"မောင်ကကြီး ထမ်း"
ဆရာမ က သူ့နာမည် ကို ခေါ်လိုက်သော ကြောင့် ထိုင်ရာမှ ထလိုက်ရသည်။ လက်ပိုက်လို့ ပေါ့။ တကယ်တော့ သူ့နာမည် မှာ "မောင်ကကြီး" မဟုတ်ပါ။ အဖေပေးထားသည့်နာမည် က "ကောင်းကင်ကိုကို" ဆိုသည့်နာမည် ဖြစ်သည်။ ဒါပေမဲ့ ထိုနာမည် ကို ဘယ်သူမှ မခေါ်ကြဘူး။ ရှည်လို့တဲ့။ ပြီးတော့ နာမည် က "ကကြီး"တွေ များ တယ်ဆိုပြီး "ကကြီး" ပဲ ခေါ်မယ် လုပ်ရာကနေ ကျောင်းမှာ နာမည် တွင် သွားတာပါ။
"ဆရာ အခု ဘာသင်နေတာလဲ"
ဆရာမ က ဒေါနဲမောနဲ့ မေးသည်။ ကကြီးကလည်း သပြီးသားဆိုတဲ့ စတိုင်နဲ့ ပျင်းတိပျင်းတွဲ ပြန်ဖြေသည်။
"သမိုင်းပါ ဆရာမ "
အိုက်တင်အနေနဲ့ မျက်လုံးလေး ပေကလပ်ကလပ်လုပ်ထားလိုက်သည်။ အပြစ်ကင်းတယ် ပေါ့။ တားဘာရုတ်လို့ရဲ ဆိုတဲ့ ကလေး တစ်ယောက် အိုက်တင်လေး ဖမ်းထားတာပါ။
"အေး… ဟုတ်တယ်၊ ဒီလောက်စိတ်ဝင်စားစရာ ကောင်းတဲ့သမိုင်းကို နားထောင်မနေဘဲ ဘာ ဖြစ်လို့ဟိုငေးဒီငေး လုပ်နေတာလဲ၊ စာသင်နေတာကိုပဲ သေချာနားထောင်"
ဆရာမ က ဆူပါတော့သည်။
ကကြီးကလည်း သူ့ဝတီအတိုင်း လက်ဖက်ခြောက်ခတ်ရန် ပြင်လေတော့သည်။
"ဆရာမ "
ကကြီးက ဆရာမ ကို လေသံအေးအေးလေးနဲ့ လှမ်းခေါ်လိုက်သည်။ ဆရာမ က ဘလက်ဘုတ် ကို မျက်နှာမူထားရာမှ သူ့ကိုလှမ်းကြည့်သည်။ အတန်းသားအားလုံးကလည်း ဒီ ကောင်မို့ ဆရာမ ကို ခေါ်ရဲတယ်။ ထိုင်မှာ ဖြင့် ပြန်ထိုင်တာ မဟုတ်ဘူးဆိုတ့ အတွေးတွေ နဲ့ သူ့ကို ကြည့်နေကြသည်။
"ပြော….ဘာလဲ… မောင်ကကြီး"
"သမိုင်းကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ ဆရာမ "
ကလေးပီပီ သိချင်တာကို မေးလိုက်ရသည်။
"History" ပေါ့
ထင်သည့်အတိုင်းပင် ဆရာမ ကလည်း စိတ်ဆိုးနေတဲ့အသံဖြင့် ပြန်ဖြေသည်။
"ကျွန်တော် စဉ်းစားနေတာ ဆရာမ ရဲ့ "
"ဘာကိုလဲ"
ဘောင်းဘီကို ဆွဲတင်လိုက်ရတယ်။ နည်းနည်း လျှော့ကျနေတာကိုး။
"တကယ်တော့ သမိုင်းဆိုတာ "သူ့ရဲ ပုံပြင်" လို့ အဓိပ္ပာယ်ရှိပုံရတယ် ဆရာမ "
ဆရာမ တွေ ဝေသွားသည်။နောက်ပြီး စိတ်တိုသွားပုံရပြီး ကြိမ်းလုံးကို ၀င့်ကာပြ၏ ။ လျှာမ ရှည်နဲ့ ပြန်ထိုင်ဆိုတဲ့ အဓိပ္ပာယ်ပါ။ လျှာမရှည်ပေမယ့် ဆရာမ ကိုင်ထားတဲ့ကြိမ်လုံးက ရှည် နေတာကြောင့် ကကြီးပြန်ထိုင်လိုက်ရသည်။
“မင်းကလည်း ထိုင်မှာ ဖြင့် ပြန်ထိုင်တာမဟုတ်ဘူး လေကြောင်းရှည်တယ်၊တော် ကြာ ရိုက်ခံနေရဦးမယ်”
ကကြီးသူငယ်ချင်းက ကကြီးကို တိုးတိုးလေးပြောသည်။
ကကြီးကလည်း လေသံကို တိုးလိုက်ကာ…
“ဟ…ငါက အကောင်းပြောတဲ့ဟာကို”
“ဘာကိုလဲ”
“History ကိုလေ”
“အာ…အဲ့ဒီ History ကဘာ ဖြစ်လို့လဲ”
ကကြီးက သူ့ရှေ့ကစာအုပ်ပေါ်မှာ တစ်ဆုံတစ်ခု ကောက်ခြစ်လိုက်ရင်း…
“History ကို ဒီလိုရေး ကြည့်ပါလား၊ His story လို့ ရေး လို့ရတယ်၊ အဓိပ္ပာယ် ကတော့ သူရဲ့ ပုံပြင်တဲ့၊ ဘာပဲပြောပြော ငါတိုသင်နေရတာ ပုံပြင်တွေ ပါကွ၊ တကယ် ဖြစ်ပျက်ခဲ့တဲ့ ပုံပြင်တွေ လေ၊ ပုံပြင်ဆိုတဲ့အတိုင်း စိတ်ကူးယဉ်ဆန်တဲ့ဟာတွေ လည်း နည်းနည်း ပါတာပေါ့ကွာ၊ အင်းလေ…ပြောသာပြောနေရတယ် ဘ၀ဆိုတာလည်းပုံပြင်ပါပဲ”
သူငယ်ချင်းက နှာခေါင်းရူံပြသည်၊ ကလေးပီပီ ကလေးစကားမပြောဘူး ဆိုတဲ့ပုံစံပါ။
ကကြီးလည်း ငြိမ်နေလိုက်ရသည်။
ဆရာမ ကတော့ စာအုပ်ကြီးတကိုင်ကိုင်နဲ့ စာတွေ ဆက်ရှင်းနေလေရဲ့ ။ တွေးကြည့်တော့ စာအုပ်ဆိုတာကလည်း အင်္ဂလိပ်လို Book လို့ခေါ်သည်။
တစ်လုံးချင်းစီလုပ်ကြည့်တော့…
Boo= လှောင်ပြောင်သရော် အော်ဟစ်သံ၊ အလန့်တကြား ဖြစ်အောင်အော်သံ၊
လှောင်ပြောင်အော်ဟစ်သည်။ သရော်အော်ဟစ်သည်၊၊
Ok = သဘောတူသည်၊ ထောက်ခံသည်။
ဒီလိုနဲ့ ကကြီးလည်း သူရေး ထားတဲ့ အဓိပ္ပာယ်တွေ ကို ကြည့်ပြီး “ဘာကြီးက ဘာကြီးပေါ့” ဆိုတဲ့ “ဘာဆိုလားပဲ” အတွေးမျိုးတွေ လျှောက်တွေး နေလိုက်သည်။
စာအုပ်တွေ ထဲမှာ ဘ၀ဆိုင်ရာ လှောင်ပြောင်ခံရမှု တွေ ၊ အော်ဟစ်မှု တွေ ၊ အံ့သြမှု တွေ ပါတယ်။ ဒါတွေ ကို လူတွေ ကဖတ်ပြီး တချို့ဟာတွေ ကို သဘေားတူထောက်ခံတယ်။ အတုယူတယ်။ ဒါပါပဲ…စာအုပ်ဆိုတာ။ စသည်ဖြင့် ဘာညာကွိကွတွေ ကို ကကြီး ဆက်တွေး နေလိုက်တာပေါ့။
“သမီး…ညိုသူ၊ အိမ်ရှေ့ထွက်လာခဲ့စမ်း”
အိမ်ရှေ့မှ မေမေ၏ အော်သံကြောင့် အခန်းထဲမှ ပြေးထွက်လိုက်သည်။ မေမေ့လက် ထဲမှာ လည်း ညိုသူ၏ ကျောင်းစာအုက် ကိုင်ထားသည်ကိုတွေ့ လိုက်ရသည်။
“ဘာပြောမလို့လဲ မေမေ”
မေမေက သူမကို မျက်မှော င်ကုတ်ကြည့်ပြီး…
“ညဉ်းရဲ့ စာအုပ်ထဲမှာ ဘာတွေ ရေး ထားတာလဲ”
မေမေက ညိုသူစာအုပ်များ ကို ဟိုလှန်ဒီလှန်လုပ်လေ့ရှိသည်။ တစ်ဦးသော သမီးဆိုတော့ ရည်းစားစာတွေ ဘာတွေ များ ရှာတွေ့ မလားဆိုတဲ့ပုံစံနဲ့ပါ။
