အခန်း(၁)
လောက်လေးခွ
မိုဘိုင်းဖုန်းပေါ်လာတော့ အလားတူ မိုဘိုင်းဖုန်း ဖြစ်လာသည့် အချင်းအရာတို့ကို ခံစားကြည့်လာကြပြန်သည်။ မိုဘိုင်း mobile ဆိုသည်မှာ အဘိဓါတ်အနက်၌ ရွှေ့ပြောင်းရန် လွယ်ကူခြင်းဟု သဘောထားသည်။ လှုပ်ရှားမှု မြန်သည့် သဘောပင်။ လက်ရှိ အခြေအနေ၌ မိုဘိုင်းအ ဖြစ်ဆုံး အရာတို့မှာ မိုဘိုင်းဖုန်း ငွေကြေး Moniest စိတ်ကူးအယူအဆများ ideas ကုမ္ပဏီများ နှင့် လူတို့ people ဖြစ်ကြလေသတည်း။ ပညာရှင်တစ်ဦးက မကြာသေးမီက တစ်ခု ထပ်ဖြည့်လိုက်သည်။ ဒုံးပျံ missiles တဲ့။ သူလည်း သိပ်မိုဘိုင်း ဖြစ်သည်။
ဤသို့ mobileမိုဘိုင်းအ ဖြစ်ဆုံးအရာတို့ကို ဖော်ပြပြီးသည့်နောက် ထိုအရာတို့ကြောင့် လူမှု စီးပွားရေး ပိုင်းတို့တွင် ဘယ်လို ဂယက်တွေ ထလာမှာ လဲ၊ ဘယ်လိုဟာတွေ ဖြစ်လာမှာ လဲဟု ဆွေးနွေးကြသည်။ မြန်လှပါသည်ဟုဆိုကာမှ သတင်းအင်ဖော်မေးရှင်းခေတ်ကြီးထဲကို လောက်လေးခွနှင့် ပစ်နိုင်သည့် နိုင်ငံတို့လည်း ပေါ်လာသည်။ အမီလိုက်ခြင်းကိုပင် သာမန်စကား မသုံး။ တာတိုမီတာ တစ်ရာပြေးပုံမျိုး sprint နှင့် အမီလိုက်သည်။ မာရသွန်နှင့် လိုက်လို့ မ ဖြစ်ဟု ပြောသံတွေ ကြားရတာ တော့ ကြာပါပြီ။
မကြာသေးမီက ဆင်းရဲသော ဘင်္ဂလားဒေ့(ရှ်)နိုင်ငံက မိမိနိုင်ငံ၏ လူဦးရေ (၂.၁)သန်းအတွက် ဆယ်လူလာဖုန်းတွေ တပ်ဆင်ပေးမည် အစီအစဉ်ကို ကြော်ငြာလိုက်ရာ ဤအစီအစဉ်ကို သတင်းအင်ဖော်မေးရှင်းခေတ်ထဲလောက် လေးခွနှင့် ပစ်ဝင်ခြင်း Catapulting into the information age ဟု သရုပ်ဖော်ရေး သားကြသည်။
သင်္ကေတလွန်ပြရုပ်များ
ယခုအခါ ဘာအကြောင်းရေး ရေး ကမ္ဘာလုံးကျွတ် ဖြန့်ကျက်ဆက်နွယ်မှု Globalization နှင့် ဆက်စပ်ရေး သားရတော့မည် ။ ဤသို့ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကင်းပြီး သုံးသပ်မှု မှန်သမျှသည် ယထာဘူတ ကျစရာ မရှိတော့ပြီ။
ဖြစ်ထွန်းကျယ်ပြန့်နေသော ဂလိုဘယ်လိုက်ဇေးရှင်း၏ ထင်ရှားသော ပြရုပ်ကြီးများ ထဲမှာ မှ ပညာရှင်တစ်ဦးက စိတ်ဝင်စားဖွယ်ရာ ပြရုပ်တစ်ချို့ကို ဖော်ပြသည်။ ဤပြရုပ်တို့ကို သူက Metasymbols ဟုခေါ်သည်။ ဒြပ်မဲ့ သင်္ကေတများ ၊ သင်္ကေတလွန် ပြရုပ်များ ဟု ဘာသာပြန်နိုင်လိမ့်မည် ဟု ထင်သည်။
ဂလိုဘယ်လိုက်ဇေးရှင်း ကျယ်ပြန့်အရှိန်ပြင်းထန်လာသည် ဆိုသော သာဓကများ ၌ အရာဝတ္ထုပစ္စည်းပစ္စရာအချို့သည် အခြားအရာဝျတ္ထုပစ္စည်းများ ထက် ပိုပြီး ကမ္ဘာကို အပတ်မြန်သည်။ ကမ္ဘာတွင် အမြန်ဆုံး ထင်ရှားသည်။ တစ်ကမ္ဘာလုံးမှ လူတိုင်း၏ စိတ်ထဲနှင့် ပါးစပ်ဖျားတို့တွင် အသည်းစွဲထင်သည်။ ဤအရာတို့ကို metasymbols သင်္ကေတလွန်ရုပ်ပြများ ဟု ခေါ်သည်။ ဥပမာပြရသော် အမြန်စားမက်ဒေါ်နယ်လ် စားသောက်ဆိုင်ကြီးများ ဂျင်းဘောင်ဘီများ မက္ကရိုဆော့(စ်)၀င်းဒိုးအမ်တီဗွီများ ၊ မိုဘိုင်းဖုန်းများ ဟောလီဝုဒ်ဟီးရိုးများ အစရှိသည်တို့ ဖြစ်ကြသည်။ ပညာရှင်အတော် များများ က သင်္ကေတ လွန်ပြရုပ်တို့ကို ထောက်ထား၍ လူတို့၏ အပြုအမူများ ပြောင်းလဲသွားပုံကို သုံးသပ်ကြည့်ကြသည်။
သူတို့၏ သုံးသပ်ချက်၏ လိုရင်း မှာ ဤသင်္ကေတလွန်များ ကျယ်ပြန့်ထွန်းကားလားခြင်းသည် ယဉ်ကျေးမှု တစ်ပုံစံတည်း ပုံတူ ဖြစ်စေသည်။ homoge-nization ပေါ်ထွန်းစေသည်ဟု ဆိုခြင်း ဖြစ်သည်။ ဤအဆိုကို ပညာရှင်တော် တော် များများ က လက်မခံကြပေ။ သိမ်းကျုံးပြီး ကောက်ချက်ဆွဲရာ ရောက်သည်ဟု ဝေဖန်ကြသည်။ ဥပမာ မက်ဒေါ်နယ်လ်လိုက်ဇေးရှင်း maedonalization သည် ၀င်ငွေကောင်းသည့် နိုင်ငံတို့၌ သာ ပျံ့နှံ့သည်။ အလေ့အထမရှိသည့် နိုင်ငံတို့တွင် တိုး၍ မရပါ။
ဖြစ်နိုင်သည့် အချက်တစ်ခုတော့ ရှိသည်.။ ဖော်ပြပါ သင်္ကေတလွန် အရာဝတ္ထုတို့ကြောင့် ယဉ်ကျေးမှု တို့သည် ရောထွေသွားခြင်း ဖြစ်သည်။ တစ်ဘက်မှ စဉ်းစားကြည့်လျှင် ဤသို့ သော အရောထွေးတွင် ဘယ်ဟာသည် ဒေသ (local) ယဉ်ကျေးမှု ဖြစ်သည်။
ဘယ်ဟာသည် နိုင်ငံခြား (foreign) ယဉ်ကျေးမှု ဖြစ်သည်ဆိုသော အချက်ကို ခြားနားပေးထားသေားစည်းကို မပီမသမှု န်မွှားသွားနိုင်သည်။ ရှုပ်ထွေးသွားနိုင်သည် ဟူသော ပြဿနာကို တွေ့ ပါလိမ့်မည် ။
ရှုမြင်ကွင်းသုံးရပ်
ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ထွန်းလာနိုင်ဖွယ်ရာ မရှိသော ရှုမြင်ကွင်းသုံးရပ်ကို ပညာရှင်တို့က ဖော်စမ်းကြည့်ကြသည်။ ပထမရှုမြင်ကွင်းမှာ အထက်တွင် ဖော်ပြသည့်အတိုင်း သင်္ကေတလွန်အရာများ ထွန်းကားကျယ်ပြန့်လာသဖြင့် အနောက်တိုင်းဆန်မှု ၊ အတိအကျအားဖြင့် အမေရိကန်ဆန်မှု ဖြစ်ထွန်းလာစရာ ရှိပုံ ဖြစ်သည်။
ယဉ်ကျေးမှု တို့သည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပုံတူတွေ ဖြစ်လိမ့်မည် ဟု မြင်ခြင်း ဖြစ်သည်။ homogenization နှင့် standardization ဟု ပြောသည်။
သို့ ရာတွင် ဒုတိယရှုမြင်ကွင်းအရဆိုမှု ဂလိုဘယ်လိုက်ဇေးရှင်းကို ဘုရားသခင်က ကျိန်စာရိုက်ထားသည့်အတိုင်း ကမ္ဘာပျက်ကိန်း ဆိုက်ဘိသကဲ့သို့ apocalyptic အ ဖြစ်ယူဆသော မြင်ကွင်း ဖြစ်နေသည်။
ဤရှုမြင်ကွင်းကို ရေး ချယ်ပြသူတို့က အနာဂတ်တွင် ကမ္ဘာကြီးသည် အစိတ်စိတ်အမွှာမွှာ
ကွဲထွက်သွားသော fragmentation ဖြစ်ကာ ဤအကွဲမှ ယဉ်ကျေးမှု ပဋိပက္ခ Inter cultural conflict တို့ဖြင့် ပြည့်နှက်နေလိမ့်ဟု ရေး ခြယ်ပြကြသည်။
မြင်းကွင်းတစ်ခုက ပုံတူ ဖြစ်မှု စံတူ ဖြစ်မှု ကို ရေး ခြယ်ပြ၍ အခြားမြင်ကွင်းတစ်ခု အစိတ်အစိတ်အမွှာမွှာကွဲပြီး ဤသို့ အကွဲချင်း၊ အစိတ်ချင်း ပဋိပက္ခ ဖြစ်မှု တို့ကို ရေး ခြယ်ပြသသည်။
ယခုအခါသည် ပညာရှင်တို့က ဤရှုမြင်ကွင်းနှစ် ခုစလုံးကို လေးလေးနက်နက်သုံးသပ်က တတိယမြင်ကွင်းကို ရေး ခြယ်ဖော်စပ် တင်ပြနေကြသည်။ ဖော်ပြခဲ့ပါ ရှုမြင်ကွင်းနှစ် ရပ်စလုံးသည် ဖော်စပ်သူတို့ အလိုအတိုင်းဆိုလျှင် အနိဋ္ဌာရုံတို့သာ ဖြစ်နေသည်။ သိပ်မကောင်း။
ဆိုခဲ့ပါအတိုင်း လေ့လာမှု တို့ကို cultural dynamics ဟု ခေါ်လာကြ၍ သီအိုရီဖြင့် လေ့လာသည်ထက် တကယ့် ဖြစ်ရပ် concrete cases တို့ကို လက်တွေ့ ကျကျ သုတေသနပြု လေ့လာကြည့်ကြရန် ပညာရှင်တော် တော် များများ က ကြိုးပမ်းလာကြသည်။
စင်ပြိုင်ကာလ
မနုဿလူမျိုးနွယ်ဗေဒပညာရှင် မာရှယ်ဆာလင်းက လူ့အဖွဲ့အစည်းတို့သည် ပြင်ပမှ သြဇာတို့ကို အသုံးပြုကြစမြဲ ဖြစ်ကြောင်း၊ ဤသို့ အသုံးပြုသည်မှာ သူတို့ရှိနေသည် အခြေအနေထက် ပိုမိုကောင်းမွန်သွားရန် ရည်ရွယ်ပြီး သုံးစွဲခဲ့ကြခြင်း ဖြစ်ကြောင်း societies use influences from outside to become more than they are ဟု ရေး သားလိုက်သည်။ ကိုယ့်အခြေအနေဆိုးဝါးသွားအောင် ပြင်ပသြဇာကို အသုံးမပြုကြပါဟု ဆိုလိုရင်း ဖြစ်သည်။
ပြင်ပသြဇာကလည်း အထက်တွင် ရှင်းလင်းပြသည့် သင်္ကေတလွန်အရာတို့မှ တစ်ဆင့် ဖြစ်ကြသည်။ ဥပမာ ဂျေဒိုးနပ် စားသောက်ဆိုင်တွင် ဖွင့်သည်။ စူပါစတိုးကုန်တိုက်ကြီးတွေ ဖွင့်ကြသည်။ မိုဘိုင်းလ်ဖုန်းတွေ ကိုင်သည်။ MTV ပြသည်။ ကြည့်သည်။ ဘောင်းဘီဝတ်သည်။ စသည်တို့မှာ မိမိတို့ တကယ်ရှိနေသည့်အနေအထားထက် ပိုကောင်းကောင် ကြိုးပမ်းခြင်းသဘောသာ ဖြစ်ပါလိမ့်မည် ။
ဤပြဿနာနှင့် ပတ်သက်၍ ဂျာမန်ပညာရှင်တစ်ဦးက စင်ပြိုင်အချိန်ကာလ parallel times အကြောင်း ရှင်းပြလာသည်။ လူအဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ လူတိုင်းသည် အချိန်ကာလနှစ် ပါးကို ယခုအခါ တစ်ပြိုင်နက်တည်း ရင်ဆိုင်လာနေပြီဟု ထောက်ပြသည်။ ဂလိုဘယ်လိုက်ဇေးရှင်းကာလနှင့် အချိန်ကာလ localization တို့ကို တစ်ပြိုင်နက်တည်းတွေ့ ကြုံနေရခြင်း ဖြစ်သည်။ ထိုကာလနှစ် ပါး၌ particularism အထူးသီးသန့်ဝါဒသည် ဘယ်လောက် အခြေခိုင်နိုင်မလဲဟု မေးခွန်းထုတ်သည်။
အိပ်(စ်) နှင့် ၀ိုင်
သာမန်အရပ်စကားနှင့် ပြောလျှင် ရှေ့မှာ လူကြီးတွေ ဘယ်လို ဖြစ်မလဲ။ လူငယ်တွေ ကကော ဘယ်လို ဖြစ်မလဲ။ လူကြီးလူငယ် ဆက်ဆံရေး သည် အသို့ ပြောင်းလဲသွားမလည်းဟူ၍ ပြောနိုင်သည်။ သို့ ရာတွင် ထိုအကြောင်းအရာကိုပင် ချဉ်းကပ်မှု အသစ်ဖြင့် လေးလေးနက်နက် ရှုမြင်သော အခါ၌ အယူအဆတို့သည် ဆန်းကျယ်ကုန်တော့သည်။ ဒဿနဆန်ကုန်သည်။ လူကြီးဆိုတာလည်း မျိုးဆက်တစ်ခု ဖြစ်သည်။ လူငယ်ကလည်း မျိုးဆက်သစ်တစ်ခု ဖြစ်သည်။
သို့ ရာတွင် ပညာရှင်တို့က လူကြီးမျိုးဆက်ကို မျိုးဆက်အိပ်(စ်) Generation X ဟု သင်္ကေတသတ်မှတ်သည်။ ယခု ဖြစ်ထွန်းနေသော လူငယ်မျိုးဆက်သစ်ကိုမူ မျိုးဆက်ဝိုင် Generation Y ဟူ၍ သတ်မှတ်သည်။ မျိုးဆက်အိပ်(စ်)မှာ တောင် ဒုတိယကမ္ဘာစစ်ပြီး မွေးဖွားသူတို့ကို အဓိက ရေတွက် စဉ်းစားသည်။ သူတို့ပင်လျှင် အခုလူကြီးတွေ ဖြစ်နေပါပြီ။
မျိုးဆက်ဝိုင်၌ လည်း အသက် ၃၀ ထိ အရွယ်လောက်ကိုသာ ထည့်သွင်းစဉ်းစားချင်သည်။အသက် ၃၀ ကျော်လျှင် လူကြီးနှင့် လူငယ်ကြား ဟိုမရောက် ဒီမရောက်ထဲက လူတွေ လို့တွက်သည်။ သိပ်လူကြီးလည်းမဟုတ်၊ သိပ်လူငယ်လည်းမရောက်ဟု ဆိုလိုချင်ပုံရသည်။ ဒီတော့ ပညာရှင်တို့က မျိုးဆက်အိပ်(စ်) နှင့် မျိုးဆက်ဝိုင်တို့ကို ပဏာမအနေဖြင့် မည် သို့ အကဲဖြတ်ပါသနည်း။
မျိုးဆက်အိပ်(စ်)သည် စစ်၊ တော် လှန်ရေး ၊ စီးပွားပျက်ကပ်နှင့် အခြားတုန်လှုပ်ချောက်ခြားဖွယ် ရှော့(ခ်)တို့ကြားတွင် မွေးဖွားသန့်စင်ခဲ့၍ ထိုကြားထဲမှာ ပင် ကြီးပြင်းလားခဲ့ကြရသည်။ မျိုးဆက်ဝိုင်းကမူ ကံကောင်းသည်။ စစ်၊ စီးပွားပျက်ကပ်တော် လှန်ရေး နှင့် ဧရာမရှော့(ခ်)တို့နှင့် ကင်းပြီ သန့်စင်မွေးဖွားခဲ့ကြသည်။ ထို့ကြောင့် ကြွယ်ဝမှု နှင့် ငြိမ်းချမ်းတည်ငြိမ်မှု တို့ကြားတွင် လူလားမြောက်နေရသည်။
ပို့(စ်)မော်ဒန်ရုပ်
မျိုးဆက်အိပ်(စ်) မျိုးဆက်ဝိုင်တို့သည် ယခုအခါ မျိုးဆက်ချင်း အမျိုးအမည် မသိသော ကစားပွဲတစ်မျိုးကို ကစားနေကြသည်။ Generation Game ဟု ခေါ်သည်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှ မွေးဖွားလာသူတို့ကို မျိုးဆက်ဝိုင်ထဲထည့်၍ ပျော်စရာခေတ်ထဲ မွေးဖွားကြီးပြင်းလာရသူ Millennials များ ဟု သတ်မှတ်သည်။ မျိုးဆက်အိပ်(စ်)တို့ကိုမူ ပို့(စ်)မော်ဒန်အန့် Post Modern Angst များ အ ဖြစ်မြင်သည်။ စိတ်ဝင်စားစရာမကောင်း၊ ပျင်းတွဲ တွဲ နိုင်လွန်းသည်။ နှေးသည်။
ဤသို့ နှေးသွားရသည်မှာ လည်း အကြောင်းရှိသည်။ အသက်က စကားပြောလာရုံသက်သက် မဟုတ်၊ စစ်တို့ တော် လှန်ရေး တို့၊ စီးပွားပျက်ကပ်တို့၊ ရှော့(ခ်) ဆိုသည်မှာ တစ်ခုခုကို ဆန့်ကျင်ပုတ်ကန်နေသည် သဘော ဖြစ်သည်။ ဤအချင်းအရာတို့ မရှိသော အခြားပွဲ၌ ဆန့်ကျင်ပုန်ကန်စရာမရှိတော့ပြီ ဖြစ်သည်နှင့် အညီ လေးထိုင်ကုန်တော့သည်။
ဒီတော့ မျိုးဆက်ဝိုင်က ဘာတဲ့တုန်း၊ ပြတ်ပြတ်မေးကြည့်ကြသည်။ အချို့သော မျိုးဆက်ဝိုင်သည် မျိုးဆက်အိပ်(စ်)၏ ပဲတင်သံတို့ကို ပိုပြီကျယ်အောင်လုပ်သူ Eclo Boomens တွေ ပါဟု ဆိုသည်။ ဤ အကဲဖြတ်ချက်ကို ခေတ်သစ်နည်းပညာရှင်တို့က လက်မခံကြပေ။ မျိုးဆက်ဝိုင်သည် မျိုးဆက်အိပ်(စ်) ၏ ဖင်နားပိုင်းနှင့် ချိတ်ဆက်မိကောင်း ချိတ်ဆက်မိမည် ။ မျိုးဆက်အိပ်(စ်)သည် မျိုးဆက်ဝိုင်၏ ခေါင်းပိုင်းနား ရောနေကောင်းရောနေမည် ။ အခြေခံကျကျ စဉ်းစားကြည့်လျှင် မျိုးဆက်ဝိုင်၏ ဥပဓိ အမှတ်အသားနှင့် လုံးဝမတူပေ ခြားခြားနားနား ခွဲထုတ်ထားသည်။ Total Break သဘောရှိသည်။ သိသာသော စည်းကြီး ခြားနေသည်။
ကွန်ရက်မျိုးဆက်
မျိုးဆက်အိပ်(စ်)နှင့် မျိုးဆက်ဝိုင်းတို့ကြား ခြားနားပေးသော စည်းရိုးကြီးကား အိုင်တီ Information Technology ဖြစ်သည်။ အထူးသဖြင့် အီလက်ထရွှန်းနစ် ကွန်ပျူတာ ဆက်သွယ်ရေး စနစ် ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်ဝိုင်ကို ဘာသားနဲ့ ထုထားသလဲဟု မေးသည် ရှိသော် တက္ကနိုလိုဂျီနဲ့ ထုထားသည်ဟု ပြောရတော့မည် ။ သူတို့သည် တက္ကနိုလိုဂျီနှင့် ယဉ်ပါးသည်။ Easy With Technology ဟုခေါ်သည်။ ပျော့ပြောင်းမှု ရှိသည်။ ဘာကိုမှ အသေဆုပ်ကိုင်ထားခြင်း မရှိ။ အန္တရာယ်ယူရဲသည်။ ပညာရှင်တစ်ဦးက မျိုးဆက်ဝိုင်၏ သွေးသားထဲ၌ တက္ကနိုလိုဂျီတွေ ရှိသည်ဟု ဆိုသည်။ တက္ကနိုလိုဂျီ ကွန်ယက်မျိုးစုံထဲ နေနေကြသူများ ဖြစ်၍ လည်း မျိုးဆက်ဝိုင်ကို ကွန်ယက်မျိုးဆက် Net Generation ဟုခေါ်သည်။
