အခန်း(၁)
‘ဒါ ဘာပုံတွေ လဲ’
အိမ်ကိုလာလည်သော တစ်ယောက် က နံရံတွင် ချိတ်ထားသော ပုံသုံးပံအား ကြည့်ပြီး သူ့ကိုမေး၏ ။
‘ငါ့မိန်းမ ဆွဲထားတဲ့ ပုံသုံးပုံပါ’
‘သြော်. . . ’
ထိုလူမှာ ပုံသုံးပုံအား တော် တော် ကြီး စိတ်ဝင်စားနေပုံရသည်။
ထိုပုံသုံးပုံမှာ နံရံတွင် ဘောင်တစ်ခုစီဖြင့် ချိတ်ထားခြင်း ဖြစ်သည်။
‘ဘာ အဓိပ္ပာယ်လဲကွ’
ထိုလူက မေးပြန်သည်။
‘ငါ့မိန်းမက ငါ့ကို သတိပေးထားတာ’
‘ဘယ်လို’
ပိုပြီး စိတ်ဝင်စားသွားပုံရသည်။
ပုံတွေ ကို သေချာထပ်ကြည့်ပြန်၏ ။
‘အဲဒီ ပုံတွေ က နိုင်ငံတစ်ခုရဲ့ အအေးကြော်ငြာတဲ့ပုံပါ၊ အဲဒါကို ငါ့မိန်းမက ပြန်ဆွဲထားတာ’
သူက သေချာရှင်းပြလိုက်သည်။
‘မင်းကို သတိပေးထားတယ်ဆိုတာကရော’
သူက ပုံကိုကြည့်လိုကပြီး
‘ဒီသုံးပုံမှာ ထူးခြားတာ ဘာမြင်မိလဲ’
ထိုလူက ပုံကို သေချာပြန်ကြည့်ပြီး
‘ဟင့်အင်း. . . ဘာမှမတွေ့ ဘူး’
‘အဲဒီ ကြော်ငြာ်ရဲ့ ပထမပုံက လူ တစ်ယောက် ဟာ သဲကန္တာရထဲမှာ ရေငတ်ပြီး ရေဆာနေတဲ့ပုံ’
‘အင်း’
‘နောက်တစ်ပုံက အအေးပုလင်းကို တွေ့ သွားပြီး သောက်နေတဲ့ပုံ’
‘ဟုတ်တယ်’
‘နောက်ဆုံးပုံ ကတော့ အအေးသောက်ပြီးလို့ ရေငတ်ပြေသွားပြီး ၀မ်းသာအားရ ဖြစ်နေတဲ့ပုံ’
‘အေး. . . မိုက်တယ်နော်’
ထိုလူမှာ သဘောကျနေသည်။
‘ကြော်ငြာရှင် ဆိုလိုတာက သူ့အအေးသောက်လို့ ၀မ်းသာအားရ ဖြစ်ပြီး ရေငတ်ပြေသွား တယ်ပေါ့ကွာ’
‘အေး. . .ဟုတ်တယ်’
‘ဒါပေမဲ့ အဲဒီ ပုံသုံးပုံကို နောက်ကနေ ပြန်စီမယ်ဆိုရင် အဓိပ္ပာယ်တစ်မျိုးပြန်ထွက်တယ်၊ ဒီလိုကွ’
ဟုပြောလိုက်ပြီး ပုံသုံးပုံအား ရှေ့နောက်ချိန်းလိုက်၏ ။
‘ဟင်’
သူ အံ့သြသွားပုံရသည်။
အဓိပ္ပာယ်ကို သေသေချာချာမသိသော်လည်း ရင်ထဲမှာ တာ့ တစ်စုံတစ်ခု ခံစားလိုက်ရမှန်း သိသည်။
‘အဓိပ္ပာယ် ပြောင်းသွား တာကို တွေ့ လား’
‘သိတော့ သိသလိုပဲ၊ ဒါပေမဲ့ သေချာမသိဘူး’
‘ကြော်ငြာရဲ့ ဆိုလိုရင်း ကို ပြောင်းပြန် ဖြစ်သွးတာကွ’
‘ဘယ်လိုလဲ’
‘ပုံ (၁) အရဆိုရင် ပထမတာ့ အဲဒီ လူဟာ ပျော်နေတယ်၊ နောက်ပြီး ကြော်ငြာတဲ့ အအေး ကို သောက်မိတယ်၊ အဲဒီ မှာ ပဲ နောက်ဆုံး သူ့အအေးကို သောက်မိမှ သဲကန္တာရထဲ ရေငတ်သလို ဖြစ်သွားတယ်ဆိုပြီး အဓိပ္ပာယ်ထွက်သွားတယ်’
ထိုလူက ပုံကိုထပ်ကြည့်လိုက်ပြီး
‘အေးနော်. . . အဓိပ္ပာယ် ပြောင်းသွား တယ်’ ဟု ပြောလေ၏ ။
‘ငါ့ကို ငါ့မိန်းကပြောတယ် ကိစ္စတစ်ခုကို တစ်ဖက်တည်းမတွေးပါနဲ့၊ နှစ် ဖက်စလုံးတွေးပါတဲ့၊ အဲဒီ အခါမှာ မြင်ရတဲ့အမြင်တွေ ဟာ အရမ်းစိတ်ဝင်စားစရာကောင်းပြီး ပြဿနာကို ဖြေရှင်းနိုင်လိမ့် မယ်တဲ့’
ထိုစကားပြောပြီး သူ့ခေါင်းငိုက်စိုက်ကျသွားသည်။
ထိုလူ ကတော့ သူ့ကို တွေ ဝေငေးမော စိုက်ကြည့်လျက်ရှိနေသည်။
‘ဒါဆို. . . မင်းမိန်းမက မင်းကို တော် တော် ချစ်မှာ ပဲ’
သူစကားဖြင့် ပြန်မဖြေဘဲ ခေါင်းညိတ်ပြလိုက်သည်။
‘အခု. . . မင်းမိန်းမရော’
သူမသည် လွန်စွာ စနစ်ကျ၍ သူ့ယောက်ျားအား ထူးဆန်းအံ့သြမှု တွေ ပေးနိုင်စွမ်းရှိသော မိန်းမတစ်ဦး ဖြစ်ပါသည်။
သူမ သေဆုံးသွားပြီးနောက် တစ်နှစ် အတွင်း သူ့ယောက်ျားအား ထူးဆန်းမှု လေးတစ်ခု ထားခဲ့ရာမှ စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ငိုသံများ . . . ။
ကြေးစည်ထုသံ. . . ။
အသံများ စွာ တို့က သူ့နှလုံးသားကို မခံမရပ်နိုင်အောင် ပြုလုပ်နေကြသည်။
‘နွယ်’
ရင်ထဲက ခေါ်သံနှင့် အတူ မျက်ဝန်းမှ မျက်ရည်တို့ စီးကျလာ၏ ။
လှပသော မျက်ဝန်း. . . ။
နူးညံ့သော ပြောဆိုမှု နှင့် အတူ. . . ။
စင်ပေါ်မှာ လလျြောင်းနေတဲ့ ခန္ဓာကိုယ်နဲ့ နင် ငါ့ကိုထားသွားခဲ့ပြီလား . . .
သူ နွယ့်ဘေးနားတွင် ဒူးထောက်ထိုင်ချလိုက်သည်။
‘နွယ်မရှိတဲ့ အချိန်ကျရင် မောင် မငိုရဘူးနော်’
အသံတို့ ကြားယောင်လာသည်။
ငါ. . . . မငိုပါဘူး၊ ငါ. . . နင့်အတွက် မျက်ရည်ပဲကျမိတာပါ။ သူ့ပခုံးအပေါ်သို့ လက်တစ်စုံ ကျလာသည်။
နွေးထွေးမှု ကြေင့် သူ့သူငယ်ချင်း၏ လက်ဟု သိလိုက်သည်။
‘မင်းမိန်းမ သွားပါစေတော့ကွာ’
သူငယ်ချင်းက ဒူးထောက်ထိုင်နေသော သူ့ကို ဆွဲထူသည်။
လူတချို့က နွယ်လဲလျောင်းနေသော စင်ကို တွန်းသွားကြ၏ ။ သူ မတားမိတော့. . .
သွားပါစေတော့. . . ။
သူ့နှုတ်မှ တိုးတိုးလေးရွတ်မိသည်။
‘နွယ်’
သူမ မကြားနိုင်တော့. . . ။
မျက်လုံးလေးမှိတ်ကာ လူအချို့ ခေါ်ဆောင်ရာနောက်သို့ ပါသွား၏ ။
‘ဂျိန်း’
တံခါးပိတ်သံ ကြားလိုကရသည်။
ထို့နောက် မီးခိုးအချို့သည် ခေါင်းတိုင်မှ ထွက်သွားကြ၏ ။
အိမ်ပြန်ရောက်သော အခါတွင် သူမ၏ အမှတ်တရအချိုကက သူ့ကိုဆီးကြိုနေသည်။ မှန်တင်ခုံ. . . ။ အ၀တ်အစား. . . ။ ဖိနပ်. . . ။
အရာအရာအားလုံးသည် သူမအသက်ရှင် ကျန်နေသေးလားဟုပင် ထင်မှတ်ရသည်။
‘ဒီည ငါတို့အိမ်မှာ လိုက်အိပ်ပါလား’
သူခေါင်းခါလိုက်သည်။ သူငယ်ချင်း၏ အပြောကို. . .
‘ဒီမှာ ပဲ ငါနေခဲ့ပါ့မယ်’
သူငယ်ချင်းက သူ့ကိုကြည့်ပြီး ဘာမှမပြောတော့။ အခုအချိန်မှာ သူ့စိတ်ကို အလိုလိုက် ထားခြင်းဟာ အကောင်းဆုံး ဖြစ်မည် ဟု တွေးထားဟန်တူသည်။
‘ဒါဆိုလည်း မင်းသဘောပါပဲ’
သူ ခေါင်းညိတ်ပြလိုက်သည်။
ခဏကြာသော အခါတွင် ကားစက်နှိုးသံများ ကြားလိုက်ရ၏ ။
သူ တစ်ယောက် တည်း ဒီအိမ်မှာ ရှိနေသည်ဟူသော အထီးကျန်စိတ်က ရင်ထဲလှိုက်တက် လာသည်။
အရင်တုန်းက သူရယ်၊ သူ့မိန်းမနွယ်ရယ်. . . ။
အခုရော. . . ။
အခု သူ တစ်ယောက် တည်း. . . ။
သူ့ခြေလှမ်းများ က ဘယ်လို ဖြစ်၍ အိပ်ခန်းထဲရောက်လာသည်မသိ။
သူ ရပ်လိုက်တော့မှ ခုတင်ရှေ့ကို ငါရောက်နေပါလားဟု ခံစားမိသည်။ ဒီခုတင်ပေါ်မှာ သူ တစ်ယောက် တည်း အိပ်ရတော့မည် ။
အရင်တုန်းကနဲ့ အခု. . . ။
မတ်တပ်ရပ်နေရာမှ နောက်ပြန်လှည့်ပြီး ခုတင်ပေါ်သို့ ပက်လက်ကြီး လှဲချလိုက်သည်။
‘ဟူး’
နူးညံ့သော အိပ်ရာ၏ အထိအတွေ့ ကြောင့် အနည်းငယ်လန်းဆန်းသွးသည်။
သို့ သော် စိတ်တွေ ကတော့ မတည်ငြိမ်သေးချေ. . . ။
ထို့ကြောင့် ပက်လက်အနေအထားဖြင့်ပင် ခုတင်ပေါ်၌ လှဲနေမိ၏ ။ မျက်လုံး ကတော့ ဖွင့် လျက်သားပင်. . . ။
ငါးမိနစ်ခန့် ငြိမ်သက်စွာ နေပြီးသော အခါ မျက်လုံးတည့်တည့်တွင် ရှိသော မျက်နှာကြက် ပေါ်ရှိ တစ်စုံတစ်ခုအား သတိထားမိလိုက်သည်။
အရင်တုန်းက ဒီခုတင်ပေါ်မှာ ဒီလိုအိပ်ဖူးသော်လည်း ယခုကဲ့သို့ မျက်နှာကြက်ကို သေသေချာချာ မကြည့် ဖြစ်။
အခု ၀မ်းနည်းနေ၍ မျက်နှာကြက်ကို စိုက်ကြည့်နေရာမှ ထိုအရာကို သတိထားမိခြင်း ဖြစ် သည်။
‘ဘာလေးပါလိမ့်’
ဟူသော သိချင်စိတ်နှင့် အတူ ခုတင်ပေါ်မှ လူးလဲကာ ထလိုက်၏ ။
ထို့နောက် အိမ်တွင်းသုံး လှေကားတစ်ခုယူကာ မျက်နှာကြက်ပေါ်မှာ အရာအား စမ်းလိုက် သည်။
စာတစ်စောင်အား သေသေသပ်သပ်ခေါက်ကာ မျက်နှာကြက်၌ တပ်နှင့် ကပ်ထားခြင်း ဖြစ် သည်။
စာအား အလျင်အမြန်ဖွင့်ဖောက်လိုက်သည်။
‘ဟင်’
အံ့သြသွားသည်။ သူ့မိန်းမနွယ်က သူ့ကိုရေး ထားသော စာ ဖြစ်နေသော ကြောင့် ဖြစ်သည်။
မောင်ရေ. . .
