အဲ့ဒီတုန်းက...
တိုင်းပြည်တစ်ပြည်ရှိတယ် ဆိုကြပါစို့...
အဲ့ဒီတိုင်းပြည်မှာ ဘုရင်ကြီးနဲ့ ဘုရင်မကြီးလည်း ရှိတယ်
ထပ်ဆိုကြပါစို့...
နောက်ပြီး သူတို့မှာ သိပ်ချော၊ သိပ်လှတဲ့ သမီးတော်တစ်ပါးလည်း ထပ်ရှိပြန်ရော...
အဲ့ဒါနဲ့ မိတ်ဆွေသိတဲ့ အတိုင်းပဲ
ကျုပ်လည်း အဲ့ဒီတိုင်းပြည်ကို ယောင်ယောင်လည်လည်နဲ့ ရောက်သွားရော...
ပြောရဦးမယ်
ကျုပ်နာမည်က ဝင်းဆွေလဲ့မောင်မောင် ဗျ...။
သည်းခံဗျာ၊ နာမည်က သိပ်ရှည်တော့အခြားလူတွေခေါ်တဲ့အတိုင်း မောင်နှစ်လို့ ခေါ်ပေါ့။
မောင်နှစ်လုံးပါလို့ အဲ့ဒီလိုခေါ်တာနဲ့ တူပါရဲ့ ...။
ပြောရရင် ရှေ့ကပြောခဲ့တဲ့အတိုင်းပဲ အဲ့ဒီတိုင်းပြည်ကိုရောက်သွားရော၊
''ဘယ်လိုရောက်သွားလဲ...ဟုတ်လား''
ပြောပြီးပါရော၊ ကျုပ်မသိဘူးလို့။
ဒီလိုနဲ့ နိုးလာတော့ ကျုပ်လည်း လမ်းမတစ်ခုကို ရောက်နေတာပဲဗျို့။
အဲဒါနဲ့ လမ်းမှာ တွေ့တဲ့ လူတစ်ယောက်ကို လှမ်းမေးတော့ကျုပ်ရောက်နေတဲ့ တိုင်းပြည်က ပုံပြင်တွေထဲက နာမည်တွေလိုမျိုးခေါ်ရခက်တယ်ဗျ။
ဒီတော့ ကျုပ်လည်း ခေါ်ရခက်တာနဲ့ 'ခေါ်ရခက်တိုင်းပြည်'ဆိုပြီး ခေါ်လိုက်တယ်။
ခေါ်ပါများ တော့ 'ရခက်တိုင်းပြည်'ဆိုပြီး ဖြစ်လာတယ်။အဲ့ဒီ 'ရခက်တိုင်းပြည်'ကိုပဲ ခေါ်ပါများ တော့ ပါးစပ်ထဲမှာ အလွယ်ခေါ်လို့ရတဲ့ 'ယက္ခတိုင်းပြည်'ဆိုပြီး ခေါ်မိသွားတယ်ဗျာ။ မိတ်ဆွေလည်းအဲ့ဒီအတိုင်းပဲ ခေါ်ပေါ့။
''ဟင်... ဘာလဲ၊ ကျုပ်ဝတ်ထားတဲ့ အဝတ်အစား၊ဟုတ်လား''
''အင်း... နေဦး ပြန်ကြည့်လိုက်ဦးမယ်''
''ဟုတ်တယ်ဗျို့၊ ခင်ဗျားမေးမှပဲ ပြန်ကြည့်မိတယ်၊ ကျုပ်အဝတ်အစားတွေက ထူးထူးခြားခြား ဘာကြီးတွေမှန်း မသိဘူး၊ပွယောင်းယောင်းနဲ့ တစ်မျိုးကြီးပဲ''
''အန်... ဘာမေးတာလဲ၊ သြော်... ဘာသာစကားလား၊ အင်း...''
''သူတို့စကားကို ကျုပ်နားလည်တယ်ဗျ၊ ဘာကြောင့်ဆို...ဟိုဘက်မှာ ထိုင်နေတဲ့ အဒေါ်ကြီးနှစ်ယောက် အတင်းပြောနေတာကျုပ် နားလည်တယ်''
''ဟင်...''
''ခင်ဗျားနှယ့်ဗျာ၊ ကတ်သီးကတ်သတ်၊ ဒီကလူတွေရဲ့ အတွေးအခေါ်နဲ့ ပညာကို သိချင်တယ် ဟုတ်လား၊ အင်း...ဒါဆိုလည်း ခဏစောင့်ဗျာ၊ ဘယ်လိုမေးရမလဲ၊ စဉ်းစားဦးမယ်''
''သြော်... သိပြီ၊ တိုင်းပြည်အခြေအနေသိချင်ရင်ကလေးတွေကို ကြည့်ပါတဲ့၊ ဟုတ်မဟုတ်တော့ ကျုပ်မသိဘူး၊ ကလေးတွေကို စမ်းသပ်ကြည့်ရင် ဒီတိုင်းပြည်ရဲ့ အတွေးအခေါ်နဲ့ ပညာအရည်အချင်းကို သိရမှာ ပဲ၊ အံမယ်... အတော်ပဲ၊ အရှေ့မှာ ကလေးလေးတစ်ယောက် လာနေတယ်၊ ကျုပ်စမ်းသပ်ကြည့်လိုက်ဦးမယ်''
''မိတ်ဆွေ ခဏစောင့်
(၁)
''ဟေ့ကောင်လေး''
''ဘာရဲ''
ကလေးက ဘုဆတ်ဆတ်နဲ့ ဆက်ဆံရခက်မယ့် ပုံစံပဲ။
ကျုပ်ကလည်း ခေသူ မဟုတ်ပါဘူး။
''လာဦး''
နည်းနည်းလန့်သွားလို့ ထင်တယ်။ ကျုပ်ရှေ့ကို ကလေးကတိုးလာတယ်။
''မင်းဘယ်သွားမလို့လဲ''
''မုန့်စားပွဲရှိတယ်၊ အဲ့ဒီကို သွားမလို့''
''မသွားခင် ငါမေးတာ ဖြေခဲ့ဦး''
ကျုပ်က ခပ်တည်တည်နဲ့ ပိတ်ဟောက်လိုက်တော့ ကလေးက ဘုရှိုးရှိုးတယ်။ ကျုပ်နည်းနည်း လန့်သွားတယ်ဗျ။ ဒီတိုင်းပြည်ကကလေးလူမိုက်များ ဖြစ်နေမလား။
နေပါစေ၊ နည်းနည်းတော့ ရုပ်တည်နဲ့ နေရမယ်။
''မေးနေတာ ဖြေလေကွာ''
ကလေးက နည်းနည်းတွေဝေသွားပုံရတယ်။
ပြီးတော့-
''ဘာရမှာ လဲ''
''ဟင်... ဘာကို''
''မေးတာဖြေရင် ဘာရမှာ လဲလို့ မေးတာ''
အင်း... ကောင်းရော၊ 'တစ်ခုလိုချင် တစ်ခုပေးရတယ်'ဆိုတဲ့ အတွေးမျိုး ဒီတိုင်းပြည်က ကလေးတွေမှာ ရှိနေတာ မဆိုးဘူးပဲ။
''အေး... ပေးမယ်ကွာ''
''ဘာပေးမှာ လဲ''
''အဲ...''
