အခန်း(၁)
အိမ်အတွင်းမှ ကလေးငိုသံကြောင့် အိမ်အပြင်တွင် စိတ်လှုပ်ရှားစွာ စောင့်နေကြသော ယောက်ျားအချို့မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
'မွေးပြီထင်တယ်'
တစ်ဦးတစ်ယောက်က ဂဏှာမငြိမ်စွာ ဖြင့် ထပြောသည်။
အားလုံးက အိမ်အတွင်းသို့ သာ ကြည့်နေကြ၏ ။
'ဘာလေးမွေးလဲ မသိဘူး'
ထိုသို့ တစ်ယောက်တစ်ပေါက် ပြောနေကြစဉ် အိမ်အတွင်းမှ အဒေါ်ကြီးတစ်ယောက် ပြေး ထွက်လာ၏ ။အဒေါ်ကြီးမျက်နှာမှာ စိုးရိမ်သည့် အမူအရာများ ကြောင့် အားလုံးမှာ ထိတ်လန့်သွားပြီး-
'ဘာလေးမွေးလဲဟင်'
ဟု မေးလိုက်လေသည်။
အဒေါ်ကြီးကလည်း အားလုံးကိုတစ်ချက်ကြည့်ကာ
'ယောက်ျားလေး'
ဟု တိုးတိုးလေးရေရွတ်သည်။
'ဟင်'
အားလုံး၏ မျက်နှာများ တွင် စိတ်ပျက်သည့် အရိပ်ယောင်များ ဖြစ်သွားကြသည်။
'နောက်ထပ် ကလေးမွေးမယ့်လူ မရှိတော့ဘူးနော်'
'ဟုတ်တယ်၊ မခင်မြင့်မွေးပြီးရင် မွေးမယ့်လူ မရှိတော့ဘူး'
'ဟိုနေ့က မ၀င်းဆွေလည်း ယောက်ျားလေးပဲမွေးတာနော်'
'အင်း… ဟုတ်တယ်'
'ဒီနေ့မှ မိန်းကလေးမမွေးဘူးဆိုရင် နတ်ဆရာစကားအဆိုအရ ရွာကို မိန်းကလေးတစ် ယောက်ယောက်များ ရောက်လာမလားမသိဘူး'
'မင်းပြောတာဖြစ်နိုင်တယ်'
'ကဲ…ဖျော်ရည်ဆိုင်ကို မြန်မြန်သွားရအောင်၊ ငါတို့သတင်းကို မျှော်နေလောက်ပြီ'
ထိုသူနှစ်ဦးမှာ တစ်ယောက်တစ်ပေါက် ပြောဆိုကြပြီးနောက် ရွာ၏ ဖျော်ရည်ရောင်း သောဆိုင် သို့ အလျင်အမြန်ထွက်သွားကြလေသည်။
ဖျော်ရည်ရောင်းသောဆိုင်တွင်လည်း လူအများ က တီးတိုးတီးတိုး ပြောနေကြ၏ ။
ပြောသည့်အကြောင်းအရာမှာ လည်း ရွာတွင် ယခုတလောဖြစ်နေသည့် သတင်းအကြောင်းပင် ဖြစ်သည်။
ထိုစဉ် ဆိုင်အတွင်းသို့ ရွာသားနှစ်ယောက်ဝင်လာသောကြောင့် ဆိုင်ထဲရှိလူများ မှာ ရုတ်ရုတ် သဲသဲဖြစ်သွားကြပြီး…..
'ဘာ…ဘာလေးမွေးလဲ'
ဟု ၀ိုင်းမေးကြလေသည်။
ဝင်လာသော နှစ်ဦးမှာ လည်း ခုံတစ်ခုံတွင် အေးအေးဆေးဆေး ၀င်ထိုင်လိုက်ပြီး-
'ယောကျားလေးပဲပေါ့ဗျာ'
ဟု စိတ်ပျက်လက်ပျက်ပြန်ဖြေသည်။
အားလုံးမှာ သက်ပြင်းချသူကချ၊ ဖျော်ရည်ထပ်မှာ နှင့် ရှုပ်ရှက်ခတ်သွားသည်။
ထိုအချိန်တွင် ရွာ၏ သူကြီးဦးသန်းမှာ ဆိုင်အတွင်းသို့ ခပ်သုတ်သုတ်ဝင်လာပြီး….
'ဟေ့…မွေးပြီလား၊ ဘာလေးလဲ'
ဟု အားလုံးကို မေးလိုက်ပြန်သည်။
အားလုံးက သူကြီးကို ကြည့်လိုက်ကြပြီး သူဖြေလိုက်၊ ငါဖြေလိုက်နှင့် ဖြစ်နေကြသည်။
သူကြီးကလည်း ရိပ်မိလိုက်ပြီး
'ယောက်ျားလေးပဲ မွေးတာမှတ်လား'
'အင်း…ဟုတ်တယ်၊ သူကြီး'
သူကြီးလည်း ခုံတစ်ခုံတွင် စိတ်ပျက်လက်ပျက်နှင့် ၀င်ထိုင်လိုက်ကာ-
'ဖျော်ရည်တစ်ခွက်'
ဟု လှမ်းမှာ လိုက်သည်။
ထိုစဉ် ရွာသားနှစ်ယောက် ရောက်လာပြီး
'မခင်မြင့် ဘာလေးမွေးလဲ'
ဟု မေးပြန်သည်။
'ယောက်ျားလေးပဲ'
အနီးဆုံးရှိနေသည့်သူကြီးက လှမ်းဖြေလိုက်သည်။
သူတို့လည်း ဆိုင်အတွင်းမှ စိတ်ညစ်ညစ်နှင့်ထွက်သွားကြသည်။
ဤသို့ ဖြင့် ရွာ၏ တစ်ခုတည်းသော ဆိုင်လေးသို့ ရွာသားများ ရောက်လာလိုက် 'ယောက်ျားလေး' ဟု ဆိုလိုက်၍ စိတ်ပျက်ပြီး ထွက်သွားလိုက်နှင့် ဖြစ်နေကြသည်။
အားလုံးက မှိုင်တွေတွေနဲ့ ထိုင်နေကြစဉ် ရုတ်တရက်ဆိုသလိုပင် လူငယ်ရွာသားတစ်ယောက် က မတ်တပ်ထရပ်၏ ။
ထို့နောက် ဆိုင်ရှင် ကိုဖဲအားကြည့်ပြီး-
'ကိုဖဲ'
'ဟေ၊ ဘာလဲ ပိုမြိုင်'
'ဖြေဖြူနဲ့ဘုတ်ပြားကြီးကြီးရှိလား'
'ဘာလုပ်မလို့လဲ'
'အားလုံးမဖြေရအောင်လုပ်မလို့'
'ဘာကို'
ကိုဖဲမှာ ပိုမြိုင့်စကားကို နားမလည်ဘဲဖြစ်နေသည်။
