အမှာ စာ
အမြင် ၂၀၀၈ - ၂၀၀၉
ဒီစာအုပ်ဟာ တွေးခေါ်ဆင်ခြင်မှု နဲ့ ဥာဏ်ပညာ ထူးထူး ခြားခြား စူးရှသူ ဆရာမောင်စူးစမ်းရဲ့ အတွေးခေါ်နဲ့ ပညာဂုဏ်ကို လေးစားသမှု နဲ့ ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။
ဆရာဟာ သူ့ဘဝတစ်လျှောက် သူ့ကိုဝေဖန်တာတွေ အများ ကြီး ကြုံခဲ့သလို သူကဝေဖန်သုံးသပ်ခဲ့တာလည်း အများ ကြီးပါပဲ။ ဒီစာအုပ်မှာ ဆရာက သူ့အယူအဆတွေ ကို ခပ်ရှင်းရှင်း ခပ်တိုတို ထိထိမိမိပြောထားတာတွေ အများ ကြီး တွေ့ ရပါမယ်။ ဆရာမောင်စူးစမ်းရဲ့ အယူအဆတွေ အကြောင်း တစ်ဆင့်ကြားနဲ့ သိနေရတာ မျိုးထက်စာရင် ကိုယ်တိုင် ဆုပ်ဆုပ် ကိုင်ကိုင်သိနိုင်ဖို့၊ မကြိုက်ရင်လည်း တိတိကျကျသဘော ကွဲလွဲနိုင်ဖို့ ဆရာ့ဆောင်ပါးတွေ ကို စုစည်းထုတ်ဝေလိုက်တာပါ။ ထုတ်ဝေခွင့်ပြုတဲ့ ဆရာမောင်စူးစမ်းနဲ့ ဆရာ့ဇနီး ဆရာမ ဒေါ်ခင်ချစ်တို့ကို ကျေးဇူးတင်ရပါတယ်။
ဒီလိုစာအုပ်တစ်အုပ် ထုတ်ဝေနိုင်ဖို့ ဝိုင်းပြီး ကူညီကြတဲ့ မိတ်ဆွေများ အားလုံးကိုလည်း ဒီနေရာကနေ မှတ်တမ်းပြုပါတယ်။
ဝိဇယ စာအုပ်တိုက်
အခန်း (၁)
ဈေးကွက်အင်အားစုနှင့် ပေါ်လစီချမှတ်သူ အားပြိုင်ပွဲ
ကမ္ဘာ့ ဖြစ်တည်မှု နှင့် ကမ္ဘာ့ဖွဲ့စည်းပုံ
ကမ္ဘာကြီးအကြောင်းပြောလျှင် ကမ္ဘာကြီး၏ ဖြစ်တည်မှု နှင့် ကမ္ဘာကြီး၏ ဖွဲ့စည်းပုံစနစ် Its existence and order ကို ဦးတည်ပြောရသည်။ အိုင်ဒီယာသမိုင်းတွင် ရှေးဦးခေတ်၌ ကမ္ဘာကြီး၏ ဖြစ်တည်မှု နှင့် ဖွဲ့စည်းပုံစနစ်ကို ဂေါ့ဒ်အပေါ်မူတည်၍ ပြောရသည်။ ဂေါ့ဒ်အကြောင်းမပါဘဲ ကမ္ဘာ့ရေး ရာတို့ကို ပြော၍ မ ဖြစ်ပေ။ ကျယ်ကျယ်ပြန့်ပြန့် ပြောလျှင် ဘာသာရေး နှင့် ကင်းပြီး ကမ္ဘာ့အကြောင်း ပြောလို့မ ဖြစ်ခဲ့ပေ။
နောက်ပိုင်း ကမ္ဘာ့အကြောင်းကို အင်ပါယာတို့အပေါ်အခြေခံ၍ ပြောရသည်။ ရောမအင်ပါယာစသဖြင့် အင်ပါယာတို့ကို အခြေခံပြီး ကမ္ဘာ့အကြောင်းကိုပြောရသည်။ ထို့နောက်နိုင်ငံ အစိုးရ Nation-states တို့ကို အခြေခံပြီး ကမ္ဘာ့ဖွဲ့စည်းပုံစနစ်အကြောင်း၊ ကမ္ဘာ့ ဖြစ်တည်မှု အကြောင်းတွေ ပြောကြသည်။ ဂေါ့ဒ်အကြောင်းမပါဘဲ ဘာသာရေး မပါဘဲ ဆီကျူလာသက်သက် ဘာသာရေး ကင်းကင်းဖြင့် လည်း ကမ္ဘာ့ရေး ရာတို့ကို ဆွေးနွေး ကြသည်။ ထို့နောက် ကမ္ဘာ့ရေး ရာတို့ကို လူ့ယဉ်ကျေးမှု သမိုင်း အပေါ် အခြေခံ၍ လည်းကောင်း၊ အိုင်ဒီအိုလိုဂျီတို့အပေါ် အခြေခံ၍ လည်းကောင်း၊ ဆွေးနွေးကြသည်။ အရေး ကြီးသော အပိုင်းအခြားမှာ ကမ္ဘာ့ရေး ရာတို့ကို ဥရောပကို ဗဟိုပြု၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ဥရောပသည်ကမ္ဘာ့ရေး ရာတို့ကို စီရင်ပြဋ္ဌာန်းသည်ဟု ဆိုပြီး နိုင်ငံရေး ဒဿနထုတ်ခဲ့သည်။ ဥရောပဗဟိုပြုကမ္ဘာ့စနစ် ယိုင်လဲသွားသော အခါ စူပါပါဝါ အမေရိကန် ဗဟိုပြု ကမ္ဘာ့စနစ်ဆိုပြီး ပေါ်လာသည်။ ယခု တိမ်းညွှတ်ချက်နှစ် မျိုး ပေါ်ပြန်သည်။
ပထမတိမ်းညွှတ်ချက်သည် ကမ္ဘာ့စနစ်ကို အမေရိကန်ဗဟိုပြုနှင့် ဥရောပဗဟိုပြု နှစ် ခုပူးပေါင်းထားမှု အပေါ် ကမ္ဘာ့စနစ်သစ်ကို တည်ဆောက်ရန်ဟုဆိုသော အယူအဆ ဖြစ်သည်။
