အမှာ စာ
တစ်ခေတ်က ဆရာတင့်တယ်ကို ခေတ်ပြိုင်စာရေးဆရာများ က ‘နှုတ်ခမ်းနီမလေးများ အကြိုက်’ စာရေးဆရာဟု ကင်ပွန်းတပ်ခဲ့ကြသည်။ ‘လာလုလုငေး’ ‘ထား’ ဆိုသော ၀တ္ထုများ မှာ ထင်ရှားသည်။ ဆရာတင့်တယ်နှင့် ခေတ်ပြိုင် ဆရာလင်းယုန်နီ၏ ‘မမမြင့်’ လုံးချင်းအတွဲ များ မှာ လည်း ခေတ်စားခဲ့ဖူးသည်။ ကျွန်တော်တို့ စာကောင်းကောင်းဖတ်သည့် ခေတ်မှာ တော့ ဆရာ အောင်လင်း။ သူ၏ ‘ဗေဒါ’ ၊ ‘မောင့်မမငြိမ်း’၊ ‘ရင်ပွင့်လေသောအခါ’ ၀တ္တုရှည်တို့မှာ အထူး အောင်မြင်၍ ရုပ်ရှင်ဘ၀ကူးပြောင်းခဲ့သည်။ ‘နစ်လေသူတစ်ဦး’၊ ‘တရံရောအခါ’ တို့လို ဇာတ် ကောင်တစ်ကောင်တည်းကို စွဲမြဲရေးသော ၀တ္ထုရှည်တွေ ဖန်တီးခဲ့သည်။ နောက်ပေါ်ထွန်းလာ သူမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်ဖြစ်သည်။ သူ၏ ‘သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်’ (စထုတ် ဝေစဉ်က သုံးအုပ်တွဲ )နှင့်အတူ စွယ်တော်ရွက်ရောဂါသည် မြန်မာတစ်နိုင်ငံလုံးရှိ ဆယ်ကျော် သက်များ အကြား ကူးစက်ပျံ့နှံ့သွား၏ ။ နောက် ‘နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည်’ ဤစာအုပ်မှာ လည်း သုံးအုပ်တွဲ ပင်။ နောက် နာမည်ကျော် ‘မိုးညအိပ်မက်မြူ’။ . . . . နောက် တက္ကသိုလ် ဘုန်းနိုင်ခေတ်ဖြစ်ခဲ့သည်။
လောကတွင် လူရှိနေသရွေ့ အချစ်ရှိနေမည်။ အချစ်ရှိနေသရွေ့ အချစ်ဝတ္ထုတွေရှိနေ မည်။ သို့ သော် ခေတ်အလိုက် လူငယ်တွေအကြိုက်ပြောင်းလဲမှု ပေါ်လိုက်၍ အချစ်ဝတ္ထုရေး ဆရာတွေမှာ လည်း ပြောင်းလဲသွားတတ်၏ ။ တစ်ခေတ်က မောင်သာပြည့်၊ မောင်မောင်မြင့် လွင်၊ နောက်တော့ မြင့်မောင်မောင်။ နောက် ငြိမ်းကျော်၊ သုမောင်၊ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း။ နောက်တော့ နေနော်၊ နောက် တာရာမင်းဝေနှင့် မင်းခိုက်စိုးစံ၊ သူတို့နောက်က ဝေမှူးသွင်။ မျိုးကိုမျိုး။၂၀၀၈ အတွင်းမှာ မူ ထူးထူးခြားခြား လူငယ်ဝတ္ထုရေးသမားလေးနှစ်ဦး ပေါ်ပေါက်လာ သည်။ လင်းညှို့သွေးနှင့် လူနေ။ သူတို့သည် အချိန်တိုတိုကာလလေးအတွင်းမှာ ပင် ထိုက်သင့် သော အောင်မြင်မှု များ ရခဲ့သည်။ ခိုင်ခိုင်မာမာ ပရိသတ်များ ရခဲ့သည်။ နှစ်ဦးစလုံးကပင် တကယ့်အသက်နှစ်ဆယ်စွန်းစ လူငယ်ကလေးတွေဖြစ်နေတာက အံ့ကြဖို့ကောင်းနေလေ သည်။
တင့်တယ်၊ အောင်လင်းတို့ ခေတ်စားစဉ်ကာလက လုံးချင်းဝတ္ထုဟု ခေါ်သော ၀တ္ထုရှည် များ ရေးသားနိုင်ရန်အတွက် စာရေးသူတို့သည် မဂ္ဂဇင်းများ တွင် ၀တ္ထုတိုများ ရေးကာ လက်ရည် သွေးခဲ့ကြသည်။ ပရိသတ်စုဆောင်းခဲ့ကြသည်။ နောက်ပိုင်းတွင်မူ အကြောင်းအမျိုးမျိုးဖြင့် တချို့သည် လုံးချင်းဝတ္ထုစတင်ရေးခြင်းဖြင့် ပွဲထွက်ခဲ့ကြသည်။ မဂ္ဂဇင်း၊ ဂျာနယ်များ ကို ဖြတ်သန်းစရာမလို။ တချို့က ၀ါသနာမပါ၍ လော၊ မရေးတတ်၍ လောမသိ။ ၀တ္ထုတိုရေးလေ့ရှိ တာမတွေ့ရ။ တချို့ကတော့ ၀တ္ထုရှည်များ အပြင် လုံးချင်းလောကတွင် အောင်မြင်မှု ကို ထူထောင်ခဲ့ပြီးမှ ထိုအားကိုးဖြင့် အတိုလောကထဲ တိုးဝင်လာသည်။ တချို့ မဂ္ဂဇင်း အယ်ဒီတာ များ ကလည်း သူတို့အရှိန်အ၀ါကို မဂ္ဂဇင်းအတွက် အသုံးချရန် ထိုဝတ္ထုတို့ကို ဖော်ပြကြသည်။ သို့သော် တကယ်ဝတ္ထုတိုမရေးတတ်သူများ မှာ ရှည်ရှည်မခံ။ သူတို့အောင်မြင်မှု ကာလ ကုန်ဆုံး သည်နှင့် မဂ္ဂဇင်းဂျာနယ်လောကမှ ပျောက်ကွယ်သွားကြသည်သာ ဖြစ်သည်။ တကယ်ဝတ္ထုတို ရေးတတ်သူများ သာ တည်တန့်ကျန်ရစ်ခဲ့ကြသည်။ တချို့အောင်မြင်သော လုံးချင်းဝတ္ထုရှည် ရေးသူတချို့ကမူ ၀တ္ထုတိုရေးရန် စိတ်ဆန္ဒရှိဟန်မတူ။ ၀တ္ထုတိုရေးတာမတွေ့ရ။ ၀တ္ထုရှည်လုံး ချင်းရေးခြင်းဖြင့်သာ အပြီးသတ်သွားကြသည်။ လူနေနှင့် လင်းညှို့သွေးတို့ကမူ ထိုသို့ မဟုတ်။ ၀တ္ထုတိုရေးရန် အာရုံဝင်စားကြပုံရ၏ ။ စိတ်ကူးရည်ရွယ်ချက်ကလည်း ထားရှိကြပုံရ၏ ။ ယခု သူတို့နှစ်ယောက်တွဲ ကာ ၀တ္ထုတိုပေါင်းချုပ် စာအုပ်တစ်အုပ်ထုတ်ဝေရန် ကြိုးစားခြင်းက သက်သေခံ၍ နေလေသည်။
သူတို့နှစ်ယောက်စလုံးပင် လက်ရှိသည်။ ကြိုးစားအားထုတ်ချင်စိတ်ရှိသည်။ သူတို့ နှစ်ဦးစလုံးပင် လုံးချင်းဝတ္ထုလောကတွင် ရရှိသည့်အောင်မြင်မှု လောက်နှင့် ကျေနပ်နှစ်သိမ့်နေ ကြမည့်ပုံမပေါ်။ သူတို့ဝတ္ထုတိုများ ကို ဖတ်ကြည့်သောအခါ ကြိုတင်တွေးဆထားသလိုပင် အများ စုမှာ အချစ်ကိုအခြေခံထားသော ၀တ္ထုတွေဖြစ်နေ၏ ။ (လူနေ၏ မှတ်စုစာအုပ်နှင့် ပုံပြင်ထဲက ရယ်သံနှစ်ပုဒ်မှာ ချွင်းချက်ဖြစ်၏ ) သူတို့၏ လုံးချင်းစာအုပ်များ တွင် တွေ့ရလေ့ရှိ သည့် သဘာဝအတိုင်းပင်၊ လူနေက Plot ခေါ် ဇာတ်ကွက်ကို အားကိုး၍ လင်းညှို့သွေးက အရေးအသားခေါ် Prose ကို အလေးပြုသည်ကိုတွေ့ရသည်။ လူနေက ဒဿနတစ်ခုခုကို ဖော်ထုတ်ချင်ပုံရ၍ လင်းညှို့သွေးက အတွေးလှလှကို အရေးလှလှဖြင့် တန်ဆာဆင်ချင်ပုံရ၏ ။ သို့ သော် သူတစ်ခုဆင်ခြင်ရသည်မှာ သူ့ဝတ္ထုတချို့သည် (စိတ်နှင့်အသည်းကွဲသာရုံအလွမ်း) ၀တ္ထုတိုဟူသော အသုံးအနှုန်းဖြင့် မလိုက်အောင် ရှည်လျားနေခြင်းဖြစ်သည်။ တိုခြင်းမှာ ၀တ္ထု တိုတစ်ပုဒ်ရှိရမည့် အင်္ဂါရပ်များ ထဲမှ ထူးကဲသည့် အရည်အသွေးတစ်ခုဖြစ်သည်။
ဘာပဲပြောပြော သူတို့လိုလူငယ်တွေက ၀တ္ထုတိုကို စိတ်ဝင်စားသည်ဆိုခြင်းမှာ ကြိုဆို လက်ခံရမည့်အချက်ဖြစ်သည်။ တကယ်ဝတ္ထုတိုရေးချင်သည်ဆိုလျှင် (သူတို့ကို တိုက်တွန်းချင် သည်မှာ ) ၀တ္ထုတိုများများ ဖတ်မှတ်လေ့လာဖို့ဖြစ်၏ ။ နောက်ဆုံးတစ်ချက်က မဂ္ဂဇင်းဂျာနယ် များ တွင် ရေးဖို့ဖြစ်၏ ။ အယ်ဒီတာများ ၏ အစစ်ဆေးခံ၊ မှတ်ကျောက်အတင်ခံကာ အနုပညာ အရည်အသွေး တိုးမြှင့်ဖို့ဖြစ်၏ ။ မြန်မာစာပေလောက တိုးတက်ဖြစ်ထွန်းရေးတွင် လူငယ်ဝတ္ထု ရေးသူအသစ်များ တိုးပွားလာခြင်းမှာ အဓိကအခြေခံအချက်ဖြစ်ရာ သူတို့နှစ်ယောက်ဝတ္ထုတို ရေးသားလာခြင်းကိုလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမိပါကြောင်း။ ။
