အခန်း(၁)
မောင်စူးစမ်း
ဘောဂဗေဒနှင့် ဂျာနယ်လစ်ဇင်ဗလုံးဗထွေး
မှတ်တိုင်(၁)
စာရေး သူ၏ ဘ၀၌ ဘောဂဗေဒနှင့် ဂျာနယ်လစ်ဇင်တို့သည် ဗလုံးဗထွေးနှင့် ပေါင်းစည်းမိနေသည်။ပထမမှတ်တိုင်အကြောင်းပြောရလျှင်စာရေး သူအရွေးမှန်သွားသော အ ဖြစ်ကို စတင်ပြောရမည် ဟု ထင်သည်။ ၁၉၄၇-၄၈ခုနှစ် ၌ စာရေး သူ အိုင်အေအောင်၍ ဘာသာသုံးရပ်တွင် ဂုဏ်ထူးတန်းတက်နိုင်သော အမှတ်တွေ ရရှိသည်။ ဘောဂဗေဒ၊ သမိုင်းနှင့် ဒဿနတို့တွင် ဖြစ်သည်။
အခု ပြန်စဉ်းစားကြည့်သည်။ သမိုင်းများ ရွေးမိလျှင် စီးပွားရေး အကြောင်းတွေ ရေး သားနေသော ‘မောင်စူးစမ်း’ ဖြစ်လာမည် မဟုတ်။ ဒဿနရွေးမိလျှင်စာရေး ဆရာမ ဖြစ်ဘဲ ဘုန်းကြီးပဲ ဖြစ်သွားမလားမသိပေ။ကံကောင်းသည်။ အရွေးမှန်သွားသည်။ ဘောဂဗေဒဂုဏ်ထူးတန်း ရွေးလိုက်သည်။ စာရေး သူနှင့် အတူ ဂုဏ်ထူးတန်းတက်သူမှာ ကိုသန်းအောင်နှင့် ကိုညွန့်ဝေတို့ ဖြစ်ကြသည်။
ဘာသာရပ်ရွေးချယ်ရာ၌ မှန်သော်လည်း နိုင်ငံရေး ရွေးချယ်မှု ၌ မူ မှားသွားသလားမသိ။ စာရေး သူ ဂျန်ဂဲလ် ဘ၀တက္ကသိုလ်ထဲ ရောက်သွားသည်။
ကိုသန်းအောင်က ကိန်းဘရစ်တက္ကသိုလ်သို့သွားသည်။ ကိုညွန့်ဝေကဟားဗတ်သို့ သွားသည်။
ဂျန်ဂဲလ်ထဲ ရောက်သွားမယ့် ဘောဂဗေဒနှင့်တော့ ဝေးသွားခြင်းမရှိပါ။ ဘောဂဗေဒ စာပေမျိုးစုံကို ဖတ်ရသည်။ ဒီအထဲ မက်(က်)(စ်) ဘောဂဗေဒ ကတော့ အဓိကပေါ့။ အရင်းကျမ်းဆို အတော် နှံ့နှံ့စပ်စပ်ဖတ်သည်။ ထိုစဉ်က အမေရိကန် တော့တီအေမှ ရေး ဆွဲပေးသော ပြည်တော် သာစီမံကိန်းကိုလည်း လှမ်းဝေဖန်ပစ်လိုက်သည်။ မန္တလေးလူထုဂျာနယ်တွင် မောင်စူးစမ်း ကလောင်အမည် ဖြင့် အခန်းဆက်ဝေဖန်ရာမှ ဗမာ့စီးပွားရေး စစ်တမ်းစာအုပ် ထွက်လာခဲ့သည်။ စာရေး သူ၏ ပထမဆုံးလက်ရာ ဖြစ်သည်။ ဤစာအုပ် သုံး-လေးကြိမ် ပြန်ရိုက်ရသည်။
* * * * * * *
မှတ်တိုင်(၂)
မှတ်တိုင်(၂) ကို ဆက်ပြောရဦးမည် ။ ဂျန်ဂဲလ်မှ ပြန်ရောက်အပြီး၌ စာမေးပွဲဆက်ဖြေသည်။ အောင်သည်။ အောင်သည်နှင့် စာရေး သူအား ရန်ကုန်တက္ကသိုလ် ဘောဂဗေဌာနတွင် လက်တောက်ကထိက (ဘာသာပြန်) အ ဖြစ်ပါမောက္ခ ဆရာဦးအေးလှိုင်က ခန့်တော့သည်။ ဆရာဦးအေးလှိုင်ကို သိပ်လည်းကျေးဇူးတင်သည်။မိမိလည်း အလွန်ဝမ်းသာသည်။ အဘယ့်ကြောင့်ဆိုသော် ဂျန်ဂဲလ်မှ ပြန်လာပြီးသည့်နောက် တက္ကသိုလ်အရိပ်အာဝါသတွင် အေးအေးလူလူနှင့် အရိုးထုတ်သွားတော့မည် ဟု ရည်ရွယ်ထားမိသော ကြောင့် ဖြစ်သည်။ အမ်အေလည်း ဆက်တက်သည်။ သုံး-လေးလအကြာစာရေး သူအားလက်ထောက်ကထိကအ ဖြစ်ခန့်ထားမှု နှင့် ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်ကောင်စီတွင် ပြဿနာတက်သည်ဟု ကြားရတော့သည်။ လက်ထောက်ကတထိကကို ဆီးနိတ်က မခန့်နိုင်။ ကောင်စီကသာ ခန့်နိုင်သည် စသည်ဖြင့် အငြင်းတွေ ပွားကြသည်လောက်သာ သိရသည်။ ဒီတော့ စာရေး သူ ထွက်လိုက်ရသည်။ မောင်စူးစမ်း ကလောင်နာမည် က ရှိနေတော့ ခံသာသည်။ အတော် ပဲ ထိုစဉ်က မြန်မာ့အလင်း သတင်းစာက ပင်တိုင်ဆောင်းပါးရှင်အ ဖြစ် ဖိတ်ခေါ်သည်။ မြန်မာ့အလင်း သတင်းစာတိုက်၌ ပင်တိုင်ဆောင်းပါးရှင်၊ ခေါင်းကြီးရေး သူ၊ အထူးသတင်းထောက် စသည်ဖြင့် ဂျာနယ်လစ်ဘ၀စုံအောင် ဆောင်ရွက်ရသည်။ ဖြစ်ချင်တာက ကျောင်းဆရာ၊ ဖြစ်လာတာက သတင်းစာဆရာ။