ဒုတိယတိမ်းညွှတ်ချက်သည် အရှေ့အနောက် ပိုင်းခြား ကြည့်ခြင်းသည် ခေတ်မမီတော့ပြီ ဖြစ်၍ လည်းကောင်း၊ အရှေ့က အနောက်ထက် ပိုပြီး မြန်မြန်ဆန်ဆန် အားကြီးလာသည့် အတွက် ကြောင့် လည်းကောင်း၊ အရှေ့၏ ဖြစ်ထွန်းမှု ကို အသိအမှတ်ပြုသော ကမ္ဘာ့စနစ်သစ်တစ်ရပ်ကို ထူထောင်သင့်ပြီဟု မကြာသေးမီက ကျမ်းအသီးသီးပြုစု၍ တင်ပြလာကြသည်။
မော်ဒန်ဗလုံးဗထွေး
ဝင်ရိုး တစ်ခုတည်း ရှိရမည် ဆိုသော စနစ်အယူအဆသည် ဒိတ်အောက်သွားပြီဟု ဆိုရမည် ။ ဝင်ရိုးစုံကမ္ဘာထူထောင်မည် ။ အထူးသဖြင့် အာရှ၏ အရေး ပါအရာရောက်မှု ကို အသိအမှတ်ပြုကာ ဝင်ရိုးစုံကမ္ဘာ့စနစ်ကို ထူထောင်ရမည် ဟု ဆိုလာခြင်း ဖြစ်သည်။ ဤအမြင်သည် ကမ္ဘာသစ်ကို ဆွဲပြထားသော မြေပုံဟု ပြောပြသည်။ အာရှတိုက်၏ အရေး ပါအရာရောက်မှု ကို အခြေခံသော ကမ္ဘာ့စနစ်သစ်တွင် အရှေ့အနောက်အပိုင်းအခြားကိုမသုံး။ သမားရိုးကျရှိခဲ့သော အရှေ့နှင့်အနောက်East and West အပိုင်းအခြားသည် ယခု အဓိပ္ပာယ်မရှိ ဖြစ်သွားပြီ။
ဤအကြောင်းကို ကမ္ဘာ့ရေး ရာကျမ်းတစ်စောင်အ ဖြစ် ရေး သားသူမှာ ကီရှိုးမာဘူဘာနီ ဖြစ်၍ ကျမ်းအမည် က New asia Hemisphere the Irrestible Shift of Global Power ဟူ၍ ဖြစ်သည်။ ဂလိုဘယ်ပါဝါသည် အရှေ့ဘက်သို့ ရွေ့သွားပြီ။ ဤအချက်က အရှေ့ အနောက်ဆိုပြီး မျက်နှာစာနှစ် ရပ်ဖြင့် သာကြည့်ခြင်းကို ကျော်လွန်ပစ်ရန် လိုအပ်ခြင်းကို ပြသည်ဟု ဆိုသည်။
အိုင်ဒီယာတို့၏ သမိုင်းတွင် လည်း တစ်ခုတည်းသော အမှန်တရား၊ အကြွင်းမရှိသော အမှန်တရားကို ရှာဖွေခြင်းမှ Paralle Truths စင်ပြိုင် အမှန်တရားကို ရှာဖွေခြင်းဘက် ပြောင်းလဲ သွားသည်။ စင်ပြိုင် အမှန်တရာကို Modem incoherence မော်ဒန် ဗလုံးဗဖထွး ဟုလည်း ခေါ်သည်။ခေတ်နှင့် သဘာဝ ကိုက အပြောင်းအလဲ ဖြစ်လာသည့် အတွက် တွေးခေါ်ပညာရှင်တို့ အဖို့စင်ပြိုင် အမှန်တရားတို့ကို ပြုစုပြီး မော်ဒန် ဗလုံးဗထွေးထဲ ဝင်ကြသည်။
စည်းတွေ မှု န်ဝါးကုန်
ကျမ်းရှင် ကီရှိုးမာဘူဘာနီက ကမ္ဘာသစ်ကို မြေပုံဆွဲပြရာ၌ အသေးစိတ် ရေး ဆွဲပြသည်။ ကမ္ဘာသစ်သည် အရှေ့အနောက် အပိုင်းအခြားကို အသိအမှတ် မပြုသည့်အတွက် ကုလသမဂ္ဂကို ရှေ့တန်းတင်လိုက်သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အိန္ဒိယနှင့် ဂျပန်တို့ကို ထပ်မံဖြည့်စွက်ရန် တိုက်တွန်းပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ဒီမိုကရေစီ ကျသော ဂလိုဘယ်ပါလီမန် ပြောင်းလဲလိုက် အဆိုပြုသည်။ ကြီးကျယ်သော ကမ္ဘာပြဿနာကြီး တို့ကို အထွေထွေ ညီလာခံက ဖြေရှင်းဆောင်ရွက်ရန် ဖြစ်သည်။
ကီးရှိုမာဘူဘာနီက ဂလိုဘယ်လိုက်ဇေးရှင်းက အလွန်သွက်လက် မြန်ဆန်နေရာ ဤသို့ မြန်ဆန်မှု ကြောင့် ပင် အရှေ့နှင့် အနောက် ဆိုသော အပိုင်းအခြားသည် မဆီမလျှော် ဖြစ်သွားသည်ဟု ဆိုသည်။ သို့ ဖြင့် အမေရိကနှင့် ဥရောပတို့ကို အနောက်အ ဖြစ် တပေါင်းတည်းပေါင်းစည်း ပြလိုက်သည်။ ဤအချက်အပေါ် အကြေညက်သူတို့ ပေါ်သည်။ သူတို့က ကုန်သွယ်ရေး အရင်းအနှီးစီးဆင်း မှု ၊ တက္ကနိုလိုဂျီ လွှဲပြောင်းပေးမှု ၊ ရွှေ့ပြောင်းအခြေချ နေထိုင်မှု ၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နှင့် ယဉ်ကျေးမှု အရောက်အပေါက် ကူးစက်မှု တို့သည် ကမ္ဘာတစ်ခြမ်းနှင့် တစ်ခြမ်းကြား ပြသထားသော စည်းတို့ကို အလွန်မှု န်ဝါး စေပြီဆိုသော အချက်ကို လက်ခံကြသည်။ တစ်နည်းဆိုလျှင် အရှေ့နှင့် အနောက်ကြား ခြားထားသော စည်းတွေ မှု န်ဝါး ကုန်ခြင်းကို သဘောပေါက်ကြသည်။