'ငါ့အိမ်မှာ တော့ရှိတယ်၊ ယူချင်ရင်သွားယူလိုက်'
သူကြီးက ကိုဖဲအစား ၀င်ဖြေပေး၏ ။
'ဟုတ်ကဲ့ သူကြီး'
ပိုမြိုင်လည်း ဆိုင်ထဲမှထွက်ကာ သူကြီးအိမ်သို့ ပြေးသွားပြန်သည်။
ခဏကြာသောအခါတွင် ပိုမြိုင်မှာ ဘုတ်ပြားကြီးယူပြီး ပြန်ရောက်လာပြန်၏ ။
'ဘာလုပ်ဖို့လဲ ပိုမြိုင်'
လူပျိုကြီး ကိုကိုဆွိက မျက်မှော င်ကြုတ်ပြီး ၀င်စပ်စု၏ ။
အားလုံးကလည်း ၀ိုင်းကြည့်နေကြ၏ ။
ပိုမြိုင်က ဘုတ်ပြားပေါ်တွင် စာသားအချို့ ချရေးလိုက်သည်။
အားလုံးမှာ ဘုတ်ပြားကိုကြည်ကာ ရယ်မောလိုက်ကြပြီး-
'အေး … အဲဒီ လို လုပ်လိုက်တော့လည်း ပြီးတာပဲပေါ့ကွာ'
ပြောရင်းဆိုရင်း ရွာသားနှစ်ယေက်ရောက်လာကာ ဘုတ်ကို ကြည့်လိုက်ပြီးနောက်-
'ဟင်…ယောက်ျားလေးပဲ'
ဟုဆိုကာ ထွက်သွားကြပြန်သည်။
အားလုံးမှာ လည်း ရယ်ရတော့မလိုလို၊ စိတ်ညစ်ရတော့မလိုလိုနဲ့ ကျန်ခဲ့ကြသည်။
အခန်း(၂)
'သူကြီး'
'ဘာတုန်း'
သူကြီးက ဖျော်ရည်ကို တစ်ငုံသောက်လိုက်ပြီး သူ့ဘေးနားရှိ လူပျိုကြီးကိုကိုဆွိကို လှမ်းထူး လိုက်သည်။
'ဒီနေ့ 29 ရက်နေ့မှာ မိန်းကလေးမမွေးဘူးဆိုတော့ နတ်ဆရာ နောက်ထပ်ပြောထားတဲ့အတိုင်း ရွာကိုမိန်းကလေးတစ်ယောက် ရောက်လာမှာ ပေါ့'
'ညနေ 3 နာရီထိုးတဲ့အထိ စောင့်ကြည့်ရမယ်တဲ့'
ကိုဖဲကလည်း သူကြီးနား ၀င်ထိုင်လိုက်ပြီး-
'သူကြီး'
'ဟေ'
'အဲဒီ ရောက်လာတဲ့မိန်းကလေးက ကျွန်တော်တို့ရွာရဲ့ အခက်အခဲကို ပြေလည်စေမှာ လား'
'အခြားရွာတွေမှာ တော့ နတ်ဆရာစကားက မှန်ခဲ့တာပဲ။ ငါတို့ရွာလည်း မှန်မှာ ပါ'
သူကြီး၏ စကားကို တစ်ဆိုင်လုံးက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ထောက်ခံလိုက်ကြသည်။
ဟုတ်တော့လည်းဟုတ်သည်။ နတ်ဆရာပြောသည့်စကားသည် အခြားရွာများ တွင် မည်သည့် အခါမှ မှားခဲ့ရိုးထုံးစံမရှိချေ။
ယခုလည်း နတ်ဆရာပြောစကားအရ ရွာကိုရောက်ရှိလာမည့် မိန်းကလေးအား 'ဖျော်ရည်ဆိုင်' တွင် စောင့်နေကြခြင်းဖြစ်သည်။
'ဘယ်နှစ်နာရီထိုးပြီလဲ'
'သိဘူးလေ'
ထိုသို့ မေးနေစဉ်မှာ ပဲ ဖျော်ရည်ဆိုင်ရှိ ရွာ၏ တစ်ခုတည်းသော ရေနာရီဖြစ်သည့် နာရီမှ မြည်သံ ထွက်လာသောကြောင့် အားလုံးလန့်ဖြန့်သွားကြသည်။
'သုံးနာရီထိုးပြီ'
သူကြီးအပါအ၀င်အားလုံးမှာ စိတ်လှုပ်ရှားသွားကြသည်။
ဆိုင်၏ အပေါက်ဝကိုလည်း မကြာခဏဆိုသလို လှမ်းမျှော်ကြည့်နေကြရသည်။
ရွာထဲကို ၀င်မည်ဆိုပါက ဒီ 'ဖျော်ရည်ဆိုင်'သို့ မဖြစ်မနေ၀င်ရမည်မည်ဖြစ်သည်။
ထို့အတွက် အားလုံးမှာ ဖျော်ရည်ဆိုင်တွင် ထိုင်စောင့်နေကြခြင်းဖြစ်သည်။
ထိုစဉ်-
'သူကြီး….သူကြီး'
ရွာသားတစ်ယောက်အော်ဟစ်ပြီး ပြေးလာနေသည်ကို တွေ့ရသည်။
ပြေးလာသောသူမှာ ရွာ၏ လူပျိုတစ်ယောက်ဖြစ်သည့် ဖိုးစံပင်ဖြစ်သည်။
'ဖိုးစံ ဘာဖြစ်လာတာလဲ'
'သူကြီး …ရွာအ၀င်မှာ … ကောင်…ကောင်မလေး'
'ဟင်'
ဖိုးစံမှာ အမောတကောပြေးလာရ၍ စကားများ ပင်ထစ်နေသည်။
'ကောင်မလေးတစ်ယောက် ငါတို့ရွာထဲကို ၀င်လာတာလား'
'မဟုတ်ဘူး'
'ဒါဆို ဘာဖြစ်တာလဲ'
'ရွာအ၀င်မှာ ကောင်မလေးတစ်ယောက် လဲနေတာတွေ့လို့'
'ငါတို့ရွာကလား'
'မဟုတ်ဘူး'
အားလုံးမှာ စိတ်လှုပ်ရှားသွားကြသည်။
'နတ်ဆရာပြောတဲ့ကောင်မလေးများ လား မသိဘူး'
'ဖြစ်နိုင်တယ်…သူကြီး'
'သွားကြည့်ရအောင်'
အားလုံးမှာ ဖျော်ရည်ဆိုင်ထဲမှ တသီတတန်းကြီးထွက်သွားကြလေသည်။
ဆိုင်ရှင်ကိုဖဲလည်း သူ၏ ဆိုင်ကို အလျင်စလိုပိတ်လိုက်ကာ လူအုပ်ကြီးနောက်မှ ပြေးလိုက် သွားလေသည်။