“ဘာကိုပြောတာလဲ မေမေ”
“ဒီမှာ လေး နင်ရေး ထားတာ လာကြည့်စမ်း”
ညိုသူမှာ သူ့အမေလက်ထဲမှ စာအုပ်ကို ကမန်းကတန်းယူကြည့်လိုက်ရသည်
အချစ်ဖော်မြူလာ
အသက်အရွယ်အလိုက် မိန်မများ အပေါ် ယောက် ကျာ်းများ ကအထင်ကြီးချစ်ခင်မှု ရာခိုင်နှုန်းများ …
(၁၆)နှစ် - အလှအပ (၈၀%)နှစ် စိတ်ပိုင်းဆိုင်ရာ အညု အခရာ(၂၀%)ကယောက်ျား
များ ကို အထင်ကြီးချစ်ခင်စေသည်။
(၃၀)နှစ် - အလှအပ (၅၀%) စိတ်ပိုင်းဆိုင်ရာ အညုအခရာ (၁၅%) ဉာဏ်ရည်
ဉာဏ်သွေး(၁၅%) ရုပ်ပိုင်းဆိုင်ရာ အညုအခရာ(၁၀%)နှစ် စေတနာ ကောင်း
ခြင်း သို့ ပေးကမ်းစွန်ကြဲတတ်ခြင်း (၁၀%)တို့ကယောကျာ်းများ ကို အထင်ကြီး
ချစ်ခင်စေသည်။
(၅၀)နှစ် - စေတနာကောင်းခြင်း (သို့ ) ပေးကမ်းစွန်ကြဲတတ်ခြင်း (၄၀%) ဉာဏ်ရည်
ဉာဏ်သွေး (၄၀%)အလှအပ (၁၀)နှစ် ရုပ်ပိုင်းဆိုင်ရာ အညုအခရာ
(၁၀%) တို့ရှိရပါမည် ။ ဤအသက်အရွယ်တွင် ယောကျာ်းများ အတွက်
စိတ်ပိုင်း ဆိုင်ရာ အညအခရာများ မလိုအပ်ပါ။
“ဒါ…ဒါဘာတွေ လဲ”
မေမေက ညိုသူကို အလန့်တကြားပြောပါတော့သည်။ ညိုသူ ကတော့ အေးဆေးပါပဲ။
“သြော် မေမေရယ် ဒါက ပြင်သစ်ပြည်မှာ သုတေသန လုပ်ထားတဲ့ အချစ် ဖော်မြူလာလေ”
“အဲ့ဒါတွေ ညည်းစာအုပ်ထဲ ဘာ ဖြစ်လို့ရေး ထားတာလဲ”
“ဟား…မေမေကလည်း သိချင်လို့ပေါ့”
“ညည်းနော်…ညည်း ရည်းစားတွေ ဘာတွေ ရှိနေပြီလား”
“မရှိသေးပါဘူး မေမေကလည်း သဘောကျလို့ကူးထားတာပါ”
“ဒါဆိုလည်း ပြီးရော နင်မှာ ရည်းစားတွေ ဘာတွေ ရှိနေရင်လည်း ငါ့ကိုပြောဦး”
“အင်းပါ”
ညိုသူက မေမေ့ရှေ့မှ ထရန် ဟန်ပြင်လိုက်သည်။
“ ဟဲ့…နေဦး”
“ဘာလဲမေမေ”
“နင့်ထဲမှာ ပါတဲ့ရုပ်ပိုင်းဆိုင်ရာ အညုအခရာ ဆိုတာ ဘာကိုပြောတာလညိး”
“ အာ……သမီးလည်း ဘယ်သိမလဲ၊ နေပါဦး မေမေက ဘာလုပ်မလို့လဲ”
“အဲ့…..ဟုတ်ပါဘူး သိချင်လို့”
“မေမေနော် ဟွန်း…မသိရင်ခက်မယ်”
ညိုသူလဲ ခပ်တည်တည်ပြောခဲ့ကာ မေမေရှေ့မှ ပြေးထွက်လာခဲ့သည်။ မေမေ ကတော့ ပွစိပွစိနှင့် ကျန်ခဲ့၏ ။
ဤသို့သော ကောင်လေးနှင့် ကောင်မလေးတို့သည် တက္ကသိုလ်
တစ်ခုတွင် သွားဆုံကြသည်။
ထုံးစံအတိုင်း ကောင်လေးကပဲ ကောင်မလေးကိုစကြိုက်သည်။
ဤကိစ္စမှာ မဆန်းချင်သော ကောင်လေးက ကောင်မလေးကို
ရည်းစားစကားလိုက်ပြောသည်။
ထိုရည်းစားစကားသည် နောင်တွင် ကျောင်း၌ ပြောစမှတ် ဖြစ်လောက်
အောင် တွင် ကျယ်သွားသော ရည်းစားစကားပြောခြင်း၏ နေ့တစ်နေ့
ဖြစ်လာခဲ့ သည်။
“ဟဲ…ဟဲ”
နောက်ကလူသည် ညိုသူနောက်ကိုလိုက်နေသည်မှာ အတော် ကြာနေပြီ ဖြစ်သည်။ ဘာစကားမှလည်းမပြော၊ သူမနောက်ကသာ လိုက်နေခြင်း ဖြစ်သည်။ ညိုသူက လှန်းကြည့်လျှင် ‘ဟဲ…ဟ’ဲ ဟုရယ်ပြလိုက်၊ ‘အင်း.......အင်း’ ဟုခေါင်းကလေး ညိတ်ကာညိတ်ကာ လုပ်ပြလိုက်နှင့် ဖြစ်နေသည်။
ထိုလူကသူမကို ဘာမှမပြော၍ သူမမှာ လည်း ဘာမှပြန်ပြောခွင့်မရ။ ညိုသူနောက် ခပ်လှမ်းလှမ်းမှသာ လိုက်လာနေခြင်း ဖြစ်သည်။ နောက်ကလိုက်လာသော သူသည် ရည်းစား စ ကား ပြောတော့ပြောမည် ဆိုတာကို ညိုသူကလည်း သိနေသည်။ အခုထိ ဘာမှမပြောသေး၍ သူမကလည်း ဘာမှပြန်ပြောခွင့်မရဘဲ ဖြစ်နေရသည်။
“အစ်မ…စာရွက်”
ကလေးလေး တစ်ယောက် ၏ အသံကြောင့် သူမ လန့်သွားသည်။ ကြော်ငြာ လက်ကမ်းများ ဝေသော ကောင်လေး ဖြစ်သည်။ ညိုသူလက်ထဲသို့ ကြော်ငြာစာရွက်လေး လှမ်းပေးသည်။ ညိုသူကလည်း နောက်ကလိုက်လာသော သူကို တစ်ချက် ကြည့်လိုက်ပြီး ကြော်ငြာစာရွက်အား လှမ်းယူလိုက်သည်။ ထို့နောက် ခပ်သွက်သွက်လျှောက်လိုက်၏ ။ နောက်လူကလည်း ခပ်လှမ်း လှမ်းမှလိုက်လာပြန်သည်။ လမ်းလျှောက်နေရင်း ဘာမှလုပ်စရာမရှိ၍ ကြော်ငြာစာရွက်အား ဖြန့်ကြည့်မိသည်။
“ဘာကြော်ငြာပါလိမ့်”
ကြော်ငြာစာရွက်ကိုကြည့်ပြီး ညိုသူမှာ အူကြောင်ကြောင် ဖြစ်သွားသည်။ ကြော်ငြာ စာရွက် တွင် အောက်ပါပုံတစ်ပုံနှင့် စာအချို့သာပါ၏ ။
‘မိန်းမဆိုတာ’ ဟု ခေါင်းစဉ်တပ်ထားပြီး နံပါတ်(၁)ဟုအမှတ်စဉ်တပ်ကာ ပုံနှင့် စာ အချို့ အား တွေ့ ရ၏ ။
အကြောင်းအရာတစ်ခုတည်းကိုပဲ တစ်ချိန်တည်းမှာ ငိုလည်းငိုတယ် ရယ်လည်းရယ်တယ်
“ဘာလဲဟ”
ဟု ရေရွတ်လိုက်ရင်း ခပ်လှမ်းလှမ်းသို့ရောက်သော အခါတွင် နောက် ထက်ကြော်ငြာ လက်ကမ်းကောင်လေးအား တွေ့ ရပြန်၏ ။ ကြော်ငြာလက်ကမ်းကို လှမ်းယူလိုက်သည်။
ထိုကြော်ငြာတွင် လည်း နံပါတ်(၂)ဟုရေး ထားပြီ…