အားလုံးကိုလေးစားလျက်
သစ္စာနီ
(စက်တင်ဘာ ၂၀၀၈)
ကျောက်ခေတ်အိပ်မက်
ကျောက်ခေတ်တွင်ဖြစ်သည်။ ထုံးစံအတိုင်း ကျောက်ခေတ်ရှိ ယောက်ျား၊ မိန်းမတို့ သည် ဖတ်စာအုပ်ပါပုံစံအတိုင်း တိုနံ့နံ့နှင့်ဖြစ်သည်။
တစ်နေ့…
ကျောက်ခေတ်ရဲ့ ရွာလေးတစ်ရွာမှာ ပေါ့….။
ကျောက်ခေတ်ယောက်ျားက ကျောက်ခေတ်မိန်းမကို ပြောသည်။
‘မိန်းမ ငါ ညက အိပ်မက်မက်တယ်’
‘မက်ပြန်ပြီ ဒီအိပ်မက်၊ ဟိုတစ်ခါတုန်းကလည်း ရှင်အိပ်မက်မက်သေးတယ်လေ။ ဘာတဲ့…။ နောင်ခေတ်မှာ မီးလို့အမည်တွင်မဲ့ ပူပူလောင်လောင် အရာဆိုလားဘာလား ရှင်ရှာ တွေ့တယ်ဆိုပြီးတော့ ပြီးတော့ ဟုတ်တာလည်းမဟုတ်ဘူး’
သူ့မိန်းမစကားကြောင့် ကျောက်ခေတ်ယောက်ျားမှာ အားငယ်သွားသည်။
‘ငါ ဒီတစ်ခါ တကယ်မက်တာပါဟ’
‘ကဲ၊ ပြော … ဒီတစ်ခါ ဘာမက်ပြန်ပြီလဲ’
ကျောက်ခေတ်မိန်းမက အသားတချို့နွှာနေရင်းမှ သူ့ယောက်ျားစကားကို နားမထောင် ချင်ထောင်ချင်နှင့် နားထောင်လိုက်သည်။
ထိုအချိန်တွင် ရွာထဲရှိသူများ က ဟိုသွားဒီသွားဖြင့် အစည်းကားဆုံးအချိန်ဖြစ်သည်။
‘ငါက ညက အိပ်မက်မက်တယ်’
‘အင်း’
‘နောင်တစ်ချိန်မှာ တီဗွီလို့အမည်တွင်မယ့်အရာကြီး ငါတို့ရွာထဲကို ပြုတ်ကျလာလို့တဲ့’
‘ဟုတ်လား’
သူ့မိန်းမဖြေသံမှာ စိတ်ဝင်စားသံမပါ…။
ဝတ်ကျေတန်းကျေ နားထောင်နေပုံရသည်။
ထိုစဉ်
‘၀ုန်း’
ဟူသော အသံကြောင့် အားလုံး လန့်သွားသည်။
လူများ စုစုဝေးဝေးတည်ရှိရာ ရွာအလယ်ကွင်းပြင်ထဲသို့ ကောင်းကင်မှ ဘာလိုလိုညာလို လို အရာဝတ္တုတစ်ခု ပြုတ်ကျလာခြင်းဖြစ်သည်။
ဘာကြီး ပြုတ်ကျလာတာလဲ….။
ကျောက်ခေတ်လူသားအားလုံးမှာ ထိုအရာကြီးကို ကြောင်ပြီးကြည့်နေကြ၏ ။ လန့်လည်းလန့်နေကြသည်။ ဘယ်သူမှ အနားမကပ်ရဲကြ….။
ဤတွင် ခုနကစကားပြောနေသော ကျောက်ခေတ်ယောက်ျားမှာ ထိုအရာဝတ္ထုကို မြင်သွားပြီး အံ့သြ၀မ်းသာသွားကာ -
‘မိန်းမ၊ အဲ့ .. ဒါ .. ငါ .. ငါအိပ်မက်မက်တဲ့ တီဗွီဆိုတဲ့ဟာပေါ့’
‘သူ့မိန်းမက မယုံသေး….။
ကောင်းကင်က ပြုတ်ကျလာသော အရာကိုသာ စိတ်ဝင်စားနေသည်။ ကျောက်ခေတ် ယောက်ျားမှာ ကွင်းပြင်ထဲသို့ ပြေးထွက်သွားပြီး …
‘ဒါ ကျွန်တော့်အိပ်မက်ထဲမှာ တွေ့ရတဲ့ တီဗွီဆိုတဲ့ ဟာပေါ့’
ဟုဆိုကာ လူတိုင်းကို လိုက်ပြောလေသည်။
လူတိုင်းက ထိုအရာဝတ္ထုကြီး ဘေးပတ်ပတ်လည်တွင် ၀ိုင်းနေကြသည်။ မုတ်ဆိတ်မွှေး တကိုင်ကိုင်နှင့် စဉ်းစားသူစဉ်းစား။ တီးတိုးတီးတိုးနှင့် ပြောနေကြသူများ …။
ဘယ်သူမှ ထိုအရာကြီးကို ဘာလဲဟု မပြောနိုင်ကြ။ မည်သို့ ဆိုသော် ဘယ်သူမှလည်း ထိုအရာကြီးကို မတွေ့ဖူးသောကြောင့်ဖြစ်သည်။
