Cover

အမှာ စာ

ပထမတော့ ဒီစာအုပ်ကို Valentine’s Day မဟုတ်တဲ့ အခြားနေ့တွေ မှာ ထုတ်မလို့ပါပဲ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မထုတ် ဖြစ်ပါဘူး။ အဲဒီ ထဲက အချက်တစ်ချက်ကို ပြောရရင်-

Valentine’s Day နေ့မှာ အမြင်ကြည်နေတဲ့ စုံတွဲ တွေ ဟာ ကျွန်တော့် စာအုပ်ဖတ်လိုက်မှ အမြင်မကြည်တော့ဘဲ ‘သြော်. . . ဒီလိုလား’ ဆိုပြီး ဖြစ်သွားမှာ စိုးသော ကြောင့် ပါ။

‘ဟာ. . . မင်းစာအုပ်က သမီးရည်းစားတွေ မကောင်းကြောင်း ရေး ထားလို့လား’

‘မဟုတ်ပါဘူး၊ အလွဲအချော်လေးတစ်မျိုးနဲ့ ပြုံးစရာလေးတစ်စိတ်တစ်ဒေသကို ရောမွှေ ထားလို့ပါ’

‘ဒါများ ကွာ. . . ကြီးကြီးကျယ်ကျယ် ပြောနေရသေးတယ်၊ ဖတ်တော့ရော ဘာ ဖြစ်သွားမှာ မို့ လို့လဲ’

‘လိုက်လုပ်နေမှာ စိုးလို့’

‘အံမယ်. . . အဆန်းပါလား၊ မင်းစာအုပ်မှာ ဘာတွေ ပါလို့လဲ’

‘သမီးရည်းစားအချင်းချင်းတွေ ပေးလို့ရတဲ့ Certificate အကြောင်းတွေ ၊ အနောက်နိုင်ငံက ရည်းစားစကားပြောနည်းတွေ ၊ အခြားတိုလီမိုလီအချစ်သတင်းလေးတွေ ပါဗျ’

‘ဒါဆို ပျင်းစရာကြီးပေါ့’

‘စိတ်ဝင်စားဖွယ်ကောင်းအောင် လုပ်ထားပါတယ်ဗျာ’

‘ထားလိုက်ပါတော့၊ ဒါနဲ့. . . စာအုပ်ကို ဘာကြောင့် သမီးရည်းစားအဘိဓာန်လို့ ပေးထားရ တာလဲ’

‘သြော်. . . ဒါက ဒီလိုရှိပါတယ်’

‘အေး. . . သေသေချာချာရှင်းပြကွာ’

‘အဘိဓာန်ဆိုတာ စကားလုံးလေးတွေ ရဲ့ အဓိပ္ပာယ်ကို ရှင်းပြထားတဲ့ စာအုပ်လေးတစ်အုပ် ပဲလို့ အလွယ်ဆိုပါစို့’

‘အင်း’

‘ဒီတော့. . . ကျွန်တော် ကလည်း အချစ်အကြောင်းကို ဟိုနည်းနည်း ဒီနည်းနည်း လေးစု ထားတဲ့အတွက် ကြီးကြီးကျယ်ကျယ် နာမည် လေးတပ်လိုက်မိတာပါ’

‘ဟာကွာ. . . ရှုတ်လိုက်တာ၊ ကဲ. . . ကဲ၊ ဘယ်မှလဲ မင်းစာအုပ်’

‘ဒီမှာ ပါ’

‘. . . . . . . .’

‘. . . . . . . .’

‘အံမယ်. . . ချစ်သူရှိသော သူများ နှင့် ချစ်သူထားရန် စဉ်းစားနေသော ကောင်လေးနှင့် ကောင်မလေးများ သို့. . . ဆိုပါသလား’

ချစ်သူရှိသော သူများ နှင့် ချစ်သူထားရန် စဉ်းစားနေသော ကောင်လေး၊ ကောင်မလေးများ သို့. . .