အရှေ့နှင့် အနောက်ကြား ခြားထားသော စည်းတွေ မှု န်ဝါးကုန်သော ကြောင့် လူတွေ အသစ်တွေးခေါ် စဉ်းစားရန် လိုလာသည်။ ဤသို့ အသစ်တွေးခေါ်မှု အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုးချဲ့ခြင်းနှင့် အထွေထွေ ညီလာခံကို ဂလိုဘယ် ပါလီမန် အ ဖြစ် အသွင် ပြောင်းခြင်းတို့ကို အဆိုပြုလိုက်ခြင်း ဖြစ်တန်ရာသည်။ ဤအမြင်ကို ဝေဖန်သူတို့က ကုလသမဂ္ဂ မဟုတ်သော ဖိုရမ် Non - UN Forum တို့တွင် သော့ ချက် ပလေရာ တို့အား ပါဝင်ကစား စေခြင်းသည်ပို၍ ထိရောက်စရာ ရှိသည်ဟု ထောက်ပြကြသည်။
ခေါင်းဆောင်နိုင် ၊ မဆောင်နိုင်
ယခု စကားပြေားလာသော အချက်က ဂလိုဘယ် စုစည်းမှု Global integration ကိစ္စ ဖြစ်သည်။ ဤလုပ်ငန်းကို ဈေးကွက် အင်အားစု Market forces တို့က ပိုပြီး ထိထိ ရောက်ရောက် ဆောင်ရွက် ပေးရနိုင်သလား။ သို့ မဟုတ် ပေါ်လစီ ချမှတ်သူ Policy markers တို့က ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်သလားဟု မေးစရာ ပေါ်လာသည်။ ဈေးကွက် အင်အားစုနှင့် ပေါ်လစီ ချမှတ်သူ တို့အကြား တခုခုကို ရွေးရန် ဖြစ်သည်။ ကျမ်းရှင် ကီရှိုးမာဘူဘာနီကပေါ်လစီ ချမှတ်သူ တို့ကို ရွေးသည်။ တစ်နည်း ပြောလျှင် အစိုးရ ကို ရွေးသည်။
သို့ ရာတွင် အာရှနိုင်ငံတို့အား ကမ္ဘာစီးပွားရေး ထဲ ပေါင်းစည်းမိရန် တွန်းအားပေးသည့် အရာသည် ဈေးကွက်အင်အားစု ဖြစ်နေသည်။ ထို့ကြောင့် မာဘူဘာနီက ပေါ်လစီ ချမှတ်သူ (အစိုးရ)တို့အား အပြောင်းအလဲ ဖြစ်စေမည့်  ဧဂျင့် အ ဖြစ် ရွေးချယ်လိုက်သည့် အချိန်၌ အာရှ နိုင်ငံများ တကယ် တိုးတက်လာအောင် တွန်းအားပေးသော ဧဂျင့်သည် ဈေးကွက် အင်အားစု တို့ ဖြစ်နေသည်။ ယုတ္တိ သဘောအရ ပြောလျှင် ဈေးကွက်ကြောင့် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ရှေ့ဆက်လုပ် ငန်း အတွက်လည်း ဈေးကွက်အင်အားစု ကိုသာ ရွေးချယ်သင့်သည်။ ဤသို့ မဟုတ်ဘဲ တစ်နေရာရာတွင် ဈေးကွက် အင်အားစုကို ရွေးပြီး နောက်တစ်နေရာ၌ ပေါ်လစီ ချမှတ်သူ တို့ကို ရွေးချယ်မိလျှင် ရှေ့နောက် မညီဟု ဝေဖန်စရာ ဖြစ်လာသည်။
၁။ ဈေးကွက်နှင့် သန်းချီ ရှိသော စွန့်ဦး တီထွင်သူများ ၊
၂။ ဖြန့်ချိရေး ချိန်း - Supply Chain တို့ကို ဖန်တီးပေးသော ဘိဇနက်များ ။
၃။ လူတို့အား အတူတကွ ချီတက်ရန် တွန်းအားပေးသော တက္ကနိုလိုဂျီ တို့ကို လျှော့တွက်ရာ ရောက်နေသည်။
ကျမ်းရှင်က အမေရိကန်နှင့် တရုတ်တို့၏ ပူပေါင်း ဆောင်ရွက်မှု ကို အလေးထားကြည့်သည်။ ဤသို့ ကြည့်ရင်း အမေရိကန်၏ ပါဝါသည် ကျဆင်းနေပြီ ဟုလည်း သုံးသပ်သည်။ ထို့ကြောင့် အမေရိကန် ခေါင်းဆောင်သော ဂိမ်းမျိုး မပေါ်နိုင်ဟုပြောသည်။ အမေရိကန်၏ ခေါင်းဆောင်နိုင်မှု ကဏ္ဍကို စိန်ခေါ်သည်။ ဂလိုဘယ် နိုင်ငံရေး ၏ ဗဟိုတွင် ကျမ်းရှင် ကီးရှိုးမားဘူဘာနီ၏ အမြင် တိမ်းညွတ် နေလိမ့်မည် ဟု တွက်ကြသည်။
Ref: New Week History of Ldeas.