သူမေးမှပဲ ဘာပေးလို့ ပေးရမှန်းမသိ ဖြစ်သွားတယ်။ဒါနဲ့ အိတ်ထဲကို ဟိုဒီစမ်းကြည့်တော့၊ အံမယ် အဝိုင်းပြားလေးဝိုင်းထွက်လာတယ်။
ဒီတိုင်းပြည်မှာ သုံးလို့ရတဲ့ ငွေကြေးနဲ့ တူပါတယ်။
''မင်း မေးခွန်းမှန်ရင် တစ်ခုပေးမယ်''
ကလေးက ကျုပ်လက်ထဲကဟာကို ကိုင်ကြည့်တယ်။ ဖင်တစ်ပြန် ခေါင်းတစ်ပြန်ကြည့်ပြီး ကိုက်လည်း ကိုက်သေးတယ်။
''ကောင်းပြီ၊ ဖြေမယ်''
အံမယ်... လာလာချည်သေး၊ ဖြေနိုင်မှာ မဟုတ်ပဲနဲ့ ကျုပ် အဝိုင်းတစ်ပြားကို ဒင်းက ယူထားသေးတယ်။
ထားလိုက်ပါတော့၊ မဖြေနိုင်မှ ပြန်ယူမယ်။
''ကဲ... တစ်နဲ့ တစ်နဲ့ ပေါင်း၊ ဘယ်လောက်လဲ''
နည်းနည်းရှေးဆန်တော့ သင်္ချာဆိုတာ ဘာမှန်းသိမှာ မဟုတ်ပါဘူး၊ ဒီတော့ လွယ်လွယ်လေးပဲ မေးလိုက်တယ်။
ကလေးက ကျုပ်ကို ပြန်ကြည့်နေတော့-
''ဘာလဲ... နားမလည်ဘူးလား၊ တစ်နဲ့ တစ်ပေါင်းရင်ဘယ်လောက်ရလဲလို့ မေးနေတာလေ''
''ကလေးတောင် သိတယ်''
''အင်''
ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်။
''ကလေးတောင်သိတယ်ဆိုတော့ မင်းက ကလေးဟုတ်ဘူးလား''
''မွေးကင်းစ ကလေးတောင်သိတယ်လို့ ပြောတာ''
''အံမယ်၊ လာလာချည်သေး၊ ကဲ... အပြောမကြီးနဲ့ အဖြေက ဘာလဲ''
''နှစ်''
''အဲ''
သူ့လက်ထဲက ကျုပ် အဝိုင်းပြားကို သူ့အိတ်ထဲ ထည့်လိုက်တယ်။
ပြီးတော့ လှည့်ထွက်ဖို့ ပြင်နေတာကြောင့်-
''ဟေ့... နေဦးလေ''
''ဘာရဲ၊ ထပ်မေးမလို့လား''
ကျုပ်နည်းနည်းတော့ ရှက်သွားတာ အမှန်ပဲဗျ၊ ဒီတိုင်းပြည်ကကလေးတွေက ဒီအဆင့်လောက် မတိုးဘူးဆိုတော.့ ..။
''အေး... မေးမယ်ကွာ၊ ဒီမှာ နောက်ထပ် အဝိုင်းပြားတစ်ခု''
သူ့လက်ထဲကို အဝိုင်းပြားတစ်ခု ထပ်ထည့်ပေးလိုက်တယ်။ကလေးက ပြုံးတုံးတုံးနဲ့ ပြန်ကြည့်နေတယ်။ ဒါကိုက ကျုပ်မခံနိုင်တာ။
''မင်းခုနက ပြောသွားတဲ့ မွေးကင်းစ ကလေးတောင်မှ အဖြေကို သိတယ်ဆိုတာ ငါလက်မခံနိုင်ဘူး၊ ကုန်ကုန်ပြောရရင်ဘယ်လိုမှ မဖြစ်နိုင်ဘူးကွာ၊ ဒီတော့ ငါမေးမယ်၊ မွေးကင်းစကလေးကအဖြေကို ဘယ်လိုသိနိုင်မှာ လဲ၊ ဘယ်လိုဖြေနိုင်မှာ လဲ''
ကလေးက သူ့လက်ထဲက အဝိုင်းပြားကို အိတ်ထဲ ထည့်လိုက်ပြန်တယ်။
''ဟေ့... ဟေ့၊ ငါ့ကို မဖြေရသေးဘူးလေ''
''ဖြေမှာ ပါဗျ''
''မွေးကင်းစ ကလေးက ဘယ်လိုအော်လဲ''
''အူဝဲ... အူဝဲလို့ အော်တယ်လေ''
''ဥကွဲ၊ ဥကွဲရော ကြားလို့မရဘူးလား''
''အင်း...''
သူပြောမှပဲ စဉ်းစားမိတယ်၊ ဟုတ်တော့ ဟုတ်သား။
''အေး... လက်ခံတယ်ကွာ''
''ဦးပြောတဲ့ အဖြေက သုညထွက်လား''
''မထွက်ဘူးလေ''
''ဒီတော့ အဖြေက ဥကွဲ၊ သုညမရဘူး။ ဘဲဥကွဲပေါ့၊ မွေးကင်းစ ကလေးလည်း ဥကွဲတယ်လို့ ပြောတယ်လေ၊ အဲ့ဒါမှားလား''
''အဲ...''
ဖြေရကျပ်သွားတယ်။
''အဲ... အဲ့ဒါတော့ မင်း သပ်သပ်ညစ်တာပဲကွ''
''မဟုတ်ပါဘူး၊ သားပြောတာ မှားလို့လား၊ အဖြေက ဥကွဲ(ဘဲဥကွဲ)ပါတယ် ဆိုတာလေ''
''အေး... မမှားဘူး''
''အဲ့ဒါပဲပေါ့''
အိတ်ကိုပုတ်ပြီး အထဲက အဝိုင်းပြားကို ကြည့်နေတယ်။သူ့ဟာက မမှားလည်း မမှားဘူး၊ မှန်လားဆိုတော့လည်း မမှန်ဘူး။ဒီတိုင်းပြည်က ကလေးတောင် မလွယ်ပါလားလို့ တွေးမိတယ်။
''ဦးမှာ အဝိုင်းဘယ်နှစ်ဝိုင်း ကျန်သေးလဲ''
''နှစ်ဝိုင်း''
''ဒီတစ်ခါ သားမေးလို့ ဦးမဖြေနိုင်ရင် တစ်ဝိုင်းပေးမှာ လား''
ကျုပ်ဂွင်တော့ ဝင်ပြီဗျို့။ ကလေးပဲ ကလေးလို မေးတတ်မှာ ပေါ့။
ဒါနဲ့ ကျုပ်လည်း ခပ်မြန်မြန်ပဲ သဘောတူလိုက်တယ်။
ဘယ့်နှယ်၊ အချိန်နှောင်းသွားရင် ကလေးစိတ်ပြောင်းသွားမှဖြင့်...။
''အေး... တူတယ်ကွာ''
''စပြီနော်''
''အေး... စ''
''သားရဲ့ မွေးနေ့၊ မွေးလ၊ မွေးရက်ကို ပြောပြ''
''အာ...''
