်ကျေချင်သည်။ ကြုံကြိုက်၍ ပြောရဦးမည် ။ မနှစ် ကတစ်နေ့တွင် စာရေး သူ၏ အိမ်သို့ ဗိုလ်မှုးတင်မောင် (ရွှေဘို) သူ့သား တစ်ယောက် နှင့် အတူ လလည်သည်။ သူရွှေဘိုမှာ နေသည်ဟု သိထားရာ အခုတွေ့ တော့ အတော် အံ့အားသင့်မိသည်။ အသက်က ၈၀ ကျော် တော် ရုပ်ကျနေပြီ။ လူတွဲ ရသည်။
သူကတခြားဘာမျှမပြော၊ ဂျပန်တော် လှန်ရေး က အတွေ့ အကြုံတစ်ခုကို စာရေး သူအား ပြောပြနေသည်။ ဂျပန်သိမ်းခါစရှိသေး။ ကိုတင်မောင်က ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားကြရာ ရန်ကုန်၌ ဂျပန်ကင်ပေတိုင်ဖမ်းမိသွားသည်။ သခင်ကျော်စိန်၊ ဆရာရာဂျန်တို့နှင့် အတူသူပါ အဖမ်းခံရသည်။
ဂျပန်ကအတော် နှိပ်စက်ပြီးသည့်နောက် ပြန်လွှတ်လိုက်ရာ သူလည်းရွှေဘိုပြောင်းရွှေ့နေ သည်။ ရွှေဘို၌ ကပြားရုပ်ပေါက်သော လူ တစ်ယောက် ရွှေဘိုသူ့ အိမ်သို့ညကြီးမင်းကြီးရောက်လာ သည်။ သူ့အ ဖြစ်အပျက်ကို ထိုသူက သိနေသည်။ သူ့အားအိန္ဒိယသို့ လိုက်ခဲ့ရန်ခေါ်သဖြင့် သူလည်း ချက်ချင်း သဘောတူပြီး ထိုသူနှင့် ထလိုက်ခဲ့သည်။
တော် လမ်းခရီး အဖုံဖုံဖြတ်ပြီး တမူးဘက်မှတစ်ဆင့် အိန္ဒိယနယ်ထဲဝင်နာမည် ကြီး အင်ဖာသို့ သူတို့နှစ် ဦးအား လေယာဉ်ငယ်တစ်စင်းဖြင့် ကာလကတ္တားအနီးလေယာဉ်ကွင်း ငယ်တစ်ခု၏ ပြေးလမ်းပေါ်ဖြည်းဖြည်းဆင်းသက်ရင် ပြေးလမ်းအဆံး တစ်နေရာ၌ ရပ်လိုက်သည်။ လူ တစ်ယောက် သူတို့ကို လာကြိုနေသည်။
ထိုမှစ၍ သူသညိ ဖို့(စ်) ဝမ်းအိုဝမ်းအဖွဲ့ဝင် ဖြစ်သွားပြီး ရက်အနည်းငယ်လေ့ကျင့်ခန်းဆင်း ကာမြန်မာပြည်သာယာဝတီ မင်းလှမြို့နယ်ဘက်၌ လေးထီးဆင်းရသည်။ ကိုတင်မောင်သည့် နောက်ပိုင်းအ ဖြစ်အပျက်တို့ကိုလည်း စာရေး သူအားပြောပြသည်။ တပ်မတော် ထဲဝင်၍ ဗိုလ်မူးဘ၀ ဖြင့် အငြိမ်းစားယူခဲ့သည်။ သူကသူ့သမီးအိမ်တွင် ခဏနေပြိး ရွှေဘိုပြန်မည် ဟု ပြောကာ စာရေး သူ အိမ်မှ ပြန် သွားပါသည်။
သိပ်မကြပါ။ စာရေး သူထံ တယ်လီဖုန်းလာသည်။ ကိုတင်မောင် ဘိုးဘွားရိပ်သာရောက်နေ ကြောင်းအကြောင်းကြားခြင်း ဖြစ်သည်။ စာရေး သူလည်း ချက်ချင်း ဆိုသလို နှင်းဆီကုန်း ဘိုးဘွား ရိပ်သာသို့ လိုက်သွားသည်။ သူ့သားအကြီးနှင့် တွေ့ ပြီး ကိုတင်မောင်သည် ဘိုးဘွားရိပ်သာဆေးရုံ တွင် မြောနေသည်။ ကင်ဆာဟုဆိုသည်။ သူ့သားက ခပ်တိုးတိုးလေးသူ့နားကပ်၍ စာရေး သူလာ ကြောင်းပြောပြရာ ကိုတင်မောင် မျက်စိပင်မဖွင့်နိုင်။ သူ့လက်ကိုစာရေး သူအားခါပြပါသည်။