မြန်မာ့အလင်း၌ စာရေး နေစဉ် ဘ၀၏ ဒုတိယခံစစ်ကြောင်းအနေနှင့် ဘီအယ်(လ်)ကို ၀င်ဖြေရသေးသည်။ အောင်ပါသည်။ ရှေ့နေလည်း ဖြစ်လာပါသည်။ သို့သော် ရှေ့နေမလိုက်သေး။ သတင်းစာဆရာအ ဖြစ်ပင်ရှိနေစဉ် စာပေဗိမာန်နှင့် အာရှဖောင်ဒေးရှင်းတို့အတွက် ဘောဂဗေဒစာအုပ်သုံးအုပ်ကို ဘာသာပြန်ပေးလိုက်သည်။ ကျောင်းသုံး ဖြစ်သည်။
* * * * * * *
တစ်နေ့သ၌
မှတ်တိုင် (၃) ကို ပြောရလျှင် ‘တစ်နေ့သ၌ ’ မှ စရမည် ။ တကယ်တစ်နေ့၌ မနက်ထိ အိပ်မောကျနေစဉ် သန်းသန်း (ကွယ်လွန်သူ ဇနီး) က စာရေး သူအား အိပ်ရာမှ တအားလှုပ်ယမ်းနှိုးသည်။ အပြောင်အရွှတ်ပြောတတ်သော သန်းသန်း က၊ “ထ..ထ…အထူးအရာရှိကြီး” ဟုခေါ်သည်။ ဘာမှန်းမသိ ကြောင်နေရာမှ သတင်းစာကို ပြသည်။ နိုင်ငံရေး သမားကြီး ၂၁ယောက် ကို တော် လှန်ရေး ကောင်စီက အထူးအရာရှိများ ခန့်သည့်သတင်း ဖြစ်နေသည်။ တစ်ယောက် ယောက် ကတော့ လာခေါ်တော့မှာ ပဲဟု ထင်သည်နှင့် ရေမိုးချိုးပြီး အ၀တ်အစားလဲကာ စောင့်နေစဉ်၊ မနက် ၈ နာရီ ခွဲလောက်၌ စစ်ရုံးမှ စာရေး သူသူငယ်ချင်း ဗိုလ်မှူး တစ်ယောက် သူ့ဂျစ်ကားနှင့် လာခေါ်သည်။ ဒဂုံရိပ်သာပါ။
မှတ်တိုင် (၃) က စာရေး သူ အထူးအရာရှိ ဖြစ်ခြင်း ဖြစ်သည်။ ဟိုအစည်းအဝေး၊ ဒီအစည်းအဝေးတွေ အများ ကြီးတက်ရသည်။ မှတ်မှတ်ရရ ပညာရေး ဆိုင်ရာ အစည်းအဝေးတစ်ရပ်က အသက်မွေးဝမ်းကျောင်းဌာနနှင့် ကောလိပ်တို့ကို သီးခြားတက္ကသိုလ်များ အ ဖြစ် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။
စီးပွားရေး တက္ကသိုလ် ပေါ်လာသည်။ စီးပွားရေး တက္ကသိုလ် ပညာရေး ဘုတ်အဖွဲ့တွင် စာရေး သူလည်း အဖွဲ့ဝင်လူကြီး ဖြစ်လာသည်။ နောက် ပြင်ပစာစစ်မှူးလည်း ဖြစ်လာသည်။
စီးပွားရေး တက္ကသိုလ်သို့ မကြာခဏလည်းဆိုရှယ်လစ် စီးပွားရေး အကြောင်း သွားရောက်ပို့ချရသည်။
* * * * * * *
ယနေ့ဘဝ
မှတ်တိုင် (၄) က စာရေး သူ၏ ယနေ့ဘ၀ ဖြစ်သည်။ စီးပွားရေး ဆောင်းပါးရှင်သာမကဘဲ အကြောင်းအရာပေါင်းစုံကို ကြုံသလိရေး သည့်စာရေး ဆရာ ဖြစ်လာသည်။ ယခင်က စာရေး ဆရာဘ၀၌ စာရေး ခြင်းသည်ဒုတိယ၀င်ငွေသဘော ဖြစ်ခဲ့သည်။ ယခု စာရေး သူ၌ အခြားဝင်ငွေရစရာ မရှိတော့။ သို့ဖြင့် စာမူခတို့သည် စာရေး သူ၏ ပထမ၀င်ငွေနှင့်တစ်ခုတည်းသော ၀င်ငွေ ဖြစ်လာသည်။ခုမှ professional writer စာရေး ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသူ စစ်စစ် ဖြစ်လာသည်။
တစ်နေ့…မဂ္ဂဇင်းတစ်စောင်ကို ထုတ်ဝေသူတစ်ဦးက စာရေး သူ အားမေးခွန်းတစ်ပုဒ် မေးပါသည်။
“ဆရာရယ်၊ ကျောင်းက ဆရာတွေ ကလည်း ဆောင်းပါးရေး ကြပါတယ်။