ဖော်ပြပါအတိုင်းအကဲဖြတ်ချက်သည် အကောင်းချည့် ပြောလွန်းနေဟန် တူသည်။ ထို့ကြောင့် ပညာရှင်အချို့က အဆိုးဘက်ကျွံနေသော မျိုးဆက်ဝိုင်ကို ကြည့်ပြီ လူငယ်ဆိုသည်မှာ ဆန့်ကျင်ဘက်အရာတို့ဖြင့် ၀န်ပိနေသော အစိတ်အပိုင်း Conflictingly Loaded ဟု အဓိပ္ပာယ်ဖော်သည်။ မူးယစ်ဆေးဝါး မှီဝဲလူငယ် ၊ ဆိုးသွမ်းရမ်းကား လူငယ် ၊ ယဉ်ကျေးမှု ကို ပုံပန်းပျက်အောင် ပြုသည့် လူငယ် စသည့်ဖြင့် အနှုတ်လက္ခဏာပြ လူငယ်တို့ကလည်း တစ်ပြုံတစ်မကြီး ရှိသည်။ ဤသို့ အကောင်းနှင့်အဆိုး ဒွန်တွဲ နေသဖြင့် လူငယ်သည် ပြဿနာကောင်လည်း ဖြစ်၊ အဖြေကောင်လည်း ဖြစ်၊ Both Problem and Solution ဖြစ်သည်။
ဘယ်လိုပဲ ဖြစ် ဖြစ် တက္ကနိုလိုဂျီကြောင့် လူငယ်သည် အလုပ်ခွင်၌ ဖြစ်စေ၊ လူ့အဖွဲ့အစည်း၌ ဖြစ်စေ ထွန်းသစ်လာသော အင်အား Rising Power ဖြစ်လာချေပြီ၊ သူတို့သည် အရိပ်ထဲမှာ ဇာတ်ခုံအလယ်မီးရောင် အောက်သို့ အတင်းထိုးထွက်လာကြပြီ။ အနာဂတ်သည် သူတို့၊ သူတို့အပေါ် အနာဂတ်က မှီသည်။
စည်းသစ်ဖန်တီး၊ လှေကားပြောင်ထောင်
ဒီလောက်တောင် စာက ဆိုလာတော့လည်း လူကြီးတို့ကလည်း အားကျမခံ ပြန်ငယ်ချင်ကြသည်။ တကယ်တကယ့်လည်း အသက်အရွယ်မရွေး လူငယ်ကဲ့သို့ တွေးခေါ်စဉ်းစားနိုင်သည်။ လူငယ်ကဲ့သို့ ဆောင်ရွက်လှုပ်ရှားနိုင်သည်။ ခေတ်သစ် ခွဲစိတ်ကုသမှု နှင့် အားကစားမှု တို့ဖြင့် သင်၏ ရုပ်ရည်ကို ငယ်အောင် ပြုလုပ်နိုင်သည်။ ဤသို့ လူငယ်အမူအရာတို့ကို အတုခိုးနေကြသဖြင့် လူကြီးတို့အား အိုကြီအိုမနဲ့ဆိုပြီး ဘယ်သူကမှ အပြစ်မတင်တော့ပါ။ လူငယ်ပုံပေါက်နေသော လူကြီးတို့အား ပိုလို့ပင် အားကျကြဦးမည် ။ လူငယ်တွေ ကြည့်ပြီ ငယ်မှု ပြန်သော ယဉ်ကျေးမှု ပေါ်လာသည်။ ယခုအခါ မျိုးဆက်ဝိုင်သည် မျိုးဆက်လှိုင်းကို ကျော်ဖြတ်နေပြီ။ အဓိပ္ပာယ်မှာ မျိုးဆက်ဝိုင်သည် သူတို့စည်း၊ သူတို့ ဖန်တီးနေကြပြီဆိုသော အချက် ဖြစ်သည်။ မျိုးဆက်အိပ်(စ်)မှ စည်းတို့သည် သူတို့နှင့် မကိုက်ပေ။ ဥပမာ မျိုးဆက်ဝိုင်ကို စိုးမိုးသော အလုပ်ရုံ၌ လုပ်သက် Senirority ကို ဘေးချိတ်ပစ်လိုက်သည်။ လုပ်ရည်ကိုင်ရည် Merits နှင့် တီထွင်ကြံဆနိုင်မှု ကောင်းလျှင် ကောင်းသလို တက်လမ်းရှိစေမည့်  လှေကားကို လုပ်သက်ဖြင့် မထောင်၊ လုပ်ရည်ကိုင်ရည် ကြံရည်ဖန်ရည်တို့ဖြင့် ထောင်သည်။
လူကြီးလူငယ်
ထိုအခါ လူကြီးလူငယ်ပြဿနာကို မည် သို့ နားလည်ရမလဲဟု မေးစရာ ဖြစ်လာသည်။ ဤကိစ္စနှင့် ပတ်သက်၍ ၂၀ ရာစု အ၀င် ၁၉၀၀ ပြည့်နှစ် ကို လှမ်းကြည့်ကြသည်။ ၂၀ ရာစုနှစ် ထိ တိကျစွာ ပေါ်ထွန်းလာမည့်  ပြဿနာသည် အလုပ်သမားနှင့် သူတို့ ဘော့(စ်) တို့ ပဋိပက္ခ၊ ချမ်းသာခြင်းနှင့် ဆင်းရဲမှု တို့ ကွာခြားမှု တို့ ဖြစ်လိမ့်မည် ဟု ၁၉၀၀ ပြည့်နှစ် ကပင် ကြိုတင်မြင်ခဲ့ကြသည်။
ယခု ၂၁ ရာစု အဓိကပြဿနာ (၀ါ) ရာစုနှစ် တစ်ခုလုံးကို လွှမ်းမိုးသည့် ပြဿနာကား အဘယ်ပြဿနာ ဖြစ်မည် နည်း။ ယခု ပညာရှင်များ က သဘောတူလက်ခံထားသည် အချက်မှာ ၂၁ ရာစုနှစ် ကို အဓိကလွှမ်းမိုးမည့်  ပြဿနာသည် လူကြီးနှင့် လူငယ်တိုက်ပွဲ The battle between youth and old ဟု ဆိုပါလေသတည်း။ တိတိကျကျဆိုရသော် မျိုးဆက်အိပ်(စ်)နှင့် မျိုးဆက်ဝိုင်တို့၏ ပဋိပက္ခသည် ၂၁ရာစု အပေါ် အရမ်းထိုးထားပါလိမ့်မည် ။
ဇရာဆန့်ကျင်ရေး
ဇရာသိပ္ပံနှင့် သင်္ချိုင်းကျောက်စာ။ ဤအကြောင်းအရာ နှစ် ရပ်ကို အယ်ဒီတာလုပ်သူက တွဲ စမ်းပေးထားသည်မှာ ဆီလျော်လွန်းလှသည်ဟု တွေးမိသည်။ ဇရာအိုသည် သင်္ချိုင်းဘက် ခြေတစ်လှမ်း လှမ်းထားခြင်း ဖြစ်လေရာ ရာဇနှင့် သင်္ချိုင်းသည် ခြုံငုံပြီစဉ်းစားလျှင် အတွဲ အစပ်ညီနေသည်။ ယုတ္တိအဆင့် ရှေ့ဆင့်နောက်ဆင့် ဖြစ်နေတက်သည်။
သို့ သော် အတွေးအခေါ်အယူအဆတို့က တရားသဘောနှင့် ဆင်ခြင်ကြည့်လျှင် အတော် ထူးဆန်းနေသည်။ ဇရာ ဆန့်ကျင်ရေး Anti-Aging တဲ့။ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ဆိုသည်မှာ မလွန်ဆန်နိုင်သော လောကဓံတရားတွေ ဖြစ်သည်ဟု ဘာသာတရားတိုင်းက ဟောကြားထားသည် ဖြစ်၍ ယခု ခေတ်သစ် ရာဇာသိပ္ပံ Gerontology က ဘာသာတရားအမြင်ကို အန်တုခြင်းပေလော၊ သို့ တည်းမဟုတ် သဘာဝနိယာမကို အန်တုခြင်းပေလော။ သို့ တည်းမဟုတ် နှစ် ခုစလုံးကို အန်တုခြင်းပေလောဟု ယူဆစရာရှိလာသည်။
သို့ သော် ဇရာဆန့်ကျင်ရေး ဆိုသော စကားရပ်ကို သေသေချာချာလေးလေးနက်နက် ဆင်ခြင်ကြည့်သည်ရှိသော် သေခြင်းတရားအနိစ္စကို ငြင်းပယ်ခြင်းမရှိကြောင်း တွေ့ ရသည်။ အိုမင်အရွယ်သို့ ရောက်လာကြစေကာမူ မအိုအောင် (သို့ ) အအိုနှေးအောင် ပြုလုပ်ပေးနိုင်စွမ်းရှိသည်ဟူ၍ သာ ဆိုလိုရာရောက်သည်။ ဇရာဆန့်ကျင်ရေး သည် ဇရာကို ဆန့်ကျင်ခြင်းသာ ဖြစ်သည်။ အနိစ္စကို ဆန့်ကျင်ခြင်း မဟုတ်ပေ။
ဤကိစ္စနှင့် ပတ်သက်၍ ခေတ်သစ်ဇီဝဗေဒ သိပ္ပံပညာရှင်တို့က ယခုအခါ အနက်အဓိပ္ပါယ်အသစ် ဖွင့်ဆိုပြလျက်ရှိသည်။ ယင်းမှာ ခေတ်သစ်ဇရာသိပ္ပံသည် ရှေးပဝေသဏီက စပြီ ခေတ်အဆက်ဆက် တစ်လျှောက်လုံး၌ မက်ခဲ့သော အိပ်မက်တစ်ခု ကြိုးပမ်း အကောင်အထည် ဖော်နေခြင်းသာ ဖြစ်သည်။ ဤအိပ်မက် သည် “လူငယ်ကို ရှည်လျားစေခြင်း” Prolonging Youth ဟုဆိုသတည်း။ နုပျိုခြင်းကို ရှည်လျားစေရမည် ပုံရသည်။
သူ့သဘာဝ အဓမ္မအတိုင်းဆိုလျှင် သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်၊ ပျက်ချိန်တန်ပျက်မည် သာ ဖြစ်သည်။ သို့ သော် ခေတ်သစ်သိပ္ပံပညာနှင့် လူ့ယဉ်ကျေးမှု ပတ်ဝန်းကျင်တွင် အခြေအနေတို့ကြောင့် အဆိုပါ အဓမ္မ ဖြစ်စဉ်ကိုပင် မွမ်းမံနိုင်လာကြသည်။ ထို့ကြောင့် သိပ္ပံပညာရှင် ဒေါက်တာ ဟေးဖလစ်က “ကျွန်ုပ်တို့ ဇရာခေတ်သည် လူယဉ်ကျေးမှု ၏ သဘာဝကို တု၍ လူက ပြုလုပ်ဖန်တီးထားသော အရာ။ Article of civilization ဟု ဆိုသည်။ ဇရာသည် လူက ဖန်တီးထားသော အရာ ဖြစ်လာပုံ ရသည်။ ယခင်က ဇရာကို သဘာဝ ပြဿနာ အ ဖြစ် မြင်ခဲ့သည်။
စာတစ်မျိုး
သို့ အားဖြင့် ဇရာသိပ္ပံပညာက အရှိန်အဟုန်ကောင်းကောင်းဖြင့် သုတေသနလုပ်ငန်းများ ပြုလုပ်နေစဉ်တွင် သင်္ချိုင်းဂူတို့၌ အမျိုးမျိုးအဖုံဖုံ ရေး သားထားသော ကျောက်စာတို့ကို ရှာဖွေစုဆောင်းလျက်ရှိသော သုတေသီတို့က သုဿန်မြေကို ပထ၀ီမြေကြီး common earth ဟူ၍ လည်းကောင်း၊ ရှောင်ကွင်း၍ မရသော အချိန် Inevitable Hour ဟူ၍ လည်းကောင်း တင်စား ခေါ်ဝေါ်ကြသည်။
စာပေ၌ အမျိုးအစား အမျိုးမျိုးရှိလေရာ သင်္ချိုင်းသုဿန်တို့၌ ရေး သားထားကြသော စာတို့ကိုလည်း စာပေအမျိုးအစားတစ်ရပ်အနေဖြင့် အသိအမှတ်ပြုနေကြသည်။ ဤစာမျိုးတို့ကို Epitaphs ဟု ခေါ်သည်။
မြန်မာတို့သည်လည်း သင်္ချိုင်းဂူတို့၌ စာများ ရေး သားကြပါသည်။ သို့ သော် များ သော အားဖြင့် ကွယ်လွန်သူ၏ အမည် ၊ အသက်လောက်သာ ရေး သားကြသည်။ ကြီးကျယ်သည့် ပုဂ္ဂိုလ်တို့လောက်သာ ခပ်ရှည်ရှည် ကမ္ဗည်းစာတမ်း ထိုးကြသည်။ အင်္ဂလိပ် လူမျိုးတို့ကမူ တစ်မျိုး၊ သင်္ချိုင်းဂူတို့တွင် စာအမျိုးမျိုး ဖွဲ့၍ ရေး သည်။ ဘုန်းကြီးဂူ၌ လည်း ရေး သည်။ ကဗျာဆရာ၏ ဂူ၌ လည်း ရေး သည်။ သိပ္ပံပညာရှင် ဂူ၌ လည်း ရေး သည်။ ယုတ်စွာ အဆုံး ခြေတိုင်မရှိ လှည့်လည်နေထိုင်ကြသော ဂျစ်ပစီတစ်ဦး၏ ဂူ၌ လည်း ရေး သည်။ ဂူစာရေး အတော် ၀ါသနာ ပါသည်။ ဤစာတို့ထဲတွင် ခပ်တည်တည်ရေး သည့် စာလည်းပါသည်။ စာပြောင်တို့လည်း ပါသည်။ ကွယ်လွန်သူကို ထောပနာပြုခန်း၊ သံဝေဂတရား ဟီးရိုးအမြင် ဂုဏ်ပြုမှု ၊ ကွယ်လွန်သူ၏ ရိုးသားမှု စသည့် ဂုဏ်ပုဒ် အလီလီိတို့ကို စာကြီးပေကြီးဆန်ဆန်၊ တရားဓမ္မဆန်ဆန် ဘုန်းကြီးဆန်ဆန်၊ ဟာသဆန်ဆန်၊ရိုးရိုးဆင်ဆင် စသည်ဖြင့် ဟန်ပေါင်းစုံဖြင့် ရေး ကြသည်။
ကျောက်သားအခက်အခဲ၊ ဂူနေရာကျဉ်းမှု စသည် အကြောင်းတို့ကြောင့် စာညွှန်စာတိုတို့ ဖြစ်ကြသည်။ သဒ္ဒါမမှန် ကာရံမမှန် ဘုန်ကြီးကျောင်းသားကြုံသလို ရေး လိုက်သည့် သဘောမျိုးတွေ ပါရှိသဖြင့် လည်း ဤသဘောမျိုးကို Doggeral ဟုခေါ်သည်။ ဤသို့ သတ်မှတ်ချက်ကို မကျေနပ်သူတို့က အတိတ်က စာတို့ကို ယနေ့ခေတ် စာပေစံချိန်ဖြင့် အကဲဖြတ် ကြည့်ရှုခြင်းသည် တရားမျှတရာ မရောက်ဟု ဝေဖန်သည်။ ဘယ်လိုပင်ပြောပြော သင်္ချိုင်းစာတို့၌ ရိုးသားမှု ရှိသည်။ တန်ဖိုးအရှိဆုံးမှာ ဤသင်္ချိုင်းကျောက်စာတို့သည် လူမှု သမိုင်း social history ကို ထင်ဟပ်စေသော အချက် ဖြစ်သည်ဟု ထောက်ပြသည်။
စာစုသူ
သင်္ချိုင်းကျောက်စာတို့မှ လူမှု သမိုင်းကို ရှာဖွေရတာ မလွယ်ပါ။ အချက်တစ်ချက်ကို မြှုပ်ထားပြီး ရေး သားလေ့ရှိသည့်အတွက် ဤမြှုပ်ကွက်ကို ရှာရသေးသည်။ ဥပမာ အိချင်အာဘတ်(ခ်)သုဿန် ၁၈၂၅ ခုနှစ် ရေး ထိုးထားသော ကျောက်စာတစ်ခုတွင် “သစ္စာရှိသော သူငယ်ချင်း၊ လေးစားအပ်သော ဖခင်၊ ကံမကောင်းအကြောင်းမလှသော ခင်ပွန်း၊ ဤနေရာ၌ လဲလျောင်းသည်ဟု ရေး သားထားသည်။ ဘာကြောင့် သေဆုံးရသည်ကိုမူ ရေး သားမထားပေ။ မြှုပ်ထားသည်။ အမှန်မှာ ရေး သူသည် မြင်းတစ်ကောင် ခိုးမိ၍ ကြိုးဒဏ်ပေးခံရပြီ သေဆုံးရခြင်း ဖြစ်ပါသည်။ ၁၈၂၅ ခုနှစ် က အင်္ဂလန်၏ လူမှု ရေး သမိုင်းကို အကဲခတ်နိုင်သည်။
သမိုင်းစာကို ဝေဖန်သူတို့က Bunkum ဆိုသော လက်တင်စကားကို သုံးသည်။ အဓိပ္ပာယ်မှာ အဓိပ္ပာယ်မရှိ၊ ရည်ရွယ်ချက်မရှိ စာများ ဟု ဆိုလိုရင်း ဖြစ်သည်။ သေပြီးသည်၏ အခြားမဲ့တွင် ဘာမျှပါသွားမည် မဟုတ်။ ကိုယ်လည်း ဘာမျှမဟုတ်။ အပုတ်ကောင်ကြီး ဖြစ်သွားပြီ ဟု ဘာစာမှ ရေး သားချန်ထားရန် အကြောင်းမရှိဟု ထောက်ပြသည်။
တကယ်လည်း သင်္ချိုင်းစာတို့ကို သေသူတို့က ဘာမျှ သိရှိဟန်မရှိပါ။ ကျန်ရစ်သူတို့ကသာ ထင်သလိုမြင်သလို ရေး သားကြခြင်း ဖြစ်ဟန်တူသည်။ အင်္ဂလန်တွင် မူ သင်္ချိုင်းတို့သည် ဘုရားရှိခိုးကျောင်း အနီးအနားတစ်ဝိုက်တွင် ရှိကြ၍ ဘုန်းကြီးတို့က ရေး ပေးထားဟန် ရှိသည်ဟု ထင်ကြေးပေးကြသည်။
ဤမျှ အထိတော့ ထားပါတော့။ ယခုသင်္ချိုင်းကျောက်စာကို စာပေအမျိုးအစားတစ်ရပ်အ နေဖြင့် သတ်မှတ်ပြီး ဤစာတို့ကို စုဆောင်းသူတို့က ပေါ်လာသည်။ ဇရာဆန့်ကျင်ရေး သိပ္ပံပညာရှင်တို့နှင့် အပြိုင် ပေါ်ပေါက်လာခြင်း ဖြစ်၍ အလွန်တော့ စိတ်ဝင်စားဖို့ ကောင်းသည်။ တံဆိပ်ကောင်း စုသူနဲ့လည်း အပြိုင် ဖြစ်နေသည်။
သုဿန်၏ ပကတိအစစ်အမှန်
သင်္ချိုင်းစာတို့ကို စုဆောင်းရသည့် အလုပ်ကလည်း မလွယ်လှပေ။ သူတို့၏ ရည်ရွယ်ချက်က ဘယ်ခေတ်က ဘယ်သင်္ချိုင်းစာတွေ ရေး သားခဲ့ကြသလဲဟု သမိုင်းနှင့် ချီပြီး သုတေသန ပြုလုပ်ရန် ဖြစ်သော အခါ သင်္ချိုင်းအဟောင်းတို့ကို တူးဆွရှာဖွေကြရတော့သည်။ သူတို့ အလုပ်က ရှေးဟောင်းသုတေသန အလုပ်ဟု သူတို့ကို သူတို့ထင်ကြသည်။
ရှေးဟောင်း သုတေသန လက္ခဏာ ပါကောင်းပါမည် ။ သို့ ရာတွင် အနိစ္စ တရားကို တူးဆွကြည့်ရန် ဘာအကြောင်းမှ မရှိဟု တွေးဆယုံကြည်သူ တစ်ဦးက Desecrators ဆိုသော စကားကို သုံး၍ ဝေဖန်ပစ်သည်။ အထွဋ်အမြတ်အရာကို မတော် တဆ အသုံးပြုခြင်းဟု အဓိပ္ပာယ်သက်သည်။ အနစ္စကို အနစ္စဟုသာ သဘောထားသင့်ပါလျက် ဘာကြောင့် ၀င်စွက်ချင်ရတာ လဲဟု မေးသည်။
သုဿန်၏ ပကတိအစစ်အမှန်သည် ဘ၀၏ ပကတိအစစ်အမှန်ပင် ဖြစ်သည်။ ဤအကြောင်း ထင်ဟပ်သော ကျောက်စာတစ်ချပ်ကို ၁၇၆၆ ခုနှစ် စတန်ဝိသုဿန်၌ ကမ္ဗည်းရေး ထိုးထားသည်ကို တွေ့ ရသည်။
“ကွေ့ကောက်နေသော လမ်းတို့ဖြင့် ပြည့်နှက်နေသော လောကများ ၊ သေခြင်းသည် လူအားလုံးတွေ့ ဆုံရာနေရာ၊ ဘ၀သည် ၀ယ်လို့ ရောင်းလို့ရသော ကုန်စည်သာ ဖြစ်ခဲ့လျှင် သူဌေးတွေ အမြဲတမ်းအသက်ရှင်မည် ။ ဆင်းရဲသားတို့ သေရမည် ။
သမိုင်းကျောက်စာသုတေသနအဖွဲ့က အီးမေးလ်လိပ်စာနှင့် အင်တာနက်လိပ်စာ ပေးထားသည်။ ဤကျောက်စာမျိုး ရှိခဲ့လျှင် သူတို့ထံ ပေးပို့ပါတဲ့။
အမြွာ
လွန်ခဲ့သော ရာစုနှစ် လေးစုလောက်တုန်းက ဒတ်(ခ်ျ) ကုမ္ပဏီတို့သည် ခရစ်ယာန်ဘုန်း တော် ကြီးတို့ကို ဖြစ်စေ၊ ဘာသာရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်တို့ကို ဖြစ်စေ၊ မိမိတို့ ကုမ္ပဏီများ ပင်လယ်ရပ်ခြားအသီးသီး၌ စွန့်စားလုပ်ကိုင်စီးပွားရှာရ၌ ကျင့်ဝတ်သီလသိက္ခာနှင့် ညီညွတ်ပါ၏ လောဟု အကဲဖြတ်ခိုင်းကြသည်။
ထိုအချိန်က ဥရောပတစ်လွှားတွင် “ကာလ်ဗင်ဝါဒီသမား Calvinist တို့က ကြီးစိုးချိန် ဖြစ်၍ ဤ၀ါဒ၏ အမွှာညီနောင်နှစ် ဦးတို့၏ အယူအဆအတိုင်း အစစ်ဆေးခံကြရသည်။ ကာဗင်လ်ဝါဒ၏ အမွှာညီနောင် အယူအဆဆိုသည်မှာ တစ်ခြားမဟုတ်၊ သမ္မာကျမ်းစာနှင့် ပိုက်ဆံအိတ် The Bible and The Purse ဖြစ်သည်။
ဤအယူအဆနှစ် ရပ်သည် အမွှာညီနောင် ဖြစ်စေကာမူ နှောင်းလူတို့က လည်းကောင်း၊ နောက်ပိုင်း ဖြစ်ထွန်းမှု တို့က လည်းကောင်း၊ အလေးပေးမှု ၌ သဘောထား ကွဲလွဲလာကြသည်။ ပင်ရင်းသဘော၌ သမ္မာကျမ်းစာနှင့် ပိုက်ဆံအိတ်သည် အထူးအရေး ကြီးသည် ဟု ဆိုလိုဟန်ရှိသည်။ ပိုက်ဆံလည်း ရှာကြပါ။ သမ္မာကျမ်းစာပါ အဆုံးအမတို့နှင့် အညီလည်း နှလုံးမူကြပါဟု ရည်ညွှန်းလိုပုံရသည်။