ဒီကောင် ကျုပ်ကို ညစ်နေပြီ။ သူ့မွေးနေ့၊ မွေးလ၊ မွေးရက်ကို ကျုပ်က ဘယ်လိုလုပ် သိမှာ လဲ။
''မင်းကွာ၊ မဖြစ်နိုင်တာ ငါ့ကို မေးနေတယ်၊ မင်းကို ငါကအခုမှ တွေ့ရတဲ့ဟာကို ငါက ဘယ်လိုလုပ် သိမှာ လဲ''
''ကဲ... ဒါဆို အဝိုင်းပြားပေး''
ကျုပ်လည်း အောင့်သက်သက်နဲ့ ထုတ်ပေးလိုက်ရတယ်။လက်ထဲမှာ လည်း အဝိုင်းပြားတစ်ခုပဲ ကျန်တော့တယ်။
ကလေးကိုလည်း ကြည့်မရတော့ဘူး။ ကလေးတန်မဲ့ လူကြီးကိုလာယှဉ်နေသေးတယ်။
''ငါ့မှာ နောက်ဆုံးတစ်ဝိုင်းပဲ ရှိတော့တယ်၊ ဒီတော့
ငါကလည်း မင်း ငါ့ရဲ့ မွေးနေ့၊ မွေးလ၊ မွေးရက်ကို ပြောပြရင်ဒီကျန်တဲ့ အဝိုင်းကို ပေးမယ်၊ မဖြေနိုင်ရင် ငါ့ကို တစ်ဝိုင်းပြန်ပေး၊ဘယ်လိုလဲ''
ကလေးက ရုတ်တရက် တုံ့ဆိုင်းသွားတယ်။ဟုတ်တယ်လေ၊ ဒင်းမေးခွန်း ဒင်းပြန်ထိပေါ့။ ဘယ့်နှယ့်၊
လူကြီးကို မဟုတ်တာတွေ လာမေးနေရတယ်လို့၊ လူကြီးကလည်းလူကြီးပဲလေ။
ဒီတော့ ကလေးကို ပညာပေးရတာ ပေါ့။
''ဘယ်လိုလဲ သဘောတူလား''
သူတွေဝေနေတာကြောင့် ကျုပ်က ထပ်မေးရတယ်။
''တူတယ်''
''ဟင်...''
ဘယ်လို ကလေးပါလိမ့်၊ ငါသာ ကလေးဆိုရင် မတူဘူး၊မတူဘူးဆိုပြီး ထွက်ပြေးနေလောက်ပြီ။ ဒီကောင် လည်မလိုလိုနဲ့ တုံးတယ်။
''ကဲ... ဒါဆို ငါ့မွေးနေ့၊ မွေးလ၊ မွေးတဲ့ခုနှစ်က ဘယ်လောက်လဲ''
အဲ... သူ့ကိုမေးမှ သတိရတယ်။ ကျုပ်မွေးနေ့၊ မွေးလ၊မွေးတဲ့ခုနှစ်ကို မမှတ်မိဘူးဗျ။ ဒုက္ခပါပဲ၊ ကလေးကို မေးတာကမေးပြီးပြီ။လွယ်ပါတယ်။ သူသိတာ မှတ်လို့။ တစ်ခုခုကို ငါ့မွေးနေ့၊မွေးလ၊ မွေးတဲ့ခုနှစ်အဖြစ် သတ်မှတ်လိုက်မှာ ပေါ့။
ဒီတော့-
၂၆ ရက်၊ ၈ လ၊ ၈၈၈ ခုနှစ်
အပေါ်က ခုနှစ်၊ လ၊ ရက်ကိုပဲ စိတ်ထဲက ပေါ်လာတာနဲ့ ကျုပ်မွေးနေ့ဆိုပြီး မှတ်ထားလိုက်တယ်။
(၂)
''သားကို တစ်ခုပြန်လုပ်ပေးရင် ဦးရဲ့ မွေးနေ့၊ မွေးလ၊မွေးရက်ကို ပြောပြမယ်''
''အေး... ဘာလုပ်ပေးရမှာ လဲ၊ လုပ်ပေးမယ်''ဘာလုပ်ပေးပေး ဒင်း မဖြေနိုင်ပါဘူး။
''အပေါင်း၊ အနုတ်၊ အမြှောက်အစား နည်းနည်းလုပ်ပေးရမယ်''
''ရတယ်လေ''
ကလေးက စပြောတယ်။
''ဦးမွေးတဲ့ လကို စိတ်ထဲမှာ ၁၈ နဲ့ ပေါင်းလိုက်၊ သားကိုပြန်ပြော စရာမလိုဘူးနော်''
''အေး''
ကျုပ်မွေးလက ၈ လပိုင်းဆိုတော့ ၁၈+၈= ၂၆ ပေါ့။
''ရပြီလား''
''အေး...''
''ဒါဆို ရတဲ့အဖြေကို ၂၅ နဲ့ မြှောက်''
''အင်း''
ရတဲ့အဖြေက ၂၆ ဆိုတော့ ၂၆x၂၅=၆၅ဝ ပေါ့။
''ပြီးပြီလား''
''ပြီးပြီ''
ဘာပဲပြောပြော ကလေး ဘာလုပ်နေသလဲ ဆိုတာကိုတော့စိတ်ဝင်စားလာတယ်။
''အဲ့ဒီရတဲ့အဖြေကို ၃၃၃ ထပ်နုတ်လိုက်''
ရတဲ့အဖြေက ၆၅ဝ ဆိုတော့ ၆၅ဝ-၃၃၃= ၃၁၇ ရတယ်။
''ပြီးရင် ၈ နဲ့ ထပ်မြှောက်''
ရှုတ်တော့ ရှုတ်လာတတယ်။ ဒါပေမဲ့လည်း ဒင်းလေးပြောတဲ့
အတိုင်းပဲ လုပ်နေရတယ်။ ကျုပ်က လုပ်ပေးမယ် ပြောလိုက်တာကိုး။
အင်း... ၈နဲ့ မြှောက်ရမှာ ဆိုတော့ ရတာ က ၃၁၇
ဆိုတော့ ၃၁၇x၈= ၂၅၃၆ ထပ်ရတယ်။
ဒီလိုနဲ့ ကလေးက ဆက်ညွှန်ကြားတယ်။
ရလာတဲ့အဖြေကို ၅၅၄ နုတ် =၂၅၃၆-၅၅၄= ၁၉၈၂
အဲ့ဒါကိုပဲ ၂ နဲ့ စား = ၁၉၈၂ကို ၂နဲ့ စား= ၉၉၁
ရပြီဆိုရင် ဦးရဲ့ မွေးနေ့ရက်ကို ထည့်ပေါင်း = ၉၉၁+၂၆= ၁ဝ၁၇ ရတဲ့အဖြေကို ၅ နဲ့ ထပ်မြှောက်ဦး = ၁ဝ၁၇x၅= ၅ဝ၈၅
၆၉၂ ကို ထပ်ပေါင်းဦး = ၅ဝ၈၅+၆၉၂ = ၅၇၇၇
ပြီးရင် ၂ဝ နဲ့ ထပ်မြှောက် = ၅၇၇၇ x ၂ဝ = ၁၁၅၅၄ဝ
ဒါပြီးရင် ဦးရဲ့ မွေးခုနှစ်က နောက်ဆုံးနှစ်လုံးကို ထည့်ပေါင်းဦး
မွေးခုနှစ်က ၈၈၈ ဆိုတော့ ၈၈ကို ထည့်ပေါင်းရမှာ ပေါ့။
ဟုတ်ပြီ။၁၁၅၅၄ဝ+၈၈= ၁၁၅၆၂၈
''နောက်ဆုံးရလာတဲ့အဖြေကို ၃၂၉၄ဝ နုတ်လိုက်''
ကျုပ်လည်း မူးတော့မူးလာတယ်။ ဒါပေမယ့်လည်း သူပြောတဲ့အတိုင်း လိုက်လုပ်နေရတယ်။
၁၁၅၆၂၈-၃၂၉၄ဝ = ၈၂၆၈၈
''ရလာတဲ့အဖြေကို သားကိုပြောပြ''
''၈၂၆၈၈''
''ဒါဆို ဦးမွေးနေ့က ၈ လပိုင်း ၂၆ ရက်နေ့ ၈၈၈ ခုနှစ်ဖြစ်ရမယ်''
''ဟင်...''