ရွာလမ်းတစ်လျှောက် လူအုပ်ကြီးအလျင်စလို ပြေးသွားနေမှု ကြောင့် နီးစပ်ရာရွာသူရွာသားများ က-
'ဘာဖြစ်တာလဲ'
ဟု လှမ်းမေးကြသည်။
'နတ်ဆရာ စကားမှန်နေပြီဗျို့'
'ဟုတ်လား'
'ဟုတ်တယ်၊ အခု ရွာထိပ်မှာ ကောင်မလေးတစ်ယောက် ရောက်နေပြီ'
'ဟာ…တကယ်'
ဟု ဆိုပြီး ထပ်ပါလာကြပြန်သည်။
ရွာထိပ်ရောက်သောအခါ လိုက်လာသောသူများ မှာ တော်တော်ကြီးကို များ နေပြီဖြစ်သည်။
အားလုံး၏ ခြေလှမ်းများ ရပ်တန့်သွားကြသည်။
ရှေ့တွင် ကောင်မလေးတစ်ယောက် လဲကျနေသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
'ဒဏ်ရာ ရထားတာထင်တယ်'
ကောင်မလေး၏ မျက်နှာတွင် သွေးအနည်းငယ်စီးကျနေ၏ ။
'အသက်ရှိသေးရဲ့ လား'
'ရှိသေးတယ်ထင်တယ်'
'ကောင်မလေးက ချောချောလေးပဲ'
'အေး…ဘာဖြစ်လာတာလဲမသိဘူး'
'ငါတို့အနီးအနားရွာကတော့ ဟုတ်မယ်မထင်ဘူး'
'အနားကရွာတွေမှာ ဒီလောက်ချောတဲ့ကောင်မလေး မရှိဘူး'
စသည်ဖြင့် တစ်ယောက်တစ်ပေါက် ၀င်ပြောနေကြသောကြောင့်-
'ကဲ…ကဲ…၊ တော်ကြတော့၊ ကောင်မလေးကို ရွာထဲခေါ်သွားရအောင်'
'ဘယ်ကိုခေါ်သွားရမှာ လဲ သူကြီး'
ကိုကိုဆွိဆိုသည့်လူပျိုကြီးက ၀င်မေးပြန်သည်။
ဤတွင် သူ၏ ပြိုင်ဘက်ဖြစ်သော လူပျိုကြီးတစ်ဦးဖြစ်သည့် ဒေါ်ကြီးက-
'မောင်ဆွိ'
'ဘာလဲ'
'မင်းသိပ်နုံပါလား'
'ဟ…မင်းက ဘလိုင်းကြီးပါလား၊ ဘာဖြစ်လို့လဲ'
'နတ်ဆရာဆောက်ခိုင်းထားတဲ့ အိမ်တစ်လုံးသီးသန့်ရှိတယ်လေ၊ အဲဒီ ကို ခေါ်သွားရမှာ ပေါ့၊ ဟုတ်ဘူးလား သူကြီး'
သူကြီးကိုလည်း လှမ်းမေးလိုက်သေး၏ ။
သူကြီးက ခေါင်းငြိမ့်ပြမှသာ ကိုကိုဆွိလည်း ငြိမ်သွားလေသည်။ ဤသို့ ဖြင့် ရွာသားများ သည် အလျင်အမြန်လုပ်ထားသော ထမ်းစင်ဖြင့် လဲကျနေသော ကောင်မလေးကို သယ်ကာ ရွာရှိ သီးသန့် ဆောက်ထားသော အိမ်တစ်အိမ်သို့ ခေါ်သွားကြလေ၏ ။
အခန်း(၃)
သူတို့ရွာတွင် မွေးသော ကိုယ်ဝန်သည်တိုင်းသည် ယောက်ျားလေးပဲမွေးဖွား၏ ။ တစ်ခါမှ မိန်းကလေး မမွေးဖူးချေ။
ထို့အတွက်ကြောင့် ရွာတွင် ယောက်ျားလေးဦးရေ များ ပြားလာကာ မိန်းကလေးဦးရေမှာ မရှိ သလောက်ရှားပါးလာ၏ ။
ထိုယောက်ျားလေးများ အရွယ်ရောက်လာသောအခါတွင် အိမ်ထောင်မှု ပြုရန်အတွက် အခြား ရွာရှိ မိန်းမပျိုလေးများ အား လူပျိုလှည့်ရ၏ ။
ချစ်ကြိုက်ပြီးနောက် ရွာတွင်ပြန်လည်နေထိုင်ပြီး ကလေးမွေးသောအခါတွင်လည်း ထိုအမျိုး သမီးမှ ယောက်ျားလေးပဲ မွေး၏ ။
ကြာလာသောအခါ အခြားရွာမှ ကာလသများ နှင့်လူကြီးများ သည် သူတို့ရွာက မိန်းမပျိုလေး များ အား လာရောက်ပိုးပန်းခြေင်းကို သဘောမကျချင်တော့ချေ။
ထို့ကြောင့် လာပိုးပန်းသောသူများ ကို ဖျက်လိုဖျက်ဆီးလုပ်ကြတော့၏ ။ ဤတွင် ရွာထဲတွင် လူပျိုကြီးနှင့် လူပျိုလေးများ များ ပြားလာလေ၏ ။
သက်တူရွယ်တူ ဆန့်ကျင်ဘက်လိင်များ မရှိခြင်းကြောင့် ရွာရှိ ယောက်ျားပျိုများ သည် ပျင်းရိ ငြီးငွေ့လာကြ၏ ။
အလုပ်ကြိုးစားပမ်းစား လုပ်ကိုင်နေခြင်းသည် ဦးတည်ချက်မရှိ၊ နောင်မိသားစုအသစ်ကလေး အတွက် မျှော်လင့်ချက်မရှိ စသည်တို့တွေးတောကာ အလုပ်လုပ်ခြင်းကို စိတ်ပျက်လာကြလေသည်။
ယောက်ျားအချင်းချင်းတွေ့သောအခါတွင်လည်း မျှော်မှန်းချက်ဖြင့် ချစ်ကြိုက်ရမည့်ကောင် မလေးအကြောင်းများ ကို ပြောနေတတ်တော့သည်။
အခြားရွာက ကောင်မလေးများ ကလည်း သူတို့ရွာကို မလာတော့သလို၊ သူတို့ကလည်း အခြား ရွာများ ကို အလုပ်ကိစ္စမှလွဲ၍ အခြားရည်ရွယ်ချက်ဖြင့် သွားလျှင် အဆင်မပြေတော့ချေ ….။
