အခန်း(၁)
လေမှု တ်စက်ဖြင့် စူးစူးရဲရဲ မှု တ်ကြည့်ခြင်း
၁၉၃၂ ပူလစ်ဇာဆု ညစ်ထေးသလား
ဘုတ်အဖွဲ့မှ စာတစ်စောင်
သမိုင်းနောက်ကြောင်းကို ပြန်လည်သုံးသပ်လျှင် ပြန်လည်ပြင်ဆင်ခြင်း (revision) လို့လည်း ခေါ်သည်။ သမိုင်းကို ပြန်လည် အဓိပ္ပာယ်ဖော်ခြင်း (reinter pretation) လို့လည်းခေါ်သည်။ အခု အ တိတ်သမိုင်းအကြောင်းတစ်ခုကို ပြန်လည်စစ်ဆေးသော အခါ airbrushing history လို့ခေါ်သည်။ ဖိ သိပ်လေ အသုံးပြုသော လေမှုတ်ကိရိယာဖြင့် စူးစူးပန်းထုတ်ကြည့်ခြင်းဟု အထူးအဆန်း ခေါ်လာ သည်။ သမိုင်းကိစ္စတစ်ရပ်ကို လေမှုတ်ကိရိယာဖြင့် လေမှုတ်ရှင်းကြည့်ခြင်း ဖြစ်တန်ရာသည်။
ဝါလ်ကာဒူရန်တီသည် ၁၉၃၀ ပြည့်နှစ် များ ၌ နယူးယောက် တိုင်းသတင်းစာကြီး၏ မော်စကိုသ တင်းထောက် ဖြစ်သည်။ ထိုစဉ်က ရုရှ သတင်းတို့ကို မော်စကိုမှ ပေးပို့ရလေရာ သူပေးပို့သော သတင်း တို့ကို အတော် ချီးကျူးခဲ့ကြသည်။ ထိုစဉ်၌ ယူကရိန်းတွင် ငတ်မွတ်ခြင်းဘေးကြီး ဖြစ်ပွားသည်။ စတာ လင်ခေတ် ရုရှသတင်းတို့ကို ပေးပို့သဖြင့် ဝါလ်ကာဒူရန်တီသည် သတင်းစာ ဆရာများ ကို ပေးအပ် သော ပူလစ်ဇာဆုကို ၁၉၃၂ ခုနှစ် က ဆွတ်ခူးရရှိ တော့သည်။ ဒူရန်တီသည် ၁၉၅၇ ခုနှစ် ၌ ကွယ်လွန် အနိစ္စရောက်သွားသည်။
ကိစ္စက ပြီးနေပြီ။ ပူလစ်ဇာဆုရသူလည်း ကွယ်လွန်ပြီ ဖြစ်၍ သူ့ကို အေးအေးဆေးဆေး ကောင်း ကင်ဘုံ၌ အငြိမ်းစားပေးလိုက် ရုံ ဖြစ်သည်။ သို့သော် မကြာသေးမီ ဇူလိုင်လက ပူဇာလစ်ဘုတ်အဖွဲ့ သည် နယူးယောက် တိုင်း သတင်းစာသို့ စာတစ်စောင် ပို့လာသည်။ ဤစာတွင် ၁၉၃၀ ပြည့်နှစ် အတွင်း ဝါလ်ကာဒူရန်တီ ပေးပို့သော ရုရှသတင်းတို့ကို ပြန်လည်သုံးသပ်ပြီး ၁၉၃၂ နှစ် က သူ့အား ပေးထား သော ပူလစ်ဇာဆုကိုလည်း ဖျက်သိမ်းရန် သင့်မသင့် ထင်မြင်ချက်ပေးရန် မေတ္တာရပ်ခံထားသည်။
ပါမောက္ခကိုငှား
ဤတွင် နယူးယောက် တိုင်းသတင်းစာကြီးက ကိုလံဘီယာတက္ကသိုလ်မှ သမိုင်းပါမောက္ခ မက် ဗွန်ဟေဂင်အား ငှားရမ်းရတော့သည်။ ပါမောက္ခဟေဂင်သည် ရုရှသမိုင်း ပါရဂူ ဖြစ်သည်။ အထူးသဖြင့် စတာလင်ခေတ် သမိုင်းကို နှံ့စပ်သူ ဖြစ်သည်။ ဝါလ်တာဒူရန်တီ ရရှိသော ပူလစ်ဇာဆုကို မကျေမချမ်း ဖြစ်သူတို့မှာ ယူကရိန်း၊ အမေရိကန်တို့ ဖြစ်ကြသည်။ သူတို့က ဝါလ်တာဒူရန်တီသည် (၁၉၃၂ - ၃၃) ခု နှစ် တွင် ဖြစ်ပွားသော ယူကရိန်း ငတ်မွတ်ခေါင်းပါးမှုဘေးကြီးကို သတင်းရေး သားရန် ပျက်ကွက်ခဲ့သည့် အတွက် အပြစ်ပင်ပေးထိုက်သည်ဟု ပူလစ်ဇာဘုတ်အဖွဲ့ကို စာရေး ကန့်ကွက်ခဲ့ကြသည်။
ပူလစ်ဇာဘုတ်အဖွဲ့ဝင်ဟောင်းတို့လည်း ကွယ်လွန်ကြပါပြီ။ သူတို့က သူ့ခေတ်သူ့အခါနှင့် ကြည့် ပြီး ဒူရန်တီအား ပူဇာလစ်ဆု ချီးမြှင့်ခဲ့ကြခြင်း ဖြစ်တန်ရာသည်။ သို့သော် ယခု ယူကရိန်းအမေရိကန်တို့ က ဇာတ်ကြောင်းပြန်လှန်ပြီး ပူဇာလစ်ဘုတ်အဖွဲ့သစ်သို့ စာများ ရေး သား ကန့်ကွက်လာကြသဖြင့် ဘုတ်အဖွဲ့ကလည်း နယူးယောက် တိုင်း သတင်းစာကြီးသို့ စာရေး ရသည်။ နယူးယောက် တိုင်းကလည်း သမိုင်းပါမောက္ခ ဟေဂင်ကို ငှားရမ်းရသည်။
ပါမောက္ခဟေဂင်က ဒူရန်တီ ရေး သားပေးပို့သော စတာလင်ခေတ် ရုရှသတင်းတို့ကို စုဆောင်း သည်။ ရုရှအခြေအနေတို့ကို စုဆောင်းသည်။ နှိုင်းယှဉ်ကြည့်ပြီးသော အခါ ပါမောက္ခဟေဂင်က သူ၏ သုံးသပ်ချက်ကို နယူးယောက် တိုင်း သတင်းစာသို့ ဇူလိုင် (၂၉)ရက်နေ့က ပေးပို့လိုက်သည်။ ဤစာ တွင် ပါမောက္ခဟေဂင်က သတင်းထောက် ဒူရန်တီ၏ ရုရှမှ ပေးပို့သော သတင်းတို့သည် ဟန်ချက်ညီ ခြင်း - မရှိ၊ ညီမျှ မျှတခြင်း - မရှိ (unbalanced) ဖြစ်သည် … ဟု ဝေဖန်လိုက်သည်။ ပေးထားသော ပူ လစ်ဇာဆုကိုလည်း ပယ်ဖျက်သင့်သည်ဟု အကြံပေးသည်။
နယူးယောက် တိုင်းသတင်းစာ လက်ရှိ ပုံနှိပ်ထုတ်ဝေသူ အာသာဆာလ်ဘာဂါကမူ ပူလစ်ဇာဆု ကို သတင်းထောက်က ရရှိခြင်း ဖြစ်သည်။ ထိုစဉ်က သူလည်း ပုံနှိပ် ထုတ်ဝေသူမဟုတ်။ သူလွန်ခဲ့သော အနှစ် (၇၀)က ဖြစ်ပွားသော ကိစ္စတွင် ထိုစဉ်က ပူလစ်ဇာ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ထိုစဉ်က န ယူးယောက် တိုင်း သတင်းစာ ဘုတ်အဖွဲ့တို့၏ ဆုံးဖြတ်ချက်ကို လေးစားရမည် သာ ဖြစ်သည်။ ပူလစ်ဇာ ဆုကို နယူးယောက် တိုင်းသတင်းစာက ရရှိသည် မဟုတ်၍ ပြန်ပေး စရာလည်းမရှိပါ ဟု ထုတ်ဖော် ပြောဆိုသည်။
မျှခြေကင်းမဲ့
ကိုလံဘီယာ သမိုင်းပါမောက္ခ ဟေဂင်ကမူ “နယူးယောက် တိုင်း သတင်းစာကြီး၏ ဂုဏ်သိက္ခာ ကို ထောက်ထား၍ ပူလစ်ဇာဆုကြီးကို ပြန်လည် သိမ်းဆည်းသင့်ကြောင်း နယူးယောက် တိုင်း သတင်း စာကြီး၏ သမိုင်းတွင် ဝါလ်တာဒူရန်တီသည် အမဲစက် ဖြစ်သည်”… ဟု စွပ်စွဲသည်။ အာသာဆာလ်ဘာ ဂါကမူ သူ့ခေတ် သူ့အခါက ဆုံးဖြတ်ချက်တွေ ဖြစ်၍ လေးစားရမည် ဟု ပြန်ရှင်းထားသည်။
ဒူရန်တီအား အဓိက ဝေဖန်တိုက်ခိုက်သည့် အချက်မှာ သူသည် ဆိုဗီယက်အစိုးရက ထုတ်ပြန် သော ကြေငြာချက်နှင့် သတင်းတို့ကိုသာ မှီငြမ်း၍ သည်အတိုင်း ပေးပို့ခဲ့သည်။ ဆိုဗီယက်သတင်းစာမှ သတင်းတို့ကို ဝေဖန် သုံးသပ်မှုမပြုဘဲ၊ အသုံးပြုသည်ဟူ၍ ဖြစ်သည်။ ဥပမာအနေဖြင့် (၁၉၃၂) ခုနှစ် က ယူကရိန်း ငတ်မွတ်ခေါင်းပါးမှုဘေးကြီးသတင်းကို ဒူရန်တီသည် ပေးပို့ခဲ့ခြင်း မရှိပေ။ ငတ်မွတ်ခေါင်း ပါးမှုဘေး မရှိပါဟူ၍ ပင် ရေး သားပေးပို့ခဲ့သည်ဟု ဆိုသည်။ ဤသို့ ရေး ခြင်းသည် မျှခြေ ကင်းမဲ့မှု ဖြစ် သည်ဟု အမည် ပေးသည်။
တစ်ဖန် ပူလစ်ဇာဘုတ်အဖွဲ့သစ်က ဒူရန်တီ ရရှိသော ပူလစ်ဇာဆုကို ပြန်လည် စစ်ဆေးရသည် မှာ တောင်းဆိုမှု အသစ် a new round of demands တို့ကြောင့် ဖြစ်ပါသည်ဟု အကြောင်းပြသည်။ အချို့က ဤတောင်းဆိုမှုအသစ်ကိုပင် မေးခွန်းထုတ်သည်။ ဤဘေးကြီးတွင် သန်းချီ သေဆုံးသည်ဆို သော ယူကရိန်း၊ အမေရိကန်တို့၏ ခန့်မှန်းချက်ကိုလည်း သံသယဝင်ကြသည်။
သမိုင်း ပါမောက္ခဗွန်ဟေဂင်က ဒူရန်တီ မော်စကိုမှ ပေးပို့သော သတင်းတို့ကို ပြန်ဖတ်သည်။ ပျင်းစရာ ကောင်းသည်။ ငြီးငွေ့စရာကောင်းသည်။ ဆိုဗီယက် သတင်းဋ္ဌာနမှ သတင်းတို့ကိုပင် ဝေဖန် ဆန်းစစ်မှု မပြုဘဲ၊ အစိမ်းအတိုင်း ပြန်လည် ဖော်ပြသည် စသည်ဖြင့် ဝေဖန်ထားသည်။ ဆိုဗီယက်သ တင်းဋ္ဌာနမှ သတင်းတို့သည် ရက်စက်ကြမ်းကြုတ်သော အုပ်စိုးမှု၊ အလဟဿ ဖြစ်သော အုပ်စိုးမှုကို ကိုယ့်ဟာကိုယ် တရားဝင်အောင်ပြုထားသော သတင်းများ ဖြစ်၍ ဤသတင်း တို့ကို ဒူရန်တီသည် ဝေ ဖန်စစ်ကြောခြင်း မရှိဘဲ၊ ဤအတိုင်း သတင်းများ ရေး သားပေးပို့ခဲ့သည်မှာ နယူးယောက် တိုင်း သတင်း စာ၏ စာဖတ်ပရိသတ်ကို အကျိုးမဲ့စေရုံမျှမက သူတို့ လက်ခံထားသော လစ်ဘရယ်တန်ဖိုးတို့ကို လည်း ကောင်း ရုရှလူထု၏ သမိုင်းအတွေ့ အကြုံတို့ကို လည်းကောင်း ပြက်ရယ်ပြုရာ ရောက်သည်ဟု ဝေဖန် သည်။
ယူကရိန်း အမေရိကန်တို့က တော် တော် ။ နယူးယောက် တိုင်းသတင်းစာက ငှားရမ်းသော သ မိုင်း ပါမောက္ခက ပိုပြီးဆိုးဆိုးဝါးဝါး ဖြစ်နေပုံရသည်။ မည် သို့ပင် ဖြစ်စေ ပူလစ်ဇာဆုကို ပြန်လည် ရုပ် သိမ်းသင့် - မသင့်ကို အကြောင်းပြု၍ သမိုင်းကို ပြန်လည်စစ်ဆေးကြည့်လာရပုံ၊ “ဤလို စစ်ဆေးပုံ သည် သမိုင်းကို အဓိပ္ပာယ်သစ်ဖြင့် ပြန်လည် ပြင်ဆင်ပြောဆိုခြင်း မဟုတ်ဘဲ၊ လေမှုတ်စက်ဖြင့် တစူး စူး တရှဲရှဲပန်းထုတ်ကြည့်ခြင်းသာ ဖြစ်နေသည်” … ဟု နယူးယောက် တိုင်း သတင်းစာမှ လက်ရှိ အယ်ဒီ တာ တစ်ဦးက သူ့အမြင်ကို ပြောပြသည်။
“သမိုင်းကို လေမှုတ်စက်ဖြင့် စူးစူးရဲရဲ မှုတ်ရှင်းကြည့်သော အခါ အော့နှလုံးနာမှုတွေ ၊ စက်ဆုပ် မှုတွေ creeps တွေ ခံစားမိသည်။” ဤမှတ်ချက်သည် ဒူရန်တီ၏ သတင်းပေးပုံတို့သည် စက်ဆုပ်ဖွယ် ရာ ကောင်းသည်ဟု ဆိုလိုသလား။ သို့တည်း မဟုတ် ယခုကဲ့သို့ လေမှုတ်စက်သုံး၍ သမိုင်းကို ပြန်လှည့် ကြည့်ခြင်းသည်ပင် စက်ဆုပ်ဖွယ်ရာ ကောင်းသည်ဟု ဆိုလို သလားမရှင်းပေ။ နှစ် ပိုင်းစလုံး ရည်ညွှန်းချင်ပုံလည်းရသည်။ သမိုင်းကို လေမှုတ်စက်ဖြင့် မှုတ်ကြည့်ခြင်းမျိုး ခေတ်စားလာ ပုံရသည်။
လူမှု ဒါဝင်ဝါဒ
၂၀၀၃ ခုနှစ် ၊ နှစ် ကုန်သည်နှင့် စူးစူးရှရှရှိသော အိုင်ဒီယာ ကြီးတွေ အတော် ပေါ်လာသည်။ ဤ အိုင်ဒီယာကြီးတို့၏ အကျဉ်းချုပ်တို့ကို ဤဆောင်းပါးတွင် တတ်နိုင်သမျှ နားလည်အောင်ဖောက်သည် ချထားသည်။
(ပထမအိုင်ဒီယာ)
လူမှုဒါဝင်ဝါဒ အကြမ်းထည်ပုံသဏ္ဍာန် (crude form of social Darwinism) အကြောင်း ဖြစ် သည်။ ‘ဒါဝင်ဝါဒ’ ဆိုသည်မှာ အင်အားကြီးသူက အသက်ရှင်သန်သည် (survival for the fittest) ဆို သော ဇီဝဆင့်ကဲ ဖြစ်ပေါ်မှု တရားကို ရည်ညွှန်းသည်။ လူသည် အသက်ရှင်သန်နိုင်ရန် . . .