အခန်း(၁)

တစ်ခါတုန်းက ကောင်လေး တစ်ယောက် သည် သူ့ချစ်သူကို စာရေး လိုက်၏ ။ ထိုစာမှာ မိသားစုအကြောင်း၊ ချစ်ကြောင်း၊ ကြိုက်ကြောင်း မဟုတ်ဘဲ သူနှင် သူ့ချစ်သူတို့၏ အနမ်း အကြောင်းအား စာရင်းလေးပြုစုထားပုံကို ရေး ထားခြင်း ဖြစ်သည်။

အချစ်ရေ

မနှစ် က ငါတို့ချိန်းတွေ့ တုန်းက မင်းကိုငါ (၃၆၅) ကြိမ်နမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ (၃၆) ကြိမ်ပဲ ငါအောင်မြင်စွာ နမ်းနိုင်ခဲ့တယ်

အောက်ပါစာရင်းလေးက ငါဘာ့ကြောင့် နမ်းဖို့ မအောင်မြင်ခဲ့တာလဲဆိုတာ စာရင်းပြုစု ထားတာပါ။

- ချိန်းတွေ့ တုန်းက ထီးမပါလို့ဆိုပြီး မင်းငြင်းခဲ့တာ (၁၇) ကြိမ်

- ချိန်းထားတာနောက်ကျလို့ မင်းနမ်းခွင့်မပေးတာ (၁၅) ကြိမ်

- မင်းအိမ်နဲ့ ရန် ဖြစ်လာလို့ဆိုပြီး ငါအခွင့်အရေး တွေ ဆုံးရှုံးခဲ့တာ ( ၅) ကြိမ်

- ရာသီဥတုပူလို့ဆိုပြီး မင်းကိုယပ်ခပ်ပေးနေရတာ နဲ့ မနမ်း ဖြစ်လိုက်တာ (၅၂) ကြိမ်

- ကျူရှင်က စာမရသေးလို့ဆိုပြီး စာထုတ်ကျက်နေလို့ မနမ်း ဖြစ်လိုက်တာ (၁၅) ကြိမ်

- ကိုယ်တို့ရှေ့ကအတွဲ က အရမ်းကဲလို့ဆိုပြီး မင်းကရှက်ရှက်နဲ့ မလုပ်ရဘူး၊ မလုပ်ရဘူး ဆိုပြီး ငြင်းဆန်ခဲ့တာ (၄၉) ကြိမ်

- အကြောတက်လို့ နှိပ်ပေးပါဆိုပြီး မနမ်း ဖြစ်ခဲ့တာ ( ၉) ကြိမ်

- ခေါင်းမူးတယ်၊ နေမကောင်းလို့ဆိုပြီး အံကြိတ်ခဲ့ရတာ (၁၆) ကြိမ်

- ၀က်ခြံပေါက်နေတယ်၊ မေ့ပါးကိုကြည့်ပါဦး၊ စိတ်ညစ်လိုက်တာဆုပြီး ခဏခဏပြော နေတော့ ၀က်ခြံလေးပဲ ကြည့်နေရတဲ့အ ဖြစ် ( ၂) ကြိမ်

- ပတ်ဝန်းကျင်မှာ လူတွေ ရှိလို့ဆိုပြီး မင်းငြင်းဆန်ခဲ့တာ (၁၀) ကြိမ်

- အမေ့အမျိုးတွေ ဒီနားမှာ ရှိတယ်၊ သိပ်မကဲနဲ့ဆိုလို့ သက်ပြင်းချခဲ့ရတာ ( ၆) ကြိမ်

- ခပ်လှမ်းလှမ်းက ထမင်းချိုင့်နဲ့ လူကြီးချောင်းကြည့်နေတယ်ဆိုပြီး ခပ်ရှက်ရှက်နဲ့ နေခဲ့ရတာ (၂၁) ကြိမ်

- စိတ်မပါလို့ မနမ်းချင်ဘူးဆိုလို့ ဟိုလိုလိုဒီလိုလို နေခဲ့ရတာ (၁၇) ကြိမ်

- ဟာသရုပ်ရှင်ကြည့်ပြီး သိပ်ရယ်ရတာ လို့ ခဏခဏလက်တို့ပြီးပြောနေလို့ လိုက်ရယ် နေရတာ နဲ့တင် မနမ်း ဖြစ်လိုက်ရတဲ့အ ဖြစ် ( ၇) ကြိမ်