ဒီအချိန်မှာ မောင်စိတ်ညစ်နေလိမ့်မယ်၊ အထီးကျန်နေလိမ့်မယ်လို့ နွယ်ထင်မိပါတယ်။
ဘာကြောင့် လဲဆို မောင်က စိတ်ညစ်လာရင် ခုတင်ပေါ်မှာ ပက်လက်ကြီးလှဲတတ်ပြီး ဘာကိုမှ စိတ်မ၀င်စားသလို ငိုင်ပြီးရှိနေတတ်တာကိုး. . . ။
မောင် ဒီစာကိုဖတ်ရတဲ့နေ့ဟာ နွယ်ကွယ်လွန်ပြီး တစ်ရက်၊ နှစ် ရက်အတွင်း ဖြစ်ချင် ဖြစ်နိုင် သလို နွယ့်ရဲ့ ရုပ်ခန္ဓာကို မောင့်ဆီက အပြီးအပိုင် စွန့်လွှတ်လိုက်ရတဲ့နေ့ ဖြစ်ချင်လည်း ဖြစ်မှာ ပါ။
မငိုပါနဲ့မောင်. . . ။
မောင်နဲ့နွယ်ဟာ နှစ် အတော် အတန်ကြာ နေခဲ့ကြပြီးပြီပဲ။ တစ်နေ့ ဒီလိုလမ်းခွဲရလိမ့်မယ်ဆို တာ အစောကြီးကတည်းက သိပြီးထားကြတဲ့ လူတွေ ဖြစ်တဲ့အတွက် မောင်ခံနိုင်ရည်ရှိမှာ ပါ။
မောင်ရေ. . . ပျော်ရွှင်အောင်နေပါ။
နွယ်ထင်ပါတယ်၊ မောင်ဟာ ရှေ့ဆက်ပြီး ပျော်စရာတွေ တွေ့ ရမှာ ပါ။ သြော်. . . ပြောရဦး မယ်၊ မောင် ဒီလိုစိတ်ညစ်နေပြီး မပျော်မရွှင် ဖြစ်နေရင် နွယ်က ဘာလုပ်ပေးလဲ မောင်မှတ်မိလား။
မောင် မှတ်မိမှာ ပါ။ နွယ်က မောင့်ကို သံပရာရည်ချဉ်ချဉ်လေး ဖျော်တိုက်တာလေ။
ကဲ. . . အခု မောင့်မှာ သံပရာရည်လေး ဖျော်တိုက်မယ်။ မောင်သောက်မယ် မဟုတ်လား။
(၀မ်းနည်းမှု ၊ ကြည်နူးမှု တို့နှင့် အတူ စာဖတ်နေရင်းမှ နွယ့်ကို ခေါင်းညိတ်ပြလိုက်မိသည်။ သူ သံပရာရည် သောက်မယ်ပေါ့။ နွယ် သူ ခေါင်းညိတ်တာ မြင်မှာ ပါ။ ထို့နောက် စာအား ဆက်ဖတ်လိုက်၏ )
နွယ်က အခုအချိန်မှာ ဘာမှ မလုပ်နိုင်တဲ့ အခြေအနေဆိုတော့ နွယ့်ကို တစ်ခု ကူညီပါ လား။
(သူ ခေါင်းညိတ်လိုက်မိပြန်သည်)
ကဲ. . . ဒါဆို အခု အခန်းထဲက ထွက်ပြီး ရေခဲသေတ္တာဆီကို သွား။ ပြီးရင် ရေခဲသေတ္တာရဲ့ အောက်ဆုံး အသီးအရွက်ထားတဲ့ နေရာမှာ သံပရာသီး သုံးလေးလုံး တွေ့ လိမ့်မယ်။ နှစ် လုံး လောက်ယူပြီး ထက်ခြမ်းလှီးလိုက်လေ. . . နော်။ အဲဒါ အရင်လုပ်လိုက်။
(သူသည် နွယ်၏ စာကို ကိုင်ပြီး အပြင်ထွက်လိုက်၏ ။ ထို့နောက် ရေခဲသေတ္တာနားသို့ သွား ကာ ထိုအထဲမှ သံပရာသီးနှစ် လုံးယူကာ လှိးလိုက်၏ ။ မျက်ဝန်းမှ မျက်ရည်များ လည်း စီးကျလာ ပြန်သည်)
မောင် သံပရာသီးလှီးပြီးသွားရင် ဖန်ခွက်ထဲကို အရည်ညှစ်ထည့်လိုက်၊ သေချာညှစ်ဦးနော်၊ မျက်လုံးထဲစဉ်သွားဦးမယ်။
(သူသည် စာထဲမှာ ရေး ထားသည့်အတိုင်း အပြင်မှာ လိုက်လုပ်နေမိသည်။ နောက်ဆုံး တွင် သောက်သုံးရန် အသင့် ဖြစ်နေသော သံပရာရည်တစ်ခွက် ရလိုက်၏ ။ အရင်က သူ့မိန်းမ နွယ် က ဖျော်တိုက်ခဲ့၏ ။ မည် သည့်ဆိုင်ကမှ သူမ၏ သံပရာရည်လောက် မကောင်းခဲ့ပါ။ အခုရော. . . ။ ဖျော်ပြီး သံပရာရည်ကို အနည်းငယ်မြည်းလိုက်သည်။
မဆိုးလှ. . . ။ နွယ်ဖျော်တာလောက် မကောင်းပေမယ့် သူမ၏ အငွေ့အသက်တွေ ပါနေ သော ကြောင့် ကောင်းသည်ဟု ထင်ရ၏ ။ စာအား ဆုံးအောင်ထပ်ဖတ်လိုက်သည်)
သံပရာရည်ဖျော်ပြီးသွားရင် အိမ်ထဲက ဒရင်းဘက်ယူပြီး ၀ရန်တာကို ထွက်လိုက်။ ပြီးရင် ခဏမှေးလိုက်ပါလား မောင်. . . ။
မောင်ပဲပြောခဲ့တယ်လေ. . . ၊ နွယ်တို့အခန်း ၀ရန်တာကကြည့်ရင် မြင်ရတဲ့ရှုခင်းက အရမ်း လှတာပဲဆို. . . ။
ဒါဆို သံပရာရည်တစ်ခါက်နဲ့ အနားယူလိုက်ပါလား. . . ။
နောက်များ မှပဲ တွေ့ မယ်မောင်. . . ။
ချစ်ဇနီး
နွယ်
စာတွင် တပ်ထားသည့် ရက်စွဲမှ သူမမဆုံးခင် တစ်လအလိုတွင် ဖြစ်ပါသည်။ ထို့နောက် ဒရင်းဘတ်ယူကာ ၀ရန်တာသို့ ထွက်လာခဲ့လိုက်သည်။ အပြင်တ်ွင လေတဖြူးဖြူးတိုက်နေ၏ ။
လန်းဆန်းသွားသည်။ အေးမြသွားသည်။ အရင်က မြင်ဖူးနေကျ မြင်ကွင်း ဖြစ်သော်လည်း ဒီနေ့မှ မြင်ရသလို မြင်ကွင်းအချို့က အသစ်အဆန်း ဖြစ်နေသည်။
သူ ဒရင်းဘတ်ပေါ်၌ လှဲချလိုက်၏ ။ သံပရာရည်အား တစ်ငုံ နှစ် ငံ သောက်ပြီးသော အခါ တွင် ဘေးနားက ခုံပေါ်တွင် တင်ထားလိုက်သည်။
ပြီးနောက် ဒရင်းဘတ်ပေါ်တွင် ငြိမ်ငြိမ်လေး နေလိုက်သည်။
စာကို မတွေ့ ဘဲ အခန်းထဲတွင် လှဲနေဦးမည် ဆိုပါက မွန်းကျပ်မှု တွေ ရှိနေဦးမည် ဖြစ် သည်။ အခုတော့. . .
နွယ့်ကို ကျေးဇူးတင်မိသည်။
နွယ်သည် စနစ်တကျ လုပ်တတ်သော အကျင့်ရှိသူလည်း ဖြစ်ပါသည်။
စဉ်းစားရင်း စဉ်းစားရင်းနှင့် ပင် သူမ စနစ်တကျစီစဉ်တတ်သော အကြောင်းတို့က ရေး ရေး လေးပေါ်လာ၏ ။ (သူနဲ့ နွယ်တို့ မကြိုက်ခင်တုန်းကပေါ့. . . )
တီတူး ဒီနေ့ကျောင်းကို နောက်ကျမှရောက်လာသည်။ အိမ်မှာ အလုပ်နည်းနည်း ရှုပ်၍ ဖြစ်သည်။
ကျောင်းရောက်တော့ ဟိုအခန်းဝင် ဒီအခန်းဝင်နှင့် သူ့အခန်းကို မရောက်သေးဘဲ ရှိနေ သည်။
တီတူးကို ကျောင်းမှာ သိတဲ့လူတွေ ကလည်းများ တော့ ၀ိုင်းနှုတ်ဆက်ရင်းနဲ့ လေကြောရှည် နေရသည်။
သူကလည်း ကျောင်းရောက်တိုင်း သူ့အခန်းကို တိုက်ရိုက်မသွားဘဲ ဟိုလူနဲ့စကားပြော လိုက်၊ ဒီလူနဲ့ စကားပြောလိုက်နှင့် တစ်ခန်းခန်းမှာ ထိုင်နေမိလေ့ရှိသည်။
‘ထမင်းစား သွားပါဦးလား’
အခန်းထဲမှ ကျောင်းသား တစ်ယောက် က တီတူးကို ထမင်းစားဖိတ်၏ ။
‘ရတယ်. . . မစားတော့ဘူး’
ထုံးစံအတိုင်း ငြင်းလိုက်ရသည်။
ခေါ်တဲ့လူကလည်း တီတူး မစားဘူးထင်၍ ခေါ်ပုံရသည်။
‘သြော်. . . ဟုတ်ဘူး’
ဤသို့ဖြင့် ဆက်လျှောက်လာခဲ့ရာ နောက်တစ်ခန်းရောက်ပြန်၏ ။ ထိုအခန်းထဲတွင် လည်း ထမင်းစားနေသော အဖွဲ့တစ်ဖွဲ့အား တွေ့ လိုက်ရပြန်၏ ။
ဘယ်ရမလဲ. . . ။ တီတူးပဲဟာ. . . ။
သူတို့မကျွေးခင် ကိုယ့်ကိုယ်ကို အရင်ကျွေးလိုက်သည်။
‘စားပါဦးလား. . . တီတူး’
ထမင်းစားနေသော တစ်ဖွဲ့လုံးမှာ နှုတ်များ ဆွံ့အသွားသည်။
‘တီတူး ကတော့ နောက်ပြန်ပြီ’
ဟုဆိုကာ ထမင်းဆက်စားကြ၏ ။
‘ကိုတီတူးကြီး ထမင်းစား သွားပါဦးလား’
အခန်းတစ်ခရှေ့ရောက်တော့ ထမင်းစားနေသော ကောင်လေး တစ်ယောက် က လှမ်းပြော ပြန်သည်။ ဘယ်နှယ့်. . . ။ ဒီနေ့မှ သူ့ကို ထမင်းဝိုင်းကျွေးနေကြပါလိမ့်။ ထိုလူကို ကြည့်လိုက်တော့ သူနဲ့သိ၏ ။ အသက်တော့ သူ့ထက်ငယ်သည်။
ဝတ္တရားအရသာ ခေါ်နှုတ်ဆက်ပုံရသည်။
သူလည်း အမြင်ကတ်ကတ်ဖြင့် . . .
‘အေးဗျာ. . . စားမယ်’
ဟုဆိုပြီး သူ့ရှေ့တွင် ၀င်ထိုင်လိုက်သည်။
ထမင်းခေါ်ကျွေးသော သူမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ တီတူး တကယ်စားမယ်ဆို တော့လည်း ကျွေးရတော့မယ်ဟု ဆုံးဖြတ်ချက်ချကာ
‘ကိုတီတူး စားလေ’
ဟုဆိုပြီး သူ့ချိုင့်လေးအား ထိုးပေး၏ ။
အီလည်လည်လည်း ဖြစ်နေပုံရသည်။ ဘယ်လိုတီတူးလဲဟုဆိုပြီးတော့ပေါ့။ တီတူး ကလည်း ခပ်တည်တည်ပါပဲ။ ချိုင်ထဲမှ ထမင်းတစ်လုတ်ဝါးလိုက်၏ ။ ပြီးနောက်. . .
‘ရော့. . . မင်းလည်းစား’ ဟု ပြန်ထိုးပေး၏ ။
ထမင်းချိုင့်ပိုင်ရှင်မှာ လည်း
‘ဟုတ်ကဲ့. . . ဟုတ်ကဲ့’
ဟုဆိုကာ ထမင်းတစ်လုတ်စား၏ ။ ထို့နောက်. . .