“ဒါ တီဗွီပါဗျ။ ကျုပ်ပြောတာ ယုံပါ”
“အဲဒါကြီးက ဘာလုပ်လို့ရလဲ”
တစ်ယောက်က ၀င်မေးသည်။
သူ့စကားကို အလေးအနက်ထားသောကြောင့် ကျောက်ခေတ်ယောက်ျားမှာ ၀မ်းသာ သွားသော်လည်း ထိုသူမေးသည့် မေးခွန်းကိုမဖြေနိုင်ဘဲ ဖြစ်နေသည်။
သူအိပ်မက်ထဲမှာ သိတာကလည်း “ဒါကြီးက တီဗွီကြီး”ဆိုတာပဲသိသည်။ တခြား ဘာမှ မသိ…။
သို့သော် သူတို့အတွက် အဖြေတစ်ခုခုတော့ ရှိမှဖြစ်မည်။
ထိုစဉ်
“၀ုန်း”
ဟူသော အသံနှင့်အတူ ပထမအရာဝတ္ထုနားသို့ အခြားအရာဝတ္ထုကျလာပြန်၏ ။
အားလုံးက ပြိုင်တူလိုလိုပင် “တီဗွီကြီး”ဟုပြောသော ကျောက်ခေတ်ယောက်ျားအား ကြည့်လိုက်ကြသည်။
အခု ကျလာတာကကော ဘာကြီးလဟြု မေးသည့်သဘောပင်….။
ထိုကျောက်ခေတ်လူသားမှာ လည်း အခက်တွေ့နေသည်။
သူ့အိပ်မက်ထဲမှာ တီဗွီဆိုတာကြီးသာ ပါသည်။ အခုကျလာသော အရာဝတ္ထုကြီး မပါ။
အခုကျလာသော အရာဝတ္ထုအား သေသေချာချာကြည့်လိုက်၏ ။ ရှည်မျောမျောပုံစံကြီး ဖြစ်ပြီး ကိုင်စရာလိုလို ဘာလိုလိုတွေပါသည်။
သူမသိ…။
ဖြစ်နိုင်တာတစ်ခုတော့ရှိသည်။ သူသာ ဆက်အိပ်နေမည်ဆိုလျှင် ထိုအရာကြီး အကြောင်းကို သိကောင်းသိနိုင်သည်။
အခုတော့ သူ့မိန်းမသူ့ကို စောစောနှိုး၍ “တီဗွီကြီး”ဆိုသော အရာကြီးသာ သိလိုက်ရ သည်။
“တောက်”မိန်းမတွေများ မလွယ်ဘူးဟု စိတ်ထဲရေရွတ်လိုက်၏ ။ ခဏကြာသောအခါ တွင် ထိုအရာဝတ္ထုနှစ်ခုမှာ သူတို့ကို ဘာမှအန္တရာယ်မပြုတာ သိသွားသောကြောင့် ထိုအရာ ၀တ္ထုနှစ်ခုကို ရဲရဲဝံ့ဝံ့ပင် ကိုင်တွယ်ပွတ်သပ်ကြတော့၏ ။
“ဟဲ့… အရှေ့ကဟာလေးက ချောနေတာပဲ”
“ဒီမှာ ဘုလေးနဲ့”
အားလုံး၏ စိတ်ထဲတွင် ထိုအရာဝတ္ထုနှစ်ခုမှာ ထူးထူးဆန်းဆန်းဖြစ်နေတာကြောင့် ပြော မဆုံးနိုင်အောင် ဖြစ်နေကြသည်။
ဤတွင် ကျောက်ခေတ်ကလေးတစ်ယောက်က ဒုတိယကျလာသော အရာဝတ္ထုရှိ ခလုတ်တစ်ခုအား နှိပ်မိလိုက်ရာ
“စိန်ခြူးရဲ့ ကြာညောင်.. ကြာညောင်”
ဟူသော အသံကြီး ထွက်လာ၏ ။
အားလုံး ၀ရုန်းသုန်းကားဖြစ်သွားကာ ထိုအရာကြီးနှင့် ဝေးရာသို့ ဦးတည်ရာမဲ့ ထွက် ပြေးကြ၏ ။
အသံမှာ ဆက်လက်ထွက်နေဆဲ…။
“စိန်ခြူးရဲ့ ကြာညောင်.. ကြာညောင်”
သူတို့မှာ အနားမကပ်ရဲကြတော့…။
သစ်ပင်များ နောက်ကသာ ခေါင်းလေးထွက်ပြီး ကြည့်နိုင်၏ ။
နှစ်နာရီခန့်ကြာသောအခါတွင် ထွက်ပေါ်လာသောအသံမှာ တဖြည်းဖြည်းနှင့်တိုးသွား ကာ နောက်ဆုံး ရပ်သွား၏ ။
ပုန်းကွယ်နေသော ကျောက်ခေတ်လူသားများ မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်၏ ။
အသံမထွက်တော့။
“အော်ရတာ အာခြောက်သွားလို့ထင်တယ်”
တစ်ယောက်က ထင်မြင်ချက်ပေးသည်။
“ဖြစ်နိုင်တယ်”
ဟု တစ်ယောက်ကလည်း ထောက်ခံသည်။
ဤသို့ ဖြင့် သူတို့ကျောက်ခေတ်တစ်ရွာလုံးက ထိုပစ္စည်းနှစ်ခုနားသို့ မကပ်ကြတော့။