ဆရာ့ဆောင်းပါးလောက် ဖတ်လို့မကောင်းဘူး။ အဲဒါ ဘာကြောင့်လဲ
ဆရာ”
စာရေး သူက ချက်ချင်း ပဲ အဖြေပေးပါသည်။
“သူတို့က ကျမ်း thesis လို့ ရေး လို့ပါ။ ကျမ်းလိုရေး ရင် ဘောဂဗေဒဟာ အတော် ပျင်းစရာ ကောင်းပါတယ်၊ မွဲခြောက်ခြောက်နဲ့ …”
စာရေး သူက ဂျာနယ်လစ်စတိုင်ဖြင့် ဆောင်းပါးရေး ကြောင်း အနည်းငယ်ရှင်းပြသည်။ စာရေး သူ၏ ဘ၀ကိုက ဘောဂဗေဒနှင့် ဂျာနယ်လစ်ဇင် ဗလုံးဗထွေးနှင့် ရောထွေးပြီး ခုလို ဖြစ်လာပုံကို ဤထုတ်ဝေသူက သိပုံမရပါ။
၁၁၊အောက်တိုဘာ၊၂၀၀၃။
* * * * * * *
ပေါ်လစီဗေဒ
“ယခု ခေတ်စားနေသော နည်းမှာ “ပြဿနာကို ဗဟိုချက်ပေးသော နည်း ဖြစ်သည်။ အဖြေကို ထုပ်ပြီးပိုးပြီးသား အရန်သင့်မထား၊ တရားသေမဆန်။ ပြဿနာအမှန်ကို လေးလေး နက်နက်တွေ့ အောင်ရှာ၍ စိစစ်သုံးသပ်ခြင်း ဖြစ်၏ ”
ကွန်မြူနစ်ဝါဒ အရေး နိမ့်သွားသော အခါ အယူအဆတစ်ခု ပေါ်လာသည်။ ယင်းမှာ အတွေးအမြင် စိတ်ကူး (ideas) တို့သည် အင်အားမကြီးတော့။ နိုင်ငံတို့၏ ကံကြမ္မာတို့ကို အတွေးအမြင်တို့က သြဇာပြုနိုင်စွမ်းအားသည်၊ ချည့်နဲ့ သွားပြီးဟူ၍ ဖြစ်သည်။
ထွန်းသစ်စ ဈေးကွက်စီးပွားရေး နှင့် အတောင်အလက်ပေါ်ခါစ ဒီမိုကရေစီတို့တွင် ၊ ဆိုင်ရာဆိုင်ရာ အခန်းတို့မှ ပါဝင်ကပြနေကြကုန်သော ဇာတ်ဆောင်အပေါင်းတို့ကလည်း၊ သာမန်ရိုးစင်းသော လက်တွေ့ ဝါဒ simple pragematism ဖြင့် အလုပ်လုပ်နေကြသည်က များ နေသည်ဟု ဆက်လက်၍ ပြောသည်။
သို့သော် ယခုတစ်ဖန် အတွေးအမြင်အလံကို ပြန်လည်၍ မြှင့်တင်ရန်ကြိုးပမ်းလာကြသည်။ သေသေချာချာ စနစ်တကျ ပြုလုပ်၍ ဖြန့်ချိနိုင်လျှင်၊ အတွေးအမြင် စိတ်ကူးတို့သည် ဈေးကွက်စီးပွားရေး အောင်မြင်ရေး ကို ဖြစ်စေ၊ ကမောက်ကမ ဖြစ်ခြင်းကို ဖြစ်စေ ကြီးစွာ သြဇာလွှမ်းမိုးပါလိမ့်မည် ဟု ဆိုလာကြသည်။
သို့ဖြင့် မဟာဗျူဟာ သုတေသနအဖွဲ့၊ ပေါ်လစီ စိစစ်ရေး အဖွဲ့၊ ဥာဏ်ကြီးရှင် think tank အဖွဲ့ အစရှိသည့်အဖွဲ့များ ပေါ်လာကြသည်။ ထိုအဖွဲ့များ အလွန် ရေပန်းစားလာကြသည်။
ပေါ်လစီ နောက်ကွယ်မှ
အတွေးအမြင်တို့က သြဇာလွှမ်းမိုးဖို့ ဆိုရာတွင် ၊ သာမန်ပြည်သူတို့ကြားထဲ၌ သြဇာလွှမ်းရန် အဓိကမဟုတ်ပြန်ပေ။ ပေါ်လစီချမှတ်သူတို့ကို ပစ်မှတ်ထား၍ အတွေးအမြင်တို့ကို ဖော်ထုတ်ပြခြင်း ဖြစ်သည်။
ဤသဘောသည် လက်ဝဲသမားတို့နှင့် ဆန့်ကျင်ဘက် ဖြစ်ဟန်ရှိသည်။ လက်ဝဲအယူအဆတစ်ရပ်၌ ၊ သဘောတရားတစ်ခုကို လူထုကြားထဲ ပျံ့နှံ့၍ လူထုက ဆုပ်ကိုမိလျှင်၊ သဘောတရားမည် သော နာမ်အင်အားသည် ရုပ်အင်အားစုကြီး material force အ ဖြစ်သို့ ပြောင်းလဲသွားမည် ဟု၊ ဟောခဲ့ဖူးသည်။ ထို့ကြောင့် လူထုကို နားထောင်ရန် ပစ်မှတ်အ ဖြစ် ထားခဲ့ကြသည်။
ယခုအမြင်၌ တကယ့်အပြောင်းအလဲမှာ ၊ ပေါ်လစီချမှတ်သူတို့၏ အတွေးအမြင်နှင့် ပေါ်လစီတို့ကြောင့် သာ ဖြစ်ပေသည်။ နားထောင်ရန် ပရိတ်သတ်သည် ပေါ်လစီချမှတ်သူတို့ ဖြစ်ရမည် ။ ထို့ကြောင့် စာရေး သူသည် ဤဆောင်းပါး၏ ခေါင်းစဉ်ကို ပေါ်လစီဗေဒဟု တပ်လိုက်ရသည်။