(၁) သူများ တကာနှင့် ယှဉ်ပြိုင် ရုန်းကန်ရသည်။ ယှဉ်ပြိုင်မှု (competition) အပိုင်း ဖြစ်သည်။
(၂) လူသည် သူများ တကာနှင့် ပူးပေါင်း ဆောင်ရွက်ရသည်။ ပူးပေါင်း ဆောင်ရွက်မှု (coopreation) အပိုင်း ဖြစ်သည်။
ဤနှစ် ပိုင်းကို လူမှုစီးပွားရေး ပိုင်း၌ ဟပ်၍ စဉ်းစားသော အခါ လူမှုဒါဝင်ဝါဒဆိုပြီး ပေါ်လာသည်။
ဖော်ပြပါ ဒါဝင်ဝါဒ နှစ် ပိုင်းတွင် ယှဉ်ပြိုင် ရုန်းကန်မှုအပိုင်းသည် ကြမ်းတမ်းခက်တရော်သည်။ ပူးပေါင်းဆောင်ရွက်မှု အပိုင်းသည် နုသည်။ ပျော့သည်။ ထို့ကြောင့် ယှဉ်ပြိုင်မှု အပိုင်းကို ဇောင်းပေး သော လူမှုဒါဝင်ဝါဒကို အကြမ်းထည် လူမှုဒါဝင်ဝါဒဟု ခေါ်ခြင်း ဖြစ်သည်။
အမေရိကန် သမ္မတ ဘု(ရှ်)၏ အိုင်ဒီအိုလိုဂျီကို လက်သစ် ကွန်ဆာဗေးတစ်ဝါဒ (neo-conservativism) ဟု ခေါ်သည်။ ဤဝါဒသည် ယှဉ်ပြိုင် ရုန်းကန်မှု၊ အားပြမှုကို ဇောင်းပေးသည်။ ပူး ပေါင်းဆောင်ရွက်မှု အပိုင်းကို သိပ်စိတ်မဝင်စားပေ။ ထို့ကြောင့် သူတို့က အမေရိကန်၏ သာလွန်ကြီးစိုး မှု (American Supermacy) ကို အသားပေး ဟောသည်။ အမေရိကန်၏ စူပါပါဝါ အင်အားကို နဂါးမှန်း သိအောင် အမောက်ထောင်ပြရမည် ဟု တိုက်တွန်းသည်။ အင်အားဖြင့် ယှဉ်ပြိုင်ခြင်းကို အလေးအနက် ပြုသော ကြောင့် လက်သစ်ကွန်ဆာဗေးတစ်တို့၏ အယူဝါဒကို အကြမ်းထည်လူမှုဒါဝင်ဝါဒဟု သမုတ် သည်။
စစ်လား ရာဇဝတ်မှုလား
(ဒုတိယ အိုင်ဒီယာ)
စက်တင်ဘာ (၁၁)ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုကြီးအပေါ် ရှူမြင်သော အမြင် ဖြစ်သည်။ သမ္မတဘု(ရှ်)သည် ရှိရင်းစွဲကိုယ်နှိုက်က စစ်အားပြ၍ အမေရိကန်ကြီးစိုးမှုကို ထူထောင်လိုသည် ဖြစ် လေရာ စက်တင်ဘာ (၁၁)ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုကြီး ပေါ်လာသော အခါ သူ့အတွက် အံ ကိုက် ဖြစ်သွားသည်။
သို့ဖြင့် စက်တင်ဘာ (၁၁)ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုကြီးကို စစ်အပြုအမှု (act of war) အ ဖြစ် သတ်မှတ်လိုက်သည်။ ထိုနှင့်အညီ အကြမ်းဖက် ဝါဒအပေါ် စစ်ကြေညာလိုက်သည်။ declaration of war on terrorism ပြုလုပ်လိုက်သည်။ စစ်အင်အားသုံးစွဲ၍ ပြဿနာ ဖြေရှင်းလိုက်ရာ အာဖဂန်နစ္စတန်စစ်ပွဲနှင့် အီရက်စစ်ပွဲတို့ ပေါ်လာသည်။ သမိုင်းလည်း တစ်မျိုးပြောင်းလဲသွားသည်။
စက်တင်ဘာ (၁၁) ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုကြီးကို လူသားတို့အပေါ် ကျူးလွန် သော ရာဇဝတ်မှု (crime against humanity) အ ဖြစ် ယူဆလျှင်လည်း ဖြစ်နိုင်သည်။ ဤသို့ ရာဇဝတ် မှုအ ဖြစ် ယူဆလျှင် တုံ့ပြန်မှုသည် ရဲလုပ်ငန်း (police work) ပုံသဏ္ဍာန်ဖြင့် တုံ့ပြန်လျှင် စက်တင်ဘာ (၁၁) ရက်အပြီး သမိုင်းလမ်းကြောင်းသည် ယခုလမ်းကြောင်းနှင့် ခြားနားပြီး တစ်မျိုးပြောင်းလဲသွားနိုင် သည်။
(တတိယအိုင်ဒီယာ)
အာရှတိုက်တွင် မဟာမြို့ကြီးပြကြီး မဂ္ဂါစီးတီး (megacities) တွေ အရှိန်အဟုန် မြန်ဆန်စွာ နှင့် ပေါ်ထွန်းလာသည်။ မြို့ကြီးပြကြီး မြန်မြန် ထွန်းကားမှုသည် လူလတ်တန်းစားများ ဦးရေအရ ပေါက်ကွဲ မှုပုံဖြင့် များ ပြားလာခြင်း (explosion in number of middle class) ကို ထင်ဟပ်သည်။ တစ်ဖက်၌ အထက်တန်းအလွှာ လူ့မလိုင်ခဲ (elite) တို့ ရှိကြသည်။
သို့ဖြင့် အာရှမြို့ကြီးပြကြီးတို့တွင် တိုးပွားလာသော လူလတ်တန်းစားနှင့် အထက်လွှာ လူ့မ လိုင်ခဲ ပဋိပက္ခ ဖြစ်ကြသည်။ Conflict between elite and rising middle class ဟု ဆိုသည်။ လူ လတ်တန်းစားတို့သည် ခေတ်အမြင်ရှိသည်။ အပြောင်းအလဲလိုလားသည်။ အထက်လွှာ လူ့မလိုင်ခဲတို့ က ရှေးအမြင်ထဲ နစ်နေသည်။ အယူသီးသည်။ သူတို့၏ ပိုနေမြဲကျားနေမြဲ အနေအထား (status quo) ကိုသာ ထိန်းသိမ်းကာကွယ်ချင်သည်။
ဒီစကီးလင်းနှင့် မဟာဒီးလ်
(စတုတ္ထအိုင်ဒီယာ)
တက္ကနိုလိုဂျီများ ခေတ်မီထွန်းကားလာမှုသည် ကုမ္ပဏီများ စီမံခန့််ခွဲမှုကို ထက်မြက်စေသ လား၊ သို့တည်းမဟုတ် အလုပ်သမားတို့၏ လုပ်ရည်ကိုင်ရည် အင်အား ကြီးစေသလား။ ပထမအ ချက်ကို effective management ဟု ခေါ်၍ ဒုတိယအချက်ကို empowerment ဟု ခေါ်သည်။
ယခုဤနှစ် ချက်ကို ပဋိပက္ခ ဖြစ်လာသည်။ စီမံခန့်ခွဲမှုအပိုင်း၌ အစွမ်းထက်မြက်လာသည်မှာ မှန် သော်လည်း အခြားတစ်ဖက်၏ အလုပ်သမားတို့အပိုင်း၌ မူ ကျွမ်းကျင်မှု လျော့ပါးမှု (de-skilling) ဖြစ် ထွန်းနေသည်။ အကောင်းဆုံးနည်းလမ်း (one best way) ဆိုသော ကိစ္စအတွက် အဖြေရှာရာ၌ အ လုပ်သမားတို့ ပါဝင်ခွင့်မရြ ကတော့ပေ။ စီမံခန့်ခွဲသူ မန်နေဂျာတို့ကသာ အကောင်းဆုံးနည်းလမ်းကို ရှာကြသည်။ အလုပ်သမားတို့၌ တီထွင်ကြံဆမှုလျော့နည်းသွားသည်။ ဆုံးဖြတ် အကဲ ဖြတ်ချက်များ (judgements) ပြုလုပ်ရန် အခွင့်အခါ နည်းသွားကြသည်။ ဤအချက်သည် ကျွမ်းကျင်မှု လျော့ပါးသွား စေသည်။
(ပဉ္စမအိုင်ဒီယာ)
၂၀ ရာစုနှစ် နှင့် ၂၁ ရာစုနှစ် အစပိုင်း၏ biggest deals, အကြီးမားဆုံး အရောင်းအဝယ် ဆက် ဆံမှု တို့ကို သမိုင်းဆရာတစ်ဦးက မှတ်တမ်းတင်သည်။ သူ၏ မှတ်တမ်းအရ ရာစုနှစ် ၏ အကြီးမားဆုံး အရောင်းအဝယ်ဆက်ဆံမှုတို့သည် ကုမ္ပဏီကြီးချင်း ပေါင်းစည်းကြခြင်း၊ သိမ်းပိုက်ယူခြင်း (acquisition and mergers) တို့ပင် ဖြစ်သည်။ ဤသို့ ကုမ္ပဏီချင်း ပေါင်းစည်းခြင်း၊ သိမ်းပိုက်ယူခြင်း တို့သည် အကျိုးစီးပွားသုံးပါး (trinity of interests) ကို အခြေခံသည်။ အစုရှင်တို့၏ အကျိုးစီးပွား၊ ရင်းနှီးမြှုပ်နှံမှုဘဏ်တို့၏ အကျိုးစီးပွား တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ဤနေရာ၌ Trinity ဆိုသော စကားရပ်ကို သုံးစွဲသည်။ ထရီနီတီမှာ ခရစ်ယာန်ဘာသာ အယူအ ဆ၌ ခမည်းတော် ၊ သားတော် နှင့် ဝိညာဉ်တော် မြတ်တို့ ပေါင်းစည်းမှုကို ဟောသည်။ ဤသုံးပါးသည် ဘုရားတစ်ဆူကဲ့သို့ ဖြစ်သွားပုံကို ဟောသည်။ ကုမ္ပဏီများ ပေါင်းစည်းခြင်းသည် အင်အားပေါင်းစည်း ခြင်း (synergy) အားကို ဖြစ်ထွန်းစေသည်ဟု စာသဘောအရဆိုသော်လည်း လက်တွေ့ ၌ မူ ဖော်ပြပါ သုံးပွင့်ဆိုင် အကျိုးကိုသာ အဓိကကြည့်၍ ဖွဲ့ခြင်း ဖြစ်ကြသည်ဟု စီးပွားရေး သမိုင်းဆရာတစ်ဦးက စွပ်စွဲ သည်။
အစုရှင်တို့ကလည်း သူတို့၏ အစုရှယ်ယာတို့ကို ရောင်းပစ်ချင်သော အချိန်၊ ရင်းနှီးမြှုပ်နှံမှုဘဏ် တို့ကလည်း ကုမ္ပဏီတို့ကို ပေါင်းဖွဲ့ပေးရသဖြင့် အခကြေးငွေတွေ နင့်အောင် လိုချင်သော အချိန်၊ အမှု ဆောင်မန်နေဂျာကြီးတို့ကလည်း ကုမ္ပဏီတွေ ပေါင်းလျှင် မိမိတို့အာဏာ တိုးချဲ့ရမည် ကို နှစ်သက် သော အချိန်၊ အထူးသဖြင့် စတော့ရှယ်ယာဈေးနှုန်းတွေ တက်လာချိန် တို့တွင် ကုမ္ပဏီချင်း ပေါင်း စည်းကြသည်။ ဤအရောင်းအဝယ် (deal) ကြီးတို့တွင် လူမှုရေး ရည်မှန်းချက်တစ်ပါး ရှိရသည်။ ပေါင်း စည်းလိုက်သော ကုမ္ပဏီတို့၏ စတော့ရှယ်ယာ ဈေးနှုန်းတွေ မတက်စေကာမူ အမေရိကန် စီးပွားရေး တစ်ခုလုံးအနေဖြင့် ကား တိုးတက်သွားသည် ဟု ထောက်ပြသည်။ အနည်းဆုံး လုပ်ငန်းရှင်တို့အဖို့ ရှူံးလည်း တို့ပစ္စည်းတွေ ဝယ်သူ ရှိပါတကားဟု ခံစားရသော စိတ်တော့ အဖတ်တင်သည်။
တရုတ်က ပြဋ္ဌာန်း
(ဆဋ္ဌမ အိုင်ဒီယာ)
နိုင်ငံခြား စီးပွားရေး သမားတို့သည် ဒေသ ဒိုင်းနမစ်နှင့် ဒေသတွင်း အဖွဲ့အစည်း (local dynamics and local insitutions) တို့ကို အခြေခံ စဉ်းစားကြပုံသည် ၂၁ ရာစုနှစ် ထဲ၌ ပို၍ စူးရှလာ လိမ့်မည် ဟု ဆိုသည်။