- နှုတ်ခမ်းမွှေးနဲ့ မုတ်ဆိတ်မွှေး အရမ်းရှည်နေလို့ဆိုပြီး မင်းငြင်းဆန်ခဲ့လို့ နမ်းမလိုလိုနဲ့ မနမ်း ဖြစ်လိုက်တာ ( ၉) ကြိမ်

- မင်းအိမ်ကကြောင်လေး ကားတိုက်ခံရလို့ဆိုပြီး တရှုံ့ရှုံ့ငိုနေတာနဲ့ ပြန်ချော့ခဲ့ရတာ ကြောင့် ( ၄) ကြိမ်

- ဆံပင်အသစ်ညှပ်လာလို့ဆိုပြီး မှန်ခဏခဏထုတ်ကြည့်နေလို့ အလုပ်မ ဖြစ်လိုက်တာ ( ၉) ကြိမ်

- ချိန်းတွေ့ နေတုန်း ဗိုက်နာလာလို့ အိမ်သာလိုက်ရှာနေရတာ နဲ့ မနမ်း ဖြစ်လိုက်တာ ( ၄) ကြိမ်

အဲဒီ တော့ မင်းကိုငါ (၃၆) ကြိမ်ပဲ အောင်အောင်မြင်မြင်နမ်း ဖြစ်လိုက်တယ် ချစ်သူ။

ဒါတော် မှ သိပ်ကျေကျေနပ်နပ်ကြီး မဟုတ်လိုက်ရပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ နမ်းခဲ့တဲ့ (၃၆) ကြိမ်မှာ (၆) ကြိမ်က မင်းမျက်နှာကြီးရှုံ့ထားတယ်။ (၈) ကြိမ် ကတော့ မျက်လုံးကြီးဖွင့်ပြီး ဟိုကြည့်ဒီကြည့်နဲ့ လုပ်နေတယ်။ (၁၄) ကြိမ် ကတော့ ‘ဘယ်လိုမှန်းမသိဘူး၊ ယားကျိကျိနဲ့’ လို့ မင်းပြောခဲ့တယ်၊ (၇) ကြိမ် ကတော့ ‘ခွိ ခွိ’ နဲ့ ရယ်နေတယ်လေ။

သင့်ရဲ့ ချစ်သူ

ထိုအခါ ကောင်မလေးမှာ သူ့ချစ်သူရေး ထားသော စာကိုဖတ်ပြီးနောက် ထိုစာရင်းမှာ မမှန် ကြောင်းတွေ့ ရှိရ၏ ။

ထို့ကြောင့် သူက စာရင်းပြန်လည်ပြုလုပ်ကာ သူ့ချစ်သူထံသို့ စာပြန်ပို့လိုက်၏ ။

အချစ်ဆုံးကိုကိုရေ

ကိုကိုက သိပ်မမှတ်မိတာ ဖြစ်မှာ ပါ။ မေ ကတော့ ကိုကိုဘာ့ကြောင့် မနမ်း ဖြစ်လိုက်တာ အကုန်မှတ်မိနေပါတယ်။

အောက်ပါအချက်အလက်လေးတွေ ကိုကိုဘာကြောင့် မနမ်း ဖြစ်တာလဲဆိုတဲ့ တကယ့် အကြောင်းပြချက်တွေ ပါ ကိုကို. . . ။