စာရေး သူလည်း သူ့သားအား ငွေကြေးပေးခဲ့ပြီး ပြန်လာခဲ့သည်။ နောက်နေ့တစ်မနက် တယ်လီဖုန်းလာသည်။ သူဆုံးပြီးတဲ့။ ဇေယျကျော်ထင်ဘွဲ့ရဗိုလ်တင်မောင် အသုဘရေဝေးသို့ စာရေး သူပို့ခဲ့သည်။ ရွှေဘိုမှ တကူးတကလာပြီး လူသိနည်းသော သူ့သမိုင်းအတိုအစလေးတစ်ပုဒ် ကိုစာရေး သူအား ပြန်ရေး ပေးစေချင်ပုံရသည်ဟု ခံစားမိသည်။ လူအိုရုံကို ကိုလှမြိုင် (ကိုဆောင်း) ကတာဝန်ယူ ပို့ပေးလိုက် သည်ဟု သိရှိရသည်။
မောင်လမြိုင် ဦးခန္တီဘုရား တောင်ပေါ်လမ်းလျှောက်အသင်း (နာရေး ကူညီမှု ) သည်ကဗျာစပ် သာတော် သည်မဟုတ်။ ဘဝ၏ လိုရင်းအဓိပ္ပာယ်ကို ဖော်ထုတ်ရာ၌ လည်း တော် လှသည်ဟု ထင်မိ သည်။
ဆောင်ပုဒ်ကို ကြည့်ပါလေ။ လာခြင်းကောင်းသကဲ့သို့ ပြန်ခြင်းလည်းကောင်းပါစေတဲ့။ လှူချင်စရာဆောင်ပုဒ် ဖြစ်အံ့ထင်သည်။ အဖွဲ့ထဲမှ ကိုအေးသွင်က စာရေး သူအား “မော်လမြိုင်သား နှစ် ထပ်ကွမ်း” ဟုစသည်။ မောင်လမြိုင် မဂ္ဂဇင်းတစ်နှစ် တွင် စာရေး သူရေး သားခဲ့သော ဆောင်းပါး တစ်ပုဒ်ကိုရည်ညွှန်းဟန်တူသည်။
သူသိသည်။ သို့ သော် အမှတ်မထားလိုက်ပုံရသည်။ စာရေး သူသည် အလောင်းငါးလောင်း မော်လမြိုင်တွင် သဂြိုလ်ခဲ့ရသည်။ ကွယ်လွန်သူစာရေး သူ ၏ ဇနီး ၊စာရေး သူ သားကြီး၊ စာရေး သူ ယောက္ခမ၊ စာရေး သူမရီး၊ မကြာသေးမီက စာရေး သူ ခယ်မတို့ ဖြစ်ကြသည်။
ထို့ကြောင့် နာရေး ၏ ဝေဒနာနှင့် သံဝေဂတို့ကို သတိရသဖြင့် စာရေး သူစာမူခတွေ ရထားသော မိမိပိုက်ဆံအိတ်ထဲမှ ငွေကိုရေတွက်ကြည့် လိုက်သည်။ လေးသော င်းကျော်ရှိသည်။ အစွန်းထွက်ကိုဖယ်ပြီး ငွေလေးသော င်းကို လမ်းလျှောက်အသင်း (နာရေး ကူညီမူ) သို့ လှူဒါန်း လိုက်ပါသည်။
ဥက္ကဌ ဦစံတင် (အသက် ၉၀) ကဆုတောင်းပေးသော အခါ စာရေး သူက ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပီတိ ဖြစ်စွာ တုံ့ပြန်လိုက်မိသည်။