ရွာရှိ အိမ်ထောင်ရှိပြီးသောသူများ သာ အဆင်ပြေကြသည်။ နောက်ပိုင်း အရွယ်ရောက်လာ သော လူပျိုများ မှာ လူပျိုလှည့်ရာတွင် အဆင်မပြေကြတော့ချေ။
ဤသို့ ဖြင့် ယောက်ျားပျိုများ သည် အရက်သောက်လာကြသည်။
'ချစ်သူရှိရင် ကောင်းမှာ ပဲ'
'ဘာလဲ…စိတ်ကူးထဲက ချစ်သူလား'
'အာ..ဘယ်ကသာ၊ တကယ့်ချစ်သူကိုပြောတာပေါ့ကွ'
'မဖြစ်နိုင်ပါဘူးကွာ၊ ဒီလောက်ခက်ခဲနေတာ'
'ငါ ဟိုဘက်ရွာသွားတုန်းက ကောင်မလေးတစ်ယောက် တွေ့ခဲ့တယ်'
'ချောလား'
သူတို့က ဒီသတင်းလေးတွေဆိုရင် သိပ်ကြိုက်သည်။
'အာ…ချောတာမှ စက်စက်ကိုယိုနေတာပဲ'
'ဘာတုန်းဟ၊ စက်စက်တောင်ယိုအောင်လှတယ်ဆိုတာ'
'မသိဘူး၊ အဲဒီ ရွာက ကာလသားတစ်ယောက်ပြောတာကြားလို့ ပြန်ပြောပြတာ ….. အေ့… ထည့်စမ်းပါဦး၊ ပြောရင်းဆိုရင်း သူ့မျက်နှာလေး မြင်လာပြီ'
ဤသို့ ဖြင့် တစ်နေ့တစ်နေ့ ကုန်ဆုံးခဲ့ရလေသည်။
'သူကြီး'
'ဟေ'
သူကြီးတပည့် ဖိုးထောင်က သူကြီးနားကို ကပ်လာလေ၏ ။
'သူကြီး'
'အေး…ပြောဆို'
'ဒေါ်စိမ်းရဲ့ သား သာအောင်က 18 နှစ်ပြည့်လို့ လူပျိုဖြစ်နေပြီလို့ လာပြောသွားတယ်'
'အေး….ရွာရဲ့ လူပျိုကြီး၊ လူပျိုလေးစာရင်းထဲ ရေးမှတ်လိုက်ကွာ'
ဖိုးထောင်လည်း အနီးရှိစာအုပ်ထဲတွင် ရှိပြီးသောဂဏန်းများ အောက်တွင် ဂဏန်းတစ်ခု ထပ်ရေးကာ 'သာအောင်'ဟု ရေးလိုက်လေ၏ ။
သူကြီးက စာအုပ်ဖတ်နေရင်းမှ သတိတစ်ခု ၀င်သွားပြီး…
'ဖိုးထောင်'
'ဗျာ…သူကြီး'
'ရွာထဲမှာ လူငယ်တော်တော်များများ အရက်သောက်လာကြတယ်ဆို'
'အကုန်နီးပါးလောက်ပါပဲ သူကြီး၊ ဒါပေမဲ့ သူတို့က မရမ်းကားကြပါဘူး သူကြီး'
'နေပါဦး၊ မရမ်းကားတော့ သူတို့က အရက်သောက်ပြီးဘာလုပ်ကြတုန်း'
'ဟို…'
ဖိုးထောင်မှာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားသည်။
'ပြောပါကွ…ဘာလုပ်ကြလဲ'
'ဟို…မိန်းကလေးတွေအကြောင်း ပြောကြပါတယ်'
သူကြီးမှာ ဖိုးထောင်စကားကြောင့် တော်တော်လေး စိတ်မကောင်းဖြစ်သွားသည်။
သူတို့ရွာ၏ အားနည်းချက်ကိုက မိန်းကလေးရှားပါးခြင်းဖြစ်သောကြောင့် ရွာရှိလူငယ်များ အထီးကျန်ဆန်နေလောက်ပေမည်။
သက်ပြင်းတစ်ချက် ချလိုက်သည်။
ရွာရှိယောက်ျားပျိုများ အတွက် မည်သို့ စီစဉ်ပေးရမလဲဆိုတာကို အကြိမ်တိုင်းအကြိမ်တိုင်း စဉ်းစားနေမိသည်။
'စာရင်းက ဘယ်နှစ်ယောက်တောင် ရှိသွားပြီလဲ'
'တော်တော်များ ပါတယ် သူကြီး'
'အေး..ဘယ်နှစ်ယောက်လဲလို့'
ဖိုးထောင်က သူကြီးရှေ့သို့ စာအုပ်လေးတိုးပေးလိုက်သည်။
သူကြီးက စာရွက်ရှိစာရင်းကိုကြည့်ပြီး အနည်းငယ်မျက်လုံးပြူးသွားသည်။
သူကြီးအိမ်ရှေ့ရှိ မြေကွက်လပ်တွင် လူတော်တော်များများ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။
ရွာရှိ လူလည်း တော်တော်စုံနေပြီဖြစ်သည်။
'အဟမ်း'
သူကြီးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး အားလုံးကိုဝေ့ကြည့်လိုက်သည်။
ရောက်လာသောသူများ ထဲတွင် ထုံးစံအတိုင်း ယောက်ျားလေးဦးရေများ ၏ ။ အိမ်ထောင်သည် အမျိုးသမီးများ က သားကိုချီကာ ခင်ပွန်းသည်နှင့်အတူ ရောက်လာကြ၏ ။
'ခေါ်ရတဲ့ရည်ရွယ်ချက်က ထွေထွေထူးထူးတော့မရှိပါဘူး၊ ဒါပေမဲ့ ပြောစရာ၊ တွေးစရာလေး နည်းနည်းရှိလို့ ခေါ်လိုက်တာပါ'
'ဘာများ လဲသူကြီး'
အသက်ကြီးကြီး အဘိုးအိုတစ်ယောက်က ၀င်မေးသည်။
သူ့ဇနီးအဖွားအိုသည် မကြာမီက ဆုံးထားသော သူတစ်ယောက်ဖြစ်သည်။
သူကြီးက သူ့စကားကို ဆက်ပြောသည်။
'ဒီမှာ ကျွန်တော်တို့ရွာရဲ့ လူပျိုကြီး၊ လူပျိုလေး စာရင်းပါ'
ဟုဆိုပြီး ရှေ့ဆုံးမှာ ရှိသော ရွာသားတစ်ယောက်ကို စာအုပ်ပြလိုက်သည်။