ဤဆဋ္ဌမ အိုင်ဒီယာတွင် “တရုတ်ပြည်က အမေရိကား၏ တက္ကနိုလိုဂျီ အနေအထားနှင့် ပုံစံကို အမိန့်ပေးလိမ့်မည် ” . . . ဟုဆိုသော အယူအဆလည်း ပါဝင်သည်။ ဈေးကွက်ဧရာမ ကြီးခြင်း (glant market) ၏ သက်ရောက်မှုကို ပြောလာကြခြင်း ဖြစ်သည်။ မကြာသေးမီက တရုတ်ပြည်က မိမိ၏ သ ဘာဝ ပတ်ဝန်းကျင်ကို ဂရုစိုက်သည့် အနေဖြင့် ဟိုက်ဒရိုဂျင်မော်တော် ကားတို့ကို အမေရိကားမှ မှာ ယူသည်။ စင်စစ်၌ ဟိုက်ဒရိုဂျင်မော်တော် ကား အမေရိကန်တွင် သိပ်ခေတ်မစား သေးပေ၊ မတွင် ကျယ်သေးပေ။
သို့ရာတွင် တရုတ်ပြည်၏ ဈေးကွက်ကြီးမားမှုကို ကြည့်၍ တရုတ်ပြည် လိုချင်သော ဒီဇိုင်းအ တိုင်း ထုတ်လုပ်ပေးလာရသည်။ သို့ဖြင့် မိုဘိုင်းဖုန်း၊ ရုပ်မြင်သံကြား၊ ဇီဝဗေဒတက္ကနိုလိုဂျီနှင့် အခြား တက္ကနိုလိုဂျီတို့ကို အမေရိကန်က ထုတ်လုပ်ပေးလာရသည်။ ဖောက်သည်ကြိုက် အရွယ်အစားအ တိုင်း တိုင်းချုပ်ပေးရသည် (tailored) ဆိုသော မူရှိလေရာ တရုတ်ပြည်ကြိုက် အတိုင်းအထွာအတိုင်း အမေရိကန်က တက္ကနိုလိုဂျီ တို့ကို ပြင်ဆင်နေရ ကုန်သည်။
ဤအချက်က ဘာပြသနည်းဆိုသော် ရှေ့အနာဂတ်၌် အမေရိကန်၏ တက္ကနိုလိုဂျီသည် တရုတ် ပြည်က အော်ဒါမှာ သလို တိုင်းချုပ်ရလိမ့်မည် ။ တရုတ်ပြည်က အမေရိကန် တက္ကနိုလိုဂျီတိုးတက်မှုပုံစံ ကို စီရင်ပြဋ္ဌာန်းလာလိမ့်မည် ဟု ပြရာရောက်နေသည်။
စာညွှန်း -
- Harvard Business Review
- Atlantic Monthly Magazine
လက်ရေး ဗားရှင်း
အီးဘုတ်ကိစ္စ တိုင်ပင်ဆွေးနွေးသော ပွဲတစ်ပွဲတွင် ဗားရှင်း Version ဆိုသော စကားကို ကြား လိုက်မိသည်။ စာရေး သူ ဗားရှင်းအကြောင်း ဆောင်းပါး ရေး ဖူးသည်။ စာပေဂျာနယ်မှာ ဟု ထင်သည်။
ထိုဆောင်းပါးတွင် စာရေး ဆရာ တစ်ယောက် ၏ ဗားရှင်းနှင့် နပန်းလုံးရပုံကို သရုပ်ဖော်ထား သည်။ စာရေး ဆရာသည် မိမိတီထွင်ရသော အလုပ်ကို တစ်ခါတည်းနှင့် စိတ်ကျေနပ်သွားရသည် မ ဟုတ်။ ရေး ပြီးသားကို ဖတ်လိုက်၊ မကြိုက်လျှင် လုံးပြီး ခြင်းထဲထည့်လိုက်၊ နောက်တစ်မျက်နှာ ထပ် ရေး လိုက်၊ ခြင်းထဲ မထည့်မိလိုက်လည်း ဟိုနေရာခြစ်လိုက်၊ ဒီနေရာခြစ်လိုက် ဟိုကြားထဲ မြားထိုး လိုက်၊ ဒီကြားထဲ မြားထိုးလိုက်နှင့် အလုပ်ရှုပ်နေတော့သည်။ အားလုံးပြင်ဆင်ပြီးသော အခါ နောက်ဆုံး ဗားရှင်း Final Version ကို ရတော့သည်။
နောက်ဆုံး ဗားရှင်းရချိန်၌ ပေါ်သော စာရေး သူ၏ ပီတိသည် သိပ္ပံပညာရှင်က သုတေသနပြု လုပ်ရင်း အမှတ်မထင်တွေ့ ရှိလိုက်သည့်အခါ ခံစားရသော ပီတိနှင့် ဆင်တူကောင်း ဆင်တူလိမ့်မည် ဟု စာရေး သူက ရေး သားခဲ့ဖူးသည်။ ထိုစဉ်က စာရေး သူကပြောသော ဗားရှင်းသည် လက်ရေး ဗားရှင်း ဖြစ်သည်။ စာစောင်တွေ ထဲ ပါလာလျှင် ဖြစ်စေ၊ စာအုပ်အ ဖြစ် ပေါ်လာလျှင် ဖြစ်စေ ဤလက်ရေး ဗား ရှင်းသည် ပုံနှိပ်ဗားရှင်း Print Version ဖြစ်သွားတော့သည်။
ဒီတော့ စာရေး သူ အတွေ့ အကြုံ်၌ လက်ရေး ဗားရှင်းနှင့် ပုံနှိပ်ဗားရှင်းသာ ရှိသည်။ စင်စစ်ပြောရ လျှင် စာရေး သူသည် ပုံနှိပ်ဗားရှင်းနှင့် အလှမ်းဝေးသည်။ ကိုယ်နှင့် လည်း သိပ်မဆိုင်ဟုထင်သည်။ စာ စောင်ဆိုလျှင် အယ်ဒီတာ၏ အလုပ်၊ စာအုပ်ဆိုလျှင် ထုတ်ဝေသူ၏ အလုပ်ဟု ထင်သည်။ စာရေး သူ က လက်ရေး ဗားရှင်း (လက်ရေး စာမူ)ကို စာတိုက်မှ ထည့်လျှင် သို့တည်းမဟုတ် လူကိုယ်တိုင် သွား ပေးလျှင် ကိစ္စပြီးပြီ။
ယခင်က စာရေး ဆရာသည် မိမိ၏ လက်ရေး ဗားရှင်း ပုံနှိပ်ဗားရှင်း ဖြစ်လာမှ စာမူခရသည်။ ခု ခေတ်တော့ တစ်မျိုး ဖြစ်သွားသည်။ လက်ရေး ဗားရှင်းပေးကတည်းက စာမူခ ရရှိနေပါပြီ။ ကလောင်နာ မည် ကြီးသော ကြောင့် ဖြစ်တန်ရာသည်။
အီလက်ထရွန်းနစ်ဗားရှင်း
ယခု ဗားရှင်းတစ်ခု တိုးလာပြန်ပြီ။ ယင်းကို အီလက်ထရွန်းနစ်ဗားရှင်း Electronic Version ဟု ခေါ်သည်။ အင်တာနက်ပေါ် တင်ရောင်းသော စာအုပ်တို့ကို အီးဘုတ် Electronic Book ဟုခေါ် လေရာ ဤသို့တင်နိုင်ရန် စာရေး သူ၏ ပုံနှိပ်ဗားရှင်းကို အီလက်ထရွန်းနစ်အ ဖြစ် အသွင်ပြောင်းရသေး သည်။ ဤအီလက်ထရွန်းနစ် ဗားရှင်းကို အင်တာနက်ပေါ်တင်မှ အီးဘုတ် ဖြစ်သွားတော့သည်။
စာရေး သူက စဉ်းစားကြည့်သည်။ ကွန်ပျူတာလည်း မပေါ်သေး။ ပုံနှိပ်စက်လည်း ယခင်လို ခြေ နင်းစက်မျိုး၊ စာဖောင်ကိုလည်း ခဲစာလုံးနှင့် စီနေရဦးမည် ဟုဆိုလျှင် ပုံနှိပ်ဗားရှင်းသည် အီလက်ထရွန်း နစ်ဗားရှင်း ဖြစ်လာနိုင်ဖွယ်ရာ မရှိပေ။ ကွန်ပျူတာပေါ်၊ ဖလင်ပေါ်၌ သာ ဤသို့ အီလက်ထရွန်းနစ်ဗား ရှင်း ဖြစ်လာရသည်ဟု တွေးမိသည်။ ဗားရှင်းနှစ် ခု ဖြစ်လာရသည်မှာ တက္ကနိုလိုဂျီကြောင့် ဖြစ်သည်။ ယခု အင်တာနက်ဝက်(ဘ်)ဆိုက်တွေ ပေါ်လာတော့ တစ်ကမ္ဘာလုံးကို အင်တာနက်မှ တစ်ဆင့် စာအုပ် တွေ ရောင်းချနိုင်ပါပြီ။ ပျော်စရာကြီးဟု ဆိုရပါလိမ့်မည် ။
သို့ဖြင့် ဗားရှင်းသုံးခု ဖြစ်လာပြီး လက်ရေး ဗားရှင်း ပုံနှိပ်ဗားရှင်းနှင့် အီလက်ထရွန်းနစ်ဗားရှင်း တို့ဟူ၍ ။ ဒီတော့ စာရေး သူက အပျော်သဘောမျိုး စဉ်းစားကြည့်သည်။ ဤဗားသုံးမျိုး ဘာတော် စပ်သ နည်း။ ညီအစ်ကိုတော် တွေ ဖြစ်မည် ။ သာမန် ညီအစ်ကိုတောင်မဟုတ်၊ သုံးမြွှာပူးညီအစ်ကိုတွေ ဖြစ် မည် ။ သို့သော် ထုတ်ဝေသူတို့က လည်းကောင်း၊ အီးဘုတ်ဆိုင်ရှင်တို့က လည်းကောင်း ပုံနှိပ်မီဒီယာ နှင့် အီလက်ထရွန်းနစ် မီဒီယာ နှစ် မျိုးကိုသာ ကန့်သတ်ပြောဆိုနေသဖြင့် ဤနှစ် မျိုး၏ ဆက်စပ်ပုံကို သာ စိတ်ကူးကြည့်မိသည်။
စာရေး သူအမြင်မှ ကြည့်လျှင် ပုံနှိပ်ဗားရှင်းနှင့် အီလက်ထရွန်းနစ်ဗားရှင်းတို့သည် အမြွှာညီ နောင် Twin ဖြစ်သည်။ ကိုယ်ချင်းဆက် အမြွှာလား၊ ကိုယ်ချင်းမဆက် အမြွှာလား စဉ်းစားကြည့်ရဦး မည် ။
ကလုန်းလား
တိုက်တိုက်ဆိုင်ဆိုင် စာရေး သူက အကြမ်းဖက်သမား တို့၏ စက်တင်ဘာ (၁၁)ရက်နေ့က တိုက်ခိုက်ဖြိုချခံလိုက်ရသော နယူးယောက် ကမ္ဘာ့ကုန်သွယ်ရေး အမြွှာညီနောင်မျှော်စင်နှစ် ခု အ ကြောင်းကို သွားသတိရမိသည်။ ဤအမြွှာညီနောင်တာဝါကြီးကို ပိုင်ရှင်က အာမခံထားသည် ဖြစ်လေ ရာ အာမခံကုမ္ပဏီတို့က လျော်ရတော့မည် ဖြစ်သည်။ အာမခံကုမ္ပဏီတို့က ဤအမြွှာတာဝါကြီးကို တစ်ခုတည်း သဘောထား၍ လျော်ကြေးကို တစ်ခုတည်း Single Damage အ ဖြစ် ပေးလိုသည်။
ပိုင်ရှင်ကမူ တစ်မျိုးမြင်သည်။ အမြွှာ ဖြစ်သော်လည်း သီးခြားတစ်ခုစီ ဖြစ်သည်။ ထို့ကြောင့် လျော်ကြေးကို သီးခြားတစ်ခုစီ Separate Damage ပေးရမည် ဟု တောင်းဆိုနေသည်။ တရားရုံး ရောက်ပြီး အမှုက မပြီးပြတ်သေးပေ။ အလားတူ နှိုင်းယှဉ်စဉ်းစားလျှင် ပုံနှိပ်ဗားရှင်းနှင့် အီလက်ထရွန်း နစ်ဗားရှင်းတို့အတွက် စာမူခကို တသီးတခြားစီ စဉ်းစားရန် ထိုက်မထိုက် စိတ်ကူးကြည့်သင့်သည်။
နောက်တစ်မျိုး စဉ်းစားကြည့်နိုင်သေးသည်။ အီလက်ထရွင်းနစ်ဗားရှင်းသည် ပုံနှိပ်ဗားရှင်း၏ အဆက် သို့မဟုတ် တိုးချဲ့ထားခြင်း Extension of print version ဟုတ်မဟုတ်ဆိုသော ပြဿနာ ဖြစ် သည်။ တိုးချဲ့ခြင်းဆိုရာ၌ ပင် အတွေးနယ်ချဲ့ပြီး ခပ်ရှုပ်ရှုပ်စဉ်းစားမည် ဆိုလျှင် စဉ်းစားနိုင်ပြန်သည်။ အီ လက်ထရွင်းနစ်ဗားရှင်းသည် ပုံနှိပ်ဗားရှင်းကို မျိုးတူပွားထားခြင်း Clone ပေလော၊ အကယ်၍ မျိုးတူ ပွားထားသည်ဟု ဆိုလျှင် စားသုံးသူ (စာဖတ်သူ) တို့အတွက် ကျန်းမာရေး နှင့် ညီညွတ်မှု ရှိမရှိ စစ်ဆေး ရန် ပြဿနာ ပေါ်လာဦးမည် ။
စိတ်ကူးဆန့်ကြည့်လျှင် ဤသို့ ထပ်မံတွေ့ ဦးမည် ။ ပုံနှိပ်ဗားရှင်း ဖြစ် ဖြစ်၊ အီလက်ထရွင်းနစ် ဗား ရှင်း ဖြစ် ဖြစ် နှစ် ခုစလုံးသည် မီဒီယာတွေ ဖြစ်ကြသည်။ နှစ် မျိုးပေါ်လာသဖြင့် မာလ်တီမီဒီယာ Multi Media ဟုခေါ်ရမည် ။ စာရေး ဆရာတွေ မာလ်တီမီဒီယာလောကထဲ ရောက်နေကြပြီ။ မာလ်တီမီဒီယာ လောက ဖြစ်၍ မာလ်တီမီဒီယာစတား၊ မာလ်တီမီဒီယာဘရဲင်း Muliti Media Star and Brand တွေ ပေါ်လာသည်။
ဘရဲင်းနှင့် ပြိုင်ဘက်
မာလ်တီမီဒီယာကို အခြေခံအားဖြင့် စာရေး ဆရာတို့နှင့် သက်ဆိုင်၍ (၅)မျိုး ခွဲသည်။ ၎င်းတို့ မှာ . . .