ပေါ်လစီဗေဒမှာ ပေါ်လစီချမှတ်ခြင်းဆိုင်ရာပညာဟု ယေဘုယျအားဖြင့် ပြောနိုင်ပါသည်။ ဤပညာ၏ နည်းနာပိုင်းကို မရှင်းပြမီ ပေါ်လစီ၏ နောက်ကွယ်တွင် ရှိကြကုန်သော အယူအဆနှင့် အတွေးအခေါ်တို့ကို ကနဦး ဇာစ်ဇာစ်မြစ်မြစ် ဝေဖန်ဖော်ပြအပ်သည်ဟု ယူဆမိသည်။
ထိုအထဲ၌ ၊ ပြောလေ့ပြောထရှိသော သဘောတရားနှင့် လက်တွေ့ ဆိုသော ၊ မျက်နှာစာနှစ် ဖက်သာကြည့်သော အတွေးအခေါ် တစ်ရပ်သည်လည်း ပါဝင်ပါလိမ့်မည် ။
* * * * * * *
ပြဿနာအမှား
ရှေးဦးစွာ problem ဆိုသော ‘ပြဿနာ’ နှင့် solution ဆိုသော ‘အဖြေ’ တို့၏ အဆက်အစ်ကို သုံးသပ်ကြည့်ဖို့ လိုပါသည်။ ရောဂါ ရှိလျှင် ဆေးရှိရမည် ဆိုသော ဆိုရိုးစကားကို လက်ကိုင်ပြုလျှင်၊ ပြဿနာနှင့် အဖြေတို့ ဆက်စပ်မှု မှာ ဘာမျှရှုပ်ထွေးစရာမရှိ၊ ရိုးရိုးလွယ်လွယ်ပင် ဖြစ်စရာရှိသည်။ ပြဿနာရှိလျှင် အဖြေရှိဖို့ သေချာသည်၊ certainty ရှိသည်ဟု ဆိုသည်။
သို့သော ပညာရှင်တို့က ‘အဖြေကို ရှာနေသော ပြဿနာများ ’ problems in search of solutions ဆိုသော အသုံးအနှုန်းနှင့်၊ ပြဿနာနှင့် အဖြေတို့ကြားဆက်စပ်မှု သည် ထင်သလောက် မလွယ်လှကြောင်း၊ မရိုးစင်းလှကြောင်းကို တွေ့ နိုင်သည်။ တစ်နည်းပြောလျှင် သေချာမှု မရှိကြောင်းကို တွေ့ နိုင်၏ ။
ပြဿနာနှင့် အဖြေကြားတွင် အလွန်ရှုပ်ထွေးသော ကြိုးမျှင်များ ရှိကြကုန်သည်။ ကြိုးမျှင်ရှိချင်မှလည်း ရှိမည် ။ စင်စစ်ပြောရလျှင် ပေါ်လစီချမှတ်သည်ဆိုသည်မှာ ၊ မချမှတ်ခင် ပြဿနာတို့ကို မှန်မှန်ကန်ကန်နှင့် အရင်ကနဦး တွေ့ အောင်ရှာဖွေသော လုပ်ငန်းမှ စကြရသည်။ ပညာရှင်တစ်ဦး၏ မှတ်ချက်အရ ပြဿနာအမှန်သည် မှု န်မွှားနေတတ်၏ ၊ တွေ့ ဖို့ခက်၏ ။ သို့ရာတွင် ပြဿနာ အမှားတို့ကိုမူ ရှာသူတို့က တိတိကျကျ ဖော်ပြတတ်သည်။ တွေ့ ဖို့လည်း လွယ်တတ်သည်။ ထို့အပြင် ပြဿနာအမှားကို ဆုံချက်အမှား wrong focus ဖြင့် ဖော်ပြတတ်ကြသည်လည်း ရှိ၏ ။
* * * * * * *
ထုတ်ပြီး ပိုးပြီးသား
ပြဿနာကို တစ်ကဏ္ဍ၊ အဖြေကို တခြားတစ်ကဏ္ဍဆိုပြီး မျဉ်းခွဲ၍ စဉ်းစားလျှင်၊ ဇောင်းပေးမှု (သို့မဟုတ်) ဗဟိုပေးမှုကိုလည်း နှစ် မျိုး ခွဲရတော့မည် ။ ‘ပြဿနာကို ဗဟိုချက်ပေးသော ရှုထောင့်’ problem centered perspective နှင့် ‘အဖြေကို ဗဟိုချက်ပေးသော ရှု့ထောင့်’ solution centered perspective တို့ဆိုပြီး ခွဲရတော့မည် ။
သို့ ဖြစ်လျှင် ပေါ်လစီ စိစစ်သူတို့သည် မည် သည့်ရှုထောင့်ကို ကိုင်မလဲဟု၍ စဉ်းစားရန် ပေါ်လာသည်။ ဤကိစ္စသည် အလွန်အရေး ကြီးပေသည်။ ယခင့်ယခင်က ဥာဏ်ကြီးရှင်အဖွဲ့တို့သည် ‘အဖြေကို ဗဟိုချက်ပေးသော ရှု့ထောင့်’ ကို အသုံးပြုခဲ့ကြကုန်သည်။ အဖြေကို အရင်ရှာပြီးမှ ပြဿနာတို့ကိုချဉ်းကပ် ကြည့်ကြသည်။ ဤရှု့ထောင့်ဖြင့် ပေါ်လစီနှင့် မဟာဗျူဟာတို့ကို အကြံပေးခဲ့ကြလေရာ အတွေ့ အကြုံတို့အရ အမှန်နည်းခဲ့ကြသည်။ ပေါ်လစီတို့သည် လမ်းချော်ခဲ့ပြီး ရည်မှန်းထားသော အဖြေတို့နှင့် လည်း တစ်လွဲစီ ဖြစ်ခဲ့ကြသည်။