ညိုသူမျက်မှော က်ကြုတ်လိုက်သည်။ ဘာကြော်ငြာတွေ လဲပေါ့၊ အနောက်ကလူကိုလည်း တစ်ချက်လှမ်းကြည့်ရသေး၏ ။သူကထုံးစံအတိုင်း အဟီး ဟု ရယ်ပြနေသေးသည်။ပုံစံ ကတော့ ခပ်ချောချောပါ။ညိုသူကလည်း ရှေးခေတ်တုန်းကတည်းက ဒိတ်အောက်နေပြိ ဖြစ်သော ရည်းစား စကားလိုက်ပြောတာကို သိပ်လက်ခံတတ်သူမဟုတ်သော ကြောင့် “ညိုသူ…နင့်ကို ငါသိပ် ချစ် တာပဲ ဘာညာနဲ့ လာပြောရင် မချစ်ရေး ချ မချစ်ဟု ဆုံးဖြတ်ထားလိုက်သည်။
“ရော့… အစ်မ”
လာပြန်ပြီ…နောက်ထက် ကြော်ငြာတစ်ခု…။
သူမဖက်ကြည့်မိပြန်သည်။ နံပါတ်(၃)ဟု တပ်ထား၏ ။
သူတို့ကအိမ်ကို နေသားတကျ သပ်သပ်ရပ်ရပ်လည်း လုပ်ထားတတ်သေးသည်။
ခပ်ဆန်းဆန်းတော့ ခပ်ဆန်းဆန်းဟု ညိုသူစိတ်ထဲ ဒွိဟ ဖြစ်လာသည်။ ဖိနပ် ကြော်ငြာ လားဟုပင် တွေးမိသေးသည်။
မ ဖြစ်နိုင်…။
ဤသို့ ဖြင့် သူမထင်သည့်အတိုင်းပင် နောက်ထပ်ကြော်ငြာလက်ကမ်း ကောင်လေးနှင့် တွေ့ ပြန်၏ ။
ကောင်လေးက မပေးခင် သူမက…
“ပေး”
ဟုတောင်းလိုက်၏ ။
ကောင်လေးက ကြောင်တောင်တောင်နှင့် လှမ်းပေး၏ ။ ဒီတစ်ခါတော့ နံပါတ်လေး ဖြစ်၏ ။
လမ်းလျှောက်ဖော်လေး
ညိုသူသဘောကျသွားသည်။ အဓိပ္ပာယ်ကိုလည်း နားလည်သလိုလိုရှိလာသည်။ မိန်းမဆိုတာ… ဒီလိုလေးတွေ ပါလားဟု တစ်ယောက် ယောက် က ကတ်သီကတ်သက်လုပ်ထားပြီး လိုက်ဝေနေပုံရသည်။
နောက်ကို မသိမသာလှည်းကြည့်မိ၏ ။ ထိုသူ ပါလာနေသေးသည်။ ဘာလိုက် လုပ် တာလဲ။ အခုထိလည်း ရည်းစားစကားမပြောသေးဘူး စသည်ဖြင့် တွေးနေတုန်း နောက်ထပ် ကြော်ငြာ လက်ကမ်းးတစ်ခု ရပြန်၏ ။
“ ဟင်”
ဒီတစ်ခါ ကြော်ငြာက မိန်းမဆိုတာ ဘာဆိုတာတွေ မဟုတ်တော့…။ စာတစ်ကြောင်း တွေ့ ရ၏ ။ အနောက် အကိုကြီးက အစ်မကိုချစ်လို့တဲ့။
ညိုသူပြုံးလိုက်မိသည်။ ဒါဆို ဒီကြော်ငြာတွေ က အနောက်က လိုက်လာသူရဲ့ လက် ချက်ပေါ့။
အဟင်း…ဟင်း၊ ဒီလိုမျိုးနဲ့တော့ ဘယ်ရမလဲ။ မသိချင်ယောင်ဆောင်နေမှ ဟုဆိုပြီး ခပ်တည်တည်လုပ်ကာ ဆက်လျှောက်သွားလိုက်သည်။ နောက်ကိုလည်း လှည့်မကြည့်တော့။
“လာပြန်ပြီ”
ရှေ့တွင် လက်ကမ်းဝေနေသော နောက် တစ်ယောက် ကို တွေ့ ရပြန်သည်။ သူမ ယူပြီး ကြည့်လိုက်သည်။
“အဲ့ဒါ အစ်မအနေနဲ့ နောက်ကလေး ဘာလေး လှည့်ပြီး…”
“ရှင်…ဘာအချိုး ချိုးတာလဲ” တွေ ဘာတွေ ပြန်ပြောပါလား၊
“အစ်မကလည်း…”
ညိုသူ ရယ်ချင်သွားသည်။ နောက်ကလူကိုလည်း စိတ်ဝင်စားသွားသည်။ ဒါဆို သူ လှည့်မပြောမချင်း ရှေ့မှာ တစ်စောင်ပြီး တစ်စောင်တွေ့ နေရတော့မည် ။ ထိုအခါ သူမက နောက်ကလူကို လှည့်ပြီး တော် ကီနည်းနည်း ပစ်ရတော့မည် ။ သို့ သော် ရှေ့တွင် လာမည့်  လက်ကမ်းမှာ ဘာရေး ထားလဲတော့ သိချင်သေး၏ ။ ထို့ကြောင့် နောက်ထပ် လက်ကမ်း တစ်ခုရတော့ ကမန်းကတန်းကြည့်မိ၏ ။
“အဟင်း…အမက လှည့်မကြည့်တော့”
“အနောက်က အကိုကြီး ငိုနေပြီပေါ့…”
“အစ်မသိပ်ရက်စက်တယ် ခေါ်တော့ဘူး…”
သူမ အားရပါးရ ရယ်မိတော့သည်။
ထို့ကြောင့် သွားနေသော ခြေလှမ်းများ ကို ရပ်လိုက်ပြီး နောက်က လူကို လှည့်ပြီး မေးလိုက်သည်။
“ရှင့်နာမည် ဘယ်လိုခေါ်လဲ”
“ကောင်းကင်ကိုကိုပါ၊ ဒါပေမဲ့ ခင်တဲ့လူတွေ က နာမည် ရှည်လို့ဆိုပြီး ‘ကကြီး ‘လို့ပဲခေါ် ကြပါတယ်
“ရှင့်ကိုတော့ ကျောင်းမှာ ကျွှန်မ မြင်ဖူးပါတယ်”
“ဟုတ်ပါတယ်၊ ကျွှန်တော် ကလည်း မြင်ဖူးအောင် နေပါတယ်။”
“ရှင်က ကျွှန်မကို စကားပြောချင်တာလား”
“အင်း”
“ဒါဆို အခုတော့ မပြောနဲ့ ဦးရှင်၊ ကျွန်မက အဒေါ်အိမ် ဝင်ရတော့မှာ ”
“ဟုတ်”
“ဒီတော့… မနက်ဖြန် ကျွန်မကင်းတင်းမှာ ရှိမယ်၊ ရှင်လာခဲ့ပေါ့၊ ဘယ်လိုလဲ”
“အိုကေ…လာခဲ့မယ်”
“ကျွန်မနာမည် က ညိုသူချော ရှင့်၊ အားလုံး ကတော့ ညိုသူလို့ပဲခေါ်တယ်”
“ဟုတ်ကဲ့ …. သိပါတယ်”
ကကြီးနှင့် ညိုသူတို့ ကင်းတင်းတွင် နှစ် ယောက် တည်း ရှိနေကြခြင်း ဖြစ်သည်။ ညိုသူက ကကြီးကို မနေ့ကချိန်းလိုက်သော ကြောင့် ကကြီးက ဒီနေ့ တန်းတန်းမတ်မတ် ရောက်လာခြင်း ဖြစ်သည်။
“ရှင်က ကျွန်မကို ချစ်တာလား”
“ဟုတ်ကဲ့”
အင်တာဗျူး တစ်ခု နှင့် တစ်ခု တူနေသည်။ သို့ သော် ကကြီးကလည်း ကကြီးပဲ…။
ညိုသူကလည်း ညိုသူပဲလေ…။
မခေကြပါဘူး။
“ဘယ်လိုချစ်တာလဲ”
“မပြောတော့ မပြောတတ်ဘူးဗျ”
“ဟော်တော့် ”
ညိုသူက အံ့သြဟန်လေး လုပ်ပြသည်။
ကကြီးကလည်း သူ့ရင်လေး သူဖိပြ၏ ။
နှစ် ယောက် သား ရယ်မိကြသည်။ ရင်းနှီးသလိုလည်းခံစားလိုက်ရသည်။
“ ဒီလိုလုပ်ရှင်”
“ကဲပြော…ဘယ်လိုလုပ်ရမတုန်း”
ညိုသူ ကြောင်သွားသည်း။ ဘယ့်နှယ် စကားပြောတာ
“မတုန်း” ကြီးက ပါလာရတာ လဲလို့…။
ဟုတ်တော့ ဟုတ်နေပါပြီ
ကကြီးကလည် သူမနှင့် တန်းတူ စကားပြောနှိင်သော လူ တစ်ယောက် ဖြစ်ကြောင်း ရိပ်မိလိုက်သော ကြောင့်  ဖြစ်သည်။