- နမ်းမလို့ပြင်နေတုန်း ကိုကို့ဟန်းဖုန်းထမြည် တာက ( ၇) ကြိမ်

- ပန်းခြံပိတ်ချိန်ရောက်သွားလို့ မနမ်း ဖြစ်လိုက်တာ (၂၉) ကြိမ်

- ဘီယာသောက်ထားလို့ မေ့ရင်ဘတ်ပေါ်မှာ မူးပြီးအိပ်ပျော်သွားတာက (၁၄) ကြိမ်

- မုန့်လာရောင်းတဲ့ ကလေးကို သကြားလုံးလှမ်းဝယ်နေတာနဲ့ မနမ်း ဖြစ်တာက (၂၆) ကြိမ်

- အကြော်ဝယ်စားပြီး ဆီပေနေလို့ သုတ်စရာမရှိတာနဲ့ မနမ်း ဖြစ်တာ (၁၈) ကြိမ်

- ထိုင်စရာနေရာမရှိလို့ ဟိုရှာဒီရှာလျှောက်ရှာရင်းနဲ့ မနမ်းလိုက်ရတာ ( ၉) ကြိမ်

- ကိုကိုကဗျာရွတ်နေတာနဲ့ မနမ်း ဖြစ်တာ (၄၉) ကြိမ်

- ကိုက အခြားလူတွေ ကို မှန်ဘီလူးနဲ့လိုက်ချောင်းနေလို့ အချိန်ကုန်သွားတာ (၂၁) ကြိမ်

- သစ်ရွက်ကြွေတာကို ကြည့်ပြီး ‘အချစ်ရေ ကြည်နူးဖို့ကောင်းလိုက်တာ’ လို့ ခဏခဏ ပြောပြီး ရွှန်းရွှန်းစားစားစိုက်ကြည့်နေယုံနဲ့ ပြန်ဖို့အချိန်ရောက်သွားတာ ( ၄) ကြိမ်

- နမ်းမလို့လုပ်နေတုန်း သစ်ပင်ပေါ်က အကောင်တစ်ကောင်ပြုတ်ကျလို့ ကိုကိုလန့်ပြီး မေ့သွားတာ ( ၆) ကြိမ်

- မေ့ကို မျက်လှည့်ပြမယ်ဆိုပြီး တစ်ခုပြီးတစ်ခု လုပ်ပြနေရတာ နဲ့တင် အချိန်ကုန်သွား တာ (၁၄) ကြိမ်

- နမ်းမလိုလိုလုပ်လိုက်၊ မေ့ပါးလေးပွတ်လိုက်၊ နမ်းမလိုလိုလုပ်လိုက်၊ မေ့ပါးလေး ပွတ် လိုက်နဲ့ မေအိပ်ပျော်သွားတာ ( ၉) ကြိမ်

- ဘာမှ အရေမရ အဖတ်မရတွေ ကို ကိုကိုပြောနေလို့ မနမ်း ဖြစ်လိုက်တာ ( ၉) ကြိမ်

- ရေသောက်လိုက်၊ ပြီးတော့ အပေါ့သွားလိုက်ဦးမယ် လုပ်လိုက်နဲ့ ကျွန်မကို ထားခဲ့ ပြီးထွက်သွားတာ (၂၅) ကြိမ်

ကိုကိုပြောတဲ့ (၃၆) ကြိမ်မှာ ဆိုတဲ့ ကိစ္စမှာ (၆) ကြိမ်က မျက်နှာကြီးရှုံ့မဲ့ထားတာ မဟုတ် ပါဘူး။ ကိုကိုက မေ့ခြေထောက်ကို တက်နင်းထားလို့ပါ။

(၈) ကြိမ်က တခြားလူတွေ ချောင်းကြည့်တာကို လှမ်းမြင်လိုက်လို့ပါ။ (၁၄) ကြိမ်က ကိုကို့ နှုတ်ခမ်းမွှေးက ယားတာကိုး။ (၇) ကြိမ် ကတော့ ကိုကို့လက်က မေ့ခါးကိုလာလာတို့တာကိုး။ ယား လို့ပေါ့လို့။

ကိုကို့ အချစ်ဆုံး

ကဲ. . . ကဲ မိတ်ဆွေရေ၊

သင်လည်း သင့်ချစ်သူကို နမ်းတဲ့အကြိမ်အရေအတွက်

စာရင်းပြုစုထားမယ်ဆိုရင်

ဒီလိုမျိုး ပြန်ပြောလို့ရတာ ပေါ့. . .