(၁) တီဗွီ
(၂) အင်တာနက်
(၃) စာအုပ်
(၄) စာနယ်ဇင်းနှင့်
(၅) ရေဒီယို. . . တို့ ဖြစ်ကြသည်။
ယနေ့ အမေရိကားတွင် မာလ်တီမီဒီယာဘရဲင်းနှစ် ဦး ပေါ်နေ၏ ။ အိုရီလီနှင့် ဖရဲင်ကဲင်တို့ ဖြစ် ကြသည်။ သူတို့နှစ် ဦးသည် သတင်းစာတို့မှာ လည်း ဝင်ပြော၊ ဝင်ဟောကြသည်။ သူတို့၏ အင်တာ နက်ဝက်(ဘ်)ဆိုက်တို့သည် အလွန်စည်ကားသည်။ သူတို့ ကိုယ်တိုင်ရေး သော စာအုပ်တို့သည် ဘက်ဆဲလာတွေ ဖြစ်သည်။ ရေဒီယိုစကားပြောခန်းတို့၌ လည်း သူတို့ပါသည်။
သူတို့ကို မာလ်တီမီဒီယာစတားလို့ ခေါ်သည်။ သူတို့ နှစ် ဦး ရေး ၊ ပြော၊ ဆိုတာတို့ကိုပဲ ပရိ သတ်က ကြိုက်နှစ်သက် နေသော အခါ သူတို့ကိုယ်တိုင် ဤအမှတ်တံဆိပ် Brand ဖြစ်လာသည်။ ဝင် ငွေတို့ကလည်း သောက်သောက်လဲ ဝင်သည်။ သူတို့နှစ် ဦးသည် ဗားရှင်းပေါင်းစုံထဲ ပါဝင် ပတ်သက်နေ ကြပုံရသည်။
စာရေး သူက ဗားရှင်းတစ်ခု စရိတ်ကိုလည်း တွက်ကြည့်သည်။ ပုံနှိပ်ဗားရှင်းကို ဖတ်လျှင် စာ ဖတ်သူသည် စာအုပ်ဖိုးလာကုန်မည် ။ မျက်စိမွဲလျှင် မျက်မှန်ဖိုး ကုန်မည် ။ အလကား စရိတ်နှင့် ပုံနှိပ်ဗား ရှင်းကို ဖတ်လို့ရသည်။ သို့သော် အီလက်ထရွင်းနစ်ဗားရှင်းကို ဖတ်လိုလျှင်မူ အလွန်စရိတ်ကြီးလှ သည်။ ကွန်ပျူတာရှိရမည် ၊ တယ်လီဖုန်းရှိရမည် ။ အင်တာနက်နှင့် ချိတ်ရမည် ။ “ပုံနှိပ်ဗားရှင်းနှင့် အီ လက်ထရွင်းနစ်ဗားရှင်းချင်း စရိတ်အလွန်ခြားနားနေလေရာ အီလက်ထရွင်းနစ်ဗားရှင်းဈေးကွက်သည် လူထုဈေးကွက် Mass Market တော့ တော် တော် နှင့် ဖြစ်ဦးမှာ မဟုတ်သေး”. . . ဟု ကောက်ချက်ချမိ သည်။ ဗားရှင်း နှစ် ခုကလည်း ညီအစ်ကိုသာ ဖြစ်သည်။ ပြိုင်ဘက်တွေ လည်း ဖြစ်သည်။
မြို့ပြဆင်ခြေဖုံး
ပညာ (Knowledge) အကြောင်း ပြောလို့ဆိုလို့ကောင်းနေတုန်းမှာ ပင် စိတ်ကူးစိတ်သန်း (Imagination) နှင့် ဖင်တစီ (Fantasy) တို့ကလည်း ပညာလောက်နီးပါး အရေး ကြီးပါသည်ဟု ပြော ဆိုချက် ပေါ်လာသည်။ ပညာနှင့် စိတ်ကူးစိတ်သန်း တူညီပုံမရပေ။ ‘ဖင်တစီကို အဘိဓာန်က ထွေရာ စိတ်ကူး၊ စိတ်ကူးယဉ်သက်သက်၊ စိတ်ကူးယဉ်အိပ်မက်၊ ဆန်းဆန်းပြားပြား စိတ်ကူးယဉ်သက်သက် စ သည်ဖြင့် ’ အနက်ပေးထားသည်။
Imagination ကိုမူ ‘စိတ်ကူးနိုင်စွမ်း၊ စိတ်ကူးစိတ်သန်း၊ စိတ်အာရုံ၊ စိတ်ကူးညဏ်၊ စိတ်အထင် စသည်ဖြင့် ’ အနက်ပေးထားသည်။ ယခုရှင်းပြမည့်  ကျမ်း အာဘော်က ပညာနှင့် စိတ်ကူးစိတ်သန်း ကြား ခြားနားပုံကို မှန်းဆထားသည်။ တစ်ခုနှင့် တစ်ခု မတူပေ။ ပညာ၌ ဆင်ခြင်တုံတရား (Reason) ရှိ သည်။ ကျိုးကြောင်းဆက်စပ်မှု ရှိသည်။ ယုတ္တိအစဉ် ရှိသည်။ ပို၍ နက်ရှိုင်းသည်။ အိပ်မက်မဆန်။ တောင်ပြေးမြောက်ပြေး မပြေး။
စိတ်ကူးစိတ်သန်းနှင့် ဖင်တစီတို့ အရေး ကြီးပုံကို ပြောလာသူ ပညာရှင်က မြို့ပြဝါဒ၊ အထူးသ ဖြင့် ဆင်ခြေဖုံး မြို့ပြဘဝ (Suburban) အကြောင်းကို အခြေခံသည်။ ကျမ်းပြုပုဂ္ဂိုလ်သည် ခေတ်ကို “Age of the great dispersal” (မဟာပြန့်ကားခေတ်) ဟု သတ်မှတ်သည်။ ယခင်က လူတို့သည် မြို့ကြီးပြကြီး ဗဟိုအလယ်ခေါင်များ ဆီသို့ တိုးဝှေ့ရွှေ့ပြောင်းခဲ့ကြသည်။ ယခု အကြောင်းအမျိုးမျိုး ကြောင့် လူတွေ မြို့လယ်ခေါင်မှ မြို့ပြင်သို့ ပြန်ထွက်ကြသည်။ ဆင်ခြေဖုံး (Suburbans) တွေ အလျှို လျှို ပျံ့နှံ့ပေါ်လာသည်။
ဤဆင်ခြေဖုံးတို့သည် ယခင် ဆင်ခြေဖုံးတို့နှင့် မတူပြီ။ ခြားနားသော ယဉ်ကျေးမှုဇုံ (Cultural Zones) တို့ဖြင့် ဖွဲ့စည်းလာသည်။ စိတ်ဝင်စားစရာ ဗိသုကာပုံစံနှင့် မီးရောင် တို့က ပြိုးပြိုးပြက်ပြက် ရှိလှ သည်။ လူ့အဖွဲ့အစည်းသည် ပို၍ ခွဲခြမ်းစိတ်ဖြာသော အခါ တစ်ခါက အထက်အောက် အဆင့်ဆင့် ဆင့်ကဲဖွဲ့စည်းမှု (Hierarchical) သည် ယခု အဖြုံးအစေ့တွေ ဖြစ်ကုန်သည်။
ဂေါက်ကွင်းယဉ်ကျေးမှု
မြို့လယ်ခေါင် ယဉ်ကျေးမှုနှင့် ဆင်ခြေဖုံး ယဉ်ကျေးမှုတို့သည် အပြိုင်အဆိုင် ဖြစ်လာသည်။ ခြား လည်း ခြားနားလာသည်။ သုတေသီ ပညာရှင်တို့က မြို့လယ်ခေါင် ယဉ်ကျေးမှုမြင်ကွင်းနှင့် ရှုခင်းမြင် ကွင်းတို့ကို ကြည့်ကြည့်၊ မြို့ဆင်ခြေဖုံး ယဉ်ကျေးမှုနှင့် ရှုခင်း မြင်ကွင်းတို့ကို ကြည့်ကြည့်၊ မြင်သမျှ အ ရာတို့သည် စိတ်ကူးစိတ်သန်းနှင့် ဖင်တစီ အိပ်မက်တို့က ဖန်တီးမွေးထုတ်သော အရာတွေ သာ ဖြစ် သည်ဟု ထောက်ပြသည်။ ပညာ၏ ပစ္စည်းတွေ အဓိက မဟုတ်ကြပေ။
ဂေါက်ကွင်းယဉ်ကျေးမှုကို ဆင်ခြေဖုံး ယဉ်ကျေးမှုထဲထည့်သွင်း စဉ်းစားသည်။ အဘယ့် ကြောင့် ဆိုသော် ဂေါက်ကွင်းတို့သည် မြို့ပြင်တွင် ရှိကြရသော ကြောင့် ဖြစ်သည်။ ဆင်ခြေဖုံးတို့သည် ဂေါက်ကွင်း ယဉ်ကျေးမှု၏ အရိပ်အာဝါသအောက်၌ နေရတတ်သည်ဟူ၍ ပင် ဆိုသည်။ ဤသို့ဆို၍ ဂေါက်သီးရိုက်ကစားခြင်းဂိမ်းက မြို့ဆင်ခြေဖုံး လူတို့၏ ဟန်ပန်စရိုက်တို့ကိုလည်းကောင်း၊ ကျင့်ဝတ်စာ ရိတ္တတို့ကိုလည်းကောင်း သြဇာပြုလုပ်သည်ဟု မဆိုလိုပေ။ တကယ် အစစ်အမှန် သြဇာပြုလုပ်သည့် အချက်သည် ဂေါက်သီး၏ ‘ဇင်’ ဘာသာနှင့် တူသော စိတ်ကူးယဉ် စံနမူနာ Zen like golf ideal ဖြစ် သည်။ ဂေါက်သီးကစားလျှင် တည်ငြိမ်ရသည်။ သေသေသပ်သပ် ရှိရသည်။ အဝတ်အစားက ထသွား ထလာ ချောင်ချောင်ချိချိ၊ ပေါ့ပေါ့ပါးပါး ဖြစ်ရသည်။
ဂေါက်သီးကစားသူသည် သူပိုင်သမျှ အရာတို့သည်မာသည်။ သို့သော် ပေါ့ပါးသော သတ္တုနှင့် ပြုလုပ်သည်ဟု ခံစား ယုံကြည်သည်။ ဘလက်ဘယ်ရီ ဂေါက်တံမှ အစ သူ့ဇနီး၏ ဘရာစီယာအဆုံး (ဝန်ဒါဘရာ) ပစ္စည်းတို့သည် ပေါ့ပေါ့နှင့် မာသည်ဟု အခိုင်အမာ ယုံကြည်သည်။ သူတို့က အားလျှင် ရေအကျအနချိုး၊ ခေါက်ရိုးမကျိုးအောင် မီးပူတိုက်ထားသောာ အဝတ်အစားတို့ကို ဝတ်၍ “ငါ့သမီးစာ ကျက်နေတယ်” ဆိုသော တီဗွီဇာတ်ကားတွဲ ကို အဖော်တစ်သိုက်နှင့် ထိုင်ကြည့်နေတတ်သည်။ အမေ ရိကန် ဒဿနပညာရှင် ဂျော့ဆန်တာယားနားက တစ်ခါက ဤသို့ပြောဖူးသည်။ “အမေရိကန်တွေ ဟာ ပြဿနာတို့ကို မဖြေရှင်း၊ နောက်မှာ ပစ်ထားလိုက်တယ်” ဟူသတည်း။ ဆင်ခြေဖုံးနေသူတို့သည် အ တိုးအကြီးကြီးနှင့် အပေါင်ချေးထားသော အကြွေးကိစ္စကိုလည်းကောင်း၊ မြို့ထဲ ရထားနှင့် အဝေးကြီး သွားရသော ဒုက္ခကိုလည်းကောင်း မေ့ထားလိုက်ကြသည်။ ဇာတ်လမ်းတွဲ တွေ ထဲ ပွဲကျနေကြပြီ။
ရေကြည်ရာမြက်နုရာ
မြို့ကြီးတွေ ဆွဲငင်ခြင်း ဓာတ်အားကောင်းသည်။ ဤဆွဲငင်ခြင်း ဓာတ်ကို အလွတ်ရုန်းပြီး ဆင် ခြေဖုံးလောကတည်ဆောက်ကြသည်။ ဤသို့ တည်ဆောက်သော အခါ စိတ်ကူးစိတ်သန်း၊ ဖင်တစီ စိတ်ကူးယဉ်အိပ်မက်တို့ကို အားပြု၍ တည်ဆောက်သည်။ ဤအချက်ကို အလေးအနက်ပြုလိုသော ကျမ်းပြုပုဂ္ဂိုလ်သည် ရူပဗေဒဖခင်ကြီး အယ်လ်ဘတ်အင်စတိန်း၏ အဆိုစကားတစ်ခုကို သွားသတိရ လိုက်သည်။ အင်စတိန်းက “စိတ်ကူးစိတ်သန်းသည် ပညာထက် ပို၍ အရေး ကြီးသည်” (“Imagination in more important than knowledge”) ဟူ၍ ပြောခဲ့သည်။