အံ့သြတဲ့အပြင် ကြက်သေသေသွားတယ်။ ဟုတ်လှချည်လား။
ဒီတိုင်းပြည်ရဲ့ ကလေးက အဲဒီ လောက်တောင် တော်နေပြီဆိုတော့ အခြားလူတွေဆို မတွေးရဲဘူး။ (ထိုတွက်နည်းကို စာအုပ်နောက်တွင် အဆင့်လိုက် ဖော်ပြထားပါသည်။)
ထိုသို့ တွေးနေစဉ်မှာ ပဲ ကလေးက ကျုပ်လက်ထဲကလက်ကျန်အဝိုင်းပြားကို ဆွဲလုပြီး အဝေးကို ထွက်ပြေးသွားတယ်။
အဲ့ဒီအချိန်မှာ ပဲ ကျုပ်ဗိုက်ထဲက တဂွီဂွီမြည်လာပြီးဗိုက်ဆာလာတော့တာပဲ။ ဒုက္ခပဲ။
ဘယ်လိုလုပ်ရမှန်း မသိဘူး။
တနယ်တကျေးမှာ မျက်လုံးသူငယ် နားသူငယ်နဲ့ ဘယ်မှာ စားရမှာ တုန်း။ ပိုဆိုးတာက လက်ထဲမှာ ကလည်း တစ်ဝိုင်းမှ မရှိတော့ဘူး။
ရုတ်တရက် အတွေးရသွားပြီး ပြေးသွားတဲ့ကလေးကိုလှမ်းအော်ခေါ်လိုက်ရတယ်။
''ဟေ့... ကလေး၊ ငါ့ ခဏစောင့်ပါဦးကွ၊ ငါလည်းမင်းနဲ့ အတူ မုန့်စားတဲ့ပွဲ လိုက်ချင်လို့''
(၃)
မုန့်စားတဲ့ပွဲက အကြီးကြီးထင်လို့ လိုက်သွားမိတယ်။ ဘယ်ဟုတ်မလဲ၊ အိမ်တစ်အိမ်က မုန့်ဝေတာကို ကလေးတွေက တန်းစီယူရတာ ပါ။
ဘာပဲဖြစ်ဖြစ် ကျုပ်လည်း ဗိုက်ဆာတာနဲ့ ဝင်ရောက်တန်းစီမိတော့တာပဲ။ ခဏကြာတော့ ကျုပ် ဒုက္ခရောက်တော့တာပဲ။
''ဟေ့လူ ဘာလုပ်တာလဲ''
''ဘာလုပ်လို့လဲ၊ မုန့်စားမလို့ တန်းစီတာလေ''
''မရဘူး''
''ဟင်... ကုန်သွားလို့လား''
''အာ... ကုန်သွားတာ မဟုတ်ဘူး၊ ဒီမုန့်ဝေတာကကလေးတွေကိုပဲ ပေးတာ''
မပေးဘူးဆိုကာမှ ဗိုက်ကပိုဆာလာတယ်။
''ဟို... တစ်ခုတည်း ယူမှာ ပါဗျာ''
''မရဘူး၊ နေပါဦး ခင်ဗျားက ဒီတိုင်းပြည်က မဟုတ်ဘူးလား''
''အဟီး... မဟုတ်ဘူးဗျ''
ဘယ်လိုပဲ မျက်နှာချိုသွေးသွေး ဒင်းက ခွင့်မပြုပါဘူး။
ဒါနဲ့ ဘေးထွက်ထိုင်နေရပြီး ကလေးတွေ မုန့်ယူတာကိုအငေးသားနဲ့ ထိုင်ကြည့်နေရတယ်။
''ဂြီ...ဂြီ....ဂြီ''
မစားရပါဘူးဆိုမှ ဗိုက်က ပိုမိုမြည်လာတယ်။
အဲ့ဒါနဲ့ ဟိုကြည့်ဒီကြည့် လုပ်မိရာ ခပ်လှမ်းလှမ်းရှိဆိုင်းဘုတ် တစ်ခုကို တွေ့လိုက်ရတယ်။
ဒါကတော့ သူပြောမှလား။ ကျုပ်လည်း သိတာပေါ့။
အဲ... ဒါပေမယ့် ဆက်ရေးထားတဲ့ စာသားကို ပိုပြီး စိတ်ဝင်စားသွားတယ်။
ဘာပဲဖြစ်ဖြစ် ထိုင်နေရာမှ ထလိုက်တယ်။ ဒီတိုင်းပြည်မှာ ကကလေးတွေပဲ မုန့်အလကားစားလို့ရတာ ထင်တယ်။ လူကြီးတွေကတော့ အလုပ်လုပ်မှ ကျွေးတာနဲ့ တူရဲ့ ။
ဒီတော့ သူ့နေရာရောက်တော့ သူ့ပုံစံပေါ့။ အဲ့ဒီလိုနဲ့ အလုပ်ရှိတဲ့အိမ်ရှေ့ ရပ်လိုက်တယ်။ ဗိုက်ကလည်း တဂွီဂွီနဲ့ ပေါ့။
''အိမ်ရှင်တို့... အိမ်ရှင်တို့''အထဲက ဘာအသံမှ မကြားရဘူး။
ဆိုင်းဘုတ်ကို တစ်ချက်ပြန်ကြည့်လိုက်တယ်။ သေချာပါတယ်။ အလုပ်ရှိတဲ့အိမ်လို့ ရေးထားတာပဲ။
''အိမ်ရှင်တို့... အိမ်ရှင်တို့''
''ဘာတုန်း''
အထဲက အသံတစ်သံ ကြားရတယ်။ လူတော့ မမြင်ရပါဘူး။
ထွက်လာမလား ရပ်စောင့်နေသေးတယ်။ မထွက်လာတာနဲ့ ထပ်ခေါ်ရပြန်တယ်။
''အိမ်ရှင်တို့... အိမ်ရှင်တို့''
''ဘာတုန်း''
''ဒီအိမ်မှာ အလုပ်ရှိတယ်ဆိုလို့''
''မအားဘူး၊ တွေ့ချင်ရင် ဝင်လာ''
ဆက်ဆံရေး ကျဲလိုက်တာ။ ဒါ ကျုပ်အလုပ်ရှင်သာ ဆိုရင်တော့ သေပြီ။
တံခါးမရှိတော့ အထဲကို ဒီအတိုင်းပဲ ဝင်လိုက်တယ်။ အိမ်ကသားနားပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ပြည့်နေတာပဲ။
ခုနက အလုပ်ရှင်ကတော့ စားပွဲတစ်ခုပေါ်မှာ ထိုင်နေတာတွေ့ရတယ်။
စားပွဲပေါ်မှာ လည်း သစ်သားစတွေနဲ့ အရုပ်တွေနဲ့ ပြည့်နေတာပဲ...။ အရုပ်လုပ်တဲ့ လူထင်တယ်။
''ဘာကိစ္စလဲ''''အလုပ်ရှိတယ်ဆိုလို့''
ထိုလူက မျက်မှော င်ကျုတ်ပြီး ကြည့်တယ်။အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့ ဆံပင်က ဘုတ်သိုက်ဖြစ်နေတယ်။
''မင်းက ဒီတိုင်းပြည်က မဟုတ်ဘူးထင်တယ်''
''ဘာ... ဘာဖြစ်လို့လဲဗျ''
''ဒီတိုင်းပြည်က လူဆိုရင် ငါ့အလုပ်ကို လာလုပ်မှာ မဟုတ်ဘူး''
''ဟင်...''