အခြားရည်းစားစကားလိုက်ပြောသူတွေ လို I.Q. မနိမ့်ကြောင်းသိလိုက်ရသည်။
“ထုံးစံအတိုင်း မိန်းကလေးတွေ လုပ်တတ်သလိုမျိုး ကျွန်မကလည်း ကျွှန်မရဲ့ ရည်းစား ဟာ ဘယ်လိုပုံစံတွေ နဲ့ ပြည့်စုံရမယ် ဆိုတာတွေ ဘာတွေ ကို သက်မှတ်ထားတယ်ရှင့်”
“ဟုတ်လား ကောင်းတာပေါ့ ဘယ်လိုမျိုးတွေ လဲ၊ ကျွန်တော် နဲ့ ကိုက်မယ် ထင်တယ်”
ကကြီးက မချို မချဉ် ပြန်ပြောသည်။
ညိုသူကလည်း မဲ့လိုက်ပြီး…
“ဒီလိုရှင့်”
“အင်း”
ကျွန်မကို ချစ်တဲ့လူဟာ ကျွန်မပြောပြတဲ့ ပုံပြင်ထဲကကောင်မလေးကို လိုက်နိုင် ရ မယ။်
“ဘယ်လို”
ညိုသူ “စား” ပြီ ဟု ကကြီးသိလိုက်ရသည်။
သို့ သော်လည်း ကိုယ်က ချစ် နေ သော ကြောင့် အစားခံရမှာ ပဲဟု တွေးကာ ငြိမ် နေ လိုက်သည်။
“ဒီလိုလေ ကျွှန်မကပုံပြင်စပြောပြမယ်။ ကောင်မလေး တစ်ယောက် ပါမယ် ကျွှန်မ ညီမ ပဲထားလိုက်ပါတော့”
“အင်း”
“အဲ့ဒီပုံပြင်ထဲက ကောင်မလေးက ရှင့်ကို ပြန်ကြိုက်အောင် ကြိုးစားရမယ်၊ ကျွန်မ ပြော တဲ့ ပုံပြင်ထဲက ကောင်မလေးက ရှင့်ကိုပြန်ကြိုက်ရင် အပြင်မှာ ရှိတဲ့ ကျွန်မညိုသူချောကလည်း ရှင့်ကိုပြန်ချစ်မယ်ရှင့် ဘယ်လိုလဲ”
ကကြီး စိတ်ဝင်စားသွားသည်။
“ပုံပြင်ကအရှည်ကြီးပေါ့”
“ဟုတ်တယ၊် အတန်းအားတဲ့ အချိန်တွေ မှာ ပြောကြတာပေါ့၊ ရှင်လည်း အားတဲ့ အချိန် ကျွန်မလည်းအားတဲ့အချိန်လေ၊ ဘယ်လိုလဲ”
ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ညိုသူနှင့် ထိုင်စကားပြောနေ ရတာ ကိုက အ မြတ်ပဲဟု ကကြီးတွေးလိုက်သည်။
ညိုသူကလည်း ဘာရယ်ညာရယ်မဟုတ် အပျင်းပြေလျှောက် ပြောလိုက်ခြင်း ဖြစ်သည်။
ပြောရင်း ပြောရင်း ပျင်းလားရင် အဟင်း ကိစ္စရှိလို့ ဘာညာတွေ လုပ်ကာ လျှောက် ပစ်လိုက်မည် ဟု စဉ်းစားထားသည်။
“ညိုသူနဲ့ ရည်းစား ဖြစ်ရမယ့်သူရဲ့ လိုအပ်ချက် ဆိုရင်တော့ ကျွှန်တော် ညိုသူပြောတဲ့ ပုံပြင်ထဲက ကောင်မလေးကို လိုက်ပါမယ်”
“အဟဲ…ဒီလိုမှပေါ့”
“ဒါဆို ဘယ်တော့ စမလဲ”
“မနက်ဖြန်စမယ်”
“အိုကေ…မနက်ဖြန် အတန်းပြီးရင် ဒီကင်းတင်းက ဒီခုံကိုပဲ ကျွှန်တော် လာခဲ့မယ်”
“ ကောင်းတယ် ကျွှန်မစောင့်နေမယ်”
ကကြီး ထလိုက်၏ ။
ညိုသူကလည်း ကကြီးကို နှုတ်ဆက်သည်။
ပန်းရောင် ဝမ်းဆက်လေးနှင့် လှနေသော ညိုသူကို တစ်ချက် ကြည့်လိုက်ပြီး ဆိုင်ထဲမှ လှည့်ထွက်ခဲ့လိုက်သည်။
ပုံပြင်တစ်ပုဒ် စခဲ့လေပြီ…။
Hi
စာမျက်နှာ တစ်ခုအား
စတင် နှုတ်ဆက်လိုက်သည်။
“ကဲ…ပုံပြင်ထဲက ကောင်မလေးနာမည် က ဘယ်သူတဲ့လဲ”
“ပုံပြင်ထဲက ကောင်မလေးက ကျွန်မနဲ့ဆင်တဲ့ ကျွန်မညီမဆိုတော့ ဖြူသူလှလို့ ပေးလိုက် မယ်”
“ကောင်းတယ်၊ ညိုသူချော၊ ဖြူသူလှ” အဟဲ… ကြော်ငြာနေသလိုပဲနော်
“ဒီလိုပဲပါ့၊ ကဲ…ထားပါလေ၊ စတော့မလား”
“ ရယ်ဒီပဲ၊ သူကို ကျွှန်တော် က ဘယ်မှာ စတွေ့ ရမှာ လဲ”
ကကြီးက အသင့်အနေအထား ပြင်လိုက်သည်။
ညိုသူက…
“အသုဘတစ်ခုမှာ ”
ဟုစပြောသည်။ ကကြီးက မျက်မှော င်ကြုတ်လိုက်ပြီး…
“အား…ကဗျာမဆန်လိုက်တာဗျာ”
“ဟင်…ရှင်ကဘာသိလို့လဲ၊ အခုသူလိုက်ပို့နေတဲ့ အသုဘက ထူးထူးဆန်းဆန်း အသု ဘ ရှင့်”
“ရော်…ဟုတ်လား”
“အခုသူလိုက်ပို့ရတဲ့ အသုဘက ဆိုင်းသံဗုံသံတွေ နဲ့ လိုက်ပို့ရတဲ့ အသုဘ ဖြစ်နေတယ်။ အားလုံးကခုံ ပျော်လို့ရွင်လို့ပေါ့၊ အဲ့ဒိ မှာ ရှင်က သူ့ကိုရည်းစားစကားပြောရမှာ ”
ကကြီး ခေါင်းကုတ်ရလေပြီ။
“အဲ့ဒါဘယ်သူ့ အသုဘလဲဗျ”
"သူတို့မြို့က လူ တစ်ယောက် ရဲ့ အသုဘပါ၊ ထူးထူးဆန်းဆန်းလူကြီးလို့ ဖြူသူလှ အပါ အဝင် တစ်မြို့လုံးက လက်ခံထားတဲ့ လူကြီး လေ"
" သူက ဘယ်လိုထူးဆန်းတာလာလဲ"
" နေ့တိုင်း တယောထိုးတယ်တဲ့"
"ဒါနဲ့ပဲ ထူးဆန်းရောလာ"
"ဟာ…. ရှင်ကဘာသိလို့လဲ၊ သူ တယောထိုးပြတဲ့သူတွေ က လူမဟုတ်ဘူး"
"ဒါဆို ဘယ်သူတွေ တုံး"
"အပင်တွေ နဲ့ သူမွေးထားတဲံ တိရစ္ဆာန်တွေ ကို ထိုးပြတာ"
" ဟင် "
" သူ နေ့တိုင်း၊ တယောထိုးတောကို လူတိုင်းတွေ့ ရတယ်။ ဘယ်သူ့ကို တယောထိုးပြနေ တာလဲ မေးတော့ သူစိုက်ထားတဲ့ အပင်တွေ နဲ့ တိရစ္ဆာန်တွေ လို့ ပြန်ပြောတယ်"
" သူက စိုက်ပျိုးမွေးဖြူရေး လုပ်တာလား"
"ဟုတ်တယ်"
"ဟာ ဒါဆို သိပ်မထူးဆန်းပါဘူးဗျ"
"ဟုတ်လို့လားရှင်"
ညိုသူက ခနဲ့တဲ့တဲ့ပုံစံဖြင့် ပြန်ပြောသည်။
ကကြီး ကတော့ မှင်သေသေဖြင့် နေပြီး…
"တစ်ခါတုန်းက အိန္ဒိယပြည်မှာ ရှိတဲ့ နွားခြံတွေ ကို နိုင်ငံတကာအဖွဲ့က လိုက်စစ်ဆေး တယ်တဲ့ "
"အင်း…"
"အဲဒီ မှာ အဘိုးကြီး တစ်ယောက် ပိုင်တဲ့ နွားခြံဟာ အခြားနွားတွေ ထက် နွားနို့အများ ကြီး ထွက်တယ်လို့ အဲဒီ အဖွဲ့က စစ်ဆေးတွေ့ ရှိတယ်"
"အဲဒီ တော့ ….."