စိတ်ကူးစိတ်သန်းနှင့် ဖင်တစီတို့ ပေါ်ထွန်းသည့် အကြောင်းအရင်းကလည်း ရှိသည်။ ယင်းမှာ လျှို့ဝှက်သော တောင့်တတမ်းတမှု (Mysterious Ionging) ဖြစ်သည်။ ဤသို့ တောင့်တမှုကြောင့် “ရေကြည်ရာ မြက်နုရာ” ကို ရှာဖွေကြခြင်း ဖြစ်သည်။ ဤသို့ရှာဖွေတွေ့ လျှင် စိတ်ကူးစိတ်သန်းနှင့် အိပ် မက်တို့ဖြင့် အကောင်အထည် ဖော်ပစ်လိုက်ြ ကတော့သည်။
မြို့ပြဆင်ခြေဖုံးတို့ ပြိုးပြိုးပြက်ပြက် ထိန်ထိန်လျှံလျှံ ပေါ်လာခြင်းသည် စုပေါင်း ဖင်တစီကြောင့် ဖြစ်သည်။ စုပေါင်းဖင်တစီကြောင့် မြို့ပြဆင်ခြေဖုံးတို့ ဖွံ့ဖြိုးတိုးတက်နေရသည်။ ပေါက်ကွဲမှု သဏ္ဍာန် ဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ များ စွာ သော နိုင်ငံတို့သည် ယဉ်ကျေးမှုမျိုးစုံရှိသော်လည်း တူညီသော ဘုံကံကြမ္မာဖြင့် ဖန်ဆင်းခံရသည်ဟု ယုံကြည်ကြသည်။ အမေရိကန် လူ့အဖွဲ့အစည်းကမူ တစ်မျိုး ဖြစ် သည်။ အကျိုး ဖြစ်ထွန်းမှုကို ဒဏ္ဍာရီကဲ့သို့ လက်ခံပြီး စုစည်းမိနေကြခြင်း ဖြစ်သည်။
ပစ္စုပ္ပန်ကို အနာဂတ်မှ
ကျမ်းပြုပုဂ္ဂိုလ်က Paradise spell (သုခညှို့ဓာတ်) အကြောင်းကို ရှင်းပြသည်။ ဤညှို့ဓာတ် သည် ပစ္စုပ္ပန်ကို အတိတ်မှ မကြည့်။ အနာဂတ်ရှုထောင့်မျိုးစုံမှ ကြည့်သည်။ ဤသို့ ကြည့်ရာ၌ စိတ်ကူး စိတ်သန်းမှ စသည်။ ဖြစ်အံ့ဆဲဆဲ ပျော်ရွှင်မှုသည် အဘယ်ပုံသဏ္ဍာန်ရှိမလဲဟု စိတ်ကူးယဉ်ကြည့် သည်။ အနောက်တစ်လွှားကိုလည်း ဖြတ်သည်။ ဒေါ့ကွန်းဂတိုင်ထက်သန်မှုတို့ကိုလည်း ဖြတ်သည်။ အနာဂတ်ကို စွဲလန်းသော လူတွေ ဖြစ်၍ ပုံရိပ်ပါးပါး လွှာလွှာတို့ဆီ ခုန်ကျော်ပြေးနိုင်ကြသည်။
ကျေနပ်စရာမရှိသော မျက်မှော က်ကာလနှင့် မျဉ်းပြိုင်ခေတ်တို့အပေါ် သံယောဇဉ် တွယ်သည် ထက် ဂုဏ်ရောင် လက်သည့် အနာဂတ်အပေါ် ပိုပြီး သံယောဇဉ် ကြီးသည်။ သူတို့သည် သတိရနေ သော အတိတ်မှနေပြီး အချိန်ကာလကို တွန်းပို့ခြင်းမပြု။ ကျေနပ်စရာ မရှိသော ပစ္စုပ္ပန်ကို မှုန်မွှားသော အတိတ်မှ ဝေးရာသို့ ရွှေ့သည်။ ရွှေအနာဂတ်ဖြင့် အချိန်ကာလကို ဆွဲယူကြသည်။
မြို့ဆင်ခြေဖုံး ဖြစ်ထွန်းမှုကို မကျေနပ်သူတို့က မြို့ပြဆင်ခြေဖုံး ဘဝကို ဝေဖန် တိုက်ခိုက် သည်။ စားသုံးသူဝါဒနောက်ကို လိုက်လွန်းသည်။ အလဟဿ ဖြုန်းတီးမှုတွေ များ သည်။ ရောင့် ရဲလွန်း သည်။ ရုပ်ဝတ္ထုပစ္စည်းတွေ နောက် တကောက်ကောက် လိုက်လှသည်။ ကိုယ့်အတွက်ပဲ စဉ်းစားလွန်း သည်။ အကုန်မဖြည့်ဆည်းပေးနိုင်သော လိုက်ဖ်စတိုင်တွေ များ လွန်းသည်။ စိတ်ကူးတွေ အလွန်ယဉ် ကြသဖြင့် နဝေတိမ်တောင်တွေ များ သည်။ အစစ်အမှန် မဟုတ်ခြင်း လောက (Realm of unreality) ထဲ ရောက်သွားကြသည်။ စသည်ဖြင့် ဝေဖန်တိုက်ခိုက်သည်။
ဒစ္စနေးရှိုးခြံတွေ နှင့် ပြည့်နှက်နေသဖြင့် အနှစ် မရှိသော ပျော်ရွှင်မှုနှင့် အငယ်စားပုံရိပ်တို့ထဲ အ လုပ်များ နေကြသည်။ တစ်ကိုယ်တော် စွန့်စားခန်းတွေ အပေါ် မိန်းမောကြသည်။ အသေးအမွှားပုံရိပ် တို့ဖြင့် အာရုံများ နေရသည်။ ဝိပဿနာစိတ်ခေါင်းပါး၊ သတင်းအချက်အလက်၊ အင်ဖော်မေးရှင်းတို့ကို တန်ဖိုးထားရမှန်း မသိ ဖြစ်ကြရသည်ဟု ဝေဖန်သည်။ မြို့ဆင်ခြေဖုံး ယဉ်ကျေးမှုနှင့် လိုက်ဖ်စတိုင်တို့ လည်း စိတ်ကူးစိတ်သန်းနှင့် ဖင်တစီ ပြဿနာတို့ ဖြစ်ကြသည်။ ။
စာညွှန်း
- My times. Com
၁၈၉၇ ခုနှစ် က ရုရှစာရေး ဆရာကြီး တော် လ်စတွိုင်းသည် ‘အနုပညာဆိုသည်မှာ အဘယ်နည်း’ ဟူသော စာတမ်းတစ်စောင်ကို ထုတ်ဝေသည်။ အလှတရား၏ ဒဿနပိုင်းတွင် ဤစာတမ်းကို အတော် များများ အကိုးအကားပြုကြသည်။ “ကဗျာ ဖြစ်စေ၊ ပန်းချီ ဖြစ်စေ၊ ဆိုင်းဝိုင်း ဖြစ်စေ၊ ရုပ်တု ဖြစ်စေ၊ အနုပ ညာလက်ရာတစ်ခုလုံး၏ တန်ဖိုးသည် ဤအနုပညာလက်ရာကို ခံစားသိရှိသူတို့အား သက်ရောက် သော အကျိုးအပေါ် လုံးဝ မှီတည်သည်” . . . ဟု တော် လ်စတွိုင်းကဆိုသည်။
တော် လ်စတွိုင်းအလိုအရဆိုလျှင် အနုပညာသည် စိတ်ခံစားမှုကို ဆက်သွယ်ရာ ဖြစ်၏ ။ လူ တစ်ယောက် က ပုံတစ်ပုံကို ပြော၏ ။ သီချင်းတစ်ပုဒ်ကို စပ်၏ ။ ပန်းချီကားတစ်ချပ် တစ်ချပ်ကို ဆွဲ၏ ။ ဤသို့ ပြောစပ်ရေး ဆွဲရာတွင် သူခံစားရသော စိတ်ခံစားမှုတစ်ရပ်ကို၊ အခြားသူတို့အား ဆက်သွယ်ပေး ရန်ပါဟု ရည်ရွယ်မူထားရှိလျှင် အနုပညာသည် ရှိလာချေပြီ။ စိတ်ခံစားမှုသည် လတ်ဆတ်ငြားအံ့၊ လောကအပေါ် ကွင်းကွင်းကွက်ကွက်နှင့် နုပျိုသော သဘောထားအမြင်ရှိ၍ ဤတွင် ကြီးကျယ်သော အနုပညာရှိချေပြီ။
“အနုပညာ တစ်ရပ်သည် လှအောင်ပအောင် ရည်ရွယ်ရင်း ရှိစေကာမူ တကယ့်တကယ်၌ သာယာပျော်ရွှင်မှုလောက်ကိုသာ နှိုးဆွပေးလျှင် ယင်းသည် အနုပညာကို မဟုတ်တော့ပေ။ ဘူဇွာဇီနှင့် အထက်တန်းစားတို့၏ အနုပညာဟုဆိုသော အနုပညာတို့သည် သဘာဝ အားဖြင့် ဤသို့သဘောမျှ သာ ဖြစ်ခဲ့ပါသည်” . . . ဟု တော် လ်စတွိုင်းက သုံးသပ်သည်။
တော် လ်စတွိုင်းက ရုရှလယ်သမားတို့၏ သီချင်းနှင့် ရှိတ်စပီးယား၏ လီရာဘုရင်ကြီး ပြဇာတ် ကို နှိုင်းယဉ်ပြသည်။ စိတ်ခံစားမှုကို သယ်ပိုးဆက်သွယ်ပေးရာ၌ လယ်သမား သီချင်းတို့က လီရာဘု ရင်ကြီး ပြဇာတ်ထက် လူထုထံ ပိုရောက်သည်။ ထို့ကြောင့် လယ်သမားသီချင်းတို့က လီရာဘုရင်ကြီး ပြဇာတ်ထက် အနုပညာအရာတွင် ပို၍ ကြီးကျယ်သည်” . . . ဟုဆိုသည်။
ဤသဘောထားအမြင်ကို အခြေခံလျက် အစွန်းရောက်ကတ္တားဝါဒီ သီအိုရီ Subjectivism ကို တိုးချဲ့၍ ပြုစုကြသည်။ ကဗျာတစ်ပုဒ် ဖြစ်စေ၊ တေးဂီတ တစ်ပုဒ် ဖြစ်စေ၊ ပန်းချီကားချပ်တစ်ချပ် ဖြစ်စေ အနုပညာလက်ရာတစ်ရပ်၏ အလှအပကို ဤအနုပညာလက်ရာအပေါ် လူအများ က မည် သို့စဉ်းစားကြ သနည်း . . . ဆိုသော အချက်ကို ရည်ညွှန်း၍ အကဲဖြတ်ရမည် ။ လက်ရာနှစ် ရပ်အနက် မည် သည့်လက် ရာက ပို၍ ကြီးကျယ်သနည်းဆိုသော အချက်ကို လူတွေ ကို ရေတွက်ကြည့်ရုံမျှဖြင့် ဆုံးဖြတ်နိုင်သည်။ ပို ၍ များ သော လူတို့က တန်ဖိုးထားသော အနုပညာလက်ရာသည် ပို၍ ကြီးကျယ်သည်ဟု ဆုံးဖြတ်ရုံမျှသာ ဖြစ်ပေသည်။
ဤသို့ဆိုရသည်မှာ အကြောင်းရှိသည်။ အလှအပဟူသည် “ပကတိရုပ်သဘောအားဖြင့် မရှိ။ အနုပညာ၏ လက်ရာတို့တွင် ပင်ကိုပါရှိနေခြင်းမဟုတ်။ အနုပညာ၏ လက်ရာတို့သည် မိမိတို့နှင့် ထိပ်တိုက်တွေ့ ထိမိသော လူအများ အပေါ် အကျိုးသက်ရောက်မှုများ ကို ဖြစ်ထွန်းစေရ၏ ။ ဤအကျိုး သက်ရောက်မှုတို့၏ ဂုဏ်သတ္တိသည်ပင် အလှအပ ဖြစ်ချေသည်။ အလှအပသည် တကယ်တမ်းအား ဖြင့် ဆိုသော် စိတ်ပိုင်းအတွေ့ အကြုံတစ်ပါး (ဝါ) ကတ္တားပိုင်း အတွေ့ အကြုံတစ်ပါး ဖြစ်သည်။ အနုပ ညာ ပစ္စည်း၏ လုပ်ငန်းသည် အနုပညာကို ကြည့်သူ မြင်သူ ဖတ်သူ၏ စိတ်ထဲတွင် လှပပါကလားဟု ဖြစ်သော စိတ်ကို ထုပ်လုပ်ပေးရုံမျှသာ ဖြစ်သည်။ စိတ်ဝါဒအလိုအရ ပူနွေးခြင်းသည် မီး၏ ဂုဏ်အင်မ ဟုတ်။ မီးက အာရုံခြောက်ပါးအပေါ်ပြုသော အကျိုးသာ ဖြစ်သည်။ ထိုနည်းတူစွာ အလှအပ ဆိုသည် မှာ လည်း အလှအာရုံပေါ်ပြုသော အကျိုးတစ်ရပ်သာ ဖြစ်သည်. . .”