သူက ပင်ပင်ပန်းပန်းတွေ ခိုင်းလို့လား။ ဒါမှမဟုတ်အဝိုင်းပြားပေးတာ နည်းလို့လား။
ဂြီ...ဂြီ...ဂြီ...။ ဗိုက်ကမခံမရပ်နိုင်အောင် ဆာလာတယ်။
''ဘာဖြစ်လို့လဲ''
''ဘာဖြစ်လို့လဲဆိုတော့ ငါ့အလုပ်ကို ဒီတိုင်းပြည်က လူတွေက မလုပ်လို့ပဲ''
''ဟင်...ဘာအလုပ်မို့လို့လဲ''
''အလုပ်ကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး၊ငါ့အတွက် ဆုတောင်းရတဲ့ အလုပ်ပါ''
''ဗျာ''
ဒီလူရူးများ ရူးနေလား မသိဘူး။ သူ့အတွက် ဆုတောင်းဖို့ပဲ အလုပ်ခန့်ရတယ်လို့။ ဘာပဲဖြစ်ဖြစ်လေ ပင်ပင်ပန်းပန်း မလုပ်ရဘူးဆိုတော့ ကောင်းတာပေါ့။
''လုပ်မယ်ဗျာ၊ အဲ... တစ်ခုမေးပါရစေ၊ ဆုပဲ တောင်းပေးရမှာ ကို ဒီကလူတွေက ဘာဖြစ်လို့ မလုပ်ကြတာလဲ၊ ပြီးတော့ဒီလိုခန့်ဖို့ရော လိုလို့လား''
''ငါက အမြဲတမ်း ငါ့အရုပ်တွေနဲ့ အလုပ်ရှုတ်နေတဲ့ သူကွ၊ဒီတော့ ငါ့အတွက်ငါတောင် မဆုတောင်းအားဘူး''
''အင်း''
''ဒါပေမယ့် ငါအခု အိမ်ထောင်ပြုချင်နေပြီ''
''လူပျိုကြီးပေါ့''
''အေး''
ထိုလူက အောင့်သက်သက်နဲ့ ပြန်ဖြေတယ်။
''အခုထိ ငါနဲ့ အဆင်ပြေမယ့် မိန်းမကို မတွေ့သေးဘူး''
''အင်း... ဟုတ်ပြီ''
''ဒီတော့ ငါ့အတွက် ဇနီးမယား လှလှလေးတစ်ယောက်ရဖို့အတွက် ဆုတောင်းဖို့ လိုတယ်ကွ''
''ဟုတ်''
''မင်းသိတဲ့အတိုင်းပဲ ငါက အရုပ်တွေလုပ်ပြီး တစ်နေကုန်အလုပ်အားတဲ့သူ မဟုတ်တော့ ငါ့ကိုယ်စား ဆုတောင်းပေးမယ့်လူတစ်ယောက် လိုနေတယ်၊ အဲ့ဒါကြောင့် အလုပ်ခန့်ရတာ ပဲကွ''
ကြောင်တောင်တောင်နိုင်တဲ့ စိတ်ကူးပဲ။ ဒါပေမယ့် သူ့အရပ်မှာ တော့ သူ့ဇာတ်ပဲပေါ့။
သူကြောင်တာ ကိုယ်တောင် အလုပ်ရသေးဆိုပြီး တွေးနေလိုက်တယ်။
''ဒါလေးပဲ လုပ်ရတာ တောင် ဒီကလူတွေ မလုပ်ဘူးဆိုတော့''
''ဒီတိုင်းပြည်မှာ အယူအဆ တစ်ခုရှိတယ်ကွ''
''ဘာလဲ''
''ကိုယ်စား ဆုတောင်းပေးတဲ့ လူဟာ၊ မိမိကိုယ်တိုင်ကျတော့ အဲ့ဒီဆုတောင်း၊ ဆန္ဒက မပြည့်တော့ဘူးတဲ့၊ ဥပမာအဝိုင်းပြား ၂ဝဝဝ ရပါစေလို့ သူများ ကိုယ်စား ဆုတောင်းရင်အဲ့ဒီဆုတောင်းပေးတဲ့ လူကိုယ်တိုင်က ငွေအဝိုင်းပြား ၂ဝဝဝမရတော့ဘူးလို့ အယူအဆရှိတယ်''
''အင်''
ဘယ်လို အယူအဆကြီးလည်းဟ။ ဘာမှလည်း မဆိုင်ဘူး။အေးလေ... သူ့တိုင်းပြည်၊ သူ့ယုံကြည်မှု နဲ့ သူပေါ့။
''ကောင်းပြီလေ၊ ဘာဆုတောင်းရမှာ လဲ၊ ဘယ်မှာ ဆုတောင်းရမှာ လဲ၊ ဘယ်လောက်ရမှာ လဲ... အဲ... ဒါပေမယ့်အခုတော့ ဗိုက်ဆာနေတယ်ဗျ၊ တစ်ခုခုများ ...''
''ပြီးရင် စားပေါ့၊ အလုပ်က ငါတို့တိုင်းပြည်မှာ ဆုတောင်းရမယ့် နေရာသီးသန့် တစ်ခုရှိတယ်၊ အဲ့ဒီမှာ သွားပြီး ဆုတောင်းရမှာ ၊ တစ်နေ့ကို နေအထွက်ကနေ နေနည်းနည်းစောင်းတဲ့အထိဆုတောင်းပေးယုံပဲ၊ တစ်နေ့ကို အဝိုင်းပြား တစ်ဝိုင်းရမယ်''
''အဆင်ပြေပါတယ်၊ ဒါနဲ့ ဘယ်လို ဆုတောင်းရမှာ လဲ''
''နေဦး၊ မင်းနာမည် ဘယ်လိုခေါ်လဲ''
''မောင်နှစ်''
''အေး...ငါ့အမည်က 'ဂွ' လို့ ခေါ်တယ်''
''အင်''
နာမည်က ဘယ်လိုကြီးမှန်း မသိ။
''ဒီတော့ မင်းက ဒီလို ဆုတောင်းရမယ်''
''ဘယ်လိုလဲ''
''ကျွန်ုပ် မောင်နှစ်သည် 'ဂွ' အတွက် ဆုတောင်း ပေးပါတယ်။ 'ဂွ'တစ်ယောက် ချောချောလှလှ ဇနီးတစ်ယောက် ရပါစေ''
''အဟီး''
မအောင့်အီးနိုင်ပဲ ရယ်မိလိုက်တယ်။ ဘယ်လိုကြီးလဲဟ။ထားပါလေ၊ လူပျိုကြီးဆိုတော။့ 'ဂွ'က ကျုပ် ရယ်ပြဲပြဲဖြစ်နေတာကို ဂရုမစိုက်ပါဘူး။
ဒါပေမယ့် သူက သေချာအောင်တော့ မေးခွန်းတစ်ခုထပ်မေးတယ်။
''မင်းလုပ်မှာ သေချာတယ်နော်''
''သေချာပါတယ်''
''ဒါဆို မင်း ငါ့ရဲ့ ဆုတောင်းအတိုင်း မပြည့်တော့ဘူးနော်''မယုံကြည်တော့ 'ရတယ်'လို့ ဖြေလိုက်တယ်။ အခုအချိန်မှာ အလုပ်က အရေးကြီးတယ်လေ။ ဒီလို လွယ်လွယ်လေး လုပ်ရတဲ့အလုပ်ဆို ပိုတောင်လုပ်ချင်သေး။
''ဖြစ်ပါတယ်ဆို''
''မင်း ဘယ်လိုလူလည်းကွာ၊ အေးလေ... ထားပါတော့ငါကံကောင်းတယ်ပဲ မှတ်လိုက်မယ်၊ ငါကတော့ မင်းလိုမျိုး မိန်းမချောချော မရပဲ မနေနိုင်ဘူးဟေ့''
ထိုသို့ပြောပြီး သူ့အလုပ် သူဆက်လုပ်နေတယ်။
ဒါနဲ့ ကျုပ်ကလည်း-
''အလုပ်က ဘယ်တော့ စလုပ်ရမှာ လဲ''
''အခုလုပ်ရင် ရပြီလေ''
''တစ်ခုခုတော့ အရင်ကျွေးဦးဗျာ''
''သြော်... အိမ်နောက်မှာ ရှိတာသွားစား''
နောက်ဖေးဝင်ပြီး ရှိတာတွေ အကုန်စားလိုက်တယ်။
ကောင်းလိုက်တာ၊ ကျုပ်တစ်သက် ဒီလောက်ကောင်းတာတစ်ခါမှ မစားဖူးဘူး...။