အခန်း (၂)
အမှတ်အသား နိုင်ငံရေး ကျမ်းနှစ် စောင်
ကမ္ဘာ့ရေး ရာတို့ကို လေ့လာသော လောက၌ Identity Politics သည် ရေပန်းစားသည်။ ယနေ့ ကမ္ဘာ့ ပဋိပက္ခနှင့် အကြမ်းဖက်မှု တို့သည် ပါဝါအခြေခံ ပဋိပက္ခ၊ အကျိုးစီးပွား အခြေခံ ပဋိပက္ခတို့ဆိုပြီး အဓိက ပုံဏ္ဌာန်ကြီး သုံးပါးပေါ်နေရာ ယခုမှ အမှတ်အသား အခြေခံ ပဋိပက္ခ အကြောင်းကို အာရုံစိုက်ချိန် ရလာပုံပေါ်သည်။ စာရေး သူ၌ နိုဘဲလ်ဆုရ ဘောဂဗေဒ ပညာရှင် အာမာချာဆင်း နောက်ဆုံး ရေး သားသော စာအုပ် Identity and Violence, The lllusion of Destiny ကို ဆရာမ ဂျူးက မွေးနေ့လက်ဆောင် ပေးသဖြင့် ဖတ်ခွင့်ရနေသည်။
စာရေး သူ၏ သမီး နယူယောက် မှ လာလည်စဉ် အဖေဖတ်ဖို့ စာအုပ် တော် တော် များများ ဝယ်လာပေးသည်။ ထိုအထဲ ရုရှားဂျူး၊ အစ္စရေး သို့ ပြောင်းရွှေ့နေသူ အစ္စရေး အစိုးရ ဝန်ကြီးဟောင်း နာတန်ရှာယန်စကီး ရေး သားသော Defending Identity စာအုပ်လည်းပါသည်။ သို့ ဖြင့် စာရေး သူအဖို့ ရေပန်းစားနေသော အမှတ်အသား နိုင်ငံရေး အကြောင်းကို နှိုင်းယှဉ် လေ့လာခွင့်ရသည်။ ပညာရှင် နှစ် ဦးစလုံးသည် ပညာရေး အကျော်အမော်တွေ ဖြစ်ကြသည်။ အမှတ်အသားနိုင်ငံရေး အကြောင်းကို ရှင်းပြသော ရှုထောင့်တို့သည် ထက်ထက်မြက်မြက် ကွဲလွဲကြသည်။ ထက်ထက်မြက်မြက် ကောက်ချက်တွေ တူကြသည်။
သို့ ရာတွင် ပြောလိုကြသော အာဘော်တို့သည် တူညီပုံရသည်။ အမှတ်အသား နိုင်ငံရေး နှင့် ဒီမိုကရေစီ။ အမှတ်အသားနိုင်ငံရေး နှင့် ငြိမ်းချမ်းရေး ၊ အမှတ်အသား နိုင်ငံရေး နှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေး ။ အမှတ်အသား နိုင်ငံရေး နှင့် အတွေးအခေါ်။ အမှတ်အသား နိုင်ငံရေနှင့် ယာဉ်ကျေးမှု ။ အမှတ်အသား နိုင်ငံရေး နှင့် ပညာ။ အမှတ်အသား နိုင်ငံရေး နှင့် ဂလိုဘယ်လိုက်ဇေးရှင်း စသည်ဖြင့် အမှတ်အသား ပြဿနာကို မဟာဗျူဟာ သော့ ချက်ကျသော ကိစ္စကြီး တို့နှင့် စိတ်ဝင်စားဖွယ် ချိတ်ဆက် သုံးသပ် ပြကြသည်။ ဤသုံးသပ်ချက်တို့ကို ပုံပြင်ကလေးတို့နှင့် တွဲ ၍ ပြထားကြသဖြင့် သုတလည်းတိုး၊ ရသလည်းမြောက် ပါသည်။
လူမှု အရင်းအနှီးလား
အာမာချာဆင်းက အာဖရိကနယ်ဖွား အမေရိကန် စာရေး ဆရာ လင်စတန်ဟူးခ်ျ၏ ဖြစ်ပုံပျက်ပုံ အကြောင်းကို သူ၏ စာအုပ် အခန်း ၁ တွင် ကနဦး ဖော်ပြသည်။ လင်စတန်ဟူးခ်ျ သည် ၁၉၄၀ ပြည့်နှစ် က The Big Sea အမည် ရှိ စူ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ကို ရေး သားသည်။ အမေရိကားတွင် ကြီးပြင်း လာပြီးသည့်နောက် သူ၏ အာဖရိကန် အမှတ်အသား၊ အာဖရိကန် ရင်းမြစ်ကို အဝေးက စာဖတ်ပြီး မသိချင်၊ ကိုယ်တိုင် အာဖရိကသို့ သွားရောက်နေထိုင်ပြီး အာဖရိက ဘဝ၊ အာဖရိက ယဉ်ကျေးမှု ၊ အာဖရိက အမှတ်အသား တို့ကို လက်တွေ့  သိချင်သည်။
ဤလို အမှတ်အသား အသိ သူ့စိတ်ထဲ မြင့်မားလာသော အခါ လင်စတန်ဟူးခ်ျ သည် အလွန်ပျော်၍ မြူးကြွသည်။ ဘယ်လောက်တောင် ပျော်မိ သနည်းဆိုမှု နယူးယောက် ဆိပ်ကမ်းမှ ခွာသည်နှင့် သူပိုင် အမေရိကန် စာအုပ်တို့ကို သင်္ဘောပေါ်မှ ပင်လယ်ထဲ ပစ်ချမိလိုက်သည်။ ဤအ ဖြစ်ကို နောင်မှ သူနောင်တရပြီး အမေရိကန် စာအုပ်တွေ ပင်လယ်ထဲ ပစ်ချလိုက်သည်မှာ အသည်းနှစ် လုံး ထဲမှ သန်းချီ ရှိသော စာအုပ် တို့ကို လွှင့်ပစ် သလို ခံစားမိ သည် ဟု သူက ရေး သည်။