ကတ္တားပိုင်း အမြင်၏ အနက်အကျိုး
ရုရှ တောင်သူလယ်သမားတို့၏ သီချင်းတို့သည် ရှိတ်စပီးယား၏ လီရာဘုရင်ကြီး ပြဇာတ် ထက် လူထုထဲတွင် ပိုဆွဲဆောင်မှုရှိသည်ဆိုရာ၌ တော် လစတွိုင်း မမှားပါ။ သီချင်းနားထောင်ရ၍ ပို၍ များ သော လူတို့၌ သာယာကျေနပ်မှု ဖြစ်ထွန်းသည်ဟုဆိုလျှင် ၎င်းသီချင်းတို့ကို ပို၍ ကြီးကျယ်သော အနုပညာအ ဖြစ် ယူဆနိုင်ပါသည်။ လူငယ်စက်ပြင်ဆရာတစ်ဦးသည် အမျိုးသား ပြခန်းထဲ သွားရောက် ၍ ရောင် (ဒ်)မဒေါင်းနား ပုံကို ကြည့်၏ ။ ထိုမှ ရရှိသည့် သာယာကျေနပ်မှုသည် မလုံ့တလုံ ဖော်ထား သော မဂ္ဂဇင်းအမျိုးသမီး ရုပ်ပုံကို ကြည့်ခြင်းမှရရှိသည့် သာယာကျေနပ်မှုထက် လျော့နည်းနေကြောင်း တွေ့ ရသည်။ ရောင် (ဒ်)မဒေါင်းနားပုံကို အရေး မကြီးသော ပုံဆိုကာ သူက ပယ်လိုက်သည်။
အနုပညာကြေးစား အကဲဖြတ်သမားတစ်ဦးကမူ ရောင် (ဒ်)မဒေါင်းနားပုံကို ပို၍ တန်ဖိုးထားနေ ၏ ။ ဤနေရာ၌ လူငယ်စက်ပြင်ဆရာ၏ အလှအကဲဖြတ်ချက်နှင့် ၊ အနုပညာကြေးစား အကဲဖြတ်သမား art connoisseur ၏ အလှအကဲဖြတ်ချက်တို့တွင် မည် သူ၏ အကဲဖြတ်ချက်က ပို၍ မှန်ကန်သည်. . . ဟု မပြောနိုင်ပေ။ စင်စစ်၌ လူငယ်၏ အကဲဖြတ်ချက်သည် ပို၍ မှန်ကန်သည်ဟု ဆိုနိုင်ဖွယ်ရာ ရှိ၏ ။ အ ဘယ့်ကြောင့် ဆိုသော် မလုံ့တလုံ ဖော်ထားသော မဂ္ဂဇင်းအမျိုးသမီးရုပ်ပုံမှာ ပီတိကို ပို၍ များ သော လူ များ က ခံစားရရှိနိုင်သော ကြောင့် ဖြစ်သည်။
တေးဂီတတွင် ဆိုခဲ့ပါအမြင်ကို အသုံးပြုကြည့်လျှင် ပို၍ ထူးဆန်းသော သဘောကို တွေ့ ရ သည်။ မျက်မှော က်ခေတ် လူတို့သည် ဘတ်(ခ်ျ) တေးဂီတထက် ဂျက်(ဇ်) တေးဂီတကို ပို၍ နှစ် ခြိုက်ကြ မည် မှာ သေချာသည်။ ထို့ကြောင့် ဂျက်(ဇ်) တေးဂီတ ပြုစုသူတို့က ဘတ်(ခ်ျ)ဂီတပြုစုသူတို့ထက် စိတ် ခံစားမှုကို ကူးစက်ဆက်သွယ်ပေးရာတွင် ပို၍ အောင်မြင်သည်ဟု ဆိုဖွယ်ရာရှိသည်။ ထိုအကြောင်း ကြောင့် ဂျက်(ဇ်)သည် ဘတ်(ခ်ျ) ထက် ဂီတတွင် ပို၍ ကြီးကျယ်သည်ဟု ယူဆရမလိုရှိသည်။
ဤသို့ နှစ် မြို့စရာမကောင်းသော ကောက်ချက်ကို ယုတ္တိဗေဒနည်းဖြင့် ပယ်ဖျက်ရန် ခက်ခဲနေ သည်မှာ အမှန်ပင် ဖြစ်၏ ။ ယုတ္တိဗေဒနည်းအရ ပယ်ဖျက်ရန် ခက်ခဲသည်ဟု ဆိုရုံမျှဖြင့် အမြင်တစ်ရပ် သည် မှန်ကန်သည်ဟု မယူဆနိုင်ခြင်းကိုလည်း တစ်ပါတည်း သတိထားရပါမည် ။
ယုတ္တိဗေဒနည်းအရ မငြင်းနိုင်သော အချက်ကို ကျွမ်းကျင်သူများ ထံ မေတ္တာရပ်ခံ၍ ငြင်းကြည့် ခဲ့ကြ၏ ။ ဂီတဘက်ဆိုလျှင် ဂီတဘက် အထူးကျွမ်းကျင်သော ပုဂ္ဂိုလ်ကျော်ကြီးများ ၊ ဘဝတစ်လျှောက် လုံးတွင် ဂီတဖြင့် ပျော်မွေ့အသက်ရှင်နေကြသူများ နှင့် ရင့်ကျက်သော ဂီတအရသာကို ခံစားတတ် သော ပုဂ္ဂိုလ်ကြီးများ တို့၏ အကဲဖြတ်ချက်ကို ခံယူကြည့်ကြသည်။ ၎င်းတို့က ဂျက်(ဇ်)နှင့် ဘတ်(ခ်ျ) ဂီတသံတို့ကို အကြိမ်ပေါင်းများ စွာ နားထောင်ကြည့်ပြီးသကာလ ဂျက်(ဇ်)ထက် ဘတ်(ခ်ျ)ကို ပို၍ တန် ဖိုးထားကြသည်။ ကာလ၏ သြဇာကိုလည်း ထည့်တွက်ရာ ဂျက်(ဇ်)သည် ခေတ်တစ်ခေတ်အတွက်သာ တည်၍ ဘတ်(ခ်ျ) သည် အနာဂတ်၌ လည်း ရှင်သန်ဦးမည် ဖြစ်ကြောင်း တွေ့ ကြရသည်။
သို့ရာတွင် ကျွမ်းကျင်သူတို့သည် အခါခပ်သိမ်း ပြဿနာတိုင်း၌ သဘောထားတူညီနိုင်ကြ သည် မဟုတ်ရကား ကတ္တားပိုင်းဝါဒီ၏ ယုတ္တိဗေဒကို ချေရဖျက်ရ ခက်ရပြန်သည်။ တစ်ဖန် ကျွမ်းကျင် သူဆိုသည်ကား အဘယ်နည်းဟု အနက်ဖွင့်ဆိုချက်ကို အခြေခံကစ၍ ပီပြင်အောင် လုပ်ရခက်ခဲခြင်း ကြောင့် လည်း အဆိုပါယုတ္တိဗေဒကို ချေဖျက်ရေး မှာ အရေး နိမ့်ဟန် ရှိနေခဲ့သည်။
မွမ်းမံထားသော ကတ္တားပိုင်းအနေအထား
အထက်တွင် ရှင်းပြထားခဲ့သည်မှာ ကတ္တားပိုင်းဝါဒီ သန့်သန့်ကို ဖော်ပြထားခြင်းမျှ ဖြစ်၏ ။ နောက်ပိုင်း၌ ကတ္တားပိုင်းအမြင်ကိုပင် မွမ်းမံပြင်ဆင်၍ တင်ပြကြသည်။ မွမ်းမံထားသော အယူအဆအ ရ အလှအပသည် စိတ်နှင့် အလှဆိုင်ရာ ဝတ္ထုပစ္စည်းတစ်ရပ်သည် လှပစရာအကြောင်းမရှိ။ အကြောင်း မူ၊ ဝေဒနာဟူသည် စိတ်ပိုင်းဆိုင်ရာ အခြေခံတစ်ရပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော ကြောင့် ဖြစ်ပေသည်။
စင်စစ်အားဖြင့် စိတ်သည် တစ်စုံတစ်ရာသော အမျိုးအစားရှိသည့် ဝတ္ထုပစ္စည်းနှင့် ထိမိ တွေ့ မိ သည့်အခါမှသာ အလှအပဟူ၍ ပေါ်ပေါက်၏ ။ အလှအပသည် စိတ်နှင့် ဝတ္ထုပစ္စည်းတို့၏ ပြေပြစ်မှု ကြောင့် ဖြစ်ရသော ညီညွတ်မှုပေါ်တွင် ထပ်ဆင့် ဖြစ်ပေါ်ရသော ဂုဏ်သတ္တိတစ်ပါး ဖြစ်သည်ဟု ဆို သည်။ ဤအယူအဆသည် “တစ်ခုလုံးသည် အစိတ်အပိုင်းအားလုံးကို ပေါင်းထားခြင်းထက်ပိုသည်။ တစ်ခုလုံးသည် အစိတ်အပိုင်းအားလုံးပေါင်းထားခြင်းထက် ပို၍ စစ်မှန်သည်” ဟူသော အမြင်မှ ပေါက် ဖွားလာသည်ဟု ပြောကြသည်။
တစ်ခုလုံးသည် အသိတရား ဖြစ်၍ သိသော စိတ်နှင့် သိခံရသော ဝတ္ထုပစ္စည်းတို့သည် ဤအသိ တရားတွင် အစိတ်အပိုင်းများ ဖြစ်ကြကုန်သည်။ အလှအပသည် တစ်ခုလုံးနှင့် စပ်ဆိုင်သော လက္ခဏာ ဖြစ်သည်။ အလှအပ ဖြစ်စေ၊ ယင်း၏ ဆန့်ကျင်ဘက် ဖြစ်စေ၊ လေးထောင့် ဖြစ်စေ၊ အဝိုင်း ဖြစ်စေ၊ အစိမ်း ရောင် ဖြစ်စေ၊ အပြာရောင် ဖြစ်စေ၊ မည် သည့်ဂုဏ်မဆို ရုပ်ပစ္စည်းလောကနှင့် ကင်းသည်ဟု အစွန်း ရောက်အောင် ယူဆရမည် ကဲ့သို့ ဖြစ်၏ ။
ဒေါက်တာရစ်ချက်အမြင်
စိတ်ဝါဒကို အခြေခံ၍ အလှအပတရားကို ယခုတိုင်ပြုစုဖော်ထုတ်ဆဲ ဖြစ်ပါ၏ ။ ထိုအနက် ထင် ထင်ရှားရှား ပေါ်လာသူမှာ ဒေါက်တာရစ်ချက် ဖြစ်ပေသည်။ အလှတရား၏ အခြေခံနှင့် စာပေဝေဖန်ရေး မှုများ စာအုပ်ကိုထုတ်ဝေရာမှ နာမည် ကျော်ကြားလာသူ ဖြစ်သည်။
ဒေါက်တာရစ်ချက်အမြင်အရ အလှအပဟူသည် စိတ်ခံစားမှုပီတိ emotional satisfaction သာ ဖြစ်သည်။ ကျွန်တော် တို့က တစ်စုံတစ်ခုသော အရာဝတ္ထုကို လှပသည်ဟုဆိုလိုက်၏ ။ ဤသို့ဆို ခြင်း၏ သဘာဝ မှာ ကျွန်တော် တို့၏ စိတ်ထဲတွင် ရှိသော စေ့ဆော်ဓာတ်တချို့ကို မှန်းဆတွေးတောသော လုပ်ငန်း၌ စိတ်ခံစားမှု ချိန်ခွင်လျှာမှန်သော နေရာ (ဝါ) ပြေပြစ်သော နေရာအထိ ဆွဲငင်ယူလိုက်ခြင်းကို ပြောခြင်း ဖြစ်ပေသည်။ ဤသို့ ချိန်ခွင်လျှာမှန်သော အနေအထားတွင် ကျွန်တော် တို့သည် ပီတိ ဖြစ်ရ ၏ ။ ဤပီတိတွင် အလှအပရှိပါကလားဟု မှတ်လိုက် ရသည်။ သို့သော် ဤသို့မှတ်လိုက်ခြင်းသည်ပင် ကျွန်တော် တို့၏ ခံစားမှုအပြင်အပတွင် ရှိသော လောကထဲသို့ တိုင်းထွာကြည့်လိုက်ခြင်း ဖြစ်သည်ဟု ဂရုမှုအပ်ပါသည်။
ဒေါက်တာရစ်ချက်၏ သီအိုရီတွင် စိတ်ပညာနောက်ခံတစ်ရပ်ရှိ၍ ယင်းမှကင်းကွာ၍ မစဉ်းစား အပ်ပေ။ လူ၏ စိတ်ဘဝသည် စေ့ဆော်ဓာတ်များ impulses အတုံ့အလှည့် ရိုက်ပုတ်ကစားနေခြင်းဖြင့် တည်နေ၏ ။ ဤစေ့ဆော်ဓာတ်တို့ကို ပြင်ပပတ်ဝန်းကျင်မှလှုံဆော်ချက် stimuli တို့က တစ်စိတ်တစ်ဒေ သအ ဖြစ်ဆွပေးသည်။ ဤစေ့ဆော်ဓာတ်တို့သည် မကြာခဏဆိုသလို ပြေပြေပြစ်ပြစ်ရှိသကဲ့သို့၊ ဝိရော ဓိလည်း ဖြစ်ကြသည်။ ထို့ကြောင့် ဤစေ့ဆော်ဓာတ်တို့ကို စနစ်တကျ စီစဉ်ပေးလျှင် သင့်မြတ်မည် သာ ဖြစ်သည်။