ဘယ့်နှယ့်လဲ။

အခန်း(၂)

Cover

[၁]

တစ်နေ့ ကျွန်တော့် အိမ်ကို ရပ်ကွက်ထဲက အသိအိမ်ထောင်သည်ယောက်ျား တစ်ယောက် ရောက်လာသည်။

မျက်နှာက စိတ်ပျက်တဲ့ပုံစံ ဖြစ်နေသော ကြောင့် -

‘ဘယ်လို ဖြစ်နေတာလဲ ကိုအောင်သူ’

‘မိန်းမပေါ့၊ မိန်းမ’

‘ဘာ ဖြစ်လို့လဲ မိန်းမက’

‘သူ့အပေါ် အချစ်တွေ လျော့လာပြီ. . . ရှင်က ကျွန်မကို မချစ်တော့ပါဘူး၊ ဒီပြင့် မိန်းကလေးတွေ နဲ့ ဟာကွာ ဘာတွေ ပြောမှန်း မသိဘူး၊ ရှုတ်နေတာပဲ’

‘ကိုအောင်သူကရော အဲဒီ လို ဖြစ်နေလို့လား’

‘ဟာကွာ၊ ဘယ်ကလာ ငါ့မိန်းမကကို ငါချစ်တာ အိမ်က ကုတင်သိတယ်’

‘ဟာ. . . ဘာဆိုင်လို့လဲဗျ၊ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေပြန်ပြီ’

‘မင်းမသိပါဘူး၊ အရင်တုန်းက ငါတို့က ကြမ်းပြင်မှာ မွေ့ယာနဲ့အိပ်တာ၊ အဲဒါကို မိန်းမက ကြမ်းပြင်ပေါ်မှာ မအိပ်နိုင်ဘူး၊ ကုတင်ဝယ်ပေးလို့ ပူဆာတာနဲ့ ညတွင်းချင်းဝယ်ပေးရတာ လေ. . . အဲဒါ ငါသူ့ကို ချစ်တာပြောပါတယ်’

‘သြော်. . . ဂလိုလား’

‘ဟုတ်တယ်၊ ငါ ချစ်တာ ကုတင်သိတယ်’

ထိုသို့ ပြောရင်း ပြောရင်း ရင်တွေ ဖွင့်ရင်းနှင့် တစ်နာရီလောက်ကြာသွားသည်။ အဲဒါနဲ့ နောက်ဆုံး။

‘ငါဘယ်လိုလုပ်ရမလဲကွာ၊ မင်းစဉ်းစားကြည့်ပါဦး’ ဟူ၍ အဆုံးသတ်သွားလေသည်။

နားလည်ပြီး ခေါင်းတွေ လည်း မူးသွားသော ကြောင့် ခေါင်းကို လက်ဖြင့် အနည်းငယ် နှိပ် လိုက်သည်။

ပြီးနောက် -

‘အေး. . . ဘယ်လိုလုပ်ရမလဲ’

‘ကိုအောင်သူ့မိန်းမ၊ မမိမိလေးက ကိုအောင်သူဟာ သူ့ကို မချစ်တော့ဘူးဆိုတဲ့ စွပ်စွဲချက် က အဓိက ဖြစ်နေတယ်’

‘ဟုတ်တယ်၊ မင်းပြောတာသိပ်မှန်တယ်’

ဒါမျိုးပြောသံကြားရတော့ ပခုံးနည်းနည်း ပင့်လိုက်သည်။

ချောင်းတစ်ချက်ဟန့်လိုက်ပြီး -

‘နိုင်ငံတကာ နည်းလေးတစ်ခု သုံးကြည့်ပါလား’

‘ဟာ. . . နိုင်ငံတကာ နည်းဆို ငါသိပ်ကြိုက်တယ်’

‘မင်းသိတဲ့အတိုင်းပဲ ငါက အင်္ဂလိပ်စာသိပ်တော် တာဆိုတော့ကာ. . .’

‘ရပြီ. . . ရပြီ၊ ကျွန်တော် ဆက်ပြောတော့မယ်’

‘အေးကွာ၊ ပြော. . . ဆက်ပြော’

‘ကိုအောင်သူမိန်းမကို အခုအိမ်ပြန်ရောက်တဲ့အခါမှာ ကျွန်တော် လုပ်ပေးလိုက်တဲ့ ကတ် ပြားလေးပေးလိုက်’

‘ဘာကတ်ပြားလဲ’

‘အကောင်းဆုံး အိမ်ထောင်ရှင်မိန်းမအ ဖြစ် အသိအမှတ်ပြု ကတ်ပြားလေ’

ကိုအောင်သူ တွေ ဝေသွားသည်။

လူကိုလည်း မသင်္ကာသလိုကြည့်သည်။

‘ဟာ. . . ကိုအောင်သူကလည်း တွေ ဝေမနေစမ်းပါနဲ့၊ အဲ့ဒါက နိုင်ငံတကာနည်းလေ’

‘ဟာ. . . အေး၊ ငါမေ့သွားတယ်၊ ငါက အင်္ဂစာတော် . . .’