သို့ ရာတွင် ထိုစဉ်ကတည်းက ဆတူတန်ဖိုးမထားနိုင်သည့်သူ ပေါ်လာခဲ့သည်။ အချို့က သမ္မာကျမ်းစာက ပိုက်ဆံအိတ်ထက် ပိုအရေး ကြီးသည်။ အချို့ကလည်း ဤအချက်ကို ငြင်း၊ ပိုက်ဆံအိတ်က သမ္မာကျမ်းစာထက် ပိုအရေး ကြီးသည်။ အဆက်အစပ်တောင် သိပ်မရှိ။ သမ္မာကျမ်းစားသည် စီးပွားရှာရာ၌ လမ်းညွှန် မ ဖြစ်နိုင်။ ညအိပ်ရာဝင်နီးကျမှ သမ္မာကျမ်းစာရွတ် ၀တ်ပြုလျှင် လုံလောက်ပါသည်ဟု ဆိုသူက ဆိုလာကြသည်။
ဘယ်လိုပဲ ပြောပြော အခု ဂလိုဘယ်လိုက်ဇေးရှင်း Globalization ခေတ်ထဲ ရောက်လာပြီ နိုင်ငံရေး ရာ အကဲဖြတ်သမားတွေ က စူပါပါဝါမက အင်အားကြီးနိုင်ငံ တစ်နိုင်ငံတည်းသာ ရှိလာပြီ။ ၀င်ရိုးတစ်ခုတည်းသော ကမ္ဘာ Mono-Polar World ဆိုပြီး ချယ်မှု န်းပြသလာကြသည်။
ဤ သုံးသပ်ချက် မှား၏ ။
စူပါ ပါဝါ အသစ်
စစ်အေးခေတ်၌ အမေရိကန်နှင့် ဆိုဗီယက် ယူနီယံတို့ စူပါပါဝါ နှစ် ခုတည်း ရှိခဲ့သည်ကား မှန်သည်။ စူပါပါဝါ တစ်ခု ဖြစ်သော ဆိုဗီယက် ယူနီယံ ယိုင်လဲပြိုကျသွားသည်ကလည်း မျက်မြင်ကိုယ်တွေ့ အမှန်ပင် ဖြစ်သည်။ စူပါ ပါဝါ ဆိုဗီယက် ယူနီယံကို ဂွတ်ဘိုင်ဟု နှုတ်ဆက်လိုက်ကြပြီ။
သို့ သော် စူပါပါဝါ တစ်ခုတည်းသာ ကျန်သည်ဟု မဆိုနိုင်။ ဆိုဗီယက် ယူနီယံနေရာတွင် စူပါ ပါဝါအသစ် အစားထိုး ၀င်လာသည်။ ဤစူပါ ပါဝါအသစ်ကား မာလ်တီနေရှင်နယ်ခေါ် ဂလိုဘယ်ကော်ပိုရေး ရှင်းကြီး Multinational Global Corporation တို့ပင် ဖြစ်သတည်း။ အမေရိကန် စူပါ ပါဝါနှင့် စူပါ ပါဝါ အသစ်၊ ဂလိုဘယ်ကော်ပို ရေး ရှင်းကြီးတို့အပြိုင် ၀င်ရိုးစွန်းကမ္ဘာ Bipolar World ပြန် ဖြစ်နေပါပြီ။
ဤသဘောကို ပြန်၍ အနုစိတ်ကြည့်လျှင် ပထမ စူပါ ပါဝါသည် အစိုးရ ဖြစ်၍ ဒုတိယ စူပါပါဝါသည် ကုမ္ပဏီတို့ ဖြစ်နေကြကြောင်း တွေ့ရသည်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အင်ဖော်မေးရှင်း တက္ကနိုလိုဂျီနှင့် ခေတ်မီဆက်သွယ်ရေး တက္ကနိုလိုဂျီများ ထွန်းကားကျယ်ပြန့်လာ မှု တို့ကြောင့် လည်း ကောင်း၊ အကာအရံ တံတိုင်းနံရံတွေ တော် တော် များများ ပြိုကျကုန်သော ကြောင့် လည်းကောင်း၊ သတင်းစီးဆင်းမှု ။ အယူအဆ အတွေးအခေါ် စိတ်ကူး စီးဆင်းမှု နှင့် ငွေကြေးအရင်းအနှီးစီးဆင်းမှု တို့ အလွန်မွှန်နေအောင် မြန်ဆန်လာမှု တို့ကြောင့် လည်းကောင်း အစိုးရ၏ တန်ခိုးသြဇာသည် ကျဆင်းလှချေပြီ။
အခြားတစ်ဖက်တွင် ဂလိုဘယ်ကော်ပိုရေး ရှင်းကြီးတို့၏ တန်ခိုးသြဇာက ထိုးထောင်တက် လာသည်။ အချို့သော ဆန်းစစ်သူတို့က ဂလိုဘယ်ကော်ပိုရေး ရှင်းကြီးတို့ကို စူပါပါဝါ အ ဖြစ် ရှုမြင်သုံးသပ်ခြင်းကို ဘ၀င်ကျဟန်မရှိ။ သူတို့ အမြင်၌ အင်အားကြီး Major Power၊ မဟာအင်အားကြီး Great Power ၊ စူပါပါဝါ super power တို့ဆိုသော ပိုင်းခြားမှု တွင် နိုင်ငံ nation တို့၏ စစ်အင်အားတို့သာ ပေတံထား၍ တိုင်းထွာရမည် ဟု ဆိုသည်။ ဤ အမြင် ခေတ်မမီတော့ပေ။ ဤ အမြင်လက်ကိုင်ထားသူတို့ကို “လိပ်” အမည် ပေးထားသည်။ လိပ်သည် နှေးသည်။
ဘုန်းကြီးပင့်ရန်
ထိုအခါ စူပါပါဝါ အသစ် ဖြစ်သော ဂလိုဘယ်ကော်ပိုရေး ရှင်းတို့၏ ကျင့်ဝတ်သီလပိုင်း Ethical Side ကို စိစစ်အကဲဖြတ်ရန် လိုမလို အချေအတင် ဖြစ်လာကြသည်။ ပြဿနာကို ကော်ပိုရေး ရှင်းတို့၏ လူမှု ရေး တာဝန် Social Responsibilities ခေါင်းစဉ်ဖြင့် ကိုင်တွင် ပြောလာကြသည်။
ဤတွင် အထက်တွင် ဖော်ပြခဲ့သည် သမ္မာကျမ်းစာနှင့် ပိုက်ဆံအိတ်အကြောင်း ပြန်ဖော်လာကြသည်။ ဂလိုဘယ်ကော်ပိုရေး ရှင်းကြီးတို့ကို ပိုက်ဆံလည်း ရှာကြပါ။ တစ်ဖက်၌ သမ္မာကျမ်းစာပါ အဆုံးအမအတိုင်းလည်း ကြည့်ပြီ ပိုက်ဆံရှာကြပါဟု ပြောလို့ ဖြစ်မ ဖြစ်၊ ဖိအားပေးလို့ ဖြစ်မ ဖြစ်၊ စဉ်းစားကြည့်လာြ ကတော့သည်။
၂၁-ရာစုခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ၁၆-ရာစုက သမ္မာကျမ်းစာနှင့် ကိုင်ပေါက်လို့ ဘယ် ဖြစ်မှာ တုန်းဟု တုံးတိပင်ဖြေကြသည်။ စူပါပါဝါ အသစ် ဖြစ်လာသော ဂလိုဘယ်ကော်ပိုရေး ရှင်းတို့သည် ခပ်တုံးတုံးတွေ မဟုတ်ကြ။ ဤမျှလောက် အင်အားကြီးလာရ သည်မှာ လည်း ပါးရည်နပ်ရည် အလွန်ရှိလွန်း၍ အရိပ်သုံးပါးကို နားလည်လွန်း၍ ဖြစ်လေရာ၊ သူတို့ဘာသာသူတို့ ကျင့်ဝတ်သီလပိုင်း ခေါ်ခေါ်၊ လူမှု ရေး တာဝန်ပိုင်းခေါ်ခေါ်၊ ဤအပိုင်းကို တိုးတက်ကောင်းမွန်အောင် လုပ်နိုင်စွမ်းရည်ရှိကြပါသည်။ ဒတ်(ခ်ျ) ကုမ္ပဏီတို့ ကဲ့သို့ ခရစ်ယာန် ဆရာတော် ကြီးတွေ ကို ပင့်ရန် မလိုအပ်ဟု ပညာရှင်အချို့က ထောက်ပြကြသည်။ ဤအယူအဆရှိသူတို့ကို လစ်ဘရယ် ၀ါဒီသမားများ ဟု သမုတ်နိုင်သည်။ အကြောင်းမူ သူတို့က ၀င်ရောက် မစွက်ဖက်ရေး ကို ဟောပြောသော ကြောင့် ဖြစ်သည်။
ဥရောပနှင့် ဗြိတိန်မှ ဆိုရှယ်ဒီမိုကရက်အစွဲရှိသူတို့ကမူ အစိုးရက ၀င်ရောက်စွက်ဖက်ပြီး ကော်ပိုရေး ရှင်းကြီးတို့၏ ကျင့်ဝတ်သီလပိုင်းကို တည့်မတ်ပေးရမည် ဟု တင်ပြကြသည်။ သို့ သော် ဤအယူအဆ၌ အခက်အခဲကြီးတစ်ရပ် ရှိနေသည်။ ယင်းမှာ ဂလိုဘယ်ကော်ပိုရေး ရှင်းကြီးတို့သည် နာမည် နှင့် လိုက်အောင် ကမ္ဘာ့အတိုင်းအတာဖြင့် ဆောင်ရွက်နေကြခြင်း ဖြစ်ပေရာ နိုင်ငံအလိုက် အမျိုးသား အစိုးရတို့က ဘယ်ပုံဘယ်နည်း ၀င်ရောက် စွက်ဖက်နိုင်ပါနည်းဟု မေးခွန်းထုတ်စရာ ရှိနေခြင်း ဖြစ်သည်။
စူပါပါဝါ အသစ်ကို အမျိုးသားအစိုးရတို့က မကိုင်နိုင်ပေ။ ကိုင်ချင်လျက် အစိုးရပေါင်းစုံနှင့် ညှိနှိုင်းပြီး ကိုင်မှ ဖြစ်နိုင်မည် ။ ထို့ကြောင့်လည်း သူတို့က ကုလသမဂ္ဂနှင့် အခြားကမ္ဘာ့အဖွဲ့အစည်း၊ ဒေသအဖွဲ့အစည်းတို့ကို ချဉ်းကပ်၍ ဖိအားကို ဖန်တီးမွေးမြူပေးနေကြသည်။ အလုပ်သမားဆက်ဆံရေး ကို အိုင်အယ်(လ်)အိုမှ တစ်ဆင့် ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို ကမ္ဘာ့ပတ်ဝန်းကျင် အဖွဲ့များ မှ တစ်ဆင့်၊ လူ့အခွင့်အရေး ကို လူ့အခွင့်အရေး အဖွဲ့အစည်းတို့မှ တစ်ဆင့် ဖိအားတွေ မွေးထုတ်ရန် ကြိုးပမ်းနေကြသည်။
ဖိအားက ဤမှာ အရေး မကြီး။ Regulation ခေါ် ထိန်းသိမ်းကွပ်ကဲသော စည်းမျဉ်းတို့နှင့် ကိုင်ရန်ကို ဖွံ့ဖြိုးဆဲနိုင်ငံတို့က အလွန်တွန့်နေကြသည်။ ဤ ဖွံ့ဖြိုးဆဲနိုင်ငံတို့သည် စူပါပါဝါသစ်၏ ရင်းနှီမြှုပ်နှံမှု တို့ကို အလွန်လိုအပ်လျှက်ရှိနေကြသည်။ ဤသို့ လိုအပ်နေချိန်တွင် စည်းမျဉ်းစည်းကမ်းတွေ တစ်ထွေကြီးချထားလို့မ ဖြစ်၊ စူပါ ပါဝါသစ်၏ အရင်းအနှီးတို့ကို ကြိုဆိုရာမရောက်၊ မောင်းထုတ်ပစ်ရာ ရောက်မည် ဟုလည်း သိနေကြသည်။
ချုပ်၍ ဆိုရလျှင် (၁) ကမ္ဘာကြီးသည် စူပါ ပါဝါနှစ် ခုဖြင့် ၀င်ရိုးနှစ် ခုရှိသော ကမ္ဘာကြီး ဖြစ်နေပါပြီ။ (၂) စူပါပါဝါသစ်က နိုင်ငံအသီးသီးမှ အစိုးရတို့ထက်ပိုပြီး တန်ခိုးသြဇာအာဏာကြီးမားလာသည်။ (၃) စူပါပါဝါသစ်ကို သမ္မာကျမ်းစာနှင့် လိုက်မလား၊ လူမှု ရေး တာဝန်အသိစိတ်ကို အားပေး၍ ပြုမူလေမလား။ (၄) စူပါပါဝါ အသစ်အပေါ် ပေးရန်လိုအပ်သော ဖိအားတို့သည် အဘယ်အရာတွေ နည်း။ မည် သို့ ဖြစ်ထွန်း ပေါ်ပေါက်လာမည် နည်း။ (၅) စူပါပါဝါနှစ် ခု၏ ချိန်ခွင်လျှာသည် စစ်အေးခေတ် စူပါပါဝါ နှစ် ခု၏ ချိန်ခွင်လျှာနှင့် တူမလား။ ခြားနားလျှင် ဘယ်လိုဖြားနားမည် နည်းဟူ၍ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ စိန်ခေါ်မှု အသစ်တို့နှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ဖိုးကပ်(စ်) လုပ်ကြည့်ရန်သာ ဆော်သြလိုသည်။
မေးခွန်းတွေ
၂၀၀၁-ခုနှစ် ၊ စက်တင်ဘာလ ၁၁ရက်နေ့၊ အင်္ဂါနေ့၊ နယူးယောက် ကမ္ဘာ့ကုန်သွယ်ရေး စင်တာ နှစ်ခုနှင့် ၀ါရှင်တန် ပင်တဂွန်အဆောက်အဦးတို့ကို အကြမ်းဖက်သမားတို့က အပိုင်စီး လေယာဉ်ပျံတို့ဖြင့် ၀င်တိုက်ပစ်လိုက်သော အလွန်တရာမျှ စိတ်ကူးယဉ်ဇာတ်ဆန်လှသည့် ဖြစ်ရပ်ကြီးတို့ ဖြစ်သည်။ သမိုင်းတွင် တစ်ခါမျှ မကြုံဘူးသလောက်၊ သမိုင်းနှင့် ပတ်သက်သော မေးခွန်းကြီးတို့ကိုလည်း အလွန်ကြီးကျယ်စွာ မွေးထုတ်ပါတော့သည်။
ပထမဦးဆုံး မေးခွန်းက သမိုင်း၏ နိဂုံး End Of History ဆိုသော အဆိုအမိန့်သည် မှားယွင်းသွားပြီလော။ သမိုင်းသည် နိဂုံးပိုင်းရောက်နေပြီးကာမှ ပြန်လှည့်ပြီ အစကပြန်စခြင်း History Restart ပေလောဟူ၍ ဖြစ်သည်။ သမိုင်းသည် နိဂုံးပိုင်းထဲ ရောက်နေပြီဟုဆိုသူမှာ ဖရန်စစ်ကူးယားမား ဖြစ်သည်။
ယခု သူ၏ အဆိုအမိန့် မှားသွားလေဟန် အချို့သော ပညာရှင်တို့က သုံးသပ်ရေး သားလား ကြသည်။ ဤသုံးသပ်ချက်သည် အလောသုံးဆယ်နိုင်လွန်းသည်ဟု စာရေး သူက ယူဆမိသည်။ စာရေး သူအမြင်၌ ဖရန်စစ်ဖူကူးယားမား၏ သမိုင်းနိဂုံးအဆိုပြု ကောက်ချက်သည် ပိုပြီ မှန်ကန်လျက်ပင် ရှိသည်ဟု ဖရန်စစ်ကူးယားမားဘက်မှ ကာကွယ်ရေး သားလိုသည်။ တစ်ခုပဲ ဖြည့်စွက် ပြောစရာရှိနေသည်။ နိဂုံးပိုင်း ခရီးသည် ဇာတ်ကြမ်းမည် ။ ဖရိုဖရဲ နိုင်မည် ။ နိဂုံး ကတော့ နိဂုံးပင်တည်း။
ဝိညာဉ်သုံးပိုင်း
ဖရန်စစ်ဖူကူးယားမားက သမိုင်း၏ နိဂုံးကို မည် သည့် အဓိပ္ပာယ်ဖြင့် ပြောဆိုသနည်းဆိုသော အချက်ကို ရှေးဦးပထမ ဝေဖန်ဆန်းစစ်ကြည့်ရန် လိုပါလိမ့်မည် ။ သူ၏ အခြေခံအယူအဆအရ လူ၏ ၀ိညာဉ်၌ အခြေခံ သုံးပိုင်းရှိသည်။ ပထမ ဆင်ခြင်တုံတရား Reason၊ ဒုတိယ လိုအင်ဆန္ဒ Desire၊ တတိယ အသိအမှတ်ပြုခံလိုမှု Recognition တို့ဟူ၍ ဖြစ်သည်။
ဝိညာဉ်၏ ဤအစိတ်အပိုင်းသုံးပိုင်းစလုံးကို တစ်ပြိုင်နက်တည်း ဖြည့်စွက်ပေးနိုင်သော နိုင်ငံရေး စနစ်များ ဆိုလျှင် ဒီမိုကရေစီမှ လွဲပြီး မည် သည့် စနစ်မှ မပေါ်ပေါက်ခဲ့ဘူးသေးပေ။ ရှေးပဝေသဏီခေတ် ဘာသာရေး ဂိုဏ် အုပ်စိုးမှု Theocracy၊ သက်ဦးဆံပိုင် ဘုရင်စနစ် Absolute Monarchy၊ စည်းမျဉ်းခံ ဘုရင်စနစ်၊ ဖက်ဆစ်စနစ်နှင့် ကွန်မြူနစ် စနစ်တို့ ပေါ်ပေါက်ခဲ့ဖူးလေရာ ဤနိုင်ငံရေး စနစ်တို့သည် ဖော်ပြပါ ၀ိညာဉ်အခြေခံ သုံးပိုင်းကို ဖြည့်စွမ်းမပေးနိုင်ခဲ့ပေ။ ထို့ကြောင့် လည်း ကျရှုံးခဲ့ကြသည်။
ဒီမိုကရေစီစနစ်ကသာ ဤ၀ိညာဉ်သုံးပိုင်းကို ဖြည့်စွမ်းပေးရာ၌ အကောင်းဆုံး ပုံသဏ္ဍာန်ဖြင့် ရပ်တည်နေသည်။ ဒီမိုကရေစီအား အစားထိုးရန် နောက်ထပ် ရွေးချယ်စရာ စနစ်နှင့် သဘောတရား Alternatives တို့ ပေါ်လာစရာ အကြောင်းမရှိတော့ဟု ဖရန်စစ်ဖူးကူးယားက သုံးသပ်သည်။ သူ၏ စကားအတိုင်း ပြောရလျှင် Democracy Constitute The end point of mankind’s Ideological Evolutions ဟူ၍ ဖြစ်သည်။ လူသားလောက၏ အိုင်တီအိုလောဂျီ ဆင့်ကဲ ဖြစ်ပေါ်မှု တွင် ဒီမိုကရေစီသည် အဆုံးပွင့် ဖြစ်သည်။
စက်တင်ဘာလ ၁၁ရက်၊ အင်္ဂါနေ့ အ ဖြစ်အပျက်ကြီးသည် အိုစမာဘင်လာဒင်၏ အစွန်းရောက် အစ္စလာမ်အခြေခံ ပြန်လည်နိုးကြားလာခြင်းကို ပြသနေလေရာ ဤတွင် အစွန်းရောက် အခြေခံဝါဒသည် ဒီမိုကရေစီကို အန်တုခြင်းပေလော။ ဒီမိုကရေစီကို အစားထိုးရန် အချက်ပြုလာခြင်းပေလော။
ဒီမိုကရေစီနေရာဝင်မည့်  အိုင်တီလိုဂျီ အသစ်တစ်ခုပေလောဟူ၍ သို့ သော် သို့ သော် တွေးတောကြရင်း ဖရန်စစ်ဖူးကူးယားမား၏ သမိုင်းနိဂုံးအပေါ် အချို့သော ပညာရှင်တို့က သံသယ၀င်လာကြဟန်တူသည်။
စံလေးပါး
ဘာသာရေး ၏ အပိုင်းတစ်ပိုင်းပေါ်အခြေခံပြီး အိုင်ဒီအိုလိုဂျီ Ideology တစ်ခုပြန်လည် ရှင်သန်လာခြင်း Revival ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ထိုပြန်လည်ရှင်သန်လာသော အိုင်တီအိုလိုဂျီ၌ ရေရှည်တည်တံ့နိုင်သော ခွန်အားဘယ်လောက်ရှိသလဲ။ Viability ကို စစ်ဆေးကြည့်ရန် လိုပါလိမ့်မည် ။ ကနဦး ပွဲဦးထွက် အံ့ဖွယ် လက်စွမ်းပြနိုင်လောက်ပုံကို ကြည့်ပြီ ခန့်မှန်းရုံဖြင့် ပြည်စုံမည် မဟုတ်ပေ။ တစ်နည်းပြောရလျှင် ဖျက်ဆီးနိုင်သော ပထမဂယက်လောက်ကြည့်၍ သုံးသပ်လျှင် မလုံလောက်ဟု ဆိုရသည်။
အိုင်တီအိုလိုဂျီတစ်ရပ် အဓွန့်ရှည်နိုင်မှု အင်အားသည် အထက်တွင် ဖော်ပြခဲ့သည်။ ဖရန်စစ်ဖူးကူးယားမား၏ ၀ိညာဉ်အခြေခံသုံးပိုင်းကို ဖြည့်ဆည်းပေးနိုင်သည့်အချက်အပေါ် မှီတည်နေသည်။ ဤအချက်ကို လွယ်ကူအောင် ထပ်မံရှင်းပြရာတွင် အစွန်းရောက်အခြေခံဝါဒ၌ (၁) အတွင်းဝိရောဓိ Internal contradiction တွေ ကင်းရှင်းရမည် ။ (၂) အကျိုးအကြောင်းဆီလျှော်ကာ ဆင်ခြင်တုံတရားနှင့် ကိုက်ညီရမည် ။ Irrationality မ ဖြစ်စေရ။ ဂေါ့ဒ်အမည် ကို တဖွဖွသုံးရုံဖြင့် ကိစ္စတို့က ပြီးစီးသည်မဟုတ်။ (၃) ချို့ယွင်းချက်၊ ချို့တဲ့ချက် Defects တို့နှင့် တက်နိုင်သမျှ ကင်းရမည် ။ (၄)ဖိနှိပ်မှု ကင်းရမည် ။ Not Oppressive။
စာရေး သူအမြင်၌ အခြေခံဝါဒသည် ဖော်ပြပါ စံတို့နှင့် မကိုက်ပေ။ ထို့ကြောင့် လည်း ခေတ်မီတိုးတက်၍ ယဉ်ကျေးနေသော လူ့အဖွဲ့အစည်းတို့ အတွက် ဘာမျှစွဲမက်စရာမရှိပေ။ ရှေ့ပဝေဏီဘာသာရေး ဂိုဏ်းဆရာတို့ စိုးမိုးမှု Theocarcy ကို ပြန်လည်ထူထောင်ခြင်းသာ ဖြစ်၍ ခေတ်နောက်ပြန် အလွန်ဆွဲနေသည်။