ဤသို့ ဖြစ်ရသည်မှာ လည်း ဆန်းသည်ဟု မဆိုနိုင်။ ထိုပုဂ္ဂိုလ်တို့၌ သဘောတရား theory အစွဲအလမ်း ရှိခဲ့ကြလေရာ၊ ၄င်းတို့ လက်ခံထားသော သီအိုရီသည် ဘုရားဟောကျမ်းမျှအလား၊ အလွန်ခိုင်လုံသည်ဟု ယူဆခဲ့ကြသည်။ ထို့အလျှောက် မည် သည့်ပြဿနာတို့အတွက်မဆို ကိုင်တွယ်ရန် ပေါ်လစီတွေ က ထုပ်ပြီးပိုးပြီးသား အဆင်သင့်ရှိသည်။ ဤပေါ်လစီတို့ကို အကောင်အထည်ဖော်ရန် မဟာဗျူဟာတွေ က ထုပ်ပြီး ပိုးပြီးသား အဆင်သင့်ရှိသည်။ ဤပေါ်လစီနှင့် မဟာဗျူဟာတို့အတိုင်းသာ မမှိတ်မသုန်မသွေဖည်ဘဲဆောင်ရွက်လျှင်၊ အဖြေတို့ကလည်း မျှော်လင့်ထားသည့်အတိုင်း၊ ကျိန်းသေပေါက် ကွက်တိ ပေါ်လာရသည်မှာ ဒိဋ္ဌဟု ယူဆခဲ့ကြသည်။
သူတို့ သီအိုရီတွေ ခိုင်လုံလွန်းကြောင်းကို သက်သေထူလို၍ theory in search of policy ဟူ၍ လည်းကောင်း၊ policy in search of strategy ဟူ၍ လည်းကောင်း၊ solution in search of problems ဟူ၍ လည်းကောင်း ပြောဆိုခဲ့ကြသည်။ ပေါ်လစီကို ရှာဖွေနေသော သီအိုရီ၊ မဟာဗျူဟာကို ရှာဖွေနေသော ပေါ်လစီ၊ ပြဿနာကို ရှာဖွေနေသော အဖြေ စသည်ဖြင့် ပြောကြသည်။
အဓိပ္ပာယ်မှာ မည် သည့်အခြေအနေအတွက်မဆို၊ မှန်ကန်သော သီအိုရီကြောင့် အဖြေတို့သည် ထုပ်ပြီး ပိုးပြီးသား အရန်သင့်ရှိနေသည်ဟု၊ ဆိုလိုခြင်း ဖြစ်သည်။ ဤနည်းသည် prepackaged solutions ဟု ဝေဖန်သူတို့က ပြောကြသည်။
အဖြေကို ဗဟိုချက်ပေးသော ရှု့ထောင့်ကို ယခုအခါ ပေါ်လစီဗေဒတွင် သိပ်မသုံးတော့ပေ။
* * * * * * *
ငါးနယ်ပယ်
ယခု ခေတ်စားနေသော နည်းမှာ ‘ပြဿနာကို ဗဟိုချက်’ ပေးသော နည်း ဖြစ်သည်။ အဖြေကို ထုပ်ပြီး ပိုးပြီးသား အရန်သင့်မထား၊ တရားသေမဆန်။ ပြဿနာအမှန်ကို လေးလေးနက်နက် တွေ့ အောင်ရှာ၍ စိစစ်သုံးသပ်ခြင်း ဖြစ်၏ ။
သီအိုရီသဘောတရားတို့က အဖြေတို့ကို အခါခပ်သိမ်း လုံလောက်စွာ ပေးနိုင်စွမ်းမရှိဟု ထင်မြင်လာကြသည်။ လိုအပ်၍ သဘောတရားထုတ်ရလျှင်လည်း နောက်ပိုင်းကျမှ ထုတ်ဖို့ ဖြစ်၏ ။ သီအိုရီကို အရင်မမွေးတော့ပေ။
ပေါ်လစီကို စိစစ်သုံးသပ်မှု policy analysis သည် ဥာဏ်ပညာလုပ်ငန်း ဖြစ်ပါ၏ ။ စိစစ်သူသည် အရေး ကြီး၍ အချက်အချာကျသော နယ်ပယ် ငါးနယ်ပယ်၌ မိမိ၏ ဥာဏ်အားကို ထက်ထက်မြက်မြက် အသုံးပြုရသည်။ ၄င်းတို့မှာ -
(၁) ပေါ်လစီ ပြဿနာတို့၏ သဘာဝ၊
(၂) ယခင်ပေါ်လစီနှင့် လက်ရှိကျင့်သုံးနေသော ပေါ်လစီတို့၏ ရလဒ်များ ၊
(၃) ပြဿနာတို့ကို ဖြေရှင်း၍ ယင်း ပေါ်လစီတို့က ဘယ်လောက်တန်ဖိုး ရှိပါသလဲ၊
(၄) အစားထိုး ရွေးချယ်ရန် လက်ရှိ ရှိနေသော ပေါ်လစီနှင့် ပေါ်လစီအသစ်များ policy alternatives၊ ၄င်းတို့ကို အကောင်အထည်ဖော်လျှင် သက်ရောက်မည့်  ရလဒ်များ ၊
