Cover

အခန်း (၁)

(က)

ဆိုင်တစ်ဆိုင် ဖြစ်သည်။ ကော်ဖီနှင့် အသည်းပုံစံမုန့်သာရရှိပြီး အတွဲ များ သာထိုင်သည့် ဆိုင်တစ်ဆိုင်လည်း ဖြစ်သည်။နေရာထိုင်ခင်းမှာ လွတ်လပ်မှု ရှိပြီး သီးသန့်ဆန်သော ကြောင့် အတွဲ များ ကြိုက်နှစ်သက် လေ့ရှိကြသည်။

ထိုဆိုင်ကိုထိုင်သည့် အတွဲ များ သည် ကော်ဖီနှင့် မုန့်အတွက်ငွေပေးချေရခြင်း မရှိချေ။

ထိုင်သည့်အချိန်အတွက်သာ ငွေပေးချေရခြင်း ဖြစ်သည်။ကော်ဖီနှင့် မုန့် ကတော့ အလကား ချပေးခြင်း ဖြစ်သည်။ထို့ကြောင့် 'ကိုယ့်ချစ်သူကို တန်ဖိုးရှိရှိ အချိန်များ နှင့် တွေ့ ရခြင်း'ဟုဆိုပြီး ထိုင်သည့်အတွဲ များ က ဂုဏ်ယူကြသည်။

ထို့ပြင် အခြားထူးခြားချက်လေးတွေ လည်း ရှိသေးသည်။

ထိုအရာများ မပြောခင် ဆိုင်နာမည် ကို အရင်ပြောချင်သည်။

ဆိုင်၏ အမည် မှာ 'အချစ်ဆိုင်'ဟု အမည် တွင် သည်။

****

(ခ)

ဆိုင်ထဲ ဝင်ဝင်ချင်း ကောင်တာတစ်ခုကို တွေ့ ရမည် ဖြစ်သည်။ ထိုကောင်တာပေါ်တွင် မည် သည့်ပစ္စည်းမှ မတင်ထားဘဲစာအုပ်ခပ်ကြီးကြီးတစ်အုပ်သာ တင်ထားသည်။

ဆိုင်ထဲသို့ ဝင်လာသော စုံတွဲ သည် ထိုစာအုပ်ဆီသို့ သွားရပြီးနံပါတ်စဉ်တပ်ကာ 'အမှတ်တရ' လက်မှတ်ရေး ထိုးရလေ့ရှိသည်။မရေး ထိုးလည်း ရပါသည်။ သို့သော် ဆိုင်လာသည့် အတွဲ တိုင်း ကတော့ ထိုစာအုပ်ထဲတွင် အမှတ်တရစကားများ ရေး ကာ လက်မှတ်ထိုးလေ့ ရှိသည်။

ထိုသို့ လက်မှတ်ထိုးပြီးပါက ဆိုင်စည်းကမ်းအတိုင်း နံရံတွင် ကပ်ထားသော 'လက်လှည့်အဝိုင်း'ရှိရာသို့ သွားရသည်။

ထိုလက်လှည့်အဝိုင်းကို နမူနာပြရမည် ဆိုပါက တစ်ဖက်ပါအတိုင်း ဖြစ်သည်။

****

Cover

ထိုလက်လှည့်အဝိုင်းဖြင့် မိမိထိုင်ရမည့်  ထိုင်ခုံနေရာကို ရွေးရခြင်း ဖြစ်သည်။ ထိုစက်ဝိုင်းထဲတွင် နံပါတ်စဉ်များ ရေး ထားသည်။

မလွတ်တော့သည့် ထိုင်ခုံနံပါတ်များ ကိုတော့ အမှတ်အသားများ ပြုလုပ်ထားသည်။

ထိုမလွတ်သည့် ခုံများ ကို ကျရောက်သွားခဲ့ပါက နောက်တစ်ခါထပ်လှည့်ရန် ဖြစ်သည်။

နံပါတ် (၅) ကျသည်ဆိုပါစို့... ထိုအခါ သင်တို့စုံတွဲ သည်နံပါတ် (၅)ခုံတွင် ထိုင်ရမည် ဖြစ်သည်။

ထိုလက်လှည့်စက်ဝိုင်း၏ ဘေးရှိ နံရံများ တွင် နံပါတ်စဉ်အလိုက် စာသားများ ရေး သားထားသေးသည်။

ဥပမာ နံပါတ် (၅)ကျသည့်စုံတွဲ သည် မိမိနှင့် သက်ဆိုင်ရာနံပါတ် ဖြစ်သည့် နံပါတ် (၅)ကို ဖတ်ကြည့်မည် ဆိုပါက အောက်ပါအတိုင်း တွေ့ ရမည် ဖြစ်သည်။

ခုံနံပါတ် (၅)

နံပါတ် (၅)တွင် ထိုင်ရမည့်စုံတွဲ သည် နှစ် ယောက် တည်း ထိုင်စကားပြောရတာ ပျင်းရိနေမည် ဆိုပါက အောက်ပါကစားနည်းဂိမ်းများ ကို ခုံနေရာတွင် ပင် အခမဲ့ ရရှိနိုင်ပါသည်။

(က) အချစ်ကတ်ကစားနည်း

(ခ) Love Puzzle Book

(ဂ) Lovepoly (မိုနိုပိုလီကစားနည်းအား အချစ်အတွက်ပြုပြင်ထားခြင်း ဖြစ်)

(ဃ) ဒူးထောက်တောင်းပန် ချစ်ခွင့်ပန်ကစားနည်း

(င) ချစ်ခြင်း ဘယ်ညာ ကစားနည်း

စသည်တို့အား ခုံ၏ ဘယ်ဘက်အောက်ခြေတွင် ကစားရမည့်ပုံစံနှင့် ရှင်းလင်းမှု များ နှင့် အတူ ကစားနိုင်ပါသည်။ (အခြားနံပါတ်ခုံများ တွင် လည်း သူ့ကစားနည်းများ နှင့် သူ ဖြစ်သည်။)

ထို့ပြင် နံပါတ်စဉ်နေရာများ ၏ ထူးခြားချက်များ ကိုလည်းရေး ထားသေးသည်။ ဥပမာ- နံပါတ် (၅)အောက်တွင် -

(က) ရှုခင်းပိုကောင်းခြင်း

(ခ) နှစ် ဦးသား နားဆင်နိုင်သည့် နားကျပ်နှစ် စုံနှင့် ကြိုက်နှစ်သက် ရာ သီချင်းနားထောင်ခွင့်

(ဂ) ကော်ဖီအပို သုံးဆောင်ခွင့်များ ရရှိမည် စသည်ဖြင့် ဖြစ်ပါသည်။

အခြားအချက်အလက်များ လည်း ပါသေးသည်။ အသေးစိတ်ကိုတော့ ဤနေရာတွင် မပြောတော့...။ ထိုသို့ဖြင့် မိမိနှင့် သက်ဆိုင်ရာ ခုံနံပါတ်အကြောင်း ဖတ်ပြီးပါက နောက်ထပ် ကောင်တာတစ်ခုတွင် ကော်ဖီနှင့် မုန့်တို့ကို ကိုယ်တိုင်ယူ စနစ်ဖြင့် ယူပြီး မိမိထိုင်ခုံနံပါတ်တွင် သွားရောက်ထိုင်နိုင်ပြီ ဖြစ်ပါသည်။

****

(ဂ)

ခပ်ဆန်းဆန်းလုပ်ထားပြီး စုံတွဲ များ မပျင်းရိ မငြီးငွေ့အောင်၊Romance ဆန်ဆန်နေနိုင်အောင် ဝန်ဆောင်မှု ပေးသည့်ဆိုင် ဖြစ်သည်။

ရိုးသားရမည် ။ ညစ်တီးညစ်ပတ် အပြုအမူများ ကို ဆိုင်ကလက်မခံပေ။ ထို့ကြောင့် ထို 'အချစ်ဆိုင်'သည် စုံတွဲ များ ကြားတွင် နာမည် ကြီးနေလေသည်။

အချိန်ကိုလိုက်၍ ငွေကြေးယူသည်ဆိုသော်လည်း ဈေးနှုန်းကြီးမြင့်သည့် ဈေးမဟုတ်ဘဲ ဝန်ဆောင်မှု နှင့် တန်သည့် ဈေးမျိုး ဖြစ်၍ လာရောက်သူတိုင်းက ကျေနပ်ကြသည်။

နောက်တစ်ခါ လာကြသည်။

တစ်ခါတစ်ခါ ထိုင်ခုံပြည့်နေသော ကြောင့် ပြန်သွားရသည့်စုံတွဲ များ လည်း ရှိသည်။

ထိုသို့သော ဆိုင်မျိုး ဖြစ်သည်။

****

(ဃ)

'အချစ်ဆိုင်'သည် ယခုမှ ဖွင့်သည့်ဆိုင်တော့ မဟုတ်ပါ။ ရှေးအဆက်ဆက်က ဖွင့်ခဲ့သည့်ဆိုင် ဖြစ်သည်။

ယခု ဤဆိုင်ကိုပိုင်သော ဦးလေးကြီးကလည်း သူ့အဖေဆီကဒီ 'အချစ်ဆိုင်'ကို အမွေရခဲ့ခြင်း ဖြစ်သည်။

ခေတ်အဆက်ဆက် ပြောင်းလာခဲ့သော ကြောင့် ခေတ်နှင့် လျော်ညီအောင် နည်းစနစ်များ ပြုပြင်ခဲ့ကြသည်။

ရှေးခေတ်တုန်း ကတော့ ရှေးခေတ်စတိုင်၊ အခုခေတ်တော့အခုခေတ်စတိုင်မျိုး ဖြစ်သည်။

မည် သို့ပင် ဖြစ်စေ 'အချစ်ဆိုင်'သည် အမျိုးမျိုးဆန်းသစ်နေလေသည်။ အတွဲ ပေါင်းစုံလာကြသည်။

ရင်ခုန်ကြသည်။ ပျော်ကြသည်။ တချို့အိမ်ထောင်ကျပြီးကြသော်လည်း ချစ်သူဘဝကိုလွမ်း၍ တကူးတက ပြန်လာထိုင်သူများ လည်း ရှိသည်။

****

ဤသို့ဖြင့် 'အချစ်ဆိုင်'သည် စုံတွဲ များ သာထိုင်သည့် နာမည် ကြီး ဆိုင်တစ်ဆိုင် ဖြစ်လာသည်။

တစ်နေ့
ထိုဆိုင်လေးထဲသို့...