ကြောက်ကြောက်လန့်လန့်နှင့်ပင် ဒီအတိုင်းပစ်ထား၏ ။
အိပ်မက်မက်သော ကျောက်ခေတ်ယောက်ျားကြီးသာ အနီးအနားသို့ မယောင်မလည် နှင့် သွားသွားကြည့်တတ်၏ ။
ကျောက်ခေတ်တစ်ရွာလုံးက ပထမကျလာသည့်အရာကို သူပြောသည့်အတိုင်း “တီဗွီ ကြီး”ဟု ခေါ်ပြီး ဒုတိယကျလာသည့်အရာကိုတော့“အာဗြဲကြီး”ဟု ခေါ်ကြသည်။
နောက်တစ်နေ့တွင် ထိုကျောက်ခေတ်ရွာလေးတွင် မိုးရွာလေ၏ ။ အားလုံးက မိုးရေခံသူ ခံ၊ ရေချိုးသူချိုးနှင့် အလုပ်ရှုပ်ကာ “တီဗွီကြီး”နှင့် “အာဗြဲကြီး”ကို မေ့သွားကြ၏ ။
အိပ်မက်မက်သော ယောက်ျားသာလျှင် တခါတရံ လှမ်းကြည့်တတ်၏ ။ ထိုစဉ် “အာဗြဲ ကြီး”မှ “တဗြစ်ဗြစ်”နှင့် မြည်သံများ ထွက်လာ၏ ။
“ဟေ့ ဒီမှာ ဘာဖြစ်တာလဲမသိဘူး”
သူက အားလုံးကို လှမ်းအော်ပြောလိုက်၏ ။
အားလုံးမှာ သူ့အနားသို့ ၀ိုင်းအုံလာကြကာ “အာဗြဲကြီး”ကို ကြည့်ကြ၏ ။ “အာဗြဲကြီး” ထံမှ အသံများ သည် ပိုမြည်လာပြီး ညှော်နံ့လိုလို ဘာလိုလိုများ ထွက်လာ၏ ။
“ဘာနံ့လဲ”
“မခံဖူးဘူး”
“ဘာ”
“ဒီအနံ့ မခံဖူးဘူးလို့ ပြောတာ”
ထိုစဉ် “အာဗြဲကြီး”ဆီမှ ပူပူလောင်လောင် နီနီတောက်တောက်များ ထွက်လာ၏ ။
“ဟင်”
အားလုံး လန့်သွားကာ နောက်ဆုတ်လိုက်ကြ၏ ။
အိပ်မက်မက်လာသော ကျောက်ခေတ်ယောက်ျားတစ်ယောက်သာ အံ့ကြပြီး ကျန်ခဲ့၏ ။
“ဒါ .. ဒါ.၊ ငါ အိပ်မက်မက်တဲ့ မီးလို့ခေါ်တဲ့အရာပဲ”
သူသည် ၀မ်းသာအားရဖြစ်ကာ သူ့အိမ်ဘက်ဆီသို့ ပြေးသွားကာ
“မိန်းမရေ ..၊ ငါ ငါ့အိပ်မက်လာကြည့်ဦး။ မိန်းမရေ၊ မီးကို ငါတွေ့ပြီဟ”
ဝမ်းသာအားရ ကမူးရှူးထိုးနှင့် အိမ်ထဲသို့ ၀င်ကာ မိန်းမအားခေါ်၏ ။ ထိုစဉ် “အာဗြဲကြီး” ဆီမှ မီးတောက်မှာ မိုးရေကြောင့် ငြိမ်းသွားပြီဖြစ်သည်။ ကျောက်ခေတ်ယောက်ျားက သူ့မိန်းမ အား ခေါ်လာသော အခါတွင် -
“ဘယ်မှာ လဲ ရှင်ပြောတဲ့ မီး”
“အင်း … စောစောကလေးတင် ရှိတယ်”
ဘေးနားမှာ ၀ိုင်းကြည့်နေသော သူ့ကျောက်ခေတ်အဖော်များ အား မေးသော်လည်း ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြ…။
သူ့မိန်းမမှာ စိတ်ဆိုးသွားပြီး သူ့ယောက်ျားအား “ရှုပ်ကိုရှုပ်တယ်၊ အားအားရှိ အိပ်မက်ပဲ မက်နေတာပဲ”ဟု ဗျစ်တောက်ဗျစ်တောက်ပြောကာ ထွက်သွား၏ ။
သူ့မှာ သာ ထိုနားတစ်ဝိုက်တွင် မီးကိုလိုက်ရှာရင်း ကျန်ခဲ့၏ ။
လူနေ
မှတ်စုစာအုပ်
စာအုပ်တစ်အုပ် ရှိပါသည်။
ထိုစာအုပ်၏ အမည်မှာ “မှတ်စုများ ”ဟု အမည်တွင်၏ ။
စာအုပ်၏ မူရင်းပိုင်ရှင်သည် အကြောင်းအရာမျိုးစုံကို ထိုစာအုပ်ထဲတွင် ရေးမှတ်ခဲ့ဟန် တူသည်။
ထို့ကြောင့် ထိုစာအုပ်ထဲတွင် အကြောင်းအရာမျိုးစုံပါဝင်ပြီး ဗဟုသုတမျိုးစုံလည်း ပါဝင် သည်။
ထိုသို့ သော အကြောင်းအမျိုးမျိုးကြောင့် လက်ရှိစာအုပ်ပိုင်ရှင်မှာ ထိုစာအုပ်လေးကို အရမ်းချစ်သည်။