"အဲဒီ တော့ နွားအမျိုးအစားချင်းတူ၊ အစာကျွေးတာချင်း အတူတူတောင် ဒီနွားခြံက နွား တွေ က ဘာကြောင့် နွားနို့ပိုထွက်လဲဆိုတာကို ထပ်မံစစ်ဆေးတယ်"
"အင်း…"
"ဘာသွားတွေ့ ရလဲဆိုတာ့ အဲဒီ ခြံပိုင်ရှင် အဘိုးကြီးက သူ့နွားတွေ ကို တူရိယာပစ္စည်း တစ်ခုခုနဲ့ နေ့တိုင်း ဖျော်ဖြေလေ့ရှိတယ်တဲ့"
"ဂီတကြောင့် သူတို့တွေ နူးညံ့ပြီး ထုတ်လုပ်အား ပိုကောင်းလာတယ်ဆိုပါတော့"
"အင်းပေါ့၊ သစ်ပင်တွေ လည်း ဒီအတိုင်းပဲ"
"ဟာ… ဒါဆို ရှယ်ပဲ"
"ဘာရှယ်တုံး"
ကကြီးက ညိုသူ့ကို မသင်္ကာသလိုမေးသည်။ ညိုသူကလည်း လက်ညိုးလေး ကွေးလိုက် ဆန့်လိုက်လုပ်ရင်း….
"ကျွန်မတို့ရပ်ကွက်က ကိုသန်းတင်ကြီးရဲ့ မိန်းမကို သိလား"
"အား ….ဘယ်သိမလဲ"
"မသိလဲ သိလိုက်တော့"
"အင်း… ထားပါတော့၊ သူက ဘာ ဖြစ်လို့လဲ"
"သူက နို့မထွက်လို့တဲ့"
"သူက…."
"အဲဒီ တော့…"
"အဲဒီ တော့ ရှင်ကလည်း ဒုံးဝေးလိုက်တာ၊ အိမ်ပြန်ရောက်ရင် ကျွန်မက ကိုသန်းတင်ကြီး ခေါ်"
"ခေါ်ပြီးတော့…"
"ခေါ်ပြီးတော့၊ ဒီမှာ ကိုသန်းတင်ကြီး ရှင့်မိန်းမ နို့ထွက်ချင်ရင် နေ့တိုင်း တူရိယာ တစ်ခုခု မှု တ်ပြလို့ ပြောလိုက်မှာ ပေါ့"
"အဲ…."
"ကဲ …ဒါဆို ရှင် သူ့ကို အသုဘမှာ ရည်းစားစကား ပြောတော့မှာ လား"
"နေဦး"
"မြှုပ်ကွက်ရှိတယ်လို့ ခံစားရတယ်"
" ဘာကို"
"စပြောတဲ့ပုံပြင်ကိုက မြုပ်ကွက်ရှိတယ်လို့ ခံစားရတယ်"
"အဟင့်…ဟင်း"
ညိုသူရယ်သံကြောင့် ကကြီးမှာ ပိုပြီးသင်္ကာမကင်း ဖြစ်သွားသည်။
"အကယ်၍ များ အဒီမှာ သူ့ကိုရည်းစားစကား ပြောလိုက်မယ်ဆိုရင် ဖြူသူလှက ကျွန်တော့ ကို တန်းငြင်းတော့မှာ ဗျ"
" ဟုတ်လား"
“ဘာ ဖြစ်လို့လဲဆိုတော့ သူက ဆိုင်းသံဗုံသံတွေ နဲ့ လိုက်ပို့ရတဲ့ အသုဘကို စိတ်ဝင် စားနေလို့လေ “
"ဟင်း…ရှင်က ကွက်ကျော်မြင်သားပဲ"
" မြင်ရမှာ ပေါ့၊ ခင်ဗျားက ပြန်ငြင်းဖို့ အသင့်ပြင်ထားတာကိုး"
" ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ သူက အခု အသုဘကို စိတ်ဝင်စားနေတယ်၊ ဘာကိုမှ စိတ်ဝင် စားမှာ မဟုတ်ဘူးရှင့်”
"အသုဘကို ဘာကြောင့် အိုးစည်းသံတွေ နဲ့ လိုက်ပို့ရတာ လဲဗျ"
"သြော်…သိတဲ့အတိုင်းပဲလေ၊ လူထူးကြီးဆိုတော့၊ သူကို လိုက်ပို့တဲ့လူတွေ ပူဆွေးမှု မ ရှိအောင်၊ လူ့ဘဝကနေ ပျော်ရွင်စွာ ထွက်ခွာသွားတယ်၊ ပြီးတော့လိုက်ပို့တဲ့လူတွေ ကလည်း ဒီလူကြီးဖြင့် လူ့ဘဝ ဒုက္ခတွေ က လွတ်ပြီးဆိုပြီး ပျော်နေကြတယ် ဆိုတဲ့ အဓိပ္ပာယ်တွေ နဲ လိုက်ပို့ ခိုင်းဖို့ မှာ ထားခဲ့တာပါတဲ့"
''သြော်…ကောင်းသားပဲ၊ အဓိပ္ပာယ်ရှိတယ်''
"အဓိပ္ပာယ်ရှိတယ် လုပ်မနေနဲ့"
"ဘာ ဖြစ်လို့လဲ"
"ဖြူသူလှက တမလွန်လို့၊ သေပုံသေနည်းဆန်းတာတို့ကို စိတ်ဝင်စားတယ်ရှင့်"
" အဲ့ဒါ ဘာ ဖြစ်လဲ"
" အဲ့ဒါ ရှင်ဒုက္ခရောက်တာပေါ့ "
"ရော်"
"သြော်…ရှင်ကမသိဘူးလား"
"ဘာကိုလဲ”
"အဲ့ဒီလိုမျိုး စိတ်ဝင်စားတတ်တဲ့ အမျိုးသမီးတွေ ဟာ အချစ်ရေး ကို စိတ်မဝင်စား တတ် ဘူးရှင့်"
"ဟင်း"
" ဒီတော့ ဖြူသူလုကို ရှင်က အချစ်ရေး စိတ်ဝင်စားအောင် လုပ်ပြီးမှ ရည်းစားစကား ပြောရတော့မယ် ရှင်တော့ ဒုက္ခပဲ”
"ဟာ…အဲ့ဒါတော့ ခင်ဗျား ညစ်တာပဲဗျ"
"အဲ့ဒါတော့ မပြောတတ်ဘူး၊ မနက်ဖြန်ကြမှပဲ ဖြူသူလုကို ဆက်လိုက်တော့၊ ဒီနေ့ တော့ ဒီလောက်ပဲ"
ညိုသူကထိုင်ရာမှ ထလိုက်သည်။ ကကြီးကလည်း မတတ်သာသည့်ပုံစံဖြင့် နှုတ်ဆက် လိုက်ရသည်။
"ဖြူသူလှက ကိစ္စတစ်ခုကို စိတ်ဝင်စားနေတယ် ရှင့်၊ အဲ့ဒါ ရှင်သိလား"
"ဟင့်အင်း…မသိဘူး၊ ပြောပြပါဦး"
"ဒီလိုရှင့်၊ သူတို့မြို့မှာ သူဌေးကြီး တစ်ယောက် ရှိတယ်"
"အင်…ဟုတ်ပြီ"
"အဲ့ဒီသူဌေးကြီးမှာ ချောမောလှပတဲ့ သမီးသုံးယောက် ရှိတယ်"
"ဂွတ်ပဲ"
"တစ်နေ့ အဲ့ဒီသူဌေးကြီးက သူ့သမီးသုံးယောက် ကို လက်ထက်ပေးချင်းလာတယ်၊
အဲ့ဒါနဲ သူဌေးကြီးက စဉ်စားတယ်"
"ဘာကိုစဉ်းစားတာလဲ"
"လက်ထက်ပေးဖို့လေ"
"ဒါများ စဉ်းစားနေသေးတယ်၊ သမီးတို့ရေ နင်တို့မှာ ရည်းစားများ ရှိသလားကွယ်လို့ မေးလိုက်ရင် ပြတ်ကရော"
"ခက်တာက သူတို့မှာ လည်း ရည်းစားမရှိဘူးတဲ့"
"ရော်…အဲ့ဒါမှ ဒုက္ခ”
" ပြီးတော့ သူဌေးကြီးရဲ့ စိတ်ကူးတစ်ခုလည်း ရှိသေးတယ်ရှင့်"
"ဘာတဲ့လဲ"
"သူ့သမီး သုံးယောက် ကို သတို့သား တစ်ယောက် နဲ့ပဲ ပေးစားချင်တာ"
"ဟာ"