****

အခန်း (၂)

ရာသီဥတုက အေးဆေး ဖြစ်နေသည်။ တစ်ခါတစ်ရံ လေပွေလေး တိုက်သည်မှအပ အပြင်တွင် ပူခြင်း၊ အေးခြင်းမရှိဘဲ မျှတသည့် ရာသီဥတု ဖြစ်နေသည်။

လေပွေလေးတွေ ကြောင့် လွင့်လာသော သစ်ရွက်လေးအချို့ ကတော့ 'အချစ်ဆိုင်'၏ ဆိုင်းဘုတ်ကလေးကို လာထိကြသော ကြောင့် ဆိုင်းဘုတ်က လှုပ်ယမ်းနေသည်။

အပြင်ကနည်းတူ ဆိုင်ထဲမှာ လည်း တိတ်ဆိတ်ငြိမ်းချမ်းနေ၏ ။ဆူညံခြင်းမရှိဘဲ ကိုယ့်ခုံ၊ ကိုယ့်နေရာမှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဆင်ပြေနေကြလေသည်။

ဒီနေ့ လူနည်းနည်း ပါးသော ကြောင့် ဆိုင်ရှင်ဦးလေးကြီးက'အမှတ်တရစာအုပ်'ရှိရာကောင်တာတွင် မိန့်မိန့်ကြီးထိုင်နေပြီးစာအုပ်တစ်အုပ် ဖတ်နေလေသည်။

ကော်ဖီနှင့် မုန့်ကောင်တာမှ မိန်းကလေးနှစ် ဦးကလည်းစကားတိုးတိုးပြောရင်း အလှပြင်နေကြလေသည်။

သူတို့နေရာနှင့် အတွဲ များ ထိုင်သည့်ခုံများ သည် တစ်သီးတစ်သန့်စီ ဖြစ်သော ကြောင့် သူတို့က အတွဲ များ ကို ဂရုတစိုက်ကြည့်နေရခြင်း၊ အတွဲ များ ကလည်း သူတို့ကို ပြန်ကြည့်နေရခြင်းမရှိသော ကြောင့် အဆင်ပြေလေသည်။

အချိန်သည် နေ့လယ် (၁၂)နာရီ ဖြစ်သည်။ဆိုင်ထဲက အဲယားကွန်း၏ အေးမြမှု ကြောင့် ဆိုင်ရှင်ဦးလေးကြီးမှာ နည်းနည်း အေးသလို ဖြစ်သွားသည်။

ဖတ်နေသည့် စာအုပ်ကလည်း စိတ်ဝင်စားဖို့ မကောင်းသော ကြောင့် ဘေးကိုချထားလိုက်ပြီး ရှေ့ရှိ 'အမှတ်တရစာအုပ်'ကိုလှမ်းဆွဲယူလိုက်သည်။

ထို့နောက် စာအုပ်ကို ဖွင့်လိုက်ပြီး နံပါတ်စဉ်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအခါမှ တစ်စုံတစ်ခုကို သတိရမိလိုက်ပြီး'တော် သေးတာပေါ့၊ မေ့တော့မလို'ဟု ရေရွတ်လိုက်ရင်း...စာအုပ်ကြားတွင် ညှပ်ထားသော ဘောပင်ကို ကောက်ကိုင်လိုက်ပြီးစာအုပ်ထဲမှာ တစ်စုံတစ်ခု ချရေး လိုက်သည်။

''ဟင်... အရေး ထဲ မင်က ကုန်နေပြီ''

မင်ကုန်နေသော ကြောင့် စာအုပ်ထဲတွင် ရေး မရဘဲ ဖြစ်နေသည်။

ထို့ကြောင့် ကောင်တာမှထပြီး ဆိုင်နောက်ဘက်ရှိ စတိုခန်းထဲသို့ ဘောပင်အသစ်ယူရန်အတွက် ဝင်သွားလိုက်သည်။

ထိုအချိန်တွင် ဆိုင်အဝင်တံခါး ပွင့်သွားပြီး စုံတွဲ တစ်တွဲ ဝင်လာသော ကြောင့် အပြင်ကလေတချို့ အထဲဝင်လာသည်။

မုန့်ကောင်တာမှ မိန်းကလေးနှစ် ယောက် က တစ်ချက် မော့ကြည့်သည်။ ထို့နောက် 'အချစ်ဆိုင်'၏ ထုံးစံအတိုင်း မျက်လွှာလေးပြန်ချထားသည်။

ဝင်လာသော စုံတွဲ မှာ ကောင်တာရှိ 'အမှတ်တရ'စာအုပ်ဆီသို့တန်းသွားလိုက်ပြီး-

''ဘာရေး ရင် ကောင်းမလဲ''

ကောင်လေးက ကောင်မလေးကို တိုးတိုးလေး ကပ်မေးလိုက်သည်။

''ကို... ကြိုက်တာ ရေး ပါ''

ထိုသို့ဖြင့် အချင်းချင်း သူရေး ကိုယ်ရေး ဖြစ်နေတုန်း ကောင်လေးက ဘောပင်ကို ဆတ်ခနဲ ကောက်ကိုင်လိုက်ပြီး နံပါတ်စဉ်အရင်ထိုးလိုက်သည်။

''ဟာ... ဘောပင်က မင်ကုန်နေတယ်ဟ''

''ကြာညိုမှာ ပါတယ်''

ကောင်မလေးက သူ့လွယ်အိတ်ထဲက ဘောပင်ကိုထုတ်ပြီးပေးလိုက်သည်။

ကောင်လေးကလည်း ကောင်မလေး ဘောပင်ကို ယူလိုက်ပြီးလက်ရှိရောက်နေတဲ့ နံပါတ်စဉ်ကို အရင်ရေး လိုက်သည်။

ထို့နောက် ဘေးရှိ အကွက်များ တွင် နာမည် များ နှင့် အခြားအရာများ ဖြည့်ပြီး ကွက်လပ်ရှည် တစ်ခုတွင် တော့ စာတန်း တစ်တန်း ချရေး လိုက်၏ ။

''ဘာရေး တာလဲ''

ကောင်မလေးက စာအုပ်ကို အတင်းယူကြည့်သည်။

ကောင်လေးကလည်း မပြသေးဘဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ဆက်ရေး နေသော ကြောင့် ကောင်မလေးမှာ သိချင်စိတ်ပြင်းပြလာပြီး အတင်းဆွဲယူကြည့်လိုက်သည်။

''အံမယ်... ဘယ်ဆိုးလို့တုံး၊ ရေး တတ်သားပဲ''

ကောင်မလေးက ကောင်လေးရေး ထားသည်ကို သဘောကျပြီး တခစ်ခစ်ရယ်နေလေသည်။

''ကြာညိုလည်း ရေး ဦးလေ''

''ရေး တတ်ဘူး''

''တစ်ခုခုပေါ့''

''ဟာ... ရေး ချင်ပါဘူးဆို''

ထို့ကြောင့် ကောင်လေးက အတင်းမတိုက်တွန်းတော့ဘဲဘေးရှိ လက်လှည့်စက်ဝိုင်းရှေ့တွင် ရပ်လိုက်ကြသည်။ ပြီးနောက်-

''ဝှီး''

စက်ဝိုင်းကို နှစ် ဦးသား အတူလှည့်လိုက်ကြလေသည်။ စက်ဝိုင်းက အရှိန်နှင့် လည်နေပြီး ခဏအကြာတွင် တဖြည်းဖြည်း အရှိန်နှေးသွားပြီး ရပ်သွားလေသည်။

''တစ်ဆယ်''

ကောင်လေးက ရေရွတ်လိုက်သည်။

ကောင်မလေးက 'ဟေး'ဟု တိုးတိုးလေး အော်လိုက်ပြီး တစ်ဖက်ရှိ နံပါတ် (၁ဝ)ဆိုသည့် စာများ ကို ဖတ်နေလေတော့သည်။ထို့နောက် ဒါ ကစားမယ်၊ ဒါ မကစားဘူးဖြင့် နှစ် ယောက် သား တိုးတိုးကျိတ်ကျိတ် ပြောနေကြလေသည်။

ခဏအကြာတွင် ထိုကောင်လေးနဲ့ ကောင်မလေးမှာ မုန့်ကောင်တာရှိ မုန့်နှင့် ကော်ဖီကိုယူကာ ထိုင်ခုံနံပါတ် (၁ဝ)မှာ သွားထိုင်ကြလေသည်။

ထိုအချိန်တွင် မုန့်ဆိုင်အနောက်ရှိ စတိုခန်းထဲသို့ ဝင်သွားသော ဆိုင်ရှင်ဦးလေးကြီးမှာ ပြန်ထွက်လာပြီး ကောင်တာပေါ်ရှိစာအုပ်ကို ပွင့်လျက်သား မြင်လိုက်ရသော ကြောင့် အထိတ်တလန့် ဖြစ်သွားပြီး ကောင်တာဆီသို့ အလျင်စလို ပြေးသွားကာ စာအုပ်ကိုကြည့်မိလိုက်သည်။

''ဟင်...''