‘ကိုတီတူးလည်း စားဦး’
ဟုဆိုကာ တစ်ခုတည်းသော ချိုင့်အား တီတူးဘက် ပြန်ထိုးပေးပြန်၏ ။ ဟင်း ကတော့ ငါးဟင်း ဖြစ်သည်။ ဘာငါးမှန်းတော့ တီတူး မသိ. . . ။
တီတူးက စားလိုက်၊ ထမင်းချိုင့်ပိုင်ရျင်ကို ပြန်ထိုးပေးလိုက်။ ထမင်းချိုင့်ပိုင်ရှင်ကလည်း သူတစ်လှည်စားလိုက်၊ တီတူးကို ချိုင့်လေးပြန်ထိုးပေးလိုက်နှင့် ရှုပ်နေတော့သည်။
အားလုံး ကတော့ သူတို့ကိုကြည့်ပြီး ၀ိုင်းရယ်နေကြ၏ ။
ထမင်းချိုင့်ပိုင်ရှင် ကတော့ ရှက်လို့ မျက်နှာကြီးရဲနေသည်။ တီတူး ကတော့ အေးအေး. . . ပဲ။ သူက စားပါဦးပြောလို့ ၀င်စားတာဆိုတဲ့ စတိုင်ဖြင့် . . . ။
အားလုံး ကတော့ တီတူးအကြောင်းကို သိနေ၍ ဘာမှတော့ မပြောကြ။ ထမင်းချိုင့်ပိုင်ရှင် မှာ သာ နောက်တစ်ခါ တီတူးကို ‘ထမင်းစားပါဦးလား’ ဟု မခေါ်ရန် သတိထားရမည် ဟု စိတ်ထဲ တွင် တွေးနေပုံရသည်။
ထိုစဉ် သူတို့ထမင်းစားနေသည့် နောက်အတန်းမှ ကောင်မလေးနှစ် ယောက် ၏ စကားပြော သံကို ကြားလိုက်ရသည်။
တီတူးလည်း ဘာရယ်မဟုတ်ဘဲ ချိုင့် သူ့ဆီမှာ မရှိတုန်းအချိန်တွင် သူမတို့နှစ် ယောက် စကားကို နားထောင်မိသည်။
‘မနေ့က ငါ့ကို ကောင်လေး တစ်ယောက် က ရည်းစားစကားလိုက်ပြောတယ်’
အသံချွဲချွဲပျစ်ပျစ်နှင့် ကောင်မလေး တစ်ယောက် က ပြောသည်။
သူလည်း ထိုကောင်မလေးကို စိတ်ထဲမှ ‘ပျစ်ပျစ်’ ဟု နာမည် ပေးထားလိုက်သည်။
‘အဲ့ဒါများ အဆန်းလုပ်လို့၊ နင်က လှတဲ့မိန်းကလေးပဲ၊ လိုက်ပြောခံရမှာ ပေါ့’
ပျစ်ပျစ်၏ သူငယ်ချင်း ဖြစ်ပုံရသော နောက် တစ်ယောက် က ၀င်ငေါ့သည်။
ဒါနဲ့ သူလည်း ပျစ်ပျစ်သူငယ်ချင်းကို ‘မငေါ့’ ဟု နာမည် ပေးလိုက်၏ ။
‘ဟဲ့. . . ငါက တယုတယနဲ့ ငါ့ကိုယ်ငါ ဂုဏ်တင်ပြီး ပြောတာမဟုတ်ဘူး၊ အဲဒီ နေ့က သူက သူ့ကိုယ်သူ ဂုဏ်ဖော်နေလို့ လုပ်ထည့်လိုက်တယ်’
‘ဟယ်. . . ဘယ်လို’
‘နင်ကလည်း အဲဒီ လောက်ကြီး ဖြစ်မ သွားပါနဲ့ နည်းနည်း ပါးပါး ပညာစမ်းလိုက်တာပါ’
‘ကိစ္စရှိတယ်’ ဆိုတော့လည်း တီတူးက ချိုင့်အားထိုးပေးရင် ဆက်နားထောင်နေလိုက် သည်။ ထမင်း ကတော့ ကုန်ခါနီး ပြီ ဖြစ်သည်။
‘ဘယ်လိုစမ်းတာလဲ’
‘သူက ငါ့ကို စ၀င်ရောရော. . . ’
‘အင်း. . . ’
‘ပထမတော့ သူက သူ့ကိုယ်သူမိတ်ဆက်တာ အေးဆေးပါပဲ’
‘နောက်တော့ ဘာ ဖြစ်လဲ’
‘နောက်တော့ သူ့အဖေက ဘယ်လောက်ချမ်းသာကြောင်း၊ ဘယ်အလုပ်တွေ လုပ်ကြောင်း ငါ့လာပြောရော’
‘အင်း. . . အဲ့ဒါနဲ့. . . ’
တီတူးတို့စားနေသော ထမင်းမှာ ကုန်သွားပြီ ဖြစ်သည်။ သူတို့မှာ တော့ စကားမကုန်သေး။
တီတူးလည်း စားပြီးပြီးချင်းထသွား၍ မသင့်တော် တာကြောင့် ထမင်းချိုင့်ပိုင်ရှင်ဘေးမှ စာအုပ်များ ဟိုကိုင်ဒီကိုင်လုပ်ရင်း သူမတို့၏ မကုန်နိုင်သော စကားကို ဆက်နားထောင်နေလိုက် သည်။
‘ငါလည်း ရှင့်အဖေက ဘာလုပ်ငန်းလုပ်လဲလို့ မေးလိုက်တယ်’
‘ဘာလုပ်ငန်းတဲ့လဲ’
‘ငါးလုပ်ငန်းလုပ်ပါတယ်တဲ့၊ ဒါနဲ့ ငါလည်း မေးလိုက်တယ်’
‘ဘာမေးလိုက်တာလဲ’
‘ဒါဆို ရှင်က ငါးအကြောင်းတွေ တော် တော် သိမှာ ပေါ့လို့’
‘အဲဒီ တော့. . . ’
‘အဲဒီ တော့ သူက အမြင်ကတ်လောက်အောင် ‘ဟာ. . . သိတာပေါ့၊ ဘယ်လိုသိကြောင်း၊ ဘာကြောင့် ပေါ့’ ဆိုပြီးပြောတော့ ငါလည်း အမြင်ကတ်လာပြီး ‘ရှင် ကျွန်မကို တကယ်ချစ်တာ လား’ လို့ မေးလိုက်တယ်’
‘အံမယ်. . . သူက ထုံးစံအတိုင်း ဖြေတာပဲ၊ ‘သိပ်ချစ်၊ အရမ်းချစ်ပေါ့’ တဲ့’
‘နင် ကတော့ လုပ်တယ်နော်’
‘ငါက သူ့ကို ပြောလိုက်တယ်၊ ရှင် ကျွန်မကိုချစ်ရင် ရှင့်အဖေ ငါးကန်တွေ ထဲက ‘မြန်မာ ဖိုက်တင်ဗွီဒီယိုဇာတ်လမ်း ငါးတွေ ကို ယူလာခဲ့’ လို့ ပြောလိုက်တယ်’
‘ဘယ်လို’
တီတူးလည်း သူစားနေသော ငါးပင် နင်သွားသည်။
ဘာလဲဟ မြန်မာဖိုက်တင် ငါးတွေ ၊ ကြားဖူးပါဘူးဟုလည်း တွေးနေသည်။ သိပ်ကြာကြာ မတွေးလိုက်ရ. . .
ဆရာမ ၀င်လာသော ကြောင့် ဖြစ်သည်။
ထို့ကြောင့် တီတူးလည်း ခပ်ကြာကြာမနေတော့ဘဲ အခန်းထဲမှထွက်လာကာ ကိုယ့်အတန်း ရှိရာသို့ သွားလိုက်၏ ။
နောက်တစ်နေ့မှ ထိုကောင်မလေးကို ‘အဲ့ဒီငါးတွေ က ဘာငါးတွေ လဲ’ ဟု မေးပြီး ၀ယ်စား လိုက်ဦးမယ်ဟု တေးထားလိုက်သည်။ ပြောမယ်သာ ပြောရတာ . . . ။ ထိုကောင်မလေး၏ မျက်နှာ ကိုပင် သူ မမြင်ဖူးလိုက်ချေ. . . ။
အခန်း(၂)
ကင်တင်းတွင် သူ တစ်ယောက် တည်း တိတ်လေးလာကျိတ်သည့်နေ့ ဖြစ်သည်။ တိတ်တိတ် လေးလာကျိတ်နေသည်ဆိုတာကလည်း သူတွဲ နေသည့် သူငယ်ချစ်နှစ် ယောက် ကို ရှာမတွေ့ ၍ တစ်ယောက် တည်း လာစားနေရခြင်း ဖြစ်သည်။
တစ်ယောက် တည်းစားရ၍ လားမသိ မြိန်၏ ။ မနက်က ဘာမှမစားထား၍ လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု တီတူးထင်လိုက်သည်။
‘ဆက်ပြောရဦးမယ်’
‘ပြောလေ. . . နားထောင်နေမှာ ပေါ့’
တီတူး စားနေရင်းမှ တစ်ဖက်ဝိုင်းမှ အသံကို မှတ်မိသွားသည်။ ဒါ ဖိုက်တင်ငါး အသံပဲ. . . ။
‘အဲဒီ တော့ သူကဟယ်၊ နားမလည်ပါဘူး၊ အဲဒီ ငါးအမျိုးအစားဟာ မရှိပါဘူးဆိုပြီး ငါ့ကို ပြန်ပြောရော’
‘ဟင်း. . . သူကလည်း ငါးလုပ်ငန်း လုပ်နေပြီးတော့’
တိုက်တိုက်ဆိုင်ဆိုင်ပင် သူရှိသည့် ကင်တင်းမှာ ထိုဖိုက်တင်ငါးအကြောင်း အဆက်ကို လာပြောနေကြသည်။ သူကျောပေးထားသော စားပွဲတွင် ထိုဖိုက်တင်ငါးအဖွဲ့က ထိုင်နေကြခြင်း ဖြစ်သည်။
သူလည်း ဟိုတစ်နေ့က အကြောင်းအရာ အဆက်ကို ထမင်းဝါးလိုက်၊ နားထောင်လိုက် လုပ်နေလိုက်သည်။
‘ဒါနဲ့ ငါက ပြောလိုက်တယ်’
‘ဘာပြောလိုက်တာလဲ’
‘မြန်မာဖိုက်တင်ဗွီဒီယိုဇာတ်လမ်း ငါးအကြောင်းကို သိချင်လားလို့ မေးလိုက်တာပေါ့’
‘သူက ဘာပြန်ပြောလဲ’
‘သိချင်တယ်တဲ့၊ ငါကလည်း ‘သိချင်ရင် ပြောပြမယ်’ ဒါပေမဲ့ ငါ့နောက် ဆက်မလိုက်နဲ့ တော့လို့ ပြောလိုက်တယ်’
‘အဲ. . . ’
‘အဲဒီ တော့ သူက နည်းနည်း စဉ်းစားသွားတယ်၊ ငါပြောတဲ့ မြန်မာဖိုက်တင်ဇာလမ်းငါးကို လည်း သူသိပ်သိချင်၊ ငါ့နောက်ကိုလည်း ဆက်လိုက်ချင်နဲ့ ဒွိဟ ဖြစ်သွားတယ် ဟ၊ တော် တော် လေး စဉ်းစားနေသေးတယ်’
တီတူး ထိုကောင်မလေး၏ အိုင်ဒီယာကို သဘောကျသွားသည်။
ဒါနဲ့ ဆက်နားထောင်နေလိုက်သည်။
‘အဲဒီ တော့ သူက ဘယ်လိုဆုံးဖြတ်လဲ’
‘သူ အချိန်နည်းနည်း ယူပြီး စဉ်းစားဦးမယ်တဲ့၊ အကယ်၍ များ သူ့ဟာသူ စဉ်းစားပြီး အဲဒီ ငါး တွေ ရလာခဲ့ရင် သူ ငါ့ကို ဆက်လိုက်လို့ ရဦးမလားလို့ မေးတယ်၊ ငါကလည်း ‘ရတယ်၊ စဉ်းစားလို့ ရရင် ကျွန်မကို ဆက်လိုက်ခွင့်ရှိတယ်’ ဆိုပြီး ငါကလည်း စိန်ခေါ်လိုက်တယ်’
‘ဟာ. . . နင်လုပ်လိုက်တာ မိုက်တယ်’
‘သူလည်း ငါ့ကို နောက်နှစ် ရက်နေရင် လာတွေ့ မယ်ဆိုပြီး ပြန်သွားရော’
‘နောက်ပိုင်း ဘာဆက် ဖြစ်ကြလဲ’
တီတီးရေနွေးငှဲ့လိုက်သည်။ နောက်က ဇာတ်လမ်းကလည်း အရှိန်တက်လာပြီ ဖြစ်သော ကြောင့် ရေနွေးကို မျှင်းမျှင်းလေးသောက်ရင်း ဆက်နားထောင်နေလိုက်သည်။
သို့ သော် နောက်ထပ် ဘာသံမှ ထပ်မထွက်လာတော့. . . ။
အကြောင်းတစ်ခုခုရှိလို့ပဲဟု ထင်မိကာ နားထောင်နေမိသည်။ အတန်ကြာသည်အထိ ထိုဝင်းမှ ဘာသံမှ ထွက်မလာ. . . ။
ဘာ ဖြစ်တာပါလိမ့်. . . ။
ထိုဝိုင်းကို သူကျောပေးလျက် အနေအထားရှိတာကြောင့် တီတူး လှည့်ကြည့်လိုက်ရသည်။
စားပွဲဝိုင်းမျာ ဘယ်သူမှ မရှိ. . . ။ ဘယ်ရောက်သွားကြပါလိမ့်. . . ။
တီတူး ဇဝေဇ၀ါ ဖြစ်သွားသည်။
စောစောတုန်းကရော ရှိရော ရှိနေကြလား. . . ။ အခုတော့ ထိုစားပွဲဝိုင်းတွင် တစ်ယောက် မှ မတွေ့ ရတော့ချေ. . . ။ တီတူးအူကြောင်ကြောင် ဖြစ်ပြီး ရေနွေးခွက်ကို မော့ချလိုက် သည်။
ထိုညနေက တိုက်တိုက်ဆိုင်ဆိုင်ပဲ တီတူးတို့အိမ်မှာ ငါးဟင်းချက်သည်။ အိမ်မှာ က သူရယ်၊ သူ့သူငယ်ချင်းရယ် နှစ် ယောက် ပဲရှိသည်။
တီတီး၏ မိဘများ မှာ တီတူးအရွယ်ရောက်သော အခါတွင် ဆုံးပါးသွားကြသည်။
တီတူးက မိဘများ ထားခဲ့သော ဆိုင်များ ကို ဦးစီးရင်းကျောင်းတက်နေခြင်း ဖြစ်သည်။ သူငယ်ချင်း ကတော့ နယ်မှ ကျောင်းတက်သူ ဖြစ်တာကြောင့် သူ့အိမ်မှနေ၍ ကျောင်းတက်နေခြင်း ဖြစ်သည်။
တီတူးက ငါးဟင်းတစ်တုံးအား လှမ်းခပ်လိုက်ရင်း. . .