ဂေါ့ဒ်သည် အဒမ်ကိုအရင်ဖန်ဆင်းသည်။ သူ့ကိုအဒမ်လို့ပဲ ဂေါ့ဒ်ကနာမည် ပေးသည်။ ထို့နောက် ဂေါဒ်ကအဒမ်အား ဧဒင်ဥယျာဉ်ကြီးထဲမှ တိရစ္ဆာန်တို့ကို နာမည် ပေးခိုင်းသည်။ အဒမ်အ တော် ကြိုးစားရသည်။ ကျား၊ ဆင်၊ ခြင်္သေ့စသည်ဖြင့် အကောင်တွေ ကို အမျိုးအစားအလိုက်နာမည် ပေးလိုက် ပေသည်။
ဘာသာဗေဒပညာရှင်က သမ္မာကျမ်းစာပါ ဤပုံပြင်လေးကို အမြတ်တနိုးကိုးကားရင်း လူသတ္တဝါ၏ ဆက်သွယ်ရေး စွမ်းရည် (ability to communication) အကြောင်းကိုရှင်းပြသည်။ ဤဆက်သွယ်ရေး စွမ်းရည်၌ နာမည် ပေး တတ်ခြင်း (ability to name) သည် လူ၏ အထက်မြက် ဆုံးအရည်အချင်းဟု ပညာရှင်က မှတ်ချက်ချသည်။
အကြောင်းမူ အဒမ်က သူ့မိန်းမကို ဧဝဟုအမည် မေးလိုက်သည်မှစ၍ တီထွင်ကြံဆမှု (creativity) သည် ဘွားခနဲ့ ပီတိစိတ်ဖြင့် ပေါက်ဖွားလာသော ကြောင့် ဖြစ်သည်။ နာမည် ပေးရခြင်း သည်မလွယ်ပေ။ တိရစ္ဆာန်တို့ကိုနာမည် ပေးရသော အခါ၌ သဘာပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် အကဲခတ်နိုင်စွမ်းရရှိသည်။ အတွေးစိတ်ကူးဆန်းကြယ်ရသည်။ တီထွင်ကြံဆမှု ၏ ၀ိသေသတို့ပင် ဖြစ်တောသည်။ ဧဝကို နာမည် ပေးရာမှစ၍ တီတွင် ကြံဆမူပေါ်သည်။
ဘာသာဗေဒပညာရှင် ပါမောက္ခဒန့်စ်အဆိုအရ လူသာလျှင် နာမည် ပေးနိုင်စွမ်းရှိသည်။ အခြားသတ္တဝါတို့ နာမည် မပေးတတ်ကြပေ။ မှော င်နေခြင်းကို ညဟု အမည် ပေးလိုက် သည်။ လင်းနေခြင်းကိုနေ့ဟု အမည် ပေးလိုက် သည်။ လူ့သဘာစာကား၏ အံ့ဖွယ်သရဲပင် ဖြစ်တော့သည်။ အဒမ်က သူ့မိန်းမကို ဧဝလို့ နာမည် ပေးသည်။ ဧဝက တစ်ဖန်သူ့သားကို ကိန်း (Cain) လို့နာမည် ပေးသည်။
ပါမောက္ခဒန့်စ်က လူ့ဆက်သွယ်ရေး စနစ်တွင် နာမည် တွေ မရှိလျှင် အသို့ ဖြစ်မည် နည်းဟု စဉ်းစားခိုင်းသည်။ ဆက်သွယ်ရေး အကုန်ခက်ခဲကုန်မည် ။ ဥာဏ်ရည်ရှိသော ဆက်သွယ်မှု ပေါ် ပေါက်တော့မည် မဟုတ်ပေ။ လူ၌ ဆက်သွယ်နိုင်သော အရည်အချင်းရှိရုံမျှမ ဆက်သွယ်ချင်သော ဆက်သွယ်ချင်သည် မဟုတ်၊ ဂေါ့ဒ်နှင့် လည်း ဆက်သွယ်ချင်သည်။
ဘာသာဗေဒပညာရှင်နွမ်းခြုမ်းစကီးက လူ့ဘာသာစကားကိုလေ့လာလျှင် အစွန်ဆုံသော စခန်း၌ လူ၏ အနှစ် သာရ (human essence) ကိုရှာဖွေတွေ့ ရှိမည် ဟုဆိုသည်။ လူ့အနှစ် သာရဆို သည်မှာ လူ၌ သာထူးထူးခြားခြား ရှိသော လူ့စိတ်၏ အရည်အသွေးတွေ ဖြစ်သည်ဟု ခြုမ်းစကီးက အနက်ပေးသည်။