(၄)
ထိုစကားကို ရွတ်ပေးနေတာပဲ အခေါက်အပေါင်း တစ်ထောင်မက ရှိနေပြီ။ အာတော့ နည်းနည်းညောင်းတာပေါ့။ ဒါပေမယ့်အဝိုင်းပြားရတယ်။ နောက်ဆုံး အပိုအလို ပေးတဲ့အနေနဲ့ တစ်ခေါက်ရွတ်လိုက်ပြီး အလုပ်ကို အဆုံးသတ်လိုက်တယ်။
သူတို့ ဆုတောင်းတဲ့နေရာက တိုင်းပြည်အလယ်တည့်တည့်မှာ ရှိပုံရတယ်။ သေချာပြောရရင် ဆုတောင်းတဲ့နေရာက အိုးတွေမြေကြီးထဲဝင်နေတဲ့ ပုံစံတွေရှေ့မှာ ပဲ ဆုတောင်းရတာ ပါ။
ဒါနဲ့ ဆုတောင်းအပြီး မောတာနဲ့ အဲ့ဒီနားမှာ နားနေလိုက်တယ်။ အမောပြေမှ 'ဂွ'အိမ်မှာ အဝိုင်းပြား သွားယူမယ်ပေါ့။
''ကျွန်ုပ် 'တာ'သည် ဒိဿပါမောက္ခကြီးရဲ့ သမီး လှလွန်းမေနဲ့ မယူရပါစေနဲ့ ''
ရုတ်တရက် ခပ်စူးစူးထွက်လာတဲ့ ဆုတောင်းသံကြောင့်ကျုပ်လည်း လန့်သွားတယ်။
ဒါနဲ့ လှည့်ကြည့်တော့ ကျုပ်နဲ့ မလှမ်းမကမ်းမှာ လူတစ်ယောက် ဆုတောင်းနေတာ တွေ့ရတယ်။
''ကျွန်ုပ် 'တာ'သည် ဒိသာပါမောက္ခကြီးရဲ့ သမီး 'လှလွန်းမေ'နဲ့ မယူပါရစေနဲ့ ''
ဆုတောင်းက ဆန်းနေတာကြောင့် စိတ်ဝင်စားသွားတယ်။
တချို့တွေက ယူချင်လွန်းလို့ ဆုတောင်းကြတယ်။ဘယ့်နှယ့်။ သူ့ကျမှ မယူချင်လို့ လာဆုတောင်း ရတယ်လို့။ ပြီးတော့ ဒိဿပါမောက္ခရဲ့ သမီးတဲ့။ ဒိဿပါမောက္ခရဲ့ သမီးတွေက တော်တော်ချောတယ်လို့ ကြားဖူးပါတယ်။ နာမည်လေးကလည်း လှလွန်းမေတဲ့ တော်တော်ချောမယ့်ပုံပဲ။
ဒင်းနဲ့ ခြောက်များ ခြောက်နေလို့လား။ ဒါနဲ့ စိတ်ဝင်စားသွားသောကြောင့်-
''ဟေ့လူ''
သူက တစ်ချက်ကြည့်တယ်။
ပြီးနောက် ပြန်လှည့်သွားပြီး ခုနက ဆုတောင်းကိုပဲနှစ်ခေါက်ထပ်ရွတ်တယ်။ ပြီးမှ-
''ဘာလဲ''
''ခင်ဗျားနဲ့ ဗျာ ဒိဿပါမောက္ခရဲ့ သမီးကိုလူတိုင်း လိုချင်လို့ သုံးနှစ်သုံးမိုး ပညာသင်ပြီး ပိုးပန်းရတယ်လို့ပဲ ကြားဖူးပါတယ်၊အခုတော့ ခင်ဗျားက မလိုချင်လို့ လာဆုတောင်းနေပါလား''
သူက ကျုပ်ကို ကြည့်တယ်။
''ခင်ဗျားက ဒီတိုင်းပြည်က မဟုတ်ဘူးမှတ်လား''
''အင်း... မဟုတ်ဘူး''
''အဒဲ့ါဆို ဝငမ် ပြောပါနဲ့ ဗျာ၊ ခငဗ်ျားကြားဖူးထားတ့ဲ ဒဿိပါမောက္ခကြီးတွေရဲ့ သမီးလိုမျိုး ကျုပ်တို့ဒိဿပါမောက္ခရဲ့ သမီးက မချောဘူး၊ မလှဘူးဗျ၊ ရုပ်ဆိုးတာမှ အားလုံးသူ့ရှေ့မှာ ခေါင်းငုံ့သွားရတယ်၊ မြင်ရင် ကြောက်လို့''
''သြော်... ဒီလိုလား''
''ဟုတ်တယ်''
''ဟုတ်ပါပြီ။ မချောလို့ မလှလို့ မယူချင်လည်း ရပါတယ်၊ခင်ဗျားက ချစ်ကြောင်း၊ ကြိုက်ကြောင်း မပြောရင် ဘယ်ချစ်သူတွေဖြစ်မလဲ။ ချစ်သူတွေမဖြစ်ရင် ယူစရာမလိုဘူးလေ။ အဲဒီ တော့ဒီလိုတောင် လာဆုတောင်းစရာမလိုဘူး''
''ဟာဗျာ၊ ခင်ဗျားကလည်း မသိပဲ ပြောပြန်ပြီ''
ဟုတ်တယ်လေ။ ကျုပ်ပြောတာ မဟုတ်လို့လား။ ဒင်းလျှာမရှည်ရင် ဒင်းမရဘူးပေါ့။ အခုတော့...။
''အင်း... ဘာဖြစ်လဲ ပြောပါဦး''
''ခင်ဗျားလည်း ကြားဖူးမှာ ပေါ့''
''ဘာလဲ''
''ဒိဿပါမောက္ခကြီးဆီမှာ သုံးနှစ်သုံးမိုး ပညာသင်ပြီးသွားရင်တပည့်တွေထဲက တော်တဲ့လူနဲ့ သူ့သမီးကို လက်ထပ်ပေးတာလေ''
''အဲ... ဟုတ်သားပဲ၊ အဲ့ဒါတော့ သိတယ်''
''အခု အဲ့ဒါ ဒုက္ခရောက်နေတာပေါ့''
''ဒါဆို ခင်ဗျားက သူ့တပည့်တွေထဲက အတော်ဆုံးပေါ့''
''အဲ့ဒီလိုလည်း မဟုတ်ဘူး၊ ဒိဿပါမောက္ခကြီးရဲ့ တပည့်အားလုံးက တော်ကြတယ်။ တစ်ယောက်မကျန် တော်ကြတယ်''
''ဒီတော့ ဆရာကြီးက အားလုံးနဲ့ ပေးစားရတော့မှာ ပေါ့''
''ဟာ... အဲ့ဒီလို မဟုတ်သေးဘူးလေ''
''ဒီတော့ ဘယ်လိုကြီးတုန်း''
''ဘယ်သူပိုတော်လည်းဆိုတာ ရွေးရတာ ပေါ့''
''အင်း... ဟုတ်သားပဲ''
''ဒီတော့ ဆရာကြီးက ပြိုင်ပွဲလေး လုပ်တယ်၊ဘယ်သူပိုတော်လည်းဆိုတာ သိရအောင်လေ''
''အင်း''
ကျုပ်လည်း စိတ်ဝင်စားလာတယ်။ ကျုပ်သိထားတဲ့ဟာတွေနဲ့ တလွဲစီဖြစ်နေတာကိုး။
သူက ဆက်ပြောတယ်။
''အဲ့ဒီတော့ ကျောင်းသားအားလုံးက ဆရာကြီးရဲ့ သမီးကိုမလိုချင်ကြတော့ သူတို့ကိုယ်သူတို့ ပြိုင်ပွဲမှာ မတော်အောင် အားထုတ်ကြတယ်။ ဥပမာ-လေးပစ်တယ်ဆိုပါတော့ အားလုံးက ပုံမှန်ဆိုရင် မျက်စိမှိတ်ပစ်တာတောင် အလယ်ဗဟို ထိတယ်။ ပြီးတော့ဘယ်လောက်ဝေးဝေး မိုးပေါ်ကမြှားတွေ ကျလာတဲ့ ပုံစံနဲ့ လည်းပစ်မှတ်ကို မှန်အောင်ပစ်နိုင်ကြတယ်။ အခုတော့ တမင်သက်သက်ရှုံးအောင်ဆိုပြီး ဘေးပစ်တဲ့လူကပစ်၊ အပေါ် ထောင်ပစ်တဲ့သူနဲ့ တစ်ယောက်မှ ပစ်မှတ်ကို မထိကြဘူး''
''အဲ...''