ထိုသူမှတစ်ဆင့် တက်ရောက်လာသူအားလုံးစာရင်းကြည့်ရှုကြသည်။
'များ သားဟ'
'အံမယ် … ငါက နံပါတ် 27 ပါလား'
စသည်ဖြင့် စာရင်းကိုကြည့်ပြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော်လည်း သူကြီး၏ ဆိုလိုရင်းကို နားမလည်ကြသေးချေ။
'သူကြီးက ဘာဆိုလိုချင်တာလဲ'
'ဒီလို…ဒီလို'
'အခုရှိနေတဲ့ သက္ကရာဇ်ကို ခုနှစ် (1)လို့ပဲ ဆိုကြပါစို့'
'ဟုတ်ကဲ့'
သူကြီးရဲ့ စကားကို အားလုံးကိ စိတ်ဝင်စားလာကြသည်။
သူကြီးက တစ်ဖက်ပါအတိုင်း ဆက်ရှင်းပြသည်။
ရွာရှိ လူပျို - 100 ဦးရေ ရှိတယ်ဆိုပါစို့။
(ဒီကြားထဲမှာ အိမ်ထောင်မပြုဖြစ်၊ အိမ်ထောင်ဖက်ကို အခြားရွာများ မှ ရှာ၍ မရ စသည့်အခက် အခဲများ နဲ့ ကြုံရမယ်ဆိုရင်…)
ရွာရှိ လူပျို - 200 ဦးရေလောက် ဖြစ်သွားနိုင်ပါတယ်။တစ်နှစ်ထက် တစ်နှစ် မိန်းကလေးမမွေးဖွားတဲ့အတွက် ရွာမှာ ရှိတဲ့ လက်ရှိအမျိုးသမီးများ သေဆုံးပါက ရွာတွင်ကလေးမွေးနိုင်တဲ့ အမျိုးသမီးဦးရေ ရှိတော့မှာ မဟုတ်ဘူး။
ထိုအခါ နှစ်အနည်းငယ်အတွင်း-
ရွာတွင် ယောက်ျားလေးများ ပဲ ကျန်ခဲ့နိုင်ပါတယ်။
ထိုကဲ့သို့ ကျန်ခဲ့ပါက ပြဿနာအချို့ ဖြစ်ပွားနိုင်ပါတယ်။
(1) ရွာတွင် မျိုးဆက်ပျံ့ပွားမှု မရှိနိုင်တော့။
(2) အရက်အသေစာ သောက်စားမှု များ ပြားလာနိုင်သည်။
(3) ဆန့်ကျင်ဘက်လိင်များ မရှိတော့သောကြောင့် အထီးကျန်မှု ၊ စိတ်ဓာတ်ကျမှု နှင့် စိတ်အလိုမကျမှု များ ဖြစ်ပွားလာနိုင်သည်။
(4) ဆန့်ကျင်ဘက်လိင်မရှိသော ရွာတွင် ပျင်းရိကာ ရွာထဲ၌ မနေချင်တော့ဘဲ အခြား ရွာများ သို့ တစ်မိုးတစ်အိမ်ထောင် ထူထောင်ရန်အတွက် ပြောင်းရွှေ့အခြေချနေမှု များ ကြုံဆုံရနိုင်သည်။
(5) ရွာတွင် တစ်ယောက်မှမရှိတော့ဘဲ ရွာပျက်စီးလိမ့်မည်။
'ဟင်'
သူကြီး၏ စကားကြောင့် အားလုံးမှာ ထိတ်လန့်သွားကြသည်။
သူကြီးပြောသည့်အခြေအနေသည် သူတို့ရွာတွင် ဖြစ်ပေါ်နေသော အခြေအနေနှင့် တစ်ထပ် တည်းဖြစ်နေသောကြောင့် ဖြစ်သည်။
ရွာတွင် အိမ်ထောင်ဘက်ရှာ၍ မတွေ့ခြင်း၊ လူပျိုဦးရေများ ပြားလာခြင်းတို့က သက်သေခံနေ လေသည်။
'ဒါ…ဒါဆို ဘယ်လိုလုပ်ကြမလဲ သူကြီး'
ရွာသူရွာသားအားလုံးက တညီတညွတ်တည်း ၀ိုင်းမေးကြသည်။
'ငါတို့ရွာက ရှေးကတည်းက ယောက်ျားလေးပဲမွေးလာတာဆိုတော့ ဘယ်လိုဖြေရှင်းရမလဲ မသိဘူး'
'ဟုတ်တယ် သူကြီး၊ ပြီးတော့ အခြားရွာက မိန်းကလေးတွေကိုလည်း အတင်းအဓမ္မ လက်ထပ် လို့လည်းမဖြစ်ပြန်ဘူး'
နောက်တစ်ယောက်ကလည်း ၀င်ပြောသည်။
'အခြားရွာက လူကြီးတွေနဲ့ညှိရင်ရော သူကြီး'
'ဘယ်လိုညှိတာကိုပြောတာလဲ'
'ကျွန်တော်တို့ရွာက လူပျိုက သူတို့ရွာရဲ့ သမီးပျိုကို တောင်းရမ်းတာတို့ဘာတို့တွေလေ'
'အခြားရွာကလူတွေက အရင်တုန်းကလို မဟုတ်တော့ဘူး၊ သူတို့ရွာက သမီးပျိုတွေကို ငါတို့ ရွာကယောက်ျားလေးတွေနဲ့ ပေးစားချင်တာတာမဟုတ်တော့ဘူး'
နောက်တစ်ယောက်ကလည်း ၀င်ပြောပြန်သည်။
'ကျွန်တော်တို့ကို ကောင်မလေးတွေ သဘောကျလက်ခံလာအောင် ကြိုးစားရင်ရော'
'ပြောတော့သာလွယ်တာ၊ လုပ်တဲ့အခါခက်တယ်၊ လူပျိုလှည့်ရင် အခြားရွာကလူပျိုတွေက နှောင့်ယှက်တာနဲ့ သမီးရှင်တွေကလည်း သူတို့ရွာကလူနဲ့မှ သဘောတူချင်တာနဲ့၊ ပြီးတော့ သမီးတွေ ကလည်း မိဘစကားကို မလွန်ဆန်နိုင်တာနဲ့ မလွယ်လောက်ပါဘူး'
ဟုတ်တော့လည်း ဟုတ်သည်။ အခြေအနေက သိပ်တော့မလွယ်လှချေ…။
သူတို့အားလုံးမှာ စဉ်းစားရကျပ်သွားသည်။