အခုဘာသာဗေဒကအတော် ကျယ်သွားပြီး လူ့လောကအတွက် ဘာသာဗေဒကိုသာမဟုတ် ၊တိရစ္ဆာန်တို့၏ ဘာသာဗေဒ၊ အပင်တို့၏ ဘာသာဗေဒတို့ကိုလည်း လေ့လာကြသည်။ လာကအ လုံးစုံကိုခြုံ၍ ဘာသာဗေဒလေ့လာခြင်းကို (Earth’s web of life ) မြေကမ္ဘာကွန်ရက်ဘဝကို လေ့လာခြင်းဟု ခေါ်လာသည်။
ခရစ်ယာန်စာစောင်တစ်ခုက ဆက်သွယ်ရေး ကျွမ်းကျင်မှု (communication skill) ထက် မြက်စေရန် နည်းလမ်းငါးသွယ်ကို အကြံပေးသည်။
၁။ သူများ ပြောတာကိုနားထောင်ပါ။ “နားထောင်မှု မြန်ပါ၊ အပြောအနှေးပါ” (ဂျိမ်းသမ္မာကျမ်း စာ၊ စာ- ၁၁၉)
၂။ ကိုယ့်ပတ်ဝန်းကျင်မှ ဘဝနှင့် အရာဝတ္တုတို့တွင် စိတ်ဝင်စားပါ။ စာဖတ်ပါ၊ ဥာဏ်ဖြင့်ယှဉ် ဖတ်ပါ။ “မိမိလေ့လာဆည်းပူးထားသော ဆွေနွေးသော အခါ ညှိနှိုင်းပြီး ဆွေးနွေးပါ” (ပရိုဗာ့-၁၁၂)
၃။ ဝေါဟာရကြွယ်ဝအောင်ပြောပါ။ “ယေရှု၏ စကားလုံးတို့ကို နားလည်ရန် မခက်ခဲပါစေနှင့် ” (အက် ၄.၁၃)
၎။ ပီပီသသ စကားပြောပါ။ အသံထွက်မှန်မှန်ထွက်ပါ။ “နားထောင်သူကို ကြင်နာပါ” (ကိုရင်သီယမ် - ၁၄.၇)
၅။ သင်၏ ဆက်သွယ်ရေး ကျွမ်းကျင်မှု သည် ဂေါ့ဒ်က မေတ္တာလက်ဆောင်ပေးထားခြင်း ဖြစ်သည်ကို အသိအမှတ်ပြုပါ။ ဤသို့ အသိအမှတ်ပြုလျှင် ဘာသာစကားကို လေးစားမိသည်။ (ဂျိမ်း -၁.၁၇)
စက်တင်ဘာလ ၁၁ ရက်နေ့အကြမ်းဖက်တိုက်ခိုက်မှု ကြီးကို လူ ၁၉ဦးက ဦးဆောင် ဆောင်ရွက်သည်။ ဤ ၁၉ ဦးသည် မကောင်းဆိုးဝါး (evil) ဖြစ်သည်။ သူတို့ပညာတတ် (educated) တွေ ဖြစ်သည်။ သူတို့သည် ကိုယ့်ကိုယ်ကို အကျိုးယုတ်စေချင်သူ (suicidal) တွေ ဖြစ် သည်။ နယူးယောက် တိုင်းမ်ဂျာနာယ်လစ် သော မတ်စ်ဖရီးမင်းက ဂုဏ်ပုဒ်သုံးပုဒ် အတွဲ အစပ်ကို အလွန်ထူးဆန်းသည်ဟု ထင်သည်။ ဘယ်လူစုလူဝေး၌ မှ ဤအတွဲ မျိုးကို တွေ့ နိုင်မည် မဟုတ်ဟု ဆိုသည်။