‘မင်းကို တစ်ခုမေးရဦးမယ်’
ငါးဟင်းစားရင်းနဲ့ ဟိုကောင်မလေးကို သတိရသွားသော ကြောင့် ဖြစ်သည်။
‘ဘာလဲ’
‘သြော်. . . ဘာရယ်မဟုတ်ပါဘူး၊ မြန်မာဖိုက်တင် ဗွီဒီယိုဇာတ်လမ်းငါးတွေ ကို မင်းများ သိမလားလို့’
သူငယ်ချင်းက သူ့ကိုအူကြောင်ကြောင်နှင့် လှမ်းကြည့်သည်။
ဘာကြောင်တာလဲပေါ့. . . ။ သူကလည်း မေးမယ့်သာ မေးလိုက်ရသည်၊ အူကြောင် ကြောင်နိုင်မှန်းသိသော်လည်း သိများ သိမလားဆိုပြီး မေးလိုက်ခြင်း ဖြစ်သည်။
ထိုပုံစံအတိုင်းဆိုရင်တော့ သူ့သူငယ်ချင်းလည်း ဘာမှသိမှာ မဟုတ်။ ထမင်းသ ခေါင်းငုံ့ပြီး ဆက်စားနေလိုက်သည်။
‘မင်းကို ဘယ်သူက အဲဒီ ငါးရှိတယ်လို့ ပြောလိုက်လို့လဲ’
‘သူငယ်ချင်း တစ်ယောက် ကပါကွာ. . . ၊ သူတို့နောက်လိုက်တာ၊ တကယ်မဟုတ်ပါဘူး’
ထမင်းသာဆက်စားနေရသော်လည်း ထိုကောင်မလေး၏ စကားတို့က နောက်တာ မဟုတ်ဘူးဟု ယုံကြည်နေသည်။
ဘာကြောင့် မှန်း သူမသိ. . . ။ သူ့ကို နောက်တယ်ဆိုရအောင်လည်း သူနဲ့ အဲဒီ ကောင်မ လေးက မသိ. . . ။
သို့သော် အဖြေတစ်ခုတော့ ရှိမည် ။ သူရော သူ့နည်းသူ့ဟန်နဲ့ မသိရဘူးလားဟု တီတူး တွေးမိသည်။
ထို့နောက် ထိုအဖြေကို ရှာရန် ဆုံးဖြတ်လိုက်၏ ။
ထို့ကြောင့် ညဘက်တွင် မြန်မာဖိုက်တင်ဇာတ်ကားများ အား သွားငှားကာ တစ်ညလုံး ထိုင် ကြည့်နေလိုက်သည်။
နောက်တစ်နေ့တွင် ကျောင်းကို မျက်တွင်းချိုင့်ချိုင့်ကြီးဖြင့် ၀ရုန်းသုန်းကား ထသွားလိုက် သည်။
ကျောင်းသွားတဲ့လမ်းတစ်လျှောက်မှာ တီတူးမြူးနေမိသည်။ ဘာ ဖြစ်တာလဲ. . . ။ သူမသိ. . . ။ သို့သော် ညက ဗွီဒီယိုတွေ ထဲက သူတစ်ခုခုသိလိုက်သလို ရှိသွားသည်။
လမ်းရောက်မှ သူစဉ်းစားမိသည်။ ဒီကိစ္စကို သူသိသွားတော့ရော ဘာအကျိုးရျိမှာ လဲ. . . ။ ဘာလုပ်ရမှာ လဲ. . . ။
သေချာတာတစ်ခု ကတော့ ထိုကောင်မလေးသည် သူ့စိတ်ထဲသို့ စိတ်ဝင်စးစရာအကြောင်း အရာတစ်ခု ထည့်ပေးသွားသည်ဆိုတာကိုပင်. . . ။
ဘာပဲပြောပြော ထိုမြန်မာဖိုက်တင် ကောင်မလေးကို ရှာပြီး ‘ဒီလို ဒီလို ငါးတွေ မဟုတ်လား’ ဟု ပြောချင်တာ ယားနေတယ်။
သူက ထိုကောင်မလေးကို မြင်ဖူးတာ မဟုတ်. . . ။ အခုမှ ထိုနေ့က သေချာမကြည့်မိထား သည်ကို နောင်တရနေမိသည်။
သို့သော် ကိစ္စမရှိ. . . ။ သူမစကားသံ ကြားခဲ့ရသော အတန်းသို့ သွားရောက်စနည်းနာရ မည် ။
ထို့ကြောင့် ခြေလှမ်းများ က ထိုအခန်းသို့ တက်တက်ကြွကြွဦးတည်လိုက်ကြသည်။
တီတူးကိုမြင်တော့ ဟိုတစ်နေ့က ထမင်းကျွေးတဲ့ အလှူရှင်က မျက်နှာပျက်သွားသည်။
အခုလည်း သူ့ထမင်းချိုင့်နှင့် သူ့ဘာသာသူ ထမင်းစားသော ကြောင့် ဖြစ်သည် သူ့ကို မြင် သွားပြီးနောက် အခေါ်ချင်ခေါ်ချင်ပုံစံဖြင့် . . .
‘ကိုတီတူး. . . စားပါဦးလား’
ဟု လှမ်းခေါ်၏ ။
တစ်ခုခုကို ဆုံးဖြတ်ထားပြီးပုံလည်း ပေါက်သည်။
‘မစားတော့ပါဘူးဗျာ၊ ငါ တစ်ခုလောက် မေးချင်လို့’
သူ့ဆီမှ သက်ပြင်းချသံ ကြားလိုက်ရသည်။ ဘာကြောင့် သက်ပြင်းချလဲ သူမသိ. . . ။ ထား လိုက်ပါ. . . ။ သူသိချင်တာက အခြားကိစ္စ ဖြစ်နေတာကြောင့် . . . ။
‘ဟိုတစ်နေ့က မင်းနဲ့ ငါနဲ့ ထမင်းစားတော့ ငါတို့နောက်က ‘ငါးအကြောင်း’ ပြောတဲ့ ကောင်မလေးနှစ် ယောက် ကို မှတ်မိလား’
ထမ်င်းအလှူရှင်မှာ သူ့စကားကို ခေါင်းခါပြသည်။
မသိဘူးဆိုတာလား. . . ။ နားမလည်ဘူး ဆိုတာလား မသိ. . . ။
ဒါနဲ့ တီတူးလည်း အခန်းတစ်ခုလုံးကို လှည့်ကြည့်နေလိုက်သည်။ အဓိက ကတော့ သူတို့ရဲ့ စကားပြောသံတွေ ကို မသိမသာ လိုက်နားထောင်ခြင်း ဖြစ်သည်။
ဤတွင် အခန်းထောင့်တ်ွင ပြောနေကြသော အမျိုးသမီးတစ်စုထဲမှ အသံတစ်သံကို ကြား လိုက်ရသည်။
‘ငါတို့လမ်းမှာ ကြီးကြီးကျယ်ကျယ် ကွမ်းယာဆိုင်တစ်ဆိုင် ရှိတယ်ဟဲ့’
ဒါ မြန်မာဖိုက်တင်ငါးအသံပဲဟု သူ မှတ်မိလိုက်သည်။
ထိုပြောနေသော ကောင်မလေးအား လှည့်ကြည့်မိသည်။
မျက်ဝန်းလှသော ကောင်မလေးဟု တွေ့ တွေ့ ချင်း အသိအမှတ်ပြုမိသည်။
ထူးခြားအောင် မလှသော်လည်း စိတ်ဝင်စားဖွယ်ကောင်းသော ကောင်မလေး တစ်ယောက် ဖြစ်သည်။ စကားပြောဟန်ဆိုဟန်တွေ နှင့် အတူ သူမသူငယ်ချင်းများ ၏ စိတ်ဝင်စားမှု များ အား သူမ ထံရောက်ရှိနေအောင် လုပ်ဆောင်ထားနိုင်သူတစ်ဦးလည်း ဖြစ်သည်။
သူလည်း သူမ၏ စကားပြောဟန်လေးကို စိတ်ဝင်စားတာနဲ့ ဆက်နားထောင်နေလိုက် သည်။
‘ဘယ်လိုကြီးကြီးကျယ်ကျယ် ကွမ်းယာဆိုင်လဲ၊ ဆိုင်အကျယ်ကြီး ဖွင့်ထားလို့လား’
သူမ၏ သူငယ်ချင်း တစ်ယောက် က တအံ့တသြလေး မေးသည်။
‘လေကြီးလေကျယ်ပြောတဲ့ ကွမ်းယာဆိုင်လို့ ပြောတာပါ’
‘အံမယ်. . . သူက ကွမ်းယာရောင်းပြီး ဘာစကားတွေ များ ပြောလို့လဲ’
‘သူ့ကွမ်းယာဆိုင်က သာမန်ကွမ်းယာဆိုင် မဟုတ်ဘူးတဲ့’
‘ဘာလဲ. . . ကံစမ်းမဲပေးလို့လား’
‘မဟုတ်ပါဘူး၊ သူကပြောတယ်’
‘အင်း. . .’
‘ရှေးခေတ်တုန်းက တက္ကသိုလ်မှာ ကွမ်းယာခြင်းအတက်ပညာကို သူ့မျိုးရိုးက စနစ်တကျ သင်လာတာတဲ့၊ ဒါကြောင့် အခြားဆိုင်တွေ နဲ့ မတူဘူး၊ သူ့ဆိုင်က ပညာသားပါတာပေါ့တဲ့’
‘အလဲ့. . . ဟုတ်ရောဟုတ်လို့လား’
‘သူကပြောသေးတယ်၊ သူတို့ လက်ဆင့်ကမ်းအမွေဆက်ထိန်းရတဲ့ ကွမ်းပြင် ကွမ်းယာခြင်း အတတ်ကို ‘ကမ္ဗုကရက္ခာအတတ်’ လို့ ခေါ်တယ်တဲ့’
‘သူက အလာကြီးပဲ’
‘ဟုတ်တယ်၊ သူက ကုလားတော့ ကုလားကြီးပဲ’
သူမစကားကို အားလုံးက ၀ိုင်းရယ်ကြသည်။
သူလည်း ပြုံးမိသည်။ သူမတို့ စကားဝိုင်း၏ ။ စကားသံကို ခပ်လှမ်းလှမ်းမှထိုင်၍ မသိမသာ နားထောင်နေခြင်း ဖြစ်သည်။
သူလည်းပြုံးမိသည်။ သူမတို့စကားဝိုင်း၏ စကားသံကို ခပ်လှမ်းလှမ်းမှထိုင်၍ မသိမသာနား ထောင်နေခြင်း ဖြစ်သည်။
အတန်းချိန်မရှိသော ကြောင့် သူတို့လွတ်လွတ်လပ်လပ်ပြောနေကြခြင်းလည်း ဖြစ်သည်။ သူလည်း ဆက်နားထောင်နေလိုက်သည်။
‘သူပြောတာ ဟုတ်ရော ဟုတ်လို့လား’
အခြားသူငယ်ချင်းများ က သူ့ကို ၀င်မေးသည်။
‘ဟုတ်တော့ ဟုတ်တယ်၊ ရှေးခေတ်တုန်းက တက္ကသိုလ်မှာ သင်တော့ သင်ဖူးတယ်၊ အံမယ်. . . အဲဒီ တုန်းက ‘အပြစ်ရှိသူကို ပုတ်ခတ်ရိုက်နှက်ခြင်း အတတ်’ ‘အမနာစိတာ ဠန အတတ်’ ဆိုပြီးတောင် ရှိသေးတယ်’
‘အခု ငါတို့ကျောင်းမျာ အဲဒီ ဘာသာရပ်ရှိရင် သင်မယ်’
အားလုံး ၀ိုင်းရယ်ကြပြန်သည်။
‘အဲဒီ ကုလားကြီးက သူ့ဆိုင်မှာ ရေး ထားသေးတယ်’
‘ဘာလဲ. . . ’
‘ကမ္ဗုလာရက္ခအတတ်ဖြင့် စီရင်အပ်သော ကျွန်ုပ်၏ ကွမ်းယာအား ၀ယ်ယူအားပေးသူများ ချမ်းသာကိုယ်စိတ် မြဲပါစေ. . . တဲ့’
‘တယ်. . . ဟုတ်ပါလား’
ရယ်ကြပြန်သည်။
ထိုစဉ် သူ့သူငယ်ချင်း တစ်ယောက် က. . .