****

(၂)

ဆိုင်ရှင်ဦးလေးကြီးမှာ ဂဏှာမငြိမ် ဖြစ်နေလေသည်။ ကောင်တာပေါ်က စာအုပ်ကိုကြည့်လိုက်၊ ကောင်တာရှေ့မှာ ဟိုဘက်လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက်နှင့် စိတ်မငြိမ်ဘဲ ဖြစ်နေသည်။

''ငါ မှားတာ၊ ငါ ပေါ့ဆတာ''

ဟုလည်း ပါးစပ်က ရေရွတ်နေသေးသည်။

ထို့ပြင် ဘေးရှိ လက်လှည့်စက်ဝိုင်းကိုလည်း ကြည့်လိုက်၏ ။

''တစ်ဆယ်၊ အင်း၊ ဘယ်လိုလုပ်ရမလဲ၊ ဒုက္ခပါပဲ''

ဆိုင်ရှင်ဦးလေးကြီး ဖြစ်နေပုံကိုကြည့်ပြီး မုန့်ကောင်တာမှမိန်းကလေးနှစ် ဦးကလည်း အံ့သြနေလေသည်။

စာအုပ်တစ်အုပ်နှင့် ပုံမှန်ငြိမ်နေလေ့ရှိသော သူတို့ဆရာမှာ 'အမှတ်တရစာအုပ်'ကိုကြည့်လိုက်၊ လက်လှည့်စက်ဝိုင်းကို ကြည့်လိုက်၊ ပါးစပ်ကလည်း တိုးတိုး တိုးတိုးနှင့် ရေရွတ်နေသော ကြောင့် ဘာ ဖြစ်နေမှန်း မရိပ်မိဘဲ ရှိနေကြသည်။

''ဆရာ ဦးဝင်းတင် ဘာ ဖြစ်နေတာလဲ''

''မသိဘူးလေ၊ ခုနတုန်း ကတော့ အကောင်း၊ စတိုခန်းထဲကပြန်ထွက်လာပြီးမှ ဘာ ဖြစ်သွားတာလဲ မသိဘူး''

သူတို့လည်း သူတို့ဆရာ ဦးဝင်းတင်ကိုကြည့်လိုက်၊ မသိချင်ယောင်ဆောင်လိုက်နှင့် လုပ်နေရသည်။

ခဏအကြာတွင် ဆိုင်ရှင်ဦးလေးကြီးက သူတို့နှစ် ယောက် ထဲမှ တစ်ယောက် ကို လက်ယပ် လှမ်းခေါ်သည်။

''ဟဲ့... နင့်ကို ခေါ်နေတယ်''

''ဟယ်... ဘာလုပ်ဖို့လည်း မသိဘူး''

''မြန်မြန်သွားဦး၊ ဆရာ့ပုံစံက အရေး ကြီးနေတဲ့ပုံစံပဲ''

မိန်းကလေးသည် ကောင်တာမှ ခပ်မြန်မြန်ထွက်လိုက်ပြီး သူ့ဆရာဆီသို့ မပြေးရုံတမယ် သွားလိုက်သည်။

''ဘာ... ဘာ ဖြစ်လို့လဲ ဆရာ''

သူ့ဆရာမှာ ချွေးများ ပြန်နေပြီး တစ်ခုခုကိုလည်း စိုးရိမ်နေပုံရသည်။

''စ... စတိုခန်းထဲမှာ ရှိတဲ့ အရင်တုန်းက 'အမှတ်တရ'စာအုပ် အဟောင်းတွေ သွားယူခဲ့ပါဦး''

''အကုန်လုံးလား ဆရာ''

''အေး...''

သူ့ဆရာက လက်ကိုနောက်ပစ်ကာ လမ်းပြန်လျှောက်နေလေသည်။

သူလည်း ခေါင်းကုတ်ပြီး စတိုခန်းဘက်ကို ဦးတည်လိုက်သည်။ ကောင်တာက သူ့သူငယ်ချင်းက 'ဘာလဲ'ဆိုသည့်ပုံစံဖြင့် မေးငေါ့ပြသည်။ သူကလည်း 'မသိဘူး'ဆိုသည့်ပုံစံဖြင့် ခေါင်းခါပြလိုက်သည်။

****

(၃)

ဦးဝင်းတင်သည် ကောင်တာပေါ်ရှိ 'အမှတ်တရစာအုပ်'အဟောင်းများ ထဲက တစ်အုပ်ကိုဆွဲယူလိုက်သည်။

စာရွက်အချို့ကို ခပ်သွက်သွက်လှန်လိုက်ပြီး တစ်နေရာအရောက်တွင် ရပ်လိုက်ကာ နံပါတ်စဉ်တစ်ခုကို ကြည့်နေပြန်၏ ။မုန့်ကောင်တာမှ မိန်းကလေးနှစ် ယောက် ကလည်း သူ့ဆရာ၏ ထူးဆန်းသော အပြုအမူများ ကို စိတ်ဝင်တစား ကြည့်နေကြသည်။

''ဟူး...''

ဦးဝင်းတင် သက်ပြင်းချလိုက်သည်။

''မ ဖြစ်ဘူး၊ သတိတော့ ပေးရမှာ ပဲ''

တစ်ဦးတည်း အသံထွက်ရေရွတ်မိသည်။

အတွဲ များ ရှိရာဘက်သို့ မမြင်ရသော်လည်း မကြာခဏ လှမ်းကြည့်နေမိသည်။

စုံတွဲ တစ်တွဲ ထွက်လာသည်။

ဦးဝင်းတင်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွာပြီး-

''ဘယ်... ဘယ်ခုံနံပါတ်ကလဲ''

ဟု အလျင်စလို မေးမိလိုက်သည်။

ထိုစုံတွဲ ကလည်း...

''၆ ကပါ''

ဟုဆိုပြီး သူ့ကို အူကြောင်ကြောင်နဲ့ ပြန်ကြည့်နေလိုက်သည်။

''သြော်... အင်း''

ခဏနေမှ သတိဝင်လာပြီး အသက်ကို ပုံမှန်ပြန် ရှူနေလိုက်သည်။

ထိုစုံတွဲ ကတော့ ကျသင့်ငွေများ ပေးချေပြီး ထွက်သွားလေသည်။

မုန့်ကောင်တာမှ သူ့တပည့်မလေးကို ပြန်ခေါ်လိုက်ပြီး စာအုပ်များ ကို စတိုခန်းထဲ ပြန်ထည့်ခိုင်းလိုက်သည်။

ထို့နောက် စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး ကောင်တာတွင် ပြန်ဝင်ထိုင်သည်။

ဖတ်လက်စ စာအုပ်ကို ကောက်မကိုင်တော့ဘဲ သူ့ရှေ့ရှိ ဖွင့်လက်စ 'အမှတ်တရစာအုပ်'၏ နောက်ဆုံးနံပါတ်စဉ်ကို ကြည့်နေမိသည်။

Cover

၁း၃ဝ မိနစ်

(၄)

''ခုံနံပါတ် (၁ဝ)ကပါ၊ ဘယ်လောက်ကျလဲ ဦးလေး''

ငယ်ရွယ်ပြီး လိုက်ဖက်ညီ ချောမောလှသည့် စုံတွဲ ဖြစ်သည်။အထဲတွင် ပျော်ရွှင်ခဲ့ပုံရပြီး နှစ် ဦးသားတွင် အပြုံးစများ မပျောက်ကွယ်သေးဘဲ ရှိနေချိန် ဖြစ်သည်။

''ဦး... ဘယ်လောက်ကျလဲ''

ထိုအခါမှ ဦးဝင်းတင်မှာ သတိပြန်ဝင်လာပြီး-

''သြော်... အေး''

ဟုဆိုကာ ကျသင့်ငွေကို ပြောလိုက်၏ ။

ကောင်လေး လှမ်းပေးသော ငွေကို လှမ်းယူနေသော ဦးဝင်းတင်၏ လက်မှာ အနည်းငယ် တုန်နေလေ၏ ။

သူ၏ စိတ်ထဲမှာ လည်း လက်ထဲကငွေဆီသို့ စိတ်မရောက်ဘဲကောင်လေးနှင့် ကောင်မလေးစုံတွဲ ဆီသို့သာ ရောက်နေလေသည်။