ကကြီး၏ 'ဟာ'ဆိုသည့်အသံက အားကျသံပါသည်။ စိတ်ဝင်စားဖို့လည်း ကောင်းလာ သည်ဟု ထင်မိသည်။
"ဆက်…ဆက်ပါဦးဗျ၊ ကောင်းခန်း ရောက်လာပြီ"
"ဒါပေမဲ့ သူ့သမီးသုံးယောက် ကို လက်ထက်မယ့်သူဟာ ဥာဏ်ပညာနဲ့ပြည့်စုံရမယ်တဲ့"
"ဒါလည်း ဖြစ်သင့်ပါတယ်၊ သူကမိန်းမသုံးယောက် တောင် ယူရမှာ ကိုး"
"ဘာဆိုင်လို့လဲ"
ညိုသူက ဘုဆတ်ဆတ်ကလေး ပြန်မေးသည်။
"ဟ…ဆိုင်တာပေါ၊့" သူကမိန်မသုံးယောက် တောင် ထိန်းကျောင်းရမှာ လေး၊ သူများ တွေ မှာ တစ်ယောက် နဲ့တင် မနိုင်မနင်း ဖြစ်နေတာ"
ညိုသူက ကကြီးကို မျက်စောင်းထိုး၏ ။
ကကြီးကလည်း မသိချင်ယောင်ဆောင်ပြီး ညိုသူစကားကို ဆက်နားထောင်လိုက်သည်။
ညိုသူကလည်း ဆက်ပြောသည်။
" ဒီတော့ သူဌေးကြီးက ဥာဏ်စမ်းလေးတစ်ခု လုပ်တယ်"
"နေပါဦး၊ သူဌေးကြီးက မြို့မှာ လိုက်ကြေညာသေးလားဗျ"
"ဘယ်လို"
"သြော်…တိုင်းသူပြည်သားတွေ ဘာညာ ဒူဟူဟူ ဆိုပြီးတော့"
"ဘာ"
ညိုသူ မကျေမနပ် ဖြစ်သွားပုံရသည်။
"ရှင် ဘယ်လိုလဲ၊ ဖြူသူလှကို ဆက်လိုက်ဦးမှာ လား"
"အဟဲ…စတာပါ၊ ခင်ဗျားကလည်း စိတ်ကြီးပဲ"
ညိုသူက နှုတ်ခမ်းလေးစူလိုက်သည်။
သိပ်ချစ်ဖို့ ကောင်းတာပဲဟု ကကြီးတွေး ဖြစ်အောင် တွေးလိုက်သေးသည်။
ဖြူသူလှကိုရမှပဲ ညိုသူချောကို တအားကြီးချစ်ပစ် လိုက်ဦးမည် ဟု တွေးလိုက် သေး သည်။
အခုတော့ ပုံပြင်ဆက်နားထောင်ရဦးမည် ။ ပြီးရင်ဖြူသူလှကို ရည်းစားစကားလည်း ပြောရဦးမည် ။
"သူဌေးကြီး အစီအစဉ်က ဒီလိုရှင့်"
"အင်း…ပြောပါဦး"
"သူ့သမီး တစ်ယောက် စီကို အိမ်တစ်လုံးစီမှာ အထိန်းတော် တစ်ယောက် နဲ့ သီးသန့် ထားမယ်"
"ဟုတ်ပြီ"
"ပြိုင်ပွဲဝင် သတို့သားဟာ ပထမသမီးအိမ်ကို အရင်ဝင်ရတယ်"
"ဟေ…ဟေ့"
ကကြီးမှာ တက်ကြွလာသည်။
"ပြီးတော့ ပထမသမီးနဲ့ စကားနည်းနည်း ပြောပြီး ဒုတိယသမီးအိမ်ကိုထက်ဝင်ရမယ်"
"အဟေ့"
ကကြီးမြူးနေတာကိုတွေ့ ၍ ညိုသူက မျက်စောင်းထိုး၏ ။
"ဒါပေမဲ့"
ညိုသူက စကားရပ်သွား၍ ကကြီးကမေးလိုက်သည်။
"ဘာ ဖြစ်လဲ"
"ဒါပေမဲ့ ပြန်ခါနီး မှာ ပထမသမီးဟာ ပြိုင်ပွဲဝင်သတို့သားလောင်းရဲ့ အိတ်ထဲကို ငွေ ထည့် ပေးလိမ့်မယ်"
"ဘယ်လောက်လဲ"
"သတို့သားလောင်းရဲ့ အိတ်ထဲမှာ ရှိတဲ့ ငွေအတိုင်း ဆတူငွေ ထည့်ပေးလိမ့်မယ်"
"အလို…ဘာလဲဟ"
"ပြီးတော့ သတို့သားလောင်းကလည်း ပထမသမီးရဲ့ အိမ်က ပြန်အထွက်မှာ သူမရဲ့ အထိန်းတော် ကို မုန့်ဖိုးတစ်ကျပ် ပြန်ပေးရမယ်တဲ့"
"အင်…နည်းနည်း တော့ ရှုပ်လာပြီ"
"လွယ်လွယ်နဲ့တော့ ဘယ်ရမလဲရှင့်"
"အင်းပါ၊ ဆက်ပါဦး"
"အဲ့ဒီလိုနည်းနဲ့ ဒုတိယသမီး၊ တတိယသမီးအိမ်တွေ ကိုဝင်၊ စကားနည်းနည်း ပြော၊ ပြန်ခါးနီးမှာ သမီးတွေ က သတို့သားလောင်းရဲ့ အိတ်ထဲက ငွေအတိုင်း ဆတူငွေထည့်၊ သူကလည်း ပြန်ခါနီး မှာ အထိန်းတွေ ကို တစ်ကျပ်စီ မုန့်ဖိုးပြန်ပေးရတယ်"
"ပိုပေးလို့မရဘူးလား၊ တစ်ကျပ်ထဲ ပေးရမှာ လား"
"ဟုတ်တယ်၊ တစ်ကျပ်ပဲပေးရမှာ ၊ မပေးလို့လည်းမရဘူး"
"ထားပါတော့၊ နောက်ဆုံး ဘာ ဖြစ်ရမှာ လဲ"
"နောက်ဆုံး…တတိယသမီးအိမ်က ပြန်ထွက်ပြီး သူဌေးကြီးအိမ်ကို ပြန်ဝင်ရမယ်၊ အဲ့ဒီအခါမှာ ပြိုင်ပွဲဝင် သတို့သားလောင်းရဲ့ အိတ်ထဲမှာ ငွေတစ်ပြားမှ မကျန်စေရဘူးတဲ့၊ သြော်…အိမ်သုံးအိမ်ဝင်ပြီးလို့ သူဌေးကြီးဆီ ပြန်ရောက်တဲ့ခါ ပြိုင်ပွဲဝင်သတို့သားလောင်းဆီမှာ ငွေတစ်ပြားမှ မရှိစေရ၊ မကျန်စေရဆိုတဲ့ သဘောပေါ့"
"ဟုတ်တယ်"
ကကြီး ခေါင်းကုတ်လိုက်သည်။ ထိုနောက် သိချင်သည့် မေးခွန်းတစ်ခုကို အလျှင်အ မြန်မေးလိုက်သည်။
"ဘာ ဖြစ်လို့ ဖြူသူလှက အဲ့ဒီကိစ္စကို စိတ်ဝင်စားနေရတာ လဲဗျ၊ သူနဲ့လည်းဘာမှ မဆိုင် ဘဲနဲ့"
"သူ့မှာ မောင် တစ်ယောက် ရှိတယ်"
"သြော်…"
"အဲ့ဒီမောင်ကလည်း ညီမသုံးယောက် လုံးကို တစ်ပြိုင်တည်း ကြိုက်နေတယ်"
"ဟင်း…သူကလည်း လွန်လွန်းလိုက်တာ"
"သူ့မောင်လေးကို သူက ချစ်တော့ အဲ့ဒါတွေ ဘယ်မြင်တော့မလဲ"
"အင်းပေါ့လေ၊ ဟုတ်တာပေါ့၊ အဲ့ဒါနဲ့ ကျွန်တော် က ဘာလုပ်ပေးရမှာ လဲ"
"သူ့မောင်လေးကို အကူအညီပေးလိုက် ပေါ့"
"ဟား…ခင်ဗျား ကတော့လုပ်ပြီ"
"ဘာလဲ ရှင်က မလုပ်ချင်ဘူးပေါ့လေ"
"မဟုတ်ပါဘူး၊ ကူညီဖို့စဉ်းစားမလို့ပါပဲ"
"စဉ်းစားမနေနဲ့ နော်၊ အဲ့ဒါ ရှင့်အတွက် အခွင့်အလမ်းပဲရှင့်"
"ဘယ်လို"
"ဟုတ်တယ်လေ၊ ရှင်က သူ့မောင်လေးကို ကူညီလိုက်ရင်ဖြူသူလှကရှင်ကို အထင် ကြီးလာမယ်လေ"