တစ်ခုခုမသိသည့်အခါမျိုးတွင် ထိုစာအုပ်လေးနှင့် ဆွေးနွေးလေ့ရှိ၏ ။ တစ်နေ့တွင် စာအုပ်ပိုင်ရှင်သည် ပြဿနာတစ်ခုနှင့် ကြုံတွေ့နေရသည်။
သူ့ကလေးနှစ်ယောက်၏ ကိစ္စဖြစ်သည်။
သူ့ကလေးနှစ်ယောက်မှာ လွန်စွာ ဆိုးပြီး နောက်ဆုံး ထိန်းမရနိုင်သိမ်းမရနိုင်ဖြစ်လာ သောအခါတွင် သူ၏ စာအုပ်လေးနှင့် တိုင်ပင်ကြည့်ရန် စာအုပ်လေးအား လှမ်းခေါ်လိုက်၏ ။
“ဗျို့ … စာအုပ်လေး”
“ပြောဗျ၊ ကျုပ်ပိုင်ရှင်ရဲ့ ”
“စာအုပ်လေး သိတဲ့အတိုင်းပဲ။ ကျုပ်ကလေးတွေက အတော်ဆိုးတယ်၊ အဲဒါ ဘယ်လို လုပ်ရမလဲ”
စာအုပ်လေးက ခေါင်းမရှိသော စာရွက်များ ကို တဖျတ်ဖျတ်ညိမ့်ကာ -
“အင်း.. အတော်လေးတော့ ခက်မယ်ဗျ။ ကလေးဆိုတာကလည်း ပြောရဆိုရ သိပ်လက် ပေါက်ကပ်တယ်။ ဒါပေမဲ့ …”
“အဲ… လုပ်စမ်းပါဦး”
“ကလေးတွေ သူ့အလိုအလျောက် မဆိုးလာအောင် နူးညံ့လာအောင်တော့ လုပ်လို့ရ မယ်ထင်တယ်”
“ဘာဖြစ်လို့လဲဗျ”
“အဖြစ်အပျက်တစ်ခုတော့ ရှိတယ်”
“အင်း”
စာအုပ်ပိုင်ရှင်က စိတ်ဝင်စားစွာ နားထောင်နေ၏ ။
“တစ်ခါတုန်းက သိပ္ပံစမ်းသပ်မှု လေးတစ်ခု ပြုလုပ်တယ်”
“ဘယ်လိုစမ်းသပ်မှု လဲ”
“အခန်းနှစ်ခန်းမှာ ပေါ့။ ပန်းပင်လေးတစ်ပင်စီ ထည့်ထားတယ်။ ပြီးတော့ အဲ့ဒီအပင်လေး နှစ်ပင်ကို ရေ၊ လေ၊ နေ၊ မြေသြဇာ အတူတူပေးထားတယ်။ ဒါပေမဲ့ ပထမပန်းပင်ရှိတဲ့အခန်းမှာ ဆူဆူညံညံသီချင်းတွေကို ကတ်ဆက်နဲ့ဖွင့်ပေးထားတယ်။ ဒုတိယပန်းရှိတဲ့အခန်းမှာ တော့ တေးသွားအေးအေးလေးတွေ ဖွင့်ပေးထားတယ်”
“အဲဒီ တော့ ဘယ်လိုဆက်ဖြစ်လဲ”
“နှစ်ပတ်လောက်ကြာတော့ သီချင်းဆူဆူညံညံတွေဖွင့်ထားတဲ့ အခန်းက သစ်ပင်ဟာ ညှိုးကျသွားပြီး သ်ီချင်းအေးအေးလေးတွေ ဖွင့်ထားတဲ့ အခန်းကသစ်ပင်ကတော့ ကြီးထွားရှင် သန်နေဆဲပဲတဲ့”
စာလေးက သူ့စကားကို နိဂုံးချုပ်သည်။
“အပင်တောင်မှ ဆူဆူညံညံတွေမကြိုက်ရင် လူသားဖြစ်တဲ့ကလေးတွေက ပိုတောင် ကြိုက်ဦးမှာ မဟုတ်ဘူး။ ဒီတော့ ကလေးတွေကို နူးနူးညံ့ညံ့ဆက်ဆံပြောဆိုသင့်တယ်။ ပြီးတော့ ငယ်စဉ်ကတည်းက ကလေးတွေကို နူးညံတဲ့ဂီတလေးနဲ့ ထိတွေ့ပေးသင့်တယ်”
စာအုပ်ပိုင်ရှင်မှာ စာအုပ်လေး၏ စကားကို အတော်သဘောကျသွားသည်။
ထိုအတိုင်းပဲ လုပ်ကြည့်သည်။ ကလေးတွေတိုးတက်လာတာကို တွေ့ရ၏ ။
“ကျေးဇူးပဲ စာအုပ်လေးရေ”
“မလိုပါဘူး ကျုပ်ပိုင်ရှင်ရယ်၊ ဒါက ကျုပ်တာဝန်ပဲမဟုတ်လား”
စာအုပ်ပိုင်ရှင်သည် စာအုပ်လေးကို တရိုတသေနဲ့ သိမ်းဆည်းထား၏ ။ ထိုကိစ္စပြီးနောက် ပိုင်းမှာ စာအုပ်ပိုင်ရှင်သည် စာအုပ်လေးနှင့် မဆွေးနွေးဖြစ်တာ အတော်ကြာသွားပြီဖြစ်သည်။
တစ်နေ့ စာအုပ်ပိုင်ရှင်က စာအုပ်လေးကို
“စာအုပ်လေး”
ဟု ညှိုးငယ်သော အသံနှင့် ခေါ်လိုက်သည်။
“ပြောလေ.. ကျုပ်ပိုင်ရှင်”
“အင်း.. ဘယ်လိုပြောရမလဲ”
စာအုပ်ပိုင်ရှင်မှာ ချီတုံချတုံဖြစ်နေသည်။
“ပြောပါ ကျုပ်ပါရှင်။ ပွင့်ပွင့်လင်းလင်းပေါ့”
“ငါ.. ငါ..”