ဒွိဟလည်း ဖြစ်နေပုံရသည်။

ကောင်လေးက ကောင်မလေးလက်ကိုဆွဲပြီး-

''သွားတော့မယ် ဦးလေး''

ဟု နှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်ရန် ပြင်လိုက်သည်။

ထိုစဉ်-

''သား... သားတို့''

ဟုဆိုပြီး ဦးဝင်းတင်ပါးစပ်မှ လွတ်ခနဲ ထွက်သွားလေ၏ ။ကောင်လေးနဲ့ ကောင်မလေးတို့ကလည်း တုံ့ခနဲ ဖြစ်သွားပြီး-

''ဟို... ပိုက်ဆံ လိုနေလို့လား''

''မဟုတ်ပါဘူး၊ ပြည့်... ပြည့်... ပါတယ်''

ကောင်လေးနှင့် ကောင်မလေးက အူကြောင်ကြောင် ဖြစ်နေစဉ် ဦးဝင်းတင်က သူ့အသံကိုထိန်းပြီး အောက်ပါအတိုင်း ပြောချလိုက်လေသည်။

''သားတို့ အပြန်လမ်းမှာ ၁၄၃ ဆိုတဲ့ဂဏန်းကို တစ်ခုတည်း ဖြစ်စေ၊ ကွဲပြားပြီး ဖြစ်စေ တစ်နည်းမဟုတ်တစ်နည်းတွေ့ မြင်ခဲ့၊ ကြားခဲ့မယ်ဆိုရင် ဦးဆီကို အမြန်ပြန်လာခဲ့ပါ''''ဟင်...''

***

ကောင်လေးနှင့် ကောင်မလေးက-

'အချစ်ဆိုင်ရဲ့ ဝန်ဆောင်မှု ပုံစံအသစ်လား'ဟု ရယ်ရယ်မောမောမေးကာ ဆိုင်ထဲမှ ထွက်သွားကြလေသည်။ သူတို့နှစ် ဦး၏ ကျောပြင်ကိုကြည့်ရင်း ဆိုင်ရှင်ဦးလေးကြီးမှာ သက်ပြင်းချရင်းကျန်ရစ်ခဲ့လေသည်။

(၅)

'အချစ်ဆိုင်'ထဲမှ ထွက်ပြီးနောက် ဇွဲဇန်က Taxi တစ်စီးကိုလှမ်းတားလိုက်သည်။

''ညီလေးတို့ ဘယ်သွားမလို့လဲ''

''........Shopping Center''

''........ပဲ ပေးလေ ညီလေး''

ဇွဲဇန်က သူ့ချစ်သူဘက် တစ်ချက်လှည့်ကြည့်သည်။သွားနေကျ ဈေး ဖြစ်သော ကြောင့် ကောင်မလေးကလည်းခေါင်းညိတ်ပြသည်။ ထို့နောက် သူတို့နှစ် ဦး ကားပေါ်တက်ပြီးနောက် ကားမှာ တရစပ်မောင်းထွက်သွားလေသည်။

ထိုအချိန်တွင် 'ဆိုင်'ထဲမှာ ရှိနေသော ဦးဝင်းတင်က Taxiနံပါတ်ကို အတွင်းမှနေ၍ လှမ်းကြည့်လိုက်သည်။

ကက/၃၆၄၈

သက်ပြင်းချလိုက်ပြီး အတွင်းထဲမှ နောက်ထပ်စုံတွဲ တစ်တွဲ ထွက်လာသော ကြောင့် ပြန်ပြီး အလုပ်ရှုပ်သွားလေသည်။

****

အခန်း(၃)

''ကြာညို၊ ဒီနေ့ မွေးနေ့လက်ဆောင် ဘာလိုချင်လဲ''

ဇွဲဇန်က သူ့ချစ်သူလက်ကိုကိုင်ပြီး တိုးတိုးလေးကပ်ကာ မေးလိုက်သည်။

''ကို...ကြိုက်တာပေးလေ''

ကြာညိုကလည်း တိုးတိုးလေး ပြန်ဖြေရင်း ဇွဲဇန်ရင်ခွင်ထဲသို့မှီဝင်နေလိုက်သည်။

ွှထေင မောင်းသမားကြီးကို တစ်ချက်ကြည့်လိုက်ရင်း သူ့ချစ်သူရဲ့ ပခုံးကို ပြန်ဖက်ထားလိုက်သည်။

''ဒါနဲ့ ကြာညိုတို့ကို ဆိုင်က ဦးလေးကြီးက ဘာအဓိပ္ပာယ်နဲ့ ပြောလိုက်တာလဲ''

ကြာညိုက အချစ်ဆိုင်မှ ဦးလေးကြီး ပြောစကားကို သတိရသွားပြီး ပြန်မေးသည်။

''နောက်လိုက်တာ နေမှာ ပါ၊ တစ်ခါတစ်ခါ အဲဒီ ဆိုင်ကဦးလေးကြီးက ကြောင်တောင်တောင်နဲ့ တဲ့''

''ဘယ်သူပြောတာလဲ''

''အောင်လတ်တို့အတွဲ ပြောတာပဲ''

ကြာညိုလည်း ဘာမှ ဆက်မပြောတော့ဘဲ ဇွဲဇန်ရင်ခွင်ထဲမှာ ငြိမ်နေလိုက်သည်။ နောက်မှ ဇွဲဇန်ကို ပြောသလိုလို၊ ကိုယ့်ကိုကိုယ်ပြောသလိုလိုနှင့် -

''ဒါပေမယ့် အဲ့ဒီဦးလေးကြီး ကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေသလိုပဲနော်''

''ဟာ... ကြာညိုကလည်း မေ့လိုက်စမ်းပါ၊ ဃနညအမန ရောက်ရင် ဘာယူမလဲသာ စဉ်းစားနေ''

''အင်းပါ၊ အဲ့ဒါလည်း စဉ်းစားနေပါတယ်''

ခဏအကြာတွင် ကားမှာ ဃနညအမန တစ်ခုရှေ့တွင် ရပ်သွားလေသည်။

****

(၇)

ှShopping Center ထဲတွင် ဟိုဟိုဒီဒီလျှောက်ကြည့်ရင်းနောက်ဆုံးတွင် ဇွဲဇန်က 'မွေးနေ့လက်ဆောင် အင်္ကျီတစ်ထည်'ဝယ်ပေး မည် ဟု ဆုံးဖြတ်လိုက်သည်။ ကြာညိုကလည်း သဘောတူသည်။

''အဲဒါ ကောင်းတယ်၊ ဟိုတစ်ခါတုန်းက ကြာညိုတို့ လျှောက်ကြည့်ရင်း တွေ့ ခဲ့တဲ့ အင်္ကျီလေး ရှိသေးလား မသိဘူး။ အဲဒါသွားကြည့်ရအောင်''

နှစ် ဦးသား ပျော်မြူးသွားကြပြီး အရင်တစ်ခေါက်ကကြည့်ခဲ့ကြသော ဆိုင်ကို ပြန်ပတ်ရှာကြသည်။

သိပ်မကြာပါဘူး။ ထိုဆိုင်ကို ခပ်လှမ်းလှမ်းက တွေ့ လိုက်ရသည်။ ဟိုအင်္ကျီကြည့်၊ ဒီအင်္ကျီကြည့်နဲ့ ရှာကြည့်ပြန်သည်။

လွန်ခဲ့သော တစ်ပတ်ကရှာခဲ့တဲ့ အင်္ကျီကို မတွေ့ သော ကြောင့် နီးစပ်ရာ စာရေး မလေးတစ်ဦးအား-

''အစ်မ... ရင်ဘတ်မှာအမေ လို့ ရေး ထားတဲ့ အနီရောင် အင်္ကျီလေး ရှိသေးလား''

''သြော်... အဲ့ဒါက ခဏလေးနော်''

ဟုဆိုပြီး ဆိုင်အနောက် ဝင်သွားလေသည်။

ခဏအကြာ ပြန်ထွက်လာပြီး အင်္ကျီတစ်ထပ်လိုက်ကြီး ပါလာသည်။ အနီရောင် အပြင် အပြာ၊ အဝါများ ဖြင့် စုံလင်သွားလေသည်။ ကြာညိုက အနီကိုပဲ ယူသည်။

ထို့နောက် အဝတ်လဲခန်းထဲဝင်ပြီး ဝတ်ကြည့်သည်။ သူ့ကိုလည်း ထွက်ပြသည်။

''လှတယ်''

သူမနဲ့ လိုက်ဖက်သော ကြောင့် ဒါကိုပဲ ယူရန်ပြောရသည်။ဒါနဲ့ အဝတ်လဲခန်းထဲ ပြန်ဝင်သွားသည်။

''ဘယ်လောက်လဲ အစ်မ''

''၁၄၃ဝဝ ပါ''

ကျသင့်ငွေကို အရင်ရှင်းထားလိုက်သည်။ တစ်ခွန်းဆိုင် ဖြစ်သော ကြောင့် ဈေးဆစ်၍ မရ။

ကြာညိုကလည်း ပြန်ထွက်လာတော့ ဈေးမေးသည်။

''ဘယ်လောက်လဲ''