‘အဲဒါလုပ်ပေးလိုက်မယ်ဗျာ’

သူက ဘာမှမပြောခင် ထိုင်ရာမှထပြီး ကွန်ပျူတာထဲမှအရာကို စာအချို့ရိုက်ပြီး ကတ် အထူအချောနှင့် Print Out ထုတ်လိုက်သည်။

‘ဒါကို ဘောင်လေးခတ်လိုက်၊ ပြီးရင် ကိုအောင်သူ့မိန်းမ မမိမိလေးကိုပေးလိုက်၊ တော် ကီ လေးဘာလေးတော့ နည်းနည်း ပစ်ပေါ့ဗျာ. . . မိန်းမက ကိုယ့်ဘ၀ရဲ့ ဘာ ဖြစ်တယ်၊ ညာ ဖြစ်တယ် ဆိုပြီး ကိုအောင်သူမူးလို့ အိမ်ပြန်ရင် ပြောနေကျစကားပဲလေ၊ မှတ်မိတယ်မှတ်လား’

‘အေး. . . မှတ်မိပါတယ်ကွ၊ ကတ်လေးက လှသားပဲ၊ ငါ့ကို အရမ်းကေင်းတဲ့ အင်္ဂလိပ် အသံထွက်နဲ့ ဖတ်. . .’

‘ဖတ်မနေပါနဲ့ဗျာ၊ ကဲ. . . ကဲ အိမ်ပြန်တော့၊ အိမ်ရောက်ရင် အဆင်ပြေသွားမှာ ပါ’

ဟုဆိုပြီး အိမ်မြန်မြန်ပြန်ခိုင်းရသည်။

နို့မို့ဆိုရင် သစ်အစ်တွေ ဘာတွေ ကို ဖတ်နေဦးမှ. . . ။

ကိုအောင်သူ ကတော့ ကတ်ကြီးကိုင်ပြီး ပြန်သွားလေရဲ့. . . ။

Cover

[၂]

နောက်တစ်နေ့တော့ သူတို့အိမ်ကို အလည်သွားကြည့်သည်။

အံမယ်. . . အဆင်တွေ ဘာတွေ ပြေလို့. . . ။ အခေါ် အပြောတွေ တောင် ပြောင်းနေတယ်။

ကိုအောင်သူက သူ့မိန်းမကို ‘မိမိ’ လို့ခေါ်ပြီး သူ့မိန်းမကက သူ့ကို ‘ကိုအောင်’ လို့ လှမ်း ခေါ်တတ်တယ်။ (‘ကိုအောင်’ ကို ပြောင်းပြန်လှန်ရင် ‘ကောင်အို’ (သို့) ‘အကောင်အို’) ကြီးလို့ အဓိပ္ပာယ်ထွက်တာ ကိုအောင်သူ မေ့နေပုံရသည်။

ကျွန်တော် ပေးလိုက်တဲ့ ကတ်ကြီးကလည်း နံရံမှာ အထင်းသားကြီး ချိတ်ဆွဲထားတယ်။

ကိုအောင်သူကလည်း ကျွန်တော့် ဆီက ယူလာတယ်လို့ ပြန်ပြောပုံမရဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ သူ့မိန်းမ ‘မမိမိလေး’ က ကျွန်တော့် ကို ဒီလိုချည်းပဲ ပြောနေတာကိုး. . . ။

‘အဟင်း. . . ကိုအောင်လေ သိလား၊ အဟတ်. . . ဘာစိတ်ကူးပေါက်လဲမသိဘူး၊ မိန်းမ မိမိဖို့ ကိုယ့်ရဲ့ . . . အဟင်း. . . ပြောရမှာ ရှက်လိုက်တာ’