‘ဟဲ့. . . ဒါနဲ့ နင့်ကို မေးရဦးမယ်’
‘မေးလေ’
‘ဟိုတစ်ခါတုန်းက နင့်ကိုလိုက်တဲ့ ငါးမွေးမြူရေး လုပ်တဲ့လူရဲ့ သားလေ၊ အဲဒါ ဘယ်လို ဆက် ဖြစ်လဲဆိုတာ ငါတို့ကို မပြောရသေးဘူးနော်’
ထိုကောင်မလေး၏ အမေးကြောင့် တီတူးခေါင်းထောင်သွားသည်။
သူလည်း သိချင်သည့် ကိစ္စကို ရောက်သွား၍ ဖြစ်သည်။
‘သြော်. . . အေး၊ ဟုတ်သားပဲ၊ ပြောဖို့မေ့နေတာ’
ဘာမှမဆိုင်မှန်း သိသော်လည်း သူ့စိတ်ထဲ မရိုးမရွ ဖြစ်သွားသည်။
ထိုသူဌေးသားက ‘မြန်မာဖိုက်တင်ငါးအကြောင်း’ ကို ပြောပြလိုက်ပြီလား။
သိချင်စိတ်နှင့် အတူ ကောင်မလေးများ ၏ စကားကိုသာ ဆက်နားထောင်နေလိုက်သည်။
‘သူက နင်မေးထားတဲ့ ငါးအကြောင်းတွေ နောက်တော့ လာပြောရောလား’
‘နောက်ရက်တွေ တော့ သူ ငါ့ဆီရောက်မလာဘူး၊ ဒီနေ့တော့ လာပြောမလား မသိဘူး၊ ဒါပေမဲ့ သူဖြေနိုင်မယ် မထင်ပါဘူး’
‘ဟင်. . . နင်က ဘယ်လိုလုပ်သိလဲ’
‘သူ့ပုံစံကို ကြည့်ပြိး သိနိုင်တာပေါ့’
‘အံမယ်. . . အဲ့ဒါတော့ နင်က ကိုယ့်ကိုယ်ကို အထင်ကြီးတာပါနော်’
‘မဟုတ်ဘူး၊ ငါတကယ်ပြောတာ’
ထိုကောင်မလေးနှင့် သူ့သူငယ်ချင်းအချို့ကို အခြေအတင် ဖြစ်နေကြသည်။
‘မယုံပါဘူး၊ လူ တစ်ယောက် ကို ကြည့်ပြီးတော့ သူဖြေနိုင်မလား၊ မဖြေနိုင်ဘူးလားဆိုတာ မသိလောက်ပါဘူး’
‘ငါ လက်တွ့ပြရမလား’
‘အင်း. . . အဲ့ဒါဆိုရင်တော့ ယုံမယ်’
သူစိတ်ဝင်စားသွားသည်။ သူမ ဘယ်လိုများ လက်တွေ့ ပြမလဲပေါ့. . . ။
သူက သူမတို့အဖွဲ့ကို ကျောပေးပြီး နားထောင်နေတာကြောင့် သူတို့ ဖြစ်ပျက်နေပုံများ ကို သေချာမမြင်ရ. . . ။
ထို့ကြောင့် နားကို အသာစွင့်ကာ ငြိမ်ပြီး နားထောင်နေလိုက်သည်။
‘ဟိုမှာ ထိုင်နေတဲ့ ကျောင်းသား တွေ့ လား’
သူမ၏ အသံလွင်လွင်လေးကို ကြားရသည်။
‘အင်္ကျီအနက်ရောင် ၀တ်ထားတဲ့သူလား’
‘ဟုတ်တယ်၊ သူ ငါပြောတဲ့ ငါးအကြောင်းကို ဖြေနိုင်လိမ့်မယ်’
သူ ထိတ်လန့်သွားသည်။ မည် သို့ဆိုသော် သူသည် အင်္ကျီအနက်ရောင် ၀တ်ထားသော ကြောင့် ဖြစ်သည်။
အခြားကျောင်းသားထဲမှ အနက်ရောက် ၀တ်လာသော ကျောင်းသားများ လည်း ရှိကောင်း ရှိနိုင်ပါသည်။
ထိုစဉ် သူမသူငယ်ချင်းနောက် တစ်ယောက် က. . .
‘သြော်. . . သူလား၊ သူ့နာမည် က တီတူးလေ၊ ငါခေါ်လိုက်မယ်. . . ၊ တီတူး၊ တီတူး’
ထိုခေါ်သံကြောင့် တီတူးမှာ ဆက်ခနဲ ဖြစ်သွားပြီး ခိုးနားထောင်သည်ကို မိသွားသော လူတစ်ဦးနှယ် နောက်သို့ လှည့်ကြည့်မိ၏ ။
သူမ၏ မျက်ဝန်းလှလှလေးများ နှင့် ဦးစွာ ဆုံမိသည်။
သူ့ဖုန်းမြည် သံကြောင့် အိပ်ပျော်နေရာမှ ရုတ်တရက် လန့်နိုးသွားသည်။
ဘေးနားတွင် ချထားသော သံပရာရည်ခွက်ကလည်း ကုန်နေပြီ ဖြစ်သည်။
ဖုန်းသံကလည်း မြည် နေဆဲ ဖြစ်သော ကြောင့် အိတ်ထဲမှ ဟမ်းဖုန်းကို ကိုင်လိုက်သည်။
‘ဟယ်လို’
‘မောင်တီတူးလား မသိဘူး’
တစ်ဖက်မှ အဒေါ်ကြီး တစ်ယောက် အသံ ဖြစ်သည်။ သူနှင့် မရင်းနှီးသော အသံလည်း ဖြစ်သည်။
‘ဟုတ်ပါတယ်. . . ခင်ဗျာ’
‘သြော်. . . အန်တီ့အိမ်ကို ခဏလောက်လာခဲ့ပါလား’
သူ စဉ်းစားသွားရသည်။ ဖုန်းမှာ နေတာတော့ မဟုတ်တာ သေချာသည်။ ဘာကြောင့် ဆို သူ့နာမည် ကို သိနေသော ကြောင့် ဖြစ်သည်။
‘ဟို. . . ဘာကိစ္စများ လဲ မသိဘူး၊ အန်တီ့ကိုလည်း ကျွန်တော် မသိဘူး’
တစ်ဖက်လူကို ရိုရိုသေသေနှင့် ပြန်မေးလိုက်သည်။
‘သမီးလေးနွယ် ထားခဲ့တဲ့ ပစ္စည်းတွေ ကို ပေးချင်လို့ပါ’
‘ဗျာ’
သူ အံ့သြသွားသည်။ သူ့မိန်းမ နွယ်ထားခဲ့တဲ့ပစ္စည်း. . . ။ ထိုကိစ္စကို နွယ်က သူ့ကို တစ်ခါမှ မပြောခဲ့ဖူးပါ။ သို့သော် နွယ်နှင့် ပတ်သက်သော ကိစ္စ ဖြစ်သော ကြောင့် လာရမည့်  လိပ်စာကို မေးလိုက်ရသည်။ ထိုအဒေါ်ကြီးကလည်း သူမသိသည့် လိပ်စာတစ်ခုကို ပြောပြသည်။ သူလည်း မှတ်ထားကာ လာခဲ့မည် ဟု ပြောလိုက်၏ ။
တစ်ဖက်မှ ဖုန်းချသွားသော အခါတွင် ရင်ခုန်မှု ၊ စိတ်ဝင်စားမှု တို့နှင့် အတူ ဒရင်းဘတ်ပေါ်သို့ ခဏပြန်လှဲချလိုက်သည်။
မနက်ဖြန်တော့ အလုပ်သွားနိုင်မည် မဟုတ်၊ ရက်အနည်းငယ်တာ့ နားလိုက်ဦးမည် ဟု ဆုံးဖြတ်လိုက်သည်။
သူ၏ အလုပ်မှာ ကိုယ်ပိုင်အလုပ် ဖြစ်သော ကြောင့် သူမရှိရင်လည်း မန်နေဂျာများ နှင့် လုပ် ငန်းလည်ပတ်နိုင်သည်။ သူ့လုပ်ငန်းမျာ ခပ်ကြီးကြီးမဟုတ်ဘဲ အလယ်အလတ်လုပ်ငန်းများ ဖြစ် သော ကြောင့် စိတ်ချလက်ချ အနားယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အိပ်ပျော်သွားသည်မှာ ဘယ်လောက်ကြာသွားသည် မသိ၊ မှော င်စပင်နည်းနည်း ပျိုးလာပြီ ဖြစ်သည်။ ထို့နောက် ၀ရန်တာမှ အိမ်ထဲသို့ ပြန်ဝင်လိုက်သည်။
သူ့ဇနီး၏ အငွေ့အသက်တို့ ပြန်လည်ခံစားမိလာသည်။
အခန်း(၃)
နောက်တစ်နေ့တွင်
အိမ်တစ်အိမ်ရှေ့သို့ သူ့ကားလေး ထိုးရပ်လိုက်သည်။ သူ့လက်ထဲတွင် ရေး မှတ်ထားသော လိပ်စာစာရွက်လေးအား တစ်ခေါက်ပြန်ကြည့်လိုက်သည်။
သေချာပါသည်။ ဟိုတစ်နေ့က ဖုန်းထကြ အဒေါ်ကြီးပြောခဲ့သော လိပ်စာပင် ဖြစ်သည်။ အိမ်သည် တစ်ထပ်အိမ် ဖြစ်ပြီး နေချင်စဖွယ် ဆောက်လုပ်ထားသော အိမ်လေးလည်း ဖြစ်သည်။
သူ ကားပေါ်မှ ဆင်းပြီးပြီးချင်းပင် အိမ်ထဲမှ အဒေါ်ကြီး တစ်ယောက် ထွက်လာ၏ ။
‘မောင် တီတူးလား’
‘ဟုတ်ပါတယ် ခင်ဗျာ’
သူ့ကို ဖုန်းဆက်သော အဒေါ်ကြီးပင် ဖြစ်ပေလိမ့်မည် ။
ထိုအဒေါ်ကြီးက သူ့အား အိမ်ပေါ်ဖိတ်ခေါ်၏ ။
အိမ်အတွင်းကို ကြည့်ခြင်းအားဖြင့် အဒေါ်ကြီးသည် ‘မရှိ မရှားပင်’ ဖြစ်ပေလိမ့်မည် ။
သူ ကုလားထိုင်တစ်ခုတွင် ၀င်ထိုင်လိုက်သည်။
သူ ရှေ့က ခုံတွင် ၀င်ထိုင်လိုက်သော အဒေါ်ကြီး၏ ပုံစံမှာ တည်တည်ကြည်ကြည် ဖြစ်ပြီး အရင်တုန်းက ဘ၀ရဲ့ ဒဏ်ကို တော် တော် ခံခဲ့ရ၍ စိတ်ထောင်းကိုကျေ ဖြစ်ခဲ့ပုံရသည်။
‘အန်တီ့နာမည် က ဒေါ်တင်တင်ဝင်းလို့ ခေါ်ပါတယ်’
‘ဟုတ်ကဲ့’
သူနှင့် မရင်းနှီးသော နာမည် တစ်ခု ဖြစ်သည်။ သို့သော နွယ်နှင့် ပတ်သက်သော သူ ဖြစ်နေ တာကြောင့် ဆက်ပြီးနားထောင်နေလိုက်သည်။
‘အန်တီ ကတော့ သားကို မမြင်ဖူးပါဘူး၊ သမီးလေးနွယ်ရဲ့ ယောက်ျားဆိုတာ သိနေတာ ကြာပါပြီ’
‘ဟင်’
ဒါဆို နွယ်ရဲ့ ပစ္စည်းအချို့က ထိုအဒေါ်ကြီးဆီ ဘာလို့ရောက်နေရတာ လဲ၊ သူ နားမလည် နိုင်အောင် ဖြစ်သွားသည်။ သိုသော် အဒေါ်ကြီးက ဆက်ရှင်းပြသည်
‘နွယ်ဟာ စိတ်ရင်းကောင်းပြီး ကူညီတတ်တဲ့ ကောင်မလေး တစ်ဦးပါ၊ သားလည်း အန်တီနဲ့ နွယ်နဲ့ ဘယ်လိုပတ်သက်လဲဆိုတာ သိချင်ရောပေါ့၊ ပြောပြပါမယ်၊ ဒီလိုပါ. . . ’
အဒေါ်ကြီးက သက်သော င့်သက်သာပုံစံ ထိုင်လိုက်ပြီး နံရံကိုကြည့်ကာ. . .