''၁၄၃ဝဝ တဲ့'

****

(၈)

ခဏအကြာတွင် ဇွဲဇန်နှင့် ကြာညိုတို့မှာ ရုပ်ရှင်ရုံရှေ့သို့ရောက်နေကြပြီ ဖြစ်သည်။ ဒီနေ့ကားက ကောင်းလည်းကောင်းသည်။ ပြီးတော့ မွေးနေ့အမှတ်တရဆိုပြီး ဝင်ကြည့်ရန် ဆုံးဖြတ်ထားကြသည်။

ကားမှာ အင်္ဂလိပ်သိပ္ပံဇာတ်ကား ဖြစ်သည်။

''လက်မှတ်ဝယ်လိုက်ဦးမယ်၊ ခုံမှာ ခဏထိုင်နေ''

ကြာညိုကို ခုံတွင် ခဏထိုင်ခိုင်းပြီး လက်မှတ်အရင် ဝယ်လိုက်သည်။

ပြီးနောက် ကြာညိုကိုခေါ်ကာ ရုံထဲ ဝင်သည်။ ရုံထဲ ရောက်တော့ လက်မှတ်စစ်ကို ရှာပြီး လက်ထဲက လက်မှတ်နှစ် စောင်ကိုထိုးပေးလိုက်သည်။

လက်မှတ်စစ်ကလည်း လက်မှတ်ကို ဓာတ်မီးနဲ့ ထိုးကြည့်ပြီး-

''A 13 , 14''

ဟု ရေရွတ်ကာ တစ်နေရာသို့ ဓာတ်မီးထိုးပြသည်။

ခဏအကြာတွင် ရုပ်ရှင်စပြသည်။

****

(၉)

ဦးဝင်းတင်သည် သူ့ဆိုင်၏ ဘာဂျာတံခါးကို ဆွဲပိတ်လိုက်သည်။ ထို့နောက် ဆိုင်ရှေ့တွင် ငူငူကြီး ရပ်နေပြီး ဟိုကြည့် ဒီကြည့်လိုက်ကြည့်နေသေးသည်။ ဆိုင်တံခါးများ ကို လိုက်ပိတ်နေသော မုန့်ကောင်တာမှ မိန်းကလေးနှစ် ဦးက သူတို့ဆရာ တစ်ခုခု ဖြစ်နေပြီဟု တွေးနေကြသည်။

''ဟူး...''

ဦးဝင်းတင်သည် သက်ပြင်းချလိုက်ပြီးနောက် ဆိုင်ဘက် ပြန်လှည့်ကာ နောက်ထပ် ဘာဂျာတံခါးတစ်ခုကို ပိတ်လိုက်ပြန်သည်။

''ဆရာ... သမီးတို့ ပြန်တော့မယ်''

''အေး... အေး...''

မိန်းကလေးနှစ် ဦးကို လှည့်မကြည့်ဘဲ နှုတ်ဆက်လိုက်သည်။နှုတ်ဆက်ထွက်သွားပြီး ခပ်လှမ်းလှမ်း အရောက်တွင် -

''ဘာကားစီးမှာ လဲ''

ဟု တစ်ဦးက အခြားတစ်ဦးကို မေးနေတာကို နာစွန်နာဖျားကြားလိုက်ရသည်။

''၁၄၃ ဘတ်စ်ကား စီးမယ်လေ''

''ဟင်...''

ဦးဝင်းတင် လက်ထဲမှ သော့ ပြုတ်ကျသွားသည်။မိန်းကလေးနှစ် ယောက် ကို အမှတ်မထင် လှည့်ကြည့်မိရာသူတို့နှစ် ဦး ကတော့ သူ့အ ဖြစ်ကို မရိပ်မိကြဘဲ နောက်ကျောပေးကာ ပြန်မည့်အစီအစဉ်ကို ဆွဲနေကြလေသည်။

''၁၄၃ က မြန်တယ်ဟ။ အဲဒါနဲ့ ပဲ ပြန်မယ်ဟာ''

''ကဲ... ဒါဆိုလည်း ပြီးရော''

ခဏအကြာတွင် ဘတ်စ်ကားမှတ်တိုင်သို့ လမ်းလျှောက် ထွက်သွားသော မိန်းကလေးနှစ် ဦးကိုကြည့်ပြီး ဦးဝင်းတင်မှာ တုန်လှုပ်ပြီးကျန်ရစ်ခဲ့လေသည်။

****

(၁၀)

အချိန်သည် ညနေ (၆)နာရီထိုးပြီ ဖြစ်သော ကြောင့် ...ချစ်သူနှစ် ဦး ခွဲခွာ အိမ်ပြန်ရမည့်အချိန် ဖြစ်သည်။

တွတ်တီးတွတ်တာစကားများ ပြီးဆုံးကြရသည်။

မှာ စရာရှိသည်များ ကို မှာ ကြရသည်။

လွမ်းစရာရှိရင်လည်း စလွမ်းနေရပြီ ဖြစ်သည်။

ယခုလည်း ဇွဲဇန်နှင့် သီရိကြာညိုတို့နှစ် ယောက် မှာ ရုပ်ရှင်ပြီးဆုံးပြီ ဖြစ်သော ကြောင့် အိမ်ပြန်ရန်အတွက် ပြင်ဆင်နေကြသည်။

ရုပ်ရှင်ရုံရှေ့တွင် လည်း သူတို့လိုပဲ ပြန်ရန်ပြင်ဆင်နေကြသည့်စုံတွဲ များ ကိုလည်း တွေ့ ရသည်။

ဇွဲဇန်က သီရိကြာညိုကို လိုက်ပို့ရန် ပြောနေ၏ ။

''လမ်းထိပ်အထိ ကားငှားပြီး လိုက်ပို့မယ်လေ''

''အမေက လမ်းထိပ်က လာစောင့်နေရင် ဘယ်လိုလုပ်မလဲ''

''ဟာ... လမ်းထိပ်မရောက်ခင် ဆင်းမှာ ပေါ့''

''မလိုက်ခဲ့ပါနဲ့ ရပ်ကွက်နားမှာ အသိနဲ့ တွေ့ ရင် မလွယ်ဘူး''

''ဟူး...''

ဇွဲဇန်လည်း ခေါင်းကုတ်လိုက်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

သူ့ချစ်သူကို လိုက်လည်း လိုက်ပို့ချင်သည်။

''လိမ္မာပါတယ် နော်၊ နောက်မှ အေးဆေးပေါ့၊ မိုးချုပ်တော့မယ်''

သူ့ချစ်သူက ချွဲချွဲနွဲ့နွဲ့လေးပြောလာသော ကြောင့် ဇွဲဇန်မှာ ခံနိုင်ရည် မရှိတော့။ ထို့ကြောင့် ကြာညို့လက်ကိုဆွဲကိုင်လိုက်ပြီးတစ်ဖက်လမ်းကို ကူးသွားကာ Taxi တစ်စီး ငှားလိုက်သည်။

''ဘယ်ကိုလဲ''

''.....ကိုပါ''

''သွားနေကျဈေးပဲ ပေးလေ''

''..... ပေါ့''

ကြာညိုက ဝင်ပြောသည်။

Taxi သမား အဘိုးကြီးက တစ်ချက်စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြသည်။

''မနက်ဖြန် တွေ့ နေကျနေရာမှာ ပဲ ကိုယ်စောင့်နေမယ်''

နောက်တစ်ခေါက် ထပ်မှာ ရသည်။

ကြာညိုက ကားထဲဝင်ရင်း ခေါင်းညိတ်ပြသည်။

''မနက်ဖြန်ကျရင် ဒီနေ့ဝယ်ခဲ့တဲ့ အင်္ကျီဝတ်လာခဲ့နော်''

''အင်းပါ''

သူက ပြုံးပြပြီး တာ့တာပြသည်။

ရင်ထဲ ကြည်နူးသွားရသည်။ သူ့အပြုံးကို ခဏငေးကြည့်နေမိစဉ်မှာ ပဲ ကားက မောင်းထွက်သွားပြီ ဖြစ်သည်။

ကားထွက်သွားသည်ကို တမျှော်တခေါ် လိုက်ကြည့်ရင်းကားနံပါတ်ကို အမှတ်မထင် ကြည့်မိလိုက်သည်။

ကက-၁၄၃၈

****

အခန်း(၄)

ကားမှန်ကို ချလိုက်သည်။ တိုးဝင်လာသော လေများ ကြောင့် ဆံစအချို့ လွှင့်နေကြသည်။

ကားသမား အဘိုးကြီးက FM ကို ဖွင့်လိုက်သော ကြောင့် လူငယ်ကြိုက် သီချင်းလေးကလည်း ကားထဲတွင် ပျံ့လွှင့်နေသည်။

သီချင်းလေးက သူ့ချစ်သူ ဇွဲဇန်ကြိုက်သော သီချင်းလေး ဖြစ်နေသော ကြောင့် ဘာရယ်မဟုတ် ပြုံးမိသည်။

''x x x x x ... x x x x x ...x x x x x x x x ''