ထို့ကြောင့် မကောင်းသည့် ဘက်၌ ထူးချွန်မှု Evil genius ဖြင့် ကမ္ဘာကို လှုပ်ရှား တုန်လှုပ်ချောက်ချားသွားအောင်လုပ်နိုင်စေကာမူ ရေရှည်၌ လူသားထုအများ အတွက် စွဲမက်စရာအကြောင်းမရှိနိုင်ပေ။ ကြောက်စရာသာရှိသည်။ မူဆလင် လူ့အဖွဲ့အစည်းတို့ကြား၌ ပင် သီအိုကရေစီသည် စွဲမက်စရာ ရှိလိမ့်မည် ဟု မထင်ပါ။
ထို့ကြောင့် အခြေခံဝါဒီတို့၏ သီအိုကရေစီသည် အစားထိုးရန် ရွေးချယ်စရာလမ်းအ ဖြစ် ဖြစ်ထွန်းလာဖွယ်ရာရှိရာ အလားအလာမရှိဟု အလွယ်တကူတွက်ဆလို့ ရနိုင်ပါသည်။ ကွန်မြူနစ်ဝါဒ၊ ဖက်ဆစ်ဝါဒတို့လောက်ပင် စွဲမက်စရာ မရှိပါပေ။
ထို့ကြောင့် ဒီမိုကရေစီကို အစားထိုးရွေးချယ်စရာ Alternatives မ ဖြစ်နိုင်၍ သမိုင်း၏ နိဂုံးကိုဖယ်ပြီး အစကပြန်စသည့် သဘောမ ဖြစ်နိုင်ဟု ယူဆမိသည်။ ရက်စက်မူ၊ အကြမ်းဖက်မှု တို့ကို လက်နက်အ ဖြစ် သုံးစွဲနိုင်သော လူထု Personalities ကြီးတို့ကြောင့် သမိုင်းခရီသည် ဇာတ်ကြမ်းတိုက် သွားနိုင်လောက်သော ကာလများ သည် ရှိတက်ပါသည်။
အချို့သော ပညာရှင်တို့က သမိုင်း၏ နိဂုံးအကြောင်းကို လက်ခံကြသည်။ သို့ သော် သူတို့က သမိုင်း၏ နိဂုံးပိုင်း၌ အပင်တစ်ပင်တည်း၌ အကိုင်းအခတ်တွေ ဝေေ၀ဆာဆာပန်းမျိုးစုံ ပွင့်လျက်ရှိနေမည့် ပုံမျိုးကို စိတ်ကူးယဉ်ကြည့်ကြသည်။
သို့ သော် ဖရန်စစ်ဖူကူးယားမားကမူ သမိုင်း၏ နိဂုံးကို သစ်ပင်ကြီး တစ်ပင်လို့ မမြင်ပေ။ ဘူတာတစ်ခုထဲ မြင်းဆွဲရထားတွဲ ကြီးတွေ ဖရိုဖရဲနှင့် ၀င်လာပုံကဲ့သို့ မြင်သည်။ လမ်း၌ ရက်(ဒ်)အင်ဒီယန်းတို့၏ တိုက်ခိုက်ခံရပုံတို့ကိုလည်း ပုံဖော်ကြည့်သည်။ ဘူတာရောက်သူရောက်၊ မရောက်သူ မရောက်၊ တစ်ခြားလမ်းများ ရှိသေးသလားဟု ဆိုပြီး ခယောင်းတော သဲကန္တာရထဲ လမ်းသစ်ရှာသူက ရှာ၊ သမိုင်း၏ နိဂုံးပိုင်းသည် ဇာတ်ကြမ်းလိမ့်မည် ဟု ဖရန်စစ်ဖူကူးယားမားက ဟောကိန်းထုတ်ထား၍ မှန်နိုင်ကောင်းသည်ဟု စာရေး သူက အကဲဖြတ်မိသည်။ စက်တင်ဘာလ ၁၁ရက် ၊အင်္ဂါနေ့ ဖြစ်ရပ်ကြီးသည် ရက်(ဒ်)အင်ဒီယန်းတို့က ရထားလုံးတွဲ ကြီးတို့ကို တိုက်ခိုက်ပုံနှင့် ဆင်တူဟန်ရှိပါလိမ့်မည် ။
အဏုမြူထားပုံ လုံခြုံရေး
မဟာဗျူဟာချမှတ်သူတို့ကြားတွင် ပစ်မှတ်အပျော့ မဟာဗျူဟာနှင့် ပစ်မှတ်အမာ မဟာဗျူဟာဆိုပြီး သီးခြားခွဲထားကြသည်။ ယခု အမေရိကန် မဟာဗျူဟာသမားတို့က ဆော်ဒီအာရေး ဗီးယားနှင့် ပါကစ္စတန်တို့တွင် အစ္စလာမ်တော် လှန်ရေး ဆိုတာ ပေါ်လာပြီး သူတို့က အောင်ပွဲခံသွားလျှင် အသို့ ဖြစ်မည် နည်း။ ယင်းကို ပစ်မှတ်အမာ မဟာဗျူဟာ “Hard target strategy” ဟု ခေါ်သည်။
အခုလောလောဆယ်ဆယ် ပူပူနွေးနွေးပြဿနာမှာ ပါကစ္စတန်၏ အဏုမြူလက်နက်များ လုံခြုံရေး ပြဿနာ ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ အဏုမြူ ခြိမ်းခြောက်မှု ဟူသော အန္တရာယ်ကို မြင်ရိုးမြင်စဉ်အမြင်နှင့် လုံးဝ မသုံးသပ်သည်ကို တွေ့ ရသည်။ ထုံးစံအတိုင်း သုံးသပ်မှု အရဆိုလျှင် ယခုလောလောဆယ်ဆယ် တင်းမာနေသော အိန္ဒိယ-ပါကစ္စတန်အရေး အ ခင်းတွင် နှစ် နိုင်ငံလုံးသည် အကုမြူလက်နက်ပိုင်ရှင်များ ဖြစ်ကြ၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဏုမြူ လက်နက်ဖြင့် တိုက်ခိုက်ကြမည် လော။ ဆိုသော ပုံစံမျိုး ဖြင့် အဏုမြူ အန္တရာယ် Nuclear threat ကို စဉ်းစားသည်။
ပစ်မှတ်အမာ မဟာဗျူဟာသည် ဤသို့ မစဉ်းစားပေ။ သူတို့က ဘယ်လို စဉ်းစားကြသနည်းဆိုသော် အကယ်၍ သာ ပါကစ္စတန်၏ အကုမြူလက်နက်တိုက်ကို အစွန်းရောက် အစ္စလာမ်စစ်သွေးကြွတို့ ၀င်စီးမိသွားလျှင် ဘယ်လိုအန္တရာယ်တွေ ပေါ်လာနိုင်သနည်း။ ယခုအခါ ပါကစ္စတန် စစ်ဗိုလ်ချုပ်ကြီး သမ္မတ ပါဗီမူရှာယပ်(ဖ်) ပြုတ်ကျသွားလျှင် ပါကစ္စတန်အဏုမြူတိုက်က ဘယ်လို ဖြစ်သွားနိုင်သနည်းဟူ၍ မေးခွန်းထုတ်ပြီး စဉ်းစားသည်။ တိုတိုပြောရလျှင် ပါကစ္စတန်၏ အဏုမြူလက်နက် လုံခြုံရေး ကို စိတ်မချနိုင်သော ပုံပင် ဖြစ်သည်။ ပေါ့တိပေါ့ဆ ထားသလား လုံလုံခြုံခြုံ ထားသလား။
အကြောင်းနှစ် ကြောင်း
တစ်ဖန် အဏုမြူလက်နက် လုံခြုံရေး ကိစ္စ၌ ပင် လက်နက်တို့ကိုထက် အဏုမြူကုန်ကြမ်း nuclear material တို့အပေါ် ပိုပြီးစိတ်မချ ဖြစ်နေကြသည်။ အဏုမြူဗုံးအနေနှင့် ၂၅ခု ရှိသည်။ သို့သော် ပါကစ္စတန်တွင် ရှိသော “ခန်း” အဏုမြူဓါတ်ခွဲသုတေသန ဌာနတွင် အဏုမြူကုန်ကြမ်းတွေ တော် တော် များများ ရှိနေသည်။ အထူးသဖြင့် fissile material ပေါက်ကွဲနိုင်သော အဏုမြူကုန်ကြမ်းတွေ ရှိနေသည်။
မဟာဗျူဟာသမားတို့က ဤ အဏုမြူကုန်ကြမ်းတို့ကို အဓိကဖိုးကပ်(စ်) လုပ်၍ ဆင်ခြင် သုံးသပ်နေကြလေရာ ယင်းကိုပင် ပစ်မှတ်အမာအ ဖြစ် သတ်မှတ်ထားကြသည်။ ဤသည်၌ အကြောင်းနှစ် ချက် ရှိသည်။ ပထမအကြောင်းမှာ ပါကစ္စတန်မှ အဏုမြူပညာရှင်အချို့သည် အစွန်းရောက်အစ္စလာမ် ၀ါဒီဘက်ယိမ်းယိုင်နေသော အကြောင်း ဖြစ်သည်။ သူတို့က ဓါတ်ခွဲခန်းထဲမှ အဏုမြူကုန်ကြမ်းတို့ကို ခိုးယူပြီး အစွန်းရောက် သမားတို့အား ပေးနိုင်သည်။ ဒုတိယအကြောင်းမှာ ယခုအခါ အဏုမြူလက်နက်ကို လက်ဆွဲအိတ်လောက်နှင့် အကြမ်းထက်ဖော်စပ်ပြီး ရှာလိုရာ ပစ်မှတ်တို့၌ ဖောက်ခွဲပစ်နိုင်သော ကြောင့် ဖြစ်သည်။ သယ်ရ၊ ပိုးရ delivery system ကလည်း ကရိယာမများ ပေ။ အကုန်သေးသေးကွေးကွေးနှင့် ပြုလုပ်နိုင်စွမ်း ရှိနေသည်။
အထူးလေ့ကျင့်ပုံ
နယူးယောက် ကားဂျာနယ်၏ စုံစမ်းရေး သတင်းထောက် ဆေမွှာဟာ(ရှ်)က အမေရိကန်နှင့် အစ္စရေး လက်ရွေးစင်တပ်သားတို့သည် အကယ်၍ သမ္မတမူရှာယပ်(ဖ်) ပြုတ်ကျပြီး အစ္စလာမ်စစ်သွေးကြွတို့ တက်လာလျှင် ပါကစ္စတန် အဏုမြူလက်နက်တိုက်မှ အဏုမြူလက်နက်နှင့် ပစ္စည်းတို့ စစ်သွေးကြွတို့ လက်ထဲမရောက်ရန် ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ရေး အတွက် လေ့ကျင့်နေသည်ဟူသော သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့သည်။ ဤသတင်းကို ဆိုင်ရာတို့က ငြင်းလည်းမငြင်း၊ အတည်လည်းမပြုပေ။
ယခုအခါ နောက်အန္တရာယ် Next dangers တို့က အဘယ်နည်းဟု ပုစ္ဆာထုတ်နေကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ မဟာဗျူဟာ တွေးခေါ် ပညာရှင်တို့က အန္တရာယ်ကို နှစ် မျိုးနှစ် စား ခွဲခြားကြည့်သည်။ ပထမအန္တရာယ် famillier က ဖြစ်နေကျ၊ တွေ့ နေကျ ယဉ်ပါးပြီး ဖြစ်သော familier danger ဖြစ်သည်။ ဤ အန္တရာယ် သိပ်မရေး မထားပေ။ ဒုတိယအန္တရယ်က ဖြစ်နိုင်ဖွယ်ရှိသော အန္တရာယ် likely dangers တို့ ဖြစ်သည်။ ဤဒုတိယ အန္တရာယ်ကို ဖိုးကပ်(စ်)လုပ်ရာမှ အထက်တွင် ဖော်ပြသော ပစ်မှတ်အမာ မဟာဗျူဟာကို ထူထောင်နေကြခြင်း ဖြစ်သည်။
အချိုးပျက်စွမ်းရည်
ပစ်မှတ်အမာ မဟာဗျူဟာသမားတို့က အခြားအလွန်အရေး ကြီးသော သုံးသပ်ချက်တစ်ရပ်ကို ပြုလုပ်ထားလေရာ ယင်းကို asymmetrical capabilities “အချိုးပျက် စွမ်းဆောင်နိုင်ရည်”ဟု ခေါ်သည်။
စက်တင်ဘာလ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု တွင် အကြမ်းဖက်သမားတို့က ဓါးမြှော င်သုံးပြီ အပိုင်စီး လေယာဉ်ပျံကို ဒုံးပျံသဖွယ်အသုံးပြုသွားခြင်း ဖြစ်လေရာ သူတို့စွမ်းဆောင်နိုင်မှု သည် တစ်နည်းပြောရလျှင် အထင်ကြီးစရာ ဖြစ်သည်။ အင်အားငယ်ပေမယ့် စူပါပါဝါ၏ အခြေခံစခန်းထဲဝင်ရောက် တိုက်ခိုက်နိုင်စွမ်းရှိသည်ကို ရည်ညွှန်း၍ ဤသို့ အချိုးပျက်စွမ်း ဆောင်နိုင်ရည်သော အယူအဆကို ဖော်ထုတ်လာကြသည်။
သို့ဖြင့် စစ်ရေး စီမံကိန်း ရေး ဆွဲသူတို့က သာမန်ရိုးကျ အမြင်တစ်ခုကို အလျင်အမြန်ပင် ပြောင်းပစ်လိုက်ချေပြီ။ ယခင်မိုဒဲလ်ပုံစံမှာ ခြိမ်းခြောက်မှု ကို အခြေခံထားကြည့်သော မိုဒဲလ် capabilities based model ဆီသို့ ချက်ချင်း ပြေင်းလဲပစ်လိုက်ပြီ။
စွမ်းဆောင်နိုင်ရည်ဆိုင်ရာ၌ လည် အင်အားနိုင်ငံရေး power polities ခေတ်တုန်းသကဲ့သို့ အချိုးအစား မတိမ်မယိမ်ပြေပြစ်မှု အပေါ် အခြေမခံတော့ပေ။ ဆိုခဲ့သည့်အတိုင်း အချိုးပျက် စွမ်းဆောင်နိုင်ရည်အပေါ် အခြေခံထားလေပြီ။
ဤသည်ပင် ၂၁-ရာစုနှစ် ၏ လိုအပ်သော အခြေအနေဟုပြောနေကြသည်။ မဟာဗျူဟာအတွေးအခေါ်တွေ အကုန်ပြောင်းလဲကုန်လေပြီ။ အကြမ်းဖက်ဝါဒဆန့်ကျင်ရေး ကို အထက်ဖော်ပြပါချဉ်းကပ်မှု အသစ်တို့ဖြင့် ကိုင်တွယ်နေကြသည်။
အခန်း(၂)
လမိုင်းမကပ်သယောင်
နိုင်ငံတကာရေး ရာတို့တွင် “ထီး” အကြောင်း ပြောကြသည်။ ဥပမာ အဏုမြူထီး nuclear umbrella အဏုမြူထီးသည် အမေရိကန်က ဆောင်းပေးထားသော ထီး ဖြစ်၍ မည် သည့်နိုင်ငံကို အဏုမြူလက်နက်ဖြင့် တိုက်ခိုက်လျှင် တိုက်ခိုက်ခံရသည့်ဘက်က အဏုမြူလက်နက်ဖြင့် ပြန်လည်တိုက်ခိုက် ကာကွယ်ပေးမည် ဆိုသော ကတိခံဝန်ချက် ဖြစ်သည်။ ဂျာမန်နှင့် ဥရောပကိ အမေရိကန်က အဏုမြူထီးဆောင်းပေးထားသည်။
ယခု ထီးတစ်မျိုး ခေတ်စားလာသည်။ ယင်းထီးကို multilateral umbrella နိုင်ငံပေါင်းစုံ ထီးဟု ခေါ်သည်။ အဓိပ္ပာယ်မှာ နိုင်ငံတို့သည် မိမိတို့ဒေသအလိုက် အဖွဲ့အစည်းအသီးသီးတို့တွင် အဖွဲ့ဝင်များ အ ဖြစ် ပါဝင်နေကြသည်။ ဥပမာ ဥရောပသမဂ္ဂ၊ အာဆီယံ၊ အေပက်၊ အိုအေယူခေါ် အာဖရိက ညီညွှတ်ရေး အဖွဲ့ စသည့်တို့ ဖြစ်ကြသည်။ ဤဒေသအဖွဲ့တစ်ဖွဲ့တွင် အဖွဲ့ဝင်အ ဖြစ် ပါဝင်ခြင်းသည် ဤအဖွဲ့၏ ထီးကိုဆောင်းခြင်း မည် သည်။ ဤထီးအောက် အရိပ်ခိုခြင်း ဖြစ်သည်။
ယခု ဤထီးနှစ် လက်စလုံး၏ သဘာဝတို့သည် ပြောင်းလဲကုန်ပြီ။ မျက်မှော က်ခေတ် အခြေအနေ၌ အမေရိကန်၏ အဏုမြူထီးသည် ဘယ်လောက် ဆီလျှော်သနည်းဟု မေးခွန်းထုတ်လာကြသည်။ အကြောင်းမူ အဏုမြူစစ်ပွဲသည် နိုင်ငံအချင်ချင်း ဖြစ်ပွားသော စစ်ပွဲမျိုးပုံသဏ္ဍာန် ရှားပါးသွားပြီ ဖြစ်သော ကြောင့် ဖြစ်သည်။ Nuclear War Between Nations မျိုးသည် မ ဖြစ်နိုင်တော့ဟု ယူဆလာသော ကြောင့် ဖြစ်သည်။
ဤသို့ ဆို၍ အဏုမြူလက်နက်သုံးသော တိုက်ခိုက်မှု တွေ မရှိတော့ဟု မဆိုလိုပေ။ အကြမ်းဖက်သမားတို့သည် အကြမ်းထည် အဏုမြူလက်နက်တို့ ဖြင့် တိုက်ခိုက်နိုင်သည်။ ခေတ်သစ်အကြမ်းဖက်သမားတို့လည်း နိုင်ငံဟူ၍ မရှိ။ အစိုးရ state ဟူ၍ မရှိ။ ဘယ်နိုင်ငံသားကို အကာအကွယ်ပေးနေပါသည်ဟူ၍ ၊ ဘာသာရေး တစ်ယူသန်ဖြင့် စစ်သွေးကြွနေကြခြင်းသာ ဖြစ်သည်။
ထို့ကြောင့် သူတို့က တိုက်ခိုက်နိုင်ချေရှိသော အဏုမြူတိုက်ခိုက်မှု မျိုးသည် ပစ်မှန်ကို ထိန်းမရ၊ သူတို့ကို မှန်းမရ ဖြစ်နေသော ကြောင့် ရှိနေသော အမေရိကန်ထီးနှင့် လမိုင်းမကပ်သလို ဖြစ်လာသည်။
ကိုယ်ပိုင်ထီး
တစ်လောက မြောက်ကိုးရီးယားက ဂျပန်ကျွန်းစုကို ကျော်ဖြတ်၍ ဒုံးပျံတို့ကို ပစ်လွှတ်စမ်းသပ်ကြည့်လိုက်သည်။ ဂျပန်အနည်းငယ် ဖျားသွားသည်။ သူ၏ အဏုမြူနှင့် ဒုံးပျံ ကာကွယ်ရေး အစီအစဉ်တို့ကို အောက်ခြေသိမ်း ပြန်လည်စဉ်းစားရလာတဲ့အထိ ဖြစ်လာသည်။ အမေရိကန် အဏုမြူထီနှင့် မလုံလောက်၊ စိတ်မချရဟု သုံးသပ်မိသည်။
ထို့အပြင် အင်အားကြီးနိုင်ငံများ great power တို့ထဲတွင် ဂျပန်ပါဝင်သော်လည်း သူတစ်ဦးတည်းသာ အဏုမြူလက်နက် မဲ့နေသည်။ ဂျပန်ကဲ့သို့ အင်အားမကြီးသော အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုးရီးယားတို့သည်ပင် အဏုမြူလက်နက်ရှိနေရင် အဏုမြူအင်အားနိုင်ငံများ ဖြစ်နေကြလျှင် ဂျပန်က အဘယ်ကြောင့် အဏုမြူအင်အား နိုင်ငံ မ ဖြစ်သင့်သနည်းဟု မေးခွန် ထုတ်လာကြသည်။
ကိုယ်ပိုင်အဏုမြူထီးကို ဂျပန်ဆောင်းချင်လေပြီ။ အငှားထီးမလိုချင်။ တစ်ဖက်မှကြည့်လျှင် နောက်ကြောင်း သမိုင်းကြောင့် ဂျပန်အဏုမြူအင်အား နိုင်ငံ ဖြစ်လာမည် ကို အာရှနိုင်ငံတော် တော် များများ က စိုးရိမ်ပူပင်ကြသည်။ အထူးသဖြင့် တရုတ်နှင့် ကိုးရီးယားတို့က ပိုပြီး စိုးရိမ်သည်။
ဂျပန်သည် စစ်ဝါဒီထွန်းကားခဲ့ဖူးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လာမည့် မျိုးဆက်သစ်တို့၌ စစ်ဝါဒီပြန်လည်ခေါင်းထောင်လာနိုင်၊ မနိုင်မှာ အငြင်းပွားစရာ ဖြစ်လာသည်။ စစ်ဝါဒီ ပြန်လည်ရှင်သန်ရန် အကြောင်းမရှိ။ ဂျပန်၌ ဒီမိုကရေစီ ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နေပြီဟု ယုံကြည့်စိတ်ချရလျှင် ဂျပန်အဏုမြူအင်အားကြီးနိုင်ငံ ဖြစ်လာခြင်းအပေါ် ဘာမျှ စိုးရိမ်ပူပန်စရာအကြောင်း ရှိလိမ့်မည် မဟုတ်ချေ။
ဂျပန်အဏုမြူအင်အားနိုင်ငံ ဖြစ်လာပါမှ ကမ္ဘာ့လုံခြုံရေး အတွက် စိုးရိမ်စရာ။ အရှေ့အာရှ နှင့် အရှေ့အာရှတောင်ပိုင်းတို့အတွက် စိုးရိမ်စရာ ဖြစ်လာမည် ဟု ဆိုပါလျှင် ဂျပန်၏ အဏုမြူရွေးလမ်း nuclear option ကို အထူးဂရုစိုက်ဖွယ်ရှိသည်။