ဒေါက်တာရစ်ချက်အဆိုအရ ပြီးပြည့်စုံသော စနစ်တကျ စီစဉ်ပေးခြင်း ဖြစ်မြောက်စေရန်အလို့ ငှာ စေ့ဆော်ဓာတ်တို့ကို ညှိစပ်ပေးရန်လိုသည်။ ဤသို့ညှိစပ်ပေးရာ၌ လည်း စေ့ဆော်ဓာတ်တို့ကို ဖိနှိပ် ထားသည့်သဘော မသက်စေလို၊ လွတ်လပ်စွာ ဆောင်ရွက်နေစေရ၏ ။ စေ့ဆော်ဓာတ်တို့ ပျက်သုဉ်း သွားခြင်းကိုလည်း လုံးဝရှောင်ရှားစေရသည်။ ဤသို့ အခြေအနေ ဖြစ်လျှင် ချိန်ခွင်လျှာမှန်သော အခြေ တွင် ကျွန်တော် တို့သည် အလှအပဝေဒနာကို ခံစားမိချေပြီ။
စေ့ဆော်ဓာတ် အားလုံးသည် စုစည်း၍ ပြေပြစ်သည်။ ထိုမှ အလှအပကို နားလည်သဘော ပေါက်သော အခါ၌ ကျွန်တော် သည် အခိုက်အတန့်အားဖြင့် စေ့ဆော်ဓာတ် အားလုံး၏ တစ်ခုလုံး ဥပါ ဒါန်(စိတ်အစွဲ) ဖြစ်နေရသည်။ ဤသည်ပင် အလှတရားဝေဒနာ ဖြစ်ပေသည်။ ဆိုခဲ့ပါ ချိန်ခွင်လျှာမှန် သော အခြေသည် တက်ကြွသော သဘောရှိ၏ ။ ထို့ကြောင့် မဆုံးဖြတ်နိုင်မှု irresolution နှင့် ခြားနားပါ သည်။ မဆုံးဖြတ်နိုင်မှု ဆိုသည်မှာ အင်အားကောင်းသော စေ့ဆော်ဓာတ်ချင်း အင်အားမျှနေ၍ အဆုံး အဖြတ်မပြုဘဲ အီနေခြင်းကို ညွှန်းသည်။ အင်အားမျှနေသော စေ့ဆော်ဓာတ်တို့သည် ကိုယ်ပိုင်သွင်ပြင် တို့ကို ပြင်းပြင်း ထန်ထန် ထိန်းသိမ်းထားကြ၏ ။ ဆိုခဲ့ပါ ချိန်ခွင်လျှာမှန်သော အခြေတွင် မူ တက်ကြွ သော စေ့ဆော်ဓာတ်တို့သည် စိတ်အခြေအနေ တစ်ပါးကိုသာ ထောက်မထားလျက်ရှိသည်။
ဒေါက်တာရစ်ချက်သည် “ကျွန်တော် တို့သည် အလှအပ ခံစားရန် မလိုခဲ့ပါ” ဟူသော စာပိုဒ်ကို သုံးစွဲခဲ့ငြားလည်း သူ၏ စာအုပ်၌ အလှအပကို ခံစားပီတိ ဖြစ်ရသော ဝတ္ထုပစ္စည်းအကြောင်းကိုလည်း ကောင်း၊ အနုပညာလက်ရာ အကြောင်းကိုသော်လည်းကောင်း ဖော်ပြထားခြင်း မပြုပါ။ ‘အလှအပကို ခံစားရန် မလို’ . . . ဟု ဆိုလျှင် ဝတ္ထုပစ္စည်းတို့၌ ပင်ကိုအားဖြင့် အလှအပရှိသည်ဟု ဆိုရာရောက်နေ ၏ ။ သို့ရာတွင် အလှတရားအကြောင်းကို စိတ်အပိုင်းအခြားတို့ဖြင့် ရှင်းလင်းပြလျှင်ပင် လုံလောက် သည်ဟု ဒေါက်တာရစ်ချက်က ယူဆဟန်တူပါသည်။
အထက်တွင် ရှင်းလင်းတင်ပြခဲ့သော အလှတရားအမြင်တို့သည် ပလေတို့၏ အမြင်နှင့် အပ် စပ်ခြင်းမရှိပါ။ ပလေတိုက ‘အလှအပသည် ပကတိသဘော၊ ရုပ်သဘောရှိသည်’ ဟု ဟောခဲ့သည်။
စာညွှန်း
- Guide to philosophy by C.E.M Joad
စတစ်ကာ
ဒီတော့လည်း “ခြောက်ရက်မြောက်နေ့မှာ ပဲ မိုဒန်လွန်ခေတ် ရောက်လာပေတော့သတည်း”. . . ဟု ပြောရန် ဖြစ်လာသည်။
အကြောင်းကား ဂျော်ဂျီယားပြည်နယ်၊ အတ္တလန်တာမြို့၏ ဆင်ခြေဖုံး ကော့(ဘ်)ကောင်တီက စသည်။ ကော့(ဘ်)ကောင်တီ၏ ကျောင်းပညာရေး ဘုတ်အဖွဲ့သစ်က “အငြင်းပွားလျက်ရှိသော ပညာ ရပ်ဆိုင်ရာ အကြောင်းအရာတို့ကို ဝေဖန် ဆွေးနွေးခွင့်ရှိသည်” ဆိုသော ပေါ်လစီကို ပြင်ဆင်ချက် သွင်း လိုက်သည်။ တိတိကျကျပြောရလျှင် “ဂေါ့ဒ်ဘုရားသခင်က စကြာဝဠာကြီးကို (၆)ရက်နှင့် ဖန် ဆင်းသည်” မှာ မှန်ကန်သည်။ ထို့ကြောင့် ချားလ်ဒါဝင်နှင့် စတီဖင်ဂျေဂေါ်လ်တို့ကို ရှုတ်ချရမည် ဟု ဘုတ်အဖွဲ့က ပေါ်လစီကို ပြင်ဆင်လိုက်နာရာမှစ၍ အကုန်ရှုပ်ကုန်တော့ခြင်း ဖြစ်သည်။
ဘုတ်အဖွဲ့အစည်းအဝေး ကျင်းပပုံကလည်း တစ်မျိုး စိတ်ဝင်စားဖို့ ကောင်းသည်။ ကျောင်းသား မိဘတွေ အကုန်နီးပါးလောက် တက်ကာ ဤပြဿနာအပေါ် တစ်လလောက် အချေအတင် ဆွေးနွေး ကြပြီးမှ ဤသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ကျောင်းသားမိဘ (၂၀၀၀) လောက်က ကျောင်းဘုတ်အဖွဲ့အား ပြဋ္ဌာန်းထားသော ဘိုင်အိုလိုဂျီ (ဇီဝဗေဒ) စာအုပ်တွင် ‘စတစ်ကာ’ တစ်ခုစီ ကပ်ပေးပါရန်ကိုလည်း လက်မှတ်ရေး ထိုး တောင်းဆိုကြသေးသည်။ “ဤစတစ်ကာတွင် ဆင့်ကဲ ဖြစ်ပေါ်မှု တရား (Evolution) သည် သီအိုရီသာ ဖြစ်သည်။ တကယ့်အချက် (Fact) မဟုတ်” . . . ဟု ရေး သားခိုင်းခြင်း ဖြစ်သည်။
စတစ်ကာကို ကန့်ကွက်သူတွေ လည်း ပေါ်ပေါက်လာသည်။ ရှေ့နေမိန်းကလေးက စတစ်ကာ သည် ဘာသာရေး လက်ယာဂိုဏ်းအား ကျေနပ်နှစ် သိမ့်အောင် ပြုပြင်ခြင်းသာ ဖြစ်သည်ဟု ဝေဖန် သည်။
အီဗော်လူးရှင်းမခိုင်သေး
အီဗော်လူးရှင်း (ဆင့်ကဲ ဖြစ်ပေါ်မှု) သမားတို့နှင့် ဖန်ဆင်းရှင်သမား (Creationists) တို့ကြား စစ်ပွဲသည် မကြာသေးမီက ငြိမ်သက်သွားသလို ဖြစ်ခဲ့သော်လည်း နောက်ပိုင်း ပြန်ထလာသည်။ ကင်း ဆပ်စီးတီးတွင် ပညာရေး ဘုတ်အဖွဲ့မှ အီဗော်လူးရှင်းသမားတို့ကို မဲဖြင့် ဖယ်ထုတ်လိုက်ပြီးသည့် နောက် ကျောင်းစာမေးပွဲတို့တွင် အီဗော်လူးရှင်းဘာသာရပ်ကို ဖြုတ်လိုက်သည်။
အိုဟိုင်းယိုပြည်နယ် ပညာရေး ဘုတ်အဖွဲ့ကလည်း ဖိအားပေးခံရမှုကြောင့် “Intelligent design” ဆိုသော အစီအစဉ်ကို ထည့်သွင်းလိုက်သည်။ “ညဏ်တော် ဒီဇိုင်း” ဟု ဘာသာပြန်လို့ရ သည်။ ဤဒီဇိုင်း၏ နေရေး အဆိုအရ စကြာဝဠာ၏ ရှုပ်ထွေးမှုက ဘုရားသခင် တကယ်ရှိကြောင်းကို သက်သေပြသည်ဟူသတည်း။ ဤအချက်ကို သိပ္ပံပညာ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း ပေးထားရ သည်။
ကော(ဘ်)ကောင်တီ၏ ပေါ်လစီသစ်က အငြင်းပွားနေသော ပြဿနာတို့ပေါ်တွင် အင်ဖော် မေးရှင်းပေးခြင်းအားဖြင့် ပြေပြစ်မျှတသော ပညာရေး ကို ပေါ်ထွန်းစေနိုင်သည်ဟု ဆင်ခြေပေးသည်။ ထို့အပြင် သဘောထား အမြင်မျိုးစုံကိုလည်း ဖြစ်ထွန်းစေသည်ဟုဆိုသည်။
ဤကိစ္စနဲ့ ပတ်သက်၍ ‘အမေရိကန် နည်းလမ်းအတွက် ပြည်သူများ ’ ဆိုသော အဖွဲ့တစ်ခုက ပြည်သူ့အမြင် သဘောထား စစ်တမ်းတစ်ရပ်ကို (၂၀၀၀) ပြည့်နှစ် က ကောက်ယူခဲ့ရာ ဤစစ်တမ်း၏ တွေ့ ရှိချက်အရ ဖြေကြားသူ ၅၀ရာခိုင်နှုန်းက အီဗော်လူးရှင်း (ဆင့်ကဲ ဖြစ်ပေါ်မှု) သီအိုရီသည် ခိုင်လုံစွာ သက်သေ မထူနိုင်သေးဟု ယုံကြည်နေကြသည်။
ဆတူ
ဤစစ်တမ်းကပင် အီဗော်လူးရှင်းကို ယုံကြည်သူတို့ထဲမှ ငါးပုံတစ်ပုံကသာ အီဗော်လူးရှင်းကို သပ်သပ်သင်ကြားပေးရန် လိုလားသည်။ လေးပုံသုံးပုံကမူ လစ်ဘရယ်ကျစွာ ပင် ကျောင်းသားတို့ကို အ မြင်မျိုးစုံ အားလုံး (all points of view) ကို သင်ပေးသင့်သည်။ သည့်နောက်မှ ကျောင်းသားတွေ က သာ သူတို့ဘာသာ သူတို့ ဆုံးဖြတ်ပါစေဟု ထင်မြင်ချက်ပေးသည်။ ဤအမြင်ကို မိုဒန်လွန်ခေတ် ဆင် ခြင်အ ဖြစ် ယူဆသည်။ ဤဆင်ခြင်မူ၌ အီဗော်လူးရှင်းနှင့် မူလအစ စာအုပ် (Book of Geniesis) တို့ သည် ဆတူညီမျှစွာ ခိုင်လုံနေသည်။
အရေး နိမ့်သူတို့က ကော့(ဘ်) စာသင်ကျောင်း၏ ကလေးတွေ ပညာကောင်းကောင်းရသည် ဆိုသော ဂုဏ်သတင်းကျော်ကြားမှုကိုသာ ထိခိုက်မည် ။ ကော့(ဘ်)စာသင်ကျောင်းသည် ပြည်နယ် တစ်ခုလုံး၏ ပျမ်းမျှအဆင့် အထက်တွင် ရှိရသည်။ ဘယ်လောက်ရှိသည်ကိုကား မပြော။ ကော့(ဘ်) ကျောင်း၏ ပညာရေး အဖွဲ့က အီဗော်လူးရှင်းသည် သီအိုရီသာ ဖြစ်သည်။ အချက်အလက် (fact) မ ဟုတ်ဟု ယခုဆိုထားသည်။ အကယ်၍ သည့်ထက်အဆင့်မြင့်သည့် ကျောင်းက အချက်အလက် (facts) တို့သည် သီအိုရီ ဖြစ်သွားလေပြီဟု လက်ခံလာလျှင် မည် သို့ ဖြစ်သွားမည် နည်း။