ထိုသို့ စပြီး ဘေးဘီဝဲယာသို့ ဝှေ့ကြည့်သည်။
“ငါ.. နောက်မိန်းမလိုချင်တယ်”
“ဟင်”
ဟု စာအုပ်လေးက တအံ့တကြ မဖြစ် သွားပါ။ ထုံးစံအတိုင်း -
“ထင်တော့ ထင်သားပဲ”
ဟုပြောသည်။
“ငါ ဘာလုပ်ရမလဲဟင်”
“အင်.. ဘယ်လိုပြောရမလဲဆိုရင်”
“ကောင်း.. ကောင်းပါ့မလား”
စာအုပ်ပိုင်ရှင်သည် စိတ်လှုပ်ရှားနေ၏ ။
စာအုပ်လေးက
“ကောင်းသလား၊ မကောင်းသလားတော့ မပြောတတ်ဘူး။ ကိုယ့်ကိုယ်တိုင် ဆုံးဖြတ်ရ မှာ ပဲ။ အကြောင်းအရာလေးတစ်ခုတော့ ပြောပြမယ်”
“အေး လုပ်ပါဦး”
“လူတစ်ယောက်က သူ့သူငယ်ချင်းတစ်ယောက်ကို အန္တရာယ်မရှိတဲ့ မီးခြစ်တစ်ဗူး ၀ယ် ခိုင်းတယ်”
“အင်း”
“သူ့ သူငယ်ချင်းကလည်း ၀ယ်လာပေးပါတယ်။ ဒါပေမဲ့ နောက်နှစ်ရက်ကြာတော့ သူ့ သူငယ်ချင်းနဲ့ ပြန်တွေ့တယ်။ အဲဒီ အခါမှာ သူက သူ့သူငယ်ချင်းကို ဟေ့ကောင်.. မင်းရဲ့ အန္တရာယ်မရှိတဲ့ မီးခြစ်က ခြစ်လို့မရပါလား ဆိုပြီးတော့ အပြစ်တင်တယ်။ အဲဒီ တော့ သူ့သူငယ် ချင်းက ဟုတ်တယ်လေ ခြစ်မရဘူးဆိုမှတော့ ဒီထက် အန္တရာယ်ကင်းတဲ့ မီးခြစ်ရှိဦးမလား”တဲ့။
စာအုပ်လေး၏ စကားကို စာအုပ်ပိုင်ရှင်မှာ မည်သို့မျှ ၀င်မပြောဘဲ ငြိမ်ပြီး နားထောင်နေ ၏ ။
“ကဲ… အဲဒီ မီးခြစ် လက်ဝယ်ရှိခြင်းဟာ ကောင်းလား၊ မကောင်းဘူးလားဆိုတာတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပေတော့”
စာအုပ်လေးက ထိုသို့ပြောပြီး သူတို့၏ ဆွေးနွေးပွဲကို ရပ်လိုက်သည်။ နောက်ပိုင်းတွင် ထိုအကြောင်းကို မဆွေးနွေးဖြစ်တော့ဘဲ စာအုပ်ပိုင်ရှင်ဆီမှာ “နောက်မိန်းမယူမယ်”ဆိုတဲ့ စကားလည်း ထွက်မလာတော့။
အဲဒီ လိုနဲ့ နေလာလိုက်တာ နှစ်တွေကြာတော့ စာအုပ်လေးကို ချစားလာ၏ ။ အချိန် ကာလ၏ တိုက်စားမှု ကြောင့် စာအုပ်လေးမှာ ဟောင်းနွမ်းစုတ်ပြတ်လာသည်။
စာရွက်တစ်ချို့မှာ ရိရွဲလာပြီး စုတ်ကာ စာအုပ်တစ်ခြား စာရွက်တစ်ခြားနှင့် ဖြစ်နေတော့ သည်။
ထုံးစံအတိုင်း တစ်နေ့-
“စာအုပ်လေး… ရေ”
“ပြောလေ .. ကျုပ်ပိုင်ရှင်”
“ငါ့သမီးလေး နေမကောင်းဖြစ်နေတယ်ကွ။ အဲဒါ ဘာဆေးတိုက်ရမလဲ”
“အင်း”
စာအုပ်လေးမှာ “အင်း.. အဲ”ဖြစ်နေသည်။
“မြန်မြန်ပြောပါကွ”
“ကျုပ်ရဲ့ ဆေးကဏ္ဍကို ချစားသွားပြီဗျ။ တစ်ခုမှ မကျန်တော့ဘူး”
“မင်း.. မမှတ်မိဘူးလား”
“ဘယ်မှတ်မိမလဲ”
“ဟာကွာ”
စာအုပ်ပိုင်ရှင်မှာ ဒေါသထွက်သွားပြီး စာအုပ်လေးကို အဝေးသို့ လွှင့်ပစ်လိုက်၏ ။
“ဘုတ်”
ဟူသော အသံနှင့်အတူ ဖုံတောထဲသို့ ရောက်သွားသည်။
နောက်ပိုင်းတွင် စာအုပ်ပိုင်ရှင် ဘာမေးမေး စာအုပ်လေးမှာ ပြန်မဖြေနိုင်သဖြင့် ဖုံတော ထဲတွင်သာ နေရသည်။
နှစ်တွေ ကြာညောင်းခဲ့လေပြီ။
စာအုပ်လေး၏ ကိုယ်အပေါ်တွင် ဖုံများ ဖြင့်မြင်မကောင်း ရှုမကောင်းဖြစ်နေသည်။