ဂျပန်အပေါ်ဆိုခဲ့ပါအတိုင်း စိုးရိမ်သလို အင်အားကြီးသော တရုတ်ပြည်ကိုလည်း အလားတူ စိုးရိမ်နေကြသည်။ ထို့ကြောင့် အဏုမြူထီး အကြောင်းအရာထက် တရုတ်၊ ကိုးရီးယားက တစ်ဖက်၊ ဂျပန်က တစ်ခြားတစ်ဖက် နှစ် ဖက်ကြား အဏုမြူအင်အားညီမျှမှု nuclear balance အကြောင်းအရာက ပို၍ အရေး ကြီးလာဟန် ဖြစ်နေသည်။
ယူအက်(စ်)အေလို ယူအက်(စ်)အီး
အခြားထီးတစ်လက် ဖြစ်သော နိုင်ငံစုံထီး multilateral umbrella သည်လည်း သဘာဝနှင့် အရောင် ပြောင်းလဲသွားပြန်ပြီ။ ကမ္ဘာပေါ်ရှိ တိုက်ကြီးအလိုက်ရှိကြသော နိုင်ငံစုံထီးတို့သည် တစ်လက်နှင့် တစ်လက် မတူပေ။ အလွန်ခြားနားသည်။
ထိုထီးတို့တွင် အီးယူခေါ် ဥရောပသမဂ္ဂသည် အဆင့်မြင့်ဆုံးထီး ဖြစ်သည်။ စီးပွားရေး သက်သက် စုထားသည် မဟုတ်။ နိုင်ငံရေး ၊ စစ်ရေး တို့ အတွက်ပါ စုစည်းညီညွှတ်ထားသည်။ ဥရောပသမိုင်းသည် ဥရောပနိုင်ငံအချင်းချင်း တိုက်ကြခိုက်ကြသော စစ်ပွဲတို့ဖြင့် ပြည့်နှက်နေသည်။ ဥရောပနိုင်ငံချင်း ပဋိပက္ခတို့ကို စစ်ရေး ဖြင့် သာ ဖြေရှင်းခဲ့ကြသည်။
ဤသို့ စစ်ရေး ဖြင့် ဖြေရှင်းကြရန်အတွက် သမိုင်းအစဉ်အလာတို့ကို အကုန် ဖျောက်ဖျက်ပစ်လိုက်ကြပြီ။ မေ့လိုက်ကြပြီ။ ပဋိပက္ခနှင့် တင်းမာမှု တို့ကို စစ်ရေး ဖြင့် မဖြေရှင်ြး ကတော့ နိုင်ငံရေး ၊ စစ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှု တို့တွင် တစ်စည်းတစ်လုံးတည်း ဖြစ်အောင် ကြိုးပမ်းနေကြသည်။ United State of Europ တည်း ဖြစ်အောင် လမ်းခင်းနေကြသည်။ ပမာဏအနေဖြင့် တစ်ခုတည်းသော ငွေကြေး (ယူရို)ကို တီထွင်လိုက်ပြီ။ United State of Amarica ဖြစ်သလို United State of Europ ဖြစ်ရန် တာဆူနေကြသည်။
ဤမျှအထိ အဆင့်မြင့်လာရသည်မှာ ဥရောပနိုင်ငံအားလုံးသည် ဒီမိုကရေစီကို ကျင့်သုံးလာသော ကြောင့် ဖြစ်သည်။ နိုင်ငံရေး စနစ်ချင်းတူကြသည်။ စီးပွားရေး နှင့် ယဉ်ကျေးမှု တို့လည်း တူညီကြသည်။
ကလပ်တို
လက်တင်အမေရိကား၊ အာဆီယံနှင့် အာဖရိကတို့သည် ဥရောပသမဂ္ဂလို အခြေအနေမရှိပေ။ နိုင်ငံရေး စနစ်တွေ ကွဲပြားခြားနားကြသည်။ ယဉ်ကျေးမှု ချင်း မတူ အတော် ခြားနားသည်။ ထို့ကြောင့် နိုင်ငံစုံထီးဟု အမည် တူသော်လည်း သဘာဝကား မတူပေ။
ယခု မကြာသေးမီ ရက်ပိုင်းအတွင်း အာဖရိက နိုင်ငံတို့က အိုအေယူခေါ် အာဖရိက ညီညွှတ်ရေး အဖွဲ့အစည်းကို ဖျက်သိမ်းပစ်လိုက်ကြသည်။ ထိုနေရာတွင် အီးယူလို Arfrica Union အေယူဆိုပြီ ဖွဲ့စည်းလိုက်ကြသည်။ အသစ်ဖွဲ့စည်းသော အေယူသည် အဖွဲ့ဝင်နိုင်ငံတို့၌ ပိုပြီဝင်ရောက် စွက်ဖက်တော့မည် ။ လက္ခဏာ Interventionist body ဖြစ်ချေတော့မည် ။ ဆင်းရဲမွဲတေမှု ၊ နိုင်ငံရေး အကျပ်အတည်းနှင့် စစ်တို့တွင် အေယူ က ပိုပြီ တက်တက်ကြွကြွ ၀င်ရောက် စွက်ဖက်တော့မည် ။
သည့်အရင် အိုအေယူသည် လူဖြူ ကိုလိုနီလက်အောက်မှ လွတ်မြောက်အောင် ရုန်းကန်းရသဖြင့် ကိုလိုနီအမွေအနှစ် ဖြစ်သော အသားအရောင် ခွဲခြားမှု ကို အာရုံစိုက်ခဲ့ရသည်။ တစ်ချိန်တည်းမှာ ပင် အိုအေယူသည် အာဖရိက အာဏာရှင်တို့၏ ကလပ်တစ်ခုသဖွယ် ဖြစ်ခဲ့သည်။ အာဏာရှင်များ နေ့စဉ် မှန်မှန်ဆုံပြီး ခန့်ညားသော မိန့်ခွန်းကိုသာ ပြောကြားခဲ့သည်။ တစ်ဖက်၌ အာဖရိက လူထု၏ ဆင်းရဲမွဲတေမှု ၊ ပညာမဲ့မှု ရောဂါ ထူပြောမှု နှင့် စစ်တို့သည်ကား အနိဌာရုံများ အ ဖြစ် များ ပြားဆဲ ဖြစ်သည်။
ယနေ့ အာဖရိက ပြောင်းလဲသွားပြီ။ မျိုးဆက်ဟောင်း ခေါင်းဆောင်တွေ မရှိတော့ပြီ။ အာဖရိက နိုင်ငံအများ စုသည် ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာပြီ။ ထို့ကြောင့် အေယူဖွဲ့ရန် လမ်းပွင့်သွားသည်။ အေယူတွင် အာဖရိက နိုင်ငံစုံ ပါလီမန် Pan Afarican Parliament တစ်ခု။ အာဖရိကတိုက်အတွက် ဗဟိုဘဏ်နှင့် ရင်းနှီးမြှုပ်နှံမှု ဘဏ်တို့ ရှိမည် ဟု ဆိုသည်။ အေယူတွင် peer review “အမှူး သုံးသပ်ချက်” စည်းမျဉ်းရှိသည်။ ဤစည်းမျဉ်းသည် ၀င်ရောက် မစွက်ဖက်ရေး ဟူသော မူကို ဖျက်သိမ်းပစ်ရမည် ဖြစ်သည်။
ဤကား နိုင်ငံစုံထီးတို့၏ သဘာဝနှင့် အရောင် များ ပြောင်းလဲလာပုံတည်း။ အဏုမြူထီးကလည်း ပြောင်းလဲလာသည်။
သိပ်မြန်-သိပ်ငယ်
လေယာဉ်ပျံတွေ သိပ်မြန်လာသည်။ အီလက်ထရွန်းနစ် ပစ္စည်းတွေ ပို၍ သေးငယ်လာသည်။ ထို့ကြောင့် မြန်မှု နှင့် ငယ်မှု ထွန်းကားနေသော ကမ္ဘာကြီးသည် ဘေးအန္တရာယ် အလွန်မြင့်မားနေပြီး High Level of risks နှင့် ကြုံတွေ့ နေရပြီ။ ဤအကြောင်းကို အစ္စရေး မှ နိုင်ငံရေး သိပ္ပံသီအိုရီ ပညာရှင် ယာယွန်းအိရောဟီးက ပြောပြခြင်း ဖြစ်သည်။
လေယာဉ်ပျံတွေ က ပို၍ ပို၍ မြန်လာသလောက် အီလက်ထရွန်းနစ် ပစ္စည်းတွေ က ပို၍ ပို၍ သေးငယ်လာသလောက် အမေရိကန်တန်ဘိုးတို့မှာ လောကအလုံးစုံ မခြံနိုင်သေးပေ။ not universalized ဟုဆိုသည်။ ထို့ကြောင့် ပို၍ မြန်လသော တက္ကနိုလိုဂျီပစ္စည်းနှင့် ပို၍ သေးငယ်လာသော အီလက်ထရွန်းနစ်ပစ္စည်းတို့ မဟုတ်တဲ့လူတွေ လက်ထဲ ရောက်ရှိ သွားပါက ဤပစ္စည်းတို့သည် လူတွေ အမြောက်အများ သေကြေပျက်စီးနိုင်သော လက်နက်တွေ ဖြစ်သွား နိုင်သည်။
သို့ ဖြင့် အမေရိကားအဖို့ ဘေးကျပ်နံကျပ်ထဲ ရောက်ရှိသွားသည်။ ဤသို့ ဘေးအန္တရာယ် အဆင့်မြင့်စွာ ရှိလာသဖြင့် တံခါးဖွင့်ထားလွန်းသော လူ့အဖွဲ့အစည်းကို တံခါးနည်းနည်း ပြန်ပိတ်မလား၊ သို့ တည်းမဟုတ် တက္ကနိုလိုဂျီတို့ကြောင့် ကမ္ဘာကြီးနှင့် အချိတ်အဆက်ကျယ်ပြန့် နေသော အခြေကို အနည်းနှင့် အများ ထိန်းကွပ်မလား။ တံခါး အဖွင့်အပိတ်နှင့် အချိတ်အဆက် ကွပ်ကဲမှု တို့ကို မိမိတို့ကမလုပ်လည်း သူများ က လုပ်လာနိုင်သည်။
သို့တည်းမဟုတ် တံခါးလည်းဆက်ဖွင့် ကွပ်ကဲမှု ကိုလည်း သိပ်မလုပ်ဘဲ ပေါ်တင်ကြီး ဖြစ်နေသော ဘေးအန္တရာယ် အမြင့် အဆင့်ကြားထဲ နေတက်အောင် နေဟု ဆုံးဖြတ်မလား။
အမေရိကန်အဖို့ ဘေးကျပ်နံကျပ် ဖြစ်သည်။
ဝင်ရိုးသစ်နှစ် ခု
ဤအခြေအနေတွင် ကမ္ဘာ့စနစ် world order သည် ၀င်ရိုးစွန်းနှစ် ဖက်အပေါ် အခြေစိုက်သော ကမ္ဘာ့စနစ်ပြန်ပေါ်လာသည်။ သို့ ရာတွင် ဤ၀င်ရိုးစွန်းနှစ် စွန်းမှာ စစ်အေးခေတ်က ၀င်ရိုးစွန်းနှစ် စွန်းမျိုး မဟုတ်ပေ။ ထိုစဉ်က မဟာအင်အားကြီး စူပါ ပါဝါနှစ် နိုင်ငံ အမေရိကားနှင့် ဆိုဗီယက်ယူနီယံတို့သည် ၀င်ရိုးစွန်း နှစ် စွန်းအ ဖြစ် ရပ်တည်ခဲ့ကြသည်။
ယခုဝင်ရိုးစွန်းနှစ် စွန်းမှာ အသစ်တွေ ဖြစ်ကြသည်။ တည်ငြိမ်မှု မရှိသော ကမ္ဘာ (world of stability)နှင့် တည်ငြိမ်မှု ကင်းမဲ့သော ကမ္ဘာ (world of unstabilty) တို့ ဖြစ်ကြသည်။ တည်ငြိမ်မှု ကင်းမဲ့သော ကမ္ဘာ (world of unstablity) တို့ ဖြစ်ကြသည်။ တည်ငြိမ်ကင်းမဲ့သော ကမ္ဘာကို ဒုတိယ ၀င်ရိုးအ ဖြစ် ရှုမြင်ကြည့်လာကြသည်။
ဤဒုတိယ၀င်ရိုးထဲတွင် (၁) rogue states လို့ခေါ်သော လူတေလူမိုက်နိုင်ငံများ ၊ (၂) failed states လို့ခေါ်သော အချင်းချင်း ပြည်တွင်းစစ် ဖြစ်ပြီး နိုင်ငံရေး ၊ စီးပွားရေး ပိုင်းတို့တွင် အရေး နိမ့်နေသော နိုင်ငံများ (လိုင်ဘီးရီးယား နှင့် အိုင်ဗရီကို့(စ်) တို့လိုနိုင်ငံကြီးများ )၊ (၃) messy states လို့ခေါ်သည် အခြေအနေရှုပ်ပွနေသော နိုင်ငံများ (ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် ကိုလံဘီယာ နိုင်ငံတို့လို နိုင်ငံကြီးသလောက် ပြဿနာတွေ ရှုပ်ပွပြီး မနိုင်မနင်း ဖြစ်နေသည့် နိုင်ငံတို့ကို ရည်ညွှန်းသည်။) (၄) fault-line states ငလျင်ကြောအနားရှိနိုင်ငံများ (မတူသော ယဉ်ကျေးမှု ၊ မတူသော မျဉ်းနှစ် ခုတို့ ရောယှက်နေထိုင်ရသော နိုင်ငံတို့ကို ရည်ညွှန်းသည်။ ယဉ်ကျေးမှု ချင်းမတူ၍ လူမျိုးစုချင်းမတူ၍ ပဋိပက္ခ ဖြစ်နေကြသည်) (၅) မကျေမနပ်နှင့် ဒေါသထွက်နေသော လူတစ်ဦးချင်းများ (angry empowered individuals) တို့ ဖြစ်ကြသည်။ အိုစမာဘင်လာဒင်နှင့် အကြမ်းဖက်သမားတို့ ဖြစ်ကြသည်။ (၆)မူးယစ်ဆေးဝါးဂိုဏ်းနှင့် ရာဇ၀တ်မှု ဂိုဏ်းတို့ ဖြစ်ကြသည်။
ဤခြောက်မျိုးပါနိုင်ငံ၊ လူနှင့် ဂိုဏ်းတို့ကို တည်ငြိမ်မှု မဲ့သော ကမ္ဘာအ ဖြစ် သတ်မှတ်ပြီး၊ ဒုတိယ၀င်ရိုးအ ဖြစ် ယူဆကြည့်လာကြသည်။
ပထမ၀င်ရိုး
ပထမ၀င်ရိုးတွင် (၁)အမေရိကား (၂) ဥရောပမဂ္ဂနှင့် ရုရှ (၃)တရုတ် (၄)အိန္ဒိယနှင့် (၅) ဤနိုင်ငံတို့ကို ၀န်းရံထားသည့် အခြားအင်အားငယ်နိုင်ငံများ ပါဝင်ကြသည်။ (၁) (၂) (၃) (၄)တို့ကို အင်အားကြီးနိုင်ငံ major powers များ ဟုခေါ်တွင် ၍ (၅)ကို အင်အားငယ် small powers နိုင်ငံငယ်များ ဟု ခေါ်ဆိုကြသည်။
ထူးဆန်းသော အချက်တစ်ချက်မှာ ကမ္ဘာ့အင်အားဆက်ဆံရေး ကို အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကမ္ဘာ့နိုင်ငံရေး သိပ္ပံပညာရျှင်တို့က ပြန်လည်၍ နေရာချထားသုံးသပ်နေချိန်တွင် နေတိုး (Nato) အဖွဲ့သည် နိဂုံးချုပ်တော့မည် (The end of Nato) အလားအလာ ပေါ်လာခြင်း ဖြစ်သည်။
ဤအကြောင်းကို ဂျာနယ်လစ် တစ်ယောက် အာဖဂန်နစ္စတန် ကာဘူးလေဆိပ် အ ဖြစ်အပျက် ကို မှီငြမ်းပြောပြသည်။ သူ့အပြောအရ ကာဘူးလေဆိပ်ကို ၀င်လိုက်ထွက်လိုက်လုပ်သည်မှာ စိတ်ဒုက္ခများ လှသော အလုပ် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် လုံခြုံရေး အကြောင်းကြောင့် အမေရိကန် စစ်လေယာဉ်တို့သည် ညပိုင်းကျမှ မှော င်ကြီးမည်းကြီးထဲ၌ အဆင်းအတက် ပြုလုပ်ကြသော ကြောင့် ဖြစ်ပါသည်။ လေယာဉ်ပြေးလမ်းမီးတို့ကို လုံးဝအသုံးမပြုဘဲ စီ-၁၃၀ လေယာဉ်တို့သည် အမှော င်ထဲ၌ ဆင်းလိုက်တက်လိုက် လုပ်ကြသည်။
အမေရိကန်စစ်သားတို့က ညကြည့်ဂိုဂဲလ်များ တပ်ဆင်ထားရာ အင်္ဂါဂြိုလ်သားများ နှင့် ပင် တူနေသည်။ ဤကိရိယာများ တပ်ဆင်၍ ညကြီးမင်းကြီးထဲ၌ ပင် ပစ္စည်းအတင်အချများ ပြုလုပ်ကြသည်။ ယာဉ်ပြေးလမ်းကို ထွန်းလျှင်လည်း ဖျက်ခနဲ လှပ်ခနဲ ထွန်းရုံသာထွန်းပြီ ပိတ်သည်။
ညကြည့်ကိရိယာတို့ဖြင့် အမှော င်ထဲ၌ အလုပ်လုပ်နိုင်သော နည်းပညာတို့သည်ပင်လျှင် နေတိုးကို ဖျက်ဆီးလေတော့သည်။ ဤဂျာနယ်လစ်သည် ကာဘူးမှ ညကြီးမောင်းလာသော စစ်လေယာဉ် ဖြစ်ပင် နေတိုးဌာနချုပ်ရှိရာ ဘရပ်ဆဲလ်သို့ ရောက်ရှိခဲ့သည်။ ရောက် ရောက်ခြင်းပင် ဘရပ်ဆဲလ် နေတိုးစစ်ဌာနချုပ်၌ ရေပန်းစားနေသော စကားတစ်ခွန်းကို ကြားရတော့သည်။
နေတိုးနိဂုံး
နေတိုး စစ်အရာရှိကြီးတို့ ဘာတွေ ပြောနေကြသနည်းဆိုသော် “ယူနိုက် တက်စတိတ်သည် တက္ကနိုလိုဂျီအရ အခြား နေတိုးနိုင်ငံတို့ထက် အလွန်သာလွန်နေပြီ ဖြစ်ရာ ရပ်ဝေးစစ်ပွဲ (a distant war) အတွက် နေတိုးကို မလိုတော့ပြီ” ဟု ပြောဆိုနေကြသည်။ ဟုတ်ပါသည်။ အာဖဂန်စစ်ပွဲတွင် နေတိုးမပါပေ။ အခြေခံအားဖြင့် ပြောလျှင် အမေရိကားတစ်ဦးတည်းက စစ်ပွဲနိုင်လိုက်ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဘု(ရ်)အစိုးရကလည်း တစ်ဦးတည်း ဆောင်ရွက်လိုသော ဗီဇာစိတ်ရှိနေလေရာ နေတိုး၏ အကူအညီကို မလိုချင်ပေ။ တခြားနိုင်ငံတပ်များ နှင့် ပူးပေါင်းစစ်ဆင်ရခြင်းသည်ပင် ရှုပ်သည်။ အနှောင့်အယှက် ဖြစ်သည်ဟု ယူဆနေသည်။
ဒိုမစ်နစ်မွာဆီ (ကမ္ဘာ့ရေး ရာ ကျွမ်းကျင်သူ ပြင်သစ်ပညာရှင်) က “ပြဿနာက ဒီလိုပါ၊ နေတိုးကို ဖန်တီးခဲ့သူ ဖန်တီးရှင် ကိုယ်တိုင်က ခင်ဗျား တို့ကို စိတ်မချဘူး၊ မလိုချင်တော့ဘူး”လို့ ပြောလာမှတော့ နေတိုးမဟာမိတ်ဆိုတာ ဘာအဓိပ္ပါယ်ရှိတော့မှာ လဲ ပြောလာသည်။
အာဖဂန်နစ္စတန်နှင့် ကိုဆိုဗို စစ်ပွဲတို့ကို လေ့လာကြည့်လျှင် ယနေ့ခေတ်သစ်စစ်ပွဲတစ်ရပ် ဆင်နွှဲဂရန်သော့ ချက်အင်ဆက်လေးမျိုး လိုအပ်ကြောင်း တွေ့ ရှိရသည်။ (၁) အလှမ်းဝေးသော နေရာများ ဆီသို့ စစ်အင်အားများ ပို့ဆောင်ရန် သယ်ယူပို့ဆောင်ရေး လေယာဉ်အကြီးစားများ လို သည်။ (၂)တိတိကျကျ လမ်းညွှန်ဗုံးနှင့် ဒုံးပျံတို့လိုသည်။ ၄င်းတို့ကို ရန်သူပစ်မှတ်များ ဆီသို့ တိတိကျကျ ကျမှန်အောင်ပစ်၍ အရပ်သူအရပ်သား အသေအပျောက် နည်းစေရမည် ။ ဤနည်းဖြင့် စစ်ပွဲကို မြန်မြန်အဆုံးသတ်နိုင်ရမည် ။ (၃) ညတိုက်ပွဲတို့ကို ညမြင်ကိရိယာတို့ဖြင့် တိုက်ခိုက်နိုင်သော အထူးတပဖွဲ့များ လိုသည်။ (၄)ရန်သူ လုံးဝမသိစေဘဲ ဟိုက်တက်စစ်ပွဲကို မြေပြင်နှင့် လေတပ်တို့ ပူးပေါင်းတိုက်ခိုက်နိုင်ရန် အဆင့်မြင့် လျှို့ဝှက် ဆက်သွယ်မှု စနစ်လိုသည်။
ဗြိတိန်မှလွဲ၍ ဤနေတိုးနိုင်ငံတို့တွင် ဤသော့ ချက်အင်ဆက် လေးမျိုး မရှိကြချေ။ ထိုအခါ နေတိုးသည် စစ်ရေး အရ ခွဲခြားဆက်ဆံမှု (military apartheid) ခံရသည်။ နေတိုး၌ ညတိုက်ပွဲအတွက် တက္ကနိုလိုဂျီ မရှိပေ။
ဂလိုဘယ်လိုက်ဇေးရှင်း အခန်းတစ်ခန်းပြီးဆုံး
၂၀၀၃-ခုနှစ် မတ်လသည် မျက်နှာနှစ် ဖက်မှနေ၍ မျက်မှော က်ခေတ်သမိုင်းကို တအားအရမ်းဆွဲကိုင် လှုပ်လိုက်သော လ ဖြစ်သည်။ သို့ သော် မဟာဗျူဟာဒရမာကြီးနှစ် ရပ် (two grand dramas) မီးရောင် ဖြိုင်ဖြိုင်တောက်၍ ပေါ်လာသည်။