(၅) ပြဿနာဖြေရှင်းပေးနိုင်မည့် တကယ်အမှန် ဆောင်ရွက်သင့်သည့်ပေါ်လစီသစ်
စသည်တို့ဟူ၍ ဖြစ်သည်။
* * * * * * *
ဝရုန်းသုံးကား ပထမ
အထက်ဖော်ပြပါ ငါးနယ်ပယ်မှ လုပ်ငန်းတို့ကိုပင် နည်းနာပိုင်းအားဖြင့်ငါးဆင့် ခွဲပြကြသေးသည်။
(၁) ပြဿနာဖွဲ့စည်းမှု အပိုင်း Problem Structuring
ပြဿနာကို ရှာဖွေဖော်ထုတ်သော အပိုင်းဟု ဆိုနိုင်ပါသည်။ ဤသို့ရှာဖွေရာ၌ ရှိရင်းစွဲ ယူဆ မှန်းဆချက် assumptions တို့က၊ ပေါ်လစီစိစစ်သူကို စိန်ခေါ်ပါလိမ့်မည် ။ ပေါ်လစီချမှတ်သူတို့၌ ဖြစ်စေ၊ ပေါ်လစီချမှတ်ခံရ၍ အကျိုးသက်ရောက်ခံရသူ stakeholders တို့၌ ဖြစ်စေ မှန်းဆယူဆချက်များ အသီးသီး ရှီနေကြပါလိ့မ်မည် ။ ဤယူဆချက်တို့သည် မှန်ချင်လည်း မှန်နေမည် ၊ မှားချင်လည်း မှားနေမည် ။ မည် သို့ပင် ဖြစ် ဖြစ် ဤယူဆချက်တို့ကို စိန်ခေါ်၍ စိစစ်ကြည့်ရန် လိုပါမည် ။
အစပထမ၌ စနစ်တကျနှင့် ပြဿနာတို့ကို အချောဖွဲ့စည်းကြည့်နိုင်မည် မဟုတ်။ အကြမ်းထည် ၀ရုန်းသုန်းကားနည်း brain-storming ဖြင့် ဖွဲ့စည်းကြည့်ရမည် သာ ဖြစ်သည်။ နောက်ပိုင်းတွင် ကျမှ စနစ်တကျ အချောကိုင်ဖို့ ဖြစ်သည်။
ဤသို့ပြုရင်း ပုန်းလျှိုးနေသော ယူဆချက်နှင့် ပြဿနာများ ပေါ်ရသည့်အကြောင်းအရင်းတို့ကို တွေ့ ရှိစေကာ ရည်မှန်းချက်တို့ကို ရွေးချယ်ပေးခြင်း၊ ဆန့်ကျင်ဘက် ဖြစ်နေသော အမြင်တို့ကို ပေါင်းစပ်ပေးခြင်းတို့ဖြင့် ရွေးချယ်ရန် ပေါ်လစီ policy options တို့ကို ဖော်ထုတ်ပေးရပေသည်။ ဤနည်းကိုပေါ်လစီရှာဖွေပြုစုခြင်း policy formulation အပိုင်းဟု ခေါ်သည်။
(၂) ကြိုတင်ခန့်မှန်းခြင်းနည်း Forecasing
ဤနည်းမှာ လက်ခံရန်ရှိသော ပေါ်လစီသစ်ကို လက်တွေ့  အကောင်အထည်ဖော် ဆောင်ရွက်လျှင် စီးပွားရေး ၊ နိုင်ငံရေး ၊ လူမှု ရေး နှင့် တက်ကနိုလိုဂျီပိုင်းတို့တွင် ဖြစ်ပေါ်လာဖွယ်ရှိသော အလားအလာတို့ကို ခန့်မှန်းပြသော နည်း ဖြစ်သည်။ ဤနည်းသည် အနာဂတ်နှင့် ဆိုင်၏ ။ ဟောကိန်းထုတ်ခြင်းဟု ဆိုသည်။
ဤနေရာ၌ အနာဂတ်ကိုပင် သုံးပိုင်းပိုင်းသည်။ ကျိုးကြောင်းဆီလျော်သော အနာဂတ် plausible၊ သက်ဝင်လှုပ်ရှားလာဖွယ်ရာရှိသော အနာဂတ် potential နှင့် လိုလားဖွယ်ကောင်းသော အနာဂတ် desirable တို့ဟူ၍ ဖြစ်သည်။
တစ်ဆက်တည်း၌ လက်ရှိကျင့်သုံးနေသော ပေါ်လစီ၏ အကျိုးသက်ရောက်မှု နှင့် အဆိုပြုသော ပေါ်လစီအသစ် ကျင့်သုံးလျှင် ဖြစ်ထွန်းမည့်  သက်ရောက်မှု တို့ကို နှိုင်းယှဉ်ပြရဦးမည် ဖြစ်သည်။
ထို့အပြင် ရည်မှန်းချက်တို့ကို အကောင်အထည်ဖော်လျှင်၊ တွေ့ ရမည့် အနာဂတ် အခက်အခဲနှင့် အဟန့်အတားတို့ကိုလည်း ဖော်ထုတ်ပြရသည်။ အဆိုပြုပေါ်လစီသည် နိုင်ငံရေး အရ ဖြစ်နိုင်ခြေအလားအလာ ရှိ-မရှိ ဆိုသော အချက်ကိုလည်း သင့်တင့်သလို ရှင်းပြရသည်။