ဆိုပြီး နံရံပေါ်ကနေ ဖြုတ်ဖြုတ်ပြတာ ကျွန်တော် မှတ်မိသည့်အကြိမ်ဆိုလျှင် (၁၂) ကြိမ် လောက်ရှိနေပြီ ဖြစ်သည်။

ကိုအောင်သူ ကတော့ လေလေးချွန်လို့ပေါ့. . . ။ ဟိုဘက်လှည့်နေတယ်။

‘ကောင်းတာပေါ့ အမရယ် ကိုအောင်သူက အမကိုချစ်ပါတယ်၊ ချစ်လို့ပဲ. . .’

စသည်ဖြင့် ဘာညာတွေ ရွှီးရသေးသည်။

အဲဒီ့ လိုနဲ့ သူတို့တွေ အဆင်ပြေသွားကြသည်။

သို့သော် အဲ့ဒီ့ကိစ္စက အဲ့ဒီမှာ တင်မပြီးသေးပါ။ နောက်သုံးရက်လောက်ကြာတော့ ကျွန်တော့် အိမ်ကို ကောင်လေး တစ်ယောက် ရောက်လာသည်။

လူငယ်ပါပဲ. . . ။

တွေ့ တွေ့ ချင်း မိတ်ဆက်သည်။

‘အကို ကျွန်တော် ကိုအောင်သူတို့ လမ်းထဲကပါ၊ နာမည် က ၀င်းသူပါ’

‘သြော်. . . အေး၊ ဘာကူညီပေးရမလဲ’

‘ဒီလိုလေ၊ ကိုအောင်သူပြောလို့၊ ဟို. . . အကိုလုပ်ပေးလိုက်တဲ့ ကတ်လေးလေ’

‘သိပြီ. . .သူ့မိန်းမအတွက် လုပ်ပေးလိုက်တဲ့ ကတ်’

‘ဟုတ်တယ်၊ အဲ့ဒါ၊ အဲ့ဒါ’

ဝင်းသူဆိုတဲ့ကောင်လေးက အူတူတူနဲ့ သူ့စကားသူလိမ့်ပတ်လည်ပုံမရဘူး ဖြစ်နေသည်။

‘အဲဒါ ဘာလုပ်ပေးရမှာ လဲ’

‘ဒီလိုပါ၊ ကျွန်တော့် မှာ ‘ရွှေရွှေ’ ဆိုတဲ့ ကောင်မလေး တစ်ယောက် ရှိပါတယ်၊ သူကလည်း ခဏခဏစိတ်ကောက်တယ်၊ မယုံမကြည်စွပ်စွဲမှု တွေ နဲ့ ပြောတယ်ဗျ’

‘အဲ့ဒီတော့’

‘အဲ့ဒီတော့ သမီးရည်းစားတွေ အတွက် ကိုအောင်သူကို ပေးလိုက်တဲ့ ကတ်မျိုးမရှိဘူးလား လို့ လာမေးတာပါ’

‘နေဦး၊ ရှာကြည့်လိုက်ဦးမယ်’

ကံကောင်းစွာ ပင် မဖျက်ရသေးသော ဖိုင်များ ထဲတွင် ထိုကတ်တွေ က ကျန်နေသေးသည်။

ဒါနဲ့ ကိုဝင်းသူဆိုတဲ့ ကောင်လေးကို ကတ်တစ်ခုထုတ်ပေးလိုက် သည်။

အကောင်းဆုံးချစ်သူ (မိန်းကလေး) အသိအမှတ်ပြု ကတ်ပြားပါ. . . ။ ဒါနဲ့ မထူးဘူးဆိုပြီး သူ့ကို -

အကောင်းဆုံးချစ်သူ (ယောက်ျားလေး) အသိအမှတ်ပြု ကတ်ပြားပါ. . . လက်ဆောင် ထုတ်ပေးလိုက်သည်။

ကတ်ပြားနှစ် ခုကို တစ်တစ်ခွခွကိုင်ပြီး ကားယားကားယားလျှောက်သွားသော ၀င်းသူကို ကြည့်ပြီး သက်ပြင်းချကာ ကျန်ရစ်ခဲ့သည်။