ဂလိုဘယ်လိုက်ဇေးရှင်းကို ၂၁-ရာစု၏ မဟာဒရမာအ ဖြစ် ယူဆထားသည်။ ဒရမာဆိုသည့် အတိုင်း ဇာတ်ဝင်ခန်း (acts) တို့ကလည်း များ စရာအကြောင်းရှိသည်။ ဂလိုဘယ်လိုက်ဇေးရှင်း၏ ပထမဇာတ်ဝင်ခန်းက ပြီးဆုံးသွားပြီ။ ယခု ဒုတိယ ဇာတ်ဝင်ခန်း (second act) ထဲဝင်လာပြီ။ စီးပွားရေး သမားတွေ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၏ ဤဒုတိယဇာတ်ဝင်ခန်း၌ ဘယ်လို လှုပ်ရှားကြမလဲ။ ဇာတ်ဝင်ခန်းနှင့် ကိုက်သည့် လှုပ်ရှားနည်းတွေ ကိုရော သိကြရဲ့ လား။
ဤသို့ အားဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းက ပထမဇာတ်ဝင်ခန်းကို ဇာတ်သိမ်းပြီး ဒုတိယဇာတ်ဝင်ခန်းထဲ ၀င်လိုက်သည့်အချိန်တွင် မဟာဒရမာကြီး အသစ်တစ်မျိုး စင်ပြိုင်ပေါ်လာသည်။ ဤဒရမာအသစ်ကြီးကား အီရတ်စစ်ပွဲ။ ၄င်းနှင့် နွယ်ပြီ အီရတ်ဒီမိုကရေစီ။ အီရတ်ဒီမိုကရေစီနှင့် အရှေ့အလယ်ပိုင်း ပထ၀ီနိုင်ငံရေး အပြောင်းအလဲတို့ ဖြစ်ပေတော့သတည်း။
အီရတ်စစ်ပွဲနှင့် စစ်ပွဲအပြီး ဇာတ်ဝင်ခန်းတို့ကိုလည်း မဟာဒရမာကြီး ခြယ်မှု န်းကြကုန်သည်။ အီရတ်စစ်ပွဲနှင့် စစ်အပြီးဒရမာကို ဒုတိယမဟာဒရမာဟု ဆိုကြပါစို့။ ဤဒုတိယ မဟာဒရာမတွင် ဘယ်နှစ် ခန်းပါသလဲ။ အရေး ကြီးသော ဇာတ်ကောင်တွေ ဘယ်သူ ဖြစ်ကြမလဲ။
ဝန်ဆောင်မှု ရွှေ့ပြောင်းခြင်း
ယခုဆောင်းပါးတွင် မဟာဒရာမာကြီးအကြောင်းကို အကျယ်တ၀င့် မရေး လိုပေ။ လိုရင်း လောက်ကိုသာ အကျဉ်းချုံးဖော်ပြလိုသည်။ ၁၉၈၀- ပြည့်နှစ် ကတည်းက ပထမ မဟာဒရာမာကြီး (ဂလိုဘယ်လိုက်ဇေးရှင်း) စတင် ခင်းကျင်းခဲ့သည်။ ထိုစဉ်မှ ၂၀၀၃-ခုနှစ် မတ်လအထိအခန်းကို ပထမအခန်း (first act) ဟုခေါ်သည်။
ဇာတ်လမ်းက ဤသို့ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတို့မှ ကုန်းချောထုတ်လုပ်သော လုပ်ငန်း (manufacturing) တို့သည် အလုပ်သမားစရိတ်သက်သာရာ၊ တက္ကနိုလိုဂျီ အဆင်သင့်ရှိရာ တတိယကမ္ဘာ့နိုင်ငံများ သို့ ရွှေ့ပြောင်းကြသော ဇာတ်လမ်း ဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ ယိုးဒယား၊ ထိုင်ဝမ်၊ မလေးရှားစသည့် နိုင်ငံများ ဆီသို့ လည်းကောင်း၊ ချီလီ၊ မက္ကဆီကို၊ ဘရာဇီးလ် စသည့် လက်တင်အမေရိက နိုင်ငံအချို့သို့ လည်းကောင်း၊ အမေရိက၊ ဥရောပ၊ ဂျပန်တို့မှ စက်မှု လုပ်ငန်းများ ရွှေ့ပြောင်းခဲ့ကြသည်။
ဤဇာတ်လမ်းသည် ယခုပြီးဆုံးသွားပြီ။ ဒုတိယအခန်း စတင်ပြလာပြီ။ဤ ဒုတိယအခန်း၏ ဇာတ်လမ်းမှာ ဤသို့ ဖြစ်သတည်း။ အိုင်တီခေါ် အင်ဖော်မေးရှင်း တက္ကနိုလိုဂျီ၊ ဗိသုကာ တက္ကနိုလိုဂျီ၊ စာရင်းစစ်ပညာ၊ ဒီဇိုင်းပညာအမျိုးမျိုး၊ ကွန်ပျူတာ ပရိုဂမ်ရေး ဆွဲသည့် ပညာ၊ ဆက်သွယ်ရေး ပညာ၊ ဇီဝဓာတုပညာစသည့် ပညာရှင်တို့သည် တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ မက္ကဆီကို၊ ချီလီစသော နိုင်ငံတို့တွင် အတော် အတန် ထွန်းပေါက်လာသည်။
ဤပညာလုပ်ငန်းတို့ကို ကုန်ပစ္စည်းနှင့် တူသော ၀န်ဆောင်မှု (commodity-like services) များ ဟု ခေါ်သည်။ ယခုစက်မှု ဖွံ့ဖြိုးပြီး နိုင်ငံတို့မှ ကော်ပိုရေး ရှင်းတို့သည် ဤ၀န်ဆောင်မှု လုပ်ငန်းတို့ကို မိမိတို့ပြည်တွင်း၌ တကူးတကန့် မထူထောင်တော့ပေ။ ဈေးသိပ်မကြီးသော ဖော်ပြပါနိုင်ငံများ ဆီသို့ ဤ၀န်ဆောင်မှု လုပ်ငန်းတို့ကို ရွှေ့ပြောင်းကြသည်။ ယင်းကို ၀န်ဆောင်မှု ရွှေ့ပြောင်မှု (migration of services) ဟု ခေါ်သည်။ ဤလုပ်ငန်းမှ ပညာရှင်တို့ကို ကော်လာဖြူ (white collar) အလုပ်သမားများ ဟု ခေါ်ဆိုလေရာ၊ ဤ ၀န်ဆောင်မှု ရွှေ့ပြောင်းခြင်းကို တနည်းအားဖြင့် ကော်လာဖြူ ရွှေ့ပြောင်းခြင်း (migration of white collars) လို့လည်း ခေါ်ဆိုလာကြသည်။
သို့ဖြင့် မဟာဒရာမာတစ်ခု ဖြစ်သော ဂလိုဘယ်လိုက်ဇေးရှင်းသည် ပထမဇာတ်ဝင်ခန်းသိမ်း ပြီး ဒုတိယဇာတ်ဝင်ခန်းထဲ ၀င်နေပြီ။
တစ်ပြိုင်နက်တည်းလိုတွင် ဒုတိယမဟာဒရာမကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းမှာ ဖော်ပြခဲ့သည်အတိုင်း အီရတ်စစ်၊ အီရတ်စစ်အပြီး၊ အီရတ်ဒီမိုကရေစီနှင့် အရှေ့အလယ်ပိုင်းဒေသ ပထ၀ီနိုင်ငံရေး အပြောင်းအလဲပင် ဖြစ်တော့သည်။
ဤဒုတိယ မဟာဒရာမာကြီးတွင် အိုင်ဒီအိုလိုဂျီသုံးပါးသည် ရောလိမ်ယှဉ်တွဲ မိချေပြီ။ ၄င်းတို့မှာ အစ္စလာမ်အခြေခံဝါဒ၊ အာရပ်အမျိုးသားရေး ၀ါဒနှင့် ဒီမိုကရေစီတို့ ဖြစ်ကြသည်။ မူလ အနေအထား၌ အစ္စလာမ်အခြေခံဝါဒနှင့် အာရပ်အမျိုးသားရေး ၀ါဒတို့ ၀င်ရိုးတန်းမဟာမိတ် ဖြစ်လေရာ ဒီမိုကရေစီကို ဆန့်ကျင်ကြသည်။ အမေရိကန် ဆန့်ကျင်ရေး နှင့် ဂျူးဆန့်ကျင်ရေး တို့ကို ဦးတည်ခဲ့သည်။
အစ္စလာမ်အခြေခံဝါဒနှင့် အာရပ်အမျိုးသားရေး ၀ါဒတို့သည် ၀င်ရိုးတန်းမဟာမိတ်အ ဖြစ် ဖွဲ့စည်းပြီး အော်တိုကရေစီသုံးမျိုးကို ပွေ့ပိုက်ထားသည်။ ပထမအော်တိုကရေစီသည် ဘုရင်စော်ဘွား၊ အာဏာရှင်စနစ် ဖြစ်သည်။ ဒုတိယ အော်တိုကရေစီသည် ဘတ်(သ်)ပါတီနှင့် စစ်ဘက် အော်တိုကရေစီ ဖြစ်သည်။ တတိယအော်တိုကရေစီသည် ဗလီဆရာ ဘာသာရေး ခေါင်းဆောင်တို့၏ အော်တိုကရေစီ ဖြစ်သည်။
ဤဇာတ်ကြီး မဟာဒရာမာ ဖြစ်ရသည်မှာ ဤအော်တိုကရေစီသုံးပါးကို ဒီမိုကရေစီဖြင့် စိန်ခေါ်ဆောင့်ကန်၍ ပြန်ချရန်ဦးတည်လိုက်ခြင်းကြောင့် ဖြစ်သည်။ အစ္စလာမ်၌ အခြေခံဝါဒီ အယူသီး ကွန်ဆာဗေးတစ် အစ္စလာမ်နှင့် လစ်ဘရယ် အစ္စလာမ်၊ အာရပ်အမျိုးသားရေး ၀ါဒ၌ ခေတ်နောက်ပြန်ဆွဲ အာရပ်အမျိုးသားရေး ၀ါဒနှင့် ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေ ပြုပြင်သည့် အာရပ်အမျိုးသားရေး ၀ါဒတို့ဟူ၍ ဂိုဏ်းကွဲလာစရာရှိသည်။
ရေပန်းစားစကားတစ်ပုဒ်
သမိုင်းနှင့် နှိုင်းယှဉ်ပြောလျှင် အရှေ့အလယ်ပိုင်း ပထ၀ီနိုင်ငံရေး ၌ ဥရောပတွင် ပေါ်ထွန်းခဲ့ဖူးသော ဥာဏ်အလင်းရောင် (enlightment) ခေတ် ဖြစ်ပေါ်လာစရာရှိသည်။
အာရပ်ကမ္ဘာသည် ဒုတိယကမ္ဘာစစ်ကြီးမှ စတင်၍ တုန်ခါမှု ဧရာမ ရှော့(ခ်)ကြီးငါးမျိုးနှင့် ကြုံတွေ့ ခဲ့ဖူးပြီး ဖြစ်သည်။ ၄င်းတို့မှာ -
(၁) ၁၉၄၈-ခုနှစ် ၌ အာရပ်ကမ္ဘာအလယ်ခေါင်၌ ဂျူးနိုင်ငံတစ်နိုင်ငံ (အစ္စရေး နိုင်ငံ) ပေါ်ထွက်လာစဉ်က ခံစားလိုက်ရသော ရှော့(ခ်)။
(၂) ဂျူးနိုင်ငံကို မြေပုံမှ ပျောက်ကွယ်သွားစေရမည် ဆိုသော ရည်ရွယ်ချက်ဖြင့် အာရပ်နိုင်ငံတို့ပူးပေါင်းပြီး ၁၉၆၇-ခုနှစ် ၊ ခြောက်ရက်ကြာ စစ်ပွဲ၌ အာရပ်နိုင်ငံတွေ အရေး နိမ့် ရှုံးနိမ့်ခဲ့ရသော ရှော့(ခ်)။
(၃) ၁၉၉၁-ခုနှစ် ပထမပင်လယ်ကွေ့၌ ခံစားလိုက်ရသော ရှော့(ခ်)။
(၄) စက်တင်ဘာ ၁၁-ရက် အကြမ်းဖက်တိုက်ခိုက်မှု ကြီး၌ တွေ့ ကြုံလိုက်ရသော ရှော့(ခ်)
(၅) ယခုအီရတ်စစ်ပွဲ၌ တွေ့ ကြုံလိုက်ရသော ရှော့(ခ်) တို့ ဟူ၍ ဖြစ်သည်။
ဤရှော့(ခ်)ကြီးတွေ တွေ့ ကြုံရပါလျှက် အာရပ်ကမ္ဘာသည် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ရန် မသင့်ဘူးလား ဟူ၍ မေးခွန်းတွေ ထုတ်လုပ်လာကြသည်။ ပြန်လည်စစ်ဆေး သုံးသပ်ခြင်း (reexamination) ဆိုသော စကားသည် အရှေ့အလယ်ပိုင်း ဒေသ၌ အလွန်ရေပန်းစားလာသော စကား ဖြစ်လေပြီ။
ထို့ကြောင့် ဒုတိယမဟာဒရာမာအသစ်ကြီးတွင် သဘောတရားအယူအဆတွေ ၊ သော့ ချက်ပလေရာ အသစ်သစ် ပေါ်လာပါတော့မည် ။ ကုလသမဂ္ဂနှင့် အခြားအင်အားကြီးနိုင်ငံတို့သည် ဘယ်နေရာမှ ပြ၀င်ကပြကြမည် ဆိုသော ပုစ္ဆာမှာ လည်း လက်တွေ့ ဖြင့် ဖြေရမည့် ဟန်ရှိသည်။ အစ္စရေး - ပလက်စတိုင်း ပဋိပက္ခ ဖြေရှင်းရေး သည် ဤမဟာ ဒုတိယဒရာမာကြီး၌ လွယ်ကူသွား-မသွားမှာ ခန့်မှန်းရခက်နေဦးမည် ။
စစ်မြေပြင်နှင့် ကင်မရာတက္ကနိုလိုဂျီ
“ဂျာနယ်လစ်တို့ကို မြေကတုတ်ကျင်းတို့က ကြိုဆိုပါသည်”ဟု အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဒေါ်နဲလ်ရမ်းစဖဲ(လ်)က ဖိတ်ခေါ်လိုက်သည်။ သို့ ဖြင့် အီရတ်စစ်မြေပြင်တွင် “မြှုပ်ထားသော ဂျာနယ်လစ်” (embedded journalist) တွေ ဆိုပြီး ပေါ်လာသည်။
စစ်မြေပြင် တပ်ရင်းတပ်ဖွဲ့တိုင်း၌ စစ်မြေပြင် သတင်းထောက်တို့ကို အမြဲတမ်းတွဲ ဖက် ချထားသည်။ စစ်သင်္ဘောကြီးတို့တွင် စစ်သတင်းထောက်တွေ ရှိသည်။ ထို့ကြောင့် စစ်မြေပြင်သတင်းယူမှု ၊ ပို့မှု တို့သည် အလွန်လွယ်ကူသွားသည်။ ယင်းကို easy access to battlefield ဟုခေါ်သည်။
ကင်မရာ တက္ကနိုလိုဂျီ အလွန်ခေတ်မီလာသလို ဂြိုလ်တု တက္ကနိုလိုဂျီကလည်း အလွန်ခေတ်မီလာသည်။ ခေတ်မီသည် ဆိုသည်မှာ စပိ (speed) မြန်ခြင်းနှင့် ပုံရိပ်ထင်ခြင်း၊ ပြတ်သားကြည်လင်ခြင်း (resolution) တို့ကို အဓိကဆိုလိုသည်။ အရုပ်ရော အသံပါ တစ်ပြိုင်နက်တည်း သတင်းပေးပို့ခြင်း ဖြစ်လေရာ ဆက်သွယ်ရေး ဂြိုလ်တုတို့ အတော် အလုပ် ဖြစ်ကြသည်။
စစ်မြေပြင် သတင်းထောက်သည် တာဝန်ထမ်းဆောင်ပြီဟု ဆိုသည်နှင့် မိမိ၏ တယ်လီဖုန်း၊ ဆဲလ်ဖုန်း၊ ဗီဒီယို ဖုန်းတို့ကို ဂြိုလ်တုတစ်ခုခုနှင့် လိုင်းချိန်ရသည်။ ပုံရိပ်တို့ကလည်း အကုန်ရုပ်ရှင် ဖြစ်သည်။ ရုပ်သေပုံ (still) သိပ်မရှိ။ ယခင်စစ်ပွဲတွေ တုန်းက ကင်မရာသည် ရုပ်သေးပဲရိုက်သည်။ လှုပ်ရှားပုံတွေ ရိုက်လို့မရပေ။ အသံသတင်းသာ မြန်မြန်ပို့လို့ရသည်။ ပုံရိပ်များ ချက်ချင်း ထည့်ပို၍ မရပေ။
မီဒီယာပေါ်လစီ
နာမည် ကြီး စီအဲင်အဲင်သတင်းဌာန၏ ဆောင်ပုဒ်တစ်ခုက “report facts the moment after they happen” ဟု ဖော်ပြထားသည်။ အချက်အလက်ကို ဖြစ်ပျက်သည့်အချိန်၌ ပင် ဖော်ပြသည်ဟူ၍ ဘာသာပြန်နိုင်သည်။ ယခင်က ပြောခဲ့ဖူးသော instant history ချက်ချင်း သမိုင်းပုံစံကို ပြောလိုဟန်တူသည်
စီအဲင်အဲင်ကပင် မိမိတို့က ပေးပို့သော သတင်းတို့သည် တိကျမှန်ကန်သည်။ အ ဖြစ် အ ဖြစ်အတိုင်း အရှိ အရှိအတိုင်း (accurate) ပေါ်အောင် ဖော်သည်။
ဘက်မလိုက် မျှမျှတတ (high level of objectivity) ဖြစ်ပေသည်။ သတင်း၏ စိတ်ချခိုင်လုံမှု ကို (fair reporting) ထိန်းသိမ်းသည်။ ဤအချက်အပေါ် ယုံကြည်စိတ်ချစေချင်သည်။ credibility of reliability စသည်ဖြင့် မီဒီယာ ပေါ်လစီကို ဖော်ပြသည်။
ဤပေါ်လစီတို့ကို ဆောင်းပါးအစတွင် ဖော်ပြသည့် “ဂျာနယ်လစ်တို့ကို ကတုတ်ကျင်းတို့က ကြိုဆိုပါသည်” ဆိုသော ဖိတ်ခေါ်ချက် (သို့ မဟတ်) စစ်မြေပြင်အတွင်း ၀င်ရထွက်ရလွယ်ကူမှု နှင့် မည် သို့ ဆက်စပ် စဉ်းစားဆက်စပ်ကြည့်ကြသနည်း။
အီရတ်စစ်ပွဲကို အကဲခတ်သမားတစ်ဦးက ဤသို့ သုံးသပ်သည်။ စစ်ဘက်ကလည်း မီဒီယာကို အသုံးချသည်။ မီဒီယာဘက်ကလည်း စစ်ဘက်ကို အသုံးချသည်။ အပြန်အလှန် အသုံးချနေခြင်းသာ ဖြစ်သည်ဟု ထောက်ပြသည်။
အမေရိကန်တပ်မှူးတို့သည် အီရတ်တပ်မှူးတို့ဖြင့် ဆဲလ်ဖုန်းတွေ ဖြင့် လည်းကောင်း၊ အီးမေးလ်တို့ဖြင့် လည်းကောင်း၊ အဆက်အသွယ်ရှိကြသည်။ ဆဲလ်ဖုန်း၊ အီးမေးလ်တို့ဖြင့် လက်နက်ချရန် သို့ တည်းမဟုတ် မတိုက်ခိုက်ဘဲ ရှောင်တိမ်းသွားကြရန်ဝါဒဖြန့်ဆွယ်တရားဟော ကြသည်။ အ ဖြစ်အပျက်တစ်ခုတွင် အမေရိကန်တပ်မှူးတို့က ဂြိုလ်တုရုပ်မြင်သံကြားသတင်းတို့ ကိုပင် ဖွင့်ကြည့်ရန် အီရတ်တပ်မှူးတို့အား အကြံပေးလိုက် သည်။ အီရတ်တပ်တို့တွင် ရုပ်မြင်သံ ကြားတွေ ရှိပုံရသည်။
မည် သို့ ပင် ဖြစ်စေ၊ စီအဲင်အဲင်ရုပ်မြင်သံကြားကို ကြည့်ခိုင်းသည်မှာ စစ်ဘက်က မီဒီယာကို အသုံးချလိုက်ခြင်းပင် ဖြစ်သည်။ မီဒီယာတို့ကလည်း သံချပ်ကာ ကားထဲဝင်ပြီး သတင်းယူ၊ သတင်းပို့နေသည်မှာ မီဒီယာက စစ်ဘက်ကို အသုံးချခြင်း ဖြစ်သည်။ စစ်ဘက်နှင့် မီဒီယာ အပြန်အလှန် အသုံးချနေကြသည်။
အနှစ် သာရ
မီဒီယာတို့၏ တာဝန်သည် သတင်းပေးပို့ခြင်းလောက်နှင့် ပြီးအပ်သည် မဟုတ်ပေ။ ဖြစ်ရပ်တို့၏ အဓိပ္ပာယ်အမှန် (true meaning of events) ကိုလည်း ပေးပို့ရသည်။
ဝါရင့်မီဒီယာ သမားကြီး ၀ါတာလစ်(ပ်) မင်းက သတင်းကြည့်သူတို့ထဲတွင် ဘာမှန်းမသိသည့် တိရစ္ဆာန်အုပ်မျိုး (ignorantherd) ရှိသည်ဟု ရေး ဖူးသည်။ သတင်းတွေ ကို ကြည့်သည်၊ ဖတ်သည်။ သို့ သော် ထိုသတင်း၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြပေ။ ဂြိုလ်တု ရုပ်မြင်သံကြားတို့မှ ပုံရိပ်တို့ကို ကြည့်ပါ၏ ။ မြင်ပါ၏ ။ သို့ သော် ဘာတွေ ဆိုလိုမှန်းမသိ။
ထို့ကြောင့် “ဘာမှန်းမသိသည့် လူအုပ်” အတွက် သတင်းသုံးသပ်ချက်များ အမြင်နှင့် အတွေးများ (views, opinion and analysis) တို့ကိုလည်း မရှေးမနှောင်းရှာဖွေ ဖော်ထုတ်ပေးရသည်။ ၄င်းကို အနှစ် သာရ (content) ဟု ခေါ်သည်။
အချို့မီဒီယာတို့က အင်ဖော်မေးရှင်းသတင်း (material) ကိုဝေေ၀ဆာဆာဖော်ပြရန် ဖိုးကပ်(စ်)လုပ်ကြသည်။ အချို့မီဒီယာတို့ကမူ အနှစ် သာရအပိုင်ကို အလေးပေးသည်။ သေကျေ