နည်းနည်းတော့ ရယ်ချင်သွားတယ်။ သူတို့နဲ့ တကူးတကကြီး မတော်အောင် လုပ်ရတယ်လို့။
တော်ဖို့ ဘယ်လောက်ခက်တုန်း။ အင်း... တစ်ခါတစ်လေတော့လည်း လွဲအောင် လုပ်ရတာ လည်း ပညာတစ်ခုများ ဖြစ်နေမလား။
''ကြာလာတော့ ဆရာကြီးက ရိပ်မိလာပုံရတယ်''
''အေးလေ... ဒီလောက်လွဲအောင် ပစ်နေကြမှတော့သူ့သမီး မလိုချင်လို့ ဒီကောင်တွေ အကွက်ရွှေ့နေပြီဆိုပြီး ထင်မှာ ပေါ့''
''အန်... ဘာအကွက်ရွှေ့တာလဲ''
''မဟုတ်ဘူး... မဟုတ်ဘူး၊ ဟန်ရေးပြနေတာလို့ပြောတာ၊ ဆက်ပြော... ဆက်ပြော''
''ဒီတော့ ဆရာကြီးက အမိန့်တစ်ခု ထုတ်ပြန်တယ်''
နည်းနည်းစိတ်ဝင်စားလာသောကြောင့် သူ့အနား ကပ်လိုက်ပြီး-
''ဘယ်လိုထုတ်တုန်း''
''အညံ့ဆုံးလူနဲ့ ငါ့သမီးကို ပေးစားမယ်တဲ့''
''အဲ... သေရော''
ဒိဿပါမောက္ခကြီးရဲ့ အတွေးကို တော်တော်လေး သဘော ကျသွားတယ်။သူ့သမီးကို မယူချင်ကြဘူးဆိုတော့ အားလုံးက တော်အောင်ကြိုးစားကြမှာ ပဲ။
ဒါပေမယ့် တော်အောင်လုပ်တယ်ဆိုတာ တစ်ခါတစ်လေတော့ လွဲချော်မှု တွေ ရှိကောင်းရှိနိုင်ပါတယ်။ ညံ့အောင်လုပ်ရတာ သာ လွယ်တာ။
တော်အောင်လုပ်တယ်ဆိုတာ ခက်တယ်လေ။ အကယ်၍ များ ကျောင်းသားတစ်ယောက်က ခြေချော်လက်ချော်ဖြစ်ပြီး၊အမလေး... မတွေးရဲစရာပဲ။
ဒါပေမယ့် သူစကားကို စိတ်ဝင်စားနေတာကြောင့် ဆက်မေးရတယ်။
''အဲဒီ တော့ ဘာဆက်ဖြစ်လဲ''
''အားလုံး ပစ်မှတ်အလယ်ဗဟိုကို ထိအောင်ကြိုးစားရတော့တာပေါ့''
''ထိကြလား''
''ထိတော့ ထိကြတယ်''
သူက ဝမ်းနည်းစွာ နဲ့ စကားဆိုတော့-
''ထိတော့ ထိတယ်ဆိုတော့ ဘာကိုပြောတာလဲ''
''အားလုံးတော့ အလယ်ဗဟိုကို ထိကြပါတယ်၊ ဒါပေမယ့်အလယ်ဗဟိုကို ထိတာခြင်း အတူတူ၊ ထိပုံခြင်း မတူဘူးလေ''
''ဟင်... ဘယ်လိုမတူတာလဲ''''အလယ်ဗဟိုကွက်တိ ထိတဲ့လူ ရှိသလို၊ နည်းနည်းလွဲတာလည်း ရှိတယ်... တစ်စိတ်၊ မသိမသာလေး လွဲတာတို့ပေါ့၊ မပြောပလောက်ပါဘူး၊ ဒါပေမယ့် အဲ့ဒီမပြောပလောက်တာကိုက အရှုံးပဲလေ၊ ညံ့လို့ အတိအကျ မပစ်နိုင်ဘူး ဖြစ်နေတာပေါ့''
''ဒါဆို နည်းနည်းလေး မဖြစ်စလောက် လွဲတဲ့လူ ဆရာကြီးရဲ့ သမီးကို ယူရမှာ ပေါ့''
''ဟုတ်တယ်''
ငိုသံနည်းနည်းပါလာတယ်။
သူ့ကြည့်ပြီး ကျုပ်တောင် စိတ်ညစ်လာတယ်။
''အခု ခင်ဗျားက ရှုံးနေလို့လား''
''အဲ့ဒါတော့ မနက်ဖြန်မှ သိရမှာ ဗျ၊ ကျုပ်ဘယ်လောက်လွဲသလဲ၊ ဘယ်သူတွေ ဘယ်လောက်လွဲသလဲဆိုတာ ဆရာကြီးကမနက်ဖြန်မှ ကြေညာမှာ တဲ့၊ အခု ဒါနဲ့ ပတ်သက်ပြီး လာဆုတောင်းတာပဲ''
သူ့စကားကို အဆုံးသတ်ပြီး နံရံဘက်ကို မျက်နှာမူကာဆက်ဆုတောင်းနေပြန်တယ်။
ဆုတောင်းနေတာမှ တကယ့်ကို လေးလေးနက်နက်ဆုတောင်းနေတဲ့ ပုံစံပါပဲ။
''နေပါဦးဗျ၊ ခင်ဗျားက လာဆုတောင်းနေရအောင်အလယ်ဗဟိုကို သေချာမပစ်ခဲ့ဘူးလား''
''ပစ်တော့ပစ်တာပဲ၊ ဒါပေမယ့် ပစ်လိုက်တဲ့ အချိန်မှာ လက်အယူအဆက နည်းနည်းလွဲသွားတယ်ဗျ၊ အဲ့ဒါကို စိတ်ပူနေတာ၊ ပြီးတော့ ကျန်တဲ့ ပစ်တဲ့လူတွေကို လိုက်မေးကြည့်တော့လည်း ကျုပ်လောက် အချိန်အဆလွဲတဲ့လူ တစ်ယောက်မှ မရှိဘူးဖြစ်နေတယ်၊ ဒီတော့ ကျုပ်က ကံအဆိုးဆုံးဖြစ်ဖို့ များ နေတယ်ဗျ၊အဲ့ဒါကြောင့် ဆုတောင်းနေရတာ ''
''ရော်..ခက်ပြီ''
တကယ်လည်း ကြံရခက်သွားတယ်။ သူ့မှာ လည်း ထိတ်ထိတ်လန့်လန့်နဲ့ ဆက်ဆုတောင်းနေတယ်။
မချစ်ရတဲ့သူနဲ့ ပေါင်းဖို့ဆိုတာကလည်း တစ်ဒုက္ခပဲ။
''ဆရာကြီးသမီးကို မယူချင်ဘူးဆိုပြီး ငြင်းလို့မရဘူးလား''
ကျုပ်ကလည်း အထွန့်တက်ပြီး မေးလိုက်တယ်။