တခြားဥပမာ တို့လည်း အများ ကြီး ရှိသည်။ ကျမ်းရှင် အာမာချာဆင်းက အမှတ်အသား နှင့် ပတ်သက်ပြီး ဤသို့ ကောက်ချက် ချသည်။ အမှတ်အသား အသိစိတ်သည် ဂုဏ်ယူစရာ လည်း ဖြစ်၊ ပျော်မြူးစရာ လည်း ဖြစ်။ ထို့ပြင် အားမန် လည်း ဖြစ်၊ ယုံကြည်စိတ်ချမှု လည်း ဖြစ်သည်။ သို့ သော် တစ်ဘက်၌ အမှတ်အသားလည်း သတ်ဖြတ်သည်။ အခဲအကြေ ဟန်မဆောင်ဘဲ သတ်ဖြတ်သည်။ ဖျက်စီးတတ်သော အခံရှိသည်။
အကောင်းဘက် ကြည့်သူတို့က အမှတ်အသားကို အခြေခံသော လူ့အသိုင်းအဝိုင်းသည် လူမှု အရင်းအနှီး Social Capital ဖြစ်နိုင်သည်ဟု ချီးမွမ်းသည်။
သေးသေးခွဲ ဘူးသေးထဲထည့်
အမှတ်အသားက ခွန်အား ဖြစ် နိုင်သည်မှာ မှန်သော်လည်း ခေတ်သစ်၌ လူသည် အမှတ်အသား တစ်ခုတည်းနှင့် မရပ်တည် နိုင်တော့ပြီ။ ဤအချက်ကို ထည့်သွင်း စဉ်းစားသည်။ လူ တစ်ယောက် ၏ အမှတ်အသားကို လူမျိုးဖြင့် လည်းကောင်း၊ နေရာဒေသ ဖြင့် လည်းကောင်း၊ လူတန်းစား ဖြင့် လည်းကောင်း၊ အလုပ်အကိုင်ဖြင့် လည်းကောင်း၊ ဘာသာစကားဖြင့် လည်းကောင်း၊ နိုင်ငံရေး ဖြင့် လည်းကောင်း၊ အခြားနည်းတို့ဖြင့် လည်းကောင်း၊ ခွဲခြားနိုင်သည်။ သို့ ဖြင့် ဤလူ၌ အမှတ်အသား မျိုးစုံ ရှိနိုင်သည်။ လူသည် ဗဟုသုတ စွဲဖြင့် ဘဝတွင် နေထိုင်ရသည်။
ဤအမှတ်အသား မျိုးစုံ ရှိသည့်အထဲမှာ အမှတ်အသား တစ်ခုကို ထွတ်ခေါင် အ ဖြစ်ရွေးပြီး အခြေခံ အမှတ်အသား၊ မဟာ အမှတ်အသားအ ဖြစ် သတ်မှတ်သည်ကို ဆင်းက ဝေဖန် တိုက်ခိုက်သည်။အမှတ်အသား ပေါင်းစုံထဲမှ တစ်ခုခုကို ရွေးပြီး ထွတ်ခေါင် နေရာ၌ ထားခြင်းကို Unique categorizationဟုခေါ်သည်။ ဥပမာ - လူ့ယဉ်ကျေးမှု အမျိုးအစားကို အခြေခံ၍ အမှတ်အသား ခွဲခြားခြင်းမျိုး ဖြစ်သည်။ ဤသို့ အခြေခံပြီး လူ့ယဉ်ကျေးမှု ခြင်း ပဋိပက္ခ Clash of Civilizations အကြောင်း ရေး ခြင်းမျိုးကို ပါမောက္ခဆင်းက ဝေဖန် တိုက်ခိုက်သည်။
အမျိုးအစား ကြီးကြီးဖြင့် ပုံခွဲသည့် နည်းကို ဝေဖန်သလို၊ အမှတ်အသား မျိုးစုံရှိသော လူကို အမှတ်အသား သေးသေးလေးတွေ ခွဲပြီး အမှတ်အသား သတ်မှတ်ခြင်း Miniraturization ကိုလည်းဝေဖန်သည်။ လူ၏ အမှတ်အသား ပေါင်းစုံကို သေးသေးလေးတွေ ခွဲပြီး ဘူးသေးသေး တွေ ထဲ ထည့်ကြည့်သည်ဟု ထောက်ပြသည်။ အမှတ်အသားတို့ကို သေးသေးလေးတွေ စိတ်ဖြာခြင်း၌ အန္တရာယ်ရှိသည်။
သမိုင်းတွင် အမှတ်အသားကို ဗဟိုပြု၍ စစ်ပွဲတွေ ၊ အကြမ်းဖက်မှု တွေ ၊ ပေါ်ခဲ့သည်။ ယခု မျက်မှော က် ခေတ်၌ အမှတ်အသား ခတ်နှိပ်ကြရာ၌ အစွန်းမရောက်ကြရန် ပါမောက္ခ ဆင်းက သတိပေးသည်။
အမှတ်အသားတို့ဖြင့် ရှုပ်ထွေးလာသော အခါ လူတို့သည် အမှတ်အသားကို ဆင်ခြင်တုံ တရာဖြင့် ရွေးချယ်နိုင်ခွင့် ရှိသင့်သည်။ ဤသို့ မဟုတ်ဘဲ တစ်စုံတစ်ရာက သတ်မှတ်ပေးလို့၊ ဘာမှန်းမသိဘဲ အမှတ်အသားကို လက်ခံရတာ မျိုး၊ အများ နှင့် ညီအောင် လက်ခံရတာ မျိုး၊ Conformaism တို့သည် အန္တရာယ် များ လှသည်။
သို့ ဖြင့် အာမာချာဆင်းက အမှတ်အသား ပြဿနာကို လွတ်လပ်ခွင့်နှင့် ချိတ်ဆက်ရာ အကျိုးအကြောင်း ဆင်ခြင်တုံ တရားနှင့် ချိတ်ဆက်သည်။ ဒီမိုကရေစီနှင့် ချိတ်ဆက်သည်။
ချိတ်ဆက်ပုံခြား
ရုရှားဂျူး - အစ္စရေး ဂျူး နာတန်ရှာယန်စကီး ကမှု နှိပ်စက်ကလူ ပြုကျင့်ခံရ သည်နှင့် အညီဂျူးအမှတ်အသား ကို အစွမ်းကုန် ကာကွယ်သည်။ အရပ်မှု စလင် တို့နှင့် ထိပ်တိုက် ရင်ဆိုင်ရသဖြင့် လည်း ဂျူးအမှတ်အသားကို ဂျေရုဆလင်၌ အခြေခံသည်။ ဂျေရုဆလင်သည် ဂျူး အမှတ်အသား၊ ဂျူးနိုင်ငံ အမှတ်အသား ဖြစ်သည်ဟု ယုံယုံကြည်ကြည် သတ်မှတ်ပြီး၊ ဂျေရုဆလင် ကိစ္စ တွင် အလျှော့မပေးရန် တိုက်တွန်းသည်။