မကောင်းဆိုးဝါး ဖြစ်သူ ပညာတတ်သည့်အခါ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်လိမ့်မည် မဟုတ်။ သူများ ကိုသာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် မြှောက်ပေးမည် ။ မကောင်းဆိုးဝါးလည်း ဖြစ်ပြီး ကိုယ့်အကျိုးဖျက်ဆီးသူသည် ပညာတတ်မည့် သူ မဟုတ်နိုင်ပေ။ ယခုသုံးခုစလုံး ပြုံတွဲ ထား သည်ကို တွေ့ ရသော အခါ မိမိတို့ယဉ်ကျေးသော လောကကလက်ခံထားသော ကျင့်ဝတ်တရား (presumptive morality) ၏ အပြင်အပ (out of bound) ရောက်နေပုံပေါ်လာသည်။ ထို့အပြင် လူသားတို့၏ စိတ်ကူးစိတ်သန်း (human imagination) ၏ အပြင်အပရောက်၍ နားလည်ရခက် နေသည်။
သို့ သော် အကြမ်းဖက်ဝါဒဆန့်ကျင်ရေး စစ်ပွဲကို ဆင်နွှဲရမည် ။ ဤစစ်ပွဲကို အင်အားသုံးစစ်ပွဲ (big force display) ဖြင့် သာ ဆင်နွှဲရမည် မဟုတ်။ လျှို့ဝှက်ကွန်ရက်နည်းတို့ဖြင့်လည်း ဆင်နွှဲ ရမည် ။ ဤအချက်ကို သော မတ်စ်ဖရီးမင်းက ထောက်ပြပြီး အိုစမာဘင်လာဒင် အာဖဂန်နစ္စတန်မှာ မပုန်းအောင်းဘဲ ကိုလံဘီယာနိုင်ငံတွင် သွားရောက်ပုန်းအောင်းလျှင် ဘယ်လောက်ကောင်းမလဲဟု နှိုင်းယှဉ်ပြသည်။
ကိုလံဘီယာမူးယစ်ဆေးဂိုဏ်းသည် ပါးစပ်ဖြင့် စကားမပြော၊ အလုပ်ဖြင့်သာ စကားပြော သည်။ သူတို့ကို ဝယ်လို့ရသည်။ သူတို့ကလည်း ဝယ်သည်။ သူတို့သည် ပြိုင်ဘက်ကွန်ရက်တို့ကို ဘယ်လိုပြန်ဖျက်ပစ်ရမလဲ ဆိုသော နည်းကို ကျွမ်းကျွမ်းကျင်ကျင် သိသည်။ သူတို့ကို ဘယ်သူ ဘယ်ဝါကိုဖြင့် “အရှင်ရရ၊ အသေရရ” လိုချင်ပါသည်ဟု ပြောလျှင် သူတို့က ဤစကားကို “အသေရရ၊ အသေရရ” (dead or dead) လို့ပဲ နားလည်မည် ။
ဂျာနယ်လစ် သော မတ်စ်ဖရီးမင်းသည် အသေခံဗုံးဖောက်ခွဲမှု ကို စတင်မွေးထုတ်ရာ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့၌ နေထိုင်ခဲ့ဖူးသည်။ ဘေရွတ်၌ ဗုံးပေါက်သံ၊ ပစ်ခတ်သံတို့သည် နေ့စဉ်ဘဝ၏ နောက်ခံတီးလုံးလို ဖြစ်နေသည်။ ရန်ဘက်ချင်းလည်း အသေအလဲပစ်ခတ်တိုက်ခိုက် သည်။ မကြာခဏလည်း အပစ်အခတ်ရပ်စဲကြသည်။
သော မတ်စ်ဖရီးမင်းသည် ဘေရွတ်စားသောက်ဆိုင်တစ်ဆိုင်သို့ ညစာသွားစားလေ့ရှိသည်။ စားပွဲထိုးအမျိုးသမီးက “ညစာကို အခုစားမလား၊ အပစ်အခတ်ရပ်စဲပြီးမှ စားမလား” ဟု မေးသည်ကို အတော် သဘောကျသွားသည်။ ဤစားပွဲထိုး အမျိုးသမီး၏ အမေးကို သူက နယူးယောက် တိုင်းမ်သတင်းစာတွင် ဖော်ပြလိုက်သည်။
[ နွယ်နီ ]
![]() ကြက်ဥပေါ်လမ်းလျှောက်ခြင်း | ![]() စီးပွားရေးအဘိဓာန် | ![]() အမြင် ၂၀၀၈ - ၂၀၀၉ |