သူ့ရင်ထဲမှာ ၀မ်းနည်းကြေကွဲမှု တွေဖြစ်နေသည်။
သိမ်ငယ်စိတ်တွေ တဖွားဖွားဝင်နေသည်။ ယခင်ခေတ်ကောင်းခဲ့စဉ်က အချိန်နဲ့ ယခု ခေတ်ပျက်ကို နှိုင်းယှဉ်ကာ ဘ၀ရဲ့ အနိမ့်အမြင့်ကို သံဝေဂရနေမိသည်။
အစဉ်အမြဲ နုပျိုနေရင်ကောင်းမှာ ပဲဟု သူတွေးမိသည်။ စာအုပ်စင်အမြင့်ကြီးပေါ်မှာ ရှိ သော စုအုပ်အသစ်ကလေးများ က သူ့ကိုအဖိုးကြီးဟု လှောင်ပြောင်နေကြသည်။
သူ့ရင်ထဲ ဆို့နင့်လာသည်။ မနေ့က၀ယ်လာသည့် စာအုပ်အသစ်လေးကလည်း သူ့ကို လျှာထုတ်ပြနေသည်။
ယခုအခါတွင် သူသည် အဖိုးမတန်သော စာအုပ်အဟောင်းကြီးဖြစ်နေပေပြီ….။
ထိုစဉ် အခန်းထဲသို့ လူနှစ်ယောက်ဝင်လာလေသည်။
“ရှာမတွေ့လို့မဖြစ်ဘူးကွ။ အရမ်း အရေးကြီးတယ်”
တစ်ဦးမှာ သူ့ပိုင်ရှင်ဖြစ်ပြီး နောက်တစ်ဦးမှာ သူ့ပိုင်ရှင်၏ သူငယ်ချင်းဖြစ်သည်။
“အေးပါကွာ၊ ငါရှာပေးပါ့မယ်”
သူ့ပိုင်ရှင်၏ စကားသံဖြစ်သည်။
“ငါပြောရမယ့် အကြောင်းအရာက နည်းနည်းတော့ရှားတယ်။ ရှာကြည့်ပါဦးကွာ”
သူတို့ ဆက်ရှာကြပြန်သည်။
စာအုပ်အသစ်လေးများ က သူတို့အထဲမှာ ရှာဖွေသောကြောင့် များ စွာ ဂုဏ်ယူနေဟန်ရှိ သည်။
အချိန်အတော်ကြာသည်အထိ ရှာတွေ့ပုံမရပါ….။
စာအုပ်အသစ်လေးများ မှာ ဇောချွေးပြန်လာကြသည်။ သူတို့တွေက အသစ်လေးတွေဆို တော့ ဒီလူကြီးရှာနေသည့်အကြောင်းအရာတွေကို မသိကြ…။
ထိုစဉ် -
“ဒီစာအုပ်လေးက ဘာစာအုပ်လေးလဲကွ”
“စာအုပ်အစုတ်လေးပါ။ ချစားလို့ လွှင့်ပစ်ထားတာ ကြာပြီ”
ပိုင်ရှင့်သူငယ်ချင်းက စာအုပ်လေးကို ကောက်ကိုင်လိုက်သည်။
“မှတ်စုများ ” ဟု ရေရွတ်၏ ။
စာရွက်တစ်ရွက်နှစ်ရက် လှန်ကြည့်သည့်။ အရမ်းဟောင်းနွမ်းနေ၍ သေချာကိုင်ကြည့်ရ သည်။
“ဟင်”
ပိုင်ရှင်သူငယ်ချင်းထံမှ အာမေဋိတ်ထွက်သွားသည်။
စာအုပ်စင်ပေါ်မှ စာအုပ်အသစ်လေးများ က သူ့ကိုဝိုင်းကြည့်နေကြသည်။ “ဘာလဲဟ” ဆိုသည့်အကြည့်…။
“ငါတို့ရှာနေတဲ့ အကြောင်းအရာတွေ ဒီအထဲမှာ အပြည့်အစုံပါတယ်ကွ”
“အို”
စာအုပ်လေး အရမ်းပျော်သွားသည်။
စာအုပ်စင်ပေါ်မှ စာအုပ်လေးတွေကို “မာန”အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
သူတို့တွေက စာအုပ်လေးကို အားကျသလိုပြန်ကြည့်သည်။ မည်သို့ဆိုသော်-
ပိုင်ရှင်၏ သူငယ်ချင်းမှာ အရေးပါအရာရောက်သည် ပညာတတ်ကြီးတစ်ဦးဖြစ်ပြီး ဟောပြောပွဲတိုင်းတွင် စာအုပ်လေးမှာ ထိုလူကြီးနှင့်အတူပွဲတက်ရလေ့ရှိသည်။
ယခုအခါတွင် သူသည် ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ စာအုပ်လေးတစ်အုပ် မဟုတ်တော့ ပါ။
အိုမင်းရင့်ရော်ပြီး အသုံးဝင်နေဆဲစာအုပ်လေးဖြစ်ပါသည်။
လူနေ
![]() သမီးရီးစားအဘိဓါန် | ![]() ၂၉၈၇ ခုနှစ် | ![]() ခေးရယ် |