နာတန်ရှာယန်စကီးက အမှတ်အသားနှင့် ပတ်သက်၍ တိမ်းညွှတ်ချက် နှစ် ပါးက အန္တရာယ် ဖြစ်ပေါ်လာပုံ ကို ထောက်ပြသည်။ ပထမ တိမ်းညွတ်ချက်သည် အမှတ်အသားတွင် သဟဇာတ ဖြစ်ကုန်သော အချက် ဖြစ်သည်။ Assimilation ဟုခေါ်သည်။ သဟဇာတ ဖြစ်ကုန်လျှင် ဂျူးအမှတ်အသားတွေ ပျောက်သွား နိုင်သည်။ ဥပမာ အားဖြင့် ဆိုရှယ်လစ် National inform , socialism content ဆိုသော ဆောင်ပုဒ်ကို အသုံးပြုသည်ဟု သူကထောက်ပြသည်။
ဒုတိယ တိမ်းညွတ်ချက်သည် Post Identity အမှတ်အသားလွန် အိုင်ဒီအိုလိုဂျီတွေ ပေါ်လာခြင်း ဖြစ်သည်။ ပထမ အမျိုးသားရေး ဝါဒလွန်ခေတ် Post nationalism ဆိုပြီး ပေါ်လာသည်။ ပို့စ် မော်ဒန်ကလည်း အမှတ်အသားကို တိုက်ခိုက်သည်။ Multiculturalism ယဉ်ကျေးမှု မျိုးစုံ ဝါဒကလည်း ဂျူးအမှတ်အသား ကိုတိုက်ခိုက်သည်။
ဤသို့ ဝေဖန်သုံးသပ် ဖော်ပြပြီးသည့်နောက် နာတန်ရှာယန်စကီးက အမှတ်အသာကို ဒီမိုကရေစီနှင့် ချိတ်ဆက်၍ ကာကွယ်ရန် တိုက်တွန်းသည်။ ပါမောက္ခ ဆင်းက အမှတ်အသား ပြဿနာကို လွတ်လပ်ခွင့်နှင့် အကျိုးအကြောင်း ဆင်ခြင်တုံ တရား Freedom and Reason တို့နှင့် ချိတ်ဆက်ပြီး ချဉ်းကပ်ရန် တိုက်တွန်းသည်။
Ref: Identity and Violence and Defending Identity
အခန်း (၃)
၁၁ချက်ပယ် ၊ ကိုးချက် စိတ်ဝင်စား ပုံပြင်နှစ် ပါးနှင့် လက်တွေ့ ကြည့်ဝါဒ
၁၁ ချက် ပယ်
လက်ငင်း ဖြစ်ထွန်းမှု တို့၌ အတွေးအခေါ် အယူအဆ ကြီးသုံးပါး ရေပန်းစားသည်။ ပထမ အယူအဆကို New historism ဟုခေါ်သည်။ သမိုင်းကို ပို့စ်မော်ဒန် အမြင်ဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ ဒုတိယ အယူအဆသည် Pragmatism လက်တွေ့ အကျိုးကြည့် ဝါဒ ဖြစ်သည်။ ဒုတိယ အမြင်ကို အခြေခံလျှက် Politic is the art of possible နိုင်ငံရေး သည် ဖြစ်နိုင်ခြေကို လေ့လာသော အတတ် ပညာ ဖြစ်သည် ဆိုသော အယူအဆ ပေါ်သည်။
ပထမ အမြင်သည် သမိုင်းကို ပို့စ်မော်ဒန် အမြင်ဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ ဤအမြင်မှာ အောက်ပါ အယူအဆ တို့ကို ပယ်သည်။
၁။ ဆက်စပ် လွှမ်းမိုးနေသော မှန်းဆချက် Overarching Hypotheses တို့ကို လည်းကောင်း၊ အလုံးစုံ ပေါင်းခြုံသော ဖြေရှင်းချက် Total Explanation တို့ကို လည်းကောင်း၊ လွှမ်းခြုံ ဖော်ပြသော ပုံပြင် Sweepingnarratives တို့ကို လည်းကောင်း ပယ်သည်။
၂။ သမိုင်းခေတ် ကာလကို တိတိ ကျကျ ပိုင်းခြားခြင်း ကို ပယ်သည်။
၃။ မည် သည့် သမိုင်း ကာလ မဆို တစ်ခုတည်းသော ကမ္ဘာ့အမြင်ရှိရမည် ဆိုသော အမြင်ကို ပယ်သည်။
၎။ သမိုင်း အချက်အလက် Historical Facts တို့ကို စာသား Text မှ သီးခြားကင်းလွတ်၍ ရရှိနိုင်သည် ဆိုသော အယူအဆ ကိုပယ်သည်။
၅။ ဓမ္မဓိဋ္ဌာန်ကျသည်။ ဘက်မလိုက်ဟု ဆိုသော အယူအဆကို ပယ်သည်။
၆။ အထက်တန်း ယဉ်ကျေးမှု နှင့် အောက်အဆင့် ယဉ်ကျေးမှု ကို ခွဲခြားကြည့်ခြင်းကို ပယ်သည်။
၇။ စာပေနှင့် စာပေမဟုတ်သော လက်ရာတို့ ဆိုပြီး ခွဲခြားခြင်းကို ပယ်သည်။
၈။ လူမှု ရေး နှင့် ယဉ်ကျေးမှု ခွဲခြားကြည့်ခြင်း ကို ပယ်သည်။