ဂျောဂျီယားပြည်နယ် ကွန်ဂရက်အမတ် ဖြစ်ပြီး အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ခဲ့သော နယူးဂင်း ရစ်(ခ်ျ) သည် သိပ္ပံပညာ သုတေသနလုပ်ငန်းကို အထူးစိတ်ဝင်စားသူ ဖြစ်သည်။ ယခု ကော့(ဘ်) ကောင်တီ၏ အီဗော်လူးရှင်းနှင့် ဖန်ဆင်းမှု အငြင်းပွားမှုနှင့် ပတ်သက်၍ သူ့အားသွားမေးသော အခါ နှုတ်ပိတ် ရေငုံနေသည်။
စကြာဝဠာကြီးကို ဖန်ဆင်းပြီး (၆)ရက်မြောက်နေ့မှစ၍ ပို့(စ်)မိုဒန်ဝါဒ စသည်။ အကြောင်းမူ အီ ဗော်လူးရှင်း ဖန်ဆင်းခြင်း အငြင်းပွားမှုသည် ပို့(စ်)မိုဒန်နိမိတ်ရှိသော ကြောင့် ဖြစ်သည်။
နန်းချခြင်း
ဂလိုဘယ်လိုက်ဇေးရှင်း ပထမဦးဆုံး အလုပ်ခံရသော အရာသည် အင်္ဂလိပ်ဘာသာစကား (English) ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကား ကမ္ဘာသုံး ဖြစ်သွားခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကား ကမ္ဘာသုံး ဖြစ်လာသော အခါ အင်္ဂလိပ်ဘာသာစကားသည် နှစ် မျိုးကွဲသွား သည် . . . ဟု ဟတ်ဖို့ တက္ကသိုလ်မှ စာပေနှင့် ဘာသာဗေဒ ပါမောက္ခအီဗ်လင်းနီမင်ချင်က ထောက် ပြသည်။
အင်္ဂလိပ်စာ၌ ကွင်းစ် အင်္ဂလိပ်စာ (Queen’s English) ဆိုပြီး ရှိသည်။ အင်္ဂလိပ်တွေ ပြော သော စကား၊ ဌာန်ကရိုဏ်းကျကျ ပြောသော စကား ဖြစ်သည်။ ယခု ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အင်္ဂလိပ်စာတစ်မျိုး အသစ်ပေါ်ထွက်လာသည်။ ယင်းအင်္ဂလိပ်စာကို ပါမောက္ခချင်က ‘ဘာကြီးရယ်လို့ တောင် မခေါ်နိုင်တဲ့ ထူးသော အင်္ဂလိပ်စာ’ Weird English ဟု အမည် ပေးသည်။ အတိုကောက် အင်္ဂလိပ်စာထူးလို့ ခေါ်ကြပါစို့။
ဤအင်္ဂလိပ်စာထူးသည် ဘယ်လောက်တောင် ကျယ်ပြန်ပျံ့နှံ့လာသနည်းဆိုမူ ဘုရင်မအင်္ဂလိပ် စာကိုပင် နန်းချပစ်သည်။ ပါမောက္ခချင်က ဘုရင်မအင်္ဂလိပ်စာ၏ ကြော့ရှင်း တင့်တယ်မှု အပေါ်မရပ် တည်။ အင်္ဂလိပ်စာထူးကို ကြိုဆိုသည်။ အင်္ဂလိပ်စာထူးသည် ယဉ်ကျေးမှုမျိုးစုံ၏ စာပေ အာဏာသိမ်း မှု (Multicultural Litery Coup) ဖြစ်သည် . . . ဟု မြင်သည်။
အင်္ဂလိပ်စာထူး သွားရသည်မှာ ယဉ်ကျေးမှုပေါင်းစုံ၊ အခြားဘာသာစကားပေါင်းစုံမှ ဝေါဟာရ တွေ အများ ကြီး မိတ်ဆက် ဝင်လာသော ကြောင့် ဖြစ်သည်။ ဤဝေါဟာရအသစ်တွေ ဝင်လာသဖြင့် အင်္ဂလိပ်စာသည် ပိုပြီး ခွန်အားကောင်းသွားသည်။ စာရေး ဆရာ အများ အပြားသည် ယဉ်ကျေးမှုနှစ် မျိုး ကိုင် Bi-Cultural Winters တွေ ဖြစ်လာသည်။ အင်္ဂလိပ်စာတွေ လည်း အများ ကြီး ဖတ်ရသည်။ မိမိ ယဉ်ကျေးမှု နှစ် မျိုးကိုင် စာရေး ဆရာတို့က ဘာသာဗေဒ ကွက်လပ် (Liguistic Space) တစ်ရပ်ကို သူ တို့ အသိုင်းအဝိုင်းအတွက် ဖန်တီးပေးကြသည်။
တရုတ်နား
ဤသို့ ဘာသာဗေဒစပေ့ကို စာရေး ဆရာတို့က ဖန်တီးသော အခါ သူတို့သည် အင်္ဂလိပ်စာပေ၏ ရီသမ်ကို ဖယ်ပစ်သည်။ စည်းမျဉ်းတို့ကို ဖရိုဖရဲ လုပ်ပစ်သည်။ အခြားဘာသာစကားနှင့် အင်္ဂလိပ်စာကို ဝတ်မှုန်ကူးပစ်သည်။ ဝတ်မှုန်ပွားပစ်သည်။ တစ်နည်း ပြောလျှင် သူတို့သည် ဘာသာဗေဒ နယ်ပယ် သစ် (New Liguistic Territory) တစ်ရပ်ကို ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။
နယ်ပယ်သစ်၌ မျိုးစပ်ယဉ်ကျေးမှု (HybridCulture) က မိမိစည်းကမ်းနှင့် မိမိ ရပ်တည် နိုင် သည်။ ဝင်နိုင် ထွက်နိုင်သည်။ မိမိ စည်းကမ်း အပိုင်းအခြားအတွင်း သိမ်းပိုက်ရပ်တည်နိုင်သည်။ ပြော ရမည် ဆိုလျှင် အင်္ဂလိပ်စာထူးသည် စာပေလမ်းပေါ် ဥပဒေပင် ဖြစ်သည်။ Literary Streer Law ဖြစ် သည်ဟု ဆိုသည်။ ထိုလမ်းပေါ် ဥပဒေထဲ၌ သဒ္ဒါမမှန်မှုလည်းရှိသည်။ ဖာထေးထားသော ဝါကျအထား အသိုတို့လည်း ရှိသည်။ ဘာသာဗေဒဆိုင်ရာ ဖွတ်ချက် ဖွတ်ချက် မြည် သံတွေ လည်း ပါသည်။ နားမ လည်နိုင်မှုတို့လည်း ရှိသည်။
မည် သို့ပင်ရှိစေ ဤအချက်တို့ကို ပါမောက္ခချင်က ချို့ယွင်းချက်များ အ ဖြစ် မမြင်ပေ။ အမှတ်အ သား တည်ဆောက်ရာ၌ အသုံးပြုသော ကိရိယာ တန်ဆာပလာနှင့် အုတ်ချပ်တို့ဟူ၍ ရှုမြင်သည်။ အင်္ဂလိပ်စာထူးသည် ယဉ်ကျေးမှုစုံတွဲ ဘာသာဗေဒဖန်တီးမှုတို့ ဖြစ်လေရာ၎င်းတို့ကို ဘာသာစကား များ အ ဖြစ် အသိအမှတ်ပြုရမည် ဟု ဆိုသည်။
ဥပဒေ-ချင်ဂလိပ် (Chinglish) သည် တရုတ်နှင့် အင်္ဂလိပ် ရောစပ်ထားသော စကား ဖြစ်သည်။ ပါမောက္ခချင်က ချင်ဂလိပ် စကားလို ဘာသာဗေဒ ရဲရင့်မှု၊ ဘာသာဗေဒ လွတ်လပ်မှုအ ဖြစ် ချီးမွမ်း သည်။ ချင်ဂလိပ်၏ ရီသမ်၊ သဒ္ဒါနှင့်အသံထွက်တို့ကို ခြေရာခံကြည့်ပြီးသော အခါ ‘တရုတ်နား’ ကို ထိန်းသိမ်းထားကြောင်း တွေ့ ရသည်ဟုဆိုသည်။
ပြက်လုံး
ချင်ဂလိပ်သည် ပြည်ပရောက် တရုတ်တို့၏ အင်္ဂလိပ်စကား ဖြစ်သည်။ ချင်ဂလိပ်တွင် ‘တရုတ် နား’ ကို ထိန်းထားသည် ဆိုသော အချက်နှင့် ပတ်သက်၍ ပြက်လုံး ပေါ်သည်။ ပြက်လုံးတစ်ခုက ဤ သို့ ဖြစ်သည်။ အမေရိကန် တစ်ယောက် က တရုတ်ကြီး တစ်ယောက် ကို အင်္ဂလိပ်လို ပြောသည်။ ပြော သည်ထက် ဝေဖန်ခြင်း ဖြစ်သည်။
“ခင်ဗျားတို့ တိုင်းပြည်မှာ ဒီမိုကရေစီ မရှိဘူး၊ ဘာကြောင့် လဲဆိုတော့ ရွေးကောက်ပွဲ အီလက် ရှင် (Election) မရှိလို့”
တရုတ်ကြီးက Election ကို နားကြားလွဲသွားသည်။ တရုတ်နား၌ အယ်လ်သံ ပျောက်နေတတ် သည်။ ထို့ကြောင့် တရုတ်ကြီးက Election ကို အယ်လ်သံဖျောက်ပြီး နားလည်လိုက်သည်။ ပြန်ဖြေ သည်။
“နိုး. . . နိုး. . . အမေရိကန်၊ ကျုပ်တို့ တရုတ်ပြည်မှာ မနက်တိုင်း (အယ်လ်သံဖျောက် အသံ ထွက်နှင့် နီးသော အသံတူ စကားလုံး) ရှိတယ်၊ ဒါကြောင့် ကျုပ်တို့ တရုတ်လူဦးရေဟာ (၅) ဘီလျံကျော်တာပေါ့ဗျ” တဲ့။
ဘာသာဗေဒ နယ်ပယ်သစ်မှ ပေါ်လာသော ပြက်လုံးသစ်ဟုဆိုနိုင်ကောင်းသည်။ အင်္ဂလိပ်စာ ထူး၏ ပုံသဏ္ဍာန်တစ်ရပ်ဟုဆိုမည် ဆိုလျှင် ဆိုနိုင်သည်။ အင်္ဂလိပ်စာထူး ပေါ်ပေါက်လာပုံကို ကြည့်၍ အင်္ဂလိပ်စာ ဘာသာစကားသည် မုန့်ညက်နယ်သလို အနယ်ခံရသည်။ ပြီး ကမ္ဘာတစ်လွှားက အသုံးပြု သူတို့က စိတ်ကြိုက် ပုံသဏ္ဍာန် အမျိုးမျိုး၊ အရွယ်အမျိုးမျိုး ပုံလောင်းခံနေရပြီဟု ဝေဖန်ပြောဆိုကြ သည်။ ဤလို ပုံလောင်းခံရသည့် အချိန် မခေါ်ခင်က Call Lentres တို့နှင့် ပေါင်မုန့် မီးကင်စက်လေး များ အလွန်ခေတ်စားလာချိန်နှင့် တိုက်ဆိုင်နေသည်။ ။
စာညွှန်း -
‘Weire English’ by E.Nien-Ming Chien
![]() စီးပွားရေးအတွေးအမြင်နှင့် အခြားဆောင်းပါးများ | ![]() ဈေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာ မူကြီးများအတွဲ (၂) | ![]() စင်ပြိုင်ဒရမ်မာ ကမ္ဘာကုန်ကျယ်သရွေ့နှင့် လှသောစိန် |