လက်ထဲက အင်္ကျီထုပ်လေးကို ကိုင်ထားရင်း အပြင်ကို ငေးမောနေလိုက်သည်။

ဘာလိုလိုနဲ့ သူမနဲ့ ဇွဲဇန် ရည်းစား ဖြစ်ခဲ့တာ နှစ် နှစ် တောင်ပြည့်တော့မှာ ပါလား...။

အခုချိန်ထိ ချစ်နေမိသလို နောင်လည်း ဆက်ချစ်နေဦးမည် ဟုယုံကြည်နေသည်။ ဖြတ်သွားဖြတ်လာရင်း အတွဲ တချို့ကို လှမ်းတွေ့ လိုက်ရသည်။

တချို့က တစ်ဦးလက်ကို တစ်ဦးကိုင်ရင်း မတ်တတ်ရပ်စကားပြောနေကြသည်။

တချို့ ကတော့ အိမ်ပြန်နောက်ကျမှာ စိုးသော ကြောင့် ခပ်သွက်သွက်ကလေး သွားနေသည်ကို တွေ့ ရသည်။

လိုက်မပို့ရဘဲ ကျန်ရစ်ခဲ့သော ဇွဲဇန်မျက်နှာကို မြင်ယောင်ရင်း စိတ်မကောင်း ဖြစ်သွားမိသည်။

ဇွဲဇန်နဲ့ စတွေ့ တုန်းက အ ဖြစ်အပျက်အချို့ အထွေးထဲရောက်လာသည်။

****

(၁၂)

ကောင်လေး တစ်ယောက် အနောက်ကနေ လိုက်လာသည်ဆိုသော အသိကြောင့် ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်သည်။သူငယ်ချင်းတွေ နဲ့ ချိန်းထားတဲ့နေရာကလည်း နည်းနည်း ဝေးနေသော ကြောင့် နောက်ကလူနဲ့ အနည်းငယ်တော့ ရင်ဆိုင်ရလိမ့်မည် ဟုတွေးရင်း စိတ်ညစ်သွားသည်။

''စာလေး ယူ သွားပါဗျာ''

ရှေးခေတ် နည်းစနစ်ဖြင့် အသုံးပြုနေသော အနောက်ကကောင်လေးကို နည်းနည်း တော့ အထင်သေးသွားသည်။ခပ်စောင်းစောင်း အနေအထားဖြင့် ခပ်လှမ်းလှမ်းကနေကပ်လျှောက်နေသော ကြောင့် သူ့မျက်နှာကိုလည်း မမြင်ရပါ။

''စာလေး ယူ သွားပါဗျာ''

ခြေလှမ်းကို အရှိန်ပိုမြှင့်လိုက်သည်။

''ဒါ... ရိုးရိုးစာ မဟုတ်ပါဘူး''

သူမက 'ဘာစာလဲ'လို့ မေးလိုက်ရင် 'ရည်းစားစာ'လို့ ဖြေမည် ။

ဒါမှမဟုတ် ရွှတ်နောက်နောက် လုပ်တတ်တဲ့သူဆိုပါက 'ဘုန်းကြီးတစ်ပါး အိပ်မက်အရ ရေး တဲ့စာပါ'လို့ ပြန်ဖြေမည် ။

ဒါတွေ က ရိုးနေပြီ ဖြစ်သည်။ထို့ကြောင့် ကြာညိုသည် နောက်ကို လှည့်လည်းမကြည့်၊ပြန်လည်း မမေးပေ...။

ကောင်လေး ကတော့ လိုက်လာဆဲ ဖြစ်သည်။

''အင်းလေ... ကျွန်တော့် ကို လှည့်မကြည့်ဘူး။ အရေး မလုပ်ဘူးဆိုလည်း ရပါတယ်။ ဒီတော့... ရှေ့ကသွားရင်းနဲ့နားထောင်နေပါ။ ကျွန်တော့် ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ''

ကောင်လေးက သူ့ဘာသာသူ တရစပ်ပြောနေသည်။ကြာညိုလည်း မနားထောင်ရပါဘဲနဲ့ နားထဲဝင်လာသော ကြောင့် ကြားနေရသည်။

''နာမည် က ဇွဲဇန် ဖြစ်သည်။ ဇ,ကွဲနဲ့ ဇွဲပြီး ဇ,ကွဲနဲ့ပဲ ဇန်ပါတယ်။ နေတာက... မှာ ပါ။ ကျောင်း ကတော့... မှာ တက်တယ်။ မောင်နှမ မရှိပါ။ တစ်ဦးတည်းသော သားပါ။ အမေကသိပ်ချစ်သော ကြောင့် 'ချစ်တုံးကြီး'လို့ ခေါ်ပါတယ်။ ရည်းစား ဖြစ်သွားလျှင် ထိုနာမည် ခေါ်ပါက စိတ်မဆိုးပါ။ 'ချစ်ဆုံး'ဟု ပြောင်းပါကလည်း လက်သင့်ခံပါမည် ''

နည်းနည်း တော့ ပြုံးမိသွားသည်။

သူမလှည့်ပြီး စကားပြောလာအောင် လုပ်နေခြင်း ဖြစ်သည်ဟုလည်း ရိပ်မိသည်။ ဒါနဲ့ ဘာများ ဆက်ပြောမလဲဆိုပြီး ဆက်နားထောင်နေမိသည်။

''အဖေ ကတော့ သိပ်မကြင်နာတတ်ပါ။ စိတ်မကြည်ရင်မကြည်သလို 'ငတုံးကြီး'လို့ ခေါ်ပါတယ်။ အကယ်၍ ရည်းစား ဖြစ်ခဲ့ပါက ထိုနာမည် ခေါ်လျှင် စိတ်ကောက်မည် ဖြစ်ပါသည်။ ဦးလေးတစ်ဦးတော့ ရှိသေး၏ ။ သဘောကောင်းပြီး နားလေးသော လူပျိုကြီး ဖြစ်သည်။ 'သား.. သီရိကြာညိုကို ချစ်တယ်'ဟု ပြောတုန်းက'အရီး ဒေါ်ညို'ဟု ကြားသော ကြောင့် ကျွန်တော် နဲ့ ရန် ဖြစ်ပြီး အခုမခေါ်ပါ။ 'သီရီကြာညို'ကို 'အရီးဒေါ်ညို'ဟု ကြားနေသ၍ သူနှင့် ကျွန်တော် ဆက်လက်ခေါ်မည် မဟုတ်ပါ။ သူငယ်ချင်း တစ်ယောက် ရှိပါသေးသည်။ သူက စကားမပီပါ။ သူ့ကို 'သီရိကြာညိုကို ငါချစ်တယ်ကွာ'ဟု နှစ် ကိုယ်ကြား တိုင်ပင်တုန်းက 'တီအီးကာနို'ကယျတော့ ယျတယ်'ဟုဆိုနေသော ကြောင့် 'သီရီ ကြာညို' နာမည် ကြားတိုင်း 'တီအီး'ကားနဲ့ မှားမှားနေသော ကြောင့် ထိုနေ့မှစ၍ ထိုသူငယ်ချင်းနဲ့ အဆက်အသွယ် မလုပ်တော့ပါ။ သူ့ကိုလည်း 'သီရိကြာညို'နာမည် ကို မှန်အောင်ခေါ်နိုင်မှ ငါနဲ့ လာခေါ်ဟု ပြောလိုက်၍ 'မင်းက အရှစ်ကြောင့် တယ်ဂျင်းကို ရက်စက်တဲ့ တူပဲ'ဟုပြစ်ပြစ်နှစ် နှစ် ပြောပြီး ထွက်သွားခဲ့ပါတယ်''

ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

'ကောင်လေးက စကားတော့ သွက်သားပဲ'ဟု တွေးရင်းစိတ်ထဲကနေ ပြုံးနေမိသည်။

အရင်တုန်းက နောက်ကနေ စကားလိုက်ပြောတဲ့သူတွေ နဲ့မတူဘဲ တစ်မျိုးတစ်မည် ဆန်းနေသည်။

''အဲဒါ 'သီရီကြာညို'ကြောင့် ကျွန်တော့် မှာ ကြာရင် မိတ်ဆွေမရှိတော့မှာ စိုးသော ကြောင့် 'သီရီကြာညို'အား ရည်းစားစာပေးပြီးချစ်သူ ဖြစ်အောင် ကြိုးစားအံ့ဟု အထပ်ထပ်အခါခါစိတ်ပိုင်းဖြတ်ပြီး ယနေ့ နိုင်ငံပေါင်းစုံ ရည်းစားစာကိုရေး ပြီးလိုက်ပေးရခြင်း ဖြစ်ပါ သည်။ ထို့ကြောင့် အနောက်လှည့်မကြည့်၊စကား ပြန်မပြောလည်း ရပါသည်။ ကျွန်တော့် ရဲ့ နိုင်ငံပေါင်းစုံရည်းစားစာလေးကို လွယ် အိတ်ပေါ်လေးမှာ တင်ထားပြီးနောက်ပြန်လှည့် သွားပါမည် ။ ဖတ်ကြည့်ပေးပါ။ နောက်နေ့မှလာခဲ့ပါဦးမည် ''

ခဏကြာတော့ အသံမှာ တိတ်ဆိတ်သွားသည်။ ထွက်သွားပြီထင် သည်။

နောက်လည်း လှည့်မကြည့်ချင်ချေ...။ နောက်က တိတ်တိတ်ကလေး လိုက်လာနေတယ်ဆိုပါက အရှက်ရစရာ ဖြစ်နိုင်သည်။