ပျက်စီး၊ ကျဆုံး၊ ဒဏ်ရာရသည့် ပုံရိပ်နှင့် သတင်းတို့ကို အဓိကအာရုံထား၍ ဖော်ပြခြင်းကို ဖိုးကပ်(စ်) အမာ (hard focus) ဟုခေါ်သည်။ အခြားပုံရိပ်တို့ကို အလေးပေးခြင်းကိုမှု ဖိုးကပ်(စ်) အပျော့ (soft focus) ဟုခေါ်သည်။
အီရတ်စစ်ပွဲတွင် အာရပ်မီဒီယာတို့သည် ဖိုးကပ်(စ်) အမာကို ပုံးအောလက်အော သုံးစွဲသည်။ မီဒီယာတို့က သတင်းဖော်ပြရာ၌ ရှော့(ခ်) shock တန်ဘိုးကို အနည်းနှင့် အများ အသုံးပြုတာချည်း ဖြစ်သည်။ အနည်းနှင့်အများ သာ ကာပါလိမ့်မည် ။
စစ်နှင့် ဆား
ရှော့(ခ်)တန်ဘိုးဆိုသည်မှာ သတင်းကြည့်သူ၊ မြင်သူ၊ ဖတ်သူတွေ က တုန်လှုပ်ချောက်ချားသွားအောင် ရည်ရွယ်ချက်ကို ဆိုလိုသည်။ ကျဆုံး၊ ဒဏ်ရာရမှု ၊ အရပ်သာ ထိခိုက်သေဆုံးမှု တို့သည် ပုံရိပ်အား မြင်ရသူအား ချောက်ချားစေသည်မှာ အမှန် ဖြစ်သည်။ ဤအသင်းတို့ကို အထူးအသားပေးပြီး ပြူးတူးပြဲတဲ ရှော့ခ်တန်ဘိုးအသုံးပြုခြင်းဟု ခေါ်သည်။
တာဝန်ရှိသော မီဒီယာတို့သည် ရှော့ခ်တန်ဘိုးကို အသုံးပြုရာ၌ အထူးဆင်ခြင်သည်။ ညီမျှခြင်း တစ်ခုပြရလျှင် ဖိုးကပ်(စ်)အမာမှ ရှော့(ခ်) တန်ဘိုးကို နှုတ်လျှင် ဖိုးကပ်(စ်) အပော့ရနိုင်သည်။
ကံကောင်းချင်လို့လားမသိ။ ဘေးဆိုးကြီးနှစ် ရပ် တစ်ပြိင်နက်တည်း ဖြစ်ပျက်လာသည်။ အီရတ်စစ်နှင့် ‘ဆား’ (sars) ခေါ် အဆုတ်ရောင် အအေးမိ ရောဂါ ဆန်းတို့ ဖြစ်သည်။
“ဆား” ရောဂါ နှင့် ပတ်သက်၍ မီဒီယာဆပ်ကပ် (media circus) ဆိုသော အသုံးအနှုန်းပေါ်လာသည်။ “ဆား” ရောဂါ သည် ဆေးဘက်ဆိုင်ရာ အကျပ်အတည်း (medical crisis) လား။ သို့ တည်းမဟုတ် မီဒီယာ ဆပ်ကပ်လားပြီး မေးခွန်းထုတ်ကြသည်။
မီဒီယာတို့က “ဆား”ကို ပုံကြီးချဲ့ကားလွန်း၊ မျက်နှာဖုံးသတင်းများ အ ဖြစ် ပြူးတူးပြဲတဲလုပ် လွန်းနေကြခြင်းကို မီဒီယာဆပ်ကပ်ဟု အမည် ဆန်းပေးသည်။
မီဒီယာအယူအဆတွေ ခေတ်နှင့် အညီပေါ်ထွန်းလာသည်မှာ စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။
ငေါ့စရာတစ်ပါး
အစ္စရေး နှင့် ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရေး အစီအစဉ်ကို၊ အီရတ်စစ်ပွဲအပြီးကိုစောင့်၍ ၊ ကာယကံရှင်နှင့် သက်ဆိုင်သူတို့အား၊ အမေရိကန် စူပါပါဝါက ချပြထားလိုက်ပြီ။ ဤဖြေရှင်းရေး အစီအစဉ်ကို လမ်းပြမြေပုံ (road map) ဟုခေါ်ဆိုထားသည်။ ဤမြေပုံကို အမေရိကန်၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့၏ သဘောတူညီချက်ဖြင့် ရေး ဆွဲထားခြင်း ဖြစ်သည်။
အမေရိကန်က ဤလမ်းပြမြေပုံကို အီရတ်စစ်ပွဲအပြီးအထိ အချိန်ဆွဲထားသည်။ မတင်ပြ။ အကျိုးသက်ရောက်မှု (impact) ကို သေသေချာချာ တွက်ချက်နေပုံရသည်။ စစ်ပွဲအောင်ပွဲရလို့ သေချာမှ တင်ပြသည်။ အကယ်၍ အီရတ်စစ်ပွဲ မပြီးခင် အစ္စရေး -ပါလက်စတိုင်းမြေပုံကို သွားတင်ပြလျှင် ဘာမျှ အရာမရောက် ပျက်သွားနိုင်သည်။ စက္ကူစုတ်လို ဖြစ်သွားနိုင်သည်။
ဤနေရာတွင် ငေါ့ထေ့သရောစရာ (irony) တစ်ပါးပေါ်လာသည်။ အမေရိကန်သည် အီရတ်စစ်ပွဲကို ကုလသမဂ္ဂ အခွင့်အမိန့်မပါဘဲ ဆင်နွှဲခဲ့သည်။ သို့ သော် ဤသို့ အခွင့်အမိန့် မပါသော စစ်ပွဲနောက်မှထလာသော ဂယက်စွပ်ကြောင်းထဲသို့ ကုလသမဂ္ဂအခွင့်အမိန့်ပါသော လမ်းပြမြေပုံကို ချပြလိုက်သည်။ အီရတ်စစ်ပွဲသည် ကုလသမဂ္ဂအခွင့်အမိန့်မပါ။ အစ္စရေး -ပါလက် စတိုင်းလမ်းပြမြေပုံသည် ကုလသမဂ္ဂအခွင့်အမိန့်ပါသည်။ ကုလသမဂ္ဂအခွင့်အမိန့်ပါသော လမ်းပြ မြေပုံကို အခွင့်အမိန့်မပါသော အီရတ်စစ်ပွဲ၏ ရလာဒ်သက်ရောက်မှု အပေါ် ဆွဲတင်လိုက်ခြင်း ဖြစ်သည်။ အငေါ့အထေ့တစ်ခုဟု ဆိုနိုင်သည်။
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဒေါက်တာကစ်ဆင်ဂျာ၏ အဆိုအရ ကမ္ဘာ့ရေး ရာ အကျပ်အတည်းတို့တွင် နှစ် မျိုးရှိသည်။ ပထမတစ်မျိုးသည် အကျပ်အတည်းကို ပိုမိုဆိုးမသွားအောင် ထိန်းရုံသာထိန်းထားနိုင်သော အကျပ်အတည်း ဖြစ်သည်။ (crisis that can only be managed not solved) ဟုဆိုသည်။
ရောဂါ ကို မကုသနိုင်ပေ။ သက်သာအောင် ပြုလုပ်နိုင်သော သဘောရှိသည်။ ဒုတိယအကျပ်အတည်းမှာ မူ အပြီးပြတ်ဖြေရှင်းရန် ဘယ်လိုမှ မရနိုင်သော အကျပ်အတည်း ဖြစ်သည်။ အပြီးအပိုင်းကုသလို့ မရနိုင်ပေ။
ပေါက်ကွဲမှု တစ်ခု
ဒေါက်တာ ဟင်နရီကစ်ဆင်ဂျာက အစ္စရေး -ပါလက်စတိုင်း အကျပ်အတည်းကို ဒုတိယအမျိုးအစား အကျပ်အတည်းထဲ ထည့်ထားသည်။ အပြီးအပိုင်ဖြေရှင်းမှု ရနိုင်ရန်အတွက်ဆို လျှင် အကုန်လုံးကို ရောထွေးပြုတ်နိုင်အောင် အိုးကြီးကြီး (caldron) တစ်လုံးလိုသည်ဟု သူကပြောသည်။
ဤအိုးကြီးထဲ ကာယကံရှင်နှင့် သက်ဆိုင်သူတို့ကို ထည့်ပြုတ်နိုင်ရန် အလို့ဌာလည်း သူတို့ သည် အပြန်အလှန်စေ့စပ်လိုက်လျောမှု (concession) များ ပြုလုပ်နိုင်သော အခြေအနေတို့ရှိရပေမည် ။ အီရတ်စစ်ပွဲအပြီးသည် ဤအခြေအနေမျိုးကို မွေးထုတ်ပေးလိုက် ပြီ။ ပထမဦးဆုံးစေ့စပ်လိုက်လျောရန် အသင့်ရှိသည်ဟု ကြေညာသူမှာ အစ္စရေး ၀န်ကြီးချုပ် အေရီရဲလ်ရှာရွှန် ဖြစ်သည်။ သူက နာကျင်သော လိုက်လျောမှု (painful concession) ဟုဆိုသည်။
ဂါဇာနှင့် အနောက်ဘက်ကမ်းခြေမှ ဂျူးအခြေချနေထိုင်သူ စခန်းတို့ကို ရုတ်သိမ်းပေးမည် ဟု ဆိုသည်။
ပါလက်စတိုင်းဘက်မှလည်း လိုက်လျောမှု များ ပြုလုပ်ရန် ဖြစ်ထွန်းမှု အသစ်တစ်ရပ်ပေါ်လာသည်။ မာမွတ်အာဘတ်(စ်)အား ပါလက်စတိုင်းဝန်ကြီးချုပ်အ ဖြစ် အာရာဖက်က သဘောတူလိုက်ရခြင်း ဖြစ်သည်။ ပါလက်စတိုင်းလွှတ်တော် ကလည်း ၀န်ကြီးချုပ်အသစ်ကို အတည်ပြုပေးလိုက် သည်။ နိုင်ငံမပေါ်မီ ၀န်ကြီးချုပ်သစ် အရင်ပေါ်သော ထူးဆန်းသည့် အစဉ်အလား ဖြစ်သည်။
မည့် သို့ ပင် ဖြစ်စေ ဤအချက်တို့ကို (break through) ဖောက်ထွက်မှု ဟု ခေါ်သည်။ ရှေ့မတိုး နောက်မဆုတ် အီလည်လည်အခြေအနေမှ ဖောက်ထွက်ခြင်း ဖြစ်သည်။ ဒေါက်တာ ဟင်နရီကစ်ဆင်ဂျာ ၏ အဆိုအရ ဤလို့ ဖောက်ထွက်မှု တို့သည် မိုးပေါ်က ကျလာသည်မဟုတ်။ အလိုလိုပေါ်လာသည် မဟုတ်။ ဂေါ့(ဒ်) ပို့လိုက်သည် မဟုတ်။ ခေါင်းဆောင်တွေ စိတ်ကောင်း၊ စေတနာကောင်း၍ လည်း မဟုတ်။
ပေါက်ကွဲမှု (explosion) တစ်ခုခုကြောင့် ဖြစ်သည်။ ဤပေါက်ကွဲမှု ကား သူတို့၏ လိုအပ်ချက်နှင့် အကန့်အသတ်တို့ကို လန့်ဖျပ်ပြီး သိအောင်လုပ်လိုက်ခြင်း ဖြစ်သည်။ အလျှော့အတင်းလိုက်လျောရန် လိုအပ်ပုံတို့ကို ရက်ရက်စက်စက်နာကျင်စွာ ချက်ချင်း သိလိုက်သည်။ မိမိတို့သည် တကယ်၌ သိပ်မစွမ်း။ မိမိတို့၌ အကန့်အသတ်တွေ ရှိနေပါပြီ ကောဟု ရုတ်ခြည်းခံစားမိလိုက်သည်။ ဆဒမ်ဟူစိန်ပြုတ်ကျပြီး ရက်သတ္တပတ် ၆ပတ်နှင့် အီရတ်စစ်ပွဲ ပြီးစီးသွားခြင်းသည် ဤလို့ “ပေါက်ကွဲမှု ”ပင် ဖြစ်တော့သည်။ ဘေးလူတို့က ၀င်ဖြန်ဖျေ ပြီး မျှမျှတတလိုက်လျောမှု တွေ ကို ပြုလုပ်ပေးလာခြင်းကို စိတ်ဝင်စားရတော့မည် ဖြစ်သည်။
ဒိုင်းနမစ်အသစ်
ပါလက်စတိုင်းတို့သည် “အချိုးအစား မမျှသော စစ်ဆင်နည်း၏ ရှေးရိုးပါရဒိန်” (classic paradigm of asymmetrical wareface) ကို လိုက်နာကျင့်သုံးခဲ့သည်။ “သူမရှုံးလျှင် ကိုယ်နိုင်သည် ဆိုသော ပြောက်ကျားစစ်” ဖြစ်သည်။
ဤပြောက်ကျားစနစ်ဖြင့် နှစ် ရှည်လများ တိုက်ခိုက်ခဲ့ရာ မိမိစစ်အင်အား ကုန်-မကုန်၊ လက်ပန်းကျ-မကျ အသေအချာဆန်းစစ်ကြည့်ရန် လိုလာသည်။ ၁၉၇၃-ခုနှစ် အင်တီဖာဒါ ထကြွချိန်၌ ပါလက်စတိုင်းခေါင်းဆောင်တို့က အမေရိကန်သည် နောက်ဆုတ်နေရပြီ။ အစ္စရေး နိုင်ငံသည် ပျက်ကိန်းဆိုက်နေပြီဟု ထွက်ဆပြီး အမြင့်ဆုံးတောင်းဆိုချက် (maximum demands) တို့ကို တောင်းဆိုခဲ့ပါသည်။
ထိုစဉ်က ပါလက်စတိုင်းတို့ဘက်မှ မျှော်လင့်ခဲ့သည်မှာ အကယ်၍ အမေရိကန်က ကြားဝင် ဖြန်ဖျေပေးမှု ကြောင့် နောက်ဆုံးဖြေရှင်းမှု ရရှိလျှင် သူတို့သည် သူတို့တောင်းဆိုသော အမြင့်ဆုံးတောင်းဆိုချက်တို့အတိုင်းတော့ ရမည် မဟုတ်။ လျှော့ရမည် ။ သို့သော် သူတို့အောင်မြင် နိုင်တာထက်တော့ ပိုရမည် ဟူ၍ ဖြစ်သည်။
ယခုအီရတ်စစ်ပွဲ၏ အောင်ပွဲမှာ ဦးတည်ရာတစ်မျိုးကို ညွှန်းနေသည်။ မိမိ၏ မဟာမိတ်အာ ရပ်နိုင်တို့သည်ပင်လျှင် အုပ်စိုးမှု ပြောင်းလဲမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အကြမ်းဖက်အင်အားနှင့် ကူညီမှု အသက်လမ်းကြောင်းတို့ကို အကုန်ဖြတ်တောက်ခံနေရသဖြင့် မျှော်လင့်သော အချိုးမကျ စစ်ပွဲကို ရှေ့ဆက်ဆင်နွှဲရန် အလားအလာ ရှိ-မရှိ ချိန်ဆရတော့မည် ။
အီရတ်စစ်ပွဲသည် အစစ်အမှန်အသစ်နှင့် ဒိုင်းနမစ်အသစ် (new reality and new dynamics) တို့ကို မွေးထုတ်ထားပြီ။ ထို့ကြောင့် ပါရဒိန်းအဟောင်းဖြင့် မကြည့်ရန်လည်း လိုပြီ။
ငါးချက်
အီရတ်စစ်ပွဲအောင်ပွဲ လှိုင်းလုံးအ ဖြစ် ကုလသမဂ္ဂ၏ အခွင့်အာဏာပါဝင်သော အစ္စရေး - ပါ လက်စတိုင်းတို့အတွက် လမ်းပြမြေပုံကို အမေရိကန်က ချပြထားလိုက်ပြီ။ ဤနေရာ၌ အမေရိကန်၏ ကြားဝင်ဖြန်ဖျေမှု သည် အဘယ်အခြေခံအပေါ် အခြေတည်မလဲဟု စဉ်းစားရန်ရှိလာသည်။
ဤကိစ္စနှင့် ပတ်သက်၍ ဒေါက်တာဟင်နရီကစ်ဆင်ဂျာ က အချက်ငါးချက်ကို ထောက် ပြသည်။ ပထမအချက်မှာ အမေရိကန်၏ ကြားဝင် ဖြန်ဖျေမှု သည် ဒေသအတွင်းရှိ အကြမ်းဖက်ဝါ ဒီအုပ်စုတို့အနက် အဓိပ္ပာယ်ဖော် ပြောဆိုသလို ပုံလောင်းခံမလား ဆိုသော အချက် ဖြစ်သည်။ အကြမ်းဖက်သမားတို့၏ သြဇာကိုနေရာပေးခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ။ သည့်ထက်ကျယ်ပြန့်စွာ ဆိုရလျှင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတို့ကို ထင်ရှားပြီးသား အမေရိကန်မူဝါဒတို့ အပေါ် အခြေပြုမလားဟူ၍ ဖြစ်သည်။ အီရတ်စစ်ပွဲ အောင်ပွဲက ဒုတိယနည်းလမ်းကို လိုက်ရန် အခွင့်သာ စေပြီ။
တတိယအချက်သည် စေ့စပ်ဆွေးနွေးပွဲ စသည်နှင့် ပါလက်စတိုင်းတို့က စစ်အင်အားပြနိုင်သည်။ ဤစစ်အင်အားသည် စေ့စပ်ဖြေရှင်းရေး ကို အထောက်အကူပြုသည်ဟု သဘောထားမလား။
သို့ တည်းမဟုတ် အဟန့်အတား ဖြစ်သည်ဟု သဘောထားမလား။ စတုတ္ထအချက်သည် အာရာဖတ်ဘယ်လောက်သြဇာရှိမည် နည်း။ ယခင်စေ့စပ်ညှိုနှိုင်းပွဲတို့တွင် ကစားခဲ့သလို ကစားဦးမည် လော။ ပဉ္စမအချက်သည် ဘယ်လောက်အထိ အလျှော့ပေးကြမလဲတို့ဟူ၍ ဖြစ်သည်။
အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေး နှင့် ဒီမိုကရေစီထူထောင်ရေး တို့သည် ဒီမိုကရက်တစ် ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းရေး ကို အထောက်အကူ ပြုလိမ့်မည် ဟူ၍ လည်း မျှော်လင့်ကြသည်။
အတိတ်၏ အကျဉ်းသား
နိုင်ငံရေး ပေါ်လစီအကြောင့် ဆွေးနွေးကြလျှင် သမိုင်းရှေ့နောက် အဆက်အစပ် (historical contest) ကိစ္စမပါလို့ မပြီးပေ။ သို့ ရာတွင် သမိုင်းအဆက်ဆက်ကို ဖျက်စီးပစ်သော ရုတ်တရက်ပြောင်းလဲမှု ကြီးများ ဖြစ်ပွားလျှင်မူ နိုင်ငံရေး ပေါ်လစီသည် သမိုင်းအဆက်စပ်နျင့် အကောင်အထည်ဖော်ရန် အလွန်ခက်ခဲသွားတော့သည်။
ဤလို ဖြစ်ရပ်တို့သည် ကြာရှည်ပြီး၊ ပြင်းထန်ကြမ်းတမ်းတက်သည်။ သမိုင်းရှေ့နောက် အဆက်အစပ်ပပျောက်သွားသော အခြေအနေ၌ နိုင်ငံခြားရေး ပေါ်လစီ ဖြစ်သည်။ အတိတ်၏ အကျဉ်းသား မ ဖြစ်သင့်တော့ပေ။ သို့ ရာတွင် ပို၍ ဒုက္ခတွေ မ ဖြစ်စေဘဲ၊ ကသော င်းကနင်းအခြေ အနေတွေ မ ဖြစ်ပေါ်စေဘဲ အများ သုံး အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေရန် ရည်စူးလျက် အတိတ်ကို လိမ္မာပါးနပ်စွာ အသုံးပြုရန်လိုကောင်းလိုမည် ။
၂၁-ရာစုနှစ် ရပ်ဝေးစစ်( distant war) သို့ မဟုတ် အရေး နိမ့်နေသော နိုင်ငံတို့ထဲ လူလူချင်း စာနာထောက်ထားသော အားဖြင့် ၀င်ရောက်စွက်ဖက်ရသော စစ်ပွဲ (humanitarian military intervention) တို့က အဓိက၊ ပဋိပက္ခပုံသဏ္ဍာန် ဖြစ်လျက်ရှိလာသည်။ ဤပုံသဏ္ဍာန်ကပင် ကုလသမဂ္ဂ၊ အမေရိကားနှင့် ဥရောပတို့ကို အကြီးအကျယ် စိန်ခေါ်သည်။ လက်ရှိ၌ စိန်လည်းခေါ်နေသည်။
ဤတွင် ပေါ်လာသော ပြဿနာမှာ ပဋိပက္ခပုံသဏ္ဍာန်၌ သမိုင်းနှင့် ယဉ်ကျေးမှု ရှေ့နောက် အဆက်အစပ်(historical and cultural context) ကအများ ဆုံးပါဝင်နေသော အချက် ဖြစ်သည်။ ထို့ကြောင့် လူလူချင်း စာနာမှု ၊ ၀င်ရောက်စွက်ဖက်မှု အခြေအနေအားလုံး နိုင်ငံအားလုံး၌ တစ်မျိုးတည်း ကျင့်သုံးနိုင်သော နည်းလမ်း (universe application) ကိုရှာဖွေခြင်းသည် မှားယွင်းသည်။
အံချော်ခြင်း
၁၉၉၀-ပြည်နှစ် တို့တွင် လူလူချင်းစာနာ၍ စစ်ရေး အရ ၀င်ရောက်စွက်ဖက်မှု အများ ဆုံး ဖြစ်ပေါ်ခဲ့သည်။ ဤစစ်ပွဲတို့ကို ပြန်လည်သုံးသပ်ကြည့်ကြပြီးနောက် exit strategies (ထွက်ပေါက် မဟာဗျူဟာ) အငြင်းအခုံ ဖြစ်ခဲ့ကြသည်။ ထွက်ပေါက် မဟာဗျူဟာတို့သည် လူလူချင်း စာနာမှု ၀င်ရောက်စွက်ဖက်မှု ၏ လောကအလုံးစုံ အကန့်အသတ်များ ရှိပုံ (limitso of universality) တို့ကို ညွှန်းရာရောက်နေသည်။