‘အရင်တုန်းက အန်တီဟာ ဒီအိမ်လည်း မပိုင်သေးပါဘူး၊ ဒုက္ခလည်း တော် တော် လေး ရောက်ခဲ့ပါတယ်၊ အန်တီ့မှာ တော့ သားနှစ် ယောက် ရှိပါတယ်၊ ဒါပေမဲ့ အန်တီ့ကို ဂရုမစိုက်ဘဲ သူတို့မိန်းမတွေ ကိုသာ ဂရုစိုက်ခဲ့ပါတယ်’
အန်တီကြီးက သက်ပြင်းချသည်။ စိတ်မောနေဟန်တူသည်။ သို့သော်လည်း ထိုသို့ပြောနေ ရ၍ ကြည်နူးနေပုံလည်း ပေါက်သည်။
သူလည်း စိတ်ဝင်တစားနှင့် ဆက်နားထောင်နေလိုက်သည်။
‘အဲဒီ တုန်းက အန်တီ အိမ်ငှားနေရတယ်၊ နေ့စဉ်စားဖို့အတွက် ဒီလမ်းထဲက အန်တီနဲ့ ရင်းနှီးတဲ့ လက်ဖက်ရည်ဆိုင်မှာ ထမင်းချက်ပေးရတဲ့လူအ ဖြစ် အလုပ်လုပ်ပေးရတယ်’
ထိုစသ် ကလေးမငယ်ငယ်လေး တစ်ယောက် က သူနှင့် အဒေါ်ကြီးအတွက် ကော်ဖီခွက် လာချပေးသွားသည်။ ပြီး. . . ပြန်ထွက်သွား၏ ။
အဒေါ်ကြီးလည်း သူ့စကားသူဆက်သည်။
‘တစ်နေ့မှာ သမီးလေးနွယ်က အဲဒီ ဆိုင်ကို သူငယ်ချင်းတွေ နဲ့အတူ ထမင်းစားဖို့လာခဲ့တယ်၊ အဲဒီ မှာ အန်တီ့ဘ၀ စပြောင်းတယ်လို့ ဆိုရမှာ ပဲ’
စကားသံသည် တိုးညင်းသွားသလို ခံစားရသည်။ အဒေါ်ကြီးစကားကို နားထောင်နေရင်း နှင့် ပင် နွယ့်ကို သတိရလာသည်။
အဒေါ်ကြီးလည်း သတိရလာ၍ ထင်သည်။ မျက်ရည်ပင် ၀ဲတက်လာ၏ ။
ထို့နောက် ထိုနေ့က အ ဖြစ်အပျက်ကို ဆက်ပြောပြသည်။
ဆိုင်ထဲသို့ ကောင်မလေးသုံးယောက် ၀င်ထိုင်ပြီးပြီးချင်း ထိုအထဲမှ ချောချောလှလှ ကောင်မလေး တစ်ယောက် က ခုံပေါ်မှ မီနူးကတ်လေးအား ယူလိုက်သည်။ တစ်ဆက်တည်းပင် ဘေးနားမှာ လာရပ်သော စားပွဲထိုးကောင်လေးအား . . .
‘ထမင်း ဟင်း ရလား’
ဟု လှမ်းမေးလိုက်သည်။
‘ဟုတ်ကဲ့ ရပါတယ်၊ ဟင်းနာမည် တွေ ကိုတော့ မီနူးထဲမှာ ရေး ထားပါတယ် ခင်ဗျာ’
ထိုချောချောလှလှ ကောင်မလေးက မီနူးမှ ဟင်းနာမည် များ အား ဖတ်ပြီး ပါလာသော သူ့ သူငယ်ချင်းများ နှင့် တိုင်ပင်ကာ ဟင်းလေးမျိုးလောက်မှာ ၏ ။
စားပွဲထိုးလေး ထွက်သွားသော အခါတွင် ထိုကောင်မလေး၏ သူငယ်ချင်းက. . .
‘ဟင်းတွေ က ကောင်းပါ့မလား မသိဘူး၊ မကောင်းရင်တော့ နှမြောစရာကြီးနော်’
ဟုပြော၏ ။
သူတို့သုံးယောက် မှာ သူငယ်ချင်း တစ်ယောက် အိမ်လာရင်း ဗိုက်ဆာ၍ ကြုံရာဆိုင် ၀င်စား ကြခြင်း ဖြစ်သည်။
ဒီဆိုင်မှာ တစ်ခါမှ မစားဖူးသော ကြောင့် မိန်းကလေးပီပီ ဟင်းလက်ရာ မကောင်းမှာ ကို စိတ်ပူကြခြင်း ဖြစ်သည်။
ခဏကြာတော့ စားပွဲထိုးလေးက သူတို့မှာ ထားသော ဟင်းနှင့် ထမင်းများ လာချသည်။ ငါးပိရည်တို့စရာနှင့် စားချင်စဖွယ် ထမင်းဝိုင်းလေး ဖြစ်သွားသည်။
သူတို့လည်း ဗိုက်ဆာဆာနှင့် စားလိုက်ရာ ထမင်းတော် တော် များများ ကုန်သွား၏ ။ ထို့နောက် ထမင်းစားပြီးသော အခါ ကော်ဖီနှင့် မုန့်များ မှာ ကာ ခဏထိုင်နေလိုက်ကြပြန်သည်။
‘ဟင်းချက်လက်ရာလေးက ကောင်းတယ်နော် နွယ်’
ကောင်မလေး တစ်ယောက် က ချီးကျူးသည်။ ချောချောလှလှကောင်မလေးလည်း. . .
‘ဟုတ်တယ်’
ဟု ထောက်ခံသည်။
ထို့နောက် စကားစပြတ်သွားပြီး ကော်ဖီသောက်လိုက်၊ မုန့်စားလိုက်၊ ဆိုင်အပြင်ကိုကြည့် လိုက်နှင့် နေနေကြသည်။
ဤတွင် စကားမပြောဘဲ မနေနိုင်ပုံရသော ချေချောလှလှကောင်မလေးက သူ့သူငယ်ချင်း များ အား ကြည့်ကာ. . .
‘ဒီဟင်းထမ်းချက်တဲ့သူဟာ ဆိုင်ပိုင်ရှင်လို့ နင်တို့ထင်လား’
ဟုဆိုပြီး စကားအဆက်အစပ်မရှိ မေးလိုက်သည်။
ပြောစရာစကားမရှိ၍ ရောက်တက်ရာရာ မေးလိုက်ခြင်းလည်း ဖြစ်ပုံရသည်။
‘မ ဖြစ်နိုင်ဘူးထင်တယ်၊ ဆိုင်ပိုင်ရှင် ကတော့ ဘယ်ဝင်ချက်မလဲ၊ ခေါ်ထားတဲ့ အလုပ်သမား တစ်ယောက် ချက်မှာ ပေါ့’
ချောချောလှလှကောင်မလေးက ခေါင်းညိတ်သည်။ ပြီးနောက်. . .
‘ဒါဆို အဲ့ဒီလူဟာ ဒီဆိုင်မှာ ချက်တဲ့အတွက် လခပဲရမှာ ပေါ့’
‘အင်း. . . ဒါလည်း ထပ် ဖြစ်နိုင်သေးတယ်၊ ဘာ ဖြစ်လို့လဲဆို ဆိုင်ရှင်ကလည်း သူ့ကို လခနဲ့ ပေးမှာ ပေါ့၊ ငါဆိုင်ရှင်ဆိုလည်း အဲဒီ လိုပေးမှာ ပဲ’
သူတို့စကားပြောနေသော အချိန်မှာ ဆိုင်ထဲ၌ လူအနည်းငယ်ရှင်းနေသော အချိန်လည်း ဖြစ် သည်။
သူတို့ပြောနေသော စကားသံမှာ သူတို့ဝိုင်းအပြင် ခပ်လှမ်းလှမ်းနေရာမှလည်း ကြားရသော အသံနှင့် ပြောနေကြခြင်း ဖြစ်သည်။
‘ဒါနဲ့ ငါတစ်ခုလောက် ထပ်မေးချင်သေးတယ်’
ချောချောလှလှကောင်မလေးက ဘာရယ်ညရယ်မဟုတ် ပြောခဲ့သော သူတို့အကြောင်း အရာလေးကို စိတ်ဝင်တစား ဆက်မေးသည်။
‘မေးလေ. . . ဘာလဲ’
‘အဲဒီ လို လခနဲ့ရတော့ သူက ငွေကြေးကို ထင်သလောက်မရတဲ့လူ ဖြစ်နိုင်တယ်၊ ဒါ့အပြင် ဆင်းရဲတဲ့လူလည်း ဖြစ်ချင် ဖြစ်နိုင်တယ်’
‘အင်း. . .’