အနာဂတ် ခန့်မှန်းချက်ပြုမှု နှင့် ပတ်သက်၍ အီကော်နယ်မက်ထရစ်နည်း econometrics၊ စာရင်းအင်းပညာမှ ဆုံးဖြတ်ချက်သီအိုရီ decision theory နှင့် ဒဲလ်ဖီး ကွန်ဖရင့်နည်း Delphi conference methods တို့ဟူ၍ ပညာရပ်များ ရှိကြပါသည်။
(၃) ထောက်ခံ အကြံပြုနည်း Recommendation Method
ပေါ်လစီစိစစ်သူသည် အထက်ပါဖော်ပြပါအတိုင်း အဆင့်ဆင့်ပြုလုပ်ပြီးသည့်နောက်တွင် ပေါ်လစီချမှတ် သူတို့အား စဉ်းစားဆုံးဖြတ်နိုင်ရန် ထောက်ခံအကြံပြုချက်များ ပြုရတော့မည် ။
ဤအပိုင်း၌ လည်း နည်းတွေ ၊ ပညာတွေ ရှိပါသေး၏ ။ လက်တန်းပြုရသည်မဟုတ်။ အများ အသုံးပြုနေသော နည်းနှစ် နည်းမှာ ‘စရိတ်နှင့် အကျိုးအမြတ် သုံးသပ်မှု ’ cost benefit analysis နည်းနှင့် ‘အကောင်းဆုံး အကျိုး ဖြစ်ထွန်းမှု ’ optimization method တို့ဟူ၍ ဖြစ်ကြပါသည်။
ဤနည်းတို့သည် ဘေးအန္တရာယ် risks နှင့် မသေချာ မရေရာမှု တို့ကို တိုင်းထွာပြသည်။ ဘေးထွက်အကျိုး externality နှင့် ဘေးထွက်ယိုစိမ့်မှု spillover တို့ကို ဖော်ထုတ်ပြသည်။ ရွေးချယ်ရန်အတွက် စံတို့ကိုလည်း သတ်မှတ်ပေးသည်။ ပေါ်လစီကို ဆောင်ရွက်ရာ၌ ဆိုင်ရာဆိုင်ရာအလိုက်တာဝန်နှင့် ၀တ္တရားတို့ကိုလည်း သတ်မှတ်ပေးသည်။
(၄) မော်နီတာ လုပ်ခြင်း Monitoring Method
ရွေးချယ်လိုက်သော ပေါ်လစီကို အကောင်အထည်ဖော် ဆောင်ရွက်သော အခါ ရလဒ်နှင့် အကျိုးသက်ရောက်မှု တို့ကို စောင့်ကြည့်ရန် လိုလာပြန်သည်။ ဤအပိုင်းအတွက်လည်း ပေါ်လစီစိစစ်သူသည် သင့်ရာနည်းတို့ကိုသုံး၍ မည် သို့စောင့်ကြည့်စစ်ဆေးအပ်သည်ကို ဖော်ပြရသည်။
ဤကိစ္စနှင့် ပတ်သက်၍ ရှေ့ဆောင်အညွှန်း leading indicators တို့ကို အသုံးပြု၍ စစ်ဆေးကြည့်ကြသည်။ အထူးသဖြင့် မရည်ရွယ်သော ရလဒ်နှင့် အကျိုး unintended consequences တို့ ပေါ်ပေါက်လာခြင်းကို သတိထားဂရုစိုက်ကြသည်။
ထို့အပြင် ပေါ်လစီကို နှောင့်ယှက်သူတို့နှင့် ဌာနတို့ကို မျက်စိ ဒေါက်ထောက်ကြည့်ရသည်။
ပေါ်လစီစိစစ်သူ၏ အလုပ်သည် ဤမျှနှင့် မပြီးသေးပေ။ နောက်ဆုံးအဆင့် တန်ဖိုးသုံးသပ်မှု ကျန်သေး၏ ။
(၅) တန်ဖိုးသုံးသပ်မှု Evaluation Method
ဤအပိုင်းသည် ပေါ်လစီကိုချမှတ် အကောင်အထည်ဖော်နေစဉ် အဆင့်၌ ဖြစ်စေ၊ အကောင်အထည်ဖော်ပြီးသည့်နောက်၌ ဖြစ်စေ ပြန်လည်သုံးသပ်ကြည့်သော နည်း ဖြစ်သည်။
ဤနည်းအရ ပေါ်လစီအောင်မြင်မှု အတိုင်းအတာကို ရှာဖွေပေးရသည်။ ဤအတိုင်းအတာသည် ပေါ်လစီချက်မှတ်သူတို့၏ ဆုံးဖြတ်ချက် အရည်အသွေးကို ဖော်ပြကုန်သည်။ ထို့အပြင် တန်ဖိုးသုံးသပ်မှု နည်းဖြင့် ပြဿနာတို့ကို ဖြေရှင်းပေးနိုင်သော အတိုင်းအတာကိုလည်း သိစေနိုင်ရာသည်။
ယင်းမှာ လိုအပ်လျှင် ပေါ်လစီကို ပြန်၍ သံစုံညှိပေးရန် readjustment အတွက် ဖြစ်ပါသည်။ မည် သို့ပင် ဖြစ်စေ တန်ဖိုးကို ပြန်လည်သုံးသပ်မှု ပြုရာ၌ ဒဿနပညာရှင် ဂျွန်ရောလ်၏ တရားမျှတမှု fairness ကို စံအ ဖြစ်ထားလာကြသည်ကို သတိချပ်ရာသည်။ တရားမျှတမှု ရှိ-မရှိကိုလည်း စိစစ်ရ၏ ။ လိုအပ်လျှင် ပေါ်လစီ မှား-မမှားကိုလည်း သုံးသပ်ပေးရပါမည် ။