ဒီလိုနဲ့ သူငယ်ချင်းတွေ ဆီ ရောက်သွားသည်။

''ဟဲ့... ဘယ်လို ဖြစ်လာတာလဲ''

ခပ်သုတ်သုတ် လျှောက်လာသော သူ့အမူအရာကြောင့် ဝေမာက လှမ်းမေးသည်။

''နောက်က တစ်ယောက် လိုက်လာလို့''

''ဘယ်မှာ လဲ''

ထိုအခါမှ နောက်ကို လှည့်ကြည့်ရဲသည်။ ဘယ်သူမှ လိုက်လာတာ မတွေ့ ရတော့...။

သို့ သော် သူ့လွယ်အိတ်ရဲ့ ကြိုးပေါ်တွင် စာလေးတစ်စောင်ညှပ်သွားတာကိုတော့ တွေ့ ရသည်။

ဒါနဲ့ သူငယ်ချင်း တစ်ယောက် က အလျင်အမြန် ဖြုတ်ယူပြီးဖွင့်ကြည့်သည်။

''ဟင်... ဘာကြီးတွေ လဲ''

နားမလည်သလို တအံ့တသြ ကြည့်နေသော ကြောင့် နောက်ထပ် သူငယ်ချင်း တစ်ယောက် က ယူကြည့်ပြန်သည်။

''ဟယ်... အလံတွေ ထင်တယ်''

သူတို့စကားတွေ ကြောင့် ကြာညိုလည်း စိတ်ဝင်စားသွားပြီးစာကို ဆွဲယူကြည့်လိုက်သည်။

Cover

စာကို တစ်ယောက် တစ်လှည့်စီ ဝိုင်းကြည့်ကြသော်လည်းနားမလည်ကြသော ကြောင့် အူတူတူ ဖြစ်နေကြသည်။

ထို့ပြင် ဘာရေး ထားတာလဲဆိုတာကို အားလုံးကလည်း သိချင်နေကြသေးသည်။

''သူ.... သူ ကတော့ နိုင်ငံပေါင်းစုံ ရည်းစားစာလို့ ပြောသွားတာပဲ''

သူလည်း နောက်ကလိုက်လာသော ကောင်လေးစကားကိုသံယောင်လိုက်ပြီး ပြောလိုက်သည်။

''အဲဒီ ... သူဆိုတာ ဘယ်သူလဲ... နင်သိလား''

''ငါတော့ နောက်ကို လှည့်မကြည့်လို့ မသိလိုက်ဘူး။ အဲ...သူ့နာမည် တော့ ပြောသွားတယ်''

''ဘယ်သူလဲ''

''ဇွဲဇန်တဲ့''

''သြော်...''

''နင်က သိလို့လား''

''အမယ်လေး... သိလွန်းလို့... သိလွန်းလို့''

''ဟဲ့... ဟဲ့... ပြောစမ်းပါဦး။ သူက ရုပ်ချောလား''

ထိုစကားက ကြာညို့ဆီက ထွက်လာခြင်း မဟုတ်ပါ။ကြာညို့သူငယ်ချင်း မေဖြူက ဝင်ရောက်မေးခြင်း ဖြစ်သည်။

''ချောတယ်ဟ။ အဟီး... ငါတောင် စိတ်ဝင်စားသေးတယ်''

''အံမယ်... တယ်ဟုတ်ပါလား။ ပြောစမ်းပါဦး''

''တစ်ခါတလေ ပေါက်ကရ လုပ်တယ်။ တစ်ခါတစ်ခါဆိုလည်းသူများ မထင်မှတ်တာလေး တွေးတတ်၊ လုပ်တတ်တယ်ဟ''

''ဟုတ်လား... ဘယ်လိုမျိုးလုပ်လို့လဲ''

''ပြောပြပါမယ်၊ နင်တို့ကလည်း...''

(၁၃)

''ဟာ... ဟိုမှာ ဇွဲဇန်လာပြီ။ သူ့မေးကြည့်ပါလား''

လက်ဖက်ရည်ဆိုင်မှာ ထိုင်နေသော ယောက်ျားလေး သုံးယောက် က ဆိုင်ထဲသို့ ဝင်လာသော သူ တစ်ယောက် ကို မြင်တော့အသဲအသန် ဝိုင်းခေါ်ကြသည်။

''ဇွဲဇန်... လာလေ... ငါတို့ဝိုင်း လာထိုင်ပါကွ''

ဇွဲဇန်က သူထိုင်မလို့ လုပ်နေတဲ့ခုံကို ပြန်ချထားပြီး ဘေးကဝိုင်းတွင် ဝင်ထိုင်သည်။

''ငါတို့ မင်းကို စောင့်နေတာ''

''ဘာလုပ်မလို့လဲ... ဝမ်းတီးဟေ့... ရိုးရိုးနော်''

''ရှယ်လုပ်ပါကွ... ငါတို့ တိုက်မှာ ပါ။ ရှယ်ဟေ့... ရှယ်''

ဇွဲဇန်က ရေနွေးခွက်ကို ကျင်းလိုက်ပြီး ဘေးကို ပက်လိုက်သည်။

''ဘာကိစ္စ... ငါ့စောင့်နေရတာ လဲ''

''ဟိုကွာ... မင်းက အကြံဉာဏ်လေး ထွက်တတ်လို့၊ တိုင်ပင်မလို့ စောင့်နေတာ''

''အာ... ဘယ်သူပြောလဲ''

''ဟင်... မင်းက မပြောပြဘူးလား''

''မဟုတ်ဘူး... အကြံဉာဏ်လေးတွေ ထွက်တတ်တယ်ဆိုတာ ဘယ်သူပြောတာလဲလို့''

''ဟိုကောင်... မြင့်ဝင်းပြောတာပဲ။ ဘာတဲ့... သူ့ကိစ္စတွေ တော် တော် များများ မင်းစဉ်းစားပေးတာ အဆင်ပြေသွားတယ်တဲ့''

ထိုအခါကျတော့ ဇွဲဇန်က ရှက်တတ်သည်။

''အဟီး... တိုက်ဆိုင်သွားတာပါဗျာ''

''ဘာပဲ ဖြစ် ဖြစ်... ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေစဉ်းစားပေးကွာ''

ဒါမျိုးကျတော့ ဇွဲဇန်က ကူညီတတ်သည်။

''ဟုတ်အောင် ကူညီကွာ... စဉ်းစားပေးကွာ''ဆိုရင် သူ မစဉ်းစားပေးတတ်တော့။

ဒီလိုမျိုး ဖြစ်ချင်ရာ ဖြစ်ဆိုရင်တော့ စဉ်းစားဖို့က လာထားပဲ။

''အင်း... ပြောပါဦး၊ ဘာကိစ္စလဲ''

''ဒီကောင် ဆိုင်တစ်ဆိုင် ဖွင့်ချင်လို့တဲ့''

''ဟာ... ငါမှ စီးပွားရေး အကြီးအကျယ် မလုပ်ဘူးတာ။အဲ့... အဲ့ဒါတော့ မစဉ်းစားတတ်ဘူး''

''မဟုတ်ဘူး... သူဖွင့်ချင်တာက စားသောက်ဆိုင်ကွ။ဒါပေမယ့် သူက သူများ စားသောက်ဆိုင်တွေ နဲ့ မတူချင်ဘူးတဲ့။အဲဒါ... အဲဒါ ခေါင်းစားနေတာ''

ရော်... သူများ တွေ နဲ့ မတူချင်ဘူးဆိုတော့ ဇွဲဇန်မှာ စိတ်ညစ်သွားသည်။

အခုတလော သူများ တွေ နဲ့ မတူချင်တဲ့လူတွေ နဲ့ပဲ တွေ့ နေပါလားဆိုပြီး စိတ်ညစ်သွားခြင်း ဖြစ်သည်။

မနေ့ကလည်း ''ကောင်မလေးကို လက်ဆောင်ပေးတာ သူများ တွေ နဲ့ မတူချင်ဘူး''ဆိုပြီး ကောင်လေး တစ်ယောက် အကူအညီတောင်း၍ အကူအညီပေးလိုက် ရသေးသည်။

''ဟူး...''

လေပူမှု တ်ထုတ်ပြီး အားလုံးကို ကြည့်လိုက်တော့ သူ့စကားကိုစောင့်မျှော်နေကြတာ တွေ့ ရသည်။

ရော်... ခက်ပြီ။

ဒါနဲ့ တစ်ခု သတိရသွားပြီး...

''ဆန်းတာ လိုချင်တယ်။ သူများ တွေ နဲ့ မတူချင်ဘူးဆိုရင်ဟိုလိုဆိုင် ဖွင့်ကြည့်ပါလား''

''ဘယ်လိုဆိုင်လဲ''

''အိမ်သာ စားသောက်ဆိုင် (Toilet Restaurant)ဖွင့်ကြည့်ပါလား''

''အာ...''