၉။ သမိုင်းနှင့် နိုင်ငံရေး နောက်ခံ အဆက်စပ် Contex Background နှင့် ယဉ်ကျေးမှု ရှေ့ခံ ( အနီးမြင်ကွင်း ) Foreground တို့ဟူ၍ ခွဲခြားခြင်းကို ပယ်သည်။ စာသား Text သည် ဘက်မလိုက် ကြားနေ၍ သမိုင်းကို ရောင် ပြန်ဟပ်သည် ဆိုသော အယူအဆကို ပယ်သည်။
၁၀။ အနုပညာ လက်ရာတို့သည် ပြီးပြည့်စုံသည်။ အရာဝတ္ထု တို့ကို စုစည်း ပေးထားခြင်း ဖြစ်သည် ဟုဆိုသော အယူအဆကို ပယ်သည်။
၁၁။ ကျမ်းရှင်၊ လက်ရာရှင်၊ Author သည် အနက် အဓိပ္ပါယ်၏ သီးခြား ထူးခြားသော ဇာစ်မြစ် Author as unique Source of meaning ဖြစ်သည်ဟု ဆိုသော အယူအဆကို ပယ်သည်။
ကိုးပါး လက်ခံ
ပို့စ်မော်ဒန် အမြင်ဖြင့် ချဉ်းကပ်သော သမိုင်းဝါဒသစ်က အောက်ပါ မယူအဆ တို့ကို လက်ခံသည်။
၁။ ယေဘုယျ အဆိုအမိန့်တို့ကို ဟောသော ကျမ်းရင်း မဟုတ်သည့် လက်ရာ non- canoncial Work သို့ မဟုတ် အစွန်အဖျားမှ လက်ရာ Marginal works တို့ကို လက်ခံသည်။ အသေးအဖွဲဟု ထင်ရသော နှင့် ပုံပြင်ဆန်သော ဖြစ်ရပ်နှင့် ဇာတ်လမ်း Ancedotes တို့ကို လက်ခံသည်။
၂။ စာသားနှင့် လှုပ်ရှားမှု Activities တို့သည် လူမှု အလေ့အကျင့် တို့တွင် မည် သို့ ရက်ဖောက် သွားကြသနည်း ဆိုသော အချက်ကို စိတ်ဝင်စားသည်။
၃။ စာပေနှင့် စာပေ မဟုတ်သော စာသားတို့ကြား အမြင်ခြင်း ဖလှယ်မှု ကို စိတ်ဝင်စားသည်။ ကျင့်စဉ် အမျိုးမျိုး တို့ကြား။ အင်စတီကျူးရှင်း အမျိုးမျိုးကြား အနက် အဓိပ္ပါယ်များ လည်ပတ်နေသည်ကို စိတ်ဝင်စားသည်။
၎။ ပါဝါနှင့် စီးပွားရေး တို့ ထဲ၌ အနုပညာက တက်ကြွစွာ ပါဝင်ပတ်သက်မှု ကို စိတ်ဝင်စားသည်။
၅။ ဒေသ အလိုက် ပညာရေး ကို ထုတ်လုပ်ခြင်း Production of local Knowledges တွင် စိတ်ဝင်စားသည်။
၆။ အနက် အဓိပ္ပါယ် တို့အပေါ်၌ အငြင်းအခုံ ဖြစ်ခြင်းတွင် စိတ်ဝင်စားသည်။
၇။ ယဉ်ကျေးမှု နှင့် သမိုင်းတို့အား စာသားတို့၏ ဒိုင်းနမစ် ကွန်ရက်အ ဖြစ် မြင်သည်။
Cultural and history as dynamic network of texts ဟုဆိုသည်။
၈။ အမြင်အားဖြင့် အဆက်အစပ် မရှိသော ဖြစ်ရပ်တို့တွင် ကွင်းဆက်ရှိခြင်း ကို လည်းကောင်း၊ မတော် တဆ တိုက်ဆိုင်မှု ရှိခြင်းကို လည်းကောင်း၊ စိတ်ဝင်စားသည်။
၉။ သမိုင်း ဆရာနှင့် ဝေဖန်ရေး ဆရာတို့၏ စေတနာနှင့် အကျိုးစီးပွား တို့ကို ရှာဖွေကြည့်ရန် စိတ်ဝင်စားသည်။
ပုံပြင် နှစ် မျိုး
ဤသတ်မှတ်ချက်ဖြင့် ကြည့်လျှင် လောက ပုံပြင်တို့သည် နှစ် မျိုးသာ ရှိတော့သည်။ metanarative သရုပ်လွန် ပုံပြင်တို့နှင့် အသေးစား သို့ မဟုတ် ဒေသပုံပြင် Micro or local narrativesတို့ သာရှိတော့သည်။ သရုပ်လွန် ပုံပြင်ဆိုသည်မှာ ဧရာမ ခန့်ငြားထည်ဝါ လှသော မဟာပုံပြင်ကြီးတွေ ဖြစ်ကြသည်။ ၎င်းတို့က လောက အလုံးစုံ၌ ခိုင်လုံ မှန်ကန်သည်။ အကြွင်းမရှိ တုနှိုင်းမရှိ ပြည့်စုံ မှန်ကန်သည်ဟု ဟောသည်။ ယူနီဗာဆယ်၏ အနက် အဓိပ္ပါယ် ရှိသည်။ အားလုံးကို ခြုံငုံသော အဖြေတွေ ရှိသည်ဟု ဟောသည်။ ပို့မော်ဒန်က ဤသရုပ်လွန် ပုံပြင်တို့သည် ယိုင်လဲနေပြီဟု မြင်သည်။ အားမကိုး၊ မည် သည့် အရာ၌ မှ တစ်ခုတည်းသော အဓိပ္ပါယ် Single Meaning မရှိတော့ပေ။ အရာတစ်ခု၌ အဓိပ္ပါယ် အမျိုးမျိုးရှိသည်။ မူလဇာစ်မြစ် Origin ဆိုသော အယူအဆ သည်ပင် သံသယ ပွားစရာ ဖြစ်သည်။