ရွာရှိ အိမ်ထောင်ရှင်အမျိုးသမီး အနည်းငယ်မှာ လည်း မည်သို့ မျှအကြံမပေးတတ်ဘဲ ဖြစ်နေကြ သည်။
ထိုစဉ် -
'နတ်ဆရာမေးကြည့်ရင် ကောင်းမယ်ထင်တယ်'
'ဘယ်က နတ်ဆရာလဲ'
'ကျွန်မတို့ရွာနဲ့ နည်းနည်းလောက်ဝေးတဲ့ရွာမှာ ရှိတဲ့ နတ်ဆရာကိုပြောတာ'
အိမ်ထောင်ရှင်အမျိုးသမီးစကားကို အားလုံးက စိတ်ဝင်စားလာကြသည်။
'အဲဒီ နတ်ဆရာက မီးခိုးတွေတဝေေ၀၊ တုတ်ကောက်ကြီး တကိုင်ကိုင်၊ အိမ်တွေမှာ ကြောက် စရာအရိုးခေါင်းတွေရှိတဲ့ နတ်ဆရာလား'
'အာ..အဲဒီ လိုမျိုး မဟုတ်ပါဘူး။ အဲဒီ ရွာရဲ့ ပညာရှိလို့ပဲ ပြောရမှာ ပေါ့။ ရွာမှာ အခက်အခဲရှိရင် သူ့ကိုပဲ တိုင်ပင်ကြရတာ ၊ သူက ဗေဒင်နဲ့အခြားနက္ခတ်ဆိုင်ရာတွေလည်း ကျွမ်းကျင်တယ်တဲ့။ ဒါကြောင့် တစ်ရွာလုံးက နတ်ဆရာလို့ ခေါ်ကြတယ်လို့ပြောတာပဲ'
'သူက ငါတို့ရွာအတွက် အကူအညီပေးနိုင်ပါ့မလား'
အားလုံးမှာ သူကြီး၏ စကားကြောင့် စဉ်းစားသွားရသည်။
မမြင်ရသည့် နတ်ဆရာကိုလည်း အကူအညီတောင်းချင်သည်။ မကူညီနိုင်ရင်လည်း ဒုက္ခဟု တဆည်တည်းတွေးနေမိသည်။
'ဒါကတော့… အကူအညီသွားတောင်းကြည့်မှ သိမှာ ပဲ'
'အင်း…အဲဒါ ဟုတ်တယ်'
အိမ်ထောင်ရှင်အမျိုးသမီးကြီးစကားကို အားလုံးကထောက်ခံလိုက်ကြသည်။
ယနေ့သည် သူကြီးနဲ့ရွာသားသုံးယောက် ထွက်သွားသည့် လေးရက်မြောက်နေ့ဖြစ်သည်။
ပုံမှန်အတိုင်းဆိုလျှင် ဒီနေ့သည် သူကြီးနှင့်အဖွဲ့ရွာပြန်ရောက်မည့်နေ့ဖြစ်သည်။ မနက် ကတည်းက ကိုဖဲ၏ 'ဖျော်ရည်ရောင်းသောဆိုင်'တွင် လူအများ ပြည့်ကျပ်နေကြသည်။
သူကြီးနဲ့ရွာသားများ ကို စိတ်ဝင်စားမှု အပြည့်နှင့် လာစောင့်နေကြခြင်းဖြစ်သည်။
'သူကြီး အဆင်ပြေပါ့မလား မသိဘူး'
'ပြေမှာ ပါကွ'
'မင်းက ဘယ်လိုလုပ်သိလဲ'
ရွာရှိ လူပျိုနှစ်ယောက် အချင်းများ နေခြင်းဖြစ်သည်။
ဆိုင်ရှင်ကိုဖဲကလည်း တစ်ယောက်တည်း ထိုင်နေသော ပိုမြိုင်စားပွဲသို့ သွားပြီး-
'ပိုမြိုင်'
'ဘာလဲဗျ'
'မင်းလဲ သူကြီးမျှော်နေတာပဲလား'
'ဒါပေါ့…အစ်ကိုတို့လို ကျွန်တော်တို့က မိန်းမမှ မရသေးတာ'
ပိုမြိုင့်စကားကြောင့် ကိုဖဲမှာ အနည်းငယ်ရယ်လိုက်ပြီး-
'ငါလည်း ခက်ခက်ခဲခဲနဲ့ တခြားရွာက သွားပိုးခဲ့ရတာ ပါကွာ'
'ကိုဖဲက မိန်းမကို တော်တော်ချစ်လား'
'ချစ်တာပေါ့ကွာ၊ ခက်ခက်ခဲခဲ ယူခဲ့ရတဲ့မိန်းမပဲ'
'ကိုဖဲ မိန်းမရော၊ ကိုဖဲကို ချစ်လား'
'ချစ်မယ် ထင်တာပဲကွာ'
'ဒါပေမယ့် ကိုဖဲတို့လင်မယားနှစ်ယောက်က နှစ်တွေကြာတောင် ကလေးမရသေးဘူးနော်'
'ဒါကတော့ မပြောတတ်ပါဘူး၊ ကလေးရလဲ ယောက်ျားလေးမွေးပြီး…ကြီးလာရင် ယူစရာ မိန်းမ မရှိဘဲဖြစ်နေပါဦးမယ်…ဟား…ဟား…'
ကိုဖဲက သူ့စကားကိုသူ သဘောကျပြီး ရယ်နေလေသည်။
ပိုမြိုင်ကလည်း-
'ဟုတ်တယ်…ကိုဖဲရာ'
ဟုဆိုပြီး စိတ်ဓာတ်ကျကာ ထောက်ခံလိုက်လေသည်။
ဤတွင် အဝေးမှလာနေသော လူတစ်စု၏ အရိပ်အယောင်ကို တွေ့လိုက်ရလေသည်။
'သူကြီး…သူကြီးနဲ့တူတယ်'
ရွာသားတစ်ယောက်၏ အသံကြောင့် အားလုံးမှာ ဆိုင်အပြင်သို့ လှမ်းကြည့်လိုက်ကြသည်။
'ဟုတ်တယ်…သူကြီးတို့ ပြန်လာပြီ'
ဆိုင်ထဲတွင် သူကြီးကို အလယ်မှာ ထားကာ ၀ိုင်းပတ်ပြီးထိုင်လိုက်ကြသည်။ သူကြီးက လွယ်လာသော လွယ်အိတ်ကို ခုံပေါ်တင်လိုက်၏ ။
ထို့နောက် မျှော်လင့်တကြီးဖြင့်ကြည့်နေသော ရွာသားများ တစ်ချက်ကြည့်ကာ-
'နတ်ဆရာနဲ့ တွေ့ခဲ့တယ်'
ဟု တုံးတိကြီးပြောချလိုက်လေတော့သည်။
အားလုံးကလည်း
'နတ်ဆရာက ဘာပြောလိုက်လဲသူကြီး'
'ဘာလုပ်ရမယ်တဲ့လဲ'
'သူက ဘယ်လိုပုံစံမျိုးလဲ'
'ယုံရော ယုံကြည်ရပါ့မလား'
စသည်ဖြင့် တစ်ယောက်တစ်ပေါက် ၀ိုင်းမေးကြလေတော့သည်။