အာလုံးက 'ဝေါ့... ထွီ'တွေ ဖြစ်ကုန်ကြသည်။

သူတို့ပဲ မတူချင်ဘူးဆိုလို့ အကြံဉာဏ်ပေးရသေးတယ်။

''အဲ... အဲ့ဒါတော့ မလုပ်ပါနဲ့ကွာ... ရွံ့... ရွံ့စရာကြီး''

''မဟုတ်ဘူးလေ... အဲဒီ လိုကြီးတော့''

ဘယ်လိုရှင်းပြရှင်းပြ မရတော့ချေ။ဒါနဲ့ နောက်တစ်ခု ထပ်ပြောရပြန်သည်။

''အဲ... အဲ့ဒါလေးတော့ မဆိုးဘူး။ ကောင်းတယ်''

ထိုလူမှာ တော် တော် လေး သဘောကျသွားပုံ ရသည်။စိတ်ပျက်သွားသူ ကတော့ ဇွဲဇန်ပင် ဖြစ်သည်။ မည် သို့ ဆိုသော်သူပြောလိုက်သော အရာမှာ ပုံမှန်ဖွင့်နေကျ ဆိုင်တွေ ထက် တစ်ခုသာ ပိုသည်။

ထိုအရာမှာ လည်း သိပ်မထူးခြားချေ။ဆိုင်ခုံများ တွင် သစ်ပင်လေးတချို့ ထားခိုင်းခြင်း ဖြစ်သည်။တကယ်တော့ ထိုလူသည် သူများ တွေ ထက် ထူးချင်သော်လည်သူများ တွေ ကဲ့ရဲ့ ပြီး မအောင်မြင်ပါက ဇွတ်လုပ်တာကိုးဟု ပြောခံရမှာ ကြောက်သည့် လူစားမျိုး ဖြစ်သည်။ ထိုနေ့က ဇွဲဇန်မှာ ထိုလက်ဖက်ရည်ဆိုင်တွင် အချိန်ကုန်ခဲ့လေသည်။

မှတ်ချက်။    ဇွဲဇန်ပြောခဲ့သော အိမ်သာစားသောက်ဆိုင် (Toilet Restaurant)မှာ ထိုင်ဝမ်၌ တကယ်ဖွင့်ထားသော ဆိုင် လေးတစ်ဆိုင် ဖြစ်ပါသည်။ ပရိသတ်များ ကြည့်ရှုနိုင်ရန် နမူနာဓာတ်ပုံအား ဖော်ပြအပ်ပါသည်။

စာရေး သူ

****

Cover

(၁၄)

''သူ့အကြောင်းပြောရင်တော့ အခြားအကြောင်းအရာတွေ လည်း အများ ကြီး ရှိတာပေါ့ဟယ်''

ထိုသို့ ပြောရင်း ဝေမာက သူ့စကားကို အဆုံးသတ်သည်။

''ဒါတွေ ကို နင်က ဘယ်လိုသိထားတာလဲ''

''အဟီး... ဒီလိုပဲ လျှောက်မေးထားတာ၊ ပြီးတော့ အဲဒီ စားသောက်ဆိုင်ဖွင့်တဲ့လူက ငါ့အစ်ကိုဝမ်းကွဲဟ''

''သြော်... ကောင်မ သိပ်ရွနေတယ်ပေါ့''

အားလုံးက ဝိုင်းသြဘာပေးကြသည်။

''အဟင့်... အခုတော့ သူက ကြာညိုကိုပဲ... ကြာညိုကိုပဲဆိုတော့ ငါ လက်လျှော့လိုက်ပါတော့မယ်''

အားလုံးက ရယ်ပြီး ဝိုင်းစကြသော ကြောင့် ကြာညိုမှာ မနေတတ်၊ မထိုင်တတ် ဖြစ်သွားသည်။

ထိုနေ့ညက အိမ်သာစားသောက်ဆိုင်မှာ ဇွဲဇန်နှင့် ချိန်းတွေ့ ကြသည်ဟု အိပ်မက် မက်လေသည်။

****

(၁၅)

နောက်က လှုပ်ရှားမှု အသံကြောင့် တစ်ယောက် ယောက် လိုက်လာနေမှန်း သိလိုက်ရသည်။

''ဒီမှာ ... ဒီမှာ ''

ဘာကြောင့် မှန်းမသိ... မနေ့ကလူအသံမှန်း ချက်ချင်း မှတ်မိသည်။

လှည့်မကြည့်ဘဲ ခြေလှမ်းကိုသာ ပုံမှန် လှမ်းနေမိသည်။ဒီတစ်ခါတော့ သူက အနောက်ကနေ မလိုက်ဘဲ သူမနဲ့ ယှဉ်ပြီးလျှောက်နေသည်။

''ဒီမှာ ... ဒီမှာ ''

လှည့်ကြည့်ပြီး ''ဘာလဲ''လို့ ပြန်ပြောလိုက်ရင် ကောင်းမလား...။

သူက မနေ့က စာကိစ္စအကြောင်းပြောပြီး 'ဟင်း...ဟင်း... အဓိပ္ပာယ် လာပြောပြတာ'ဆိုပြီး လုပ်မလို့နဲ့ တူတယ်။ကိုယ့်ဘာသာကိုယ် ပုံမှန်အေးဆေးပဲ လျှောက်တာ ကောင်းတယ်။

''ဒီမှာ ... ဒီမှာ ''

''ဘာလဲ''

မထင်မှတ်ထားဘဲ နှုတ်ကနေ လွှတ်ခနဲ ထွက်သွားပြီး ချာခနဲလှည့်ကြည့်မိသည်။

''အဲဒီ လိုမှပေါ့''

သူ့ရဲ့ မချိုမချဉ်မျက်နှာထားကြောင့် စိတ်ဆိုးရမည့် အစားရင်ထဲမှာ တစ်မျိုးတစ်မည် ခံစားသွားရသည်။

ထို့နောက် သတိပြန်ရသွားပြီး မျက်နှာကို ရှေ့သို့ ပြန်လှည့်ထားလိုက်သည်။

''ဖိုင်လာပေးတာ''

သူ့စကားကြောင့် သူမက ပြန်လှည့်ကြည့်မိပြန်သည်။ဖိုင်တဲ့... ဘာဖိုင်ပါလိမ့်။ အခုမှပဲ သူ့ကို သေချာကြည့်မိသည်။ ဝေမာပြောတာ မှန်သည်။ သူက လူချော တစ်ယောက် လို့ပြောတာထက်စာရင် ဆွဲဆောင်မှု ရှိတဲ့ သူ တစ်ယောက် ဟု ပြောရပေမည် ။

အခုလည်း လက်ထဲမှာ ဖိုင်နီနီကြီးတစ်ခု ကိုင်ထားသေးသည်။သူပြောတဲ့ဖိုင် ဖြစ်ပေလိမ့်မည် ။

''ဘာတွေ လာရှုပ်ပြန်တာလဲ''

''ဟိုလေ... မနေ့က ရည်းစားစာ ပေးထားတယ် မှတ်လား''

ခေါင်းညိတ်ပြီး 'အင်း'လို့ ဖြေမလို့ ပြင်ပြီးမှ မဖြေဘဲ ငြိမ်နေလိုက်သည်။ သူက ဆက်ပြောသည်။

''အဲဒီ လို ရည်းစားစာ ပေးပြီးသွားရင် နောက်ဆက်တွဲ အနေနဲ့နောက်တစ်နေ့မှာ ဖိုင်လာပေးရတယ်ဗျ''

''ဘာဆိုင်လို့လဲ... မကြားဖူးပါဘူး''

''သြော်... ကဲ ဒီဖိုင်ကိုသာ လက်ခံထားလိုက်။ လိုအပ်လို့လာပေးတာပါ။ ဖွင့်ကြည့်မှ သိမယ်''

လက်ထဲ အတင်းထိုးထည့်ပေးသည်။သူမလည်း ယောင်ယောင်နနနဲ့ ယူမိလိုက်သည်။သေချာတာက သူသည် အခြားရည်းစားစကား လိုက်ပြောသည့် သူများ နှင့် မတူတာတော့ သေချာသည်။

ရုတ်တရက် အံ့အားသင့်အောင် လုပ်နိုင်ပြီး သူပြောသည့်အတိုင်း လိုက်လုပ်ချင်အောင် စွမ်းဆောင်နိုင်စွမ်းရှိပုံရသည်။ဖိုင်ကို ပေးပြီးပြီးချင်း လစ်ထွက်သွားသော ကြောင့် သူမမှာ ဖိုင်ကြီးကိုင်ကာ ငူငူငိုင်ငိုင်နှင့် ကျန်ရစ်ခဲ့လေသည်။အခုဖွင့်ကြည့်ရင် ကောင်းမလား...။

မ ဖြစ်သေးပါဘူး....။ သိချင်လွန်းလို ဣနြေ္ဒမဆောင်နိုင်ဘူးလို့ ထင်ခံရမှာ စိုးသည်။

ဒါနဲ့ သူငယ်ချင်းတွေ ချိန်းထားတဲ့ဆီ အမြန်သွားရသည်။စိတ် ကတော့ ဒီဖိုင်ထဲမှာ ဘာတွေ ပါလဲဆိုပြီး သိချင်နေသည်။

****



ဝန်ဇင်းချစ်သူများ လူနေ ၏ “ အချစ်ဆိုင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ခေးရယ်

ဘာဆိုလားပဲ

သမီးရီးစားအဘိဓါန်