"အင်…ဒါလည်းဟုတ်တယ်နော်"
"ရှင့်အတွက် ပထမ အဆင့်ပေါ့"
ကကြီးက သူ့ခေါင်းကိုနည်းနည်း အလုပ်ပေးလိုက် သည်။
"ကူညီမယ်ဗျာ"
"ဒီလိုမှပေါ့ရှင့်"
"ဒါပေမဲ့ သူဆီက ကတိတစ်ခုတော့ တောင်းရမယ်"
"ဘာကတိလဲ"
"အဲ့ဒီကိစ္စကို ဖြေရှင်းနိုင်ရင် ကျွန်တော် ခေါ်တဲ့ နောက်ကို သူခဏ လိုက်ရမယ် ဆို တဲ့ ကတိ"
"ရှင်နော် ရှင်"
ညိုသူမျက်နှာ ရဲခနဲ ဖြစ်သွားသည်။
"ဟာ…ခင်ဗျားက ဘာတွေ တွေးနေတာလဲ ကျွန်တော် က သူ့ကို အချစ်အကြောင်း စိတ် ဝင်စားလာအောင် ဆွဲဆောင်နေတာလေ"
"အဲ့ဒါနဲ့ ရှင်ခေါ်တဲ့နောက်ကို ဘာကြောင့် လိုက်ရမှာ လဲ"
"ပြီးမှကြည့်လေဗျာ၊ အခု ဘယ်လိုလဲ ကတိပေးမှာ လား"
ဒီတစ်ခါ ညိုသူခေါင်းစားတဲ့ အလှည့် ဖြစ်သည်။
"ကောင်းပြီးလေ၊ မဟုက်ကဟုက်ကနေရာ မဟုတ်ရင်တော့ လိုက်မယ်တဲ့"
"ဘယ်သူကပြောတာလဲ"
"ဖြူသူလှက ပြောတာလေ"
"ဟား…ဟား"
နှစ် ယောက် သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ရယ်လိုက်ကြသည်။ ရင်းနှီးသွားသလို ခံစားလိုက်ရ၏ ။ ဘေးဝိုင်းမှလူများ ကလည်း တစ်ချက်တစ်ချက် လှည့် ကြည့် ကြသည်။ထိုနောက် တိုင်ပင်ထားခြင်းမရှိပါဘဲနဲ့ နှစ် ယောက် စလုံး ကင်းတင်းမှ ထွက်ခွာ လိုက် ကြသည်။
"အဲ့ဒီသူဌေးကြီးခေတ်က ဘာငွေကြေးတွေ သုံးလဲဗျ"
"ကျပ်၊ ပဲ၊ ပိုင် ငွေကြေးတွေ သုံးတယ်။ တစ်ကျပ်မှာ ဆယ့်ခြောက်ပဲရှိပြီး တစ်ပဲမှာ လေး ပြား ရှိတယ်။ပြီးတော့ တစ်ပြားမှာ သုံးပိုင်းရှိပြန်တယ်"
ညိုသူလှက အမြင်ကတ်စရာမျက်နှာပေးဖြင့် ကကြီးကိုကြည့်နေသည်။ ကကြီးကလည်း အသည်းအသန် စဉ်းစားနေရသည်။
ဖြူသူလှရဲ့ မောင်လေးကို ဘယ်လိုကူညီရမလဲပေါ့…။
"ဘယ်လိုလဲ ရှင်ကူညီတော့မှာ လား"
"နေဦးဗျ"
"ဘာ ဖြစ်လို့လဲ"
"အဲ့ဒီသူဌေးကြီးပြောတဲ့ကိစ္စကို ကျွန်တော် ကြားဖူးသလိုပဲ"
"ရှင်က ဘယ်မှာ ကြားဖူးတာလဲ"
"ရပြီ ရပြီ"
ကကြီးက အလန့်တကြားထအော်သည်။
"ဖြည်းဖြည်းပြောပါရှင့်၊ လန့်သွားတာပဲ"
"ပျော်လို့၊ ပျော်လို့"
"ဘာ ဖြစ်လို့လဲ"
"အဖြေရသွားလို့"
"အဲ့ဒီတော့…"
"ကျွန်တော် အခု ဖြုသူလှဆီ သွားနေတယ်လေ"
"အဲ…"
"ရောက်ပြီလား"
"ရောက်ပြီ၊ ဖြူသူလှကို နှုတ်တောင်ဆက်နေပြီ။”
“အဲ့ဒါတွေ ကြောင့်ရှင့်ကို အမြင်ကတ်တာ ညိုသူချောကမျက်သော င်းလေး ထိုးရင်း ပြောသည်၊၊ ကကြိီးကလည်းမသိချင်ယောင်ဆောင်ပြီးဆက်ပြောသည်၊၊”
“ ဖြူသူလှဆီရောက်တော့ ကျွန်တော် ကပြောလိုက်တယ်”
“ဘာပြောလိုက်လဲ”
“နေကောင်းလားပေါ့”
“ဟင်…ရှင်ကလည်းသူက အရေး ကြီးနေတယ်နော် “
“သိပါတယ်၊အလာပသလ္လာပ အရင်ပြောရသေးတယ်ဗျ”
“ကဲ…ပြောပြီးပြီပဲ ထားပါတော့”
“ဟာဗျာ…ခင်ဗျားက ကြည်နူးခွင့်လေးတောင်မပေးဘူး”
"လျှာမရှည်နဲ့ ၊ ဖြူသူလှက မေးနေပြီ၊ သူမောင်လေးကို ကူညီမှာ လားတဲ့"
“အင်း…အင်း…ကူညီမယ်"
"ဟေး" ညိုသူက ထအော်လိုက်သည်၊၊
“ဘာ ဖြစ်တာလဲဗျ"
“ ဖြူသူလှ ပျော်သွားတာလေ"
"အို"
ရင်၏ အနက်ရှိုင်းဆုံးနေရာကို တစ်စုံတစ်ဦးက တံခါးလာခေါက်သည်၊၊
"သူ့မောင်လေးက အိတ်ကပ်ထဲမှာ ငွေဘယ်လောက်ထည့်သွားရမှာ လဲ"
"၁၄ ပဲ"
"သေချာလို့လား"
"သေချာပါတယ်"
"ကောင်းပြီလေ၊ ရှင်သေချာရင် ပြီးတာပါပဲ၊ မှားရင်တော့ ဖြူသူလှနဲ့ ဝေးမှာ နော်"
"သိပါတယ်"
ထိုနောက် ကကြီးက သူ့လွယ်အိတ်ထဲမှ စာရွက်တစ်ရွက်ထုထ်လိုက်၏ ။ တစ်စုံတစ်ခု ရေး လိုက်ပြန်သည်။
"ရော်…"
"ဘာလဲ"
“ဖြူသူလှ မောင်လေးကို ပေးဖို့အတွက် စာရွက်လေ"
"ဘာစာရွက်လဲ"
"သြော်…သူဘာကြောင့် ၁၄ ပဲယူသွားရတာ လဲဆိုတာကို တွက်ချက်ထားတာ"
ညိုသူက ကကြီလက်ထဲမှ စာရွက်ကို လှမ်းယူလိုက်သည်။
စာရွက်ထဲတွင် သူဌေးကြီးဆီ ပြန်ရောက်သော အခါ ဖြူသူလှမောင်လေး အိပ်ထဲ၌ တစ် ပြားမှ မကျန်အောင် တွက်ချက်ထားသည်ကို အသေးစိတ်ရေး ထား၏ ။
"ဟဲ….ဟဲ၊ မှန်တယ်မှတ်လား"
"မှန်တယ်၊ မှန်တယ်"
ညိုသူက မကျေနပ်ကျေနပ်သလိုအသံဖြင့် ဘုဆတ်ဆတ်ပြောသည်။
"ကဲ…ဒါဆို လိုက်ခဲ့တော့"
"ဘယ်ကို လိုက်ရမှာ လဲ"
"စောစောကပဲ ကတိပေးခဲ့တယ်လေ၊ ဖြူသူလှရဲ့ မောင်လေးကို ကူညီပြီးရင် ခေါ်ရာ လိုက်မယ်ဆို၊ အခုသူ့မောင်လေးက သူဌေးကြီးရဲ့ သမီးသုံးယောက် နဲ့ ရသွားပြီလေ"
"ဟုတ်ပါပြီ၊ ဘယ်ကိုလိုက်ရမှာ လဲလို့ မေးနေတာ"
ကကြီးက စဉ်းစားသလိုပြုသည်။
"ဖြူသူလှကို အချစ်အကြောင်း စိတ်ဝင်စားလာအောင် ဆွဲဆောင်ရမှာ ဆိုတော့.."