သူကြီးက အားလုံးကိုလက်ကာပြလိုက်၏ ။
မေးခွန်းနှင့်စကားသံများ ရပ်သွားကြသည်။
ဤတွင် သူကြီးက လွယ်အိတ်ထဲမှ စာအိတ်နှစ်အိတ်ကိုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။
အားလုံးကလည်း စာအိတ်ကို စိတ်ဝင်တစားနဲ့ကြည့်ကြပြန်သည်။
'ငါ နတ်ဆရာနဲ့တွေ့တော့….သူက ငါတို့ရွာအကြောင်းသိတယ်လို့ ပြောတယ်'
သူကြီးက လွယ်အိတ်ကို သူ့ပေါင်ပေါ်တင်လိုက်ပြီး-
'အဲဒီ မှာ ငါက သူ့ကို ငါတို့ရွာရဲ့ ဖြစ်နိုင်ခြေရှိတဲ့ပြဿနာလို့ပြောပြီး အကူအညီတောင်းတာပေါ့'
'အဲဒီ တော့'
'သူက စာရွက်တစ်ရွက်ပေါ်မှာ ဘာတွေလည်းမသိဘူး ချရေးတယ်…ပြီးတော့ ငါတို့ရွာရဲ့ အကြောင်းတွေကို အသေးစိတ်မေးတယ်'
'အင်း'
'နောက်တော့ ငါတို့ကို အိမ်အပြင်ခဏထွက်ခိုင်းတယ်။'
ရွာသားများ မှာ စိတ်ဝင်တစားနှင့်တိတ်တဆိတ်နေကြသည်။
'ခဏကြာတော့ အိမ်ထဲပြန်ဝင်ခိုင်းပြီး ငါတို့ကို စာလေးသုံးစောင်ပေးတယ်။ ပြီးတော့ ရွာကို ရောက်မှ ဖွင့်ဖတ်ပါဆိုတာနဲ့ ပြန်လာခဲ့တာပဲ'
ဟုဆိုကာ သူကြီးက သူ့စကားကို အဆုံးသတ်လိုက်သည်။
ဤသို့ ဖြင့် အားလုံး၏ အကြည့်များ သည် စာအိတ်နှစ်အိတ်ဆီသို့ ရောက်သွားကြလေ၏ ။
သူကြီးက နံပါတ်(1)ဟု တပ်ထားသည့် စာအိတ်ကို ကောက်ကိုင်လိုက်သည်။
စာ၏ အစတွင် -
စသည့် မေးခွန်းဖြင့် စ ထားလေသည်။
သူကြီးမှာ စာကိုခဏရပ်လိုက်ပြီး အားလုံးကို တစ်ချက်ကြည့်လိုက်၏ ။
'ငါတို့ရွာမှာ ကိုယ်ဝန်ဆောင်ထားတာ ဘယ်နှစ်ယောက်ရှိလဲ'
ရုတ်တရက်ဆိုတော့ အားလုံးက မဖြေနိုင်ဘဲ ဖြစ်နေသည်။
သို့ သော်လည်း သိပ်ကြာကြာမစဉ်းစားလိုက်ရပါ။ ကိုယ်ဝန်ဆောင်တဲ့သူက သိသာစွာ နည်းပါး သောကြောင့် ချက်ချင်းဆိုသလိုပင် ဖြေနိုင်ကြလေသည်။
'မကောင်း၊ မ၀င်းဆွေ၊ မခင်မြင့်သုံးယောက်မွေးဖို့ ရှိတယ်'
'ဘယ်နေ့လောက်မွေးမှာ လဲ'
'မခင်မြင့်ကတော့ နောက်ဆုံးမွေးမယ်ထင်တယ်။ ဒီလက နိုဝင်ဘာလဆိုတော့ ဒီဇင်ဘာလ 27၊ 28၊ 29 လောက်ထင်တယ်'
သူကြီးက စာကိုဆက်ဖတ်လေသည်။
သူကြီးက ဒုတိယစာကို အလျင်အမြန်ဖွင့်ဖတ်လေ၏ ။
နောက်ဆုံး ကိုယ်ဝန်မွေးဖွားသည့်နေ့အထိ မိန်းကလေးမမွေးဖွားဘဲ ယောက်ျားလေးသာမွေးမည် ဆိုပါက-
ရွာ၏ ကံကြမ္မာအရ
နောက်ဆုံး ကိုယ်ဝန်မွေးသည့်နေ့ ညနေ (3)နာရီ မတိုင်ခင်ရွာထဲသို့ သူစိမ်းမိန်းကလေးတစ်ဦး ရောက်ရှိမည်။
ထိုရောက်ရှိလာသော မိန်းကလေးအား-
(1) ရွာရှိ လူပျိုများ ထဲက တစ်ယောက်ယောက်နှင့်လက်ထပ်ပေးရန်။
(2) ထိုသို့ လက်ထပ်ပေးရာတွင် ဤလူနှင့်ယူရမည်ဟု အတင်းအဓမ္မလက်ထပ်ပေးခြင်းမျိုး မဟုတ်ဘဲ မိန်းကလေးက ရွေးချယ်သဘောတူညီသည့်သူနှင့် လက်ထပ်ပေးရန်။
(3) ထိုမိန်းကလေးက လူပျိုရွာသားတစ်ဦးဦးကို ရွေးချယ်ပြီး လက်ထပ်မှသာ ရွာတွင်ဖြစ်ပေါ်နေ သော အခက်အခဲမှာ ပြေလည်မည်ဖြစ်သည်။
(4) လက်ထပ်ဖို့စဉ်းစားနေသည့် ကာလအတွင်း မိန်းကလေးအား ရွာသားများ ၏ လက်နှင့်ဆောက် ထားသော သီးသန့်အိမ်တွင်ထားရန်။
(5) မိန်းကလေးသည် ရွာအတွင်းရှိ လူပျိုယောက်ျားလေးနှင့် လက်မထပ်ရသေးသရွေ့ ရွာ အတွင်းကနေ အခြားအရပ်သို့ မည်သည့်နည်းနဲ့မှ ထွက်ခွာခြင်းမရှိစေရ။
သူကြီး၏ စာဆုံးသောအခါတွင် နားထောင်နေသော သူအားလုံးမှာ သာမန်ထက်ပိုပြီး တိတ်ဆိတ်သွားကြသည်။
'ဟုတ်ပါ့မလား သူကြီး'
ရွာသားတစ်ယောက်၏ စကားကြောင့် သူကြီးမှာ ဖြေရကျပ်သွားသည်။
'အဲဒါတော့ မသိဘူး…စောင့်ကြည့်ရုံသာရှိတာပေါ့'
ဤတွင် ကိုဖဲနားတွင် ထိုင်နေသော ပိုမြိုင်က