ရှေးဦးပထမဆိုမာလီးယားတို့၌ ၀င်ရောက်စွက်ဖက်မှု ကို လေ့လာကြည့်သည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အခွင့်အမိန့်ဖြင့် ၀င်ရောက်စွက်ဖက်စေကာမူ နောက်ပိုင်းတိုးချဲ့သော မစ်ရှင်သည် ဆိုမာလီယား၏ သမိုင်းရှေ့ နောက်အဆက်အစပ်နှင့် မကိုက်ညီဘဲ ဖြစ်လာသည်။ ကုလသဂ္ဂမ၏ မစ်ရှင်က ဆိုမာလီးယားအား နိုင်ငံကောင်းပီသရေး
မစ်ရှင်ကို လွှဲအပ်လိုက်စေကာမူ ဆိုမာလီယားသည် နိုင်ငံမဟုတ်ဘဲ တကယ့်အစစ်အမှန်၌ စစ်ဘုရင်များ စုစည်းထားရာဒေသ ဖြစ်နေသည်ကို သွားတွေ့ သည်။ တကယ့်သမိုင်း အဆက်အစပ်နှင့် အံချော်သဖြင့် ထွက်ပေါက်ရှာပြီး ဆုတ်ခဲ့ရသည်။
ဟေတီဝင်ရောက်စွက်ဖက်မှု ၌ ဆိုမာလီလိုတော့မ ဖြစ်။ သို့ ရာတွင် နိုင်ငံရေး ဖြစ်ထွန်းမှု ကို မရည်ရွယ်ခဲ့ရာ လကျာ်အုပ်စုးမှု မှ လက်ဝဲအုပ်စိုးမှု ကို ပြောင်းလဲသွားစေခဲ့သည်။ ဆင်းရဲမွဲတေပြဿနာကိုမူ မဖြေရှင်းနိုင်ခဲ့ပေ။
ပူးပေးမလား-ခွဲစိတ်ပစ်မလား
ဘော်လကန်ဒေသအတွင်းမူ တစ်မျိုး ဖြစ်လာသည်။ အလွန်ရှုပ်ရှုပ်ထွေးထွေးနှင့် ကုလသမဂ္ဂ၊ နေတိုးနှင့် အမေရိကားတို့ ၀င်ရောက်စွက်ဖက်ခဲ့ရသည်။ ဤဒေသ၏ သမိုင်းအဆက်ဆက်နှင့် ယဉ်ကျေးမှု အဆက်အစပ်တို့တွင် မုန်းတီးမှု တို့က ပြင်းထန်လွန်းလေရာ ၀င်ရောက်စွက်ဖက်သူတို့သည် ရွှံ့ဗွက်ထဲနစ်သလို မနစ်ရန်အတော် အင်အားသုံးခဲ့ကြရသည်။
ထွက်ပေါက်မဟာဗျူဟာတို့ကို ခေါင်းပူလောက်အောင် စဉ်းစားခဲ့ကြရသည်။ လူမျိုးရေး နှင့် ဘာသာရေး မုန်းတီးမှု တို့က သမိုင်းနှင့် ချီပြီး ပြင်းထန်လာခဲ့သည့်အပြင် အီရန်နှင့် တူရကီတို့ကလည်း အစ္စလာမ်ပြဿနာကို အတင်းထည့်သွင်းခဲ့ကြသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဖက်ဒရေး ရှင်း မှု ဖြင့် ထွက်ပေါက်ရှာမလား။ သို့ တည်းမဟုတ် လူမျိုးစုအလိုက် နိုင်ငံတို့ကို ခွဲစိတ်ပေးလိုက် ရမလားဆိုပြီး စဉ်းစားခဲ့ကြရသည်။
ထို့အပြင်မျက်နှာစာတစ်ရပ်ကလည်း တိုးလာသေးသည်။ အစဉ်အလာအစ အရရှိသော နိုင်ငံရေး ပေါ်လစီသည် အရေး ကြီးသော အကျိုးစီးပွား (aital interest) ပေါ် အခြေစိုက်ခဲ့သည်။ ယခု လူလူချင်း စာနာမှု ပြဿနာတို့သည် ကျင့်ဝတ်တန်ဘိုး (moral values) တို့နှင့် သက်ဆိုင်သည်။ သို့ ဖြင့် နိုင်ငံခြားရေး ပေါ်လစီသည် မဟာဗျူဟာအကျိုးစီးပွားရှုထောင့်မှ ကျင့်ဝတ်တန်ဘိုး ရှုထောင့်ဘက်သို့ အရွေ့အပြောင်း ဖြစ်သွားရပြီ။
အမေရိကန်နိုင်ငံရေး ၀န်ကြီးဟောင်း ဒေါက်တာဟင်နရီကစ်ဆင်ဂျာ က လူလူချင်းစာနာမှု အခြေခံဖြင့် မလွှဲမရှောင်သာ ၀င်ရောက်စွက်ဖက်ရလျှင် လိုက်နာသင့်သည် အရေး ကြီးသော မူလေးချက်ကို စံအ ဖြစ်ထား စဉ်းစားသင့်ကြောင့် တင်ပြသည်။
မူ လေး -မေးခွန်း ငါး
ဤမူလေးချက်မှာ
(၁) အခြားသူတို့၏ အမြင်တွင် တရားမျှတသည်ဟု ထင်မြင်စေရခြင်း။
(၂) ပန်းတိုင်နှင့် နည်းလမ်းအချိုးကျခြင်း။ (proportationality of menas to ends)
(၃) အောင်မြင်ရန် အလားအလာ အမြင့်ဆုံးရှိခြင်းနှင့်
(၄) လူလူချင်း စာနာမှု အရေး သည် ခိုင်မာသော အခြားအမျိုးသာ အကျိုးစီးပွားတို့ဖြင့် အားဖြည့်နိုင်ခြင်းတို့ဟူ၍ ဖြစ်သည်။
ဤမူလေးရပ်ကို ထည့်သွင်းစဉ်းစားလျှင် လူလူချင်းစာနာမှု နှင့် အမေရိကားအတွက် မေးခွန်း ၅-ခုကိုလည်း ထုတ်သေးသည်။ သေသေချာချာ ဖြေကြားရန် ဖြစ်သည်။
(၁) မည် သည့်လူလူချင်းစာနာမှု အမျိုးအစားအတွက် စစ်အင်အားအသုံးပြုမည် နည်း။
(၂) ဘယ်လိုအန္တရာယ်တို့ကို အရဲစွန့်ယူရန် အဆင့်သင့် ဖြစ်ပါသနည်း။
(၃) စစ်အင်အားမဟုတ်သော အခြားနည်းလမ်းတို့ကို ဆောင်ရွက်ရန်အဆင်သင့် ဖြစ်ပါသလား။
(၄) မည် သည့်ဈေးနှုန်းကိုပေးရန် အဆင်သင့် ဖြစ်ပါသနည်းနှင့်
(၅) မည် မျှ ကြာကြာတာဝန်ယူနိုင်ပါသနည်းတို့ ဟူ၍ ဖြစ်သည်။
ရာစုနှစ် သစ်တွင် မဟာဗျူဟာနှင့် ကျင့်ဝတ်တန်ဘိုးဆိုင်ရာ အရေး ကြီးသော အကျိုးစီးပွားကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုရန်လိုသည်ဟု ထောက်ပြသည်။
ဖျော်ဖြေရေး
ငါးနှစ် အရွယ်ကလေးသူငယ်တစ်ဦးသည် ကွန်ပျူတာကီးဘုတ်ရှေ့တွင် ထိုင်ပြီး ကီးဘုတ်ကိုနှိပ်လိုက်သည်။ သူ မတွေ့ ဘူးသေးသော အရုပ်တွေ စာသားတွေ ဖန်သားပြင်၌ တွေ့ လိုက်ရသော အခါ ဤကလေးငယ်သည် အလွန်ပင်ကြည်နူးပျော်ရွင်သွားတော့သည်။ သူ၏ နှစ် လိုဖွယ်ရာ ရင်ခုန်မှု သည် အလွန်ကြီးမားလွန်းလှသဖြင့် ပညာရှင်တစ်ဦးက Ecstasy ဆိုသော စကားနှင့် နှိုင်းယှဉ်ပြောပြသည်။ Ecstasy ဆိုသည်မှာ မဟာပျော်ရွင်ဝမ်းသာခြင်း၊ စိတ်ဓါတ်မြှင့်တက်သွားခြင်းဟု အဓိပ္ပာယ် သက်သည်။
ပန်းချီဆရာတစ်ဦးက သူ၏ ပန်းချီကားကို နောက်ဆုံးစုတ်ချက်ပြုပြီးသည့်အခါ ၀မ်းသားအားရပီတိ ဖြစ်ပြီး ပျော်ရွှင်ပုံမျိုး၊ သိပ္ပံပညာရှင်တစ်ဦးက သူ၏ သုတေသနစမ်းသပ်ချက် အောင်မြင်သည့်အခါ အထူးပျော်ရွှင်မြူးတူးပုံမျိုးနှင့် အလားသဏ္ဍာန်တူသည်ဟု သတ်မှတ်ကြသည်။
အထက်ဖော်ပြပါ ကလေးအတွက်မူ သူ၏ လက်ချောင်းထိပ်ကလေးတွေ နှိပ်၍ အရုပ်တွေ ပေါ်လာသည်ကို ကြည့်ကာ သူ့လက်ချောင်း၏ တန်ခိုးနှင့် အင်အား power of fingertips ကို အထူးကျေနပ်မိတော့သည်။ ကျေင်းဆရာတစ်ဦး၏ ဆာဗေးတစ်ခု စာသင်ခန်းထဲ၌ ၁၀မိနစ်ပြည့်အောင် မထိုင်ချင်သူ ဖင်မငြိမ်သည့် ကလေးတို့သည် ကွန်ပျူတာဂိမ်းတို့၌ ၄နာရီလုံးလုံး ဆက်တိုက်ဇွဲနပဲနှင့် ထိုင်နှိပ်ကစားတက်နေကြသည် ဟု ဖော်ပြထားသည်။ အရွယ်ရလာသော လူငယ်တို့သည် ကွန်ပျူတာဖြင့် အချိန်ဖြုန်းခြင်းကို ဘိန်းစွဲသလိုပင် စွဲလာကုန်သည်။ သို့ ဖြင့် ကွန်ပျူတာသည် လက်တွေ့ အသုံးပြုခြင်းကိရိယာ pratical tool သာမက ဖျော်ဖြေရေး စက် pleasure machine လည်း ဖြစ်နေပြီ။ ပျော်စရာနှင့် အံ့သြစရာ fun and wonder ဒွန်တွဲ နေပြီ။
ဝန်မှလွတ်မြောက်
Ecstacy မဟာပျော်ရွှင်ဝမ်းသာခြင်းကို ပြန်ကောက်ကြရအောင်။ အနုပညာဖန်တီးရှင်တို့၏ မဟာပျော်ရွှင်ဝမ်းသာမှု သည် လက်မှု အတက်ပညာကို အခြေခံသည်။ အထက်ပါဖော်ပြခဲ့ပါ ကလေးနှင့် နောင်လူကြီးတို့၏ မဟာပျော်ရွှင်ဝမ်းသာမှု သည် ကွန်ပျူတာ၏ စေ့ဆော်မှု ကြောင့် ပေါ်သည်။ computer driven ecstasy ဟုပြောသည်။ ကွန်ပျူတာကီးတို့ကို အချိန်ရှိသရွေ့နှိပ်ပြီး ကစားနေသော (သို့တည်းမဟုတ်) အလုပ်လုပ်နေသော လူတို့သည် ဖန်သားပြင်၏ -ညီးညီးလောင်လောင် လင်းဖျန်းမှု တို့ကို ကြည့်၍ အာရုံစူးစူးစိုက်စိုက် ဖြစ်ကြရသည်။
သူတို့သည် ပြင်ပဘ၀မှ ဆုတ်ခွာလိုက်ပြီး ဘ၀သစ်ထဲသို့ တိုးဝှေ့ဝင်နေကြသည်။ ဤဘ၀သစ်ထဲ၌ အတိုကောက် Aernomys နှင့် နားမလည်နိုင်သော ၀ါကျ syntax တို့နှင့် ပြည့်နှက်နေတော့သည်။ ကွန်ပျူတာရူး ရူးနေသူ တို့သာမက ဆရာဝန်တွေ ၊ ပါမောက္ခတွေ ၊ စာရေး
ဆရာတွေ ၊ ဂီတပညာရှင်တွေ စသည့် လောကပေါင်းစုံမှ ပုဂ္ဂိုလ်တို့ကလည်း ကွန်ပျူတာကီးဘုတ် ရှေ့တွင် ထိုင်၍ ကလစ်ကလစ်နှင့် နှိပ်နေကြကုန်သည်။ အခြားစက်တို့နှင့် မတူ၊ ကွန်ပျူတာက လူတော် တော် များများ ကို ညှို့ထားပြီး ထိန်းချုပ်ထားပြီ။
ကွန်ပျူတာသည် လူတို့အား ၀န်ထုပ်ဝန်ပိုးတို့မှ လွတ်မြောက်စေသော အကျိုး Liberating Effect ရှိသည်။ ကလေးသူငယ်တို့သည် လူကြီးတွေ ခိုင်းသော တိုလီမိုလီအလုပ်တို့မှ ရှောင်ပြီး ကွန်ပျူတာရှေ့သို့ ထွက်ပြေးနိုင်သည်။ ကွန်ပျူတာနှိပ်နေသော ကလေးကို မိဘက မဆူပူလိုပေ။ စာရေး ဆရာသည် လက်ငါးချောင်းညောင်းအောင် ဘောလ်ပင်နှင့် ရေး နေရသော ဘ၀မှ လွတ်ကျွတ်သွားသည်။ လက်နှိပ်စက်ရိုက်သည့် စာရေး ဖြစ်လျှင်လည်း ကော်ဖီကို ဖတ်လိုက်၊ ပြင်လိုက်၊ ထပ်ရိုက်လိုက် ဘ၀မှ လွတ်မြောက်သွားနိုင်သည်။ အင်ဂျင်နီယာသည်လည်း ကွန်ပျူတာဖန်သားပြင်တွင် အဆောက်အအုံတို့ကို ဖြိုချနိုင်သည်။ ဆောက်နိုင်သည်။ ပုံစံသစ် ဆွဲနိုင်သည်။ အလုပ်ရုံထဲက ပုံစံဆွဲသမားတို့က အချိန်ယူပြီးဆွဲပေးသည်။ အိမ်ပုံစံတို့ကို စောင့်နေရန် မလိုတော့ပေ။ ၀န်တွေ ပေါ့ပါး ကုန်ခြင်း ဖြစ်သည်။
ပြည့်ဝသော ဘဝ
ကွန်ပျူတာတို့က လူတို့ကို လွတ်မြောက်အောင် လုပ်ပေးသော သာဓကတို့မှာ တစ်ပြုံတစ်ခေါင်းကြီး ရှိနေပြီ။ ထို့ကြောင့် ပညာရှင်တို့က ကွန်ပျူတာ၌ ပဉ္စလက်အရည်အသွေး (magical ability) ရှိသည်။ သုံးစွဲသူတို့အား ညှို့လည်းညှို့နိုင် လာဘ်လာဘ အကျိုးလည်းပေးနိုင်သည်ဟု ထောပနာပြုလာကြသည်။
ခေတ်မီသတင်းတက္ကနိုလိုဂျီ အံ့မခန်းဖွံ့ဖြိုးတိုးတက်မှု ကြောင့် လောကကြီးသည် ဘာနှင့် အလားသဏ္ဍာန်တူလာသနည်းဆိုသော အလွန်လျှင်မြန်စွာ ဒီရေတက်နေသော သတင်းတို့ ဖြင့် ကြွယ်ဝနေသော သမုဒ္ဒရာကြီး rapidly rising information rich ocean နှင့် တူလာပြီ။ ဤသမုဒ္ဒရာကြီးထဲ၌ ခေါင်းဖော်ညပီး၊ ပေါလောပေါ်နေနိုင်ဖို့ရာကား to flot ခေတ်မီ တက္ကနိုလိုဂျီတို့က ကယ်မှ ကူမှ ဖြစ်တော့မည် ။ တစ်နည်းပြောရလျှင် ခေတ်မီ တက္ကနိုလိုဂျီတို့နှင့် ယဉ်ပါးဘဲ ဤ သမုဒ္ဒရာကြီးထဲတါင် ပေါလောမပေါ်နိုင်ပြီ။
ဤရာ၌ ပညာရှင်တစ်ဦးက ပြည့်ဝသော full life အကြောင်းကို ပြောပြလာသည်။ အိုင်တီခေတ်၊ အိုင်တီဆက်သွယ်ရေး ခေတ်၊ ကွန်ပျူတာခေတ်တွင် ဤခေတ်မီပညာတို့နှင့် မကျွမ်းကျင်သူတို့သည် ပြည့်ဝသော ဘ၀ကို မခံစားနိုင်ပြီဟူ၍ ကောက်ချက်ချသည်။
ဟားဗတ်မဂ္ဂဇင်းမှ ဒာယ်ဒီတာ ဖြစ်သူ အက်ဒပ်ဝပ်တင်နာကမူ တက္ကနိုလိုဂျီနည်းပညာများ ဖောက်ထွက်မှု Technological Break Throughs တို့သည် ကတိထားသည့်အတိုင်း ဖြစ်မလာသေးဟုထောက်ပြသည်။
ဤကတိမှာ ပို၍ ကောင်းမွန်ပြီး ပို၍ စရိတ်သက်သာသော သတင်းအင်ဖော်မေးရှင်း providing better cheaper informations တို့ကို ဖြည့်ဆည်းပေးရန် ဖြစ်ပေသတည်း။
သတင်းတွေ ဘုံးဘောလအော ပေါများ လာသည်ကားမှန်၏ ။ သို့ ရာတွင် သတင်းကောင်းတွေ နည်းနေသေးသည်။ သတင်းနင့် ပညာတို့က ဈေးကြီးနေသေးသည်။ သာမန်အရပ်သားတို့ လက်လှမ်းမမီနိုင်သေးပါဟု ထောက်ပြသည်။
စိန်ခေါ်မှု နှင့် ကျွမ်းကျင်မှု
ကလေးသူငယ်တို့က ဤကွန်ပျူတာတို့နှင့် ဆော့ကစားကြသည်မှာ ကွန်ပျူတာဂိမ်းတို့ အပျော်အပါးပျှော်ရွှင်မှု fun သဘောပါ၍ ဖြစ်သည်။ သို့ သော် ဤ fun သည် တစ်ခြားကစားနည်းတို့မှ ပေါ်သော ပျော်ရွှင်မှု နှင့် မတူပေ။ ပညာရှင်တို့က hardfun အမာစားပျော်ရွှင်မှု ဟု ပညတ်သည်။ အကြောင်းမှု ကွန်ပျူတာဂိမ်းတို့တွင် စိန်ခေါ်မှု challenges တို့ကို ဆက်တိုက် တစ်ခုပြီးတစ်ခု သို့ မဟုတ် ပြန့်ရက်စုရက် ဖြစ်ပေါ်နေသော ကြောင့် ဖြစ်သည်။ ဟီးရိုးက နောက်ဆုံးရဲတိုက်အခန်းထဲ ရောက်ဖို့ရာ ကြားထဲ၌ ‘ရန်သူ’ တစ်ပြုံတစ်မကြီးနှင့် တွေ့ ဆုံပြီးမှ ရောက်ရပုံမျိုး ဖြစ်သည်။ ရောက်ချင်မှလည်း ရောက်သည်။
ကွန်ပျူတာတွင် အမာထည်ဟဒ်ဝဲနှင့် အပျော့ထည်ဆော့(ဖ်)၀ဲနှစ် မျိုးပါဝင်သည်။ ဤကိစ္စနှင့် ပတ်သက်၍ စိတ်ပညာပါရဂူတို့က စိန်ခေါ်မှု နှင့် ကျွမ်းကျင်မှု skill တို့၏ ဆက်စပ်ပုံကို ထောက်ပြကြသည်။ စိန်ခေါ်မှု က ကျွမ်းကျင်မှု ထက်ပိုများ နေလျှင် လူသည် စိုးရိမ်သော ကခံစားရမည် ။ အကယ်၍ ကျွမ်းကျင်မှု က စိန်ခေါ်မှု ထက်ပို၍ များ နေပြန်လျှင်မူ ပထမတော့ ၀မ်းသာမည် ။ သို့ သော် နောက်ပိုင်း၌ ငြိးငွေ့သွားမည် ။
ထို့ကြောင့် ချီကာဂိုတက္ကသိုလ်မှ စိတ်ပညာ ပါမောက္ခတစ်ဦးက စိန်ခေါ်မှု နှင့် ကျွမ်းကျင်မှု တို့ကြား အကောင်းဆုံးညီမျှမှု ရှိနေလျှင် ပျော်ရွှင်ရင်ခုန်မှု ဖြင့် ပါဝင်ပတ်သက်ခြင်း Euphoric Envolement ရှိလာမည် ဟု ဆိုသည်။ ဤအခြေအနေကို သူက Flow စီးဆင်းမှု ဟု အမည် ပေးသည်။ ကွန်ပျူတာကို ကစားစရာလို့ မှတ်ယူကြခြင်းလည်း ရှိလေသော ကြောင့် ကွန်ပျူတာစီးဆင်းမှု Flow၊ ကစားခြင်း play နှင့် တန်ခိုးအင်အား Power တို့ ပူးပေါင်းဖွဲ့စည်းထားရာ ရှုမြင်ကြကုန်သည်။
ပညာရေး ၏ အခြေခံသစ္စာတရား၌ စေ့ဆော်မှု တွန်းအား Motivation သည် အရာရာ ဖြစ်လေတော့သည်ဟု ဆိုကြသည်။ ကွန်ပျူတာသည် ဤစေ့ဆော်မှု တွန်းအားကို အပြင်းအထန်ဆုံးပေးလေသတည်း။ အစပထမ၌ အပျော်အပါး၊ ပျော်ရွှင်စရာအ ဖြစ် စေ့ဆော်သည်။ နောက်ပိုင်း ဆော့(ဖ်)၀ဲများ ထွင်၍ စိန်ခေါ်မှု တို့ကို ထည့်ပြီး ဒရွတ်တိုက်ဆွဲခေါ်သွားတော့သည်။ ဆော့(ဖ်)၀ဲ ဆိုသည်မှာ စိတ်ကူးအတွေးကို ပုံစံဖွဲ့ပြီး ပုံသွင်းလောင်းထားသော အရာသာ ဖြစ်သည်။ Thought Codifer ဟုခေါ်သည်။
ကွန်ပျူတာက မွေးထုတ်သော Esctasy သည် တစ်မျိုးပြီးတစ်မျိုး အသွင်ပြောင်းနေပါလိမ့်မည် ။
![]() ဘောဂဗေဒနှင့် ဂျာနယ်လစ်ဇင် ဗလုံးဗထွေး | ![]() အမြင် ၂၀၀၈ - ၂၀၀၉ | ![]() စီးပွားရေးအတွေးအမြင်နှင့် အခြားဆောင်းပါးများ |