Cover
Cover

ထိုကတ်ပြားနှင့် ပတ်သက်၍
အသေးစိတ်သိလိုသည်များ ကို စုံစမ်းလိုပါက
ကိုအောင်သူ
ဖုန်း- ၀၉၄၉၂၂၀၉၅၉ ထံတွင် ဆက်သွယ်စုံစမ်းနိုင်သည်ဟု
ရေး ထည့်ပေးပါရန် ပြောထား သော ကြောင့်
ကိုအောင်သူထံတွင် ဆက်လက်စုံစမ်းနိုင်ပါသည်။

အခန်း(၃)

Cover

ချစ်သူ၏ အပြစ်တင်မှု အား အကြောင်းပြချက်ပေးခြင်း

နောက်ကျနေလို့ ချစ်သူက စိတ်ဆိုးနေတဲ့အခါ -

‘ရှင်ဘာ ဖြစ်လို့ နောက်ကျရတာ လဲ၊ ဘယ်အချိန်ရှိပြီလဲ’

ဟု သူမက မေးလိမ့်မည် ။ ဘာမှမလုပ်ပါနဲ့ဦး။

ပထမဦးစွာ သူ့ဘေးနားမှာ ကပ်ရပ်(သို့)ရှေ့တည့်တည့်မှာ အရင်ထိုင်ပါ။

ပြီး. . . နည်းနည်း လေးရယ်ပြပါ။

‘ဘာရယ်တာလဲ ရှင်နော်’

ဟုဆိုပြီး ကောင်မလေးက မျက်စောင်းထိုးပြီး တစ်ဖက်လှည့်ချင်လှည့်နေနိုင်ပါတယ်။

အဲ့ဒီအချိန်မှာ သင်က -

စာရွက်ကလေးတစ်ရွက်ထုတ်ပြီး အောက်ပါစာတန်းလေးရေး လိုက်ပါ။

လောင်းကစားဆိုတာ အချိန်မသိ၊ နာရီမသိ စွဲလန်းပြီး ထမင်းမေ့ ဟင်းမေ့ ဖြစ်တတ်တဲ့ အကြောင်းကို အချစ်သိလား

ဟု ရေး ပြီးပြလိုက်ပါ။ စိတ်မ၀င်စားသလိုလို ဘာလိုလိုနဲ့ ကြည့်ပါလိမ့်မယ်။

သင့်စာကိုကြည့်ပြီး တစ်မျိုးထင် သွားပါလိမ့်မယ်။

အိမ်ကထွက်ကတည်းက အချစ်အကြောင်းကို တွေးနေရင်းနဲ့ ထမင်းမေ့ ဟင်းမေ့ ဖြစ်ပြီး ဘယ်အချိန်တွေ ရှိမှန်းမသိအောင် အရူးအမူး ဖြစ်ရတာ ပါ။

ကိုယ်ဘယ်ရောက်နေမှန်း မသိပါဘူး။ ခေါင်းထဲမှာ အချစ်နဲ့တွေ့ ရင် ပြောဖို့ဆိုပြီး စကားလုံး လေးတွေ စီရင်းနဲ့ နာရီ ဘယ်အချိန်ရှိမသိ ဖြစ်သွားရတာ ပါ။

ပေးထားသော နမူနာကို အတုယူ၍

အပြစ်တင်တဲ့ အကြောင်းအရာကိုလိုက်ပြီး

လိုသလိုပြောင်းသုံးနိုင်ပါသည်။

သင်ပြောမည့်  အကြောင်းအရာအား

သင့်ချစ်သူကြိုသိနေမည် ဆိုပါက

ကြည့်ကျက်လှုပ်ရှားလိုက်ပေါ့

ပေါက်တယ်နော်. . .



ဝန်ဇင်းချစ်သူများ လူနေ ၏ “ သမီးရီးစားအဘိဓါန် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မည်ကဲ့သို့လုပ်လိုက်သည်မသိ

၂၉၈၇ ခုနှစ်

တက္ကသိုလ်(၆)ခု