"အင်း…ပြောပါဦး ဘယ်ခေါ်သွားမှာ လဲ"
"ပန်းခြံကိုခေါ်သွားမယ်"
"ရှင်နော်…အဲ့ဒီကိုဆို မလိုက်ဘူး၊ ရှက်စရာကြီး"
"ဟား…ခင်ဗျားက ဘာသိလို့လဲ၊ အဲ့ဒီပန်းခြံကခပ်ဆန်းဆန်း ပန်းခြံဗျ"
"ဘယ်လို"
ညိုသူချော စိတ်ဝင်စားသွားသည်။ သို့ သော်လည်းမေးစရာရှိတာတော့ နည်းနည်း မေး ရမည် ။
"မဟုတ်ကဟုတ်ကတွေ တွေ့ နေရင်ဘယ်လိုလုပ်မလဲ"
"မတွေ့ ရပါဘူး၊ အာမခံပါတယ်"
"သေချာလား"
"သေချာပါတယ်"
ညိုသူကလည်း ကကြီး၏ ထူးထူးဆန်ဆန်း ပန်းခြံကိုစိတ်ဝင်စားနေတာကြောင့် …
"ဒါဆိုလိုက်မယ်၊ ပန်းခြံက ဘယ်လိုထူဆန်းတာလဲ"
"အတွဲ တိုင်းဝင်လို့မရဘူးဗျ"
"ဘာ ဖြစ်လို့လဲ"
"ပန်းခြံကို ဝင်ခါနီး မှာ ဂိတ်တစ်ခုရှိတယ်"
''အင်း"
"အဲ့ဒီဂိတ်မှာ ပန်းခြံထဲဝင်မယ့် အတွဲ တွေ ကို ဂိတ်မှူးက မေးခွန်းလေးနည်းနည်း မေး တယ် ကျေနပ်မှ ဝင်ခွင့်ရမယ်"
"သူတို့ကဘာတွေ မေးတာလည်း"
"အင်း…နောက်ကျနေပြီးဗျ"
"ဘာ…ဘာကို"
အဆက်အစပ်မရှိသော စကားကြောင့် ညိုသူကြောက်သွားသည်။
" ဒီနေ့ အတန်းရှိသေးတယ်၊ နောက်နေကျမှပဲ အဲ့ဒီပန်းခြံကို သွားတော့မယ်လို့ ပြော တာ"
ဟုဆိုပြီး ကင်းတင်းမှထွက်သွားလေသည်။ ညိုသူမှ မကျေမနပ် ပွစိပွစိလုပ်ရင်း ကျန် ရစ်ခဲ့လေသည်။
“ကဲ…ပြောတော"့
"ဘာလဲ၊ စိတ်ဆိုနေတာလားဗျ"
"ပြောမှာ ဖြင့် ပြောပါ"
"ပန်းခြံကိုသွားခြင်နေပြီပေါ့"
"ရှင်နော်"
မျက်စောင်းထိုး၏ ။
ကကြီးကလည်း ရင်ဘတ်လေးဖိထားလိုက်သည်။ ထိသွားတယ်ပေါ့။
"အခု ကျွန်တော် နဲ့ ဖြူသူလှက ပန်းခြံရှေ ရောက်နေပြီးဗျ"
"အင်း"
"ဒါပေမဲ့ ကျွန်တော် တို့ရှေ့မှာ အတွဲ တစ်တွဲ ရှိနေသေးတယ်"
"အဲ့ဒီတော့"
"အဲ့ဒီတော့ ရှေကအတွဲ ကို ဂိတ်မှူးက မေးခွန်းလေး တစ်ခု နှစ် ခုလောက် မေးနေတာပေါ့"
"ဘာတွေ မေးနေလဲ"
"ပထမဆုံး ဂိတ်မှူးက ယောကျာ်းလေးကို အရင်မေးတာ"
"အင်း"
"မင်းရဲ့ ချစ်သူအတွက် မင်း ဘာပျော်ရွင်စရာတွေ လုပ်ပေးခဲ့ဘူးသလဲတဲ့"
"ဟားမေးခွန်းက မိုက်တယ်နော်"
"ဟုတ်တယ်၊ ယောကျာ်းလေးရဲ့ အဖြေကို ဂိတ်မှူးက ကျေနပ်မှ ဝင်ခွင့်ရမှာ "
"အဲ့ဒီတော့ သူက ဘယ်လိုပြန်ဖြေလဲ"
"တစ်နေ့ သူရည်းစားကသူကိုပြောဖူးတယ်တဲ့"
"ဘာပြောတာလဲ"
"လူရှေ.သူရှေ.တွေ မှာ နင်ငါကိုချစ်တယ် လို. ခဏခဏပြောရင် ငါပျော်တယ် သိလား ဆိုပြီးတော့တဲ့"
"အင်း…ဒီတော့ ဘာဆက် ဖြစ်လဲ"
"သူ့ရဲ့ ကောင်မလေးနာမည် က မပွားညိုတဲ့…အဟီး"
" အံမယ်"
ကကြီးကိုညိုသူက မျက်စောင်း ထိုးပြန်သည်။နဂါးမလေးမျက်စောင်းပင် ဖြစ်ပေလိမ့်မည် ။
" ဒီတော့ကောင်လေးက ကောင်မလေးရဲ့ ဆန္ဒကိုလည်း လိုက်လျောပြီး ဖြစ်အောင်၊ သူလည်းအဆင်ပြေအောင် ဆိုပြီးလုပ်လိုက်တယ်"
"ဘာလုပ်လိုက်တာလဲ"
"သူ့ဖုန်းမြည် သံကို သူ့အသံလေးသွင်းထားလိုက်တယ်"
"ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့၊ ဖုန်းမြန်လာရင် ထထပြောနေရော"
"ဘာပြောတာလဲ"
"ပွားညိုကိုချစ်တယ်၊ပွားညိုကိုချစ်တယ် ဆိုပြီးတော့ပေါ့"
"ရော်…တယ်ဟုတ်ပါလား"
"အဲ့ဒီတော့ လူကြားထဲမှာ ဖုန်းလာရင်ပွားညိုကို ချစ်တယ် ဆိုပြီးထမြည် တော့ ကောင်မ လေးကပျော်တာပေါ့"
ညိုသူက ခေါင်းတဆက်ဆက်ညိတ်နေသည်။
"အဲ့ဒါနဲ့ သူတို့အတွဲ ၀င်လို့ရသွားလား"
"ရသွားတာပေါ့၊ ကဲ…လာ…ကျွန်တော် တို့အလှည့် ရောက်ပြီ"
"ဘာကိုလဲ"
"ကျွန်တော် နဲ့ ဖြူသူလှ ဝင်တော့မယ်လေ၊ဟိုမှာ ဂိတ်မှူးကတောင် ခေါ်နေပြီ"
"မရဘူးရှင့်"
"ဘာ ဖြစ်လိုလဲ"
"ဖြူသူလှက မကျေနပ်ဘူး ဖြစ်နေတယ်"
"ဘာ…"
"သူက ဘာမကျေနပ်တာလဲ"
"ခုနကအတွဲ ထဲက ကောင်လေးရဲ့ အဖြေကိုမကျေနပ်တာ"
"ဘာ ဖြစ်လို့လဲ"
"ကောင်မလေး ပြောခိုင်းတာက ရင်ထဲက ချစ်တယ်ဆိုတဲ့ စကားသံလေ၊ အခုတော့ ထပ်ခါ တလဲလဲ ကြားနေရမယ့်အသံကြီးနဲ့"
"ဟားဗျာ"
ကကြီး စိတ်ညစ်သွားသည်။ ထိုအတူ သူမက သူ့ကို ညစ်နေမှန်လည်းသိနေသည်
"အဲ့ဒီတော့ ဖြူသူလှက ပန်းခြံထဲမဝင်တော့ဘူဆိုပြီး ပြန်ထွက်လာခဲ့တယ်"
"ဒီတော့…နေပါဦး၊ ကိုယ်ရှင်းပြ ပါရစေဦး၊ ဆိုပြီးတော့ ကျွန်တော် ကအနောက်က လိုက်ရ တော့တာပေါ့"
ကကြီးစကားကြောင့် နှစ် ယောက် သား ရယ်မောလိုက်ကြသည်။
"ပိုဆိုးတာက ဖြူသူလှက ယောက် ကျာ်းတွေ က ဒီလိုပဲလားဆိုပြီးထင်သွားတော့တာပါပဲ"
ကကြီး ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်သည်။
ထို့ကြောင့် အလှည့် အပြောင်း တိုက်စစ်တစ်ခု စဖွင့်လိုက်သည်။
"အဲ့ဒီတော့အခု ဖြူသူလှက ဘယ်သွားနေတာလဲ"
"နတ်ဝင်သည်ဆီကို"
"ဘာ"
"သူတို့မြို့မှာ နာမည် ကြီး ဖြစ်တဲ့ နတ်ဝင်သည်ဆီကို သွားနေတာ" ပြောပြောဆိုဆို ညိုသူ က ထရပ်သည်။
ထိုနောက် လွယ်အိတ်လေး လွယ်လိုက်၏ ။ ကကြီးကို တစ်ချက်ကြည့်ကာ…
"မနက်ဖြန် နတ်ဝင်သည်အိမ်မှာ တွေ့ မယ်"
ဟုဆိုပြီး ကင်းတင်းထဲမှ ထွက်သွားလေ၏ ။