အထက် ဆိုခဲ့ပါ အတိုင်း သမိုင်း အမြင်သစ် ရေပန်းစားနေသလို လက်တွေ့  အကျိုးကြည့်ဝါဒ Pragmatism လည်း ခေတ်စားလာသည်။ စစ်အေး ခေတ်လွန်ကတည်းက အိုင်ဒီအိုလိုဂျီ နိဂုံးဟူ၍ ပေါ်ခဲ့ရာ သဘောတရားထက် လက်တွေ့ ကို ပို၍ အလေးပေးရမည့်  သဘော အလိုအလျှောက် ပေါ်လာသည်။ မည် သည့် အရာကိုမဆို သဘောတရား အိုင်ဒီအိုလိုဂျီ ဖြင့် မကြည့်တော့ လက်တွေ့ ဖြင့် ကြည့်သည်။ သို့ ဖြင့် လက်တွေ့ ကြည့် အမြင်ပေါ်သည်။ ပို့စ်မော်ဒန် အမြင်ကလည်း လက်တွေ့  အကျိုးပြုဝါဒ Pragmatism အနက်အဓိပ္ပါယ် ဖွင့်ကြည့်သည်။ အရာဝတ္ထု တို့ကို ကြည့်ရာ၌ လူတို့၏ လက်တွေ့  အကျိုးဆက် Pratical Conesquences တို့ဖြင့် ကြည့်သည်။
ဖြစ်နိုင်ခြေ ပညာ
အမေရိကန် ဒသနဗေဒ ပညာရှင် ရစ်ချတ်ရော့ကီက လက်တွေ့  အကျိုးကြည့် ဝါဒသည် မှန်ခြင်း What is true ထက် အသုံးဝင်ခြင်း What is useful အပေါ် ပို၍ အလေးပေးကြည့်ကြောင်း ရှင်းပြသည်။ နိုင်ငံရေး ပိုင်၌ အိုင်ဒီအိုလိုဂျီ သဘောတရားကို အခြေခံ ကြည့်သည်ထက် ဘာအလုပ် ဖြစ်သလဲ What works ကို အဓိကထား ကြည့်ခြင်း ဖြစ်သည်။ ဒဿန ပညာရှင်၊ ပို့စ်မော်ဒန် ဝါဒီ ပညာရှင် လီအိုတက်နှင့် အမြင်ခြင်းတူသည့် အကြောင်းတစ်ပါးကို ပြောပြသည်။ ခြားနားသော ယဉ်ကျေးမှု တို့ကြား၌ Universal values ယူနီဗာဆယ် တန်ဖိုး တို့ကို ထည့်မတွက်ဘဲ တစ်စုံတစ်ရာသော ကိစ္စ တို့အပေါ်၌ သဘောတူညီ နိုင်သည်ဟု ပြောပြသည်။ အိုင်ဒီအိုလိုဂျီ ဖြစ်စေ၊ ယူနီဗာဆယ် တန်ဖိုးတို့ကို ဖြစ်စေ၊ လျစ်လျူရှုပြီး လက်တွေ့  ဘာအသုံးဝင်သနည်း ဆိုသော အချက်တွင် သဘောတူညီ နိုင်ခြင်းကို ရည်ညွှန်းသည်။
သူ့အမြင်၌ လူ့သဘာဝ သည် သိပ်ပြီး အရေး မကြီးပေ။ အရေး မကြီးသော အရာသည် တစ်စုံတစ်ရာသော အချိန်၌ မည် သည့်အရာက မည် သည့် အကျိုးကို ဖြည့်ဆည်းသနည်း ဆိုသော အချက်သာ ဖြစ်သည်။ What serves a pacticular at a particular time ဟုဆိုသည်။
လက်တွေ့  အကျိုးကိုကြည့်သော လက်တွေ့ ဝါဒကို နွယ်ပြီး “နိုင်ငံရေး သည် ဖြစ်နိုင်ခြေကို ချဉ်းကပ်သော အတတ်ပညာ The art of possible” ဟုသော နိုင်ငံရေး အမြင်တစ်ပါးကို ပြောလာကြသည်။
လက်တွေ့  ဖြစ်နိုင်ခြေကို ကြည့်ခြင်းသာလျှင် ကောင်းမွန်သော နိုင်ငံရေး Good Politics ဖြစ်ပုံ ရသည်။ သဘောတရားကို အဓိကထားကြည့်ရန် မ ဖြစ်။ ယူနီဗာဆယ် မူကြီး စံကြီး တို့ကို အဓိက ထားကြည့်ရန် မ ဖြစ်။ အဘယ်ကြောင့် ဆိုသော် သဘောတရားတွေ ယိုင်လဲနေ သော ကြောင့် ဖြစ်သည်။ သို့ တည်းမဟုတ် တစ်ခုတည်းသော အနက်အဓိပ္ပါယ် မရှိတော့ပြီ ဖြစ်သော ကြောင့် ဖြစ်သည်။ ဗဟု အဓိပ္ပါယ် Plural codes တွေ ဖြစ်ပေါ်နေသော ကြောင့် ဖြစ်သည်။ ပုံစံတွေ ထွေပြားလာသော ကြောင့် ဖြစ်သည်။
ဖြစ်နိုင်ခြေကို လေ့လာသော ပညာဟုဆိုသော အယူအဆနှင့် မူလက နိုင်ငံတကာ ဆက်ဆံရေး လိုအပ်ချက်တွင် သုံးသည်။ နိုင်ငံတကာက ဒီပလိုမေစီ ကိစ္စတို့တွင် သုံးသည်။ ယခုဒေသ နိုင်ငံရေး တို့ တွင် လည်း အသုံးပြု လာကြသည်။ ခေတ်စားလာသည်။ သဘောတရားထက် လက်တွေ့ ကို အဓိက ထားကြည့်ခြင်းသည် နိစ္စဓူဝ ဘဝ၏ နည်းနာ နိဿယ Technique of every-day pratice ကို ဦးစားပေးခြင်း (ဝါ) ဒေသပုံပြင် သို့ မဟုတ် ပုံပြင်အသေး Micro-nannation တို့ကို ဦးစားပေးရာ ရောင် သည်။
Ref: Davoa journal; postmodernism historic event
![]() သမိုင်းကိုလေမှုတ်စက်ဖြင့်မှုတ်ကြည့်ခြင်း | ![]() ယနေ့အသစ်။ မနက်ဖြန်အဟောင်း သန်ဘက်ခါခေတ်ကုန်။ ဒီတော့ ---- ရွှေဟဲလို နှင့် လူမှု၊စီးပွားရေးအတွေးများ | ![]() စင်ပြိုင်ဒရမ်မာ ကမ္ဘာကုန်ကျယ်သရွေ့နှင့် လှသောစိန် |