သူက ဆုတောင်းနေရင်းမှ ခေါင်းခါပြပြီး-
''မရဘူးဗျ၊ သူက ဆရာလေဗျာ၊ ဒီတော့ သူ့စကားဘယ်လွန်ဆန်လို့ ဖြစ်မလဲ''
ဟုတ်တော့လည်း ဟုတ်သား။
ဒါနဲ့ ကျုပ်လည်း ဘာမှ မပြောတော့ပဲ ငြိမ်နေလိုက်တယ်။သူကတော့ ဆက်ဆုတောင်းနေလေရဲ့ ။
ခဏကြာတော့ ကျုပ်လည်း အတွေးတစ်ခုရတာ နဲ့ အငြိမ် မနေနိုင်ပဲ ထပ်မေးမိပြန်တယ်။
''ချစ်သူရည်းစားရှိလို့ မယူနိုင်ဘူးဆိုပြီး ပြောရင်ရော''
''အင်း... အဲ့ဒီလိုဆိုရင်တော့ ရတယ်၊ ခက်တာက
ကျုပ်မှာ ချစ်သူရည်းစားဆိုလို့ တစ်ယောက်မှတောင် မရှိဘူး''
''လိမ်ပြောပေါ့ဗျ''
''အာ... ဒီတိုင်းပြည်မှာ ဘယ်သူဘာဖြစ်တယ်ဆိုတာအားလုံးသိနေတာ လိမ်လို့မရဘူး''
''ဒါလည်း ဟုတ်သား''
''စိတ်အပင်ပန်း မခံပါနဲ့ ဗျာ၊ ကျုပ်အပြစ်နဲ့ ကျုပ်သာရှိပါစေတော့''
သူက ကျုပ်ကို အားနာလာပုံရတယ်။
ကျုပ်လည်း သူ့အဖြစ်ကို ကြည့်ပြီး တော်တော်လေးကိုစိတ်မကောင်းဖြစ်နေမိတယ်။
ဒါကြောင့် ဘာရယ်မဟုတ် နည်းလမ်းလေးရလိုရငြားဆက်စဉ်းစားနေမိတယ်။
''ခင်ဗျားကြိုက်နေတဲ့ ကောင်မလေးတွေကရော မရှိဘူးလား''
သူ တစ်ချက်တွန့်သွားတာကို ကျုပ်သတိထားမိတယ်။ဒါဆို သေချာပြီ၊ သူကြိတ်ကြိုက်တဲ့ ကောင်မလေးရှိမှာ ပဲ။မပြောရဲလို့လား၊ ဒါမှမဟုတ်...။
''ရှိတော့ ရှိတယ်၊ အင်း... မဖြစ်ပါဘူးဗျာ''သူက သက်ပြင်းအရှည်ကြီးချပြီး ငြီးတွားနေတယ်။
''ဘာဖြစ်လို့လဲဗျ၊ ပြောပြစမ်းပါ''
(၅)
''သူ့နာမည်က နုအုထွဋ်တဲ့''
''အဲ... နာမည်က လှသား''
''အဟီး''
သူက သဘောကျပြီး မျက်နှာမထားတတ်အောင် ဖြစ်နေတယ်။ ဒါနဲ့ ကျုပ်လည်း ဆက်မေးရတယ်။
''ခင်ဗျားကို သူက ပြန်မချစ်လို့လား''
''ဟင်း... အဲ့ဒီလိုလည်း မဟုတ်ဘူးဗျ''
''ဒါဆို ပြန်ချစ်တယ်ပေါ့''
''ဒီလိုလည်း ပြောလို့မရပြန်ဘူး''
''သူ့မိဘတွေက သူ့သမီးကို သဲသဲလှုပ် ဖြစ်နေလို့များ လား''
''ဒါကတော့ တစ်ဝက်ပဲ မှန်တယ်''
ရော်... သူ့ဟာက ဘယ်လိုကြီးတုန်း။ ကျုပ်နည်းနည်း စိတ်လေသွားတာတော့ အမှန်ပဲ။
''ဒါဆိုလည်း အသေးစိတ် ပြောပါဦး''
''သူ့အဖေကြီးက လူ့ဂွစာကြီးဗျ၊ အူကြောင်ကြောင်ကြီးလို့လည်း သတ်မှတ်လို့ရတယ်''
''ဘယ်လို ဂွစာလည်း ပြောပါဦး''
''ဥပမာဗျာ- ဒီတိုင်းပြည်က ပိုက်ဆံရှိတဲ့ လူတော်တော်များများ က ဝေါယာဉ်နဲ့ သွားကြတယ်''
''အင်း''
''အဲ့ဒီလို ဝေါယာဉ်သုံးရင် လူလေးယောက် သုံးရတယ်၊ရှေ့နှစ်ယောက်၊ နောက်နှစ်ယောက်ပေါ့''
''သိတယ်၊ ဆက်ပြော''
''အဲ့ဒါကို သူက လူလေးယောက်မဆွဲပဲနဲ့ အဲ့ဒီလူလေးယောက်နေရာမှာ ဘာလဲဗျာ၊ သူပြောတဲ့စကားအရဆိုရင် သစ်သားအဝိုင်းကြီးတွေတပ်ပြီး လူတစ်ယောက်ကပဲ တွန်းမယ်ဆိုရင် ကျန်တဲ့လူသုံးယောက်ကို အခြားနေရာတွေမှာ ခိုင်းလို့ မသင့်ဘူးလားဆိုတဲ့အတွေးတွေပေါ့ဗျာ၊ အဲ့ဒီအတွေးတွေလောက် ကြောင် တာမရှိဘူး''
''ဟင်...''
အဖိုးကြီးရဲ့ အတွေးကိုတော့ နည်းနည်းတွန့်သွားတယ်။ကျုပ်တွန့်သွားကြောင်းကိုတော့ 'တာ'က မရိပ်မိပါဘူး။သူ့အရှိန်နဲ့ သူ ဆက်ပြောနေတယ်။
''အခုလည်း သူ့သမီးနဲ့ ပတ်သက်ရင် ဒီလိုပဲ''
''ဘာ... သူက လူတစ်ယောက်ပဲ ယူလို့ရတဲ့ သူ့သမီးကိုလူလေးယောက်နဲ့ ပေးစားမလို့လား''
''ဟာဗျာ... ခင်ဗျား ဘာတွေပြောနေတာလဲ''
''နို့... သိဘူးလေ၊ ခင်ဗျားပဲ ခင်ဗျားယောက္ခမကြီးကဂွတွေးတွေးတယ်ဆို''
''မဟုတ်ဘူး... မဟုတ်ဘူး၊ အခုကိစ္စမှာ ဒီလို မဟုတ်ဘူး''
''ဒါဆို ဘယ်လိုတုန်း''
''ငရုတ်သီးနဲ့ ဆိုင်တယ်''
''ဘာ...''
![]() အီဖေကိုယ် | ![]() လိပ်ပြာရယ်သံ | ![]() အချစ်ဆိုင် |