‘အခု နင်တို့သိတဲ့အတိုင်းပဲ၊ ဟင်းချက်ထားတဲ့ လက်ရာလေးက တော် တော် လေးကို ကောင်းတယ်၊ အဲ့ဒီလူနေရာမှာ နင်ဆိုရင်ရော ဒီလိုလခနဲ့ပဲ သူများ ဆိုင်မှာ ဆက်ချက်နေဦးမလား’
တော် တော် စိတ်ဝင်စားစရာကောင်းသော မေးခွန်း ဖြစ်သည်။
ကျန်တဲ့ကောင်မလေးနှစ် ယောက် မှာ လည်း ခပ်ချောချောလေးတည်လိုက်လော စကား ၀ိုင်းကို စိတ်ဝင်စားလာကြသည်။
‘ဒါ ကတော့ အခြေအနေနဲ့ အချိန်အခါဆိုတာ ရှိသေးတာပဲ’
‘ဘာကိုပြောတာလဲ’
‘ဥပမာ အဲ့ဒီလူမှာ ဆိုင်ဖွင့်ဖို့အတွက် အရင်းအနှီးမရှိတာတို့၊ သူများ ဆီက ပိုက်ဆံချေးပြီး ဆိုင်ဖွင့်ဖို့ဆိုတာကလည်း အတိုးတွေ ဘာတွေ နဲ့ဆိုတော့ ကြောက်မှာ ပေါ့။ ကဲ. . . အတိုးမကြောက် လို့ ငွေချေးလိုက်ပြီပဲ ဆိုပါစို့၊ နေရာက လိုသေးတယ်လေ၊ ထမင်းဆိုင်ကောင်းကောင်းတွေ ရှိတဲ့ နေရာမှာ ဖွင့်မိပြန်ရင်လည်း မလွယ်ဘူး’
သူမ သူငယ်ချင်းက အကြောင်းအရာအချို့ကို ပြောပြသည်။ ချောချောလှလှကောင်မလေး က ခေါင်းခါ၏ ။
‘ငါသာ သူ့လိုဟင်းချက်တဲ့လက်ရာ၊ သူ့လို လခပဲရတဲ့ အခြေအနေ၊ ပြီးတော့ နေရာစတဲ့ အခက်အခဲတွေ ကြုံရတဲ့ အခြေအနေဆိုပါစို့’
‘အင်း’
‘ငါနေတဲ့လမ်းမှာ ထမင်းဆိုင်ကောင်းကောင်းမရှိဘူးလို့ အဆောင်မှာ နေတဲ့ ငါ့သူငယ်ချင်း တွေ က ပြောဖူးတယ်’
‘ဒီတော့’
‘ဒီတော့ ငါ့မှာ လည်း ငွေအရင်းအနှီးများများ မရှိသေးတဲ့အချိန်၊ နေရာငှားဖို့ကလည်း တော် တော် ဈေးကြီးတဲ့အချိန်မှာ ဆိုရင် ပထမဆုံးအနေနဲ့’
‘အင်း. . . နင် ဘယ်လိုလုပ်မလဲ’
‘အဆောင်ပိုင်ရှင်တွေ ကို ငါ့လက်ရာ ကောင်းကြောင်းအရင်သိအောင် စည်းရုံးရမယ်’
‘ဘယ်လို’
‘ဒီလိုလေ၊ ငါတို့နေတဲ့နားမှာ က အဆောင်တွေ အများ ကြီးပဲ မဟုတ်လား၊ ဒီတော့ အဆောင်ပိုင်ရှင်တွေ ကို ထမင်းဖိတ်ကျွေးမယ်၊ နာမည် နဲ့တကွ ဖိတ်စာနဲ့ပေါ့’
‘ဆက်ပြောပါဦး’
‘နောက်သူတို့က လက်ရာကို စားပြီးလို့ သိသွားတဲ့အချိန်မှာ စပ်စုကြမှာ ပဲလေ၊ ဘာကိစ္စလဲ ဘာညာပေါ့၊ အဲဒီ အခါမှာ ငါက အဆောင်သူ အဆောင်သားများ ကို ထမင်းချိုင့်ပေးတဲ့လုပ်ငန်း လုပ်ချင်တာကြောင့် ညွှန်းပေးပါ၊ ဆက်သွယ်ပေးပါဆိုပြီး ပွင့်ပွင့်လင်းလင်းပြောမယ်ဟာ’
‘သူတို့က လက်ခံရောလား’
‘လက်ခံမှာ ပါ၊ ဘာ ဖြစ်လို့လဲဆို ငါတို့လမ်းမှာ ဒီလက်ရာထက်ကောင်းတဲ့ ထမင်းဆိုင် မရှိဘူးဟ’
‘ထားပါတော့၊ ဒါနဲ့ တစ်ခုမေးမယ်၊ ဒီထမင်းဟင်းချက်တဲ့လူက အဲ့ဒီအဆောင်ပိုင်ရှင်တွေ ကို ဘယ်နေရာမှာ ထမင်းဖိတ်ကျွေးမလဲ’
‘သာမန်အနေနဲ့ ပြောမယ်ဆိုရင် ဒီဟင်း၊ ထမင်းချက်တဲ့လူက ဒီဆိုင်နားမှာ နေချင်နေ၊ ဒါမှ မဟုတ် အခြားနေရာမှ နေချင်နေတယ်ဆိုပါစို့’
‘အင်း. . . ’
‘ပြီးတော့ အိမ်ငှားနေတာလည်း ဖြစ်နိုင်သေးတယ်’
‘ဟုတ်ပြီ’
‘ဒီတော့ အိမ်ငှားနေမယ့်အတူတူ ငါတို့နားက အိမ်တစ်လုံးမှာ ပြောင်းပြီး ငှားနေမယ်ဟာ’
‘ထားပါ၊ ဆက်ပြောပါဦး’
‘ငါတို့နားမှာ ကလည်း သပ်သပ်ရပ်ရပ်အိမ်လေးတွေ အများ ကြီးပါ၊ ဈေးပေါတဲ့ဟာလေး ရမှာ ပေါ့၊ နောက်ပြီး အဆောက်ပိုင်းရှင်တွေ ကို ထမင်းဖိတ်မကျွေးဘူးဆိုလည်း ရတယ်’
‘ဟင်. . . ဘာ ဖြစ်လို့လဲ’
‘ဒီလိုလေ၊ ဖိတ်မကျွေးတော့ဘဲ အဆောင်ပိုင်ရှင်တွေ ရဲ့ အိမ်တွေ ကို ချိုင့်နဲ့လိုက်ပို့ပြီး စည်းရုံးရေး စကားပြောမှာ ပေါ့’
‘သြော်. . . ’
‘အဲ့ဒီအခါမှာ ငါ့ဖောက်သည်တွေ အ ဖြစ် အဆောင်က လူတွေ ရပြီဟာ၊ ဒီတော့မှ ပိုက်ဆံ လေး နည်းနည်း ချေးပြီး လုပ်ငန်းနည်းနည်း နဲ့ စရတော့မှာ ပါ’
ဟုဆိုပြီး ခပ်ချောချောကောင်မလေးက သူ့စကားအား အဆုံးသတ်လိုက်သည်။
ကျန်တဲ့သူ့သူငယ်ချင်းတွေ က ခေါင်းသာညိတ်နေသော်လည်း ထိုကိစ္စကို သိပ်လက်ခံချင် ပုံမပေါ်ပေ။
‘နင့်ဟာက ဟုတ်ပါ့မလား’
‘နင်တို့က မယုံဘူးပေါ့’
‘မယုံလို့တော့မဟုတ်ပါဘူး၊ နင်ပြောသလောက် လွယ်ပါ့မလားလို့’
‘ဟာ. . . လုပ်တတ်ရင် ဖြစ်ပါတယ်ဟ’
ဤသို့ဖြင့် သူတို့တွေ အငြင်းအခံ ဖြစ်နေကြသည်။
သူတို့မှာ ဆိုင်ထဲက မသွားချင်သေးသော ကြောင့် ဟိုစကားပြော ဒီစကားပြောနှင့် သာ အငြင်းအခုန်လုပ်ကြခြင်း ဖြစ်သည်။
သို့သော် သူတို့ထိုင်နေသည့် စားပွဲဝိုင်း၏ ခပ်လှမ်းလှမ်းတွင် အမျိုးသမီး တစ်ယောက် က သူတို့စကားကို လိုက်နားထောင်နေသည်ကို သူတို့ သတိမထားမိချေ။
ထိုအမျိုးသမီးသည် ၀မ်းသာအားရပုံစံဖြင့် ကောင်မလေးသုံးယောက် ၏ စားပွဲဝိုင်းသို့ ထသွားပြီး. . .
‘သမီး’
ဟုဆိုပြီး ချောချောလှလှကောင်မလေးအား ခေါ်လိုက်ပြီးနောက် တစ်ဆက်တည်းပင်. . .
‘သမီးက ဘယ်မှာ နေတာလဲဟင်’
ဟု မေးလိုက်လေ၏ ။
ထိုကောင်မလေးကလည်း အမျိုးသမီးကြီးကို ပြန်ကြည့်ကာပြုံးပြလေ၏ ။
‘အဲဒီ့ မှာ သမီးလေးနွယ်က အန်တီ့ကို ထမင်းဟင်းချက်သူမှန်း သိသွားပြီး သူတတ်နိုင် သလောက် အကြံဉာဏ်တွေ ၊ အကူအညီတွေ ပေးခဲ့ပါတယ်’
သူ့မှာ သာ အခုထိ ဘာစကားမျ မပြောနိုင်ဘဲ ငြိမ်သက်နေရသည်။
သူ အံ့သြပြီး ကြည်နူးနေမိခြင်း ဖြစ်သည်။ လူ တစ်ယောက် ရဲ့ ဘ၀ကို မြင့်တက်လာအောင် လုပ်ပေးနိုင်အောင် နွယ့်ကိုလည်း လေးစားမိသည်။
နွယ်သည် အရာရာအားလုံးကို စနစ်တကျအဓိပ္ပာယ်ရှိစွာ လုပ်တတ်သော မိန်းကလေးပါ လား။
‘နောက်ပိုင်းမှာ အန်တီနဲ့ သမီးလေးနွယ်ဟာ တော် တော် လေး ခင်မင်သွားခဲ့ပါတယ်။ သူ သားနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ တော့ မတွေ့  ဖြစ်ြ ကတော့ပါဘူး၊ သားတို့မင်္ဂလာဆောင်ကို တောင်မှ အန်တီနေမကောင်းလို့ မလာခဲ့နိုင်ပါဘူး’
အဒေါ်ကြီးသည် ပြောရင်းနှင့် ပင် မျက်ရည်ကျလာ၏ ။
သူမျက်ရည်ကျပုံမှာ ၀မ်းနည်းသည့်အသွင်ဆောင်နေသော်လည်း ထိုဝမ်းနည်းမှု တွင် ဂုဏ် ယူမှု အနည်းငယ် ပါလိမ့်မည် ဟု သူခံစားလိုက်ရသည်။
‘တစ်နေ့ သမီးလေးနွယ် အန်တီ့အိမ်ရောက်လာတယ်၊ အန်တီနဲ့ စကားလေးဘာလေးပြော ပြီး သူက အန်တီ့ကို ပစ္စည်းလေးအချို့ပေးသွားတယ်၊ ပြီးတော့ အန်တီ့ကိုလည်း မှားသွားတယ်’
‘ဘာမှားသွားလဲ အန်တီ’
‘သူပေးခဲ့တဲ့ ပစ္စည်းလေးတွေ ကို ထိန်းသိမ်းပေးထားပါတဲ့၊ နောက်ပြီး သတင်းစာထဲမှာ သူ့နာရေး ကြော်ငြာကို ဖတ်ရတဲ့နေ့ကျရင် သူ့ယောက်ျား ဖြစ်တဲ့ သားဆီကို ဖုန်းဆက်ပြီး ဒီပစ္စည်း လေးတွေ လာယူခိုင်းပေးပါဆိုပြီး သားရဲ့ ဖုန်းနံပါတ်ပေးသွားတယ်’
သူ သက်ပြင်းနွမ်းကြီးတစ်ခု ချမိသည်။
မျက်ရည်လည်း ၀ဲတက်လာသည်။
နွယ်ဘာကြောင့် ဒီလိုလုပ်ခဲ့ရတာ လဲ. . . ။
‘အန်တီက သမီးလေးနွယ် နောက်နေတယ်ထင်တာ၊ နောက်တော့မှ အတည်ပြောနေ တာပဲဆိုတာ သဘောပေါက်သွားပြီး သူပြောတဲ့အတိုင်း လုပ်ပေးပါမယ်လို့ ကတိပေးလိုက် ရတယ်၊ အဲဒီ နေ့ကစပြီး အန်တီလည်း သတင်းစာထဲက နာရေး ဖတ်လာတာ ဟိုနေ့ကမှ သမီးလေးနွယ်ရဲ့ နာရေး တွေ့ လို့ ဖုန်းလှမ်းဆက်လိုက်တာပါ’
ထို့သို့ပြောပြီးပြီးချင်းပင် အဒေါ်ကြီးမှာ ငိုချလိုက်လေတော့သည်။
ပြီးတော့ အိမ်ထဲသို့ တစ်ယောက် ယောက် အား လှမ်းခေါ်လိုက်၏ ။
ခုနကကော်ဖီနှင့် မုန့်လာချပေးသော ကလေးမလေးက ဘူးတစ်ဘူးနှင့် အတူ ပန်းချီကား တစ်ချက် ယူလာကာ ထွက်လာလေ၏ ။
‘ဒါ သမီးလေးနွယ်က သားကိုပေးထားခဲ့တဲ့ ပစ္စည်းတွေ ပါ’
ဟုဆိုပြီး သူ့ကို လှမ်းပေးလိုက်သည်။
ပန်းချီကားကို လှမ်းယူလိုက်ပြီး ဘူးလေးအး စားပွဲပေါ် တင်ထားလိုက်သည်။
ပန်းချီကးမှာ လှပသော ရှုခင်းနောက်ခံရှိသည်။ အိမ်တစ်အိမ်ပုံအား ရေး ဆွဲထားသည့် ပန်းချီကား ဖြစ်သည်။ ရှုခင်းမှာ ကြည်နူးဖို့ကောင်း၏ ။ ကြည့်မိသူအဖို့ ငါးမိနစ်ခန့် ငြိမ်သက်စွာ ငေး ကြည့်မိနိုင်သော ရှုခင်းမျိုး ဖြစ်သည်။
ထို့နောက် စားပွဲပေါ်တွင် တင်ထားသော ဘူးလေးအား လှမ်းယူလိုက်၏ ။
ဘူးမှာ ပါကင်ပိတ်ထားပြီး လေးလံခြင်းမရှိချေ။ ခပ်သေးသေးဘူးလေးတစ်ဘူးသာ ဖြစ် သည်။
ပါကင်ပိတ်ထားသော ဘူးလေးအား ဖွင့်လိုက်သည်။
‘ဟင်. . .’
ချစ်သော မောင်သို့ဟု ရေး ထားသည့် စာအိတ်တစ်အိတ်အား တွေ့ လိုက်ရသည်။
သူက ကမန်းကတန်း ဖွင့်ဖတ်လိုက်သည်။
မောင်. . .
ဒီနေ့ဟာ မောင့်ဆီကနေ နွယ် ခွဲခွာသွားတာ ငါးရက်လောက်ရှိရောပေါ့. . . ။
စာကို ခဏရပ်လိုက်ပြီး ရက်အချို့ကို ရေတွက်ကြည့်လိုက်၏ ။
ဟုတ်ပါသည်။ နွယ်ဆုံးသွားတာ ငါးရက်ရှိပြီ ဖြစ်သည်။ ထို့နောက်စာကို ဆက်ဖတ်လိုက် သည်။
မောင် နေထိုင်ရတာ အဆင်ပြေလား၊ မောင် နွယ့်ကို သတိရနေဦးမယ်လို့ နွယ် ယုံကြည်ပါ တယ်။
မောင်ရေ. . .
အရာရာအားလုံးဟာ ‘ဒါပြီးရင် ဒါ ဖြစ်ရမယ်’ ဆိုပြီး အကွက်ချထားပြီးသားဆိုတာ နွယ် ယုံ ပါတယ်။
သြော်. . . ဒါနဲ့ မောင် အခု ဒီစာဖတ်နေတာ ခဏရပ်ပြီး မောင့်ရဲ့ ရှေ့မှာ ထိုင်နေနိုင်သော (သို့) အိမ်ထဲသို့ ခဏ၀င်သွားနိုင်သော အဒေါ်ကြီးတင်တင်ဝင်းအား တစ်ခုလောက်မေးပေးပါလား။
ဘာလဲဆိုတော့ ‘နွယ်က မေးခိုင်းတယ်လို့၊ အခု မောင့်အတွက် ထမင်းစားသွားဖို့များ စီစဉ် ထားသလား’ ဆိုပြီး မေးလိုက်ပါ။ ပြင်ထားဖို့ များ ပါတယ်၊ ပြင်ထားရင်လည်း စားသွားလိုက်ပါ မောင်။ သူ့ဟင်းချက်လက်ရာက သိပ်ကောင်းတယ်။
သူ့အရှေ့တွင် ထိုင်နေသော အဒေါ်ကြီးအား မျက်လုံးတစ်ချက်ဖြင့် လှမ်းကြည့်လိုက်သည်။ အဒေါ်ကြီးကလည်း သူ့ကိုပြန်ကြည့်နေသည်။ ထို့နောက် ရိပ်မိပုံရပြီး. . .