* * * * * * *
အိမ်မက်နှင့် ဇာတ်ဝင်ခန်း
အထက်ဖော်ပြပါတို့ကား ပေါ်လစီနှင့် ပတ်သက်၍ နည်းနာနိဿယတို့ကို ဖော်ပြခြင်း ဖြစ်ပါ၏ ။ မကြာသေးမီက ပေါ်လစီနှင့် မဟာဗျူဟာရေး ရာတို့နှင့်ပတ်သက်၍ အမြင်သစ်များ လည်း ပေါ်လာလေရာ စိတ်ဝင်စားဖွယ်ကောင်းပါသည်။ အမြင်သစ်တစ်ခုက vision engineering ဟု အမည် ပေးထားသည်။ အိမ်မက်အင်ဂျင်နီယာဟု ခေါ်ရမလား မသိပေ။ အိပ်မက် အင်ဂျင်နီယာနည်းဖြင့် ပေါ်လစီနှင့် မဟာဗျူဟာတို့ကို ထူထောင်ပြသည်။ အထူးသဖြင့် တူရူချက် trends တို့ကို ရှာဖွေကြည့်ကာ လိုအပ်သော ပေါ်လစီနှင့် မဟာဗျူဟာတို့ကို အကြံပေးခြင်း ဖြစ်သည်။
အခြားအမြင်သစ်တစ်ရပ်ကမူ scenario planning ဟုခေါ်သည်။ လောကကြီးကို ပြဇာတ်ကဲ့သို့ကြည့်ပြီး ဇာတ်ဝင်ခန်းတို့ကို ကြိုတင်ခန့်မှန်း၍ အကွက်ချစီမံကြည့်သော နည်း ဖြစ်သည်။ ဇာတ်ဝင်ခန်းအလိုက် ပေါ်လစီနှင့် မဟာဗျူဟာတို့ကို ရှာဖွေကြည့်သော နည်း ဖြစ်ပုံရသည်။
ဤနည်းကို နမူနာအ ဖြစ် ဖော်ပြရလျှင်၊ ခေတ်သစ် တရုတ်ပြည်၏ အနာဂတ်ကို၊ ဖြစ်နိုင်ဖွယ်ရာ ဇာတ်ဝင်ခန်း လေးခန်းခွဲ၍ ဇာတ်အိမ်ဆောက်ကြည့်ထားခြင်းကို ပြရမည် ။
* * * * * * *
အ၀ိုင်း
ပထမ ဇာတ်ဝင်ခန်းမှာ တည်ငြိမ်မှု stable ရှိသော ဇာတ်ဝင်ခန်း ဖြစ်၏ ဟုပြောသည်။ ဒုတိယဇာတ်ဝင်ခန်းမှာ မတည်ငြိမ်သော ဇာတ်ဝင်ခန်း ဖြစ်သည်။ တတိယဇာတ်ဝင်ခန်းမှာ ဒီမိုကရေစီ ထွန်းကားလာသော ဇာတ်ဝင်ခန်း ဖြစ်သည်။ စတုတ္ထဇာတ်ဝင်ခန်းမှာ အာဏာရှင်ဇာတ်ဝင်ခန်း ဖြစ်သည်၊ autocratic ဟုပြောသည်။
ချုပ်၍ ပြောလျှင် ဤသို့သော ဇာတ်ဝင်ခန်းအလိုက်၊ ဇာတ်ကွက်အလိုက်ဆီလျော်သော ပေါ်လစီနှင့် မဟာဗျူဟာတို့ကို ရှာဖွေထူထောင်ကြဖို့ရာ ဖြစ်ပါသည်။
ဤနည်း၌ မသေချာမရေရာမှု uncertainty ကို အဓိက အာရုံစူးစိုက်ထားသည်ဟုဆိုသည်။ ဤသည်မှာ မသေချာမရရာမအပေါ် လောင်းကစားလုပ်နိုင်ရန်ဟု ဤနည်းကို ထူထောင်သူတို့က ဆိုကြသည်။
တစ်နည်းပြောလျှင် မမျှော်လင့်သော အရာ unexpected ကို ဤနည်း၌ နေရာပေးထားခြင်း ဖြစ်လေ၏ ။ စင်စစ်၌ မျှော်လင့်ထားသော အရာအတွက်ပြင်ဆင်ပြီးမှာ သာ၊မမျှော်လင့်သော အရာက ဖြစ်ပေါ်တတ်ပါ၏ ။ ဤအချက်ကိုလည်း ထည့်သွင်းတွက်ချက်သည်ဟု ဆိုသည်။
မည် သို့ပင်ဆိုစေ ဖော်ပြပါနည်းအားလုံးသည် အဆင့်ဆင့် ထပ်ထားသည်မဟုတ်၊ ထိမ်မှ အောက်သို့ဟူ၍ မရှိ။ အ၀ိုင်း circular ပြုပြီး စဉ်းစားကြသော နည်းများ ဖြစ်ကြသည်။
ဇူလိုင်၊ ၂၀၀၃။
အညွှန်း - (1) Fortune, 1996, No. 18
(2) Ecomic Reform Today, 1996, No. 3
* * * * * * *
![]() ဘာဂါနော်မစ် | ![]() ဈေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာ မူကြီးများအတွဲ (၂) | ![]() စကားနု စကားယဉ် စကားလှတို့ ၏ ကံကြမ္မာ အပါအ၀င် အခြားစာစုများ |