'အဲဒီ နေ့မှာ မိန်းကလေးမမွေးဘဲ ထုံးစံအတိုင်းယောက်ျားလေးပဲ မွေးမယ်… ဆိုပါစို့'
'အင်း'
'ဒါဆို နတ်ဆရာပြောတဲ့အတိုင်း…သူစိမ်းကောင်မလေးတစ်ယောက် ကျွန်တော်တို့ရွာကို ရောက်မယ်။ သူကနေမှ ကျွန်တော်တို့ရွာသားတစ်ယောက်ကို ယူရမယ်လို့ ဆိုထားတယ်နော်'
'ဟုတ်တယ်လေ'
'ဒါပေမဲ့…သူကြီး…'
'ပြဿနာနည်းနည်းတော့ ရှိနိုင်တယ်ထင်တယ်'
'မင်းက ဘယ်လိုထင်လို့လဲ ပိုမြိုင်'
ပိုမြိုင်က သူကြီးရှေ့ရှိ နတ်ဆရာ၏ စာရွက်ကို လှမ်းယူလိုက်ပြီးနောက် ကျောရှိစာရွက်အလွတ် တွင် ဘယ်ကတည်းကယူထားမှန်းမသိသည့် ခဲတံငယ်ဖြင့် အကြောင်းအရာအချို့ ချရေးလိုက်သည်။
သူကြီးနှင့်အားလုံးမှာ လည်း ပိုမြိုင်ရေးနေသည့်စာကြောင်းများ ကို တစ်ခုချင်းစီ လိုက်ဖတ်ကြည့် နေမိကြသည်။
(1) ကောင်မလေးက ရွာသားများ အား တစ်ဦးတစ်ယောက်ကိုမှ မကြိုက်ဘဲ လက်မထပ်ချင်ဘူးဆို ရင်။
(2) ကောင်မလေးမှာ လင်ယောက်ျားရှိခဲ့မည်ဆိုလျှင်။
(3) ကောင်မလေးတွင် အရေးကြီးအကြောင်းအရာရှိ၍ ရွာကနေထွက်ပြေးခဲ့မယ်ဆိုရင်။
(4) ကောင်မလေးအား အတင်းအဓမ္မလက်ထပ်ခိုင်းခြင်းမပြုရဟု ဆိုထားသောကြောင့် ထွက်ပြေးခဲ့ ပါက အိမ်တစ်အိမ်မှာ ချုပ်နှောင်ခြင်းလည်းပြု၍ မရပြန်။
(5) ထိုကောင်မလေးအား ကျွန်တော်တို့ရွာရှိ တစ်ယောက်ယောက်နဲ့ လက်ထပ်ပါခင်ဗျာဟု မည်သူ က မည်သို့ ပြောပြမည်နည်း။
(6) ကောင်မလေးကရော ဒီအဖြစ်အပျက်ကို ယုံကြည်ပါ့မလား။
(7) ကောင်မလေးကို မဖြစ်မနေ ရွေးချယ်ရမည်ဟု ဆိုပါကလည်း တစ်ရွာလုံးက အတင်းအကျပ် ပြုလုပ်သလို ဖြစ်နေဦးမည်။
(8) အကယ်၍ များ ရွာရှိတစ်ဦးတစ်ယောက်ကို ရွေးချယ်မည်ဆိုပါကလည်း ရွာသို့ ရောက်ရောက် ချင်း ရွေးချယ်၍ ရနိုင်မည်မထင်…။ အချိန်တော်တော်ကြာအောင် အချိန်ပေးရမည်ထင်သည်။ ထိုအတောအတွင်း ကောင်မလေးသည် ကျွန်တော်တို့ရွာနှင့် အသားကျပါမည်လား။
(9) ထိုအတောအတွင်း ကောင်မလေးက အိမ်ပြန်ချင်သည်ဟုဆိုပြီး အတင်းပဲတောင်းဆိုနေမည်ဆို ပါက ရွာသူရွာသားများ အားလုံး မည်သို့ ပြုလုပ်မည်နည်။
ပိုမြိုင်ချရေးသည့် အချက်များ ကိုကြည့်ပြီး အားလုံးမှာ တွေဝေသွားကြသည်။ ကြုံတွေ့လာနိုင် သော ပြဿနာများ ပင်ဖြစ်သည်။ ထိုစဉ်-
'သူကြီး … နတ်ဆရာရဲ့ တတိယစာရော'
'အင်း…ဟုတ်တယ်၊ သူကြီး တတိယစာကို ဖွင့်ကြည့်ရဦးမယ်လေ'
အားလုံးကလည်း ထိုအခါမှ တတိယစာကို သတိရသွားကြလေသည်။
သူကြီးက အားလုံးကို လက်ကာပြလိုက်ပြီး-
'ဒီစာက အခုဖွင့်ဖတ်ဖို့ မဟုတ်ဘူးတဲ့'
'ဟင်…ဘယ်တော့မှ ဖွင့်ဖတ်ရမှာ လဲ'
'တစ်ရွာလုံးက တစ်ခုခုကြောင့် မဖြစ်မနေ အခက်အခဲကြုံနေပြီဆိုမှ ဖွင့်ကြည့်ရမှာ တဲ့၊ အကြံပေးထားတဲ့စာဖြစ်မှာ ပေါ့'
'သြော်'
အားလုံးနားလည်သွားကြလေသည်။
'ဘာပဲပြောပြော နတ်ဆရာပြောတဲ့စကားကို စောင့်ကြည့်ရမှာ ပဲ'
'ဟုတ်တယ်၊ ပြီးတော့ ပိုမြိုင်ပြောတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းတွေကိုလည်း စဉ်းစားရမယ်'
အားလုံးမှာ စိတ်အားတက်ကြွလာကြသည်။
ဤသို့ ဖြင့် အားလုံးမှာ 'ဖျော်ရည်ရောင်းသော ဆိုင်'တွင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများ ဖြေရှင်းရန်ဟု ခေါင်းစဉ်တပ်ကာ စတင်ဆွေးနွေးကြလေတော့သည်။
(အထက်ပါ အချက်အလက်မှာ ၎င်းရွာရှိ ရွာခံများ ပြောပြချက် အမှန်ပင်ဖြစ်ပါသည်။…. စာရေးသူ)
ဤသို့ ဖြင့် မိန်းမရှာရွာကလေးသို့ သူစိမ်းမိန်းကလေးတစ်ဦး ရောက်ရှိလာခဲ့လေသည်။
![]() လိပ်ပြာရယ်သံ | ![]() မြို့တစ်မြို့ | ![]() အချစ်ဆိုင် |