‘သမီးလေးက ဘာပြောထားလဲဟင်’
ဟု သူ့ကို မေးလိုက်၏ ။
‘အန်တီက ကျွန်တော့် အတွက် ထမင်းစားဖို့ ပြင်ထားတယ်ထင်တယ်တဲ့၊ ပြင်ထားရင် လည်း စားသွားလိုက်ပါ၊ ဟင်းချက်လက်ရာ သိပ်ကောင်းတယ်ဆိုတာ သိသွားလိမ့်မယ်တဲ့’
‘အို. . . ’
အဒေါ်ကြီးသည် သူ့စကားကြောင့် မျက်လုံးပြူးသွားသည်။ ထို့နောက် ထစ်ထစ်ငေါ့ငေါ့ ဖြင့် . . .
‘ဟုတ်ပါတယ်၊ သူပြောတာ ဟုတ်တယ်၊ ကိုယ့်ကျေးဇူးရှင်ရဲ့ ယောက်ျား ဖြစ်တဲ့ သားအတွက် အဒေါ်ထမင်းတွေ ဟင်းတွေ ပြင်ထားတယ်၊ သူ. . . သူ ဘယ်လိုသိလဲ မသိဘူး၊ အန်တီလည်း သူပေးထားတဲ့ ဟာတွေ ကို ဖွင့်မကြည့်တော့ သူ ဘာရေး ထားလဲဆိုတာ မသိဘူး’
အဒေါ်ကြီးမှာ အံ့သြနေသည်။
‘နွယ်က ကျွန်တော် လာရင် အန်တီ ထမင်းကျွေးလိမ့်မယ်ဆိုတာ အစကတည်းက တွက်မိပုံ ရတယ်၊ အန်တီ့ရဲ့ စိတ်ကိုလည်း ခန့်မှန်းမိလို့ ဖြစ်မှာ ပါ’
‘အင်းလေ. . . ဟုတ်မှပါ၊ သမီးလေးက တော် လိုက်တာ၊ ဘာကြောင့် များ ဒီလောက်တော် တဲ့ သမီးလေးကို လောကကြီးက စောစောစီးစီး သေဆုံးခိုင်းရတာ လဲ’
ငိုလည်းငို၊ ပါးစပ်ကလည်း တဖျစ်တောက်တောက် ပြောနေလေ၏ ။
သူ ကတော့ စာကို ဆက်ဖတ်နေလိုက်သည်။
တကယ်တော့ ဒီအဒေါ်ကြီးဆီက ပစ္စည်းလာယူခိုင်းတယ်ဆိုတာကလည်း အကြောင်းရှိပါ တယ်မောင်. . . ။
နွယ်မရှိတော့တဲ့ နောက်ပိုင်းမှာ မောင် စားရေး သောက်ရေး အခက်အခဲ ဖြစ်မှာ စိုးရိမ်တဲ့ အတွက်ကြောင့် ပါ။
အခု ဒီအဒေါ်ကြီးဆီမှာ မောင့်အတွက် စားရေး သောက်ရေး အဆင်ပြေအောင် စီစဉ်သွား နိုင်ပါတယ်။
သူက မောင့်ကို သူ့ဆိုင်ကနေ နေ့စဉ်ပို့ပေးပါလိမ့်မယ်။
မောင်ရေ. . .
နွယ်လေ မောင့်ကို သိပ်ချစ်တယ် သိလား. . . ။
အခု နွယ်ပေးထားတဲ့ ပန်းချီကားလေးကိုလည်း သိမ်းထားပါ။ တစ်ချိန်ချိန်မှာ အသုံးဝင်လာ ပါလိမ့်မယ်။
နောက်များ မှပဲ တွေ့ မယ်မောင်။
ချစ်တဲ့. . .
နွယ်
သူ့ပါးပြင်မှ ပူခနဲ တစ်ချက် ဖြစ်သွားသည်။
ဝမ်းနည်းကြည်နူးမှု ဖြင့် ကျသော မျက်ရည်များ ဖြင့် သူ့ပါးသည် စိုစွတ်နေလေသည်။ သူ့ အတွက် ပြင်ဆင်သွားပေးခဲ့သော ပြင်ဆင်မှု ကိုလည်း ကျေနပ်နေမိသည်။
ထိုစဉ် အဒေါ်ကြီးက သူ့ကို. . .
‘သား. . . ထမင်းစားရအောင်’
ဟု လှမ်းပြောလေသည်။
(တကယ်လည်း နွယ် ညွှန်းသည့်အတိုင်းပင် အဒေါ်ကြီး၏ ဟင်းချက်လက်ရာသည် ကောင်းမွန်လှ၏ )
နွယ်ဆုံးပြီး တစ်လအကြာ တစ်ခုသော နံနက်ခင်းတွင် သူနိုးလာ၏ ။
ညက ကောင်းကောင်းအိပ်လိုက်ရသော ကြောင့် စိတ်ထဲ၌ ကြည်လင်လန်းဆန်းနေသည်။ အချိန်ကိုကြည့်လိုက်တော့ မနက် ၈ နာရီရှိပြီ ဖြစ်သည်။
ထို့နောက် မျက်နှာသစ်၊ သွားတိုက်၊ ရေမိုးချိုးရန်အတွက် အိပ်ရာပေါ်မှ လူးလဲထလိုက် သည်။
ဒီနေ့သည် သူတို့နှစ် ယောက် ၏ သုံးနှစ် မြောက် လက်ထပ်မင်္ဂလာနေ့ ဖြစ်သည်။ အရင်နှစ် တွေ တုန်းက နွယ်နှင့် အတူရှိခဲ့၏ ။ စားကြသောက်ကြ ပျော်စရာများ နှင့် ပြည့်နေခဲ့သည်။ ယခုနှစ် တွင် နွယ်မရှိတော့ သူ ဘာလုပ်လို့လုပ်ရမှန်း မသိ. . . ။
ထို့ကြောင့် ရေမိုးချိုးပြီး အ၀တ်အစားလဲကာ ကုလားထိုင်ပေါ်တွင် တွေ တွေ ကြီး ထိုင်နေမိ သည်။
အလုပ်သွားချင်စိတ်လည်း မရှိ. . . ။
ဘယ်သွားလို့ ဘယ်သွားရမှန်း မသိ. . . ။
နွယ့်အတွက် ဘုရားသွားပြီး ကုသိုလ်လုပ်ပေးရင် ကောင်းမလား. . . စသည်ဖြင့် အမျိုးမျိုး တွေးကာ စဉ်းစားနေမိသည်။
‘ဒေါက်. . .’
ထိုစဉ် တံခါးအား တစ်ခုခုလာထိသံ ကြားလိုက်ရသည်။
‘ဒေါက်. . . ဒေါက်’
ထပ်ကြားရပြန်သည်။ တံခါးခေါက်သံတော့ မဟုတ်. . . ။ တံခါးအား တစ်ခုခုနှင့် ပေါက်နေ သည့် အသံမျိုး ဖြစ်သည်။
သူ ဆက်ခနဲထလိုက်သည်။
ထို့နောက် တံခါးဆီသို့ သွားလိုက်ပြီး တံခါးအား ဆွဲဖွင့်လိုက်သည်။ အပြင်မှာ မည် သူ့ကိုမှ မတွေ့ ရ. . . ။
တံခါးအား အမှတ်မထင် ကြည့်လိုက်မိသည်။
‘ဟင်. . . ’
တံခါးလက်ကိုင်တ်ွင ကတ်လေးတစ်ခုအား လေးလံသော အရာလေးနှင့် ချိတ်ဆွဲထား သည်။ ထိုအရာလေးက လေတိုက်သော ကြောင့် တံခါးအား ဆောင့်မိပြီး တဒေါက်ဒေါက်နှင့် မြည် နေခြင်း ဖြစ်သည်။ တံခါးပေါ်မှ ကတ်ကလေးအား ဆွဲဖြုတ်ယူလိုက်သည်။
‘အို. . . ’
ရင်ထဲတွင် အမျိုးအမည် မသိသော ခံစားမှု နှင့် အတူ ကတ်ကလေးအား ကိုင်ကာ ငေးကြည့် နေမိသည်။
ဒါ ဘယ်သူလာထားသွားတာလဲ. . . ။
နွယ်များ လာထားသွာတာလား. . . ။
မ ဖြစ်နိုင် . . . ။
မည် သို့ဆိုသော် ထိုကတ်ပေါ်တွင် တစ်ဖက်ပါအတိုင်း ရေး ထားသော ကြောင့် ဖြစ်သည်။
မောင်တီတူးနှင့် မနွယ်ဖြူတို့၏ ၃ နှစ် မြောက်
မင်္ဂလာနှစ် ပတ်လည် ကျင်းပရန်အတွက် . . . မင်္ဂလာနှစ် ပတ်လည် ကျင်းပရန်အတွက်. . . . . . . . .
ဆိုင်သို့ . . . . . . . . . . . အချိန်တွင် ကြွရောက်ပါရန်. . . . . . . .
အဖြူရောင် ကြွေသားဖြင့် ရိုက်နှိပ်ထားသော ကတ်ကလေးက သူ့လက်ထဲတွင် တော် တော် ကြာသည်အထိ ရှိနေသေးသည်။
ထို့နောက် တီတူးသည် နာရီအား လှမ်းကြည့်လိုက်သည်။
ကတ်ထဲက အချိန်အတိုင်းဆိုလျှင် အချိန်က နီးနေပြီ ဖြစ်သည်။ သူ ဘာတွေ တွေ့ ရမလဲ။
ထိုပွဲကို နွယ်က ကြိုတင်စီစဉ်ခဲ့တာလား. . . ။
သူ အရမ်း သိချင်လာသည်။
ထို့ကြောင့် အ၀တ်အစားလဲပြီးနောက် ဆိုင်သို့ ခပ်မြန်မြန်ထွက်လာခဲ့သည်။
ဆိုင်လေးသည် ခမ်းခမ်းနားနားကြီး မဟုတ်ဘဲ သပ်သပ်ရပ်ရပ်နှင့် Romance ဆန်ဆန် တည်ဆောက်ထားသော ဆိုင်လေး ဖြစ်သည်။
ဆိုင်ထဲသို့ ၀င်ဝင်ချင်းပင် စားပွဲထိုးကောင်လေးက. . .
‘ကိုတီတူးလား မသိဘူး’
ဟု မေး၏ ။
‘ဟုတ်ပါတယ်’
‘သြော်. . . ဟုတ်ကဲ့၊ အစ်ကိုတို့ရဲ့ သုံးနှစ် မြောက် မင်္ဂလာနှစ် ပတ်လည်အတွက် သီးသန့် နေရာလုပ်ထားပါတယ် ခင်ဗျာ’
ဟုဆိုပြီး သူ့အား ခေါ်သွား၏ ။
သူလည်း စားပွဲထိုးကောင်လေးနောက်မှ လိုက်သွားလိုက်သည်။
အခန်းတစ်ခုရှေ့သို့ ရောက်သွားသော အခါတွင် . . .
‘ဒီအခန်းပါပဲ အစ်ကို၊ လိုအပ်ရင် ကျွန်တော့် ကို ဘဲလ်နှိပ်ခေါ်လိုက်ပါ၊ အစားအသောက် တွေ ကိုတော့ ကျန်တဲ့ဧည့်သည် သုံးယောက် ရောက်လာပြီးရင် ချပေးပါမယ်’
‘ဧည့်သည် သုံးယောက် ကျန်သေးတယ်’
‘ဟုတ်ပါတယ်၊ ဒီပွဲလေးအတွက် ဖိတ်ထားတာပါ’
စိတ်လှုပ်ရှားမှု တို့ ပြင်းထန်လာသည်။
ထို့ကြောင့် စားပွဲထိုးလေးအား. . .
‘ဒီပွဲကို ဘယ်သူစီစဉ်လဲဆိုတာ သိလား’
‘အင်း. . . အဲဒါတော့ မသိဘူးဗျ၊ ကျွန်တော် တို့ မန်နေဂျာပဲ သိမယ်’
‘ကောင်းပါပြီ၊ ဒါဆိုလည်း နောက်မှပဲ မေးပါတော့မယ်’
ဟု ပြောလိုက်ပြီး အခန်းထဲသို့ လှမ်းဝင်လိုက်သည်။
![]() လိပ်ပြာရယ်သံ | ![]() ၂၅ | ![]() ရည်းစားထားတဲ့ဂိမ်း |